Tuesday, November 18, 2014

သပိတ်မှောက်ကျောင်းသားများအတွက် KNU/KNLA PC ရဲ့ အလှူ



ရန်ကုန်မြို့တော်ခန်းမရှေ့ရောက် သပိတ်မှောက်ကျောင်းသူကျောင်းသားများကို KNU/KNLA PC အဖွဲ့က တနင်္လာနေ့မှာ ရေပုလင်းတွေ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရပါတယ်။


လှူဒါန်းနေတဲ့ပုံတွေကို "ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီ" ရဲ့ ဖေ့စ်ဘုတ်စာ မျက်နှာမှာ ဖော်ပြထားပါတယ်။ "အလှူငွေနှင့်ရေ သန့်များ လာရောက်လှူဒါန်း" လို့ ရေးထားပေမယ့် ပမာဏ ဘယ်လောက် ရှိတယ်ဆိုတာကိုတော့ ရေး မထားပါဘူး။

ကော်မတီက အလှူခံနေတာတော့ သပိတ်မှောက်တဲ့ ပထမနေ့ကတည်းက ဖြစ်ကြောင်း သတိထား မိပါတယ်။ ဒီကနေ့ ၄ ရက်မြောက်နေ့မှာ KNU/KNLA ငြိမ်းချမ်းရေးကောင်စီက ၀င်ရောက်လှူဒါန်းခြင်းပါ။

ကျောင်းသူကျောင်းသားတွေက လွှတ်တော်မှာအတည်ပြုလိုက်တဲ့ ပညာရေးဥပဒေကို အသစ်ပြန်ဆွဲဖို့/ပြင်ဆင်ဖို့ တောင်းဆိုနေကြတာဖြစ်ပါတယ်။







Credit : Here

အမျိုးသား ပညာရေး ဥပဒေအတွက် အစိုးရကို ကျောင်းသားများ ရာဇသံပေး


 ကျောင်းသား သပိတ်, အမျိုးသား ပညာရေး ဥပဒေ

လက်ရှိ ပြဋ္ဌာန်းထားသည့် အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက် ဆန္ဒပြနေသော ကျောင်းသား များက အစိုးရအနေဖြင့် လာမည့် ရက် ၆၀ အတွင်း တုံ့ပြန်မှု တစုံတရာမရှိလျှင် နိုင်ငံတ၀န်း ကျောင်းသား သပိတ်များ ဆင်နွှဲသွားမည်ဟု ယနေ့ ကြေညာချက် တစောင် ထုတ်ပြန်လိုက်သည်။


အမျိုးသား ပညာရေး ဥပဒေကို ဒီမိုကရေစီ စံချိန်စံညွှန်းနှင့် ပြည့်ဝသော ပညာရေးဥပဒေသစ် တခု အစားထိုးပေးရန် စသည့် ကျောင်းသား အခွင့်အရေးများကို တောင်းဆို ဆန္ဒပြမှု ၄ ရက်မြောက်ပြီ ဖြစ်သော်လည်း အစိုးရ အာဏာပိုင်များက မည်သည့် တုံ့ပြန်မှုမျှ မရှိသည့် အတွက် ကြေညာချက်ထုတ်ပြန် ရခြင်း ဖြစ်ကြောင်း သိရသည်။

ကန့်ကွက် ဆန္ဒပြရာတွင် ပါဝင်သော ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ကော်မတီဝင် မဖြိုးဖြိုးအောင်က“ကျမတို့ ဒီရက် ၆၀ အတွင်းမှာ သပိတ်ကို လှန်လိုက်တာ မဟုတ်ပါဘူး။ ကျမတို့ ကော်မတီ ၁၅ ဦး အဖွဲ့က နယ်ပေါင်းစုံ ဆင်းပြီးတော့ ကျောင်းသား၊ ပြည်သူတွေ ကြားထဲမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး စည်းရုံးရေး ဆင်းနေမှာပါ။ ရက် ၆၀ အတွင်း အစိုးရဘက်က တုံ့ပြန်မှု မရှိဘူးဆိုရင် နယ်အားလုံးက ကျောင်းသားတွေပါ ပါဝင်လာမယ့် တနိုင်ငံလုံး ကျောင်းသား သပိတ်ကြီးကို ဆင်နွှဲသွားမှာပါ”ဟု ပြောသည်။

ယနေ့တွင် ကျောင်းသားများအနေနှင့် လမ်းမတော်၊ စံပြမှတ်တိုင်မှ စတင်၍ လမ်းလျှောက်ဆန္ဒပြခဲ့ကြပြီး ရန်ကုန်မြို့လယ်ရှိ မြို့တော် ခန်းမရှေ့တွင် ထိုင်သပိတ် ဆင်နွဲခဲ့ကြသည်။

ညနေပိုင်းတွင် ကျောင်းသားများက သတင်းစာရှင်းလင်းပွဲတခု ပြုလုပ်ပြီး သပိတ်မှောက် ကျောင်းသားများ၏ ရာဇသံပေး သဘော ထား ထုတ်ပြန်ချက် တစောင်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ယင်းထုတ်ပြန်ချက်တွင် သပိတ်မှောက် ကျောင်းသားများအနေနှင့် ၄ ရက်မြောက် ဆန္ဒပြတောင်း ဆိုနေသော်လည်း အစိုးရဘက်မှ မည်သည့် တာဝန်ရှိသူ တဦးတယောက်မျှ လာရောက်ညှိနှိုင်းခြင်းမျိုး မရှိသေးသည့်အတွက် လက်ရှိ တိုက်ပွဲဝင်လျက် ရှိသည့် တိုက်ပွဲ ပုံသဏ္ဌာန်ကို ပြောင်းလဲပြီး သပိတ်တိုက်ပွဲကို အရှိန်အဟုန်မြှင့် တိုက်ပွဲဝင်ရန် ဆုံးဖြတ်လိုက်ကြောင်း ပါဝင်သည်။

ကျောင်းသားများသည် နိုဝင်ဘာ ၁၇ ရက်မှ စ၍ ရက်ပေါင်း ၆၀ အတွင်း အစိုးရ တာဝန်ရှိသူများက သပိတ်မှောက် ကျောင်းသားများအား လာရောက်စေ့စပ်ညှိနှိုင်းခြင်း တစုံတရာ မရှိဘူးဆိုလျှင် လက်ရှိပြု လုပ်နေသော သပိတ်မှောက်ဆန္ဒပြမှု ပုံစံထက် ပိုမိုပြင်း ထန် သော၊ ပိုမိုကြီးမားသော သပိတ်တိုက်ပွဲများကို ဆင်နွဲသွားမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သပိတ်မှောက် ကျောင်းသားများကို နိုဝင်ဘာ ၁၆ ရက်နေ့က ရန်ကုန်တက္ကသိုလ် ပါမောက္ခ ဒေါက်တာ အောင်သူ၊ အောက်မြန်မာပြည် အဆင့်မြင့် ပညာရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး စသည့် တာဝန်ရှိသူတချို့ လာရောက်ညှိနှိုင်းခဲ့သော်လည်း ယင်း တာဝန်ရှိသူများသည် သက်ဆိုင်ရာအစိုးရမှ လာရောက်ညှိနှိုင်းရန် တာဝန်ပေးခြင်းမျိုး မဟုတ်ဘဲ ပုဂ္ဂိုလ်ရေးအရ လာရောက်ညှိနှိုင်းချင်း ဖြစ်သည့်အတွက် ကျောင်းသားများက လက်မခံခဲ့ကြောင်း ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီမှ ကိုမင်းသွေးသစ် က ပြောသည်။

ဆန္ဒပြကျောင်းသားများသည် ယင်းဆန္ဒပြခဲ့ကြသည့် လေးရက်အတွင်း ရန်ကုန်မြို့၏ အထင်ကရ နေရာများ ဖြစ်သည့် ရန်ကုန်တက္ကသိုလ်ဝန်းအတွင်းမှ ဖြိုချခံခဲ့ရသည့် ကျောင်းသားသမဂ္ဂအဆောက်အအုံနေရာ၊ ကျောင်းသားများကို ဖြိုခွင်းခံခဲ့ရသည့် တံတားနီ နေရာ၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ၏ ဂူဗိမာန် နေရာနှင့် ရွှေတိဂုံဘုရားပေါ်သို့ တက်ရောက်ခဲ့ကြသည်။

ယနေ့ နံနက်ပိုင်းက ကျောင်းသားများ တည်းခိုရာ သင်္ကန်းကျွန်း မြို့နယ် ဓမ္မပီယ ဘုန်းတော်ကြီးကျောင်းကို လုံထိန်းရဲ အင်အားများသုံးပြီး ကင်းချထားကြောင်း သိရသည်။

“မနက်က ကျနော်တို့ တည်းခိုတဲ့ နေရာကနေ ထွက်လာလို့ မရဘူးဆိုတာက ကျနော်တို့အနောက်ကို လိုက်နေတဲ့ ကျောင်းသားတွေရဲ့ လုံခြုံရေး အခြေအနေကြောင့်ပါ။ ကျနော်တို့ကို ခဏ၊ ခဏ ခြိမ်းခြောက်တဲ့ပုံစံ အရိပ်အယောင်တွေ လာပြတာ ရှိတယ်။ ရန်ကုန် တက္ကသိုလ်ထဲမှာ ဆိုရင် လုံထိန်းကား ၅ စီးနဲ့ ကျနော်တို့ ရှေ့မှာ တုတ်တွေ၊ ဒိုင်းတွေ ကိုင်ပြီး လုပ်ပြနေတာတွေ ရှိတယ်”ဟု ကိုမင်းသွေးသစ်က ပြောသည်။

၎င်းက ဆက်ပြီး“ဒီနေ့ဆိုရင်လည်း ကျနော်တို့ တည်းတဲ့ ဘုန်းကြီးကျောင်းရဲ့ ဘေးပတ်ဝန်းကျင်မှာ လုံထိန်းကားတွေ လာချထား တာတွေ ရှိတယ်။ အဲဒီတော့ ကျနော်တို့က အဲဒါ အစည်းအဝေးလုပ်တယ်။ ကျောင်းသားထုရဲ့ အသံကိုပဲ လိုချင်တယ်။ ဒီနေ့ အန္တရာယ် ရှိနိုင်မယ်ဆိုရင် ထွက်မှာလား မထွက်ဘူးလား အခု ဒီလိုအခြေအနေတော့ ရှိတယ်ဆိုပြီး အစည်းအဝေးထိုင်ကြတယ်။ ကျောင်းသားတွေက အကုန်လုံး အန္တရာယ် ရှိရင်လည်း ထွက်ပါမယ်လို့ ပြောလို့ ကျနော်တို့ ထွက်လာကြတာပါ။ အဲဒါကြောင့် အစည်း အဝေး ထိုင်နေလို့ အချိန်နောက်ကျသွားတာပါ”ဟုလည်း ပြောဆိုသည်။

ပထမရက် ဆန္ဒပြပွဲများကလည်း ကျောင်းသားများ ဆန္ဒပြလမ်းလျှောက်ရာ မြို့နယ်နှစ်ခုမှ အာဏာပိုင်များက လာရောက် တားမြစ်မှုများ ပြုလုပ်ခဲ့သေးကြောင်း၊ ထို့နောက် နိုဝင်ဘာ ၁၆ ရက်(အမျိုးသားနေ့)က ရွှေတိဂုံဘုရားပေါ်သို့ သပိတ်မှောက် ကျောင်းသားများ တက်ရောက်ခဲ့သည့်အချိန်တွင်လည်း ရွှေတိဂုံဘုရားဂေါပက အဖွဲ့က လာရောက်တားမြစ်ခဲ့ကြောင်း ကိုမင်းသွေးသစ်က ပြောသည်။

နိုဝင်ဘာလ ၁၂ ရက်နှင့် ၁၃ ရက် ၂ ရက်ကြာ ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ် နာရေးကူညီမှု အသင်း(ရန်ကုန်) ရုံးချုပ်တွင် ကျင်းပ ခဲ့သည့် နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ် အစည်းအဝေးမှ ဆုံးဖြတ်ချက်များအရ အမျိုးသား ပညာရေး ဥပဒေ ပြဌာန်းချက် အပါအ၀င် ကျောင်းသားထု၏ အခွင့်အရေးများကို ပြန်လည်တောင်းဆိုမည့် ကျောင်းသား သပိတ်တခု ဖော်ဆောင်သွားရန် ဆုံးဖြတ် ခဲ့ကြောင်း သိရသည်။

ယင်းအစည်းအဝေးတွင် ကျောင်းသားထု လှုပ်ရှားမှုများကို ဦးဆောင်နိုင်ရန် အဖွဲ့ဝင် ၁၅ ဦးပါ ဒီမိုကရေစီ ပညာရေးအတွက် ဦးဆောင် လှုပ်ရှားမည့် ကော်မတီ တရပ်ကို ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

လွှတ်တော်အဆင့် အမျိုးသား ပညာရေး ဥပဒေမူကြမ်း ရေးဆွဲရေး ကော်မတီနှင့် သမ္မတရုံးမှ ဦးဆောင်သည့် လက်တွေ့ကျသော ပညာရေး မြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီ နှစ်ခုက ရေးဆွဲတင်ပြခဲ့သည့် အမျိုးသား ပညာရေး ဥပဒေမူကြမ်းပါ အချက်များအပေါ် ကျောင်းသားသမဂ္ဂများက ပြင်းပြင်းထန်ထန် ကန့်ကွက်နေသည့်ကြားမှ စက်တင်ဘာလ ၃၀ ရက်တွင် ပြည်ထောင်စု လွှတ်တော်က အမျိုးသား ပညာရေး ဥပဒေကို အတည်ပြုခဲ့ခြင်း ဖြစ်သည်။

Credit : Here

NLD ပါတီ၊ ဗဟိုပြန်ကြားရေးကော်မတီဝင်က သံဃာတော်များအား ရစရာ မရှိအောင် စော်ကားသဖြင့် ကာယကံရှင်နှင့် NLD ပါတီက ၀န်ချတောင်းပန်ရန် ဆရာတော်ကြီးများ တောင်းဆိုပြီ



ဗုဒ္ဓဘာသာ ရဟန်းတော်များအား မိုက်မိုက်ရိုင်းရိုင်း ထိပါးစော်ကားခဲ့သော NLD ပါတီ ဗဟိုပြန်ကြားရေး ကော်မတီဝင် ဦးထင်လင်းဦးအား သာသနာတော် ညှိုးနွမ်းစေခြင်းကြောင့် ကာယကံရှင်နှင့် NLD ပါတီက တစ်နိုင်ငံလုံးရှိ သံဃာတော်များ အားလုံးကို ၀န်ချတောင်းပန်ရန် ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများက မိန့်ကြားသည်။


“NLD ပါတီရဲ့ ဗဟိုပြန်ကြားရေးကော်မတီဝင် ဦးထင်လင်းဦးရဲ့ ချောင်းဦးမြို့နယ်ထဲက ဟောပြော ပွဲမှာ တော်တော်ကြီးကို မိုက်မိုက်ရိုင်းရိုင်း ပြောသွား တယ်။ မုံရွာဘက်က NLD ပါတီ တာဝန်ရှိသူတွေက အရက်မူးပြီး လျှောက်ပြောတာပါ ဆိုပြီး ကာကွယ် တယ်။ တော်တော်ကြီးကို စိတ်ထိခိုက်ရပါတယ်။ ဘယ်လိုမှ လက်မခံနိုင်တဲ့ အသုံးအနှုံးမျိုးတွေနဲ့ ပြောသွား လိုက်တာ။ နားထောင်ဖို့တောင် မသင့်တဲ့ ပြောကြားချက်တွေပါပဲ။ တော်တော်လည်း တုန်လှုပ်မိပါတယ်။ သံဃာတော်တွေကို သိမ်းကျုံးပြီး မိုက်မိုက်ရိုင်းရိုင်း စော်ကားလိုက်တာ NLD ပါတီရဲ့ ဗဟိုပြန်ကြားရေးကော်မတီဝင် ပါတီလူကြီး တဲ့။ ဘုန်းကြီးတို့ ဘယ်လိုမှ သည်းခံလို့၊ လက်ခံလို့ မရတော့ ဘူး။ မကြာခင်မှာ တရားဝင် တောင်းဆိုချက် ထုတ်ပြန်သွားမှာပါ” ဟု အမျိုး ဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေး(ဗဟို)မှ ဦးဆောင် ဆရာတော်ကြီး တစ်ပါးက မိန့်သည်။


NLD ပါတီ၏ ဗဟိုပြန်ကြားရေးကော်မတီဝင် ဦးထင်လင်းဦးသည် အောက်တိုဘာလ ၂၃ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ သုံးပန်လှရွာတွင် ဟောပြောခဲ့ရာ၌ ”ဒို့က သာကီမျိုး လို့ သင်္ကန်းပတ်လာတဲ့လူကြီးက ပြောလာရင် မင်းနဲ့ ငါ ဆံပင် ရှိတာနဲ့ မရှိတာပဲ ကွာတယ် ဟကောင်ရဲ့ လို့ ပြောလိုက်မယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။ ထို့ပြင် “လူတွေက ကတုံး တုံးပြီး သင်္ကန်းပတ်လာရင် ဖင်ကုန်းပြီး ဦးချတော့တာပဲ”၊ “ဗုဒ္ဓဘာသာကို သင်္ကန်းဝတ်တွေ ဖျက်ဆီးနေတာ” ဟုလည်း ထည့်သွင်း ပြောကြားခဲ့ကြောင်း သိရသည်။

“ဒီပွဲမှာ ဦးဘုန်း(ဓါတု)၊ ညီမင်းညိုနဲ့ ထင်လင်းဦးတို့ (၃)ယောက် ပြောခဲ့တာပါ။ NLD ပါတီက စီစဉ် တာပါ။ ကျွန်တော်တို့ စုံစမ်းပြီးပါပြီ။ NLD ပါတီဟာ ပုဒ်မ ၅၉(စ)ပြင်ဆင်ရေးကို ကန့်ကွက်နေတဲ့ အမျိုးသားရေးအင်အားစုတွေကို နာလန်မထူနိုင်အောင် ဟောပြောတိုက်ဖျက်ဖို့ ဗဟိုပြန်ကြားရေး ကော်မတီကို ညွှန်ကြားထားတယ် လို့ သိရပါတယ်။ အခု ထင်လင်းဦးက ဒီလိုမျိုး စော်စော်ကားကား မိုက်မိုက်ရိုင်းရိုင်း ဝေဖန်တာတွေ စလုပ်လာပါပြီ။ တော်တော်ကြီးကို ဆိုးပါတယ်။ ဘယ်ဗုဒ္ဓဘာသာဝင်မှ ဒီလို ပြောတာ လက်မခံနိုင်ဘူး။ ဒီဗီဒီယိုဖိုင်ကို လူမှုကွန်ရက်မှာ ဖြန့်ချိထားတာက ဗဟိုကော်မတီဝင် ဦးဝင်းထိန်ရယ်၊ မြို့နယ် NLD တွေရယ်၊ ပဲခူးအနောက် ဗကသရယ် ဒီလိုမျိုး NLD အမာခံတွေက ပြန်ပြီး ဖြန့်ဝေနေတာ တွေ့ရပါတယ်။ ထင်လင်းဦးဟာ မြအေးနဲ့ ကိုနီကိုကျတော့ ကာကွယ်ပေးပြီးတော့ သံဃာတော်တွေကို မိုက်မိုက်ရိုင်းရိုင်း ပြောလိုက်တာ ရစရာကို မရှိဘူး။ ဒီကိစ္စဟာ သံဃာတော်တွေကို ပြည်သူတွေ အကြည်ညိုပျက်လာအောင်၊ အမျိုးသားရေးအင်အားစုတွေကို လူတွေ လက်မခံအောင် လုပ်တာလို့လည်း NLD လူငယ်တွေဆီက သိရပါတယ်။ ဒီသတင်း မှန်သလား၊ မမှန်ဘူးလားတော့ အတိအကျ မသိနိုင်သေးပါဘူး။ ကျွန်တော်တို့ကို လာပြီး ပြောပြနေတာတွေပဲ ရှိပါသေးတယ်။ တိတိကျကျ ပြောနိုင်တဲ့တစ်နေ့မှာ NLD ပါတီကို သာသနာတော် ညိုးနွမ်းစေမှုနဲ့ သံဃာ့မဟာနာယက အဖွဲ့က တရားစွဲဆိုလို့ ရပါတယ်။ အခုလည်း ထင်လင်းဦးနဲ့ ဦးဘုန်း၊ ညီမင်းညိုတို့ (၃)ယောက်စလုံး၊ ပွဲကျင်းပတဲ့ NLD ပါတီ တာဝန်ရှိသူအားလုံးကို သာသနာတော်ညှိုးနွမ်းစေမှုနဲ့ တရားစွဲဆိုနိုင်ဖို့ ကျွန်တော်တို့ ကြိုးစားသွားမှာပါ” ဟု အမျိုးသားရေး တက်ကြွလှုပ်ရှားသူ လူငယ်ခေါင်းဆောင် ကိုမောင်မောင်မြင့် က ပြောသည်။

“ဦးဇင်းတို့ ဒါကို လုံးဝ လက်မခံနိုင်ဘူး။ NLD ပါတီက စီမံချက်ချပြီး လုပ်တာ ဆိုရင်လည်း ထိထိရောက် ရောက် တုံ့ပြန်သွားမယ်။ ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည် မပတ်သက်စေဖို့ မျှော်လင့်ထားပါတယ်။ တကယ်လို့ ပတ်သက်နေတယ် ဆိုရင်တော့ ဦးဇင်းတော့ သည်းခံနိုင်စွမ်း ကုန်သွားပြီ လို့ပဲ ပြောရမှာပဲ။ ဒီဒကာကြီး ပြောတာ နားထောင်ကြည့်ပါတယ်။ ဦးဇင်း တုန်လှုပ်မိတယ်။ စိတ်မကောင်း ဖြစ်မိတယ်။ ပြီးတော့ မျက်ရည်တောင်ဝဲမိပါတယ်။ မိုက်ရိုင်းလိုက်တာများ နားထောင်ရက်စရာတောင် မရှိဘူး။ မထင်ထားဘူး။ ဒီလောက်အထိ ဆိုးဆိုးရွားရွား ပြောသွားတာ။ အောက်က နားထောင်နေတဲ့ NLD ပါတီဝင်တွေက လက်ခုပ်သံ တဖြောင်းဖြောင်းနဲ့ တဲ့လား။ ဒါဟာ သာသနာတော်ကို ညှိုးနွမ်းစေအာင် ထိပါးစော်ကားတာ လို့ ပြောရင်တော့ ရပါတယ်။ ဒါပေမယ့် အင်းစိန်ဆရာတော်ကြီး အပါအ၀င် ဆရာတော်ကြီးတွေရဲ့ သြ၀ါဒ ခံပြီးတော့မှ ဆောင်ရွက်သွားဖို့ပဲ ရှိပါတယ်။ ဆရာတော်ကြီးတွေလည်း တော်တော်ကြီးကို စိတ်ထိခိုက်နေကြတယ်။ မယုံကြည်နိုင်စရာ ပြောကြားချက်တွေပါ။ NLD ပါတီက ဒီလို လုံးဝ မလုပ်သင့်ဘူး” ဟု အင်းစိန်ရွာမကျောင်းတိုက်မှ ဆရာတော်ဦးသုမန က မိန့်ကြားသည်။

NLD ပါတီသည် ထင်လင်းဦးကိစ္စကို ၀န်ချတောင်းပန်ခြင်း မပြုလျှင် သာသနာတော်ကာကွယ်ရန်အတွက် တရားစွဲဆိုသွားမည် ဖြစ်ကြောင်း၊ ထင်လင်းဦးကို မတုံ့ပြန်ဘဲ ထားလျှင် ပိုမိုအတင့်ရဲကာ စော်ကား လာမည် ဖြစ်ကြောင်း၊ ထင်လင်းဦးနဲ့ NLD ပါတီအနေဖြင့် ဤစော်ကားမှုကို တာဝန်ယူရမည် ဖြစ်ကြောင်း မဘသ(ဗဟို) ဆရာတော် ဦးဝိမလ ကလည်း မိန့်ကြားသည်။

NLD ပါတီသည် CEC အဖွဲ့ဆုံးဖြတ်ချက်အရ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ကြေညာချက် တွင် ဗဟိုပြန်ကြားရေးကော်မတီ ကို ဖွဲ့စည်းသည့် ကြေညာချက် ထုတ်ပြန်ခဲ့ရာ ဗုဒ္ဓဘာသာ ရဟန်းသံဃာများကို စော်ကားခဲ့သည့် ဦးထင်လင်းဦးကို အဖွဲ့ဝင်အဖြစ် ထည့်သွင်းဖွဲ့စည်းခဲ့ကြောင်း၊ အမျိုးသားရေးတက်ကြွလူငယ်များ၏ ပြောကြားချက်အရ ဦးထင်လင်းဦးသည် ပါတီဗဟိုကော်မတီ၏ တာဝန်ပေးချက်အရ လူထုလေးစားသော စာရေးဆရာများ၊ ပညာရှင်များနှင့် ပူးပေါင်းကာ အမျိုးသားရေး လှုပ်ရှားမှုများ လျော့နည်းသွားစေရန်၊ ပုဒ်မ ၅၉(စ) ပြင်ဆင်ရေး ကန့်ကွက်နေသည့် အင်အားစုများအား ထိုးနှက်တိုက်ခိုက်နိုင်ရန် တာဝန်ယူထားရသူ ဖြစ်ကြောင်း သိရှိရသည်။ 

Video File  အား   ဒီမှာ   ကြည့်ရှုနိုင်ပါတယ်.. ။ 

From: ပြည်သူ့အာဏာ

တစ်နိုင်ငံလုံးရှိ NLD ရုံးများအား မြို့နယ်အလိုက် သံဃာများဦးဆောင်ကာ လူထုတစ်ရပ်လုံးဆန္ဒပြမည်



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှ ဗဟိုကော် မတီဝင် ဦးထင်လင်းဦးမှ ဗုဒ္ဓဘုရားရှင်၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများနှင့် ဗုဒ္ဓဘာသာ မြန်မာလူမျိုးများ အားလုံးကို စော်ကားပြောဆိုမှုများအတွက် တစ်နိုင်ငံလုံးရှိ NLD ရုံးများအား မြို့နယ်အလိုက် သံဃာတော်များဦးဆောင်က လာမည့် တနင်္ဂနွေနေ့ တွင် ပြည်သူလူထုတစ်ရပ်လုံးမှ ဆန္ဒပြသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။


NLD ဗဟိုကော်မတီဝင် ဦးထင်လင်းဦးမှ ဟောပြောပွဲတစ်ခုတွင် "ကုလားမုန်းရင် ဘုရားလဲ မကိုးကွယ်နဲ့ ဘုရားလဲ ကုလားပဲ" ၊ "သတ္တ၀ါ အားလုံးကျန်းမာပါစေ ကုလားမပါ ဆိုပြီးမေတ္တာပို့လို့ရမလား" ၊ "ကုလားပါမေတ္တာမပို့ရင်တော့ ဗုဒ္ဒဘာသာဆိုတာ မိစ္ဆာ၀ါဒီပဲ" ၊ "သာကီမျိုးဆိုတာ အစ်မကြီး အမိအရာထား အစ်ကိုကြီးအဖရာထားပြီးတော့ မောင်ကို နှမယူ အစ်မကို မောင်ကယူ အဲဒါကို သာကီမျိးလို့ခေါ်တယ်" ၊ "အဲဒါကိုမှ ဘုန်းကြီးတစ်းပါးကနေ ငါတို့ကသာကီမျိုးကွလို့ လာပြောရင် "မင်းနဲ့ငါ ကတုံးနဲ့ ဆံပင်ပဲ ကွာတယ်လို့ အဲ့ဘုန်းကြီးကို ပြန်ပြောလိုက်" ဟူ၍ ရိုင်းစိုင်းစွာ စော်ကားပြော ဆိုခဲ့သည်။

NLD ၏ ပြောဆိုချက်များသည် ဗုဒ္ဓဘုရားရှင်နှင့် သံဃာတော်များအပေါ် စော်ကားခြင်းဖြစ်ကြောင်းနှင့် ဗုဒ္ဓဘာသာအပေါ် အကြိမ်ကြိမ်စော်ကားခဲ့သည့် NLD အား သည်းမခံနိုင်တော့ကြောင်း ရန်ကုန်မြို့ခံတစ်ဦးမှ အခုလိုပြောခဲ့သည်။ “NLD က ဗုဒ္ဓဘာသာကို မျိုးမျိုးသိက္ခာချနေတယ်.. ဒါရောဆိုရင် ခဏခဏရှိနေပြီး.. သည်းမခံနိုင်တော့ဘူး.. ပြည်သူကို စော်ကားရင်စော်ကား.. ပြည်သူ့ရင်ထဲက ဘာသာတရားကို စော်ကားတာကို ဘယ်ပြည်သူကမှ ငြိမ်မခံကြောင်း သက်သေပြမယ်..” ဟု ဆိုသည်။

မုံရွာမြို့မှ သံဃာတစ်ပါးမှလည်း များစွာစိတ်မကောင်းဖြစ်ရကြောင်းနှင့် ဆရာတော်ကိုယ်တိုင် ဦးဆောင်ကန့်ကွက်သွားမည်ဖြစ်ကြောင်း မိန့်သည်။ NLD ၏ ပြောဆိုရပ်တည်မှုများက အစ္စလာမ်ဘာသာ ဝင်များကို သွေးထိုးသလိုဖြစ်နေပြီး အဓိကရုဏ်းများ ဖြစ်ပွားအောင် လုပ်သလိုဖြစ်နေကြောင်းကို မြန်မာ့ငြိမ်းချမ်းရေး အကျိုးဆောင်ကွန်ယက်မှ တာဝန်ရှိသူတစ်ဦးမှ ယခုလိုပြောခဲ့သည်။ “ကိုထင်လင်းဦးပြောတာတွေက တည်ငြိမ်နေတဲ့ အဓိကရုဏ်းတွေကို ပြန်ဖြစ်အောင် လုပ်သလို ဖြစ်နေ တယ်…. အခါဟာက ဘယ်သူကမှ ဘာမှမပြောတော့ဘူးလေ…. ငြိမ်းချမ်းစွာ အတူလက်တွဲဖို့ရည်ရွယ် တယ်ဆိုရင် အခုလို တိုက်ခိုက်စော်ကား ပြောဖို့မလိုဘူး…. NLD ရဲ့ ရပ်တည်ချက်ကို မေးခွန်းထုတ် ရမလိုဖြစ်နေပြီ…. ” ဟု ဆိုသည်။

မန္တလေး၊ မုံရွာ၊ စစ်ကိုင်း၊ မိတ္ထီလာ၊ ပြင်ဦးလွင်၊ စစ်တွေ၊ လားရှိုး နှင့် ရန်ကုန်အပါအဝင် အနယ်နယ် အရပ်ရပ်ရှိ မြို့များတွင် အနီးအနားရှိ NLD ရုံးများရှေ့တွင် ကန့်ကွက်ကြောင်း ဆန္ဒဖော်ထုတ်မှုများကို လာမည့် တနင်္ဂနွေနေ့ နံနက် ၉ နာရီမှစ၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြုလုပ်သွားမည်ဖြစ်ကြောင်း ဦးဆောင်ဆရာတော်မှ မိန့်ကြားသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ကြိုလျှင် ကြုံသလို ဗုဒ္ဓဘာသာနှင့် ဘုန်းတော်ကြီးများကို စော်ကားလေ့ရှိပြီး အစ္စလာမ်နှင့် ဗုဒ္ဓဘာသာပြဿနာဖြစ်တိုင်း အစ္စလာမ်ဘာသာဘက်မှရပ်တည်သည့် ပါတီတစ်ခုဖြစ်သည်။ ပါတီအတွင်း မွတ်ဆလင်အများအပြားနေရာယူထားသဖြင့် မစိုးရိမ်တိုက်အုပ် ဆရာတော် အရှင်ဝီရသူမှ ခွပ်ဒေါင်းမဟုတ်တော့ဘူး.. မွတ်ဒေါင်းဖြစ်နေပြီဟု မှတ်ချက်ပေးခဲ့ဖူးပြီး ပြည်သူလူထု တစ်ရပ်လုံး ထောက်ခံထားသည့် မျိုးစောင့်ဥပဒေကိုလည်း NLD ပါတီမှ ပြည်သူ့ဆန္ဒကို ဆန့်ကျင်ကာ ကန့်ကွက်ထားကြောင်း သတင်းရရှိပါသည်။

From: (Agency)
www.mmdailystar.com

နတ္တလင်းမြို့နယ်က လယ်ယာမြေတွေပြန်ပေးဖို့ လယ်သမားတွေ ဆန္ဒပြ



ပဲခူးတိုင်းဒေသကြီး နတ္တလင်းမြို့နယ် ဒါးမာငယ်ကျေးရွာမှာ လယ်ယာမြေဧက ၅၀၀ လောက်ကို ပြန်ပေးဖို့အတွက် ဒေသခံလယ်သမား ၂၀၀လောက် ဒီကနေ့ နတ္တလင်းမြို့ မြေစာရင်းဦးစီး ဌာနရုံးရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။


သိမ်းဆည်းထားတဲ့ လယ်ယာမြေဧက တစ်ထောင် ခန့်ကို စစ်တပ်ကပြန်ပေးခဲ့ပေမဲ့ ဒါးမာငယ်ကျေး ရွာက လယ်မြေဧက ၅၀၀ခန့်ကို မြေစာရင်းဦးစီး ဌာနက ပြန်မပေးသေးတာကြောင့် အခုလို ဆန္ဒပြတောင်းဆိုတာဖြစ်တယ်လို့ နတ္တလင်းမြို့နယ် လယ်သမားအရေးဆောင်ရွက်သူ ကိုတင်မောင်လင်းက ပြောပါတယ်။

"သိမ်းဆည်းထားတဲ့ လယ်ယာမြေဧက ၁ဝဝဝ ရှိပါတယ်၊ အဲဒီ့ထဲက ၅၅ဝ ကို ပြန်ပေးပြီးပါပြီ၊ နှစ်တော်တော်ကြာ သိမ်းဆည်းထားတယ်ပေါ့၊ လယ်ယာမြေတွေက ဆုံးရှုံးသွားတော့ ကျပန်းပဲ လုပ်စားရတာပေါ့၊ ကျနော်တို့ နိုင်ငံတော်အကြီးအကဲတွေအထိ အဆင့်ဆင့်တိုင်ကြားတယ်၊ အကြောင်း ကြားတယ်၊ ဘာမှထူးခြားမလာလို့ အခုလိုဆန္ဒပြရခြင်းဖြစ်တယ်"

ပြီးခဲ့တဲ့ ၁၉၉၀ ခုနှစ်က ဒါးမာငယ်ကျေးရွာက လယ်သမား ၁၃၀ ကျော် လုပ်ကိုင်နေတဲ့ လယ်ယာမြေဧက ၁၀၀၀ ခန့်ကို တပ်မတော် ခမရ ၄ တပ်ရင်းက သိမ်းဆည်းခဲ့တာလို့ ဆိုပါတယ်။ Photo: နတ္တလင်းမြို့နယ်က လယ်ယာမြေတွေပြန်ပေးဖို့ လယ်သမားတွေ ဆန္ဒပြ ပဲခူးတိုင်းဒေသကြီး နတ္တလင်းမြို့နယ် ဒါးမာငယ်ကျေးရွာမှာ လယ်ယာမြေဧက ၅၀၀ လောက်ကို ပြန်ပေးဖို့အတွက် ဒေသခံလယ်သမား ၂၀၀လောက် ဒီကနေ့ နတ္တလင်းမြို့ မြေစာရင်းဦးစီးဌာနရုံးရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ သိမ်းဆည်းထားတဲ့ လယ်ယာမြေဧက တစ်ထောင်ခန့်ကို စစ်တပ်ကပြန်ပေးခဲ့ပေမဲ့ ဒါးမာငယ်ကျေးရွာက လယ်မြေဧက ၅၀၀ခန့်ကို မြေစာရင်းဦးစီးဌာနက ပြန်မပေးသေးတာကြောင့် အခုလို ဆန္ဒပြတောင်းဆိုတာဖြစ်တယ်လို့ နတ္တလင်းမြို့နယ် လယ်သမားအရေးဆောင်ရွက်သူ ကိုတင်မောင်လင်းက ပြောပါတယ်။ "သိမ်းဆည်းထားတဲ့ လယ်ယာမြေဧက ၁ဝဝဝ ရှိပါတယ်၊ အဲဒီ့ထဲက ၅၅ဝ ကို ပြန်ပေးပြီးပါပြီ၊ နှစ်တော်တော်ကြာ သိမ်းဆည်းထားတယ်ပေါ့၊ လယ်ယာမြေတွေက ဆုံးရှုံးသွားတော့ ကျပန်းပဲလုပ်စားရတာပေါ့၊ ကျနော်တို့ နိုင်ငံတော်အကြီးအကဲတွေအထိ အဆင့်ဆင့်တိုင်ကြားတယ်၊ အကြောင်းကြားတယ်၊ ဘာမှထူးခြားမလာလို့ အခုလိုဆန္ဒပြရခြင်းဖြစ်တယ်" ပြီးခဲ့တဲ့ ၁၉၉၀ ခုနှစ်က ဒါးမာငယ်ကျေးရွာက လယ်သမား ၁၃၀ ကျော် လုပ်ကိုင်နေတဲ့ လယ်ယာမြေဧက ၁၀၀၀ ခန့်ကို တပ်မတော် ခမရ ၄ တပ်ရင်းက သိမ်းဆည်းခဲ့တာလို့ ဆိုပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=photo

ဆန္ဒပြကျောင်းသားတွေနဲ့ အစိုးရ တွေ့ဆုံဆွေးနွေးဖို့ လိုအပ်နေပြီဖြစ်ကြောင်း ၈၈ ပြောကြား



အမျိုးသားပညာရေးဥပဒေကိုေ ကျာင်းသားတွေနဲ့ အစိုးရတာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးဖို့ လိုအပ်နေပြီဖြစ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ပြောပါတယ်။


အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်နေတဲ့ ကျောင်းသားလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး RFA က မေးမြန်းရာမှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ က အခုလို ပြောခဲ့တာဖြစ်ပါတယ်။

"အထူးသဖြင့် အမျိုးသားပညာရေး ပြုပြင်ပြောင်းလဲဖို့လိုပြီပေါ့၊ ဒီမူဝါဒကို ပြုပြင်ပြောင်းလဲဖို့ လိုပြီဆိုပြီးတော့ NNER အနေနဲ့ တိုက်တွန်းခဲ့တယ်၊ NNER ရဲ့ လှုပ်ရှားမှုတစ်ခုလုံးမှာ ၈၈ အနေနဲ့ ပါဝင်ခဲ့တယ်၊ အဲ့ဒီကနေတဆင့်ဖြစ်ပေါ်လာတဲ့ ကျောင်းသားလှုပ်ရှားမှုဟာ ဒါကျောင်းသားတွေချည်းပဲ သီးသန့် လှုပ်ရှားမှု တစ်ခုဖြစ်ပါတယ်၊ ကျောင်းသားတွေချည်းပဲ သီးသန့်လှုပ်ရှားမှုဖြစ်တဲ့အတွက် သူတို့ရဲ့လှုပ်ရှားမှုကို ကျနော်တို့အနေနဲ့ သွားအားပေးတာရှိမယ်၊ တတ်နိုင်သမျှ ကျနော်တို့ကူညီတာရှိမယ်၊ ကျောင်းသားလှုပ်ရှားမှု သန့်သန့်ပေါ့နော်၊ အဲဒီ့သန့်သန့်အနေနဲ့ အားပေးသွားမှာဖြစ်တယ်"

မနေ့က ဆန္ဒပြကျောင်းသားတွေနဲ့ ပညာရေးဝန်ကြီးဋ္ဌာန ညွှန်ကြားရေးမှူးတွေ၊ တက္ကသိုလ်ပါမောက္ခတွေ တွေ့ဆုံညှိနှိုင်းခဲ့ပေမဲ့ ပြေလည်မှုမရရှိခဲ့ဘူးလို့ သိရပါတယ်။

ဒီကနေ့ ပညာရေးဥပဒေ သပိတ်မှောက်ဆန္ဒပြပွဲကို စတုတ္ထနေ့အဖြစ် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ကျင်းပခဲ့ကြသလို မနေ့ကလည်း ရွှေတိဂုံဘုရားအရှေ့ဘက်မုဒ် ကြေးသွန်းဘုရားကြီးရှေ့မှာ ကျင်းပ ခဲ့ပါတယ်။

အမျိုးသားပညာရေးဥပဒေကို ပညာရေးဝန်ကြီးဋ္ဌာနက ဦးဆောင်ရေးဆွဲခဲ့ပြီး ပြည်ထောင်စုလွှတ်တော်ကနေ အတည်ပြုထားပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=photo

စတုတ္ထသပိတ်မှာတမ်း


ဒီမှာရဲဘော်
တက္ကသိုလ်ဆိုတာ
အိုဘားမားတွေ့ဖို့
ဧည့်ခန်းမဟုတ်ဘူး

ဒီမှာရဲဘော်
တက္ကသိုလ်ဆိုတာ
လူယုတ်မာတွေ
ချယ်လှယ်စရာ
နေရာမဟုတ်ဘူး


ဒီမှာရဲဘော်
တက္ကသိုလ်ဆိုတာ
ဧခန်းမှာအလှချိတ်တဲ့
ဓာတ်ပုံတွေကိုထုတ်တဲ့
ဓာတ်ပုံဆိုင်မဟုတ်ဘူး

ဒီမှာရဲဘော်
ငါတို့လမ်းပေါ်ထွက်တာ
ငါ့တို့ပညာရေး
ခွေးကိုက်နာကို
ဆေးရှာဖို့ဖြစ်တယ်

ဒီမှာရဲဘော်
ငါတို့လမ်းပေါ်ထွက်တာ
ငါတို့နောင်တော်တွေ
ရေးခဲ့တဲ့လမ်းမှထက်က
သွေးကွက်တွေကို
ငါ့တို့သွေးနဲ့ဆက်ရေးဆွဲဖို့
ထွက်လာခဲ့တာဖြစ်တယ်

ဒီမှာရဲဘော်
ငါတို့လမ်းပေါ်ထွက်တာ
ငါ့တို့မျိုးဆက်တွေ
နောင်တချိန်မှာ
သူတို့ပညာရေး
ခွေးမကိုက်ခံရဖို့
ခွေးမောင်းထုတ်ဖို့
ထွက်လာခဲ့တာဖြစ်တယ်

ဒီမှာရဲဘော်
ငါတို့လမ်းပေါ်ထွက်တာ
စစ်ခွေးတွေရဲ့
မောင်းပြန်တွေကို
ပြောင်းပြန်လှန်ပြီ
စနစ်ဆိုးကို
ဗျောင်းဆန်အောင်တိုက်ဖို့
ထွက်လာခဲ့တာဖြစ်တယ်
တိုက်ရဲရင်လိုက်ခဲ့ကြ
လမ်းမထက်မှာ
တိုက်ပွဲတွေရှိတယ်။ ။

မြူမိုးဆောင်း

KoMin MinZaw FB

သပိတ်မှောက်ကျောင်းသားတွေကို လျှော့မတွက်နဲ့

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် နဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂတွေက သပိတ်မှောက်ကျောင်းသားခေါင်းဆောင်တွေဟာ အနယ်နယ်အရပ်ရပ်က တက္ကသိုလ် တွေက ကျောင်းသားကိုယ်စားလှယ်တွေ၊ ကျောင်းသားခေါင်းဆောင်တွေပါ။ လေ့လာမှုအပိုင်းမှာ လျှော့တွက်လို့ မရတဲ့သူတွေပါ။ ကျနော်တို့ခေတ်က ကျောင်းသားခေါင်းဆောင်တွေထက် လေ့ လာမှုအားကောင်းတဲ့သူတွေ အများကြီးပါနေတာကို တွေ့ရပါတယ်။ သူတို့ဟာ သူတို့ရဲ့ယုံကြည် ချက်၊ သူတို့သဘောထား၊ သူတို့အမြင်နဲ့ အားလုံးဝိုင်းဆုံးဖြတ်ပြီး၊ စနစ်တကျ ဦးဆောင်လှုပ်ရှားနေ တယ်လို့မြင်ပါတယ်။ ကျောင်းသား အထူးသဖြင့် တက္ကသိုလ်ကျောင်းသားဘ၀မှာ နိုင်ငံရေးအမြင် တွေ၊ အယူအဆတွေကို လွတ်လွတ်လပ်လပ် လေ့လာနိုင်တဲ့ အနေအထားတွေက ရှိနေပြီးသားပါ။ ကျနော်ပြောချင်တာက အဲဒီသပိတ်မှောက်ကျောင်းသားခေါင်းဆောင်တွေကို လျှော့မတွက်ကြပါနဲ့။ နောက် သူတို့ရဲ့ နိုင်ငံရေးလေ့လာမှုအားကို လျှော့မတွက်ကြပါနဲ့။


တက္ကသိုလ်ကျောင်းသားဆိုတာ လက်ဝဲ၀ါဒကိုကြိုက်ချင်ကြိုက်မယ်။ လက်ျာဝါဒကို ကြိုက်ချင်ကြိုက် မယ်။ အဲဒါ သူတို့တစ်ဦးချင်းစီရဲ့ အခွင့်အရေးပါ။ လက်ဝဲအမြင်၊ အယူအဆ၊ စကားဖြစ်ဖြစ်၊ လက်ျာအမြင်၊ အယူအဆ၊ စကားဖြစ်ဖြစ်၊ အာဏာရှင်စနစ်ကို ဆန့်ကျင်တယ်။ မတရားမှုကို ဆန့် ကျင်တယ်။ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူရည်တူမှုကို တောင်းဆိုတယ်ဆိုရင်၊ လူ့အဖွဲ့အစည်းအတွက် အကျိုးပြုတယ်ဆိုရင်၊ ထောက်ခံကြရမှာဖြစ်ပါတယ်။

တက္ကသိုလ်ကျောင်းသားတွေထဲမှာ ကွန်မြူနစ်ကြိုက်တဲ့သူ၊ ဆိုရှယ်လစ်ကြိုက်တဲ့သူ၊ ဒီမိုကရက် တစ်ကြိုက်တဲ့သူ၊ လစ်ဘရယ်ကြိုက်တဲ့သူ အစသဖြင့် အသွေးအရောင်အမျိုးမျိုးရှိနေတာက သဘာ ၀ပါ။ လက်ျာအမြင်ရှိတဲ့ တက္ကသိုလ်ကျောင်းသားတွေရော၊ လက်ဝဲအမြင်ရှိတဲ့ တက္ကသိုလ် ကျောင်းသားတွေရော အားလုံးလက်တွဲအလုပ်လုပ်နေကြတယ်လို့မြင်ပါတယ်။ တက္ကသိုလ် ကျောင်းသားဟောင်းတိုင်း၊ တက္ကသိုလ်ကျောင်းသားတက်ကြွလှုပ်ရှားသူတိုင်း အဲဒီလို အရောင် အသွေးစုံတဲ့ နိုင်ငံရေးအမြင်တွေ တက္ကသိုလ်ပရ၀ဏ်ထဲ ရောက်နေတတ်တာကို သဘောပေါက် ပြီးဖြစ်လိမ့်မယ်လို့ထင်ပါတယ်။

၁၉၈၈ ခုနှစ် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီးကို ဖြတ်သန်းခဲ့တဲ့ တက္ကသိုလ်ကျောင်းသား တွေ၊ ခေါင်းဆောင်တွေ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ကြပါ။ မိတ်ဆွေတို့ အဲဒီအချိန်တုန်းက ဘာ စာအုပ်တွေကို ဖတ်ပြီး၊ နိုင်ငံရေးကို နားလည်အောင်လုပ်ခဲ့ကြတာလဲ ဆိုတာကိုပါ။ အဲဒီအချိန် တုန်းက လက်ျာစာအုပ်ဖြစ်ဖြစ်၊ လက်ဝဲစာအုပ်ဖြစ်ဖြစ် ကိုယ်ကြိုက်တာကိုယ်ဖတ်၊ ကိုယ့်ကိုယ်ကို တည်ဆောက်ခဲ့ကြတာပါ။ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ကြပါဦး။ အဲဒီတုန်းက လက်ဝဲစာအုပ်တွေ ဖတ်၊ လက်ဝဲစကားသံ၊ ဟန်ပန်တွေနဲ့စကားပြောခဲ့တဲ့သူတွေ အခုဘာဖြစ်နေလဲ။ အဲဒီလိုပဲ လက်ျာ စာအုပ်တွေဖတ်၊ လက်ျာစကားသံတွေ၊ ဟန်ပန်တွေနဲ့စကားပြောခဲ့တဲ့သူတွေ အခုဘာဖြစ်နေလဲ။ ဘာစာအုပ်မှ မဖတ်၊ မလေ့လာဘဲ၊ နေခဲ့တဲ့သူတွေလည်း ရှိမှာပါ။ ဆိုလိုချင်တာက တက္ကသိုလ် ကျောင်းသားဘ၀မှာ နိုင်ငံရေးအရလွတ်လပ်စွာလေ့လာ၊ သိမြင်၊ ပြောဆို၊ ဆွေးနွေးနိုင်ခွင့် အပြည့် အ၀ ရှိရမယ်ဆိုတာပါ။

လက်ျာစနစ်အားကောင်းတဲ့ အနောက်နိုင်ငံကြီးတွေမှာလည်း လက်ဝဲနိုင်ငံရေးပါတီတွေရှိပါတယ်။ သူတို့က အလုပ်သမား၊ လယ်သမားအပါအ၀င် နစ်နာသူတွေ၊ ဖိနှိပ်ခံရတဲ့သူတွေဖက်က ရပ်တည် လှုပ်ရှားနေကြတာပါ။ အဲဒါ ဒီမိုကရေစီပါ။ လက်ျာပါတီအစိုးရ ဖြစ်နိုင်သလို၊ လက်ဝဲပါတီလည်း အစိုးရ ဖြစ်နိုင်ပါတယ်။ ပြည်သူက ထောက်ခံရင် ၀ဲဝဲ၊ ယာယာ ဘယ်ပါတီမဆို အစိုးရဖြစ်နိုင်တာ က ဒီမိုကရေစီနိုင်ငံရေးပါ။ ခင်ဗျားတို့က ကွန်မြူနစ်မို့၊ အာဏာမလွှဲပေးနိုင်ဘူးဆိုရင် အဲဒါဒီမိုကရေ စီပျက်ပါပြီ။ အခုရွေးကောက်ပွဲမှာ ကွန်မြူနစ်၊ ဆိုရှယ်လစ်ကနိုင်ရင်၊ ဒီမိုကရက်က နောက်ရွေးပွဲမှာ လူထုထောက်ခံမှုရအောင်ပြန်လုပ်၊ ရွေးကောက်ပွဲကနေ ပြန်အနိုင်ယူရတာပါ။ ကျနော်ဆိုလိုချင် တာက ကွန်မြူနစ်မို့ဆန့်ကျင်တာ၊ ဆိုရှယ်လစ်မို့ဆန့်ကျင်တာ၊ ဆိုရှယ်ဒီမိုကရက်မို့ဆန့်ကျင်တာတွေ ဟာ နိုင်ငံရေးသူငယ်နာမစင်မှုနဲ့မရင့်ကျက်မှုတွေကို ဖော်ပြနေတယ်ဆိုတာ ရှင်းနေပါတယ်။

အခုတက္ကသိုလ်ကျောင်းသားတွေ၊ သပိတ်မှောက်ကျောင်းသားတွေရဲ့ လှုပ်ရှားမှုကြီးကို ကွန်မြူနစ် တွေက သွေးထိုးနေသယောင်၊ လှုံဆော်နေသယောင် ရေးသားပြောဆိုနေကြတာတွေဟာ ဘုံ ရည်မှန်းချက်နဲ့ဘုံအကျိုးစီးပွားကို ထိခိုက်စေနိုင်တဲ့အပြင်၊ နိုင်ငံရေးအရ ဒီမိုကရေစီသဘောမဆန် တာ၊ ဗဟုသဘောမဆန်တာလို့ ပြောနိုင်ပါတယ်။ အဲဒါကြောင့် ကျနော် အစောပိုင်းကရေးခဲ့တာပါ။ အဲဒီ တက္ကသိုလ်ကျောင်းသားတွေ၊ သပိတ်မှောက်ကျောင်းသားတွေကို လျှော့မတွက်ပါနဲ့လို့။ သူတို့ နဲ့စကားပြောကြည့်၊ ဆွေးနွေးကြည့်ကြပါ။ ပြီးရင် ငါတို့အဲဒီအရွယ်တုန်းက နိုင်ငံရေးအသိအမြင် တွေက ဘယ်လိုရှိခဲ့လဲဆိုတာ ပြန်မေးခွန်းထုတ်ကြည့်ကြပါဦးလို့။

နောက် အင်တာနေရှင်နယ်သီချင်းဆိုတာကရော ဆိုလို့မရဘူးလား။ အင်တာနေရှင်နယ်သီချင်းဆို ရင် ကွန်မြူနစ်လား။ အဲဒီသီချင်းက ကွန်မြူနစ်တွေနဲ့ပဲဆိုင်တာလား။ အဲဒါတွေကို အရင်သိအောင် လုပ်ကြဖို့ကောင်းမယ်ထင်ပါတယ်။ အင်တာနေရှင်နယ်သီချင်းဆိုတာ ၁၉ ရာစုနှောင်းပိုင်းကတည်း က ကမ္ဘာ့ဆိုရှယ်လစ်လှုပ်ရှားမှုကြီးရဲ့ အအောင်မြင်ဆုံးနဲ့လူကြိုက်အများဆုံးသီချင်းတွေထဲက တစ်ပုဒ်ပဲ။ နောက် အင်တာနေရှင်နယ်သီချင်းကို ကွန်မြူနစ်တွေ၊ ဆိုရှယ်လစ်တွေပဲဆိုတာ မဟုတ်ပါဘူး။ ဆိုရှယ်ဒီမိုကရက်တွေ၊ ဒီမိုကရက်တစ်ဆိုရှယ်လစ်တွေပါ နှစ်နှစ်သက်သက် သီဆို လေ့ရှိတဲ့သီချင်းတစ်ပုဒ်ပါ။ နောက် ခွန်အား၊ အင်အားကို ဖြစ်စေတဲ့၊ တက်ကြွမှုကိုဖြစ်စေတဲ့ အားကောင်းတဲ့ နိုင်ငံရေးသီချင်းတွေထဲက တစ်ပုဒ်ဖြစ်တဲ့ အင်တာနေရှင်နယ်သီချင်းကို ဆိုတာ က ဒီမိုကရေစီနိုင်ငံရေးမှာ ဘာမှကန့်ကွက်စရာမရှိဘူးလို့မြင်ပါတယ်။ အရေးကြီးတာက ဒီမိုကရေ စီပညာရေး၊ ကျောင်းသား သမဂ္ဂများလွတ်လပ်စွာဖွဲ့စည်းခွင့်ရရှိရေး နဲ့ အမျိုးသားပညာရေးဥပဒေ ကိုပြင်ဆင်သည့် ဥပဒေ တစ်ရပ်ပြည်ထောင်စုလွှတ်တော်ကနေ ပြဋ္ဌာန်းနိုင်ရေးဆိုတဲ့ သပိတ်မှောက် ကျောင်းသားတွေရဲ့ ကြွေးကြော်သံနဲ့တောင်းဆိုချက်တွေကို အာရုံစိုက်ဖို့ပါ။ ၀ဲဝဲ၊ ယာယာ အားလုံး လက်ချင်းချိတ်လျက်၊ ဘုံမူဝါဒ၊ ဘုံလမ်းစဉ်၊ ဘုံလုပ်ငန်းစဉ်တွေအပေါ်မှာ ပြတ်ပြတ်သားသားရပ် တည်နိုင်မှတော်ကကျမယ့်အချက်ကို မျက်ခြေမပြတ်သင့်ဘူးလို့ထင်ပါတယ်။

လေးစားလျက်-

ဒေါက်တာရန်မျိုးသိမ်း
ရန်ကုန်၊ မြန်မာ။

အစိုးရနှင့် KIA တိုက်ပွဲ ပြန်လည်ဖြစ်ပွား

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ်အတွင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ၏ တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၂၇ တပ်ဖွဲ့နှင့် အစိုးရစစ်တပ်တို့ နိုဝင်ဘာလ ၁၆ရက်က ရင်ဆိုင်တိုက်ပွဲ ပြန်လည် ဖြစ်ပွားခဲ့သည်ဟု KIA အရာရှိတစ်ဦးက ပြောသည်။


မန်စီမြို့နယ် KIA တပ်ရင်း ၂၇ နယ်မြေ ခရှန် (Hka Shang)၊ Jan Chyai Hkret အနီးအစိုးရ၏ တပ်မ ၈၈ လက်အောက်ခံ တပ်ဖွဲ့များ ဝင်ရောက်လာသဖြင့် မွန်းလွဲ ၁၂ နာရီခွဲမှာ ၁ နာရီခွဲထိ တစ်နာရီကျော်ကြာ ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု တပ်ရင်း ၁၂ မှ အရာရှိတစ်ဦးက ပြောသည်။

“Jan Chyai Hkyet အနီးမှာ တိုက်ပွဲဖြစ်တာ။ သူတို့ (အစိုးရစစ်တပ်) က ကျနော်တို့ ရှိနေတဲ့ဘက်ကို ဝင်လာလို့ ရင်ဆိုင် တိုက်ပွဲ ဖြစ်သွားတာ၊ အကျအဆုံးက မသိဘူး။ အခုကျနော်တို့နေနေတဲ့နေရာနဲ့ ၃ မိုင်လောက်ဝေးတယ်” ဟု သူက ပြောသည်။

KIA ၏ Kachinnet.net တွင်လည်း အစိုးရ၏ တပ်မ ၈၈ လက်အောက်ခံ မကွေးအခြေစိုက် ခမရ (၃၁၇) အင်အား ၈၀ ကျော်သည် KIA တပ်ရင်း၂၇ နယ်မြေ အတွင်း ဝင်ရောက်လာသဖြင့် ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည် ဟု ဖော်ပြထားသည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်း လက်ရှိ တိုက်ပွဲ ဖြစ်ပွားခဲ့သော နေရာအနီး နမ်ခမ်းမှ မန်ဝင်းဘက် ဂေါင်ရုန်ဘက်သို့ အစိုးရ တပ်ရင်း ၄ ရင်းခန့် စစ်အင်အား တိုးမြင့်ချထားသည်ဟုဆိုသည်။

ပြီးခဲ့သည့် ဧပြီလအတွင်းက မန်စီမြို့နယ်အတွင်း KIA တပ်ရင်း ၁၂ နှင့် ၂၇ နယ်မြေအတွင်း အစိုးရ စစ်တပ်နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့သဖြင့် စစ်ပြေး ဒုက္ခသည် ထောင်နှင့်ချီသည် တရုတ်နယ်စပ် မိုင်းဂျာယန်၊ ဗန်းမော်နှင့် မန်ဝင်းကြီးဘက်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့သည်။

ထို့ပြင် KIA တပ်မဟာ ၄ လက်အောက်ခံ နယ်မြေဘက်တွင်လည်း တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း မရှိသော်လည်း စစ်အင်အားလည်း တိုးမြင့်မှုများရှိနေဆဲဖြစ်သည်ဟု တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၉ မှ ဗိုလ်မှူးကြီး ဇော်ဆိုင်း က ပြောသည်။

“ကျနော်တို့ဘက်မှာတော့ အစိုးရစစ်တပ်က အင်အားတိုးချဲ့တာရှိတယ်။ ကျနော်တို့ကြားရတာက တပ်ပြောင်း တယ်လို့ ပြောတယ်။ ဒါပေမဲ့ စစ်တပ်က တက်သွားတာဘဲတွေ့တယ်။ ပြန်ဆင်းတာ မတွေ့ရသေးဘူး” ဟု သူက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင်ရေးကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး အတွက် တွေ့ဆုံဆွေးနွေးရန် သဘောတူခဲ့သော်လည်း KIA အပါအဝင် SSPP/SSA ၊ DKBA တို့နှင့် အစိုးရ စစ်တပ်တို့ တိုက်ပွဲ ထပ်မံ ဖြစ်ပွားခဲ့သဖြင့်တွေ့ဆုံ ဆွေးနွေးမှု ရပ်ဆိုင်းခဲ့သည်။

Kachin News Group
http://burmese.kachinnews.com


ဖားကန့် ကျောက်စိမ်းမှော်မှ KIA တပ်ရင်း ၆ အား တိုက်ခိုက်ရန် ပြင်ဆင်နေတဲ့ အစိုးရ တပ်မ ၆၆ စစ်သားများ