Thursday, January 30, 2014

ဧရာဝတီတိုင်း ထောင်ချခံ လယ်သမား ၂၀၀ ကျော် ပြန်လွတ်ရေး ဆန္ဒပြ


ထွန်တုံးတိုက်ပွဲ, ပုသိမ်မြို့တော်ခန်းမ, ဧရာဝတီ တိုင်းဒေသကြီး အစိုးရ, ခရိုနီလယ်သမား, စိုက်ပျိုးရေးနှင့် မွေးမြူရေး ဝန်ကြီး

ထွန်တုံးတိုက်ပွဲ ပြုလုပ်ခဲ့သဖြင့် အလုပ်နှင့် ထောင် ဒဏ်များ ချမှတ်ခံထားရသည့် ဧရာဝတီတိုင်းမှ လယ်သမား ၂၂၁ ဦးအား ပြန်လွှတ်ပေးရန် လယ် သမားအရေး လှုပ်ရှားသူများနှင့် လယ်သမားများက ယမန်နေ့ ညနေပိုင်းတွင် ပုသိမ်မြို့တော်ခန်းမ ရှေ့၌ ဆန္ဒဖော် ထုတ်ကြသည်။


ဆန္ဒပြသူများက ထောင်ဒဏ်ချမှတ်ထားသည့် လယ် သမားများအား ပြန်လွှတ်ပေးရန်၊ ပုဒ်မ ၄၄၇ (ပိုင်နက်ကျူးလွန်မှု) ၊ ၄၂၇ (အကျိုးစီးပွား ဖျက်ဆီး မှု) တို့ဖြင့် တရားစွဲဆို ထားသည့်အမှုများ ပိတ်သိမ်းပေးရန်၊ မတရားသိမ်းဆည်း ခံထားရသည့် လယ်ယာ မြေ များ ပြန်လည်ရရှိရေး နိုင်ငံတော်အစိုးရမှ တာဝန်ယူဖြေရှင်းပေးရန် စသည့်အချက်များ အပါအဝင် အချက် ၇ ချက် တောင်းဆိုကြ သည်။

မိသားစုဝင်တဦး ထောင်ကျခံနေရသည့် လပွတ္တာမြို့နယ် ကျောက်တန်းကြီး ကျေးရွာမှ ကိုမြင့်စန်းက“ကျနော့်ညီက လယ်ယာမြေပြ ဿနာကို ကျေးရွာအုပ်ချုပ်ရေးမှူးကို ဖြေရှင်းပေးဖို့ တင်ပြတယ်။ ဘာမှ လုပ်မပေးဘူး။ အဲဒီတော့ လယ်ဝင်ထွန်တယ်။ အဲဒါကို တရား သူကြီးက သဘောရိုးနဲ့ ထွန်တာ မဟုတ်ဘူးဆိုပြီး ကျနော့်ညီ အပါအဝင် လူ ၄ ဦးကို အလုပ်နဲ့ထောင်ဒဏ် ၂ လစီ ချပစ် တယ်။ ဦးဆောင်သူ ၂ ဦးကိုကျတော့ ၃ လစီ ချတယ်။ အဲဒါကို မကျေနပ်လို့ ပါဝင်ဆန္ဒပြတာပါ”ဟု ပြောသည်။

၂၀၁၃ ခု မေလမှစတင်၍ ဧရာဝတီ တိုင်းဒေသကြီး အစိုးရ ရုံးစိုက်ရာ ပုသိမ်မြို့နယ် အပါအဝင် မြို့နယ် ၁၃ ခု၌ ထွန်တုံးတိုက်ပွဲများ နေရာအနှံ့အပြား ဖြစ်ပွားခဲ့ပြီး လယ်သမားပေါင်း ၅၀၀ ကျော်သည် ပုဒ်မ ၄၄၇၊ ၄၂၇ တို့ဖြင့် တရားစွဲဆို ခံခဲ့ရကြောင်း၊ လယ်သမား ၂၂၁ ဦးသည် အလုပ်နှင့် ထောင်ဒဏ် ၂ လမှ ၆ လ အထိ ချမှတ် ခံခဲ့ရကြောင်း လယ်သမားအရေး လှုပ်ရှားသူများက ပြောသည်။

ထောင်ကျသည့် လယ်သမားများမှာ မော်လမြိုင်ကျွန်းမြို့နယ် တခုတည်း၌ပင် လယ်သမား ၁၉၅ ဦး ရှိနေပြီး ကျောင်းကုန်းမြို့နယ် မှ ၁၈ ဦး၊ လပွတ္တာမြို့နယ်မှ ၆ ဦး၊ ငပုတောမြို့နယ်မှ ၂ ဦးတို့ ဖြစ်ကြောင်း လယ်သမားအရေး လှုပ်ရှားသည့် လူမှုကွန်ရက် အဖွဲ့အစည်းများက ဆိုသည်။

လပွတ္တာနှင့် မော်လမြိုင်ကျွန်းမြို့နယ်မှ လယ်သမားများမှာ မြောင်းမြအကျဉ်းထောင်တွင် ထောင်ဒဏ် ကျခံနေရပြီး ကျောင်းကုန်းမြို့နယ်မှ လယ်သမားများမှာ ပုသိမ်အကျဉ်းထောင်တွင် ထောင်ဒဏ် ကျခံ နေရသည်။

လယ်သမားအရေး လှုပ်ရှားသူ ကိုထွန်းထွန်းဦးက“တောင်သူ လယ်သမားတွေဟာ တရားရုံးတွေမှာ ရုံးစရိတ်တွေ၊ သွားလာ စရိတ် တွေ၊ ရှေ့နေစရိတ်တွေနဲ့ အကုန်အကျတွေများပြီးတော့ ဒုက္ခရောက် နေတဲ့အတွက် ဒီအမှုတွေကို ပိတ်သိမ်းပေးဖို့ တရားဝင် တောင်း ဆိုတာဖြစ်ပါတယ်၊ နောက်တခုက ထောင်ကျနေတဲ့ တောင်သူ လယ်သမားတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်”ဟု ဧရာဝတီ သို့ ပြောသည်။

ယင်းဆန္ဒပြပွဲကို လယ်သမားအရေး လှုပ်ရှားသူ ကိုထွန်းထွန်းဦးနှင့် ဦးဝင်းနိုင်တို့က ဦးဆောင် ပြုလုပ်ခဲ့ပြီး ပုသိမ်၊ မော်လမြိုင်ကျွန်း၊ လပွတ္တာ၊ ငပုတော၊ ကျောင်းကုန်း၊ ကန်ကြီးထောင့်၊ ချောင်းသာနှင့် ငွေဆောင် မြို့နယ်များမှ လယ်သမား ၁၂၀ ကျော် ပါဝင် ဆန္ဒပြ ခဲ့ကြသည်။

လယ်သမားဆန္ဒပြပွဲကို အာဏာပိုင်များက တရားဝင်ခွင့်ပြုချက် ပေးခဲ့သည့်အတွက် ယခုဆန္ဒပြပွဲမှာ လယ် သမား အရေးနှင့် ပတ် သက်၍ ပုသိမ်မြို့၌ ပထမဆုံးအကြိမ် တရားဝင် ခွင့်ပြုချက် ရရှိခဲ့သည့် ဆန္ဒပြပွဲ လည်း ဖြစ်သည်။

ဆန္ဒပြသူများသည် ပုသိမ်မြို့တော်ခန်းမရှေ့၌ နေ့လယ် ၂ နာရီမှ စတင်စုရုံးခဲ့ကြပြီး ၃ နာရီခွဲ အချိန်တွင် “ကျေးရွာ လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့များတွင် လယ်သိမ်းထားသူများအား လယ်/စီအဖွဲ့မှ ဖြုတ်ချရေး”၊ “ဥပဒေမဲ့ အရင်းရှင်ဘက်မှ ဘက်လိုက် ဆောင်ရွက်သူ ကျေးရွာ အုပ်ချုပ်ရေးမှူးများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူပေးရေး”၊ “ခရိုနီလယ်သမား ဖယ်ရှားရေး”၊ “အရင်းရှင် လယ်သမားများဘက်မှ ကာကွယ်ပေးနေသော လယ်/စီအဖွဲ့အား ရုပ်သိမ်းပေးရေး” စသည့် ကြွေးကြော်သံများဖြင့် ဧရာဝတီ တိုင်း ဒေသကြီး အစိုးရရုံးနှင့် လွှတ်တော်အနီး လှည့်လည် ဆန္ဒပြခဲ့ကြသည်။

ထိုသို့ တောင်းဆိုဆန္ဒပြမှုများနှင့် ပတ်သက်၍ ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စိုက်ပျိုးရေးနှင့် မွေးမြူရေး ဝန်ကြီး ဦးစန်းမောင် က “လယ်ယာမြေ မှုခင်းတွေကို ရပ်/ကျေးက မှားယွင်းဆုံးဖြတ်တယ် ဆိုရင် တောင် မြို့နယ်၊ ခရိုင်၊ တိုင်း အဆင့်အထိ အဆင့်ဆင့် အယူခံတင်လို့ရတယ်။ အယူခံတက်ကြပါ။ တက်လာတဲ့ အဆင့်တခုခုမှာ အဖြေမှန် ပေါ်လာနိုင်ပါတယ်။ အမှုပိတ် သိမ်းပေးဖို့ကိစ္စကို အစိုးရအနေနဲ့ ဖိအားပေးလို့ မရဘူး။ တရားလိုတွေက ပိတ်ပေးမှ ရမယ်”ဟု ဧရာဝတီသို့ ပြောကြားသည်။

လယ်ယာမြေ မှုခင်းများနှင့် လယ်သမား ကိစ္စများတွင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ကိုယ်တိုင် လယ်သိမ်း ထားခြင်း၊ လယ်ယာမြေ ဥပဒေကို အသုံးမပြုဘဲ ငွေရှိသူများဘက်မှ ဥပဒေမဲ့ တဖက်သတ် ဘက်လိုက် ဆောင်ရွက်ခြင်းများကြောင့် လယ်သမားများ ဒုက္ခရောက်ရခြင်း ဖြစ်ကြောင်း လယ်သမားအရေး လှုပ်ရှားသူ ဦးဝင်းနိုင်က ပြောသည်။

သူက“ကျေးရွာအုပ်ချုပ်ရေးမှူးက လယ်ယာမြေ ဥပဒေအတိုင်း မလုပ်ဘဲ ငွေရှင်တွေ ဘက်ကနေ ဓား ထမ်းပြီး အကာအကွယ် ပေး နေ တာတွေ အများကြီးရှိတယ်။ သူတို့ကိုယ်တိုင်လည်း လယ်သိမ်းထားတဲ့ ကိစ္စ တွေ ရှိနေတော့ လယ်သမား ကိစ္စတွေမှာ တရားမမျှတတဲ့ ကိစ္စတွေ ဖြစ်နေတာပါပဲ။ ဒါကြောင့် လယ် သမား ကိစ္စတွေမှာ ဥပဒေမဲ့ ဘက်လိုက် ဆောင်ရွက်နေတဲ့ အုပ်ချုပ်ရေးမှူးတွေကို အရေးယူပေးဖို့ တောင်းဆို ပါတယ်”ဟု ပြောသည်။ သို့သော် ဝန်ကြီး ဦးစန်းမောင်က ယနေ့ နံနက်အထိ ကျေးရွာ အုပ်ချုပ်ရေးမှူး များအား အရေးယူပေးရန် တိုင်ကြားစာ မရရှိထားသေး ကြောင်း ပြောဆိုသည်။

ဆန္ဒပြပွဲကို နေ့လယ်၂ နာရီတွင် ပုသိမ်မြို့တော်ခန်းမရှေ့မှ စတင် ကျင်းပခဲ့ပြီး ညနေ ၄ နာရီတွင် ပြီးဆုံး ခဲ့သည်။

ဦးသိန်းစိန် အစိုးရသစ် တက်လာပြီး နောက်ပိုင်းတွင် လယ်ယာမြေ ပြဿနာများ၊ မြေသိမ်းဆည်းခြင်း ပြဿနာများ၊ လယ်သမားတို့၏ ဆန္ဒပြပွဲများ အများဆုံးဖြစ်ပွားခဲ့ပြီး ယနေ့တိုင် ပြေလည်ရန် ဖြေရှင်းနိုင်စွမ်း မရှိ သေးပေ။

ပုသိမ်မြို့ ငွေဆောင်မြို့နယ်ခွဲ လရောင်းကျေးရွာက ထွန်တုံးတိုက်ပွဲဝင်နေသည့် လယ်သမား
(ဓာတ်ပုံ – ဆလိုင်းသန့်စင် / ဧရာဝတီ)

မြန်မာအပေါ် စွပ်စွဲထားတာတွေကို ရုတ်သိမ်းပေးဖို့ ALD တောင်းဆို



ရခိုင်ပြည်နယ် ​ဒုချီးရာတန်ကျေးရွာမှာ ​မွတ်စလင် လူမျိုး ​အယောက် ​၄၀ ​ကျော် ​အသတ်ခံရပြီး ​လူ့ အခွင့်အရေး ​ချိုးဖောက်မှု ​တွေ ဖြစ်ပေါ်နေ တယ် ဆိုပြီး ​ကုလသမဂ္ဂအပါအဝင် ​နိုင်ငံတကာ ​အဖွဲ့ အစည်းတွေက ​မြန်မာနိုင်ငံကို ​ဖိအားပေး ​ပြောဆိုခဲ့ တာတွေကို ​ပြန်လည် ​ရုတ်သိမ်းပေးဖို့ ​ရခိုင်ဒီမို ကရေစီအဖွဲ့ချုပ် ​ALD ​ပါတီက ​တောင်းဆိုလိုက် ပါတယ်။


ရခိုင်ပါတီကြီး ​နှစ်ခုပူးပေါင်းထားတဲ့ ​ALD ​ပါတီဟာ ​မနေ့က ​ပြုလုပ်တဲ့ ​သတင်းစာ ​ရှင်း ​လင်း ​ပွဲ ​မှာ ​တောင်းဆို ​ခဲ့တာဖြစ်ပြီး ​မြန်မာနိုင်ငံအပေါ် ​စွပ်စွဲထားတာတွေ ​ဆက်လုပ်မယ်ဆိုရင် ​ ဒေသ ​တည်တံ့ ​ခိုင်မြဲရေး ​အတွက် ​နည်းမျိုးစုံနဲ့ ​ဆက်လက် ​ဆောင်ရွက်သွယ်မယ်လို့ ​ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ​ALD ​ပါတီရဲ့ ​ဥက္ကဌ ​ဦးအေးသာအောင်က ​အခုလို ​ပြောပါတယ်။

“ဒေသခံ ​ပြည်သူတွေရဲ့ ​ဒုက္ခ ​အခက်အခဲပေါ်မှာ ​စာနာမှု ​ထောက်ထားမှု ​မပြဘဲနဲ့ ​နိုင်ငံမဲ့ ​ဒုက္ခသည်ကို ​အကြောင်းပြုပြီး ​လူ့အခွင့်အရေး ​လူသားချင်း ​စာနာမှု ​ဆိုတာတွေကို ​ဘန်းပြပြီးတော့ ​လှုံ့ဆော်နေမယ်။ ​တစ်ဖက်စောင်းနင်း ​လုပ်နေမယ်ဆိုရင် ​ကျွန်တော်တို့ကလည်း ​ကျူးကျော်သိမ်းပိုက်မှု ​ကိစ္စတွေ၊ ​ကိုယ့်နယ်မြေရဲ့ ​လုံခြုံရေး၊ ​နယ်မြေ ​တည်တံ့ ​ခိုင်မြဲရေးအတွက် ​ဆက်လက်ပြီးတော့ ​နည်းမျိုးစုံနဲ့ ​ကြိုးစားဆောင်ရွက်ဖို့ ​တာဝန် ​ကျွန်တော်တို့မှာလည်း ​ရှိတယ်ဆိုတာ ​အတိအလင်း ​ပြောကြားလိုပါတယ်။”

အခုလို ​သတင်းမှားတွေ ​ထုတ်ပြန်ခဲ့တဲ့အတွက် ​လူမျိုးရေး ​ပဋိပက္ခ ​ပြန်လည် ​ဖြစ်ပွားလာမယ်ဆိုရင် ​ ကုလ သမဂ္ဂ ​အပါအဝင် ​နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ​နိုင်ငံခြားသံရုံးတွေနဲ့ ​နိုင်ငံတကာ ​သတင်းဌာန တွေမှာ ​တာဝန်ရှိတယ်လို့ ​ဆိုပါတယ်။

ရခိုင်ပြည်နယ် ​တည်ငြိမ်ရေးအတွက် ​အစိုးရအနေနဲ့ ​တရားဥပဒေစိုးမိုးရေးနဲ့ ​နယ်မြေ ​လုံခြုံရေးရှိဖို့အတွက် ​လုံခြုံရေးတပ်တွေကို ​ခေတ်မီ ​လက်နက်တွေ ​အစားထိုးပေးဖို့အတွက်လည်း ​ရခိုင်ပြည်နယ် ​နယ်စပ် ရေးရာက ​တာဝန်ရှိသူတွေကို ​တောင်းဆိုထားပါတယ်။

ဒါ့အပြင် ​ရခိုင်ပြည်နယ်မှာ ​ရှိနေတဲ့ ​လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ ​ALP ​နဲ့ ​AA ​ရခိုင့် တပ်မတော်တို့ကိုလည်း ​နယ်မြေ ​လုံခြုံရေးအတွက် ​တာဝန်ယူပေးနိုင်ဖို့ ​တွေ့ဆုံ ​ဆွေးနွေးခဲ့တယ်လို့ ​ALD ​က ​တရားဝင် ​ထုတ်ပြန်ခဲ့ပါတယ်။

အစိုးရကတော့ ​ရခိုင်ပြည်နယ်အတွင်း ​လုံခြုံရေးအင်အားတိုးမြှင့်ထားပြီး ​နယ်မြေ ​အေးချမ်းရေး၊ ​အေးချမ်းစွာ ​အတူ ​ယှဉ်တွဲနေထိုင်ရေးအတွက် ​တိုးမြှင့်လုပ်ဆောင်ထားတယ်လို့ ​ပြောပါတယ်။

တစ်ဆက်တည်းမှာပဲ ​သတင်းမှား ​ထုတ်ပြန်ခဲ့တဲ့ ​နိုင်ငံခြားသံရုံးတွေနဲ့ ​နိုင်ငံတကာ ​သတင်းဌာန ​အချို့အပေါ် ​ခေါ်ယူ ​သတိပေးဖို့ရှိတယ်လို့ ​ပြန်ကြားရေးဝန်ကြီးဌာန ​ဒုဝန်ကြီး ​ဦးရဲထွဋ်က ​ပြောသွားခဲ့တဲ့အကြောင်း ​ရေဒီယိုသြစတြေးလျ ​သတင်းထောက် ​စူးရှက ​သတင်းပေးပို့ထားပါတယ်။

ဥရောပသမဂ္ဂ ​ကိုယ်စားလှယ်အဖွဲ့ ​ရခိုင်ပြည်နယ်မှာ ​ရောက်ရှိနေ

မြန်မာနိုင်ငံမှာရောက်ရှိနေတဲ့ ​ဥရောပ သမဂ္ဂသံရုံးမှ သံအမတ်ကြီး ​(Mr. ​Roland ​Kobia) မစ္စတာရိုလန်ကိုဘီရာ ​ဦးဆောင်တဲ့ ​ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေက ​သံအမတ်ကြီးတွေဟာ ​ဇန်န၀ါရီလ ​၂၉ရက်နေ့ ​မနေ့ကစပြီး ​ ရခိုင်ပြည်နယ်စစ်တွေမြို့ကို ရောက်ရှိနေပြီး ​ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ​နိုင်ငံတကာ ​INGO ​အဖွဲ့အစည်းတွေ၊ ​စစ်တွေမြို့မိမြို့ဖ ​အဖွဲ့တွေနဲ့ ​ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ​တွေ့ဆုံခဲ့တယ်လို့ ​သိရပါတယ်။

ဥရောပသမဂ္ဂရုံးသံအမတ်ကြီးက ​ပဋိပက္ခဖြစ်ပွားခဲ့တဲ့ဒေသတွေက ​၂ဖက်အဖွဲ့တွေရဲ့အသံ ​တွေ နားထောင်ဖို့၊ ​ဘက်မလိုက်ပဲ ​၂ဖက်အဖွဲ့တွေကို ​ကြားကနေပြီး ​အကူအညီ ​ဘယ်လိုပေးရမလဲဆိုတာကို ​လာရောက် လ့လာတာဖြစ်တယ်လို့ ​ပြောဆိုခဲ့တဲ့အကြောင်း ​အစည်းအဝေးတက်ရောက်ခဲ့တဲ့ ​စစ်တွေ မြို့မိမြို့ဖ ​အဖွဲ့က ​အခုလိုပြောပါတယ်။

ကျနော်တို့ ​မြို့မိမြို့ဖ ​အဖွဲ့တွေကတော့ ​ရခိုင်ပြည်မှာ ​ဖြစ်ပျက်ခဲ့တဲ့ ​သမိုင်းစဉ်အကြောင်းတော့ ​ရှင်းပြတယ်ပေါ့၊ ​သူတို့ကို ​အဓိကကျတဲ့ ​အချက် ​၃ခုကို ​ကျနော်တို့ ​ပြောခဲ့တယ်ဗျ၊ ​EU ​အပါအ၀င် ​နိုင်ငံတကာအဖွဲ့အစည်းတွေက ​ဘက်မလိုက်ပဲ ​ကြားနေပြီးတော့ ​ဆောင်ရွက်မယ်ဆိုတာဟာ ​ဥပမာ ​ကျနော်တို့က ​ပြောတယ်၊ ​သူခိုးနဲ့ ​အိမ်ရှင်ပေါ့ ​မီးရှို့တဲ့လူနဲ့ ​မီးရှို့ခံရတဲ့သူ ​၂ဘက်ကြားမှာ ​ဘက်မလိုက်ပဲ ​ကြားနေမယ်ဆိုတာက ​သိပ်အဓိပါယ်မရှိလောက်ဘူး၊ ​လက်ခံနိုင်ဘွယ်မရှိဘူးလို့ပြောတယ်၊

နောက်တချက်ကတော့ ​အရင်တုန်းက ​အုပ်ချုပ်ခဲ့တဲ့ ​စစ်အစိုးရလက် ​ထက်တုန်းကပေါ့၊ ​စစ်အစိုးရကို ​ဖိအားပေးချင်တဲ့ ​ရည်ရွယ်ချက်နဲ့ ​လူ့အခွင့်အရေးကိုရှေ့တန်းတင်ပြီးတော့ ​ဘင်ကလီအရေးကိစ္စတွေ ​ဆောင်ရွက်နေတာကို ​မြန်မာနိုင်ငံမှာ ​ဒီမိုကရေစီနိုင်ငံတည်ဆောက်နေတဲ့ ​ကာလမျိုးမှာအဲဒီလုပ်ရပ်တွေ ​လုပ်ဖို့မသင့်တော်တော့ဘူး ​ဆိုတာပြောတယ်၊နောက်ဆုံးတချက်ကတော့ ​ဒီမိုကရေစီ ​အစိုးရစနစ်နဲ့ ​အုပ်ချုပ်တဲ့ ​အစိုးရစနစ်မှာ ​ပြည်သူလူထုရဲ့ဆန္ဒနဲ့ ​အုပ်ချုပ်ရမလားဒါမှမဟုတ် ​နိုင်ငံတကာ ​အဖွဲ့အစည်းတွေရဲ့ ​ဆန္ဒနဲ့ ​အုပ်ချုပ်ရမလားဆိုတာကို ​အခုတက်ရောက်လာတဲ့ ​ဒီမိုကရေစီတိုင်းပြည်တွေဖြစ်တဲ့ ​EU ​နိုင်ငံတွေ ​နားလည်မှာပါလို့ ​ ကျနော်တို့ ​စစ်တွေမြို့မိမြို့ဖအဖွဲ့က ​အဲဒီအချက် ​၃ချက်ကို ​အသေအချာပြောပြ ​ခဲ့ပါတယ်။

ဒီကနေ့မှာတော့ ​အီးယူကိုယ်စားလှယ်တွေ ​ဒုချီးရာတန်ကျေးရွာကို ​သွားရောက်ဖို့ရှိတယ်လို့ ​သိရပြီး ​အဲဒီ ​မသွားရောက်ခင်မှာပဲ ​ဒုချီးရာတန် ​အနောက်ကျေးရွာမှာ ​မီးလောင်မှုဖြစ်တဲ့အတွက် ​အိမ် ​၁၀ ​လုံးကျော် ​မီးထဲပါသွားခဲ့ပါတယ်။

ရွာသားတွေ ​ကိုယ်တိုင်ကိုယ့်အိမ်ကိုယ် ​မီးပြန်ရှို့တာလို့ ​လုံခြုံရေးအာဏာပိုင်တွေက ​ပြောဆိုပေမယ့် ​ရွာသားတွေက ​ငြင်းဆိုနေတယ်လို့ ​ဗွီအိုအေ ​သတင်းမှာ ​ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်အတွင်းက ​ဒုချီးရာတန်ကျေးရွာမှာ ​အခုလ ​၁၃ရက်နေ့မှာ ​ပဋိပက္ခဖြစ်ပွားခဲ့တာ ​ဖြစ်ပြီး ​လက်ရှိအခြေအနေမှာတော့ ​အခြေအနေတွေငြိမ်သက်နေပေမယ့် ​ပြဿနာ ​ထပ်ဖြစ်မှာ ​စိုးရိမ်တဲ့အတွက် ​တချို့ရွာသားတွေကတော့ ​ပြောင်းရွေ့တာတွေလုပ်နေကြတယ်လို့ ​ရေဒီယိုသြစတြေးလျ ​သတင်းထောက် ​မြတ်မိုးက ​သတင်းပေးပို့ထားပါတယ်။

ABC Radio Australia

လားရှိုး မြို့မဈေးကြီး အတွင်း ခါးပိုက်နှိုက် အလစ်သုတ်များ သတိထား



လားရှိုး မြို့မဈေးကြီး အတွင်း ခါးပိုက်နှိုက် အလစ်သုတ်များ ရှိလာ သည့် အတွက် ဈေးသူဈေးသားများမှ ဈေးဝယ် လာရောက် သူများအား သတိပေးမှုများ ပြုလုပ်လျက်ရှိသလို ဈေးကော်မတီနှင့် တာဝန်ကျ ရဲတပ်ဖွဲ့များမှလည်း ဈေးအတွင်း လှည့်လည်သတိပေးကာ စောင့်ကြည့်မှုများ ပြုလုပ်နေရကြောင်း ဈေးသူဈေးသားများထံ သစ်ထူးလွင် မှ စုံစမ်းသိရှိရသည်။


တရုတ်နှစ်သစ်ကူးပွဲတော် အကြိုရက်များအတွင်း လားရှိုးမြို့ပေါ်နှင့် အနီးပတ်ဝန်းကျင် ကျေးရွာများမှ ဈေးလာရောက် ၀ယ်ယူသူများ အထူးများပြားလျက်ရှိရာ ငွေပျောက်ဆုံးမှုများ မကြာခဏ ဖြစ်ပွား နေကြောင်း လားရှိုးဈေးအတွင်းရှိ ဆေးဆိုင်ပိုင်ရှင်တစ်ဦးက ပြောပြ သည်။

" ရွာကလာပြီးပစ္စည်းဝယ်၊ ဈေးဝယ်တဲ့သူတွေရဲ့ ပိုက်ဆံအိတ်တွေ နှိုက်ခံရတာပိုများတယ်။ တချို့ဆိုရင် ပစ္စည်းမ၀ယ်ရသေးခင် ဖြစ်ပွားတာကြောင့် ဘာမှမ၀ယ်ရဘဲဒီအတိုင်း ပြန်သွားရတယ်။ ဆိုင်ကိုလာတဲ့ ဈေးဝယ်တွေကိုတော့ ရှမ်းစကား၊ တရုတ်စကားတွေနဲ့ သတိပေးနေရတယ် " ဟု ပလပ်စတစ်ဆိုင်ရှင် တစ်ဦးက ဆိုသည်။

တာဝန်ကျရဲအရာရှိတစ်ဦးက " ကျွန်တော်တို့ ဈေးဝယ်လာသူတွေ လုံခြုံမှုရှိစေဖို့ ဈေးကော်မတီနဲ့ ပူးပေါင်းပြီး ဈေးအတွင်း လှည့်ကင်းဖြင့်ဆောင်ရွက်လျက်ရှိပါတယ်။ အထူးသဖြင့် ရွာမှဈေးဝယ်လာသူ တွေကို ပိုမိုသတိထား စောင့်ကြည့်ပေးဖို့ မှာထားပါတယ်။ မိုးကုတ်ဖြစ်စဉ်ရှိတာကြောင့် ဒီမှာရှိတဲ့ ရွှေဆိုင် တွေရဲ့ လုံခြုံရေးကိုလည်း ဆောင်ရွက်နေရပြီး ဈေးဝယ်လာသူ ပြည်သူများအနေနဲ့ အထူးသတိရှိကြရန် မှာကြားလိုပါတယ် " ဟု ပြောကြားခဲ့သည်။

ရှမ်းလေး (မန်းတက္ကသိုလ်)

တောင်ကြီး၌ အမျိုးသမီး တဦးအား အုပ်စုလိုက် ရိုက်နှက်



တောင်ကြီးမြို့ မြို့မဈေး အပေါ်ထပ်တွင် အမျိုးသား တဦးအား မတော်တဆ တိုက်မိသည့် အမျိုးသမီး တဦးကို အဆိုပါအမျိုးသား၏ အပေါင်းအပါ ၅ ဦးက ၀င်ရောက် ထိုးကြိတ် ရိုက်နှက်ရာ အမျိုးသမီးမှာ ဒဏ်ရာအပြင်း အထန်ဖြင့် ဆေးရုံ တင်လိုက် ရ သော်လည်း အမျိုးသားများအား ရဲစခန်းက အာမခံ ဖြင့် လွှတ်ထားဆဲဖြစ်ကြောင်း သိရှိရပါသည်။


“ကျမတို့ ရဲစခန်းမှာအမှုသွားဖွင့်တာလဲ အချိန် ၆ နာရီ တောင်ကြာတယ် ၊ ကျမ တို့ကို ဆင်းရဲသား ဈေးသည် ဆိုပြီး အဘက်ဘက်က အနိုင်ကျင့်နေတာ ၊ ကျမသမီး သွေးသံတရဲရဲနဲ့ အကျီကြယ်သီး တွေ ပြုတ်ပြီး ကျမဆီပြေးလာတဲ့မြင်ကွင်း ကျမ မြင်ယောင် နေမိတယ်။ ကျမ မခံစားနိုင်ဘူး။ အမှားကျူးလွန် တဲ့ ဟို ၆ ယောက်ကိုလဲအာမခံနဲ့ပြန် လွှတ်ပေးတယ် ” ဟု မမြင့်မြင့်အေး၏ မိခင်ဖြစ်သူ ဒေါ်သီ က ပြောသည်။

ယမန်နေ့မနက်က ဂျန္နဝါရီလ ၂၈ ရက်က မြို့မဈေးအပေါ်ထပ် ရွှေရုပ်လွှာ အထည်ဆိုင်ရှေ့ တွင် လမ်းလျှောက် ဖြတ် လာသော ချမ်းမြသာစည် ရပ်ကွက်သူ မမြင့်မြင့်အေး (၂၄)နှစ် က အဆိုပါဆိုင်မှ ၀န်ထမ်း အမျိုးသား တဦးနှင့် မတော်တဆ ၀င်တိုက်မိရာမှ သူမအား ဝိုင်းဝန်းထိုးကြိတ် ခဲ့ကြခြင်းဖြစ် သည်။

“ကျမတို့ အရင်ကလည်း ဘာရန်ငြိုး ရန်စမှမရှိပါဘူး။ ကျမ မတော်တဆ ၀င်တိုက်မိတာပါ။ သံလက်သီး တွေ စွပ်ပြီး ကျမကို တစ်ယောက်က အရင်ထိုးတယ်။ ကျမနှုတ်ခမ်းပေါက်သွားတယ်။ ကျန်တဲ့လူတွေ က ရောက် လာ ပြီး ကျမကိုထပ်ဝိုင်းထိုးကြတယ်။ ဘယ်နှစ်ချက်မှန်း မသိဘူး ကျမ မူးပြီးသွေးအန်တဲ့အထိ ဘဲ ” ဟု မမြင့်မြင့်အေးမှ ရှင်းပြသည်။

မမြင့်မြင့်အေး၏ မိခင်ဖြစ်သူမှာ အဆိုပါ ဆိုင်တန်းတွင်မူ ဈေးရောင်းကြောင်း၊ အဆိုပါ အမျိုးသား ၆ ဦးထိုးကြိတ်ရိုက်နှက်ပြီး ထွက်ပြေးသွားပြီးနောက် မိန်းခလေးမှာ မိခင်ဈေးရောင်းရာ ဈေးဆိုင်သို့ ပြေး ကာ အကူအညီတောင်း ဆိုကြောင်း ဒဏ်ရာပြင်းထန်သဖြင့်ဆေးရုံသို့ ပို့ဆောင်ကုသပြီး အဆိုပါ အမျိုး သား များကိုလည်း အမှုဖွင့်အရေးယူထားကြောင်း မိခင်ဖြစ်သူ ဒေါ်သီက ပြောပါသည်။

ယင်းအကြမ်းဖက်မှုဖြစ်ပွားချိန်တွင် ၀င်ရောက်ဖျန်ဖြေပေးသော မရွှေသဲ ဆိုသူအားလည်း မြို့မဈေး၊ ဈေးခေါင်းရုံးက မျက်မြင်သက်သေအဖြစ် လက်မှတ်ရေးထိုးခိုင်းခဲ့ကြောင်း ဒေါ်သီက ဆိုပါသည်။

အဆိုပါ အမျိုးသား ၆ ဦးအား အမှတ်(၁) မြို့မရဲစခန်း၌ (ပ)၃၁/ ၂၀၁၄ ပုဒ်မ ၂၉၄ ညစ်ညမ်းစွာ ဆဲဆိုခြင်း ၊ ပုဒ်မ ၃၅၄ မိန်းမ ကာယိနြေ္ဒ ပျက်စီးအောင် ကိုယ်ထိလက် ရောက်ကျူးလွန်ခြင်း၊ ပုဒ်မ ၃၂၃ နာကျင် အောင် ကိုယ်ထိလက်ရောက်ကျူးလွန်ရိုက်နှက်ခြင်း အစရှိ အမှုများဖွင့်ထားကြောင်း ၊ သို့သော် အမျိုးသား ခြောက်ဦး အား အာမခံချက်ဖြင့် ရဲစခန်းက လွှတ်ပေးထားကြောင်း သိရှိရပါသည်။

သျှမ်းသံတော်ဆင့်/ယိင်းတိုင်း

ငွေကျပ်တစ်သောင်းတန် ငွေစက္ကူအတုများ တွေ့ရှိ


စစ်ကိုင်းမြို့ ကုန်စည်များ ရောင်းဝယ် ဖောက်ကားသည့် ဈေးကွက် အတွင်းတွင် ငွေကျပ် တစ်သောင်းတန် ငွေစက္ကူ အတုများ ပျံ့နှံ့မှုရှိ နေကြောင်း ၊ အဆိုပါ ငွေကျပ် တစ်သောင်းတန် ငွေစက္ကူ အတုများကို အခြား ငွေစက္ကူများ နှင့် ရောနှောလျက် သတိမမူမိဘဲ လက်ခံလိုက် မှုကြောင့် ငွေကြေး ဆုံးရှုံး နစ်နာရမှု အပြင် မလိုလား အပ်သော ပြဿနာများပါ ပေါ်ပေါက် လာနိုင်သဖြင့် စိုးရိမ် ကြောင့်ကြ မှုလည်း ဖြစ်ပေါ် ရကြောင်း ကိုယ်တိုင် ကြုံတွေ့သူ ဈေးဆိုင် ပိုင်ရှင် တစ်ဦးက ပြောပြသည်။


အဆိုပါ ငွေကျပ် တစ်သောင်းတန် ငွေစက္ကူ အတုများမှာ လုံခြုံရေးကြိုး နှင့် ရေစာများ လုံးဝမပါ ရှိသည့်အပြင် ဆေးရောင် ဆေးသား ဖျော့တော့၍ ပီသ ပြတ်သားမှုလည်း မရှိလှကြောင်း ၊ ငွေစက္ကူ အတုကို ကိုင်တွယ် ကြည့်ပါက ပိုမို ပါးလွှာပြီး အသားချော နေကြောင်း ၊ ဘေးအနား အဖြူသား ချန်ထား သည်မှာလည်း ငွေစက္ကူ အစစ်ထက် နည်းပါး နေသည်ကို တွေ့ရှိ ရကြောင်း ပြောပြသည်။

'' တစ်ခြား ငွေစက္ကူတွေ နဲ့ရောပြီး ပေးသွားတာ ဖြစ်မယ်။ ဆိုင်မှာ လူစည် နေတော့ ဘယ်သူ ပေး သွားတယ် ဆိုတာလည်း သတိမပြု လိုက်မိဘူး။ ဆိုင်သိမ်းလို့ ငွေစစ်တော့မှ အတုမှန်း သိတော့တာ။ အတုနဲ့ အစစ်ကို ရုတ်တရက် ကြည့်ပြီး ခွဲခြား သိနိုင်တာ မဟုတ်ဘူး။ အစစ်နဲ့ တိုက်ဆိုင် စစ်ဆေးကြည့်မှ သိသာတာ။ စစ်ကိုင်း မှာက ကျောက်စိမ်း ပုတီးစေ့ဝိုင်း ၊ ကျောက်ဈေးကွက် ရှိနေတော့ အရောင်းအဝယ် ကိစ္စတွေမှာ တစ်လုံး တစ်ခဲတည်း ငွေပေးချေ တာမျိုး တွေရှိတယ်။ နယ်စပ်က ဝင်လာတဲ့ ကျောက် ကုန်သည် တွေဆီကနေ ငွေစက္ကူအတု တွေ ပျံ့နှံ့ လာတာလို့ ယူဆရတယ် ... ''ဟု ငွေကျပ် တစ်သောင်းတန် ငွေစက္ကူ အတုနှစ်ရွက် ကို လက်ခံမိ လိုက်သူ စားသောက်ဆိုင် ပိုင်ရှင်တစ်ဦး က ပြောပြ သည်။

ကုန်စည် ရောင်းဝယ် ဖောက်ကားသူများ အနေဖြင့် အရောင်းအဝယ် ပြုလုပ် ငွေပေးချေရာ တွင် ငွေကျပ် တစ်သောင်းတန် ငွေစက္ကူအတု များကို သတိပြု သင့်ကြောင်း ၊ အထူးသဖြင့် ပြင်ပ ဈေးကွက် အတွင်း ရောင်းဝယ် ဖောက်ကားမှု ငွေပေး ငွေချေရေး ကိစ္စများကို ဆောင်ရွက် ပြုလုပ် ကြရာတွင် ငွေကြေး အရေ အတွက် များပြားပါက ပိုမိုသတိထား သင့်ကြောင်း ပြောပြသည်။

ငွေစက္ကူအတု များကို မတော်တဆ လက်ခံလိုက် မိပါက ငွေကြေး ချို့တဲ့သူများ ၊ ဝန်ထမ်းများ အနေဖြင့် ပိုမို ထိခိုက်နစ်နာ နိုင်ကြကြောင်း ၊ တရားဥပဒေ အရလည်း ညှိစွန်းမှု ရှိနိုင်သဖြင့် ငွေစက္ကူ အတုများကို ဖြန့်ချိ သုံးစွဲ နေသည်ဟု သံသယရှိ ပါက သက်ဆိုင်ရာသို့ သတင်းပို့ သင့်ကြောင်း အငြိမ်းစား ဝန်ထမ်း တစ်ဦးက ပြောပြသည်။

Credit : http://pyichit-thar.blogspot.com/2014/01/blog-post_6702.html

မြန်မာဒုက္ခသည်များကိုခေါ်ယူမှု အမေရိကန် ရပ်ဆိုင်း


မြန်မာဒုက္ခသည်များကိုခေါ်ယူမှု အမေရိကန် ရပ်ဆိုင်း
Thursday, January 30, 2014

ထိုင်းမြန်မာနယ်စပ် စခန်းတွေဆီက ဒုက္ခသည်များကို ခိုလှုံခွင့်ပေးတဲ့ အစီအစဉ်ကို အမေရိကန်ပြည်ထောင်စုက ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ဒီကနေ့ ကုလသမဂ္ဂက ပြောလိုက်ပါတယ်။

ဒီအစီအစဉ်ကို အကောင်အထည်ဖော်နေတာ ၉ နှစ် ရှိပြီ၊ အမေရိကန်ကို ရွှေ့ပြောင်းနေထိုင်ရေးအတွက် နောက်ဆုံး လုပ်ဆောင်ပေးခဲ့တာကတော့ ပြီးခဲ့တဲ့ သောကြာနေ့က ဖြစ်တယ်လို့ ဆိုတယ်။

ဒီ ၉ နှစ်အတွင်း မြန်မာပြည်က ဒုက္ခသည် ၇၃,ဝဝဝ ကျော်ကို အမေရိကန်ရောက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါကတော့DPA သတင်းဌာနက ရေးသားတဲ့ သတင်းကို ဘန်ကောက်ပို့စ်သတင်းစာ အွန်လိုင်းမှာ ပြီးခဲ့တဲ့နာရီပိုင်းအတွင်းမှာ ဖော်ပြထားတာပါ။

တခြားနိုင်ငံတချို့ကလည်း မြန်မာဒုက္ခသည်တွေကို လက်ခံခဲ့ဖူးပေမယ့် အမေရိကန်ကတော့ အလုံးအရင်းနဲ့ လက်ခံခဲ့တဲ့နိုင်ငံပါ။
အမေရိကန်အစီအစဉ်ရပ်ဆိုင်းလိုက်ချိန် ထိုင်းမြန်မာနယ်စပ်စခန်းတွေထဲ ဒုက္ခသည် ဘယ်လောက် ကျန်ပါသလဲ။

တသိန်းကျော် ကျန်ပါသေးတယ် တဲ့။
ဒီတသိန်းကျော် ဘယ်တော့ မြန်မာပြည်ပြန်ရမလဲ ဆိုတာကတော့ ဘယ်သူမှ သေချာမပြောနိုင်သေးပါ။

ဦးသိန်းစိန်ရဲ့ သမ္မတသက်တမ်းလက်ကျန် ၂ နှစ်အတွင်းတော့ ဟုတ်မယ် မထင်ပါ။

သူတို့ပြည်တော်ပြန်ရေးအသံက ခပ်တိုးတိုးတောင် မထွက်၊ ပြီးတော့...ဦးသိန်းစိန်တို့က ဆောင်ရွက်စရာတွေ အများအပြား ရှိနေတာကြောင့် ဒုက္ခသည်အရေးကို ဦးစားပေးမယ်လို့ မယူဆနိုင်ပါဘူး။
သူတို့ ပြည်တော်ပြန်ရေးအသံက ရွေးကောက်ပွဲနီးတဲ့အခါ နိုင်ငံရေးသမားတချို့က နေရာကွက်ကြား ပြောဆိုကြဖွယ် ရှိတယ်လို့ ယူဆရပါတယ်။

ထိုင်းမြန်မာနယ်စပ် စခန်းတခုမှ ဒုက္ခသည် ကလေးများ (ဓာတ်ပုံ - လောအယ်စိုး)

ဧရာဝတီ

ထိုင်းမြန်မာနယ်စပ်စခန်းတွေဆီက ဒုက္ခသည် များ ကို ခိုလှုံခွင့်ပေးတဲ့ အစီအစဉ်ကို အမေရိကန်ပြည် ထောင်စု က ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ဒီကနေ့ ကုလသမဂ္ဂက ပြောလိုက်ပါတယ်။


ဒီအစီအစဉ်ကို အကောင်အထည်ဖော်နေတာ ၉ နှစ် ရှိပြီ၊ အမေရိကန်ကို ရွှေ့ပြောင်းနေထိုင်ရေး အတွက် နောက်ဆုံး လုပ်ဆောင်ပေးခဲ့တာကတော့ ပြီးခဲ့တဲ့ သောကြာနေ့က ဖြစ်တယ်လို့ ဆိုတယ်။

ဒီ ၉ နှစ်အတွင်း မြန်မာပြည်က ဒုက္ခသည် ၇၃,ဝဝဝ ကျော်ကို အမေရိကန်ရောက်အောင် ဆောင် ရွက်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါကတော့DPA သတင်းဌာနက ရေးသားတဲ့ သတင်းကို ဘန်ကောက်ပို့စ် သတင်းစာ အွန်လိုင်းမှာ ပြီးခဲ့တဲ့နာရီပိုင်းအတွင်းမှာ ဖော်ပြထားတာပါ။

တခြားနိုင်ငံတချို့ကလည်း မြန်မာဒုက္ခသည်တွေကို လက်ခံခဲ့ဖူးပေမယ့် အမေရိကန်ကတော့ အလုံး အရင်းနဲ့ လက်ခံခဲ့တဲ့နိုင်ငံပါ။ အမေရိကန်အစီအစဉ်ရပ်ဆိုင်းလိုက်ချိန် ထိုင်းမြန်မာနယ်စပ်စခန်းတွေထဲ ဒုက္ခသည် ဘယ်လောက် ကျန်ပါ သလဲ။

တသိန်းကျော် ကျန်ပါသေးတယ် တဲ့။ ဒီတသိန်းကျော် ဘယ်တော့ မြန်မာပြည်ပြန်ရမလဲ ဆိုတာကတော့ ဘယ်သူမှ သေချာမပြောနိုင်သေးပါ။

ဦးသိန်းစိန်ရဲ့ သမ္မတသက်တမ်းလက်ကျန် ၂ နှစ်အတွင်းတော့ ဟုတ်မယ် မထင်ပါ။

သူတို့ပြည်တော်ပြန်ရေးအသံက ခပ်တိုးတိုးတောင် မထွက်၊ ပြီးတော့...ဦးသိန်းစိန်တို့က ဆောင်ရွက် စရာ တွေ အများအပြား ရှိနေတာကြောင့် ဒုက္ခသည်အရေးကို ဦးစားပေးမယ်လို့ မယူဆနိုင်ပါဘူး။ သူတို့ ပြည်တော် ပြန်ရေးအသံက ရွေးကောက်ပွဲနီးတဲ့အခါ နိုင်ငံရေးသမားတချို့က နေရာကွက်ကြား ပြောဆို ကြဖွယ် ရှိတယ်လို့ ယူဆရပါတယ်။

ထိုင်းမြန်မာနယ်စပ် စခန်းတခုမှ ဒုက္ခသည် ကလေးများ (ဓာတ်ပုံ - လောအယ်စိုး)

ဧရာဝတီ

အစိုးရက ..ဘာလဲ ၊ အတိုက်အခံက ဘယ်လဲ ?



ကျွန်တော့်အထင် ၁၉၉၆ ခုနှစ်( မြန်မာ့ခရီးသွားနှစ်) ခန့်က ထင်တယ်။ကမ္ဘောဒီယားရဲ့ မြို့တော်ဖနွမ်ပင် က မြန်မာပြည်၏ မြို့ငယ်လေးတစ်ခု အဆင့်မှာပဲရှိနေ သေး တယ်။ ရန်ကုန်မြို့ကို ယှဉ်ပြိုင်ဖို့ဆိုတာက အိပ် မက် လို့ တောင် ဆိုနိုင်ပါတယ် ။


အန်ကောဝပ်ကျောင်းတော်ကြီးရှိနေပေမယ့် မြို့တော်ကို တောင် အဆင့်မြင့်မြင့် ဖြစ်အောင် အနေအထားတစ်ခု ရောက်ဖို့ အတော် ရုန်းကန်ကြိုးစားနေခဲ့ကြရတယ် ။ သို့ပေမယ့် -

ယနေ့ကမ္ဘောဒီးယားဟာ မြန်မာပြည်ထက် များစွာ တိုးတက်ပြောင်းလဲသွားတာကို မြင်တွေ့ရနိုင်ပါတယ်။ သူတို့ကိုပြန်လည်မှီနိုင်မယ့်အဆင့်တစ်ခုရောက်ဖို့က ခုလက်ရှိ အနေအထားနဲ့တော့ မဖြစ်နိုင်သေးပါ ။

- အကြောင်းအရင်းက ဘာလဲ ?

- အစိုးရ တစ်ခုတည်းကြောင့်လား ?

- အတိုက်အခံ အင်အားကြောင့်လား ?

ပြည်ပအနောက်အုပ်စုတွေက မြန်မာပြည်ကို စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေတိုးမြှင့်လုပ်ဆောင်ခဲ့တယ်။

ပြည်ပ အနောက်အုပ်စုတွေက , မြန်မာပြည် အစိုးရကို, စီးပွားရေးပိတ်ဆို့ပြီး အကြပ်အတည်းတစ်ခုကို ဆိုက်ရောက်စေတယ်။ နိုင်ငံရေး စနစ်ကို ပြုပြင်ပြောင်းလဲစေဖို့ ဖိအားပေးမှုတွေ ဖော်ဆောင် ခဲ့တယ် ။ ဒေါ်စုကို အချုပ်မှ လွတ်လပ်စေဖို့ကလည်း အဓိကအကြောင်းတစ်ခုပါတယ်။

ယခင် စစ်အစိုးရက ပိတ်ဆို့အရေးယူခံရမှုတွေကို မျက်တောင်မခတ်ပဲစစ်အင်အားတိုးတက်စေဖို့ , နိုင်ငံတွင်း ငြိမ်ဝပ်ပိပြားစေဖို့ကိုသာ ဦးစားပေးခဲ့တယ် ။ ဖွံ့ဖြိုးတိုးတက်သင့်တဲ့ တကယ့် ပြုပြင် ပြောင်းလဲမှု မှာက သိသိသာသာ ကဏ္ဍအစုံမှာ အားနည်း ညံ့ဖျင်းခဲ့တယ် ။ စစ် အင်အားစုတောင့်တင်းခိုင်မာအောင် လုပ်ဆောင်ပြီး ၎င်းတို့ နိုင်ငံရေး မူဝါဒပြုပြင်ပြောင်းလဲမှုကို လိုလားတဲ့အချိန်မှာမှ , နေရာဖယ်ပေးမှုတွေကို ပြုလုပ် လို့ ယနေ့ ဒီမိုကရေစီနိုင်ငံရေးကို ဖော်ဆောင်ခဲ့တယ် , ဆိုတာကျုပ်တို့ ပြည်သူလူထုတွေ မျက်မြင် တွေ့ခဲ့ရပါတယ် ။

ထိုကာလ တလျှောက်လုံးမှာ လက်တွေ့ကျကျ ခံစားနေရတဲ့ နိုင်ငံတကာရဲ့ ထိုးနှက်ချက်တွေက ကျွန်တော် တို့ မြန်မာနိုင်ငံ ပိတ်ဆို့ အရေးယူ ခံရမှုတွေနှင့် အတူ ဒေသတွင်း အိမ်နီးချင်း နိုင်ငံတွေက ရွှေတွင်း၊ ရေနံတွင်းတွေပေါ်ပေါက်တာထက် ပိုမိုတဲ့ တိုးတက်မှုတွေ ၊ အကျိုးအမြတ်တွေကို ရရှိ သွားခဲ့ရ တာတော့ အမှန်ပဲ ။

ပြည်ပ ရင်းနှီး မြှုပ်နှံမှုတွေက လမ်းကြောင်းပြောင်းသွားခဲ့ရပြီး မြန်မာ့ရေပိုင်နက် မြေပိုက်နက်တွေ ,ကနေ ကွေ့ဝိုက် ကာ အိမ်နီးချင်း နိုင်ငံတွေမှာ ရင်းနှီးမြှုပ်နှံစေပြီး မြန်မာပြည်ရဲ့စီးပွားရေးကို ပိတ်ဆို့ထိုးနှက်စေ ခဲ့တယ် ။ မြန်မာပြည်သူ လူထုနဲ့ ,ဖွံ့ဖြိုး တိုးတက်မှု အပိုင်း ကဏ္ဍတွေကတန့် သွားခဲ့ရပြီး လုပ်နိုင် သလောက် အရာမထင်ပဲ အသိပညာရှင် , အတတ်ပညာရှင်တွေ ၊ ရင်းနှီးမြှုပ်နှံမှုတွေက ပြည်ပကို ရောက်ရှိမြန်မာပြည်က ထွက်ခွာကုန်ကြလို့နိုင်ငံတော်ရဲ့ စီးပွားရေးကျဆင်းပြီးဆင်းရဲတွင်းက နက်လာ ခဲ့ရတယ် ။ ပြည်တွင်းက လူငယ်လူရွယ်တွေ ရဲ့ရည်မှန်းချက်နဲ့ အနာဂတ်က ပြည်ပ ထွက်ပြီးဘဝ အခြေ ကျအောင် လုပ်ဆောင်ဖို့ဘက် အလွယ်လမ်းကို ဦးတည်သွားတယ် ။

တကယ်တမ်း အဲဒီ ပိတ်ဆို့မှု ပြစ်ဒဏ်တွေကို လက်တွေ့ခံစားခဲ့ရတာဘယ်သူတွေလဲ? အနစ်နာခံပြီး ကျောကော့အောင် ခံခဲ့ရတာ ဘယ်သူတွေလဲ ? စစ်အစိုးရလည်း မဟုတ်သလို ယနေ့ လက်ပန်းပေါက် ခတ်ပြီး ကြွေးကြော်နေကြတဲ့ အတိုက်အခံဆိုသူတွေလည်း မဟုတ်ပါဘူး။

သေသေချာချာ စဉ်းစားကြည့်လေ, နိုင်ငံရေး အာဏာမက်မောသူတို့ရဲ့ အတ္တ တွေကြောင့်, ပတ္တမြားစစ် ပေမယ့် ကျုပ်တို့မြန်မာနိုင်ငံက နွံထဲမှာ နစ်ပြီးရင်း နစ် နေခဲ့ရတာပဲ ဖြစ်ပါတယ် ။

ပိတ်ခိုင်းတဲ့သူက ပိတ်ခိုင်းတဲ့အကြောင်းပြချက်ကို ခိုင်ခိုင်မာမာ စွဲကိုင်ထားသလို ၊ချုပ်ကိုင်ထားတဲ့ သူကလည်း ချုပ်ကိုင်ထားရတဲ့အကြောင်းရင်းကို ချပြပြီး ဗိုလ်နေမြဲ , ကျားနေမြဲ အနေအထား တစ်ခုမှာရှိနေခဲ့ပါတယ် ။

ယခုအချိန်ထိလည်း အင်အားတစ်ခုတည်းအဖြစ်ပူးပေါင်း လုပ်ဆောင်ဖို့ထက် အပြစ် လှည့်ပါတ် တင်နိုင်ရေး , ဘောလီဘောပုတ် နိုင်ရေး ,အရှုပ်ထုပ်ကို မျက်နှာလွှဲ ခဲပစ် လုပ်နေကြတာက နှစ်ဘက်စလုံးမှာ ရှိနေ သေးတယ်လို့ မြင်မိပါတယ် ။

ဒီနေရာမှာ ဖြည့်စွက်ချင်တာက ယနေ့ခေတ်ရဲ့အတိုက်အခံဆိုသူတွေရဲ့ ခေါင်းရှောင်မှုဖြစ်သမျှအကြောင်း ၎င်းတို့အကောင်းဖြစ်နေအောင်သိုးရေခြုံ အနေအထားတစ်ခုပါ ။

ယခု နောက်ပိုင်းမှာ အတိုက်အခံ အင်အားစုတွေ အပေါ် လူထု အမြင်ပြောင်းလဲလာပြီး ထောက်ခံမှု ကျဆင်းလာတဲ့ အကြောင်းအရင်းတစ်ခုကို, မွတ်စလင် ကုလားဘက်အား လှည့်ပြီး အကွက် ဆင် ခံရတယ် လို့ အတိုက်အခံ မွတ်ဘက်တော်သားတွေက သတ်မှတ်ကာ ဟန်လုပ်ဝါဒဖြန့်နေကြပြီး မွတ်စလင်ဝါဒ နဲ့ လူမျိုးရေးကြီးစိုးနယ်ချဲ့လာမှုအားဆန့်ကျင်သူ ရဟန်း ရှင်လူတွေကို , ပြဿနာ ပြန်ရှာ နေကြတဲ့ အနေ အထားဟာ အတိုက်အခံ ဆိုသူတွေရဲ့ ထပ်ဆင့် ညံ့ဖျင်း သေးသိမ်မှုလို့ပဲ မှတ်ချက်ပြုရမှာဖြစ်ပါတယ် ။ အမှန် တကယ်က -

သမ္မတဖြစ်ရေးနဲ့ မယောင်ရာ ဆီလူး အကျိုး မထူးနိုင်မယ့် ဥပဒေ ပုဒ်မတွေကို ပြင်ဆင်ရေးအတွက် မလိုလား အပ်တဲ့ အင်အားတွေ ဖြုန်းတီးနေပြီး၊ အခွင့်အရေး ပွင့်လင်းနေရာ ရလာမှု အပေါ်မှာ ၊ တကယ့် လုပ်ဆောင်ရမယ့် တိုင်းကျိုးပြည်ပြု တိုးတက်ဖွံ့ဖြိုးမှုများကို ထိထိရောက်ရောက်ဖြစ်အောင် မလုပ်ဆောင် နိုင်သေးတဲ့အပြင်, ဝေဖန် ခံရမှုတွေကို တုန့်ပြန်ရာတွင်လည်း , အလွန်ညံ့ဖျင်း သေးသိမ်တဲ့စိတ်ဓါတ် တွေကို လှစ်ဟပြသနေသလိုမျိုးတွေ အကြိမ်ကြိမ်တွေ့မြင် နေရပါတယ် ။

ထိုနည်းတူစွာ စစ်မှန်တဲ့ နိုင်ငံရေး အသိပညာ အတတ်ပညာထက်ကိုဖြစ်ခဲ့ပြီးသား အရာတွေကို အိုးကင်းပူတိုက် အုံကြွမှု တစ်ခုခုဘက်သို့မရောက်မချင်း သွေးထိုး လှုံဆော်မှု ပညာပေး တွေသာ လူထုကိုများစွာ ချပြပြီး လက်တွေ့ နှင့် ကင်းကွာမှုတွေ ဖြစ်နေတဲ့ ယနေ့ အတိုက်အခံ ဆိုသူတွေကို ရဟန်းရှင်လူ ပြည်သူလူထု တွေက မျက်မုန်း ကျိုးလာရခဲ့ရပြီး ကျားထက် ဆိုးမယ့် သဏ္ဍာန်အဖြစ် မြင်လာတာ အဆန်းမဟုတ်ဘူးလို့ ပြောရပါမယ် ။

မြန်မာပြည် စီးပွားရေးပိတ်ဆို့ခံရမှုနဲ့ နိုင်ငံတကာရဲ့ထိုးနှက်ချက်များကို ခံခဲ့ရတာကလည်း အတိုက်အခံ ဆိုသူများ ၏ နှုတ်၏ ဆောင်မမှု၊လက်၏ ဆောင်မမှုတွေနဲ့ ၅၀ ရာခိုင်နှုန်းပါတ်သက်နေတာက ရှင်းပါ တယ် ။ ကျန်တဲ့ ၅၀ ရာခိုင်နှုန်းကတော့ စစ်အစိုးရ အာဏာ ချုပ်ကိုင်မှုလို့ပဲ သတ်မှတ်ပါ ။ ကြားထဲက ငထွားဖြစ်ပြီး ဆန်ရင်း အဖွတ်ခံလို့ -ခါး ကောင်းကောင်းနာခဲ့ရတာ ပြည်သူလူထုပါပဲ ။

ခုလက်ရှိမှာ စီးပွားပိတ်ဆို့မှုတွေအတော်အတန်ပြန်လည် ပွင့်လာခဲ့ပြီလို့ ဆိုသော်ငြားလည်း ပြည်သူလူထုတွေက လက်တွေ့မှာ ခက်ခဲနေဆဲ ဆင်းရဲနေဆဲ အနေအထားမှာပဲ ရှိနေပါသေးတယ်။ ခုဆို အတိုက်အခံပါတီကြီး၏ လှုပ်အားတိုးအားတွေနဲ့ ရှေ့သိပ်ရောက်ချင်လွန်းနေတဲ့ အရွေ့တွေကြောင့်လည်း မြန်မာ့ နိုင်ငံရေးက တည်ငြိမ်မှု ရှိနေပါတယ်လို့ မခေါ်ဆိုနိုင်ပါဘူး။ ဘယ်အချိန်ထပြီး ပွက်လောရိုက်ဦးမလဲဆိုတာကို စောင့်ကြည့် နေကြရင်း ပြည်သူလူထု စားဝတ်နေရေးတွေက ပိုပို ခက်ခဲလာတယ်လို့တောင် ဆိုရပါမယ် ။

ဒါတွေကို နှစ်ဘက်လုံးက ,အကွက်ရွေ့ကွက်စိပ်ဆြာကြီး ဆြာမကြီးတွေ , တာဝန်ရှိသူတွေ ပိုလို့တောင် သိပြီး ဖြစ်မှာပါ ။

-ကဲဗျာ -

အစိုးရတွေက ........... ဘာလဲ ?

အတိုက်အခံတွေက ......... ဘယ်လဲ ?

ဦးယဉ်ကျေး ။

ပုဂ္ဂိုလ်ရေးကိုးကွယ်သော နိုင်ငံရေး ("Personal Politics" )



- ဥပဒေ ပြဋ္ဋာန်းချက်တစ်ခုဆိုတာ ဆိုင်ရာဆိုင်ရာ အားနည်းချက် အားသာချက်ရှိစမြဲပါ..။ ဥပဒေတစ်ခု ပုဒ်မတစ်ခုရဲ့ သင့်လျော် ကောင်းမြတ်မှုဟာ သက်ဆိုင်ရာ လူ့ အဖွဲ့အစည်းတစ်ခုရဲ့ ရေတို၊ ရေရှည် လိုအပ်ချက်ကို ဘယ်လောက်ရောင်ပြန်ဟပ်နိုင်သလဲနဲ့ ဆုံးဖြတ် ရတာပါပဲ...။ ဒါပေမယ့် ဥပဒေပုဒ်မ တစ်ခုဟာ လူ့ အဖွဲ့ အစည်း တစ်ခုလုံးထက် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကိုပဲ ရောင်ပြန် ဟပ်နေတယ်ဆိုရင် ဒါဟာ မဖြစ်သင့်တဲ့ကိစ္စပေါ့...။


- ဒီလို စိတ်ပျက်စရာကောင်းသလောက်... တွင်ကျယ်လှတဲ့... ပုဂ္ဂိုလ်ရေး နိုင်ငံရေး (Personal Politics) အားကောင်းမှုကို ၅၉ (စ) ကိစ္စမှာ အထင်အရှားတွေ့ ရတာပဲ...။ အကယ်၍... ဒေါ်စုသည်သာ ခုလို တိုင်းတပါးသားနဲ့ အိမ်ထောင်ပြုခြင်းမျိုးမရှိခဲ့ဘူးဆိုပါစို့ .....။...ဒီကန့် သတ်ချက်ကို အခုလို ပြဋ္ဋာန်းထားစေဦး တော့...သူ့ ရဲ့ သာဝကတွေ ဟာ ဒီမိုကရေစီ၊လူ့ အခွင့်အရေးစကားလုံးတွေသုံးပြီး ဒီပုဒ်မကို အခုလို....အထူးတလည် ကျယ်ကျယ် လောင်ောလင်ဆန့် ကျင်နေလိမ့်မယ်မထင်...။ အခြားတစ်ဖက်မှာလည်း.... ဒေါ်စုနေရာမှာ အခြားသူ တစ်ဦးဦး -ဥပမာ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးဖြစ်ခဲ့ရင်လည်း ....၂၀၀၈ ကို ရေးဆွဲခဲ့ကြသူတွေ က ဒီပုဒ်မကို အထူးတလည် ထည့်ခဲ့မယ်မထင်...။

- အမှန်တကယ်တော့...လူတစ်ဦး တစ်ယာက်အတွက်နဲ့ ဒီပြဿနာဟာ အကျယ်အကျယ် မငြိမ်းဖွယ်ဖြစ်လာနေတာကို ထောက်ရင် ဒါဟာပုဂ္ဂိုလ်ရေးနိုင်ငံရေးပဲ...။ ဘုရားသခင်လို ကိုးကွယ်ချင် သူတွေနဲ့ ပင်မရန်သူလို့ သတ်မှတ်ထားခဲ့တဲ့ သွားလေသူကြီးတွေကြားက ဥပဒေရေးရာ ရန်ပွဲ သက်သက်....။

- ကာယကံရှင် ကိုယ်တိုင်က " ကျမသမ္မတဖြစ်ဖို့ က အခြေခံဥပဒေပြင်ဖို့ လောက် အရေးမကြီးပါဘူး" ဆိုတဲ့ စကားကို ထွက်ဖို့ နှုတ်လေးနေခဲ့တာဟာလည်း မသေးလှတဲ့ အကြောင်းရင်းတစ်ချက်ပါပဲ...။ အားလုံးက ဒီ စာအုပ်စိမ်းကြီးကို ပြင်ဖို့ လက်ခံပြောဆိုနေတဲ့အချိန်မှာ ဒီ ၅၉ အစ်ရှူးကို ငြိမ်းသွားအောင်မလုပ်ပဲ နှုတ်ဆွံ့ နေခဲ့တာက "ငါလုပ်မှဖြစ်မယ်၊ အခြားသူနဲ့ မဖြစ်နိုင်ဖူး " ဆိုတဲ့ ပုထုဇဉ်တစ်ယောက်ရဲ့ အဓိမာန ကိလေသာ ကြောင့်လည်းဖြစ်ဖွယ်ရှိတယ်....

- ပုဂ္ဂိုလ်ရေးနိုင်ငံရေးအားကောင်းနေသမျှ အဖွဲ့ အစည်းသင်းပင်းနဲ့ လုပ်တတ်ကိုင်တတ်တဲ့ စွမ်းဆောင်ရည် Institutional development ဆိုတာ ဖြစ်လာဖွယ်မရှိ။ အင်စတီကျူးရှင်းနဲ့ လုပ်တတ်ကိုင်တတ်ခြင်းမရှိတာ မြန်မာ့ အရပ်ဖက်ရဲ့ ပင်မ ဟာကွက်ကြီးတစ်ခုပဲ.။..ဒါသည်ပင်လျှင် အရာရာ နောက်ကျကျန်ခဲ့ရခြင်းရဲ့  အကြောင်းရင်း တွေထဲက တစ်ခုပဲ..။.ခေါင်းဆောင်ကိုယ်တိုင် ဒါကိုမချိုးဖျက်နိုင်သရွေ့ ရွှေပြည်တော် မျှော်တိုင်း ဝေးပါ...။....အတ္တကို အရင်ဆုံး တော်လှန်နိုင်မှ လူ့ ဘောင်တစ်ခုလုံးကို ပြောင်းလဲနိုင် မယ် ထင်တယ်.....။

ကုလားအမတ် ရွှေမောင် (ခေါ်) အဒူရော်ဇက် မှာ နိုင်ငံသားဖြစ်ခွင့် ရှိထိုက်သူ မဟုတ်ကြောင်းထုတ်ဖော် (အိတ်ဖွင့်ပေးစာ)



သို့

      သမ္မတဦးသိန်းစိန်၊
      ပြည်ထောင်စုလွှတ်တော်၊
      ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် နှင့်
      လ၀က ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီ
သိရှိနိုင် ပါရန်


ပြည်သူ့လွှတ်တော်အမတ် ရွှေမောင်(ခ)အဒူ ရော်ဇက်အား နိုင်ငံသားအရည်အချင်းနှင့် ကိုက်ညီ သူ ဟုတ်မဟုတ် စီစစ်ခြင်း

ရွှေမောင်(ခ)အဒူရော်ဇက် ၏ မိသားစုမျိုးရိုးစဉ်ဆက်စာရင်း

၁။ ဖခင်ဘက်မှ အဘိုးဇော်ဘော်မူလုပ်သည် ဘင်္ဂါလီလူမျိုးတစ်ဦးဖြစ်သည်၊ မြန်မာနိုင်ငံမှ မည်သည့် သက်သေခံကဒ်ပြား/လက်မှတ် တစ်မျိုးမျှ ကိုင်ဆောင်ခဲ့ခြင်းမရှိ၊ မည်သည့်ဒေသတွင် မွေးဖွါးခဲ့ပြီးမည် သည့်ဒေသတွင် သေဆုံးခဲ့သည်ကိုအထောက်အထားခိုင်လုံစွာဖြင့် တင်ပြထားခဲ့ခြင်းမရှိ။

၂။ ဖခင်ဘက်မှ အဘွားဆော်ရိုနီဆားသည် ဘင်္ဂါလီလူမျိုးတစ်ဦး ဖြစ်သည်၊ မြန်မာနိုင်ငံမှ မည်သည့် သက်သေခံကဒ်ပြား/လက်မှတ် တစ်မျိုးမျှ ကိုင်ဆောင်ခဲ့ခြင်းမရှိ၊ မည်သည့်ဒေသတွင် မွေးဖွါးခဲ့ပြီး မည်သည့် ဒေသတွင် သေဆုံးခဲ့သည်ကိုအထောက်အထားခိုင်လုံစွာဖြင့် တင်ပြထားခဲ့ခြင်းမရှိ။

၃။ မိခင်ဘက်မှ အဘိုးမူဇာဟေးရ် သည် ဘင်္ဂါလီလူမျိုးတစ်ဦးဖြစ်သည်၊ သက်သေခံကဒ်ပြားအမှတ်၊ (A.H. 018922) ကိုကိုင်ဆောင်ထားခဲ့သည်၊ မြောက်ဦး မြို့တွင် (၁၉၀၃)ခုနှစ်ကမွေးဖွါးခဲ့ပြီးစစ်တွေမြို့တွင် ၁၉၆၄ နှစ်တွင် သေဆုံးခဲ့သည်ဟုသိရှိရသော်လည်း မြန်မာစာ လုံးဝ(လုံးဝ)မတတ်သူဖြစ်ပြီး အာရ်ဘီစာ(၁၀)တန်းအဆင့်ရှိသူဖြစ်ပြီးသက်သေခံကဒ်ပြားလျှောက်ထားသူ လက်မှတ်တွင် အာရ်ဘီစာဖြင့်သာရေးထိုးထားသည် ကိုသိရှိရသည်။

၎။ မိခင်ဘက်မှ အဘွားမာမူဒါဘေဂေါင် သည် ဘင်္ဂါလီလူမျိုးတစ်ဦးဖြစ်သည်၊ သက်သေခံကဒ်ပြားအမှတ်၊ (A.H. 018923) ကိုကိုင်ဆောင်ထားခဲ့သည်၊ မြောက်ဦး မြို့တွင် (၁၉၂၃)ခုနှစ်ကမွေးဖွါးခဲ့ပြီး စစ်တွေမြို့တွင် သေဆုံးခဲ့သည်၊ မြန်မာစာ လုံးဝ မတတ်ခဲ့ပါ။

၅။ ဖခင် အဒူဟာဒီသည် ဘင်္ဂါလီလူမျိုးတစ်ဦးဖြစ်သည်၊ သက်သေခံကဒ်ပြားအမှတ်၊(A.K.092352)နှင့် (၁၁/ဘသတ(ယ)၁၂၀၉၂၈)ကိုကိုင်ဆောင်ခဲ့သည်၊ မောင်တောမြို့နယ် တွင် (၁၉၁၈)ခုနှစ်ကမွေးဖွါးခဲ့ပြီး၊ ဘူးသီးတောင်မြို့ အမှတ်(၂)ရပ်ကွက်တွင် သေဆုံးခဲ့ပါသည်။

၆။ မိခင် အာဇီဇာဘေဂေါင်သည် ဘင်္ဂါလီလူမျိုးတစ်ဦးဖြစ်သည်၊ သက်သေခံကဒ်ပြားအမှတ်၊ (A.K.092353) ကိုင်ဆောင်ခဲ့သည်၊ မြောက်ဦးမြို့တွင် (၁၉၃၅) ခုနှစ်ကမွေးဖွါးခဲ့ပြီး၊ ဘူးသီးတောင်မြို့ အမှတ်(၂) ရပ်ကွက် တွင် သေဆုံးခဲ့ပါသည်။

၇။ ရွှေမောင်(ခ)အဒူရော်ဇက်သည် ဘူးသီးတောင်မြို့ အမှတ်(၂)ရပ်ကွက်တွင်(၁၉၆၅)ခုနှစ်တွင် မွေးဖွါး ခဲ့ပြီး (၁၉၈၇)ခုနှစ်တွင် သက်သေခံကဒ်ပြားအမှတ်၊(BTG.172664) ဖြင့် ဘင်္ဂါလီလူမျိုး ဖြစ်ကြောင်းမှတ်ပုံတင် တင်ထားခဲ့ပြီးသက်သေခံကဒ်ပြားကိုင်ဆောင်ခဲ့ပါသည်။

ယခုလက်ရှိအခြေအနေမှာ ရွှေမောင်(ခ)အဒူရော်ဇက် ၏ ညီအစ်ကိုမောင်နှမများမှာလည်းဘင်္ဂါလီလူမျိုးများဖြစ်ကြပြီးယာယီသက်သေခံကဒ်ပြားများကိုင်ဆောင်ထား လျှက်ရှိကြသော်လည်း ရွှေမောင်(ခ)အဒူရော်ဇက်မှာ(ကမန်+ဘင်္ဂါလီ+ဗမာ)ဟုလူမျိုးဖေါ်ပြပြီးနိုင်ငံသားစိ စစ်ရေးကတ်ပြားအမှတ်(၁၂/ပဇတ(နိုင်)၀၃၆၃၀၆)ကိုကိုင်ဆောင်လျှက် ဘူးသီးတောင်မြို့နယ်မှ ပြည်သူလွှတ်တော်ကိုယ်စားလှယ်တစ်ဦးအဖြစ် တွေ့မြင်ရပါသည်။

သို့ဖြစ်ပါ၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ရွှေမောင်(ခ)အဒူရော်ဇက် အားအထက်ဖေါ်ပြပါ ၄င်းသူ ၏ မျိုးရိုးစဉ်ဆက်စာရင်းများဖြင့် အောက်ပါအတိုင်းတိုက်ဆိုင်စစ်ဆေးတင်ပြပါမည်။

---------------------

၁၉၄၈-ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ

၎။ (၂) ပြည်ထောင်စုတွင်ပါဝင်သော နယ်မြေတစ်ခုခုတွင် အနည်းဆုံးဘိုးဘွားအားလုံးလက်ထက်မှ စ၍ မိမိတို့၏ ပင်ရင်းတိုင်ပြည်အဖြစ်ဖြင့် မျိုးဆက်မပြတ် ထာဝစဉ် အခြေစိုက် နေထိုင်လာခဲ့သည့်အပြင် မိမိ၏ မိဘနှစ်ပါးနှင့်တကွ မိမိကိုယ်တိုင် ထိုနယ်မြေတစ်ခုခုတွင် မွေးဖွါးသူဖြစ်လျှင် ထိုသူအား မြန်မာ နိုင်ငံသားဖြစ်သည်ဟုမှတ်ယူရမည်။ အထက်ဖေါ်ပြပါပုဒ်မ ၄။(၂)အရ ၄င်းရွှေမောင်(ခ)အဒူရော်ဇက်၏ မိဘ(၂)ဦး၊ဘိုးဘွား(၄)ဦးတို့ထဲမှအားလုံး သော်လည်းကောင်း၊ တစ်ဦးဦးသော်လည်းကောင်း နိုင်ငံသားလက်မှတ် ရရှိခဲ့ခြင်း မရှိခဲ့ပါ။ သတ်မှတ်ချက်နှင့် မကိုက်ညီသောကြောင့် မရရှိခဲ့ခြင်းသာဖြစ်ပါသည်။

-----------------------

၁၉၈၂- ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေ

၃။ နိုင်ငံတော်တွင် ပါဝင်သော နယ်မြေတစ်ခုခု၌ မြန်မာသက္ကရာဇ် ၁၁၈၅-ခုနှစ်၊ ခရစ်သက္ကရာဇ် ၁၈၂၃-ခုနှစ် မတိုင်မီကာလမှစ၍ ပင်ရင်းနိုင်ငံအဖြစ် အမြဲနေထိုင်ခဲ့သောကချင်၊ကယား၊ကရင်၊ချင်း၊ဗမာ၊မွန်၊ရခိုင်၊ရှမ်းစသည့် တိုင်းရင်းသားများနှင့် မျိုးနွယ်စုများသည် မြန်မာနိုင်ငံသားဖြစ်သည်။

၅။ တိုင်းရင်းသားတိုင်းလည်းကောင်း၊တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွါးသူတိုင်းသည်လည်းကောင်းမွေးရာပါနိုင် ငံသားဖြစ်သည်။

၆။ ဤဥပဒေအာဏာတည်သည့်နေ့တွင် နိုင်ငံသားဖြစ်ပြီးသူသည် နိုင်ငံသားဖြစ်သည်။ သို့ရာတွင် ပုဒ်မ(၁၈)ပါ ပြဌာန်းချက်နှင့် ငြိစွန်းလျှင် ယင်းပုဒ်မအရအရေးယူခြင်းခံရမည်။ အထက်ဖေါ်ပြပါပုဒ်မ၆။သည် (၁၅-၁၀-၁၉၈၂)ရက်နေ့ မတိုင်မှီက (၁၉၄၈) ခုနှစ် မြန်မာနိုင်ငံသားဥပဒေ ဖြင့် နိုင်ငံသားဖြစ်ပြီးသားသူသည် နိုင်ငံသားဖြစ်သည်ကိုဆိုထားခြင်းဖြစ်ပါသည်။

၁၈။ နိုင်ငံသားတစ်ဦးသည် မဟုတ်မမှန်ဖေါ်ပြခြင်း၊ သို့မဟုတ် ဖုံးကွယ်ခြင်းဖြင့် နိုင်ငံသားအဖြစ်ကို ရရှိပါက နိုင်ငံသားအဖြစ်မှ ရုပ်သိမ်းခြင်းခံရမည့်အပြင် ထောင်ဒဏ်တစ်ဆယ်နှစ်နှင့် ငွေဒဏ် ကျပ်ငါးသောင်းကိုလည်းကျခံစေရမည်။

၇။ နိုင်ငံတော်အတွင်း၌ဖြစ်စေး၊ နိုင်ငံတော်ပြင်ပ၌ဖြစ်စေမွေးဖွါးသည့် အောက်ပါသူတို့သည်လည်း နိုင်ငံသား ဖြစ်သည်-

(က) နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွါးသူများ
(ခ) နိုင်ငံသားနှင့် ဧည့်နိုင်ငံသားမိဖနှစ်ပါးမှ မွေးဖွါးသူများ
(ဂ) နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူမိဘနှစ်ပါးမှမွေးဖွါးသူများ
(ဃ) ဧည့်နိုင်ငံသားမိဘနှစ်ပါမှ မွေးဖွါးသေားသားသမီးနှင့် -

-(က) နိုင်ငံသား၊ သို့မဟုတ်
-(ခ) ဧည့်နိုင်ငံသား၊ သို့မဟုတ်
-(ဂ) နိုင်ငံသားပြုခွင့်ရသူမိဘနှစ်ပါးမှ မွေးဖွါးသူများ၊
(င) နိုင်ငံသားပြုခွင့်ရသူမိဘနှစ်ပါးမှ မွေးဖွါးသောသားသမီးနှင့် -

-(က) နိုင်ငံသား၊ သို့မဟုတ်
-(ခ) ဧည့်နိုင်ငံသား၊ သို့မဟုတ်
-(ဂ) နိုင်ငံသားပြုခွင့်ရသူမိဘနှစ်ပါးမှ မွေးဖွါးသူများ၊
(င) ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူမိဘနှစ်ပါမှ မွေးဖွါးသေားသားသမီးနှင့် -

-(က) နိုင်ငံသား၊ သို့မဟုတ်
-(ခ) ဧည့်နိုင်ငံသား၊ သို့မဟုတ်
-(ဂ) နိုင်ငံသားပြုခွင့်ရသူမိဘနှစ်ပါးမှ မွေးဖွါးသူများ၊

၇၆။ အောက်ပါဥပဒေကိုဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်-

(က) ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံသားအဖြစ် (ရွေးချယ်ရေး)အက်ဥပဒေ
(ခ) ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ

အထက်ဖေါ်ပြပါပုဒ်မ ၇၆။(က)၊(ခ) ဖြင့်(၁၅-၁၀-၁၉၈၂)ရက်နေ့မှစ၍ ၁၉၄၈-ခုနှစ် မြန်မာနိုင်ငံသားရွေးချယ်ရေး /ဖြစ်မှု အက်ဥပဒေတွေကို ရုပ်သိမ်းထားပြီးဖြစ်ပါသည်။

----------------------------

ရွှေမောင်(ခ)အဒူရော်ဇက်သည် ၁၉၈၂-ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေပုဒ်မ၊ ၅။ /၆။ /၇။ အရ နိုင်ငံသားအရည်အချင်း နှင့် ကိုက်ညီမှုမရှိသည်ကိုတွေ့ရှိရပါသည်၊၁၉၄၈-ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေအားလည်း (၁၅-၁၀-၁၉၈၂)ရက်မှ စ၍ ၁၉၈၂-ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေပုဒ်မ၊ ၇၆။ ဖြင့် ရုပ်သိမ်းထားပြီးဖြစ်ပါသည်။

ထို့ကြောင့် ရွှေမောင်(ခ)အဒူရော်ဇက် ကိုင်ဆောင်ထားသော နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် (၁၂/ပဇတ(နိုင်) ၀၃၆၃၀၆) ကဒ်ပြားမှာမည့်သည့် ဥပဒေပုဒ်မဖြင့် ထုတ်ပေးထားပါသနည်း၊မြန်မာနိုင်ငံသား တစ်ဦးမဟုတ်ဘဲ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးမည်သို့ ဖြစ်ခဲ့ပါသနည်း၊ဤအချက်များကို ကြည့်ခြင်းအားဖြင့် ၁၉၈၂-ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေသည် မြန်မာနိုင်ငံသားများအတွက် အကာအကွယ် ပေးနိုင်မည့် ဥပဒေတစ်ခုဖြစ်သော်ငြားလည်းဥပဓိရုပ် မပေါ်ဖြစ်နေသည်ကိုတွေ့မြင်ရ ပါသည်။

မြန်းမာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး ဘ၀တူဝန်ထမ်းအချို့သည်လည်းတစ်ချိန်တစ်ခါကအဖွဲ့အစည်းတစ်ခုခု မှသော်လည်းကောင်း၊ သြဇာအာဏာရှိသောလူပုဂ္ဂိုလ်တစ်ဦးဦးမှ ဖိအားပေး၍သော်လည်းကောင်း၊ မိမိဝမ်းရေးအတွက်သော်လည်းကောင်းအမှားများရှိခဲ့ကြမည်ဖြစ်ပါသည်။

ယခုအချိန်မှာပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးနှင့် အမျိုးဘာသာသာသနာကိုချစ်မြတ်နိုးကြလျှင် မိမိလုပ်ခဲ့သောအမှားများအား မိမိကိုယ်တိုင်ဖေါ်ထုတ်ပြသင့်နေပြီးဖြစ်ပါသည်။

ရာထူးဌာနန္တရကိုမငဲ့ကွက်ဘဲအမှန်တရားကိုဖော်ပြရဲကြလျှင် အများပြည်သူများကလည်းနားလည် ခွင့်လွတ်ကြလိမ့်မည်ဟုထင်ပါသည်။ မြန်းမာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဘ၀တူဝန်ထမ်းအချို့သည် လည်းဆက်လက်ပြီးအမှားများမပြုလုပ်ကြပါရန် မေတ္တာရပ်ခံရင်းတင်ပြအပ်ပါသည်။

တင်ပြသူ-

လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းဟောင်းတစ်ဦး

Coral Arakan News

ဖွဲ့စည်းပုံလေ့လာသုံးသပ်ရေးပူးပေါင်း ကော်မတီအတွင်း သဘောထားကွဲ

ဇန်န၀ါရီ ၃၁ ရက် နောက်ဆုံးထား၍ ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံရမည့် ၂၀၀၈၊ ဖွဲ့စည်းပုံ လေ့ လာသုံးသပ်ရေး ပူးပေါင်းကော်မတီအတွင်း သဘောထားကွဲလွဲမှုကြောင့် လုပ်ငန်းများ အဆုံးသတ်ရေး နှောင့်နှေးနေသည်ဟု ကော်မတီဝင်အချို့ က ဇန်န၀ါရီ ၂၈ ရက် ညဦးပိုင်း အစည်းအဝေးအပြီး အတည် ပြုပြောကြားသည်။


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် တောင်ဥက္ကလာပမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စား လှယ် ဦးအောင်သိန်းလင်းထံမှတစ်ဆင့် ရောက်ရှိလာသည့် မပြင်လိုသည့် အကြံပြုချက်များကို အစီရင် ခံစာတွင် ထည့်သွင်းရန်သင့်မသင့် အငြင်းပွားနေကြခြင်း ဖြစ်သည်။ ၎င်းက လက်မှတ်ပေါင်း တစ်သိန်း လေးထောင်ကျော် ရေးထိုးထားသည့် ၂၀၀၈ ဖွဲ့စည်းပုံပါ မပြင်ဆင်လိုသည့် ပြဋ္ဌာန်းချက် ခုနစ်ခုကို ပူး ပေါင်း ကော်မတီမှတစ်ဆင့် လွှတ်တော်သို့ တင်သွင်းရန် စီစဉ်နေသည်ဟု ပူးပေါင်းကော်မတီဝင်အချို့ က အသိပေးသည်။

ယင်းတွင် ဖွဲ့စည်းပုံ ပြင်ဆင်ခြင်းဆိုင်ရာပုဒ်မ ၄၃၆ နှင့် သမ္မတအရည်အချင်း သတ်မှတ်ချက် ၅၉(စ)တို့ အပြင် လွှတ်တော်များအတွင်း တပ်မတော်သား ပါဝင်မှုဆိုင်ရာ ပြဋ္ဌာန်းချက်လည်း ပါဝင်သည်ဟု ကော် မတီဝင်တို့က ဆိုသည်။ ပူးပေါင်းကော်မတီသည် အများပြည်သူတို့ထံမှ ပြင်ဆင်လိုသည့် အကြံပြုစာများ ကို ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ ၃၁ရက်အထိ တောင်းခံခဲ့ပြီး ယင်းတို့ကို စုစည်းကာ ပြည်ထောင်စုလွှတ်တော် သို့ အစီရင်ခံရန် တာဝန်ယူထားရခြင်း ဖြစ်သည်။

ကဏ္ဍအလိုက်ခွဲ၍ အဖွဲ့ငါးဖွဲ့ဖြင့် အကြံပြုစာများ စုစည်းကာ အစီရင်ခံစာ ထွက်ရှိရေး ကြိုးပမ်းနေကြခြင်း လည်း ဖြစ်သည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဦးအေးမောက်က ဇန်န ၀ါရီ ၂၈၊၂၉နောက်ဆုံးထား၍ အစီရင်ခံစာပြုစုခြင်းလုပ်ငန်းများ စတင်မည်ဟု မဇိ္ဈမကိုပြောဆိုထားသည်။

ထို့ကြောင့် ဇန်န၀ါရီ ၂၈ ရက် နံနက် ၈ နာရီတွင် တစ်ကြိမ်၊ ညနေ လွှတ်တော်အစည်းအဝေးများ ပြီးဆုံး ချိန်မှ ည ၉နာရီ ခန့်ထိတစ်ကြိမ် အစည်းအဝေးခေါ်ယူ ဆောင်ရွက်ခဲ့သော်လည်း မပြီးပြတ်နိုင်သေးခြင်း ဖြစ်သည်။

မဇ္ဈိမ သတင်းဌာန

အစိုးရ၀န်ကြီးဌာနများ၏ နှစ်အဆက်ဆက် ကြွေးကျန်ကျပ်သန်း ငါးသိန်းကျော်ကို မတ်လတွင် အပြီးစာရင်းရှင်းရမည်

အစိုးရဌာန အဖွဲ့အစည်းအချို့၏ နှစ်အဆက်ဆက် နိုင်ငံတော်သို့ပေးသွင်းရန် ကျန်ငွေ ကျပ်သန်း ၅၄၅, ၃၃၇ ဒသမ ၅၁၂ ကို ၂၀၁၄ ခုနှစ်၊ မတ်လ ၁၅ ရက်အပြီး ရှင်းလင်းဆောင်ရွက်နိုင်ရန် ဒုတိယသမ္မတ ဦးဉဏ်ထွန်း ခေါင်းဆောင်သည့် ကြွေးကျန်များ စာရင်းရှင်းလင်းရေးအဖွဲ့ဖြင့် ကြပ်မတ်ဆောင်ရွက်လျက် ရှိသည်ဟု ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက ဇန်န၀ါရီ ၂၈ ရက်တွင် လွှတ်တော်သို့ တင်သွင်းသည့် အစီရင်ခံစာတွင် ပါရှိသည်။


ယင်းတို့ကို ပုဂ္ဂလိကထံမှရရန် အကြွေးများကို တောင်းခံ၍မရပါက ဥပဒေအရ တောင်းခံရန်၊ ရရန်၊ ပေးရန် ကိုက်ညီနေသည့် အကြွေးများကို Paper Transaction နည်းဖြင့် ရှင်းလင်းဆောင်ရွက်ရန်၊ ရရန် ပေး ရန် မကိုက်ညီသည့်ဌာနများ၏ အကြွေးများ၊ ပုဂ္ဂလိကမှတောင်းခံရန် မဖြစ်နိုင်ကြောင်း ခိုင်လုံသော ကြွေး မြီများကို နိုင်ငံပိုင်ပစ္စည်း ဆုံးရှုံးမှုစာရင်း (ရရန် အကြွေးစာရင်း)မှ ပယ်ဖျက်နိုင်အတွက် ဘဏ္ဍာရေးစည်း မျဉ်းများနှင့်အညီ ဆောင်ရွက်ရန်၊ နိုင်ငံတော်က တာဝန်ခံရှင်းလင်း ပေးခဲ့သည့် Zero Setting နည်းဖြင့် ဆောင်ရွက်ရန် စီစဉ်ထားခြင်းဖြစ်သည်။

ဝန်ကြီးဌာန ၂၁ ခုနှင့် နေပြည်တော် စည်ပင်သာယာရေး ကော်မတီတို့က ပေးသွင်းရန် ကျန်ရှိနေခြင်း ဖြစ်သည်။ ပြည်သူ့ ငွေစာရင်းကော်မတီက အဆိုပါ အစီရင်ခံစာတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် ဒုတိယခြောက်လပတ်အရ၊ အသုံး စာရင်းစစ်ဆေး တွေ့ရှိချက်များအပေါ် အခြေခံသုံးသပ်ထားခြင်း ဖြစ်သည်။ အစိုးရ၏ ကြွေးကျန် ရှင်းလင်းရေး ဆောင်ရွက်မှုကိုကော်မတီက ကြိုဆိုကြောင်းလည်း ဖော်ပြထားသည်။

သို့သော် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအနေဖြင့် တွေ့ရှိချက်နှင့် ဆောင်ရွက်ချက်များကိုသာ ဖော်ပြ ထားပြီး တွေ့ရှိချက်များအပေါ် စာရင်းစစ်ပညာရှင်များ၏ သုံးသပ်အကြံပြုချက်များ မပါဝင်သည်ကိုမူ ကော်မတီက ထောက်ပြမှတ်ချက်ပြုထားသည်။ ထို့ပြင် ဌာနအဖွဲ့အစည်းများ၏ ငွေစာရင်းဆိုင်ရာ လိုက် နာမှုအရည်အသွေးများ မြင့်မားလာရန်နှင့် တိုးတက်မှု ရှိ၊ မရှိ သုံးသပ်နိုင်ရေး ဆောင်ရွက် သင့်သည်ဟု လည်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက အကြံပြုထားသည်။

ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့သည့် ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံး၏ စစ်ဆေးချက်များတွင် တိုင်း၊ ပြည်နယ်များနှင့်ပတ်သက်၍ မပါဝင်ဘဲ သက်ဆိုင်ရာ လွှတ်တော်များ အရေးယူဆောင်ရွက်ရန် စီစဉ် ထားခြင်း ဖြစ်သည်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် တိုင်း၊ ပြည်နယ် ၁၄ခု သို့ တစ်ခုလျှင် ကျပ်သန်း ၁,၀၀၀ နှုန်း ထောက်ပံ့၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းဆိုင်ရာ ရန် ပုံငွေသုံးစွဲမှု အခြေအနေများကိုမူ သက်ဆိုင်ရာ တိုင်း၊ ပြည်နယ် စာရင်းစစ် ချုပ်ရုံးများမှ စစ်ဆေးတွေ့ရှိ ချက်တွင် ဖော်ပြထားသည်။

မဇ္ဈိမ သတင်းဌာန

တိုင်းရင်းသားများ၏ လော်ခီးလာ အပစ်ရပ်မူကြမ်းအပေါ် NCCT နှင့် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ အလွတ်သဘောတွေ့ဆုံဆွေးနွေး

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ဒုတိယအကြိမ် ထိပ်သီးညီလာခံမှ ရေးဆွဲထားသော နိုင်ငံလုံးဆိုင် ရာအပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ ( NCCT)နှင့် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီတို့ ဇန်န၀ါရီ ၂၉ ရက် က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။


အဆိုပါစာချုပ်မူကြမ်းတွင် အခန်း(၁၁) ခန်းပါဝင်ပြီး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ များသာမက နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်ရန်အတွက် လိုအပ်သည့်အချက်များကိုပါ ထည့်သွင်းရေးဆွဲထားခြင်း ဖြစ်ကြောင်း သိရသည်။တွေ့ဆုံဆွေးနွေးမှုတွင် အဆိုပါစာချုပ် မူကြမ်းအပေါ်သဘောထား ကွဲလွဲမှုကြီးကြီးမား မားမ ရှိ ကြောင်း၊ နောက်တစ်ကြိမ်ပြန်တွေ့မည် ဆိုသည့်အချက်နှင့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီ ချက်များကို လက်မှတ်ထိုးနိုင်သည်အထိ ပြင်ဆင်ဖြည့်စွက်ချက်များ လုပ်သွားရန်ဆိုသည့်အချက်များကိုသာ သဘောတူညီခဲ့ပြီး နီးစပ်မှုများသည်ဟုသာ ပြောနိုင်သေးကြောင်း ဆွေးနွေးရာတွင်ပါဝင်ခဲ့သည့် NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။

“လ်ာခီးလာညီလာခံကတော့ ၁၁ ချက်ပေါ့။ဒါပေမဲ့ ၁၀ချက်ကတော့ အဓိကအလုပ်လုပ်ရမှာဆိုတော့ အဲဒီ အပေါ်မှာ အစအဆုံး ပြင်ဆင်တာ ဘာညာဒီလောက်ပါပဲ။ အယူအဆရေးရာ ကွဲလွဲချက်တော့ မရှိဘူးဗျ။ စကားလုံးအသုံးအနှုန်း၊ အထားအသိုဟိုရွှေ့ ဒီရွှေ့ အဲဒီလောက်တော့ရှိတယ်”ဟု ၎င်းကဆိုသည်။

ယခင်ဆွေးနွေးမှုများတွင် အစိုးရဘက်က မလိုလားခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများဆိုသည့် စကားလုံး လော်ခီးလာမူကြမ်းတွင် ပြန်လည်ပါဝင်လာသည့်အပေါ်တွင်လည်း ဆွေးနွေးမှုပြုလုပ်ခဲ့ပြီး အပြီးသတ်ဆွေးနွေးနိုင်ခြင်းမှာမူ မရှိခဲ့ကြောင်း သိရသည်။

“တော်လှန်ရေးဆိုတာကို ခေါင်းစဉ်မှာ ထည့်မလား၊ နောက်မှာပဲ ထည့်မလားစသည်ဖြင့် ညှိနှိုင်းကြပါတယ်။ ကျွန်တော်တို့ တော်လှန်ရေးခေါင်းဆောင်တွေဘက်ကလည်း လော်ခီးလာအတိုင်း လိုချင်တယ်။ ဟိုဘက်က နားထောင်ကြည့်တော့လည်း ဒီစကားလုံးက စာချုပ်ထဲမှာ ထင်းထင်းကြီးဖြစ်နေတာ မကောင်းဘူးပေါ့လေ။ စာချုပ်စာတမ်းဥပဒေအရတော့ နှစ်ဖက်သဘောတူဖို့လိုတော့ ညှိနှိုင်းနေပါတယ်”ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောကြားသည်။ ဘားအံမြို့တွင် ပြုလုပ်ရန် ရည်ရွယ်ထားသည့် ဆွေးနွေးပွဲမှာမူ မတ်လဆန်းမှသာ ဖြစ်နိုင်ကြောင်း၊ ယင်းမတိုင်မီ နောက်ထပ်တစ်ကြိမ်တွေ့ဆုံမှုကို ရန်ကုန်မြို့၌ ပြုလုပ်သွားရန်ရှိပြီး ဖေဖော်ဝါရီ တတိယပတ်အတွင်း ဖြစ်နိုင်ကြောင်းလည်း ၎င်းက ပြောကြားသည်။ 

Eleven Media Group

ခုံရုံး ဆုံးဖြတ်မည့်ကိစ္စ လွှတ်တော်ဘက်က မှန်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို



နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စု လွှတ်တော်အကြား အချင်းများနေသော ဥပဒေများကို အခြေခံဥပဒေနှင့် ညီညွတ်မှုရှိ မရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးမှ အဓိပ္ပာယ် ဖွင့်ဆိုပါက လွှတ်တော် ဘက်က မှန်မည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြား သည်။ “လွှတ်တော်ဘက်က မှန်မယ်လို့ ထင်ပါတယ်” ဟု ၎င်းက ဆိုသည်။


နိုင်ငံတော်သမ္မတ လက်မှတ် ရေးထိုးပြီးဖြစ်သော ဥပဒေနှင့် လက်မှတ် ရေးထိုးခြင်းမရှိဘဲ အတည်ဖြစ်နေသော ဥပဒေ ရှစ်ခုတွင် အခြေခံ ဥပဒေနှင့် မညီသော အချက်များ ပါရှိနေသောကြောင့် အခြေခံ ဥပဒေနှင့် ညီညွတ်မှုရှိ မရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးကို အဓိပ္ပာယ် ဖွင့်ဆိုစေမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ရေး အဖွဲ့ က ဇန်နဝါရီ ၂၇ ရက်တွင် ထုတ်ပြန်ထားသည်။

အခြေခံဥပဒေ၏ အဓိပ္ပာယ် ဖွင့်ဆိုမှုသည် ခုံရုံးအပေါ်တွင် မူတည်နေသော်လည်း လွှတ်တော်၏ သြဇာလွှမ်းမိုးမှုကို သံသယ ဖြစ်လာနိုင်စရာ အကြောင်းရှိပြီး ၎င်းတို့၏ ဆုံးဖြတ်ချက်သည် နိုင်ငံတော်၏ တရား စီရင်ထုံး ဖြစ်နေသောကြောင့် သမိုင်းတွင်မည့်ကိစ္စ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

“ခုံရုံးအဖွဲ့ဝင်တွေရဲ့ သုံးပုံနှစ်ပုံက လွှတ်တော်က ခန့်ထားတာ ဖြစ်နေတယ်။ အမှီအခို ကင်းကင်းနဲ့ မှန်မှန် ကန်ကန် အဓိပ္ပာယ် ဖွင့်ဆိုနိုင်ခြင်းရှိ မရှိဆိုတာ မသိသေးဘူး” ဟု ၎င်းကဆိုသည်။

၂၀၁၂ ခုနှစ်အတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်ဟောင်း များကို စွပ်စွဲပြစ်တင်၍ ရာထူးမှ နုတ်ထွက်စေခြင်းသည် ခုံရုံး၏ လုပ်ပိုင်ခွင့်ကို လွှတ်တော်မှ ကျော်လွန်ရာ ရောက်ကြောင်း ၎င်းက ပြောဆို သည်။

နိုင်ငံတော်သမ္မတရုံး အနေနှင့် ဥပဒေရှစ်ခုကို ခုံရုံးသို့ပေးပို့ရန် ရက်အတိအကျ သတ်မှတ်ထားမှု မရှိသေး သော်လည်း သတင်းထုတ်ပြန်ထားသည့် အတိုင်း ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ လွှတ်တော် ကိုယ်စားလှယ်များကို မေးမြန်းရာတွင် ခုံရုံး၏ အဓိပ္ပာယ် ထွက်ဆိုမှု မရှိသေးသည့် အချိန်တွင် လွှတ်တော်ဘက်မှ ကိုယ်စားပြု၍ ဖြေဆိုရန် မဖြစ်နိုင်သေးကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကို (တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ ဥက္ကဋ္ဌ) အပါ အဝင် လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။