Friday, May 9, 2014

ပြောပြန်ရင်လည်း အောင်မင်း လွန်ရာကျမယ်



ကေအိုင်အေက ဖမ်းဆီးထားတဲ့ အရပ်ဘက် ၀န်ထမ်း ၂ဦးကို ၆.၅.၂၀၁၄ရက်နေ့ညနေ နောက်ဆုံးထား လွှတ်ပေးဖို့ ၊ အကယ်၍ မလွှတ် ပေးခဲ့ဘူးဆိုရင် အင်အားသုံးတိုက်ရလိမ့်မယ်လို့ မပခတိုင်းမှူးက အကြောင်းကြားစာ ပို့ခဲ့ပါတယ်။ ဒီနေ့၈ရက်နေ့အထိ မပခတိုင်းမှူးပြောသလို ဖြစ်မလာသေးတာဟာ အစိုးရ အဖွဲ့က သဘော မတူတာကြောင့်လို့ သိရပါတယ်။


ကအိုင်အေဟာ ဘယ်လိုပုံ ဘယ်လိုချိုးနေသလဲဆိုတာ အရပ်သားတောင်သိပါတယ်။ မသိတာက မြန်မာ ပိစ်စင်တာ။ ဖင်မနိုင်ဘဲ ပဲကြီးဟင်းစားနေရင် တဘွတ်ဘွတ်မြည်ရုံမက ပုဆိုးထဲထွက်ကျမှာ သေချာတယ်။ ထွက်လည်းထွက်ကျနေတယ်။

ကေအိုင်အေက အကြပ်ဆိုက်ရင် တစ်ပတ်ရိုက်ပြီး ဆွေးနွေးလိုက်။စစ်ရေးနားရင် ပစ်ပြေးသွားလိုက်နဲ့ ကတုံးကတိုက်လုပ်နေတာ ဘယ်လောက်ကြာပြီလဲ။NCCTမှာ ဂွမ်မော်က ဒုဥက္ကဌ၊UNFCမှာ အင်ဘန်လက ဒုဦးစီးချုပ်။လုပ်ချင်တိုင်းလုပ် ရှုပ်ချင်တိုင်းရှုပ်နေတာ။ခင်ဗျားတို့ မြန်မာပိစ်စင်တာကိုအားမကိုးလို့ အမေရိကန် ဘောင်ဘီဂွကြား အပြေးအလွှား ဘောသွားမနေတာလည်း လူပုံအလယ်မှာပါပဲ။

ငြိမ်းချမ်းရေးဆိုတာကြီးကို အသိဥာဏ်ရှိသူတိုင်း၊အသက်ခန္ဓာကို တွယ်တာသူတိုင်း မြတ်နိုးပါတယ်။ လိုချင်ပါတယ်။ ဒါပေမယ့် ဘယ်လောက်ဖြောင့်ဖြဖြောင့်ဖြ ဖိုးသင်းမြောက်လုပ်လုပ်ပြနေတဲ့ ကေအိုင်အေကို ဘယ်လိုသွန်သင်ပြသမှာပါလဲ။ဘယ်လောက်အထိ အချိန်ယူကြမှာပါလဲ။အဲဒီအချိန်တွင်းမှာ ခုခံမှုမှအပ မပစ်ရဆိုတဲ့ ခင်ဗျားတို့အမိန့်ကို တစ်သဝေမတိမ်းလိုက်နာနေကြလို့၊လိုက်နာနေရလို့ ခဏခဏ သေကြေ နေကြ တဲ့ တပ်မတော်သား ဘယ်လောက်များစတေးရဦးမှာပါလဲ။ဒေသခံပြည်သူလူထုတွေ ဘယ်လောက် တောင် ဒုက္ခပင်လယ်ဝေရဦးမှာပါလဲ။လူမျိုးစုငယ်တွေ ဘယ်အချိန်ထိ ဖိနှိပ်ခံရဦးမှာပါလဲ။ အရပ်ဘက် ပစ်မှတ်တွေ ဘယ်လောက်ထိ ဖျက်ဆီးခံရဦးမှာပါလဲ။အစိုးရ၀န်ထမ်းတွေရဲ့ ကျီးလန့်စာစား စိုးရိမ်မှုများ ဘယ်အခါမှ လျော့ပါးသွားမှာပါလဲ။ ၁နှစ်လား။၂နှစ်လား။ဒါမှမဟုတ် လူ့အရင်းအမြစ်၊သယံဇာတနဲ့ နိုင်ငံတော် ဘဏ္ဍာများ ချိုနဲ့သားရေကျန်တဲ့ အချိန်မှလား။

ခုယူချင် ခုရပါတယ်။မယူချင်လို့ အကြောင်းအမျိုးမျိုးပြပြီး လူပုံအလယ်မှာ ခင်ဗျားတို့ပုဆိုးစကို ခဏခဏဆွဲချွတ်ပြနေတာပါ။ နိုင်ငံတော်အာဏာနဲ့ အက်ဥပဒေ၊ တည်ဆဲဥပဒေမှန်သမျှကိုဖီဆန်၊ နိုင်ငံ တော်ကို ပုန်ကန်ပြီး နိုင်ငံတော်မျက်နှာကို အိုးမည်းသုတ်ခံနေရတာ အားမရသေးဘူးလားဗျာ။

လုပ်ကြပါ…ရှင်တို့က နတ် တွေကိုးးး။(ကေအိုင်အေ သူတော်ကောင်းတွေမို့ ရှင်တို့နတ်ကောင်းတွေက မကြပါ။)

ခွက်ချင်းဆတ်ကြပါ…ရင်ချင်းကပ်ကြပါ…လက်ချင်းတွဲကြပါ..ပါမစ်များလည်း ပေးလိုက်ကြပါ..

အိမ်ရောင်းပြီးလည်း ဆက်လုပ်ပေးပါ..။အောက်ခြေမှာ သွေးမြေကျ။အပေါ်မှာ သတင်းမွှေးမြ။

ကမ္ဘာကရင်သတ်ရှုမော...အလွန်သည်းခံနိုင်သောတိုင်းပြည်..။ခင်ဗျားတို့သားသမီး မပါပါပြီ။

.......................................ဆိုတော့က................................................................

လုံးပါးပါးနေတဲ့သူတွေမှာ အသက်တွေအပိုပါပါတယ်..။

ကလေးသူငယ်တွေက မွေးရာပါ ပညာတတ်တွေပါ..။

ကချင်လူထုက အာဟာရသဒ္ဓိပေါက်ပြီးသားပါ။

အစိုးရ၀န်ထမ်းတွေက စူပါမန်းတွေပါ..။

နယ်ဘက်/စစ်ဘက်ဥပဒေနဲ့ ခင်ဗျားတို့အမိန့်တွေကို လိုက်နာနေရတဲ့ တပ်မတော်သားတွေက တုတ်ပြီး၊ဓားပြီး၊ကျည်ပြီးသားတွေပါ..။

ကချင်သယံဇာတက ကမ္ဘာပျက်သည့်တိုင် သုံးမကုန်နိုင်ပါ...။

တုံးအောက်ကဖား ပြားတယ်ဆိုတာ ဆန်းမှမဆန်းတာ။

သူ့ဟာသူ ပြားပြား မပြားပြား...ဟုတ်ဘူးလားနော့..။

အောင်ဇေ

၂၀၁၅ ရွေးကောက်ပွဲ နီး လာပြီဖြစ်၍ NLD ကျန်းမာရေး ကွန်ရက် မှ ရခိုင်ဒုက္ခသည်စခန်းများကို ဆေးကုပေးမည်



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကျန်းမာရေး ကွန်ရက်အနေဖြင့် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည် စခန်းများတွင် ရောက်နေသည့် မိသားစုများကို ကျန်းမာရေး စောင့်ရှောက်မှုများအတွက် အထူးကု ဆရာဝန်ကြီးများ အပါအ၀င် ဆရာဝန်စုစုပေါင်း လေးဆယ်ဝန်းကျင်ဖြင့် သွားရောက်ကုသ ပေးနိုင် ရန် စီစဉ်ဆောင်ရွက်ထားပြီးဟု ကွန်ရက်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း က မဇ္ဈိမကိုပြောသည်။


“နှစ်လအတွင်းတော့ မဆောင်ရွက်နိုင်သေးဘူး။ ကျွန်တော်တို့ဘက်က အဆင်သင့်ဖြစ်နေပြီ။ ပြည်နယ် အစိုးရနဲ့ ရခိုင်မှာရှိတဲ့ NLD အဖွဲ့တွေဆွေးနွေးနေတယ်”ဟု ဒေါက်တာတင်မျိုးဝင်းက ဆက်ပြောသည်။

ပြည်နယ်အစိုးရနှင့် ရခိုင် NLD အဖွဲ့ ညှိနှိုင်းဆောင်ရွက်မှုများ ပြီးဆုံးသည့် အချိန် သွားရောက်ကုပေးမည် ဖြစ်ပြီး ရခိုင်ဒုက္ခသည်စခန်းများတွင် သွားရောက်ကုသမည် ဖြစ်သလို ဘင်္ဂါလီဒုက္ခသည်စခန်းတွင်လည်း ကုသပေးရန်စီစဉ်ထားသည်။ သက်ဆိုင်ရာ ပြည်နယ်အစိုးရ၏ ခွင့်ပြုချက်ပေါ်မှာလည်း မူတည်နိုင်ပြီး သွားရောက်ကုသခွင့်လည်းရရှိမည်ဟု ယုံကြည်သည်ဟု ၎င်းကဆိုသည်။

အထူးကုဆရာဝန်ကြီး ၁၅ ယောက်မှ ၂၀ ယောက်အထိပါဝင်မည်ဖြစ်ပြီး အထွေထွေရောဂါကု ဆရာဝန် ၁၅ ယောက်ကနေ ၂၀ အထိ သွားရောက်ကု သမှုများပေးနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်သည်။ လိုအပ် သည့်ဆေးဝါး များကို သယ်ဆောင်သွားမည့်အပြင် အထူးကု ဆရာဝန်ကြီး များညွှန်ကြား သည့် ဆေးဝါးများ အတွက်လည်း တာဝန်ယူဆောင်ရွက် သွားမည်ဟုဆိုသည်။

“ခွဲစိတ်ဖို့ လိုအပ်တာမျိုးတွေရှိခဲ့ရင်လည်း ခွဲစိတ်ပေးသွားမည်” ဟု ဒေါက်တာ တင်မျိုးဝင်းကဆိုသည်။ ရခိုင်ပြည်နယ်ရှိ ဒုက်္ခသည်စခန်းများတွင်ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပတ်သက်ပြီး လက်ရှိအချိန်တွင် ပြည်နယ်အစိုးရ အနေဖြင့် မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီး ဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည် ဟု ပြည်နယ်အစိုးရပြန်ကြားရေး တာဝန်ခံ ဦးလှသိန်းက ပြောသည်။

“ကျန်းမာရေးစောင့်ရှောက်မှုပေးချင်တဲ့ ပြည်တွင်းပြည်ပအဖွဲ့စည်းတွေအနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ MOU ထိုးရမယ်။ ချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းေ တွကို လိုက်နာရမယ်။ နောက်ပြီးရင် ပြည်နယ်ကျန်းမာရေး ၀န်ကြီးဌာနနဲ့ ပူးပေါင်းပြီး ကျန်းမာရေးလိုအပ်ချက်တွေကို တင်ပြရမယ်။ လာပြီး ကျန်းမာရေးစောင့် ရှောက်မှုပေးတဲ့ ဆရာဝန်တွေဟာပြည်တွင်းမှာ ဆေးကုသခွင့် ရှိမရှိကိုလည်း ပြည်နယ်အစိုးရအနေနဲ့ စစ်ဆေးမှုတွေ ပြုလုပ်ပါတယ်” ဟု ဦးလှသိန်းက ဆက်ပြောသည်။

ရခိုင်ပြည်နယ်အစိုးရအနေဖြင့် ဒုက္ခသည်စခန်းများတွင် ကျန်းမာရေးကိစ္စ များကို အပတ်စဉ်အင်္ဂါနေ့တိုင်း ဆွေးနွေးဆောင်ရွက်လျက်ရှိပြီး ကလေးငယ် များ ကျန်းမာရေးလိုအပ်ချက်များကို ယူနီဆက်ဖ် နဲ့ အစိုးရ အဖွဲ့အစည်း များတိုင်ပင်ကာစောင့်ရှောက် မှုပေးလျက်ရှိနေသည်။

လက်ရှိ ရခိုင်ပြည်နယ်တွင် ပဋိပက္ခများနှင့်ပတ်သက်ပြီး အကူအညီပေးရန် ၀င်ရောက်လာသောNGO, INGO အဖွဲ့ ပေါင်း ၃၀ ကျော်ခန့်ရှိသည်ဟုပြည်နယ်အစိုးရက ဆိုသည်။ လက်ရှိဒုက်္ခသည် စခန်းများတွင် ဘင်္ဂါလီ ဒုက္ခသည် ၈၀၀၀၀ကျော်နှင့် ရခိုင်တိုင်းရင်းသား ဒုက္ခသည် သုံးသောင်းကျော်ရှိ သည်။

ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများ တွင် ကျန်းမာရေးစောင့်ရှောက် မှုပေးသော နိုင်ငံတကာ အဖွဲ့အစည်း တစ်ခုဖြစ်သည့် နယ်စည်းမထား ဆရာဝန်များအဖွဲ့ကိုအစိုးရမှ ရခိုင်ပြည်နယ်အတွင်း ကျန်းမာရေးစောင့် ရှောက်မှုများ ရပ်နားရန်အတွက် ၂၀၁၄ ခုနှစ်မတ်လ ၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

"မီဒီယာ" လား ၊ "မထိရ" လား



ဒီဗီဘီ သတင်းဌာနက သူတို့ သတင်းထောက်ဟာ မကွေးမြို့မှာ သတင်းပဲယူတာပါ။ စီတန်းလှည့်လည် ဆန္ဒပြ မှုမှာ မပါဘူးလို့ သူတို့ ၀က်ဘ်ဆိုက်ဒ်မှာ အင်္ဂလိပ်ဘာသာနဲ့ အခုလို သတင်း တင်ထား ပါတယ်။ ကျွန်တော့် ပို့စ်အောက်မှာလည်း တစ်ချို့ က ကွန်မန့်လာရေးတာရှိပါ တယ်။


Watson did not participate in the rally, but spoke to several demonstrators in his capacity as a journalist.

https://www.dvb.no/news/dvb-reporter-deported-from-burma-myanmar/40455

ဒါပေမယ့် သတင်းဓာတ်ပုံတစ်ခုမှာတော့ အခုတင်ပေးထားတဲ့အတိုင်း ဆိုင်းဘုတ်ကိုင် ဆန္ဒပြနေတာကို တွေ့ရ ပါတယ်။

ဘယ်နိုင်ငံမဆို ဗီဇာလျှောက်ရင် အချက်အလက်တွေကို မှန်ကန်စွာဖြည့်ရပါတယ်။ နိုင်ငံ ထဲကိုရောက်သွားရင်လည်း အိမ်ရှင်နိုင်ငံရဲ့ တည်ဆဲဥပဒေများကို လိုက်နာရပါတယ်။ အဲဒီ အချက်နှစ်ချက်ကို ဖောက်ဖျက်ရင် အနည်းဆုံး ပြည်နှင်ဒဏ်ပေးခံရတာပါပဲ။ ဒါလောက် တော့ ဒီဗီဘီ က ကိုခင်မောင်ဝင်းတို့ ကိုတိုးဇော်လတ်တို့နားလည်ပါတယ်။ သူတို့လည်း နိုင်ငံတကာ မှာ လှုပ်ရှား လုပ်ကိုင်ခဲ့သူတွေပဲလေ။

ကျွန်တော်ကတော့ ဒီဗီဘီအနေနဲ့သူ့သတင်းထောက်တွေရဲ့ လုပ်ဆောင်ချက်တွေကို အပြည့်အ၀မှ သိရဲ့လား၊ ကိုယ့်သတင်းထောက်ဆိုတဲ့ စိတ်နဲ့ မျက်စိမှိတ်ယုံနေသလားလို့တောင်တွေးမိပါတယ်။

ဒီလိုပဲ တရားစွဲခံရတဲ့ ဒီဗီဘီ သတင်းထောက် ဦးဇော်ဖေ အမှုမှာလည်း ဦးဇော်ဖေဟာ ပညာရေးမှူးရုံးကို သွားတဲ့အချိန်မှာ ဘာ့ကြောင့် ပညာရေးမှူးရဲ့ လုပ်ဆောင်ချက်မပေါ် မကျေနပ်တဲ့ ကျောင်းသားမိဘကို တစ်ပါတည်းခေါ်သွားရတာလဲ။ အဲဒီလို ခေါ်သွား တဲ့ အတွက် သတင်းရယူမှုနဲ့ ကျေနပ်မှုမရှိတဲ့ ကျောင်းသားမိဘအတွက် ကြားဝင်ဆောင်ရွက်ခြင်းဆိုတဲ့ ကိစ္စနှစ်ခု ကို ရောထွေးသွားစေတယ် ဆိုတဲ့ အချက်ကို ထည့်မစဉ်းစားဘူးလား၊ ဦးဇော်ဖေအမှုနဲ့ပတ်သက်ပြီး တရား ရုံးမှာ သက်သေများရဲ့ ထွက်ဆိုချက်၊ စီရင်ချက်များကိုရော လေ့လာရဲ့လား ၊ ကိုယ့်လူပြောသမျှ မျက်စိမှိတ်လက်ခံ နေ သလား လို့လည်း ဆက်ပြီးတွေးမိပါတယ်။

YH

အွန်လိုင်းမှတစ်ဆင့် မိုဘိုင်းဖုန်းသို့ SMS ပေးပို့နိုင်မည့် Myan Talk VOIP ဝန်ဆောင်မှုသစ် စတင်


ကမ္ဘာ့နိုင်ငံပေါင်း (၂၀၀) ကျော်သို့ အွန်လိုင်းမှတစ်ဆင့် ဖုန်းခေါ်ဆိုနိုင်သော VOIP ဝန်ဆောင်မှုတစ်ခုဖြစ်သည့် Myan Talk ဝန်ဆောင်မှုကို စတင်လိုက်ကြောင်း သတင်းရရှိသည်။


Myan Talk မှာ မိမိခေါ်ဆိုလိုသော ကမ္ဘာ့နိုင်ငံအသီးသီးရှိ ကြိုးဖုန်းများနှင့် မိုဘိုင်းဖုန်းများသို့ ချိတ်ဆက်၍ ဖုန်းခေါ်ဆိုနိုင်ရန်အတွက် ဆောင်ရွက်ထားသော VOIP ဝန်ဆောင်မှုဖြစ်သည်။ နိုင်ငံအသီးသီးမှလည်း မြန်မာနိုင်ငံသို့ ဈေးသက်သာစွာဖြင့် အပြန်အလှန် ခေါ်ဆိုနိုင်မည်ဖြစ်ကြောင်း သိရသည်။ နိုင်ငံပေါင်း ၂၀၀ ကျော်သို့ ခေါ်ဆိုနိုင်မည်ဖြစ်ကာ Myan Talk အကောင့်တွင် မှတ်ပုံတင်လုပ်ရုံဖြင့် ပထမဦးဆုံး စမ်းသပ်ခေါ်ဆိုနိုင်ရန် မြန်မာကျပ်ငွေ ၁၀၀ ကို ထည့်သွင်းပေးထားကြောင်း၊ မိမိအသုံးပြုလိုသည့် ငွေပမာဏကို ကြိုတင်ထည့်သွင်းပေးရန်သာ လိုမည်ဖြစ်ကြောင်း၊ အသုံးပြုခြင်းအတွက် လစဉ်ကြေး၊ နှစ်စဉ်ကြေးပေးစရာမလိုကြောင်း သိရသည်။ ဖုန်းခေါ်ဆိုနိုင်သည့် အကောင့်သည် သက်တမ်းလွန်ရက်စွဲ (Expire Date) ရှိမည်မဟုတ်ကြောင်း တာဝန်ရှိသူက ပြောသည်။

“အဓိကဝန်ဆောင်မှုကတော့ VOIP ဖုန်းခေါ်မှုအပြင် ထူးခြားတာက e-Commerce Website တွေအတွက် မြန်မာဖုန်းတွေနဲ့ ကမ္ဘာအနှံ့ရှိဖုန်းတွေကို တိုက်ရိုက် Mobile SMS ပို့လို့ရမှာဖြစ်ပါတယ်” ဟု Myan Talk မှ တာဝန်ရှိသူက ပြောသည်။ Myan Talk အား Windows, Android, iOS, BlackBerry, Nokia Symbian, Window Phone များမှတစ်ဆင့် ခေါ်ဆိုနိုင်မည်ဖြစ်ကြောင်း သိရသည်။ အင်တာနက်ရှိရုံဖြင့် ကွန်ပျူတာမလိုအပ်ဘဲ Myan Talk Internet Phone Adapter များ အသုံးပြု၍လည်း ခေါ်ဆိုနိုင်မည်ဖြစ်ကြောင်း ဆိုသည်။ မြန်မာနိုင်ငံအတွင်းရှိ GSM, WCDMA, CDMA 800MHz, CDMA 450MHz, MEC Tel ဖုန်းစသည့် ဖုန်းအမျိုးအစားအားလုံး Myan Talk အကောင့်ရှိရုံဖြင့် အွန်လိုင်း SMS ပေးပို့နိုင်မည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘာနေရာအနှံ့ရှိ မည်သည့် မိုဘိုင်းဖုန်းအမျိုးအစားကိုမဆိုလည်း Myan Talk Account ဖြင့်လည်း အွန်လိုင်း SMS ပေးပို့နိုင်မည်ဖြစ်ကြောင်း သိရသည်။ Web Developer များ၊ Application Developer များအနေဖြင့်လည်း Myan Talk ကို အသုံးပြု၍ အွန်လိုင်း SMS လုပ်ဆောင်ချက်အား ထည့်သွင်းအသုံးပြုနိုင်ကြောင်း ဆိုသည်။ ခေါ်ဆိုခခန့်မှန်းနှုန်းထားများအနေဖြင့် မလေးရှားနိုင်ငံသို့ တစ်မိနစ်လျှင် ၁၁ ကျပ်၊ စင်ကာပူနိုင်ငံသို့ တစ်မိနစ်လျှင် ၈ ကျပ်၊ တရုတ်နိုင်ငံသို့ တစ်မိနစ်လျှင် ၈ ကျပ်၊ ထိုင်းနိုင်ငံသို့ တစ်မိနစ်လျှင် ၁၁ ကျပ် အစရှိသည်ဖြင့် ခေါ်ဆိုနှုန်းထား အတိအကျကို ဖော်ပြပေးထားကြောင်း တွေ့ရသည်။ Myan Talk အား Desktop, Laptop, Mobile Phone, Tablet များမှတစ်ဆင့် အလွယ်တကူ ခေါ်ဆိုနိုင်မည်ဖြစ်သည်။

အဆိုပါ ဝန်ဆောင်မှုနှင့် ပတ်သက်၍ www.myantalk.com တွင် အသေးစိတ်ဖတ်ရှုနိုင်မည်ဖြစ်သည်။ ဝန်ဆောင်မှုအသုံးပြုရာတွင် ဝက်ဘ်ဆိုက်၌ ငွေဖြည့်သွင်းလိုပါက MyanPay Online စနစ်ဖြင့် ငွေဖြည့်သွင်း၍ ရရှိနိုင်ကြောင်း သိရသည်။ Myan Talk Account User Name ကို ဖြည့်စွက်ကာ မိမိဖြည့်သွင်းလိုသော Top Up Amount ကို ရွေးချယ်အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ ယင်းနောက် MyanPay Express Checkout Buttom ကို နှိပ်၍ အော်ဒါမှာယူနိုင်ပြီး MyanPay ဖြင့် အွန်လိုင်းငွေပေးချေမှုစနစ် ပြုလုပ်ကာ ငွေပေးချေရမည်ဖြစ်ကြောင်း သိရသည်။ မိမိပေးပို့လိုက်သော Payment ကို တစ်ဖက်မှ လက်ခံရရှိပြီးသည်နှင့် တစ်ပြိုင်နက် Myan Talk Account ထဲသို့ VOIP Credit များ ချက်ချင်းရရှိမည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်း
Internet journal