မီဒီယာများဖြစ်ကြတဲ့ ဂျာနယ်၊ သတင်းစာ၊ Website အမျိုးမျိုးကနေ ဦးအောင်သောင်းနဲ့ ပတ်သက် ပြီးတော့ ဝေဖန်ပုတ်ခတ် တိုက်ခိုက်ရေးသားနေတာတွေ တွေ့နေရပါတယ်။ ဒါတွေကိုလည်း တစ်ကြိမ်မက အကြိမ်ကြိမ် အပ်ကြောင်းထပ်အောင် ရေးသားဖော်ပြနေတာကိုတွေ့ရပါတယ်။ အခါအခွင့်သင့်တိုင်း လည်း ရေးသားနေကြတာကိုတွေ့ရတယ်။ ဒီနေရာမှာ အာဃာတအမုန်းတရား၊ ၀ါဒရေးရာ မတိုက်ဆိုင်မှု တွေနဲ့ ရေးသားနေကြတယ်လို့ သုံးသပ်ပါတယ်။ ဒါတွေဟာ မှန်ကန်မှုမရှိပါဘူး။ အမှန်တရား ကိုဖော်ပြချင်တယ်ဆိုရင် ဦးအောင်သောင်းနဲ့ ဆွေးနွေးကြည့်ပါ၊ မေးမြန်းကြည့်ပါ၊ စကားပြောကြည့်ပါ အဲဒီအခါမှာ အမှန်တရားကိုသိလာပါမယ်။ သိလာတဲ့အမှန်တရားအတိုင်း မီဒီယာတွေ မှာ ရေးသားဖော်ပြ လို့ရပါတယ်။ မည်သူပဲဖြစ်ဖြစ် ဆက်သွယ်လို့ရပါတယ်။ ပကတိအမှန်တရားကို လိုလားသူဖြစ်တဲ့အတွက် အမှန်တရား ပေါ်ပေါက်ရေး ၀ိုင်းဝန်းဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ တစ်ကြိမ် မက အကြိမ်ကြိမ်ဆက်သွယ်၊ ဆက်ဆံဆောင်ရွက်နိုင်ပါကြောင်း ဖော်ပြအပ်ပါတယ်။