Monday, March 3, 2014

ဘင်္ဂါလီတွေ နိုင်ငံသားဖြစ်ခွင့်မပေးတာ ဥပဒေအရ ရာနှုန်းပြည့်မှန်ပါတယ်



ဘင်္ဂါလီတွေဟာ မြန်မာတိုင်းရင်းသား တစ်မျိုး မဟုတ် သလို အရင်ကလည်း မြန်မာတိုင်းရင်သား တစ်မျိုး မဟုတ်တာကို ဥပဒေအရ ဘယ်သူမှ မငြင်းနိုင် ပါဘူး။

ဒါပေမဲ့ ဟိုးနှစ်ပေါင်းများစွာကတည်းက ၎င်းတို့ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်း အထူးသဖြင့် မောင်တော နဲ့ ဘူးသီးတောင်မှာ တရားမ၀င် အခြေချလာခဲ့ကြ ပါတယ်။


အဲဒီလို ရခိုင်ပြည်နယ်အတွင်းကို သူတို့တွေ ခိုးဝင် နေထိုင်နေတာကို တားဆီးဖို့အတွက် မြန်မာ အစိုးရက အမိန့်ချလိုက်တဲ့အခါမှာ မွတ်စလင်တော်တော်များများဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေး သွားခဲ့ကြ ပါတယ်။

အဲဒီအချိန်တုန်းကဆိုရင် မြန်မာအစိုးရနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရကြားမှာ ဆွေးနွေးမှုတွေ မရေမတွက် နိုင်လောက်အောင် အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြပါတယ်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရဲ့ အစီအစဉ် တစ်ခုအရ မြန်မာအစိုးရ ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားတဲ့ သူတချို့ကို မြန်မာနိုင်ငံမှာ ပြန်လည်နေရာချ ထားပေးခဲ့ ပါတယ်။

သူတို့တွေ နှစ်ပေါင်းများစွာက ခိုးဝင်နေထိုင်ခဲ့တဲ့နေရာတွေမှာ သူတို့ကို နေရာပြန်ချထား ပေးခဲ့ပါ တယ်။

လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာနက မွတ်စလင်တွေအဆင်ပြေစေဖို့အတွက် သူတို့ကို ယာယီနေထိုင် ခွင့်ထုတ်ပေးခဲ့ပါတယ်။

ယာယီနေထိုင်ခွင့်ကို UNHCR နဲ့ တခြား အင်န်ဂျီအိုတွေက စီစဉ်ပေးခဲ့ပြီး အဲဒီမွတ်စလင်တွေဟာ အခုအချိန်အထိ ဒီမှာနေထိုင်ခွင့်ရှိဆဲပါ။

ဖျက်သိမ်းလိုက်ပြီဖြစ်တဲ့ ၁၉၄၈ ခုနှစ် နိုင်ငံသားဖြစ်မှု အက်ဥပဒေကို အစားထိုးကျင့်သုံးထားတဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ နေထိုင်ခွင့်လက်မှတ်မရှိတဲ့သူ ဘယ်သူမဆို မြန်မာနိုင်ငံသား မဟုတ်ပါဘူး။

ဒီဥပဒေရဲ့ ပုဒ်မ ၃ အရ မြန်မာနိုင်ငံအတွင်းမှာ ၁၈၂၃ ခုနှစ် မတိုင်ခင်ကတည်းက အခြေချနေထိုင်ခဲ့ တဲ့ လူမျိုးစု တွေသာလျှင် အလိုအလျောက် မြန်မာနိုင်ငံသားဖြစ်ခွင့်ရှိပါတယ်။

ပြီးတော့ မြန်မာနိုင်ငံသား မိဘနှစ်ပါးက ဖွားမြင်တဲ့ မည်သူ့ကို မဆို နိုင်ငံသားအဖြစ် သတ်မှတ်တယ် လို့လည်း ပုဒ်မ ၅ မှာ ဖော်ပြထားပါတယ်။

ဒီဥပဒေမှာ အကျုံးဝင်တဲ့ကာလအတွင်းမှာ ပါဝင်တဲ့ နိုင်ငံသားတွေဟာလည်း နိုင်ငံသားတွေ ဖြစ်ပါ တယ်။

ဒီဥပဒေရဲ့ နောက်ဆက်တွဲကဏ္ဍ အပိုင်း ၇ မှာလည်း နိုင်ငံသား၊ ဧည့်နိုင်ငံသားနဲ့ နိုင်ငံသား ပြုခွင့် ရသူ အဖြစ် လျှောက်ထားနိုင်ပုံတွေကိုလည်း ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။

အဲဒီဥပဒေအရ လူတစ်ဦး နိုင်ငံသားဖြစ်မှု၊ ဧည့်နိုင်ငံသားဖြစ်မှု ဒါမှမဟုတ် နိုင်ငံသားပြုခွင့်ရသူဖြစ်မှု နဲ့ စပ်လျဉ်းပြီး ဆုံးဖြတ်ချက် ချမှတ်ပေးဖို့အတွက် ဥပဒေအရ ဗဟိုအဖွဲ့တစ်ဖွဲ့ကို လုပ်ပိုင်ခွင့်အာဏာ ပေးထားပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်မတိုင်ခင် ကလေးတွေနဲ့အတူ ခြေချနေထိုင်ခဲ့ သူတွေ ဒါမှမဟုတ် မြန်မာနိုင်ငံရောက်မှ မွေးဖွားသူတွေဟာ ခိုင်မာပြီး ပြည့်စုံလုံလောက်တဲ့ သက်သေ အထောက်အထားတွေပြပြီး နိုင်ငံသားပြုခွင့် လျှောက်ထားနိုင်ပါတယ်။

ဘင်္ဂါလီကိစ္စကတော့ ၁၉၄၈ ဥပဒေအရ ရော ၁၉၈၂ ဥပဒေအရပါ မကိုက်ညီတာကို အထင်အရှား တွေ့ရ ပါတယ်။

ဒါက သူတို့တွေ မြန်မာနိုင်ငံသားဖြစ်လာခွင့် မရှိတဲ့ အဓိကအချက်ပဲ ဖြစ်ပါတယ်။

၂၀၀၁ ခုနှစ်မှာ ရှေ့နေချုပ်ရုံးကနေ အငြိမ်းစားယူပြီးတဲ့နောက်မှာ ကျွန်တော်ဟာ ရခိုင်ပြည်နယ် မြောက်ပိုင်း မှာ ပြန်လည်လက်ခံရေးလုပ်ငန်းတွေကို စီမံခန့်ခွဲ ကြီးကြပ်ပေးရတဲ့ UNHCR၊ လူဝင်မှု ကြီးကြပ်ရေး နဲ့ အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနစီမံကိန်းရဲ့ စီမံချက်မန်နေဂျာ အဖြစ် တာဝန် ထမ်းဆောင် ခဲ့ပါတယ်။

ဒါကြောင့် အဲဒီမွတ်စလင်တွေ ကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်အတော်လေး သိထားခဲ့တာပါ။

သူတို့တွေဟာ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက တရားဝင် အထောက်အထား တစ်ခုမှ မရှိဘဲ ရခိုင် ပြည်နယ် မြောက်ပိုင်းမှာ ၀င်ရောက် နေထိုင်ခဲ့ကြတာပါ။

ဒါကြောင့် အစိုးရက သူတို့ကို နိုင်ငံသားအဖြစ်သတ်မှတ်ဖို့ မစဉ်းစားတာဟာ ဥပဒေအရ ရာနှုန်းပြည့် မှန်ပါ တယ်။

(ဦးညီညီသည် နိုင်ငံတကာ ဥပဒေအကြံပေး တစ်ဦးဖြစ်ပြီး ရှေ့နေချုပ်ရုံး၏ ညွှန်ကြားရေးမှူးဟောင်း တစ်ဦး လည်း ဖြစ်သည်။)

သီရိမင်းထွန်း ဘာသာပြန်သည်။
Myanmar Times 

လွှတ်တော်ကို စိန်ခေါ်တဲ့ နောက်တစ်ကွက် အမှား

'' လွှတ်တော်က ဖွဲ့စည်းထားတဲ့ ကော်မတီမှာ ကျွန်မတို့ ပါတီက လူနည်းစုပဲ ရှိပါတယ်။ ဒါပေမယ့် ကျွန်မတို့က အများစု ဖြစ်ပြီး အပေါ်စီး ရမှ လုပ်ရဲတဲ့ သူတွေ မဟုတ်ပါဘူး။ ဖွဲ့စည်းပုံ ကော်မတီမှာ လူနည်းစုပဲ ပါဝင်လို့ လုံးဝ အားမငယ်ဘူး။ မကြောက်ဘူး။ ပြည်သူရဲ့ အားနဲ့ ဆောင်ရွက် သွားမယ်။ အဲဒီ ကော်မတီက ထိရောက်တဲ့ အခြေခံ ဥပဒေကို မလုပ်ဘူး ဆိုရင် ဘယ်လို ဆက်လက် လုပ်ဆောင်သွားမယ် ဆိုတဲ့ အစီအစဉ်တွေ အဖွဲ့ချုပ်မှာ ရှိပါတယ်''။


လူထုဆန္ဒ ခံယူပွဲမှာ အတိုက်အခံ ခေါင်းဆောင် နိုဘယ်ဆုရှင် တစ်ယောက်က ပြောလိုက်တယ် ဆိုတာကို ဖတ်လိုက် ရတော့ ယုံတောင် မယုံချင်ဘူး။ တော်တော် အံ့သြမိ သွားတယ်။ နိုင်ငံရေး ပရိယာယ် မြ<ွကယ် လေခြင်းပေါ့။ အတိုက်အခံ ဆိုတာ မှားမှားမှန်မှန် ဆန့်ကျင်ဘက် ကြီးပဲ လုပ်ရမယ် လို့များ ယူဆနေ သလားမသိ။ ယခုအချိန်သည် အကူးအပြောင်း ကို ငြင်ငြင်သာသာ၊ သိမ်သိမ်မွေ့မွေ့ နဲ့ လုပ်ရမယ့် အချိန်။ အပျိုတော် အကနဲ့ ဝင်ရမယ့် အချိန်မှာ ဘီလူးအက နဲ့ ဝင်မိတော့ မှားပြီပေါ့။ ဒီမိုကရေစီ ပါလို့ တစာစာ အော်နေသူက အကူးအပြောင်း ကို ဒီမိုကရေစီ နည်းလမ်းတကျ မချဉ်းကပ် တတ်သောအခါ....။

ယခင်က နိုဘယ်ဆုရ အတိုက်အခံ တစ်ယောက်အား အထင်ကြီး မိပါသည်။ ဘာတွေများ လုပ်ပြ နိုင်မလဲဆိုတဲ့ အတွေးနဲ့ စောင့်ကြည့်ဖူး ပါသည်။ လွှတ်တော် အတွင်းသို့ တရားဝင် ဝင်ရောက် လာပြီးချိန် မှာတော့ အရင်လို လှောင်ပိတ်ခံ ဘဝ မဟုတ်တော့။ တောင်ပံတွေကို လွတ်လပ်စွာ ဖြန့်ကျက် ဒီမိုကရေစီ ရှေ့ဆက်ရေး မှာ ဘယ်လိုတွေ ဖောက်ထွက်ပြီး ပျံသန်းမလဲ ဆိုတာကို ထင်တစ်လုံးနဲ့ မျှော်မိ ပါသည်။ တရားဝင် ကိုင်တွယ်ခွင့် ရတဲ့ လက်ပန်းတောင်း တောင် ကိစ္စမှာတော့ အမှတ်ပေး မိပါသည်။ တိကျတဲ့ အဆုံးသတ်ကို မပြနိုင်ပေမယ့် ကိုင်တွယ်ပုံ ကတော့ မဆိုးဟု တွက်မိ ပါသည်။

နောက်ပိုင်း မှာတော့ ထင်သလောက် မဟုတ်ဟု တွေးမိ သည်။ ဘောလုံး စကား နှင့် ပြောရ လျှင်တော့ ခြေမပေါ်၊ ခြေစွမ်း မပြနိုင်တော့ဘဲ ခြေစွမ်း ကျလာသည်။ ထိုအခါ ကွင်းကို အပြစ်တင်သည်။ ဒိုင်ကို အပြစ်တင်သည်။ ဥပမာ တင်စား ရလျှင်တော့ အတိုက်အခံ ခေါင်းဆောင်သည် အင်္ဂလန်ဘောလုံး အသင်းနှင့် တူသည်။ အင်္ဂလန် အသင်းသည် ထိပ်တန်း ဘောလုံးသမား များနှင့် ဖွဲ့စည်း ထားသည်။ မီဒီယာ များကလည်း ချီးကျူး မြှောက်စား ထားကြသည်။ တစ်ကမ္ဘာလုံး ကလည်း အထင် တစ်ကြီးနှင့် စောင့်ကြည့် နေကြသည်။ သူကလည်း အရေးမပါ သည့် ခြေစမ်းပွဲ တွေမှာ ဂိုးတွေ သွင်းပြီး ခြေစွမ်း ပြသည်။ ဒါပေမယ့် တစ်ကယ့်ပွဲ တွေမှာ ဘာမှ အလုပ် မဖြစ်တော့ ဖျက်မြင်း အသင်း အဆင့်သာ ရှိတော့သည်။

အခုလည်း မြန်မာ့ နိုင်ငံရေး လောကမှ အတိုက်အခံ ခေါင်းဆောင်ကို ကြည့်လျှင် ထိုသို့ပင် မြင်မိပါသည်။ ဘာမှ မယ်မယ်ရရ လုပ်မပြ နိုင်သောအခါ အစိုးရကို အပြစ်တင်သည်။ လွှတ်တော်ကို အပြစ်တင်သည်။ နိုဘယ်လ်ဆု ချီးမြှင့် ခံထားရသည်။ မီဒီယာများ ကလည်း မြှောက်စား ထားကြသည်။ တစ်ကမ္ဘာလုံး ကလည်း အထင်တကြီး စောင့်ကြည့် နေကြသည်။ လွှတ်တော်တွင်း မရောက်ခင် ကတော့ မြန်မာ့ ဒီမိုကရေစီ အရေးမှာ ဘယ်လို ပြုပြင် ပြောင်းလဲ လိုက်မယ်၊ ဘယ်လို လုပ်မယ် ဆိုပြီး ကြွေးကြော် ဝင်ရောက် လာခဲ့သည်။ လွှတ်တော်တွင်း လည်း ရောက်ရော ဘာမှ လုပ်မပြနိုင်တော့...။ ပီဘီ အတိုက်အခံ အဆင့်သာ ရှိတော့သည်။ ဖျက်မြင်း အဆင့်သာ ရှိပါ တော့သည်။

ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲ၊ ပါတီစွဲ ရှိသူများ အဖို့တော့ အထက်ပါ စကားလုံးများ က အနာပေါ် တုတ်ကျ သည်ထက် ပိုပြီး နာချင်စရာ ကောင်းပါ လိမ့်မည်။ သို့သော်... မတတ်နိုင်။ ပြောလက်စ နှင့်တော့ ပြောစရာ ရှိတာတွေ ဆက်ပြီး ပြောရပေဦး တော့မည်။ အမေရိကန် သမ္မတ အိုဘားမား က ပြည်သူတွေ ကို မျှော်လင့် ချက်တွေ ပေးနိုင်လို့ ဆိုတဲ့ အကြောင်း ပြချက်နဲ့ နိုဘယ်လ်ဆု ချီးမြှင့်ခံ ရသည်။ ယခုလည်း နောက်ထပ် နိုဘယ်လ်ဆု တွေပဲ ထပ်ချီးမြှင့်ဖို့ ကောင်းတော့သည်။ အပြောသက်သက် နဲ့ပဲ မြန်မာပြည်သူ တွေကို မျှော်လင့်ချက် တွေ ပေးနေသည်။ ဒါကြောင့်လား တော့မသိ။ နိုင်ငံတကာမှ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့တွေ လှိမ့်ပေး နေသည်။ ကျွန်တော့် အတွက်တော့ လေစားလို့ ဗိုက်မဝ သလို ခံစားရသည်။ အမျှော်လင့်ကြီး မျှော်လင့် နေသူများ အဖို့တော့ လေစားပြီး လေထိုး လေအောင့် မခံစားရအောင် လေဆေးလေး ဆောင်ထားဖို့ သာ ပြောချင် တော့သည်။

မြန်မာ့ နိုင်ငံရေး အတိုက်အခံ ခေါင်းဆောင် အနေဖြင့် လွှတ်တော်တွင်း သို့ ဝင်ရောက် လာသည့် အချိန်မှ ယနေ့ အချိန်အထိ လက်တွေ့ လုပ်ဆောင်မှုများ မယ်မယ်ရရ မတွေ့ရ သေးပါ။ သို့သော် ကျွန်တော့် အနေဖြင့်တော့ အတိုက်အခံ ခေါင်းဆောင်ရဲ့ ထောက်ပြစရာ ထိကွက် (၅)ခု တွေ့ရပါသည်။

ပထမဆုံး အချက်က ရခိုင်အရေး ကိစ္စမှာ ရခိုင် တိုင်းရင်းသား တွေကို အကာကွယ် ပေးဖို့၊ ထောက်ခံပေးဖို့၊ အားပေးစကား ပြောဖို့ ပျက်ကွက်ခြင်း ပင် ဖြစ်ပါသည်။ သူ့အနေဖြင့် လက်တွေ့ လုပ်ဆောင် စရာမလိုပါ။ နှုတ်၏ စောင်မခြင်းသာ လိုပါသည်။ ထိုကဲ့သို့ လူထု ခေါင်းဆောင် တစ်ယောက်ဟု သတ်မှတ်ထားခြင်း ခံရသူ တစ်ယောက်ထံမှ နှုတ်၏ စောင်မခြင်း ကိုပင် ရခိုင် တိုင်းရင်းသား တို့အဖို့ မဟာ ဆုလာဘ်ကြီး တစ်ပါးအဖြစ် ခံယူကြမည် ဖြစ်ပါသည်။ သို့သော် ယုန်ကလေးက နှာစေး နေခဲ့သည်။ ဘာမှဝင်ပြီး မှတ်ချက် မပေးခဲ့။ ထိုအခါ တိုင်းရင်းသားတို့ စိတ်တွင် ယုံကြည် ကိုးစားမှု လျော့ကျ လာသည်။ ဆရာတော် ဦးဝီရသူ ၏ ''ခွပ်ဒေါင်းမှ မွတ်ဒေါင်း'' ဆိုသော ထောက်ပြချက် ကြောင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်း မွတ်ဆလင် အရေအတွက် များနေမှုကို လူထုမှ သတိပြုမိ ကြပြီး ထိုအတွက် ကြောင့်ပဲ ရခိုင်အရေး ကို လျစ်လျူရှု နေသလားဟု မြင်လာ ကြသည်။ ထိုအခါ မှာတော့ ရခိုင် တိုင်းရင်းသား တို့ ယုံကြည် ကိုးစားမှု ပျက်လေပြီ။ ထိုအချက်ကို ကုစားရန် အတွက် ရခိုင်မြေသို့ ကိုယ်တိုင် ကိုယ်ကျ သွားရောက်ကာ စည်းရုံးရေး ဆင်းသင့် သော်လည်း ယခု အချိန်အထိ ရခိုင်မြေကို ခြေမချစဖူး။ ထို့ကြောင့် မြန်မာပြည်ကို တစ်ကယ်ချစ် ပါရဲ့လား စဉ်းစား စရာပင် ဖြစ်လာသည်။ ဗုဒ္ဓဘာသာ ကို တစ်ကယ်ပင် ယုံကြည် ကိုးစား ပါရဲ့လား စဉ်းစားစရာ ပင် ဖြစ်လာ ပါသည်။ သူသာ သမ္မတ ဖြစ်ခဲ့ရင်တော့ သူ့လက်ထက်မှာ လူမျိုးခြားတွေ ကြီးစိုးသွားမှာ စိုးရိမ်စရာ ပင် ဖြစ်လာ ပါသည်။

နောက်တစ်ချက် ကတော့ ကချင်အရေး မှာ နှုတ်ဆိတ် နေခဲ့ခြင်းပင် ဖြစ်ပါသည်။ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ကို တစာစာ အော်နေသော်လည်း ကချင်အရေး မှာ ဘာမှမပြော။ လိုင်ဇာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကိုလည်း ဘာမှမပြော။ သူလို ထင်ရှားသော နိုင်ငံရေး ခေါင်းဆောင် တစ်ယောက်၏ စကားတစ်ခွန်း သည် အတိုင်းအတာ တစ်ခုအထိ အကျိုး သက်ရောက်မှု ရှိသည်ကို မတွေးမိ ပါသလား။ ဒါမှမဟုတ် တမင် မသိချင် ယောင်ဆောင် နေသလား။ ဒီအချက် ကလည်း အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး စတဲ့ သူရဲ့ လက်သုံး စကား တွေကို မှေးမှိန် သွား စေပါသည်။

နောက်တစ်ချက် ကတော့ အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် မြန်မာ့ ထိပ်တန်း ခေါင်းဆောင်များ ဖြစ်တဲ့ သမ္မတ ဦးသိန်းစိန်၊ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နဲ့ တိုက်ရိုက် ဆွေးနွေး လိုကြောင်း ပြောကြားတဲ့ ကိစ္စ။ ဒီကိစ္စက လွှတ်တော်ကို စိန်ခေါ်တဲ့ သဘော သက်ရောက်သည်။ သို့သော် တိုက်ရိုက် စိန်ခေါ်ခြင်း တော့မဟုတ်။ လက်တွေ့တွင် ဖွဲ့စည်းပုံနှင့် ပတ်သက်ပြီး အာဏာ အရှိဆုံးမှာ လွှတ်တော် ဖြစ်သည်။ သို့သော် လွှတ်တော်တွင် မပြောဘဲ ခေါင်ထိ အကုန်စား သဘောမျိုးနဲ့ ကြီး(၄)ကြီး တွေ့ဆုံ လိုကြောင်း ပြောကြားတဲ့ အခါမှာ ပြည်ထောင်စု လွှတ်တော်မှ ကိုယ်စားလှယ် (၁ဝ၉)ဦး နဲ့ ဖွဲ့စည်းထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လေ့လာ သုံးသပ်ရေး ပူးပေါင်း ကော်မတီကို မထီမဲ့မြင် ပြုရာ ရောက်သည်။ လွှတ်တော်တွင်း မှာ ဒီချုပ်ပဲ ရှိသည် မဟုတ်၊ တပ်မတော်သား ကိုယ်စားလှယ် တွေကြီးပဲ ရှိသည်မဟုတ်၊ ပြည်ခိုင်ဖြိုး ကိုယ်စားလှယ် တွေပဲ ရှိသည်မဟုတ်။ တစ်ခြား ပါတီများမှ ကိုယ်စားလှယ် များလည်း ရှိနေပါသည်။ ယခု လုပ်ရပ်ကတော့ သူတို့ကို မထီမဲ့မြင် ပြုရာလည်း ရောက်နေပါသည်။ ထိုအခါ လွှတ်တော်တွင်းမှာ မျက်စိ စပါးမွေးစူး ခံရတော့သည်။

နောက်တစ်ချက် ကတော့ ၂ဝဝ၈ ခုနှစ် အခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် ပြည်ပနိုင်ငံ များကို အားကိုး လွန်းခြင်း ဖြစ်သည်။ နိုင်ငံတကာကို သွားသည်။ ၂ဝဝ၈ ခုနှစ် အခြေခံ ဥပဒေ ပြင်ဆင်ရေး ပြောသည်။ မြန်မာနိုင်ငံ ကို ရင်းနှီးမြှပ်နှံ မှု မပြုဖို့ ပြောသည်။ ထိုအခါ အင်န်အယ်လ်ဒီ အတွင်းမှာပင် ပြန်လည် ထောက်ပြ ပြောဆိုခြင်း တွေ ဖြစ်လာသည်။

နောက်ဆုံး တစ်ချက် ကတော့ ဆောင်းပါး အစတွင် ဖော်ပြထားသော စာသားကဲ့သို့ လွှတ်တော်ကို တိုက်ရိုက် စိန်ခေါ်လိုက်ခြင်း အမှားပင် ဖြစ်ပါသည်။ ဒါကတော့ လွှတ်တော်နှင့် (၁ဝ၉) ဦးပါ ကော်မတီကို တိုက်ရိုက် စိန်ခေါ် လိုက်ခြင်းပင် ဖြစ်ပါသည်။ တစ်နည်း အားဖြင့် လွှတ်တော်နှင့် ပြည်သူကို ရန်တိုက်ေ ပးခြင်း ဖြစ်သည်။ အင်န်အယ်လ်ဒီ မဟုတ်တော အခြားပါတီမှ လွှတ်တော် ကိုယ်စားလှယ်များ စိတ်ဝယ် ဘယ်လို ခံစားရလေ မလဲ မစဉ်းစား လေရော့ သလား။ ဖွဲ့စည်းပုံကို ပြင်ဖို့ လွှတ်တော်တွင်း က ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းရဲ့ ထောက်ခံမှုကို လိုအပ်တယ် ဆိုတာ မစဉ်းစား လေရော့ သလား။ ဒါကတော့ နောက်တစ်ကွက် အရွှေ့မှား ခြင်းပင် ဖြစ်ပါသည်။

အဖွဲ့ချုပ်မှာ ဘယ်လို အစီအစဉ်တွေ ရှိတယ်ပဲ ဆိုဆို အခြေအနေ တွေက အရင်ကနဲ့ မတူတော့ ဆိုတာကို နားလည် သင့်သည်။ ယခုအချိန် တွင် မြန်မာ့ ဒီမိုကရေစီ အသွင် ကူးပြောင်းမှု ၏ ငြင်သာမှုကို တစ်ကမ္ဘာလုံး က အံ့သြ ချီးကျူး ထားကြသည်။ သမ္မတ ဦးသိန်းစိန် ၏ သဘောထား ပျော့ပြောင်း မှု၊ ပြောင်းလဲ လိုစိတ်ရှိမှု တို့အပေါ် တစ်ကမ္ဘာလုံး က ကြိုဆိုကြပြီး နိုင်ငံတကာ မှလည်း အသိအမှတ် ပြုနေပြီ၊ အီးယူနှင့် အမေရိကန် တို့လည်း ပတ်ဆို့မှု တို့ကို ဖယ်ရှားပေးပြီ၊ အိမ်နီးချင်း တရုတ်၏ အင်အား ကြီးထွားလာမှု နှင့် မြန်မာနိုင်ငံ အပေါ် လွှမ်းမိုးနိုင်မှု တို့ကို အမေရိကန်တို့ မျက်ကွယ် မပြုနိုင် တော့ဘဲ အင်အား ချိန်ခွင်လျှာ ထိန်းညှိရန် အတွက် အိုဘားမား ကိုယ်တိုင် မြန်မာနိုင်ငံ သို့ လာရောက်ခဲ့ပြီ၊ ဗြိတိန် ဝန်ကြီးချုပ် လည်း အပြု သဘောဆောင် လာရောက် ခဲ့ပြီးပြီ။ ဒီလိုအချိန်မှာ အရင်လို တဇွတ်ထိုး လုပ်လို့ မရတော့။

ဆောင်းပါး အချုပ် အနေနဲ့The China Post မှာ သြဂုတ်လ ၂ ရက်နေ့က Constitutional changes are for the betterment of Myanmar as a whole ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖော်ပြသွားတဲ့ ဆောင်းပါးထဲက အကြောင်းအရာ လေးနဲ့ နိဂုံးချုပ် လိုပါတယ်။ ၂ဝ၁၅ မှာ သူ့အသက်က ၇ဝ ရှိတော့မယ်။ ၂ဝ၁၅ မှာမှ သူမ သမ္မတ မဖြစ်ရင် သူမ ဘယ်တော့မှ သမ္မတ ဖြစ်မှာ မဟုတ်တော့ဘူး။ ဘာလို့လဲ ဆိုတော့ အဲဒီအချိန်မှာ သူ့ အသက်အရွယ် ကြောင့် စိတ်သွားတိုင်း ကိုယ်ပါနိုင် တော့မှာ မဟုတ်ဘူးတဲ့။ ကျွန်တော့် အနေနဲ့ နဲနဲလေး ထပ်ပြီး ပြောချင်တာ ကတော့ သူဟာ ၂ဝ၁၅ မှာ သမ္မတ ဖြစ်ရေး အတွက် ပေါက်တဲ့နဖူး မထူးဘူးဆိုပြီး အားလုံးကို ကန့်လန့်တိုက် နေတာ ဖြစ်နိုင်တယ်။ နောက်တစ်ခုက အခုလို ကန့်လန့်တိုက် နေခြင်းအားဖြင့် မရရင် အရင်း၊ ရရင်အမြတ် ဆိုတဲ့ သဘောမျိုး လုပ်ဆောင် နေတာလည်း ဖြစ်နိုင် ပါတယ်လို့ ပြောချင် ပါတယ်။

ကျော်ထွန်းလင်း

တော်တည့် မှန်ကန်တဲ့ မီဒီယာသမားများ ဖြစ်စေချင်

မျက်မှောက်ခေတ် ကာလတွင် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံသည် အေးချမ်း သာယာပြီး စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီ စနစ်ကို ဖော်ဆောင် ကြိုးစားလျက် ရှိသည်။ ထိုကြောင့် နိုင်ငံတော် အစိုးရ အနေဖြင့် လူသားများ အား အခွင့်အရေးများ တန်းတူ ရရှိစေရန် လူ့အခွင့်အရေး ဆိုင်ရာ ဥပဒေများကို ပြဌာန်း ဆောင်ရွက် နေသည်မှာ ပွင်လင်း မြင်သာမှု ရှိလာသည်။ ထို့အတူ နိုင်ငံတော် သမ္မတ မှာ နိုင်ငံရေး အကျဉ်းသား အားလုံးကိုလည်း မေတ္တာ ရှေ့ထားပြီး လွတ်ငြိမ်း ချမ်းသာခွင့် ပေးနေ သည်မှာလည်း မျက်ဝါး ထင်ထင် တွေ့ရှိ ရသည်။


နိုင်ငံတော် ပြောင်းလဲ လာသည်နှင့် အမျှ သတင်းနှင့်  မီဒီယာ အခန်းကဏ္ဍ သည်လည်း တဖက်တစ်လမ်း မှ ပါဝင် လာခဲ့သည်ကို တွေ့ရှိ ရသည်။ ယခင်အခါက မီဒီယာ လောကတွင် ချုပ်ခြယ်မှု များ ရှိခဲ့ သော်လည်း ယခုအခါ မီဒီယာ လွတ်လပ်ခွင့် အပြင် ပြည်သူနှင့် အစိုးရကြား တွင် ပေါင်းကူး ကွန်ရက် သဖွယ် ဖြစ်လာ သည်ကို ယခု လက်တွေ့ ဂျာနယ်၊ စာစောင်များ တွင် တွေ့ရှိ ရသည်။တချို့ အချက်များ ကြောင့် တကယ် လက်တွေ့တွင် အကောင် အထည်ဖော် လာကြ သည်ကိုလည်း မျက်ဝါး ထင်ထင် တွေ့ရှိ ရသည်။ ထိုအထဲမှ ယာဉ်ရပ်နား ကောက်ခံခ နှင့် ပတ်သတ်ပြီး တရားဝင် ထုတ်ပြန် ထားသည်မှာ စက်ဘီး(၁ဝဝ)၊ ဆိုင်ကယ်(၂ဝဝ)၊ ကား(၅ဝဝ)ဟု သတ်မှတ်ထား သော်လည်း အချို့ နေရာများတွင် ထိုထက် ပိုကောက်ခံ နေသည်ကို တွေ့ရှိရပြီး သတင်း မီဒီယာများ က ဖော်ပြသဖြင့် ထို ပြုမူ ဆောင်ရွက်မှု များကို တာဝန်ရှိ သူများက အရေးယူ ဆောင်ရွက် ကြသည်ကို တွေ့ရှိ ရသည်။

သို့သော် မီဒီယာ ဆိုသည်မှာ အစိုးရ၏ လိုအပ်ချက် မှားယွင်း နေသော အချက်အလက် များကို ပွင့်လင်း မြင်သာအောင် ထောက်ပြ ရေးသား ရမည့်အစား အချို့ ဂျာနယ်များ၊ မဂ္ဂဇင်းများ သည် ပုဂ္ဂိုလ်စွဲ နားကျည်းမှု များကို ရှေ့တန်း တင်၍ ရေးသား နေကြသည် များကို တွေ့ရှိ နေရသည်။ အချို့ ဂျာနယ်များ တွင် မိမိတို့၏အတ္တ၊ ခံစားချက် များကို ရှေ့တန်း တင်ပြီး ယခင် အစိုးရအား နာကြည်း လာအောင် နိုင်ငံရေး အရ ပြည်သူတွေ၏ ရင်ထဲသို့ အဆိပ်ရေများ ဖြန်းနေ သကဲ့သို့ ရှိနေသည် ကို ထိုလူများ နားလည် ကြမည် မဟုတ်ပါ။ ထိုအထဲမှာ တချို့ လူများသည် မိမိတို့၏ ဂျာနယ်၊ စာစောင်များ ရောင်းကောင်းရေး အတွက် ရှေ့တန်းတင် နေကြသည်ကို တွေ့ရှိ ရသည်။

ဂျာနယ် ရေးသာသူ စာနယ်ဇင်း သမားများသည် လူငယ်များ ဖြစ်ကြ ပြီး အယ်ဒီတာ အာဘော် ဖြင့် သမိုင်းနောက်ခံ ကို မသိကြဘဲ အရမ်း ဝေဖန်မှုများ ပြုလုပ် လာကြသည်ကို တွေ့ရှိ ရသည်။အမှန်တကယ် စာရေးသားသူ များသည် သမိုင်း နောက်ခံ မရှင်းလင်းသော အချက်အလက် များကို သေချာစွာ စိစစ်ပြီးမှ ဖွင့်ဆို ရေးသား သင့်သည်။မိမိ ရေးသားသော စာများတွင် ပြည်သူလူထု အား မည်သို့ ပံ့ပိုး နိုင်သနည်း၊ ပြည်သူလူထု အား မှန်ကန်သော သတင်း အချက်အလက် များ အမှန်တကယ် ရရှိ ခံစား နိုင်မည်လား စသည်ဖြင့် သေချာ စဉ်းစားပြီး လုပ်ဆောင် သင့်သည်။

သတင်း ဖြစ်ရင် ပြီးရော ဆိုပြီး လူထုကို တင်ပြခြင်းမျိုး၊ မိမိတင်သော သတင်းသည် သူတစ်ပါးအား သွယ်ဝိုက်သော နည်းဖြင့် ထိခိုက် စေခြင်းမျိုးကို ရှောင်ရှားသင့် ပေသည်။ မိမိ ရေးသားသော အချက်အလက် များသည် အမှန်တကယ် အကျိုးရှိ ထိမိသော အရေးအသား မျိုးဖြင့် ပြည်သူလူထု အား မျက်စိဖွင့် နားဖွင့် ပုံစံမျိုး ဖြစ်အောင် ဆောင်ရွက် ပေးသင့်သည်။ အချို့သော ပြည်သူများ သည် ယခင် အစိုးရအား မုန်းတီးစိတ် ကို အခြေပြုကာ ဂျာနယ်များ က ထို အချက်အလက် များကို အခွင့်ကောင်း ယူပြီး မျက်နှာဖုံး တွင် ဓာတ်ပုံ မှတ်တမ်းများ၊ လူထု စိတ်ဝင်စားအောင် စကားပြတ်များ၊ သဘောင် များဖြင့် အဟုတ် ထင်အောင် ဇာတ်လမ်း ဇာတ်ကွက်များ ဆင်ကာ ရေးသား ထားသော ဂျာနယ် များလည်း တွေ့ရှိ ရသည်။ ထိုပြင် တချို့ ဂျာနယ် များသည် နိုင်ငံတော်၏ အဓိက အားထားရာ ဖြစ်သော ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ပြင်သင့်ကြောင်း ပြောဆို ရေးသား ထားသည်များ ကိုလည်း တွေ့ရှိ ရသည်။

သို့သော် ထိုလူများသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုသည်မှာ အဘယ်နည်း၊ မည်သို့ ပေါ်ပေါက် လာခဲ့သနည်း ဆိုသော အချက်အလက် သမိုင်းကြောင်း နောက်ခံများ၊ ပြင်သင့် သည်ဟု ထင်မြင် ယူဆလျှင် ပြင်ဆင်သင့်သော အချက်အလက် ဘာကြောင့် ပြင်ဆင်သည် များကို အကြောင်း ခိုင်လုံ အောင် ရေးသား တင်ပြခြင်း မရှိဘဲ ပြင်သင့်သည်ဟု မျက်စိစုံမိတ် ပြီး ရေးသား နေကြသည် များကိုလည်း တွေ့ရှိ ရသည်။ မိမိတို့ ရရှိလာသော သတင်းများသည် ဟောပြော သတင်းများ ဖြစ်ခဲ့လျှင် ထို ဟောပြောသူကို သေချာစွာ မေမြန်းပြီးမှ ရေးသား ရမည်။ မိမိတို့ ကိုယ်တိုင် ကလည်း ကြိုးစား ဖတ်ရှု လေ့လာပြီး အချက်အလက် ခိုင်လုံမှသာ ပြည်သူကို တင်ပြ သင့်ပေသည်။

သို့သော် သတင်းဂျာနယ် များတွင် ဖော်ပြ နေကြသည်မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဘယ်သူက ဘယ်နေရာတွင် ပြင်ဆင်ရမည် ဟု ပြောကြား သွားပါသည်ဟု ရေးသားပြီး ဘာကြောင့်၊ ဘယ်လို အကျိုးရရှိ မည်ကို မဖော်ပြ သဖြင့် ပြည်သူများလည်း မသိရှိရပေ။ သို့သော် နှုတ်တစ်ရာ စာတစ်လုံး ဆိုသော စကားအတိုင်း ပြောပါများ ဖတ်ပါများ လျှင်ထို အချက်ကြောင့် ပြင်သင့်သည်ဟု ပေါ်ပေါက် လာနိုင်သည်။ ထိုကြောင့် မိမိ ရေးသားသော အချက်အလက် ပေါ်တွင် တာဝန်ယူ နိုင်တာထက် တကယ် တန်ဖိုးရှိသော သတင်းမျိုးသာ ပြည်သူကို ပေးသင့်ကြောင်း အကြံပြု အပ်ပါသည်။

ထို့နောက် မြန်မာနိုင်ငံ သည် ခေတ် ရေစီးကြောင်း အရ ဝတ်စား ဆင်ယင်မှု ဆိုင်ရာများ နှင့် ပတ်သက်၍ ဂျာနယ်၊ စာစောင်၊ မဂ္ဂဇင်း များတွင် လိင်ဆွဲဆောင်မှု ပိုင်းဆိုင်ရာများ ဖော်ပြမှု များကို တွေ့ရှိလာ ရသည်။ ယနေ့ခေတ် တွင် အမျိုးသမီး များ၏ ခန္ဓာကိုယ် ကောက်ကြောင်းပုံ ထည့်မှသာ မဂ္ဂဇင်း ၊ စာစောင်များ ရောင်းကောင်း သည်ဟု ယူဆလာဟန် ရှိသည်။ တချို့ ကျန်းမာရေး စာစောင်၊ မဂ္ဂဇင်း၊ ဂျာနယ်များတွင် နာမည်ကြီး မင်းသမီး၊ မော်ဒယ်များ၏ လိင်ဆွဲဆောင်မှု ရှိသော ပုံများကို အသုံးပြုပြီး ကြော်ငြာ နေကြသည်ကို တွေ့ရှိ ရသည်။

ကျန်းမာရေးနှင့် သက်ဆိုင်သော အချက်အလက်ကို ဖော်ပြ ရမည်က အဓိကလား (သို့မဟုတ်) မိမိ ကျန်မာရေး ဂျာနယ် ရောင်းကောင်းအောင် ဆွဲဆောင်မှု ရှိသော ပုံနှင့် ကြော်ငြာ ရမည်က အဓိကလား ဖြစ်လာသည်၊။ သို့သော် ယဉ်ကျေးသော မြန်မာ ဝတ်စုံများဖြင့် ကြော်ငြာခြင်း များကို မပြောလို သော်လည်း သရုပ်ပျက် အဝတ်အစား ဆင်ယင်မှုများ ကြော်ငြာ နေခြင်းသည် က မကောင်းသော အမြင်တခုဟု သုံးသပ် မိပါသည်။ ထို့ပြင် ကားကြော်ငြာ များတွင်လည်း ဖော်ရသမျှ အကုန် ဖော်ပြီး ဂျာနယ်များတွင် တွေ့ရှိ လာရသည်။ ကားက အဓိကလား၊ ဂျာနယ် ရောင်းကောင်း အောင်က အဓိကလား ဟု မေးခွန်းများ ပေါ်ပေါက် မိပါသည်။

ထို့ပြင် ယနေ့ လူမှုကွန်ယက် များတွင် လူငယ်များ အနေဖြင့် မိမိတို့၏ အသိပညာ၊ အတတ်ပညာ၊ သတင်း အချက်အလက် များကို လူမှုကွန်ယက် မှ တစ်ဆင့် ရယူ လာကြသည်ကို တွေ့ရှိ လာရ ပါသည်။ သို့သော် လူငယ်များ အသုံးပြု နေကြသည့် Facebook ပေါ်တွင် မဟုတ်မမှန် သတင်းများ လုပ်ကြံကာ ဝါဒ ဖြန့်ခြင်းများ ဆောင်ရွက် လာကြသည် ကိုတွေ့ရှိ လာရပါသည်။ အချို့သည် တကယ်ပင်ဖြစ် သယောင်ယောင် လုပ်ကြံ ဝါဒဖြန့်ရေး သားလာ သည်ကိုတွေ့ ရှိရ ပါသည်။ အချို့သည် ကိုယ်ပိုင် မီဒီယာ ဆိုဒ်များ ပြုလုပ်ပြီး လူမှုကွန်ယက် ပေါ်တွင် မိမိတို့၏ မီဒီယာ အောင်မြင်ရေး အတွက် တွေ့သမျှကို သတင်းလုပ်ကာ ရေးသား နေကြ သည်ကိုလည်း တွေ့ရှိ ရပါသည်။

ထိုကြောင့် မျက်မှောက်ခေတ် သတင်း မီဒီယာများတွင် ရေးသား ထားသော သတင်းများကို ဖတ်ပြီး မယုံကြည်ဘဲ ခိုင်ခိုင်လုံလုံ သိရှိအောင် စုံစမ်း လေ့လာကြပြီး မှ ယုံကြည် သင့်ကြောင်း သုံးသပ် ရပါသည်။ ယနေ့ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် သည် စစ်မှန်သော ဒီမိုကရေစီ လမ်းကြောင်း ပေါ်သို့ သွားနေပြီး ဖြစ်ရာ နိုင်ငံ၏ မီဒီယာ များသည် ကျရာ ကဏ္ဍမှ နိုင်ငံကို မှန်ကန်စွာ ဖေးမ ကူညီပြီး အတူတကွ ထိန်းကြောင်း တည့်မတ် ပေးသင့် ပါသည်။ထို့ပြင် ပြည်သူများ၏ မဖွင့်သေးသော မျက်လုံးများကို အမြင်များ ထက်သန် လာအောင်လည်း အလင်းရောင် ပေးသင့် ပါသည်။ မိမိတို့၏ အကျိုးစီပွား၊ မကျေနပ်ချက် များနှင့် အတ္တများကို ရှေ့တန်း မတင်သင့်ပေ။ထိုကြောင့် ပွင့်လင်း မြင်သာ ကောင်းမွန်သော မီဒီယာများ ဖြစ်သင့် ပါသည်ဟု အကြံပြု ရေးသား အပ်ပါသည်။

စောစံမင်း

မြေပေါ်မြေအောက် ပိုင်ဆိုင်သည့် ပစ္စည်းများ ပြည်သူများသိရှိရန် ပုဂ္ဂလိကပိုင် ပြုလုပ်ရေးအေဂျင်စီ ဖွဲ့စည်းလုပ်ဆောင်သင့်ဟု သမ္မတ၏ စီးပွားရေးအကြံပေး အဖွဲ့ခေါင်းဆောင် အကြံပြု

အစိုးရက ဖွင့်ဟပြောလိုသည့် ဆန္ဒမရှိသည့် နိုင်ငံပိုင်လုပ်ငန်းများအား ပုဂ္ဂလိကပိုင် ပြုလုပ်ရာတွင် ထိုက်သင့်သည့်တန်ဖိုးများ ရရှိရန် နိုင်ငံတော်မှ ပိုင်ဆိုင်ထားသည့် မြေပေါ်မြေအောက် ပစ္စည်းများစာရင်း အား ပြည်သူများသိရှိရန် ပုဂ္ဂလိကပိုင်ပြုလုပ်ရေး အေဂျင်စီတစ်ခု ဖွဲ့စည်းတည်ထောင်သင့်ကြောင်း နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေး အဖွဲ့ခေါင်းဆောင် ဒေါက်တာဦးမြင့်က ပုဂ္ဂလိကပိုင်ပြုလုပ်ရေး မျှော်လင့်ချက်နှင့် အန္တရာယ်များ ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံဘဏ်များအသင်းတွင် ပြုလုပ်ခဲ့သည့် ဟောပြောပွဲ၌ ပြောကြားသည်။


“ကျွန်တော်တို့နိုင်ငံမှာ ဘယ်လောက်အထိ ဘာတွေပိုင်ဆိုင်ထားလည်းဆိုတာ ဘယ်သူမှ မသိပါဘူး။ အစိုးရအနေနဲ့လည်း ပြည်သူတွေကို ဘာတွေပိုင်ဆိုင်ထားတယ်ဆိုတာ ဖွင့်ဟပြချင်ပုံလည်း မရပါဘူး။ အဓိက,က ပွင့်လင်းမြင်သာမှု မရှိတာပါ။ ဒီလိုနိုင်ငံပိုင် ပစ္စည်းတွေကို ဘယ်လောက်အထိ ပိုင်ဆိုင်ထားတယ်ဆိုတာသိဖို့ အဆိုပါအဖွဲ့ ဖွဲ့စည်းရာမှာ အစိုးရ၀န်ထမ်းများ မပါဝင်စေဘဲ လွတ်လပ်သော ကျွမ်းကျင်ပညာရှင်များ၊ ရှေ့နေများ၊ စာရင်းကိုင် စာရင်းစစ်များ၊ စီးပွားရေးပညာရှင်များ၊ ကုမ္ပဏီများဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ ပုဂ္ဂလိကပိုင် ပြုလုပ်မည့် ပစ္စည်းအား ထိုက်တန်သည့် တန်ဖိုးအား သုံးသပ်နိုင်မည့် ရာဖြတ်အဖွဲ့ဝင်များ စသည်ဖြင့် လွတ်လပ်သော ပညာရှင်များ ပါဝင်သင့်ပါတယ်” ဟု ဒေါက်တာဦးမြင့်က ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံတွင် နိုင်ငံတော်က ပိုင်ဆိုင်သည့် ပြည်သူပိုင် ပစ္စည်းများအား ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ လွှဲပြောင်းပေးရာတွင် ထိုက်သင့်သည့်တန်ဖိုးများ မရရှိဘဲ အစိုးရနှင့် နီးစပ်သည့် လုပ်ငန်းရှင်များမှ ကာလတန်ဖိုးထက် အဆပေါင်းများစွာ နိမ့်ကျသည့် နှုန်းထားများဖြင့် ပြည်သူပိုင် လုပ်ငန်းများအား ပုဂ္ဂလိကပိုင် လုပ်ငန်းအဖြစ် လွှဲပြောင်းရယူနိုင်သည့် ဖြစ်စဉ်များမှာ လက်ရှိကာလအထိ ဖြစ်ပေါ်နေ ဆဲဖြစ်ကြောင်း သိရသည်။

ယခင်အစိုးရ လက်ထက်မှစ၍ ပြည်သူပိုင်မြေကွက်နှင့် အဆောက်အအုံ ၂၂၀၀ ကျော်ကို ပုဂ္ဂလိကသို့ ရောင်းချရာတွင် စုစုပေါင်း ကျပ် ၁၂၆၀ ဘီလျံကျော်သာ ရရှိခဲ့သည်။ အဆိုပါ ရောင်းချမှုမှရငွေ ၁၂၆၀ ဘီလျံပေါ်တွင် ၀င်ငွေခွန်/အမြတ်ခွန်နှင့် တံဆိပ်ခေါင်းခွန် စုစုပေါင်း ၃၇ ရာခိုင်နှုန်း ကောက်ခံရမည်ဖြစ်ရာ စုစုပေါင်း အခွန်ငွေ ကျပ်ဘီလျံ ၄၆၀ ကျော်အထိ ရရှိရမည်ဖြစ်သည်။ သို့သော် လွှတ်တော်၏ အစီရင်ခံစာအရ ကောက်ခံရရှိသည့် အခွန်ငွေပမာဏမှာ ကျပ် ၂၂ ဘီလျံနီးပါးသာ ရရှိထားပြီး အခွန်တစ်မျိုးတည်း၌ပင် ကျပ်ဘီလျံ ၄၀၀ ကျော် ပေးသွင်းမှုမရှိကြောင်း သိရသည်။

အလားတူပင် ၂၀၁၁ ခုနှစ်အတွင်း နောက်ဆုံးထား ပေးသွင်းရမည့် နိုင်ငံပိုင်ဖြစ်သည့် မြေကွက်တန်ဖိုး အပါအ၀င် မြေကွက်နှင့် အဆောက်အအုံ ၁၃ ခုအတွက် ပေးသွင်းရမည့် ကျပ် ၂၃ ဘီလျံကျော်ကို ၂၀၁၃ နှစ်ကုန်ပိုင်းအထိ ပေးသွင်းခြင်း မရှိသေးကြောင်း အမျိုးသားလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၂၂ ရက် အစီရင်ခံစာတွင် ဖော်ပြထားသည်။

Eleven Media Group

အမတ်တွေအားလုံး ဒီမိုကရက်လား



ဒီမိုကရေစီပေါ်ထွန်းဖို့ လူထုတစ်ရပ်လုံးနဲ့ နိုင်ငံရေးနယ်ပယ်က ပုဂ္ဂိုလ်များ အားလုံးက ဝိုင်းဝန်းကြိုးပမ်းဖို့လိုအပ်တယ်ဆိုပေမယ့် လွှတ်တော်များဟာ အဓိက ကျပြီး တာဝန်လည်းအရှိဆုံး ဖြစ်သလို ဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာ ပေါ်ပေါက်နိုင်ရေးအတွက် တာဝန်လည်း အများဆုံး ဖြစ်ပါတယ်။အကြောင်းကတော့ ဒီမိုကရေစီနဲ့ ကိုက်ညီမှု မရှိတဲ့ ဥပဒေများကို ဖျက်သိမ်းခြင်း ၊ ပြုပြင်ခြင်းနဲ့ ဥပဒေအသစ်များ ရေးဆွဲပြဌာန်းခြင်း စတဲ့ အလုပ်ကို လွှတ်တော်များက လုပ်ကိုင်ဖို့ တာဝန်ရှိနေတာကြောင့်ဖြစ်ပါတယ်။


လွတ်လပ်ရေးအကြိုကာလ မြန်မာနိုင်ငံရဲ့လွှတ်တော်လိုပဲ ဒီကနေ့ကာလ လွှတ်တော်များဟာ တိုင်းပြု ပြည်ပြု လွှတ်တော်များဖြစ်ပါတယ်။ ကိုလိုနီအုပ်ချုပ်ရေးအောက်က နေ လွတ်မြောက်တဲ့အချိန် တစ်နည်း အားဖြင့် လွတ်လပ်ရေးရပြီးတဲ့အချိန်မှာ တိုင်းပြည် တိုးတက်ဖွံ့ဖြိုးဖို့ ဒီမိုကရေစီထွန်းကားဖို့ ကြိုးပမ်း ဆောင်ရွက်ရမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ အဲဒီခေတ်အခါက တိုင်းပြုပြည်ပြုလွှတ်တော်လို့ သတ်မှတ် ခဲ့ခြင်းဖြစ်ပါတယ်။ လက်ရှိလွှတ်တော်များကလည်း အာဏာရှင်စနစ် ကနေ ဒီမိုကရေစီစနစ်ဆီ အကူး အပြောင်းမှာ အဓိကကျတဲ့အခန်းကဏ္ဍ ကနေပါဝင်နေတာကြောင့် တိုင်းပြုပြည်ပြုလွှတ်တော်များပဲ ဖြစ်ပါတယ်။

လူထုက ရွေးချယ်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်များဟာ ဒီမိုကရေစီထွန်းကားရေး အတွက် ရှေ့ဆုံးကနေ တာဝန်ယူထားရတဲ့ပုဂ္ဂိုလ်များဖြစ်ပါတယ်။ လွှတ်တော်အမတ်များဟာ ဒီမိုကရေစီရဲ့ အဓိပ္ပါယ်နဲ့ အနှစ်သာရကို ယုံကြည်ကြသူများဖြစ်ဖို့ ဒီမိုကရေစီကို အမှန်တစ်ကယ် ချစ်မြတ်နိုးကြ သူများဖြစ်ဖို့ မဖြစ်မနေလိုအပ်ပါတယ်။ ဒီမိုကရေစီဖြစ်ထွန်းဖို့ အတွက် အလုပ်လုပ်နေကြတယ်ဆိုတဲ့ လက်ရှိ လွှတ်တော်များမှာ အမတ် ဘယ်လောက်များများက ဒီမိုကရက်တွေဖြစ်မလဲ ဒီမိုကရေစီကို အမတ်ဘယ်လောက်များများက အမှန်တစ်ကယ် သိရှိနားလည်ကြမလဲ ယုံကြည်မြတ်နိုးကြမလဲဆိုတာ ဆန်းစစ်ကြည့်သင့်တဲ့ကိစ္စရပ်တစ်ခုလို့ ရှုမြင်မိပါတယ်။ ဒီမိုကရက်အမတ်များ များများစားစားရှိပါမှ ဒီမိုကရေစီ မြန်မြန်ဆန်ဆန်ပေါ်ပေါက်နိုင်မှာဖြစ်ပြီး ဒီမိုကရေစီကို ဟန်ပြ ယုံကြည်သူများ၊ ဒီမိုကရေစီ သဘောတရားများကို လေ့လာသိရှိထားခြင်းမရှိတဲ့ နှစ်နှစ်ကာကာ ယုံကြည်သက်ဝင်ခြင်းမရှိတဲ့ အမတ်တွေ များနေသေးရင် ဒီမိုကရေစီထွန်းကားဖို့ ဖြစ်နိုင်မဖြစ်နိုင်ဆိုတာလည်း မေးခွန်းထုတ်ရမယ့် ကိစ္စပါ။

ဒီနေရာမှာ အမတ်တွေ ဒီမိုကရက်ဖြစ်မဖြစ် ( ဒီမိုကရေစီကို ခံယူကျင့်သုံးသူတွေဖြစ်မဖြစ် ) အလွယ်တကူ လေ့လာဆန်းစစ်နိုင်ဖို့ လူထုကိုယ်စားလှယ်ဖြစ်သူ ပုဂ္ဂိုလ်နှစ်ဦးကို ဥပမာအနေနဲ့ ဖော်ပြလိုပါတယ်။ လူထုအနေနဲ့ မိမိတို့ကံကြမ္မာကို ဖန်တီးပေးမယ့် လူထုကိုယ်စားလှယ်( လွှတ်တော်အမတ်များကို ) အမြော်အမြင်ကြီးကြီးနဲ့ ရွေးချယ်တင်မြှောက်နိုင်ကြဖို့လည်းအရေးကြီးသလို နောင်လာမယ့် ရွေးကောက် ပွဲများမှာ ပါတီစွဲ ပုဂ္ဂိုလ်စွဲများကိုဖယ်ရှားပြီး ကိုယ်ရည်ကိုယ်သွေးပြည့်မီသူများကို ရွေးချယ်တင်မြှောက်နိုင် ရေးဟာ အရေးကြီးတဲ့ကိစ္စရပ်တစ်ခုဖြစ်ပါတယ်။

ပထမဆုံး တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ် အရင် စစ်အစိုးရလက်ထက်မှာ ဝန်ကြီး ရာထူးနဲ့ အစိုးရအဖွဲ့ဝင်လည်းဖြစ်ခဲ့ဖူးသူ လက်ရှိပြည်ခိုင်ဖြိုးပါတီရဲ့ လွှတ်တော်အမတ် သူရဦးအောင်ကို နဲ့ပါတ်သက်လို့ ဖော်ပြချင်ပါတယ်။

စစ်အာဏာရှင်ခေတ်မှာ ကြီးမားတဲ့တာဝန်တွေ ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ လူကြိုက်မများ လှတဲ့ ပြည်ခိုင်ဖြိုးပါတီဝင် လည်းဖြစ်ပါတယ်။ ဒါပေမယ့် ဒီပုဂ္ဂိုလ်ရဲ့ ပြောပုံဆိုပုံ လုပ်ပုံကိုင်ပုံနဲ့ ခံယူချက်များ ကိုကြည့်ရင် အံ့သြစရာကောင်းလောက်အောင် ဒီမိုကရက်တစ်ယောက်ဖြစ် နေတာတွေ့မြင်ရမှာ ဖြစ်ပါ တယ်။

လက်ရှိနိုင်ငံရေးအခင်းအကျင်းနဲ့ ရှေ့အလားအလာ ၊ ဒီမိုကရေစီတည်ဆောက်ရေး ခရီးလမ်းတည်ငြိမ်ရေး အတွက် လုပ်ဆောင်သင့်တဲ့ အချက်များ၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး တို့နဲ့ပတ်သက်လို့ လက်တွေ့ကျတဲ့ အယူအဆများရှိနေတာလည်းတွေ့ရပါတယ်။ ဒါဟာ တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့ချိန်နဲ့ အရင်အစိုးရလက်ထက် အစိုးရအဖွဲ့ဝင်ဝန်ကြီးအဖြစ် တာဝန်ယူခဲ့ချိန် အတွင်း ရရှိခဲ့တဲ့ အတွေ့အကြုံများကို အကျိုးရှိရှိအသုံးချနိုင်ခြင်း၊ နိုင်ငံရေးနဲ့ပတ်သက်လို့ လေ့လာဆည်းပူးမှု အားကောင်းခြင်းနဲ့ လူထုနဲ့နိုင်ငံတော်အပေါ် စေတနာမှန်ခြင်း( ဒီမိုကရေစီကိုယုံကြည်ခြင်း ) တို့ အချိုးကျကျပေါင်းစပ်မိခြင်းကြောင့်ပဲဖြစ်ပါတယ်။

သူက ငြိမ်းချမ်းရေးရရှိဖို့ နှစ်ဘက် ထားရှိရမယ့်သဘောထားတွေကိုအမှန်အတိုင်းမြင်ပြီး ပွင့်ပွင့်လင်းလင်း ဘက်လိုက်မှုကင်းကင်း ပြောဆိုလေ့ရှိပါတယ်။ မြန်မာနိုင်ငံနဲ့ အသင့်တော်ဆုံးသော နိုင်ငံတည်ဆောက် ရေး လမ်းကြောင်းကိုလည်း အစဉ်သဖြင့်တွေးခေါ်ကြံဆနေ သူဖြစ်ပါတယ်။ ဘာသာရေးနဲ့နိုင်ငံရေးကင်းမှ မတူညီတဲ့ ယဉ်ကျေးမှု၊ယုံကြည်မှုများ အတူတကွ အေးချမ်းစွာယှဉ်တွဲရပ်တည်ခွင့်ရှိမသှာ ဒီမိုကရေစီ ဖြစ်ထွန်းမယ် ဆိုတဲ့ ဒီမိုကရက်တစ်ယောက်မှာရှိရမယ့် နိုင်ငံရေးအမြင်လည်း ခိုင်ခိုင်မာမာရှိနေသူ ဖြစ်ပါတယ်။

ဒီမိုကရက်တစ်ယောက်ဖြစ်တယ်လို့ ပြောရတဲ့ အဓိကအကြောင်းရင်းကတော့ လက်ရှိ ဒီမိုကရေစီနဲ့ မကိုက်ညီတဲ့အခြေခံဥပဒေကိုပြင်ဆင်မှသာ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်မယ်၊ ဒီမိုကရေစီ တည်ဆောက်နိုင်မယ်လို့ သူက အခိုင်အမာယုံကြည်တဲ့သူဖြစ်နေလို့ပါပဲ။ ဗိုလ်ချုပ်ဟောင်းတစ်ယောက် စစ်အစိုးရအဖွဲ့ဝင်တစ်ယောက်ဖြစ်ခဲ့သူပုဂ္ဂိုလ်တစ်ယောက်မှာ ဒီလိုခံယူချက်နဲ့အတွေကအခေါ်များ ရှိနေ ခြင်းက အံ့အားသင့်စရာဖြစ်ပြီး စစ်အစိုးရအမွေခံပါတီက လွှတ်တော်ကိုယ်စားလှယ်ဖြစ်နေပေမယ့် ( လူထု ထောက်ခံမှု မရတဲ့ ပါတီရဲ့ ပါတီဝင်ဖြစ်ပေမယ့် ) ပုဂ္ဂိုလ်ရေးအရ မလေးစားဘဲမနေနိုင်အောင် နိုင်ငံရေး ရပ်တည်ချက် မှန်ကန်သူတစ်ယေက်ဖြစ်နေတာတွေ့ရပါတယ်။

တပ်မတော်နဲ့ လူထုစည်းလုံးညီညွတ်ရေး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် တပ်မတော်ကနေလာတဲ့ ဒီမိုကရက်တွေ နိုင်ငံရေးနယ်ပယ်မှာရှိနေခြင်းက မြန်မာနိုင်ငံ အနာဂါတ်ခရီးလမ်းဖြောင့်ဖြူးဖို့ အာမခံချက်တစ်ရပ်လည်းဖြစ်တယ်ဆိုရင် ငြင်းနိုင်မယ်မထင်ပါဘူး။ သူရဦးအောင်ကိုလို ပုဂ္ဂိုလ် အမြောက် အများ ပေါ်ထွက်လာမယ်ဆိုရင် လူထုအနေနဲ့ ဝမ်းမြောက်ဝမ်းသာ လက်ကမ်းကြိုဆိုသင့်တယ်လို့ ယူဆမိ ပါတယ်။

နောက်ထပ်ဖော်ပြလိုတဲ့ လူထုကိုယ်စားလှယ်တစ်ယောက်ကတော့ အတိုက်အခံဖက်က အမတ်တစ် ယောက်ပါ။ ကျွန်တော်ကိုယ်တိုင် ဆန္ဒမဲပေးခဲ့တဲ့ ၊ သူ့ရဲ့မဲဆန္ဒနယ်မှာ အနိုင်ရရှိဖို့ ကျွန်တော်ကိုယ်တိုင်က တတ်စွမ်းသလောက် ပါဝင်ကြိုးပမ်းပေးခဲ့တဲ့ လူထုက စစ်စစ်မှန်မှန်ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရတဲ့ အမတ် တစ်ယောက်လည်းဖြစ်ပါတယ်။ အခု ဒီနေရာမှာ သူ့အကြောင်းကို ဥပမာအနေနဲ့ ဖော်ပြခြင်းက မဲဆန္ဒရှင် တစ်ယောက်အနေနဲ့ လူထုကိုယ်စား ကျွန်တော့်ရဲ့သဘောထားကို တင်ပြခြင်းလည်းဖြစ်ပြီး လူထု ကိုယ်စားလှယ်များအနေနဲ့ လူထု ဆန္ဒသဘောထားကို လေးစားဖို့နဲ့ ဒီမိုကရေစီနဲ့ပတ်သက်ရင် လေးလေးနက်နက်ခံယူကျင့်သုံးနိုင်တဲ့ နိုင်ငံရေးသမားများဖြစ်ဖို့ သတိပေးလိုတဲ့ ဆန္ဒနဲ့ အလေးအနက် ရေးသား ဖော်ပြခြင်းလည်းဖြစ်ပါတယ်။

၂၀၁၀ ခုနှစ်ရွေးကောက်ပွဲမှာ အဓိက အတိုက်အခံပါတီကြီး( NLD )က ရွေးကောက်ပွဲကို ဆန့်ကျင်ခဲ့ပါ တယ်။ လူထုကို ရွေးကောက်ပွဲမှာ မဲမထည့်ကြဖို့စည်းရုံးပြောဆိုမှုများလည်း ရှိပါတယ် ရွေးကောက်ပွဲ နည်းလမ်းဖြင့်သာ ဒီမိုကရေစီဖက်ကို ဦးတည်ရွေ့လျားနိုင်မယ်လို့အခိုင်အမာယုံကြည်တဲ့ ကျွန်တော့်လို နိုင်ငံရေး စိတ်ပါဝင်စားသူများက ၁။ လူထုကို ရွေးကောက်ပွဲမှာ မဲထည့်ကြဖို့ တတ်စွမ်းသမျှ စည်းရုံးကြ ပါတယ်။ ၂။ အတိုက်အခံပါတီကြီးက ရွေးကောက်ပွဲမဝင်လေတော့ ရှိတဲ့ အတိုက်အခံထဲကပဲ သင့်တော် တဲ့ သူတွေကိုမဲပေးဖို့ ကြိုးစားပမ်းစားစည်းရုံးပြောဆိုခဲ့ကြပါတယ်။ မဲရုံများကို တင်းတင်း ကြပ်ကြပ် စောင့်ကြည့်တဲ့ရွေးကောက်ပွဲဖြစ်ပြီး အတိုက်အခံပါတီတွေ နိုင်ဖို့ ဘယ်လောက်ခဲရာခဲဆစ် လုပ်ခဲ့ကြရ သလဲဆိုတာ လူထုက ကောင်းကောင်းကြီး အမှတ်ရနေမယ်လို့ ယုံကြည်ပါတယ်။

NDF ပါတီဆိုတာ NLD ပါတီက ခွဲထွက်လာတဲ့သူတွေ ဖွဲ့စည်းထားတဲ့ပါတီဖြစ်ပါတယ်။ ရွေးကောက်ပွဲ ဝင်တဲ့အမှတ်တံဆိပ်ကလည်း ၁၉၉၀ ရွေးကောက်ပွဲမှာ NLD အသုံးပြုခဲ့တဲ့ ခမောက်အမှတ် အသား ဖြစ်ပါတယ်။ ဒီတော့ NLD ပါတီအပေါ်သံယောဇဉ်ရှိခဲ့တဲ့ ကျွန်တော်တို့လို သူတွေအားလုံးက NDF အမတ်တွေကိုမဲပေးဖို့ စည်းရုံးပြောဆိုပေးရုံမကဘဲကိုယ်တိုင်လည်း NDF ကိုမဲပေးခဲ့ကြပါတယ်။ အတိုက်အခံပါတီများအနက် ၂၀၁၀ ရွေးကောက်ပွဲမှာ NDF အမတ်တွေ တော်တော် များများ အနိုင်ရရှိ ခဲ့ပါတယ်။

ဒါပေမယ့် ကျွန်တော်ကိုယ်တိုင် ပါဝင်ပြီး မဲဆွယ်စည်းရုံးပေးခဲ့တဲ့ ကိုယ်တိုင်လည်းမဲပေးခဲ့တဲ့ ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မဲဆန္ဒနယ်က အမတ်ဖြစ်သူ ဒေါ်ခင်ဝိုင်းကြည်ဟာ ဒီမိုကရေစီ သဘောတရားတွေကို မျက်ကွယ်ပြုပြီး ဒီမိုကရေစီထွန်းကားရေးအတွက် အဟန့်အတားဖြစ်စေဖို့ လုက်ကိုင် ဆောင်ရွက်နေတာကို မြင်ရတွေ့ရတဲ့အခါ ကျွန်တော်တို့မဲဆန္ဒရှင်များဟာ ဝမ်းနည်းပက်လက် ယူကြုံးမရဖြစ်ကြရပါတယ်။ ဒေါ်ခင်ဝိုင်းကြည်က ဒီမိုကရေစီနဲ့လုံးဝကိုက်ညီမှုမရှိတဲ့ အခြေခံဥပဒေက ပုဒ်မအချို့ကို ပြင်ဆင်မယ့်ကိစ္စ လုံးဝဆန့်ကျင်ကြောင်း အားသွန်ခွန်စိုက် ပြောဆိုလုပ်ကိုင် နေတာဖြစ် ပါတယ်။ ဒီနေရာမှာကျွန်တော့်အနေနဲ့ ပုဒ်မ ၅၉ ပြင်ဆင်ရေးကို ဒေါ်စုသမ္မတ ဖြစ်ရေး မဖြစ်ရေးအတွက် ပြောဆိုလိုခြင်းမဟုတ်ဘဲ ဒီမိုကရေစီ နဲ့ကိုက်ညီမှုမရှိတဲ့ပြဌာန်းချက်ကို မဖြစ်မနေပြင်ဆင်ဖို့ လိုအပ်တယ်ဆိုတာ ပြောဆိုလိုခြင်းဖြစ်ပြီး ဒီမိုကရေစီကို အမှန်တစ်ကယ်ယုံကြည်မြတ်နိုးသူ ဘယ်သူ မဆိုဟာလည်း ဒီသဘောထားရှိကိုရှိရမှာဖြစ်ပြီး အထူးသဖြင့် လူထုကိုယ်စားလှယ်များအနေနဲ့ အထူးသတိထားပြီးဆင်ခြင်ဖို့လိုအပ် တယ်ဆိုတာ ပြောဆိုလိုခြင်းဖြစ်ပါတယ်။အခြေခံဥပဒေ ကို ဘယ်လောက်အချိန်အတွင်း ဘယ်လောက်အတိုင်းအတာအထိပြင်ဆင်လို့ရနိုင်မယ်ဆိုတာ ဘယ်သူမှ မပြောနိုင်ပါဘူး။ အခြေအနေတွေပေါ်မှာ လုံးလုံးမူတည်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီမိုကရက်မှန်ရင် ဒီမိုကရေစီစံနှုန်းတွေကို မဖြစ်မနေယုံကြည်ဖို့လိုအပ်ပါတယ်။ စံနှုန်းတွေနဲ့ကိုက်ညီတဲ့အထိ အခြေခံ ဥပဒေကို ပြင်ဆင်ရမယ်ဆိုတဲ့အချက်ကို ဒီမိုကရက် အားလုံးက ယုံကြည်ကြပါတယ်။ ဒီလိုယုံကြည်မှု မရှိရင်လည်း လုံးဝ ဒီမိုကရက်မဟုတ်ပါဘူး။ 

ဘာသာသာသနာကို ကာကွယ်စောင့်ရှောက်ရမယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ဘာသာသာသနာ တည်တံ့ရေး ကိစ္စဆိုတာလည်း နိုင်ငံရေးစနစ်ကောင်းမှ ဒီမိုကရေစီထွန်းကားမှဖြစ်နိုင်မယ်ဆိုတာ သတိပြု ကြဖို့လိုအပ်ပါတယ်။ နောက်တစ်ခုက ဘာသာသာသနာထွန်းကားရေး တည်တံ့ရေးကိစ္စကို အဓိက တာဝန်ယူထားတဲ့ ရဟန်းသံဃာတော်များ ကျွန်တော်တို့မှာ ရှိပြီးဖြစ်ပါတယ်။ဗုဒ္ဓဘာသာဝင်များက ရဟန်း သံဃာတော်များ သာသာနာရေးကိစ္စများ ထမ်းရွက်နိုင်ဖို့ လှူဒန်း ပံ့ပိုးကြရမှာဖြစ်ပါတယ်။

နိုင်ငံရေးကိစ္စမှာတော့ အများကြီးပိုပြီးကျယ်ပြန့်တဲ့ အမြင်တွေ အယူအဆတွေရှိဖို့လိုအပ်ပါတယ်။ အထူး သဖြင့် နိုင်ငံရေးသမားတွေဟာ ဘာသာရေးကိစ္စ ပြောဆိုလုပ်ကိုင်မယ်ဆိုရင် တခြားဘာသာ ကိုးကွယ် ယုံကြည်ကြသူများဖြစ်တဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမများရဲ့ သဘောထားနဲ့ခံစားချက်များ ကို ထည့်စဉ်းစားဖို့လိုပါမယ်။ သူတို့သဘောထားဆန္ဒတွေ အယူအဆတွေကို မျက်ကွယ်ပြုလို့လုံးဝမရပါဘူး။ တိုင်းရင်းသားပေါင်းစုံနဲ့ဖွဲ့စည်းထားတဲ့ပြည်ထောင်စုနိုင်ငံတစ်ခုမှာ ဒီမိုကရေစီကိုတည်ဆောက်မယ်ဆိုရင် ကျယ်ပြန့်တဲ့အမြင်တွေ အယူအဆတွေကို မဖြစ်မနေ အခြေခံကြဖို့လိုပါမယ်။ တိုင်းရင်းသားတွေရဲ့ လွတ်လပ်ခွင့်များ ကိုးကွယ်ယုံကြည်မှုများနဲ့ ယဉ်ကျေးမှုများကို မျက်ကွယ်ပြုပြီးတော့ တစ်ဖက်ကလည်း ဒီမိုကရေစီတည်ဆောက်နေပါတယ်လို့ပြောနေရင် ဘယ်တိုင်းရင်းသားလူမျိုးစုကမှ ယုံကြည်မှာ မဟုတ် သလို သူတို့တတွေရဲ့ တက်ကြွစွာပူးပေါင်းဆောင်ရွက်မှုကိုလည်းမရနိုင်ပါဘူး။ ကျွန်တော်တို့ နိုင်ငံ တိုးတက်ဖွံ့ဖြိုးဖို့ မဖြစ်မနေလိုအပ်တဲ့ စည်းလုံးညီညွတ်မှုတည်ဆောက်ရေး ကလည်း ခက်ခဲနေဦးမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့မြို့နယ်က လွှတ်တော်အမတ်ကို ပြည်ခိုင်ဖြိုး အမတ် သူရဦးအောင်ကိုနဲ့ နှိုင်းယှဉ် စဉ်းစားမိ ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒေါ်ခင်ဝိုင်းကြည် သာမက သူမရဲ့မိခင်ပါတီကိုယ်တိုင်ပင်လျှင် နောင် ရွေးကောက်ပွဲများမှာ ရွေးချယ်တင်မြှောက်ခံရဖို့ သိပ်မလွယ်လှတော့ပါဘူး။ ၂၀၁၀ မှာ အခြေအနေ ပေး အခါအခွင့်သင့်လို့သာ ရွေးချယ်ခံခဲ့ရခြင်းဖြစ်ပါတယ်။ အမှန်က လူထုကိုချစ်ရင် ဒီမိုကရေစီကိုယုံကြည်ရင် ရလာတဲ့ အခွင့်အရေးကိုအသုံးချပြီး ဒီမိုကရေစီရေးကို အားသွန်ခွန်စိုက် ဆောင်ရွက်သင့် ပါတယ်။ ကြုံတောင့်ကြုံခဲ ရတောင့်ရခဲ အခွင့်အရေးကို ကောင်းစွာအသုံးချပြီး ကောင်းမွန်မြင့်မြတ်တဲ့ သမိုင်းကို ရေးနိုင်တာလည်းဖြစ်ပါတယ်။ဒီလိုမဟုတ်ဘဲ ဒီမိုကရေစီနဲ့ဆန့်ကျင်ဖက် ပြောဆို လုပ်ကိုင်တဲ့ လူထု ကိုယ်စားလှယ်ဟာ ဘယ်ပါတီကပဲဖြစ်ဖြစ် လူထုကိုဆန့်ကျင်သူဖြစ်မယ်ဆိုတာ သတိချပ်သင့် ပါတယ်။ ပြည်ခိုင်ဖြိုးအမတ် သူရဦးအောင်ကိုကတော့ နိုင်ငံရေးနယ်ပယ်မှာ သေချာပေါက်အောင်မြင်မယ့်သူ လူထုလေးစားချစ်ခင်မှုကိုတဖြည်းဖြည်းရရှိမယ့်သူဖြစ်တယ်ဆိုတာ တွက်ဆမိပါတယ်။တပ်မတော်နဲ့ လူထု စည်းလုံးညီညွတ်ရေးကိုအခိုင်အမာတည်ဆောက် ပြီးမှသာ ဒီမိုကရေစီကိုမျှော်မှန်းလို့ရနိုင်မယ့် ကျွန်တော် တို့ နိုင်ငံအနေနဲ့ တပ်နဲ့ပြည်သူ ကြားပေါင်းကူး ပေးနိုင်မယ့် သူရဦးအောင်ကိုကဲ့သို့သော စစ်သားဘဝက လာသူ ဒီမိုကရက်နိုင်ငံရေးသမားတွေ မဖြစ်မနေလိုအပ်ပါတယ်။

ခြုံငုံပြီးသုံးသပ်လိုက်ရင်အတိုက်အခံ ဆိုတိုင်းဒီမိုကရက်မဖြစ်နိုင်သလို အာဏာရပါတီ ဝင်တိုင်းလည်း အာဏာရှင် စိတ်ဓါတ်မရှိဘူးဆိုတဲ့ ကောက်ချက်ဆွဲလို့ရပါတယ်။ နောင်ရွေးကောက်ပွဲတွေမှာ ဆန္ဒမဲ ပေးကြတဲ့အခါ လူထုအနေနဲ့ မိမိတို့အကျိုး၊ နိုင်ငံတော်အကျိုးနဲ့ ဒီမိုကရေစီပေါ်ပေါက်ရေး တို့အတွက် စွမ်းစွမ်းတမံ စေတနာမှန်မှန် ဆောင်ရွက်မယ့် လူထုကိုယ်စားလှယ်များကို ကျကျနန သတိဝီရီယ ကြီးကြီးနဲ့ ရွေးချယ်တင်မြှောက်ဖို့ လိုအပ်တယ် ဆိုတာလည်း လက်ရှိလွှတ်တော်အမတ်များက သင်ခန်းစာ ပေးနေတယ်လို့ ပြောလိုပါတယ်။ လူထုအနေနဲ့ နိုင်ငံရေးကို စိတ်ပါဝင်စားကြဖို့၊ ပါတီများနဲ့ နိုင်ငံရေး သမား များကို စောင့်ကြည့်ကြဖို့မဖြစ်မနေလိုအပ်တယ်ဆိုတာလည်းပြောလိုပါတယ်။ ဒီမိုကရေစီ ကို ယုံကြည် မြတ်နိုးသူများ၊ လူထုအကျိုးစီးပွားကို အမှန်တစ်ကယ် ဦးထိပ်ထားကြသူများ၊ အမျိုးသားပြည်လည် စည်းလုံးညီညွတ်ရေးကို ရည်မှန်းသူများ၊ တရားမျှတခြင်း ၊တန်းတူညီမျှခြင်းနဲ့ လွတ်လပ်ခြင်း စတဲ့ လောကပါလတရားများကို ဆောင်ကြဉ်းပေးလိုစိတ်ရှိသူများကို ရွေးချယ်တင်မြှောက်ကြ မှသာငြိမ်းချမ်းသာယာဝပြောတဲ့ ဒီမိုကရက်တစ်ပြည်ထောင်စုကို တည်ဆောက်အောင်မြင်နိုင် မယ်ဖြစ်ပါ ကြောင်း။ ။

( ပိုက်တင် )

( ဒီကနေ့ထုတ် The Voice weekly ဆောင်းပါးဖြစ်ပါတယ်။ ဒီမိုကရေစီ နိုင်ငံမဖြစ်သေးတော့လည်း မဲထည့်တာလွဲတတ်တဲ့အကြောင်း ကျနော်ကိုယ်တိုင်လွဲခဲ့တဲ့ကိစ္စကို တွေးမိပြီး ဝမ်းနည်းစိတ်နဲ့ရေးတဲ့ဆောင်းပါး ပါ။ ဒီမိုကရေစီတည်ဆောက်မယ်ဆိုတဲ့ နိုင်ငံရေးသမားတွေ ဒီမိုကရေစီကိုတော့ ယုံကြည်ကြဖို့ မဖြစ်မနေလိုအပ်ပါမယ်။ လူထုကို လမ်းကြောင်းမှန်ပေါ် တင်ပေးနိုင်ရပါမယ်။ ဒီမိုကရေစီနဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက်လမ်းပြကြယ်များဖြစ်ရပါမယ်။မဲဆန္ဒရှင်များကို လေးစားတန်ဖိုးထားဖို့ မဖြစ်မနေလိုအပ်ပါတယ်။ ဘာကိုမှ ပေါ့ပေါ့တန်တန်မလုပ်မိ မပြောမိကြဖို့ပါ။ ဒါငါ့အခွင့်အရေး ငါပြောမယ် ဆိုတာမျိုးက သာမန်အရပ်သားတွေမှာ လုပ်ခွင့်ရှိပေမယ့် လူထုဆန္ဒကိုကိုယ်စားပြုသူများ လုပ်ခွင့်မရှိပါ။ ဒီမိုကရေစီဝါဒသည်သာ လွတ်လပ်ခွင့် တန်းတူညီမျှခွင့်များကို ပြဌာန်းပေးနိုင်ပြီး လူတွေရဲ့ ကိုးကွယ်ယုံကြည်မှုများကို လုံခြုံဖို့ အကာအကွယ်ပေးနိုင်တယ်ဆိုတာ လူထုကို ရှင်းရှင်းလင်းလင်း လမ်းပြဖို့တာဝန်ရှိပါတယ်။လူထုက အစစနိမ့်ပါးနေသေးတဲ့အချိန်မှာ ကိုယ် မဲရဖို့ လူထုကို ဝေဝါးထွေပြားအောင်လုပ်ခဲ့ရင် ဒီမိုကရေစီကိုသစ္စာဖောက်ရာကျသလို လူထုကို ဒုက္ခတွင်းထဲပို့သလိုဖြစ်နိုင်ကြောင်း သတိပေးလိုရင်းပါခင်ဗျား။)

NLD ရုံးချုပ်အသစ်ပြန်လည်တည်ဆောက်ရန် အလှူငွေစတင်ကောက်ခံ၊ လိုအပ်ငွေများကို ခရိုနီများထံမှ တောင်းခံမည်



ရန်ကုန်မြို့ ဗဟန်းမြို့နယ် အနောက်ရွှေဂုံတိုင် လမ်း ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးခန်းသစ် အသစ် ပြန်လည် တည်ဆောက်ရေးအတွက် အလှူငွေ များကို စတင်လက်ခံလျက်ရှိကြောင်း ဖေဖော်ဝါရီလ ၄ ရက်နေ့စွဲတပ် ပါတီ၏ သတင်းထုတ်ပြန်ချက်အရ သိရပြီး ၀ိုင်းဝန်းမတည်၍ရရှိသော ငွေကြေးပမာဏ လုံလောက်မှုမရှိပါက ထင်းရှားကျော်ကြားသူ များ ထံမှ အကူအညီရယူမည်ဖြစ်ကြောင်း ဆောက်လုပ် ရေးကော်မတီအဖွဲ့ဝင် ဦးစောလှိုင်က ဖေဖော်ဝါရီ ၅ ရက်နေ့က News Watch သို့ ပြောကြားသည်။


ဇန်န၀ါရီ ၂၄ ရက်နေ့ ထွက် News Watch ဂျာနယ် အတွဲ ၈ အမှတ် ၃၄ ပါ `NLD ဌာနချုပ်ရုံးသစ်ကို ထူးကုမ္ပဏီ၏ အကူအညီနှင့် ဆောက်လုပ်မည်ဟု သတင်းများထွက်ပေါ်´ သတင်း၌ NLD ဌာနချုပ်ရုံးအား ဓါတ်လှေကားပါ ၈ ထပ်မြင့် အဆောက်အုံ ပြင်ဆင်ဆောက်လှုပ်မည်ဖြစ်ကြောင်း၊ ဦးတေဇပိုင်ဆိုင်သည့် `ထူးကုမ္ပဏီများအုပ်စု´ လက်အောက်ရှိ အာရှစိမ်းလန်းမှုဖွင့်ဖြိုးရေးဘဏ် (AGD) ၏ မန်နေဂျင်းဒါရိုတ်တာ ဦးရဲမင်းဦးသည် ဆောက်လုပ်ရေးကော်မတီတွင်ပါဝင်ကြောင်းတို့ ဖော်ပြခဲ့သည်။

ယင်းသတင်းနှင့် ပတ်သက်၍ ဒီချုပ်ပြောခွင့်ရသူ ဦးဥာဏ်ဝင်းက ဌာနချုပ်ရုံး အသစ်ပြန်လည် တည်ဆောက်မည်ဆိုသည်မှာ မှန်ကန်ကြောင်း၊ ထူးကုမ္ပဏီနှင့် ပတ်သက်မှုမရှိကြောင်း၊ ဦးရဲမင်းဦးသည် Personal အနေနှင့် ပါဝင်ခြင်းဖြစ်ကြောင်း ဇန်န၀ါရီ ၂၅ ရက်ထုတ် The Daily Eleven သတင်းစာမှတဆင့် ငြင်းချက်ထုတ်ခဲ့သည်။

သို့ရာတွင် ဦရဲမင်းဦး၏ အခန်ဏ္ဍနှင့် ပတ်သက်၍ ဦးစောလှိုင်အားမေးမြန်းရာ ၎င်းက `သူ့သဘောဆန္ဒ အတိုင်းပါတာပါ၊ ဦးရဲမင်းဦးရဲ့ ဆန္ဒကတော့ သိပ်ပြီး သိသာထင်ရှားတဲ့ လူတွေရဲ့ ငွေတွေကို နောက်ချန် ထားပြီး အများပြည်သူရဲ့ အလှူငွေတွေကို အဓိကထားကောက်ခံပြီးမှ လိုအပ်သလောက် ကူညီသွားမယ်လို့ ပြောပါတယ်၊ သာမန်ပြည်သူ့ငွေတွေကို ဦးစားပေးကောက်ခံပါတယ်၊ ဒါဟာလည်း အာလုံးနဲ့ ညှိနှိုင်းပြီး လုပ်တာပါ၊ AGD မှမဟုတ်ပါဘူး၊ ထင်ရှားတဲ့လူတွေလည်းပါ ပါတယ်၊ ထင်းရှားတဲ့သူတွေဆိုတာ အများပြောနေတဲ့ ခရိုနီဆိုတဲ့လူတွေပေါ့၊ နောက်လိုအပ်မှ သူတို့အလှူငွေတွေကို လက်ခံသွားမှာပါ´ ဟု ပြောကြားသည်။

ဆောက်လုပ်ရေးကော်မတီဝင်များ ရွေးချယ်ခြင်းကို ဗဟိုအလုပ်အမှုဆောင်ကော်မတီမှ ဆုံးဖြတ်ပြီး ဒေါ်အောင်ဆန်းစုကြည်က အတည်ပြုပေးကြောင်း၊ ကော်မတီအတွင်းရေးမှုဦးရဲမင်းဦးကဲ့သို့ NLD ပါတီဝင်မဟုတ်သူ ကိုအောင်ထိုက်သည်လည်း ဆောက်လုပ်ရေးကော်မတီအဖွဲ့ဝင်အဖြစ် ပါဝင်ကြောင်း၊ စည်ပင်ထံ ဆောက်လုပ်ခွင့် တင်ထားပြီး လက်ရှိတွင် အလှူငွေ ကောက်ခံသည့် အဆင့်တွင်ပင် ရှိသေး ကြောင်း ယင်းက ဆက်လက်ပြောကြားသည်။

အလှူငွေများကို အာရှစိမ်းလန်းမှုဖွင့်ဖြိုးရေးဘဏ် (AGD) ဘဏ်စာရင်းအမှတ် ၃၂၄၁၂၂၀၀၀၅၂၈၃ သို့ ထည့်ဝင်နိုင်ပြီး အမည်၊ နေရပ်လိပ်စာ၊ နိုင်ငံသားစိစစ်ရေးကဒ်နှင့် ဖုန်းနံပါတ်များ ဖေါ်ပြရမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

NLD ရုံးချုပ်အား အသစ်ပြန်လည်တည်ဆောက်ရန် ၂၀၁၃ ဒီဇင်ဘာ ၃၁ ရက်နေ့တွင် စာအမှတ် ၁၅၇(စည်း)/၁၂/၂၀၁၃ဖြင့် ဆောက်လုပ်ရေးကော်မတီဖွဲ့စည်းခဲ့ပြီး NLD သည် နိုင်ငံသားများအတွက် တည်ထောင်ဖွဲ့စည်းထားသော နိုင်ငံရေးပါတီဖြစ်သောကြောင့် အဖွဲ့ချုပ်ရုံးတည်ဆောက်ရေးတွင် အလွှာပေါင်းစုံမှ နိုင်ငံသားများ၏ လှူဒါန်းငွေများ လက်ခံသွားမည်ဖြစ်ကြောင်း အဆိုပါသတင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

ယခုနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်က တစ်ချိန်က မည်သို့ပင် ပြည်သူလူထုအပေါ် ကုတ်သွေးစုတ် အမြတ် ထုတ်ခဲ့စေကာမူ ယခု အချိန်တွင် အသိတရားဝင်ပြီး ပြည်သူ့အကျိုး ဆောင်ရွက်ပေးပါက ခရိုနီ များကို ချီးမြှောက်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း၊ ဦးဝင်းတင် ဖောင်ဒေးရှင်း တို့တွင် ခရိုနီများ ငွေအလုံးအရင်းနှင့် ကူညီပံ့ပိုး ပေးလျက်ရှိသည်။

"ခရိုနီတွေ၊ ခရိုပြာတွေ ဆိုပြီး အော်ကြီးဟစ်ကျယ်ပြောခဲ့တဲ့ ဦးဝင်းတင် ပါးစပ်ပိတ်သွားတာကိုပဲကြည့်။ ခရိုနီ တွေက လူထုကို နှိပ်စက်ခဲ့တဲ့ စစ်အာဏာရှင်တွေနဲ့ ပေါင်းပြီး အမြတ်ထုတ်ခဲ့တာ။ အခု သူတို့တွေ ချမ်းသာ နေတာကလည်း လူထုရသင့်ရထိုက်တဲ့ ဘဏ္ဍာငွေတွေကို အိတ်ထဲထည့်ပြီး ချမ်းသာနေတာ။ တစ်နိုင်ငံလုံး လက်ညိုးထိုးမလွဲ ခရိုနီတွေနဲ့ မကင်းတာတွေ ရှိနေတယ်။ NLD ဟာ လူထုနဲ့ နီးစပ်တဲ့ ပါတီ ဆိုပြီး ပြည်သူက အားကိုးခဲ့တာ။ အာဏာလေး ရမယ် မကြံသေးဘူး။ ဒေါ်စုရော ဦးဝင်းတင်ရော လေသံက ပြောင်းလာပြီ။ အခု လယ်ယာမြေပြဿနာတွေမှာလည်း ခရိုနီတွေအဓိက ပါဝင်နေတာ အားလုံးသိတယ်။ ဇေကမ္ဘာဦးခင်ရွှေဆိုရင် ကော့မှူးမှာ ငွေရင်းပြီး ၀င်လိုက်တာနဲ့ NLD ကွန်ရက်တွေ ဘာအသံမှ မထွက် တော့ ဘူး။ ဘယ်လောက်သိသာသလဲ။ ဒီခရိုနီတွေ အမျိုး ဘာသာ သာသနာအတွက် ဘာတွေများ ထည့်ဝင် ခဲ့သလဲ။ NLD ကို သိန်းထောင်ချီပြီး ပေးနေတာ။ အမျိုး ဘာသာ သာသနာအတွက် ဘာမှ မလုပ်ခဲ့ တဲ့ ခရိုနီတွေကို ကျွန်တော်တို့က ရှုတ်ချတယ်။ ဒီလိုလူမျိုးတွေကို နေရာပေး ရတာယူ ကျွေးတာ စားနေတဲ့ NLD အနေနဲ့လည်း လူထုပါတီဆိုတဲ့ စကားကို ဘယ်တော့မှ မပြောပါနဲ့ လို့ ပြောချင်တယ်" ဟု အမျိုးဘာသာသာသနာကာကွယ်စောင့်ရှောက်ရေးအဖွဲ့မှ ဦးကိုကိုမောင်က ပြောဆိုသည်။ 

"နောက်ဆုံးတော့ NLD ဟာ အမျိုး ဘာသာ သာသနာအတွက် အားကိုးလောက်တဲ့ ပါတီမဟုတ်ဘူး ဆိုတာ ထင်ရှားလာပြီ။ ခရိုနီကာကွယ်ရေး လုပ်နေတဲ့ပါတီ ဆိုတာ ထင်ရှားလာပြီ။ ဒေါ်အောင်ဆန်းစုကြည်ကို ပေးထားတဲ့ ထောက်ပံ့မှုတွေ မနည်းဘူး။ ပါတီ CEC တွေကို ခရီးသွားတာကအစ ထောက်ပံ့ပေးနေတာတွေ အများကြီး ရှိနေပြီ။ သူ့ဆန်စားပြီး ရဲပြနေတဲ့ NLD ပါတီကိုလည်း အထင်မကြီးဘူး။ ဝေဖန်မှုတွေ မြင့်တက်နေတဲ့ကြားက ခရိုနီငွေနဲ့ ရုံးဆောက်မယ် ဆိုတဲ့အဓိပ္ပါယ်က ရှင်းနေပါတယ်" ဟု NLD ပါတီဝင်ဟောင်း တစ်ဦးက ပြောကြားသည်။ 

"NLD ဆိုတာက လူထုနဲ့ ငတ်ငတ်ပြတ်ပြတ်နေနိုင်တဲ့ ပါတီလေ။ အခုတော့ မဟုတ်တော့ဘူး။ ပြောင်း သွားပြီ ခရိုနီNLD လေ။ နေရာလေးတွေ ရလာတော့မယ် ဆိုတော့ စစ်အစိုးရပုံစံမျိုး ဖြစ်လာနေပြီ။ ဦးဝင်းတင်ကြီး ဘာပြောနိုင်သေးလဲ။ ငွေနဲ့ ပါးစပ်ကို ပိတ်လိုက်တာလေ။ ခရိုနီအားကိုး ပုဆိန်ရိုးဆိုတာ NLD မှ NLD ဗျ၊ ငွေအလှူကောက်ခံတယ် ဆိုတာ ဟန်ပြ၊ ဦးတေဇ ထောက်ပံ့တာ သတင်းပေါက်သွားလို့ လုပ်ပြတာ။ နဂိုကတည်းက လက်ဝါးချင်း ရိုက်ပြီးသား။ ဦးတေဇဆိုရင် အရင် စစ်အစိုးရလက်ထက်ကလည်း အဖေကြီး ဦးသန်းရွှေကို အိတ်ထဲ ထည့်ထားတာ။ အခု ဒေါ်စုနဲ့ ဦးဝင်းတင်၊ ဦးတင်ဦး အကုန်လုံး အိတ်ထဲ ထည့်ထားပြီးပြီ။OIC ကလည်း မိတ္ထီလာမီးဘေးအတွက် သိန်းထောင်နဲ့ချီပြီး NLD ကတစ်ဆင့် လှူတဲ့ သတင်းလည်း ရှိသေးတယ်။ NLD နဲ့ OIC ဆက်ဆံရေးကလည်း ရှိသေးတယ်။ ငွေဆိုတာက သည်းခြေ ကြိုက် လေ။ ကြိုက်မှကြိုက်ပေါ့ဗျာ" ဟု နိုင်ငံရေးပါတီတစ်ခုမှ ပါတီဝင်တစ်ဦးက ဝေဖန်သည်။ 

နိုင်ငံသားများအတွက်တည်ထောင်ဖွဲ့စည်းထားသော နိုင်ငံရေးပါတီတစ်ခုအနေနှင့် ခရိုနီများနှင့် ပတ်သက် စပ်ယှက်လာမှုအပေါ် အများပြည်သူများက အထူးစိတ်ဝင်စားလျက်ရှိပြီး နိုင်ငံရေးအသိုင်းအ၀ိုင်းများအကြား ဆွေးနွေးငြင်းခုံစရာ ကိစ္စတစ်ရပ်ဖြစ်လျက်ရှိသည်။

Ref: News Watch

၈ ပူးတွေကတော့ ပြည်သူကို မြေဇာပင် စစ်တလင်းဖြစ်အောင်လုပ်ဖို့ ပြောလိုက်ပြီ



ခင်းဗျားတို့က ဒေါ်စုသမ္မတဖြစ်ဖို့တစ်ခုတည်းနဲ့ တိုင်းပြည်ရဲ့အနာဂါတ် သန်း၆၀ရဲ့ အနာဂါတ်ကို ချနင်းတော့မှာလား....

ခင်ဗျားတို့ကြောင့် ၈၈ မှာတိုင်းပြည်လည်း အလူး အလဲခံလိုက်ရပြီ.... ခင်ဗျားတို့ဘာသာ ပန်းချီ ဆွဲလိုက် စာရေးလိုက် ပြည်ပအလှူရှင်တွေဆီက ဖန်ထောင်စားလို့ဘာမှမပြောဘူး.....


ဂျော့စိုးရော့စ်ဆီက ဒေါ်လာတွေနဲ့တသက်စားမကုန်တာလည်း ဘာမှမပြောဘူး... စာပေဟောပြောပွဲ တစ်ပွဲသိန်းနဲ့ချီမရရင် မလိုက်တာလည်း ဘာမှမပြောလိုဘူး....

ပွင့်လင်း၈၈ အမည်ခံပြီး စာအုပ်ထုတ်လို့စာအုပ်ရောင်းရငွေကို အခွန်မဆောင်တာလည်း ဘာမှမပြော လိုဘူး.... ပြည်ပအလှူရှင်တွေဆီက အလှူငွေတစ်ဝက်ကို ဘုမ်း တစ်ဝက်ကိုလှူပြီး အလှူလက်ဖတ်နဲ့ မျက်နာ လုပ် အစိုးရသောက်တင်းတုတ်တာလည်း ဘာမှမပြောလိုဘူး.....

အေး.... ဒါပေမဲ့ ၈၈ကလို လူထုအုံကြွမှုဖြစ်အောင်ဖန်တီးပြီး.... တိုင်းပြည်ဖျက်မဲ့ ခင်ဗျားတို့ရဲ့ ပြည်ဖျက် planတွေကို အပြင်းအထန်ကန့်ကွက်တယ်.....

ယနေ့ ဒီမိုကရက်တိုက်ဇေးရှင်းကာလဟာ..... ဒီflowအတိုင်းဆက်သွားရင် ၂၀၁၆ မတ်လအလွန် မြန်မာ့ နိုင်ငံရေးဟာ အလားအလာအကောင်းဆုံးပဲ.... ကာချုပ်က ထိုင်းနဲ့စလုံးမှာ ဘယ်တော့မှ နောက်ပြန် မဆုတ်ပါဘူးလို့တရားဝင်ပြောခဲ့သလို.... ပြည်တွင်းပြည်ပ နိုင်ငံရေးလေ့လာသူများရဲ့ သုံးသပ်ချက်အရ Back Fireဆိုတာဖြစ်မလာနိုင်ဘူး....

ဒါပေမဲ့ ခင်ဗျားတို့၈၈ပူးတွေရဲ့ အခုလိုပေါက်လွတ်ပဲစား ပြောကြားချက်ကြောင့် မတော်တဆ လူထုအုံကြွမှု ဖြစ်ခဲ့ရင်..... Constotution အရ တပ်က၂နှစ် အာဏာသိမ်းလိမ့်မယ်....... အာဏာသိမ်းပြီး တပ်ကပဲ ဦးဆောင် ရွေးကောက်ပွဲလုပ်ပေး အကုန်တစ်ကပြန်စနေရလိမ့်မယ်.....

တခြားမကြည့်နဲ့ အိမ်နီးချင်းထိုင်းကိုကြည့်ပါ... လူထုအုံကြွမှုတွေဖြစ် လူတွေသေ ဒဏ်ရာရ အကုန်ပျက်ဆီး စီးပွားရေးတွေပျက် ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံမှုတွေနောင့်နှေး... နောက်ဆုံး တပ်က အာဏာသိမ်းသွား နိုင်တယ်.....

ဒီလိုဆိုရင် ဒီမိုကရေစီပန်းတိုင်ဟာ လိုသလောက်ခရီးမပေါက်ပဲနေမယ်........

နောက်တစ်ချက်က ယနေ့ ဒီမိုကရက်တိုက်ဇေးရှင်းကာလမှာ လူထုဟာ အစစအရာရာ မြင်သာထင်သာ မှုတွေရှိနေတာကြောင့်.....

ခင်ဗျားတို့ပြောတိုင်းလိုက်လုပ်မယ် ထင်ကျသလား.... Constitution ပြင်ဖို့ လမ်းစတွေ ဒီလောက်ဖွင့်ပေး ထားတာဟာ လက်ရှိအစိုးရက ရှဉ်းလည်းလျှောက်သာ ပျားလည်းဆွဲသာဖြစ်အောင် ဖန်တီးပေးထားတာ... ဒါကို လူထုတိုက်ပွဲ လမ်းပေါ်ထွက် ဘာညာလုပ်ရအောင်....

မြန်မာနိုင်ငံက ဆီရီးယားလည်း မဟုတ်ဘူး လစ်ဗျားလည်းမဟုတ်ဘူး.... တခြားနိုင်ငံတွေထက် ဒီမိုကရေစီ ကူးပြောင်းမှုမှာ ညင်သာလွန်းလို့ မြန်မာ့နွေဦးလို့တောင် သတ်မှတ်ထားတာ.....

တစ်ခုပြောချင်တာက ယနေ့ခေတ်ဟာ ဗိုလ်ချုပ်တို့လက်ထက်ကလို " ရ ရ မရရ ချ " တဲ့ခေတ် မဟုတ် ဘူး.....

၁၉၈၈ကလို " ရရင် ရ မရရင်ချ "တဲ့ခေတ်မဟုတ်ဘူး.....

ယနေ့ခေတ်ဟာ " ရလည်းမချ မရလည်းမချ " တဲ့ခေတ်ဖြစ်တယ်.....

ပြုပြင်ပြောင်းလည်းမှုတွေလုပ်ဖို့အစစအရာရာလမ်းကြောင်းတွေ ဖွင့်ပေးထားတယ်..... Constitutionကို ပြင်ဖို့ လွတ်တော်မှာ လမ်းစဖွင့်ပေးထားတယ်.......

ဒေါ်စုသမ္မတဖြစ်မှ ဒီမိုကရေစီရမှာမဟုတ်ဘူး... ဒီမိုကရေစီလမ်းကြောင်းဟာ သူ့ flow နဲ့သူ သွားလိမ့် မယ်..... သမ္မတဖြစ်မှလည်း အာဏာချုပ်ကိုင်နိုင်တာမဟုတ်ဘူး ဒေါ်စုသမ္မတဖြစ်မှ နိုင်ငံဟာ နတ်ရေကန် ထဲပစ်ချလိုက်သလို တိုးတက်လာမှာမဟုတ်ဘူး..... နိုင်ငံတိုးတက်ဖို့ အစစအရာရာ တဖြည်းဖြည်း Reformလုပ်ယူရမှာ.......

------------------------------------

၈ပူးတွေကိုပြောချင်တာက ခင်ဗျားတို့စကားကြောင့်နိုင်ငံ ၈၈ ကလို အုံကြွမှုတွေဖြစ်ပြီး.... အစစအရာရာ စုတ်ပြတ်သတ်သွားရင် သမိုင်းတကွေ့ပြန်လှည့်လာရင်....

ခင်ဗျားတို့တစ်ဖွဲ့လုံး သမိုင်းတရားခံဖြစ်သွားလိမ့်မယ်.....

သမိုင်းတရားခံဖြစ်သွားလိမ့်မယ်။ 

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး လှုပ်ရှားမှုရပ်တန့်ရန် ဦးဝီရသူ မိန့်ကြား



အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် သမ္မတဖြစ်ရေးလှုပ်ရှားမှုများကို ရပ်တန့်ရန် ၉၆၉ အမျိုးသား ရေးလှုပ်ရှားမှုကို ဦးဆောင် သူ တဦးဖြစ်သော ဦးဝီရသူက မိန့်ကြားသည်။


ဆရာတော်ဦးဝီရသူနှင့် NLD ပါတီပူးတွဲတည်ထောင်သူ တဦး ဖြစ်သော ဦးဝင်းတင်တို့ မန္တလေးမြို့တွင် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ က တွေ့ဆုံစဉ် ဦးဝီရသူ က အထက်ပါအတိုင်း မိန့်ကြားလိုက်ခြင်း ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ကာလကြာရှည်စွာ ဒီမိုကရေစီ အရေးတိုက်ပွဲ ဝင်ခဲ့သူ ဖြစ်ခြင်း ကိုလေးစား အသိမှတ်ပြု သော် လည်း အခြေခံဥပဒေတွင်ပါရှိနေသော ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဖြစ်ခွင့် ပိတ်ထားသည့်အချက် များကို ဆက်လက် ထား ရှိသင့်ကြောင်း ဦးဝီရသူက မိန့်သည်။

“ဦးပဉ္စင်း အပါအဝင် လူတွေအားလုံးက ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်စေချင်ပါတယ်။ ဒါပေမယ့် တကယ်လို့ ပုဒ်မ ၅၉ ကိုပြင်လိုက်ရင် တရုတ်လို၊ မွတ်စလင်လို တိုင်းရင်းသားမဟုတ်တဲ့ သူတွေ သမ္မတ ဖြစ်လာ မှာကို ဦးပဉ္စင်း စိုးရိမ်တယ်” ဟု ဦးဝီရသူက ဧရာဝတီသို့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် မိန့်သည်။

တရုတ် သို့မဟုတ် မွတ်စလင်များ သမ္မတအဖြစ်ရွေးချယ်ခံရပြီးနောက် နိုင်ငံအရေး ကိစ္စများတွင် နိုင်ငံခြား လွှမ်း မိုးမှုများ ရှိလာမည်ကို စိုးရိမ်ကြောင်း ဦးဝီရသူက မိန့်သည်။ ၂၀၀၈ ခုနှစ် အခြေခံဥပဒေ ပုဒ်မ ၅၉(စ) အရ နိုင်ငံခြားသားတဦးနှင့် လက်ထက်ထားသူ သို့မဟုတ် သားသမီး များက နိုင်ငံခြား သားဖြစ်နေသူ များသမ္မတ ဖြစ်ခွင့် မရှိပေ။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး လှုပ်ရှားမှု ရပ်တန့်ရန်ပြောဆိုသော ဦးဝီရသူ၏ စိုးရိမ်မှုကို သဘော မတူ ဟု NLD နာယက ဦးဝင်းတင်က ဧရာဝတီသို့ ပြောသည်။ “ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်ရဲ့ သမ္မတရာထူးအတွက် တိုက်ပွဲဝင်နေတာ မဟုတ်ပါဘူးလို့ သူ့ကို ကျနော်ပြောပြခဲ့ တယ်။ ဒေါ်အောင်ဆန်း စုကြည် က ဒီမိုကရေစီအတွက်နဲ့ တိုင်းပြည်မှာစစ်မှန်တဲ့ ဖက်ဒရယ်စနစ် ပေါ်ပေါက်လာအောင် လုပ်ဆောင် နေ တာပါ” ဟု ဦးဝင်းတင်ကဆိုသည်။

ဦးဝီရသူ၏ ပုဒ်မ ၅၉(စ)ကို ပြုပြင်ရေးကိုလက်မခံကြောင်း၊ ယခုတွေ့ဆုံခြင်းသည် ဦးဝီရသူက ဖိတ်ခေါ် သဖြင့် သွားရောက် တွေ့ ဆုံခဲ့ခြင်းဖြစ်ပြီး တွေ့ဆုံရာတွင် ဦးဝီရသူ၏ သဘောထားများသည် မရေရာ မှုများရှိကြောင်း ဦးဝင်းတင်ကဆိုသည်။

“သူက ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတမဖြစ်စေချင်ဘူးဆိုတာ ကျနော်တွေ့ရတယ်။ ဒေါ်အောင်ဆန်း စုကြည် ရွေးကောက်ပွဲမှာ အနိုင်ရတာကိုမ လိုချင်ဘူး။ နိုင်ငံခြားသားတစ်ယောက်နဲ့ လက်ထက်ခဲ့သူ တယောက်ကို အာဏာမရစေချင်ဘူး” ဟု ဦးဝင်းတင်က ပြောသည်။

ဦးဝီရသူက ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် NLD အနိုင်ရရှိပါကလည်း ဒေါ်အောင်ဆန်းစုကြည်က သမ္မတ တာ ဝန်မယူဘဲ အခြားသူ တဦးတယောက်ကို သမ္မတရာထူး ထမ်းဆောင်စေ၍ ၎င်းက နောက်ကွယ်မှ ထိန်းချုပ်သည့် အနေထားမျိုး ဖြစ်စေလိုကြောင်း သူ့ကိုမိန့်ကြားခဲ့သည်ဟု ဦးဝင်းတင်က ဧရာဝတီသို့ပြော သည်။ဦးဝင်းတင်က ထိုသို့သဘောမျိုးဆောင်သည့် “နောက်ကွယ်နိုင်ငံရေး”ကို NLD ကလက်ခံမည် မဟုတ်ကြောင်း ဦးဝီရသူကို အခိုင်အမာပြောခဲ့သည်ဟုလည်း ဆိုသည်။

“မြန်မာနိုင်ငံရေးမှာ ဘုန်းတော်ကြီးတွေပါဝင်တဲ့ အစဉ်အလာရှိတဲ့အတွက် နိုင်ငံရေး ကူးပြောင်းမှုမှာ ဘုန်းတော်တွေရဲ့ ပါဝင်မှုကို အသိမှတ်ပြုပါတယ်လို့ သူ့ကို ကျနော်ပြောပြခဲ့တယ်။ ဒါပေမယ့် သူတို့ရဲ့ အားထုတ်မှုက အဖွဲ့အစည်းတခုအတွက်မဟုတ်ဘဲ တိုင်းပြည်မှာရှိသူ အားလုံးအကျိုးရှိဖို့က အရေးကြီး တယ်လို့လဲ ပြောခဲ့ပါတယ်” ဟု ဦးဝင်းတင်ကဆိုသည်။

ဦးဝီရသူသည် ဗုဒ္ဓဘာသာဝင်များနှင့် လူနည်းစု မွတ်စလင်များကြား ပဋိပက္ခများ ဖြစ်ပွားစေခဲ့သည့် မွတ်စလင် ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်ပက်သက်မှုရှိသည်ဟုပြောဆိုစွပ်စွဲခံရသူလည်းဖြစ်သည်။ အဆိုပါလှုပ်ရှား မှုတွင် ဆရာတော်အချို့က ဗုဒ္ဓဘာသာဝင်များအနေဖြင့် အမျိုးဘာသာ ကိုကာ ကွယ်ကြရန်နှင့် မွတ်စလင်ပိုင် စီးပွားရေးလုပ်ငန်းများကို သပိတ်မှောက်ကြရန် ဟောပြောတိုက်တွန်း ခဲ့ကြသည်။

မြန်မာ့နိုင်ငံရေးတွင် ရဟန်းသံဃာများ ပါဝင်လှုပ်ရှားမှုသည် အစဉ်အလာတခုလို ဖြစ်နေပြီး ၂၀၀၇ ခုနှစ်က သံဃာတော်များ ဦးဆောင်သည့် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ၎င်းတို့ဝတ်ဆင်သော သင်္ကန်း အရောင်ကို အစွဲပြု၍ “ရွှေဝါရောင်တော်လှန်ရေး” ဟု သတ်မှတ်ခေါ်ဝေါ်ခဲ့ကြသည်။

The Irrawaddy weekly journal(Vol.1,No.9 March 2, 2014)

“မင်း က ဘာမီဒီယာလဲ”ဟုဆိုကာ ရာအိမ်မှူးက သတင်းထောက်ကို လက်သီးဖြင့်ထိုး



ဒဂုံ ဆိပ်ကမ်း မြို့နယ်၊ ရပ်ကွက် တစ်ခု ရှိ တိုက်ခန်း တစ်ခန်း တွင် မီးလန့် မှု ဖြစ်ပွား သော ကြောင့် သတင်း သွားယူ သော ပြည်တွင်း မီဒီယာ တစ်ခု မှ သတင်း ထောက် တစ်ဦး ကို အဆိုပါ ရပ်ကွက် မှ ရာအိမ် မှူး တစ်ဦး က လက် သီးဖြင့် ထိုးမှု အား ဖေဖော် ၀ါရီလ (၂၈)ရက် နေ့ က အမှုဖွင့် ထား ကြောင်း ဒဂုံဆိပ် ကမ်း မြို့ မ ရဲစခန်း မှ တာဝန်ရှိ သူ တစ်ဦး က The Messenger သတင်းစာ သို့ ပြောသည်။


မီးလန့် မှုဖြစ်ပွား ရာ တိုက်ခန်း အတွင်းရှိ လျှပ်စစ်မီးဖို ကွိုင် အပူလွန် ကဲရာမှ ညှော်နံ နှင့် မီးခိုးငွေ့များ ထွက် ရှိလာသောကြောင့် ပတ် ၀န်းကျင် ပြည်သူများနှင့် ရပ်ကွက်အုပ်ချုပ် ရေး အဖွဲ့များက တိုက်ခန်း အတွင်း ၀င် ရောက် ကြည့်ရှုခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ထိုသို့ဝင်ရောက်ကြည့်ရှုစဉ် အဆိုပါ သတင်း ထောက် က သတင်းဓာတ်ပုံရိုက်ကူးသည်ကို မကျေနပ်သဖြင့် ရပ်ကွက်နေအိမ်မှူးတစ်ဦး နှင့် သတင်း ထောက် တို့ စကား များ ခဲ့ကြောင်း၊ ထိုသို့စကားများစဉ် ရာအိမ်မှူးဖြစ်သူက “မင်း က ဘာမီဒီယာ လဲ”ဟု ပြောဆို ၍ လက်သီးဖြင့် ထိုးခဲ့သောကြောင့် သတင်းထောက်ဖြစ်သူမှာ ဦးခေါင်းနောက်ဝဲဘက် နာကျင် ဒဏ်ရာရရှိပြီး၊ သင်္ဃန်းကျွန်း စံပြ ဆေးရုံတွင် ပြင်ပလူနာ အဖြစ် ကုသခဲ့ရသောကြောင့် ရာအိမ်မှူး ဖြစ်သူ ကို အရေး ယူပေးရန် သတင်း ထောက် ဖြစ် သူ က တရားလိုပြုလုပ်တိုင်တန်းခဲ့ကြောင်း ရဲမှတ် တမ်းတွင် ဖော်ပြထားသည်။

အမှုတော့ ဖွင့်ထားပါတယ်။ အာမခံ ပေးလို့ရတဲ့ အမှုဆိုတော့ သူတို့ တရားရုံးမှာပဲ ဆက်ရင်ဆိုင်ရမှာပါ ဟု ဒဂုံဆိပ်ကမ်းမြို့မရဲ စခန်းမှ တာဝန်ရှိသူရှိသူတစ်ဦးက ပြောသည်။ ယင်းဖြစ်စဉ် အား ဒဂုံဆိပ်ကမ်းမြို့မ ရဲစ ခန်း တွင် (ပ) ၆၉/၁၄ ပြစ်မှု ပုဒ်မ ၂၉၄/ ၃၂၃ ဖြင့် ဖေဖော်ဝါရီလ (၂၈) ရက် ည (၁၁) နာရီ ခွဲ အချိန်တွင် အမှု ဖွင့် ပြီး အမှုစစ်ဒုရဲအုပ် ကျော်ကျော်ဝင်းက စစ်ဆေးဆောင်ရွက်နေ ကြောင်းပထမ သတင်း ပေးချက် အရ သိရ သည်။ 

The Messenger

အစိုးရနှင့် ကုမ္ပဏီဝန်ထမ်းများအား ဖုန်းဟန်းဆက်နှင့် လက်ဝတ်ရတနာများ အရစ်ကျစနစ်ဖြင့်ရောင်းချပေးမည်



နေပြည်တော် အမျိုးသားအထိမ်းအမှတ်ဥယျာဉ်ရှိ အမွှာမျှော်စင် အပေါ်ဆုံးထပ်တွင်ရှိသော Cafe' Paradise က ဆိုင်သစ်အဖြစ် ဖွင့်လှစ်လိုက်သည့် Double Heart Mini Mart မှ နေပြည်တော်ရှိ ကုမ္ပဏီဝန်ထမ်းများ၊ အစိုးရဝန်ထမ်းများကို ဟန်းဆက်နှင့် လက်ဝတ်ရတနာများအား အရစ်ကျ စနစ်ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း အဆိုပါ ဆိုင် မှ တာဝန်ရှိသူက စာနယ်ဇင်းမိတ်ဆက်ပွဲတွင် ပြော ကြား ခဲ့သည်။


အဆိုပါမီနီမတ်တွင် အလှပန်းအိုး၊ အလှပန်းပင်၊ လျှပ်စစ်ပစ္စည်းနှင့် အခြားလူသုံးကုန် စားသောက်ကုန်များ၊ လက်ဝတ်ရတနာနှင့် ဟန်းဆက်များအား ရောင်းချမည်ဖြစ်ပြီး ထိုအထဲမှ ဟန်းဆက်နှင့် လက်ဝတ် ရတနာများကို နေပြည်တော်ရှိ အစိုးရဝန်ထမ်းနှင့် ကုမ္ပဏီဝန်ထမ်းများအား အရစ်ကျစနစ်ဖြင့် ရောင်းချ ပေးမည်ဖြစ်ကြောင်း သိရသည်။

“ဟန်းဆက်မှာကတော့ အဓိက လူသုံးများနေတဲ့ Huawei နဲ့ Samsung ဟန်းဆက်နှစ်မျိုးကိုပဲ အရစ်ကျ စနစ်နဲ့ ရောင်းပေးမှာပါ။ အထက်လူကြီးက ထောက်ခံပေးမယ့်ဝန်ထမ်းတွေ ဝယ်ယူနိုင်ပါတယ်။ အရစ်ကျ စနစ်ကတော့ ဝယ်ယူသူတွေရဲ့ ဝန်ထမ်းလစာပေါ်မူတည်ပြီး ညှိနှိုင်းရောင်းချပေးသွားမှာပါ” ဟု တာဝန်ရှိသူ တစ်ဦးက ပြောသည်။ အသေးစိတ်အချက်အလက် များကို Double Heart Mini Mart ဖုန်း- ၀၉-၄၉၅၇၃၀၀၂၊ ၀၉-၄၀၂၆၉၆၉၅၅ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်မည်ဖြစ်သည်။

ကျော်ဇေယျ၊ နေပြည်တော် 
အင်တာနက်ဂျာနယ်

မိသားစု ၄ ဦးတောင်ယာမှပြန်လာစဉ် SSA (၀မ်ဟိုင်း) အဖွဲ့မှထောင်ထားသောမိုင်းနင်းမိ၍ အဖေနဲ့သား သေဆုံး



ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲ မြို့နယ် ၊ လွယ်အံတင်း ကျေးရွာအုပ်စု ၊ ပန်လော့ ကျေးရွာ တွင် နေထိုင်သော ဦးမောင်ဝင်း သည် ဇနီးဖြစ်သူ ဒေါ်မယ်ခမ်းဆွေ ၊ သားဖြစ်သူ မောင်ဆာ ၊ သမီးဖြစ်သူ မအေးမွန် တို့နှင့်အတူ ဖေဖော်ဝါရီ ၂၈ ရက် မွန်းလွဲပိုင်း တွင် ပန်လော့ ကျေးရွာ ၏ အနောက်ဘက် ၄ မိုင်ခန့် အကွာရှိ ၄င်းတို့၏ တောင်ယာမှ ပြန်လာရာ ကျေးရွာ အနီးသို့ ရောက် ရှိစဉ် SSA (၀မ်ဟိုင်း) အဖွဲ့မှ ထောင်ထားသည့် နင်းမိုင်း တစ်လုံးအား ဦးမောင်ဝင်း က နင်းမိ ပေါက်ကွဲ ခဲ့ခြင်းကြောင့် ဦးမောင်ဝင်း ၅၄ နှစ် နှင့် သား မောင်ဆာ ၆ နှစ်တို့မှာ ရရှိ ဒဏ်ရာများဖြင့် နေရာတွင် ပွဲချင်းပြီး သေဆုံး ခဲ့ပြီး ဇနီးဖြစ်သူ ဒေါ်မယ်ခမ်းဆွေ မှာ ယာဘက် ဒူးခေါင်း ပေါက်ပြဲ ဒဏ်ရာ နှင့် သမီး ဖြစ်သူ မအေးမွန် မှာ ယာဘက် လက်ခုံ မိုင်းစ ဖောက်ဝင် ဒဏ်ရာများ အသီးသီး ရရှိခဲ့သည်။

သေဆုံးသူ ၂ ဦးအား ကျေးရွာ ဓလေ့ထုံးစံ နှင့်အညီ သဂြိုဟ်ခဲ့ပြီး ဒဏ်ရာ ရရှိသူများအား ကျောက်မဲခရိုင် ဆေးရုံကြီး သို့ ပို့ဆောင် ဆေးကုသမှု ခံယူလျက် ရှိကြောင်း နှင့် SSA (၀မ်ဟိုင်း) အဖွဲ့ ၏ လုပ်ရပ်များ အပေါ် ဒေသခံ ပြည်သူများက စိုးရိမ် ပူပန်လျက် ရှိကြောင်း သိရှိရသည်။


By Myawady Daily

ထူးဆန်းသည့် လူသားဦးခေါင်း နှင့်တူသော ၀က်တစ်ကောင် မွေး



မန္တလေးမြို့ ၊ အောင်မြေသာစံ မြို့နယ် ၊ မြရေနံရပ် အကွက် (၈၂) ကြက်သွန်ဖို ရပ်ကွက်နေ ကိုငွေအောင် ၊ မချို တို့၏ နေအိမ်၌ မွေးထားသော ၀က်မကြီးမှ လူသား ဦးခေါင်း နှင့်တူသော ၀က်တစ် ကောင် ကို ဖေဖော်ဝါရီ ၂၈ ရက် နံနက် ၅ နာရီခွဲက မွေး ခဲ့ကြောင်း သိရသည်။


အဆိုပါ ၀က်ငယ်သည် ၄င်း၏ မိခင် ၀က်မကြီးမှ ၇ ကောင်မွေး ရာတွင် ၆ ကောင်မြောက် ဖြစ်ကြောင်း ၊ ဦးခေါင်းသည် လူသား ကလေးငယ် နှင့်တူ၍ နဖူးတွင် အနီရောင် အမှတ် ပါရှိကြောင်း ၊ ဦးခေါင်းပိုင်း အမွေးများမှာ အခြား ၀က်များကဲ့သို့ မဟုတ်ဘဲ ပို၍ ရှည်လျားပြီး မျက်ခုံးမွေးလည်း ပါကြောင်း သိရသည်။

" မွေးပြီးတော့ ထူးခြား နေတာ တွေ့ရတယ် ၊ ကလေး တစ်ယောက်လို သဘောထားပြီး ခြင်ထောင်ထဲမှာ အတူ ထားပြီး ညအိပ်ခဲ့ တာပဲ ၊ အော်တဲ့ အသံကလည်း အခြားဝက် တွေနဲ့ မတူဘူး ၊ သနားမိ တာကြောင့် ကလေး တစ်ယောက်လို ပြုစု နေရတယ် ... " ဟု ၀က်ရှင် မချို က ပြောပြသည်။

ဝက်မိခင်ကြီး မှာ ၁၁ နှစ်အရွယ် ဖြင့် ပထမဆုံး သားပေါက် မွေးမြူခြင်း ဖြစ်၍ ထူးဆန်းသော ၀က်ငယ်၏ နားရွက်မှာ ပုံမှန်ထက် ပိုမို ရှည်လျား ကြီးမားပြီး နောက်ဘက်သို့ ကပ်နေကြောင်း ၊ ယာမျက်လုံး မှာ အရာသာ ပါရှိ၍ မျက်လုံး မပါဘဲ တစ်ဖက် သာ ပါရှိကြောင်း သိရသည်။

" ၀က်များတွင် ပုံမှန် သွား အရေအတွက် အထက် ၄ ချောင်း ၊ အောက် ၄ ချောင်း ရှိပေမယ့် ဒီ ၀က်ကလေး မှာ သွား ၃ ချောင်းပဲ ပါတယ် ၊ သူရဲ့ နှာခေါင်းက လူ နှာခေါင်းနဲ့ နည်းနည်း တူပြီး နှာခေါင်းပေါက် လည်း မပါဘူး ၊ ကျွန်မတို့ အိမ်မှာ အရင် ၀က်မကြီး တစ်ကောင်က ၀က် ၆ ခြောက် ကလေး မွေးခဲ့ဖူးတယ် ၊ မစင် သွားတော့လည်း မွေးစ ကလေးတွေလို အ၀ါရောင် သွားတယ် ၊ ၀က်မျိုးရိုး က အစိမ်းရောင် ပဲ ၀မ်းသွား ကြတာပါ ... " ဟု ၄င်းက ဆက်လက် ပြောပြ ခဲ့ကြောင်း သိရှိရသည်။

The Myawady Daily

တစ်ကမ္ဘာလုံး အင်တာနက် အခမဲ့သုံးနိုင်တော့မည်



အမေရိကန်နိုင်ငံ နယူးယောက်အခြေစိုက် Media Development Investment Fund (MDIF) လုပ်ငန်း သည် အာကာသအတွင်းသို့ ရေဒီယိုလှိုင်း လွှင့်တုံးလေးများ လွှတ်တင်ရန် ကြိုးပမ်းလျက်ရှိပြီး အဆိုပါ လှိုင်း လွှင့်တုံးလေးများသည် ကမ္ဘာပတ် လမ်းကြောင်းအတွင်း လှည့်ပတ်၍ နေရာလပ် မကျန်အောင် အင်တာ နက်စနစ် ထုတ်လွှင့်ပေး မည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ ကြံရွယ်ထားသည့် အစီအစဉ် အောင်မြင်မည်ဆိုပါက ၂၀၁၅ ဇွန်လခန့်ကစပြီး အာကာသထဲမှ ထုတ်လွှတ်သော အင်တာနက်စနစ်ကို တစ်ကမ္ဘာလုံး အသုံးပြုနိုင်ဖွယ်ရှိကြောင်း သိရသည်။ ကမ္ဘာပတ် လမ်းကြောင်းအတွင်း လွှင့်တင်ထားသော ရေဒီယိုလှိုင်းလွှင့်တုံးလေးများသည် မြေပြင်စခန်းမှ ထုတ်လွှတ် လိုက်သော အင်တာနက် သတင်းအချက်အလက်များကိုဖမ်းယူကာ လှိုင်းလွှင့်တုံးအချင်းချင်း အပြန်အလှန် ပေးပို့နိုင်သလို မြေပြင်မှ အင်တာနက် သုံးသူတိုင်းထံသို့လည်း ၀ိုင်ဖိုင်လှိုင်းဖြင့် တိုက်ရိုက် ပေးပို့နိုင်မည် ဖြစ်သည်။

Outernet စနစ်သည် ကမ္ဘာပတ်လမ်းကြောင်းမှတစ်ဆင့် တစ်ကမ္ဘာလုံးသို့ ထုတ်လွှတ်သော ၀ိုင်ဖိုင် အင်တာနက်စနစ် ဖြစ်သောကြောင့် မည်သူမဆို အသုံးပြုနိုင်မည် ဖြစ်သည်။ အင်တာနက်ကို ကန့်သတ် ပိတ်ပင်ထားသည့် တရုတ်၊ မြောက်ကိုရီးယား စသည့် နိုင်ငံများမှပင် အပိတ်အပင်မရှိဘဲ အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။ အခမဲ့လည်းဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်အထိ ကမ္ဘာ့လူသား ၆၀ ရာခိုင်နှုန်းသာ အင်တာနက်ကို လက်လှမ်းမီသေးကြောင်းလည်း စာရင်းများအရ သိရသည်။MDIF သည်Outernet စနစ် နမူနာများကို ယခုဇွန်လ၌ ကမ္ဘာပတ်လမ်း ကြောင်းသို့ လွှတ်တင်နိုင်ရန် စီစဉ်ထားပြီး စက်တင်ဘာလတွင် နိုင်ငံတကာအာကာသစခန်း၌ Outernet နည်းပညာကို စမ်းသပ်ရန် နာဆာထံက ခွင့်ပြုချက်ရလိမ့်မည်ဟု မျှော်လင့်ရသည်။

စက်မဖတ်တဲ့ CD / DVD များကို ငှက်ပျော်သီးနဲ့ ဖတ်အောင်လုပ်မယ်



တကယ်ကို ကောင်းတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါ တယ်။ တစ်ချို့ CD / DVD တွေဟာ အသစ်ထပ် မထွက် တော့ဘူး ခွေကလည်း မဖတ်ဖြစ်နေတယ် ဆိုရင် ဒီနည်းလမ်းလေးကို သုံးလိုက်ပါ။ သင်၏ CD / DVD ဟာ ကောင်းမွန် သွားပါလိမ့်မယ်။

အသုံးပြုပုံလေးကတော့

ငှက်ပျော်သီး အခွံခွားပြီးသား တစ်လုံးကို ယူပါ။ ထို့နောက် တစ်ပိုင်းပိုင်းကာ CD / DVD ကို ၃ မီးနစ် ၄ မီးနစ်လောက် ပြောင်စင်အောင် တိုက်ချွတ်ပါ။ အစင်းကြောင်းတွေကို ကုန်စင်အောင် တိုက်ပါ။ ပြီးနောက် သန့်ရှင်းသော အဝတ်စဖြင့် သုတ်လိုက်ပါက အသစ်ကဲ့သို့ ကောင်းမွန်ပြီး ကြည့်လို့ ရပါပြီ။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ

ရန်ကုန်တိုင်းတွင်းရှိ ကျူးကျော်များအားလုံး မတ်လအကုန်တွင် စတင်ဖျက်မည်



ရန်ကုန်တိုင်းအတွင်းရှိ ကျူးကျော်များအားလုံးကို ဓမ္မာစရိယတန်းစာမေးပွဲများ ကျင်းပအပြီး (မတ်လ အကုန်) တွင် စတင်ဖျက်သိမ်းသွားမည်ဟု ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး ဦးသန်းအောင် က မဇ္စျိမကိုပြောသည်။


ဓမ္မာစရိယတန်း စာမေးပွဲများသည် မတ်လအကုန် တွင်အပြီးကျင်းပခြင်းဖြစ်ပြီး တက္ကသိုလ်ဝင်တန်း စာမေး ပွဲများ ကျင်းပပြီးချိန် တွင် ပြုလုပ်ခြင်း ဖြစ် သည်။

“ရန်ကုန်က ကျူးကျော်တွေဆိုတာက တကယ်ရန်ကုန်တိုင်းထဲက မဟုတ်ဘူး။ တိုင်းအသီးသီးကနေလာပြီး ရန်ကုန်မှာ ကျူးကျော်တာတွေကို ရန်ကုန်မှာ ဘယ်လိုအားလုံးလက်ခံနိုင်မှာလဲ။ သူတို့ကို ဓမ္မာစရိယ စာမေးပွဲ တွေပြီးတာနဲ့ ဖျက်မှာပါ” ဟု ဦးသန်းအောင် က ဆိုသည်။

၎င်းတို့ကို ဖျက်သိမ်းရန်အတွက် ဆောင်ရွက်သွားမည် ဖြစ်သော်လည်း ပြန်လည်နေရာချထား ပေးရေး အတွက်ကိုမူ တိုင်းဒေသကြီး အစိုးရတွင် အစီစဉ်မရှိသေးဟု ဖေဖော်ဝါရီလ၂၆ရက် တိုင်းဒေသကြီး အစိုးရ အဖွဲ့ ရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ တိုင်းဒေသကြီး နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြောထားသည်။

ရန်ကုန်တိုင်းအတွင်း ကျူးကျော်နေထိုင်သူဦးရေသည် လူဦးရေ၏ ၁ဝရာခိုင်နှုန်း ၆သိန်းအထိရှိနေသည်။ လက်ရှိရန်ကုန်တိုင်း အတွင်း နေထိုင်နေသူ ၆သန်းထိရှိနေကာ ရန်ကုန်မြို့တော်အတွင်းရှိ မြို့နယ် ၄၅ မြို့မှ မြို့နယ် ၄၄ မြို့နယ်အတွင်း ဆောက်လုပ် ထားသည့် အဆောက်အဦးများ၏ ငါးပုံတစ်ပုံသည် ကျူးကျော်ဆောက်လုပ်ထားသော အဆောက်အဦးများဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥပဒေကော်မတီက ၂ဝ၁၃ ခုနှစ်နှစ်အတွင်း ကျင်းပခဲ့သည့် တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် ဆိုထားသည်။

ကြက်ဆူစိုက်ပျိုးရေးလုပ်သားအဖြစ် လုပ်ကိုင်နေထိုင်လာသည့် ဒဂုံဆိပ်ကမ်းမြို့နယ် လက်ရှိကျူးကျော်ဟု တိုင်းဒေသကြီးအစိုးရက သတ်မှတ်ထားသည့် ၆၇ ရပ်ကွက်နေ ဦးမင်းဇော်က “ကျွန်တော်တို့ကို ဖျက်မယ်ဆိုရင်လည်း လမ်းပေါ်မှာ တက်နေမယ်လို့ပဲ အားလုံးက ပြောနေကြတယ်။ ဒီကဖျက်ပြီးရင်လည်း ဘယ်ကိုမှသွားစရာမရှိဘူး။ ကျွန်တော်တို့ ဒီမှာနေတာက ၂ဝဝ၈ ကတည်းက နေလာတာပါ” ဟု ကိုပြော မဇ္ဈိမသည်။

၆၇ ရပ်ကွက်တွင် ကျူးကျော်နေထိုင်သူဟုယူဆရသည့် အိမ်ခြေပေါင်းမှာ ၄ဝဝဝကျော်အထိ ရှိနေကာ အခြားရပ်ကွက်များဖြစ်သည့် ၆ဝ ရပ်ကွက်၊ ၆၁ ရပ်ကွက်နှင့် ၉၃ရပ်ကွက်တို့တွင်လည်း အိမ်ထောင်စုပေါင်း ၂ဝဝဝ ကျော်ထိရှိနေသည်။ ထို့အတူ လှိုင်သာယာ မြို့နယ်အတွင်းတွင် ကျူးကျော်နေထိုင်နေသည့် အိမ်ထောင်စု ၈ဝဝဝဝ အထိရှိနေပြီဖြစ်သည်ဟု လှိုင်သာယာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထိန်စိုးက မဇ္ဈိမကိုပြောသည်။

ရန်ကုန်တိုင်းအတွင်းရှိ ကျူးကျော်အရေအတွက်များမှ ငါးထောင်ကိုဖျက်သိမ်းပြီးဖြစ်ကာ ကျန်ရှိနေသည့် ကျူးကျော်နေထိုင်သူများကို ဖျက်သိမ်းမည်ဖြစ်သည်။ ကျူးကျော်များသည်ရန်ကုန်တိုင်းအတွင်း လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာ၊ ဒဂုံဆိပ်ကမ်း၊ ဒဂုံအရှေ့၊ အင်းစိန်စသည့် ဆင်ခြေဖုန်း မြို့နယ်များတွင် အများစုနေထိုင်ကြသည်။

Mizzima Burmese