Friday, February 21, 2014

ဖုန်းငွေဖြည့်ကတ်များအား ကုမ္ပဏီကိုးခုမှ ဆောင်ရွက်တော့မည်



ဈေးကွက်အတွင်း ဖုန်းငွေဖြည့်ကတ်များအား ကုမ္ပဏီငါးခုမှ ထုတ်လုပ်ဖြန့်ချိလျက်ရှိရာ ယခုအခါ ကုမ္ပဏီကိုးခုမှ စတင် ဖြန့်ချိပေးသွားတော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။


အဆိုပါ ငွေဖြည့်ကတ်များကို လက်ရှိဈေးကွက်တွင် Elite Tech, Asia Mega Link, တာမိုးညဲ၊ ရွှေသံလွင်၊ ရတနာပုံစသည့် ကုမ္ပဏီငါးခုက ဖြန့်ချိပေးလျက်ရှိသည်။ “ငါးခုကနေပြီးတော့ သူတို့ရဲ့ စာချုပ်သက်တမ်းက ပြီးခဲ့တဲ့ ဒီဇင်ဘာလောက်မှာ ကုန်တယ်လို့ကြားရတယ်။ ဇန်နဝါရီလထဲမှာ အသစ်စလုပ်မယ်ဆိုတဲ့ အချိန်မှာ အရင်တုန်းကလို မဟုတ်ဘဲနဲ့ အကုန်လုံးအပြောင်းအလဲတွေ ဖြစ်လာတဲ့အချိန်မှာ ဆက်သွယ်ရေးက ပြုပြင်ပြောင်းလဲရေးတွေ အများကြီးလုပ်တယ်။ အားလုံးကို တင်ဒါစနစ်နဲ့သွားမယ်ဆိုပြီးတော့ တင်ဒါခေါ်လိုက်တော့ ကုမ္ပဏီတွေ အများကြီးလျှောက်ကြတယ်။ လျှောက်တဲ့အထဲမှာ ပထမအဆင့် ဆယ်ယောက်။ အဲဒီကနေ ကိုးယောက် ဆန်ခါတင် ကျန်ခဲ့ပြီးတော့ အဲ့ဒီကိုးယောက်နဲ့ ဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟု လုပ်ကိုင်ခွင့်ရ ကုမ္ပဏီ တစ်ခုမှ တာဝန်ရှိသူက ပြောသည်။

လုပ်ကိုင်ခွင့်ရ ကုမ္ပဏီကိုးခုတွင် ယခင်ကုမ္ပဏီလေးခု ပါဝင်ကြောင်း သိရသည်။ အဆိုပါ ကုမ္ပဏီများ အနေဖြင့် ဇန်နဝါရီ ပထမအပတ်မှ စတင်ကာ နှစ်လအတွင်း ဖုန်းငွေဖြည့်ကတ်များကို ဈေးကွက်အတွင်း ဖြန့်ဖြူးသွားရမည် ဖြစ်ကြောင်း၊ ဖြန့်ချိခြင်းအား ဈေးနှုန်းများ ကန့်သတ်ထားပေးခြင်းမျိုး မရှိဘဲ လွတ်လွတ် လပ်လပ် ယှဉ်ပြိုင်ရောင်းချနိုင်ကြမည် ဖြစ်ကြောင်း သိရသည်။ “ရတနာပုံက အော်ပရေတာအနေနဲ့ သီးခြားပေါ်ထွက်လာတော့မှာဆိုတော့ အခုတင်ဒါမှာ သူတို့မပါဘူး။ လူဟောင်းလေးယောက်၊ လူသစ် ငါးယောက်မှာ ကျွန်တော်တို့ တစ်ဦးအပါအဝင် ဖြစ်တယ်။ ဒီဇင်ဘာလမှာ စာချုပ်ချုပ်ခဲ့ပြီးပြီ။ နှစ်လအတွင်း စပြီးတော့ ဖြန့်ဖြူးသွားမယ်” ဟု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

ကုမ္ပဏီငါးခုမှ ကိုးခုပြောင်းလဲခြင်းသာဖြစ်ပြီး ဈေးကွက်အတွင်း ဖြန့်ချိပေးခြင်း၊ လုပ်ငန်းဆောင်ရွက်ခြင်းများ ပြောင်းလဲသွားမည် မဟုတ်ကြောင်း သိရသည်။ “ကတ်ရိုက်တဲ့ စက်ရှိတဲ့သူကိုပဲ ဖြန့်ခွင့်ပေးမယ်ပေါ့။ တချို့ ကုမ္ပဏီတွေမှာ စက်မရှိသေးဘူး။ သူတို့ကို နှစ်လအချိန်ပေးထားတယ်။ အဲဒီနှစ်လအတွင်းမှာ စီမံပြီးတော့ စတင်ရိုက်နှိပ်ဖြန့်ဖြူးမှာ” ဟု ဆိုသည်။ ဖြန့်ချိရာတွင် မည်သည့်ကုမ္ပဏီက မည်သည့်ဒေသတွင် ဖြန့်ဖြူး ရောင်းချရမည် စသည့် အချက်များကိုလည်း ကန့်သတ်မထားလည်း လွတ်လပ်စွာရောင်းချ နိုင်မည်ဖြစ် ကြောင်း သိရသည်။ လက်ရှိတွင် ပုံမှန်ဖြန့်ဖြူးလျှက်ရှိသော ဖုန်းငွေဖြည့်ကတ်များအပြင် နောက်ပိုင်းတွင် အီလက်ထရောနစ် ငွေဖြည့်ကတ်များကိုလည်း ဆောင်ရွက်ရန် ကုမ္ပဏီအချို့က စီစဉ်ထားကြောင်း သိရှိရသည်။

ထွန်းထွန်း
myanmarinternetjournal

အခြေခံဥပဒေအရ ပါဝင်နေရသည့် တပ်မတော် မလိုအပ်ပါက ပါဝင်တော့မည် မဟုတ်ဟုဆို



တပ်မတော်အနေဖြင့် ဒီမိုကရေစီ ဘောင်အတွင်း ပါဝင်နေခြင်းသည် ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ အရဖြစ်၍ မလိုအပ်ပါက ပါဝင်တော့မည် မဟုတ်ဟု တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဒုတိယ ဗိုလ်မူးကြီး စောရွှေက ယနေ့ဖေဖော်ဝါရီ(၂၀)ရက် လွှတ်တော်အတွင်း၌ သတင်းထောက် များနင့် တွေ့ ဆုံစဉ် ပြောသည်။


ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းက ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မူ ကော်မတီသို ပေးပို့သည့် ကော်မတီ လုပ်ငန်းဆိုင်ရာ အခြေခံမူတွင် တပ်မတော်၏ လက်ရှိပါဝင်မူ အခန်းကဏ္ဍကို ဒီမိုကရေစီ ဘောင်အတွင်း ရောက်ရှိစေနိုင်သည့် နည်းလမ်းများကို လေ့လာသုံးသပ်ရန်ဆိုသည့် အချက်နှင့် ပတ်သက်၍ သတင်းထောက်များ၏ မေးမြန်းမူအပေါ် ယင်းက ပြန်လည်ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ အမှန်တိုင်းပြောရရင်တော့ ဒါကျွန်တော်တို့ပါဝင်နေတယ်ဆိုတာကလဲ ဒါဖွဲ့စည်းပုံအခြေခံဥပဒေအရ ပါဝင်နေတာ။ မလိုဘူးဆိုတော့လည်း မပါဝင်ဘူးပေါ့၊ လိုအပ်လို့ပါဝင်နေတာပေါ့”ဟု ဒုတိယဗိုလ်မူးကြီး စောရွှေက ပြောသည်။

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်အရပ်ရပ်၌ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅% ရွေးကောက်ခံမဟုတ်ဘဲ ပါဝင်ခွင့်ရရှိထားသည်။

စိုင်းလမင်း
Popular Myanmar News Journal

မလေးရှားနိုင်ငံသား သုံးဦးနှင့် စစ်တွေ ဒေသခံများ ရုန်းရင်း ဆန်ခတ်ဖြစ်



ရခိုင်ပြည်နယ် စစ်တွေမြို့ ပြည်နယ်အစိုးရ အဖွဲ့ရုံး အနီးတွင် တည်ရှိသော မြ တည်းခို ရိပ်သာတွင် တည်းခိုနေသည့် မလေးရှား နိုင်ငံသား သုံးဦးအနက် နှစ်ဦးသည် ဘင်္ဂါလီများ နေထိုင်သည့် အောင်မင်္ဂလာ (အင်ဘာလာ)ရပ်ကွက်သို့ ဝင်ထွက်မှုများ ပြုလုပ်ခဲ့ သဖြင့် ၎င်းတို့ကိုစစ်ဆေးရန် မြို့ခံ၁၀၀ဝန်းကျော်က လူစုလူဝေးဖြင့် တောင်းဆိုမှု ဖေဖော်ဝါရီ ၂၀ ရက်ည ၆နာရီမှ ၁၁ နာရီကျော် အထိ ဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရှိရသည်။


အဆိုပါ မလေးရှားနိုင်ငံသား သုံးဦးအနက် နှစ်ဦးသည် ဖေဖော် ဝါရီလ ၂၀ ရက်နေ့ ညလေးနာရီခန့်တွင် အင်ဘာလာ ရပ်ကွက်သို့ ဝင်သွားခဲ့ပြီး ညခြောက်နာရီ သုံးဆယ် မိနစ်ခန့်တွင် ပြန်ထွက် လာကြောင်း၊ ယင်းလုပ်ရပ်သည် မလေးရှားနိုင်ငံတွင် ရခိုင်ပါတီ ခေါင်းဆောင်များ လုပ်ကြံခံရမှုနှင့် ဆက်စပ်မှု ရှိနိုင်သည်ဟု သံသယ ဖြစ်ပွားကာ လူစုလူဝေးဖြင့် တေင်းဆိုသည် အထိ ဖြစ်ပွား သွားခြင်းဖြစ်ကြောင်း စစ်တွေမြို့ မြို့မိမြို့ဖတစ်ဦးက ပြောကြား သည်။


မလေးရှားနိုင်ငံသားများကိုထုတ်ပေးရန်လူစုလူဝေးဖြင့် တောင်းဆို နေသည်မှာ မှန်ကန်သော်လည်း ဖြစ်စဉ်အသေးစိတ်ကို သိရှိရန် မလေးရှား နိုင်ငံသားများကို လူဝင်မူကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊စည်ပင်သာယာ ကော်မတီ၊ ရဲတပ်ဖွဲ့တို့က ပူးပေါင်း စစ်ဆေးနေကြောင်း စစ်တွေမြို့နယ် မြို့နယ် ရဲတပ်ဖွဲ့မှူးက ပြော ကြားသည်။

The Voice Weekly

ဆေးလိပ်ဖြတ်ခြင်း နည်းလမ်း (၁၀) မျိုး



နှစ်သစ်ရောက်တဲ့အချိန်မှာ နှစ်သစ်အတွက် ဘာတွေ လုပ်မလည်းဆိုတာ လူအများအနေနဲ့ နှစ်သစ်ရည်မှန်းချက် (New Year Resolution) တွေ ထားလေ့ရှိပါတယ်။ ဆေးလိပ်ဖြတ်မယ် စဉ်းစား ထားတဲ့သူတွေအတွက် ဆေးလိပ်ဖြတ်ဖို့ အကောင်း ဆုံးကတော့ နှစ်သစ်ကူး ချိန်ခါပါပဲ။

၁)ဆေးလိပ်ပြန်ပြီးသောက်ခြင်ရင်တော့ အချိန် ယူပါ


ဆေးလိပ် ချဉ်ခြင်းတပ်ရင် ၁၀ မိနစ်လောက်တော့ စောင့်မယ်ဆိုပြီး စောင့်ပါ။ စိတ်ပြောင်းသွားအောင် တခြား လုပ်စရာတစ်ခုခုကို ရွေးလုပ်ပါ။ ဒီနည်းဟာ ရိုးရိုးလေးနဲ့ တော်တော် ထိရောက်တယ်လို့ ဆိုပါတယ်။

၂)တစ်လိပ်ပဲဆိုပြီးတော့ ပြန် စမသောက်ပါနဲ့

တချို့က ဆေးလိပ်ချဉ်ခြင်းတပ်တဲ့အခါ တစ်လိပ်တည်းပါဆိုပြီး သောက်ရင်းကနေ ဆေးလိပ်ပြန်သောက်ဖြစ်သွားကြတယ်။ အဲဒီလို တစ်လိပ်တည်းပါဆိုတာ ကိုယ့်ကိုယ်ကို အရူးလုပ်တာပါပဲ။ တစ်လိပ်တစ်လိပ်ကနေပြီးတော့ ပုံမှန် ပြန်ပြီး သောက်လေ့ရှိကြတယ်။

၃)ဆေးလိပ်သောက်စေခြင်တဲ့ အခြေအနေတွေကို ရှောင်ရှားပါ

ဆေးလိပ်သောက်စေခြင်တဲ့ အခြေအနေတွေကို ရောက်ရင် ဆေးလိပ်အသောက်ခြင်ဆုံး ဖြစ်ပါလိမ့်မယ်။ ဥပမာ-လက်ဘက်ရည်ဆိုင်တိုင်တဲ့အချိန်၊ ကာူမောင်ဲး့အချိန်၊ တီဗွီကြည့်တဲ့အချိန်လို အခြေအနေတွေမျိုးမှာပါ။ ဒီလိုအခြေအနေမျိုးတွေမှာ ဆေးလိပ်သောက်ခြင်စိတ်တွေဟာ အဆိုးဆုံးမို့လို့ ကိုယ့်ကိုယ်ကို သတိပေးပါ။ ကိုယ်က ဖုန်းပြောရင်းနဲ့ ဆေးလိပ်သောက်တတ်ရင် ဆေးလိပ်အစား ဘောပင်ကို ကိုင်တာမျိုး လုပ်ပါ။

၎)ကိုယ်လက်လှုပ်ရှားလုပ်ပါ

ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခဏ်းလုပ်တဲ့အခါ ဆေးလိပ် ချဉ်ခြင်းတပ်ခြင်းကို နည်းစေပါတယ်။ နာရီဝက်လောက် လေ့ကျင့်ခဏ်းလုပ်ရုံနဲ့တင် ဆေးလိပ် ချဉ်ခြင်းတပ်ခြင်းကို နည်းစေနိုင်ပါတယ်။ လမ်းလျောက်ထွက်ပါ။ အိမ်ထဲ သို့မဟုတ် ရုံးခန်းထဲမှာဆိုရင်တော့ ထိုင်ထလုပ်ခြင်း၊ လှေကားအတက် အဆင်း လုပ်ခြင်းတွေက အကူအညီပေးနိုင်ပါတယ်။ ကိုယ်လက်လှုပ်ရှားခြင်းတွေကို မလုပ်နိုင်ရင် တရားမှတ်ခြင်း၊ ဘုရားစာရွတ်ခြင်း စတာတွေကိုလည်း လုပ်နိုင်ပါတယ်။

၅)စိတ် ပြေပျောက်နိုင်မယ့် နည်းလမ်းတွေ ရှာပါ

လူအများစုဟာ စိတ်ရှုပ်သောကရောက်ချိန်တွေမှာ ဆေးလိပ်ပိုပြီး သောက်လေ့ရှိပါတယ်။ ဆေးလိပ် ဖြတ်တဲ့အခါ တော်တော်လေးစိတ်သောကရောက်တတ်ကြတာမို့လို့ စိတ်လျော့နိုင်မယ့် နည်းလမ်းတွေကို ရှာဖွေသင့်ပါတယ်။ ရှုရှိုက်လုပ်ခြင်း၊ ယောဂလုပ်ခြင်း၊ အိပ်မွေ့ချခြင်းနဲ့ နှိပ်နယ်ခြင်းတွေကလည်း စိတ်ကို ပြေပျောက်စေပါတယ်။

၆)စစ်ကုခေါ်ပါ

မိသားစုဝင်တွေ၊ သူငယ်ချင်းတွေရဲ့  အားပေးမှုကလည်း ဆေးလိပ်ဖြတ်ရာမှာ အရမ်းအရေးကြီးပါတယ်။ အထူးသဖြင့် ကိုယ်က ဆေးလိပ်ကို အရမ်းဖြတ်ရ ခက်နေရင် သူတို့ရဲ့  အကူအညီက အများကြီး ထိရောက် နိုင်ပါတယ်။

၇)ဆေးလိပ်ဖြတ်ခြင်းရဲ့ ကောင်းကျိုးတွေကို သတိရပါ

ဆေးလိပ်ဖြတ်ခြင်းရဲ့ ကောင်းကျိုးတွေကို စာရေးပြီး နံရံမှာ ကပ်ထားပါ။ ဆေးလိပ်ဖြတ်ရတဲ့ အကြောင်းရင်း တွေကို ချရေးထားပါ။ ကိုယ်တိုင် ကျန်းမာရေးကောင်းလာမယ်၊ ကိုယ်ချစ်နှစ်သက်တဲ့ သူတွေလည်း ဆေးလိပ်ငွေ့ဒဏ်ကြောင့် ကျန်းမာရေးထိခိုက်တာကို ကာကွယ်နိုင်မယ်ဆိုပြီး ကိုယ့်ကိုယ်ကို သတိပေးပါ။

၈)အင်တာနက်ကို အသုံးချပါ

တခြားဆေးလိပ်ဖြတ်သူတွေနဲ့ လက်တွဲပြီး ဆေးလိပ်အတူဖြတ်နိုင်ပါတယ်။ သူများတွေရဲ့  အတွေ့အကြုံ တွေကလည်း သင်ခန်းစာ ယူနိုင်ပါတယ်။

၉ )နီကိုတင်း အစားထိုးမှုတွေကို လိုအပ်ရင် သုံးပါ

ဆေးလိပ်သောက်မဲ့အစား နီကိုတင်း အစားထိုးမှုတွေကို လိုအပ်ရင် သုံးလို့ရနိုင်ပါတယ်။ နီကိုတင်း ပလာစတာတွေ၊ ငုံဆေးတွေ၊ ရှုဆေးတွေ ရှိပါတယ်။ သောက်ဆေးတွေလည်း ရှိပါတယ်။

၁၀)၀ါးစရာ ရှာဝါးပါ

ပါစပ်ထဲမှာ တစ်ခုခု ၀ါးနေရင်လည်း ဆေးလိပ်ဖြတ်ခြင်းကို ကူညီနိုင်ပါတယ်။ နေကြာစေ့၊ ကွာစေ့ စားတာ မျိုးကလည်း ကောင်းပါတယ်။ ကွမ်းစားတာကတော့ ရှောင်သင့်ပါတယ်။

နှစ်သစ်မှာ ဆေးလိပ်ဖြတ်ခြင်းက သင်နဲ့မိသားစု၊ သူငယ်ချင်းတွေအတွက် အကောင်းဆုံး နှစ်သစ် လက်ဆောင်ဖြစ်ပါလိမ့်မယ်။

မြန်မာနှလုံးဖောင်ဒေးရှင်း 

ကွင်းလယ်ဒိုင်အား လက်ရောက် ကျူးလွန်ခဲ့သည့် ဖြစ်ရပ်နှင့် ပတ်သတ်၍ စည်းကမ်း ထိန်းသိမ်းရေးမှ ဆုံးဖြတ်ချက် ချမှတ်

MNL Myanmar 2014 ပွဲစဉ်တစ်ပွဲ ဖြစ်သည့် ဖေဖော်ဝါရီ(၁၅) ရက်နေ့ အောင်ဆန်းကွင်း ပွဲစဉ်မှ ကွင်းလယ်ဒိုင်အား လက်ရောက် ကျူးလွန်ခဲ့သည့် ဖြစ်ရပ်နှင့် ပတ်သတ်၍ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီမှ ဆုံးဖြတ်ချက်အား ယနေ့ နေ့စွဲဖြင့် ထုတ်ပြန် ကြေညာလိုက်သည်။ အဆိုပါ ဆုံးဖြတ်ချက် အပြည့်အစုံမှာ အောက်ပါ အတိုင်းဖြစ်ပါသည်။


၁။ MNL Myanmar 2014 ဘောလုံးပြိုင်ပွဲ ပွဲစဉ်(၁၅)အဖြစ် (၁၅.၂.၂၀၁၄)ရက်နေ့ ရန်ကုန်မြို့၊ အောင်ဆန်း အားကစားကွင်းတွင် ဇွဲကပင် အသင်းနှင့် ရတနာပုံ အသင်းတို့ ယှဉ်ပြိုင် ကစားသည့် ပွဲစဉ် အပြီး ဇွဲကပင် ယူနိုက်တက် အသင်း တာဝန်ရှိသူ ဦးလှဌေးမှ ကွင်းလယ် ဒိုင်လူကြီး ဦးလှမင်းအား လက်ရောက် ကျူးလွန်မှုဖြစ်ပွားခဲ့သည်နှင့် ပတ်သက်၍ အရေးယူပေးပါရန် မြန်မာ နေရှင်နယ်လိဂ် ပြိုင်ပွဲ ကျင်းပရေးမှ တင်ပြလာပါသည်။

၂။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီသည် (၁၉.၂.၂၀၁၄) ရက်နေ့တွင် တစ်ကြိမ် (၂၀.၂.၂၀၁၄) ရက်နေ့ (၁၄း၀၀)နာရီ အချိန်တွင် တစ်ကြိမ် ထပ်မံ အစည်းအဝေး ပြုလုပ် ၍ အစီရင်ခံ စာများကို ဖတ်ရှု့လေ့လာခြင်း၊ မှတ်တမ်းတင် ဗီဒီယိုအား ကြည့်ရှု့ခြင်းနှင့် ကာယကံရှင် ဒိုင်လူကြီးအား ခေါ်ယူမေးမြန်းခြင်း၊ ဇွဲကပင် အသင်း၏ အသနားခံစာကို ဖတ်ရှု့လေ့လာ ခြင်း၊ အပြန်ပြန် အလှန်လှန် ဆွေးနွေးပြီးနောက် FIFA Disciplinary Code, Section (2) Article 49 နှင့် 52(b)၊ MNL စည်းကမ်း ထိန်းသိမ်းရေးမူ (၁၃)အရ အောက်ပါအတိုင်း အရေးယူရန် ဆုံးဖြတ်ပါသည်။

(က)ဇွဲကပင် အသင်းမှ တာဝန်ရှိသူ တစ်ဦးအနေဖြင့် ကျူးလွန်ခဲ့သည့် အတွက် ဇွဲကပင် အသင်းမှ ဒဏ်ကြေးငွေကျပ် တစ်ဆယ့်ငါးသိန်း(၁၅,၀၀,၀၀၀ိ/-) ပေးဆောင်ရန်။

(ခ) ၄င်းနေ့ တာဝန်ကျဒိုင်လူကြီး ဦးလှမင်း၏ သည်းခံ ခွင့်လွှတ်ခဲ့ခြင်း အပေါ်စည်းကမ်း ထိန်းသိမ်းရေး ကော်မတီမှ မှတ်တမ်း တင်ပါသည်။

(ဂ) မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် မှ ကြီးမှူး ကျင်းပသော ဘောလုံးပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင် နေကြသော ဘောလုံး ကလပ် အသင်းများမှ တာဝန်ရှိ ပုဂ္ဂိုလ် အဆင့်ဆင့်သည် သက်ဆိုင်သည့် စည်းမျဉ်း စည်းကမ်း အားလုံးကို အလေးထား စောင့်ထိန်းကြရန်။

(ဃ) နောက်နောင် အလားတူ ဖြစ်ရပ်မျိုး ထပ်မံပေါ်ပေါက် ပါက ပိုမိုကြီးလေးသည့် ပြစ်ဒဏ်များ ချမှတ် အရေးယူ သွားမည် ဖြစ်ပါသည်။

(င) MNL ဘောလုံးပြိုင်ပွဲများတွင် တာဝန်ယူကြီးကြပ်နေသော MFF ဒိုင်လူကြီးများ အနေဖြင့် ဘောလုံးပြိုင်ပွဲများ ချောမောပြေပြစ်စွာ ကျင်းပ သွားနိုင်ရေး အတွက် အကောင်းဆုံး ကြိုးပမ်း ဆောင်ရွက် ကြရန်။

၃။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ၏ ဆုံးဖြတ်ချက်အား လိုက်နာပါရန် အကြောင်းကြားအပ်ပါသည်။

ဘားအံမြို့လယ်ကောင် နာရီစင်အနီးတွင် ကျောက်တင်ကား တိမ်းမှောက်



ကရင်ပြည်နယ် ဘားအံမြို့ ဗိုလ်ချုပ်လမ်းမကြီး နာရီ စင်အနီးတွင် တန်လေးထောင် ဘိလပ်မြေစက်ရုံသို့ ဂေါဒန်တင်ပို့နေသော တန်ပိုတင် ကျောက်တင် ယာဉ်တစ်စီး တိမ်းမှောက်မှု ဖေဖော်ဝါရီ ၁၈ ရက် နံနက် ၂ နာရီခွဲက ဖြစ်ပွားခဲ့သည်။

အမှုဖြစ်စဉ်မှာ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ဘက်မှ ဘားအံတန်လေးထောင် ဘိလပ်မြေ စက်ရုံ သို့ ဂေါဒန်ကျောက်များ သယ်ယူပို့ဆောင်ရေး ဆောင်ရွက် လျက်ရှိသော ယာဉ်အမှတ် ၉ခ/---- နီဆန်း ယူဒီ ၁၀ ဘီး ကျောက်တင်ယာဉ်သည် ဘားအံမြို့လယ်ကောင် နာရီစင်အနီးတွင် အရှိန် မထိန်း နိုင်ဘဲ ယာဉ်တိမ်း မှောက်မှုဖြစ်ပွားခဲ့ရာ နာရီစင်အနီးညအိပ်ရပ်နားထားသော မော်တော်ယာဉ် နှစ်စီးကို ကျောက်တုံးကြီးများ လွင့်စဉ် ထိမှန်ပိပြားခဲ့ပြီး ညအိပ်ယာဉ်ငယ် ၉င/--- GAIA ပေါ်တွင် အိပ်စက် နေသော ကော့ကရိတ်မြို့နယ် သင်္ဃန်းညီနောင်နေ ကိုကျော်မှာ ညာခြေကျင်းဝတ် ကျိုးကြေဒဏ်ရာနှင့် YGN 5E-...... GAIA အမျိုးအစား (ဆလွန်း) ယာဉ်ပေါ်အိပ်စက်နေသော ကိုယ်ဝန်ခုနစ်လရှိ မခိုင်မာဝင်း မှာ ကျောက်တုံးထိမှန် ဒဏ်ရာရရှိခဲ့ကာ ဘားအံပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရ သည်။

ကျောက်သယ်ကား ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိပြီးအမှုကို ဘားအံမြို့မရဲစခန်းက အမှုဖွင့်ကာ ယာဉ်မောင်းကို အမြန်ဆုံး ဖမ်းဆီးရမိနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

MOI Webportal Myanmar

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်နှင့် တွေ့ဆုံခြင်း


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်နှင့် တွေ့ဆုံခြင်း

Voice : ၅၉ (စ) ကို လွှတ်တော်မှာ ပြင်ဖြစ်မယ်လို့ ယူဆပါသလား။ 

UWM : ဒီမိုကရေစီကို ဘယ်လောက် လိုချင်လဲ။ ပြည်သူတွေ လိုချင်တဲ့ ကိစ္စကို တန်ဖိုးထားတယ် ဆိုရင် ပြင်ကိုပြင်ရမယ်။ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒဆိုရင်၊ ပြည်သူတွေ ဘာလိုချင်လဲ ရှင်းနေတာပဲ။ အငြင်းပွားလို့ မရဘူး။ ၈၈ ခုနှစ်တုန်းက ရဟန်းရှင်လူ၊ ကျောင်းသား ကျောင်းသူ အသက် ပေးခဲ့ရတာက ဒီမိုကရေစီ လိုချင်လို့ပဲ။ ပြည်သူ့အသံကို တကယ်လိုလားတယ်ဆိုရင် ပြင်ရမှာပဲ။ မပြင်နိုင်ရင် ပြည်သူ့ဆန္ဒကို ကိုယ်စားလှယ်တွေက အလေးအနက် မထားဘူးလို့ ဆိုရမှာပဲ။

Voice : မျှော်လင့်ထားသလို လွှတ်တော်မှာ ပြင်လို့မရဘူးဆိုရင် ဘယ်လို ဆက်လုပ်ဖို့ အစီအစဉ် ရှိပါသလဲ။

UWM : ယခင်ကတည်းက အန်ကယ်တို့က တရားဥပဒေ စိုးမိုးပြီး တည်ငြိမ် အေးချမ်းစွာနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်မယ်လို့ ကြွေးကြော်လာခဲ့တာပဲ။ အခုလည်း လွှတ်တော်ရဲ့ ဥပဒေဘောင်အတွင်း ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသမျှတော့ အဲဒီပန်းတိုင် ရောက်အောင် ကြိုးစားမှာပဲ။ ကျန်တဲ့ ကိစ္စတွေကတော့ ဖြစ်လာတယ်၊ မလာဘူး အပေါ်မှာပဲ စဉ်းစားရမယ်။ ခုချိန်မှာ ဘာမှမသိရသေးဘဲနဲ့ ကြိုတင်ပြီး မပြောနိုင်သေးပါဘူး။

Voice : ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပြင်ဆင်ခွင့်မရရင် ပြည်သူ့အင်အားကို သုံးမယ်ဆိုတဲ့ သဘောကို ဆိုထားပါတယ်။ ဘယ်လိုသုံးမယ် ဆိုတာကို အန်ကယ့်အနေနဲ့ ပြောပြနိုင်မလား။

UWM : အဲလိုပြောတာတော့ မကြားသေးဘူး။ ဥပဒေဘောင်ထဲကပဲ ဖြစ်သင့်တာကို ဖော်ဆောင်သွားမယ်။ လူထုဆန္ဒကို ဖော်ဆောင်တာနဲ့ ပြည်သူ့ဆန္ဒကို အားယူတာက မတူပါဘူး။ ပြည်သူကို ဗဟိုပြုဖို့ ပြောတာပါ။ ပြည်သူသာအမိ၊ ပြည်သူသာ အဖပဲ။ တကယ် ဆန္ဒပြင်းပြတယ်ဆိုရင် ဇွဲရှိမယ်၊ လုံ့လရှိမယ်၊ ဒါဆိုအောင်မြင်မှာပဲ။ တိုတိုနဲ့ လိုရင်း ပြောမယ်ဆိုရင် သံဃာ့အား ဘုရား မလွန်ဆန် ဆိုသလိုပဲ။ သံဃာတွေ စည်းလုံး ညီညွတ်ရင် ဘုရားလည်း လိုက်နာခဲ့တာပဲ။ နိပါတ်တော်မှာ ရှိပါတယ်။ ဒီလိုပဲ ပြည်သူတွေက ကောက်ရိုးမီးလို ခဏလေး မဟုတ်ဘဲ ဇွဲရှိမယ်ဆိုရင် အောင်မြင်မယ်လို့ မြင်ပါတယ်။

“မပြင်နိုင်ရင် ပြည်သူ့ဆန္ဒကို ကိုယ်စားလှယ်တွေက အလေးအနက် မထားဘူးလို့ ဆိုရမှာပဲ”

Voice : ကြံ့ခိုင်ရေးပါတီနဲ့ ဒီမိုကရေစီလမ်းကို ဖော်ဆောင်နေတဲ့ လွှတ်တော်တွင်း အမတ်အချို့ အပါအဝင် ပြည်သူတွေက မပြင်ချင်ပါဘူးဆိုတဲ့ တုံ့ပြန်မှုတွေကို အန်ကယ် ဘယ်လိုမြင်ပါသလဲ။

UWM : မချေပချင်ပါဘူး။ ဒီလို ယှဉ်ပြီးတော့လည်း တုံ့ပြန်ပြီး မပြောချင်ဘူး။ ကိုယ့်ယုံကြည်ချက်ကိုပဲ ပြောချင်တယ်။ သူတို့ ပြောနေတာတွေကို လိုက်ပြီး ဖြေရှင်းနေတာမျိုး မလုပ်ချင်ပါဘူး။ အတိုက်အခိုက် မလုပ်ချင်ပါဘူး။ ပြင်ချင်တဲ့သူရှိမယ်။ မပြင်ချင်တဲ့သူလည်း ရှိမယ်။ ကိုယ်ယုံကြည်ရာကို ပြောဆို ထင်မြင်ယူဆခွင့် ရှိနေတာပဲ။ သို့သော် ဒီဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဒီမိုကရေစီမူကို ကိုင်ပြောတာပါ။ လူတစ်ဦး တစ်ယောက်အတွက် ပြင်ဖို့ပြောနေတာ မဟုတ်ပါဘူး။ ယခင် အခြေခံဥပဒေတွေမှာ ပါခဲ့မယ်ဆိုရင် ဦးနေဝင်းနဲ့ ရတနာနတ်မယ်နဲ့ ယူလို့မရဘူး။ စဝ်ရွှေသိုက်လည်း သမ္မတ ဖြစ်လာစရာ အကြောင်းမရှိဘူး။ ကမ္ဘာ့နိုင်ငံ အသီးသီးရဲ့ အခြေခံဥပဒေတွေ ကိုလေ့လာပါ။ ဒီလို ၅၉ (စ)လို ပုဒ်မ မပါဘူး။ ဒါက အစကတည်းက လူတစ်ဦး တစ်ယောက်အတွက် ကန့်သတ်ပြီး ရေးခဲ့တာ။ အခုက အန်ကယ်တို့ ခေါင်းဆောင် (ဒေါ်အောင်ဆန်းစုကြည်) အတွက် ရည်ရွယ်ပြီးပြင်ဖို့ ပြောနေတာ မဟုတ်ဘူး။

Voice : ဒီပုဒ်မ ပြင်မယ်ဆိုရင် ၇၅ ရာခိုင်နှုန်းအထက်က ထောက်ခံမှ ဖြစ်မယ်ဆိုတော့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေကလည်း မပြင်ချင်ဘူးလို့ လွှတ်တော်မှာ သဘောထား မှတ်ချက်ပေးရင် ဘယ်လိုလုပ်မလဲ။

UWM : အဖွဲ့အစည်းတွေ၊ ပါတီပိုင်းတွေကို ကွဲပြားတဲ့ အချက်တွေ ထည့်သွင်း မပြောချင်ပါဘူး။ အချုပ်အခြာ အာဏာကို ပြည်သူကပဲ ပိုင်တယ်။ လူ့အခွင့်အရေး ကြေညာ စာတမ်းမှာလည်း ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူက အုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့ကို ရွေးကောက် တင်မြှောက်ခွင့် ရှိတယ်ဆိုတာ ပါပြီးသားပဲ။ ပြည်သူ ဆန္ဒရှိတဲ့သူကို ကြိုးတုပ်ပြီး ပြည်သူ့ဆန္ဒ မရှိတဲ့သူကို ရွေးကောက် တင်မြှောက်မယ်ဆိုရင် အဲဒါ ဒီမိုကရေစီ မဟုတ်ဘူး။

Voice : ဒီ ၅၉ (စ) ပြင်ဆင်ရေးဟာ အောင်မြင်မယ်လို့ မျှော်လင့်ပါသလား။

UWM : အောင်မြင်တဲ့အထိ ကြိုးစားမယ်။ ဒီမိုကရေစီ တောင်းဆိုမှုကြောင့် သေသွားတဲ့ လူတွေရဲ့လမ်းမှာ အဲဒီပန်းတိုင် ရောက်အောင် ကြိုးစားမှာပဲ။

Voice : ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ ပေါင်းစည်း လုပ်ကိုင်မယ်ဆိုတဲ့ အသံတွေနောက်မှာ သူ့အနေနဲ့ ဒီပုဒ်မ ပြင်ဆင်ရေးအတွက် ကူညီမယ်လို့ ထင်ပါသလား။

UWM : ကြိုတင်ပြီးလည်း မပြောချင်ပါဘူး။ အကြောင်းအရာ အချက်အလက် ထွက်လာမှပဲ ပြောလို့ရမှာပါ။ လူတစ်ယောက် စိတ်ထဲရှိတာကိုတော့ အကြားအမြင် မရတော့ မပြောတတ်ပါဘူး။ ဘုရားဟော အတိုင်းပဲ လက်တွေ့ကျကျ ပစ္စုပ္ပန်ပဲ ကြည့်ပါမယ်။

(oppositeyes)

Voice : ၅၉ (စ) ကို လွှတ်တော်မှာ ပြင်ဖြစ်မယ်လို့ ယူဆပါသလား။

UWM : ဒီမိုကရေစီကို ဘယ်လောက် လိုချင်လဲ။ ပြည်သူတွေ လိုချင်တဲ့ ကိစ္စကို တန်ဖိုးထားတယ် ဆိုရင် ပြင်ကိုပြင်ရမယ်။ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒဆိုရင်၊ ပြည်သူတွေ ဘာလိုချင်လဲ ရှင်းနေတာပဲ။ အငြင်းပွားလို့ မရဘူး။ ၈၈ ခုနှစ် တုန်းက ရဟန်းရှင်လူ၊ ကျောင်းသား ကျောင်းသူ အသက် ပေးခဲ့ရတာက ဒီမိုကရေစီ လိုချင်လို့ပဲ။ ပြည်သူ့အသံကို တကယ်လိုလားတယ်ဆိုရင် ပြင်ရ မှာပဲ။ မပြင်နိုင်ရင် ပြည်သူ့ဆန္ဒကို ကိုယ်စားလှယ် တွေက အလေးအနက် မထားဘူးလို့ ဆိုရမှာပဲ။

Voice : မျှော်လင့်ထားသလို လွှတ်တော်မှာ ပြင်လို့မရဘူးဆိုရင် ဘယ်လို ဆက်လုပ်ဖို့ အစီအစဉ် ရှိပါသလဲ။


UWM : ယခင်ကတည်းက အန်ကယ်တို့က တရားဥပဒေ စိုးမိုးပြီး တည်ငြိမ် အေးချမ်းစွာနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်မယ်လို့ ကြွေးကြော်လာခဲ့တာပဲ။ အခုလည်း လွှတ်တော်ရဲ့ ဥပဒေဘောင်အတွင်း ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသမျှတော့ အဲဒီပန်းတိုင် ရောက်အောင် ကြိုးစားမှာပဲ။ ကျန်တဲ့ ကိစ္စတွေကတော့ ဖြစ်လာတယ်၊ မလာဘူး အပေါ်မှာပဲ စဉ်းစားရမယ်။ ခုချိန်မှာ ဘာမှမသိရသေးဘဲနဲ့ ကြိုတင်ပြီး မပြောနိုင်သေးပါဘူး။

Voice : ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပြင်ဆင်ခွင့်မရရင် ပြည်သူ့အင်အားကို သုံးမယ်ဆိုတဲ့ သဘောကို ဆိုထားပါတယ်။ ဘယ်လိုသုံးမယ် ဆိုတာကို အန်ကယ့်အနေနဲ့ ပြောပြနိုင်မလား။

UWM : အဲလိုပြောတာတော့ မကြားသေးဘူး။ ဥပဒေဘောင်ထဲကပဲ ဖြစ်သင့်တာကို ဖော်ဆောင်သွားမယ်။ လူထုဆန္ဒကို ဖော်ဆောင်တာနဲ့ ပြည်သူ့ဆန္ဒကို အားယူတာက မတူပါဘူး။ ပြည်သူကို ဗဟိုပြုဖို့ ပြောတာပါ။ ပြည်သူသာအမိ၊ ပြည်သူသာ အဖပဲ။ တကယ် ဆန္ဒပြင်းပြတယ်ဆိုရင် ဇွဲရှိမယ်၊ လုံ့လရှိမယ်၊ ဒါဆိုအောင်မြင်မှာပဲ။ တိုတိုနဲ့ လိုရင်း ပြောမယ်ဆိုရင် သံဃာ့အား ဘုရား မလွန်ဆန် ဆိုသလိုပဲ။ သံဃာတွေ စည်းလုံး ညီညွတ်ရင် ဘုရားလည်း လိုက်နာခဲ့တာပဲ။ နိပါတ်တော်မှာ ရှိပါတယ်။ ဒီလိုပဲ ပြည်သူတွေက ကောက်ရိုးမီးလို ခဏလေး မဟုတ်ဘဲ ဇွဲရှိမယ်ဆိုရင် အောင်မြင်မယ်လို့ မြင်ပါတယ်။

“မပြင်နိုင်ရင် ပြည်သူ့ဆန္ဒကို ကိုယ်စားလှယ်တွေက အလေးအနက် မထားဘူးလို့ ဆိုရမှာပဲ”

Voice : ကြံ့ခိုင်ရေးပါတီနဲ့ ဒီမိုကရေစီလမ်းကို ဖော်ဆောင်နေတဲ့ လွှတ်တော်တွင်း အမတ်အချို့ အပါအဝင် ပြည်သူတွေက မပြင်ချင်ပါဘူးဆိုတဲ့ တုံ့ပြန်မှုတွေကို အန်ကယ် ဘယ်လိုမြင်ပါသလဲ။

UWM : မချေပချင်ပါဘူး။ ဒီလို ယှဉ်ပြီးတော့လည်း တုံ့ပြန်ပြီး မပြောချင်ဘူး။ ကိုယ့်ယုံကြည်ချက်ကိုပဲ ပြောချင်တယ်။ သူတို့ ပြောနေတာတွေကို လိုက်ပြီး ဖြေရှင်းနေတာမျိုး မလုပ်ချင်ပါဘူး။ အတိုက်အခိုက် မလုပ်ချင်ပါဘူး။ ပြင်ချင်တဲ့သူရှိမယ်။ မပြင်ချင်တဲ့သူလည်း ရှိမယ်။ ကိုယ်ယုံကြည်ရာကို ပြောဆို ထင်မြင်ယူဆခွင့် ရှိနေတာပဲ။ သို့သော် ဒီဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဒီမိုကရေစီမူကို ကိုင်ပြောတာပါ။ လူတစ်ဦး တစ်ယောက်အတွက် ပြင်ဖို့ပြောနေတာ မဟုတ်ပါဘူး။ ယခင် အခြေခံဥပဒေတွေမှာ ပါခဲ့မယ် ဆိုရင် ဦးနေဝင်းနဲ့ ရတနာနတ်မယ်နဲ့ ယူလို့မရဘူး။ စဝ်ရွှေသိုက်လည်း သမ္မတ ဖြစ်လာစရာ အကြောင်း မရှိဘူး။ ကမ္ဘာ့နိုင်ငံ အသီးသီးရဲ့ အခြေခံဥပဒေတွေ ကိုလေ့လာပါ။ ဒီလို ၅၉ (စ)လို ပုဒ်မ မပါဘူး။ ဒါက အစကတည်းက လူတစ်ဦး တစ်ယောက်အတွက် ကန့်သတ်ပြီး ရေးခဲ့တာ။ အခုက အန်ကယ်တို့ ခေါင်းဆောင် (ဒေါ်အောင်ဆန်းစုကြည်) အတွက် ရည်ရွယ်ပြီးပြင်ဖို့ ပြောနေတာ မဟုတ်ဘူး။

Voice : ဒီပုဒ်မ ပြင်မယ်ဆိုရင် ၇၅ ရာခိုင်နှုန်းအထက်က ထောက်ခံမှ ဖြစ်မယ်ဆိုတော့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေကလည်း မပြင်ချင်ဘူးလို့ လွှတ်တော်မှာ သဘောထား မှတ်ချက်ပေးရင် ဘယ်လိုလုပ်မလဲ။

UWM : အဖွဲ့အစည်းတွေ၊ ပါတီပိုင်းတွေကို ကွဲပြားတဲ့ အချက်တွေ ထည့်သွင်း မပြောချင်ပါဘူး။ အချုပ်အခြာ အာဏာကို ပြည်သူကပဲ ပိုင်တယ်။ လူ့အခွင့်အရေး ကြေညာ စာတမ်းမှာလည်း ဆန္ဒမဲ ပေးပိုင် ခွင့် ရှိသူက အုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့ကို ရွေးကောက် တင်မြှောက်ခွင့် ရှိတယ်ဆိုတာ ပါပြီးသားပဲ။ ပြည်သူ ဆန္ဒရှိတဲ့သူကို ကြိုးတုပ်ပြီး ပြည်သူ့ဆန္ဒ မရှိတဲ့သူကို ရွေးကောက် တင်မြှောက်မယ်ဆိုရင် အဲဒါ ဒီမိုကရေစီ မဟုတ်ဘူး။

Voice : ဒီ ၅၉ (စ) ပြင်ဆင်ရေးဟာ အောင်မြင်မယ်လို့ မျှော်လင့်ပါသလား။

UWM : အောင်မြင်တဲ့အထိ ကြိုးစားမယ်။ ဒီမိုကရေစီ တောင်းဆိုမှုကြောင့် သေသွားတဲ့ လူတွေရဲ့လမ်းမှာ အဲဒီပန်းတိုင် ရောက်အောင် ကြိုးစားမှာပဲ။

Voice : ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ ပေါင်းစည်း လုပ်ကိုင်မယ်ဆိုတဲ့ အသံတွေနောက်မှာ သူ့အနေနဲ့ ဒီပုဒ်မ ပြင်ဆင်ရေးအတွက် ကူညီမယ်လို့ ထင်ပါ သလား။

UWM : ကြိုတင်ပြီးလည်း မပြောချင်ပါဘူး။ အကြောင်းအရာ အချက်အလက် ထွက်လာမှပဲ ပြောလို့ရမှာပါ။ လူတစ်ယောက် စိတ်ထဲရှိတာကိုတော့ အကြားအမြင် မရတော့ မပြောတတ်ပါဘူး။ ဘုရားဟော အတိုင်းပဲ လက်တွေ့ကျကျ ပစ္စုပ္ပန်ပဲ ကြည့်ပါမယ်။

From: (oppositeyes)

နောက်ကြောင်းပြန်မလှည့်ဘူးလို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထပ်ပြော



တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်ဟာ လက်ရှိနိုင်ငံရေး အခြေအနေ ထက် ပိုမိုကောင်းမွန်အောင် ရှေ့ကို သာ ချီတက်လျှောက်လှမ်းသွားမှာဖြစ်ပြီး ဒီအနေ အထား ကနေ နောက်ကြောင်း ပြန်လှည့် သွားမှာ မဟုတ်ဘူးလို့ ပြောဆိုလိုက်တယ်လို့ သိရပါတယ်။


လာအိုနိုင်ငံကို ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိ ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အခုလ ၁၄ ရက်နေ့က လာအိုသမ္မတ Mr. Choummaly Sayasone နဲ့တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံဖွံ့ဖြိုးတိုး တက်ရေးနဲ့ ငြိမ်းချမ်းရေးကိစ္စများပြောဆိုခဲ့ကြရာမှာ အထက်ပါ အတိုင်း ပြောဆိုလိုက်တာဖြစ်ကြောင်း အစိုးရ စစ်တပ်အာဘော် မြဝတီ အွန်လိုင်းဝဘ်ဆိုက် စာမျက်နှာမှာ ၁၉ ရက်နေ့ နေ့စွဲနဲ့ ဖော်ပြထားတဲ့ ပါတယ်။ 

မြန်မာနိုင်ငံမှာလည်း လက်ရှိ သမ္မတ ဦးသိန်းစိန်အစိုးရနဲ့အတူ တပ်မတော်ဟာ အခုထက်ပိုပြီး ငြိမ်းချမ်းရေး ရရှိအောင် အစွမ်းးကုန်ကြိုးပမ်းတည်ဆောက်နေသလို မကြာခင်အချိန်က မြန်မာနိုင်ငံဟာ တိုင်းပြည်ရဲ့ အခြေအနေနဲ့ ကိုက်ညီတဲ့ ဒီမိုကရေစီစနစ်ကို သွားနေပြီးဖြစ်ကြောင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ 

''မိမိတို့အခိုင်အမာ ပြောကြားလိုသည်မှာ လက်ရှိနိုင်ငံရေး အခြေအနေထက် ပိုမိုကောင်းမွန်အောင် ရှေ့သို့သာ ချီတက် လျှောက် လှမ်းမည် ဖြစ်ပြီး လက်ရှိအခြေအနေမှ နောက်ကြောင်းပြန်လှည့်မှာ မဟုတ်ကြောင်း'' ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောဆို ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ 

ဒါ့အပြင် နိုင်ငံတခုဟာ ဘယ်လိုစနစ်ကိုပဲ ကျင့်သုံးသည်ဖြစ်စေ ပြည်တွင်းလက်နက်ကိုင် ဆန့်ကျင်မှုတွေ ချုပ်ငြိမ်းမှ အဲ့ဒီ့နိုင်ငံ တိုးတက်မှာ ဖြစ်သလို နိုင်ငံတိုင်းမှာရှိတဲ့ တပ်မတော်တွေဟာ နိုင်ငံရဲ့ အချုပ်အချာ အာဏာနဲ့ ပြည်သူလူထုတွေရဲ့ အသက် အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့ တာဝန်ရှိကြောင်းလည်း ပြောခဲ့တယ်လို့ ဆိုပါတယ်။ 

နှစ်ဘက်တွေ့ဆုံစဉ်မှာ လာအိုသမ္မတ Mr. Choummaly Sayasone က ''မြန်မာနိုင်ငံ၏ ဖွံ့ဖြိုး တိုးတက် မှုနှင့် စည်းလုံး ညီညွတ် မှုကို လက်တွေ့ မြင်တွေ့ခဲ့ရကြောင်း၊ မြန်မာနိုင်ငံ သမ္မတကြီးနှင့် တပ်မတော် ခေါင်းဆောင်များ ပြည်တွင်းငြိမ်းချမ်းရေး ရရှိ အောင် ကြိုးပမ်း အကောင်အထည် ဖော်မှုများသည် အောင်မြင် လိမ့်မည်ဟု မိမိယုံကြည် မိကြောင်း'' နှုတ်ခွန်းဆက် စကားမှာ ထည့်သွင်းပြောဆိုခဲ့တယ် လို့ ဖော်ပြထားပါတယ်။ 

ခရီးစဉ်မှာ လာအိုနိုင်ငံသမ္မတ၊ လာအို တပ်မတော် စစ်ဦးစီးချုပ် Major General Suvone Leoungbounmy တို့နဲ့ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ တပ်မတော်များအကြား ပူးပေါင်းဆောင်ရွက်ရေး၊ တရားဝင် ကုန်သွယ်မှု တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ နှစ်နိုင်ငံနယ်စပ်ရှိ တရားမဝင် လက်နက်ကိုင်အဖွဲ့နဲ့ တရားမဝင် ကုန်သွယ်မှု၊ လူကုန်ကူးမှုနဲ့ မူးယစ်ဆေးဝါး ပူးပေါင်းတိုက်ဖျက်ရေးတို့ကို ဆွေးနွေးခဲ့ကြပြီး ၁၆ ရက်နေ့မှာ အင်ဒိုနီးရှားနိုင်ငံကို ချစ်ကြည်ရေး ခရီးဆက်ခဲ့ကြောင်းလည်း သိရပါတယ်။ 

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံအတွင်း လက်ရှိ သမ္မတ ဦးသိန်းစိန်အစိုးရနဲ့အတူ တပ်မတော် ဟာ အခုထက်ပိုပြီး ငြိမ်းချမ်းရေး ရရှိအောင် အစွမ်းးကုန်ကြိုးပမ်းတည်ဆောက်နေကြောင်း လာအိုနိုင်ငံမှာ ပြောဆိုခဲ့ပေမယ့် အင်ဒိုနီးရှား နိုင်ငံ ကာကွယ်ရေး ဝန်ကြီး H.E.Prof.Dr. Purnomo Yusgiantoro နဲ့တွေ့ဆုံရာမှာတော့ ပြည်တွင်း တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကို "သောင်းကျန်းသူ" တွေအဖြစ် သုံးနှုန်းပြောဆိုကြောင်း သိရသလို အဲဒီအသုံးအနှုန်းအတိုင်း ၁၉ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ မှာ လည်း ဖတ်ရှုလိုက်ရပါတယ်။ 

အင်ဒိုနီးရှား ကာကွယ်ရေး ဝန်ကြီးကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ရှင်းပြရာမှာ မြန်မာနိုင်ငံမှာ တစ်ပါတီစနစ်ကျင့်သုံးနေမှုကို ပြည်သူလူထုက ၁၉၉၈ ခုနှစ်တွင် ပါတီစုံ စနစ်ကိုတောင်းဆိုခဲ့ကြကြောင်း၊ တချိန်တည်းမှာပဲ ပြည်တွင်း၊ ပြည်ပ အန္တရာယ်တွေနဲ့လည်း ရင်ဆိုင် လာရပြီး တည်ဆဲ အစိုးရက ဘယ်လိုမှ ထိန်းသိမ်း ဆောင်ရွက်နိုင်ခြင်း မရှိတဲ့အတွက် တပ်မတော်က မလွှဲမရှောင်သာ တာဝန် ယူခဲ့ရကြောင်း၊ ပါတီစုံ စနစ်ကူးပြောင်းရေးအတွက် တပ်မတော်က စနစ်တကျ ကူးပြောင်းပေးခဲ့ပြီး အဆင့်ဆင့် တိုးတက်အောင် ဆက်လက် ဆောင်ရွယ်ပေးသွားမယ်လို့ ပြော ဆို ခဲ့ကြောင်း သိရပါတယ်။ 

ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ ၂၀၁၁ ခုနှစ်ကမှ ဒီမိုကရေစီစနစ်ကို ကူးပြောင်းခဲ့ပြီး ၃ နှစ်သက်တမ်းသာ ရှိနေသေးတဲ့အတွက် ရင့်ကျက်မှု မရှိသေးသလို ပြည်တွင်း လက်နက်ကိုင်သောင်းကျန်းမှု ချုပ်ငြိမ်းရေး အတွက် အစိုးရနဲ့ တပ်မတော်က စိတ်ရှည် သီးခံပြီး အောင်မြင်စေရန် ကြိုးစားဆောင်ရွက်နေကြောင်း အင်ဒိုနီးရှားနိုင်ငံရဲ့ အတွေ့အကြုံတွေဟာလည်း မြန်မာနိုင်ငံအတွက် အထောက်အကူ ရလိမ့်မယ်လို့ ယုံကြည်တဲ့အကြောင်း ရှင်းပြခဲ့တယ်လို့ဆိုပါတယ်။ 

အဲ့ဒီ့ခရီးစဉ်မှာတော့ အင်ဒိုနီးရှား နိုင်ငံ ကာကွယ်ရေး ဝန်ကြီး H.E.Prof.Dr. Purnomo Yusgiantoro၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် Gen. Dr.Moeldoko တို့နဲ့တွေ့ဆုံပြီး နှစ်နိုင်ငံတပ်မတော်တွေအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲရေးနဲ့ ပူးပေါင်းဆောင် ရွက်နိုင်ရေး စတာတွေကို ဆွေးနွေးဖြစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ 

ပြည်တွင်းလက်နက်ကိုင်တိုင်းရင်းသားတပ်ဖွဲ့တွေကို "သောင်းကျန်းသူ" အဖြစ်နိုင်ငံပိုင် သတင်းစာတွေ က ဖော်ပြထားမှုနဲ့ ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဋ် က အဲ့ဒီ့ အချက်ဟာ စိစစ်မှု အားနည်းပြီး ဘာသာပြန်ချွတ်ချော်မှုကြောင့် မှားယွင်းသုံးနှုန်းမိခြင်းဖြစ်တယ်လို့ ရန်ကုန်အခြေစိုက် The Voice Weekly ဂျာနယ်ကို ပြောဆိုထားပါတယ်။ 

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ခရီးစဉ်မှာ ဇနီးဖြစ်သူ ဒေါ်ကြူကြူလှ အပါအဝင် အဖွဲ့ဝင်တွေအဖြစ် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်၊ ဗိုလ်ချုပ် မြထွန်းဦး၊ စစ်ဦးစီး အရာရှိချုပ် (ရေ) ဗိုလ်ချုပ် တင်အောင်စန်း၊ စစ်ဦးစီး အရာရှိချုပ် (လေ) ဗိုလ်ချုပ် လွင်ဦး၊ နေပြည်တော် တိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မောင်မောင်အေးနှင့် တပ်မတော် အရာရှိကြီးများ လိုက်ပါ သွားကြတယ်လို့ သိရပါတယ်။ 

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ လာအို၊ အင်ဒိုနီးရှား ခရီးစဉ်တွေမှာ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ စစ်ဘက် ဆိုင်ရာ တာဝန်ရှိသူ တွေနဲ့ တွေ့ဆုံခဲ့ပြီး ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံ မေလမှာကျင်းပမယ့် အာစီယံ ကာကွယ်ရေးဝန်ကြီး အစည်းအဝေးမတိုင်မီ အတွင်း ချစ်ကြည်ရေး ခရီးစဉ်အဖြစ် သွားရောက်ခဲ့တာလည်း ဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဇနီးကို လာအိုနိုင်ငံက နှုတ်ဆက်နေစဉ်၊
ဓာတ်ပုံ- ကာကွယ်ရေး ဝန်ကြီးဌာန

NCCT ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၌ ပါဝင်နိုင်မည် မဟုတ်ဟု KNU/KNLA ငြိမ်းချမ်းရေး ကောင်စီ ပြော


KNU/KNLA ငြိမ်။ချမ်းရေး ကောင်စီ, ဗိုလ်မှူးချုပ် ဒေါက်တာ တင်မိုသီ, KNU, DKBA, NCCT

အစိုးရနှင့် အပစ်အခတ်ရပ်စဲနိုင်ရေးကို လုပ်ဆောင် နေသည့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်း ရေးအဖွဲ့(NCCT)၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် နိုင်ငံရေးဆွေးနွေးမှုများတွင် KNU/KNLA ငြိမ်းချမ်း ရေး ကောင်စီ အနေဖြင့် ပါဝင်နိုင်မည် မဟုတ် ကြောင်း ဗိုလ်မှူးချုပ် ဒေါက်တာ တင်မိုသီက ပြောကြား လိုက်သည်။


ယနေ့ ရန်ကုန်မြို့ မိုင်ဂါးဒင်း စားသောက်ဆိုင်တွင် မီဒီယာများနှင့်တွေ့ဆုံသည့် သတင်းစာ ရှင်းလင်းပွဲ၌ ဧရာဝတီ က မေးမြန်းစဉ် KNU/KNLA ငြိမ်းချမ်းရေး ကောင်စီ ၏ ပြန်ကြားရေးနှင့် ထိပ်တန်း ကော်မတီ ဝင်က ထိုသို့ ပြောကြားလိုက်ခြင်းဖြစ် သည်။

ကရင်ပြည်နယ် လော်ခီးလာ တိုင်းရင်းသားပေါင်းစုံ ညီလာခံမှ လက်ခံထားသည့် အပစ်အခတ်ရပ်စဲရေး မူဝါဒနှင့် တိုင်းရင်းသားများကို ဆန့်ကျင်ခြင်းမဟုတ်သော်လည်း လက်ရှိတွင် မိမိတို့ကောင်စီအနေဖြင့် အစိုးရချမှတ်ထားသည့် တိုင်းရင်းသား စည်းလုံးညီညွှတ်မှု မပြိုကွဲရေး၊ ပြည်ထောင်စု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး စသည့်အချက်များကို သဘောတူ လက်ခံ ထားကြောင်းလည်း ၎င်းက ပြောသည်။

“အစိုးရကိုဖားချင်လို့ ပြောနေတာ မဟုတ်ဘူး၊ ကျနော်တို့ကဏ္ဍ၊ ရပ်တည်ချက်နဲ့တော့ ပိုကိုက်တာတွေ့ရ တယ်၊ တခြားခေါင်းဆောင်ပိုင်းက ဘယ်လိုတွေးမလဲတော့ မသိဘူး၊ ဒီအပေါ်မှာ ဆွေးနွေးရင် အောက်ခြေမှာ ဖြစ်နေတာကို ရှင်းနိုင်မယ် ထင်တယ်၊ အဓိက ကတော့ ပြည်သူတွေမြန်မြန်ဖွံ့ဖြိုးဖို့ပဲ၊ အခုလို နိုင်ငံ ရေးတွေ ဘာတွေ စဉ်းစားနေရင်၊ အထွန့်တက်နေရင် ကွဲဖို့မြန်တယ်၊ ပြည်သူတွေက နိုင်ငံရေးမသိဘူး၊ အေးချမ်းတဲ့ဘဝ လိုချင်တာ၊ မိသားစုဘဝ ကောင်းရေးလိုတယ်”ဟု ၎င်းက ဆိုသည်။

ဆက်လက်ပြီး လက်ရှိတွင်လုပ်ဆောင်နေသည့် ငြိမ်းချမ်းရေးပုံစံမှာ လမ်းလွဲကာ လိုရင်းမရောက်နိုင် ဖြစ်နေကြောင်း၊ စစ်မှန်သည့် ငြိမ်းချမ်းရေးကို လိုလားပါက လူထုဘဝ ဖွံ့ဖြိုးရေး လုပ်ဆောင်ရန်ပင် ဖြစ်ကြောင်း ဒေါက်တာ တင်မိုသီ က ဆက်ပြောသည်။

“လော်ခီးလာမှာ ဆွေးနွေးမှုအပေါ်မှာ တိုင်းရင်းသားတွေ ဆွေးနွေးတာကိုတော့ လက်ခံပါတယ်၊ လေးစားပါ တယ်၊ ဒါက သူတို့အ ပိုင်း ပါ၊ ကျနော်တို့ အပိုင်းကလည်း ကျနော်တို့တွေ လုပ်ရမှာပေါ့၊ သေချာတာကတော့ နိုင်ငံရေးကို အခြေခံနေရင် ဦးတည်ချက်က ကြာသွားမယ်”ဟုလည်း ၎င်းက ပြောဆိုသည်.

NCCT လုပ်ဆောင်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ကွဲလွဲရခြင်းမှာ ဖြစ်နေသည့် စစ်ပွဲများကို နိုင်ငံရေး အရ ဖြေရှင်းခြင်းထက် အောက်ခြေမှနေ၍ ရှင်းလင်းခြင်းကို ပိုမိုလိုလားသောကြောင့်ဖြစ်ပြီး စစ်ရေး၊ နိုင်ငံရေး တို့မှာ မည်သည့်အခါမှ ပြီးမည်မဟုတ်သည့် အပေါ်တွင်လည်း ပြည်သူများ ဆက်နစ်နာမည်ကို စိုးရိမ်သောကြောင့် ဖြစ်ကြောင်း ဒေါက်တာ တင်မိုသီက ပြောသည်။

“ထိုးပြီးရင်ကောစစ်မှန်တဲ့ငြိမ်းချမ်းရေးက ဖြစ်လာပါ့မလား၊ တိုက်တာခိုက်တာ ရပ်မယ် ဆိုရင်တော့ တိုင်းရင်းသား ခေါင်းဆောင် တွေက ထိုးချင်ထိုးမှာပေါ့၊ ဒီမှာက နိုင်ငံရေးကနေ ပဋိပက္ခ စဖြစ်ခဲ့တာ မဟုတ် ဘူး၊ အမျိုးသားရေးကနေ ပဋိပက္ခဖြစ်တာ၊ အခုက နိုင်ငံ ရေးဆွေးနွေးဦးမယ် ဆိုတော့ လိုရင်းမရောက်ဘူး၊ နိုင်ငံရေးကိုသွားနေရင် ပြောကြဆိုကြနဲ့၊ ရန်ပြန်ဖြစ်ရင် ဒီတိုင်းအပဲ ဖြစ်နေမှာပဲ၊ ကျနော်တို့လည်း ရှိတော့ မှာမဟုတ်ဘူး၊ အခုခံစားနေရသူတွေလည်း သေကုန်မှာပဲ၊ အဓိကကတော့ အောက်ခြေမှာ မတူကွဲပြားစွာ သမိုင်းရှုပ်ခဲ့လို့ဖြစ်ရတာပါ၊ အောက်ခြေကဏ္ဍကို အရင်ရှင်းရမယ်၊ ဒါမှမဟုတ်ရင် ရှည်ကြာပြီး လိုရင်း မရောက် နိုင်ဘူး”ဟု ဆိုသည်။

လက်ရှိ NCCT ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် နိုင်ငံရေး ဆွေးနွေးမှုမှာ အောင်မြင်နိုင် သည့် အခြေအနေနည်းကြောင်းလည်း ၎င်းက ပြောသည်။

“လက်မှတ်ထိုးမှ ငြိမ်းချမ်းရေးရဖို့ ဆိုတာမှာ အခုက NCCT လည်း လည်နေတယ်၊ တိုင်းရင်းသားတွေလည်း လည်နေတယ်၊ ဒီလို ဆက် လုပ်နေရင် တံတွေးခွက်ထဲ မျောတော့မှာ၊ လူထုလည်း ပြောနေပြီ၊ ဆွေးနွေး တာက အခုထိ မပြီးဘူး”ဟု ဗိုလ်မှူးချုပ် တင်မိုသီ က ပြောဆိုသည်။

NCCT ကို ၂၀၁၃ ခုနှစ် အောက်တိုဘာ လကုန်ပိုင်းက ကျင်းပသော ကချင်ပြည်နယ် လိုင်ဇာ တိုင်းရင်းသား ညီလာခံ၌ ဖွဲ့စည်း ခဲ့ခြင်း ဖြစ်သည်။

ကရင်လူမျိုးများ ကိုယ်စားပြုသည့် ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA) တို့နှင့် ဆန့်ကျင်သည့် သဘော အသွင်ဆောင်နေသည့် အတွက် မည်သည့်အကျိုး သက်ရောက်လာမည်ကို မေးမြန်းရာ တွင်လည်း“အကျိုးသက်ရောက်မှု ဆိုတာထက် ပြည်သူအကျိုး၊ ပြည်သူတွေ အမြန်ဆုံး ဖွံ့ဖြိုးဖို့ အတွက် ကျနော်တို့ လုပ်ဆောင် တာပါ” ဟု ဒေါက်တာ တင်မိုသီက ဖြေကြားသည်။

အစိုးရနှင့် သဘောတူရာတွင် စစ်ဘေးသင့် ပြည်သူများ အမြန်ဆုံး နေရပ်ပြန်လာနိုင်ရန်လည်း ပါဝင် ကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် KNU/KNLA ငြိမ်းချမ်းရေး ကောင်စီ ကို ထိခိုက်စေရန် ရည်ရွယ် လုပ်ကြံပြောဆိုမှု၊ ကိုယ်ကျိုး အမြတ် ရှာမှုများ ရှိကြောင်း၊ အဖွဲ့အမည်အသုံး၍ လုပ်ဆောင်နေမှုများရှိကြောင်း၊ ထိုဖြစ်စဉ်များကို အစိုးရ သို့တင်ပြထားကြောင်းလည်း ပြောကြားသည်။

လိုင်ဇာနှင့် လော်ခီးလာ တိုင်းရင်းသား ညီလာခံသို့ တက်ရောက်ခဲ့သည့် ပအို့ဝ် အမျိုးသား လွတ်မြောက် ရေး အဖွဲ့ချုပ်(PNLO)မှ ဥက္ကဌ ဦးခွန်မြင့်ထွန်းက “လုပ်ခဲ့တဲ့အစည်းအဝေးတွေမှာလည်း သူတို့ဘက်က တက်ပါတယ်၊ နောက်ဆွေးနွေးပွဲတွေက သဘော တူညီချက်တွေဟာ လွယ် လွယ် လက်မှတ်ထိုးခဲ့တာ မဟုတ်ပါဘူး၊ သဘောထားတွေမေးပြီး သက်ဆိုင်ရာ သဘာပတိတွေက ကန့်ကွက်သူ ရှိမရှိကို သဘော ထားမှတ်ချက်မေးပြီးမှ သဘောတူ လုပ်ကိုင်ထားတာပါ၊ အခုကတော့ ဘယ်လိုသဘောနဲ့ လက်မခံတာ လဲ၊ ဘယ်လိုကြောင့် လက်မှတ်မထိုးတော့တာလဲ ဆိုတာကိုကတော့ တဖွဲ့တည်းအမြင်လား၊ ကိုယ်စားလှယ် တဦး ဆန္ဒလား ဆိုတာ စောင့်ကြည့်ရမှာပါ”ဟု ဦးခွန်မြင့်ထွန်းကပြောသည်။

KNU/KNLA ငြိမ်းချမ်းရေးကောင်စီ သည် ဗိုလ်မှူးချုပ် ထိန်မောင် ဦးဆောင်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တဖွဲ့ဖြစ် သည်။

ဗိုလ်မှူးချုပ် ထိန်မောင်သည် ၂၀၀၇ ခု နှစ်ဆန်းပိုင်းက တပ်သား ၃၀၀ ခန့်နှင့်အတူ KNU မှ ခွဲထွက် ခဲ့သည်။ ထို့နောက် ၎င်း၏ အဖွဲ့ကို KNU/KNLA ငြိမ်းချမ်းရေးကောင်စီဟု အမည်ပေး၍ အစိုးရနှင့် ငြိမ်းချမ်းရေး ယူခဲ့သည်။ ၂၀၁၀ ဒီဇင်ဘာလတွင် အစိုးရတပ်က ပြန်လည် တိုက်ခိုက်သောကြောင့် ငြိမ်းချမ်း ရေး ပျက်ပြားမည့် အခြေအနေဖြစ်ပွားခဲ့သေးသည်။

နောက်ဆုံးကျင်းပခဲ့သည့် လော်ခီးလာ ညီလာခံတွင် ဆွေးနွေးပွဲများ၌ ရှမ်းပါတီကြီးနှစ်ခုဖြစ်သည့် ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP)နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS)မှလွဲ၍ ကရင်လူမျိုး ကိုယ်စားပြု (၃)ဖွဲ့၊ ရခိုင်လူမျိုး ကိုယ်စားပြု(၃)ဖွဲ့၊ ရှမ်းအနွယ်ဝင် ကိုယ်စားပြု(၄)ဖွဲ့ မှစုပေါင်း ဆွေးနွေးကာ ကိုယ်စားပြု လူမျိုးအတွက် ပူးပေါင်းဆွေးနွေးခဲ့ကြပြီး NCCTလုပ်ဆောင်ချက်များကို သဘောတူညီခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါညီလာခံသို့ တက်ရောက်ခဲ့ကြသည့် ကိုယ်စားလှယ်များထံမှ သိရသည်။

ဖေဖော်ဝါရီ ၂၀ ရက်က ရန်ကုန်မြို့ မိုင်ဂါးဒင်း စားသောက်ဆိုင်တွင် ကျင်းပသည့်
သတင်းစာ ရှင်းလင်းပွဲ၌ ရှင်းလင်း ပြောဆို နေသော ဗိုလ်မှူးချုပ် ဒေါက်တာ တင်မိုသီ
(ဓာတ်ပုံ – မေခ / ဧရာဝတီ)

သမီးလေး ကျေးရွာသားများကို ပြန်လည် နေရာချထားပေ့းရန် DKBA ခေါ်ဆောင်


သမီးလေး ကျေးရွာ, DKBA , မြ၀တီမြို့

ရန်ကုန်တိုင်း ဒေသကြီး လှည်းကူးမြို့နယ် အတွင်းရှိ အာဏာပိုင်များ ဖယ်ရှား ရှင်းလင်းနေသည့် သမီးလေး ကျေးရွာ အပါအ၀င် ကျေးရွာ ၅ ရွာမှ ရွာသား များကို ဒီမိုကရေစီ အကျိုးပြု ကရင် အမျိုးသား တပ်မတော် (DKBA) က ပြန်လည် နေရာချ ထားပေးရန် စီစဉ်နေကြောင်း သိရသည်။


ဖေဖော်ဝါရီ ၄ ရက်က စတင်ဖယ်ရှားခံရသည့် ထိုကျေးရွာသားများကို DKBA က ကရင်ပြည်နယ် မြ၀တီမြို့အနီးရှိ ကျောက်ခက်ဒေသ ၀န်းကျင်တွင် နေထိုင်ရန် လာရောက် ခေါ်ဆောင်သော်လည်း ကျေးရွာသား တဦးမှ လိုက်ပါသွားခြင်း မရှိသေးကြောင်း အကူအညီပေးနေသူများက ပြောသည်။

“DKBA က ဆယ်ဘီးကား၂ စီး လာစောင့် ပေးပါတယ်၊ ရွာသားတွေက ဒီနေ့အထိ မလိုက်သေးဘူး၊ ဘုန်းကြီးကျောင်းမှာ အခု အိုးအိမ်မဲ့ ဖြစ်တာ အယောက် ၅၄၀ လောက် ရှိပါတယ်”ဟု အဆိုပါ ကျေးရွာ များကို လိုက်လံ ကူညီပေးနေသည့် လှည်းကူး မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ်မှ ကိုသက်ခိုင်က ဧရာဝတီသို့ ပြောသည်။

ဖျက်ဆီးခံရသည့် ကျေးရွာမှ ရွာသားများကို စာနာမှုကြောင့် သွားရောက် ခေါ်ယူခြင်း ဖြစ်ကြောင်း၊ DKBA တပ်သား အဖြစ် စုဆောင်းသွားမည် မဟုတ်ကြောင်း၊ နေစရာများနှင့် အလုပ်အကိုင်များပါ ပေးသွားမည် ဖြစ်ကြောင်း DKBA မှ ဗိုလ်မှူး စန်းအောင် က ဧရာဝတီသို့ ပြောသည်။

“ကျနော်တို့ အနေနဲ့ အတင်း မခေါ်ပါဘူး၊ သူများတွေ ပြောနေသလို ကရင်တပ်ထဲ ထည့်လိုက်မှာ ဆိုတာ လည်း မဟုတ်ဘူး၊ ငြိမ်းချမ်းရေး အတွက် လက်ရှိမှာ တပ်သား အရေအတွက်တောင် လျှော့ချဖို့ လုပ်ရမယ့် ကိစ္စပါ”ဟု ဗိုလ်မှူး စန်းအောင်က ဆို သည်။

လူသားချင် စာနာသည့် အနေဖြင့် လာရောက် ခေါ်ယူခြင်း ဖြစ်ပြီး ဒုက္ခ ရောက်နေသည့် ကျေးရွာသားများ အတွက် တတ်နိုင် သမျှ ကမ်းလှမ်းခြင်း ဖြစ်ကြောင်း၊ ရွာသားများ အတွက် စိုက်ပျိုးရေး ခြံများ၊ ရော်ဘာ ခြံများတွင် အလုပ်ဝင်ရန် အတွက် စီစဉ် ပေးမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။

တပ်ပိုင်မြေဟု သိမ်းဆည်း ဖယ်ရှားသည့် ကိစ္စကို နားမလည်သော်လည်း ယင်းမြေသည် နိုင်ငံပိုင်သည့် အတွက် နိုင်ငံမှာ နေ ထိုင်သော ပြည်သူများလည်း ပိုင်ဆိုင်ပါကြောင်း ဗိုလ်မှူး စန်းအောင်က ဆက်ပြော သည်။

သမီးလေးကျေးရွာ ဒေသခံ တဦး ဖြစ်သည့် ကိုကျော်စိန်က “ကျနော်တို့ ရွာသားတွေ အနေနဲ့ ဒီနေရာကို ပြန်ရဖို့ ကြိုးစား တောင်းဆို သွားမယ်၊ DKBA ဘက်ကိုလည်း လိုက်မသွားပါဘူး၊ အခုတော့ ဘုန်းကြီး ကျောင်းမှာ နေသူက နေကြတယ်၊ တချို့က ကွင်းထဲမှာ ရွက်ဖျင်တဲထိုးပြီး နေကြတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ရွာသားများ ကိုယ်ထူကိုယ်ထ ထူထောင်လာပြီး အတည်တကျ နေထိုင်သည့် အချိန်မှ ဖယ်ရှားခြင်းသည် မြို့ရွာဖွံ့ဖြိုးမှုကို စနစ်တကျ မတည်ဆောက်ဘဲ အကြမ်းဖက်မှုကို ဦးတည်ကြောင်း၊ ဒီမိုကရေစီနှင့် မညီ ညွတ်သော လူ့အခွင့်အရေး ချိုးဖောက် မှုပင် ဖြစ်ကြောင်း ရွာသားများကို အကူအညီ ပေးနေသည့် ဒီမို ကရေစီ အရေး စဉ်ဆက်မပြတ် လှုပ်ရှားမှု ခေါင်းဆောင် ကိုထင်ကျော်က ပြောဆိုသည်။

“တကယ်တော့ ဒီကိစ္စက အစိုးရ အနေနဲ့ လုပ်ရမှာပါ။ ပြည်ထောင်စု အစိုးရနဲ့ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရတွေကို အယုံ အကြည် မရှိကြလို့ လူထု ထောက်ခံပွဲတွေ ဆန္ဒပြပွဲတွေကို ဆက်လက် ဆောင်ရွက် သွားမယ်”ဟု ၎င်းက ပြောသည်။

ဖျက်ဆီး ခံရသည့် ရွာများမှာ သမီးလေး ကျေးရွာ၊ အင်းမတီ ကျေးရွာ၊ မကျွဲတဲ ကျေးရွာ၊ ဝှီးဆဲ ကျေးရွာ၊ လက်ဆိုက် ကျေးရွာများ အပါအ၀င် ကျေးရွာ စုစုပေါင်း ၁၁ ရွာကို ဖျက်သိမ်း ဖယ်ရှားကြောင်း သိရသည်။

ယင်းကျေးရွာများသည် ယခင်က ဘိုးဘွားပိုင် မြေအဖြစ် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ကြခြင်း ဖြစ်ကြောင်း၊ ယခုအခါ လမ်းပန်း ဆက်သွယ်ရေး ကောင်းလာပြီး စီးပွားရေး အဆင်ပြေလာ၍ အိမ်ခြံများ ဆောက်လုပ် နေထိုင်ခဲ့ကြကြောင်း၊ ယခုကဲ့သို့ သိမ်း ယူ ဖယ်ရှားမှုကြောင့် အိမ်ခြေ ၄၀၀ ကျော် အိုးအိမ်မဲ့ ဖြစ်နေ ကြောင်း သိရသည်။

လှည်းကူးမြို့နယ် သမီးလေးကျေးရွာ လူနေအိမ်များ ရှင်းလင်းနေသည့် မြင်ကွင်း
(ဓာတ်ပုံ – လှည်းကူး မှတ်စု ၀က်ဘ်ဆိုက်)