Wednesday, January 8, 2014
၅၉ (စ)ကို မပြင်/မဖျက် သင့်သော အကြောင်းရင်းများ
၅၉ (စ) ကို မပြင်သင့်ဘူးလို့ ကျွန်တော်ပြောတဲ့ အခါတိုင်း ဒီလိုပြောတာဟာ ဒေါ်အောင်ဆန်း စုကြည်ကို သမ္မတ မဖြစ်စေချင်လိုသော မကောင်း သော စေတနာနှင့် ပြောတယ်လို့ ထင်ကြတယ်။ တကယ်တော့ ကျွန်တော်ပြောတာက ဒေါ်အောင် ဆန်းစုကြည် သမ္မတမဖြစ်ရအောင် ၅၉ (စ) ကို မပြင်သင့်တာ မဟုတ်ပဲ နောင်အနာဂတ် မြန်မာ နိုင်ငံရဲ့ အမျိုးသား အကျိုးစီးပွား နှင့် အမျိုးသား လုံခြုံရေးကို ထိခိုက်နိုင်တဲ့အတွက် ၅၉ (စ) ကို မပြင် ဖို့ ပြောတာ ဖြစ်ပါတယ်။
၅၉ (စ) ကို ဖျက်သိမ်းလိုက်လို့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ပြီးပြီပဲ ထားတော့။ ဒေါ်အောင်ဆန်း စုကြည်ရဲ့ သားချွေးမတွေက ပြည်ပသြဇာခံ ဖြစ်နေတဲ့အတွက် သားချွေးမတွေရဲ့ အင်္ဂလန်နိုင်ငံမှာ ဖြစ်ပျက် တဲ့ အဆိုးအကောင်းဟာ ဒေါ်စုအပေါ်မှာ ရိုက်ခတ်မှုရှိတယ်။ တနည်းအားဖြင့် မြန်မာနိုင်ငံရဲ့ self-determination ကို ထိခိုက်နိုင်ဖွယ် ရှိတယ်။ တစ်ဆက်တည်းမှာပဲ ပြည်တွင်းရေးကို ဝင်စွက်ဖက်နိုင်ဖွယ် ရှိတယ်။ စွက်ဖက်လို့ ရတယ်။ state-sovereignty ကို ထိပါးနိုင်တယ်။ ဆိုပါစို့ဗျာ....ကမ် အဲရစ်က ဗြိတိန်အစိုးရရဲ့ အာဘော်နှင့် ဘင်္ဂါလီအောင်ထွန်းကို လွှတ်ပေးဖို့ ဒေါ်စုကို ပြောတယ်ဆိုခဲ့လျှင်.....ဒါမျိုး ပြသနာ တွေ ရှိလာနိုင်တယ်။ ဒါမျိုးက ဘာဖြစ်လဲ။ စစ်အစိုးရလက်ထက်ကလည်း ရှိခဲ့တာပဲလို့ ပြောစရာ ရှိတယ်။ ကျွန်တော်တို့က နောက်ပြန်ဆွဲနေတာ မဟုတ်ဖူး။ ရှေ့ဆက်သွားနေတာ။ ဒေါ်စုကို ကျွန်တော် တို့က ဒီမိုကရေစီအိုင်ကွန်အဖြစ် ရှုမြင်တာ။ သူလည်း စစ်အာဏာရှင်လိုပဲ ဆိုရင်တော့....လုပ်ပါ။ တိုင်းပြည် ရဲ့ လူဆိုးကြီးများစာရင်းမှာ တစ်ယောက်ထပ်တိုးသွားတာပေါ့။
ဒီနေရာမှာ မင်းက ဒေါ်စုသိက္ခာကို မယုံလို့လား၊ ကမ် အဲရစ်ကို မယုံလို့လားလို့ မေးလာခဲ့လျှင် ဒေါ်စုကို မယုံစရာ အကြောင်းမရှိဘူး။ ယုံတယ်။ ဒါပေမယ့် ဒါက ဥပဒေလေ။ ဒေါ်စုတစ်ယောက်တည်း နှင့် ဆိုင်တာ မဟုတ်ဖူး။ ဖွဲ့စည်းပုံမှာ ဒေါ်အောင်ဆန်းစုကြည်လို့ ရေးထားတာ မဟုတ်ဖူး။ နာမ်စား "မိမိ" ဆိုတာနှင့် ရေးထားတာ။ ဥပဒေသာ ဖျက်/ပြင်လိုက်လျှင် ဒီပြသနာမျိုးက ဒေါ်စုသမ္မတလက်ထက် မပေါ်ခဲ့လျှင်တောင် ၂၀၂၀ နောက်ပိုင်း သမ္မတမျိုးမှာ ပေါ်နိုင်တယ်။ အဲဒီအချိန်မှာ တက်လာတဲ့ သမ္မတရဲ့ သားသမီး တစ်ယောက်က နိုင်ငံခြားမှာ အယ်လ်ကိုင်ဒါနှင့် ဆက်စပ်မူဆလင် တစ်ယောက်ကို ယူထားတယ် ဆိုလျှင်...... မြန်မာနိုင်ငံ ဘယ်လိုဖြစ်သွားနိုင်လဲ။ အဲဒီအချိန် သမ္မတအပေါ် ဘယ်လို ဖိအားတွေ ရှိလာနိုင်လဲ။ မဖြစ်ပါဘူးကွာ လို့ မပြောနဲ့။ ဖြစ်လာနိုင်တာတွေအတွက် ကြိုတင်တွေးဆပြီး ကာကွယ် ထားတာက ဥပဒေပဲ။
ဒီဥပဒေက စစ်အစိုးရလက်ထက်က ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်ဖို့ ရည်ရွယ်ရေးဆွဲထားတာလို့ စွပ်စွဲထားတာတွေ ရှိတယ်။ ဟုတ်ချင်လည်း ဟုတ်မယ်။ ဟုတ်ချင်မှလည်း ဟုတ်မယ်။ ကျွန်တော်ကတော့ ဥပဒေကို ဥပဒေလို့ပဲ မြင်တယ်။ "မိမိ" ဆိုတဲ့ နာမ်စားနေရာမှာ "တိုင်းရင်းသားမှ ဖြစ်သည့် မြန်မာ နိုင်ငံသားတစ်ဦး" လို့ပဲ မြင်တယ်။ ဒီလိုမြင်တတ်လျှင် ၅၉ (စ) ဟာ အင်မတန် လိုအပ်ပြီး ထိပါးဖို့ မသင့်တဲ့ ဥပဒေပုဒ်မ တစ်ခုဆိုတာ မြင်လာမယ်။ ဒီနေ့ခေတ် နိုင်ငံကြီးတွေက ပါဝါလွှမ်းမိုးမှုနှင့် နိုင်ငံငယ်တွေရဲ့ အချုပ်အခြာအာဏာပိုင်မှုကို ထိပါးဖို့၊ ခြယ်လှယ်ဖို့ ကြိုးစားနေချိန်မှာ ၅၉ (စ) က ဒါတွေကို တားဆီးနိုင်မဲ့ ဥပဒေ ကောင်းတစ်ခုပဲ။
၅၉ (စ) ပြင်/ဖျက် ခြင်းသည် အမျိုးသားအကျိုးစီးပွား နှင့် အမျိုးသားလုံခြုံရေးကို ဘယ်လိုထိပါးနိုင်တယ် ဆိုတာနှင့် ပတ်သက်လို့ ဥပဒေပညာရှင် ဒေါက်တာဆလိုင်းငွန်ကျုံးလျန် ပြောတဲ့စကားကို ဖော်ပြလိုက်ပါ တယ်။
"မိဘနှစ်ပါးနိုင်ငံသားဖြစ်ရင် လုံလောက်ပါပြီဆိုတဲ့ အတွေးတွေက ဘင်္ဂလားပင်လယ်အော်ကို မကျော်နိုင်တဲ့ အတွေးလို့ စကားနာနာနဲ့ပဲ ပြောပါ ရစေ။ ကျွန်တော့်မိဘနှစ်ပါးက မြန်မာနိုင်ငံသားဖြစ်ပေမယ့် ကျွန်တော်က အမေရိကန်နိုင်ငံသား ခံယူခဲ့ပြီး နိုင်ငံသားခံယူချိန်မှာ အမေရိကန်နိုင်ငံ အမျိုးသားအကျိုး စီးပွားကို အသက်စွန့်ကာကွယ်ပါ့မယ်လို့ ကျမ်းကျိန်မှ အမေရိကန် နိုင်ငံသားခံယူခွင့်ရတာဖြစ်တာကြောင့်၊ အဲလို တခြားနိုင်ငံတစ်ခု အမျိုးသားအကျိုးစီးပွားကို အသက်ပေးကာကွယ်ဖို့ ကျမ်းကျိန်ထားသူဟာ မြန်မာ့နိုင်ငံရေးထဲဝင်ပါရင် သင့်တော်ပါ့မလားဆိုတာ မြန်မာနိုင်ငံ အမျိုးသားအကျိုးစီးပွားကို ဦးထိပ်ထား သူတိုင်း ဖြေဆိုရမယ့် မေးခွန်းဖြစ်သလို၊ အခြားနိုင်ငံတစ်ခုရဲ့ အမျိုးသားအကျိုးစီးပွားကို အသက်ပေး ကာကွယ်ဖို့တာဝန်ရှိတဲ့သူတွေနဲ့ သွေးသားအရ ဆက်နွယ်နေသူဟာ မြန်မာနိုင်ငံသမ္မတ လုပ်သင့်လား ဆိုတာလည်း မြန်မာနိုင်ငံ အမျိုးသားအကျိုးစီးပွားကို နားလည်သူတိုင်းက ဆုံးဖြတ်ရမှာဖြစ်ပါတယ်”
”၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံမှာ ပါတဲ့အချက်အားလုံးကို ပြင်လို့ရပါတယ်။ ပြင်သင့်တဲ့ဟာတွေလည်း အများကြီး ရှိသော်လည်း အချိန်အခါကြည့်ပြီး ပြင်ရမှာဖြစ်သလို၊ မပြင်ခင်မှာလည်း ကျေကျေညက်ညက် ဖတ်ရှု လေ့လာ ဖို့လိုတယ်။ ပုဒ်မ- ၅၉ (စ)ကိုတော့ မပြင်သင့်ပါဘူး။ ဘာဖြစ်လို့လဲမေးရင် မြန်မာနိုင်ငံကို ချစ်လို့ မပြင်သင့်ဘူးလို့ ယုံကြည်လို့ပါ။ တကယ်လို့များ ပုဒ်မ- ၅၉(စ) ကို ဖြုတ်ပစ်ခဲ့ရင် နိုင်ငံခြားသားသြဇာခံတွေ လွှတ်တော် ထဲ ရောက်လာကြ၊လုပ်ချင်ရာလုပ်ပြီး ပြဿနာဖြစ်ရင် တခြားနိုင်ငံမှာ နိုင်ငံသားအဖြစ် ကျမ်းသစ္စာကျိန်ဆိုထားတဲ့သူတွေက ဝင်ကယ်ကြရင်းနဲ့ မြန်မာပြည်ကြီးဟာ နိုင်ငံရေး သုတေသန အပြု ခံရတဲ့ တိုင်းပြည်တစ်ခုဖြစ်လာမယ်။ နိုင်ငံခြားသား မခံယူထားတောင်မှ သားနဲ့သမီးတွေက နိုင်ငံခြားသား ဖြစ်တဲ့အတွက် ပြဿနာဖြစ်တိုင်း တာဝန်သိတတ်တဲ့ နိုင်ငံခြားတိုင်းပြည်တွေက မြန်မာ့အရေးကို Immediate Family အရေးဆိုပြီး ဝင်ရှုပ်တဲ့အခါ အင်အားမရှိသေးတဲ့ ကျွန်တော်တို့တိုင်းပြည်ဘက်က ပေးဆပ်ဖို့သက်သက်ပဲ ရှိပါတယ်။"
Myo Min Thant
ဗုဒ္ဓဂယာ ဖောက်ခွဲမှု မြန်မာကို လက်စားချေခြင်း ဖြစ်ကြောင်း တရားခံ ထုတ်ဖော်ဝန်ခံ
ဗုဒ္ဓဂယာရှိ မဟာဗောဓိကျောင်းအနီးတစ်ဝိုက်တွင် ၂၀၁၃ ဇူလိုင် ၇ ရက်က ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုသည် နိုင်ငံတကာမှ လာရောက်ကြသည့် ဗုဒ္ဓဘာသာ ကမ္ဘာလှည့်ခရီးသွားများကို ပစ်မှတ်ထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် မွတ်ဆလင်များကို သတ်ဖြတ်မှုအပေါ် လက်တုံ့ပြန်ခြင်းဖြစ်ကြောင်း ဖမ်းဆီးခံထားရသည့် အိန္ဒိယ မူဂျာဟစ်ဒင်အဖွဲ့ဝင် မိုဟာမက်အူမီစီဒီကီက ဖြောင့်ချက်ပေးခဲ့သည်။
အေဂျင်စီများစွာ၏ မေးမြန်းချက်များအပြီး စုံစမ်းစစ်ဆေးရေးမှတ်တမ်း အစီရင်ခံစာအသေးစိတ်ကို ထုတ်ပြန်ရန် ပြင်ဆင်နေသည်။ မိုဟာမက် အူမီစီ ဒီကီကို ချာတီဂါရဲများက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဗုဒ္ဓဂယာမှ ပေါက်ကွဲမှုနှင့် ၂၀၁၃ အောက်တိုဘာ ၂၇ ရက် ပတ်တနာတွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုများအတွက် သံသယရှိခဲ့သည်။ မိုဟာမက် အူမီစီဒီကီ၏ အနီးကပ်တပည့်ဖြစ်သူ သံသယရှိသူနောက်တစ်ဦးဖြစ်သည့် ဟိုင်ဒါအလီက ၂၀၁၃ မေလတွင် အူမီစီဒီအား မြန်မာနိုင်ငံ၏ ရိုဟင်ဂျာမွတ်ဆလင်များအပေါ် အကြမ်းဖက်မှုများအကြောင်း ပြောဆိုခဲ့ကြောင်း စစ်ဆေးမှုများအရ သိခဲ့ရသည်။
““ဗုဒ္ဓဂယာကို တိုက်ဖို့ ကျုပ်က အကြံပေးခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါက နိုင်ငံတကာကသိတဲ့နေရာဖြစ်နေလို့ပဲ။ ဟိုင်ဒါကို ပြောလိုက်တယ်။ လူ နှစ်ယောက်၊ သုံးယောက်ကို ပစ်မှတ်ထားလို့တော့ ကိုယ်လိုချင်တဲ့သတင်းပါးလို့ မရဘူး။ ကျုပ်တို့က သာမန်လူတွေကို ပစ်မှတ်မထားချင်ပါဘူး။ ဟိုင်ဒါက ဗုဒ္ဓဂယာကိုလာတဲ့ နိုင်ငံခြားသားတွေကို ပစ်မှတ်ထားဖို့ အကြံပေးတယ်”” ဟု မိုဟာမက်အူမီစီဒီကီ၏ ပြောဆိုချက်ကို စစ်ဆေးမှုမှတ်တမ်းတွင် ကိုးကားဖော်ပြထားသည်။
ဒေသခံများ ထိခိုက်မှုမှ ရှောင်ရှားနိုင်ရန် နံနက်စောစောတွင် ဖောက်ခွဲရန် ဆုံးဖြတ်ခဲ့ကြောင်း၊ နိုင်ငံခြားသံဃာများကသာ နံနက်စောစော ၀တ်ပြုပွဲတွင် လာရောက်လေ့ရှိကြောင်း စစ်ဆေးမှု အစီရင်ခံစာ၌ ဖော်ပြထားသည်။
၂၀၁၃ ဇွန်လပိုင်းတွင် ဟိုင်ဒါက မိုဟာမက်အူမီစီဒီကီကို ချာတီဂါပြည်နယ်ရှိ ရိုင်ပါတွင် တွေ့ဆုံပြီး ဗုံးဖောက်ခဲ့ရာတွင် လိုအပ်သည့်ပစ္စည်းများကို ၀ယ်ယူထားပြီးဖြစ်ကြောင်းနှင့် စိတ်ပါဝင်စားသည့် လူငယ်တစ်စုကလည်း ဖောက်ခွဲမှုလုပ်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ဗုဒ္ဓဂယာတွင် ဖောက်ခွဲမှု လုပ်ခဲ့ပြီးနောက် သြဂုတ်လတွင် ၎င်းတို့ နှစ်ဦး ထပ်မံတွေ့ဆုံခဲ့သည်။ ““မိုဒီ (Modi) ကို ပစ်မှတ်ထား ရှင်းပစ်ရမယ်။ မိုဒီကို ၀န်ကြီးချုပ်လောင်းစာရင်းမှာ ကြေညာထားတယ်”” ဟု ဟိုင်ဒါက ၎င်းအား ပြောဆိုကြောင်း မိုဟာမက်အူမီစီဒီကီက ၀န်ခံပြောကြားသည်။
အလားတူပင် ဂယာ-ဒေလီ ရထားကိုလည်း တိုက်ခိုက်ရန် စီစဉ်ခဲ့သည်။ ရထားနှင့်ပတ်သက်သော အချက်အလက်များကို စုဆောင်းခဲ့ပြီး ရထားပေါ်အထိ သွားရောက် လေ့လာပြင်ဆင်ခဲ့ကြောင်း၊ သို့သော် ဖောက်ခွဲမှု မလုပ်ဖြစ်ခဲ့ကြောင်း သိရသည်။
ကိုးကား-India Today, New Delhi, January 6, 2014
by 7day Daily
သန်လျင်မြို့နယ် ဘုရားကုန်းကျေးရွာအုပ်စုရှိ သဲဖြူချောင်းကျေးရွာမှ လေးနှစ်ခန့်ကျော်ကြာ ဖြုတ်သိမ်းသွားခံရသော အိမ်သုံးကိုယ်ပိုင်း လျှပ်စစ်မီတာများအား ပြန်လည်တပ်ဆင်စီစဉ်ဆောင်ရွက်ပေးစေလို
ရန်ကုန်တိုင်ဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်သန်လျင်မြို့နယ် ဘုရားကုန်းကျေးရွာအုပ်စုရှိ သဲဖြူချောင်းကျေးရွာတွင် ဘိုးဘွား အစဉ်အဆက် နေထိုင်လာသူများကို လွန်ခဲ့သော ၂ဝဝ၆.ခုနှစ် ကပင် အိမ်သုံးလျှပ်စစ်မီတာများအား တပ်ဆင်အသုံးပြုနိုင်ရန် ကိုယ့်အားကိုယ်ကိုး လျှပ်စစ်ထရန်စဖော် မာများကို တည် ဆောက် ပြုလုပ်ရာ၌ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ရပ်ကွက်နေ ပြည်သူများမှ ငွေကြေး များစိုက်ထုက်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့် မြန်မာ့လျှပ်စစ်ရုံးမှ တာဝန်ရှိသူများ၏ ပံ့ပိုးမှုဖြင့် ကိုယ့်အား ကိုယ်ကိုး ထရန်စ ဖော်မာကို အောင်မြင်စွာ တည်ဆောက်၍ လျှပ်စစ်မီးများ လင်းအောင် ဆောင်ရွတ်နိုင်ခဲ့ကြောင်း သတင်း ရရှိပါသည်။
သို့ပါ၍ ၂၉.၉.၂ဝဝ၉ခုနှစ်က ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင် မြို့နယ် ဘုရားကုန်းကျေးရွာ အုပ်ရှိ သဲဖြူချောင်းကျေးရွာ၊ မြန်မာ့လျှပ်စစ်ဓာတ်အားပေးရုံး၏ နောက်ကျောရှိ လျှပ်စစ်ကျူးကျော် မြေပေါ်တွင် နေထိုင်လျက်ရှိသော အဆိုပါ နေအိမ်တွင် အသေးစား အိမ်သုံး စက်မှု လုပ်ငန်းလုပ်ကိုင် နေကြောင်းကို မြို့နယ်လျှပ်စစ်ရုံးသို့ တစ်ရွာတည်းနေ ပြည်သူတစ်ဦးမှ သတင်းပေးပို့တိုင် ကြားခဲ့ရာတွင် ထိုနေအိမ်သည် လျှပ်စစ်ကျူးကျော်မြေဖြစ်ပြီး ၄င်းအိမ်အား လျှပ်စစ်မီတာတပ် ဆင်ထား ပေးခြင်း အပေါ် စည်းကမ်းနှင့် ကိုက်ညီ မှုမရှိသော နေအိမ်ဟု တစ်လမ်းတည်းနေ၏ တိုင်ကြားမှု များကြောင့် ယင်းသို့ မြန်မာ့လျှပ်စစ်ရုံးမှ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေး မှူးများမှ လာရောက် စစ်ဆေးကာ ၄င်းနေအိမ်တွင် အိမ်သုံးစက်မှုလုပ်ငန်းလုပ်ကိုင်နေသည်ကို စစ်ဆေးတွေ့ရှိသွားပါ သော ကြောင့် အဆိုပါနေအိမ်မှ လျှပ်စစ်မီးများ ဖြတ်တောက်၍ မီတာများ ပါတစ်ပါးတည်း ဖြုတ်သိမ်းသွားခဲ့ ပါသည်။
ယင်းသို့ ဖြုတ်သိမ်းရာတွင် လမ်းတစ်ဖက်ခြမ်းရှိ စည်းကမ်းဖောက်ဖျက်ခြင်း လုံးဝမရှိသော နေအိမ်(၁ဝ)လုံးမှ အကြောင်း အရာတစ်စုံတစ်ခုကိုမှ အသိပေးအကြောင်းကြားခြင်းမရှိဘဲ အကြောင်းမဲ့ အိမ်သုံး လျှပ်စစ် မီတာ များကိုပါလာရောက်ဖြုတ်သိမ်းသွား ခံခဲ့ရပါသည်။
ထိုသို့ဖြုတ်သိမ်းခဲ့ရာတွင် အဆိုပါရပ်ကွက်နေပြည်သူများမှပြောကြားတွင်''ကျွန်တော်/ကျွန်မ တို့၏ မိသားစုများ အနေဖြင့် ယခုနှစ်ပါဆိုလျှင် လေးနှစ်ခန့်ကြာသော်လည်း မြို့နယ်လျှပ်စစ်ရုံးသို့ အကြောင်းမဲ့ ဖြုတ်သိမ်း ခံရသော အိမ်သုံးလျှပ်စစ်မီတာများအား ပြန်လည်းတပ်ဆင် အသုံးပြုခွင့် ပေးပါရန် တောင်းဆို သော်လည်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၏ ဘိုးဘွားအစဉ် အဆက်နေ ထိုင်လာခဲ့ကြောင်း ထောက်ခံချက် ပါရှိမှဆိုသော်လည်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ပါရှိသော်လည်း ရန်ကုန်တိုင်း လျှပ်စစ်ရုံးသို့ အခါခါညွှန်ကြားသည်။ 
ရန်ကုန်တိုင်းရုံးမှလည်း အကြိမ်ကြိမ်ပြန်လည် ညွှန်ကြားရာ အကြောင်းမဲ့ ဖြုတ်သိမ်းခံခဲ့ရသော နေအိမ်(၁ဝ)လုံးမှ လျှပ်စစ်မီတာများအား ပြန်လည်တပ်ဆင် အသုံးပြုခွင့် ချမှတ်လိုက်သော်လည်း မြို့ နယ်လျှပ်စစ်ရုံးမှ ယနေ့တိုင်တိုင် ပြန်လည်တပ်ဆင်ပေးခြင်းလုံးဝမရှိခဲ့ပါ။ မြို့နယ်လျှပ်စစ်ရုံးသို့ အကြိမ်ကြိမ်သွားရောက်ခဲ့ရာ ခြေထောက်ပါ တိုလာပါပြီ ဒီနေ့တပ်ဆင်ပေး မည် မနက်ဖြန်တပ်ဆင်ပေးမည်''ဟု သာပြောကြားလာ သော်လည်း ယနေ့ထက်တိုင် ပြန်လည်ရရှိခဲ့ခြင်းမရှိဘဲ ကလေးသူငယ်များ၏ ကျောင်းဖွင့်ရာသီသို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်သောကြောင့် ကျောင်းသား/ကျောင်းသူများ၏ ပညာရေးအတွက်သော်၎င်း ညရေးညတာလုံခြုံရေးအတွက်သော်၎င်း သက်ကြီးရွယ်အိုများ၏ကျန်းမာရေးအတွက်သော်၎င်း လျှပ်စစ်မီးမှာ အလွန်အရေးကြီး လိုအပ် လျှက်ရှိပါသည်''ဟု အသနားခံတင်ပြ တောင်းဆိုထား ကြောင်း သိရသည်။
သို့ပါ၍ စည်းကမ်းဖောက်ဖျက်ခြင်း လုံးဝမရှိခဲ့သော နေအိမ်(၁ဝ)လုံးများမှ လေးနှစ်ခန့်ကျော်ကြာသော် ဖြုတ်သိမ်း ထားခံရ သော အိမ်သုံးလျှပ်စစ်မီတာများကို အမြန်ဆုံး ပြန်လည်တပ်ဆင် အသုံးပြုခွင့်ပေးပါရန် မြန်မာ့လျှပ်စစ်ဓာတ်အားပေး တာဝန်ရှိသူကြီး များ အနေဖြင့်အမြန်းဆုံး စီစဉ်ဆောင်ရွက်ပေးလိုပါ၍ အသနားခံတင်ပြထားအပ်ပါကြောင်း သတင်းသိရှိရပါသည်
မြင့်မြတ်အောင်မြင်
ဖုန်း.ဝ၉.၄၂၁ဝ၂၂၅၇၈
အုံနာဘုတ်နှင့် ၀ှီးတက်အတု ကိုင်ဆောင်သူများ က-ည-န တရားစွဲမည်
ယာဉ်ပိုင်ဆိုင်မှုစာအုပ်(အုံနာဘုတ်)နှင့် ယာဉ်သက်သေခံလက်မှတ်(၀ှီးတက်) အတုပြုလုပ် ကိုင်ဆောင် ခြင်းကို စစ်ဆေးတွေ့ရှိပါက တရားစွဲဆိုသွားမည်ဟု မန္တလေးတိုင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦး စီးဌာန တိုင်းဦးစီးမှူးဦးသိန်းဦးက ပြောသည်။
အဆိုပါတရားစွဲဆိုမှုနှင့်ပတ်သက်၍ ၂၀၁၃နှစ်ကုန်ပိုင်းတွင် ထုတ်ပြန်ကြေညာထားပြီး ၂၀၁၄ ခုနှစ်တွင် စတင် အကောင်အထည်ဖော်ဆောင်ခြင်းဖြစ်သည်။
“အရင်ထက်စာရင် အဲလိုအတုပြုလုပ်လာတာတွေ နည်းနည်းများလာတယ်။ မသိနားမလည်တဲ့သူတွေ မနစ်နာရအောင် ခုလိုကြေညာရတာဖြစ်တယ်။ တစ်ပြည်လုံးအတိုင်းအတာနဲ့ လုပ်သွားမှာပါ”ဟု တိုင်းဦး စီးမှူးဦးသိန်းဦးက ပြောသည်။
ယာဉ်အစီးရေများပြားလာခြင်းနှင့်အတူ ယာဉ်ပိုင်ဆိုင်မှုစာအုပ်နှင့် ယာဉ်သက်သေခံလက်မှတ်တို့ကို အ တုပြုလုပ်ကာ ကိုင်ဆောင်ခြင်း၊ လက်လွှဲရောင်းချ ပေါင်နှံခြင်းတို့ ပြုလုပ်လာသည်ကို စစ်ဆေးတွေ့ရှိမှု များ ရှိနေသည်ဟုလည်း သူက ပြောသည်။
မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်ဖြစ်စေ မိမိဝယ်ယူမည့်ယာဉ်နှင့် သက်သေခံအထောက်အထားများကို စစ်ဆေးလိုပါက ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသို့ သွားရောက်စစ်ဆေးမှုများ ပြုလုပ် နိုင်သည်။
မြန်မာအမျိုးသမီးများအား တရုတ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများ၏ အန္တရာယ်မှ ပိုမိုကာကွယ်ပေးနိုင်ရန် ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးများ အထူးထိမ်းမြားသည့် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း ယခုလွှတ်တော် ကာလအတွင်း ဦးသိန်းညွန့်တင်သွင်းမည်
မြန်မာအမျိုးသမီးများ၏ အခွင့်အရေးများကို ပိုမို ကာကွယ်မှု ပေးနိုင်ရန်နှင့် လူဦးရေမြင့်မားသည့် အိမ်နီး ချင်း တရုတ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများ၏ အန္တရာယ်မှ ပိုမိုကာကွယ်ပေးနိုင်ရန် ၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးများ အထူးထိမ်းမြားသည့် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လက်ရှိလွှတ်တော် ကာလအတွင်း တင်ပြသွားမည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က The Daily Eleven ကို ပြောကြားသည်။
မြန်မာနိုင်ငံမှမြန်မာအမျိုးသမီးများ အနေဖြင့် နိုင်ငံခြားသားများနှင့် လက်ထပ်သည့်အခါတွင် အခွင့်အရေး များ၊ရပိုင်ခွင့်များမဆုံးရှုံးစေရန်နှင့် ယခုခေတ်ကာလနှင့်မကိုက်ညီတော့သည့် အချက်များကို ပြင်ဆင်ချက် တင်သွင်းသွားမည်ဖြစ်ပြီး လက်ရှိ ပထမအကြိမ် လွှတ်တော်ကာလအတွင်းဖြစ်သည့် ၂၀၁၅ ခုနှစ် ဇန်န၀ါရီ တွင် တင်သွင်းသွားမည်ဟု ၎င်းကပြောကြားသည်။ 
“အခုတိုင်းပြည်ဟာ သန်း ၁၃၀၀ ရှိတဲ့ တရုတ်နိုင်ငံနဲ့သန်း ၁၅၀ ရှိပြီး ရှမ်းပြည်လောက်သာရှိတဲ့ ဘင်္ဂလား ဒေ့ရှ်နိုင်ငံတွေနဲ့ ကပ်နေတယ်။ အထူးသဖြင့် တရုတ်ပြည်ဟာ ကလေးတစ်ယောက် ပေါ်လစီပဲဖြစ်တော့ မိန်းကလေးဆိုရင်ကိုယ်ဝန်မှာကတည်းက ဖျက်ချပစ်တာတွေ ရှိတယ်။ အဲဒီတော့ တရုတ်ပြည်မှာ လူပျို ချည်း သန်း ၉၀ လောက် ပိုနေတယ်။ အဲတော့ အဲဒီသန်း ၉၀ အတွက် တို့ဆီက အမျိုးသမီးတွေကို လူကုန် ကူးပြီးတော့ တရုတ်အမျိုးသားတွေနဲ့ ပေးစားတဲ့ လုပ်ငန်းတွေရှိတယ်။ ဖြစ်ပျက်နေတယ်။ တို့က တစ်ပြည် လုံးမှ သန်း ၆၀ ပဲ ရှိတာလေ။ အဲဒါကြောင့် ဒီအန္တရာယ်တွေကိုလည်း တို့တွက်ရမယ်” ဟု ဦးသိန်းညွန့်က ပြောကြားသည်။ 
ယင်းအချက်များအပြင် လက်ရှိတွင် ဈေးကွက်စီးပွားရေးကို ဖွင့်လိုက်သည့်အတွက် နိုင်ငံခြားသားများ တိုင်းပြည်တွင်းသို့ ၀င်လာလိမ့်မည်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုအတွက် လာကြသည့် နိုင်ငံခြားသားများ ရှိသကဲ့သို့ မြန်မာတိုင်းရင်းသူများကို ဈေးပေါပေါနှင့်တရားမ၀င်နည်းဖြင့် ပေါင်းသင်းမည့် သူမျိုးများလည်း အများကြီး ပါလာလိမ့်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံအတွက် အဓိကရေရှည်တွင် မြန်မာတိုင်းရင်းသား များ၏ လူမျိုး၊ ဘာသာ၊ သာသနာ တည်တံ့စေရန် သံဃာတော်များ ထောက်ပြနေသည့် အချက်များကို အလေး အနက် စဉ်းစားကာ တိုင်းပြည်တည်သရွေ့ လူမျိုးမပျောက်စေရန် ရည်ရွယ်ကြောင်း ၎င်းက ပြောကြားသည်။ 
၎င်းအနေဖြင့် လက်ရှိလွှတ်တော် ကာလအတွင်း ဥပဒေကြမ်းသုံးခုကို တင်သွင်းရန် ရည်ရွယ်ထားကြောင်း၊ လက်ရှိတွင် တိုင်းပြည်၌ မုဒိမ်းမှုများ အလွန်များပြားလာခြင်းနှင့် ကလေးသူငယ်များကို မုဒိမ်းကျင့်သည့် ကိစ္စများမှာ မကြားဝံ့မနာသာ ကိစ္စများ ဖြစ်လာသည့်အတွက်အဆိုပါကိစ္စများကို လွှတ်တော်တွင် တင်ပြခဲ့ ကြောင်း၊ သို့သော် ပယ်ချခြင်းများ ခံခဲ့ရသည့်အတွက်လိင်မှုဆိုင်ရာ အမျိုးသမီးများကို ကာကွယ်သည့် ဥပဒေကြမ်းကို တင်သွင်းသွားမည်ဖြစ်ကြောင်း၊ နောက်ထပ်ဥပဒေကြမ်း တစ်ခုကိုမူ ထုတ်မပြောလိုသေး ကြောင်း ဦးသိန်းညွန့်က ပြောကြားသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်အနေဖြင့် ပြီးခဲ့သည့် ပထမအကြိမ် လွှတ်တော်အဋ္ဌမပုံမှန် ပြည်သူ့လွှတ်တော်အစည်းအဝေး ကာလအတွင်း ကလေးသူငယ်များအပေါ် မုဒိမ်းကျင့်သူများကို သေဒဏ် ပေးရန် ဥပဒေကြမ်းတစ်ခု တင်သွင်းခဲ့သော်လည်း ဆွေးနွေးရန်မသင့်ဟုဆိုကာ ပယ်ချခံခဲ့ရကြောင်း သိရ သည်။
Eleven Media Group
ဖွဲ့စည်းပုံပြင်ရန်အတွက် လူကြီးတွေသာမကဘဲ ကလေးတွေပါ အလံမြှောက်ပြီး ထောက်ခံဖို့ ဒေါ်အောင်ဆန်းစုကြည်ဆို
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်၏ ချင်းပြည်နယ်ခရီးစဉ်အဖြစ် တီးတိန်သို့ ရောက်ရှိလာကာ ဇန်နဝါရီ ၇ရက် ညနေ ၄နာရီ ၅၀ခန့်တွင် တီးတိန် ဘောလုံးကွင်း၌ အခြေခံ ဥပဒေပြင်ဆင်ရေးဆိုင်ရာ လူထုဟောပြော ပွဲကို ကျင်းပခဲ့သည်။ အဆိုပါ ဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ၁၇မိနစ်ကြာ ဟောပြော ခဲ့သည်။
ထိုသို့ ဟောပြောရာတွင်ရခိုင်တိုင်းရင်းသားများအရေးတွင် နှုတ်ဆိတ်နေခဲ့သော ဒေါ်အောင်ဆန်းစုကြည် သည် ပထမဆုံးအကြိမ်အဖြစ် တိုင်းရင်းသားကိစ္စနှင့် ပတ်သက်ပြီး စတင်ပြောဆိုခဲ့သည်။
"လက်ရှိဖြစ်ပေါ်နေသော တိုင်းရင်းသားအရေးနှင့် ပတ်သက်ပြီး ကွဲပြားခြားနားမှုတွေက စိတ်ဝမ်းကွဲစရာ ဖြစ်ဖို့မဟုတ်ဘူး။ မတူကွဲပြားတာမှုဆိုတာက ပိုပြီး ပြည့်စုံစေတယ်။ မတူကွဲပြားမှုဟာ ကျွန်မတို့အတွက် အကျိုးဖြစ်အောင် သုံးတတ်ဖို့လိုတယ်။'ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ထို့အပြင် ချင်းပြည်နယ်ကိုလာရာတွင် မပြောင်းလဲသည့် အရာတစ်ခုက ကြိုဆိုသည့် လူများတွင် ကလေး တွေများတာဖြစ်ပြီး ဖွဲ့စည်းပုံပြင်ဆင်ရန် ထောက်ခံမည်ဆိုပါက လူကြီးတွေတင်မကဘဲ အဆိုပါ ကလေးတွေ ကပါ အလံလေးများကို မြှောက်ပြီး ထောက်ခံနိုင်ကြောင်း ပြောဆိုသွားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ အသိဥာဏ်ရင့်ကျက်မှုနှင့် စဉ်းစားတွေးခေါ်မှု နုနယ်နေသေးသော ကလေးများ အပေါ် တွင် ထိုသို့ မဲဆွယ်ပြောဆိုခဲ့ခြင်းသည် မလုပ်သင့်ကြောင်း။ ဘာမှမသိသေးသော ကလေးများထက် လူကြီးများ၏ ထောက်ခံမှုဖြင့်သာအခြေခံဥပဒေပြင်ဆင်ရေးကြိုးစားသင့်ကြောင်း ဆွေးနွေးပွဲတက်ရောက် လာသော ကလေးမိဘတစ်ဦးက ဆိုသည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်သည် ဘောလုံးကွင်းတွင် ပြုလုပ်သော ဟောပြောပွဲမတိုင် မီတီးတိန် မြို့နယ် ဇိုနွမ်ဇမ်ကျေးရွာရှိ ဆရာတော် ရှင်ဆန္ဒာဓိက၏ မူလွန်ကျောင်းဆောင်ဖွင့်ပွဲအခမ်းအနားတွင် ဆရာ/ ဆရာမများအနေနဲ့ကျောင်းသားတွေကို နိုင်ငံရေးကို ကြောက်လန့်စေအောင် မလုပ်ဖို့ ပြောကြား သွားကြောင်း သိရှိရသည်။
ထိုပြောဆိုချက်အပေါ် အဆိုပါကျောင်းတွင် တာဝန်ကျနေသော ဆရာမတစ်ဦးက-
"ကျမတို့အနေနဲ့ ကလေးတွေကို နိုင်ငံရေးကိုကြောက်အောင်လည်း မလုပ်ပါဘူး။ လုပ်လာအောင်လည်း မသင်ပေးပါဘူး။ ဘာလို့ဆိုတော့ ဒီကလေးတွေက အရွယ်က မူလွန်အရွယ်တွေလေ။ အသက်အရမ်းငယ်တဲ့ ကလေးတွေကိုနိုင်ငံရေးအကြောင်း ပြောလည်း သူတို့နားလည်မှာမဟုတ်ဘူး။ ဒီအရွယ်မှာ ပညာသင်ဖို့သာ အဓိကပဲ။ ပညာတတ်တွေ ဖြစ်လာမှနောင်တချိန်နိုင်ငံရေးနယ်ပယ်မှာ စဉ်းစားတွေးခေါ်တတ်တဲ့ လူတွေ ဖြစ်လာပါလိမ့်မယ်။ ကျမတို့ကတော့ ကလေးတွေကို ပညာတတ်ဖြစ်အောင်ပဲ သင်ပေးပါတယ်။ အန်တီစုကို လေးစားပါတယ်။ ဒါပေမဲ့ အသက်အရမ်းငယ်လွန်းတဲ့ ကလေးတွေကိုနိုင်ငံရေးလုပ်လာဖို့ တွန်းအားပေးတာ ကိုတော့ မဖြစ်သင့်ဘူးလို့ မြင်ပါတယ်" ဟု ပြောဆိုသွားခဲ့သည်။                                                      
ဒေါ်အောင်ဆန်းစုကြည်၏ ချင်းပြည်နယ်ခရီးစဉ်ကို ချင်းပြည်နယ်ရှိ NLD ပါတီဝင်များအပါအ၀င် ဒေသခံ ပြည်သူအချို့ကလာရောက်ကြိုဆိုခဲ့သည်။ ဆက်လက်၍ ဒေါ်အောင်ဆန်းစုကြည်သည် ဇန်န၀ါရီ ၈ ရက် နံနက်ပိုင်းတွင် ဖလမ်းမြို့သို့ထွက်ခွာမည်ဖြစ်ပြီး ဖလမ်းတွင် လူထုတွေ့ဆုံပွဲပြုလုပ်ပြီး ထိုမှတဆင့် ဟားခါး တွင် ညအိပ်နားမည်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဆုပေါင်းမြောက်များစွာရယူထားသူဖြစ်သော်လည်း ကိုယ်ဂုဏ်သိက္ခာကို မထောက်ထားနိုင်တော့ဘဲ လူကြီးတွေကိုအသုံးချယုံမက ယခုတော့ ဘာမျှမသိနားမလည်သည့် ကလေး တွေကိုပါ ဆွဲထည့်လာပြီး နိုင်ငံရေးအမြတ်ထုတ်မှုမှာ အလွန်ရွံရှာဖွယ်ဖြစ်ကြောင်း ဝေဖန်မှုများလည်း ရှိနေသည်။
မျိုးထက်(ဖလမ်း)
မိုဘိုင်းဖုန်း တာဝါတိုင်အရေအတွက် လိုအပ်ချက်၏ ၁၀ ရာခိုင်နှုန်းသာ ဖြည့်ဆည်းနိုင်သေး
မြန်မာနိုင်ငံ၏ မိုဘိုင်းတယ်လီဖုန်း ဆက်သွယ်ရေးတာဝါတိုင်အရေအတွက်သည် မိုဘိုင်းဖုန်းအသုံးပြုသူ များအတွက် ၁၀ ရာခိုင်နှုန်းခန့်သာ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သေးသည်ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးဝင်းသန်းက ဇန်န၀ါရီ ၅ ရက် မန္တလေး မြို့ ပညာရေးကောလိပ်တွင် ပြုလုပ်သည့် ပို့ဆောင်ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဆပ်ကော်မတီ တွေ့ဆုံဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
မိုဘိုင်းဖုန်းအသုံးပြုမှုပမာဏနှင့် နှိုင်းယှဉ်မည်ဆိုပါက တာဝါတိုင်အရေအတွက် နှစ်သောင်းခန့် လိုအပ် လျက်ရှိပြီး လက်ရှိတည်ဆောက်ပြီးစီးမှု နှစ်ထောင်ဝန်းကျင်ခန့်သာရှိသေးသည်ဟု ဆိုသည်။
လိုအပ်နေသည့် အရေအတွက်များအတွက် နိုင်ငံတော်က ဘတ်ဂျက်ခွဲဝေရရှိမှုအရ နှစ်အလိုက် တည် ဆောက်သွားရခြင်းကြောင့် နှောင့်နှေးမှုများရှိနေပြီး လုပ်ကိုင်လိုသည့် ပြည်တွင်း၊ ပြည်ပပုဂ္ဂလိကကုမ္ပဏီ များကို တင်ဒါစနစ်ဖြင့် လုပ်ကိုင်ခွင့်ပေးလျက်ရှိရာ တင်ဒါအောင်ကုမ္ပဏီများက လုပ်ဆောင်နေသည့်တာ ၀ါတိုင်အရေအတွက်သည် ၄၀၀ ခန့်သာ ရှိသေးသည်။
တာဝါတိုင်တစ်တိုင်လျှင် ရင်းနှီးမြှုပ်နှံမှုသည် ငွေကျပ် သိန်း ၁,၇၀၀ မှ၂,၀၀၀ ခန့်ရှိသဖြင့် အလွယ်တကူ ရင်းနှီးမြှုပ်နှံနိုင်မည်မဟုတ်ဟု ဒုတိယ၀န်ကြီးဦးဝင်းသန်းက ပြောသည်။ ထို့အတွက် ပြည်ပ ဆက်သွယ် ရေးကုမ္ပဏီလေးခုသို့ တာဝါတိုင်များတည်ဆောက်ရန် လုပ်ငန်းအပ်ထားပြီး တိုင်းနှင့် ပြည်နယ်အလိုက် ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ဆိုသည်။
တာဝါတိုင်တည်ဆောက်ရန်အတွက် ပေ ၄၀ ပတ်လည် မြေနေရာအကျယ်အ၀န်းရှိရန် လိုအပ်သဖြင့် မြို့ ပြနေရာများတွင် မြေနေရာအခက်အခဲရှိပြီး ကျောင်း၊ ဆေးရုံနှင့် သာသနာ့နယ်မြေများတွင် တာဝါတိုင် ဆောက်လုပ်ရန် မြေနေရာပေးပါက ညှိနှိုင်းဆောင်ရွက်ရန် စီစဉ်နေသည်။
၂၀၁၃-၁၄ ခုနှစ်တွင် မိုဘိုင်းတယ်လီဖုန်း၏ သိပ်သည်းဆသည် ၂၇ ရာခိုင်နှုန်းခန့်ရှိရာ လူ ၁၀၀ တွင် ၂၇ ယောက်ခန့် မိုဘိုင်းတယ်လီဖုန်း ပိုင်ဆိုင်နေပြီဖြစ်ပြီး ၂၀၁၅-၁၆ တွင် ၇၅ ရာခိုင်နှုန်းအထိ တိုးမြှင့်နိုင်ရန် ဆောင်ရွက်သွားမည်ဟု ဆိုသည်။ ၂၀၁၃ ခုနှစ် ဧပြီလမှစတင်ကာ ၁,၅၀၀ ကျပ်တန် တန်ဖိုးနည်းဖုန်း ဆင်းကတ်များ ရောင်းချပေးခဲ့ရာ တစ်နိုင်ငံလုံးအတိုင်းအတာအရ၂၀၁၄ ဇန်န၀ါရီလအထိ အရေအတွက် လေးသန်းကျော် ရောင်းချခဲ့ပြီး ဖြစ်သည်။
မဇ္ဈိမ သတင်းဌာန
ကန်ဒေါ်လာ ၂ မီလီယံကျော်ဖိုး လိမ်လည်ခဲ့သည့် မြန်မာကုမ္ပဏီ အား ပြည်ပကုမ္ပဏီ ၁၁ ခု သမ္မတရုံးသို့ တိုင်ကြားစာပို့
စင်ကာပူနိုင်ငံတွင် ရုံးခွဲဖွင့်ထား သည့် ပြည်တွင်းကုမ္ပဏီတစ်ခု က ပြည်ပ ကုမ္ပဏီ ၁၁ ခုအပေါ် ကန်ဒေါ်လာ ၂ ဒသမ ၃ မီလီယံ တန်ဖိုးအထိ လိမ်လည်မှုပြုလုပ် သွားခဲ့သည်ဟုဆိုကာ အလိမ်ခံ လိုက်ရ သည့် ပြည်ပကုမ္ပဏီများ က စုပေါင်း၍ နိုင်ငံတော်သမ္မတရုံး သို့ တိုင်တန်းလိုက်ကြောင်း သိရသည်။
မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန် သည်များအသင်းမှ တာဝန်ရှိသူတစ်ဦး က အသင်းထံသို့လည်း ကုမ္ပဏီ ၁၁ ခု က တိုင်ကြားခဲ့ကြောင်း ပြောသည်။
ပဲတင်ပို့ပေးမည်ဆိုကာ ကြိုတင် ငွေများကို ပြည်တွင်းကုမ္ပဏီ တစ်ခုက ရယူခဲ့ပြီး မပို့သည့်အတွက် ထိုသို့ တိုင် တန်းခြင်းဖြစ်သည်ဟု တိုင်ကြားမှုမှတ် တမ်းများအရ သိရသည်။
ငွေအလိမ်ခံလိုက်ရသည်ဟု ဆိုသော စင်ကာပူနှင့်ဒူဘိုင်းအခြေစိုက် ကုမ္ပဏီများက ယင်းကိစ္စနှင့်ပတ်သက် ပြီး ပဲအသင်းတာဝန်ရှိသူများနှင့် ကုန်သည်စက်မှုအသင်း အပါအဝင် စီးပွားကူးသန်းဝန်ကြီးဌာန တာဝန် ရှိသူ များနှင့် ဦးစွာတွေ့ဆုံခဲ့ပြီးဖြစ်သည်ဟု သိရသည်။
''ဒါက ပဲလောကမှာ ဖြစ်လေ့ဖြစ် ထရှိတဲ့ ကြားနေရတဲ့ကိစ္စတစ်ခုပါပဲ။ မရိုးနိုင်ပါဘူး။ အမြဲပဲကြားနေရတာ။ ဒီလို တွေသာ ဖြစ်နေဦးမယ်ဆိုရင် ပြည် ပကုန်သည်တွေရဲ့ယုံကြည်မှုက ရေရှည် မှာ လျော့ကျသွားနိုင် မယ်။ ဒီတစ်ခုတည်း နဲ့ပဲ လောကက ဆိုးရွားသွားနိုင်တယ်''ဟု တိုင်ကြားမှုကို လိုက်ပါဆောင်ရွက် ပေးနေ သူတစ်ဦးက ဆိုသည်။
လယ်ယာထွက်ကုန် သီးနှံပစ္စည်း များထဲတွင် ပြည်ပပို့မှု အများဆုံးဖြစ် သောပဲမှာ ငွေလိမ်လည်သွားမှု ပြဿနာ များရှိသည့် အတွက် ပြည်ပပို့ပဲကုန်သည် များ အထူးသတိထားကာ ရောင်း ဝယ် နေရသော သီးနှံ တစ်မျိုးလည်း ဖြစ်နေ သည်ဟု ၄င်းကဆိုသည်။
''တိုင်တန်းမှုပဲရှိသေးတယ်။ ဆုံး ဖြတ်ချက်တော့ မရသေးပါဘူး''ဟု ၄င်း က ဆက်ပြောသည်။
ပြီးခဲ့သောလကတည်းက ပဲကုန် သည်ကြီးများနှင့် စက်မှုလက်မှု အသင်း ချုပ်တာဝန်ရှိသူတို့က ပြဿနာ ဖြစ်နေ သော ကုမ္ပဏီများကြား သိုသိပ်စွာစေ့ စပ်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြသော်လည်း အဆင်ပြေမှု မရှိသည့် အတွက် သက်ဆိုင် ရာအာဏာပိုင်တို့ထံ တိုင်တန်းသည့် အဆင့်အထိသို့ ရောက်သွားခြင်းဖြစ် သည် ဟု သိရသည်။
မြန်မာက မည်သည့်နိုင်ငံမှ မရ သောအခွင့်အရေး (ကြိုတင်ငွေပေးချေ သောစနစ်)ရခဲ့သော်လည်း ထိုအခွင့် အရေးကို တလွဲအသုံးချကြသူအချို့ ကြောင့် ရနေသောအခွင့်အရေး ဆုံးရှုံး မည်ကို ပဲကုန်သည် အများစုက စိုးရိမ် စိတ်ဝင်လာကြကြောင်း သိရသည်။
''ပြည်ပမှာက ပဲတင်ပို့မှုကို သင်္ဘောပေါ်ရောက်မှ ငွေချေတာ။ ဒါ ပေမဲ့ မြန်မာက ကုန်ဘယ်ဆီနေမှန်း မသိဘဲ နဲ့ကို ငွေကြိုရနေတာ။ ဒါကို တချို့က တလွဲလုပ်ကြတယ်''ဟု ပဲကုန်သည်ကြီးတစ်ဦးက ပြောသည်။
၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်၏ ၈ လတာ ကာလတွင် ပြည်ပသို့ပဲတန်ချိန် ၉ သိန်းကျော် တင်ပို့ခဲ့ပြီးဖြစ်သည်။
Popular Myanmar News Journal
အအေးလှိုင်းတွေ အရှေ့ဖက်ကို စရွေ့နေကြပြီ
ဆရာ ဒေါက်တာထွန်းလွင် ပြောပြတဲ့ အအေးလှိုင်း ရွေ့လျားမှု အခြေအနေပါ။ အခုလို ပြောပြတဲ့ အ တွက် ဆရာ့ကို အထူးကျေးဇူးတင်ပါတယ်။
အအေးလှိုင်းတွေ အရှေ့ဖက်ကို စရွေ့နေကြပြီလို့ သိရ ပါတယ်။
Weat5her News Update
8-1-2014
11:39 am
(၁) (၈-၁-၂၀၁၄)ရက်နေ့တွင် ကမ္ဘာ့မြောက်ဖက်ခြမ်းဒေသ တိုက်ကုန်းမြေကြီး (၃)ခု တွင် ရေခဲအမှတ် အောက် ရောက်အောင် အေးခဲနေတဲ့ ဒေသများကို တွေ့မြင်ကြရပါတယ်။ မြောက်အမေရိကတိုက်မှာတော့ wind chill ကြောင့် အပူချိန် ရေခဲမှတ်အောက် - 50 deg C အထိ ကျဆင်းအောင် အေးခဲနေတဲ့ ဒေသတွေ ရှိနေတဲ့အတွက် အသက်ဆုံးရှုံး မှုတွေ တွေ့နေ ရပြီဖြစ်ပါတယ်၊ တကယ်တော့ အခုလိုငအအေးပိုမှုဟာ အာတိတ်ဒေသက ၀င်ရိုးစွန်း အာတိတ်လေအေးတွေ တိုးဝင်လာမှုကြောင့်ဖြစ်ကြရပြီး အဲဒီ အာတိတ် လေအေး တွေ အောက်ဖက် အထိ ထိုးဆင်းလာရတာကလည်း သမပိုင်းဒေသ အထက်အမြင့်မှာ တိုက်ခတ် နေတဲ့ အနောက်ဂျက်လေစီးကြောင်းတွေအားလျော့ကျလာမှုကြောင့် မြွေလိမ်မြွေကောက် လေစီးကြောင်း များ ဖြစ်ပေါ်ရာမှ အခုလို အနိမ့်ပိုင်းဒေသများဆီကို လေအေးတွေထိုးဆင်းလာရခြင်းဖြစ်ပါတယ်။
(၂) (၅-၁-၂၀၁၄)ရက် 06 UTC(ကမြန်မာစ့တော်ချိန် နေ့(၁၂)နာရီခွဲအချိန)တွင် တိုင်းတာရရှိတဲ့ အာတိတ် လေအေးများ မြောက်အမေရိကတိုက် အနောက်အလယ်အလယ်ပိုင်းဒေသ အထက်ပိုင်းကို တိုးဝင်နေပုံ။ အများဆုံး လေတိုက်နှုန်း 170 mph ခန့်အထိ တိုက်ခတ်ခဲ့တဲ့ အနောက်ဂျက်လေ စီးကြောင်း များကြောင့် အမေရိကန် Illinois, Michigan, Indiana, Missouri, and Ohio ပြည်နယ်များမှာ ၁ပေကျော်အထူရှိတဲ့ နှင်းများဖုံးလွှမ်းသွားခဲ့ပြီး၊ Chicago မြိုကမှာ အနိမ့်ဆုံး အပူချိန် -10C အထိရှိခဲ့ပြီး Wind Chill အပူချိန်ကတော့ -40C အထိရှိနေခဲ့ပါတယ်။
(၃) မြန်မာပြည်အပေါ်မှာတော့ ရာသီဥတုတွေ သာယာနေပါတယ်။ ဒအါပေမယ့် စစ်ကိုင်းတိုင်းအောက်ပိုင်း ဒေသအတွင်းမှာတော့ Hotspots (၃၉)နေရာတောင် ရှာတွေကထားတယ်လို့ နာဆာဂြိုဟ်တု တိုင်းတာ ချက်တွေက ဖေါ်ပြထားကြပါတယ်။ အခုရက်ပိုင်းအတွင်း ဂဏန်းတစ်လုံးအပူချိန် (Single Digit temperatures) မြစ်ကြီးနား၊ လားရှိုး၊ လွိုင်ကော်၊ မန္တလေး စတဲ့ဒေသတွေဖြစ်ကြပါတယ်။
(၄) မြောက်အမေရိကတိုက် နဲ့ ဥရောပတိုက်တွေမှာတော့ အအေးဓါတ်ပါတဲ့လေထုတွေဟာ အရှေ့ဖက်ကို စတင်ရွေ့နေကြတာကို တွေ့နေကြရပါတယ်။
ဒေါက်တာထွန်းလွင်
ဆင်းရဲမှု လျော့ကျရေး အရပ်ဘက်အဖွဲ့များ ပါဝင်ရန် အစိုးရ အားပေးမည်
မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးမှု လျော့ချရေးကို ပီပီ ပြင်ပြင် ဆောင်ရွက်နိုင်ဖို့အတွက် အသစ် ပြန်လည် ဖွဲ့စည်းထားတဲ့ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက် ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနရဲ့ ပြည်ထောင်စု ၀န်ကြီး က အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ ပိုမို အား ကောင်း လာစေဖို့နဲ့ ကျေးလက်နေ ပြည်သူ တွေရဲ့ စွမ်းဆောင်ရည်တွေ မြင့်မားလာစေဖို့ ကူညီပံ့ပိုး ပေးသွား မယ်လို့ ပြောဆိုလိုက်ပါတယ်။
အစိုးရတခုတည်းရဲ့အားနဲ့ မလုံလောက်ဘဲ ပြည်တွင်းမှာရှိတဲ့ အရပ်ဘက်လူမှု အဖွဲ့အစည်းတွေရဲ့ အားကို လည်း ရယူပြီး လုပ်ဆောင်မှသာ ရေရှည်ဖွံ့ဖြိုးမှုကို ရရှိမယ်လို့ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က ရန်ကုန်မှာ သတင်းမီဒီယာတွေနဲ့ ဒီနေ့ တွေ့ဆုံပြီး ပြောဆိုလိုက်တာပါ။
ဒါကြောင့် မိမိတို့ ၀န်ကြီးဌာနအနေနဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေရဲ့ အကြံဥာဏ် အကူအညီတွေကို ရယူပြီးတော့ ပြည်သူဗဟိုပြု ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အရပ်ဘက်လူမှု အဖွဲ့အစည်း တွေနဲ့အတူ လက်တွဲဆောင်ရွက်သွားမယ့်အပြင် လိုအပ်တာ တွေကို ပံ့ပိုးပေးသွားမယ်လို့ ပြည်ထောင်စု ၀န်ကြီး ဦးအုန်းမြင့်က ဆက်လက် ပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးမှု လျော့ချရေးအတွက် သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းတွေ အနေနဲ့ ပြီးခဲ့တဲ့ ၂ နှစ်ခွဲကာလစလို့ ဆောင်ရွက်ခဲ့ပေမယ့် သိသာတဲ့ တိုးတက်မှုက မရရှိခဲ့ပါဘူး။ ဒီအတွက် ဆင်းရဲမွဲတေမှု လုပ်ငန်းကို ပီပီပြင်ပြင် ဆောင်ရွက်နိုင်ဖို့အတွက် မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာနကို ပြီးခဲ့တဲ့နှစ် သြဂုတ် ၉ ရက်နေ့က အသစ် ပြန်လည်ဖွဲ့စည်းလိုက်ပါတယ်။
ဒီဝန်ကြီးဌာနက ဆင်းရဲနွမ်းပါးမှု လျော့ချရေးလုပ်ငန်းကို အကောင်အထည် ဖော်တဲ့နေရာမှာ ကဏ္ဍကြီး ၈ ခုအတွက် focal minister အနေနဲ့ ဦးဆောင်သွားမှာ ဖြစ်ပေမယ့် အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကလည်း ကျေးလက်နေ ပြည်သူတွေရဲ့ အဓိက လိုအပ်ချက်ဖြစ်တဲ့ စားဝတ်နေရေး ပြေလည်ဖို့နဲ့ စဉ်ဆက်မပြတ် လူမှုဘ၀ စီးပွားရေးလုပ်ငန်းတွေ တိုးတက်လာဖို့အတွက် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ လိုကြောင်း ပြောကြားခဲ့ပါတယ်။
“အရင်တုန်းက အလုပ်အားလုံးကို အစိုးရက သူလုပ်မှ ဖြစ်မယ်လို့ စတယ်။ အခု အစိုးရသစ်မှာတော့ လုပ်ရင်းနဲ့ ပြောင်းသွားတယ်။ အများပါမှ ရမယ်။ စတက်လာတော့ ကျနော်တို့က စဉ်းစားတယ်။ ဘယ်လို နည်းနဲ့ ရွှေ့ရမလဲ။ လူမှုလူ့အဖွဲ့အစည်းတွေနဲ့ ပြည်သူ သန်း ၆၀ ပါမှ ရွှေ့လို့ ရမယ်။”
မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးမှုလျော့ချရေးနဲ့ ပတ်သက်လို့ ၀န်ကြီးဌာနက လာမယ့်၂၀၁၅ ခုနှစ်မှာ ၁၆ ရာခိုင်နှုန်း အထိ လျော့ချဖို့ ရည်မှန်းထားတာ ဖြစ်ပါတယ်။
ဒီရည်မှန်းချက်အတိုင်း ပြည့်မီအောင် လုပ်ဆောင်မယ့် အခြေအနေနဲ့ ပတ်သက်လို့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဌာနက ဒုတိယအင်ဂျင်နီယာချုပ် ဦးခန့်ဇော်က အခုလို ပြောပါတယ်။
“ဒီအသစ်ရေးဆွဲတဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးမှာ ဖွံ့ဖြိုးမိတ်ဘက်အဖွဲ့အစည်းတွေ ဖွဲ့မယ်။ ဖွဲ့ပြီးတော့ အဲဒီကနေ ဘဏ္ဍာငွေ အရင်းအမြစ်တွေ ထပ်ရှာမယ်။ ထပ်ရှာပြီးတော့ လိုအပ်နေတဲ့ ဧရိယာတွေမှာ အန်ဂျီအို၊ စီအက်စ်အိုတွေ အားကို သုံးမယ်၊ အလုပ်တွေကို စီမံချက်အသစ်တွေ ထပ်ဆွဲမယ်။ ဘယ်လို စီမံချက်အသစ်တွေ ထပ်ဆွဲမလဲဆိုတော့ အခုဆိုရင် မြစိမ်းရောင် စီမံကိန်း ဆိုပြီးတော့ ကျေးရွာတရွာကို သိန်း ၃၀၀ လောက် စရင်းနှီးမြှုပ်နှံမယ်။ ၀င်ငွေ တက်စေမယ့် စိုက်ပျိုးရေး မွေးမြူရေး အခြေခံတဲ့ လုပ်ငန်းတွေကို ဒေသလိုအပ်ချက်ပေါ်မူတည်ပြီးတော့ စီမံချက်လေးတွေ သူတို့ ဆွဲကြလိမ့်မယ်။”
ဝန်ကြီးဌာနအနေနဲ့ ယခု ဘဏ္ဍာရေးနှစ်မှာဆိုရင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် ဘဏ္ဍာငွေ ၇၅ ဘီလီယံကို ရရှိထားပြီးတော့ တနင်္သာရီတိုင်း ကျွန်းစုမြို့နယ်၊ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်နဲ့ ရှမ်း ပြည်နယ် နမ့်စန်မြို့နယ်တွေမှာ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမွဲတေမှု လျော့ချရေးလုပ်ငန်းတွေကို လုပ်ဆောင်နေပြီလို့ ပြောပါတယ်။
ဒါပေမယ့် အစိုးရအနေနဲ့ ဆင်းရဲမွဲတေမှု လျော့ကျရေးအတွက် လုပ်ဆောင်တဲ့နေရာမှာ အားနည်းချက် တွေက ရှိနေလို့ ပီပီပြင်ပြင် လုပ်ဆောင်ဖို့လိုတဲ့အကြောင်း မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်းရဲ့ ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက အခုလို ထောက်ပြ ပြောဆိုခဲ့ပါတယ်။
“အဓိကတော့ ကျနော်တို့က လက်ရှိ ကျေးလက်ဒေသမှာ တကယ်လိုအပ်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေ မလုပ်သေးဘူးပေါ့နော်။ လက်ရှိ သွားတဲ့ ပြုပြင်ပြောင်းလဲမှုတွေ အကုန်လုံးက လက်တွေ့အကောင်အထည် ဖော်မှု အားနည်းနေတယ်။ လယ်ယာကဏ္ဍနဲ့ ပတ်သက်ရင်လည်း ပြီးခဲ့တဲ့အပတ်က လွှတ်တော် ကိုယ်စားလှယ်တွေ ဆွေးနွေးကြတဲ့ အထဲမှာ နေပြည်တော်တ၀ိုက်တော့ ပြုပြင်ပြောင်းလဲမှု လုပ်နိုင်သော် လည်း ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်မှာ ရှိနေတဲ့ လယ် ၁၅ သန်းကို ပြုပြင်ပြောင်းလဲမှု လုပ်နိုင်တာ မတွေ့ရ သေးဘူး။ အဲဒီတော့ အစိုးရပိုင်း အနေနဲ့ ဒါကို အာရုံစိုက်ပြီး လက်တွေ့ကျကျ အကောင်အထည်ဖော်ဖို့ လိုမှာပေါ့။”
သန်း ၆၀ ကျော်ရှိတဲ့ မြန်မာလူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းဟာ ကျေးလက်နေ ပြည်သူတွေ ဖြစ်ပြီး ဆင်းရဲမွဲတေ မှုနဲ့ ကြုံတွေ့နေရပါတယ်။
DVB TV News
နယ်မြေ ပိုင်းခြား မှုပြ ဿနာ အား တိကျ စွာ မဖြေ ရှင်း ပါက အိန်္ဒိယ နိုင်ငံ တွင် သွား ရောက် ဆန္ဒပြ မည်
နယ် မြေ ပိုင်းခြား မှုပြ ဿနာ အား တိကျ စွာ ဖြေရှင်း မှု မပြု လုပ် ပါ က အိန်္ဒိယ နိုင်ငံ ရှိ ဒီမို က ရေစီ အင် အား စု အဖွဲ့ များ နှင့် ပူးပေါင်း ၍ အိနိ္ဒယ နိုင်ငံ တွင် ဆန္ဒပြ ရန် စီစဉ် ထား ကြောင်း အ ထက် ချင်း တွင်း ဒေသ လူငယ် များ ကွန်ရက် မှ ကိုကျော်သက်ဝင်း က The Messenger သတင်းစာ သို့ ပြော သည်။
ရန်ကုန် မှာ ရှိတဲ့ သံရုံး ရယ်၊ မန္တလေး မှာ ရှိ တဲ့ အိန်္ဒိယ ကောင် စစ်ဝန် ရုံးမှာ လည်း ဆန္ဒ ပြ မယ် လို့ စီ စဉ် ထား ပါ တယ်။ ပထမတုန်း က တော့ နှစ် နိုင် ငံချစ် ကြည် ရေး လုပ်ပြီး ဖြေရှင်း မယ်လို့ ပြော တယ်။ လော လောဆယ် စီမံ ကိန်း တွေ ကို ရပ်ထား လိုက်ပြီ။ ဇန်န ၀ါရီလ (၆) ရက်နေ့ ကစပြီး အိနိ္ဒယ နိုင် ငံ ရဲ့ စစ် သံမှူး ရယ်၊ မြေတိုင်း ပညာရှင် တွေ ရယ်၊ မြန်မာ နိုင်ငံ ရဲ့ တာဝန် ရှိ သူတွေ ရယ်၊ မြေတိုင်း ပညာ ရှင် တွေ ရယ် ပူး ပေါင်း ပြီး၊ နယ် မြေ တိုင်းတာ မယ် လို့ သိရပါ တယ် ဟု ကိုကျော် သက် ၀င်း က ဆက် ပြော သည်။ အ ဆိုပါ တမူး နယ်စပ် တွင် အိန်္ဒိယ နိုင်ငံ မှ ကျူးကျော် မှုများ ကြောင့် ဒီဇင် ဘာ (၂၄) ရက် ၌ တမူး မြို့၊ ကလေး မြို့ နှင့် မင်းကင်း မြို့ တို့ တွင် ဆန္ဒပြ မှုများ ပြုလုပ် ခဲ့ကြောင်း သိရ သည်။ အဆို ပါ ဆန္ဒပြ မှုများ ကြောင့် လက်ရှိ တွင် တည် ဆောက် ရန် စီစဉ် ထား သည့် စီမံ ကိန်း လုပ်ငန်း ကို ရပ် တန့် ထား သော် လည်း စစ် အင် အား လျှော့ ချမှု မရှိ သေး ကြောင်း အဆိုပါ အဖွဲ့ မှ သိရ သည်။ အိန်္ဒိယ နိုင်ငံ က တမူး နယ်စပ် တွင် တပ် ရင်း လေး ရင်း ဖြင့် လုံခြုံ ရေး စောင့်ကြည့် မှုများ ပြုလုပ် ကာ မြန်မာ နိုင်ငံ ကတပ် ရင်း တစ် ရင်း သာ ချ ထား ၍ စောင့် ကြည့် မှုပြု လုပ် ထားခြင်း ကြောင့် တိုင်း ဒေသ ကြီး အစိုးရ အဖွဲ့၊ နယ်စပ် ရေးရာ ၀န်ကြီး ဌာန၊ ဒစက (ဒေသ ကွပ် ကဲရေး ရုံး)သို့ တပ်ရင်း များ တိုးချဲ့ ချထားရ န် စာတင် မှုများပြု လုပ်ခဲ့ ကြောင်း သိရ သည်။
အခု ဖြစ်နေတဲ့ မိုင်တိုင် (၇၆) ကနေ (၇၀) အထိကို နှစ်ရက် တာ နယ်မြေ တိုင်း တာမှု တွေ လုပ်မယ်။ ကျူး ကျော်မှု တွေကို တော့ အထက် လူကြီး တွေက ဆောင် ရွက် ပါ လိမ့် မယ်။ အဓိက က တော့ နယ် မြေ တိုင်း တာ တယ် ဆိုတာ သူတို့ ကျူးကျော် တယ် ဆိုတဲ့ လက် မှတ် ကို လိုချင် လို့ပါ။ အဲဒါမှ ဘယ် လောက် အ တိုင်း အတာ ကျူး ကျော် တယ် ဆိုတာ ကို နှစ်ဖက် ညှိနှိုင်း လို့ ရမှာ ပါ ဟု စစ် ကိုင်း တိုင်း ဒေသ ကြီး နယ် စပ် ရေးရာ ၀န် ကြီး ဦးကြည် နိုင် က The Messenger သတင်းစာ သို့ ပြော သည်။ မြန်မာ အစိုးရမှ တမူးမြို့ရှိ မှန်ကန် ရွာ တွင် IPC ရုံး ဖွင့်လှစ် မှုနှင့် ပတ်သက် ၍ နှစ် နိုင်ငံ အငြင်း ပွား မှုများ ဖြစ် ပေါ် လာ ခဲ့ ရာ ညှိ နှိုင်း လျက် ရှိ သော် လည်း လက်ရှိ အချိန် အထိ အဆင် ပြေ မှုမရှိ သေး ကြောင်း အဆိုပါ ကွန် ရက် မှ သိ ရ သည်။ 
အဆို ပါ တမူး ခရိုင် တွင် နယ်ခြား မှတ် တိုင် (၅၉ )မှ (၁၁၁) ထိ ရှိပြီး၊ ပိုင်းခြား သတ် မှတ် ထားခြင်း မရှိ သည့် နယ်မြေ မှတ် တိုင် ကိုးခု ရှိ ကြောင်း သိရ သည်။ အဆိုပါ နယ်မြေ မှတ် တိုင် ကိုးခု သည် နှစ် ပေါင်း (၄၀) ကြာ အငြင်း ပွားမှု များ ဖြစ်ပေါ် နေပြီး၊ မြန်မာ ပိုင်နက် ဖြစ် သည့် နယ် မြေ မှတ် တိုင် (၇၇) နှင့် (၇၉) ကြားရှိ နမ့် ဖာ လုံ တွင် အိန်္ဒိယ နိုင်ငံမှ အဆောက် အအုံ များ ဆောက် လုပ် ခြင်း၊ ရွာ တည် နေထိုင် မှု များ ပြု လုပ်ခြင်း များ ဖြစ်ပွား နေ ကြောင်း အထက် ချင်းတွင်း ဒေသ လူငယ် များ ကွန်ရက် မှ သိရသည်။ 
အဆို ပါ တမူး နယ်စပ်တွင် ဗမာ လူမျိုး၊ ဂေါ်ရခါး လူမျိုး၊ ချင်း လူမျိုး တို့ နေထိုင် ကြပြီး၊ အခြား အိန်္ဒိယ လူမျိုးစု များ သည် ချင်း လူမျိုးအ နေ ဖြင့် ပါဝင် နေသော ကြောင့် စိစစ် နေရန် လိုအပ်နေ ကြောင်း လည်း သိရ သည်။ 
ထို့ အပြင် အဆို ပါ နယ် မြေ ကျူး ကျော် မှု ပြဿနာ အပြင် စစ်ကိုင်း တိုင်း ဒေသ ကြီး တွင် တရား ဥပ ဒေ စိုးမိုး မှု မ ရှိ ခြင်းများ၊ မှုယစ် ဆေး ၀ါး ရောင်းဝယ် မှုများ၊ လက်နက် ရောင်း ၀ယ် မှု များ၊ မူးယစ် ဆေး ၀ါး အား လူငယ် များ ပိုမိုသုံး စွဲလာ မှုနှင့် ပတ်သက် ၍ ဇန်န ၀ါ ရီလ (၆) ရက် နေ့ တွင် ကလေး၊ တမူး သို့ ဖွဲ့ စည်း ပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး နှင့် ပတ် သက် ၍ လာ ရောက် မည့် အမျိုးသား ဒီမို က ရေစီ အဖွဲ့ ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် ထံသို့ လူမှု အဖွဲ့ အစည်း များ တင်ပြ သွား မည် ဖြစ် ကြောင်း အ ထက် ချင်း တွင်း ဒေသ လူငယ် များ ကွန်ရက် မှ သိရ သည်။ 
ဒေါ်စု၊ ဘင်္ဂလီ၊ ဦးကိုနီ နှင့် ပြည်သူတွေရဲ့ အသည်းနှလုံး
၂၀၀၈ အခြေခံဥပဒေသည် ၂၀၁၅ နီးလာတာ နှင့်အမျှ ပြင်မယ် မပြင်ဘူး ၀ဲဂယက်ကြားထဲတွင် ဟိုလူးလိုက် ဒီလူးလိုက်ဖြင့် ဘယ်သောင် ဘယ် ကမ်းပါးသို့ ဆိုက်ကပ်မည်ကို နိုင်ငံရေးသုတေသီ အားလုံး မခန့် မှန်းနိုင်သေး။ ဟုတ်လည်း ဟုတ် သည်။ မြန်မာ့နိုင်ငံရေးအပြောင်းအလဲသည် မထင် မှတ်တာနှင့် ပြောင်းလဲ ခဲ့သလို မထင်မှတ်တာ တွေလည်း ဆက်တိုက်ဖြစ်ပျက်နေ၍ ဘယ်အကြား အမြင် ပုရောဟိတ်မှ မြန်မာ့ ရှေ့ရေးကို ကြို၍ ဟောကိန်း မထုတ်ရဲကြ။
အပြောင်းအလဲများသည့် မြန်မာ့နိုင်ငံရေးနယ်ပယ်ထဲတွင် အရင်ကဒီမိုကရေစီဟုဆိုလိုက်လျှင် NLDကို ပြေးမြင်သည်အထိ အောင်မြင်ခဲ့ ပြည်သူအများဆုံး ထောက်ခံပါသည် ဆိုသည့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီသည်လည်း နှစ်ပေါင်း ၂၀ ကျော်အတွင်း အရင်လို မဟုတ်တော့။ ပါတီအပေါ် ဆန့်ကျင်သည့် မယုံကြည်တော့သည့် အတိုက်အခံများထွက်ပေါ်လာသည်။ အတိုက်အခံဖြစ်ခဲ့သူ NLD သည် ယခုမိမိကို ပြန်၍ အတိုက်အခံပြုသည်များကို ပြန်ရင်ဆိုင်လာရသည်။အရင်က ထောက်ခံခဲ့သည့်သူများ ဆန့်ကျင်ဘက်သို့ ပြောင်းလဲသွားသည်။ အရင်လို အင်အားစုများNLD ဘက်မှာ မရှိတော့။ ဘယ်လိုကြောင့် ထိုသို့ ဖြစ်ခဲ့သနည်း။ ဒါက NLD ၏ နိုင်ငံရေးဗျူဟာ အခင်းအကျင်းနှင့် သက်ဆိုင်နိုင်သလို ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ရေရှည်ဦးဆောင်နိုင်စွမ်းကျဆင်းလာမှုနှင့် ရပ်တည်ချက်မှားယွင်းမှုများ ကြောင့်လည်း ဖြစ်ပေလိမ့်မည်။
မြန်မာသာမက ကမ္ဘာကပါသိသော ဒေါ်အောင်ဆန်းစုကြည် ဆက်ဆံရသည့် နယ်ပယ်အတိုင်းအတာက ကျယ်ဝန်းလှသည်။ နိုင်ငံတကာ၏ ဖိတ်ကြားမှု၊ နိုင်ငံတကာက ပေးအပ်ထားသော ဆုတံဆိပ်များရှင် မိမိအနေဖြင့် ကမ္ဘာနှင့် အဆက်အသွယ် မပြတ်အောင်လှည့်လည်သွားလာနေရသော အရှေ့၊ အနောက်၊ တောင်၊ မြောက် ခရီးစဉ်များကြားထဲတွင် မိမိပါတီကိုပြန်ကြည့်ဖို့ ဒေါ်အောင်ဆန်းစုကြည် အတွက် အချိန်က နည်းပါးလှသည်။ ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် ပါတီ၏ အုပ်ချုပ်မှုကိစ္စများတွင် အာရုံမစိုက် နိုင်သည့် အခါ NLD သည် ပါတီတွင်း အရှုပ်အထွေးများနှင့် အချင်းချင်းအကြား အကွဲအပြဲဇာတ်လမ်းများ ထွက်ပေါ်လာသည်။ ပါတီ၏ စည်းရုံးမှုစွမ်းရည်များ ကျဆင်းလာသည်။ မိမိပါတီအပေါ် စီမံခန့်ခွဲမှု၊ ပါတီဝင်များ၏ စည်းလုံးညီညွတ်မှု အားနည်းခြင်းတို့သည် ပြင်ပ ပယောဂ မပါဘဲ ပါတီအကွဲအပြဲဘက်သို့ ဦးတည်စေခဲ့သည်။
ထိုအရာများသည် ဒေါ်အောင်ဆန်းစုကြည်၏ ရေရှည်ဦးဆောင်နိုင်စွမ်းကျဆင်းလာမှုနှင့် သူမရှိလျှင် NLD ကို ထိန်းကျောင်းနိုင်သည့် ပါတီတွင်း ထက်မြက်သူခေါင်းဆောင်များ မရှိခြင်းတို့ကြောင့် ဖြစ်သည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်၏ ရပ်တည်ချက်အချို့သည် သူလွှတ်တော်သို့မရောက်ခင်ကတည်းက မှားယွင်းမှုများစွာဖြင့် စတင်ခဲ့သည်။ ၂၀၀၈ အခြေခံဥပဒေကို မထောက်ခံ၍ ရွေးကောက်ပွဲမ၀င်ခဲ့သော NLD သည် နောက်ပိုင်းတွင် မိမိတို့ရပ်တည်ချက်ကို ပယ်ဖျက်၍ ကြားဖြတ်ရွေးကောက်ပွဲဝင်ခဲ့သည်။ ထိုအချက်သည် မှားယွင်းသောဆုံးဖြတ်ချက်ဟု မဆိုနိုင်သေးသော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ရပ်တည်ချက် မပြတ်သားမှုကိုထင်ဟပ်စေခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်သို့ရောက်ပြီး နောက်ပိုင်း မူလကဆုံးဖြတ်ခဲ့သည့် ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးအတွက် တစိုက်မတ်မတ်အားထုတ်လာသည်။ ဒီအတောအတွင်း ပြည်တွင်းမှာ အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သည်။ ရခိုင်သားတို့၏ လူနေမှုဘ၀ မလုံခြုံမှု၊ ဘင်္ဂလီများ၏ ရိုဟင်ဂျာ တိုင်းရင်းသား အဖြစ်တောင်းဆို၍ မြန်မာပြည်တွင်းမှာ အခြေချနေစရာတစ်ခုရရှိရေး ကြိုးပမ်းလာမှု၊ တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့များအကြား စစ်ဘေးဒုက္ခသည်များဖြစ်ခဲ့ရသော တိုင်းရင်းသား လူမျိုးစုများ အပေါ် ဥပေက္ခာပြုခဲ့မှု စတာတွေအပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်၏ ရပ်တည်ချက်များသည် အများက ကျေနပ်ရလောက်အောင် မစွမ်းဆောင်နိုင်ခဲ့။
ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိသမ္မတ မဟုတ်၍ ဒါတွေနှင့် မဆိုင်ဟု ပြောလို့မရ။ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံ၏ အိုင်ကွန်၊ ဒီမိုကရေစီအတွက် ပြည်သူများ၏ မျှော်လင့်ချက်။ ထို့အတွက် ပြည်သူများက ဒေါ်အောင်ဆန်းစုကြည်ဆီက မိမိတို့အပေါ် ပြောင်းလဲနိုင်မှု တစ်ခုခု လိုချင်ကြသည်။ သို့သော် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်၊ နိုင်ငံတကာမှ ပေးအပ်သည့် လူ့အခွင့်အရေးဆိုင်ရာ ဆုတံဆိပ်များရှင် အတွက် အမျိုးသားရေးသည် လူ့အခွင့်အရေး အပေါ် မကျော်လွှားနိုင်ခဲ့။ ထိုအချက်များ သည် ဒေါ်အောင်ဆန်းစုကြည်၏ NLD အပေါ်လူထု၏ ယုံကြည်ကိုးစားမှုများ တစတစ ကျဆင်းလာမှုကို ဖြစ်ပေါ်စေခဲ့သည်။
ပြည်သူ့ထောက်ခံမှုကျဆင်းလာရသော အကြီးမားဆုံးအချက်တစ်ချက်သည် အမျိုးသားရေးနှင့် လူ့အခွင့် အရေး ရပ်တည်ချက် နှစ်ခုယှဉ်လာချိန်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ရပ်တည်ချက်မပြတ်သားမှုလည်း တစ်ခုအပါအ၀င် ဖြစ်ခဲ့သည်။ ၀ံသာနုစိတ်ဓာတ်ပြင်းထန်သော မြန်မာလူမျိုးများကြားတွင် အမေရိကန်လို ဒီမိုကရေစီကို အားကျပြီး နေရာတကာတွင် လူ့အခွင့်အရေး ပေတံနှင့် လိုက်တိုင်း၍ ရမည်မဟုတ်သည်ကို ဒေါ်အောင်ဆန်းစုကြည် မေ့လျော့ခဲ့သည် ထင်သည်။ သူ့ဘက်က ကြည့်လျှင်လည်း မှန်ပါလိမ့်မည်။ လူ့အခွင့်အရေးဆိုင်ရာ ဆုတံဆိပ်များစွာ လက်ခံရယူထားသော သူ့အတွက် ရပ်တည်ချက်က လူ့အခွင့်အရေးဘက်တွင်သာ ရှိသင့်သည်ဟု ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်ခဲ့ပုံရသည်။ သို့သော် သူ့အနေဖြင့် နိုင်ငံတိုင်း နိုင်ငံတိုင်းသည် အမျိုးသားရေးကို ထိပါးလာလျှင် ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးဘက်က ပြတ်ပြတ်သားသားရပ်တည်ခဲ့ကြသည့် ဖြစ်စဉ်များစွာကို အတုယူခဲ့မည် ဆိုလျှင် NLD အပေါ်ယုံကြည်မှု ပိုတိုးလာမည်ထင်သည်။
ဒီမိုက ရေစီ ရလျှင် ရချင်း ချက်ချင်း နတ်ပြည် တက် ၍ မရနိုင် ဟု ၀န်ကြီး ဦးစိုးသိန်း ဆို
နိုင်ငံ ရေး ခေါင်း ဆောင် များ က ပုဒ်မ (၁၈) ရုပ် သိမ်း ပေးရေး နှင့် ပတ် သက် ၍ ဆန္ဒ ပြ ခဲ့ရာ တွင် နိုင် ငံ တ ကာ နှင့် နှိုင်း ယှဉ် ချင့်ချိန် သင့်ပြီး ဒီမို ကရေစီ ရလျှင် ရခြင်း၊ ချက်ချင်း နတ် ပြည် တက် ၍ မရ နိုင်ဟု သ မ္မတ ရုံးဝန် ကြီး ဌာန (၃) ပြည်ထောင် စု ၀န် ကြီး ဦးစိုးသိန်း က ဇန်န ၀ါရီ လ (၇) ရက် က မြန် မာ ငြိမ်း ချမ်း ရေး စင်တာ တွင်ပြု လုပ် သော ဆွေး နွေး ပွဲအပြီး The Messenger သတင်း စာ သို့ ပြော ကြား သည်။
ဆန္ဒပြ တာ ပြပေါ့၊ ပြ လို့ရ တာပဲ။ ခွင့် တောင်း ပြီးပြ ပေါ့။ နိုင်ငံ တကာ ကို ယှဉ် ကြည့် အမေ ရိကန် မှာ ဘယ် လိုလဲ၊ အင်္ဂလန် မှာဘယ် လို လဲ၊ စင်ကာပူ မှာ ဘယ် လို လဲ၊ ဘန်ကောက် မှာ ဘယ် လိုလဲ၊ ဒီလို ဟာ တွေကြည့် ပြီးမှ ချိန် ဆ ပြီး လုပ်ရ မှာပေါ့။ ချက် ချင်း တစ်ခါ တည်း ဒီမို က ရေစီ ရတာ နဲ့ နတ် ပြည် တက် လို့မရ သေး ဘူး။ မ ဟုတ် ဘူး လား ဟု ဦးစိုးသိန်း က ပြော သည်။
ဇန်န ၀ါရီ လ (၅) ရက် နေ့ က ပုဒ်မ (၁၈) အပါ အ၀င် နိုင်ငံ ရေး ပုဒ်မ များ ကို ဖျက်သိမ်း ပေးရန် ၈၈ ကျောင်း သား ခေါင်း ဆောင် များ ဖြစ် သော ကိုမင်း ကိုနိုင်၊ ကိုကို ကြီး၊ ကိုမြ အေး NLD မှ ဟံသာ ၀တီ ဦးဝင်းတင် တို့ အပါ အ၀င် လူအင် အား နှစ် ထောင် နီးပါး ဆူး လေ ခန်းမ ရှေ့ တွင် ဆန္ဒ ထုတ် ဖော် ခဲ့ကြ သည်။ အဆို ပါ ဆန္ဒပြ ပွဲ တွင် ၈၈ မျိုးဆက် ကျောင်းသား မင်းကို နိုင် က ရဲရဲ ၀ံ့ဝံ့ လုပ်ဖို့ လို လာပြီ။ ကျွန်တော် တို့ ယုံကြည် တာကို ထုတ် ဖော် ဖို့ လို လာ ပြီ၊ ဒီအင်အား ကျွန်တော် တို့ ဒီမှာ ပူး ပေါင်း ပြီး တော့ ဆောင်ရွက် ကြ တာ။ လွှတ် တော် ပြင်ပ မှာရှိ တဲ့ နိုင် ငံ ရေး အင် အား စု တွေ၊ အဲဒီ အင် အား စုတွေ အပြင် လူမှု အသင်း အဖွဲ့  တွေပါ တယ်။ ဒါ့အပြင် အနု ပညာ ရှင် တွေခု ဆို လည်း ပါဝင် လာ ဦး မှာ ပဲ။ အဲဒီ တော့ ပြည်သူ့ လွှတ် တော် ကိုယ်စား လှယ် တွေ လည်း တက် လာ တယ်။
အဲဒါ က ဘာကို ပြ နေသ လဲ ဆိုတော့ လွှတ်တော် ထဲကို အားလုံး ၀င်လာ နိုင် ပေမယ့် လွှတ် တော် ပြင် ပ မှာ အားလုံး နှလုံး သား တပ် ထား လိုက် ရင် သန်း ခြောက် ဆယ် ရဲ့နှလုံး သား တပ် ထား လိုက် ရင် အာ ဏာ ရှင် တွေ ကို ဖြုတ်ချ နိုင်မယ် လို့ မှတ် ပေး ကြပါ ဟုပြော ကြား ခဲ့ သည်။ ၈၈ မျိုး ဆက် ကျောင်း သား ကို ကို ကြီး ကလည်း ပိတ်ပင် ထား တဲ့ ဥပဒေ တွေ ပြဋ္ဌာန်း စရာ မလို ဘူး။ အဲ ဒီ တော့  ကျွန် တော် တို့ ငြိမ်း ချမ်း စွာ စုဝေးခွင့် နှင့် ငြိမ်းချမ်း စွာ စီတန်း လှည့် လည် ခွင့် ဆိုင်ရာ ဥပဒေ ဆို ပြီး ပြ ဋ္ဌာန်း တယ်။ ဥပဒေ ရဲ့ ခေါင်း စဉ် ကို ဖတ်ကြည့် ရင် အခွင့် အရေး၊ ငြိမ်းချမ်း စွာ စုဝေး ခွင့်၊ ငြိမ်းချမ်း စွာ စီ တန်း လှည့် လည် ခွင့်၊ ဥပ ဒေထဲ မှာ ပါတဲ့ အချက် တွေ ကျတော့ ပိတ်ပင် တဲ့ တား မြစ်တဲ့ အရေး ယူ တဲ့ အချက် တွေနဲ့ ပဲ ပြည့် နှက် နေ တယ် ဆိုရင် ဒီ ဥပဒေ ဟာ အခွင့် အရေး ပေး မယ့် ဥပဒေ လား၊ အခွင့် အရေး ကို ပိတ် ပင် တား မြစ် မယ့် ဥပ ဒေ လား ဆိုတာ ကို ကျွန်တော် တို့ ပြတ်ပြတ် သားသား ပဲ ဝေဖန် ရပါ လိမ့် မယ် ဟု ပြောကြား ခဲ့သည်။
မြန်မာ နိုင်ငံ တွင် အစိုးရ သစ် လက်ထက် ၌ ဆန္ဒပြ မှုများ ဆက် တိုက်ဖြစ် ပေါ်လျက် ရှိပြီး၊ နိုင်ငံ ရေး အ ကျဉ်း သား များ လွတ်ပေး ရာ ၌ လည်း ကျန်ရှိ နေမှု များ နှင့် ပတ် သက် ၍ အစိုးရ နှင့် နိုင်/ ကျဉ်း အဖွဲ့  များ ကြား စာရင်း ကွဲလွဲမှု များ ကို ဆွေးနွေး လျက် ရှိ ကြောင်း သိရ သည်။ ထို့ အပြင် ယခင် အစိုး ရ လက် ထက် မှ ဥပဒေ များကို လည်း ခေတ် နှင့် ဆီလျော် ရန် နှင့် နိုင်ငံ တကာ ဒီမိုက ရေစီ စံချိန် စံညွှန်းနှင့် ညီစေရန် ပြုပြင် ရန် လိုအပ် လျက်ရှိ ကြောင်း နိုင်ငံရေး သမား တချို့ က ပြော သည်။ 
အိုဘားမားကြီး နေရာနဲ့ ပဲ သင့်တော်တဲ့ ဒေါ်စု
မားမားစု ရေ......
ဖြစ်နေတာက ရှင်းရှင်းလေး ပါ...
သားတို့ နဲ့ ....
အတော်များများ သဘောထား ကွဲလွဲနေတာက ...
မာမီ က လူ့ အခွင့်အရေးကို ခေါင်းပေါ်တင်ပြီး....
အမျိုးသားရေးကို ဖင်ထဲထိုးထည့်နေတဲ့ ကိစ္စ .....
မာမီ ထုတ်ပြော ပြောနေကြ ....
သားတို့ အသည်းနာရတဲ့ စကားလုံးတွေ ...
ရင်ထုမနာ ဖြစ်ရတဲ့  မိန့် ခွန်းတွေ ...
သားသမီး အရင်း ကို ဦးစားပေးရင် ...
လူနည်းစုတွေ အတွက် မမျှတဘူး...
ဒီမိုကရေစီ မကျဘူး ....
လူ့ အခွင့်အရေး နဲ့ မညီဘူးဆိုတဲ့ ....
အမှန်လွန်နေတဲ့  အတွေးအခေါ်တွေ ....
မာမီ ရထားတဲ့  လူ့ အခွင့်အရေး ဆုတံဆိပ်တွေရဲ့  မျက်နှာကို ...
တိုင်းပြည်မျက်နှာထက် ပိုကြည့်သလို ဖြစ်နေတာတွေ ...
အဲဒါလေးတွေ လျှော့လိုက်တာနဲ့ ...
အတော်များများ အဆင်ပြေသွားမှာပါ ...
တစ်ခုပဲ ပြောချင်ပါတယ် လေ...
လက်ရှိ မာမီ့ အတွေးအခေါ် နဲ့ က...
အိုဘားမားကြီး နေရာနဲ့ ပဲ သင့်တော်ပါတယ်...
သားတို့ တိုင်းပြည် အနေအထား နဲ့ တော့ ....
လုံးဝ အဆင်မပြေဘူး မာမီရေ....။
https://www.facebook.com/photo.php?fbid=489133354532898&set=pcb.489133681199532&type=1&relevant_count=2
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် လွှတ်တော်ပူးပေါင်းကော်မတီ အနေဖြင့် အဖွဲ့ငါးဖွဲ့ခွဲ၍ အခန်းအလိုက် လေ့လာသုံးသပ်မည်
ပြည်ထောင်စုလွှတ်တော်မှ ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော် မတီသည် ဇန်န၀ါရီ ၇ ရက်တွင် အစည်းအဝေး ကျင်းပခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား အဖွဲ့ငါးဖွဲ့ခွဲ၍ အခန်းအလိုက် လေ့လာ သုံးသပ်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးသို့ လွှတ်တော် ကိုယ်စား လှယ် ၇၀ ကျော် တက်ရောက်ခဲ့ပြီး ဖွဲ့စည်းပုံ ပြင်ဆင်ရန် အတွက် ပေးပို့လာသည့် အကြံပြုချက်များကို ဆွေးနွေးအကြံပြုနိုင်ရန်အတွက် အဖွဲ့ငါးဖွဲ့ဖြင့် လေ့လာ သုံးသပ်ရန်အတွက် ဆွေးနွေးခဲ့ကြောင်း သိရ သည်။
“ဒီနေ့အစည်းအဝေးမှာတော့ ဖွဲ့စည်းပုံရဲ့ အခန်းအလိုက် တာဝန်ခွဲဝေ သတ်မှတ်တာပါ။ တစ်ဖွဲ့ကို တပ်မတော်သား ငါးယောက်စီပါမယ်။ ကျန်တဲ့ နိုင်ငံရေး ပါတီတွေကတော့ အချိုးကျပါဝင်မှာ ဖြစ်ပါတယ်။ အဖွဲ့တစ်ခုချင်းစီအလိုက် သတ်မှတ်ပေးထားတဲ့ အခန်းအလိုက် ပြင်ဆင်ဖို့ အကြံပြုထားတဲ့ အချက်တွေကို လေ့လာကြမှာ ဖြစ်ပါတယ်။ လေ့လာပြီးစီးရင်တော့ အဖွဲ့တစ်ခုချင်းစီက လေ့လာတွေ့ရှိချက်တွေကို စု စည်းပြီး ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းသွားမှာ ဖြစ်ပါတယ်” ဟု အုပ်ချုပ်ရေး၊ တရားစီရင်ရေး အခန်း များကို လေ့လာသုံးသပ်ရမည့် အဖွဲ့ခေါင်းဆောင် သူရဦးအောင်ကိုက ပြောကြားသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ အနေဖြင့် လေ့လာတွေ့ရှိချက်များအား လာမည့်ဇန်န၀ါရီ ၁၃ ရက်တွင် စတင်ကျင်းပမည့် န၀မအကြိမ် လွှတ်တော်အစည်းအဝေးများတွင် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းနိုင်ဖွယ်ရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောကြား သည်။
အဖွဲ့ ၁ တွင် အဖွဲ့ခေါင်းဆောင် သူရဦးအေးမြင့် အပါအ၀င် ၂၂ ဦးဖြစ်ပြီး အခန်း ၁၊ အခန်း ၂၊ အခန်း ၃၊ အခန်း ၁၂၊ အဖွဲ့ ၂ တွင် အဖွဲ့ခေါင်းဆောင် ဦးသိန်းဇော် အပါအ၀င် ၂၁ ဦးက အခန်း ၈၊ ဇယား ၁၊ ၂၊ ၃၊ ၄၊ ၅၊ အဖွဲ့ ၃ တွင် အဖွဲ့ခေါင်းဆောင် ဦးသိန်းဆွေအပါအ၀င် ၂၁ ဦး ပါဝင်ပြီး အခန်း ၇၊ အခန်း ၁၁၊ အခန်း ၁၅၊ အဖွဲ့ ၄ တွင် သူရဦးအောင်ကို အပါအ၀င် ၂၁ ဦးဖြစ်ပြီး အခန်း ၄၊ အခန်း ၅၊ အခန်း ၆၊ အဖွဲ့ ၅ တွင် အဖွဲ့ခေါင်းဆောင် ဦးစိုးနိုင်အပါအ၀င် ၂၁ ဦးဖြစ်ပြီး အခန်း ၉၊ အခန်း ၁၀၊ အခန်း ၁၃၊ အခန်း ၁၄ စသည် ဖြင့်လျာထားပြီး လေ့လာသုံးသပ်မည်ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ ဖွဲ့စည်းပုံ ပြင်ဆင်ရန်အတွက် အကြံပြုစာပေါင်း ၃၀၀၀၀ ခန့် ရောက်ရှိလာကြောင်း၊ အကြံပြုချက်များမှာ သိန်းဂဏန်း ရှိကြောင်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဦးအေးမောက်က ပြောကြားသည်။
Eleven Media Group
လာမည့်ဘဏ္ဍာနှစ်တွင် အစိုးရ၀န်ထမ်းများ၏ လစာငွေအား ကျပ်နှစ်သောင်း တိုးမြှင့်ပေးရန်နှင့် ပင်စင်လစာ၊ ဆုကြေးငွေများ အချိုးကျတိုးမြှင့်ရန် လျာထားကြောင်း နိုင်ငံတော်သမ္မတပြောကြား
လာမည့်ဘဏ္ဍာရေးနှစ် အရအသုံး ခန့်မှန်းခြေငွေစာရင်းတွင် နိုင်ငံ့ဝန်ထမ်းများ၏ လစာငွေကို ကျပ် ၂၀၀၀၀ တိုးမြှင့်ပေးရန်နှင့် ပင်စင်လစာ၊ ဆုကြေးများကို အချိုးကျ တိုးမြှင့်ပေးရန် လျာထားသည်ဟု သမ္မတဦးသိန်းစိန်က ပြောကြားသည်။
ဇန်န၀ါရီ ၇ ရက်က နေပြည်တော်၊ နိုင်ငံတော်သမ္မတ အိမ်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်း အဝေး ခန်းမ၌ ပြုလုပ်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဘဏ္ဍာရေးကော်မရှင် (၁/၂၀၁၄) အစည်းအဝေးတွင် နိဂုံးချုပ် အမှာစကား ပြောကြားရာ၌ သမ္မတဦးသိန်းစိန်က ယင်းကဲ့သို့ ထည့်သွင်းပြော ကြားခဲ့ခြင်း ဖြစ်သည်။
ဝန်ထမ်းများ၏လစာနှင့် ထောက်ပံ့ကြေးများကိစ္စနှင့် ပတ်သက်၍ တိုင်းပြည်၏ စီးပွားရေး အခြေအနေ၊ ရငွေနှင့် သုံးစွဲရမည့်ငွေ၊ ဘတ်ဂျက်အခြေအနေများပေါ် တွက်ချက်ပြီး အခါအားလျော်စွာ တိုးမြှင့်ထောက်ပံ့ ပေးသွားမည်ဟု ပြောကြားထားပြီးဖြစ်ကြောင်း၊ ယင်းကဲ့သို့ တိုးမြှင့်ပေးနိုင်ရန် နိုင်ငံတော်၏ ဘဏ္ဍာငွေ အခြေ အနေ၊ ငွေကြေးဖောင်းပွမှုနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်နိုင်မှု အလားအလာ၊ ဖြစ်ပေါ်ရိုက်ခတ် လာနိုင်သည့် အကျိုးသက်ရောက်မှုများကို စဉ်းစားသုံးသပ် တွက်ချက်ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၃ -၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုအစိုးရ အနေဖြင့် နိုင်ငံ့ဝန်ထမ်းများ၏ လစာနှင့်စရိတ်၊ ပင်စင်လ စာနှင့် ဆုကြေးများကို တိုးမြှင့်သတ်မှတ် ပေးခဲ့ပါကြောင်း ၎င်းကပြောကြားသည်။
၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်ကလည်း အစိုးရ၀န်ထမ်းများ၏ လစာနှုန်းထားများကို ကျပ် ၂၀၀၀၀ စီ တိုးမြှင့်ပေး ခဲ့ပြီး ပင်စင်လစာ၊ နေ့စားလုပ်ခများကို တိုးမြှင့်ပေးခဲ့သည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဘဏ္ဍာရေးကော်မရှင် (၁/၂၀၁၄) အစည်းအဝေးတွင် အတည်ပြု ခဲ့သော ၂၀၁၄-၂၀၁၅ ခု ဘဏ္ဍာရေးနှစ် ရသုံးခန့်မှန်းခြေ ငွေစာရင်း၊ ၂၀၁၄ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာ ငွေ အရအသုံးဆိုင်ရာ ဥပဒေနှင့် ၂၀၁၄ ခုနှစ် အခွန်အကောက် ဥပဒေကြမ်းတို့ကို ဇန်န၀ါရီ ၁၃ ရက်တွင် စတင်ပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော် န၀မပုံမှန် အစည်းအဝေးသို့ တင်ပြသွားမည်ဟု သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။
Eleven Media Group
တရုတ်ထံမှ ကုန်ပစ္စည်းဝယ်ယူရာတွင် ပစ္စည်းများအစား ကျောက်ခဲနှင့် သဲများကိုသာထည့်၍ လိမ်ရောင်းမှု ဆက်တိုက်ဖြစ်ပွားနေ
တရုတ်ထံမှ ကုန်ပစ္စည်းဝယ်ယူရာတွင် ပစ္စည်းများ အစား ကျောက်ခဲနှင့် သဲများကိုသာထည့်၍ လိမ် ရောင်းမှု ဆက်တိုက်ဖြစ်ပွားနေကြောင်း အကောက် အခွန် ဦးစီးဌာနမှ သိရသည်။
၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၃ ရက်က ထီးတန်းဆိပ်ကမ်း ကုန်သေတ္တာ စစ်ဆေးစခန်း၌ Red Chanel အဖြစ် ရွေးချယ်ခံထားရသော Htin Thiha Trading Co Ltd က Raw For Industry Sulphur Black အဖြစ် ကြေညာထားသည့် ကုန်သေတ္တာအမှတ် (DRYU 2285712-20) အား ဖွင့်ဖောက်စစ်ဆေးရာတွင် Raw For Industry Sulphur Black များအစား သဲများသာ တွေ့ရှိခဲ့သည်။
ကွန်တိန်နာအတွင်း ပီပါပုံးများ ပါရှိပြီး ပီပါပုံးများ ဖွင့်ဖောက်စစ်ဆေးရာ သဲများသာ ထည့်ထားသည်ကို တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။
တရုတ်ကုမ္ပဏီဖြစ်သော WUHAN WANGLIYUAN CHEMICAL CO,Ltd ထံမှ မြန်မာဘက်က မှာယူ တင်သွင်းခဲ့ခြင်းဖြစ်ပြီး စင်ကာပူဆိပ်ကမ်းမှတစ်ဆင့် ရန်ကုန်မြို့ရှိ ထီးတန်းဆိပ်ကမ်းသို့ တင်ပို့ခဲ့ခြင်း ဖြစ်ကြောင်း အကောင်ခွန်ဦးစီးဌာနမှ သိရသည်။
ယခင်က မူဆယ်ကုန်လမ်းမှတစ်ဆင့် ယင်းပစ္စည်းများကို Htin Thiha Trading Co Ltd က တင်သွင်း ခဲ့မှုများ ရှိခဲ့သော်လည်း ယခုကဲ့သို့ မဖြစ်ပွားခဲ့ဖူးကြောင်း၊ ယခုအကြိမ်မှာ ၎င်းကုမ္ပဏီအတွက် ပထမဆုံး အကြိမ်ဖြစ်ကြောင်း သိရသည်။
သို့သော် မကြာမီ ရက်ပိုင်းအတွင်းကပင် တရုတ်နိုင်ငံရှိ Qingdao Jinding Metal Import and Export Co.,Ltd ထံမှ ကော်စေ့ တန် ၂၀ ကို မြန်မာကုမ္ပဏီဖြစ်သည့် Millionaire Engineering and Industrial ကုမ္ပဏီမှ ၀ယ်ယူခဲ့ရာ တရုတ်ကုမ္ပဏီက ကော်စေ့တန် ၂၀ အစား ကွန်တိန်နာထဲတွင် ကျောက်ခဲအိတ်များ ထည့်ကာ ပေးပို့လိုက်သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။
ယင်းဖြစ်စဉ်အတွက် တရုတ်သံရုံးသို့ အကြောင်းကြားမှုများ ပြုလုပ်ထားပြီး ဖြေရှင်းမှုများ ဆက်လက်ပြုလုပ် နေရကြောင်း Millionaire Engineering and Industrial ကုမ္ပဏီထံမှ သိရသည်။
(ကွန်တိန်နာဘောက်အတွင်း သဲများထည့်သွင်း ထားသော ပီပါပုံးများကို တွေ့ရစဉ်
(ဓာတ်ပုံ-အကောက်ခွန် ဦးစီးဌာန))
Credit : Eleven Media Group
ကျန်းမာတဲ့ ဆံပင်ဖြစ်စေဖို့ 
(၁) ဆံပင်အနံ့ ဆိုးသူများက၊ ဆံပင်အရင်းပိုင်း ဦးရေပြားကစ၍ ဆံပင်ထိပ်ဖျား အထိ တခေါင်းလုံးအနှံ့ ကို ခရမ်းချဉ်သီးမှည့်မှည့် နဲ့  နာနာ ပွတ်ပြီးနောက် ခေါင်းလျှော် ချလိုက်ပါ။
(၃)ဆံပင်အရောင်မွဲခြောက်၍ ဖွာလန်ကျဲနေခြင်းအတွက်၊ ပုံမှန် အတိုင်း ခေါင်းလျှော်ပြီး တဲ့အခါ ရှာလကာရည်ကို ရေခပ်နွေးနွေး နဲ့ ဆတူရော၍၊ ဆံပင်ပေါ်သို့ ဆေးကြောလောင်းချပေးရုံပါဘဲ။ (ဆံသားတောက်ပြောင်လာစေရုံသာမက၊ ဆံပင် ကျွတ်ထွက်ခြင်း တို့ ကိုပါ သက်သာစေပါတယ်)
(၄)ဆံသားကြမ်းတမ်းသူများက၊ဌက်ပျောသီးနဲ့ သင်္ဘောသီးမှည့်မှည့်တို့ ကို ဆတူရော ကျိတ်ချေ၍ ပျားရည် သင့်ရုံရောထဲ့ကာ ဆံသားများအပေါ်လိမ်းကြံပေးပါ။အဲဒီအရော အနှောတွေ ဆံပင်ပေါ်ခြောက်သွားတဲ့ အချိန် ထိစောင့်ပြီးနောက် ရေအေးအေြး ဖင့် ခေါင်းလျှော်ချပါ။
(၅) ခေါင်းလျှော်ပြီးတဲ့အခါတိုင်း ရေစိုနေတဲ့ဆံပင်ကိုခြောက်သွားစေဖို့ မျက်နှာ သုပ်ပုဝါဖြင့် တစ်ခေါင်းလုံး ကို လုံအောင်ပေါင်း ထားပေးပါ။ မျက်နှာသုပ်ပုဝါ နဲ့ ဖိတိုက်ပွတ်ဆွဲခြင်းမျိုး (လုံးဝ) မလုပ်ပါနဲ့ ။ ဆံသားတွေ ပျက်စီးကျိုးကျေသွားစေ တတ်လို့ ပါ။
(၆) ဆံပင်ကောင်းဆံပင်သန်လိုသူများက၊ အနည်းဆုံး ရက်သတ္တ ၁-ပတ်လျှင်တစ်ကြိမ် သံလွင်ဆီ(သို့ မ ဟုတ်)အုန်းဆီ(သို့ မ ဟုတ်)ဗီတာမင်အီး ဆေးလုံးလေးကိုဖေါက်၍ဦးရေပြားထဲစိမ့်ဝင်အောင် နှိပ်နယ်၍ လိမ်းပေးပါ။ (ဆံပင် ထိပ်ဖျားလေးတွေကို ၄-လ တစ်ကြိမ် ကတ်ကြေးနဲ့ ညှိပေးလိုက်ပါဦး)
6-01-2014 နေ့ ထုတ် ပြည်ထောင်စုသတင်းစာ (စာမျက်နှာ ၁၅) မှာ ပါတဲ့ဆောင်းပါးဖြစ်ပါတယ်။ FB မိတ်ဆွေများကျမ္မာတဲ့ဆံပင်လေးတွေပိုင်ဆိုင်နိုင်ကြပါစေလို့ ။ (စေတနာများစွာဖြင့်....ပေါက်ပေါက်) (ပေါက်ပေါက်…မျှဝေသည်)