Thursday, February 20, 2014

“အခန်းပိတ်လှောင်ခိုင်းစေခံနေရသည့်အလုပ်သမား၃ဦးအားကယ်ထုတ်”



ဘန်ကောက်မြို့လယ်ဖန်ထစ် ITကုန်တိုက် မျက်နှာ ချင်းဆိုင် လမ်း တွင်ရှိသောထိုင်းအစားအစာ အရော င်း ဆိုင်တွင်၃လခွဲကြာအခန်းပိတ်ေ လှာင် ခိုင်းစေခံနေရသည့် မြန်မာ အလုပ်သမား ၃ဦး တို့အား ပူးပေါင်း အဖွဲ့တို့က ၂၀၁၄ ခု ဖေဖေါ်ဝါရီလ ၁၉ ရက် ညနေပိုင်းက ကယ်ထုတ်နိုင်ခဲ့သည်။


ဘန်ကောက်မြို့ဖက်ဘူရီ ၁၅လမ်း အိမ်အမှတ် ၂/၃ တွင်ဖွင့် လှစ်ေ ရာင်းချသော Feel @ PRATUNAM စားသောက်ဆိုင်တွင် အစပိုင်းတွင် လုပ်ခ အနည်းငယ်ရရှိခဲ့သော်လည်း နောက်ပိုင်းတွင် လုံးဝမရတော့ပဲ ၃လခွဲတိုင်တိုင် အခန်းပိတ်လှောင်အလုပ်ခဲ့ရသူများဖြစ်ကြသည်။

အသက်၁၈ နှစ်အရွယ် မတင်ဇာနိုင် က “သမီးတို့ကို ပထမလမှာ ဘတ်ေ ငွ လေးထောင် စီပေးပြီး နောက်ပိုင်းမှာ မပေးတော့ဘူး။ သမီးတို့ညနေ ၃ နာရီမှာ ဆိုင်ဖွင့်ရတယ်။ ဆိုင်ခင်းပြီးမှ သမီးတို့မနက် ထမင်း စားရတယ်။ ညဥ့် ၁၂ နာရီအထိရောင်းပြီးမှ ညနေထမင်းစားရတယ်။ ပြီးရင် အပေါ်ထပ်မှာ ဖျာတစ်ချပ်မှာ ခေါင်းအုံးမပါပဲအိပ်ရတယ်။ စောင်တော့ သမီးတို့တစ်ထည်စီ ၀ယ်ထားကြတယ်။ ဆိုင်ထဲမှာ ရှိတဲ့ ရေခဲသေတ္တာတို့ကို အကုန်သော့ခပ်သွားပါတယ်။ အပြင်က တံခါးကိုသောခတ်သွားပါတယ်။ မနက် ပိုင်းမှာ သမီး တို့ ဘာအစားအစာမှ မစားရဘူး။ သမီးထွက်ပြေးဖို့ ၂ကြိမ်ကြိုးစားခဲ့တယ်။ မအောင်မြင်ခဲ့ဘူး” ဟုပြောသည်။

ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံ ရောက် မြန်မာနိုင်ငံသား များအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း က “ကျနော်တို့ကို ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့က အဲဒီကောင်မလေး တစ်ယောက် အကြောင်းကြားလာ တယ်။ ကျနော်လည်း လိုအပ်တဲ့အချက်အလက်တွေစုဆောင်းတယ်။ မနေ့ညနေက MAT ရုံးတာဝန်ခံ ကိုစိုင်းအေ ထမင်းဗူးဝယ်ပြီး ခက်ခက်ခဲခဲ သွားပို့တယ်။ လက်ချောင်းကလေးတွေ တံခါးအောက်က ထုတ်ပြီး ယူနေတာ ကို ဖုန်းကယ်မရာနဲ့ ဓါတ်ပုံသေသေချာချာ ရိုက်ယူလာခဲ့တယ်။

FEDအဖွဲ့နဲ့ တိုင်ပင်ပြီး ထိုင်းအစိုးရလူကုန်ကူး မှုအထူးစုံစမ်းထောက်လှမ်းရေးDSI ကို အကြောင်းကြားတော့ သူတို့က နောက်နေ့မှ လုပ်ဖြစ်မယ် လို့ပြော တယ်။ ဒီနေ့မနက်မှာ ဈေးဆိုင်ပိုင်ရှင်က အလုပ်သမား ၃ယောက်ကို ဘတ်၅၀၀ ပေးပြီး အတင်းမောင်းထုတ် တယ်။ ပုလိပ်နဲ့ခေါ်ဖမ်းခိုင်းမယ်လို့ ခြိမ်းခြောက် လာတယ်။ ဒါကြောင့် ကျနော်တို့ ထိုင်းအစိုးရ လူကုန်ကူးမှု တိုက်ဖျက်ရေး အထူး ရဲတပ်ဖွဲ့ AHTD ကိုသွားပြီး ချက်ခြင်း ဆောင်ရွက်နိုင်ခဲ့ကြ တာဖြစ်ပါ တယ်” ဟုပြော သည်။

အလုပ်သမားများ၏ဆန္ဒသဘော ထားများအရ မိမိလုပ်ထားသည့် လုပ်အားခများ အား ပြန်ရလျှင်ကျေ နပ်သည်ဟု ပြောဆိုသဖြင့် မတင်ဇာနိုင် လုပ်အားခ ဘတ်ငွေ ၁၂,၀၀၀၊ မယဉ်းအေး လုပ်အားခ ဘတ်ငွေ ၁၂,၀၀၀ နှင့် ကိုမိုးအောင် လုပ်အားခ ဘတ်ငွေ ၆၀၀၀ တို့အား AHTD စခန်းထဲတွင် ဆိုင်ပိုင် ရှင်က ရှင်းပေးသည်။

တရားဝင်နေထိုင်ခွင့်မရှိသည့် မတင်ဇာနိုင်နှင့် မယဉ်အေးတို့အား နွန်ထဘူရီ ကယ်ဆယ်ရေး စခန်းထဲသို့ AHTD ကပို့ဆောင်သည်။ ပတ်စပို့ရှိသည့် ကိုမိုးအောင်အား အစ်ကိုရှိသည့် ဖလန်ပက် အရပ်သို့ MAT အဖွဲ့ကပို့ဆောင် ပေးခဲ့သည်။



Facebook Log Out လုပ်ဖို့ မေ့ခဲ့ ရင်


1623772_544008169030352_701755134_n

အင်တာနက်ဆိုင်တွေ ဒါမှမဟုတ် တခြားကွန်ပျူတာ တွေမှာ ကိုယ့် Facebook အကောင့်ထဲကိုဝင်ပြီး ပြန်ထွက် ဖို့ မေ့နေတာမျိုး ဖြစ်တတ်ကြမှာပါ။


အကောင့်ပါသွားရတဲ့ အကြောင်းရင်းတွေထဲမှာ ဒီ တစ်ချက်ကလည်း အဖြစ်များတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။ ဒီလိုမျိုး ပြန်ထွက်ဖို့ မေ့ခဲ့မှန်းသိပြီ ဆိုရင်တော့ သင့်အနေနဲ့ စိုးရိမ်စရာ မလိုတော့ပါဘူး။

အခုဖော်ပြပေးမယ့် လုပ်ဆောင်ပုံ အဆင့်ဆင့်အတိုင်း လုပ်ဆောင်လိုက်ရင် ကိုယ့်ကွန်ပျူတာကနေပဲ အလွယ်တကူ ပြန်ထွက်နိုင်မှာဖြစ်ပါတယ်။

ပထမဆုံး သင့်အကောင့်ထဲကို Log In ဝင်လိုက်ပါ။

ဘယ်နေရာက ဘယ်ကွန်ပျူတာပဲ ဖြစ်ဖြစ် အရေးမကြီးပါဘူး။

ပြီးရင် ညာဘက် အပေါ်ထောင့်က စက်သွားလေးကို နှိပ်လိုက်ရင် Menu လေးတစ်ခု ကျလာပါလိမ့်မယ်။

အဲ့ထဲက Account Setting ကိုသွားပါ။

ထို့နောက် ဘယ်ဘက် အပေါ်နားလေးမှာရှိတဲ့ Security ဆိုတာလေးကို ရွေးလိုက်ပါ။

ပြီးရင် ပေါ်လာတဲ့ထဲက အောက်ဆုံးနားမှာ ရှိတဲ့ Active Sessions ထဲကို ဝင်လိုက်ပါ။

အဲ့ဒီမှာ သင် Log In ဝင်ထားသမျှ နေရာတွေနဲ့ စာရင်းကို တွေ့ရပါလိမ့်မယ်။

End Activity ဒါမှမဟုတ် End All Activity ကို နှိပ်လိုက်မယ် ဆိုရင် သင်ဝင်ထားသမျှ စက်တွေအားလုံးမှာ Log Out လုပ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။

အဆင်ပြေကြပါစေ …

( နှိုင်းရင့်နွေ )

တိုင်းပြည်ကို တကယ် ချစ်တယ်ဆို ဒါတွေ ဘာလို့  အခု မလုပ်နိုင်ရတာလဲ မာမီ

၁။ မိမိ ပါတီကို အောက်ခြေ ရပ်ကျေးအဆင့်မှ စ၍ စနစ်တကျ ပြန်လည်ဖွဲ့ စည်းကာ ပါတီအပေါ် တကယ် လေးလေးနက်နက် ယုံကြည် သစ္စာရှိသော ပါတီဝင် ပညာတတ် ကေဒါလူငယ်များ မွေးထုတ် ပျိုးထောင် ခြင်း ။


၂။ ထိုလူငယ်များ ဦးစီးသော ပါတီဝင်များမှ လူထု၏ သာရေးနာရေး ကိစ္စရပ်များအား ကူညီ ဆောင်ရွက် ပေးခြင်း။

၃။ တိုင်းပြည်၏ ပညာရေး ၊ ကျန်းမာရေး ကိစ္စများတွင် ပါတီအနေဖြင့် တတ်နိုင်သလောက် ၀င်ရောက် အကူ အညီပေးခြင်း ။

၎။ မိမိ အပြင် သမ္မတ လုပ်နိုင်လောက်မည့် လောက်လောက်လားလား အရည်အချင်းရှိသူများကို ပါတီတွင်း ရောက်ရှိနေစေရန် စီစဉ်ဆောင်ရွက်ခြင်း ။

၅။ ပါတီအနေဖြင့် Shadow Goverment တစ်ရပ်ဖွဲ့ စည်းပြီး ...လက်ရှိ အာဏာရအစိုးရ ၀န်ကြီးဌာနများ၏ လုပ်ငန်းဆောင်ရွက်မှုများအား မျက်ခြေမပြတ် စောင့်ကြည့်ခြင်း ။ လုပ်ငန်း လိုအပ်ချက်များအား စနစ်တကျ ထောက်ပြခြင်း ။

၆။ ပြည်တွင်းစစ်ရပ်စဲရေး နှင့် ငြိမ်းချမ်းရေး လုပ်ငန်းများတွင် အားသွန်ခွန်စိုက်ပါဝင်ခြင်း ။

၇။ ပြည်ပမှ အတတ်ပညာနှင့် အရင်းအနှီးများ ၊ အကူအညီများ တိုင်းပြည်တွင်းသို့  ဖိတ်ခေါ်ပေးခြင်း ။ ပညာရေး နှင့် ကျန်းမာရေး လုပ်ငန်းများအတွက် နိုင်ငံတကာအဖွဲ့ အစည်းများ နှင့်မြန်မာပြည်တွင်း ရှိ လူမှုရေး အဖွဲ့ အစည်းများ အကြား ပေါင်းကူးသဖွယ် ဆောင်ရွက်ပေးခြင်း ။

၈။ လွှတ်တော်အတွင်း တိုင်းပြည်အတွက် အမှန်တကယ် အကျိုးပြုနိုင်မည့်ပညာရေး၊ကျန်းမာရေး၊စီးပွားရေး ၊လူမှုရေးဆိုင်ရာ ဥပဒေကြမ်းများ တင်သွင်းခြင်း ။ မေးခွန်းများ မေးမြန်းခြင်း ။

၉။ တရားဥပဒေ စိုးမိုးရေးကော်မတီ ဥက္ကဌ အနေဖြင့် တရားရေး ဆိုင်ရာ ချို့ ယွင်းချက် အားနည်းချက် နှင့် မသမာမှု ကိစ္စများအား စုံစမ်းခြင်း ။တာဝန်ရှိသူများအား ခေါ်ယူမေးမြန်းခြင်း ။ လွှတ်တော်သို့ တင်ပြခြင်း ။

၁၀။ လူထုမှ နားမလည်နိုင်အောင် ဖြစ်နေသော အရေးကိစ္စများတွင် ( ရခိုင်ကိစ္စ ၊ ကချင်ကိစ္စ ၊ မြစ်ဆုံကိစ္စ ၊ အမျိုးသားရေး ကိစ္စ …..စသဖြင့် ) ပါတီ၏ လမ်းစဉ် မူဝါဒ သဘောထားများကို ပွင့်ပွင့်လင်းလင်း ထုတ်ပြန် ကြေငြာခြင်း ။

၁၁။ အန်အယ်လ်ဒီ အမာခံအုပ်စုဟု ယူဆရသော ဖေ့စ်ဘုတ် အကောင့်တစ်ချို့ မှ ထေရ်ကြီး ၀ါကြီး ဆရာတော်ကြီးများ ပါဝင်သော မဘသ အားဆဲဆိုစော်ကားနေမှုများကို တားမြစ် ထိန်းချုပ်ခြင်း ။

( တိုင်းပြည်ကို တကယ် တည်ငြိမ်တိုးတက်စေချင်တဲ့  ရဲမိုး )

FROM-YE MOE

NLD ပါတီ စုန်း ကဝေ အောက်လမ်းနည်းများသုံး၍ ဝေဖန်မှုများ မြင့်တက်



လတ်တလောကာလ၌ စာပေဟောပြောပွဲအမည်ခံ ပါတီစည်းရုံးရေး ဟောပြောပွဲများ မြင့်တက်လာမှု အပေါ် ဝေဖန်ပြစ်တင်မှုများ မြင့်မားလာချိန်တွင် သေဆုံးသူ၏၀ိဥာဉ်ကို ခေါ်ယူ၍ မဲပေးရန် ဟော ပြောခဲ့မှု ကြောင့် ဝေဖန်မှုများ မြင့်တက်နေကြောင်း သိရသည်။


စာပေဟောပြောပွဲအမည်ခံ ပွဲများတွင် ပါတီစည်းရုံး ရေးလုပ်ငန်းများကို ပေါ်ပေါ် တင်တင်ဆောင်ရွက် လာခဲ့သော ကြောင့် သံဃာများနှင့် ထိပ်တိုက် တွေ့ဆုံကာ ဟောပြောပွဲဖျက်သိမ်းခဲ့ရသည့် ဖြစ်ရပ်များ များပြားလာခဲ့ရာ မကြာသေးခင်ကလည်း NLD ပါတီ အထောက်အကူပြု အဖွဲ့ဝင် စာရေးဆရာ မသီတာ(စမ်းချောင်း)အား ဟောပြောခွင့်ပိတ်ပင်ခဲ့ကြောင်း သိရသည်။

အလားတူ မန္တလေးမြို့တွင် ပြုလုပ်ခဲ့သည့် စာပေဟောပြောပွဲ၌ NLD ပါတီဝင် စာရေးဆရာ မောင်သွေးသစ် က ဗိုလ်ချုပ်အောင်ဆန်း၏ ၀ိဥာဉ်ကို ခေါ်၍ မည်သည့်ပါတီကို မဲပေးရမလဲ မေးမြန်း၍ လိမ်လည် ဟောပြောခဲ့မှုအပေါ် ရှုတ်ချဝေဖန်မှုများ ပေါ်ထွက်လာခဲ့ကြောင်း၊ NLD ပါတီသည် သေဆုံးပြီးသည့် သူများ အပေါ် အောက်လမ်းပညာရပ်များဖြင့် လူထုကို လိမ်လည်၍ ဟောပြော ခြင်းသည် ခွင့်မလွှတ်နိုင်သော လုပ်ရပ် ဖြစ်ကြောင်း သိရသည်။

"မောင်သွေးသစ် ဆိုတဲ့ သူ၊ ကန်တော့ပွဲနဲ့ ဗိုလ်ချုပ်အောင်ဆန်းဝိဥာဉ်ခေါ် တယ် ဆိုပြီး ခပ်တည်တည်နဲ့ လုပ်တယ်။ ပြီးတော့ NLD ကို မဲပေးဖို့ ဗိုလ်ချုပ်အောင်ဆန်းက ပြောတယ် ဆိုပြီး အရှက်မရှိ လိမ်ညာပြီး ပြောတယ်။ ၀ိဥာဉ်ခေါ်တယ် ဆိုကတည်းက စာပေဟောပြောပွဲမှ မဟုတ်တော့ဘဲ။ စုန်းလို လို မှော်လိုလို ကဝေလိုလို လာလုပ်တယ်။ ပြောတော့ စာပေဟောပြောပွဲတဲ့။ ဘာစာပေမှ မပါဘူး" ဟု ဟောပြောပွဲ တက်ရောက်ခဲ့သော ကိုအောင်နိုင်က ပြောဆိုသည်။

စာရေးဆရာများ နိုင်ငံရေးသီးသန့် ဟောပြောလိုလျှင် ပါတီဟောပြောပွဲ ပြုလုပ်သင့်ကြောင်း၊ ထိုသို့ ဂုဏ်သိက္ခာမရှိ စင်ပေါ်တက်၍ လုပ်ချင်ရာလုပ်လာကြသူများ များပြားလာ၍ ကန့်ကွက်မှုများ ဖြစ်ပေါ် လာခြင်း ဖြစ်ကြောင်း၊ စာရေးဆရာနှင့် နိုင်ငံရေး ခွဲခြား မရနိုင်ဟု ဆိုသော်လည်း ယခုကဲ့သို့ စုန်းကဝေ အတတ်ပညာများ စာပေ ဟောပြောပွဲတွင် ထည့်သွင်းလာသည်မှာ မသိနားမလည်သည့် ပြည်သူလူထုကို အဆိပ်အတောက်ပေးနေခြင်း ဟု ယူဆနိုင်ကြောင်း စာရေးဆရာ ညီပုလေးက ပြောသည်။

"အခု ခါတော်မီ စာရေးဆရာတွေ များလာပြီ။ စာအုပ်လေး တစ်အုပ်နှစ်အုပ် ထုတ်ဘူးတာနဲ့ စာရေးဆရာ အမည်ခံလိုက်တာ သိပ်လွယ်တယ်။ ကျွန်တော် တို့တုန်းက မဂ္ဂဇင်းတွေ စာစောင်တွေမှာ ပါအောင် မနည်း ကြိုးစားရတာ။ ပြီးတော့ လုံးချင်း ထုတ်ဖို့ဆိုတာ ပရိသတ်က တော်တော်လေး လက်ခံမှ ထုတ်ကြတာ။ အခုခေတ်က ပိုက်ဆံရှိရင် ချက်ချင်း ထုတ်လို့ရနေကြတယ်။ အခုလို အောက်လမ်းနည်းတွေကို စာပေ ဟောပြောပွဲအမည်ခံပြီး လုပ်လာတာ ကိုတော့ ကျွန်တော်တို့ ကန့်ကွက်ပါတယ်။ စာရေးဆရာ အတုတွေ ကြောင့် အမှန်တစ်ကယ် စာရေးဆရာအစစ်တွေ နာမည်ပျက်ကိန်း ကြုံနေပြီ။ ပြည်သူလူထုကို လိမ်ညာပြီး မဟုတ်မမှန်တာတွေ ရပ်တန်းက ရပ်ဖို့ကောင်းပြီ။ စာရေးဆရာအသင်းအဖွဲ့တွေအနေနဲ့  ဒီကိစ္စကို ပြတ်ပြတ် သား သား ထောက်ပြမှ ဖြစ်မယ်။ ကျွန်တော်ကတော့ ဒီလို မှော်လိုလို စုန်းလိုလို လုပ်တာတွေကို ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်" ဟု ၄င်းက ပြောဆိုသည်။

"အဓိက မကျေနပ်တာကတော့ ဗိုလ်ချုပ်အောင်ဆန်းကို ခုတုံးလုပ်တာပဲ။ ဗိုလ်ချုပ်အောင်ဆန်းဝိဥာဉ်ကို ဒီလို ခေါ်နိုင်သလား။ ခေါ်လို့ ရလား။ လူပုံအလယ်မှာ ပြည်သူကို လိမ်ညာပြီး ဗိုလ်ချုပ်က မဲထည့်ခိုင်းတယ် ဆိုတာကတော့ တော်တော်ကြီးကို လွန်လာပြီ။ ပြည်သူလူထုကို လိမ်ညာတဲ့ နေရာမှာ ဗိုလ်ချုပ် အောင်ဆန်းဝိဥာဉ်ကို အသုံးမချပါနဲ့။ နောင် ဒီလို ဆက်လုပ်လာဦးမယ် ဆိုရင် NLD ပါတီကိုရော မောင်သွေးသစ်ကိုပါ ကျွန်တော်တို့ ရှုတ်ချပွဲတွေ လုပ်ရပါလိမ့်မယ်" ဟု စာရေးဆရာ မောင်သာထင်းက ပြောဆိုသည်။

"ဗိုလ်ချုပ်အောင်ဆန်းကို ဒီလို အသုံးချတာ တစ်နိုင်ငံလုံးကို စော်ကားလိုက်တာပဲ။ NLD ပါတီဟာ ဒီလို တော့ မလုပ်သင့်ဘူး။ ကျွန်တော်တို့လည်း NLD ပါတီကို ထောက်ခံသူတွေပါ။ ဒါပေမယ့် စာပေဟောပြောပွဲ အမည်ခံပြီး စုန်းလိုလို မှော်လိုလို လုပ်ရုံတင်မက ဗိုလ်ချုပ်အောင်ဆန်း ၀ိဥာဉ်ဆိုပြီး လူထုကို လိမ်ညာနေတဲ့ ကိစ္စမျိုးကိုတော့ ပြင်းပြင်းထန်ထန် ရှုတ်ချရမယ်" ဟု ယင်းဟောပြောပွဲ တက်ရောက်ခဲ့သူ လူငယ်တစ်ဦးက ပြောဆိုသည်။

ယခုနောက်ပိုင်းတွင် စာပေဟောပြောပွဲများ၌ ပါတီစည်းရုံးရေးများ တိုးမြှင့် ဆောင်ရွက်လာရာ၌ စုန်းကဝေ အတတ်ပညာများကိုပါ အသုံးပြုလာသည့် NLD ပါတီအပေါ် ဝေဖန်မှုများတိုးမြင့်လာနေသည်။

ပြည်သူ့အာဏာ

အလုပ်သမားတွေထံက ငွေလိမ်တဲ့ ဂိုဏ်းသား (၅) ဦး ဒီကေဘီအေ ဖော်ထုတ်



ထိုင်းနိုင်ငံမှာ သွားရောက် အလုပ် လုပ်ကိုင်ပြီး အကြောင်းအမျိုးမျိုးနဲ့ ထိုင်း-မြန်မာနယ်စပ် ကရင် ပြည်နယ် မြ၀တီဘက်ခြမ်းကို ပြန်လာတဲ့ မြန်မာ အလုပ်သမားတွေကို နည်းအမျိုးမျိုးနဲ့ လိမ်လည် ငွေညစ်ယူတဲ့ ဂိုဏ်းတဂိုဏ်က အဖွဲ့ဝင် (၅) ဦးကို ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် ( ဒီကေ ဘီအေ ) က သတင်းအရ ထိန်းသိမ်းပြီး ဒီကနေ့ မနက်ပိုင်းမှာ မြ၀တီရဲမှူးနဲ့အဖွဲ့ထံ ဥပဒေကြောင်း အရ အရေးယူဆောင် ရွက်နိုင်ဖို့ လွဲပြောင်းပေးအပ် လိုက်တယ်လို့ စုံစမ်းသိရပါတယ်။


နေရပ်ပြန် အလုပ်သမားတွေထံက ငွေကြေးလိမ်လည်ယူတဲ့ ဂိုဏ်းအဖွဲ့ဝင် (၅) ဦးကို ထိန်းသိမ်းပြီး မြ၀တီရဲမှူးနဲ့အဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့တာနဲ့ပတ်သက်လို့ ဒီကေဘီအေ ကလိုထူဘော စစ်အခြေချ ဗျူဟာမှူး ဗိုလ်မှူးကြီးစောဆန်းအောင်က အခုလို ပြောပါတယ်။

“ထိုင်းက အလုပ်လုပ်ပြီးပြန်လာတဲ့ အလုပ်သမားလေးတွေက သူတို့ငွေအလိမ်ခံရလို့ အကူအညီ တောင်းတော့ အဲ့လို ငွေလိမ်တဲ့သူတွေကို ကျနော်တို့က ဖော်ထုတ်လိုက်တယ်။ ဒါပေမယ့် ဒီလိမ်တဲ့သူ တွေက အုပ်စုနဲ့ဆိုတော့ လိမ်တဲ့အခါ ဆက်စပ်ပါဝင်တဲ့သူတွေ အားလုံးကို သိရဖို့ တရက် နှစ်ရက် ထိန်းသိမ်းပြီးတော့ မြ၀တီမြို့က တာဝန်ရှိသူတွေနဲ့ ရဲမှူးကြီးတွေထံ အပ်နှံပေးလိုက်တာပါ။ ငွေလိမ်တဲ့သူ ပထမ တစ်ရက်က (၃)ယောက် နဲ့ အခု အပ်တဲ့အချိန်မှာ အားလုံး (၅)ယောက်ပေါ့။ ဒီကိစ္စကို တရားဝင် လုပ်ပိုင်ခွင့် ရှိတဲ့ ရဲဌာနအတွက် ကျနော်တို့ ၀ိုင်းလုပ်တဲ့သဘောပါ”။

အလုပ်သမားတွေကို ငွေလိမ်ယူတဲ့ဂိုဏ်းအဖွဲ့ဝင်တွေဟာ ထိုင်းဘတ်ငွေကနေ မြန်မာကျပ်ငွေ လဲတဲ့အခါနဲ့ နေရပ်ပြန်ခရီးစီစဉ်ပေးတာတွေကို တာဝန်ယူသလိုလို လုပ်ကိုင်ဆောင် ရွက်ပေးပြီး အလုပ်သမား တယောက်က ဘတ်ငွေ တသောင်းလဲတယ်ဆိုရင် လက်ရှိပေါက်ဈေးထက်နှိမ်ပြီးပေးတာ နေရပ်ပြန်ခရီး ၀န်ဆောင်ပေးရတဲ့အတွက် ကုန်ကျငွေ ယူတယ်ဆိုပြီး ဘတ်ငွေ ငါးထောင်ကနေ ခြောက်ထောင် လောက်အထိ ဖြတ်ယူလိုက်ကြသလို နေရပ်ပြန်ခရီးစဉ်ကိုလည်း လမ်းခုလတ်မှာတင် လိမ်လည်ထားရစ် ခဲ့တာကြောင့် အလုပ်သမားတွေ ငွေလည်းကုန် ခရီးလည်းမရောက်ဖြစ်ကြရလို့ ဒုက္ခရောက်ကြရတာ မနည်း ဘူးလို့သိရပါတယ်။

အခု ဒီကေဘီအေက ထိန်းသိမ်းပြီး မြ၀တီ ရဲမှူးကြီးအောင်ဝေထံ လွှဲပြောင်းလိုက်တဲ့ ငွေလိမ်ယူတဲ့ အဖွဲ့ဝင် (၅)ဦးဟာ အသက်အကြီးဆုံး (၅၀)နှစ် ဦးလှသိန်း(ခ) ဦးဂနီပါဝင်ပြီး အသက် သုံးဆယ်ကျော်အရွယ် ၊ ကို အောင်နိုင်ထွန်း (ခ) ဂျမ်းခဲ၊ ကိုသူရထွန်း (ခ) ကိုဝင်းလွင်မြင့်၊ ကိုအောင်စိုးမင်း၊ ကိုသိန်းမင်းလတ် (ခ)သားကြီး တို့ဖြစ်ပါတယ်။ အဲ့ဒီအဖွဲ့ခေါင်းဆောင်လို့ ယူဆရတဲ့ ကိုလှထွဋ်ကတော့ လွတ်မြောက်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ဒီကေဘီအေအဖွဲ့က လွှဲပြောင်းပေးလိုက်တဲ့ အလုပ်သမားတွေထံက ငွေလိမ်ယူခဲ့တဲ့ အဖွဲ့နဲ့ ပတ်သက်လို့ ဘယ်လိုအရေးယူဆောင်ရွက်မလဲဆိုတာ အသေးစိပ် သိရှိနိုင်ဖို့ မြ၀တီရဲမှူးကြီးအောင်ဝေကို ဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် “ဟဲလို အမိန့်ရှိပါ” “အမိန့်ရှိပါ” လို့ပြောပြီး မေးမြန်းချက်ကို ဖုန်းကနေ မကြား သယောင်ပြုကာ ဖုန်းချသွားခဲ့ပါတယ်။

ဒီလို အလုပ်သမားတွေထံက လိမ်ညာပြီး ညစ်နည်းမျိုးစုံနဲ့ ငွေရယူလုပ်ဆောင်နေတဲ့ အဖွဲ့တွေ မြ၀တီ ဒေသတွင်းမှာ သုံးဖွဲ့လောက်ရှိပြီး အဲဒီအဖွဲ့တွေဟာ ထိုင်းနိုင်ငံအတွင်းပိုင်းဒေသတွေကနေ အလုပ်လုပ်ပြီး မြန်မာပြည်ဘက်ပြန်ဆင်းလာတဲ့ အလုပ်သမားတွေကို ထိုင်းနိုင်ငံ မဲဆောက်အထိ သွားရောက် ခေါ် ဆောင်ပြီး တည်းအိမ်၊ ငွေလဲတာ၊ နေရပ်ဒေသပြန်ဖို့ စီစဉ်တာတွေကို စီစဉ်ပေးသယောင်နဲ့ တလကို (၁၀)ကြိမ်ထက်မနည်း အလုပ်သမားတွေထံက ငွေလိမ်နေကြတာဖြစ်တယ်လို့ ငွေလိမ်ဂိုဏ်းဖော်ထုတ်ရာမှာ ဒီကေဘီအေ အဖွဲ့ကို အကူအညီပေးခဲ့တဲ့ မြ၀တီဒေသခံက ပြောပါတယ်။

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ပြီး မြန်မာပြည်ကိုပြန်လာကြတဲ့ အလုပ်သမားအများစုဟာ ထိုင်း-မြန်မာ နယ်စပ်မြို့တွေဖြစ်တဲ့ ကော့သောင်၊ ရနောင်း၊ တာချီလိတ်-မယ်ဆိုင်၊ ဘုရားသုံးသူနယ်စပ်နဲ့ မဲဆောက်-မြ၀တီမြို့တွေကိုဖြတ်သန်းပြီး နေရပ်ရင်းဒေသတွေကို ပြန်ကြရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကစလို့ ထိုင်းနိုင်ငံရေးအခြေအနေတွေ ရှုပ်ထွေးနေတဲ့အချိန်မှာ မဲဆောက် - မြ၀တီ နယ်စပ်မြို့တွေကိုဖြတ်ပြီး တရက်ကို မြန်မာအလုပ်သမား ထောင်နဲ့ချီပြီး နေရပ်ပြန်ကြတဲ့ ကာလလို့ဆိုရမှာ ဖြစ်ပါတယ်။ တဆက်စပ်တည်း အလုပ်သမားလက်မှတ်နဲ့ ဗီဇာသတ်တမ်းကုန်ဆုံးသွားတဲ့ အလုပ်သမားတွေ MOU နှစ်နိုင်ငံ သဘောတူညီချက်နဲ့ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား အများစုဟာ တရားဝင် သတ်မှတ်ထားတဲ့ (၄)နှစ်သတ်တမ်းကုန်ဆုံးလို့ပြန်ကြရတာစတဲ့ အခြေအနေ အကြောင်းအမျိုးမျိုး တွေအောက်မှာ ချွေးနည်းစာလုပ်ခလစာတွေကို စုပြီး ပြည်တော်ပြန်စာရိတ်လုပ်ခဲ့ကြရတာ ဖြစ်ပါတယ်။

ဒီလို ပြည်တော်ပြန်အလုပ်သမားတွေရဲ့အခြေအနေကို ထိုင်း-မြန်မာ နယ်စပ်ဒေသကို ကျွမ်းကျင်တဲ့ ကျနော်တို့ မြန်မာနိုင်ငံသားတချို့က အုပ်စုဖွဲ့ပြီး အပြန်ခရီးအတွက် ၀န်ဆောင်မှုပေးသလိုလို (ထိုင်း ဘတ်ငွေကနေ မြန်မာ ကျပ်ငွေ လဲတာအပါအ၀င် နေရပ်ပြန်ခရီး စီစဉ်ပေးတဲ့နေရာတွေကို တာဝန်ယူ သလိုလို) အပြောအဆိုအမျိုးမျိုးနဲ့ အလုပ်သမားတွေရဲ့ ချွေးနည်းစာနဲ့ စုဆောင်းပါလာ ငွေတွေကို လိမ်နည်းညစ်နည်းမျိုးစုံသုံးပြီး (ဗိုက်ဖေါက်) ရအောင်ယူနေကြတဲ့ အဖြစ်တွေဟာ ဆယ်စုနှစ် တစုနည်းပါး ရှိနေပြီလို့ မြန်မာအလုပ်သမားအရေး ကူညီလုပ်ဆောင်ပေးနေတဲ့ နယ်စပ်အခြေစိုက်အဖွဲ့အစည်းတွေက ပြောကြားခဲ့ကြောင်းပါခင်ဗျာ။

(ဖမ်းမိတဲ့ ဗိုက်ဖေါက်ဂိုဏ်းသားတွေကို စစ်ဆေးနေတဲ့ DKBA ဗိုလ်မှူးကြီး စောဆန်းအောင်)

Moe KYaw

လျှပ်စစ်မီတာခ အပိုကောက်ခံမှု ရွာသားတွေ ကန့်ကွက်ဆန္ဒပြ



မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် မြစ်ခြေ တိုက် နယ် လျှပ်စစ်ရုံးရှေ့မှာ ဒီနေ့ မနက်ပိုင်းက ရာနဲ့ချီတဲ့ ဒေသခံကျေးရွာသားတွေက သူတို့ ကျေးရွာတွေမှာ လျှပ်စစ်မီတာခတွေ ကောက်ခံ ရာမှာ ကွာခြား ယူနစ် ဆိုပြီး ထည့်သွင်းကောက်ခံ တာကြောင့် ဒုတိယအကြိမ်မြောက် ကန့်ကွက်ဆန္ဒပြ ခဲ့ကြ ပါတယ်။


ပခုက္ကူမြို့နယ် သရက်တောကျေးရွာအုပ်စု အတွင်း မှာရှိတဲ့ လျှပ်တရာ၊ အိုးဘို၊ သဇင်၊ သပြေစု စတဲ့ ကျေးရွာ ၁၂ ရွာမှာ မီတာခတွေ ကောက်ခံတဲ့အခါ ယူနစ် ၁၀၀ မှာ ယူနစ် ၄၀ ၀န်းကျင်လောက်က ကွာခြားယူနစ်ဆိုပြီး သတ်မှတ်ကာ ကောက်ခံနေတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

အဲဒီလို ကောက်ခံတာဟာ ပြည်ထောင်စု လျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုး လွှတ်တော်မှာ တင်ပြထားချက်နဲ့ ကွဲလွဲနေတာကြောင့် အခုလို ကန့်ကွက်ဆန္ဒပြတာဖြစ်ကြောင်း ဒီနေ့ဆန္ဒပြရာမှာပါဝင်တဲ့ ဦးညွန့်အောင်က ပြောပါတယ်။

"ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက အိမ်သုံးမီတာက သုံးစွဲယူနစ်အပေါ်မူတည်ပြီး တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ကောက်ခံလျှက်ရှိပါကြောင်းဆိုပြီး လွှတ်တော်မှာ အတည်ပြုဖြေကြားထားတာရှိတယ်ဗျ၊ အခုကျ အဲလိုမဟုတ်ဘူးဗျ၊ ကျနော်တို့ဆီမှာကျနေတော့ အပိုကွာခြားယူနစ်ဆိုပြီးပါ ထည့်ပေါင်းပြီးတောင်းနေလို့ ဆန္ဒထုတ်ဖော်တာပါ၊ ဆိုကျပါစို့ပါ ယူနစ်က ၄ဝ ကျတယ်ဆိုရင် ၁၅ ယူနစ်လောက် ထည့်ပေါင်းထားတာ"

သရက်တောကျေးရွာအုပ်စုမှာ အဲဒီလို အပိုကြေးတွေ ကောက်ခံနေပေမဲ့ အနီးနားက မြစ်ခြေကျေးရွာအုပ်စု မှာတော့ မကောက်ခံကြောင်း၊ ပခုက္ကူမြို့နယ် လျှပ်စစ်ရုံးကိုတင်ပြတဲ့အခါမှာ အစိုးရက အပိုကြေး ၁၀ ရာခိုင်နှုန်းကို ပေးနေကြောင်း အဲဒီထက်ပိုသွားရင် ကျေးရွာတွေက ကျခံရမှာဖြစ်ကြောင်း ရှင်းပြတယ်လို့ သိရပါတယ်။ အပိုကြေးဆိုတာ လဆပ်စစ် အလေအလွင့်ဖြစ်တဲ့ ကုန်ကျစရိတ်တွေအတွက် ကောက်ခံတာ လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၉ ရက်နေ့က အလားတူ ဆန္ဒပြကန့်ကွက်ခဲ့ရာမှာ ဦးဆောင်သူ ၂ ဦးဖြစ်တဲ့ ဦးတင်ဝင်းနဲ့ ဦးမြင့်ဆွေဆိုသူ ၂ ဦးကို မြို့နယ်က ပုဒ်မ ၁၈ တရားမ၀င် စီတန်းလှည့်လည်မှုနဲ့ တရားစွဲထား ပါတယ်။

သရက်တော ကျေးရွာအုပ်စုက ကျေးရွာ ၁၂ ရွာမှာ အိမ်ထောင်စုတစ်ခုကို ပျမ်းမျှလစဉ် လျှပ်စစ် ကုန်ကျစရိတ် ကျပ် နှစ်ထောင်ကျော်ဝန်းကျင်လောက် ရှိတယ်လို့သိရပါတယ်။

RFA Burmese

စားသောက်ဆိုင်ထွက် စွန့်ပစ်ဆီများကို ဆီစစ်ကန်မှတစ်ဆင့် စွန့်ပစ်ရမည်



မိုးရာသီကာလများတွင် ရေမြောင်း ပိတ်ဆို့မှု များ ကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လေ့ရှိသော မန္တလေးမြို့တော်တွင် စည်ပင်သာယာ နယ်နိမိတ် အတွင်းရှိ စားသောက်ဆိုင်များ၊ ထမင်းဆိုင်များ၊ လက်ဖက်ရည်ဆိုင် များ၏ စွန့်ပစ်ဆီများကို စွန့်ပစ်ရန် အတွက် ဆီစစ်ကန်များ ထားရှိပြီး စွန့်ပစ် ရန် ညွှန်ကြားသွားမည်ဖြစ်ပြီး လိုက်နာမှုမရှိသည့် ဆိုင်ပိုင်ရှင်များကို အရေးယူသွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ သန့်ရှင်းရေးဌာန ဌာနခွဲမှူး ဦးစိုးတင့်အောင် က ပြောကြားသည်။


စည်ပင်နယ်နိမိတ် အတွင်းရှိ ရေမြောင်း များထဲသို့ စားသောက်ဆိုင်များ၊ ထမင်းဆိုင်များ၊ လက်ဖက်ရည် ဆိုင်များမှ ရောင်းချသည့် အစားအစာများထဲတွင် ပါဝင်သည့် စားသုံးဆီများ စွန့်ပစ်သောကြောင့် ရေမြောင်းများတွင် အဆီခဲများ ပိတ်ဆို့လျက် ရှိသည့်အတွက် ယင်းကဲ့သို့ ဆီစစ်ကန်များ ထားရှိကာ စနစ် တကျ စွန့်ပစ်ကြရန် ညွှန်ကြားရခြင်း ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။

"ဆီစစ်ကန်ထဲမှာ ဆီကသတ်သတ်၊ အနည်ကသတ်သတ် ဖြစ်သွားမယ်။ အဲ့ဒါဆိုရင် ဆီကိုလည်း ပလတ် စတစ် အိတ်နဲ့ထုတ်၊ အနည်ကိုလည်း ပလတ်စတစ်အိတ်နဲ့ ထုတ်ပြီး အမှိုက်ကား လာရင်ပစ်၊ ဒါမှမဟုတ် အမှိုက်ပစ်တဲ့ နေရာမှာ လာပစ်ပေါ့။ အဲဒီ အတွက်လည်း ကုန်ကျစရိတ် သိပ်မရှိပါဘူး။ နာမည်ကြီးဆိုင်တွေ ကို ခေါ်ပြီး သတိပေးမယ်။ ခုလောလောဆယ် မဟာအောင်မြေမြို့နယ် က စားသောက်ဆိုင် ၁၀ ဆိုင်ကို ခေါ်ပြီး ပြောထားတယ်" ဟု ၄င်းကဆိုသည်။

မန္တလေး ခြောက်မြို့နယ် အတွင်းရှိ နာမည်ကျော် စားသောက်ဆိုင်များ အားလုံးကို ခေါ်ယူ ညွန်ကြား သွားမည် ဖြစ်ပြီး ညွန်ကြားထားသည့် ရက်မှ တစ်ပတ်အတွင်း ဆောင်ရွက်ခြင်း မရှိဘဲ ရေမြောင်းများထဲသို့ ဆီများ စွန့်ပစ်သည်ကို စစ်ဆေးတွေ့ရှိပါက စည်ပင်သာယာ ဥပဒေအရ အရေးယူသွားမည် ဖြစ်ကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။

"စည်ပင်က ညွှန်ကြားတာ ဆိုတော့ လုပ်ရမှာပေါ့။ အခုလုပ်နေပြီ။ ကျွန်တော်တို့လည်း သိပ်ပြီးနားမလည် ဘူး ဆိုတော့ သူတို့ ညွှန်ကြား တဲ့အတိုင်း ဆီတွေအပြင်ကို စိမ့်မထွက်အောင် အကာအရံတွေ၊ ဘာတွေ လုပ်နေပြီ" ဟု မဟာအောင်မြေမြို့နယ် တွင်းရှိ နာမည်ရ စားသောက်ဆိုင် လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း၂၀၁၂-၂၀၁၃ ဘဏ္ဍာ နှစ်တွင် မှတ်ပုံတင်ထား သော လုပ်ငန်းလိုင်စင် စုစုပေါင်း ၁၃၂၀ ခုရှိကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

The Voice Weekly

ပြိုင်ကားအုပ်စုဖြင့် အငှားယာဉ်မောင်းအား ရိုက်နှက်ထိုးကြိတ်ပြီး အငှားယာဉ်အား ဖျက်ဆီးခဲ့သည့် အမှုမှပြိုင်ကားတစ်စီး သိမ်းဆည်းရမိ



၁၆.၂.၂၀၁၄ရက်နေ့ ၀၁၁၅အချိန် ကိုသက် ဇော်ဝင်း မောင်းနှင်သည့် ၈က/၈၂၇၄ အငှား ယာဉ်အား ပြိုင်ကားများမှ ကျော်တက်ပိတ်ရပ်ကာ ယာဉ်ပေါ်ပါ ယာဉ်မောင်းနှင့် ခရီးသည် ကိုအင်ထိတ်ကြန့် တို့အား ရိုက်နှက်ထိုးကြိတ်ပြီး အငှား ယာဉ်အား ထုရိုက်ခဲ့သဖြင့် လှိုင်မြို့မရဲစခန်း(ပ)၇၂/၂၀၁၄၊ ပုဒ်မ ၄၄၀/၄၂၇/၃၂၅/၁၁၄ဖြင့် အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူများနှင့် ပြိုင်ကားများအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ ပါသည်။

အမှုမှ အလိုရှိသည့် ပြိုင်ကားများအနက် ၉ဂ/၇၄၁၄ Nissan Fairlady အဖြူရောင်ပြိုင်ကားအား ၁၉.၂.၂၀၁၄ ရက်နေ့ ၀၂၅၀အချိန်တွင် မရမ်းကုန်းမြို့နယ်၊ (၆)ရပ်ကွက်၊ တော်ဝင်ချယ်ရီအိမ်ရာမှ သိမ်းဆည်း ရမိပြီး ပြစ်မှုကျူးလွန်သူဟု မသင်္ကာသူ ဇာနည်ထက်ဝေ၊ ကိုကိုနိုင်တို့မှာ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရှိရသဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ချိတ်ဆက် ပြီး တရားခံ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

Yangon Police

ပြန်ကြားရေး ပါဝင်မည့် စာနယ်ဇင်း သင်တန်းကျောင်း မီဒီယာသမားများ ဆန့်ကျင်


 ပြန်ကြားရေး ၀န်ကြီးဌာန, စာနယ်ဇင်း သင်တန်းကျောင်း, မီဒီယာ, ဦးရဲထွဋ်

မြန်မာနိုင်ငံတွင် ပထမဆုံး ထူထောင်မည့် စာနယ် ဇင်း သင်တန်းကျောင်း (Myanmar Journalism School) တခု ဖွင့်လှစ်ရန် ပြင်ဆင်လျက် ရှိရာ ယခုနောက်ဆုံး ရရှိသည့် သတင်းများ အရ ယင်းစာနယ်ဇင်းသင်တန်းကျောင်းကို ပြန်ကြားရေး ၀န်ကြီးဌာနက ဦးစီးမည့် အခြေအနေများ ရှိလာ သည့်အပေါ် မီဒီယာသမားများက ဆန့်ကျင်ကြောင်း ပြောဆိုကြသည်။


ဖေဖော်ဝါရီ ၁၆ ရက်ထုတ် ကြေးမုံ သတင်းစာတွင် ပြန်ကြားရေး ၀န်ကြီးဌာန ၊ ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီတာတင်က “တက်လှမ်း ညီညီ ကျင့်ဝတ်များနှင့် အညီ မီဒီယာ ကဏ္ဍသစ်ဆီ” ဆိုသည့် ဆောင်းပါးတပုဒ် ရေးသားခဲ့ပြီး ယင်းဆောင်းပါးတွင် ပြန်ကြားရေး ၀န်ကြီး ဌာနနှင့် နိုင်ငံတကာ မီဒီယာ အထောက်အပံ့ အဖွဲ့ (International Media Support) တို့ ချုပ်ဆိုထားသော နားလည်မှု စာချွန်လွှာ အရ Myanmar Journalism School ဖွင့်လှစ်မည့် အစီအစဉ်ကို ဖော်ပြထားရေးသားကြောင်း၊ ယင်းသင်တန်းကျောင်းကို ပြန်ကြားရေးဝန်ကြီးဌာန ဦးစီး၍ အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်း ဖွင့်လှစ်မည့် အနေအထားများ တွေ့မြင်ရကြောင်း စာနယ်ဇင်းသမားများက သုံးသပ်သည်။

Myanmar Journalism School ကို စတင် တည်ထောင်ရန် ပြင်ဆင်စဉ်က မြန်မာဂျာနယ်လစ် ကွန်ရက် (MJN)၊ မြန်မာဂျာနယ်လစ် သမဂ္ဂ (MJU)၊ မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်း (MJA) တို့ ပူးပေါင်း တိုင်ပင်ပြီး ကျောင်းတည်ထောင်မည်ဟု စီစဉ်ခဲ့ကြောင်း၊ ယခုနှစ် ဇန်န၀ါရီလတွင်မူ ယင်းစာနယ်ဇင်း သင်တန်းကျောင်းကို ပြန်ကြားရေး ၀န်ကြီးဌာနနှင့် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) ကို ဦးဆောင် တည်ထောင်မည်ဟု သိရှိခဲ့ကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) မှ အဖွဲ့ဝင် တဦး က ဧရာဝတီသို့ ပြောသည်။

“သတင်းစာထဲမှာ ရေးထားတော့ ကျနော်တို့တောင်ေ၀၀ါး သွားတယ်။ ဒီကျောင်းကို ပြန်ကြားရေးကပဲ လုပ်တော့ မလိုလို ရေးထားတာ။ ပြန်ကြားရေးကပဲ နေရာ ၀င်ယူမယ့် သဘောမျိုးလား မသိဘူး။ ကျောင်းရဲ့ မူဝါဒတွေ မငြိမ်သေးဘူး ထင်တယ်။ ကျနော်တို့ စာနယ်ဇင်း ကောင်စီအဖွဲ့တွေလည်း ရှင်းရှင်းလင်းလင်း မသိရသေးဘူး” ဟု ၎င်းက ဆိုသည်။

စာနယ်ဇင်းသင်တန်းကျောင်း တည်ထောင်ရေးသည် ပြန်ကြားရေး ၀န်ကြီးဌာနနှင့် မသက်ဆိုင်သည့်အပြင် အစိုးရအနေဖြင့် ယင်းသင်တန်းကျောင်းကို စစ်ဗိုလ်များ မွေးထုတ်သော ပုံစံမျိုးဖြင့် သတင်းသမားများ မွေးထုတ်လိုသည့် ကြိုပမ်းချက်များကိုလည်း ဆန့်ကျင်ကြောင်း သတင်းသမားတချို့က သုံးသပ်သည်။

ဧရာဝတီသတင်းဌာန တည်ထောင်သူနှင့် အယ်ဒီတာချုပ် ကိုအောင်ဇော်က“ ပြန်ကြားရေးဝန်ကြီးဌာန ဆိုတာ မိုးလုံးပြည့် မုသာဝါဒါတွေရေးခဲ့တဲ့ စစ်အစိုးရရဲ့ စိတ်ဓာတ်စစ်ဆင်ရေး အရာရှိတွေနဲ့ ဖွဲ့စည်းထား ခဲ့တာ။ အဲဒီလူတွေက နှစ်ပေါင်း ၂၀ လောက် မြန်မာ့အလင်းနဲ့ ကြေးမုံကနေ နိုင်ငံတကာနဲ့ ဒီမိုကရေစီ အရေး လှုပ်ရှားသူတွေ၊ အတိုက်အခံတွေကို ရေးချင်တာရေးခဲ့ပြီးတော့ အခုမှ စာနယ်ဇင်းကျောင်း တည်ထောင်ပြီး ဂျာနယ်လစ်ဇင် ကျင့်ဝတ်တွေနဲ့ ညီအောင် တည့်မတ်ပေးမယ်၊ ထိန်းကျောင်းမယ်ဆိုတာ သူခိုးက လူဟစ် ဆိုသလိုဖြစ်နေပြီ´´ ဟု ပြောသည်။

စာနယ်ဇင်းသင်တန်းကျောင်းကို Myanmar Forever International ၊ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့ (UNESCO) ၊ Canal France International (CFI) ၊ ဂျာမနီနိုင်ငံရှိ DW Akademie နှင့် ဆွီဒင် နိုင်ငံရှိ Fojo Media Institute တို့က ပူးပေါင်းဖွင့်လှစ်ရန် စီစဉ်ခြင်း ဖြစ်ကြောင်း ဒေါက်တာ သီတာတင် ရေးသားထားသည့် ဆောင်းပါးတွင် ဖော်ပြထားသည်။

ပြန်ကြားရေး ၀န်ကြီးဌာနအနေဖြင့် စာနယ်ဇင်း သင်တန်းကျောင်းတွင် ပါဝင် ချုပ်ကိုင်၍ မရဘဲ စာနယ်ဇင်း သင်တန်းကျောင်း ဖွင့်လှစ်ရေးတွင် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) ကသာ အဓိက အခန်း ကဏ္ဍမှ ပါဝင်ရမည်ဖြစ်ကြောင်း မြန်မာဂျာနယ်လစ် ကွန်ရက်၏ အတွင်းရေးမှူး ဦးမြင့်ကျော်က သုံးသပ် သည်။

ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က မြန်မာနိုင်ငံရှိ နိုင်ငံပိုင် မီဒီယာများ၊ ပုဂ္ဂလိက မီဒီယာ များတွင် လုပ်ကိုင်နေသူ အများစုသည် စာနယ်ဇင်း အတတ်ပညာနှင့် ပက်သက်ပြီး စနစ်တကျ သင်တန်း တက်ရောက်ထားသူ ဦးရေ နည်းပါးနေပြီး ပြည်တွင်းတွင် နိုင်ငံတကာ အဆင့်မီ သင်တန်းကျောင်း မရှိခြင်းကြောင့် ယနေ့ တွေ့ကြုံ နေရသော ကျင့်ဝတ်ဆိုင်ရာ အခက်အခဲများ တွေ့ကြုံနေရခြင်း ဖြစ်သည့် အတွက် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက် ရခြင်းဖြစ်ကြောင်း၊ စာနယ်ဇင်း သင်တန်း ကျောင်း ဖွင့်လှစ်နိုင်ရန် လိုအပ်သော ပူးပေါင်း ကူညီမှုများကို ပြန်ကြားရေး ၀န်ကြီးဌာနက ပြုလုပ်မည်ဖြစ် သော်လည်း ကျောင်း၏ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးကို သီးခြား လွတ်လပ်သော ဘုတ်အဖွဲ့နှင့် ဆောင်ရွက် မည် ဖြစ်ကြောင်း၊ ပြန်ကြားရေး ၀န်ကြီးဌာန အနေဖြင့် စီမံခန့်ခွဲရေးနှင့် သင်ကြားရေး ကိစ္စများတွင် ၀င်ရောက် ပါဝင်မည် မဟုတ်ဟု ဧရာဝတီသတင်းဌာနသို့ ပြောဆိုသည်။

“ပညာရေး ၀န်ကြီးဌာန လက်အောက်က သတင်းစာ အတတ်ပညာ သင်တန်းကျောင်းကို အဆင့်မြှင့်တင်ဖို့ UNESCO ၊ ဂျာမနီ၊ ပြင်သစ်၊ IMS တို့နှင့် ပူးပေါင်း ဆောင်ရွက် နေပါတယ်။ အခု ဖွင့်လှစ်မယ့် Myanmar Journalism School သင်တန်းသား အရည်အချင်းတွေကို ကျောင်းက သတ်မှတ်မှာ ဖြစ်တဲ့အတွက် ကျနော် မသိပါဘူး။ သင်တန်း ဆရာတွေကတော့ ပြည်တွင်းရော ပြည်ပကပါ ပါလာမှာပါ။ ဒီကရတဲ့ ဒီပလိုမာ ကလည်း နိုင်ငံတကာ အသိအမှတ်ပြု ဒီပလိုမာ ဖြစ်မှာပါ” ဟု ဦးရဲထွဋ်က ဆိုသည်။

ကိုအောင်ဇော်ကမူ“ ဆင်ဆာစနစ်နဲ့ စာနယ်ဇင်းကို ဦးကျိုးအောင် အညွှန့်ချိုးခဲ့တဲ့သူတွေက စာနယ်ဇင်း လောက ဖွံ့ဖြိုးတိုးတက်ရေး လုပ်မယ်ဆိုတာ ကျားက ဥပုသ်စောင့်သလို ဖြစ်နေတယ်´´ ဟု သုံးသပ် ပြောဆိုသည်။

စာနယ်ဇင်း သင်တန်းကျောင်း ဖွင့်လှစ်ပြီးပါက သင်တန်းလက်မှတ်ရှိပြီးသူများကိုသာ စာနယ်ဇင်းသမား အဖြစ် အသိအမှတ်ပြုမည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ဦးရဲထွဋ်ကမူ ထိုသို့ အစီအစဉ် မရှိဟု ပြောဆိုသည်။

ဦးရဲထွဋ်က “သတင်းထောက်တွေကို အဲဒီ သင်တန်းဆင်း လက်မှတ်ရမှ လုပ်ရမယ်လို့ သတ်မှတ်တာ မရှိ ပါဘူး။ ဒါပေမယ့် နိုင်ငံတကာမှာလို ဒီလို သင်တန်းတွေ များများ ပေါ်လာရင်တော့ စာနယ်ဇင်းများကလည်း သင်တန်း တက်ပြီးသူများကို ပိုမို ရွေးချယ် တာဝန် ပေးတာမျိုး နောင်မှာ ဖြစ်လာနိုင်ပါတယ်” ဟု ပြောသည်။

ပြန်ကြားရေးဝန်ကြီးဌာနသည် စာနယ်ဇင်းသမားများ၏ ဆန္ဒမပါဘဲ တဖက်သတ် ရေးဆွဲထားသော သတင်း မီဒီယာများကို ထိန်းချုပ် ထားသည့် ပြဋ္ဌာန်းချက်များပါဝင်သည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေကြမ်းကို လွှတ်တော်သို့ တင်ပြထားပြီး စာနယ်ဇင်းအဖွဲ့အစည်းများကလည်း ယင်းဥပဒေကြမ်းကို ဆန့်ကျင် ကန့်ကွက်လျက်ရှိသည်။

ပုဒ်မ ၁၈ ဖျက်သိမ်းပေးရန် လွှတ်တော်တွင် အစီအစဉ်မရှိ


ပုဒ်မ ၁၈, လွှတ်တော်, လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်, ဥပဒေကြမ်း, ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်

နိုင်ငံရေး တက်ကြွလှုပ်ရှားသူများက တောင်းဆို နေကြသော လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်အား ကန့်သတ်ထားသည့် ပုဒ်မ ၁၈ ကို ဖျက်သိမ်းမည် မဟုတ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် များက ပြောကြားသည်။


ပြည်သူ့လွှတ်တော် တရားစီရင်ရေး၊ ဥပဒေရေးရာ နှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ် ဆောင်ရွက်ရေး ကော်မတီက“ငြိမ်း ချမ်းစွာ စုဝေး ခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” ကို ယနေ့ ကျင်းပသည့် ပြည် သူ့ လွှတ်တော်သို့ တင်သွင်းခဲ့ရာ ယင်း ဥပဒေမှ ပုဒ်မ ၁၈ ကို ပယ်ဖျက်ပေးရန် မပါဝင် ဘဲ စကားလုံး အသုံးအနှုန်း ပြောင်းလဲခြင်း၊ ပြစ်ဒဏ် လျှော့ပေါ့ပေးခြင်းတို့သာ ပါဝင်ကြောင်း သိရသည်။


သမ္မတ ဦးသိန်းစိန် အစိုးရက ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့က ပြဋ္ဌာန်းခဲ့သော ယင်းဥပဒေ ပုဒ်မ ၁၈ တွင် “မည်သူမဆို ခွင့်ပြုမိန့် မရရှိဘဲ ငြိမ်းချမ်းစွာ စုဝေးခြင်း သို့မဟုတ် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ပြုကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူ ကို ၁ နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၃ သောင်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံး ဖြစ်စေ ချမှတ်ရမည်” ဟု ပြဋ္ဌာန်း ထားသည်။

ထိုကဲ့သို့ လွတ်လပ်စွာ ဆန္ဒထုတ်ခွင့်ကို ကန့်သတ်ထားသည့် ပုဒ်မ ၁၈ ဖျက်သိမ်းပေးရန် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများက အစဉ်တစိုက် တောင်းဆို နေခဲ့ကြသည်။

ပုဒ်မ ၁၈ အပါအ၀င် နိုင်ငံသားများ၏ အခွင့်အရေး ထိခိုက်စေသည့် ဥပဒေများကို ပယ်ဖျက်ပေးရန် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း အပါအ၀င် အဖွဲ့အစည်းပေါင်း ၆၀ နီးပါး ပူးပေါင်းပြီး ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၅ ရက်နေ့က ရန်ကုန်မြို့ မြို့တော် ခန်းမရှေ့တွင် ဆန္ဒပြတောင်းဆိုမှု ပြုလုပ် ခဲ့ကြသေးသည်။

လွှတ်တော်က ပုဒ်မ ၁၈ ကို လုံးဝဖျက်သိမ်းပေးခြင်း မလုပ်သော်လည်း ယခု ဥပဒေကြမ်းသည် ဒီမိုကရေစီ ပိုဆန်လာ သည်ဟု ပြောနိုင်ကြောင်း၊ နိုင်ငံတိုင်းတွင် လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့် ရှိသော်လည်း အခြား အများပြည်သူ၏ အခွင့်အရေးကို ထိခိုက်မှု မရှိစေဘဲ စည်းကမ်းတကျ ဖြစ်စေရန်၊ ခွင့်ပြုချက် တောင်းခံရန် လိုအပ်ကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောသည်။

“အာဏာရှင်ဆန်တဲ့ အသုံးအနှုန်းတွေ ဖြုတ်ထားတယ်၊ ခွင့်ပြုမိန့် ဆိုတာကို အကြောင်းပြန်ကြားစာလို့ ပြောင်းထားတယ်၊ ဆန္ဒထုတ်ဖော်ဖို့အတွက် အချက်အလက် ပြည့်စုံရင် ခိုင်လုံတဲ့ အကြောင်းပြချက် မရှိဘဲ ငြင်းလို့မရတော့ဘူး၊ လွတ်လပ်စွာ ဆန္ဒထုတ် ဖော် ဖို့ အတွက် ခွင့်မပြုဘူးဆိုတာတော့ မရှိတော့ဘူး၊ စည်းကမ်းချက် မလိုက်နာရင် ပေးမယ့် အပြစ်ဒဏ်တွေကိုလည်း လျှော့ပစ် လိုက်တယ်”ဟုလည်း ဦးရဲထွန်း ပြောဆိုသည်။

ပုဒ်မ ၁၈ ဖြင့် စွဲဆိုထားသည့် အမှုပေါင်း ၂၂ မှု ရင်ဆိုင်နေရသော နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ဒေါ်နော်အုံးလှ ကလည်း “ပုဒ်မ ၁၈ က လုံးဝ မရှိသင့်တဲ့ ဥပဒေပါ၊ အခြေခံ ဥပဒေ ၃၅၄ က ပေးထားတဲ့ အခွင့်အရေးကို ပုဒ်မ ၁၈ နဲ့ ပြန်ပိတ်ထားတာ”ဟု ဧရာဝတီ သို့ ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် နိုင်ငံသားတိုင်းသည် မိမိတို့၏ ယုံကြည်ချက် ၊ ထင်မြင်ယူဆချက် များကို လွတ်လပ်စွာ ထုတ် ဖော် ပြောဆိုခွင့် ၊ ငြိမ်းချမ်းစွာ စုဝေးခွင့် စီတန်းလှည့်လည်ခွင့်ရှိသည်ဟု ဖော်ပြထားသော်လည်း ယခုကဲ့သို့ ခွင့်ပြုမိန့် တင်ပြရခြင်းမှာ ဒီမိုကရေစီ သဘောသဘာဝနှင့် ကိုက်ညီမှု မရှိသည့်အတွက် လွှတ်တော်တွင် ပုဒ်မ ၁၈ ပယ်ဖျက်ပေးရန် တင်ပြသွားမည်ဟု မြေပုံမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းကလည်း ပြောဆိုသည်။

“ဆန္ဒပြဖို့ လျှောက်လွှာတင်လည်း ခွင့်ပြုချက်က ရတာမှ မဟုတ်တာ၊ အကြောင်းအမျိုးမျိုးပြ ပယ်ချနေတာ၊ အခုပြင်ဆင်ချက်မှာ ခိုင်လုံတဲ့ အကြောင်းပြချက်မရှိရင် မငြင်းပယ်ရဆိုတာပါလဲ ရပ်ရွာအေးချမ်း သာယာ ရေးကို ထိခိုက်နိုင်တယ်ဆိုရင် ဘာလုပ်လို့ရမှာလဲ၊ ကျနော်ကတော့ ပုဒ်မ ၁၈ ကို ပယ်ဖျက်ပေးဖို့ ၀င် ဆွေးနွေးသွားမယ်”ဟု ဦးဖေသန်းက ဆိုသည်။

ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေအရ “နှစ်နှစ်ထက် မပိုသော ထောင်ဒဏ်အစား တနှစ် ထက် မပိုသော ထောင်ဒဏ်သို့ လည်းကောင်း၊ တနှစ်ထက် မပိုသော ထောင်ဒဏ်အစား ခြောက်လထက် မပိုသော ထောင် ဒဏ် သို့ လည်းကောင်း၊ ခြောက်လထက် မပိုသော ထောင်ဒဏ်အစား သုံးလထက် မပိုသော ထောင်ဒဏ်သို့ လည်းကောင်း ပြောင်းလဲ ထားကြောင်း သိရ သည်။ လွှတ်တော်က ပုဒ်မ ၁၈ ကို ပယ်ဖျက်မပေးဘဲ ပြင်ဆင်ဖြည့်စွက်ချက်တချို့ ပြုလုပ်ရုံမျှဖြင့် ဒီမို ကရေစီ ဖော်ဆောင်ရေး လွတ်လပ်စွာ ထုတ်ဖော်ခွင့်အတွက် ထူးခြားမှု မရှိနိုင်ကြောင်း၊ လွှတ်တော်အမတ် တချို့မှာ လူထု၏ ဆန္ဒထုတ်ဖော်ရာတွင် ရင်ဆိုင်နေရသော အခက်အခဲများကို မသိရှိဘဲ ယင်းဥပဒေ တည်မြဲရေး ကို စဉ်းစားနေကြောင်း ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ်ကျခံခဲ့ရသူ မျိုးဆက်သစ် လူငယ်များ အဖွဲ့ (Generation Youth) မှ ကိုတင်ထွဋ်ပိုင်က ပြောသည်။

“ပုဒ်မ ၁၈ က ပြည်သူတွေကို နှိပ်ကွပ်ဖို့ ထည့်ဆွဲထားတဲ့ ဥပဒေပဲ၊ ကျနော်တို့ကတော့ ဒီဥပဒေ ဖျက်သိမ်း ပေးဖို့ ဆက်လုပ်သွားမယ်၊ ဒီ ပုဒ်မ ၁၈ ကို မပယ်ဖျက်နိုင်ဘဲနဲ့တော့ ဒီမိုကရေစီကို ပြောင်းဖို့ မဖြစ်နိုင်ဘူး”ဟု ကိုတင်ထွဋ်ပိုင်က ပြောဆိုသည်။

ပုဒ်မ ၁၈ ဖြင့် တရားရင်ဆိုင်နေရသူ ၁၀၀ ကျော်ရှိပြီး လက်ရှိ အကျဉ်းထောင်များအတွင်း ၃၃ ဦး ကျန်ရှိနေ သေးကြောင်း၊ ယင်း အကျဉ်းသားများ အားလုံး လွတ်မြောက်ရေး ဆက်လက် လုပ်ဆောင်နေ ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ ဦးထွန်းကြည်ကလည်း ပြောသည်။

ထို “ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” ကို ဆွေးနွေးလိုသော လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နောက်ဆုံးထားပြီး အမည်စာရင်း တင်သွင်းရန် ပြည်သူ့လွှတ် တော် တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေး ကော်မတီက ဖိတ်ခေါ် ထားကြောင်း သိရသည်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းက ဦးဆောင်၍ ပြီးခဲ့သည့်
ဇန်န၀ါရီလဆန်းက လွတ်လပ်စွာ ဆန္ဒ ထုတ်ဖော်ခွင့် အတွက် ဆန္ဒပြ တောင်းဆိုနေစဉ်
(ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)