/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, May 8, 2012

.

ဖားကန့် ဒေသမှာ KIA ဆက်ကြေးကောက်နေ

ကချင်ပြည်နယ် ဖားကန့် ဒေသရှိ ကျောက်မျက်ကုမ္ပဏီများကို KIA တပ်ရင်း(၆)ကနေ မေလ(၁)ရက်နေ့ ၂၀၁၂ မှစပြီ ဆက်ကြေးတောင်းခံတဲ့ စာများပေးပို့ ထားကြောင်းသိရပါတယ်။

KIA မှ တောင်းခံထားတဲ့ ဆက်ကြေးနှုန်းထားများမှာ --

၁။ ၆ ဘီး - ငါးရံခေါင်း(ဒမ်ထရပ်)             = 1,500,000
၂။ ၁၀ ဘီးကား                                      = 800,000
၃။ ၁၂ ဘီးကား                                      = 1,000,000
၎။ Back Hole အား ၂၀၀ နှင့် ၃၀၀ ကြား = 1,000,000
၅။ Back Hole အား ၃၀၀ နှင့် ၅၀၀ ကြား = 1,000,000
၆။ Back Hole အား ၅၀၀ အထက်          = 2,000,000
၇။ ကျင်းသား (တစ်ယောက်)                  = 2000
၈။ ကျောက်စိမ်းလုပ်ကွက် အခွန်            = 5,000,000
၉။ ယူဒါ+Dozer                                     = 200,000
၁၀။ ပါဂျဲရို+ဖိုးဝှီး+ထပ်ကား                    = 300,000
၁၁။ လုပ်ပိုင်ခွင့်                                      = 3,000,000
စတဲ့ နှုန်းထားများသတ်တောင်းခံထားတာဖြစ်ပါတယ်။

အစိုးရနဲ့ KIA ငြိမ်းချမ်းရေးမလုပ်ခင်တုန်းကလည်း ဖားကန့် ဒေသရှိ စီးပွါးရေးလုပ်ငန်း အားလုံးကနေ KIA က ဆက်ကြေးကောက်ခံခဲ့ဖူးပါတယ်။ အခုအစိုးရနဲ့ ငြိမ်းရေးပျက်ပျယ် သွားပြီး တိုက်ပွဲပြန်ဖြစ်ပွါးလာချိန်မှာ KIA က ဆက်ကြေးပြန်ကောက်လာတာဖြစ်ပါတယ်။

ကျောက်မျက်လုပ်ငန်းတွေအပြင် လောင်းကစားဝိုင်းများနဲ့ တခြားစီးပွါးရေးလုပ်ငန်း များကိုလည်း ဆက်ကြေးတောင်ခံစာပို့ ထားကြောင်း ဖားကန့် ဒေသခံတွေဆီကနေ Myanmar News Now မှ စုံစမ်းသိရှိရပါတယ်။


ကျောက်မျက်ကုမ္ပဏီတွေကို KIA မှာ ပေးပို့ ထားတဲ့ ဆက်ကြေးနှုန်းထားများဖြစ်ပါတယ်။

မူရင်းသတင်းက ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။