Monday, December 22, 2014
တပ်ပိုင်းဆိုင်ရာ အသုံးအနှုန်းများကို မီဒီယာများ သတိထားရန် ဆွေးနွေး
ပထမဆုံးအကြိမ်အဖြစ် မြန်မာ့တပ်မတော်နှင့် သတင်းမီဒီယာသမားများ တွေ့ဆုံပြီးနောက် မီဒီယာများ အနေဖြင့် တပ်ပိုင်းဆိုင်ရာ အသုံးအနှုန်းများကို ဆင်ခြင်ကြရန် တပ်မတော်ကိုယ်စားပြု တက်ရောက်လာ သည့် ဗိုလ်မှူးများက ထောက်ပြပြောဆို လိုက်သည်။
“တပ်မတော်မှာ အတိုကောက်ခေါ်ဖို့ သတ်မှတ်ထားတဲ့ အသုံးအနှုန်းတွေ ရှိပါတယ်။ ကာချုပ်တို့ ဘာတို့ ဆိုတာ တပ်မတော်မှာ မရှိပါဘူး။ ဒါလေးတွေ သတိထားစေချင်ပါတယ်” ဟု ဗိုလ်မှူးကြီး အောင်ကျော်ထွန်း က ပြောသည်။
ထို့ပြင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် (ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်) ကို ကာချုပ်၊ တပ်ချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ဟု မီဒီယာများ၏ ဖော်ပြမှုသည် မှားယွင်းသောအသုံးအနှုန်းများဖြစ်သည်ဟု ဆိုသည်။
“ဥပဒေပြင်ပက အဖွဲ့တွေအတွက် အရေးမကြီးပေမယ့် ဥပဒေဘောင်တွင်း တရားဝင်ထုတ်ဝေတဲ့ သတင်း မီဒီယာ တွေအနေနဲ့တော့ ဆင်ခြင်သင့်တဲ့ အချက်တွေ ဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီး ခင်မောင်ချိုက  ပြောသည်။
တပ်မတော်နှင့် သတင်းမီဒီယာများအကြား သတင်းစီးဆင်းမှုချောမွေ့စေရေး အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့ ရန်ကင်းမြို့နယ်အတွင်းရှိ တပ်မတော်ပိုင် မှတ်တမ်းရုံးတွင် တွေ့ဆုံကြစဉ် တပ်မတော်ဘက်က အထက်ပါအတိုင်း ထောက်ပြဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အသုံးအနှုန်းများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ စာနယ်စင်းကောင်စီ (ယာယီ)၊ ဒုဥက္ကဌဖြစ်သူ ဦးခင်မောင်လေး (ဖိုးသောကြာ) က “တရားဝင် အသုံးအနှုန်းကိုပဲ သုံးသင့်တယ်” ဟု ဆိုသည်။
ထိုတွေ့ဆုံမှုတွင် သတင်းမီဒီယာသမားများက တပ်မတော်နှင့် သက်ဆိုင်သည့် သတင်းများကို မြန်ဆန်၊ တိကျစွာ ထုတ်ပြန်ပေးနိုင်ရေး အတွက် သတင်းဝဘ်ဆိုဒ်တစ်ခု ထားရှိပေးရန်၊ တပ်မတော် သတင်းထုတ်ပြန်ရေး ကော်မတီ ဖွဲ့စည်းပေးရန်တို့ကို တောင်းဆိုခဲ့သည်။
တပ်မတော်မှ ကိုယ်စားပြုတက်ရောက်သူများက မီဒီယာများနှင့် မကြာခဏတွေ့ဆုံနိုင်ရန် ကြိုးစားသွား မည်ဟု ကတိပြုခဲ့ပြီး တပ်မတော်နှင့် တွေ့ဆုံနိုင်မည် သတင်းထောက်များ၏ အမည်စာရင်းကို ပေး ထားစေလိုသည်ဟု ဆိုသည်။
Mizzima
MPT ဖုန်းပြောခနှင့် ၀န်ဆောင်ခများ လျှော့ချရန်ရှိ
MPTအနေဖြင့် ဖုန်းပြောခများအပါအ၀င် ၎င်းတို့၏၀န် ဆောင်ခများအားလုံးကို ဒီဇင်ဘာမကုန်မီ လျှော့ချပေးသွားရန် စီစဉ်နေကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၊ စီးပွားရေးဌာနမှ သတင်းရရှိသည်။
‘‘မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက လက်ရှိပေးနေတဲ့ဝန်ဆောင်မှု အားလုံးကို ပြည်သူတွေ သက်သက် သာသာနဲ့ သုံးနိုင်မယ့် နှုန်းထား တစ်ခုအထိလျှော့ချပေးသွားမှာပါ။ ဒီဇင်ဘာမကုန်ခင်မှာ လျှော့ချသွားဖို့ စီစဉ်နေပါတယ်’’ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းစီးပွားရေးဌာနမှ ဒါရိုက်တာ ဦးစောထူးသာကပြောသည်။
MPTကလျှော့ချပေးသွားမည့် ၀န်ဆောင်မှုများမှာ ဖုန်းပြော ခများ၊ အင်တာနက်အသုံးပြုခများနှင့် ဆင်းမ်ကတ် ၀ယ်လျှင် ကျပ်တစ်သောင်းဖြင့် အင်တာနက်လျှောက်ရသည့်ဝန်ဆောင်မှု များပါဝင်ပြီး အခြားသော ၀န်ဆောင်ခများကိုလည်းလျှော့ချပေးသွားမည်ဖြစ်ပြီး ဈေးနှုန်းအတိအကျကို တရားဝင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ဖုန်းပြောခတစ်မိနစ်လျှင် ကျပ်၅၀နှင့် SMSတစ်စောင်လျှင် ၂၅ ကျပ်နှုန်းကောက်ခံလျက် ရှိပြီး ပြည်ပအော်ပရေတာနှစ်ခုက ဖုန်းပြောခတစ်မိနစ်လျှင် ၂၅ကျပ်နှင့် SMSတစ်စောင်လျှင် ၁၅ ကျပ်နှုန်းဖြင့် ကောက်ခံလျက်ရှိသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် နိုင်ငံတစ်ဝန်းတွင် ဆင်းမ်ကတ်ပေါင်း ၁၄သန်းဝန်းကျင်အထိ ရောင်းချပေး ထားပြီး အဆိုပါအရေ အတွက်မှာ ပြည်တွင်း၌ မိုဘိုင်းဖုန်းအသုံး ပြုသူအားလုံး၏ ၉၀ ရာခိုင်နှုန်းကျော်ခန့်ရှိကြောင်းအော်ပရေ တာများ၏ ထုတ်ပြန်မှု စာရင်းများအရသိရသည်။
7 Day Daily
KIA (ကချင်) အဖွဲ့မှ ထောင်ထားသော မိုင်းနင်းမိ ပေါက်ကွဲ၍ အပြစ်မဲ့ ပြည်သူတစ်ဦး ဒဏ်ရာရရှိ
Photo: KIA (ကချင်) အဖွဲ့မှ ထောင်ထားသော မိုင်းနင်းမိ ပေါက်ကွဲ၍ အပြစ်မဲ့ ပြည်သူတစ်ဦး ဒဏ်ရာရရှိ
Monday, December 22, 2014 
ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ နမ္မဖြစ်ကျေးရွာအုပ်စု၊ ဘွမ်ဂျာရွာနေ ဦးသိန်းဇော် (ဘ)ဦးမြင့်ဆွေ၊ ၂၄ နှစ်သည် ဒီဇင်ဘာ ၉ ရက် ညနေ ၃ နာရီတွင် ဘွမ်ဂျာရွာ၏ အရှေ့တောင်ဘက် ၄ မိုင်ခန့်အကွာရှိ နမ္မဖြစ်ချောင်း အတွင်း ရွှေကျင်သွားရာ ချောင်းဘေး၌ KIA (ကချင်)အဖွဲ့မှ ထောင်ထားသော မိုင်းတစ်လုံးအား နင်းမိ ပေါက်ကွဲခဲ့သည်။
အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် ဦးသိန်းဇော်သည် ညာဘက်ခြေချင်းဝတ် ကျိုးပြီး ဘယ်ဘက်ခြေသလုံး၊ ခြေချင်းဝတ်နှင့် ညာဘက်ခြေသလုံး တို့တွင် မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့ကာ ဖားကန့်ပြည်သူ့ ဆေးရုံ၌ တက်ရောက်၍ ဆေးကုသမှု ခံယူလျက် ရှိကြောင်း သတင်းရရှိသည်။ 
မြ၀တီ
ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ နမ္မဖြစ်ကျေးရွာအုပ်စု၊ ဘွမ်ဂျာရွာနေ ဦးသိန်းဇော် (ဘ)ဦးမြင့်ဆွေ၊ ၂၄ နှစ် သည် ဒီဇင်ဘာ ၉ ရက် ညနေ ၃ နာရီတွင် ဘွမ်ဂျာရွာ၏ အရှေ့တောင်ဘက် ၄ မိုင်ခန့်အကွာရှိ နမ္မဖြစ် ချောင်းအတွင်း ရွှေကျင် သွားရာ ချောင်းဘေး ၌ KIA (ကချင်)အဖွဲ့မှ ထောင်ထားသော မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့သည်။
မြ၀တီ