Tuesday, April 8, 2014

တယ်လီနော မြန်မာ၏ မိုဘိုင်း ဗွီဒီယို နှင့် အသံဆက်သွယ်ခေါ်ယူခြင်း စမ်းသပ်အောင်မြင်မှုကြောင့် ဆက်သွယ်ရေးကဏ္ဍ အပြောင်းအလဲ စတင်လာ


တယ်လီနောမြန်မာကုမ္ပဏီမှ ဆက်သွယ်ရေး အော်ပရေတာလုပ်ကိုင်ရန် စာချုပ်ချုပ်ဆိုပြီး သုံးလအတွင်း ပထမဆုံးအကြိမ် အသံနှင့်ဗီဒီယို ခေါ်ဆိုနိုင်မှုကို စတင် မိတ်ဆက်ပြီး ၄င်းတို့ ကတိ ပေးထားသည့် ရှစ်လ ကာလအတွင်း ဆင်းကတ် များကို စတင်ဖြန့်ဖြူး ရောင်းချပေးမည်ဖြစ်ကြောင်း ထပ်လောင်း ကတိပေးသည့်အခမ်းအနားကို တယ်လီနောမြန်မာကုမ္ပဏီ၏ Network အချက် အလက်များဌာနချုပ် ဒေတာစင်တာတစ်ခုဖြစ်သည့် Core Network တွင် ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။


တယ်လီနောသည် တစ်နိုင်ငံလုံးကွန်ရက်များ ချိတ်ဆက်ခြင်းလုပ်ငန်းကို ဟွာဝေး၊ အဲရစ်ဆင်နှင့် ဝိုင်ပရိုစသည့် နိုင်ငံတကာကုမ္ပဏီများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး အော်ပရေတာအဖြစ် လက်မှတ်ထိုးပြီးချိန်မှ ငါးရက်တာအတွင်း ပြည်တွင်းသို့ ဆက်သွယ်ရေးနှင့် အချက်အလက် သိုလှောင်မှု စနစ်များပါဝင်သော ဒေတာစင်တာများကို သင်္ဘောတင်ကွန်တိန်နာများ အသွင်ဖြင့် ပြောင်းလဲ ဆန်းသစ်ကာ တင်သွင်းခဲ့ပြီး တယ်လီနောရုံးချုပ်နှင့် ၂၂ ကီလိုမီတာခန့်ဝေးသည့် မင်္ဂလာဒုံမြို့နယ်အတွင်း နေရာချတပ်ဆင်၍ တာဝါ တိုင်ဆောက်လုပ်ခြင်းများကို ဟွာဝေးနှင့် လက်တွဲဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း တယ်လီနောမြန်မာ အမှုဆောင်အရာရှိချုပ် မစ္စတာပီတာ ဖားဘတ်ခ်ျ က ပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြတ်ဟိန်း တက်ရောက် အားပေးကာ ပထမဆုံးသောအသံနှင့် ဗီဒီယိုခေါ်ဆို မှုကို စမ်းသပ် ပေးခဲ့ရာ ဒေတာစင်တာ မှတစ်ဆင့် တယ်လီနောရုံးချုပ်သို့ အရုပ်အသံကြည်လင် ပြတ်သားစွာ ခေါ်ဆိုနိုင်ခဲ့သည်။

“တယ်လီနောအနေနဲ့ လျင်လျင် မြန်မြန်နဲ့ ဆောင်ရွက်တာကိုတွေ့ ရလို့ ဝမ်းသာမိပါတယ်။ နောက်ပိုင်း မှာ ပိုမိုကောင်းမွန်တဲ့ ပြိုင်ဆိုင်မှုတွေ ကို မိဘပြည်သူတွေ မြင်တွေ့ရမှာပါ။ အော်ပရေတာတွေအတွက် တာဝါ တိုင်တည်ဆောက်ရေး၊ ကွန်ရက်ချိတ် ဆက်ရေးတွေမှာ အခက်အခဲတွေရှိ နေတာကို သိပါတယ်။ ကျွန်တော်တို့ ဝန်ကြီးဌာနအနေနဲ့လည်း အကူ အညီတွေ ပေးအပ်နေပါတယ်။ နောက်ပိုင်းမှာ ရတနာပုံတယ်လီပို့ ကိုလည်း အများပိုင်ကုမ္ပဏီအဖြစ် မြင်တွေ့ရမှာမို့ မိဘပြည်သူတွေအနေနဲ့ နိုင်ငံတကာ အော်ပရေတာအနေနဲ့ တယ်လီနောနဲ့ အော်ရီဒူး၊ ပြည်တွင်း အော်ပရေတာတွေ အနေနဲ့ MPT နဲ့ ရတနာပုံတယ်လီပို့တွေကို ကြိုက်နှစ်သက်ရာ ရွေးချယ်သုံးစွဲနိုင် တော့မှာဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ် အတွင်းမှာ တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ မိုဘိုင်းလွှမ်းခြုံအားက ၁၃ ရာခိုင်နှုန်းလောက်သာ ရှိပါတယ်။ အားလုံးသိတဲ့အတိုင်း ဖွံ့ဖြိုးဆဲတိုင်း ပြည်တွေမှာဆိုရင် မိုဘိုင်းလွှမ်းခြုံ မှု ၅၀ ရာခိုင်နှုန်းကျော်နေတာပါ။ ကျွန်တော်တို့ အများကြီးအမီလိုက် ကြရမယ်” ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်း ပညာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြတ်ဟိန်းက ပြောကြား သည်။

တယ်လီနောမြန်မာမှ ဒေတာ စင်တာနှစ်ခုကို ရန်ကုန်နှင့် မန္တလေး မြို့တို့တွင် တပ်ဆင်သွားမည်ဖြစ်ပြီး တစ်နှစ်တာကာလအတွင်း ဆက်သွယ် ရေးကွန်ရက်စခန်းပေါင်း ၂၄၀၀၀ ခန့် တည်ဆောက်သွားမည် ဖြစ်သည့် အပြင် သုံးစွဲသူများအတွက် မြန်နှုန်း ကိုလည်း အမြင့်ဆုံးရရှိစေရန် ရည် ရွယ်ကာ သရီးဂျီကွန်ရက်များအပြင် တယ်လီနော၏ ဆက်သွယ်ရေးတာဝါ စတေရှင်များအနေဖြင့် ဖိုးဂျီအဆင့် မြှင့်တင်ပါကလည်း အဆင်သင့်ဖြစ်စေ မည်ဖြစ်ကြောင်း တယ်လီနောမြန်မာ ၏ အမှုဆောင်အရာရှိချုပ် မစ္စတာ ပီတာ ဖားဘတ်ခ်ျကရှင်းပြသည်။

ထို့အပြင် တယ်လီနောဆင်းကတ် သုံးစွဲသူများ၏ လုံခြုံရေးအချက် အလက်များကို ထိန်းသိမ်းပေးရန် အတွက် မူလအော်ပရေတာ စာချုပ် ချုပ်ဆိုစဉ်ကပင် ကတိကဝတ်ယူထား ပြီးဖြစ်ကာ အကယ်၍ အကြောင်း အမျိုးမျိုးကြောင့် တယ်လီနော ဆင်း ကတ် သုံးစွဲသူ တစ်ဦးဦး၏သတင်း အချက် အလက်များအား နိုင်ငံတော် အစိုးရမှ ရယူလိုပါက တရားရုံးမှ တစ်ဆင့်ရယူလိုကြောင်း အထောက် အထား ခိုင်လုံစွာတင်ပြနိုင်မှသာ ပေးမည်ဖြစ်သဖြင့် လုံခြုံစိတ်ချမှု အတွက် ပူပန်ရန်မလိုအပ်ကြောင်း သိရသည်။

တယ်လီနော ဆင်းကတ်များအား လာမည့် ငါးလတာအကုန်တွင် စတင်ဖြန့်ဖြူးရောင်းချမည်ဖြစ်ကာ အင်တာနက် ဒေတာမှတစ်ဆင့် ဗီဒီ ယိုခေါ်ဆိုမှုကိုလည်း တစ်ပြိုင်နက် အသုံးပြုနိုင်မည်ဖြစ်သည်။ မြန်မာ့ ဆက်သွယ်ရေးမှ သင်္ကြန် ကာလအတွင်း မိုဘိုင်းခေါ်ဆိုခများကို ၂၀ ရာခိုင်နှုန်း လက်ဆောင်ပေးခြင်း ဆောင်ရွက်ကာ လက်ရှိဈေးကွက်ကို ဦးဆောင်လျက်ရှိသော်လည်း မကြာမီ ငါးလတာအတွင်း ယှဉ်ပြိုင် သုံးစွဲသူ များအနေဖြင့် မည်သည့်အော်ပရေ တာကို ရွေးချယ်ကြမည်ကို စောင့် ကြည့်စေလိုပါကြောင်း တယ်လီနော က ပြောကြားသည်။

နေပြည်တော် - ရန်ကုန် လမ်းပိုင်းနှင့် ရန်ကုန် - မန္တလေး လမ်းပိုင်း၌ သင်္ကြန်အထူးရထား အစုန်၊ အဆန် နှစ်စင်းစီ ပြေးဆွဲမည်

မြန်မာ့ မီးရထားက သင်္ကြန်ကာလအတွင်း ခရီးသွား ပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေး အတွက် နေပြည်တော် - ရန်ကုန် လမ်းပိုင်းနှင့် ရန်ကုန် - မန္တလေး လမ်းပိုင်းတွင် သင်္ကြန်အထူးရထား နှစ်စင်းစီ ပြေးဆွဲပေးမည်ဖြစ်သည်။


သင်္ကြန်ကာလအတွင်း နေပြည်တော်မှ ဝန်ထမ်းများနှင့် မိသားစုများ အပါအဝင် ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် လက်ရှိ နေပြည်တော် - ရန်ကုန် ပြေးဆွဲနေသော အမှတ်(၃၂) အစုန်၊ အမှတ်(၈)အစုန် အမြန်ရထား နှစ်စင်းအပြင် အထူးရထား နှစ်စင်းအား ဧပြီ ၁၁ ရက်တွင် နေပြည်တော် - ရန်ကုန် ခရီးစဉ်အဖြစ် တိုးချဲ့ ပြေးဆွဲပေးမည်ဖြစ်ရာ အစုန် အထူးရထား(၁)သည် နေပြည်တော်မှ ည ၇ နာရီခွဲတွင် ထွက်ခွာ၍ ရန်ကုန်သို့ နောက်တစ်နေ့ နံနက် ၃ နာရီ မိနစ် ၅ဝ တွင် ရောက်ရှိမည်ဖြစ်ပြီး အစုန် အထူးရထား(၂)သည် နေပြည်တော်မှ ည ၉ နာရီတွင် ထွက်ခွာ၍ ရန်ကုန်သို့ နောက်တစ်နေ့ နံနက် ၅ နာရီ မိနစ် ၂ဝ တွင် ရောက်ရှိမည်ဖြစ်သည်။

ဧပြီ ၁၂ ရက်တွင် သင်္ကြန် အထူးရထား(၁)သည် ရန်ကုန်ဘူတာမှ ညနေ ၄ နာရီတွင် စတင်ထွက်ခွာ၍ မန္တလေးဘူတာသို့ နောက်တစ်နေ့ နံနက် ၆ နာရီတွင် လည်းကောင်း၊ သင်္ကြန် အထူးရထား(၂)သည် ဧပြီ ၁၃ ရက်တွင် ရန်ကုန် ဘူတာမှ ညနေ ၄ နာရီတွင် စတင်ထွက်ခွာ၍ မန္တလေးဘူတာသို့ နောက်တစ်နေ့ နံနက် ၆ နာရီတွင်လည်းကောင်း ရောက်ရှိမည်ဖြစ်သည်။

သင်္ကြန် အလွန်ကာလအတွက် အဆိုပါအထူးရထား နှစ်စင်းသည် မန္တလေးမှ ဧပြီ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် မန္တလေး - ရန်ကုန် အစုန်ရထားများအဖြစ် ပြန်လည် ပြေးဆွဲသွားမည် ဖြစ်သည်။ မန္တလေးဘူတာမှ ညနေ ၄ နာရီတွင် ထွက်ခွာပြီး ရန်ကုန်ဘူတာသို့ နောက်တစ်နေ့ နံနက် ၆ နာရီခွဲတွင် ရောက်ရှိမည်ဖြစ်သည်။

အလားတူ နေပြည်တော်မှ ဝန်ထမ်းများနှင့် မိသားစုများ အပါအဝင် ခရီးသွား ပြည်သူများအတွက် ရန်ကုန်မှ နေပြည်တော် ခရီးစဉ်အဖြစ် လက်ရှိ အမှတ်(၃၁)အဆန်၊ အမှတ်(၇)အဆန် အမြန်ရထား နှစ်စင်းအပြင် နောက်ထပ် အထူးရထား နှစ်စင်းကို ဧပြီ ၂၁ ရက်တွင် ပြေးဆွဲပေးမည်ဖြစ်ရာ အဆန်အထူးရထား (၁)သည် ရန်ကုန်မှ ည ၇ နာရီခွဲတွင် ထွက်ခွာ၍ နေပြည်တော်သို့ နောက်တစ်နေ့ နံနက် ၃ နာရီ မိနစ် ၅ဝ တွင် ရောက်ရှိမည်ဖြစ်ပြီး အဆန်အထူးရထား(၂)သည် ရန်ကုန်မှ ည ၈ နာရီတွင် ထွက်ခွာ၍ နေပြည်တော် သို့ နောက်တစ်နေ့နံနက် ၄ နာရီခွဲတွင် ရောက်ရှိမည်ဖြစ်သည်။

အဆိုပါရန်ကုန် - မန္တလေး သင်္ကြန်အထူး (အစုန်၊ အဆန်) ရထားများကို လမ်းခရီး၌ တိုးကြောင်ကလေး၊ ပဲခူး၊ တောင်ငူ၊ ပျဉ်းမနား၊ နေပြည်တော်၊ သာစည်ဘူတာများတွင် ရပ်တန့်ပေးမည်ဖြစ်ပြီး နေပြည်တော် - ရန်ကုန် အထူး (အစုန်၊ အဆန်)ရထားများကို လမ်းခရီး၌ ပျဉ်းမနား၊ တောင်ငူ၊ ပဲခူး၊တိုးကြောင်ကလေး ဘူတာများတွင် ရပ်တန့်သွားမည်ဖြစ်ကြောင်း သိရသည်။ (သတင်းစဉ်)

သရုပ်ဆောင်ရဲတိုက်ကို မူးယစ်ဆေးဝါး လက်ဝယ်ထားရှိမှုဖြင့် ကျောက်တံခါးမြို့နယ် တရားရုံးမှအလုပ်ကြမ်းနှင့် ထောင်ဒဏ်ခြောက်နှစ် ချမှတ်

ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် ရဲတိုက်အား ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် တရားရုံးမှ ဧပြီ ၇ ရက်က မူးယစ်ဆေး ၀ါးလက်ဝယ်ထားရှိမှုဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်ခြောက်နှစ် ချမှတ်ခဲ့ကြောင်း ကျောက်တံခါးမြို့မ ရဲစခန်းမှ သတင်းရရှိသည်။


"တရားလို ရဲအုပ်လှမြင့်ဦး စွဲဆိုထားတဲ့ သရုပ်ဆောင်ရဲတိုက်ရဲ့ အမှုကို ဒီကနေ့ ဧပြီ ၇ ရက်မှာ ကျောက်တံခါးမြို့နယ် တရားရုံး ကနေ မူးယစ်ပုဒ်မ-၁၆(ဂ)အရ အလုပ် ကြမ်းနဲ့ ထောင်ဒဏ် ခြောက်နှစ်ချလိုက်ပါ တယ်။ လောလောဆယ်မှာတော့ သူ့ကို တောင်ငူထောင်မှာထားရှိထားတယ်လို့ သိရ ပါတယ်" ဟု ကျောက်တံခါး မြို့မရဲစခန်းမှ တာဝန်ကျရဲတပ်ကြပ် အာကာဇော်က ဧပြီ ၇ ရက် ည ၁၀ နာရီခန့်က ပြောကြားသည်။

သရုပ်ဆောင်ရဲတိုက်၏အမှုမှာ ၂၀၁၃ ခုနှစ် ဇူလိုင်မှ စတင်စစ်ဆေးခဲ့ရာ ၂၀၁၄ ခုနှစ် ဧပြီ ၇ ရက်မှ အမိန့်ချမှတ်နိုင်ခဲ့ရာ ၁၀ လနီးပါးခန့်ကြာမြင့်ခဲ့သည်။

သရုပ်ဆောင်ရဲတိုက် (၃၀ နှစ်) (ဘ)ဦး ---- (၁၃/တဂန(နိုင်)၂၁၄၀၉၄) အား ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့ တွင် ၂၀၁၃ ခုနှစ် ဇူလိုင် ၄ ရက် နံနက် ၃ နာခန့်တွင် သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ရာ ကျောက်တံခါးမြို့မရဲစခန်း မှ (ပ)၄/၂၀၁၃ မူးယစ်ဆေးဝါးသုံးစွဲရန် လက် ၀ယ်ထားရှိသူ မူးယစ်ပုဒ်မ ၁၅/၁၆(ဂ) ဖြင့် အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့နောက် ၎င်းကို ပဲခူးခရိုင် ကျောက်တံခါးမြို့နယ် တရားရုံးမှ ရာကြီး-၉၃၉/၂၀၁၃ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၆ ဖြင့် အရေးယူမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် မေ ၂၈ ရက် က ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင် မြို့နယ်ရှိ စိန့်မေရီ ကာသီဒြယ် ခရစ်ယာန် ကျောင်းအတွင်း သက်ဆိုင်ရာခွင့်ပြုချက် မရဘဲ ဆန္ဒဖော်ထုတ်ခဲ့သည့် သရုပ်ဆောင် ရဲတိုက်အား ဘုရားကျောင်း တာဝန်ရှိသူက တရားလိုပြု တိုင်တန်းခဲ့သဖြင့် ဗိုလ်တထောင် မြို့မ ရဲစခန်းမှ လူတစ်စား ကိုးကွယ်သည့် ဘာသာ၊ သာသနာကို ညှိုးနွမ်းအောင် ရည်ရွယ်ချက်၊ အကြံအစည်၊ ပြုမူလုပ်ဆောင်ခြင်း ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ၂၉၅/(က)ဖြင့် မေ ၂၈ ရက်တွင် အမှုဖွင့်ကာ ထိန်း သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ အမှုကို သရုပ်ဆောင်ရဲတိုက် ဘက်မှ ၂၀၁၃ ခုနှစ် မေ ၃၁ ရက်က ဗိုလ်တ ထောင်မြို့နယ် တရားရုံးတွင် ၎င်းအနေဖြင့် မှားယွင်းလုပ်ဆောင်မှုကြောင့် ယခုကဲ့သို့ ပြဿနာဖြစ်ပွားခဲ့ရခြင်းအတွက် ဘုရားရှိခိုး ကျောင်းမှ ကျောင်းထိုင်ဘုန်းကြီး၊ သာသနာ အကျိုးဆောင်အဖွဲ့နှင့် ဘာသာဝင်များအား လုံးကို အနူးအညွတ်တောင်းပန်ပါကြောင်း နှင့် နောက်တွင်လည်း အလားတူ မဖြစ် ပွားစေရန် ၎င်းအနေနှင့်တာဝန်ယူပါကြောင်း ပြန်လည်တောင်းပန် ခဲ့သောကြောင့် ဘုရားကျောင်းတာဝန်ရှိသူဘက်မှ ကျေအေးပေးခဲ့ ရာ ၂၀၁၃ ခုနှစ် မေ ၃၁ ရက်တွင် ဗိုလ်တထောင်မြို့နယ် တရားရုံးက ကျပ်ငါးသိန်း ဖြင့် အာမခံပေးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စု အစိုးရအား အယုံအကြည် မရှိကြောင်း MDCF အဖွဲ့က အနောက်ပိုင်းခရိုင် တရားရုံးရှေ့တွင် လက်ကမ်းစာစောင်များ ဖြန့်ဝေတောင်းဆို


ပြည်ထောင်စု အစိုးရအား အယုံအကြည် မရှိ ကြောင်း ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားမှု အင်အားစု (MDCF) အဖွဲ့က အနောက်ပိုင်းခရိုင် တရားရုံးရှေ့တွင် ဧပြီ ၇ ရက် နံနက်ပိုင်းတွင် လက်ကမ်းစာစောင်များ ဖြန့်ဝေတောင်းဆိုခဲ့သည်။


ဖေဖော်ဝါရီ ၁၈ ရက်တွင် ရန်ကုန်မြို့ မြို့တော် ခန်းမရှေ့၌ ပြုလုပ်ခဲ့သည့် အစိုးရကို အယုံ အကြည်မရှိကြောင်း ဆန္ဒပြမှုကို ကျောက်တံတားမြို့နယ် တရားရုံးက ပုဒ်မ- ၁၈ ဖြင့် တရားစွဲဆို ထား သဖြင့် ရုံးချိန်းလာရောက်ရာမှ ယင်းကဲ့သို့ စာရွက်များကို ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။

ထိုသို့ ဖြန့်ဝေတောင်းဆိုရခြင်း အကြောင်းမှာ လက်ရှိပြည်ထောင်စု အစိုးရလက်ထက်တွင် ပြည်သူများမှာ ဆင်းရဲသည်ထက် ပိုဆင်းရဲလာပြီး တရားရေးမဏ္ဍိုင်၏ ယိမ်းယိုင်မှုများ၊ အာဏာပိုင်များ၏ ဥပဒေ လက်တစ်လုံးခြား ပြုလုပ်မှုများကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းပေးခြင်း မရှိသေးဖြင့် အစိုးရကို နုတ်ထွက်ပေးရန် လက်ကမ်းစာစောင်များ ဖြန့်ဝေတောင်းဆိုရခြင်း ဖြစ်သည်ဟု ဒီမိုကရေစီရေး စဉ်ဆက် မပြတ် လှုပ်ရှားမှုအဖွဲ့မှ ကိုထင်ကျော်က ဆိုသည်။

၎င်းက "တိုင်းပြည်က ငတ်နေပြီ။ တရားစီရင်ရေး စနစ်တွေကလည်း ယိုင်နဲ့နေပြီ။ ခရိုနီတွေက အစိုးရရဲ့ ကာကွယ်မှုကို ရနေတယ်။ တရားသူကြီးတွေကလည်း လာဘ်စားနေတယ်။ လျှပ်စစ်မီတာခတွေ တက်လိုက် တဲ့အတွက် ကုန်ဈေးနှုန်း တက်လာတယ်" ဟု အနောက်ပိုင်းခရိုင် တရားရုံးအနီးတွင် ကြွေးကြော်ကာ စာရွက်များ ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။

ယင်းစာရွက်တွင် အခြေခံလူတန်းစားများ၏ ဘ၀နှင့် ၀င်ငွေကို လေ့လာခြင်းမရှိဘဲ လျှပ်စစ်မီတာခများ တိုးမြှင့်ကောက်ခံကြောင်း အစိုးရ၏ သတင်းထုတ်ပြန်ချက်သည် အစိုးရအဖွဲ့၏ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းကို ပြသလိုက်ခြင်းဖြစ်ကြောင်း၊ ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အလုပ်လက်မဲ့များနေသော ပြည်သူများ ငတ်နေ ကြောင်း စသည့်အကြောင်းအရာများ ပါဝင်သည်။

(MDCF အဖွဲ့မှ ကိုထင်ကျော် အနောက်ပိုင်းခရိုင် တရားရုံးရှေ့တွင် လက်ကမ်းစာစောင်များ ဖြန့်ဝေနေစဉ် (ဓာတ်ပုံ-ကြည်နိုင်))

အမေစုကို အပြစ်မတင်ကြပါနဲ့ဗျာ

ခုရက်ပိုင်းမှာ NLD နာယကကြီး ဦးဝင်းတင် ဆေးရုံ တတ်တာကို ဒေါ်အောင်ဆန်း စုကြည့်မှ လာရောက် ကြည့်ရှု့ခြင်းမရှိသဖြင့် NLD ပါတီဝင်အတွင်း ဝေဖန် မှု တွေထွက်ပေါ်လာခဲ့ပါတယ်။


ဦးဝင်းတင်ကို အမေစုလာမကြည့် နိုင်တာကို အပြစ် မမြင်ကြပါနဲ့ဗျာ...။ အမေစု ခမျာအလုပ်များနေလို့ ဖြစ်ပါလိမ့်မယ်။ ဦးဝင်တင်လိုအဖိုးကြီးက သူအတွက်အ ရေးမကြီးလို့ဖြစ်ပါလိမ့်မယ်..။ ဦးဝင်းတင်ထက်အရေးကြီးအလုပ်တွေအများကြီး ရှိနေလို့ဘဲ ဖြစ်မှာ ပေါ့ဗျာ။...အမေစုက ၈၈ကျောင်းပြေးကိုကိုကြီးရဲ့ မင်္ဂလာဧည့် ခံပွဲလည်းတတ်ရသေး တယ်...။ အဆိုတော်တွေနဲ့ အပြိုင်ကြဲတဲ့ အလှူခံပွဲကြီးကိုလည်းတတ်ရသေးတယ်..။ နောက် ပြီး ဂျာမဏီသွားပြီး အနောက်နိုင်ငံများက တဖက်လှည့်နဲ့ထောက်ပံပေးတဲ့ ဆုသွားယူဖို့ ပြင်ဆင်နေရသေးတယ်..။ ဆုယူပြီးရင်လည်း အမေစုပြောနေကျအတိုင်း မြန်မာနိုင်ငံကိုအပုပ်ချမ ယ့် ဓာတ်ပြားဟောင်း အတွက်လည်း ပြင်ဆင် နေရသေးတယ်...။ ပြီးရင်လည်း သမ္မတဖြစ်ဖို့ နိုင်ငံတကာကိုလည်း တကြော် ကြော်နဲ့ ဘယ်လို ပူဆာပြီးအကူအညီတောင်းရမလဲဆိုတာစဉ်းစားရးအုံးမယ် လေ..။

ဒီလောက်အလုပ်များနေတဲ့အမေစုကို နားလည်ပေးလိုက်ကြပါဗျာ..။ ဦးဝင်းတင် ကိုသွားကြည့် တော့လည်း ဘာမှမထူးတော့ဘူးလေ...။ ဦးဝင်းတင်ကအသက်ကြီးပြီဆိုတော့ အမေစုအတွက် အထောက်အကူ သိပ်မရတော့ဘူးလေ..။အမေစု အတွက် အထောက်အကူများများပြုမယ့်သူတွေရဲ့ ဧည့်ခံပွဲတွေ အနောက်နိုင်ငံက ပေးတဲ့ဆုတွေသူဖို့အတွက်ဘဲ ဦးစားပေးမှာပေါ့နော်..။ အမေစုလည်း လိုချင်တပ်မက်မှု ရှိတဲ့ ပုထုစဉ်ဘဲကိုး....။

အော်တခုတော့ရှိတယ်...သူတို့နှစ်ယောက်ကြားမှာ အစာမကြေတဲ့ အဖုအထစ် လေးတွေရှိနေလို့လဲ ဖြစ်မှာပေါ့နော်..။ နားလည်ပေးလိုက်ကြပါဗျာ....။

www.MyanmarExpress.net

DVB သတင်းထောက် ဇော်ဖေ(ခ) သူရသက်တင် နှင့် ဦးဝင်းမြင့်ဦး(ခ)ဦလှိုင်လှိုင် တို့အား မကွေးမြို့နယ်တရားရုံးမှ ထောင်(၁)နှစ်စီ ပြစ်ဒဏ်ချမှတ်လိုက်ပြီ

မကွေးမြို့နယ်တရားရုံးတွင် ဧပြီ(၇)ရက်၊ နေ့(၁၂း၃၀)နာရီအချိန်မှာ ရာကြီးအမှုအမှတ်(၁၉၃၉/၂၀၁၂) ပြစ်မှုပုဒ်မ ၄၄၈/၃၅၃/၁၁၄ ဖြင့် တရားလို မကွေးတိုင်းဒေသကြီး လက်ထောက် တိုင်းပညာရေးမှူး(စစ်ဆေးရေး)က စွဲဆိုသော အမှု ဖြစ်သည်။ ၎င်း အမှုမှ DVB သတင်းထောက် နှစ်ဦးတို့ကို တရားခံ သူရသက်တင်(ခ)ဇော်ဖေ မကွေးမြို့ အား ပုဒ်မ ၄၄၈ အရ ထောင်ဒဏ် တစ်နှစ်၊ ပုဒ်မ ၃၅၃အရ ထောင်ဒဏ် တစ်နှစ် တို့အား တစ်ပေါင်းတည်းကျခံစေရန်အမိန့်ချမှတ်ကြောင်း၊ ပူးတွဲ တရားခံ ၀င်းမြင့်လှိုင်(ခ) လှိုင်လှိုင် တောင်တွင်းကြီးမြို့ တို့ကိုလည်း ပုဒ်မ ၄၄၈ အရ ထောင်ဒဏ် တစ်နှစ်၊ ပုဒ်မ ၁၁၄ အရ ထောင်ဒဏ် တစ်နှစ်တို့ကို ပူးတွဲကျခံစေရန် မကွေးမြို့နယ်တရားသူကြီး ဒေါ်နန်းဟောက်နျန် က အမိန့်ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။


အမှုဖြစ်စဉ်အကျဉ်းမှာ (၂၄-၈-၂၀၁၂)နေ့က မကွေးတိုင်းပညာရေးမှူးရုံးပေါ်တွင် စာရေးအဆင့်၁ ဦးခင်အောင် အခန်း၌ စာရေးအဆင့် ဒေါ်မြင့်မြင့်ဌေးမှ လက်နှိပ်စက်ရိုက်နေစဉ် DVB သတင်းထောက် နှစ်ဦးက အခန်းထဲသို့ရောက်လာပြီး ဂျပန်နိုင်ငံလေ့လာရေးခရီးစဉ်အတွက် မေးမြန်းရာလာကြောင်း၊ ဒေါ်မြင့်မြင့်ဌေးပါ စာရေး(၆)ဦးတို့မှ လူကြီးမရှိကြောင်း အစည်းအဝေးသွားနေကြောင်းပြောဆို၍ လက်ထောက်ပညာရေးမှူး ဦးမောင်ဌေးထံသို့ ပို့ပေးခဲ့ကြောင်း၊ ဦးမောင်ဌေးမှ အစိုးရကိစ္စအား စည်းကမ်း နှင့်အညီလုပ်ဆောင်နေပါကြောင်း ပြောနေစဉ် သတင်းထောက်နှစ်ဦးမှ တစ်ဦးက သတင်းဓာတ်ပုံများ ရိုက်ခြင်းကို တားမြစ်ရာ ဆက်လက်လုပ်ဆောင် နေသဖြင့် လက်ထောက်ပညာရေးမှူး ဦးမောင်ဌေးမှ တရာလိုပြုလုပ်၍ ၂၅-၃-၂၀၁၂ နေ့တွင် (ပ) ၂၀၄/၁၂ ပြစ်မှုပုဒ်မ ၄၄၈/၃၅၃/၁၁၄ ဖြင့်တရားစွဲဆိုခဲ့ရာ၃၁-၈-၂၀၁၂နေ့တွင် စွဲချက်အမှတ် ၁၈၃/၂၀၁၂ အရ မကွေးမြို့တရားရုံးသို့စွဲတင်ခဲ့ကြောင်း၊ မကွေး မြို့နယ်တရားရုံးရာကြီးရုံးတွင် အမှုအမှတ် ၁၉၃၉/၂၀၁၂ ဖြင့် လက်ခံခဲ့သောအမှုဖြစ်ကြောင်း အမှုမှတ်တမ်းမှ သတင်းရရှိသည်။

မကွေးမြို့နယ်တရားရုံးမှ DVB သတင်းထောက် ဇော်ဖေ(ခ) သူရသက်တင် နှင့် ဦးဝင်းမြင့်လှိုင် (ခ)ဦးလှိုင်လှိုင် တို့ထံသို့ ရန်ကုန်ရုံချုပ်DVB သတင်းဌာန ဦးဇေယျ၊ မကွေးမြို့မှ ရုပ်သံသတင်းထောက်များ၊ ဂျာနယ်သတင်းထောက်များ စုစုပေါင်း(၁၅)ဦးခန့် လာရောက်သတင်းယူ၍ အားပေးစကားပြောဆိုကြောင်း သတင်းရရယူခဲ့သည်။

ဝိုင်းကြည်အောင်
uwinkyi0@gmail.com

အက်ရှင်အေ့(ဒ်) မြန်မာ (Actionaid Myanmar)၏ ပခုက္ကူမြို့နယ်နှင့် မြိုင်မြို့နယ်များမှ ဒေသခံအမျိုးသမီးများပြုလုပ်သော လက်မှုပစ္စည်းများ အရောင်းမြှင့်တင်ရေးပြခန်းဖွင့်

ဧပြီ(၆)ရက်၊ နံနက်(၁၀)နာရီ အချိန်ခန့်တွင် ညောင်ဦမြို့၊ ဂေါက်ကွင်းလမ်း၊ ပြည်ခိုင်ဖြိုးရုံးအနီးရှိ အက်ရှင်အေ့(ဒ်) မြန်မာ (Actionaid Myanmar) ရုံး၌ အမျိုးသမီးများ လူနေမှုဘ၀မြင့်မားရေးအတွက် ပခုက္ကူမြို့ နယ်နှင့် မြိုင်မြို့နယ်များမှ ကျေးရွာပေါင်း(၄၀)ရှိ အမျိုးသမီးများထုတ်လုပ်သော လက်မှုပစ္စည်းများ အရောင်း မြှင့်တင်ရေးပြခန်းဖွင့်ပွဲ ပြုလုပ်ကြောင်း သတင်းရရှိသည်။


အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးကျော်ဝင်း၊ မကွေးတိုင်းဒေသကြီး တိုင်းဦးစီးမှူး ဦးဇော်ဝင်း၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ပခုက္ကူခရိုင် NLDပါတီ ဥက္ကဋ္ဌ၊ ပခုက္ကူမြို့နယ်နှင့် မြိုင်မြို့နယ်များမှ ကျေးရွာပေါင်း(၄၀)မှ လက်မှုပညာရှင်အမျိုးသမီးများ နှင့် အက်ရှင်အေ့(ဒ်) မြန်မာ၏ ဌာနေဒါရိုက်တာ Shihab Uddin Ahamad ၊ လူမှုစီးပွားဆိုင်ရာ အကြံပေး ဒေါ်ခင်ခင်ပြုံး နှင့် အရောင်းပြခန်းတာဝန်ခံများ စုစုပေါင်းအင်အား(၁၀၀)ဦးကျော်ခန့်တက်ရောက်ကြောင်းသိရသည်။


အဆိုပါ အက်ရှင်အေ့(ဒ်) မြန်မာ ၏ စီမံကန်းအမည်မှာ ဒေသန္တရဖွံ့ဖြိုးရေး လူမှုစီပွားရေးဖွံ့ဖြိုးတိုးတက်မှု ကွန်ရက် (Socio Economic Development Network for Regional Development)၊ စီမံကိန်းကာလမှာ ၂၀၁၃ မှ ၂၀၁၆ ထိဖြစ်ကြောင်း၊ စီမံကန်းနယ်မြေများမှာ ပခုက္ကူမြို့နယ်၊ မြိုင်မြို့နယ်၊ ပုဂံမြို့နယ် တို့ဖြစ်ကြောင်း၊ မိတ်ဖက်အဖွဲ့အစည်းများမှာ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကွန်ရက် နှင့် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးမိတ်ဖက်များ ကုမ္ပဏီလိမိတက် တို့ဖြစ်ကြောင်းသိရသည်။

``ကျွန်မတို့ဒီအရောင်းပြခန်းဆိုင်ကို နေ့စဉ်နံနက်(၉)နာရီမှ ညနေ(၆)နာရီအထိ ပိတ်ရက်မရှိဖွင့်လှစ်ရောင်း ချသွားမှာပါ။ အရောင်းပြခန်းထဲက ပစ္စည်းတွေကတော့ အနည်းဆုံးမြန်မာငွေ တစ်ထောင်ကျပ်ကနေ ငါးသောင်း ကျော်တန် ပစ္စည်းတွေအထိ ပါရှိပါတယ်။ ပြည်ပနိုင်ငံခြားသားရော ပြည်တွင်းက ၀ယ်ယူလိုသူတွေကိုပါ မြန်မာ ကျပ်ငွေနဲ့ရောင်းချပေးသွားမှာဖြစ်ပါတယ်။ ဆိုင်မှာ တာဝန်ခံအင်အား(၂၀)ကျော်ရှိပါတယ်။´´ဟု မမေသင်ဇာ ကျော်စိုး က ပြောသည်။

အက်ရှင်အေ့(ဒ်) မြန်မာ ၏ ရည်ရွယ်ချက်မှာ မြန်မာအမျိုးသမီးများ အလုပ်အကိုင်အခွင့်အလမ်း မဟာဗျူဟာစီမံကိန်းဖြစ်ကြောင်း၊ ပြည်ပ INGO များနှင့် ပြည်တွင်း NGO များကပါ ၀ိုင်းဝန်းကူညီဆောင်ရွက် ပေးကြပါရန် အက်ရှင်အေ့(ဒ်) မြန်မာ၏ ဌာနေဒါရိုက်တာ Shihab Uddin Ahamad က မေတ္တာရပ်ခံစကား ပြောဆို၍ အခမ်းအနားကို နေ့(၁၁း၃၀)တွင် ပြီးကြောင်း သတင်းရရှိသည်။

ဝိုင်းကြည်အောင်

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ကျီတိုင်ကုန်းကျေးရွာတွင် ရေအခက်အခဲရှိလာ၍ ရေကိုဝယ်ယူသုံးစွဲနေကြရ

မန္တလေးတိုင်းဒေသကြီးသာစည်မြို့ နယ် ကျီတိုင်ကုန်ကျေးရွာတွင်နွေရာသီကာ လ သောက်ရေသုံးရေနှင့် နွားသောက်သုံး ရန်အခက်အခဲများရှီလာ၍ဒေသခံများရေ ကိုဝယ်ယူသုံးစွဲနေရကြောင်းသိရသည်။


အဆိုပါကျေးရွာတွင်အများဆုံးတွင်းကျယ် ရေတွင်းတစ်တွင်းအဝီစီတွင်းတစ်တွင်းရှိ သော်လည်း လျှပ်စစ်မီး မရသဖြင့်မီးစက် နှင့်မောင်းမပေးကြောင်းအိမ်ခြေနှစ်ရာခု နှစ်ဆဟ်ရှိပြီးတွင်းကျယ်ရေတစ်တွင်းနှင့် ရေမလုံလောက်သဖြင့်ပုဂ္ဂလီကရေစက် တစ်ခုရှိသည့်အတွက်ရေဝယ်ယူသုံးစွဲနေ ရသည်ဟု ဒေသခံအချို့ ပြောပြချက်အရ သိရသည်။

ရေဝယ်ယူသုံးစွဲရာတွင်ရေတစ်စည်ကို ငွေကျပ်သုံးရာရေခြောက်ထမ်းကိုငွေကျပ် နှစ်ရာနှင့်ဝယ်ရကြောင်း ရေစက်မှာလည်း တစ်ခုဘဲရှိသည့်အတွက်အလှုအယှက် ဝယ်ရခြင်းမိုးတွင်းကာလ၌ရွာဦးဘုန်းကြီး ကျောင်းထဲသို့ရေဝင်မှသာရေကိုလုံလုံ လောက်လောက်သုံးစွဲရသည်ဟုသိရ သည်။

အဆိုပါကျေးရွာသည်သာစည်မြို့နှင့်တစ် မိုင်သာဝေးပြီးသာစည်မြို့စါတ်အားခွဲရုံနှင့် ကပ်လျှက်ရှိသော် လည်း လျပ်စစ်မီးမရ သေးကြောင်းယခုလိုပူပြင်းသည့်နွေရာသီ ရောက်ရှိပါကတစ်ရွာလုံးရေအခက်အခဲ များနှင့်ကြုတွေ့ရကြောင်း သို့ဖြစ်၍ရေအ ခက်အခဲနှင့် လျပ်စစ်မီးရှိရေးကို ဒေသခံပြည်သူများလိုလား နေလျှက်ရှိကြောင်းသိရ သည်။

SaiLuMinMediaGroup