/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, November 20, 2014

.

ရှေးဟောင်း ကြေးခေါင်းလောင်းကြီး တစ်လုံး သိုဝှက်သယ်ဆောင်စဉ် ဖမ်းမိ



ဘားအံ နိုဝင်ဘာ ၁၉

ကရင်ပြည်နယ် ဘားအံမြို့နယ် ဂျိုင်း-ဇာသပြင် တံတား၌ မော်လမြိုင်မြို့ မှ မြဝတီမြို့သို့ပြေးဆွဲနေသော ယာဉ်တစ်စီးသည် ရှေးဟောင်းကြေးခေါင်း   လောင်း တစ်လုံးကို သိုဝှက်သယ်ဆောင်လာစဉ် တံတားလုံခြုံရေးတာဝန် ကျ ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးဝင်းနောင် ဦးစီး အဖွဲ့က နိုဝင်ဘာ ၁၇ ရက်တွင် ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်မှာ ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး ဝင်းနောင်၊ မှုခင်းအကူ ဌာနစုမှ ဒုရဲအုပ်ဝင်းနိုင်ဦးစီးအဖွဲ့ နှင့် တံတားလုံခြုံရေးတာဝန်ကျ ပူးပေါင်းအဖွဲ့သည် နိုဝင် ဘာ ၁၇ ရက် နံနက် ၇ နာရီ ၁၅ မိနစ်က မော်လမြိုင်မှ မြဝတီသို့ ယာဉ်မောင်း အောင်မိုးဦး (၃၁)နှစ် ရွှေမြိုင် သီရိ (၁)လမ်း မော်လမြိုင်မြို့နေသူ မောင်းနှင်လာသည့် ယာဉ်အမှတ် 81 စူပါကာစတန် နံ့သာရောင်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်တွင် ရဲလင်းဦး(ခ)အောင် ထွေး (၁၉)နှစ် မင်းကုန်းလေးကျေးရွာ ဝက်လက်မြို့နယ်၊ လှိုင်မျိုးအောင် (၃ဝ)နှစ် မင်းကုန်းလေးကျေးရွာ ဝက်လက်မြို့ နယ်၊ ဝေလင်းဦး (၁၉)နှစ် ပိုဝကျေးရွာ မတ္တရာမြို့နယ် နေသူတို့လိုက်ပါလာပြီး ယာဉ်နောက်ခန်းအတွင်း၌ အခြား ပစ္စည်းများဖြင့် ရောနှောဖုံးအုပ်လျက် ဂုန်နီအိတ်ဖြင့်ပတ် ကာထုပ်ပိုးထားသော အမြင့် သုံးပေ လေးလက်မခန့်၊ အချင်းထိပ်ဝ နှစ်ပေခန့် အဝါရောင်ခြင်္သေ့ရုပ်နှစ်ရုပ်၊ ထပ်ကွင်းပါ   ကြေးခေါင်းလောင်းတစ်လုံး (အလေးချိန် ပိဿာ ၂ဝဝ ခန့်)အား တွေ့ရှိရသဖြင့် စစ်ဆေးရာ အဆိုပါကြေးခေါင်းလောင်းအား အခြားတိုင်းဒေသကြီး/ ပြည်နယ် တစ်နေရာရာမှ ခိုးယူလာကြောင်း မသင်္ကာဖွယ် တွေ့ရှိရသဖြင့် ဒုရဲအုပ်ဝင်းနိုင်က တရားလိုပြုလုပ်တိုင်တန်း ရာ ဇာသပြင်နယ်မြေရဲစခန်းက (ပ)၄ဝ/၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၃၈ဝ/ကျင့်-၅၄ အရ အမှုဖွင့်အရေးယူဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထွန်းထွန်းထွေး(ဘားအံ)

The Mirror Daily
https://www.facebook.com/TheMirrorDaily?fref=nf

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။