Tuesday, January 7, 2014

KIA တပ်မဟာ (၃) ဧရိယာ မှ စစ်ဆင်ရေးအပြောင်း အလဲများ

ကချင်ပြည် နယ် ဗန်းမော် ခရိုင် မံစီမြို့နယ် ထဲမှ နန်းလင်းပါ ကျေးရွာ နှင့် ဂေါင်ကြာ ကျေးရွာ များမှ အစိုးရ စစ်ကြောင်းများ သည် ယနေ့ မနက်ပိုင်း တွင် ထို နေရာမှ (၈) မိုင်ခန့်ဝေးသော ဗန်းမော် မဘိန်း ကားလမ်း ရှိ ဆင်ကမ်း ချောင်း သံတံတား ဖက်သို့ဆုတ်ခွာ သွားခဲ့ကြောင်း ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တပ်ရင်း (၁၂)မှူး ဗိုလ်မှူး လဘိုင် ဂျွမ်းအောင် ကဆိုပါသည်။


“ စစ်ဆင်ရေး သစ်ကို စက စားနေတာပေါ့နော် ။ပြီးခဲ့တဲ့ (၃)ရက် ကဆုတ် သွားတဲ့ မုန်ဒိန်ပါ ကျေးရွာ ကစစ်ကြောင်း တွေလည်း အခုပြန် ရောက် လာပြန်ပြီး။ အခု လည်း ဘာပရိယာယ် သစ်လည်းတော့ မသိဘူး ။ နောက်ဆုတ် တယ်။ ဒါပေမဲ့ သူတို့ ဆုတ်ပေးရင် ကျနော်တို့ တော့ နေရာ တိုးမှာဘဲ။” ဟုဆိုပါသည်။

ဤကဲ့သို့ နန်းလင်း ပါ ကျေးရွာ ဖက်မှ အစိုးရ စစ်ကြောင်းများ ဆုတ်ပေး ချိန်တွင် (KIA ) တပ်ရင်း (၂၇) နှင့်တပ်ရင်း (၁) ကြား နယ်မြေထဲ သို့စစ်ကြောင်း (၃) ကြောင်း မှ အင်အား (၅၀၀) ခန့် တပ်များ ထိုးစစ် ဆင်နေ ကြောင်း ဆိုပါသည်။ တပ်ရင်း (၂၇) ဧရိယာသည် တပ်ရင်း (၁၂)နှင့် နယ်ချင်း ကပ်ပြီး ကချင်ပြည် နယ်ဗန်းမော် မှ မံစီမြို့ နှင့် ရှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့ ကားလမ်း၏ အောက်ဖက် (အနောက်ဖက်) ပိုင်းတွင် တည်ရှိပါ သည်။

တပ်ရင်း (၁) ဧရိယာ သည်တပ်ရင်း (၂၇) နှင့် ကျောချင်း ကပ်နေပြီး ဗန်းမော်မံစီ နမ့်ခမ်း ကားလမ်း၏ အထက်ပိုင်း တွင်တည်ရှိ ပါသည်။ အစိုးရတပ် များသည် တပ်ရင်း (၁၂) ဧရိယာမှ အဆုတ်ပြပြီး တပ်ရင်း (၂၇) နှင့် တပ်ရင်း (၁) ကြားရှိ ဧရိယာထဲ သို့တိုးပြီး စစ်ဆင် နေခြင်း ဖြစ်သည် ဟုဆိုနိုင် ပါသည်။

နန့်လင်းပါ ကျေးရွာနှင့် ဂေါင်ကြာ ကျေးရွာမှ အင်အား (၃၀၀) ခန့်ဆုတ်ခွာ သွားသော်လည်း မည်သည့် အချိန်ပြန် လည်ဝင်ရောက် လာမည် ကို စောင့် ကြည့် နေသည် ဟုဆိုပါ သည်။ ဤလှုပ် ရှားမှုသည် တပ်သစ် တိုးလာခြင်း ထက် ရှိနေ သည့် တပ်အင်အား ကိုသာ ဆန်း သစ်ပြီးစစ် ဆင်နေခြင်း ဖြစ် သည့် အတွက် စိုးရိမ်စရာ မလို ကြောင်း တပ်ရင်း မှူး ကဆိုပါသည်။

အလားတူ (KIA) တပ်မဟာ (၄) တွင်လည်း ထိုးစစ်ဆင် နေသော တပ်ဖွဲ့များ မြို့တွင်းပိုင်း သို့ဆုတ်ခွာ နေပြီး တပ်ဖွဲ့အနား ယူခြင်းသို့ မဟုတ် တခြားနေ ရာသို့ ပြောင်း လဲစစ်ဆင် မလားဆို သည်ကို စောင့်ကြည့် နေကြပါသည်။ ဤသို့သော အခြေအနေ တွင် အရှေ့မြောက် ပိုင်းတိုင်း တိုင်းမှူးသည် ရှမ်းပြည် တိုးတက်ရေး ပါတီအား သီပေါမြို့ နယ်ရှိ ၄င်းတို့ တပ်ဖွဲ့ဝင်များ အား ဆုတ်ခွာ ပေးရန် ရာဇသံပေး ပြီး တောင်းဆို ထားပါသည်။

(KIA) တပ်ရင်း (၁၂) ကမူအစိုးရ တပ်များ၏ စစ်ဆင်မှု အပြောင်း အလဲများကို စောင့်ကြည့် နေပြီး ဆုတ်ခွာ သော တပ်များ တခြား လမ်းကြောင်း မှပတ်ဝင် လာမည်ကို သတိထား လျှက်ရှိ ကြောင်းဆို ပါသည်။ အ၀ိုင်း ခံထား ရဖူးသော အစိုးရ၏ အမှတ် (၂၁) စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာန ချုပ်မှ န ည်းဗျူဟာ (၂) သည် တပ်မတော် တို့၏ ထုံးစံအတိုင်း လက်စား ချေမှုပြန် လည်ရရှိရန် အထက် မှပြစ် ဒဏ်ပေး အပ်ထား ဖွယ်ရှိနိုင် ပါသည်။ ဤသို့ကြောင့် ဆင်ကန် သံတံတား ဖက်သို့ ဆုတ်သွားေ သာတပ်ဖွဲ့များ ကို သတိထား ရမည်ဟု တပ်ရင်း (၁၂) မှူး ကဆိုပါသည်။ တပ်ရင်း (၂၇) နှင့် တပ်ရင်း (၁)ကြား ထိုးစစ်ဆင် သော တပ်များ အတွက် စိုးရိမ်စရာ မရှိကြောင်း၊ တပ်ရင်း (၁၂) ဧရိယာ၏ တောင်ဖက်ခြမ်း တွင်လည်း တအာင်း လွတ်မြောက်ရေး တပ်မတော်နှင့် ကျောချင်း ကပ်နေ ကြောင်း ဆိုပါ သည်။

ချီကာဂိုမြို့ အအေး လွန်ကဲမှုနဲ့မြန်မာနိုင်ငံ ပတ်သက်လာ နှိုင်ပါသလား တာဝေး ဆက်နွယ်မှု (Teleconnection) သဘော


1452267_575752145849656_1389331358_n

(၁) (၅-၁-၂၀၁၄)ရက် 06 UTC (မြန်မာစံတ်ာချိန် နေ့ (၁၂)နာရီခွဲအချိန်)တွင် တိုင်းတာရရှိတဲ့ အာတိတ် လေအေးများ မြောက်အမေရိကတိုက်အနာက်အလယ် ပိုင်းဒေသ(U အထက်ပိုင်းကို တိုးဝင်နေခဲ့ရာမှာ၊ အများဆုံး လေတိုက်နှုန်း 170 mph ခန့်အထိ တိုက်ခတ်ခဲ့တဲ့ အနောက်ဂျက်လေစီးကြောင်းများ ကြောင့် အမေရိကန် Illinois, Michigan, Indiana, Missouri, and Ohio ပြည်နယ်များမှာ ၁ပေကျော် အထူရှိတဲ့ နှင်းများဖုံးလွှမ်းသွားခဲ့ပြီး၊ Chicago မြိုကမှာ အနိမ့်ဆုံးအပူချိန် -10C အထိ ရှိခဲ့ပြီး Wind Chill အပူချိန်ကတော့ -40C အထိရှိနေခဲ့ပါတယ်။


(၂) ချီကာဂိုမြို့(Chicago) နံနက်ပိုင်းအချိန်တွင် သစ်ပင်အကိုင်းအခက်များအပေါ် တွင် အေးခဲနေပြီးးတင်ရှိနေတဲ့ ရေခဲနဲ့နှင်းခဲများကြောင့် ၀ါဂွမ်းသစ်ပင်(Cotton Tree) ဖြစ်နေတဲ့ သစ်ပင်တစ်ပင်ကို လှပ ဆန်းကျယ်စွာတွေ့ရမြင်ရပုံဖြစ်ပါတယ်။

(၃) 2010-2011 ဆေဆာင်းရာသီကာလတုံးက အာတိတ်ပေါက်ကွဲမှုဖြစ်လို့ အာတိတ်လေအေးတွေ တိုးဝင်မှုများခဲ့တယ်။ ဒီလိုဆိုရင်တော့ ကမ္ဘာပတ် အနောက်ဂျက်လေစီးကြောင်းတွေ အရင်လို ဖြောင့်ဖြောင့် တန်းတန်း မသွားကြတော့ဘဲ မြွေလိမ်မြွေကောင်လမ်းကြောင်းတွေ နဲ့ သွားခဲ့ကြတယ်။ ဒါကြောင့် အပူလျော့ဒေသ Su Yin Tunbtropical Region – 22.5 N မှ 45.0 N latitude belt) တွေမှာ တောင်ဖက်-မြောက်ဖက်မှ လေတိုးဝင်မှုတွေရှိလခဲ့တယ်။ ဒါကြောင့် အပူလျော့ဒေသ(Subtropical region) တလျှောက်မှာ အပူလွန်ကဲတဲ့ဒေသ (ဥပမာ အစ္စရေး၊ပါလက်စတိုင်းလို) တွေနဲ့ အအေး လွန်ကဲတဲ့ဒေသတွေ (ဥပမာ – အင်္ဂလန်၊ ပြင်သစ်၊ နယူးရောက်လို) ရှိလာခဲ့ရပါတယ်။ မြန်မာနိုင်ငံအနေ နဲ့တော့ မြောက်ဖက်က ရုရှမှာရှိနေတဲ့ ဆိုက်ဘီးရီးယားဒေသဟာ အအေးလွန်ကဲမယ့် centre of action ဖြစ်ပါတယ်။ အဲဒီကမှတစ်ဆင့် အရှေ့တောင်အာရှဒေသကို အအေးဓါတ်တွေရောက်လာကြမှာဖြစ်ပါတယ်။

အခုလက်ရှိမှာတော့ အမေရိကမှာအေးနေပြီ။ မကြာမှီ ဥရောပမှာ အေးလာပြီ ဆိုရင်တော့ အာရှက လာတော့မယ်။ အနွေးထည်တွေ ပြင်ဆင်ထားကြရပါတော့မယ်။

လောလောဆယ်တော့ စောင့်ကြည့်နေရတုံးမို့ သေချာဖို့ကတော့လိုပါသေးတယ်ဗျာ။

ဒေါက်တာထွန်းလွင်
Tun Lwin မှ ပြန်လည် တင်ပြသည်

မြန်မာနိင်ငံသတင်းစာဆရာများကွန်ယက် လက်ရှိတရားစီရင်ရေးနှင့်ပတ်သက်၍ ဆန္ဒဖော်ထုတ်



myanmar Journalist Net work(မြန်မာနိင်ငံ သတင်းစာဆရာများကွန်ယက်)က လက်ရှိ တရား စီရင်ရေးနှင့်ပတ်သက်၍ ဆန္ဒဖော်ထုတ်ပွဲကိုယနေ့ င်္နနက်က မြို့နယ်၅မြို့တစ်လျှောက် လမ်းလျောက် ဆန္ဒဖော်ထုတ်နေကြောင်းသိရသည်။


မြန်မာဂျာနယ်လစ်ကွန်ရက် သတင်းထုတ်ပြန် ချက်

လွိုင်ကော်မြို့နယ် တရားရုံးမှ အမျိုးသမီး သတင်း ထောက် တဦးဖြစ်သည့် မခိုင် ခေါ် နော်ခိုင်ခိုင်အေးချို အပေါ် ပုဒ်မ ၃ ခုဖြင့် ထောင်ဒဏ် ၅ လ (တစ်ပေါင်း တည်း ခံစားခွင့်အရ ၃ လ) ချမှတ်ခဲ့ခြင်းသည် သတင်းရယူခွင့်ကို ခြိမ်းခြောက်မှု တစ်ရပ်ဖြစ်သကဲ့သို့ နိုင်ငံသားတစ်ဦးအား မျှတမှု မရှိသည့် တရားစီရင်မှု တစ်ရပ်လည်း ဖြစ်ပါသည်။

နယ်သတင်းထောက်ဖြစ်သူ မခိုင် သတင်းယူရန် တရားလို၏ နေအိမ်သို့ သွားရောက်ရာတွင် သတင်း ထောက် အဖြစ်အသိမပေးခဲ့ခြင်း ကဲ့သို့သော ကျင့်ဝတ်ဆိုင်ရာ ရှုထောင့်မှ ဝေဘန်မှုများ ရှိနိုင်သော်လည်း ယင်းကဲ့သို့ ပြုမူမှုကြောင့် ပိုင်နက်ကျူးလွန်မှု ကျူးလွန်သည်ဟု ဆုံးဖြတ်ကာ ထောင်ဒဏ်အပြစ်ပေးခြင်းမှာ မတန်တဆ ပြစ်ဒဏ်ချမှတ်ခဲ့သည်ဟု မြန်မာဂျာနယ်လစ်ကွန်ရက်မှ ယူဆပါသည်။

သတင်းထောက် တဦးက သတင်းသွားရောက်ရယူသည့် အဖြစ်အပျက်အား ထောင်ဒဏ်ချမှတ် လိုက်ခြင်းသည် အခြားသော သတင်းထောက်များအနေဖြင့်လည်း လွတ်လပ်သည့် သတင်းရယူခွင့်နှင့် ပတ်သက်ပြီးကြောက်ရွံ့မှုများ ဖြစ်ပွားလာမည် ဖြစ်သည်။

ဥပဒေကျွမ်းကျင်သူများကလည်း ယခုအဖြစ်အပျက်ကို သုံးသပ်ရာတွင် ချမှတ်ခံရသည့် ပုဒ်မများဖြင့် ထောင်ဒဏ်အပြစ်ပေးခံရသည့် စီရင်ချက်မျိုး အလွန်နည်းပါးပြီး ယခုအဖြစ်အပျက်တွင် ထောင်ဒဏ် ချမှတ်ခဲ့ခြင်းသည် အုပ်ချုပ်ရေး အာဏာပိုင်များ၏ ပယောဂ သော်လည်းကောင်း၊ တရားသူကြီး၏ အဂတိ ကြောင့် သော်လည်းကောင်း ဖြစ်နိုင်သည်ဟု မှတ်ချက်ချခဲ့ကြသည်။

ထို့ကြောင့် ယင်းပြစ်ဒဏ်ကို ပြန်လည် သုံးသပ်ပေးရန်၊ မြန်မာဂျာနယ်လစ်ကွန်ရက်က သက်ဆိုင်ရာ တရား စီရင်ရေး အဖွဲ့အစည်းများထံသို့ ပေးစာတစ်စောင်ကို ပြစ်ဒဏ်ချမှတ်ပြီး ရက်အနည်းငယ်အကြာ ဒီဇင်ဘာ ၂၁ရက်နေ့က ပေးပို့ခဲ့သည်။

သို့သော် စာပေးပို့ပြီး ၁၀ ရက်ကျော်လာသည်အထိ သက်ဆိုင်ရာ အဖွဲ့အစည်းများမှ တစုံတရာ တုံ့ပြန် ပြောဆိုခြင်း မရှိသဖြင့် ယခုလို ဆန္ဒထုတ်ဖေါ်ရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ပါသည်။

ဆန္ဒပြရန် ဆုံးဖြတ်ရသည့် ရည်ရွယ်ချက်မှာ သတင်းမီဒီယာ သမားများ သတင်းရယူစဉ်တွင် ယခု အဖြစ်အပျက်ကဲ့သို့ ရာဇ၀တ်မှု ပုဒ်မများဖြင့် အရေးယူ အပြစ်ပေးခြင်း မပြုရန်၊ တည်ဆဲဥပဒေများကို အသုံး ပြုပြီး သတင်းသမားများ အပေါ်ခြိမ်းခြောက်မှု မပြုလုပ်ရန်၊ နောက်နောင် အလားတူ အဖြစ်အပျက်များ ဖြစ်ပေါ်လာခဲ့ပါက ယခုလို ဥပဒေ ပုဒ်မများဖြင့် ထောင်ဒဏ် အပြစ်ပေးမခံရစေရန် အစိုးရနှင့် တရား စီရင်ရေးဆိုင်ရာ တာဝန်ရှိသူများ သိရှိစေရန် ရည်ရွယ်ပြုလုပ်ခြင်းလည်း ဖြစ်သည်။

ယခုဆန္ဒပြခြင်းမှာ မည်သည့် သတင်းဋ္ဌာနအတွက်မှ မဟုတ်ပါ။ သတင်းထောက် မခိုင် တစ်ဦးတည်း အတွက်လည်း မဟုတ်ပါ။ သတင်းထောက်များ အားလုံး၏ သတင်းရယူခွင့် အတွက်သာဖြစ်ပါသည်။ သတင်းအလုပ်လုပ်ကိုင်မှုကို ခြိမ်းခြောက်ခဲ့ခြင်းအပေါ် မြန်မာဂျာနယ်လစ်ကွန်ရက် နှင့် အခြားသော သတင်းထောက်များ အနေဖြင့် လက်မခံပဲ ကန့်ကွက်ကြောင်း သက်ဆိုင်ရာ အာဏာပိုင်၊ တရားစီရင်ရေး မဏ္ဍိုင်မှ သိရှိစေရန် ပြသလိုက်ခြင်းလည်း ဖြစ်သည်။

သတင်းထောက် တစ်ဦးဖြစ်သည့် မခိုင်အနေဖြင့် မျှတသည့် တရားစီရင်မှု ရပိုင်ခွင့် ရှိသလို သာမန် အရပ်သားတစ်ဦး၊ နိုင်ငံသား တစ်ဦးချင်းစီတွင်လည်း မျှတသည့် တရားစီရင်မှုကို ရပိုင်ခွင့် ရှိကြောင်းလည်း အလေးအနက် ခံယူထားပါသည်။ သတင်းထောက် တစ်ယောက်၏ အရေးထက်ပိုပြီးလေးနက်သည့် အဓိပ္ဗါယ်ဖြင့်ပြောရလျှင် အာဏာ၊ ငွေအင်အား မရှိသည့် နိုင်ငံသားများအဖို့ တရားမျှတမှု မရှိသည့် တရား စီရင်မှုဒဏ် ခံစားရပါက ယခုကဲ့သို့ တောင်းဆို ပိုင်ခွင့်ရှိကြောင်း မြန်မာဂျာနယ်လစ်ကွန်ရက် အနေဖြင့် လေးလေးနက်နက် ယုံကြည်ပါသည်။

Myanmar Journalist Network.

တ.စ.ည ၂၀၁၅ ရွေးကောက်ပွဲအတွက် စပြင်ပြီ

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ၂၀၁၅ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်လျက်ရှိရာ မန္တလေးတိုင်း အတွင်းရှိ မြို့နယ် ၃၆ မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာအဆင့်များထိပါ ပါတီရုံးခွဲများ ဖွင့်လှစ်လျက်ရှိပြီး ပါ တီ၏ မန္တလေးတိုင်းအတွင်းရေးမှူး ဒေါ်သောင်းသောင်းမြင့်က မဇ္ဈိမကို ပြောသည်။


“ရွေးကောက်ပွဲဝင်ဖို့ ၂၀၁၃ ကတည်း ပြင်ဆင်နေတာပါ။ PR စနစ်ဆိုရင်တော့ မန္တလေးတိုင်းမှာရှိတဲ့ မြို့ နယ်အားလုံးမှာ ၀င်ရောက်အရွေးခံမယ်။ ဒါမှမဟုတ် စနစ်အဟောင်းတိုင်း ရွေးကောက်ပွဲလုပ်မယ်ဆိုရင် တော့ ပါတီအတွက် အလားအလာကောင်းမယ့် မြို့နယ်တွေကိုပဲ ၀င်ရောက် အရွေးချယ်ခံသွားမှာပါ။ နိုင် ဖို့မနိုင်ဖို့ကတော့ ပြည်သူက ဆုံးဖြတ်ပေးသွားမှာပါ”ဟု ၄င်းက ပြောသည်။

၂၀၁၄ ဇန်န၀ါရီလမှစတင်၍ ပြည်သူနှင့် ထိတွေ့မှုများလုပ်ဆောင်ရန် တောင်သူလယ်သမားရေးရာအဖွဲ့ အလုပ်သမားရေးရာအဖွဲ့နှင့် လူငယ် အမျိုးသမီးရေးရာအဖွဲ့ကို ဇန်န၀ါရီ ၆ ရက်တွင် ဖွဲ့စည်းပြီး ဆောင် ရွက်ခဲ့သည်။

ပါတီဝင် လူငယ်အင်အား ၆၀၀၀ ဦးကျော်ရှိပြီး ယမန်နှစ် နိုဝင်ဘာ ၁၁ ရက်မှ စတင်၍ လူငယ်လေ့ကျင့် ပညာပေးသင်တန်းများ ဖွင့်လှစ်ပေးခဲ့ပြီး ဇန်န၀ါရီ ၁၅ ရက်မှစတင်ကာ ကျန်ခရိုင်ခြောက်ခရိုင်၌ ဖွင့်လှစ် သွားမည်ဟု သိရသည်။

“ပါတီဝင်အင်အားများလာအောင်လို့ လိုက်ပြီး စည်းရုံးနေတာမဟုတ်ဘူး။ ပြည်သူတွေ ဘာလိုအပ်နေ လည်း ကြည့်တယ်။ ဖြစ်နိုင်တာကို ချက်ချင်းဆောင်ရွက်ပေးတယ်။ မဖြစ်နိုင်သေးတာကို ရိုးရိုးသားသား ၀န်ခံပြီး အချိန်ပေးခိုင်းရတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အာဏာရပါတီမဟုတ်သေးလို့ပဲ”ဟု တိုင်းအ တွင်းရေးမှူး က ပြောသည်။

ရွေးကောက်ပွဲဝင်မည့် ပြည်နယ်နှင့်တိုင်းရှိ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီများ တွေ့ဆုံဆွေးနွေး ပွဲကို ဇန်န၀ါရီ ၁၃ ရက်ကနေ ၁၇ ရက်အထိ ရန်ကုန် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ဌာနချုပ် တွင် ပြုလုပ်မည်ဖြစ်သည်။

မန္တလေးတိုင်းအတွင်း လက်ရှိ ပါတီဝင်အင်အား သုံးသောင်းကျော်ရှိပြီး ပါတီသို့ ၀င်လိုသူများသည် ပါတီ ရုံးဖွင့်ထားသော မြို့နယ်များတွင် ၀င်ရောက်နိုင်ပြီး ထိုသူများအား မြို့နယ်ခရိုင်မှစိစစ်၍ အဖွဲ့ဝင်အဖြစ် အသိ အမှတ်ပြုမည်ဟု သိရသည်။

Mizzima - News in Burmese

ပုဒ်မ ၁၈ ရှိသင့်ရှိထိုက်ဟု သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ် ပြော

တက်ကြွလှုပ်ရှားသူများက ဖျက်သိမ်းပေးရန် တောင်းဆိုနေသော ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင် ရာဥပဒေပုဒ်မ ၁၈ သည် ရှိသင့်ရှိထိုက်သော ပုဒ်မတစ်ခုဖြစ်သည်ဟု သမ္မတပြောရေးဆိုခွင့်ရှိသူပြန်ကြား ရေး ဒု-၀န်ကြီးဦးရဲထွဋ်က ဇန်န၀ါရီ ၆ ရက်တွင် မဇ္ဈိမကို ပြောကြားလိုက်သည်။


“ရှိသင့်ရှိအပ်တဲ့ ပုဒ်မတစ်ခုပါ။ အဓိကပြဿနာက ကျင့်သုံးပုံ ကျင့်သုံးနည်းပဲ။ ခွင့်ပြုချက်တောင်းတာ မတောင်းတာ လုပ်ရမှာပဲ။ အများပြည်သူ ၀င်ထွက်သွားလာတဲ့ နေရာမျိုးမှာ ပိတ်ပြီးတော့ ဆန္ဒပြတာမျိုး၊ လူတွေစုဝေးခြင်းကြောင့် တခြားပြည်သူတွေ၊ ကျောင်းတွေ၊ ဆေးရုံတွေပိတ်ဆို့သွားတာမျိုး၊ ဒီလိုမျိုးတွေ ကာကွယ်ဖို့လဲလိုတယ်၊ ကာကွယ်ဖို့လဲရှိတယ်။ ဒါကြောင့်မို့ ပုဒ်မ ၁၈ က ရှိရမယ်”ဟု ဦးရဲထွဋ်က ပြော သည်။

ယင်းပုဒ်မနှင့်ပတ်သက်ပြီး ဦးရဲထွဋ်၏အမြင်ကို မဇ္ဈိမက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ပုဒ်မ ၁၈ သည် ပြဿနာမဟုတ်ဘဲ ယင်းပုဒ်မကို မည်သို့မည်ပုံအသုံးပြုမည်ဆိုသည်ကသာ ပြဿနာဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

“ပြောရမယ်ဆိုရင် ဒေသအာဏာပိုင်တွေအနေနဲ့ ဆန္ဒပြခွင့်တောင်းလာသမျှ ငြိမ်းချမ်းစွာ ဆန္ဒပြခွင့် တောင်းလာသမျှ မှန်သမျှကို မပေးဘူးလို့ လုပ်နေလို့ မရဘူးပေါ့။ သတ်မှတ်ပေးဖို့ လိုတာပေါ့။ တချို့ ဆန္ဒပြသူတွေကလဲ တမင်သက်သက် မတောင်းဘဲ ပုဒ်မ ၁၈ နဲ့ အရေးယူခံရအောင် လုပ်တာမျိုးလဲ ရှိပါ တယ်။ ဒီအစွန်းနှစ်ဖက် ရှောင်ရှားပြီးတော့ ကျင့်သုံးမယ်ဆိုရင် ပုဒ်မ ၁၈ က ပြဿနာမဟုတ်ပါဘူး”ဟု ပြောသည်။

သို့သော် ဥပဒေပညာရှင်တစ်ဦးဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးကိုနီကမူ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ် မ ၃၅၄ ပုဒ်မခွဲ (က) နှင့် (ခ) တွင်ပါရှိသည့် ပြဋ္ဌာန်းချက်များအရ ပုဒ်မ ၁၈ သည် ပယ်ဖျက်သင့်သည့် ပုဒ် မတစ်ခုဟု မဇ္ဈိမကို နိုဝင်ဘာလအတွင်းက ပြောဆိုထားသည်။

“အဲဒီမှာသုံးတဲ့စကားလုံးက လွတ်လပ်စွာလို့ သုံးထားတဲ့အတွက် ဘယ်သူ့ကိုမှ ခွင့်တောင်းစရာမလိုဘူး။ တစ်ယောက်ယောက်ခွင့်ပြုမှ ဆန္ဒပြခွင့်ရှိတာမဟုတ်ဘူး။ ဥပဒေအရ ဆန္ဒပြခွင့်ဆိုတာ လူတစ်ယောက် ကို အပြီးပေးထားတဲ့ အခွင့်အရေးပဲ။ ခွင့်တောင်းစရာမလိုဘူး။ တစ်နည်းအားဖြင့် ရဲမှူးဆီက ခွင့်မရဘူး၊ ခွင့်မရဘဲပြလို့ အပြစ်ပေးမယ်ဆိုတာ ဖွဲ့စည်းပုံနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတယ်။ ရဲမှူးခွင့်ပြုမှ ဆန္ဒ ပြရမယ်ဆိုတော့ ရဲမှူးက ဥပဒေအထက်ရောက်သွားပြီ”ဟု ပြောသည်။

အဆိုပါပုဒ်မကို ဖျက်သိမ်းပေးရန် တက်ကြွလှုပ်ရှားသူအများစုကလည်း တောင်းဆိုနေကြပြီး ဇန်န၀ါရီ ၅ ရက်ကလည်း ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင်များ ဦးဆောင်ကာ ပထမဦးဆုံးအ ကြိမ်အဖြစ် ဒီမိုကရေစီနှင့်မကိုက်ညီသည့် ဥပဒေများအား ပယ်ဖျက်ပေးရန် ပြည်တွင်းအခြေစိုက် လူမှုအ ရပ်ဘက်အဖွဲ့စည်း ၅၈ ဖွဲ့နှင့်အတူ ဆန္ဒပြ တောင်းဆိုကာ လူထုဟောပြောမှုများ ပြုလုပ်ခဲ့သည်။ ယင်း သို့တောင်းဆိုရာတွင် ပုဒ်မ ၁၈ လည်း ပါဝင်သည်။

ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေကို ပြင်ဆင်ရန် ကန်ပက်လက် မဲဆန္ဒနယ်မှ ကြံ့ခိုင်ရေးအမတ်ဖြစ်သူ သူရဦးအောင်ကိုက နိုဝင်ဘာ ၁၃ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အဆိုတင်သွင်းခဲ့ပြီး ပုဒ်မ ၁၈သည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားအခွင့်အရေးများနှင့် ဆန့်ကျင်နေ သည်ဟု ဆိုခဲ့သည်။

သို့သော် ပြည်ထဲရေးဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းကမူ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်း လှည့်လည်ခွင့်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ခွင့်ပြုချက်မယူဘဲ ဆန္ဒထုတ်ဖော်ပါက ပြစ်ဒဏ် ကျခံရမည်ဟူသည့် မူလဥပဒေပါ ပုဒ်မ ၁၈ ကို ပယ်ဖျက်ရန်ပါဝင်ခြင်းကို ကန့်ကွက်သည်ဟုလည်း ဆိုခဲ့ သေးသည်။

၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ ၂ ရက်က ပြဋ္ဌာန်းခဲ့သော ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ခွင့်ဆိုင်ရာ ဥပဒေ (၂၀၁၁ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၅) တွင် ပါရှိသော ပုဒ်မ ၁၈ အရ မည်သူမဆို ခွင့်ပြုချက်မရရှိဘဲ စုဝေး စီတန်းလှည့်လည်ပါက တစ်နှစ်ထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ကျပ် ၃၀,၀၀၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ သို့တည်းမဟုတ် ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ် နိုင်သည်ဟုလည်း ယင်းဥပဒေတွင် ပါရှိသည်။

Mizzima

တပ်နေရာချထားရေးကိစ္စ အကောင်အထည်ဖော်ရန် သက်ဆိုင်ရာ နယ်မြေတာဝန်ခံ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ပြောကြားခဲ့သည်ဟု KNU ပြောကြား



အစိုးရတပ်မတော်နှင့် ကရင်အမျိုးသား အစည်း အရုံး တို့အကြား တပ်နေရာ ချထားရေးများ အကောင် အထည်ဖော် ဆောင်ရွက်ရန် သက်ဆိုင် ရာ နယ်မြေ တာဝန်ခံများကို ညွှန်ကြားမည်ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်ဟု ကရင် အမျိုးသား အစည်းအရုံး၏ အထွေထွေ အတွင်း ရေးမှူးချုပ် ပဒိုစောကွယ်ထူးဝင်းက ဇန်န၀ါရီ ၆ ရက်တွင် ပြောကြားသည်။


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ခေါင်းဆောင်သော အဖွဲ့တို့သည် ဇန်န၀ါရီ ၅ရက် မွန်းလွဲ ၂ နာရီက နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံခဲ့ပြီး ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်မှုဆိုင်ရာ ကိစ္စရပ်များ အပါအ၀င် နှစ်ဦးနှစ်ဖက် မကြာခဏ ထိတွေ့ဆက်ဆံမှု ပြုလုပ်ရေးတို့ ကို ဆွေးနွေးခဲ့သည်ဟု ကာကွယ်ရေး ၀န်ကြီးဌာနမှ သိရသည်။ အဆိုပါတွေ့ဆုံမှုတွင် နှစ်ဖက်တပ် နေရာချထားရေး ကိစ္စများကို ဆွေးနွေးခဲ့သည့်အပြင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က နိုင်ငံတော်လုံခြုံရေးနှင့် ပြည်သူလူထု၏ လုံခြုံရေးအပေါ် မူတည်ပြီး ၎င်း၏အမြင်များကို ပြောကြားခဲ့သည်ဟု ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။

ပဒိုစောကွယ်ထူးဝင်းက “ကျွန်တော်တို့ လွန်ခဲ့တဲ့ ဒုတိယအခေါက် တွေ့ပြီးတဲ့ နောက်ပိုင်းမှာ ဒီတပ်နေရာ ချထားရေးကိစ္စကို ကျွန်တော်တို့ ဆွေးနွေးတော့ တပ်ချုပ်က သူ့သက်ဆိုင်ရာ နယ်မြေတာဝန်ခံတွေကို ပြန်ပြီးတော့ တာဝန်ပေးလိုက်တာပေါ့။ ဒါပေမဲ့ ဒီကြားကာလထဲမှာ မလိုလားအပ်တဲ့ အဖြစ်အပျက်တွေ ဖြစ်ခဲ့တဲ့အပေါ်မှာ နည်းနည်းနှောင့်နှေးခဲ့တဲ့ သဘောရှိတယ်။ အခုကတော့ အဲဒီကိစ္စကို ပြန်ပြီးတော့ ဆွေးနွေးတယ်။ ဒါကို ဆက်ပြီးတော့ အကောင်အထည်ဖော်ဖို့ သက်ဆိုင်ရာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကို သူဆက်ပြီးတော့ တာဝန်ပေးမယ်၊ ညွှန်ကြားမယ်လို့ ပြောတယ်။ ကျွန်တော်တို့ ဆက်ပြီးတော့ ညှိနှိုင်းဆောင်ရွက် သွားမှာပါ။ အောက်ခြေမှာတော့ ဆွေးနွေးရမှာပေါ့” ဟု ပြောကြားသည်။

နှစ်ဖက်တပ်များအကြား လက်နက်ကိုင် ပဋိပက္ခများ ထိတွေ့မှုမရှိစေရန် နီးကပ်သည့် ဒေသများတွင် တပ်နေရာ ချထားမှုများ၊ လူထုအတွင်း၌ မလိုအပ်ဘဲနဲ့ တပ်နေရာချထား မှုများကို ရွှေ့ပြောင်းရန်နှင့် အမှန်တကယ် လုံခြုံရေးအတွက် လိုအပ်သည့် တပ်နေရာ ချထားရေးများ ဆောင်ရွက်ရန် နှစ်ဖက်ဆွေးနွေးမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

“ပြည်တွင်းငြိမ်းချမ်းရေး သွားတဲ့နေရာမှာ ကျွန်တော်တို့ စေတနာရှိရှိနဲ့ မှန်မှန်ကန်ကန်နဲ့သွားဖို့ လိုအပ် တယ် လို့ တစ်ဖက်က သူ့ရဲ့တာဝန်အရ နိုင်ငံတော်လုံခြုံရေး၊ ပြည်သူလူထုရဲ့လုံခြုံရေးအပေါ် မူတည်ပြီး သူ့ရဲ့အမြင်ကို ပြောတယ်။ သူကတော့ ဒီသမ္မတကြီးရဲ့ ဦးဆောင်မှုအောက်မှာ သူကတော့ လိုက်ပါ ဆောင်ရွက်မယ်။ သူ့လက်အောက်မှာ တပ်မတော်တပ် သားတွေကိုလည်း သူညွှန်ကြားတဲ့အတိုင်း လိုက်နာ ဖို့တော့ သူကတာဝန်ယူတယ်။ ဒါကိုတော့ ပြောပြပါတယ်” ဟု ပဒိုစောကွယ်ထူးဝင်းက ဆက်လက် ပြောကြား သည်။ ထို့ပြင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ကေအင်န်ယူ ခေါင်းဆောင်များသည် နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကိစ္စရပ်များနှင့် ဒီမိုကရေစီ လမ်းစဉ်နှင့်အညီ လျှောက်လှမ်း နေမှု ဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့သည်ဟု သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ ပါဝင်ခဲ့ပြီး ကေအင်န်ယူဘက်မှ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောကွယ်ထူးဝင်း၊ ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင်များ ဖြစ်ကြသည့် ပဒိုစောရောဂျာခင်၊ ပဒိုမန်းငြိမ်းမောင်နှင့် ပဒို စောတာဒိုမူး၊ ဗဟိုကော်မတီဝင်များနှင့် အရန်ဗဟို ကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း ကာကွယ် ရေး ၀န်ကြီးဌာနမှ သိရသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကေအင်န်ယူ ခေါင်းဆောင်များ သည် ယခုအကြိမ် အပါအ၀င် သုံးကြိမ်တွေ့ဆုံခဲ့ကြောင်း သိရသည်။

Eleven Media Group

သန်းခေါင်စာ ရင်းကောက် ယူရာတွင်နာမည်လွှဲဖြင့်သန်း ခေါင်စာရင်း ပေးသွင်းနိုင်

ပြည်လုံး ကျွတ် သန်းခေါင်စာ ရင်းကောက် ယူရာတွင်နာမည်လွှဲဖြင့်သန်း ခေါင်စာရင်း ပေးသွင်းနိုင်ကြောင်း ကော့ ကရိတ်မြို့ တွင် ပြုလုပ်သည့် နယ်စပ်ရေး ရာဝန်ကြီးဌာန ဒုဝန် ကြီးဦးဆောင်သည့် လူထုတွေ့ဆုံ ပွဲမှ သိရသည်။


ကရင်ပြည်နယ် နယ်စပ်မြို့ များဖြစ်သည့် မြဝတီမြို့နှင့်ကော့ ကရိတ်မြို့များ တွင် ဇန်နဝါရီ ၁ ရက်နှင့် ၂ ရက်နေ့များတွင် လူ ထုတွေ့ဆုံပွဲများပြုလုပ် ခဲ့ပြီး ကော့ ကရိတ်ဒေသခံ ၂၀၀ ကျော်နှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုဝန် ကြီး ဗိုလ်ချုပ်မောင်မောင်အုန်း ဦးဆောင်သည့်အဖွဲ့တို့ တွေ့ဆုံ ပွဲတွင် ပြောခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ပြောခြင်းမှာ သန်း ခေါင်စာရင်း ကောက်ယူရာတွင် မေးမြန်းမည့် အချက်အလက်များ နှင့် ပတ်သက်ပြီး စိုးရိမ်မှုရှိနေ သည့် ဒေသခံတချို့ကို အသိပေး ခြင်းဖြစ်ပြီး သန်းခေါင်စာရင်း သည်မည်သည့် အခြားအကြောင်း အရာများနှင့်မျှ မဆက်နွှယ် ကြောင်း နယ်စပ်ရေးရာဝန်ကြီး ဌာန ဒုဝန်ကြီးက လူထု တွေ့ဆုံ ပွဲတွင် ရှင်းလင်းပြောကြားသည်။

ဗိုလ်ချုပ်မောင်မောင်အုန်း က''တချို့က အမှန် ကိုပြောပြဖို့ စိတ်ပူပန်မှုတွေ ရှိနေကြတယ် လို့ ကျွန်တော်တို့ သိရတယ်။ ဒါကြောင့် နာမည်ကိုလွှဲပြောချင် ရင် ပြောလိုက်။ အချက်အလက် တွေကိုတော့ ပေးကြပါ။ ကျွန် တော်တို့က နာမည်တွေ၊ ဘာသာ တွေ အဓိကမရှိဘူး''ဟု သန်း ခေါင်စာရင်း ကောက်ယူ မှုတွင် ပြုလုပ် နိုင်သည့်ပုံစံကို ကော့က ရိတ် လူထုတွေ့ဆုံပွဲတွင် ဒေသ ခံများကို ပြောသည်။

''ဒီနိုင်ငံမှာနေတဲ့ လူစာရင်း အတိအကျရဖို့က အရေးကြီး တယ်။ သန်း ၇၀ ရှိတာကို သန်း ၆၀ စာရင်းပဲ ရရှိရင် စာရင်းမှာ မပါတဲ့ ကျန် ၁၀ သန်းက အခွင့် အရေး ဆုံးရှုံးမှာပါ။ ဒီစာရင်း ကောက်ယူမှုအတွက် ဥပဒေနဲ့ ပါ အကာအကွယ်ပေးထားပါ တယ်''ဟု ဒေသခံများ သန်းခေါင် စာရင်းကောက် ယူမှုတွင် ပါဝင် လာနိုင်ရေး စည်းရုံးခဲ့ကြောင်း တွေ့ရသည်။

နှစ် ၃၀ ကြာမြင့်ချိန်မှပြန် လည်ပြုလုပ်မည့် နိုင်ငံတွင်း သန်း ခေါင်စာ ရင်းကောက်ယူမှုကို ယခု နှစ် မတ် ၃၀ ရက်တွင် ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

အိုမင်းရင့်ရော်စွာ ပြောင်းလွဲသွားသော အာဏာမက်မောသူတစ်ဦး

ကျွန်တော်ကတော့ ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာနေတဲ့ ကရင်လူမျိုးတစ်ယောက်ပါ။ နာမယ်က စောကျော်သူ လို့ ခေါ်ပါတယ်။ ပြောချင်တဲ့အကြောင်းက လူအချို့ရဲ့ သွင်ပြင်လက္ခဏာမှာ လိုချင်တပ်မက်စိတ်တွေ ပြင်းထန် လာရင်သူ့ရဲ့မူလစိတ်ဓာတ်နဲ့ မျက်နှာပြောင်းလဲကာ ရုပ်ရည်ရူပကာ ရင့်လာတတ်တဲ့အကြောင်း ကိုယ်တွေ့ မျက်မြင်အဖြစ်အပျက်ပါ။


ဟိုလွန်ခဲ့တဲ့နှစ်တွေတုန်းက ကျွန်တော်တို့ ဧရာဝတီတိုင်းမှာ ဗိုလ်ချုပ်သူရရွှေမန်း ဆိုတဲ့ တိုင်းမှူးတစ်ဦး ရှိခဲ့ပါတယ်။ သူရရွှေမန်းဟာ နူးညံ့သိမ်မွေ့ပြီး စိတ်သဘောထားကောင်းသူ တစ်ဦးဖြစ် ပါတယ်။ အလုပ် လုပ်ကိုင်ရာမှာ လက်အောက်ငယ်သားတွေ အမှားတစ်ခု ပြုလုပ်မိရင်တောင်မှ ဆူတာဆဲတာ မရှိခဲ့ပါဘူး။ ခိုင်းတဲ့တာဝန်တွေ ပြီးဖို့သာ အဓိကဆိုပြီး လက်အောက်ငယ်သားတွေအပေါ်မှာ ကိုယ်ချင်းစာနာ စိတ်ထား ရှိသူအဖြစ် နာမည်ကောင်းနဲ့  ကျော်ကြားခဲ့ပါတယ်။ စကားကို မာမာထန်ထန်ပင် မပြောခဲ့သူမို့ စည်းရုံးရေး ကောင်းသမားတစ်ဦးအဖြစ် လူချစ်လူခင်များခဲ့ပါတယ်။

ဧရာဝတီတိုင်းမှာရှိတဲ့ တပ်မတော်သားတွေအပြင် အရပ်သားဝန်ထမ်းတွေကလည်း သူရရွှေမန်းကို ချစ်ခင်လေးစားကြပါတယ်။ သူရရွှေမန်းရဲ့ မျက်နှာမှာ လောဘ၊ ဒေါသ၊ မာန်မာနတွေ ကင်းစင်နေတဲ့ အတွက် သူ့ရဲ့ရုပ်ရည်ဟာ သူ့ရဲ့ရှိရင်းစွဲ အသက်ထက် အများကြီး ငယ်ရွယ်နေပါတယ်။ ဒါကြောင့်လည်း သူရရွှေမန်းရဲ့ ပတ်ဝန်းကျင်မှာ စီးပွားရေးသမားတွေ ၀ိုင်းလည်နေသလို ဒုက္ခနဲ့တွေ့ကြုံရလို့ အကူအညီ တောင်းချင်တဲ့ တပည့်တွေလည်း ၀ိုင်းဝိုင်းလည်နေခဲ့ပါတယ်။ တစ်ခါတစ်လေမှာ သူရဦးရွှေမန်းဟာ ရင်းနှီးတဲ့ သူတွေကို ရင်ဖွင့်တတ်ပါတယ်။ တပ်မတော်မှာ သူ့ကိုယ်သူ အခုလိုမျိုး တိုင်းမှူးအဆင့်အထိ ဖြစ်လာမယ် လို့တောင် မျှော်မှန်းမထားမိဘူးလို့ ပြောတတ်ပါတယ်။

နောက်မကြာမီမှာ သူရဦးရွှေမန်းဟာ တပ်မတော်မှာ တတိယအကြီးဆုံးနေရာကို ရောက်သွားခဲ့ပါတယ်။ စစ်ထောက်လှမ်းရေးမှူးဟောင်းကိုတော င် ဖြုတ်ချနိုင်ခဲ့တဲ့အထိပါပဲ။ အဲဒီတုန်းက ပြည်သူတွေအကြား မှာတော့ သူရဦးရွှေမန်းရဲ့“တရားဥပဒေအထက်မှာ ဘယ်သူမှ မရှိဘူး” ဆိုတဲ့ စကားလုံးဟာ မှတ်မှတ် သားသား ဖြစ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူရဦးရွှေမန်းရဲ့ အသွင်သဏ္ဍာန်ဟာ အရင်ကလို မဟုတ် တော့ဘဲ (အရပ်ထဲက စကားနဲ့ ပြောရရင်) မျက်နှာကြော တင်းမာလာပါတော့တယ်။ သူရဦးရွှေမန်းဆီမှာ အနီးကပ်နေသူတွေကတစ်ဆင့် သိခဲ့ရတဲ့ သတင်းတွေအရတော့ သူရဦးရွှေမန်းဟာ မကြာမီမှာ တပ်ချုပ်ဖြစ်တော့မယ်ဆိုခဲ့တဲ့ သတင်းပါပဲ။ ဒါပေမယ့် နောက်တော့ မျှော်လင့်သလို ဖြစ်မလာခဲ့ဘဲ တပ်မတော်က အငြိမ်းစား ယူခဲ့ရပြီး ဒီမိုကရေစီအစိုးရဆိုတဲ့ကာလမှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဆိုတဲ့ နေရာမှာ ထိုင်လိုက်တာ တွေ့လိုက်ရပါတယ်။

လွှတ်တော်ဥက္ကဋ္ဌဖြစ်တဲ့အချိန်ကစလို့ သူရဦးရွှေမန်းရဲ့ အနေအထားဟာ အရမ်းကို ပြောင်းလဲသွားတာ တွေ့လိုက်ရပါတယ်။ လွှတ်တော် ဥက္ကဋ္ဌတစ်ဦးအနေနဲ့ ပြည်တွင်းပြည်ပခရီးစဉ်တွေ သွားလာတာတွေ များလာပြီး ရာထူးအာဏာ မမက်မောဘူးလို့ ထင်ထားခဲ့တဲ့ သူရဦးရွှေမန်းဟာ အကြီးအကျယ် ပြောင်းလဲ သွားတာ တွေ့လိုက်ရပါတယ်။ သူရဲ့စိတ်ထဲ မှာ ကြံရွယ်ထားတဲ့အတိုင်း၂၀၁၅ခုနှစ်မှာ သမ္မတဖြစ်ချင် ကြောင်း ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

အရင်တုန်းက ဖြူဖြူစင်စင် ကြည်ကြည်လင်လင် တွေ့မြင်ရတဲ့ သူရဦးရွှေမန်းရဲ့ မျက်နှာမှာ အာဏာတွေ ပါဝါတွေ တွေ့မြင်လာရပြီး စိတ်ခံစားချက်က သူရဲ့ရုပ်သွင်မှာ ပေါ်လွင်နေပါတယ်။ ရုပ်ရည်ကြမ်းလာသလို အရွယ်တော်တော်ကြီး ကျသွားခဲ့ပါတယ်။ သူ့ကို ကြည့်ရတာ လွန်ခဲ့တဲ့အချိန်ကာလတုန်းက ဧရာဝတီ တိုင်းမှာ တိုင်းမှူးဘ၀သွင်ပြင်နဲ့ တော်တော်ကြီးကို ကွာခြားနေပါတယ်။ စိတ်ဖိစီးမှုတွေများနေတဲ့ သူရဲ့ မျက်နှာထားဟာ ကျွန်တော်သိခဲ့တဲ့ သူရ ဦးရွှေမန်းမှ ဟုတ်ရဲ့လားလို့တောင် ယုံမှားသံသယ ဖြစ်မိပါတယ်။ သမ္မတဖြစ်ချင်လွန်းတဲ့ စိတ်ကြောင့် လွှတ်တော်ငါးနှစ်သက်တမ်းအတွင်းတောင် သက်ဆိုးရှည်ပါ့မလားလို့ စိုးရိမ် ပူပန်မိပါသေးတယ်။

တကယ်တော့လဲ အခုသူရဦးရွှေမန်းဟာ အရင်က စစ်တိုင်းမှူး ဗိုလ်ချုပ်သူရရွှေမန်း မဟုတ်တော့ပါဘူး။ အရင်တုန်းက ရိုးသားသူတစ်ဦးဖြစ်ခဲ့ပေမယ့် သားတွေကြောင့် လောဘပိုကြီးလာပါတယ်။ အဖေဖြစ်သူရဲ့ ရာထူးအရှိန်အ၀ါနဲ့ သားဖြစ်သူ တိုးနိုင်မန်းလဲ လွှတ်တော်ထဲကို ရောက်လာသလို စီးပွားရေးလုပ်ငန်းရှင်ကြီး တစ်ဦးလည်း ဖြစ်လာခဲ့ပါတယ်။ အရင်တုန်းက ဥပဒေအထက်မှာ ဘယ်သူမှမရှိဘူးလို့ ကြွေးကြော် နိုင်ခဲ့ပေမယ့် အခုကျတော့ သင်္ကြန်အမြောက်လိုပါပဲ။ အသံသာ မြည်ပြီး အဆံ မပါတော့ပါဘူး။ သူ့မိသားစု ရဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ ပတ်သက်လို့ အချိန်မရွေး အစစ်ဆေးခံနိုင်တယ်လို့ မရဲတရဲလောက်ပဲ ပြောနိုင်ပါ တော့တယ်။

ဥပဒေအထက်မှာတော့ သူရဦးရွှေမန်းရဲ့ မိသားစုရှိနေတယ်လို့ အများက ပြောနေကြပါတယ်။ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် နာယက အပြင် ၂၀၁၅မှာတော့ သမ္မတဖြစ်ဖို့အထိ လုပ်ဆောင်နေတာတွေဟာလဲ တကယ်တော့ သူ့သားတွေရဲ့ စီးပွားရေးလုပ်ငန်းတွေကြောင့် အာဏာ လောဘဇော တိုက်နေတာ ဖြစ်ပါတယ်။ ရလေလိုလေအိုတစ္ဆေ ဆိုသလို သမ္မတထက်ကြီးမားတဲ့ ရာထူး ရှိရင်တောင် အဲဒီရာထူးကို ရအောင်ယူမှာ သေချာနေပါတယ်။

ဧရာဝတီတိုင်းသားတစ်ဦးအနေနဲ့ သူရဦးရွှေမန်းကို တွေ့မြင်ချင်တာကတော့ အရင်ကလို အာဏာ မမက်မော တတ်တဲ့၊ ကြည်ကြည်လင်လင် ရိုးရိုးသားသားနဲ့ အသွင်သဏ္ဍာန်ကိုပဲ မြင်ချင်တာပါ။ သူရဲ့ ပြည်ခိုင်ဖြိုး ပါတီမှာလဲ အရင်တုန်းက စိတ်သဘောထားပြည့်ဝသူအဖြစ် လက်ခံထားခဲ့ပေမယ့် ခုနောက်ပိုင်း ပါတီညီလာခံမှာတော့ ဒေါသတွေ ပြင်းထန်လာတယ်လို့ ပါတီဝင်တစ်ဦးက ပြောပါတယ်။ တချို့ ဆုံးဖြတ် ချက်တွေဆို ပါတီဝင် အများစုရဲ့မဲဆန္ဒကို အလေးမထားဘဲ သူရဦးရွှေမန်းပြောတဲ့အတိုင်း အောက်က သဘောတူလက်ခံခဲ့ရတယ်လို့ ကြားသိရပါတယ်။

သူရဦးရွှေမန်း ကတော့ သမ္မတဖြစ်ဖို့၊ သူ့မိသားစုတွေ စီးပွားရေးတွေ မြင့်သထက်မြင့်မားဖို့ဆိုတဲ့ လောဘ တွေကြောင့် အရွယ်အရမ်းကျနေပြီး ဒါဟာ ဧရာဝတီတိုင်းမှူးလုပ်ခဲ့တဲ့ သူရဦးရွှေမန်းမှ ဟုတ်ပါရဲ့လားလို့ ယုံမှား သံသယ ဖြစ်နေမိပါတယ်ဗျာ။

စောကျော်သူ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ ဆန္ဒပြခံရ



ဇန်န၀ါရီ ၂ ရက်နေ့က တော်ဝင်နှင်းဆီတွင် ကျဆုံး နိုင်ငံ ရေးအကျဉ်းသားများ၏ မိသားစု များအား ဂုဏ်ပြုအလှူငွေပေး အပ်ပွဲကျင်းပနေစဉ် ပုဒ်မ ၃၇၆/ ၅၁၁ ဖြင့် အကျဉ်းကျခဲ့ဖူးသူတစ် ဦးနှင့် အခြား လူတစ်ဦးတို့က နိုင်ငံ ရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအဖွဲ့ AAPP အဖွဲ့ကို ဆန္ဒပြ ကန့်ကွက်ခဲ့ကြောင်း သိရ သည်။


အဆိုပါကန့်ကွက်မှုတွင် ဆန္ဒ ပြသူများက စစ်ထောက်လှမ်းရေး များကို သနားစာနာနေပြီး နိုင်ငံ ရေးအကျဉ်းသားများကို ရိုင်းပျစွာ ဆက်ဆံ နေသည့် နိုင်ငံရေးအကျဉ်း သားများအဖွဲ့နှင့် လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်ကို ပိတ်ပင်နေ သည့် ပုဒ်မ ၁၈ကို တည်မြဲသင့် ကြောင်း ထောက်ခံသည့် AAPP မှ ကိုဘိုကြည်ကို ဒီမိုကရေစီ သစ္စာဖောက်အဖြစ် သတ်မှတ် သည်ဟူသော ဆိုင်းဘုတ်များကိုင် ဆောင်၍ ဆန္ဒပြကန့်ကွက်ခဲ့ကြ သည်။

ယင်းကိစ္စနှင့်ပတ်သက်၍FPPS မှ ကိုသက်ဦးက ““ကိုဘို ကြည်တို့ကတော့ သူတို့ကိုတစ်ဦး ချင်းလာတွေ့ပြီး တွေ့လို့ရတယ်၊ ဆွေးနွေးလို့ရတယ်လို့ဆိုပြီး သဘောထားတာတွေ့ရတယ်။ ဒီလိုပွဲကြီးမှာ လာလုပ်တာ တော့ မကောင်းဘူးပေါ့ဗျာ။ ကျွန်တော် တို့အဖွဲ့အနေနဲ့ဆိုရင် ပြည်တွင်း ပြည်ပ ဘယ်အဖွဲ့အစည်းရဲ့ အထောက်အပံ့ကိုမှယူပြီး လုပ် ထားတဲ့ အဖွဲ့အစည်းမဟုတ်ဘူး။ နယ်ပယ်အသီးသီးမှာရှိတဲ့ ရဲဘော် တွေရဲ့ ကူညီမှုနဲ့ ကျွန်တော်တို့ ရပ်တည်နေတာပါ။ ၂၀၁၁ ဒီဇင် ဘာလကစပြီး ထောင်ကနောက် ဆုံးထွက်လာတဲ့ လူတွေနဲ့ ထူ ထောင်ထားတဲ့ အဖွဲ့အစည်းတစ် ခုပါ။ ဗဗဏဏ အနေနဲ့ကတော့ ၂၀၀၀ ခုနှစ်ကတည်းက ပြည်ပမှာ ထူထောင်ပြီးတော့ သူတို့လက် လှမ်းမီသလောက်လုပ်တယ်။ ပြည်တွင်းဝင်ရောက်လာတဲ့အခါမှာ ကျွန်တော်တို့အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်တာတွေရှိပါ တယ်။ ဘယ်အဖွဲ့အစည်းကိုမဆို ကျွန်တော်တို့ပူးပေါင်းဆောင်ရွက် ပြီး လုပ်တာတွေရှိတယ်။ ဦးဝင်းတင် ဖောင်ဒေးရှင်းနဲ့လည်း ပူးပေါင်း ဆောင်ရွက်တာပဲ။ နိုင်ငံရေး အကျဉ်းသားတွေ အပြုံးနဲ့လုပ်တဲ့ ပွဲမှာ အကျည်းတန်အောင်လုပ် သွားတာလို့ ယူဆတယ်။ ပြဿနာ တစ်ရပ်ကို ဒီလိုနည်းတွေနဲ့ ဖြေရှင်း နေရင်ခရီးမရောက်ပါဘူး””ဟု ပြောကြားခဲ့သည်။

ရလိုမှုကိုရှေ့တန်းတင်၍ ခံစားခွင့်ကိုတောင်းခံမည်ဆိုပါက အဆင်မပြေနိုင်ကြောင်း၊ ရေရှည်တွင် မကောင်း နိုင်ကြောင်း၊ ကိုဘိုကြည်ကို ဒီမိုကရေစီသစ်္စာဖောက်ဟုဆိုပါက မည်သည်ကို သစ္စာဖောက်သည်ကို မေးသင့် ကြောင်း၊ အချင်းချင်းကြား ယခုလို ဖြစ်နေမည်ဆိုလျှင် အစိုးရ၀မ်းသာ မည်ဖြစ်သလို ဟင်္သာ ကိုးသောင်း ပျတ်သလိုဖြစ်နေပြီး မြင်လျှင်လည်း မြင်နိုင်ကြောင်း ၎င်းကဆိုသည်။

Hot News Journal

ပုဂ္ဂိုလ်ရေးကိုးကွယ်မှုကို အခြေခံသောမြန်မာ့နိုင်ငံရေး



၅၉(ဃ/စ) ပြင်ဆင်ရေးအတွက် မှိုင်းမိနေသူများ၊ အမျိုးသားရေး ခံယူချက် အားနည်းသူများ ဆင်ခြင်မဲ့ လမ်းပေါ်ထွက် ဆန္ဒပြလာ ကြသလို အထင်ကရ နိုင်ငံရေးသမားတစ်ဦးကလည်း တစ်မျိုးသား လုံးကို တောင်းပန်ဖို့၊ တိုင်းရင်းသားတွေ ခောတ်နောက်ကျနေတယ်- အဲဒီအတွက် ခေတ်အဆက်ဆက် တာဝန်ရှိသူတွေ တောင်းပန်ဖို့၊ မြန်မာ့တပ်မတော်ကိုလည်း Professional တပ်မတော်ဖြစ်စေ ချင်တယ် ဆိုပြီး ပရမ်းပတာ ပြောထွက်လာတယ်…


နိုင်ငံအုပ်ချုပ်မည့်သူတစ်ယောက်ဟာ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေးအမြင်တွေမရှိဘဲ နိုင်ငံတော်အရေးအရာများကို ဘယ်လိုဆောင်ရွက်မလဲ… ၅၉(စ)သာမက ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေဟာ ကျွန်တော်တို့အတွက် အသက်တမျှ အရေးကြီးပါတယ်…

အရှေ့တောင်အာရှဒေသထဲက ဖိလစ်ပိုင်နိုင်ငံဟာ အမေရိကန်နိုင်ငံရဲ့ အခြေခံဥပဒေကို ကျောရိုးပြုရေးဆွဲ ထားတယ်လို့ ကြားဖူးပါတယ်… ဒါပေမယ့် ခုချိန်ထိ ဖိလစ်ပိုင်နိုင်ငံဟာ အမေရိကန်နိုင်ငံလို တိုးတက်မှု မရရှိသေးပါဘူး… ယုတ်စွအဆုံး ဒေသတွင်းမှာတောင် ယှဉ်ပြိုင်နိုင်စွမ်း အားနည်းတဲ့ နိုင်ငံအဖြစ် ရောက်ရှိ နေပါတယ်… ဖိလစ်ပိုင်လူမျိုးလို့ပြောလိုက်တာနဲ့ တံငါသည်နဲ့ အိမ်ဖော်ပဲ ပြေးမြင်ကြမှာပါ… ဒါကြောင့် နိုင်ငံတော် တိုးတက်ဖွံ့ဖြိုးဖို့အတွက် ၂၀၀၈ ခုနှစ်အခြခံဥပဒေပါ ပုဒ်မ၊ ပိုဒ်ခွဲများကို အလျင်စလိုပြင်ဖို့ထက် မျက်စိမှိတ် ပုဂ္ဂိုလ်ရေး ကိုးကွယ်မှု အလေ့အထများကို ဦးစွာပြင်ဆင်ရပါမယ်…

အမျိုးသားရေးအမြင်ကျယ်ပြန့်စွာ မြင်တတ်ကြည့်တတ်ဖို့ လိုအပ်ပါတယ်… ကိုရီးယားဇာတ်ကားကြည့်ပြီး ၀တ်စားဆင်ယင်မှု အတုယူတတ်သလို ကိုရီးယားတွေရဲ့ အမျိုးသားရေးစိတ်ဓာတ်ပြင်းထန်မှုကိုလည်း အတုယူ သင့်ပါတယ်… ယနေ့ ဒီမိုကရေစီလည်းရရှိနေပြီဖြစ်ပါတယ်… ရရှိလာတဲ့ ဒီမိုကရေစီကို ဆက်လက် ထိန်းသိမ်းဖို့နဲ့ တိုးတက်ပြန့်ပွားဖို့ အားလုံးမှာ တာဝန်ရှိပါတယ်… သို့သော် လွတ်လပ်မှုကို ခွင့်ပြု သည်ထက် ပိုမိုလိုလားပါက လူမှုသာယာဝပြောမှု၊ မိသားစုများလုံခြုံစိတ်ချရမှု၊ ယဉ်ကျေးမှုနဲ့ ဘာသာရေး များကို ထိခိုက်စေနိုင်ပါတယ်… တစ်ချိန်တုန်းက ရရင်ရ၊ မရရင်ချဆိုပြီး အကြမ်းဖက်ဆူပူမူတွေဖန်တီးပြီး ထိပ်တိုက် ရင်ဆိုင်မှုတွေ ပြုလုပ်ခဲ့တယ်… အကျိုးဆက်အားဖြင့် အကောင်းထက် တိုင်းပြည်ချွတ်ခြုံကျပြီး ငတ်မွတ် ခေါင်းပါးမှုတွေ ကြုံခဲ့တယ်… အဲဒီကာလတစ်ဝိုက် ကျွန်တော်တို့ အညာဒေသမှာ ဆန်မစားနိုင်တဲ့ မိသားစု တွေ အများအပြားပါပဲ… အဆိုးဝါးဆုံးကတော့ ကျောင်းနေနိုင်မှုကျဆင်းခဲ့ကာ လူ့စွမ်းအားအရင်းအမြစ် ပျက်စီးခဲ့ရတယ်… တရုတ်၊ ကုလားတွေရဲ့ စားသောက်ဆိုင်၊ လဘက်ရည်ဆိုင်တွေမှာ စားပွဲထိုး ပန်းကန်ဆေးနေတဲ့ ကလေးတွေမြင်နိုင် စိတ်မကောင်းဖြစ်ခဲ့ရတယ်… အဲဒီလို ဖြစ်ပေါ်ခဲ့တဲ့ ဆိုးကျိုးရလဒ်၊ ငတ်မွတ်ခေါင်းပါးမှု၊ မိသားစုများ ဘ၀ပျက်မှုနဲ့ လူ့စွမ်းအားအရင်းအမြစ်ပျက်စီးမှု စတာတွေကိုရော အဲဒီခေတ်ကာလ အတိုက်အခံတွေရဲ့ မူဝါဒတွေမှာ တာဝန်မရှိဘူးလား…

မိမိကိုးကွယ်တဲ့သူ သမ္မတဖြစ်မှ စစ်မှန်တဲ့ ဒီမိုကရေစီရတယ်လို့ အစွန်းရောက် ပုဂ္ဂိုလ်ရေးအမြင် ရှိသူတွေအနေနဲ့ ကိုယ်ကိုးကွယ်သူရဲ့ နိုင်ငံရေး အရည်အချင်း၊ နိုင်ငံနဲ့တိုင်းရင်းသား ၁၃၅ မျိုးအပေါ် ထားရှိတဲ့ စေတနာ၊ အမျိုးသားရေးခံယူချက်၊ အနာဂါတ်အမြင်၊ မဟာဗျူဟာ ချမှတ်ကျင့်သုံးနိုင်မှု၊ ဖြစ်ပေါ် နေတဲ့ မဟာဗျူဟာ ရွေ့လျားမှု အတိမ်အနက် မြင်နိုင်စွမ်း စတာတွေကို အမှန်တကယ် အကဲခတ် သုံးသပ်နိုင်ဖို့ လိုပါတယ်… နှိုင်းယှဉ်သုံးသပ်မှု ပြုလုပ်ပြီးပြီလား… ၁၉၈၈ ခုနှစ်မှ ယနေ့အထိ ထုတ်ပြန်ခဲ့တဲ့ မူဝါဒတွေ၊ လက်တွေ့လုပ်ဆောင်ချက်တွေကို ပြန်လည်စုစည်းပြီးနိုင်ငံအတွက် အကျိုးရှိတာနဲ့ အကျိုးယုတ် စေတာဆိုပြီး Group ၂ ခုခွဲပြီး ပြန်လည်သုံးသပ်ကြည့်ပါ…

နိုင်ငံနဲ့ပြည်သူအတွက် အမှန်တကယ် ထိရောက်အကျိုးရှိတာ ဘယ်နှစ်ခုရှိပါသလဲ… လက်တွေ့နဲ့ ကင်းကွာနေတဲ့ ကြေငြာစာတမ်းတွေဟာ အလကားပါပဲ… မိမိတို့အနေနဲ့ လူပုဂ္ဂိုလ်ကို ကျော်လွန်ကာ ကျင့်သုံး တဲ့ Policy တွေနဲ့ လုပ်ဆောင်ချက်တွေကို ကြည့်မြင်နိုင်ရပါမယ်… ယနေ့ ဂျပန်နိုင်ငံမှာ နှစ်ပေါင်း ၄၀ အတွင်း အမြင့်မားဆုံးအဖြစ် နစ်ခ်ကယ်ရင်စတော့ရှယ်ယာ ၅၇ ရာခိုင်နှုန်းထိတိုးတက်ခဲ့ပါတယ်… အိုဘားမားတောင် မစွမ်းဆောင်နိုင်ပါဘူး… အာဘေး Economy လို့တောင် နာမည်တွင်ပြီး စီးပွားရေး ပြန်လည်ဆန်းသစ်လာတာဟာ ရှင်ဇိုအာဘေးရဲ့ စွမ်းဆောင်ရည်နဲ့ အနာဂါတ်အမြင် တစ်ခုတည်းကြောင့် မဟုတ်ပါဘူး… ဂျပန်ပြည်သူတွေရဲ့ အနာဂါတ်အမြင် ကျယ်ပြန့်ရင့်သန်မှု၊ သုံးသပ်နိုင်စွမ်း၊ စွမ်းဆောင်နိုင်မှု စတာတွေကြောင့် ဖြစ်ပါတယ်… အစိုးရ၊ ပြည်သူ၊ တပ်မတော်၊ စီးပွားရေးလုပ်ငန်းရှင်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ NGO များ၊ INGO များအားလုံး အရည်အချင်းရှိ ပူးပေါင်းဆောင်ရွက်မှသာ ကျွန်တော်တို့ နိုင်ငံ တိုးတက်မှာပါ…

နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် အရေးကြီးတဲ့အချက်များစွာထဲမှ တစ်ခုဖြစ်တဲ့ နိုင်ငံခြားရင်နှီးမြုပ်နှံမှုတွေကို ၂၀၁၅ ကျော်မှ လာရောက်မြုပ်နှံရန် ပြောတာဟာ တိုင်းပြည်အပေါ် စေတနာမှန်လား… ရိုးသားမှု တကယ်ရှိရဲ့လား… ငါအာဏာရမှ ပြည်သူတွေချမ်းသာစေဆိုတဲ့သဘောလား… ပြည်သူတွေ တိုးတက် ချမ်းသာ သွားရင် မိမိအပေါ်အာရုံစူးစိုက်နိုင်မှု လျော့ကျသွားမှာစိုးတဲ့အတွက်ကြောင့်လား… ဘယ်သူပဲ တက်တက် မူဝါဒကောင်းတွေ၊ သင့်တော်တဲ့ ရင်းနှီးမြုပ်နှံမှုဥပဒေတွေ၊ Power အရင်းအမြစ်တွေ၊ အခြေခံ အဆောက်အဦကောင်းတွေ စသဖြင့်ရှိရင် အမေရိကန်၊ ဂျပန်၊ EU၊ BIRC နဲ့ စီးပွားရေး အင်အားကြီး နိုင်ငံအားလုံးဟာ လာရောက်ရင်းနှီးမြုပ်နှံမှာပါ… လူပိန်းအမြင်အကြမ်းဖျင်းအားဖြင့်- ရင်းနှီးမြုပ်နှံမှုတွေ ပေါများလာရင် အလုပ်အကိုင်ဖန်တီးမှုတိုးတက်များပြားလာမှာပါ… 

ကုန်သွယ်ဖက် နိုင်ငံတွေ ပေါများလာမှာပါ… နိုင်ငံရဲ့ အဓိကထွက်ကုန်ဖြစ်တဲ့ လယ်ယာ၊သားငါးနဲ့ သယံ ဇာတ ထွက်ကုန် ဈေးကွက်လည်း ပိုမိုမြင့်မားလာမှာပါ… ဒါဆို လုပ်အားခတိုးတက်လာမှာဖြစ်သလို တောင်သူများနဲ့ အခြေခံလုပ်သားများရဲ့ ၀င်ငွေလည်း တိုးတက်လာမှာပါ… နိုင်ငံအတွင်းမှာ လူလတ်တန်းစားဦးရေ မြင့်မားလာမှာပါ… ၀င်ငွေမြင့်မားလာရင် ၀ယ်လိုအားလည်းသေချာပေါက် မြင့်တက် လာမှာပါ… ပြိုင်ဆိုင်မှုသဘောတရားအရလည်း အရည်အချင်းမြင့် လုပ်သားများ ပေါ်ထွက်လာမှာဖြစ်သလို အဆင့်မြင့်စက်မှုထုတ်ကုန်များ၊ အဆင့်မြင့်လယ်ယာထွက်ကုန်များလည်း ထွက်ပေါ်လာမှာပါ… 

အစိုးရမှာလည်း Government Revenue တိုးပွားလာမှာပါ… အကျိုးဆက်အားဖြင့် Power အရင်းအမြစ်တွေ၊ အခြေခံအဆောက်အဦကောင်းတွေ၊ ၀န်ကျင်သစ်နဲ့ အခွင့်အလမ်းအသစ်တွေ ထပ်မံဖန်တီး ပေးနိုင်လာမှာပါ… ဒါဆို ကြီးမားတဲ့အကျိုးဆက်ဖြစ်တဲ့ ရုပ်ဝတ္ထုဆိုင်ရာ ကောင်းကျိုးများ သာမက Psychological Feeling ဆိုင်ရာများလည်း သေချာပေါက် ကောင်းမွန်တိုးတက်လာမှာပါ… ထပ်ဆောင်း အကျိုးဆက်အနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုများနဲ့ စားသောက်မှုပုံစံ ပိုမိုကောင်းမွန် တိုးတက်လာပြီး အာဟာရပြည့်ဝတဲ့ အစားအသောက်များ စားသောက်နိုင်ကာ အားလုံးကျန်းမာကြံခိုင် လာမှာဖြစ်ပါတယ်… စီးပွားရေးအဆင်ပြေ တိုးတက်မှုကြောင့် ကျောင်းနေနိုင်မှု ပိုမိုမြင့်တက်လာမှာဖြစ်ပြီး လူ့စွမ်းအားအရင်းအမြစ် ပိုမိုတိုးတက်လာပါမယ်… 

ရင်းနှီးမြုပ်နှံမှုအပိုင်းမှာလည်း Human Resource Based Economy/ Knowledge Based Economy ပိုင်းသို့ ကူးပြောင်းလာနိုင်ပါတယ်… ဒါမှသာ မိမိတို့အနေနဲ့ ကောင်းကျိုးသံသရာ(Virtuous Cycle) ထဲရောက်ရှိလည်ပတ်နိုင်မှာပါ… ဒါကြောင့် မိမိတို့ အနာဂါတ် ကောင်းကျိုးသံသရာထဲမှာ လည်ပတ်နိုင်ဖို့ ခေါင်းဆောင်ရွေး မမှားဖို့လိုပါတယ်… ပုဂ္ဂိုလ်ရေးကိုးကွယ်မှုများလျော့ချသင့်ပါတယ်… အမျိုးသားရေး ခံယူချက် အားနည်းပြီး မဟာဗျူဟာအကျိုးဆက် မျှော်တွေးနိုင်မှု အားနည်းသူတစ်ယောက်ကိုတော့ နိုင်ငံ ခေါင်းဆောင် မဖြစ်စေလို့ပါ…

နောက်တစ်ခုအနေဖြင့် အမေရိကန်နိုင်ငံမှာ စစ်မှုမထမ်းမနေရ ဥပဒေပြဌာန်းထားတဲ့အတွက်ကြောင့် ကွန်ဂရက်လွှတ်တော်အမတ်များအပါအ၀င် သမ္မတတိုင်းနီးပါးဟာ စစ်သားများ ဖြစ်ခဲ့ကြပြီး စစ်ရေးအမြင် ရှိသူများ ဖြစ်ကြတယ်… Once a Soldier, Ever Soldier ဆိုရိုးစကားအရ စစ်သားတစ်ကြိမ်ဖြစ်ဖူးရင် ထာဝရစစ်သားဖြစ်နေတယ်လို့ ယူဆကြတယ်… ဒါကြောင့် အမေရိကန်ကွန်ဂရက်လွှတ်တော်ထဲမှာ ၁၀၀% စစ်သားများနဲ့ လွှမ်းမိုးနေတယ်လို့ပင် ဆိုနိုင်ပါတယ်… 

သမ္မတအဆက်ဆက်ဟာလည်း ပင်တဂွန်ကို ကျော်လွှားနိုင်တာ မတွေ့ရှိခဲ့ရပါဘူး… ယနေ့ ကျွန်တော်တို့ နိုင်ငံမှာ နောက်ပြန်ဆွဲနေတာ၊ ကန့်လန့်လိုက်နေတာ ဘယ်သူတွေလဲ… အကွဲအပြဲနဲ့ တိုင်းပြည်ဖရိုဖရဲ ဖြစ်ပြီး ဒီမိုကရေစီရဲ့ဆန့်ကျင်ဘက်များ သက်ရောက်လာရင် ဘယ်သူတာဝန်ယူမှာလဲ… မိမိအမြင်အားဖြင့် သမိုင်းဆိုတာ သင်ခန်းစာယူဖို့ တစ်ခုအတွက်ပဲ အသုံးပြုသင့်ပါတယ်… နောက်တစ်ကြိမ် သမိုင်းထဲကို ပြန်လည်တိုးမ၀င်သင့်ပါဘူး… 

တကယ်တမ်း အသက်သွေးချွေးပေးဆပ်ရတာ တပ်မတော်နဲ့ပြည်သူပါ… ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှု(Peace and Stability)မရှိရင် တိုင်းပြည်တိုးတက်ဖွံ့ဖြိုးဖို့ လုံးဝမဖြစ်နိုင်ဘူးဆိုတာ နိုင်ငံရေးသမားတိုင်းသိပါတယ်… ဒါကြောင့် နိုင်ငံရေးအသိအားနည်းတဲ့ ပြည်သူတွေကို မိမိလိုဘအတ္တအတွက် ချမနင်းသင့်ပါဘူး… ယနေ့ပြည်သူအများစုအနေနဲ့ အခြေခံဥပဒေပြင်ခြင်း/မပြင်ခြင်း၊ ပုဒ်မ ၅၉ ပြင်ခြင်း/မပြင်ခြင်းထက် သူတို့လိုလားနေတာဟာ နိုင်ငံရေးတည်ငြိမ်မှု၊ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ အေးချမ်းသာယာမှု၊ မိသားစုများလုံခြုံမှုနဲ့ တရားဥပဒေစိုးမိုးရေးတွေပဲ ဖြစ်ပါတယ်… 

Professional တပ်မတော်ဖြစ်စေချင်တယ်ဆိုသူများနဲ့ အဆိုးမြင်ဝေဖန်သူများအနေနဲ့ မိမိတို့ကိုယ်တိုင် လည်း ဟောပြောချက်များ၊ ရေးသားချက်များရဲ့ နောက်ဆက်တွဲ နိုင်ငံရေးဖြစ်စဉ်၊ စီးပွားရေး အဆောက် အအုံ၊ လူ့အဖွဲ့အစည်းသာယာလုံခြုံမှုတို့အပြင် ယဉ်ကျေးမှုနဲ့ဘာသာရေးများကို တာဝန်ခံကာ လုပ်ဆောင် ချက်တိုင်းရဲ့ မဟာဗျူဟာအကျိုးဆက်များကို လည်း စဉ်းစားနိုင်တဲ့ နိုင်ငံရေးသမားကောင်းများ ဖြစ်စေချင် ပါတယ်… 

ဒါမှ နိုင်ငံအတွက် အကျိုးရှိမှာပါ… ဘက်ပေါင်းစုံမှာရှိနေတဲ့ ကန့်သတ်ချက်များ၊ နိုင်ငံရဲ့အနေအထား၊ Globalization အကျိုးဆက် မျှော်တွေးနိုင်မှုနဲ့ မိမိရဲ့ လုပ်ဆောင်နိုင်စွမ်းများကို အလေးမထားရင်တော့ နိုင်ငံတိုးတက်ပြောင်းလဲမှုအတွက် အထောက်အကူဖြစ်မှာမဟုတ်ပဲ ဆူးငြောင့်ခလုတ် ဖြစ်သွားနိုင်ပါတယ်…

-ရွှေကိုင်းသား

မြန်မာ့နိုင်ငံရေးဝင်္ကပါနှင့် နိုင်ငံရေးပဋိဥာဉ် ရှာပုံတော်



●နိဒါန်း●

ဒီမိုကရေစီသုခမိန်တစ်ဦး ဖြစ်သော လယ်ရီဒိုင်းမွန်း ၏ ပြီးခဲ့သည့်တနင်္ဂနွေနေ့က Orchid Hotel တွင် ပြုလုပ်ခဲ့သော ဟောပြောပွဲတွင် အသွင်ကူးပြောင်း ရေးနှင့် ပဋိဥာဉ်လိုအပ်ချက်ကို မီးမောင်းထိုးပြသွား သည်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ကိုယ်တိုင် ကိုယ်ကျဖြတ်သန်းနေရသော မြန်မာ နိုင်ငံ အတွက် တန်ဖိုးရှိလှသော အခွင့်အလမ်း တစ်ရပ် ဖြစ်သလို မြန်မာနိုင်ငံအပေါ် တတ်နိုင်သမျှ ၀ိုင်းကူစဉ်းစားပေးခဲ့ သော လယ်ရီဒိုင်းမွန်းကိုလည်း ကျေးဇူးတင်ရမည် ဖြစ်သည်။ ယင်းဆွေးနွေးပွဲတွင် ကမ္ဘာအရပ်ရပ်မှ အတွေ့အကြုံများနှင့်ယှဉ်၍ သုံးသပ် ပြောကြားသွားသည်မှာ “လာရင်းကိစ္စ” ကို မျက်မှောက် ပြုဖို့ တိုက် တွန်းသွားခြင်း ဟု တွေ့ရှိနိုင်သည်။

●အပြန်အလှန်လုံခြုံမှုစနစ်●


လယ်ရီဒိုင်းမွန်း ထောက်ပြသွားသည့် “အပြန်အလှန်လုံခြုံမှုစနစ်” မှာ Stakeholder အားလုံး သတိကြီး ကြီး ထား၍ သုံးသပ်ဆင်ခြင်ရမည့် ကိစ္စ ဖြစ်သည်။ အပြန်အလှန်လုံခြုံမှုစနစ်ကို ရယူနိုင်ရန် နိုင်ငံရေး ခေါင်းဆောင်များအကြား ဘုံသဘောတူညီသော နိုင်ငံရေးပဋိဥာဉ်တစ်ရပ် မရှိမဖြစ် လိုအပ်ပြီး ယင်း နိုင်ငံရေး ပဋိဥာဉ် ရရှိရန် လျှို့ဝှက်တွေ့ဆုံဆွေးနွေးရေးစားပွဲဝိုင်းများကို ဖြတ်သန်းရမည် ဟု လယ်ရီဒိုင်း မွန်းက ဆိုသည်။ အပြည့်အ၀ အနိုင်မရရှိနိုင်သော အပေး-အယူ ညှိနှိုင်းမှုတွင် သာသည် နာသည် အလေး မထားဘဲ ရေရှည်ဒီမိုကရေစီခိုင်မာစေရေးကို အလေးထားရန်၊ မြန်မာ့နိုင်ငံရေးပဋိဥာဉ်အတွက် ဖြစ်နိုင်ချေ တစ်ခုအဖြစ် အချိုးကျကိုယ်စားပြုမှုစနစ်သို့ စဉ်းစားသုံးသပ်ကြည့်ရန် လယ်ရီဒိုင်းမွန်းက အကြံပြုခဲ့သည်။

လယ်ရီဒိုင်းမွန်း၏ နမူနာဖြေရှင်းချက်ကို သုံးသပ်ကြည့်လျှင် “အနည်းဆုံးညှိ” ဖော်မြူလာဖြင့် Key Player များအကြား ဘုံတူညီချက်ရှာဖွေရန် ဖြစ်သည်။ တောင်အာဖရိကတွင် နိုင်ငံရေးပဋိဥာဉ်ရရှိရန် မင်ဒဲလားနှင့် ဒီကလပ်တို့ စေ့စပ်ညှိနှိုင်းရေး လမ်းစဉ်ဖြင့် ဖော်ဆောင်သွားသည် ဟု ဆိုသော်လည်း မြန်မာနိုင်ငံတွင် မူကား တောင်အာဖရိကလောက် ရိုးစင်း လွယ်ကူမည် မဟုတ်ပေ။ “အတိုက်အခံ”နှင့် “အာဏာရ” ဘက်နှစ်ဘက်တည်းကို အထူးပြု၍ လယ်ရီ ဒိုင်းမွန်းတွက်ချက်သွားခဲ့သော မြန်မာ့နိုင်ငံရေးပုစ္ဆာ၌ နှစ်ဘက် ထက်ပိုသော ဘက်များစွာ ရှိနေခြင်းသည် မြန်မာ့နွေဦး၏ တစ်မူကွဲပြားသော စရိုက်လက္ခဏာဟု ဆိုနိုင်ပေ လိမ့်မည်။

လယ်ရီဒိုင်းမွန်း ညွှန်းဆိုသည့် နိုင်ငံရေးပဋိဥာဉ်မှာ လက်ရှိမြန်မာ့နိုင်ငံရေးဆုံချက် ဖြစ်လာနေသော ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးတွင် ပါဝင်နိုင်ရန် အရေးကြီးသည်။ သို့သော်လည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးတွင် အများအားဖြင့် အာရုံပြုထားကြသည်မှာ “နိုင်ငံရေးပဋိဥာဉ် ထွက်ပေါ်လာရေး” မဟုတ်ဘဲ “ကိုယ်ပိုင်နိုင်ငံရေးအာဂျင်ဒါများ” ချမှတ်နိုင်ရေးကို ဦးတည်ထားပြီး မတူညီသော ရှုထောင့်များ ဖြင့် မတူညီသော အကျိုးစီးပွားများကိုသာ အခြေပြုထားကြောင်း တွေ့ရှိနိုင်သည်။

လယ်ရီဒိုင်းမွန်း၏ အယူ အဆမှာ နိုင်သူအကုန်ယူသဘော မဟုတ်ဘဲ အနိုင်နှင့် အရှုံး၊ အပေးနှင့် အယူ၊ ညှိနှိုင်းယူစေလိုသည့် သဘော ဖြစ်၍ တစ်ခုလုံးသဘောဆောင်သည်။ အပြန်အလှန်လုံခြုံမှု မပေးနိုင်သော ကိုယ်ပိုင်နိုင်ငံရေးအစီ အစဉ်များကို အခြေပြု၍ ရှာဖွေနေလျှင် နိုင်ငံရေးပဋိဥာဉ်တစ်ရပ် ရှာဖွေနိုင်ရေးမှာ မျှော်တိုင်းဝေးနေဦးမည့် အိပ်မက်တစ်ခုသာ ဖြစ်နေပေလိမ့်မည်။ ဤသည်ကို လယ်ရီဒိုင်းမွန်းက အချိန်မီလာရောက်၍ ထောက်ပြခဲ့ ခြင်းသာ ဖြစ်သည်။

●၂၀၁၅ အလွန် ဧကန်မဲ့မှု●

National Endowment for Democracy မှ အာရှနှင့် ကမ္ဘာလုံးဆိုင်ရာ အစီအစဉ် ဝါရင့် ဒါရိုက်တာ တစ်ဦး ဖြစ်သူ ဘရိုင်ယန်ဂျိုးဇက်၏ ၂၀၁၅ မြန်မာ့နိုင်ငံရေးစာတမ်းတစ်စောင်၏ အဆိုအရ ဦးတည်ရာ အရပ်မျက်နှာ တိတိကျကျ မသိရှိနိုင်သေးသော မြန်မာ့နွေဦး၏ အနာဂတ်သည် ခက်ခဲကြမ်း တမ်းပြီး ကြိုတင်မှန်းဆရန်လည်း မလွယ်ကူ ဟု ဆိုသည်။ မြန်မာ့နိုင်ငံရေးပဋိဥာဉ် ရှာပုံတော်သည် နိုင်ငံရေး အင်အားစုအားလုံးက လိုလိုလားလား နှစ်သက်လက်ခံနိုင်ဖွယ်ရာရှိပြီး အောင်မြင်ရန်လည်း အနီးစပ်ဆုံး ဖြစ်နိုင်သည် ဟု ၄င်းက ဆိုသည်။ အောင်မြင်ခဲ့ပြီ ဆိုလျှင်တော့ တောင်အာရှနှင့် အရှေ့ တောင် အာရှဒေသတွင်း၌ ပထမဦးဆုံးသော နိုင်ငံရေးပဋိဥာဉ်ဖြင့် အသွင်ကူးပြောင်းခြင်း ဖြစ်လာမည် ဟုလည်း ဆိုသည်။

မြန်မာနိုင်ငံကဲ့သို့သော ရှုပ်ထွေးကျယ်ပြန့်လှသည့် အသွင်ကူးပြောင်းမှုတွင် သေချာပေါက် ဟူ၍ ခန့်မှန်းတွက်ဆနိုင်ခြင်း မရှိဘဲ ဧကန်မဲ့မှုများသာ ကြီးစိုးလာမည် ဟု ၄င်းကဆိုသည်။ အုပ်ချုပ်သူဘက်မှ စတင်ဖော်ဆောင်သော အသွင်ကူးပြောင်းမှုဆိုသော်ငြားလည်း ချောမွေ့ပြေပြစ်သော ကူးပြောင်းရေး တစ်ရပ်ကို ဖော်ဆောင်နိုင်ခဲ့ပြီး အရပ်ရပ်နယ်ပယ်စုံ ဖြေလျှော့မှုများကြောင့် နိုင်ငံရေးပါဝါဗဟိုချက်အသစ် များ ပေါ်လာမည် ဟု ခန့်မှန်းထားသည်။

မြန်မာ့နွေဦးကို ရှုမြင်ရသော အနေအထားမှာ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ လူမှုရေး ဘက်စုံပြုပြင် ပြောင်းလဲလျက်ရှိပြီး စနစ်အသစ်၊ ယန္တရားအသစ်များ အကြား အပြန်အလှန်ထိန်းကျောင်းမှုများ ရှိနေခြင်း ကြောင့် ခန့်မှန်းရလည်း ပို၍ ခက်ခဲလာစေခဲ့သည်။ ဘရိုင်ယန်၏ ရှုမြင်ချက်သည် ဒီမိုကရေစီခိုင်မာသည့် အဆင့်သို့ မရောက်ရှိနိုင်တော့ဘဲ နိုင်ငံရေးဝင်္ကပါတွင် တ၀ဲလည်လည်ပိတ်မိနေမည့် အဆိုးကျော့ သံသရာကို သတိပေးထားခြင်း ဖြစ်သည်။

မြန်မာ့နိုင်ငံရေး ၀င်္ကပါတွင် ဖြစ်နိုင်ချေအရှိဆုံး အခြေအနေတစ်ရပ်ရပ်အတွက် ကြိုတင်ပြင်ဆင်ထားသည့် မူဝါဒများသည် ပင်လျှင် လက်တွေ့၌ လွဲမှားသွားစေနိုင်သော အနေအထားသို့ ရောက်ရှိလာနိုင်ကြောင်း ဘရိုင်ယန်က ဆိုသည်။ အဓိကစိန်ခေါ်မှုမှာ အခြေအနေအားလုံးနှင့် ကိုက်ညီသော မူဝါဒများ ချမှတ်ကျင့်သုံးနိုင်ရေးနှင့် မျှော်လင့် မထားသည့် အခြေအနေများ ဖြစ်ပေါ်လာလျှင် ဖြစ်ပေါ်လာသည့် အခြေအနေနှင့်အညီ လိုက် လျောညီထွေ အလိုက်သင့်ဖြေရှင်းဆောင်ရွက်နိုင်ရေး ပင် ဖြစ်ကြောင်းလည်း ထောက်ပြထားသည်။

●မြန်မာ့နိုင်ငံရေးဝင်္ကပါ●

မြန်မာနိုင်ငံရေးပဋိဥာဉ် ရှာပုံတော်ခရီးတွင် အရေးကြီးသည်မှာ နိုင်ငံရေးခေါင်းဆောင်များ၏ လာရင်းကိစ္စ မပျောက်ပျက်ရေးပင် ဖြစ်သည်။ နိုင်ငံ့အရေးနှင့် နိုင်ငံရေးကို စည်းခြားထားနိုင်မှသာ Greed and Grievance ထောင်ချောက်မှ ရုန်းထွက်နိုင်မည် ဖြစ်သည်။ ကိုယ့်ပိုင်နိုင်ငံရေးအာဂျင်ဒါများထက် ဘုံနိုင်ငံရေးပဋိဥာဉ်ရှာဖွေနိုင်ရေးက အရေးကြီးကြောင်း သတိမထားမိလျှင် အထိုင်ဟောင်းကို ချည်တိုင် သဖွယ် ထင်မှတ်တတ်သော မြန်မာ့နိုင်ငံရေးဝင်္ကပါထဲ ပိတ်မိသွားမည့် သဘောဖြစ်သည်။

မြန်မာ့နိုင်ငံရေး ၀င်္ကပါအတွင်း သက်ဆင်းမိပြီ ဆိုလျှင် “သန်း(၆၀)၊ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးရေး” ဟူသော လာရင်းကိစ္စ ပျောက်ပျက်သွားသည့် အခြေအနေသို့ ဆိုင်ရောက်သွားမည်သာ ဖြစ်သည်။ ဤသည် ကိုလည်း လယ်ရီ ဒိုင်းမွန်းက နောင်လာမည့် လေးငါးနှစ်ကို မကြည့်ဘဲ ရေရှည်သဘောဆောင်သော ဒီမိုကရေစီခိုင်မာရေးကို ကြည့်ရန် သတိပေးပြောကြားသွားခဲ့သည်။ သန်း(၆၀)၏ ရှေ့လာမည့် ဆယ်နှစ်တာ တွင် ဘယ်အရာက အရေးကြီးဆုံးလဲ ဟူသည်ကို နိုင်ငံရေးခေါင်းဆောင်များက ဖြစ်လိုသော ဆန္ဒနှင့် ဖြစ်သင့်သော အမြော် အမြင်တို့ကို ကတ္တားခြား၍ ဆုံးဖြတ်ကြရမည် ဖြစ်သည်။

အချုပ်ဆိုရလျှင် လယ်ရီဒိုင်းမွန်း၏ မြန်မာနိုင်ငံခရီးစဉ်သည် မြန်မာ့နိုင်ငံရေးဝင်္ကပါအတွင်း တ၀ဲလည်လည် သက်ဆင်းကျရောက်စေမည့် “ကိုယ်ပိုင်နိုင်ငံရေးအာဂျင်ဒါ”နှင့် မြန်မာ့နိုင်ငံရေးဝင်္ကပါ အတွင်းမှ ရုန်းထွက် လွတ်မြောက်နိုင်စေမည့် “နိုင်ငံရေး ပဋိဥာဉ်ရှာပုံတော်” ဟူသော လမ်း(၂)သွယ်ရှိရာ၌ သန်း(၆၀)၏ လာရင်းကိစ္စကို မျက်မှောက်ပြုကြရန် သတိပေးလိုသည့် လာခြင်းကောင်းသောခရီးတစ်ခုပင် ဖြစ်ကြောင်း မီးမောင်းထိုး တင်ပြလိုက်ရပေသည်။

[Source : The Voice Weekly, Vol.9/No.52, 2014, Photo-Ya Nant Thit]

အခြေခံဥပဒေ ပြင်ဆင်ခြင်းဆိုင်ရာ အယူအဆ



ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုတွင် အဓိကအားဖြင့်အစိတ်အပိုင်းသုံးခုပါဝင်နေသည်။ ၄င်းတို့မှာ-

(၁) ဖွဲ့စည်း ပုံအခြေခံဥပဒေ၏အဓိကအနှစ်သာရ(Essence)၊

(၂) ဖွဲ့စည်းတည်ဆောက်ပုံ (Structure)နှင့်

(၃) အာဏာခွဲဝေခြင်းနှင့် အပြန်အလှန်ထိန်းကျောင်းခြင်း (Separation of powers and Reciprocal Check & Balance)တို့ဖြစ်သည်။


ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခု၏ဖွဲ့စည်းတည်ဆောက်ပုံ(Structure)နှင့် အာဏာခွဲဝေခြင်းနှင့် အပြန်အလှန် ထိန်း ကျောင်းခြင်း(Separation of powers and Reciprocal Check & Balance)သဘောတရား များသည် ၄င်းဖွဲ့စည်း ပုံအခြေခံဥပဒေ၏အဓိကအနှစ်သာရ(Essence) ကိုကောင်းမွန်စွာအထောက် အပံ့ ပြုနိုင်ရမည်ဖြစ်သည်။ဖွဲ့စည်း ပုံအခြေခံဥပဒေ၏ ဖွဲ့စည်းတည်ဆောက်ပုံ (Structure) (သို့်)အာဏာ ခွဲဝေခြင်းနှင့် အပြန်အလှန်ထိန်းကျောင်းခြင်း (Separation of powers and Reciprocal Check & Balance) သဘောတရားများမှားယွင်းနေလျင်(သို့မဟုတ်) ၄င်းဖွဲ့စည်းပုံအခြေခံဥပဒေ၏ ဖွဲ့စည်း တည်ဆောက်ပုံ(Structure)(နှင့်)အာဏာခွဲဝေခြင်းနှင့် အပြန်အလှန်ထိန်း ကျောင်းခြင်း(Separation of powers and Reciprocal Check & Balance) သဘောတရားများ မှားယွင်းနေလျင် အဆိုပါဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အဓိကအနှစ်သာရ (Essence)ကိုကောင်းမွန်စွာအထောက်အပံ့ပြု နိုင်မည်မ ဟုတ်ပေ။

၁။ Essence (ဖွဲ့စည်း ပုံအခြေခံဥပဒေ၏အဓိကအနှစ်သာရ)

လူမှုရေးအဖွဲ့အစည်းတစ်ခု(သို့)နိုင်ငံရေးအဖွဲ့အစည်းတစ်ခုတည်ထောင်မည်ဆိုလျှင်ကနဦးစဉ်းစားကြသည့် အချက်မှာမိမိအဖွဲ့အစည်း၏အကောင်အထည်ဖော်လုပ်ဆောင်လိုသည်ဦးတည်ချက်ပင်ဖြစ်ပါသည်။အဆိုပါဦး တည်ချက်သည်ပင်၎င်းအဖွဲ့အစည်း၏(Essence)ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခု ရေးဆွဲရာ တွင်လည်းဖွဲ့ စည်းပုံအခြေခံဥပဒေရေးဆွဲသူများ(Constitutional Framer)အနေဖြင့် အဆိုပါ ဖွဲ့စည်း ပုံနှင့်အညီတည်ဆောက်မည့် နိုင်ငံ အတွင်း အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလိုက်နာလေးစား ကြရမည့် ပြည်သူများ၏ ဆန္ဒနှင့် အညီ၊ ဘုံဦးတည် ချက်၊ ရည်မှန်းချက်များကိုချမှတ်လေ့ရှိသည်။ ဤသည်ပင် ၄င်းဖွဲ့စည်းပုံ၏အဓိကအနှစ်သာရ (Essence) ဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ (Essence) ကိုကြည့်မည်ဆိုလျှင် အမျိုးသားညီလာခံ၏ ဦးတည်ချက်(၆)ရပ်ဟုဆိုနိုင်ပေမည်။ ၄င်းတို့မှာ -

- ပြည်ထောင်စုမပြိုကွဲရေး

- တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး

- အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး

- စစ်မှန်သောပါတီစုံဒီမိုကရေစီစနစ်ထွန်းကားရေး

- နိုင်ငံတော်၌တရားမျှတခြင်း၊ လွှတ်လပ်ခြင်းတည်းဟူသောလောကပါလတရားများပိုမိုထွန်းကားရေး

-အနာဂတ်နိုင်ငံတော်၏ အမျိုးသားဦးဆောင်မှု အခန်းကဏ္ဍကို တပ်မတော်က ပါဝင်ထမ်းဆောင်နိုင် ရေး တို့ဖြစ် သည်။

၂။ Structure (ဖွဲ့စည်းတည်ဆောက်ပုံ)

အဆိုပါEssence (၆)ရပ်အားအကောင်အထည်ဖော်ရန် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအတွင်းရှိ (Structure) ဖွဲ့စည်းတည်ဆောက်ပုံကိုလေ့လာကြည့်လျှင်အောက်ပါအတိုင်းတွေ့ရမည်ဖြစ်သည်။

(၁) ပြည်ထောင်စုလွှတ်တော်(အမျိုးသားလွှတ်တော်+ပြည်သူ့လွှတ်တော်) (Bicameral- Significant unequal representation in the upper house) (တပ်မတော်သား ၂၅%ပါဝင်သည်။)

(၂) ပြည်ထောင်စုအစိုးရအဖွဲ့(Presidential System –President is elected by Presidential Electoral College) (သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့ဝင်များဖြစ်ကြသောလွှတ်တော်နှစ်ရပ်ရှိ တပ်မတော်သား ကိုယ်စားလှယ် များအ စု အဖွဲ့မှ သမ္မတလောင်း (သို့) ဒုတိယသမ္မတတစ်ဦးအား ရွေးချယ်တင်မြှောက် ရသည်။နိုင်ငံတော်သမ္မတသည် ကာကွယ်ရေး၊ပြည်ထဲရေး နှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာန ၀န်ကြီး များအဖြစ်တာဝန်ပေးအပ်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံမှ သင့်လျော်သောတပ်မ တော်သား များ၏ အမည်စာရင်းကိုတောင်းခံရသည်။)

(၃)ပြည်ထောင်စုတရား လွှတ်တော် ချုပ်၊ (Tenure of judges are limited not younger than 50 years and not older than 70 years)

(၄) နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး၊ (Judicial Review by Constitutional Tribuna)l

(၅) တိုင်းဒေသကြီး/ပြည်နယ်လွှတ် တော်များ၊ (Unicameral) (တပ်မတော် သား ၂၅%ပါဝင်သည်။)

(၆)တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၊ (Parliamentary system- Prime Minister is nominated by President) (သက်ဆိုင်ရာပြည်နယ်/တိုင်းဒေသကြီးဝန်ကြီးချုပ် သည် လုံခြုံရေးနှင့်နယ်စပ်ရေးရာ တာဝန်ပေး အပ်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံမှ သင့်လျော်သောတပ်မတော်သားများ၏ အမည်စာရင်းကို တောင်းခံရ မည်။

(၇) တိုင်းဒေသကြီး/ပြည်နယ် တရားလွတ်တော်များ (Tenure of judges are limited not younger than 45 years and not older than 65 years)

(၈) ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ/တိုင်းဦးစီးအဖွဲ့များ (တပ်မတော်သား ၂၅%ပါဝင်သည်။)

(၉) အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ

(၁၀) ဘဏ္ဍာရေးကော် မရှင်၊

(၁၁)ပြည်ထောင်စုရာထူးဝန်အဖွဲ့

(၁၂) တပ်မတော်

(၁၃) ရွေးကောက်ပွဲကော်မရှင်။ (written institutions)

ဖွဲ့စည်းပုံအခြေခံဥပဒေ၏(Structure)သည်အဆိုပါဖွဲ့စည်းပုံ၏(Essence)ကိုအကောင်အထည်ဖော်နိုင် သောဖွဲ့စည်းတည်ဆောက်ပုံဖြစ်ရမည်။ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာဒီဇိုင်းမှာမှားယွင်းလျှင်လည်းအ ဆိုပါဖွဲ့စည်းပုံ ၏ ဦးတည်ချက်ကိုအကောင်အထည်ဖော်နိုင်မည်မဟုတ်ပေ။ (Structural Error)

၃။ Separation of powers and Reciprocal Check & Balance(အာဏာခွဲဝေခြင်းနှင့် အပြန်အလှန်ထိန်း ကျောင်းခြင်း)

(၃.၁) Horizontal and Vertical Separation of powers (အလျားလိုက် နှင့် ဒေါင်လိုက် အာဏာခွဲဝေခြင်းများ)

အခြေခံဥပဒေ၏ဖွဲ့စည်းတည်ဆောက်ပုံအရပေါ်ပေါက်လာသောအဖွဲ့အစည်းများမှာလုပ်ပိုင်ခွင့်အာဏာများ ကိုလည်း ခွဲဝေရလေ့ ရှိသည်။၂၀၀၈ ဖွဲ့စည်းပုံအတွင်းအခွင့်အာဏာခွဲဝေမှုအားကြည့်လျှင်-

ပြည်ထောင်စုလွှတ်တော် (ပြည်သူ့လွှတ်တော် + အမျိုးသားလွှတ်တော်) ၊တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော် များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဒေသဦးစီးများ၏လုပ်ပိုင်ခွင့်များကိုအခန်း(၄)တွင် လည်းကောင်း၊

ပြည်ထောင်စုအစိုးရအဖွဲ့၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသ ဦးစီးအဖွဲ့ နှင့် ဘဏ္ဍာ ရေးကော်မရှင် များ၏လုပ်ပိုင်ခွင့်များ ကိုအခန်း (၅)တွင်လည်းကောင်း၊

ပြည်ထောင်စုတရားလွှတ်တော်ချုပ် ၊ တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော် နှင့် နိုင်ငံ တော်ဖွဲ့စည်းပုံ အခြေခံ ဥပ ဒေဆိုင်ရာခုံရုံး ၏လုပ်ပိုင်ခွင့်များကိုအခန်း(၆)တွင်လည်းကောင်း၊

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ၏လုပ်ပိုင်ခွင့်အားအခန်း(၁၁)တွင်လည်းကောင်း၊

ရွေးကောက်ပွဲကော်မရှင် လုပ်ပိုင်ခွင့်များ အား အခန်း(၉)တွင်လည်းကောင်း

တပ်မတော် ၏ အခန်းကဏ္ဍအား အခန်း(၇) တွင်လည်းကောင်း အသီးသီးဖော်ပြထားသည်ကို တွေ့ရ မည်ဖြစ်သည်။

တစ်ခါတစ်ရံဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုတွင် အာဏာခွဲဝေမှုများမညီမျှသည်များလည်းရှိတတ်သည်။ အဓိကအား ဖြင့်လွှတ်တော်၊ အစိုးရအဖွဲ့၊ တရားစီရင်ရေးမဏ္ဍိုင်(၃)ရပ်ကြား အာဏာခွဲဝေမှု မညီမျှမှု လည်းတွေ့ရ တတ်သည်။

ထို့ပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာခွဲဝေမှုသဘောတရားမှာ အလျားလိုက်ခွဲဝေမှု (Horizontal Separation of powers) သဘောသာမက ဒေါင်လိုက်ခွဲဝေမှု သဘောတရား ကိုလည်း တွေ့ရသည်(Vertical Distribution of powers)။ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေအတွင်း လေ့လာကြည့် လျင်အောက်ပါအတိုင်းတွေ့ရ မည်ဖြစ်သည်။

(က) ပြည်ထောင်စု၏ဥပဒေပြုပိုင်ခွင့်

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၉၆ အရ ဇယား(၁) တွင်ဖော်ပြထားသော ကဏ္ဍကြီး (၁၁) ရပ်နှင့်ပတ်သတ် သော ကိစ္စ ရပ်များ

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၉၈ အရ ကြွင်းကျန်အာဏာာ (Residual Power)

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၉၉ အရ ဇယား (၂) ၊ ဇယား (၃) တွင်ဖော်ပြထားသောအကြောင်းအရာများ နှင့်ပတ်သတ်၍ ပြည်ထောင်စုနယ်မြေများအတွက်ဥပဒေပြုခြင်း

(ခ) တိုင်းဒေသကြီး/ပြည်နယ်များ၏ဥပဒေပြုပိုင်ခွင့်

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၈၈ အရ ဇယား (၂) တွင်ဖော်ပြထားသော ကဏ္ဍကြီး (၈) ရပ်နှင့်ပတ်သတ် သော ကိစ္စ ရပ်များ

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၅၄ အရ ဇယား (၅) တွင်ဖော်ပြထားသော ကိစ္စရပ်များနှင့် ပတ်သတ်၍ အခွန်ကောက်ခံပိုင်ခွင့် (အဆိုပါအခွန်အကောက်ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သတ်၍ တိုင်းဒေသကြီး/ ပြည် နယ်လွှတ်တော်များအနေဖြင့် ဥပဒေပြုပိုင်ခွင့်ရှိ/မရှိ မရှင်းလင်းပါ)

(ဂ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ/တိုင်းဦးစီးအဖွဲ့ဥပဒေပြုပိုင်ခွင့်

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၉၆ အရ ဇယား (၃) တွင်ဖော်ပြထားသော ကိစ္စ ရပ်များ

(၃.၂) Reciprocal Check and Balance (အပြန်အလှန်ထိန်းကျောင်းခြင်း)

ပြည်သူများထံမှ ဆင်းသက်လာသည့် နိုင်ငံတော် အချုပ်အချာအာဏာများကိုခွဲခြားခြင်း(Separation of powers) ပြုထားသကဲ့သို့ အပြန်အ လှန် ထိန်းကျောင်းခြင်းများ(Reciprocal Check & Balance) ကိုလည်း ပြုလုပ်ရသည်။ ထိုသို့ ပြုလုပ်ခြင်းမှာအာဏာရှင်စနစ်မဖြစ်ရေးကာကွယ်တားဆီးခြင်းလည်း ဖြစ်သည်။

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအတွင်းရှိ အပြန်အလှန်ထိန်းကျောင်းခြင်း(Reciprocal Check & Balance)ကိုလေ့လာ ကြည့်လျင်အောက်ပါအတိုင်းတွေ့ရမည်ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်သည် ပြည်ထောင်စု၏ဥပဒေပြုပိုင်ခွင့်ဖြစ်သော အခြေခံဥပဒေပုဒ်မ ၉၆၊ ၉၈ နှင့် ၉၉ တို့နှင့် စပ်လျဉ်းသည့်ကိစ္စရပ်များနှင့်ပတ်သတ်၍ဥပဒေပြဌာန်းခြင်း၊ပြင်ဆင်ခြင်း၊ပယ်ဖျက်ခြင်းများပြုရ သည်။

ပြည်ထောင်စုလွှတ်တော်ကအတည်ပြုပြဌာန်းလိုက်သောဥပဒေကြမ်းများအားနိုင်ငံတော်သမ္မတမှလက် ခံရရှိပြီး သည့် ရက်မှ (၁၄)ရက်အတွင်းလက်မှတ်ရေးထိုးပြီးထုတ်ပြန်ပေးရသည်။(စနေ၊ တနင်္ဂနွေမပါ ဟု သီး ခြားပြဌာန်း ချက်မရှိသဖြင့် စနေ၊ တနင်္ဂနွေနေ့များပါထည့်သွင်းရေတွက်ရမည်ဖြစ်သည်။)

နိုင်ငံတော်သမ္မတအနေဖြင့် အဆိုပါဥပဒေကြမ်းအားပြင်ဆင် စေလိုလျင် မိမိ၏ သဘောထားမှတ်ချက် နှင့်အတူအဆိုပါဥပဒေကြမ်းအား (၁၄) ရက်အတွင်းပြည်ထောင်စုလွှတ်တော်သို့ပြန်လည်ပေး ပို့နိုင် သည်။ ပြည်ထောင်စုလွှတ်တော်အနေဖြင့် နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်နှင့်တကွပြန်လည်ပေး ပို့လာသောဥပဒေကြမ်းအား နိုင်ငံတော်သမ္မတ၏ သဘောထားအတိုင်းပြင်ဆင်ပေးနိုင်သည်။ (သို့) ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်အတိုင်းသာ ထပ်မံအတည်ပြုနိုင်သည်။ထိုသို့ထပ်မံ အတည်ပြု ရန်လွှတ်တော်ကိုယ်စားလှယ်ထက်ဝက်ကျော်၏ထောက်ခံမဲ(Simple Majority – 51%)သာလို သည်။ သာမာန် ထက်ပိုသောအများစုမဲ(Super Majority- 66%)မလိုပါ။ သမ္မတတွင်(Return Veto)မရှိ သည့် သဘော ဟုဆိုနိုင်ပါသည်။

ဒုတိယအကြိမ်လက်ခံရရှိလျင် နိုင်ငံတော်သမ္မတအနေဖြင့် ပြန်လည်လက်ခံ ရ ရှိသည့် နေ့မှ (၇)ရက် အတွင်းလက်မှတ်ရေးထိုး လက်မှတ်ရေးထိုးထုတ်ပြန်ပေးရမည်။ (စနေ၊တနင်္ဂနွေ မပါ ဟု သီး ခြားပြဌာန်း ချက်မရှိသဖြင့် စနေ၊ တနင်္ဂနွေနေ့များပါထည့် သွင်းရေတွက်ရမည်ဖြစ်သည်။) နိုင်ငံတော်သမ္မတ လက်မှတ် မရေးထိုးလျင်လည်းသတ်မှတ်ကာလပြည့်လျင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတလက် မှတ် ရေးထိုးသကဲ့သို့အတည်ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်မှ ဥပဒေပြဌာန်းပြီးလျင် သက်ဆိုင်ရာပြည်ထောင်စုအဆင့်အဖွဲ့အစည်းအား နည်းဥပဒေ၊ စည်းမျည်း (သို့) စည်းကမ်းထုတ်ပြန်ခွင့်ကိုအပ်နှင်းနိုင်သည်။ သက်ဆိုင်ရာပြည် ထောင်စု အဆင့်အဖွဲ့အစည်းများသည် နည်းဥပဒေ၊ စည်းမျည်း (သို့) စည်းကမ်းများရေးဆွဲပြီးလျင် အနီးကပ်ဆုံး ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်အစည်းအဝေးပွဲသို့တင်ပြရမည်ဖြစ်သည်။ လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် ရက်ပေါင်း (၉၀)အတွင်းအတည်ပြုပေးရမည်ဖြစ်သည်။ လွှတ်တော် ကိုယ် စားလှယ်များအနေဖြင့် အခြေခံဥပဒေနှင့်ညီညွတ်မှုရှိ/မရှိ၊ မူရင်းဥပဒေနှင့်ညီညွတ်မှုရှိ/မရှိ စိစစ်ပြီး ပြင် ဆင်လိုကပြင် ဆင်နိုင်သည်။

လွှတ်တော်များအနေဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ပြည်သူ့ရေးရာဝန်ဆောင်မှုများပေးရာတွင် အခြေခံဥပဒေ၊ ဥပဒေ၊နည်း ဥပဒေနှင့် စည်းမျည်း (သို့)စည်းကမ်းများ နှင့်ညီညွတ်မှုရှိ/မရှိ အရပ်ရပ် သော ကော်မတီများဖွဲ့စည်းပြီး စောင့်ကြည့်ထိန်းကျောင်းနိုင်သည်။

နိုင်ငံတော်သမ္မတအနေဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ ဖွဲ့စည်းခြင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ စာရင်းစစ်ချုပ် ခန့်အပ်ထားရေးနှင့်စပ်လျဉ်းပြီး ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ရယူရသည်။ ပြည်ထောင်စုလွှတ်တော်အနေဖြင့်သဘောတူ/မတူ ဆုံးဖြတ်နိုင်သည်။သို့သော်နိုင်ငံတော်သမ္မတ အမည် စာရင်းတင်သွင်းလာသော ပြည်ထောင်စု ၀န်ကြီးများ၊ပြည်ထောင်စုရှေ့နေချုပ် နှင့် ပြည်ထောင်စု စာရင်း စစ်ချုပ် တို့အား အရည်အချင်းမပြည့်မီကြောင်းအထောက်အထားခိုင်ခိုင်လုံလုံမပြနိုင်လျင် ပြည် ထောင်စု လွှတ်တော်အနေဖြင့်ငြင်းပယ်ပိုင်ခွင့်မရှိပေ။

နိုင်ငံတော်သမ္မတအနေဖြင့် နိုင်ငံခြား တိုင်းပြည်များနှင့် သံတမန်ဆက်သွယ်ခြင်း၊သံတမန်အဆက် အ သွယ်ဖြတ်တောက်ခြင်းများ ကိုပြည်ထောင်စုလွှတ်တော်၏သဘောတူညီမှုဖြင့်ပြုလုပ်ရသည်။

နိုင်ငံတော်သမ္မတအနေဖြင့် အချို့သော အပြည်ပြည်ဆိုင်ရာ၊ဒေသဆိုင်ရာ (သို့)နိုင်ငံအချင်းချင်းဆိုင်ရာ စာချုပ်များကို မိမိ၏သဘောဆန္ဒဖြင့် ချုပ်ဆိုခြင်း၊အတည်ပြုဆောင်ရွက်ခြင်း၊ပယ်ဖျက်ခြင်း၊နှုတ်ထွက် ခြင်းများပြုနိုင်သော်လည်း၊ အချို့သော အပြည်ပြည်ဆိုင်ရာ၊ဒေသဆိုင်ရာ (သို့)နိုင်ငံအချင်းချင်းဆိုင်ရာ စာချုပ်များချုပ်ဆိုခြင်း၊အတည်ပြုဆောင်ရွက်ခြင်း၊ပယ်ဖျက်ခြင်း၊နှုတ်ထွက်ခြင်းများကို ပြည်ထောင် စု လွှတ်တော်၏သဘောတူညီချက်ဖြင့်သာဆောင်ရွက်ရမည်ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်အနေဖြင့်နိုင်ငံတော်သမ္မတအပါအ၀င် ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များနှင့် စာ ရင်းစစ်ချုပ်တိုအား ဖွဲ့စည်းပုံအခြေခံအတွင်းပြဌာန်းထားသော ပြစ်တင်ဆွဲဆိုခံရနိုင်သည် အကြောင်းအ ရာများနှင့်ငြိစွန်းလျင် ပြစ်တင်ဆွဲဆိုနိုင်သည်။

နိုင်ငံတော်သမ္မတအနေဖြင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများ၏ အမည်စာရင်းအား ပြည်ထောင်စုလွှတ်တော်သို့ပေးပို့အတည်ပြုချက်ရယူရသည်။ ပြည်ထောင်စုလွှတ်တော် အနေဖြင့် သ ဘောတူ/မတူ ဆုံးဖြတ်နိုင်သည်။သို့သော်နိုင်ငံတော်သမ္မတ အမည်စာရင်းတင်သွင်းလာသော ပြည် ထောင် စုတရားလွှတ်တော်ချုပ်တရားသူကြီးများ၏တို့အား အရည်အချင်းမပြည့်မီကြောင်း အထောက် အထား ခိုင်ခိုင်လုံလုံမပြနိုင်လျင် ပြည်ထောင်စုလွှတ်တော်အနေဖြင့်ငြင်းပယ်ပိုင်ခွင့်မရှိပေ။ ပြည်ထောင်စု လွှတ်တော် အနေဖြင့်ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများအား ဖွဲ့စည်းပုံ အခြေခံအတွင်း ပြဌာန်းထားသောပြစ်တင်ဆွဲဆိုခံရနိုင်သည်အကြောင်းအရာများနှင့်ငြိစွန်းလျင် ပြစ်တင် ဆွဲဆိုနိုင်သည်။

လွှတ်တော်များအနေဖြင့်တရားစီရင်ရေးအဖွဲ့အစည်းများအားကော်မတီများဖွဲ့စည်းပြီး စောင့်ကြည့် ထိန်း ကျောင်းနိုင်သည်။ နိုင်ငံတော်သမ္မတအနေဖြင့် အခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဌနှင့် အဖွဲ့ဝင်များ၏ အမည် စာရင်းအားပြည် ထောင်စုလွှတ်တော်သို့ပေးပို့အတည်ပြုချက်ရယူရသည်။ (ရွေးချယ်ရာတွင် နိုင်ငံတော် သမ္မတမှ (၃)ဦး၊ ပြည်သူလွှတ်တော်ဥက္ကဌ နှင့် အမျိုးသားလွှတ်တော်ဥက္ကဌများမှ (၃) ဦးစီရွေးချယ်သည်။) ပြည်ထောင် စုလွှတ်တော် အနေဖြင့် သ ဘောတူ/မတူ ဆုံးဖြတ်နိုင်သည်။သို့သော်နိုင်ငံတော်သမ္မတ အမည်စာရင်း တင်သွင်းလာသော အခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဌနှင့် အဖွဲ့ဝင်များအား အရည်အချင်း မပြည့်မီကြောင်း အထောက် အထားခိုင်ခိုင်လုံလုံမပြနိုင်လျင် ပြည် ထောင်စုလွှတ်တော် အနေဖြင့် ငြင်းပယ်ပိုင်ခွင့်မရှိပေ။

ပြည်ထောင်စုလွှတ်တော်အနေဖြင့်အခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဌနှင့်အဖွဲ့ဝင်များအားဖွဲ့စည်းပုံအခြေခံအတွင်းပြဌာန်းထားသောပြစ်တင်ဆွဲဆိုခံရနိုင်သည်အကြောင်းအရာများနှင့်ငြိစွန်းလျင်ပြစ်တင်ဆွဲဆိုနိုင် သည်။

အခြေခံဥပဒေဆိုင်ရာခုံရုံးအနေဖြင့် ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ တို့၏ဆောင် ရွက်ချက်များနှင့်ပတ်သတ်၍ အခြေခံဥပဒေနှင့်ညီညွတ်မှုရှိ/မရှိဆုံးဖြတ်နိုင်သည်။

အချုပ်ဆိုရလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုအား ပြင်မည်ဆိုလျှင် အဓိကစဉ်းစားရမည့်အချက်သည် (Structure) ကိုပြင်ချင်သည်လား၊ (Separation of powers and Reciprocal Check & Balance)ကိုပြင်ချင်သည်လား ဒါမှမဟုတ်(Essence)ကိုဘဲပြန်လည်ဖြည့်စွက်၊ပြင်ဆင်ချင်သလားဆိုသည် ကိုသုံးသပ်ရမည်ဖြစ်သည်။(Essence)ကို ပြောင်းမည်ဆိုလျှင် အဆိုပါဖွဲ့စည်းပုံအခြေခံဥပဒေ၏ (Structure) နှင့်(Separation of powers and Reciprocal Check & Balance) ပါပြောင်းရမည်ဖြစ်သည်။ (Essence)အားပြန်လည်သုံးသပ်ဖြည့်စွက်မည်ဆိုလျှင် ပထမဦးဆုံး အ နေဖြင့် နိုင်ငံသားများ အကြား ဘုံသဘောတူညီချက်၊သဘောထား(Common Ground)အားတည်ဆောက်ယူသင့် ပါသည်။

ဤသည်ပင်ဖွဲ့စည်းပုံအခြေခံဥပဒေ၏အဓိကအနှစ်သာရဖြစ်မည်ဖြစ်ပြီးဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်မှု သည်လည်း အဆိုပါအနှစ်သာရများအားအကောင်အထည်ဖော်ရန် ဦးတည်သောပြင်ဆင် မှုများပြုလုပ်ရပေလိမ့်မည်။

အခြေခံဥပဒေ ပြင်ဆင်ရေးကို ဟိုပုဒ်မဖြုတ် ဒီပုဒ်မဖြုတ်ခြင်းဖြင့် ချဉ်းကပ်ခြင်းသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေအား ဥပဒေ၊ နည်းဥပဒေများ ကဲ့သို့ နားလည် ယူဆခြင်းသာ ဖြစ်ပေလိမ့်သည်။

(ဆောင်းပါးရှင် - နိုင်လင်းထွန်း)

( The Voice Journal Vol.9/No.36 တွင်ပါရှိသောဆောင်းပါးဖြစ်ပါသည်။)

KIA တပ်ဖွဲ့ဝင်တစ်ဦး လက်နက်မဲ့ အလင်းဝင်ရောက်



ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဌာနဆိုင်ရာ ရုံးတစ်ရုံးသို့ ဇန်န၀ါရီ ၄ ရက်နေ့တွင် ကချင် လွတ်လပ်ရေး တပ်မတော်(KIA)၊ တပ်မဟာ(၅) လက်အောက်ခံ အူရာဘွမ်စခန်းမှ A-၅၅၈၆၇ တသ လထော်ဂျာလ လက်နက်မဲ့ အလင်းဝင်ရောက် လာခဲ့ကြောင်း ယင်းရုံးမှ သိရသည်။


``လွန်ခဲ့တဲ့ ၆ လလောက်က စံကင်းကျေးရွာ အနီး မှာ ရွှေကျင်နေတုန်း အဖမ်းခံရတယ်လို့ ပြောပါတယ်။ နေရတာကလည်း တောထဲမှာ၊ လစာကလည်း ပုံမှန် မရ၊ အစားအသောက်ကလည်း မကောင်းတော့ နဂို ကတည်းက ဆန္ဒမပါဘဲ အတင်းအဓမ္မ လုပ်ခိုင်းတာ ဆိုတော့ လက်နက်မဲ့အလင်းဝင်လာတဲ့ သဘောပါ´´ ဟု ယင်းရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အလင်းဝင်ရောက်လာသူသည် တာလောကြီးရွာသားဖြစ်ပြီး ရွှေကျင်လုပ်ငန်းကို ကျင်းလုပ်သားအဖြစ် လုပ်ကိုင် နေစဉ် ၂၀၁၃ ခုနှစ် ဇူလိုင်လအတွင်းက KIA အဖွဲ့၏ အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်ခြင်း ခံရကြောင်း၊ သူနှင့် အတူဒေသခံလူငယ် အယောက်(၂၀)ခန့် အဖမ်းခံရကြောင်း၊ စစ်သင်တန်းတက်ခိုင်းပြီး KIA အူရာဘွမ်စခန်းတွင် တာဝန်ထမ်းဆောင်ခိုင်းစဉ် တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးခဲ့ကြောင်း ဆက်လက် ပြောကြားသွားသည်။

အဆိုပါအလင်းဝင်သူနှင့် ဆွေမျိုးတော်စပ်သော တာလောကြီး ရွာသားတစ်ဦးက ``KIA က အတင်းဖမ်းပြီး စစ်သင်တန်းတက်ခိုင်းလို့ ကချင်စစ်သားဖြစ်သွားတာပေါ့၊ အစောကတည်းက ဆန္ဒမပါ တဲ့အလုပ် ဆိုတော့ မလုပ်ချင်လို့ ထွက်ပြေးလာခဲ့တာလေ၊ တာလောကြီးကို ရောက်ရောက်ချင်း မြစ်ကြီးနားကိုသွားပြီး အလင်း ၀င်ခိုင်းလိုက်တယ်၊ သူ့လိုပဲ ဆန္ဒမပါဘဲ အတင်းဖမ်းပြီး KIA စစ်သားလုပ်နေရတဲ့ သူတွေလည်း အများကြီး ရှိနေတယ်လို့ ပြောပါတယ်´´ ဟု ပြောပြချက်အရ သိရသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သည် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် မြစ်ကြီးနားမြို့၌ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးသဘောတူညီမှု လက်မှတ် ရေးထိုး ထားသော လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည်။

Kachin Daily News

ထိုင်း ဆန္ဒပြပွဲအနီး မြန်မာ တဦး သေနတ်ပစ် ခံရ



ဆန္ဒပြမှုတွေ ဖြစ်ပွားနေတဲ့ ထိုင်းနိုင်ငံ ဘန်ကောက် မြို့မှာ အသက် ၂၀ အရွယ် မြန်မာ အမျိုးသား တယောက် သေနတ်နဲ့ ပစ်ခတ် ခံရပြီး လာမာ တိပတီ (Rama Thibodi) ဆေးရုံမှာ ကုသမှုခံ ယူ နေတယ်လို့ သိရပါတယ်။


အတိုက်အခံ ခေါင်းဆောင်တွေ ဆန္ဒပြနေတဲ့ Khok Woa မီးပွိုင့် အနီးအနားက မုန့်ဆိုင်တဆိုင်မှာ ဒီနေ့ မနက် ၅ နာရီခွဲလောက် မုန့်လာပို့နေတဲ့ အချိန် အခုလို ပစ်ခတ်ခံရတာ ဖြစ်နိုင်တယ်လို့ နယ်မြေခံ မှုခင်း ရဲတာဝန်ရှိသူ တဦးကို ကိုးကားပြီး krobkruakao သတင်းမှာ ဖော်ပြ ထားပါတယ်။

မှုခင်း ရဲတာဝန်ရှိသူတွေ အနေနဲ့ ပုဂ္ဂိုလ်ရေးအရ အငြိုးထားခြင်း ရှိမရှိ အမြန်ဆုံးစစ်ဆေးမှုတွေ ပြုလုပ် သွားမယ်လို့ မှုခင်းရဲတာဝန်ခံ က ပြောတယ်။ ထိုင်းသတင်းမှာတော့ မည်သူက ပစ်ခတ်ကြောင်း ရေးသား ထားခြင်း မရှိပါ။

မုန့်ဆိုင်ပိုင်ရှင်ကလည်း သူ့အနေနဲ့ အငြိုးထားတာ ရှိမရှိတော့ မသိကြောင်း၊ ဒါပေမယ့် မုန့်လာပို့တဲ့ အခါ တိုင်း အလုပ်ကြိုးစားတာ တွေ့ရကြောင်း ပြောဆိုပါတယ်။

မြန်မာ အလုပ်သမားရေးရာ သံမှူး ဦးကျော်ကျော်လွင်ကတော့ မြန်မာနိုင်ငံသားတဦး ပစ်ခတ်ခံရတဲ့ သတင်း ကို မသိရှိရသေး ဘူးလို့ ဆိုပါတယ်။

ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးက ဆန္ဒပြပွဲတွေမှာ မြန်မာနိုင်ငံသားတွေ မပါဝင်ဖို့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ သတိပေး ကြေညာချက် ထုတ်ပြန် ထားပါတယ်။

ဒီနေ့အထိ လက်ရှိထိုင်းအစိုးရ နုတ်ထွက်ပေးရေးအတွက် ဆန္ဒပြမှုတွေ ဆက်လက် ပြုလုပ်နေပြီး နိုင်ငံရေး ပြေလည်မှု ရရှိရေး လမ်းစတော့ မပေါ်သေးပါ။

ဆန္ဒပြမှုတွေကြောင့် ပြီးခဲ့တဲ့ နှစ်က ဆန္ဒပြသူတဦးနဲ့ လုံခြုံရေး ၀န်ထမ်းတဦး သေဆုံးပြီး ၁၄၀ ကျော် ဒဏ်ရာရရှိသွားခဲ့ပါ သေး တယ်။

နိုဝင်ဘာ လဆန်းပိုင်းက စတင်ခဲ့တဲ့ ဆန္ဒပြမှု ပဋိပက္ခတွေဟာ ပြည်ပမှာ တိမ်းရှောင်နေရတဲ့ ထိုင်း ၀န်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် ထိုင်းနိုင်ငံပြန်လာနိုင်ရေး အတွက် လွတ်ငြိမ်း ချမ်းသာခွင့် ဥပဒေကြမ်းကို ညီမတော်စပ်သူ လက်ရှိ ၀န်ကြီးချုပ် ယင့်လပ် က လွှတ်တော်ထဲမှာ အတည်ပြုခဲ့ရာကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။ သက်ဆင်ဟာ ၂၀၀၆ ခုနှစ်က အာဏာသိမ်းခံရပြီး ပြည်ပမှာ ရှောင်တိမ်း နေရတာပါ။

အဲဒီအပြင် မြန်မာပြည်သားတွေနဲ့ ပတ်သက်တဲ့ သတင်းအရ ထိုင်းနိုင်ငံ တောင်ပိုင်း ဖူးခက်မြို့မှာလည်း မနေ့ ညပိုင်းက ခိုက်ရန်ဖြစ်ပွားမှုကြောင့် အသက် ၂၅ နှစ်အရွယ် မြန်မာပြည်သား ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိသွားတယ်လို့ ထိုင်းသတင်းတွေအရ သိရပါတယ်။

ပြဿနာ ဖြစ်ပွားရတဲ့ အကြောင်းအရင်းကို ထိုင်းရဲတွေက မသိပေမယ် ဖူးခက်မြို့မှာ နှစ်စဉ်ကျင်းပလေ့ ရှိတဲ့ ဈေးပွဲတော်က အပြန် မြန်မာနိုင်ငံသား အချင်ချင်း ဖြစ်ပွားတာ ဖြစ်တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြ ကြပါတယ်။

နိုင်ငံခြားသား ခရီးသွားတွေ အပန်းဖြေရာ ဒေသတခုအဖြစ် နာမည်ကြီးတဲ့ ဖူးခက်မြို့နယ်မှာ မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၇ သောင်း ကနေ ၁ သိန်း အထိရှိတယ်လို့ သိရပါတယ်။

ဥပဒေများ ပြင်ဆင်ရေး အစိုးရ ပိုဂရုပြုလာမည်ဖြစ်ကြောင်း ၈၈ မျိုးဆက် ပြောဆို


၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း,အရပ်ဘက် အဖွဲ့အစည်းများ, တရားဝင် စုပေါင်း ဆန္ဒထုတ်ဖော်, ဖိနှပ်ထားသော ဥပဒေများ ပြင်ဆင်ရေး

အစိုးရ အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေမှ အစ ပြုပြီး လယ်သမား၊ အလုပ်သမား ဥပဒေများကို မဖြစ် မနေ ပြောင်းလဲ ပြင်ဆင် ပေး ရမည်ကို ယခင် ထက် ပိုမို ဂရုပြု လာလိမ့်မည်ဟု ယူဆကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုထွန်းမြင့်အောင်က ဧရာဝတီသို့ ပြောသည်။


၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့ အစည်းက ဦးဆောင်ပြီး ယမန်နေ့က အရပ်ဘက် အဖွဲ့အစည်း ၆၀ ခန့် ပထမဆုံးအကြိမ် စုပေါင်း ပြုလုပ်သည့် ဆန္ဒပြမှုများပေါ်တွင် အခြေခံ၍ ထိုသို့ ပြောဆိုခြင်း ဖြစ်သည်။

ထို့အပြင် ပြည်သူလူထု အနေဖြင့် လိုအပ်လာလျှင် မိမိတို့၏ အခွင့်အရေးများနှင့် ဖိနှိပ်ထားသော အခြေခံ လူ့အခွင့်အရေးများကို ညီညွတ်စွာဖြင့် တောင်းဆိုနိုင်ကြောင်းကို အစိုးရနှင့် တကွ ပြည်သူ အချင်းချင်း သို့လည်း သတင်းစကား ပါးလိုက်ပြီးသားဖြစ်သည် ဟု မှတ်ယူနိုင်ကြောင်းလည်း ကိုထွန်းမြင့်အောင်က ဆက်ပြောသည်။

“ကျနော်တို့ တောင်းဆိုခဲ့တာကို ဘယ်အချိန်အတွင်း လုပ်ပေးရမယ်လို့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် အချိန် တခုတော့ ရှိဖို့ လို တယ်။ တိုင်းပြည် အတွက် လိုအပ်နေတာတွေက အများကြီးပဲ။ ဒါတွေကို အားလုံးက ညှိနှိုင်းပြီး ပြင်ဖို့လိုတာကတော့ သေချာတယ်။ ပြောင်းလဲသင့်တာတွေကို အချိန်ဆွဲပြီး လုပ်နေမယ် ဆိုရင်တော့ ကျနော်တို့က လူထုအားနဲ့ ဆက်လုပ်သွားမယ်”ဟု ၎င်းက ဆိုသည်။

ပြည်သူလူထုကို ဖိနှိပ်ထားသော ဥပဒေများ အားလုံး၏ အချုပ်သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဖြစ်ပြီး လက်ရှိအချိန်တွင် ဆန္ဒပြပွဲများတွင် ဆန္ဒပြသူနှင့် အာဏာပိုင်တို့ အကြား ပဋိပက္ခများ ဖြစ်နေသည်ကို တွေ့ရကြောင်း၊ ဆန္ဒပြသော ယဉ်ကျေးမှုကို ယခုထက် ပိုမို ထွန်းကားစေချင်ကြောင်းနှင့် ဖိနှိပ်ထားသော ဥပဒေများကို ပယ်ဖျက်သင့်သော အချိန်ဖြစ်ကြောင်း ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကိုမြအေးကလည်း ပြောသည်။

“လမ်းပေါ်ထွက်ပြီး ဆန္ဒပြတယ် ဆိုတာကလည်း နိုင်ငံရေး အလုပ်တခုလို့ ကျနော်တို့ နားလည် ထားတယ်။ လူထုရဲ့ နစ်နာမှုတွေကြောင့် ဆန္ဒပြခြင်းက တရားမျှတတဲ့ ကိစ္စရပ် ဖြစ်တယ်။ ဆန္ဒပြတယ်ဆိုတာ ဒီမိုကရေစီကို ကျင့်သုံးနေတဲ့ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းတွေမှာ ကျင့်သုံးနေတဲ့ ကိစ္စပဲ။ လယ်သမား၊ အလုပ်သမားတွေပဲ ဆန္ဒပြတယ်ဆိုတာမှာ ၀န်ထမ်းကရော သပ်သပ် မဟုတ်ဘူးလေ။ ရဲ၊ စစ်သားတွေက သပ်သပ် မဟုတ်ဘူးလေ။ သူတို့ကိုယ်တိုင်က အလုပ်သမား လယ်သမားတွေရဲ့ သားသမီးတွေပဲ။ အာဏာပိုင်တွေကရော ပြည်သူတွေပဲ မဟုတ်လား”ဟု ကိုမြအေးက ဆိုသည်။

၈၈ မျိုးဆက် ခေါင်းဆောင်များ အနေဖြင့် ယခုကဲ့သို့ ဆန္ဒပြခြင်းသည် အတိုင်းအတာ တခုအထိ ထိရောက်မှု ရှိသောလုပ်ရပ် တခု ဖြစ်သော်လည်း ရေရှည်အတွက် စီမံချက်များ ရှိရန် လိုကြောင်း၊ ၎င်းတို့၏ လုပ်ဆောင်မှုများကို ယခုအချိန်တွင် မြို့ပြ ပညာတတ် အသိုင်းအ၀ိုင်းများက သတိကြီးကြီးထားပြီး ရှေ့လုပ်ငန်းစဉ်များကို စောင့်ကြည့်နေပြီ ဖြစ်ကြောင်း နိုင်ငံရေး ဆောင်းပါးများ ရေး သား နေသည့် ဒေါက်တာ ရန်မျိုးသိမ်းက ဧရာဝတီသို့ ပြောသည်။

“ဘယ်လောက် အထိ လူထုထဲမှာ ကျယ်ကျယ် ပြန့်ပြန့်နဲ့ ပုံဖော်လာနိုင်မလဲ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ရော ဘယ်လောက် အထိ ပူးပေါင်းပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်မလဲ၊ နိုင်ငံရေး ပါတီတွေနဲ့ရော ဘယ်လောက်အထိ နားလည်မှုရှိရှိနဲ့ အလုပ် လုပ်နိုင်မလဲ ဆိုတာတွေက ဆက်စပ်နေမယ်လို့ ထင်တယ်”ဟု ၎င်းက ဆက်ပြောသည်။

ဒီမိုကရေစီ၏ အခြေခံ အခွင့်အရေးသည် လွတ်လပ်စွာ ပြောဆို၊ စုဝေး၊ ရေးသားခြင်း ဖြစ်ပြီး လက်ရှိ အချိန်တွင် ဆန္ဒပြသူများကို ပြည်ထဲရေး ၀န်ကြီးဌာနက ဖမ်းဆီးခြင်းများ လုပ်ဆောင်နေပြီး သမ္မတက လွှတ်ပေးနေသောကြောင့် အစိုးရ တခုတည်းတွင် အဖွဲ့ ၂ ခု ဖြစ်နေသကဲ့သို့ မြင်ရကြောင်းနှင့် ဥပဒေဖြင့် ဗိုလ်ကျနေသည့် ပုံစံမျိုးဟုလည်း ယူဆကြောင်း ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦးက ပြောသည်။

“ဒီဟာတွေ မပြီးမချင်းကတော့ လမ်းပေါ်ဆက်ထွက် နေကြရဦးမှာပဲ။ လုပ်ထားတာက ဘွဲ့ရတော့ ဖြစ်သည်၊ အသက် ၁၆ နှစ် မကျော်ရဘူးလို ဖြစ်နေတာ။ ဒီမိုကရေစီလည်း အစစ် ရချင်တယ်၊ လွတ်လပ်စွာ စုဝေးခွင့်၊ ရေးသားခွင့် တို့ကို မပေးဘူး ဆိုတော့ ဘယ်လို လုပ်မလဲ။ သက်ဆိုင်တဲ့ သူတွေအားလုံး စားပွဲပေါ်မှာ ထိုင်ပြီး မပြောမချင်း ဒီလိုမျိုးတွေ ဆက်ဖြစ်နေမှာပဲ”ဟု ၎င်းက ဆိုသည်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းက ဦးဆောင်ပြီး အရပ်ဘက်အဖွဲ့ ၅၉ ဖွဲ့တို့ စုပေါင်းကာ လူဦးရေ ၆၀၀ ကျော် ဖြင့် ဇန်န၀ါရီ ၅ ရက်က ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် မဟာဗန္ဓုလ ပန်းခြံလမ်းတွင် စီတန်း လှည့်လည်ခြင်း ဆိုင်ရာ ပုဒ်မ ၁၈ အပါအ၀င် လူထုကို ဖိနှိပ် ချုပ်ချယ်ထားသော ဥပဒေ ပုဒ်မများကို ဖျက်သိမ်းပေးရန် တရားဝင် ဆန္ဒထုတ်ဖော် ခဲ့ကြသည်။

ယင်းတောင်းဆိုမှုများ အပြင် ပြည်သူလူထုကို တဖက်သတ် ဖိနှိပ်ချုပ်ချယ်မှုများ မပြုလုပ်ရန်၊ ဖမ်းဆီးထားသော နိုင်ငံရေး၊ လူမှုရေး၊ လူ့အခွင့်အရေး လှုပ်ရှားသူများကို ခြွင်းချက်မရှိ လွှတ်ပေးရန်၊ တရားစွဲဆိုနေဆဲ အမှုများကို ဖျက်သိမ်းရန်နှင့် ထပ်မံ ဖမ်းဆီးခြင်း မပြုလုပ်ရန်၊ ပြည်သူများ လွတ်လပ်စွာ ဆန္ဒဖော်ထုတ် နိုင်ရန်အတွက် သီးသန့် နေရာများကို တနိုင်ငံလုံး အတိုင်းအတာဖြင့် သတ်မှတ် ပေးရန်တို့ကိုပါ ထည့်သွင်းပြီး ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

၈၈မျိုးဆက်နှင့် လူမှုအဖွဲ့အစည်း ၅၉ဖွဲ့ စုပေါင်းဆန္ဒဖော်ထုတ်ပွဲ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

ငြိမ်းချမ်းရေးတွင် ယုံကြည်မှု ခရီး အရောက်ဆုံးဟု KNU ပြော


ငြိမ်းချမ်းရေး, KNU, KIA, သမ္မတ, ကာကွယ်ရေးဦးစီးချုပ်

ကရင်အမျိုးသား အစည်အရုံး (KNU) အနေဖြင့် သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် တို့နှင့် အကြိမ်ကြိမ် တွေ့ဆုံ ခဲ့ရပြီး ယင်းသို့ အကြိမ်ကြိမ် တွေ့ဆုံရခြင်းမှာ ငြိမ်းချမ်း ရေး လုပ်ငန်းစဉ်တွင် ယုံကြည်မှု ခရီး အရောက်ဆုံး အဖွဲ့ တဖွဲ့ ဖြစ်ခဲ့ခြင်းကြောင့်သာ ဖြစ်သည်ဟု KNU ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က ပြောသည်။


ပြည်တွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများတွင် နိုင်ငံတော်သမ္မတနှင့် ၄ ကြိမ်၊ ကာကွယ်ရေး ဦးစီးချုပ်နှင့် ၃ ကြိမ်အထိ တွေ့ဆုံထားသော အဖွဲ့အစည်းမှာ KNU တဖွဲ့တည်းသာ ရှိနေခြင်းနှင့် ပတ်သက်၍ ဧရာဝတီက မေးမြန်းခဲ့ရာ ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“တခြား အဖွဲ့အစည်းတွေထက် ယုံကြည်မှုပိုလို့လို့ ပြောလို့ရပါတယ်။ သမ္မတရော၊ ကာချုပ်ကောက ကျနော်တို့အပေါ်မှာ ယုံကြည်မှုရှိတယ်။ ဒါကို ကျနော်တို့ အခိုင်အမာ ပြောလို့ရပါတယ်။ အခွင့်အရေးတော့ ပိုမပေးဘူးပေါ့ဗျာ”ဟု ဖဒိုမန်းငြိမ်းမောင် က ပြောသည်။

KNU သည် ဇန်နဝါရီ ၅ ရက်နေ့က နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ် တို့နှင့် တွေ့ဆုံခဲ့ပြီး လက်ရှိ တည်ဆောက် နေသော ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်သည့် နှစ်ဘက်အမြင် သဘောထားများ ညှိနှိုင်း ခဲ့ကြသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဖဒိုမန်းငြိမ်းမောင်က “တကြိမ်မဟုတ်တကြိမ် တွေ့တဲ့အခါကျတော့ တယောက် နဲ့ တယောက် ယုံကြည်မှုက ပိုလာတယ်၊ နားလည်မှုက ပိုလာတယ်၊ ပိုပွင့်လင်းလာတယ်။ အားအရ ဆုံးကတော့ နှစ်ဦးနှစ်ဘက်စလုံးက ငြိမ်းချမ်းရေး ကို မရရအောင်တည်ဆောက်မယ်ဆိုတဲ့ ဆုံးဖြတ်ချက် သဘော တူကြတယ်။ အဲဒါ တန်ဖိုးအရှိဆုံးပါပဲ”ဟု ဧရာဝတီသို့ ပြောသည်။

ဦးသိန်းစိန် အစိုးရသစ်အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်များ အားလုံးနှင့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘော တူမှုကို လုပ်ဆောင်နေပြီး တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့(NCCT)နှင့် ညှိနှိုင်း နေသော လက်ရှိကာလတွင် KNU နှင့် သီးသန့်တွေ့ဆုံမှု လုပ်ဆောင်ခြင်းမှာ တခြား တိုင်းရင်းသား အဖွဲ့အစည်းများအတွက် စောင့်ကြည့် အကဲဖြတ်စရာ သဘောမျိုးလည်း ရှိနေကြမည် ဖြစ်ကြောင်း ဝေဖန်ပြောဆိုသူများ ရှိနေသည်။

ကချင် လွတ်လပ်ရေး တပ်မတော် (KIA) မှ ငြိမ်းချမ်ရေး တည်ဆောက်မှု အထောက်အကူပြု အဖွဲ့ Technical Team ခေါင်းဆောင် ဦးဒေါင်ခါးက “ယုံကြည်မှု အရှိဆုံး အဖွဲ့အစည်းမို့ ဖြစ်တယ်ဆိုတာလည်း သူတို့ နှစ်ဦးနှစ်ဘက်မှာ ဘယ်လို တိုင် ပင် ထားပြီး ပြောလဲ မသိဘူးလေ။ ဒါပေမယ့် ဒီ ဖြစ်စဉ် တခုလုံးကို ကြည့်လိုက်မယ်ဆိုရင် အခုအစိုးရအနေနဲ့ Social Politic ပုံစံမျိုး ဖြစ်နေတာ တွေ့ရတာပေါ့၊ သူတို့ရဲ့ Social Politic က ဘယ်လောက်ရှိမလဲ မသိရသေးဘူးပေါ့။ ကျနော်တို့ကလည်း စောင့်ပဲ ကြည့်ပြီးတော့ အကဲဖြတ်ရမယ့် တာဝန်ရှိတယ်။ သူတို့ဘက်ကလည်း ထိန်းရမှာတွေ ရှိနေရမှာပါ”ဟု ပြောသည်။

ထိုအခြေအနေတွင် အစိုးရအနေဖြင့် ပွင့်လင်းမှုကို မည်သည့် အတိုင်းအတာမျိုးဖြင့် ကိုင်ဆောင်ထားမည် ဆိုသည့် အချက်မှာလည်း အဓိက အရေးကြီးလာပြီ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးပါဝင်သော ညီလာခံကို ယခုလ ၂၀ ရက်မှ ၂၂ ရက်နေ့ အထိ KNU ထိန်းချုပ်နယ်မြေ တပ်မဟာ ၇ နယ်မြေအတွင်းရှိ လောစီးလား ဒေသတွင် ပြုလုပ်သွားမည် ဖြစ်ကာ ယင်းဆွေးနွေးပွဲမှ ညှိနှိုင်း ထွက်ပေါ်လာသော အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ဘုံသဘောထားမူနှင့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့၏ မူတို့ကို ညှိနှိုင်းကြမည် ဖြစ်သည်။

ယင်းညှိနှိုင်း တွေ့ဆုံမှုကို ယခုလ ၂၄၊ ၂၅ ရက်များတွင် ဘားအံမြို့၌ ပြုလုပ်သွားမည်ဖြစ်ပြီး ထိုတွေ့ဆုံမှုမှ တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေးဆိုင်ရာ နှစ်ဘက်သဘောတူ မူတခု ထွက်ပေါ်လာနိုင်မည်ဟု တိုင်းရင်းသား ခေါင်းဆောင် တချို့က ပြောဆို ထားသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်းစုံ ပါဝင်သော ညီလာခံကို ပြီးခဲ့သည့် အောက်တိုဘာ လကုန်ပိုင်းတွင် KIA ဌာနချုပ် ရှိရာ ကချင်ပြည်နယ် လိုင်ဇာမြို့တွင် ပြုလုပ်ခဲ့ပြီး ဘုံသဘောထား ၁၁ ချက်နှင့် NCCT ကို ဖွဲ့စည်းနိုင်ခဲ့သည်။

အစိုးရသစ်၏ အမျိုးသား ပြန်လည်သင့်မြတ်ရေးမူ လုပ်ဆောင်ချက်အရ KNU နှင့် ၂၀၁၂ ဇန်န၀ါရီလတွင် ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေး လုပ်ဆောင်ခဲ့ပြီး ၂၀၁၂ ခုနှစ် ဧပြီလတွင် ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေးကို လက်မှတ်ထိုးနိုင် ခဲ့ကြသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ်တို့နှင့် တွေ့ဆုံမှုကို ၂၀၁၂ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်တို့ တွင် တွေ့ဆုံခဲ့ပြီး ယခု တွေ့ဆုံမှုမှာ ၂၀၁၄ ခုနှစ်တွင် ပထမဆုံး တွေ့ဆုံမှုလည်း ဖြစ်သည်။

လက်ရှိ လုပ်ဆောင်နေသော တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ သဘောတူ ညှိနှိုင်းမှုများတွင် ယခင် လုပ်ဆောင် ခဲ့ သော ပြည်နယ်အဆင့်၊ ပြည်ထောင်စု အဆင့် အပစ်ရပ် သဘောတူမှုများမှ အချက်များ ပြန်လည် ပါဝင်ခြင်းလည်း ရှိပြီး တိုင်းရင်း သားတို့ ဘက်မှ မူကြမ်းများနှင့် ညှိနှိုင်းကြမည် ဖြစ် သည်။

ဂျပန်က မြန်မာ့ ငြိမ်းချမ်းရေးအတွက် ဒေါ်လာ သန်း ၁ဝဝ ကူညီမယ်



ဂျပန်နိုင်ငံက မြန်မာ့ပြုပြင်ပြောင်းလဲရေးကို အား ပေး တဲ့အနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အတွက် အမေရိကန် ဒေါ်လာ သန်း ၁ဝဝ ကူညီမယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံအမတ် ကြီးက ပြောလိုက်ပါ တယ်။


ဂျပန်သံအမတ်ကြီး မီကိအို နုမတ က တိုင်းရင်း သားဒေသတွေမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အကောင် အထည် ဖော်နေတာ တည်ငြိမ်မှု ရလာနေပြီး တိုင်းရင်းသား လူမျိုးစုဒေသတွေရဲ့ လူမှုဘဝ ဖွံ့ဖြိုးဖို့အတွက် အခုလို ဂျပန် ယန်း ၁ဝ ဘီ လျံ ကို မြန်မာနိုင်ငံကို ကူညီထောက်ပံ့ဖို့ ဆုံးဖြတ်ခဲ့တာဖြစ် တယ်လို့ ရန်ကုန်ရှိ ချက်ထရီယံဟိုတယ်မှာ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ 

ဂျပန်အစိုးရက ပေးတဲ့ ထောက်ပံ့ကူညီမှုတွေကို အဓိက တာဝန်ခံဆောင်ရွက်ပေးနေသူကတော့ ဆာဆာ ကာဝါ ဖောင်ဒေး ရှင်းရဲ့ အကြီးအကဲလည်းဖြစ်သလို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်အစိုးရရဲ့ အထူးကိုယ်စား လှယ် တဦးလည်း ဖြစ်တဲ့ မစ္စတာ ဆာဆာကာဝါ ဖြစ်ပါတယ်။ 

မစ္စတာ ဆာဆာကာဝါ ကတော့ တိုင်းရင်းသားဒေသတွေကို ကိုယ်တိုင်သွားရောက်ပြီး ဒုက္ခသည် တွေ၊ နေ ရပ် စွန့်ခွာထွက် ပြေးနေရသူတွေကို ကူညီပေးနေပါတယ်။ 

အခု ဂျပန်အစိုးရပေးတဲ့ အအထောက်အပံ့တွေနဲ့ ပတ်သက်ပြီး ရေတို ရေရှည် စီမံကိန်းတွေ ချပြီး ပဋိပက္ခဖြစ်နေတဲ့ ဒေသ တွေ က အကူအညီလိုအပ်နေသူတွေကို ဆေးဝါး၊ အစားအစာနဲ့ နေအိမ်၊ အသက်မွေးဝမ်းကျောင်း အတတ်ပညာတွေ အ တွက် အသုံးပြုသွားမှာ ဖြစ်တယ်လို့ ဆာဆာကာဝါ က ပြောသွားပါတယ်။ 

မကြာသေးခင်က သမ္မတ ဦးသိန်းစိန်ရဲ့ ဂျပန်နိုင်ငံခရီးစဉ်အတွင်းထဲမှာလည်း ဂျပန်နိုင်ငံထံက ချေးငွေ တချို့ကို သဘော တူ လက်ခံခဲ့တဲ့အကြောင်းတွေ ဂျပန်သတင်းစာမျက်နှာတွေက ဖော်ပြခဲ့ပါသေးတယ်။ 

ဒီအပြင် ကမ္ဘာ့ဘဏ်ကို မြန်မာနိုင်ငံက ပေးဆပ်ဖို့ ရှိနေတဲ့ကြွေးမြီတွေကို ဂျပန်နိုင်ငံက ယာယီ ကြာဝင် ဆပ်ပေးခဲ့လို့ မြန်မာနိုင်ငံဟာ ကမ္ဘာဘဏ်မှာ ကြွေးမြီကင်းရှင်းတဲ့ နိုင်ငံဖြစ်လာကာ ကြွေးမြီသစ်တွေ ချေးယူ ခွင့် ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ 

သမ္မတ ဦးသိန်းစိန် တက်လာပြီးနောက်ပိုင်း ပြုပြင်ပြောင်းလဲရေးတွေ လုပ်လာတာကြောင့် ဂျပန်နိုင်ငံ က မြန်မာနိုင်ငံကို အကူအညီတွေ ပိုမိုပေးလာပြီး မြန်မာနိုင်ငံရဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းမှာလည်း ဂျပန်နိုင်ငံက ရင်းနှီးမြှုပ်နှံမယ်ဆိုတဲ့ သတင်းတွေ ဆက်တိုက်ထွက်ပေါ်လာနေတာ ဖြစ်ပါတယ်။ 

အခြားသော ရင်းနှီးမြှုပ်နှံမှုတွေမှာလည်း ဂျပန်နိုင်ငံက တိုးမြင့်လာနေပါတယ်။

 မစ္စတာ ဆာဆာကာဝါ (ဘယ်ဘက်) နှင့် ဧရာဝတီသတင်းထောက် စောရန်နိုင်တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ တွင် တွေ့ဆုံ စဉ် (ဓာတ်ပုံ – ငြိမ်းဇော် / ဧရာဝတီ)

ဧရာဝတီ

အစ်မဖြစ်သူ ရည်စားနဲ့ချိန်းတွေ့ရာကို အဖော်လိုက်သွားတဲ့ အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ကြောင်ဝင်းဒူးကျေးရွာတွင် အစ်မဖြစ်သူ သမီးရည်းစား ချိန်တွေ့ရာ အရပ်သို့ အဖော်အဖြစ် လိုက်ပါသွားခဲ့သည့် အမျိုးသမီးတစ်ဦးအား အလိုမတူဘဲ သားမယားအဖြစ် အဓမ္မပြုကျင့်ခံရသည့်အတွက် ပုလဲမြို့မရဲစခန်းက ယခုလ ၄ ရက်နေ့ ညနေ ၆ နာရီအချိန်က အမှုရေးဖွင့် ဆောင်ရွက်ခဲ့ရကြောင်း တာဝန်ကျ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။


ကြောင်ဝင်းဒူးကျေးရွာနေ မ....ဆိုသူသည် သူမ၏ ရည်စားဖြစ်သူ မောင်... ဆိုသူနှင့် ချိန်ဆိုတွေ့ရန် ယခုလ ၂ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်က ရွာ၏အရှေ့ဘက် တစ်ဖာလုံခန့်ရှိ ရွာဦးညောင်ပင်ကြီးရှိရာသို့ သွားရောက်ခဲ့ရာတွင် ညီ မဖြစ်သူ မ....အသက်( ၁၈)နှစ် အား အဖော်လိုက်ပါခဲ့ရန် ခေါ်ဆောင်ခဲ့သဖြင့် လိုက်ပါခဲ့ခြင်းဖြစ်သည်။

ထို့နောက် အစ်မဖြစ်သူ မ....မှာ သူ၏ ရည်စားဖြစ်သူနှင့် ညောင်ပင်ကြီးအောက်တွင် ချိန်းဆိုတွေ့နေသည့်အတွက် ရွာသို့ တစ်ယောက်တည်းပြန်လာခဲ့ရာ ဦးရဲကြီး ယာခင်းတော ကုက္ကိုပင်အောက် နေရာအရောက်တွင် တစ်ရွာတည်းနေ မောင် ... အသက်( ၂၇)နှစ်ဆိုသူမှ သူမအား အဝေရာတောအတွင်းသို့ ခေါ်ဆောင်ကာ အလိုမတူဘဲ နာရီဝက်ခန့်ကြာမျှ သားမယားအဖြစ် အဓမ္မ ပြုကျင့်ခဲ့ခြင်းဖြစ်သည့်အတွက် တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါ တိုင်တန်းချက်အား ပုလဲမြို့မရဲစခန်းက(ပ) ၈/ ၂၀၁၄ ပြစ်မှုပုဒ်မ ၃၇၆ အရ အမှုရေးဖွင့်၍ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။

သတင်း၊ ကိုတိုးကြီး (facebook)