Friday, January 31, 2014

၂၀၁၅ ရွေးကောက်ပွဲ White Card ကိုင်ဆောင်သူများ မဲပေးခွင့်ပြုပါက ကန့်ကွက်မည်ဟုဆို



လာမည့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ တွင် မြန်မာနိုင်ငံသား မဟုတ်ဘဲ ယာယီသက်သေခံ ကတ် (White Card) ကိုင်ဆောင်ထားသူများကို မဲပေးခွင့်ပြုပါက ရွေးကောက်ပွဲ ကော်မရှင်ကို ကန့်ကွက် မည် ဖြစ်ကြောင်း အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ ခေါင်းဆောင် ဆရာတော် အရှင်ဝီရသူက မိန့်ကြားသည်။


“ဒီမိုကရေစီဝါရင့် နိုင်ငံကြီးတွေဖြစ်တဲ့ အမေရိကန် နိုင်ငံ မှာတောင် Green Card ကိုင်ခွင့်ရတဲ့လူတွေ မဲပေးခွင့် မရှိဘူး၊ ဂျပန်နိုင်ငံမှာ ကိုရီးယားကနေ ရောက်နေတဲ့ သုံးဆက်မြောက် မျိုးဆက်တောင် ဖြစ်နေတဲ့ ကိုရီးယားတွေ အမြဲနေထိုင်ခွင့် ပေးထားပေမယ့် မဲပေးခွင့် မရဘူး။ မြန်မာနိုင်ငံမှာက White Card ကိုင်တဲ့ လူတွေကို မဲပေးပိုင်ခွင့် ရှိနေတယ်။ ဒါကြောင့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲမှာ White Card တွေကို မဲပေးခွင့် ပြုမယ်ဆိုရင် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ အနေနဲ့ ကန့်ကွက်မယ်။ ဘယ်လို ကန့်ကွက်မယ်ဆိုတာတော့ ထုတ်မပြောဘူး။ အချိန်ကာလနဲ့ လိုက်လျော ညီထွေ လုပ်ဆောင် သွားမှာပါ” ဟု အရှင်ဝီရသူက မိန့်ဆိုသည်။

မန္တလေးမြို့တော် မစိုးရိမ်တိုက်ဟောင်း နိရုတ္တိနယူပဒေသ ကျောင်းတိုက်တွင် ဇန်နဝါရီလ ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ကျင်းပသော အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့၏ သတင်းစာ ရှင်းလင်း ပွဲတွင် ဆရာတော်က အထက်ပါအတိုင်း မိန့်ကြားခြင်း ဖြစ်သည်။

“ကော်မရှင်အနေနဲ့ကတော့ သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်ဆိုင်ရာ ဥပဒေတွေအရ မဲပေးခွင့်ရှိတဲ့ လူတွေ မဲပေးခွင့်ရအောင် လုပ်ကိုင် ဆောင်ရွက်ရတာပါ၊ White Card တွေနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ ဥပဒေတွေ ပြင်ဆင်ဖို့ ရှိနေပါတယ်။ လွှတ်တော်က ဆုံးဖြတ်ပြီး ရွေးကောက်ပွဲ ကော်မရှင်ဆိုင်ရာ ဥပဒေ တွေ ပြင်ဆင် သတ်မှတ်ရင်တော့ ကျွန်တော်တို့က သက်ဆိုင်ရာ ဥပဒေအတိုင်း ဆောင်ရွက်သွားဖို့ပါပဲ” ဟု ရွေးကောက်ပွဲ ကော်မရှင် ဒုတိယ ညွှန်ကြားရေးမှူး ဦးလှမောင်ချိုက ဆိုသည်။

အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ကို မန္တလေးခရိုင် ခုနစ်မြို့နယ်တွင် သတင်းထုတ်ပြန်ရေး ဌာန၊ ဘဏ္ဍာရေး အထောက်အကူပြုဌာန၊ သင်တန်းရေးရာ ဌာန၊ အသိပညာပေး စည်းရုံးရေးဌာန၊ သုတေသန နှင့် သမိုင်းမှတ်တမ်းဌာန၊ စာရင်းစစ်ဌာန၊ ဥပဒေရေးရာဌာန တို့ဖြင့် ရဟန်း၊ သီလရှင် ၄၂၆ ပါးဖြင့် ဇန်နဝါရီလ ၁၅ ရက်နေ့က မန္တလေး အတုမရှိ ကျောင်းတော်ကြီးပေါ်တွင် ဖွဲ့စည်းခဲ့သည်။

“ဆရာတော်ဝီရသူရဲ့ ဆန္ဒနဲ့ ကျွန်တော်တို့က တစ်ထပ်တည်း ကျပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄ မှာ အချုပ် အခြာအာဏာသည် နိုင်ငံသားထံမှ ဆင်းသက်သည်လို့ ရှိပါတယ်။ မဲပေးတယ်ဆိုတာ အချုပ် အခြာ အာဏာကိစ္စပဲ။ နိုင်ငံသားတွေသာ အချုပ်အခြာ အာဏာပိုင်ရမှာ ဖြစ်တယ်။ ဒါကြောင့် White Card ကိစ္စကို လွှတ်တော်မှာ ဥပဒေပြင်ဆင်ဖို့ လုပ်နေပါတယ်။ ဒါ့အပြင် နိုင်ငံရေးပါတီ တချို့နဲ့ နိုင်ငံရေး ပါတီ ဝင်တွေ နိုင်ငံသား မဟုတ်ဘဲ ပါတီတွေနဲ့ ပတ်သက်နေတဲ့ ကိစ္စကိုလည်း ရှေ့အပတ်လောက် လွှတ်တော် မှာ တင်ပြဖို့ ရှိနေပါတယ်” ဟု ရခိုင်အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ဆိုသည်။

မြန်မာနိုင်ငံတွင် ဥပဒေအရ မဲပေးပိုင်ခွင့်ရှိသည့် White Card ကိုင်ဆောင်သူဦးရေ ခြောက်သိန်းခန့် ရှိကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ရုံး၌ အောက်တိုဘာ ၂ရက်က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြား ခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် နိုင်ငံသား မဟုတ်သူများကို ယာယီနိုင်ငံ သားကတ်များ ထုတ်ပေးပြီး တပ်မတော် အစိုးရက မဲပေးခွင့် ပြုခဲ့ရာ နိုင်ငံရေးသမားများ၊ အတိုက်အခံများနှင့် မီဒီယာများက ဝေဖန် ခဲ့ကြသည်။

လက်ပံတောင်းတောင်အရေး အကြမ်းဖက်ဖြိုခွင်းမှု ၁၄ လပြည့်အဖြစ် ဒေသခံများ ၀မ်ပေါင်ရုံးအနီးအထိ ဆန္ဒပြ



ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံ တောင်း တောင်ကြေးနီစီမံကိန်း အကြမ်းဖက် ဖြိုခွင်း မှု ၁၄ လပြည့် အဖြစ် ဇန်န၀ါရီ ၂၉ ရက် နေ့လယ် ၁ နာရီမှ စတင်ကာ ညနေ ၄ နာရီအထိ လက်ပံ တောင်းတောင် ဒေသခံအင်အား နှစ်ရာဝန်းကျင် တို့သည် တုံကျေးရွာမှတဆင့် မြန်မာဝမ်ပေါင်ရုံး အနီးထိ တရားဝင်ခွင့်ပြုမိန့် ဖြင့် တောင်းဆိုချက် ၇ ချက်ကို ကြွေးကြာ်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သတင်းရရှိသည်။


“လက်ပံတောင်းတောင်အရေးက အခုချိန်အထိ အဆင်မပြေသေးပါဘူး။ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၉ ရက်က အကြမ်းဖက်နှိမ်နင်းမှု ၁၄ လပြည့်အဖြစ် ဆန္ဒပြဖို့ သက်ဆိုင်ရာကို နှစ်နေရာ ခွင့်ပြုမိန့်တင်ထား တယ်။ လက်ပံတောင်းတောင်ဒေသရယ် မုံရွာမြို့ရယ် ခွဲပြီးတင်တယ်။ လက်ပံတောင်းတောင်ဒေသကိုပဲ ခွင့်ပြုမိန့်ပေးပြီး မုံရွာ အတွက်အပယ်ခံရတယ်။ မီးလောင်စေတဲ့အရာတွေနဲ့ ဒေသခံတွေရဲ့ သပိတ်စခန်း တွေ ကို အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့ တရားခံတွေကို ဖော်ထုတ်မပေးမချင်း တရားဝင်ခွင့်ပြုမိန့်နဲ့ဆန္ဒထုတ်ဖော် တောင်းဆိုသွားမယ်။ စောစောရက်တုန်းက ဆန္ဒပြဖို့နေရာကို ၀မ်ပေါင်ရုံးအထိ တင်ထားပေမယ့် ၀မ်ပေါင် ရုံး မရောက်မီ ညောင်ပင်ကြီး-ယင်းမာပင်ကားလမ်းပေါ်က ရန်မျိုးအောင်စေတီအထိပဲ ခွင့်ပြုမိန့်ပေး ထား ပါတယ်။ ဒေသခံတွေအနေနဲ့ကတော့ အားအင်တွေရှိနေသရွေ့ တရားခံတွေကို မဖော်ထုတ်မပေးမချင်း ဆန္ဒထုတ်ဖော်ခွင့်ကို တောင်းဆိုသွားမှာပါ”ဟု တုံကျေးရွာမှ ဒေသခံတောင်သူတစ်ဦးက ပြောကြားသည်။

လက်ပံတောင်းတောင်အရေး အကြမ်းဖက်ဖြိုခွင်းမှု ၁၄ လပြည့်အဖြစ်ဆန္ဒပြသော ဒေသခံများတောင်း ဆို သည့်အချက်များမှာ -

၁။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းလုံးဝဖျတ်သိမ်းပေးရေး 

၂။ ပုဒ် ၁၄၄ ထုတ်ပြန်ထားမှုကို ရုပ်သိမ်းပေးရေး 

၃။ အကြမ်းဖက်ဖြိုခွင်းခဲ့သည့် မီးလောင်ဗုံး တရားခံများကို ဖော်ထုတ်အရေးယူပေးရေး 

၎။ လယ်တီသိမ်ကျောင်းကို ဖျက်ဆီးရန် လုပ်ဆောင်နေသည့် မိစ္ဆာဒိဋ္ဌိ ဦးပိုင်နှင့်ဝမ်ပေါင်ကို အလိုမရှိ 

၅။ စုံစမ်းစစ်ဆေးရေးအစီရင်ခံစာအတိုင်း မလုပ်ဆောင်သည့် ဦးပိုင်နှင့်ဝမ်ပေါင် အရေးယူပေးရေး 

၆။ မြေယာလျော်ကြေးမယူသည့် လယ်ယာမြေများပေါ်တွင် သွပ်ဆူးကြိုးခတ်မှုအား ချက်ချင်းဖြုတ်ရေ။ တရားမ၀င်မိုင်းခွဲနေမှုများ ချက်ချင်းရပ် စသည်များကို ကြွေးကြော်ကာ တောင်းဆိုခဲ့ကြောင်း သိရသည်။

ညနေ ၅ နာရီ ၀န်းကျင်တွင် လက်ပံတောင်းဒေသရှိ တုံကျေးရွာတွင် ဒေသခံများနှင့် သံဃာတော်များ ဦးဆောင်ကာ လယ်တီသိမ် နှင့် စေတီအပြောင်းအရွှေ့အကြောင်း စည်းဝေးပြောဆိုခဲ့ကြောင်း သိရသည်။

Eleven Media Group

မြင်အောင်ကြည့် ထိအောင်တုန့်ပြန်



ဘူးသီးတောင် ၊မောင်တောဘက်မှာ တာဝန်ကျဘူး တဲ့ စီနှီယာတစ်ယောက်ဆီက ဘင်္ဂါလီကုလားနဲ့ ပတ်သက်တာတွေ တော်တော်လေး ကြားဖူးသဗျ။ အဲဒါတွေနဲ့ ကျွန်တော်ဖတ်ဖူးမှတ်ဖူးသမျှ ကို ပြန် ဖောက်သည်ချဦးမယ်ဗျ။


၈၈မတိုင်မီက ရခိုင်ပြည်နယ်မှာ တပ်ရင်း(၃)ရင်းပဲ ရှိသဗျ။အဲဒီခေတ်က ဖွဲ့စည်းပုံလည်းပြည့်တော့ တပ်ရင်းတစ်ရင်းရဲ့ အင်အားကလည်း မသေးလှဘူး ပေါ့။.၈၈အရေးအခင်းမှာ ပြည်တွင်း သောင်းကျန်း သူတွေက နေရာအနှံ့မှာထကြွ။ တပ်မတော်က နိုင်ငံတစ်နံတစ်လျားမှာ စစ်မျက်နှာများစွာ ဖွင့်ရတဲ့ အချိန်ဗျ။ ရခိုင်က တပ်ရင်းတွေကလည်း စစ်ပူရာရှေ့တန်းစစ်မျက်နှာတွေကို ဖုတ်ပူမီးတိုက် သွားလည်း တိုက်ရရော ကုလားတွေက ရောင်တော်ပြန်လွှတ်ပြီး ဌာနေရခိုင်သားတွေကို သတ်ဖြတ်လုယက် မောင်းထုတ်ခဲ့တဲ့အပြင် ရိုဟင်ဂျာပြည်နယ်ထူထောင်ဖို့ထိပါ တောင်းဆိုလာတယ်ဗျ။ မြန်မာနိုင်ငံရဲ့ အနောက် တံခါးကို ဒီ(၃)ရင်းနဲ့ လွှတ်ထားရင် မရတော့ဘူးဆိုတာ တပ်မတော်အကြီးအကဲ တွေလည်း သဘော ပေါက်ပါတယ်။

ဒါကြောင့်မို့လည်း ၉၀နောက်ပိုင်းမှာ တိုင်းစစ်ဌာနချုပ်(၁)ခု၊ဒကစ(၁)ခုနဲ့စကခ(၃)ခု တိုးမြှင့်ချထားခဲ့ တယ်ဗျ။စစ်အစိုးရလက်ထက်မှာ ကုလားဆိုးတွေ ခေါင်းမထောင်ဝံ့အောင် အိုး..မာရေး..အိုး..မာရေးနဲ့ စစ်စိမ်းမြင်ရင် ခွေးပြေးဝက်ပြေး ပြေးရအောင် ဘယ်ပုံဘယ်နည်းနှိပ်ကွပ်ခဲ့သလဲဆိုတာတော့ အထူးလျှို့ဝှက်ပေါ့။ခုခေါင်းထောင်နေတဲ့ NG0ဆိုတဲ့ ကုလားအားပေးအဖွဲ့စည်းတွေ၊ သတင်း မီဒီယာတွေဆိုတာ နားထား။သနားတယ်။ ငြိမ်ဝပ်ပြီး ပိပြားနေအောင် ဖိထားခဲ့တာ ဒီစစ်သားတွေပဲဗျ။

ခုဒီမိုခေတ်ကျမှ ကြောင်ခံတွင်းပျက်နဲ့ ဆက်ရက်တောင်ပံကျိုးတွေပေါင်းပြီး တောကြောင်ရော ၊အိမ်ကြောင် ရော၊ ဧည့်ကြောင်ရော တညောင်ညောင်အသံပေးပြီး မတန်မရာဟစ်ကြွေးနေကြတာ။ ထားလိုက်ပါတော့ ဗျာ။ ကျွန်တော့်စီနီယာတစ်ယောက်နဲ့ ပြောဖြစ်တဲ့ကုလားကြောင်း ပြန်ကောက်ရရင် ကုလားတစ်ယောက် က အနည်းဆုံးမိန်းမ(၄)ယောက်ယူခွင့်ရှိသတဲ့ဗျ။ သူပြောပုံအရဆိုရင် သားဖောက်သာသနာပြုနည်း ဆိုလားပဲ။ အဆန်းပဲနော်။ မိန်းကလေးတစ်ယာက် အပျိုဖော်ဝင်စ ရာသီပန်းပွင့်ပြီဆိုတာနဲ့ ကုလားက ခြေတော်တင်လို့ရပြီတဲ့ဗျ။ မိန်းကလေးက ဆန္ဒရှိ/မရှိရှိ ရွှေတစ်ကျပ်သားတင်တောင်းလို့ကတော့ နွားဆွဲ သလို ဆွဲချသွားတာတဲ့ဗျ။ အဲဒီမှာ လင်ယူသားမွေးထုံးနဲ့ တစ်သက်လုံး အိမ်တွင်းပုန်း ပေတော့။ ရခိုင်မှာဆိုရိုးတစ်ခုရှိသတဲ့ဗျ။ ကုလားခိုင်းပြီးသားနွားနဲ့၊ ကုလား ယူပြီးသား မယား ချိုနဲ့သားရေပဲကျန်တယ် ဆိုလားဗျ။ ရီတော့ ရီရတယ်။ဗုဒ္ဒအမြင်ရဆိုရင် ပဌာန်းဆက်ရှိလို့ပဲဖြစ်ဖြစ်၊၀ဋ်ကြွေးရှိလို့ပဲဖြစ်ဖြစ် ဒီဘ၀မှာ ကုလားမ လာဖြစ်၊ ကုလားမယား လာဖြစ်၊ လူစင်စစ်က နွားလိုဖြစ်ရတာ သူ့တို့အတိတ်ဘ၀က အကုသိုလ်ပါပဲ။ လူ့အခွင့်အရေးဆိုပြီး တဆာဆာ ခိုညည်းသလို ညည်းနေသူတွေကို နောင်ဘ၀မှာ ဘင်္ဂါလီ ကုလားမယားဖြစ်စေချင်ပါတယ်။ အဲဒါမှ လူ့အခွင့်ရေးဆိုတာ နတ္ထိ၊ လူ့ဘ၀ဆိုတာ ဘာမှမသိတဲ့ မျက်စိမှိတ် နားပိတ်ဘ၀ရောက်တဲ့အခါမှ လင်ကုလားတွေကို တော်လှန်ပြီး လူ့အခွင့်ရေးသူရဲကောင်းဆုတွေ ဘာတွေ ရအောင်လို့။

အဲတစ်ခုတော့ရှိတယ်ဗျ။ မိန်းမတစ်ယောက်က ကလေးအယောက်(၂၀)မွေးပြီးရင်တော့ သူတို့အယူအဆ အရ မိန်းမမြတ်ပါတဲ့ ခင်ဗျ။ ကျန်တဲ့ မိန်းမတွေက သူနဲ့တန်းတူကြမ်းတစ်ပြေးတည်း ထိုင်ခွင့်မရဘူးတဲ့ဗျ။ သူကို ကျန်တဲ့ မိန်းမတွေက လုပ်ကျွေးပြုစုရသတဲ့ဗျ။ ဒါပေမယ့် ယောင်္ကျားကုလားက နောက်မိန်းမ ထပ်ယူလို့ရအောင် သူကကွာရှင်းပေးရသတဲ့ဗျ။ ဟာသ။ နောက်တစ်ခု ရှိသေးတယ်။ မုဆိုးမဘ၀ရောက်ပြီ ဆိုရင်တော့ အသီးသီးအသက စောင်မကြည့်ရှုကြတာ ဘတ်လပိုင်ကိုလိုက်၊ ဖွတ်ဖွတ်ညက်ညက်ကို ကြေရောတဲ့ဗျ။ အဲသလို ဦးစားပေးကြတာ။ နောက်သူတို့ မိသားစု Live style လေးတွေ ချပြချင်သဗျ။ အိမ်ထောင်တစ်ခုမှာ မနက်စာစားကြရင် အလုပ်မလုပ်နိုင်တဲ့သူဆို မကျွေးဘူးတဲ့ဗျ။ အမေ၊ အဖေမကလို့ ဘာကြီးဖြစ်နေနေ၊ သုံးလေးနှစ်သားမကလို့ ဘယ်သားဖြစ်နေနေတဲ့ဗျ။ ကလေးဆိုလည်း ထင်း တစ်စည်းရမှ၊ အဘိုးကြီး၊ အဘွားကြီးဆိုလည်း ယူနီဆက်တို့ ၊ အန်ဂျီအိုတို့ တပ်တို့က ဆန်ဝေလို့ ကတ္တရာ လမ်းပေါ်ကျတဲ့ ဆန်စေ့လေးတွေကို အုန်းဆံခွံနဲ့ ယုထည့်ပြီး နို့ဆီဘူးတစ်ဘူးစာလောက်ရမှ အိမ်ကိုပြန်ရဲ သတဲ့ဗျ။

စဉ်းစားကြည့်ပေါ့ဗျာ။ မိသားစုချင်းတောင် ကုလားက မသနားတာ။ မိသားစုချင်းတောင် စာနာမှုမရှိတာ။ မိသားစု ချင်းတောင် ထောက်ထားမှုမရှိတာ။ ဒီလိုလူစိတ်မရှိတဲ့သူတွေက သူစိမ်းတစ်ရံစာအပေါ်ဆို ဘယ်လို ဆက်ဆံမလဲ။ ဘယ်လိုသဘောထားမလဲ။ ဘယ်လောက်ရက်စက်မလဲ။

ရေများရေနိုင်၊မီးများ မီးနိုင်ဆိုသလို ကုလားများတော့ ကုလားနိုင်လုပ်မှာပဲ။ ကုလားနိုင်ရအောင် ကုလားဖန် ထိုးနေတဲ့ မအေရိုးတွေ၊ ဗျိုင်းတာမတွေ မှန်သမျှ ဆန့်ကျင်ကြဗျာ။ ခုတောင်ပြည်ပနိုင်ငံကြီးတစ်ချို့နဲ့ မီဒီယာ တွေက တစ်ဘက်စောင်းတင်းဖော်ပြလို့ဖော်ပြ၊ ဟိန်းသလို ဟောက်သလို ခြိမ်းသလို ခြောက်သလို လုပ်လို့လုပ်။ ပြည်တွင်းက မွတ်ပါတီကလည်း မွတ်ဘက်လိုက် မိုက်ဘက်ပါ။ ဒါပေမယ့် ဘာမှ ကြောက်စရာ မရှိဘူး။ ကြောက်သွေးပါရင် ဖောက်ထုတ်ပစ်မယ်။

ကိုယ့်ပြည်တွင်းရေး ကိုယ်ပဲစီမံဖန်တီးမယ်။ ကိုယ့်အမျိုးသားရေး ကိုယ်ပဲလုပ်မယ်။ တုံးဆိုတိုက်၊ ကျားဆိုကိုက်ပလိုက်။

ကုလားအားပေးမှန်သမျှ၊တော်လှန်ကြ။

၅၉(စ)ကိုထိပါးသူမှန်သမျှ တွန်းလှန်ကြ။

၉၆၉ကို ပုတ်ခတ်သူမှန်သမျှ ရှုတ်ချကြ။

ကျုပ်တို့နိုင်ငံ ကျုပ်တို့လူမျိုး အရိုးကိုအရွက်မဖုံးရအောင် မုန်းချင်သူတွေ မုန်းကြပါစေ။ လုပ်သင့် လုပ်ထိုက်တာမှန်သမျှ အကြမ်းမဖက်သောနည်းနဲ့ ပြတ်ပြတ်သားသားသာ လုပ်ကြကိုင်ကြရမယ်။ ကျုပ်တို့ ချင်းချင်း ကျောကပ် ရင်အပ်ထားရမယ်။

မြင်အောင်ကြည့် ထိအောင်တုန့်ပြန်။

From:Aung Zay

ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့တွင် မြန်မာ့တပ်မတော်ပါဝင်ရန် ကုလသမဂ္ဂ အထူးကိုယ်စားလှယ်၏ ကမ်းလှမ်းမှုကို မြန်မာ့တပ်မတော်က လက်ခံလိုက်ပြီဟုဆို



နိုင်ငံစုံတပ်များဖြင့် ဖွဲ့စည်းထားသော ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့တွင် မြန်မာ့တပ်မတော်ပါဝင်ရန် ကုလသမဂ္ဂ အထူးကိုယ်စားလှယ်၏ ကမ်းလှမ်းမှုကို မြန်မာ့တပ်မတော်က လက်ခံလိုက်ကြောင်း သိရ သည်။


ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ နမ်ဗီးယား က မြန်မာ့တပ်မတော် အကြီးအကဲနှင့် ယခုရက်ပိုင်း တွေ့ဆုံစဉ်က ကမ်းလှမ်းခဲ့မှု အပေါ် မြန်မာတပ်ဘက်မှ လက်ခံခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံ တော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက အတည်ပြု ပြောသည်။ ''မူအားဖြင့် နှစ်ဖက်လက်ခံလိုက်တာပါ'' ဟု ဦးဇော်ဌေးက ပြောသည်။ ယခုကဲ့သို့လက်ခံမှုသည် တပ်မတော်အစိုးရ လက်ထက် ၁၉၈၈ နောက်ပိုင်းတွင် ပထမဦးဆုံး လက်ခံ ခြင်းဖြစ်ပြီး အသေးစိတ်နှစ်ဖက်ဆက် ဆွေး နွေးရမည့်ကိစ္စဖြစ်၍ ယခုအချိန်တွင်ပြောဆိုရန် စောလွန်း နေသေးသည်ဟု ဦးဇော်ဌေးက ဆက် ပြောသည်။

''အဆင့်မြင့်သင်တန်းတွေ ပေး ထားတာတွေက တပ်မတော်မှာ ရှိထား ပါတယ်။ နောက်ပြီး အရာရှိ လွှတ်မလား ဒါမှမဟုတ် အခြား အဆင့်လွှတ်မလား စတာတွေ ရှိတော့ သေသေချာချာ မ ပြောနိုင်သေး တာပါ'' ဟု ၎င်းက ထပ် လောင်းဆိုသည်။

၂ဝ၁၃ ခုနှစ်ပိုင်းမှ စကာ EU အပါအဝင် ဗြိတိန်နှင့် အမေရိကန်နိုင်ငံတို့က ပြည်ထဲရေးဝန်ကြီးဌာန လက် အောက်ရှိ ရဲတပ်ဖွဲ့ဌာနချုပ် အပါအဝင် မြန်မာ့တပ်မတော်ကို အဆင့်မြင့် သင်တန်းများပေးရန် ဆွေးနွေး ခြင်း၊ ကမ်းလှမ်းခြင်းများ ပြုလုပ်ပြီး လက်တွေ့ အ ကောင်အထည်ဖော်မှု အချို့ကို ဆောင် ရွက်ပေးခဲ့သည်။

တပ်မတော်သားဟောင်း တစ်ဦး ဖြစ်သည့်အပြင် လက်ရှိတွင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် တစ်ဦး လည်းဖြစ်သူ ဦးလှဆွေက ကာကွယ်ရေး ဦးစီးချုပ်၏ သဘောတူ လက်ခံလိုက်မှုကို ကြိုဆိုကြောင်း ထောက်ခံ ပြော သည်။ နိုင်ငံခြား ဘာသာစကား တတ် ကျွမ်းပြီး အရည်အချင်း ပြည့်မီသော အရာရှိနှင့် စစ်သည်များ တပ်မတော်တွင် ရှိ၍ ဦးစားပေးရွေးချယ်ခြင်းဘက်တွင် လည်း တပ်မတော်က အခက်အခဲမရှိ နိုင်ဟု ဦးလှဆွေက Popular News သို့ ပြောသည်။

၁၉၄၅ ခုနှစ် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီး ဖွဲ့စည်းပြီးစဉ်ကတည်းက ပဋိပက္ခ ဖြစ်ပွားရာဒေသများတွင် ငြိမ်း ချမ်းရေးထိန်းသိမ်းရန် ကုလသမဂ္ဂ ငြိမ်း ချမ်းရေးတပ်များကို ဖွဲ့စည်းခဲ့သည်။ ကုလ ငြိမ်းချမ်းရေးတပ်ဖွဲ့တွင် ကုလ အဖွဲ့ဝင် နိုင်ငံအသီးသီးမှ တပ်မတော် သားများ၊ အရာရှိများ၊ ရဲတပ်ဖွဲ့ဝင်များ နှင့် အရပ်ဘက် ဝန်ထမ်းများလည်း ပါ ဝင် တာဝန်ထမ်းဆောင်လျက်ရှိသည်။

ကုလငြိမ်းချမ်းရေးတပ်သည် ယုံကြည်မှု တည်ဆောက်ခြင်း၊ အာဏာခွဲဝေ ကျင့် သုံးစေခြင်း၊ ရွေးကောက်ပွဲများ ကျင်းပရန် အကူအညီပေးခြင်း၊ တရားဥပဒေစိုးမိုး ရေးကို အထောက်အကူပေးခြင်းနှင့် လူမှု စီးပွားဖွံ့ဖြိုးရေး ပုံစံနည်းနာများ ကို ကျင့်သုံးပြီး ပဋိပက္ခလွန်ဒေသများ တွင် ငြိမ်းချမ်းရေး တည်ဆောက် ခြင်း လုပ်ငန်းကို လုပ်ဆောင်ကြသည်။

ဦးထုပ်ပြာများဟု ခေါ်ဆိုကြသည့် ကုလငြိမ်းချမ်းရေး တပ်ဖွဲ့များသည် ကုလသမဂ္ဂ ပဋိညာဉ်အရ လက်ခံ ထား သော ဘောင်အတွင်းမှနေ၍ အင်အား သုံးကာ ပဋိပက္ခများကို ဖြေရှင်းကြရပြီး နိုင်ငံတကာ လုံခြုံရေးနှင့် ငြိမ်းချမ်းရေး ကို ထိန်းသိမ်းရန် ကုလသမဂ္ဂလုံခြုံရေး ကောင်စီကို ကုလသမဂ္ဂပဋိညာဉ်က စု ပေါင်းဆောင်ရွက်ရန် တာဝန်နှင့်အာ ဏာကို အပ်နှင်းထားသည်။ ယခုကာလများတွင် International Criminal Court အပြည်ပြည်ဆိုင်ရာ ရာဇဝတ် မှု တရားရုံး လုပ်ငန်းစဉ်များနှင့် မြေမြှုပ် မိုင်းရှင်းလင်းရေး လုပ်ငန်းများကိုလည်း ကုလငြိမ်းချမ်းရေး တပ်များက လုပ် ဆောင်လျက် ရှိကြသည်။

From: Popular Myanmar News

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး စစ်တပ် အရေးကြီးတဲ့ ကဏ္ဍမှာ ရှိနေဟု ဗြိတိန်ဝန်ကြီးပြော



မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်တွေမှာ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ငြိမ်းချမ်းရေးကိစ္စမှာ စိန်ခေါ် ချက် တွေရှိနေပြီး၊ ဒီလုပ်ငန်းစဉ်တွေမှာ မြန်မာ စစ်တပ်ဟာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင် နေတဲ့ အကြောင်းနဲ့ လက်ရှိ တပ်မတော် ကာကွယ် ရေး ဦးစီးချုပ် အနေနဲ့လည်း ကောင်းမွန် တဲ့ သမိုင်း အမွေထားခဲ့ဖို့ အခွင့်အလမ်းရှိနေတဲ့ အကြောင်း ဗြိတိန်နိုင်ငံခြားရေးရုံး အာရှရေးရာ ဝန်ကြီး ဟူဂိုဆွိုင်ယာ က ပြောဆိုလိုက်ပါတယ်။ ဒီကနေ့ ရန်ကုန်မြို့ ဗြိတိသျှသံရုံးမှာကျင်းပသွားတဲ့ ဗြိတိန် နိုင်ငံခြားရေး ရုံး အာရှရေးရာ ဝန်ကြီး ဟူဂိုဆွိုင်ရာရဲ့ သတင်းစာရှင်းလင်းပွဲကို သတင်းသွားယူတဲ့ ရန်ကုန် ရုံးခွဲက ကိုသားညွန့်ဦးက ဒီအကြောင်းတင်ဆက်ပေးမှာပါ။


မြန်မာနိုင်ငံကို ဒုတိယအကြိမ်မြောက်ရောက်ရှိလာတဲ့ ဗြိတိန်နိုင်ငံခြားရေးရုံး အာရှရေးရာဝန်ကြီး ဟူဂိုလ်ဆွိုင်ယာဟာ လက်ရှိ မြန်မာနိုင်ငံရေး အပြောင်းအလဲမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှု နယ်ပယ် နှစ်ရက်နဲ့ ပတ်သက်ပြီး ဗြိတိန်အစိုးရရဲ့ အမြင်ကို ရှင်းလင်းပြောဆိုသွားပါတယ်။

ဒါကတော့ ဒီမိုကရေစီနည်းကျ ပြုပြင်ပြောင်းလဲရေးနဲ့ ငြိမ်းချမ်းရေးကိစ္စပါ။ ဒီမိုကရေစီ နည်းကျပြုပြင် ပြောင်းလဲရေးမှာတော့ ဖွဲစည်းပုံ အခြေခံကို ပြုပြင်ပြောင်းလဲဖို့လိုပြီး ဒါဟာ မြန်မာပြည်သူတွေရဲ့ အမှန် လိုလားချက်ဖြစ်တယ်လို့ သူ မြင်ရတဲ့အကြောင်း ပြောသွားပါတယ်။ ဥပမာအားဖြင့် ပုဒ်မ ၅၉ စ အရ သမ္မတာ ထူးရလက်ခံယူနိုင်တဲ့ ပုဒ်မကို ထောက်ပြပါတယ်။ ဒါတွေ မပြင်နိုင်ရင် လာမယ့် ရွေးကောက်ပွဲဟာ မျှတတဲ့ ရွေးကောက်ပွဲဖြစ်မှာမဟုတ်ဘူးလို့ ပြောဆိုသွားပါတယ်။

"ဒီအချက်ဟာ မတူတဲ့ အရင်ခေတ်တုန်းက ထားခဲ့တဲ့ အကြွင်းအကျန်ပါ။ အခြေခံအားဖြင့်ကို ဒီမိုကရေစီ နည်းမကျပါဘူး။ အခြေခံသဘောတရားအရကို မှားယွင်းနေပါတယ်။ နိုင်ငံသားတွေကို သမ္မတရာထူး အတွက် ယှဉ်ပြိုင်ခွင့် တန်းတူပေးတဲ့ ပြင်ဆင်ချက်ဖြစ်မလာပဲနဲ့တော့၊ ၂၀၁၅ ရွေးကောက်ပွဲဟာ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မှာမဟုတ်ပါဘူး။ ဒီလို မမျှတတဲ့ရွေးကောက်ပွဲ အတိုင်းဆိုရင်လည်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအပေါ် ယုံကြည်လက်ခံဖို့ သံသယရှိကြမှာပါ။ နိုင်ငံသား အားလုံး သမ္မတရာထူးအတွက် ယှဉ်ပြိုင်ခွင့်ရှိသင့်တယ်ဆိုတဲ့ သမ္မတဦးသိန်းစိန်မှတ်ချက်ကို ကြိုဆိုပါတယ်။ ဒါပေမယ့် ဒီစကား လက်တွေ့ အကောင်အထည်ဖြစ်လာရေး တတ်ကြွစွာထောက်ခံဆောင်ရွက်ဖို့တော့ သမ္မတကို တိုက်တွန်းလိုပါတယ်။"

အခုလို ဖွဲ့စည်းပုံပြင်ရေးကိစ္စရော တတိုင်းပြည်လုံး ငြိမ်းချမ်းရေးရဖို့ကိစ္စမှာ လွှတ်တော်တွင်း အဓိက အင်အားစုနှစ်ရပ်မှာ အရေးကြီးတယ်လို့ မစ္စတာ ဆွိုင်ယာက ပြောသွားပါတယ်။ အာဏာရ ကြံ့ခိုင်ရေး ပါတီနဲ့ စစ်တပ်ကို ရည်ညွှန်းပါတယ်။ မြန်မာစစ်တပ်အနေနဲ့ လက်ရှိအခြေအနေမှာ သမိုင်းအမွေကောင်း ချန်ရစ်နိုင်မယ့် အခွင့်အလမ်း ရှိနေပြီဆိုပြီးတော့ ပြောဆိုသွားပါတယ်။

"ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်အနေနဲ့ ထင်ကျန်ရစ်မယ့် သမိုင်းအမွေတရပ် ထားခဲ့နိုင်ဖို့ အခွင့်အလမ်းက ရှိနေပါတယ်။ လက်ရှိတပ်မတော်ကို အတိတ် ကာလတုန်းက အနှောင်အဖွဲ့တွေကနေ လွတ်ကင်း သွားအောင် ဆောင်ရွက်နိုင်တဲ့ သတ္တိပြည့်ဝတဲ့ ကာကွယ်ရေး ဦးစီးချုပ်ဖြစ် တယ်ဆိုပြီး ကျန်ရစ်ခဲ့ မယ့်သမိုင်းအမွေပါ။ ဒီနိုင်ငံဟာ ဒေသထဲက အခြားနိုင်ငံတွေ စံနမူနာ အတိုင်း ရေရှည်မှာ ရပ်တည် ဆောင်ရွက်သွားမယ်လို့ ကျနော်တို့တွေ မျှော်လင့်ပါတယ်။ "

တချိန်တည်းမှာ မြန်မာစစ်တပ်နဲ့ ဒီမိုကရေစီကျင့်ဝတ်ဆိုင်ရာ အုပ်ချုပ်မှုဆိုင်ရာ တရားဥပဒေစိုးမိုးရေး ဆိုင်ရာ သင်တန်းပေးမှုကစပြီး၊ နှစ်ဖက် စစ်ဖက် ဆက်ဆံမှုတွေ စတင်ခဲ့ပြီလို့ မစ္စတာဆွိုင်ယာက ပြော ပါတယ်။ အခုလို စစ်တပ်နဲ့ ထိစပ်နေပေမယ့်လည်း တဖက်မှာတော့ ထောက်ပြဝေဖန်စရာတွေကို ပွင့်ပွင့် လင်းလင်း ပြောဆိုသွားမှာဖြစ်တယ်လို့လည်းပြောပါတယ်။

"တပ်မတော်နဲ့ ထိစပ်ပတ်သက်လာပြီဆိုပေမယ့်လည်း ကျနော်တို့မှာရှိနေတဲ့ စိုးရိမ်မကင်းဖြစ်မှုတွေကို ထောက်ပြ ပြောဆိုမှုတွေ မလုပ်ပဲမနေပါဘူး။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ၊ လူသားချင်း စာနာ ထောက်ထားမှု အကူအညီတွေ ရရှိရေး ဒီနှစ်ချက်ဟာ ကျနော်ပြောခဲ့တဲ့ စိုးရိမ်ပူပင်မိတဲ့ အချက်တွေပါ။ ကလေးစစ်သားတွေ ကိစ္စဟာလည်း နောက်ထပ် ဥပမာတရပ်ပါ။ မကြာခင်တုန်းက ကလေးစစ်သား ၉၆ ဦးကို တပ်ကထွက်ခွာခွင့်ပေးလိုက်တာ ကြိုဆိုပါတယ်။ ဒီလိုကျေနပ်စရာရှိတဲ့ တိုးတက်မှုတွေရှိပေမယ့် ဖြေရှင်းစရာတွေ အတော်ကျန်နေသေးတာမို့ ကုလသမဂ္ဂနဲ့ လက်ရှိပူးပေါင်းဆောင်ရွက်တာတွေကို တိုးချဲ့ဆောင်ရွက်ဖို့ အလျင်အမြန်လိုနေပါတယ်။"

ငြိမ်းချမ်းရေးကိစ္စတွေပြောရာမှာတော့ တတိုင်းပြည်လုံး အပစ်အခတ်ရပ်စဲရေး အပြင် ရခိုင် ဒေသမှာဖြစ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ မွတ်ဆလင် လူနည်းစုတွေကို ပစ်မှတ်ထား အကြမ်းဖက်မှုတွေရှိတာကို စိုးရိမ်မကင်းဖြစ်တဲ့ အကြောင်းပြောပါတယ်။ မကြာခင်က ထပ်ဖြစ်ခဲ့တဲ့ အခြေအနေတွေ အပေါ်မှာလည်း အများက ယုံကြည်လက်ခံနိုင်တဲ့ စုံစမ်းစစ်ဆေးမှုတွေဖြစ်ဖို့ လိုမယ်လို့ ထောက်ပြသွားပါတယ်။

"အရေးကြီးနေတာက အများက လက်ခံယုံကြည်ဖို့ပါ။ ဘာတွေဖြစ်ခဲ့သလဲဆိုတဲ့ စွတ်စွဲချက်တွေအပေါ် စုံစမ်းစစ်ဆေးမှုတွေလုပ်ရမှာပါ။ ဒီလို စုံစမ်းမှုတွေကို အများက လက်ခံ ယုံကြည်နိုင်ဖို့ဆိုရင်တော့ လူမှု အသိုင်းအ၀ိုင်း အားလုံးက အများလက်ခံယုံကြည်တဲ့ပုဂ္ဂိုလ်တွေ စုံစမ်းစစ်ဆေးမှုတွေမှာ ပါဝင်ဖို့လိုပါတယ်။ "

ဗြိတိန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲအတွက် ရင်ဆိုင်ရတဲ့ အခက်အခဲတွေကို ကျော်လွှား ရာမှာ တတ်နိုင်သမျှ အကူအညီတွေ ပေးသွားမယ် လို့ မြန်မာတာဝန်ရှိသူတွေနဲ့ သူဆုံတွေ့စဉ်မှာ သူ့ဖက်က ကမ်းလှမ်းခဲ့တယ်လို့ ဗြိတိန်နိုင်ငံခြားရေးရုံးဝန်ကြီးက ပြောပါတယ်။

စီးပွားရေးအရဆိုရင်တော့ ဗြိတိန်နိုင်ငံအနေနဲ့ တာဝန်သိရင်းနှီးမြုပ်နှံမှုတွေကို အားပေးသွားမှာဖြစ်သလိုပဲ ဒီနှစ်အတွင်းမှာတော့ အမေရိကန်ဒေါ်လာ သန်း၁၀၀ အထိ ဖွံဖြိုးရေးအကူအညီတွေကို တိုးမြင့် ပေးမယ်လို့လည်း ကြေညာသွားပါတယ်။ ဒီအကူအညီတွေမှာ နယ်စပ်ဒေသလူနည်းစုလူမျိုးတွေ ဖွံဖြိုး တိုးတက် ရေးနဲ့ စစ်ပြေးဒုက္ခသည်တွေ ပြန်လည်ထူထောင်ရေးအတွက်ပါ သုံးစွဲသွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ အခုနှစ်ပိုင်းအတွင်း သိသာထင်ရှားတဲ့ အပြောင်းအလဲတွေရှိတယ်ဆိုတာကိုလည်း အသိ အမှတ်ပြု ပြောဆိုသွားပါတယ်။

ဗြိတိသျှသံရုံးမှာ ကျင်းပသွားတဲ့ ဗြိတိန် နိုင်ငံခြားရေးရုံး အာရှရေးရာ ဝန်ကြီး ဟူဂိုဆွိုင်ရာရဲ့ သတင်းစာရှင်းလင်းပွဲ။ (ဇန်နဝါရီလ ၃၀၊ ၂၀၁၄)

ကိုသားညွန့်ဦး (ဗွီအိုအေ)

အိမ် ၁,၀၀၀ ကျော်ရှိသည့်ရွာအား ဖယ်ရှားခိုင်း



အိမ်ခြေ ၁,၀၀၀ ကျော်ရှိသော သန်လျင်မြို့စွန်မှ ကွမ်းခြံကုန်း ရွာသည် ဇာမဏီအင်းဆည်ဧရိယာ အတွင်း ရောက်နေသဖြင့် လာမည့် ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ဆုံးထား၍ ရွှေ့ပြောင်းပေးရန် သန်လျင်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် သန်လျင်မြို့နယ် ဆည်မြောင်းဦးစီးအရာရှိတို့က အမိန့်စာများ ထုတ်ထား သည်။


မြို့နယ်အုပ်ချုပ်ရေးမှူးက ရွာသားများထံ ထုတ်ပြန်ခဲ့ သော ဇန်န၀ါရီ ၁၈ ရက် နေ့စွဲပါ ကြေညာစာတွင် ရွာသားများသည် 'မြို့နယ် ဆည်မြောင်းဦးစီးဌာနပိုင်ထဲတွင် တစ်စုံတစ်ရာ ခွင့်ပြုချက်ရယူမှုမရှိဘဲ တဲအိမ် များ ကျူးကျော် ဆောက်လုပ်ပြီး နေထိုင်လျက်ရှိကြောင်း' ဖော်ပြထားသည်။

မြို့နယ်ဆည်မြောင်းဦးစီးအရာရှိက ထုတ်ပြန်သည့်စာတွင်လည်း လာမည့် ဖေဖော်ဝါရီ ၁ ရက်တွင် အိမ်များဖယ်ရှားမပေးပါက တာတမံအက်ဥပဒေ ပုဒ်မ (၉)၊ ပုဒ်မ (၉က)ဖြင့် အရေးယူဆောင်ရွက် သွား မည်ဟု ပါရှိသည်။

အဆိုပါစာကိုထုတ်ပြန်ခဲ့သည့် ဆည်မြောင်းဦးစီးဌာန၏ ဦးစီးအရာရှိ ဦးစံမင်းက ထိုသို့ရွာသားများ ပြောင်းရွှေ့ ပေးရန် အမိန့်ထုတ်ခြင်းသည် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းအစိုးရအဖွဲ့၏ ညွှန်ကြား ချက်အရ ထုတ်ခြင်းဖြစ်ကြောင်း မြန်မာတိုင်း(မ်)ကိုပြောသည်။

ကွမ်းခြံကုန်းရွာတွင်နေထိုင်သည်မှာ နှစ် ၅၀ ကြာပြီဖြစ်သည့် အသက် ၆၇ နှစ်အရွယ် ဒေါ်သန်းစိန် က ၎င်းတို့နေထိုင်သည့်နေရာတွင် ရွာတည်ရှိခဲ့သည်မှာ ၎င်းအသက်မျှရှိပြီဖြစ်ကြောင်း၊ လွန်ခဲ့သည့် နှစ် ၂၀ ဖြစ်သည့် ၁၉၉၄ ခုနှစ်တွင်မူ အစိုးရက ဆည်ဆောက်မည်ဟုဆိုကာ ရွာသားများကို မြေကွက်အစား ပြန်ပေးကာ ရွှေ့ပြောင်းခိုင်းခဲ့ကြောင်း မြန်မာတိုင်း(မ်)ကိုပြောသည်။

သို့သော် တောင်ယာခြံမြေသုံးဧကပိုင်သည့် ၎င်းတို့မိသားစုကို ပေ ၄၀၊ ပေ ၆၀ မြေကွက်တစ်ကွက် သာ အစားပြန်ပေးသဖြင့် တောင်ယာလက်ငုတ်လုပ်ကိုင်သည့် အသက်မွေးဝမ်းကျောင်း၍ မရတော့ကြောင်း၊ ထို့ကြောင့် တစ်နှစ်မပြည့်မီမှာ ပင် မြေကွက်ကို ကျပ်လေးသောင်းဖြင့်ရောင်းစား ခဲ့ရကာ ၎င်းတို့ မိသားစု သည်လည်း မူလရွာနေရာသို့ပြန်လည် အခြေချနေထိုင်ခဲ့ကြောင်း ၎င်းက ပြောသည်။

မူလက အစိုးရက ဆည်ဆောက်မည်ဟုဆိုကာ ရွာသားများကို ဖယ်ရှားခိုင်းခဲ့သော်လည်း ဆည် ဧရိယာနှင့် လွတ်သည့်နေရာများတွင် ရွာသားများ ပြန်လည်အခြေချနေထိုင်သည်မှာ နှစ်ပေါင်း ၂၀ တိုင်ရှိပြီ ဖြစ်သည် ဟု လည်း ကွမ်းခြံကုန်းရွာဇာတိ အသက် ၅၉ နှစ်အရွယ် ဒေါ်ခင်အုန်းမြင့်က ပြောသည်။

"နေစရာပြန်ပေးရင်တော့ တော်သေးတာ ပေါ့။ ဒါပေမဲ့ ပြန်ပေးတဲ့နေရာက လုပ်ကိုင်စားသောက်လို့ ရတဲ့နေရာ ဖြစ်မှအဆင်ပြေမှာ။ လုပ်ကိုင်စားလို့မရရင် ငတ်သေရုံပဲရှိမှာပေါ့" ဟု ၎င်းက ဆိုသည်။

ကွမ်းခြံကုန်းရွာတွင်ရှိသည့် အိမ်ခြေများကို အစိုးရက စစ်တမ်းကောက်ခဲ့ရာ ပထမအကြိမ်တွင် အိမ် ၆၇၀ သာရှိသော်လည်း လအနည်း ငယ်ခြား၍ ဒုတိယအကြိမ်ထပ်မံစာရင်း ကောက်သော အခါ အိမ်ခြေ ၁,၄၀၀ ကျော်ရှိလာကြောင်းလည်း ဦးစံမင်းက ပြောသည်။

"ဒါဟာ မရိုးသားဘူးလို့ ယူဆရတာပေါ့။ ဒီအရပ်ဒေသကလူတွေ မဟုတ်လောက်ဘူး။ စဉ်းစား ကြည့်ပေါ့။ ကွမ်းခြံကုန်း ကလူတွေက အိမ်ခြေဘယ်လောက် တိုးလာမှာလဲ" ဟု ၎င်းက ပြောသည်။

ဇာမဏီအင်းဆည်ကို ရေပိုမိုသိုလှောင်နိုင် စေရန် ပြန်လည်ပြုပြင်ပြီး လက်ရှိအကောင် အထည် ဖော်နေ သည့် သီလ၀ါအထူးစီးပွားရေး ဇုန်သို့ ရေများရောင်းချရန် အစီအစဉ်ရှိကြောင်း၊ ထိုသို့ ဆည်ကို ပြန်လည်ပြုပြင်ရာ၌ ဆည်တမံကိုမြှင့်ရန် ကွမ်းခြံကုန်းရွာဧရိယာမှ မြေကြီးများကို စက်ကြီးများဖြင့် တူးယူ ကာ တမံဖို့ရန် အစီအစဉ်ရှိကြောင်းလည်း ဦးစံမင်းက ရှင်းပြသည်။

ကွမ်းခြံကုန်းရွာသားများသည် ၎င်းတို့ အခက်အခဲကို ကူညီဖြေရှင်းပေးပါရန် သမ္မတ၊ လယ်/ဆည်ဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ ရန်ကုန် တိုင်းဝန်ကြီးချုပ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးတို့ထံ အသနားခံတိုင်ကြားစာကို ဇန်န၀ါရီလ ၂၇ ရက်က ပေးပို့ထားပြီး ယင်းစာတွင် ရွာသား ၆၀၉ ဦးက လက်မှတ်ရေးထိုးထားသည်။

ထိုစာတွင် ရွာသားများသည် အစိုးရဘက်မှ ဥပဒေကြောင်းအရ တရားစွဲဆိုမှုကို လက်ခံသွားမည် ဖြစ်ကြောင်း ထည့်သွင်းရေးသားဖော်ပြထား သလို ၎င်းတို့အား အကြမ်းဖက်လာမည်ကို စိုးရိမ် ကြောင်း၊ ရွာရွှေ့ပြောင်းရန် ဖိအားပေးရာတွင် ၎င်းတို့အပေါ် အကြမ်းဖက်မှုများ ရှိလာပါက အာဏာပိုင်တို့၏ တာဝန်သာဖြစ်ကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။

ကျော်ဖုန်းကျော် / မြန်မာတိုင်း(မ်)

စင်တင်တေးသံရှင်(၂)ဦး ပဲခူး မဇင်းဆည်တွင် ရေနစ်သေဆုံး



ပဲခူးမြို့၊ အမှတ်(၂) ရဲစခန်းပိုင် ဥဿာမြို့သစ် (၁)ရပ်ကွက် မဇင်းဆည်တွင် (၃၀.၁.၂၀၁၄)နေ့ ညနေ (၄း၃၀)အချိန်ခန့်က အမျိုးသမီးနှစ်ဦး ရေနစ် သေဆုံး မှု တစ်ခု ဖြစ်ပွား ခဲ့ကြောင်း သစ်ထူးလွင်မှ သတင်း ရရှိပါတယ်။


သေဆုံးသူနှစ်ဦးမှာ Forwed စားသောက်ဆိုင် စင်တင်တေးဂီတ ၊ အဆိုရှင်များ ဖြစ်သည့် ဥဿာ မြို့ သစ်ရပ်ကွက်ကြီး(၂)နေသူ မစံရှား(၁၈)နှစ် နှင့် မကြိုးကြာ(၁၈)နှစ် ဖြစ်ပါတယ်။

အဆိုပါ သေဆုံးသူနှစ်ဦးဟာ မနေ့ ညနေ ၄ နာရီခွဲခန့် က တစ်ဆိုင်တည်း အတူလုပ်သူ မချမ်းမြစောဝင်း(၂၃)နှစ် နှင့် အီလက်ထရော နစ်လုပ်ငန်း လုပ်ကိုင်ပြီး ဗထူးလမ်းဆုံတွင် နေထိုင်သူ မောင်ဇော်သက်မောင်(၂၇) တို့ နှင့် အတူ မဇင်းဆည်သို့ သွားရောက် လည်ပတ်ရင်း သေဆုံးခဲ့တာပါ။

မကြိုးကြာ ရေဆင်းကူးနေစဉ် ဇော်သက်မောင်၊ မစံရှား၊ မချမ်းမြစောဝင်းတို့ ရေစပ်တွင် ထိုင်နေပြီး မကြိုးကြာရေနစ်သွား သော ကြောင့် မစံရှား မှရေထဲဆင်းကယ်ရာ(၂)ဦးစလုံး ရေနစ် သေဆုံး သွားခဲ့တာ လို့ ဆိုပါတယ်။

သေဆုံးသူ နှစ်ဦးအား သက်ဆိုင်ရာမှ စစ်ဆေးရာမှာ ပြင်ပဒဏ်ရာ မတွေ့ရှိရဘဲ (၂)ဦးစလုံး မျက်နှာ ပြာနှမ်းလျှက် လက်/ခြေထောက်တို့တွင် အရည်ခွံများ တွန့်ပြီး သေဆုံးနေကြောင်း တွေ့ရှိရသဖြင့် တာဝန်မှူး ဒုရဲအုပ် မြင့်ဂွမ်းမှ ဓမ္မတာ အတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ်စစ်ဆေးရန် ပဲခူးဆေးရုံသို့ တင်ပို့ခဲ့ ကြောင်း သိရပါတယ်။

အဆိုပါ ဖြစ်စဉ်အား အမှတ်(၂)နယ်မြေ ရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ်(၂/၂၀၁၄)အရ အမှုဖွင့် ထား ကြောင်း သစ်ထူးလွင် မှ စုံစမ်းသိရှိရပါတယ်။


သတင်း - ဓါတ်ပုံ ၊ ကိုသန့် စင်

BY THIT HTOO LWIN

စစ်တပ်နဲ့ လယ်သမား အငြင်းပွား



ပဲခူးတိုင်း ပဲခူးမြို့ နယ် သာယာကုန်းကျေးရွာအုပ်စု ရွာ ၈ ရွာက လယ်သမားတွေရဲ့ မြေတွေကို CAD ခဲယမ်း မီးကျောက်တပ်နဲ့  လေတပ်ကသိမ်းထားပြီး အဲဒီ မြေတွေကို ခြံစည်းရိုးခတ်နေတဲ့အတွက် လယ်သမား တွေနဲ့ ပဋိပက္ခဖြစ်နေတယ်လို့ သိရ ပါတယ်။


ဒီကိစ္စနဲ့ ပတ်သက်လို့  လယ်သမားတစ်ဦးဖြစ်တဲ့ ကိုစံရွှေက RFA ကို အခုလိုပြောပါတယ်။

“CAD ခဲယမ်းမီးကျောက်တပ်နဲ့  လေတပ်ခဲယမ်းမီးကျောက်တပ် တပ်နှစ်တပ်သိမ်းထားတယ်၊ လယ်ဧက ၅ ထောင်လောက်ခင်ဗျ၊ ရွာပေါင်း ၈ ရွာကိုသိမ်းပြီးတော့ လယ်တွေကို ခြံစည်းရိုးခတ်ဖို့လုပ်နေတာ၊ အဲဒါကို ကျနော်တို့သွားပြီးတော့ တားတဲ့အခါကျတော့ မင်းတို့ဘာလို့လာတားတာလဲ၊ ကျနော်တို့ လယ်တွေ ခြံတွေ ပါမှာကြောင့်လို့ လာတားတာပါ၊ သေနတ်တွေနဲ့ ကျနော်တို့ကို တားတာပေါ့နော်”

ဂုန်ညင်းတန်း၊ နဂါးပွက်၊ ရွှေလှေ၊ ကျွဲဒညင်းကုန်း၊ ကျောက်ကုန်း၊ ထီးပါးတို၊ တုတ်ကြီးကုန်းနဲ့ အလံကွဲ ရွာတွေက လယ်ဧက ၅ ထောင်လောက်ကို လွန်ခဲ့တဲ့ ၁၉၉၇ ခုနှစ်ကစလို့  အဲဒီစစ်တပ်တွေက သိမ်းလိုက် ပြီး သူတို့လယ်သမားတွေကို သီးစားခနဲ့ ပြန်ချပေးထားတာလို့ ဆိုပါတယ်။

၂၀၁၂ ခုနှစ်မှာတော့ သီးစားခမပေးတော့ပဲ လယ်သမားတွေလုပ်ကိုင်နေပြီး၊ ဒီနောက်ပိုင်း လယ်တွေ ပြန်ပေးဖို့ တောင်းဆိုခဲ့ကြတဲ့အတွက် စစ်တပ်က ပြန်မပေးနိုင်ဘူးဆိုပြီး ခြံစည်းရိုးကာနေတာလို့ ပြောပါ တယ်။ ဒါကိုလယ်သမားတွေက သွားရောက်တားမြစ်ခဲ့တယ်လို့ ဆိုပါတယ်။

လွှတ်တော်ကဖွဲ့စည်းထားတဲ့ လယ်ယာမြေနဲ့ အခြားမြေသိမ်းဆည်းမှု စုံစမ်းရေးကော်မရှင်ကို တင်ပြထား ပေမယ့် အကြောင်းမထူးသလို၊ သူတို့ မဲဆန္ဒနယ်ရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ထိရောက် အောင် ဆောင်ရွက်မပေးနိုင်ဘူးလို့ ပြောပါတယ်။

RFA Burmese