အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည် အနှံ့အပြား ရွေးကောက်ပွဲ ဝင်ရောက်မည့် မဲဆန္ဒနယ်မြေတွေကို
အခု ရက်ပိုင်း အတွင်း ဆက်တိုက် သွားရောက်နေတာ ဖြစ်ပါတယ်။ ရန်ကုန်မြို့နဲ့ နယ်ဝေး ခရီးစဉ်တွေ အတွင်း ဒေါ်အောင်ဆန်းစုကြည်၏
လုံခြုံရေးကို တာဝန်ယူပေးနေတဲ့ အဖွဲ့ချုပ် အဖွဲ့ဝင်တွေ၊ ဒေါ်အောင်ဆန်းစုကြည် သွားရောက်ရာ နယ်မြေတွေ တလျှောက် လိုက်ပါ ကူညီပေးကြတဲ့
ဒေသခံ အဖွဲ့ချုပ် အဖွဲ့ဝင်တွေနဲ့ လူငယ်တွေ၊ မီဒီယာအသီးသီးမှ သတင်းထောက်တွေနဲ့ မဲဆန္ဒ နယ်မြေတွေမှာရှိတဲ့ ဒေသခံပြည်သူတွေ အကြား
နားလည်မှုတွေ ရှိစေဖို့နဲ့ သွားရောက်ရာ လမ်းတလျှောက် ဘေးအန္တရာယ် ကင်းစေဖို့ ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံ လိုက်ပါတယ်။
မူရင်းလင့်က ဒီမှာပါ။
No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။