Monday, December 29, 2014

မြန်မာနိုင်ငံ၌ ဥာဏ်တော်အမြင့်ဆုံး ဆင်းတုတော်ကြီးထုလုပ်ရန် ကျောက်တော်ကြီး သယ်ဆောင်မည်


Photo: မြန်မာနိုင်ငံ၌ ဥာဏ်တော်အမြင့်ဆုံး ဆင်းတုတော်ကြီးထုလုပ်ရန် ကျောက်တော်ကြီး သယ်ဆောင်မည်

ဒီဇင်ဘာလ ၂၉ ရက်၊ ၂၀၁၄

နေပြည်တော် မောင့်ပလဲဆင့်ဟိုတယ်အနီး အောင်မောဠိတောင်ညွန့်၌ တည်ထားကိုးကွယ်မည့် မဟာသကျရံသီ ရုပ်ရှင်တော်မြတ်ကြီးထုလုပ်ရန် စကျင်ကျောက်တော်ကြီးကို ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက် နံနက် ၈ နာရီ ၁၀ မိနစ်တွင် စကျင်ကျေးရွာမှ နေပြည်တော်သို့ စတင်သယ်ယူမည်ဖြစ်သည်။
မဟာသကျရံသီရုပ်ရှင်တော်မြတ် ကြီးကို ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေ အာနန္ဒာဘုရားတောင်ဘက်မုခ် ရှိရပ်တော်မူ ဘုရားပုံတော်အတိုင်း ပုံစံတူ၊ အရွယ်တူ ထုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။ ကျောက်တော်ကြီးကို စကျင်ကျေးရွာ၌ အကြမ်းထုလုပ် ပြီး အချောသတ်လုပ်ငန်းများကိုနေပြည်တော်၌ ကျောက်ဆစ် ပညာရှင်များနှင့် ကွန်ပျူတာ နည်းပညာရှင်များ အတူပူးပေါင်းကာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ဆင်းတုတော်ကြီး ထုလုပ်မည့် ကျောက်တော်ကြီးသည် အလျား ၄၅ ပေ၊ အနံ ၁၃ ပေခွဲနှင့် အမြင့် ၈ ပေရှိကာ အလေးချိန် တန် ၁၃၀ ခန့်ရှိကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။ ဘုရားကြီး တည်ထားပြီးပါက မြန်မာနိုင်ငံတွင် ဥာဏ်တော်အမြင့်ဆုံး စကျင်ကျောက်ဆင်းတုတော်ကြီး ဖြစ်လာမည် ဖြစ်သည်။
ဆင်းတုတော်ကြီး ထုဆစ်ခြင်းလုပ်ငန်းကို မန္တလေးမြို့ ပန်တော်မူကျောက်ဆစ်လုပ်ငန်းမှ ကျောက်ဆစ်ပညာရှင် ဦးခင်ဇော်နှင့်အဖွဲ့က တာဝန်ယူ ဆောင်ရွက်မည် ဖြစ်သည်။
ကျောက်တော်ကြီးကို စကျင်ကျေးရွာမှ နေပြည်တော်အချောထည်ဆောင် ရွက်ရမည့်နေရာအထိ ပို့ဆောင်ခြင်း၊ အချောထည်ပြီးချိန်တွင် ဘုရားတည်မည့် တောင်ညွန့်ပေါ်အထိပို့ဆောင်ခြင်း၊ ဆင်းတုတော်ကြီး ထောင်မတ် ပေးခြင်းလုပ်ငန်းများကို ဆင်နှစ်ကောင်မိသားစုကုမ္ပဏီက ဆောင်ရွက် ပေးမည်ဖြစ်သည်။

အဆိုပါ လုပ်ငန်းများအတွက်ကျပ်သိန်းသုံးထောင်ခန့် ကုန်ကျ မည်ဖြစ်ပြီး ကုန်ကျစရိတ်အားလုံး ကို ဆင်နှစ်ကောင်မိသားစုက လှူဒါန်းခြင်း ဖြစ်ကြောင်းသိရသည်။ ကျောက်တော်ကြီးကို ဦးအောင်ခိုင်သန်း-ဒေါ်တိုးတိုးနွယ် (ဓာတ်သတ္တုတူးဖော်ရေးလုပ်ငန်း)တို့က လှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။ ကျောက်တော်ကြီးကို ပင့်ဆောင်ရာတွင် စကျင်၊ မတ္တရာမှ မန္တလေးမြို့တွင် မန္တလေးတောင် အရှေ့ဘက်၊ ကျုံးအရှေ့ဘက် ၆၆ လမ်းအတိုင်း၊ သိပ္ပံလမ်းအထိ၊ သိပ္ပံလမ်းမှ ရန်ကုန်မန္တလေး လမ်းဟောင်းအတိုင်း ပလိပ်၊ ထိုမှ အမြန်လမ်းမပေါ်သို့ တက်ပြီး အမြန်လမ်းအတိုင်း နေပြည်တော်အရောက် သယ်ဆောင်မည်ဖြစ်သည်။

ဇန်နဝါရီ ၁ ရက်ညတွင် စကား အင်းကားရပ်နားကွင်းတွင် လည်းကောင်း၊ ဇန်နဝါရီ ၂ ရက်တွင် မိတ္ထီလာ သီးကုန်းစခန်းတွင်လည်း ကောင်း ရပ်နားမည်ဖြစ်ပြီး ဇန်နဝါရီ၃ ရက်တွင် နေပြည်တော်အရောက် သယ်ဆောင်မည် ဖြစ်သည်။ ကျောက်တော်ကြီးကို တင် ဆောင်သယ်ယူမည့် Heavy Modular Trailer ယာဉ်ကြီးသည် အလျား ပေ ၉၀ ရှိပြီး ဘီးလုံး ၁၂၂ လုံးပါဝင် ကာ ဘီးလုံးတိုင်းတွင် အလိုက်သင့် ကွေ့နိုင်သော စတီယာရင် စနစ်ပါဝင်ပြီး ဟန်ချက်ညီစေရန် အလိုအလျောက် ထိန်းညှိပေးနိုင်သော ဟိုက်ဒြောလစ် စနစ်များ ပါဝင်၍ ကျောက်တော်ကြီး ကိုသယ်ဆောင်ရာ လမ်းခရီး တစ်လျှောက်တွင် ဘေးအန္တရာယ် ကင်းရှင်းစွာ မောင်းနှင်နိုင်မည်ဖြစ်ပြီး တံတားများ ပေါ်တွင်လည်း အပိုဝန်မဖြစ်နိုင်ကြောင်း ဆင်နှစ်ကောင် မိသားစုကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးဟန်စိုးကျော်က ပြောသည်။

အဆိုပါဆင်းတုတော်ကြီးအား နေပြည်တော်ကောင်စီက အကောင်အထည်ဖော် ကာ အေစီအီးကုမ္ပဏီက အဓိက ပံ့ပိုးလှူဒါန်းထားကြောင်း သိရသည်။

MOI Webportal Myanmar

နေပြည်တော် မောင့်ပလဲဆင့်ဟိုတယ်အ နီး  အောင်မောဠိတောင်ညွန့်၌ တည်ထားကိုး ကွယ်မည့် မဟာသကျရံသီ ရုပ်ရှင်တော်မြတ်ကြီး ထုလုပ်ရန် စကျင်ကျောက်တော်ကြီးကို ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက် နံနက် ၈ နာရီ ၁၀ မိနစ်တွင် စကျင်ကျေးရွာမှ နေပြည်တော်သို့ စတင်သယ်ယူ မည်ဖြစ်သည်။

မဟာသကျရံသီ ရုပ်ရှင်တော်မြတ် ကြီးကို ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ အာနန္ဒာ ဘုရားတောင်ဘက် မုခ် ရှိရပ်တော်မူ ဘုရားပုံတော်အတိုင်း ပုံစံတူ၊ အရွယ်တူ ထုလုပ် သွားမည် ဖြစ်ကြောင်းသိရသည်။ ကျောက်တော်ကြီးကို စကျင်ကျေးရွာ၌ အကြမ်းထုလုပ် ပြီး အချောသတ် လုပ်ငန်းများကိုနေပြည်တော်၌ ကျောက်ဆစ် ပညာရှင်များနှင့် ကွန်ပျူတာ နည်းပညာရှင်များ အတူပူးပေါင်း ကာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ဆင်းတုတော်ကြီး ထုလုပ်မည့် ကျောက်တော်ကြီးသည် အလျား ၄၅ ပေ၊ အနံ ၁၃ ပေခွဲနှင့် အမြင့် ၈ ပေရှိကာ အလေးချိန် တန် ၁၃၀ ခန့်ရှိကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။ ဘုရားကြီး တည်ထားပြီးပါက မြန်မာနိုင်ငံတွင် ဥာဏ်တော်အမြင့်ဆုံး စကျင်ကျောက် ဆင်းတုတော်ကြီး ဖြစ်လာ မည် ဖြစ်သည်။

ဆင်းတုတော်ကြီး ထုဆစ်ခြင်းလုပ်ငန်းကို မန္တလေးမြို့ ပန်တော်မူကျောက်ဆစ်လုပ်ငန်းမှ ကျောက်ဆစ် ပညာရှင် ဦးခင်ဇော်နှင့်အဖွဲ့က တာဝန်ယူ ဆောင်ရွက်မည် ဖြစ်သည်။

ကျောက်တော်ကြီးကို စကျင်ကျေးရွာမှ နေပြည်တော်အချောထည်ဆောင် ရွက်ရမည့်နေရာအထိ ပို့ဆောင်ခြင်း၊ အချောထည်ပြီးချိန်တွင် ဘုရားတည်မည့် တောင်ညွန့်ပေါ်အထိပို့ဆောင်ခြင်း၊ ဆင်းတုတော်ကြီး ထောင်မတ် ပေးခြင်းလုပ်ငန်းများကို ဆင်နှစ်ကောင်မိသားစုကုမ္ပဏီ က ဆောင်ရွက် ပေးမည်ဖြစ်သည်။

အဆိုပါ လုပ်ငန်းများအတွက်ကျပ်သိန်းသုံးထောင်ခန့် ကုန်ကျ မည်ဖြစ်ပြီး ကုန်ကျစရိတ်အားလုံး ကို ဆင်နှစ်ကောင်မိသားစုက လှူဒါန်းခြင်း ဖြစ်ကြောင်းသိရသည်။ ကျောက်တော်ကြီးကို ဦးအောင်ခိုင်သန်း-ဒေါ်တိုးတိုးနွယ် (ဓာတ်သတ္တုတူးဖော်ရေးလုပ်ငန်း)တို့က လှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။ ကျောက်တော်ကြီးကို ပင့်ဆောင်ရာတွင် စကျင်၊ မတ္တရာမှ မန္တလေးမြို့တွင် မန္တလေးတောင် အရှေ့ဘက်၊ ကျုံးအရှေ့ဘက် ၆၆ လမ်းအတိုင်း၊ သိပ္ပံလမ်းအထိ၊ သိပ္ပံလမ်းမှ ရန်ကုန်မန္တလေး လမ်းဟောင်းအတိုင်း ပလိပ်၊ ထိုမှ အမြန်လမ်းမပေါ်သို့ တက်ပြီး အမြန်လမ်း အတိုင်း နေပြည်တော် အရောက် သယ်ဆောင် မည်ဖြစ်သည်။

ဇန်နဝါရီ ၁ ရက်ညတွင် စကား အင်းကားရပ်နားကွင်းတွင် လည်းကောင်း၊ ဇန်နဝါရီ ၂ ရက်တွင် မိတ္ထီလာ သီးကုန်းစခန်းတွင်လည်း ကောင်း ရပ်နားမည်ဖြစ်ပြီး ဇန်နဝါရီ၃ ရက်တွင် နေပြည်တော်အရောက် သယ်ဆောင်မည် ဖြစ်သည်။ ကျောက်တော်ကြီးကို တင် ဆောင်သယ်ယူမည့် Heavy Modular Trailer ယာဉ်ကြီးသည် အလျား ပေ ၉၀ ရှိပြီး ဘီးလုံး ၁၂၂ လုံးပါဝင် ကာ ဘီးလုံးတိုင်းတွင် အလိုက်သင့် ကွေ့နိုင်သော စတီယာရင် စနစ်ပါဝင်ပြီး ဟန်ချက်ညီစေရန် အလိုအလျောက် ထိန်းညှိပေးနိုင်သော ဟိုက်ဒြောလစ် စနစ်များ ပါဝင်၍ ကျောက်တော်ကြီး ကိုသယ်ဆောင်ရာ လမ်းခရီး တစ်လျှောက်တွင် ဘေးအန္တရာယ် ကင်းရှင်းစွာ မောင်းနှင်နိုင်မည်ဖြစ်ပြီး တံတားများ ပေါ်တွင်လည်း အပိုဝန်မဖြစ်နိုင်ကြောင်း ဆင်နှစ်ကောင် မိသားစုကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးဟန်စိုးကျော်က ပြောသည်။

အဆိုပါဆင်းတုတော်ကြီးအား နေပြည်တော်ကောင်စီက အကောင်အထည်ဖော် ကာ အေစီအီးကုမ္ပဏီက အဓိက ပံ့ပိုးလှူဒါန်းထားကြောင်း သိရသည်။

MOI Webportal Myanmar

ဆီးချို သွေးချို ရောဂါ ပျောက်ကင်းတဲ့ သင်္ဘောသီးစိမ်ရေနွေး


Photo: ဆီးချို သွေးချို ရောဂါ ပျောက်ကင်းတဲ့ သင်္ဘောသီးစိမ်ရေနွေး

ဒီဇင်ဘာလ ၂၉ ရက်၊ ၂၀၁၄

ယခုရက်ပိုင်းအတွင်း ခေတ်စားလာတဲ့ တိုင်းရင်း ဆေးနည်းပါ..

သင်္ဘောသီးစိမ်း အဆင်သင့်ကို

ခေါင်းပိုင်းကိုဖြတ် ၊ အတွင်းကအစေ့နုတွေကို ခြစ်ထုတ်ပြီး ဆူနေတဲ့ ရေနွေးအဖြူ လောင်းထည့်ပြီး ပိတ်ထားလိုက်ပါ. ၁၅မိနစ်ခန့်ကျော်ပြီးမှ သွန်ငှဲ့လိုက်ပါ. အနည်းငယ် အအေးခံပြီး သောက်နိုင်ပါတယ်.

သင်္ဘောသီးကိုလွှင့်မပစ်ရပါဘူး.. ရေနွေးပြန်ပြန်ဖြည့် ပြီး တစ်နေကုန်၎ကြိမ်၅ကြိမ်အထိ တိုက်ပေးနိုင်ပါတယ်.

ဒီနည်းက အမူးရောဂါအမျိုးမျိုး၊ အပြင်သွေးယားရောဂါ. အိပ်မပျော်တဲ့ရောဂါနဲ့ အစာအိမ်ရောဂါပါ ပျောက်ကင်းတယ်လို့ ကြည်လွင်မြင့် မုဒြာမှာ ဖော်ပြထားပါတယ်.
.
အမေသိန်းဆိုတဲ့ ပုံပါ အဖွားဟာ ဆီးချိုသွေးချိုရောဂါနဲ့ အထူးကုဆရာဝန်ကြီးများမှာ ပြပြီး ဆေးစားနေတာ ၂နှစ် ကျော် ရှိပါပြီ..အဖွားက ဆီးချိုတက်လာရင် မူးလဲတတ်ပါတယ်.

ပုပ္ပားကို ခရီးထွက်တဲ့ အမေသိန်းက ပုပ္ပားတောင်စောင်းတန်းမှာ မူးလဲတော့. ဘေးနားက အမေကြီးက အမေသိန်းကို ထိုဆေးနည်းအတိုင်း တိုက်လိုက်တော့. သက်သာလာပါတယ်..

အမေသိန်းကလည်း ဒီနည်းကို ယုံယုံကြည်ကြည်နဲ့ တစ်လကြာ စွဲစွဲမြဲမြဲသောက်ဖြစ်ခဲ့တယ်. နေ့စဉ်စစ်ဆေးနေတဲ့ဆီချိုရောဂါလည်း လုံးဝမတက်လာတော့ဘူးလို့ ဆိုပါတယ်.

ဒီနည်းကို တင်ပြသူ ဆရာမဒေါ်ကြည်ကြည်သန်း နဲ့ အမေသိန်းတို့ ပုံကိုပါ ဖော်ပြထားပါတယ်.

ဘေးထွက်ဆိုးကျိုးမရှိတဲ့ဆေးနည်းလို့ ယူဆရတာမို့ တင်ပြလိုက်ရပါတယ်..

Yangon Life Myanmar

ယခုရက်ပိုင်းအတွင်း ခေတ်စားလာတဲ့ တိုင်းရင်း ဆေးနည်းပါ..

သင်္ဘောသီးစိမ်း အဆင်သင့်ကို

ခေါင်းပိုင်းကိုဖြတ် ၊ အတွင်းကအစေ့နုတွေကို ခြစ်ထုတ်ပြီး ဆူနေ တဲ့ ရေနွေးအဖြူ လောင်းထည့်ပြီး ပိတ်ထားလိုက်ပါ. ၁၅မိနစ်ခန့်ကျော်ပြီးမှ သွန်ငှဲ့လိုက်ပါ. အနည်းငယ် အအေးခံပြီး သောက်နိုင်ပါတယ်.

သင်္ဘောသီးကိုလွှင့်မပစ်ရပါဘူး.. ရေနွေးပြန်ပြန်ဖြည့်ပြီး တစ်နေကုန် ၄ကြိမ်၅ကြိမ်အထိ တိုက်ပေးနိုင် ပါတယ်.

ဒီနည်းက အမူးရောဂါအမျိုးမျိုး၊ အပြင်သွေးယားရောဂါ. အိပ်မပျော် တဲ့ရောဂါနဲ့ အစာအိမ်ရောဂါပါ ပျောက်ကင်းတယ်လို့ ကြည်လွင်မြင့် မုဒြာ မှာ ဖော်ပြထားပါတယ်.

. အမေသိန်းဆိုတဲ့ အဖွားဟာ ဆီးချိုသွေးချိုရောဂါနဲ့ အထူးကုဆရာဝန်ကြီးများမှာ ပြပြီး ဆေးစားနေတာ ၂နှစ် ကျော် ရှိပါပြီ..အဖွားက ဆီးချိုတက်လာရင် မူးလဲတတ်ပါတယ်.

ပုပ္ပားကို ခရီးထွက်တဲ့ အမေသိန်းက ပုပ္ပားတောင်စောင်းတန်းမှာ မူးလဲတော့. ဘေးနားက အမေကြီးက အမေသိန်းကို ထိုဆေးနည်းအတိုင်း တိုက်လိုက်တော့. သက်သာလာပါတယ်..

အမေသိန်းကလည်း ဒီနည်းကို ယုံယုံကြည်ကြည်နဲ့ တစ်လကြာ စွဲစွဲမြဲမြဲသောက်ဖြစ်ခဲ့တယ်. နေ့စဉ် စစ်ဆေးနေတဲ့ဆီချိုရောဂါလည်း လုံးဝမတက်လာတော့ဘူးလို့ ဆိုပါတယ်.

ဘေးထွက်ဆိုးကျိုးမရှိတဲ့ဆေးနည်းလို့ ယူဆရတာမို့ တင်ပြလိုက်ရပါတယ်..

Yangon Life Myanmar

လွှတ်တော်တောင်းဆိုသည့်အတိုင်း လစာတိုးပေးလျှင် ငွေကြေးဖောင်းပွမှု ၈ မှ ၁၀ ရာခိုင်နှုန်းထိရှိလာနိုင်

မြန်မာနိုင်ငံတော်ဗဟို ဘဏ်၏တွက်ချက်မှုအရ လွှတ် တော်က တောင်းဆိုထားသော နှုန်းထားအတိုင်း အစိုးရဝန်ထမ်း များအား လစာတိုးပေးပါက ငွေ ကြေးဖောင်းပွမှုနှုန်းမှာ ၈ ရာခိုင် နှုန်းမှ ၁၀ ရာခိုင်နှုန်း ထိ ရှိလာနိုင် ကြောင်း ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဒေါ်ခင် စောဦးက ပြောသည်။

ဗဟိုဘဏ် တွက်ချက်မှုအရ လက်ရှိ ငွေကြေးဖောင်းပွမှုမှာ ၆ ရာခိုင်နှုန်းဝန်းကျင်ရှိပြီး ကမ္ဘာ့ ဘဏ် တွက်ချက်မှုအရ မြန်မာ နိုင်ငံ၏ ငွေကြေးဖောင်းပွမှုမှာ ၇ ရာခိုင်နှုန်းရှိကာ ၁၀ ရာခိုင်နှုန်း မကျော်သေးသော် လည်း မြန်မာနိုင်ငံ အနေဖြင့် လက်ရှိငွေကြေးဖောင်းပွမှုနှုန်းကို ဂရုတစိုက် ကိုင်တွယ်ရန် တိုက်တွန်းထား သည်။

‘‘ဒါကတော့ သူတို့က ဖြစ် နိုင်ခြေကို တွက်ထားတဲ့သဘော ပါ။ ထိန်းလို့ရတဲ့နည်းတွေရှိပါ တယ်။ ဘတ်ဂျက် လိုငွေပြလာတာကိုထိန်းဖို့ အသုံးစရိတ်လျှော့တာကို အခွန်ငွေပိုရအောင် ကြိုးစား ကောက်တာတို့ ပြင်ပ ကနှစ်ရှည် ချေးငွေနဲ့ ကျခံတာတို့လုပ်လို့ရပါ တယ်’’ဟု ကမ္ဘောဇဘဏ်အကြီး တန်း အကြံပေး ဦးသန်းလွင် က ပြောသည်။

လက်ရှိ အစိုးရလက်ထက် တွင် ပင်စင်လစာများတိုးပေးပြီး ရှာပါးစရိတ်နှင့် ဝေးလံခေါင်ဖျား စရိတ် များ ပေးခဲ့သည့်အပြင် ၂၀၁၃ ဧပြီ ၁ ရက်နှင့် ၂၀၁၄ ဧပြီ ၁ ရက်တို့တွင် အစိုးရဝန်ထမ်းများအား လစာ ကျပ်နှစ်သောင်းစီ စုစုပေါင်း ကျပ်လေးသောင်း တိုးပေးခဲ့သည်။ လစာထပ်မံတိုးမြှင့်ပေး ရန် ပြည်ထောင်စု လွှတ်တော်က အတည်ပြုထားသည်။ နာယကသူရဦးရွှေမန်းကလည်း လစာတိုးပေးရန်တိုက်တွန်းနေသည်။

ငွေကြေးဖောင်းပွမှုနှုန်း တက်လာပါက ဘဏ်အတိုးနှုန်းမှာ စိုးရိမ်စရာဖြစ်လာကြောင်း သမ္မတရုံးဝန်ကြီးဌာန (၃) ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များ သို့ သတ်မှတ်ပေးထားသည့် အတိုးနှုန်းမှာ အပ်ငွေပေါ်တွင် ၈ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းကြား သာ ယူဆောင်ရန်သတ်မှတ်ထား သည်။

ထို့ကြောင့် ငွေကြေးဖောင်း ပွနှုန်းမြင့်တက်လာပါက ဘဏ် အတိုးနှုန်းများ မြှင့်ရမည်ဖြစ်သဖြင့် ချေးငွေပေါ် တွင် ယူဆောင်နေသော အတိုးနှုန်းများ ယူဆောင်ရမည်ဖြစ်သည်။

လက်ရှိ ပုဂ္ဂလိကဘဏ်များ မှ ချေးငွေပေါ်တွင်ယူဆောင်နေ သော အတိုးနှုန်းမှာ ၁၃ ရာခိုင် နှုန်း ရှိပြီး ဒေသတွင်းနိုင်ငံများတွင် အမြင့်ဆုံးပမာဏဖြစ်နေသည်။

သို့သော် လက်ရှိအစိုးရဝန် ထမ်းများ၏ လစာများမှာလည်း ခေတ်စနစ်အရ နည်းပါးနေပြီး မဖြစ် မနေတိုးပေးသင့်သည့်အနေ အထားဖြစ်သည်ဟုလည်း ပညာ ရှင်အချို့က ထောက်ပြပြောဆို သည်။

‘‘လစာတိုးပေးရမယ့်ဘက် ကပဲ ဆွေးနွေးချင်ပါတယ်။ နယ် ပြောင်းဆိုတာနဲ့ ထွက်သွားကြပြီ။ ဒီမှာ နှစ်သိန်း ရတဲ့လူက အပြင်မှာ ငါးသိန်းနဲ့ အထက်ရတယ်’’ ဟု ရန်ကုန် စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်က ဆိုသည်။

‘‘လခတိုးခြင်းနဲ့ အနည်းဆုံး လုပ်ခလစာတိုးချင်တယ်ဆိုတာ နိုင်ငံရေးသတင်းစကား ပေးနေ တာဖြစ်တဲ့ အတွက် နိုင်ငံရေး သတင်းစကားကို စီးပွားရေးနည်းနဲ့ အဖြေသွားပေးနေလို့မရဘူး’’ ဟု ပါမောက္ခဒေါက်တာအောင်ထွန်း သက်ကလည်းပြောသည်။

ဗဟိုဘဏ် အပါအဝင် ဝန်ကြီးဌာနအများစုတွင် လက်ရှိ ရရှိနေသော ဝန်ထမ်းလစာမှာ ခေတ်စနစ်နှင့် မကိုက်ညီသဖြင့် အစမ်းခန့်ဝန်ထမ်းလုပ်ကိုင်မည့်သူပင် ရှားပါးနေကြောင်း သတင်းရရှိသည်။

‘‘ဦးဆောင်ညွှန်ကြားရေးမှူး ရဲ့လစာက ကျပ်နှစ်သိန်းပဲရှိတာ တော့ မဆီလျော်ဘူးပေါ့။ ဆီ လျော်အောင် တိုးဖို့ကတော့လိုလာပြီ။ ဘယ်လိုတိုးမလဲ၊ ဘယ် လောက်တိုးမလဲ၊ ဖြစ်လာမယ့် အကျိုးသက်ရောက် မှုတွေ ကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ ပြင်ထားဖို့တော့လိုတယ်’’ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောသည်။

သမ္မတဦးသိန်းစိန်အစိုးရ၏ လေးနှစ်နီးပါးတာကာလအတွင်း ပင်စင်စားများအား တစ်ကြိမ်နှင့် အစိုးရ ဝန်ထမ်း များအား သုံးကြိမ် လစာတိုးပေးထားပြီးဖြစ်သည်။

လွတ်လပ်ရေးရပြီးသည့် အချိန်မှ ၂၀၁၄ အထိ (၁၂)ကြိမ် လစာတိုးပေးခဲ့ပြီး လစာစတင်တိုးပေးသည့်နှစ်မှာ ၁၉၇၂ က ဖြစ်သည်။

နိုင်ငံဝန်ထမ်းများအား လစာတိုး မြှင့်ပေးပါက ငွေကြေးဖောင်းပွမှု လွန်စွာမြင့်မားမှုမရှိစေရန် မြန်မာ နိုင် ငံတော်ဗဟိုဘဏ်မှ ဘတ်ဂျက် လိုငွေအတွက် တိုက်ရိုက်ဖြည့် ဆည်းခြင်းအစား အစိုးရငွေချေး သက်သေ ခံလက်မှတ်များအား ဈေးပြိုင်စနစ်ဖြင့်ရောင်းချခြင်းကို ဇန်န၀ါရီစတင် ၍ ဖော်ဆောင်ခြင်း နှင့် တင်းကျပ်သည့်ငွေကြေးမူဝါဒ အား ကျင့်သုံးသွားရန်နှင့် ဈေး ကွက်မှ ပိုလျှံငွေကြေးနုတ်သိမ်းမှု ပမာဏ တိုးမြှင့်သွားရန် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဒေါ်ခင်စောဝေ ကရှင်းပြသည်။

7Day Daily

၂၀၁၄ ခုနှစ်မှာ မျှော်မှန်းထားသလို လက်မှတ်မရေးထိုးနိုင်ခဲ့သည့် အပစ်ရပ်စဲရေး စာချုပ်

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆောင် ရွက်နိုင်ရေးအတွက် အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့သည် ၂၀၁၃ ခုနှစ် နိုဝင်ဘာ လဆန်းပိုင်းတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် စတင်တွေ့ ဆုံ ဆွေးနွေးခဲ့ရာ ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်း တရားဝင်ဆွေးနွေးပွဲနှင့် အလွတ်သဘော ဆွေးနွေးမှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့သော်လည်း မျှော်မှန်းထားသလို ၂၀၁၄ ခုနှစ်အတွင်း လက်မှတ်မရေးထိုးနိုင် ခဲ့မှုကို Weekly Eleven News ဂျာနယ်က ၂၀၁၄ ခုနှစ် ထင်ရှားကျော်ကြား ဖြစ်ရပ်တစ်ခုအဖြစ် ဖော်ပြ လိုက်ပါသည်။

UPWC နှင့် NCCT တို့သည် မူလက အပစ်ရပ်စဲရေး ဆောင်ရွက်ရန် အပစ်ရပ်စာချုပ် မူကြမ်းတစ်ခုစီ ကိုင်စွဲ ၍ ညှိနှိုင်းဆောင်ရွက်ခဲ့ရာမှ တစ်ဆင့် ၂၀၁၄ ခုနှစ်မတ်တွင် ရန်ကုန်မြို့၌ ပြုလုပ်သော တရားဝင်ဆွေးနွေး ပွဲတွင် နှစ်ဖက်ကိုယ်စားလှယ်များ ပူးပေါင်း၍ အခန်းခုနစ်ခန်း ပါဝင်သော တစ်နိုင်ငံလုံး အပစ်အခတ်ရပ် စဲရေး သဘောတူစာချုပ် (မူကြမ်း) တစ်စောင် ရေးဆွဲရန် သဘောတူညီခဲ့ပြီး ဧပြီ၊ သြဂုတ်နှင့် စက်တင်ဘာ လများတွင် ဆက်လက်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အပါအ၀င် အစိုးရခေါင်းဆောင်များ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များက တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်တော့မည်ဟု ၂၀၁၄ ခုနှစ်အတွင်း မကြာခဏ ပြောကြားမှုများ ရှိခဲ့သော်လည်း ဖြစ်လာခဲ့ခြင်း မရှိဘဲ တိုင်းရင်းသားဒေသများတွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား တိုက်ပွဲများ၊ ပစ်ခတ်မှုများ မကြာ ခဏ ဖြစ်ပွားခဲ့ပြီး နှစ်ဖက်တပ်သားများ သေဆုံးဒဏ်ရာ ရရှိမှု များပြားခဲ့သည်။

အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်တော့မည်ဟု ၂၀၁၄ ခုနှစ်အတွင်း မကြာခဏ ပြောကြားမှုများ ရှိခဲ့သော်လည်း ဖြစ်လာခဲ့ခြင်း မရှိဘဲ တိုင်းရင်းသားဒေသများတွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့များအကြား တိုက်ပွဲများ . . . . .

အပစ်ရပ်မူကြမ်း ညှိနှိုင်းရာတွင် အဆင်မပြေဖြစ်ခဲ့သည့် စက်တင်ဘာဆွေးနွေးပွဲ အပြီးတွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား တိုက်ပွဲများ၊ ပစ်ခတ်မှုများ အကြောင်းအမျိုးမျိုးဖြင့် ဖြစ်ပွား ခဲ့ရာ နိုဝင်ဘာက ဖြစ်ပွားခဲ့သည့် လိုင်ဇာဗိုလ်သင်တန်းကျောင်း ဖြစ်စဉ်ကြောင့် ငြိမ်းချမ်းရေး ဆွေးနွေး ပွဲများ ရှေ့ဆက်နိုင်ရေးအတွက် အဟန့်အတား ဖြစ်စေခဲ့သည်။ ယင်းလိုင်ဇာဖြစ်စဉ်ကြောင့် နိုဝင်ဘာလကုန် သို့မဟုတ် ဒီဇင်ဘာလဆန်းပိုင်းတွင် ပြုလုပ်ရန် နှစ်ဖက်ညှိနှိုင်းထားသည့် UPWC နှင့် NCCT တို့၏ တစ်နိုင် ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှု တရားဝင်ဆွေးနွေးပွဲကို ပြုလုပ်နိုင်ခြင်း မရှိတော့ဘဲ နှစ်ဖက်အကြား ယုံကြည်မှု လျော့နည်းလာပြီး သံသယများ ပိုမိုကြီးထွား လာစေခဲ့သည်။

ဒီဇင်ဘာ ၂၂ ရက်နှင့် ၂၃ ရက်များတွင် UPWC နှင့် NCCT တို့၏ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ရန်ကုန် မြို့၌ နှစ်ရက်ကြာ ပြုလုပ်ခဲ့သည်။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးမှု ကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် ပြည်ထောင်စုနေ့တွင် ပြုလုပ်ရန်အတွက် အစိုးရနှင့် တပ်မတော်ခေါင်းဆောင်များနှင့် အကြိမ်ပေါင်းများစွာ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ထားနိုင်သည့် KNU မှ အထွေထွေအတွင်းရေးမှူး NCCT ခေါင်းဆောင် ပဒိုစောကွယ်ထူးဝင်းက အဆိုပြုခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ် ပြည်ထောင်စုနေ့တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဖြစ်မြောက်လာရန် အတွက်လည်း ကြိုးစားသွားမည်ဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် နှစ်ဖက်ကိုယ်စားလှယ်များက ရှင်းပြခဲ့သည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးရန်အတွက် ၂၀၁၄ ခုနှစ်အတွင်း၌ အကြိမ်ကြိမ်ရည်ရွယ်ကာ ဆောင်ရွက်ခဲ့သော်လည်း ဖြစ်လာခြင်း မရှိသောကြောင့် လာမည့် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီတွင် ပြုလုပ်မည်ဟု ရည်ရွယ်ထားသည့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး လက်မှတ်ရေး ထိုး မှု ဆောင်ရွက်နိုင်ခြင်း ရှိမရှိကို စောင့်ကြည့်ရမည်ဖြစ်ပေသည်။

EMG

နေပူတောင်အား ဗီယက်နမ်ကို ကျောက်ထုတ်ရန် ဌားရမ်းမှု ဒေသခံ ၅၀၀၀ ခန့် ကန့်ကွက်ဆန္ဒပြ


 တောင်ကုတ်တွင် ဆန္ဒပြကန့်ကွက်နေကြစဉ်။ (ဓါတ်ပုံ- နိရဉ္စရာ)

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ရှိ အဖိုးတန် နေ ပူတောင်ကို ကျောက်ထုတ်ရန် ဗီယက်နမ် ကုမ္ပဏီ တစ်ခုအား ဌားရမ်းလိုက်သည့် အပေါ် ဒေသ ခံ ပြည်သူ ၅၀၀၀ နီးပါးခန့်က ဒီဇင်ဘာလ ၂၈ ရက်နေ့က ဆန္ဒပြ ကန့်ကွက်ခဲ့ကြသည်။

ဆန္ဒပြရသည့် အကြောင်းအရင်းကို ရခိုင်လူမှု ကွန်ယက်မှ ကိုဇေယျာကျော်က ယခုလို ပြောသည်။

“ ကျွန်တော်တို့ ဒီတောင်ကုတ် မြို့နယ် ရိုးမထဲမှာရှိတဲ့ နေပူတောင် စီမံကိန်းပေါ့ နော်။ ဒီနေပူတောင် အဆင့်မြင့် ကျောက်ကို ဗီယက်နမ်နိုင်ငံက ကုမ္ပဏီ နဲ့ အမှတ် (၃) သတ္တုတွင်း ၀န်ကြီးဌာနတို့ ပူးပေါင်း ကျောက်ထုတ် လုပ်နေတယ်။ ဒီစီမံကိန်းက ကျနော်တို့ တောင်ကုတ် ဒေသအတွက် လုံးဝ အကျိုး မရှိဘူး။ ပီးရင် အကျိုးအမြတ် ဘယ်လောက် ရှိမယ်။ ဒီစီမံကိန်းက ရရှိလာတဲ့ အကျိုးအမြတ်တွေ ကို ဒေသခံ ပြည်သူတွေ အတွက် ဘယ်လို ခွဲဝေသုံးစွဲမယ်။ စီမံကိန်းကြောင့် ထိခိုက်မှု ဘယ်လောက်ရှိမယ် ဆိုတာကို စီမံကိန်းမတိုင်မီက ချပြခဲ့တာလည်း ဘာမှ မရှိခဲ့ဘူး ။ အဲဒီ အပေါ်မှာ ကျနော်တို့တွေက မကျေ နပ်ဘူး။ ဒီအတွက် ကျွန်တော်တို့ ဆန္ဒထုတ်ဖော်တာ ဖြစ်ပါတယ်” ဟု ပြောသည်။

ယခုကဲ့သို့ ပြည်သူ ပြည်သားများအတွက် တစ်စုံတစ်ရာ အကျိုးမရှိသော ကျောက်ထုတ်ယူနေမှုကို တောင် ကုတ် ဒေသခံများ အနေဖြင့် လုံးဝ မလိုလားဟု သူက ဆက်လက် ပြောဆိုသည်။

“ ဒီလိုမျိုး ကျောက်တွေ ထုတ်ယူနေတာကို လုံးဝ အလိုမရှိဘူး။ နောက်တစ်ချက်က ဒီကုန်ကြမ်းထုတ်ယူမယ့် အစား ကျနော်တို့ ဒီ နှစ် သန်းပေါင်း ၇၀ ကျော် ရှိနေပြီ ဖြစ်တဲ့ ဒီကျောက်တောင်ကို ကျနော် တို့က ပြစားမယ်။ ပြတိုက်သဘောမျိုးလိုပေါ့နော်။ ကျောက်ပြတိုက် (သို့) Eco- Tourism လုပ်ရင် ကောင်း မယ်ဆိုပြီး တော့ပေါ့နော်။ အဲဒါကို နိုင်ငံတော်အကြီးအကဲ တာဝန်ရှိသူတွေ သိရှိအောင် ဆန္ဒ ထုတ်ဖော်တာ ဖြစ်ပါတယ်” ဟု သူက ဆက်လက် ပြောဆိုသည်။

၎င်းပြင် ကိုဇေယျာကျော်က နေပူတောင်နှင့် ပတ်သက်ပြီး ဒေသခံများ လိုလားချက်များကို ယခုလို ပြော ဆိုသည်။

“ နေပူတောင် စီမံကိန်းကို ချက်ချင်းရပ်ဖို့ ကျနော်တို့ တောင်းဆိုထားတယ်။ တောင်းဆို တဲ့အတိုင်း တာဝန်ရှိတဲ့ ၀န်ကြီးဌာနနဲ့ နိုင်ငံတော်သမ္မတရုံးတွေကပါ မြစ်ဆုံ စီမံကိန်း ပုံစံမျိုး ပေါ့နော်။ အဲသလို ချက်ချင်းရပ်ဖို့ကို ကျနော်တို့က လိုလား ပါတယ် ခင်ဗျာ။ ချက်ချင်း ရပ်ပြီးတော့ အဲဒီတောင်ကိုပေါ့နော် Eco- tourism လုပ်ပေးဖို့ လိုလားတယ်။ ဒီနေပူတောင်ကြီးကို လုံးဝထပ်ပြီးတော့ ကုန်ကြမ်း မထုတ် တော့ပဲနဲ့ Eco-tourism ဖြစ်အောင် လုပ်ပေးဖို့ ကျွန်တော်တို့ လိုလားပါတယ်” ဟု ဆိုသည်။

နေပူတောင်ကို နိုင်ငံခြား ကုမ္ပဏီ တစ်ခုကို ဌားရမ်းလိုက်သဖြင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုက လွဲပြီး ဒေသခံ ပြည်သူတွေ အတွက်လည်း မည်သို့မှ အကျိုးမရှိဟု ဆိုသည်။ ပြည်သူများတောင်းဆိုချက်ကို မလိုက်နာဘဲ ဆက်ပြီး ထုတ်လုပ်မည်ဆိုလျှင် ဆန္ဒပြပွဲများကို ဆက်လက် ပြုလုပ်သွားမည်ဟု ဆက် လက် ပြောဆိုသည်။


“ ဟုတ်ကဲ့။ ဒါက ကျနော်တို့ ချမှတ်ထားတဲ့ Action plan ရဲ့ အရ ပထမခြေလှမ်းပါ ခင်ဗျာ။ ဒါထက်မက ကျနော်တို့က ဗီယက်နမ် အစိုးရကိုလည်း ဒီဟာ ကန့်ကွက်တဲ့ စာပို့မယ်၊ နိုင်ငံတော် သမ္မတကြီးကိုလည်း စာပို့မယ်၊ သက်ဆိုင်ရာ သတ္တုဝန်ကြီးဌာန ကိုလည်း စာပို့မယ်၊ အဲဒီ ဗီယက်နမ် ကုပ္မဏီကိုလည်း စာပို့မယ်။ အဲ စာပို့တဲ့ အဆင့်နဲ့ မရပ်ဘူး ဆိုလို့ရှိရင် ကျနော်တို့ ဗီယက်နမ်သံရုံးရှေ့မှာ ဆန္ဒပြတာတို့၊ ဆက်ပြီးတော့မှ မရပ်ဘူး ဆိုလို့ရှိရင် ကျနော်တို့က အဲဒီနေပူတောင် စီမံကိန်းထဲဝင်ပြီးတော့ ဆန္ဒပြမယ်။ လုံးဝ အဲဒီလမ်းကို ပိတ်ဆို့ပြီးတော့ အဲဒီကနေ ကုန်ကြမ်းကျောက်တွေကို မထုတ် ယူနိုင်အောင် ပြုလုပ်သွားမယ်။ Master plan တွေ အများကြီး ချမှတ်ထားတာ ရှိပါတယ်” ဟု ဆိုသည်။

ဆန္ဒပြပွဲ မစတင်မီ တောင်ကုတ်မြို့ ဖောင်တော်ဦး စေတီတော်တွင် နေ့လယ် ၁၂ နာရီတွင် စုဆုံခဲ့ကြပြီး စစ်တွေမြို့ က ဒေါ်ညိုအေး ၊ ကျောက်ဖြူမြို့က ဦးတိုးဝေ ၊ နောက်ပြီး တောင်ကုတ်မြို့က ကိုမြင့်အောင် တို့ နေပူတောင် စီမံကိန်းနဲ့ ပတ်သက်ပြီး အလှည့်ကျ ဟောပြောခဲ့ကြသည်ဟု သိရသည်။ နေ့လည် ၁ နာရီ တိတိတွင် ဖေါင်တော်ဦး စေတီမှ ထွက်ကာ မြို့ပတ်လမ်းအတိုင်း ပတ်ကာ ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

ဆန္ဒြ့ပပွဲတွင် ဘူးသီးတောင်၊ သံတွဲ၊ ရမ်းဗြဲ၊ အမ်း၊ မြေပုံနှင့် မြောက်ဦးနယ်မှ ကိုစားလှယ်များလည်း ပူးပေါင်း ပါဝင်ခဲ့ကြသည်ဟု ရခိုင်လူမှု ကွန်ယက်၊ လူထုအကျိုးဆောင် ကော်မီတီ (တာဝန်ခံကော်မတီ) ဦးဇေယျာကျော်က ပြောဆိုသည်။

နိရဉ္စရာ