Wednesday, April 2, 2014

မဟာသန္တိသုခ ကျောင်းတိုက် ပိုင်ဆိုင်ကြောင်း အငြင်းပွားမှု အရှိန်မြင့်လာ


မဟာသန္တိသုခ ကျောင်းတိုက်, ပီနန်ဆရာတော်, နိုင်ငံတော်သံဃမဟာနာယကအဖွဲ့

ရန်ကုန်မြို့ တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်ရှိ မဟာသန္တိသုခ ကျောင်းတိုက်ကို ပိုင်ဆိုင်ကြောင်း နိုင်ငံတော် သံဃနာယကအဖွဲ့နှင့် ပီနန်ဆရာတော် ဦးပညာဝံသ အကြား အငြင်းပွားလျက်ရှိရာ နိုင်ငံ တော် သံဃမဟာ နာယကအဖွဲ့၏ မတ်လ ၃၁ ရက် နေ့ နောက်ဆုံးထား ကျောက်တိုက်မှ ထွက်ခွာ ပေးရန်ဟူသော အမိန့်ကို ပီနန် ဆရာတော်က ငြင်း ဆန်ပြီး ကျောင်းတိုက်တွင် ဆက်လက်သီတင်းသုံး မည် ဖြစ်ကြောင်း သိရှိရသည်။


နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က မဟာသန္တိသုခကျောင်းတိုက်ကို ပိုင်ဆိုင်သည်ဟုဆိုကာ ကျောင်း တိုက် တွင် သီတင်းသုံးနေသော ပီနန်ဆရာတော်ကြီးနှင့် တပည့်သံဃာများကို ၂၀၁၄ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ နောက်ဆုံး ထား၍ ကျောင်းတိုက်မှ ထွက်ခွာရန် အမိန့်ထုတ်ထားကြောင်း၊ သို့ရာတွင် တာမွေမြို့နယ်၊ ကျောက်မြောင်း၊ နတ်ချောင်း၊ မလွှကုန်းနှင့် မေတ္တာညွှန့်ရပ်ကွက်များမှ ဒကာ၊ ဒကာမများ၊ အလှူရှင်များက ပီနန် ဆရာတော်ကြီးနှင့် တပည့်သံဃာများကို ကျောင်းတိုက်မှ ထွက်ခွာခြင်းမပြုရန် လာရောက် မေတ္တာရပ်ခံ ခဲ့ကြသဖြင့် ဆရာတော်နှင့် တပည့်သံဃာများ ကျောင်းတိုက်တွင် ဆက်လက်သီတင်းသုံးနေထိုင်ရန် ဆုံးဖြတ် လိုက်ကြောင်း ပီနန်ဆရာတော်ကြီး၏ တပည့် ဆရာတော် အရှင်ဥတ္တရက ဧရာဝတီသို့ မိန့်ကြားသည်။

မဟာသန္တိသုခကျောင်းတော်ကြီးသည် နိုင်ငံတကာနှင့် မြန်မာနိုင်ငံရှိ အလှူရှင်များ စုပေါင်းလှူဒါန်းမှုဖြင့် ဆောက်လုပ် ၍ ပီနန်ဆရာတော်ကြီး ဦးပညာဝံသသို့ လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ပီနန်ဆရာတော် ၂၀၀၂ ခုနှစ် မလေးရှား နိုင်ငံသွားရောက်သီတင်းသုံးနေချိန် ကျောင်းတိုက်၏ အုပ်ချုပ်ရေုးဆိုင်ရာ ကိစ္စများ လျော့ရဲနေသည့် အတွက် စစ်အစိုးရ ခေါင်းဆောင်တဦးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး ခင်ညွှန့်က နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ထံသို့ ကျောင်းကို ခေတ္တစောင့်ရှောက်ထားရန် အပ်နှံထားခဲ့ကြောင်း သိရှိရသည်။

ပီနန်ဆရာတော်ကြီးထံတွင် ကျောင်းပိုင်ဆိုင်မှု အထောက်အထား အပြည့်အစုံရှိကြောင်း ဆရာတော်ကြီး၏ တပည့်သံဃာ တပါးဖြစ်သည့် မကွေးကျောင်းတိုက် ဆရာတော် အရှင်ပါမောက္ခက ဧရာဝတီသို့ မိန့်ကြားသည်။

“ အရင်အစိုးရက သိမ်းခဲ့တဲ့ မြေတွေကိုတောင် အစိုးရသစ်က အခုပြန်ပေးနေတာ။ အခု ရဟန်း သံဃာတော်တွေဆီက မြေလုနေတာကတော့ ဗုဒ္ဓဘာသာဝင်တွေကို စိတ်မချမ်းမသာ ဖြစ်စေပါတယ် ” ဟု အရှင်ပါမောက္ခက မိန့်ကြားသည်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ကျောင်းတိုက်ကို သိမ်းပိုက်ရန် အမိန့်ထုတ်ပြန်မှုကို လုံးဝ လက်မခံ နိုင်ဟု နိုင်ငံရေး အင်အားစု တချို့နှင့် ရပ်ကွက်နေပြည်သူများက ဆန္ဒထုတ်ဖော်ပြောဆိုလိုက်ကြပြီး မြန်မာ့ ငြိမ်းချမ်းရေး စင်တာမှ ဦးညိုအုန်းမြင့်က ပီနန်ဆရာတော်ထံလာရောက်၍ သမ္မတဦးသိန်းစိန်၏ အမိန့် မပါဘဲ ပီနန်ဆရာတော်ကို ကျောင်းတိုက်မှ အင်အားသုံးဖယ်ရှားမှု မပြုလုပ်နိုင်ဟု ပြောဆိုသွားကြောင်း သိရှိရသည်။

“ မဟန (နိုင်ငံတော် သံဃာမဟာနာယက အဖွဲ့)ကနေ အတင်းဆွဲချမယ်ဆိုတာကို မစိုးရိမ်ပါနဲ့ဆိုပြီး ဒကာကြီး ညိုအုန်းမြင့် ရောက်လာတယ်။ သမ္မတရဲ့ အမိန့်စာ မပါဘဲနဲ့ သူတို့ဘာမှ လုပ်လို့မရဘူးဆိုတဲ့ သဘော ပြော သွားတယ်” ဟု အရှင်ဥတ္တရက မိန့်ဆိုသည်။

ကျောင်းတိုက်ကြီးမှာ ယခုအခါ သာသနာပြုကျောင်းတိုက်နှင့် မတူတော့ဘဲ ကပွဲရုံများ၊ အက သင်တန်းများ ၊ စီးပွားရေးလုပ်ငန်းများကြောင့် ထိန်းသိမ်းစောင့်ရှောက်မည့်သူမရှိသဖြင့် ပျက်စီးသွားမည်ကို စိုးရိမ်သောကြောင့် ၂၀၁၃ ခုနှစ်တွင် ပီနန်ဆရာတော်ကြီးက နိုင်ငံတော်သမ္မတထံ မေတ္တာရပ်ခံ စာရေးတင်ပြခဲ့ကြောင်း၊ ယင်းစာ တင်ပြပြီးနောက် သက်ဆိုင်ရာ စုံစမ်းမှုများ ပြုလုပ်စဉ် ကျောင်းတိုက်ပိုင်ဆိုင်ကြောင်း အငြင်းပွားမှု ပေါ်ပေါက် လာခြင်းဖြစ်သည်ဟု သိရှိရသည်။

“ပီနန်ဆရာတော်က စာရေးတင်ပြတဲ့အခါ သမ္မတကြီးက ဒီကိစ္စကို ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေ လက်ထဲကို အပ်တယ်။ ဦးမြင့်ဆွေတို့က မြို့နယ်၊ ရပ်ကွက်အထိ စစ်ဆေးပြီးတော့ သူတို့လူပုဂ္ဂိုလ်တွေ ဘက်ကတော့ စစ်ဆေးပြီးပြီ ။ သံဃာတွေဘက်က စစ်ဆေးပေးပါဆိုတော့မှ မဟနက ဒီကျောင်းကြီးကို နိုင်ငံတော်က သူတို့ကို လှူထားတာတဲ့။ နိုင်ငံတော်က လှူထားတဲ့ ပိုက်ဆံတွေက များတဲ့အတွက် သူတို့ပဲပိုင်တယ်ဆိုပြီး အကြောင်း ပြန်လာတာ” ဟု အရှင်ဥတ္တရက ရှင်းပြသည်။

မဟာသန္တိသုခ ကျောင်းတိုက်မြေနေရာသည် ၁၉၉၅ ခုနှစ်တွင် ဂရန်အမည်ပေါက် ရရှိခဲ့ပြီး ၁၉၉၉ ခုနှစ်တွင် ပီနန်ဆရာတော်ကြီး၏ အမည်ဖြင့် သာသနာ့မြေအဖြစ် တရားဝင် အသိအမှတ်ပြုချက် ရရှိခဲ့ကြောင်း၊ မြေပိုင်ဆိုင်မှု ၊ ကျောင်းပိုင်ဆိုင်မှု စသည့် ပိုင်ဆိုင်မှု အ၀၀မှာ ပီနန်ဆရာတော်ကြီးထံတွင် ရှိကြောင်း ပီနန်ဆရာတော်၏ တပည့် သံဃာများထံမှ သိရှိရသည်။

NLD ပါတီဝင်များငွေကြေးအလွဲသုံးစားမှုနှင့်ပတ်သက်၍ မိုးကုတ်ခြေ/ဥဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည်အား မေးမြန်း



မတ်လ(၂၃)ရက်နေ့မနက်ပိုင်းက မိုးကုတ်မြို့နယ်၊ ကျပ်ပြင်အုပ်စု၊ကျပ်ပြင်ဘောလုံးကွင်းမှာNLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ အဖွဲ့ဟာ ၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လူထုဆန္ဒ ခံယူပွဲ ကျင်းပခဲ့ပါတယ်။ ဖွဲ့စည်းပုံ ပြင်ဆင် ရေးနဲ့ ပတ်သက်လို့ လွှတ်တော်အ တွင်းမှာ တရားဝင်ပြင်ဆင်ရေးတွေ လုပ်ဆောင်နေပေမယ့် NLD ပါတီအတွက် အဟန့်အတားဖြစ်နေတဲ့ ၅၉(စ)ကိုပြင်ဆင်မပေးမှာ စိုးရိမ်လို့ အခုလိုမျိုး လူထု အစည်းအဝေးတွေကျင်းပပြီး လှုံ့ဆော် လုပ်ဆောင် နေတာ ဖြစ်ပါတယ်။


ကျပ်ပြင်ဘောလုံးကွင်းထဲမှာတော့လူဦးရေ(၂၀၀၀)ခန့်တက်ရောက်ခဲ့ပါတယ်။ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမှာ ပြည်သူတွေပါဝင်ဖို့ တိုက်တွန်းနှိုးဆော်ခဲ့ပြီးဒေသခံပါတီ ၀င်တွေ ရဲ့မေးခွန်းတွေ ကိုဖြေကြားခဲ့ပါတယ်။

ပါတီတစ်ချို့ရဲ့မေးခွန်းတွေဟာ ထင်မှတ်မထားတဲ့ မေးခွန်းတွေ ဖြစ်နေလို့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရုပ်ပျက်ဆင်းပျက်မဖြစ်အောင် ကြိုးစားပြီးဖြေဆိုခဲ့ရပါတယ်။ မိုးကုတ်မြို့မှာရှိကြတဲ့NLD ပါတီဝင်တွေ အနေနဲ့ ပြည်သူတွေအပေါ်မှာ ရှင်းရှင်းလင်းလင်းပြောဆိုခြင်းမရှိဘဲ ငွေကြေးတွေကောက် ခံနေကြပါတယ်။ 

ငွေကြေးအလွဲသုံးစားမှုတွေဖြစ်နေတာနဲ့ပတ်သက်လို့ မိုးကုတ်မြို့နယ် NLD ပါတီဝင် ဦးသန်းထွန်းက မိုးကုတ်မြို့နယ် ပါတီဝင်များအနေနဲ့ တန်ဆောင်တိုင်ပွဲမှာ ရန်ပုံငွေရှာခဲ့ပါကြောင်း၊ လူငယ်ထုအတွင်း ငွေကြေး မကျေနပ်ချက်တွေ ထွက်ပေါ်လာတော့မှ ဓမ္မရံသီဆရာတော် ဘုရားကြီး ဦးဆောင် တည်ဆောက် နေတဲ့ ဓမ္မဗိမာန်တော်ကြီးအတွက် အလှူခံသည်ဟုပြောဆိုခဲ့ပါကြောင်း။ ထိုကိစ္စနှင့် ပတ်သက်၍ သိရှိ လိုကြောင်း မေးမြန်းခဲ့ပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်က “ယခုပွဲဟာ NLD ပါတီအတွက်လုပ်ဆောင်သည့်ပွဲ မဟုတ်ဘဲ ပြည်သူများ အတွက် လုပ်ဆောင်သည့်ပွဲသာဖြစ်ကြောင်း၊ NLD ပါတီသည် ပြည်သူများအတွက်သာဖြစ်ပြီး ပြည်သူသည် NLD ပါတီအတွက်မဟုတ်ကြောင်း၊ NLD ပါတီဝင်တွေ ငွေကြေးအလွဲသုံးစားလုပ်တဲ့ ကိစ္စနဲ့ပတ်သက်၍လို့ စည်းကမ်းထိန်းသိမ်းရေးကိုတင်ပြရမည်ဖြစ်ပါတယ်” လို့ ဖြေကြားခဲ့ပါတယ်။ မိုးကုတ်က NLD ပါတီဝင် ဦးသန်းထွန်းအနေနဲ့ အခုလိုမျိုးသတ္တိရှိရှိမေးမြန်းလိုက်တာဖြစ်ပေမယ့် အဲဒီမေးခွန်းအပေါ်မှာ ဒေါ်အောင် ဆန်း စုကြည်အနေနဲ့ “သိပ်ဘ၀င်မကျဘူး“လို့ မိုးကုတ်မြို့နယ်NLD ပါတီဥက္ကဋ္ဌ ဒေါ်ခင်ဝင်းကြည် က ပြောပြ ခဲ့ပါတယ်။ ။

ကိုမောင်ဝင်း

လိုင်စင် မဲ့ ဆိုင်ကယ် များအား ဥပ ဒေ အရ အရေး ယူမည် ဖြစ်ကြောင်း တိုင်းရင်း သားဘာ သာ ၅ မျိုးဖြင့် အသိ ပေးကြေ ညာထား


1625732_563491803748655_992044338_n

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်မြို့ ကညန ရုံး၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များအား ၂၀၁၄ ခုနှစ် ဖေဖော် ၀ါရီလ (၁၇)ရက်နေ့မှ စတင်၍ ၂၀၁၄ ခုနှစ် ဇူလိုင်လ(၄)ရက်နေ့ထိ (၅)လ၀န်းကျင် အကြာ မော်တော်ဆိုင်ကယ်များအား လိုင်စင် ပြုလုပ်ပေးနေ လျှက်ရှိရာ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်း ရေး ကြီးကြပ် မှုကော်မတီမှ လိုင်စင်မပြုလုပ်ရသေး သော ဆိုင်ကယ်များအနေဖြင့် လိုင်စင်ပြုလုပ်ပေးသည့် ကာလမပြီးမီ လိုင်စင်ပြုလုပ်ကြရန် လိုကြောင်း၊ သတ်မှတ်ရက်ကျော်လွန် သွားပါက လိုင်စင်မဲ့ ဆိုင်ကယ်များအား ဥပဒေအရ အရေးယူဆောင် ရွက်သွား မှာဖြစ်ကြောင်း အသိပေး ကြေညာချက်ကို တိုင်းရင်းသားဘာသာ (၅)မျိုးဖြင့် ရေးသား၍ ထုတ်ပြန်ထားကြောင်း သိရသည်။


အဆိုပါ ကော်မတီ၏ ကြေညာချက်တွင် လိုင်စင်ပြုလုပ်ပေးသည့် သတ်မှတ်ရက်ထက် ကျော်လွန်သွားသော ဆိုင်ကယ်များအား လိုင်စင်ရှိမရှိ စစ်ဆေးသည့်အခါ လိုင်စင်ပြုလုပ်ထားခြင်း မရှိပါက ဥပဒေအရ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမှာဖြစ်သည့်အတွက် မိဘပြည်သူများအနေဖြင့် မိမိတို့၏ လက်ဝယ်တွင်ရှိနေသော လိုင်စင်မပြုလုပ်ရသေးသည့် ဆိုင်ကယ်များအား လိုင်စင်ချပေးသည့် သတ်မှတ်ရက် ကာလအတွင်း လိုင်စင်ပြုလုပ်ထားရှိရန် လိုအပ်ကြောင်း အဆိုပါ ကြေညာချက်တွင် ပါရှိသည်။

လိုင်စင်မဲ့ ဆိုင်ကယ်များအား လိုင်စင်ပြုလုပ်ပေးခြင်း ကိစ္စနှင့် ပတ်သက်၍ ပြီးခဲ့သည့် ၂၀၁၄ခုနှစ် မတ်လ(၂၂)ရက် မွန်းလွဲ(၁)နာရီအချိန်က တာချီလိတ်မြို့ အောင်မြတ်ခန်းမတွင် ပြုလုပ်သော ပို့ဆောင်ဆက် သွယ်ရေးနှင့် ဆောက်လုပ်ရေး ဆပ်ကော်မတီ မှ ပြည်သူ့ကိုယ်စား လှယ်များနှင့် တွေ့ဆုံညှိနှိုင်း ဆွေးနွေးပွဲတွင် တာချီလိတ်မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြုကော်မတီ ဥက္ကဌ ဦးကြည်မြင့်မှ လိုင်စင်မဲ့ဆိုင်ကယ်များကို လိုင်စင်ပြုလုပ်ပေးသည်မှာ နောက်ဆုံးအကြိမ် သတ်မှတ်ကာလ ကျော်လွန်သွားပါက နောက်ထပ် လိုင်စင်ချပေးဖို့ အစီအစဉ်ရှိမရှိ စသည့်မေးခွန်းကို မေးမြန်းရာ ကညနမှ တာဝန်ရှိသူ ဦးကျော်ဝင်းမှ လတ်တလောမှာ အစီအစဉ်မရှိသေးကြောင်း နှင့် လိုင်စင်ချပေးရန်အတွက် အထက်ကို အဆင့်ဆင့် တင်ပြရ မှာဖြစ်ပြီး နောက်ထပ် လိုင်စင်ချပေးရေး မပေးရေးဆိုတာကို သိရမှာ ဖြစ်ကြောင်း အဆိုပါ တွေ့ဆုံပွဲ၌ ရှင်းလင်းပြောကြားသွား ခဲ့သည့်အတွက် ယခု ၂၀၁၄ခုနှစ် (၅)လ၀န်းကျင်အကြာ ဆိုင်ကယ်များကို လိုင်စင်ပေးကာလ၏ နောက်ပိုင်းတွင် နောက်ထပ် လိုင်စင်ချပေး မပေးဆိုတာကိုတော့ မသိရှိရသေးကြောင်း သိရှိရသည်။

Tachileik Online News

ဆရာတော်ဦးဝီရသူက နိုင်ငံသား အစ္စလာမ်ဘာသာအသိုင်းအဝိုင်း ပေါ်ပေါက်ရန် ကြိုးပမ်းမည်ဟုဆို



အမျိုးသားရေးဝါဒီ ဆရာတော်ဦးဝီရသူက နိုင်ငံ အပေါ် သစ္စာစောင့်သိမှုကို အခြေခံသည့် ''နိုင်ငံ သား'' အစ္စလာမ်ဘာသာ အသိုင်းအဝိုင်း ပေါ်ပေါက် လာရေးအတွက် ဝိုင်းဝန်းကြိုးပမ်း သွားမည် ဖြစ်ကြောင်း ၈၈ ကျောင်းသား ခေါင်းဆောင် ကိုမြအေးနှင့်တွေ့ဆုံကာ ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်သည်။


ဆရာတော်ဦးဝီရသူနှင့် ၈၈ ကျောင်းသား ခေါင်း ဆောင် ကိုမြအေးတို့ က မတ် ၂၉ရက်တွင် ရန်ကုန်မြို့ရှိ မီကာဆာဟိုတယ်၌ တွေ့ဆုံဆွေးနွေးသဘော တူညီချက်ရယူကာ ယခုကဲ့သို့ ပူးတွဲကြေညာချက် ထုတ်ပြန်ခြင်းဖြစ်သည်။

ဆရာတော်ဦးဝီရသူက ''ဦးဇင်းကတော့ အမျိုးသားရေးကို ဆောင်ရွက် နေပေမယ့် တူတဲ့သူတွေနဲ့တွဲသလို မတူသူတွေကိုလဲ ခွဲပါတယ်။ ဘာသာနှစ်ခုကြား မသင့်မြတ်မှုတွေ မရှိရအောင်။ သွေးခွဲတာတွေ၊ မှိုင်းတိုက်တာတွေ မခံရအောင် သန့်ရှင်းရေးလုပ်တဲ့ သဘောပါ''ဟု ဖလားဝါးနယူးစ်သို့ မိန့်ကြားသည်။

မူဆလင်ဘာသာဝင် သုံးမျိုးသုံးစားရှိပြီး မြန်မာပြည်တွင်မွေးကာ မြန်မာ ပြည်ကိုချစ်မြတ်နိုးသည့် မြန်မာနိုင်ငံကိုသစ္စာစောင့်သိသည့် ပထမတန်းစား မူဆ လင်ဘာသာဝင်အသိုင်းအဝိုင်း ဖြစ်ပေါ်လာစေရန် ပူးပေါင်းလုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဦးဝီရသူက မိန့်ဆိုသည်။

၈၈ ကျောင်းသားခေါင်းဆောင် ကိုမြအေးက ''မျက်နှာချင်းဆိုင် တစ်ဖက် နဲ့တစ်ဖက် မပြောကြဘဲနဲ့ ဘာမှသိကြမှာမဟုတ်ဘူး။ ခုလိုတွေ့ဆုံပြီး သူ့အကြောင်း ကိုယ့်အကြောင်း ပြောလိုက်ရတော့ တစ်ဦးနဲ့တစ်ဦး၊ တစ်ဖက်နဲ့တစ်ဖက် နားလည် မှုတွေ ရလာမယ်။ အမှန်တရားကို စာရင်းရှင်းဖို့ မဟုတ်ပါဘူး။ ရှေ့ကို ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ ပူးပေါင်းဆောင်ရွက်ကြမှာပါ။ အဲဒီမှာ မြန်မာနိုင်ငံမှာနေတဲ့ နိုင်ငံသား နဲ့ နိုင်ငံခြားသားနဲ့ကတော့ မတူနိုင်ပါဘူး''ဟု ပြောကြားသည်။

အဆိုပါ ထုတ်ပြန်သည့် ပူးတွဲကြေညာချက်တွင် အချက်သုံးချက်ပါဝင်ပြီး နိုင်ငံတော်အပေါ် သစ္စာ စောင့်သိသူ၊ ကျေးဇူးသိတတ်သူကို လူမျိုးဘာသာမခွဲခြား ဘဲ ထိန်းသိမ်းစောင့်ရှောက်သွားရန်၊ မြန်မာ့ ထုံးတမ်းအစဉ်အလာနှင့် ကိုက်ညီသည့် နိုင်ငံသား အစ္စလာမ်ဘာသာဝင် မူဆလင်အသိုင်းအဝိုင်း ပေါ်ပေါက် လာရေးနှင့် ဘာသာကြီးနှစ်ခုအကြား အထင်အမြင်လွဲမှားမှုများကို နိုင်ငံအပေါ်သစ္စာစောင့်သိ ရိုသေမှုနှင့် အတူ နားလည်မှု တည်ဆောက်သွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

Flower News Journal

INGO များ တိုက်ခိုက်ခံရမှု စစ်တွေမြို့ခံ ၁၂ ဦးကို ဖမ်းဆီး



ရခိုင်ပြည်နယ် စစ်တွေမြို့တွင် လွန်ခဲ့သည့် ရက် ပိုင်းက ဖြစ်ပွားခဲ့သည့် နိုင်ငံတကာ အဖွဲ့အစည်း (INGO) ရုံး၊ အဆောက်အအုံများကို ခဲနှင့် ပစ်ပေါက် ဖျက်ဆီးမှုတွင် ပါဝင်သည်ဟုဆိုကာ ဒေသခံ ၁၂ ဦးကို မတ်လ ၃၁ရက်နေ့ ညပိုင်းတွင် ဖမ်းဆီးကာ စစ်ဆေးနေကြောင်း စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောကြားသည်။


တရားလိုတိုင်တန်းချက်အရ ဖမ်းဆီးသည်ဟု ပြောဆိုသော်လည်း အဆိုပါ ဖမ်းဆီးခံရသူများကို မည့သည့် အထောက်အထားဖြင့် ဖမ်းဆီးခဲ့သည့် အခြေအနေ အသေးစိတ်ကိုမူ ၎င်းက ပြောဆိုခဲ့ခြင်း မရှိခဲ့ပေ။ ဖမ်းဆီးခံရသူ ၁၂ ဦးတွင် အမျိုးသား ခြောက်ဦး၊ အမျိုးသမီးခြောက်ဦး ပါဝင်ကြောင်း ရဲတပ်ဖွဲ့မှူးက ဆိုသည်။

မတ်လ ၃၁ ရက်နေ့ညပိုင်းတွင် လူ ၁၂ ဦးကို ခေါ်ယူ စစ်ဆေးနေသည်ဟု သိရှိထားပြီး အသေးစိတ်ကို သတင်း မရရှိသေးကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောဆိုသည်။

Malteser International အမည်ရ INGO မှ အမေရိကန် နိုင်ငံသူသည် မတ်လ ၂၆ ရက်နေ့က ၎င်းတို့ ငှားရမ်းနေထိုင်သည့် အိမ်တွင် နေအိမ်ပိုင်ရှင် လွှင့်ထူသည့် သာသနာ့အလံကို ဖြုတ်ချ၍ ဘောင်းဘီအိတ်ထဲ ထည့်ရာ မဆံ့သဖြင့် ခါးတွင် ထိုးထားခဲ့သည်ဟု ဆိုရာမှ စတင်ခဲ့သည့် အဆိုပါ ပဋိပက္ခကို သမ္မတ ဖွဲ့စည်းပေးထားသည့် စုံစမ်းစစ်ဆေးရေး အဖွဲ့က မတ်လ ၃၀ ရက်နေ့မှ စတင်ကာ စုံစမ်းဖော်ထုတ်နေပြီ ဖြစ်သည်။

စစ်တွေမြို့တွင် ဒေသခံများနှင့် INGO များအကြား ဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင် INGO များ၏ ရုံး၊ အဆောက်အအုံများ ခဲဖြင့် ပစ်ပေါက် ဖျက်ဆီးခံခဲ့ ရပြီး INGO ဝန်ထမ်းများကိုလည်း ရန်ကုန်သို့ ပို့ဆောင် ခဲ့ရကြောင်း၊ ပဋိပက္ခများကို တားဆီးရာတွင် သေနတ် ကျည်ဆန် ထိမှန်၍ အသက် ၁၁ နှစ် အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရှိရသည်။

The Voice Weekly

ပုသိမ်ရှိ စစ်မှုထမ်းဟောင်း အိမ်ခြံမြေများ တပ်ပိုင်အဖြစ် သိမ်းရန် ကြိုးပမ်း


ခလရ ၃၈, တပ်ပိုင်မြေ, အငြိမ်းစား စစ်သားဟောင်း

ပုသိမ်မြို့နယ် ဇင်ပြွန်းကုန်း ကျေးရွာအုပ်စု ရွာသစ် ကုန်း ကျေးရွာရှိ ပင်စင်စား တပ်မတော်သား များ၏ နေအိမ်များကို အမှတ် – ၃၈ ခြေလျင် တပ်ရင်း (ခလရ ၃၈) က တပ်ပိုင်မြေ အတွင်း ကျူးကျော် နေထိုင်ခြင်းမှ ဖယ်မပေးဟု ဆိုပြီး အင်အားသုံး ဖြိုဖျက်ရန် ကြိုးပမ်းခဲ့ကြောင်း သိရသည်။


“ကျနော်တို့မှာ တပ်က ထွက်ပြီးကတည်းကရတဲ့ လုပ်သက်ခံစားခွင့် ငွေနဲ့ ဒီနေရာလေးကို ၀ယ်ယူ ခဲ့ပြီး အိမ်ဆောက် နေခဲ့တာပါ၊ နေတာ ၁၀ နှစ် ကျော်ပါပြီ၊ မနှစ်က ကျောက်တိုင်မြေ လာစိုက်ပြီး သိမ်းသွား တာ၊ အဲဒါ ၁၀ တန်း စာမေးပွဲပြီးရင် ဖယ်ကြလို့ သူတို့က ပြောတယ်၊ ကျနော်တို့မှာလည်း တခြား နေစရာ မရှိလို့ မဖယ်ပေးတော့ ခလရ ၃၈ တပ်က ပေါက်တူးတွေ၊ တူးရွင်းတွေ၊ လွှတွေကိုင်ပြီး လူအင်အားနဲ့ လာဖျက်ဖို့ လုပ်ကြတာ”ဟု နေအိမ် ဖယ်ရှားခံရသော ပင်စင်စား တပ်မတော်သားတဦးက ဧရာဝတီကို ပြော သည်။

ဖယ်ပေးရမည့် မြေနေရာတွင် နေအိမ် ၆ လုံး ရှိပြီး မိသားစု ၆ စု၊ လူဦးရေ ၂၅ ဦးခန့် နေထိုင်ကြကြောင်း သိရသည်။ ဖယ်ပေးရမည့် အိမ်များ အနက် အိမ် ၅ လုံးမှာ ပင်စင်စား တပ်မတော်သားတို့၏ နေအိမ်များ ဖြစ်ပြီး ကျန် ၁ လုံးမှာ အနောက်တောင်တိုင်း စစ် ဌာနချုပ် လက်အောက်ခံ အမှတ် (၄၂၄) ထောက်ပံ့ ပို့ဆောင်ရေးတပ်တွင် လက်ရှိ တာဝန် ထမ်းဆောင်နေသည့် ဒု တပ်ကြပ် စိန်လင်း (ကိုယ်ပိုင်အမှတ် တ – ၂၅၂၅၉၁) ၏ နေအိမ် ဖြစ်ကြောင်း သိရသည်။

ရွာသစ်ကုန်းရွာတွင် အိမ်ခြေ ၁၈၀ ရှိကြောင်း၊ ရွာလယ် လမ်းမကြီး ဘယ်ဘက် အခြမ်းအား ရွာက ပိုင်ဆိုင်ပြီး ညာဘက် အခြမ်း သည် ခလရ ၃၈ တပ်စွဲထားကြောင်း၊ ယင်းရွာလယ် လမ်းမကြီးနှင့် ဆက်စပ်နေသည့် နေအိမ် ၆ လုံးကို ပြီးခဲ့သည့် မတ်လအတွင်း က တပ်ပိုင်မြေ အဖြစ် ကျောက်တိုင်များ စိုက်၍ သိမ်းယူခြင်း ဖြစ်ကြောင်းနှင့် ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲပြီးချိန်တွင် နေ အိမ်များအား အပြီး ဖျက်သိမ်း ဖယ်ရှားပေးရမည်ဟု အမိန့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း နေအိမ် ဖယ်ရှားခံရသော တပ်မတော်သား က ပြောသည်။

တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးတို့ ဦးဆောင်သည့် လူအင်အား ၄၅ ဦးခန့်က ယမန်နေ့ ညနေ ၄ နာရီ အချိန်က ခလရ – ၃၈ တပ်ပိုင်မြေ ကျောက်တိုင် စိုက်သိမ်းထားသည့် မြေနေရာအား ကန့်သတ် နယ်မြေ အဖြစ် ပလတ်စတစ်ကြိုးဖြင့် တားဆီး ကာရံပြီး စည်းအတွင်း ရှိ အဆောက်အအုံများကို ဖြိုဖျက်ရန် ကြိုးပမ်းနေစဉ် သတင်းမီဒီယာများကို ဒေသခံများက အကြောင်းကြား ခဲ့ကြသည်။

သတင်းမီဒီယာများ ရောက်ရှိချိန်တွင် ခလရ ၃၈ တပ်က ဖျက်ဆီးမှုများ မလုပ်တော့ဘဲ သတင်း မီဒီယာသမား တချို့နှင့် စကား အခြေအတင် ဖြစ်ပွားပြီး ပြန်လည် ထွက်ခွာ သွားခဲ့ကြကြောင်း အဆိုပါ ဖြစ်စဉ်တွင် ပါဝင်ခဲ့သူ နေ့စဉ်ထုတ် သတင်းစာ တစောင်၏ ပုသိမ်မြို့ နယ်ခံ သတင်းထောက် တဦးက ပြောသည်။

“ကျနော်တို့ သတင်းမီဒီယာတွေ ရောက်လာတော့ ခလရ ၃၈ တပ်နဲ့ စကား အခြေအတင် ပြောကြပြီး သူတို့ ကတိုက်ကရိုက် ပြန် ထွက် သွားကြတယ်၊ အိမ်တွေကို လျှောက်ကြည့်တော့ သံတူရွင်းရာတွေ တွေ့တယ်၊ အဲဒီအထဲက အိမ်တအိမ် ဆိုရင် သိမ်းတဲ့ မြေ ထဲမှာ တအိမ်လုံး မပါဘဲ ဘုရားခန်းပဲ ပါသွားတယ်၊ အဲဒါကို တပ်က ဘုရားဆင်းတုတွေ၊ ကျောင်းဆောင်တွေ ဘာမှ မဖယ်ရသေး ဘဲ အဲဒီ ဘုရားခန်းနဲ့ အိမ်မကြီး ဆက်ထားတဲ့ နေရာကို သံတူရွင်းနဲ့ ခွာထားတယ်”ဟု ၎င်းက ပြောသည်။

နေအိမ်များ ဖယ်ရှားပေးရေး အတွက် အိမ်ပိုင်ရှင်များအား အနောက်တောင်တိုင်း စစ်ဌာနချုပ်က ဒု ဗိုလ်မှူးကြီး သက်ထွန်းက ပြီးခဲ့ သည့် ဖေဖော်ဝါရီလ အတွင်းက ခေါ်ယူ တွေ့ဆုံခဲ့ပြီး ယင်းအိမ်များမှာ တပ်ပိုင်မြေထဲတွင် ကျူးကျော်နေသည့် အတွက် ကာကွယ် ရေး ၀န်ကြီးဌာန အမိန့်အရ ဖယ်ခိုင်းခြင်း ဖြစ်ကြောင်း၊ ရှေ့နေငှား၍ တိုင်တန်းမည် ဆိုလျှင်လည်း ရှေ့နေကိုပါ စစ်တပ် အမိန့်ဖြင့် ထောင်ချ ပစ်မည်ဟု ခြိမ်းခြောက် သတိပေးပြောဆိုမှုများ ပြုလုပ်ကြောင်း တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် နေအိမ် ပိုင်ရှင်များက ပြော သည်။

“နိုင်ငံတော်က ငြိမ်းချမ်းရေး ယူတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကိုတောင် မြေကွက် ပေးတယ်၊ စီးပွားရေး လုပ်ပိုင်ခွင့် တွေ ပေးတယ်၊ ကျနော်တို့ တပ်မတော်သား ဟောင်းတွေကျတော့ အခုလို အတင်း မောင်းထုတ်ပြီး ဖယ်ခိုင်းနေတာ ကြုံရတော့ တအား ခံစားရတယ်ဗျာ၊ ကျနော်တို့ ဘ၀ကို လူကြီးတွေ အနေနဲ့ သနား ငဲ့ညှာပေးပါ၊ ကျနော်တို့မှာ တခြား နေစရာ သွားစရာ လည်း မရှိပါဘူး”ဟု စစ်တပ်ထဲတွင် ၂၄ နှစ်ကြာ စစ်မှု ထမ်းခဲ့သူ တပ်ကြပ်ဟောင်း ဦးသိန်းလှအောင်က ပြောသည်။

ခလရ ၃၈ တပ်က မြေသိမ်းယူမှု အတွက် အိမ်ပိုင်ရှင် စစ်သားနှင့် စစ်သားဟောင်းများအား လျော်ကြေး ပေးခြင်း မရှိသကဲ့သို့ မြေ နေ ရာ အစား ပြန်ပေးမည်ဟု ပြောဆိုမှုလည်းမရှိကြောင်း မြေသိမ်း ခံရသူများက ပြောသည်။

အဆိုပါ ဖြစ်စဉ်များအား ကာကွယ်ရေး ဦးစီးချူပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် နှင့် ဒုသမ္မတ ဦးဉာဏ်ထွန်း ထံ အကြောင်းကြား တိုင်ကြားစာကို မတ်လအတွင်းက ပေးပို့ထားသော်လည်း မည်သည့် အကြောင်း ပြန်ကြားခြင်းမှ မရှိသေးကြောင်း ၎င်းတို့က ဆို သည်။

၂၀၁၄ ဧပြီလအတွက် ကံကြမ္မာဟောစာတမ်း



တနင်္ဂနွေ

ဤလအတွင်း၌ သင်သည် အဘက်ဘက်မှာ စိတ်ချမ်းသာစရာများ ကြုံတွေ့လာရလိမ့်မည်။ ယခုကာလတွင် အိမ်ထောင်ပြုပါက တည်မြဲသော အိမ်ထောင်မဖြစ်နိုင်၊ အိမ်ထောင်ပြုလျှင် သားသမီး ပါလာတတ်သည်။ လုပ်ငန်းသစ်များ စတင်ရတတ် သည်။ ထိုလုပ်ငန်းများသည်လည်း လွန်စွာကျိုးပေး အောင်မြင်မည်။


အလှူအတန်းပြုရခြင်း၊ မင်္ဂလာပွဲများ စီစဉ်ပေးရခြင်းများ ပြုလုပ်ရတတ်သည်။ အလုပ်နေရာ အိမ်နေရာ ပြောင်းရွှေ့ရတတ်သည်။ ရွှေဝင်မည်။ ရတနာပစ္စည်းများ ၀င်မည်။ ဘုရားဆင်းတုတော်၊ ပုံတော်များ ကြွလာမည်။ သင့်အတွက် အလွန်ကောင်းသောနိမိတ် ဖြစ်ပါသည် ဤကာလအတွင်း၌ စီးပွား အလွန် ကောင်းသကဲ့သို့ ကိုယ်ကျင့်တရား အထူးအရေးကြီးသော အချိန်ဖြစ်ပါသည်။

အမှုအခင်းဖြစ်နေသူကို ငွေမချေးပါနှင့်၊ အာမခံ မလိုက်ပါနှင့်၊ သတိပြု၍ ရှောင်ကြဉ်ပါ။ ပတ္တမြား မြ ထွက်တတ်သည်။

အထူးသတိပြုရန် အိမ်ထောင်ရှိသူဆိုလျှင် အိမ်ထောင်ဘက်နှင့် အဆင်မပြေ ကြီးစွာဖြစ်တတ်သည်။ သွပ်၊ သံ၊ သစ်တစ်ပတ်ရစ် ပစ္စည်းလက်မခံပါနှင့်၊ အောက်လက်ငယ်သား ဒုက္ခပေးတတ်သည်။ နာရေးကိစ္စကို အကြောင်းပြ၍ ခရီးသွားရတတ်သည်။ ဆရာသမားကဲသို့သော ပုဂ္ဂိုလ်များနှင့် အဆင်မပြေ ဖြစ်မည်။ လုပ်ဖော်ကိုင်လက်များ မိတ်ဆွေများနှင့် အဆင်မပြေ လမ်းခွဲ ရတတ်သည်။ ယခုကာလတွင် အိမ်ဆောက်လျှင် မကောင်းပါ အစားမှား ဆေးမှားဖြစ်ခြင်း သွားဒုက္ခပေး ခြင်းများ ကြုံရမည်။ မြေကိစ္စ အမွေနှစ်ကိစ္စများကြုံရတတ်သည်။ ငွေရှာရ လွယ်ကူပေမယ့် စုဆောင်း၍ မရ၊။ ငွေဝင်လျှင် ကိုင်မထားရ၊ ရွှေဝယ်ထားပါ။ ဤကာလတွင် ကိုယ်စိတ်နှုတ်သုံးပါးကို မဖောက်မပြန် တည်တည် ကြည်ကြည် ထိန်းသိမ်းနိုင်သူတွေ တန်ဖိုးကြီးမားသော ဘ၀သို့ ရောက်နိုင်သည်။ မထိန်းသိမ်းနိုင်သူ အဖို့ ရေနှင့်ထိသော ရွှံ့နွံဘ၀ ရောက်နိုင်သည်။

ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ၊ သက်သာပြေပျောက်စေရန် အောက်ပါယတြာ များကို ဂရုစိုက်ပြုလုပ်ပါလေ။

ယပ်ဖြူ သက်စေ့လှူပါ။ ဘုရားရင်ဘတ်တော် ရွှေချပါ၊ ရေသက်စေ့ကပ်လှူပါ။

တနင်္လာ

ယခုလသည် မိဘကို ကောင်းစွာပြုစုစောင့်ရှောက်နိုင်မည့်အချိန် ဖြစ်သည်။ စီးပွားသိသိသာသာ တက်မည်။ သိကြားမ လိုက်သကဲ့သို့ လက်ရှိအခြေအနေထက် များစွာမြင့်တက်သွားလိမ့်မည်။ လုပ်ငန်းများ သိသိသာသာ အောင်မြင်မူရမည်။ လုပ်ငန်သစ်များ စတင်ပြု လုပ်နိုင်သော ကာလ၊ လုပ်ငန်းဟောင်းများ ပြန်ပေါ်တတ်သည်။ ဘုရားဖူးခရီးများ စိတ်ချမ်းသာစရာခရီးများ ပြည်တွင်းပြည်ပခရီးများ သွားတတ်သည်။ ၀န်ထမ်းဖြစ်လျှင် ရာထူးတက်ခြင်း အခြေအနေ အဆင့်အတန်း မြင့်တက်ခြင်းများကြုံမည်။ သင်တန်းတစ်ခု တက်ရခြင်း ပညာကောင်း ရခြင်းများ ကြုံမည်။ မိတ်ဆွေကောင်း ဆရာကောင်များ တွေ့မည်။ အဖိုးတန်စက်ပစ္စည်များဝင်မည်။ မြေကိစ္စ၊ အမွေကိစ္စများ အဆင်ပြေမည်။ ငွေရှာရလွယ်ခြင်း ငွေအ၀င်အထွက် ကြမ်းခြင်းများ ကြုံလိမ့်မည်။ ရပ်ဝေးမှစာများ အဆက်အသွယ်များ ရလာမည်။ ရန်များခြင်း စကားများဖြေရှင်းရခြင်း ရင်နှီးသူများ လုပ်ဖော်ကိုင်ဘက်များနှင့် အဆင်မပြေလမ်းခွဲရခြင်းများ ကြုံမည်။

အထူးသတိပြုရန် အလုပ်တွင် အတိုက်အခံ အနည်းငယ်ကြုံရတတ်သည်။ အမှုအခင်း ရုံပြင်ကန္နားနှင့် ပတ်သက်ရတတ်သည်။ စိုးရိမ်စရာ မရှိပါ။ အကြီးအကဲ ကောင်းရနိုင်၏။ အိမ်ထောင်ရှိသူဆိုလျှင် အိမ်ထောင်ဖက် စိတ်ညစ်ရတတ်သည်။ ဆွေမျိုးသားချင်းများ ကျန်းမာရေး အသည်းအသန် ဖြစ်တတ်သည်။ လာမည့် မွေးလ မွေးရက်အထိ အသုဘပို့ခြင်း မပြုပါနှင့် အထူးသတိပြုပါ။ နှလုံးနှင့် ပတ်သက်၍ ကျန်းမာရေးညံ့ခြင်း။ လေနှင့် ပတ်သက်၍ ကျန်းမာရေးညံ့ခြင်း ဒူး နား ဒုက္ခပေးခြင်းများ ကြုံရတတ်သည်။ စပ်တူရှယ်ယာလုပ်ငန်းများ ပေါ်လိမ့်မည်။ လုပ်လျှင်အောင်မြင်မည်။ ကိုယ်ပိုင်လုပ်ငန်းဖြစ်စေ၊ ၀န်ထမ်းဖြစ်စေ ကြီးပွားတိုးတက်အောင်မြင်မည့်ကာလ ဖြစ်ပါသည်။

ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက်စေရန် အောက်ပါ ယတြာများ ကို ဂရုစိုက်ပြုလုပ်ပါလေ။

ဘုရားဖူးခရီးသွားပါ၊ ခရီးစရိတ်ပြတ်နေသူကို ငွေလှူပါ၊ မွေးနေ့တိုင်း အိပ်ရာရွှေ့ ပြောင်း၍အိပ်ပါ။

အင်္ဂါ

အလုပ်နေရာ၊ အိမ်နေရာ ပြင်ဆင်မွမ်းမံရခြင်း ပြောင်းရွှေ့ရခြင်း လုပ်ရတတ်သည်။ အိမ်သစ်ဆောက်လျှင် ကောင်းအချိန် ဖြစ်သည်။ လုပ်ငန်းအသစ်ပေါ်ခြင်း (သို့မဟုတ်) လက်ရှိအလုပ်နှင့် ပတ်သက်၍ အဆက်အသွယ်သစ်များ။ ပေါ်လာလိမ့်မည်။ လုပ်ငန်းနှင့် ပတ်သက်၍ နာမည်ကောင်းရခြင်း နေရာကောင်းရခြင်း၊ လုပ်ငန်းတိုးချဲ့ရခြင်းများ လုပ်ရတတ်သည်။ အိမ်ထောင်မရှိသူများ အိမ်ထောင်ကျတတ်သော ကာလဖြစ်သည်။ ဇာတာရှင်သည် ယောက်ျားဖြစ်ပါက အိမ်ထောက်ကျလျှင် ကောင်းပါသည်။ မင်္ဂလာဆောင်လျှင် စည်ကားသော မင်္ဂလာဆောင်ဖြစ်မည်။ အိမ်ထောင်ပရိဘောဂ အိမ်သုံးပစ္စည်း ၀င်တတ်သည်။ သူခိုး၊ မျက်စေ့ အကျခံရတတ်သော ကာလဖြစ်၍ သူခိုး အခိုးခံရတတ်ကြောင်း သတိပြုပါလေ။

ခရီးအကျိုးပေးသော ကာလဖြစ်ပါသည်။ ဘုရားဖူးခရီး သွားရတတ်သည်။ ကွဲကွာနေသော ဆွေမျိုးသားချင်းများနှင့် ပြန်ဆုံမည်။ ရပ်ဝေးမှ ဆွေမျိုးသားချင်းများ ရောက်လာတတ်သည်။ အိမ်သို့ အတောင်ပါသော သတ္တ၀ါများ ၀င်လာတတ်သည်။ ၀င်လျှင် နိမိတ်ကောင်းသည်။ သွပ် သံ သစ် စသော သောကြာနံပစ္စည်းများ ၀င်လာတတ်သည်။ အထူးသတိပြုရန် မိတ်ဆွေရင်း လုပ်ဖော်ကိုင်ဘက်တို့က ဒုက္ခပေးတတ်သည်။ မြေကို အကြောင်းပြု၍ စိတ်ညစ်ရတတ်သည်။ မြေအ ၀င်မခံရပါ။ မြေ၀င်လျှင် ကြာသပတေးနံ ထုတ်ပစ်ပါ။

ပညာရေးနှင့် ပတ်သက်သောပစ္စည်း လှူဒါန်းပါ။ ရွှေနှင့် အဖိုးတန် ရတနာပစ္စည်းများ ၀င်လာမည် ဘုရာဆင်းတုတော် စွယ်တော် ရဟန္တာပုံတော်များ ကြွလာတတ်သည်။

လက်ဝတ်ရတနာများ ကျောက်ပြုတ်ထွက်ခြင်း ပျောက်ခြင်း၊ ဖြစ်တတ်သည်။ အလုပ်တွင် အတိုက်အခံ အပြိုင်အဆိုင် ကြီးစွာကြုံမည်။ အတိုက်အခံမှန်သမျှ အနိုင်ရမည်။ မိသားစု အကြီးအကဲ လုပ်ငန်းအကြီးအကဲ တို့ကြောင့် စိတ်ညစ်ရတတ်သည်။ အထူးသဖြင့် ဖခင် ကျန်းမာရေး ညံ့တတ်သည်။ ထီပေါက်သကဲ့သို့ ငွေများဝင်တတ်သည်။

ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက်စေရန် အောက် ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။

အုန်းထမင်း၊ အုန်းနို့နှင့်ချက်ထား သော ဘဲသားဟင်းကို ဘုန်းကြီးလှူပါ၊ တံခွန်းကုက္ကား မလေးပွား ဂြိုလ်တိုင်သက်စေ့လှူပါ

ဗုဒ္ဓဟူး

အလှူအတန်းကိစ္စများ မုချလုပ်ရမည်။ ငွေအစုလိုက် အပုံလိုက် ၀င်လာလိမ့်မည်။ မိမိ၏ အလုပ်မှလည်းကောင်း၊ ထီပေါက်၍လည်းကောင်း ၀င်လာတတ်သည်။ ဤကာလမျိုး၌ သာမန်အခြေအနေမျိုးမှနေ၍ စီးပွားအရှိန်အဟုန် နှင့်တက်ကာ လက်ရှိအခြေအနေထက် အဆပေါင်းများ စီးပွားတက်လိမ့်မည်။ မိမိလုပ်ငန်းများကို အင်နှင့် အားနှင့် တိုးချဲ့လုပ်ကိုင်သင့်သော်လည်း ဖြတ်လမ်းမလိုက်ရန် သတိပေးလိုပါသည်။

မိမိအား ပြဿနာလုပ်နေသူများ ရှိလျှင် အဆင်ပြေသွားမည်။ မသင့်မြတ်သူများနှင့် ပြန်လည်သင့်မြတ်သွားမည်။ အဖိုးတန်ကျောက် မျက်ရတနာများ ၀င်မည်။ အိမ်ထောင်ရှင်များ အိမ်ထောင်ရေးအတွက် သောကရောက်ရသော ကာလဖြစ်သည်။ အထက်လူကြီး၊ မိသားစု ကြီးကဲသူများကြောင့် စိတ်ညစ်ရမည်။ အတူနေမိသားစုထဲမှ အကြီးအကဲ အဘိုး အဘွားများအရေးဖြစ်တတ်သည်။ လူမျိုးခြား၊ နိုင်ငံခြားနှင့် ပတ်သက်သော ကိစ္စများ အကျိုးပေး အောင်မြင်မည်။ ခရီးများမကြာခဏ ထွက်ရတတ်သည်။ ထိုခရီးများသည်လည်း အကျိုးပေး အောင်မြင်လိမ့်မည်။

ဝန်ထမ်းဆိုလျှင် ရာထူးတက်ခြင်းအခြေအနေ မြင်တတ်ခြင်း ကြုံရလိမ့်မည်။ ပညာရေးကိစ္စများ သင်တန်းကိစ္စများကို အကြောင်းပြု၍ စိတ်ညစ်ရတတ်သည်။ ရွှေထွက်ခြင်း၊ ရွှေအတွက် ပြောဆိုဖြေရှင်းရခြင်းများ ကြုံရတတ်သည်။ အင်္ဂါနံ စိန်၊ စက်ပစ္စည်း ထွက်တတ်သည်။ ရွှေထည်ဝယ်လျှင် အသစ်များသာ ၀ယ်သင့်သည် အပျက် အဟောင်း မ၀ယ်သင့်ပါ။

အထူးသတိပြုရန် အောက်လက်ငယ်သား သားသမီး ထွက်သွားခြင်း၊ ၎င်းတို့အတွက် သောကရောက်ရခြင်းများ ကြုံ ရတတ်သည်။ ဆီးရောဂါ၊ မျက်စိရောဂါများ ဒုက္ခပေးခြင်း၊ အစားမှားခြင်း၊ ဆေးမှားခြင်းများ ကြုံရတတ်သည်။ စာရွက်စာတမ်း စာချုပ်ကိစ္စ များအတွက်စိတ်ညစ်ရခြင်း၊ ပစ်စာ တိုင်စာ ရောက်ခြင်းများ ကြုံရတတ်သည်။ ဆွေမျိုးသားချင်းများကို ကောင်းစွာ အကူအညီ ပေးနိုင်လိမ့် မည်။ လက်ရှိအလုပ်အကိုင်ကို စိတ်မ၀င်စားခြင်း၊ အလုပ်ပြောင်းလိုစိတ်များ ကြုံလာတတ်သည်။ အိမ်ဝယ်နိုင်သော် လည်း အိမ်အနားအဆာ မလွတ်၊ အိမ်ဧည့်သည်မပြတ်၊ အိမ်ဆောက်လျှင် တန်းလန်းဖြစ်တတ်သည်။ ခိုင်မာသော စီးပွားရေးလုပ်ငန်းများ တည်ဆောက်ထားပါ။ ရရှိသော အကြွေးများကို ယခုကာလတွင် ကြိုတင်စုဆောင်းထားပါ။ သို့မဟုတ်ပါက ဆုံးတတ်သည်။

ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက်စေရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။

ထီးဖြူအသေးသက်စေံနှင့် ထီးဖြူအကြီး တစ်လက်ကို မွေးနေ့နက်တွင် ဘုရားလှူပါ။ အမွှေးနဲ့သာနှင့် ဘုရားအားရေသပ္ပာယ်ပါ။

ကြာသပတေး

ဘုရားဆင်တုတော်၊ ပုံတော်၊ ရဟန္တာပုံတော်များ ကြွလာတတ်သည်။ မထင်မှတ်သော ခရီးများ မရည်ရွက်သော ခရီးများသွားရတတ်သည်။ သူတစ်ပါးကိစ္စအတွက် ခရီးသွားရတတ်သည်။ လူမျိုးခြားက ကူညီခြင်း၊ နိုင်ငံရပ်ခြားနှင့် ပတ်သက်သောကိစ္စများ အောင်မြင်ခြင်းများကြုံမည်။ နာမည်ဂုဏ်သတင်း တိုးတက်ခြင်း ဘုန်တန်ခိုး တိုးတက်ခြင်းများ ကြုံရမည်။ မနာလိုသူလည်း ပေါ်လိမ့်မည်။ မိမိထက်မြင့်သူနိမ့်သူ နှစ်ဦးလုံးက ဒုက္ခပေးလာတတ် သောအချိန် ဖြစ်ပါသည်။

လုပ်ဖော်ကိုင်ဘက်များ အောင်မြင်တော့မလိုလိုနှင့် အခက် အခဲကြီးစွာ ကြုံတတ်သည်။ အလုပ်တွင် အပျက်စီးအဆုံးရှုံး အလေအလွင့်များနေလိမ့်မည်။ ငွေပျောက်ခြင်း ကြွေးတင်ခြင်း ငွေအတွက် ပြောဆိုဖြေရှင်းရခြင်းများ ကြုံရတတ်သည်။ ကြီးကဲသူ အထက်လူကြီးများကြောင့် စိတ်ညစ်ရတတ်သည်။ အလှူပွဲ မင်္ဂလာပွဲ အစီစဉ်များ အထစ်အငေါ့ကြုံခြင်း ရက်ရွှေ့ခြင်းများ ကြုံရတတ်သည်။ အိမ်ထောင်ရှိသူဆိုလျှင် အိမ်ထောင်ရေးအဆင်မပြေ ဖြစ်နေမည်။ လက်ရှိအလုပ်အကိုင် ပြောင်းချင်စိတ်ပေါ်လာမည်။ ပြောင်းလျှင် ပိုဆိုးသွားတတ်သည်။

အထူးသတိပြုရန်။ အစာအဆိပ်ဖြစ်ခြင်း၊ ခြေထောက် ခါး၊ သွား ဒုက္ခပေးခြင်းများ ကြုံရတတ်သည်။ ဤလအတွင်း အမှုအခင်း မဖြစ်စေရန် အထူးဂရုစိုက်ပါ။ ဖြစ်လျှင် မပြီးနိုင်ဘဲ ဖြစ်နေတတ် သည်။ ငွေနှင့်လိုက်လျှင် ရှုံးသွားတတ်ပါသည်။ ပစ္စည်း မဌားရမ်းပါနှင့် ဆုံးလိမ့်မည်။ ဤကာလအတွင်း မည်သည့်အခက်အခဲနှင့် ကြုံသည် ဖြစ်စေ အားကိုး မရှာနှင့်။ ဒုက္ခပေးမည့်သူများသာ ပေါ်လာတတ်သည်။ အောက်လက်ငယ်သား ထွက်သွားခြင်း၊ ကျန်းမာရေးညံ့ခြင်း ကြုံရ တတ်သည်။

ထီကံကောင်းသော ကာလဖြစ်ပါသည်။ ပညာအသစ်တစ်ခု ရတတ်သည်။ အိမ်ထောင်ဘက် ကျန်းမာရေး ညံ့လိမ့်မည်။ ခါး အောက်ပိုင်း ဒုက္ခပေးတတ်သည်။ ဆေးရုံ၊ ဆေးခန်းသို့သွားရတတ်သည်။ ကျောဒုက္ခပြေးခြင်း၊ ကျော၌ရောဂါရခြင်း ဖြစ်မည်။ အိမ်ပြင်၊ အိမ် ဆောင်၊ အိမ်ပြောင်း မပြုပါနှင့်။ အာမခံမလုပ်ပါနှင့်။ စပ်တူအရောင်းဝယ် အကြီးအကျယ် မလုပ်ပါနှင့်။

ဤကာလအတွင်းကောင်းကျိုးချမ်း သာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေ ပျောက်စေရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်လေ။

နေ့စဉ်ခန္ဓာကိုယ် သန့်ရှင်းရေး၊ အိမ်သန့်ရှင်းရေး လုပ်ပါ။ သောက်ရေအိုး ကိုယ်တိုင် ရေထည့်ပါ။ တစ်ပတ်တစ်ကြိမ်အဓိဋ္ဌာန်ဝင်ပါ။

သောကြာ

ခရီးတိုး ခရီးရှည်များ သွားနေရလိမ့်မည်။ ထိုခရီးသည်များသည်လည်း သင့်အတွက် ကျိုးထူးစေပါလိမ့်မည်။ မထင်မှတ်ဘဲ ပညာတစ်ခုသင်ကြားရခြင်း သင်တန်းတစ်ခု တက်ရခြင်းများ ပြုလုပ်ရတတ်ပါသည်။ မရည်ရွယ်ဘဲ မြေ၀င်တတ်သည်။

ဤလအတွင်း အစစအရာရာသတိကြီးစွာထား ရန် လိုပါသည်။ မိမိအပေါ် မကောင်းကြံခြင်း မကောင်းပြောခြင်းများ ခံရတတ်သည်။ အလုပ်အကိုင်၌ ထိုခိုက်တတ်သည်။ ပြဿနာကြီးစွာ ဖြေရှင်းရတတ်သည်။ ရုံးပြင်ကန္နာ၊ အမှုအခင်းများနှင့် ပတ်သက်ရတတ်သည်။ မိမိနှင့်တကွ မိသားစုပါ ကျန်းမာရေး ညံ့တတ်သည်။ ဆေးရုံ၊ ဆေးခန်းအထိ ရောက်ရတတ်သည်။ မီး၊ လျှပ်စစ် ဒုက္ခပေးတတ်သည်။ အထူးသတိပြုပါ။ လူမျိုးခြား ဒုက္ခပေးတတ်သည်။ သားသမီး လက်အောက်ငယ်သားအတွက် စိတ်ညစ်စရာကြုံမည်။ စက်ပစ္စည်း ဒုက္ခပေးတတ် သည်။ ရွှေနှင့် ရတနာပစ္စည်းများ ထွက်ခြင်း၊ ပေါင်နှံရခြင်းများ ကြုံရတတ်သည်။ ငွေဒလဟောထွက်ခြင်း၊ ငွေအတွက် ပြောဆိုဖြေရှင်းရခြင်းများ ကြုံရတတ်သည်။

မထင်မှတ်သော ဆွေမျိုးသားချင်းက အကူအညီကောင်း ပေးလိမ့်မည်။ ဌာနဆိုင်ရာ အကြီးအကဲ၊ ဆွေမျိုးအကြီးအကဲတို့က အကူအညီအကောင်း ပေးလာလိမ့်မည်။ အထူးသတိပြုရန် ကျန်းမာရေးညံ့သော သက်ကြီးရွယ်အိုများ အိမ်သို့ လာရောက်တည်းခိုလျှင် ဆုံးပါးသွားတတ်သည်။ ခြေထောက် တွင်အန္တရာယ်ဖြစ်တတ်သည်။ လုပ်ငန်းအသစ်၊ အစီအစဉ်သစ်များ ပေါ်ပေါက်လာတတ်သည်။ ယခင်နှစ်များက ကျန်ခဲ့သော ရွှေ၊ငွေ၊ရတနာများ ယခုနှစ်ထဲတွင် ကုန်ဆုံးသွားတတ်သည်။ လောကဓံတရား၏ မတရားညှဉ်းပမ်းမှုကို ခံရပြီး မမျှော်လင့်ဘဲ သံဝေဂတရား ရလိမ့်မည်။ အစစ်အဆေး အမေးအမြန်း ခံရတတ်သည်။ ကိုယ်ခန္ဒာ အစိတ်အပိုင်း တစ်ခုခု ထိခိုက်တတ်သည်။

ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာ ပြေပျောက်စေရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။

ထီးနီသက်စေ့လှူပါ။ ဆေးဝါးဓာတ်စာလှူပါ။

စနေ

ဤလအတွင်း စိန်ထည်ပစ္စည်းများ စက်ပစ္စည်းများ ၀င်လိမ့်မည်။ လုပ်ငန်းသစ်လုပ်ရန် အကြံအစည် ကောင်းများ အဆက် အဆက်သွက်ကောင်းများ ပေါ်လာလိမ့်မည်။ သို့သော် ဤကာလအတွင်း ပစ္စည်း များကို ထုခွဲရောင်းချ၍ လုပ်ငန်းအသစ် ကြီးကြီးမားမား စရန် မကောင်းသေးပါ။

ဤကာလအတွင်း ထီမထိုးသင့်ပါ။ ထီပေါက်လျှင် မိသားစုအတွင်း ကျန်းမာရေး ဆိုးဆိုးဝါးဝါး ညံ့သွားတတ်သည်။ မသွားချင်သော ခရီးများ စိတ်ညစ်စရာခရီးများ သွားရတတ်သည်။ အထက်လူကြီး ဆွေမျိုးအကြီးအကဲတို့က မိမိအပေါ် အထင်လွဲတတ်သည်။ သားသမီးများ ကျန်းမာရေး ညံ့တတ်သည်။ ရွှေထွက်မည်။ ခြေ၊ လက်၊ မျက်ခြင်း၊ ခါးနားခြင်းများ ဖြစ်တတ်သည်။ စပ်တူရှယ်ယာလုပ်ငန်းများ ပေါ်လာလိမ့်မည်။ လုပ်လျှင် အောင်မြင်မည်။ အထူးသတိပြုရန် ငွေလူလိမ်ခံရမည်။ ခင်မင်သူ ချစ်သူကြောင့် ဒုက္ခတွေ့တတ်သည်။ မိတ်ဆွေအပေါင်းအသင်း များနှင့် မမျှော်လင့်ဘဲ လမ်းခွဲရတတ်သည်။ သားသမီးရှိက အိမ်မှ ထွက်သွားလိမ့်မည်။

ဒီကာလမှာ ကိုယ်ဝန်ဆောင် မိန်းမတွေ အထူးသတိပြုပါ။ မွေးလျှင် အခက်အခဲတွေ့နိုင်သည်။ သူ့သဘော သူဆောင် ရလာသောငွေနှင့် လိုက်လျောညီထွေဖြစ်အောင် နေပါ။ ဘာမှလုပ်စရာ မရှိပါက ထိုင်နေပါ။ ဥာဏ်ကို ဥာဏ်သုံးလုပ်မှ ဒုက္ခတွေ့တတ်သည်။ အမှု မဖြေရှင်းရပါ။ တတ်နိုင်သလောက် အချိန်ဆွဲပါ။ မဖြစ်မနေ ပြဿနာမှုတွေ ရှင်းရမယ်ဆိုလျှင် အရှုံးပေးလိုက်ပါ။ ငွေဝင်လာလျှင် မြေ၀ယ်ထားပါ။ အိမ်ကြီးကြီးကျယ်ကျယ် မဆောက်ပါနှင့်

ဤကာအတွင်း ကောင်းကျိုးချမ်းသားများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေ ပျောက်စေရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။

အိမ်ကဘုရားတွင် ကောဖီ (၁)ခွက်နှင့် ကိတ်မုန့်(၁) ချပ် ကပ်လှူလိုက်ပါ။

ဆရာဟိန်းတင့်ဇော်ရဲ့ အွန်လိုင်းစာမျက်နှာ www.heintinzaw.com ကနေ ကူးယူ ဖော်ပြ ပါတယ်။

လွတ်လပ်စွာ ဆန္ဒထုတ်ဖော် ပြောဆိုနိုင်မည့် လူထုဟစ်တိုင် ရန်ကုန်တွင်ဆောက်မည်



ရန်ကုန်တိုင်းဒေသကြီးအစိုးရက ပြည်သူများ တောင်းဆိုမှုများနှင့် ဆန္ဒထုတ်ဖော် မှုများ ပြုလုပ် နိုင်သည့် ပြည်သူ့ဟစ်တိုင် နေရာသတ်မှတ် ဖော်ထုတ် ပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးအစိုးရ၊ နယ်စပ်ရေးရာနှင့် လုံခြုံရေး ၀န်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ယနေ့ ရန်ကုန် မြို့တော်ခန်းမတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ထုတ်ဖော် ပြောဆို လိုက်သည်။


လတ်တလော ရန်ကုန်မြို့တွင် ဆန္ဒပြမှုများဖြစ်ပွားလျက်ရှိပြီး ယခင်အစိုးရ လက်ထက်က ဖြစ်ခဲ့သည့် ကိစ္စများကို လက်ရှိ အစိုးရ အနေဖြင့် တတ်နိုင်သမျှဖြေရှင်းပေးနေကြောင်း၊ သို့သော် ဆန္ဒပြမှုများအတွက် လက်ရှိအစိုးရက တတ်စွမ်း သမျှ ဖြေရှင်းဆောင်ရွက်ပေးနေပြီး ဖြေရှင်းမှုများသည် လိုအပ်ချက်များ ရှိကြောင်း၊ လက်ရှိတိုင်းဒေသကြီးအစိုးရအနေဖြင့် တရားဥပဒေလမ်းကြောင်းအတိုင်း ဆန္ဒပြမှုများကို ဆက်လက် ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အစိုးရ က ပြည်သူ့ဟစ်တိုင် နေရာ သဘောမျိုး သတ်မှတ်ပေးဖို့ စီစဉ်နေတယ်၊ ဒီနှစ်ထဲမှာ ဖြစ်ဖို့များ တယ်။ ဘယ်နေရာမှာ ဖြစ်မလဲဆိုတာတော့ အတိအကျမသိနိုင်သေးဘူး”ဟု ဗိုလ်မှူးကြီးတင်ဝင်းက ဧရာဝတီသို့ ပြောသည်။

ရန်ကုန်မြို့တွင် ပြည်သူတချို့ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်နေကြသည့် နေရာများသည် လူသွားလူလာ များပြားသည့် အများပြည်သူဖြတ်သန်းသွားလာသော နေရာများ နှင့် အချက်အချာကျသည့် နေရာ များဖြစ်ကြောင်း၊ အများပြည်သူပိုင် နေရာများတွင် ဆန္ဒပြမှုများပြုလုပ်ခြင်းကြောင့် နိုင်ငံတကာ အသိုင်း အဝိုင်းနှင့် ဆက်ဆံနေရချိန်တွင် တိုင်းပြည် ဂုဏ်သိက္ခာထိ ခိုက်နိုင်ပြီး တိုးတက်မှု နှေးကွေးသွားစေသည်ဟု ၎င်းက ရှင်းပြသည်။

“နိုင်ငံတကာ အဖွဲ့အစည်းတွေ နဲ့ သွားနေပြီဖြစ်တဲ့အချိန်မှာ နိုင်ငံမျက်နှာမငယ်ချင်ဘူး၊ ဆန္ဒထုတ်ဖော် သူတွေကလည်း မရမချင်း ဆိုတာကို ဆုပ်ကိုင်မထားပါနဲ့၊ နိုင်ငံမျက်နှာကို ပြန်ကြည့်ပါ၊ ဥပဒေမဲ့ လုပ်ရပ် တွေ များလာရင် တိုင်းပြည်အတွက် မကောင်းဘူး”ဟု ဗိုလ်မှူးကြီးတင်ဝင်းက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းနိုင်ကမူ ဆန္ဒပြသူများ၏ ဆန္ဒပြရသည့် အကြောင်း အရင်း များကို နားလည်သော်လည်း ဥပဒေနှင့်အညီ အရေးယူရမှုများရှိကြောင်း၊ ဆန္ဒပြမှုများကို အဖြေရှာရာတွင် ညှိုနှိုင်းဖြေရှင်းခြင်းက အကောင်းဆုံး နည်းလမ်းဖြစ်ကြောင်း ပြောဆိုသည်။

“ဆန္ဒထုတ်ဖော်သူတွေက ဖျက်လိုဖျက်ဆီးဖြစ်အောင်၊ တိုးတက်မှုကို နှောင့်နှေးအောင် လုပ်ချင်တဲ့ ဆန္ဒမရှိဘူးဆိုတာ နားလည်ပါတယ်၊ ဒါပေမဲ့ တရားဥပဒေအရ အရေးယူရမှာဖြစ်လို့ အရေးယူခဲ့ရတဲ့ အပိုင်း တွေရှိတယ်၊ ညှိုနှိုင်း ဖြေရှင်း တာက အကောင်းဆုံးဖြစ်လိမ့်မယ်”ဟု ရဲမှူးကြီး ဝင်းနိုင်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရက မတ်လ ၃၀ ရက်နေ့နှင့် မတ်လ ၃၁ ရက်နေ့တွင် မဟာဗန္ဓုလ ပန်းခြံအနီး ဖွင့်လှစ် ထားသော မိကျောင်းကန် မြေသိမ်းခံပြည်သူတို့၏ သပိတ်စခန်းနှင့် မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် ဖွင့်လှစ်ထားသော မြန်မာ့ ဂုဏ်ရည် အိမ်ရာ မြေသိမ်းခံ ပြည်သူတို့၏ သပိတ်စခန်းများကို အင်အားသုံး ၀င်ရောက် ဖျက်ဆီးခဲ့ကြသည်။

Credit: ဧရာဝတီ

NLD ပါတီနှင့် ၈၈ မျိုးဆက်ခေါင်းဆောင်များ အဂတိလိုက်စားနေ ဟု ပြင်းပြင်းထန်ထန် ဝေဖန်



March 31, 2014

ဒေါ်အောင်ဆန်းစုကြည်၊ NLD ပါတီနှင့် ၈၈ မျိုးဆက်ခေါင်းဆောင်များ ပြည်တွင်း ပြည်ပမှ အလှူငွေအမည်ခံ၍ လာဘ်လာဘများ ရယူလျက် ရှိကြောင်း ယနေ့ထုတ် Weekly Eleven သတင်း ဂျာနယ်က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ကြောင်း သိရသည်။


၂၀၁၂ ခုနှစ် NLD ပညာရေးကွန်ရက် ရန်ပုံငွေ ပွဲတွင် ရွှေသံလွင်ပိုင် Sky Net နဲ့ Shwe FM က တိုက်ရိုက်ထုတ်လွှင့်ခကြေး ကုန်ကျငွေ ကျပ်သိန်း ၁၃၀၀ လှူခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ သိုးမွေးဆွယ်တာကိုလည်း ကျပ် ၄၂၅ သိန်းပေးပြီး ၀ယ်ခဲ့ကြောင်း၊ ယင်းနောက်ပိုင်း NLD ကပြုလုပ်သည့် ရန်ပုံငွေ ဂီတဖျော်ဖြေပွဲများကို ရွှေသံလွင်ပိုင်သည့် ရွှေထွဋ်တင်ကွင်းတွင် ပြု လုပ်ခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် ၈၈ မျိုးဆက် ကျောင်းသားတွေရဲ့ စေတနာဝဿန် ဂီတ ရံပုံငွေပွဲတွင်လည်း ဦးမင်းကိုနိုင်၊ ဦးပြုံးချိုနဲ့ ဦးဋ္ဌေးကြွယ်တို့သုံးဦး ပန်းချီရေးဆွဲခဲ့သည့် ဂစ်တာကို ရွှေသံလွင်ကုမ္ပဏီက လေလံကြေး ၅၈၈ သိန်းပေးပြီး ၀ယ်ခဲ့ ကြောင်း၊ ၂၀၁၃ တွင် ပြုလုပ်ခဲ့သည့် ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အခမ်းအနားတွင် လူ ၅၀၀၀ စာ သုံးရက်ဆက်တိုက် ကျွေးမွေးဧည့်ခံစရိတ်ကို ရွှေသံလွင်ကုမ္ပဏီက နာမည်မခံဘဲ ပေးခဲ့တယ်ကြောင်း၊ ၄င်းတို့မှာ ထင်သာမြင်သာရှိသည့် ထောက်ပံ့မှုတွေ ဖြစ်ပြီး နောက်ကွယ်တွင် ထင်သာမြင်သာမရှိသည့် ထောက်ပံ့မှုများလည်း ရှိနေနိုင်ကြောင်း ဖော်ပြထားသည်။


၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူအဖွဲ့အစည်းနှင့် ပတ်သက်၍လည်း ၈၈ မျိုးဆက် ကျောင်းသားဟောင်းတစ်ဦးဖြစ်သည့် ဦးဇော်ဝင်းက ‘နိုင်ငံရေးသမား ရောင်းရန်ရှိသည်’ အမည်ရှိ ဆောင်းပါးရှည်တစ်ပုဒ်ကို ရေးသားခဲ့ပြီး News Watch ဂျာနယ်တွင် ဖော်ပြခဲ့ရာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းအတွင်းစည်းမှ ငွေကြေးအရှုပ်အရှင်းများကို ဖွင့်ထုတ်ခဲ့ကြောင်း၊ (Open Society Foundations-OSF) ၏ ပဲ့ကိုင်ရှင် ဂျော့ဆိုးရော့စ် မြန်မာနိုင်ငံ လာသည့်အခါ ၈၈ ကျောင်းသားများနှင့် တွေ့ခဲ့ပါကြောင်း၊ ဆိုးရော့စ်က ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ဦးကိုကိုကြီးကို အမေရိကန်ဒေါ်လာ ၂၅၀၀၀ ပေးခဲ့ကြောင်း၊ ယင်းသို့ ပေးအပ်ခဲ့သည်ကို ဦးကိုကိုကြီးက ကျန်တဲ့အဖွဲ့ဝင်များကို မပြောဘဲ ထိန်ချန်ထားသည့်အတွက် ဖြေရှင်းမှုများ ပြုလုပ်ခဲ့ရသော်လည်း နောက်ဆုံး စည်းလုံးညီညွတ်ရေး ခေါင်းစဉ်အောက်တွင် အကျင့်ပျက်မှုကို ဖုံးဖိမျိုသိပ် ထားလိုက်ကြရသည် ဟု ဦးဇော်ဝင်းက ရေးသားထားကြောင်း ဖော်ပြထား သည်။

ဂျော့ဆိုးရော့စ်၊ ၈၈ ကျောင်းသားများနှင့် ငွေကြေးကိစ္စမှာ မီဒီယာထက်ကို ကျယ်ကျယ်ပြန့်ပြန့် ရောက်မလာခဲ့သော်လည်း အဖွဲ့အစည်းနာမည်ကို ဂျော့ဆိုးရော့စ် အဖွဲ့နာမည်နှင့် ဆင်တူသည့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ဟု အမည်ပေးထားခြင်း ဖြစ်ကြောင်း၊ ဦးကိုကိုကြီး၏ ရန်ကုန်မြို့ မင်္ဂလာဧည့်ခံပွဲကို ရွှေသံလွင်ကုမ္ပဏီပိုင် Sky Star ဟိုတယ်တွင် ပြုလုပ်မည် ဖြစ်ပြီး ပုံမှန်အခြေအနေမဟုတ်ဘဲ သွယ်ဝိုက်သောအားဖြင့် အထူးအခွင့်အရေး ပေးသည့် လာဘ်ထိုးမှု ဖြစ်ကြောင်း၊ မကြာသေးခင်က ထွက်ရှိလာသည့် ဒီမိုကရေစီတူဒေး၏ နောက်ကွယ်တွင် ရွှေသံလွင်ကုမ္ပဏီ ရှိနေကြောင်း ဖော်ပြထားသည်။

NLD ပါတီရုံးချုပ် ဆောက်လုပ်ရာတွင်လည်း ခရိုနီသူဌေးကြီးတစ်ဦး ဖြစ်သူ ဦးတေဇက ငွေကြေးကျခံရန် စီစဉ်ခဲ့သော်လည်း နောက်ပိုင်းတွင် ဝေဖန်မှုများ မြင့်တက်လာခဲ့သဖြင့် ပြည်သူများထံမှ အလှူငွေကောက်ခံကာ တည်ဆောက်ရန် စီစဉ်ခဲ့ကြောင်း၊ သို့သော်လည်း လုံလောက်သည့် ငွေကြေးမပြည့်မီ၍ ဦးတေဇကပင် AGD Bank အမည်ခံ၍ တည်ဆောက်ပေးမည် ဖြစ်ကြောင်း၊ အလားတူ ဒေါ်အောင် ဆန်းစုကြည်၏ ပြည်တွင်း ပြည်ပခရီးစဉ်များအတွက် သယ်ယူပို့ဆောင်ရေးမှ အစ အသုံးစရိတ်အဆုံး ဦးတေဇ၊ ဦးဇော်ဇော်၊ ဦးတိုးနိုင်မန်း၊ ဦးခင်ရွှေ၊ ဦးမိုက်ကယ်မိုးမြင့် စသည့် ခရိုနီများက ငွေကြေး ကျခံပေးလျက် ရှိကြောင်း၊ နေပြည်တော်တွင် ဒေါ်အောင်ဆန်းစုကြည်နေထိုင်လျက် ရှိသည့် နေအိမ်ကိုလည်း ခရိုနီများက ထောက်ပံ့ပေးထားခြင်း ဖြစ်ကြောင်း၊ ထို့အပြင် စုဖောင်ဒေးရှင်း၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၊ ဦးဝင်းတင်ဖောင်ဒေးရှင်းတို့ကိုလည်း ခရိုနီများက ငွေကြေးထောက်ပံ့ပေးလျက် ရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ၏ မဲဆန္ဒနယ်မြေ ဖြစ်သော ကော့မှူးမြို့နယ်အတွက် ဦးခင်ရွှေက အစစ တာဝန်ယူထားပြီး ဖြစ်ကြောင်း သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည် စီးရန်အတွက် နောက်ဆုံးပေါ် အနက်ရောင် ဇိမ်ခံကားတစ်စီးကိုလည်း ဦးတိုးနိုင်မန်း၊ ဦးအောင်သက်မန်းတို့က ပေးကမ်းထားရာ ခြံအမှတ်(၅၄)အတွင်း သိမ်းဆည်းထားကြောင်း၊ ထိုသို့ ထောက်ပံ့ကူညီပေးထားမှုများအရ ဆက်သွယ်ရေးလုပ်ငန်းများကို ပြည်ပကုမ္ပဏီများအား လိုင်စင်ချထားပေးရာတွင် လွှတ်တော်မှ ကန့်ကွက်ခဲ့ရာ၌ ဒေါ်အောင်ဆန်းစုကြည်၏ ညွှန်ကြားချက်အရ NLD ပါတီမှ လွှတ်တော်အမတ် ဦးဝင်းမြင့်(ပုသိမ်)က တက်တက်ကြွကြွ ပါဝင်ခဲ့ပြီး ဦးတိုးနိုင်မန်းနှင့် ဦးအောင်သက်မန်းတို့၏ အကျိုးစီးပွားကို ကာကွယ်ပေးရန် ကြိုးစားခဲ့ကြောင်း၊ ထိုသို့ ကန့်ကွက်ပြောကြားပေးခြင်းကြောင့် ဦးဝင်းမြင့်၏ စာားသောက်မှုစရိတ်နှင့် သွားလာမှုစရိတ်များကို Red Link ကုမ္ပဏီမှတစ်ဆင့် ထောက်ပံ့ပေးလျက် ရှိကြောင်း သိရှိရသည်။

“နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေးသမားတွေကတော့ ခရိုနီထောင်ချောက်ကို သိထားဖို့ လိုပါတယ်။ ခရိုနီတွေရဲ့ နောက်ကွယ်မှာ အာဏာရှင်တွေ ရှိနေဆဲ ဖြစ်တယ်ဆိုတာကို သိထားဖို့ လိုပါတယ်။ လိုအပ်တဲ့ ငွေကြေးတွေကို ပြည်သူတွေဆီက တစ်ကျပ်တစ်ပြားရငွေတွေနဲ့ ခရီးဆက်လို့ ရပါတယ်။ အခုပဲ NLD ရုံးဆောက်တဲ့ကိစ္စမှာ စင်ကာပူရောက် မြန်မာလူငယ်တွေ ငွေစုနေကြပါတယ်။ သူတို့ ပင်ပန်းတကြီး ရှာဖွေထားတဲ့ ငွေကြေးတွေ ထည့်ဝင်လှူ ဒါန်းဖို့ ပြင်နေကြတယ်။ ဒီလိုလူငယ်တွေရဲ့ ငွေကြေး၊ ပြည်သူတွေဆီကရတဲ့ ငွေကြေးတွေဟာ ခရိုနီတွေပေးတဲ့ ငွေကြေးထက် ပိုပြီးဖြူစင်ပါတယ်။ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးသမားတွေကို အခုလက်ရှိ ခရိုနီတွေရဲ့ ပေးကမ်းမှုဟာ အမေရိကန်ဒေါ်လာ သန်း ၇၀ ကို ကာစီနိုမှာဖြုန်းတီး၊ ညအိပ်ဖော်ကို သိန်း ၁၅၀၀၊ ၂၀၀၀ ပေးဖို့ ၀န်မလေးတဲ့ကြေးနဲ့ နှိုင်းယှဉ်ရင် ပြောပလောက်တဲ့ ငွေကြေးတွေ မဟုတ်ဘူးဆိုတာပါ။ ပြည်သူတွေရဲ့ဘ၀ကို နင်းခြေပြီး အစိုးရကပေးတဲ့ အခွင့်အရေးတွေနဲ့ သူတို့ရထားတဲ့ ငွေတွေက ဖြူစင်တဲ့ငွေတွေ မဟုတ်ပါဘူး။ နိုင်ငံရေးသမားတွေကို ပေးကမ်းပြီး လျှော်ဖွပ်လို့ရတဲ့ ငွေတွေလည်း မဟုတ်ပါဘူး။ ခရိုနီတွေပေးတဲ့ငွေကြေး၊ အထူးသက်သာခွင့်၊ ထောက်ပံ့မှု၊ စပွန်ဆာတွေကို လက်ခံထားသူတွေဟာ နောင်တစ်ချိန် သူတို့အစိုးရဖြစ်တဲ့ အချိန်မှာ ခရိုနီတွေရဲ့ မသမာမှုကို ဘယ်လိုအဂတိတရားနဲ့ ဆုံးဖြတ်ကြမှာလဲ။ တိုက်ရိုက်အားဖြင့်၊ သွယ်ဝိုက်အားဖြင့် လာဘ်ယူထားသူတွေဟာ အဂတိတရား ကင်းရှင်းနိုင်ပါ့မလား။ ဒါကြောင့် ဒီအချိန်မှာ NLD ခေါင်းဆောင်တွေ အပါအ၀င် နိုင်ငံရေးသမားတွေကို မေးလိုတာက အရင်လိုမျိုး ပြည်သူလူထုရဲ့ ဒုက္ခကို ခါးစည်းခံပြီး ပြည်သူတွေနဲ့ တစ်သားတည်းရှိနေမလား၊ ခရိုနီတွေနဲ့တွဲပြီး ပြည်သူကို မျက်ကွယ်ပြု ကပွဲသဘင်တွေ ဆင်နွှဲကြမလားဆိုတဲ့ မေးခွန်းနှစ်ခု ဖြစ်ပါတယ်။ ကိုယ်ဘာလုပ်မလဲဆိုတာ ရွေးချယ်ရပါမယ်” ဟု Weekly Eleven သတင်းဂျာနယ်က ဖော်ပြထားသည်။

“ခရိုနီတွေက ပေးကမ်းထားတော့ ပြည်သူ့အတွက် ဆိုတဲ့ နိုင်ငံရေးသမားတွေ အပေါက်တွေ ပိတ်သွားတာပေါ့။ ဒေါ်စုလည်း လူထဲက လူဆိုတာ အသိသာကြီးပဲ။ D-Wave ဂျာနယ်ကို ငွေကြေး စိုက်ထုတ်ပေးထားတာ ဦးတေဇ လို့ သိရတယ်။ NLD ပါတီရဲ့ ငွေစာရင်း ဘယ်တုန်းက ရှုင်းတာ တွေ့ဖူးသလဲ။ ဒေါ်စု ဘယ်သွားသွား ခရိုနီတွေက ငွေကြေး အပြိုင်အဆိုင် ပံ့ပိုးပေးနေတာ။ သူတို့က လာဘ်ပေးတယ် ဆိုတာ အကျိုးစီးပွား အတွက်။ ဒီတော့ ဒေါ်စုလည်း ခရိုနီတွေကို အခွင့်အရေး ပေးသင့်တယ် ဆိုတဲ့ စကားမျိုးတွေ ထွက်လာတယ်။ ရှင်းရှင်းပြောရရင် ဒါက လာဘ်စားတာဗျ။ ဗိုလ်ချုပ်အောင်ဆန်းဆိုရင် ဆန်တစ်ပြည် တောင် မယူဖို့ ဒေါ်ခင်ကြည်ကို တားခဲ့တာ။ ဒေါ်စုကတော့ သူ့အဖေနဲ့ မတူနိုင်ဘူးလေ။ သူက သမီးပဲ။ ဗိုလ်ချုပ်အောင်ဆန်းမှ မဟုတ်တာ။ ဒေါ်စု အပါအ၀င် NLD ထဲက ဘယ်သူကများ ခရိုနီတွေ မကောင်းကြောင်း တစ်ခွန်းတစ်လေ ပြောဖူးတာ ရှိခဲ့လဲ။ အရင်တုန်းက ပြောခဲ့ဘူးတဲ့ ဦးဝင်းတင်လည်း ဖောင်ဒေးရှင်းထောင်ပေးလိုက်တော့ ငြိမ်သွားတာပဲ။ အကုန်လုံး ဒီပုပ်ထဲက ဒီပဲတွေပဲလေ။ ဦးရွှေမန်းဆိုရင် သူ့သားတွေကတစ်ဆင့် ငွေကြေး ပုံပေးထားတာ ဒေါ်စုက အခုဆိုရင် ဦးရွှေမန်းနောက်လိုက် ဖြစ်နေပြီ" ဟု နေ့စဉ်သတင်းစာတစ်စောင်မှ သတင်းထောက်ချုပ် တစ်ဦးက ပြောဆိုသည်။

ဤသည်မှာ လာဘ်ပေးလာဘ်ယူ ပြုလုပ်ခြင်းသာ ဖြစ်ပြီး နိုင်ငံရေးသမားများမှာ ငွေကြေး ချမ်းသာသူ ပြည်တွင်း ပြည်ပ ခရိုနီသူဌေးကြီးများ၏ အိတ်ကပ်ခဲမှ ရုပ်သေးရုပ်များသာ ဖြစ်ကြောင်း၊ ရုပ်သေးရုပ် ဆိုသည်မှာ နောက်ကွယ်မှ ငွေကြေးထောက်ပံ့ပေးထားသည့် ခရိုနီများ၏ အမိန့်ကို လွန်ဆန်နိုင်ခြင်း မရှိသည်ကို တွေ့ရှိနိုင်ကြောင်း၊ အမှန်တစ်ကယ်တွင် နိုင်ငံရေးပါတီများ၊ နိုင်ငံရေးသမားများမှ စည်းရုံး၍ အလွယ်ကူဆုံး သတ္တ၀ါများသာ ဖြစ်ကြောင်း၊ သည်းခြေကြိုက်ဖြစ်သော ငွေကြေးကို ငမ်းငမ်းတက်နေသူများ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ရှေ့ဆုံးမှ ငမ်းငမ်းတက် ပါနေသည်မှာ NLD နှင့် ၈၈ မျိုးဆက်များဖြစ်ကြောင်း ၄င်းက သုံးသပ် ပြောကြားသည်။


ဧည်ခံပွဲတစ်ခုရှိ ခရိုနီ ခရိုပြာ ခရိုဝါများနဲ့ မြူးတူးနေသော ဒေါ်စု

The Civil Power

မောင်တောမြို့နယ် သာယာကုန်းရွာကို အကြမ်းဖက်ရန် ကြံဆောင်သူများကို ရွာသားများခုခံကာကွယ်ခဲ့ရ



မတ်လ ၃၁ ရက်နေ့ ညဥ့်သန်းခေါင် ၁၂ နာရီ အချိန်တွင် မောင်တောမြို့နယ် သာယာကုန်း ရွာအား ၀ိုင်းဝန်းတိုက်ခိုက် အကြမ်းဖက်ရန် ကြံစည် သူများဟု ယူဆရသူများကို ရွာသာများ ၀ိုင်းဝန်း ခုခံကာကွယ်ခဲ့ရသည်ဟု ရွာကျောင်း ဆရာတော်မှ နိရဉ္စရာသို့ ပြောကြားသည်။


အိမ်ခြေ ၄၀ ကျော်ခန့်ရှိသော သာယာကုန်းရွာအား လေးဘက် လေးတန်မှ လူများက အုပ်စုဖွဲ့၍ ဓါတ်မီးများထိုးကာ ချဉ်းကပ်လာခဲ့ကြောင်း၊ ရွာအနီးသို့ ရောက်စဉ် ရွာတွင် ကာကွယ်ရန် သက်ဆိုင်ရာ ခွင့်ပြုချက်ဖြင့် ကိုင်ထားသော သေနတ်ဖြင့် သုံးချက်တိတိ ပစ်ခတ်လိုက်ရာ ယင်းလူအုပ်မှာ ဖရိုဖရဲ ဖြစ်ကာ ထွက်ပြေးသွားကြောင်း ဆရာတော် မိန့်ကြားသည်။

“ သူတို့က ဘင်္ဂလီတွေပါ။ ရွာကို တစ်ခုခု လုပ်မယ် အစီအစဉ်နဲ့ လာကြတာပါ။ လက်နက်တွေလည်း ပါလိမ့်မယ်ထင်ပါတယ်။ မဟုတ်ရင် ဒီလောက်ထိ အတင့်ရဲစရာ မရှိဘူး။ ရွာသားတွေက ဓါတ်မီးကိုင်ထားတဲ့ လူအုပ်ထဲကို သေနတ်နဲ့ သုံးချက်တိတိ ပစ်ထည့်လိုက်တော့ ထွက်ပြေးသွားပါတယ်” ဟု ဆိုသည်။

ယင်းနောက်ပိုင်းတွင် စစ်တပ်သို့ အကြောင်းကြားရာ နယ်မြေခံ စစ်ကြောင်း တစ်ခု မိနစ် (၂၀) အတွင်း ရောက်ရှိလာခဲ့သည်ဟု ဆရာတော်က ပြောသည်။

“ တပ်က မိနစ် ၂၀ လောက်မှာ ရွာကို ရောက်လာတယ်။ လိုက်ရှာတော့ မတွေ့လိုက်တော့ဘူး” ဟု ဆက်ပြော သည်။

ယနေ့တွင် တပ်မတော် စစ်ကြောင်း တစ်ခုမှာ သာယာကုန်းရွာအနီးရှိ မကျည်းကုန်းတွင် တပ်စွဲ ထားကြောင်း၊ လုံခြုံရေး အခြေအနေ စိတ်မချရသေးကြောင်း၊ ယနေ့ ဧပြီလ ၁ ရက် ယနေ့ ညနေတွင် လည်း ရွာအနောက်ဘက်တွင် ဘင်္ဂလီ ၂၀ ခန့် စုနေသည်ဟု ကြားရ၍ တပ်ကို အကြောင်းကြား ထား ကြောင်း ဆရာတော်က ဆိုသည်။

လတ်တလော မောင်တောမြို့နယ် အခြေမှာ တည်ငြိမ်နေသော်လည်း စိတ်ချရသော အဆင့်တွင် မရှိ ကြောင်း မောင်တော ဒေသခံ တစ်ဦးကလည်း ပြောသည်။

အပူချိန်ကြီး၍ အပူရှပ် (Heat Stroke) အသက်သေဆုံးသည့် ဖြစ်စဉ်အချို့ရှိလာ


Myanmar Online News's photo.

မြန်မာနိုင်ငံ၏ နွေရာသီကာလတွင် မတ်လဆန်း မှစ၍ အပူချိန်တဖြည်းဖြည်း မြင့်တက်လာပြီး လက်ရှိကာလတွင် အပူချိန်အမြင့်ဆုံးမှာ ၄၄ ဒီဂရီ စင်တီဂရိတ်အထိရှိပြီး အပူရှပ်ခြင်းကြောင့် အသက် သေ ဆုံးသည့် ဖြစ်စဉ်အချို့လည်း ရှိနေပြီဖြစ် ကြောင်း သိရသည်။


လက်ရှိ အပူချိန်အမြင့်ဆုံးဖြစ်နေသည့်ဒေသမှာ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်ဖြစ်ပြီး အပူချိန် ၄၄ ဒီဂရီစင်တီဂရိတ်အထိ ရှိနေကြောင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများဖြစ်သည့် မန္တလေးတိုင်းဒေသ ကြီး မြင်းခြံမြို့တွင် ၄၃ ဒီဂရီစင်တီဂရိတ်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း မုံရွာမြို့တွင် ၄၂ ဒီဂရီ စင်တီဂရိတ်အထိ အမြင့်ဆုံးအပူချိန်များတွင် ရှိနေကြောင်းနှင့် မြန်မာနိုင်ငံအောက်ပိုင်းဒေသ များဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီးရှိ မှော်ဘီ၊ မင်္ဂလာဒုံတို့တွင် ၃၈ ဒီဂရီစင်တီဂရိတ်၊ တနင်္သာရီ တိုင်းဒေသကြီး ကော့သောင်းမြို့တွင် ၃၈ ဒီဂရီစင်တီဂရိတ်၊ မွန်ပြည်နယ်ရေးမြို့တွင် ၃၈ ဒီဂရီစင်တီဂရိတ်အထိ အသီးသီးရှိနေကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ထုတ်ပြန်ချက်များအရ သိရသည်။

Myanmar Online News's photo. "အခုနှစ်မှာညောင်ဦး၊ ကျောက်တော်၊ ကလေးဝမြို့တွေမှာ အပူချိန်ကမိုးလေ၀သဖွင့်ခဲ့တဲ့ နှစ် ၅၀ ကျော်ကာလအတွင်းမှာ မတ်လတိုင်းအပူချိန်တွေရဲ့ အမြင့်ဆုံး အပူချိန်ဖြစ်ခဲ့တယ်။ အဲဒီအပူချိန်တွေက အခုဧပြီလကို ကူးလာရင်တော့ အမြင့်ဆုံးအပူချိန်မဟုတ်တော့ဘူး။ ဒါဟာ ပုံမှန်အပူချိန်ပဲဖြစ်သွားတယ်။ ကမ္ဘာကြီးပူနွေးလာမှုကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ အပူ ချိန်က ဆက်လက်မြင့်တက်ဖို့ ရှိပါတယ်"ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးက ပြောကြားခဲ့သည်။

အခုအချိန်က အပူရှိန်ပြင်းလာပြီဖြစ်တဲ့အတွက် အပူကြောင့်ဖြစ်တဲ့ရောဂါတွေကို ဂရုပြုကြပါ။ မလိုလား အပ်ဘဲ ဘယ်အသက်အရွယ်မဆို အသက်သေဆုံးတာတွေဖြစ်နိုင်တာကြောင့် ကျန်းမာရေး ဗဟုသုတ ရှိဖို့နဲ့ ကြိုတင်ကာကွယ်နည်းတွေကို သေချာလိုက်နာဖို့ အရေးကြီးပါတယ် အပူချိန်ဆက်တိုက်မြင့်တက်ခဲ့မှု များနှင့်အတူ အပူကြောင့်ဖြစ်တတ်သည့် ကျန်းမာရေးဆိုင်ရာ နောက် ဆက်တွဲပြဿ များ၊ ရာသီဥတု ပြောင်းလဲမှုကြောင့် နောက်ဆက်တွဲ အကျိုးသက်ရောက်မှုများကို ဒေသ တစ်ခုနှင့်တစ်ခု အနည်းနှင့်အများ တူညီစွာကြုံတွေ့လာရပြီး တစ်နှစ်ထက်တစ်နှစ် အပူချိန်မြင့်မား လာမှုများကြောင့် ကလေးငယ်များနှင့် သက်ကြီးပိုင်းများတွင် ဆေးရုံ တက်ရောက် ကုသမှုများအပြင် အသက်သေဆုံးမှုများလည်း ရှိလာကြောင်း နှင့် ယခုနှစ်တွင်လည်း ယခင်နှစ်များကဲ့သို့ အပူရှပ်ကာ အသက်သေဆုံးသည့် ဖြစ်စဉ်များလည်း ရှိလာပြီ ဖြစ်သည်။

ပြီးခဲ့သည့် မတ် ၂၆ ရက်က သင်္ဃန်းကျွန်းစံပြဆေးရုံတွင် အမျိုးသားတစ်ဦး သေဆုံးရောက်ရှိလာကြောင်း သိရသဖြင့် စုံစမ်းရာ သေဆုံးသူမှာ ၅၄ ရပ်ကွက်၊ ဒဂုံတောင်မြို့နယ်နေ ကို.....(၂၁)နှစ် ဖြစ်ကြောင်းနှင့် ၎င်းမှာ အပြင်မှပြန်လာပြီး ၎င်း၏ အလုပ်ရှင်နေအိမ်သို့ ၀င်ရောက်ကာ ရေခဲသေတ္တာ အတွင်းမှ ရေခဲရေ ယူသောက်ပြီး အနည်းငယ်ကြာတွင် နှုတ်ခမ်းများပြာလာကာ စကားမေးမရသဖြင့် ဆေးရုံသို့ ပို့အပ်စဉ် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆေးရုံမှအလောင်းအား တာဝန်ကျဆရာဝန်မှ စစ်ဆေးရာသွေးတိုးရောဂါကြောင့် ဦးနှောက်သွေးကြောပြတ် ကာ သေဆုံးခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရပြီး သင်္ဃန်းကျွန်းမြို့မရဲစခန်းက သေမှုသေခင်းဖွင့်လှစ်ကာ ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

"အခုအပူချိန်က အရင်ကထက် တဖြည်းဖြည်း မြင့်လာတာနဲ့အမျှ သတိပြုဆင်ခြင်ဖို့ လိုလာပါပြီ။ အပြင်ထွက်အလုပ်လုပ်နေတဲ့သူတွေ၊ ကာယလုပ်သားတွေအနေနဲ့ အပူထဲကပြန်လာတာ မျိုးမှာ ရေသောက်ရေချိုး တာကအစ ဆင်ခြင်ရတော့မှာပါ။ အခုအချိန်က အပူရှိန်ပြင်းလာပြီဖြစ်တဲ့အတွက် အပူကြောင့်ဖြစ်တဲ့ရောဂါတွေကို ဂရုပြုကြပါ။ မလိုလားအပ်ဘဲ ဘယ်အသက်အရွယ်မဆို အသက် သေဆုံးတာတွေဖြစ်နိုင်တာကြောင့် ကျန်းမာရေးဗဟုသုတရှိဖို့နဲ့ ကြိုတင် ကာကွယ်နည်းတွေ ကို သေချာ လိုက်နာဖို့ အရေးကြီးပါတယ်"ဟု မြန်မာနိုင်ငံ ဆရာဝန် အသင်းမှ ဒေါက်တာ စည်သူကဆိုသည်။

မြန်မာနိုင်ငံသည် ၁၉၇၈ ခုနှစ် နောက်ပိုင်းတွင် ရာသီဥတုပြောင်းလဲခြင်းများကို ရင်ဆိုင်လာရပြီး ယင်း တို့မှာ ရာသီဥတု ပိုမိုပူပြင်းခြောက်သွေ့လာခြင်း၊ မုတ်သုံဝင်ရောက်ချိန် နောက်ကျခြင်း၊ မုတ်သုံ အထွက် စောလာခြင်း၊ ဆောင်းရာသီများတွင် ယခင်အေးမြသောဒေသများ ပူနွေးလာခြင်း၊ မိုးရက်နည်းပါးလာခြင်း၊ မိုးခေါင်သောနှစ်များ ကြုံတွေ့လာခြင်း၊ သဘာဝဘေးအန္တရာယ်များကို ဆက်တိုက်ကြုံတွေ့လာခြင်း စသည်တို့ဖြစ်လာကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၀၉ ခုနှစ်နှင့် ၂၀၁၀ ပြည့်နှစ်များက နှစ်နှစ်ဆက်တိုက် အယ်လ်နီညိုရာသီ ဥတု နှစ်များကို တွေ့ကြုံခဲ့ရကာ စံချိန်တင်ပူပြင်းမှုများ၊ မြစ်များတွင် ရေနည်းပါးကာ စိုက်ပျိုးရေ၊ သောက်သုံးရေ အခက်အခဲ ကြုံရခြင်းများ၊ ကျန်းမာရေးချို့တဲ့ခြင်းများ၊ လူသေဆုံးရခြင်း များပင် ဖြစ်ပေါ်ခဲ့ကြောင်း သိရ သည်။

Eleven Media Group

ဖက်ဒ ရယ် ပြည်ထောင် စုပါ တီ လစ်လပ် နေရာ အားလုံး မှာ ယှဉ်ပြိုင် မည်


10178091_451544491659128_739643604_n

ညီနောင်တိုင်းရင်းသားပါတီတွေ စုဖွဲ့ထားတဲ့ ဖက်ဒရယ်ပြည်ထောင်စုပါတီ FUP က ဒီနှစ်ကုန်ပိုင်းမှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ရန်ကုန်နဲ့ မန္တလေးတိုင်းဒေသကြီးတွေက လစ်လပ်မဲ ဆန္ဒနယ် အားလုံးမှာ ၀င်ရောက်ယှဉ်ပြိုင်မယ်လို့ FUP ပါတီ ခေါင်းဆောင် တွေကပြောပါတယ်။


ဒီနေ့ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်မှာရှိတဲ့ FUP ပါတီရုံးချုပ်မှာကျင်းပတဲ့ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း FUP ပါတီ ဒုတိယ ဥက္ကဌ ၂ ဦးစောသန်းမြင့်က ပြောပါတယ်။ “ရန်ကုန် ပြည်သူ့လွှတ်တော် ၄ နေရာနဲ့ မန္တလေးတိုင်း အောင်မြေသာဇံက တိုင်းဒေသလွှတ်တော်ပေါ့နော် မဲဆန္ဒ (၂) က ၁ နေရာ၊ ၅ နေရာကတော့ ဒီကနေ့မနက်ပိုင်းမှာ ဆုံးဖြတ်ထားပြီးသား ကျန်တဲ့ဟာကတော့ ကျနော်တို့ရဲ့ မိခင်ပါတီတွေက အားလုံးဝင်မှာလေ၊ လောလောဆယ်တော့ ဝင်မယ့်မြို့နယ်ပဲ အရင်လျာထားသေးတယ်ဗျ၊ လူကတော့ နောက်တစ်ကြိမ် အစည်းဝေးကျမှပဲ ညှိနှိုင်းရမယ်ထင်တယ်ဗျ၊ သင်္ကြန်ပြီးမှပဲ၊ အကြမ်းစာရင်းပဲ လုပ်ထားရသေးတယ်”

ရန်ကုန်တိုင်းဒေသကြီးမှာ ပြည်သူ့လွှတ်တော်အတွက် လစ်လပ်မဲဆန္ဒနယ်မြေ ၄ မြို့နယ်ရှိပြီး ဒဂုံမြို့သစ်တောင်ပိုင်း၊ အင်းစိန်၊ လသာနဲ့ ပန်းပဲတန်းမြို့နယ်တွေဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီးမှာ တိုင်းဒေသကြီးလွှတ်တော်အတွက် လစ်လပ်မဲဆန္ဒနယ်မြေ ၂ နေရာရှိပြီး အောင်မြေသာဇံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) နဲ့ မိုးကုတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) နေရာတွေ ဖြစ်ပါတယ်။ FUP ပါတီကို ချင်းအမျိုးသားပါတီ၊ ကျားဖြူ ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ စတဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီပေါင်း ၁၉ ဖွဲ့နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

‪RFA‬