Thursday, February 13, 2014

ဖေဖော်ဝါရီ ၁၄ ရက်တွင် မြန်မာနိုင်ငံသို့ နောက်ဆုံးအကြိမ်လာရောက်မည့် ကုလကိုယ်စားလှယ် ကင်တားနားအား ဆန္ဒပြကြမည်ဟုဆို


1185455_440067289440212_1622204031_n

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်အိုဟေး ကင်တားနား သည် သူ၏ ခြောက်နှစ်ကြာ တာဝန် မပြီးဆုံးမီ တရားဝင် နောက်ဆုံး ခရီးစဉ်အဖြစ် မြန်မာ နိုင်ငံကို ၂၀၁၄ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်တွင် ရောက်ရှိမည်ဟု ကုလသမဂ္ဂ လူ့အခွင့် အရေးဆိုင်ရာရုံးက ဖေဖော်ဝါရီ ၁၁ ရက်နေ့က သတင်းထုတ်ပြန်လိုက်သည်။ ၎င်း သတင်းထုတ်ပြန် ပြီးနောက် ကင်တားနားမြန်မာပြည်သို့ ရောက် လာပါက ဆန္ဒပြရန် စီစဉ်နေသည်ဟု မြန်မာ့အမျိုးသားရေးတက်ကြွသူများက ဆိုသည်။


ကင်တားနားသည် မြန်မာနိုင်ငံအတွင်း လက်ရှိအခြေအနေများကို အကဲဖြတ်ရန်နှင့် သူ၏ ယခင်က အကြံပြုချက်များနှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံသို့ နောက်ဆုံး အကြိမ် လာရောက်ခြင်း ဖြစ်ကြောင်း သိရသည်။သူ၏ နောက်ဆုံး မြန်မာနိုင်ငံ ခရီးစဉ်တွင် ၏ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ် များအပြင် စစ်ကိုင်းတိုင်းအတွင်းရှိ လက်ပံတောင်း ကြေးနီစီမံကိန်း နှင့် ရန်ကုန်အနီးရှိ သီလဝါ ရေနက်ဆိပ်ကမ်းတို့ကို သွားရောက်ရန် စီစဉ်ထားသည်။ 

ကင်တားနားသည် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့က မိတ္ထီလာသို့လာရောက်ဖူးပြီး ဒေသခံ တစ်ထောင်ကျော်၏ ဆန္ဒပြခြင်းကို ခံခဲ့ရသည်။ အဆိုပါဆန္ဒပြမှုမှာ ကုလလူ့အခွင့်အရေးကိုယ်စားလှယ် ကင်တားနား၏ ဘင်္ဂါလီများအား အားပေးအားမြှောက် သွေးထိုးလှုံ့ဆော်မှုပြုကာ တဖက်သတ် အစီရင် ခံစာများတင်၍ ရာထူးနှင့် တာဝန်အား အလွဲသုံးစားပြုသောကြောင့်ဟု ဆိုသည်။

ယခုလာရောက်မည့် ခရီးစဉ်အတွင်းတွင်လည်း အထူး ဆောင်ရွက်ရမည့် ရာထူးနှင့် တာဝန်အား အလွဲ သုံးစားပြု၍ ကမ္ဘာ့အဖွဲ့အစည်းအား သိက္ခာမဲ့စေသော ကင်တားနားအား ပြတ်ပြတ်သားသား ပြင်းပြင်း ထန်ထန် ရှုတ်ချကြောင်း ဆန္ဒပြကြမည်ဟု သိရသည်။

ကင်တားနား၏ မြန်မာပြည်ခရီးစဉ်သည် ဖေဖော်ဝါရီ ၁၄ရက်မှ ၁၉ရက်ထိ ကြာမြင့်မည်ဖြစ်ကာ ဖေဖော်ဝါရီလ ၁၉ရက် ညနေ ၆နာရီ ၁၅မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး ခရီးစဉ်ကို အဆုံးသတ်မည်ဖြစ်သည်။ 

“၀” တပ်သား ၃၀ ဦးအား ရဟတ်ယာဉ်မောင်းသင်တန်းတက်ရန် တရုတ်နိုင်ငံသို့ စေလွှတ်မည်ဆိုသောသတင်း မမှန်ကြောင်း UWSA ၏ ပြောရေးဆိုခွင့်ရှိသူ ငြင်းဆို

“ဝ” တပ်သား ၃ဝ ဦးအား တရုတ်နိုင်ငံသို့ စေလွှတ်၍ ရဟတ်ယာဉ်မောင်းသင်တန်းတက်ရန် စေလွှတ်မည့် သတင်းမမှန်ကြောင်း “ဝ” သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ ပြောရေးဆိုခွင့်ရှိသူ ဦး အောင်မြင့်က ဖေဖော်ဝါရီ ၁၂ ရက်တွင် ငြင်းဆိုခဲ့သည်။


“ဝ” တပ်သားများအား ရဟတ်ယာဉ်မောင်းသင်ရန် တရုတ်သို့ စေလွှတ်မည့်သတင်းကို ဖေဖော်ဝါရီ ၁၁ ရက်က ဧရာဝတီသတင်းဝက်ဘ်ဆိုက်စာမျက်နှာတွင် ဖော်ပြခဲ့သည်။ ထိုသတင်း၌ UWSP/ UWSA ဌာနချုပ် ပန်ဆန်းသို့ ရောက်ရှိခဲ့ကြသော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မှ အမည် မဖော်လိုသူ အရာရှိတစ်ဦးနှင့် ပန်ဆန်းမြို့သို့ သွားရောက်လည်ပတ်ခဲ့သော ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ (KNPP) အရာရှိတစ်ဦးတို့၏ ပြောဆိုချက်များကို ကိုးကားပြီး ဖော်ပြခဲ့ခြင်းဖြစ်သည်။ “ဝ” တပ်သားများအား တရုတ်သို့စေလွှတ်မည့်ကိစ္စအား UWSA ခေါင်းဆောင်ပိုင်းများထံမှ သိရှိခဲ့ရသည်ဟု ဧရာဝတီသတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

ထိုကိစ္စရပ်နှင့် ပတ်သက်၍ UWSA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်ကို ဖေဖော်ဝါရီ ၁၂ ရက်တွင် The Daily Eleven က ဆက်သွယ်မေးမြန်းရာ ထွက်ပေါ်နေသောသတင်းများ မှန်ကန်မှုမရှိကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

“ရဟတ်ယာဉ်မောင်းဖို့ ပိုင်းလော့တွေ ပညာသင်ဖို့သွားမယ်ဆိုတာ၊ ကျွန်တော်တို့ ဒီက တက္ကသိုလ် အောင်တဲ့ သူတောင် မရှိဘူး။ ဘယ်လိုသွားသင်မလဲ။ ဘယ်လိုသွားမောင်းမလဲ” ဟု ဦးအောင်မြင့်က ဆိုသည်။

ထို့ပြင် ယင်းကိစ္စကို စတင်ပြောကြားခဲ့သူများကိုလည်း ပြန်မေးသင့်ကြောင်း ၎င်းက ပြောကြားသည်။

“ပြောတဲ့သူတွေကို ပြန်မေးကြည့်ပါလား။ ကျွန်တော်ကတော့ သေချာမသိဘူး။ ကျွန်တော်တို့ ဒီမှာကတော့ ဖော်ကာ ငယ်ငယ်လေး တစ်စင်းရှိတယ်။ ရဟတ်ယာဉ် တစ်စင်းရှိတယ်။ နောက်မော်တော်ဘုတ် တစ်စင်း ရှိတယ်။ ဒါကဥယျာဉ်မှာ ပြဖို့ထားဖို့။ ကျွန်တော်တို့ ဒေသခံပြည်သူတွေက သိတဲ့အတိုင်းပဲလေ။ နယ်စပ် ဒေသ ဆိုတော့ အပေါ်မှာပျံနေတာ၊ ပြေးနေတာပဲ တွေ့နေသိနေတယ်။ ရုပ်ရှင်မှာပဲ တွေ့တာရှိတယ်။ လက်တွေ့ ဘယ်သူမှ မတွေ့ဖူးဘူး။ ဒါကြောင့်မို့ ဒီဟာကို ဥယျာဉ်ထဲမှာထားဖို့၊ လုပ်ဖို့ထားတာ” ဟု ဦးအောင်မြင့်က ပြောကြားသည်။

၂ဝ၁၃ ခုနှစ် ဧပြီ ၂၉ ရက်က “ဝ” သွေးစည်းညီညွတ်ရေးတပ်မတော်သည် တရုတ် ထံမှ TY 90 ဝေဟင်ပစ်ဒုံးကျည် တပ်ဆင်ထားသော Mi 70 အမျိုးအစား စစ်ရဟတ်ယာဉ်ငါးစင်း ရရှိခဲ့သည်ဟု Janes Inte- lligence ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။ 

ထိုသို့ ပေးပို့လိုက်သည့် ရဟတ်ယာဉ်သည် ငါးစင်းဖြစ်သော်လည်း အစိုးရသတင်းရင်းမြစ်တစ်ခု၏ အဆိုအရ နှစ်စင်းသာဖြစ်ကြောင်းနှင့် ထိုရဟတ်ယာဉ်များကို တရုတ်နိုင်ငံမှ တိုက်ရိုက်တင်ပို့ခြင်းမဟုတ်ဘဲ လာအိုမှတစ်ဆင့် မဲခေါင်မြစ်ကို ဖြတ်သန်းကာ ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု Janes Inte- lligence က ဖော်ပြသည်။

သို့သော် ထိုသတင်းကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် UWSP/UWSA တို့က ငြင်းဆိုခဲ့သည်။

သို့သော် မြန်မာ့အရေးကျွမ်းကျင်သူ တစ်ဦးဖြစ်ပြီး UWSA သတင်းများကို အတွင်းကျကျသိရှိထားသူ ဆွီဒင်ဂျာနယ်လစ် ဘာတေးလစ်တနာက ၎င်း၏အတွေ့အကြုံနှင့် သိရှိထားသောအချက်အလက်များအရ သတင်းမှန်ကန်သည်ဟု The Daily Eleven သို့ ပြောကြားသည်။

ထိုအချိန်နောက်ပိုင်းတွင် UWSA ဘက်က ရဟတ်ယာဉ်ဝယ်ယူသည့် သတင်းမှန်ကြောင်း၊ ထို ရဟတ်ယာဉ် များမှာ အင်ဂျင်မပါသော ရဟတ်ယာဉ်များသာဖြစ်ပြီး ထိုရဟတ်ယာဉ်နှင့်အတူ ဝယ်ယူထားသော အင်ဂျင်မပါသော သင်္ဘောတစ်စင်းကို အများပြည်သူ ကြည့်ရှုနိုင်ရန် ပန်းခြံ၌ပြထားရန် ရည်ရွယ်သည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

၂ဝ၁၃ ခုနှစ် မေလအတွင်းမှာပင် UW SP/UWSA ၏ နိုင်ငံခြားဆက်ဆံရေးဌာန ဒုတိယတာဝန်ခံ ဦးဆမ်ခွန်း က UWSA ၏ စစ်အင်အားအခြေအနေနှင့် ၎င်းတို့ကိုထိပါးလာမည်ဆိုက လက်တုံ့ပြန်သွား မည်ဟု ပြောကြားခဲ့သဖြင့် ဦးဆမ်ခွန်းကို UWSP ပေါ်လစ်ဗျူရိုအကြီးအကဲများက ခေါ်ယူသတိပေးခဲ့ပြီး ရာထူးတစ်ဆင့်နိမ့် အရေးယူခြင်းများ ရှိခဲ့ကြောင်း သိရသည်။

၂ဝ၁၄ ခုနှစ် ဇန်နဝါရီလအတွင်းက UWSP ၏ ပေါ်လစ်ဗျူရိုအစည်းအဝေးပြုလုပ်ခဲ့ပြီး ပါတီဗဟို ကော်မတီအတွင်း အပြောင်းအလဲ ပြုလုပ်ခဲ့ကြောင်း ဦးအောင်မြင့်က အတည်ပြုခဲ့သည်။

“ကျွန်တော်တို့ ဗဟိုကော်မတီတစ်ခုလုံးကို အကုန်ပြန်ပြီးတော့ ပြန်ပြင်ဖွဲ့ပါတယ်။ လူသစ်တွေ အပါအဝင်၊ လူငယ်တွေလည်း အပါအဝင်၊ သူတို့လည်းဦးစီးလုပ်ငန်းမှာ အတွေ့အကြုံရအောင်ပေါ့။ ဒီလူတွေကိုလည်း တော်တော်များများ တင်မြှောက်ထားပါတယ်” ဟု ဦးအောင်မြင့်က ပြောကြားသည်။

The Daily Eleven က စုံစမ်းသိရှိခဲ့ရသော အချက်အလက်များအရ UWSP ၏ ပေါ်လစ်ဗျူရို အစည်း အဝေးတွင် ဗဟိုကော်မတီဝင် ကျောက်ဝင်ကွမ်း၊ အတိုင်ပင်ခံ ကော်မတီဥက္က| ဗိုလ်လိုက်ခမ်းနှင့် ဒေသ အုပ်ချုပ်ရေး ဒုတိယအကြီးအကဲ ဦးဘောင်တင်းတို့ကို ရာထူးမှ အနားပေးလိုက်ကြောင်း သိရသည်။

ဗိုလ်လိုက်ခမ်းနှင့် ဦးဘောင်တင်းတို့မှာ ပြည်တွင်းမှတစ်ဆင့် UWSP သို့ ရောက်ရှိပြီး ကာလရှည်ကြာ တာဝန် ထမ်းဆောင်နေသူများ ဖြစ်သည်။

ထို့နောက် ပေါ်လစ်ဗျူရို ဗဟိုကော်မတီတွင် အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်ရာ၌ အဓိက ပါဝင်ဆောင်ရွက်နေသူ ကျောက်ကော့အန်းနှင့် ပေါက်ယိုလျံတို့ နှစ်ဦးကို အစားထိုးခန့်အပ်လိုက်သည်။ ထိုသို့အစားထိုးခန့်အပ်လိုက်သူ နှစ်ဦးမှာ တရုတ်နိုင်ငံ၌ မွေးဖွားခဲ့သူများဖြစ်သည်။

ထို့ပြင် ဗဟိုကော်မတီတွင် လူငယ်တပ်မဟာမှူး ငါးဦးခန့်ကိုလည်း တာဝန်ပေးလိုက်ကာ ထိုသူများထဲတွင် “ဝ” တောင်ပိုင်းဒေသတွင် တာဝန်ထမ်းဆောင်နေသူများ ပါဝင်သည့် အပြင် UWSA ၏ ဒုတိယစစ်ဦးစီးချုပ် စိုင်းဆမ်လည်း ဗဟိုကော်မတီ တွင် ပါဝင်ခဲ့ကြောင်း သိရသည်။ 

ဗဟိုကော်မတီ အစည်းအဝေး၌ ဗဟိုကော်မတီဝင်များကို ပြန်ပြင်ဖွဲ့ခြင်းအပါအဝင် ဆုံးဖြတ်ချက်လေးရပ်ကို ချမှတ်ခဲ့ကြောင်း ဦးအောင်မြင့်က ဆိုသည်။

“နိုင်ငံတော်အခြေအနေတစ်ခုလုံးနဲ့ ပတ်သက်လို့ အခြေအနေ၊ သုံးသပ်ချက်ကို ဗဟိုမှာတင်ပြချက်၊ ဆုံးဖြတ်ချက် ယူတာ ရှိတယ်။ ဒုတိယတစ်ခုပေါ့။ တတိယကတော့ ကျွန်တော်တို့ဒေသမှာ ထုတ်လုပ်နေတဲ့ သတ္တု တွေနဲ့ ပတ်သက်လို့ပေါ့။ ပြန်ပြီးတော့ ကုမ္ပဏီတွေကပဲ ဖြစ်စေ။ လုပ်တဲ့အခါမှာ စည်းမရှိကမ်းမရှိဘဲ လုပ်တဲ့ ဟာ။ ဒါကြောင့်မို့ အကုန်ဖျက်သိမ်းပြီးတော့ အကုန်ပြန်ပြီးတော့ အဖွဲ့အစည်းကနေပြီးတော့ ပြန်ပြီး လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ နောက်တစ်ခုကတော့ ဥက္ကဌကြီးရဲ့ မိန့်ခွန်းပေါ့။ ဒါကတော့ ပုံမှန်ပေါ့။ အဓိက ဆုံး ဖြတ်ချက် လေးခုရှိပါတယ်” ဟု ဦးအောင်မြင့်က ပြောကြားသည်။

UWSP/UWSA သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနက် စစ်အင်အားအကြီးမားဆုံး လက်နက်ကိုင် အဖွဲ့ဖြစ်ပြီး စစ်သည်အင်အား ၃ဝဝဝဝ နီးပါးရှိနေကာ ၂ဝ၁၁ ခုနှစ်အတွင်းက အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်စာချုပ် လက်မှတ်ရေးထိုးထားသည်။

“ဝ” တပ်သား ၃ဝ အား ရဟတ်ယာဉ်မောင်းသင်ရန် တရုတ်သို့စေလွှတ်မည့် သတင်းနှင့်ပတ်သက်၍ မြန်မာ နိုင်ငံဆိုင်ရာ တရုတ်သံရုံးသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း တာဝန်ခံဖြေကြားမည့်သူ မရှိခဲ့ပေ။ ပုံမှန် အားဖြင့်မူ UWSA အတွက် လိုအပ်သော စစ်သင်တန်းများကို တရုတ်ထောက်လှမ်းရေးများက သင်ကြား ပို့ချပေးသည်ဆိုသော သတင်းများမှာ ကာလအတန်ကြာကပင် ထွက်ပေါ်ခဲ့ပြီး ဖြစ်သည်။

Eleven Media Group

NLD ပါတီတွင် သာကူးတွေ၊ သူခိုးတွေရှိဟု ဦးဝင်းတင်ပြောပြီ



NLD ပါတီတွင် သာကူးများ ရှိကြောင်း၊ သူခိုးများ ရှိကြောင်း NLD ပါတီ ဗဟိုနာယကအဖွဲ့ဝင် ဟံသာ ၀တီ ဦးဝင်းတင်က ပြောကြားလိုက်ကြောင်း သိရှိရ သည်။


၂၀၁၅ ရွေးကော်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် အနေ ဖြင့် သမ္မတဖြစ်လာရန် အလားအလာ ရှိမရှိကို ပြည်တွင်း ထုတ် ဂျာနယ်တစ်စောင်က ဦးဝင်းတင်အား မေးမြန်းရာတွင် ဒေါ်အောင်ဆန်းစုကြည် ၂၀၁၅ တွင် သမ္မတ မဖြစ်နိုင်ကြောင်း ပြန်လည်ဖြေကြားရာ၌ ထိုသို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

"မဖြစ်ပါဘူး။ ဖြစ်မှာ မဟုတ်ပါဘူး။ အခုက ရှင်းနေ ပြီလေ။ ၅၉(စ)တို့ ဘာတို့ မပြင်နိုင်ဘူး ဆိုကတည်းက ရှင်းနေပြီလေ။ NLD က ရွေးကောက်ပွဲ အနေအထား အရကြည့်မယ် ဆိုရင် အောက်လွှတ်တော်မှာ ရနိုင် တယ်။ ပြည်သူ့လွှတ်တော်မှာ မဲရနိုင်တယ်။ သူတို့လို လူ ၁၀၀၊ ၂၀၀ နဲ့ လုပ်ပြီး ဗဟိုကော်မတီဖွဲ့တာ မဟုတ်ဘူး။ NLD က ညီလာခံတွေ လုပ်ထားတဲ့ ပါတီ။ NLD မှာ ရပ်ကျေးပေါင်း ၆ သောင်းနီးပါး ရှိတယ်။ ရပ်ကျေး တွေမှာ အကျန်တွေလည်း ရှိတယ်။ NLD ထဲမှာ စုတ်ပြတ်သတ်နေတာလည်း ရှိတယ်။ အချောင် သမားတွေ ၀င်လာတယ်။ ကြံ့ဖွံ့ထဲကလည်း ၀င်လာတယ်။ ဘယ်လောက်ပဲ ရှိရှိပါ။ သူတို့လို အပိုင်စီးပြီး တော့ ဒီရွာက ကြံ့ဖွံ့ရွာတို့၊ ကြံ့ဖွံ့လမ်းတို့ ဆိုတာမျိုး ပြောတာ မရှိဘူး။ NLD မှာလည်း သာကူးတွေ ရှိတယ်။ သူခိုး တွေလည်း ရှိမှာပေါ့။ ဘာပဲပြောပြော NLD က အောက်ခြေက တက်လာတဲ့သူတွေနဲ့ ဖွဲ့စည်းထား တာလေ" ဟု ဦးဝင်းတင်က ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

၎င်းအပြင် NLD ပါတီအတွင်း ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ၂၀၁၅ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ရေးတို့တွင် ထိပ်ပိုင်းခေါင်းဆောင်များအကြား တင်းမာမှု ဖြစ်ပွားနေသည်ကိုလည်း ၀န်ခံပြောကြားခဲ့သည်။

"အခြေခံဥပဒေ မပြင်ရင် ရွေးကောက်ပွဲ မ၀င်ဘူး ဆိုတဲ့ သဘောထား ၂၀၁၀ တုန်းက ရှိတယ်။ ၅၉(စ)တို့ကို တစညက လက်မခံဘူး။ အဲဒီလိုဆို သပိတ်မှောက်ဖို့ပဲ ရှိတယ်။ ဒီလိုလည်း လုပ်လို့ မရပြန်ဘူး။ ပါတီထဲ မှာလည်း အသံတွေ ကြားမှာပေါ့။ ဦးဥာဏ်ဝင်းတို့ ပြောတာ ပြင်ပြင် မပြင်ပြင် ရွေးကောက်ပွဲ ၀င်ကိုဝင် မယ်ပေါ့။ ဒါကို မကြိုက်တဲ့သူကလည်း မကြိုက်ဘူး။ ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံ အခြေခံဥပဒေ မပြင်ရင် အခြားနည်း သုံးမယ်ပေါ့" ဟု ဦးဝင်းတင်က ပြောကြားခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်ပြီးလည်း နဂိုကတည်းက လွှတ်တော်ပြင်ပလှိုင်းကို သဘောတူ ခဲ့ကြောင်း၊ လွှတ်တော်ထဲတွင် ဘာမှ လုပ်လို့ မရကြောင်း၊ ဦးသိန်းစိန်၏ ပထမဆုံး မိန့်ခွန်းထဲတွင် တရားဝင်ပါတီ ဖွဲ့စည်းပါ၊ မှတ်ပုံတင်ပါ၊ ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်ထဲလာပါ၊ လွှတ်တော် ထဲမှာ နိုင်ငံရေုးပြဿနာတွေ ဖြေရှင်းကြပါ ပြောကြားခဲ့ကြောင်း၊ ကော်မရှင်ကို ပါတီများ နှင့်ဖွဲ့ထား၍ အားကို ယူထားပြီး ဖြစ်ကြောင်း၊ မဲခွဲတော့ မည်သို့မျှ လုပ်ဆောင်နိုင်မည် မဟုတ်ကြောင်း၊ အလိုလို ရှုံးနေပြီ ဖြစ်ကြောင်း၊ လွှတ်တော်ထဲတွင် ပြင်ဆင်ခြင်းကြောင့် မည်သို့မျှ ထူးခြားမလာနိုင်ကြောင်း လည်း ၄င်းက ဆက်လက် ပြောကြားခဲ့သည်။ 

"ဦးဝင်းတင် ပြောတဲ့ သာကူး ဆိုတာကတော့ အမျိုးမျိုးရှိတာပေါ့။ ကြံ့ဖွံ့က ပြောင်းလာတဲ့သူတွေကိုလည်း ထည့်ပြောထားတယ်။ ပါတီပြောင်းလာပြီး နေရာ ရနေတဲ့ ဒေါက်တာမြတ်ဥာဏစိုးတို့ကို ဦးဝင်းတင်က သိပ်ပြီး ကြည့်ရတာမဟုတ်ဘူး။ ပါတီပြောင်းတယ် ဆိုတာ ခြံခုန်ကူးတဲ့ နွားပဲကွ၊ ဒီနွားတွေက သာရာ ကူးမယ့် ကောင်တွေ။ ပါတီပေါ်လည်း သစ္စာ ရှိမှာမဟုတ်ဘူး ဆိုပြီး အဘဦးဝင်းတင် ပြောဖူးတယ်ဗျ။ ကျန်တဲ့ သာကူးတွေကတော့ အခုကျမှ NLD နားကပ်လာပြီး နေရာယူနေတဲ့ သူတွေပေါ့ဗျာ။ ဦးကိုနီတို့ ဘာတို့ လည်း ပါတာပေါ့။ အခုက ကွန်ရက်တွေ အကြံပေးအဖွဲ့တွေ အများကြီးဖြစ်လာတာလေ။ သာကူး တွေကိုတော့ အဘ ဦးဝင်းတင်လိုပဲ ကျွန်တော်တို့က သိပ်မယုံဘူး။ ကျန်တဲ့ပါတီတစ်ခုခုက သာတယ် ထင်ရင် ထပ်ပြီး ခြံခုန်ကြဦးမှာလေ။ စကားပုံတောင် ရှိတယ်။ တစ်ခါ ခြံခုန်ဘူးတဲ့နွား နောင်လည်း ခြံခုန်ဦး မှာပဲ ဆိုတာ။ သာကူးနဲ့ ခြံခုန်ကူး ပေါ့ဗျာ" ဟု NLD ဗဟိုရုံးချုပ်မှ ပါတီဝင်တစ်ဦးက ပြောသည်။ 

"ဦးဝင်းတင် ပြောတဲ့ သူခိုး ဆိုတာကတော့ အကြီးစား၊ အလတ်စား၊ အသေးစား ရှိမယ်ဗျ။ ဒီလှိုင်းဂျာနယ် သိန်း၁၅၀၀ ဘုံးတဲ့အမှု ဆိုရင် ဘယ်သူ့မှာ တာဝန်ရှိသလဲ စဉ်းစားကြည့်။ နေရာလေးတွေ ရလာတော့ ခိုးချင်တဲ့သူတွေအတွက်လည်း ခေတ်ကောင်းကြီး ရောက်နေတာပေါ့။ မိတ္ထီလာ မီးဘေး ဒုက္ခသည် ဘင်္ဂလီတွေကို သိန်း ၂ ထောင် လှူတဲ့ကိစ္စကတော့ ဦးဝင်းထိန် ဦးစီးပြီး လုပ်တာဗျ။ ခရိုနီတွေပေးတာလား၊ OIC ပေးတာလား ဆိုတာ တိတိကျကျ ရှင်းတာ လင်းတာ မရှိဘူး။ ပါတီရန်ပုံငွေ လို့ အကြမ်းဖျင်းတော့ ပြောကြပါတယ်။ ပါတီရန်ပုံငွေကလည်း ခိုးတာ ၀ှက်တာ သိပ်မရှိလောက်ပါဘူး။ စာရင်းတွေ ဘာတွေ စစ်တာကိုး" ဟု ၄င်းက ပြောဆိုသည်။ 

"ဒေါ်စုကိုတော့ ယုံပါတယ်။ ဦးဥာဏ်ဝင်းတို့ သဘောက ၂၀၁၅ ကို ၀င်ကို ၀င်ရမယ် ဆိုတဲ့သဘော။ ဦးဝင်းမြင့်က ဦးဥာဏ်ဝင်းကို ကျော်ပြီး ပြောတာ တရားမ၀င်ဘူးဗျ။ ကျွန်တော်တို့က ဦးဥာဏ်ဝင်း ဘယ်လို ဦးဝင်းမြင့် ဘယ်လို ဆိုတာ အတွင်းသိ အစင်းသိတွေ။ ဦးဥာဏ်ဝင်းက တစ်ကယ် အနစ်နာခံပြီး ဒေါ်စု သက်တမ်းတစ်လျှောက်လုံး လုပ်ကိုင်ခဲ့တာ။ ဦးဝင်းတင်ကလည်း ၀င်ရမယ် ဆိုတာကို လက်ခံတဲ့ သဘောတော့ ပြောထားတာပဲ။ ဒေါ်စုကတော့ မပြင်ရင် အခြားနည်း သုံးမယ် ဆိုတာကတော့ တစ်မျိုးဗျ။ ဟိုတစ်နေ့ကကျတော့ လွှတ်တော်ထဲမှာပဲ ရအောင် ပြင်မယ် ပြောပြန်ရော။ ရည်ရွယ်ချက်က မှန်းလို့ မရဘူး။ နေပြည်တော်အဖွဲ့ထဲမှာ ဦးဝင်းမြင့်တို့ မြတ်ဥာဏစိုးတို့ကတော့ နောက်ပေါက်လေးတွေပါ။ ပါတီ ထဲမှာတော့ ဦးဝင်းတင်နဲ့ ဦးဥာဏ်ဝင်းတို့ကို ဘယ်ကျော်လို့ ရမလဲ။ ကျော်ရင် ကွဲသွားမှာပေါ့။ ပါတီ ထဲက ထွက်သွားရမှာပေါ့။ NLD က ဒေါ်စုခေါင်းဆောင်ပြီး ဒီလူကြီးတွေနဲ့ ဖွဲ့စည်းထားတာပဲ။ သူတို့ကြောင့် တော့ ပါတီအကွဲမခံနိုင်ဘူး။ ဦးကိုနီလည်း အတူတူပဲလေ" ဟု ပြည်နယ် NLD ပါတီခေါင်းဆောင်တစ်ဦးက ပြောဆို သည်။

NLD ပါတီအတွင်း လူသစ်လူဟောင်း ပြဿနာမှာ ဒေါ်အောင်ဆန်းစုကြည်၏ အားကိုးယုံကြည်မှု၊ စီမံ ခန့်ခွဲနိုင်မှုတို့အပေါ် မူတည်နေကြောင်း သိရှိရသည်။ 

ပြည်သူ့အာဏာ

ပြည်ထောင်စုစိတ်ဓာတ်နဲ့ ညီညွတ်ရေး NLD နာယကတိုက်တွန်း



၆၇ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား တရပ်ကို NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရန်ကုန် မြို့မှာ ကျင်းပခဲ့ရာမှာ NLD ရဲ့ နာယက ဖြစ်တဲ့ သူရဦးတင်ဦးက ဒီနေ့ကာလမှာ ဒီမိုကရေစီ နည်းမကျတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံပြင်ဆင်ရေးကို NLD အနေနဲ့ အလေးထား ဆောင်ရွက်နေတယ် ဆိုပြီး ပြောသွားပါတယ်။


ပြည်ထောင်စုနဲ့ပတ်သက်လို့တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်မှာတော့ စစ်မှန်တဲ့ ပြည်ထောင်စု တနည်းအားဖြင့် ဖယ်ဒရယ်စနစ်ဆိုတာကို ထိတ်လန့်နေစရာ မလိုဘူးလို့ ပြောထားပါတယ်။ NLD က ကျင်းပတဲ့ ပြည်ထောင်စုနေ့ အခမ်းအနားကို တက်ရောက် သတင်းယူထားတဲ့ ကိုသားညွန့်ဦးက သတင်းပေးပို့ထားပါတယ်။

NLD နာယက ဦးတင်ဦးကနေ ၆၇ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ဖွင့်ပွဲမိန့်ခွန်း ပြောဆိုခဲ့တာ ဖြစ်ပြီး၊ ပင်လုံစာချုပ်ကို အောင်အောင်မြင်မြင် လက်မှတ်ရေးထိုးနိုင်ခဲ့တာဟာ ညီညွတ်ရေးကြောင့်ဖြစ်ပြီး၊ ညီညွတ်ရေးဆိုတာဟာလည်း တူညီသော အလုပ်ဖြစ်ရမယ်ဆိုပြီး အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်း ပြောဆိုခဲ့တာကို ပြန်ကိုးကား ပြောဆိုသွားပါတယ်။

ဒါ့အပြင် လက်ရှိ နိုင်ငံရေးအခြေအနေမှာ အဓိက လိုအပ်ချက်ကတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံပြင်ဆင်ရေး ဖြစ်ပြီး၊ ဒါကို အားလုံးညီညွတ်စွာနဲ့ ဆောင်ရွက်ကြဖို့ဆိုပြီး ကာကွယ်ရေး ဦးစီးချုပ်ဟောင်းလည်းဖြစ်တဲ့ NLD နာယက သူရဦးတင်ဦးက တိုက်တွန်းပြောကြားသွားပါတယ်။ ဒါ့အပြင် တပ်မတော်ဟာ ပြည်သူ့ဝန်ထမ်း တွေသာဖြစ်ပြီး၊ နိုင်ငံရဲ့ အဆုံးအဖြတ်တွေမှာ ပြည်သူတွေရဲ့အခန်းကဏ္ဍကို အဓိက နေရာမှာ ရှိတယ်လို့လည်း ပြောပါတယ်။

“ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းစဉ်ဖြစ်သည့် စစ်တပ်သည် ပြည်သူ့လွှတ်တော်ကို ဘယ်တော့မှ မလွှမ်းမိုးရ။ ပြည်သူ့လွှတ်တော်ကသာ စစ်တပ်ကို လွှမ်းမိုးရခြင်းဖြင့် သဘောထားကို ဖျက်စီးကာ ပြည်သူသာလျှင်အမိ၊ ပြည်သူသာလျှင်အဖ ဖြစ်ရမည့် အစဉ်အလာ ကောင်းများကိုပါ ဖျက်စီးလျက် တပ်မတော်သည်အမိ၊ တပ်မတော်သည်အဖ ဆိုတဲ့ သဘောထားကို အခိုင်အမာ ကိုင်ဆွဲလျက်ရှိနေပါသေးတယ်။ သို့ကြောင့်မို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အချက်များကို ပယ်သင့်တာတွေပယ်၊ ဖြုတ်သင့်တာတွေဖြုတ်၊ နှုတ်သင့်တာ တွေနှုတ်၊ ဖြည့်သင့်တာတွေဖြည့်၊ အစားထိုးသင့်တာတွေ၊ ပြင်ဆင်သင့်တာတွေကို အစားထိုး ပြင်ဆင် ပြောင်းလဲ ပစ်မှသာ၊ ပြောင်းလဲပစ်ကြရမှာ အမှန်ပင်ဖြစ်ပါတယ်။ အခု ၂၀၀၈ အခြေခံဥပဒေတွင် ပြင်ဆင်နိုင် သည့်အချက်များကို တင်ထားသော်လည်းပဲ ပြင်လို့မရအောင် တင်းကျပ်ထားခြင်း ဖြစ်နေပါတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ ၀င်ကတည်းက ဖွဲ့စည်းပုံပြင်ဆင်ရေး ကိစ္စကို မူဝါဒတခုလို ချမှတ်ပြီး ဒီအပေါ်မှာ ခိုင်မြဲစွာ ရပ်တည်ထားတယ်လို့ ပြောပါတယ်။ အခုဆိုရင် လွှတ်တော်ထဲရောက်နေတဲ့ NLD ကိုယ်စားလှယ်တွေဘက်ကလည်း ဒီမူဝါဒအတိုင်း အောင်မြင်အောင် ဆောင်ရွက်နေကြသလိုပဲ၊ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း အထူးသဖြင့် တိုင်းရင်းသား ဒေသတွေကို စည်းရုံးရေးခရီးစဉ်တွေ ဆင်းပြီး ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စကို ကြိုးပမ်းဆောင်ရွက်လျက်ရှိတယ်ဆိုပြီး ဦးတင်ဦးက ပြောပါတယ်။

အဓိကအချက်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံဟာ သန္ဓေအားဖြင့်ကို မမှန်ဘဲ ဒီမိုကရေစီနဲ့ ဆန့်ကျင်တာ ရှေ့ နောက် မညီညွတ်တာတွေ ရှိနေတယ်လို့ ထောက်ပြခဲ့ပါတယ်။ တချိန်တည်းမှာတာ့ တိုင်းရင်းသားတွေ အကြား မသင့်မမြတ်ဖြစ်ပြီး ပြည်တွင်းစစ်ပွဲတွေ ဖြစ်လာခဲ့ရာမှာ၊ အခုအခါ အပြန်အလှန် သဘောပေါက် နားလည်ပြီးတော့ တနိုင်ငံလုံး အပစ်ရပ်ရေးအထိ အောင်မြင်ဖို့ အလားအလာ ရှိတဲ့အပေါ်မှာလည်း သူ့အနေနဲ့ စိတ်သက်သာရာ ရမိတယ်လို့ သူရဦးတင်ဦးက ပြောခဲ့ပါတယ်။ ဒါပေမဲ့လည်း နယ်စပ်ဒေသ တွေမှာ မတည်ငြိမ်မှုတွေကို ရင်ဆိုင်နေရဆဲ ဖြစ်တယ်ဆိုတဲ့ အချက်ကိုလည်း ထောက်ပြခဲ့ပါတယ်။

“ဆင်းရဲသားပြည်သူအပေါင်းတို့ဟာ အပြစ်ကင်းစင် ရိုးသားပြီး တိုင်းရင်းသားပြည်သူလူထုများဟာ မိမိတို့ရဲ့ အခြေကျနယ်မြေတွေကနေ ဘေးလွတ်အောင် ထွက်ပြေးတိမ်းရှောင်ကြရသည့် ဒုက္ခသည် ယနေ့တိုင် နယ်စပ်တွေမှာ၊ တဘက်နိုင်ငံတွေမှာ အလွန် ကြီးမားသော ဒုက္ခတွေကို အတောမသတ် ခံစားနေကြ ရတာဖြစ်တယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ၆၇ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကိုတော့ ရန်ကုန်မြို့ ရွှေဂုံတိုင်မှာရှိတဲ့ ဒို့ရိုးရာစားသောက်ဆိုင်မှာ ကျင်းပခဲ့တာပါ။ ရန်ကုန်တိုင်းအစိုးရကတော့ မနက်ပိုင်းက ပြည်သူ့ရင်ပြင်မှာ ပြည်ထောင်စုနေ့ အခမ်းအနားကို ကျင်းပခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ ပြည်ထောင်စု နေ့ သ၀ဏ်လွှာထဲမှာတော့ နှစ် ၆၀ ကြာဖြစ်ခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခတွေကို အဆုံးသတ်နိုင်ဖို့အတွက် ညှိနှိုင်းဆွေးနွေးမှုတွေကို ဆောင်ရွက်ခဲ့ပြီး ရလဒ်ကောင်းတွေ ရရှိနေပြီလို့ ဖော်ပြပါတယ်။ ကချင်ပြည်နယ် လိုင်ဇာမှာကျင်းပခဲ့တဲ့ တိုင်းရင်းသား လူမျိုးပေါင်းစုံပါဝင်တဲ့ ဆွေးနွေးပွဲဟာ ငြိမ်းချမ်းရေး တည်ဆောက်မှုမှာ အရေးကြီးတဲ့ မှတ်တိုင်ဖြစ်တယ်ဆိုပြီး သမ္မတ ဦးသိန်းစိန်ရဲ့ ပြည်ထောင်စုနေ့ သ၀ဏ်လွှာမှာ ဖော်ပြထားပါတယ်။

ကိုသားညွန့်ဦး (ဗွီအိုအေ)

ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေး ဖွဲ့စည်းပုံ ပြင်ရန် ထပ်မံ တောင်းဆို


ပြည်ထောင်စု, ဖက်ဒရယ်, ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ, တိုင်းရင်းသား, အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

မြန်မာနိုင်ငံတွင် ဖက်ဒရယ်ပြည်ထောင်စုစနစ် ပေါ်ထွန်း ရေးအတွက် စစ်အစိုးရ ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရေး တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့် နိုင်ငံရေး အင်အားစုများက ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက် နေ့ ကျရောက်သည့် ၆၇ နှစ်မြောက် ပြည်ထောင်စု နေ့တွင် ကြေညာချက်များ ထုတ်ပြန် တောင်းဆိုလိုက်ကြသည်။


ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ ကယန်းအမျိုးသားပါတီ၊ မွန်ဒီမိုကရေစီပါတီတို့ စုပေါင်း ဖွဲ့စည်းထားသော စည်းလုံး ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့(UNA) က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကြောင့် ပြည်ထောင်စုစတင်ဖွဲ့စည်းစဉ်အခါက သဘောတူချမှတ်ခဲ့သည့် ပြည်ထောင်စုပုံစံမျိုးကို ဖွဲ့စည်း ထူထောင်နိုင် ခြင်းမရှိကြောင်း၊ မူလ စတင်ဖွဲ့စည်းက သဘောတူမျှော်မှန်းထားသည့် ပြည်ထောင်စု ပုံစံဖြစ်သော စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုကြီး ဖွဲ့စည်းပေါ်ပေါက်နိုင်ရန် ဆက်ကြိုးပမ်းရမည် ဖြစ်ကြောင်း၊ အစိုးရနှင့် တိုင်းရင်းသားများအကြား အပစ်ရပ်ရေး၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ ဖြစ်ထွန်း ပေါ်ပေါက်ရေး ကြိုးပမ်း ဆောင်ရွက်နေမှုများကို ကြိုဆိုကြောင်း ကြေညာချက်တရပ် ထုတ်ပြန်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ကလည်း မြန်မာနိုင်ငံသည် စိန်ခေါ်မှုပေါင်းများစွာဖြင့် ရုန်းကန် နေရဆဲဖြစ်ပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အခြေခံသည့် ငြိမ်းချမ်းရေးတည်ဆောက်ခြင်းနှင့် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးတို့သည် အဓိကအကျ ဆုံး လက်ငင်းစိန်ခေါ်မှုဖြစ်ကြောင်း၊ ထိုစိန်ခေါ်မှု ၂ ရပ်လုံးသည် အသွင်သဏ္ဍာန် အားဖြင့် ကွဲပြားနေသော်လည်း အနှစ်သာရအားဖြင့် တခုတည်းသာ ဖြစ်ပြီး တ နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမှ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲများသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အခြေခံမ ပါဘဲ အသက်မဝင် နိုင်ကြောင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် ပညာရေး ဆိုင်ရာ စိန်ခေါ်ချက်အားလုံးသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ပင်မရေစီးထဲတွင် ပေါင်းဆုံ ရမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ၆၇ နှစ်မြောက် ပြည်ထောင်စုနေ့ ကြေညာချက်တွင် ဖော်ပြထားသည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးပြုံးချိုက “ပြည်ထောင်စုစိတ်ဓာတ်တွေ ပေါ်ခဲ့တယ်ဆိုတာက တိုင်းပြည်အတွက် အရေးကြီးလို့ တပြည်ထောင်လုံး လုပ်ရမယ့် အရေး ကိစ္စတွေမှာ လက်တွဲပြီး ဖော်ဆောင် ကြတာပဲလေ။ လိုအပ်လာတဲ့အခြေအနေမှာ အားလုံးပါဝင်လာတဲ့ အခင်းအကျင်းကို ဖန်တီးရမှာပဲ”ဟု ဆိုသည်။

ဒုတိယပင်လုံညီလာခံတခု ကျင်းပရန် တောင်းဆိုမှုများရှိနေသ်ာလည်း ပေါ်ပေါက်လာခြင်းမရှိသည့်အတွက် တောင်းဆိုတိုက်တွန်းမှုများ ဆက်လက်လုပ်ဆောင်ရမည်ဟု ၎င်းက ဆက်ပြောသည်။

“အစိုးရပိုင်းကလည်း ဒါ ကို တွန်းအားပေးရမယ်။ တကယ်လို့ဒီသက်တမ်းမှာမရခဲ့ဘူးဆိုရင်လည်း နောက်သက်တမ်း မှာ ဒါကို ဦးတည်ပြီး လုပ်ဖို့လို တယ်” ဟု ဦးပြုံးချိုက ပြောသည်။

ပြည်တွင်းနိုင်ငံရေးအင်အားစုတခုဖြစ်သော ၁၉၇၄-၇၅-၇၆ နိုင်ငံရေးအင်းအားစုကလည်း စစ်အာဏာရှင် စနစ်ကို ဖက်တွယ် ဆုပ်ကိုင်ထားလိုကြသည့် လူတစုသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အကာကွယ်ယူပြီး ရပ်တည်နေသည်မှာ အထင်အရှားပင်ဖြစ်ကြောင်း၊ ပြည်သူ့အကျိုးစီးပွားကို ကိုယ်စားမပြု သော အခြေခံ ဥပဒေဖြင့် ပြည်သူ့ဆန္ဒကို ခုခံကာကွယ်ရန် ကြိုးစားနေသဖြင့် နိုင်ငံကို ချစ်မြတ်နိုးကြသည့် တိုင်းရင်းသား ပြည်သူတရပ်လုံး မဖြစ်မနေ ဦးတည်ကြိုးပမ်းရမည့် လုပ်ငန်းသည် ဒုတိယ လွတ်လပ်ရေး၏ အခြေခံ အုတ်မြစ် ဖြစ်သည့် ဒုတိယပင်လုံညီလာခံ သို့မဟုတ် ၂၁ ရာစုပင်လုံညီလာခံ သို့မဟုတ် စစ်မှန် သော အမျိုးသား ညီလာခံ တခုအမြန်ဆုံးပေါ်ပေါက်ရေး ဖြစ်ကြောင်း ၆၇ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ထုတ်ပြန် သော ကြေညာချက်တွင် ဖော်ပြထားသည်။

၆၇ သက်တမ်းရောက် အရာမထင်သေးတဲ့ ပင်လုံ


ဖက်ဒရယ်စနစ်, ပင်လုံစာချုပ်, ပြည်ထောင်စု

မြန်မာနိုင်ငံလွတ်လပ်ရေးရဖို့ တိုင်းရင်းသားတွေနဲ့ အတူ စည်းစည်းလုံးလုံး ကြိုးစားခဲ့တဲ့ ပင်လုံ စာချုပ်ဟာ သက်တမ်း ၆၇ နှစ်ပြည့်ခဲ့လေပြီ။ တကယ် တော့ ပင်လုံစာချုပ်ဆိုတာ မြန်မာနိုင်ငံက တကယ့် ခေါင်းဆောင်ကောင်းတွေရဲ့ အမြော်အမြင် ကြီးကြီးနဲ့ သူရဲကောင်းဆန်ဆန် လုပ်ကိုင်ခဲ့ကြတဲ့ လုပ်ရပ်တွေထဲက တခုလည်းဖြစ်ပါတယ် ဒါပေ မယ့်လည်း တိုင်းရင်းသားဒေသတွေမှာ ပင်လုံ စာချုပ်ပါ သဘောတူညီချက်တွေကို မခံစားကြရ သေးဘူး လို့ အခု လက်ရှိ တိုင်းရင်းသား ခေါင်းဆောင်တွေက ပြောနေကြတယ်။


မြန်မာနိုင်ငံမှာ ဖက်ဒရယ် တစ္ဆေဖမ်းစားမှုက တော်တော် ကျယ်ပြန်ခဲ့တယ်။ ဖက်ဒရယ်ဆိုတာ ခွဲထွက်ရေး လို့ပဲ ၀ါဒဖြန့်နေကြတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အလျှိုအလျှို ပေါ်ထွက်လာကြတာက ဖက်ဒရယ် မူဝါဒအပေါ် လေးစားယုံကြည်ရင်း တန်းတူရည်တူရှိရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေအပေါ် အခြေခံကြတာများပါတယ်။ ဒါကြောင့် ဖက်ဒရယ်တစ္ဆေဟာ ပြည်တွင်းစစ် အဓွန့်ရှည်ရခြင်းရဲ့ အကြောင်း တရားတခုအဖြစ် အများက သုံးသပ်ကြ တယ်။

ဒီအတွက် ပြည်ထောင်စု စစ်စစ်ဖြစ်တဲ့ ဖက်ဒရယ်ပြည်ထောင်စုမျိုးကို တိုင်းရင်းသား အင်အားစုတွေက တည်ဆောက်လို ကြပေမယ့် အရင်အစိုးရတွေက လက်ခံနိုင်ခြင်း မရှိခဲ့ကြလို့ စစ်ပွဲတွေနဲ့ ငြိမ်းချမ်းရေး ဆိတ်သုဉ်းနေတဲ့ မြန်မာနိုင်ငံအဖြစ် ဆယ်စုနှစ်များစွာ ဖြတ်သန်းနေခဲ့ရတာပါ။

၁၉၆၂ ခုနှစ်မှာ ဗိုလ်ချုပ်နေ၀င်းက အသက်သွင်းခဲ့တဲ့ အာဏာရှင်စနစ် အခြေတည်လာကတည်းက ပင်လုံစာချုပ်ရဲ့ အနှစ်သာရတွေ မှေးမှိန်ကွယ်ပျောက်လာတာလို့ သုံးသပ်ရပါတယ်။ ဒီ နောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ တဖွဲ့ပြီးတဖွဲ့ တိုးပွားလာခဲ့တယ်။ မြန်မာ့ တပ်မတော်ဟာလည်း တိုင်းပြည်ရဲ့ ပြည်ပရန်ကို ကာကွယ်တဲ့ တပ်မတော်အဖြစ်ကနေ ပြည်တွင်း စစ်မီးထဲ အဓိက အခန်းကဏ္ဍ မှာ ပါဝင်လာတဲ့အခြေ ဆိုက်လာပါတယ်။

တိုင်းရင်းသား ဒေသတွေမှာ စစ်မီးလျှံတွေ၊ ယမ်းခိုးငွေ့တွေ နှစ်ပေါင်း ၆၀ ကျော်လောက် ပြည့်နှက် နေခဲ့တယ်။ ဒေသခံ တိုင်းရင်းသားတွေလည်း ငြိမ်းချမ်းရေးကို ဆာလောင် ငံ့လင့်လာကြတယ်။ ပင်လုံ စာချုပ်ကို ပိုပြီး မျှော်လင့်အား ကိုးကြတယ်။

ပင်လုံစာချုပ်ဟာ မြန်မာနိုင်ငံမှာ ကျင့်သုံးတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ၃ ခုမှာ အရောင်ဆိုးခံရပြီး ကျင်လည်နေရတယ်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကလွဲလို့ ၁၉၇၄ ခုနှစ်နဲ့ အခု ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွေက ပင်လုံ စာချုပ်ရဲ့ အနှစ်သာရကို ဖြည်းဆည်းမှု အလွန်အားနည်းတယ်။

ဗမာအပါအ၀င် တိုင်းရင်းသား အားလုံးရဲ့ ရင်ထဲ၊ ဘ၀ အသိထဲမှာ ပင်လုံစာချုပ်နဲ့ ပင်လုံ စိတ်ဓာတ်ကို တိုင်းပြည်ရဲ့ အသက်သွေးကြော ဖြစ်စေရေးမှာလည်း ကန့်သတ်မှုတွေ ရှိခဲ့ပါတယ်။ အဆိုးဆုံးကတော့ ပင်လုံစာချုပ်ပါ ဖက်ဒရယ် ပြည်ထောင်စု မူဝါဒအပေါ် ၀ိဝါဒကွဲလွဲကြပြီး “ခွဲထွက်ရေး” လို့ပဲ ၀ါဒဖြန့်ခဲ့ကြ၊ ယုံကြည်ခဲ့မှုတွေ ရှိခဲ့ကြတာပါပဲ။

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ခေါင်းဆောင်တဦးဖြစ်တဲ့ ဗိုလ်ချုပ် ဂွန်မော်ကတော့ ဖက်ဒရယ် ဆိုတာ ခွဲထွက်ရေး မဟုတ်ဘူးလို့ ဧရာဝတီနဲ့ သီးသန့် အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

“ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်မယ်လို့ ပြောလိုက်ခြင်း အားဖြင့်ကတော့ နိုင်ငံတနိုင်ငံထဲမှာ အတူ တကွ နေထိုင်ကြမယ်ဆိုတဲ့ Concept (သဘောထား) ပေါ့။ သို့သော်လည်းပဲ နှစ်ပေါင်းများစွာ တချို့အဖွဲ့ တွေကတော့ ဒီဟာကို နားမလည်နိုင်ဘူး။ ဒါကို ခွဲထွက်ရေးလို့ ပြောတယ်” လို့ သူက ဆိုပါတယ်။

အခုတော့ ဖယ်ဒရယ်ဆိုတာ ခွဲထွက်ရေး မဟုတ်ဘူးဆိုတဲ့ သဘောတရားကို လက်ရှိ မြန်မာ့နိုင်ငံရေးမှာ ပါဝင်နေကြတဲ့ တိုင်းရင်းသားတွေ အပါအ၀င် အစိုးရ၊ လွှတ်တော်လူကြီးတွေကလည်း အရင်ကထက်စာရင် ပြောဆိုမှုတွေတော့ ရှိလာပါပြီ။

သမ္မတ ဦးသိန်းစိန်ကတော့ ယမန်နှစ် အောက်တိုဘာလ ၁ ရက်နေ့က ထုတ်လွှင့်တဲ့ ရေဒီယို မိန့်ခွန်းမှာ ပြဿနာရဲ့ ဇစ်မြစ်တွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းသွားမယ်လို့ ပြောခဲ့ပါတယ်။ “တိုင်းရင်းသားများ အားလုံး ပါဝင်တဲ့ ခိုင်မာ၍ ရေရှည်တည်တံ့မည့် ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်တရပ် ပိုင်ဆိုင်နိုင်ဖို့ဆိုရင် အပစ်အခတ် ရပ်စဲရေး တခုတည်းနဲ့ မလုံလောက်ဘဲ လက်နက်ကိုင် ပဋိပက္ခများရဲ့ ဇာစ်မြစ်ဖြစ်တဲ့ ပြဿနာ တွေကို နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့က အဓိက ဖြစ်တယ်ဆိုသည့် အချက်ပဲဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

တနိုင်ငံလုံး အတိုင်းအတာဆောင်တဲ့ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး စကားပြောဆိုမှုဖြစ်စဉ်တွေမှာ အစိုးရနဲ့ တိုင်းရင်းသား အဖွဲ့တွေကြား ကွဲလွဲမှုတချို့ရှိနေသလို တိုင်းရင်းသားအဖွဲ့ အချင်းချင်းနဲ့ တိုင်းရင်း သား တဖွဲ့တည်းမှာကိုပဲ သဘောထား ကွဲလွဲမှုတွေလည်း ရှိနေတာပါ။

တဖက်က သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တဖွဲ့ချင်း ဖြစ်ဖြစ်၊ အစုအဖွဲ့လိုက်ဖြစ်ဖြစ် အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး ကိစ္စတွေ ဖော်ဆောင်ဖို့ စကားပြောဆို လာတာတွေ ရှိပေမယ့် အစိုးရဘက်က အဲဒီဆွေးနွေးပွဲတွေမှာ အပေါ်စီး ယူလွန်းမှုအပေါ်တော့ တိုင်းရင်းသား ခေါင်းဆောင်တွေက ဘ၀င်မကျလှပါဘူး။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ကောင်စီ UNFC ရဲ့ အထွေထွေ အတွင်းရေးမှူးလည်းဖြစ် မွန်ပြည်သစ် ပါတီ ခေါင်းဆောင် လည်းဖြစ်တဲ့ နိုင်ဟံသာကတော့ အစိုးရနဲ့ လွှတ်တော်၊ မြန်မာ့တပ်မတော် ဆိုတာတွေက တိုင်းရင်းသားတွေကို တန်းတူဆွေးနွေးဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ ယမန်နှစ် နိုဝင်ဘာလကုန်က ဧရာဝတီနဲ့ သီးသန့် အင်တာဗျူးမှာ ပြောထားပါတယ်။

“အစိုးရထဲမှာ လွှတ်တော်ထဲမှာ တချို့ကတော့ ကျနော်တို့ကို တန်းတူ ဆွေးနွေးဖို့ဆိုတဲ့ သဘောထား မရှိဘူး ဗျ။ အပေါ်စီးက ယူချင်တယ်။ အဲဒီ စိတ်ဓာတ် အခြေခံကိုက မပြောင်းလဲသမျှကတော့ တွေ့ဆုံ ဆွေးနွေးရေးက ကြာနေဦး မယ်လို့ ဒီလိုထင်တယ်” လို့ သူက ဆိုထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်တွေကတော့ အခုဆိုရင် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် ရာခိုင်နှုန်း ၈၀ လောက် သေချာနေပါပြီလို့တော့ ပြောနေပါတယ်။

တပြိုင်တည်းမှာ တိုင်းရင်းသားနယ်မြေတချို့မှာလည်း သေနတ်သံတွေက မစဲသေးသလို အခုထိလည်း တိုင်းရင်းသားတွေ လိုလားနေတဲ့ ပြည်ထောင်စုစနစ် ပေါ်ပေါက်ရေး အာမခံချက်လည်း မရှိသေးတာတော့ သတိပြုမိပါတယ်။ ဒါ့အပြင် သယံဇာတနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုင်ရာ ကိစ္စတွေကလည်း ရှိပါသေးတယ်။

အဓိက အားဖြင့်တော့ အခုသွားနေတဲ့ အပစ်အခတ် ရပ်စဲရေးကနေတဆင့် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲတွေကို ရောက်မှသာ တိုင်းရင်းသားတွေ ဖော်ဆောင်ချင်တဲ့ ဖက်ဒရယ်ပြည်ထောင်စု စနစ်ကိစ္စကို အကျယ်တ၀ံ့ ဆွေးနွေးမှာဖြစ်တယ်လို့ အခုနောက်ဆုံး အခြေအနေတွေက ညွှန်ပြနေပါတယ်။

ဝေ့လည်ကြောင်ပတ်ဒီမိုများအတွက် ဒဲ့မေးခွန်းများ



အဟက်....
မင်းတို့ အမေ က ....
ပြင်ဖို့  ဘယ်သူမှ မကန့် ကွက်တဲ့  ...
၂၀၀၈ ခြေဥကို ....
ကန့် ကွက်နေကြ သယောင် ...
ဟောပြောပြီး ....
လော်ဘီ လုပ်တယ်...


မင်းတို့ က ....
ဘယ်သူမှ အငြင်းမပွားတဲ့ ....
အစိုးရ အဆက်ဆက်တုန်းက ....
မသမာခြစားမှုတွေ ပြသနာတွေ ကို ....
မွဲပြာပုဆိုး လက်ညိုးထိုးပြီး ....
ကိုယ့်ပါတီကို လော်ဘီလုပ်တယ်....

အဲတော့ကွာ ....
အဲလောက် တစ်ချိန်လုံး ...
မင်းတို့ လက်ညိုးထိုးနေတဲ့  ပြသနာတွေကို ....
တစ်ချက်ချင်း မေးမယ်...
ဖြေကြည့်စမ်း...

ခရိုနီတွေက ရှိသေးတယ်...
မင်းတို့ ပါတီ တက်ရင် ....
သူတို့ နဲ့  အပေါင်းအသင်း မလုပ်ပဲ နေမလား....
သူတို့ အလှူငွေ မယူပဲ နေမလား....
သူတို့ ရဲ့ ဥပဒေနဲ့ မညီတဲ့  လုပ်ငန်းတွေ ...
အကုန် မြေလှန်မလား....
ဖျက်ပြစ်မလား....

ကျူးတွေက ရှိသေးတယ်......
မင်းတို့ ပါတီ တက်ရင် ....
ကျူးတွေကို ရှင်းတိုင်း နေရာအစားထိုး ပြန်ပေးမလား....
ဒါမှ မဟုတ် မရှင်းပဲ နေမလား...
ဒါမှမဟုတ် ရှင်းတိုင်း အကူအညီတွေ ....
အထောက်အပံ့ တွေ အမြဲ ပေးမလား....

မြစ်ဆုံရော ...
လက်ပန်းတောင်းရော ...
ပိုက်လိုင်းရော....
ရေနက်ဆိပ်ကမ်းရော....
ပရောဂျက်တွေ အများကြီး ရှိသေးတယ်...
မင်းတို့ ပါတီ တက်ရင် ....
အားလုံး သတ္တိရှိရှိ ရပ်ပြစ်မလား....
ဒါမှမဟုတ် စာချုပ်တွေ အသစ်ပြန်ချုပ်မလား...
ဒါမှမဟုတ် တရုတ် နဲ့ လုံးဝ အဆက်အသွယ်မလုပ်ပဲ ....
သံ အဆက်အသွယ် ဖြတ်မလား ....

လယ်သိမ်းတဲ့ ပြသနာတွေက ရှိသေးတယ်...
မင်းတို့ ပါတီ တက်ရင် ...
သိမ်းထားပြီးသား လယ်တွေ အကုန်ပြန်ပေးမလား....
ဒါမှ မဟုတ် အားလုံး လက်ရှိ ပေါက်ဈေးနဲ့ ...
လျော်ကြေး ထပ်ပေးမလား...
ဒါမှ မဟုတ် လယ်သိမ်းခံရတဲ့ သူတိုင်း ....
ကျေနပ်သွားအောင် ဖြေရှင်းပေးမယ့် အစီအစဉ် တစ်ခုခု ....
သေချာပေါက် လုပ်ပေးမလား....

ငြိမ်းချမ်းရေးက လမ်းတစ်ဝက်ပဲ ရှိသေးတယ်...
မင်းတို့ ပါတီ တက်ရင် ....
သူတို့ တောင်းဆိုနေတာတွေ အားလုံးပေးမလား...
တိုင်းရင်းသား တပ်မတော်တွေ ပြည်နယ်လိုက် ဖွဲ့ ခွင့်ပေးမလား...
တိုင်းရင်းသား တစ်ဖွဲ့ နဲ့ တစ်ဖွဲ့ ...
လူမျိုးစု တစ်ခုနဲ့ တစ်ခု မတဲ့ တဲ့ ပြသနာတွေ ...
သေချာပေါက် ရှင်းပေးမလား.... ....

ဘင်္ဂါလီတွေက ရှိသေးတယ်....
မင်းတို့ ပါတီ တက်ရင် ....
တစ်ကောင်မှ လွှတ်တော်ထဲ ခေါ်သွင်းမလာဘူး သေချာလား....
အခုထက် ပိုအခွင့်အရေး မပေးမှာ သေချာလား....
ရခိုင်ပြည်က ရခိုင်သားတွေ လက်မခံမယ့် ကိစ္စတွေ ..
တစ်ခုမှ မလုပ်ဘူး ...
ကိုယ့်တိုင်းရင်းသား တွေ ထက် ..
ခိုးဝင်တွေ ရဲ့ လူ့ အခွင့်အရေးကို ....
ဦးစားမပေးဘူး ..... အာမခံ လား......

အဓိကရုဏ်းတွေ ဆန္ဒပြတာတွေက ရှိအုန်းမယ်...
မင်းတို့ ပါတီတက်ရင်...
လုံးဝ အကြမ်းဖက် မဖြိုခွဲဘူး သေချာလား ...
သံဃာပါလာတာ နဲ့ တစ်ပြိုင်နက် ....
လုံခြုံရေးတပ်ဖွဲ့ တွေကို စခန်းပြန်ကြ လို့  ..
အမိန့် ပေးမှာ သေချာလား....
မျက်ရည်ယိုဗုံးတွေ ...မီးခိုးဗုံးတွေ ...
နံပါတ်တုတ် တွေ သေနတ်ကျည်ဆံတွေ ....
လုံးဝ မသုံးတော့ဘူး သေချာလား....

ဒီမေးခွန်းတွေ ...
မင်းတို့  ဝေ့လည်ကြောင်ပတ် မလုပ်ပဲ သတ္တိရှိရှိ ဖြေရဲလား....

အေး ....
ဘယ် မအေ ---- မှ ....
ဒါတွေ ချက်ချင်း မလုပ်နိုင်ဘူး....
အစိုးရ အဆက်ဆက် ဖြေးဖြေးချင်းလုပ်သွားရမှာလို့ ....
ငါ အကြိမ်ကြိမ် ရေးခဲ့တယ်...

ကိုယ် တက်လဲ ချက်ချင်းကောင်းအောင်..
လုပ်နိုင်သေးတာ မဟုတ်ပဲနဲ့  ...
လက်ရှိအစိုးရ သူတတ်နိုင်သလောက် လုပ်ထားနှင့်သမျှ ...
တစ်ချိန်လုံး ကန့် လန့် ထိုင်တိုက်နေတဲ့ ကိစ္စ....
သောက်ပြစ် ထိုင်ပြောနေတဲ့ ကိစ္စ က...
တိုင်းပြည်ကို ချစ်တာလား ....
ကိုယ့်ပါတီ အာဏာ ရဖို့  အာဏာရူးနေတာလား....
ကိုယ့်ကိုယ်ကို ပြန်မေးကြည့် ...

----- ပဲ ....
ဘယ်ပါတီမှ သောက်ရေးမကြီးဘူး
ဘယ်ပါတီမှ တစ်သက်လုံး ထာဝရ ရှိမနေဘူး....
တိုင်းပြည်က တစ်သက်လုံးရှိနေမှာ....

ငါ -------သား တွေ ....
တစ်ချိန်လုံး အစိုးရ လုပ်သမျှ ကန့် လန့် တိုက်....
မင်းတို့ လိုအပ်ချက် အားနည်းချက် ထောက်ပြတော့
ဖွတ် လော်ဘီ ပြောလိုက် ...
အမျိုးသားရေး ဒေါင်းဇား ပြောလိုက် ...
ခရိုနီ ပြောလိုက် ခရိုနက်ပြောလိုက် ....

အေး.....အခု ....
မင်းတို့  တစ်ချိန်လုံး တံဆိပ်ကပ်....
တတွတ်တွတ် တတေတေ ...
နူတ်တိုက် ရွတ်နေတဲ့ ....
ဖွတ်လော်ဘီ ကောင်တွေက...
လိုင်းပေါ်မှာလဲ မရှိတော့ဘူး...
မင်းတို့ မားမားကို လဲ မဆဲဘူး....
အခု ဘယ်ရောက်ကုန်ပြီလဲ သိလား....

မသေမချင်း မှတ်ထား ....
မင်းတို့ ပါတီထဲ ရောက်ကုန်ပြီကွ...
မင်းတို့ ပါတီထဲ ရောက်ကုန်ပြီ ...
မအေ----လေးတွေ ရ....

( တစ်ချိန်လုံး ကန့် လန့် တိုက်နေတဲ့  ကောင်တွေကို ...
ကြည့်မရတော့ လို့  .....
ဒဲ့  ဆဲသည်....
မကျေနပ် ...လဲသေ....
မအေ ---- ဒီမို အရေခြုံ ပြည်ဖျက် လက်သစ်တွေ ....)

( ပုံ -- ရဲမိုး )

( Photo ပြည်သူ့ သံချောင်း )

From:Ye Moe