အကောက်ခွန်ဦးစီးဌာနမှ ယခင်က မြန်မာ နိုင်ငံသို့လာရောက်မည့် ခရီးသည်များအတွက် တစ်ကိုယ်ရေသုံး ဝန်စည်ပစ္စည်းများ အဖြစ် အကောက်ခွန် ကင်းလွတ်ခွင့် ရှိသည့် ကိုယ်သုံး ဝန်စည်ပစ္စည်း (၁၄) မျိုးကို ခွင့်ပြုထားပြီး ဖြစ်ကြောင်း သိရသည်။
ယခုအခါ ခွင့်ပြု ထားခဲ့သည့် (၃၂) လက်မထက် ပိုကြီးသည့် ရုပ်မြင်သံကြား စက်များကို စိစစ်၍ လိုင်စင် ရှိပါက ကျသင့်အခွန် ပေးဆောင်၍ထုတ်ယူနိုင်ပြီး လိုင်စင်မရှိပါက ဒဏ်ငွေဆောင်၍ ကျသင့် အခွန် ပေးကာ ရန်ကုန် လေဆိပ်တွင် တိုက်ရိုက်ထုတ်ယူခွင့်ပြုထားကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရ သည်။
မြ၀တီ

No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။