Saturday, February 25, 2012

၈၈ မျိုးဆက်ကျောင်းသားများရဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းမိတ်ဆက် ဟောပြောပွဲ (၁)



၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များရဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း မိတ်ဆက် ဆွေးနွေးပွဲကို ဧရာဝတီတိုင်း၊ ဟင်္သာတမြို့ ဦးအောင်မြတ်ကျော်ခန်းမတွင် ၂၀၁၂ ဖေဖော်ဝါရီ ၂၀ ရက်နေ့ နေ့လည် တနာရီက ကျင်းပခဲ့ရာ ဟင်္သာတမြို့သူမြို့သားများ စိတ်ဝင်တစား တက်ရောက်ခဲ့ကြပါတယ်။

၈၈ မျိုးဆက်ကျောင်းသားများ ဟင်္သာတမြို့ကို ရောက်ရှိမလာမီကတည်းက မြို့သူမြို့သားများက ၀မ်းသာအားရ ကြိုဆိုရန် ပြင်ဆင်ခဲ့ကြပြီး ရောက်ရှိလာတဲ့အခါမှာတော့ မြို့လုံးကျွတ် တခဲနက် ကြိုဆိုခဲ့ကြတာကို တွေ့ရှိခဲ့ရပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များရဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း မိတ်ဆက် ဆွေးနွေးပွဲတွင် မင်းကိုနိုင်၊ ကိုကိုကြီးနဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များက လွတ်လပ် ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းဆိုင်ရာကိစ္စများကို ဆွေးနွေးတင်ပြခဲ့ကြပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များဟာ ၂၀၁၂၊ ဇန်န၀ါရီလအတွင်း အကျဉ်းထောင်အသီးသီးမှ ပြန်လည် လွတ်မြောက်လာခဲ့ကြပြီးနောက် မြန်မာပြည်တွင် လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းများ ထွန်းကားလာဖို့အတွက် ပြည်သူများနဲ့ ထိတွေ့ ဟောပြောမှုများ အခါအားလျှော်စွာ ပြုလုပ်လျက် ရှိကြပါတယ်။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။