ဖတ်ပြီးတော့ မပြုံးဘဲ မနေနိုင်ဘူး။ ပြီးတော့ မြန်မာလိုလေး ချရေးလိုက်မိတယ်။ ကျွန်မတို့ အမျိုးသမီးတွေ ဟာ အိမ်ကလူတွေအပေါ် အနိုင်ရလိုစိတ်နဲ့ မဟုတ်ဘဲ ချစ်လို့ အနိုင်ကျင့်တတ်ကြတယ်။ ဘယ်လောက်သည်းခံနိုင်မလဲ သိချင်လို့ အကဲစမ်းတတ်ကြတယ်။ သိတ်အလိုလိုက်တာပဲ ဆိုတာ ပေါ်လွင်စေချင်လို့ ဆိုးမိတတ်ကြတယ်။ တကယ်ဆို မုန်းလို့မှ မဟုတ်တာပဲလားရှင်။
ဆရာကြီးက သူ့ကဗျာမှာ အဲဒါလေးကို ချစ်စဖွယ် ခပ်ထေ့ထေ့လေး (အမျိုးသမီးတွေဘက်က လိုလိုနဲ့) ရေး ထားတာပါ။ ဖတ်ကြည့်လိုက်ကြပါဦးနော်....
A Word to Husbands
To keep your marriage brimming
With love in the loving cup,
Whenever you’re wrong, admit it;
Whenever you’re right, shut up.
Ogden Nash
ချစ်ခင်ပွန်းများအတွက် မှာတမ်း
အချစ်ရေ....
မင်းရဲ့ အိမ်ထောင်ရေးပန်းပွင့်ကို
အချစ်တွေအပြည့်ထည့်ထားတဲ့ ပုံစံခွက်ထဲမှာ
အဆုံးစွန်ထိ ပွင့်လန်းဝေဆာစေချင်တယ် ဆိုရင်ဖြင့်
အမှားတွေရှိခဲ့ရင် ၀န်ခံလိုက်ပြီး
မင်းမှန်နေရင်တော့ဖြင့် တိတ်တိတ်ကလေးသာ နေလိုက်စေ့ချင်တယ်....။
ကဲ ဘယ်လောက်များ ချစ်စရာကောင်းလိုက်ပါသလဲ...ခင်ပွန်းသည်တွေ အတုယူကြပါ.....း)))
မူရင်းက ဒီမှာပါ။

No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။