Thursday, March 6, 2014

ကော့သောင်းတွင် ဘင်္ဂါလီများ ဖမ်းမိ



မြန်မာပိုင်နက် အတွင်းသို့ တရားမဝင် ဝင်ရောက် လာသော ဘင်္ဂါလီ ခုနှစ်ဦးကို ကော့သောင်းမြို့နယ် ချောင်းစလန်း ကျေးရွာတွင် မတ်လ ၅ ရက်နေ့ နံနက် ၆ နာရီကျော် အချိန်က ဖမ်းဆီး ရမိ ခဲ့ကြောင်း ချောင်းစလန်း ကျေးရွာ ရာအိမ်မှူး ဦးကျော်စိုးက ပြောကြားသည်။


ဘင်္ဂါလီများကို မတ်လ ၄ ရက်နေ့ ညပိုင်းတွင် ကော့သောင်းဘက်ကမ်းရှိ ထိုင်းနိုင်ငံဘက်မှ လာပို့မည်ဟု သတင်း ရထားသောကြောင့် တပ်မတော်နှင့် ကျေးရွာ တာဝန်ရှိသူများ ကင်းလှည့် ရှာဖွေသော်လည်း မတွေ့ခဲ့ဘဲ နံနက်ပိုင်းတွင်မှ ယင်းဘင်္ဂါလီလူမျိုး ခုနှစ်ဦးကို ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း ဦးကျော်စိုးက ဆိုသည်။

ဘင်္ဂါလီများသည် ကမ်းပေါ်သို့ စတင် တက်ရောက်လာပြီးနောက် မွတ်ဆလင်ရွာ ရှိသည့် နေရာနှင့် ကော့သောင်းမြို့သို့ သွားရာ လမ်းတို့ကို မေးမြန်းခဲ့ကြောင်း ယင်းကျေးရွာမှ ဥယျာဉ်ခြံ လုပ်ငန်းရှင် ဦးထွန်းလင်းက ပြောကြားသည်။

မလေးရှား နယ်စပ်သို့ ရေကြောင်းမှ ခိုးဝင်လာသည့် ဘင်္ဂါလီ ၇၀ ဦးကို ထိုင်းရေပိုင်နက် အရောက်တွင် ထိုင်းရဲများက ဖမ်းမိခဲ့ပြီး ယင်းတို့အနက် ငွေကြေး ပေးနိုင်သူများကို မလေးရှားသို့ ပို့လွှတ်လိုက်ကြောင်း၊ ငွေမပေးနိုင်သော ခုနှစ်ဦးမှာ မြန်မာပြည်တွင်း ဝင်လာရာမှ ဖမ်းမိခဲ့ခြင်း ဖြစ်သည်ဟု ဖမ်းမိသူများက အစစ်ခံခဲ့ကြောင်း ဘင်္ဂါလီများကို စစ်ဆေးခဲ့သည့် အဖွဲ့များထံမှ သိရသည်။

“သူတို့ ပြောတာတော့ ကျန်တဲ့သူတွေကို မလေးရှား နယ်စပ်ကို ပြန်ခေါ်သွားတယ် ဆိုပေမယ့် မသေချာသေးတော့ ကျန်တဲ့သူတွေ ကော့သောင်းမြို့ တစ်နေရာရာမှာ ရှိနေမလား၊ မရှိနေဘူးလား ဆိုတာ ကို မသိရတဲ့ အတွက် ပါချန်မြစ် တစ်လျှောက်မှာ ရှိတဲ့ ဆိပ်ကမ်းတွေနဲ့ လမ်းဆုံ လမ်းခွတွေမှာ လိုက်ရှာ ပေမယ့် ညနေ သုံးနာရီအထိ ဘာမှ မထူးဘူး” ဟု ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင် တစ်ဦးက ဆိုသည်။

ဖမ်းမိဘင်္ဂါလီများနှင့် ပတ်သက်၍ မည်သို့ ဆောင်ရွက်ရန် ရှိကြောင်း ကော့သောင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးနှင့် ကော့သောင်းခရိုင် လူဝင်မှု ကြီးကြပ်ရေး ဌာနတို့ကို မေးမြန်းရာ ၎င်းတို့ ကိုယ်တိုင်ပင် မသိရှိသေးကြောင်း ပြန်လည် ဖြေကြားသည်။

ဖမ်းမိ ဘင်္ဂါလီများနှင့်လည်း သတင်းထောက်များနှင့် တွေ့ဆုံ မေးမြန်းခွင့် မရသေးပေ။

The Voice Weekly

လူထု အခြေပြု လုံခြုံရေး ဆောင်ရွက်မည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြော


မင်းအောင်လှိုင်, တပ်မတော်, အာဆီယံ, ကာကွယ်ရေး

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်အနေဖြင့် နိုင်ငံ လုံခြုံရေး၊ အမျိုးသားလုံခြုံရေးအတွက် လူထု အခြေပြု လုံခြုံရေး ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။


အာဆီယံကာကွယ်ရေးဦးစီးချုပ်များ ၁၁ ကြိမ် မြောက် အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲကို မတ်လ ၂ရက်နေ့ မှ ၆ ရက်နေ့အထိ နေပြည်တော် တွင် ကျင်းပနေစဉ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က သတင်းစာရှင်းလင်းပွဲ တရပ် မတ်လ ၅ ရက်နေ့ ကျင်းပပြီး ထိုသို့ ပြောဆိုလိုက် ခြင်း ဖြစ်သည်။

မြန်မာ့တပ်မတော်သည် လူသား လုံခြုံရေးအတွက် အာဆီယံနိုင်ငံများနှင့်ပူးတွဲ ဆောင်ရွက် မည့် အပြင် မိမိနိုင်ငံအလိုက်လည်း ဆောင်ရွက်ရန်ရှိကြောင်း၊ မြန်မာ့တပ်မတော်သည် လူထုအခြေပြု လုံခြုံရေး ကို တတ်နိုင်သမျှ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“Human Security အနေနဲ့ပြောရရင်ခုလက်ရှိမှာသမာရိုးကျလုံခြုံမှုတွေအပြင် သမာရိုးကျ မဟုတ်တဲ့ လုံခြုံရေး ကဏ္ဍပိုင်း ကလည်းကြီးမားလာတာတွေရှိပါတယ်။ စီးပွား ရေးဆိုင်ရာလုံခြုံမှုတို့၊ စားနပ်ရိက္ခာပိုင်း လုံခြုံမှုတို့နဲ့ ပတ်သတ်ပြီး ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင်၊ လူတဦးချင်း လုံခြုံမှုစတဲ့ သမာရိုးကျမဟုတ်တဲ့ လုံခြုံမှုပိုင်း ကဏ္ဍတွေ တော်တော်များလာတဲ့အတွက် တခုနဲ့တခုက ဆက်စပ် ကျယ်ပြန့်ပါတယ်။ ဒါတွေကနိုင်ငံ လုံခြုံမှုနဲ့ လည်းဆိုင်တယ်။ ဒီတော့ တပ်မတော်အနေနဲ့ နိုင်ငံလုံခြုံမှု၊ အမျိုးသားလုံခြုံရေး၊ ဒေသတွင်းလုံခြုံရေး၊ ပြည်သူလူထု အခြေပြုဆောင်ရွက်ဖို့ တတ်နိုင်တဲ့ဘက်က ဆောင်ရွက် သွားမှာပါ”ဟု ကာချုပ် မင်းအောင်လှိုင်က ပြောသည်။

ကာချုပ်မင်းအောင်လှိုင်၏ သတင်းစာရှင်းလင်းပွဲတွင် မြန်မာ့နိုင်ငံရေးနှင့် ဆက်စပ် သောမေခွန်းများ မေးမြန်း ခွင့်မပြုဘဲ စစ်တပ်ပိုင် မြ၀တီရုပ်မြင်သံကြား၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ ရွှေသံလွင်ကုမ္ပဏီပိုင် Sky Net ရုပ်သံလိုင်းတို့က မေးမြန်းသော မေးခွန်းများကို သာ ဖြေကြားသွားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ပထမဦးဆုံးသော သတင်းစာရှင်းလင်းပွဲ ဖြစ်သည့်အတွက် ပြည်တွင်း ပြည်ပ ပုဂ္ဂလိကသတင်းဌာနများက မြန်မာ့နိုင်ငံရေး၊ စစ်လက်နက်များကိစ္စ အပါအ၀င် စစ်ရေးနှင့် နိုင်ငံရေး ဆိုင်ရာ မေးခွန်းများ မေးမြန်းရန် ပြင်ဆင်ခဲ့သော်လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြ၀တီ၊ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားနှင့် Sky Net ရုပ်သံလိုင်းတို့က ကြိုတင်ပေးပို့ထားပြီးဖြစ်သော မေးခွန်းများနှင့် ကြိုတင် ဖြေကြား ထားပြီး သားဖြစ်သော အဖြေများကို တနာရီကြာ ဖတ်ပြကြောင်း၊ ပုဂ္ဂလိက သတင်း ဌာနများကို မေးခွန်း မေးမြန်း ခွင့် လုံးဝ ခွင့်မပြုဘဲ အချိန်မရှိဟုဆိုကာ သတင်းဌာနများကို ရှောင်လွဲသွားခဲ့ သည်ဟု သိရှိရသည်။

“နိုင်ငံတော်အကြီးအကဲတွေနဲ့ တွေ့ဖို့ ရှိသေးတယ်။ အချိန်မရှိတော့ဘူး´´ ဟုဆိုကာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သတင်းစာရှင်းလင်းပွဲကို ရုပ်သိမ်းခဲ့သည်။

သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကုလသမဂ္ဂငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် မြန်မာ့ တပ်မတော် ပါဝင်နိုင်ရေးအတွက် ကုလသမဂ္ဂ၊ အာဆီယံတပ်မတော်များနှင့် ဆွေးနွေးမှုများ ပြုလုပ် နေသည်ဟု ပြောဆိုသည်။

“ကုလသမဂ္ဂငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာတာဝန်ထမ်းဆောင်ဖို့က ကျနော် တို့လုပ်ဆောင်နေတဲ့ မြန်မာ့ တပ်မတော် ရဲ့လုပ်ငန်းစဉ် တစ်ခုပါ။ အရင်တုန်းကကုလသမဂ္ဂငြိမ်းချမ်းရေးတပ်တွေမှာပါဝင်ပြီးတော့ လုပ်ဆောင်ခဲ့ တာရှိပါတယ်။ ဒါပေမယ့်အကြောင်းအမျိုး မျိုးကြောင့် မပါဝင်နိုင်ခဲ့တာခုချိန်ထိဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၁ခုနှစ် ကစပြီးတော့မြန်မာနိုင်ငံကို ကုလသမဂ္ဂငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာပါဝင်ဖို့ ကမ်းလှမ်းခဲ့တာ ရှိပါတယ်။ ပြင်ဆင်ဆောင်ရွက်မှုတွေလုပ်ခဲ့တာရှိပါတယ် အကြောင်းအမျိုးမျိုးကြောင့် ပြင်ဆင်ခဲ့ရ တာရှိတဲ့ အတွက်နောက်ပိုင်းတော့ပါဝင်ဖို့မျှော်လင့်ထားပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

အာဆီယံတပ်မတော်များအချင်းချင်း ပိုမိုချစ်ကြည်ရင်းနှီးရေးနှင့် ယုံကြည်မှုရှိစေရေး လုပ်ဆောင်သွားမှသာ ကမ္ဘာတွင် ကြုံတွေ့နေရသည့် စစ်ရေုးဆိုင်ရာ ပြဿနာများ၊ ပင်လယ်ရေကြောင်းဆိုင်ရာ ပြဿနာများကို အတူလက်တွဲ ဖြေရှင်းနိုင်မည်ဖြစ်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။

“စစ်ဘက်ဆိုင်ရာဆေးပညာရပ် ပေါင်းစည်းရေးတွေလည်း လိုအပ်ပါတယ်။ အကြမ်းဖက် တိုက်ခိုက်သူ တွေ ပြန်လည် ချေမှုန်းရေး၊ နောက်တခါ လူသားချင်းစာနာထောက်ထားမှုနဲ့သဘာဝဘေးအန္တရာယ်များ ကယ်ဆယ်ရေး၊ ငြိမ်းချမ်း ရေးကိစ္စ တွေမှာပါ ပူးပေါင်း ဆောင်ရွက်မှု အခွင့်အရေးတွေရလာနိုင်ပါတယ်။ ဒီအတွက် ဒီဆွေးနွေးမှုတွေလုပ်တာပါ”ဟုပြောသည်။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသော ၁၁ကြိမ်မြောက် အာဆီယံကာကွယ်ရေးဦးစီးချုပ်များ အလွတ်သဘော တွေ့ဆုံပွဲသို့ ဘရူနိုင်း၊ မလေးရှား၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်တို့မှ ကာကွယ်ရေးဦးစီးချုပ်များ တက်ရောက်ကြသည်။

ဆန္ဒပြရန် ခွင့်ပြုချက် လျှောက်ထားမှု အာဏာပိုင်များ ငြင်းပယ်ခွင့်မရှိတော့


 ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဆိုင်ရာ ဥပဒေ, သမ္မတ ဦးသိန်းစိန်, ပုဒ်မ ၁၈, ပြည်သူ့လွှတ်တော်

ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဆိုင်ရာ ဥပဒေတွင်ပါရှိသော ငြိမ်း ချမ်းစွာ ဆန္ဒပြရန် ခွင့်ပြုချက် လျှောက်ထားမှု မှန်သ မျှကို အာဏာ ပိုင်များက ငြင်းပယ်ခွင့် မရှိသော ပြဋ္ဌာန်းချက်တခု ပြည်သူ့ လွှတ်တော်က ပြင်ဆင် ပြဋ္ဌာန်းလိုက်သည်။


မတ်လ ၅ ရက်နေ့ နေပြည်တော် ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ယင်းအချက်ကို ပြင်ဆင်ပြဋ္ဌာန်းလိုက်ခြင်းဖြစ်ပြီး ငြိမ်းချမ်း စွာ ဆန္ဒပြခွင့် လျှောက်ထားမှုများကို သက်ဆိုင်ရာ မြို့နယ် ရဲတပ်ဖွဲ့နှင့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အုပ်ချုပ်ရေးမှူးတို့က လက်ခံပေးရမည်ဖြစ်ပြီး မည်သည့် အကြောင်းပြချက်နှင့်မျှ ငြင်းပယ်၍ မရတော့ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ဧရာဝတီသို့ ပြောသည်။

ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေတွင် သက်ဆိုင်ရာ မြို့နယ် ရဲတပ်ဖွဲ့မှူးသည် နိုင်ငံသား တဦးက ဖြစ်စေ၊ နိုင်ငံသားအများက ဖြစ်စေ၊ အဖွဲ့အစည်းတရပ်ရပ်က ဖြစ်စေ ခွင့်ပြုချက်ရရှိရန် သတ်မှတ်ချက်များနှင့်အညီ ဆန္ဒပြ ခွင့် တင်ပြလျှောက်ထားချက်ကို လက်ခံရရှိသည့်အခါ သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အုပ်ချုပ်ရေးမှူး၏ အတည်ပြုချက်ဖြင့် ခွင့်ပြုချက်ထုတ်ပေးခြင်း သို့မဟုတ် ခွင့်ပြုချက်ထုတ်ပေးရန် ငြင်းပယ်ခြင်း ပြုနိုင်သည်ဆိုသော ပြဋ္ဌာန်းချက် အစား ဆန္ဒပြခွင့် ခွင့်ပြုချက်ထုတ်ပေးရန် မငြင်းပယ်ရဟု ပြည်သူ့လွှတ်တော်က ပြင်ဆင် ပြဋ္ဌာန်းလိုက်ခြင်းဖြစ်သည်။

“ပုဒ်မ ၁၈ ကတော့ ရှိတုန်းပဲ၊ ဆန္ဒပြမယ်ဆိုရင် ခွင့်ပြုချက်လိုတယ်၊ ဒါပေမယ့် ခွင့်ပြုချက် လျှောက်ထားမှုကို ရဲက ဘယ်အကြောင်း နဲ့မှ ငြင်းလို့မရဘူး၊ လျှောက်လာရင် ခွင့်ပြုပေးရမယ်”ဟု ဦးဖေသန်းက ပြောသည်။

သို့ရာတွင် ဆန္ဒပြခွင့်လျှောက်ထားရာ၌ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့် ပြည်သူတို့၏ ကိုယ်ကျင့်တရား၊ ရပ်ရွာအေး ချမ်းသာယာရေးနှင့် တည်ငြိမ် အေးချမ်းရေးကို ထိခိုက်နိုင်လျှင် ဆန္ဒပြခွင့် ခွင့်ပြုချက် ထုတ်ပေးခွင့် မရှိဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက ပြောသည်။

“ထိုင်းမှာလို ရှပ်နီနဲ့ ရှပ်ဝါတို့လို နှစ်ဖက်အင်အားစုတွေ ထိပ်တိုက်တွေ့မယ့် အခြေအနေမျိုးဆိုရင်တော့ ခွင့်မပြုလို့ရတယ်၊ ပုဒ်မ ၁၈ ရှိသေးပေမယ့် အများကြီး ဖြေလျှော့ပေးလိုက်တဲ့ သဘောရှိတယ်”ဟု ဦးမင်းသူက ဆိုသည်။

ထို့အပြင် ပြည်သူ့လွှတ်တော်က ဥပဒေပါ ပြစ်ဒဏ်များကိုလည်း လျှော့ပေါ့လိုက်ပြီး အာဏာပိုင်များ၏ ခွင့်ပြုချက် ရယူထားခြင်းမရှိသော ဆန္ဒပြမှုများကို အပြစ်ပေးအရေးယူနိုင်သော ပြစ်ဒဏ်များဖြစ်သည့် ၂ နှစ်ထက် မပိုသော ထောင်ဒဏ် ချမှတ်နိုင်သည် ဆို သော ပြစ်ဒဏ် အစား တနှစ်ထက် မပိုသော ထောင်ဒဏ် ဟုလည်းကောင်း၊ တနှစ်ထက် မပိုသော ထောင်ဒဏ် ပြစ်ဒဏ် အစား ၆ လထက် မပိုသော ထောင်ဒဏ်ဟု လည်းကောင်း၊ ၆ လထက် မပိုသော ပြစ်ဒဏ်အစား ၃ လထက် မပိုသော ထောင်ဒဏ်ဟု လည်းကောင်း ပြင်ဆင်ပြဋ္ဌာန်းခဲ့သည်။

လွှတ်တော်က ပုဒ်မ ၁၈ ကို လုံးဝ ဖျက်သိမ်းပေးခြင်း မလုပ်သော်လည်း ယခု ဥပဒေကဲ့သို့ပြင်ဆင်ခြင်းသည် ဒီမိုကရေစီ ပိုဆန် လာ ကြောင်း၊ နိုင်ငံတိုင်းတွင် လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့် ရှိသော်လည်း အများပြည်သူ၏ အခွင့်အရေးကို ထိခိုက်မှု မရှိစေရန် စည်း ကမ်းတကျ ခွင့်ပြုချက်တောင်းခံရန် လိုအပ်သည်ဆိုသော ပြဋ္ဌာန်းချက်ရှိကြောင်း ပြည်တွင်းနိုင်ငံရေးသမားတချို့က သုံးသပ်သည်။

လတ်တလော မြန်မာနိုင်ငံရှိ တရားရုံးအသီးသီးတွင် အာဏာပိုင်များ၏ ခွင့်ပြုချက်မယူဘဲ ဆန္ဒပြသူများကို ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်အရေးယူထားပြီး တရားရင်ဆိုင်နေရသူ ၁၀၀ ကျော်ရှိကြောင်း၊ ယင်းဥပဒေဖြင့် ပြစ်ဒဏ်ကျခံနေရသူ ၃၃ ဦး အကျဉ်းထောင်များတွင် ရှိနေကြောင်း သိရှိရသည်။

ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဆိုင်ရာ ဥပဒေကို သမ္မတ ဦးသိန်းစိန် လက်ထက် ၂၀၁၁ ခုနှစ်အတွင်း ပြဋ္ဌာန်း ခဲ့ခြင်း ဖြစ်သည်။

ယခုနွေ ခရမ်းလွန်ရောင်ခြည် အန္တရာယ် အမြင့်ဆုံး ရှိနေ


ခရမ်းလွန်ရောင်ခြည်, ကမ္ဘာ့ကျန်းမာရေး အဖွဲ့, နွေရာသီ, အပူချိန်မြင့်, မြန်မာနိုင်ငံ တောင်ပိုင်း, ရန်ကုန်

မြန်မာနိုင်ငံတွင် ယခုနှစ်နွေရာသီကာလ အပူချိန် မြင့်တက်ပြီး ခရမ်းလွန်ရောင်ခြည်သင့်မှု အန္တရာယ် အမြင့်ဆုံးတွင် ရှိနေကြောင်း မိုးလေ၀သ ပညာရှင် ဒေါက်တာ ထွန်းလွင်က ဧရာဝတီသို့ ပြောသည်။


လတ်တလော၌ ရန်ကုန် အပါအ၀င် မြန်မာနိုင်ငံ တောင်ပိုင်းနှင့် အောက်ပိုင်းဒေသများတွင် ခရမ်း လွန်ရောင်ခြည် ကျရောက်မှု အမြင့် ဆုံး ရှိနေ ကြောင်း၊ ကမ္ဘာ့ရာသီဥတု အပြောင်းအလဲကြောင့် မြန်မာနိုင်ငံတွင် ရာသီဥတု ဖောက်ပြန်မှုများကြုံတွေ့နေရပြီး လာမည့်နှစ် တွင် ပူပြင်းခြောက်သွေ့သော အယ်လ်နီညို ရာသီဥတု ဖြစ်ပေါ်နိုင်ကြောင်းလည်း ဒေါက်တာ ထွန်းလွင်က ဆိုသည်။

“နိုင်ငံတကာ စံနှုန်းအရ ခရမ်းလွန်ရောင်ခြည် အန္တရာယ် အမြင့်ဆုံးအဆင့်ကို မြန်မာပြည်မြောက်ပိုင်းကနေ မြစ်ဝကျွန်းပေါ် တောင် ဘက် တခြမ်း အထိ ခံစားနေရပြီ၊ နေရောင်ခြည်အောက်မှာ အကာအကွယ်မယူဘဲ အချိန်ကြာကြာနေမယ်ဆိုရင် ခရမ်းလွန် ရောင်ခြည် သင့်နိုင်တယ်၊ အန္တရာယ်ရှိတဲ့ အဆင့်က တောင်ပိုင်းကနေ ရန်ကုန်လောက်အထိ ရောက်နေတာ တွေ့ရတယ်၊ နောက်ပိုင်း ရက် တွေမှာဆို တစစနဲ့ အထက်ကို တက်မယ်၊ နွေရာသီ အလယ်လောက်နဲ့ နွေရာသီအကုန်လောက် ရောက်ရင် မြစ်ကြီးနားအထိ ရောက် သွားနိုင်တယ်”ဟု ဒေါက်တာ ထွန်းလွင်က ဆိုသည်။

ခရမ်းလွန်ရောင်ခြည်ကျရောက်မှု အညွှန်းကိန်းများတွင် အဆင့် ၃ သည် အလယ်အလတ် အဆင့် ခရမ်းလွန်ရောင်ခြည် ကျရောက်မှု ဟု သတ်မှတ်ပြီး အဆင့် ၆ ဆိုလျှင် အဆင့်မြင့်၊ အဆင့် ၉ ဆိုလျှင် အလွန်မြင့်၊ အဆင့် ၁၁ ဆိုလျှင် အမြင့်ဆုံးဟု ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က သတ်မှတ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ တချို့ဒေသများတွင် ခရမ်းလွန် ရောင်ခြည် ကျရောက်မှု အမြင့်ဆုံး အဆင့် ၁၁ ထက်ပင် ကျော်လွန်နေသည်ဟု ဒေါက်တာ ထွန်းလွင် က ပြောဆိုသည်။

ခရမ်းလွန်ရောင်ခြည်ကို အမြင့်ဆုံး ထိတွေ့ခံစားရသည့်အချိန်သည် နံနက် ၁၁ နာရီမှ မွန်းလွဲ ၁ နာရီအထိ ဖြစ်ပြီး လွန်ကဲ ခရမ်းလွန် ရောင်ခြည်သင့်မှုကြောင့် အရေပြားကင်ဆာ၊ မျက်စိကင်ဆာ၊ မျက်စိတိမ်စွဲခြင်း၊ အရွယ်မတိုင်မီ အရေပြားများ ရင့်ရော်ခြင်း၊ မျိုးပွားဗီဇ ပျက်စီးခြင်း (သားသမီး မရခြင်း) အပါအ၀င် နောက်ဆက် တွဲ ကျန်းမာရေး ပြဿနာများ ခံစားရနိုင်သည်ဟု ဆိုသည်။

ခရမ်းလွန်ရောင်ခြည် အမြင့်ဆုံးထိတွေ့ခံရနိုင်သည့် အချိန်များတွင် နေပူထဲ အကာအကွယ်မပါဘဲ လုံးဝမသွားသင့်ကြောင်း၊ မဖြစ် မနေ သွားလာရမည် ဆိုလျှင် ထီး၊ ဦးထုပ်၊ နေကာမျက်မှန်၊ လုံခြုံသည့် အ၀တ်အစားများ စသည်တို့ ၀တ်ဆင် သွားလာသင့်ပြီး နေ ရောင်ခြည် ကာကွယ်သည့် လိမ်းဆေးများ လိမ်းထားရန် လိုအပ်ကြောင်း သိရှိရသည်။

ယခုနှစ်နွေရာသီတွင် ခရမ်းလွန်ရောင်ခြည် အန္တရာယ်အမြင့်ဆုံး ကြုံတွေ့နိုင်သည့်အပြင် ပူပြင်းခြောက်သွေ့ သော အယ်လ်နီညို ရာသီ ဥတုကို ခံစားရဖွယ်ရှိသည်ဟု ဒေါက်တာထွန်းလွင်က ပြောသည်

“ဒီနှစ် အနေနဲ့ ပြောရရင် ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုကို ပေးမယ့် အယ်လ်နီညိုနှစ် ဖြစ်လာမယ်လို့ ခန့်မှန်းထားတယ်၊ အယ်လ်နီညိုဖြစ်ပြီဆို ကာလအနေနဲ့ နှစ်နှစ်ကြာတယ်၊ အားအကောင်းဆုံး အချိန်က လာမယ့် ၂၀၁၄ ဒီဇင်ဘာလမှာ ဖြစ်မယ်၊ ဖြစ် မယ် မဖြစ်ဘူး လို့ အတိအကျ သိနိုင်ဖို့ဆိုရင် ဇွန်လလောက်မှ သေချာမယ်၊ အခုအချိန်တောင် မြန်မာပြည်မှာ အပူချိန် ၃၇၊ ၃၈ ဒီဂရီ စင်တီဂရိတ် ဖြစ်နေပြီ၊ နောက်ပိုင်း ဒီထက်တိုးနိုင်တာ သေချာသလောက် ဖြစ်နေပြီ၊ ပူတာကတော့ ပူမယ်၊ ပူနိုင်တဲ့ အတိုင်း အတာ တွေက မြန်မာနိုင်ငံအလယ်ပိုင်း ဒေသတွေဖြစ်တဲ့ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်းနဲ့ မကွေးတိုင်း တွေကတော့ ဒီနှစ်နွေရာသီ အပူဆုံးအချိန်က ၄၄ ဒီဂရီ လောက်တော့ အနည်းဆုံးရောက်မယ်၊ ရန်ကုန် ကတော့ ၃၉ ရောက်နိုင်တယ်၊ ၄၀ လောက် လည်း ဖြစ်သွားနိုင်တယ်၊ တကယ်လို့များ အယ်လ်နီညို ဖြစ်ပြီ ဆို စံချိန်ကျိုးပြီး ၄၀ ကျော်ချင်ကျော် သွားနိုင်တယ်”ဟု ဒေါက်တာ ထွန်းလွင် က ပြောပြသည်။

ပူပြင်းခြောက်သွေ့သည့် နွေရာသီကြောင့် ကလေးငယ်များ၊ ဘိုးဘွားများ၊ ရောဂါဝေဒနာရှင်များတွင် ကျန်းမာရေး ထိခိုက်နိုင်ပြီး လေဖြတ်ခြင်း၊ ရုတ်တရက် နှလုံးခုန်ရပ်တန့်ခြင်း စသည့် ကျန်းမာရေး ပြဿနာများ ဖြစ်ပွားနိုင်သည့်အတွက် အထူးဂရုစိုက်ရန် လိုအပ် သည် ဟု ကျန်းမာရေး ၀န်ကြီးဌာနက နှစ်စဉ် သတိပေးချက် ထုတ်ပြန်လေ့ ရှိသည်။

ပါတီတစ်ခုနဲ့တစ်ခု တိုက်ခိုက်ဖို့ မသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သူတို့ပါတီမှာ သူကလွဲပြီး ကျန်တဲ့သူတွေ အရည်အချင်းမရှိဘူးလို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောကြား ခဲ့တာဟာ မပြောအပ်တဲ့စကားဖြစ်ပြီး ပါတီတစ်ခုနဲ့တစ်ခု အခုလို တိုက်ခိုက်ဖို့ မသင့်ပါဘူးလို့ မနေ့က ဝေဖန်လိုက်ပါတယ်။ ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် RFA က ဆက်သွယ်မေးမြန်းရာမှာ အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။


အမျိုးစောင့်ဥပဒေ ပြဌာန်းရေးအတွက် သမ္မတဦးသိန်းစိန်က လွှတ်တော်ကိုစာပို့ခဲ့ပြီး လွှတ်တော်ကတခါ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို တာဝန်ပေးခဲ့တာနဲ့ ပတ်သက်လို့တော့ လွှတ်တော်အနေနဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က RFA ကို ပြောပါတယ်။

"တခါမှ သမ္မတကြီးကတော့ ဒီလိုဥပဒေတွေ ပြဌာန်းပါလို့ မပြောဖူးပါဘူး၊ တကယ်တော့ အစိုးရဌာနတွေက သူပြဌာန်းချင်တဲ့ ဥပဒေတွေကို ပြဌာန်းပြီးတော့ မူကြမ်းအနေနဲ့ တင်တာပဲ၊ အဲတော့ ဒါလုပ်ထုံး လုပ်နည်းအရ နာယကကြီးက လုပ်တယ်လို့ပဲ ဒီလိုပဲ ကျမကမြင်ပါတယ်"

ဒါ့အပြင် လှည်းကူးမြို့နယ် သမီးကလေး ကျေးရွာသားတွေ အိုးမဲ့အိမ်မဲ့ဖြစ်နေရတာနဲ့ ပတ်သက်ပြီး အစိုးရမှာ တာဝန်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါတယ်။

"တကယ်ဆိုလို့ရှိရင်တော့ နေဖို့ထိုင်ဖို့မဲ့နေတဲ့ ပြည်သူတွေအတွက် နေရာထိုင်ခင်းလုပ်ပေးဖို့ကတော့ အစိုးရရဲ့တာဝန်ဖြစ်ပါတယ်၊ တခြားနိုင်ငံတွေမှာလည်း ဒီလို မြေမဲ့အိမ်မဲ့ နိုင်ငံသူနိုင်ငံသားတွေအတွက် စီမံကိန်းတွေလုပ်ပြီးတော့ နေရာချပေးတာတွေရှိတယ်"

ဖွဲ့စည်းပုံပြင်ဆင်ရေးကို တခြားကိစ္စတွေနဲ့ အာရုံလွှဲဖို့ လုပ်ဆောင်နေမှုတွေ ရှိနိုင်ပါသလားလို့ မေးမြန်းရာ မှာ အရေးကြီးတဲ့ပြသနာတစ်ခုကို အဲဒီလိုရှောင်လွှဲဖို့ ရေရှည်မှာမဖြစ်နိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုခဲ့ပါတယ်။

RFA Burmese

ကေအိုင်အေ ကောက်ကြောင်းကို အတွင်းသိ တစ်ဦးဖောက်ချလိုက်ပြီ



ကချင်ပြည်နယ်မှာ KIA ကြောင့်ဖြစ်နေတဲ့ လက်ရှိ ဒုက္ခတွေကို တစ်ကယ်တမ်း နဖူးတွေ့ဒူးတွေ့ ခံစားနေရသူ တစ်ဦးအတွက် လုံးဝသည်းမခံနိုင် တော့လို့ ရေးရခြင်းဖြစ်ပါတယ်။ ဒါက ကျွန်တော့လို ခံစားနေ ရသူတွေအားလုံးနဲ့ ကချင်လူထုအားလုံးရဲ့ ကိုယ်စားဖြစ်ပါတယ်။ KIA ဆိုလို့ ကချင်တိုင်း ရင်း သားတွေနဲ့ ယှဉ်တွဲမမြင်မိဖို့ ကြိုပြောချင်ပါတယ်။ KIA ဟာ ကျွန်တော်တို့ ကချင်ပြည်နယ်၊ ကချင်လူထုရဲ့ ကိုယ်စားပြု အဖွဲ့မဟုတ်ပါဘူး။ ရောထွေးပြီးမြင်ရင် ကချင်လူမျိုးတွေဟာ KIA လို ရက်စက်တတ်သူတွေပဲ လို့အထင် ခံရမှာ ကျွန်တော် အဖြစ်မခံနိုင်ပါဘူး။


*KIA ဆိုတာ စစ်သွေးကြွအဖွဲ့တစ်ခု*ပဲလို့ ခင်ဗျားတို့ နားလည်လိုက်ပါ။

ရှင်းရှင်းပြောရရင် KIA ဆိုတာ လိုင်ဇာမှာနေတဲ့ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မျှသာဖြစ်ပါတယ်။ အဲ့ဒီအဖွဲ့က လက်နက်အားကိုးနဲ့ ကချင်ပြည်နယ်ထဲမှာ အကြမ်းဖက်တဲ့အလုပ်တွေ အကြီးအကျယ်လုပ်နေတယ်။ ဒီလို ခွဲခြားသိမြင်မှသာ KIA နဲ့ ကချင်လူမျိုးဘာမှ မဆိုင်ဘူးဆိုတာ ကွဲပြားမှာဖြစ်ပါတယ်။ ကချင်ပြည်နယ်မှာ KIA ငြိမ်းချမ်းရေးယူတာ ၁၉၉၄ ။ အခု တိုက်ပွဲတွေပြန်ဖြစ်ခဲ့တာ ၂၀၁၁ ။ အေးချမ်းနေခဲ့တာ ၁၇ နှစ်။ အဲ့ဒီတော့ KIA ဟာ ၁၉၉၄ မတိုင်ခင် ဘာတွေလုပ်ခဲ့လဲ ... စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးလုပ်ထားတဲ့ ဆယ်စု နှစ် နှစ်ခုစာလောက်မှာ ဘာတွေလုပ်ခဲ့လဲ ... အခုဘာတွေလုပ်နေလဲ ... နောင်ရောဘာတွေလုပ်မှာလဲ ... ကျွန်တော်တို့ ကချင်တွေဘာလုပ်ကြမလဲ ... ဒီလိုခွဲခြားပြီး စဉ်းစားကြည့်ရအောင်ပါ။

*စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးမလုပ်ခင်ကာလ ...*

KIA ထဲမှာ ဂျိမ်းဖောလူမျိုးကြီးဝါဒအစွဲတွေနဲ့ အချင်းချင်းလုပ်ကြံကြ၊ သတ်ဖြတ်ကြ၊ နေရာလုကြ၊ ခွဲထွက် ကြနဲ့၊ အကျင့်စာရိတ္တပိုင်းမှာလဲ လူမှုရေးဖောက်ပြန်တဲ့ ခေါင်းဆောင်တွေ ကြီးစိုးခဲ့ဖူးတယ်။ ဥပမာ- ဇော်တူး က တော်လှန်ရေးကာလမှာ မိန်းမ မယူရဘူးလို့ သူကိုယ်တိုင်ထုတ်ခဲ့တဲ့အမိန့်ကို သူကိုယ်တိုင် ဖောက်ဖျက် ပြီး ရဲမေ လော့ခိုင်လုအွန် ကို ခြေတော်တင်တယ်။ သိမ်မကြာခင်နောက်ထပ် ရဲမေတစ်ယောက် ဆိုင်းတောင်ကို ထပ်ယူတယ်။ သူ့လိုပဲ ပုံရွှေဇော်ဆိုင်းက ရဲမေလုဆိုင်ကို မယားငယ်အဖြစ် ပေါင်းသင်း လိုက်တယ်။ ခေါင်းဆောင်ကြီး ဇော်ဆိုင်းကတော့ အဖွဲ့ပိုင်ငွေကြေးသိန်းပေါင်းများစွာကို အလွဲသုံးစား လုပ်ပြီး ထိုင်းမှာပဲ ဇိမ်ခံ နေခဲ့တယ်။ ဒီလိုခေါင်းဆောင်တွေနဲ့ စတင်ခဲ့တဲ့ KIA ပဲဖြစ်ပါတယ်။ ဒီသုံးယောက် လုံး လက်အောက်ငယ်သားတွေ သတ်လို့သေခဲ့တယ်။ အဲဒါ KIA ရဲ့ အာဇာနည်နေ့ပဲ။

*ငြိမ်းချမ်းရေးလုပ်ထားတဲ့ကာလ* ...

ကချင်ပြည်နယ်မှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ နေရာတွေ၊ လူနေမှု အဆင့်အတန်းနိမ့်ပါးတဲ့ နေရာ တွေ အများကြီးရှိပါတယ်။ ပညာရေး၊ ကျန်းမာရေး စတာတွေမှာ ကချင်လူမျိုးတွေအပေါ် တိုးတက် ကောင်းမွန်အောင် လုပ်ပေးခဲ့သင့်ပါတယ်။ KIA ရဲ့ မျိုးဆက်သစ်ခေါင်းဆောင်တွေက ဆက်ကြေး ကောက်ပြီး တရုတ်ဘက်မှာ ဟိုတယ်ဆောက်ဖို့ပဲသိကြတယ်။ ဖားကန့်ကကျောက်တွင်းတွေကို ချယ်လှယ် ပြီး တန်ဖိုးကြီး ကျောက်တွေ ထုတ်ယူကြတယ်။ သစ်တွေခိုးရောင်းခဲ့ကြတယ်။ သုံးမကုန်တဲ့ငွေတွေနဲ့ ဆွေစဉ်မျိုးဆက်အတွက် စုဆောင်းနေခဲ့ကြတယ်။ ဘယ်မှာလဲ KIA ဆောက်ပေးတဲ့တံတား။ ဘယ်မှာလဲ KIA ဖောက်ပေးတဲ့လမ်း။ ဘယ်မှာလဲ ကချင်တိုင်းရင်းသားတွေအတွက်။ ရတဲ့ပိုက်ဆံကို လုပ်ပိုင်ခွင့်ရှိတဲ့ သူတွေက အိတ်ထဲပဲထည့်နေခဲ့တယ်။ ဒါကြောင့် ကချင်ပြည်နယ်နဲ့ KIA ကို သီးခြားစီမြင်တတ်ဖို့ ကျွန်တော်ပြောတာဖြစ်ပါတယ်။

*KIA အခုဘာတွေလုပ်နေလဲ ...*

အခုလုပ်နေတာက လူသစ်စုတယ်၊ ဖမ်းတယ်၊ သတ် တယ်၊ ငွေတောင်းတယ်၊ ဆက်ကြေးကောက်တယ်၊ ဗုံးခွဲတယ်၊ မိုင်းထောင်တယ်၊ ကချင်ပြည်နယ် ကို စေ့စေ့ညက်ညက် ကြေအောင်လုပ်နေတယ်။ တံတားတွေ လည်းကုန်ပြီ၊ အဆောက်အဦတွေလဲပြောင်ပြီ။ လမ်းတွေလဲ အပိုင်းပိုင်း ဖြစ်ကုန်ပြီ။ ကချင်လူထုအတွက် ငါတို့ KIA က လက်နက်ကိုင်ပြီး တိုက်ပွဲဝင်နေတာပါဆိုရင် အရူးနဲ့ကလေးတောင် မယုံဘူး။ KIA ကောင်းစားဖို့ KIA လုပ်နေတယ်။ KIO အာဏာရှိဖို့ KIO လုပ်နေတယ်။ အဲဒီမှာ ကျွန်တော်တို့ ကချင်တွေ မြေစာပင်ဖြစ်နေရတယ်။

အသက် ၆၀ ကျော်နေတဲ့ကျွန်တော့လိုလူကို KIA ထဲဝင်ဖို့ ဖမ်းသွားတယ်။ ကျွန်တော်မွေးရင် ကျွန်တော့ သားအရွယ်တွေက “*အဖိုးကြီး ... ကချင်ပြည်နယ်လွတ်လပ်ရေးအတွက် ခင်ဗျားတိုက်ပွဲဝင်ရမယ်။ သေနတ် ကိုင်ရမယ်*”လို့ပြောတယ်။ ကျွန်တော်အဲဒီ KIA စစ်သားကို ပြန်မေးလိုက်တယ်။ “*ဘယ်သူ့ ဆီက လွတ်လပ်ရေးရဖို့လဲ KIA ဆီကလား၊ KIO ဆီကလား”*ဆိုတော*့ *အဲ့ဒီ အသက် ၂၀ မပြည့်သေးတဲ့ KIA ကောင်က သေနတ်ဒင်နဲ့ထုလို့ ကျွန်တော်နဖူးကွဲခဲ့ရတယ်။ နဂိုကတည်းက ကျန်းမာရေး မကောင်း တဲ့ကျွန်တော့ကို KIA တပ်ရင်းမှူးက “*ဒီအဖိုးကြီးကို ဒို့ထဲထည့်ရင် ဒို့အတွက် ဘာခိုင်းလို့ရမှာလဲ ရိက္ခာကုန်တာပဲရှိမယ်*”လို့ပြောတယ်။ ဒါနဲ့ကျွန်တော်လဲ ပျော်သွားခဲ့တယ် ပြန်လွှတ်တော့မယ် ထင်လို့ ပေါ့လေ။ ဘယ်ဟုတ်မလဲ

“*ခင်ဗျား KIA စစ်သားမလုပ်နဲ့ ပြည်သူ့စစ်လုပ*်” လို့ပြောတယ်။ ဒုက္ခပါပဲဗျာ။ ခင်ဗျားတို့စဉ်းစားသာ ကြည့်ပါတော့။ ဒါနဲ့ သူတို့တပ်ရင်းမှာ မိုင်းထောင်နည်း ၂ ပတ်၊ သေနတ်ပစ်နည်း ၁ ပတ် သင်ခဲ့ရတယ်။ ကျွန်တော့တာဝန်က ထွက်မပြေးခင်အထိ သင်တန်း ၃ ပတ် တက်ထားတဲ့ ရဲရဲတောက် KIA ရဲ့ ပြည်သူ့စစ်။ ကျွန်တော်ဘယ်လိုမှ မခံနိုင်တော့လို့ မြစ်ကြီးနားမြို့ပေါ် ထွက်ပြေးလာရတယ်။ ထပ်ကြားရတဲ့ သတင်းက အတော်ဆိုးပါတယ်။ မိုးကောင်းမြို့နယ်၊ နမ္မတီးရွာ၊ ဖော်ဒေါင်ရပ်ကွက်မှာနေတဲ့ အိမ်ထောင်ရှိ ကိုယ်ဝန်ဆောင် ကချင်တိုင်းရင်းသူ မဂျာဒွဲနူးကို စက်တင်ဘာလ ၁ ရက်နေ့က မိုးကောင်းမြို့နယ် ကဆုန်း ကျေးရွာအခြေစိုက်တဲ့ KIA တပ်ရင်း(၁၁)က စုဆောင်းရေး ဆွဲခေါ်သွားတာ ကြားရတယ်။ ဒီသတင်း အမှန်ပါပဲ။ RFA ကလည်း ၁၆ ရက်နေ့က ပြောတယ်။ ခင်ဗျားတို့နားထောင်ရင် ကြားမှာပါ။ ဒါတောင် KIA ရဲ့ ပြောရေးလိမ်ခွင့်ရှိသူ လနန်းဆိုလား လဖျန်းဆိုလား အဲ့ဒီလူက ဖြီးဖြန်းပြီး ဗြောင် ညာနေသေးတယ်။ သိပ်လွန်လွန်းနေပြီ KIA ။ အဖိုးကြီးလဲဖမ်းတယ်၊ ကလေးသူငယ်လဲ ဖမ်းတယ်၊ နောက် ဆုံး ကိုယ်ဝန်ဆောင်ကအစ အလွတ်မပေးတော့ဘူး၊ ကိုယ်ဝန် ၃ လနဲ့ အမျိုးသမီးကို KIA ထဲမှာ ဘာ တာဝန်များပေးအုံးမလဲ။ မွေးလာတဲ့ကလေး ယောက်ျားလေးဆိုရင်တော့ နို့ဘူးတိုက်ပြီး မိုင်းများထောင် ခိုင်း လေအုံးမလား။

*KIA နောင်ဘာလုပ်မလဲ ... 

*ဒီမေးခွန်းကို ကျွန်တော်မဖြေတော့ပါဘူး။ ခင်ဗျားတို့ပဲ တွေးကြည့် ရင်မြင်နိုင် ပါလိမ့်မယ်။ KIA ရယ်လို့ ပေါ်လာကတည်းက ဘာကောင်းကျိုးမှ မလုပ်ခဲ့တဲ့အဖွဲ့ ဟာ နောင်ကော ဘာကောင်းကျိုး လုပ်မှာလဲ။ *ကျွန်တော်တို့ ကချင်တွေဘာလုပ်ကြမလဲ*...*

*ဒီနေရာမှာ စစ်တပ်ကို တစ်ခုပြောချင်တယ်၊ ခုခံစစ်ဆင်တယ် ဆိုတာ ဘောလုံးကစားတဲ့နေရာမှာတောင် ကြာကြာအသုံးမပြုသင့်ဘူး၊ ခံစစ် အသားပေး ကစားတဲ့ အီတလီလို အသင်းကြီးတောင် ကြာရင် ဂိုးပေးရတတ်တယ်။ ဒီတော့ ခင်ဗျားတို့ ကျွန်တော်တို့ကိုကူညီပါ။ ငြိမ်းချမ်းရေးလုပ်ပါလို့ လူလိုပြောလို့မရတဲ့ KIA ကို ကျွန်တော်တို့နဲ့ပေါင်းပြီး ခုခံစစ်ကနေ တိုက်စစ်ကိုပြောင်းပြစ်ပါ။ ကျွန်တော်တို့ ကချင်တွေလဲ ငြိမ်ခံမနေသင့်တော့ဘူး။ အားလုံးညီညွတ်ဖို့လိုတယ်။ တစ်ချို့နေရာတွေမှာလဲ KIA ကို ရွာသားတွေက စုပြီးတိုက်ခိုက်တာတွေ ရှိနေပြီလို့ကြားတယ်။ ကျွန်တော်တို့တွေ ပူးပေါင်းတော်လှန်သင့်ပြီ၊ စစ်တပ်နဲ့ ကျုပ်တို့ ဒေသခံတွေပေါင်းပြီး လုပ်ကြရအောင်။

KIA ထဲမှာလည်း မတရားဖမ်းထားလို့ မလုပ်ချင်ဘဲလုပ်နေရသူတွေ အများကြီး ရှိတယ်။ ကျွန်တော်တို့လုပ်ငန်းစရင် သူတို့တွေပါလာလိမ့်မယ်။ ကျွန်တော်တို့ကချင်တွေ စုစုစည်းစည်းနဲ့ KIA ဆီက တကယ့် လွတ်လပ်ရေးကို တိုက်ယူရမယ်။ မဟုတ်ရင် ကျွန်တော်တို့ ခင်ဗျားတို့ရဲ့ မိန်းမတွေ၊ အစ်မ၊ ညီမတွေပါ KIA ထဲ ရောက်ကုန်မယ်...သေနတ်ကိုင်ခိုင်းရင်တော်သေးရဲ့ အခုခေါင်းဆောင်တွေက ဇော် တူးတို့ ထက်ဆိုးတယ်... ဒုက္ခတွင်းထဲ ရောက်နေတဲ့ ကချင်ပြည်နယ်ထဲက ကျွန်တော်တို့တစ်တွေ အားလုံး သည်းမခံနိုင်တဲ့အဆုံး KIA ကိုတော်လှန်ဖို့ စလိုက်ကြပါစို့။

ခပ်သိမ်းသောအရာတို့တွင် ကျေးဇူးတော်ကြီးလှပါ၏ဟု ငါတို့သခင် ယေရှုခရစ် နာမတော်အမှီပြု၍ အခြား မလပ် ဆုတောင်းပဌနာပြုကြလော့ ... အာမင် ။ 

Credit to: ဘရန်နူး(မြစ်ကြီးနား)

သို့  .... အန်အယ်လ်ဒီ သတင်းထုတ်ပြန်ရေးအဖွဲ့  ...



အကြောင်းအရာ ။ သတင်းထုတ်ပြန်ပေးပါရန် မေတ္တာ ရပ်ခံခြင်း ။
=============== =========== ====

၁။ မြန်မာနိုင်ငံသို့ ၂၀၁၄ မတ်လ ၄ ရက်နေ့က ရောက်ရှိ ခဲ့သည့် ..ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်သည် ..... ၎င်း၏ ခရီးစဉ် အတွင်း .... အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ် အောင်ဆန်းစုကြည် နှင့် တွေ့ဆုံခဲ့သည် ဟု သိရှိရပါ သည် ။

၂။ ထိုသို့ တွေ့ ဆုံခဲ့စဉ် ... မည်သည့်အကြောင်း ချင်းရာ များအား တွေ့ ဆုံဆွေးနွေး ညှိနိုင်းခဲ့သည်ကို အများပြည်သူ သိရှိနိုင်ရေး ... သတင်းထုတ်ပြန်ပေးပါရန် လေးစားစွာ မေတ္တာရပ်ခံ အပ်ပါသည် ။

From:Ye Moe

NLD တရားစွဲမည်ဆိုပါက ရင်ဆိုင်သွားမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ တုံ့ပြန်



NLD ပါတီမှ တရားစွဲမည်ဆိုပါက တရားဥပဒေ အတိုင်းသာ ပြန်လည်ဖြေရှင်းသွားမည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက မတ် ၄ ရက်တွင် The Daily Eleven သတင်းစာ၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။


"သူတို့က ကျွန်တော့်ကို တရားစွဲမယ်ဆိုတော့ ဘာပုဒ်မနဲ့စွဲမှာလဲ။ ကျွန်တော်တို့ကို ကြံ့ဖွတ်ဆိုပြီး ပစ်စလက်ခတ်ပြောတုန်းက ကျွန်တော်တို့ ဘာမှ မပြောခဲ့ပါဘူး။ လွတ်လပ်စွာ သဘောကွဲလွဲခွင့်ရှိတယ်။ တရားစွဲခဲ့ရင်လည်း တရားဥပဒေအတိုင်း ပြန်လည် ရင်ဆိုင်သွားမှာပါ။ သူတို့က ကျွန်တော်တို့ကို နှိပ်ကွပ်ခဲ့တာများပါတယ်။ ဖော်မပြနိုင်လောက် အောင်များတယ်။ စစ်အာဏာရှင်ရဲ့တပည့်တွေဆို တာမျိုးပေါ့။ ကျွန်တော်တို့ကို စွပ်စွဲခဲ့တာတွေကို အစဆွဲ မထုတ်ချင်လို့။ ဆွဲထုတ်ရင် အများကြီးရှိပါတယ်"ဟု ဦးလှဆွေက ပြောကြားသည်။

Hot News ဂျာနယ်မှာပြောတာက NLD မှာ ဒေါ်အောင်ဆန်းစုကြည်လောက် ကျန်တဲ့သူတွေက အသုံး မကျဘူးလို့ ပြောလိုက်တာပါ။ ရေးတဲ့သူက ဒေါ်အောင်ဆန်းစုကြည်ကလွဲရင် ကျန်တဲ့သူတွေ ဘယ်သူမှ အသုံးမကျဘူးလို့ ရေးလိုက်တာ။ ရေးတဲ့သူကို ဘာမှတော့မပြောချင်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကတော့ အသုံးကျတယ်လို့ဆိုလိုတာပါ

လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို တရားစွဲမည်ဆိုပါက လွှတ်တော်ဥက္ကဋ္ဌ ခွင့်ပြုရမည်ဖြစ်ကြောင်း၊ တပ်မ တော်ကို ပြည်သူ့ချဉ်ဖတ်ဟု အန်ကယ်ဦးတင်ဦးပြောခဲ့သည်ကို အသရေဖျက်မှုဖြင့် တရားစွဲ၍ရကြောင်း ၎င်းက ပြောကြားသည်။

"ကျွန်တော် Hot News ဂျာနယ်မှာပြောတာက NLD မှာ ဒေါ်အောင်ဆန်းစုကြည်လောက် ကျန်တဲ့သူ တွေက အသုံးမကျဘူးလို့ ပြောလိုက်တာပါ။ ရေးတဲ့သူက ဒေါ်အောင်ဆန်းစုကြည်ကလွဲရင် ကျန်တဲ့သူတွေ ဘယ်သူမှ အသုံးမကျဘူးလို့ ရေးလိုက်တာ။ ရေးတဲ့သူကို ဘာမှတော့မပြောချင်ပါဘူး။ ဒေါ်အောင်ဆန်း စုကြည်ကတော့ အသုံးကျတယ်လို့ဆိုလိုတာပါ။ ကျန်တဲ့သူတွေက ကမ္ဘာကတောင်အသိမှတ်ပြုထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တစ်တန်းတည်း အသုံးကျတယ်လို့ အပြောခံချင်တာလား။ ဒေါ်အောင်ဆန်း စုကြည်မှာ ဆုတွေအများကြီးရထားတယ်။ သူတို့တွေ ဘာဆုရဖူးလို့လဲ။ ဆရာနဲ့ တစ်တန်းတည်း မဖြစ်ချင်ပါနဲ့။ ဆရာက ဆရာ။ တပည့်က တပည့်ပါပဲ။ ကျွန်တော်ကိုယ်တိုင်ကလည်း ဒေါ်အောင်ဆန်း စုကြည်နဲ့ ယှဉ်လို့မရပါဘူး။ ဦးဝင်းထိန်က ကျွန်တော့်အစ်ကိုကြီးပါပဲ။ သူကတရားစွဲမယ်ဆိုတော့ အမှန် ပြောလို့ နာတာလားလို့ ပြန်မေးချင်တယ်ဗျာ" ဟု ဦးလှဆွေကဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မိတ္ထီလာမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်အား မေးမြန်းခဲ့သော်လည်း အဖွဲ့ချုပ်မှ ဦးဝင်းမြင့်အားမေးမြန်းရန် ပြောကြား သည့်အတွက် ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား မေးမြန်းခဲ့သော်လည်း ကာယကံရှင်ကိုသာ မေးမြန်းရန် ပြန်လည်ဖြေကြားခဲ့သည်။

EMG

နိုင်ငံ့ဝန်ထမ်းလစာနှင့် ရိုက်ခတ်လာမည့်ဂယက်



လာမည့်ဧပြီလတွင် နိုင်ငံ့ဝန်ထမ်းများ တတိယ အကြိမ် လစာတိုးမြှင့်ပေး၊ မပေး ယခုရက်ပိုင်း အတွင်း လွှတ်တော်တွင် ဆုံးဖြတ်မည်ဖြစ်သည်။ အကယ်၍ တိုးမြှင့်ပေးရန် ဆုံးဖြတ်ခဲ့ပါလျှင် လွန်ခဲ့သည့် ၂ နှစ်ခန့်က ဖြစ်ပွားခဲ့သည့် အခြေခံ လုပ်သားထု၏ သပိတ်မှောက်ဆန္ဒပြမှုမျိုး ထပ်မံ ဖြစ်ပွားလာမည်ကို လုပ်ငန်းရှင်အများစုက စိုးရိမ် လျက်ရှိသည်။


အစိုးရသစ်လက်ထက်တွင် နိုင်ငံ့ဝန်ထမ်းများကို ၂၀၁၃ ဧပြီ ၁ ရက် အနိမ့်ဆုံးအခြေခံလစာ ငွေကျပ် နှစ်သောင်းကျော် ပေးခဲ့ရာမှ ထောက်ပံ့ကြေးအဖြစ် ငွေကျပ်သုံးသောင်းသို့ တိုးမြှင့်ပေးခဲ့သည်။ ထိုသို့ တိုးမြှင့်ပေးပြီး မကြာမီရက်ပိုင်းအတွင်းမှာပင် အလုပ်ချိန်နှင့် မျှတစွာ လုပ်အားခလစာမရရှိသည့် အခြေခံလုပ်သားများကလည်း လစာတိုးမြှင့်ပေးရေး ရာနှင့်ချီ၍ ဆန္ဒပြတောင်းဆိုမှုများ အရှိန် အဟုန်မြင့်တက်ခဲ့သည်။

ယခု ၂၀၁၄ ဧပြီလတွင် နိုင်ငံ့ဝန်ထမ်းများကို လစာတိုးပေးမည်ဆိုပါက ယင်းအချက်ပေါ်မူတည်၍ အလုပ်သမားများ ဆန္ဒပြတောင်းဆိုမှုများ ထပ်မံဖြစ်ပွားလာလျှင် ကုန်ထုတ်လုပ်မှု လျော့ကျပြီး အလုပ်ပိတ်ရပ်ဆိုင်းမှုများ ကြုံတွေ့လာရမည်ကို အလုပ်ရှင်အများစုက စိုးရိမ်ပူပန်နေခြင်းဖြစ်သည်။

အလုပ်သမားများဘက်ကလည်း လစာတန်ဖိုးမြင့်တက်လာခြင်းနှင့်အတူ မြင့်တက်လာနိုင်သည့် ကုန်ဈေးနှုန်းကို စိတ်ပူသည်။ ‘‘ကုန်ဈေးနှုန်းက အစိုးရ၀န်ထမ်း၊ ပုဂ္ဂလိက၀န်ထမ်းဆိုပြီး တက်တာမဟုတ်ဘူး။ တစ်ပြေးညီတက်တာ။ ဆန္ဒပြတောင်းဆိုပြီးရင် မရရင်တော့ စိတ်ပျက်မိတယ်’’ဟု လှိုင်သာယာစက်မှုဇုန်အတွင်းရှိ တိုင်ရီဖိနပ်စက်ရုံမှ မနန်းယုလှိုင်ကပြောသည်။

အစိုးရ၀န်ထမ်းများ လစာတိုးမြှင့်လိုက်တိုင်း မြင့်တက်လာသည့် ကုန်ဈေးနှုန်းများကြောင့် ယခင်စစ်အစိုးရခေတ်က ၀န်ထမ်းများလစာတိုးမည်ကို သာမန်ပြည်သူများ ပူပန်နေခဲ့ကြရသည်။ အရပ်သားအစိုးရလက်ထက်တွင် ဆိုးဆိုးရွားရွားမဖြစ်ခဲ့သော်လည်း လစာတိုးမည့် အသံသဲ့သဲ့ကြားလျှင်ပင် အခြေခံကုန်ဈေးနှုန်းများက ခပ်လှုပ်လှုပ် ဖြစ်လာမြဲဖြစ်သည်။ လှိုင်သာယာစက်မှုဇုန်ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ‘‘ဒီနှစ်အစိုးရ၀န်ထမ်းတွေ လစာတိုးလာရင် ဒီဘက်မှာ ဆန္ဒပြတောင်းဆိုမှု ဂယက်တွေက ရှိနိုင်တာပေါ့။ မနှစ်ကလည်း ဒီလိုပဲဂယက်ရိုက်ခဲ့တာ။ အလုပ်သမားတွေဘက်ကလည်း စားစရိတ်ကုန်ဈေးနှုန်း တက်လာလို့ ပိုတောင်းလာတော့ အလုပ်ရှင်ဘက်ကလည်း လူအများကြီး တိုးမပေးနိုင်ကြတော့ မေလရောက်တိုင်း ပဋိပက္ခတွေ ဖြစ်လာကြတယ်’’ဟုဆိုသည်။

လက်ရှိတွင် စက်မှုဇုန်လုပ်သားများမှာ အနည်းဆုံးအခြေခံလုပ်ခလစာအဖြစ် နေ့တွက်စရိတ် တစ်နေ့လျှင် ကျပ် ၆၅၀၀ သတ်မှတ်ရရှိရေးကို စောင့်ဆိုင်းနေကြရဆဲဖြစ်သည်။

သပိတ်မှောက် ဆန္ဒပြမှုများ ဖြစ်ပွားပါက လုပ်ငန်းရှင်များဘက်တွင် လုပ်ငန်းလည်ပတ်မှုခက်ခဲကာ နောက်ဆုံးတွင် အလုပ်ပိတ်သိမ်းခဲ့ရသည့် သာဓကအချို့ရှိခဲ့သည်။ ထို့ကြောင့် လုပ်ငန်းရှင်တို့ဘက်က ဆန္ဒပြခြင်းကြောင့် ကုန်ထုတ်စွမ်းအား ကျဆင်းမှုရှိသည့်အပြင် လျှပ်စစ်မီးရရှိမှုအခက်အခဲ၊ မြေဈေးကြီးမြင့်ခြင်း၊ သယ်ယူပို့ဆောင်စရိတ် ကြီးမြင့်ခြင်း စသည့်အခက်အခဲတို့ကြောင့် လစာတိုးပေးရန်ခက်ခဲကြောင်း အလုပ်ရှင်များကပြောသည်။

‘‘ပြဿနာဖြစ်မယ်ဆိုတာ သူတို့သိတာပေါ့။ သူတို့က နိုင်ငံတော်ကို အုပ်ချုပ်နေတဲ့သူတွေပဲ။ အစိုးရ၀န်ထမ်းလစာတိုးလို့ ဆန္ဒပြမယ်ဆိုလည်း အလုပ်ရှင်က သူပေးနိုင်သလောက်ပဲ သူပေးမှာ။ မပေးနိုင်ရင် ပိတ်ဖို့ပဲရှိတယ်။ ပေးမှမပေးနိုင်တာ။ အလုပ်သမားလည်း အလုပ်လက်မဲ့ဖြစ်မယ်။ အစိုးရကပဲ ဆက်ရှင်းပေါ့’’ဟု မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်းမှ အတွင်းရေးမှူး ဦးအောင်မင်းကပြောသည်။

Gallent Ocean အအေးခန်းစက်ရုံ မန်နေဂျာကိုကျော်ဇေယျက ‘‘အဓိကကတော့ အစိုးရက သတ်မှတ်ထားတဲ့ လုပ်ခလစာနှုန်းထား မရှိတာပဲ။ အဲဒါ သတ်မှတ်ပေးနိုင်တာနဲ့ အငြင်းပွားမှုတွေ လျော့နည်းသွားမယ်လို့ ထင်တယ်’’ဟုဆိုသည်။

အစိုးရက အခြေခံလုပ်သားများကို အနည်းဆုံးလုပ်ခလစာသတ်မှတ်ရန် အနည်းဆုံး အခကြေးငွေ နည်းဥပဒေကို ၂၀၁၃ ဇူလိုင်လတွင် ပြဋ္ဌာန်းခဲ့သည်။ သို့သော် ယခုအချိန်ထိ နှုန်းထားမှာ ဒုတိယအဆင့်သာရှိသေးပြီး လတ်တလောအလုပ်ရှင်အလုပ်သမား အငြင်းပွားမှုဖြစ်ပွားပါက အလုပ်ရှင် အလုပ်သမားသာ ညှိနှိုင်းဖြေရှင်းပြီး နှုန်းထားသစ် သတ်မှတ်ပေးခြင်းဖြစ်သည်။ လက်ရှိတွင် မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးရုံးတွင် ဖြေရှင်းပေးရသည့်အမှုမှာ ၂ နှစ်အတွင်း အငြင်းပွားမှု ဖြစ်စဉ်စုစုပေါင်း ၁၆၀၀ ကျော်ဖြစ်ပွားခဲ့သည်။

‘‘ဒီနှုန်းထား အကောင်အထည်ဖော်ဖို့ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလထိတော့ မှန်းထားတယ်’’ဟု အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနနှင့် ညွှန်ကြားရေးမှူးချုပ်ဦးအောင်မျိုးက ပြောသည်။

‘‘အစိုးရက ငွေကြေးဖောင်းပွမှုရှိတယ်လို့ ပြောတယ်။ အဲဒါဆိုရင် အစိုးရ၀န်ထမ်းတွေကို လစာတိုးပေးရတော့မယ်။ ငွေကြေးဖောင်းပွမှုမရှိရင်တော့ လစာတိုးပေးစရာမလိုဘူး။ ၀န်ထမ်းတွေကို ခန့်တုန်းကခန့်ပြီး မဖြစ်စလောက်လစာလေးတော့ ပေးလို့မရဘူး’’ဟု အလုပ်ရှင်၊ အလုပ်သမားအခွင့်အရေးစောင့်ကြည့်ရေး လွှတ်တော်ကော်မတီအဖွဲ့မှ ကိုယ်စားလှယ်ဦးဖုန်းမြင့်အောင်ကပြောသည်။

လက်ရှိနိုင်ငံတွင်း ခန့်မှန်းတွက်ချက်မှုအရ လူဦးရေ သန်း ၆၀ ရှိသည့်အနက် အစိုးရ၀န်ထမ်းဦးရေမှာ ၁ ဒသမ ၃ သန်းခန့် ရှိသည်။ သမ္မတဦးသိန်းစိန်လက်ထက်တွင် နိုင်ငံ့ဝန်ထမ်းများကို လုပ်ခလစာနှစ်ကြိမ်တိုးမြှင့်ပေးခဲ့ပြီး လာမည့်ဧပြီလတွင် ထပ်မံတိုးမြှင့်ပေးပါက သုံးကြိမ်မြောက်ဖြစ်သည်။

ရန်ကုန်၊ မန္တလေးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် စက်ရုံအမျိုးအစားအလိုက် စုစုပေါင်းစက်ရုံ ၁၇၀ ရှိပြီး လုပ်သားပေါင်း ၂၁၀,၀၀၀ ကျော်ရှိသည်။

‘‘လစာတိုးလိုချင်တယ်။ ဒါပေမဲ့ ရတာကနှစ်သောင်း၊ ကုန်ဈေးနှုန်းက တိုးတဲ့ဟာနဲ့ မမျှဘူးဆိုရင် ဒီလစာလေးနဲ့ပဲ နေချင်တယ်’’ဟု လုပ်သက် ၂၅ နှစ်ခန့်ရှိ စည်ပင်ဝန်ထမ်းအမျိုးသမီးတစ်ဦးကပြောသည်။

Credit:7Day News Journal

ရေရှားပါးမှု နှင့် ကြုံတွေ့ရသောမြို့နယ်များ NLD ပါတီကို ဆက်သွယ် အကူညီတောင်းခံနိင်



နွေရာသီကာလ ရောက်ရှိလာပြီဖြစ်၍ ရေရှားပါးမှု အခက်ခဲ နှင့် ကြုံတွေ့ရသော မြို့နယ်များ အနေဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးများကို ဆက်သွယ် အကူညီတောင်းခံနိုင်သည်ဟု အမျိုး သား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးအဖွဲ့ဝင် ဦးသိန်းဦးက ပြောကြားသည်။


" ရေရှားပါးမှု နဲ့ ဘယ်မြို့နယ်တွေမှာ အခက်ခဲ ဖြစ်နေပြီဆိုတာ သိရင်လည်း ကူညီပါတယ်။ မြို့နယ် အလိုက် အကူညီတောင်းခံရင် လည်း မြို့နယ်မှာ ငွေကြေးအနေထား မရှိဘူးဆိုရင် အဖွဲ့ချုပ်ကို တင်ပြပြီး အဖွဲ့ချုပ် ကနေ တဆင့် ကူညီတာတွေလည်း ရှိတယ်။ ရေပို့ဖို့အတွက် တစ်ချို့ရွာတွေက လမ်းပန်းဆက်သွယ်ရေး အခက်ခဲကြောင့် ကားတွေ ဝင်ဖို့ အခက်ခဲဖြစ်တဲ့ ရွာတွေနဲ့ မနှစ်ကကြုံခဲ့တယ် "ဟု ဆိုသည် ။

အဖွဲ့ချူပ်၏ ရန်ပုံငွေများထဲမှာ သုံးစွဲသွားမှာဖြစ်ပြီး အလှူရှင်များ လာရောက်လှူဒါန်းလျှင်လည်း လက်ခံ ဆောင်ရွက်ပေးသွား မည်ဟု အဖွဲ့ချူပ်ရုံးချူပ်မှ သိရသည်။

၂ဝ၁၃ ခုနှစ်အတွင်း က ရန်ကုန်တိုင်းအတွင်းရှိ ရေရှားပါမှု နှင့် ကြုံတွေ့ရသော တွံ့တေး ၊ ကော့မှုး ၊ ကွန်းခြံကုန်း ၊ ဒလ ၊ ဆိပ်ကြီးခနောင်တို နှင့် ဒဂုံဆိပ်ကမ်းမြို့နယ်များ အပါအဝင် မြန်မာနိုင်ငံအတွင်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးစိုက်ရာမြို့နယ်များတွင် ရေရှားပါးခြင်း အခက်နှင့် ကြုံတွေရပါက ဆက်သွယ်ပြီး အကူညီတောင်းခံနိုင်သည်ဟု ဆိုသည်။

"ကျွန်တော်တို့မြို့နယ်မှာ နှစ်စဉ်ရေရှားတယ်။ မြို့တော်စည်ပင်သာ ရေပေးအဖွဲ့ကလည်း ကောင်းကောင်း စီမံခန့်ခွဲတာ မလုပ်ဘူး။လွှတ်တော် ကိုယ်စားလှယ်တွေကို ချထားပေးတဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေက သောက်သုံးရေ ရရှိရေးအတွက် အသုံးပြုမယ်ဆိုတော့ ဘယ်လိုလုပ်ပေးမလဲ စောင့်ကြည့်ရမယ်။NLD က အကူအညီတောင်းလို့ ရတယ်ဆိုတော့ အဆင်ပြေတာပေါ့”ဟု နှစ်နှစ်ဆက် ရေရှားပါးမှုနှင့် ကြုံတွေ့ရသည့် ဒလမြို့နယ်အတွင်းနေထိုင်သူ ဦးစံဝင်းက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် မြန်မာတစ်နိင်ငံလုံးတွင် မြို့နယ်အဆင့် ရုံးခွဲပေါင်း ၃ဝဝ ကျော်ခန့်ရှိုပြီး ရေရှားပါးမှု အခက်ခဲများ နှင့် ပါတ်သက်ပြီး သက်ဆိုင်ရာမြိုနယ် လွှတ်တော် ကိုယ်စား လှယ်များ ၊ ရုံးအဖွဲ့ဝင်များထံသို့အကူညီတောင်းခံနိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ တာဝန်ရှိ သူက ဆိုသည် ။

သောက်သုံးရေရှားပါးမှု နှင့် ပါတ်သက်ပြီး တွံတေးမြို့နယ် အုပ်ချုပ်ရေးမှုး ဦးသန်းဇော်ဟန်က "ကျွန်တော် တို့ မြို့နယ်တွေမှာတော့ ပါတီတွေကလာလှူတာ နည်းပါတယ်။ မြို့နယ်ကနေပြီးတော့ အဝီစိတွင်းတူးပေး တာတွေ လုပ်ပေးပါတယ်။ တွံ့တေး မြို့နယ်ထဲမှာတော့ ရေအရမ်းရှားတာ ၂ ရွာပဲ ရှိပါတယ်။ ရေလှူအဖွဲ့ စည်းတွေ ၊ မြို့ပေါ်အလှုရှင်တွေက လာလှုကြတာဖြစ်လို့ သိပ်တော့အခက်ခဲမဖြစ်ပါဘူး " ဟုဆိုသည်။

Written by ဖိုးစိုးသူ
Mizzima - News in Burmese

မြန်မာနိုင်ငံ ပညာရေးစနစ်ပျက်စီးရခြင်းမှာ ဗုဒ္ဓဘာသာကြောင့်ဟု မိုးသီးဇွန်ပြော



လာပြီ၊ ကိုယ်တွေဘာသာကို အပုတ်ချပြီး အစ္စလာမ် သာသနာပြုမယ့် မွတ်ကုလား။

ပညာရေးစနစ် ပျက်တယ် မပျက်တယ်ဆိုတာ စာကျက်တဲ့နည်းနဲ့ မဆိုင်ဘူး ဆောက်ရူးရ။

** အတန်းလိုက် ပြဋ္ဌာန်းစာတွေ အဆင့်မီရဲ့လား။
** ကျောင်းဆရာ ဆရာမတွေ အရည်အချင်း ရှိရဲ့ လား၊ စာရိတ္တ ကောင်းရဲ့လား။
** ကျောင်းသူ ကျောင်းသားတွေရဲ့ စာရိတ္တအခြေခံ။
** အတန်းတင်မှု အရည်အချင်း စစ်ဆေးမှု တွေမှာ အကတိတွေ ရှိနေလား။
** ပညာတတ် ဘွဲ့ရတွေအပေါ် အစိုးရက အလုပ်အကိုင် နေရာချထား ပေးနိုင်သလား၊ လခထိုက်တန် ပါရဲ့လား။
** အစိုးရအနေနဲ့ ပညာရေးအပေါ် ဘယ်လောက် ကူညီပံ့ပိုးနေပါသလဲ၊ နိုင်ငံတကာနဲ့ ရင်ဘောင်တန်း နိုင်အောင် ဆောင်ရွက် နေလား။

** ပြည်သူ လူထုဘက်က ဘယ်လောက် လိုလား ပါဝင် ဆောင်ရွက်နေလဲ။

ဒါဟာ မိမိဘာသာ တွေးတောမိတဲ့ အချက်တွေပါ၊ ဒီခွေးယုတ်လိုတော့ ဘာသာရေးကို အရူး ချေးပမ်း မဆီ မဆိုင် မစော်ကားဘူး၊ မAရိုး လူသတ်သမား၊ မင့်ကိုယ်မင်း နိုင်ငံရေးသမား ဆိုပြီး အတွေးအခေါ် အပြော အဆိုတွေ ဇောက် တိမ်လှတယ်။

ကျောင်းသူ ကျောင်းသားတွေက သံဃာတော်တွေလို စာကျက်လို့ ၊ပညာရေးစနစ် ပျက်တာ မဟုတ်ဘူး၊ ကလဒရဲ့။

နားလည်ခြင်း မလည်ခြင်းဆိုတာ သင်ကြားရေးရဲ့အပိုင်းပဲ၊ စာကျက်တယ် ဆိုတဲ့ အပိုင်းကတော့ စွဲမြဲစေခြင်း၊ မှတ်မိစေခြင်း အပိုင်းပဲ၊ ဒီနှစ်ခုသည် အပြန်အလှန်တော့ အကျိုးပြုတယ်။

စာကျက်တယ် ဆိုရာမှာလည်းပဲ အမျိုးမျိုးရှိတာ အားလုံး အသိပါဗျား။
** အခေါက်ခေါက် အသံထွက် ရွတ်ဆိုပြီး ကျက်တယ်၊ ဒီနည်းက မိမိသောတ မိမိ မသိစိတ်ထိ စွဲမြဲစေတယ်။
** ချရေးပြီး ကျက်တယ်၊ ဒါက တိကျ သေချာ စေသောနည်း။
** အသံတိတ် ကျက်တယ်၊ ဒါက မှတ်ဉာဏ်ကောင်း သူများသုံးတယ်။
** တီထွင် ဖန်တီးပြီး ကျက်တယ်၊ ဂျစ်ထုတ် ကဗျာလင်္ကာ သီချင်း သင်္ကေတ လုပ်ပြီး ကျက်တာပါ၊ ဒါက မှတ်မိ လွယ်စေတယ်။ 
** အသံသွင်းပြီး ကျက်တယ်၊ ဒါက သိပ် မကောင်းလှပါ။
** အပြန်အလှန် ဆွေးနွေး သရုပ်ဖော် အားပြိုင်လို့ ပြိုင်ပွဲတွေတောင် ပြုလုပ်ပြီး ကျက်တယ်၊ ဒါက စည်းလုံးမှု နဲ့ အပြိုင်အဆိုင် ကြိုးစားလိုစိတ်ကို ဖြစ်ပေါ် စေတယ်။

ဒါတွေက ကျနော်တို့ ကျောင်းသား ဘဝက အတွေ့အကြုံတွေပါပဲ၊ သံဃာတော်များ စာကျက်တဲ့ အများဆုံး သုံးတဲ့နည်းက အခေါက်ခေါက် အသံထွက် ရွတ်ဆိုတဲ့ စာကျက်နည်းပါ။ ဘာကြောင့် ဒီလိုကျက်လဲ ဆိုတော့ စာတွေ အလွန် များပြား လွန်းလို့ပါပဲ။ 

စာကျက် နည်းတောင်မသိပဲ ပညာရေးစနစ် ပျက်ဆီးတာသည် သံဃာတော်တွေလို ကျောင်းသူ ကျောင်းသားတွေ စာကျက်လို့...လို့၊ စွပ်စွဲနေသော ကလပိန်း၊ အဓိက အချက်သည် ဘာသာရေးကို ဘလိုင်းကြီး စော်ကား အပုတ်ချတာပါပဲ။

ဗုဒ္ဓဘာသာကို စော်ကား အပုတ်ချနေတဲ့ ထောက်ပံ့ကြေးစားအရေခြုံသမား၊ ဒီအောက်တန်းစား ကလနွားကို၊ ပြည်သူလူထုကြီး ရယ်ဗျား....ဝေါင်ဝေါင်ရွှေး..ဝေးဝေးရှောင်ပါဗျိုး။