Tuesday, June 17, 2014

ဝန်ကြီးဦးအောင်မင်းပြောဆိုခဲ့သော စကားများသည် သမ္မတကြီးနှင့် တိုက်ရိုက်မသက်ဆိုင်သော်လည်း သွယ်ဝိုက်သက်ဆိုင်နေကြောင်း တပ်မတော်အရာရှိကြီးတစ်ဦးမှ ပြောကြား



ပြီးခဲ့သည့်ရက်ပိုင်းက နိုင်ငံတော် သမ္မတကြီး အားထားရသူတွေထဲမှာပါသော ၀န်ကြီး ဦးအောင်မင်းက UNFCCI တွင် ပြောကြား သွားခဲ့သော နိဂုံးချုပ်အမှာစကားနှင့်ပါတ်သက်ပြီး တပ်မတော်အသိုင်းအ၀ိုင်း တစ်ခုလုံးမှ မကျေမနပ် ဖြစ်နေကြောင်းသိရသည်။


UNFCCI ၏ နိဂုံးချုပ်အစည်းအဝေးတွင် ၀န်ကြီး ဦးအောင်မင်းမှ တပ်မတော်က သစ္စာဆိုတဲ့အထဲမှာ အဓိကကျတဲ့ တစ်ချက်ဆိုရင် ‘ငါတို့သည် ကျဆုံး လေပြီးသော တပ်မတော်သားတို့၏ သစ္စာကို စောင့်သိရိုသေပါမယ်..’ ဆိုတဲ့ အချက်ပါနေတယ်… သစ္စာစောင့်သိနေရင်းနဲ့ တိုက်ပွဲက မပြီးတော့ဘူး နောက်တစ်ခုက “သူရဘွဲ့တွေ၊ သူရဲကောင်းမှတ်တမ်း ဝင်တွေ မပေးသင့်ဘူး… .. ဒါကို ဖျောက်ဖျက်ဖို့လိုတယ်…” လို့ ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးပြောခဲ့သော စကားနှင့်ပါတ်သက်၍ လူမှုကွန်ယက်စာမျက်နှာများတွင်လည်း အငြင်းပွားနေကြပြီး မီဒီယာသမားများမှ တမင်ရေးလိုက်သလား၊ ၀န်ကြီးက တကယ်ပဲ ပြောခဲ့သလားဟု ဝေခွဲမရ ဖြစ်နေသူများရှိနေသလို ၀န်ကြီးဦးအောင်မင်းသာ အမှန်တကယ်ပြောခဲ့ခြင်းဖြစ်ပါက လုံးဝ လက်သင့် ခံနိုင်စရာအကြောင်းမရှိဟု တပ်မတော်အရာရှိငယ်တစ်ဦးမှ ပြောဆိုသည်။

ခင်ဗျားပဲ စဉ်းစားကြည့်လေ။ ဒါက တပ်မတော်ကို ခုတုံးလုပ်ပြီးတော့ သူနာမည်ကြီးအောင် လူကြိုက်များ အောင် ပြောတဲ့စကားပဲ၊ သူလဲ တပ်မတော်သားဘ၀က တက်လာတာ။ ဒီတပ်မတော်သားတွေကပဲ လုပ်ကျွေးလာခဲ့တာ၊ သူ့ကို တွန်းတင်ပေးလာခဲ့တာ။ ရှေ့တန်းမှာဖြစ်ဖ်ြစ သူလူကြီးဖြစ်တဲ့အခါပဲဖြစ်ဖြစ် နေပူမိုးရွာမရှောင် လုံခြုံရေးတာဝန်တွေကို ယူပေးခဲ့ရတာ။ ဒါကနိုင်ငံနဲ့ချီပြီးမပြောသေးဘူး။ သူ့ တစ်ယောက်ထဲအတွက်တင် တပ်မတော်သားတွေ လုပ်ပေးခဲ့တာကို ပြောနေတာ။ ဒါတွေအားလုံးကို မေ့ သွားပြီး ကိုယ်ကျင်လည်ကျက်စားခဲ့ရတဲ့ ပါတ်ဝန်းကျင်အသိုင်းအ၀ိုင်းကို ရဲဘော်ရဲဘက်စိတ်မရှိစွာနဲ့ ခုလိုမျိုး ပြောခဲ့တာတော့ လုံးဝမကောင်းဘူး။ ဘ၀မမေ့သင့်ဘူး ဟု အထက်ပါအရာရှိမှ ဆက်လက်ပြောဆိုသည်။

ဘယ်သူမဆို မေးကြည့်ပါ ကြိုက်တဲ့လူကို မေးကြည့်လို့ရပါတယ်။ သူရဘွဲ့နဲ့ အသက်နဲ့ လဲမလား… သူရဲကောင်း မှတ်တမ်းဝင်တံဆိပ်နဲ့ ခြေထောက် ၂ ချောင်း လဲမလားလို့ မေးကြည့်ပါ။ ဘယ်သူမှ မလဲပါဘူး။ အထူးသဖြင့် မြန်မာနိုင်ငံလို ခြေတု လုံလုံလောက်လောက်မရှိ၊ သေဆုံးစစ်သည် မိသားစုအတွက် ထောက်ပံ့မှု လုံလုံလောက်လောက်မရှိတဲ့ တပ်မတော်မှာ ဘယ်သူမှ ဘွဲ့တွေမမက်မောပါဘူး။

သူရဘွဲ့တွေ၊ သူရဲကောင်း မှတ်တမ်းဝင်တွေ ရနေတဲ့ စစ်သားတွေဟာ ဒီဘွဲ့တွေကို လိုချင်လွန်းလို့ အသေခံ၊ ဒဏ်ရာရခံပြီး စစ်တိုက်နေတာလို့ ဝန်ကြီးထင်နေပြီလား။ ဘွဲ့ရအောင် ရှေ့အတင်းတက် စစ်တိုက်ခဲ့ပြီး ဘွဲ့မရလို့ သတင်းပို့တိုင်ကြားတဲ့ မြန်မာ စစ်သားတစ်ဦး တစ်ယောက်ကိုများ ဝန်ကြီးရဲ့ စစ်မှုထမ်းသက်တမ်း အတွင်းမှာ တွေ့ခဲ့ဖူးပါသလား။ ပြန်စဉ်းစားကြည့် ပါအုံး။ စစ်ပွဲပြီးသွားမှသာ အထက်လူကြီးများက အသိအမှတ်ပြု ချီးမြှောက်တာပါ။ ဝန်ကြီး ကိုယ်တိုင်လည်း တောင်ပိုင်းတိုင်းစစ်ဌာနာချုပ် တိုင်းမှူး ဘဝတုန်းက တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး လှဆွေ (ယခု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်) ကို ချီးကျူးဂုဏ်ပြု (၂) ခါပို့ခဲ့တာပဲ မဟုတ်လားဟု တပ်မတော်သားတစ်ဦးမှလည်း ၄င်း၏ လူမှုကွန်ယက် စာမျက်နှာတစ်ခုတွင် ဝေဖန်ခဲ့သည်။

ဝန်ကြီးဦးအောင်မင်း ထိုကဲ့သို့ ပြောဆိုခဲ့သည်မှာ ယခုချိန်မှမဟုတ်ဘဲ လွန်ခဲ့သော ၂ နှစ်ခန့်ကလည်း အလားတူပြောဆိုခဲ့ဖူးသည်။ ငြိမ်းချမ်းရေးစင်တာတွင် တာဝန်ရှိသူတစ်ယောက်အနေဖြင့် တပ် မတော်အပေါ် ဤမျှအထိ ပြောဆို စော်ကားခဲ့ခြင်းမှာ လုံးဝမဖြစ်သင့်ဘဲ အထူးသဖြင့် ယခုကဲ့သို့ တိုင်းရင်း သားလက်နက်ကိုင်အရေး ဆွေးနွေးနေသည့်ကာလများတွင် ပိုမိုဆင်ခြင်သင့်သည်။

တကယ်တော့ မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းပဲဖြစ်ဖြစ် စစ်မဖြစ်ချင်ဆုံးသူက စစ်သားတွေပဲ၊ ရှေ့တန်းမှာ ခြေပြတ်လက်ပြတ်ဖြစ်တာတွေ၊ မြို့ပြ ပြည်ရွာ ပျက်စီးတာတွေကို မမြင်ချင်ဆုံးသူတွေက စစ်သားတွေပဲဖြစ်မယ် ဆိုတာကတော့ တပ်မတော်သားတစ်ယောက် ဖြစ်ခဲ့ဖူးတဲ့ ၀န်ကြီးအသိဆုံးဖြစ်မှာပါ။ မသိတော့ဘူးဆိုရင်လည်း ကိုယ့်နဖူးကိုယ် တိုင်နဲ့ခေါင်းနဲ့ပြေးဆောင့်လိုက်ပါတော့လို့သာ ပြောလိုက်ချင် တယ် တကယ်...သတင်းကြားကြားချင်း သူလိုလူတစ်ယောက်က ဒီလိုမျိုးပြောတယ်ဆိုတာ ယုံတောင် မယုံနိုင်ဘူးဟု တပ်မတော်တွင် အနှစ် ၂၀ ကျော်တာဝန်ထမ်းဆောင်ခဲ့သည့် ညွန်ကြားရေးမှူး တစ်ဦးမှလည်း ရင်ဖွင့်ပြောဆိုခဲ့သည်။

လူဆိုတာ ကိုယ်ပြောတဲ့စကားကို ကိုယ်တာဝန်ယူသင့်တယ်။ တာဝန်မယူနိုင်ဘဲ မပြောတာ အကောင်း ဆုံးပဲ။ အခုဦးအောင်မင်းပြောလိုက်တာဟာ တို့ တပ်မတော်တစ်ခုလုံးကို စော်ကားလိုက်တာပဲ ၊ တပ်မတော် တစ်ခုလုံးကို စော်ကားလိုက်ရုံတင်မကဘူး ကျဆုံးလေပြီးတဲ့ တပ်မတော်သားအပေါင်းကိုလည်း စော်ကားလိုက်တာပဲလို့ ခံစားရတယ်၊ ဦးအောင်မင်းအနေနဲ့ သူပြောခဲ့တဲ့ စကားအပေါ်မှာ တာဝန်ယူ ဖြေရှင်း သင့်တယ်။

သူလည်း စစ်တပ်ကထွက်သွားတဲ့လူတစ်ယောက်ပဲ၊ တပ်မတော်ကျေးဇူးတွေအများကြီးပါ ၊ အခြား တစ်ဖက်မှာလည်း ဦးအောင်မင်းက သမ္မတရုံးဝန်ကြီးတစ်ဦးဖြစ်တဲ့အတွက် သမ္မတကြီးအနေနဲ့လည်း သူ့ လက်အောက်ကလူတွေ နောက်နောင်ဒီလိုမျိုး လက်လွတ်စပါယ်ပြောဆိုတာမျိုးတွေ မဖြစ်ရအောင် ၀င်ရောက်ထိန်းသိမ်းသင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ သမ္မတကြီးနဲ့ တိုက်ရိုက်မသက်ဆိုင် ပေမယ့်လည်း သွယ်ဝိုက်သက်ဆိုင်နေတယ်၊ သမ္မတကြီး သဘောထားကရော ဒီလိုပဲရှိလို့ ၀န်ကြီးက ဒီစကားပြောရတာလားဆိုတာကလည်း စဉ်းစားစရာဟု တပ်မတော်အရာရှိကြီး တစ်ဦးမှ မှတ်ချက်ပြု ခဲ့သည်။

အလားတူ အငြိမ်းစား တပ်မတော်အရာရှိတစ်ဦးမှလည်း ၄င်း၏ လူမှုကွန်ယက်စာမျက်နှာတစ်ခုတွင် စွမ်းရည် ဘွဲ့ ဆိုတာ ဘာလဲ ရှေ့ တန်း စစ်မြေပြင်မှာ …ဒါမှမဟုတ် အခြေအနေတစ်ခုမှာ ကိုယ့် အသက်ကို ပဓာန မထားဘဲ တိုင်းပြည် အတွက် တာဝန် နှင့် ဝတ္တရားအတွက် မိမိ ရဲဘော် ရဲဘက်များ အတွက် လူသာမန်တို့  လုပ်နိုင်ခဲတဲ့  ရဲဝံ့ စွန့် စားမှုမျိုးကို အံသြဘနန်း လုပ်ဆောင်သွားတဲ့ သူတွေကို ပေးအပ် ချီးမြှင့်တဲ့  ဘွဲ့ ထူးဂုဏ်ထူးတွေ ဖြစ်တယ်။

ဒီထက်ရှင်းအောင် ပြောရမယ်ဆိုရင်တော့ …စွမ်းရည်ဘွဲ့ တွေဟာ … လူတစ်ဦးချင်းရဲ့  ရဲစွမ်းသတ္တိ နဲ့  ပြည့်စုံတဲ့  …စွမ်းဆောင်မှု လုပ်ရပ်တွေအပေါ် မူတည်ပြီး … ဘွဲ့ တံဆိပ် ချီးမြှင့်တာ ဖြစ်ပါတယ် …ဘယ်မှာ မို့ လို့  … ညာမှာ မို့ လို့ ဆိုတဲ့  ကိစ္စတွေ နဲ့  မဆိုင်ပါဘူး …

ဥပမာပြောရရင် … ဒီနှစ် သီဟသူရဘွဲ့ ရရှိသွားတဲ့ ဆရာအောင်သိန်းဟာ … ရန်သူ့ လက်ပစ်ဗုံး ပေါ်ကို …သူ့ ရင်ဘတ် နဲ့  ၀မ်းလျှားဝင်မှောက်ပြစ်လိုက်ပြီး … ကျန်တဲ့ အရာရှိ စစ်သည် ...သူ့  ရဲဘော်ရဲဘက်တွေ မထိခိုက်စေဖို့ … သူ့ အသက်ကို စွန့် သွားခဲ့ပါတယ် …

ကောင်းပါပြီ …..ဒီလက်ပစ်ဗုံးဟာ ကေအိုင်အေ ကပစ်တဲ့  လက်ပစ်ဗုံးမို့ လို့  ဆရာအောင်သိန်း ဒီလို လုပ်တာလား … ?ကေအန်ယူ က ပစ်ရင်ရော ဒီလို မလုပ်တော့ဘူးလား …? ဘင်္ဂလားဒေ့ရှ် က ပစ်တဲ့  လက်ပစ်ဗုံး ဆိုရင်ရော ….? တရုတ် က ပစ်တာ ဆိုရင် ရော …?

ဆရာအောင်သိန်း ရဲ့ စိတ်ထဲမှာ ဘယ်အဖွဲ့ က ပစ်တဲ့  လက်ပစ်ဗုံးမှ ၀င်မှောက်မယ် …. ကျန်တဲ့ သူ ပစ်တာဆို သူ ဒီလိုမလုပ်ဘူးလို့  ဆုံးဖြတ်ထားပါ့မလား… ???

ဒါ ဦးနှောက်ရှိတဲ့ သူတိုင်း …စဉ်းစားတတ်တဲ့  ကိစ္စပါ ….

ပြည်တွင်းစစ် ပဲ ဖြစ်ဖြစ် …ပြည်ပ စစ်ပဲ ဖြစ်ဖြစ် … စစ်သားတွေကတော့ ….သူ့ တာဝန်ကို သူ ကျေအောင် ထမ်းဆောင်မှာပါပဲ ….

ဒီလို တာဝန်ထမ်းဆောင်တဲ့  နေရာမှာ …အသက်ကို ပဓာန မထားပဲ …. သူရသတ္တိအပြည့်  နဲ့ ရဲ ၀ံ့ စွန့်  စားစွာ…တာဝန် ထမ်းဆောင်တဲ့ သူတွေကို လဲ စွမ်းရည်ဘွဲ့ တွေ ချီးမြှင့်ပေးရမှာ ဓမ္မတာပါပဲ …

ဒါကို ပြည်တွင်းစစ်မို့ လို့  ....ပြည်ပစစ် မဟုတ်လို့  .... စွမ်းရည်ဘွဲ့ မချီးမြှင့်သင့်ဘူးပြောတဲ့  သူဟာ ...ခေါင်းထဲမှာ ဦးနှောက် မရှိပဲ ..... ဘာရှိနေသလဲ ဆိုတာကို ....စဉ်းစားလို့ မရနိုင်အောင်ပဲ ဖြစ်ရပါတယ် ...

တည့် ပြောရရင် ...စစ်သား လုပ်ခဲ့ပြီး ... အမေရိကန် ပြည်တွင်းစစ်ကာလမှာ ....ရဲစွမ်းသတ္တိ ဆုတံဆိပ် ပေါင်း ... ၁၅၂၂ ခု ချီးမြင့်ခဲ့တယ် ဆိုတာတောင် မသိတဲ့  ....စစ်သားဟောင်း ၀န်ကြီး အတွက် .... စစ်သမိုင်းပြတိုက် နောက်ဖေးမှာ ...နောင်လာနောက်သားတွေ သိအောင် ... အမှားသရုပ်ပြ ကျောက်ရုပ် ထုပြီး ဂုဏ်ပြုသင့်ပါတယ် ...။

တစ်လက်စတည်း ဆက်ပြောရရင် ....

တပ်မတော်သားတွေ နေ့ စဉ်ဆိုရတဲ့  …. သစ္စာဓိဋ္ဌာန် လေးချက်ထဲက ဒုတိယအချက် ဟာ … ငါတို့ သည် …. ကျဆုံးလေပြီးသော တပ်မတော်သားတို့ ၏ သစ္စာကို … စောင့်သိရိုသေပါမည် … ဆိုတဲ့ အချက် ဖြစ်ပါတယ် …

ကောင်းပါပြီ …. သစ္စာဆိုတာ ဘာလဲ …. သစ္စာဆိုတာကို ... အားလုံးနားလည်အောင် အဓိပ္ပာယ်ဖွင့်ရင် … မှန်သော ၊ စောင့်ထိန်းအပ်သော တရား လို့  … အဓိပ္ပာယ် ဖွင့်ရမယ် ထင်ပါတယ် ….

ငါတို့ သည် …. ကျဆုံးလေပြီးသော တပ်မတော်သားတို့ ၏ သစ္စာကို …. စောင့်သိရိုသေပါမည်ဆိုတဲ့  စကားဟာ တိုင်းပြည် နဲ့  တပ်မတော် အပေါ် .... ထားရှိတဲ့ သစ္စာကို မဖောက်ဖျက်ဘဲ အသက်ကိုသာ အသေခံသွားကြတဲ့ …. ခေတ်အဆက်ဆက်က တပ်မတော်သားတွေရဲ့  သစ္စာတရားကို …. လေးစားပါမယ် ထောက်ထားပါမယ် ရိုသေပါမယ် သူတို့ နည်းတူ … တိုင်းပြည် နဲ့  တပ်မတော် အပေါ် သစ္စာရှိပါမယ်လို့  ဆိုလိုတာ ဖြစ်ပါတယ် …

ဒီစကားဟာ ဘာ မှားပါသလဲ ….

စစ်သားဟာ ….တာဝန် နဲ့  ၀တ္တရားကို အမြဲ ဦးစားပေးရပါတယ် … ပြည်တွင်းစစ်ပဲ ဖြစ်ဖြစ် …ပြည်ပစစ်ပဲ ဖြစ်ဖြစ် …ကေအိုင်အေ ပဲ ဖြစ်ဖြစ် …. ဘင်္ဂလားဒေ့ရှ် ပဲ ဖြစ်ဖြစ် ….အမိန့် ပေးရင်တော့ သွားတိုက်ရမှာပါပဲ …

စစ်သားတွေဟာ …တိုင်းပြည် အပေါ် ….တပ်မတော် အပေါ် သစ္စာမရှိရဘူးလား… အမိန့် နဲ့  တာဝန်ကို ဦးထိပ်ပန်ဆင်ပြီး ....အသက်ပေးသွားကြတဲ့  ….. ခေတ်အဆက်ဆက်က ....တပ်မတော်သားတွေရဲ့ သစ္စာတရားကို …. မလေးစားရဘူးလား …မရိုသေရဘူးလား….

ဒါ ကချင်စစ်နဲ့  ဘာဆိုင်လဲ …ဒါ ပြည်တွင်းစစ် နဲ့  ဘာဆိုင်သလဲ ….

မဆိုင်တဲ့ အပေါက်ကို ဂလိုင်နဲ့  ခေါက်ရင်တော့ …. ခင်ဗျား ဇာတ်ထဲမှာသာ …၀န်ကြီး သွားလုပ်ပါတော့ လို့  … တပ်မတော်သား အားလုံးကိုယ်စား ပြောလိုက်ချင်ပါတာ့တယ်ဟု လူသိရှင်ကြားဝေဖန်ခဲ့သည်။

မည်သို့ပင်ဖြစ်စေ ယခုအချိန်မှာတော့ ၀န်ကြီးဦးအောင်မင်းပြောခဲ့သော စကားအပေါ် တပ်မတော် အသိုင်းအ၀ိုင်းတစ်ခုလုံးမှ ပြင်းထန်စွာ အမျက်ထွက်လျက်ရှိပြီး ထိုစကားအား ၀န်ကြီး ဦးအောင်မင်းအနေဖြင့် အမှန်တကယ်ပြောခဲ့သလား၊ ပြောခဲ့သည်ဆိုလျှင် ၀န်ကြီးအနေဖြင့် ကျဆုံး လေပြီးသော တပ်မတော်သားအပေါင်းနှင့်တကွ တပ်မတော်တစ်ရပ်လုံးအပေါ် ၄င်းစော်ကားခဲ့သော စကား နှင့်ပတ်သက်၍ မည်သို့မည်ပုံ တောင်းပန် ဖြေရှင်းမည်၊ မဖြေရှင်းပဲ ရေငုံနှုတ်ပိတ်နေမည်လား ဆိုသည် ကတော့ အသေအချာ စောင့်ကြည့်ရတော့မည်မှာ အမှန်ပင်ဖြစ်သည်။

ပခုက္ကူမြို့ အစ္စလမ်ဘာသာမှ ဗုဒ္ဓဘာသာသို့ ကူပြောင်းခြင်း အခမ်းအနား ကျင်းပ



16.6.14 နေ့လည် ၁ နာရီ တွင်ပခုက္ကူမြို့ အစ္စလမ် ဘာသာမှ ဗုဒ္ဓဘာသာသို့ ကူပြောင်းခြင်းအခမ်း အနား ပြုလုပ်ကျင်းပ ။


(ဘ)ဦးမောင်မောင် သမီးဖြစ်သူ မခင်မြတ်နိုးလွင် အသက် ၁၉ နှစ် သည် အစ္စလမ်ဘာသာမှ ဗုဒ္ဓဘာသာသို့ လွန်ခဲ့သော 13.6.14 ရက်နေ့က ဗုဒ္ဓ ဘာသာဝင်အဖြစ်သို့ ကူးပြောင်း ကိုးကွယ်လိုပါ ကြောင်း ဆရာတော်များထံ လျှောက်ထားလာခဲ့သဖြင့် မ.ဘ.သ (ဗဟို) ဦးဆောင် ဆရာတော်ကြီးများ ဖြစ်ကြသော ရှင်မတောင်ဆရာတော်ကြီးနှင့် ဗောဓိမဏ္ဍိုင်ဆရာတော်ကြီးတို့မှ ကြီးမှူး၍ ဗုဒ္ဓဘာသာ ကူးပြောင်းခြင်းအခမ်းအနားကို ယနေ့ 16.6.14 နေ့လည် ၁ နာရီ အချိန်တွင်ပခုက္ကူမြို့ ဗောဓိမဏ္ဍိုင် ကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ 

ဗုဒ္ဓဘာသာဝင်များ၏ မိမိအားမိမိကိုး မလုပ်လျှင်မရ၊ မကျင့်လျှင်မရ၊ ကျင့်စဉ်လမ်းကြောင်း ကိုယ်တိုင် ကိုယ်ကျ သိပြီး ဟောဖော်ညွှန်ပြခဲ့သော ဗုဒ္ဓ၊ ဟောကြားခဲ့သော ဒေသနာ ဓမ္မ၊ ထိုတရားဓမ္မများကို လိုက်နာကျင့်သုံး စောင့်ထိန်းတော် မူကြသော ဘိက္ခု သံဃ၊ ကံ နှင့် ကံ၏ အကြောင်းများ ဟောကြားဩဝါဒ ပေးကြပါသည်။

ထို့နောက် သရဏဂုံ ၃ ပါးနှင့်တကွ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဗုဒ္ဓဘာသာဝင်အဖြစ် အာမခံ ကြပါသည်။

မကွေးတိုင်း ဒီချုပ် အတွင်းရေးမှူးကို ဒေသအာဏာပိုင်များ တရားစွဲ

မကွေးမြို့တွင် ဇွန်လ ၉ ရက်က ပြုလုပ်ခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးလူထု ဟောပြောပွဲနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မကွေးတိုင်း အတွင်းရေးမှူးကို ဒေသအာဏာပိုင်များက တရား စွဲဆိုလိုက်ကြောင်း သတင်းရရှိ သည်။


အစိုးရဘက်မှ ခွင့်ပြုချက် မပေးသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် ဟောပြောပွဲ ကျင်းပခဲ့သည်ဆို သည့် စွပ်စွဲချက်ဖြင့် မကွေး NLD ၏ တိုင်းအတွင်းရေးမှူးကို အ ရေးယူ ခဲ့ခြင်းဖြစ်ကြောင်း ဟော ပြောပွဲအပြီးတစ်ပတ်ခန့်အကြာ ဇွန်လ ၁၆ ရက်တွင် ဒေသဆိုင်ရာ အစိုးရ အရာရှိများက အကြောင်း ကြားခဲ့ကြောင်း မကွေးတိုင်းဒီချုပ် အတွင်းရေးမှူး ဦးနေမျိုးကျော်ကပြော သည်။

‘‘မနက်ဖြန် (ဇွန်လ ၁၇) ရက်မှ တရားရုံးလာဖို့ ကျွန်တော့် ကိုအကြောင်းကြားထားတယ်’’ ဟု ဦးနေမျိုးကျော်ကပြောသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လူထုဟော ပြောပွဲကို NLD နှင့် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အ ဖွဲ့အစည်း)က ပူးပေါင်းပြီး မကွေး မြို့ ကန်သာရပ်အေးစေတီကွင်း တွင် ဇွန်လ ၉ ရက်က ကျင်းပခဲ့ ခြင်းဖြစ်သည်။

အဆိုပါဟောပြောပွဲကျင်းပ ခွင့်ရရန် လုပ်ထုံးလုပ်နည်းအ တိုင်း အစိုးရထံ အဆင့်ဆင့် အ ကြောင်းကြား ခဲ့သော်လည်း ခွင့်ပြု ချက်ပေးရန် ငြင်းဆန်ခဲ့ကြောင်း၊ တရားဝင်ဥပဒေကြောင်းအရ ခွင့် ပြုချက်တောင်း ခံခြင်းကို ပယ်ချ ပြီးဟောပြောပွဲမှ အရေးယူခြင်း သည် တရားနည်းလမ်း မကျ ကြောင်း ဦးနေမျိုးကျော်ကပြော ကြားသည်။

‘‘ကျွန်တော့်ပါတီ (NLD) ကိုလည်း အကြောင်းကြားထား တယ်။ တရားဥပဒေကြောင်းအရ ရင်ဆိုင်မှာပါ’’ဟု ဦးနေမျိုးကျော် ကပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်ရေးအတွက် လူထုဟောပြော ပွဲများ ကျင်းပခွင့်ကို မကွေးနှင့် မွန်ပြည်နယ် အစိုးရများက ပိတ်ပင်တားဆီးမှုအများဆုံးဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြစ်တင်ဝေဖန် သည်။

7 Day Daily

မြန်မာနိုင်ငံက ရွေးကောက်ပွဲကော်မရှင်ဟာ ကြားမနေဆုံး ကော်မရှင် လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား



မြန်မာနိုင်ငံက ရွေးကောက်ပွဲကော်မရှင်ဟာ ကမ္ဘာမှာ ကြားမနေဆုံး ကော်မရှင်ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

လေးရက်ကြာ နီပေါနိုင်ငံခရီးစဉ် နောက်ဆုံးနေ့ မြန်မာနိုင်ငံကိုပြန်လည် မထွက်ခွာခင် ခတ္တမန္ဒူ မြို့မှာ သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။


၂ဝဝ၈ အခြေခံဥပဒေပါ ပုဒ်မ ၃၄၆ ပြင်ဆင်ရေး ဆိုင်ရာ လူထုဟောပြောပွဲတွေမှာ တပ်မတော်ကို ထိပါးတဲ့ စကားတွေ မပြောကြား ဖို့ ရွေးကောက်ပွဲ ကော်မရှင်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကို ပြီးခဲ့တဲ့လက အသိပေးစာ ပေးပို့ခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မိမိ အပါအဝင် တခြား နိုင်ငံရေး ပါတီခေါင်းဆောင်တွေ ကို ဒါတွေ မပြောသင့်ဘူး၊ ဟိုဟာတွေပြောသင့်တယ် ဆိုတာမျိုး သတိပေးဖို့ဆိုတာ ရွေးကောက်ပွဲကော်မရှင် ရဲ့အလုပ်မ ဟုတ်ကြောင်း လည်း သတင်းထောက်တွေရဲ့မေးခွန်းကို ပြန်လည်ဖြေ ကြားခဲ့ပါတယ်။

ဒါ့ပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေ အကောင် အထည်ဖော်ရေး ကော်မတီက ပုဒ်မ ၅၉(စ)ကို မပြင်ဖို့ ဆုံးဖြတ် ထားတယ် ဆိုတဲ့ သတင်းတွေ ပေါ်ထွက်နေတာနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ - ဒေါ်အောင်ဆန်း စုကြည်က - ဖွဲ့စည်း ပုံပြင် - မပြင် ဆိုတာနဲ့ သူ့ကိုသမ္မတအဖြစ် ရွေးလို - မရွေးလို ဆိုတာဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒ သဘောထားအပေါ်မှာသာ မူတည်နေကြောင်း ပြောကြားခဲ့ပါတယ်။

ဗုဒ္ဓမွေးဖွားရာ လုမ္ပဏီ ဒေသ နဲ့ ပတ်သက်ပြီးတော့လည်း - ဗုဒ္ဓမြတ်စွာကို အခု နီပေါနိုင်ငံထဲမှာ ပါဝင်နေတဲ့ လုမ္ပဏီ မှာ ဖွားမြင်ခဲ့တယ်လို့ အားလုံးသိကြတယ်၊ ဒါပေမဲ့ သိဒ္ဓတ္ထ မင်းသားဟာ အိန္ဒိယတိုက်ငယ် တခုလုံး ရဲ့ မင်းသားပါ၊ ဗုဒ္ဓကိုယ်တော်တိုင်ကတော့ သူ့ကို အိန္ဒိယတိုင်းသား၊ နီပေါနိုင်ငံသား ဆိုတာမျိုး အခေါ်ခံလိုမယ် မထင်ပါဘူး၊ တကယ်တော့ ဗုဒ္ဓရှင်တော် အပေါ် လူသားအားလုံးက ဂုဏ်ယူသင့်တဲ့၊ မဟာလူသား တစ်ဦး အဖြစ် ရှုမြင်ကြဖို့ကောင်းပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့ပါတယ်။

နီပေါနိုင်ငံကို ၄ ရက်ကြာ ခရီးစဉ်သွားရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ တနင်္လာနေ့ ညနေပိုင်းမှာ ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိလာခဲ့ပါ တယ်။

Credit : RFA Burmese

မင်း ထင် ကို ကို ကြီး ဘာလဲ ၊ ဘယ်လဲ ?



ကျွန်မသာ အစိုးရအဖွဲ့ဝင် တယောက်ယောက် ဖြစ်ခဲ့လျင် ၄င်း documentary အား ပိတ်ပင် သွားပါမည်. မြန်မာပြည်သားမြောက်မြားစွာ မလေးရှားတွင် လူသိရှင်ကြား အလုအယက် ၊ အတိုက်အခိုက် ခံနေရတာတောင် အမှုမှန် ဘယ်တုန်းကမှမပေါ်ပေါက်ခဲ့ပါ. မြန်မာ မိန်းက လေးများ အဓမ္မပြုကျင့်ခံရခြင်း ( ရည်ညွန်း ဂျိုဟိုးမြို့)၊ အကျဉ်းထောင်ထဲတွင် ထောင်ဝန်ထမ်း ရဲများ၏ အနိုင်ကျင့်ခံ ရခြင်း( လတ်တလော သံရုံးတိုင်ထားသောအမှု) စသည် စသည်ဖြစ်ရပ်များတွင် လူ့အခွင့်အရေး တဖွဖွအော်နေသော အဖွဲ့အစည်းသည် မည်သည့်စကားတခွန်း ဟခဲ့ပါသနည်း. ပြည် တွင်းတွင်ဘာမ ဟုတ်သော လုပ်ကြံခြိမ်းခြောက်မှုအား ကာကွယ်ပေးနိုင်ရန်အတွက် အစည်းအဝေးထိုင် ၊ ဟိုကို အကူအညီတောင်း ဒီကို အကူအညီတောင်းရန် စိတ်ကူးမိလျင် ယခုကဲ့သို့ တဖက်သပ်ဆန်သော documentary အား ဖြစ်မြောက်ရန်ပံ့ပိုးကူညီမှုကိုလုပ်ကိုင်ပေးကြသော အနှီအဖွဲ့၏ လူ့အခွင့်အရေး ဆိုသည်အား ချေးစားပြောတောင် ကြိုက်တတ်လို့ ဟု ယူဆပါ၏ ။ ပြည်ပတွင် တစုံတခု ပေါ်ပေါက်ခဲ့သော သင်တို့၏ တာဝန်သာတည်း ။

" သင့်ကြောင့် မလေးရှားတွင် အလုပ်လုပ်နေသော မြန်မာများ မထိခိုက်ပါစေနဲ့ "

From: ခင်ငြိမ်းချမ်း

သမ္မတဖြစ်ရေး ပြည်သူ့ဆန္ဒအပေါ် မူတည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော



၂၀၁၅ မှာ သမ္မတ ဖြစ်လာဖို့ဆိုတာ မြန်မာပြည်သူတွေရဲ့ ဆန္ဒပေါ် မူတည်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆို လိုက်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့နဲ့သက်ဆိုင်တဲ့ ပြည်သူတွေ ရဲ့ဆန္ဒနဲ့၊ သမ္မတအဖြစ် သူတို့ရွေးချယ်ချင်တဲ့ သူတွေနဲ့ဆိုင်တဲ့ ပြည်သူ့ဆန္ဒပေါ် မူတည်နေတာပါလို့ နီပေါနိုင်ငံကို ၄ ရက်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိနေ တဲ့ မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က သူ့ရဲ့ ခရီးစဉ် အဆုံးသတ်တဲ့ ဇွန် ၁၆ ရက်န့မှာ ပြောဆိုလိုက်တာပါ။


သူဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ဖို့ အဲဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရဲ့ ဘယ်အစိတ်အပိုင်းကို မဆို ပြောင်းလဲဖို့ကို ဥပဒေပြုလွှတ်တော် မှ ရွေးကောက်ခံ အမတ် အများစုအတွက် အဖြစ်နိုင်ဆုံး နည်းလမ်းတွေ ရှာဖွေနေတယ် လို့ ဒေါ်အောင် ဆန်းစုကြည် က ပြောပါတယ်။


ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက လွှတ်တော် ကော်မတီတရပ်ကနေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သမ္မတဖြစ်ခွင့် ရအောင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်မှာကို ကန့်ကွက်မဲ ဆန္ဒပြုခဲ့ကြပါတယ်။

အဲဒီဥပဒေဆိုင်ရာ အပိုဒ်ငယ်ကတော့ သမ္မတ သို့မဟုတ် ဒုသမ္မတ ဖြစ်မယ့်သူရဲ့ ဇနီးနဲ့ ခင်ပွန်း သို့မဟုတ် သားသမီးဟာ နိုင်ငံခြားတိုင်းပြည်တွေကို သစ္စာခံသူ မဟုတ်ရဘူး လို့ တားဆီးထားတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နီပေါနိုင်ငံ ခရီးစဉ်အတွင်း ထိပ်တန်း နိုင်ငံရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပြီး၊ နီပေါနိုင်ငံတောင်ပိုင်းမှာ ရှိတဲ့ ဗုဒ္ဓ ဖွားမြင်တော်မူရာ လုမ္ဗိနီဥယျာဉ်ကိုလည်း သွားရောက် ဖူးမြော်ခဲ့ပါတယ်။


photo..NLD Chairperson

ဖွဲ့စည်းပုံပြင်ရေး လမ်းဖွင့်ပေးဖို့ မြန်မာကို အမေရိကန်တိုက်တွန်း



မြန်မာဖွဲ့စည်းပုံပါ သမ္မတရွေးချယ်ပိုင်ခွင့်ကို ကန့်သတ်တဲ့ ပုဒ်မအပါအ၀င် ဒီမိုကရေစီနည်း မကျတဲ့ အချက်တွေကို ပြင်ဆင်ရေးအတွက် လမ်းဖွင့်ပေးသင့်တယ်လို့ အမေရိကန်ပြည်ထောင်စု က ပြောလိုက်ပါတယ်။ သမ္မတဖြစ်မှုကို ကန့်သတ် ထားတဲ့ ပုဒ်မ ၅၉(စ) ကို ပြင်ဆင်ဖို့မလိုဘူးဆိုပြီး ဖွဲ့စည်းပုံပြင်ဆင်ရေး လွှတ်တော်ကော်မတီမှာ ဆုံးဖြတ်ခဲ့ကြတယ်ဆိုတဲ့ သတင်းထွက်ပေါ်လာအပြီး အမေရိကန်ပြည်ထောင်စုရဲ့ အခု တုံ့ပြန်ချက်ထွက်လာတာပါ။ အကြောင်းစုံ ကိုသားညွန့်ဦးက တင်ဆက် ပေးထားပါတယ်။


ဖွဲ့စည်းပုံ ပြင်ဆင်ရေးလုပ်ရမယ်ဆိုတာကို အတိုက်အခံဒီမိုကရေစီအင်အားစုဖက်က တောင်းဆိုခဲ့ကြသလို လက်ရှိသမ္မတဦးသိန်းစိန်နဲ့ အာဏာရကြံ့ခိုင်ရေးပါတီကိုယ်တိုင်ကလည်း ပြင်ဆင်ဖို့လိုအပ်တယ်ဆိုတဲ့ သဘောထားတွေ ပြောဆိုခဲ့ကြတဲ့နောက် ဖွဲ့စည်းပုံပြင်ဆင်ရေး အတွက် ကော်မတီတရပ်ကို လွှတ်တော်က ဖွဲ့စည်းခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့အပတ်တုန်းကတော့ သမ္မတ ရွေးချယ်ခွင့်နဲ့ဆိုင်တဲ့ ပုဒ်မ ၅၉ (စ)ကို ပြင်ဆင်စရာမလိုဘူးဆိုပြီး လွှတ်တော်ကော်မတီဝင်အများစုက သဘောထားပေး ဆုံးဖြတ်ခဲ့ကြတယ်လို့ သတင်းတွေ ထွက်လာပါတယ်။

၅၉(စ)မှာ သမ္မတရွေးချယ်ခံရမယ့်သူဟာ နိုင်ငံခြားသားနဲ့ အိမ်ထောင်ပြုထားသူ၊ သားသမီးနိုင်ငံခြားသား ဖြစ်သူ မဖြစ်စေရဆိုတဲ့ အချက်ဖြစ်ပါတယ်။ ဒါဟာ အတိုက်အခံဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ မဖြစ်နိုင်ဖို့ ဟန့်တားထားတဲ့ ကန့်သတ်ချက်ဖြစ်တယ်လို့ အတိုက်အခံ လှုပ်ရှားသူတွေက ယူဆကြပါတယ်။ ဒါကြောင့်လည်း ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ အခြားအချက်တွေအပြင် ဒီအချက်ကိုလည်း အဓိကပြင်ဆင်ဖို့လိုတယ်ဆိုပြီး တောင်းဆိုလှုပ်ရှားနေကြတာပါ။

အမေရိကန်ပြည်ထောင်စုအနေနဲ့ကတော့ မြန်မာပြည်သူတွေအနေနဲ့ သူတို့လိုလားတဲ့ခေါင်းဆောင်ကို သမ္မတအဖြစ် ရွေးချယ်ပိုင်ခွင့်ရဖို့ ဖွဲ့စည်းပုံပြင်ဆင်ရေး လမ်းဖွင့်ပေးသင့်တယ်လို့ ယူဆတဲ့အကြောင်း နိုင်ငံခြားရေးဌာနပြောခွင့်ရသူရဲ့ တုံ့ပြန်ချက်ကို နိုင်ငံခြားရေးဌာနအရာရှိတဦးက အခုလို ဖတ်ပြပါတယ်။

“ဖွဲ့စည်းပုံပြန်လည်ပြင်ဆင်ရေးဟာ မြန်မာပြည်သူတွေအနေနဲ့ သူတို့ရဲ့သမ္မတဖြစ်သူကို လွတ်လပ်စွာ ရွေးခြယ်ခွင့်ရဖို့၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ တရားမျှတလွတ်လပ်ဖို့၊ လူနည်းစု လူမျိုးတွေရဲ့အခွင့်အရေး ပြဌာန်းဖို့၊ ပြည်ထောင်စုအစိုးရနဲ့ လူနည်းစုလူမျိုးစုဒေသအကြား အပြန်အလှန်ဆက်ဆံရေးသတ်မှတ်ဖို့၊ နိုင်ငံရေးထဲမှာ စစ်တပ်အရာရှိတွေ ပါဝင်နေမှုကို လျှော့ချဖို့အတွက် လမ်းဖွင့်ပေးသင့်တယ်လို့ အမေရိကန် ပြည်ထောင်စုက ယူဆပါတယ်။”

စစ်အစိုးရလက်ထက်မှာ ရေးဆွဲခဲ့တဲ့ ဒီဖွဲ့စည်းပုံထဲမှာ ဒီပုဒ်မ ဟာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ မဖြစ်အောင် ကန့်သတ်မှုကို တမင်ထည့်ထားတာဆိုပြီး လူအတော်များများက ယူဆကြတာပါ။ ၅၉ (စ) ပြင်ဆင်ရေးဟာ သူမ သမ္မတဖြစ်ဖို့သက်သက်မဟုတ်ဘဲနဲ့ ဖွဲ့စည်းပုံထဲမှာ လူတဦးတယောက်ကို သက်သက်ရည်ရွယ်ပြီး ရေးတဲ့ ဖွဲ့စည်းပုံမျိုးမဖြစ်သင့်ဘူး ယူဆတာကြောင့် ဖြစ်တယ်လို့ ဒေါ်အောင် ဆန်းစုကြည်က ပြောခဲ့ဖူးပါတယ်။

ဒါပေမယ့်လည်း ဘာသာရေးနဲ့လူမျိုးရေးပဋိပက္ခတွေဖြစ်လာပြီးတဲ့နောက်ပိုင်းမှာ ဒီဥပဒေပြင်ဆင်ရေး ကိစ္စအပေါ်မှာ သဘောကွဲမှုတွေ အတော်ရှိလာပါတယ်။ နိုင်ငံရေးမှာ နိုင်ငံရပ်ခြားက သြဇာ သက်ရောက်မှုကင်းအောင် ဒီပုဒ်မလိုအပ်တယ်ဆိုပြီးယူဆမှုတွေ တိုးလာသလို၊ လှုံ့ဆော် စည်းရုံးမှုတွေ လည်း ရှိလာပါတယ်။ အမေရိကန်ပြည်ထောင်စုကတော့ ဒီလို ကန့်သတ်မှုတွေကို ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးအတွက် အနှောင်အယှက်ဖြစ်မယ်လို့ ယူဆပုံရပါတယ်။ ဒီမိုကရေစီပြောင်းလဲမှုတွေ ခိုင်မာအားကောင်းဖို့ တာဝန်ရှိသူတွေနဲ့ထိစပ်ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ နိုင်ငံခြားရေး ဌာန ပြောခွင့်ရသူက ပြောပါတယ်။

“လွှတ်တော်က ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီမှာပါတဲ့ အဖွဲ့ဝင်အများစုကနေ ဖွဲ့စည်းပုံပါ ပုဒ်မ ၅၉ (စ)ကို ပြင်ဆင်ချက်ထဲမထည့်ဖို့ ဆုံးဖြတ် မဲပေးခဲ့ကြတယ်ဆိုတာ ကျနော်တို့ သတိပြုမိပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးစီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို ထောက်ခံထားပါတယ်။ ဒါကြောင့် ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရေးကနေ ဒီမိုကရေစီုပြုပြင်ပြောင်းလဲရေးတွေ အားကောင်းခိုင်မာလာဖို့ မြန်မာအစိုးရနဲ့ မပြတ်ထိစပ်ဆွေးနွေးမှုတွေ လုပ်နေပါတယ်။ ဒါကြောင့် ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် နောက်ဆုံးအကြံပြုချက်တွေထွက်လာတဲ့အထိကို ဒီလို ထိစပ်ဆွေးနွေးမှုတွေ ဆက်လုပ်သွားမှာလည်းဖြစ်ပါတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးကို တောင်းဆိုလှုပ်ရှားနေရာမှာတော့ ၊ အခုနောက်ပိုင်း အဓိကအားဖြင့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို အထူးဇောင်းပေးထားပါတယ်။ ဖွဲ့စည်းပုံပါ ဖွဲ့စည်းပုံပြင်ဆင်ရေးအချက်အလက်ဖြစ်ပါတယ်။ ဒါဟာ ဖွဲ့စည်းပုံပြင်ဆင်ရေး အတွက် အဓိက အဟန့်အတားဖြစ်နေတဲ့ ပုဒ်မဖြစ်တယ်လို့ ယူဆပုံရပါတယ်။

ကိုသားညွန့်ဦး / ဗွီအိုအေ (မြန်မာဌာန)

ယာဉ်ထိန်းရဲတွေကို ရော်ဘာတုတ်နဲ့ကျင်စက်တွေ ပေးကိုင်မယ်



ရန်ကုန်က ယာဉ်ထိန်းရဲတွေကို ရော်ဘာတုတ်၊ ကျင်စက်တွေ ပေးကိုင်မယ်လို့ ဒုရဲမှူးကြီး လင်းထွဋ် က ပြောဆိုကြောင်း ကြေးမုံသတင်းစာမှာ တနင်္လာ နေ့က ရေးပါတယ်။


လောလောဆယ်တော့ ကျင်စက် ၁၈ လုံး၊ တုတ် အချောင်း ၂ဝဝ ထုတ်ပေးထားတယ်လို့ သတင်းမှာ ရေးထားပါတယ်။

မြန်မာပြည်ကယာဉ်ထိန်းရဲတွေမှာ ဘာလက်နက်မှ တပ်ဆင်မထားခဲ့တာ ကြာပါပြီ။ တာဝန်ချိန်မှာ တခါတရံ သူတို့ အတိုက်ခိုက်ခံရတတ်ပါတယ်။ ပါးရိုက်ပြီး စော်ကားသွားသူလည်း ရှိပါတယ်။ ဒီလိုဖြစ်ရပ်တွေကြောင့်လည်း ကျင်စက်၊ ရော်ဘာတုတ်တွေ ပေးကိုင်တဲ့အနေအထား ရောက်လာခြင်း ဖြစ်ပါလိမ့်မယ်။ ဇွန် ၁၉ ရက်စွဲတပ် ဈေးကွက်ဂျာနယ်မှာတော့ ယာဉ်ထိန်းရဲအင်အားလည်း တိုးချဲ့မယ်လို့ ရေးထားတာ တွေ့ရမှာပါ။

... ဇူလိုင်လမှာ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် အမျိုးသား၊ အမျိုးသမီး ဦးရေ ၁ဝဝ ကျော် ရရှိလာပါက အဓိက လိုအပ်သည့် မီးပွိုင့်များကို အင်အား ဖြည့်တင်းပေးသွားမည် ဆိုပြီး ဒုရဲမှူးကြီးလင်းထွဋ်ကို ကိုးကား ရေးသားထားပါတယ်။

အဲဒီအရေအတွက်အတိုင်း တိုးချဲ့နိုင်ရင်တော့ ရန်ကုန် လမ်းပိတ်ဆို့မှုတွေ၊ လမ်းစည်းကမ်း ယာဉ်စည်းကမ်း ဖောက်ဖျက်မှုတွေရဲ့ အနေအထား အနည်းငယ် ပြောင်းလဲလာဖွယ်ရှိပါတယ်။

အများပြည်သူအတွက် တပ်ဖွဲ့ဝင်ဦးရေ တိုးချဲ့တာ ကြိုဆိုရပါမယ်။ တာဝန်ချိန်မှာ လိုအပ်ရင် သုံးဖို့ ကျင်စက်၊ နံပတ်တုတ်တွေ ထုတ်ပေးတာလည်း ကောင်းပါတယ်။

တပ်ဖွဲ့ဝင်တိုင်းကို ဒီလို တပ်ဆင်ပေးနိုင်ရင် အကောင်းဆုံးပါပဲ။ ဒါမှ ရန်ပြုလာမယ့်သူတွေကို အနည်းနဲ့ အများ ဟန့်တားနိုင်ပါမယ်။

၂၀၁၃ မတ်လက ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ မြေးဆိုသူက ယာဉ်ထိန်းရဲတဦးကို ရိုက်နှက်တယ် ဆိုတဲ့ သတင်း ထွက်ခဲ့ပါတယ်။ ရေနဲ့ပက်၊ ဒူးထောက်ခိုင်းပြီး ပါးရိုက်တာတွေလည်း လုပ်ခဲ့ တယ်လို့ ဆိုတဲ့ အဲဒီအကြောင်း http://blog.irrawaddy.org/2013/03/blog-post_9360.html မှာ ဖတ်နိုင်ပါတယ်။ 

သို့သော်လည်း အဲဒီလို ထိုးကြိတ်အနိုင်ကျင့်ခြင်းမရှိရပါကြောင်း ဖြေရှင်းစာတစောင်လည်း ထွက်လာ ပါတယ်။ အဲဒီစာအကြောင်း http://blog.irrawaddy.org/2013/10/blog-post_18.html မှာ ဖတ်ပါ။

မိမိကိုနိုင်ငံရေးအရ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ လူကြီးများကလည်း ဤအဖြစ်အပျက်ကို နားလည် သဘောပေါက်ပါကြောင်း စာထဲ ရေးပါတယ်။

၂ဝ၁၂ ဇွန်လက ရန်ကုန်မြို့ တနေရာမှာ တာဝန်ထမ်းဆောင်နေတဲ့ ယာဉ်ထိန်းရဲမေတဦး
(ဓာတ်ပုံ - Steve Tickner / ဧရာဝတီ)

Credit : Here

သန္တိသုခ၊ အလိုတော်ပြည့်ဆရာတော်နဲ့ မြန်မာသံတော်ဆင့်

ဘုန်းကြီးတွေ ကိစ္စ မင်းသား၊ မင်းသမီးတွေနဲ့ နိုင်ငံရေးပါတီတွေ ဝင်ရှုပ်နေတယ်ဆိုတဲ့ သတင်းခေါင်းစဉ်နဲ့ အလိုတော်ပြည့်ဆရာတော်က ပြောတယ်ဆိုပြီး ပြည်တွင်း ထုတ် မြန်မာသံတော်ဆင့် ဂျာနယ်က ဖော်ပြခဲ့မှု အပေါ် အလိုတော်ပြည့်ဆရာတော်က ကြေညာချက် ထုတ်ပြန်ထားမှုဟာ အွန်လိုင်း မှာ အတော် စိတ်ဝင် စားနေကြပါတယ်။



မြန်မာသံတော်ဆင့် ဂျာနယ်ကတော ဒီကိစ္စ တုံ့ပြန်ထားတာ မတွေ့ရသေးပါဘူး။ ဒါပေမယ့် အောက် မှာ ဖော်ပြ ထားတဲ့ သဘောထား ထုတ်ပြန်ချက်ကတော့ အွန်လိုင်းမှာ အတော် ပြောများနေပါတယ်။



Credit : Here

PR စနစ် ကျင့်သုံးဖို့ ကြံ့ခိုင်ရေးပါတီ ဘာကြောင့် ထောက်ခံလာတာလဲ


 နိုင်ငံရေး, PR, ရွေးကောက်ပွဲ, ကြံ့ခိုင်ရေးပါတီ, လွှတ်တော်

မကြာခင် ကျင်းပတော့မယ် ၂၀၁၅ ရွေးကောက်ပွဲ အတွက် အမျိုးသား လွှတ်တော်အတွက် လွှတ်တော် ကိုယ်စားလှယ်တွေ ရွေးချယ်ရာမှာ လက်ရှိကျင့်သုံး နေတဲ့ နိုင်သူအကုန်ယူစနစ် မဟုတ်ဘဲ ရရှိထားတဲ့ မဲအရေအတွက်အပေါ် မူတည်ပြီးတော့ အချိုးကျ ကိုယ်စားလှယ် ရွေးချယ်တဲ့စနစ်ကို ကျင့်သုံးဖို့ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) ရဲ့ ထောက်ခံမှု တွေနဲ့ လွှတ်တော်မှာ အတည်ပြုလိုက်ပါပြီ။


၂၀၁၄ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့ အမျိုးသားလွှတ်တော်မှာ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်ရဲ့ ရွေးကောက်ပွဲမှာ PR စနစ် အသုံးပြုရေးအဆိုကို ကြံ့ခိုင်ရေးပါတီရဲ့ အပြတ်အသတ် ထောက်ခံမှုနဲ့ အတည်ပြုခဲ့ တာဖြစ်ပါတယ်။

ပထမ ၂၀၁၃ နှစ်ဆန်းပိုင်းမှာ နိုင်ငံရေးပါတီတချို့က အချိုးကျ ကိုယ်စားပြုစနစ် (Proportional Representative – PR) စနစ်ကို တင်သွင်းတဲ့အခါမှာ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ဒီ PR စနစ်ကို ကျင့်သုံးမယ်ဆိုရင် ဒီမိုကရေစီစနစ် ကျင့်သားမရသေးတဲ့ နိုင်ငံအတွက် အခက်အခဲတွေရှိပြီးတော့ တကယ်လို့ အကောင်အထည် ဖော်မယ်ဆိုရင် ၂၀၁၃ ခုနှစ် မတိုင်ခင်မှ လုပ်ဆောင်ပေးဖို့ တောင်းဆိုခဲ့တယ်။

သူ့မှာ PR စနစ် ကျင့်သုံးဖို့အတွက် ပြင်ဆင်ဖို့ အချိန်လိုအပ်ပြီး သူ့ဝန်ထမ်းတွေကိုလည်း သင်တန်းတွေ ပေးဖို့ လိုသေးတယ်လို့ အကြောင်းပြခဲ့ပါတယ်။ အဲဒီလိုနဲ့ ၂၀၁၃ ခုနှစ်ထဲမှာ PR စနစ် မလုပ်တော့တဲ့အတွက် ရွေးကောက်ပွဲတွေမှာ PR စနစ်ကျင့်သုံးဖို့ မဖြစ်နိုင်တော့ဘူးလို့ အများစု ထင်နေကြတဲ့အချိန် ၂၀၁၄ ခုနှစ် ဇွန်လထဲရောက်မှ PR စနစ်ကို အမျိုးသားလွှတ်တော်မှာ စတင်ကျင့်သုံးဖို့ သဘောတူလိုက်ကြပါတယ်။

ဘာလို့ အခုချိန်ရောက်မှ PR စနစ် ကျင့်သုံးဖို့ တကျော့ပြန်ရတာလဲဆိုရင် ၂၀၁၅ ရွေးကောက်ပွဲမှာ သူတို့ကိုယ် သူတို့ ရှုံးမယ်လို့ ထင်တဲ့သူတွေက ဒီစနစ်ကို ကျင့်သုံးဖို့ ပြင်ဆင်လာလို့ ဖြစ်တယ်လို့ နိုင်ငံရေးအသိုင်း အ၀ိုင်းက သုံးသပ်ပါတယ်။

“အဓိက PR စနစ်ကို လုပ်တာကတော့ NLD က Landslide အနိုင် မရရေးပဲ။ မဲတွေ အားလုံး သိမ်းကျုံးယူသွားမှာကို သူတို့ သိပ်ကြောက်နေကြတယ်။ ၂၀၁၅ မှာ အခြေအနေ မကောင်းတဲ့ ပါတီတွေ PR ကို ၀ိုင်းထောက်ခံကြတာ ပိုသိသာပါတယ်” လို့ ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းညွှန့်လွင်က သုံးသပ်ပါတယ်။

ဒီလို ကိစ္စတွေ အားလုံး ဖြစ်လာရတဲ့ အကြောင်းရင်းကတော့ ၂၀၁၅ ရွေးကောက်ပွဲမှာ NLD ပါတီ မဲအပြတ်အသတ် နိုင်မှာစိုးလို့ရယ်၊ NLD က ရွေးချယ်တင်မြှောက်လိုက်သူ တဦး သမ္မတ ဖြစ်လာမှာ စိုးလို့ ဖြစ်တယ်လို့ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းက ပြောပါတယ်။

“အရေးကြီးတာက ၂၀၁၅ အလွန်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က တယောက်ယောက် သမ္မတ မဖြစ်ဖို့ပဲ ။ သူတို့ဘက်က အဲဒီလို စဉ်စားတဲ့အခါကျတော့ ၅၉ (စ) ကိုလည်း ပြင်ပေးမှာ မဟုတ်ဘူး။ ၄၃၆ ပြင်ဆင်ရေးကိုလည်း ထောက်ခံမှာ မဟုတ်ဘူး။ အဲဒီအချိန်မှာ PR စနစ်ကိုလည်း ပြဋ္ဌာန်းလာတယ်။ ဒါတွေ အားလုံး လုပ်တာတွေဟာ ၂၀၁၅ အလွန် လွှတ်တော်နဲ့ အစိုးရမှာ NLD ပါတီက အများစု မဖြစ်ရေး၊ NLD ပါတီက သမ္မတ မဖြစ်ရေး၊ NLD ပါတီက အစိုးရ မဖွဲ့နိုင်ရေးပဲ” လို့ ဒေါက်တာ ရန်မျိုးသိမ်းက သုံးသပ်ပါတယ်။

ဒီလို ပြောဆိုချက်တွေ အားလုံးကို ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းညွှန့်လွင်ကလည်း သဘောတူပါတယ်။

သူ့အဆိုအရ NLD ပါတီဟာ ၂၀၁၂ ကြားဖြတ် ရွှေးကောက်ပွဲမှာ မဲအများစု ရလိုက်တာအခါ လက်ရှိ အာဏာရထားတဲ့သူတွေ လုံးဝ ထိတ်လန့်ကုန်ကြတယ်။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတုန်းကလည်း NLD က တနိုင်ငံလုံးမှာ မဲ ၈၃ ရာခိုင်နှုန်းကျော်နဲ့ Landslide နိုင်ခဲ့တယ်။ အခု ၂၀၁၅ ရွေးကောက်ပွဲမှာလည်း NLD က မဲအပြတ်အသတ်နိုင်ဖို့ များတဲ့အတွက် နည်းလမ်းမျိုးစုံ အသုံးပြုလာတာ ဖြစ်တယ်လို့ သုံးသပ်ပါတယ်။

မဲအချိုးကျ ကိုယ်စားပြု (PR) စနစ် ဆိုတာကတော့ မဲဆန္ဒနယ်တခုမှာ မဲအများဆုံး ရရှိတဲ့သူက အနိုင်ရရှိတဲ့ ပုံစံမဟုတ်တော့ဘဲ ထောက်ခံမဲ အချိုးကျအပေါ်မှာ မူတည်ပြီးတော့ လွှတ်တော် ကိုယ်စားလှယ် နေရာ ရရှိတဲ့ပုံစံ ဖြစ်ပါတယ်။

အရမ်းအရေးကြီးတဲ့ ရွေးကောက်ပွဲမှာ မဲပေးရမယ့် စနစ်တခုကို အမျိုးသား လွှတ်တော်မှာ ၇ ရက်အတွင်း အာဏာရ ကြံ့ခိုင်ရေးပါတီရဲ့ ထောက်ခံချက်နဲ့ အတည်ပြုလိုက်ပါတယ်။ ဒီနေရာမှာ တပ်မတော်ကတော့ PR စနစ်ကို မထောက်ခံဘဲ ဒီမိုကရေစီ အကူးအပြောင်းကာလမှာ ကျင့်သုံးဖို့ စောသေးတယ်ဆိုပြီး ကန့်ကွက်ပါတယ်။

အတိုက်အခံ အင်အားကြီး ပါတီဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရခိုင်အမျိုးသား ပါတီနဲ့ ပါတီတချို့က ကန့်ကွက်ကြပေမယ့် လွှတ်တော်ကို ကြီးစိုးထားတဲ့ အာဏာရ ကြံ့ခိုင်ရေးပါတီကို မယှဉ်နိုင်ကြပါဘူး။

တပ်မတော်က PR ကို မထောက်ခံပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်ခွင့်မရအောင် ပိတ်ပင်ထားတဲ့ ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေးကိုတော့ ကန့်ကွက်ပါတယ်။ ကြံ့ခိုင်ရေး ပါတီကတော့ PR စနစ်ကို ထောက်ခံသလို ၅၉ (စ) ပြင်ဆင်ရေးကိုလည်း ကန့်ကွက်တဲ့အတွက် အဲဒီအဖွဲ့အစည်းနှစ်ခုမှာ မတူညီတဲ့ အကျိုးစီးပွားတွေ ရှိတယ်ဆိုတာ မြင်နိုင်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲ နီးလာတဲ့အခါ လူထုထောက်ခံမှု ရရှိထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မဲဆွယ်ခွင့် လွတ်လွတ်လပ်လပ် လုပ်လို့မရအောင် မဲဆွယ်ခွင့်ကာလ တလ သတ်မှတ်တာ၊ ကိုယ့်မဲဆန္ဒနယ်မှာ ပြိုင်မယ့်သူက ကိုယ့်ဖာသာ စည်းရုံးဖို့ သတ်မှတ်တာမျိုးတွေနဲ့ ရွေးကောက်ပွဲကော်မရှင်က စလုပ်ပါတယ်။

ပြီးတော့ နိုင်ငံရေးပါတီတွေကို အခွန်လွတ် ကားတွေနဲ့ မြေနေရာတွေ ထုတ်ပေးဖို့ လုပ်တာ၊ မျိုးစောင့် ဥပဒေတွေ ပြဋ္ဌာန်းဖို့လုပ်တာနဲ့ အခုနောက်ဆုံး PR စနစ် လုပ်ဆောင်လာတာတွေဟာ လုံးဝ မရိုးသားဘူးလို့ နိုင်ငံရေး အသိုင်းအ၀ိုင်းက သုံးသပ်လာပါတယ်။

အခုလို ၂၀၁၄ ခုနှစ် ထဲရောက်လာမှ ပေါ်လာတဲ့ ဒီ PR စနစ်ကို စနိုင်ဖို့က အဆင့်တွေ အများကြီး ရှိပါသေးတယ်။ အမျိုးသားလွှတ်တော်က အတည်ပြုလိုက်တဲ့ အတွက် ပြည်သူ့လွှတ်တော်မှာ အတည်ပြုဖို့ လိုသလို ပြည်ထောင်စု လွှတ်တော်ကလည်း အတည်ပြုရမှာပါ။ အဲဒါတွေပြီးရင် ရွေးကောက်ပွဲကော်မရှင်က လုပ်ထုံးလုပ်နည်းတွေ နည်းဥပဒေတွေ ဆွဲရဦးမှာဆိုတော့ တော်တော်နဲ့ အကောင်အထည် ဖော်နိုင်ဖို့ မလွယ်သေးပါဘူး။

အခုတော့ အမျိုးသား လွှတ်တော်မှာ PR ကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးတဲ့သူတွေ အားလုံးကို အချိုးကျ ကိုယ်စားပြုစနစ် ကော်မရှင်ဆိုပြီး ဖွဲ့ဖို့လုပ်တဲ့အခါ အတိုက်အခံ NLD ပါတီက ကိုယ်စားလှယ်တွေက မပါဘူးဆိုပြီး နုတ်ထွက်လိုက်ကြပါပြီ။

“PR စနစ်နဲ့ ပတ်သက်ပြီး ကန့်ကွက်တာ၊ ထောက်ခံတာတွေ လုပ်ကြပေမယ့် ဘယ်ကိုယ်စားလှယ်ကမှ အားသာချက် ၊ အားနည်းချက်တွေကို ပီပီပြင်ပြင် မပြောနိုင်ကြဘူးလို့ လွှတ်တော် ဥက္ကဋ္ဌကြီးက သုံးသပ်တယ်။ အဲဒီလို တိတိကျကျ ထောက်ပြတဲ့သူ မရှိတဲ့အတွက် ကော်မရှင်ဖွဲ့ပြီးရင် ကန့်ကွက်တဲ့သူတွေက သေသေချာချာ ၀င်ဆွေးနွေးကြပါလို့ ပြောတယ်။ အခုက ကန့်ကွက်တဲ့သူတချို့က ကော်မရှင်မှာတောင် မပါဘူး လုပ်နေတယ်” လို့ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ရဲ့ပြောဆိုချက်ကို လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြန်လည် ရှင်းပြခဲ့ပါတယ်။

၂၀၁၂ ခုနှစ်အတွင်းက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပထမအကြိမ် ပြည်လုံးကျွတ် ညီလာခံသို့ လာရောက်နှုတ်ဆက်သော သမ္မတ ဦးသိန်းစိန် (ဓာတ်ပုံ – ကောင်းညီဟန် / ဧရာဝတီ)

Credit : Here

မီဒီယာကျင့်ဝတ်ထိန်းသိမ်းပါ သိက္ခာရှိရှိရေးပါ

ယနေ့ ခေတ်စားလျက်ရှိသည့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကိစ္စနှင့်ပတ်သက်၍ ပြင်ရေးမပြင်ရေးဆိုပြီး ကျယ်ပြန့်စွာ လုပ်ဆောင်နေကြသည်ကို အားလုံးအသိပင်ဖြစ်သည်။

၎င်းကိစ္စနှင့်ပတ်သက်၍ ပြင်မည့်ဘက်မှ လော်ဘီလုပ်သူများလည်း Online တွင် များစွာတွေ့ရှိနေရသည်။ ပြင်ဆင်လိုသည့်အတွက် လော်ဘီလုပ်သည်ကို အထူးပြောစရာ မရှိသော်လည်း မိမိတို့အကြံအစည် အောင်မြင် ရေးအတွက် မသက်ဆိုင်သူများကို စွပ်စွဲ ပုတ်ခတ် ရေးသားလာကြသည်ကိုတော့ လက်ခံနိုင်စရာမရှိပါ။

ဆိုလိုသည်မှာ တောင်သာနယ်တွင် ၄၃၆ ပြင်ဆင်ရေးအတွက် လက်မှတ် တစ်ခုမှမရစေရဆိုပြီး ဦးအောင်သောင်းက တားဆီးထားသည်ဟု သရုပ်ဖော်ပုံဖြင့် ဖော်ပြ ထားသည်ကိုတွေ့ရှိရသည်။ ဤစကား မည်သူ့ကိုပြောသလဲ? မည်သည့်နေရာတွင်ပြောသလဲ? မီဒီယာနှင့်အင်တာဗျူး တွင်ပြောတာလား စသည်ဖြင့် ကွဲကွဲပြားပြားဖော်ပြမထားပါ။ လူတစ်ဦးတစ်ယောက်ကို မိမိ Popular ဖြစ်ရေးအတွက် အထောက်အထားမဲ့၊ ခန့်မှန်းစွပ်စွဲ ပြောဆိုရေးသားခြင်းသည် လွန်စွာအောက်တန်းကျသော လုပ်ရပ်ဖြစ်သည်။ ပုဂ္ဂိုလ်ရေးမုန်းတီးမှုဖြင့် ဂုဏ်သိက္ခာထိခိုက် သည်အထိ ထင်ကြေးဖြင့်မှန်းဆပြောဆိုခြင်းသည် မီဒီယာကျင့်ဝတ်နှင့်မညီသည့်အပြင် မီဒီယာ အပေါ် ပြည်သူ၏ယုံကြည်အားကိုးမှုလည်း ကျဆင်းသွား ပါမည်။

ဦးအောင်သောင်းအနေဖြင့် တောင်သာနယ်သို့မရောက်ဖြစ်ခဲ့သည်မှာ လအတန်ကြာခဲ့ပြီဖြစ် သည်။ ၄၃၆ နှင့် ပတ်သက်ပြီး မည်သည့်ဝေဖန်ချက်မျှမပေးခဲ့ဘူးသလို မည်သူ့ကိုမျှ တားဆီး ပိတ်ပင်ခဲ့ခြင်းလည်းမရှိပါ။ လွှတ်တော်ရေးရာကိစ္စများ၊ ပါတီ အရေးကိစ္စများကိုသာ ဦးစားပေးဆောင်ရွက်လျက်ရှိသည်။ အခြား ကိစ္စများ အတွက် အချိန်ပေး ရန်မရှိပါ။

အထက်တွင်ဖော်ပြခဲ့ပြီးသလို လူတစ်ဦး၏ဂုဏ်သိက္ခာထိခိုက်စေရန်၊ လူထုယုံကြည်မှုကျ ဆင်းစေရန်၊ အချင်းချင်း သံသယဖြစ်ပွားစေရန် တမင်ရည်ရွယ်၍ အထောက်အထားမဲ့ဝေဖန် တိုက်ခိုက်ခြင်းသည် လူသားမဆန်သောလုပ်ရပ်သာဖြစ်၍ နောက်နောင် ဤကဲ့သို့မပြုလုပ်ရန် သတိပေးတားမြစ်သည်။ ဖြစ်ရပ်မှန် သိလိုပါက ကာယကံရှင်နှင့် အချိန်မရွေးဆက် သွယ်မေးမြန်းနိုင်ကြောင်း ဖော်ပြပါသည်။

မန္တလေး (၂၉)လမ်းကို ကတ္တရာခင်းပေးစေချင် (ပေးစာ)

မန္တလေးမြို ၇၀x၇၁ ကြား ၂၉ လမ်းဟာ မြို့လယ်ခေါင်က ကတ္တရာ လမ်းမဟုတ်တဲ့ ကျောက်လမ်းတို လေးပါ။ ဒီလမ်းက ဗထူးအားကစားကွင်းနဲ့ နန်းတော်ဆေးရုံကြီး နှစ်ခုကြားမှာပါ။ နန်းတော်ဆေးရုံ့ကို လာကြတဲံ့ ကားများဟာ လမ်းအနောက်ထိပ်က စပြီး လမ်းပြအလယ်လောက်အ ထိ အမြဲတမ်း ပိတ်ဆို့ရပ်တန့်ထားပါတယ်။ ဒီအတွက် ၂၉ လမ်း အ၀င်အထွက် လုပ်နေကြရတဲံ့ ယာဉ် များ ဆိုင်ကယ်များ လူများ အခက်အခဲတွေ့နေကြရပါတယ်။ ပိုဆိုးတာက လမ်းအနောက်ထိပ် နန်းတော်ဆေးရုံကားများကြောင့် လမ်း ၇၀ ကို ဖြတ်ရတာ အင်မ တန် အန္တရာယ် များလှပါတယ်။ါကြောင့် တာဝန်ရျှိ လူကြီးမင်းများအနေနဲ့ လိုအပ်သလို စီစဉ်ဆောင်ရွက်ပေး ပါရန်နှင့် ၄င်း ၂၉ လမ်း လမ်းတို (တစ်ပြ) လမ်းကို ကတ္တရာလမ်း ခင်းပေးပါရန် တင်ပြအပ်ပါသည်။ ၄င်းကဲ့သို့ ကတ္တရာလမ်းခင်းလိုက်ပါ စည်းကမ်းမဲ့စွာ မော်တော်ယာဉ်များ ရပ်နားခြင်း မရှိနိုင်တော့မှာ ဖြစ်တဲံ့ အတွက် အန္တရာယ်ကင်းစွာ ဖြတ်သန်းသွားလာနိုင်မှာဖြစ်ပါတယ်။

၂၉ လမ်း ပြည်သူတဦး

ဒီနေရာကပါ။