Monday, January 13, 2014

ရန်ကုန်-သုံးခွကားပေါ်မှ မူးဝေအော့အန်နေသူ အမျိုးသမီးကိုအိမ်ပြန်ပို့ပေးမည် ဟုဆိုကာ အမျိုးသားနှစ်ဦးမှ အဓမ္မကျင့်

ခရီးသည်တင်ယာဉ် စီးနင်းလာသော အသက် ၂၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး ခေါင်းမူးကာ အော့ အန်နေသောကြောင့် အမျိုးသားနှစ်ဦးက အိမ်လိုက်ပို့ပေးမည်ဟုဆိုကာ ဇန်နဝါရီလ ၅ ရက်နေ့ ညနေပိုင်း က မြောက်ဥက္ကလာပ မြို့နယ်တွင်းရှိ တည်းခိုခန်းသို့ ခေါ်ဆောင်ကာ အဓမ္မပြုကျင့်ခဲ့မှုကို ဇန်နဝါရီလ ၉ ရက်နေ့တွင် မြောက်ဥက္ကလာပ မြို့မရဲစခန်း၌ အမှုဖွင့် တိုင်းကြားခဲ့ကြောင်း ယင်းစခန်းမှ ရဲအရာရှိ တစ်ဦး က ပြောကြားသည်။


လှိုင်သာယာမြို့နယ်၊ (၁၃) ရပ်ကွက်တွင် နေထိုင်သော အထည်ချုပ် အလုပ်သမ အမျိုးသမီးမှာ ဇန်နဝါရီလ ၅ ရက်နေ့က ဆွေမျိုးများရှိရာ ခရမ်းမြို့သို့ နေ့ချင်းပြန် အလည်သွားရောက်ခဲ့ပြီး ရန်ကုန်-သုံးခွ ပြေး ဆွဲနေသော ခရီးသည်ယာဉ်ဖြင့် ပြန်လာစဉ် ကားမူးကာ အော့အန်ခဲ့ကြောင်း၊ ထိုသို့ ဖြစ်ပွားစဉ် အမျိုးသမီး ၏ အနီးတွင် လိုက်ပါလာသော အသက် ၃၀ အရွယ်ခန့် အမျိုးသားနှစ်ဦးက ပေးသော ရေသန့်ဘူးဖြင့် ပလုတ်ကျင်းခဲ့ရာမှ ပိုမိုမူးဝေ သွားခဲ့ကြောင်း အဆိုပါ အမျိုးသမီး၏ တိုင်တန်းချက်အရ သိရှိရသည်။

ကျောက်တန်းမြို့သို့ ရောက်ရှိချိန်တွင် မူးဝေနေသော အမျိုးသမီးကို အမျိုးသားနှစ်ဦးက နေအိမ်သို့ ပို့ဆောင် ပေးမည်ဟုဆိုကာ ခရီးသည်ယာဉ်မှ ဆင်းပြီး အငှားယာဉ်ဖြင့် မြောက်ဥက္ကလာပမြို့နယ်၊ (၂) ရပ်ကွက် သုဇိတာလမ်းရှိ တည်းခိုခန်းသို့ ခေါ်ဆောင်ခဲ့ပြီး အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

တည်းခိုခန်းတွင် အဓမ္မ ပြုကျင့်ခဲ့ပြီးနောက် ဇန်နဝါရီလ ၆ ရက်နေ့ နံနက် ၈ နာရီခန့်တွင် လှိုင်သာယာ မြို့နယ် ပင်လုံဈေးထိပ်သို့ အငှားယာဉ်ဖြင့် ပြန်လည် ပို့ဆောင်ခဲ့ပြီး အဆိုပါ အမျိုးသားနှစ်ဦးမှာ ခရီးသည် တင်ယာဉ် တစ်စီးပေါ်သို့ ပြေးတက်ကာ ထွက်ပြေးခဲ့ကြောင်း အဆိုပါ ရုံး၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

အဆိုပါ အမျိုးသား နှစ်ဦးအနက် တစ်ဦးမှာ တစ်ကိုယ်လုံး ဆေးမှင်ကြောင်များ ထိုးထားကြောင်း၊ အဌား ယာဉ်ဖြင့် အမျိုးသမီးကို ခေါ်ဆောင်လာစဉ်က အော်ဟစ် အကူအညီတောင်းရင် သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း အမှုဖွင့်သူ အမျိုးသမီး၏ ထွက်ဆိုချက်များကို ကိုးကား၍ မြောက်ဥက္ကလာပမြို့နယ် ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“လူနှစ်ယောက် လိုင်းကားပေါ် ပြေးတက်သွားချိန်မှာ အမျိုးသမီးက ရှက်လို့ အကူအညီ မတောင်းခဲ့ တာကြောင့် ဒီလူနှစ်ယောက် လွတ်သွားတာ။ ပြေးတက်သွားတဲ့ လိုင်းကား နံပါတ်လည်း အမျိုးသမီးက မမှတ်မိလိုက်ဘူး။ စခန်းမှာ အမျိုးသမီး ပြောတဲ့ မျက်နှာအနေအထားကို ခဲပုံကြမ်း ရေးဆွဲပြီး စုံစမ်း စစ်ဆေးနေတယ်။ မသင်္ကာသူ တစ်ယောက်ကို ဖမ်းထားပါတယ်” ဟု အဆိုပါ ရဲအရာရှိက ပြောကြားသည်။

အဆိုပါ အမျိုးသမီးတစ်ဦးကို အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်သူ အမျိုးသားနှစ်ဦးကို ဇန်နဝါရီလ ၉ ရက်နေ့က (ပ) ၂၃/၁၄၊ ပုဒ်မ ၃၇၆/၁၁၄ ဖြင့် အမှုဖွင့်ကာ စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

From: THE VOICE

လေသန့်ဆေးဗူး ( Air Fresher ) များ မသုံးသင့်



Phthalates လို့ခေါ်တဲ့ ဓာတု အဆိပ်တစ်မျိုးက လေသန့်ဆေးဗူး ( Air Fresher) တော်တော်များများမှာ ပါဝင်ပါတယ်။ ယင်း ဓာတ်ဟာ ကျန်းမာရေး အတွက် ဆိုးကျိုးရလဒ်များကို ဖြစ်ပေါ်စေတယ်လို့ လေ့လာ တွေ့ရှိပြီးနောက် နိုင်ငံကြီးများမှာ တားမြစ်ပိတ်ပင် လာကြောင်း သိရပါတယ်။


Air Fresher ဗူးထုတ်လုပ်ရာမှာ ယင်း Phthalates လို့ခေါ်တဲ့ ဓာတ် တစ်မျိုးကို မပါဝင်စေဖို့ ဖြစ်ပါတယ်။ သို့ပေမယ့် အများစုဟာ ပါဝင် နေဆဲ ဖြစ်ပါတယ်။

ဆိုးကျိုးများ

မွေးကင်းစကလေးနဲ့ ကလေးငယ်များ ရှိတဲ့ အိမ်များမှာ လုံးဝ အသုံးမပြု သင့်ပါဘူးလို့ ဆိုထားပါတယ်။ ပြီးတော့ ယင်းဆေးဟာ အမျိုးသမီး ဖြစ်ဖြစ်၊ အမျိုးသား ဖြစ်ဖြစ် ရှူရှိုက်မိရင် မျိုးပွားနိုင်မယ့် ဟိုမုန်းတွေကို သေစေပါတယ်။ ပြီးတော့ ယင်းအနံ့ကို နေ့စဉ် ရှူရှိုက်နေရမှုဟာ အမှိုက်ပုံဟောင်း တစ်နေရာက အနံ့ကို ရှူရှိုက်လို့ရတဲ့ ရောဂါပမာဏနဲ့ မတိမ်းမယိမ်းပဲလို့ ဆိုပါတယ်

ဒါကြောင့် အမေရိကန်မှာ ၂၀၀၉ ခုနှစ်ကစလို့ လေသန့်ဆေဗူးတိုင်းမှာ Phthalate ဓာတ်များ ဖယ်ထုတ် စေပြီး အခြားသော ဖွံ့ဖြိုးဆဲ နိုင်ငံများမှာတော့ ဓာတုအဆိပ်ကြွယ်ဝတဲ့ Air Fresher ဗူးများ အသုံးပြုနေဆဲ ဖြစ် ကြောင်း သိရပါတယ်။

Credit : International news for Myanmar

ဆောက်လုပ်ရေးလုပ်ငန်းနှင့် အိမ်ဆောက်လိုသူများကို ငွေချေးမည့်ဘဏ် စတင်ဖွင့်လှစ်



ဆောက်လုပ်ရေး ကုမ္ပဏီကြီးများ၊ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ၊ အိမ်ဆောက်လိုသည့် မြေပိုင်ရှင် များနှင့် အိမ်ဝယ်လိုသူများ အတွက် ငွေထုတ်ချေး မည့် ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဘဏ် ကို ဇန်နဝါရီလ ၁၁ ရက်နေ့တွင် စတင်ဖွင့်လှစ် လိုက်သည်။


ယင်းဘဏ်သည် ကျပ် ၁၀၀ ဘီလီယံဖြင့် မတည် ထား သည့် အများပိုင် ဘဏ်ဖြစ်ပြီး ဇန်နဝါရီလ ၁၃ ရက် တနင်္လာနေ့ ဘဏ်ဖွင့်ရက်မှ စတင်ကာ ငွေချေးလိုသူများ လာရောက် ဆွေးနွေးနိုင်ကာ ဘဏ်ခွဲ များ ကိုလည်း နိုင်ငံအဝန်း ဆောက်လုပ်ရေးလုပ်ငန်း ပိုမိုတွင်ကျယ်မည့် နေရာများတွင် ဖွင့်လှစ် သွားမည် ဖြစ် ကြောင်း ယင်းဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့တော်တွင်း လိုအပ်နေသော တန်ဖိုးမျှ၊ တန်ဖိုးနည်း အိမ်ရာများ တိုးတက် ဆောက်လုပ်နိုင်ရန် ဗဟိုဘဏ်က ဦးဆောင် ကြီးကြပ်၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပြည်တွင်းပြည်ပ ဘဏ်လုပ်ငန်းရှင် များနှင့် ဆောက်လုပ်ရေး လုပ်ငန်းရှင်များ ပူးပေါင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ယင်းဘဏ် ဥက္ကဋ္ဌ ညွန်ကြားရေးမှူးချုပ်က ပြောကြားသည်။

အဆိုပါဘဏ်သည် အိမ်ရာ ဆောက်လုပ်ရေး အထောက်အကူ ဖြစ်စေမည့် ချေးငွေများ ထုတ်ချေးခြင်း အပြင် ပုံမှန် ဘဏ်လုပ်ငန်းများ ဖြစ်သည့် ငွေစုခြင်း၊ ငွေချေးခြင်း၊ ငွေလွှဲခြင်း လုပ်ငန်းများနှင့် အငှားဝယ် စနစ်ဖြင့် ငွေစိုက်ထုတ်ပေးခြင်း စသည့် ဝန်ဆောင်မှုများလည်း ပေးအပ်သွားမည် ဖြစ်ကြောင်း လက်ကမ်း ကြော်ငြာတွင် ဖော်ပြထားသည်။

MPU အဖွဲ့ဝင် ဘဏ်လည်းဖြစ်ရာ ATM တိုင်းတွင် ငွေထုတ်ယူနိုင်မည် ဖြစ်ပြီး မကြာမီ VISA၊ Master card များ၊ JCP၊ CUP Card များဖြင့်လည်း ချိတ်ဆက်သွားမည် ဖြစ်ကြောင်း ယင်းဘဏ်မှ တာဝန်ရှိသူ တစ်ဦး က The Voice သို့ပြောကြားသည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာနက ၂၀၁၁ မှ ၂၀၁၅ ခုနှစ်အတွင်း အိမ်ရာ ယူနစ် ပေါင်း ၃၅,၀၀၀ ခန့် ဖော် ထုတ် သွားမည် ဖြစ်ရာ ပြည်သူများ အိမ် ပိုင်ဆိုင်ခွင့် မြှင့်တင်ပေးရန်၊ အိမ်ရာ ချေးငွေစနစ်တစ်ခု ထူထောင် ပေးခြင်း နှင့် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးကို တစ်ဖက်တစ်လမ်းမှ အကူအညီပေးရန် ရည်ရွယ် ချက်ဖြင့် ဖွင့်လှစ် ခြင်း ဖြစ်ကြောင်း အဆိုပါ ဘဏ်ဖွင့်ပွဲတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ပြောကြား သည်။

Credit : The Voice Weekly

ရှမ်းတောင်ပိုင်း လူငယ်ဖိုရမ် ဖေဖော်ဝါရီလတွင် ကျင်းပမည်

ရှမ်းပြည်နယ်လူငယ်များပါဝင်သည့် Southern Shan State Youth Forum ကို တောင်ကြီးမြို့၌ လာမည့် ဖေဖော်ဝါရီလအတွင်း ကျင်းပသွားမည်ဟု ဖြစ်မြောက်ရေးတာဝန်ခံ ကောင်ရွှေပအိုဝ်း လူငယ်အဖွဲ့ဝင် ခွန်ခေတ်စံက ဇန်နဝါရီ ၁၂ ရက်တွင် မဇ္ဈိမသို့ ပြောသည်။


" ရှမ်းပြည်တစ်ခုလုံးမှာ လူမျိုးပေါင်းစုံရှိတယ်။ အရမ်းလည်း ကျယ်ပြန့်တယ်၊ လူငယ်တွေနဲ့ ဒေသခံတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲကို အားလုံး သိရှိနိုင်ဖို့ အောက်ခြေအဆင့်က လူငယ်တွေ အခြေခံပြီးတော့ ဒီဖိုရမ်လေးလုပ်ဖို့ လူငယ်တွေ စီစဉ်ရခြင်းဖြစ်တယ်"ဟု ခွန်ခေတ်စံက ပြောသည်။

အဆိုပါဖိုရမ် ပြုလုပ်ရန် ဇန်နဝါရီလ ၁၁ ရက်တွင် ရှမ်းပြည်နယ် တောင်ပိုင်းရှိ ရှမ်းလူငယ်အဖွဲ့၊ ပအိုဝ်း လူငယ် အဖွဲ့၊ အင်းလူငယ်အဖွဲ့၊ ဓနုလူငယ်အဖွဲ့၊ မြန်မာလူငယ်အဖွဲ့စသော လူငယ်အရပ်ဘက် အဖွဲ့ အစည်းများ တိုင်ပင်ကာ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

လူငယ်ဖိုရမ်ကို ရှမ်းပြည်နယ်တောင်ပိုင်းရှိ လူငယ်များအချင်းချင်း ကွန်ယက်ချိတ်ဆက်မှု အားကောင်းလာ ရန်၊ လူငယ်များ၏ အခက်အခဲများကို ဖြေရှင်းနိုင်မည့် နည်းလမ်းများ ဝိုင်းဝန်းအဖြေရှာရန်၊ လူငယ်များ၏ အသံကို အာဆီယံ အသိုင်းအဝိုင်းအထိ ထိုးဖောက်နိုင်ရန်နှင့် ဖိုရမ်မှ ရလာဒ်များကို လက်တွေ့အကောင် အထည် ဖော်ဆောင်နိုင်မည့် နည်းလမ်းများ ထွက်ပေါ်လာရန် ဟူသော ရည်ရွယ်ချက်များဖြင့် ပြုလုပ်ရခြင်း ဖြစ်သည်။

ဖိုရမ်တွင် လူငယ်များကို အသိပညာပေးခြင်း၊ ရှမ်းလူငယ်များအကြား အဓိကကြုံတွေ့နေရသည့် မူးယစ် ဆေး ဝါး ပြဿနာများ၊ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးများကို ဆွေးနွေး ကြမည် ဖြစ်သည်။

ရှမ်းတောင်ဖိုရမ်အပြီးတွင် ရှမ်းမြောက်၊ ရှမ်းအရှေ့များတွင်လည်း ဖိုရမ်များ ဆက်လက်ကျင်းပသွားမည်ဖြစ် ပြီး ထိုဖိုရမ်ရလာဒ်များကို အာဆီယံလူငယ်ဖိုရမ်သို့ တင်ပြသွားမည်ဟု ခွန်ခေတ်စံက ပြောသည်။

ရခိုင်သမိုင်းသုတေသီ ဆရာဦးကျော်ထွန်းအောင် ကွယ်လွန်


u kyaw tun aung

ရခိုင်သမိုင်းသုတေသီ၊ ရှေးဟောင်းယဉ်ကျေးမူ သုတေ သန ဌာနလက်ထောက် ညွှန်ကြားရေးမှူး ဟောင်း ဦးကျော်ထွန်းအောင် (အသက်-၆၄ နှစ်)သည် ဇန်န၀ါရီ ၁၁ ရက်နေ့ ညနေ ၅ နာရီခွဲတွင် ရန်ကုန် ပြည်သူ့ဆေးရုံကြီးတွင် ကွယ်လွန်သွားခဲ့ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။


ဆရာသေဆုံးသွားခြင်းမှာ ရခိုင်လူမျိုးများအတွက် အစားထိုးမရသော ဆုံးရှုံးမူ တစ်ရပ်ဖြစ်ကြောင်း ကျန်ရစ် သူ ဆရာ၏ ဇနီးဖြစ်သူ ဒေါ်ခင်စန်းက နိရဉ္စရာသို့ ပြောသည်။

ဒေါ်ခင်စန်းက “ ကျွန်မတို့ မိသားစုက ဆရာကို ပိုင်တာက ၁၀ ရာခိုင်နုန်းပါ။ ရခိုင် ပြည်သူတွေပိုင်တာက ၉၀ ရာခိုင်နုန်းပါ။ ဆရာဆုံးသွားတာဟာ ရခိုင်အမျိုးသားတွေအတွက် အစားထိုး မရတဲ့ ဆုံးရှုံးမူ တစ်ရပ်လို့မြင်ပါတယ်” ဟု ဆိုသည်။

ဆရာဦးကျော်ထွန်းအောင် နှလုံးရောဂါ အခံရှိပြီး ဥဏှောက်ကို ထိခိုက်သွားခဲ့ရာမှ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ တင်ပို့ခဲ့ရပြီး ရက်အတန်ကြာအောင် သတိမရ ဖြစ်နေခဲ့ပြီး ယနေ့ ၅ နာရီခွဲတွင်ကွယ်လွန် ခဲ့ခြင်း ဖြစ်သည်။

ဆရာဦးကျော်ထွန်းအောင်သည် စစ်တွေထောင်ထဲတွင် ကွယ်လွန်သွားခဲ့သူ ရခိုင်မြန်မာ ပဏ္ဍတိတ် ဆရာကြီး ဦးသာထွန်း၏ သားကြီးဖြစ်ပြီး သူသည် သူ့၏ ဘ၀ကို ရခိုင်ပြည်နှင့် ရခိုင်အမျိုးသားများ အတွက် သူတတ်ထားသော သမိုင်း၊ ယဉ်ကျေးသုတေသီ အလုပ်ဖြင့် သေဆုံးချိန်ထိ ပေးဆပ်ခဲ့သူ တစ်ဦးလည်း ဖြစ်သည်။

ဆရာဦးကျော်ထွန်းအောင်သည် ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တွင်လည်း ဗဟိုအလုပ်အမူဆောင် ကော်မီတီအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး RNDP နှင့် ALD ပါတီနှစ်ခုကို ပေါင်းစည်းထားသော ရခိုင် အမျိုးသားပါတီတွင်လည်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ ပေးပို့ထားသော ကိုယ်စားလှယ်စာရင်းတွင် ပါဝင် ခဲ့သူ တစ်ဦးဖြစ်သည်။

ဆရာဦးကျော်ထွန်းအောင်တွင် ဇနီး ဒေါ်ခင်စန်း၊ သမီးကြီး စောနန်းသဇင်၊ သားကြီးကောင်းထွန်းကျော်၊ သမီး စောနန်းအိရှင်၊ သားစောမင်းဖြူတို့ကျန်ရစ်ခဲ့သည်။

သျှမ်းပြည်တောင်ပိုင်းတွင် မြွေအကောင်တစ်သောင်းနီးပါးဖမ်းဆီးရမိ

သျှမ်းပြည်တောင်ပိုင်း လဲချားမြို့၌ သျှမ်းပြည် မြောက်ပိုင်းသို့ ပို့ဆောင်မည့် မြွေအကောင်ရေ တစ်သောင်း နီး ပါးဖမ်းဆီး ရမိကြောင်း စုံစမ်း သိရှိရပါသည်။


ဂျန္နဝါရီလ ၁၀ ရက် နံနက် ၁၁ နာရီအချိန်တွင် လဲချားမြို့၌ မြွေအကောင်ရေ ၉ ထောင်ကျော် တင်လာ သည့် ၁၂ ဘီးကားကြီးကို လဲချားမြို့ ပူးပေါင်းစစ်ဆေးရေးဂိတ်မှ အာဏာပိုင်များက ဖမ်းဆီးရ မိခဲ့ခြင်း ဖြစ်သည်။

“ မြွေတွေကို တောင်ကြီးအေးသာယာစက်မှုဇုန်ကနေ တင်လာတယ်ပြောတယ်။ လားရှိုးကို ပို့မယ်ပြော တယ်။ နယ်စပ်ဘက်ပို့မယ်လို့ ခန့်မှန်းရပါတယ်။ ဆက်လက်စစ်ဆေး စုံစမ်းနေဆဲဖြစ် ပါတယ်။” ဟု တာဝန်ခံ တောအုပ် ဦးလှထွန်းဦး ကပြောသည်။

ယင်းဆယ့်နှစ်ဘီးကားထဲတွင် မြွေသေတ္တာပေါင်း ၃၀၀ ခန့်ရှိပြီး မြွေအကောင်ရေ ၉ ထောင် ကျော် ရှိကြောင်း ဆိုပါသည်။

ထိုကဲ့သို့သော မြွေအများအပြားကို ပြီးခဲ့သည့်လက မန္တလေးမြို့တွင်တကြိမ် မွန်ပြည်နယ်တွင်တကြိမ် အာဏာပိုင်များက ဖမ်းဆီးရမိခဲ့ဖူးပါသည်။ တရုတ်ပြည်သို့ပို့ဆောင်ရန်ဖြစ်ကြောင်း စစ်ဆေးရာမှ သိရှိရသည် ဟု ဆိုပါသည်။

သျှမ်းသံတော်ဆင့်အမျိုးသမီးသတင်းထောက်အကြမ်းဖက်ခံရမှု အယ်ဒီတာချုပ်တောင်းဆို

သျှမ်းပြည်မြို့တော် တောင်ကြီးရှိ သျှမ်းသံတော်ဆင့် အမျိုးသမီးသတင်းထောက်တဦးအကြမ်းဖက်ခံရသည့် အပေါ် တရားမျှတစွာ ဆောင်ရွက်ပေးရန် သျှမ်းသံတော် ဆင့်သတင်းဌာန Shan Herald Agency for News အယ်ဒီတာချုပ် ဦးခွန်စိုင်းက တောင်းဆိုလိုက်သည်။


“ပြစ်မှုကျူးလွန်ရင် ကျူးလွန်သည့်အလျောက် ထိုက်ဒဏ်တဲ့ စီရင်ချက် နဲ့ အရေးယူပေးသင့်တယ်။ အာဏာ ပိုင် တွေအနေနဲ့ တရားမျှတပြီး ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ဖြေရှင်းပေးစေလိုပါတယ်၊ လုပ်နည်း လုပ်ထုံးအရ မဆိုင်းမတွပဲနဲ့ပေါ့။ ဒီအချိန်က ငြိမ်းခြမ်းရေးတည်ဆောက်ချိန်၊ အသေးအမွှားကအစ ငြိမ်းချမ်းရေကို မထိခိုက်စေချင်ဘူး၊ သတင်းထောက်အပေါ် ကျူးလွန်တယ်ဆိုတော့ တခြား မြန်မာ့ သတင်းထောက်တွေလဲ ဒီကိစ္စအပေါ် စောင့်ကြည့်နေမှာသေချာတယ် ” - ဟု သျှမ်းသံတော်ဆင့် အယ်ဒီတာ ချုပ် ဦးခွန်စိုင်း က ပြောသည်။

လွန်ခဲ့သည့် ဇန်နဝါရီလ ၄ ရက် ည ၈ နာရီခွဲအချိန်၌ သျှမ်းသံတော်ဆင့်သတင်းထောက် ရှမ်းမလေး ခေါ် ယိင်းတိုင်းအား မူးယစ်ရမ်းကားသည့် စိုင်းပြည့်ဖြိုးထွန်းမှ ၎င်းနေထိုင်ရာ တောင်ကြီးမြို့ ကျောင်းကြီး စုရပ် အနောက်မြို့ပတ်လမ်း နေအိမ်ရှေ့တွင် မိန်းမကာယအိနြေ္ဒပျက်ပြားစေရန်၊ နာကျင်ဒဏ်ရာရသည်အထိ ရိုက်နှက် ကျူးလွန်ခဲ့ခြင်း ဖြစ်သည်။

သတင်းတောက်ရှမ်းမလေးသည် အပြင်သို့သတင်းသွားယူပြီး အိမ်ပြန်ချိန်တွင် သူမ၏အိမ်ရှေ့၌ စိုင်းပြည့်ဖြိုးထွန်းက စောင့်ဆိုင်းရိုက်နှက်သဖြင့် ညာဘက်ပါးပေါက်ပြဲ ဒဏ်ရာ ရရှိကြောင်း၊ ရှမ်းမလေး၏ ညာဘက်လက်ကိုပါချိုးလိမ်သဖြင့် လက်တွင်လည်း နာကျင်ဒဏ်ရာ ရရှိကြောင်း ၊ ထိုသို့ရိုက်နှက်ပြီး တရားခံကထွက်ပြေးရာ ရှမ်းမလေးကအော်ဟစ် အကူအညီတောင်း သဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း ရိုက်နှက်ခံရသူ ကာယကံရှင်ထံမှ သိရသည်။

ထိုအတွက် ကာယကံရှင်က ပြစ်မှုကျူးလွန်သူ စိုင်းပြည့်ဖြိုးထွန်းအား ပုဒ်မ ၃၅၄၊ ၃၂၃၊ ၂၉၄ တို့ဖြင့် တောင်ကြီးမြို့ မြို့မရဲစခန်း၌ အမှုဖွင့်တိုင်ကြားခဲ့ပြီးဖြစ်ကြောင်း သတင်းထောက် ရှမ်းမလေးကပြောသည်။

“ ဥပဒေက ထိရောက်စွာ အရေးယူစေချင်ပါတယ်၊ ဒါဟာ အမျိုးသမီး တစ်ယောက်ကိုအကြမ်းဖက်တာ ဖြစ်သလို ၊ မီဒီယာသမားတစ်ယောက်ကိုလည်း တိုက်ခိုက်တာဖြစ်တဲ့အတွက် ထိရောက်စွာအရေးယူပေး စေချင် ပါတယ်။ ၄ ရက်နေ့ ဖြစ်တာ တရားခံကို ၆ ရက်နေ့က အာမခံနဲ့ ပြန်လွှတ်ပေးတယ်။ အခုဖြစ်တာ တပတ်ကျော်နေပြီ၊ တိတိကျကျအရေးယူတာ ဘာမှလဲမရှိသေးဘူး” ဟု ရှမ်းမလေးက ပြောသည်။

၎င်းနှင့်ပတ်သက်၍ သျှမ်းပြည်အခြေစိုက် သတင်းသမားများက သျှမ်းပြည်နယ်ဝန်ကြီးနှင့်တကွ နိုင်ငံရေး ပါတီများ ၊အရပ်ဖက်လူ့အဖွဲ့အစည်းများထံ စာပေးပို့ရန် စီစဉ်နေကြောင်းလည်း စုံစမ်းသိရှိရသည်။

သမ၀ါယမသိမ်း လယ်မြေပြဿနာ တစ်လအတွင်း ဖြေရှင်းမပေးလျှင် သပိတ်စခန်းဖွင့်မည်ဟုဆို

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် အောင်ကုန်းကျေးရွာရှိ အမှတ်(၃)လယ်ယာလက်ကား သမ၀ါယမ လီမိတက်က သိမ်းဆည်းထားသည့် လယ်မြေဧက တစ်ထောင်ကျော် ပြန်ရရေးနှင့် အင်းမ ရေထိန်းတမံ ဖျက်သိမ်းပေးရေး အတွက် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများက တစ်လအတွင်း မဆောင် ရွက် နိုင်ပါက သပိတ်စခန်းဖွင့် တောင်းဆိုမည်ဟု လယ်မြေသိမ်း ဆည်း ခံရသူ တောင်သူများ က ကြေညာ ချက် ထုတ်ပြန်သည်။


သဲကုန်းမြို့နယ် အောင်ကုန်းကျေးရွာရှိ ဇန်န၀ါရီလ ၁၁ ရက်က ပြုလုပ်သည့် တောင်သူလယ် သမား များ တွေ့ဆုံဆွေးနွေးပွဲတွင် ဒေသခံလယ်သမားများ၊ လယ်သမားအရေး ကူညီဆောင် ရွက်သူများ စုပေါင်း ကာ အဆိုပါကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။

“အခု ၁၁ ရက်ကစပြီး တစ်လပြည့်တဲ့နေ့အထိ အချိန်ပေးထားတယ်။ ကျေနပ်လောက်တဲ့ အထိ ဆောင် ရွက်မပေးနိုင်ရင် အထိုင်သပိတ်လုပ်မယ်။ ကျေနပ်လောက်သည်အထိ ဖြေရှင်းဆောင်ရွက်မှု မရမချင်း သပိတ်စခန်းဖွင့် ဆောင်ရွက်မယ်”ဟု လယ်သမားအရေး ကူညီဆောင်ရွက်သူ ကိုသန့်ဇင်ထက်က ပြော သည်။

သိမ်းဆည်းလယ်မြေများတွင် တည်ဆောက်ထားသော ငါးကန်များနှင့် အင်းမ ရေထိန်း တမံကြောင့် ရေ လွှမ်းမိုးမှုဖြစ်ပွားပြီး နှစ်စဉ် လယ်ဧက တစ်ထောင်ကျော် ရေနစ်မြုပ်နေ သည့် အတွက် ကြေညာချက် ထုတ် ပြန်ရခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သိမ်းဆည်းထားသည့် လယ်မြေပေါ်တွင် ငါးကန်များ တူးဖော်ထားသော တရုတ်သူဌေး ဦးထိုင်ထိုင် က “အဲဒီလယ်မြေနဲ့ပတ်သက်ပြီး ဥပဒေအတိုင်းသွားမယ်။ သူတို့ဘက်ကလည်း ညှိစရာရှိတာညှိ၊ တင်စရာ ရှိတာတင် ကျွန်တော်တို့ဘက်ကတော့ ဥပဒေအတိုင်းသွားမယ်။ သက်သေအထောက်အထားလိုရင် ကူ ညီပေးမယ်”ဟု မဇ္ဈိမကို ပြောသည်။

၂၀၀၁ ခုနှစ်တွင် သမ၀ါယမလီမိတက်လုပ်ရန် လယ်သမား ၁၅၀ ကျော်ပိုင် လယ်ဧက ၁၁၅၉ ဒသမ ၅၅ လျော်ကြေးတစ်စုံတစ်ရာ မပေးဘဲ သိမ်းယူခဲ့ကြောင်း သိမ်းဆည်းစဉ်အခါက အောင်ကုန်းကျေးရွာ အုပ် ချုပ်ရေးမှူးဖြစ်သူ ဦးတင်နွယ်က ပြောသည်။

“ဘာလျော်ကြေးမှ မပေးဘူး။ ညှိနှိုင်းခွင့်တောင် မရဘူး။ သမ၀ါယမလီမိတက် လုပ်မယ်ဆိုပြီး ဗိုလ်ချုပ် တွေ ဆင်းလာတယ်။ ဧကတစ်ရာ့လေးငါးဆယ်လောက်ကနေ တဖြည်းဖြည်း သိမ်းသွား တာ”ဟု ဆိုသည်။

ဒေသခံတောင်သူများ၏ အခက်အခဲကို နိုင်ငံတော်သမ္မတ၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ လွှတ်တော်နှင့် ကြေး တိုင်မြေစာရင်းဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲမှုဌာန၊ ရပ်ကွက်မြို့နယ် တိုင်း ခရိုင်များ သို့ အသနားခံ စာတင်ပြခဲ့သည့်အပြင် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်တွင် ၂၃ ရက်ကြာ ထွန်တုံး တိုက်ပွဲပြုလုပ်ခဲ့ ကြောင်း လယ်သမားဒေါ်ညိုက ပြောသည်။

သိမ်းဆည်းလယ်မြေများအနက် ၅၆ ဒသမ ၇၇ ဧကကို တစ်ဧက စပါးတင်းနှစ်ဆယ်နှုန်းဖြင့် သီးစားချ ထားပြီး ၁၀ ဧကခန့်ရှိ လယ်ကွက်ကို ကျပ်သိန်း ၅၀ ဖြင့် ရောင်းစားကြောင်း၊ ကျန်ဧက တစ်ထောင်ကျော်ကို ငါးကန်များ တူးဖော်လုပ်ကိုင်နေကြောင်း လယ်သမား ကိုဖြူကြီး က ပြောသည်။

Mizzima - News in Burmese

ရေသန့်ဗူးခွံ နဲ့ ဟင်းချိုမှုန့်


ရေသန့်ဗူးခွံ နဲ့ ဟင်းချိုမှုန့်
••••••••••••••••••••••••••••••••••••••••••••••••••••
by #ပိုပိုဇော်(သဘာဝအားအင်)January 11, 2014 at 11:35pm

ရေသန့်ဘူးတွေဟာ ဓာတုနည်းနဲ့ ပြုလုပ်ထားတဲ့ ပေါ်လီမာ ပလတ်စတစ် တွေဖြစ်လို့ ဒါတွေကို အပူချိန် မြင့်မားတဲ့ ဆီပူပူထဲမှာ ထည့်ကြော်မယ်ဆိုရင် ပလတ်စတစ်တွေထဲကBisphenol-A (BPA)အပါ အ၀င် အဆိပ်ဒြပ်ပေါင်းများစွာ ထွက်လာပြီး အကြော်တွေထဲ စိမ့်ဝင်သွားပါတယ်။ ဒါတွေကို နေ့စဉ်နဲ့အမျှ စားမယ်ဆိုရင် လူသားတွေရဲ့ အာရုံကြောစနစ်နဲ့ မျိုးပွားစွမ်းရည်ကို ဆိုးရွားစွာ ထိခိုက်နိုင်ပြီး ဆီးအိမ် ကင်ဆာ အပါအ၀င် ကင်ဆာရောဂါ အမျိုးမျိုးကိုလည်း ဖြစ်စေနိုင်ပါတယ်။

ဒီလို အန္တရာယ် ရှိတဲ့ ရေသန့်ဘူးတွေ အကြော်စုံတွေထဲကို ဘာလို့ ထည့်ကြော်ကြရတာလဲ ဆိုတော့ အဲလိုရေသန့်ဘူး ထည့်ကြော်ထားတဲ့ အကြော်ဟာ အထူးကြွပ်မွနေပြီး အဲလို ကြွပ်ရွစားကောင်းမှုကလဲ အရမ်းကို တာရှည်ခံတယ်လို့ အကြော်လုပ်ငန်းအကူ အမျိုးသမီးတစ်ဦးက ပြောပြခဲ့ဖူးပါတယ်။ အဲဒီလို လုပ်ရပ်တွေကို အကြော်ဖိုတွေနဲ့ နှစ်ပြန်ကြော် လုပ်ငန်းအချို့က လုပ်ကိုင်နေတယ်လို့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ ကြားသိနေရတာ ကြာပါပြီ။ ဒါကြောင့် ဒီလို ၀ိသမလောဘနဲ့ စီးပွားရှာတဲ့ လုပ်ရပ်ကို လိုက်လံစစ်ဆေးပြီး အပြစ်ပေး တားဆီးနိုင်ဖို့ လိုအပ်လှသလို ပြည်သူ့ ကျန်းမာရေးကို ဦးစားပေး စောင့်ရှောက်တဲ့ အစားအသောက်နဲ့ ဆေးဝါးဆိုင်ရာ ဥပဒေတွေ ကျွန်တော်တို့နိုင်ငံမှာ အခိုင်အမာ ရှိလာပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

နောက်တစ်ခုကတော့ အချိုမှုန့် ပါပဲ။ ကျွန်တော် သိသလောက် ကတော့ ယနေ့ကမ္ဘာပေါ်မှာ အချိုမှုန့်ကို နိုင်ငံတဲ့အ၀ှမ်း တွင်တွင်ကျယ်ကျယ် စားသုံးနေတဲ့ နိုင်ငံဆိုလို့ ကျွန်တော်တို့နိုင်ငံ တစ်နိုင်ငံတည်း ရှိမလားပဲ။ သေချာတာကတော့ အချိုမှုန့်ထုတ်ပြီး ကျွန်တော်တို့နိုင်ငံကို တင်သွင်းနေတဲ့ နိုင်ငံတွေကတော့ အချိုမှုန့် လုံးဝမစားကြဘူးဆိုတဲ့ အချက်ပါပဲ။ ဒီလို ဘေးအန္တရာယ် ရှိတယ်လို့ နိုင်ငံတော်က ကြေငြာထားပေမယ့် အချိုမှုန့်အရသာကို ပြည်သူတွေ စွဲနေလို့ ဆက်သုံးနေကြတာ မဖြစ်သင့်တော့ပါဘူး။ ဖြတ်သင့်ပါပြီ။

အဆိုးဆုံးကတော့ သူ့အရသာနဲ့သူ ဆိမ့်မွှေးကြွပ်ရွနေတဲ့ မြန်မာ့ရိုးရာ နှစ်ပြန်ကြော်များထဲမှာ အချိုမှုန့်တွေ အတုံးလိုက်အခဲလိုက် ထည့်နေတဲ့ ကိစ္စပါပဲ။ ပြည်သူတွေဘက်က တောင်းဆိုတာလည်း မဟုတ်ဘဲနဲ့၊ အဲဒီလောက်လဲ ထည့်စရာ မလိုဘဲနဲ့ကို ကိုယ့်အကြော်စုံ အရောင်းသွက်ရေး အတွက် ပြည်သူတွေ အချိုမှုန့်အန္တရာယ် များများတွေ့ပစေ ဆိုတဲ့ သဘောမျိုး ဖြစ်နေပါတယ်။ (တချို့ဆို အချိုမှုန့်နဲ့ မဆိုင်တဲ့ လက်ဖက်ရည်၊ ပူတင်း၊ ရွှေကြည် စတဲ့ စားစရာတွေမှာပါ ထည့်နေကြတာ အသိဉာဏ်မဲ့ရာ ရောက်ပါတယ်)

အချိုမှုန့် ဆိုတာ ဘာလဲ

ရေရှည် မှန်မှန် စားသွားရင် ဒီလောက် အန္တရာယ် များပါတယ် ဆိုတဲ့ အချိုမှုန့်ဆိုတာ Monosodium glutamate (MSG) လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်ခု ဖြစ်ပါတယ်။ Glutamic Acid လို့ခေါ်တဲ့ Amino Acid တစ်မျိုး ပါဝင်ပြီး စားစရာထဲ ထည့်လိုက်ရင် Free Glumate တွေ အဖြစ်ကို ပြောင်းလဲသွားကာ အစားအသောက်တွေရဲ့ အရသာကို ဓာတုနည်းနဲ့ လျှာပေါ်မှာ ဆပွားတိုးပေးလိုက်တာ ဖြစ်ပါတယ်။

အချိုမှုန့်ဟာ ဟင်းခတ်ပစ္စည်းတစ်ခု ဟုတ်ပါသလား

ပုံမှန်သုံးသင့်တဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်ခု လုံးဝမဟုတ်ပါ။ နည်းနည်းစားစား များများစားစား ရေရှည် စားရင် အန္တရာယ်ကတော့ ရှိတာပါပဲလို့ ပညာရှင်များက ပြောကြားပါတယ်။ Good Manufacturing Practice (GMP) လို့ခေါ်တဲ့ ကမ္ဘာ့အဆင့် ထုတ်လုပ်မှု စနစ်ကောင်း (GMP စနစ်) ရဲ့ အစားအသောက်တွေ ထုတ်လုပ်တဲ့ နေရာမှာ အချိုမှုန့် လုံးဝ မပါပါဘူး။

အချိုမှုန့်ကို ရေရှည်ပုံမှန် စားသုံးသွားရင် ဘာဆိုးကျိုးတွေ ရှိလာနိုင်မလဲ

(၁) ဆီးချို မဖြစ်အောင် ထိန်းသိမ်းပေးတဲ့ အင်ဆူလင်ဟော်မုန်း (Insulin) ရဲ့ လုပ်ငန်းဆောင်တာမှာ အနှောင့်အယှက်တစ်ရပ် ဖြစ်စေလို့ ဆီးချိုဖြစ်စေဖို့ ကောင်းကောင်း အထောက်အကူပြုပါတယ်။

(၂) အစာ အလွန်အကျွံ စားချင်စိတ်ကို တိုးပွားဖြစ်ပေါ်စေသလို အ၀လွန်ခြင်းကို တားဆီးပေးတဲ့ ဟော်မုန်းများကိုပါ ပိတ်ဆို့လို့ အ၀လွန်ခြင်းကို ဖိတ်ခေါ်ပါတယ်။ အ၀လွန်ခြင်း ရောက်လာရင် သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောပိတ်စတဲ့အဖော်အပေါင်းတွေပါပါလာပါလိမ့်မယ်။

(၃) ဦးနှောက်ဆဲလ်တွေကို မြန်မြန် ပျက်စီးယိုယွင်း စေပါတယ်။ မှတ်ဥာဏ်ကို အရွယ်မတိုင်ခင် ပျောက်ဆုံးစေပြီး မေ့တတ်တဲ့ ရောဂါတွေ ဖြစ်စေဖို့ အလားအလာ အရမ်း များစေပါတယ်။ အချိုမှုန့်ကို မွေးကင်းစကတည်းကနေ စပြီး စားတဲ့ ကလေးတွေမှာ ဥာဏ်ရည်ပိုင်း ယုတ်လျော့မှု ရှိတာကို တွေ့ရှိရပါတယ်။

(၄) ဂျာမနီနိုင်ငံမှာ အချိုမှုန့် သုံးစွဲမှုကို လုံးဝဖြတ်တောက်ရှောင်ကြဉ်ဖို့ အမျိုးသားအဆင့် ကြေငြာချက်တွေ ဥပဒေတွေ အလန့်တကြား ထုတ်ခဲ့ရဖူးပါတယ်။ ဂျာမန်ကျန်းမာရေး ပညာရှင်တွေ ဘာတွေ့ရလို့လဲ ဆိုတာ စာဖတ်သူတို့ သိပါသလား။ အချိုမှုန့် စားတဲ့ ကိုယ်ဝန်ဆောင်တွေ မွေးလာတဲ့ ကလေးတွေဟာ အင်ဆူလင်ဟော်မုန်း စွမ်းရည်ကျဆင်း၍ မတိုးတော့ခြင်း (Insulin-resistant) မွေးရာပါ ဖြစ်လာတာ တွေ့ရပါတယ်။ ဒါကြောင့် ဒီကလေးတွေဟာ ကြီးလာရင် ဆီးချိုဖြစ်ဖို့ သေချာသလောက် ဖြစ်ပါတယ်။ ဒီအချက်ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ဆီးချိုဖြစ်ပွားနှုန်း မြင့်မားနေတဲ့ အချက်တွေထဲက တစ်ခု အပါအ၀င် ဖြစ်ပါတယ်။

(၅) နောက်တစ်ချက်က ကိုယ်ဝန်ဆောင် မိခင်တွေ အချိုမှုန့်စားတဲ့ အကျင့်ကြောင့် မွေးလာတဲ့ ကလေးတွေရဲ့ medulla oblongata, thalamus, or hypothalamus ဆိုတဲ့ ဦးနှောက် အစိတ်အပိုင်းတွေမှာ ရှိတဲ့ အာရုံကြောဆဲလ်တွေကို ပျက်စီးစေပါတယ်။ ဒီနေရာတွေဟာ အစားအသောက် စားချင်စိတ်ကို အဓိက ထိန်းချုပ်တဲ့ ဦးနှောက်ဧရိယာတွေ ဖြစ်လို့ ဒီလို ကလေးတွေဟာ ကြီးလာရင် အစားအသောက် အလွန်အကျွံစားတဲ့ အကျင့်ရှိကာ အ၀လွန်ပြီး ရောဂါတွေ ထူစေတတ်တာ ကမ္ဘာတစ်ဝန်း လေ့လာတွေ့ရှိ ထားပါတယ်။

(ဒါဟာ အချို့မှုန့်ကပေးတဲ့ အမျိုးသား ကျန်းမာရေး/ လူမှုရေး ၀န်ထုပ်ဝန်ပိုး (National Health/Social Burden) ဖြစ်ပါတယ်။ ဒါ့အပြင် အချိုမှုန့် ၀ယ်ယူတင်သွင်းရတဲ့အတွက် နိုင်ငံနဲ့လူမျိုး အကျိုးရှိစေမယ့် တခြားအရာတွေ ၀ယ်ယူဖို့ နိုင်ငံခြားငွေ လျော့စေလို့ တိုင်းပြည်အတွက်လဲ နစ်နာပါတယ်)

(၆) မျိုးပွားစွမ်းရည် ကျဆင်းခြင်း၊ သားသမီးရနိုင်စွမ်း ကျဆင်းခြင်းတွေ ဖြစ်နိုင်ပါတယ်။ Chinese Restaurant Syndrome ခေါ် တရုတ်စားတော်ဆက်ရောဂါစု ဖြစ်စေနိုင်ပါတယ်။ ဒီရောဂါစုဟာ အချိုမှုန့် လွန်ကဲစွာ ပါတဲ့ အစားအသောက် စားပြီးပြီးချင်းမှာ မျက်နှာ၊ လည်ပင်း နဲ့ တစ်ကိုယ်လုံးမှာ အနီစက်တွေ ထွက်လာခြင်း၊ ခေါင်းအရမ်းထိုးကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ မျက်နှာမှာ တင်းကြပ်နေတယ်လို့ ခံစားရတတ်ခြင်း၊ မေးလှုပ် ပါးစပ်ဖွင့်ရတာ လေးခြင်း၊ ဗိုက်အောင့်ခြင်း၊ ခါးနာခြင်း စတာတွေ ခံစားရတတ်တဲ့ အချိုမှုန့်နဲ့ ဓာတ်မတည့်တဲ့ ရောဂါ ဖြစ်ပါတယ်။

(၇) ပန်ကရိယခေါ် မုန့်ချိုအိတ်ရောင်ရောဂါ အပါအ၀င် ကိုယ်တွင်းကလီစာ တစ်ခုခု ရောင်ယမ်းတဲ့ ရောဂါ ရှိနေသူတွေ၊ သက်ကြီးရွယ်အိုတွေ၊ စာသင်ကြားနေတဲ့ ကျောင်းသားကျောင်းသူတွေ အထူးရှောင်ကြဉ် သင့်ပါတယ်။

(၈) လူအများစုက ဆားကအငန် အချိုမှုန့်က အပေါ့ ဆိုပြီး တလွဲမှတ်ယူထားကြပါတယ်။ ဒီတော့ ဆားထည့်လွန်လို့ ငန်သွားရင် အချိုမှုန့်များများ ထပ်ထည့် ပါတယ်။ အမှန်က ဆားက Sodium chloride ၊ အချိုမှုန့်က Monosodium glutamate ဖြစ်လို့ နှစ်ခုလုံး ဆိုဒီယမ် (Sodium) ဆားဓာတ်ဖြစ်ကာ နှစ်ခု ပြိုင်စားသုံးရင် သွေးတွင်းဆိုဒီယမ် မြင့်တက်မှု အရမ်းများလာစေကာ သွေးတိုးရောဂါကို ဖြစ်စေပါတယ်။ ဒါကြောင့် သွေးတိုးရောဂါ ကာကွယ်လိုသူများနဲ့ ရှိသူများဟာ အချိုမှုန့်ကို အထူးရှောင်ကြဉ်သင့်ပါတယ်။

အချိုမှုန့် စွဲလမ်းနေခြင်းကို ဘယ်လို လျှော့ချ အမြစ်ဖြတ်ကြမလဲ

(၁) လျှော့ချသုံးခြင်းဖြင့် စတင်ပါ။ အချိုမှုန့်ဟာ အသားတွေရဲ့ အရသာကိုသာ မြှင့်တင်ပေးတာ ဖြစ်လို့ အသီးအနှံတွေမှာ လုံးဝမသုံးပါနဲ့။

(၂) ယေဘုယျလမ်းညွှန် (General Guideline) အရ ပြောရရင် အစားအသောက် တစ်ကီလို (၂.၂ပေါင်) ကို အချိုမှုန့် လက်ဖက်ရည်ဇွန်းနဲ့ တစ်ဇွန်းထက် ပိုမသုံးပါနဲ့။ ဒါဆိုရင်တော့ အန္တရာယ် နည်းတယ်လို့ သိရပါတယ်။

(၃) ရယ်ဒီမိတ် အစားအသောက်တွေ အားလုံးနီးပါးမှာ အချိုမှုန့် ပါပြီးသားဆိုတာ သတိထားပါ။ ဘယ်တော့မှ အချိုမှုန့် ထပ်မထည့်ပါနဲ့။

(၄) ရယ်ဒီမိတ် စားစရာတွေ ၀ယ်ရင် လေဘယ်လ် ပေါ်မှာ ပါတဲ့ အချိုမှုန့်ပါဝင်မှု ပမာဏကို ရှာဖွေပါ။ အဆင့်အတန်းရှိတဲ့ အစားအသောက်တံဆိပ်တွေ အားလုံးရဲ့ ပါဝင်ဖက်ပစ္စည်းစာရင်း (Ingredient List) ရဲ့ အောက်ဆုံးမှာ အချိုမှုန့် တကယ်သုံးထားရင် သုံးထားကြောင်း ပမာဏ အတိအကျ ပါပါတယ်။

(၅) ရိုးရာ ဟင်းခတ်အမွှေးအကြိုင်တွေ (ဥပမာ ပုစွန်ခြောက်၊ ငါးပိ စတာတွေ) ကို ပြန်လည်အစားထိုး သုံးသင့်ပါပြီ။ ကျွန်တော်တို့ရဲ့ ရှေးအစဉ်အဆက် ဘိုးဘွားများဟာ ထွားကျိုင်းသန်မာ ရောဂါကင်းခဲ့တာ အချိုမှုန့် မစားခဲ့ကြတာလည်း ပါပါတယ်။

photo copy from google search
credit to >>မန္တလေးဂေဇက်မှ ကူးယူဖော်ပြသည်။
source >>>http://natureenergycares.blogspot.com/2014/01/blog-post_11.html#more

ရေသန့်ဘူးတွေဟာ ဓာတုနည်းနဲ့ ပြုလုပ်ထားတဲ့ ပေါ်လီမာ ပလတ်စတစ် တွေဖြစ်လို့ ဒါတွေကို အပူချိန် မြင့်မားတဲ့ ဆီပူပူထဲမှာ ထည့်ကြော်မယ် ဆိုရင် ပလတ်စတစ်တွေထဲက Bisphenol-A (BPA) အပါ အ၀င် အဆိပ်ဒြပ်ပေါင်းများစွာ ထွက်လာပြီး အကြော်တွေထဲ စိမ့်ဝင်သွားပါတယ်။


ဒါတွေကို နေ့စဉ်နဲ့အမျှ စားမယ်ဆိုရင် လူသားတွေရဲ့ အာရုံကြောစနစ်နဲ့ မျိုးပွားစွမ်းရည်ကို ဆိုးရွားစွာ ထိခိုက်နိုင်ပြီး ဆီးအိမ် ကင်ဆာ အပါအ၀င် ကင်ဆာရောဂါ အမျိုးမျိုးကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒီလို အန္တရာယ် ရှိတဲ့ ရေသန့်ဘူးတွေ အကြော်စုံ တွေထဲကို ဘာလို့ ထည့်ကြော်ကြရတာလဲ ဆိုတော့ အဲလိုရေသန့်ဘူး ထည့်ကြော်ထားတဲ့ အကြော်ဟာ အထူးကြွပ်မွနေပြီး အဲလို ကြွပ်ရွစားကောင်းမှုကလဲ အရမ်းကို တာရှည်ခံတယ်လို့ အကြော်လုပ်ငန်းအကူ အမျိုးသမီးတစ်ဦးက ပြောပြခဲ့ဖူးပါတယ်။ အဲဒီလို လုပ်ရပ်တွေကို အကြော်ဖိုတွေနဲ့ နှစ်ပြန်ကြော် လုပ်ငန်းအချို့က လုပ်ကိုင်နေတယ်လို့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ ကြားသိနေရတာ ကြာပါပြီ။ 

ဒါကြောင့် ဒီလို ၀ိသမလောဘနဲ့ စီးပွားရှာတဲ့ လုပ်ရပ်ကို လိုက်လံစစ်ဆေးပြီး အပြစ်ပေး တားဆီးနိုင်ဖို့ လိုအပ်လှသလို ပြည်သူ့ ကျန်းမာရေးကို ဦးစားပေး စောင့်ရှောက်တဲ့ အစားအသောက်နဲ့ ဆေးဝါးဆိုင်ရာ ဥပဒေတွေ ကျွန်တော်တို့နိုင်ငံမှာ အခိုင်အမာ ရှိလာပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။ နောက်တစ်ခုကတော့ အချိုမှုန့် ပါပဲ။ ကျွန်တော် သိသလောက် ကတော့ ယနေ့ကမ္ဘာပေါ်မှာ အချိုမှုန့်ကို နိုင်ငံတဲ့အ၀ှမ်း တွင်တွင်ကျယ်ကျယ် စားသုံးနေတဲ့ နိုင်ငံဆိုလို့ ကျွန်တော်တို့နိုင်ငံ တစ်နိုင်ငံတည်း ရှိမလားပဲ။ သေချာတာကတော့ အချိုမှုန့်ထုတ်ပြီး ကျွန်တော်တို့နိုင်ငံကို တင်သွင်းနေတဲ့ နိုင်ငံတွေကတော့ အချိုမှုန့် လုံးဝမစားကြဘူးဆိုတဲ့ အချက်ပါပဲ။ 

ဒီလို ဘေးအန္တရာယ် ရှိတယ်လို့ နိုင်ငံတော်က ကြေငြာထားပေမယ့် အချိုမှုန့်အရသာကို ပြည်သူတွေ စွဲနေလို့ ဆက်သုံးနေကြတာ မဖြစ်သင့်တော့ပါဘူး။ ဖြတ်သင့်ပါပြီ။ အဆိုးဆုံးကတော့ သူ့အရသာနဲ့သူ ဆိမ့်မွှေးကြွပ်ရွနေတဲ့ မြန်မာ့ရိုးရာ နှစ်ပြန်ကြော်များထဲမှာ အချိုမှုန့်တွေ အတုံးလိုက်အခဲလိုက် ထည့်နေတဲ့ ကိစ္စပါပဲ။ ပြည်သူတွေဘက်က တောင်းဆိုတာလည်း မဟုတ်ဘဲနဲ့၊ အဲဒီလောက်လဲ ထည့်စရာ မလိုဘဲနဲ့ကို ကိုယ့်အကြော်စုံ အရောင်းသွက်ရေး အတွက် ပြည်သူတွေ အချိုမှုန့်အန္တရာယ် များများတွေ့ပစေ ဆိုတဲ့ သဘောမျိုး ဖြစ်နေပါတယ်။ (တချို့ဆို အချိုမှုန့်နဲ့ မဆိုင်တဲ့ လက်ဖက်ရည်၊ ပူတင်း၊ ရွှေကြည် စတဲ့ စားစရာတွေမှာပါ ထည့်နေကြတာ အသိဉာဏ်မဲ့ရာ ရောက်ပါတယ်) 

အချိုမှုန့် ဆိုတာ ဘာလဲ ရေရှည် မှန်မှန် စားသွားရင် ဒီလောက် အန္တရာယ် များပါတယ် ဆိုတဲ့ အချိုမှုန့်ဆိုတာ Monosodium glutamate (MSG) လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်ခု ဖြစ်ပါတယ်။ Glutamic Acid လို့ခေါ်တဲ့ Amino Acid တစ်မျိုး ပါဝင်ပြီး စားစရာထဲ ထည့်လိုက်ရင် Free Glumate တွေ အဖြစ်ကို ပြောင်းလဲသွားကာ အစားအသောက်တွေရဲ့ အရသာကို ဓာတုနည်းနဲ့ လျှာပေါ်မှာ ဆပွားတိုးပေးလိုက်တာ ဖြစ်ပါတယ်။ အချိုမှုန့်ဟာ ဟင်းခတ်ပစ္စည်းတစ်ခု ဟုတ်ပါသလား ပုံမှန်သုံးသင့်တဲ့ ဟင်းခတ် အမွှေးအကြိုင် တစ်ခု လုံးဝမဟုတ်ပါ။ နည်းနည်းစားစား များများစားစား ရေရှည် စားရင် အန္တရာယ်ကတော့ ရှိတာပါပဲလို့ ပညာရှင်များက ပြောကြားပါတယ်။ 

Good Manufacturing Practice (GMP) လို့ခေါ်တဲ့ ကမ္ဘာ့အဆင့် ထုတ်လုပ်မှု စနစ်ကောင်း (GMP စနစ်) ရဲ့ အစားအသောက်တွေ ထုတ်လုပ်တဲ့ နေရာမှာ အချိုမှုန့် လုံးဝ မပါပါဘူး။ အချိုမှုန့်ကို ရေရှည်ပုံမှန် စားသုံးသွားရင် ဘာဆိုးကျိုးတွေ ရှိလာနိုင်မလဲ

(၁) ဆီးချို မဖြစ်အောင် ထိန်းသိမ်းပေးတဲ့ အင်ဆူလင်ဟော်မုန်း (Insulin) ရဲ့ လုပ်ငန်းဆောင်တာမှာ အနှောင့်အယှက်တစ်ရပ် ဖြစ်စေလို့ ဆီးချိုဖြစ်စေဖို့ ကောင်းကောင်း အထောက်အကူပြုပါတယ်။ 

(၂) အစာ အလွန်အကျွံ စားချင်စိတ်ကို တိုးပွားဖြစ်ပေါ်စေသလို အ၀လွန်ခြင်းကို တားဆီးပေးတဲ့ ဟော်မုန်းများကိုပါ ပိတ်ဆို့လို့ အ၀လွန်ခြင်းကို ဖိတ်ခေါ်ပါတယ်။ အ၀လွန်ခြင်း ရောက်လာရင် သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောပိတ်စတဲ့အဖော်အပေါင်းတွေပါပါလာပါလိမ့်မယ်။ 

(၃) ဦးနှောက်ဆဲလ်တွေကို မြန်မြန် ပျက်စီးယိုယွင်း စေပါတယ်။ မှတ်ဥာဏ်ကို အရွယ်မတိုင်ခင် ပျောက်ဆုံး စေပြီး မေ့တတ်တဲ့ ရောဂါတွေ ဖြစ်စေဖို့ အလားအလာ အရမ်း များစေပါတယ်။ အချိုမှုန့်ကို မွေးကင်းစ ကတည်းကနေ စပြီး စားတဲ့ ကလေးတွေမှာ ဥာဏ်ရည်ပိုင်း ယုတ်လျော့မှု ရှိတာကို တွေ့ရှိရပါတယ်။ 

(၄) ဂျာမနီနိုင်ငံမှာ အချိုမှုန့် သုံးစွဲမှုကို လုံးဝဖြတ်တောက်ရှောင်ကြဉ်ဖို့ အမျိုးသားအဆင့် ကြေငြာချက်တွေ ဥပဒေတွေ အလန့်တကြား ထုတ်ခဲ့ရဖူးပါတယ်။ ဂျာမန်ကျန်းမာရေး ပညာရှင်တွေ ဘာတွေ့ရလို့လဲ ဆိုတာ စာဖတ်သူတို့ သိပါသလား။ အချိုမှုန့် စားတဲ့ ကိုယ်ဝန်ဆောင်တွေ မွေးလာတဲ့ ကလေးတွေဟာ အင်ဆူလင် ဟော်မုန်း စွမ်းရည်ကျဆင်း၍ မတိုးတော့ခြင်း (Insulin-resistant) မွေးရာပါ ဖြစ်လာတာ တွေ့ရပါတယ်။ ဒါကြောင့် ဒီကလေးတွေဟာ ကြီးလာရင် ဆီးချိုဖြစ်ဖို့ သေချာသလောက် ဖြစ်ပါတယ်။ ဒီအချက်ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ဆီးချိုဖြစ်ပွားနှုန်း မြင့်မားနေတဲ့ အချက်တွေထဲက တစ်ခု အပါအ၀င် ဖြစ်ပါတယ်။ 

(၅) နောက်တစ်ချက်က ကိုယ်ဝန်ဆောင် မိခင်တွေ အချိုမှုန့်စားတဲ့ အကျင့်ကြောင့် မွေးလာတဲ့ ကလေးတွေရဲ့ medulla oblongata, thalamus, or hypothalamus ဆိုတဲ့ ဦးနှောက် အစိတ်အပိုင်းတွေမှာ ရှိတဲ့ အာရုံကြောဆဲလ်တွေကို ပျက်စီးစေပါတယ်။ ဒီနေရာတွေဟာ အစားအသောက် စားချင်စိတ်ကို အဓိက ထိန်းချုပ်တဲ့ ဦးနှောက်ဧရိယာတွေ ဖြစ်လို့ ဒီလို ကလေးတွေဟာ ကြီးလာရင် အစားအသောက် အလွန်အကျွံစားတဲ့ အကျင့်ရှိကာ အ၀လွန်ပြီး ရောဂါတွေ ထူစေတတ်တာ ကမ္ဘာတစ်ဝန်း လေ့လာတွေ့ရှိ ထားပါတယ်။ (ဒါဟာ အချို့မှုန့်ကပေးတဲ့ အမျိုးသား ကျန်းမာရေး/ လူမှုရေး ၀န်ထုပ်ဝန်ပိုး (National Health/Social Burden) ဖြစ်ပါတယ်။ ဒါ့အပြင် အချိုမှုန့် ၀ယ်ယူတင်သွင်းရတဲ့အတွက် နိုင်ငံနဲ့လူမျိုး အကျိုးရှိစေမယ့် တခြားအရာတွေ ၀ယ်ယူဖို့ နိုင်ငံခြားငွေ လျော့စေလို့ တိုင်းပြည်အတွက်လဲ နစ်နာပါတယ်) 

(၆) မျိုးပွားစွမ်းရည် ကျဆင်းခြင်း၊ သားသမီးရနိုင်စွမ်း ကျဆင်းခြင်းတွေ ဖြစ်နိုင်ပါတယ်။ Chinese Restaurant Syndrome ခေါ် တရုတ်စားတော်ဆက်ရောဂါစု ဖြစ်စေနိုင်ပါတယ်။ ဒီရောဂါစုဟာ အချိုမှုန့် လွန်ကဲစွာ ပါတဲ့ အစားအသောက် စားပြီးပြီးချင်းမှာ မျက်နှာ၊ လည်ပင်း နဲ့ တစ်ကိုယ်လုံးမှာ အနီစက်တွေ ထွက်လာခြင်း၊ ခေါင်းအရမ်းထိုးကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ မျက်နှာမှာ တင်းကြပ်နေတယ်လို့ ခံစားရတတ်ခြင်း၊ မေးလှုပ် ပါးစပ်ဖွင့်ရတာ လေးခြင်း၊ ဗိုက်အောင့်ခြင်း၊ ခါးနာခြင်း စတာတွေ ခံစားရတတ်တဲ့ အချိုမှုန့်နဲ့ ဓာတ်မတည့်တဲ့ ရောဂါ ဖြစ်ပါတယ်။ 

(၇) ပန်ကရိယခေါ် မုန့်ချိုအိတ်ရောင်ရောဂါ အပါအ၀င် ကိုယ်တွင်းကလီစာ တစ်ခုခု ရောင်ယမ်းတဲ့ ရောဂါ ရှိနေသူတွေ၊ သက်ကြီးရွယ်အိုတွေ၊ စာသင်ကြားနေတဲ့ ကျောင်းသားကျောင်းသူတွေ အထူးရှောင်ကြဉ် သင့်ပါတယ်။ 

(၈) လူအများစုက ဆားကအငန် အချိုမှုန့်က အပေါ့ ဆိုပြီး တလွဲမှတ်ယူထားကြပါတယ်။ ဒီတော့ ဆားထည့် လွန်လို့ ငန်သွားရင် အချိုမှုန့်များများ ထပ်ထည့် ပါတယ်။ အမှန်က ဆားက Sodium chloride ၊ အချိုမှုန့် က Monosodium glutamate ဖြစ်လို့ နှစ်ခုလုံး ဆိုဒီယမ် (Sodium) ဆားဓာတ်ဖြစ်ကာ နှစ်ခု ပြိုင် စားသုံး ရင် သွေးတွင်းဆိုဒီယမ် မြင့်တက်မှု အရမ်းများလာစေကာ သွေးတိုးရောဂါကို ဖြစ်စေပါတယ်။ ဒါကြောင့် သွေးတိုး ရောဂါ ကာကွယ်လိုသူများနဲ့ ရှိသူများဟာ အချိုမှုန့်ကို အထူးရှောင်ကြဉ်သင့်ပါတယ်။

အချိုမှုန့် စွဲလမ်းနေခြင်းကို ဘယ်လို လျှော့ချ အမြစ်ဖြတ်ကြမလဲ 

(၁) လျှော့ချသုံးခြင်းဖြင့် စတင်ပါ။ အချိုမှုန့်ဟာ အသားတွေရဲ့ အရသာကိုသာ မြှင့်တင်ပေးတာ ဖြစ်လို့ အသီးအနှံတွေမှာ လုံးဝမသုံးပါနဲ့။ 

(၂) ယေဘုယျလမ်းညွှန် (General Guideline) အရ ပြောရရင် အစားအသောက် တစ်ကီလို (၂.၂ပေါင်) ကို အချိုမှုန့် လက်ဖက်ရည်ဇွန်းနဲ့ တစ်ဇွန်းထက် ပိုမသုံးပါနဲ့။ ဒါဆိုရင်တော့ အန္တရာယ် နည်းတယ်လို့ သိရပါတယ်။ 

(၃) ရယ်ဒီမိတ် အစားအသောက်တွေ အားလုံးနီးပါးမှာ အချိုမှုန့် ပါပြီးသားဆိုတာ သတိထားပါ။ ဘယ်တော့မှ အချိုမှုန့် ထပ်မထည့်ပါနဲ့။ 

(၄) ရယ်ဒီမိတ် စားစရာတွေ ၀ယ်ရင် လေဘယ်လ် ပေါ်မှာ ပါတဲ့ အချိုမှုန့်ပါဝင်မှု ပမာဏကို ရှာဖွေပါ။ အဆင့်အတန်းရှိတဲ့ အစားအသောက်တံဆိပ်တွေ အားလုံးရဲ့ ပါဝင်ဖက်ပစ္စည်းစာရင်း (Ingredient List) ရဲ့ အောက်ဆုံးမှာ အချိုမှုန့် တကယ်သုံးထားရင် သုံးထားကြောင်း ပမာဏ အတိအကျ ပါပါတယ်။ 

(၅) ရိုးရာ ဟင်းခတ်အမွှေးအကြိုင်တွေ (ဥပမာ ပုစွန်ခြောက်၊ ငါးပိ စတာတွေ) ကို ပြန်လည်အစားထိုး သုံးသင့်ပါပြီ။ ကျွန်တော်တို့ရဲ့ ရှေးအစဉ်အဆက် ဘိုးဘွားများဟာ ထွားကျိုင်းသန်မာ ရောဂါကင်းခဲ့တာ အချိုမှုန့် မစားခဲ့ကြတာလည်း ပါပါတယ်။ 

credit to >>မန္တလေးဂေဇက်မှ ကူးယူဖော်ပြသည်။ 

source >>>http://natureenergycares.blogspot.com/2014/01/blog-post_11.html#more

ကလေးမြို့တွင် ကျပ် ၁၁၂၆ သိန်း တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းမိ

စစ်ကိုင်း တိုင်းဒေသကြီး ကလေး ခရိုင် ထ/နမှ တပ်ကြပ်ထွန်းလွင်နှင့် အဖွဲ့က စမ်းမြို့ နယ်မြေမှူး၊ ချမ်းမြေ့အောင် စည် ရပ်ကွက် နယ်မြေမှူးတို့နှင့်အတူ ပျဉ်းခုံ ကြီးကျေးရွာ မလာလ်နဲတိန် ၏ နေအိမ်အတွင်း ၀င်ရောက်ရှာ ဖွေရာ မူးယစ်ဆေးဝါးများနှင့် ဆက်စပ် တရားခံများကို မူးယစ် ဆေးဝါးများနှင့်အတူ ဇန်န၀ါရီ ၈ရက် မွန်းတည့် ၁၂နာရီက ဖမ်း ဆီးရရှိခဲ့ကြောင်း သိရသည်။


သတင်းအရ ရှာဖွေခဲ့သည့် မလာလ်နဲတိန်၏ နေအိမ်တွင် ခရစ်ရိုဆန်း အား တွေ့ရှိခဲ့ရပြီး နေအိမ်အိပ်ခန်းအတွင်း၌ အ ဖြူရောင်ဆာလာ အိတ်နှင့်ထည့် ထားသော မူးယစ်ဆေးဝါးဆူဒို အက်ဖီဒရင်းဆေးပြား တစ်ပြား လျှင် သုညဒသမ တစ်ဂရမ်ရှိ ဆေးပြား ၃၂၁၄၀၀၊ ၃၂ဒသမ ၁၄ကီလိုအိတ် တစ်အိတ်၊ ဆေး ပြား ၃၂၃၄၀၀၊ ၃၂ဒသမ ၃၄ ကီလိုရှိ ဆာလာအိတ်တစ်အိတ်၊ ဆေးပြား ၃၁၇၀၀၀၊ ၃၁ဒသမ ၇ကီလိုရှိ ဆာလာအိတ် တစ် အိတ်၊ ဆေးပြား ၂၅၄၈၀၀၊ ၂၅ ဒသမ ၄၈ကီလိုရှိ အ၀ါရောင် ဆာလာအိတ်နှင့် ထည့်ထား သောအိတ် တစ်အိတ်၊ ဆေး ပြား စုစုပေါင်း ၁၁၂၆၆၀၀၊ စုစုပေါင်း ၁၁၂ဒသမ ၆၆ကီလို၊ စုစုပေါင်းကာလတန်ဖိုး ကျပ် သိန်း ၁၁၂၆၆၀၀၀၀ရှိ မူးယစ် ဆေးတို့အား ဖမ်းဆီးရမိခဲ့သည်။

ထိုဖမ်းမိသည့် မူးယစ်ဆေး နှင့်ပတ် သက်၍ စစ်ဆေးမေး မြန်းခဲ့ရာ လက်ပံချောင်း ရွာနေ ပါကျဲခေါ် ဆလိုင်းမန်းသင်ထန်း ဆိုသူမှ အနက်ရောင်ဇိမ်ခံကား ဖြင့် လာရောက်ပို့ဆောင်ခဲ့ပြီး အခကြေးငွေ ကျပ်တစ်သိန်းပေး ခဲ့ကြောင်း သိရသည်။

ထို့နောက် သက်ဆိုင်ရာ ပြည်သူ့ရဲတပ်ဖွဲ့များမှ လက်ပံ ချောင်းကျေးရွာ ဆလိုင်းမန်းသင် ထန်းနေအိမ်သို့ သက်သေများ ဖြင့် ၀င်ရောက်ရှာဖွေခဲ့ရာ ဆ လိုင်းမန်းသင်ထန်းမှာ ထွက်ပြေး လွတ်မြောက်ခဲ့ပြီး ဇနီးမထန်ပါး အား တွေ့ရှိကာ ဆေးပြားရောင်း ၀ယ်ရာတွင် အသုံးပြုခဲ့သောငွေ ကျပ် သိန်း ၄၀၀၊ ဆပ်ဖ်ကား တစ်စီးတို့ကို ဇနီးမထန်ပါးပြော ပြချက်အရ သိမ်းဆည်းရမိခဲ့ သည်။

ယခုအခါ ဆူဒိုအက်ဖီဒ ရင်းဆေးပြားများ သယ်ဆောင် ရောင်းချရန် လက်ဝယ်ထားရှိ သော မလာလ်နဲတိန် အသက် ၄၈နှစ် ပျဉ်းခုံကြီးရွာ၊ ခရိုဆန်း အသက် ၂၀နှစ် ပျဉ်းခုံကြီးရွာ၊ မထန်ပါး အသက် ၃၄နှစ် လက် ပံချောင်းကျေးရွာ၊ ထွက်ပြေး တိမ်းရှောင်နေသူ ဆလိုင်းမန်း သင်ထန်း အသက် ၄၄နှစ် လက် ပံချောင်းကျေးရွာတို့အား က လေး ပြည်သူ့ရဲစခန်းမှ (ပ)နံ ပါတ် မယ(ပ)၄/၂၀၁၄၊ မူးစိတ် ပုဒ်မ ၁၅/၁၆(ခ)/၂၀(က)/ ၂၁ဖြင့် ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိ ရသည်။

သမ္မတ အရည်အချင်းနှင့် ပတ်သက်ပြီး ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းအနေဖြင့် တန်းတူရည်တူ ယှဉ်ပြိုင်ချင်သည့် ဆန္ဒရှိဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူးပြောကြား

နိုင်ငံတော်သမ္မတ အရည်အချင်းနှင့် ပတ်သက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ၅၉ (စ)ပါ အကြောင်း အရာ များအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်း၌ ဆွေးနွေးခဲ့ပြီး အခြေအနေ အချိန်အခါ အရ ပြင်ဆင်ဆောင်ရွက်သင့်သည့် အချက်ထဲတွင် ထည့်ထားသော်လည်း ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း အနေဖြင့် တန်းတူရည်တူ ယှဉ်ပြိုင်ချင်သည့် ဆန္ဒရှိသည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်းက ဇန်န၀ါရီ ၁၂ ရက်က ပြောကြားသည်။


ရန်ကုန်မြို့ ရန်းကင်းမြို့နယ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ရန်ကုန်တိုင်းဒေသကြီးရုံးတွင် ကျင်းပခဲ့သည့် ပါတီဝင်လူငယ်များ တွေ့ဆုံပွဲနှင့် တာဝန်ပေးအပ်ပွဲ အခမ်းအနားအပြီး သတင်းစာ ရှင်းလင်းပွဲ တွင် သတင်းထောက်များ၏ မေးမြန်းမှုကို ဦးမောင်မောင်သိမ်းက ယခုကဲ့သို့ ပြန်လည်ဖြေကြား ခဲ့ခြင်းဖြစ်သည်။

“ကိုယ်တို့ တစ်ဦးချင်းပြောရလို့ရှိရင် ကိုယ်တို့တွေက Fair Play ပေါ့။ Level Play Ground မှာ ကစားချင်တယ်။ ဒါတို့ရဲ့ပါတီဥက္ကဋ္ဌတို့ရဲ့ အခုဆိုရင် ပြည်ထောင်စုလွှတ်တော်နာယက ဦးရွှေမန်းကလည်း ဒီအတိုင်းပဲ ဆန္ဒရှိတယ်။ ဒါပေမဲ့ ဒါဟာအများနဲ့ ဆုံးဖြတ်ရတဲ့ အခါကျတော့ တစ်ချို့ဟာတွေတော့ ယတိပြတ် မပြတ်ဘူးပေါ့။ ဒါပေမဲ့ ငါ့တို့က သဘောထား တစ်ခုပဲ ပေးလို့ရတယ်။ လွှတ်တော်ကို တင်ရဦးမယ် လွှတ်တော်မှာ ဆွေးနွေးရဦးမယ်။ လွှတ်တော်မှာ ဆွေးနွေးပြီးတော့မှ အားလုံးသဘောတူမှပဲ ရမယ် အဲဒီတော့ ဒါလိုပါသေးတယ်။ တို့ကတော့ Level Play နဲ့ပဲ တန်းတူရည်တူပဲ ကိုယ်တို့ရဲ့ လူကြီး ကလည်း တန်းတူရည်တူပဲ ယှဉ်ပြိုင်ချင်ပါတယ်။ ဒါငါတို့ရဲ့ သဘောထားပါ။ တို့ရဲ့ သဘောထားဆိုတာ တစ်ဦးချင်းရဲ့ သဘောထားကို ပြောတာပါ” ဟု ၎င်းကပြောကြားသည်။

နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတ၏ အရည်အချင်းများနှင့် ပတ်သက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ၅၉ (စ) တွင် မိမိကိုယ်တိုင်သော် လည်းကောင်း၊ မိမိ၏မိဘ တစ်ပါးပါးသော် လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း မိမိ၏ တရားဝင်သားသမီး တစ်ဦးဦးသော် လည်းကောင်း၊ ထို တရားဝင် သားသမီးတစ်ဦးဦး၏ ဇနီးသို့မဟုတ် ခင်ပွန်းသော် လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူး သစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ (သို့မဟုတ်) နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ စသည့်အချက်များ ပါဝင်သည်။

eleven media group

မှတ်ပုံတင် လျှောက်ထား သူများ ပြည်ခိုင်ဖြိုး ပါတီကတ်ပြားရရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်က ကျေးရွာ ၆ ရွာမှာ အမျိုးသားမှတ်ပုံတင် လျှောက်ထား သူတွေကို အမျိုးသားမှတ်ပုံတင်အပြင် ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင် ကတ်ပြားတွေပါ ထုတ်ပေးတဲ့ အတွက် အရာတော်မြို့မှာ မနေ့က ကျေးရွာသားတွေ စုပေါင်းပြီး သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။


အဲဒီ သတင်းစာရှင်းလင်းပွဲကို စီစဉ်သူတစ်ဦးဖြစ်တဲ့ အရာတော်မြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီက ၁၉၉၀ ခုနှစ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဝင်းက RFA ကို အခုလို ပြောပါတယ်။

“မြို့ပေါ်လောက်သာ သူတို့က ဖြန့်တာပေါ့လေ၊ နယ်တွေမှာတော့ အဲလိုမှတ်ပုံတင်လုပ် လိုက်ရင် ပြည်ခိုင်ဖြိုး ကတ်တွေက ပါပါလာတယ်၊ နောက်လက်မှတ်တွေ ဆိုတာကလည်း ကာယကံရှင်တွေ မထိုး ရဘူး၊ တချို့ဆိုရင် ကတ်တစ်ခုမှာဆိုရင် အရှေ့က မမြဝင်းပေါ့ အနောက်ကနေ လွင် ဆိုပြီးတော့ တစ်ယောက် တည်း ထိုးတော့ အဲလိုလက်မှတ်တွေ အမှားတွေနဲ့ ကျနော်ကတော့ လူ့အခွင့်အရေး ချိုးဖောက် တယ်လို့ထင်ပါတယ်၊ လွတ်လပ်စွာ အသင်းအပင်း ဝင်ခွင့်ရှိတယ်ဆိုတာက လွတ်လွတ်လပ်လပ် ဝင်လို့ရတယ်၊ မဝင်ချင်ပဲ နေလို့ရတယ်၊ မဝင်ချင်တာကို အတုလုပ်ပြီးတော့ ကိုယ်လည်းလက်မှတ်မထိုးဘူး၊ လျှောက်လည်း မလျှောက်ပဲနဲ့ အတင်းအဓမ္မကို သြဇာသုံးပြီး အသင်းဝင်အဖြစ် သွင်းတာပေါ့”

အရာတော်မြို့နယ်က ဖုတ်ကုန်းရွာ၊ ရှောက်ခါးရွာ၊ ဇီးပင်လယ်ရွာ၊ ထန်းကြီးရွာ၊ အိုးကိုကုန်းရွာနဲ့ ညောင်ဒူးရွာ က ကျေးရွာသူ ကျေးရွာသားတွေ စုပေါင်းပြီး သတင်းစာရှင်းလင်းပွဲ ကျင်းပတာဖြစ်ပါတယ်။ အဲဒီကျေးရွာတွေက လူဦးရေ ၁၆၇ ဦးကို သူတို့ပါတီဝင်အဖြစ် လျှောက်ထားခြင်းမရှိပဲ ကြံ့ခိုင်ရေး ပါတီဝင်ကတ်တွေကို ထုတ်ပေးသွားခဲ့တာလို့ ပြောပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ်လောက်ကတည်းက မှတ်ပုံတင်လျှောက်ထားသူတွေထဲက တစ်ချို့ကို ပြည်ခိုင်ဖြိုးပါတီဝင် ကတ်ပြားတွေပါ ထုတ်ပေးနေတာလို့ ပြောပါတယ်။

ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် အရာတော်မြို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကံထွန်း ပြောပြချက်အရ ပြည်ခိုင်ဖြိုးပါတီဝင်အဖြစ် လျှောက်ထားသူမဟုတ်ရင် မည်သူ့ကိုမှ ပါတီဝင်ကတ်တွေ ထုတ်ပေးတာ မရှိဘူးလို့ ပြောပါတယ်။

မြိတ်တွင် ကျောက်မီးသွေးစက်ရုံကို ဆန္ဒပြ၊ မီတာခ သာတူညီမျှရရေး တောင်းဆို



တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ် လော့လော့ ကျေးရွာတွင် တည်ဆောက်မည့် ကျောက်မီးသွေး သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ ဖျက်သိမ်းရေး အတွက် ယင်းကျေးရွာတစ်ဖက်ကမ်းရှိ သမုတ် ဒေသခံ ၁၅၀ ဦးဝန်းကျင်ခန့်က ဇန်န၀ါရီ ၁၂ ရက် မွန်းလွဲတစ်နာရီအချိန် ယင်းကျေးရွာ ပဂျီရှောင်ရပ်ရှိ ဘော်လုံးကွင်းတွင် ဆန္ဒထုတ်ဖော် ကန့်ကွက်ခဲ့ ကြသည်ဟု ဆန္ဒထုတ်ဖော်သူများမှ သိရသည်။

သဘာဝဓာတ်ငွေ့ များစွာ ထွက်ရှိနေသော်လည်း လျှပ်စစ်တစ်ယူ နစ်လျှင် ၄၅၀ ကျပ်ရရှိသော တနင်္သာရီတိုင်းအတွင်း လျှပ်စစ်ဈေးနှုန်း သာတူညီမျှရရှိရေး ကိုလည်း ဆန္ဒပြရာတွင် ထည့်သွင်းတောင်းဆိုခဲ့ကြသည်။

Dawei Watch