Thursday, November 20, 2014

ဖွဲ့စည်းပုံအခြေခံဥပဒေကို နောက်အစိုးရသက်တမ်းမှသာ ပြင်နိုင်မည်ဆိုခြင်းသည် လုပ်ငန်းစဉ်အတိုင်းဖြစ်ခြင်းကြောင့် ယင်းသို့သာသွားရမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော



ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းကို ၂ဝ၁၅ရွေးကောက်ပွဲအပြီး အစိုးရ သစ်တက်မှ အတည်ပြုမည်ဟု လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်း မှ ပြော ခြင်းမှာ process (လုပ်ငန်းစဉ်)ကို ပြောခြင်းဖြစ်ပြီး အခြေခံ ဥပဒေပြင် ဆင်ရေးဆောင်ရွက်မှုကို process အတိုင်းသာ သွားရ မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ပြော ကြားသည်။

နိုဝင်ဘာ ၁၉ရက်တွင်ပြုလုပ် သည့် ပြည်ထောင်စုလွှတ်တော်အ စည်း အဝေး ခေတ္တနားနေချိန်တွင် သတင်းမီဒီယာများ၏မေးမြန်းချက် များ အပေါ် ဒေါ်အောင်ဆန်းစုကြည် က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ် သည်။

ဒေါ်စုက ''အခုဖွဲ့စည်းပုံအခြေ ခံဥပဒေပြင်ဆင်တာ ၂ဝ၁၅   ရွေး ကောက်ပွဲအပြီး နောက်အစိုးရတက် မှ အတည်ပြုမယ်လို့ပြောတယ်ဆို တာ process ကို ပြောတာပါ။ process ဆိုတာ အဲလိုပဲသွားရမှာပဲ လေ။

ဘာဖြစ်လို့လဲဆိုတော့ ဒီပုဒ်မ ၄၃၆ ကို ပြုပြင်ပြောင်းလဲဖို့ ဆုံးဖြတ် တယ်ဆိုပါတော့။ ဒီပုဒ်မ ၄၃၆ ကို ပြုပြင်ပြောင်းလဲဖို့ ဆုံးဖြတ်ပြီးမှသာ လျှင် တချို့ကိစ္စတွေ ပြောင်းလို့ရမယ် လေ။ အဲဒီဟာတွေကျတော့ အချိန် အရရော ခုလက်ရှိသွားနေတဲ့ လုပ် ငန်းတွေအရရော ဒီ process အရ တော့ လုပ်ရမှာပဲ။ ဥပဒေသဘော တရားအရ ဥပဒေပညာရှင်တွေကို မေးကြည့်ရင်ပိုကောင်းတယ်။ ပုဒ်မ ၅၉(စ) ပြင်ဖို့ ဆိုတာကလဲ သူ့ပရော စက်နဲ့သူသွားရမယ်။ ပုဒ်မ၅၉(စ)မပြင်ခင် ၄၃၆ ကို ပြင်ရမယ်။ အဲလို သူ့အဆင့်နဲ့ သူရှိတယ်။ အဲလိုလုပ် ငန်းစဉ်အရ ဒီလိုပဲဖြစ်ဖို့က သဘာဝ ကျတယ်''ဟု ပြောသည်။

ယင်းမတိုင်မီ အမျိုးသားဒီမို ကရေစီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်က သတင်းစာရှင်းလင်းပွဲတစ်ခု ၌လည်း တပ်မတော်အနေဖြင့် ဖွဲ့ စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး တွင် တပ်မတော်၏ သဘောထား ပြောင်း လဲလာနိုင်သည်ဟု ပြောခဲ့ သည်ဆိုသော်လည်း လက်ရှိလွှတ် တော်ထဲတွင် ဆွေးနွေးသည့်အခါ တပ်မတော်နှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဆက် လက်ဆိုသည်။

''အန်တီတို့ကတော့ ရှင်းရှင်း လေးပဲ။ အခုဒီမိုကရေစီလမ်းကြောင်း သွားတဲ့ဆီ ပိုပိုပြီး ဒီမိုကရေစီစံနှုန်း စံထားတွေနဲ့ ကိုက်ညီရမယ်။ ဒါပဲ အဲဒီတော့ အန်တီတို့လဲ ပြောပြီးပြီ။ တပ်မတော်ရဲ့ကဏ္ဍနဲ့ပတ်သက်လို့ အန်တီတို့ သဘောမတူတာက ဒီမို ကရေစီစံနှုန်းစံထားတွေနဲ့ ပိုပြီးကိုက် ညီစေချင်တယ်။ တပ်မတော်ကို ဦး တည်ပြီးတော့ တပ်မတော်ကိုအပြစ် ရှာတဲ့ ပုံစံမျိုးမဟုတ်ဘူး''ဟု ဒေါ်အောင် ဆန်းစုကြည်က ပြောသည်။

၂ဝဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရန် လိုသည်ဆိုခြင်း မှာ ဒီမိုကရေစီစံနှုန်းများနှင့် ကိုက် ညီရမည်ဖြစ်ကြောင်း၊ မည်သို့ပင် ပြောစေ တပ်မတော်အား ၂ဝဝ၈ဖွဲ့ စည်းပုံအခြေခံဥပဒေမှ ပေးထား သည့် ကဏ္ဍသည် ဒီမိုကရေစီစံနှုန်း နှင့် မကိုက်ညီကြောင်း၊ ယင်းအချက် ကို လူတိုင်းသိဖို့ လို အပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထပ်မံ ဖြည့်စွက်ပြောသည်။

၂ဝဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းကို ၂ဝ၁၅ရွေးကောက်ပွဲ အပြီးနောက် အစိုးရတက်မှသာ အ တည်ပြုမည်ဟု ပြောနေခြင်းအပေါ် နိုင်ငံရေးအသိုင်းအဝိုင်းတွင်လည်း ဝေဖန်မှုအမျိုးမျိုးရှိနေပြီး ယခု လွှတ် တော်သက်တမ်းအတွင်း ပြီးစီးမည် မဟုတ်ဟု ယခင်ကတည်းကပြောဆို ထားမှုများလည်း ရှိနေသည်။

အမျိုးသားဒီမိုကရေစီအင်အား စုပါတီဥက္ကဋ္ဌဦးခင်မောင်ဆွေက ''အ စကတည်းက ဖွဲ့စည်းပုံပြင်ဆင်ရေး က ၂ဝ၁၅ မတိုင်ခင် ပြီးနိုင်ချေမရှိဘူး ဆိုတာ စဉ်းစားပြီးသားပါ။ အခုတော့ ပြည်ထောင်စု လွှတ်တော် ဥက္ကဋ္ဌ ကိုယ် တိုင် ဝန်ခံလာပြီဆိုတော့ ပိုပြီးသေ ချာသွားတာပေါ့။ အကယ်၍ပြီးနိုင်ခဲ့ မယ်ဆိုရင်လဲ ဒါကဥပဒေ ပိုင်းဆိုင်ရာ ပြင်ဆင်ချက်ပဲ ဖြစ်နိုင်မှာပါ။ ဒီမိုက ရေစီ နည်းကျတာတော့ မဖြစ်နိုင်ပါ ဘူး။ အရေးကြီးဆုံးက ငြိမ်းချမ်းရေး ပါ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေက ထွက်လာတဲ့အချက်တွေကို ဖွဲ့စည်းပုံ ထဲမှာ ထည့်ရမှာပါ။ အဲဒါမပြီးဘဲဖွဲ့ စည်းပုံပြင်ပြီးဖို့ မဖြစ်နိုင်ပါဘူး''ဟု ယင်း အမြင်ကို ဒီမိုကရေစီတူဒေးသို့ ပြောသည်။

သို့သော် ၂ဝ၁၅ရွေးကောက်ပွဲ မတိုင်မီ ဖွဲ့စည်းပုံအခြေခံဥပဒေမပြင် ဆင်နိုင်ခြင်းကို နည်းလမ်းပေါင်း စုံဖြင့် ဝေဖန်မှုများအပေါ် နိုင်ငံအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းကို လျှောက် လှမ်းနေသည်မှာ မကြာသေးကြောင်း၊ ခေတ်ဟောင်းစနစ်ဟောင်းများကို ပြုပြင်ခြင်းအဆင့်သာရှိသေးပြီး မိမိ တို့ပါတီ အနေဖြင့် ဖွဲ့စည်းပုံကို ရွေး ကောက်ပွဲအမီ ပြင်နိုင်သည်ဖြစ်စေ၊ မပြင်နိုင်သည်ဖြစ်စေ ဖြတ်သန်းသွား ရန်ရှိကြောင်း ဦးခင်မောင်ဆွေက ဆက်လက်သုံးသပ်ပြောသည်။

ရခိုင်အမျိုးသားပါတီဗဟိုကော် မတီဝင် ဦးအေးသာအောင်က ''နိုင်ငံ အပြောင်းအလဲတွေအတွက် ရှေ့ကို တက်ရမယ့်အချိန်မှာ ဖွဲ့စည်းပုံပြင် ရေး၊ မပြင်ရေးက သိပ်ကိုအရေးကြီး ပါတယ်။ ဒီမိုကရေစီစနစ်ထွန်းကား ဖို့က ဖွဲ့စည်းအုပ်ချုပ်ပုံကောင်းမှဖြစ် မှာပါ။ ၂ဝဝ၈ကိုမကြိုက်ခဲ့လို့ ကျွန် တော်တို့က ၂ဝ၁ဝ မှာ ရွေးကောက် ပွဲ မဝင်ခဲ့ပါဘူး။ အားလုံးက ပြင်မယ် လို့ ပြောနေသလို ပြည်သူတွေကလဲ ပြင်ဖို့တောင်းနေတယ်။ ကျွန်တော် တို့ကလဲ ၂ဝ၁၅ မတိုင်ခင် ပြင်လိမ့် မယ်လို့ မျှော်လင့်ခဲ့တယ်။ အခုက လွှတ်တော်ဥက္ကဋ္ဌက ၂ဝ၁၅ ရွေး ကောက်ပွဲရလဒ်ကို ကြည့်ဦးမယ့် သဘောမှာရှိတယ်။ ဒါကြောင့် ပြည် သူတွေအတွက်လဲ အလားအလာ မကောင်းနိုင်ပါဘူး''ဟု ပြောသည်။

မိမိတို့၂ဝဝ၈ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်လိမ့်မည်ဟု မျှော်လင့် ကာ ပါတီသစ်မှတ်ပုံတင်ခဲ့ကြောင်း သို့သော် ယခုစဉ်းစားစရာဖြစ်လာ ကြောင်း၊ သို့သော် လွှတ်တော်တွင်း၌ ခေါင်းဆောင်များနှင့် လွှတ်တော် ကိုယ်စားလှယ်တချို့မှ အင်တိုက် အားတိုက် လုပ်ဆောင်နေကြကြောင်း သို့သော် လွှတ်တော်တွင်း လုပ်ဆောင် ၍ မရရှိနိုင်သည့်အခြေအနေမျိုးကို တွေ့ရှိရသဖြင့် လွှတ်တော်ပြင်ပတွင် ပြန်လည်တောင်း ဆိုရန် လုပ်ဆောင် သွားမည်ဖြစ်ကြောင်းလည်း ဦးအေး သာအောင်က ဆိုသည်။

Yangon Media Group

ပြန်ကြားရေးနှင့် Weekly Eleven အမှု ၄ ကြိမ်မြောက် ရုံးထုတ်


ပြန်ကြားရေး ၀န်ကြီးဌာန , Weekly Eleven

ပြန်ကြားရေး ဝန်ကြီးဌာနက Weekly Eleven ဂျာနယ်ကို အသရေဖျက်မှုဖြင့် တရားစွဲဆိုထားသည့် အမှု ၄ ကြိမ်မြောက် ယနေ့ ရုံးချိန်း ကို နေပြည်တော်ရှိ ပုဗ္ဗသီရိမြို့နယ် တရားရုံးတွင် စစ်ဆေးကြောင်း သတင်းရရှိသည်။

ရုံးချိန်းတွင် Weekly Eleven ဂျာနယ်က စွပ်စွဲခံရသူ ၅ ဦးအတွက် ရှေ့နေပါဝါ တင်ခဲ့ပြီး တရားလို ဖြစ် သူ ပြန်ကြားရေး ဝန်ကြီးဌာန၊ သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း ဦးဆောင် ညွန်ကြားရေးမှူး ဦးကျော်စိုးကို စတင် စစ်ဆေးခဲ့သည်။

Weekly Eleven ဂျာနယ်၏ ရှေ့နေ ဖြစ်သူ ဦးစိုးတင့်ရီက“ဒီနေ့ကတော့ သူတို့ ဒီပစ္စည်း ဝယ်တာနဲ့  ပတ်သက်လို့ ဘယ်လို စခဲ့တယ်။ ဘယ်လိုဝယ်ခဲ့တယ် ဆိုတာ အဲဒါကို စစစ်တာပဲရှိသေးတယ်။ ဒီအမှုနဲ့ ပတ်သက်လို့ အခုသူတို့ရဲ့ စွပ်စွဲချက်က စခါစလေးပဲ ရှိသေး တယ်။ ဆက်ထွက်လာတဲ့ အပေါ် မူတည် ပြီးတော့ ဒါဘယ်လိုအချက်နဲ့ ငြိမယ် မငြိဘူးဆိုတာ ကျနော်တို့က ပြန်ဖြေရှင်းပေး ရမယ်” ဟု ပြောကြား သည်။

၂၀၁၄ ခုနှစ် ဇွန်လ ၂ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်ပါ နေထွန်းနိုင် ရေးသားခဲ့သည့် “အများပြည်သူ ဆိုင်ရာ ဝန်ဆောင်မှု မီဒီယာဥပဒေက နိုင်ငံပိုင်မီဒီယာများကို သွယ်ဝိုက်သော အားဖြင့် ပြည်သူ့ ဘဏ္ဍာငွေ အလွဲသုံးစားမှု ပြုလုပ်ရန် ခွင့်ပြုနေသလား” သတင်း ဆောင်းပါး တွင် ပြန်ကြားရေး ဝန်ကြီးဌာန၊ သတင်းနှင့် စာနယ်ဇင်း လုပ်ငန်းက အိန္ဒိယ ကုမ္ပဏီထံမှ ပုံနှိပ်စက်များ ဝယ်ယူ ရာတွင် သတ်မှတ်ပေါက်ဈေးထက် ပိုမိုမြင့်မားနေကြောင်း ဝေဖန် ရေးသားခဲ့သဖြင့် ပြန်ကြားရေး ၀န်ကြီးဌာနက တရားစွဲဆိုခဲ့ခြင်း ဖြစ် သည်။

တရားစွဲခံရသူများမှာ Weekly Eleven ဂျာနယ်မှ အမှုဆောင်အရာရှိချုပ် ဒေါက်တာ သန်းထွဋ်အောင်၊ မန်းနေဂျင်း ဒါရိုက်တာ ဒေါက်တာ သိန်းမြင့်၊ အယ်ဒီတာချုပ် ကိုဝေဖြိုး၊ ဒုတိယ အယ်ဒီတာချုပ် ဦးမြတ်သစ်နှင့် တာဝန်ခံ အယ်ဒီတာ ကိုနေထွန်းနိုင် တို့ကို အသရေဖျက်မှုဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

အမှုကို ပုဗ္ဗသီရိမြို့နယ် တရားရုံးတွင် ပြစ်မှုကြီး အမှုအမှတ် ၆၉၄ ၊ ပုဒ်မ ၅၀၀ အသရေဖျက်မှုဖြင့် တရား စွဲဆိုရာ မြို့နယ်တရားသူကြီး ဦးခင်ဝင်းက လက်ခံစစ်ဆေးနေခြင်း ဖြစ်ကြောင်းလည်း သိရသည်။

Weekly Eleven ဂျာနယ် အယ်ဒီတာချုပ် ကိုဝေဖြိုးက“ဒီမိုကရေစီစနစ်မှာ တရားစွဲဆိုမှုတွေက ဒါတွေက ရှိနိုင်တဲ့ အလေ့အထတခုပါပဲ။ တခုပါပဲ တရားစွဲဆိုမှုတွေက မှန်ကန်မျှတတဲ့ တရားစီရင်မှု၊ ဖြစ် သင့် ဖြစ်ထိုက်တဲ့ ပုံသဏ္ဍာန်တွေ ဖြစ်ဖို့ပဲ အရေးကြီးတာ ပါ”ဟု ပြောဆိုသည်။

Credit : Here

ရှေးဟောင်း ကြေးခေါင်းလောင်းကြီး တစ်လုံး သိုဝှက်သယ်ဆောင်စဉ် ဖမ်းမိ



ဘားအံ နိုဝင်ဘာ ၁၉

ကရင်ပြည်နယ် ဘားအံမြို့နယ် ဂျိုင်း-ဇာသပြင် တံတား၌ မော်လမြိုင်မြို့ မှ မြဝတီမြို့သို့ပြေးဆွဲနေသော ယာဉ်တစ်စီးသည် ရှေးဟောင်းကြေးခေါင်း   လောင်း တစ်လုံးကို သိုဝှက်သယ်ဆောင်လာစဉ် တံတားလုံခြုံရေးတာဝန် ကျ ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးဝင်းနောင် ဦးစီး အဖွဲ့က နိုဝင်ဘာ ၁၇ ရက်တွင် ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်မှာ ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး ဝင်းနောင်၊ မှုခင်းအကူ ဌာနစုမှ ဒုရဲအုပ်ဝင်းနိုင်ဦးစီးအဖွဲ့ နှင့် တံတားလုံခြုံရေးတာဝန်ကျ ပူးပေါင်းအဖွဲ့သည် နိုဝင် ဘာ ၁၇ ရက် နံနက် ၇ နာရီ ၁၅ မိနစ်က မော်လမြိုင်မှ မြဝတီသို့ ယာဉ်မောင်း အောင်မိုးဦး (၃၁)နှစ် ရွှေမြိုင် သီရိ (၁)လမ်း မော်လမြိုင်မြို့နေသူ မောင်းနှင်လာသည့် ယာဉ်အမှတ် 81 စူပါကာစတန် နံ့သာရောင်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်တွင် ရဲလင်းဦး(ခ)အောင် ထွေး (၁၉)နှစ် မင်းကုန်းလေးကျေးရွာ ဝက်လက်မြို့နယ်၊ လှိုင်မျိုးအောင် (၃ဝ)နှစ် မင်းကုန်းလေးကျေးရွာ ဝက်လက်မြို့ နယ်၊ ဝေလင်းဦး (၁၉)နှစ် ပိုဝကျေးရွာ မတ္တရာမြို့နယ် နေသူတို့လိုက်ပါလာပြီး ယာဉ်နောက်ခန်းအတွင်း၌ အခြား ပစ္စည်းများဖြင့် ရောနှောဖုံးအုပ်လျက် ဂုန်နီအိတ်ဖြင့်ပတ် ကာထုပ်ပိုးထားသော အမြင့် သုံးပေ လေးလက်မခန့်၊ အချင်းထိပ်ဝ နှစ်ပေခန့် အဝါရောင်ခြင်္သေ့ရုပ်နှစ်ရုပ်၊ ထပ်ကွင်းပါ   ကြေးခေါင်းလောင်းတစ်လုံး (အလေးချိန် ပိဿာ ၂ဝဝ ခန့်)အား တွေ့ရှိရသဖြင့် စစ်ဆေးရာ အဆိုပါကြေးခေါင်းလောင်းအား အခြားတိုင်းဒေသကြီး/ ပြည်နယ် တစ်နေရာရာမှ ခိုးယူလာကြောင်း မသင်္ကာဖွယ် တွေ့ရှိရသဖြင့် ဒုရဲအုပ်ဝင်းနိုင်က တရားလိုပြုလုပ်တိုင်တန်း ရာ ဇာသပြင်နယ်မြေရဲစခန်းက (ပ)၄ဝ/၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၃၈ဝ/ကျင့်-၅၄ အရ အမှုဖွင့်အရေးယူဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထွန်းထွန်းထွေး(ဘားအံ)

The Mirror Daily
https://www.facebook.com/TheMirrorDaily?fref=nf

လက်နက်ကြီးထိပြီး ကချင်ဗိုလ်လောင်းတွေ သေဆုံး



ဗုဒ္ဓဟူးနေ့ နေ့လယ်ပိုင်းက ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်မတော် ဌာနချုပ်ရှိရာ လိုင်ဇာမြို့ အနီးက ကေအိုင်အေ ဗိုလ်သင်တန်း ကျောင်းပေါ် ကို အစိုးရတပ်ဖက်က ပစ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျလို့ လူ ၂၀ သေဆုံးပြီး ၁၆ ယောက်ဒဏ်ရာ ရသွားတယ်လို့ ကေအိုင်အေဘက်က အ တည်ပြု ပြောပါတယ်။

သေဆုံးသူတွေဟာ လူငယ် ဗိုလ်လောင်းတွေ ဖြစ်ကြ ပါတယ်။ အများစုက ကချင်ဗိုလ်လောင်းတွေဖြစ်ပြီး အဲဒီမှာ စစ်ပညာလာသင်တဲ့ တခြားတိုင်းရင်းသားတွေလည်း ပါတယ်လို့ ကေအိုင်အေ ဘက်က ပြော ပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အစိုးရဘက်ကတော့ တစ်စုံတရာ ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

မကြာခင် ရက်ပိုင်းကလည်း မန်စီမြို့နယ်မှာရှိတဲ့ ကေအိုင်အေ တပ်ရင်း (၁၆)၊ (၁၇) အခြေစိုက်ဒေသတွေ မှာလည်း အစိုးရတပ်နဲ့ ကေအိုင်အေတို့ တိုက်ပွဲငယ်တွေ ဖြစ်ခဲ့ပါတယ်။

အခု တိုက်ခိုက်မှု ဖြစ်တာဟာ အစိုးရအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ မကြာခင် လပိုင်းတွေ အတွင်း တနိုင်ငံလုံး အပစ်ရပ်ရေး လက်မှတ်ထိုးဖို့ ပြင်ဆင်နေတဲ့အချိန်လည်း ဖြစ်ပါတယ်။


ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/burma/2014/11/141119_kia_cadets_killed

ရွေးကောက်ပွဲပြီးမှ ဖွဲ့စည်းပုံပြင်ရေးကို ဝေဖန်နေကြ



၂၀ဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေကို ပြင် ဆင်ရေး ကို ၂၀၁၅ ရွေးကောက်ပွဲပြီးမှ လုပ် နိုင်တော့မယ် လို့ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက နိုဝင်ဘာလ ၁၈ရက်နေ့ က ပြောကြားလိုက်တဲ့ အပေါ် နိုင်ငံရေးပါတီ အတော်တော်များရဲ့ သဘောမတွေ့တဲ့ ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ပြည်ထောင်စု လွှတ်တော် နာယက တဦးအနေနဲ့ ဒီလိုပြောခွင့် ဒီလိုလုပ်ခွင့်ရှိသလားလို့ လည်း မေးခွန်း ထုတ်မှုတွေ ရှိနေပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ လွှတ်တော်ခေါ်ဖို့ အစည်းအဝေး အစီအစဉ်ထဲမှာ ထည့်သွင်းမယ် မထည့်သွင်းဘူး စတာတွေကို ပြည်ထောင်စု လွှတ်တော်နာယက ဖြစ်တဲ့ သူရ ဦးရွှေမန်းအနေနဲ့ လုပ်ပိုင်ခွင့်ရှိပေမယ့်လည်း လွှတ်တော်မှာ အဆုံးအဖြတ်မယူပဲ အခုလို ပြောတာကိုတော့ လက်မခံနိုင်ဘူးလို့ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးဇိုဇမ်က ပြောပါတယ်။

အဲန်အယ်လ်ဒီ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကော်မတီဝင်တဦးဖြစ်တဲ့ ဦးထွန်းထွန်းဟိန်ကတော့ ဦးရွှေမန်းဟာ သတင်းထောက်တဦးရဲ့ မေးမြန်းချက်ကို ပြန်ဖြေခဲ့တာသာ ဖြစ်ပြီး လွှတ်တော်ရဲ့ အဆုံးအဖြတ်မဟုတ် ဘူးလို့ ပြောပါတယ်။

တပ်မတော်သား ၂၅ ရာခိုင်နှုန်းက ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာ ပုဒ်မ ၄၃၆ ကိုလုံးဝ အထိမခံတဲ့ အနေအထားမှာ ရှိနေပေမယ့် ၄၃၆ မှာ အကျုံးမဝင်တဲ့ ပြင်လို့ရနိုင်တဲ့ အချက်တွေ အများကြီး ရှိသေးတယ်၊ ဒါတွေ ဆက်လုပ်ရအုံးမှာဖြစ်တယ်၊ ဦးရွှေမန်းက အခုလို ပြောခဲ့တာဟာ လွှတ်တော်မှာ ချမပြဘဲ ဆုံးဖြတ် ခဲ့တာ ဖြစ်တယ်လို့ တိုင်းရင်းသားပါတီ ၂၀ ကျော်ကို ကိုယ်စားပြုဖွဲ့ထားတဲ့ ညီနောင်တိုင်းရင်း သားများဖက်ဒရေးရှင်းရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဖက်ဒရယ်ပြည်ထောင်စုပါတီ ဒုဥက္ကဌ ၂ ဦးစောသန်းမြင့် ကပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/burma/2014/11/141119_shwemann