Wednesday, March 5, 2014

တရုတ်နိုင်ငံမှ နာမည်ကြီးဆိုင်ကယ် ကုမ္ပဏီများစုပေါင်းကာ မန်းတွင် MOTOEXPO ပြပွဲပြုလုပ်သွားမည်



တရုတ်နိုင်ငံမှ နာမည်ကြီးဆိုင်ကယ်ကုမ္ပဏီများ စုပေါင်းကာ MOTOEXPO ပြပွဲကို ၂၀၁၄ ခုနှစ် မတ်လ ၄၊ ၅၊ ၆ ရက်နေ့များတွင် မန္တလေးမြို့ Mandalay Hill Resort ဟိုတယ်တွင် ကျင်းပ ပြုလုပ် သွားမည်ဟု သိရသည်။


ပြပွဲကို တရုတ်နိုင်ငံကုန်သွယ်ရေး အဖွဲ့အစည်း၊ တရုတ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်မှု အကြံပေး ကုမ္ပဏီနှင့် မန္တလေးတိုင်းဒေသကြီး စက်မှုနှင့် ကုန်သည်ကြီးများအသင်း (MRCCI) က တာဝန်ယူကာ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ အကြီးဆုံး မော်တော်ဆိုင်ကယ်ထုတ်လုပ်သည့် ကုမ္ပဏီကြီး ၁၃ ခုမှ ပြခန်း ၈၀ ကျော် ခန်းဖြင့် နောက်ဆုံးပေါ်ဆိုင်ကယ်များကို ဦးစားပေး ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ သုံးဘီး မော်တော်ဆိုင်ကယ်များကိုလည်း ထည့်သွင်းပြသသွားမည်ဖြစ်သလို မြန်မာနိုင်ငံဈေးကွက်အတွင်း လူကြိုက်များသည့် အင်ဂျင်ပါဝါ ၂၀၀ စီစီနှင့် ၂၀၀ စီစီအောက် တရုတ်နိုင်ငံထုတ် မော်တော်ဆိုင်ကယ်များ အများဆုံး ပါဝင်မည်ဟု သိရသည်။ မြန်မာနိုင်ငံသို့ နှစ်စဉ်တရုတ်မော်တော်ဆိုင်ကယ် ၇ သိန်းဝန်းကျင် တင်ပို့လျက်ရှိပြီး ယခုနှစ်လည်း စီးရေ ၈ သိန်းခန့် တင်ပို့ရောင်းချမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ ကုန်သည်ကြီးများအသင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံမှ မော်တော် ဆိုင်ကယ် ထုတ်လုပ်တပ်ဆင်ခြင်းလုပ်ငန်းများ လာရောက်ရန် မန္တလေးတိုင်းဒေသကြီး စက်မှုနှင့် ကုန်သည် ကြီးများအသင်း (MRCCI) မှလည်း ဖိတ်ခေါ်ထားကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် အကြီးမားဆုံး MOTO EXPO ပြပွဲတစ်ပွဲဖြစ်ပြီး ယမန်နှစ်ကလည်း မန္တလေးမြို့တွင် အိန္ဒိယနိုင်ငံမှ မော်တော်ဆိုင်ကယ်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံသည် မော်တော်ဆိုင်ကယ်များကို အင်ဂျင်ပါဝါ ၆၀၀ စီစီအထိ ထုတ်လုပ်ခွင့်ရရှိပြီး တရုတ်မော်တော်ဆိုင်ကယ် ထုတ်လုပ်သည့် ကုမ္ပဏီများမှ ကမ္ဘာ့နိုင်ငံပေါင်း (၁၉၀) ကျော်သို့ မော်တော်ဆိုင်ကယ်များ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

ကောင်းမြတ်ထွန်း၊ မန္တလေး
Internet Journal

၁၂၆ သိန်းနဲ့ ရောင်းချနိုင်မည့် အရစ်ကျအိမ်ယာစီမံကိန်းတည်ဆောက်မည်



အရစ်ကျစနစ်ဖြင့် ရောင်းချမည့် တိုက်ခန်းပေါင်း ၄၀၀ ကျော် ပါဝင်မည့် အိမ်ရာစီမံကိန်း တစ်ခု ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် စီးပွားရေး တက္ကသိုလ်အနီး အမှတ် (၂) လမ်းမကြီးပေါ်တွင် တည်ဆောက်မည် ဖြစ်ကြောင်း December Construction Co., Ltd. မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။


အဆိုပါ အိမ်ရာတွင် မြေညီထပ် အပါအဝင် ခြောက်ထပ် အဆောက်အအုံ ၃၅ လုံးကို တည်ဆောက်မည် ဖြစ်ပြီး အခန်းတိုင်းတွင် အိပ်ခန်းနှစ်ခန်း ပါဝင်မည် ဖြစ်ပြီး မြေညီထပ်တွင် ထပ်ခိုး ပါဝင်ကြောင်း၊ မြေညီထပ် တစ်ခန်းလျှင် ကျပ် သိန်း ၃၅၀ သတ်မှတ်ထားပြီး အမြင့်ဆုံး အပေါ်ထပ် တိုက်ခန်း တစ်ခန်းလျှင် ၁၂၅ သိန်းကျပ်ဖြင့် လတ်တလော သတ်မှတ်ထားကြောင်း၊ အခန်းတိုင်း၏ အကျယ်အဝန်းမှာ စတုရန်း ပေ ၆၀၀ ကျယ်ဝန်းကြောင်း December Construction Co., Ltd. ထံမှ သိရှိရသည်။

အဆိုပါ အိမ်ရာကို ဒီဇင်ဘာ သီရိဂေဟာမြို့တော် (December Thiri Gayhar City) ဟု အမည်ပေးထားပြီး တိုက်ခန်းများကို တစ်နှစ်ခွဲ အချိန်ယူကာ တည်ဆောက်မည် ဖြစ်ကြောင်း၊ လူနေခန်းများကို ဖေဖော်ဝါရီလမှ စတင်ကာ အရစ်ကျ စနစ်ဖြင့်သာ ဝယ်ယူနိုင်ရုံသာမက လက်ငင်း ငွေချေစနစ်ဖြင့် ဝယ်ယူနိုင်ကြောင်း၊ အရစ်ကျ စနစ်ဖြင့် ဝယ်ယူလိုပါက ကနဦးတွင် ၃၅ ရာခိုင်နှုန်းကို ပေးသွင်းရမည် ဖြစ်ပြီး ကျန်ငွေကြေး ပမာဏကို ၁၈ လအတွင်း ပေးချေရမည် ဖြစ်ကြောင်း၊ လက်ငင်း ငွေချေစနစ်ဖြင့် ဝယ်ယူမည် ဆိုပါက တိုက်ခန်း တန်ဖိုးကို ၂၀ ရာခိုင်နှုန်း ဈေးလျှော့ပေးမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“တိုက်ခန်း ဈေးနှုန်းတွေက ဈေးသင့်တော့ စိတ်ဝင်စားလို့ လာကြည့်တာ။ လူတော်တော် များများလည်း ဝယ်ဖြစ်မှာပါ” ဟု ရန်ကင်း မြို့နယ်တွင် နေထိုင်သူ အသက် ၅၀ ဝန်းကျင်ခန့် အမျိုးသမီးကြီး တစ်ဦးက ပြောဆိုသည်။

ဒီဇင်ဘာ သီရိဂေဟာ မြို့တော် အိမ်ရာတွင် စာသင်ကျောင်း၊ ဓမ္မာရုံ၊ ဈေးဝယ်စင်တာ၊ အပန်းဖြေရန် နေရာနှင့် ကားပါကင်များ အပြင် အိမ်ရာအတွင်း သွားလာနိုင်မည့် ယာဉ်လိုင်းတစ်ခု စီစဉ်ပေးမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရှိရသည်။

အဆိုပါ အိမ်ရာ တိုက်ခန်းများကို တိုက်ခန်း ဆောက်လုပ်ချိန်မှ စတင်၍ တစ်နှစ်ရှစ်လ အကြာတွင် အခန်းများကို ဝယ်ယူသူများထံ ပေးအပ်မည် ဖြစ်ပြီး လက်ငင်းငွေချေ ဝယ်ယူသူများကိုမှု တစ်နှစ်ခြောက်လ အကြာတွင် ပြန်လည် ပေးအပ် မည်ဖြစ်ကြောင်း December Construction Co., Ltd. ထံမှ သိရှိရသည်။

အဆိုပါ အိမ်ရာ၏ တိုက်ခန်းများကို ရွှေဂုံတိုင် လမ်းမရှိ ရွှေဂုံတိုင် ဟိုတယ်တွင် ဖွင့်လှစ်ထားသော December Thiri Gayhar City Showroom တွင် လျှောက်လွှာတင်ကာ ဝယ်ယူနိုင်ကြောင်း အဆိုပါ ကုမ္ပဏီ ထံမှ သိရှိရသည်။

The Voice Weekly

ဘင်္ဂါလီဒုက္ခသည်များကို ပြန်လက်ခံရန် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်တောင်းဆိုမှုကို ငြင်းဆိုပယ်ချလိုက်တဲ့ သမ္မတကြီး ဦးသိန်းစိန်



ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရှိနေသည့် ဘင်္ဂါလီ ဒုက္ခသည် များကို မြန်မာ အစိုးရက ပြန်လက်ခံပေးရန် ဘင်္ဂလား ဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် Sheikh Hasina ၏ တောင်းဆို မှုကို သမ္မတဦးသိန်းစိန်က ငြင်းဆို ပယ်ချခဲ့ကြောင်း သမ္မတရုံး အကြီးတန်း အရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။


မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပ ခဲ့သည့် ဘင်္ဂလားပင်လယ်အော် ဒေသတွင်းဆိုင်ရာ ကဏ္ဍစုံနည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (BIMSTEC) တတိယ ထိပ်သီးညီလာခံသို့ တက် ရောက်ရန်အတွက် မတ်လ ၃ ရက်နေ့က မြန်မာနိုင်ငံ ရောက်ရှိခဲ့သည့် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်နှင့် သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံရာတွင် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်က ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ရှိနေသည့် မြန်မာ ရိုဟင်ဂျာ တိုင်းရင်းသားများ (မူရင်းအသုံးအနှုန်း) ကို မြန်မာအစိုးရက ပြန်လည် လက်ခံပေးရန် သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံရာတွင် တိုက်တွန်း ပြောကြားခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ အခြေစိုက် သတင်းမီဒီယာများတွင် ဖော်ပြထားသည်။

ယင်းသတင်းနှင့် ပတ်သက်၍ သမ္မတရုံးသို့ ဆက်သွယ် မေးမြန်းရာ ၎င်းကယင်းသို့ ပြန်လည် ပြောကြားခြင်း ဖြစ်သည်။ “ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်က ကမ်းလှမ်းခဲ့တာတော့ အမှန်ပါ။ ဒါပေမဲ့ သူတို့တွေက မြန်မာနိုင်ငံသား မဟုတ်တဲ့ အကြောင်း၊ သူတို့ကို ပြန်လက်ခံမည် မဟုတ်တဲ့အကြောင်း သမ္မတကြီးက ပြန်ပြီး ငြင်းဆိုလိုက်ပါတယ်” ဟု အဆိုပါ သမ္မတရုံး အကြီးတန်း အရာရှိက ရှင်းပြသည်။

ထို့အပြင် အဆိုပါ ဒုက္ခသည်များကိစ္စကို ဖြေရှင်းရန်အတွက် နှစ်နိုင်ငံ မျက်နှာစုံညီ ဆွေးနွေးမည်ဟု ဦးသိန်းစိန်က ကတိပေး ပြောကြားခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ် အစိုးရ အရာရှိများ၏ ပြောကြားချက်ကို ကိုးကား၍ ဘင်္ဂလားဒေ့ရှ် သတင်းဌာန အချို့တွင် ရေးသား ဖော်ပြထားမှုကိုလည်း “ဘင်္ဂါလီ အရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးပွဲတွေ လုပ်မယ်လို့ သမ္မတဦးသိန်းစိန် ကတိပေးခဲ့တာ မရှိပါဘူး” ဟု ၎င်းက ထပ်လောင်းရှင်းပြသည်။

မြန်မာနိုင်ငံသို့ မတ်လ ၄ ရက်နေ့က ရောက်ရှိခဲ့သည့် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်သည် ၎င်း၏ ခရီးစဉ် အတွင်း သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် နာယက သူရဦးရွှေမန်း အပါအဝင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့နှင့်လည်း တွေ့ဆုံခဲ့သည်။

သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရာတွင် နှစ်နိုင်ငံ ချစ်ကြည်ရေး တိုးမြှင့်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရေး အပါအဝင် နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်ရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် နိုင်ငံဖြတ်ကျော်မှုခင်းများ တားဆီးရေးတို့နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း အဆိုပါ သမ္မတရုံး တာဝန် ရှိသူက ဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ်သည် မြန်မာနိုင်ငံသို့ ၂၀၁၁ ခုနှစ်တွင် ပထမဦးဆုံးအကြိမ် ရောက်ရှိလာခဲ့ပြီး ယခုခရီးစဉ်သည် ဒုတိယအကြိမ် ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

The Voice Weekly

အူရီဒူးက မြန်မာပြည်တွင်း မိုဘိုင်းကွန်ရက် ချိတ်ဆက်မှု နည်းပညာကို အောင်မြင်စွာ စမ်းသပ်ပြီးစီး


Photo: အူရီဒူးက မြန်မာပြည်တွင်း မိုဘိုင်းကွန်ရက် ချိတ်ဆက်မှု နည်းပညာကို အောင်မြင်စွာ စမ်းသပ်ပြီးစီး
Wednesday. March 5, 2014

မြန်မာနိုင်ငံ၌ ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် ရရှိပြီးဖြစ်သည့် ပြည်ပဆက်သွယ်ရေးကုမ္ပဏီ အူရီဒူးက ၎င်းတို့၏မိုဘိုင်းကွန်ရက် ချိတ်ဆက်မှုနည်းပညာကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

အူရီဒူးကုမ္ပဏီက ၎င်းတို့ရုံးချုပ်တည်ရှိရာ MICT Park အနီးတွင် ပထမဆုံး ကွန်ရက်ချိတ်ဆက်ခြင်း နည်းပညာပိုင်း အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ ကွန်ရက်က အချက်အလက်များ ပေးပို့နိုင်ခြင်း၊ စာတိုပေးပို့နိုင်ခြင်း၊ အသံလှိုင်းများ စမ်းသပ်ခြင်းတို့ကို ပြုလုပ်နိုင်ပြီဖြစ်ကြောင်း သိရသည်။

စမ်းသပ်လိုက်သော ကွန်ရက်သည် အသံလိုင်းကြည်လင်ပြီး စာတိုပို့ရာတွင် မြန်ဆန်ကြောင်း၊ အင်တာနက်စာမျက်နှာများသို့လည်း သွားရောက်နိုင်သည်ဟု ဆိုသည်။

“ကျွန်တော်တို့ ကွန်ရက်ဖြန့်ကြက်ရာမှာ ဒီနေ့အခုလို အောင်အောင်မြင်မြင် ကွန်ရက်ရရှိသွားတာ အူရီဒူးမြန်မာအတွက် သမိုင်းမှတ်ကျောက်တစ်ခု တင်လိုက်နိုင်တာ ဖြစ်ပါတယ်” ဟု အူရီဒူးမြန်မာ၏ အမှုဆောင်အရာရှိချုပ် ရော့စ်ကောမက်က ပြောကြားသည်။

၎င်းတို့အနေနှင့် လိုင်စင်ပါ သဘောတူညီချက်များကို အချိန်မီပြည့်မီရန် မြန်မြန်ဆန်ဆန် လုပ်ဆောင်နေချိန်တွင် အခက်အခဲနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်နေရသည်ဟု သိရသည်။

“အချိန်တိုတိုအတွင်း သတ်မှတ်ချက်တွေ ပြည့်မီဖို့ဆိုတာ တကယ်တော့ အခက်အခဲ စိန်ခေါ်မှုတွေနဲ့ ကြုံတွေ့ရပါတယ်။ တာဝါတိုင်တွေ ဆောက်လုပ်ရေးမှာ ဆောက်လုပ်ခွင့်ကျဖို့ ထင်ထားတာထက် ပိုကြာတာကို တွေ့ရပါတယ်။ ဒီလုပ်ငန်းစဉ်တွေ အချိန်မီ ပြီးစီးဖို့ဆိုတာ လူတိုင်းနဲ့ သက်ဆိုင်ပါတယ်” ဟု ၎င်းကဆိုသည်။

အူရီဒူးကုမ္ပဏီသည် မြန်မာနိုင်ငံတွင် လာမည့်ဇူလိုင်လခန့်တွင် ဆက်သွယ်ရေး ၀န်ဆောင်မှုများ စတင်ပေးနိုင်ရန် လုပ်ဆောင်လျက်ရှိသည်။

မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေး လုပ်ငန်းများ လုပ်ကိုင်ခွင့်လိုင်စင်အတွက် ပြည်ပဆက်သွယ်ရေး ကုမ္ပဏီနှစ်ခုဖြစ်သည့် တယ်လီနော်နှင့် အူရီဒူးကုမ္ပဏီနှစ်ခုကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ ရက်က စတင်အသက်ဝင်သည့် လိုင်စင်ကို ပေးအပ်ခဲ့သည်။

အဆိုပါ ကုမ္ပဏီနှစ်ခုစလုံးက လိုင်စင်ရရှိအပြီး ခြောက်လမှ ရှစ်လ၀န်းကျင်ခန့်တွင် ဆက်သွယ်ရေးဝန်ဆောင်မှုများ စတင်ပေးအပ်နိုင်ရန် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

Eleven Media Group

အူရီဒူးကုမ္ပဏီ၏ မိုဘိုင်းကွန်ရက်နည်းပညာ စတင်စမ်းသပ်နေစဉ်
(ဓာတ်ပုံ-အူရီဒူး)

မြန်မာနိုင်ငံ၌ ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင် ခွင့်လိုင်စင် ရရှိပြီးဖြစ်သည့် ပြည်ပဆက်သွယ်ရေး ကုမ္ပဏီ အူရီဒူးက ၎င်းတို့၏မိုဘိုင်းကွန်ရက် ချိတ်ဆက်မှုနည်းပညာကို အောင်မြင်စွာ စမ်းသပ် နိုင်ခဲ့ကြောင်း သတင်း ရရှိသည်။


အူရီဒူးကုမ္ပဏီက ၎င်းတို့ရုံးချုပ်တည်ရှိရာ MICT Park အနီးတွင် ပထမဆုံး ကွန်ရက်ချိတ်ဆက်ခြင်း နည်းပညာ ပိုင်း အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့သည် ဟု ဆိုသည်။

အဆိုပါ ကွန်ရက်က အချက်အလက်များ ပေးပို့နိုင်ခြင်း၊ စာတိုပေးပို့နိုင်ခြင်း၊ အသံလှိုင်းများ စမ်းသပ်ခြင်း တို့ကို ပြုလုပ်နိုင်ပြီဖြစ်ကြောင်း သိရသည်။

စမ်းသပ်လိုက်သော ကွန်ရက်သည် အသံလိုင်းကြည်လင်ပြီး စာတိုပို့ရာတွင် မြန်ဆန်ကြောင်း၊ အင်တာနက် စာမျက်နှာများသို့လည်း သွားရောက်နိုင်သည်ဟု ဆိုသည်။

“ကျွန်တော်တို့ ကွန်ရက်ဖြန့်ကြက်ရာမှာ ဒီနေ့အခုလို အောင်အောင်မြင်မြင် ကွန်ရက်ရရှိသွားတာ အူရီ ဒူးမြန်မာ အတွက် သမိုင်းမှတ်ကျောက်တစ်ခု တင်လိုက်နိုင်တာ ဖြစ်ပါတယ်” ဟု အူရီဒူးမြန်မာ၏ အမှုဆောင် အရာရှိချုပ် ရော့စ်ကောမက်က ပြောကြားသည်။

၎င်းတို့အနေနှင့် လိုင်စင်ပါ သဘောတူညီချက်များကို အချိန်မီပြည့်မီရန် မြန်မြန်ဆန်ဆန် လုပ်ဆောင် နေချိန်တွင် အခက်အခဲနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်နေရသည်ဟု သိရသည်။

“အချိန်တိုတိုအတွင်း သတ်မှတ်ချက်တွေ ပြည့်မီဖို့ဆိုတာ တကယ်တော့ အခက်အခဲ စိန်ခေါ်မှုတွေနဲ့ ကြုံတွေ့ရ ပါတယ်။ တာဝါတိုင်တွေ ဆောက်လုပ်ရေးမှာ ဆောက်လုပ်ခွင့်ကျဖို့ ထင်ထားတာထက် ပိုကြာ တာကို တွေ့ရပါတယ်။ ဒီလုပ်ငန်းစဉ်တွေ အချိန်မီ ပြီးစီးဖို့ဆိုတာ လူတိုင်းနဲ့ သက်ဆိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။

အူရီဒူးကုမ္ပဏီသည် မြန်မာနိုင်ငံတွင် လာမည့်ဇူလိုင်လခန့်တွင် ဆက်သွယ်ရေး ၀န်ဆောင်မှုများ စတင် ပေးနိုင် ရန် လုပ်ဆောင်လျက်ရှိသည်။

မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေး လုပ်ငန်းများ လုပ်ကိုင်ခွင့်လိုင်စင်အတွက် ပြည်ပဆက်သွယ်ရေး ကုမ္ပဏီ နှစ်ခုဖြစ်သည့် တယ်လီနော်နှင့် အူရီဒူးကုမ္ပဏီနှစ်ခုကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ ရက်က စတင်အသက်ဝင်သည့် လိုင်စင်ကို ပေးအပ်ခဲ့သည်။

အဆိုပါ ကုမ္ပဏီနှစ်ခုစလုံးက လိုင်စင်ရရှိအပြီး ခြောက်လမှ ရှစ်လ၀န်းကျင်ခန့်တွင် ဆက်သွယ်ရေး ၀န်ဆောင်မှုများ စတင်ပေးအပ်နိုင်ရန် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

Eleven Media Group

လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူ ကိုယ်စား ၀န်ချတောင်းပန် လျှောက်ထားလွှာအား အင်းစိန်ရွာမ ဆရာတော်ဘုရားကြီးထံ ဒေါ်အောင်ဆန်းစုကြည် ဆက်ကပ်၊ အမျိုး ဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေး ဥပဒေများ ပြဌာန်းရန် ဆောင်ရွက်ချိန်တွင် မနှောက်ယှက်ရန် ဆရာတော်ကြီးက သတိပေး


အင်းစိန်ရွာမဆရာတော်ကြီး၏ ၇၅ နှစ်မြောက် ၀ိဇာတမွေးနေ့ မင်္ဂလာသို့ တက်ရောက်လာခဲ့သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ယင်း၏ပါတီဝင် တစ်ဦးဖြစ်သော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူ၏ သံဃာတော်များကို ရိုင်းရိုင်းစိုင်းစိုင်း ပြောကြား ခဲ့ခြင်း အတွက် ၀န်ချတောင်းပန်လွှာကို ဆရာတော်ကြီးထံ ဆက်ကပ်ခဲ့ပြီး ဆရာတော်ကြီးက အမျိုး ဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများတွင် NLD ပါတီက နှောက်ယှက်ခြင်းများ မပြုလုပ်ရန် သတိပေးဆုံးမစကား မိန့်ကြားခဲ့ကြောင်း သိရသည်။


ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ ရွာမပရိယတ္တိစာသင်ကျောင်းကြီး၌ကျင်းပခဲ့သော အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး (မ.ဘ.သ) (ဗဟို)၏ ဦးစီး ဆရာတော်ကြီး ဖြစ်တော်မူသော အင်းစိန်ရွာမ၊ ပရိယတ္တိစာသင်ကျောင်း ၏ ဦးစီးပဓာန ဆရာတော် ဘဒ္ဒန္တ ဦးတိလောကဘိဝံသ၏ ၇၅ နှစ်မြောက်၊ စိန်ရတု ဝိဇာတ မွေးနေ့မင်္ဂလာ ပွဲကြီးကို နံနက် ၉ နာရီ အချိန် မှ စ၍ ကျင်းပခဲ့ရာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည့် တက်ရောက် ပူဇော်ခဲ့ပြီး ယင်းသို့ တက်ရောက်စဉ် တောင်းပန်လွှာ ဆက်ကပ် ခဲ့ပြီး ဆရာတော်ကြီးက မိန့်ကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အခမ်းအနားကို နံနက် ၉ နာရီ အချိန်တွင် စတင်ကျင်းပ ၍ အနုမောဒနာတရားတော်ကို ရွှေရတုတိပိဋက ဆရာတော် အရှင်သီလက္ခန္ဓာဘိဝံသ မှ "သံဃာတော် အရှင် သူမြတ်များသည် လိုအပ်လျင် တိုင်းပြည်၏ ( နိုင်ငံရေး ) မှာ ပါဝင် ဆောင်ရွက်စေ၍ ဒကာ/ဒါယိကာမတို့၏ ကောင်းကျိုးချမ်းသာ ရ ရှိလာအောင် ပါဝင် ဆောင်ရွက်နေ ရ ခြင်းသည် ရာထူးအာဏာကို ရ ယူလိုခြင်း မဟုတ်ပါကြောင်း" ဟောကြားတော်မူ၍ သီဟုဠ်ခေတ် အဘယ မထေရ် ကို အကြောင်းပြုကာ အမျိုးစောင့်တရားတော်ကို ချီးမြှင့်တော်မူသည်။


ရွာမဆရာတော်ကြီး၏ အနီးကပ်သံဃာများ၏ အဆိုအရ ဒေါ်အောင်ဆန်းစုကြည် မှ ဆရာတော်ကြီး ထံ ဝန်ချတောင်းပန်လွှာ အိတ်ပိတ် စာတစ်စောင်ကို ပေးအပ်ခဲ့ကြောင်း၊ ၎င်း ပေးအပ်ခဲ့သော တောင်း ပန်လျှောက် ထားလွှာမှာ (မ.ဘ.သ) ဆရာတော်ကြီးများကို (နွား)ဖြင့် နှိုင်း၍ ရိုင်းစိုင်းခဲ့သော NLD-ပါတီ မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူ၏ ကိုယ်စား တောင်းပန် လျှောက်ထားလွှာ ဖြစ်ကြောင်း၊ စာဖြင့် တောင်းပန်ခြင်း မပြုဘဲ လူသိရှင်ကြား တောင်းပန်လိုသော်လည်း နိုင်ငံရေး အရ ကျဆုံးမှု များ ဖြစ်ပေါ်လာမည်ကို စိုးရိမ်သဖြင့် ယခုကဲ့သို့ စာဖြင့် လျှောက်ထား တင်ပြရခြင်း ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က လျှောက်ထားထားကြောင်း သိရသည်။

အလားတူ အမျိုးစောင့်တရား ချီးမြှင့်တော်မူခဲ့သော ဆရာတော်ဘုရားကြီးက NLD ပါတီအနေဖြင့် အမျိုးဘာသာသာသနာ ကာကွယ်စောင့်ရှောက်ရေး ကို နှောက်ယှက်တားဆီးခြင်း၊ ပြက်ရယ်ပြုခြင်း၊ ကွယ်ရာမှ ရှုတ်ချခြင်း၊ ဘာသာခြားများနှင့်ပူးပေါင်း၍ ပြည်သူများအကြား ထင်မှတ်မှားစေ ရန် ပြုလုပ်ခြင်း စသည်တို့ကို ရှောင်ကြဉ်ကြရန် အရေးကြီး ကြောင်း သတိပေးဆုံးမစကား မိန့်ကြားခဲ့သည်။

"ဘယ်လိုပဲ ဖြစ်ဖြစ် NLD ပါတီ လွှတ်တော်အမတ်တစ်ဦးက သံဃာတော်တွေ ကို နွားနဲ့ ခိုင်းနှိုင်းပြီး ပြစ်တင်ဝေဖန်တာဟာ ရတနာသုံးပါးကို စော်ကားခဲ့တာပါပဲ။ ဘုန်းကြီးတို့ ရင်နာတာက ကိုယ့်ဘာသာ ၀င်တွေကပဲ ဒီလို လုပ်နေတာကိုပါ။ ဒကာမကြီး ဒေါ်အောင် ဆန်းစုကြည်အနေနဲ့ အမျိုးစောင့် ဥပဒေကို စပြီး လှုံ့ဆော်ချိန်မှာဘာသာရေးကို အကြောင်းပြုပြီး လူတစ်ယောက် ရဲ့ ယုကြည်မှုကို ဥပဒေဖြင့် တားဆီးဖို့ မသင့်တော်ဘူးလို့ မီဒီယာတွေကို ပြောကြားခဲ့တာ အားလုံးအသိ ဖြစ်ပါတယ်။ ပြီးတော့ မျိုးစောင့်ဥပဒေကို ပြဌာန်းခြင်းဟာ လူ့အခွင့်အရေး စံနှုန်းတွေနဲ့ မညီညွှတ်လို့ သူ့အနေဖြင့် လက်ခံနိုင်မှာ မဟုတ်ဘူး ဆိုတာကို ပြောကြားခဲ့ပါတယ်။ မျိုးစောင့်ဥပဒေ ရဲ့ ဘယ်အချက်တွေက လူ့အခွင့်အရေး စံနှုန်းတွေ နဲ့ မညီတာ ဟု လိုတော့ တိတိကျကျ မပြောပြနိုင်ခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပြောကြား ချက်ကို သံယောင်လိုက်ပြီး NLD ပါတီဝင်တွေ၊ NLD ထောက်ခံသူတွေနဲ့ နာမည်ကြီး အနုပညာ သည်အချို့က မျိုးစောင့်ဥပဒေ ပေါ်ပေါက်ရေး အတွက် ဆောင်ရွက်နေတဲ့ ရဟန်း သံဃာတော်တွေ လူပုဂ္ဂိုလ်တွေကို ထိုးနက် တိုက်ခိုက်ပြီး ပုံနှိုပ်မီဒီယာမှာကို ပုပ်ခတ် စော်ကား ရေးသားလာကြတာ၊ ရန်သူကြီးများသဖွယ် ဆဲဆိုရမ်းကားရေးသားနေတာ အခုချိန်ထိပါပဲ။ မျိုးစောင့် ဥပဒေကို သေသေချာချာ မလေ့လာဘဲ ဒေါ်အောင်ဆန်းစုကြည် မထောက်ခံရင် ငါတို့လည်း မထောက်ခံနိုင်ဘူးလို့ ပြောကြားနေတဲ့ လူတွေကို တွေ့လိုက်ရတော့ အတော်ကလေးကို စိုးရိမ်စရာ ဖြစ်ခဲ့ပါတယ်" ဟု မဘသဆရာတော်တစ်ပါးက မိန့်သည်။

"အင်တာနက်မှာလည်း NLD ပါတီအစည်းအဝေးတစ်ခုက အသံဖိုင်ဆိုပြီး ပြန့်နှံ့နေတာ ဒကာတွေ လာပြလို့ နားထောင်လိုက်ရပါတယ်။ ဒီအတိုင်းဆို NLD ပါတီဟာ ဘာသာ သာသနာအတွက် စိုးရိမ်စရာ ဖြစ်လာ လိမ့်မယ်။ အခု ဘုန်းကြီးတို့ကို ဘာဖြစ်လို့ NLD က ရန်သူတော်ကြီးလို သဘောထားပြီး တိုက်ခိုက်နေ တာလဲ။ NLD အမတ်တွေ သံဃာတော်တွေကို စော်ကားတဲ့ ကိစ္စကို ပါတီဥက္ကဌက လိုက်တောင်းပန်နေ တယ် ဆိုတာဟာလည်း စဉ်းစားစရာပါပဲ။ ဒီ ဦးမင်းသူ ဆိုတဲ့ ဒကာကြီး ပြောခဲ့တာ မှန်ရင် ဦးမင်းသူကို အရေးယူဖို့ လိုပါတယ်။ ပါတီစည်းကမ်းနဲ့ အညီပေါ့။ အခုဟာက ဦးမင်းသူကို ခွင့်လွှတ်ပေးဖို့ ပါတီ ဥက္ကဌ က တောင်းပန်တယ် ဆိုတဲ့ စဉ်းစားစရာ အများကြီး ဖြစ်နေတယ်။ အခု ဘုန်းကြီးတို့ကို တိုက်ခိုက်နေ တာတွေ က NLD ပါတီဝင်တွေ၊ တစ်နိုင်ငံလုံး အတူတူ ဖြစ်နေတယ်။ ဒါက NLD ပါတီဥက္ကဌရဲ့ လမ်းညွှန် ချက်လား သံသယ ဖြစ်စရာ သိပ်ကောင်းတယ်။ ဆရာတော်ကြီးကတော့ သတိပေးရုံပဲ ပေးတာပါ။ ဘုန်းကြီး တို့ သဘောဆိုရင် လူသိထင်ရှား တောင်းပန်တဲ့အဆင့်ကို လုပ်သင့်တယ်။ ဦးမင်းသူ စော်ကားခဲ့တဲ့ နေပြည်တော်က သံဃာတော်တွေကို ကာယကံမြောက် ၀န်ချတောင်းပန်ဖို့ လိုတယ်" ဟု အင်းစိန်ရွာမ သံဃာ တစ်ပါးက မိန့်ကြားသည်။

၎င်းအပြင် သံဃာတော်များ ဆောင်ရွက်ကြိုးပမ်းနေသည့် အမျိုး ဘာသာ သာသနာကာကွယ်စောင့်ရှောက်ရေး လုပ်ဆောင်ချက်များကို NLD ပါတီက နှောက်ယှက်ခြင်း မပြုဖို့ ကြေညာချက် တစ်စောင် လူသိထင်ရှား ထုတ်ပြန်ပေးရန် တောင်းဆိုသင့်ကြောင်း ၄င်းဆရာတော်က မိန့်သည်။

"အခု နောက်ဆုံး ကြားသိရတာက သူရဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် တိုင်ပင်ပြီး အမျိုးစောင့် ဥပဒေ ၄ ခုကို ပယ်ချလိုက်တာ လို့ ပြောတယ်။ ဒီသတင်းသာမှန်ရင် ဒေါ်အောင်ဆန်းစုကြည်မှာ တာဝန် ရှိလာလိမ့်မယ်။ နိုင်ငံရေးအရ ထောက်ခံမှုတွေ ကျဆင်းမှာစိုးလို့ လူသိထင်ရှား တောင်းပန်တာမျိုး မလုပ်ချင်ဘူး ဆိုရင် အစကတည်းက သံဃာတွေကို လူသိထင်ရှား မစော်ကားနဲ့ပေါ့။ ဘုန်းကြီးခေါင်းကို တူနဲ့ထုပြီး ကန်တော့ ဆိုတာကိုလည်း စိတ်ထဲကပဲ ဆိုတယ် ဆိုတာကတော့ တော်တော် တရားကျဖို့ ကောင်းတယ် လို့ပဲ မြင်တယ်" ဟု မြန်မာအမျိုးသားကွန်ရက်မှ ဦးဆောင်သူတစ်ဦးက ပြောဆိုသည်။

ဥပဒေပြုပေးရန် လွှတ်တော်တွင် တာဝန်ရှိကြောင်း၊ တာဝန်မရှိ ဟု ဗြောင်ငြင်းခဲ့သော NLD ပါတီမှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်သည်လည်း အမျိုးဘာသာ သာနာအကျိုးကို အနှောက်အ ယှက်ပြုရာ ရောက်ရှိနေကြောင်း၊ ဦးဝင်းမြင့်သာမက ဒေါက်တာ မြတ်ဥာဏစိုး အပါအ၀င် အခြားသော NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်များကလည်း အပြင်းအထန် ကန့်ကွက်ခဲ့သည်ဟု သိရှိ ရကြောင်း၊ ဒေါက်တာမြတ်ဥာဏစိုး ဆိုလျှင် အရက်မူးပြီး အပေါက်စောင့် ဥပဒေ ဟု ပြောကြားခဲ့သည် ဟု သတင်းထောက် အချို့ထံမှ သိရှိရကြောင်း၊ ဦးဝင်းမြင့်က အမျိုးဖျက်ဥပဒေဟု ဝေဖန်ခဲ့ကြောင်း၊ ဦးမင်းသူ သာမက NLD လွှတ်တော်ကိုယ်စားလှယ်အားလုံးမှာ အမျိုးဘာသာ သာသနာကို ပြင်းပြင်း ထန်ထန် ဝေဖန်ခဲ့သည် ဟု သိရှိရကြောင်း အထက်မြန်မာုပြည် အမျိုးဘာသာသာသနာ ကာကွယ်စောင့်ေ ရှာက်ရေးအဖွဲ့မှ ဦးဆောင်သံဃာတော်တစ်ပါးက ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် အခြေခံဥပဒေပြင်ဆင်ရေး၊ ပုဒ်မ ၄၃၆ နှင့် ပုဒ်မ ၅၉(စ)ပြင်ဆင်ရေး လူထုဆွေးနွေးပွဲများကို အရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိပြီး သံဃာများနှင့် ထိပ်တိုက်တိုးမှုများ မကြာ ခဏ ဖြစ်ပေါ်လျက် ရှိသည်။

ပုဂံအွန်လိုင်းမီဒီယာ

ကင်ဆာရောဂါ ကာကွယ်နိုင်အောင် ဂေါ်ဖီထုပ် စားပါ



ဂ်ါဖီထုပ်၊ ပန်းဂေါ်ဖီနဲ့ ဘရိုကိုလီ (အစိမ်းရောင် ပန်း ဂေါ်ဖီ) လိုမျိုးCruciferous အမျိုးအစားဝင် ဟင်း သီးဟင်း ရွက်တွေကို အနည်းဆုံး တစ်ပတ်တစ်ကြိမ် စားတာကြောင့် ကင်ဆာဖြစ် နိုင်ခြေကို ဖြတ် တောက်နိုင်ကြောင်း သုတေသီတွေက ဆိုပါတယ်။ ယခင်လေ့လာမှု အရလည်း ဘရိုကိုလီ၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ ဂေါ်ဖီလုံး၊ ကန်စွန်းရွက်နဲ့ မုန်လာဥလိုမျိုး Cruciferous အမျိုးအစား ဟင်းသီးဟင်းရွက်တွေ စားတာကြောင့် ကင်ဆာဆဲလ်တွေကို သတ်ပစ်နိုင်ပြီး ဆေးဝါး အသစ်တွေ ထုတ်လုပ်နိုင်မယ်လို့ မျှော်လင့် ထားပါတယ်။ အထူးသဖြင့် ဘရိုကိုလီမှာ ပါဝင်တဲ့ ဆာဖိုရက်ဖိန်းဟာ ဆီးကျိတ် ကင်ဆာဆဲလ်တွေကို ဖျက်ဆီး ပစ်နိုင်တယ်လို့ တွေ့ရှိ ခဲ့ပါတယ်။

ယခု လေ့လာမှုအရ Cruciferous အမျိုးအစား ဟင်းသီးဟင်းရွက်ကို အနည်းဆုံး တစ်ပတ်တစ်ကြိမ် စားသူ တွေဟာ မစားသူတွေထက် ခံတွင်းကင်ဆာဖြစ်နိုင်ခြေ ၁၇ရာခိုင်နှုန်း၊ အစာမျိုပြွန်ကင်ဆာ ဖြစ်နိုင်ခြေ ၂၈ ရာခိုင်နှုန်း၊ အူမကြီးနဲ့ သားမြတ်ကင်ဆာ ဖြစ်နိုင်ခြေ ၁၇ ရာခိုင်နှုန်းနဲ့ ကျောက်ကပ် ကင်ဆာ ဖြစ်နိုင်ခြေ ၃၂ ရာခိုင်နှုန်း လျှော့ချနိုင်ကြောင်း တွေ့ရှိ ခဲ့ပါတယ်။

Credit: Myawady News

ဦးလှဆွေကို NLD က တရားစွဲလျှင် ကြံ့ခိုင်ရေးကလည်း ဦးဝင်းတင်ကို တရားစွဲမည်



ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေကို အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်က တရားစွဲဆိုမည် ဟု ပါတီ CEC ဦးဝင်းထိန်က ထုတ်ဖော်ပြောကြားပြီးနောက် တုံ့ပြန်မှုအနေဖြင့် NLD ပါတီ ဗဟိုနာယက ဦးဝင်းတင်ကို ပြန်လည်တရားစွဲဆိုမည် ဖြစ်ကြောင်း သိရသည်။


"ဦးဝင်းတင်ဆိုရင် ဒီလှိုင်းဂျာနယ်မှာ ရေးတာတွေ ရော၊ ဂျာနယ်တွေမှာ အင်တာဗျူးလုပ်တာတွေရော ကျွန်တော်တို့ ပါတီကို တိုက်ခိုက် အပုပ်ချ တာတွေ အများကြီး ရှိတယ်။ ဦးလှဆွေ ပြောသွားတာက ဘာမှားတာ ပါသလဲ။ စကားလုံး နည်းနည်းကြမ်းတာ ကလွဲလို့ အားလုံး အမှန်တွေချည်းပဲ။ သူတို့က တရားစွဲရင် ကျွန်တော်တို့ကလည်း ပြန်စွဲမှာပါ" ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ CEC တစ်ဦးက ပြောသည်။

ဦးဝင်းတင်သည် ဟောပြောပွဲများရော ဆောင်းပါးများတွင်ပါ ကြံ့ခိုင်ရေးပါတီကို အပုပ်ချသည်များ အများ အပြား ပြောထားကြောင်း၊ သို့သော် ပါတီအနေဖြင့် အဝေဖန်ခံနိုင်ရမည် ဟူသော မူကို လက်ကိုင်ထား ကြောင်း၊ ယခုအခါ NLD ပါတီက တရားစွဲမည် ဆိုသည်မှာ အဝေဖန် မခံနိုင်သည်ကို ဖော်ပြနေကြောင်း၊ NLD ပါတီသည် ဆတ်ဆတ်ထိ မခံသည့် မိန်းမတစ်ယောက်နှင့်တူကြောင်း၊ မိန်းမ ဆန်သော ပါတီဟုပင် ပြော၍ ရနိုင်ကြောင်း၊ တစ်ခုခု ဆိုလျှင် နှုတ်သီးကောင်းလျှာပါး တုံ့ပြန်တတ်ကြောင်း၊ ထို့ကြောင့်လည်း လေးပွင့်ဆိုင်တောင်းဆိုမှု မအောင်မြင်ခြင်း ဖြစ်ကြောင်း၊ တွေ့ဆုံလိုသူက တွေ့လိုသည့်သူ မကောင်း ကြောင်း စောင်းမြောင်းနေမှတော့ တစ်ဘက်မှ အတွေ့ခံချင်စိတ် ရှိမည် မဟုတ်ကြောင်း ၄င်းက ပြောသည်။

"ဒါကြောင့်လည်း ကျွန်တော်တို့ ပါတီဥက္ကဌကြီးက ပြောတာ။ NLD က သူတွေက မိန်းမဆန်တယ်၊ စကား အတင်အစီးမခံဘူး၊ ဒေါ်အောင်ဆန်း စုကြည်ကအစလေ။ အခုလည်း သူတို့ပါတီက လွှတ်တော် ကိုယ်စားလှယ် ကိုမင်းသူ ဆိုရင် သံဃာတော်တွေကို စော်ကားထားတာပဲ။ သံဃာတွေက ဘာပြောသလဲ။ ကြိုက်တာ မကြိုက်တာတော့ ရှိမှာပေါ့။ သူတို့ကျတော့ သူများကို ပြောချင်ရာပြော၊ သူတို့ကို ဝေဖန်တော့ မခံနိုင် ဖြစ်။ မဟုတ်ရင် မနာနဲ့ပေါ့။ ဟုတ်ရင်တော့ နာမနေနဲ့လေ။ ဟုတ်တာ ပြောတာပဲ မဟုတ်လား" ဟု ပုဂ္ဂလိက နေ့စဉ်သတင်းစာတစ်စောင်မှ အယ်ဒီတာတစ်ဦးက ပြောဆိုသည်။

"NLD အနေနဲ့ အဝေဖန် မခံနိုင်ရင် နိုင်ငံရေးမလုပ်နဲ့။ အာဏာ မရသေးဘူး ခုကတည်းက ပါဝါပြချင်နေပြီ။ သူတို့ ပါတီဝင်တွေ ရဟန်းသံဃာတွေကို စော်ကားတာ ရစရာမရှိဘူး။ အင်တာနက်မှာ ပြင်ပမှာ သံဃာ တော်တွေကို အပုပ်ချနေတာ NLD ပါတီက။ သူတို့က ဘင်္ဂလီနဲ့ ရောကြိတ်ပြီး ဘင်္ဂလီ လိုလို ဘာလိုလို ချနေကြတာ။ ပါတီတွင်းမှာလည်း ညွှန်ကြားထားတယ် ပြောတယ်။ NLD က ဒီလို လုပ်နေတာ သိလို့ သီတဂူဆရာတော်ကြီးကိုယ်တိုင် ဦးဆောင်မယ် ဆိုပြီး လုပ်နေတာ။ ဆရာတော်ကြီးက NLD အာဏာရရင် မြန်မာနိုင်ငံ ဘာသာကွယ်ပြီ ဆိုပြီးတောင် ပြောသေးတယ်" ဟု အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့မှ ဦးဘိုအောင်က ပြောကြားသည်။

နိုင်ငံရေးပါတီများ အနေဖြင့် အရေထူရန် လိုအပ်ကြောင်း၊ အဝေဖန်ခံနိုင်ရန် အရေးကြီးကြောင်း၊ အဝေဖန် မခံနိုင်သော နိုင်ငံရေးသမားများ ရေရှည်တွင် အောင်မြင်နိုင်မည် မဟုတ်ကြောင်း၊ NLD ဤသို့သာ တစ်ခုခုဆို ပက်ကနဲ ပြန်ပက်သည့်အကျင့်ဆိုး မဖျောက်နိုင်လျှင် ဘေးတွေ့နိုင်ကြောင်း စာရေးဆရာတစ်ဦး က ပြောသည်။

"NLD လုပ်နောတွေက ဒေါ်စု ပုံစံတစ်ထပ်တည်း ဖြစ်နေတယ်။ ဒေါ်စုလည်း ဒီလိုပဲ သူ့ကို ဝေဖန်ရင် မကြိုက်ဘူး။ သူ့ကိုပြောရင် မကျေနပ်ဘူး။ ဒီမိုကရေစီမှာတော့ ပြည်သူလူထုက ဝေဖန်ပိုင်ခွင့် ရှိရမှာပဲ။ ဝေဖန်ကြမှာပဲ။ NLD လို ဒီမိုကရေစီပါတီကြီးကတောင် လက်မခံရင် ဘယ်သူမှာ လက်မခံဘူုး ဆို့ ထင်ထား ပုံရပါတယ်။ NLD ခေါင်းဆောင်တွေ အတော်ကြီးကို တာဝန်မဲ့ပြီး ပြည်သူလူထုကို လျှော့တွက်လွန်းရာ ရောက်နေတယ်" ဟု ၄င်းက ပြောဆိုသည်။ 

ပြည်ခိုင်ဖြိုးကိုယ်စားလှယ်ကို အင်န်အယ်လ်ဒီ တရားစွဲမည်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေကို အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်က တရားစွဲဆိုသွားမည်ဟု ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က ဖေဖော်ဝါရီလ ၃ ရက်က မဇ္ဈိမကို ပြောသည်။


၎င်းက “ဒေါ်စုကလွဲရင် ကျန်တဲ့ အင်န်အယ်လ်ဒီ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)ကောင်တွေ သောက် သုံးမကျဘူး။ နောက်တစ်ခုက ဒီချုပ်ကို ဒီရှုပ်လို့ပြောတာ။ အဲဒါတွေပြောတာနဲ့ပတ်သက်ပြီး အန်ကယ်တို့ က ဥပဒေကြောင်းအရ တရားစွဲဖို့ ဆုံးဖြတ်လိုက်တယ်”ဟု ပြောသည်။

နေပြည်တော်ရှိ စည်ပင်ရိပ်သာရှိခန်းမဆောင်တစ်ခုတွင် ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကိုယ်စားလှယ်များ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ ညစာစားပွဲကျင်းပနေစဉ် မဇ္ဈိမ၏ မေးမြန်း ချက်ကို မိတ်္ထီလာမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သူ ဦးဝင်းထိန်က အထက်ပါအ တိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

၎င်းက “တရားစွဲတဲ့အခါ Criminal case ကော Civil case ကောနဲ့ စွဲဆိုသွားမှာပါ”ဟု ပြောသည်။

ဦးဝင်းထိန်က တရားစွဲဆိုမှုများကို တစ်ပတ်မှဆယ်ရက်အတွင်း ဆောင်ရွက်သွားမည်ဟု ပြောကြားသော်လည်း မည်သည့်အစည်းအဝေးဆုံးဖြတ်ချက် အရ ဆောင်ရွက်သည်၊ မည်သည့်မြို့နယ်တွင် တရားစွဲဆို မည်၊ မည်သူက တရားလိုပြုလုပ်၍ တရားစွဲဆိုမည် စသည့် အသေးစိတ် အချက်အလက်များကိုမူ ပြော ကြားရန် ငြင်းဆိုခဲ့သည်။

၎င်းက “အန်ကယ်တို့က ဒေါ်အောင်ဆန်းစုကြည်မပါဘဲတောင် ဆုံးဖြတ်ချက် ကျသွားတာ။ ကျသွား(ဆုံး ဖြတ်ချက်)တော့မှ ဒေါ်စုကို သတင်းပို့ လိုက်တာပါ”ဟု ပြောကြားခဲ့သော်လည်း အဆိုပါဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားကိုမူ မပြောကြားခဲ့ပေ။

၎င်းကဆက်လက်၍ “စိတ်တော့မကောင်းပါဘူး။ အဲလိုလုပ်ရတာ။ ဒါပေမဲ့ ငုံ့ခံလို့ရှိရင် ပိုပိုကဲလာစရာရှိ တယ်”ဟု ဖြည့်စွက်ပြောသည်။

ဦးဝင်းထိန်က ပြည်ထောင်စုဝန်ကြီးဦးအုန်းမြင့်က မကြာသေးမီက ပြောကြားချက်၊ ယခု ဦးလှဆွေ၏ပြော ကြားချက်များသည် အပေါ်မှ တစ်စုံတစ်ယောက်၏ အချက်ပြမှုကြောင့် ဖြစ်နိုင်သည်ဟုလည်း သုံးသပ် ပြောကြားသည်။

၎င်းက “အပေါ်က တစ်ခုခု Indication ပြတယ်လို့ ယူဆတယ်။ အပေါ်က တစ်ခုခုပေါ့။ မင်းတို့ စပြီးလုပ် လို့ရပြီ။ နိုင်ငံရေးအရ မင်းတို့ ပုတ်ခတ်လို့ရပြီ။ ဒါကြောင့် လုပ်တယ်လို့ ယူဆတယ်”ဟု ပြောသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ပြည် တွင်းမီဒီယာတစ်ခုဖြစ်သော Hot News စာစောင်နှင့် အင်တာဗျူးတွင် “အင်န်အယ်လ်ဒီမှာ ဒေါ်အောင် ဆန်းစုကြည်ကလွဲရင် ကျန်တဲ့ကောင်တွေ တစ်ကောင်မှ သောက်သုံးမကျဘူး၊ ၂၀၁၅ မှာလည်း ကျွန် တော် ဒီရှုပ်ပါတီက ဦးမဲပါ။ ကြံ့ဖွံ့ပါတီက ဘူးလက်လှဆွေနဲ့ ပြိုင်ပါတယ်ဆိုပြီး ပုံကိုပြပြီးပြိုင်ပါ။ ဗိုလ်ချုပ် အောင်ဆန်းပုံ ဗီနိုင်းချိတ်ပြီးပြိုင်တာ သတိ္တမရှိလို့ပဲ” ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က အများနှင့် ပတ်သက်သောသူများသည် စကားပြောဆိုရာတွင် ပြင်းပြင်းထန်ထန် ကြမ်းတမ်းစွာ မပြောဆိုသင့်ကြောင်း ပြောသည်။

SSPP/SSA အဖွဲ့၏ ထိန်းချုပ်မှုကြောင့် ဒေသခံတိုင်းရင်းသားများ နေထိုင်သွားလာရေး အခက်ကြုံ



ရှမ်းပြည်နယ် မိုင်းရှူးမြို့နယ် ဖာယကျေးရွာအုပ်စု၌ နေထိုင်ကြသော ဒေသခံတိုင်းရင်းသားများအား ရှမ်းပြည် တိုးတက်ရေးပါတီနှင့် ရှမ်းပြည် တပ်မတော် (မြောက်ပိုင်း) SSPP/SSA အဖွဲ့မှ နေထိုင် သွားလာရေး ထိန်းချုပ်ထား သောကြောင့် အခက် ကြုံနေရကြောင်း ယင်းဒေသခံအချို့ထံမှ သိရသည်။


SSPP/SSA အဖွဲ့၏ စီးပွားရေးအချက်အချာ နေရာ တစ်ခုဖြစ်သော တာ့စံဖူးကူးတို့ဆိပ်အား အစိုးရ စစ်ကြောင်းမှ ၀င်ရောက်နေရာယူထိန်းချုပ်ပြီး မကြာမီ ယခုကဲ့သို့ ဒေသခံများအား ထိန်းချုပ်မှုများ ရှိလာခြင်းဖြစ်နိုင်ကြောင်း မိုင်းရှူးမြို့ခံတစ်ဦးက ဆိုသည်။

“အခုရွာထဲက ရွာပြင်ထွက်ရင်တောင် ရွာလူကြီး ဦးစံမကို သွားခွင့်တောင်းနေရတယ်၊ ရှမ်းပြည်တပ်မတော် ကနေ အမိန့်ထုတ်ထားတယ်လို့ ပြောတာပဲ” ဟု ဖာယရွာသားတစ်ဦးက ပြောသည်။

SSPP/SSA အဖွဲ့မှ မတ်လ ၂ ရက်နေ့မှစ၍ အဆိုပါကျေးရွာအတွင်း လူစိမ်းများ ၀င်ထွက်သွားလာမှုကို စိစစ်နေ ကြောင်းနှင့် အခြားကျေးရွာများမှလာသော ဒေသထွက်ကုန်ပစ္စည်းကားများကိုပင် အ၀င် မခံကြောင်း သိရသည်။

“လွန်ခဲ့တဲ့ ၂ ရက်လောက်ကစပြီး အိမ်တွေမှာ ဧည့်သည်အ၀င်/အထွက် လက်မခံရဘူးဆိုပြီး အမိန့်ထုတ် ထားတယ်၊ အခုချိန်က ပွင့်လင်းရာသီဆိုတော့ အရောင်းအ၀ယ်လုပ်တဲ့သူတွေ လာကြတာပေါ့၊ မနေ့က မိုင်းရှူးက အမျိုးတွေ လာတာ လူစိမ်းဆိုပြီး လက်မခံနဲ့ဆိုလို့ ပြန်လွှတ်လိုက်ရတယ်” ဟု အဆိုပါ ကျေးရွာ နေ ဒေါ်နန်းမြက ပြောသည်။

ဖာယကျေးရွသို့ ဒေသထွက်ကုန်ပစ္စည်းများ သွားရောက်ပို့ဆောင်သော သရီးကရောင်းယာဉ်နှင့် ဖိုးဝှီးယာဉ် များကိုပင် SSPP/SSA အဖွဲ့၏ အမိန့်ကြောင့် ရွာထဲသို့ ၀င်ရောက်ခွင့် မရခဲ့ကြောင်းနှင့် ကျေးရွာနေ ဈေးသည်များကလည်း မလာရန်ကြိုတင်တားမြစ်ခဲ့သည်ဟု သရီးကရောင်းယာဉ်မောင်းသော ကားဆရာ အိုက်မြင့်၏ ပြေပြချက်အရ သိရသည်။

“ရွာသူ၊ ရွာသားတွေက နေ့တဒူဝ အလုပ်လုပ်နေရတာလေ၊ တောင်ယာသွားတာ ရှိတယ်၊ သစ်ခုတ်ဝါးခုတ် သွားတာ ရှိတယ်။ မိုင်းရှူးသွားပြီး ဈေးရောင်းဈေးဝယ်လုပ်တာရှိတယ်၊ အခုရွာထဲကနေ အပြင်ထွက်မယ်ဆိုရင် ရွာလူကြီးကို အကြောင်းကြားပြီးမှ သွားခိုင်းနေတာဆိုတော့ ဒုက္ခရောက်တာပေါ့၊ ရွာပတ်ဝန်းကျင်မှာ ရှမ်းစစ်သားတွေက မျက်စိ ဒေါက်ထောက်ကြည့်နေတော့ ရွာသူရွာသားတွေ လွတ်လွတ် လပ်လပ် မသွားရဘူးပေါ့”” ဟု ဖာယရွာသား အဘ စိုင်းလုံက ပြောကြားသွားသည်။ 

Credit to:စိုင်းခေးမောင်း

မိုးထိမိုးမိ ရွှေဒုက္ခသည်များ ဖမ်းဆီးခံရ



ရမည်းသင်းခရိုင် မိုးထိမိုးမိရွှေနယ်မြေမှာ အမျိုးသား ကြီးပွားတိုးတက်ရေးကုမ္ပဏီက မောင်းထုတ် လို့  နေထိုင်လုပ်ကိုင်ခွင့်ပျောက်ပြီး အဲဒီတောင်ခြေ က ရွှေမြင်တင်ဘုရားစောင်းတန်းမှာ ခေတ္တခိုလှုံနေတဲ့ ကလေး၊ လူကြီး၊ အမျိုးသမီး အယောက် ၄၀ ကျော် ကို မနေ့ ညနေ ၅ နာရီလောက်မှာ သက်ဆိုင်ရာ အာဏာပိုင်တွေကဖမ်းပြီး ရမည်းသင်းထောင်ကို ပို့လိုက်တယ်လို့ သိရပါတယ်။


အဲဒီလူတွေအားလုံးကို ပုဒ်မ ၁၈၈ အရဖမ်းသွားတာ လို့ သက်ဆိုင်ရာက ပြောဆိုတဲ့အကြောင်း သူတို့ကို ကူညီနေတဲ့ ရွှေမြင်တင်ကျောင်းတိုက်က သံဃာတော်တစ်ပါးက RFA ကို မိန့်ပါတယ်။

"တစ်ယောက်မှမကျန်ဘူး၊ အကုန်လုံးဖမ်းသွားတာ၊ ရဲ ၁၅ဝ လောက်ရယ် အဖွဲ့အစည်းပေါင်းစုံပေါ့၊ တိုင်း မင်းကြီး၊ ခရိုင်မင်းကြီး၊ ရဲမင်းကြီးတို့ အကုန်လုံးပါတယ်၊ ပုဒ်မ ၁၈၈ တပ်သွားတယ်၊ အသက် ၇၅ နှစ် ကျော်တဲ့ အဖွားကြီးတစ်ယောက်တောင်ပါသွားတယ်၊ ကလေးပေါက်စတွေက ၇ ယောက်၊ ၈ ယောက် လောက် ရှိတယ်၊ ရမည်းသင်းထောင်မှာ"

ပုဒ်မ ၁၈၈ ဆိုတာ ပြည်သူ့ဝန်ထမ်းရဲ့အမိန့်ကို မနာခံမှုအပေါ် အရေးယူနိုင်တဲ့ ပုဒ်မတစ်ခု ဖြစ်တယ် လို့ သိရပါတယ်။

ရွှေအကြီးအကျယ်ထွက်တဲ့ အဲဒီမိုးထိမိုးမိတောင်မှာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကတည်းက မြန်မာပြည် ဒေသ အသီးသီးက သာမန်အရပ်သူအရပ်သားတွေ သွားရောက်အခြေချပြီး တပိုင်တနိုင် လုပ်ကိုင်စားသောက် နေရာမှာ၊ အမျိုးသား ကြီးပွားတိုးတက်ရေးကုမ္ပဏီက အစိုးရဆီကလုပ်ပိုင်ခွင့်ရပြီး ဝင်ရောက်လုပ်ကိုင် လာတဲ့နောက် အရင်ရောက်နှင့်နေတဲ့လူတွေကို ဖယ်ခိုင်းရာကနေ ပဋိပက္ခဖြစ်လာခဲ့တာပါ။

အဲဒီဒေသက နှင်ထုတ်ခံရတဲ့သူတွေဟာ ပြန်စရာနေရပ်ဒေသ မရှိတော့တဲ့အပြင် အလုပ်လက်မဲ့ ဖြစ်ကုန်တဲ့ အတွက် အဲဒီမိုးထိမိုးမိတောင်မှာ သူတို့တွေပြန်ပြီး လုပ်ကိုင်စားသောက်ခွင့်ရဖို့ တောင်းဆိုနေတဲ့ကာလ အတွင်း ရွှေမြင်တင်ဘုရားစောင်းတန်းမှာ ခေတ္တတည်းခိုနေကြတာဖြစ်ပါတယ်။

RFA Burmese

အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အကြောင်း ရုပ်ရှင် ကမ္ဘာကျော် ဒါရိုက်တာ စတီဗင် ဆိုဒါပတ်နှင့် ဇာဂနာ ပူးတွဲ ရိုက်ကူးရန် စီစဉ်



လူရွှင်တော် အနုပညာရှင် ဒီမိုကရေစီ အရေး တောင်းဆို တိုက်ပွဲ ၀င်သူ ဇာဂနာသည် ဗြိတိန်နိုင်ငံ ကမ္ဘာကျော် စာရေးဆရာ ဘက်နက်ဒစ် ရော်ဂျာ ရေးသားခဲ့သော မြန်မာနိုင်ငံ၏ ယခင် အစိုးရ ခေါင်းဆောင်ဟောင်း အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အကြောင်း အား အခြေခံကာ ရုပ်ရှင် ရိုက်ကူးရန် ကမ်းလှမ်းချက်ကို သဘော တူညီခဲ့ကြောင်း သိရှိရသည်။


ကိုဇာဂနာမှ “ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ပတ်သက်ပြီး လူတိုင်းမှာ အမြင် အမျိုးမျိုး ရှိကြမှာပါ။ ဒါပေမဲ့ ကျွန်တော့် အမြင်နဲ့ ဘနက်ဒစ် ရော်ဂျာရဲ့ အမြင်က ထူးထူးခြားခြား တူညီနေတာကို တွေ့ရတယ်၊ ဒါ့ကြောင့် သူက ရုပ်ရှင်ရိုက်ရင် မကောင်းဘူးလားလို့ မေးတော့ ကောင်းတယ်ဆိုပြီး ကျွန်တော် သဘောတူ လိုက်တာ ဖြစ်ပါတယ်” ဟု Tomorrow ဂျာနယ်ကို ပြောကြားခဲ့သည်။

ယင်းဇာတ်ကားအား နိုင်ငံတကာ အဆင့်မီ ရိုက်ကူးရန် အတွက် ကမ္ဘာကျော် ဒါရိုက်တာ တစ်ဦး ဖြစ်သော စတီဖင် ဆိုဒါဘတ်အား ကမ်းလှမ်းထားပြီး သဘော တူညီချက်များ ပြီးဆုံးပါက ကိုဇာဂနာသည် ယင်းဇာတ်ကားတွင် တွဲဘက် ဒါရိုက်တာ အဖြစ် တာဝန်ယူ ရမည်ဖြစ်သည်။ ဇာဂနာနှင့် ဒါရိုက်တာ စတီဖင် ဆိုဒါဘတ်တို့ အသေးစိတ် ညှိနှိုင်းရန် ဧပြီလတွင် အကြမ်းဖျဉ်း သတ်မှတ်ထားသည်။ ကိုဇာဂနာ အနေဖြင့် သန်းခေါင်စာရင်း ကိစ္စရပ်များ အပြီးတွင် အမေရိကန်ပြည် ထောင်စုသို့ သွားရောက်ပြီး ဆိုဒါဘတ်နှင့် ဆွေးနွေး သွားမည် ဖြစ်သည်။

ဒါရိုက်တာ စတီဖင်ဆိုဒါဘတ်သည် အော်စကာဆုရ ဇာတ်ကားများ ဖြစ်သော Traffic ၊ Che ချေဂွေဗားရား အထုပ္ပတ်္တိ ဇာတ်ကားများကို ရိုက်ကူးခဲ့သူ ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဇာတ်ကောင်နှင့် ပတ်သက်၍ သရုပ်ဆောင် ရွေးချယ်ရာတွင် ပြည်တွင်းနှင့် ပြည်ပမည်သည့် နယ်ပယ်က ဖြစ်မည်ဆိုသည်ကို ကိုဇာဂနာ က “ဗိုလ်ချုပ်မှူးကြီး နေရာကို သရုပ်ဆောင်မဲ့ လူကို ရွေး ချယ်ရာမှာ သိပ်ခက်ခဲမယ်လို့ မထင်ဘူး၊ ဘာလို့လဲ ဆိုတော့ သူ့လို ရုပ်ရည်မျိုးက အညာဒေသ တွေမှာ အများကြီး ရှိပါတယ်” ဟု ဖြေကြား သွား ခဲ့သည်။ 

သန်းခေါင်စာရင်းကောက်ယူမှု နှင့် ပတ်သက်၍ RNDP ပါတီ၏ သဘောထားထုတ်ပြန်ချက်

သဘောထား ထုတ်ပြန်ချက်အမှတ် (၂/၂၀၁၄)
နေ့စွဲ - ၀၄ မတ်လ ၂၀၁၄

လာမည့် ဧပြီလ မြန်မာတစ်နိုင်ငံလုံး လူဦးရေသန်းခေါင်စာရင်း ကောက်ယူရာ၌ အခြေခံအားနည်းချက်များ ရှိနေသဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံ၏ အချုပ်အချာအာဏာကို ကြီးစွာ ထိခိုက်စေနိုင်သည့် သန်းခေါင် စာရင်း ကောက်ယူသည့်စနစ် ဖြစ်သည်ကို လေ့လာတွေ့ရှိရသည်။

လူ့အခွင့်အရေးဦးစားပေး သန်းခေါင်စာရင်းကောက်ရန် နိုင်ငံတကာထောက်ပံ့ငွေကို လက်ခံပြီး ခိုးဝင် ဘင်္ဂါလီများအား လူဦးရေစာရင်းကောက်ယူခြင်းမှာ နိုင်ငံတကာနှင့် ပြေလည်ရေးကို ဦးစားပေးသော အစီ အစဉ်သာဖြစ်သဖြင့် ဒို့တာဝန် အရေးသုံးပါးကို မျက်ကွယ်ပြုရာရောက်ပါသည်။


အတိတ်ကာလမှ နိုင်ငံတကာနှင့် ပြေလည်ရေး နိုင်ငံဘဏ္ဍာငွေ မသုံးစွဲရရေးကို ဦးစားပေး၍ ပေါ့ပေါ့ တန်တန် ဖြေရှင်းခဲ့မှုများကြောင့် တရားမ၀င် လူဦးရေဖောင်းပွမှုဒဏ်နှင့် လူမျိုးအတုအမည် ဖန်တီးမှု ဆိုးကျိုးကို ၂၀၁၂-ခုနှစ်တွင် ရခိုင်လူမျိုးများ ခါးစည်း၍ ခံခဲ့ပြီးဖြစ်သည်။

ထို သန်းခေါင်စာရင်းကောက်ယူခြင်းသည် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းရှိ လူဦးရေ စာရင်းဇယား အတိအကျ ရရှိရေးကိုသာ ရည်ရွယ်သည် ဟု ဆိုစေကာမူ “အခြား” ဆိုသည့် ဇယားကွက်လပ်၌ လူ့အခွင့်အရေးအရ မိမိကြိုက်နှစ်သက်ရာ ထည့်သွင်းနိုင်သည် ဟု ဆိုခြင်းနှင့် ပတ်သက်၍ နောက်နောင် မလိုလားအပ်သည့် ပဋိပက္ခများ ပေါ်ပေါက်လာနိုင်သည့်အတွက် သန်းခေါင်စာရင်းကောက်ယူခြင်းအပေါ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ၏ သဘောထားကို အောက်ပါအတိုင်း ထုတ်ပြန်သည်။

၁။ ရခိုင်ပြည်နယ်၌ ဘင်္ဂါလီများအား သန်းခေါင်စာရင်းကောက်ယူရာတွင် “အခြား” ဆိုသည့် ကွက်လပ် ဇယား နေရာ၌ “ဘင်္ဂါလီ” ဟုသာ ထည့်သွင်းရမည် (သို့မဟုတ်) ကုဒ်နံပါတ်တစ်ခုခုကို တိတိကျကျ သတ်မှတ်ပေးရမည် ဖြစ်သည်။ “ရိုဟင်ဂျာ” ဆိုသော လူမျိုးလိမ်နာမည်ကို (လုံးဝ) သုံးခွင့်မပြုရန် တောင်းဆိုသည်။

၂။ ရခိုင်ပြည်နယ် (၁၀) မြို့နယ်အတွင်းရှိ ဘင်္ဂါလီများအားစာရင်းကောက်ယူရန် ဘင်္ဂါလီလူမျိုး စာရင်း ကောက် စာရင်းစစ် (၁၃၀၂) ဦးကို လက်သိပ်ထိုး တာဝန်ပေးထားသည် ဟု သိရှိရသည်။ ထိုကဲ့သို့ နိုင်ငံသား ဖြစ်မှု/မဖြစ်မှု မသေချာသူများက ကောက်ယူပြုစုပေးသည့် ဘင်္ဂါလီ လူဦးရေစာရင်းကို RNDP ပါတီက လုံးဝ အသိအမှတ်ပြုလိမ့်မည် မဟုတ်။

၃။ ခိုးဝင်ဘင်္ဂါလီများနှင့် ပတ်သက်၍ နိုင်ငံတော်က လုပ်ဆောင်ရမည့် တာဝန်မှာ၊ ရခိုင်ပြည်သူများ နှင့် ပြည်ထောင်စု မြန်မာနိုင်ငံရှိ ရဟန်းရှင်လူ ပြည်သူတစ်ရပ်လုံးက တောင်းဆို ထားကြသည့် အတိုင်း၊ ၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသား ဖြစ်ခွင့်ဥပဒေ နှင့် စစ်ဆေးပြီး နိုင်ငံသားဖြစ်ခွင့်မရှိသူများကို တိတိကျကျ အရေးယူရန် ဖြစ်သည်။ ထိုကဲ့သို့ လုပ်ဆောင်အရေးယူရန် အလေးအနက် တိုက်တွန်းသည်။

၎။ ဤကဲ့သို့ လက်မခံနိုင်သည့် နည်းစနစ်များဖြင့် သန်းခေါင်စာရင်းကောက်ယူမှုကို RNDP ပါတီက ကန့်ကွက်သည်။ လိုအပ်သည်များကို အချိန်မီ ပြန်လည်ဖြည့်စွက် ပြင်ဆင်ပေးရန် RNDP ပါတီက အလေး အနက် တောင်းဆိုသည်။

ဗဟိုအလုပ်အမှုဆောင် ကော်မီတီ
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ

ဝန်ကြီး ဦးခင်ရီ တိုင်းရင်းသားများ အပေါ် နိုင်ငံရေး အမြတ်ထုတ်ဟု ဆို


ပလောင် လူမျိုးများ , ၀န်ကြီး ဦးခင်ရီ , တိုင်းရင်းသား အဖွဲ့အစည်းများ, ပြည်လုံးကျွတ် သန်းခေါင်စာရင်း

သန်းခေါင်စာရင်း ကောက်ခံမှုကို ခုတုံးလုပ်ပြီး ၀န်ကြီး ဦးခင်ရီက တိုင်းရင်းသားများ အပေါ် နိုင်ငံ ရေး အမြတ်ထုတ် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ပလောင် လူမျိုးများက စွပ်စွဲ ပြောဆိုလိုက်သည်။


ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေးနှင့် ပတ်သက်ပြီး လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ၀န်ကြီး ဌာန ၀န်ကြီး ဦးခင်ရီနှင့် တိုင်းရင်း သား အဖွဲ့အစည်းများ နေပြည်တော်၌ မတ်လ ၂၆ ရက်က တွေ့ဆုံမှုအပေါ် ထိုသို့ ပြောဆိုခြင်း ဖြစ်သည်။

“တိုင်းရင်းသားတွေက သူတို့ သဘောထားတွေကို တင်ပြ ကြတယ်၊ ဒါပေမယ့် တင်ပြတဲ့ အချိန်မှာ သူတို့ဘက်က ပြင်ဆင် ပိုင်ခွင့် မရှိဘူး၊ ပြင်ဆင်ပေးဖို့ အစီအစဉ် မရှိဘူး၊ ကောက်ခံပြီးမှ ပြင်ဆင် ပေးမယ်၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး တိုင်းရင်းသားရေး ရာ ၀န်ကြီးနဲ့ပဲ သက်ဆိုင်တယ် ဆိုပြီး ပြောတယ်၊ အဲဒီအပေါ် တိုင်းရင်းသားတွေက သဘောတူ နေတာ မဟုတ်ဘူး၊ ဒါနဲ့ ပတ် သက်ပြီး မီဒီယာတွေကို သူက တိုင်းရင်းသားတွေနဲ့ အဆင်ပြေပြီး အားလုံးက သဘောတူပြီ ဆိုပြီး ပြောတယ်၊ အဲဒါကို ကြည့် ရင် တိုင်းရင်းသားတွေ အပေါ်မှာ နိုင်ငံရေး အမြတ်ထုတ်တာ ပေါ်လွင် နေပါတယ်”ဟု ပလောင် (တအာင်း)အမျိုးသမီး အဖွဲ့အစည်းမှ အထွေထွေ အတွင်းရေးမှူး မဒီဒီပိုးကျိန်က ပြောသည်။

ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံမှု အပေါ် ပလောင် လူမျိုးများက အချက် ၄ ချက် ပါဝင်သော သဘောထား ထုတ်ပြန်ချက်ကို မတ် ၃ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်ကို ပလောင်(တအာင်း) လူမျိုး ပါတီ၊ အဖွဲ့အစည်း စုစုပေါင်း ၉ ခုက စုပေါင်း ထုတ်ပြန်ထားခြင်း ဖြစ်ပြီး ၀န်ကြီး ဦးခင်ရီ၏ သန်းခေါင်စာရင်း ကောက်ခံပြီးမှ ပြင်ဆင် ညှိနှိုင်းမှုများ ဆက်လက် ဆောင်ရွက် ပေးမည့် ကိစ္စကို လုံးဝ သဘောမတူကြောင်းလည်း ဖော်ပြ ထားသည်။

သန်းခေါင်စာရင်း မကောက်ခံမီ ပလောင် လူမျိုးများ အတွက် သီးသန့် ကုတ်(Code) နံပါတ် ထုတ်ပေး ရန်လည်း တောင်းဆို ထားသည်။

“ကျမတို့ မျိုးနွယ်စုက မွန်(ခမာ) ကနေ ဆင်းသက် လာတာပါ၊ ရှမ်း မျိုးနွယ်စု မဟုတ်ပါဘူး၊ ဒါကိုလည်း ပြင်ဆင်ပေးဖို့ပါ၊ နောက်ပြီး အခု ပလောင် လူမျိုး ကုတ် သတ်မှတ်ထားတာ ပလောင်က ကုတ် နံပါတ် တခု အနေနဲ့ ပါနေသလို၊ ပလေး ဆိုပြီး လူမျိုး ခွဲခြား ထားတယ်၊ ပလေး ဆိုတာ လုံးဝ မရှိပါဘူး၊ ဒါကိုလည်း ပြင်ဆင် ပေးဖို့ပါ၊ ကျမတို့ အနေနဲ့ တောင်းဆိုချက်တွေကို အဆင့်ဆင့် တောင်းဆို သွားမှာပါ”ဟု မဒီဒီပိုးကျိန်က ပြောသည်။

ယင်းအပြင် ၀န်ကြီး ဦးခင်ရီ ပြောသည့် ငြိမ်းချမ်းမှု မရှိသေးသည့် နေရာ ဒေသများတွင် လူဦးရေစာရင်း အမှန် ရရှိနိုင်ရန် ဆောင်ရွက် နေကြောင်း ပြောဆိုမှုကို လက်မခံနိုင်ကြောင်း သဘောထား ထုတ်ပြန်ချက် အရ သိရသည်။

ယနေ့ အချိန်ထိ ပလောင် ဒေသများနှင့် တချို့နေရာ ဒေသများတွင် နေ့စဉ်နှင့်အမျှ တိုက်ပွဲများ ဖြစ်နေသည့် အတွက် မငြိမ်းချမ်းသည့် နေရာများတွင် လူဦးရေ အမှန်စာရင်း ကောက်ခံရန် မဖြစ်နိုင်ကြောင်း မဒီဒီပိုးကျိန်က ဆိုသည်။

“ငြိမ်းချမ်းရေး ဆောင်ရွက်မှုတွေ အပေါ် ထိခိုက်မှု ရှိ၊ မရှိ ဆိုတာထက် သေချာတာ တခုက မငြိမ်းချမ်းတဲ့ နယ်မြေမှာ သန်းခေါင်စာရင်း ကောက်ခံမယ် ဆိုရင် လုံးဝ အချက်အလက် အမှန် မရမှာ သေချာတယ်၊ ဒါကြောင့် ကျမတို့က စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ပြီးမှ သန်းခေါင်စာရင်း ဆက်ကောက်ခံဖို့ တောင်းဆိုတာပါ”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၆ ရက်က နေပြည်တော်တွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေးနှင့် ပတ်သက်ပြီး ၀န်ကြီး ဦးခင်ရီက တိုင်းရင်းသား အဖွဲ့အစည်းများအား နေပြည်တော် တွင် တွေ့ဆုံခဲ့သည်။

ယင်းတွေ့ဆုံပွဲတွင် တိုင်းရင်းသားများက မိမိတို့၏ မျိုးနွယ်စု သဘောထားများကို အသီးသီး တင်ပြခဲ့ပြီး အများစု တင်ပြချက် မှာ လူမျိုး သတ်မှတ်သည့် ကုတ်နံပါတ် ပြင်ဆင်ရေးကို အဓိက တောင်းဆို ကြကြောင်း သိရသည်။

တိုင်းရင်းသား ဘာသာစကား အလိုက် ထုတ်ဝေထားသည့် သန်းခေါင်စာရင်း လမ်းညွှန်
လက်ကမ်း စာစောင်အား လေ့လာနေသော တိုင်းရင်းသား လူငယ်များ
(ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

တိုင်းရင်းသား မီဒီယာညီလာခံ တောင်ကြီးမြို့မှာ စတင်ကျင်းပ



တိုင်းရင်းသား သတင်းမီဒီယာ အဖွဲ့အစည်းတွေ ၄၀ ကျော် တက်ရောက်နေတဲ့ တိုင်းရင်းသား သတင်း မီဒီယာညီလာခံကို ဒီနေ့ ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့မှာ ဒီနေ့ စတင်ကျင်းပ နေပါတယ်။


၃ ရက်ကြာကျင်းပမယ့် ညီလာခံကနေ တိုင်းရင်း သားဒေသတွေမှာ သတင်းယူနေတဲ့ သတင်း ထောက်တွေရဲ့ လုံခြုံရေးနဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းနိုင်ဖို့ တိုင်းရင်းသား သတင်းမီဒီယာ ကွန်ရက်ကို ဖွဲ့စည်းသွားမယ်လို့ ပြောရေးဆိုခွင့်ရှိသူ ကရင်သတင်းဌာနက တာဝန်ခံအယ်ဒီတာ နန်းဖောဂေက ပြောပါတယ်။

"မီဒီယာအခန်းကဏ္ဍမှာဆိုလို့ရှိရင် တိုင်းရင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍ အရေးကြီးတယ်ဆိုတဲ့ ရည်ရွယ် ချက်နဲ့ ကျမတို့က ဒီညီလာခံကို လုပ်ခဲ့တာပေါ့နော်၊ တိုင်းရင်းမီဒီယာကွန်ရက်ပေါ့နော်၊ ဒီကွန်ရက်လေး ဖြစ်လာဖို့အတွက် ကျမတို့ ဘယ်လိုပုံစံမျိုးနဲ့ စနစ်တကျ ဖွဲ့စည်းထားမလဲ၊ ဘယ်လိုမျိုး ဗျူဟာမျိုး ရေးဆွဲ ပြီးတော့ အကောင်အထည်ဖော်သွားမလဲဆိုတာမျိုးကို ရည်ရွယ်ပါတယ်၊ အပစ်အခတ်ရပ်စဲရေးလုပ်နေတဲ့ ဒေသတွေဟာလည်း တိုင်းရင်းသားဒေသတွေပဲ အများစုဖြစ်နေတဲ့အခါကျတော့ ဒီကာလမှာ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းတွေ ဝင်လာစရာတွေ အများကြီးရှိတယ်ဆိုတော့ အဲဒီအခြေအနေတွေကိုလည်း ကျမတို့က တတ်နိုင်သလောက် ရေးသားဖော်ထုတ်သွားမည့် အပိုင်းလေးတွေကိုလည်း လုပ်ဆောင်နေတာ ရှိပါတယ်"

အဲ့ဒီညီလာခံကို Burma News International (BNI) ၊ သျှမ်းသံတော်ဆင့်နဲ့ ရိုးမအလင်းလူမှုကွန်ရက် (တောင်ကြီး)တို့က ဦးဆောင်ကျင်းပတာဖြစ်ပြီး ပထမအကြိမ်ညီလာခံကို ပြီးခဲ့တဲ့နှစ် ဧပြီလက မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ကျင်းပခဲ့ပါတယ်။

နိုင်ငံတော်သမတ ဦးသိန်းစိန်အစိုးရက တိုင်းရင်းသား သတင်းမီဒီယာတွေကို ပြည်တွင်းမှာ ရပ်တည် ခွင့်ပြုလိုက်ပြီးကတည်းက တိုင်းရင်းသား မီဒီယာတွေဟာ သက်ဆိုင်ရာ ချင်း၊ မွန်၊ ကယား စတဲ့ ဘာသာ စကား တွေနဲ့ ဂျာနယ်တွေ ထုတ်ဝေနေပါတယ်။

RFA Burmese