Tuesday, May 20, 2014

ကျောက်ကပ်ရောဂါ ခံစားနေရသောမိတ်ဆွေများ ရောဂါဝေဒနာသက်သာပျောက်ကင်းစေဖို့ ဆေးနည်းပါ..



ကျောက်ကပ်ဝေဒနာ ခံစားနေရသူများမှာ လူလည်း ပင်ပန်း၊ ငွေကြေး ကုန်ကျ မှု များပြားသော ရောဂါ တစ်ခုဖြစ်ပါသည်။ သိန်းထောင်ချီ၍ ချမ်းသာသော သူပင် ဒေ၀ါလီခံရသော ရောဂါပါ။ ကျောက် ကပ် ဆေးနေရသူများမှာ လူလည်းနာ ငွေလဲကုန်လှ ပါသည်။


အချိန်အခိုက် အတန့် တခုသာ ထိန်းထား နိုင်ပြီး မရဏမင်းထံ သွားရသည်သာများပါသည်။ လဲလှယ် နိုင်မှ သာ အသက် ဆက်နိုင်ပါသည်။ လဲဖို့ စားရိတ်ကလည်း သိန်းထောင်ကျော် ကုန်ကျပါသည်။ ထို့ကြောင့် ကျောက်ကပ် ဝေဒနာ သည်များ အောက်ပါ အတိုင်း ဆောင်ရွက် ကြည့်ပါ။ ဖြစ်ခါစတွင် ပျောက်ကင်း၍ နာတာရှည် ခံစား နေရသူများ သက်သာပြီး ကျောက်ကပ် ဆေးနေရသူများ အကြိမ်ရေ လျော့ပါး လာစေရ ပါမည်ဟု လုံးဝအာမခံပါသည်။

ကျွန်တော်ကိုယ်တိုင် လွန်ခဲ့သော သုံးနှစ်က ခံစားခဲ့ဖူးပါသည်။သိသိခြင်းဆောင်ရွက်ခဲ့သဖြင့် သုံးလအတွင်း ပျောက်ကင်းခဲ့ပါသည်။ စရိတ် သက်သာ အကုန် အကျနည်း၍ လုံးဝ အထင် မသေးပါနှင့်။ ကမ္ဘာပေါ်တွင် နံမည်ကြီး နေပြီဖြစ်သည့် HERBAL MEDICINE ကုသနည်းပါ။ အနောက် နိုင်ငံများတွင် ပင် ဘေးထွက်ဆိုးကျိုး များပြားလာသည့် အနောက်တိုင်း ဆေးများကို သောက်သုံးရန် ချင့်ချိန်လာကြပြီး သစ်ဥသစ်ဖု သဘာဝအပင်များမှ ထုတ်ယူ သောဆေးများကို ပြောင်းလဲသုံးစွဲနေပါပြီ။

မြန်မာပြည်တွင် ဒေါက်တာခင်မောင်လွင် ထုတ်လုပ်သည့် fame ဆေးတိုက်မှ ဆေးများ ကမ္ဘာတွင် နံမည်ရနေပါပြီ။ ယခုတင်ပြသော ဆေးနည်းမှာ ကျွန်တော်တို့ မိသားစု ဘိုးစဉ် ဘောင်ဆက် သုံးစွဲခဲ့သော နည်းပါ။

၁။ ကျောက်ဖရုံသီး ဟင်းချိုကို နေ့စဉ် သောက်ပေးပါ။ ( အသား၊ ငါး မရော ပါနှင့်၊ ရောဂါမရှိသေး သူများ သောက်ပါက ဆီးကောင်းစေပြီး၊ ယောက်ျား များ အတွက် ယောက်ျား ပီသစေပါသည်)

၂။ တရုတ် နံနံပင် ငါးရွက်ကို ရေနွေးဖြူထဲတွင် ထည့်စိမ်ပါ။ လဖက်ခြောက် ခပ်၍ ရေနွေး သောက်သလို သောက်ပါ။ အဖတ်ဝါးစားပါ။ ညနေစာစားပြီး နာရီဝက်ခန့် ခြားပြီးမှသောက်ပါ။ အိပ်ချိန်နှင့် ဝေးပါစေ။ သွေးတိုးပါ ကျစေသဖြင့် မျက်လုံး ကြောင်တတ်ပါသည်။ ည ခုနစ်နာရီဆိုလျင် သင့်ပါ သည်။

၃။ ကျောက်ကပ်ကြောင့် အသည်းအသန် အောင့်နေသူများ ကျောက်ဖရုံ သီးကို ခွဲ အူတိုင်ထုတ်ပြီး ကျောက်ကပ်နေရာသို့ အတွင်းသားဖြင့် ကပ်၍ စည်းထားပါ။ ဖြေးဖြေးသက်သာ လာပါမည်။

၎။ ရေပူစမ်းနှင့် နီးပါက တပါတ်တစ်ကြိမ် ချိုးပါ၊ မနီးပါက ရေနွေးနှင့်ချိုးပြီး ချွေးအောင်းပါ။ သုံးလ အနည်း ဆုံးထားပြီး ဆောင်ရွက်ပါ။ ကျောက်ကပ် ဆေးနေရသူများပင် အကြိမ်ရေ လျော့လာသည်ကို တွေ့ရပါမည်။ ပျောက်ကင်း သက်သာပါက လူတိုင်းအားဖြန့်ဝေပါ ။ မသက်သာပါက ကျွန်တော့်အား စိတ်ဆိုးကြပါ။ ယနေ့ အချိန်အထိတော့ လာရောက် ကျေးဇူး တင်သူသာ ရှိပါသေးသည်။ သက်သာကြသူသာ တွေ့ရသဖြင့် အများ အသုံးချနိုင်စေရန် အင်တာနက် စာမျက်နှာပေါ် တင်လိုက်ရပါသည်။

Credit: (ပြည်မြန်မာ)

"ပြည်သူကိုယုံသည် သို့သော် ဒေါ်စုကိုမယုံ


Photo: "ပြည်သူကိုယုံသည် သို့သော် ဒေါ်စုကိုမယုံ
Tuesday, May 20, 2014 

မေလ ၁၇ ရက်နေ့ တာမွေမြို့ ဗိုလ်စိန်မှန် အားကစားကွင်းမှာ ဒေါ်အောင်ဆန်းစုကြည်က “ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်တာဟာ ပြည်သူက တပ်မတော်မယုံဘူး၊ တပ်မတော်ကလည်း ပြည်သူကို မယုံဘူး” လို့ သွေးခွဲစကား ပြောခဲ့ပါတယ်။ ပြီးတော့ “တပ်မတော်နဲ့ ပြည်သူကြားမှာ ကျမတို့ ခွဲခြားလိုစိတ် မရှိပါဘူး.” လို့ ရှေ့နောက်မညီ ပြန်ပြောပါတယ်။ 

တပ်မတော်နဲ့ ပြည်သူ တစ်ဖက်နဲ့ တစ်ဖက် မယုံကြဘူးဆိုတဲ့ စကားကို ဒေါ်အောင်ဆန်းစုကြည် ဘယ်အထောက် အထားနဲ့ ပြောလဲဆိုတာ ပထမဆုံး မေးခွန်း ထုတ်ချင်ပါတယ်။ ပြည်သူကို မယုံဘူးလို့ တပ်မတော်သား ဘယ်နှယောက်က ဒေါ်အောင်ဆန်း စုကြည်ကိုသော်လည်းကောင်း၊ မီဒီယာမှတဆင့်သော်လည်းကောင်း၊ ၎င်းတို့ကိုယ်ပိုင် Social Network များမှ သော်လည်းကောင်း ပြောဆိုခဲ့ဖူးတာ ရှိခဲ့ဖူးပါသလား။ ရှိလျှင် အထောက်အထားပြပေးပါ။ မရှိရင်တော့ စွပ်စွဲပြောဆိုမှုအတွက် သိက္ခာရှိရှိ တောင်းပန်စေချင်ပါတယ်။ ပွင့်ပွင့် လင်းလင်းပြောရရင်တော့ ကျွန်တော်တို့ တပ်မတော်သားတွေ မယုံတာက ပြည်သူကို မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို လုံးဝ မယုံကြည်တာပါ။ 

တပ်မတော်သားတွေက ပွင့်ပွင့်လင်းလင်းပြောရဲ ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လို မီးစာတစ်ဖက် ရေမှုတ်တစ်ဖက် နဲ့ တစ်ဖက်က အမျိုးသားရင်ကြားစေ့ရေး အော်ပြီး တဖက်မှာ ဗမာပြည်သူ၊ တိုင်းရင်းသားပြည်သူနဲ့ တပ်မတော်တို့အကြား သွေးခွဲနေတာ မဟုတ်ပါဘူး။ တပ်မတော်နဲ့ NLD ကြားမှာ ရင်ကြားစေ့ဖို့ ဒေါ်အောင်ဆန်းစုကြည် ကြိုးစားနေတာ ဦးခင်ညွန့် လက်ထက်ကတည်းကပါ။ ဒါပေမယ့် အခုထိ ဘာကြောင့် မအောင်မြင် သေးတာလည်းဆိုတာ အဖြေက ရှင်းပါတယ်။ တပ်မတော်က ဒေါ်အောင်ဆန်းစုကြည်ကို လုံးဝ အယုံအကြည် မရှိလို့ပါပဲ။ အရင်ကလည်း အယုံအကြည်မရှိခဲ့သလို အခုထိလည်း အယုံအကြည်မရှိပါဘူး။ 

လူတွေရဲ့ ယုံကြည်ခြင်း မယုံကြည်ခြင်းဆိုတာ ကာယကံရှင်ရဲ့ လုပ်ဆောင်မှု အပေါ်မှာ လုံးလုံးလျားလျား မူတည်ပါတယ်။ ဒေါ်အောင်ဆန်း စုကြည် မှာ ယုံကြည်ရလောက်တဲ့ အရည်အချင်း မရှိတာကြောင့် နဲ့ အခြေခံစိတ်ဓာတ် ညံ့ဖျင်းတာကြောင့် မယုံကြည်ရတာပါ။ ပုဂ္ဂိုလ်ရေးမုန်းတီးလို့မဟုတ်ပါဘူး။ မယုံကြည်ရတဲ့ အထောက်အထားတွေ ရှိပါတယ်။ တစ်ခုချင်း အဆင့်လိုက်ပြောပြပါမယ်။

နံပါတ် (၁) အချက်အနေနဲ့ တပ်မတော်နဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဖခင် တစ်ဦးတည်းက မွေးဖွားလာသူတွေဖြစ်ပါတယ်။ တပ်မတော်သားတွေက မောင်နှမလိုသော်လည်းကောင်း၊ မိခင်တစ်ယောက်လိုသော်လည်းကောင်း ဆက်ဆံကြပါတယ်။ တပ်မတော်သား မိသားစုဝင်များရဲ့ အိမ်တွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံတွေပါတဲ့ ပြက္ခဒိန်တွေရှိပါတယ်။ ဂျာနယ်အပိုင်းအစလေးတွေ ကပ်ထားတာရှိပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်သားတွေအပေါ် မောင်နှမလိုလည်း သဘောမထားခဲ့သလို မိခင်လိုလည်း သဘောမထားပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းတည်ထောင်ခဲ့တဲ့ တပ်မတော်တွင်းမှ တပ်မတော်သားများ ပင်ပန်းဆင်းရဲမှု၊ ထိခိုက်သေဆုံးမှုတွေအတွက် ဗိုလ်ချုပ်အောင်ဆန်းမျက်နှာကို ငဲ့ကွက်ပြီး တစ်ကြိမ်တစ်ခါတောင် ပြန်မကြည့်ခဲ့ဖူးပါဘူး။ 

ဖခင် ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့တဲ့ တပ်မတော်က စစ်သားလေးတွေ အစဉ်ပြေရဲ့လား ဆိုတဲ့ စိတ်မျိုးနဲ့ မေးမြန်းကူညီပေးခဲ့တာမျိုး လက်ရှိ ဒေါ်အောင်ဆန်းစုကြည် အသက် ၆၉ နှစ်အတွင်းမှာ တစ်ခါမှ မရှိခဲ့ဖူးပါဘူး။ လူရှေ့ရောက်တိုင်း ပါးစပ်က ဖေဖေတည်ထောင်ခဲ့တဲ့ တပ်မတော် ဆိုတဲ့ စကားကိုတော့ မနားတမ်းပြောနေပါတယ်။ ဒီတော့ တပ်မတော်ဘက်က ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်နိုင်စရာရှိပါသေးသလား?? 

(ဆက်လက်ဖော်ပြပါမည်)
today Myanmar

မေလ ၁၇ ရက်နေ့ တာမွေမြို့ ဗိုလ်စိန်မှန် အားကစားကွင်းမှာ ဒေါ်အောင်ဆန်းစုကြည်က “ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်တာဟာ ပြည်သူက တပ်မတော်မယုံဘူး၊ တပ် မတော်ကလည်း ပြည်သူကို မယုံဘူး” လို့ သွေးခွဲစကား ပြောခဲ့ပါတယ်။ ပြီးတော့ “တပ်မတော်နဲ့ ပြည်သူ ကြားမှာ ကျမတို့ ခွဲခြားလိုစိတ် မရှိ ပါဘူး.” လို့ ရှေ့နောက်မညီ ပြန်ပြောပါတယ်။


တပ်မတော်နဲ့ ပြည်သူ တစ်ဖက်နဲ့ တစ်ဖက် မယုံကြဘူးဆိုတဲ့ စကားကို ဒေါ်အောင်ဆန်းစုကြည် ဘယ်အထောက် အထားနဲ့ ပြောလဲဆိုတာ ပထမဆုံး မေးခွန်း ထုတ်ချင်ပါတယ်။ ပြည်သူကို မယုံဘူးလို့ တပ်မတော်သား ဘယ်နှယောက်က ဒေါ်အောင်ဆန်း စုကြည်ကိုသော်လည်းကောင်း၊ မီဒီယာမှ တဆင့်သော်လည်းကောင်း၊ ၎င်းတို့ကိုယ်ပိုင် Social Network များမှ သော်လည်းကောင်း ပြောဆို ခဲ့ဖူးတာ ရှိခဲ့ဖူးပါသလား။ ရှိလျှင် အထောက်အထားပြပေးပါ။ မရှိရင်တော့ စွပ်စွဲပြောဆိုမှုအတွက် သိက္ခာရှိရှိ တောင်းပန်စေချင်ပါတယ်။ ပွင့်ပွင့် လင်းလင်းပြောရရင်တော့ ကျွန်တော်တို့ တပ်မတော်သားတွေ မယုံတာက ပြည်သူကို မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို လုံးဝ မယုံကြည်တာပါ။

တပ်မတော်သားတွေက ပွင့်ပွင့်လင်းလင်းပြောရဲ ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လို မီးစာတစ်ဖက် ရေမှုတ်တစ်ဖက် နဲ့ တစ်ဖက်က အမျိုးသားရင်ကြားစေ့ရေး အော်ပြီး တဖက်မှာ ဗမာပြည်သူ၊ တိုင်းရင်းသားပြည်သူနဲ့ တပ်မတော်တို့အကြား သွေးခွဲနေတာ မဟုတ်ပါဘူး။ တပ်မတော်နဲ့ NLD ကြားမှာ ရင်ကြားစေ့ဖို့ ဒေါ်အောင်ဆန်းစုကြည် ကြိုးစားနေတာ ဦးခင်ညွန့် လက်ထက်ကတည်းကပါ။ ဒါပေမယ့် အခုထိ ဘာကြောင့် မအောင်မြင် သေးတာလည်းဆိုတာ အဖြေက ရှင်းပါတယ်။ တပ်မတော်က ဒေါ်အောင်ဆန်းစုကြည်ကို လုံးဝ အယုံအကြည် မရှိလို့ပါပဲ။ အရင်ကလည်း အယုံအကြည်မရှိခဲ့သလို အခု ထိလည်း အယုံအကြည်မရှိပါဘူး။

လူတွေရဲ့ ယုံကြည်ခြင်း မယုံကြည်ခြင်းဆိုတာ ကာယကံရှင်ရဲ့ လုပ်ဆောင်မှု အပေါ်မှာ လုံးလုံးလျားလျား မူတည်ပါတယ်။ ဒေါ်အောင်ဆန်း စုကြည် မှာ ယုံကြည်ရလောက်တဲ့ အရည်အချင်း မရှိတာကြောင့် နဲ့ အခြေခံစိတ်ဓာတ် ညံ့ဖျင်းတာကြောင့် မယုံကြည်ရတာပါ။ ပုဂ္ဂိုလ်ရေးမုန်းတီးလို့မဟုတ်ပါဘူး။ မယုံကြည်ရတဲ့ အထောက်အထားတွေ ရှိပါတယ်။ တစ်ခုချင်း အဆင့်လိုက်ပြောပြပါမယ်။

နံပါတ် (၁) အချက်အနေနဲ့ တပ်မတော်နဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဖခင် တစ်ဦးတည်းက မွေးဖွား လာသူတွေဖြစ်ပါတယ်။ တပ်မတော်သားတွေက မောင်နှမလိုသော်လည်းကောင်း၊ မိခင်တစ်ယောက် လိုသော်လည်းကောင်း ဆက်ဆံကြပါတယ်။ တပ်မတော်သား မိသားစုဝင်များရဲ့ အိမ်တွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံတွေပါတဲ့ ပြက္ခဒိန်တွေရှိပါတယ်။ ဂျာနယ် အပိုင်းအစလေးတွေ ကပ်ထား တာရှိပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်သားတွေ အပေါ် မောင်နှမလိုလည်း သဘောမထားခဲ့သလို မိခင်လိုလည်း သဘောမထားပါဘူး။ ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့တဲ့ တပ်မတော်တွင်းမှ တပ်မတော်သားများ ပင်ပန်းဆင်းရဲမှု၊ ထိခိုက်သေဆုံးမှုတွေအတွက် ဗိုလ်ချုပ် အောင်ဆန်းမျက်နှာကို ငဲ့ကွက်ပြီး တစ်ကြိမ်တစ်ခါတောင် ပြန်မကြည့်ခဲ့ဖူးပါဘူး။

ဖခင် ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့တဲ့ တပ်မတော်က စစ်သားလေးတွေ အစဉ်ပြေရဲ့လား ဆိုတဲ့ စိတ်မျိုးနဲ့ မေးမြန်းကူညီပေးခဲ့တာမျိုး လက်ရှိ ဒေါ်အောင်ဆန်းစုကြည် အသက် ၆၉ နှစ်အတွင်းမှာ တစ်ခါမှ မရှိခဲ့ဖူးပါဘူး။ လူရှေ့ရောက်တိုင်း ပါးစပ်က ဖေဖေတည်ထောင်ခဲ့တဲ့ တပ်မတော် ဆိုတဲ့ စကားကိုတော့ မနားတမ်းပြောနေပါတယ်။ ဒီတော့ တပ်မတော်ဘက်က ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်နိုင်စရာ ရှိပါသေးသလား??

(ဆက်လက်ဖော်ပြပါမည်)

today Myanmar

ဒေါ်စုကို ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ...


ပို့စ်ခေါင်းစဉ်ကို သာမန်အတိုင်း ဖတ်မည်ဆိုပါက NLD နှင့် အတိုက်အခံများကို မြင်ပြင်းကတ်နေသူများက သဘောကျစိတ်ဖြင့် ပြုံးသွားကျေနပ်သွားကြပါလိမ့်မည်။ ဒေါ်စုကို ထောက်ခံအားပေး ချစ်ခင် နှစ်သက်သူများက စိတ်ထဲတွင် (တချို့ဆိုလျှင် ပါးစပ်မှပင် အသံထွက်နိုင်ပါသည်)


ထောင်းခနဲ ဒေါသထွက်၍ ရေးသူကျွန်တော့်အပေါ် ဆဲချင် ဆိုချင် ထိုးချင် ကြိတ်ချင် ရိုက်ချင် နှက်ချင် သတ်ချင် ဖြတ်ချင် အရေဆုတ်ချင် အခွံနွှာချင် ထုချင် ထောင်းချင် ဖြစ်သွားပါလိမ့်မည်။ မြန်မာ့နိုင်ငံရေးကို ဟက်ဟက်ပက်ပက် မရှိလှသူများကတော့ ဒီကောင် ဘာတွေများ ရေးထားပါလိမ့်ဟူသော စူးစမ်းစိတ် ဖြစ်သွားပါလိမ့်မည်။ ဤကား စာဖတ်သူများ နေရာမှနေ၍ ကျွန်တော်ဝင်၍ ခံစားကြည့်မိခြင်း ဖြစ်ပါသည်။ အခြားသူများ ရေးသားထားသော စာများကို ဖတ်သောအခါတွင်လည်း ကျွန်တော်သည် စာဖတ်သူ တစ်ဦးအနေဖြင့် ထိုကဲ့သို့သော ခံစားမှုများထဲမှ တစ်ခုမဟုတ် တစ်ခုကို ခံစားဖတ်ရှုမိ၍ ဖြစ်ပါသည်။ ဤကား ခေါင်းစဉ်နှင့် ပတ်သက်၍ စကားချီးဖြစ်ပါသည်။ ဆက်ဖတ်စေလိုပါသည်။

ပထမဆုံး ထိုကဲ့သို့ ဖြစ်သူများအနေဖြင့် ကျွန်တော်ရေးသောစာကို ဦးစွာပထမ ဆုံးအောင်ဖတ်စေချင်သည့် အကြောင်း မေတ္တာရပ်ခံလိုပါသည်။ ကျွန်တော့်တင်ပြချက် ဆွေးနွေးချက် ပြီးဆုံးသွားချိန်တွင် မိမိအမြင်၊ မိမိခံစားမှု၊ မိမိထင်မြင်ချက်များကို လွတ်လပ်စွာ ဝေဖန်ပြောဆို ရေးသားနိုင်ကြပါသည်။

ခေါင်းစဉ်ကို ဖတ်ကြည့်လျှင်ပင် ကျွန်တော့်သဘောထားကို အထင်းသား မြင်နိုင်ပါလိမ့်မည်... ဟုတ်ကဲ့.. ကျွန်တော်မငြင်းပါ... ဘယ်တုန်းကမျှလည်း ဝေ့လည်ကြောင်ပတ် မလုပ်ခဲ့ပါ... ဒေါ်စုကို သမ္မတ မဖြစ်လိုသူတွေ စာရင်းထဲမှာ ကျွန်တော်သည်လည်း တစ်ဦးအပါအ၀င် ဖြစ်ပါသည်။ ထိပ်ဆုံးက ပါသည်ဟု မပြောလိုပါ။ အခြားသူများ ဒေါ်စုအပေါ် မုန်းတီးသလောက် ကျွန်တော် မမုန်း၍ ဖြစ်ပါသည်။ ဒေါ်စုတွင် ကောင်းကွက်တွေရှိသည်ကို ကျွန်တော်လက်ခံပါသည်။ ဒေါ်စု တော်သည်ကို ကျွန်တော် အသိအမှတ် ပြုပါသည်။ ဤစကားများအတွက် စိတ်အနှောင့်အယှက် မဖြစ်စေလိုပါ။ ကျွန်တော် မချီးကျူးလျှင်လည်း ဒေါ်စုက အလုံးအရပ် လျော့သွားသည် မဟုတ်ပါ...။ ၎င်းအချက်ကို ကျွန်တော်ကောင်းစွာ သိပါသည်။ ကျွန်တော့် အယူအဆများကို ဆက်ဖတ်ကြည့်စေလိုပါသည်။

နိုင်ငံခြားသားနှင့် လက်ထပ်ခဲ့သောကြောင့်ဟူသော အကြောင်းပြချက်ဖြင့် ဒေါ်စုကို သမ္မတမဖြစ်စေလို သူများ စာရင်းတွင် ကျွန်တော် မပါဝင်ပါ။ အဘယ်ကြောင့်ဆိုသော် သူ၏ ခင်ပွန်းဖြစ်သူသည် ကွယ်လွန် သွားခဲ့ပြီးဖြစ်ရာ ထိုအချက်သည် သမိုင်းမှတ်တမ်း တစ်ခုအဖြစ်သာ ကျန်ရစ်ခဲ့သောကြောင့် ဖြစ်ပါသည်။ သို့သော် ဒေါ်စု၏ သားများသည် နိုင်ငံခြားသားများ ဖြစ်နေခြင်းကိုတော့ ကျွန်တော်လုံးဝ သဘောမကျပါ။ သူတို့သည် သူတို့ကိုယ်သူတို့ မြန်မာနိုင်ငံသားဟု ခံယူပါသလား၊ သူတို့ကိုယ်သူတို့ မြန်မာစိတ်အပြည့်ဟု ခံယူပါသလား၊ မြန်မာ့မြေ မြန်မာ့ရေ မြန်မာ့အလှကို ချစ်မြတ်နိုးစိတ် သူတို့တွင် မည်မျှရှိပါသနည်း။ အကယ်၍များ ဒေါ်စု သမ္မတဖြစ်လာလျှင် သူတို့သည် သမ္မတ၏ သားသမီးများ ဖြစ်ကြပါသည်။ အရေးကြီး ပုဂ္ဂိုလ်များ ဖြစ်လာကြပါလိမ့်မည်။ သမ္မတအိမ်တော်တွင် ၀င်ချည်ထွက်ချည် လုပ်ကြပါလိမ့်မည်။ မြန်မာလို မပီကလာ ပီကလာ ပြောတတ်ပြီး အင်္ဂလိပ်လို မွှတ်နေအောင် ပြောတတ်သော သူတို့၏ သားသမီးများ တစ်နည်း ဒေါ်စု၏ မြေးများသည် သမ္မတ အိမ်တော်ဝင်းအတွင်း ပြေးလွှားဆော့ကစား ကြပါလိမ့်မည်။ ဒေါ်စု၏ အနီးကပ်လုံခြုံရေးများ၊ သက်ဆိုင်ရာ ၀န်ထမ်းများသည် ထိုသူတို့ကို ဂရုစိုက်ကြရပါလိမ့်မည်၊ သူတို့ခိုင်းသမျှ လုပ်ကြရပါလိမ့်မည်။ အခြားနိုင်ငံသားများကို မြန်မာတွေက အကြီးအကဲ၏ မိသားစု ၀င်များအဖြစ် အရိုအသေပေးရမည်၊ ကာကွယ်ပေးရမည်ကို မြင်ယောင်ကြည့်စေလိုပါသည်။

(ဤနေရာတွင် နိုင်ငံခြားသံတမန်များ၊ ဧည့်သည်တော်များနှင့် နှိုင်းယှဉ်၍ စကားကတ် မပြောကြစေလိုပါ) အချို့က ပြောကြပါလိမ့်မည်။ ဒေါ်စုသည် စစ်ဗိုလ်ချုပ်တွေလို အခွင့်အရေး ယူတတ်သူမဟုတ်၊ အဲဒီလို ဘယ်တော့မျှ ဖြစ်မလာဘူးဟု...။ ရိုးရိုးလေးပဲ တွေးကြည့်စေလိုပါသည်။ NLD ရန်ပုံငွေပွဲအတွက် ဖျော်ဖြေပွဲတွေ အများကြီးလုပ်ပါသည်။ ထိုအခမ်းအနားများတွင် ဒေါ်စုတစ်ယောက် ပြည်သူတွေနဲ့အတူ ပလတ်စတစ် ထိုင်ခုံတွေမှာ ၀င်ထိုင်ကြည့်ပါသလား၊ သို့မဟုတ် ရှေ့ဆုံးတန်းက သူ့အတွက် အထူး သတ်မှတ် ထားသော နေရာမှာ ထိုင်ကြည့်ပါသလား။ ကျွန်တော် ကလေးဆန်နေခြင်း မဟုတ်ပါ။ ထိုသို့ လုပ်ခြင်းကို ဝေဖန်ခြင်း မဟုတ်ပါ။ ထိုသို့ လုပ်ကိုလုပ်ရမည် ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် သူသည် သူ့ပါတီတွင် အကြီးဆုံးပုဂ္ဂိုလ် ဖြစ်ပါသည်။ ထို့အတွက် သူ့ကို ဦးစားပေးမှု ရှိကိုရှိရပါမည်။ သမ္မတဦးသိန်းစိန်က ရန်ကုန်မှာလုပ်တဲ့ အခမ်းအနားမှာ ကုလားထိုင်ကြီး ခမ်းခမ်းနားနားနဲ့ သီးသန့် ထိုင်တာကို အပြစ်လုပ်ပြီး ဝေဖန်ကြတာမျိုး ကျွန်တော်မလုပ်တတ်ပါ။ ဒေါ်စုသွားလေရာမှာ သူ့ဘေးက အင်္ကျီအဖြူ ၀တ်ထားသူကြီးတွေက ပုသိမ်ထီးတွေ မိုးပေးတာကိုလည်း အပြစ်မပြောပါ။ သူတို့ချစ်သည့် သူတို့ခေါင်းဆောင်ကို သူတို့လုပ်ပေးတာ မနာလိုစရာ မရှိပါ။ သို့သော် မြန်မာနိုင်ငံတွင် အကြီးအမှူး ဖြစ်သည့် သမ္မတကြီးက လုံခြုံရေးတွေနဲ့သွား သွားပြန်ပြီ၊ သီးသန့်ထိုင်ခုံမှာထိုင် ထိုင်ပြန်ပြီ၊ ဟိုဟာလုပ် လုပ်ပြန်ပြီး စသဖြင့် ဝေဖန်နေကြတာတွေသည် အဆင့်အတန်း ရှိ၊ မရှိ ဝေဖန်ဆင်ခြင်ကြဖို့ ဖြစ်ပါသည်။ သမ္မတက ပုဆိုးအစုတ်၊ စွပ်ကျပ်ချိုင်းပြတ်နှင့် နွားလှည်းစီးပြီး ဘယ်သူမှမပါဘဲ တစ်ယောက်တည်း နိုင်ငံပတ်နေရ လျှင်တော့ မဟုတ်သေးဘူးဟု ထင်ပါသည်။ စကားတွေ ဘေးရောက်သွားပါသည်။ လိုရင်းကို ပြန်ဆက်ကြပါဦးစို့။

ဒုတိယတစ်ချက် ဒေါ်စုကို သမ္မတမဖြစ်စေချင်သည့် အကြောင်းပြချက်မှာ အာဏာရှင်နိုင်ငံအဖြစ်ကို မရောက်စေလို၍ ဖြစ်ပါသည်။ စစ်အစိုးရအုပ်ချုပ်မှသာ အာဏာရှင်စနစ်ဟု ထင်နေကြသူများကို နိုင်ငံရေး သူငယ်နာ မစင်သူများအဖြစ် ကျွန်တော်က ရန်စကားလေး ဆိုလိုက်ချင်ပါသည်။ ဒီမိုကရေစီအာဏာရှင် အုပ်ချုပ်သော တိုင်းပြည်သည် စစ်တပ်အုပ်ချုပ်သော တိုင်းပြည်များထက် ပိုဆိုးလေ့ ရှိပါသည်။ နိုင်ငံတကာသမိုင်းကို အနည်းငယ် တီးခေါက်မိသူတိုင်း သိနိုင်သည့် ကိစ္စဖြစ်သဖြင့် ဘုန်းကြီးစာချ မလုပ်လိုတော့ပါ။ အာဏာရှင်နိုင်ငံ မဖြစ်စေလိုသည့် ကျွန်တော့်အကြောင်းပြချက်အတွက် ကျွန်တော့်ယူဆချက်များ၊ စိုးရိမ်ချက်များကို ပြောပြပါရစေ။

နိုင်ငံရေးဆိုသည်မှာ ကလေးတွေ တုပ်ဆီးတိုးသလို လွယ်သည့်အလုပ် မဟုတ်ပါ။ အန်စာတုံးလှည့်ပြီး ခွက်နှင့်အုပ်ကာ မည်သည့်အပွင့် ကျသည်ကို ခန့်မှန်းပြောဆိုရသလိုလည်း ဘက် ၆ ဘက်တည်း မဟုတ်ပါ။ သို့သော် အချို့သော သင်္ချာပုစ္ဆာများတွင် အဖြေမှန်ကို သိနေသည်ဆိုပါက နောက်ပြန်စဉ်းစားခြင်းဖြင့် ပုံသေနည်းများကို တွက်ချက်နိုင်သကဲ့သို့ ယခုလည်း ကျွန်တော်ကိုဉာဏ်က မြန်မာ့နိုင်ငံရေးကို နောက်ပြန်တွက်ကြည့်လိုပါသည်။

ယခုလက်ရှိ NLD ပါတီ၊ အတိုက်အခံများနှင့် ၈၈ မျိုးဆက်များ ဖြစ်စေလိုသည့် ကိစ္စရပ်များကို ဖြစ်မြောက်အောင်မြင်ပြီဟု ဆိုကြပါစို့။

(၁) ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်လိုက်နိုင်သည်။
(၂) ဒေါ်စု သမ္မတဖြစ်ခွင့် ရှိသွားသည်။
(၃) တပ်မတော်သား ကိုယ်စားလှယ်များ လွှတ်တော်အသီးသီးမှ ထွက်ခွာသွားကြသည်။
(၄) နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို ဖျက်သိမ်းလိုက်သည်။
(၅) ၂၀၁၅ ခုနှစ်တွင် NLD ပါတီ အများစုအနိုင်ရသွားသည်။
(၆) ဒေါ်စုကို သမ္မတအဖြစ် တင်မြောက်ကြသည်။
(၇) NLD ပါတီဝင်တစ်ဦးကို လွှတ်တော်ဥက္ကဋ္ဌအဖြစ် ခန့်အပ်လိုက်ကြသည်။
(၈) ဒေါ်စုက အစိုးရဖွဲ့သည်၊ ဒီမိုကရေစီ စံနှုန်းများနှင့်အညီ ၀န်ကြီးဌာနအားလုံးတွင် အရပ်သားဝန်ကြီး များသာ ခန့်အပ်လိုက်သည်။
(၉) ပြည်ခိုင်ဖြိုးပါတီက အမတ်အင်အားအနည်းငယ်ဖြင့် လွှတ်တော်ထဲတွင် အတိုက်အခံအဖြစ် ရောက်ရှိသွားသည်။

ကဲ... စာဖတ်သူမိတ်ဆွေ။ အထက်ပါ ၉ ချက်သည် ယခုလက်ရှိ ဒေါ်စုနှင့် ၈၈ မျိုးဆက်များ လိုချင်နေသည့် ပုံစံများ၊ ကြိုးစားနေသည့် ရလဒ်များ ဖြစ်ကြပါသည်။ အမှန်အားဖြင့် ကျွန်တော့်စိတ်ရင်းအတိုင်း ဆိုလျှင် ဤနေရာတွင် ကျွန်တော့်ရေးသားမှုကို ရပ်နားလိုပါသည်။ ထို ၉ ချက်ကို ဖတ်ရှုပြီးလျှင် စာဖတ်သူများက ကိုယ့်ဘာသာကိုယ် တွေးတောဆင်ခြင် ဝေဖန်သုံးသပ် လုပ်ကြစေချင်ပါသည်။ အားလုံးက ဆင်ခြင်ပိုင်းခြားနိုင်သူများ ဖြစ်သည့်အားလျော်စွာ ကျွန်တော်က အလကားနေရင်း ဆရာဝင်လုပ်သည့် ပုံစံဖြင့် ဒီလိုဖြစ်သွားနိုင်တယ်... ဟိုလိုဖြစ်သွားနိုင်တယ်ဟု ပြောရမှာကို တကယ်ပင် ၀န်လေးလှပါသည်။ 

သို့သော် ကျွန်တော့်အမြင်များကို ပြောပြချင်စိတ်ကလည်း ထိန်းမရ၊ သိမ်းမရ ဖြစ်လျက်ရှိပါသည်။ စိတ်ထဲမှာ ပြောချင်တာတွေ ရှိပါလျက်၊ အမြင်တွေရှိပါလျက် မပြောခဲ့ရ၊ မရေးခဲ့ရသည့် နောင်တများ ကျွန်တော့်တွင် အပြည့်ဖြစ်သည့်အတွက် နောင်တစ်ချိန်ကျမှ ကျွန်တော်မပြောခဲ့ရလေခြင်းဟုလည်း နောင်တမရလိုပါ။ထို့ကြောင့် စာဖတ်သူများက ယခုအချိန်တွင် မိမိတို့စိတ်ကြိုက် တွေးတော ကြည့်စေလိုပါသည်။ ပြီးမှ ကျွန်တော့်အမြင်များကို ဖတ်ကြစေလိုပါသည်။ အမှန်ဆိုရပါလျှင် ကျွန်တော့် ပို့စ်သည် ဤနေရာတွင် ပြီးပြီဖြစ်ပါသည်။ အောက်တွင် ရေးသားဖော်ပြမည့် အကြောင်းအရာများသည် ကျွန်တော့်ကွန်းမန့်များဟုသာ သဘောထား၍ ဖတ်ရှုကြစေလိုကြောင်း မေတ္တာရပ်ခံလိုပါသည်ခင်ဗျား။-

- - ဒေါ်စုသမ္မတဖြစ်သွားလျှင် နိုင်ငံတကာထောက်ခံအားပေးမှုတွေ ထင်မှတ်မထားလောက်အောင် ရလာလိမ့်မည်ဟု ယူဆစရာ ရှိပါသည်။ သေချာသည်ကတော့ နိုင်ငံတကာမှ ကျော်ကြားသည့် နိုင်ငံရေး ခေါင်းဆောင်များ မြန်မာနိုင်ငံသို့ အိမ်ဦးကြမ်းပြင် လာကြပါလိမ့်မည်။ ထို့အတွက် မြန်မာနိုင်ငံ၏ ဂုဏ်သတင်း တက်သည်ဟု အကောင်းဘက်က တွေးစရာရှိပါသည်။

အစိုးရအဖွဲ့ကို မည်သူတွေနှင့် ဖွဲ့မည်နည်းဟူသည်မှာ စိတ်ဝင်စားစရာ ကောင်းလှပါသည်။

သေချာသည်ကတော့ သူမနှင့် နီးစပ်သည့်၊ ပလဲပနံသင့်သည့်၊ လူကြိုက်များသည့် ပုဂ္ဂိုလ်များကို အစိုးရအဖွဲ့အဖြစ် ခန့်အပ်ပါလိမ့်မည်။ အဆိုပါပုဂ္ဂိုလ်များနှင့် လက်ရှိ ၀န်ကြီးဌာနအသီးသီး၊ ဌာနဆိုင်ရာ အသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသည့် ၀န်ထမ်းများအကြား ဆက်ဆံရေးအခြေအနေ မည်သို့ရှိမည်မှာ မသေချာလှပါ။ ယခုလက်ရှိ ၀န်ထမ်းများထဲမှ NLD ကို ထောက်ခံသူများက ထိုအချိန်တွင် နေရာရလာနိုင်သလို၊ သူတို့၏ အတို့အထောင် လုပ်မှုများကြောင့် ယခုလက်ရှိ NLD နှင့် ဒေါ်စုကို ကြည့်မရသူတို့သည် ထိုအချိန်တွင် အခက်ကြုံရပါလိမ့်မည်။ ၀န်ထမ်းဘ၀မှ နုတ်ထွက်ကောင်း နုတ်ထွက်ကြပါလိမ့်မည်။ ထိုသို့ဆိုလျှင် အုပ်ချုပ်ရေးယန္တရား လည်ပတ်မှုပေါ် သက်ရောက်မှု ရှိလာနိုင်ပါသည်။ ဤကား ကျွန်တော့်မှန်းဆချက်သာ ဖြစ်ပါသည်။

လွှတ်တော်တွင် မည်သူပင် ဥက္ကဋ္ဌ ဖြစ်လာပါစေ... အဆိုပါ လွှတ်တော်ဥက္ကဋ္ဌသည်

ဒေါ်အောင်ဆန်းစုကြည်ကို ကျော်လွန်နိုင်မည်ဟု မည်သို့သော အမိုက်အမဲများက မျှော်လင့်နေပါသနည်းဟု ကျွန်တော်က မေးခွန်းထုတ်လိုပါသည်။ ယခုလက်ရှိ ဦးသိန်းစိန်နှင့် ဦးရွှေမန်းကြားက အားပြိုင်မှုမျိုး၊ ပွတ်တိုက်မှုမျိုး၊ ထိန်းကျောင်းမှုမျိုး ဖြစ်လာမည်ဟု ယူဆကြပါသလား။ ကျွန်တော်တို့တွေ စိတ်ကိုဖွင့်ပြီး လွတ်လွတ်လပ်လပ် စဉ်းစားကြည့်ကြရအောင်လား ခင်ဗျာ။ ဒေါ်စုကို ထိန်းကျောင်းဖို့အတွက် လွှတ်တော်ဥက္ကဋ္ဌကို NLD က တစ်ဦးတစ်ယောက်ကို မခန့်အပ်ဘဲ အခြားတစ်ဦး (ပြည်ခိုင်ဖြိုးပါတီမှသော်လည်းကောင်း၊ အခြားပါတီတစ်ခုခုမှသော်လည်းကောင်း) ကို ခန့်အပ်သည်ပဲ ဆိုကြပါစို့။ သမ္မတက သဘောမတူသည့် ဥပဒေများအတွက် လွှတ်တော်ဥက္ကဋ္ဌနှင့် သူ၏ လွှတ်တော်က အတည်ပြုပေးနိုင်လိမ့်မည်ဟု မျှော်လင့်ကြပါသလားခင်ဗျာ။ အဘယ်သို့သော NLD လွှတ်တော်အမတ်က သမ္မတကြီး ဒေါ်စုကို ဆန့်ကျင်လျက် လွှတ်တော်တွင် မဲပေးကြပါလိမ့်မလဲခင်ဗျာ။ ဥက္ကဋ္ဌက သမ္မတကို မရမက ထိန်းကျောင်းဖို့ ကြိုးစားပါလျှင် NLD လွှတ်တော်အမတ်များက ထိုဥက္ကဋ္ဌကို စွပ်စွဲပြစ်တင်ကြပါလိမ့်မည်။ ကျွန်တော်ဘာကို ဆိုလိုကြောင်း ဆ၀ါးနိုင်ကြလိမ့်မည် ထင်ပါသည်။

NLD ပါတီတွင် ဒေါ်စု ကောင်းသည်ဆိုးသည်ကို ဝေဖန်ရဲသူ မည်သူရှိပါသနည်း။ ဒေါ်စုကို လွန်ဆန်ရဲသူ မည်သူရှိပါသနည်း။ ထို့အတွက် ဒေါ်စု သမ္မတဖြစ်လျှင် သူ့စိတ်တိုင်းကျ လုပ်ချင်ရာ လုပ်သည်များကို မည်သူက ထိန်းကျောင်းမည်နည်း၊ တည့်မတ်မည်နည်း။ ဒေါ်စုသည်လည်း လူသားတစ်ဦး ဖြစ်သည့်အတွက် အမှားအယွင်း ရှိမည်သာ ဖြစ်ပါသည်။ ဆုံးဖြတ်ချက် အမှားများ ရှိလာနိုင်သည်သာ ဖြစ်ပါသည်။ နိုဘယ်လ်ဆုရထားသည့်၊ ကမ္ဘာပတ်ခဲ့သည့်၊ နိုင်ငံခြားသားကို လင်တော်ခဲ့သည့်၊ ကမ္ဘာကျော်တက္ကသိုလ်မှာ ပညာသင်ကြားလာသည့်၊ အင်္ဂလိပ်စာကို မြန်မာလိုထက် ပိုကောင်းအောင်ပြောတတ်သည့် ဒေါ်စုကဲ့သို့ ပုဂ္ဂိုလ်မျိုးကို မင်းကိုနိုင်၊ ကိုကိုကြီး၊ ဇေယျာသော်၊ မြတ်ဉာဏစိုး စသည့် လူကြီးလူကောင်းများက ထိန်းမတ်ဝေဖန်ရဲမည်ဟု ထင်ပါသလား၊ ဦးကိုနီလို၊ဦးဉာဏ်ဝင်းလို၊ ဦးဝင်းထိန်လို ပုဂ္ဂိုလ်တွေက အကြံပေးနိုင်မယ်၊ တည့်မတ်နိုင်မယ်လို့ ထင်ကြပါသလား။

ကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စများဆီသို့ ဆက်ကြပါဦးစို့။ ဒီမိုကရေစီစံနှုန်းဟု တဖွဖွ ရွတ်သူများ အမြဲပြောနေသည့် အမေရိကန်ကဲ့သို့ မြန်မာသမ္မတသည် စစ်သေနာပတိချုပ် ဖြစ်သွားပါပြီ။ ကာကွယ်ရေးဝန်ကြီးသည်လည်း အရပ်သား ဖြစ်သွားပါပြီ။ စစ်ရေးအမြင် ရှိဖို့တွေ မလိုတော့ပါ။ ဒီမိုကရေစီ စံနှုန်းအရ သမ္မတသည် စစ်တပ်ကို အမိန့်ပေးမည်။ အရပ်သား ကာကွယ်ရေးဝန်ကြီး ပြောသည့်အတိုင်း တပ်ချုပ်နှင့် သူ၏တပ်က အမိန့်နာခံရမည်။ မြန်မာ့နိုင်ငံရေးတွင် ပါဝင်မှုကို ဖျက်သိမ်းခံလိုက်ရသည့် ကာချုပ်နှင့် သူ၏တပ်မတော်အတွက် ဒေါ်စုနှင့် ဆက်ဆံရေးကို ကိုယ်တိုင် တွေးကြည့်စေလိုပါသည်။ ကျွန်တော်မပြောရဲပါ... မတွေးရဲပါ.. မပြောချင်ပါ... မတွေးချင်ပါ... မပြောလိုပါ... မတွေးလိုပါ...

မြန်မာနိုင်ငံတွင် ၂၀၁၅ တိုင် မပြီးမပြတ် ဖြစ်နေဦးမည့် တိုင်းရင်းသား လက်နက်ကိုင်များအရေး၊ အနောက်ဘက် အိမ်နီးချင်းနိုင်ငံက အခွင့်ကောင်းစောင့်နေသည့် ပြည်ပရန်အရေး၊ စသည့် စသည့် ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းမည့် ကာကွယ်ရေးဝန်ကြီးသည ဘောင်းဘီချွတ်စစ်ဗိုလ်ချုပ်ဟောင်းလည်း မဟုတ်၊ စစ်ရေးအမြင်ရှိသူလည်း မဟုတ်ပါလျှင် မည်ကဲ့သို့ စခန်းသွားကြပါမည်နည်း။ ကျွန်တော့်လက်တွေ ဆက်ရိုက်ရန် မ၀ံ့ရဲပါသဖြင့် ဤအကြောင်းအရာကို ဆက်မရေးလိုပါ။ ရင်လေးမိပါသည်... စိတ်ပူမိပါသည်... ကျောချမ်းမိပါသည်...။

ဒေါ်စုသမ္မတဖြစ်ပြီ၊ NLD က လွှတ်တော်တွင် အမတ်အများစု ဖြစ်သွားပြီဆိုတော့ မျိုးစောင့်ဥပဒေတွေလည်း မလိုတော့ပါ။ ဘာသာရေးပဋိပက္ခတွေကိုလည်း ထိထိရောက်ရောက် ကိုင်တွယ်အရေးယူ အပြစ်ပေးပါပြီ။ ဘင်္ဂလီတွေ ကိစ္စကလည်း လူ့အခွင့်အရေး ရှုထောင့်အရ လွတ်လပ်စွာ နေထိုင်ခွင့် ရရှိသွားပါပြီ။ OIC ရုံးလည်း မြန်မာပြည်မှာ ဖွင့်ခွင့်ရသွားပါပြီ။ ရခိုင်ဒေသမှ မွတ်စလင် ဒုက္ခသည်တွေအတွက် အာရပ်နိုင်ငံများ၏ အဓိကအထောက်အပံ့ဖြင့် UN ဦးဆောင်သည့် INGO အဖွဲ့အစည်းများက နေရာချထားမှုများ၊ ပြန်လည်ထူထောင်ရေးများ၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ဆောင်ရွက်ပေးကြပါမည်။ ဘာတွေဆက်ဖြစ်နိုင်သည်ကို ကျွန်တော်မရေးလိုတော့ပါ။ တွေးကြည့် ဆင်ခြင်ကြည့်စေလိုပါသည်။ အကယ်၍များ မမျှော်မှန်းနိုင်သည့် ပြဿနာတွေ အနောက်ဒေသမှာ ထပ်ဖြစ်ခဲ့ပါလျှင်၊ တပ်မတော်ကို သမ္မတကြီး ဒေါ်စု (စစ်သေနာပတိလည်းဖြစ်) က အမိန့်ပေးခဲ့ပါလျှင် တပ်မတော်သားများက မည်သို့ တုံ့ပြန်ကြမည်နည်း။ စဉ်းစားစရာဖြစ်ပါသည်။ ကျွန်တော်ကိုဉာဏ် အစိုးရိမ်လွန်နေတာသာ ဖြစ်ပါစေလေ။

ဒီမိုကရေစီစနစ် ပြည့်ပြည့်၀၀ ရပြီဆိုတော့ Freedom of expression ရှိလာသည်မို့ ခွင့်ပြုချက် တောင်းစရာမလိုဘဲ လမ်းတွေပိတ်၊ ပလက်ဖောင်းတွေပိတ်ပြီး ဆန္ဒပြပွဲတွေ၊ ဟောပြောပွဲတွေ လုပ်ကြပါလိမ့်မည်။ ဒေါ်စုမကောင်းကြောင်း၊ NLD ပါတီသည် ထောင်ထွက်ပါတီ၊ ထမီနားခိုစားသည့်ပါတီ၊ မွတ်ဒေါင်းပါတီ၊ လူမိုက်ပါတီသာဖြစ်ကြောင်း အတိုက်အခံ ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်၍ ဟောပြောမှုတွေ၊ ဝေဖန်မှုတွေ လုပ်ကြပါလိမ့်မည်။ ပြည်ခိုင်ဖြိုး လွှတ်တော်အမတ်များကလည်း ဒေါ်စုသည် အနောက်နိုင်ငံများ၏ ရုပ်သေးရုပ်ဖြစ်ကြောင်း၊ သူ၏ ပေါ်လစီများသည် အနောက်အလိုကျများသာဖြစ်ကြောင်း၊ ဒေါ်စုသည် တိုင်းတစ်ပါးသားကို အိမ်ထောင်ပြုခဲ့သူ ဖြစ်သည့်အားလျော်စွာ နိုင်ငံခြားသားစီးပွားရေး လုပ်ငန်းရှင်များကို ပြည်တွင်း တိုင်းရင်းသား လုပ်ငန်းရှင်များထက် အရေးပေးကြောင်း၊ အခွင့်အရေးပေးကြောင်း လွှတ်တော်အစည်းအဝေးများတွင် ထည့်သွင်းပြောဆို ဆွေးနွေးကြပါလိမ့်မည်။ ထိုသောအခါ ဒီမိုကရေစီ အစိုးရပီပီ ဒေါ်စုသည် ဘာမျှမပြောဘဲ သည်းခံပါလိမ့်မည်။

အာဏာရပါတီဖြစ်သည့် NLD ကလည်း ဒီမိုကရေစီခေတ်တွင် ဝေဖန်ခံရဲရမည်ဟု နှလုံးပိုက်ကာ သည်းခံကြပါလိမ့်မည်။ ဂျာနယ်သစ်အချို့ ပေါ်လာပြီးနောက် ဒေါ်စုနှင့် ပါကစ္စတန်ကိုကို၊ မမစုအတွက် ရေကူးကောင်းတဲ့ ယက်တော၊ အမေစုနှင့် တစ်ခါတုန်းကတက္ကသိုလ်၊ ကိုယ်ရံတော်လေး ခပ်ငယ်ငယ်၊ စသည့် စသည့် အတည်ပြုရန် ခက်ခဲလှသည့် အကြောင်းအရာများကို ဓာတ်ပုံမြိုင်မြိုင်ဆိုင်ဆိုင်ဖြင့် သူ့ထက်ငါ ရေးသားထုတ်ဝေကြပါလိမ့်မည်၊ ပြည်ခိုင်ဖြိုးမှ ထုတ်ဝေသည့် ပြည်ထောင်စုနေ့စဉ်တွင်လည်း အငြိမ်းစား စစ်ဗိုလ်ချုပ်ကြီးတစ်ဦးက ပင်တိုင်ကော်လံစားဖြင့် သွေးတောင်းတဲ့ဒေါ်စု၊ နိုင်ငံခြားသားနဲ့ပျော်နေတုန်းက တိုင်းပြည်ကို သတိမရတဲ့မိစု၊ နိုင်ငံတကာပတ်ပြီး ဆုတွေလက်ခံရင်း ပိုက်ဆံတောင်းစားခဲ့တဲ့ ဒေါ်လာသူတောင်းစား စသဖြင့် ထိထိမိမိ စကားလုံးများ၊ တစ်တစ်ခွခွ စကားလုံးများဖြင့် ရေးသားဝေဖန်ပါလိမ့်မည်။ ထို့ပြင် အဆိုပါ စာရေးသူက NLD အစိုးရ မပြုတ်မချင်း စစ်ဆွယ်တာနှင့် စစ်ဘောင်းဘီကို မချွတ်တမ်း ၀တ်မည်ဟုလည်း ကြွေးကြော်ပါလိမ့်မည်။ (ဂျာနယ်အမည်များသည် စန္ဒာလ၀န်း၊ ဟိုလှိုင်း စသည်ဖြင့် ဖြစ်နိုင်ပါသည်) ယခုအရေးအသားများကို ဖတ်၍ ကျွန်တော့်ကို ကလေးဆန်သူ၊ အဆင့်မရှိသူဟု ဆန္ဒစော၍ မဝေဖန်ကြစေလိုပါ။ ကျွန်တော်ပြောခဲ့သည်များသည် အသစ်အဆန်းလုပ်၍ ရေလာမြောင်းပေး လုပ်နေသည့် စကားလုံးများ မဟုတ်ကြပါ။ အားလုံးသည် ကျွန်တော်တို့ သိရှိပြီး၊ ကြုံခဲ့ရပြီး အကြောင်းအရာများ ဖြစ်ကြပါသည်။

ပို့စ်လည်း အတော်ရှည်သွားပါပြီ။ ယခုအချိန်အထိ အချိန်ပေး၍ တလေးတစား စိတ်ရှည်လက်ရှည် ဖတ်ပေးသည့်အတွက် ကျေးဇူးတင်စကား ဆိုပါရစေ။ ဟုတ်ကဲ့.... ကျွန်တော့်ယူဆချက်ဖြင့် နိဂုံးချုပ်ပါရစေ။ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ မဖြစ်စေလိုပါ။ ဘာပုဂ္ဂိုလ်ရေး မကျေနပ်ချက်မျှ မပါပါ၊ ဘယ်လိုသော အမုန်းတရားများမျှ မပါဝင်ပါ။ ကျွန်တော်လို ပီဘိအသေးအမွှားကောင်လေးက ဒေါ်စုလို ပုဂ္ဂိုလ်မျိုးကို ခြေရာမတိုင်းဝံ့သလို၊ မနာလိုဖြစ်စရာလည်း အကြောင်းမရှိပါ။ သို့သော် တိုင်းပြည်ချစ်စိတ်၊ လူမျိုးချစ်စိတ်၊ တိုင်းပြည်ကို တိုးတက်စေလိုစိတ်များတွင်လည်း ဒေါ်စုထက် မလျော့ကြောင်း အသက်နှင့်ထပ်၍ အာမခံဝံ့ပါသည်။ စာဖတ်သူများလည်း ထိုနည်းနှင်နှင် ဖြစ်ကြလိမ့်မည်ဟု ယုံကြည်ပါသည်။ ဒေါ်စုကို သိက္ခာရှိစေချင်ပါသည်၊ ထို့အတူ မြန်မာနိုင်ငံကိုလည်း ဒီမိုကရေစီအာဏာရှင်နိုင်ငံ မဖြစ်စေလိုပါခင်ဗျား။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)

ဖက်ဒရယ်တပ်မတော် လိုချင်သတဲ့လား



ယနေ့ခေတ် သတင်းစာ ဂျာနယ်များ၊ မီဒီယာ ရုပ်မြင် သံကြား များတွင် ကျယ်ကျယ် လောင်လောင် ပြောဆို ရေးသား နေကြသည်မှာ တပ်မတော်ကို ဖက်ဒရယ် တပ်မတော် ဖြစ်စေလိုသည် ဟူသော ကိစ္စ၊ တောင်းဆို သူများကို ကြည့်တော့ အတိုက်အခံ များနှင့် လက်နက် ကိုင် အဖွဲ့အစည်းများ ဖြစ်ကြသည်။


သူတို့ ပြောဆို နေကြသော တပ်မတော်အား ဖက် ဒရယ် တပ်မတော် ဖြစ်ရေးကို ယခင် ကာလများ တွင် ရော ယခုကာလ တွင်မှာပါ အစဉ်တစိုက် လုပ်ဆောင် နေပါသည် ဟု ဆိုချင်သည်။ တပ်မတော်၏ တာဝန် ကြီးမားသော အခန်းကဏ္ဍကို တာဝန်ယူ နေကြသော အရာရှိကြီးများ ထဲတွင်ရော ကျန် တပ်မတော်သား ၊ တပ်သား အရာရှိကြီး /ငယ် /ရွယ် /လတ် တို့သည် တိုင်းရင်းသား အများစု ပါဝင် နေကြသည်။ အမျိုးသား ခေါင်းဆောင်ကြီး၊ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်း လက်ထက် ဖလပလ ခေတ်ကလို ကချင် သေနတ်ကိုင် တပ်ရင်း၊ ကရင် သေနတ်ကိုင် တပ်ရင်း စသည်ဖြင့် ဖွဲ့စည်း ပေးစေလို နေသည်။

ယနေ့ခေတ်တွင် ပြည်တွင်း လက်နက်ကိုင် များကို ငြိမ်းချမ်းရေး ရယူဖို့ လက်နက် ဆက်လက်ကိုင်ထား လိုပါက သူတို့ဒေသ အတွက် ဂုဏ်ရှိရှိ ဖွံ့ဖြိုး တိုးတက် လုပ်ဆောင် နိုင်အောင် တပ်မတော်ရဲ့ တစ်စိတ် တစ်ဒေသ အဖြစ် နယ်ခြား စောင့်တပ်များ ဖွဲ့စည်း တာဝန်ပေးထား သည်ကို တွေ့နိုင်သည်။ ¤င်းသည် ဖက်ဒရယ် တပ်မတော် ပင်ဖြစ်သည်။ သို့သော် သူတို့ ပြောသလို လုပ်ပေးခဲ့စဉ်က တပ်ရင်း တစ်ရင်းလုံး တောခို ခဲ့ကြသည့် သာဓကများ ရှိခဲ့သည်ကို သတိချပ်ရန် ထိုသို့ ဖွဲ့စည်းရေးကို အလေးထား နေကြပါသည်။ 

ဖက်ဒရယ် တပ်မတော် ဖြစ်ရန် အတွက် တိုင်းရင်းသား အားလုံး ပါဝင်ရန် လိုသည်။ ထို့ပြင် စည်းလုံး ညီညွတ်ရန်၊ ပြည်ထောင်စု စိတ်ဓာတ်ရှိရန် လိုသည်။ ဤတွင် ဂျာနယ်တစ်ခု၌ NCCT က ဦးခွန်ဥက္ကာကဤသို့ ပြောကြားသည်ကို အံ့အားသင့်စွာ ဖတ်မိသည်။ ၎င်း၏ပြောကြားချက်မှာ ''ပြည်တွင်းငြိမ်းချမ်းရေး မရတာဟာ တပ်မတော်ကြောင့်တဲ့။ တပ်မတော်က ဖက်ဒရယ်တပ်မတော် ဆိုတာကို လက်မခံလို့ အခုလိုငြိမ်းချမ်းရေး မရဖြစ်နေတာပါ '' တဲ့။ဗုဒ္ဓဘာသာတွင် မြတ်စွာဘုရားရှင် ဟောကြား ခဲ့သည်မှာ အရာရာကို စိတ်ကသာ ဦးဆောင်သည် စိတ်သာ အရင်းခံ ဖြစ်သည် ဟု ကျွန်တော်မှတ်သားဖူးပါသည်။ကျွန်တော် ၏ ဥာဏ်မှီသလောက် ဆွေးနွေးကြည့်ပါမည်။

ပြည်ထောင်စု စိတ်ဓာတ် အရေးကြီး/မကြီး တင်ပြ ပါဦးမည်။ လွတ်လပ်ရေး ရပြီးနောက် တစ်မြေတည်း နေပြီး ဘီအိုင်အေ တွင် လွတ်လပ်ရေး ရရန် ထမင်းငတ်ခံ ကြိုးစားခဲ့ကြတဲ့ ရဲဘော်သုံးကျိပ် အချင်းချင်းပင် တစ်မြေတည်း နေပြီး စည်းလုံးမှု ပျက်ပြားခဲ့သည် မှာ ပြည်ထောင်စု စိတ်ဓာတ် အရင်းခံမှု အားနည်း၍ ပင်ဖြစ်သည်။ တစ်ရေတည်း၊ တစ်မြေတည်း မှာ အေးအတူ ပူအမျှ ငြိမ်းချမ်းစွာ နေထိုင်ကြမည် ဟူသော ပြည်ထောင်စု စိတ်ဓာတ် အားနည်း ခဲ့သောကြောင့် ပြည်တွင်း လက်နက်ကိုင် အဖွဲ့အစည်း များစွာ ပေါ်ပေါက်လာပြီး ပဋိပက္ခများ၊ တိုက်ပွဲများ ပေါ်ပေါက်လာပြီး တိုင်းပြည် ဖွံ့ဖြိုးမှု နောက်ကျ ခဲ့ရခြင်း ဖြစ်သည်။ 

အနောက်နိုင်ငံများ စွန့်ဦး တီထွင်မှုများ ပြုလုပ် နေချိန်တွင် ပြည်ထောင်စု စိတ်ဓာတ် အားနည်း မှုကြောင့် ဖြစ်ပေါ်လာသော တိုက်ပွဲများတွင် မြန်မာ တပ်မတော်ရော ပြည်သူများပါ အချိန်များကို တန်ဖိုးမဲ့စွာ ဖြုန်းတီးခဲ့ ကြသည်။ တိုးတက်မှု နောက်ကျခြင်းကို တပ်မတော်အပေါ် လွှဲချနေသူ တို့၏ ရန်အား ယခု ခေတ်တွင် ပြည်တွင်း လက်နက်ကိုင် အဖွဲ့အစည်း များအား နယ်ခြား စောင့်တပ် ဖွဲ့စည်းရေး အပြင် ပါတီထောင်ခွင့်၊ နိုင်ငံရေး လုပ်ခွင့် ပေးခဲ့ပြီ ဖြစ်သည်။ 

ဤသည်ကို ကြည့်ရန် ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် ဖြစ်ရေးကို တပ်မတော်ကရော နိုင်ငံတော် အစိုးရကပါ တာဝန်ယူ ဆောင်ရွက် ပေးချိန်တွင် စစ်မှန်သော မျိုးချစ် စိတ်ဓာတ် ဖြင့် အတူတကွ လိုက်ပါမှသာ အောင်မြင်မည် ဖြစ်သည်။ တကယ်လိုက်ပါ လုပ်ဆောင် လျှင်လည်း သူတို့ ကျယ်ကျယ် လောင်လောင် ပြောဆို နေကြသော ဖက်ဒရယ် တပ်မတော် ဖြစ်ရေး အလှမ်းမဝေးပါကြောင်း-

ဖိုးဇော်

မျိုးစောင့်ဥပဒေဟာ နိုင်ငံရေးအမြတ်ထုတ်ဖို့ မဟုတ်ကြောင်း ပြောကြား



အမျိုးစောင့်ဥပဒေကို လွှတ်တော်မှာ တင်သွင်းနိုင်ဖို့ ကြိုးစားနေ တာဟာ အစိုးရ ဒါမှမဟုတ် ပါတီ အဖွဲ့အစည်းတစ်ခုရဲ့ အလိုကျ နိုင်ငံရေးအမြတ်ထုတ်ဖို့ ဆောင်ရွက်နေတာမဟုတ်ပဲ အမျိုး ဘာသာ သာသနာအတွက် အမျိုးသားရေးအမြင်နဲ့ လုပ်ဆောင် နေတာလို့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့က ပြောပါတယ်။


ရန်ကုန်မြို့ အင်းစိန်မြို့နယ် ရွာမပရိယတ္တိ စာသင်တိုက်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ ဗဟိုအလုပ်အမူဆောင် ဓမ္မစက္က ဦးမောင်မာင် က မျိုးစောင့်ဥပဒေအပေါ် ကန့်ကွက်မူတွေကို အခုလို ပြောပါတယ်။

"အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့အနေနဲ့ မည်သည့် ပါတီအဖွဲ့အစည်း၊ မည်သည့် အစိုးရအဖွဲ့နဲ့မှ ပတ်သက်ဆောင်ရွက်ခြင်း ပူးပေါင်းဆောင်ရွက်ခြင်းမျိုး လုံးဝမရှိဘဲနဲ့ အမျိုးဘာသာ သာသနာနှင့် နိုင်ငံ၏ရှေ့ရေးအတွက်သာ အမျိုးသားရေး အမြင်ဖြင့် စေတနာထားဆောင် ရွက်နေခြင်း ဖြစ်ကြောင်း အတိအလင်းကြေညာအပ်ပါ တယ်"

အစိုးရကပြဌာန်းဖို့ ကြိုးပမ်းနေတဲ့ မျိုးစောင့်ဥပဒေတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းတို့နဲ့ တွေ့ဆုံဆွေးနွေးလိုကြောင်း အရပ်ဘက် လူမှုအဖွဲ့အစည်း ၁၅၀ ခန့်က ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့က စာရေးသားတောင်းဆိုခဲ့ပါတယ်။

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ဟာ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေက စွပ်စွဲနေသလို အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကို ကန့်သတ်ပိတ်ပင်ဖို့ မဟုတ်ကြောင်း၊ တည်ဆဲဥပဒေတွေရဲ့ အားနည်းမှုကြောင့် အမျိုးသမီးငယ်တွေ အတင်းအကျပ် ဘာသာကူးပြောင်းခံရမှုတွေကို ဥပဒေကြောင်းအရ အကာအကွယ်ပေးနိုင်ဖို့ ကြိုးပမ်းနေတာသာဖြစ်ကြောင်း ပြောပါတယ်။

အမျိုးဘာသာသာသနာ ကာကွယ်စောင့်ရှောက်ရေး (ဗဟို) ဥက္ကဌ ဘဒ္ဒန္တ တိလောကာဘိဝံသက ကိုးကွယ် ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ၊ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေ၊ လက်ထပ် ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေနဲ့ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ ၄ မျိုး ပါဝင်တဲ့ မျိုးစောင့်ဥပဒေတွေကို ပြဌာန်းပေးဖို့ နိုင်ငံတော်သမ္မတထံ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့က စာရေးသားတောင်းဆိုခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန်က မျိုးစောင့်ဥပဒေတွေရေးဆွဲပြီး လွှတ်တော်ကို တင်ပြနိုင်ဖို့အတွက် အဖွဲ့ဝင် ၁၂ ဦးပါ မျိုးစောင့်ဥပဒေ ရေးဆွဲရေးကော်မရှင်ကို ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့က ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး ဒီဥပဒေကြမ်းတွေကို ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး သမ္မတကို တင်ပြရမှာ ဖြစ်ပါတယ်။

From:RFA

ဒေါ်စု ဂေါက်နေပြီ (အကြီးကြီး)



အစိုးရ/ နယ်ဘက် ဝန်ထမ်း ရွှေးချယ်ရာမှာ လူတွေ့/ စာတွေ့ စစ်မေးပါတယ်ဗျ။

အဲ့ဒီမှာ ဘာသာရပ် တစ်ခု အနေနဲ့ Psycho;test..စိတ်ပိုင်း စမ်းသပ် စစ်ဆေးလွှာ စစ်ဆေးတယ် ပေါ့လေ။ ဥပမာ ဗိုလ်လောင်း / ဒု ရဲအုပ်လောင်း ရွေးချယ်တယ် ဆိုပါတော့။ Psycho; test ဖြေတဲ့အခါမှာ စိတ်ပညာရှင်တွေ သတ်မှတ်ထားတဲ့သာမန် နော်မယ် စံညွှန်းတွေနဲ့ ကိုက်ညီသလား။ စိတ်သည် မတည် မငြိမ် ဗလောင်းဗလဲ ရှေ့နောက် မညီ၊ မတည်ကြည် မခိုင်ခံ့၊ အပြောင်းလဲ မြန်သူ စိတ်ပေါ့သွပ်သူ ဖြစ်နေသလား။ ဒါတွေ စစ်ဆေးတယ်။


ဥပမာ..သင်သည် သရဲ ကြောက်တတ် ပါသလား။ ဒီလိုမေးတယ်။ သင်သည် အရက် သောက်တတ် ပါသလား...စသည်ဖြင့်။


အဲ့သလို မေးထားပြီး မေ့လောက်တဲ့ နေရာကျရင် အလားတူ မေးခွန်းတွေကို ပုံဖျက်ပြီး ညှပ် မေးမေးသွားတယ်။

ဖြေတာက ရှေ့နောက် မညီရင်၊ စံလွဲသွားရင် Psycho ငြိပြီ ကျပြီ။ ဒါဆို တစ်ခြား ဘယ် ဘာသာရပ်တွေ မိုးပျံအောင် တော်ပါလေ့စေ။ ဒီဝင်ခွင့် စာမေးပွဲ ကျပြီ။

မနေ့က ဗိုလ်စိန်မှန် ကွင်းမှာ ဒေါ်စု ပြောခဲ့တာတွေ ရှုစားမြည်းစမ်း ကြည့်ကြပါဦး အဆွေတို့ရယ်ဗျာ။

ပြည်သူလူထုနဲ့ တပ်မတော် ကြားမှာ ယုံကြည်မှု မရှိဘူး...တဲ့။ 

တပ်မတော် ကလည်း ပြည်သူလူထုကို မယုံဘူး။ ပြည်သူလူထု ကလည်း တပ်မတော်ကို မယုံဘူး...တဲ့။

(အဲ့ဒီလို တပ်နဲ့ ပြည်သူကို ခွဲခြား သွေးခွဲ ရန်တိုက် ပေးပြီး တစ်ဆက်တည်း ဘာပြောတယ်မှတ်လဲဗျ)။

တပ်မတော်နဲ့ ပြည်သူကြားမှာ ကျမတို့ ခွဲခြားလိုစိတ် မရှိပါဘူး....တဲ့။

အွတ်...အွပ်...တိန်...ခွမ်...မွေးမေလေ့။ Psycho;test တောင်မှ လုပ်စရာ မလိုပါကရို့။ စကား ရှေ့နောက် မညီ၊ လော်လီ ဖောက်ပြား၊ စိတ်ထား မတည်ကြည်၊ ဒေါ်စု ဆိုက်ကို ငြိပါသည်။

သူများ ရူးတာက ကိစ္စမရှိ။ လူထု ခေါင်းဆောင် အမည်ပေး ခံထားရသူ ဒေါ်စု ရူးတာက အကြီးကြီး shock ရှိတယ်။

*** နို့ နေပါဦး။ ပြည်သူလူထု ကလည်း တပ်မတော်ကို မယုံဘူး...ဆိုရာမှာ နည်းနည်း ယုတ္တိတန်တယ်။ ဒေါ်စု ကိုယ်တိုင် တပ်နဲ့ ပြည်သူကြား Hate speech ဖြန့်ထားတာကိုးဗျ။

အဲ... တပ်မတော် ကလည်း ပြည်သူလူထုကို မယုံဘူး...လို့ဆိုတော့ကာ ဘယ်တပ်မတော်သားက ပြော သတုန်း။ လုပ်စမ်းပါ။ ကိုရွှေဒီ/ မရွှေဒီတို့ ကွန်းမန့် ဝင်ရေးသွား ကြစမ်းပါ။ ဒီလိုပြောတဲ့ တပ်မတော်သား ရဲ့ ကပ/ အဆင့်/ အမည်/ လက်ရှိတပ်...အဲ့သလို တိတိကျကျ ဖော်ပြပေးပြီး မန့်ကြပါ။

ဒါကို ဖြေရှင်း မပေးနိုင်ရင်တော့ ခင်ဗျားတို့ ကိုးကွယ်နေတဲ့ ဒေါ်စု ဂေါက်နေပြီ။

ဂေါက်တာကိုမှ အကြီးကြီး။

ပြည်တွင်းသတင်းဂျာနယ် (၂) စောင်အား မ.ဘ.သ မှ သစ္စာဖောက်မီဒီယာအဖြစ် ကြေညာချက်ထုတ်



ပြည်တွင်းသတင်း ဂျာနယ်နှစ်စောင် ဖြစ်သော The Voice သတင်းစာနှင့် မြန်မာပို့စ်ဂလိုဘယ် ဂျာနယ်တို့အား အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (မ.ဘ.သ) (စစ်ကိုင်း) မှ သစ္စာဖောက် သတင်းမီဒီယာအဖြစ် ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ သည်။


The Voice သတင်းစာ အား သစ္စာဖောက်မီဒီယာ အဖြစ် ယခုလ (၁၆) ရက်နေ့ နေ့စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ယင်းကြေညာချက် တွင် ယခုလ (၁၄) ရက်နေ့ က ထုတ်ဝေခဲ့သော The Voice နေ့စဉ်သတင်းစာ၌ “ခရိုနီ”ဟူသောစကားလုံး ဖြင့် ရဟန်း သံဃာ အများစုကို ရည်ရွယ်ပြီး “ဘုန်းကြီးခရိုနီ”ဟု ရင့်သီး စွာသုံးနှုန်း၍ အဓမ္မ စွပ်စွဲထားကြောင်း၊ ထို့အပြင် ““တိုင်းပြည် ကို ဖျက်ဆီးနေကြတဲ့ ဘုန်းကြီးခရိုနီ တွေ သံဃာ့ အဖွဲ့အစည်းအဆင့်ဆင့်နဲ့ အောက်ခြေ သံဃာ ထုထဲမှာ များပြားသထက် များပြားလာတာ ကို တွေ့ရပါတယ်”” ဟု ရေးသားခြင်မှာ မြန်မာနိုင်ငံရှိ ရဟန်းသံဃာအများစုသည် ““ဘုန်းကြီး ခရိုနီတွေပါပဲ”” ဟုပြောခြင်းပင် ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

အလားတူ မြန်မာ့ပို့စ် ဂလိုဘယ် သတင်း ဂျာနယ်အား ယခုလ (၁၅)ရက်နေ့ နေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ဧပြီလ (၂၅) ရက်နေ့ထုတ် မြန်မာပို့စ်ဂလိုဘယ် သတင်း ဂျာနယ် စာမျက်နှာ (၂၃) ၌ ပါရှိသော အောင်ဘ၊ မောင်လှဆွေးနွေးခန်း၌ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (ရှမ်းပြည်နယ်၊ မြောက်ပိုင်း၊ လားရှိုး)သည် အမုန်းတရားကို ဖြန့်ဖြူးနေတယ် ဟူ၍ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင် လုပ်ကြံ ဖန်တီး၍ ရေးသားထားကြောင်း ယင်းထုတ် ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။ အမျိုးဘာသာသာသနာ စောင့်ရှောက် ရေး အဖွဲ့ (မ.ဘ.သ) (စစ်ကိုင်း) ကြေညာချက်တွင် The Voice သတင်းစာနှင့် မြန်မာ ပို့စ်ဂလိုဘယ် သတင်းဂျာနယ် တို့အား သံဃာတော်များနှင့် (မ.ဘ.သ) အဖွဲ့အစည်းအား အဓမ္မစွပ်စွဲပုတ်ခတ်မှုကို လုံးဝကန့်ကွက် ကြောင်း၊ ယင်း သတင်းဂျာနယ် တို့အား အမျိုးဘာသာသာသနာကို ရည်ရွယ် ချက်ရှိရှိ ဖျက်ဆီးနေသော “သစ္စာဖောက်မီဒီယာ”အဖြစ် သတ်မှတ်လိုက်ကြောင်းဖော်ပြထားသည်။

ကျွန်တော်တို့ မီဒီယာသမားတွေက မြင်တာကိုချပြတယ်။ ကျွန်တော်တို့ မြန်မာ နိုင်ငံက အရင်ကတည်းက ဗုဒ္ဓဘာသာ တစ်ခုတည်း နေထိုင် ခဲ့တာမဟုတ်ဘူး။ ခရစ်ယာန် တွေနေတယ်၊ ဟိန္ဒူတွေနေကြတယ်။ ဒါကို ပုတ်ခတ်လို့မရဘူး။ အကုန်လုံး သူ့လမ်းသူ လျှောက်နေတာ။ ဘာသာရေးနဲ့ နိုင်ငံရေး ရောထွေးလို့မရဘူး။ အဲဒီလိုပဲ ဂျာနယ်လစ်ဇင်တွေနဲ့ ဘာသာရေး ရောထွေးလို့ မရဘူး။ ကျွန်တော်တို့က သတင်းဂျာနယ်လေ။ ဘာသာရေး ဂျာနယ်မှမဟုတ်ဘူး။ ဆောင်းပါးရှင်တွေရေးလို့ ကျွန်တော်တို့က မှန်တယ်ထင်ရင် ဖော်ပြမယ်။ မှားနေတယ် ဆိုရင်လည်း မှားတဲ့ အကြောင်း ထောက်ပြ မယ်။ မ.ဘ.သက ဒီလို ကြေညာချက် ထုတ်လို့လည်း ကျွန်တော်တို့ မမုန်းပါဘူး။ သူတို့လုပ်ပိုင်ခွင့်ရှိတာပဲဟု မြန်မာ့ပို့စ် ဂလိုဘယ်ဂျာနယ် တာဝန်ခံအယ်ဒီ တာ ဦးကျော်စိုးလင်း က The Messenger သတင်းစာ သို့ပြောသည်။ 

The Voice သတင်းဂျာနယ်အား သစ္စာဖောက် မီဒီယာအဖြစ် ကြေညာချက် ထုတ်ပြန်ခဲ့သည့်အပေါ် The Voice သတင်းစာ၏ တာဝန်ရှိသူ ဦးကျော်မင်းဆွေထံ The Messenger သတင်းစာမှ ဆက်သွယ်မေး မြန်းခဲ့သော်လည်း ယမန်နေ့ ည (၁၀) နာရီ အထိ ဆက်သွယ်မှုမရခဲ့ပေ။ မကြာသေးမီက လည်း မျိုးစောင့်ဥပဒေ အား ကန့်ကွက်သည့် လူမှုအဖွဲ့အစည်းတစ်ခုမှ အမျိုးသမီး တစ်ဦး နှင့် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးတို့ အား အမျိုးသား သစ္စာဖောက် အဖြစ် မ.ဘ.သ(အထက်မြန်မာပြည်) က ကြေညာ ချက်တစ် စောင် ထုတ်ပြန်ခဲ့သည်။

အဆိုပါကြေညာချက်ထုတ်ပြန်ရခြင်း မှာ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး အဖွဲ့နှင့် သံဃာတော် များအပေါ် အများပြည်သူ အထင် အမြင်လွဲမှားနိုင်သော ရေးသားဖော် ပြချက်များကို စိစစ် ဖော်ပြနိုင်ရေး အတွက်ဖြစ်ကြောင်း၊ အဆိုပါ ဂျာနယ်များအပေါ်တွင် မုန်းတီးမှုမရှိကြောင်း၊ မီဒီယာ များတွင် မ.ဘ.သ နှင့် ပတ်သက်သော ရေးသားဖော်ပြချက်များ အပေါ် အများပြည်သူ ထင်ယောင်ထင်မှား မဖြစ်စေရန် ရည်ရွယ်ကြောင်း ကြေညာချက် ထုတ် ပြန်ခဲ့သော အမျိုးဘာသာသာသနာစောင့်ရှောက်ရေး အဖွဲ့(စစ်ကိုင်း) မှ အကျိုးတော် ဆောင်ဆရာတော် ဘဒ္တဓမ္မပ်္ပိယာလင်္ကာရက မိန့်ကြားခဲ့သည်။

From:ME

ငါ့အောက်ကို ၀င်လာပါ ဆိုတဲ့ ပုံစံမျိုးနဲ့တော့ ဘယ်လိုမှ ဖြေရှင်းလို့မရဘူး (နိုင်ဟံသာ)



(မြစ်ကြီးနား မနောကွင်း လူထုတွေ့ဆုံပွဲတွင် NCCT မှ နိုင်ဟံသာ၏ မိန့်ခွန်းမှ ကောက်နုတ်တင်ပြသည်)


နာက်ပြီးတော့ တပ်မတော်ဘက်က ကျွန်တော်တို့ကို ဘာတွေ ထပ်ပြီးတောင်းဆိုလဲဆိုတော့ ကာကွယ် ရေး ဦးစီးချုပ်ရဲ့ သဘောထားဆိုပြီးတော့ ကျွန်တော်တို့ကို ပြောလာပြီ။ အဲဒီမှာ အဓိက ၆ ချက်။ ၆ ချက်ထဲမှာ ကျွန်တော်တို့ လက်မခံ နိုင်တာက ၂ ချက်။ အဲဒါက နံပါတ် ၅ နဲ့ နံပါတ် ၆။

နံပါတ် ၅ က ဘာလဲဆိုတော့ တည်ဆဲဥပဒေကို ကျွန်တော်တို့က ပြည့်ပြည့်၀၀ လက်ခံရမယ်လို့ ပြောတယ်။ သဘောကတော့ အစိုးရဘက်က ချမှတ်ထားတဲ့ စည်းမျဉ်းဥပဒေတွေကို ကျွန်တော်တို့အားလုံး လက်ခံရမယ်ဆိုရင် အဓိပ္ပာယ်ကတော့ နိုင်ငံရေးအရ ကျွန်တော်တို့ ဘာမှ မပြောနဲ့တော့။ အစိုးရက ခွင့်ပေးသလို အစိုးရက ပြဋ္ဌန်းထားသလို ကျွန်တော်တို့အားလုံးက လိုက်နာ။ ဒါက အဓိပ္ပာယ်အရတော့ နိုင်ငံရေးအရအနေနဲ့ ကျွန်တော်တို့ လက်နက်ချလိုက်သလိုပါပဲ။

ကျွန်တော်တို့မှာ ပြောခွင့်ဘာမှမရှိဘူး။ အစိုးရ ပြဋ္ဌန်းထားသလို အားလုံးလက်ခံ။ ဒါဆိုရင် ပြီးရောပေါ့။ ကျွန်တော်တို့ ဘာပြောဖို့လိုဦးမလဲ။ ဘာမှပြောခွင့်မှရှိတော့ဘူး။

နောက်ပြီး နံပါတ် ၆ က ၂၀၀၈ ရဲ့ဖွဲ့စည်းမူကို ကျွန်တော်တို့ လက်ခံရမယ်တဲ့။ လက်ခံပြီးတော့ ခွင့်ပြု ထားတဲ့ပုံစံအရပေါ့လေ။

၂၀၀၈ ဖွဲ့စည်းပုံကို ဒီမှာတက်ရောက်နေတဲ့ မိဘပြည်သူများ တော်တော်လေးကို လေ့လာထားကြ လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံဆိုတာကတော့ ပြင်လို့မလွယ်တဲ့ ဥပဒေ။

အဓိကကတော့ တပ်မတော်က သဘောမတူရင် ပြင်လို့မလွယ်တဲ့ ဥပဒေ။ ၇၅ ရာခိုင်နှုန်းကျော်မှ ပြင်လို့ ရမယ်။ ၇၅ ရာခိုင်နှုန်းကျော်ဖြစ်ဖို့က တပ်မတော်က သဘောတူမှရမယ်။ တပ်မတော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ယူထားတာကိုး။ ဒါကတော့ ယေဘုယျသဘောကို ပြောတာပါ။ တဖက်က ၂၀၀၈ ဖွဲ့စည်းပုံဆိုတာက အသေးစိတ် ပြန်လေ့လာကြည့်ရင် ဒီမိုကရေဒီလည်း မဆန်ဘူး။ ပြည်ထောင်စုလည်း မဆန်ဘူး။ တပ်မတော်ကို စစ်တပ်ကို အာဏာအများကြီးပေးထားတဲ့ ဖွဲ့စည်းပုံဖြစ်တယ်။

သမ္မတသုံးဦးက တပ်မတော်ထဲက တစ်ဦး ရထားတယ်။ အုပ်ချုပ်ရေးမှာ ဋ္ဌာနသုံးခုရဲ့လူကြီးတွေ ဒု-လူကြီးတွေ တပ်မတော်က နေရာရထားတယ်။ လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်း ရထားတယ်။ ဒါပေမယ့် အဲဒီအစိုးရရယ် အဲဒီလွှတ်တော်ရယ်က တပ်မတော်ကို ပြောပိုင်ခွင့်ဘာမှမရှိဘူး။ ဘယ်လောက်ထူးခြားလဲ။ နောက်တပ်မတော်ဘက်က စီးပွားရေးလုပ်ငန်းတွေလည်း အများကြီး လုပ်ပိုင်ခွင့်ရှိတယ်။ အဲဒီလို တပ်မတော်ကို အထူးအခွင့်အရေးပေးထားတဲ့ ဖွဲ့စည်းပုံဖြစ်တယ်။

အဲဒီဖွဲ့စည်းပုံကိုလည်း တပ်မတော်ဦးစီးချုပ်တွေက သဘောတူမှပဲ ပြင်လို့ရမယ်။ ၂၅ ရာခိုင်နှုန်းက ဟိုဘက်က သဘာတူမှ ပြင်လို့ရမယ်ဆိုရင် ဒီဖွဲ့စည်းပုံကို ပြင်ဖို့ဆိုတဲ့ဟာကတော့ ဘယ်လိုမှ မလွယ်ဘူး ဖြစ်နေတယ်။

စစ်တပ်ကို တော်တော်တောင်းပန်ပြီးတော့မှ စစ်တပ်က သဘောတူတော့မှ ပြင်လို့ရမယ့် အနေအထားမျိုး။ အဲဒီတော့ အဲဒီပုံစံအရဆိုရင် ကျွန်တော်တို့ လက်နက်ကိုင်တိုင်းရင်းသားတွေက ဒါကိုလက်ခံရင်၊ ကျွန်တော်တို့မှ မတင်းခံရင် ဘယ်သူမှ ပြင်လို့မရတော့ဘူး။

ကနေ့ လူတွေအားလုံးကလည်း ပြင်ချင်နေတယ်။ နိုင်ငံရေးပါတီတွေအားလုံးလည်း ပြင်ချင်နေတယ်။ ကျွန်တော်တို့က သူတို့ရဲ့ ပုံစံထဲဝင်သွားမယ်ဆိုရင်တော့ ပြင်လို့မရတော့ဘူး။ ဒါကြောင့်မို့လို့ အဲလိုပြင်လို့ မရတဲ့ ဖွဲ့စည်းပုံကို ကျွန်တော်တို့ကတော့ လက်ခံလို့မရနိုင်ဘူး။ အဲဒီဖွဲ့စည်းပုံအရဆိုရင် တပ်မတော်ဆိုတာ တစ်ခုပဲရှိရမယ်။ သူတို့ချမှတ်ထားတဲ့ပုံစံအရ ကျွန်တော်တို့အားလုံး လက်ခံရမယ်ဆိုရင် ကျွန်တော်တို့ အားလုံး နိုင်ငံရေးလည်း လုပ်စရာမရှိတော့ဘူး။ စကားပြောစရာလည်း မရှိတော့ဘူး။

အဲဒီတော့ နိုင်ငံရေးပြသာနာကို ဖြေရှင်းတဲ့နေရာမှာ သဘောကတော့ သူ့ဘက်မှန်တယ်။ ကိုယ့်ဘက်မှန်တယ် အသာထား။ တိုင်းသူပြည်သူနဲ့ ညှိနိုင်းပြီးတော့ ဘယ်လိုအပေးအယူလုပ်ကြမလဲ။ နှစ်ဖက်လက်ခံနိုင်တဲ့ပုံစံကို ဘယ်လိုရှာမလဲ။ အဲဒီပုံစံနဲ့ တန်းတူညီတူ ပုံစံမျိုး ဖြစ်ဖို့လိုတယ်။ တစ်ဖက်က အပေါ်စီးရပြီးတော့မှ တစ်ဖက်က ငါ့အောက်ကို ၀င်လာပါဆိုတဲ့ ပုံစံမျိုးနဲ့တော့ ဘယ်လိုမှ မတရားဘူး။ ဘယ်လိုမှ မမှန်ကန်ဘူး။ ဘယ်လိုမှ ဖြေရှင်းလို့မရဘူးလို့ ကျွန်တော်က မြင်ပါတယ်။

ဒါကြောင့် ကျွန်တော် မိဘပြည်သူများကိုလည်း အားနာပါတယ်။ ကျွန်တော်တို့ ဒီကနေ့ ဆွေးနွေး နေတဲ့အပိုင်းကတော့ ခုနက ကျွန်တော် ပြောသလို အရင်က မရှိတဲ့ အနေအထားကနေ ခု ဆွေးနွေးဖို့ အနေအထားကို ရောက်လာတာကတော့ တိုးတက်လာတဲ့ကိစ္စ တစ်ရပ်ဖြစ်တယ်လို့ ကျွန်တော်တို့က အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် တကယ်တမ်း ဆွေးနွေးတဲ့အခါမှာကျတော့ တပ်မတော်ရဲ့ တောင်းဆိုချက်က သိပ်ကိုသဘာဝမကျတဲ့ အပေါ်စီးရည်မှန်းတဲ့သဘောထားမျိုး ဖြစ်နေတယ်။

တစ်ဖက်က အဲဒါကိုကြည့်လိုက်ရင် အစိုးရဘက်ကရော လွှတ်တော်ဘက်ကရော ဒါကိုလက်ခံလား လက်မခံလားတော့မသိဘူး။ ဒါပေမယ့် တပ်မတော်က ပြောသလိုပဲ ဖြစ်နေတယ်။ တစ်ဖက်ကလည်း ပြောနေတယ် အခုအပစ်အခတ်ရပ်စဲရေးကာလမှာ တပ်မတော်နဲ့ သဘောတူညီမူရမှဖြစ်မယ်လို့ အဲလိုလည်း ပြောနေတယ်။ တပ်မတော်က အရေးအကြီးဆုံးကဏ္ဍကို ရောက်နေတယ်။

အဲလိုအနေအထားမျိုးမှာ ကျွန်တော်တို့ဘက်ကလည်း မှန်မှန်ကန်ကန်နဲ့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အနေအထား မျိုးကို မရဘူးဆိုရင် ကျွန်တော်တို့လည်း လက်ခံလို့မရဘူးလို့ ကျွန်တော် ယုံကြည်တယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့အနေနဲ့ ဆက်တိုက် အချိန်နှစ်ပေါင်းများစွာ ၆၅ နှစ်ကျော်ပြီ၊ တိုက်ပွဲဝင်လာတာ။

တခြားအဖွဲ့အစည်းတွေ အများကြီးလည်း အဲဒီလိုပါပဲ။ ဒီကာလမျိုးတောင်မှ ကျွန်တော်တို့က လွယ်လွယ်နဲ့ ဘာမဆို လက်ခံလိုက်လို့ရှိရင် ကျွန်တော်တို့ တော်လှန်ရေးကြီးက ပျက်သုဉ်းသွားရင် ကျွန်တော်တို့ ကလည်း သဘောကတော့ လူထုရဲ့ တံတွေးခွက်ထဲမှာ မျောနေရမယ့် အနေအထားမျိုး ဖြစ်သွားမယ်။

(Jade Land ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ ...)

ဒေါ်စုကြောင့် ဒုတိယ ၈ လေးလုံး ဖြစ်တော့မှာလား



၂၀၁၅ ရောက်ရန် နီးကပ်လာသည်နှင့်အမျှ မြန်မာ နိုင်ငံမှာ အခြေခံဥပေဒကို ပြင်ချင်သူများနှင့် မပြင် ချင်သူများ လွန်ဆွဲပွဲ များက များလာသလို၊ ကြမ်းလဲ ကြမ်းလာပါပြီ။ ထို့နည်းအတူ အတိုက်ခံ ပါတီ များကလဲ အစိုးရကို ဆန္ဒပြမှုတွေ အပြင် ပြင်းထန် သော တောင်းဆိုမှုတွေနဲ့ စိန်ခေါ်မှုတွေ ဖန်တီးလာ ကြပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံဟာ ဒုတိယမြောက် ထိုင်းနိုင်ငံ ဖြစ်တော့မလားဆိုပြီး စိုးရိမ်မိပါတယ်။


ဘာလို့လဲဆိုတော့ ထိုင်းမှာ အတိုက်ခံတွေဟာ ထိုင်းဝန်ကြီးချုပ် ယင်လတ်ကို ဖြုတ်ချဖို့ အတွက် လမ်းတွေ မှာ ရက်ပေါင်းများစွာ ပြင်းပြင်းထန်ထန် ဆန္ဒပြမှုတွေပြုလုပ်ခဲ့ကြပါတယ်။ ထိုကဲ့သို လုပ်လိုက်ခြင်းအားဖြင့် ထိုင်းနိုင်ငံနှင့်အစိုးရမှ အားထားရသော ပုဂ္ဂိုလ်တစ်ယောက် ဆုံးရှုံးသွားခြင်းကို ပြည်သူများမသိခဲ့ပေ။ ထိုသို့ဖြစ်အောင်လဲ အတိုက် အခံများက ပြည်သူများအား အမှောင်ဖုံးထားခဲ့ခြင်း ဖြစ်သည်။ ယခု မြန်မာ နိုင်ငံမှာလဲ အတိုက်ခံ ပါတီများက အစိုးရကို ထိုင်းနိုင်ငံလို ပုံစံမျိုးပြုလုပ်ကာ ဆန္ဒပြမှုတွေ၊ တောင်းဆို မှုတွေ ပြုလုပ်လာကြပါပြီ။

မန္တလေးမြို့ အောင်ပင်လယ်ကန်မှာ ပြုလုပ်တဲ့ နိုင်ငံရေးဟောပြောပွဲမှာလဲ NLD ခေါင်းဆောင် ဒေါ်စုဟာ “ဒီနှစ်အတွင်းမှာ အခြေခံဥပဒေကို ပြင်နိုင်အောင်လုပ်ပြမယ်” ဆိုပြီး ပြင်းထန်တဲ့စကားလုံးတွေနဲ့ စိန်ခေါ်လိုက်ပါတယ်။ ဒါ့အပြင် “တပ်မတော်ကို ပြည်သူက ယုံကြည်မှုမရှိသလ၊ို ပြည်သူကိုလဲ တပ်မတော်က မယုံကြည်ဘူး” ဆိုပြီး ပြောထားပါသေးတယ်။                                                         

ဒါကိုကြည့်ခြင်းအားဖြင့် ဒေါ်စုဟာ တပ်မတော်နဲ့ပြည်သူအား ဝေးသထက်ဝေးအောင် စကားများဖြင့် ရန်တိုက်ပေးနေတာလို့မြင်မိပါတယ်။ ဒါဟာ အနောက် အုပ်စုရဲ့ ကျင့်သုံးနေတဲ့ နိုင်ငံရေးနိယာမတွေ ဖြစ်ပါတယ်။ ပြန်လည်သုံးသပ်ကြည့်ပါက ဒေါ်စုပြောသလို ၂၀၀၈ အခြေခံဥပဒေက တပ်မတော်နဲ့ပြည်သူကို တန်းတူမရှိအောင် ခွဲခြားထားတယ် ပြောရအောင် ဥပဒေထဲမှာ တပ်မတော်သားတွေကို ပြည်သူတွေထက် ဘာတွေပိုပေးရမယ်၊ ဘာအခွင့်အရေးတွေ ရရမယ်လို့ ရေးထားတာမရှိပါဘူး။ အမှန်တကယ် တပ်မတော်နဲ့ ပြည်သူကို ခွဲနေတာက ဒေါ်စုကိုယ်တိုင်ပဲဖြစ်ပါတယ်။ 

ဒါ့အပြင် လွှတ်တော်ထဲမှာ တပ်မတော်သားတွေနဲ့ပြည်သူတွေ တန်းတူညီတူ ဆွေးနွေးနေတာကို မဖြစ်သင့်ဘူးဆိုပြီး ပြောနေတာလဲ ဒေါ်စုပဲဖြစ်ပါတယ်။ ထို့အပြင် ၈၈ အဖွဲ့က မင်းကိုနိုင်ကလဲ ဖွဲ့စည်းပုံ ပြင်ရန်လိုအပ်ပါက လမ်းပေါ် မှာ လူပြည့်သွားအောင် ဖန်တီးနိုင်တယ်ဆိုပြီး ကြွေးကြော်ထားပါသေးတယ်။ ဒါဟာ ဖွဲ့စည်းပုံပြင်ဖို့ထက် ဆူပူအုံကြွမှုဖြစ်စေဖို့ ပိုပြီး နီးစပ်နေပါတယ်။ ဒါဟာ ၈၈ အရေးခင်းကို မမှီလိုက်၊ မကြုံလိုက်ရတဲ့ လူငယ်များအတွက် သိစေ၊မြင်စေချင်လို့ စေတနာအရင်းခံနဲ့ ပြန်လုပ်ပြမလို့လား ဦးမင်းကိုနိုင်ရယ်လို့တောင် မေးရမလို့ဖြစ်နေပါတယ်။

နောက်ဆုံး သိစေချင်တာကတော့ ဒေါ်စုနဲ့ ၈၈ အဖွဲ့တို့သည် တပ်မတော်နှင့် ပြည်သူ၊ ထို့အပြင် အစိုးရနှင့် ပြည်သူကို အတိအလင်းပင် ထိပ်တိုက်တွေ့ဆုံရေး လမ်းကြောင်းပေါ်သို့ တင်ပေးနေတယ်။ ဒါအပြင့် ဆူပူအကြမ်းဖက်များဖြစ်အောင် ပြည်သူ နဲ့အတိအလင်း သွေးခွဲကာ နိုင်ငံရေးမငြိမ်မသက်ဖြစ်အောင် လုပ်ပြီး သူတို့တွေ ထောက်ခံမှုရရှိအောင် ပေါ်ပေါ်တင်တင် လုပ်နေခြင်း ဖြစ်သည်။ ထို့သို့ လုပ်ဆောင် နေခြင်းဟာ ထိုင်းနိုင်ငံလို ဆူပူအုံကြွမှုတွေဖြစ်ပြီး အစိုးရကို ဖြုတ်ချမယ်ဆိုတဲ့ သဘောပါပဲ။

ဒီအချက် ဟာ မြန်မာ့နိုင်ငံရေးအတွက် ကောင်းလှသည်မဟုတ်ပါ။ တွေးကြည့်လေ၊ စိုးရိမ်ရလေ ဖြစ်ပါ သည်။ တကယ်တမ်း ဖြစ်လာပြီဟေ့ ဆိုလျှင် နစ်နာကြရသည်က ပြည်သူများသာ ဖြစ်ကြပါတယ်။ ဒါကြောင့် ပြည်သူကို နောက်ထပ် ၈၈ အဖြစ်ဆိုးမျိုးထဲသို့ တွန်း မပို့ကြရန် ဒေါ်စုအပါအဝင်၊ အတိုက်ခံများကို တောင်းဆိုလိုပါသည်။ ဒါအပြင့် တန်ဘိုးရှိတဲ့ လူငယ်တွေကို ထပ်ပြီး မစတေးပါနဲ့ တော့။ လူထုကိုလဲ ၈၈ ကလို အသုံးချပြီး နိုင်ငံ ကမောက်ကမဖြစ်အောင် ထပ်ပြီးမလုပ်ပါနဲ့တော့လို့ ပြောချင်ပါတယ်။

ဇော်မောင်

Credit : http://amayeainn.blogspot.com/2014/05/blog-post_5667.html

ဒေါ်စုရဲ့ စကားများအတွက် စိုးရိမ်မိပါသည်

ရန်ကုန်မြို့ ဗိုလ်စိန်မှန်ကွင်းမှာ ပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက်အဖွဲ့တို့ရဲ့ အခြေခံဥပဒေပြင်ဆင်ရေး လူထုဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တယ်ဆိုတဲ့ မိန့်ခွန်းကောက်နုတ်ချက်တွေ အွန်လိုင်းပေါ်မှာ ဖတ်ရပါတယ်။ အသံဖိုင်နဲ့ ဗီဒီယိုဖိုင် လိုက်ရှာနေပေမယ့် အခုထိ နားမထောင်ရသေး၊ မမြင်ရသေးတဲ့အတွက် ကိုယ်တိုင်မြင်ကြားတာ မဟုတ်ဘဲ အခြားလူများ ရေးသားတင်ပြထားတာတွေကိုသာ ဖတ်ရှုရသေးကြောင်း ပထမဆုံး ၀န်ခံပါရစေ။ ရေးသားတင်ပြတဲ့ ပုဂ္ဂိုလ်အချို့ဟာ NLD အတွင်းသတင်းတွေကို အမြဲတစေ ခရေစေ့တွင်းကျ တင်ပြရေးသားနေသူတွေဆိုတော့ ယုံကြည်လောက်သော သတင်းရင်းမြစ်တွေအဖြစ် မှတ်ယူမိတာကြောင့် ဒီပို့စ်ကို ရေးပါတယ်။


အားလုံးလည်း အဲဒီမိန့်ခွန်း ကောက်နုတ်ချက်တွေကို ဖတ်ပြီးသား ဖြစ်ကြမယ်လို့ ယုံကြည်တဲ့အတွက် ဘာပြောခဲ့တယ်၊ ညာပြောခဲ့တယ် ဆိုတာတွေကို အသေးစိတ် မပြောလိုပါဘူး။ လိုရင်းကိုပဲ ပြောရမယ်ဆိုရင် အဲဒီလို ပြောဆိုခဲ့တာတွေအတွက် အရမ်းပင် စိုးရိမ်မိကြောင်း ကျွန်တော့်ရဲ့ စိုးရိမ်ပူပန်စိတ်ကို ဖွင့်ဟပါရစေ။

ထိုင်းနိုင်ငံမှာ ဖြစ်နေသလိုမျိုး လူထုတွေ လမ်းပေါ်တက်ပြီး အစိုးရကို ဖိအားပေးတဲ့ပုံစံဖြစ်အောင် ကြိုးပမ်းနေတယ်ဆိုရင်တော့ ဒေါ်စုကို ဆက်မလုပ်ဖို့ မေတ္တာရပ်ခံပါရစေ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဘယ်လိုနည်းလမ်းတွေနဲ့ ဆောင်ရွက်ရမယ်ဆိုတာ အခြေခံဥပဒေထဲမှာ အတိအလင်း ပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။ အခြေခံဥပဒေကို သဘောမကျတဲ့အတွက် အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေအတိုင်း မလိုက်နာနိုင်ဘူး၊ မလုပ်နိုင်ဘူး ဆိုရင်တော့ ဒါဟာ ဖြစ်သင့်၊ မဖြစ်သင့် စဉ်းစားကြစေလိုပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ လက်ရှိအသက်ဝင်နေတဲ့ တည်ဆဲဥပဒေ ဖြစ်ပါတယ်။ ဥပဒေအားလုံးရဲ့ အထွဋ်အခေါင် ဖြစ်ပါတယ်။ လွှတ်တော်၊ အစိုးရ၊ တရားစီရင်ရေး စသဖြင့် မဏ္ဍိုင်သုံးရပ် ရှိနေတယ်ဆိုတာ၊ ၅ နှစ်တစ်ကြိမ် ရွေးကောက်ပွဲတွေ ကျင်းပမယ်ဆိုတာ၊ လွတ်လပ်စွာ ဟောပြောစည်းရုံးခွင့်၊ စုဝေးခွင့် ရှိတယ်ဆိုတာ၊ ပါတီစုံနိုင်ငံရေးကို လွတ်လပ်စွာ ဆောင်ရွက်ခွင့်ရှိတယ်ဆိုတာ၊ အခုလက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေ၊ အာမခံချက်တွေကြောင့် ဖြစ်ပါတယ်။

အခြေခံဥပဒေမှာ အားနည်းချက်တွေ၊ မပြည့်စုံမှုတွေ ရှိတယ်ဆိုတာ မြန်မာပြည်သူတိုင်း သိရှိသလို၊ တာဝန်ရှိသူတွေကလည်း ပြင်ဆင်သင့်တဲ့ အချက်တွေ ရှိပါတယ်လို့ ၀န်ခံသဘောတူထားကြပြီးသားပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ရပ်လုံးကို အစအဆုံး ပြင်ဆင်ပစ်မယ်၊ သဘောမကျတဲ့ အချက်တွေ အကုန်လုံးကို ကိုယ်တွေစိတ်ကြိုက် ပြင်ပေးရမယ် ဆိုတာကတော့ နိုင်ငံရေးမဆန်ဘူးလို့ ကျွန်တော်က မြင်မိတာပါပဲ။

ဒေါ်စုအနေနဲ့ လက်ရှိပကတိ အခြေအနေကို မှန်ကန်စွာ အကဲဖြတ်သုံးသပ်မှု မလုပ်နိုင်တာလား၊ တမင်ပဲ မြောက်ပေးမှုတွေကြား၊ ကြိုးဆွဲမှုတွေကြားမှာ ခေါင်းမာစွာ ဆက်တိုးနေတာလားဆိုတာ နားမလည်နိုင်ပါ။ NLD သည် လက်ရှိအာဏာရပါတီ မဟုတ်ပါ။ ထိုအချက်ကို မမေ့စေလိုပါ။ အတိုက်အခံသည် အတိုက်အခံသဘောသာ ဆောင်စေလိုပါသည်။ နိုင်ငံရေးကပ်ဆိုးများ၊ နိုင်ငံရေးမုန်တိုင်းများနှင့် မကြုံရဘူးဆိုပါက ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီ အထိုက်အလျောက် အာဏာရလာနိုင်ပါသည်။ ယခင်ကကဲ့သို့ အပြတ်အသတ်၊ တောင်ပြိုကမ်းပြို၊ ပက်ပက်စက်စက် နိုင်လိမ့်မည်ဟူသည်မှာ မသေချာသော အခြေအနေတစ်ရပ် ဖြစ်သည်ကို ဒေါ်စုကိုယ်တိုင် သိရှိနေပါသည်။ ယခုလို အတိုက်အခံ အခြေအနေမျိုးမှာပင် ထိုမျှအထိ သဘောထား တင်းမာနေပါလျှင် အာဏာရရှိသွားပါက ယခုထက် ပိုမိုတင်းမာသော အနေအထားမျိုး ဖြစ်လာနိုင်ပါသည်။

လိုရင်းကို ပြန်ဆက်ရလျှင် ဒေါ်စုသည် တပ်မတော်နှင့် ပြည်သူကို အတိအလင်းပင် ထိပ်တိုက်တွေ့ဆုံရေး လမ်းကြောင်းပေါ်သို့ တင်ပေးနေပါသည်။ ပြည်သူနှင့် တပ်မတော်ကို အတိအလင်း သွေးခွဲနေပါသည်။ ထိုအချက်သည် မြန်မာ့နိုင်ငံရေးအတွက် ကောင်းလှသည်မဟုတ်ပါ။ တွေးကြည့်လေ စိုးရိမ်ရလေ ဖြစ်ပါသည်။ တကယ်တမ်း ဖြစ်လာပြီဟေ့ဆိုလျှင် နစ်နာကြရသည်က ပြည်သူများ ဖြစ်ကြပါသည်။ ပြည်သူကို နောက်ထပ် ၈၈ အဖြစ်ဆိုးမျိုးထဲသို့ တွန်းမပို့ကြရန် တောင်းပန်လိုပါသည်။

ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ရရှိထားသည့် ဒေါ်စုအနေဖြင့် မိမိနိုင်ငံ တပ်မတော်နှင့် မိမိပြည်သူများကို ရန်တိုက်ပေးခြင်းဖြင့် မည်သည့် နိုင်ငံရေးအကျိုးအမြတ်များ ရရှိနိုင်သနည်းဟု မေးခွန်းထုတ်လိုပါသည်။ ၂၀၁၅ ခုနှစ်တွင် မိမိအာဏာရရှိရေးအတွက် မဖြစ်နိုင်တော့သည့် အခြေအနေတစ်ရပ်အပေါ် မကျေနပ်သည့် စိတ်အခံဖြင့် နိုင်ငံရေးအသိ နည်းပါးနေသေးသည့် ပြည်သူများကို စစ်တုရင် နယ်ရုပ်များပမာ သဘောထား၍ ကစားကွက် မရွှေ့သင့်တော့ပါကြောင်း တောင်းပန်လိုပါသည်။

အချိန်အားရလျှင် ကျွန်တော့်အမြင်များကို ထပ်မံ၍ သီးသန့်ရေးသားလိုပါသည်။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)

"တပ်ကို အခုလို ဝေဖန်ပုတ်ခတ် တဲ့ အတွက် အကျိုးဆက်ကတော့ မကောင်းနိုင်ဘူး" ~ ဦးဖေသန်း (ရခိုင်အမျိုးသားပါတီ)



အရင်က ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်ကို တွေ့ဆုံ ဆွေးနွေးဖို့ ကြိုးစားသေးတယ်။ ဒါပေမယ့် မအောင်မြင် တဲ့အခါ လမ်းကြောင်း ပြောင်းပြီး စစ်တပ်ကို ဝေဖန်ပုတ်ခတ်တာတွေ လုပ်လာတယ်။ အကျိုး သက်ရောက်မှု က ဘယ်လို ဖြစ်မလဲ ဆိုတော့ လူထုကလည်း စိတ်ဝင်စားမှု ရှိနေတယ်။ တပ်ကို အခုလို ဝေဖန်ပုတ်ခတ် တဲ့ အတွက် အကျိုးဆက်ကတော့ မကောင်းနိုင်ဘူး။ ၁၉၉၀ ရွှေးကောက်ပွဲတုန်းကလည်း ပြင်းပြင်းထန်ထန် ပြောခဲ့တဲ့ အတွက် အဲဒီအချိန် တုန်းက တပ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ရဲ့သဘောထားကို ကြည့်ပြီးတော့မှ လမ်းကြောင်း ပြောင်းသွား တယ်လို့ ဆိုနိုင်တယ်။


အဲဒီတုန်းက တပ်နဲ့ညှိ နိုင်ခဲ့ရင် ဒီလောက် အချိန်ကြာခဲ့မှာ မဟုတ်ဘူး။ အခုလည်း သူအဲလို ပြောလာတဲ့ အပေါ်မှာ တပ်က တော့ သူတို့ကို တိုက်ခိုက်လာပြီဆိုတာ သိမှာပဲ။ တပ်က လည်း သူတို့ရဲ့ ရပ်တည်ချက်ကို ပုံဖော်လာတယ်။ သမ္မတ ဦးသိန်းစိန် ကလည်း ဒီလိုတိုက်ခိုက်ခြင်းအစား ဥပဒေဘောင်ထဲကပဲ လုပ်ဖို့ ပြောလာတယ်လေ။ 


ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ စစ်တပ်က ပြောင်းမပေးလို့ ၈၈ နဲ့ပေါင်းပြီး လူထုတွေကို လမ်းပေါ် ဆွဲတင်ရင် ဘယ်သူတွေ နစ်နာမလဲ။ ဆိုလိုတာက နှစ်ဖက် တင်းတင်းမာမာဖြစ်လာရင် တိုင်းပြည်ရဲ့ လမ်းကြောင်းက ကျနော်တို့ မျှော်လင့်ထားသလို ညှိနှိုင်းရေး လမ်းကြောင်းပေါ်ကို မရောက်ဘဲ ၉၀ ခုနှစ်တုန်း ကလို ဖြစ်သွားမှာ စိုးတယ်။ အခုလိုပုံစံကတော့ ဆိုးကျိုးတွေ ဖြစ်လာလိမ့်မယ်။ တပ်နဲ့ ကြံခိုင်ရေး ကတော့ လျှော့ပေးမယ့်ပုံ မပေါ်ဘူး။

အခုလို အနေအထားက ညှိနှိုင်းရေး လမ်းကြောင်းကို မရောက်ဘဲ အပြန်အလှန် တိုက်ခိုက် ပြီး နောက်ဆုံး လူထုပါ ထွက်လာရင် ၂၀၁၅ ရွှေးကောက်ပွဲတောင် မသေချာတော့ဘူး။ အဲဒီတော့ လွှတ်တော် လမ်းကြောင်းထဲကပဲ သွားသင့်တယ်။ လွှတ်တော်မှာလည်း ဖွဲ့စည်းပုံပြင်မယ့် ၃၃ ဦး ကော်မတီမှာ အတိုက်အခံနဲ့တိုင်းရင်းသားက ၁၀ ယောက်လောက်ပဲ ပါတာ ။ ကျန်တာက စစ်တပ်နဲ့ ကြံခိုင်ရေးက ၂၁ ဦး ဖြစ်နေတယ်။

ကျနော်တို့ လိုသလောက်ကတော့ မရနိုင်ဘူးဆိုရင် ရသလောက်ကို အကောင်းဆုံးဖြစ်အောင် လုပ်ရမယ်။ ဒေါ်စုအနေနဲ့လည်း သူသမ္မတ မဖြစ်ရင်လည်း လွှတ်တော် ဥက္ကဋ္ဌ လောက်ယူထားနိုင်ရင် အများကြီး လုပ်လို့ရပါတယ်။ အဲလိုသွားနိုင်ရင် ၂၀၁၅ နောက်ပိုင်းမှာ ကျနော်တို့လိုချင်တာတွေ အကုန်လုံး ပြင်လို့ ရနိုင်မယ်။

ဒေါ်စုအပါဝင်NLDနှင့်၈၈၈၈အဖွဲ.သို.သတိပေးတိုက်တွန်းချက် ~ ဦးအေးမြင့် (လမ်းပြကြယ်)



လွန်.ခဲ.သော၂၀၀၇/၀၈ခုနှစ်ကတည်းက ဒီနှစ်ဖွဲ အထူးသတိပေးပြီးလိုအပ်ချက် နှင်. မှားနေ သည် များကို ဝေဘန်ထောက်ပြခဲ.ပါတယ်လက္ခံခြင်းမရှိ-နောက်ပြန်လှည်.ကြည်. သုံးသပ်ခြင်းမရှိပဲ--ရှေ. ဆက် လျှောက်ခဲ.တော. ယနေ. လက်တွေ.ခံစား လိုက်ရပြီ မဟုတ်လား--အချိန်မှီပြင်လို. ရပါ သေးတယ်--ဒါပေမဲ. လွယ်မည်တော. မထင်လိုက် ပါနှင်.---- ပြည်သူလူထုက-စိတ်ကုန်ပြီး လက်ပိုက် စောင့်ကြည်. နေတဲ.အချိန်မှာရှေ.ဆက်မမှားရန် လိုအပ်နေပြီ-----


(က)ကမ္ဘာသိနိုင်ငံရေးသမားဆိုတာအားလုံးလက္ခံပါတယ်ဟုတ်လည်းဟုတ်တယ်--ခေါင်း ဆောင်ဆိုတဲ.--စကားရပ်-- ထဲမှာသတ်မှတ်ရန် စောင်.ကြည်.နေကြတာ သိထားစေချင်--- တယ်(အားလုံး လက္ခံထားတာက မြန်မာပြည်မှာလူသိများပြီး -ဒေါ်စုနှင်.၈၈ဘာပြောမလဲ- ဘာလုပ်မလဲ နားစွင်. နေသူ တွေက များတယ်--အခြားနိုင်ငံရေးသမားအားလုံးကလည်းဒိ လိုပဲလက္ခံထားကြတယ်လေ--မင်းတို. ရှေ.ဦးဆောင်ရင်လူထုလိုက်ပါလာမည်အောင်မြင် မည်လို.ယုံကြည်ထားကြတယ်--တိုင်းပြည်ရဲ. ခေါင်းဆောင်လို.မသတ်မှတ်သေးပါ)။

(ခ)မင်းတို.ကိုယုံပြီးလူထုလမ်းမပေါ်လိုက်တက်ပေးတယ်--ရွှေဝါရောင်--တော်လ်န်ရေးအထိ လေ မအောင် မြင်ဘူး-- လူထုသွေးမြေကျတယ်(---ဒါကိုပြန်လည်မသုံးသပ်ဘူး- ဖွဲ./ပြင်ရန် လုပ်တယ် အားလုံးက ပြင်စေ ချင်တာ--စောင်.ကြည်.တယါ-- ယခုနည်းဟောင်းသုံး လုထုကိုလမ်းပေါ်တက်ခိုင်းသည်.နည်းဟောင်းက--တိုင်းပြည်ပျက် မှ-၂၀၀၈ခုနှစ်ပျက်မည်.နည်းကိုဆက်သုံးတယ်---ကပြောနှင်.အလုပ်မညီတဲ.မိန်.ခွန်းတွေ ချွေကြ တယ်။

(ဂ)၂၀၁၃အကုန်၂၀၁၄အကူးမှာ--မင်းတို.နီုင်ငံရေးဇာတ်ခုံပျောက်- တိုက်ကွက်ပျောက်နေ ခဲ.တယ်--ပထမဦးဆုံး မင်းတို.ကိုပိုသိလာတယ်-- စာပေဟောပြောပွဲဇာတ်ခုံပေါ်ဇွတ်-- ပြီးတရား တက်ဟော တယ်ပြန်သုံးသပ်လေ.လာလိုက်ပါ။ နောက် လိုင်းပျောက်နေလို. ဥပဒေနားမလည်ပဲ ဖွဲ.စည်းပုံဥပဒေပုဒ်မ(၅၉)ကိုစပြင်ခိုင်းတယ်-- နေမျိုးဇင်- ကိုဝင်းချိုတို.တကိုယ်တော်အဖွဲ.ကပုဒ်မ(၄၃၆)ကိုပြင်ရန် ဖေါ်ထုတ်မှ နောက်ရောယောင်လိုက်အော်တယ်

(ဃ)၈၈၈၈နောက်ပိုင်း- မင်းတို.လူထုကြားထဲမဆင်းဘူး (လူထုဟောပြောပွဲပဲလုပ်တယ်)-- မင်းတို. ကူညီလုပ်ဆောင်လိုက်လို-- လူထုထဲကဘယ်နှစ်ယောက်အခက်အခဲပြေလည်---  သွားလဲ-အပေါ်ပိုင်း နီုင်ငံရေးပဲ မင်းတို.လုပ်တတ်တယ် အောက်ခြေနိုင်ငံရေးမတတ်ဘူး-- ဒေါ်စုဟာ နိုင်ငံတကာ အသိမှတ်ပြု နိုင်ငံရေးသမား- ခေါင်းဆောင်မဟုတ်--- (ကမ္ဘာမှာ-  မိန်းခွန်းအများဆုံးပြောသူပါ-ဒါပေမဲ. ပြောသမျှ တခုမျှဖြစ်မလာသူမှာလည်းဒေါ်စု)ပါပဲ-- ပြင်လိုက်ပါအချိန်မရှိတော.ဘူး--ပြုပြင်ဝေဘန်ထောက်ပြတာကို(ဘု) တယ်လို.ထင်ရင် မြောင်းထဲမရာက်ပါစေနှင်.ဆုတောင်းပေးလိုက်ပါတယ်။

"တပ်က ပြင်ပေးပါမယ်လို့ ပြောထား တာကို တမင်တကာ ဇတ်နာအောင် သူတို့ ပြောလို့ပဲ တပ်ကပြင်ပေးရ တယ် ဆိုတဲ့ ပုံဖြစ်အောင် လုပ်နေတာ" ~ ဦးလှဆွေ



သူတို့က ပုဒ်မ ၄၃၆ ကို ပြင်ပေးပါ ဆိုပြီးတော့ ကုန်းအော်နေတယ်။ အသည်းအသန်ကို ပြောနေ တာပေါ့လေ။ အဲဒီလို ပြောတဲ့အခါမှာ တပ်မတော် ကရော ၊ သမ္မတကရော ၊ ဦးရွေမန်းကရော အခြေခံ ဥပဒေထဲမှာ ရှိတဲ့ ပြင်သင့် ပြင်ထိုက်တာ တွေ ပြင်မယ် လို့ ပြောတယ်။ ပြင်မယ်လို့ ပြောရင် ၄၃၆ ဆိုတဲ့ ဂိတ်ကြီးကို ဖြတ်ရမယ်။


၄၃၆ ဆိုတဲ့ ဂိတ်ကြီးကို ဖြတ်မှ အထဲက ပုဒ်မ ၁ ၊ ၂ ၊ ၃ ၊ ၄ ၊ ၅ ၊ ၆ ၊ ၇ ဆိုတဲ့ ပုဒ်မတွေက ပြင်လို့ရမှာ ။ ဒီ ၄၃၆ ကြီးကို ဟပေးလိုက်မှ အထဲထဲကို ၀င်လို့ရမှာ ဖြစ်တဲ့အတွက် ပြင်မယ်လို့ တပ်မတော်ကရော ၊ သမ္မတ ကရော ၊ ဦးရွှေမန်းကရော ပြောထားပြီး ဖြစ်တဲ့အတွက် ၄၃၆ ဆိုတဲ့ ဂိတ်ကြီးဟာ အလိုအလျောက် ပွင့်ပြီးသားလို့ ပြောချင်တယ်။

ဆိုလိုတာက တပ်မတော်က လည်း ဒါကို ထောက်ခံမဲ ပေးမှာပဲ။ ကြံခိုင်ရေးကလည်း ထောက်ခံမဲ ပေးမှာပဲ။ ဘယ်သူမှ မကန့်ကွက်လို့ ရှိရင် ၄၃၆ ကြီးက Pass ဖြစ်သွား မှာပဲ။ ၄၃၆ ကြီးအတွက်ကို ပူစရာ မလိုတော့ဘူးလို့ ကျနော်က မြင်တယ်။

ဒါပေမယ့် တပ်က ပြင်ပေးပါမယ်လို့ ပြောထား တာကို တမင်တကာ ဇာတ်နာအောင် သူတို့ ပြောလို့ပဲ တပ်ကပြင်ပေးရတယ်ဆိုတဲ့ ပုံဖြစ်အောင် လုပ်နေတာ။ ပြင်စရာ ရှိတာ ပြင်ပေးမယ် လို့ ပြောထားပြီးသားပဲ။ တပ်က ပြင်ဖို့ရှိတဲ့ အချက်အလက် တွေ အကုန်လုံး ပေးပြီးပြီလို့တောင် ကျနော်တို့ သတင်း ရထားတယ်။