ယနေ့ နေပြည်တော်တွင် ကျင်းပနေသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပထမအကြိမ် အထွေထွေညီလာခံဖွင့်ပွဲ အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဒုသမ္မတနှစ်ဦးတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
သမ္မတဦးသိန်းစိန်သည် အခမ်းအနားသို့ နံနက် ၉နာရီဝန်းကျင်တွင် ရောက်ရှိလာကာ ၁၀ မိနစ်ခန့်အကြာ ပါတီဝင်များအားနှုတ်ဆက်ပြီး ပြန်လည်ထွက်ခွာသွားခဲ့သည်။ နိုင်ငံတော်ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ဒုသမ္မတ ဦးဥာဏ်ထွန်းနှင့် ပြည်ထောင်စုဝန်ကြီးအဖွဲ့ ၀န်ကြီးအားလုံးတို့လည်း အဆို ပါအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
သမ္မတဦးသိန်းစိန်သည် ပါတီဝင်များအား တစ်ဦးချင်းနှုတ်ဆက်ရင်း "ပါတီဝင်တွေအားလုံး မတွေ့တာကြာပြီ၊ အဆင်ပြေကြရဲ့လား" ဟုလည်း မေးမြန်းနှုတ်ဆက်သွားခဲ့သည်။ ပြည်ခိုင်ဖြိုးပါတီ အထွေထွေညီလာခံကို အောက်တိုဘာ ၁၄ ရက် မှ ၁၇ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။
Myanmar Express
No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။