Monday, April 7, 2014

လောက်ကိုင် တပ်နယ်၊ ဟိုပန် တပ်နယ်နှင့် ကွမ်းလုံ တပ်နယ် အရာရှိ/စစ်သည်၊ မိသားစုများအား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တွေ့ဆုံ အမှာစကား ပြောကြား

 လောက်ကိုင်မြို့နယ်၊ ဟိုပန်မြို့နယ်နှင့် ကွမ်းလုံမြို့နယ်များသည် တပ်မတော်၏ နိုင်ငံတော် ကာကွယ်ရေး သမိုင်းကြောင်းတွင် အထင်ကရနေရာများ ဖြစ်ကြောင်း၊ နယ်စပ် ဒေသများဖြစ်၍ သတိတရားနှင့် အမြဲတမ်း Alert ဖြစ်နေရန် လိုအပ်ကြောင်း၊ မြဲ(၃)မြဲဖြင့် အမြဲသတိရှိစွာ နေထိုင်၍ သင်ကြားထားသည့် စစ်ပညာ များကို မမေ့လျော့ရန်နှင့် အသုံးချနိုင်ရန် လည်းလို ကြောင်း၊ နည်းပညာခေတ်တွင် ခေတ်နှင့်အမီ လိုက်နိုင်ရန် လိုကြောင်း၊ မိမိ ကိုယ်ကို ယုံကြည်မှု၊ မိမိတပ်အပေါ် ယုံကြည်မှု မှ တပ်မတော်အပေါ် အပြည့်အဝ ယုံကြည်မှု စိတ်ဓာတ်များ ခိုင်မာအောင် ဆောင်ရွက်ရန် လိုကြောင်း၊ ပြည်သူက ယုံကြည်အားထားရ သောတပ်ဖြစ်အောင် နိစ္စဓူဝ အလုပ်များကို မှန်မှန်ကန်ကန် လုပ်ကိုင်၍ ကောင်းမွန်သော ခေါင်းဆောင်မှုဖြင့် စီမံ အုပ်ချုပ်သွားရန် လိုအပ်ကြောင်း၊ ပြည်သူ၏ အားကိုးယုံကြည်မှု ရရှိမှ သာ နိုင်ငံတော်အတွက် ခွန်အားဖြစ်စေ၍ နိုင်ငံ၏တာဝန်ကို ထမ်းဆောင်ရကျိုး နပ်မည် ဖြစ်ကြောင်း၊ မှန်ကန်ညီညွတ်သော အုပ်ချုပ်မှုသည် နိုင်ငံတော် ကာကွယ်ရေး အတွက် လိုအပ် သော တိုက်ပွဲစွမ်းအားကို မြင့်မားတိုးတက် စေမည်ဖြစ်ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ယနေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်း တို့တွင် လောက်ကိုင်တပ်နယ်၊ ဟိုပန်တပ်နယ် နှင့် ကွမ်းလုံတပ်နယ်မှ အရာရှိ/ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြော ကြားစဉ် ထည့်သွင်း ပြောကြားခဲ့သည်။


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့သည် ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး သူရသက်ဆွေ၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးခင်အောင်မြင့်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ အရှေ့ မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်စိုးနှင့်ဇနီး၊ တာဝန်ရှိသူများ လိုက်ပါ လျက် ယနေ့နံနက်ပိုင်းတွင် လောက်ကိုင်တပ်နယ်မှ အရာရှိ/စစ်သည်၊ မိသားစုများအား လည်းကောင်း၊ မွန်းလွဲပိုင်းတွင် ဟိုပန်တပ်နယ် ခန်းမ၌ ဟိုပန်တပ်နယ်နှင့် ကွမ်းလုံတပ်နယ် မှ အရာရှိ/စစ်သည်၊ မိသားစုများအားလည်း ကောင်း တွေ့ဆုံ အမှာစကား ပြောကြားသည်။

တွေ့ဆုံပွဲများ အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အရာရှိ/စစ်သည်၊ မိသားစုများအတွက် လက်ဆောင်ပစ္စည်းများအား လည်းကောင်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှက တပ်နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းများအတွက် ထောက်ပံ့ငွေများအား လည်းကောင်း တပ်နယ်အလိုက် အသီးသီး ပေးအပ်ရာ တာဝန်ရှိသူတို့မှ လက်ခံ ရယူသည်။

အလားတူ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်းက အားကစား ပစ္စည်းများ ပေးအပ်ရာ တာဝန်ရှိသူတို့မှ လက်ခံ ရယူကြသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တွေ့ဆုံပွဲများသို့ တက်ရောက် လာကြသည့် အရာရှိ/ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။



တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် လောက်ကိုင်မြို့သို့ ရောက်ရှိစဉ် လောက်ကိုင် တပ်နယ် ဧည့်ခန်းမတွင် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ (လောက်ကိုင်) ဦးစီး ကော်မတီ ဥက္ကဋ္ဌ ဦးပယ်စောက်ချိန် ဦးဆောင်သော အဖွဲ့အား လက်ခံ တွေ့ဆုံသည်။ တွေ့ဆုံ ရာတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပြည်သူရွေးချယ်ထားသည့် ပါတီစုံဒီမို ကရေစီ လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းရာ၌ လက်နက်ကိုင် ပဋိပက္ခနှင့် အကြမ်းဖက်မှုများ မရှိစေရေး လက်တွဲ လုပ်ဆောင်သွားရန် လိုကြောင်း၊ဒေသ တည်ငြိမ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် နယ်မြေငြိမ်းချမ်းမှုမှာ မဖြစ်မနေ လိုအပ်ကြောင်း ပြောကြားခဲ့ပြီး နယ်မြေဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာများ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် လောက်ကိုင် တပ်နယ် တပ်မတော်ဆေးရုံသို့ ရောက်ရှိပြီး ဆေးရုံတက်ရောက် ကုသလျက် ရှိသော အရာရှိ/ စစ်သည်၊ မိသားစုများအား တစ်ဦးချင်း ရင်းရင်း နှီးနှီး အားပေး နှုတ်ဆက်စကား ပြောကြားပြီး စားသောက် ဖွယ်ရာများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။

ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးပြီး အုပ်ချုပ်မှုပိုင်း ဆိုင်ရာများ၊ ကုသရေးဆိုင်ရာ လိုအပ်ချက်များ အား ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။ 

ဒေါ်စု လုံးဝ မသွားသည့် ဦးဝင်းတင်ထံသို့ အရှင် ဦးဝီရသူ သွားရောက်အားပေး


ကျန်းမာရေး ချို့ယွင်းမှု ကြောင့် ရန်ကုန် ဆေးရုံကြီး တွင် ဆေးကုသ မှုခံယူ နေသော သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင် အမြန်ဆုံး ကျန်းမာ လာစေရန် အရှင် ဦးဝီရသူ မှ ဧပြီလ (၅) ရက် နေ့တွင် ဆေးရုံသို့ သွားရောက် အားပေးခဲ့သည်။


ဦးဝင်းတင်ဟာ မြန်မာပြည်သူပြည် သားအားလုံးအတွက် အရေးပါတယ်။ ဒီမိုကရေစီမရမချင်း ဆရာကြီး ဦးဝင်းတင်ရှိနေဖို့ လို အပ်တယ်။ အမြန်ဆုံး ကျန်းမာလာပြီး နိုင်ငံရေး ဟောပြော မှုတွေ ဟောနိုင်ပြောနိုင်ဖို့ မျှော်လင့် ပါတယ်””ဟု အရှင် ဦးဝီရသူ က မိန့်ကြားသည်။ အရှင်ဦးဝီရသူ မှ ဟံသာဝတီ ဦးဝင်းတင် ကျန်းမာ လာ စေရေးအတွက် အားပေးမှုများ ပြုလုပ် ခဲ့ကာ ဗောဇ္ဈင်္ဂသုတ် ကိုးခေါက် ရွတ် ဖတ်ခဲ့ပြီး ၀တ္ထုငွေ ကျပ်တစ် သိန်း ကိုလည်း ထောက်ပံ့ ပေးခဲ့ကြောင်း ဆရာတော် ထံမှ သိရ သည်။ 

ဟံသာဝတီ ဦးဝင်းတင် သည် မတ်လ (၁၂) ရက်နေ့က Green Cross ဆေးရုံတွင် တက်ရောက်ကုသခဲ့ပြီး၊ မသက် သာ ၍ ၀ိတိုရိယ ဆေးရုံသို့ ထပ်မံ ပြောင်းရွှေ့ကုသခဲ့သည်။ မတ်လ (၂၉)ရက်နေ့တွင် ရန်ကုန်ဆေးရုံကြီး သို့ ထပ်မံပြောင်းရွှေ့ကုသခဲ့ပြီး လက်ရှိ တွင် ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်အဆောင် တွင် ဆေးကုသလျက်ရှိသည်။

လက်ရှိတွင် ဟံသာဝတီဦးဝင်းတင်၏ ကျန်းမာရေး အခြေအနေ တိုးတက် ကောင်းမွန် လာနေပြီဖြစ်ပြီး အမြန်ဆုံး ပြန်လည်သက်သာ မည်ဟု မျှော်လင့်ကြောင်း ဟံသာဝတီ ဦးဝင်းတင်၏ ကျန်းမာရေး အခြေအနေအား သွား ရောက် ကြည့်ရှုခဲ့သည့် နိုင်ငံရေးအကျဉ်းသား ဟောင်းတစ်ဦးက ပြောသည်။ ဟံသာဝတီ ဦးဝင်းတင် ၏ ကျန်းမာရေး အမြန်ဆုံး သက် သာလာစေရန် ဧပြီလ (၄)ရက်နေ့ကလည်း မန္တလေးမြို့၌ အထက်မြန်မာပြည် စာပေ ပညာရှင်များက ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြသည်။

.. www.MyanmarExpress.net

NLD ပါတီမှာ ဂွမ်း၊ ကြက်မွေးတို့နှင့် ပွတ်သည်ကိုပင် မခံချင် ဖြစ်နေ ဟု ကြံ့ခိုင်ရေးပါတီ လွှတ်တော်အမတ်

NLD ပါတီဝင်များသည် ဂွမ်းကလေး၊ ကြက်မွေးလေးနှင့် ပွတ်သည်ကိုပင် မခံချင်ဘူး ဟူသော သဘော ဖြစ်နေကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ပြင်းပြင်းထန်ထန် ဝေဖန် ပြောကြားလိုက်သည်။


NLD ပါတီတွင် ဒေါ်အောင်ဆန်းစုကြည်မှလွဲ၍ ကျန်သည့်သူများ တစ်ယောက်မှ အသုံးမကျ ဟု ပြောကြားခဲ့ခြင်းကြောင့် NLD ပါတီက တရား စွဲဆိုရန် ဆောင်ရွက်နေခြင်းအပေါ် Hot News ဂျာနယ်က မေးမြန်းရာတွင် ထိုသို့ တုံ့ပြန်ပြောကြားလိုက်ခြင်း ဖြစ်သည်။

“ဒီလောက်လေး ပြောတာနဲ့ တော်တော့်ကို ခံရခက်သွားရှာတယ်။ သူ့ဟာက အရင်ကတော့ နိုင်ငံရေးခံယူချက်ကြောင့် ထောင်ဘယ်နှစ်နှစ်ကျကျ အကျခံတယ်။ အနှစ် ၂၀ ကျကျ၊ အနှစ် ၃၀ ကျကျ ဆိုပြီး။ ခုကျတော့ ဂွမ်းလေးနဲ့ ကြက်မွေးလေးနဲ့ ပွတ်တာတောင် မခံချင်ဘူးဆိုတဲ့ ပုံစံမျိုး" ဟု ဦးလှဆွေက ပြောကြားလိုက်သည်။

“ခုဖြစ်တာက သူတို့က ငါ ပြောချင်တာ ပြောမယ်။ ငါတို့ကို လာပြောရင် တရားစွဲမယ် ဆိုပြီး အာဏာက မရသေးဘူး၊ အာဏာပြချင်နေတယ်။ တကယ်လို့သာ သူတို့ အမှန်တကယ် တရားစွဲခဲ့သော် သူတို့ ပိုသိက္ခာကျသွားမယ်” ဟု ၄င်းက ဆိုသည်။

ထို့အပြင် NLD ပါတီသည် တော်တော်ယုတ်ကန်းသူများ ဖြစ်ကြောင်း၊ ပြည်တွင်း ဗုံးပေါက်ကွဲမှု ဖြစ်ချိန်၌ KNU မှ ပဒိုမန်းငြိမ်းမောင်ကိုယ်တိုင် သူတို့လူ ဟု ပြောသည်ကို ဗုံးပေါက်ကွဲမှုနောက်ကွယ်တွင် ကြိုးကိုင်သူများ ရှိသည် ဟု ဆိုကာ မဟုတ်မမှန် စွပ်စွဲခဲ့ကြောင်း၊ တပ်မတော်နှင့် ကြံ့ခိုင်ရေး ပါတီတို့ကို စွပ်စွဲခဲ့ကြောင်း၊ မဲဆွယ်သည့်အခါ ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံကို အသုံးပြုခြင်းတွင်လည်း ဗိုလ်ချုပ်ပုံသုံး၍ ဗိုလ်ချုပ် လွှတ်တော်ထဲ ရောက်မလာနိုင်တော့ကြောင်း၊ ဂဠုန်ဦးစောသတ်၍ သေပြီ ဖြစ်၍ ရောက်လာသည့် သူမှာ ဖဆပလခေတ်က ပြောသလိုမျိုး ခွေးအမြီးဖြတ်ပြီး ရောက်လာမယ့် ပုံစံမျိုး ဖြစ်ကြောင်း ပြောကြားသည်။

ဦးလှဆွေကို NLD ပါတီအား အသရေဖျက်မှုဖြင့် တရားစွဲဆိုရန် လူသိထင်ရှား ထုတ်ဖော်ပြောကြားထားသော်လည်း ယနေ့အချိန်အထိ တစ်စုံတစ်ရာ ဆောင်ရွက်ခြင်း မရှိသည့်အခြေအနေနှင့် ပတ်သက်၍လည်း နိုင်ငံရေးသမားများအကြား အမျိုးမျိုး ထင်မြင် ယူဆလျက် ရှိသည်။

“ဦးလှဆွေကို တရား စွဲမယ် ဆိုတော့ ဦးလှဆွေ ပြောတာ မှားနေလား။ ပြန်ကြည့်ရင် ဦးလှဆွေ ပြောတာ အကုန်လုံး အမှန်တွေချည်းပဲ။ အားနာလို့သာ ဒီလို မပြောကြတာ။ အကုန်လုံးက မှန်တယ်။ NLD ပါတီမှာ ဒေါ်စုကလွဲပြီး ဘယ်ကောင် သောက်သုံးကျသလဲ။ ကျတယ် ဆိုတဲ့သူကို ပြပါ။ ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံနဲ့ မဲဆွယ်တယ် ဆိုတာလည်း မှန်တာပဲ။ ဒေါ်စုက သူ့သမီး ဖြစ်တာနဲ့ ဗိုလ်ချုပ်ဓါတ်ပုံ မူပိုင် သုံးလို့ ရပြီလား။ ဗိုလ်ချုပ်က NLD ပါတီနဲ့ ဘာမှ မဆိုင်ဘူး။ NLD ပါတီခေါင်းဆောင် မဟုတ်ဘူး။ NLD ပါတီဝင် မဟုတ်ဘူး။ ဒါက အရှက် မရှိ ဗိုလ်ချုပ်အောင်ဆန်းကို လုပ်စားတာ ရှင်းနေတာပဲ။ ဒီလို လုပ်လို့ ရွေးကောက်ပွဲ နိုင်တာ။ ဗိုလ်ချုပ် ဓါတ်ပုံ ထောင်ပြီး မဲဆွယ်လို့ ဘယ်သူ ၀င်ရွေးရွေး အရွေးခံရတာပါ။ ဦးလှဆွေ ပြောသလို ခွေးကို အမြီးဖြတ်ပြီး ၀င်ပြိုင်လည်း အရွေးခံရမှာ သေချာတယ်။ ဗိုလ်ချုပ်အောင်ဆန်းက NLD ပါတီ ခေါင်းဆောင်ကြီး ပုံစံမျိုး လုပ်ထားတာလေ” ဟု နိုင်ငံရေးပါတီတစ်ခုမှ ဒုတိယဥက္ကဌတစ်ဦးက ပြောကြားသည်။

NLD ပါတီသည် ဗိုလ်ချုပ်အောင်ဆန်းမိသားစုကို အသုံးချ၍ လူထုကို လှည့်စားနေသလို ဖြစ်နေကြောင်း၊ ကိုယ်ပိုင်အရည်အချင်း တစ်ခုမှ မရှိကြောင်း၊ ဦးလှဆွေကို ထောက်ခံကြောင်း၊ စကားလုံးသာ ကြမ်းချင်ကြမ်းမည်၊ ဦးလှဆွေ ပြောခဲ့သည်များ အားလုံး ထောက်ခံကြောင်း ၄င်းက ပြောဆိုသည်။

NLD ပါတီ တရားစွဲမယ် ပြောနေတာ အလကား လေသံပစ်နေသော်လည်း NLD ပါတီမှာ ဒီလောက် သတ္တိရှိသူ မရှိကြောင်း။ ဦးလှဆွေကို ယှဉ်ပြီး ပြောနိုင်သော သူမှာလည်း ဦးဝင်းတင်သာ ရှိကြောင်း။ ယခု ဦးဝင်းတင် ဆေးရုံတက်နေရသည်ကိုကြည့်လျှင် ပါတီခေါင်းဆောင်ကိုယ်တိုင် လျစ်လျူရှုထားသည်ကို တွေ့နိုင်ကြောင်း၊ အမှန်တစ်ကယ်တွင် ဦးဝင်းတင် နှင့် အမာလိုင်းသမားများမှာ အသုံးချခံများသာ ဖြစ်သည်ကို တွေ့ရှိနိုင်ကြောင်း၊ ထောင်ကျခံ အနစ်နာခံကာ ပေးဆပ်ခဲ့သူများ ယခုအချိန်တွင် မည်သည့်နေရာမှ ထိုက်ထိုက်တန်တန် ပေးခြင်း မရှိကြောင်း၊ NLD ပါတီသည် အမာခံများကို အသုံးချ ပြည်သူကို ဗိုလ်ချုပ်အောင်ဆန်း ပုံရိပ်နှင့် လှည့်စားကာ အာဏာရရေး အသုံးချနေသူများသာ ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ် တစ်ဦးက ပြောဆိုသည်။

“အခုပဲ စဉ်းစားကြည့်။ ကျွန်တော်တို့ ပါတီက ဆုံးဖြတ်ထားတဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးမှာ ပုဒ်မ ၅၉(စ)မှာ သားမက်တွေ၊ ချွေးမတွေပဲ လျှော့ပေးမှာ။ ဒီတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ဖို့ မလွယ်နိုင်ဘူး။ ဒါဆိုရင် NLD က အခုလုပ်နေတဲ့ ဆန္ဒပြတာတွေကို အရှိန်မြှင့်ပြီး လုပ်မှာပဲ။ လူအုပ်ကြီးတွေ လမ်းပေါ်ထွက်လာရင် ၈၈ တုန်းကလို အကြမ်းဖက်တာတွေ၊ ခေါင်းဖြတ်တာတွေ ပြန်ဖြစ်လာနိုင်တယ်။ ဒါကိုလည်း အဆင်ပြေအောင် NLD နဲ့ လျှို့ဝှက် သဘောတူညီချက်တွေ ယူထားတဲ့ သူရဦးအောင်ကိုက ပုဒ်မ(၁၈)ကို ပယ်ဖျက်အောင် လုပ်ပေးတယ်။ ဒီတော့ ဆန္ဒ ပြချင်တိုင်းပြ လို့ မထိန်းနိုင် မသိမ်းနိုင် ဖြစ်လာရင် စစ်တပ်က ပြန်ဝင်လာမှာပဲ။ ဒီတော့ ဘာမှ မသိတဲ့ ပြည်သူတွေ သေကြ၊ ကြေကြရမယ်။ တစ်နိုင်ငံလုံး ဆိုရင်တော့ လူ သောင်းဂဏန်း သေမယ်။ ပြီးတော့ တပ်က အာဏာသိမ်းမယ်။အခြေခံဥပဒေ ပြန်ရေးမယ်။ ပြီးရင် ရွေးကောက်ပွဲ လုပ်ပေးမယ်။ ဒေါ်အောင်ဆန်းစုကြည် နိုင်မယ်။ အဲဒီအချိန် အသက် (၈၀)ကျော်လောက်ပြီပေါ့။ အဲဒီအချိန်မှ သမ္မတ ဖြစ်မယ်။ ဒီကြားထဲ လေးငါးဆယ်နှစ်လောက် ပြန်စောင့်ရဦးမယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းနေသေးရင် ဒီအချိန်လောက်ရောက်ရင် သမ္မတ ဖြစ်မယ်။ ကြားထဲက ပြည်သူလူထု သေရမှာက သောင်းဂဏန်းလောက် ရှိမယ်" ဟု ၄င်းက ပြောကြားသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေးအတွက် အဟန့်အတား ဖြစ်နေပြီး NLD ပါတီဝင်များက ပြင်ဆင်ရေးဆန္ဒပြမှုများ ပြုလုပ်နေပြီး တစ်ချိန်တည်းမှာပင် မပြင်ရေးအတွက် ဆန္ဒပြဟောပြောမှုများလည်း တိုးမြှင့်ဖြစ်ပေါ်လာလျက် ရှိနေသည်။

လှိုင်သာယာ လုပ်သားများ လစာတိုးရေး ဆန္ဒပြ



ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ စက်မှုဇုန်မှာ ရှိတဲ့ စက်ရုံတစ်ချို့က အလုပ်သမား တွေဟာ လုပ်ခလစာ တိုးမြှင့်ရရှိရေး အတွက် လှိုင်သာယာ မြို့နယ် မီးခွက်ဈေးအောက်ထိပ်ကနေ မြို့နယ်အား ကစားကွင်းထိ ဒီနေ့ လမ်းလျှောက် ဆန္ဒပြခဲ့ ကြ ပါတယ်။


အစိုးရဝန်ထမ်းတွေ အနေနဲ့ ဧပြီလက စပြီး လစာ နှစ်သောင်း တိုးရမှာဖြစ် တာကြောင့် စက်ရုံအလုပ်သမားတွေဟာ တစ်ရက်ကို လုပ်ခလစာ ၅၆ဝဝ ရရှိမှ ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ ကိုက်ညီနိုင်မယ်လို့ Gallant Ocean အအေးခန်းစက်ရုံ အခြေခံ အလုပ်သမားအဖွဲ့က မလှလှက ပြောပါတယ်။

"ကျနော်တို့ ဒီမှာ ကျနော်တို့မှာရပ်တည်နေရတဲ့ နေထိုင်မှု စရိတ်တွေဟာ လူတစ်ယောက်ထမင်းစားဖို့အတွက်ကို လှိုင်သာယာဈေးနှုံးနဲ့ကို ည၊မနက် ကို ၁ဝဝဝ လောက် ရှိပါတယ်၊ ဧပြီလကုန်လို့ရှိရင် အစိုးရဝန်ထမ်း ၂ဝဝဝဝ တိုးမှာ အဲ့ဒီ ၂ဝဝဝဝ တိုးလို့ရှိရင် ပိုဆိုးလာမှာ တစ်နေ့ ၈ နာရီ ၅၆ဝဝ ရရေး ကို အခုတောင်းဆိုကြခြင်းဖြစ်ပါတယ်၊ဒီ ၅၆ဝဝ ရမှသာလျှင် အလုပ်သမား အတွက်က အနည်း အကျဉ်းလောက်ပဲ ဖူလုံရုံပဲရှိမှာပါ၊ အခုဆိုလို့ရှိရင် ကျနော်တို့ အလုပ်သမားတွေမှာ ရတဲ့ပိုက်ဆံနဲ့ မလောက်တဲ့ အတွက်ကြောင့် ကျနော်တို့ ၁ဝဝ ကို ၂ဝ နှုံးနဲ့အတိုးတွေ ယူနေရ တယ်၊တစ်လ တစ်လ အတိုးတွေသာသတ်နိုင်တယ် အရင်းကို မဆပ်နိုင်ဘူး"

ဒီဆန္ဒပြပွဲကို လှိုင်သာယာမြို့နယ်က စံကောင်း ပီနံအိတ်စက်ရုံ၊ Gallant Ocean အအေးခန်းစက်ရုံတွေက အလုပ်သမား ၂ဝဝ ကျော်လောက် ပူးပေါင်းပါဝင်ခဲ့ကြပြီး ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အလုပ်သမား၊ လယ်သမားတွေရဲ့ ဆန္ဒတွေနဲ့ အညီ ပြင်ဆင်ပေးဖို့ ကိုလည်း တောင်းဆို ခဲ့ကြပါတယ်။

အခုလို အလုပ်သမားတွေအနေနဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင် ဆင်ရေးကို တောင်းဆိုတာဟာ ပထမဆုံး အကြိမ်ဖြစ်ပါတယ်။

လှိုင်သာယာမြို့နယ်က အလုပ်သမားတွေရဲ့ ဆန္ဒပြပွဲ ကို မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမား သမဂ္ဂများကွန်ယက်၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက အဖွဲ့ဝင်တွေနဲ့ အလုပ်သမားအရေး ကူညီဆောင်ရွက်နေသူတွေ လည်း ပူးပေါင်းပါဝင်ခဲ့ပါတယ်။

RFA Burmese

ပြည့်တန်ဆာ လုပ်ငန်းကို ကြီးလေးသော ပြစ်ဒဏ်ချရန် ညွှန်ကြား

အတင့်ရဲလာသည့် ပြည့်တန်ဆာ လုပ်ငန်းနှင့်မိန်းကလေးများအားအရောင်းအဝယ် ပြုလုပ်ခြင်းကို နှိပ်ကွပ် ရန်အတွက် ကြီးလေးသည့်ပြစ်ဒဏ် များကိုသာ ချမှတ်ရန် တရားရုံး အားလုံးသို့ ညွှန်ကြားချက် ပေးပို့ ထားကြောင်း ရန်ကုန် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြော သည်။


အဆိုပါ လုပ်ငန်းများကို ၁၉၄၉ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် ပြည့်တန်ဆာ နှိပ်ကွပ်ရေး ဥပဒေဖြင့်သာ အရေး ယူ လျက်ရှိပြီး တရားရုံးချုပ်နှင့် တရား လွှတ်တော်တို့၏ ညွှန်ကြားမှုများ ထပ်မံ ထုတ်ပြန်ကာ ထပ်ဆင့် အားဖြည့်၍ ထိရောက်စွာ အရေးယူနိုင်ရေးကို ဆောင်ရွက်နေသည်ဟု ဝန်ကြီးက ပြောသည်။ခေတ်ကာလ အလျောက် ပြည့်တန်ဆာ လုပ်ငန်းများ များပြားလာသဖြင့် ယင်းကို မနှိမ်နင်းနိုင်ပါက အကျင့်စာရိတ္တ ပျက်ယွင်းခြင်း၊ လူမျိုးဂုဏ် ကျဆင်းခြင်းနှင့် ကျန်းမာရေး ထိခိုက်ခြင်းများ ကြုံတွေ့လာနိုင်သဖြင့် တင်းကျပ် စွာ အရေးယူမှုကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။

အစိုးရသစ်လက်ထက် ၂ဝ၁၁ ခုနှစ် မတ်လ ၃၁ ရက်နေ့မှ ၂ဝ၁၃ ခုနှစ် သြဂုတ်လ ၃ဝ ရက်နေ့အထိ ပြည့် တန်ဆာ နှိပ်ကွပ်ရေး ဥပဒေအရ အရေး ယူခဲ့သော အမှု ၄,၈၁၆ မှုရှိကြောင်း ဝန်ကြီးက ပြောသည်။

ယင်းတွင် ကျား ၂၂၂ ဦးနှင့် မ ၄,၉၁၈ ဦးကို အရေးယူနိုင်ခဲ့သည်ဟု ဝန်ကြီး၏ ပြောပြချက်အရ သိရသည်။ ရန်ကုန်တိုင်းဒေသကြီး ဆဋ္ဌမ ပုံမှန်အစည်းအဝေး နောက်ဆုံးနေ့တွင် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စား လှယ် ဒေါက်တာညိုညိုသင်းက အစိုးရသစ် လက်ထက်၌ ပြည့်တန်ဆာ နှိပ်ကွပ်ရေး ဥပဒေအရ အရေး ယူ ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ မေးမြန်းခဲ့ခြင်း ဖြစ်သည်။ ယင်းကို ဝန်ကြီးက အထက်ပါအ တိုင်း ဖြေကြားခဲ့သည်။

၁၉၄၉ ခုနှစ် ပြည့်တန်ဆာနှိပ်ကွပ် ရေး ဥပဒေနှင့် ပတ်သက်၍ ဥပဒေပိုင်း ဆိုင်ရာ ဝေဖန်မှုများရှိနေပြီး ရှေး ရိုး အစဉ်အလာ ထိန်းသိမ်း စောင့်ရှောက်လိုသူများက ယင်းကို လူ့ဘောင် ယဉ်ကျေးမှုအရ ထိန်းသိမ်း သင့်ပြီဟုဆိုကြပြီးအချို့မှာ ခေတ်ကာလနှင့်အညီ ပြင်ဆင်ရန်သင့်သည်ဟု ဝေဖန်မှုများရှိနေကြောင်း ဒေါက်တာ ညိုညို သင်းက ပြောသည်။

၁၉၉၈ ခုနှစ် ဧပြီလတွင် ၁၉၄၉ ခုနှစ် ပြည့်တန်ဆာ နှိပ်ကွပ်ရေး ဥပဒေ ပြင်ဆင်သည့်ဥပဒေ ထွက်ပေါ်ခဲ့ပြီး ယင်းတွင် ထောင်ဒဏ်များကို တိုးမြှင့် ချထားပေးရန်နှင့် မကျမနေ ထောင် ဒဏ်အပြင် ငွေဒဏ်ကိုလည်း ချမှတ်ရန် ပြင်ဆင်ခဲ့သည်။

တရားလွှတ်တော်ရှေ့နေဦးကြီး မြင့်က ”ဒီဥပဒေမှာက ပျော်ပါးတဲ့ အမျိုးသားတွေကိုတော့ အရေးမယူဘူး။ အမျိုးသမီးတွေကိုပဲအရေးယူတယ်။ဒါကတော့တစ်မျိုး ဖြစ်နေတာပေါ့”ဟု ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေနှင့် ပတ်သက်၍ ပြောသည်။

ဖွံ့ဖြိုးပြီးနိုင်ငံများ၌ ပြည့်တန်ဆာ လုပ်ငန်းကို လိုင်စင်ဖြင့် လုပ်ကိုင်ခြင်းများ ရှိရာ ယင်းကဲ့သို့ စီမံ၍အမျာြး ပည်သူ များရှေ့တွင် မဖွယ်မရာ ပြုလုပ်ခြင်းကိုသာ ဥပဒေအရ တားမြစ်ခြင်းဆောင် ရွက်ရန်သင့်သည်ဟု ၄င်းက သုံးသပ် ပြောသည်။

၁၉၄၉ ခုနှစ်၊ ပြည့်တန်ဆာ နှိပ်ကွပ်ရေး ဥပဒေကို ၁၉၉၈ ခုနှစ်တွင် ပြင်ဆင်လိုက်ခြင်းမှာ ပုဒ်မ ၅ ၊ ပုဒ်မခွဲ ၁ တွင် တစ်နှစ်အောက် မနည်း သုံးနှစ်ထက် မပိုသည့် ထောင်ဒဏ် ကျခံရမည်ကို တစ်နှစ်ထက် မနည်း ငါးနှစ်ထက် မပိုသည့် ထောင်ဒဏ်နှင့် ငွေဒဏ် ချမှတ်နိုင်သည်ဟူ၍ လည်းကောင်း၊ ပုဒ်မ ၈ တွင် သုံးနှစ်အ ထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ စီရင်ရမည်ကို တစ်နှစ်ထက် မနည်း ငါးနှစ်ထက် မပိုသည့် ထောင် ဒဏ်အပြင် ငွေဒဏ်ပါ ချမှတ်ရန် ပြင်ဆင်လိုက်ခြင်းဖြစ်သည်။

ဖိုးသူတော်(www.phothutaw.com)
Credit:Myawady News

သံလွင် အနောက်ကမ်း ကူးသည့် ဝ တပ်ဖွဲ့ နှင့် RCSS/ SSA တို့ ရင်ဆိုင် တိုက်ပွဲဖြစ်

သျှမ်းပြည် တောင်ပိုင်း မိုင်းပန်မြို့နယ် အတွင်း သံလွင် အရှေ့ခြမ်း မှ အနောက်ဘက် ခြမ်းသို့ ကူးကာ ရွှေ တူးဖေါ် နေသည့် UWSA ဝ တပ်ဖွဲ့နှင့် RCSS/ SSA တို့ ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွါး ခဲ့သည်ဟု ဆိုသည်။


ဧပြီလ ၂ ရက်နေ့က သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့ အရှေ့တောင်ဘက် သံလွင်မြစ်အနောက်ခြမ်း ကူးကာ ရွှေတူးဖေါ်သည့် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် RCSS/SSA တို့ ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွါးခဲ့သည်။ တိုက်ပွဲတွင် RCSS/ SSA ဘက်မှ လက်နက်ကြီးငယ် သုံးလက်ထက်မနည်း သိမ်း ဆည်းရရှိကြောင်း၊ လူသေလောင်းလဲ တွေ့ရှိကြောင်း မိုင်းပန်ဒေသခံပီစိုင်းကပြောသည်။

“တာချီလိတ်မြို့ရောက် RCSS/ SSA ကစဝ်စိုင်းလူး က ဝ တပ်ဖွဲ့ဌာနချုပ် ပန်ဆန်းကို အဲဒီ ကိစ္စနဲ့ပတ်သက်ပြီး သတင်းပေးပို့အကြောင်းကြားလိုက်ပြီ။ ဝ တပ်ဖွဲ့မှန်း ကျနော်တို့မသိဘူး၊ ရွှေလာတူးနေတာဘယ်သူလဲပေါ့၊ စုံစမ်းဖို့အသွားလမ်းမှာထိပ်တိုက် တိုက်ပွဲ ဖြစ်တော့တာပဲ” - ဟု အမည်မဖေါ်လိုသည့် ဌာနချုပ် အရာရှိ တဦးကပြောသည်။

သီးခြားအတည်ပြုချက်မရသေးသည့် သတင်းအရ မြန်မာအစိုးရတပ် နှင့် ၀ ပြည်သွေးစည်းတပ်မတော် တို့ ပူးပေါင်းကာ သျှမ်းပြည်တပ်မ​တော် RCSS/SSA တပ်စခန်းအား ဖေဖေါ်ဝါရီလ နှောင်းပိုင်းကလည်း တိုက်ခိုက်ခဲ့သေးသည်ဟု ဆိုသည်။

ယမန်နှစ်ကလည်း နယ်မြေကျူးကျော်မှုကြောင့်ဟုဆိုကာ RCSS/SSA ၏ လူ အင်အား ၃၀ ခန့်ကို ဝ ပြည်သွေး စည်းညီညွတ်ရေးတပ်မတော်က ဖမ်းဆီးကာ ပန်ဆန်း ဌာနချုပ်သို့ ပို့ဆောင်ခဲ့ဖူးသည် ဟု ဆိုသည်။

ဖွတ်မကြိုက် ဒေါင်းမကြိုက်တဲ့ ရဲမိုး ဒဲ့ပြောမည်

ဖွတ်မကြိုက် ဒေါင်းမကြိုက်တဲ့ ရဲမိုး ဒဲ့ပြောမည် ဒေါ်စုကို အမြဲ တိုက်ခိုက် ရေးသားနေတယ်လို့  …..စွပ်စွဲ ခံနေရတဲ့  ကျွန်တော့် အနေနဲ့ …ကိုယ့်ကိုယ်ကို သေချာ ဆန်းစစ် ...မေးခွန်း ထုတ်ကြည့်တဲ့  အခါ … .ဒီအချက်လေးတွေကြောင့် ....မကြိုက်တာ လို့  အဖြေထွက်လာပါတယ်…တစ်ယောက် နဲ့ တစ်ယောက် ...အမြင်မတူတာတွေ ရှိနိုင်ပါတယ်…ဒါပေမယ့် ...အယူအဆခြင်း ဖလှယ်နိုင်ဖို့  …ကျွန်တော့် အမြင် ကို တင်ပြအပ်ပါတယ်…


၁။ ဒေါ်စုရဲ့ အတွေးအခေါ် အယူအဆဟာ …အနောက်တိုင်းဆန်လွန်းပြီး …ကျွန်တော်တို့  မြန်မာ့ စဉ်းစားနည်း စဉ်းစားဟန် နဲ့  …မတူဘူးလို့  ခံစားရပါတယ် …( ဥပမာ ကုလားကို ကုလားလို့ မခေါ် ဖို့ ပြောတာမျိုး )

၂။ ကမ္ဘာ့ ဒီမိုကရေစီ အိုင်ကွန် လို့  ဆိုပါတယ် …ဖြစ်နိုင်ပါတယ် …ရခိုင်ကိစ္စမှာ ...ဒီမိုကရေစီ ဘက်က ရပ်တည်ခဲ့တာကို …အထင်အရှားတွေ့ ရပါတယ်….ဒီမိုကရေစီ ရူထောင့်က ကြည့်ရင် မှန်ပေမယ့် …အမျိုးသားရေး ရှုထောင့် …တိုင်းပြည် အကျိုးစီးပွား ရူထောင့် အနေနဲ့ ကတော့ ….လက်ခံနိုင်စရာ မရှိပါဘူး …ဒေါ်စု ရဲ့ မူဝါဒဟာ …အတော် လစ်ဘရယ် ဆန်ပြီး …လူ့ အခွင့်အရေး နဲ့ ဒီမိုကရေစီကို …အရမ်း ရှေ့  တန်း တင်လွန်းတယ် လို့  မြင်ပါတယ် …ဆောရီးပါ …ကျွန်တော်က …..မြန်မာ့ အမျိုးသား အကျိုးစီးပွား အိုင်ကွန်ကိုပဲ …သမ္မတ ဖြစ်စေချင်ပါတယ်…

၃။ ဒေါ်စုဟာ ငယ်ငယ်တည်းက ....နိုင်ငံခြားကို ထွက်သွားခဲ့ပြီး …ပြည်ပမှာပဲ နှစ်ပေါင်းများစွာ နေခဲ့ ပါ တယ်…၁၉၈၈ခုနှစ် ...မိခင် နာမကျန်းဖြစ်ချိန်မှာမှ ပြန်လာခဲ့ပါတယ်…အဲဒီ အချိန်မှာနိုင်ငံခြားသား တစ်ဦးနဲ့  အိမ်ထောင်ပြုပြီး ကပြားကလေး နှစ်ဦးမွေးဖွားပြီးပါပြီ….အဲဒါ ပြသနာရှိလားလို့  မေးရင်တော့ … သာမန်လူတစ်ဦး အနေနဲ့  မရှိပါဘူး ….ဒါပေမယ့် ....မြန်မာ့ အမျိုးသားခေါင်းဆောင်ကြီး …ဗိုလ်ချုပ်အောင်ဆန်းရဲ့  သမီးတစ်ယောက် အနေနဲ့ …မြန်မာနိုင်ငံရဲ့ သမ္မတ တစ်ယောက် အနေနဲ့ တော့ မလုပ်သင့် မလုပ်ထိုက်ဘူး….သိက္ခာကျတယ် လို့ ထင်ပါတယ်….

၂၀၁၅ မှာ ပြုလုပ်မယ့် ….မြန်မာနိုင်ငံသမ္မတ ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနားကို ….အင်္ဂလိပ်တွေက လက်ခုပ်သံတဖြောင်းဖြောင်း နဲ့  ….၀မ်းသာအားရ ဂုဏ်ယူဝင့်ကြွား နေမယ့်ပုံကို တွေးမိရင် … ကျွန်တော် အတော် ခံရခက်ပါတယ်….

၎။ အထိအခိုက် အရှအနာများလွန်းတဲ့  ...နည်းဗျူဟာတွေ ကို …အရမ်း ကျင့်သုံးလွန်းတယ်လို့ မြင်ပါ တယ်…ဒါဟာ ပြည်သူလူထု ကို ထိုးကျွေးတာ နဲ့  ….အတူတူပဲလို့  ခံစားရ ပါတယ်…မတရား တဲ့  အမိန့် ဟူသမျှ ဖီဆန်ကြ ဆိုတဲ့ စကားက စလို့ ….အာဇာနည်နေ့ ချီတက်အလေးပြုဖို့  တိုက်တွန်းခဲ့တဲ့  အခမ်းအနား အလယ် ….လှိုင်းဘွဲ့  ဟောပြောပွဲ အဆုံး …တစ်ဖက်က စစ်အုပ်စုကို …ထိပ်တိုက်ရင်ဆိုင် တဲ့ နည်းတွေကိုပဲ ....အများဆုံး သုံးခဲ့ပါတယ်…တကယ်ရော အလုပ် ဖြစ်ခဲ့ ပါသလား ….တစ်ခြား နည်းလမ်းတွေရော မရှိနိုင် တော့ဘူးလား ….အဲဒီ နည်းလမ်းတွေက …ဒီထက် ပို ခရီးမရောက်နိုင်ဖူးလား ဆိုတဲ့ မေးခွန်းက …ရင်ထဲမှာ အလိုလို ပေါ်လာမိပါတယ် …

၅။ အနောက်အုပ်စုကို အရမ်း အားကိုးလွန်းင်္ပြီး …တစ်ချိန်လုံး တိုင်းပြည်ကို ….စီးပွားရေး ပိတ်ဆို့ ခိုင်းခဲ့တဲ့  ...နည်းဗျူဟာကို ကျင့်သုံးခဲ့တာဟာ …လုံးဝ မဖြစ်သင့်ဘူး လို့ မြင်ပါတယ်….၂၂ နှစ်အတွင်း တိုင်းပြည် စုတ်ပြတ်သွားတာ …တရုတ်ကို အရမ်း မှီခို ရတဲ့  အနေအထားကို ….ရောက်သွားရတာသည်…ဒီ အချက်က အဓိက ဖြစ်တယ်လို့ ထင်ပါတယ်…ဒီ ဖြစ်ရပ်တွေဟာ ….အကြောင်းကြောင့် အကျိုးဖြစ်ခဲ့ ရတာတွေ ဖြစ်ပြီး …စစ်အစိုးရမှာ အဓိက တာဝန်ရှိသလို …တိုင်းပြည်ကို စီးပွားရေး ၀ိုင်းပိတ်ဆို့ ကြဖို့  ….တစ်ကမ္ဘာလုံးကို တိုက်တွန်းခဲ့တဲ့ ဒေါ်စု မှာလဲ ….အထိုက်အလျောက် တာဝန်ရှိတယ်လို့  ယူဆပါတယ်…

၆။ ဒေါ်စုဟာ...တိုင်းပြည် တိုးတက်အောင် လုပ်မယ်လို့ ….ခံယူ ကြွေးကြော် ထားသူ ဖြစ်လို့ …သူ သမ္မတ ဖြစ်ခွင့်ရရေး အတွက် …လက်ရှိ အစိုးရ နဲ့  …အပြင်းအထန် ဆင်နွဲရတော့မလို ဖြစ်နေတဲ့ ... လူထု တိုက်ပွဲတွေ .. သွေးမြေကျ ဖြစ်ရပ်တွေက…တိုင်းပြည်ကို တိုးတက်ဖို့ နေနေသာသာ … မျှော်လင့် ချက် ရောင်ခြည်သမ်းနေတဲ့ အနေအထားကနေ …အကျပ်အတည်း အခက်အခဲတွေကြား …ပြန်ဆွဲချလိုက်သလို မဖြစ်ပေဘူးလားလို့ …မေးခွန်း ထုတ်ချင်ပါတယ်…လူတစ်ယောက် သမ္မတ ဖြစ်ဖို့  ….တိုင်းပြည် မတည်မငြိမ် ဖြစ်ရမယ့် အခြေအနေနဲ့  လဲရမယ်ဆိုရင်….ဒီလူ ဘယ်လောက် တော်တော် …ကျွန်တော် မလိုချင်ပါဘူး …

၇။ ဒေါ်စု သမ္မတ ဖြစ်မှ ….တိုင်းပြည် တိုးတက်မယ်ဆိုတဲ့  အယူအဆဟာ …ပေါတောတော အယူအဆ လို့ မြင်ပါတယ်…ပြောင်းပြန် ပြန်စဉ်းစားရင် …ဒေါ်စု သမ္မတ ဖြစ်ပြီး ပြန်ဆင်းသွားတာနဲ့  …တိုင်းပြည် က ပြန် ဆုတ်ယုတ်သွားမလို ဖြစ်နေပါတယ်…လက်ရှိ မြန်မာပြည်မှာ…အရေးအကြီးဆုံး ဖြေရှင်းရမယ့် ကိစ္စကြီး လေးခု ရှိပါတယ်တစ်ပြည်လုံး အပစ်အခတ် ရပ်စဲရေး …ပြည်ထောင်စု နှင့် ပြည်နယ်များ …. စစ်မှန်သော ဖက်ဒရယ်မူ အပေါ် အခြေခံပြီး….အာဏာ နှင့် အရင်းအမြစ်များခွဲဝေမှု သဘောတူညီ ချက်ရရှိရေး …တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များ အရေး …ပြည်တွင်းစစ် အပြီးတိုင် ရပ်စဲရေး တို့ ဖြစ်ပါတယ်….

ဒီအချက်တွေ ဖြေရှင်းနိုင်ပြီဆိုမှ …တစ်ပြည်လုံးမှာ စီးပွားရေး ကျန်းမာရေး …ပညာရေး လူမှုရေး စတာတွေ …ဟန်ချက်ညီ ဖွံဖြိုးလာမှာပါ …မဟုတ်ရင်တော့ …လုပ်လဲ ခဏပါပဲ …စစ်ပြန်ဖြစ်တာနဲ့  ...အားလုံး ပြန် ကိစ္စချောသွားပါလိမ့်မယ်…ဒါတွေကို အောင်အောင်မြင်မြင် ဖြေရှင်းနိုင်ဖို့ …တက်လာမယ့် သမ္မတ ဟာ ....တပ်မတော်နဲ့  အဆင်ပြေဖို့ လိုပါတယ်…တပ် နဲ့ အဆင်ပြေအောင် ...လုပ်ဖို့ မရည်ရွယ်တဲ့  သမ္မတ တက်လာရင် …တိုင်းပြည်ဟာ ...မလိုလားအပ်တဲ့ ပဋိပက္ခ ပေါင်းများစွာကို ….အပို ဖြေရှင်းနေ ရတော့မယ်လို့  ယူဆပါတယ်…ဒေါ်စုဟာ တပ်နဲ့ အဆင်ပြေဖို့  ....တကယ် ကြိုးစားခဲ့ပါသလား….

၈။ ပြည်တွင်းစစ်ဟာ ၁၉၄၈ ခုနှစ်မှာ အစပြုခဲ့ပါတယ်…တပ်မတော်ဟာ ၁၉၄၈ ခုနှစ်က စလို့  …ဒီ အရေးကိစ္စတွေ နဲ့ ပတ်သက်ပြီး …အသက်သွေးချွေးပေါင်း များစွာ ရင်းနှီးခဲ့ပြီးပါပြီ …သူတို့ ရဲ့ စိုးရိမ်ပူပန်မှုကို နားလည်ဖို့ ကြိုးစားသင့်ပါတယ်…လွှတ်တော်ထဲက တစ်မတ်သား ကိစ္စကလဲ …ဒီ စိုးရိမ်မှုကို အခြေ ခံပြီး ဖြစ်လာတာပါ…သမ္မတ တစ်ဆက်ထဲ လဲ ဒီပြသနာကို ..ဖြေရှင်းချင်မှ ဖြေရှင်းနိုင် ပါလိမ့်မယ်… အင်မတန်မှ ရှုပ်ထွေးပွေလီတဲ့  …အနှစ် ၆၀ သမိုင်းကြောင်းတွေကို ထည့်မစဉ်းစားဘဲ …ဒိမိုကရေစီ နဲ့ မညီဘူး …လွှတ်တော်ထဲက တစ်မတ်သားကို ဖယ်ထုတ်ရမယ်လို့ …ဇွတ် ပြောနေခြင်း ဟာ….အလွန် တရာ အံသြစရာ ကောင်းပြီး ….တစ်ဖက် က … အေးလေ …မင်းတို့ ဖယ်နိုင်ရင် ဖယ်ပေါ့လို့ …ဘုကျကျ ပြန်ပြောတဲ့ အဖြစ် ကို ရောက်သွားစေပါတယ် …ဒါဟာ အရည်အချင်းရှိတဲ့ …..အမျှော်အမြင်ရှိတဲ့ သူ တစ်ဦးရဲ့ လုပ်ရပ်လို့  …ကျွန်တော် မထင်ပါဘူး ….

၉။ ဒါဆို မင်းက ဘယ်သူ့  ကြိုက်တာလဲ ....ကျွန်တော်က .....ဖွတ်မကြိုက် ဒေါင်းမကြိုက် ကောင်ပါ ....ဒီ အတိုင်း ဆက်သွားရင် ..ဖြစ်ဖို့ များတာက ...၂၀၁၅ မှာ 3 rd Party တစ်ခုခုကိုပဲ ...မဲပေးဖြစ်ဖို့  များပါ လိမ့်မယ်....အန်အယ်လ်ဒီလဲ ထင်ရာလုပ်မရ ...ဖွတ်တွေလဲ ထင်ရာလုပ်မရ ...ဦးသိန်းစိန် သမ္မတ .... ဒေါ်စု လွှတ်တော် ဥက္ကဌ ...အန်အယ်လ်ဒီ ၀န်ကြီး အများစု ...ဖွတ်ဝန်ကြီး တစ်ချို့  ...ပြည်နယ် အစိုးရ နဲ့  လွှတ်တော်တွေ မှာ ...တိုင်းရင်းသား ပါတီတွေ နဲ့  တိုင်းရင်းသား ၀န်ကြီးချုပ်တွေ ..ဒီလို အခင်း အကျင်းနဲ့  ...ပြည်တွင်းစစ် အပြီးသတ်အောင် ...တိုင်းပြည် တိုးတက်အောင် ကြိုးစားကြဖို့  ...လိုလား နှစ်သက်ပါတယ် .....

၁၀။ စာကို သေချာနားလည် သဘောပေါက်အောင် မဖတ်ပဲ …ရဲမိုး က ...အဘတွေကို ဖွတ်တွေကို ….ကာကွယ်နေတယ် ဆိုပြီး ….အူကြောင်ကြား လာရေးတဲ့ ကောင် ….နှမပေး ယောက်ဖ … ကြိုပြောထားတာ ….

( ဒေါင်း မကြိုက် ဖွတ်မကြိုက် ရဲမိုး )

From: Ye Moe