Tuesday, December 23, 2014

လယ်ယာမြေပြဿနာဖြေရှင်းဖို့ ပဲခူးတိုင်းအစိုးရကို သူရဦးရွှေမန်း ညွှန်ကြား



ပဲခူးတိုင်း တိုင်းဒေသကြီးအစိုးရအနေနဲ့ ဒေသတွင်း လယ်ယာမြေပြဿနာတွေကို ဖြေရှင်းဆောင်ရွက်ပေး ဖို့ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း က ညွှန်ကြားလိုက်ပါတယ်။

သူရဦးရွှေမန်းဟာ ပဲခူးမြို့ ရွှေမော်ဓောဘုရား အနောက် ဘက်ကကွင်းမှာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်တွေ၊ လယ်သမားတွေနဲ့ တွေ့ဆုံ ခဲ့ရာမှာ အသိမ်းခံထားရတဲ့ လယ်ယာ မြေပြဿနာတွေ ဖြေရှင်းဖို့ နဲ့ တောင်သူတွေ ထံ ပြန်ပေးမယ့်လယ်ယာမြေတွေကို ဥပဒေနဲ့အညီ လွှဲပြောင်းပေးဖို့ ညွှန်ကြားခဲ့တယ်လို့ ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးနဲ့ မွေးမြူရေးဝန်ကြီး ဦးတင်စိုးက ပြော ပါတယ်။

" အကြောင်းကြောင်းကြောင့် တချိန်တုန်း က မြေယာသိမ်းခဲ့တဲ့ဖြစ်စဉ်တွေနဲ့ ပတ်သက် ပြီးတော့ ပြန်ပေး ကြတာပေါ့၊ ပြန်ပေးတဲ့အခါမှာ ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းနဲ့ အညီပြန်ပေးနိုင်ဖို့ အတွက် ဆောင်ရွက်ပေးနိုင် ဖို့၊ ပါတီဥက္ကဌကြီးအနေနဲ့လဲ အဓိကအားဖြင့် ၇၀ ရာခိုင်နှုန်းသောတောင်သူ လယ်သမား များရဲ့အကျိုးကို ပါတီဝင်ထုတွေကနေပြီးတော့ စွမ်းဆောင်ပေးဖို့ဒါကို လမ်းညွှန်မိန့်ကြား သွားပါတယ် "

ပဲခူးတိုင်းဒေသကြီးအတွင်း သိမ်းယူခံထားရတဲ့လယ်ယာမြေဧက ၃ သောင်းနီးပါးရှိပြီး အဲ့ဒီထဲက ဧက တစ်သောင်းကျော် ကို လယ်သမားတွေထံ ပြန်လည်ပေး အပ်ခဲ့ ပြီးဖြစ်တယ်လို့ ၀န်ကြီး ဦးတင်စိုး ကပြောပါ တယ်။

တွေ့ဆုံပွဲကို ပဲခူးတိုင်းဒေသကြီး မြို့နယ် ၂၈ ခုက လယ်သမား ၇၀၀၀ ကျော် တက်ရောက်ခဲ့ကြပြီး လယ် သမားတွေက လယ်ယာမြေပြဿနာတွေအပြင် လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးရေရရှိရေးနဲ့ လျှပ်စစ်မီးရရှိရေး တို့ကို တင်ပြခဲ့ကြ တယ်လို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127

ပြည်သူတွေကို ခြောက်လှန့်နေသလား....မင်းဒင်



ယခုတစ်လော မြန်မာနိုင်ငံရေးနဲ့ပတ်သက်လို့ အပြု သဘောနှင့်ရေးမည့်အစား အပျက်သဘော နဲ့ ရေးနေ တဲ့ဂျာနယ်တွကပေါ မှပေါ။ မောင်သုတ လည်း ကောင်းနိုးရာရာဂျာနယ်တွေ ရွေးဖတ်နေရ ပါတယ်။ နိုဝင်ဘာလ ၈ ရက်နေ့Messenger ဂျာနယ်မှာ စာရေးဆရာ မင်းဒင် က ““ မုန်တိုင်း ထန် တော့ မည့်မြန်မာပြည် ”” ဆိုပြီး ကြောက်မက်ဖွယ်ကောင်း သည့် ခေါင်းစဉ် တပ်ထားတဲ့ဆောင်းပါးကို ဖတ်လိုက်ရပါတယ်။

မင်းဒင်က ဘာတွေရေးထားသလဲဆိုတော့ ““လက်ရှိအခြေအနေအတိုင်းဆိုလျှင် ဒီမိုကရေစီ သနေ်္ဓ တည်စ မြန်မာပြည်ရှေ့ရေးသည် အလွန်တရာရင်လေးဖွယ်ကောင်းလှသည်တဲ့။ ပြီးတော့ ဆက်ရေး ထားတာက အာဏာလက်ကိုင်ရှိနေသူများအဖို့ ယခုအခြေအနေတိုင်းသာဆင်ခြင်တုံတရားမဲ့ ဆောင်ရွက် မှုများဖြင့် ရှေ့ခရီးဆက်နေကြပါမူ မကြာသောကာလများအတွင်း တိုင်းပြည်ကို ကောင်းစား စေ လိုသော ပြည်သူလူထုကြီးအင်အားကို မလွဲမသွေရင်ဆိုင်ကြရပေလိမ့်မည်။ ယင်းအခြေအနေသည် တိုင်းပြည်နှင့်လူထုအတွက် မုန်တိုင်းဖြစ်သကဲ့သို့ အုပ်စိုးသူတို့အတွက်လည်း လောင်မီးမိုးကြိုးကျသည့် အခြေအနေတစ်ရပ်ဖြစ်လာနိုင်ပါသည် ””ဟုဆိုပြီး ၎င်းင်း၏အဖျက်သဘောဆောင်သည့်အမြင်ဖြင့်ရေးထား တာကိုဖတ်ရပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ရွေးချယ်တင်မြှောက်ခံထားရတဲ့ လက်ရှိအစိုးရအဖွဲ့ဟာ နိုင်ငံတော် တစ်ဝန်း စတင်တာဝန်ထမ်းဆောင်ခဲ့တဲ့ ၂၀၁၁ ခုနှစ်ကတည်းက နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ ငြိမ်းချမ်းရေး တည်ဆောက်မှုလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိတာကို မင်းဒင်လေ့လာ မထားလေရော့ သလား၊ ဒါမှမဟုတ် သိလျက်နဲ့မုန်လာဥလုပ်နေတာလား။ ပုဂ်္ဂိုလ်ရေးအခြေခံတဲ့ ဆွေးနွေးပွဲ မလုပ်တာ ကိုလည်း မင်းဒင်က ဝေဖန်ထားသေးတယ်။ နိုင်ငံရေးဆွေးနွေးတယ်ဆိုတှာုInstitutions ပေါင်းစုံ ပါဝင်မှသာ ပကတိအခြေအနေကို ဆွေးနွေးဖော်ထုတ်နိုင်မှာပါ။ ပုဂ်္ဂိုလ်ရေးကို အခြေခံပြီးဆွေးနွေးလို့ရှိရင် ပုဂ်္ဂိုလ်ရေးခံစားချက်နှင့် အမြင်သဘောထားများသာရရှိနိုင်တာကို မင်းဒင် တွေးမှတွေးမိရဲ့လားမသိဘူး။

မင်းဒင်တို့ ကော်လံစားသမားတွေက နိုင်ငံနှင့်ပြည်သူ့အကျိုးကိုမငဲ့ကွက်ဘဲ မိမိရဲ့ကျဉ်းမြောင်းတဲ့ အမြင်နဲ့ ဝေဖန်အပြစ်တင်ပြီး ““ ဖွ ”” ဖို့လောက်ပဲရေးတတ်သလား။ ပြည်သူတွေ ထိတ်လန့်ကြောက် ရွံ့ အောင်၊ဝေေ၀၀ါးဝါးဖြစ်အောင် ဆောင်းပါးခေါင်းစဉ်တွေတတ်ပြီး ဂျာနယ်ရောင်းကောင်းအောင် လုပ်နေတာကလွဲလို့ တိုင်းပြည်နဲ့လူမျိုးအကျိုးပြုမယ့် စာကောင်းပေကောင်းလေးတွေ မရေးတတ်တော့ ဘူးလား။

ခင်ဗျားပြောသလို ““ မုန်တိုင်းထန်တော့မည့် မြန်မာပြည် ”” ဆိုတဲ့ခေါင်းစဉ်ကို ခွဲခြမ်းစိတ်ဖြာ ကြည့် ရအောင်။ ကျွန်တော်တို့နိုင်ငံဟာ ဆီးရီးယား၊ အီရတ်၊ ယူကရိန်းနှင့် အရှေ့အလယ်ပိုင်းဒေသတွေလို ကျီးလန့်စာစားဖြစ်နေပြီလား။ ခင်ဗျား ပြည်တွင်းပြည်ပဗဟုသုတလေ့လာထားလျှင်သိမှာပါ။ လက်ရှိ ကျွန်တော်တို့အစိုးရဟာ အမျိုးသားစည်းလုံးညီညွတ်ရေးအပြင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာအားလုံး ပါဝင်နိုင်ရေး ဘယ်လိုကြိုးပမ်းနေသလဲဆိုတာ မင်းဒင်မသိရော့လေသလား။

ခင်ဗျားတို့စာနယ်ဇင်း သမားတွေကို ဘယ်လောက်အထိဖြေလျှော့ပေးနေသလဲဆိုရင် မြန်မာနိုင်ငံမှာ အာဆီယံနိုင်ငံတွေ အကြားမှာ စာနယ်ဇင်းလွတ်လပ်ခွင့်တိုးတက်လာနေပြီဆိုတာ လက်ရှိငြင်းလို့မရတဲ့အမှန်တရားပဲ။ ခေတ်မီ တိုးတက်နေတဲ့စင်ကာပူမှာတောင် မီဒီယာလွတ်လပ်ခွင့်ဟာ မြန်မာနိုင်ငံထက် အများကြီးနိမ့်နေတယ် ဆိုတာကိုရော ခင်ဗျားသိရဲ့လား။ ခင်းဗျားတို့ပုဂ်္ဂိုလ်ရေးခံစားချက်ကိုရှေ့တန်းတင်လျက် ကိုယ့်ဆောင်းပါး ကိုလူဖတ်အောင်ရည်ရွယ်ပြီး ““ မုန်တိုင်းထန်တော့မည့် မြန်မာပြည် ”” လို့ခေါင်းစဉ်တတ်ထားတာကတော့ လက်တွေ့အခြေအနေနှင့် အံချော်နေပြီ။ ““ ပြည်သူတွေကို ခြောက်လှန့်နေသလား””လို့ပဲ မေးလိုက် ချင်တယ်.. မောင်မင်းဒင်ရယ်....။

မောင်သုတ

Credit : Here

KIA ခေါင်းဆောင်များ ပြည်ထောင်စုက ခွဲထွက်ရန် ကြံစည်နေပြီလား



ကချင်ပြည်နယ်၊ လိုင်ဇာမှာ ကျင်းပပြုလုပ်ခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများရဲ့ တတိယ အကြိမ် ညီလာခံမှာ KIA ခေါင်းဆောင် ပိုင်းတွေရဲ့ သဘောထားတွေကို သတိထားမိရင် အတော်စိုးရိမ်စရာ အနေအထားဖြစ်ပါ တယ်။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ် ချုပ်ဆိုနိုင်ဖို့ NCCT ဦးဆောင်ပြီး တိုင်းရင်း သားတွေရဲ့ အပစ်ရပ်မူကြမ်းကို ထပ်မံညှိနှိုင်း အဖြေရှာ ခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့် KIA ခေါင်းဆောင်ပိုင်းကတော့ တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေးထက် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ဖို့ ပြောဆိုလာပါတယ်။ အပစ်ရပ်မှ ငြိမ်းချမ်းမယ်။ ငြိမ်းချမ်း မှ နိုင်ငံရေး ဆွေးနွေးနိုင်မယ်ဆိုတာ KIA ခေါင်းဆောင်တွေ မသိမဟုတ်၊ သိပြီးသားဖြစ်ပါတယ်။

ဒါဆိုရင် သိသိကြီးနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေလုပ်ဖို့ KIA ခေါင်းဆောင်တွေ ဘာ့ကြောင့် တွင်တွင်ပြောနေ သလဲ စဉ်းစားစရာ ဖြစ်လာပါတယ်။ တိုက်ပွဲတွေကြောင့် ကချင်လူမျိုးတွေ ဒုက္ခသည်ဖြစ်ခဲ့ကြရတယ်။ ဒီနေ့အထိ ဒုက္ခမျိုးစုံ ခံနေ ကြရဆဲပါပဲ။ အကြောင်းပြချက်အမျိုးမျိုးနဲ့ အစိုးရအပေါ် KIA ဘယ်လိုပဲစွပ်စွဲနေ ပါစေ၊ တကယ့်လက်တွေ့မှာ အပစ်ရပ်ရမယ်၊ ဒါမှသာ တိုက်ပွဲတွေ ချုပ်ငြိမ်းမယ်။ ဒုက္ခသည်တွေလည်း ကိုယ့်ရပ်ကိုယ့်ရွာ ပြန်ရမှာဖြစ်ပါတယ်။ KIA ခေါင်းဆောင်တွေပြောနေတဲ့ နိုင်ငံ ရေး ဆွေးနွေးပွဲဆီ အဆင့်ကျော်လွန်သွား ချင်နေတာဟာ ကချင်လူထုအတွက်တော့ မဟုတ်နိုင်ပါဘူး၊ သူတို့အတွက်ပဲ ဖြစ်ပါ လိမ့်မယ်။

KIA ခေါင်းဆောင်တွေ အပစ်မရပ်ဘူးဆိုတာ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်ကိုယ်တိုင် ဒေသခံပြည် သူတွေကို ပြောခဲ့တာပါ။ ၂၀၁၃ ခုနှစ် ဇွန်လ ၁၅ ရက်နေ့တုန်းက ပဲကြားလှော်လောင်းကစားရုံမှာ ရပ်မိရပ်ဖတွေ၊ ဘာသာရေး အသင်းအဖွဲ့ တွေနဲ့ တွေ့ဆုံစဉ် ပြောခဲ့တာဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့ လုံးဝမဖြစ်နိုင်တဲ့အကြောင်း၊ ဗိုလ်ချုပ် ဂွမ်မော်က အချက် (၂) ချက်နဲ့ ရှင်းပြခဲ့ပါတယ်။ ပထမအချက်က (၁၇) နှစ်လုံးလုံး အတွေ့အကြုံကြောင့် ဖြစ်တယ်၊ ဒုတိယ အချက်က သူတို့ ရည်ရွယ်ချက်၊ လိုအပ်ချက်တွေ ဘာမှမတွေ့ရှိတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါဖြင့်ရင် သူတို့ ရည်ရွယ်ချက်၊ လိုအပ်ချက်တွေက ဘာတွေများလဲဆိုတာ မေးစရာဖြစ်လာပါတယ်။ တစ်ဆက်တည်းဆိုသလို ဗိုလ်ချုပ်ဂွမ်မော်က သူတို့ရည်ရွယ်ချက်က အခြေခံဥပဒေကို လက်ခံဖို့မဟုတ် ဘူး၊ ရွေးကောက်ပွဲဝင်ဖို့ မဟုတ်ဘူး၊ ရသင့်ရထိုက်တဲ့ အခွင့်အရေးကို တောင်းဆိုနေ တာ ဖြစ်တယ် ဆိုပြီး ပြောခဲ့ပါတယ်။ သူတို့ရသင့်ရထိုက်တဲ့ အခွင့်အရေးကတော့ ၀မ်ပေါင်နိုင်ငံထူထောင်ရေးပဲ ဖြစ်တယ် ဆိုတာ ဆက်ပြောသွားတဲ့ စကားတွေက သက်သေပြနေပါ တယ်။

KIA ခေါင်းဆောင်တွေက ကိုယ့်ခြေထောက်ပေါ်ရပ်ပြီး ကိုယ့်ကြမ္မာကို ဖန်တီးနိုင်တဲ့ စစ်မှန် တဲ့ ပြည်ထောင်စုကို လက်ကိုင်ထားတယ်၊ စစ်မှန်တဲ့ ပြည်ထောင်စုအတွင်းမှာ တန်းတူညီမျှ နေချင်တဲ့ ဖက်ဒရယ်အခွင့်အရေးကို တောင်းဆိုတာ ဖြစ်ပါတယ်လို့ ပြောနေကြပြန်ပါတယ်။ သူတို့ရဲ့ ရည်မှန်းချက်ဟာ ပထမအဆင့် (၁) ကို ရောက်နေပြီဖြစ်လို့ ဒုတိယအဆင့် ဖြစ်တဲ့ ပြည်နယ်ရရှိဖို့ပဲ လိုတော့တယ်လို့ ဆိုပါတယ်။ တကယ်လို့ ပြည်နယ်ရခဲ့ရင် ကိုယ်ပိုင်အုပ်ချုပ်၊ ကိုယ်ပိုင် ဥပဒေပြဋ္ဌာန်းလိုက်ပါက နောင် ၁၀ နှစ်ကြာရင် အခြေအနေကောင်းလာနိုင်မယ်ဆိုပြီး ဗိုလ်ချုပ်ဂွမ်မော်က ပြောထားပါ တယ်။

အရှင်းဆုံးပြောရရင် ကချင်လူထုကို ကိုယ်စားပြုနေပါတယ်ဆိုတဲ့ KIA ခေါင်းဆောင်တွေရဲ့ အသိအမြင်၊ အယူအဆဟာ ခေတ်နောက်ပြန်ဆွဲနေသလို ပြည်သူတွေဟာလည်း အမှောင်ချထားခြင်း ခံနေရတာ ဖြစ် ပါတယ်။ အစိုးရ အဖွဲ့တွေနဲ့ တွေ့ဆုံချိန်တိုင်း အပြုံးချိုချို အပြောချိုချိုနေတတ်တဲ့ ဗိုလ်ချုပ် ဂွမ်မော် လို ခေါင်းဆောင်တစ်ယောက်ရဲ့ ပြောစကားဟာ အင်မတန် အန္တရာယ်ကြီးလွန်းပါတယ်။ “ ပြည်ထောင်စုမှ ဘယ်တော့မှ ခွဲမထွက်ပါဟု လက်မှတ်ရေးထိုး ခိုင်းတယ်၊ လုံခြုံရေးမရှိဘူးဆိုရင် ဘယ်လိုလုပ်မလဲ၊ ဒါကြောင့်လက်မှတ် မထိုးနိုင်ဘူး၊ ငါတို့ရဲ့ စီမံချက်ကြီးက ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်မှာ လက်မှတ်ရေးထိုး ထားပြီးဖြစ်တယ် ” ဆိုပြီး ဒေသခံပြည်သူတွေ၊ ဘာသာရေးခေါင်းဆောင်တွေ ရဲ့ ရှေ့မှာ ပေါ်ပေါ် ထင်ထင် ပြောဆို သွားခဲ့ပါတယ်။

အချုပ်ပြောရမယ်ဆိုရင် KIA ခေါင်းဆောင်ပိုင်းဟာ အပစ်ရပ်လက်မှတ်မထိုးဘဲ နိုင်ငံရေး ဆွေးနွေးချင်တယ်၊ လက်ရှိ ဒီမိုကရေစီ နိုင်ငံတော်ရဲ့ အခြေခံဥပဒေကိုလည်း လက်မခံဘူးလို့ ဆိုပါတယ်။ ပြီးတော့ ပြည်ထောင်စုက ခွဲမထွက် ပါဆိုတဲ့အချက်ကို လက်မှတ်မထိုးဘဲ ၀မ်ပေါင်နိုင်ငံထူထောင်ဖို့ သီးခြားပြည်နယ်တောင်း ဆိုနေတာဖြစ်ပါတယ်။ ထို့ကြောင့် KIA ခေါင်းဆောင်တွေဟာ ပြည်ထောင်စုကနေ ခွဲထွက်ဖို့ ကြံစည်နေပြီလားဆိုတာ ဆင်ခြင်သုံးသပ်စရာ ဖြစ်နေပါတယ်။

ခိုင်မြဲ

Credit : Here

ဗိုလ်ချုပ်အောင်ဆန်းနှင့် အလှူခံပုံး



ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံ၏ လွတ်လပ်ရေး ဖခင်ကြီးဖြစ်ပါသည်။ မြန်မာနိုင်ငံတစ်ဝန်း ဗိုလ်ချုပ်အောင်ဆန်း ၏ပုံအား အိမ်ဦးခန်းနှင့်ဧည့်ခန်းတို့၌ ခမ်းခမ်းနားနား ချိတ်ဆွဲထားတတ်ကြပါသည်။ ဗိုလ်ချုပ်သည် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် လူယုတ်မာတို့၏လက်ချက်ဖြင့် ကျဆုံး ခဲ့သော်လည်း မြန်မာနိုင်ငံသားတိုင်း၏ရင်ထဲတွင် ဗိုလ်ချုပ်သည် ဘယ်တော့မှကျဆုံးမည် မဟုတ်ပါ။

ထို့ကြောင့် မြန်မာ နိုင်ငံရှိ အိမ်၊ ရုံးခန်း၊ စာသင်ကျောင်းနှင့် နေရာ အသီးသီးတို့၌ ဗိုလ်ချုပ်ပုံချိတ်ထားသည်ကို မြင်တွေ့ကြရ ပေ လိမ့်မည်။ သို့သော်လည်း ယခုခေတ်နိုင်ငံရေးသမားတွေက ဗိုလ်ချုပ်ပုံကိုပြပြီး အလှူခံနေကြတယ်။ မြန်မာနိုင်ငံသားတိုင်းက ဗိုလ်ချုပ်ပုံကိုမြတ်နိုးတန်ဖိုးထားလို့ အမြင့်မှာချိတ်ထားတယ် ဟာကို အခုတော့ နိုင်ငံရေးသမားတွေက ဗိုလ်ချုပ်နှစ် (၁၀၀) ပြည့်မွေးနေ့ အလှူတော်ဆိုပြီးတော့ အလှူခံနေလေရဲ့။ အကျိုးလိုလို့ညောင်ရေလောင်းဆိုတဲ့အတိုင်း အခုတော့ ဗိုလ်ချုပ်ပုံကိုထောင်ပြီး အလှူခံပုံးကပ်ပေးထား တယ်။

အကြောင်းပြချင်ရင်တစ်ခြားဟာကို အကြောင်းပြပါ။ ဗိုလ်ချုပ်နဲ့အလှူခံပုံးက ဘာမှ မသက်ဆိုင်ပါ ဘူး။ တော်ကြာနောင်လာနောင်သားတွေအမှတ်မှားသွား ပါအုံးမယ်။ အော်...ဒို့ဗိုလ်ချုပ်လည်း နိုင်ငံရေး သမားတွေလုပ်မှပဲ အလှူခံပေးနေရရှာတယ် မြင်လို့မှ ကောင်းကြရဲ့လား။အခုလို အလှူခံ နေတဲ့နိုင်ငံရေး သမားတွေကိုဗိုလ်ချုပ်ပြောခဲ့တဲ့ နိုင်ငံရေးဆိုတဲ့အကြောင်း ကလေးကို လက်ဆောင်အဖြစ် ပြောလိုက် ချင်တယ်။

ဗိုလ်ချုပ်ပြောတဲ့-နိုင်ငံရေးဆိုတာ

““မိမိကိုယ်ကို နာမည်ကြီးအောင် ကြွယ်ဝအောင် လုပ်တတ်သည်မှာ နိုင်ငံရေးမဟုတ်၊ တိုင်းပြည်ကောင်းအောင် လုပ်တတ်မှ နိုင်ငံရေးဖြစ်၏။””

Credit : Here

စစ်ပွဲများ၊ နိုင်ငံရေးအားပြိုင်မှုများနှင့်အတူ ဘက်စုံချွတ်ခြုံကျ ပျက်စီးနေသောနိုင်ငံတော်ကို အမြန်ဆုံးပြန်လည် တည့်မတ်ရမည့် အခြေအနေမျိုးဖြစ်နေဟု ပထမအကြိမ် UNA ညီလာခံသို့ တင်သွင်း သည့် နိုင်ငံရေးအစီရင်ခံစာတွင် သုံးသပ်ထား

ကြာတောင့်ကြာရှည်ဖြစ်ပွားခဲ့သည့် စစ်ပွဲများ၊ နိုင်ငံရေးအားပြိုင်မှုများနှင့်အတူ ဘက်စုံထောင့်စုံ ချွတ်ခြုံကျပျက်စီးနေသောနိုင်ငံတော်အား အမြန်ဆုံးပြန်လည်တည့်မတ်မှဖြစ်တော့မည့် အခြေအနေမျိုးဖြစ် နေကြောင်း ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ (UNA) ၏ ပထမအကြိမ်ညီလာခံသို့ တင်သွင်းသည့် နိုင်ငံရေးအစီရင်ခံစာတွင် ထည့်သွင်းသုံးသပ်ထားသည်။

UNA ညီလာခံကို ဒီဇင်ဘာ ၂၂ ရက်က ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တက်ရောက်လာသည့် UNA အဖွဲ့ဝင် နိုင်ငံရေးပါတီခေါင်းဆောင်များက အဆိုပါနိုင်ငံရေးအစီရင်ခံစာကို သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါနိုင်ငံရေးအစီရင်ခံစာတွင် UNA စတင်ဖွဲ့စည်းခဲ့သည့်အချိန်မှစ၍ လက်ရှိအချိန်အထိ ၁၂ နှစ်တာကာလအတွင်းဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးအလှည့်အပြောင်းများ၊ ဒီမိုကရေစီရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆောင်ရွက်ချက်များ၊ ရွေးကောက်ပွဲ၊ လွှတ်တော်၏အပြောင်းအလဲများ အပြင် လက်ရှိအပစ်အခတ်ရပ်စဲရေးဆိုင်ရာလုပ်ငန်းစဉ်များအပေါ် သုံးသပ်ဖော်ပြထားသည်။ ထို့ပြင် အစိုးရက တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးလုပ်ငန်းစဉ်အပြီး လုပ်ဆောင်မည်ဆိုသည့် ပြည်ထောင်စုအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ မည်သို့စတင်နိုင်မည်နှင့် လက်ရှိနိုင်ငံရေးအခြေအနေတို့ကို သုံးသပ်ဖော်ပြထားသည်။

လက်ရှိနိုင်ငံရေးအလှည့်အပြောင်းများနှင့်ပတ်သက်၍ နိုင်ငံရေးချိန်ခွင်လျှာအား ပြန်လည်ချိန်ညှိကြည့်ပါက ဒီမိုကရေစီလိုလားသူများဘက်က တဖြည်းဖြည်းလျော့ကျလာနေပြီး ယခင်စစ်ဗိုလ်ချုပ်ကြီးများမှနေ၍ အရပ်ဝတ်ပြောင်းလဲထားသော ယခုအရပ်သားအစိုးရနှင့် လွှတ်တော်ကိုယ်စားလှယ်ကြီးများဘက်က တစ်စတစ်စအလေးသာလျက်ရှိသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီလိုလားသောအုပ်စုများ ဘက်တွင် အဓိကအခက်အခဲမှာ ခေါင်းဆောင်မှုပျောက်ဆုံးနေခြင်းနှင့် မည်သူကဦးဆောင်နေသည်ကို စစ်အစိုးရ ဟောင်းများဘက်ကလောက် တိတိပပသတ်မှတ်နိုင်ခြင်းမရှိကြောင်း သုံးသပ်ထားသည်။

မည်သည်ကိုဦးတည်ဆောင်ရွက်ရမည်ကိုလည်း အများစုညှိနှိုင်းထားနိုင်ခြင်းမရှိဖြစ်နေ၍ ကိုယ့်အစုအဖွဲ့နှင့် ကိုယ်ထင်ရာကိုယ်လုပ်နေသလိုဖြစ်နေကြောင်း၊ စုစည်းပေးနိုင်သည့်ပုဂ္ဂိုလ်ကိုလည်း ရှာမတွေ့နိုင်ဖြစ် နေသည့်အတွက် ဒီမိုကရေစီခေါင်းဆောင်များ၏ ပစ်ပယ်ထားသောအပယ်ခံများလို ဖြစ်နေကြောင်း၊ ထို့အတွက် ဒီမိုကရေစီထူထောင်ရေးအဖွဲ့သား အစုအဖွဲ့များအတွက် အလွန်အရေးကြီးသော လိုအပ်ချက်ဖြစ်နေသည့် အတွက် စဉ်းစားအဖြေရှာကြရန် အထူးလိုအပ်လျက် ရှိကြောင်း အစီရင် ခံစာတွင်ဖော်ပြထားသည်။

ထို့အပြင် ဒီမိုကရေစီနိုင်ငံရေးစနစ်နှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ကို သုံးသပ်ကြည့်မည် ဆိုပါက ယခင်က ဖက်ဒရယ်ဟုဆိုလိုက်လျှင် ခါးခါးသီးသီးလုံးဝဆန့်ကျင်ခဲ့သော ပုဂ္ဂိုလ် များသည် ယခုအခါ အဘယ်ကြောင့်ဖက်ဒရယ်စနစ်ကို ပြောင်းလဲထောက်ခံလာကြခြင်းကို သုတေသနပြုသင့်သည်ဟု ထင်ကြောင်း ဖော်ပြထားသည်။

လက်ရှိတွင် အုပ်ချုပ်ရေးမဏ္ဍိုင်ဖြစ်သည့် နိုင်ငံရေးအားပြိုင်မှုများအဖြစ် အစိုးရနှင့် ဥပဒေပြုရေး မဏ္ဍိုင်ဖြစ်သည့် လွှတ်တော်များ၏အားပြိုင်မှုမှာ စိတ်ဝင်စားဖွယ်အကောင်းဆုံးသော အားပြိုင်မှုဖြစ်နေ ကြောင်းလည်း အစီရင်ခံစာကဆိုသည်။ မြန်မာ့နိုင်ငံရေးလောကတွင် လေးပွင့်ဆိုင်၊ ၁၄ ပွင့်ဆိုင်၊ ခြောက်ပွင့်ဆိုင်များဖြင့် ရှုပ်ထွေးလျက်ရှိရာ နောက်ဆုံးအနေဖြင့် ရန်ကုန်တိုင်းလွှတ်တော်က ခြောက်ပွင့်ဆိုင်အစား ၁၂ ပွင့်ဆိုင်လုပ်သင့်သည်ဟုဆုံးဖြတ်ခဲ့ကြောင်းနှင့် အထူးသဖြင့် အစိုးရက ၁၄ ပွင့်ဆိုင်လုပ်နေဆဲမှာတင် လွှတ်တော်က ခြောက်ပွင့်ဆိုင်ကို ထပ်မံအဆိုပြုလိုက်သောကြောင့် အစိုးရနှင့်လွှတ်တော်တို့၏အားပြိုင်မှုမှာ မမျှော်လင့်ဘဲကြီးထွားနေခဲ့ကြောင်း သုံးသပ်ထားသည်။

ထို့အပြင် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးရာတွင်လည်း အစိုးရဘက်က သဘောတူချင်သောဆန္ဒရှိနေ သလို လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများဘက်ကလည်း ဆန္ဒရှိနေကြကြောင်း၊ သို့သော်လည်း အစိုးရအဆက်ဆက်၏ ကတိက၀တ်များကို မကြာခဏပြောင်းလဲတတ်သော အလေ့အထရှိခဲ့ဖူး သောကြောင့် တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှုတည်ဆောက်ရန်လိုအပ်နေဆဲဟု လေ့လာမိသည်ဟုဖော်ပြ ထားသည်။

ထို့အပြင် မြန်မာနိုင်ငံရေးတွင် ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးများသည် လက်ငင်းအားဖြင့် အဓိကလိုအပ်ချက်များဖြစ်နေသလို တစ်ခုနှင့်တစ်ခုလည်း ဆက်နွှယ်နေသဖြင့် တစ်ခုတည်းကို သီးသန့်ဖြေရှင်း၍မရနိုင်ကြောင်း စသည်ဖြင့်ဖော်ပြထားသည်။

ညီလာခံတွင် လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ရန် (သို့မဟုတ်) အသစ်ပြန်ရေးရန် မည်သို့မည်ပုံနည်းလမ်းများဖြင့် ဆောင်ရွက်သင့်ကြောင်း၊ ပြည်ထောင်စုအဆင့်ညီလာခံကျင်းပနိုင်ရန် လိုအပ်သော မူဘောင် (အခြေခံများ) နှင့် ထိုညီလာခံကြီးမပေါ်ပေါက်သေးမီကာလအတွင်း အကြိုနိုင်ငံရေး ဆွေးနွေးပွဲ များကျင်းပနိုင်ရန် မည်သို့ဆောင်ရွက်သင့်ကြောင်း စသည်တို့ကို အဓိကဆွေးနွေး ခဲ့ကြောင်း သိရသည်။

ညီလာခံသို့ UNA အဖွဲ့ဝင် ပါတီရှစ်ခုမှ တစ်ပါတီလျှင် ပါတီခေါင်းဆောင် ၁၀ ဦးစီတက်ရောက်ဆွေးနွေး ခဲ့ပြီး ပါတီအားလုံးသဘောတူညီသည့် နိုင်ငံရေးအစီရင်ခံစာတစ်စောင်ကို ပြန်လည်ထုတ်ပြန်သွား မည်ဖြစ်ကြောင်း သိရသည်။

UNA ကို ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်အမျိုးသားပါတီ၊ မွန်အမျိုးသားပါတီ၊ ကယန်းအမျိုးသားပါတီ၊ ကရင်အမျိုးသားပါတီ၊ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ၊ ကချင်အမျိုးသား ဒီမိုကရေစီကွန်ဂရက်နှင့် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်တို့ဖြင့် ဖွဲ့စည်းထားသည်။

Eleven Media Group

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ယခုအစိုးရ လက်ထက်တွင် အပြီးသတ် ဆောင်ရွက်မည်ဟု ဦးအောင်မင်း ပြောကြား

ကမ္ဘာပေါ်တွင် အရှည်ကြာဆုံး ပြည်တွင်းစစ် ဖြစ်ပွားနေသော မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အားလုံးကို ၂၀၁၅ ရွေးကောက်ပွဲဖြင့် တက်လာမည့် အစိုးရသစ်ထံ လွှဲပြောင်းပေးခဲ့မည် မဟုတ်ဘဲ ယခုအစိုးရ လက်ထက်အတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက ပြောကြားသည်။

ရန်ကုန်မြို့တော်ရှိ မြန်မာငြိမ်းချမ်းရေး စင်တာတွင် ဒီဇင်ဘာလ ၂၂ ရက်နေ့က ပြုလုပ်သော အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ ငြိမ်းချမ်းရေး ညစာစားပွဲတွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်ကို လာမည့် ဇန်နဝါရီလအတွင်း အပြီးသတ် ဆောင်ရွက် မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဇန်နဝါရီလ အတွင်းတွင် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးပါက ၂၀၁၅ ခုနှစ်အတွင်း နိုင်ငံရေးဆွေးနွေးပွဲ စတင်ပြုလုပ်မည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။ ယခု လောလောဆယ်တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းအဖွဲ့ NCCT နှင့် အစိုးရအကြား ညှိနှိုင်းနေသာ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ်တွင် နှစ်ဖက်သဘောထား မတိုက်ဆိုင်သည့် အချက်ရှစ်ချက် ရှိနေသေးသော်လည်း မကြာမီ အချိန်အတွင်း ပြေလည်အောင် ဆောင်ရွက် သွား မည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ငြိမ်းချမ်းရေးစာချုပ် ညှိနှိုင်းစဉ်တွင် အခက်အခဲအချို့ ရှိခဲ့သော်လည်း ဇန်နဝါရီလ အတွင်းတွင် နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ဖွယ် ရှိကြောင်း NCCT အဖွဲ့ ဒုတိယခေါင်းဆောင် ဖဒိုစောကွယ်ထူးဝင်း က ဆိုသည်။

ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် NCCT ကိုယ်စားလှယ်များနှင့် အစိုးရတို့အကြား ဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး ယင်းဆွေးနွေးပွဲတွင် နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ဆွေးနွေးပွဲများ၌ နိုင်ငံတကာ အသိသက်သေ ပါဝင်ခွင့်အတွက် ဆွေးနွေးခဲ့ကြောင်း အဆိုပါအဖွဲ့ဝင် ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း က ပြောဆိုသည်။

သို့သော် အဆိုပါ တောင်းဆိုချက်ကို ဆွေးနွေးပွဲ ဒုတိယနေ့ ဖြစ်သည့် ဒီဇင်ဘာလ ၂၃ ရက်နေ့ (ယနေ့) တွင်သာ UPWC ထံ တင်ပြတောင်းဆိုမည် ဖြစ်ကြောင်း၊ ပထမနေ့ ဆွေးနွေးပွဲမှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ဆိုင်ရာ ကိစ္စရပ်များကိုသာ သီးခြားဆွေးနွေးခဲ့ကြောင်း ဒေါက်တာ ဆလိုင်းလျန်မှုန်းက ရှင်းပြသည်။

ထို့အပြင် သုံးလနီးပါး ရပ်ဆိုင်းခဲ့သော အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ အကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများကို ဇန်နဝါရီလအတွင်း ပြန်စရန် နှစ်ဖက် အကြိုသဘောတူထားပြီး သက်ဆိုင်ရာ ခေါင်းဆောင်အဆင့်ဆင့်ထံ အတည်ပြုချက် ရယူလုပ်ဆောင်သွားမည် ဖြစ်ကြောင်း NCCT ဒုတိယ အဖွဲ့ခေါင်းဆောင် ဖဒိုစောကွယ်ထူးဝင်းက ဆိုသည်။ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ဆက်လက် ကျင်းပမည့် ဆွေးနွေးပွဲ ဒုတိယနေ့တွင် လိုင်ဇာအနီး စစ်သင်တန်းကျောင်းကို တပ်မတော်က လက်နက် ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း အပါအဝင် အပစ်ရပ်စာချုပ် ပြင်ပကိစ္စရပ်များ ဆွေးနွေး မည်ဖြစ်ကြောင်း ဆွေးနွေး ပွဲ ကိုယ်စားလှယ်များ၏ ပြောကြားချက်အရ သိရသည်။

The Voice Weekly

သံဃာတော်အချို့ ဓမ္မကထိကဂုဏ်ကိုးပါးနှင့် မညီညွတ်ဟုဆိုပြီး တရားပွဲပိတ်ခံရ

ရန်ကုန်- ရန်ကုန်တိုင်းအတွင်း ကျင်းပလျက်ရှိသည့် တရားပွဲအ ချို့တွင် သံဃာတော်အချို့အား ဓမ္မကထိက ဂုဏ်အင်္ဂါကိုးပါးနှင့် မညီညွတ်သည့်အတွက်ဟုဆိုကာတရား ဟောကြားမည့်ဆရာတော်များကို လဲလှယ်ခိုင်း ထားကြောင်း သတင်းရရှိသည်။

ကမာရွတ်မြို့နယ်၊ (၈)ရပ် ကွက်တွင် ဒီဇင်ဘာ ၁၉ရက်က ကျင်းပခဲ့သော တရားပွဲတွင် ဓမ္မကထိက ဂုဏ်အင်္ဂါကိုးပါးနှင့်မညီ ညွတ်ဟုဆိုကာ အရှင်ခေမိန္ဒ(စစ် ကိုင်း ခင်မကန်)နှင့် အရှင်ပညာ သီဟ (ရွှေည၀ါ)ဆရာတော်နှစ်ပါး တို့ကို တရားဟောခွင့်မပြုဘဲ ဆရာတော်လဲလှယ်ခိုင်းခဲ့သည်။ အဆိုပါ ဆရာတော်စ်ပါး တရား ဟောခွင့်ကို ခရိုင်သာသနာရေးဦးစီးဌာနမှ ခွင့်မပြုခြင်းဖြစ်ကြောင်း ကမာရွတ် မြို့နယ် သာသနာရေး မှူးဦးမိုးသူကပြောသည်။

အလားတူ ကမာရွတ်မြို့ နယ်(၇)ရပ်ကွက်တွင် ဒီဇင်ဘာ ၂၉ရက်၌ စတင်ပြုလုပ်မည့် တရားပွဲတွင်လည်း အရှင်ခေမိန္ဒ (စစ်ကိုင်းခင်မကန်)ဟောကြား မည့် အစီအစဉ်ကိုလည်း လဲလှယ် ခိုင်းထားသည်။ ‘‘မြို့နယ် ကနေတစ်ဆင့် ခရိုင်ကိုတင်ပေးရတယ်။ တရားဝင်စာထုတ်ပြီးပြောတာတော့ မဟုတ်ပါဘူး။ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှာပဲ တရားပွဲ ကျင်းပတဲ့သူတွေနဲ့ ရပ်ကွက်အုပ် ချုပ်ရေးမှူးလည်း ပါပါတယ်။ ကျွန်တော်လည်း နယ်ကပြောင်း လာတာမကြာသေးတော့ ဒီမြို့ နယ်ကိုရောက်မှ ဒါမျိုးတွေကြား ဖူးတာပါ။ ကျွန်တော်လုပ်လာတဲ့ မြို့နယ်တွေမှာတော့မကြုံဖူးပါ ဘူး’’ဟု ဦးမိုးသူကဆိုသည်။

‘‘မြန်မာနိုင်ငံမှာရှိတဲ့ တိုင်း ရင်းသား ၁၃၅ မျိုးထဲမှာ တိုင်းရင်း သားတစ်မျိုးနဲ့ တစ်မျိုးပဲဖြစ်ဖြစ်၊ တိုင်းရင်းသား အချင်းချင်းဖြစ်ဖြစ် ကိုယ်မြတ်နိုးတဲ့ စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်တဲ့ ဘာသာ သာသနာကို လွတ်လပ်စွာ ဆောင်ရွက်ခွင့်ရှိတယ်လို့ ပုဒ်မ ၃၅၄ မှာပြဋ္ဌာန်းထားတယ်။ ဆရာတော် ကတော့ ဥပဒေက ထုတ်ထားတဲ့ အချက်တွေ မညီတာ ဘာမှမလုပ် ထားဘူး’’ဟု ရွှေည၀ါဆရာတော် က မိန့်ကြားသည်။

‘‘ဆရာတော်ကတော့ ဘာမှ မပြောလိုပါဘူး။ ဘယ်သူ့ကိုမှ လည်း အပြစ်မတင်ချင်ပါဘူး။ ကိုယ့်မှာပါတဲ့ ၀ဋ်ကြွေးရှိလို့ ပြန် ပေးဆပ်ရတယ်လို့ မှတ်ပါတယ်။ ဆရာတော်ဟောပြောခဲ့တဲ့ တရား တွေဟာ နိုင်ငံရေး တရား လား၊ နိဗ္ဗာန်ရောက်ကြောင်း တရား လားဆိုတာ တရားနာပရိတ်သတ် တွေ သိပါတယ်’’ဟု အရှင် ခေမိန္ဒ က မိန့်ကြားသည်။

ယခုနှစ်အတွင်း တရားပွဲများ တွင် မည်သည့်ဆရာတော်ကိုမျှ တ ရားဟောခွင့်ပိတ်ပင်ထားခြင်းမရှိ သလို ယခင်ဟောပြောခွင့်ပိတ် ထားသည့် ဆရာတော်များလည်း ဟောပြောခွင့်ရပြီဟု ရန်ကုန်တိုင်း ဒေသကြီး သာသနာရေးဦးစီးဌာန တိုင်း သာသနာရေးမှူးရုံးက တာဝန်ရှိသူတစ်ဦးကဆိုသည်။

‘‘ကျွန်တော်တို့ကတော့ ဘယ်ဆရာတော်မှ တရားပွဲပိတ် တာတွေမလုပ်ထားပါဘူး။ သက် ဆိုင်ရာခရိုင် မြို့နယ်တွေမှာတော့ နယ်လှည့်ဓမ္မကထိကဂုဏ်အင်္ဂါ ကိုးချက်မညီဘူး ဆိုရင်တော့ ဆရာတော်တွေပြောင်း ခိုင်းတာ၊ လဲခိုင်းတာတွေတော့ရှိမယ်။ သူတို့ကလည်း ဆရာတော်တွေတစ် ခုခုဟောလိုက်တဲ့ အခါမှာ ပြဿနာ ဖြစ်လာမှာစိုးရိမ်လို့ လုပ်တာ နေမှာပါ’’ဟု ၎င်းကဆိုသည်။

တရားပွဲကျင်းပသောသူများ အနေဖြင့်လည်း သက်ဆိုင်ရာဌာန အသီးသီးသို့ ကြိုတင်စာပို့အ ကြောင်းကြား ရပြီး ပွဲဖြစ်မြောက်ရေးအတွက်လည်း ခုနစ်ရက်သားသမီးအလှူနှင့် ကျင်းပရသည့်အတွက် မိမိတို့ကြေညာ ထားသည့်ဆရာတော်များနှင့်သာ ဆက်လက်ကျင်းပသွားမည်ဟု ကမာရွတ်မြို့နယ်(၈)ရပ်ကွက်မှ တရားပွဲ ဖြစ် မြောက်ရေးတာဝန်ခံဦးဝင်းမြင့်က ပြောသည်။

‘‘ဆရာတော်တွေ လဲလှယ် ပေးရတာဟုတ်ပါတယ်။ ဦးတို့ဆို အရှင်ခေမိန္ဒကိုတရားပွဲမလုပ်ဖြစ် ဘူးလို့ လိမ်ပြောလိုက်ရတယ်။ ဆရာတော်ကိုသွားပြီး ဘာနဲ့မညီ လို့ တရားပွဲမလုပ်ရဘူးတော့ မ ပြောရဲဘူး။ ဆရာတော်ကတော့ ရပါတယ်လို့ပြောပါတယ်။ ပထမ ဆုံးနေ့ပွဲဖြစ်လို့ ဆရာတော် ပြောင်းရတာတော့ စိတ်မကောင်းဘူး’’ဟု အမှတ်(၈)ရပ်ကွက်မှ ဦးအေးသန်းက စစ်ကိုင်းခင်မကန်ဆရာတော်ကိုလဲလှယ်ခိုင်း၍ လဲလှယ်ပေးခဲ့ရကြောင်းပြောသည်။

တရားဟော ပုဂ္ဂိုလ်များအနက် နယ်လှည့်ဓမ္မကထိက ဂုဏ်အင်္ဂါကိုးချက်နှင့်မညီသည့် ဆရာတော်စာရင်းကို တိတိကျကျထုတ်သင့်ကြောင်းအဆိုပါ အင်္ဂါရပ်နှင့်မညီသည့် ဆရာတော်များမှာလည်း မည်မျှရှိသည်ကို သက်ဆိုင်ရာဌာနသို့ ပေးထားပါက ဆရာတော်ပင့်ရာတွင်လွယ်ကူမည်ဟု တရားပွဲစီစဉ်သူများက ဆိုသည်။

နယ်လှည့်ဓမ္မကထိကဂုဏ် အင်္ဂါကိုးချက်တွင် နိုင်ငံရေး၊ စီး ပွားရေး၊ လူမှုရေးများမဟောပြော ရန်နှင့် ဓမ္မာစရိယတန်းအောင်မြင် သော နယ်လှည့်ဓမ္မကထိကဖြစ် သည့် ရဟန်းပုဂ္ဂိုလ်၊ သီလရှင် ပုဂ္ဂိုလ်သုံးမျိုးဖြစ် ရမည်စသော အချက်များပါဝင်သည်။

‘‘ဒီစာတွေကိုတော့ တရား ဟောကြားတဲ့ဆရာတော်တွေဆီ ကိုတော့ပို့ပေးတယ်။ အဓိကပြော ချင်တာ ကတော့ (၁၀)၀ါပြည့်ရ မယ်။ ဓမ္မာစရိယအောင်ရမယ်။ နိုင်ငံရေးတွေ၊ လောကီရေးရာ တွေထည့် မဟောရဘူး။ သီလ၀ံသပုဂ္ဂိုလ်ဖြစ်ရမယ်။ သင်္ဂါယနာ တော်လာအဋ္ဌကထာတွေ၊ သုတ္တန်တွေနဲ့ ဆန့်ကျက် ဘက် မပြုရဘူးပေါ့။ ဒါတွေကိုဦးတည်ပြီး ပြောထားတယ်လို့မြင်တယ်။ ဒီလို အင်္ဂါရပ်တွေသတ်မှတ်ပြီး ဟော မယ်ဆိုရင်တောင် ကောင်းပြီးအ နှစ်သာရရှိရှိ ဟောကြားနိုင်တဲ့ ဓမ္မကထိကတွေ ပိုထွက်လာဖို့ မရှိပါဘူး’’ဟု ခြောက်ထပ်ကြီး ကျောင်းတိုက်အတွင်း သီတင်းသုံးသောဆရာတော်တစ်ပါးကမိန့်သည်။

‘‘ကျွန်တော်တို့က ဆွမ်းအောင်ပွဲဓမ္မပူဇာသဘင်လုပ်လာတာ ရှစ်နှစ်ရောက်လာပြီ။ ကျောင်းတိုက် ၁၁ တိုက်က ဆရာတော်တွေကို ၀ါတွင်းဆွမ်းကပ်အလှူအောင်ပွဲအတွက် တရားပွဲ လုပ်တာပါ။ ဒီထဲမှာ ရွှေည၀ါ ဆရာတော်ကတော့ ၀ါတွင်းကာလတိုင်းဆွမ်းခံကြွတယ်။ ဆရာတော်ကို ရေစက်ချတရားပေးစေချင်လို့ ရပ်ကွက်က လှူဒါန်းသူတွေက ဆန္ဒရှိလို့လုပ်တာပါ’’ဟု ဦးဝင်းမြင့်ကဆိုသည်။

‘‘ဆရာတော်အနေနဲ့တော့ သာသနာတော်ပြန့်ပွားရေးအ တွက် လုပ်နေချိန်မှာ ဘယ်ဟာ မှားတယ်၊ မှန်တယ် ဆိုတာတော့ မပြောတတ်ဘူး။ ဒါပေမဲ့ဆရာ တော်တို့လည်းအချို့ကိစ္စတွေမှာ အလျှော့ပေး လုပ်ရတာတွေတော့ ရှိပါတယ်။ ဒီလိုမျိုးတွေသတ်မှတ် ထားတော့ ဆရာတော်တို့ဘုန်း ကြီးတွေမှာလည်း အမြင်မတူသူ တွေများပါတယ်’’ဟု ၁၁ဘွဲ့ရ ဓမ္မပါလဆရာတော်က မိန့်ကြားသည်။

မြန်မာနိုင်ငံအတွင်း တရား ဟောကြားနေသော ဆရာတော် များထဲတွင် ဓမ္မာစရိယအောင်မြင် ပြီးသော ဆရာတော်များထက် မအောင်သေးသည့်ဆရာတော် များကပိုများပြီး ဓမ္မာစရိယအောင် သော်လည်း တရား မဟောသည့် ဆရာတော်များလည်းရှိသည်။

7Day DAILY