Tuesday, January 21, 2014

မူဆယ် နယ်စပ်ဂိတ်မှ နှစ်ပတ်အတွင်း တရားမဝင် ကုန်ပစ္စည်း ကျပ်သိန်း ၁၂၀၀ ကျော်ဖိုး ဖမ်းမိ



တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး အဖွဲ့ (မိုဘိုင်းတင်းမ်) မှ ၂၀၁၄ ဇန်နဝါရီနှစ်ပတ်အတွင်း မူဆယ်နယ်စပ် မှကျပ် သိန်းပေါင်း ၁၂ဝဝကျော် ဖမ်းဆီး ရရှိကြောင်း စီးပွားရေးနှင့် ကူး သန်းရောင်း ဝယ်ရေး ဝန်ကြီး ဌာန မှ သိရသည်။


အဆိုပါမိုဘိုင်းတင်းမ်အ ဖွဲ့သည် မူဆယ်နယ် ဘက်မှ ၂၀၁၄ ဇန်နဝါရီ ၁ရက်မှ ၁၆ ရက်အတွင်း နိုင်ငံတော်မှတင် သွင်းခွင့်မပြုထားသော ကန့် သတ်ကုန်ပစ္စည်းများနှင့် တရား မဝင် အကောက်ခွန်မဲ့ပစ္စည်း များဖမ်းဆီးရမိကြောင်း စီးပွား ရေးနှင့် ကူးသန်း ရောင်း ဝယ်ရေး ဦးစီးဌာနမှ သိရသည်။ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန် ရှိသူတစ်ဦးက ““မူဆယ် ဘက်ကနေ ဖမ်းဆီးရမိတာတွေ က ဒီနှစ်စမှာ ပိုများလာတယ်”” ဟု ပြော သည်။

တရားမဝင်ကုန်ပစ္စည်း များနှင့် အကောက်ခွန်မဲ့ပစ္စည်း များကိုဖမ်းဆီးလျက် ရှိရာ မူ ဆယ်-မန္တလေးနယ်စပ် သည် နယ်စပ်စခန်းများတွင် အများ ဆုံး ဖမ်းဆီး မိလျက်ရှိကြောင်း သိရသည်။ ၂၀၁၄ ဇန်နဝါရီ နှစ်ပတ် အတွင်း နိုင်ငံတော်မှ တင်သွင်း ခွင့်မပြု ထား သော ကန့်သတ် ကုန်ပစ္စည်းများနှင့် တရားမဝင် အကောက် ခွန်မဲ့ပစ္စည်းများ တွင် ကျောက်စိမ်းနှင့်ကျွဲမှာ ကျပ် သိန်းလေးရာကျော်စီ ဖမ်းဆီး ရမိကြောင်း စီးပွားရေး နှင့်ကူး သန်းရောင်း ဝယ်ရေး ဝန်ကြီးဌာ နမှ သိရသည်။

ဇန်နဝါရီနှစ်စမှ နှစ်ပတ် အတွင်းဖမ်းဆီးရရှိမှုမှာ ကျောက် စိမ်းကျပ် ၄၈၁သိန်း၊ ကျွဲဖမ်း ဆီးရမိမှု ကျပ်သိန်း ၄၂၀၊ နွား ဖမ်းဆီးရမိမှု ကျပ်သိန်း ၃၃၀ နှင့် သစ်ဖမ်းဆီးရမိမှု ကျပ် ၅၉ သိန်းဖမ်းဆီးရမိကြောင်း စီး ပွားရေး နှင့် ကူးသန်း ရောင်းဝယ် ရေး ဝန်ကြီးဌာနမှ သိရသည်။

YMG

သိမ်းဆည်းမြေများ ပြန်လည်အပ်နှံပြီ



ယခင်စစ်အစိုးရလက်ထက်မှာ လယ်မြေ၊ ယာမြေ စတဲ့ စိုက်ပျိုးမြေများအား ဌာနဆိုင်ရာနှင့် တပ်ပိုင် မြေအဖြစ် သိမ်းယူခြင်း၊ အကျိုးရှိစွာ အသုံးမပြု ခြင်း နှင့် အခြားနည်းများဖြင့် အသုံးပြုခြင်းတို့အတွက် ယခု အခါ လယ်ယာမြေနှင့် အခြားမြေများ စုံစမ်း စစ်ဆေးရေးကော်မရှင်မှ ပြည်သူများ၏ တိုင်ကြား စာ များအပေါ် ဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိရာ စာရေး သူ ယခင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီး ဌာန တွင် တာဝန်ထမ်းဆောင်ခဲ့ စဉ်က အတွေ့ အကြုံ၊ ကော်မရှင်မှ ဆွေမျိုးများနှင့် စပ်မိစပ်ရာပြောဆိုရင်း အချို့သောပြည်သူများ နားလည် သဘော ပေါက် စေရန် ရည်ရွယ်ရေးသား လိုက်ရပါသည်။


ယနေ့အင်တာနက်၊ ဂျာနယ်၊ စာမျက်နှာများတွင် မတရားမြေ သိမ်းယူခြင်း၊ နိုင်ငံတ၀န်းမြေများအား မလိုအပ်ဘဲ သိမ်းယူ မှုတို့အတွက် ဆန္ဒပြမှုများ၊ မကျေနပ်မှုများ ပြောဆို ရေးသားနေကြတာ တွေ့ရ ပါတယ်။ စစ်တပ်အပါအ၀င် ၀န်ကြီးဌာနများ အမနေနဲ့ မြေသိမ်းယူသည့်အခါ စီမံခန့်ခွဲမှု အာဏာရှိသော အစိုးရထံတင်ပြပြီး ခွင့်ပြုချက်ရရှိရန် အဆင့်ဆင့်ဆောင် ရွက်ရပါတယ်။ ယခုအခါ စစ်တပ်အနေဖြင့် ကော်မရှင်မှ တိုင်ကြားစာများကိုသာမကဘဲ တပ်ချုပ်ထံပေးပို့လာသော တိုင်ကြားစာများအပေါ်တွင်လည်း ပြန်လည် စိစစ်ပြီး နိုင်ငံတော်သို့ ပြန်လည်အပ်နှံမှုမှာ အခြားသော ၀န်ကြီးဌာနများထက် မြန်မြန်ဆန်ဆန် ဆောင်ရွက်နေ ကြောင်းလဲ ကြားသိခဲ့ရပါတယ်။ 

စုံစမ်းသိရှိချက်အရ စစ်တပ်မှ နိုင်ငံတော်သို့ ပြန်လည်လွှဲပြောင်းအပ်နှံခဲ့သော မြေ ဧရိယာမှာ ပထမ အကြိမ်တွင် (၃၇၀၀၀) ဧကကျော်၊ ဒုတိယအကြိမ်တွင် (၂၀၀၀) ဧကကျော်နှင့် တတိယ အကြိမ်တွင် (၁၅၀၀) ဧကခန့်ရှိကြောင်း သိရှိရပါတယ်။ သီးခြားထပ်မံ စွန့်လွှတ်ပေးမည့် လျာထားမြေများလည်း စိစစ် ဆဲဖြစ်ကြောင်းသိရပြီး စုစုပေါင်း ပြန်လည်စွန့်လွှတ်ပေးမည့် မြေဧကပေါင်း (၅၅၀၀၀) ခန့်ရှိကြောင်းကို ၀မ်းမြောက် ဖွယ်ရာ သိရှိခဲ့ရပါတယ်။ ပြန်လည်စွန့်လွှတ်ပေးခဲ့တဲ့ မြေအားလုံးကို ယခင်သိမ်းယူခဲ့စဉ်ကလို နိုင်ငံတော်သို့ ပြန်လည်အပ်နှံခဲ့ခြင်းဖြစ်ကြောင်းနှင့် နိုင်ငံတော်မှတစ်ဆင့် ပြည်သူများသို့ ပြန်လည် စိစစ် ပေးအပ်သွား မည်ဖြစ်ကြောင်း သတင်းရရှိပါတယ်။ 

cradit to : မြင့်မောင်

မြစ်ကြီးနား ဆွေးနွေးပွဲနောက်ပိုင်း ငြိမ်းချမ်းရေး ဆွေးနွေးမှု ဖြစ်စဉ်များတွင် တပ်မတော်၏ ပူးပေါင်းပါဝင်မှု ပိုမိုအားကောင်းလာ

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ဒုတိယညီလာခံဖြစ်သော လော်ခီးလာ ညီလာခံတွင် လုံခြုံရေး တာဝန် ထမ်းဆောင်နေသော KNU တပ်ဖွဲ့ဝင်များ၂ဝ၁၃ ခုနှစ် နိုဝင်ဘာ ပထမပတ်က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ပြုလုပ်ခဲ့သော အစိုးရ၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တိုင်းရင်းသား လက်နက်ကိုင်များ၏ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှု ဖြစ်စဉ် များတွင် တပ်မတော်၏ ပူးပေါင်းပါဝင်မှု ပိုမိုအားကောင်းလာကြောင်း NCCT အဖွဲ့ဝင် ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ဇန်နဝါရီ ၂ဝ ရက်က ပြောကြားသည်။


တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ဒုတိယအကြိမ် ညီလာခံကို ကရင်အမျိုးသား အစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေ လော်ခီးလာစခန်းတွင် ပြုလုပ်နေပြီး ညီလာခံ ပထမနေ့မစတင်မီ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းနှင့် The Daily Eleven တို့ တွေ့ဆုံချိန်၌ ၎င်းက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ မြစ်ကြီးနား ဆွေးနွေးပွဲတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ တင်ပြခဲ့သော အပစ်ရပ် စာချုပ် မူကြမ်းနှင့် အစိုးရအဖွဲ့မှ တင်ပြလာသည့် အပစ်ရပ် စာချုပ်မူကြမ်း တို့အကြား ကွဲလွဲမှုများရှိခဲ့ပြီး ထိုဆွေးနွေးပွဲမှာ အဖြေထွက်ခဲ့ခြင်း မရှိသော်လည်း မြစ်ကြီးနား ဆွေးနွေးပွဲနောက်ပိုင်း တပ်မတော်၏ ပူးပေါင်း ပါဝင်မှုမှာ ပိုမိုအားကောင်း လာသည်ဟု ဒေါက်တာဆလိုင်းလျန်မှုန်း ဆာခေါင်းက ဆိုသည်။

“ကျွန်တော်တို့ မြစ်ကြီးနားဆွေးနွေးပွဲ ပြီးတဲ့နောက်ပိုင်း ဆွေးနွေးပွဲဖြစ်စဉ်တိုင်းမှာ တပ်မတော်ဘက်က ပါလာတယ်။ MPC မှာ သွားဆွေးနွေးတုန်းကလည်း တပ်မတော်ဘက်က ခေါင်းဆောင်တွေပါတယ်။ ချင်းမိုင် လာတုန်းကလည်း ပါတယ်။ အဲဒါကို ကျွန်တော်တို့က ကြိုဆိုတယ်”ဟု ဒေါက်တာဆလိုင်းလျန်မှုန်း ဆာခေါင်း က ဆိုသည်။

“တပ်မတော်ဘက်က ငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာ မပါရင် ဒါကမဖြစ်သင့်တဲ့ အရာပဲ။ အဲဒီတော့ သူတို့ ပါလာဖို့ လိုတယ်။ ကျွန်တော်တို့ဘက်က အလေးအနက်ထားတယ်။ သူတို့ပါလာတယ်။ တော်တော်လည်း ဆွေးနွေးဖြစ်တယ်။ အထူးသဖြင့် ပြည်ထောင်စု အခန်းကဏ္ဍပေါ့။ တပ်မတော်ရဲ့ အခန်းကဏ္ဍကိုလည်း တော်တော်ဆွေးနွေးကြတယ်။ ဘယ်အချက်ကို ဘယ်လိုပြောခဲ့ကြတယ် ဆိုတာကတော့ ဒီအချိန်မှာပြောဖို့ စောသေးတယ်။ ဘာလို့လဲဆိုတော့ ညှိနှိုင်းတဲ့ အပိုင်းဆိုတော့ ဒီကာလမှာ အဖြေရှာဖို့ လိုတယ်လေ။ တပ်မတော်ဘက်က ဘယ်လိုတင်ပြလဲ။ ဘယ်လိုပြောလဲ ဆိုတာတွေက မပြောသင့်သေးဘူး။ တပ်မတော် မပါဘဲ ငြိမ်းချမ်းရေး ဆောင်ရွက်လို့မရဘူး”ဟု ၎င်းက ဆက်လက် ပြောကြားသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ လော်ခီးလာ ညီလာခံသို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့တက်ရောက် လျက်ရှိနေပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များတွင် အရေးပါ သော နှစ်ဖက်တပ်များ ပဋိပက္ခ မဖြစ်စေရေး ထိန်းသိမ်းရမည့် အချက်ကိုလည်း ဆွေးနွေးပွဲ သုံးရက်တာ ကာလ၌ အဓိကထည့်သွင်း ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။

Eleven Media Group

လွတ်လပ်စွာ စုဝေးခွင့်၊ ဆန္ဒဖော်ထုတ်ခွင့်ဆိုရာတွင်



၁။ ”နိုင်ငံသား တိုင်းသည် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာ အေးချမ်း သာယာ ရေး (သို့မဟုတ်) ပြည်သူ တို့၏ ကိုယ်ကျင့်တရား အကျိုးငှာ ပြဋ္ဌာန်း ထားသည့် ဥပဒေ များနှင့် မဆန့် ကျင်လျှင် လက်နက် မပါဘဲ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်း လှည့်လည်ခွင့် ရှိသည် ဟု” ဖွဲ့စည်းပုံ အခြေ ခံ ဥပဒေပုဒ်မ -၃၅၄ တွင် ဖော်ပြ ထားရှိပါသည်။ ဤပြထားချက် မှာ နိုင်ငံတကာ ဒီမိုကရေ စီ စံနှုန်း များနှင့်အညီ ပြည်သူလူထု ထံ လွတ်လပ်စွာ ဆန္ဒ ဖော်ထုတ်ခွင့် ကို အပ်နှင်းလိုက်ခြင်းပင် ဖြစ်သည်။ သို့ရာ တွင် ဒီမိုကရေစီ စနစ်ကို အံဝင်အောင် မကျင့်သုံးနိုင်လျှင် ဥပဒေမဲ့၊ ကျင့်ဝတ်မဲ့၊ ဆူပူ ရမ်းကားမှုများ ဖြစ်လာနိုင်သဖြင့် မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ၂ဝဝ၈ တွင် ”စစ်မှန်၍ စည်းကမ်းပြည့် ဝသော ဒီမိုကရေစီ” ဟု အခြေခံမူ ချ မှတ် ထားခြင်း ဖြစ်နိုင်ပါသည်။


၂။ ”စစ်မှန်၍ စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီ စနစ်ထွန်းကားရေး”ဆိုသည် မှာ ဒီမိုကရေစီ စနစ်ကို မိမိတို့ လူ့အဖွဲ့ အစည်း ပတ်ဝန်းကျင်နှင့် လိုက်လျော ညီထွေဖြစ်အောင် ကျင့်သုံးရန် လိုအပ် ပါသည်။ ဒီမိုကရေစီ အသွင်ကူးပြောင်း မှု ကာလသည် ဆတ်ဆတ် ထိမခံနိုင် သော အနေအထား ဖြစ်သည်။ ကမ္ဘာ့ နိုင်ငံ များတွင် ဒီမိုကရေစီ လှုပ်ရှားမှု များ မရပ်မနား ဖြစ်ပွားနေသော် လည်း ဆုတ်ယုတ် ကျဆင်းမှုများက ရှိနေဆဲပင် ဖြစ်သည်။ ဒီမိုကရေစီ ဟူသည် အနောက် နည်း အနောက် ဟန်ဖြစ်ပြီး အနောက် စတိုင် အတိုင်း အတင်းအဓမ္မ သွတ်သွင်း ရန်လည်း မဖြစ်နိုင်ပေ။ ထို့ကြောင့် ဒီမို ကရေစီ စနစ်ကို ဖော်ဆောင် ရာတွင် မိမိ နိုင်ငံ၏ အစဉ်အလာ၊ ယဉ်ကျေးမှု၊ ဓလေ့၊ အယူအဆ ၊အတွေးအခေါ် များနှင့် လိုက် လျောညီထွေ ရှိအောင် အထိန်း အကွပ် ဖြင့် ကျင့်သုံးရန် လိုအပ်ပါသည်။

၃။ ဒီမိုကရေစီ ဆိုသည်မှာ ဥယျာဉ် ကြီးတစ်ခုနှင့် တူပြီး ထာဝစဉ် စိမ်းလန်း ဝေဆာအောင် အမြဲမပြတ် ထိန်းသိမ်း စောင့်ရှောက်ရန် လိုပေသည်။ ကမ္ဘာ ပေါ်တွင် ဒီမိုကရေစီနှင့် ကင်းသော နိုင်ငံ မရှိသလောက် ဖြစ်လာသည်။ ဒီမို ကရေစီ ဟူသည် ပြည်သူ့ဆန္ဒ၊ ပြည်သူ့ သဘော တစ်နည်း အားဖြင့် အများဆန္ဒ အများ သဘောဖြစ်၍ အမှားပေါသည် ဆိုသော်လည်း အများ ဆန္ဒနှင့်အညီ ဒီမို ကရေစီအတွက် သင့်လျော်သည့် ပုံစံများ ကို အကြမ်းဖက်မှု မရှိဘဲ ပြုပြင်ပြောင်း လဲ ပုံသွင်း ယူသွားရန် အရေး ကြီးပေ သည်။

၎။ ဒီမိုကရေစီ သဘောတွင် လွတ်လပ်ခွင့်ကို အပြည့်အဝ ခံစားချင်ကြ၍ ထမ်းဆောင် လိုက်နာရမည့် ကျင့်ဝတ် တာဝန်များကို လျစ်လျူ ရှုတတ်ကြပါ သည်။ အခွင့် အရေးနှင့် တာဝန်ဝတ္တရား (Rights & Duties) တွင် အခွင့်အရေး ကိုသာ ခံစားချင်ကြ၍ တာဝန်ကိုမူ မသိကျိုးကျွံ ပြုလိုကြသည့် သဘော ရှိ ပေရာ ကန့်သတ်ချက် များဖြင့် ထိန်းကွပ် ထားရန် လိုအပ်ပေသည်။ နိုင်ငံတော်မှ ပေးအပ်သည့် လွတ်လပ်စွာ ဆန္ဒဖော် ထုတ်နိုင်သည့် အခွင့်အရေးကို ခြွင်းချက် မရှိ ကျင့်သုံး လိုကြသော်လည်း တစ်ဖက် က ပြန်လည် လိုက်နာရမည့် ကျင့်ဝတ် တာဝန်ကို မူ လိုက်နာရန် ငြင်းဆိုနေကြ ခြင်းသည် ဒီမိုကရေစီ အသွင်ကူးပြောင်း စ နိုင်ငံ အတွက် ကြီးမားသည့် အန္တရာယ် ပင် ဖြစ်သည်။ ဒီမိုကရေစီ အသားကျ နေသော အမေရိကန်နိုင်ငံ မှာပင် ဆန္ဒ ဖော်ထုတ်ခွင့်ကို ပြည်နယ် အလိုက် ဥပဒေများ ပြဋ္ဌာန်း ကန့်သတ် ထား ကြောင်း တွေ့ရှိရပါသည်။

ပြင်သစ်၊ အစ္စရေး စသည့် နိုင်ငံများတွင် ဆန္ဒဖော် ထုတ်မှု ကို ပိတ်ပင်သည့် ဆုံးဖြတ်ချက်ကို ဆန္ဒပြပွဲ မတိုင်မီ ထုတ်ပြန်နိုင်ပြီး ကြို တင် အသိပေး တင်ပြခြင်း မရှိသည့် ဆန္ဒဖော်ထုတ် ပွဲများကို ရဲတပ်ဖွဲ့က လူစု ခွဲနိုင်သကဲ့သို့ ပွဲစီစဉ် သူများကို တရား စွဲ အရေး ယူနိုင်ကြောင်း တွေ့ရှိရပါသည်။ နိုင်ငံ၏ အရေးကြီး နေရာများတွင် ဆန္ဒဖော်ထုတ်ပွဲ မပြုလုပ်နိုင်အောင် ပိတ်ပင်ထားပြီး အများ ပြည်သူကို ထိ ခိုက်မှု ရှိ၊ မရှိကို အခြေခံကာ အချိန် နှင့်နေရာကို ခွင့်ပြုပေး ကြကြောင်း တွေ့ ရှိရပါသည်။ ထို့အတူ ကနေဒါ နိုင်ငံ တွင်လည်း ဆန္ဒဖော်ထုတ်ပွဲ ဆောင် ရွက်လိုပါက ၂၁ ရက်ကြိုတင် တင်ပြ ရကြောင်း လေ့လာတွေ့ ရှိရပါသည်။

ဒီမိုကရေစီ စနစ်နှင့် ယဉ်ပါးနေသော အထက်ပါ ကမ္ဘာ့နိုင်ငံကြီး များမှာပင် လွတ်လပ်စွာ ဆန္ဒ ဖော်ထုတ်ခွင့်နှင့် စပ်လျဉ်း၍ ဆန္ဒဖော်ထုတ် ပွဲမှ အစပြု၍ ဆူပူရမ်းကား မင်းမဲ့ စရိုက်မဖြစ်စေရေး ဥပဒေ ကျင့်ဝတ်များဖြင့် ကန့်သတ်ထား ကြရကြောင်း တွေ့ရှိရသဖြင့် နိုင်ငံရေး စနစ်သစ် တစ်ခုသို့ ကူးပြောင်းနေသည့် ဒီမိုကရေစီ ကျင့် သုံးစ မြန်မာနိုင်ငံအ နေဖြင့်လည်း လွတ်လပ်စွာ ဆန္ဒဖော် ထုတ်ရာမှ တစ်ဆင့် အထိန်းအကွပ်မဲ့ မင်းမဲ့စရိုက် မျိုးထိ ရောက်ရှိ မသွားစေ ရေး ဥပဒေ ကျင့်ဝတ် များဖြင့် ထိန်းသိမ်း ရန် အရေးကြီးပေသည်။

၅။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၃၅၄ ပုဒ်မခွဲ (ခ)အရ ပြဋ္ဌာန်းပေးခဲ့ သည့် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်း စွာ စီတန်း လှည့်လည် ခွင့်ဆိုင်ရာ ဥပဒေပုဒ် မ (၁၈)နှင့် စပ်လျဉ်း၍ ပယ်ဖျက်သင့် ကြောင်း၊ ဖြေလျှော့ သင့်ကြောင်း၊ ဒီမိုက ရေစီနှင့် မကိုက်ညီကြောင်း၊ လူ့အခွင့် အရေး ချိုးဖောက်မှု ဖြစ်ကြောင်း စသည် ဖြင့် ဝေဖန်မှု များ ပေါ်ပေါက် လာသကဲ့ သို့ ပုဒ်မ (၁၈)အား ဆက်လက် ထားရှိ ကျင့်သုံးသင့်ကြောင်း သုံးသပ် ဝေဖန်မှု များလည်း ရှိနေပါသည်။ ပုဒ်မ (၁၈) သည် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် နှင့် စပ်လျဉ်း၍ ခွင့်ပြုမိန့် မရရှိဘဲ ဆောင်ရွက်ခြင်း အပေါ် ကန့်သတ်ထား ခြင်းဖြစ်သည်။ တစ်နည်း အားဖြင့် ဆန္ဒ ဖော်ထုတ်မည့် ကိစ္စ အခြေခံ အကြောင်း အရင်းပေါ် မူတည်၍ အများပြည်သူ အ ကျိုးနှင့် သက်ဆိုင်ခြင်းရှိ၊ မရှိ၊ အများ ပြည်သူကို စိတ်ငြိုငြင်မှု၊ အနှောင့်အ ယှက် ဖြစ်ခြင်း ရှိ၊ မရှိပေါ် မူတည်၍ ဆန္ဒဖော်ထုတ်မှု ခွင့်ပြု၊ မပြု သတ်မှတ် ထားခြင်း ဖြစ်ပါသည်။ အသွင်ကူး ပြောင်းစ ကာလတွင် ဒီမိုကရေစီ စနစ်နှင့် ကျင့်သားရမှု မရှိသေးသော ပြည်သူများ အနေဖြင့် အယူအဆ လွဲမှား စွာ လွတ် လပ်စွာ ဆန္ဒဖော် ထုတ်ခွင့် ကျင့်သုံးခြင်း ကို တားမြစ် ကန့်သတ်ထားခြင်းပင် ဖြစ် ပါသည်။

၆။ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ရန် ခွင့်ပြုချက် တောင်းခံရန် မလိုတော့ပါက လွတ်လပ်စွာ ဆန္ဒ ဖော်ထုတ်မှုကို အစ ပြု၍ တစ်နိုင်ငံလုံး အုံကြွမှုများကို အလွယ်တကူနှင့် အချိန် မရွေး လုပ် ဆောင်နိုင်တော့ မည်ဖြစ်သည်။ စိတ်ပညာ သဘောအရ လူဟူသည် လူနည်းစု စည်းရုံး လှုပ်ရှားမှုများ ဆောင်ရွက်ရာ တွင် သတိအစဉ် ရှိသော်လည်း လူအုပ် များလာပါက ရဲတင်း လာကာ ဥပဒေမဲ့ လုပ်ရပ် များကို အလွယ်တကူ လုပ် ဆောင်လာနိုင်ကြောင်း ကမ္ဘာ့နိုင်ငံများ တွင် ဖြစ်ပွားခဲ့၊ ဖြစ်ပွားဆဲ အဓိကရုဏ်း များကို စံ နမူနာယူ လေ့လာနိုင်ပါသည်။ လူအုပ်များလာပါက မိမိတို့မကျေနပ် ချက်များကို ရောနှောဖောက်ခွဲကာ အ ဖျက်လုပ်ငန်းများ၊ အကြမ်းဖက်မှု မင်းမဲ့ စရိုက်များ လုပ် တတ်ကြကြောင်း တွေ့ရှိ နိုင်ပါသည်။

၇။ ပုဒ်မ (၁၈)ဖြင့် ကန့်သတ် ထားချိန် မှာပင် ကန့်သတ်ချက် အား ချိုးဖောက် ကာ ဆန္ဒပြမှုများ ရှိနေခဲ့ပြီး ချစ်ခြင်း၊ မုန်းခြင်းများ အလွန်အမင်း ဖြစ်စေခဲ့ သည့် မြန်မာ့နိုင် ငံရေး အခြေအနေများ အရ ပုဒ်မ (၁၈)ကို ပယ်ဖျက် လိုက်ပြီး သည့်နောက်တွင် ဥပဒေအရ ကန့်သတ် ချက်ကြောင့် ဆန္ဒပြမှုတွင် ပါဝင်ခြင်းမရှိ သူများပင် အနှစ်နှစ် အလလ ပုဂ္ဂိုလ်ရေး မကျေနပ်ချက် များကို အလွယ်တကူ ဖော်ထုတ် ဆန္ဒပြမှုများ ရှိလာနိုင်ပြီး လူထု ဆူပူအုံကြွမှုများ ကြီးထွားလာပါက နိုင်ငံတော် တည် ငြိမ်အေး ချမ်းရေး ၊ ပြည် သူလူထု အသက် အိုးအိမ် လုံခြုံအေးချမ်း ရေးကို ထိခိုက်လာစေနိုင်ပါသည်။

၈။ အဓိကရုဏ်း နှိမ်နင်းမှု များတွင် ကျွမ်းကျင်ပိုင်နိုင်မှုမရှိဟု ဝေဖန်ခံထား ရသည့် လုံခြုံရေး တပ်ဖွဲ့ဝင် များအနေဖြင့် လည်း ယခုမှ စွမ်းရည် ပြန်လည် တည် ဆောက်နေ ရကြောင်း တရားဝင် ဝန်ခံ ထားပေရာ အလွယ်တကူ စုရုံးဆူပူမှု မပြုစေရန် ကန့်သတ် ထားသော ပုဒ်မ (၁၈)ကို ပယ်ဖျက် လိုမှုသည် ဒီမိုကရေ စီနုနယ် သည့် မြန် မာနိုင်ငံ အတွက် ကြီး မားသော စိန်ခေါ်မှု တစ်ရပ်ပင် ဖြစ် သည်။

၉။ အစိုးရ ဆိုသည် နိုင်ငံတော် တည် ငြိမ် တိုးတက်ရေးအတွက် ပြည်သူကို အ တင်းအကျပ် ပြုပြင်ပြောင်းလဲ ခိုင်းရသည့် သဘော၊ အဓမ္မ တိုက်တွန်းစေခိုင်း ရသည့် သဘောများ ရှိသောကြောင့် ပြည်သူများ က သဘော မကျတတ်သည်က များသည်။ ဒီမိုကရေစီ အစိုးရဆိုသည်မှာ လည်း တစ်ခါတစ်ရံ အာဏာရှင် မျက်နှာ ဖုံးကို အငှား သုံးသင့်လျှင် သုံးကြရသည်။ အဘယ်ကြောင့် ဆိုသော် လိုက်လျော လွန်းသည့် အစိုးရသည် အုပ်ချုပ်၍ မရ နိုင်သည့် သဘောကိုလည်း သတိထား ရမည်ဖြစ် သည်။ နိုင် ငံတော် တည်ငြိမ် အေးချမ်းရေး၊ ပြည်သူလူထု၏ အသက် အိုးအိမ် လုံခြုံရေးသည် အစိုးရ၏ တာဝန် ဖြစ်သကဲ့သို့ တည်ငြိမ် အေးချမ်း စွာ နေထိုင်ရေး သည် လည်း ပြည် သူ လူထု ၏ တာဝန်ပင်ဖြစ်သည်။ အစိုးရက အစိုးရ အလုပ်ကို လုပ်သကဲ့သို့ ပြည်သူ ကလည်း ပြည်သူ့ အလုပ်ကို လုပ်ရန် လိုပေသည်။

၁ဝ။ ဒီမိုကရေစီ စနစ်တွင် မိမိတို့ ကြိုက်ရာကို လွတ်လပ်စွာ ဆောင်ရွက် နိုင်သော်လည်း မိမိ၏ ဆောင်ရွက်မှု အတွက် တာဝန် ယူနိုင်သည့် ဒီမိုကရေစီ ကျင့်ဝတ် ရှိရန် လိုအပ်ပြီး မိမိဆောင်ရွက် ရသည့် အပြုအမူ တစ်ခုသည် အခြားသူ များကို ထိခိုက်မှု ရှိ၊ မရှိ နိုင်ငံယဉ်ကျေး မှု၊ ဓလေ့ စရိုက်ကို ထိခိုက်မှု ရှိ၊ မရှိကို ဆန်းစစ်ရန် လိုအပ် လှပါသည်။ လူတစ် ဦးချင်း၊ နိုင်ငံသား တစ်ဦးချင်း အနေဖြင့် ကိုယ်ပိုင်ဘဝ ရပ်တည်ရေးတွင် စောင့် ထိန်းရသည့် ကျင့်ဝတ်များ ရှိသကဲ့သို့ အများနှင့် သက်ဆိုင်သည့် ကိစ္စ များတွင် မိမိ ကျေနပ်နှစ်သိမ့်မှုကို တစ်ကိုယ် ကောင်းဆန်ဆန် ဦးစားပေးခြင်း မရှိ အောင် ကျင့်ဝတ် များဖြင့် သတိပေး တား မြစ်ထားပါသည်။ ထို့အတူ ကျင့်ဝတ် များ သည် လူ့လောကကြီး အတွက်လည်း အကာအကွယ် တစ်ရပ်ဖြစ်ပြီး ယဉ်ကျေး သည့် လူ့အသိုင်း အဝိုင်း အတွက်လည်း အမှန် တကယ် ရှိသင့် ရှိထိုက်သော အရာဖြစ်သည်။ ထို့အတူ အစိုးရက ပြည်သူများ မိမိဆန္ဒကို လွတ်လပ်စွာ တင်ပြနိုင်သည့် အခွင့်အရေး ကို သုံးစွဲ ရာတွင် အစိုးရက သတ်မှတ်ပေးထား သော ကျင့်ဝတ် စည်းကမ်း များနှင့်အညီ ခံစားရန် လိုပေသည်။ ဤသည်မှာ အစိုးရ နှင့်ပြည်သူ အပြန်အလှန် ကျင့်ဝတ် စောင့်ထိန်းခြင်း ပင်ဖြစ်သည်။ ပြည်သူ များကလည်း ဒီမိုကရေစီ အလေ့ အထ ကို ကျင့်သားရရန် လိုသည်။

၁၁။ ဒီမိုကရေစီ စံများက ကမ္ဘာ တစ်ဝန်းလုံး ပျံ့နှံ့လွှမ်းမိုးလာသည်။ ခေတ်က သတင်း အချက် အလက်တော်လှန်ရေး ခေတ်ဖြစ် သည်။ နေရာတိုင်း တွင် လောင်စာဆီ များ က တောက်လောင်ရန် အသင့်ရှိနေသည်။ သို့ဖြစ်ရာ ဒီမိုကရေစီ လမ်းကို ဖြောင့်ဖြောင့် တန်းတန်း လျှောက်လှမ်း သွားနိုင်ရေး အစိုးရနှင့် ပြည်သူ အပြန်အလှန်ဖေး ကူနိုင် မှသာ ထိုအတားအဆီး၊ အတိုက်အခိုက်၊ အ နှောင့်အယှက် များကို အောင်မြင်စွာ ကျော်လွှားနိုင် မည်ဖြစ်သည်။ ဒီမိုကရေ စီမှ လွင့်ပါးလာမည့် မီးပွားများကို အချိန် မီ ရေဖျန်းထားရန် လိုအပ်သကဲ့ သို့ ပုဒ်မ (၁၈)ပယ်ဖျက်ရေး ကို စဉ်းစားရန် မသင့်သေးကြောင်း အကြံပြု ရေးသား လိုက်ရပေသည်။

မင်းခေါင်

(ပေါ်ပြူလာနယူးစ်အယ်ဒီတာ အဖွဲ့၏ အာဘော်မဟုတ်ပါ။ တပ်မတော်သား တစ်ဦးမှ ပေးပို့လာသော စာမူဖြစ်ပြီး တပ်မတော်တစ်ခုလုံးကို ကိုယ်စားပြု၊ မပြုမဆိုထားသော်ငြားပုဒ်မ (၁၈) ပယ်ဖျက်လိုသူများနှင့် အမြင် ကွဲပြားသော သဘောထားဖြစ်၍ နှိုင်းယှဉ်ဖတ်ရှုနိုင်ရန် ”စာရေးသူ၏ အာဘော်” အဖြစ် တင်ပြခြင်း ဖြစ်ပါသည်။)

Popular Myanmar News Journal

ပွင့်ပွင့်လင်းလင်း ပြောလိုက်မယ်



NLD မှာက ကုလားကို လက်မခံချင်တဲ့သူတွေ တစ်ပုံကြီး။
ထိပ်ပိုင်း CEC ထဲမှာကို ၃-၄ ယောက် ရှိတယ်။


ဒါပေမယ့် အဖွားကြီးက ကုလားကို ကုလားလို့ မခေါ်ပါနဲ့ လို့ ထိပ်က ကုလားကို ဟပ်ဟပ်ထိုး နေတော့ သူ့နောက်လိုက် ထမိန်ခြုံတွေကပါ ကုလားထိ ဓားကြည့် ဖြစ်နေတာ။

မိတ္ထီလာမှာ ကုလားကို သိန်း ၂၀၀၀ လှူတာသည်
ဘယ်သူက လှူတာလဲ?
ဘယ်သူ့ဆုံးဖြတ်ချက်နှင့် လှူတာလဲ?
ဘယ်သူ့ငွေလဲ?
ဘာမှ မကွဲပြားဘူး။ ဘာမှလည်း စာရင်း မထုတ်ပြန်ဘူး။

ဒီကိစ္စမှာ NLD က ထိပ်ပိုင်းခေါင်းဆောင်တစ်ချို့ မကျေနပ်ကြဘူး။ ဒါပေမယ့် မကျေနပ်ကြောင်း အသံထွက် ရင်လည်း ထမိန်ခြုံလက်မရွံ့တွေရဲ့ ဖြုတ်ထုတ်သတ်နှင့် တွေ့သွားမှာ ကြောက်ကြလို့ အရှည်တွေးပြီး အသံမထွက်ရဲကြဘူး။ ဒါကိုပဲ NLD ထမိန်ခြုံဂိုဏ်းက NLD လူကြီးတွေက ငကြောက်တွေပါလို့ ယူဆပြီး ပါတီတွင်း အာဏာသိမ်းသွားကြတာ။

သူတို့ရဲ့ သစ္စာအဓိဋ္ဌာန် သုံးရပ်က ဒီလို။

၁။ အမေစု စကားကိုသာ လိုက်နာပါမည်။
၂။ အမေစု လုပ်သမျှကို ထောက်ခံ၊ ကာကွယ်ပါမည်။
၃။ အမေစုသည်သာ ကိုးကွယ်ရာ ဖြစ်ပါသည်။

ဒါပေမယ့် မိတ္ထီလာကိစ္စအပြီးမှာ ကုလားကိုတော့ ပေါ်တင် မထောက်ပံ့ဝံ့တော့ဘူး။ ဒါတောင် ဗလီကို သိန်း ၂၀၀ လှူမယ်ဆိုတာ သတင်းထွက်လာသေးတယ်။ တကယ်က လှူမလို့ပဲ။ ပေါက်ကြားသွားတော့ မလှူဖြစ် တော့ဘူး။ ထို့အတူ မြန်မာတွေ ဒုက္ခရောက်တာလည်း မလှူတော့ဘူး။ လှူမယ်ဆို လှူနိုင်တယ်။ ငွေက အပြည့်ရှိတယ်။ ဒါတွေလည်း စာရင်းမရှင်းတော့ဘူး။

နောက်တစ်ခုက ပါတီတွင်း ကုလားကို ပေါ်တင် နေရာပေးလာတဲ့ ကိစ္စ။ တည့်တည့်ပြောရရင် ကိုနီကို ပွဲထုတ်လာတဲ့ ကိစ္စ။ ဒီကိစ္စကို ပြောချင်ကြသူတွေ NLD မှာ တန်းစီလို့။ ဒါပေမယ့် အာစေးမိနေကြတယ်။ ဘာ့ကြောင့်လဲ။ ကိုနီကို ပြောရင် အဖွားကြီး နှင့် အရင်တွေ့မယ်။ NLD က အဖွားကြီး အဓိက။ အဖွားကြီး မရှိရင် NLD က ပြိုလဲသွားမယ်။ ဒါ့ကြောင့် အရှည်တွေး သည်းခံကြတာ။ ဖွဲ့စည်းပုံ ဥပဒေတွေ ပြင်ဆင်ရေး လွှတ်တော်ကို တင်ဖို့က ကိုနီမှ မဟုတ်ဖူး။ အခြား လုပ်နိုင်တဲ့သူတွေ တစ်ပုံကြီး။ ဦးဥာဏ်ဝင်း၊ ဦးအုန်းကြိုင်။ ဦးအုန်းကြိုင် နေမကောင်းလို့ ထားတော့။ ကျန်သေးတယ်။ လုပ်နိုင်သူတွေ အများကြီးပဲ။

ဒါက ဘာလဲဆိုတော့ အဖွားကြီးကိုယ်တိုင်က ကုလားနှင့် ပေါင်းပြီး ပါတီတွင်း အာဏာရှင်စနစ် ထူထောင် တာ။ NLD မှာ CEC ဆိုတာ နာမည်ခံပဲ။ အဖွားကြီး ဖိနပ်ကိုင်လောက်တောင် အလေးထားမခံရဘူး။

အဖွားကြီးကလည်း လောဘရှိတယ်။ လောဘဆိုတာက ကမ္ဘာမှာ သူ့နာမည်ကို နယ်လဆင် မင်ဒဲလားလို ဖြစ်ချင်နေတာ။ သူ သမ္မတဖြစ်ရင် ၈၂ ဥပဒေ ပြင်၊ ရိုဟင်ဂျာ (ဘင်္ဂါလီ) နိုင်ငံသားပေး။ လူ့အခွင့်အရေး အိုင်ကွန်၊ ဒီမို အိုင်ကွန်။ ဒါမျိုး ဖြစ်ချင်နေတာ။

NLD က လူတော် မရှိဘူးလို့ မြင်ကြတယ်။ မရှိခဲ့ဖူးတာ မဟုတ်ဘူး။ ထွက်သွားကြလို့ မရှိတော့တာ။ လက်ရှိ ရှိနေသူတွေကလည်း အဖွားကြီး ထမိန်ခေါက်တဲ့သူလောက်တောင် အရာမရောက်တော့ စိတ်ပျက်နေကြပြီ။ အဖွားကြီးကလည်း ဟစ်တလာလိုပဲ။ လူမွေးတယ်။ ဒါပေမယ့် သံသယထားတယ်။ မိတ္ထီလာ ဝင်းထိန်လို ဘာမှသုံးမရတဲ့သူတွေကို လူယုံမွေးထားတယ်။ ဝင်းထိန်က ခွေးလောက်ပဲ အသိဥာဏ်ရှိတဲ့ကောင်ဆိုတော့ အဖွားကြီး ရှုးတိုက်သမျှ ကိုက်တဲ့ကောင်။ အဖွားကြီး တစ်ခွန်းပဲ။ ကုလားဘက်ကနေပြီး သံဃာကို ပြန်ကိုက် ဆိုလည်း ကိုက်မဲ့ကောင်တွေ။

ဒေါက်တာမြဥာဏစိုးလို လူမျိုးကျ နှိမ်ပစ်လိုက်တယ်။ NLD ပေါ်လစီကလည်း ရှင်းတယ်။ ထမိန်ခြုံ လက်မရွံ ထဲ မပါနိုင်ရင် မြောင်းထဲပို့လိုက်။

NLD က အတွင်းလှိုက်လောင်နေတဲ့ အမှိုက်ပုံကြီး။ ပလတ်စတစ်ညှော်နံ့တွေတော့ ဟောင်နေပြီ။ ဘယ်အချိန် မီးထတောက်မလဲတာ မသိရသေးတာ။

အခုချိန်မှာ အာဏာရှင် အဖွားကြီး၊ သူ့ရဲ့ ထမိန်ခြုံ လက်မရွံ့ဂိုဏ်းသားတွေ နှင့် ပါတနာကြီး မွတ်ကုလား ဂိုဏ်းသားများက အင်အားကောင်းပြီး ပါတီကို ထိန်းချုပ်ထားနိုင်ပေမယ့် ဘယ်အချိန် အုံး ကနဲ ထပေါက်ကွဲ မလဲ ဆိုတာကိုတော့ စောင့်ကြည့်လိုက်ဦးမယ်။

From: Myo Min Thant

အနှိပ်ခံခြင်းကြောင့် သက်သာလျော့ ပါးနိုင်သော ရောဂါဝေဒနာများ



အနှိပ်ခံတာကြောင့် အောက်ပါ ရောဂါဝေဒနာ တွေကို သက်သာ လျော့ပါးစေတယ်လို့ ကျွမ်းကျင်သူ တွေက ဆိုပါတယ်။

ခေါင်းတစ်ခြမ်းကိုက်ရောဂါ


မကြာခဏ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာကြောင့် နာကျင်နေရင်အနှိပ်ခံပါ။ ပြင်းထန်ဆိုးဝါးတဲ့ ခေါင်းကိုက်ဝေဒနာ ဖြစ်သူတွေအနေနဲ့ အနှိပ်ခံတဲ့ ကုထုံးကို သီတင်းပတ်များစွာခံယူပြီးချိန်မှာ ဝေဒနာ သက်သာပြီးအိပ်မော ကျသွားသက်သာပြီး အိပ်မောကျသွားကြောင်း အော့ခ်လန်းတက္ကသိုလ်ရဲ့ လေ့လာမှု အရ သိရပါတယ်။


ခန္ဓာကိုယ် ကိုက်ခဲနာကျင်မှု

အနှိပ်ခံတာကြောင့် လေ့ကျင့်ခန်း လုပ်တဲ့အတွက်ကြွက်သား ရောင်ရမ်းမှုနဲ့ ကိုက်ခဲနာကျင်မှုကို လျော့ပါး သက်သာစေတယ်လို့ လေ့လာမှုက ဖော်ပြထားပါတယ်။ ကနေဒါနိုင်ငံ၊ အွန်တယ်ရီယို တက္ကသိုလ် ရဲ့လေ့ လာမှုအရ အနှိပ်ခံတဲ့ ကုထုံးဟာ လေ့ကျင့်ခန်းလုပ်ပြီး ဖြစ်တတ်တဲ့ ရောင်ရမ်းနာကျင်မှုကို သက်သာစေ တယ်လို့ တွေ့ရပါတယ်။ အနှိပ်ခံတာဟာ ရောင်ရမ်းမှု သက်သာစေတဲ့ ဆေးဝါးတွေနဲ့ အာနိသင်တူပါတယ်။

အိုမင်းရင့်ရော်သည့် အသွင်အပြင်

အနှိပ်ခံတာကြောင့် သွေးစီးဆင်းမှုကို လှုံ့ဆော်ပေးနိုင်ပြီး မျက်နှာပြင်ကို တောက်ပကြည့်ကောင်းစေ ပါတယ်။ အနှိပ်ခံတာကြောင့် အရေပြား ဖောင်းအစ်မှုကို သက်သာစေတာ၊ ဆဲလ်ထဲက အဆိပ်တွေ ထွက်ရှိစေတာစတဲ့ အကျိုးကျေးဇူးတွေ ရရှိစေကာ နွမ်းနယ်နေတဲ့ အသားအရေကို ကြည်လင် တောက် ပစေပစေပါတယ်။

ရာသီအကြို ဝေဒနာ

အနှိပ်ခံတာကြောင့်ရာသီအကြို ဝေဒနာတွေဖြစ်တဲ့ လေပွတာ၊ ခေါင်းကိုက်တာ၊ကိုယ်အလေးချိန် မြင့်တက် တာနဲ့ စိတ်ကယောက်ကယက် ဖြစ်တာတို့လို ဝေဒနာတွေကို လျော့ပါးစေတယ်လို့ မီယာမီ ဆေးကျောင်း တက္ကသိုလ်က ဆိုပါတယ်။ ပုံမှန်အနှိပ်ခံတာကြောင့် အသက် ၁၉ နှစ်မှ ၄၅ နှစ်အတွင်း အမျိုးသမီးတွေမှာ ခံစားရတဲ့ ရာသီအကြိုဝေဒနာကို သက်သာ လျော့ပါးစေသက်သာ လျော့ပါးစေပါတယ်။

နာတာရှည် ကိုက်ခဲခြင်း

နာတာရှည် တစ်သျှူးနာကျင်မှု (အဆစ်ရောင်နာ၊ နာတာရှည် နုံးချည့်ညောင်းညာတာ၊ အဆစ်ဝေဒနာ) စတာတွေ ခံစားနေရသူတွေမှာ အနှိပ်ခံတာကြောင့် ဝေဒနာ လျော့ပါးသက်သာတာကို တွေ့ရပါတယ်။ နာတာရှည် နာကျင်ကိုက်ခဲမှု ဝေဒနာခံစားရသူတွေ အနေနဲ့ အနှိပ်ခံတာကြောင့် ဝေဒနာ သက်သာစေ သာစေပါတယ်။ ကင်ဆာကုထုံး၏ ဘေးထွက်ဆိုးကျိုးများ ကင်ဆာရှိသူတွေဟာအနှိပ်ခံတာကြောင့် ဆေးကု သမှုရဲ့ ဘေးထွက်ဆိုးကျိုးတွေ လျော့ပါးဆေးကုသမှုရဲ့ ဘေးထွက်ဆိုးကျိုးတွေ လျော့ပါးကာ အိပ်ရေးဝဝ အိပ်ပျော်တာ၊ ကိုက်ခဲနာကျင်မှု လျော့ပါးတာနဲ့ ဘဝနေထိုင်မှုအရည်အသွေး ကောင်းမွန်တာစတဲ့ အာနိ သင်တွေ ရရှိကြောင်း ဘော့စတွန် လေ့လာသူတွေက ဆိုပါတယ်။ ညင်ညင်သာသာထိတွေ့ပြီး ခြေထောက် ကို နှိပ်နယ်တာကြောင့် ကင်ဆာရှိသူတွေမှာ နာကျင်မှု၊ ပျို့ချင်အန်ချင်ဖြစ်တာစိတ်ဖိစီးမှုများတာ၊စိတ်ဓာတ် ကျတာနဲ့ နုံးချည့်ညောင်းညာတာစတဲ့ ဝေဒနာတွေကို လျော့ပါးသက်သာစေပါတယ်။

ဇွန်
by Good Health
FROM-HEALTH GENERAL KNOWLEDGE

၂၀၁၄ - မုန်တိုင်းဆက်၍ ဆင်မည်လော ၊ လေပြည်ညင်းတို့နော့မည်လော--ဆောင်းပါးရှင်-ထင်လင်းဦး

၂၀၁၃ ခုနှစ်သည် ပူလောင်လွန်းလှသည် ။ သက္ကရာဇ် ခုနှစ်တစ်ခုလုံး နှစ်ဆန်းပိုင်း က စတင်၍ တစ် တိုင်းပြည် လုံးတွင် ပဋိပက္ခတွေများ ၊ ပြဿနာ များ တင်းကြမ်း ပေါ်ပေါက်ခဲ့ သည် ။ လူမျိုးရေး ဘာသာရေး ပြဿနာ များ ၊ လယ်သိမ်းမြေသိမ်း ပြဿနာများ ၊ ပုဒ်မ ၁၈ ပြဿနာများ ၊ တိုင်းရင်း သား ပြဿနာများ ၊ ပြဿနာပေါင်းစုံလှသည် ။ သက္ကရာဇ် အဆုံးလေးတွင်မှ ကပ်လျက် နောက်ဆုံးပိတ် အိပ်နှင့်လွယ်ခဲ့သည်က မြစ်ဆုံ ပြဿနာ တစ်ကြော့ပြန် … ။

နိုင်ငံတွင်ဤမျှများပြားလှသော ပြဿနာများကို မည်သို့မျှဖြေရှင်းနိုင်စွမ်းမရှိခဲ့ပဲ နှစ်တစ်နှစ်ကုန်ဆုံး သွားခဲ့ရသည် ။ အချို့နေရာဒေသအလိုက် လယ်ယာမြေသိမ်းပြဿနာများကို လွှတ်တော်က အထိုက် အလျောက်ဖြေရှင်းပေးခဲ့သော်လည်း ထိရောက်သောဖြေရှင်းမှုများဖြစ်မလာခဲ့ ။ ဤသို့ဖြင့်ပင် လုံးလည် ချာလည် လိုက်နေခဲ့သည် ။ ပြည်တွင်ငြိမ်းချမ်းရေးကလည်း ဆွေးနွေးပွဲများသာ ထပ်ထပ်ကြမ်းခဲ့သည် ၊ ရောင်နီ ပျို့မလာ ၊ အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲကလူများ နေရပ်ပြန်မရောက်သေး ၊ ပြန်လည်ပစ်ခတ် တိုက်ခိုက် နေကြသော ဖြစ်ရပ်များကား စိတ်မောဖွယ်ကောင်းလွန်းလှသည် ။ အရင်းစစ်တော့ အမြစ်မြေကပင် ။

၂၀၁၃ ခုနှစ်နှောင်းပိုင်းကာလတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စကလည်း အတော်ပင် လှုပ်လှုပ် ရှားရှားဖြစ်ခဲ့သည် ။ လွှတ်တော်ဖွဲ့စည်းပုံအခြေခံဥပဒေ သုံးသပ်လေ့လာရေးပူးပေါင်း ကော်မရှင်ဖွဲ့ စည်း ခဲ့ပြီး နောက်တွင် ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာဟောပြောပွဲများ ဆက်တိုက်ပေါ်ပေါက်လာခဲ့သည် ။ အဓိက အတိုက်အခံ ပါတီကြီးဖြစ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ကျင်းပသည့် လူထုဟော ပြောပွဲများနှင့် လူထုဆန္ဒခံယူပွဲများက အမြို့မြို့အနယ်နယ်တွင် နေ့စဉ်ရက်ဆက် ပေါ်ထွက်လာခဲ့သည် ။ လွတ်လပ် သောအဖွဲ့အစည်းများ ၊ နိုင်ငံရေးပါတီမဟုတ်သော အဖွဲ့အစည်းများပူးပေါင်း၍ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ပြည်သူကွန်ရက် ပေါ်ပေါက်လာသည် ။ ဟောပြောပွဲများလိုက်လံကျင်းပခဲ့ကြသည် ။ အပတ် စဉ် ထုတ်ဂျာနယ်များတွင် အခြေခံဥပဒေပြင်ဆင်ရေး ဆောင်းပါးများက အပတ်စဉ်အပတ်တိုင်း ပါဝင်လာခဲ့သည် ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်လိုသူများ ဖက်ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဆွေးနွေးပွဲတစ်ရပ် ကို နိုင်ငံပိုင်ရုပ်မြင်သံကြားမှ ထုတ်လွှင့် ခဲ့ခြင်း မျိုးဖြင့် ဇာတ်ကွက်စုံခဲ့သည် ။


နောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အခြေခံဥပဒေဆိုင်ရာပြည်သူ့ဆန္ဒခံယူပွဲစင်မြင့် ထက် သို့ တက်ရောက်လာခဲ့သည် ။ နေပြည်တော် ၊ ကော့မှူး ၊ သာယာဝတီတို့တွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မည်သည့်အတွက် ပြင်ဆင်လိုရခြင်းဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေသည် တပ်မတော်နှင့် ပြည်သူကြားသွေးခွဲနေသောအရာ ဖြစ်နေကြောင်းတို့ကို ပြည်သူသို့ တင်ပြခဲ့သည် ။ ပြည်သူများသောင်း နှင့်ချီ၍ တက်ရောက် ဆန္ဒပေးခဲ့ကြသည် ။ ဖွဲ့စည်းပုံအခြေခံဥပဒေသည် လူ့အခွင့်အရေး ၊ ဒီမိုကရေစီ စံ စသည်တို့ကို အာမမခံနိုင်ဟူသောအချက်အလက်တို့ကို ပြည်သူအများက သဘောပေါက်နားလည်ခဲ့ကြပြီ ။ တိုင်းရင်းသားတို့ တန်းတူညီမျှ ရပိုင်ခွင့်များကို ပိတ်ပင်တားမြစ်ထားသည်ဟူသော အချက်တို့သည် ဘွင်းဘွင်းပေါ်ခဲ့ပြီ ။ ဤဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံတော်ပြန်လည်တည်ဆောက်ရေးနှင့် ၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ပြန်လည်တည်ဆောက်ရေး ၊ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ၊ နိုင်ငံသားတိုင်း၏ တန်းတူညီမျှရပိုင်ခွင့်များ အားလုံးကို ကန့်သတ်ချုပ်ခြယ်ထားသော အရာတစ်ခု ဖြစ်သည်ဆိုသည်ကို ပြည်သူ တို့ ဘက်မှ တစ်ခဲနက် ထုတ်ဖော်ခဲ့ကြပေပြီ ။

ထိုလူထုဟောပြောပွဲ ၊ လူထုဆန္ဒခံယူပွဲများတွင် ပေါ်ထွက်လာသော ပြည်သူတို့၏ ရင်တွင်း ဆန္ဒတစ်ခု မှာကား ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မပေးဖူးဆိုရင် ပြည်သူတွေက ဘာဆက်လုပ်ကြ ရမလဲ ဟူသော စကားဖြစ်သည် ။ ထိုအချိန်မှာပင် တိုင်းရင်းသားပါတီကြီးတစ်ခု၏ အကြီးအကဲက ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဆင်နိုင်ခဲ့လျှင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲဝင်မည်မဟုတ် ဟု ပြောဆိုခဲ့သည့် သတင်း ထွက်ပေါ်လာခဲ့သည် ။ အာဏာရပါတီမှ ပြောရေးဆိုခွင့်ရှိသူအချို့ထံမှလည်း မပြင်လိုမပြင်နိုင် ၊ ပြင်သင့်သည်ကို ပြင်မည် ၊ မပြင်သင့်သည်ကို မပြင်နိုင်စသည်ဖြင့် အသံများထွက်လာခဲ့၏ ။ နိုင်ငံ၏ အနာဂတ်နှစ်များသည် ယခုအတိုင်း ဆက်လက် မုန်တိုင်းမိုး သက်ဆင်မည်လော ၊ လေပြေနုအေးတို့ ညှင်းနော့ကြ မည်လော ။

အပိုင်း(၂)

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် မြန်မာနိုင်ငံသားတိုင်းရင်းသားပြည်သူအများ လက်မခံနိုင်သော ဖွဲ့စည်းပုံ အခြေခံဥပဒေဖြစ်သည် ဆိုသည်ကို ထိုလူထုဆန္ဒခံယူပွဲများက အတိအလင်း ထုတ်ဖော်လျက် ရှိရုံမျှမက ၊ အာဏာရပါတီ အသိုင်းအ၀ိုင်းအတွင်းမှပင် ပြင်ဆင်ရန် သဘောထားထုတ် ဖော်ပြောဆို ကြသူများ ရှိသည့် အတွက် အချို့အချို့သော မျက်စေ့မှိတ် ကာကွယ်လိုသူများ ဆင်ခြေပေးနေသကဲ့သို့ အမျှော်အမြင်ကြီး စွာဖြင့် အချိန်ယူရေးဆွဲခဲ့ရသည်ဆိုသည့် တိုင်းပြုပြည်ပြုမည့် ဖွဲ့စည်းပုံမဟုတ် ဆိုသည် ကတော့ လယ်ပြင်တွင် ဆင်သွားသည် ထက်ပင် ထင်ရှားနေခဲ့သည် ။ ဇန်န၀ါရီလ ၁၃ ရက်နေ့ကပင် ပြည်ခိုင်ဖြိုးပါတီ ဗဟို အလုပ်အမှုဆောင် တစ်ဦးဖြစ်သူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရ ဦးအောင်ကို ၏ စကားလုံးများက ထင်ရှားပြီးသား အချက်ကို ထပ်မံ၍ မီးမောင်းထိုးပြခဲ့သည် ။ သို့ဖြစ်၍ ထိုဖွဲ့စည်းပုံ အခြေခံဥပဒေကို မဖြစ်မနေ ပြင်ဆင်မှု လုပ်ရမည် ဆိုသည်ကလည်း လုံးဝ အသေအချာပင် ဖြစ်သည် ။

သို့ဆိုပါလျှင် မည်သို့ ပြင်ဆင်ကြပါမည်နည်း ၊ မည်မျှပြင်ဆင်ကြပါမည်နည်း ။ တပ်မတော်သည် ၁၉၈၈ ခုနှစ်အရေးအခင်းတွင် နိုင်ငံတော်၏ ယိုယွင်းလာသောအခြေအနေအရပ်ရပ် ကို ၀င်ရောက်ထိမ်းသိမ်းရန် အတွက် အာဏာကို ရယူခဲ့သည်ဟု တပ်မတော်ခေါင်းဆောင်များက မကြာခဏ ထုတ်ဖော်ပြောကြားလေ့ ရှိပါသည် ။ ထိုနောက်တွင် ၁၉၉၀ ခုနှစ်တွင် ရွေးကောက်ပွဲပြုလုပ်ပေးခဲ့သည် ။ ထို အချိန် ထိ တပ်မတော် ၏ လုပ်ဆောင်ချက်သည် တိုင်းပြည်အတွက် လိုအပ်ချက်ကြောင့် လုပ်ဆောင်ရသည်ဟု ဆိုသည်ကို လက်ခံနိုင်ဖွယ်ရှိနိုင်ခဲ့ပါသော်လည်း ၊ ထို့နောက်ပိုင်းတွင် လုပ်ဆောင်ခဲ့သည်များအတွက်မူ လက်ခံ နိုင်ဖွယ် လုံးဝမရှိ။ ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် ပြည်သူ့ကိုယ်စားလှယ်များကို ရွေးကောက် ပွဲ ရလာဒ်အား အသိအမှတ်ပြု၍ လွှတ်တော်ခေါ်ယူမပေးခဲ့ခြင်းသည် တပ်မတော်အစိုးရ၏ ကြီးမားလှသော အမှား ဖြစ်ပါသည် ။

ထိုနောက်ပိုင်းတွင် ထိုပြည်သူ့ကိုယ်စားလှယ်များကို ဖမ်းဆီးချုပ်နှောင်ထားလျက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေးကို တပ်မတော်ကသာ အစစအရာရာ ကြိုးကိုင်ချယ်လှယ်ခဲ့ခြင်းသည် ဒုတိယ အမှားဖြစ်ပါသည် ။ ထိုဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲရန် အကြောင်းပြချက်ဖြင့် စစ်အုပ်ချုပ်ရေးကို ကာလရှည်လျားစွာ အချိန်ဆွဲထားခဲ့သည်မှာ တတိယအမှားဖြစ်ပါသည် ။ (ထိုအချိန်တွင် တပ်မတော်က မည်သည်ကို တည်ဆောက် နေခဲ့သည်ကိုလည်း ပြည်သူများသာမက ကမ္ဘာက အထင်အရှားမြင်ခဲ့ကြရပါ၏ ။) ထိုသို့ ထွက် ပေါ်လာသော ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကို ပြည်သူအား ရှင်းလင်းတင်ပြခြင်း ၊ ဆွေးနွေး ဝေဖန် ခွင့်ပြုခြင်းတို့မပြုခဲ့ပဲ (နာဂစ်မုန်တိုင်းကာလတွင်ပင် ) ပြည်သူကို အဓမ္မခေါ်ယူမဲဆန္ဒပေးစေလျက် အတည်ပြုခဲ့ခြင်းသည် စတုထ္ထ အမှား ဖြစ်ပါသည် ။

ဤသို့သောအကြောင်းတစ်ရားများအားဖြင့် စိစစ်သော် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် အမှန်တရား တစ်ခုတစ်စုံအပေါ်တွင် အခြေခံ၍ ဖြစ်ထွန်း ပေါ်ပေါက်လာရသော လောကကြောင်း ၊ ဓမ္မကြောင်းတို့ဖြင့် ညီညွတ်၍ လောကပါလတရားများ အပေါ်တွင် အခြေခံတည်ဆောက်ခဲ့သော ဥပဒေတစ်ရပ်မဟုတ် ၊ လူတစ်စုတစ်ဖွဲ့၏ အတ္တကို အခြေခံ၍ ပေါ်ပေါက် စေခဲ့သော အဓမ္မတရားတစ်ခုသာဖြစ်သည် ဆိုသည်မှာ ငြင်းကွယ်ထိုက်သောအရာမဟုတ်ချေ ။

အပိုင်း (၃)

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ထည့်သွင်းထားသည့် တပ်မတော်သည် အမျိုးသားနိုင်ငံရေးကို အစဉ်ဦးဆောင်နေမည် ဆိုသည့် အချက်သည် နိုင်ငံ၏ ငယ်ထိပ်ထက်တွင် စိုက်ဝင်နေသည့် စူးနက်နက် တစ်ချောင်းပင်ဖြစ်သည် ။ ထိုအချက်အားဖြင့် ပြည်ထောင်စုလွှတ်တော် ၊ ပြည်သူ့လွှတ်တော် ၊ အမျိုးသား လွှတ်တော် တို့တွင် ပြည်သူ တို့ က ရွေးကောက်တင်မြှောက်ထားခြင်းမဟုတ်သည့် အမိန့်ခံ တပ်မတော်သား များက ၀င်ချည် ထွက်ချည် လုပ်နေကြသည်မှာ ရွေးကောက်တင်မြှောက်ခံ ပြည်သူ့ကိုယ်စားလှယ်တို့ကို ပြက်ရယ်ပြုနေသကဲ့သို့ရှိသည် ။ ဤသည်မှာ တပ်မတော်သည် အမျိုးသားနိုင်ငံရေးကို ဦးဆောင်နေသည်လား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် ပြည်သူတို့၏ အချုပ်အခြာ အာဏာကို ကိုင်ဆုပ်ထားသည်လား ဆိုသည်မှာ များစွာစောဒကတက်ဖွယ်ဖြစ်သည်။ တပ်မတော်က ကြွေးကြော်နေသည့် အမျိုးသား နိုင်ငံရေး ဆိုသည်ကို ပြည်သူများမျက်မြင်တွင် မြင်တွေ့နေရသည်မှာကား ပြည်သူတို့တစ်ဦးချင်းစီ၏ ဆန္ဒမဲများကို ကိုယ်စားပြု၍ လွှတ်တော်ထဲ ရောက်လာသော ပြည်သူကိုယ်စားလှယ် အပေါင်း အစုသည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ အမိန့်ခံ တပ်မတော်သား ကိုယ်စားလှယ်ဆိုသူများ၏ ထိမ်းချုပ်ခြင်း ကို ဥပဒေ တစ်ခုဖြင့် ခံနေကြရသည် ဆိုသည်ကိုသာဖြစ်ပေသည် ။

အပိုင်း(၄)

၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေသည် မြန်မာနိုင်ငံရေးကို ရှေ့မတိုးသား နောက် မဆုတ်သာ ဖြစ်နေ စေသည့် အဟန့်အတားတစ်ရပ်သာဖြစ်ကြောင်း ၊ နိုင်ငံသားတို့၏ ရပိုင်ခွင့်များကို တပ်မတော်၏ လက်တွင်း တွင်သာ ဆုတ်ကိုင်ထားသေးသည့် ဥပဒေဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး အင်အားစုများက အဆက် မပြတ် တွန်းတိုက်လျက်ရှိသည် ။ ထိုတွန်းတိုက်မှုကို ဆရာဖေမြင့်၏စကားကရည်ညွှန်းခဲ့သည် ။ ထိုတွန်းတိုက်မှုသည် အင်အားစုကြိးတစ်ခုအဖြစ်သို့ စုစည်းမိပြီး တိုင်းပြည်နှင့် အ၀န်းလူထုဆန္ဒ ဖော်ထုတ်ပွဲများဖြစ်လာနိုင်သည်ဟု ဆရာဖေမြင့်က နိမိတ်ပြစကားဆိုခဲ့သည် ။ ထိုသို့ပြည်သူ လူထုက လူထုအင်အားဖြင့်တောင်းဆိုလာလျှင် လက်နက်နှင့် အာဏာရှိသူက ယခင်စနစ် ဟောင်းဆီသို့ နောက်ကြောင်းပြန်သွားနိုင်သည်ဟု ဆရာကျော်ဝင်းက သတိပေးစကားဆိုခဲ့သည် ။ ထိုစကားနှစ်ခွန်းသည် ၂၀၁၄တွင် မြန်မာနိုင်ငံတွင်ပေါ်ပေါက်လာမည့် နိုင်ငံရေး စိန်ခေါ်မှု ဖွဲ့စည်းပုံ အခြေခံဥပဒေ အကြပ်အတည်းအတွက် စည်းနမိတ် အတိတ်တဘောင်ပင်လော ဟူသည် ကို ကောင်းစွာဆင်ခြင် သုံးသပ်ကြရပေ တော့မည် ။

ဤသို့ဖြစ်နိုင်ချေများကို ထုတ်ယူနိုင်ကြပြီဆိုလျှင် ဤသို့ ဖြစ်မလာစေရန် မည်သို့လုပ်ဆောင်ကြ မည်ဆိုသည်ကို နိုင်ငံ၏ အဓိကပုဂ္ဂိုလ်များအနေဖြင့် သတိကြီး စွာဖြင့် ကြိုတင်ပြင်ဆင် ဆောင်ရွက်သင့်ကြ သည်ဟု ဆိုချင်သည် ။ ပြည်သူတို့၏ လိုအင် ၊ ဒိမိုကရက်တစ်အင်အားစု များ၏ လိုအင်နှင့် သက်ဆိုင်ရာ အာဏာပိုင်တို့၏ လိုက်လျောနိုင်မှု၊ ဖြည့်ဆည်းနိုင်မှုတို့ကို အကြေအလည် တွေ့ဆုံညှိနိုင်းကြခြင်းသည် ထိုဖြစ် ပေါ်လာနိုင်သည့် ပြဿနာများကို ထိန်းချုပ်နိုင်သည့် အဖြေတစ်ခုဖြစ် မလာနိုင်ပါသလော ။ ထိုသို့ညှိနှိုင်း ဆွေးနွေးခြင်းအားဖြင့် ပြေလည်မှုကိုရခဲ့သည်ရှိသော တိုင်းပြည်တွင် မုန်တိုင်း မိုးသက်တို့ ကင်းစင်၍ လေပြည် နုအေးတို့ တိုက်ခတ်နိုင်လိမ့်မည်မဟုတ်ပါလော ၊ သို့မဟုတ်ပါပဲလျက် အာဏာကို လက်ဆုတ်မဖြေပဲ ငါတစ်ကော ကောကြလျင် မိမိတို့နိုင်ငံအား ကံဆိုးမသွားရာ အဆက်မပြတ် လိုက်ပါနေကြ သော မုန်တိုင်း မိုးသက် တို့သည် ဘယ်သော ဘယ်ခါ စဲနိုင်ပါမည်နည်း ။

ဤသို့လာခြင်းမကောင်းသော ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ရှိအကျိုးဖြစ်နိုင်မှုဖြင့် တွက်ဆကြည့်ပါ ကလည်း မည်သို့မျှ နိုင်ငံအကျိုးကို ရွက်ဆောင်နိုင်မည့် အခြေအနေတွင်မရှိကြောင်း ထင်ရှားပေါ်လွင် လှသည် ။ ဤဖွဲ့စည်းပုံအခြေခံဥပဒေ အားဖြင့် တိုင်းပြည်တွင် မည်သည့် ဦးတည်ချက်ကို ဖော်ဆောင် နိုင်ခဲ့ပြီနည်း ။ အမျိုး သား ပြန်လည်ရင်ကြားစေ့ရေးကို ဖော်ဆောင်နိုင်ခဲ့သလော ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှုကို ပြန်လည်တည်ဆောက်နိုင်ခဲ့ပြီလော ၊ ပြည်တွင်းငြိမ်းချမ်းရေးကို ပြန်လည်ရှေ့ရှုနိုင်ပြီလော ။ ဤဥပဒေအားဖြင့် နိုင်ငံသားတို့၏ တန်းတူညီမျှရပိုင်ခွင့်များကို အာမခံနိုင်သလော ။ ဤအချက် များကိုမည်သို့မျှ မစွမ်းမဆောင် နိုင်သော ဖွဲ့စည်းပုံအခြေခံဥပဒေသည် လာခြင်းမရောင်း ၊ တည်ရှိခြင်း လည်းမကောင်းလျှင် ၊ အနာဂတ်လားရာ မည်သို့ဖြောင့်နိုင် ကောင်းမွန်နိုင်ပါအံ့နည်း ။ နိုင်ငံတော်၏ အခြေခံအုတ်မြစ်မည်သို့ဖြစ်နိုင်ပါအံ့နည်း ။ ဤသို့ သော အခြေခံအုတ်မြစ် အရွဲ့အစောင်းပေါ်တွင် တည်ဆောက် မည့်နိုင်ငံတော်သည် မည်သို့ တင့်တယ် လှပ ခိုင်ခန့်နိုင်ပါအံ့နည်း ။

အချို့အချို့သောသူများသည် ဤမျှ ယိုင်ရွဲ့တိမ်းစောင်းနေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို မည်သူက မည်သည့်အမြှော်အမြင်ကြီးစွာဖြင့် မည်သို့မည်ပုံ ရေးဆွဲအတည်ပြုစေခဲ့သည် စသည်ဖြင့် မျက်စေ့ပိတ် နားပိတ် ပြောနေကြဆိုနေကြသည် ။ ဤစကားများသည် တိုင်းပြည်ကို ကောင်းစေလိုသည့်စိတ်ဆန္ဒမပါ ၊ မိမိတို့ အလိုဆန္ဒကိုသာ ရှေ့တန်းတင်၍ ငါ့စကားနွားရပြောနေကြသည်ဟူဆိုရပေလိမ့်မည် ။ ပြည်သူကို မခြိမ်း မချောက် ၊ မဟန့်မလှန့်ပဲ ဆန္ဒအမှန်ကိုတောင်းခံကြည့်ကြလျှင် မိမိတို့ပြောဆိုလုပ်ကိုင် နေမှုများ သည် ပြည်သူ့ လိုအင်ဆန္ဒနှင့် မည်မျှကင်းကွာခြားနားနေသည်ဆိုသည်ကို ကောင်းစွာ သိမြင်လာ နိုင်ပေလိမ့်မည် ။

ယခုကဲ့သို့ နိုင်ငံကို ပြန်လည်တည်ဆောက်နေချိန်တွင် ဤဖွဲ့စည်းပုံအခြေခံဥပဒေသည် နှစ်ပေါင်း များစွာ တည်တံ့ခိုင်မြဲစေရေးအတွက် အချိန်ယူ ရေးဆွဲခဲ့ခြင်း ဖြစ်သည် ဆိုသော အယူအဆများ အားဖြင့် နိုင်ငံကို နွံမနစ်စေသင့်တော့ပြီ ။ နှစ်ပေါင်းနှစ်ဆယ်ကျော် မှားယွင်း သော ဦးဆောင်မှု ၊ မှားယွင်းသော စီမံခန့်ခွဲ လုပ်ဆောင်မှုတို့သည် တိုင်းပြည်ကို အဘက်ဘက်မှ ယိုယွင်း နေစေခဲ့ပြီ ။ နိုင်ငံတွင် လက်တစ်ဆုပ်စာ မျှသောသူတို့မှ အပ နိုင်ငံသားတို့၏ အနာဂတ်သည် ပျက်ပြားနေခဲ့ပြီ ။ ကိုယ်က ကိတ်မုန့်ကို ရွှေမှုန့်ဖြူး၍ စားသောက် နေနိုင်သောအချိန်ကာလတွင် ပြည်သူတို့အတွက် ထမင်းအိုးများသည် မည်မျှခက်ခဲ နေပြီ ဆိုသည်ကို ကောင်းစွာသိသင့်ကြပေပြီ ။ သို့မဟုတ်ပါက ပြည်သူများ ၏ အုံကြွမှုကို မိမိတို့က တမင်ဖန်တီး ယူရာရောက်ပေလိမ့်မည် ။

ဇန်န၀ါရီလ ၁၈ ရက်နေ့က ရန်ကုန်မြို့တော်ဝင်နှင်းဆီခန်းမတွင် ၂၀၁၄ တွင်ဖြစ်ပေါ်လာနိုင်သော နိုင်ငံရေးအခင်းအကျင်းနှင့် စိန်ခေါ်မှုများ ခေါင်းစဉ်ဖြင့် စကားခြေတင်ပြောပွဲ (Debate)တစ်ခုကို ကျင်းပခဲ့ သည် ။ အမှန်တွင်ကား ခေါင်းစဉ်နှင့်လိုက်လျောညီထွေသည့် ပွဲတစ်ခုမဖြစ်ခဲ့ ။ သို့သော် ထိုပွဲမှ ထွက်ပေါ်လာသော အမြင်နှစ်ရပ်ကမူ ၂၀၁၄ ကို လှန့်နှိုးလိုက်သည့် အတွေးအမြင်အယူအဆ များဖြစ်ခဲ့သည် ။ ဆရာဖေမြင့်၏ ပြောစကားများထဲတွင် လူထုက ကိုယ့်ဆီကယူထားတဲ့ အာဏာကို ဟိုလူတွေ ဒီလူတွေသုံးနေတာကိုပဲ ထိုင်ငေးမနေပဲနဲ့ ငါတို့အာဏာက ဘယ်ဟာလဲ ဆိုတာကို ပြတ်ပြတ်သားသား ကြေညာဖို့လိုတယ် ၊ တောင်းဆိုဖို့လိုပါတယ် ဟု ထုတ်ဖော်ပြောဆိုသွားခဲ့သည် ။ ဤစကားအရ ဆိုပါလျှင် ပြည်သူလူထုသည် မိမိတို့ထံမှ အာဏာကို မိမိတို့ထံပြန်လည်ပေးအပ်ရန် တောင်းဆိုမှုများ ဆောင်ရွက်လာတော့မည်ဟူသည့် အဓိပ္ပါယ်ကိုဆောင်သည် ။ ဆရာကျော်ဝင်း၏ စကားတွင်မူ အစိုးရနှင့် အာဏာရပါတီတို့ချမှတ်ထားသော အခင်းအကျင်းကို ကျော်လွန်လုပ်ဆောင်ပါက အန္တရာယ်များကြောင်း ၊လွှတ်တော်တွင် အသာစီးရထားသည့် အာဏာရပါတီအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပေးလာမည်ဖြစ် သော်လည်း ၊ ပြည်သူလူထုလက်ခံနိုင်လောက်သည့် ပြင်ဆင်မှုမျိုးဖြစ်မလာနိုင်သေးကြောင်း ၊ ထိုအခြေအနေ မျိုး တွင် လူထုအင်အား ၊ လူထုတိုက်ပွဲများဖြင့် ပြင်ဆင်ရန်ကြိုးစားပါက မြန်မာ့နိုင်ငံရေး နောက်ကြောင်း ပြန်လှည့်သွားနိုင်ကြောင်း ၊ မဟာဗျူဟာ နည်းဗျူဟာတွေနဲ့ပတ်သက်လာရင် အာဏာရှိသူတွေရဲ့ ဆုံးဖြတ်ချက် ကို အာဏာမဲသူက မီးစင်ကြည့် ကရမည်သာဖြစ်ကြောင်း တို့ဖြင့်ထုတ်ဖော်ပြောသွားခဲ့သည် ။ အရှေ့ကိုအတင်းတွန်းလျောက်ကြလျင် အနောက်ကိုပြန်လည်သွားရန် အခြေအနေရှိသည်ဟူသည့်သဘော ။

ဤဆရာနှစ်ဦး၏ စကားနှစ်ရပ်တွင် ဆရာဖေမြင့် ၏ သဘောထားသည် မြန်မာ့ ဒီမိုကရေစီ နိုင်ငံရေး အင်အားစု တို့ထံမှ ထွက်လာသော ပြည်သူ့အသံပေါ်လွင်၍ ၊ ဆရာကျော်ဝင်း၏ သဘောထားတွင် တပ်မတော် နှင့် အာဏာရအဖွဲ့အစည်း၏ အသံပေါ်လွင်သည် ဟူ၍ လည်းထင်မြင်မိသည် ။ ရှေးခေတ် ဟောင်းက နှစ်နိုင်ငံဘုရင်များ ဘုန်းလက်ရုံးတန်ခိုးအာဏာအတွက် ၊စစ်မတိုက်မီ နှလုံးရည် အားစမ်း ကြလျက် စစ်ဘုရင်ထိုး ကစားသည့် အသွင်ကိုလည်း ပေါ်လွင် စေခဲ့သယောင်ပင်။

ဒေါ်စု ခရီးစဉ်အတွက် တောင်ကြီး NLD ငွေကြေးကောက်ခံရာ၌ မီဒီယာသမားများအမည်သုံး၍ လိမ်လည်ကောက်ခံ

ဒေါ်အောင်ဆန်းစုကြည်၏ ရှမ်းပြည်နယ်ခရီးစဉ်အတွက် အသုံးပြုရန် ငွေကြေးများ ကောက်ခံရာ၌ မီဒီယာ အမည်ခံ၍ လိမ်လည်မှုများ ပါဝင်လာကြောင်း သိရှိရသည်။


NLD ပါတီသည် ဒေါ်အောင်ဆန်းစုကြည်၏ ရှမ်းပြည်နယ်ခရီးစဉ်အတွက် ကြိုဆိုဧည့်ခံမှုများ၊ ဆိုင်းဘုတ်များ စသည်တို့ ပြုလုပ်ရန်နှင့် လူအင်အားများများ တက်ရောက်ကြစေရန်အတွက် ငွေကြေးများ ကောက်ခံလျက် ရှိရာ မီဒီယာအမည်များ သုံး၍ လိမ်လည်ကောက်ခံမှုများ လုပ်ဆောင်လာခဲ့ကြောင်း သတင်းရရှိသည်။

ယင်းသို့ ငွေကြေးကောက်ခံရာတွင် DVB၊ RFA၊ 7Day စသည့် မီဒီယာအမည်များကိုပါ အသုံးပြုပြီး လိမ်လည်ကောက်ခံခြင်းများလည်း ဖြစ်ပွားခဲ့သည်။

ယမန်နေ့က တောင်ကြီးမြို့၊ မီးပုံပျံကွင်းအနီးတွင် မဟာနွယ်စားသောက်ဆိုင်သို့ DVB သတင်းဌာနမှ သတင်းထောက်ကိုဖိုးသား အမည် ပြော၍ ကောက်ခံသွားခဲ့ကြောင်း ရန်ကုန်ရှိ သတင်းထောက်တစ်ဦးက ပြောဆိုသည်။

"မနေ့က ကောက်သွားတာပါ။ DVB က ကိုဖိုးသား ဆိုပြီး သူ့ကိုယ်သူပြောတယ် လို့ သိရပါတယ်။ မဟာနွယ်ဆိုတဲ့ စားသောက်ဆိုင်မှာ တစ်သောင်း၊ ပြီးတော့ အဲဒီဘေးမှာ ရှိရှိသမျှ ဆိုင်တွေအကုန်လုံးကို ပတ်ကောက်သွားပါတယ်။ အဲဒါကို ကျွန်တော်တို့ သိရတော့ သတင်းထောက် ဆိုတဲ့ လူ ပေးထားတဲ့ ဖုန်းနံပတ်ကို ဆက်ကြည့်ပါတယ်။ ကိုဖိုးသား မဟုတ်ဘူး။ RFA က ကျော်မျိုးထွန်းပါ ဆိုပြီး ပြောင်းပြီး ပြောတယ်။ ကိုတွတ် ဆိုတာက ကျွန်တော်တို့နဲ့ အတော်ကလေး ရင်းနှီးပါတယ်။ ဒီတော့ ကိုတွတ်လား ဆိုပြီး မေးလိုက်တော့ 7 Day က မောင်တာ ဆိုပြီး လုပ်လာပြန်တယ်။ မောင်တာလည်း ကျွန်တော်တို့နဲ့ သိတာပဲ။ ဘယ်သူလဲ ဆိုပြီး ထပ်မေးတော့ ပြန်မဖြေတော့ဘူး။ ဖုန်းချသွားတယ်" ဟု ကိုယ်တိုင် ဆက်သွယ်စုံစမ်းခဲ့သော နေ့စဉ်ထုတ်သတင်းစာတစ်စောင်မှ သတင်းထောက် တစ်ဦးက ပြောသည်။

"ဒါနဲ့ ကျွန်တော်လဲ ကိုတွတ်ကို လှမ်းပြောလိုက်တယ်။ ကိုတွတ်ရေ ဒီလိုတော့ ဖြစ်နေပြီ။ သတင်းထောက်တွေ၊ မီဒီယာတွေ နာမည်သုံးပြီး လုပ်စားနေတာ။ လူထုဆီက ပိုက်ဆံကောက်တာလဲ ကောက်။ အလှူငွေ မကလို့ ဆက်ကြေးပဲ ကောက်ကောက်။ ဘာမှ မပြောလိုပါဘူး။ ဒါပေမယ့် ဘယ်မီဒီယာ၊ ဘယ်သတင်းထောက် ဆိုတာမျိုးတွေ လုပ်လာတဲ့အခါကျတော့ ကျွန်တော်တို့ကို သက်သက်မဲ့ နာမည်ဖျက်တာပါပဲ။ ကိုတွတ်ကိုယ်တိုင် ဒီဖုန်းနံပတ်နဲ့ တောင်ကြီးကို စုံစမ်းလိုက်တော့မှ ဒီငွေကြေး လိုက်ကောက်နေတာဟာ တောင်ကြီး NLD ပါတီ ပြန်ကြားရေးက တာဝန်ရှိသူ ဖြစ်နေတာ သိရတယ်။ ဒီကိစ္စကိုလဲ တောင်ကြီး NLD ဥက္ကဌ၊ အတွင်းရေးမှူးတွေကိုလဲ ပြောထားပါတယ်။ သူတို့ကတော့ ဖြေရှင်းပေးမယ် လို့တော့ ပြောတယ်။ အဲဒီပိုက်ဆံလိုက်တောင်းတဲ့သူက ဒီမနက်ပဲ နမ်ဆန်တက်သွားပြီး ဒေါ်စု ခရီးစဉ်အတွက် ကြိုတင် စီစဉ်နေတယ် လို့ သိရတယ်" ဟု ၄င်းက ပြောဆိုသည်။

"NLD ကို ကျွန်တော်တို့ နားလည်ပါတယ်။ ဒေါ်စု ခရီးစဉ်အတွက် ငွေကြေး လိုအပ်ချက်အတွက် ပြည်သူတွေဆီက ကောက်ခံရတာ သိပါတယ်။ ငွေမှ မတတ်နိုင်ဘဲ။ တချို့လဲ မပေးချင်လဲ ပေးရတာပေါ့။ တချို့လဲ စိတ်လိုလက်ရ ပေးတာပါ။ ခရီးစဉ်မှာ ဆိုင်းဘုတ်ကြီးတွေ၊ ပန်းကုံးတွေ၊ ဆိုင်းဘုတ်တွေ၊ ၀တ်စုံတွေ သုံးရတာ များတော့ ငွေကြေးလိုအပ်ချက်ကလဲ ကြီးမှာ သေချာပါတယ်။ ဒါပေမယ့် သူများကို လွှဲချ နာမည်ဖျက် တရားခံရှာတာမျိုးကတော့ မဖြစ်သင့်ဘူး ထင်ပါတယ်" ဟု အပတ်စဉ်ထုတ် သတင်း ဂျာနယ်တစ်စောင်မှ သတင်းထောက်တစ်ဦးက ပြောကြားသည်။

သတင်းမီဒီယာများမှ သတင်းထောက်အချို့ကမူ ပြင်းပြင်းထန်ထန် တုံ့ပြန် ပြောကြားခဲ့ကြသည်။

"ဒါမျိုးတော့ လက်ခံပေးလို့ နားလည်ပေးလို့ မရဘူးဗျ။ NLD ပါတီက သူ့ဘာသာသူ ပြည်သူတွေဆီက ဆက်ကြေးကောက်ကောက်၊ ဓါးပြတိုက်တိုက် ကျွန်တော်တို့နဲ့ မဆိုင်ဘူး။ လူထု အိတ်ထဲက ပိုက်ဆံကို သူ့ဘာသာသူ ဘယ်လိုနည်းလမ်းနဲ့ ယူယူ မိရင်တော့ခံ၊ မမိရင် စံပေါ့ဗျာ။ ဒါပေမယ့် အခုလို ကျွန်တော်တို့နာမည်တွေ သုံးပြီး ကောက်တာကတော့ နားလည်ပေးစရာ ကိစ္စ မဟုတ်ဘူး။ NLD ပါတီ ဒေါ်စုခရီးစဉ်အသုံးစရိတ်အတွက် ပြည်သူလူထုဆီက ကောက်တာပါ ဆိုပြီး ပွင့်ပွင့်လင်းလင်း ပြောပြီး တောင်းပေါ့ဗျာ။ ဒီလိုပဲ တောင်းပြီး လုပ်လာတာပဲ မဟုတ်ဘူးလား။ အခု တောင်ကြီးကျမှ မီဒီယာလိုလို ဘာလိုလို လုပ်လာတာ လက်မခံနိုင်ဘူး။ အလကားနေရင်း ကျွန်တော်တို့က သိက္ခာကျတယ်။ ကျွန်တော်တို့ မီဒီယာဆိုတာ ကြားနေသမားပဲ။ ကျွန်တော်တို့က ဘယ်ပါတီကိုမှ ဘက်လိုက်ဖို့ မလိုဘူး။ ဘယ်ပါတီရဲ့ လက်ကိုင်ဒုတ် ဖြစ်စရာ မလိုဘူး။ တချို့လဲ ပါတီကြီးက မွေးထားတဲ့ သတင်းထောက်တွေ မရှိဘူး မဟုတ်ပါဘူး။ ရှိကြပါတယ်။ ဒီတော့ ဘက်လိုက်တာတွေ၊ လိုချင်သလို တင်ပြတာတွေ ဖြစ်လာပါတယ်။ ကျွန်တော်တို့ကတော့ ရှင်းရှင်းပဲ ပါတီမွေးထားတဲ့ သတင်းသမားဘ၀ အရောက် မခံဘူး။ ကျင့်ဝတ်နဲ့အညီပဲ ရေးမယ်။ တင်ပြမယ်။ အလားတူပဲ ကျွန်တော်တို့ကို လာပြီး အသုံးမချနဲ့။ အသုံးချတာ လက်မခံဘူး။ အခုလို မီဒီယာနာမည်သုံးပြီး လိမ်လည်တာကတော့ NLD ပါတီမှာပဲ တာဝန်ရှိတယ်။ အခုဟာက လက်ပူးလက်ကျပ် မိလို့သာပေါ့။ ဒီလိုမျိုး မဟုတ်မမှန်လုပ်စားနေတာ ဘယ်လောက်ရှိပြီလဲ မသိနိုင်ဘူး။ တောင်ကြီး NLD တာဝန်ရှိသူတွေ ဒီကိစ္စကို ကျွန်တော်တို့ဘက်က ကျေနပ်တဲ့အထိ ရှင်းပေးဖို့ တောင်းဆိုချင်ပါတယ်" ဟု မြန်မာဂျာနယ်လစ်ကွန်ရက်က တာဝန်ရှိသူတစ်ဦးက ပြောသည်။

"ကျွန်တော်တို့ သိထားတာတွေ အများကြီး ရှိတယ်။ ဒီ့ထက်ပိုပြီး ဆိုးဆိုးရွားရွား ပြည်သူလူထုကို လုပ်နေတာတွေ သိထားတာတွေ ရှိပါတယ်။ ဒါပေမယ့် ဒေါ်စုမျက်နှာထောက်ထားပြီး မပြောပါဘူး။ ရေးလဲ မရေးပါဘူး။ ဒီလိုမျိုး ဒေါ်စုခရီးစဉ်အတွက် လူထုလည်ပင်းညှစ် ဆက်ကြေးတောင်းသလိုမျိုး ငွေတောင်းတဲ့လုပ်ရပ်တွေကို မကြိုက်ဘူး။ ပိုပြီး ဆိုးတာက ဒီလို လူထုလည်ပင်းညှစ်တဲ့ကိစ္စမှာ ကျွန်တော်တို့ မီဒီယာ၊ သတင်းထောက်တွေ ဆိုပြီး လုပ်သွားတာမျိုးကတော့ အရှက်ရော သိက္ခရော တစ်စက်မှ မရှိဘူးလို့ပဲ ပြောရမှာပဲ။ NLD တာဝန်ရှိသူတွေ အမြန်ဆုံး အကောင်းဆုံး ဖြေရှင်းပေးဖို့ လိုတယ်။ ခုနက ငွေကောက်ခံတာ ခ့ခဲ့ရတဲ့ ပြည်သူလူထုကိုလဲ မီဒီယာက မဟုတ်ဘူး။ သတင်းထောက်တွေ မဟုတ်ဘူး။ NLD ပါတီက ငွေကောက်တာပါ ဆိုတာကို ပြန်ရှင်းပြဖို့ လိုတယ်။ တောင်ကြီး NLD ဒီကိစ္စကို အမြန်ဆုံး ဖြေရှင်းပေးတာ လိုချင်တယ်" ဟု နာမည်အသုံးပြုခြင်း ခံခဲ့ရသော သတင်းထောက်တစ်ဦးက ပြင်းပြင်းထန်ထန် ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ကရင်ပြည်နယ်သို့ သွားရောက်ပြီး မကြာမီတွင် ရှမ်းပြည်နယ်သို့ သွားရောက်ကာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လူထုရှင်းလင်းပွဲများ ပြုလုပ်သွားမည် ဖြစ်သည်။

ပြည်သူ့အာဏာ

အခြေခံဥပဒေ ပြင်ဆင်လိုစိတ်ရှိ၊ မရှိ ဖွင့်ဟပြောဆိုဖို့ ဒေါ်အောင်ဆန်းစုကြည် စိန်ခေါ်



၂၀၁၀ ရွေးကောက်ပွဲမှာ ရွေးချယ်ခံရတဲ့ လွှတ် တော် ကိုယ်စားလှယ်တွေအနေနဲ့ ၂၀၀၈ ဖွဲ့စည်း ပုံ အခြေခံဥပဒေကို မပြင်ချင်ဘူးဆိုရင် ဘာ ကြောင့် မပြင်ချင်သလဲဆိုတာကို ပြည်သူတွေ ထံ ရှင်းရှင်း လင်းလင်း ချပြရမှာဖြစ်ကြောင်း ဒေါ်အောင် ဆန်းစုကြည် က ဒီနေ့ ပြောလို်က်ပါ တယ်။


ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ ကရင်ပြည်နယ် ဘားအံ မြို့ အောင်သံလွင် ဘောလုံးကွင်း မှာ ထောင် ဂဏန်းရှိမယ့် ပရိတ်သတ်ကို ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ဟောပြောစဉ် အခုလို ထည့်သွင်းပြောခဲ့တာပါ။


“ကျမတို့အတွက် စကားပြောသွားတဲ့ အဲလူ ၃ ယောက်စလုံးဟာ ပြည်သူတွေကနေ ပြီးတော့ ရွေးချယ် တင်မြှောက်ထားတဲ့ ပြည်သူ့ ကိုယ်စားလှယ်တွေ ဖြစ်ပါတယ်၊ ကျမက စိန်ခေါ်ရဲပါတယ်၊ ကျမတို့ဟာ ပြည်သူလူထုရှေ့မှာတက်ပြီးတော့ ဘာကြောင့် ဒီဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်သင့်လဲ၊ ဘယ်လို ကိစ္စတွေ ကို ပြင်ချင်သလဲဆိုတာကို ကျမပြောရဲတယ်၊ ၂ဝ၁ဝ ရွေးကောက်ပွဲကနေ ရွေးချယ်တင်မြှောက်ခံရတဲ့ ကိုယ်စားလှယ်အားလုံးဟာ ကျမတို့နည်း တူ ပြည်သူလူထုရှေ့ထွက်ပြီးတော့ မပြင်ချင်လဲ ဘာလို့ မပြင် ချင်ဘူး လဲဆိုတာ ပြောရဲ သလားလို့ ကျမမေးချင်ပါတယ်”

ဒါ့အပြင် မဲဆန္ဒရှင် ပြည်သူတွေအနေနဲ့ မိမိတို့ရွေးချယ်ခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကိုလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ မပြင်ချင်ဘူးဆိုရင် ဘာကြောင့် မပြင်ချင်တာလည်းဆိုတာ မေးမြန်းခွင့်ရှိကြောင်း တက်ရောက်လာတဲ့ ကရင်တိုင်းရင်းသားတွေနဲ့ ဒေသခံတွေကို တိုက်တွန်းပြောဆိုခဲ့ပါတယ်။

ပြည်သူတွေအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စမှာ ပြတ်ပြတ်သားသား ရပ်တည်စေလို ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားခဲ့ပါတယ်။

လွှတ်တော်ကဖွဲ့စည်းထားတဲ့ အဖွဲ့ဝင် ၁၀၉ ဦးပါဝင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီက လက်ခံရရှိထားတဲ့ အကြံပြုချက်တွေကို ဒီလကုန်မှာ လွှတ်တော်ထံတင်ပြရမှာ ဖြစ်တယ်လို့ သိရပါတယ်။

ကရင်ပြည်နယ် ဘားအံမြို့ အောင်သံလွင် ဘောလုံးကွင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောချက်တွေကို RFA သတင်းထောက် မဇင်မာဝင်း ကောက်နှုတ်တင်ပြ ထားတာ နားဆင်နိုင်ပါတယ်။



RFA

House of Commons ဥက္ကဋ္ဌ John Bercow က ဒေါ်အောင်ဆန်းစုကြည်အား သမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပေးရန်တောင်းဆို



ဗြိတိန်နိုင်ငံ House of commons ဥက္ကဋ္ဌ John Bercow က လာမည့်နှစ်ရွေးကောက်ပွဲတွင် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား သမ္မတ အဖြစ်အရွေးခံနိုင်ရေးအတွက် ခွင့်ပြုနိုင်ရန် မြန်မာ နိုင်ငံ၏ အခြေခံဥပဒေအား ပြင်ဆင်ပေးရန် မေတ္တာ ရပ်ခံခဲ့ပါသည်။ ၎င်းသည် အဓိကနိုင်ငံခြားရေး မူဝါဒ နှင့်ပတ်သက်၍ ဖြစ်တောင့်ဖြစ်ခဲ ဝင်ရောက် စွက်ဖက် ပြောကြားခဲ့ခြင်းဖြစ်ပါသည်။


Mr.Bercow သည် မြန်မာနိုင်ငံအပေါ် ယခင် ကတည်းက စိတ်ဝင်စားခြင်းဖြစ်ပြီး ပြီးခဲ့သည့် နွေရာသီက မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ပါသည်။ ၎င်းက Independent တွင်ရေးသားသော ဆောင်းပါး၌ “အကယ်၍ မြန်မာနိုင်ငံသည် ဒီမိုကရေစီအတွက် သံဓိဋ္ဌာန်ချပြီးဖြစ်ပါက တစ်ဦးတစ်ယောက် ၏ ကလေးများသည် နိုင်ငံခြားသာ ဖြစ်ရုံ မျှဖြင့် သမ္မတ ဖြစ်ခွင့်ကို တားဆီးထားခြင်းအား ဖယ်ရှားပေး ရမည်”ပာု ဖော်ပြခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံတွင် နာမည်အကြီးဆုံး နိုင်ငံရေးသမားဖြစ်ပြီး သူ၏အရွယ် ရောက်ပြီး သော ကလေးနှစ်ဦးသည် သူ၏အမျိုးသား Michael Aris ကဲ့သို့ပင် ဗြိတိန်နိုင်ငံသားများ ဖြစ်ကြပါသည်။ Mr.Becow က ပြောကြားရာတွင် လက်ရှိသတ်မှတ်ချက်မှာ ဒေါ်အောင်ဆန်းစုကြည်အား သမ္မတမဖြစ်နိုင်အောင် ရည်ရွယ်ချက်ဖြင့် တားဆီးထားခြင်း ဖြစ်ကြောင်း ပြောပါသည်။

Mr.Bercow ကပြောကြားရာတွင် မြန်မာနိုင်ငံသည် လွန်ခဲ့သည့်သုံးနှစ်အတွင်း စာပေစိစစ်ရေးကို ပယ်ဖျက် ပေးခြင်း၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားရာပေါင်းများစွာကို လွှတ်ပေးခြင်းအပါအဝင် မှတ်မှတ် ထင်ထင်နှင့် ကြိုဆိုရမည့် ဒီမိုကရေစီသို့ဦးတည်ရွေ့လျားခြင်းများ ရှိခဲ့သည်ပာုဆိုပါသည်။ သို့သော် ၎င်းကပြောကြားရာ တွင် ယခုလနှောင်းပိုင်းတွင် အခြေခံဥပဒေ သုံးသပ်ရေးကော်မတီ၏ သုံးသပ်ချက်အစီရင်ခံစာတွင် ထိုအချက်ကို ပယ်ဖျက် ရေး တင်ပြရန် အပ်သည်ပာု ဆိုပါသည်။

လွှတ်တော်ဥက္ကဋ္ဌများသည် ပြည်တွင်းကိစ္စ(သို့မပာုတ်)နိုင်ငံခြားကိစ္စရပ်များ၏ မူဝါဒရေးရာများတွင် ဝင်ရောက် ပြောဆိုလေ့ မရှိကြပေ။ သို့သော် Mr.Bercow ကပြောကြားရာတွင် ဒီမိုကရေစီနှင့် ပတ်သက်နေခြင်းကြောင့် မြန်မာ နိုင်ငံ နှင့် ပတ်သက်၍ နှစ်ပေါင်းများစွာကတည်းက တက်ကြွစွာစိတ်ပါ ဝင်စားခြင်း ကြောင့် ရေငုံနှုတ်ပိတ်မနေနိုင် တော့သ ဖြင့် ဝင်ရောက်ပြောကြားခြင်းဖြစ်ကြောင်း ဆိုပါသည်။

အပစ်အခတ်ရပ်စဲရေး သဘောတူတာဟာ နိုင်ငံရေးဆွေးနွေးပွဲအတွက် အာမခံချက်ဖြစ်ကြောင်း KNU ပြောကြား

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးနိုင်မယ်ဆိုရင် နိုင်ငံရေး ဆွေးနွေးပွဲတွေ ဖြစ်မြောက်ဖို့အတွက် အာမခံချက်ရရှိတာဖြစ်တယ်လို့ ကေအဲန်ယူ ကရင်အမျိုးသား အစည်း အရုံးဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးက ပြောလိုက်ပါတယ်။


ဒီနေ့ ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ လေးဝါးစခန်းမှာ ကျင်းပနေတဲ့ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့ ညီလာခံမှာ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးက အခုလို ပြောလိုက်တာပါ။

တိုင်းရင်းသားအားလုံးလိုလားတဲ့ အမျိုးသားရေးတန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဌာန်းခွင့်စတဲ့ နိုင်ငံရေးပြဿနာ တွေကို လက်နက်ကိုင်ဖြေရှင်းတာထက် နိုင်ငံရေးဆွေးနွေးပွဲတွေကနေ အဖြေရှာကြဖို့ကိုလည်း တိုက်တွန်း လိုက်ပါတယ်။

နှစ်ပေါင်း ၆၀ ကျော်ကြာ ပြည်တွင်းစစ်အတွေ့အကြုံအရ အရင်အစိုးရအဆက်ဆက်ဟာ လက်နက်နဲ့ ငြိမ်းချမ်းရေးလဲလှယ်ဖို့ကိုသာ ပြောဆိုခဲ့ကြောင်း သမ္မတဦးသိန်းစိန် အစိုးရလက်ထက်မှာ တန်းတူမှု၊ လွတ်လပ်မှု၊ တရားမျှတမှုကိုအခြေခံပြီး ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ အဖြေရှာဖို့ ပြောဆိုနေကြောင်း၊ လက်တွေ့ ဆန်တဲ့ ချဉ်းကပ်မှုနဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ကြဖို့ကိုလည်း ပြောဆိုနေပြီဖြစ်ကြောင်း အဲဒီအချက်တွေဟာ လုံလောက်တယ်လို့ မဆိုနိုင်ပေမယ့် နည်းလမ်းမှန်နဲ့အစပျိုးတဲ့ အပြောင်းအလဲတွေ ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုးက ပြောခဲ့ပါတယ်။

ဒီနေ့ကစပြီး ၃ရက်ကြာကျင်းပမယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ဒုတိယအကြိမ်မြောက် ညီလာခံ မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့အပြင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးကလည်း လေ့လာသူအဖြစ် တက်ရောက်နေပါတယ်။

RFA Burmese

အပစ်ခတ်ရပ်စဲရေး လက်နက်ကိုင်အဖွဲ့များ ဆွေးနွေးပွဲ UWSA နဲ့ မိုင်းလားအဖွဲ့ မတက်ရောက်

ကရင်အမျိုးသား အစည်းအရုံး KNU ထိန်းချူပ်နယ်မြေမှာ ဒီကနေ့စတင်ကျင်းပနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေရဲ့ ဒုတိယအကြိမ် ညီလာခံကို ၀ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA က ခေါင်းဆောင်တွေနဲ့ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် NSAA-ESS မိုင်းလား တပ်ဖွဲ့က ခေါင်းဆောင်တွေ တက်ရောက်နိုင်ခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။


ဒီကိစ္စနဲ့ ပတ်သက်ပြီး UWSA ၀တပ်ဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဦးဆမ်ခွန်းက ကရင်ပြည်နယ်က လောခီးလာမှာ ကျင်းပတဲ့ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များ ညီလာခံကို မတက်ရောက် နိုင်တာ မှန်ကန်ကြောင်း အတည်ပြုပြောဆိုပါတယ်။

“နှစ်သစ်ကူးချိန်လည်းရောက်တယ်။ နောက်ပြီးတော့ အထွေထွေအတွင်းရေးမှူးချုပ်နဲ့ စစ်ဦးစီးချူပ်ပဲ ခေါ်တော့ သူတို့ဗမာလိုလည်း နားမလည်ဘူးထင်တယ်။ အဲ့တော့ ကိုယ်စားလှယ်လည်း သူတို့ဖိတ်တာက စစ်ဦးစီးချူပ်နဲ့ခေါင်းဆောင် ထိပ်သီးခေါင်းဆောင်တွေပဲ ဖိတ်တာကော၊ ဖိတ်တော့ အဲ့ဒါနဲ့ မသွားနိုင်ဘူး နော့်၊ ဘာသာပြန်လည်းမရှိဘူးလေ... နော့်။”

အလားတူ အမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် NSAA-ESS မိုင်းလားတပ်ဖွဲ့က ဗဟို ကော်မတီဝင်တစ်ဦးကို ဆက်သွယ်မေးမြန်းရာမှာလည်း မတက်ရောက်နိုင်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြောဆို ခွင့် မရှိကြောင်း RFA ကိုပြောဆိုပါတယ်။

တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ထိုးနိုင်ဖို့အတွက် တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေ ဒီညီလာခံမှာ ဆွေးနွေးကြလို့ သဘောတူညီမှုတွေရရှိပြီးရင်တော့ လာမယ့် ဖေဖေါ်ဝါရီလမှာ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ၀န်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့အဖွဲ့နဲ့ ဘားအံမြို့မှာတွေ့ဆုံပြီး သဘောတူလက်မှတ်ထိုးကြမယ့်ရက်ကို ရွေးချယ်တော့ မှာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီကနေ့ စတင်ကျင်းပနေတဲ့ ညီလာခံဟာ KIO ဌာနချူပ်ရှိရာ လိုင်ဇာမြို့မှာ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် အောက်တိုဘာလကုန်ပိုင်းမှာကျင်းပခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များ ညီလာခံက တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပွဲနဲ့ပတ်သက်တဲ့ မူဘောင်တွေ ချမှတ်နိုင်ဖို့ တိုင်းရင်းသားခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးကြတဲ့ ဒုတိယအကြိမ်ကျင်းပနေတဲ့ ညီလာခံတစ်ခု ဖြစ်ပါတယ်။

RFA Burmese

ပုဒ်မ ၃ ခုပြင်ဆင်ရေး တောင်ငူမှာဆန္ဒပြ

ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ သမ္မတဖြစ်ခွင့် အရည်အချင်း ကန့်သတ်ထားတဲ့ ပုဒ်မ ၅၉(စ) (ဃ) အပါအ၀င် ပုဒ်မ ၃ ခုကို ပြင်ဆင်ဖျက်သိမ်းပေးဖို့ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့မှာ ဒေသခံပြည်သူ နှစ်ရာလောက်က မနေ့က ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။


ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ဒီမိုကရေစီနဲ့ မကိုက်ညီတဲ့ ဥပဒေပြဌာန်းချက်တွေကို ကန့်ကွက်ဆန္ဒပြရတာလို့ တောင်ငူမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမြင့်က ပြောပါတယ်။

"ဖွဲ့စည်းအုပ်ချုပ်ပုံအရ ငြိမ်းချမ်းစွာစုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်၊ ဆန္ဒဖော်ထုတ်ခွင့်ဆိုတာ ပေးထားတဲ့အခွင့်အရေး ရှိနေပါရက်နဲ့ မြို့နယ်အာဏာပိုင် အဖွဲ့အစည်းတွေကို ခွင့်ပြုချက် တောင်းရ တာမျိုးက ဒီနေ့အခြေအနေမျိုးနဲ့ဆိုရင် မသင့်တော်ဘူး။ ၅၀၅ (ခ) နဲ့ပတ်သက်ပြီးတော့လည်း ဒီမိုကရေစီရေးလှုပ်ရှားတဲ့သူတွေ၊ နိုင်ငံရေးလှုပ်ရှားတဲ့သူတွေကို ဖမ်းဆီးဖို့ အရေးယူဖို့လုပ်ထားတဲ့ ဒါကို ကျနော်တို့ ကန့်ကွက်ပါတယ်။ ၅၉ (ဃ) နဲ့ (စ) ပေါ့။ ဒါတွေကိုလည်း ကျနော်တို့ ဒီနေ့ ကန့်ကွက်ပါတယ်။"

နိုင်ငံတော်သမ္မတ အရည်အရည်အချင်း ကန့်သတ်ထားတဲ့ ပုဒ်မ ၅၉ (စ)(ဃ)ကို ပြင်ဆင်ပေးဖို့၊ တရားမ၀င် စီတန်းလှည့်လည်ခွင့် ပုဒ်မ ၁၈ ကို ပြင်ဆင်ပေးဖို့နဲ့ ပုဒ်မ ၅၀၅ (ခ) ကို ဖျက်သိမ်းပေးဖို့စတဲ့ အချက်တွေကို တောင်းဆိုခဲ့ကြတာပါ။

ဆန္ဒပြကြသူတွေဟာ တောင်ငူမြို့ပေါ်က ကန်လမ်း၊ ကုန်သည်ကြီးလမ်းနဲ့ ဗိုလ်မှူးဖိုးကွန်းလမ်းတို့မှာ စီတန်း လှည့်လည်ပြီး ကန့်ကွက်ဆန္ဒပြခဲ့ကြတာပါ။

ဒီနေ့ဆန္ဒပြပွဲကို သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ ကျင်းပခဲ့တာဖြစ်ပါတယ်။

RFA Burmese

မြန်မာ နိုင်ငံထဲ ဝင်ချင်တဲ့ အကြမ်းဖက် သမားတွေ ဖမ်းမိ



မြန်မာနဲ့ ဘင်္ဂ္လားဒေ့ရှ် နိုင်ငံ နယ်စပ် တက်ကနက် မြို့ကနေတဆင့် မြန်မာ နိုင်ငံကို ဝင်ရောက်ဖို့ ရည်ရွယ် ချက် ရှိတဲ့ ပါကစ္စတန် တာလီဘန် အဖွဲ့နဲ့ ဆက်စပ်သူ ၃ ယောက်ကို ဘင်္ဂ္လားဒေ့ရှ် နိုင်ငံ ဒက္ကာ မြို့တော်မှာ ဖမ်းဆီး မိခဲ့ပါတယ်။


သတင်း အရ တနဂင်္နွေ နေ့က ဖမ်းမိသူတွေဟာ အသက် ၂၀ ကျော် အရွယ် နှစ်ယောက်နဲ့ အသက် ၅၀ ကျော် တစ်ယောက် တို့ ဖြစ်ကြပြီး သူတို့ ကိုယ်တိုင်က ပါကစ္စတန်မှာ အခြေစိုက်တဲ့ ပါကစ္စတန် တာလီဘန် အကြမ်းဖက် အဖွဲ့ TTP နဲ့ ဆက်စပ်မှု ရှိတယ် ဆိုတာ ဝန်ခံခဲ့တယ်လို့ ဘင်္ဂ္လားဒေ့ရှ် နိုင်ငံက ရဲ အရာရှိကြီး တစ်ယောက်က ဘီဘီစီ ကို ပြောပါတယ်။

သူတို့ အားလုံးဟာ ပါကစ္စတန် နိုင်ငံသားတွေ ဖြစ်ကြပြီး နှစ်ယောက်က မြန်မာ နိုင်ငံ ရခိုင် ပြည်နယ်မှာ မွေးဖွားပြီးနောက် ပါကစ္စတန်မှာ အခြေချ ခဲ့ကြသူတွေ လို့ သူက ပြောပါတယ်။

ရခိုင်ပြည်နယ် ထဲမှာ မွတ်ဆလင်တွေ ဖိနှိပ်ခံနေရတဲ့ အတွက် အကူအညီ ပေးဖို့ သွားလိုတဲ့ ဆန္ဒရှိသူတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

သူတို့ နဲ့ အတူ ဖမ်းဆီးမိတဲ့ လက်ပ်တော့ ကွန်ပြူတာ ထဲမှာ လက်လုပ်ဗုံး လုပ်နိုင်တဲ့ နည်း ပညာတွေနဲ့ ဖောက်ခွဲရေး နည်းပညာတွေ ပါတဲ့ အချက်အလက်တွေ တွေ့ရပြီး ဗုံးလုပ်နည်း သင်တန်းတွေ တက်ထား ကြတယ်လို့ သူတို့ ကိုယ်တိုင် ဝန်ခံကြကြောင်း စောစောက ဘင်္ဂ္လားဒေ့ရှ် ရဲ အရာရှိကြီးက ပြောပါတယ်။

အခု ဖမ်းမိသူတွေနဲ့ အတူ ပါကစ္စတန်ကနေ တခြား ဘယ်သူတွေ ဘင်္ဂ္လားဒေ့ရှ် နိုင်ငံထဲ ဝင်လာခဲ့သေး သလဲ ဆိုတာနဲ့ သူတို့မှာ တခြား ဘာ အစီအစဉ်တွေ ရှိတယ် ဆိုတာ သိရအောင် ဘင်္ဂ္လားဒေ့ရှ် ရဲက ဆက်လက် စစ်ဆေးနေတယ်လို့ လည်း သူက ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

မောင်တောတည်ငြိမ်ရေး ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ဖို့ ဒေသခံ အမတ်တွေ တောင်းဆို



ပြီးခဲ့တဲ့ သီတင်းပတ်တွင်းက မောင်းတောမြို့နယ် တွင်း ရဲတပ်ဖွဲ့နဲ့ ဒေသခံ မူဆလင်ကျေးရွာသားတွေ အကြား ခိုက်ရန်ဖြစ်ပြီးတဲ့နောက်၊ ပြည်နယ် အာဏာပိုင်တွေဖက်က လုံခြုံရေးတွေ တိုးမြင့်လာ ရာမှာ ဒေသခံတွေနဲ့ ရဲတပ်ဖွဲ့တွေအကြား အပြန် အလှန်မယုံကြည်မှုတွေဖြစ်ပြီး အခြေအနေတွေ ပို တင်းမာလာသလိုဖြစ်နေပါတယ်။ ဒေသကိုယ်စားပြု လွှတ်တော်အမတ် အချို့ကတော့ အာဏာပိုင်တွေ အနေနဲ့ ပွင့်လင်းမြင်သာမှုရှိရှိနဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ပြီး ကိုင်တွယ်ဖြေရှင်းသွားဖို့ လိုတယ်လို့ ထောက်ပြ နေပါတယ်။ အကြောင်းစုံကိုတော့ စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက ရန်ကုန်မြို့ ဗွီအိုအေ ရုံးခွဲကနေ သတင်းပေးပို့ထားပါတယ်။


် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ရက်နေ့က ကင်းလှည့် ရဲတပ်ဖွဲ့တစ်ဖွဲ့နဲ့ ဒေသခံ မူဆလင်ကျေးရွာသားတွေ ခိုက်ရန်ဖြစ်ပြီးတော့ ရဲတပ်ကြပ်ကြီး တစ်ဦးသေဆုံးခဲ့တာကြောင့် ပျောက်ဆုံးနေတာကို ရှာဖွေရင်းနဲ့ အဲ့ဒီ့ဒေသထဲမှာ လုံခြုံရေးတပ်တွေနဲ့ ကျေးရွာသားတွေအကြား တင်းမာမှုတွေ ဆက်ဖြစ်နေတာပါ။ လုံခြုံရေးတပ်တွေက ကျေးရွာထဲကို ဝင်ပြီးတော့ စုံစမ်းရှာဖွေ ဖမ်းဆီးမှုတွေကြောင့် ကျေးရွာသားတွေ အထိတ်တလန့်ဖြစ်ပြီးတော့ တချို့ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် အစိုးရပြောခွင့်ရသူ ဦးလှသိန်းကတော့ ဒီပျောက်ဆုံးနေတဲ့ ရဲတပ်ကြပ်ကို ရှာဖွေဖို့ ကျေးရွာသားတွေကို လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေက စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

"ခရေမြိုင်ရဲကင်းက ရဲတပ်ကြီး အောင်ကျော်သိန်းနဲ့ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၅ဦး၊ ကျေးရွာရပ်ကွက် အုပ်ချုပ်မှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးစာရေး၊ သူတို့က လူအကုန်လုံး ၈၊ ၉ယောက်၊ အဲ့ဒီ့ဒူချေးရားတန်း ကျေးရွာကို လှည့်ကင်း ဝင်တဲ့အခါမှာ သူတို့ကို ဝိုင်းပြီးတော့ ရန်ပြုတာပေါ့။ သူတို့က နောက်ပြန်ဆုတ်တဲ့ အခါ တပ်ကြပ်ကြီး အောင်ကျော်သိန်းက အဲ့ဒီ့ကတည်းက ပျောက်ကျန်ခဲ့တာ။ အမ် ၂၂ မောင်းပြန် သေနတ် တလက်၊ လူနဲ့ ပျောက်သွားတာပေါ့။"

ကိုသားညွန့်ဦး- "အဲ့တာ မူဆလင်ကျေးရွာမှာ ဖြစ်တာပေါ့နော်။"

" ဟုတ်တယ်။ ကျေးရွာနာမည်က ဒူးချေးရာတန်း။ သူ့ကို တွေ့မလားပေါ့ သတင်းအစအနလိုက်ကြည့်တော့ အခုထက်ထိတော့ မတွေ့ရသေးဘူးပေါ့။ ရဲတပ်ဖွဲ့တို့၊ တာဝန်ကျတဲ့ လုံထိန်းတို့၊ ပူးပေါင်းပြီးတော့ လုံခြုံရေး ကို ဆောင်ရွက်နေတယ်။ ဒါပဲ ကျနော်သိတယ်။"

ကိုသားညွန့်ဦး- အဲ့ဒီ့တော့ ဒီနောက်ပိုင်း သတင်းထွက်လာတာက ဗုဒ္ဓ ဘာသာဝင်အုပ်စု တစ်ခုက မူဆလင် ကျေးရွာကို ဝင်တိုက်လို့ ကျေးရွာသား အမျိုးသမီးတွေ၊ ကလေးတွေ သေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်တယ်ခင်ဗျ။

"အဲ့တာ လုပ်ကြံသတင်းပါ။ မဟုတ်ပါဘူး။ အဲ့ဒီ့သတင်းတွေ ကျနော်တို့လည်း ရပါတယ်။ အဲ့ဒီ့သတင်းက ဘယ်လိုလဲ ဆိုတော့ တဖက်က ပြန်လည် တိုက်ခိုက်တဲ့သတင်းတွေ ဖြစ်နေပါတယ်။ မဟုတ်ပါဘူး အဲ့တာ။"

မောင်းတောခရိုင် ကိုယ်စားပြုလွှတ်တော်အမတ်တွေကလည်း ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာတဲ့ စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်သွားဖို့ တရား ဥပဒေအတိုင်း မှန်မှန်ကန်ဆောင်ရွက်သွားဖို့ လိုအပ်ချက်တွေကို စုပြီး ထုတ်ပြန်ခဲ့ကြပါတယ်။ လက်ရှိအခြေအနေမှာ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ကျေးရွာသား တွေအကြား မယုံကြည်မှုတွေ တိုးနေပြီး၊ ကောလဟာလ သတင်းတွေ ပျံနှံ့ လာတာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်းက ပြောပါတယ်။

"ကျနော်တို့ ပြည်သူတွေ တင်ပြချက်အရ သိရတာကတော့ ဒူးချေရာတန်းရွာမှာ ၁၃ရက်နေ့ ညကတည်းက လူတွေ အမြောက်အမြား ဖြတ်ပြေးသွားတယ်။ မရှိတော့ဘူး။"

ကိုသားညွန့်ဦး- ဘာလို့ ထွက်ပြေးသွားတာလဲ။

"ဘာလို့ ထွက်ပြေးတာလဲဆိုတော့ ညတုန်းက ည ၁၀နာရီခွဲတုန်းက ရဲတပ်ကြပ်ကြီး ဦးအောင်ကျော်သိန်း အဖွဲ့နဲ့ ပြဿနာတက်တာပေါ့။ အဲ့ဒီ့နောက်ပိုင်းမှာ ရဲတပ်ကြပ်ကြီး ဦးအောင်ကျော်သိန်းက ခလုတ်တိုက်ပြီး ကျန်ခဲ့တယ်။ အဲ့တာမှာ လူတွေက သူ့ကို ဝိုင်းပြီးမှ ရိုက်ကြတယ်ပြော တာပေါ့နော်။ ကျန်တဲ့အဖွဲ့တွေက လွတ်သွားတဲ့အခါကျတော့ သူတို့က သက်ဆိုင်ရာ ခရိုင်ရဲကို အကြောင်းကြားတော့ ညတစ်နာရီခွဲ လောက်မှာ ရဲတွေက လာပြီးတော့ ရွာထဲမှာ ပစ်တယ်ပြောတယ်။ ပစ်တယ်။ ရှာတယ်။ ဖမ်းဆီးတယ်။ ဆိုတော့ အဲ့လိုမျိုးလုပ်တော့ ညလည်း အမှောင်ရိပ်ဖြစ်တော့ လူတွေက ကြောက်လန့်ပြီးမှ ထွက်ပြေးတာ ပေါ့နော်။ နောက်နေ့ကျတော့ ဘာဖြစ်လည်းဆိုတော့ ရွာသားတွေကပြောတာပေါ့နော်။ အနီးအနား ပတ်ဝန်းကျင်က လာပြီးတော့မှ ရခိုင်တိုင်းရင်းသားရွာတွေက လာပြီးတော့မှ ဒူးချေရာတန်းရွာကို ဝင်ပြီး တော့မှ ပစ္စည်းတွေ ဘာတွေ လုကြတယ် ဒါမျိုးတွေလည်း ပြောကြတယ်။

အဲ့လိုဖြစ်တော့ လူတွေက ကြောက်လန့်ပြီးတော့မှ အနီးပတ်ဝန်းကျင်ရွာမှာလည်း လုံခြုံရေးတပ်ဖွဲ့တွေက ဝင်စီးတဲ့အခါကျတော့ ရှာဖွေတာပေါ့နော်။ အဲ့ဒီ့အချိန်မှာ တခါထပ်ပြီး လန့်ဖြတ်ပြီးတော့မှ လူတွေက မောင်းတော မြို့ပေါ်တွေရော၊ မြောက်ပိုင်းတွေရော ပြေးပြီးတော့ တော်တော်လေးကို တည်ငြိမ်မှုမရှိဘူးဗျ။ အခုကျနော် ဖုန်းပြောနေတဲ့ အချိန်အထိ မောင်းတောမြို့ရဲ့ တည်ငြိမ်မှုက ၃၀%တောင် မရှိဘူး။ လူတွေ ကျီးလန့်စာစားပြီးမှ ကြောက်ရွံ့နေတဲ့ဟာကို ကျနော်ကို ဖုန်းနဲ့တင်ပြကြတယ်။"

ကိုသားညွန့်ဦး- တချို့သတင်းတွေမှာ မူဆလင်ကျေးရွာတွေက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အသတ် ခံရတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။ အဲ့တာနဲ့ပတ်သက်လို့ ဦးရွှေမောင်းတို့ ဘယ်လောက် အတည်ပြုလို့ရလဲ။

"ရွာသားတွေက အပြင်ကို ထွက်သွားတော့ တချို့မိသားစုနဲ့ကွဲသွားတယ်။ ရွာသားတွေရဲ့ သဘောသဘာဝ အရ ကိုယ့်ဆီမှာ အဖေမပါတော့ဘူး။ အမေမပါလာတော့ဘူး။ နောက်ပြီးတော့ ကလေးတွေ မပါလာတော့ ဘူး။ သူတို့ရဲ့ မိသားစုဝင်တွေ မရှိရင်၊ ပျောက်နေရင်၊ သူတို့က သေနတ်သံလည်း ကြားရတော့ ၊ ဓားတွေနဲ့ ခုတ်တယ်။ လုကြတယ်။ ဒီလိုလည်း မြင်ခဲ့ရတော့ အသတ်ခံရတယ်။ သေတယ်။ ဒီလိုပဲ သူတို့ကပြောကြ မှာပဲ။ လောလောဆယ် ကျနော်တို့ကတော့ ခိုင်မာတိကျတဲ့ အထောက်အထားတွေနဲ့ မတွေ့သေးဘူး။ အဲ့ဒီ့မှာရှိတဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးမင်း၊ အဲ့ဒီ့ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ကို အဲ့ဒီ့ရပ်မိရပ်ဖတွေ အားလုံးကို အဲ့ဒီ့ရွာကို ခေါ်သွားပြီးတော့မှ အဲ့ဒီ့ရွာကြီး အခြေအနေကို ပြမယ်ဆိုရင် အဲ့ဒီ့မှာ ရဲကွပ်ကဲမှုဌာနချုပ်ရှိတော့လေ အကုန်လုံးက သူတို့ကို မေးလို့ရမယ်။ မြန်းလို့ရမယ်။

ပြီးလို့ရှိရင် ရွာသားတွေကိုလည်း လုံခြုံမှုပေးရမယ်။ အကာအကွယ်ပေးရမယ်။ အခုဟာက အကုန်လုံးက တွေ့ကရာ ရွာသားတွေကို ဖမ်းဆီးပြီး စစ်တဲ့အခါကျတော့ လူတွေက ကြောက်လန့်ပြီးမှ သွားတဲ့အခါ ကျတော့ ကျနော်တို့က အမှန်တရားကို ဖော်ထုတ်ဖို့ မလွယ်ဘူး။ ကျနော်တို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အနေနဲ့က လောလောဆယ် အပြန်အလှန် ယုံကြည်မှုမရှိတဲ့အခြေအနေဖြစ်နေတယ်။"

မောင်းတောမြို့မှာ ဖြစ်ခဲ့တဲ့ ဒီရက်ပိုင်း တင်းမာမှုတွေနဲ့ပတ်သက်လို့ အခြေအနေမှန်ကို ပေါ်ပေါက်အောင် စုံစမ်းစစ်ဆေးမှုတွေလုပ်သွားဖို့ဆိုပြီး ရန်ကုန် အမေရိကန်နဲ့ ဗြိတိန်သံရုံးတွေက ထုတ်ပြန်ခဲ့သလို၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် သောမတ်အိုဟေး ကင်တာနားကလည်း တိုက်တွန်းခဲ့ပါတယ်။

လက်ရှိအားဖြင့်တော့ မောင်းတောမြို့နယ်အခြေအနေဟာ တည်ငြိမ်မှုမရှိသေးဘူးလို့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။ နယ်မြေတည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ပြည်နယ် အစိုးရနဲ့ ရဲတပ်ဖွဲ့တင် ဆောင်ရွက်နေတာမဟုတ်ပဲ၊ လွှတ်တော်ပိုင်း ဒေသ လူမှုအဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်းဆောင်ရွက် သွားဖို့ ဆိုပြီးတော့ မောင်းတော ခရိုင် ကိုယ်စားလှယ် လွှတ်တော်အမတ်တွေက တိုက်တွန်းထားကြပါတယ်။

သားညွန့် ဦး (ဗွီအိုအေ)

မြန်မာ ပုဂ္ဂလိက လေကြောင်းလိုင်း AWA က ချင်းမိုင်ခရီးစဉ်ပျံသန်းတော့မယ်


မြန်မာနိုင်ငံ ရန်ကုန်နဲ့ ထိုင်းနိုင်ငံ ချင်းမိုင်တို့ကို ပျံသန်းမယ့် နောက်ထပ် လေကြောင်းလိုင်းတခု ထပ်တိုးလာ ပါတော့မယ်။


အဲဒါကတော့ မြန်မာနိုင်ငံက ပုဂ္ဂလိက လေကြောင်းလိုင်းတခုဖြစ်တဲ့ Asian Wings Airways ပါဘဲ။ Asian Wings Airways ရဲ့ တရားဝင် အင်တာနက်စာမျက်နှာမှာတော့ အခု ဇန်နဝါရီလ ၂၉ ရက်နေ့က စတင်ကာ ရန်ကုန်- ချင်းမိုင်၊ ချင်းမိုင်- မန္တလေး စတဲ့ ခရီးစဉ်တွေကို ပြေးဆွဲမယ်ဖြစ်တဲ့ အကြောင်း ဖော်ပြထားပါ တယ်။

AWA လေကြောင်းလိုင်းဟာ ၂ဝ၁ဝ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့က စတင်လည်ပတ်ခဲ့ တာဖြစ်ပြီး aလကြောင်းလိုင်း ဥက္ကဋ္ဌက ဦးသန်းဦးဖြစ်တယ်လို့ ဝက်ဆိုက်မှာ ဖော်ပြထားတဲ့အချက်အလက်အရ သိရပါတယ်။ 

ထိုင်းနိုင်ငံ ချင်းမိုင်နဲ့ မြန်မာနိုင်ငံ ရန်ကုန်မြို့တို့ကို အပတ်စဉ် ကြာသပတေး၊ တနင်္ဂနွေနေ့တိုင်း လက် ရှိ ပြေးဆွဲနေတဲ့ သူဋ္ဌေး ကြီး ဦးတေဇပိုင် အဲပုဂံလေကြောင်းလိုင်း အပြင် အခု AWA လေကြောင်းလိုင်း တခု တိုးလာပေမယ့် AWA ဝက်ဆိုက် မှာတော့ အသေးစိပ် သတင်းအချက်အလက်ကို ဖော်ပြထားတာ မရှိသေးဘဲ မကြာခင် အသေးစိပ် အချက်အလက်တွေကို ဖော်ပြမှာဖြစ်တယ်လို့ ဆိုထားပါတယ်။


ဒါပေမယ့် မကြာသေးခင်ကပဲ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ AWA က လေကြောင်းပျံသန်းမှုဆိုင်ရာ ရှင်းလင်းပွဲ တခု လုပ်ဆောင်သွားခဲ့ပြီး မကြာခင် ထိုင်း-မြန်မာတိုက်ရိုက်ပျံသန်းတော့မှာဖြစ်တယ် လို့ ပြောသွားခဲ့ပါ တယ်။

ပုသိမ်မူကြိုအတွက် ကိုရီးယားမြန်မာလူငယ်များရဲ့နံရံပန်းချီ



မူကြိုကျောင်းတခုအတွက် နံရံပန်းချီဆွဲ အလှ ဆင်မယ် ဆိုရင် သိန်းနဲ့ချီ ကုန်ကျပါလိမ့်မယ်။ ပေ ၂ဝ ပတ်လည် နံရံတခုအတွက်ပဲ ကုန်ကျစရိတ်က ငါးသောင်း အနည်းဆုံးပါပဲ တဲ့။


ပုသိမ်မြို့ အစိုးရ လူမှုဝန်ထမ်းဌာနမူကြိုကျောင်း ကတော့ ကလေးကြိုက် ကာတွန်းပုံတွေ၊ ပန်းချီပုံ တွေ အခမဲ့ ရေးဆွဲလှူဒါန်းတဲ့ အစီအစဉ်နဲ့ ကြုံကြိုက် ခဲ့ပါတယ်။

မြန်မာနဲ့ ကိုရီးယားနိုင်ငံက YMCA ခရစ်ယာန်လူငယ်တွေ စုပေါင်းပြီးတော့ ဒီလ ၁၂ ရက်နေ့က စတင်ပြီး နံရံဆေးသုတ်ခြင်းနဲ့ ပန်းချီဆွဲခြင်းတွေ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

ဒီအကြောင်း ပုသိမ် YMCAအသင်း အတွင်းရေးမှူး ကိုကျော်မျိုးလှိုင်က ဧရာဝတီကို ပြောပြထားပါတယ်။

“မြန်မာ YMCA ရဲ့ ချိတ်ဆက်ပေးမှုနဲ့ ကိုရီးယားနိုင်ငံဂွမ်ဂျူး YMCA က အထက်တန်းကျောင်းသား လူငယ် တွေက သူတို့မုန့်ဖိုးတွေကိုစုပြီး ဒီနိုင်ငံကို လာတဲ့အခါမှာ အလည်သက်သက် မဟုတ်ဘဲ လူမှုရေး လုပ်ငန်း လေးတွေလည်း လုပ်ချင်တဲ့အခါမှာ ဒီလိုဆေးသုတ်ခြင်းနဲ့ နံရံပန်းချီဆွဲခြင်းကို လုပ်မယ် ဆိုပြီးတော့ ကျနော် တို့နဲ့ ပူးပေါင်း လုပ်ဆောင်ဖြစ်သွားတာပါ”

“ကလေးတွေကဒီပန်းချီ၊ကာတွန်းလေးတွေကို ကြည့်ပြီးတော့မှ သင်ယူချင်စိတ်၊ စာသင်ချင်စိတ်၊ ကျောင်းတက် ချင်တဲ့စိတ်တွေ ပေါ်လာစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဆွဲကြတာပါ”

ကိုရီးယားလူငယ်တွေဟာ ၃ ရက်ကြာ ပန်းချီဆွဲခဲ့ပြီး ရေးဆွဲဖို့ ကျန်နေတဲ့ ပန်းချီပုံတွေကို ပုသိမ်က YMCA လူငယ် တွေကဒီလ ၁၇ ရက်နေ့အထိ လက်စသတ် ရေးဆွဲခဲ့ကြပါတယ် တဲ့။

တခြားနိုင်ငံကလူငယ်တွေ မြန်မာနိုင်ငံကို လာရောက်ပြီး လုပ်အားဒါနပြုကြတာဟာ မြန်မာလူငယ်တွေ အတွက် အတုယူစရာဖြစ်ကြောင်း သူက ဆက်ပြောပါတယ်။

“မြန်မာလူငယ်တွေအနေနဲ့ တခြားနေရာတွေမှာ အချိန်ကုန်ခံ၊ ပိုက်ဆံကုန်ခံနေတာထက်စာရင် အဲဒီဟာကို အတတ်နိုင်ဆုံးလျှော့ ပိုက်ဆံစုပြီး ဒီလိုအစီအစဉ်လေးတွေမှာပါဝင်ရင် အရမ်းကောင်းမှာပါ။ ဒီလိုမျိုး ပံ့ပိုးကူညီမှု လိုအပ်နေတဲ့ကျောင်းတွေ အများကြီးရှိနေပါတယ်”

ပုသိမ်မူကြိုကျောင်းအုပ်ဆရာမ ဒေါ်မြတ်မြတ်သင်းကလည်း အခမဲ့မေတ္တာနဲ့ ရေးဆွဲပေးခဲ့တဲ့ မြန်မာနဲ့ ကိုရီးယား YMCA ခရစ်ယာန်လူငယ်တွေကို ကျေးဇူးတင်ကြောင်း ပြောပါတယ်။

“ကျမတို့ တအား ၀မ်းသာပါတယ်။ သူတို့ ကိုရီးယားတွေကလည်း သူတို့မုန့်ဖိုးလေးတွေနဲ့ စုဆောင်းပြီး လာဆွဲ ပေးကြတာလေ။ သူတို့ရင်ထဲကလူမှုရေးစိတ်ဓာတ်တွေက တအား ချီးကျူးဖို့ ကောင်းပါတယ်။ ကလေး တွေကတော့ ကာတွန်းပုံလေးတွေ မြင်ပြီးတော့ တအားကြည်နူးကြတယ်။ ပျော်နေကြတယ်”

ပုသိမ်မူကြိုမှာအသက် ၃ နှစ်က ၅ နှစ်အတွင်းကျောင်းသားကလေးငယ် ၂၀၀ ကျော် ရှိပြီး ကလေးတွေကို လိမ္မာယဉ်ကျေးအောင်၊ အသိဥာဏ်ထက်မြက်အောင်၊ ပေါင်းသင်းဆက်ဆံရေးနဲ့ သင်ယူလေ့လာ နိုင်စွမ်း တွေ တိုးတက်လာအောင် လေ့ကျင့်သင်ကြားပေးနေကြောင်း သိရပါတယ်။










ဓာတ်ပုံများ - ဆလိုင်းသန့်စင် / ဧရာဝတီ

ရန်ကုန်သားများ ကြွက်သား ဝယ်စားမိနေပြီလား



ရန်ကုန်မှာ ထမင်းဆိုင်ထိုင်တဲ့အခါ ကြက်အသည်း အမြစ် မှာစားသူ အများအပြားရှိတာ တွေ့ရမှာပါ။

အသည်းအမြစ်က ကြက်သားဟင်းထက်တောင် ဈေးပိုနေပါလိမ့်မယ်။


အဲသလို ရန်ကုန်ဈေးကွက်မှာလူကြိုက်များတဲ့ အသည်း အမြစ်ကို အင်ထုပြီး ရောင်းနေတာတွေ ရှိတယ်လို့ အသည်းအထူးကု ပါမောက္ခ ဦးခင်မောင်ဝင်းက ပြောဆိုကြောင်း ဒီတပတ်ထုတ် လျှပ်တစ်ပြက်ဂျာနယ် စာမျက်နှာ ၅ မှာ ရေးထားပါ တယ်။

"ကြွက်အကြီးကြီးတွေ အပုံလိုက်ကြီး၊ ရာနဲ့ချီပြီးပုံတယ်၊ ဘယ်လိုဖမ်းထားလဲတော့ မသိဘူး။ အဲဒီထဲက အသည်းတွေကိုထုတ်၊ အသည်းတွေကလည်း အကြီးကြီးတွေ၊ ကြက်အသည်းတွေလောက် ရှိတယ်။ အဲဒါတွေကို မြို့ထဲက စားသောက်ဆိုင်တွေမှာ သွင်းတာ တဲ့။ ဖြစ်ရပ်မှန်ပဲ။ လေးထောင့်ကန်မှာ မနက် (၅)နာရီလောက် သွားရင် ဒိုင်တွေ ရှိတယ်။ ကြွက်အကြီးကြီးတွေ၊ အသည်းတွေလည်း အစုံရှိတယ်။ အဲတော့ ကိုယ်စားတာ ကြက်အသည်းလား ကြွက်အသည်းလား ခွဲခြားကြပါ" လို့ ဦးခင်မောင်ဝင်းက ပြောဆိုကြောင်း ဂျာနယ်မှာ ရေးပါတယ်။

ကြွက်များရဲ့ အသားကို ဘာလုပ်ပစ်တယ်ဆိုတာကိုတော့ ပြောဆိုထားတာ မတွေ့ရပါဘူး။

အဲဒီဖြစ်ရပ်က တကယ်ပဲလား။ အင်း... လေးထောင့်ကန်ရပ်မှာ မနက်စောစော သွားကြည့်ရင် သိမယ် ထင်ပါရဲ့။ အဲ.... လေးထောင့်ကန် ဆိုတာ ရန်ကုန်မှာ ၂ ခု ရှိတယ် တဲ့။ သင်္ဃန်းကျွန်းမှာလည်းရှိ၊ ရွာသာကြီး ဘက်မှာလည်း ရှိတယ် ဆိုပဲ။ ရွာသာကြီးဘက်မှာ လယ်ကွင်းတွေလည်း ရှိတယ် တဲ့။

ပါမောက္ခဦးခင်မောင်ဝင်းပြောတယ်ဆိုတဲ့ ကြွက်တွေက လယ်ကွင်းထဲက ကြွက်တွေလား၊ လမ်းကြို လမ်းကြား အိမ်ကြိုအိမ်ကြားက ကြွက်တွေလား???

ဒါလည်း ကိုယ်တိုင်ကိုယ်ကျ သွားကြည့်မှ အဖြေသိရမှာပါ။

လယ်ကွင်းထဲကကြွက်တွေ ဆိုရင်တော့ ... အင်း .... ဟင်းအဖြစ် ကင်စား ကြော်စားနေကြတာပဲ မဟုတ်လား။ အဲဒီကြွက်များရဲ့ အသည်းအမြစ်ကလည်း ဟင်းဖြစ်ဝါးဖြစ် ဖြစ်နိုင်ပါလိမ့်မယ်။

ရန်ကုန်လမ်းကြိုလမ်းကြား အိမ်ကြိုအိမ်ကြားက ကြွက်တွေဆိုရင်တော့ ... သေချာတာက အမှိုက်တွေ ကြားထဲနေတဲ့ကြွက်များပါပဲ။ သူတို့ရဲ့အသည်းအမြစ်၊ အသား ဆိုတာက စားဖို့ သင့်တော်မယ် မထင်ပါ။

ကြွက်နဲ့ကြက် လိမ်ရောင်းတာမျိုးက ကျင့်ဝတ်၊ ဥပဒေ ချိုးဖောက်ခြင်းပါ။ မြို့ကြွက် ဆိုရင် ကျန်းမာရေးအရ မသင့်တော်တဲ့အတွက် အရေးတကြီး ရှင်းရမယ့် ပြဿနာပါ။

ဒီတော့ ... ရန်ကုန်စားသောက်ဆိုင်ဈေးကွက်ထဲရောက်နေတယ်ဆိုတဲ့ အသည်းအမြစ်ကုန်ကြမ်းက မည်သို့သော ကြွက်အမျိုးအစားဆီကလာသလဲ ဆိုတာကို စာဖတ်သူများ သိသင့်ပါတယ်။

ကဲ... သတင်းသမားအပေါင်းတို့၊ အထူးသဖြင့် လေးထောင့်ကန်များအနီး နေထိုင်ကြကုန်သော သတင်းထောက်အပေါင်း၊ CJ အပေါင်းတို့... ရန်ကုန်မြို့စားသုံးသူများအရေးအတွက် စုံစမ်းထောက်လှမ်း ဖော်ထုတ်ဖို့ တာဝန်ဟာ သင်တို့၏ပုခုံးထက်သို့ ကျရောက်နေပြီဖြစ်ပါကြောင်း။ 

အာဆီယံ မသန်စွမ်း ပြိုင်ပွဲ မြန်မာ ပဉ္စမ နေရာရရှိ


အာဆီယံ မသန်စွမ်း ပြိုင်ပွဲ, ၇ ကြိမ်မြောက်, မြန်မာ, ပဉ္စမ, အာဆီယံ ၁၀ နိုင်ငံ

၇ ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစား ပြိုင်ပွဲကို နေပြည်တော် ၀ဏ္ဏသိဒ္ဓိ အားကစားကွင်း တွင် ကျင်းပရာ၌ မြန်မာနိုင်ငံက စုစုပေါင်း ဆု ၉၆ ဆုဖြင့် နိုင်ငံ အလိုက် ပဉ္စမ နေရာတွင် ရပ်တည်နိုင် ခဲ့ကြောင်း သိရသည်။


ယင်း ပြိုင်ပွဲ၌ မြန်မာနိုင်ငံက ရွှေ ၃၄ ခု၊ ငွေ ၂၆ ခု၊ ကြေး ၃၆ ခု ရရှိခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဇန်နဝါရီ ၁၄ ရက်မှ ၂၀ ရက်အထိ ပထမဆုံးအကြိမ် လက်ခံကျင်းပသည့် မသန်စွမ်း အားကစားပြိုင်ပွဲတွင် စစ်မှုထမ်းဟောင်းများ အပါအဝင် မြန်မာအားကစားသမား စုစုပေါင်း၂၀၀ ကျော် ပါဝင်သည်။

ပြိုင်ပွဲမတိုင်ခင် ၂ နှစ်ခန့်အလိုမှသာ မြန်မာနိုင်ငံ မသန်စွမ်း အားကစား အဖွဲ့ချုပ်က အနယ်နယ်အရပ်ရပ်မှ မသန်စွမ်းသူ အား ကစား သမားများ၊ ယှဉ်ပြိုင်လိုသူ မသန်စွမ်းသမားများကို စုစည်းလေ့ကျင့်ပေးနိုင်ရန် မသန်စွမ်းသူများအရေး လှုပ်ရှား ဆောင်ရွက် နေသည့် အဖွဲ့အစည်းများသို့ အကူအညီတောင်းခဲ့ခြင်း ဖြစ်သည်။

တချို့ဆိုလျှင် ပြိုင်ပွဲကျင်းပရန် လပိုင်းအလိုမှသာ ပြင်ဆင် လေ့ကျင့်ခဲ့ရသူများ ရှိသည်ဟုလည်း သိရသည်။

“အိမ်ရှင်နိုင်ငံဆိုတဲ့ အားသာချက်ကလွဲလို့ ဘာမှမရှိဘူး၊ တကယ်ဆို အားကစားသမားတွေကို အစိုးရက မက်လုံးပေးပြီး ယှဉ်ပြိုင် ခိုင်းခဲ့သင့်တာပေါ့၊ အစိုးရက မသန်စွမ်း အားကစားသမားတွေကို ပံ့ပိုးနေတယ်ဆိုတာ သတင်းစာတွေပေါ်မှာပဲ ရှိတာ”ဟု ရွှေမင်း သား ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးမြတ်သူဝင်း က ပြောသည်။

ရွှေမင်းသား ဖောင်ဒေးရှင်းသည် မသန်စွမ်းသူများ က ဦးဆောင် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းတခုဖြစ်ပြီး မသန်စွမ်းသူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး နှင့် အလုပ်အကိုင် စသည့် အခွင့်အလမ်းများကို ဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်း တခုဖြစ် သည်။

မြန်မာနိုင်ငံတွင် ပထမဆုံးကျင်းပခဲ့သည့် အရှေ့တောင်အာရှ မသန်စွမ်းအားကစားပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အားကစားများ၏ လေ့ကျင့် မှု၊ ကြံ့ခိုင်မှုများမှာ အခြားနိုင်ငံများထက် အားနည်းသကဲ့သို့ အစိုးရ ဘက်က ပံ့ပိုးမှုလိုအပ်ချက်များစွာ ရှိခဲ့ကြောင်း၊ အစိုးက မသန်စွမ်း သူများအပေါ် ခွဲခြားဆက်ဆံခြင်း၊ လျစ်လျူ ရှုခြင်း ခံနေကြရဆဲဖြစ်သည်ဟု မသန်စွမ်းအဖွဲ့အစည်းများက ပြောသည်။

ထို့ပြင် အထောက်အကူပြု ပစ္စည်းနှင့် နည်းပညာပိုင်းတွင်လည်း ထောက်ပံ့မှု အားနည်းကြောင်း သိရသည်။

“အစပိုင်းကတည်းက အစိုးရက မသန်စွမ်းပြိုင်ပွဲကို အလေးမထားခဲ့တော့ စီးပွားရေးသမားတွေနဲ့ လူထုက ပြိုင်ပွဲတွေအပေါ် ဘယ် စိတ်ဝင်စားတော့မလဲ”ဟု မသန်စွမ်း ရှေ့ဆောင်အဖွဲ့ချုပ် အစီအစဉ် ဒါရိုက်တာ ကိုနေလင်းစိုး က ပြောသည်။

မသန်စွမ်း အားကစားပြိုင်ပွဲ ရွှေဆုရသူများကိုမူ ငွေကျပ် ၁ သိန်း၊ ၂သိန်း ဟူ၍ အများဆုံးချီးမြှင့်ထားပြီး ထိုက်ထိုက်တန်တန် ချီးမြှင့် မည်ဟု တာဝန်ရှိသူများက ပြောဆိုထားကြသော်လည်း မည်သည့်အကြောင်းပြန်ခြင်းမှ မရှိသေးကြောင်း ပါဝင်ယှဉ်ပြိုင်နေကြ သည့် အားကစားသမားများက ပြောဆိုသည်။

လိပ်ပြာပုံစံ ရေကူး အားကစားနည်းတွင် ရွှေတံဆိပ်ဆုရရှိခဲ့သူ ၁၆ နှစ်အရွယ် မသန်စွမ်းကစားသမား မေထူးမွန်က“အရင်တုန်း ကတော့ ရေကူး အားကစားလည်း မလုပ်ခဲ့ဖူးဘူး၊ ဒါပေမယ့် ပထမဆုံးပြိုင်ပွဲမှာ ရွှေတံဆိပ် ဆုလည်း ရခဲ့တော့ ပျော်တယ်၊ ထိုက် ထိုက်တန်တန် ဆုချမယ်တော့ ပြောတာပဲ၊ ဘာမှမကြားသေးဘူး”ဟု ဧရာဝတီသို့ ပြောသည်။

မွေးရာပါ အခြေအနေအဖြစ် လက် ၂ ဘက်၊ ခြေ ၂ ဘက်စလုံး မသန်စွမ်းသော်လည်း ရွှေတံဆိပ်ဆု ရခဲ့သကဲ့သို့ အာရှစံချိန်သစ်ကို ချိုးနိုင်ခဲ့သူ ဖြစ်သည်။

လက်ရှိတွင် ရေကူး အားကစားသမား မေထူးမွန်ကို နိုင်ငံတော်က ရွှေဆုရ အားကစားသမားတဦးအဖြစ် ငွေ ကျပ် ၁ သိန်း ဆုချီးမြှင့် ထားသည်။

အရှေ့တောင်အာရှ မသန်စွမ်း အားကစားပြိုင်ပွဲတွင် မြန်မာ စီးပွားရေး လုပ်ငန်း ကုမ္ပဏီများ၏ အထောက်အပံ့ပေးမှုလည်း နည်းပါးသည်ဟု သိရသည်။

“အစိုးရ ပေးခိုင်းရင် သူတို့ အကျိုးအမြတ်မရှိရင်တောင် ကြောက်လန့်ပြီး ပေးကြမှာပဲ၊ အခုတော့ အစိုးရကလည်း ဘာမှမပြော ကုမ္ပဏီတွေကလည်း သူတို့အကျိုးမရှိတော့ ဘာစပွန်ဆာမှ မပေးဘူး”ဟု ဦးမြတ်သူဝင်းက ပြောသည်။

ပြိုင်ပွဲတွင် မျက်မမြင် လျှောက်လမ်း၊ ဝှီးချဲ သွားလမ်းများ၊ အိမ်သာများ၊ သင်္ကေတများ အပါအဝင် နေ့စားစရိတ် စီစဉ်ပေးမှုက အစ အားကစား သမားတွေအတွက် အဆင်မပြေကြောင်း သိရသည်။

“မသန်စွမ်းသူတွေကို ဆုတံဆိပ်တွေထက် သူတို့ရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးချင်လို့ လုပ်တဲ့သဘောဖြစ်နိုင်တယ်၊ လူကောင်း တွေ အတွက် လုပ်ခဲ့တဲ့ပြိုင်ပွဲတွေမှာတောင် ဘတ်ဂျက် သုံးစွဲမှုက နည်းခဲ့တာပဲ၊ မသန်စွမ်းသူတွေ အတွက် ဆိုတော့ ပိုဆိုးသွားတာပေါ့” ဟု ဝါရင့် အားကစား ကလောင်ရှင် ဦးခင်မောင်ထွေးက ပြောဆိုသည်။

မြန်မာ အားကစားသမားများအနေဖြင့် နည်းစနစ်၊ ကြံ့ခိုင်မှု တို့တွင် အခြားနိုင်ငံများထက် များစွာနောက်ကျနေသည့် အနေအထား ကိုလည်း တွေ့နေရသည်ဟု သူက ဆိုသည်။

“အစိုးရဘက်က မသန်စွမ်းဘူးဆိုတဲ့ အားနည်းချက်ကိုပဲကြည့်ကြတယ်၊ မသန်စွမ်းတွေလည်း အများနည်းတူ စွမ်းဆောင်နိုင်ပါလား ဆိုတာကို မကြည့်ကြဘူး၊ ကျနော်တို့တွေအတွက် လှုံ့ဆော်ပေးမှုအားနည်းတယ်၊ ပြင်ဆင်ချိန်တွေ အားနည်းခဲ့တယ်”ဟု ကိုနေလင်းစိုးက ပြောသည်။

ရေကူးအားကစားနည်း ရွှေ ၂ ဆုရခဲ့သူ အောင်ငြိမ်းဦးက“မင်းနိုင်ငံခြားခရီးတွေလည်းထွက်ရမယ်လို့ ဆရာတွေကပြောပြခဲ့တော့ သွားချင်လို့ အစွမ်းကုန်ကြိုးစားခဲ့တယ်၊ ရေကူး အားကစားနည်းကို ငယ်ငယ်ကတည်းက ဝါသနာလည်းပါခဲ့တယ်”ဟု ပြောပြသည်။

အောင်ငြိမ်းဦးသည် မန္တလေးဇာတိဖြစ်ပြီး ငယ်စဉ်ကတည်းက လက်နှစ်ဘက်လုံးမရှိသည့် မသန်စွမ်းသူ တဦးဖြစ်သော်လည်း ရေကူး အားကစားနည်းက သူ၏ ငယ်ဘဝရည်မှန်းချက်ဖြစ်သည်ဟု သိရသည်။

၂၀၀၇ ခုနှစ်ကစတင်ကာ ပြိုင်ပွဲဝင်ရန် ကြိုးပမ်းခဲ့ပြီး ၂၀၁၀ ၌ အင်ဒိုနီးရှားနိုင်ငံတွင် ပြုလုပ်သည့် ၆ ကြိမ်မြောက်အာဆီယံ ၁၀ နိုင်ငံ မသန်စွမ်း အားကစားပြိုင်ပွဲတွင် ရွှေ ၂ ဆု ရခဲ့သူဖြစ်သည်။

၇ ကြိမ်မြောက်အရှေ့တောင်အာရှ မသန်စွမ်းအားကစားပြိုင်ပွဲတွင် အင်ဒိုနီးရှားက ရွှေ ၉၉ ခု ဆုတံဆိပ်ပေါင်း ၂၁၇ ခုဖြင့် ပထမ နေ ရာတွင်လည်းကောင်း၊ ထိုင်းနိုင်ငံက ရွှေတံဆိပ် ၉၆ ခု ဆုတံဆိပ်ပေါင်း ၂၄၈ ခုဖြင့် ဒုတိယ နေရာနှင့် မလေးရှားနိုင်ငံက ရွှေတံဆိပ် ၅၀ ၊ ဆုတံဆိပ်ပေါင်း ၁၄၀ ဖြင့် တတိယနေရာတွင် ရရှိခဲ့သည်။

နေပြည်တော်တွင် ကျင်းပသော ၇ ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစာပြိုင်ပွဲ၌ ဘီးတပ် ဘတ်စကက်ဘော မြန်မာနှင့် ထိုင်းအသင်း ယှဉ်ပြိုင်နေစဉ်(ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

သေဒဏ် ချမှတ်နိုင်သည့် ပြစ်ဒဏ် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေကြမ်းတွင် ပါရှိ


အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေကြမ်း,ထောင်ဒဏ် တသက်, သေဒဏ်

အကြမ်းဖက်မှု တခုခု ကျူးလွန်ကြောင်း ပြစ်မှု ထင် ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ထောင် ဒဏ် ဆယ်နှစ်မှ အများဆုံး ထောင်ဒဏ် တသက် ဖြစ်စေ၊ သေဒဏ်ဖြစ်စေ ချမှတ်မည်ဖြစ် ကြောင်း အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေမူကြမ်းတွင် ဖော်ပြ ထား သည်ကို တွေ့ရသည်။


အဆိုပါ ဥပဒေကြမ်းကို ဇန်န၀ါရီ ၂၀ ရက်ထုတ် နိုင်ငံပိုင် သတင်းစာများ၌ ဖော်ပြထားရာတွင် အခန်း ၁၉ ခန်း ပါဝင်ပြီး အကြမ်းဖက် မှုနှင့် သက်ဆိုင်သည့် အမျိုးအစားများကို အခန်းစဉ်လိုက် သတ်မှတ် ခွဲခြား ထားသည်ကို တွေ့ရသည်။

အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့ ဖွဲ့စည်းရာတွင် ပြည်ထဲရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးက ဥက္ကဌ အဖြစ်တာဝန် ယူ ရ မည် ဖြစ်သည်ဟု ယင်းဥပဒေကြမ်းတွင် ပါရှိသည်။

အဆိုပါ ဥပဒေကြမ်းတွင် နျူကလီးယား ဒြပ်ပစ္စည်း၊ ရေဒီယိုသတ္တိကြွ ဒြပ်ပစ္စည်း၊ နျူကလီးယား အဆောက် အအုံများနှင့် သက်ဆိုင် သည့် ပြစ်မှုများနှင့် ဇီဝ၊ ဓာတုနှင့် နျူကလီးယား လက်နက်များအား တားဆီး နှိမ်နင်းရေး အစရှိသည့် အကြမ်းဖက်မှုများကို ပြစ်မှုပြစ် ဒဏ် ချမှတ် အရေးယူခြင်းကိုပါ ထည့်သွင်း ရေးသား ဖော်ပြထားသည်ကို တွေ့ရသည်။

ထို့အပြင် မြို့ပြလေကြောင်း ပျံသန်းရေးနှင့် လေဆိပ်တို့ကို ဘေးအန္တရာယ်ဖြစ်စေသည့် ဥပဒေမဲ့ ပြုလုပ် မှုများအား တားဆီးနှိမ်နင်း ရေးနှင့် တိုက်ဖျက်ရေး၊ လေယာဉ် ဝန်ဆောင်မှုပေးချိန် ဘေးအန္တရာယ် ဖြစ်စေရန် လေယာဉ်ပေါ်တွင် ကျူးလွန်သည့် ပြစ်မှု၊ လေ ယာဉ် ကို ဥပဒေနှင့်မညီဘဲ တမင် သိမ်းပိုက်မှု၊ အပြည် ပြည်ဆိုင်ရာ အကာအကွယ်ပေးရမည့် ပုဂ္ဂိုလ်များအပေါ် ကျူးလွန်မှုများအား တားဆီး နှိမ်နင်းရေး၊ ဓားစာခံအဖြစ် ဖမ်းဆီး ထိန်းသိမ်းမှုများအား တားဆီးနှိမ်နင်းရေး ပြစ်ဒဏ်များလည်း ပါဝင်သည်ကို တွေ့ရ သည်။

အဆိုပါပြစ်မှုများထဲမှ တခုခုကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရသူအား အနည်းဆုံး ထောင်ဒဏ် ဆယ်နှစ်မှ အများဆုံး ထောင်ဒဏ် နှစ် ၂၀အထိ ဖြစ်စေ၊ ထောင်ဒဏ် တသက်ဖြစ်စေ၊ သေဒဏ် ဖြစ်စေ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေကြမ်းတွင် ဖော်ပြထားသည်။

ဧရာဝတီ

မူးယစ်မှောင်ခိုများနှင့် ထိုင်း စစ်တပ် တာချီလိတ်အနီး ပစ်ခတ်မှု ဖြစ်ပွား


မူးယစ်ဆေးဝါး, တိုက်ပွဲ, တာချီလိတ်, ထိုင်း စစ်တပ်, မြန်မာ နယ်စပ်, UWSA, ၀ပြည် သွေးစည်း ညီညွတ်ရေး

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ အနီး၌ မြန်မာ နိုင်ငံဘက်မှ မူးယစ်ဆေး သယ်ဆောင် လာသည်ဟု ယူဆရသည့် အဖွဲ့နှင့် ထိုင်း နယ်ခြားစောင့် စစ်တပ် တို့ ယမန်နေ့ နံနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားပြီး ၄ ဦး အသေ ဖမ်းမိကြောင်း သတင်းရသည်။


ဒဏ်ရာရသူ ၁ ဦး နှင့် မူးယစ်ဆေးဝါးများကိုလည်း ထိုင်း အာဏာပိုင်များက ဖမ်းဆီးရမိကြောင်း သိရသည်။

အိတ် ၂၅ အိတ်ဖြင့် ထည့်ထားသည့် မက်သာအဖက်တမင်း စိတ်ကြွဆေးပြား ၅ သောင်း၊ ဘိန်းဖြူ ၂ ကီလို ဂရမ် ပါဝင်သော အထုပ် ၁၃ ထုပ်၊ အေကေ ၄၇ အမျိုးအစား မောင်းပြန်ရိုင်ဖယ် တလက်၊ သေနတ် အတို တလက်၊ တရုတ်နိုင်ငံလုပ် လက်ပစ် ဗုံး တလုံးတို့ကို ထိုင်းနယ်ခြားစောင့် စစ်တပ်က သိမ်းဆီးရမိသည်ဟု ယနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြ ထား သည်။

ထိုင်းနယ်ခြားစောင့် တပ်မဟာ ၃၁ လက်အောက်ခံ တပ်စုအမှတ် ၃၁၀၈ နှင့် ၃၁၀၉ မှ ဒုဗိုလ်မှူးကြီး ယင်းဆေး ဦးစီးသော ၀ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်(UWSA) တပ်ဖွဲ့မှ မူးယစ်ဆေး သယ်ဆောင်လာမည့် အဖွဲ့တဖွဲ့သည် ထိုင်းနိုင်ငံ ချင်းရိုင် ဒေသ၊ မယ်ကျန်ခရိုင် အတွင်းရှိ လွိုင်ဆမ်စပ် နယ်အနီးရှိ နယ်စပ်ကို ဖြတ်ကျော်လာမည်ဟု သတင်းအရ ထိုင်းစစ်တပ်က စောင့်ဆိုင်းနေရာ လက်နက်ကိုင် ၈ ဦးပါ အဖွဲ့အား စစ်ဆေးရန် ရပ်တန့်စေရာတွင် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု ဘန်ကောက်ပို့စ် သတင်းက ဆိုသည်။

တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် မူးယစ်မှောင်ခို အဖွဲ့သည် နယ်စပ် ချောင်းကို ဖြတ်ကူး၍ ထွက်ပြေး သွား ကြောင်း၊ ထွက်ပြေးသွားသူများနောက်သို့ ရဟတ်ယာဉ် အသုံးပြု၍ လိုက်လံဖမ်းဆီးရာတွင် ခြေထောက် တွင် ဒဏ်ရာရနေသော လူတဦးကို ဖမ်းမိခဲ့ပြီး ကျန်လူများမှာ လွတ်မြောက်သွားကြောင်း သတင်းတွင် ဆက်လက် ဖော်ပြထားသည်။

တိုက်ပွဲဖြစ်ပွားရာ နေရာတွင် အလောင်း ၄ လောင်း၊ မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းတချို့ကို တွေ့ရှိရကြောင်း နှင့် ချင်းရိုင်ခရိုင် ရဲဋ္ဌာန၏ ရဲမှူးချုပ် ၀န်ချိုင်း ဆုဝန်သီရိခက်နှင့် ဖမုန် အထူးစစ်တပ်မှ ဗိုလ်မှူးကြီး ယုံဂျီယွသ် လောင်ခက်ခန်တို့က အခင်းဖြစ်ပွားရာသို့ သွားရောက်စစ်ဆေးခဲ့သည်ဟုလည်း အဆိုပါ သတင်းတွင် ဖော်ပြပါရှိသည်။

ယခု ဖြစ်စဉ်နှင့်ပတ်သက်ပြီး UWSA သို့ မေးမြန်းရန် ဧရာဝတီ က ဆက်သွယ်သော်လည်း မရရှိပေ။

UWSA မှ ဦးယင်းဆေးအား ထိုင်းနိုင်ငံက မူးယစ်ဆေးဝါး ကုန်သွယ်မှုအတွက် အလိုရှိနေသော တရားခံ တဦး အဖြစ် သတ်မှတ် ကြေညာထားကြောင်း ထိုင်း သတင်းများတွင် ဖော်ပြထားသည်။

နိုင်ငံတကာ ရဲတပ်ဖွဲ့ အင်တာပိုလ် (Interpol) နှင့် ပူးတွဲလုပ်ဆောင်နေသော ထိုင်း နိုင်ငံ၏ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဘုတ် အဖွဲ့ရုံးက UWSA မှ ဦးယင်းဆေးသည် ထိုင်းနိုင်ငံ အတွင်းသို့ မူးယစ်ဆေးများ တင်သွင်းသူ၊ မူးယစ်ဆေးဝါးများကို နိုင်ငံ တကာသို့ ထိုင်းနိုင်ငံမှ တဆင့် ဖြန့်ချိသည့် အထောက်အထားများ အခိုင်အမာ ရှိသည်ဟု ထိုင်း ရဲဗိုလ်ချုပ် Pongsapat က ထုတ်ဖော်ပြောဆိုပြီး ၎င်းအား ထိုင်း ဘတ်ငွေ ၅ သန်းဖြင့် အလိုရှိသူအဖြစ် သတ်မှတ် ကြေညာခဲ့သည်။