Thursday, January 16, 2014

လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များသိရှိနိုင်ရန် webstie လွှင့်တင်မည်



လက်ပံတောင်းတောင် ကြေး နီစီမံကိန်း နှင့် ပတ်သက် ၍ ပတ်ဝန်း ကျင်ထိန်းသိမ်းရေး လုပ် ဆောင် နေမှု အခြေအနေကို အချိန်နှင့်တစ်ပြေးညီ သိရှိ နိုင်ရန်အတွက် Website လွှင့် တင် ထုတ်ပြန် သွားမည်ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဦးနေအေးက ပြော သည်။ အဆိုပါ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းနှင့် ပတ်သက်သည့် ပတ်ဝန်းကျင်နှင့် လူမှုရေးထိခိုက်မှု ဆန်းစစ်ချက်(ESIA) အစီရင်ခံစာ နှင့် ပတ်သက်ပြီး ဇန်နဝါရီ ၁၂ ရက်က ဆားလင်းကြီးမြို့နယ် မြို့နယ်ခန်းမ တွင် ကျင်းပသောဆွေးနွေးပွဲ၌ ပြော ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ဦးနေအေးက ““ESIA ကို ဒေသ ခံပြည်သူတွေအပါအဝင် ပြည်သူတစ် ရပ်လုံး သိရှိနိုင်ဖို့အတွက် ESIA မူ ကြမ်းကို မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာ နဲ့ အကျဉ်းချုပ်ကို စီမံကိန်း Website မှာတင်နိုင်ဖို့ အမြန်ဆုံး ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ လက်ပံ တောင်း တောင် ကြေးနီစီမံကိန်းနဲ့ပတ်သက် ပြီး ဖွင့်လှစ်ထားတဲ့ ဆက်ဆံရေးရုံးမှာ အစီရင်ခံစာကို လေ့လာနိုင်ဖို့ ဆောင် ရွက်သွားမှာပါ””ဟု ပြောသည်။ ယင်းက ဆက် လက်၍ ယခုစီမံ ကိန်းသည် နိုင်ငံတော်နှင့် ပြည်သူတို့ အတွက် အရေးကြီး သည့် စီမံကိန်းဖြစ် သည့် အတွက် အစီရင်ခံစာ စိစစ်သုံး သပ်ရေးအဖွဲ့အနေဖြင့် စနစ်တကျ သုံးသပ်လျက်ရှိပါကြောင်း၊ ဒေသခံ ပြည်သူ များအပါအဝင် ပြည်သူတစ် ရပ်လုံး သိရှိနိုင်ရန်အတွက် အစီရင် ခံစာပါ အချက်အလက်များကို အသိ ပေး တင်ပြသွားမည်ဟု ပြောသည်။

အဆိုပါစီမံကိန်းနှင့် ပတ်သက် ပြီး ESIA ကို သြစတြေးလျနိုင်ငံ Knight Piesold ကုမ္ပဏီက လုပ်ကိုင် ဆောင်ရွက်နေပြီး လက်ရှိတွင် မူကြမ်း အဆင့်သာရှိနေဟု သိရသည်။ ယင်းနှင့်ပတ်သက်ပြီး လက်ပံ တောင်းတောင်ဒေသခံ ဒေါ်စန္ဒာက ““ပြောတဲ့ အတိုင်းလုပ်ရင်တော့ ကောင်း ပါတယ်။ ဒါပေမဲ့ အခု ESIA လုပ်နေ ပေမယ့် ပညာရှင်တွေအနေနဲ့ ဒေသ ခံတွေလောက် ပထဝီအနေအထားကို မသိနိုင်ပါဘူး။ ဒေသခံတွေပါ ပူးပေါင်း ပါဝင်သင့်ပါတယ်””ဟု ပြောသည်။

လက်ပံတောင်းတောင် ပတ်ဝန်း ကျင်ထိန်းသိမ်းရေး လက်ပံတောင်း တောင်ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေး ရေးကော်မရှင်၏ အစီရင်ခံစာကို အ ကောင်အထည် ဖော်ဆောင်နိုင်ရန် အတွက် အကောင်အထည် ဖော်ဆောင် ရေးကော်မတီကို ၂၀၁၃ မတ်လ ၁၁ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး သိမ်းဆည်း မြေယာများ စိစစ် ရေးအဖွဲ့၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့၊ လူ မှုစီးပွားရေးဆိုင်ရာ အကောင်အထည် ဖော်ဆောင် ရေးအဖွဲ့၊ သာသနိကအ ဆောက်အအုံများ ရွှေ့ပြောင်းခြင်းနှင့် ပြန်လည် တည်ဆောက်ရေး အဖွဲ့ဟူ သည့် အဖွဲ့လေးဖွဲ့ခွဲကာ ဆောင်ရွက် နေကြောင်း သိရသည်။

လက်ပံတောင်းတောင် စီမံကိန်းအတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင်တစ်ဦးကိုတွေ့ရစဉ်။
Photo - AFP

Yangon Media Gro

သမ္မတဦးသိန်းစိန်ကိုမဲပေးရန် သီတဂူဆရာတော်တိုက်တွန်း



နိုင်ငံ့အကျိုး၊ သာသနာ့အကျိုးသယ်ပိုးခဲ့သည့် သမ္မတဦးသိန်းစိန်ကို ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ တွ င် ထောက်ခံ မဲပေးကြရန် သီတဂူဆရာတော် ဘဒ္ဒ န္တ ဉာဏိဿရက အထက်မြန်မာပြည် အမျိုး ဘာသာသနာစောင့်ရှောက်ရေး အဖွဲ့ သြ၀ါဒခံယူပွဲ တွင် တိုက်တွန်းမိန့်ကြားလိုက်သည်။


ဗုဒ္ဓဘာသာဝင်အများစုက ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာလျှင် အမျိုးသာသနာမှေးမှိန်နိုင် စရာ ရှိသည်ဟု ယုံကြည်နေကြ၍ သမ္မဦးသိန်းစိန်ကို ထောက်ခံမဲပေးရန် မိန့်ကြားခြင်းဖြစ်ကြောင်း သီတဂူ ဆရာတော်က ဆိုသည်။ အမျိုးဘာသာသနာစောင့်ရှောက်ရေး အဖွဲ့ သြ၀ါဒခံယူပွဲသို့ တက်ရောက်နေ သည့် NLD ပါတီဝင်အချို့ကလည်း ဆရာတော်၏ တိုက်တွန်းချက်ကို ထောက်ခံ ကြောင်း အဆိုပါပွဲကို တက်ရောက်နေသည့် ဦးလှိုင်ထူးအောင်က People Power သို့ ဆက်သွယ်ပြောကြား သည်။

NLD ပါတီအမျိုးသား လွတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးကိုလည်း အမျိုးဘာသာသနာ အကျိုးသယ်ပိုးခဲ့သည့်အတွက်လည်း သြ၀ါဒပေးသည့်ဆရာတော်များက တညီတစ်ညွတ်တည်း ချီးကျူး ဂုဏ်ပြုခဲ့ ကြောင်း ၎င်းကမှတ်ချက်ပြုပြောဆိုသည်။

မန္တလေးမြို့ မဟာအတုလ ဝေယံဘုံသာ အတုမရှိကျောင်းတော်ကြီးတွင်ကျင်းပသည့် ပွဲကို မြန်မာနိုင်ငံ အရပ်ရပ်မှ ဆရာတော်အပါး ၄၀၀ တက်ရောက်ခဲ့ပြီး လူပုဂ္ဂိုလ် သုံးသောင်းခန့်နှင့် သံဃာအပါး တစ်သောင်း ခန့် တက်ရောက်ခဲ့ကြောင်း အထက်မြန်မာပြည်အမျိုးဘာသာ သနာစောင့်ရှောက်ရေးအဖွဲ့၏ သတင်း ထုတ်ပြန် ချက်အရသိရသည်။

သတင်းရေးသားသူ-ညီထွန်းသူ
တည်းဖြတ် -EN01
From: People power

အဖေဗိုလ်ချုပ်ကို မီဖို့ ကြိုးစားပါအုံး ဒေါ်အောင်ဆန်းစုကြည်



ဒေါ်အောင်ဆန်းစုကြည်ဟု ဆိုလိုက်သည်နှင့် မြန်မာပြည်သူတို့၏ အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်း၏ သမီးဟု လူတိုင်း မျက်စိထဲ ပြေးမြင်မိကြသည်။ ဖခင် ဗိုလ်ချုပ်၏ နိုင်ငံ အပေါ် ကိုယ်ကျိုးစွန့်အနစ်နာခံခဲ့မှု၊ ပေးဆပ်ခဲ့မှု၊ တိုင်းပြည်၏ လွတ်လပ်ရေးဖခင်ကြီးအဖြစ် မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းတွင် အဓိကစွမ်းဆောင်ပေးခဲ့မှုတို့က ပြည်သူလူထု၏ ရင်ထဲ အသည်းထဲတွင် လူသာသေဆုံးသွားသော်လည်း နာမည် မသေခဲ့။ အမြဲ ရှင်သန်နေသူ ဗိုလ်ချုပ်၏ ကျေးဇူးကား ပြောမကုန် နိုင်ပါ။ စစ်အာဏာဖြင့် အုပ်ချုပ်မှုအောက်မှ ဒီမိုကရေစီစနစ်သို့ ပြောင်းလဲလာခဲ့ပြီးနောက် ဗိုလ်ချုပ်သမီးဖြစ်သည့် ဒေါ်အောင် ဆန်းစုကြည်အပေါ် ဖအေတူ သမီးတစ်ယောက်အဖြစ် အနာဂတ် မြန်မာနိုင်ငံကို ဦးဆောင်မည့်သူ တစ်ယောက်အဖြစ် မျှော်လင့် လာကြသည်။


သို့သော် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာတမျိုးသားလုံး၏ နှလုံးသည်းပွတ် ဖြစ်သော ဗိုလ်ချုပ် အောင်ဆန်းကဲ့သို့ ငါဆိုသည့် မာန်မာနမရှိ။ မိမိသည်လည်း အများထဲမှ သာမန်လူတစ်ယောက်အဖြစ် မှတ်ယူ၍ အများအကျိုးကိုသာ ထမ်းရွက်ချင်သည့် စိတ်စေတနာမျိုး ပိုင်ဆိုင်ပါသည်လော။ အပေါ်ယံ ကြည့်လျှင်အဖေတူသမီးပဲဟု လွယ်လွယ် မှတ်ချက်ချလိုက်နိုင်ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်သည် ဖခင် ဗိုလ်ချုပ်၏ စိတ်ဓာတ်မျိုးပိုင်ဆိုင်ဖို့ အများကြီးလိုအပ်ပါသေးသည်။ မိမိ၏ စကားပရိယာယ်မကြွယ်ဝမှု၊ နိုင်ငံရေးဗျူဟာ အားနည်းမှု၊ နောက်လိုက်များ၏ လော်ဘီလုပ်လွန်ကဲမှုတို့ကြားမှာ ဒေါ်အောင်ဆန်းစုကြည် ၏ ပုံရိပ် တဖြည်းဖြည်းကျဆင်းလာနေသည်မှာ အဖေနှင့် တူသော သမီးဟုမှတ်ချက်ချရန် မဖြစ်နိုင်သေးဟု ဆိုလျှင် လွန်အံ့ဟုမထင်ပါ။

ဖခင်ဗိုလ်ချုပ်သည် အတူကတွ လွတ်လပ်ရေးရယူရန်အတွက် ပြည်မတောင်တန်း မခွဲခြားဘဲ တိုင်းရင်းသား များနှင့်ယုံကြည်ချစ်ကြည်မှုရရှိရန် တိုင်းရင်းသားဒေသများသို့  ဟောပြောပွဲခရီးများထွက်ခဲ့သည်။ သမီး ဖြစ်သူသည်လည်း ဖအေတူသမီးတစ်ယောက်ပီသဖို့ ပြည်နယ်များသို့ ခရီးများထွက်ခဲ့ပါသည်။ သို့သော် ဗိုလ်ချုပ်သည် ဗိုလ်ချုပ်ဖြစ်၍ သမီးသည် သမီးသာ ဖြစ်သည်။ ဖခင်ဗိုလ်ချုပ်၏ ပြည်နယ်ခရီးစဉ်များတွင် ယခု သမီးဖြစ်သူ၏ခရီးစဉ်များကဲ့သို့ သွားကတည်းက အခြွေအရံ အသင်းအပင်းမများ။ လိုအပ်သည့် လူများ နှင့်သာ တောကိုကျော် တောင်ကိုဖြတ်၍ ခရီးဆက်ခဲ့ခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်တွင် မူ ပါသည့်လူက ကြိုသည့်လူထက်များနေသည်ဟု ဆိုရလောက်အောင် စထွက်ကတည်းက အုံနှင့် သင်းနှင့် ဖြစ်သည်။

ဗိုလ်ချုပ်၏ ပြည်နယ်ခရီးစဉ်တစ်ခုကို တင်ပြချင်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၆ ခုနှစ်တွင် ပင်လုံစာချုပ် ချုပ်ဆိုနိုင်ရေး၊ တိုင်းရင်းသား အားလုံး သွေးစည်းညီညွတ်ရေး အတွက် ကရင်ပြည်နယ်ရှိ ဘားအံမြို့နှင့် လှိုင်းဘွဲ့မြို့၊ ကပ္ပလီကျေးရွာ တို့တွင် ဟောပြောပွဲများပြုလုပ်ရန် ခရီးထွက်ခွာခဲ့သည်။ ခရီးလမ်း တစ်လျှောက်တွင် တောင်ကို ကျော်၊ တောကို ဖြတ်၊ မြစ်ကို ကူး၍ ဘားအံသို့ ရောက်ခဲ့ကြသည်။ ဘားအံ မှာ သမိုင်းဝင်မိန့်ခွန်းပြောဆိုပြီး နောက် ကပ္ပလီ ကျေးရွာသို့ ခရီးဆက်ခဲ့ကြသည်။ ဗိုလ်ချုပ်သည် နိုင်ငံ့ အရေးအတွက် မမောနိုင် မပန်းနိုင် အနားမယူဘဲ ခရီးဆက်ခဲ့ပြီး လမ်းခရီးတွင် ဖြတ်သန်းခဲ့ရသော ထီလုံ ကျေးရွာ၊ ဒိုင်းပြကျေးရွာ၊ လှိုင်းဘွဲ့မြို့ တို့တွင် ဟောပြောပွဲများ ပြုလုပ်ခဲ့သည်။ဗိုလ်ချုပ်ကို ရောက်လာရာ ဒေသရှိဒေသခံတိုင်းရင်းသားတို့က သောင်းသောင်းဖြဖြကြိုဆိုကြ၍ ဗိုလ်ချုပ် မိန့်ခွန်း ပြောဆိုရာသို့ လာရောက်နားထောင်သူများမှာလည်း များပြားလှသည် ဖြစ်ရာ သစ်ပင်ပေါ်တက်ကြည့်လျှင် သစ်ပင်ကျိုးကြ၍ ဇရပ်ပေါ်တက်ကြည့်လျှင် ဇရပ်ကျိုးကျသည်အထိ ဗိုလ်ချုပ်၏ မိန့်ခွန်းအပေါ် ထောက်ခံ နားထောင်ကြသည်။

လှိုင်းဘွဲ့မှတဆင့်ခရီးဆက်ခဲ့ရာ ကပ္ပလီ ကျေးရွာသို့ရောက်ရှိစဉ် ဘုရားကျောင်းဝင်း အတွင်းရှိ မူလတန်း ကျောင်းတွင် ဗိုလ်ချုပ်တို့ ညအိပ်ရန်အတွက် ဒေသခံတို့ကစီစဉ်ပေးထားကြသည်။ကျောင်းသည် ဟိုတယ် မဟုတ်။ တည်းခိုခန်းမဟုတ်။ သူဌေးတစ်ဦး၏ အိမ်ကြီးရခိုင်မဟုတ်။ သို့သော် ဗိုလ်ချုပ်က ဘယ်မှာ တည်းပါရစေ။ အိပ်ပါရစေ မတောင်းဆို။ ချေးမများ။ မိမိသာ မူလတန်းကျောင်းတွင် တည်းခိုပါက ကျောင်းရှိ ဆရာများနှင့် ကျောင်းသားများ အနှောင့်အယှက်ပြုမည်စိုးသဖြင့် မူလတန်း ကျောင်းပေါ်တွင် မအိပ်ဘဲ ကျောင်းနှင့် မနီးမဝေးရှိ ပိန္နဲပင်အရင်းတွင် သွားရောက်ပြီး ပုခက် ဆင်၍ အိပ်စက်ခဲ့သည်။ ဗိုလ်ချုပ် ကရင် ပြည်နယ်သို့ ရောက်ရှိချိန်သည် ဇန်န၀ါရီလ ဖြစ်ပြီး ဆောင်းရာသီ၏ ချမ်းအေးမှု ဒဏ်ကိုမမှု သစ်ပင်အောက် က ပုခက်လေးပေါ်တွင် ဗိုလ်ချုပ်တစ်ယောက်၏ ရာထူးအရှိန်အ၀ါ မာန်မာနကင်းကာ သာမန်လူ တစ်ယောက် ကဲ့သို့ အိပ်စက်ခဲ့သည်။ အဘယ်မျှ လေးစားဖို့ ကောင်းလိုက်သနည်း။ ဒေသခံတို့က ဗိုလ်ချုပ် ညအိပ်ခဲ့သော ထိုပိန္နဲပင်ကို ယနေ့အထိ သမိုင်းဝင်အမှတ်တရအဖြစ် ထိန်းသိမ်း စောင့်ရှောက်ထားခဲ့သည်။

ဒီ ပိန္နဲပင်ကြီးအောက်မှာ ဗိုလ်ချုပ် ပုခက်လုပ်လို့ အိပ်ခဲ့တယ်

နောက်တစ်နေ့ ၁၉၄၆ခုနှစ်၊ ကရင် နှစ်သစ်ကူးနေ့ နံနက်မိုးလင်းချိန်တွင် ဒေသခံတိုင်းရင်းသားများအား ဗိုလ်ချုပ်က တရားဟောသည်။ လာရောက်နားထောင်သူပေါင်း ၃ သောင်းကျော်ရှိသည်။ မည်သူမျှ လာကြ ပါဟု ဆော်သြစရာမလို။ ဗိုလ်ချုပ်အပေါ် ကြည်ညိုလေးစားကြသည် ဖြစ်၍ လာရောက် နားထောင် ကြခြင်းသာ ဖြစ်သည်။ ဗိုလ်ချုပ်၏ အဆိုပါ ခရီးစဉ်ကိုကြည့်လျှင်ဗိုလ်ချုပ်သည် ခရီးစဉ်အစအဆုံးတိုင် အပင်ပန်း ခံ၍ သွားလာခဲ့ပြီး မိမိအပေါ်မည်သို့ပင် ဧည့်ဝတ်ပြုကြိုဆိုသည်ဖြစ်စေ မာန်မာနကင်းစွာဖြင့် လက်ခံသည်ကို တွေ့ရသည်။

ခရီးစဉ်တစ်လျှောက် ဗိုလ်ချုပ်၏ စေတနာမှန်ကြောင့် ဗိုလ်ချုပ်အပေါ် ကြိုဆိုထောက်ခံသူများပြားခဲ့သည်ကို တွေ့ရသည်။သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည်လည်း မိမိအပေါ် လူထုထောက်ခံရေးနှင့်ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် တိုင်းရင်းသားများထံမှ ထောက်ခံမှု ရရှိစေရန် တိုင်းရင်းသားဒေသများသို့ ခရီးထွက်၍ ဟောပြောပွဲများ ပြုလုပ်ခဲ့သည်။ ပြီးခဲ့သည့် ဇန်န၀ါရီလ ၆ ရက်နေ့မှ ၁၀ ရက်နေ့အထိ ချင်းပြည်နယ် ခရီးစဉ်တွင် ပြောစမှတ်ဖြစ်လောက်အောင် ပြသနာများ ဖြစ်ပွားခဲ့သည်။ ခရီးစဉ် စကတည်းက ပျော်ပွဲစား ထွက်သည့်ပမာ နောက်လိုက် ခြွေရံများစွာပါဝင်ခဲ့သည်။ ခရီးစဉ်အတွင်းမှ ဟားခါးမြို့သို့ ရောက်ရှိချိန်တွင် များပြားလှသော လူအုပ်နှင့် တည်းခိုစရာ ပြသနာတက်တော့သည်။ တည်းခိုစရာ အခက်အခဲဖြစ်၍ ပြည်ထောင်စုရိပ်သာရှိ ဒုတိယသမ္မတတည်းခိုသည့် အခန်းတွင် နေရာချထားပေးသော်လည်း ပါလာသည့် များပြားလှသည့် လူအားလုံးအတွက် အခန်းမပေးဟုဆိုကာ မြို့ထဲရှိ ချယ်ရီတည်းခိုခန်းသို့ သွားတည်းခဲ့ သည်။ ထိုနေရာတွင် ဗိုလ်ချုပ်နှင့် ကွာသည်မှာ ဗိုလ်ချုပ်သည် မိမိအိပ်ဖို့ စီစဉ်ပေးထားသည့်တိုင် မိမိ ကြောင့် အများအနှောင့်အယှက်ဖြစ်မည် စိုး၍ သစ်ပင်အောက်သွားအိပ်ခဲ့သည်။ အဆိုပါတည်းခိုခန်းတွင် အိပ်ရသည့်တိုင် ဒေါ်အောင်ဆန်းစုကြည်၏ လော်ဘီ အချို့ကမကျေမနပ်ဖြင့် အပြစ်တင်ဝေဖန်ခဲ့ကြသည်။ ထိုပြသနာများတွင် လော်ဘီများကို မထိန်းသိမ်းနိုင်သော ဒေါ်အောင်ဆန်းစုကြည်အတွက် သိက္ခာကျဆင်း ခဲ့ရသည်။

ခရီးစဉ်တွင်ဒေါ်အောင်ဆန်းစုကြည် အိပ်စက်ခဲ့သော အိပ်ယာ

သစ်ပင်အောက်ရှိ ပုခက်ထဲတွင် ချမ်းချမ်းအေးအေးအိပ်ခဲ့ရသော ဗိုလ်ချုပ်နှင့် တည်းခိုခန်းက စောင်ထူထူ ထဲတွင် အိပ်စက်ခဲ့ရသော်လည်း မကျေနပ်နိုင်သော သမီးဖြစ်သူတို့တွင် မည်သူ၏ စိတ်ဓာတ်က ခေါင်းဆောင်ကောင်းတစ်ယောက် ပိုပီသ သနည်းဆိုသည်ကို တွေးစရာပင် လိုမည် မဟုတ်ပါ။ ထို့ပြင် ရောက်ရာအရပ်ရှိ ဟောပြောပွဲများတွင် ဖိတ်ခေါ်စရာမလိုဘဲ ကြိုဆိုအားပေးသူ နားထောင်သူ များပြား သော ဗိုလ်ချုပ်နှင့် လာရောက်နည်းထောင်သူ နည်းပါး၍ ၀န်ကြီးဌာနများရှိ ၀န်ထမ်းများနှင့် ကျောင်းသား များကို ရုံးချိန်၊ ကျောင်းချိန်အတွင်း လာရောက်နားထောင်စေချင်သူတို့တွင် မည်သူက ပို၍ လူချစ်လူခင် များသနည်း။ ကားတစ်တန်၊ လှေတစ်တန်ဖြင့် မိမိလိုရာခရီးသို့အပင်ပန်းခံ ခရီးဆက်သော ဗိုလ်ချုပ်နှင့် နမ့်စန်သို့ သွားရန်အတွက် လေယာဉ်စင်းလုံးငှားသူတို့တွင် မည်သူက ပို၍ လေးစားစရာကောင်းသနည်း။ ဗိုလ်ချုပ်၏ အတူတကွလွတ်လပ်ရေးရယူရန်အတွက် ပြည်မတောင်တန်း မခွဲခြားဘဲ တိုင်းရင်းသားများနှင့် ယုံကြည်ချစ်ကြည်မှုရရှိစေရန်သွားရောက်သောခရီးစဉ်နှင့် အခြေခံဥပဒေပြင်ဆင်ပြီး သမ္မတဖြစ်စေရေး သွားရောက် စည်းရုံးသော ခရီးစဉ်တို့တွင် မည်သည်က ပို၍ ထောက်ခံစရာကောင်းသနည်း။

ယခုကဲ့သို့ ထောက်ပြခြင်းများသည် ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုဂ္ဂိုလ်ရေးအရ မုန်းတီးပြီး သမ္မတ မဖြစ်စေလိုသောကြောင့် ပြောဆိုခြင်း မဟုတ်ဘဲ ပြည်သူတို့၏ အသည်းနှလုံးဖြစ်သော ဗိုလ်ချုပ် အောင်ဆန်း၏ ရင်သွေးရတနာ သမီးဖြစ်သူအပေါ်တွင် ဗိုလ်ချုပ်ကဲ့သို့ စိတ်ဓာတ်မျိုးထားရှိစေလိုခြင်းသာ ဖြစ်သည်။ ဗိုလ်ချုပ်၏ မျိုးဆက်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်အပေါ်တွင် အဖေတူသမီးတစ်ယောက် ပီသ စေလို၍ သာဖြစ်သည်။၂၀၁၅ အလွန်တွင် မည်သူ သမ္မတဖြစ်ပါစေ၊ မည်သူ သမ္မတမဖြစ်ပါစေနှင့် ဟူသော စိတ်မျိုးမရှိဘဲ ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့စိတ်ဓာတ်မြင့်မြတ်၍ အနာဂတ် နိုင်ငံနှင့် ပြည်သူ့ အကျိုးကို ကိုယ်ကျိုးစွန့်၍ထမ်းဆောင်လိုသူ မည်သူကို မဆို လက်ကမ်းကြိုနေမည်သာ ဖြစ်သည်။

From: ကိုရင်သာဗြော(ပတ္တမြားမြေ)

ယခုလအကုန်မှာ GSM ဖုန်းလိုင်းတွေ ဖလန်းဖလန်းထလာတော့မည်

နယ်ဒေသအချို့ အပါအဝင် နေပြည်တော်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖုန်းခေါ်ဆိုရ ခက်ခဲခြင်းကို ဖြေရှင်းရန် မိုဘိုင်းလ် ဖုန်းလိုင်းများ ထပ်မံတိုးချဲ့ပြီး ရေဒီယို စက်ပစ္စည်းသစ်များ လဲလှယ် လိုက်ပြီးနောက် ယခုလကုန်တွင် GSM မိုဘိုင်းလ် ဖုန်းလိုင်းများ ပြန်ကောင်း လာတော့ မည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။


လက်ရှိတွင် စက်ချိန်ညှိခြင်း၊ တိုင်းတာ စမ်းသပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေပြီး ယခုလကုန် လုပ်ငန်းများ ပြီးစီးပါက GSM ဖုန်းလိုင်းများ ကောင်းလာတော့မည်ဟု ၎င်းကဆိုသည်။ “လကုန်ပိုင်း လောက်မှာ အပြီးသတ်ဖို့ ရည်ရွယ်ထားတယ်။ လိုင်းမကောင်းတာတွေ၊ လိုင်းကျပ်တာတွေ အရင်ကထက် ပိုအဆင်ပြေသွားမယ်” ဟု အဆိုပါ အရာရှိက ဆိုသည်။

ဝန်ဆောင်မှု ညံ့ဖျင်းသည်ဟု အမြဲတစေ ဝေဖန် ခံနေရသော မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ ဆက်သွယ် ရေး ကွန်ရက် အထောက်အကူပြု ပစ္စည်းများကို တရုတ်ကုမ္ပဏီများ ဖြစ်သော Huawei နှင့် ZTE တို့ထံမှ သုံးစွဲလျက်ရှိရာ အချို့ဒေသများတွင် ကုမ္ပဏီ နှစ်ခုစလုံးမှ ပစ္စည်းများ သုံးထားခြင်းကြောင့် ဆက်သွယ်မှု ခက်ခဲခြင်း၊ အသံအရည်အသွေး မကောင်းခြင်းများဖြစ် နေရာဒေသ တစ်ခုတွင် ကုမ္ပဏီ တစ်ခုတည်းမှ ပစ္စည်းများသာ သုံးစွဲရန် စက်ပစ္စည်းအသစ်များ လဲလှယ် တပ်ဆင်ထားကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းထံမှ သိရှိရသည်။

“ဒေသတစ်ခုစီမှာ Vendor နှစ်ခုကို တစ်ခုတည်း ပြောင်းလိုက်တာ တကယ်ကောင်းတယ်။ Vendor တွေက တစ်ခုနဲ့တစ်ခု စက်ပစ္စည်းရော၊ နည်းပညာရော မတူညီတော့ ဖုန်းပြောတဲ့အခါမှာ အသံအရည်အသွေးက မကောင်းတော့ဘူးလေ။ အခု ခေါ်ဆိုရ တော်တော် ကောင်းလာမယ် ထင်တယ်” ဟု ပြည်တွင်း ဆက်သွယ် ရေး ကုမ္ပဏီတစ်ခုတွင် တာဝန် ထမ်းဆောင်နေသော အင်ဂျင် နီယာ တစ်ဦးဖြစ်သူ ဦးဖြိုးဝေမြင့်က ဆိုသည်။

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ ၂၀၁၄ ခုနှစ်အတွင်း နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး အပါအဝင် မြန်မာ တစ်နိုင်ငံလုံးတွင် GSM/UMTS (Universal Mobile Telephone System) မိုဘိုင်းလ်ဖုန်းလိုင်း အရေအတွက် လေးသန်း ထပ်မံရောင်းချ ထားပေးသွားရန် စီစဉ်နေပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လိုင်းတိုးချဲ့ရန် စက်ပစ္စည်း သစ်များကို ယခုနှစ် ဇွန်၊ ဇူလိုင် လတို့တွင် အပြီးသတ် တပ်ဆင်သွားရန် မျှော်မှန်းထားကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းထံမှ သိရသည်။

From: The Voice

NLD ပြောခွင့်ရအဖွဲ့ အကွဲအပြဲများ ဖြစ်ပေါ်နေ



NLD ပါတီ ရွေးကောက်ပွဲ ၀င်ရေး၊ မ၀င်ရေးနှင့် ပတ်သက်ပြီး ပြောကြားခဲ့ခြင်း အပေါ် NLD ပါတီ၏ ပြောခွင့်ရပုဂ္ဂိုလ်များ ဟု သတ်မှတ်ထားကြသူများ အချင်ချင်း သဘောထား တင်းမာကာ အကွဲအပြဲ များ စတင်ဖြစ်ပေါ်နေကြောင်း သိရှိရသည်။


ပထမဦးစွာ ၅၉(စ) ပြင်ဆင်ပေး၇န် အလားအလာမကောင်းတော့သည့် အချိန်တွင် NLD ပါတီက သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာ ဦးဥာဏ်ဝင်းက ၅၉(စ)ပြင်ပြင်၊ မပြင်ပြင် ၀င်ကိုဝင်ရမည် ဟု ဖြေကြား ခဲ့သည်။ အဆိုပါ ပွဲတွင် အခြား ပြောရေးဆိုခွင့် ရှိသူ ဖြစ်သော ဦးဝင်းမြင့်လည်း အတူတူ ရှိနေခဲ့သည်။ ဦးဥာဏ်ဝင်း၏ ပြောကြားချက် သတင်းမီဒီယာများတွင် ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာသည့်အချိန်တွင် အပြောင်းအလဲများ ဖြစ်လာပြန်သည်။

NLD ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်သူ ဦးဝင်းမြင့်က မီဒီယာများအား ထပ်မံပြောကြား ရာတွင် ဦးဥာဏ်ဝင်း၏ ပြောကြားချက်သည် တစ်ဦးတည်း သဘောထား ဖြစ်ကြောင်း၊ ပါတီ၏သဘောထား မဟုတ်ကြောင်း၊ ၅၉(စ) ပြင်ပြင် မပြင်ပြင် ၀င်ကိုဝင်မည် ဟူသည်မှာ NLD သဘောထား မဟုတ်ကြောင်း ပြင်ဆင်ပြောကြားခဲ့သည်။

ဦးဝင်းမြင့်၏ ပြောကြားချက် ထွက်ပေါ်လာသည့်အခါ မူလက ပြောကြားထားသည့် ဦးဥာဏ်ဝင်းအနေဖြင့် များစွာ အရှက်ကွဲခဲ့ရကြောင်း သိရသည်။

"အမှန်တော့ ဦးဥာဏ်ဝင်း ဆိုတာ အရင်ကတည်းက ဒေါ်စု အကျယ်ချုပ် ကျခံနေတဲ့ တောက်လျှောက်မှာ NLD အတွက် အပင်ပမ်းခံပြီး လုပ်ခဲ့တဲ့ သူတစ်ယောက်ပါ။ ဦးဝင်းမြင့် ဆိုတာကတော့ လွှတ်တော်ထဲ ဒေါ်စု ရောက်ပြီးမှ ဒေါ်စုနဲ့ ရင်းနှီးတယ် ဆိုပြီး ပါတီမှာ စွာကျယ် စွာကျယ် လုပ်လာတဲ့သူပါ။ ဦးဥာဏ်ဝင်းနဲ့ ဘယ်ယှဉ် နိုင်မလဲဗျ။ 

ဦးဥာဏ်ဝင်း ပြောတာကို သူက မဟုတ်ပါဘူး ထွက်ပြောတော့ ဦးဥာဏ်ဝင်း တော်တော်လေး ဒေါသထွက် နေတယ်။ ဒါ သူ့ကို သက်သက်မဲ့ အရှက်ခွဲတာပဲ ဆိုပြီး ပြောနေတယ်။ ခင်ဗျားတို့ အသိပဲလေ။ အရင်တုန်း က ဒေါ်စုစကား၊ ဒေါ်စု သဘောထားဆိုတာ ဦးဥာဏ်ဝင်းပါးစပ်က ထွက်လာတာချည်းပဲ။ ၂၀၁၀ မှာ ၀င် မလား၊ မ၀င်ဘူးလား ဆိုတဲ့ ဆုံးဖြတ်ချက်ကို သယ်ဆောင်လာခဲ့တာ ဘယ်သူလဲ ဦးဥာဏ်ဝင်းပဲလေ။ မဟုတ် ဘူးလား။" ဟု NLD လူငယ်အဖွဲ့ဝင်တစ်ဦးက ပြောသည်။

"တစ်ကယ်တမ်းတော့ အသစ်နဲ့ အဟောင်း ပြဿနာပါ။ နောက်ပေါက်တွေက ဒေါ်စု မျက်နှာသာပေးတာကို အကြောင်းပြုပြီး လူဟောင်းတွေကို နင်းနေတာ။ အဲဒီ လွှတ်တော်ထဲ ရော်ကနေတယ် ဆိုတဲ့ လူသစ်တွေ ၊ သူတို့နေရာမှာ ဘယ်လိုလူပဲ ၀င်ပြိုင်ပြိုင် အနိုင်ရမှာပဲ။ လူတွေက သူတို့ကို ကြည့်ပြီး မဲပေးတာမှ မဟုတ် တာ။ ဒေါ်စုပါတီကလူ ဆိုတာကိုပဲ ပေးတာ။

ခင်ဗျား ၀င်ပြိုင်လည်း နိုင်မှာပဲ၊ ကျွန်တော် ၀င်ပြိုင်လည်း နိုင်မှာပဲ။ ဒီနောက်မှာ နဲနဲလေး ထောင်ထောင် ထောင်ထောင် ဖြစ်လာတာပါ။ နှစ်ပေါင်းများစွာ ထောင်ကျ တန်းကျ ဒုက္ခခံခဲ့ရတဲ့ ရဲရဲတောက် NLD တွေ ချောင်ထိုးခံထားရတယ်။ အခုကိစ္စလဲ ဒေါ်စု ဘယ်ဘက်ကို လိုက်ပြီး ရပ်တည်မလဲ ဆိုတာ အရေးကြီးတယ်။ ဦးဝင်းမြင့်ဘက်ကို လိုက်ပြီး ဦးဥာဏ်ဝင်းကို ပြောပြီ ဆိုရင်တော့ NLD ထဲမှာ ပြဿနာ အကြီးကြီး တက်လာတော့မယ်။ သေချာတယ်" ဟု ရှေ့မီနောက်မီ NLD ပါတီဝင်တစ်ဦးက ပြောသည်။

ယ.နေ့ ဦးဥာဏ်ဝင်းသည် ရွေးကောက်ပွဲ ၀င်ကို ၀င်ရမည် ဟု ထပ်မံ ပြောကြားခဲ့ရာ ဒေါ်အောင်ဆန်း စုကြည်၏ ချင်းပြည်နယ် ခရီးစဉ် ပြောကြားချက်များနှင့် ကွဲလွဲနေပြန်သည်။

NLD ပါတီ၏ သြဇာရှိ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သော ဦးဝင်းတင်ကမူ CEC အစည်းအဝေး ဆုံးဖြတ်ချက် များကို သက်သေထား၍ ဦးဥာဏ်ဝင်းဘက်မှ ၀င်ရောက် ရှင်းလင်းပြောကြားခဲ့သော်လည်း ဒေါ်အောင် ဆန်းစုကြည်ဘက်ကမူ မည်သို့ ဆုံးဖြတ်မည် မသိရသေးပေ။

လက်ရှအနေအထားအရ ဒေါ်အောင်ဆန်းစုကြည်နှင့် လူသစ် ဦးဝင်းမြင်တို့က ရွေးကောက်ပွဲ ၀င်မည် ဟု မပြောသေးဘဲ ဦးဝင်းတင်နှင့် လူဟောင်း ဦးဥာဏ်ဝင်းတို့က ပြင်ပြင် မပြင်ပြင်ဝင်မည့်ဘက်တွင် ရပ်တည် လျက် ရှိကြောင်း သိရှိရသည်။

မျိုးစောင့်ဥပဒေ အတည်ပြုပြဋ္ဌာန်းသည်ထိ ဆောင်ရွက်မည်ဟု သံဃာ့ညီလာခံ ထုတ်ပြန်

မျိုးစောင့်ဥပဒေကို အတည်ပြု ပြဋ္ဌာန်းနိုင်သည်အထိ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း မန္တလေး တွင် ကျင်းပပြုလုပ်သည့် အထက်မြန်မာပြည် သံဃာ့ညီလာခံက အချက် ၁၁ ချက်ပါ ကြေညာချက်တစ် စောင် ကို ဇန်န၀ါရီ ၁၅ ရက်က ထုတ်ပြန်ခဲ့သည်။


အဆိုပါသဘောထားကြေညာချက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရာ၌ နိုင်ငံသားတို့၏ ရေ ရှည်အကျိုးစီးပွားကို ကြည့်ရှုဆောင်ရွက်ရန် တိုက်တွန်းကြောင်း၊ တိုင်းရင်းသားစာရင်းတွင် မပါဝင်သေး သော လူမျိုးစုနှင့်အဖွဲ့အစည်းများကို အားပေးအားမြှောက်လုပ်နေသည့် ပြည်တွင်း၊ ပြည်ပ လုပ်ရပ်မှန် သမျှသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးစေသဖြင့် ကန့်ကွက်ကြောင်းနှင့် အကာအကွယ် မဲ့နေသည့်မြန်မာ့အမျိုးကောင်းသား၊ အမျိုးကောင်းသမီးများကို ကာကွယ်စောင့်ရှောက်နိုင်မည့် မျိုးစောင့် ဥပဒေ အတည်ပြုပြဋ္ဌာန်းနိုင်သည်အထိ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းများ အပါအ၀င် အ ချက် ၁၁ ချက်ပါ ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။

အဆိုပါ အထက်မြန်မာပြည် သံဃာ့ညီလာခံကို မန္တလေးမြို့၊ မဟာအတုလဝေယံ(အတုမရှိ) ကျောင်း တွင် ပြုလုပ်ခဲ့ပြီး အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ အထက်မြန်မာပြည်ကို ဖွဲ့စည်းခဲ့ သည်။ အဆိုပါညီလာခံသို့ သီတဂူဆရာတော် ဒေါက်တာဉဏိဿရနှင့် အင်းစိန် (ရွာမ)ဆရာတော် ဘဒ္ဒန္တတိလော ကာဝံသ၊ မေတ္တာရှင် အရှင်ဇ၀န၊ ရွှေည၀ါဆရာတော်၊ မန္တလေးမြို့မှ ဆရာတော်ကြီးများ အပါအ၀င် အနယ် နယ်အရပ်ရပ်မှ သံဃာတော် အပါးသုံးသောင်းကျော် ကြွရောက်ကြသည်။

“ရောက်ရှိလာတဲ့ ညီတော်နောင်တော် သံဃာတော်တွေအနေနဲ့ မီးလောင်နေတာကို ပုတီးထိုင်စိပ်မနေ ဘဲ။ လောင်နေတဲ့မီးကို ၀ိုင်းဝန်းပြီး ငြှိမ်းရမယ်။ အမျိုး၊ ဘာသာ၊ သာသနာကာကွယ်စောင့်ရှောက်ရေးဆို တာ ဘာသာအားလုံးနဲ့ ဆိုင်တယ်။ ဘုန်းကြီးတို့တောင် မအားပေမယ့် လာသင့်တယ်ယူဆလို့ ရောက် လာတာပဲ။ သံဃာအင်အားက မကြုံဘူးလောက်အောင် များပြားစွာ တက်ရောက်လာကြတာဟာ သာသ နာအတွက်ရော အမျိုးဘာသာအတွက်ရော ခွန်အားတွေဖြစ်တာကြောင့် ညီညွတ်စေချင်တယ်”ဟု သက် တော် ၈၂ နှစ်ရှိပြီဖြစ်သည့် ဘဒ္ဒန္တကသရဆရာတော်ကြီးက မိန့်ကြားသည်။

ဇန်န၀ါရီ ၁၅ ရက်တွင် ဖွဲ့စည်းလိုက်သည့် အမျိုးဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့ (အထက်မြန် မာပြည်)ကို “သာသန၀ံသပါလ” ဟု အမည်ပေးထားပြီး၊ အချို့သောသူများက အာဏာရှင်စနစ်နှင့်ခေတ် နောက်ပြန်ဆွဲခြင်းဖြစ်သည်ဟု ဝေဖန်ကြသူများလည်းရှိကြောင်း၊ အမျိုးဘာသာ၊ သာသနာ ကာကွယ် စောင့်ရှောက်ရေးအတွက် ဓမ္မစကူးလ်များ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ကျောင်းပေါင်း ၁၀၀ ကျော်ရှိ ပြီဖြစ်ကြောင်း ဦးဆောင်ဆရာတော်တစ်ပါးက မိန့်ကြားသည်။

သီတဂူဆရာတော်က မိန့်ကြားရာတွင် “အဖွဲ့အစည်းတစ်ခုဖွဲ့ရာမှာ တိုင်းပြည်နဲ့လူမျိုးအတွက် ကြည့်ပြီး ဖွဲ့ကြတယ်။ ဖွဲ့ပြီးရင်လည်း ချမှတ်ထားတဲ့ မူဘောင်တွေနဲ့ အချိုးညီညီ၊ လေးလေးစားစား၊ ညီညွတ်စွာ လုပ်ရမယ်။ ဒါမှ အမျိုးဘာသာသာသနာအတွက် အကျိုးဖြစ်မယ်”ဟု ဆိုသည်။

မျိုးစောင့်ဥပဒေမှာ မြန်မာနိုင်ငံတွင် ၁၉၅၄ ခုနှစ်ကတည်းက ဗုဒ္ဓဘာသာအမျိုးသမီးများ ထိမ်းမြားခွင့် ဥပ ဒေအရ ပြဋ္ဌာန်းခဲ့ပြီးဖြစ်၍ တက်ရောက်လာသည့် သံဃာတော် အပါးသုံးသောင်းခန့်ကလည်း ထောက်ခံ အတည်ပြုခဲ့ကြသည်။

ရန်ကုန်မြို့ အင်းစိန်ရွာမကျောင်းတိုက်တွင်လည်း အမျိုးဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့ အောက် မြန်မာပြည်မှ မျိုးစောင့်ဥပဒေနှင့်ပတ်သက်၍ ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး ပြည်သူများ၏ထောက် ခံမှု လက် မှတ်များလည်း ကောက်ခံခဲ့သည်။ မျိုးစောင့်ဥပဒေကြမ်းကို လွှတ်တော်ကိုယ်စားလှယ် ဦးသိန်း ညွန့်နှင့် ဒေါ်ခင်ဝိုင်းကြည်တို့ကလည်း လွှတ်တော်တွင် ဆွေးနွေးကြမည်ဟု ပြောကြားခဲ့သည်ဟု သိရ သည်။

မဇ္ဈိမ သတင်းဌာန

ကော့သောင်းမြို့တွင် ရဲအရာရှိတစ်ဦး ရေကန်အတွင်းကျရောက်သေဆုံး မှုဖြစ်ပွား



ကော့သောင်းမြို့ ၊ အေးမြကန်သာရပ်ကွက် ၊ မြို့ ရေပေးဝေရေး ပုဂ္ဂလိကပိုင် ရေကန် တစ်ခုအတွင်း ရဲအရာရှိတစ်ဦး ကျရောက် သေဆုံး မှု ဖြစ်စဉ် တစ်ခု ဇန်န၀ါရီ ၁၅ ရက် နံနက် ပိုင်း က ဖြစ်ပွား သည်။


ဖြစ်စဉ်မှာဇန်န၀ါရီ ၁၅ ရက် နံနက်(၁၀)နာရီ ခန့် က ကော့သောင်းမြို့ ၊အေးမြကန်သာ ရပ်ကွက် ဗိုလ်ချုပ်လမ်းဘေးရှိ မြို့ ရေပေးဝေရေး ပုဂ္ဂလိက ပိုင် ရေကန် တစ်ခုအတွင်း လူသေအလောင်းတလောင်းတွေ့ရှိကြောင်း သတင်းရရှိ သဖြင့် မြို့နယ် ရဲတပ်ဖွဲ့ စခန်းမှတာဝန်ရှိသူများ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့်အဖွဲ့ဝင် များ မှ ဆယ်ယူ စစ်ဆေးကြည့်ရှု့ ရာ ကော့သောင်း ၊ခရိုင်ပြည်သူ့ရဲတပ်ဖွဲ့မှူး ရုံးမှ ရဲအရာရှိ ၀န်ထမ်း ၊ ရဲအုပ် စိုးမင်း ဆိုသူ ဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိရသည်။

သေဆုံးသူ ရဲအုပ်စိုးမင်း သည် ကျန်းမာရေးမကောင်းသဖြင့် လွန်ခဲ့သည့် ရက်အနည်းငယ်ခန့် က အေးမြကန်သာရပ်ကွက် တွင် ရှိသည့် ကော့သောင်း ခရိုင် ၊ပြည်သူ့ဆေးရုံကြီးတွင်တက်ရောက် ဆေးဝါး ကုသမှုခံယူ နေရ သူဖြစ်ပြီး ၊ ဇန်န၀ါရီ ၁၄ ရက် ညပိုင်းတွင် ဆေးရုံမှ ပျောက်ဆုံး သွား သဖြင့် တာဝန်ရှိသူ များ မှလိုက်လံရှာဖွေ နေစဉ် အတွင်း ဇန်န၀ါရီ ၁၅ရက် နံနက်(၁၀)နာရီ ခန့်တွင် ဆေးရုံကြီးနှင့် မနီးမဝေး အဆိုပါရေကန် အတွင်းသို့ ကျရောက် သေဆုံးမှုဖြစ်ပွားခြင်း ဖြစ်သည်။

အဆိုပါဖြစ်စဉ် နှင့် စပ်လျဉ်း ၍ ရဲအုပ်စိုးမင်း သေဆုံး ခြင်းသည် ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် ကို မြို့ နယ်ပြည်သူ့ရဲတပ်ဖွဲ့ မှ ဆက်လက် အရေးယူ စုံစမ်း ဖေါ်ထုတ် လျှက်ရှိကြောင်း သတင်းရရှိသည်။


MOI Webportal Myanmar

၈၈ မျိုးဆက်နဲ့ အရေးကြီး လို့ တွေ့ဆုံခဲ့ကြောင်း ဒေါ်အောင် ဆန်းစုကြည် ပြောကြား



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ် အောင်ဆန်း စုကြည်က ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်း ခေါင်းဆောင်တွေကို လွတ်လပ်ရေးနေ့ က တွေ့ဆုံခဲ့တာနဲ့ ပတ်သက်ပြီး အရင် ကလည်း နိုင်ငံရေး ပြသနာတွေကို မိမိတို့ တိုင်ပင်ညှိနိုင်း လေ့ရှိသလို အခုလည်း တိုင်းပြည်ရဲ့လက်ရှိ အခြေ အနေအရ အရေးကြီးတဲ့အတွက် တွေ့ဆုံဆွေးနွေး ခဲ့တာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။


"နိုင်ငံရေးအရတော့ ညှိနှိုင်းပြီးတော့ လုပ်လေ့ရှိပါတယ်၊ ဒါထူးထူးထွေထွေ လွတ်လပ်ရေးနေ့မှာ တွေ့တာ မဟုတ်ပါဘူး၊ မတွေ့တာကြာလို့ တွေ့တာလည်းပါပါတယ်၊ ဒီအချိန်ကလည်း အရေးကြီးတဲ့အချိန်ဆိုတော့ တစ်ယောက်နဲ့တစ်ယောက် ဆွေးနွေးစရာရှိတာလေး ဆွေးနွေးတာပါ"

RFA က သီးသန့်ထုတ်လွှင့်နေတဲ့ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် မနေ့က ညနေပိုင်း ဆက်သွယ်မေးမြန်းရာမှာ အခုလိုဖြေကြားလိုက်တာဖြစ်ပါတယ်။

၈၈ မျိုးဆက်အဖွဲ့အနေနဲ့ နိုင်ငံရေးပါတီတစ်ခုထူထောင်ပြီး ရွေးကောက်ပွဲဝင်သင့်တယ် ထင်မြင်ယူဆ ပါသလား လို့ မေးမြန်းရာမှာတော့ ဒါဟာ ကာယကံရှင်တွေ ကိုယ်တိုင် ရွေးချယ်ဆုံးဖြတ်ရမယ့် ကိစ္စ ဖြစ်ကြောင်း ပြောဆိုပါတယ်။

တဆက်တည်းမှာပဲ ချင်းပြည်နယ်ခရီးစဉ်အတွင်း ပြည်ထောင်စုရိပ်သာမှာ တည်းခိုခြင်းမပြုခဲ့တာနဲ့ ပတ်သက်ပြီး မိမိတို့တစ်ဖွဲ့လုံးအတွက် နားခိုရန်နေရာ အလုံအလောက်ရှိပါလျက်နဲ့ သက်ဆိုင်ရာက ကန့်သတ်ခဲ့တဲ့အတွက် အဆင်မပြေဖြစ်ခဲ့ရကြောင်း ဒေါ်အောင်ဆန်းစုကြည်က RFA ကို ပြောပါတယ်။

"ပြည်ထောင်စုရိပ်သာက လူပြည့်နေလို့လားဆိုတော့လည်း မဟုတ်ဘူး၊ လူကနှစ်ယောက်ပဲနေတယ်၊ အရေးပေါ်အတွက် အခန်းပိုထားရတယ်ဆိုလို့ရှိရင်တောင်မှ ၁၈ ယောက်အတွက် အများကြီး လုံလောက် တယ်လို့ ကျမထင်တယ်လေ၊ ၁၈ ယောက်ပေးလိုက်လို့ရှိရင် အဲဒီ ၁၈ ယောက်နဲ့ ၂ ယောက်ပေါင်းလိုက်မှ ၂ဝ ပေါ့၊ လူ ၁၄ ယောက်စာပိုမှာပဲ"

ဒါ့အပြင် အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေး လုပ်ကိုင်ဆောင်ရွက်ရာကနေ အစွန်းရောက်တဲ့ ဘာသာရေး လူမျိုးရေးလှုပ်ရှားမှုတွေ ပေါ်ပေါက်လာခြင်းမရှိရန်အတွက် ပြုလုပ်သင့်တာတွေကို ဆရာ တော်ကြီးများက မိမိထက် ပိုမိုသိရှိကြပါတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

RFA Burmese

ကျပ်သိန်း ၂၀၀ ကျော်တန် လက်ဝတ်ရတနာများ တက္ကစီသမားက ယူဆောင်မောင်းပြေး



ကျပ်သိန်း ၂၀၀ ကျော်တန်ဖိုးရှိသော ရွှေငွေ လက်ဝတ် ရတနာ ပစ္စည်းများကို တက္ကစီယာဉ်မောင်းက ယူဆောင် ပြီးမောင်းနှင်ထွက်ပြေးသွားသည်ဟု ခရီးသည်တစ်ဦး၏ တိုင်တန်းမှုကို ဇန်န၀ါရီ ၁၅ ရက် နံနက်တွင် အမှုဖွင့် ဆောင်ရွက်နေသည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန် ထားသည်။


အဆိုပါ အမှုကို ဗဟန်းမြို့နယ်ကြား တောရရပ်ကွက်၊ ရေတာရှည်လမ်းဟောင်း အမှတ် (၆၆/၆၈)နေ ဒေါ်ခင်သန်းကြည် (ရောင်း/၀ယ်)က အမှုဖွင့်တိုင်တန်း ထားခြင်းဖြစ်သည်။

ဇန်န၀ါရီ ၁၄ ရက် ည ၇ နာရီက ညီမဖြစ်သူ မမြသင်းကြည်၊ တူဖြစ်သူ မောင်သန့်အောင်တို့နှင့်အတူ မန္တလေးမြို့သို့ သွားရန် နေအိမ်ရှေ့မှ တက္ကစီတစ်စီးအား ငှားရမ်းစီးပြီး မင်္ဂလာဒုံအဝေးပြေးဝင်းအတွင်းရှိ မြတ်မန္တလာထွန်းကားဂိတ်သို့ သွားရောက်ခဲ့သည်ဟု ရဲထံတွင် ထွက်ဆိုထားသည်။

ထို့နောက် ၈နာရီ ၄၅ အချိန်တွင် ကားဂိတ်သို့ ရောက်ရှိပြီးပစ္စည်းများချ၍ ကားခငွေ ကျပ် ၆,၀၀၀ အား ပေးရန် ကားနောက်ခန်းတွင် တင်ထားသော အမျိုးသမီးသုံးခဲရောင်ပိုက်ဆံအိတ်အတွင်းမှ ပိုက်ဆံ အိတ် အသေးအား ထုတ်ယူပြီး ကားခပေးအပ်စဉ် ပိုက်ဆံယူပြီး ကားအားအမြန်မောင်းနှင်ထွက်သွား ခဲ့ သည် ဟုဆိုသည်။

ထို့ကြောင့် အဆိုပါ ကားပေါ်တွင် ငွေစက္ကူကျပ်ရှစ်သိန်းအပါအ၀င် လက်ဝတ်ရတနာပစ္စည်း စုစုပေါင်း တန်ဖိုးကျပ် ၂၃၃ သိန်းမှာ တက္ကစီယာဉ်နှင့်အတူပါရှိသွားသည်ဟု ပြောပြထားသည်ဟုလည်း ရဲဌာနက ဆိုထားသည်။

ထို့ကြောင့် ရဲစခန်းက ယင်းတိုင်တန်းမှုကို (ပ)၂၁/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး တက္ကစီယာဉ်မောင်းအား စုံစမ်း ရှာဖွေနေပြီး အမှန်တကယ် ခိုးယူသွားခြင်းဖြစ်ပါက ပုဒ်မ ၃၇၉ ဖြင့် တရားစွဲတင်သွားမည်ဟု ဆိုထား သည်။

၂၀၁၃ ခုနှစ်ကလည်း ဘဏ်မှထုတ်ယူလာသော ငွေကျပ်သိန်း ၄၀၀ ၀န်းကျင်ခန့်အား တက္ကစီယာဉ် မောင်း က မောင်းယူထွက်ပြေးမှုနှင့် ဘဏ်မှတစ်ဆင့် ငွေသွားလွှဲသော ပိုက်ဆံများကိုလည်း တက္ကစီ ယာဉ်မောင်း က ကားပျက်ဟန်ဆောင်၍ မောင်းနှင်ထွက်ပြေးမှုတို့ ဖြစ်ပွားထားသည်။

Mizzima - News in Burmese

နိုင်ငံရေးလုပ်စား၊ မီဒီယာလုပ်စားများအား ပြင်းထန်စွာ အရေးယူဖို့ လိုပြီ

ပန်းလှိုင်တံတားအဆင့်(တွံတေးဘက်ခြမ်း)နှင့် လှိုင်သာယာ-တွံတေးလမ်းမ ပေါ်ရှိ ကျူးကျော်တဲ ၂၀၀၀ ကျော်ကို ဇန်န၀ါရီလ ၁၄ ရက်နေ့ နံနက်အစာပိုင်းတွင် သက်ဆိုင်ရာက ဖယ်ရှားခဲ့ကြောင်း သိရသည်။


ကျူးကျော်နေထိုင်သူများကို မြေနေရာပြုလုပ်ပေးပြီး အိမ်ထောင်စုစာရင်း ပြုလုပ်ပေးသည် ဟု ဆိုကာ တစ်အိမ် ကျပ်တစ်သောင်းနှုန်းဖြင့် ဒီမိုကရက်တစ် ပါတီ(မြန်မာ)မှ ကျော်ထက်နိုင် ဆိုသူထံ ပေးချေခဲ့ရပြီး ထိုသူက နေထိုင်နိုင်ရန် အတွက် ကျူးကျော်များကို အာမခံပြောကြားခဲ့ကြောင်း ကျူးကျော်နေထိုင်သူများထံမှ ပြန်လည်သရကြောင်း ယနေ့ထုတ် Eleven နေ့စဉ်သတင်းစာတွင် ဖော်ပြထားသည်။

ယင်းကဲ့သို့ တစ်အိမ် တစ်သောင်းနှုန်း ပေးရခြင်းအပြင် ယခု ဖျက်သိမ်းခံလိုက်ရသည့် ကျူးကျော်အိမ်များမှာ လှိုင်သာယာ-တွံတေးလမ်းမပေါ်တွင် တစ်ကွက်လျှင် အနည်းဆုံး ကျပ်တစ်သိန်းမှ ငါးသိန်းအထိ ပေါက်ဈေးရှိနေပြီး ပွဲစားများထံမှ အကွက်ရိုက်လက်လွှဲ ရောင်းချခြင်းများလည်း ဖြစ်ပေါ်ခဲ့ကြောင်း ဖော်ပြထားသည်။

ဒီမိုကရက်တစ် ပါတီ(မြန်မာ)မှ ကျော်ထက်နိုင်နှင့် အပေါင်းအပါ ခြောက်ဦးကို တွံတေးရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။

အလားတူ နိုင်င်ငံရေးပါတီများက မြှောက်ပင့်ပေးသည့် မြေယာပြဿနာများလည်း ရှိနေကြောင်း၊ The Street View ဂျာနယ်မှ သတင်းထောင်အချို့ အပါအ၀ငင် အချို့သော မီဒီယာသမားများသည် မြေယာကိစ္စများတွင် ပွဲစားသဖွယ် ပါဝင်ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။ ထိုသို့ လုပ်စား မီဒီယာများကိုလည်း ထိထိရောက်ရောက် တားဆီးအရေးယူသင့်ပြီ ဖြစ်ကြောင်း မီဒီယာသမား တစ်ဦးက ပြောကြားသည်။

"သတင်းထောက်တစ်ချို့ပေါ့ဗျာ။ မြေယာကိစ္စတွေမှာ ပြန်ရရင် ဘယ်လောက် ဆိုတာမျိုး၊ ဘယ်အထိ စာတင်ပေးမယ် ဆိုတာမျိုး၊ နောက် သတင်းစာ ရှင်းလင်းပွဲ လုပ်ဖို့ စီစဉ်ပေးတာ၊ သွားဖို့ လာဖို့ စီစဉ်ပေးတာ၊ နောက်ကနေ မြှောက်ပေးနေတာတွေ ရှိတယ်။ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းရဲ့ မိသားစုက ထုတ်တဲ့ The Street View ဂျာနယ်တို့၊ ကြံ့ခိုင်ရေးက ထုတ်တဲ့ Union Daily သတင်းစာတို့ စတဲ့ သတင်းထောက်တွေ အများဆုံး ပါတယ်။ သူတို့က မြေယာကိစ္စတွေပေါ့ဗျာ အထူးသဖြင့်တော့.. လိုက်လှုပ်နေတာ။ နိုင်ငံရေးပါတီတွေ ပါလာအောင် လိုပ်ခေါ်တယ်။ လွှတ်တော်အမတ်တွေ ၀င်လာအောင်ပေါ့ဗျာ။ သူတို့ကမှ မီဒီယာရှင်းလင်းပွဲတွေ ဖြစ်အောင် ရွာသားတွေဆီက လည်ပင်းညှစ်ထားတဲ့ ပိုက်ဆံတွေနဲ့ လုပ်ပေးတာ။ လုပ်စား မီဒီယာတွေ တော်တော်ကြီးကို ဆိုးတယ်" ဟု ၄င်းက ပြောဆိုသည်။

နိုင်ငံရေးလုပ်စား၊ မီဒီယာလုပ်စားများ၏ မြှောက်ပင့်ပေးမှုများကို ထိထိ ရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူပေးရန် လိုလားလျက် ရှိကြောင်း သိရှိရသည်။

၅၉(စ)ပြင်မှာလား ရွေးကောက်ပွဲဝင်မှာလား



၅၉(စ)ပြင်မပြင်နဲ့ ရွေးကောက်ပွဲဝင်မ၀င်ဆိုတာ လက်ရှိအာဏာရ ပြည်ခိုင်ဖြိုး ပါတီ က NLD ကို ဒုတိယ အကြိမ် ဒိုင်အာခီ လုပ်လိုက်တာပါဘဲ။ ပထမ အကြိမ် ၂၀၁၀ ရွေးကောက်ပွဲ ၀င် မ ၀င် လုပ်ခဲ့တဲ့ ပုံစံအတိုင်းပါဘဲ။ ၂၀၁၀ ရွေးကောက်ပွဲ မ၀င်တော့ ပြည်ခိုင်ဖြိုးက ပိုအကြိုက် တွေ့သွား တယ်။NLD ထဲကအရည်အချင်းရှိသူတွေ လည်း ကွဲထွက် သွားကြတယ်။တစ်ချက်ခုတ်နှစ် ချက်ပြတ် နဲ့  နှစ်ကောင်စား ကင်းပေါက်သွားတယ်။


အခု ၅၉(စ)ပြင်မပြင်လည်း ဒီအချိုးအတိုင်းပါဘဲ။ တခြားအချက်တွေ ပြင်မယ်။ ဒေါ် စုကိစ္စတော့ အပြော လွတ်အောင် မဖွင့် တဖွင့် လုပ်ထားလိုက်ပါတယ်။တကယ်တော့ လွှတ်တော်နည်း လမ်းအရဆိုရင် အမတ် ၇၅%ကျော်ထောက်ခံမှ ပြင်နိင်မှာဖြစ်လို့ ရှိသမျှအမတ်အားလုံးဖြစ်တဲ့ ၇၅%က ထောက်ခံ ရမယ့်အပြင် တပ်၂၅%ထဲကအနဲဆုံး တစ်ယောက်ကထောက်ခံအုံးမှ ရမှာဖြစ်လို့ အလွန့် အလွန်ခက်ခဲတဲ့ ကိစ္စဖြစ်ပါတယ်။ပြည်ခိုင်ဖြိုးက နံမယ်ကောင်းယူပြီးထောက်ခံပေးရင်တောင်မှ အခြား အရပ်သားလွှတ်တော် အမတ်တွေထဲကကန့် ကွက်လာမယ့် အခြေအနေရှိနေပါပြီ။ ခြုံပြောရရင်တော့ လွှတ်တော်နည်းလမ်းမှာ ပြည်ခိုင်ဖြိုးရဲ့ နည်းဗျူ ဟာတွေ အောင်မြင်နေတာတွေ့ရပါတယ်။NLDရဲ့  တပ်၂၅%ကို စည်းရုံးတဲ့ နည်းဗျူဟာတွေ ကလည်းတပ်နဲ့ ပို စိတ်ဝမ်းကွဲစေလာတာတွေဖြစ်နေလို့  လွှတ် တော် နည်းလမ်းနဲ့ အောင်မြင် ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိင်ဘူး လို့ ပြောရမှာပါ။

လူထုနည်းနဲ့ ၅၉(စ)ပြင်ဖို့ ကြိုးစားရာမှာ လူထုရဲ့ ပါဝင်မှု ၊NLD ရဲ့ ပါတီတွင်းစည်း လုံးမှု ၊အခြားပါတီများ တိုင်းရင်းသား အဖွဲ့ အစည်းများနဲ့ တပ်ပေါင်းစု ဖွဲ့ နိင်မှု မရှိဘဲ မအောင်မြင် နိင် ပါဘူး။ အလွန် မာတဲ့သံကိုဖြတ်ဖို့သူ့ထက်မာတဲ့သံဖြစ်ဖို့ လိုပါတယ်။ ပါတီတွင်းမှာလည်း ထိုင်ခုံမရခင် နေရာလု နေကြပြီး အခြားပါတီငယ်များ တိုင်းရင်းသားအဖွဲ့  အစည်းများနဲ့ လည်းတဖြေးဖြေး ဝေးလာ တာဟာ လူထုနည်း အောင်မြင်ဖို့ အခက်အခဲတွေပါ။ အဲဒီ အချက်တွေအပြင်လူထု နည်းနဲ့  ၅၉(စ) ပြင်ဖို့ ကြိုးစားမယ်ဆိုရင် NLD မှာကိုယ်ခံအားကောင်း ဖို့ နဲ့ နည်းဗျူဟာကောင်းတွေ ရှိဖို့ လည်း လိုပါ တယ်။ခြုံပြောရရင်တော့ လူထုနည်းနဲ့ ပြင်ဖို့ ကလည်း လက်တွေ့ မှာ အလွန့် အလွန် ခက်ခဲ လှပါ တယ်။

ဘာဘဲပြောပြော နဲနဲစီပွန်းပဲ့လာပေမယ့် ၂၀၁၅ ရွေးကောက်ပွဲ ကိုမှန်မှန် ကန်ကန် လုပ်ခဲ့ရင် NLD ဘဲ အပြတ်အသတ် နိင်မယ့် အခြေအနေမှာ ရှိနေပါသေးတယ်။၅၉(စ) မပြင်လို့  ရွေးကောက်ပွဲ မ၀င်ဘူးဆိုရင် တော့ ပြည်ခိုင်ဖြိုး အကြိုက်ပါ။ ဒီမှာလဲ NLD မှာထပ်ကွဲ လာကြအုံးမှာ က အမြတ်ထပ်ထွက် အုံးမှာပါ။ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ယခင် န၀တ၊ နယက ယခု ပြည်ခိုင်ဖြိုး ဆိုတဲ့ ပြိုင်ဘက် အဆက်ဆက်ရဲ့  တီးချက်အတိုင်း NLD ကလိုက်ကခဲ့ရတာများပါတယ်။ အခုလည်း မိမိရဲ့ အင်အားကို မှန်မှန်ကန်ကန် သုံးသပ်ပြီး ပြိုင်ဘက်ကို မိမိကစေချင်တဲ့အတိုင်း ဆိုင်းတီးပေးနိင်တဲ့ အင်အားမရှိဘူး ဆိုရင်တော့ ပြိုင်ဘက်တီးတဲ့ဆိုင်းအတိုင်းလိုက်က ရမှာဖြစ် ပါတယ်။မဟာဗျူဟာ ယုံကြည်ချက်ခိုင်မာ တာနဲ့  နည်းဗျူဟာ ခေါင်းမာတာ မရောထွေးဖို့ လိုပါတယ်။

၅၉(စ)ပြင်ဖို့ လွှတ်တော်နည်းနဲ့ မရနိင်ဘူး။လူထုနည်းနဲ့ အောင်မြင်အောင်မလုပ်နိင် ဘူးဆိုရင်တော့ ၅၉(စ)နဲ့ ညီအောင်လုပ်ပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ အပြတ်အသတ်နိင်အောင်ပြိုင် အရည်အချင်းကိုက်ညီသူ သမ္မတဖြစ်အောင် လုပ်သင့်ပါတယ်။ရုရှားမှာသမ္မတ ပူတင် လုပ် သွားတဲ့ နည်းအတိုင်း မိမိသြဇာခံ ယုံကြည်စိတ်ချရသူ တစ်ဦး ရွေးချယ်တဲ့ နည်းလမ်းစဉ်းစား သင့်ပါတယ်။ ၂၀၁၅ရွေးကောက်ပွဲ ကို တရား မျှတစွာဖြစ်ရေးကိုတောင်းဆိုပြီး ပါတီ အတွက်ရရှိထားတဲ့ လူထု ဆန္ဒမဲတွေ အလ ဟ သ မဖြစ်ရေး စဉ်းစား သင့်ပါတယ်။ ၅၉(စ)မပြင်လို့ ရွေးကောက်ပွဲ မ၀င်ဘူး ဆိုရင် တော့ ပြည်ခိုင်ဖြိုးက ထ ပြီး “ က” နေမှာဘဲ ဆိုတာ NLD အနေနဲ့ အသိခေါက်ခက် အ၀င်နက် မ ဖြစ် ဖို့ နှိုးဆော် သတိပေးလိုက်ရပါ တယ်။ ။

ဦးသောင်းအေး
( ၁၅. ၁ .၂၀၁၄ )

အိမ်သာတက်နေသည့် အမျိုးသမီးအား ဗီဒီယိုခိုးရိုက်သူကို အမှုဖွင့်

ဒဂုံအရှေ့မြို့နယ်တွင် အိမ်သာတက်နေသည့် အမျိုးသမီးကြီးတစ်ဦးကို ဖုန်းကင်မရာဖြင့် ဗီဒီယိုခိုးရိုက်ကူးခဲ့ သူကို မြို့နယ်ရဲစခန်းက ဇန်န၀ါရီ ၁၃ ရက်အတွင် အမှုဖွင့်အရေးယူထားသည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်သည်။


အဆိုပါ အမှုမှာ ဒဂုံမြိ့သစ်၊ အရှေ့ပိုင်း၊ (၆) ရပ်ကွက်တွင် ဇန်န၀ါရီ ၁၂ နံနက် ၈နာရီခွဲအချိန်က ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး အသက် ၄၃ နှစ်အရွယ် အမျိုးသမီးကြီး အိမ်သာတက်နေစဉ်အတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အိမ်သာတက်နေစဉ် ကပ်လျက်အခန်းတွင် ငှားရမ်းနေထိုင်သည့်မြို့တော်လျှပ်စစ်ဓာတ်အားပေးအရေးအဖွဲ့ မှ ၂၃ နှစ်အရွယ် နေ့စားဝန်ထမ်းက ဟွားဝေဖုန်းဖြင့် အိမ်သာအမိုးနှင့် နံရံကြားမှ လက်လျှို၍ခိုးရိုက်ခြင်းဖြစ် သည်ဟု ကာယကံရှင် အမျိုးသမီးက ဇန်န၀ါရီ ၁၃ ရက် နေ့လယ်တွင် ရဲစခန်းတွင် တိုင်တန်းထားသည်။

ထို့ကြောင့် မြို့နယ် ရဲစခန်းက တိုင်တန်းခံထားရသူ လွင်မိုးဦးကို (ပ)၂၂/ ၂၀၁၄ဖြင့် အမှုဖွင့်ပြီး ပြစ်မှုပုဒ်မ ၃၅၄/ ၅၀၉ တို့ဖြင့် အရေးယူရန် ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။

From:OE

မွတ်ကုလား ဦးကိုနီကို အကြောင်းပြု၍ NLD အတွင်း သဘောထားကွဲ



ပါတီဝင်အဟောင်းများနှင့် အသစ်များအကြား တင်းမာမှုများ တဖြည်းဖြည်းချင်း ဖြစ်ပေါ်လာ နေသော NLD ဗဟိုရုံးချုပ်၌ တရားလွှတ်တော် ရှေ့နေ ဦးကိုနီကို အကြောင်းပြု၍ သဘောထား ကွဲလွဲ မှုများ ဖြစ်ပေါ်လာနေကြောင်း သိရှိရသည်။


NLD ပါတီသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ရေးတွင် မူဝါဒအသစ်များ ရေးဆွဲရန် ဆောင်ရွက် ကြရာ၌ လွှတ်တော်အမတ် ဦးဝင်းမြင့်ကတစ်ဆင့် ပြင်ဆင်ရေးဆိုင်ရာ ဆောင်းပါးများ ရေးသားလျက်ရှိသော တရားလွှတ်တော် ရှေ့နေ ဦးကိုနီကို CEC အတွင်း ထည့်သွင်းဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ရှေ့နေကြီးဦးကိုနီသည် ယခုအခါ NLD အတိုင်ပင်ခံများ ဖြစ်ကြသော ဦးတင်ဦး၊ ဦးဝင်းတင်တို့နှင့် တစ်တန်း တည်းထားကာ ဆက်ဆံခြင်း ခံခဲ့ရသောကြောင့် လူဟောင်းများက မကျေမနပ် ဖြစ်လာကြခြင်း ဖြစ်ကြောင်း တက္ကသိုလ်ရိပ်သာလမ်း ရုံးမှ အတွင်းသိများက ပြောဆိုသည်။

NLD ပါတီအပေါ် အစ္စလာမ်ဘာသာဝင်များ အကြောင်းပြု၍ ဝေဖန်တိုက်ခိုက်မှုများ ဖြစ်ပေါ်နေချိန်တွင် ဦးကိုနီအား ထိပ်ပိုင်းတွင် တာဝန်ပေးအပ်ခဲ့ပါက ပိုမိုဆိုးရွားလာနိုင်ကြောင်း ရန်ကုန်အဖွဲ့က တုံ့ပြန် ပြောကြား ခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်အဖွဲ့ တို့က ပယ်ချခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်အဖွဲ့တွင် ဦးဝင်းတင်၊ ဦးဥာဏ်ဝင်း ဦးဆောင်သော ၀င်း-၀င်းဂိုဏ်း ဖြစ်ပြီး နေပြည်တော်အဖွဲ့မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင်နှင့် လွှတ်တော်ကိုယ်စားလှယ်များပါဝင်သည်။ နေပြည်တော်အဖွဲ့ သည် ၀င်း-၀င်းဂိုဏ်းကို အလေးမထားသည့်အပြင် ဦးကိုနီအား NLD ဥပဒေ အကြံပေးအဖွဲ့ ခေါင်းဆောင် တစ်ဦးအဖြစ် မိတ်ဆက်ပေးကာ အမေရိကန်နိုင်ငံသို့ ၁ လကျော်ကြာ စေလွှတ်ရာတွင် လိုက်ပါစေခဲ့သည်။

လွှတ်တော်အမတ်များ ပါဝင်သော အဆိုပါ ကိုယ်စားလှယ်အဖွဲ့တွင် ဦးကိုနီအား ခေါင်းဆောင်တင်၍ စေလွှတ် မှုကို ရန်ကုန်NLD က ကျေနပ်ခြင်း မရှိဘဲ ပြည်သူများ၏ ဆန့်ကျင်မှုများ ပိုမိုခံရနိုင်သည် ဟု ပြောကြား ခဲ့ကြကြောင်း သိရှိရသည်။

သို့သော်လည်း NLD နေပြည်တော်အဖွဲ့ကမူ ဦးကိုနီကို ကန့်ကွက်နေလျှင် ဦးကိုနီလောက် မည်သူ အရည် အချင်း ရှိသနည်း ဟု ပြန်လည်မေးမြန်းခဲ့ရာ ဦးဥာဏ်ဝင်းနှင့် ရန်ကုန်အဖွဲ့က အမျက်ထွက်လျက်ရှိကြောင်း သိရှိရသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး NLD ပြောခွင့်ရသူများထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပါ။

From: ပြည်သူ့အာဏာ

မြန်မာနိုင်ငံသားအဖြစ်မှ ဆုံးရှုံးခဲ့ပြီး ပြည်ပနိုင်ငံသားအဖြစ် ခံယူထားသူ ၄၃ ဦးအား မြန်မာနိုင်ငံသားအဖြစ် ပြန်လည်လက်ခံရန် အစိုးရမှ စဉ်းစားနေ

မြန်မာနိုင်ငံသားအဖြစ်မှ ဆုံးရှုံးခဲ့ပြီး ပြည်ပနိုင်ငံသားအဖြစ်ခံယူထားသူ ၄၃ ဦး အား မြန်မာနိုင်ငံသားအဖြစ် ပြန်လည်လက်ခံရန် အစိုးရမှ စဉ်းစားနေကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဇန်န၀ါရီ ၁၅ ရက်တွင် လွှတ်တော်၌ သတင်းထောက်များအား ပြောကြား သည်။


“နိုင်ငံသားဟောင်းတစ်ဦးက မြန်မာနိုင်ငံသားပြန်လည်ခံယူချင်တယ်ဆိုရင် လျှောက်လို့ရတယ်။ တကယ် တော့ ၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ ပုဒ်မ ၁၃မှာ လူတစ်ယောက် dual citizen ခံလို့မရဘူး။ အကြောင်း အမျိုးမျိုးကြောင့် နိုင်ငံသားဖြစ်ခွင့်ဆုံးရှုံးသွားပြီဆိုရင် ဟိုနိုင်ငံသားခံလိုက်တော့။ ဒါမှမဟုတ် ဟို passport ကိုင်လိုက်တော့။ ဆုံးရှုံးသွားပြီဆိုရင် ဘယ်တော့မှ နိုင်ငံသား ပြန်မဖြစ်တော့ဘူး။အခုဥပဒေ အရ။ တော် တော်ကို တင်းတင်းကျပ်ကျပ် ကိုင်ထားတယ်။အဲဒါ နိုင်ငံသားပြန်ဖြစ်ခွင့်ရှိတဲ့ဟာက ၈၂ ခုနှစ် ဥပဒေမှာပဲ ပုဒ်မ ၈ မှာ နိုင်ငံတော်အစိုးရကပဲ နိုင်ငံတော်အကျိုးငှာဆိုတဲ့ အတွက်ကြောင့် စဉ်းစားပေးချင်ရင် စဉ်းစား ပေးလို့ရတယ်။ နိုင်ငံတော်အကျိုးငှာ စဉ်းစားပေးမယ်ဆိုရင် သူပြန်လျှောက်။ ဟိုဘက်နိုင်ငံသားကို စွန့် လွှတ်။ နိုင်ငံတော်အကျိုးငှာ စဉ်းစားချင်ရင်စဉ်းစား။ ပြီးတော့မှ နိုင်ငံသားပြန်ဖြစ်။အဲလိုမျိုးသွား တယ်။

မြန်မာနိုင်ငံသားဟောင်း ၄၃ ဦးကို နိုင်ငံတော်အကျိုးငှာ လက်ခံဖို့ရှိတယ်။ ဒီနိုင်ငံသားအဖြစ် ဆုံးရှုံးသွားတဲ့ ကျွန်တော်တို့ နိုင်ငံသားဟောင်းတွေ၊ ကျွန်တော့်မှာ နာမည်စာရင်းတော့ရှိပါတယ်။မထုတ်ပြန်ရသေး လို့ပါ။ နိုင်ငံတွေကတော့အစုံပဲ။ အမေရိကတို့ဝေးတဲ့ နိုင်ငံမျိုးတွေ။ ထွက်သွားကြတဲ့သူတွေ။ နိုင်ငံတော်အကြီး အကဲက ပြန်လည်ဖိတ်ခေါ်တဲ့အတွက် လျှောက်ကြတယ်။ နိုင်ငံခြားရေး၊ ပြည်ထဲရေး၊ လ၀ကရယ် သုံး ယောက်ပေါင်းပြီး ၄၃ ဦးပဏာမလက်ခံဖို့ စီစဉ်ထားပြီးပြီ”ဟု လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားသည်။

ထို့ပြင် ယာယီနိုင်ငံသားလက်မှတ် (၀ှိုက်ကတ်)များကို ဥပဒေအရ ပေးထားခြင်း ဖြစ်ပြီး ၁၉၈၂ ခုနှစ် နိုင်ငံ သားဥပဒေကိုလည်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အနေဖြင့် ပြင်ဆင်ရန်မရှိကြောင်း၊ ပြည်ထောင်စုလွှတ်တော်မှ ပြင်ဆင်လိုက်ပါက ပြင်ဆင်သည့်အတိုင်း ၀န်ကြီးဌာနအနေဖြင့် လိုက်နာ ကျင့် သုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးခင်ရီက ဆိုသည်။

Eleven Media Group

ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်း ထောက်ခံချက်ဖြင့် ပြင်ဆင်၍ရသည့် အခြေခံဥပဒေပါ ပုဒ်မများကို အရင်ဆုံးပြင်ဆင်ပါက ပိုကောင်းမည်ဟု ပူးပေါင်းကော်မတီအတွင်းရေးမှူး ပြောကြား

လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင် နှုန်း၏ ထောက်ခံချက်ဖြင့် ပြင်ဆင်၍ရသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မများကို အရင်ဆုံးပြင်ဆင်ပါက ပိုကောင်းမည်ဟု ပြည်ထောင်စုလွှတ်တော်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ aလ့လာ သုံးသပ်ရေးဆိုင်ရာ ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဦးအေးမောက်က ဇန်န၀ါရီ ၁၅ ရက်တွင် ပြုလုပ်သည့် ပူးပေါင်းကော်မတီအစည်းအဝေးအပြီး ပြောကြားသည်။

“လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင် နှုန်းနဲ့ ပြင်လို့ရတဲ့ပုဒ်မတွေ အရင်ပြင်လိုက်ရင် ပိုကောင်းမယ်။ ဘာ လို့ လဲဆိုတော့ တချို့အရာတွေက ပြည်သူအတွက် ပိုအကျိုးရှိတယ်။ ဇယား (၁) (၂) မှာ power sharing resource sharing တွေ။ အဲဒါတွေက ပြင်လို့လည်းရတယ်။ပထမဆုံး ပြည်သူတွေအကျိုးခံစားရမှာပဲ။ အခု လုပ်နေတဲ့ ငြိမ်းချမ်းရေးလုပ်နေတယ်ဆိုတာရှိတယ်။ ပြည်နယ်တွေမှာလည်း အတိုင်းအတာအရ ဘာတွေ လိုနေလည်းဆိုတော့ power sharing resource sharing တွေစကားပြောနေကြတာပဲ။ အန်ကယ်တို့ သာ အဲဒီမှာပြင်ပေးလိုက်လို့ရှိရင် ဘာပဲဖြစ်ဖြစ် အစိုးရလုပ်တာကို အထောက်အကူဖြစ်သွားနိုင်တယ်” ဟု ဦးအေးမောက်က ပြောကြားသည်။

Eleven Media Group

ကမ္ဘာပေါ်တွင် ဘိန်းထုတ်လုပ်မှု ဒုတိယအများဆုံး ဖြစ်နေခြင်းနှင့် မူးယစ်ဆေးဝါးများ အများအပြား ၀င်ရောက်နေမှုကြောင့် ပြည်တွင်း၌ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အထူးအဖွဲ့များ တိုးချဲ့မည်



မြန်မာနိုင်ငံအနေဖြင့် ဘိန်းထုတ်လုပ်မှု အဆင့်တွင် တစ်ကမ္ဘာလုံး၌ ဒုတိယအများဆုံး ဖြစ်နေခြင်းနှင့် ပြည်တွင်းသို့ မူးယစ်ဆေးဝါးများ အများအပြား ၀င်ရောက် နေမှုကြောင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အထူးအဖွဲ့ များကို တိုးချဲ့ဖွဲ့စည်းကာ စုံစမ်းဖမ်းဆီး အရေးယူ သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးနှင့် အန္တရာယ် တား ဆီးကာကွယ်ရေး ဗဟိုမှ ဌာနမှူး ရဲမှူးကြီးမြင့်သိန်းက ဇန်န၀ါရီ ၁၅ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။


ယခုလက်ရှိအချိန်တွင် ပြည်တွင်း၌ မူးယစ်ဆေးဝါးများ ၀င်ရောက်မှုနှင့် ရောင်းဝယ်ဖောက်ကား သုံးစွဲ သူများကို ထိရောက်စွာ စုံစမ်းဖမ်းဆီး အရေးယူနိုင်ရန်အတွက် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အထူး အဖွဲ့ ၂၆ ဖွဲ့ကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်း သိရသည်။

ပြည်တွင်း၌ ဘိန်းစိုက်ပျိုးမှုကို ရှမ်းပြည်နယ်အတွင်း ၉၂ ရာခိုင်နှုန်းနှင့် ကချင်ပြည်နယ်တွင် ရှစ်ရာခိုင်နှုန်း နီးပါး စိုက်ပျိုးလျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်မှ သိရသည်။

မြန်မာနိုင်ငံတွင် ဘိန်းထုတ်လုပ်မှုမှာ ကမ္ဘာ့အဆင့်တွင် ဒုတိယအဆင့် ရပ်တည်နေပြီး ပြည်တွင်း၌ ဘိန်း စိုက်ပျိုးမှုများကို ထိရောက်စွာဖျက်ဆီးခြင်းနှင့် ဘိန်းစိုက်တောင်သူများကို အစားထိုးသီနှံများ စိုက်ပျိုးခြင်း၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် NGO အဖွဲ့အစည်းများနှင့် ပူး ပေါင်းဆောင်ရွက်နေကြောင်း သိရသည်။

ယခုလက်ရှိအချိန်တွင် ပြည်တွင်း၌ မူးယစ်ဆေးဝါးများ ၀င်ရောက်မှုနှင့် ရောင်းဝယ်ဖောက်ကား သုံးစွဲ သူများကို ထိရောက်စွာ စုံစမ်းဖမ်းဆီး အရေးယူနိုင်ရန်အတွက် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အထူး အဖွဲ့ ၂၆ ဖွဲ့ကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်း “မြန်မာနိုင်ငံက ဘိန်းထုတ်လုပ်မှု ဒုတိယအများဆုံး ဖြစ်နေတယ် ဆိုပေမယ့်လည်း အများဆုံးနိုင်ငံဖြစ်တဲ့ အာဖဂန်နစ္စတန်နိုင်ငံနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ အများကြီး ကွာခြားပါတယ်။ ဥပမာအနေနဲ့ ပြောရမယ်ဆို ရင် ပြည်တွင်းက ဘိန်းထုတ်လုပ်မှု ၈၀၀ လောက်ဆိုရင် အာဖဂန်နစ္စတန်က ၆၀၀၀ လောက်ရှိတယ်။ ဒါ ကြောင့် ဘိန်းထုတ်လုပ်မှုက ပထမနဲ့ဒုတိယ ဆိုပေမယ့် ကိန်းဂဏန်းအရ အများကြီး ကွာခြားပါတယ်။ ဒါ့ အပြင် နယ်စပ်လမ်းကြောင်းကနေ မူးယစ်ဆေးဝါးတွေ အများအပြား ၀င်ရောက်နေတဲ့အတွက် မူးယစ်ဆေး ၀ါး တားဆီးနှိမ်နင်းရေး အထူးအဖွဲ့ကို အဖွဲ့ ၅၀ ကျော်အထိ တိုးချဲ့သွားပြီးတော့ ဖမ်းဆီးမှုတွေ တိုးမြှင့်သွား ပါမယ်” ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးနှင့် အန္တ ရာယ် တားဆီးကာကွယ်ရေး ဗဟိုမှ ဌာနမှူး ရဲမှူးကြီးမြင့်သိန်းက ပြောကြားသည်။

စိတ်ကြွရူးသွပ်ဆေးပြား ချက်လုပ်ရန် လိုအပ်သည့် ဓာတုပစ္စည်းများမှာ အိမ်နီးချင်း တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံနှင့် အိန္ဒိယနိုင်ငံများမှတစ်ဆင့် မြန်မာနိုင်ငံ အတွင်းသို့ အမြောက်အမြား ၀င်ရောက်လျက်ရှိ ကြောင်း သိရသည်။

ထို့အပြင် ဆူဒိုအက်ဖီဒရင်း ပါဝင်သည့် အအေးမိ ပျောက်ဆေးပြားများ တရားမ၀င် သယ်ဆောင်ခြင်းသည် အဓိက ခြိမ်းခြောက်လျက်ရှိသော ပြဿနာဖြစ်နေပြီး ဆူဒိုအက်ဖီဒရင်း ပါဝင်သော အအေးမိ ပျောက် ဆေးပြားများအား ၂၀၀၈ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ဆေးပြားစုစုပေါင်း ၉၃ ဒသမ ၆ သန်း ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိမှု ကိန်းဂဏန်းများအရ ၂၀၀၉ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံတွင် အများဆုံး ဖမ်းဆီးရမိသည့် အအေးမိ ပျောက်ဆေးပြားများမှာ အိန္ဒိယနိုင်ငံမှ အများဆုံး ၀င်ရောက်ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲချုပ်ဇော်ဝင်းက ပြောကြားသည်။

Eleven Media Group

လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးခြင်းမှာ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အဖြေဟု ဒေါ်အောင်ဆန်းစုကြည် ထပ်ပြော



အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် နိုင်ငံတော် သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော် ဥက္ကဋ္ဌ များနှင့် တွေ့ဆုံ လိုကြောင်း မေတ္တာရပ်ခံထားသူ ဒေါ်အောင်ဆန်းစုကြည်က လေးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေးသာလျှင် အခြေခံဥပဒေ ပြင်ဆင် ရေးအတွက် အဖြေဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ထပ်မံတိုက်တွန်း ပြောကြားသည်။


ဇန်နဝါရီလ ၁၄ ရက်နေ့က ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီရုံးခန်းအတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် သတင်းမီဒီယာများ တွေ့ဆုံစဉ် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“တရားဝင် မဖြစ်ခင်မှာ လေးပွင့်ဆိုင် တွေ့ပြီးတော့ ဘယ်လို လုပ်ကြမယ်ဆိုတာ ပြောကြတာ ပိုကောင်း တာပေါ့။ မတူတဲ့ သဘောတွေကို ပိုပြီးတော့ ညှိနှိုင်းရလွယ်မယ်။ အားလုံးသိသွားရင် ညှိနှိုင်းရခက်မယ်” ဟု ၎င်းကဆိုသည်။

ယင်းသို့ အလွတ်သဘော တွေ့ဆုံ ဆွေးနွေးခြင်းသည် ဒီမိုကရေစီ စနစ်သာလျှင်ဖြစ်ပြီး အခြေခံဥပဒေ ပြင်ဆင်ရေး အဖြေမထွက်မီ အဓိက ပုဂ္ဂိုလ်များနှင့် ညှိနှိုင်းခြင်းသည်သာ အကောင်းဆုံး ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

ယင်းသို့ အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် လေးပွင့်ဆိုင် တွေဆုံ့ဆွေးနွေးရန် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် နိုဝင်ဘာလအတွင်း ထုတ်ပြန် ကမ်းလှမ်းထားသည်။

သို့သော်လည်း အခြေခံဥပဒေ ပြင်ဆင်ရေးကို ပြည်ထောင်စု လွှတ်တော်မှ ဖွဲ့စည်းပေးထားသော အခြေခံ ဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီ၏ သုံးသပ်ချက်များကို စောင့်ကြည့် ရမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ်က ပြောဆိုထားသည်။

ယင်းကဲ့သို့ ငြင်းဆိုမှုများ ရှိသော်လည်း လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရန် တောင်းဆိုမှုကို လက်လျှော့မည် မဟုတ်ဘဲ ဆက်လက် တိုက်တွန်း သွားမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် တုံ့ပြန် ပြောကြားထားသည်။

ဘားအံဆွေးနွေးပွဲရက် ရွှေ့ဆိုင်း



တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီတို့ရဲ့ ကရင်ပြည်နယ် ဘားအံမြို့ ဆွေးနွေးပွဲကို ဖေဖော်ဝါရီ မှာ တွေ့ဆုံဖို့ ရွှေ့ဆိုင်းလိုက်ပါတယ်။


အစောပိုင်းက ဇန်န၀ါရီလ ၂၄ ရက်ကနေ ၂၆ ရက်နေ့ အထိ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီက တာဝန်ရှိသူတွေနဲ့ ကရင်ပြည်နယ် ဘာအံမြို့မှာ တွေ့ဆုံဖို့ စီစဉ်ထားတာကို အခု ရက်ရွှေ့ လိုက်တာဖြစ်ပါတယ်။

ရက်ရွှေ့ရတဲ့အကြောင်းရင်းနဲ့ ပတ်သက်ပြီး တနိုင်ငံလုံး အပစ်ခတ်ရပ်ရေး ဆိုင်ရာညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) ရဲ့ ဒု-ဥက္ကဋ္ဌ ပဒိုကွယ်ထူးဝင်းက အခုလိုပြောပါတယ်။

“ကျနော်တို့ တိုင်းရင်းသားဘက်ကလည်း အချိန်နည်းနည်းညှိနှိုင်းရမယ့် အချက်အလက်တွေ ရှိနေတဲ့ အပေါ်မှာ ကျနော်တို့ဘက်က ရက်ရွှေ့ဖို့ တောင်းဆိုတော့ အစိုးရ ဘက်ကလည်း သဘောတူပါတယ်။ လာမယ့် ဘားအံပွဲမှာ ရလဒ်ကောင်းတွေ ထွက်စေချင်တဲ့သဘောနဲ့ ကျနော်တို့ဘက် ပြင်ဆင်မှုတွေကို လုံလုံ လောက်လောက် ရဖို့အတွက်ပါ။”

ဒါ့အပြင် ဘားအံမြို့တွေ့ဆုံဆွေးနွေးပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားဖို့လည်း အစီစဉ်ရှိတယ်လို့ ပဒိုကွယ်ထူးဝင်းက ပြောပါတယ်။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို ဒီဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးဖို့ မဟုတ်ဘဲ လေ့လာစောင့်ကြည့်သူ အနေနဲ့ တက်ရောက်နိုင်အောင် ဖိတ်ကြားဖို့ တိုင်းရင်းသားတွေက ဆွေးနွေးခဲ့ကြတယ်လို့ ပြောပါတယ်။

ဇန်န၀ါရီလ ၂၀ ကနေ ၂၂ အထိ ကရင်ပြည်နယ် ဘားအံခရိုင် ကေအန်ယူ ထိန်းချုပ်ရာနယ်မြေ လော်ဃီးလာ (ခေါ်) လေးဝါးမှာ ဒုတိယအကြိမ်မြောက် တိုင်းရင်းသား ညီလာခံ ကျင်းပမယ့်ပွဲကိုတော့ ရက်ရွှေ့ ဆိုင်းခြင်း မရှိပါဘူး။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးခဲ့ ရင် နိုင်ငံရေး ဆွေးနွေးပွဲတွေ ဆက်လက်ဆွေးနွေးနိုင်ဖို့အတွက် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင် အလုပ်ရုံ ဆွေးနွေးပွဲ ကို ဇန်န၀ါရီလ ၉ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ ကျင်းပခဲ့ပါတယ်။

ဒီဆွေးနွေးပွဲမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင် ၂၀ ကျော် တက်ရောက် နေပြီး အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား လုပ်ဆောင်နေတဲ့ တနိုင်ငံလုံး အတိုင်း အတာ ပစ်ခတ်ရပ်စဲ နိုင်ရေး မူဝါဒါတွေကို ပြန်လည် သုံးသပ်ဆွေးနွေးခဲ့သလို အပစ်ခတ်ရပ်ဆိုင်း ပြီးရင်လည်း နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲအတွက် မူပေါင်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ ကေအန်ယူ/ ကေအန်အယ်လ်အေ (ငြိမ်းချမ်းရေးကောင်စီ) က နိုင်ငံခြားရေးတာဝန်ခံ ဗိုလ်မှူးချုပ် ဒေါက်တာသီမိုသီက ပြောပါတယ်။

“ကျနော်တို့ ဆွေးနွေးတာတွေက ငြိမ်းချမ်းရေးကနေတဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ဘယ်လို လုပ်မလဲ။ တနိုင်ငံလုံးအတိုင်းအတာ အပစ်အခတ် ရပ်စဲရေးကို ပြင်ဆင်သလို ကျနော်တို့က နှစ်ဖက်လုံး စဉ်းစားတယ်။ အကောင်းဆုံးအဖြေရအောင် လုပ်နေတယ်။ တပြိုင်တည်းမှာပဲ နိုင်ငံရေး ဆွေးနွေးပွဲ အတွက် ပြင်ဆင် နေတယ်။”

ဒီအလုပ်ရုံဆွေးနွေးပွဲကို တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) က ဦးဆောင် ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပခဲ့တာပါ။

ဒီအလုပ်ရုံဆွေးနွေးပွဲအတွင်း တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေနဲ့ နိုင်ငံတကာက တတ်သိ ပညာရှင် တချို့ အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီး တခြားနိုင်က အတွေ့အကြုံတွေကိုလည်း လေ့လာ ခဲ့ကြပါတယ်။

DVB TV News

ဖမ်းမိသောငါးကြီးတစ်ကောင်အားငွေကျပ် ၂၂၅သိန်းဖြင့်ဝယ်



မွန် ပြည်နယ် မော်လမြိုင်မြို့ ကော့ တွန် ကျေးရွာ အုပ်စု၊ ဇွယ်ရပ် ကျွန်းနေ ဒေါ်ပု၏သား မောင် သာထူးသည် မော်လမြိုင် ခေါင်း ဆေးကျွန်းအနီး တွင် ဇန်န၀ါရီ ၁၃ရက် နံနက် ၁၁နာရီက ငါး ပြက် ပိုက်ဆွဲရာမှ အလေးချိန် ၅၂ပိဿာခန့်ရှိ ကသမြင် ငါးကြီး တစ်ကောင်ကို ဖမ်းဆီးရမိခဲ့ ကြောင်း သိရ သည်။


အဆိုပါငါးကြီးအား မော် လမြိုင်မြို့ ဘိုကုန်းရပ်ရှိ သံ လွင်ဈေး ငါးအ၀ယ်ဒိုင်တွင် လာရောက်ရောင်းချရာ ကျိုက္ခ မီမြို့မှ ငါးအ၀ယ်ဒိုင်ပိုင်ရှင် တစ်ဦးက ငွေ ကျပ် ၂၂၅သိန်း ပေးဝယ်ပြီး ရန်ကုန်မြို့သို့နေ့ ချင်း အပြီး သယ်သွားကြောင်း၊ ငါးထက် ငါးအဆီပေါင်းက ပိုမို ဈေးရကြောင်း ငါးလုပ်ငန်းရှင် များက ပြောဆိုကြသည်။

““ကသမြင်ငါးအကြီးကြီး ရလိုက်တဲ့လူဟာ နောက်ဆို တံငါလုပ်ငန်းလုပ်လို့ မရတော့ဘူး။ တံငါလုပ်ငန်း ပြန်လုပ်ရင် ခိုက်တယ်တဲ့။ အရင်က လဲ ဒီလိုငါးအကြီးကြီးရဖူးကြပါတယ်””ဟု ချမ်းအေးရပ်ကွက် မှ တံငါသည် တစ်ဦးက ပြော သည်။

Yangon Media Group

ပါရာဂိမ်း ပြေးခုန်ပစ်တွင် မြန်မာက ပထမဆုံး ရွှေဆွတ်ခူး



ပြေးခုန်ပစ်အားကစားနည်းထဲမှာ ပါဝင်တဲ့ ထိုင်လျက် သံလုံးပစ်ပြိုင်ပွဲမှာ ဦးထူးထူးအောင် (ဆေးအဆင့် ၅၆) က ရွှေတံဆိပ် ပထမဆုံးအကြိမ် ဆွတ်ခူး ရရှိသွားပါတယ်။ အမျိုးသမီး သံပြားပစ် ပြိုင်ပွဲမှာတော့ မြန်မာမှ မတင်တင်ခိုင်က ကြေး တံဆိပ် ရရှိပါတယ်။ ပြေးခုန်ပစ် အားကစားနည်းမှာ ရွှေတံဆိပ် ၁၂၁ ခု ချီးမြှင့်မှာဖြစ်ပါတယ်။


လက်ရှိ ကျင်းပနေတဲ့ ၇ ကြိမ်မြောက် အာဆီယံ ပါရာဂိမ်းပြိုင်ပွဲမှာ ဆုတံဆိပ်ပေါင်း ၁၀၃၇ ဆု ချီးမြှင့်မှာ ဖြစ်ပါတယ်။

ပြိုင်ပွဲကို ဇန်န၀ါရီ ၁၅ ရက်နေ့မှ ၁၉ ရက်နေ့ထိ နေပြည်တော် ၀ဏ္ဏသိဒ္ဓိ အားကစားရွာမှာ အားကစားနည်း ၁၂ မျိုးကို ကျင်းပ ပြုလုပ်မှာ ဖြစ်ပါတယ်။

အိမ်ရှင် မြန်မာနိုင်ငံ အပါအဝင် အာဆီယံဒေသတွင်းနိုင်ငံမှာ မသန်စွမ်း အားကစားသမား ၁၁ဝဝ ကျော် ယှဉ်ပြိုင်မှာ ဖြစ်ပြီး မြန်မာနိုင်ငံက အားကစားသမား ၂၁၃ ဦး ပါဝင်မှာ ဖြစ်ပါတယ်။

ပါရာဂိမ်းပြိုင်ပွဲကို မလေးရှားနိုင်ငံမှာ ၂၀၀၁ ခုနှစ်က ပထမဆုံးအကြိမ် ကျင်းပ ပြုလုပ်ခဲ့ပြီး ၇ ကြိမ်မြောက် အာဆီယံပါရာဂိမ်းပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတာပါ။

DVB TV News

ပုဒ်မ (၁၈) နဲ့ ပုံပျက် ပန်းပျက် ဒီမိုကရေစီ

ပုဒ်မ (၁၈) ဖျက်သိမ်းရေး အန္တရာယ်

ငြိမ်း စီ လှည့် ဥပဒေရဲ့ ပုဒ်မ (၁၈) ကို ပြင်ဆင်မယ် ဆိုတဲ့ လွှတ်တော်တွင်း အဆို တစ်ရပ် အတည်ပြု လိုက်တာ ကို ကြားသိ ရတော့ အထူးပဲ စိုးရိမ် ပူပန် မိပါတယ်။ သူရ ဦးအောင်ကို ရဲ့ ရှင်းလင်းချက် အရ ဆန္ဒ ပြမယ့် နေ့၊ နေရာ၊ အချိန်၊ လူအင်အား ကို အသိပေး ရုံပဲ ဆိုတဲ့ သဘော မျိုး နားလည် မိ ပါတယ်။ ပုဒ်မ (၁၈) ပြဌာန်း ချက် အရ နိုင်ငံသား တွေရဲ့ မူလ အခွင့်အရေး ကို ပိတ်ပင် ရာ ရောက်နေ ပြီး အခြေခံ ဥပဒေ နဲ့ သွေဖီရာ ရောက်နေ တယ် ဆိုတာ လည်း မှန်သင့် သလောက် မှန်ပါ တယ်။ ဒီအပေါ် မှာပဲ လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် က ပုဒ်မ (၁၈) ကို ပယ်ဖျက် မယ် ဆိုရင် ဥပဒေ တစ်ခုလုံး ပယ်ဖျက် ပစ်ရမှာ ဖြစ် တယ်၊ ဥပဒေ ဆိုတာ ပြစ်မှုနဲ့ ပြစ်ဒဏ် ကို သတ်မှတ် ပေးထား တာ ဖြစ်ပြီး အဓိက ကျတဲ့ ပြစ်မှု နဲ့ ပြစ်ဒဏ် ကို ပယ် ဖျက်မယ် ဆိုရင် ဥပဒေ တစ်ခုလုံး မလိုအပ် တော့ဘူး ဆိုတဲ့ သဘော မျိုး ပြောသွား ခဲ့တာ လည်း တွေ့ရပါ တယ်။


ပုဒ်မ (၁၈) နဲ့ပတ်သက် လို့ ဖြေလျှော့ ပေးဖို့ လိုတယ် ဆိုတာ လက်ခံ ပါတယ်။ ဒါပေမယ့် လက်ရှိ မြန်မာ ပြည်သူ လူထု ရဲ့ အနေ အထား ကို မှန်မှန် ကန်ကန် သုံးသပ် ဖို့ လိုပါ တယ်။ တစ်ကယ် လို့ ခွင့်ပြူချက် တောင်းခံ စရာ မလိုတော့ ဘူး ဆိုတဲ့ အချိန် မှာ တစ် နိုင်ငံ လုံး အုံကြွ မှုတွေ ကို အလွယ် တကူနဲ့အချိန် မရွေး လုပ်ဆောင် နိုင်တော့ မှာ ဖြစ်ပါတယ်။ နိုင်ငံတိုင်း မှာ ရှိနေ တဲ့ အဖျက်သမား အုပ်စု တွေရဲ့ အကွက် ချမှု တွေနဲ့ လူ အုပ်စုကြီး လာတဲ့ အခါ ဖြစ်ပေါ် လာတတ်တဲ့ သွေးဆူမှု သဘော တရားကို သတိထား သင့်ပါတယ်။ လူတွေ ဟာ တစ်ဦး တည်း ဖြစ်ဖြစ်၊ လူ နည်း စု ပဲ ဖြစ်ဖြစ် စည်းရုံး လှုပ်ရှားမှုတွေ လုပ်တဲ့ အခါမှာ လူနည်းစု ဖြစ် တဲ့ အတွက် သတိ အမြဲ ကပ်နေ တတ် ပါတယ်။ လူအုပ်ကြီး များ လာပြီ ဆိုရင် စိတ်ပညာ သဘော အရ ပိုပြီး ရဲတင်း လာတယ်၊ အချုပ် ပြောရရင် ဥပဒေ မဲ့ လုပ်ရပ် တွေကို အလွယ် တကူ လုပ်ဆောင် လာနိုင်တာ တွေ့ရှိ နိုင်ပါတယ်။ ဒါက မြန်မာ ပြည်မှာ သာ မဟုတ်ဘူး၊ ကမ္ဘာ အရပ်ရပ် မှာ လည်း ဒီ အတိုင်း ပါပဲ။ လူအုပ် ကြီး များ လာပြီ ဆိုရင် မကျေနပ် ချက်တွေ ရောနှော ဖောက်ခွဲ ပြီး အဖျက် လုပ်ငန်းတွေ၊ အကြမ်းဖက် တာတွေ လုပ်လာ ကြတာ တွေ့နိုင် ပါတယ်။ 

ပုဒ်မ (၁၈) ပယ်ဖျက် လိုက်ပြီး တဲ့ နောက်မှာ အနှစ်နှစ် အလလ မကျေနပ်ချက် တွေကို အလွယ် တကူ ဖော်ထုတ် ဆန္ဒပြဖို့ လွယ်ကူ လာတဲ့ အချိန်မှာ ဘာတွေ ဖြစ်လာ မလဲ စဉ်းစား ကြည့်နိုင် ပါတယ်။ အခုလို ပုဒ်မ (၁၈) ကန့်သတ်ချက် ရှိနေတဲ့ အချိန်မှာ တောင် တမင် သက်သက် ချိုးဖောက် တာတွေ ရှိနေ ပါတယ်။ ဒီ ချိုး ဖောက်မှု မှာ ပါဝင် လိုပေမယ့် ဥပဒေ ရှိနေ တယ် ဆိုတဲ့ အတွေး ကြောင့် ပါဝင် ခြင်း မပြုဘဲ နေရသူ တွေ ရှိပါ တယ်။ ပုဒ်မ (၁၈) ကန့်သတ်ချက် မရှိ တော့ဘူး ဆိုတဲ့ အချိန်မှာ လူစု လူဝေးနဲ့ ဆန္ဒပြ အုံကြွ မှုတွေ ကြီးထွား လာပြီ ဆိုရင် တော့ တည်ငြိမ် အေးချမ်းရေး၊ ပြည်သူ လူထု အသက် အိုးအိမ် စည်းစိမ် ကို ကာကွယ် ပေးရမယ့် လုံခြုံရေး တပ်ဖွဲ့တွေနဲ့ ထိပ်တိုက် တွေ့လာ တော့မှာ ဖြစ်ပါ တယ်။ 

နောက် တစ်ခါ ရခိုင် ပြည်နယ် က စတင် ခဲ့ပြီး နိုင်ငံ အနှံ့ ကြိုကြား ကြိုကြား ဖြစ်ပေါ် နေတဲ့ ဘာသာရေး ကို အခြေခံ တဲ့ တင်းမာ မှုတွေ ပေါက်ကွဲ လာပြီ ဆိုရင် သိမြင် ကြပြီး ဖြစ်တဲ့ အတိုင်း ဒီနိုင်ငံ နဲ့ ဒီလူထု ဘာတွေ ဖြစ်လာ မလဲ တွေးကြည့် နိုင်ပါတယ်။ အခုမှ စွမ်းရည် ပြန်လည် တည် ဆောက် နေ ရတယ် လို့ တရားဝင် ၀န်ခံ ထားတဲ့ ရဲ တပ်ဖွဲ့ဝင် တွေရဲ့ ထိန်းသိမ်း နိုင် စွမ်း နဲ့ ပုဒ်မ (၁၈) ပယ်ဖျက် လိုက်မှု ဟာ တိုင်းပြည် အ တွက် ဘယ်လောက် အထိ အန္တရာယ် ကြီးတယ် ဆိုတာ အလေးအနက် ထားပြီး သတိပေး ချင်ပါ တယ်။ အမေရိကန် နဲ့ ဗြိတိန် နိုင်ငံ တွေမှာ Occupy Wallstreet ဆန္ဒ ပြမှုတွေ ဖြစ်လာ တဲ့ အချိန်မှာ အလုပ် လက်မဲ့ လူငယ် တွေရဲ့ ပေါက်ကွဲ မှု ကြောင့် ပြည်သူ လူထု ရဲ့ အိုးအိမ် စည်းစိမ် တွေ ဖျက်ဆီး တာတွေ ဖြစ်လာ ခဲ့ပါ တယ်။ ဒီ လူ့အဖွဲ့ အစည်း (၂) ခု စလုံး ဟာ မြန်မာ နိုင်ငံရဲ့ လက်ရှိ လူ့အဖွဲ့ အစည်း ထက် အများကြီး ပိုပြီး ပညာတတ် တွေ များတယ် ဆိုတာ သိရှိ ထားဖို့ လိုပါ တယ်။ မထိန်း နိုင် မသိမ်းနိုင် မဖြစ် အောင် လုံခြုံရေး တပ်ဖွဲ့ အင်အား လုံလုံ လောက် လောက် နဲ့ နှိမ်နင်း ဖြိုခွင်း ခဲ့တဲ့ အတွက် အချိန်မီ ထိန်းသိမ်း နိုင်ခဲ့တယ် ဆိုတာ တွေ့ပါ လိမ့် မယ်။ 

ဘုရားနဲ့ တစ်ဂိုဏ်း တည်း ထား ခဲ့တဲ့ ကျောင်း ဆရာ၊ ဆရာမ တွေ ကိုတောင် ကျောင်းသား တွေက ပြန်ပြီး ဆန္ဒပြ နေတဲ့ တစ်ခါ မှ မရှိ ဘူးတဲ့ ယဉ်ကျေးမှု တွေ ဖြစ်ပေါ် လာနေတဲ့ ဒီကနေ့ မြန်မာ နိုင်ငံမှာ ဒီလို အုံကြွ မှုများ ဖြစ်ပေါ် လာနိုင် တဲ့ အားနည်း ချက်တွေမှာ မြေယာ ကိစ္စ၊ အလုပ် သမား ကိစ္စ၊ လယ်သမား ကိစ္စ၊ စက်ရုံ အလုပ်ရုံ ကိစ္စ၊ စီမံကိန်း ကိစ္စ အများကြီး အများကြီး ရှိနေ ပါတယ်။ ဒီလို မှိုလို ပေါက်နေတဲ့ ပြဿနာ တွေ ကနေ အုံကြွမှု တွေ ဖြစ်လာ ခဲ့ရင် အခု တက်တက် ကြွကြွ ထောက်ခံ ခဲ့ကြတဲ့ လွှတ်တော် အမတ်တွေ ဘာလုပ် ပေးမှာလဲ၊ ဘာလုပ် ပေးနိုင် မလဲ စဉ်းစား စရာပါ။ အလွန်ဆုံး အစိုးရ ကို တိုက်တွန်း ကြောင်း ပြော မှာ လား၊ အစိုးရ ကိုင်တွယ် ဖြေရှင်းတာ ညံ့ဖျင်း တယ် လို့ ပြောမှာ လား၊ ထုံးစံ အတိုင်း တရား ဥပဒေ စိုးမိုးရေး ဓါတ်ပြား ဟောင်းကြီး ဖွင့်မှာ လား၊ ဘယ်လိုပဲ ဖြစ်ဖြစ် အဲဒီ အချိန်မှာ အသက်ပေါင်း များစွာ၊ အိုးအိမ် ပေါင်း များစွာ ဆုံးရှုံး ခဲ့ရပြီ ဆိုရင်တော့ အဓိက လက်သည် တရားခံ ဟာ ဒီလို ဖြစ်စေမယ့် အခြေ အနေတွေ ဖန်တီး ပေးလိုက် တဲ့ လွှတ်တော် ကိုယ် စားလှယ် တွေပဲ ဖြစ်လာ ပါလိမ့် မယ်။ Lawmaker ဆိုတာ လက်ရှိ အနေ အထား ကိုပဲ မကြည့်ဘဲ နောင် နှစ်ပေါင်း များစွာ အထိ ကြိုတင် မျှော်တွေး ပြီး ဥပဒေ ပြုကြ ရသူတွေ ဖြစ် ပါ တယ်။ အရှည် ကို မျှော်တွေး တာမျိုး အားနည်း ပြီး ပြည်သူ လူထု လက်ခုပ်သံ လွယ်လွယ် ရရှိ စေမယ့် ပေါ်ပြူလာ လမ်းစဉ် ကို လိုက်နေ မယ် ဆိုရင် မြန်မာ နိုင်ငံရဲ့ ဒီမိုကရေစီ ဘယ် အဆင့် ကိုမှ ရောက်နိုင် မှာ မဟုတ် ပါဘူး။ လူထု အကြိုက် ကိုပဲ လိုက် မနေဘဲ လူထု ကို အတိုက်အခံ လုပ်ပြီး လမ်းမှန် ကို လျှောက်ရဲ ကြဖို့ လိုပါ တယ်။ လူမုန်း များမယ့် ကိစ္စ ဆိုရင် ဘယ် နိုင်ငံရေး သမား မှ ထုတ်ဖော် ပြောကြား တာမျိုး မရှိကြ ပါဘူး။

အမှား သရုပ်ပြ အန္တရာယ်

မကြာသေး ခင်က ဖြစ်ပွား ခဲ့တဲ့ NLD ပါတီ ရဲ့ နေပြည်တော် အခြေခံ ဥပဒေ ရှင်းလင်းပွဲ မှာ ဘယ်သူ ကမှ ကြား အမြင်နဲ့ ထောက်ပြ တာမျိုး မ တွေ့ ရသေး ပါဘူး။ အဓိက အားဖြင့် လူထု ခေါင်းဆောင် ဒေါ်အောင် ဆန်း စုကြည် ကိုယ်တိုင် ပါဝင် နေတာ ဖြစ်တဲ့ အတွက် လက်ရှောင် ကြတာ လည်း ပါပါ လိမ့်မယ်။ ဒီကိစ္စ ဟာ လည်း ပုဒ်မ (၁၈) နဲ့ အဓိက ပတ်သက် နေပါတယ်။ နေပြည်တော် ကောင်စီ က နေရာ ပြောင်းရွှေ့ ပေးဖို့ ထုတ် တယ်၊ NLD က လက်မခံ ဘဲ မူလ အတိုင်း ဆက်လုပ် သွားမယ် ဆိုပြီး ထိပ်တိုက် ရင်ဆိုင် တယ်။ စကား ပြော ကြပါ၊ ညှိနှိုင်း ကြပါ လို့ တဖွဖွ ပြော နေတဲ့ ဒေါ်အောင်ဆန်း စုကြည် ရဲ့ မိန့်ခွန်း ပြောကြားချက် နဲ့ အခု လုပ် ဆောင်ချက် ဟာ အပြော နဲ့ အလုပ် အလွဲကြီး လွဲနေ ပါတယ်။ နေပြည် တော် ကောင်စီ ရဲ့ အကြောင်းပြ ချက် က အများ ပြည်သူ သွားလာမှု ထိခိုက် စေနိုင် တယ် ဆိုတဲ့ အကြောင်းပြ ချက်၊ NLD ရဲ့ အကြောင်းပြ ချက် က အခြေခံ ဥပဒေ ပါ အခွင့် အရေး၊ ဒီတော့ NLD ဟာ ငြိမ်းစီ လှည့် ဥပဒေ ကို အသိ အမှတ် မပြု မလိုက်နာ ဘူး ဆိုတဲ့ သဘော သက်ရောက် နေပါတယ်။ တစ်ချို့ ကလည်း နေပြည်တော် ကောင်စီ က သက်သက်မဲ့ ညစ်တာ ဆိုပြီး နားလည် နေကြ ပါတယ်။ ဒီကိစ္စ ဟာ မြန်မာ နိုင်ငံမှာ အင်အား အကောင်းဆုံး၊ စွမ်းရည် အရှိဆုံး၊ ပြိုင် ဘက် မရှိ ဆိုပြီး ဒေါ်အောင်ဆန်း စုကြည် ရဲ့ NLD ပါတီ ရဲ့ အမှား သရုပ်ပြ လုပ်ဆောင် ချက် လို့ပဲ ပွင့်ပွင့် လင်း လင်း ပြောချင် ပါတယ်။ တည်ဆဲ ဥပဒေ ကို လိုက်နာ ရန် တာဝန် ရှိတာ ကို ဒေါ်အောင်ဆန်း စုကြည် ကိုယ်တိုင် လက်ပံတောင်း ခရီးစဉ်မှာ ထုတ်ဖော် ပြောကြား ထားပြီး ဖြစ်ပါ တယ်။ ဒီ လုပ်ဆောင် ချက် ဟာ ဒီမိုကရေစီ ဆန် တဲ့ စံနမူနာ ပြ လုပ်ဆောင်ချက် တစ်ရပ် သဘော မျိုး ကျန်တဲ့ တက်ကြွ လှုပ်ရှား သူတွေ မှတ်ယူ သွားခဲ့ပြီ ဆိုရင် တော့ ဦးသိန်းစိန် အစိုးရ ရှေ့လျှောက် တည်ငြိမ် အေးချမ်းရေး ကို မနည်း ကြိုးစား တည်ဆောက် ရပါ လိမ့်မယ်။ 

ဒီမိုကရေစီ သဘောမှာ လွတ်လပ်ခွင့် ကို အပြည့် အ၀ လိုချင် ပါတယ်။ လိုက်နာ ရမယ့် တာဝန် ကို တော့ လျစ်လျူ ရှုတတ် ကြပါ တယ်။ အမေ ရိကန် လို ဒီမိုကရေစီ ဘိုးအေ နိုင်ငံကြီး မှာ ဆန္ဒ ပြချင် တိုင်း ပြလို့ မရ ပါဘူး။ ပြည်နယ် တစ်ခုနဲ့တစ်ခု လည်း ဥပဒေ တွေက မတူ ပါဘူး။ တစ်ချို့ ပြည်နယ် တွေမှာ တစ်ယောက် တည်း ဆိုရင် ခွင့်ပြု ချက် မလိုပါ ဘူး။ ငါးယောက် ထက် ကျော်လာ ရင်တော့ ခွင့်ပြုချက် လိုလာ ပါပြီ။ အာဏာ ပိုင်တွေ ဘက်တော့ အများ ပြည်သူ ကို ထိခိုက် စေမယ့် လုပ်ဆောင် ချက်၊ ယာဉ်ကြော ပိတ်ဆို့မှု ဖြစ်စေမယ့် လုပ်ရပ် လုံးဝ လက်မခံ ပါဘူး။ အဲဒါ မျိုး ဆိုရင်တော့ ပိတ်ပင် ပါတယ်။ လိုက်နာ မှု မရှိရင် အရေးယူ ပါတယ်။ ဆန္ဒပြ ရာမှာ အများ ပြည်သူ သွားလာ မှုကို ထိခိုက် စေမှုနဲ့ ဒီမိုကရက် လွှတ်တော် အမတ် (၇) ယောက် လောက် ကို ရဲတပ်ဖွဲ့ က လက်ထိပ် ခတ်ပြီး ဖမ်းဆီး ထိန်းသိမ်း ခဲ့တဲ့ ဓါတ်ပုံ တွေ၊ သတင်းတွေ တွေ့မြင်ရတာ သိပ်မကြာ သေးပါ ဘူး။ ဒါဟာ ရဲတပ်ဖွဲ့ ရဲ့ တာဝန် ပဲ ဖြစ်ပါ တယ်။ အများ ပြည်သူ ကို ထိခိုက် နစ်နာ လာစေ မယ် ဆိုရင် တော့ လွှတ်တော် အမတ် လည်း ခွင့်လွှတ် မပေး ပါဘူး။ တည်ငြိမ် အေးချမ်းမှု ကို ထိခိုက် လာပြီ ဆိုရင် တော့ ပြတ်ပြတ် သားသား အရေးယူ ကြ တာပဲ ဖြစ်ပါ တယ်။ ဒီလို မျိုး ဖမ်းဆီး ခံရတဲ့ အတွက် အစိုးရ ကို လွှတ်တော် အမတ်တွေ က ဘာပြန် လုပ်ခဲ့ ပါသလဲ။ လွှတ်တော် အမတ် ဆိုတာ ဥပဒေ ကို စံနမူနာ ပြ လိုက်နာ ဖို့ တာဝန် ရှိပါတယ်။ ပြည်သူ လူထု ကို အမှား သရုပ်ပြ ဖို့ မဟုတ် ပါဘူး။ မြန်မာ နိုင်ငံ လို မရင့်ကျက် သေးတဲ့ လူ့ အဖွဲ့ အစည်း မှာ လောလောဆယ် မှာတော့ လူထု ဆန္ဒ၊ လူထု အကြိုက် တွေနဲ့ လမ်းမှား ကို ခေါ်ဆောင် မသွား ဖို့ သိပ်ကို အရေးကြီး ပါတယ်။ 

လူထု ဆန္ဒ ဖော်ထုတ်မှု အတွက် အစိုးရ တိုင်းရဲ့ စိုးရိမ်မှု က Public Order ပဲ ဖြစ်ပါ တယ်။ Public Order ကို ထိခိုက် ခြင်း ရှိ၊ မရှိကို လည်း ရဲ တပ်ဖွဲ့ဝင် တွေက အဆုံးအဖြတ် ပြုကြ ရပါတယ်။ ဆန္ဒ ဖော်ထုတ် တဲ့ အကြောင်း ရင်း ရည်ရွယ်ချက် ပေါ် မူတည်ပြီး ဘယ်လောက် အထိ သက်ရောက် မှု ရှိလာ နိုင်တယ် ဆိုတာ ကိုလည်း စဉ်းစား ကြရ ပါတယ်။ အီတလီ နိုင်ငံမှာ ဆိုရင် လူထု ကျန်းမာရေး နဲ့ ကိုယ်ကျင့် တရား ကို ထိခိုက် စေ နိုင်တယ် ဆိုရင် ရဲတပ်ဖွဲ့ က ပိတ်ပင် ပိုင်ခွင့် ရှိပါ တယ်။ ပြင်သစ် နိုင်ငံမှာ ဆိုရင် တရားမ၀င် လှုပ်ရှား မှုတွေ ကို ထောက်ခံ အားပေး တာမျိုး ဆိုရင် ဆန္ဒ ဖော်ထုတ် ခွင့် မပေး ပါဘူး။ ပြင်သစ်၊ အစ္စရေး နိုင်ငံ တွေမှာ ဆိုရင် ဆန္ဒ ဖော်ထုတ်မှု ကို ပိတ်ပင် တဲ့ ဆုံးဖြတ်ချက် ကို ဆန္ဒပြပွဲ မတိုင်မီ ထုတ်ပြန် နိုင်ပါတယ်။ ကြိုတင် အသိပေး တင်ပြခြင်း မရှိတဲ့ ဆန္ဒ ဖော်ထုတ် မှုတွေကို တရား မ၀င် ဘူးလို့ သတ်မှတ် ပြီး တရား မ၀င် ဆန္ဒပြ မှုတွေ ကို ရဲ တပ်ဖွဲ့က လူစုခွဲ နိုင်သလို ဆန္ဒပြ ပွဲ စီစဉ် တဲ့သူ တွေကို တရား စွဲဆို အရေးယူ နိုင်ပါတယ်။ ကနေဒါ နိုင်ငံ မှာ ဆိုရင် ဆန္ဒ ပြပွဲ ပြုလုပ် ဖို့ (၂၁) ရက် အထိ ကြိုတင် တင်ပြ ရတာ ရှိပါတယ်။ တစ်ခါ တစ်ရံမှာ အုပ်ချုပ် ရေး က မဟုတ်ဘဲ စည်ပင် သာယာရေး ကော်မတီ တွေ ကနေ မြို့တော် သန့်ရှင်းမှု ကို ထိခိုက် စေတဲ့ အတွက် ပိတ်ပင် တာမျိုး တွေ အမေရိကန် မှာ ရှိနေ ပါတယ်။ စကော့ တလန် နဲ့ တောင် အာဖရိက နိုင်ငံ တွေမှာ မြူနီစပယ် အာဏာပိုင် တွေကို တင်ပြ ရပြီး များသော အားဖြင့် ဒေသ ဆိုင်ရာ ရဲတပ်ဖွဲ့ ကို တင်ပြ ရတာ တွေ့ရှိ ရပါတယ်။ ကနေဒါ နဲ့ အမေရိကန် နိုင်ငံ တွေမှာ စီးပွားရေး လုပ်ငန်း တွေ၊ စီးပွားရေး အရင်း အမြစ် တွေကို ထိခိုက်ခြင်း ရှိ - မရှိ ကို အခြေခံ ပြီး အချိန် နဲ့ နေရာ ကို ခွင့်ပြု ပေးကြ တာ ရှိပါတယ်။ နယူးယောက် မြို့တော်မှာ ဆိုရင် ကုသမဂ္ဂ အဆောက် အဦ ရှေ့မှာ ဖြတ်ပြီး ဆန္ဒပြ တာ ကို ပိတ်ပင် ထား ပါတယ်။ နိုင်ငံ အတော် များများ မှာ လွှတ်တော် နဲ့ အစိုးရ ရုံးတွေ လို အရေးကြီး တဲ့ နေရာတွေမှာ ဆန္ဒ ဖော်ထုတ် ခွင့် ပိတ်ပင် ထားပါ တယ်။ ပြင်သစ် နိုင်ငံမှာ ဆိုရင်လည်း နိုင်ငံ့ အကြီး အကဲ တွေ၊ အရေးကြီး နိုင်ငံခြား ဧည့်သည် တွေကို ဆန္ဒ မပြ နိုင် အောင် ပိတ်ပင် ထားပါတယ်။ လုံခြုံရေး ကို လည်း အထူး အားဖြင့် တင်းတင်း ကျပ်ကျပ် ချထား လေ့ ရှိပါ တယ်။ 

ဒါတွေ ဟာ ဘာဖြစ် လို့လဲ စဉ်းစား ကြည့်ရင် တည်ငြိမ် အေးချမ်းရေး၊ အကြမ်းဖက် မှုတွေ မဖြစ်ပေါ် ရေး၊ ပြည်သူ လူထု အသက် အိုးအိမ် စည်းစိမ် ကာကွယ် စောင့်ရှောက်ရေး ကို အုပ်ချုပ် တဲ့ အစိုးရ က အဓိက တာဝန် ရှိတာ ကြောင့်ပဲ ဖြစ်ပါတယ်။ ဒီတာဝန် ကို ထမ်းဆောင် နိုင်ခြင်း မရှိ အောင် ပြုမူ လုပ်ဆောင် လာခဲ့ရင် တစ်ကယ် လို့ ထိခိုက် ဆုံးရှုံးမှု တွေ ဖြစ်ပေါ် လာရင် အစိုးရ တွေ အတွက် အကျပ် အတည်း ဖြစ်စေ နိုင်ပါ တယ်။ ဒီလို အနေ အထား မျိုး ရောက်ရှိ လာရင် တော့ လူထု အနေနဲ့ မလုံခြုံ မှု ကို အစဉ် အမြဲ ခံစား နေစေမယ့် မင်းမဲ့ စရိုက် နဲ့ ပုံပျက် ပန်းပျက် လူ့အဖွဲ့ အစည်း မျိုး ဖြစ်လာ မှာ သေချာ ပါတယ်။

လွတ်လပ်မှု အန္တရာယ်

ပြန်ပြီး ချုပ်ရရင် အခွင့် အရေး အပြည့်အ၀ ပေးဖို့ လိုသလို ပုံပျက် ပန်းပျက် မဖြစ် စေဖို့ ဘယ် လောက် အထိ ထိန်းမလဲ ဆိုတဲ့ အချက် က အရေး ကြီး ပါတယ်။ မြန်မာ နိုင်ငံ လို ပြဿနာ ပေါင်းစုံ ဗွက်ပေါက် နေတဲ့ နိုင်ငံ မျိုးမှာ ပုဒ်မ (၁၈) လို ကန့်သတ်ချက် ကို ပယ်ဖျက် ဖို့ စဉ်းစား သင့် ပါတယ်။ အာဏာ ပိုင် တွေ ဘက် ကလည်း ဘယ်လောက် အတိုင်း အတာ အထိ ဖြေလျှော့ မလဲ ဆိုတာ ၀ိုင်းစဉ်းစား ဖို့ လိုပါ တယ်။ ရဲတပ် ဖွဲ့ ဘက် က သက်သက် ညစ်တာမျိုး မဖြစ် အောင်လည်း သတ်မှတ် အချက် တွေနဲ့ ကိုက်ညီ ရင် ဆန္ဒဖော် ထုတ်မှု ကို ငြင်းပယ် ခြင်း မရှိ စေရ ဆိုတဲ့ ပြဌာန်း ချက်မျိုး၊ အချိန် နီးကပ် နေပြီ ဆိုလျှင် သတ်မှတ် ချက်နဲ့ ကိုက်ညီ လျှင် အမြန်ဆုံး ခွင့်ပြု ပေးရမည် ဆိုတဲ့ ပြဌာန်း ချက် မျိုး၊ သာမန် အား ဖြင့် (၃) ရက် အတွင်း ခွင့်ပြု ပေး ရမည် ဆိုတဲ့ ပြဌာန်း ချက် မျိုး ပြင်ဆင် နိုင်ပါတယ်။ အလျှော့ အတင်း ကောင်းကောင်း လုပ် လို့ရပါ တယ်။ အ လား တူပဲ ပြစ်ဒဏ် ကိုလည်း (၇) နှစ် အမြင့်ဆုံး ချမှတ် တာထက် အများ ပြည်သူ ကို ထိခိုက် စေတာနဲ့ ဆက်နွယ် ပြီး ဘယ် ကိစ္စမျိုး ဆိုရင် ဘယ် နှစ်နှစ် စတဲ့ ပြစ်ဒဏ် မျိုးတွေ ပြင်ဆင် ပြဌာန်း သင့် ပါတယ်။ 

အဓိက အချက် ကတော့ ဒီမိုကရေစီ ကူးပြောင်း မှုမှာ မြန်မာ ပြည်သူ တွေ ဥပဒေ နဲ့အညီ ပြုမူ လုပ်ဆောင် မှုတွေ လုပ် ဆောင် နိုင်ဖို့ ဥပဒေ နဲ့ ထိန်းကျောင်း တာမျိုး ဖြစ်သင့် ပါတယ်။ မြန်မာ နိုင်ငံ နဲ့ မြန်မာ ပြည်သူ တွေဟာ နှစ် ပေါင်း များစွာ အာဏာရှင် စနစ် အောက်မှာ နေထိုင် လာခဲ့ တာ ဖြစ်တဲ့ အတွက် လွတ်လပ်ခွင့် အပြည့် အ၀ ပေးတာ ထက် ဖြေလျှော့ တဲ့ အဆင့်ကို တစ်ဆင့်ပြီး တစ်ဆင့် ပေးအပ် သွားပြီး ဥပဒေ နဲ့အညီ နေထိုင် ကျင့် ကြံ နိုင်အောင် ၀ိုင်းဝန်း ထိန်းသိမ်း သင့် ပါတယ်။ ပုဒ်မ (၁၈) ပယ်ဖျက်ခြင်း ရဲ့ ဘေးထွက် ဆိုးကျိုး တွေ ကို တစ် ကယ်တမ်း နင့်နင့် နဲနဲ ခံစား ရမှာက ဒီနိုင်ငံ နဲ့ ဒီ ပြည်သူ တွေပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် လူထု လှိုင်းကို မစီးဘဲ လမ်းမှန် ပြဖို့ လမ်းမှန် ဆွဲခေါ်ဖို့၊ ပုံပျက် ပန်းပျက် ဒီမိုကရေစီ ဖြစ်ပေါ် မလာ အောင် တားဆီး ဖို့ လူထု ကို ဦးဆောင် မယ့် နိုင်ငံရေး သမား တွေမှာ တာဝန် ရှိတယ် ဆိုတာ ကိုပဲ ပြောပါ ရ စေ။ 

ဘုန်းအောင်
Golden Land Myanmar

မြန်မာနိုင်ငံသားတွေအတွက် ဂျပန်နိုင်ငံကို အကြိမ်ကြိမ်ဝင်ထွက်ခွင့်ဗီဇာ စတင်ထုတ်ပေး



မြန်မာနိုင်ငံသားတွေ ဂျပန်နိုင်ငံကို အကြိမ်ကြိမ် ၀င်ထွက်သွားလာနိုင်တဲ့ multiple-entry ဗီဇာကို ဒီကနေ့ စတင်ထုတ်ပေးနေပြီဖြစ်ကြောင်း ဂျပန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ကြေညာပါတယ်။


မြန်မာနိုင်ငံသားတွေ ဂျပန်နိုင်ငံကို ပိုမိုလာရောက် နိုင်အောင်နဲ့ ဂျပန်-မြန်မာ သံတမန်ဆက်ဆံရေး နှစ် ၆၀ ပြည့်မြောက်မှု အထိမ်းအမှတ်အဖြစ် နှစ်နိုင်ငံ ဆက်ဆံရေး ချဲ့ထွင်နိုင်အောင် ဒီအစီအစဉ်ကို အကောင်အထည်ဖော်တာလို့ ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောပါတယ်။

အခုထုတ်ပေးတဲ့ အကြိမ်ကြိမ်ဝင်ထွက်နိုင်တဲ့ ဗီဇာဟာ ၃ နှစ်သက်တမ်းရှိမှာဖြစ်ပြီး မြန်မာနိုင်ငံသားတွေ အနေနဲ့ ခရီးတစ်ကြိမ်အတွင်း ဂျပန်နိုင်ငံမှာ ၁၅ ရက် နေထိုင်နိုင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အထူးစီးပွားရေးဇုန်တစ်ခု တည်ဆောက်ရေး၊ မီးရထားလမ်းတွေ အဆင့်မြှင့်တင်ရေးနဲ့ တခြားအခြေခံအဆောက်အဦး ဖွံ့ဖြိုးရေးစီမံကိန်းတွေအတွက် ဂျပန်အစိုးရက ယန်းငွေ ၆၃ ဘီလျံ ထုတ်ချေး မယ်လို့ ၀န်ကြီးချုပ် ရှင်ဇိုအာဘေးက သမ္မတဦးသိန်းစိန်နဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း တိုကျိုမြို့မှာ တွေ့ဆုံ စဉ် ကတိပြုပြောကြားထားပါတယ်။

ဒါ့ပြင် မြန်မာနိုင်ငံမှာ ဂျပန်နိုင်ငံရဲ့ စီးပွားရေးရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးအတွက်လည်း နှစ်နိုင်ငံအစိုးရတွေ အကြား သဘောတူစာချုပ်တစ်ခု လက်မှတ်ရေးထိုးထားပါတယ်။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ ပုဂံမှာ တွေ့ဆုံမယ်



အရှေ့တောင်အာရှ ​နိုင်ငံများအသင်း ​အာဆီယံ ​ဥက္ကဌ ​ဖြစ်လာတဲ့ ​မြန်မာနိုင်ငံက ​ဒီလာမယ့် ​သောကြာ နေ့ကစပြီး ​အာဆီယံအသင်းဝင် ​နိုင်ငံခြား ဝန်ကြီးများ ​အလွှတ်သဘော ​တွေ့ဆုံပွဲကို ​ပုဂံမြို့မှာ ​လက်ခံကျင်းပ ​ပြုလုပ်ဖို့ရှိပါတယ်။


မြန်မာနိုင်ငံအနေနဲ့ ​အာဆီယံအစည်းအဝေး ကျင်းပ ဖို့ ​အဆင်သင့်ဖြစ်နေပြီလို့ ​မြန်မာအစိုးရက ​ပြောဆို လိုက် ပါတယ်။

နိုင်ငံခြားကိုယ်စားလှယ်တွေကို ​သယ်ယူပို့ဆောင်ရာမှာ ​အဆင်ပြေအောင် ​BMW ​နဲ့ ​limousines ​ဇိမ်ခံကားတွေလည်း ​စီးပွားရှင်တွေက ​လျူဒါန်းထားတဲ့အတွက် ​သယ်ယူပို့ဆောင်ရေးမှာလည်း ​အသင့်ဖြစ်နေပြီလို့ ​သိရပါတယ်။

အာဆီယံအသင်းဟာ ​ကမ္ဘာ့နိုင်ငံရေးမှာ ​ထွန်းတောက်လာတဲ့ ​ကြယ်တပွင့်ဖြစ်နေပြီး ​မြန်မာနိုင်ငံက ​ဥက္ကဌအဖြစ် ​ဆောင်ရွက်စဉ်အတွင်း ​ပိုပြီး ​ထွန်းတောက်လာအောင် ​လုပ်ဆောင်နိုင်လိမ့်မယ်လို့ ​ယုံကြည် ကြောင်းလည်း ​မြန်မာအစိုးရက ​ပြောပါတယ်။

လာအိုနဲ့ ​ကမ္ဘောဒီးယားလို ​နိုင်ငံတွေက ​အာဆီယံ ​ဥက္ကဌအဖြစ် ​ဆောင်ရွက်ခဲ့တုန်းက ​အဲဒီနိုင်ငံအပေါ် ​မျော်လင့်ချက်တွေ ​သိပ်မထားခဲ့တဲ့အတွက် ​အဲဒီနိုင်ငံတွေက ​ထင်တာထက်တောင် ​လုပ်နိုင်စွမ်း ရှိခဲ့တယ် ဆိုပြီး ​သုံးသပ်ခဲ့ကြပေမယ့် ​မြန်မာနိုင်ငံအပေါ်မှာတော့ ​မျော်လင့်ချက် ​ကြီးကြီးမားမား ​ထားကြတဲ့အတွက် ​မျော်လင့်ထားသလို ​လုပ်ပြနိုင်ဖို့ ​လိုအပ်နိုင်တယ်လို့ ​မြန်မာ့အရေး ​ကျွမ်းကျင်သူ ​သြစတြေးလျက ​စီးပွားရေး ပညာရှင် ​ဒေါက်တာ ​Sean ​Turnell ​က ​ပြောပါတယ်။

ဒီနှစ်အတွင်း ​လာအိုနိုင်ငံက ​အာဆီယံ ​ဥက္ကဌအဖြစ် ​ဆောင်ရွက်ရမှာ ​ဖြစ်ပေမယ့် ​မြန်မာနိုင်ငံက ​ရယူ လိုက်တာကို ​ကြည့်ခြင်းအားဖြင့် ​မြန်မာနိုင်ငံအနေနဲ့ ​ဒေသတွင်းနဲ့ ​ကမ္ဘာကို ​ပြန်ပြီး ​အဆက်အသွယ် လုပ်ခြင်ကြောင်း ​ပြသလိုက်သလို ​ဖြစ်တယ်လို့ ​အရှေ့တောင်အာရှအရေး ​ကျွမ်းကျင်သူ ​Carl ​Thayer ​ကလည်း ​သုံးသပ်ထားပါတယ်။

မြန်မာနိုင်ငံက ​ဥက္ကဌအဖြစ် ​ဆောင်ရွက်တုန်း ​တရုတ်နဲ့ ​အာဆီယံနိုင်ငံအကြား ​ဖြစ်နေတဲ့ ​ပင်လယ်ပြင် ​ပိုင်ဆိုင်မှု ​ပြဿနာကို ​ဦးဆောင်ဆွေးနွေးရမှာ ​ဖြစ်တယ်လို့လည်း ​သုံးသပ်ကြပါတယ်။

တရုတ်နိုင်ငံက ​မြန်မာနိုင်ငံကို ​တောက်လျောက် ​ထောက်ပံ့ကူညီခဲ့တဲ့ ​မိတ်ဖက်နိုင်ငံ ​ဖြစ်တဲ့အတွက် ​ဒီလို ​ဆွေးနွေးမှုအတွင်း ​မြန်မာအနေနဲ့ ​တရုတ်ဖက်ကို ​ဘက်မလိုက်အောင် ​အနီးကပ် ​စောင့်ကြည့်တာတွေ ​ခံရနိုင်တယ်လို့လည်း ​သုံးသပ်နေကြပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ​အာဆီယံအစည်းအဝေးသာမက ​အရှေ့အာရှ ​ညီလာခံကိုပါ ​လက်ခံ ​ကျင်းပရမှာဖြစ်ပြီး ​အဲဒီညီလာခံကို ​တရုတ်၊ ​ရုရှားနဲ့ ​အမေရိကန်နိုင်ငံက ​ထိပ်သီးခေါင်းဆောင်တွေပါ ​တက်ရောက်လေ့ ရှိပါ တယ်။

ABC Radio Australia

ကမ္ဘာ့စီးပွားရေး တိုးတက်မည်ဟု IMF အကြီးအကဲသုံးသပ်



ကမ္ဘာ့စီးပွားရေးဟာ ၂၀၁၄ ခုနှစ်အတွင်း တိုးတက် လာဖို့ ရှိပေမဲ့ အဲဒီတိုးတက်မှုဟာ အရမ်းနဲလွန်း၊ အားပျော့ပြီး မညီမျှမှုတွေ ရှိနေလိမ့်မယ်လို့ IMF နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ကြီးက ပြောပါ တယ်။


၂၀၀၈ ခုနှစ်မှာ ရင်ဆိုင်လိုက်ရတဲ့ ကမ္ဘာ့စီးပွားရေး ကျဆင်းမှုရဲ့ဒဏ်ကို ဆက်ခံနေရတုန်း ဖြစ်ပေမဲ့ တိုးတက်မှုတွေ ရှိလာမယ်ဆိုတဲ့ ယုံကြည်မှု ရှိနေတာကို တွေ့ရတယ်လို့ IMF အကြီးအကဲ Christine Lagarde က ၀ါရှင်တန်ဒီစီမြို့မှာ ဗုဒ္ဓဟူးနေ့က ပြောလိုက်တာပါ။

ကမ္ဘာ့စီးပွားရေးဟာ ၂၀၁၃ ခုနှစ် ဒုတိယနှစ်ဝက်ပိုင်းမှာ တိုးတက်မှုတွေ ရှိခဲ့ပြီး အခုနှစ်အတွင်းမှာ ထပ်မံ တိုးတက်လာဖို့ ရှိတယ်လို့ သူကပြောပါတယ်။ ဒါပေမဲ့ ကမ္ဘာလုံးဆိုင်ရာ တိုးတက်မှုကတော့ အရှိန်နှေးနေ တုန်းပဲလို့ Christine Lagarde က ပြောပါတယ်။

ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး နိုင်ငံတွေမှာ တိုးတက်မှု အရှိန်မြင့်လာနေပေမဲ့ ဖွံ့ဖြိုးဆဲနိုင်ငံ တွေကတော့ တိုးတက်မှု နှေးကွေးနေတုန်းပဲလို့ ဆိုပါတယ်။ ကမ္ဘာတလွှား အလုပ်လက်မဲ့ ဖြစ်နေကြတဲ့ လူပေါင်း သန်း ၂၀၀ အတွက် လက်ရှိ ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးမှု တခုလုံးက အလုပ်အကိုင်သစ်တွေ ဖန်တီး ပေးနိုင်မှာ မဟုတ်ဘူးလို့လည်း IMF အကြီးအကဲက ပြောပါတယ်။

ဒါကြောင့် ကမ္ဘာ့ခေါင်းဆောင်တွေ အနေနဲ့ စီးပွားရေးဆိုင်ရာ အဓိက ကိစ္စရပ်တွေမှာ မှားယွင်းတဲ့ ဆုံးဖြတ် ချက်တွေ မချမိဖို့လိုတယ်လို့ Christine Lagarde က ပြောပါတယ်။ ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး ဖြစ်တဲ့ အမေရိကန် ဗဟိုဘဏ်အနေနဲ့ တိုင်းပြည်စီးပွားရေးကို တိုက်ရိုက် ထောက်ပံ့ပေးနေတာကို ရပ်တန့် မပစ်ပဲ လွှတ်တော်ကလည်း ငွေကြေးချေးငှားနိုင်မှု ကန့်သတ်ထားချက်ကို ထပ်တိုးပေးသင့်တယ်လို့ IMF အကြီးအကဲက ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

သန်းခေါင်စာရင်း ကောက်ယူမည့် သင်္ကေတ တိုင်းရင်းသားများ ကန့်ကွက်


တနိုင်ငံလုံး သန်းခေါင်စာရင်း, တိုင်းရင်းသားများ,မျိုးနွယ်စုငယ်များ,ကုဒ်နံပါတ် သတ်မှတ်ချက်များ

တနိုင်ငံလုံး သန်းခေါင်စာရင်း ကောက်ယူသွားမည့် အစီအစဉ်တွင် အဓိကကျသည့် တိုင်းရင်းသားများ အမည် သတ်မှတ်ချက် ကုဒ်နံပါတ်နှင့် ပတ်သက်ပြီး ကန့်ကွက်မှုများ ရှိနေကြောင်း သိရသည်။


တိုင်းရင်းသားများ အကြား မျိုးနွယ်စုများ ကွဲပြား စေရန် လုပ်ဆောင်ချက် ဖြစ်သည်ဟူသော အကြောင်း ပြချက်ဖြင့် တိုင်းရင်းသားများက ကန့်ကွက် နေခြင်း ဖြစ်သည်။

ကရင်ပြည်နယ် အတွင်း သန်းခေါင်စာရင်း ကောက်ယူမည့် အခြေအနေနှင့် ပတ်သက်၍ ပြီးခဲ့သည့် ရက်ပိုင်းက ကရင် တိုင်းရင်း သား များ စုပေါင်းပြီး ၂ ရက်ကြာ ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

ယင်းဆွေးနွေးပွဲတွင် အစိုးရပိုင်းမှ သန်းခေါင်စာရင်း ကောက်ယူမှု လုပ်ဆောင်ချက် ပွင့်လင်းမြင်သာမှု မရှိသည့် အပေါ် ကရင် တိုင်းရင်းသားများက သဘောထား ထုတ်ပြန်ချက် တစောင် ထုတ်ပြန်သည်။

အဆိုပါ ထုတ်ပြန်ချက်၏ ဖော်ပြချက် တခုတွင် ယခုနှစ် မတ်လကုန်မှ စတင်ပြီး သန်းခေါင်စာရင်း ကောက်ယူရာတွင် အသုံးပြုမည့် တိုင်းရင်းသား မျိုးနွယ်စုများ အမည်သတ်မှတ်ချက် ဂဏန်း သင်္ကေတ(Code Number) များသည် မျိုးနွယ်စုများကို ၀ိရောဓိ ဖြစ်စေ သည့်အပြင် တိုင်းရင်းသား လူမျိုးများကို ပိုမို ကွဲပြားစေသည့် သဘောဆောင်သည်ကို တွေ့ရသည်ဟု ပါရှိသည်။

သန်းခေါင်စာရင်း ကောက်ယူရာတွင် အငြင်းပွားဖွယ် ဖြစ်နေသည့် ကရင်တိုင်းရင်းသား မျိုးနွယ်စုအမည်များ သတ်မှတ်ခေါ်ဝေါ်ခြင်း ကို ကရင်တိုင်းရင်းသား မျိုးနွယ်စုများ ကိုယ်တိုင် သတ်မှတ်ခေါ်ဝေါ်သည့် အမည်ကိုသာ အတည်ပြု ပြဌာန်း ကောက်ယူရန်နှင့် ကရင်မျိုးနွယ်စုဝင်များကို“ကရင်လူမျိုး”တမျိုးတည်း အဖြစ် ပေါ်လွင်ထင်ရှားမှု ရှိစေရေး လုပ်ဆောင်ပေးရန် တောင်းဆိုထားသည်။

“ကရင် တိုင်းရင်းသားဆိုပြီး ဥပမာ- ၁၀ လို့ဆိုပြီး ကုဒ်နံပါတ် ထည့်တယ်။ ကရင် မျိုးနွယ်အောက်မှာ ပါတဲ့ စကောကရင် စတဲ့ မျိုးနွယ် စုတွေကို ၁၁ ကစပြီး ကုဒ်နံပါတ် ထည့်ထားတယ်။ အဲဒီအတိုင်း ကောက်မယ်ဆို ကရင်က ကုဒ်နံပါတ် တခုဖြစ်နေမယ်၊ ကရင်အောက်က မျိုးနွယ်စုတွေက နောက်ကုဒ်နံပါတ်တခု ဖြစ်နေမယ်။ ဒါဆို ကရင်က မျိုးနွယ်စုကြီး တခုမဟုတ်တော့ဘဲ သူ့လက်အောက်က မျိုးနွယ်တွေနဲ့ တန်းတူ မျိုးနွယ်စုလေး တခု ဖြစ်သွားမှာပေါ့။ ကျမတို့ ကရင် လူမျိုးတွေက ဒါကို လက်မခံနိုင်ပါဘူး”ဟု ကရင် လူမှုအဖွဲ့အစည်းတခုမှ တာဝန်ရှိသူ တဦးဖြစ်သည့် ဒေါ်နော်စူစန်နာ လှလှစိုးက ပြောသည်။

ကချင်ပြည်နယ်တွင် ကချင်တိုင်းရင်းသား အဖွဲ့အစည်းပေါင်း ၂၀ နီးပါးကလည်း သန်းခေါင်စာရင်း ကောက်ယူမှုတွင် ပါဝင်သည့် လူမျိုးအမည် သတ်မှတ်မှု၊ ကုဒ်နံပါတ်စနစ်များကို လက်မခံနိုင်သည့်အတွက် မကြာသေးခင် ရက်ပိုင်းက သန်းခေါင်စာရင်း ကောက် ယူ မည့်ရက်အား ရွှေ့ဆိုင်းပေးရန်နှင့် တိုင်းရင်းသားများ၏ ဆန္ဒသဘောထားများ ရယူပြီးမှ သန်းခေါင်စာရင်း ကောက်ယူသွားရန် သဘောထား တောင်းဆိုချက်တခု ထုတ်ပြန်ခဲ့သည်။

အစိုးရ၏ ၂၀၁၄ သန်းခေါင်စာရင်း ကောက်ယူမည့် ပုံစံတွင် ကချင် မျိုးနွယ်စုကြီး အောက်တွင် ရှိသည့် ရ၀မ်၊ ဂျိန်းဖော၊ လီဆူး၊ အဇီး၊ လရှီး စသည့် မျိုးနွယ်စုငယ်လေးများအား တန်းတူ ကုဒ်နံပါတ်များ သတ်မှတ်ထားခြင်းကို လက်မခံနိုင်သည့် သဘောထား တောင်းဆိုချက် ထုတ်ပြန်ခဲ့သည်ဟု သိရသည်။

“အဲဒီလို ကောက်ခံလိုက်ရင် တိုင်းရင်းသား မျိုးနွယ်စုတွေ အများကြီး ဖြစ်သွားမှာပေါ့။ ဒါ အစိုးရဘက်က သပ်သပ် လုပ်ဆောင်တာ ကို ကြည့်ရင် ကျနော်တို့ တိုင်းရင်းသားတွေကြား သွေးခွဲတာပဲ။ အစိုးရဘက်ကတော့ စီးပွားရေးနဲ့ လူမှုရေး တိုးတက်မှု အတွက်ပဲပြောပြော နိုင်ငံရေးနဲ့ မသက်ဆိုင်ဘူးပဲ ပြောပြော ဒါက နိုင်ငံရေး လုပ်ဆောင်မှု တခုပဲ။ ဒီအတိုင်း ကောက်မယ်ဆိုရင် တိုင်းရင်းသား တွေရဲ့ အခွင့်အရေးကို အများကြီး ထိခိုက်တာပဲ။ အခု ရက်ရွှေ့ဆိုင်းပြီး ၂၀၁၅ မှာ ကောက်လည်း ဘာမှ နောက်ကျ မသွားနိုင်ဘူး” ဟု ကချင် လူမှုဖွံ့ဖြိုးရေး ကွန်ရက်၏ ပါဝင် လှုပ်ရှားသူ တဦးက ဆိုသည်။

သန်းခေါင်စာရင်း ကောက်ယူမှု ပုံစံတွင် တိုင်းရင်းသားများ မနှစ်သက်သည့် တချို့အချက်များတွင် ၄င်းတို့ အသိမှတ် ပြုထားသည့် မျိုးနွယ်စုတွင် မပါဝင်သော လူမျိုးစု စာရင်းများကို ထည့်သွင်း ဖော်ပြထားကြောင်း သိရသည်။

“ကရင် မျိုးနွယ်စုတွင်းမှာ မွန်-ကရင်(ဆာဖြူ) ဆိုတာ မရှိဘူး၊ ကျမတို့ ကရင်တွေကို အဲလိုခေါ်ရင် နှိမ်ခေါ်တယ်လို့ ယူဆတဲ့ အတွက် လုံးဝမကြိုက်ဘူး။ ဒါကို အစိုးရက သတ်မှတ် ဖော်ပြထားတဲ့ အထဲမှာ အဲဒီလို သုံးနှုန်းပြီး ကုဒ်နံပါတ် တခု ပေးထားတယ်။ သူတို့ကို မေးကြည့်တော့ အရင် နအဖ အစိုးရ လက်ထက်က ကောက်ခံခဲ့တဲ့ ကုဒ်နံပါတ်တွေ အတိုင်း ပြန်သုံးထားတာလို့ ပြောတယ်။ တိုင်းရင်းသားတွေကို သေသေချာချာ မမေးမြန်းဘဲ သူတို့သဘောအတိုင်း အချိန်နီးမှ ပေးသိတာတော့ လုံးဝမကောင်းဘူး”ဟု နော် စူစန်နာ လှလှစိုးက ပြောသည်။

ဆက်လက်ပြီး နော်စူစန်နာ လှလှစိုးက “ သူတို့ တကယ် ရိုးသားတဲ့ အဖြေတခုကို လိုချင်တယ် ဆိုရင် သေချာ အသေးစိတ် ထဲထဲ ၀င်ဝင် လုပ်ရမယ်။ အားလုံးက အစကတည်းက အစိုးရဆို ယုံကြည်ချက် ရှိတာ မဟုတ်ဘူးလေ။ အစိုးရဘက်ကလည်း တခါမှ မရိုးသားခဲ့လို့ဘဲ။ ပွင့်လင်းမြင်သာမှု ရှိမယ်ဆိုရင် မေးမြန်း သင့်တယ်”ဟု ပြောဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၅ ရက်က ချင်းပြည်နယ် ဟားခါးမြို့တွင် ကျင်းပခဲ့သော ဒုတိယ အကြိမ်မြောက် ချင်းအမျိုးသား ညီလာခံတွင် မြန်မာနိုင်ငံ သန်းခေါင်စာရင်း ကောက်ခံမှုနှင့်ပတ်သက်ပြီး ဆွေးနွေးပွဲ ကျင်းပ၍ သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ယင်းသဘောထား ထုတ်ပြန်ချက်ထဲတွင်“ချင်း” ဟူသော အမည်နာမကို အမျိုးသားအမည်အဖြစ် အသုံးပြုရန်လက်ခံပြီး၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ သန်းခေါင်စာရင်း ကောက်ယူသည့် အခါမှာ လူမျိုးနေရာတွင် “ချင်း” ဟုသာထည့်သွင်းရန် သဘောတူညီကြောင်း၊ ချင်း အမျိုးသားတို့၏ မျိုးနွယ်စုများကို သတ်မှတ်ခြင်းနှင့် ပတ်သက်ပြီး ချင်းအမျိုးသားတို့ကသာ ဆုံးဖြတ်ပိုင်ခွင့် ရှိကြောင်း ပါရှိသည်။

သန်းခေါင်စာရင်း ကောက်ယူမှုနှင့် ပတ်သက်၍ ယနေ့အချိန် အထိ အစိုးရနှင့် တိုင်းရင်းသားများ အကြား ဆွေးနွေး ညှိနှိုင်းမှုများ မပြေလည်သေးသော်လည်း အစိုးရဘက်မှ ၂၀၁၄ သန်းခေါင်စာရင်း ကောက်ယူမှု အခြေအနေများကို ၂၀၁၄ ခုနှစ် မတ် ၃၀ မှ ဧပြီ ၁၀ ရက် အထိ ၁၂ ရက်ကြာ ကောက်ယူမည်ဖြစ်ပြီး မဖြစ်မနေ လုပ်ဆောင်သွားရန် တရားဝင် ကြေညာ ထားသည်။

မြန်မာနိုင်ငံအတွင်း သန်းခေါင်စာရင်း ကောက်ခံရန် မြို့နယ်ပေါင်း ၃၃၀ ၊ ရပ်ကွက်ပေါင်း ၃၀၄၄ ရပ်ကွက်၊ ကျေးရွာ အုပ်စုပေါင်း ၁၃၆၂၈ အုပ်စု၊ ကျေးရွာပေါင်း ၆၄၃၄၆ ရွာရှိပြီး အိမ်ထောင်စုပေါင်း ၁၁ သန်း ရှိကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန(လ၀က) စာရင်းများ၌ ဖော်ပြထားသည်။

စာရင်းကောက်ခံရေး အကောင်အထည် ဖော်ဆောင်နိုင်ရေးအတွက် ပညာရေး ၀န်ကြီးဌာနကို အကူအညီ တောင်းခံထားကြောင်း၊ တနိုင်ငံလုံးတွင် ရှိသည့် ပညာရေး ၀န်ထမ်း ၁ သိန်းကျော်မှ တအိမ်တက်ဆင်း ပုံစံနှင့် ကောက်ခံသွားမည် ဖြစ်ကြောင်း၊ သန်းခေါင် စာရင်း ကောက်ခံရေး အတွက် အမေရိကန်ဒေါ်လာ ၅၅ သန်း ဝန်းကျင် ကုန်ကျနိုင်မည်ဟု အစိုးရက ခန့်မှန်းထားပြီး ကုလသမဂ္ဂမှ ဒေါ်လာ ၅ သန်း ထည့်ဝင်သွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်း အာလိန်ငါးဆင့်ရှိ အကြိမ် ၅၀ မြောက် ကရင် နှစ်သစ်ကူး ပွဲတော်တွင် ကရင်ဒုံးယိမ်း ယှဉ်ပြိုင်နေကြသည့် ကရင်တိုင်းသားများကို ပြီးခဲ့သည့် ဇန်န၀ါရီ ၁ ရက်နေ့က တွေ့ရစဉ် ( ဓာတ်ပုံ-ဂျေပိုင် / ဧရာဝတီ)

ငွေကုန်ခံကျင်းပခဲ့သည့် MNL အောင်မြင်မှု မရှိခြင်းအပေါ် မေးခွန်းထုတ်နေကြ


MNL, ဆီးဂိမ်း, ဘောလုံး, ရန်ကုန်ယူနိုက်တက်

ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်ကြီးများက ငွေကြေး သိန်းပေါင်းများစွာ အကုန်အကျခံပြီး မြန်မာ နေရှင်နယ်လိဂ် ဘောလုံး ပြိုင်ပွဲများ ကျင်းပပေး ခဲ့သော်လည်း မြန်မာ အမျိုးသား လက်ရွေးစင် အသင်း အောင်မြင်မှု မရသည့် အဖြစ်ကို ဘောလုံး အသိုင်းအ၀ိုင်းက မေးခွန်း ထုတ်နေကြသည်။


မြန်မာ နေရှင်နယ်လိဂ် (MNL) ကို ၂၀၀၉ ခုနှစ်တွင် မြန်မာ အမျိုးသား ဘောလုံးအသင်း အောင်မြင်ရေး၊ လူငယ် ဘောလုံး သမား လက်ရွှေးစင်များ ပေါ်ထွက်လာရေးတို့ အတွက် တည်ထောင်ခဲ့သော်လည်း မြန်မာက အိမ်ရှင်အဖြစ် ကျင်းပခွင့် ရရှိခဲ့သည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲကြီးတွင် ကိုယ့်ပရိသတ်၊ ကိုယ့်ကွင်း၌ မြန်မာအမျိုးသား ဘောလုံး အသင်းမှာ အုပ်စုအဆင့်မှ ထွက်ခဲ့ရပြီးနောက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ဘောလုံး သမားများကို လစာ လျှော့ချမှု အပါအ၀င် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပြီး အဖြေရှာရန် ကြိုးစားလာသည်။

၁၉၇၇ ခုနှစ် မလေးရှား ဆီးဂိမ်း ပြိုင်ပွဲမှ ယနေ့ ၂၀၁၃ ခုနှစ် အထိ မြန်မာဘောလုံးအသင်းမှာ ရွှေတံဆိပ် ရယူနိုင်ခဲ့ခြင်း မရှိဘဲ၊ ထိုစဉ်က ကစားသမားများမှာ လုံလောက်သော အထောက်အပံ့မရခဲ့ဟု အကြောင်းပြခဲ့ကြောင်း၊ ထို့ကြောင့် ၂၀၀၉ ခုနှစ်တွင် MNL ပြိုင်ပွဲများ ကျင်းပပြီး အားကစားသမားများကို ထောက်ပံ့မှုများ လုံလောက်စွာ ပေးခဲ့ကြောင်း၊ သို့ရာတွင် အမျိုးသား ဘောလုံးအသင်း မအောင်မြင်ခဲ့ခြင်းမှာ မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း ၀ါရင့်အားကစား ကလောင်ရှင် ဦးခင်မောင်ထွေး (ပျဉ်းမနား) က ပြောသည်။

“အရင်က ကစားသမားတွေက လုံလောက်တဲ့ အထောက်အပံ့ မရခဲ့ဘူးလို့ ပြောကြတယ်။ အခု ထောက်ပံ့မှုလည်း ပေးရော မြန်မာတွေက ဆင်းရဲတဲ့ဒဏ်ထက် ချမ်းသားတဲ့ ဒဏ်ကို မခံနိုင်ကြဘူး။ ဘောလုံး သူဋ္ဌေးကြီးတွေက ပွဲနိုင်ရင် ပိုက်ဆံတွေ ပုံပေးလိုက်တာက ကစားသမားတွေကို ဖျက်ဆီးလိုက်သလို ဖြစ်သွားတယ်။ ဟိုနှစ်က ရန်ကုန်က ရတနာပုံကို နိုင်တော့ ကစားသမား တွေကို သိန်းရာနဲ့ချီ ဆုချတယ်။ ကစားသမားတွေ ကလည်း ၀တ်စုံတောင် မလဲဘူး။ အကုန် နိုက်ကလပ်ရောက်၊ ဘီယာဆိုင်ရောက် ။ တချို့ဆို အိမ်ထောင်ရေး ဖောက်ပြန်လို့ လျော်ကြေးတွေ ဘာတွေတောင် ပေးရတယ်” ဟု ဦးခင်မောင်ထွေး (ပျဉ်းမနား) က ဆိုသည်။

MNL သည် ပရော်ဖက်ရှင်နယ် ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်ပြီး အပျော်တမ်းအဆင့်မှ ပရော်ဖက်ရှင်နယ် အဆင့်သို့ ပြောင်းလဲရန် တည်ထောင်ခဲ့ခြင်း ဖြစ်သော်လည်း အောင်မြင်မှု မရခဲ့သည့်အတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ယင်းပြဿနာ အဖြေရှာလျှက်ရှိကြောင်း အဖွဲ့ချုပ်မှ မီဒီယာအရာရှိ ကိုဟိန်းစိုးထွန်းက ဧရာဝတီသို့ ပြောသည်။

“ကျနော်တို့ အဖွဲ့ချုပ်က ပြုပြင်ပြောင်းလဲရေးတော့ သေချာပေါက် လုပ်မှာ။ အခုကျောင်းတွေ၊ ရပ်ကွက်တွေမှာ ဘောလုံးပွဲတွေ ပြန်လုပ်ပေးမယ်။ ယူ ၁၆ ကို ရန်ကုန်နဲ့ မန္တလေးမှာ ပြန်လုပ်မယ်။ တဦးချင်းစွမ်းရည် ပြပွဲတွေ၊ ဘောလုံးပွဲတွေ လုပ်ပေးမယ်။ ဒီလိဂ်ကို စတုန်းက FRAME WORK အရမ်းကောင်းခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။ MNL ကို လူတဦးတယောက်ရဲ့ ဆုံးဖြတ်ချက် ဆိုတာထက် အားလုံးသဘောတူပြီး လုပ်ခဲ့ကြတာပါ” ဟု ကိုဟိန်းစိုးထွန်းက ဆိုသည်။

ဘောလုံးသမားများ ကြိုးစားလာစေရန် ယခင် ၀န်ထမ်းလစာ ပေးပုံစံစနစ်မှ ဆုကြေးစား လစာပုံစံစနစ်သို့ ပြောင်းလဲခြင်း၊ ကလပ် အသင်းများကိုလည်း ကိုယ်ပိုင် အကယ်ဒမီများ တည်ထောင်ရန် အထိ တွန်းအားပေးခြင်း၊ ဘောလုံးကို စိတ်ပါဝင်စားသူ များပြားလာစေရန် ဘောလုံးပွဲ ကွင်းဝင်ကြေး အခမဲ့၊ လာရောက် ကြည့်ရှုသူ ပရိသတ်များကို ထမင်းကျွေး၊ လက်ဖက်ရည်တိုက် အထိ ၀န်ဆောင် ပေးခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့သောကြောင့် ဘောလုံးအဖွဲ့ချုပ်မှာ ယခုအခါ ကစားသမားများ၏ လစာကို အကန့်အသတ်ဖြင့်သာ ပေးချေရန် ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်းမှ အားကစားသမား တဦးက “MNL စကတည်းက ကျနော်တို့က ဘယ်လောက်ပေးပါ ဆိုပြီး တောင်းခဲ့တာ မဟုတ်ပါဘူး။ သူတို့ဘာသာ သူတို့ပေးခဲ့တာပါ။ အခုလည်း သူတို့ပဲ မပေးနိုင်ဘူးလို့ ထုတ်ပြန်တဲ့အတွက် ပြောစရာ မရှိပါဘူး” ဟု ဧရာဝတီသို့ ပြောဆိုသည်။

ယခင် လက်ရွေးစင် အသင်းတွင် ပါဝင်သော ဘောလုံးသမားတဦးမှာ လစာ ကျပ်သိန်း ၃၀ အထိ ရရှိခဲ့သော်လည်း ယခုအခါ ကျပ် ၁၀ သိန်း အထိသာ ပေးချေရန် ဘောလုံးအဖွဲ့ချုပ်က မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများသို့ အကြောင်းကြားစာ ပို့ထားသည်ဟု ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်း၏ CEO ဦးမင်းဆွေဦးက ရှင်းပြသည်။

“ကျနော်တို့ကတော့ ဒီကိစ္စကို Review လုပ်တုန်းပဲ ရှိသေးတယ်” ဟု ၎င်းက ပြောဆိုပြီး ရန်ကုန်ယူနိုက်တက် ဘောလုံး အသင်း၏ နှစ်ချုပ် အသုံးစရိတ်ကိုမူ ထုတ်ဖော် ပြောဆိုရန် ငြင်းဆန်သည်။

“ကျနော်တို့မှာ ဘတ်ဂျက်ဘယ်လောက် သုံးတယ်ဆိုတာ မရှိပါဘူး။ ကျနော်တို့ အသင်းပိုင်ရှင်က လိုအပ်တဲ့ အပေါ်မှာ ဖြည့်ဆည်းမှု အမြဲရှိပါတယ်။ ကျနော်တို့ အသင်းပိုင်ရှင်တွေက ဘတ်ဂျက်ကို ဘယ်ရွေ့ဘယ်မျှသုံး ဆိုပြီး ကန့်သတ် မထားပါဘူး” ဟု ဦးမင်းဆွေဦးက ဆိုသည်။

MNL သည် ယခင်အစိုးရလက်ထက် အာဏာရှိ အသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်တဦး၏ စိတ်ကူးယဉ်မှုကို နီးစပ်မှုရှိသော ခရိုနီ စီးပွားရေး လုပ်ငန်းရှင်တချို့က ငွေကြေးစိုက်ထုတ် အကုန်အကျ ခံရာမှ ပေါ်ပေါက်လာခြင်း ဖြစ်သောကြောင့် မျိုးစေ့ မမှန်ဟု ပြောနိုင်ကြောင်း၊ ထိုသူဋ္ဌေးကြီးများသည် ဘောလုံးကလပ်များကို ပြ၍ စီးပွားရေး လုပ်ပိုင်ခွင့် အခွင့်အရေးများ ရရှိခဲ့သည်ဟု ယုံကြည်ကြောင်း ပြည်တွင်း အခြေစိုက် အပတ်စဉ် နိုင်ငံရေးဆောင်းပါးများ ရေးသားနေသူ ဦးစည်သူအောင်မြင့်က ပြောသည်။

“ဘောလုံးလောက အောင်မြင်ဖို့ ဆိုရင် လက်တွေ့ကျတာကနေ စဖို့လိုတယ်။ ဒီသူဋ္ဌေးကြီးတွေ ဘယ်နှယောက်ရှိလဲ၊ ဘယ်လောက် အကုန်ခံနိုင်လဲ၊ အကုန်ခံနိုင်တဲ့ အပေါ်မှာ မြို့နယ်အဆင့်က စမှာလား၊ ပြည်နယ်နဲ့ တိုင်းအဆင့်က စမှာလား။ ဘယ်နည်းနဲ့ လုပ်မလဲ ဆိုတာတော့ သေချာ မပြောတတ်ဘူး။ ဒီဟာကြီးက မရှိမဖြစ်လည်း မဟုတ်ဘူး။ အခုက လူတယောက် ရဲ့ စိတ်ဆန္ဒနဲ့ ဒီဟာကြီးကိုဖွဲ့၊ ဖွဲ့ပြီးတော့မှ ကုန်ကျစရိတ်တွေ ထုတ်ပေး။ ပြီးရင် တဘက်က အခွင့်အရေးတွေ ပြန်ယူဆိုတော့ မျိုးစေ့မမှန်တဲ့ အခါမှာ ရေရှည်ရှင်သန်ဖို့ ခက်တာပေါ့” ဟု ၎င်းက ဆိုသည်။

ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်း၏ အဓိက စပွန်ဆာများမှာ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်၊ ELITE TECH ၊ AIR BAGAN ၊ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်၊ KTM သောက်ရေသန့်၊ 100 PLUS၊ BAGAN INNOVATION TECHNOLAGY တို့ဖြစ်ပြီး အများစုမှာ ဘောလုံးအသင်းပိုင်ရှင် ဦးတေဇ ပိုင်ဆိုင်သော လုပ်ငန်းများ ဖြစ်သည်။

“အသင်းကို စထောင်ကတည်းက အသင်းပိုင်ရှင်ရဲ့ ရည်ရွယ်ချက်က အကျိုးအမြတ်ကို မျှော်မှန်းပြီး လုပ်တာ မဟုတ်ပါဘူး။ ကျနော်တို့ နိုင်ငံမှာ မရှိဘူးသေးတဲ့ ပရော်ဖက်ရှင်နယ်လိဂ်ကို တည်ထောင်ပြီးတော့ ကွင်းနေရာတွေက အစ Player တွေရဲ့ နေထိုင်မှုတွေ အတွက်ပါ လုပ်ရတာကအစ ဘောလုံးအဆင့်အတန်းကို နေရာစုံ ဘက်ပေါင်းစုံကနေ တိုးတက်အောင် လုပ်ခဲ့တဲ့ဟာက ငွေရေးကြေးရေး အကျိုးအမြတ်အတွက် မဟုတ်ဘူး။ နိုင်ငံအတွက် ကစားသမားကောင်းတွေ မွေးထုတ်ပေးဖို့ အတွက်ပါပဲ” ဟု ရန်ကုန်ယူနိုက်တက်မှ ဦးမင်းဆွေဦးက ပြောသည်။

MNL တွင် ကစားနေသော ဘောလုံးသမားများ မထူးချွန်မှုသည် အမျိုးသား ဘောလုံးအသင်း ကိုလည်း တိုက်ရိုက် ထိခိုက်လျှက် ရှိပြီး ဘောလုံးသမားကောင်းများ မရှိဘဲ ကလပ်များ တည်ထောင်လိုက်သောကြောင့် ယခုကဲ့သို့ ပြဿနာများ ကြုံတွေ့ရခြင်းဖြစ်ကြောင်း ဦးခင်မောင်ထွေး (ပျဉ်းမနား) က သုံးသပ်သည်။

“အခုက ပရိုဆိုပြီးတော့သာ ကစားနေကြတာ ပရိုအဆင့်နဲ့ ညီတဲ့ ကစားသမားက တော်တော်လေး နည်းတယ်။ ပရောရှင်နယ် လိဂ်ဆိုရင် ကစားသမားတွေ ကလည်း ပရော်ဖက်ရှင်နယ် ဖြစ်ဖို့လိုတယ်။ ပြုပြင်ပြောင်းလဲရေး လုပ်မယ်ဆိုရင် အောက်ခြေ ကနေ ပြန်စမှ ရတော့မယ်။ ကလေးတွေကန်ဖို့ ဘောလုံးကွင်းရော ရှိရဲ့လား၊ ရာပြည့်ကွင်း၊ သိမ်ဖြူကွင်းတို့ဆိုရင် ရောင်းစားဖို့ လုပ်နေကြတယ်” ဟု သူက ဆိုသည်။

MNL ကလပ်အသင်း ပိုင်ရှင်များမှာ စီးပွားရေးလုပ်ငန်းရှင်ကြီးများ ဖြစ်ပြီး တချို့မှာ ယခုအခါ အောင်မြင်မှု မရရှိဘဲ တနှစ်လျှင် သိန်းထောင်ချီ အရှုံးပေါ်လာသော ဘောလုံးကလပ်များကို ဆက်လက် လုပ်ဆောင်ရန် တွန့်ဆုတ်နေကြပြီဟု သတင်းများ ထွက်ပေါ်နေသည်။

“အရင် အစိုးရလက်ထက် မှာတော့ ဘောလုံးကိုပြပြီး အကျိုးစီးပွားတွေ အများကြီးရှိခဲ့တယ်လို့ ကြားတယ်။ ဥပမာ ကားတွေ သွင်းခွင့် ရတာမျိုးပေါ့။ ဒီဘက်ခေတ်မှာတော့ ပွင့်လင်းလာတော့ အရင်လို အခွင့်အရေးမျိုးတွေ မရရင် သူတို့ ဆက်သွား ပါဦးမလား” ဟု ၀ါရင့် အားကစားကလောင်ရှင် တဦးက မေးခွန်းထုတ်သည်။

ယခုအခါ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ၂၀၁၄ MNL ရာသီသစ်တွင် ဘောလုံး ကလပ် အသင်းများကို MRTV – 4 ရုပ်သံလိုင်းမှ ရရှိသော ၀င်ငွေဖြင့် ထောက်ပံကြေး သိန်းတထောင်စီပေးရန် စီစဉ်ထားကြောင်း သိရသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံရေး ဆက်ကြိုးပမ်းမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော


ဗိုလ်ချုပ်မှူးကြီး, မင်းအောင်လှိုင်, ဒေါ်အောင်ဆန်းစုကြည်, လေးပွင့်ဆိုင်, ဖွဲ့စည်းပုံ အခြေခံ ဥပဒေ, တိုင်းရင်းသား, ဦးသိန်းစိန်

၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ကာလအတွင်း ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ် နိုင်ရေး အတွက် ဆက်လက် ကမ်းလှမ်းသွားရန် ဆန္ဒရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြော သည်။


ဒေါ်အောင်ဆန်းစုကြည်က ၎င်းအနေဖြင့် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံရန် ကြိုးပမ်း နေသော်လည်း ယနေ့အချိန်အထိ တွေ့ဆုံ မှုမရသေး၍ ဆက်ဆံရေး တိုးတက်မှု မရှိကြောင်းလည်း ယမန် နေ့က နေပြည်တော် လွှတ်တော်ဝင်း တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီရုံးတွင် သတင်းမီဒီယာများနှင့် တွေ့ဆုံရာ၌ ပြောကြားသည်။

“တွေ့ ကို မတွေ့ရသေးတော့ ဆက်ဆံရေးက တိုးတက်မှု မရှိဘူး၊ ဒါပေမယ့် တခါတည်းနဲ့ မအောင်မြင်လို့ လက်လျှော့ခဲ့တယ် ဆိုတာလည်း ဘယ်တုန်းကမှ မရှိခဲ့ဘူး”ဟု ၎င်းက ပြောဆိုသည်။

သမ္မတဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းတို့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့မှုများ ရှိခဲ့သည့် အတွက် ကောင်းမွန်သည့် ဆက်ဆံရေး တည်ဆောက်လာနိုင်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

သို့ရာတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် ၎င်း အပါအ၀င် သမ္မတ၊ လွှတ်တော်၊ ကာကွယ်ရေး ဦးစီးချုပ်တို့နှင့် လေး ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်းချက်ကို သမ္မတ ဦးသိန်းစိန်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီ က ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်ပြီး အဖြေမထွက်သေး၍ ဟူသော အကြောင်းပြချက်ဖြင့် ငြင်းဆို ထားကြောင်း သိရသည်။

ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ပြင်ဆင် ဖြည့်စွက်မှုဆိုင်ရာ အဖြေကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီ က ဇန်န၀ါရီလကုန်ပိုင်းတွင် ထုတ်ပြန်မည်ဖြစ်သည်ဟု ဆိုသည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်က လေးပွင့်ဆိုင် တွေ့ဆုံရေးအတွက် ဆက်လက် ကမ်းလှမ်းသွားရန် အစီအစဉ် ရှိကြောင်း သိရသည်။

“အလွတ်သဘော ကြိုတင်ဆွေးနွေးထားတော့ ထွက်လာတဲ့ရလာဒ်ကလည်း အဆင်ပြေတာပေါ့၊ ကော်မတီ က ဆုံးဖြတ်ပြီးမှ ထွက် လာတဲ့ရလာဒ် အဆင်မပြေရင် ပြင်ရခက်သလို တရားဝင်ဖြစ်သွားနိုင်တယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

နိုင်ငံတကာနည်းတူ တိုင်းပြည်၏ အရေးကြီးကိစ္စများကို ကြိုတင်ဆွေးနွေးမှုများ ပြုလုပ်သင့်ကြောင်းလည်း ၎င်းက ပြောဆိုသည်။

သို့ရာတွင် ၂၀၁၄ ဇန်န၀ါရီ ၁ ရက် က သမ္မတ ဦးသိန်းစိန်၏ ရေဒီယို မိန့်ခွန်း၌“ဖြစ်သင့်ဖြစ်ထိုက်သည့် နိုင်ငံရေး ဆန္ဒများကို လက်ရှိ နိုင်ငံရေး အခြေအနေက ဖြည့်ဆည်းပေးနိုင်သည်ထက် ပိုမိုမျှော်မှန်း ဆောင်ရွက် ပါက နိုင်ငံရေး အကျပ်အတည်း တခု ဖြစ် ပေါ်ပြီး လက်တွေ့ ဖြစ်နိုင်ခြေရှိသည့် အခွင့် အလမ်းများပင် ဆုံးရှုံးသွားနိုင်သည်ကို သတိချပ်ပြီး ဉာဏ်အမြော်အမြင်ရှိသော နိုင်ငံ ရေး ရွေးချယ်မှုများ ပြုလုပ်ကြရန် တိုက်တွန်း ပြောကြားလိုပါတယ်”ဟု ထည့်သွင်း ပြောဆိုထားသည်။

ဒေါ်အောင်ဆန်းစုကြည် က ဆက်လက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး လူထုဟောပြောပွဲ များတွင် တပ်မတော်၏ လုပ်ရပ်များကို ထောက်ပြ ဝေဖန်နေခြင်းမှာ တိုက်ခိုက်လို၍မဟုတ်ကြောင်း ပြော သည်။

တပ်မတော်နှင့် ပြည်သူအကြား ပေါင်းစပ်မရစေရန် မျှတမှုမရှိဘဲ ရေးဆွဲထားသည့် အခြေခံဥပဒေပါ အချက်အလက်များရှိနေသဖြင့် တပ်မတော်နှင့်ပြည်သူများ အကြား စိတ်ဝမ်းကွဲစေသည့် အခြေခံဥပဒေပါ အချက်အလက်များကို ထောက်ပြနေခြင်းလည်း ဖြစ် သည် ဟု ဆိုသည်။

“ဘယ်တုန်းကမှ တပ်မတော်ကို စောင်းမြောင်းပြီး တိုက်ခိုက်တာမျိုးမရှိဘူး၊ တချို့ဆိုရင် မတိုက်ခိုက်လို့ ဆိုပြီး ဝေဖန်တာတွေရှိတယ်၊ ဒါပေမယ့် တပ်မတော်ရဲ့ လုပ်ရပ်တချို့ကိုတော့ မကြိုက်ဘူး”ဟု ဒေါ်အောင် ဆန်းစုကြည် က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြီး“အခြေခံဥပဒေမှာ တပ်မတော်နဲ့ ပြည်သူတွေ စိတ်ဝမ်းကွဲစေမယ့် သဘော ပါနေတာတွေ့ရတယ်၊ ဒါကြောင့် ဖွဲ့စည်းပုံဥပဒေက ပြင်မှကိုရမှာ”ဟု ပြောဆိုသည်။

ကရင်ပြည်နယ် ဘားအံမြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး လူထုစည်းရုံးမှု ဟောပြော ပွဲပြုလုပ်မည့် အချိန်နှင့် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ တွေ့ဆုံကြမည့် ညီလာခံ ကျင်းပမည့်အချိန် တိုက်ဆိုင်မှု ရှိသော် လည်း ယင်းညီလာခံ တက်ရောက်ဖြစ်မည် မဟုတ်ကြောင်း၊ တရားဝင် ဖိတ်ကြားမှု ရှိပါက တက်ရောက် ဖြစ်နိုင် ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“လက်နက်ကိုင်ပြီး ဖြေရှင်းဖို့ မလိုတဲ့ အခြေအနေတခုဖြစ်အောင် ဝိုင်းဝန်း ဆောင်ရွက်ပေးပါလို့ ပြောချင် တယ်”ဟု ၎င်းက ပြော ဆိုသည်။

ယမန်နေ့က မီဒီယာတွေ့ဆုံပွဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ တပ်မတော်ကဏ္ဍ၊ လူငယ်ကိုယ်စား လှယ်များ ရွေးချယ်ရေး အခြေအနေ၊ တိုင်းရင်းသား လက်နက်ကိုင် များနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ အာဇာနည်ဗိမာန် ဧရိယာအတွင်း တောင်ကိုရီးယားက အထိမ်းအမှတ် တခု တည်ဆောက်မည့်ကိစ္စ၊ လစ်လပ်နေသည့် လွှတ်တော် ကိုယ်စားလှယ်များ နေရာတွင် အစားထိုးနိုင်ရန် ကြားဖြတ် ရွေးကောက်ပွဲ ငယ်များ ပြုလုပ်ရေး စသည်တို့နှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်းပြောဆိုသွားသည်။