/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, November 19, 2012

.

၂၀၁၃ နှစ်ဆန်းပိုင်းမှစပြီး မိုဘိုင်းဖုန်းများကို ပြည်ပနိုင်ငံများအတွင်းသို့ သယ်ဆောင်အသုံးပြုနိုင်မည်ဟုဆို

ပြည်တွင်း မိုဘိုင်းဖုန်းများကို ပြည်ပသို့ သယ်ဆောင်အသုံးပြုနိုင်မည့် Outbound စနစ်ကို ၂၀၁၃ နှစ်ဆန်းတွင် အသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိသူက ပြောသည်။

“လက်ရှိ Inbound စနစ်ကို အာဆီယံ၊ ကိုရီးယား၊ ဂျပန် စတဲ့ နိုင်ငံတွေရနေပြီ။ Outbound ကို ရှေ့နှစ်ဆန်းမှာ အသုံးပြုလို့ရအောင် ဆောင်ရွက်နေပါတယ်” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။ ဂျပန်နှင့် အာဆီယံနိုင်ငံများရှိ မိုဘိုင်းဖုန်းများကို ပြည်တွင်းသို့ သယ်ဆောင် အသုံးပြုနိုင်မည့် Inbound စနစ်ကို အကောင်အထည်ဖော်ခဲ့သည့် နည်းတူ Outbound စနစ်ကိုလည်း အကောင်အထည် ဖော်လျက်ရှိကြောင်း သိရသည်။

ခေါ်ဆိုခနှုန်းထားများ အနေဖြင့် လက်ရှိ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ သတ်မှတ်ထားသော နှုန်းထားများအတိုင်း ဖြစ်သည်ဟု သိရသည်။

မိုဘိုင်းဖုန်းများကို ပြည်ပနိုင်ငံများသို့ အပြန်အလှန် ချိတ်ဆက်၍ သယ်ဆောင်အသုံးပြုနိုင်ရန် ၂၀၁၁ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ Inbound စနစ်နှင့် Outbound စနစ်ဟူ၍ ခွဲခြားဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

GSM ဖုန်းများမှာ နိုင်ငံတကာကွန်ရက်ဖြစ်၍ Outbound စနစ် အသုံးပြုနိုင်မည်ဆိုပါက GSM ဖုန်းများသာ အကျုံးဝင်နိုင်ကြောင်း မိုဘိုင်းဖုန်း အသုံးပြုသူတစ်ဦးက သုံးသပ်ပြောကြားသည်။

လက်ရှိ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနအနေဖြင့် မိုဘိုင်းဖုန်း သန်းသုံးဆယ် စီမံကိန်းကို အကောင်အထည်ဖော်လျက်ရှိပြီး ၄င်းစီမံကိန်းတွင် GSM ဖုန်း အများဆုံး ပါဝင်ကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

http://www.khitlunge.net.mm/news/news_detail.aspx?info_id=27826

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။