Thursday, June 5, 2014

ဗိုလ်စိန်မှန် အောင်ပင်လယ်နှင့်ဘယ်ဝယ်ဘယ်ဆီ ဒီမိုကရေစီ


ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်က အင်အား ငါးသိန်းလောက်ရှိတယ် ဆိုတဲ့စစ် တပ်ကြီးကို စိန် ခေါ် လိုက်တဲ့အခါ အစွန်းရောက်ဒီမိုကရေစီ သမား တွေ က သောင်းသောင်း ဖျဖျ သြဘာပေးကြတယ်။ ချင့်ချိန်စဉ်းစားသူတွေက စိုးရိမ်တဲ့လေ သံထွက် လာတော့ ဒီမိုကရေစီ မလိုလားသူတွေလို့ ဝိုင်းအော် ကြ ပြန်တယ်။


တကယ်တော့ ဒေါ်အောင်ဆန်းဆုကြည် ဟာ ဖခင်ဗိုလ်ချုပ်အောင်ဆန်းလောက် ကံမကောင်း ရှာပါဘူး။ဗိုလ်ချုပ်အောင်ဆန်းဟာ သူ့ ရဲ့ ပင်ကိုယ်ထက်မြက်မှုအပေါ် မှာ ဘေးက၀န်းရံသူတွေရဲ့ စွမ်း ရည်ပြည့်ဝမှုတွေကြောင့် ပိုမိုတောက်ပ ခဲ့ရပါတယ်။ ထင်ရှားတဲ့ဖြစ်ရပ်တွေထဲက ဥပမာ ပြရရင် ၁၉၄၃ခုနှစ်လောက်က ဗိုလ်ချုပ်အောင်ဆန်း က ဂျပန်ကို တော်လှန်ချင်ချိန်မှာ ဘေးက ၀န်းရံသူတွေက အချိန်မတန်ေ သးေ ကြာင်းအ ကြံညဏ်ေ ပ;နိင်ခဲ့ လို့ ဂျပန်ကျဆုံးမယ့် အချိန်မှတော်လှန်ခဲ့တဲ့အတွက် မိမိအဆုံးအရှုံးနဲ စွာနဲ့ အောင်မြင်ခဲ့ရတယ်။အင်္ဂလိပ်ဆီက တစ်နှစ်အတွင်း လုံးဝလွတ်လပ်ရေး ပေး ရမယ်လို့ အရေးဆို ရမယ့်ကိစ္စပြောသင့်မပြောသင့် တွေဝေနေချိန်မှာ ဘေးက ၀န်းရံသူတွေက ပြတ်ပြတ်သားသား တောင်း ဆိုဖို့ အကြံကောင်း ပေးနိင်ခဲ့ကြတယ်။ဒေါ်အောင်ဆန်းစုကြည်မှာတော့ ဒီလိုမရှိရှာဘဲ အားလုံးက ဒေါ်စု အဆုံးအဖြတ်အတိုင်းပဲ လို့  သူ့ ခေါင်းပေါ်ပဲ ပစ်တင်ပေးနေကြတော့ တစ်ဦးတည်း အာဏာယူထားရတဲ့ ဒီမိုကရေစီခေါင်းဆောင် ဖြစ်လါပါတယ်။ ဦးဝင်းတင်လို ဝေဖန် ထောက်ပြပေးမယ့်သူ မရှိတဲ့အခါ အမှားအယွင်းတွေ ဖြစ်လာဖို့ ပိုနီးစပ်လာပါတော့တယ်။

စစ်တပ်ကို စိန်ခေါ် တယ် ဆိုတဲ့စကားဟာ အဓိပါယ် မျိုးစုံပါတယ်။ ဘယ်လိုရည်ရွယ်ချက်နဲ့  ပြောတယ်ဆိုတာ ကာယကံရှင်ပဲ သိမှာဖြစ်ပေမယ့် သေချာတာကတော့ စစ်တပ်ရဲ့ ထောက်ခံမှုရရှိဖို့  ပိုဝေးသွားတာကတော့သေချာပါတယ်။အမှန်တရားက မည်သို့ ရှိစေ အရှိတရားကတော့ ဒီမိုကရေစီ လမ်းကြောင်းမှာ စစ်တပ်မပါဘဲ မရနိင်ဘူးဆိုတာ ခေါင်းဆောင်တဲ့သူတွေ အသိရှိသင့်ပါတယ်။သာမန် လူထုကြိုက် စစ်တပ်ကိုတိုက်ခိုက်ရင် လူထုထောက်ခံမှု ပိုရအောင်ပါတီအတွက် မဲဆွယ် စည်းရုံးတယ် ဆိုရင်တော့ ပြသနာမရှိပေမယ့် တကယ့် ဒီမိုကရေစီရအောင် လုပ်မယ့်ကိစ္စအတွက်တော့ အနှောင့်အယှက်တွေ အများကြီး ဖြစ်လာနိင်ပါတယ်။စိန်ခေါ်တယ်ဆိုတဲ့စကား အစား အခြားရင်ကြား စေ့ စည်းရုံးနိင်တဲ့ ဗမာစကားတွေ အများကြီးရှိပါတယ်။တပ်မတော် ၊တပ်မတော် လို့  အားလုံးသိမ်း ကြုံးပြောနေခြင်းကလည်း တပ်မတော်သား အားလုံးရဲ့ အမြင်မကြည်လင်မှုကို ပိုဖြစ်စေမှာဖြစ်ပါတယ်။ တကယ်တော့ အာဏာပိုင် စစ်ဗိုလ်ချုပ်ကြီး များနဲ့ သာမန်အရာရှိငယ်၊စစ်သည်တွေကို ခွဲခြားပြောသင့် ပါတယ်။စစ်တပ်ရဲ့ သဘာဝ ကို က ခေါင်းဆောင်လုပ်တဲ့သူက လက်အောက်ရဲ့ အသက်ကိုတာဝန်ယူ လုပ်ဆောင်ရတဲ့ လုပ်ငန်းဖြစ်လို့ အဓိက အဆုံးအဖြတ်ဟာ စစ်ခေါင်းဆောင်တွေ ဖြစ်ပါတယ်။လက် အောက်အရာရှိငယ် စစ်သည်တွေကိုပါရောပြီး တပ်မတော်၊ တပ်မတော်လို့ အားလုံးသိမ်းကြုံး ပြော နေသမျှတော့ လူ့ အခွင့်အရေးမှန် သမျှဆုံးရှုံးနစ်နာ ၊သာမန်လူထု မလုပ်နိင်တဲ့ ဆင်းရဲဒုက္ခတွေနဲ့  ၂၄နာရီ တာဝန်ထမ်းဆောင် အသက်စွန့် လုပ်ကိုင်နေရတဲ့ အရာရှိငယ် စစ်သည်တွေ ဟာ အခွင့် ထူး ခံလို့ စွပ်စွဲ ခံရတော့ ပြောတဲ့သူ အပေါ် ဘယ်လိုသဘောထား မယ်ဆိုတာ ရှင်းနေပါတယ်။

လက်ရှိတပ်မတော်ဟာ ယခင် စစ်အစိုးရအမှားအယွင်းတွေကို သိမြင် ထားလို့ နိင်ငံရေးက နေ သိက္ခာရှိရှိ ပြန်ခွာစစ်ဆင်နေတာကို တော့ ထွက်ပေါက်ပေးရမှာ ဖြစ်ပါတယ်။မဟောင်တဲ့ ခွေးလို့  ပဲပြောပြော ၊သရဖူမဆောင်းတဲ့ဘုရင်လို့ ပဲပြောပြော ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေအရ လုပ်ပိုင်ခွင့် အပြည့်အ၀ ရထားပေမယ့် နိင်ငံရေးကိစ္စတွေမှာ ဘာမှဝင်ရောက် လွှမ်းမိုးတာမရှိသေးပါဘူး။ယခင် စစ်အစိုးရလက်ထက် သိမ်းထားတဲ့ မြေတွေ ပြန်လည်ပေးအပ်ခြင်းနယ် ဘက်အုပ်ချုပ်ရေးကိစ္စတွေမှာ ၀င်ရောက်မစွက်ဖက်ခြင်း တို့ ကို တွေ့ မြင်ရပါတယ်။ အခြေခံဥပဒေပြင်ဖို့ ကိစ္စမှာလည်းဥပဒေနဲ့ အညီ ပြင်ဆင်ဖို့ သဘောတူ ထားပြီးဖြစ်ပါတယ်။ဒီလိုအချိန်မှာ ရင်ကြားစေ့ရေးအတွက် ဆိုပြီး တပ်မတော်ကို နည်းမျိုးစုံ ပုတ်ခတ်ပြီး စိန်ခေါ်လိုက်တာကတော့ သာမန်လူ ထုနဲ့ အစွန်းရောက်ဒီ မိုကရေစီ တွေ က ၀မ်းသာအားရ လက်ခုပ်တီးကြမှာဖြစ်ပေမယ့် စစ်တပ်မပါဘဲ ဘယ်လိုမှ ဒီမိုကရေစီမရနိင်တဲ့ ပကတိ အရှိတရားမှာ စိန်ခေါ်တယ် ဆိုတဲ့ရဲရဲတောက် စကားတစ်ခွန်းကြောင့် အများကြီး နှောင့်နှေးမှုတွေ ဖြစ်လာနိင်ပါတယ်။

ဒီမိုကရေစီခေါင်းဆောင်ဆိုသူတွေဟာ တိုက်ရဲတာ သတ္တိ မဟုတ်၊အောင်ပွဲ ကို ရအောင်ယူ ပေးနိင်တဲ့ နှလုံးရည်သတ္တိ ကမှ တကယ့် သတ္တိ ဆိုတာ ရှင်းရှင်း လင်းလင်း မြင်ထားဖို့ တော့လို ပါတယ်။၁၉၈၈ မြန်မာပြည်က ပထမဆုံး စတင်ခဲ့တဲ့ ဒီမိုကရေစီ လှုပ်ရှားမှုကတကမ္ဘာလုံးပြန့် နှံ့ ခဲ့ပြီး အောင်ပွဲ အလီလီရပြီးကြချိန်မှာ အရင်ဆုံး စခဲ့တဲ့ တိုင်းပြည်က ခုချိန်ထိ မရသေးတာ ဘာကြောင့်လဲ ဆိုတာ ခေါင်းဆောင်လုပ် သူတွေ သေသေချာချာ စဉ်းစားသုံးသပ်သင့်ပါပြီ။အခြေခံဥပဒေပြင်ဖို့  ဖိအားပေး တဲ့အနေနဲ့ လူထု ဟောပြောပွဲ တွေနဲ့ စည်းရုံးလှုပ်ရှားတာ ရည်ရွယ် ချက်ကောင်းပေမယ့် နူတ်ကြောင့်သေ လက်ကြောင့်ကြေ ဆိုသလို မဖြစ်ဖို့ တော့လိုပါတယ်။ဒီမိုကရေစီ လမ်းကြောင်းပေါ် လေးဘက်သွားစ သွားနေရတဲ့ အခုအချိန်မျိုးမှာ ဗိုလ်စိန်မှန် အောင်ပင်လယ် ဟောပြောပွဲ ကနေ ဘယ်ဝယ်ဘယ်ဆီ ဒီမိုကရေစီ မဖြစ်ပါစေနဲ့ လို့ သာဆုတောင်းလိုက်ရပါတော့တယ်။ ။

ဦးသောင်းအေး
(၃.၆.၂၀၁၄)

PR စနစ်ကို ကြောက်သူများ၏ ဆင်ခြေ..... (သို့) တရားမျှတမှုလား ငါ့ပါတီအတွက်လား



မဲပေးပိုင်ခွင့် ရှိတဲ့ ပြည်သူတွေရဲ့ ဆန္ဒမဲတွေ အလ ဟဿ မဖြစ်စေမယ့် PR စနစ်ကို အသက်သွင်း မယ့်အပေါ် အဓိက အသံတွေ တော်တော် များများ ထွက်လာကြတယ်...... အထူးသဖြင့် ပြည်သူ့ ဆန္ဒကို တန်ဖိုးထားပါဆိုပြီး ပြောခဲ့ ဆိုခဲ့ကြသူ တွေက PR စနစ်ကို တူးတူးခါးခါး ဆန့်ကျင်နေ ကြတာ တွေ့ရတာ အတော် အံ့သြသွားတယ်........ အထူးသဖြင့် NLD ပါတီဘက်က လူတွေရဲ့ အသံက အတော်လေး ကျယ်လောက်တာကို တွေ့ရ တယ်......


အခုလက်ရှိမှာတော့ PR စနစ်ကို တူးတူးခါးခါးဖြစ်ပြီး အပြစ်ပြောလာကြတာ တွေ့ရတယ်...... လက်ရှိ ရခိုင်မှာ White Card ကိုင်ဆောင်သူတွေက ဆန္ဒမဲ ပေးပိုင်ခွင့် ဆက်ရှိနေတာရယ်၊ အဲ့ဒိ လူဦးရေဟာ ရခိုင်လူမျိုးတွေထက် များပြားတာကြောင့် ဒေါက်တာအေးမောင်တို့အနေနဲ့ PR စနစ်ကို ကန့်ကွက်နေရခြင်းပါပဲ...... ဒီအတွက်က နိုင်ငံတကာမှာ မရှိတဲ့ White Card တွေ မဲပေးပိုင်ခွင့်ကို ဖျက်သိမ်းလိုက်ရုံပါပဲ.......

နောက်တစ်ချက်ကတော့ PR စနစ်မှာ ခေတ်နောက်ပြန် ရှေးရိုးစွဲသူများ၊ ဘာသာရေး အစွန်းရောက်သူများ၊ လူမျိုးရေး အစွန်းရောက်သူများ နေရာဝင်ယူသွားမယ်လို့ ဆိုတယ်...... လွှတ်တော် အမတ်တစ်ယောက်ဟာ ပြည်သူလူထု ထောက်ခံမှုမရှိရင် လွှတ်တော်ထဲကို မရောက်နိုင်ပါဘူး....... PR စနစ်အရလည်း လွှတ်တော်ထဲကို အလုံးအရင်းနဲ့ မရောက်နိုင်ပါဘူး.......

လက်ရှိ အနေအထားမှာလည်း NLD ဟာ မဲဆန္ဒနယ် အများစုမှာ အသာရနိုင်တဲ့ အခြေအနေ ရှိတဲ့အတွက် PR စနစ်ကို ကျင့်သုံးရင်တောင် လွှတ်တော်ထဲမှာ NLD အမတ် အများစုက နေရာယူနိုင်မှာပါပဲ....... ဒီအတွက် အခြား အစွန်းရောက်သူတွေ လွှတ်တော်ထဲ နေရာဝင်ယူမယ်ဆိုတဲ့ ဆင်ခြေဟာ မိုးကြိုးပစ်တာကို ထန်းလက်နဲ့ ကာခြင်းပါပဲ.......

အခြေအမြစ်မရှိ ဦးနှောက်တိမ်သူတွေရဲ့ စွတ်စွဲချက်ဖြစ်တဲ့ PR စနစ်ဟာ ကိုယ်ကျိုးကြည့်သူတွေပဲ ထောက်ခံတယ် ဆိုတာတော့ အထူးတလည် ဖြေရှင်းစရာမရှိပါဘူး...... PR စနစ်ကို လေ့လာသူတိုင်း ဒီစနစ်ဟာ ပါတီကြီးတွေကို မျက်နှာသာပေးတဲ့ စနစ်လား၊ သာတူညီမျှ ကျန်တဲ့သူတွေကိုပါ နိုင်ငံရေးမှာ ပါဝင်စေတဲ့ စနစ်လားဆိုတာ ခွဲခြားမြင်နိုင်ပါလိမ့်မယ်........

တစ်ချို့ကတော့ PR စနစ်ကြောင့် တရုတ်၊ ကုလား ပါတီထောင်ပြီး လွှတ်တော်ထဲကို ဝင်လာမယ်လို့ ဆိုတယ်...... ပိုပြီး အံ့သြဖို့ကောင်းတာက အဲ့ဒိလို စိုးရိမ်ကြောင်း ပြောနေသူတွေဟာ လစ်ဘရယ်နာမည်ခံသူတွေ၊ ဒီမို နာမည်ခံသူတွေ ဖြစ်နေတာပါပဲ...... တရုတ်၊ ကုလား ပါတီထောင်ပြီး လွှတ်တော်ထဲ ဝင်တဲ့အပေါ် ကျွန်တော့် သဘောထားကတော့ ရှင်းပါတယ်..... မြန်မာနိုင်ငံသား ဖြစ်တဲ့ သူတို့မှာလည်း အခွင့်အရေး ရှိရမှာ ဖြစ်ပါတယ်....... သို့သော် တိုင်းပြည်အပေါ်ကို သစ္စာမဖောက်ဖို့ လိုပါလိမ့်မယ်..... သစ္စာဖောက်ရင်တော့ ရွေးကောက်ပွဲ ဥပဒေ၊ ခြေ / ဥ ပါ အမတ် ဥပဒေအပြင် နိုင်ငံသားဖြစ်ခွင့် ဥပဒေနဲ့ပါ အရေးယူခံရမှာ ဖြစ်ပါတယ်.......

PR စနစ်ကြောင့် ဟစ်တလာ ပေါ်ပေါက်လာတယ်၊ ဂျာမနီမှာ ဒီမိုကရေစီ ဆိတ်သုန်းသွားရတယ် ဆိုတဲ့ အဆိုအပေါ် လိုက်လံလေ့လာကြည့်တာတော့ အထောက်အထား မတွေ့ပါဘူး...... အခုအချိန်ထိလည်း အချို့နေရာတွေမှာ PR စနစ်ကို ကျင့်သုံးနေတာကို ဂျာမန်ရဲ့ Bundestag အကြောင်း လေ့လာကြည့်ရင် သိနိုင်ပါတယ်......

လာမယ့် ၂၀၁၅ မှာ လွှတ်တော်ထဲကို NLD အမတ်အများစု အလုံးအရင်း ဝင်မယ်လို့ ဆုံးဖြတ်ထားချိန်မှာ လွှတ်တော်အမတ်အများစုနဲ့ တိုင်းရင်းသား လွှတ်တော်အမတ်တွေက ထောက်ခံတဲ့ PR စနစ်ဟာ သူတို့အတွက် ထိုးနှက်ချက် တစ်ခုလို ဖြစ်သွားတာကို ငြင်းပယ်လို့ မရပါဘူး..... သို့သော PR စနစ်ဟာ ပြည်သူတွေရဲ့ ဆန္ဒမဲတွေ အလဟဿ မဖြစ်စေခြင်း၊ တိုင်းရင်းသားတွေရဲ့ အသံ အစစ်အမှန်ကို လွှတ်တော်ထဲကို ရောက်စေမှာ ဖြစ်တဲ့အတွက် NLD အနေနဲ့ ပါတီအကျိုးထက် နိုင်ငံအကျိုးကို ကြည့်ဖို့လိုပါလိမ့်မယ်......

လက်ရှိ အနေအထားအရ ပြည်သူလူထုအကြား ရေပန်းစားမှု အများဆုံးကို ရရှိထားတဲ့ NLD အနေနဲ့ အခြားသော ပါတီငယ်များ၊ တိုင်းရင်းသား ပါတီများမှ ရရှိတဲ့ မဲအရည်အတွက်ပေါ် မူတည်ပြီး အချိုးကျ လွှတ်တော်ထဲကို ပါဝင်ခွင့် ရရှိမှုအပေါ် သဘောထားကြီးကြီးနဲ့ လက်ခံဖို့ လိုပါမယ်....... ဒါမှသာ တိုင်းရင်းသား အရေးကို ဦးစားပေးတယ်ဆိုတဲ့ ဆောင်ပုဒ်နဲ့ ကိုက်ညီမှာ ဖြစ်ပါတယ်......

ဒီလိုမှမဟုတ်ပဲ ကိုယ့်ပါတီတစ်ခုတည်း လွှတ်တော်ထဲမှာ စိုးမိုးစေဖို့ PR စနစ်ကို အကြောက်အကန် ယုတ္တိမရှိတဲ့ ဆင်ခြေတွေနဲ့ ငြင်းဆန်နေမယ် ဆိုရင်တော့ ကျန်တဲ့ပါတီငယ်တွေ၊ တိုင်းရင်းသား ပါတီတွေနဲ့အကြားမှာ ဒီမိုကရေစီ စံနှုန်းကို လိုလားသူလား၊ အားကြီးသူက အနိုင်ယူခြင်းကို လိုလားသူလား ကွဲကွဲပြားပြား ထုတ်ဖော်ပြီးသား ဖြစ်သွားပါလိမ့်မယ်......

ဒီမိုကရေစီစနစ်မှာ အားနည်းသူကို အားကြီးသူက လက်တွဲခေါ်ဆောင်မှသာ စစ်မှန်တဲ့ တရားမျှတတဲ့ ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်နိုင်မယ် ဆိုတာလေးကို အသိပေးပါရစေ......

From:Voice of James Mint

PR စနစ်ကိုဘာကြောင့် ကျင့်သုံးသင့်တာလဲ



ကမ္ဘာ့ ဒီမိုကရေစီ နိုင်ငံအသီးသီးမှာ ရွေးကောက် တင်မြှောက်ပုံ အမျိုးမျိုးသုံးလေ့ ရှိကြပါတယ်။ နိုင်ငံ တစ်ခုတည်းမှာတောင် ရွေးကောက်ပုံ ၂ မျိုး၊ ၃ မျိုး တပြိုင်နက် အသုံးပြုလေ့ရှိပါတယ်။ တစ်နိုင်ငံကို ပုံစံ တစ်မျိုးသာသုံးရမယ် ဆိုတာမျိုးမဟုတ်ပါ။ အကြမ်း ဖျဉ်း အားဖြင့်တော့ FPTP ( First Past The Post )လို့ တဲ့ နိုင်သူအကုန်ယူစတမ်းစနစ်နဲ့ PR (Proportional Representation ) လို့ ခေါ်တဲ့ အချိုးကျ ခွဲဝေယူတဲ့ စနစ်ဆိုပြီး ၂ မျိုးခွဲခြားကြပါတယ်။ PR မှာပုံစံအမျိုးမျိုးနဲ့ ကျင့်သုံးတဲ့ စနစ် မူကွဲတွေ အများအပြားရှိသွားပါတယ်။


အထက်က ပြောခဲ့သလိုတစ်နိုင်ငံတည်းပုံစံတစ်မျိုးတည်းနဲ့ သုံးတာမဟုတ်လို့ သီးခြားပြောဖို့ ခက်ပါတယ်။ ဥပမာUnited Kingdomကိုတနိုင်ငံလုံးရွေးကောက်တဲ့ စနစ်ဟာ FPTP ဖြစ်ပြီးစကော့တလန် လွှတ်တော်အတွက် ရွေးကောက်တာကတော့ PR ပုံစံ ဖြစ်နေပါတယ်။ အိန္ဒိယမှာဆိုအထက်လွှတ်တော် ရွေးကောက်ပွဲဟာ PR စနစ် ဖြစ်ပြီးအောက်လွှတ်တော်ကတော့ FPTP ဖြစ်ပါတယ်။ အဓိကအချက်ကတော့ ကိုယ့်နိုင်ငံရဲ့ နိုင်ငံရေးသမိုင်းကြောင်းနဲ့ သင့်တော်တဲ့ ပုံစံ၊ နိုင်ငံမှာ ဖြစ်စေချင်တဲ့ ပါတီစနစ် ပုံစံတွေနဲ့ ရွေးကောက်ပွဲစနစ်တွေကိုအသင့်တော်ဆုံး ဖြစ်အောင် ရွေးချယ် အသုံးပြုကြတာပါ။

မြန်မာနိုင်ငံရဲ့ လက်ရှိရွေးကောက်ပုံစနစ်ကတော့ "နိုင်သူအကုန်ယူစတမ်း" ဆိုတဲ့ FPTP စနစ်ပဲ ဖြစ်ပါတယ်။ PR နဲ့ FPTP ဘယ်လိုကွဲပြားသလဲဆိုရင် PR ဟာလူနည်းစုရဲ့ ကိုယ်စားလှယ်တွေပါ လွှတ်တော်ထဲ ရောက်အောင် အသုံးပြုတဲ့ စနစ်ဖြစ်ပြီး ဆန္ဒမဲပေးသူတွေရဲ့ မဲတွေ အလေအလွင့် နည်းအောင် လုပ်တဲ့ စနစ်ဖြစ်ပါတယ်။ FPTP မှာကတော့ လူများစုရဲ့ ကိုယ်စားလှယ်တွေက လွှတ်တော်မှာလွှမ်းမိုးပြီး လူနည်းစု ကိုယ်စားလှယ် အားနည်းတဲ့ စနစ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံလိုဖွံ့ဖြိုးဆဲ နိုင်ငံအများစုအတွက် PR စနစ် ကျင့်သုံးသင့်ပါတယ်။ PR စနစ်ရဲ့အားသာချက်ကတော့ ပါတီကြီးကြီးငယ်ငယ် ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ်ရတဲ့ မဲရာခိုင်နူန်းအလိုက် လွှတ်တော်ထဲမှာ နေရာယူခွင့်ရလာတာဖြစ်ပြီး အားနည်းချက်ကတော့ အစွန်းရောက် ပါတီတွေ လွှတ်တော်ထဲရောက်လာတာမျိုး မဲဆန္ဒနယ်တစ်ခုချင်းအလိုက်အမတ်တွေက တိုက်ရိုက် တာဝန်ခံမှုမရှိတော့တာမျိုးတွေဖြစ်ပါတယ်။

နိုင်ငံရေးပညာရှင်များရဲ့ လေ့လာသုံးသပ်ချက်များ အရတော့ တိုင်းရင်းသားတွေ လူမျိုးစုတွေ၊ ပါတီအသင်းအဖွဲ့တွေ များတဲ့နိုင်ငံတွေဟာ PR စနစ်နဲ့သင့်တော်ပါတယ်။ လူမျိုးတစ်မျိုးတည်း များတဲ့ တိုင်းပြည်တွေမှာ FPTP ကသင့်တော်ပါတယ်။ မြန်မာနိုင်ငံ အတွက်ကတော့ PR ပုံစံသွားတာသင့်တော်မယ်လို့ ဆိုနိုင်ပါတယ်။

မြန်မာနိုင်ငံမှာပါတီပေါင်း မြောက်များစွာရှိပါတယ်။ ပါတီသေးသည်ဖြစ်စေ၊ ပါတီကြီးသည်ဖြစ်စေ၊ တိုင်းရင်းသားမျိုးနွယ်စုသေးသည်ဖြစ်စေ ကြီးသည်ဖြစ်စေ လွှတ်တော်အတွင်း တစ်ထောင့်တစ်နေရာ ကိုယ်စားလှယ် တစ်ဦးအဖြစ် ပါဝင်နိုင်ရန် အတွက် PR စနစ်ဟာ မြန်မာနိုင်ငံလိုနိုင်ငံများတွင် ပိုမိုကျင့်သုံး သင့်ပါတယ်။ ထိုပါတီအသင်းအဖွဲ့များ၊ တိုင်းရင်းသားလူမျိုးစုများအနေဖြင့်လည်း နိုင်ငံရဲ့ တစ်ထောင့် တနေရာကနေပြီး နိုင်ငံတော် တိုးတက်ရာတိုးတက်ကြောင်းကိုအကြံပြုဆွေးနွေး တင်ပြနိုင်မည်ဖြစ်ပါတယ်။ လူတိုင်း၊ ပါတီတိုင်း၊ အဖွဲ့အစည်းတိုင်းမှာ နိုင်ငံတော်နှင့်ပတ်သက်ပြီး တိုးတက်ခေတ်မီစေချင်သော အတွေးအခေါ်အသစ်၊ စိတ်ကူးသစ် အကြံဥာဏ်သစ် တွေနဲ့လွှတ်တော်အတွင်းအကြံပြုဆွေးနွေးတင်ပြလာလျှင် အများက ၀ိုင်းဝန်းဆုံးဖြတ်ပြီး နိုင်ငံတော်အတွက်အမြင်သစ် Idea အသစ်များဖြင့် လုပ်ဆောင်နိုင်မည် ဖြစ်ပါတယ် ။

လက်ရှိကမ္ဘာပေါ်မှာပီအာစနစ် ကိုအခြေခံပြီးကိုယ့်နိုင်ငံနဲ့  လိုက်အောင် မွမ်းမံကျင့်သုံးနေတဲ့  နိုင်ငံ ပေါင်း ၉၀ နီးပါးရှိပြီး ထင်ရှားတဲ့နိုင်ငံတွေကတော့သြစတေးလျ၊ အာဂျင်တီးနား၊ ဘရာဇီး၊ဖင်လန်၊ ဂျာမဏီ၊ ဟောင်ကောင် ဟန်ဂေရီ၊ တူရကီ၊ အင်ဒိုနီးရှားအစ္စရေး၊ အီတလီ၊ ဂျပန် မက္ကဆီကို၊ နီပေါ၊ နော်ဝေး၊ နယူးဇီလန်၊ ရုရှား၊ ဆွီဒင် ဟောင်ကောင်၊ ထိုင်ဝမ်၊တောင်ကိုးရီးယား၊ စတဲ့  နိုင်ငံတွေ အပြင် အမေရိကန် ပြည်ထောင်စုက ပြည်နယ်ရွေးကောက်ပွဲတစ်ချို့ မှာလဲလက်ရှိကျင့်သုံးလျှက်ရှိပါတယ်။

မြန်မာနိုင်ငံတွင်လဲ PR စနစ်ကိုတိုးတက်နေသော နိုင်ငံကြီးများနည်းတူစနစ်တကျ အသွင်ကူးပြောင်းကျင့်သုံးသင့်ပါတယ်။ ရေများ ရေနိုင် ၊ မီးများမီးနိုင် ဆိုသောနိုင်သူအကုန်ယူစတမ်း(FPTP)စနစ်ထက် အချိုးကျ ခွဲဝေယူစနစ် ဖြစ်တဲ့ (PR) စနစ်ကပို၍ ဒီမိုကရေစီဆန်ပေလိမ့်မည်။ ဒါကြောင့် နိုင်ငံတော်ကြီးကိုအမှန်တကယ် တိုးတက်အောင် ကြိုးပမ်းလုပ်ဆောင်ကြမည့်သူများအား ရွေးကောက်နိုင်ဖို့ PR စနစ်ကိုစနစ်တကျ ကူးပြောင်းသင့်ပါကြောင်း လေးစားစွာရေးသားဖော်ပြလိုက်ရပါတယ်။ ။

credit to : မင်းမြတ်ဝေ

ပြည်ခိုင်ဖြိုး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေနှင့် တွေ့ဆုံမေးမြန်းခြင်း



ပြည်ခိုင်ဖြိုးပါတီ၏ အမျိုးသားလွှတ်တော် ကိုယ်စား လှယ် တစ်ဦးဖြစ်သည့် တပ်မတော်ဗိုလ်လောင်း သင်တန်း အမှတ်စဉ် (၈)ဆင်း၊ မြန်မာ့အသံနှင့် ရုပ်မြင် သံကြားမှ အငြိမ်းစားညွှန်ကြားရေးမှူး (ဗိုလ်မှူးကြီးဟောင်း) ဦးလှဆွေနှင့် 7Day News သတင်းထောက်က လွှတ်တော်အစည်းအဝေး ကာလ အတွင်း တွေ့ဆုံမေးမြန်းခဲ့ပါသည်။

လွှတ်တော်အတွင်းရေးရာများနှင့် အခြေခံဥပဒေ ပြင်ဆင်ရေး ဆိုင်ရာ မေးခွန်းအချို့ကို 7Day က မေးမြန်း၍ ဦးလှဆွေက ဖြေကြားထားပါသည်။


မေး- အခုလုပ်နေတဲ့ NLD ရဲ့ ၄၃၆ ပြင်ဆင်ရေး လှုပ်ရှားမှုတွေပေါ်မှာ ပြည်ခိုင်ဖြိုးပါတီရဲ့ ဗဟို ကော်မတီဝင်တစ်ယောက်အနေနဲ့ ဘယ်လိုများ မှတ်ချက်ပေးချင်ပါသလဲ။

ဖြေ- ၄၃၆ တံခါးကြီးကို ဖွင့်ရမှာပေါ့။ အခြေခံဥပဒေမှာ ၄၃၆ က ဂိတ်ပေါ့၊ ဒီဂိတ်ကိုဖွင့်ရင် အထဲထဲမှာရှိတဲ့ ပုဒ်မ ၁၊ ၂၊ ၃၊ ၄၊ ၅ အဲဒါတွေကို အကုန်ပြင်လို့ရမယ်။ အဲဒီတော့ ဒီ ၄၃၆ ကို ဖွင့်ဖို့ ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံရမယ်။ အဲဒါကိုပြောတာက သုံးယောက်ရှိတယ်။ ကာချုပ်လည်း ပြောတယ်။ သမ္မတလည်း ပြောတယ်။ ဦးရွှေမန်းလည်း ပြောတယ် သုံးယောက်လုံးက ပြောတယ်။ ပြင်မယ်ဆိုတဲ့စကားက သူတို့သုံးယောက်လုံးပြောတာ၊ ကာချုပ်က ပြင်မယ်၊ ဥပဒေအတိုင်း ပြင်မယ်။ သမ္မတက ပြင်မယ် မလောနဲ့လို့ ပြောတယ်။ ဦးရွှေမန်းက ပြင်မယ်။ ကော်မတီဖွဲ့တယ်။ သုံးယောက်လုံးကတော့ ပြင်မယ်ဆိုတော့ ပြင်မယ်လို့ပြောကတည်းက ဒီဂိတ်ကဖွင့်ရမှာပဲ ဂိတ်မဖွင့်ဘဲနဲ့ ဘယ်လိုလုပ်ပြင်မလဲ။ ၄၃၆ ကို ဖွင့်မပေးဘူး။ ပုဒ်မ ၁၂၃၄ ကို ပြင်မယ်ဆိုလို့မှ မရတာက ၄၃၆ မဖွင့်ဘဲနဲ့ ဘယ်လိုလုပ်ပြင်မလဲ။ အဲလိုပဲ ကျွန်တော်က ယူဆတယ်။ Automactically ဖွင့်ကိုဖွင့်ရမယ်။ ၄၃၆ ကို ဖွင့်ပေးပါ ဖွင့်ပေးပါ။ ပြောစရာမလိုဘူး။ Understood ပဲ။ ကျွန်တော်က ဒီလိုမြင်တယ်။ ကျွန်တော်ကပဲ ကြိုမြင်တာလား။ သူတို့ကပဲ မမြင်ချင်ယောင်ဆောင်တာလား မသိဘူး။

မေး- တပ်မတော်ရဲ့သဘောထားကကော ဘယ်လိုများရှိနိုင်မယ်လို့ တပ်မတော်သားဟောင်းတစ်ဦးအနေနဲ့ ထင်မြင်ပါသလဲ။

ဖြေ- ၂၅ ရာခိုင်နှုန်းက သေချာတယ်။ ထည့်မှာ ဟိုက ၇၅ ထည့်ရင် တစ်ရာတောင်ဖြစ်သွားဦးမှာ ဒီ ၇၅ ထဲက မသေချာတဲ့သူရှိရင် ရှိဦးမယ်။ ဟိုက ၂၅ ကတော့ သေချာတယ်။ ကျွန်တော်က ဒီလိုကြိုမြင်ထားတာ ဘာလို့လဲဆိုရင် သူတို့သုံးယောက်ပြောတဲ့စကား ရှိတယ်လေ။ ဒီသုံးယောက်က ကျွန်တော် ထင်တယ်။ Relationship ရှိမှာပဲလေ။ သမ္မတနဲ့ တပ်ချုပ်နဲ့တော့ ရှိမှာပဲလေ။

မေး- တချို့နယ်တွေမှာ ၅၉(စ) မပြင်ဆင်ရေး၊ ပုဒ်မ ၄၃၆ မပြင်ဆင်ရေးဆိုပြီး ဆန္ဒပြနေတာတွေ ရှိပါတယ်။ အဲဒါက ပြည်ခိုင်ဖြိုးက လုပ်တာပါလား။

ဖြေ- အဲဒါ ကြံ့ခိုင်ရေးပေါ့ဗျာ။ သေချာတာပေါ့ဗျာ။ သူပဲခိုင်းမှာပေါ့။ သူတို့နယ်မြေက တောင်းဆိုလို့ အဲဒီနယ်မြေမှာရှိတဲ့ ကြံ့ခိုင်ရေးကလုပ်တာဖြစ်မယ်။ ဗဟိုကတော့ မင်းတို့နယ်မှာ ဒါလုပ်လိုက်ဆိုပြီး ပြောတာမျိုးတော့ ကျွန်တော်တို့မကြားဘူး။ ကျွန်တော်တို့လည်း အခိုင်းမခံရဘူး။ အစည်းအဝေးလည်းလုပ်တာ မကြားဘူး။ သို့သော် အဲဒီနယ်မြေမှာ အဲလိုအဲလိုတော့ ရှိနေတယ်ဆိုပြီး အဲဒီနယ်မြေကြံ့ခိုင်ရေးက လုပ်တာဖြစ်မယ်။

မေး- ၂၀၁၅ မှာ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ၂၀၁၀ တုန်းကလို အပြတ်အသတ်နိုင်မယ်လို့ မျှော်လင့်နိုင်သေးလား။

ဖြေ- ဘယ်လွယ်လိမ့်မလဲ။ ဒါက ဘာခေါ်မလဲ။ နယ်မြေပေါ် မတူဘူးဗျ။ တချို့ ဘုန်းကြီးတွေက ပြောတယ်။ ဒကာကြီး ကြံ့ခိုင်ရေးလည်း မကြိုက်ဘူး။ NLD လည်း မကြိုက်ဘူးတဲ့။ ကြံ့ခိုင်ရေးကျတော့ အစိုးရဖော်လံဖားတွေတဲ့ NLD ကလည်း အစိုးရနဲ့ ပြဿနာတက်ပြီး ထောင်ကျထုတ်ပစ်ခံရတဲ့ လူတွေတဲ့ ဗရုတ်သုတ်ခတွေပဲတဲ့။ အဲဒီတော့ ကြားပါတီရှိရင် ကောင်းမယ်တဲ့ ဆိုလိုတာကတော့ NLD က သူတို့ကို သိပ်ကြိုက်တယ်ဆိုတာ သူတို့ဘာသာသူတို့ သွေးနားထင်ရောက်တာ ဖြစ်မယ်။ ကျွန်တော်တို့ ကြံ့ခိုင်ရေးကတော့ သွေးနားထင်မရောက်ဘူး သိတယ်။ ပြီးခဲ့တဲ့ ၂၀၁၀ တုန်းက ကျွန်တော်တို့ Landslide နိုင်ခဲ့တယ်။ ဒါပေမဲ့ အဲဒါ NLD မပါလို့။

မေး- လွှတ်တော်ထဲမှာ စီးပွားရေးလုပ်ငန်းရှင် လွှတ်တော်ကိုယ်စားလှယ်တွေလည်း အများအပြားရှိနေတဲ့အတွက် လွှတ်တော်ရဲ့ တချို့သောလုပ်ဆောင်ချက်တွေဟာ ဒီလုပ်ငန်းရှင်တွေရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးနေတယ်လို့ ဝေဖန်မှုတွေ ရှိလာတဲ့အပေါ်မှာ သယံဇာတကော်မတီရဲ့ အတွင်းရေးမှူးတစ်ယောက်အနေနဲ့ ဘယ်လိုပြောချင်ပါသလဲ။

ဖြေ- ဦးခင်ရွှေတို့ ဦးဌေးမြင့်တို့တော့ ကျွန်တော်မသိဘူး။ ဦးနေ၀င်းထွန်းတော့ ကော်မတီတစ်ခုတည်းမို့ သိတယ်။ အားလုံးကိုတော့ ၀ါးလုံးရှည်နဲ့ သိမ်းယမ်းလို့မရဘူး။ လွှတ်တော်ထဲမှာ တချို့ကိစ္စတွေကို ကာကွယ်တယ်ဆိုတာမျိုးကတော့ မှန်တယ်။ ဥပမာ- FDI က ၄၉၊ ၅၁ ကိစ္စဆိုရင် နိုင်ငံခြားကလာရင်က ၄၉ ပဲ လာရမယ်။ ဗမာပြည်က သူနဲ့ပေါင်းမယ့်သူက ၅၁ ရှိရမယ်ဆိုပြီး ညမှာ ကျွန်တော်တို့ကို လိုက်ပြောတယ်။ မနက်ဖြန်ကျရင် အဲလိုပဲ မဲထည့်ဆိုပြီး။ ညမှာ စာလေးတွေကို ပြည်ခိုင်ဖြိုးအမတ်များ အဆောင်တံခါးပေါက်က လာသွင်းတယ်။ ကျွန်တော်တို့ပါတီကပေါ့။ အဲဒီတော့ စဉ်းစားတယ်။ ဗမာပြည်က သူဌေးက ၅၁ နဲ့ ဒီကိစ္စတစ်ခုကို ပေါင်းလုပ်ရမယ်။ ဗမာပြည်က သူဌေးက ၅၁ ကျပ်ရှိရမယ်ဆိုတော့ ၅၁ ကျပ်ရှိတဲ့သူက နည်းနည်းလေးပဲရှိတာ ကျွန်တော်တို့က ဘယ်လိုကြိုက်လဲဆိုတော့ ကိုယ့်မှာ ၂၀ ပဲ ရှိတယ်။ ဟိုက ၈၀ လာမယ်။ ကိုယ့်မှာ ၂၀ ပဲ ရှိပေမယ့် ဟိုက ၈၀ နဲ့ ပေါင်းပြီး ဒီလုပ်ငန်းလုပ်နိုင်မယ်။ ၂၀ ရှိတဲ့လူက အများကြီးရှိတယ်။ ၅၁ ရှိတဲ့လူက နည်းနည်းလေးပဲ ရှိတယ်။ အဲဒီတော့ ၅၁ ရှိတဲ့လူတွေ ပိုချမ်းသာအောင် စောစောကပြောသလို၊ အမတ်အရှိန်အ၀ါကိုသုံးပြီး ဒီလိုပြောတယ်ဆိုတာ ဒါဖြစ်နိုင်တယ်။ အဲဒီကိစ္စမှာ ကျွန်တော်တို့က ၂၀/၈၀ ပဲ ထည့်လိုက်တော့ ပူညံပူညံဖြစ်ကုန်ကြတယ်။ အဲဒါ ကျွန်တော်တို့ လွှတ်တော်ထဲက ခရိုနီတွေရဲ့စနက်ပေါ့၊ လွှတ်တော်ထဲက ခရိုနီတွေက ၄၉/၅၁ ကို ထောက်ခံဖို့အတွက် လှုံ့ဆော်တယ်။ ဒါပေမဲ့ အမတ်တွေ နည်းနည်းပဲပါပါတယ်။

မေး- နာယကတို့၊ လွှတ်တော်ဥက္ကဋ္ဌတို့ကလည်း တချို့စီးပွားရေးလုပ်ငန်းတွေနဲ့ ဆက်စပ်တယ်။ သူတို့မှာလည်း ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေရှိတော့ တချို့ကိစ္စတွေကို လွှတ်တော်ထဲမှာ ကန့်ကွက်တဲ့အခါမှာလည်း သူတို့အကျိုးစီးပွားနဲ့ ပတ်သက်နေတယ်ဆိုပြီး ပြောကြတာတွေ ရှိပါတယ်။ အဲဒီအပေါ်ကိုကော ဘယ်လိုမြင်ပါသလဲ။

ဖြေ- ဦးရွှေမန်း တစ်ခါပြောဖူးတာရှိတယ်။ ကိုယ်ကျိုးစီးပွား ကာကွယ်စောင့်ရှောက်တာလားဆိုပြီး ထင်လာရင် တရားရုံးကိုတင်ပါ လိုက်ရှင်းမယ်လို့ ပြောဖူးတယ်။

မေး- စောစောကပြောတာကို ပြန်ဆက်ရရင် လွှတ်တော်ကိုယ်စားလှယ်တွေထဲမှာလည်း စီးပွားရေးလုပ်ငန်းရှင်တွေ ပါတယ်။ ဒီလုပ်ငန်းရှင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကြားမှာ လာဘ်ပေးတဲ့သဘော မဟုတ်တောင် တန်ဖိုးကြီးလက်ဆောင်တွေနဲ့ ပတ်သက်မှုတွေ ရှိတယ်လို့ သိရတယ်။ အဲဒီပေါ်မှာကော လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ဘယ်လိုပြောချင်ပါသလဲ။

ဖြေ- အဲဒီလိုပေးလို့ သူတို့ ဘာအကျိုးရှိမှာလဲ။ ကျွန်တော်ကတော့ ပေးတာမမြင်ပါဘူး။ ကျွန်တော်တို့ အမျိုးသားလွှတ်တော်မှာတော့ ၀န်ကြီးဦးဝင်းမြင့်က လွှတ်တော်တစ်ကြိမ်မှာ ထမင်းကျွေးတယ်။ နောက် ဦးခင်ရွှေက ကျွေးတယ်။ တစ်ခါတလေ ဦးနေ၀င်းထွန်း ကျွေးတယ်။ အပျော်ပေါ့။ ဒါပဲရှိတယ်။ သူတို့ အကျိုးငှာ ပစ္စည်းပေးတာတော့ ကျွန်တော်မမြင်ပါဘူး။

မေး- ခုနောက်ပိုင်းမှာ လွှတ်တော်ထဲမှာ ရေပန်းစားနေတဲ့စကားက လွှတ်တော်ထဲမှာ ဘယ်အမတ်ကတော့ မွေးစားခံလိုက်ရပြီဆိုပြီးတော့ ရှိတယ်လေ။ အဲဒီအကြောင်းတွေ ပြောပြပါဦး။

ဖြေ- မွေးစားတယ်ဆိုတာက ဥပမာ အဲဒီဘက်သားဖြစ်သွားတာပေါ့နော်။ အရင်တုန်းက ၀ူးဝါးဝူးဝါး ထပြောပြီးတော့ အခုမပြောတော့ဘဲ ငြိမ်သွားတာပေါ့။ ဘယ်သူတွေ ဘာတွေရလဲဆိုတာ။ ကျွန်တော်တော့ မသိဘူးဗျ။ အချိုးပြောင်းသွားတာ ဘယ်သူတွေရှိလဲဆိုတော့ သိပ်မမြင်ပါဘူး။ အစတုန်းက အရမ်းကြီး ထော်လော်ကန့်လိုက် တိုက်နေရာကနေ နည်းနည်းပြောင်းသွားတာတော့ ရှိတယ်။ ဘာကြောင့်လဲတော့ မပြောနိုင်ဘူးပေါ့။

မေး- နောက်ဆုံးမေးခွန်းအနေနဲ့ကတော့ ဦးလှဆွေက မီဒီယာတွေမှာ ဖွတယ်ဆိုပြီး နာမည်ကြီးတယ်။ ဦးလှဆွေပြောစကားတွေ မီဒီယာတွေမှာ မှတ်တမ်းမှတ်ရာတွေနဲ့ ရှိနေတဲ့အတွက် ဒီစကားတွေပေါ်မှာ ဘယ်လောက်ထိ တာဝန်ယူနိုင်ပါသလဲ။

ဖြေ- ကျွန်တော်က မီဒီယာတွေကိုမကြောက်ဘူး။ ခင်မင်တယ်။ ဒါက နံပါတ် ၁ အချက်။ ဒါကြောင့် မီဒီယာတွေကလည်း ကျွန်တော့်ကိုခင်မင်တယ်။ ကျွန်တော်နဲ့ ဆက်ဆံရေးကောင်းတယ်။ မီဒီယာဆိုတာက စတုတ္ထမဏ္ဍိုင် သူတို့နဲ့ကိုယ်နဲ့ ရန်ဖြစ်နေဖို့မလိုဘူး။ ကျွန်တော်က ကိုယ့်အမြင်ကို ပြောတယ်။ သွယ်ဝိုက်ပြီးမပြောဘူး တဲ့ချတယ်။ တချို့ကတော့ သွယ်ဝိုက်ပြီး ပြောစေချင်တယ်ပေါ့။ ကျွန်တော့်စကားတွေ ကျွန်တော်တာဝန်ယူတယ်။ ကျွန်တော်တို့ကို ပါတီက မင်းဒါကိုပြော၊ ဒါမပြောနဲ့ဆိုပြီး ပိတ်ပင်တာမရှိဘူး။ ဟိုတစ်လောကတော့ ကျွန်တော့်ကို ကိုလှဆွေတဲ့ လူကြီးတွေမျက်နှာပူအောင် မလုပ်ပါနဲ့ဆိုပြီး ပြောတယ်။ သူ့ဘာသာ ပြောချင်ရာပြောပါစေ။ မင်းထပ်မပြောနဲ့တဲ့။

ကျေးဇူးတင်ပါတယ်။ ။

7Day News Journal

သူတစ်လူ ငါတစ်မင်း လွှတ်တော်တွင်း ဗလောင်ဆူစေမယ့် PR စနစ် -ဆရာထင် လင်ဦး

အချိုးကျ ကိုယ်စားပြု စနစ် လေ့လာလိုသူများအတွက်

သွေးနုသားနု ဒီမိုကရေစီ နိုင်ငံသစ်အား သည်းခြေပျက်စေမည့် ဇာတ်လမ်း

မူရင်းရေးသားသူဆောင်းပါးရှင် >>> ဆရာထင် လင်ဦး

“ သူတစ်လူ ငါတစ်မင်း လွှတ်တော်တွင်း ဗလောင်ဆူစေမယ့် PR စနစ်


“အစက ရိုးရိုး -- နောက်တော့ တစ်မျိုးတိုးလို့ ချစ်ပြန်ဆိုပဲ .. ဆိုပဲ… ” ဆိုသည့် ရေဒီယို သီချင်းလေးတစ်ပုဒ်ကို ကြားဖူးကြမည်ထင်ပါသည်။ လူငယ်များကတော့ ကြားဖူးချင်မှ ကြားဖူးကြပါလိမ့်မည် ။ ရေဒီယိုခေတ်တွင် လူဖြစ်လာ ကြသည့် အသက်၄၀ ကျော် ပုဂ္ဂိုလ်များ ကတော့ ကြားဖူးသူများပါလိမ့်မည် ။

ယနေ့ နိုင်ငံရေးလောကတွင် ပါဝင်ပတ်သက် နေသည့် လူလတ်ပိုင်း လူကြီးပိုင်း နိုင်ငံရေးသမားများကတော့ မကြားဘူး စရာ ရှိမည်မထင်ပါ ။ ထိုခေတ်က နိုင်ငံရေး သမားများအကြား တွင်တွင်ကျယ်ကျယ် သုံးခဲ့သော “ကြောင်ကို ၀မ်းနှုတ်ဆေး ကျွေးမိသလို .. ကျွေးမိသလို… ပျော့ပျော့ လေးနဲ့ နံမယ့် ပုံပေါ်တယ်” ဟူသော ထိမိလှသည့် စကားလုံးကလေးများက ဤသီချင်းထဲတွင် ပါဝင်နေ၍ ဖြစ်ပါသည်။ ယခုလည်း ဤသီချင်းကလေးက တစ်ကျော့ပြန် တစ်ခေတ်ဆန်းလာပြန်ပါသည် ။

နိုင်ငံရေးဆိုသည်မှာ နိုင်ငံသူနိုင်ငံသားများ အကျိုးစီးပွားကို ဆောင်ရွက်ခြင်းဖြစ်သောကြောင့် ပင်ကိုယ်ပကတိ အားဖြင့် အလွန်ဖြူစင်မွန်မြတ်လှသည် ၊ နိုင်ငံရေးကိုခုတုံးလုပ်၍ ကိုယ်ကျိုးရှာသူများ ၊ ကိုယ်ကျိုးစီးပွား ကာကွယ်ရန် နိုင်ငံရေး လုပ်စားသူများကြောင့်သာလျှင် နိုင်ငံရေးသည် ညစ်ထေးသွားရသည် ။ ယနေ့မြန်မာနိုင်ငံသည် စစ်အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းကာစဖြစ်ပါသည်။ အကူး အပြောင်း ကာလတိုင်းသည် လွန်စွာအရေးကြီးလှသည်။

လွတ်လပ်ကာစမြန်မာပြည်တွင် ဤအခြေအနေမျိုးတွင်ပင် ပြည်တွင်းစစ်မီး များထတောက်ခဲ့သည်မှာ ယခုပင်မငြိမ်းသေး ။ ဤအခြေအနေမျိုးတွင်ပင် အာဏာရှင် တို့ တစ်စခန်းထတတ်ကြသည် ။ လွတ်မြောက်လာရသည်မှာ နှစ်နှစ်ပင်မပြည့်သေး ။ ဤသို့သောအချိန်မျိုးတွင် သူတစ်လူငါတစ်မင်းနှင့် လွှတ်တော်တွင်း ဗလောင်ဆူ၍ တိုင်းပြည်မတည်မငြိမ်ဖြစ်လျှင် တောင်တက်လှည်းစည်းကုန်းပြတ်သကဲ့သို့ နောက်ကြောင်းပြန်လှည့်သွားစေ နိုင်သည့် အလွန်ပြဿနာများစွာဖြင့် ရှုတ်ထွေးပွေလီလှသော အချိုးကျ ကိုယ်စားပြု စနစ် PR ( Proportional- Represen tation) ဆိုသည်ကြီးကို လေသံလွှင့်လာကြပြန်ပါပြီ ။

လွန်ခဲ့သည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို နာဂစ်မုန်တိုင်းအလွန် မိုးထဲရေထဲ အသည်းအသန် အတည်ပြု ပြဌာန်းခဲ့စဉ်က မြန်မာနိုင်ငံ၏ ဒီမိုကရေစီရွေးကောက်ပွဲများကို PR စနစ်ဖြင့် ကျင့်သုံးကျင်းပသွားမည် ဟု မည်သည့် တာဝန်ရှိ နိုင်ငံတော်အကြီးအကဲ ပုဂ္ဂိုလ်ကြီး တစ်ဦးတစ်ယောက်ကမျှ လေသံပင် မသလပ်ခဲ့စဘူး ။ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီကလည်း PR စနစ် ကျင့်သုံးမည်ဆိုသည်ကို နားမှလေသံ မကြားခဲ့စဘူး ၊ ကြံ့ခိုင်ရေးပါတီက အမတ်အများစု အနိုင်ရ၍ အစိုးရဖွဲ့ကြ၊ သမ္မတရွေးချယ်တင်မြှောက်ကြ၊ ပြည်သူ့လွှတ်တော် အစည်းအဝေး များ ကျင်းပစဉ်အခါများ ကလည်း PR စနစ်ကို ကျင့်သုံးကြလျှင် ကောင်းမည်ဟု ဆွေးနွေးညှိနှိုင်းသံမျှတစ်ခွန်းတစ်ပါဒ မျှ ထွက်ပေါ်၍မလာ ။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်သည် ။ သမ္မတကြီး ဦးသိန်းစိန်၏ အပြုသဘောဆောင်သော လက်ကမ်းကြိုဆိုမှုများ ကိုလက်ခံ၍ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) တရားဝင် နိုင်ငံရေးပါတီ မှတ်ပုံ ပြန်တင်သည် ။ ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ပြိုင်သည် ၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ကိုယ်စားလှယ် ၄၃ ဦး လွှတ်တော်တွင်းသို့ ချဉ်းနင်းဝင်ရောက်လာသည် ။ တရားဥပဒေ စိုးမိုးရေးကို မူဝါဒ (၃)ရပ်အနက်မှ တစ်ချက် အဖြစ် ချမှတ်၍ ရွေးကောက်ပွဲဝင်လာသော NLD က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြင်ဆင်ရန်လိုအပ်သည်ဟု ယူဆသော အချက်(၁၂)ချက်ကို ကိုင်စွဲလာသည် ။ ဒေါ်အောင်ဆန်း စုကြည် ပြည်ပနိုင်ငံများ ခရီးထွက်ခွာသည် ။

နှစ်ပေါင်း၃၀၀ကျော် အတွင်း ပြင်သစ် သမ္မတ ချားစ်ဒီဂေါလ်၊ တောင်အာဖရိက သမ္မတ နယ်လ်ဆင်မင်ဒဲလား၊ ပုပ်ရဟန်းမင်းကြီး ဘင်နီဒစ် (၁၆) နှင့် ပထမဆုံး လူမည်းအမျိုးသား အမေရိကန် သမ္မတ ဘာရက်အိုဘားမား စသည့် ထင်ရှားကျော်ကြားသူတို့သာ တက်ရောက် စကား ပြောခွင့် ရခဲ့သော အင်္ဂလန်လွှတ်တော်တွင် စကားပြောခွင့် ပေးအပ်ခြင်းခံရသည့် ၅ဦးမြောက်ပုဂ္ဂိုလ် အခွင့်အရေးကို ပေးအပ်ခြင်းခံခဲ့ရသည် ။

အမေရိက သို့သွားသည် ၊သမ္မတအိုဗားမားနှင့် တွေ့ဆုံသည် ။ မြန်မာပြည်အား အကူအညီ ပေးရန် ပြောခဲ့သည် ။ သမ္မတ ကြီး ဦးသိန်းစိန်၏ နိုင်ငံကို ပြုပြင်ပြောင်းလဲလိုစိတ် စေတနာများကို ယုံကြည်ကြောင်း ဖွင့်ဟ ပြောဆိုခဲ့သည်။ (မိမိ ကိုယ်တိုင်လည်း သမ္မတကြီး၏ပြုပြင်ပြောင်းလဲလိုစိတ် ကိုသိရှိလက်ခံ ပါကြောင်း ဤနေရာတွင်ဖော်ပြလိုပါသည်)။ အမေရိကသို့ခရီးရောက်လာသော နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံကြ သည် ၊ “ သမ္မတကြီး ခရီးပန်းလာမှာပေါ့ ” “ ဟုတ်ကဲ့ မစုလည်း ပိန်သွားတယ်နော်” စသည့် မောင်ရင်းနှမ သဖွယ် ပဋိသန္ဓာရ စကားများဖြင့် ပုဂ္ဂိုလ်ရေး ချစ်ကြည်လေးစားမှုများကို ထုတ်ဖော်ပြသခဲ့ကြသည် ။

ထိုနောက် မြန်မာပြည် အပေါ် ပိတ်ဆို့ တားမြစ်မှုများကို သမ္မတအိုဗားမားက လက်မှတ်ရေးထိုး၍ ပယ်ဖျက် လိုက်သည် ။ ဤအချိန်မျိုး တွင်မှ ကောက်ကာငင်ကာ ဒီမိုကရေစီမိတ်ဆွေပါတီများ ဆိုသည့် ပါတီအဖွဲ့အစည်းများက၊ လွှတ်တော်ဥက္ကဌကြီးအားတွေ့ဆုံ၍ PRစနစ်ကို ကျင့်သုံး သင့်ကြောင်းတင်ပြသည် ဆိုသည့် အသံများ ကျယ်ကျယ်ပြန့်ပြန့် ထွက်လာသည် ကတော့ ကွယ်လွန်သူ အဆိုတော် ဗဒင်၏ သီချင်းလေးအတိုင်း“သူနဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင်” ဟုပင်ဆိုရလေမည်လား သီချင်းကြီး ထဲကလို “ ထူးထွေ သည့် အံ့ရာသော် ”ဟုပင် ဆိုရလေမည်လော မသိတော့ပါ။

ပါတီအဖွဲ့အစည်းများအနေဖြင့် မိမိတို့အမတ်ဖြစ်ရေး၊ လွှတ်တော်တွင်ပါဝင်နိုင်ရေး၊မိမိတို့ပါတီနေရာရရေးအတွက် မည်သို့ရည်ရွယ်ချက်ကြီးစွာထားသည်တို့ကို ထည့်သွင်းမပြောလိုပါ။ သို့ရာတွင်သွေးနုသားနုဒီမိုကရေစီနိုင်ငံသစ် အား သည်းခြေပျက်အောင် ရည်ရွယ်ကြံဆောင်လာသည့် အမှောင့်ပယောဂကိုမူ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ဝေဖန်လိုပါသည် ။ ထိုသူတို့ ထုတ်ဖော်ရန် ကြံစည်နေသည့် PR စနစ်ဆိုသည်မှာအဘယ်နည်း၊ မည်သည့်နိုင်ငံများတွင် ကျင့်သုံး သနည်း ၊ မည်သို့ကျင့်သုံးသနည်း ။ PR ( Proportional Representation) အချိုးကျ ကိုယ်စားပြု စနစ်အမျိုးအစား (၄)မျိုးကို ကမ္ဘာ့ နိုင်ငံအတော် များများတွင် ကျင့်သုံးကြပါသည် ။ (ကမ္ဘာ့စွယ်စုံကျမ်းတစ်ခုဖြစ်သော ၀ီကီပီးဒီးယား ( Wikipedia)တွင် ဖော်ပြထားသည့် နိုင်ငံပေါင်း ၉၀ ရှိပါသည် ဤစာတွင် အကုန်တင်ပြ၍မဖြစ်နိုင်သဖြင့် ထင်ရှားသော နိုင်ငံများကိုသာ တင်ပြသွားပါမည်။) ထိုသို့သော စနစ်ကို ကျင့်သုံးခြင်းအားဖြင့် တစ်ပါတီ လက်ဝါးကြီးအုပ်ချုပ်ကိုင်သည့် စနစ်ကို ကာကွယ်နိုင်ရန်ဖြစ်သည် ဟု ပြောဆိုကြပါသည်။

ထို PR စနစ်များမှာ

၁။ Party List System

၂။ Mixed Member Proportional System

၃။ Mixed Member Majoritarian system

၎။ Single Transferable Vote System ဟူ၍ဖြစ်ပါသည် ။

Party List System (ပါတီကိုသာ မဲပေးရွေးချယ်ရသော စနစ်)

ဒီစနစ်တွင် ရွေးကောက်ပွဲဝင်ရန် ပါတီများအလိုက်အမည်စာရင်းတင်သွင်းရပါသည် ။ (ကိုယ်စားလှယ်များကို တန်းစီဇယားပြုစုထားရပါသည်။) မဲဆန္ဒပေးအပြီးတွင် နိုင်ငံတစ်ခု သို့မဟုတ် ပြည်နယ်တစ်ခုစီအလိုက်ရရှိသော မဲ အရေအတွက်တို့ကို စုပေါင်းရေတွက်၍ ပါတီအလိုက်ရရှိသော မဲအရေအတွက်အချိုးအတိုင်း လွှတ်တော်အမတ်နေရာကို ခွဲဝေရသည့် စနစ်ဖြစ်ပါသည် ။

ထိုစနစ်အရ တန်းစီဇယားတွင် ထိပ်ဆုံးမှ စီထားသော ပါတီဥက္ကဌ ၊ ဒုက္ကဌ ၊ အတွင်းရေးမှူးများ ၊ ဗဟို အလုပ်အမှုဆောင်ကော်မတီဝင်များ ဆိုသူတို့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် သေချာပေါက် ပါဝင်သွားနိုင်ပြီး နံပါတ်ကြီးများဖြင့်သာ တန်းစီဇယားပါသူ မြို့နယ်အဆင့် ကိုယ်စားလှယ်လောင်းများ အတွက်မူ လက်ခုပ်ပြည့်မှ လက်ကြားယိုမည့် စနစ်ဖြစ်ပါသည် ။အစ္စရေးနိုင်ငံတွင် တစ်နိုင်ငံလုံး မဲကိုစုပေါင်းရေတွက်ပြီး အချိုးကျ အလိုက် ခွဲဝေစနစ်ကို ကျင့်သုံးပါသည်။ လူဦးရေနည်းပါးခြင်း (၂၀၁၂ ခုနှစ်တွင် ၇၉၃၃၂၀၀ဦးသာရှိ)၊ လူမျိုးစုကွဲပြားမှု နည်းပါးခြင်း (ဂျူးလူမျိုး ၇၅.၄% ၊ အာရပ်လူမျိုး ၂၀.၆% နှင့်အခြားလူမျိုးများ ၄% သာရှိ၍ ) ဧရိယာကျဉ်းမြောင်း (စတုရန်းမိုင် ၈၀၀၀ ကျော်သာရှိ) သောကြောင့် ဤစနစ်နှင့်သင့်လျော်ကြောင်းတွေ့ရပါသည် ။

သို့သော် ရှီမွန်ပီရက် နှင့် ဘင်ဂျမင် နေတန်ယာဟု တို့သည် ၀န်ကြီးချုပ် နေရာတွင် သက်တမ်းမည်မျှထမ်းဆောင်ခဲ့ပြီးပြီ ဆိုသည်ကို ဆက်လက် လေ့လာပါက ဤစနစ်၏ ချွတ်ယွင်းချက်ကြီးကို ထင်ရှားစွာမြင်နိုင်ပါမည် ။ ထို့အပြင် တစ်ခုတည်းသော လွှတ်တော်တွင် ပါတီ ၁၅ပါတီနှင့်အထက်ပါဝင်နေခြင်းကြောင့် လွှတ်တော်တွင်း တိုက်ခိုက်မှုများ မကြာခဏဖြစ်ပွားပြီး လွှတ်တော် ပြိုကွဲမှု နှင့် အစိုးရကို အတိုက်အခံတို့က အယုံအကြည် မရှိ အဆိုတင်သွင်းခြင်း ပြဿနာများကို မကြာခဏရင်ဆိုင်ရပါသည် ။ သို့ဖြစ်၍ ရွေးကောက်ပွဲ မကြာခဏပြန်လုပ်ရလေ့ရှိပြီး အစိုးရ အဖွဲ့များ လည်း မကြာခဏ ပြုတ်လိုက်ပြန်တက်လိုက် ဖြစ်လေ့ရှိပါသည် ။ မြန်မာပြည်ကဲ့သို့ လူဦးရေ သန်း ၆၀ ၂၈၀ ၀၀၀ လူမျိုးစု ၁၃၅ မျိုး နှင့် ဧရိယာ ၂၆၁၂၂၇ စတုရန်းမိုင်ကျယ်ဝန်းသော နိုင်ငံတစ်ခု ၊ ပြည်တွင်း ပဋိပက္ခမီးများ တောက်လောင်ဆဲ နိုင်ငံတစ်ခု တွင် ဤစနစ်ကို ကျင့်သုံးမိပါက မည်သို့ ဖြစ်ပေါ်လာနိုင်သည်ကို လူတိုင်းသိနိုင်ပါမည် ။

ဤစနစ်ကို ဘယ်လ်ဂျီယမ် နိုင်ငံသား Victor-D’ Hondt က ၁၈၇၈ ခုနှစ်တွင် စတင်ဖော်ထုတ်ခဲ့သည် ။ သို့ဖြစ်၍ ဤစနစ်ကို Victor-D’ Hondt method ဟုလည်းကျယ်ကျယ်ပြန်ပြန့်ခေါ်ဆိုကြပါသည် ။ စိတ်ကူးယဉ် ဆိုရှယ်လစ်ဝါဒီ တစ်ဦးဖြစ်သူ victor-conside’rant ကလည်း ၁၈၉၂ခုနှစ်က သူရေးသားခဲ့သော စာအုပ်တွင်ထိုသို့သော စနစ်ကို ဖော်ထုတ်ခဲ့သည်။ Party-list PR စနစ်တွင် Open-list နှင့် Close-list ဟု နှစ်မျိုးထပ်မံရှိပြန်ပါသည် ။ Party-list(Open-list) စနစ်ကို အသုံးပြုနေသော နိုင်ငံများမှာ ဖင်လန်၊ လတ်ဗီးယား ၊ ဆွီဒင် ၊ နယ်သာလန်(ဟော်လန်) ၊ ဒီမိုကရက်တစ် ရီပတ်ဗလစ်ကွန်ဂိုနိုင်ငံ နှင့်ဘရာဇီး တို့ဖြစ်၍ Close-list ကျင့်သုံးသောနိုင်ငံများမှာ ရုရှား ၊တောင်အာဖရိကတို့ဖြစ်ပါသည် ။

ဥရောပ ပါလီမန်များတွင် အများစု သည် open-list ကိုကျင့်သုံးကြ၍ ယူနိုက်တက်ကင်းဂ်ဒမ်း တွင် close-list ကို ကျင့်သုံး နေကြပါသည် ။

၂။ Mixed Member Proportional System

( ကိုယ်စားလှယ်လောင်းအားတစ်ကြိမ် ၊ ပါတီအားတစ်ကြိမ် မဲပေးရွေးချယ်ရသော စနစ်)

ဒီစနစ်မှာ မဲဆန္ဒရှင်များက မိမိတို့ရွေးချယ်လိုသည့် ပုဂ္ဂိုလ်အားတိုက်ရိုက်တစ်ကြိမ် ၊ ပါတီအားတစ်ကြိမ် ၊ နှစ်ဆင့် ထပ် မဲပေးရွေးချယ်ရသောစနစ် ဖြစ်ပါသည်။

ဤစနစ်တွင် မဲဆန္ဒနယ်အလိုက် လူပုဂ္ဂိုလ်အရပေးသည့် ဆန္ဒမဲအများဆုံးရ သူ ကလွှတ်တော်ကိုယ်စားလှယ် (တိုက်ရိုက်)ဖြစ်သည်။ ထို့နောက် ပါတီအားပေးသည့်ဆန္ဒမဲရာခိုင်နှုန်းအလိုက်ကိုယ်စားလှယ် နေရာကို တွက်ချက်ခွဲဝေရပါသည် ။ ဤနေရာတွင်ရှုပ်ထွေးလာသည်က ပါတီတစ်ခုသည် ပါတီ၏ ကိုယ်စားလှယ်လောင်း များ ၀င်ရောက်ယှဉ်ပြိုင်ရာတွင် ဦးရေ ၁၀၀ တိုက်ရိုက်အနိုင်ရခဲ့သည် ။သို့သော် ပါတီအလိုက် ပေးသော မဲအရေအတွက် ရာခိုင်နှုန်းအရ ကိုယ်စားလှယ် ၁၅၀နေရာအနိုင်ရသည်ဆိုလျှင် လိုအပ်သော ၅၀ ဦးကို ပါတီစာရင်းမှ ထပ်မံပေါင်းထည့်ပေး ရပါမည် ။

ဆိုလိုသည်မှာ ကိုယ်စားလှယ် ၅၀ သည် ပြည်သူတို့၏ တိုက်ရိုက်ဆန္ဒမဲမဟုတ်ပဲ လွှတ်တော် ကိုယ်စားလှယ်ဖြစ် သွားသည် ဟူသည့် အဓိပ္ပါယ်ဖြစ်ပါသည် ။ မြန်မာပြည်တွင် ထိုသို့သောနည်းစနစ်ကို ပြည်သူများက သဘောတွေ့လိမ့်မည် မထင်ပါ ။ တစ်ခါတစ်ရံတွင် ထိုသို့ထပ်ပေါင်းပေးရသောကိုယ်စားလှယ်များကြောင့် လွှတ်တော်တွင် ကိုယ်စားလှယ်နေရာ အတိအကျ သတ်မှတ်ထား၍ မရသော ပြဿနာများ (လွှတ်တော်ကိုယ်စားလှယ်နေရာ ထပ်တိုးခြင်း -Overhang Seats) ပင်ကြုံတွေ့ ရတတ်ပါသည် ။

ဂျာမနီနိုင်ငံသည် ဤစနစ်ကို ကျင့်သုံးနေသော နိုင်ငံများထဲတွင် ထင်ရှားသည် ။ ဂျာမဏီ၏ ရွေးကောက်ပွဲစနစ်တွင် မဲအများဆုံးရသူနိုင် (FPTP) စနစ်အရ မဲဆန္ဒနယ်အလိုက်ကိုယ်စားလှယ် ၂၄၈နေရာ နှင့် အချိုးကျကိုယ်စားပြု (PR)စနစ်အရ ကိုယ်စားလှယ် ၂၄၈ နေရာ တို့ကို သတ်မှတ်ခွဲခြားထားပါသည်။

ဖွံ့ဖြိုးပြီးနိုင်ငံ ဖြစ် သော်လည်း နိုင်ငံရေးမတည်ငြိမ်သောနိုင်ငံဖြစ်ပါသည် ။ မကြာခဏ ပြင်ဆင်နေရသောစနစ်ဖြစ်၍မြန်မာပြည်ကဲ့သို့ မဖွံ့ဖြိုးသေးသော၊ အဘက်ဘက်မှ ပြင်ဆင်ရန်လိုအပ်နေသော နိုင်ငံသစ်တစ်ခုအတွက် ဤစနစ်ကျင့်သုံးသင့် မသင့်မှာပြည်သူ တို့နှင့် ပြည်သူ့ကိုယ်စားလှယ်ဆိုသူတို့ များစွာသတိထား ဆင်ခြင်ရန်လိုမည်ဖြစ်ပါသည်။ “ဆင်က” (ဆင်ကုန်းနှီး)ကို မြင်း၌“ကုန်းနှီး”တင်ပါကမည်သို့ဖြစ်မည်ကို ဆင်ခြင်ကြစေလို ပါသည် ။

ဤစနစ်(သို့မဟုတ်ဤစနစ်အားပြုပြင်မွမ်းမံ၍) ကျင့်သုံးသည့် နိုင်ငံများမှာ United King domတွင် the Greater London Authority နှင့် စကော့တလန်ပါလီမန် ၊ ဂျာမဏီ ၊ လီဆိုသို ၊ မက္ကဆီကို၊ဘိုလစ်ဗီးယား နှင့် နယူးဇီလန် တို့ဖြစ် ပါသည် ။ အီတလီသည် ထိုစနစ်အား ပြောင်းလဲထားသည့် ပုံစံဖြင့်ကျင့်သုံးသည်။

ထိုသို့သောလွှတ်တော်မျိုးတွင် PR စနစ်ကြောင့် ပါတီများစွာ လွှတ်တော်ထဲတွင်ပါဝင်လာပြီး မည်သည့် ပါတီကမျှ ကိုယ်စားလှယ် ဦးရေ ၅၀%ထက် မကျော်လွန်ပါက အစိုးရဖွဲ့ရန် မဟာမိတ်ပါတီများ ဖွဲ့ရခြင်း ၊ ထိုမဟာမိတ်ပါတီများ အတွင်း မည်သည့်ပါတီကို ၀န်ကြီးနေရာ မည်မျှပေးမည် စသည့် အပေးအယူများပြုလုပ်ခြင်းများ ရှိလာပါလိမ့်မည် ။ ထို့အပြင် ထိုသို့ အစိုးရအဖွဲ့၏ လုပ်ဆောင်ချက်များကို (ကောင်းသည်ဖြစ်စေ ၊ မကောင်းသည်ဖြစ်စေ) မိမိတို့ ဆန္ဒသဘောထားနှင့် မညီညွတ်၍ မကျေနပ်လျှင် ကျန်ပါတီများက ယာယီစုပေါင်းကာ ထိုအစိုးရအဖွဲ့အား ပြုတ်ကျစေရန် လွှတ်တော်တွင် အယုံအကြည်မရှိအဆိုတင်ခြင်း ၊ မဲခွဲခြင်းတို့ကို ပြုလုပ်ကြပါလိမ့်မည် ။ ထို့နောက်တွင် အစိုးရဖွဲ့ထားသော ပါတီမှ ပါတီဝင်များက အစိုးရအဖွဲ့အား ထောက်ခံဆန္ဒပြခြင်းများ ၊ ကျန်ပါတီများ၏ပါတီဝင်များမှ အစိုးရကို ကန့်ကွက် ဆန္ဒပြခြင်းများ ပြုလုပ်ကြပါလိမ့်မည် ။ ထို့နောက်ပြည်သူများအကြား မလိုလားအပ်သည့် ပဋိပက္ခများ ပေါ်ပေါက်လာပါ လိမ့်မည် ။

ဤစနစ်သည် ပါတီကိုသာ အဓိကရွေးချယ်ရခြင်းဖြစ်သဖြင့် မဲဆန္ဒရှင်ပြည်သူများသည် ကိုယ့်မြို့နယ် ကိုယ့်ဒေသအတွက် ကိုယ်ရွေးချယ်လိုသော ကိုယ်စားလှယ်လောင်းအား တိုက်ရိုက်မဲပေးခွင့် ဆုံးရှုံးသွားမည်ဖြစ်ပါသည် ။ ကိုယ့်မြို့နယ်မှ အရွေးခံယှဉ်ပြိုင်သော ကိုယ်စားလှယ်အား နှစ်သက်သည် ၊ မနှစ်သက်သည်ကို ရွေးချယ်ခွင့် မရှိတော့ပဲ ပါတီကိုသာ ရွေးချယ်ရသည်ဖြစ်သောကြောင့် အရပ်တကာ အော့ကြောလန် နိုင်ငံရေးလုပ်စားသူများလည်း ကိုယ်စားလှယ် ဖြစ်သွားနိုင်ပါသည်၊ ပါတီရံပုံငွေများများထည့်ဝင်သော ငွေရှင်ကြေးရှင် Crony များလည်းနိုင်ငံရေးဈေးကွက်တွင် ၀င်ရောက်ခြယ်လှယ်ကြရန် လွယ်ကူသွားပါလိမ့်မည် ။

အာဆီယံနိုင်ငံတစ်ခုဖြစ်သောအင်ဒိုနီးရှား သည်လည်း ထို စနစ်ကိုကျင့်သုံးသည် ၊ သို့သော် လွှတ်တော် ကိုယ်စား လှယ် များကို သာ ထို PR စနစ်ဖြင့်ရွေးချယ်ပြီးသမ္မတ နှင့်ဒေသဆိုင်ရာအုပ်ချုပ်ရေးများကိုပြည်သူကတိုက်ရိုက်ရွေးကောက် တင်မြှောက်သော စနစ်ကို ကျင့်သုံးသည်။ထိုစနစ် သည် သမ္မတ(အစိုးရအဖွဲ့)နှင့် လွှတ်တော်အကြား မကြာခဏ ပဋိပက္ခ ပေါင်းစုံပေါ်ပေါက်တတ်သည် ။ အုပ်ချုပ်ရေးမဏ္ဍိုင် နှင့်ဥပဒေပြုရေးမဏ္ဍိုင် အကြားညှိနှိုင်းစေ့စပ်၍မရနိုင်မှုများကြောင့် နိုင်ငံ ရေးမငြိမ်သက်မှုများ အမြဲတစေပေါ်ပေါက်တတ်ပါသည်။

ဤစနစ်ကိုကျင့်သုံးလိုပါကမကြာသေးမီနှစ်များအတွင်းအင်ဒိုနီးရှား နိုင်ငံ၏ နိုင်ငံရေးပြဿနာများ ကို အရင်လေ့လာကြစေလိုပါသည် ။ (ထိုနိုင်ငံများ၏ လွှတ်တော်နှင့် အစိုးရအကြားပြဿနာ များ ကို ထပ်မံရေးသားတင်ပြသွားပါမည်။)

၃။ Mixed Member Majoritarian system 

(ကိုယ်စားလှယ်လောင်း အားတစ်ကြိမ် ၊ ပါတီအားတစ်ကြိမ်မဲပေး ရွေးချယ်သည် ၊ သို့သော် လူပုဂ္ဂိုလ်အား နေရာအများစုပေးထားသောစနစ်)

အထက်ပါ Mixed Member Proportional System စနစ်နှင့်တူသော်လည်း ကိုယ်စားလှယ်လောင်း အရေအတွက် အချိုးကို ပိုမိုသတ်မှတ်ပေးထားသော စနစ်ဖြစ်ပါသည် ။

မြန်မာနိုင်ငံ၏အိမ်နီးချင်းဖြစ်သောထိုင်းနိုင်ငံသည် ယခုအခါ ထိုစနစ်ကိုကျင့်သုံးနေပါသည်။ နိုင်ငံတွင်း ပြဿနာပေါင်းများစွာဖြင့် ၀ရမ်းထုတ်ခြင်းများကို ခံရပြီး အခြားနိုင်ငံတွင် ခိုလှုံနေ ရသော ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ(လက်ရှိဝန်ကြီးချုပ်ယင်လတ်ရှင်နာဝပ်ထရာ၏ အကို) ၏PPP ပါတီ အစိုးရအား ဖြုတ်ချ၍ အာဏာသိမ်းယူပြီးနောက်တွင်မှ ပြန်လည်ပြင်ဆင်ရေးဆွဲ အတည်ပြုခဲ့သော အခြေခံဥပဒေ ပြင်ဆင်ချက်အရ ပေါ်ထွက်လာသည့် စနစ်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်ကျင့်သုံးနေသော မဲအများဆုံးရသူနိုင် (FPTP) စနစ်အရ မဲဆန္ဒနယ်အလိုက်ကိုယ်စားလှယ် ၃၇၅ နေရာ နှင့် အချိုးကျကိုယ်စားပြု (PR)စနစ်အရ ကိုယ်စားလှယ် ၁၂၅ နေရာ တို့ကို သတ်မှတ်ခွဲခြားထားပါသည်။

ပထမဦးစွာ မဲဆန္ဒနယ်အလိုက် ကိုယ်စားလှယ်ကိုမဲပေးခြင်း၊ ဒုတိယအဆင့် ပါတီကိုမဲပေးခြင်းတို့မှာ ဂျာမဏီနိုင်ငံတွင်ကျင့်သုံးသောစနစ်နှင့် တူသော်လည်းFPTPစနစ်ကို ကျင့်သုံးသည့် အရေအတွက် ကို PR စနစ် ကျင့်သုံးသည့် အရေအတွက်ထက် နေရာ ၂၀၀ ပိုမို သတ်မှတ်ထားခြင်းတို့တွင် ကွာခြားသွားပါသည် ။ ၀န်ကြီးချုပ်ဟောင်း သက်ဆင်သြဇာလွှမ်းမိုးသောပါတီကလွှတ်တော် အား လွှမ်းမိုးလက်ဝါးကြီးအုပ်မည် ကို စိုးရိမ်သောကြောင့် ဤစနစ်ကိုပြောင်းလဲကျင့်သုံးသည်ဟု ဆိုကြသော်လည်း ဤစနစ်ကျင့်သုံးပြီးသည့် ပြန်လည်ပြုလုပ် သည့် ရွေးကောက်ပွဲတွင်လည်း သက်ဆင်အား ထောက်ခံသူများ၏ PPP ကသာ အနိုင်ရခဲ့ပါသည်။

ထိုနောက်တွင်မှ ၀န်ကြီးချုပ် သုန္ဒြာဘတ်နှင့် ၎င်းအားထောက်ခံသူအမတ်အချို့အား ပိတ်ပင်ခဲ့၍ ဒီမိုကရက်တို့နှင့် ပါတီငယ်များပူးပေါင်းကာ ညွန့်ပေါင်းအစိုးရ ဖွဲ့နိုင်ခဲ့ခြင်းဖြစ်ပါသည်။ ဤစနစ်အရ ပါတီတစ်ခုပြီးတစ်ခုပြောင်းသည့် “ခြံကူးကြမ်းသူ” အဖြစ် နာမည်ကြီးသော ချိုက်ချစ် ကလွှတ်တော်ဥက္ကဋ္ဌဖြစ်လာခဲ့ပါသည်။ ၂၀၁၁ ရွေးကောက်ပွဲတွင် သက်ဆင် ညီမဖြစ်သူ ယင်လတ် နှင့် သူမ၏ပါတီက ပြန်လည်အနိုင်ရခဲ့ပါသည် ။

ဤစနစ်ကျင့်သုံးခြင်း၏ ပြဿနာများမှာ မကြာခဏ လွှတ်တော်တွင်းပြဿနာများ ရင်ဆိုင်ရခြင်း ၊ လွှတ်တော်နှင့် အစိုးရအဖွဲ့အကြား ပြဿနာများ ပေါ်ပေါက်ခြင်း အစိုးရအဖွဲ့မကြာခဏ နှုတ်ထွက်ပေးရခြင်း တို့ဖြစ်ပါသည် ၊ နိုင်ငံရေး မတည်ငြိမ်ဟု ဆိုနိုင်ပါသည် ။ တိုးတက်လှပါသည်ဆိုသော ဂျပန်နိုင်ငံတွင်ပင် ဤပြဿနာများ (၀န်ကြီးချုပ်နှုတ်ထွက် ၊ အစိုးရအဖွဲ့ပြုတ်ကျ) မကြာခဏကြုံတွေ့ရရာ မြန်မာနိုင်ငံကဲ့သို့ သွေးနုသားနု ဒီမိုကရေစီနိုင်ငံ တစ်ခုတွင် ပုံတူကူးသင့် မကူးသင့် သတိကြီးစွာဖြင့် ဆင်ခြင်ကြရန်ဖြစ်ပါသည် ။ မကြာသေးမီက ထိုင်းနိုင်ငံတွင်ဖြစ်ပွားခဲ့ သည့် ရှပ်နီတို့၏ဆန္ဒပြမှု များ၊ အဓိကရုဏ်းများ ကဲ့သို့သော ပြဿနာကြီးများ ကြုံလာခဲ့ပါက မြန်မာနိုင်ငံ၏ နိုင်ငံရေးလမ်း ကြောင်း တစ်ဆစ်ချိုးမည် မချိုးမည်ကို မည်သူက အာမခံပါမည်နည်း ။

(ထိုစနစ်ကို ကျင့်သုံးသော အခြားနိုင်ငံများမှာ ဘိုလစ်ဗီးယား၊ ဟန်ဂေရီ၊ ဂျပန် ၊ လီဆိုသို၊ မက္ကဆီကို၊ တောင်ကိုးရီးယား ၊ တိုင်ဝမ် ၊ နှင့် ဗင်နီဇွဲလား နိုင်ငံတို့ဖြစ်ကြပါသည် ။)

၎။ Single Transferable Vote စနစ် 

(အမတ်လောင်းများအနက်မှ မိမိတို့နှစ်သက်မှုအရ ဦးစားပေး နံပါတ်စဉ် ၁၊၂၊၃၊၄ တပ်ပြီး ရွေးချယ်သောစနစ်)

ဤစနစ်မှာ အမတ်လောင်းများအား မဲဆန္ဒရှင်ပြည်သူများ၏ နှစ်သက်မှုအရ ဦးစားပေးနံပါတ်တပ်၍ ရွေးချယ်ခြင်း ဖြစ်ပါသည် ။

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားရွေးချယ်မှု နှင့် ဆင်ဆင်တူပါသည် ။ ဖီဖာမှ နောက်ဆုံးဆန်ကာတင် (၃)ဦး အမည်စာရင်းကို ထုတ်ပြန်ပေးပြီး ၊ ကမ္ဘာတစ်လွှားမှ ဘောလုံးအသင်းမန်နေဂျာများ နှင့် အသင်းခေါင်းဆောင်များ မှ မိမိအကြိုက်ဆုံး ဘောလုံးသမားကို နံပါတ်(၁)တွင်ရေး ၊ ဒုတိယအကြိုက်ဆုံးကို နံပါတ်(၂) ၊ တတိယအကြိုက်ဆုံးကို နံပါတ်(၃) စသည်ဖြင့် မဲ့ပေးရွေးချယ်သလိုပင်ဖြစ်ပါသည် ။ ကွာခြားသည်က ထိုရွေးချယ်မှုတွင် အမှတ်စဉ်(၁) ရွေးချယ်ခံရလျှင် (၃)မှတ် ၊ အမှတ်စဉ်(၂) ရွေးချယ်ခံရလျှင် (၂)မှတ် အမှတ်စဉ်(၃)ရွေးခံရပါက (၁)မှတ် ပေးခြင်းတွင် ကွာခြားပါသည်။

ဤစနစ်မှာ မဲကျန်များကို အနည်းအများအလိုက်ထပ် ပေါင်းပေးရခြင်းစသော အလွန် ရှုပ်ထွေးပွေလီ လှသည့် ပြဿနာများစွာ ရှိပါသည် ။ (စာညောင်းမည်စိုးသဖြင့် မဲကျန်ပေါင်းသည့် စနစ်သဘောတရား များကို အသေးစိတ် မတင်ပြဘဲ ချန်လှပ်ခဲ့ပါမည်)

ကိုယ်စားလှယ်လောင်း အမည်နှင့် ပါတီအမှတ်အသားဘေး ဆန္ဒပြု ကွက်လပ် တွင် မိမိ မဲပေးလိုသော ကိုယ်စားလှယ်ကို မှန်ကန်စွာမဲပေးရန်ပင် မနည်း ရှင်းပြရသော မြန်မာနိုင်ငံသူ/သား အများစု သည် ထိုသို့သော ရှုပ်တွေးပွေလီမှုများ ကို မည်သို့ ရင်ဆိုင်၍ မှန်မှန်ကန်ကန် မဲပေးနိုင်ကြပါမည်နည်း ။

ဤစနစ်ကို ဗြိတိသျှလူမျိုးကျောင်းအုပ်ဆရာဖြစ်သူ သောမတ်စ်ရိုက်ထ်ဟေးလ် (Thomas-Wright-Hill) က ထုတ်ဖော်ခဲ့ပါသည် ။ ထိုစနစ် ကို သူ၏ ကျောင်းဘုတ်အဖွဲ့ရွေးကောက်ပွဲ ( ၁၈၂၁ခုနှစ်)တွင် စတင်အသုံးပြုခဲ့သည် ။ ထိုစနစ်ကို သူ၏သားဖြစ်သူ ရိုးလန့်ဒ်ဟေးလ် (Rowland-Hill) က အာဒီလိတ် မြို့တော်ကောင်စီ ပြည်သူ့ရွေးကောက်ပွဲ (Adealide City Council) တွင် ၁၈၄၀ ခုနှစ်တွင် စတင်မိတ်ဆက် အသုံးပြုခဲ့သည် ။ အခြား PR စနစ်များနှင့်မတူသည်မှာ ဤစနစ်သည် party- list စနစ်အတွက် လုံးဝ ခွင့်ပြုမထားခြင်းဖြစ်ပါသည် ။

PR စနစ်များထဲမှ အဦးဆုံးဖြစ်သည့် ထိုစနစ်ကို နိုင်ငံအနေဖြင့်စတင်အသုံးပြုသည်မှာ ဒိန်းမတ်နိုင်ငံဖြစ်ပြီး ၁၈၅၇ တွင် ပထမဆုံး အသုံးပြုခဲ့ပါသည် ။ သို့သော် ထိုစနစ်သည် ကျယ်ကျယ်ပြန့်ပြန်အသုံးပြုခဲ့ခြင်းမရှိပါ ။ ထိုစနစ်ကို United Kingdom တွင် ထပ်မံအဆိုပြုခဲ့သော်လည်း ဗြိတိသျှပါလီမန်က ပယ်ချခဲ့ပါသည် ။ အထက်တွင်ဖော်ပြခဲ့သော PR စနစ်များထဲမှ မည်သည့်စနစ်ကို ကျင့်သုံးသည်ဖြစ်စေ သေချာပေါက် အကျိုးရှိ မည်မှာ ပါတီငယ်များဖြစ်ကြ၍ သေချာပေါက် အမတ်ဖြစ်မည်မှာ ထိုပါတီများ၏ ဥက္ကဌ ၊ ဒုဥက္ကဌ ၊ အတွင်းရေးမှူး ..စသော ထိပ်ဆုံးမှ တန်းစီထားကြသည့်ပုဂ္ဂိုလ်များဖြစ်ပါသည်။

(ဤအချက်သည်ပင် PR စနစ်ကို ကောက်ကာငင်ကာ အဆိုပြု တင်ပြလာသော ဒီမိုကရေစီ မဟာမိတ်ပါတီများမှာ ခေါင်းဆောင်ကြီးများ၏ ၀ှက်ဖဲတစ်ချပ် ဖြစ်မည်ထင်ပါသည်။)၊ကျန် ပါတီဝင်အဆင့်ကိုယ်စားလှယ်လောင်းများမှာ အိမ်ဖြည့်သာဖြစ်ပါသည် ။ တိုင်းပြည်အတွက် အကျိုးရှိဖို့ကတော့ မသေချာ မရေရာလှပါ ။ သေချာသည်ကတော့ ထိုသို့နည်းဖြင့် လွှတ်တော်ထဲရောက်လာသူများသည် မိမိတို့ လုပ်ပိုင်ခွင့်ဖြင့် “တိုင်းပြည် တစ်ရိုး သဝေထိုးအောင်”ဆိုးတော့မည်ကတော့သေချာပါသည် ။ ဥပမာအားဖြင့် ပါတီကြီးနှစ်ခုသည် လွှတ်တော် ကိုယ်စားလှယ် နေရာ ၄၀% စီ အနိုင်ရထားကြသည် ။ ပါတီငယ်လေး ၃ ခုက ၈% ၊ ၇% နှင့် ၅% အသီးသီး ရထားသည် ဆိုပါစို့ ၄၀% ရထားသည့် ပါတီကြီး နှစ်ခုသည် ၅၀% မပြည့်သဖြင့် အစိုးရမဖွဲ့နိုင် ၊ သို့ဖြစ်၍ ထိုပါတီကလေး ၃ခုကို မိမိတို့နှင့် ပူးပေါင်းရေးအတွက် ဆွယ်ရတော့မည်ဖြစ်ပါသည် ။ ထိုပါတီကလေးများကလည်း ဤအချက်ကို နိုင်ကွက်ကိုင်၍ ၀န်ကြီး ဘယ်နှစ်နေရာပေးလျှင် ပူးပေါင်းမည် ဟု ကြိုက်ဈးကိုင်ကြပါတော့မည် ။ ထိုအခါ အစိုးရဖွဲ့လိုသော ပါတီကြီး ၂ခုကလည်း မိမိတို့ အစိုးရဖွဲ့နိုင်ရေး ပါတီငယ်များ ကြိုက်ဈေးပေး၍ အလိုလိုက်ကြရပါတော့မည် ။ အစိုးရဖွဲ့ပြီးပြန်တော့ လည်း ထိုပါတီကလေးများ မိမိတို့နှင့် လက်တွဲမဖြုတ်ရေး ပြိုင်ဘက်ပါတီဘက်သို့ ပါမသွားရေးတို့ကို အခွင့်အရေးပေး မျက်နှာချိုသွေးနေရပါတော့မည် ။ ဤသို့အားဖြင့် ထိုပါတီကြီးထဲမှ ကိုယ်စားလှယ်များနှင့် ပါတီခေါင်းဆောင်များ ကြား ပြဿနာပေါင်းစုံ ပေါ်ထွက်လာပါလိမ့်မည် ။

ပြည်သူတွေမှာတော့ ကိုယ်စားလှယ်တော်ကြီးများ လွှတ်တော်အတွင်း သူတစ်လူငါတမင်းနှင့် ခေါင်းပေါင်းဖြုတ် ၊ တိုက်ပုံချွတ် ၊ ပုဆိုးခါးတောင်း ကြိုက်၍ နပန်းထမလုံး ကြလျှင်ပဲ တော်လှပါပြီဟု ရင်ကလေးတစ်မမ ၊ ဘုရား တစ်တတ ၊ ရသမျှ အန္တရာယ်ကင်း ဂါထာ များအား အနုလုံပဋိလုံရွတ် ၍ ဘယ်တော့များ လွှတ်တော်ကို ဖျက်သိမ်း(dissolve)ခံရပါ့မလည်း ။ဘယ်တော့ နောက်ကြောင်းပြန်သွားမလည်း တွေး၍ သာ နေရပါတော့မည် ။

ပြည်သူမျက်နှာကိုမကြည့် မိမိတို့ လွှတ်တော်အမတ်နေရာရဖို့အရေးက ဆင်ခြင်တုံတရားကို လွှမ်းမိုး၍ မျက်ကန်း တစ္ဆေမကြောက်သူများကတော့ တိုင်းပြည်အား ချောက်ကမ္ဘားစွန်းသို့တွန်းပို့ရန် ကြံနေကြပြန်ပါပြီ ။ အထက်ပါပြဿနာများ ပေါ်ပေါက်၍ တိုင်းပြည်တစ်ခုလုံး ၀ရုန်းသုံးကားဖြစ်ကာ ဘယ်လိုမှထိမ်းမရတော့လျှင် သွားလေသူ ဘကြီးနု (၀န်ကြီးချုပ် ဟောင်း ဦးနု) ကဲ့သို့ ဗိုလ်ချုပ်နေ၀င်းအား မြန်မာနိုင်ငံ အိမ်စောင့်အစိုးရ လွှဲအပ်သလိုများ လုပ်သွားကြဦးမည် လားတော့ တွေးပင်မတွေးရဲတော့ပါ ။

ဘကြီးနု လက်သစ်များ ထပ်မံမပေါ်ပေါက်ပါစေနှင့်ဟုလည်း အလေးအနက်ဆန္ဒပြုအပ်ပါသည်။

မြန်မာနိုင်ငံကို သွေးနုသားနုဒီမိုကရေစီ နိုင်ငံသစ် ဟု တင်စားခဲ့ပါသည် ။ လေစိမ်းတိုက်မခံနိုင် ၊ အစားမှား မခံနိုင် ၊ ရေအေးအေးကို သော်မှ မကိုင်ရဲသေးသည့် တကယ့်သွေးနုနုသားနုနု ကို အဘယ်ကြောင့် တောက်တိုမယ်ရ ဆေးစမ်း ချင်နေကြပါသနည်း ။ ဒီမိုကရေစီမဟာမိတ်များဆိုသည်တို့သည်လည်း ကိုယ့်အားကိုယ်ကိုး ၍ ပြည်သူကို စည်းရုံးကြရမည့် အစား အဘယ်ကြောင့် အလိုတူအလိုပါ ကြံဖော်ကြံဖက် ဖြစ်ကြရပြန် သနည်း ။

ကိုယ့်ကို ကိုယ်ယုံကြည်လျှင် ပါတီချင်းယှဉ်ယှဉ် ၊ မူချင်းယှဉ်ယှဉ် ၊ လူချင်းယှဉ်ယှဉ် ပ၀ါမကူ ရေမရှုစတမ်း ပြည်သူကို ခုံသမာဓိထား၍ ရွေးကောက်ပွဲဝင် ယှဉ်ပြိုင်သင့်ပါလျှက် အဘယ်ကြောင့် သေချာပေါက် အချိုအချောင် နည်းလမ်းကို ရွေးကြပါသနည်း ။ ၂၀၁၀ ရွေးကောက် ပွဲတုန်းက နိုင်သူအကုန်ယူစတမ်း ( First past The Post – FPTP) သို့မဟုတ် (Winner take all ) စနစ်ကို ကျင့်သုံးခဲ့ပါ လျှက် ယခုကျခါမှ အဘယ်ကြောင့် စည်းကမ်းချက် အသစ်များ ထပ်မံချမှတ်လိုလာရပြန်ပါသနည်း ။

ပါတီချင်းယှဉ် ၊ မူချင်းယှဉ် ၊ လူချင်းယှဉ် ၊ ပြည်သူအဆုံးအဖြတ်ဖြင့် လွှတ်တော်အတွင်း ခေါင်းမော့မော့ ခါးမတ်မတ် ဖြင့် ၀င်ကြရမည့် အစား ဘယ်နေရာမှ မနိုင်ရင်နေ ဟိုမဲဆန္ဒနယ်က ရသည့်မဲ နည်းနည်း ဒီ ဟိုမဲဆန္ဒနယ်က ရသည့်မဲ နည်းနည်း ရတတ် သမျှ မဲများ စုကာပေါင်းကာဖြင့် လွှတ်တော်အတွင်းသို့ ၊ ခြံစည်းရိုးပေါက်မှ ၀င်ရ၀င်ရ ၊ ကြမ်းပေါက်မှ ၀င်ရ၀င်ရ ၊ မည်သို့ဝင်ရသည်ဖြစ်စေ ၀င်မည်ဟု ကြံစည်နေကြသည်ကတော့ လမ်းအလည် မစင်စွန့်သူတော့ မသိ မြင်သူကတော့ ရှက်လှပါပြီ ။ အနည်းငယ်မျှသတိသမ္ပဇဉ်ယှဉ်၍ ရသမျှခဲချင်သည့် စိတ်များ နည်းနည်း လျှော့ကြစေချင်ပါသည် ။

ယခုအချိန်သည် နိုင်ငံတော်အတွက် သမိုင်းသစ်ကို ရေးထိုးနေချိန်ဖြစ်ပါသည် ။ ယခင့်ယခင်က မှားခဲ့သည်များကို သင်ပုန်းချေနေချိန်လည်း ဖြစ်ပါသည် ။ သို့သော် ပြည်သူများ ထပ်ကာထပ်ကာ ထိခိုက်နစ်နာစေမည့် ကိစ္စများကိုတော့ သတိကြီးစွာဖြင့် ရှောင်ရှားကြစေလိုပါသည် ။ သို့မဟုတ်ပါက သမိုင်းတရားခံ များဖြစ်ကြပါလိမ့်မည် ။ သွေးနုသားနု ဒီမိုကရေစီ နိုင်ငံသစ်အား သည်းခြေပျက်စေမည့် အတွေးဆိုး အတွေး မိုက်၊လုံ့လစိုက်ထုတ်မှုအမှားများကို ရှောင်ရှားကြစေ လိုပါသည် ။ အဘက်ဘက်မှ အထွေထွေနိမ့်ကျ နေသော ပြည်သူတို့၏ အားနည်းချက်များကို မိမိတို့ အတွက် အခွင့်အရေး မယူသင့်ကြပါ ။

ပြည်သူတို့၏နိမ့်ပါးမှုများကို အသိအတတ်မြင့်မားသူတို့က စာနာဖေးမ စောင့်ရှောက်ကြမှသာ လောကပါလ တရား ထွန်းကားပါလိမ့်မည်။ လောကပါလတရား ဟူသည်မှာ ဆိုင်းဘုတ်ရေးသား ချိတ်ဆွဲထားရမည့် အရာမဟုတ်ပါ ၊ လိုက်နာကျင့်သုံးရမည့် အရာဖြစ် ပါသည် ။ ဒီမိုကရေစီ သက်တော်ရှည် ပုရောဟိတ်ကြီးများ အားလည်း ယခုအချိန်သည် တိုင်းပြည်မျက်နှာ ပြည်သူ့မျက်နှာကို နည်းနည်းမျှဖြစ်ဖြစ် ကြည့်ကြရတော့မည့် အချိန်ဖြစ်ပါကြောင်း ၊ ခေတ်စနစ် အဆက်ဆက် ဒဏ်ရာတွေအပြည့်ဖြစ်နေကြရှာသောပြည်သူတို့ကို စာနာထောက်ထားကြစေလိုပါကြောင်း ၊ ဆေးဆရာ ဆေးအစမ်းကောင်း၍ လူမမာ ရေတိမ်မနစ်စေလိုပါကြောင်း မေတ္တာရပ်ခံ တင်ပြလိုက်ရပါသည် ။

ထင်လင်းဦး (Wisdom Villa)

သမ္မတကို ဒုတိယသက်တမ်း ဆက်လက်ထမ်းဆောင်ရန် ကေအင်န်ယူ ဆန္ဒရှိ


Photo: သမ္မတကို ဒုတိယသက်တမ်း ဆက်လက်ထမ်းဆောင်ရန် ကေအင်န်ယူ ဆန္ဒရှိ
Thursday, June 5, 2014

တစ်နိုင်ငံလုံးအပစ် ခတ်ရပ်စဲရေးစာချုပ်ကို အမြန်ဆုံး လက်မှတ်ရေးထိုးပြီး ၂၀၁၄ခုနှစ် မကုန်မီ နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်နိုင်ရန် ကရင်အမျိုးသားအ စည်းရုံး(KNU) ဥက္ကဋ္ဌ၊ နိုင်ငံတော် သမ္မတနှင့်တပ်မတော်ကာကွယ် ရေးဦးစီးချုပ်တို့နှင့် တွေ့ဆုံစဉ် အားလုံးကဆန္ဒရှိကြကြောင်းသ တင်းရရှိသည်။

တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့(NCCT) နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မ တီတို့ ပြုလုပ်သောငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် တပ်မတော် အနေဖြင့် တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးအား သြဂုတ်လမ ကုန်မီ ပြုလုပ်၍ရသည်ဟု မှတ် ချက်ပေးခဲ့သည်။

နိုင်ငံတော်သမ္မတနှင့်တွေ့ဆုံရာတွင် သမ္မတကို ဒုတိယသက်တမ်းကို ဆက်လက်တာဝန်ထမ်းဆောင်ရန် အကြံပြုခဲ့ကြောင်း KNU ဗဟို ကော်မတီဝင်ဖဒိုမန်းငြိမ်းမောင်က ပြောသည်။

‘‘အကြံပြုရတဲ့အကြောင်းရင်းကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေကို သမ္မတကြီးက စတင်ဖော်ဆောင်တာဖြစ်တဲ့အတွက်ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို စလည်ဆုံးသမ္မတကြီးက အသိဆုံးဖြစ်တယ်။ သမ္မတကြီးက ဒုတိယသက်တမ်းဆက်ပြီးခေါင်းဆောင်မယ်ဆိုရင် ဒီငြိမ်းချမ်းရေးဟာ မလွဲမသွေရရှိမယ်လို့ ယုံကြည်တဲ့အတွက် ကျွန်တော်တို့ အကြံပြုတာဖြစ်ပါတယ်’’ဟု မန်းငြိမ်းမောင်ကဆိုသည်။

‘‘သမ္မတကြီးရဲ့ သဘောထားကတော့ ကျွန်တော်က ကျန်းမာရေးမကောင်းဘူး။ ဒါပေမဲ့ တိုင်းပြည်က လိုအပ်လို့ပြည်သူကတောင်းဆိုရင် ကျွန်တော်ဆောင်ရွက်ပါ့မယ်လို့ ပြန်ပြောတယ်’’ဟု ဖဒိုမန်းငြိမ်းမောင်ကဆိုသည်။

‘‘ကာချုပ်နဲ့က မနက် ၁၀နာ ရီကနေ ၁၂နာရီခွဲအထိ ၂နာရီ ကျော်ကြာတယ်။ သမ္မတနဲ့တော့ ၁နာရီကျော်ကြာတွေ့တယ်။တစ် နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကို ဒီနှစ်မကုန်ခင်မှာ ထိုးဖို့နိုင်ငံရေး ဆွေးနွေးပွဲကို ဒီနှစ်မကုန်ခင်မှာစဖို့ နှစ်ဖက်စလုံးက ဆန္ဒရှိကြပါတယ်’’ဟု တွေ့ဆုံပွဲတွင်ပါဝင်ခဲ့သူမြန်မာ့ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးဗဟိုဌာန(MPC)အကြီးတန်းအကြံပေး ဦးလှမောင်ရွှေကပြောသည်။

ထိုကဲ့သို့ တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးနှင့်ပတ်သက်သည့်ဆွေး နွေးပွဲများ၌ တိုးတက်သည့်သ ဘောတူညီမှုများရရှိသည်ကို တွေ့ရှိရပါကြောင်း၊ တပ်မတော် အနေဖြင့် လက်ရှိပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းများအောင်မြင်သည် အထိ ပူးပေါင်းဆောင်ရွက်သွား မည်ဟု ဆုံးဖြတ်ထားပါကြောင်း တွေ့ဆုံပွဲအပြီး တပ်မတော်ကထုတ်ပြန်သည့်သတင်းထုတ်ပြန် ချက်တွင်ဖော်ပြပါရှိသည်။

ထို့အပြင်တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်က ဖွဲ့စည်းပုံအ ခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ် သက်၍ လူဦးရေအနည်းငယ်သာ ရှိသောတိုင်းရင်းသားမှအစ လူဦး ရေများစွာရှိသော တိုင်းရင်းသား များ အပါအ၀င်ပြည်နယ်နှင့်တိုင်း ဒေသကြီးအားလုံးသည်တူညီ သော အခွင့်အရေးများပြဋ္ဌာန်းပေး ပြီးဖြစ်၍ ဥပဒေနှင့်အညီခံစားခွင့် ရရှိရေးလိုအပ်သည့်နေရာများ တွင် ညှိနှိုင်းပြင်ဆင်ဆောင်ရွက် ရေးတို့အတွက် အခြေခံဥပဒေအ ယူအဆ ၃ ရပ်ပေါ်တွင် မူတည် ၍ စဉ်းစားလုပ်ဆောင်ရမည်ဖြစ် ကြောင်း ထုတ်ပြန်ချက်တွင်ဖော် ပြပါရှိသည်။

ကရင်အမျိုးသားအစည်းအ ရုံးဥက္ကဋ္ဌစောမူတူးစေးဖိုးက ငြိမ်း ချမ်းရေးရသည်အထိ ကြိုးပမ်း ဆောင်ရွက်မည်ဖြစ်ကြောင်း၊ တစ်

ဦးနှင့်တစ်ဦး အနိုင်ယူအမြတ် ထုတ်ရန်မရှိဘဲ ရိုးရိုးသားသားဖြင့် ငြိမ်းချမ်းရေးရအောင် တည် ဆောက်သွားမည်ဟုပြောကြားခဲ့ ကြောင်း သတင်းရရှိသည်။

ထို့အပြင် အမြင်မတူသည် များကိုလည်းသဘောထားကြီး ကြီးစိတ်ရှည်ရှည်ဖြင့် ညှိနှိုင်း ဆောင်ရွက်မည်ဟုပြောကြားခဲ့ ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦး စီးချုပ်နှင့် ခြောက်ကြိမ်မြောက် တွေ့ဆုံပွဲတွင် ကရင်အမျိုးသား အစည်းအရုံးဥက္ကဋ္ဌစောမူတူးစေး ဖိုး၊ စစ်ဦးစီးချုပ်ဗိုလ်ချုပ်ဂျော်နီ၊ ကာကွယ်ရေးဝန်ကြီးစောရောဂျ ခင်၊ ဗဟိုအလုပ်အမှုဆောင်များ ဖြစ်ကြသော ဖဒိုမန်းငြိမ်းမောင်နှင့် KNU၏ စစ်ရေးနှင့် နိုင်ငံရေးအ ကြံပေးစောထူးထူးလေးတို့တက် ရောက်ခဲ့ကြသည်။

တပ်မတော်ဘက်မှ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်၊ဒုတိ ယတပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ကြည်း၊ ရေ၊ လေညှိနှိုင်းကွပ် ကဲရေးမှူးဗိုလ်ချုပ်ကြီးလှဌေးဝင်း တို့နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။

ကေအင်န်ယူအဖွဲ့ဝင်များနှင့် ကာကွယ်ရေးဦးစီးချုပ်တွေ့ဆုံစဉ် (ဓာတ်ပုံ - အောင်သူရ)
7Day Daily

တစ်နိုင်ငံလုံးအပစ် ခတ်ရပ်စဲရေးစာချုပ်ကို အမြန် ဆုံး လက်မှတ်ရေးထိုးပြီး ၂၀၁၄ခုနှစ် မကုန်မီ နိုင်ငံရေး ဆွေးနွေး ပွဲများ ပြုလုပ်နိုင်ရန် ကရင် အမျိုးသားအ စည်းရုံး(KNU) ဥက္ကဋ္ဌ၊ နိုင်ငံတော် သမ္မတနှင့် တပ်မတော် ကာကွယ် ရေးဦးစီးချုပ် တို့နှင့် တွေ့ဆုံစဉ် အားလုံးကဆန္ဒရှိကြကြောင်းသ တင်းရရှိသည်။


တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေး အဖွဲ့(NCCT) နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မ တီတို့ ပြုလုပ်သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် တပ်မတော် အနေဖြင့် တစ်နိုင်ငံလုံး အပစ်အ ခတ်ရပ်စဲရေးအား သြဂုတ်လမ ကုန်မီ ပြုလုပ်၍ရသည်ဟု မှတ် ချက်ပေးခဲ့သည်။

နိုင်ငံတော်သမ္မတနှင့်တွေ့ဆုံရာတွင် သမ္မတကို ဒုတိယသက်တမ်းကို ဆက်လက်တာဝန်ထမ်းဆောင်ရန် အကြံပြုခဲ့ကြောင်း KNU ဗဟို ကော်မတီဝင်ဖဒိုမန်းငြိမ်းမောင်က ပြောသည်။

‘‘အကြံပြုရတဲ့အကြောင်းရင်းကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေကို သမ္မတကြီးက စတင်ဖော်ဆောင်တာဖြစ်တဲ့အတွက်ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို စလည်ဆုံးသမ္မတကြီးက အသိဆုံး ဖြစ်တယ်။ သမ္မတကြီးက ဒုတိယသက်တမ်းဆက်ပြီးခေါင်းဆောင်မယ်ဆိုရင် ဒီငြိမ်းချမ်းရေးဟာ မလွဲမသွေ ရရှိမယ် လို့ ယုံကြည်တဲ့အတွက် ကျွန်တော်တို့ အကြံပြုတာဖြစ်ပါတယ်’’ဟု မန်းငြိမ်းမောင်ကဆိုသည်။

‘‘သမ္မတကြီးရဲ့ သဘောထားကတော့ ကျွန်တော်က ကျန်းမာရေးမကောင်းဘူး။ ဒါပေမဲ့ တိုင်းပြည်က လိုအပ် လို့ပြည်သူကတောင်းဆိုရင် ကျွန်တော်ဆောင်ရွက်ပါ့မယ်လို့ ပြန်ပြောတယ်’’ဟု ဖဒိုမန်းငြိမ်းမောင်က ဆိုသည်။

‘‘ကာချုပ်နဲ့က မနက် ၁၀နာ ရီကနေ ၁၂နာရီခွဲအထိ ၂နာရီ ကျော်ကြာတယ်။ သမ္မတနဲ့တော့ ၁နာရီ ကျော်ကြာ တွေ့တယ်။တစ် နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကို ဒီနှစ်မကုန်ခင်မှာ ထိုးဖို့နိုင်ငံရေး ဆွေးနွေးပွဲကို ဒီနှစ်မကုန်ခင်မှာစဖို့ နှစ်ဖက်စလုံးက ဆန္ဒရှိကြပါတယ်’’ဟု တွေ့ဆုံပွဲတွင်ပါဝင် ခဲ့သူ မြန်မာ့ငြိမ်း ချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးဗဟိုဌာန(MPC)အကြီးတန်းအကြံပေး ဦးလှမောင်ရွှေ ကပြောသည်။

ထိုကဲ့သို့ တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးနှင့် ပတ်သက် သည့်ဆွေး နွေးပွဲများ၌ တိုးတက်သည့်သ ဘောတူညီမှုများရရှိသည်ကို တွေ့ရှိရပါကြောင်း၊ တပ်မတော် အနေဖြင့် လက်ရှိပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းများအောင်မြင်သည် အထိ ပူးပေါင်းဆောင်ရွက် သွား မည်ဟု ဆုံးဖြတ်ထားပါကြောင်း တွေ့ဆုံပွဲအပြီး တပ်မတော်ကထုတ်ပြန်သည့်သတင်းထုတ်ပြန် ချက်တွင်ဖော်ပြပါရှိသည်။

ထို့အပြင်တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်က ဖွဲ့စည်းပုံအ ခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ လူဦးရေ အနည်းငယ်သာ ရှိသောတိုင်းရင်းသားမှအစ လူဦး ရေများစွာရှိသော တိုင်းရင်းသား များ အပါ အ၀င်ပြည် နယ်နှင့်တိုင်း ဒေသကြီးအားလုံးသည်တူညီသော အခွင့်အရေးများပြဋ္ဌာန်းပေး ပြီးဖြစ်၍ ဥပဒေနှင့်အညီခံစား ခွင့် ရရှိရေးလိုအပ်သည့်နေရာများ တွင် ညှိနှိုင်းပြင်ဆင်ဆောင်ရွက် ရေးတို့အတွက် အခြေခံ ဥပဒေအ ယူအဆ ၃ ရပ်ပေါ်တွင် မူတည် ၍ စဉ်းစားလုပ်ဆောင်ရမည်ဖြစ် ကြောင်း ထုတ်ပြန်ချက် တွင်ဖော် ပြပါရှိ သည်။

ကရင်အမျိုးသားအစည်းအ ရုံးဥက္ကဋ္ဌစောမူတူးစေးဖိုးက ငြိမ်း ချမ်းရေးရသည်အထိ ကြိုးပမ်း ဆောင်ရွက်မည် ဖြစ်ကြောင်း၊ တစ် ဦးနှင့်တစ်ဦး အနိုင်ယူအမြတ် ထုတ်ရန်မရှိဘဲ ရိုးရိုးသားသားဖြင့် ငြိမ်းချမ်းရေးရအောင် တည် ဆောက်သွားမည်ဟု ပြောကြားခဲ့ ကြောင်း သတင်းရရှိသည်။ ထို့အပြင် အမြင်မတူသည် များကိုလည်းသဘောထားကြီး ကြီးစိတ်ရှည်ရှည်ဖြင့် ညှိနှိုင်း ဆောင်ရွက် မည်ဟုပြောကြားခဲ့ ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦး စီးချုပ်နှင့် ခြောက်ကြိမ်မြောက် တွေ့ဆုံပွဲတွင် ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌစောမူတူးစေး ဖိုး၊ စစ်ဦးစီးချုပ်ဗိုလ်ချုပ်ဂျော်နီ၊ ကာကွယ်ရေးဝန်ကြီးစောရောဂျ ခင်၊ ဗဟိုအလုပ် အမှုဆောင်များ ဖြစ်ကြသော ဖဒိုမန်းငြိမ်းမောင်နှင့် KNU၏ စစ်ရေးနှင့် နိုင်ငံရေးအ ကြံပေးစောထူးထူး လေးတို့တက် ရောက်ခဲ့ကြသည်။

တပ်မတော်ဘက်မှ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်၊ဒုတိ ယတပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ကြည်း၊ ရေ၊ လေညှိနှိုင်းကွပ် ကဲရေးမှူးဗိုလ်ချုပ်ကြီးလှဌေးဝင်း တို့နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ခဲ့ကြ သည်။

7Day Daily

ကျောင်းကားများပေါ်တွင်ဖဲရိုက်သူများ အား အရေးယူရန်ညွှန်ကြား



ရတနာပုံ တက္ကသိုလ်နှင့် ကျောက်ဆည် တက္ကသိုလ် သို့ ပြေးဆွဲနေသည့် ပုဂ္ဂလိက ကျောင်းကြိုပို့ ယာဉ်များ ပေါ်တွင် ဖဲဝိုင်းများ ဖြစ်ပေါ်နေမှုကြောင့် မန္တလေး တိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီးဌာန ၀န်ကြီး ဦးကျော်ဆန်း က သက်ဆိုင်ရာ ပါချုပ်များထံသို့ ဇွန်လ(၂)ရက်နေ့က သတိပေး စာများ ပေးပို့ခဲ့ သည်။


စာအမှတ်၂၀/၂၀၀၀(၅) ကျောင်း(ကြို/ပို့)/၂၀၁၄(၂၈၂) ဖြင့်ထုတ်ပြန်သော ယင်းစာတွင် ကျောင်းသားများ အနေဖြင့် ကျောင်းသို့အသွား ကားပေါ်တွင် ဖဲရိုက်ခြင်းများ ဖြစ်နိုင်သလို ကျောင်းတွင် ကားရပ်နားထားစဉ်၌ ကားပေါ်တွင် ရိုက်ခြင်းလည်းဖြစ်နိုင် ကြောင်း ဖမ်းဆည်း ပါကလည်းကျောင်းသားများဖဲရိုက်သဖြင့်ဖမ်းမိ ဆိုသည် မှာ ကြားမကောင်းသဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်သွားရန် ရေးသား ထားသည်။

ထိုကဲ့သို့ဖြစ်ပွားရခြင်းကြောင့် မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးရဲမြင့်က ကျောင်းသားများ ကျောင်းကားပေါ်တွင် ဖဲရိုက်နေသည် ကိုတွေ့မြင်ရာမှ ယခုကဲ့သို့ တားမြစ် အရေးယူရန် ညွှန်ကြားခဲ့ ကြောင်းကို မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့်နီးစပ်သည့် အသိုင်းအ၀န်းက ပြောဆိုသည်။

" ကျောင်းသားဆိုတာ လောင်းကစား မလုပ်ရဘူးလို့ အစကတည်းက ပြောပြီး သားပါ ၊ ကျောင်းဝင်းထဲမှာ အဲဒီလိုအဖြစ် အပျက်တွေရှိရင်တော့ လက်မခံပါဘူး ၊ ကျောင်းဝင်းပြင်ပမှာ ဖြစ်တာမျိုးကတော့ ကျနော်တို့နဲ့ မသက်ဆိုင်ပါဘူး " ဟု ရတနာပုံတက္ကသိုလ်မှ ပါချုပ်ဖြစ်သူ ဒေါက်တာခင်မောင်ဦးက ပြောကြား သည်။

ကျောင်းသားလူငယ်များအကြား ယခုကဲ့သို့စာရိတ္တပျက်ရွင်းစေသည့်အပြုအမှုမျိုးများဖြစ်ပွားစေခြင်းမှာ တက္ကသိုလ်များကို မြို့ပြင်ထုတ် ထားခြင်း၏ ဆိုးကျိုးများ ကြောင့် ဖြစ်သည်ဟု ကျောင်းသားမိဘ အသိုင်းအ၀န်းမှ ပြောဆိုခဲ့ကြပြီး မြို့တွင်းတွင်သာ ကျောင်းတက်ရမည် ဆိုပါက ယခုလိုအဖြစ်မျိုးများ ကြုံတွေ့နိုင်ရန် အခွင့်အလမ်း နည်းပါး မည်ဖြစ်ကြောင်းကိုလည်း ဝေဖန်သုံးသပ် ခဲ့ကြသည်။

မင်းမင်းလတ်
Mandalay News Agency

တရုတ်နယ်ခြားမှတ်တိုင်ကြောင့် ဆန္ဒပြ နမ့်ခမ်းလယ်သမားများအား မြို့နယ်အုပ်ချုပ်ရေးမှူး ခေါ် ယူသတိပေး



တရုတ်-မြန်မာနယ်နိမိတ် တိုင်းထွာ စိုက်ထူခဲ့သည့် မှတ်တိုင်များအား နှုတ်ယူဖျက်ဆီးသော ဆန္ဒပြသူ ဒေသခံ များကို ဂျွန်လ ၃ ရက်နေ့က နမ့်ခမ်းမြို့နယ်အုပ် ချုပ်ရေးမှူးက ခေါ် ယူတွေ့ဆုံ သတိပေး တားမြစ်ခဲ့ ပါသည်။


ယမန်နေ့ ဂျွန်လ ၃ ရက်က မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းက ဆန္ဒပြခဲ့ကြသော တောင်သူ လယ်သမား များအား ခေါ်ယူကာ ယာယီသတ်မှတ် ထားသည့် နယ်နိမိတ်မျဉ်းအား ထိပါးခြင်း မပြုဘဲ လယ်ယာခြံမြေတွေကို ပုံမှန်အတိုင်း ဆက်လက်လုပ်ဆောင်သွားဖို့ သတိပေးချက်နှင့်အတူ ဆွေးနွေးခဲ့ခြင်းဖြစ် ကြောင်း လယ်ယာမြေဆုံးရှုံးခဲ့သူ စိုင်းအာရ်ရှဲန့် ပြောသည်။

“ ရွာဘက်ကို အဆမတန် ကျူးကျော်လာရောက်စိုက်ထူတဲ့ နယ်နိမိတ် မှတ်တိုင်တွေကို ကျနော်တို့ နှုတ် ပစ် တယ်။ မီးရှို့ပစ်ကြတယ်။ ကျနော်တို့လုပ်ရပ်ကို မြို့နယ်အာဏာပိုင်တွေက ခံပြင်းတာလားတော့မသိ။ မနေ့က ဆန္ဒပြသူတွေကိုခေါ်ယူဆွေးနွေးတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်း ပေါ့။ အခုချိန်အထိ နှစ်ဦးနှစ်ဘက် သဘော တူ တာဘာမှမရှိသေးဘူး လို့ပြောတယ်။ မိုင်တိုင် စိုက်ထားရုံဘဲလို့ပြောတယ်။ အဲတာ ကြောင့် နှုတ် ပစ်တဲ့တိုင်တွေကို ပြန်စိုက်ပေးပါတဲ့။ ဒီနေ့ကစပြီး ဘယ်သူမှ ဒီကိစ္စ ဆန္ဒမပြရဘူးလို့ နှုတ်နဲ့သတိပေး လိုက်သေးတယ်” ဟု စိုင်းအာရ်ရှဲန့် ကပြောသည်။

ယမန်နေ့ ညနေပိုင်းတွင်လည်း ရွာသားများက အဆိုပါမိုင်တိုင်များအား ဆွဲနှုတ်ကာ မီးရှို့ဖျက်ဆီးခဲ့သည့်အပေါ် တရုတ်ဘက်မှအာဏာပိုင်တချို့ လာရောက်ကြည့်ရှုကာ အစားထိုးစိုက်ထူသွားခဲ့သေးကြောင်း မျက်မြင်ဒေသခံများကပြောသည်။

နယ်မြေတိုင်းတာရေးနှင့်ပတ်သက်၍ နမ့်ခမ်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းက “ ကျနော်တို့ ၂ နိုင်ငံစလုံးက ဂျီဘီအက်စ်သုံးတယ်။ ဂြိုလ်တုနဲ့ထောက်တယ်။ မြေပုံနဲ့တကွတိုင်းတာပါတယ်။ အတည်ပြုသတ်မှတ်ဖို့ကကျနော် တို့ အဆင့်ဆင့်တင်ပြရဦးမှာပါ။ သူတို့ကလိုအပ်ရင် ထပ်ပြီး တိုင်း တာဦးမှာပေါ့။ ဒါနှစ်နိုင်ငံ နှစ်ဘက် အကြိမ် ကြိမ် တွေ့ဆုံညှိနှိုင်းရမယ့်ကိစ္စပါ။ တောင်သူ လယ်သမား တွေအတွက်ကတော့ အခုတိုင်းတာ တာဟာ ယာယီ သာဖြစ်သေးတဲ့အတွက် အိနြေ္ဒမပျက်လယ်ယာ စိုက်စားသွားစေချင်ပါတယ်။ နှစ်ဘက်အတည်ပြုပြီး တော့မှ လယ်သမားတွေနဲ့ ပြန်လည် ညှိနှိုင်းရမှာပါ။” ဟု သျှမ်းသံတော်ဆင့်အားပြောဆိုပါသည်။

ရွာသားများတိုင်တမ်းချက်အရ ကျားဖြူပါတီ ကျားခေါင်းပါတီပူးပေါင်း၍ ကွင်းဆင်း လေ့လာ သွားမည်ဖြစ်ကြောင်း၊ တောင်သူလယ်သမားများလယ်ယာမြေမဆုံးရှုံးရလေအောင် လွှတ်တော် အမတ်များနှင့် တိုင်ပင်ဆွေးနွေးသွား မည်ဖြစ်ကြောင်း၊ နယ်ခြားမှတ်တိုင်တိုင်းထွာရေးမှ ယာယီစိုက်ထူ ထားသည့် နယ်ခြားမှတ်တိုင်များ ကျူးကျော် သတ်မှတ်မှုမဖြစ်ပွါးရလေအောင် လွှတ်တော်အတွင်း ဆွေးနွေးရသည်အထိ ကြိုးပမ်းသွားမည်ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံ ကျားဖြူပါတီအတွင်းရေးမှူး စိုင်းထွန်းလှက ပြောပါသည်။

တရုတ်နိုင်ငံ ပြည်ပရေးရာဆက်ဆံရေးဌာနနှင့် နယ်နိမိတ်တိုင်းတာရေးအဖွဲ့ အင်အား ၁၄ ယောက်နှင့် မြန်မာနိုင်ငံ နယ်နိမိတ်တိုင်းတာရေးဌာန ညွှန်မှူး ဦးချမ်းအေး ဦးဆောင်သော အင်အား ၁၇ ဦး အဖွဲ့ အပြင် မူဆယ်ခရိုင် အုပ်ချုပ်ရေး မှူး ဦးကျော်ကျော်ထွန်း နမ့်ခမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မင်း မြေစာရင်း ဦးစီးမှူး ဦးဝင်းမြင့်သန်း စိုက်ပျိုးရေးဦးစီးမှူး ဦးမြတ်မင်းထွေးတို့က တရုတ်- မြန်မာ နယ်နိမိတ်ကို မေလ ၂၇ ရက်မှ ၃၀ ရက်နေ့အထိ တိုင်းတာ ခဲ့ကြခြင်းဖြစ်ကြောင်းသိရပါသည်။

Photo: နမ့်ခမ်းမြို့ခံများ၏ လယ်ယာမြေများထဲက တရုတ်နယ်ခြားမှတ်တိုင်

သျှမ်းသံတော်ဆင့်

လုပ်အားခ၊ လမ်းပိတ်ဆို့မှု နဲ့ နေ့စဉ်ဘဝ



ရုံးလှေကားပေါ်သို့ အမောတကော ပြေးတက်သွား သော်လည်း နောက်ကျ သွားပြီ ဖြစ်ကြောင်း လက်ပတ်နာရီကို ကြည့်ရင်း မေဇော်ဦး တစ်ယောက် သိ လိုက်သည်။ အ များကြီး မဟုတ်။ ၂ မိနစ်စွန်းစွန်းသာ။ တစ်လ အတွင်းပင် နှစ်ကြိမ် နောက်ကျပြီး ဖြစ်ရာ ထိုနေ့နှင့် ပေါင်းလျှင်သုံး ကြိမ်ဖြစ်ချေသည်။ စုစုပေါင်း လုပ်အားခ တစ်ထောင့်လေး ရာ ဖြတ်ခံလိုက်ရပြီ ဖြစ် သည်။ ဒဂုံဆိပ်ကမ်းမြို့နယ်မှ ရန်ကုန်မြို့ထဲသို့ အလုပ်ဆင်း လာရသူ တစ်ဦး အဖို့ နံနက် ၅ နာရီဆိုပါက အိပ်ရာက ထနေရပြီ။

”တကယ်ဆို ဒဂုံကနေ မြို့ထဲကို လမ်းမပိတ်ဘူးဆိုရင် တစ်နာရီ စွန်းစွန်း လေးပဲ ကြာတယ်”


သို့သော် ထိုတွက်ချက်မှုမှာ အလုပ် မဖြစ်တော့ကြောင်း မနက်အိပ်ရာထ သည်နှင့် ရုံးချိန်အမီရောက်ရန် လမ်းတွင်ပုံမှန်ကြာချိန်အပြင် လမ်းပိတ်မည့် အချိန်များ၊ ဘတ်စ်ကား မှတ်တိုင်မှာ ကျောက်ချ ရပ်နေမည့် အချိန်များကို ထည့်တွက်လာရသည်ဟု သူက မဲ့ပြုံးပြုံးရင်း ပြောသည်။ ယခုတော့ မြို့ထဲသို့ ရုံးချိန်မီ ရောက်ရန် နှစ်နာရီကျော်နီးပါးကို ကား ပေါ်တွင် စတေးခဲ့ရသည်။ လမ်းမှာ ကားပိတ်တာက ကိုယ်ထင်တာ ထက် ပိုကြာတဲ့နေ့ဆိုသေပြီဟု ဆိုသည်။ သူမကဲ့သို့ပင် နံနက်ရုံးချိန်နောက် ကျ၍ လစာဖြတ် ခံရ သည့် ဝန်ထမ်းများစွာ ဒုနဲ့ဒေး ရှိနေခြင်းက ခေတ်ကာလ၏ သင်္ကေတတစ်ခု ဖြစ်လာသည်။

ကြီးထွားနှုန်းမြန်ယာဉ်ကြောပိတ် ပြဿနာ

ရန်ကုန်မြို့လမ်းမများသည် လက်ရှိကားအစီးအရေအတွက်ဆိုလျှင် ပြည့်ကျပ်နေပြီဟု မဆိုနိုင်သေးကြောင်း ဂျပန်နိုင်ငံ JICA အဖွဲ့မှ အကြံပြုချက်အရ သိရသည်။ ထိုအချက် သည် လက်တွေ့နှင့် နှိုင်းယှဉ်ပါက အဘယ်ကြောင့်ကွာခြားနေရပါသနည်း။ ရန်ကုန်မြို့ကြီး၌ လူကျပ်၊ ကားကျပ်ဖြစ်နေသည်မှာ အစိုးရသစ် သက်တမ်း တစ်ခုလုံး နီးပါး ရှိတော့မည် ဖြစ်သည်ဟုလည်း ဆိုကြသည်။ မြို့ကြီးတစ်မြို့ ဖြစ်လာပါက ယာဉ်ကြောပိတ်မည့် ပြဿနာကြီးထွားလာမြဲ ဖြစ်သည်ဟု နိုင်ငံတော်သမ္မတရုံးမှ နိုင်ငံရေးအကြံပေး ဦးကိုကိုလှိုင်က ပြောသည်။

မြန်မာနိုင်ငံတွင်သာမက ထိုင်းနှင့်စင်ကာပူနိုင်ငံတို့တွင်လည်း မြို့ပြဖွံ့ဖြိုးတိုးတက်ခါစတွင် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားခဲ့သည်။ ဘန်ကောက်မြို့ တွင် ယခုထက်တိုင် ယာဉ်ကြောပိတ်ဆို့ မှု ပြဿနာ ရှိနေဆဲပင် ဖြစ်သည်။ ထိုင်းနိုင်ငံက ထိုပြဿနာကိုဖြေရှင်း ရန် မိုးပျံလမ်းများ တည်ဆောက်သည်။ မြို့ပတ်အမြန်လမ်းများ တည်ဆောက်ခဲ့သည်။ မိုးပျံရထား၊ မြေအောက်ရထားလမ်းများ တည်ဆောက်ပြီး အများပြည်သူ ခရီးသွားလာမှုကို အတိုင်းအတာတစ်ခုထိ အဆင်ပြေချောမွေ့စေခဲ့သည်။

စင်ကာပူနိုင်ငံတွင်လည်း မြို့လယ်ကောင်ကိုဖြတ်သော လမ်းမများကို ဦးစားမပေးဘဲ မြို့ပတ်လမ်းများကို ဦးစားပေး ဖောက်လုပ်ခဲ့ကြသည်။ သို့သော် မိုးရွာချိန်နှင့် ရုံးဆင်း၊ ရုံးတက်ချိန်ဆိုလျှင် ကားများတရွေ့ရွေ့သွားနေရဆဲကို စင်ကာပူ၏ နာမည်ကြီး အော့ချာ့(ဒ်)လမ်း (Orchard Road ) တွင် တွေ့နိုင်သည်။ရန်ကုန်တိုင်းဒေသကြီး ယာဉ် ထိမ်းတပ်ဖွဲ့က ယာဉ်ကြောပိတ်ဆို့မှု အဓိကနေရာ ၇၉ နေရာရှိသည်ဟု မေလ၂၄ရက် နေ့တွင် တရားဝင်ထုတ်ပြန်ကြေညာ ခဲ့သည်။

၎င်းတို့အနက် အဓိက ယာဉ်ကြောပိတ်နေရာများမှာ အနော်ရထာလမ်းမကြီး၊ ကမ္ဘာအေးဘုရားလမ်းမှ စက်မှု(၁) လမ်းဆုံ၊ တာမွေ ၅ ခွဆုံ၊ တာမွေ ဗလီထိပ်၊ ရန် ကင်း စင်တာရှေ့၊ သမိုင်းလမ်းဆုံ၊ ဆရာစံလမ်း၊ ချော်တွင်းကုန်း လမ်းဆုံတို့လည်း ပါဝင်လာကြသည်။ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရုံး က လည်း အောင်မင်္ဂလာအဝေးပြေးအနီး သုဓမ္မာ၊ ဝေဘာဂီနှင့် ရန်ကုန်မြို့၏ အချို့ လမ်းဆုံ၊ လမ်းခွနေရာများပါ ယာဉ်ကြောပိတ်အဓိကနေရာများဟု သတ်မှတ်ကြောင်း သ တင်းထုတ်ပြန်ခဲ့သည်။ ထိုကဲ့သို့ တရားဝင် ထုတ်ပြန်ကြေညာမှု မတိုင်မီကတည်းကပင် ထိုနေရာ များ၌ ယာဉ်ကြောပိတ်ဆို့မှု ဒုက္ခအစုစုကို ဘတ်စ်ကားစီး ခရီးသည်များ အ ငှားကားများနှင့် ကိုယ်ပိုင်ကားများ စီးနင်း လိုက်ပါသူတို့ကတွေ့ကြုံခဲ့ရသည်။ တွေ့ ကြုံနေရဆဲလည်း ဖြစ်သည်။ ”ဒါဟာ ရေရှည်မဖြစ်သင့်တဲ့ကိစ္စပါ။ ဘယ်သူတွေကို အဓိ ကလာထိခိုက်တာလဲဆိုတော့ လူထုကိုပါပဲ”ဟု မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၏ ဒုဥက္ကဋ္ဌလည်း ဖြစ်ပြီး လမ်းပိုင်းနှင့် ယာဉ်ကြောပိတ်ဆို့မှုများ အတွက် ဖြေရှင်းနို င် မည့် လမ်းများကို အစဉ်တစိုက် လေ့လာနေသူ အင်ဂျင်နီယာ ဦးအောင်မြင့်က ပြောဆိုသည်။

မြို့တွင်းသို့ ဦးတည်သည့် မြားများ

ကုန်စုံဆိုင်မှအစ အစိုးရရုံးများအလယ် ဘဏ်များအဆုံး အားလုံးနီးပါးမြို့လယ်တွင် အခြေချထားခြင်းကလည်း မြို့လယ်ကောင်သို့ ကားများ၊ လူများစုပြုံ ဝင်လာသည့် အ ချက်ဖြစ်သည်ဟု ဦးကိုကိုလှိုင်က ဆိုသည်။ မြို့လယ်ကောင်သို့ မော်တော်ယာဉ်လိုင်းများ တစ်နေရာတည်း ဦးတည်နေခြင်းကလည်း ယာဉ်ကြောပိတ်မှု ပြဿနာများထဲမှ အဓိ ကအချက်တစ်ချက်ဖြစ်ကြောင်း အင်ဂျင်နီယာ ဦးအောင်မြင့်က ထောက်ပြသည်။ လမ်းကြောင်းတူယာဉ်လိုင်းများ တစ်လိုင်းထက် ပိုကာရှိနေခြင်းကလည်း ယာဉ်ကြော ပိတ် မှု ပြဿနာများအနက် တစ်ခုဖြစ်ကြောင်း ဗန္ဓုလသယ်ယူပို့ ဆောင်ရေး မန်နေဂျင်းဒါရိုက်တာ ဦးမျိုးမြင့်က ဆိုသည်။

သို့သော် လိုင်းကားများအနေနှင့် လမ်းကြောတစ်ခုတွင် တစ်စီးနှုန်းသာရှိပါက မှတ်တိုင်တွင်ကြာမြင့်စွာ ရပ်ခြင်း၊ လူစောင့်တင်ပြီးမှသာ ထွက်ခွာခြင်း စ သည့်ပြဿများလည်း ရှိနိုင်သည်ဟု ခရီးသည်များက ဆိုကြသည်။ မှတ်တိုင်တွင် အချိန်ကြာမြင့်စွာ ရပ်တန့်၍ လူတင်ခြင်းဆိုသည်မှာ တစ်ရက်လျှင် ခရီးစဉ်အစ အဆုံး လေးခေါက် ပြေး ဆွဲနေနိုင် သည့် အခြေအနေမှာ ဖြစ်နိုင်သော်လည်း ယခုအခါ ခေါက်ရေနှင့်အတည်အကျပြေးဆွဲရန် မဖြစ်နိုင်တော့ ကြောင်း ၄၈ အထူးယာဉ်မောင်း ဦးဝင်း မောင်က တုံ့ပြန်ပြော ဆို သည်။

”ခေါက်ပြန်များများ ဆွဲနိုင်ရန် မစဉ်းစားနိုင်တော့ဘဲ ပထမဦးဆုံးခေါက်မှာ လမ်းမပိတ်ဖို့သာ ဆုတောင်းနေရတယ်။ ယခင်ကလိုလည်း ဝင်ငွေမကောင်းတော့ ပါ”ဟု ၎င်းက ထပ်မံပြောဆိုသည်။ မြို့တွင်း ပြေးဆွဲပေးနေသည့်ခရီးသည် တင်ယာဉ်လိုင်းပေါင်း ၃ဝဝ ကျော်ရှိပြီး ဘတ်စ်ကားစီးရေမှာလည်း ၅ဝဝဝ ကျော် ရှိသည်။ ရန်ကုန်တိုင်းအတွင်း မှတ်ပုံတင်ထားသည့် လူစီးယာဉ်ပေါင်း နှစ်သိန်းခုနစ်သောင်းကျော် ရှိလာပြီဟု ၂ဝ၁၄ ဧပြီလ စာရင်းဇယားများအရ သိရသည်။

”မြန်မာနိုင်ငံက အများပြည်သူ သယ်ယူပို့ဆောင်ရေးဟာ ချွေးနံ့တွေနဲ့ မွှန်ထူပြည့်နှက်နေတဲ့ ဘတ်စ်ကားပေါ်မှာ တိုးကြိတ်နေရတာပါပဲ။ မသက်သာပါဘူး။ ဒါကိုပဲလူ အများ စုက အားကိုး နေရပါတယ်။ ဆွစ်ဇာလန်နိုင်ငံမှာတော့ အများပြည်သူ သယ်ယူပို့ဆောင်ရေး ဆိုတာ ဆင်းရဲချမ်းသာ၊ တတ်နိုင်၊ မတတ် နိုင် အခြေအနေတွေပေါ်မှာ မူမတည် ဘဲ ဝန်ကြီးချုပ်ကအစ သာမန်လူတန်းစားအထိ (Public Transportation) ပြည်သူ့သယ်ယူ ပို့ဆောင်ရေးကိုသာ အသုံးပြုကြပါတယ်”ဟု Thura Swiss ကုမ္ပဏီ ဒေါက် တာ အောင်သူရက ပြောသည်။

လူတွေ ပြွတ်သိပ်နေတဲ့ ခရီးသည်တင်ဘတ်စ်ကားများ၊ အနော်ရထာလမ်းမပေါ်တွင် ပိတ်မိနေသည်မှာ နာရီဝက်ကျော်ရှိသည်။ သာကေတမှ ဘုရင့်နောင် သို့ နှစ်ဆင့် စီး သွားရမည့် အသက် ၅ဝ အရွယ် အင်ဂျင်နီယာဒေါ်ဆွေဆွေမြင့် တစ်ယောက်သက်ပြင်းရှည်များချလျက် ရှိသည်။ ရုံးရောက်လျှင် နေ့လယ်စာတန်းစားရသည့် အနေအ ထားဖြစ်နေပြီ ကားပေါ်တွင် လူငွေ့များတထောင်းထောင်း ထကာ ပူလောင်နေသည်ဟုလည်း သူမ က ညည်းတွားပြောသည်။တကယ်တမ်း သူမအနေဖြင့် လမ်းပိတ်၍ အချိန်မှန် မရောက်ခြင်းကြောင့် ရုံးလစာ ဖြတ်ခံရပေါင်း မနည်းဟုလည်း သူမက ဆိုသည်။ ထိုအသံများသည် ရန် ကုန်မြို့နေ ပြည်သူများ၏ ရင်တွင်းဖြစ် သံစဉ်များဖြစ်ကာ ဘယ်အချိန်အထိ ထိုကဲ့သို့ ညည်းတွားနေရဦးမည်နည်း။ ၂ဝ၃ဝ ရောက်လျှင် ရန်ကုန်လူဦးရေမှာ ၁ဝ သန်းခန့် ထိ တိုးပွားလာနိုင်ပြီး လူများလာသည်နှင့်အမျှ ကား လည်းများလာမှာ ဖြစ်သည်။

စမ်းသပ်ခံ ပြည်သူ့သယ်ယူ ပို့ဆောင်ရေးစနစ်

စီးပွားရေး တောင့်တင်းသော်လည်း လူတစ်ဦးလျှင် ကားတစ်စီးနှုန်း ဝယ်စီးရန်မှာ ဖြစ်သင့်သည့် အနေအထား မဟုတ်ကြောင်း ကမ္ဘာ့ဖွံ့ဖြိုးပြီး၊ ဖွံ့ဖြိုးဆဲ တိုင်းပြည် များတွင် လည်း ထိုအခြေအနေ မရှိကြောင်း ၎င်းတို့အတွက် မောင်းနှင်ရန် လုံလောက် သည့်လမ်းများရှိရန်လိုကြောင်းကို သမ္မတအကြံပေး ဦးကိုကိုလှိုင်က ပြောသည်။ ရန်ကုန် လူ ဦးရေ၏ လိုင်းကားစီးနှုန်းမှာ ၂ဝ၁၂-၂ဝ၁၃ ခုနှစ်များတွင် ၃၂ သန်းဖြစ်သည်ဟု ယခုနှစ်ထုတ်ပြန်သည့် စီးပွားရေးဆိုင်ရာအညွှန်းကိန်း (Eco- nomic Indicators) ထု တ်ပြန်ချက်အရ သိရသည်။ရန်ကုန်မြို့နေ ချမ်းသာကြွယ်ဝသည့် မိသားစုအချို့၌ အိမ်ရှိလူဦးရေ ထက်ကားပိုင်ဆိုင်မှုမှာ နှစ်ဆရှိသည်ဟု လသာမြို့နယ်သားတစ်ဦးက ဆို သည်။ ထိုအခြေအနေကို ပြည်သူ့သယ်ယူ ပို့ဆောင်ရေး (Public Transportation) စနစ်ဖြင့်သာ ဖြေရှင်းနိုင်သည်။ တိုးတက်လာသော လူဦးရေနှင့်အပြိုင် အများသုံး လိုင်းကားများကို တိုးမြှင့်ပေးရမည်ဟု နိုင်ငံတော်သမ္မတ အကြံပေးက ပြောသည်။

ရန်ကုန်မြို့ပတ်ရထားလမ်းကို အိမ်စောင့်အစိုးရလက်ထက်ကတည်းက ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်သည်။ မြို့ တွင်းမှ ဆင်ခြေဖုံးရပ်ကွက်များသို့ သွား လာရေး လွယ် ကူစေရန်ရည်ရွယ်ဆောက် လုပ်ထားသည်။ တစ်နေ့လျှင် ခေါက်ရေ ၂ဝဝ ကျော်ပြေးဆွဲနေသည့် အဆိုပါ မြို့ပတ်ရထားမှာ စီးနင်းသူ တစ်နေ့လျှင် တစ်သိန်းကျော်ရှိသည်ဟု သိရသည်။ ယာဉ်ကြောပိတ်ပြဿနာများကို ဖြေရှင်းနိုင်ရန် ခရီးသွားပြည်သူများ စဥ့် အိုးတန်း-လှိုင်သာယာ ရေယာဉ်လမ်းကို ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့က ဖွင့် လှစ်ပြေးဆွဲပေးခဲ့သည်။ ၂ဝ၁၃ ခုနှစ် မေလတွင် FMI နှင့်ပြည်တွင်းရေကြောင်းတို့ ပူးပေါင်းကာ လှိုင်သာယာကားမှတ်တိုင်နှင့် သင်္ဘောဆိပ်အကြား အကြို အပို့ ပြု လုပ်ပေး ခဲ့သည်။

ထိုအစီအစဉ် မှာလည်း သင်္ဘောအစား ဘတ်စ်ကား စီးကြသူများသာများလေရာ ပြန်လည် ပိတ်သိမ်း ခဲ့ရသည်။ နိုင်ငံတကာ၏ ယာဉ်ကြောပိတ် ပြဿနာ ဖြေ ရှင်း သည့်နည်း လမ်းမှာ ရေယာဉ်ခရီးစဉ်နှင့် ဖြေရှင်း၍မရ ကြောင်း ပြည်တွင်းရေကြောင်း မြစ်ဝကျွန်းပေါ်ဌာနခွဲမန်နေဂျာ ဦးသန့်ဇင်ဦး က ၎င်းအမြင်ကို ပြောပြသည်။ ”ကားမှတ် တိုင်အ ထိတော့ ဆိပ်ကမ်းလုပ်ပေးတော့မရဘူး”

သင့်ကြောင့် ကားလမ်းမပိတ်ပါစေနှင့်

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ၂ဝ၁၄ ခုနှစ် ဧပြီလအထိ (က) ကိုယ်ပိုင်ယာဉ်မောင်း လိုင်စင် သုံးသောင်းနီးပါးကိုလည်းကောင်း၊ (ဃ)အငှား ယာဉ်မောင်း လိုင်စင် တစ်သိန်းခြောက်သောင်း ကိုလည်းကောင်း ထုတ်ပေးခဲ့သည်ဟု သိရသည်။ လမ်းပေါ်တွင် ပူပူနွေးနွေး လိုင်စင်အသစ်များကိုင်ကာ စိတ်ထင်တိုင်း မောင်းနေကြ သူ များ တိုးပွားလာကြောင်း အငှားယာဉ်မောင်းသက်တမ်း နှစ် ၂ဝ ကျော်ရှိသူ ဦးငွေစိုးက သူ့အတွေ့အကြုံ ကို ပြောပြသည်။တစ်သိန်းကျော် အရေအတွက် ရှိလာသည့် ယာဉ်ေ မာင်းများအနေဖြင့်ယာဉ်နှင့် လမ်းအပေါ်တွင် ပိုမိုကျွမ်းကျင် ပိုင်နိုင်မှုရှိရန်လိုအပ်ပြီးလမ်းစည်း ကမ်းနှင့် အညီမောင်းနှင်တတ်ရန်လည်း လိုအပ်လာကြောင်း အထူးသဖြင့် ယာဉ်ကြောပိတ်ချိန်တွင် အနည်းငယ်ချောင်မည့် လမ်းကြောကိုရွေးချယ်သွားလာနိုင်ခြင်းမရှိဘဲ ယာဉ်ကြောကျပ် လမ်းမကြီးများ ပေါ်တွင်သာ စုပြုံတိုးနေခြင်းက လည်း ပြဿ နာတစ်ခုဖြစ်သည်ဟု သက်တမ်းရင့် ယာဉ်မောင်းများက ထောက်ပြ သည်။

ယာဉ်ကြောပိတ်ဆို့မှုများသည် မီး ပွိုင့်စနစ် များပြားနေခြင်းကြောင့်လည်း ဖြစ်ပြီး နည်းနိုင်သမျှ နည်းအောင် ဆောင်ရွက်သင့်သည်ဖြစ်ကြောင်း သမ္မတ အကြံပေး ဦးကို ကို လှိုင်က ပြောသည်။ အင်ဂျင်နီယာအသင်း ဒုဥက္ကဋ္ဌ ဦးအောင်မြင့်ကမူ ”လူဖြင့် ထိန်းချုပ်ခြင်းထက် နည်းပညာအသုံးပြု၍သာ ဖြေရှင်းသင့်သည်”ဟု သုံးသပ်ပြော ဆို သည်။ ရန်ကုန်မြို့လယ်ကောင် နေရာများတွင် ယာဉ်ရပ်နားရန် နေရာများ တိတိကျကျပေါ်ပေါက်လာရန်လိုပြီ။ စည်းကမ်းမဲ့ ယာဉ်ရပ်နားခြင်းတို့ကလည်း ယာဉ် ကြော ပိတ် ပြဿနာ ကို ဖြစ်ပွားစေသည် ဟု ခရီးသွားများက ထောက်ပြပြောဆို လာကြသည်။

ကျောင်းဖွင့်ရာသီ၌ နာမည်ကြီး ကျောင်းများတွင် ကိုယ်ပိုင်ကျောင်းကြို ယာဉ်ငယ်များ၊ ယာဉ်ကြောပေါ်တွင် ထပ်ဆင့်ရပ်နားခြင်းကလည်း ယာဉ် ကြောပိတ် ဆို့မှုများ ကို ဖြစ်ေ စသည်ဟု နိုင်ငံတကာ ပညာရေး လမ်းကြောင်းအ တွက် အကြံပေးနေသည့်Crown Education မှ ဦးအောင်ကျော်ဆန်းက ပြောသည်။ နိုင်ငံတကာမှာလို အဝါရောင်ေ ကျာင်းကား အကြီးကြီးတွေလုပ်ပြီး ကျောင်းသူကျောင်းသားများများကို တစ်ခါတည်းနဲ့ သယ်ပို့ပေးနိုင်တာမျိုး လုပ်ရမည်။သို့သော် ရန်ကုန်မြို့တွင် ယခု ဇွန် လမှစကာ နံနက် ၈ နာရီမှ ၉ နာရီ ကြား နေ့လယ် ၁၂ နာရီ ၂ နာရီကြား၊ ညနေ ၅ နာရီအချိန်များတွင် နာမည်ကျော် ကျောင်းကြီးများရှေ့၌ ယာဉ်များ ပိတ် နေ သည် ကို ပြန် လည်တွေ့မြင် ရဦး မည် ဖြစ်သည်။

ဆေးမြီးတိုနှင့် ယာဉ်ကြောပိတ်ဆို့မှု

ရွှေဂုံတိုင်၊ လှည်းတန်း၊ ဘုရင့်နောင် ခုံးကျော်တံတား သုံးစင်းကို ၂ဝ၁၃ ခုနှစ်အတွင်း အပြီးသတ် တည်ဆောက် ခဲ့ကြသည်။ ယာဉ်ကြောပိတ် ဆို့မှုကို ဖြေ ရှင်း ရန် ဖြစ် သည်။ မြေနီကုန်း ခုံးကျော်တံတား အသစ် တစ်စင်းကိုလည်း ကျပ်ငွေ ၁၆ ဘီလျံ ကျော်သုံးစွဲပြီး ၂ဝ၁၄ -၂ဝ၁၅ ဘဏ္ဍာ နှစ်၌ တည်ဆောက် သွားဦးမည်ဟု ရန် ကုန် တိုင်းဒေ သကြီး အစိုးရအဖွဲ့အထူးအစည်းအဝေး ဆုံးဖြတ်ချက်အရသိရသည်။

”လမ်းပိတ်တဲ့ ပြဿနာကို ဖားခုံသလိုမျိုး တံတားထိုး ဖြေရှင်းလို့မရဘူး” ဟု အင်ဂျင်နီယာအသင်း ဒုဥက္ကဋ္ဌ ဦးအောင်မြင့်က ဝေဖန်ထောက်ပြထားသည်။ အိမ်နီးချင်း ထိုင်းနှင့် စင်ကာပူနိုင်ငံများတွင် ခုံးကျော် တံတားများ တည်ဆောက်ဖြေရှင်းသော်လည်း တစ်ဆက်တစ်ဆက်တည်း တံတားများဖြစ်၍ အမြန်လမ်းများ သဖွယ် သွား လာနိုင်ကြ ခြင်းဖြစ် သည်။ ရန်ကုန်မှ ခုံးကျော်တံ တားများမှာ မီးပွိုင့်တစ်ပွိုင့်စာ ကျော် ဖြတ်သည့်အခြေအနေသာရှိသည်ဟု ယင်းက ပြောသည်။

နိုင်ငံတကာတွင်မူ ခုံးကျော်တံတား သာမက မြေအောက်ရထား၊ မြေအောက် လမ်းများနှင့် နှစ်ထပ်၊ သုံးထပ်ကားလမ်းများ၊ မြို့ပတ်အမြန်လမ်းများ ထားရှိပြီး ယာဉ်ကို အနှောင့်အယှက် မရှိစေရန် ပြုလုပ်ပေးထားခြင်း ဖြစ်သည်။ ၎င်းအစီအစဉ်များမှာ ငွေကြေးအရင်းအနှီးများ စွာ ကုန်ကျမည့်အရာများဖြစ်ကာ မြန်မာ နိုင်ငံအတွက် ခက် ခဲဦးမည်ဟု ပညာရှင်အများစုက တစ်ညီတစ်ညာတည်းပြောဆို ကြသည်။ မြန်မာနိုင်ငံတွင်မူ ခရီးသည်တင် အဝေးပြေးယာဉ်လိုင်းများကို အဝေး ပြေးဝင်းများပြုလုပ်ကာ မြို့ အစွန်တွင် ထားရှိပေးထားသော်လည်း အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ် မကောင်း ခြင်းကြောင့် ခရီးသွားမည့်နှုန်းထားထက် မြို့တွင်းမှ အဝေးပြေးဝင်းသို့ သွားမည့် ကုန်ကျစရိတ် ပိုမိုမြင့်မားနေသည်ကို တွေ့ရသည်။ ”နေပြည်တော် ကားခ ၆ဝဝဝ။ မြို့ထဲကနေ အောင်မင်္ဂလာကို ၅ဝဝဝ။ အဲဒီလို ဖြစ်နေတယ်”ဟု သမ္မတ အကြံ ပေး ဦးကိုကိုလှိုင်က ပြောသည်။

လမ်းလျှောက်ဖို့ နေရာပေးပါ

”ရန်ကုန်ရဲ့ နေရာအတော်များများဟာ ကားတွေအတွက် ဖြစ်နေပြီး လမ်းလျှောက်မယ့် လူတွေအတွက် မဟုတ် တော့ဘူးဆိုတာ စိတ်မကောင်းကြီးစွာ တွေ့ရပါတယ်” Yangon Heritage Trust မှ မြို့ ပြစီမံကိန်းအပိုင်းကို ကိုင်တွယ်ဆောင်ရွက်သူ Megan Quirk အား အယ်ဂျာဇီးယား မီဒီယာက မေးမြန်းရာ ဖြေကြား ခြင်းဖြစ်သည်။ ရန် ကုန်မြို့တွင် တက္ကစီအစီးရေ သုံးသောင်းကျော်ရှိနေပြီ။ အမေရိကန် နယူးယောက်မြို့၏ နှစ်ဆဖြစ်သည်ဟုလည်း ထောက်ပြထားသည်။လူများ လမ်းလျှောက်ရန် စင်္ကြံပ လက်ဖောင်းများမရှိခြင်း၊ စက်ဘီးစီးနင်းရန် ခွင့်မပြုခြင်းတို့ကလည်း ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းနိုင်မည့် နည်း လမ်းများအား ပိုမိုခက်ခဲစေ သည် ဟု ရေး သား ပါရှိ သည်။

ရန်ကုန်မြို့နေ ပြည်သူများကို လမ်းလျှောက်နိုင်ရန် ပံ့ပိုးပေးပါက ယာဉ်စီးမှုနှုန်း လျော့ကျသွားမည်ဖြစ် သည်။ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာ လည်း အဆင်ပြေသွားနိုင်သည်။ ထို့ ကြောင့် လမ်းလျှောက်သမား များအတွက် ပလက်ဖောင်းကျယ်ကျယ်ဝန်းဝန်း ဖန်တီးပေးသင့်ကြောင်း Yangon Heritage Trust မှ ပညာရှင် တစ်ဦး ဖြစ် သည့် ဒေါက်တာ သန့်မြင့်ဦးက လူမှု ကွန်ရက် စာမျက်နှာနှင့် ဟောပြောပွဲများ တွင် အကြံဥာဏ်ပေးခဲ့သည်။ သို့သော် ရန်ကုန်မြို့တော် စည်ပင်သာယာရေးက လက်ရှိ လူ သွားပလက်ဖောင်းများကို ယာဉ်သွားလမ်းမများအဖြစ် ပြောင်းလဲ ချဲ့ထွင်နေသည်ကို ရန်ကုန်မြို့တွင်း မြို့နယ်များတွင် တွေ့ရသည်။

ယာဉ်ကြောပိတ်ဆို့မှုကြောင့် ပြည် သူများ နစ်နာဆုံးရှုံးရသည့် လုပ်အား ခများကို စီးပွားရေး ပညာရှင် ကိုသန်း စိုးက တွက်ချက်ပြထားသည်။ တစ်နေ့လျှင် ဘတ်စ်ကားစီးသူ သုံးသိန်းဆိုပါစို့၊ သူတို့၏တစ်နေ့ပျမ်းမျှ လုပ်ခကျပ်ငွေ ခုနစ်ထောင်ဖြင့် တွက်ချက်လျှင် တစ်နာရီလုပ်အားခမှာ ၈၇၅ ကျပ် ဖြစ်သည်။ ယာဉ်ကြောတစ်နာရီ ပိတ်ဆို့လျှင် လူ သုံးသိန်းအတွက် လုပ်အားခ သန်းနှစ်ရာကျော် ဆုံးရှုံးမည်ဟု ယင်းက တွက်ချက်ပြထားသည်။ ထိုကဲ့သို့ ဆုံးရှုံးနစ်နာနေသည်သာမက မိသားစု တွေ့ဆုံချိန်များ နည်းပါး လာခြင်း၊ ကိုယ်ပိုင်အချိန် လျော့နည်း လာခြင်းများလည်း ဖြစ်လာနေပြီဟု ကိုသန်းစိုးက ဆက်လက်ပြောသည်။

ခရီးသွားပြည်သူများ၏ စွမ်းအား၊ လုပ်အားခနှင့် အချိန်များဆုံးရှုံးနေခြင်းကို မည်သည့်အချိန်တွင် ဖြေရှင်းပေးနိုင်မည်နည်း။ ”နည်းမှန်လမ်းမှန်နဲ့ ဖြေရှင်းဖို့ အချိန်ရောက်နေ ပါပြီ။ မဟုတ်ရင်တော့ မကြာခင်တိုးပွားလာဦးမယ့် ကားတွေနဲ့ ရင်လေးစရာအနေအထားပါပဲ”ဟု အင်ဂျင်နီယာအသင်း ဒုဥက္ကဋ္ဌက ဦးအောင်မြင့်က သုံးသပ်ပြသည်။

သုတလင်း၊ မြတ်စုငြိမ်း၊ အိမ်စည်စိုးစံ
Popular Myanmar News Journal

ဇွန်လအတွက် ကံကြမ္မာဟောစာတမ်း



တနင်္ဂနွေသားသမီးများအတွက်

အလုပ်နေရာ၊ အိမ်နေရာ ပြင်ဆင်မွမ်းမံရခြင်း ပြောင်းရွှေ့ရခြင်း လုပ်ရတတ်သည်။ အိမ်သစ် ဆောက်လျှင် ကောင်းအချိန် ဖြစ်သည်။ လုပ်ငန်း အသစ်ပေါ်ခြင်း (သို့မဟုတ်) လက်ရှိအလုပ်နှင့် ပတ်သက်၍ အဆက်အသွယ်သစ်များ။ ပေါ်လာ လိမ့်မည်။ လုပ်ငန်းနှင့် ပတ်သက်၍ နာမည်ကောင်း ရခြင်း နေရာကောင်းရခြင်း၊ လုပ်ငန်းတိုးချဲ့ရခြင်း များ လုပ်ရတတ်သည်။


အိမ်ထောင်မရှိသူများ အိမ်ထောင်ကျတတ်သောကာလဖြစ်သည်။ ဇာတာရှင်သည် ယောက်ျားဖြစ်ပါက အိမ်ထောင်ကျလျှင် ကောင်းပါသည်။ မင်္ဂလာဆောင်လျှင် စည်ကားသော မင်္ဂလာဆောင်ဖြစ်မည်။ အိမ်ထောင်ပရိဘောဂ အိမ်သုံးပစ္စည်း ဝင်တတ်သည်။ 

သူခိုး၊ မျက်စေ့ အကျခံရတတ်သော ကာလဖြစ်၍ သူခိုး အခိုးခံရတတ်ကြောင်း သတိပြုပါလေ။ ခရီး အကျိုးပေးသောကာလဖြစ်ပါသည်။ ဘုရားဖူးခရီး သွားရတတ်သည်။ ကွဲကွာနေသော ဆွေမျိုးသားချင်းများ နှင့် ပြန်ဆုံမည်။ ရပ်ဝေးမှ ဆွေမျိုးသားချင်းများ ရောက်လာတတ်သည်။ 

အိမ်သို့ အတောင်ပါသော သတ္တဝါများ ဝင်လာတတ်သည်။ ဝင်လျှင် နိမိတ်ကောင်းသည်။ သွပ် သံ သစ် စသော သောကြာနံပစ္စည်းများ ဝင်လာတတ်သည်။ အထူးသတိပြုရန် မိတ်ဆွေရင်း လုပ်ဖော်ကိုင်ဘက်တို့က ဒုက္ခပေးတတ်သည်။ မြေကို အကြောင်းပြု၍ စိတ်ညစ်ရတတ်သည်။ မြေအဝင်မခံရပါ။ မြေဝင်လျှင် ကြာသပတေးနံ ထုတ်ပစ်ပါ။ ပညာရေးနှင့်ပတ်သက်သောပစ္စည်း လှူဒါန်းပါ။ ရွှေနှင့် အဖိုးတန် ရတနာပစ္စည်းများ ဝင်လာမည် ဘုရားဆင်းတုတော် စွယ်တော် ရဟန္တာပုံတော်များ ကြွလာတတ်သည်။ 

လက်ဝတ်ရတနာများ ကျောက်ပြုတ်ထွက်ခြင်း ပျောက်ခြင်း၊ ဖြစ်တတ်သည်။ အလုပ်တွင် အတိုက်အခံ အပြိုင်အဆိုင် ကြီးစွာကြုံမည်။ အတိုက်အခံမှန်သမျှ အနိုင်ရမည်။ မိသားစု အကြီးအကဲ လုပ်ငန်းအကြီးအကဲတို့ကြောင့် စိတ်ညစ်ရတတ်သည်။ အထူးသဖြင့် ဖခင် ကျန်းမာရေး ညံ့တတ်သည်။ 

ထီပေါက်သကဲ့သို့ ငွေများဝင်တတ်သည်။ 

ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက် စေရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။ အုန်းထမင်း၊ အုန်းနို့နှင့်ချက်ထား သော ဘဲသားဟင်းကို ဘုန်းကြီးလှူပါ၊ တံခွန်းကုက္ကား မလေးပွား ဂြိုလ်တိုင်သက်စေ့လှူပါ။

တနင်္လာသားသမီးများအတွက်

အလှူအတန်းကိစ္စများ မုချလုပ်ရမည်။ ငွေအစုလိုက် အပုံလိုက် ဝင်လာလိမ့်မည်။ မိမိ၏ အလုပ်မှ လည်းကောင်း၊ ထီပေါက်၍လည်းကောင်း ဝင်လာတတ်သည်။ ဤကာလမျိုးး၌ သာမန်အခြေအနေ မျိုးမှနေ၍ စီးပွားအရှိန်အဟုန်နှင့်တက်ကာ လက်ရှိအခြေအနေထက် အဆပေါင်းများစွာ စီးပွားတက် လိမ့်မည်။ မိမိလုပ်ငန်းများကို အင်နှင့် အားနှင့် တိုးချဲ့လုပ်ကိုင်သင့်သော်လည်း ဖြတ်လမ်း မလိုက်ရန် သတိပေးလိုပါသည်။ မိမိအား ပြဿနာလုပ်နေသူများ ရှိလျှင် အဆင်ပြေသွားမည်။ မသင့်မြတ်သူများနှင့် ပြန်လည်သင့်မြတ်သွားမည်။ အဖိုးတန်ကျောက်မျက်ရတနာများ ဝင်မည်။ အိမ်ထောင်ရှင်များ အိမ်ထောင်ရေးအတွက် သောကရောက်ရသော ကာလဖြစ်သည်။ 

အထက်လူကြီး၊ မိသားစု ကြီးကဲသူများကြောင့် စိတ်ညစ်ရမည်။ အတူနေမိသားစုထဲမှ အကြီးအကဲ အဘိုး အဘွားများအရေးဖြစ်တတ်သည်။ လူမျိုးခြား၊ နိုင်ငံခြားနှင့် ပတ်သက်သော ကိစ္စများ အကျိုးပေး အောင်မြင်မည်။ ခရီးများ မကြာခဏ ထွက်ရတတ်သည်။ ထိုခရီးများသည်လည်း အကျိုးပေး အောင်မြင်လိမ့်မည်။ 

ဝန်ထမ်းဆိုလျှင် ရာထူးတက်ခြင်းအခြေအနေ မြင်တတ်ခြင်း ကြုံရလိမ့်မည်။ ပညာရေးကိစ္စများ သင်တန်းကိစ္စများကို အကြောင်းပြု၍ စိတ်ညစ်ရတတ်သည်။ 

ရွှေထွက်ခြင်း၊ ရွှေအတွက် ပြောဆိုဖြေရှင်းရခြင်းများ ကြုံရတတ်သည်။ အင်္ဂါနံ စိန်၊ စက်ပစ္စည်း ထွက်တတ်သည်။ ရွှေထည်ဝယ်လျှင် အသစ်များသာ ဝယ်သင့်သည် အပျက် အဟောင်း မဝယ်သင့်ပါ။

အထူးသတိပြုရန် အောက်လက်ငယ်သား သားသမီး ထွက်သွားခြင်း၊ ၎င်းတို့အတွက် သောကရောက်ရခြင်းများ ကြုံရတတ်သည်။

ဆီးရောဂါ၊ မျက်စိရောဂါများ ဒုက္ခပေးခြင်း၊ အစားမှားခြင်း၊ ဆေးမှားခြင်းများ ကြုံရတတ်သည်။ စာရွက်စာတမ်း စာချုပ်ကိစ္စ များအတွက်စိတ်ညစ်ရခြင်း၊ ပစ်စာ တိုင်စာ ရောက်ခြင်းများ ကြုံရတတ်သည်။ ဆွေမျိုးသားချင်းများကို ကောင်းစွာ အကူအညီ ပေးနိုင်လိမ့် မည်။ လက်ရှိအလုပ်အကိုင်ကို စိတ်မဝင်စားခြင်း၊ အလုပ်ပြောင်းလိုစိတ်များ ကြုံလာတတ်သည်။ အိမ်ဝယ်နိုင်သော်လည်း အိမ်အနားအဆာ မလွတ်၊ အိမ်ဧည့်သည်မပြတ်၊ အိမ်ဆောက်လျှင် တန်းလန်းဖြစ်တတ်သည်။ ခိုင်မာသော စီးပွားရေးလုပ်ငန်းများ တည်ဆောက်ထားပါ။ ရရှိသော အကြွေးများကို ယခုကာလတွင် ကြိုတင်စုဆောင်းထားပါ။ သို့မဟုတ်ပါက ဆုံးတတ်သည်။ 

ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက်စေရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။ ထီးဖြူအသေး သက်စေ့နှင့် ထီးဖြူအကြီး တစ်လက်ကို မွေးနေ့နက်တွင် ဘုရားလှူပါ။ အမွှေးနံ့သာနှင့် ဘုရားအား ရေသပ္ပာယ်ပါ။

အင်္ဂါသားသမီးများအတွက်

ဘုရားဆင်းတုတော်၊ ပုံတော်၊ ရဟန္တာပုံတော်များ ကြွလာတတ်သည်။ မထင်မှတ်သော ခရီးများ မရည်ရွယ်သော ခရီးများသွားရတတ်သည်။ သူတစ်ပါးကိစ္စအတွက် ခရီးသွားရတတ်သည်။

လူမျိုးခြားက ကူညီခြင်း၊ နိုင်ငံရပ်ခြားနှင့် ပတ်သက်သောကိစ္စများ အောင်မြင်ခြင်းများကြုံမည်။ နာမည်ဂုဏ်သတင်း တိုးတက်ခြင်း ဘုန်းတန်ခိုး တိုးတက်ခြင်းများ ကြုံရမည်။ 

မနာလိုသူလည်း ပေါ်လိမ့်မည်။ မိမိထက်မြင့်သူနိမ့်သူ နှစ်ဦးလုံးက ဒုက္ခပေးလာတတ်သောအချိန် ဖြစ်ပါသည်။ လုပ်ဖော်ကိုင်ဘက်များ အောင်မြင်တော့မလိုလိုနှင့် အခက်အခဲကြီးစွာ ကြုံတတ်သည်။ အလုပ်တွင် အပျက်စီးအဆုံးရှုံး အလေအလွင့် များနေလိမ့်မည်။ ငွေပျောက်ခြင်း ကြွေးတင်ခြင်း ငွေအတွက် ပြောဆိုဖြေရှင်းရခြင်းများ ကြုံရတတ်သည်။ ကြီးကဲသူ အထက်လူကြီးများကြောင့် စိတ်ညစ်ရတတ်သည်။ အလှူပွဲ မင်္ဂလာပွဲ အစီစဉ်များ အထစ်အငေါ့ကြုံခြင်း ရက်ရွှေ့ခြင်းများ ကြုံရတတ်သည်။ အိမ်ထောင်ရှိသူဆိုလျှင် အိမ်ထောင်ရေးအဆင်မပြေ ဖြစ်နေမည်။ လက်ရှိအလုပ်အကိုင် ပြောင်းချင်စိတ် ပေါ်လာမည်။ ပြောင်းလျှင် ပိုဆိုးသွားတတ်သည်။

အထူးသတိပြုရန် ။ အစာအဆိပ်ဖြစ်ခြင်း၊ ခြေထောက် ခါး၊ သွား ဒုက္ခပေးခြင်းများ ကြုံရတတ်သည်။ ဤလအတွင်း အမှုအခင်း မဖြစ်စေရန် အထူးဂရုစိုက်ပါ။ ဖြစ်လျှင် မပြီးနိုင်ဘဲ ဖြစ်နေတတ်သည်။ ငွေနှင့်လိုက်လျှင် ရှုံးသွားတတ်ပါသည်။ ပစ္စည်း မငှားရမ်းပါနှင့်၊ ဆုံးလိမ့်မည်။ 

ဤကာလအတွင်း မည်သည့်အခက်အခဲနှင့် ကြုံသည် ဖြစ်စေ အားကိုး မရှာနှင့်။ ဒုက္ခပေးမည့်သူများသာ ပေါ်လာတတ်သည်။ အောက်လက်ငယ်သား ထွက်သွားခြင်း၊ ကျန်းမာရေးညံ့ခြင်း ကြုံရတတ်သည်။

ထီကံကောင်းသော ကာလဖြစ်ပါသည်။ ပညာအသစ်တစ်ခု ရတတ်သည်။ အိမ်ထောင်ဘက် ကျန်းမာရေး ညံ့လိမ့်မည်။ ခါး အောက်ပိုင်း ဒုက္ခပေးတတ်သည်။ ဆေးရုံ၊ ဆေးခန်းသို့ သွားရတတ်သည်။ ကျောဒုက္ခပြေးခြင်း၊ ကျော၌ရောဂါရခြင်း ဖြစ်မည်။ 

အိမ်ပြင်၊ အိမ် ဆောင်၊ အိမ်ပြောင်း မပြုပါနှင့်။ အာမခံမလုပ်ပါနှင့်။ စပ်တူအရောင်းဝယ် အကြီးအကျယ် မလုပ်ပါနှင့်။ 

ဤကာလအတွင်းကောင်းကျိုးချမ်း သာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေ ပျောက်စေရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်လေ။ နေ့စဉ်ခန္ဓာကိုယ် သန့်ရှင်းရေး၊ အိမ်သန့်ရှင်းရေး လုပ်ပါ။ သောက်ရေအိုး ကိုယ်တိုင် ရေထည့်ပါ။ တစ်ပတ်တစ်ကြိမ်အဓိဋ္ဌာန်ဝင်ပါ။

ဗုဒ္ဓဟူးသားသမီးများအတွက်

ခရီးတိုး ခရီးရှည်များ သွားနေရလိမ့်မည်။ ထိုခရီးသည်များသည်လည်း သင့်အတွက် ကျိုးထူးစေပါလိမ့်မည်။ မထင်မှတ်ဘဲ ပညာတစ်ခုသင်ကြားရခြင်း သင်တန်းတစ်ခု တက်ရခြင်းများ ပြုလုပ်ရတတ်ပါသည်။ မရည်ရွယ်ဘဲ မြေဝင်တတ်သည်။ 

ဤလအတွင်း အစစအရာရာသတိကြီးစွာထား ရန် လိုပါသည်။ မိမိအပေါ် မကောင်းကြံခြင်း မကောင်းပြောခြင်းများ ခံရတတ်သည်။ အလုပ်အကိုင်၌ ထိုခိုက်တတ်သည်။ ပြဿနာကြီးစွာ ဖြေရှင်းရတတ်သည်။ ရုံးပြင်ကန္နား၊ အမှုအခင်းများနှင့် ပတ်သက်ရတတ်သည်။ မိမိနှင့်တကွ မိသားစုပါကျန်းမာရေး ညံ့တတ်သည်။ ဆေးရုံ၊ ဆေးခန်းအထိ ရောက်ရတတ်သည်။ မီး၊ လျှပ်စစ် ဒုက္ခပေးတတ်သည်။ အထူးသတိပြုပါ။ လူမျိုးခြား ဒုက္ခပေးတတ်သည်။ သားသမီး လက်အောက်ငယ်သား အတွက် စိတ်ညစ်စရာကြုံမည်။ စက်ပစ္စည်း ဒုက္ခပေးတတ်သည်။ ရွှေနှင့် ရတနာပစ္စည်းများ ထွက်ခြင်း၊ ပေါင်နှံရခြင်းများ ကြုံရတတ်သည်။ ငွေဒလဟောထွက်ခြင်း၊ ငွေအတွက် ပြောဆိုဖြေရှင်းရခြင်းများ ကြုံရတတ်သည်။ 

မထင်မှတ်သော ဆွေမျိုးသားချင်းက အကူအညီကောင်း ပေးလိမ့်မည်။ ဌာနဆိုင်ရာ အကြီးအကဲ၊ ဆွေမျိုးအကြီးအကဲတို့က အကူအညီအကောင်း ပေးလာလိမ့်မည်။ 

အထူးသတိပြုရန် ကျန်းမာရေးညံ့သော သက်ကြီးရွယ်အိုများ အိမ်သို့ လာရောက်တည်းခိုလျှင် ဆုံးပါးသွားတတ်သည်။ ခြေထောက်တွင်အန္တရာယ်ဖြစ်တတ်သည်။ 

လုပ်ငန်းအသစ်၊ အစီအစဉ်သစ်များ ပေါ်ပေါက်လာတတ်သည်။ ယခင်နှစ်များက ကျန်ခဲ့သော ရွှေ၊ငွေ၊ရတနာများ ယခုနှစ်ထဲတွင် ကုန်ဆုံးသွားတတ်သည်။ 

လောကဓံတရား၏ မတရားညှဉ်းပမ်းမှုကို ခံရပြီး မမျှော်လင့်ဘဲ သံဝေဂတရား ရလိမ့်မည်။ အစစ်အဆေး အမေးအမြန်း ခံရတတ်သည်။ ကိုယ်ခန္ဒာ အစိတ်အပိုင်း တစ်ခုခု ထိခိုက်တတ်သည်။

ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက် စေရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။ ထီးနီသက်စေ့လှူပါ။ ဆေးဝါးဓာတ်စာလှူပါ။

ကြာသပတေးသားသမီးများအတွက်

ဤလအတွင်း စိန်ထည်ပစ္စည်းများ စက်ပစ္စည်းများ ဝင်လိမ့်မည်။ လုပ်ငန်းသစ်လုပ်ရန် အကြံအစည်ကောင်း များ အဆက် အဆက်သွက်ကောင်းများ ပေါ်လာလိမ့်မည်။ သို့သော် ဤကာလအတွင်း ပစ္စည်များကို ထုခွဲရောင်းချ၍ လုပ်ငန်းအသစ် ကြီးကြီးမားမား စရန် မကောင်းသေးပါ။ 

ဤကာလအတွင်း ထီမထိုးသင့်ပါ။ ထီပေါက်လျှင် မိသားစုအတွင်း ကျန်းမာရေး ဆိုးဆိုးဝါးဝါး ညံ့သွားတတ်သည်။ မသွားချင်သော ခရီးများ စိတ်ညစ်စရာခရီးများ သွားရတတ်သည်။ အထက်လူကြီး ဆွေမျိုးအကြီးအကဲတို့က မိမိအပေါ် အထင်လွဲတတ်သည်။ သားသမီးများ ကျန်းမာရေး ညံ့တတ်သည်။ ရွှေထွက်မည်။ ခြေ၊ လက်၊ မျက်ခြင်း၊ ခါးနားခြင်းများ ဖြစ်တတ်သည်။

စပ်တူရှယ်ယာလုပ်ငန်းများ ပေါ်လာလိမ့်မည်။ လုပ်လျှင် အောင်မြင်မည်။ အထူးသတိပြုရန် ငွေလူလိမ် ခံရမည်။ ခင်မင်သူ ချစ်သူကြောင့် ဒုက္ခတွေ့တတ်သည်။ မိတ်ဆွေအပေါင်းအသင်းများနှင့် မမျှော်လင့်ဘဲ လမ်းခွဲရတတ်သည်။ သားသမီးရှိက အိမ်မှ ထွက်သွားလိမ့်မည်။ 

ဒီကာလမှာ ကိုယ်ဝန်ဆောင် မိန်းမတွေ အထူးသတိပြုပါ။ မွေးလျှင် အခက်အခဲတွေ့နိုင်သည်။ 

သူ့သဘော သူဆောင် ရလာသောငွေနှင့် လိုက်လျောညီထွေဖြစ်အောင် နေပါ။ ဘာမှလုပ်စရာ မရှိပါက ထိုင်နေပါ။ ဥာဏ်ကို ဥာဏ်သုံးလုပ်မှ ဒုက္ခတွေ့တတ်သည်။ အမှု မဖြေရှင်းရပါ။ တတ်နိုင်သလောက် အချိန်ဆွဲပါ။ မဖြစ်မနေ ပြဿနာမှုတွေ ရှင်းရမယ်ဆိုလျှင် အရှုံးပေးလိုက်ပါ။ ငွေဝင်လာလျှင် မြေဝယ်ထား ပါ။ အိမ်ကြီးကြီးကျယ်ကျယ် မဆောက်ပါနှင့်။

ဤကာအတွင်း ကောင်းကျိုးချမ်းသားများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေ ပျောက်စေရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။ အိမ်ကဘုရားတွင် ကောဖီ (၁)ခွက်နှင့် ကိတ်မုန့်(၁) ချပ် ကပ်လှူလိုက်ပါ။

သောကြာသားသမီးများအတွက်

ဤလအတွင်း၌ သင်သည် အဘက်ဘက်မှာ စိတ်ချမ်းသာစရာများ ကြုံတွေ့လာရလိမ့်မည်။ ယခုကာလတွင် အိမ်ထောင်ပြုပါက တည်မြဲသော အိမ်ထောင်မဖြစ်နိုင်၊ အိမ်ထောင်ပြုလျှင် သားသမီး ပါလာတတ်သည်။ 

လုပ်ငန်းသစ်များ စတင်ရတတ်သည်။ ထိုလုပ်ငန်းများသည်လည်း လွန်စွာကျိုးပေး အောင်မြင်မည်။ အလှူအတန်းပြုရခြင်း၊ မင်္ဂလာပွဲများ စီစဉ်ပေးရခြင်းများ ပြုလုပ်ရတတ်သည်။ အလုပ်နေရာ အိမ်နေရာ ပြောင်းရွှေ့ရတတ်သည်။ ရွှေဝင်မည်။ ရတနာပစ္စည်းများ ဝင်မည်။ ဘုရားဆင်းတုတော်၊ ပုံတော်များ ကြွလာမည်။ သင့်အတွက် အလွန်ကောင်းသောနိမိတ် ဖြစ်ပါသည်

ဤကာလအတွင်း၌ စီးပွားအလွန်ကောင်းသကဲ့သို့ ကိုယ်ကျင့်တရား အထူးအရေးကြီးသော အချိန်ဖြစ်ပါ သည်။ အမှုအခင်ဖြစ်နေသူကို ငွေမချေးပါနှင့်၊ အာမခံ မလိုက်ပါနှင့်၊ သတိပြု၍ ရှောင်ကြဉ်ပါ။ ပတ္တမြား မြ ထွက်တတ်သည်။ အထူးသတိပြုရန် အိမ်ထောင်ရှိသူဆိုလျှင် အိမ်ထောင်ဘက်နှင့် အဆင်မပြေ ကြီးစွာဖြစ်တတ်သည်။ သွပ်၊ သံ၊ သစ်တစ်ပတ်ရစ် ပစ္စည်းလက်မခံပါနှင့်၊ အောက်လက်ငယ်သား ဒုက္ခပေးတတ်သည်။ နာရေးကိစ္စကို အကြောင်းပြ၍ ခရီးသွားရတတ်သည်။

ဆရာသမားကဲသို့သော ပုဂ္ဂိုလ်များနှင့် အဆင်မပြေ ဖြစ်မည်။ လုပ်ဖော်ကိုင်လက်များ မိတ်ဆွေများနှင့် အဆင်မပြေ လမ်းခွဲ ရတတ်သည်။

ယခုကာလတွင် အိမ်ဆောက်လျှင် မကောင်းပါ အစားမှား ဆေးမှားဖြစ်ခြင်း သွားဒုက္ခပေး ခြင်းများ ကြုံရမည်။ မြေကိစ္စ အမွေနှစ်ကိစ္စများကြုံရတတ်သည်။ ငွေရှာရ လွယ်ကူပေမယ့် စုဆောင်း၍ မရ၊။

ငွေဝင်လျှင် ကိုင်မထားရ၊ ရွှေဝယ်ထားပါ။ ဤကာလတွင် ကိုယ်စိတ်နှုတ်သုံးပါးကို မဖောက်မပြန် တည်တည် ကြည်ကြည် ထိန်းသိမ်းနိုင်သူတွေ တန်ဖိုးကြီးမားသော ဘဝသို့ ရောက်နိုင်သည်။ မထိန်းသိမ်းနိုင်သူ အဖို့ ရေနှင့်ထိသော ရွှံ့နွံဘဝ ရောက်နိုင်သည်။ 

ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ၊ သက်သာ ပြေပျောက်စေရန် အောက်ပါယတြာ များကို ဂရုစိုက်ပြုလုပ်ပါလေ ။ ယပ်ဖြူ သက်စေ့လှူပါ။ ဘုရားရင်ဘတ်တော် ရွှေချပါ၊ ရေသက်စေ့ကပ်လှူပါ။

စနေသားသမီးများအတွက်

ယခုလသည် မိဘကို ကောင်းစွာပြုစုစောင့်ရှောက်နိုင်မည့်အချိန် ဖြစ်သည်။ စီးပွားသိသိသာသာ တက်မည်။ သိကြားမ လိုက်သကဲ့သို့ လက်ရှိအခြေအနေထက် များစွာမြင့်တက်သွားလိမ့်မည်။

လုပ်ငန်းများ သိသိသာသာ အောင်မြင်မူရမည်။ လုပ်ငန်းသစ်များ စတင်ပြု လုပ်နိုင်သော ကာလ၊ လုပ်ငန်းဟောင်းများ ပြန်ပေါ်တတ်သည်။ 

ဘုရားဖူးခရီးများ စိတ်ချမ်းသာစရာခရီးများ ပြည်တွင်းပြည်ပခရီးများ သွားတတ်သည်။ 

ဝန်ထမ်းဖြစ်လျှင် ရာထူးတက်ခြင်း အခြေအနေ အဆင့်အတန်း မြင့်တက်ခြင်းများကြုံမည်။ သင်တန်းတစ်ခု တက်ရခြင်း ပညာကောင်း ရခြင်းများ ကြုံမည်။ မိတ်ဆွေကောင်း ဆရာကောင်များ တွေ့မည်။ အဖိုးတန်စက်ပစ္စည်များဝင်မည်။ မြေကိစ္စ၊ အမွေကိစ္စများ အဆင်ပြေမည်။ ငွေရှာရလွယ်ခြင်း ငွေအဝင်အထွက် ကြမ်းခြင်းများ ကြုံလိမ့်မည်။ ရပ်ဝေးမှစာများ အဆက်အသွယ်များ ရလာမည်။ 

ရန်များခြင်း စကားများဖြေရှင်းရခြင်း ရင်နှီးသူများ လုပ်ဖော်ကိုင်ဘက်များနှင့် အဆင်မပြေလမ်းခွဲရခြင်းများ ကြုံမည်။ 

အထူးသတိပြုရန် အလုပ်တွင် အတိုက်အခံ အနည်းငယ်ကြုံရတတ်သည်။ အမှုအခင်း ရုံးပြင်ကန္နားနှင့် ပတ်သက်ရတတ်သည်။ စိုးရိမ်စရာ မရှိပါ။ အကြီးအကဲကောင်းရနိုင်၏။ 

အိမ်ထောင်ရှိသူဆိုလျှင် အိမ်ထောင်ဖက် စိတ်ညစ်ရတတ်သည်။ ဆွေမျိုးသားချင်းများ ကျန်းမာရေး အသည်းအသန် ဖြစ်တတ်သည်။ လာမည့် မွေးလ မွေးရက်အထိ အသုဘပို့ခြင်း မပြုပါနှင့် အထူးသတိပြုပါ။

နှလုံးနှင့် ပတ်သက်၍ ကျန်းမာရေးညံ့ခြင်း။ လေနှင့် ပတ်သက်၍ ကျန်းမာရေးညံ့ခြင်း ဒူး နား ဒုက္ခပေးခြင်းများ ကြုံရတတ်သည်။ စပ်တူရှယ်ယာလုပ်ငန်းများ ပေါ်လိမ့်မည်။ လုပ်လျှင်အောင်မြင်မည်။ 

ကိုယ်ပိုင်လုပ်ငန်းဖြစ်စေ၊ ဝန်ထမ်းဖြစ်စေ ကြီးပွားတိုးတက်အောင်မြင်မည့်ကလာ ဖြစ်ပါသည်။ 

ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက် စေရန် အောက်ပါ ယတြာများ ကို ဂရုစိုက်ပြုလုပ်ပါလေ။ ဘုရားဖူးခရီးသွားပါ၊ ခရီးစရိတ်ပြတ်နေသူကို ငွေလှူပါ၊ မွေးနေ့တိုင်း အိပ်ရာရွှေ့ ပြောင်း၍အိပ်ပါ။

ဆရာ ဟိန်းတင့်ဇော်ရဲ့ အွန်လိုင်း www.heintinzaw.com မှ