Monday, March 31, 2014

မိုးကောင်းမြို့နယ်တွင် NLD ပါတီဝင်တွေ ရှမ်းနီလူမျိုးမှန် ပေါ်ပေါက်ရေးတွင် အနှောက်အယှက်များပေးနေ



မိုးကောင်းမြို့နယ် ဆားမှော် ကျေးရွာ အုပ်စု NLD ပါတီဥက္ကဌ ဒေါ်နွေနွေဦး နှင့် ပါတီဝင်များဖြစ်သည့် မစမ်းပို ၊ ဒေါ်စမ်းရီ တို့သည် ၂၀၁၄ သန်းခေါင် စာရင်း ကောက်ခံရာတွင် ရှမ်းနီအမျိုးသားထု ကိုယ်စားလှယ်များ အစည်းဝေးဆုံးဖြတ်ထားသည့် ရှမ်းနီဟု ထည့်သွင်းရမည့်အစား အစည်းဝေး ဆုံးဖြတ်ချက် အစည်းဝေးဆုံးဖြတ်ချက်အတိုင်း မဟုတ်သည့် တိုင်းလျမ်ဟု ထည့်ရမည် လိုက်လံ စည်းရုံးနေကြောင်းသိရသည်။


ထို့ပြင် မိုးညှင်းမြို့နယ် NLD ခရိုင်ဗဟို အလုပ်အမူဆောင်တစ်ဦးဖြစ်သည့် ဗမာလူမျိုး ဦးကြည်နှင့် အဖွဲ့ သည်လည်း မြန်မာနိုင်ငံတွင်နေသဖြင့် ဗမာဟုသာထည့်ရမည်ဟု မိုးညှင်းမြို့ပေါ်နှင့် ကျွန်းကုန်း ကျေးရွာ တို့တွင် လိုက်လံစည်းရုံးခဲ့ကြောင်းသိရသည်။

မကြာသေးခင်ရက်ပိုင်းကလည်း စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်အတွင်းရှိ အဆိုပါပါတီဝင် တစ်ဦးသည် ရှမ်းမျိုးနွယ်စု အဖွဲ့ကဟူ၍ ပြောဆိုလျှက် တိုင်းလျမ်သာထည့်ရန်စည်းရုံးနေသည်ကို ရှမ်းနီ ပါတီက သိရှိသဖြင့် လိုက်လံစုံစမ်းရာ NLD ပါတီ ၀င်တစ်ဦးဖြစ်နေကြောင်း ရှမ်းနီ ပါတီ တာဝန်ရှိသူ တစ်ဦးကဆိုသည်။

ရှမ်းနီ သတင်းဌာန

မန္တလေးမြို့လယ်တွင် မူးယစ်တရားခံ ဖမ်းရာ၌ သေနတ်ပစ်ဖောက်ခြောက်လှန့်

မန္တလေးမြို့လယ် တစ်နေရာတွင် မူးယစ်ဆေးဝါး ရောင်းချနေသူတစ်ဦးကို ရဲတပ်ဖွဲ့တာဝန်ရှိသူများက အရပ်ဝတ်ဖြင့် ဖမ်းဆီးစဉ် ထွက်ပြေးရန် ပြင်ဆင်ခဲ့သည့်အတွက် သေနတ်ပစ်ဖောက်၍ ခြောက်လှန့် ခဲ့ရကြောင်း သတင်းရရှိသည်။


မတ်လ ၃၀ ရက်က အောင်မြေသာစံမြို့နယ် (၁၉) လမ်း၊ ၆၁ လမ်းနှင့် ၆၂ လမ်းကြားနေရာတွင် ညနေ ၆ နာရီခွဲ အချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

အဆိုပါနေရာသို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူများက ဆေးပြားများဝယ်ယူရန် အရပ်ဝတ်ဖြင့် ဆေးပြား ရောင်းချ မည့် အမျိုးသားနှင့် သွားရောက်တွေ့ဆုံစဉ် ဆေးပြားရောင်းသူက ရိပ်မိခဲ့ပြီး ကားချင်း တိုက်မည့် အနေအထား ပြင်လိုက်သည့်အတွက် အရပ်ဝတ်ရဲတာဝန်ရှိသူက သေနတ်ဖြင့် ပစ်ခတ်ခဲ့ရသည်။ ထိုသို့ သေနတ်ပစ်ဖောက်ကာ ဖမ်းဆီးရန် ပြင်ဆင်ခဲ့သော်လည်း မူးယစ်ဆေးလာရောက်ရောင်းချသူမှာ လွတ် မြောက် သွားကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ထိုနေ့ နေ့လယ်က မန္တလေးမြို့ရှိ ဟိုတယ်တစ်ခုအတွင်း မူးယစ်ဆေးဝါးသုံးစွဲနေသူများကို ရဲတပ်ဖွဲ့ တာဝန် ရှိသူများက ၀င်ရောက်ဖမ်းဆီးခဲ့ပြီး ၎င်းတို့ထံမှ ရရှိသည့် အချက်အလက်များနှင့် ကွင်းဆက် အနေဖြင့် အဓိကမူးယစ်ဆေးဝါး ရောင်းချနေသူကို ဖမ်းဆီးရန်စီစဉ်ခဲ့ရာမှ ယခုကဲ့သို့ဖြစ်ပွားခဲ့ရခြင်း ဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူးကြီး ဇော်မင်းဦးကပြောသည်။

‘‘သူတို့ဘက်က ရဲတွေမှန်း ရိပ်မိသွားပြီး ကားချင်းတိုက်ဖို့လုပ်လိုက်တော့ ခြောက်လှန့်ပစ်ဖောက် လိုက်ရ တာပါ’’ ဟု ဒုတိယရဲမှူးကြီး ဇော်မင်းဦးက ပြောသည်။

ရဲများမှာ အရပ်ဝတ်ဖြင့် သေနတ်ပစ်ဖောက်ခဲ့ခြင်းကြောင့် အနီးတွင်ရှိသူများက အချင်းချင်း ကားဖြင့်ပြိုင်ပြီး သေနတ်ပစ်ခတ်မှုဖြစ်ပွားသည်ဟု ထင်မှတ်ကာ အထိတ်တလန့် ဖြစ်ခဲ့ရကြောင်း ဖြစ်ပွားခဲ့သည့် နေရာအနီး နန်းရှေ့အရပ်တွင် နေထိုင်သူ အမျိုးသားတစ်ဦးကပြောသည်။

လွတ်မြောက်သွားသည့် မူးယစ်ဆေးဝါးရောင်းချသူ အမျိုးသားအား ဖမ်းဆီးအရေးယူမှုများ ပြုလုပ်နိုင်ရေး အတွက် တိုင်းဒေသကြီး မှုခင်းအကူရဲတပ်ဖွဲ့ တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက် နေကြောင်း ဒုတိယရဲမှူးကြီး ဇော်မင်းဦးကဆိုသည်။

Author: အေးမွန်ရာပြည့်
7DAY DAILY

အစိုးရနှင့် ပြည်သူတို့ အကြား အစဉ်တစ်စိုက် ကြိုးပမ်းခဲ့ကြသော အတိုက်အခံတို့ ၏ ကျရှုံးမှု



သမ္မတကြီး တာဝန်ယူပြီးခါစ အချိန်အတွင်းမှာပင် ပြည်တွင်း အကျပ်အတည်း တစ်ခုဖြစ်သည့် မြစ်ဆုံ စီမံကိန်းအား အပြစ်ရှာ၍ အစိုးရအဖွဲ့အား ထောက် ပြဝေဖန်၍ တိုက်ခိုက်ခဲ့သည်။

======================

သို့သော် သမ္မတကြီး မှ ပြည်သူများအား ကတိပေးခဲ့ သည်။ မိမိ၏ သက်တမ်းတွင် လုံးဝမပြုလုပ်ပါ။နိုင်ငံ တစ်ကာ ခုံရုံးမှ အရေးယူဆောင်ရွက်လျှင်လည်းတာ ဝန်ယူ ဖြေရှင်းမည်ဟုဆိုခဲ့သည်။

--------------------


နောက်တစ်ဖန် လက်ပန်းတောင်း တောင်အရေးအခင်း အားဖန်တီး၍ ထပ်မံ နားလည်မှုနှင့်ယုံကြည်မှု ကင်းစေ ရန် ထပ်မံဖန်တီး ခဲ့ကြပြန်သည်။

သို့သော် ထိုအရေးအခင်း ဖြိုခွင်းမှုနှင့်ပါတ်သတ်၍ အ တိုက်အခံ ခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် စုံစမ်းစစ်ဆေးရေး ကော်မရှင် ခေါင်းဆောင် အနေဖြင့် တာဝန်ယူဆောင်ရွက်သောအခါ အမှန်၊အမှား အဖြေအား တိကျစွာ ထွက်ပေါ်လာပြီး ဒေါ်စုကိုယ်တိုင် လက်ပန်းတောင်း ဒေသခံများနှင့် စကားများသည်အထိ ဖြစ်ခဲ့သည်။

---------------------

ရခိုင်အကျပ်အတည်း ပေါ်ပေါက်လာပြန်သော အခါ အတိုက်အခံခေါင်း ဆောင်ကြီးမှ OIC နှင့်ပါတ်သတ် ၍ နှုတ်ဆိတ်နေပြီး ပြည်သူနှင့်အစိုးရအား ထိပ်တိုက် တွေ့စေရန် ဖိအားတစ်ခုဖန်တီးပြန်သည်။

သို့သော် သမ္မတကြီးမှ ပြည်သူလူထုမှ လက်မခံသော OIC အားလုံးဝလက်မခံ ဟု ပြတ်သားစွာ ကြေငြာခဲ့ သည်။

-----------------------

ရခိုင်မြေ အကျပ်အတည်းတွင်ပင် UN အား ဖိအားပေး စေနိုင်ရန် လှစ်ဟ၍ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးတွင် ဘင်္ဂလီကုလားများအား ထည့်သွင်းကောက်ခံစေရန် ဖန် တီး မှုပြုလုပ်ခဲ့သည်။

သို့သော် သမ္မတကြီးမှ UN အားပြည်တွင်းရေးတွင် ဝင် ရောက် စွက်ဖက်ခြင်း မပြုစေရန် ပြတ်သားစွာ ကြေငြာ ချက်ထုတ်ခဲ့ပါသည်။

-----------------------

အမျိုးဘာသာစောင့်ရှောက်လိုသူများမှ မျိုးစောင့်ဥပဒေ အား တင်သွင်းရန် ကြိုးပမ်းကြသော အခါ နိုင်ငံတစ်ကာ လူ့အခွင့်အရေးစံချိန်စံညွန်း များနှင့်ထိုးချကာပြည်သူများ နှင့် သံဃာများ ၊သံဃာများ ၊ပြည်သူတို့နှင့် အစိုးရကြား အကျပ်အတည်းအား ဘေးမှ တွန်းပို့ခဲ့ပြန်သည်။

သို့သော် သမ္မတကြီးမှ အမျိုးဘာသာအား အလေးထား ၍ ဥပဒေပြုပေးနိုင်ရန် ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်သော လွှတ်တော်သို့သဝဏ်လွှာပေးပို့ ၍ တောင်းဆိုခဲ့ပါသည်။

-----------------------

ယခု ရိုဟင်ဂျာအား တိုင်းရင်းသားအမည်ဖြင့် သန်းခေါင် စာရင်း ကောက်ခံစေရန် အတိုက်အခံ ခေါင်းဆောင်ကြီး ၏ နှုတ်မှပင် ဖွင့်ဟ၍ တိုင်းရင်းသားဖြစ်သင့်ကြောင်း နိုင် ငံတကာတွင်ပြောဆို၍ အစိုးရနှင့်ပြည်သူတို့ အကြားကြီး မားသော အကျပ်အတည်းတစ်ခုအား ထပ်မံဖန်တီး ယူ ပြန်သည်။

သို့သော် သမ္မတကြီး ဦးသိန်းစိန်မှ ပြည်လုံးကျွတ်သန်း ခေါင်စာရင်း ကောက်ယူရာတွင် မည်သည့် နိုင်ငံများ၏ ဖိအား များကိုမှ မမှုပဲ ရိုဟင်ဂျာအား လုံးဝထည့်သွင်း မကောက် ဟုပေးထားခဲ့သော ကတိကို ထပ်မံ၍ တည် ခဲ့ပြန်ပါသည်။

------------------------

From: Aye Chan Min Anawrahta

လှုပ်လှုပ်ရှားရှားဖြစ်လာသည့် ရန်ကုန်သင်္ကြန်အကြိုမြင်ကွင်း


Shwenaingan's photo.

နှစ်သစ်ကူးသင်္ကြန်ပွဲတော်ကား ရောက်ရှိတော့မည်။ သင်္ကြန်တေးများ လည်းဟိုမှသည်မှ ပျံ့လွင့်နေပြီး သင်္ကြန်ပွဲတော်အတွက် အတွေး ကိုယ်စီဖြင့် လူတိုင်း ပြင်ဆင်နေကြ ပြီဖြစ်ရာ အရွယ်စုံမျှော်လင့်ရသော သင်္ကြန်၊ ပျော်ရွှင်ရသော သင်္ကြန် ပွဲတော်ကာလပင်။


နှစ်သစ်ကူး သင်္ကြန်ပွဲတော် အတွင်း ရေကစား ကြမည့်ကလေး ငယ်များအတွက် ရေကစား နိုင်သည့် အရုပ်မျိုးစုံ၊ ဖလားမျိုးစုံနှင့် ရေကာ မျက်မှန်မျိုးစုံတို့မှာ ရန်ကုန်မြို့ရှိ မင်္ဂလာဈေး၊ သိမ်ကြီးဈေးနှင့် တာမွေ ဈေးတို့အပါအဝင် မြို့နယ်အသီးသီးရှိ ဈေးဆိုင်များ တွင် နေရာယူလာကြပြီး ဖြစ်သည်။

ရောင်းစုံပလတ်စတစ် ရေပြွတ်များ၊ ရေကစားနိုင်သည့် ပလတ်စတစ် သေနတ်လေးများ၊ ဦးခေါင်းစွပ်နှင့် မျက်မှန်တွဲလျက် ပြုလုပ်ထားသည့် ရေပက်ခံ ပလတ်စတစ်ပစ္စည်းများကို အမျိုးစုံတွေ့ရသည်။ အစိမ်း ရောင်၊ အနီရောင်၊ အဝါရောင်နှင့် ရောင်စုံ စပ်ထားသော ရေကစားပလတ်စတစ် ကစားစရာများကား ကလေးငယ်များ ကို ဆွဲဆောင်နေပြီဖြစ်သည်။ ဈေးက မသေးလှ၊ ပလတ်စတစ် ရေကစား သေနတ် တစ်လက်လျှင် အရွယ်အစား နှင့် ဒီဇိုင်းအလိုက် ငွေကျပ် ၅ဝဝ မှ ၁၅ဝဝ အထိ ရှိနေသည်။

''အခုအချိန်မှာတော့ ကလေး တွေက လျှာထိုးခေါင်းစွပ်ပါတဲ့ ပလတ်စတစ် ရေကာ မျက်မှန်လေး တွေ အဝယ်များကြတယ်။ ပလတ် စတစ်ရေပုံးအသေးတွေလည်း အဝယ် လိုက်တယ်။ ရေများများထည့်ပြီး ပက်နိုင်တဲ့ ရြေ>ွပတ်အကြီးစားတွေ လည်း ကလေးတွေနှစ်သက် ကြတယ်''ဟု မင်္ဂလာဈေးမှ သင်္ကြန်ရေ ကစားစရာပစ္စည်းများရောင်းချသူ ဒေါ်မိုးမိုး ကပြောသည်။

တစ်ဖန်ရေပက်ခံ ထွက်လည်ကြ မည့် လူငယ်များအတွက် ဂျင်းဘောင်း ဘီနှင့်ဂျင်းအင်္ကျီများလည်း အဝယ် လိုက်လျက်ရှိသည်။ ရေပက်ခံထွက် မည့် လူငယ်များအတွက် အကြမ်းခံ နေကာမျက်မှန်နှင့် ဦးထုပ် များလည်း ဝယ်ယူမှုရှိနေကြရာ တန်ဖိုးသင့်တင့်သော ဂျင်းဘောင်းဘီနှင့် အင်္ကျီများ ရောင်း အား ကောင်းလျက် ရှိသည်။

''ဂျင်းဘောင်းဘီနဲ့ အင်္ကျီတွေ ရောင်းရပါတယ်။ ဒီလကုန်လစာ ထုတ်ရက်ဆိုရင် ပိုရောင်းရမှာပါ။ တစ်နေ့ကို ငွေကျပ် တစ်သိန်းဝန်းကျင် ရောင်းရပါတယ်။ ပြီးခဲ့တဲ့ သင်္ကြန် အကြိုကာလတွေမှာ ရောင်းရ သလောက် ရောင်းနေရပါတယ်'' ဟု လှည်းတန်းဈေးမှ ဂျင်းဘောင်းဘီများ ရောင်းချသူဦးလှစိုးက ပြောသည်။

သင်္ကြန်ပွဲတော်ကာလဖြစ်သည့် သင်္ကြန်အကြိုနေ့(ဧပြီ ၁၃ ရက်)မှ သင်္ကြန်အတက်နေ့ (ဧပြီ ၁၆ ရက်)အထိ သင်္ကြန်ရေပက်ခံကားများကို ကြိုတင်ငှားရမ်းမှုများ ရှိနေပြီဖြစ် သည်။ လွတ်လပ်စွာရေပက်ခံနိုင်သည့် ဂျစ်ကားများကို ဦးစားပေးငှားရမ်း မှုများရှိနေရာ ဈေးနှုန်းမှာတစ်ရက် လျှင် ငွေကျပ်တစ်သိန်းနှစ်သောင်းခန့် ဝန်းကျင်ရှိနေသည်။

''ပစ်ကပ်နဲ့ ဂျစ်ကားတွေတော့ အငှားများတယ်။ အခုကျွန်တော်နဲ့ သိတဲ့ ကားတွေကတော့ ငှားပြီးကုန် ပြီ။ တစ်ရက်ကို ငွေကျပ်တစ်သိန်း နှစ်သောင်းခန့်ရှိနေတယ်။ ကားကောင်း ရင် တစ်သိန်းခွဲ အထိရှိတယ် လို့လည်း ကြားတယ်။ ကျွန်တော်က ဂျစ်ကား ရှိတော့ တစ်နေ့ငွေကျပ်တစ်သိန်း နဲ့အငှားလိုက်ဖို့ သဘော ထူထားပြီး ပါပြီ''ဟု သင်္ကြန်ရေပက်ခံကား အငှားလိုက်သူ ရေကျော်မှကိုစိုးမောင် ကပြောသည်။ သင်္ကြန် ပွဲတော်ကာလအတွင်း အားလပ်ရက်များ၌ တရားစခန်းဝင်ကြ မည့်သူများအတွက်လည်း စာရင်းများ ပေးသွင်း နေကြသည်။ အချို့နာမည် ကြီး တရားစခန်းများတွင် သတ်မှတ် လူဦးရေ ပြည့်နေပြီဟု ဆိုသည်။

ရန်ကုန်မြို့၌ ရှောပင်းမောများ၊ အရောင်းဆိုင်ကြီးများတွင် လည်း သင်္ကြန်ပွဲတော်ကာလအတွင်း အထူး ဈေးနှုန်းများဖြင့် ရောင်းချနေကြပြီ ဖြစ်သည်။ သင်္ကြန်ကာလ ခရီးထွက် ကြမည့်သူများအတွက် ခရီးသွား လုပ်ငန်းများက အထူးမော်တော် ယာဉ်ကြီးဖြင့် အထူးခရီးစဉ်များ ပြေးဆွဲကြရန် စီစဉ်နေကြပြီဖြစ် သည်။

(မြန်မာ့အလင်း)

သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့ရှိ အဝေးပြေးဂိတ်ကြီးနှစ်ခုမှ ယာဉ်လိုင်း ၂၇၀ အနက် ယာဉ်လိုင်းလေးလိုင်းသာ ပိတ်ရက်မရှိ ပြေးဆွဲမည်


သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့ရှိ အဝေးပြေးဂိတ်ကြီးနှစ်ခုမှ ယာဉ်လိုင်း ၂၇၀ အနက် ယာဉ်လိုင်းလေးလိုင်းသာ ပိတ်ရက်မရှိ ပြေးဆွဲမည်

သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့ရှိ အဝေးပြေးဂိတ်ကြီးနှစ်ခုမှ ယာဉ်လိုင်း ၂၇၀ ခန့်တွင် ယာဉ်လိုင်းလေးလိုင်းသာ ပိတ်ရက်မရှိ ပြေးဆွဲသွားမည်ဖြစ်ကြောင်း “မဟာသင်္ကြန် ပွဲတော်ရက်အတွင်း ယာဉ်လိုင်းများ ပြေးဆွဲခြင်းဆိုင်ရာ စီမံချက်” တွင် ထုတ်ပြန်ထားချက်အရ သိရသည်။

အဆိုပါ ယာဉ်လိုင်းများမှာ မြန်မာနိုင်ငံ အထက်ပိုင်းသို့ ပြေးဆွဲသည့် ယာဉ်လိုင်းများဖြစ်ပြီး ပိတ်ရက်မရှိ ပြေးဆွဲသွားမည့် ယာဉ်လိုင်းများမှာ စည်းစိမ်ရှင် မန္တလေးယာဉ်လိုင်း၊ မိဟာရ မော်လမြိုင်ယာဉ်လိုင်း၊ မန်းရာဇာ မန္တလေးယာဉ်လိုင်းနှင့် မန္တလာမင်း နေပြည်တော်-မန္တလေး-ပြည်ဦးလွင် ယာဉ်လိုင်းတို့ဖြစ်ကြောင်း သိရသည်။

အောင်မင်္ဂလာ အဝေးပြေးဝင်းအတွင်းရှိ ယာဉ်လိုင်းအများစုမှာ ဧပြီ ၁၂ ရက် နောက်ဆုံးထား ပြေးဆွဲသွားမည်ဖြစ်ပြီး ဧပြီ ၁၈ ရက်တွင် ပြန်လည်ပြေးဆွဲသွားမည်ဖြစ်သည်။ ထို့ပြင် ဒဂုံဧရာ အဝေးပြေးဝင်းအတွင်းရှိ ယာဉ်လိုင်းအများစုမှာ ဧပြီ ၁၃ ရက်တွင် နောက်ဆုံးထား ပြေးဆွဲမည်ဖြစ်ပြီး ဧပြီ ၁၇ ရက်တွင် ပြန်လည်ပြေးဆွဲမည်ဖြစ်သည်။

ယင်းအပြင် “မဟာသင်္ကြန် ပွဲတော်ရက်အတွင်း ယာဉ်လိုင်းများပြေးဆွဲရေးနှင့် သက်ဆိုင်သည့် စီမံချက်” တွင် ယာဉ်လိုင်းများအား ယာဉ်တိုက်မှု မဖြစ်စေရေး၊ အရက်သေစာသောက်စား မောင်းနှင်မှု မပြုရေး၊ သတ်မှတ်သည့် ယာဉ်စီးခနှုန်းထားထက် ပိုမိုရောင်းချမှု မပြုလုပ်ရေး၊ ကြိုတင်လက်မှတ် ရောင်းချရာတွင် အမှန်တကယ်စီးနင်းမည့် ခရီးသည်အမည် နိုင်ငံသားစီစစ်ရေး အမှတ်များ တိကျစွာပါရှိရေးနှင့် ယာဉ်ထွက်ချိန်တွင် အမှန်တကယ် စီးနင်းသူနှင့် ကြိုတင်လက်မှတ် ဖြတ်ထားသူမှာ တစ်ဦးတည်းဖြစ်စေရေး၊ ခရီးသွား လုပ်သားပြည်သူများအား ကောင်းမွန်ယဉ်ကျေးစွာ ပြောဆိုဆက်ဆံရေး စသည့်အချက်များကို ယာဉ်လိုင်းများ သိရှိစေရန် ထုတ်ပြန်ထားသည်။

ယခုနှစ် သင်္ကြန်ကာလအတွင်း အဝေးပြေးယာဉ်လိုင်းများတွင် လက်မှတ်ဝယ်ယူရာ၌ လက်မှတ်မှာယူမှု အခက်အခဲများလည်း ဖြစ်ပေါ်နေလျက် ရှိသည်။

အောင်မင်္ဂလာ အဝေးပြေးဝင်းအတွင်းရှိ ယာဉ်လိုင်းများအား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့ရှိ အဝေးပြေး ဂိတ်ကြီးနှစ်ခုမှ ယာဉ်လိုင်း ၂၇၀ ခန့်တွင် ယာဉ် လိုင်းလေး လိုင်းသာ ပိတ်ရက်မရှိ ပြေးဆွဲ သွားမည်ဖြစ်ကြောင်း “မဟာသင်္ကြန် ပွဲတော် ရက်အတွင်း ယာဉ်လိုင်းများ ပြေးဆွဲခြင်းဆိုင်ရာ စီမံချက်” တွင် ထုတ်ပြန်ထားချက်အရ သိရသည်။


အဆိုပါ ယာဉ်လိုင်းများမှာ မြန်မာနိုင်ငံ အထက် ပိုင်းသို့ ပြေးဆွဲသည့် ယာဉ်လိုင်းများဖြစ်ပြီး ပိတ်ရက်မရှိ ပြေးဆွဲသွားမည့် ယာဉ်လိုင်း များမှာ စည်းစိမ်ရှင် မန္တလေးယာဉ်လိုင်း၊ မိဟာရ မော်လမြိုင် ယာဉ်လိုင်း၊ မန်းရာဇာ မန္တလေး ယာဉ်လိုင်းနှင့် မန္တလာမင်း နေပြည်တော်-မန္တလေး-ပြည်ဦးလွင် ယာဉ်လိုင်း တို့ဖြစ်ကြောင်း သိရ သည်။

အောင်မင်္ဂလာ အဝေးပြေးဝင်းအတွင်းရှိ ယာဉ်လိုင်းအများစုမှာ ဧပြီ ၁၂ ရက် နောက်ဆုံးထား ပြေးဆွဲ သွားမည်ဖြစ်ပြီး ဧပြီ ၁၈ ရက်တွင် ပြန်လည်ပြေးဆွဲသွားမည်ဖြစ်သည်။ ထို့ပြင် ဒဂုံဧရာ အဝေးပြေးဝင်း အတွင်းရှိ ယာဉ်လိုင်းအများစုမှာ ဧပြီ ၁၃ ရက်တွင် နောက်ဆုံးထား ပြေးဆွဲမည်ဖြစ်ပြီး ဧပြီ ၁၇ ရက်တွင် ပြန်လည်ပြေးဆွဲမည်ဖြစ်သည်။

ယင်းအပြင် “မဟာသင်္ကြန် ပွဲတော်ရက်အတွင်း ယာဉ်လိုင်းများပြေးဆွဲရေးနှင့် သက်ဆိုင်သည့် စီမံချက်” တွင် ယာဉ်လိုင်းများအား ယာဉ်တိုက်မှု မဖြစ်စေရေး၊ အရက်သေစာသောက်စား မောင်းနှင်မှု မပြုရေး၊ သတ်မှတ်သည့် ယာဉ်စီးခနှုန်းထားထက် ပိုမိုရောင်းချမှု မပြုလုပ်ရေး၊ ကြိုတင်လက်မှတ် ရောင်းချရာတွင် အမှန်တကယ်စီးနင်းမည့် ခရီးသည်အမည် နိုင်ငံသားစီစစ်ရေး အမှတ်များ တိကျစွာပါရှိရေးနှင့် ယာဉ်ထွက်ချိန်တွင် အမှန်တကယ် စီးနင်းသူနှင့် ကြိုတင်လက်မှတ် ဖြတ်ထားသူမှာ တစ်ဦးတည်း ဖြစ်စေရေး၊ ခရီးသွား လုပ်သားပြည်သူများအား ကောင်းမွန်ယဉ်ကျေးစွာ ပြောဆိုဆက်ဆံရေး စသည့် အချက်များကို ယာဉ်လိုင်းများ သိရှိစေရန် ထုတ်ပြန်ထားသည်။

ယခုနှစ် သင်္ကြန်ကာလအတွင်း အဝေးပြေးယာဉ်လိုင်းများတွင် လက်မှတ်ဝယ်ယူရာ၌ လက်မှတ်မှာယူမှု အခက်အခဲများလည်း ဖြစ်ပေါ်နေလျက် ရှိသည်။

Eleven

အောင်မင်္ဂလာ အဝေးပြေးဝင်းအတွင်းရှိ ယာဉ်လိုင်းများအား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

မြို့လယ်ခေါင် မီးရှူးဖောက်၍ လက်ပံ တောင်းတောင် ကြေးနီ စီမံ ကိန်းကို ကန့်ကွက် ကြောင်း ဆန္ဒ ပြသ ဖြင့် ရဲတပ် ဖွဲ့ဝင် များမှ ဖမ်းဆီး


1239812_738659149508059_49902986_n

ဒဂုံဆိပ်ကမ်းမြို့နယ်တွင် နေထိုင်သည့် ဒဂုံဆိပ်ကမ်း အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တစ်ဦးမှ မတ် ၃၀ ရက် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် ရန်ကုန်မြို့ လယ်ခေါင် ဖြစ်သည့် Traders ဟိုတယ်အနီး၌ မီးရှူးဖောက်၍ လက်ပံတောင်းတောင်စီမံကိန်း ကန့်ကွက်ကြောင်း ဆန္ဒ ပြမှုကို တစ်ကိုယ်တော်ပြု လုပ်ခဲ့သည်။


ဝမ်ပေါင်တရုတ်ကုမ္ပဏီနှင့် မြန်မာ့စီးပွားရေး ကော်ပို ရေးရှင်း (ဦးပိုင်) ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်သည့် လက်ပံတောင်းတောင် ကြေးနီစီမံ ကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီး မှုများ ဖြစ်ပေါ် နေခြင်း ၊ ကျေး လက်နေဒေသခံများ လယ်ယာမြေဆုံးရှုံးမှုများ၊ ဓာတုစွန့်ပစ်ပစ္စည်းများကြောင့် ကျန်းမာ ရေးထိခိုက်မှု များနှင့် ဒေသခံ ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထား ကိုးကွယ်ရာ လယ်တီ ဆရာတော်ဘုရားကြီး၏သိမ်တော် ဖယ်ရှားခံရခြင်းတို့ကြောင့် စီမံကိန်းအား ဆန့်ကျင်ကန့်ကွက်သည့် အတွက် ယင်းကဲ့သို့ မိမိအစီစဉ်ဖြင့် ဆန္ဒပြခြင်းဖြစ်ကြောင်း သိရသည်။

“၀မ်ပေါင်တရုတ်ကုမ္ပဏီနဲ့ ဦးပိုင်ကုမ္ပဏီတို့ရဲ့ ကြေးနီစီမံကိန်းကြောင့် လယ်တီဆရာတော်ဘုရားကြီးရဲ့ သိမ်တော် ဖယ်ရှားခံရတော့မှာဖြစ်လို့ ကြေးနီစီမံကိန်းကို ကန့်ကွက်ကြောင်း ဆန္ဒပြတာပါ” ဟု ဆန္ဒပြသူ ကိုအောင်ကိုဦးက ပြောကြားခဲ့သည်။

ထိုသို့ မီးရှူးဖောက်၍ ဆန္ဒပြမှုကြောင့် လူအများ အထိတ်တလန့် ရုတ်ရုတ်သဲသဲ ဖြစ်ပွားခဲ့ကာ ဆန္ဒပြ သူအား ရဲတပ်ဖွဲ့ဝင်များနှင့် ဟိုတယ်ဝန်ထမ်းများမှ ၀ိုင်းဝန်းဖမ်းဆီးခဲ့ကြပြီး စခန်းအတွင်းသို့ ခေါ်ဆောင် ထိန်းသိမ်း ခဲ့ကြသည်။

“အခု ကြေးနီစီမံကိန်းကို ကန့်ကွက်ကြောင်း ဆန္ဒပြခဲ့တဲ့သူကို အများပြည်သူသွားလာတဲ့ နေရာမှာ ခွင့်ပြုချက်မရှိဘဲ မီးရှူးဖောက်မှု ရန်ကုန်ရဲအက်ဥပဒေ ၄၂ နဲ့ အမှုဖွင့် အရေးယူထား ပါတယ်။ ပြစ်ဒဏ် ကတော့ ဒဏ်ငွေ ၅၀ နဲ့ထောင်ဒဏ် ၈ ရက် ကျနိုင်ပါတယ်။ လောလောဆယ်မှာတော့ ဒီပုဒ်မတွေအပြင် တခြားပုဒ်မတွေတပ်ပြီး အရေးယူထားတာမျိုး မရှိပါဘူး။ မနက်ဖြန် သူ့ကို တရားရုံးထုတ်မှာပါ” ဟု ကျောက်တံတား မြို့မရဲစခန်းမှ ရဲအုပ်တင်မောင်ဆွေက မီဒီယာများသို့ ဖြေကြားခဲ့သည်။

အဆိုပါနေ့၌ပင် ဆူးလေကုန်းကျော်တံတားအနီး မီးပွိုင့်လမ်းဆုံ၌ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် မျက်နှာ ဖုံးစွပ် အမျိုးသားငါးဦးမှ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းပေးရေးအတွက် “လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော စုံစမ်းစစ်ဆေးရေကော်မရှင်၏ စီရင်ခံစာပါ အတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိသော လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းပေးရေး”၊ “ကမ္ဘာကျော် လယ်တီဆရာတော်ဘုရားကြီး သိမ်တော်နဲ့ သာသနိက အဆောက်အအုံများ ကမ္ဘာ တည်သရွေ့ တည်ရှိပါစေ” ဟု ရေးထားသော ဗီနှိုင်းများကိုင်၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

Eleven Media Group

မီးရှူးဖောက်၍ လက်ပံတောင်းတောင်စီမံကိန်း ကန့်ကွက်ကြောင်း ဆန္ဒပြ သူကို ရဲတပ်ဖွဲ့ဝင်များက Traders ဟိုတယ်ရှေ့တွင် ဖမ်းဆီးနေစဉ်

အင်အားတစ်သိန်းနီးပါးရှိ တိုင်းရင်းသား လက်နက်ကိုင်များကို တပ်မတော်တွင်အရည်အချင်းအလိုက် ပြန်လည် ခန့်အပ်မည်ဟုဆို



အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်း များအကြား အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဝင်များကို တပ်မတော်တွင် အရည်အချင်းအလိုက် ပြန်လည် ခန့်အပ်သွားမည် ဖြစ်ကြောင်း သမ္မတရုံး ပြည် ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။


ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး စင်တာတွင် မတ်လ ၂၉ ရက်နေ့က ပြုလုပ်သည့် ပြည်ထောင်စုဝန်ကြီး အချို့နှင့် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ တွေ့ဆုံပွဲတွင် ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။

စုစုပေါင်းအင်အား တစ်သိန်းဝန်းကျင် ရှိသော တိုင်းရင်းသား လက်နက်ကိုင်များကို ပညာအရည်အချင်း၊ အဆင့်အတန်းအလိုက် တပ်မတော်တွင် အရာရှိ၊ အကြပ် စသည်ဖြင့် ခန့်အပ်မည်ဖြစ်ပြီး၊ တပ်မတော်သို့ မဝင်လိုသူများကို နယ်စပ်ဒေသရှိ လူဝင်မှုကြီးကြပ်ရေး၊ အကောက်ခွန်နှင့် ပညာရေးကဲ့သို့သော ကဏ္ဍများတွင် နေရာချထားပေးမည် ဖြစ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌလည်း ဖြစ်သူ ဦးအောင်မင်းက ရှင်းပြသည်။

“အဲဒီလိုမှ မလုပ်ရင် ဒီသောင်းကျန်းမှု သံသရာကြီးက ဘယ်တော့မှ ပြီးမှာ မဟုတ်ဘူး။ လုပ်စရာ မရှိရင် သေနတ်ပြန်ကိုင်မယ်။ ပြန်ကိုင်ရင် သံသရာ ထပ်လည်မယ်” ဟု ၎င်းကဆိုသည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် အပစ်ရပ်ရုံ၊ လက်နက်ချရုံ ပြုလုပ်မည် မဟုတ်ဘဲ နိုင်ငံရေးအရ အဓိက ဆွေးနွေးရမည် ဖြစ်ပြီး အနာဂတ် ပြည်ထောင်စု တပ်မတော် တွင် တိုင်းရင်းသားများ ပါဝင်ထမ်းဆောင်ရေး၊ လက်ရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဝင်များ တပ်မတော်တွင် မည်သို့မည်ပုံ ပါဝင်ရေး တို့ကိုလည်း ဆွေးနွေးမည် ဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များက ပြောဆိုထားသည်။

ထို့အပြင် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက လက်ရှိအချိန်၌ လက်နက်ကိုင် တိုင်းရင်းသားများမှာ ဥပဒေပြင်ပရောက် လူပုဂ္ဂိုလ်များ ဖြစ်သည့်အတွက် ဥပဒေ မလိုက်နာမှုများကို အပြစ်မတင်သင့်ကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဖြင့် အဆိုပါ လူပုဂ္ဂိုလ်များကို ဥပဒေဘောင်တွင်းသို့ ရောက်ရှိအောင် ဆောင်ရွက်နေကြောင်း ထပ်လောင်း ပြောဆိုသည်။

တပ်မတော်အစိုးရမှ သမ္မတ ဦးသိန်းစိန်၏ အရပ်သား အစိုးရသို့ အသွင်မကူးပြောင်းမီ တိုင်းရင်းသား လက်နက်ကိုင်များကို နယ်ခြားစောင့် အဖြစ် ပြောင်းလဲရန် အစိုးရက ကြိုးပမ်းခဲ့ရာ တိုင်းရင်းသား လက်နက်ကိုင် အများစုက လက်မခံသဖြင့် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်။

ယင်းနောက် အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများတွင် တိုင်းရင်းသားများ ပါဝင်သော ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် ထူထောင်ရန် လက်နက်ကိုင် ခေါင်းဆောင်များက တင်ပြခဲ့ပြီး အစိုးရကမူ တပ်မတော်ဆိုင်ရာ ကိစ္စများကို အားလုံး ပါဝင်သည့် နိုင်ငံရေး ဆွေးနွေးပွဲများ၌သာ ညှိနှိုင်းဆွေးနွေးရန် အကြောင်းပြန်ကြားထားသည်။

The Voice Weekly