Monday, January 6, 2014

အိပ်ရာထဲတွင် မြန်ဆန်စွာ အိပ်မောကျစေမည့် နည်းခြောက်သွယ်

အိပ်ရာထဲတွင် မြန်ဆန်စွာ အိပ်မောကျစေမည့် နည်းခြောက်သွယ်လူအများစုဟာ ခေါင်းအုံးနဲ့ ခေါင်းထိ လိုက်ရုံနဲ့ အိပ်မောကျ သွားတတ်ပါတယ်။ လူအနည်းစု ကတော့ အတွေးတွေ များပြီး တော်တော်နဲ့ အိပ် မပျော်နိုင်ဖြစ် တတ်ပါတယ်။ ဒါကြောင့် အိပ်ရာထဲဝင်ပြီး အချိန် အတော်ကြာတဲ့ အထိ လူးလူးလွန့်လွန့်နဲ့ အိပ် မပျော် နိုင်တာမျိုး မကြုံဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျ စေဖို့ အောက်ပါ နည်းခြောက်သွယ်ကို ရေးသား လိုက်ရပါတယ်။

လေ့ကျင့်ခန်းလုပ်ပါ


အိပ်ရေးဝဝ အိပ်ပျော်ဖို့အတွက် ပုံမှန်လေ့ကျင့်ခန်း လုပ်ပေးသင့်ပါတယ်။ မနက်ခင်း ဒါမှမဟုတ် နေ့ လယ် ခင်းမှာ လေ့ကျင့်ခန်းလုပ်တာက အကောင်းဆုံး ဖြစ်ပြီး အနည်းဆုံး အိပ်ရာဝင်ချိန်မတိုင်ခင် အချိန် သုံးနာရီ လောက်ခြားပြီးမှ လေ့ကျင့်ခန်း လုပ်သင့်ပါတယ်။

နံနက်ခင်း နေခြည်နုနုခံပါ

ကိုယ်ခန္ဓာဇီဝ နရီရဲ့ နိုးထမှုနဲ့ ဟန်ချက်ညီ မျှမှုတို့အတွက် မနက်ခင်းမှာ နေခြည်နုနုခံယူပေးပါ။ မနက် ခြောက်နာရီကနေ ရှစ်နာရီကြား နေခြည်နုနုကို ခံယူတာက အကောင်းဆုံး ဖြစ်ပါတယ်။

စိတ်ဖိစီးမှု ထိန်းချုပ်ပါ

စိတ်ဖိစီးမှုကို ထိန်းချုပ်နိုင်တာကြောင့် အဆိုး မြင်အတွေးတွေကို ကင်းစင်စေပြီး အိပ်ရာထဲ ဝင်တာ နဲ့ ခပ်မြန်မြန် အိပ်မောကျစေပါတယ်။

တစ်ရေးအိပ်စက်ပါ

ပင်ပန်းနေရင် တစ်ရေးအိပ်ပါ။ အချိန် ၃၀ မိနစ် အောက်နည်းပြီး တစ်ရေးအိပ်ပါ။

ကျန်းမာရေးနှင့် ညီညွတ်သော အစာ စားပါ

အမေရိကန်လူမျိုးအများစုဟာ ညစာကို များများ စားလေ့ရှိတာကြောင့် အိပ်စက်မှုစနစ် ထိခိုက်နေရ တယ် လို့ သိရပါတယ်။ မနက်စာကို များများစားတာ၊ နေ့လယ်စာကို အသင့်အတင့်စားပြီး ညစာကို နည်း နည်းပဲ စားတာတွေက အကောင်းဆုံး ဖြစ်ပါတယ်။ ညစာကို အိပ်ရာမဝင်ခင် အနည်းဆုံး နှစ်နာရီ ခြားပြီး စားပါ။ ကဖင်းဓာတ်နဲ့ အယ်လ်ကိုဟောကို လျှော့ သောက်ပြီး ညစာမစားခင် အရည် များများသောက်ပါ။

ပုံမှန် အိပ်ချိန်၊ ထချိန် ထားရှိပါ

အိပ်စက်ဖို့အတွက် သင့်ခန္ဓာကိုယ်ကို ပြင်ဆင် တာနဲ့ နေ့စဉ် အိပ်-နိုးစနစ်ကို တူညီတဲ့အချိန်မှာ ထား ရှိတာကြောင့် ခပ်ကြာကြာ အိပ်မောကျစေပါတယ်။ အိပ်ခန်းထဲမှာ လျှပ်စစ်အသုံးအဆောင်ပစ္စည်းတွေ ကို ဖယ်ရှားပြီး အခန်းအပူချိန်ကို လျှော့ချပါ။

ကြယ်စင်
Good Health

မြန်မာ့လက်ရွေးစင်ယူ၁၆အသင်းအတွက်အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်တို့တွင် ကစားသမား ရွေးချယ်မှုများ ပြုလုပ်မည်



၂၀၁၄ ခုနှစ်အတွင်း နိုင်ငံတကာ ပြိုင်ပွဲများ ယှဉ်ပြိုင် ကစားရန် အတွက် မြန်မာ့ လက်ရွေးစင် ယူ၁၆ အသင်းကို ဖွဲ့စည်း သွားမည် ဖြစ်ရာ အဆိုပါ အသင်းအတွက် ကစားသမား ရွေးချယ်မှုများကို အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည် ဇုန်(၂) ခုခွဲ၍ ကျင်းပပြုလုပ် သွားမည်ဖြစ်သည်။


မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) အနေဖြင့် ကစားသမား များအား ဘောလုံး ကျွမ်းကျင်မှု အပြင် အသက် မှန်ကန်မှု ရှိရေး အတွက်ကိုပါ ကစားသမား ရွေးချယ်ရေး ကော်မတီ ဖြင့် စိစစ်ရွေးချယ် သွားမည်ဖြစ်သည်။ ကစားသမား ရွေးချယ်ရေး ကော်မတီတွင် မြန်မာ့ လက်ရွေးစင် ယူ၁၆ အသင်းနည်းပြ အဖြစ် တာဝန် ယူမည့် ဘူလ်ဂေးရီးယား နိုင်ငံသား နည်းပြ မင်ကော့ဗ်စကီး၊ MFF နည်းစနစ် ဒါရိုက်တာများ ဖြစ်ကြသည့် ဦးဝင်းသူမိုး၊ ဦးတင်မြင့်အောင်၊ ဦးစိုးမြင့်လွင်၊ မန္တလေးမြို့ မြန်မာ ဘောလုံးအကယ်ဒမီမှ နည်းပြ ဦးသန်းလွင်၊ ဇွဲကပင် ယူနိုက်တက် အသင်း CEO ရွှေခေတ် လက်ရွေးစင်ဟောင်း ဦးအေးမောင်ကြီး တို့ပါဝင် ကြပြီး အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည် ဇုန်များခွဲ၍ တာဝန်ယူ ရွေးချယ်သွားမည် ဖြစ်သည်။

အဆိုပါ ကစားသမား ရွေးချယ်မှုကို အထက်မြန်မာပြည် အတွက် မန္တလေးမြို့ ဘောလုံး အကယ်ဒမီတွင် ဇန်န၀ါရီ ၁၅၊ ၁၆ ရက်နေ့များ၌ လည်းကောင်း၊ အောက်မြန်မာပြည် အတွက် သုဝဏ္ဏ လေ့ကျင့်ရေး ကွင်း(၁)နှင့် ကွင်း(၂) တို့တွင် ဇန်န၀ါရီ (၁၈)နှင့် (၁၉) ရက်နေ့ များတွင် လည်းကောင်း နေ့စဉ် နံနက် (၇း၀၀)နာရီမှ စတင်ကာ ကစားသမား ရွေးချယ်မှုများ ပြုလုပ် သွားမည်ဖြစ်သည်။ လာရောက်ရွေးချယ်ခံသူများ အနေဖြင့် ၁၉၉၈ ခုနှစ်နှင့်နောက်ပိုင်း မွေးဖွားသူ များဖြစ်ရမည်ဟု သိရသည်။

မြန်မာ့ လက်ရွေးစင် လူငယ် အသင်းများသည် ယခုနှစ်အတွင်း အာဆီယံ ယူ၁၆ ပြိုင်ပွဲများ၊ ဂျပန်-အာဆီယံ ယူ၁၄ ဖိတ်ခေါ်ပြိုင်ပွဲများ၊ မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာရှ ယူ၁၉ ပြိုင်ပွဲများ စသည်ဖြင့် သက်တမ်း အလိုက် နိုင်ငံတကာ ပြိုင်ပွဲများကို ဆက်လက် ယှဉ်ပြိုင် ကစားရန် ရှိနေသည်။

FROM-Myanmar Football Federation

လူထု လူထု ဆိုပြီး လူတအုပ်နဲ့တော့ တိုင်းပြည်ရဲ့ အချုပ်အခြာ အာဏာကို မခြိမ်းခြောက်နဲ့။ ရန်ပြူဖို့ မကြိုးစားနဲ့။



ဒီနေရာမှာ ... ဗိုလ်ချုပ်အောင်ဆန်း စကားလေး ပြန်မျှပေး လိုက်ချင်ပါတယ်။

" ဘာ လူထု လဲ။ ခင်ဗျားတို့ တစ်ယောက် နှစ်ယောက် ထင်တာလုပ်နေတာ လူထုလား။ ကျုပ်သိတယ်။ ဘာ လူထု လဲ။ လူထု စကားပြောပြီး မုန်လာဥ လာလုပ်လို့ မရဘူး။ "


ကိုယ့်လုပ်တဲ့အလုပ်တိုင်းကို တာဝန်ယူတတ်တဲ့၊ တာဝန်သိတတ်တဲ့ စိတ်ဓာတ်သည် ဒီမိုကရေစီစနစ်၏ အနှစ်သာရပါ။

ဒီမိုကရေစီ ချည်းနင်းကန်အော်ပြီး ပါးစပ်က ကွမ်းတံတွေး တစ်ပျစ်ပျစ် တွေ့ကရာ လိုက်ထွေးနေရင် မဟုတ် သေးပါဘူး။

ခု ... ခင်ဗျားတို့ အော်နေတာက " ဒီမိုကရေစီ " ၊ လုပ်ပုံက " ကွန်မြူနစ် "

နိုင်ငံရေး အမြတ်ထုတ်ချင်တဲ့ သူတွေက ၀ိုင်းမြှောက်ပေး။

ကျောင်းသားအဖေ အရွယ်တွေက ၊ ကျောင်းသားသမဂ္ဂ ဆိုပြီး ပလက်ဖောင်းရှာ ၊ လုပ်ချင်တာ လုပ်။

ခွပ်ဒေါင်းတွေပါ ဒေါင်းဆိုတာ ခွပ်ရမယ်။ ဘာညာလျှောက်ပြော။ ခံရတော့ ပြည်သူတွေ။

ပြောလိုက်တော့ တိုင်းပြည်ကောင်းစားရေး ၊ လုပ်နေတာက တိုင်းပြည် မွဲဆေးဖော်ရေး။

ပြည်သူတွေရဲ့  ရေချိန်ကိုကြည့်ပါဗျာ။ ဖြစ်သင့်ဖြစ်ထိုက်တာကိုသာ တွန်းကြပါ။

အပျက်ပျက်နဲ့  နှာခေါင်းသွေးထွက် ရင် ငါတို့ နိုင်ငံ ၊ ငါတို့ လူမျိုး ၊ ငါတို့ တွေဘဲ ခံရမှာ။

ဘေးကဆိုင်းတီးတဲ့ ၊ ငါတို့ ကို ပျက်ရာပျက်ကြောင်း ဖြစ်စေချင်တဲ့ ၊ သူတွေက လက်ခုပ်တီးပြီး ပျော်နေ မှာပါ။

ဒီနေ့ထိ ခင်ဗျာတို့ အတွေးကြီးက " ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ပစ္စုပါန်နဲ့ ၊ အနာဂတ် ပျောက်နေပြီး ၊ အတိတ်မှာဘဲ ရေသောက် ၊ ဗိုက်မှောက်နေရမဲ့ လူပိန်းကြိုက် ၊ အလကား ၊ အချောင်သမား အတွေးကြီးပါ။ အဲ့ဒါကြီးကို ရပ်ကြပါတော့။ "

မဖြစ်နိုင်သေးတာကို မဖြစ်နိုင်သေးကြောင်း အသိအမှတ်ပြု လက်ခံရန်၊ ဦးတည်ချက်ကို တဖြည်းဖြည်းချင်း (စိတ်ခံစားချက်များကို ရှေ့တန်းမတင်ပဲ) ဆောင်ရွက်နိုင်မှသာ ပွတ်တိုက်မှုနဲနဲဖြင့် အောင်မြင်နိုင်သည့် အခွင့်အလမ်းများ ရပါမည်။

လူမိုက်တွေစွာ ၊ အချောင်သမား လူလိမ်တွေ ရမ်းကားနေတဲ့ ဒီမိုကရေစီခေတ်မှာ နိုင်ငံတော်အစိုးရအနေနဲ့ လူမိုက်တွေ ၊ အချောင်သမား လူလိမ်တွေ ၊ လူရမ်းကားတွေကို ထိထိရောက်ရောက် အရေးယူ အပြစ် ပေးဖို့  တောင်းဆိုလိုက်ပါတယ်။

FROM-KO JHON

ဖက်ဒရယ်ပြည်ထောင်စုပါတီ ခေါင်းဆောင်ရွေးဦးမည်မဟုတ်

တိုင်းရင်းသားပါတီများ စုပေါင်းဖွဲ့စည်းထားသည့် ဖက်ဒရယ်ပြည်ထောင်စုပါတီ (FUP)၏ ဒီဇင်ဘာ ၁၈ ရက် ဗဟိုအလုပ်အမှုဆောင်ရွေးချယ်ပွဲတွင် ပါတီခေါင်းဆောင်နှင့် အထွေထွေအတွင်းရေးမှူးရာထူးတို့ အတွက် ရွေးချယ်ဦးမည်မဟုတ်ဘဲ ဒုတိယဥက္ကဋ္ဌသုံးဦး၊ အတွင်းရေးမှူးသုံးဦးကိုသာ ခန့်အပ်ရန် စီစဉ် ထားသည်ဟု FUP ဒုတိယခေါင်းဆောင်(ယာယီ) ဦးစောသန်းမြင့်က ဒီဇင်ဘာ ၅ ရက်တွင် မဇိ္ဈမကို ပြောသည်။


“ပါတီအလိုက် ကိုယ်စားလှယ်လူစာရင်းတွေတော့ရပြီ။ အဲဒီနေ့ကျရင် ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း (NBF)က တာဝန်ရှိသူတွေလည်း လာမယ်။ လောလောဆယ်တော့ ပါတီခေါင်းဆောင်နဲ့ အထွေ ထွေအတွင်းရေးမှူးရာထူးတွေ မရွေးချယ်သေးဘူး”ဟု ၎င်းက ပြောသည်။ ရွေးချယ်ပွဲကို ရန်ကုန်မြို့၊ လမ်းမတော်ကွန်ဒိုရှိ FUP ရုံးခန်းတွင် ပြုလုပ်မည်။

အဖွဲ့ဝင် ၁၅ ပါတီရှိသည့် FUP ၏ ၂၀၁၃ ခုနှစ် မေ ၁၁ ရက် တောင်ကြီးမြို့တွင် ပြုလုပ်သည့် အစည်း အဝေး၌ FUPအဖြစ် သီးခြားပါတီဖွဲ့စည်းရန် အတည်ပြုခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် FUP တွင်ပါဝင်သည့် တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်များထုတ်နုတ်၍ ဖက်ဒရယ်ပြည်ထောင်စုပါတီ(FUP)အဖြစ် ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ လျှောက်ထားခဲ့ပြီး ဒီဇင်ဘာ၂၅ ရက်မတိုင်မီ မှတ်ပုံတင်ခွင့်ရရှိခဲ့ သည်ဟု ဦးစောသန်းမြင့်က ဆိုသည်။

“FUP အဖွဲ့ဝင် တိုင်းရင်းသားပါတီတွေဆီက တစ်ပါတီ ၂ ဦးစီနဲ့ ဗဟိုကော်မတီဖွဲ့ဖို့ပါ။ ဥက္ကဋ္ဌတို့ အထွေ ထွေအတွင်းရေးမှူးရာထူးတို့အတွက် အငြင်းပွားစရာရှိလို့ မဟုတ်ပါဘူး။ လူမစုံသေးလို့ပါ။ ကျွန်တော်ဆို ရင်လည်း အခု ချင်းပြည်နယ် ပြန်ရောက်နေတယ်လေ”ဟု FUP ယာယီဥက္ကဋ္ဌတာဝန်ယူထားသူ ဒေါက် တာဂမ်ဂျန်ဒါးက ဒီဇင်ဘာ ၅ ရက်တွင် မဇိ္ဈမကို ပြောသည်။

လာမည့်ရွေးကောက်ပွဲတွင် FUP အဖွဲ့ဝင် တိုင်းရင်းသားပါတီများက သက်ဆိုင်ရာ ပြည်နယ်များတွင်သာ အာရုံစိုက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ကိုယ်စားလှယ်များ စုပေါင်းဖွဲ့စည်းထားသည့် FUP အနေဖြင့် အခြားသော တိုင်းဒေသများတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားခြင်းဖြစ်သည်။ ပါတီအနေဖြင့် ရန်ကုန်၊ မန္တလေး၊ ပဲ ခူး၊ ဧရာဝတီတိုင်းတို့တွင် အခြေစိုက်ရုံးခွဲများ ဖွင့်လှစ်ရန် ပြင်ဆင်ထားပြီးပြီဟု ဦးစောသန်းမြင့်က ပြော သည်။

ပါတီဝင်အင်အားကို ယခုလအတွင်း ဦးရေတစ်သောင်းပြည့်မီရန် လျာထား လာမည့်အစည်းအဝေးတွင် ဗဟိုအလုပ်အမှုဗဆာင်များ ရွေးချယ်ခြင်းကို အဓိက ဆောင်ရွက်မည်ဟု ဆိုသည်။

FUP ကို ညီနောင်တိုင်းရင်းသား ဖက်ဒရေးရှင်းအဖွဲ့ဝင်များဖြစ်သည့် ရှမ်းတိုင်းသားများ ဒီမိုကရက်တစ်ပါ တီ၊ တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ချင်းအမျိုးသားပါတီ၊ ကယန်းအ မျိုးသားပါတီ၊ အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ၊ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်၊ တအာင်း (ပလောင်)အမျိုးသားပါတီ၊ အရှိုချင်းအမျိုးသားပါတီ၊ “၀”ဒီမိုကရက်တစ်ပါ တီ၊ “၀”အမျိုးသား စည်းလုံးညီညွတ်ရေးပါတီနှင့် တိုင်းရင်းသားလူမျိုးစုများ ဖွံ့ဖြိုးရေးပါတီတို့မှ ကိုယ်စား လှယ်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

သမ္မတက ကျပ်သိန်းသုံးထောင် မဲဖောက်ပေးသည်ဟုဆိုကာ ငွေလိမ်တောင်း

နိုင်ငံတော်၏ ၂၀၁၃ ဘဏ္ဍာနှစ်အချုပ် ငွေတွင် ပိုငွေသိန်း ၃၃၀၀ ကို ပြည်သူများအတွက် မဲဖောက်ပေး သည်ဟုဆိုကာ ငွေလိမ်လည်ရန် ကြိုးပမ်းမှုတစ်ခု နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တွင် ဖြစ်ပွားခဲ့ သည်ဟု လိမ်လည်ခံရသူ မခင်မိုးက ဒီဇင်ဘာ ၅ ရက်တွင် မဇ္ဈိမသို့ ပြောသည်။


အဆိုပါ ဘဏ္ဏာငွေများအား နိုင်ငံတော်မှ ချထားပေးသော ဖုန်းနံပါတ်များ မဲဖောက်ပေးခဲ့ရာတွင် ဖုန်း ပိုင်ရှင် သုံးဦးမဲပေါက်ခဲ့သည့်အတွက် တစ်ဦးလျှင် သိန်း ၁၁၀၀ ကျပ်စီ ရရှိမည်ဖြစ်ပြီး နိုင်ငံတော်သို့ အခွန်ငွေအဖြစ် ကျပ် ၂၂ သိန်းကို ပြန်လည်ပေးသွင်းရမည်ဟုဆိုကာ ဇန်န၀ါရီ ၂ ရက်တွင် ဖုန်းဖြင့် ဆက်သွယ် လိမ်လည် ခဲ့ခြင်းဖြစ်သည်။

“ကျွန်မတို့က စာလည်းသိမ်မဖတ်တော့ လိမ်တာကို မသိဘူး၊ သူတို့က ၂၂ သိန်း မပေးနိုင်ရင်တောင် အနည်း ဆုံး ရှစ်သိန်းပေးရမယ် တောင်းတယ်။ ဒါနဲ့ ရန်ကုန်က အမျိုးတွေဆီ အကျိုးအကြောင်းပြောပြီး ပိုက်ဆံလှမ်းချေးတော့မှ အဲဒါ လိမ်နေတာလို့ သိခဲ့ရတာ” ဟု မခင်မိုးက ဆိုသည်။

အဆိုပါ လိမ်လည်သူများသည် ယင်းတို့ကိုယ်တိုင် ရန်ကုန်တိုင်းဘဏ္ဍာခွန် ၀န်ကြီးဟုလည်းကောင်း၊ ၀န်းကြီး၏ ကိုယ်ရေးအရာရှိ စစ်ဗိုလ်အမည်ဖြင့်သော်လည်းကောင်း ဖုန်းဆက်သွယ်အကြောင်းကြား သည့်ဟန်ဖြင့် လိမ်လည်ခဲ့ခြင်းလည်း ဖြစ်သည်။

ထို့ပြင် အခွန်ငွေအား ဘဏ်မှတစ်ဆင့်လွှဲခိုင်းရာတွင်လည်း ဘဏ်ရှေ့ရောက်မှသာ လွှဲပို့ပေးရမည့် ဘဏ်နှင့် အမည်လိပ်စာတို့ကို ပြောပြပေးမည်ဟု ပြောဆိုခဲ့ကြောင်း မခင်မိုးက ပြန်လည်ပြောပြခဲ့သည်။

ထို့ပြင် လိမ်လည်ရန် ကြိုးပမ်းသူတို့မှာ ဖုန်းနံပါက် ၀၉ ၄၂၁၀၂၆၉၉၃ ဖြင့် အသုံးပြုလိမ်လည် ခဲ့ခြင်းဖြစ် ကြောင်းနှင့် ဇန်န၀ါရီ ၃ ရက်တွင် ယင်းဖုန်းသို့ ဆက်သွယ်မေးမြန်းရာတွင်လည်း လိမ်လည် သူများ က မချေမငံ ပြောဆိုခဲ့သည်ဟု ကာယကံရှင်က ပြောပြခဲ့သည်။

ယင်းသို့သော လိမ်လည်မှုများ ယခင်ကလည်း ရှိခဲ့ဖူးပြီး ယခင်က နာမည်ကြီး ထီဆိုင်များကို အသုံးပြု၍ လိမ်လည်ခဲ့ခြင်းဖြစ်ကာ နောက်ပိုင်းတွင် နိုင်ငံတော်သမ္မတရုံးကဟုလည်းကောင်း၊ ဆက်သွယ်ရေးဝန် ကြီးဌာနကဟုလည်းကောင်း ပြောင်းလဲ၍ လိမ်လည်လေ့ရှိသည်။

အဆိုပါ လိမ်လည်မှုများနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနများက လည်း ယင်းသို့သော ကံစမ်းမဲဖောက်ပေးသည်ဆိုခြင်းသည် လိမ်လည်ခြင်းသာဖြစ်ကြောင်းနှင့် ယင်းတို့ ဌာနများ အနေဖြင့် ပြည်သူအတွက် ကမ်းစမ်းမဲဖောက်ပေးသည်ဆိုသော အစီအစဉ်များ ပြုလုပ်ပေးခြင်း မရှိကြောင်း မီဒီယာများသို့ ပြန်လည်ပြောကြားထားသည်။

၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၀ ရက်ကလည်း ဗဟန်းမြို့နယ်ရှိ ဆရာတော်တစ်ပါးထံသို့ ဆက်သွယ်ရေး ၀န်ကြီးဌာနမှ ငွေကျပ်သိန်း ၄၅၀ ကံစမ်းမဲပေါက်သည်ဟုဆိုကာ ငွေလိမ်လည်ရန် ကြိုးပမ်းမှုတစ်ခု ဖြစ် ပွားခဲ့သည်။

ထိုအချိန်က နိုင်ငံတော်အခွန်အဖြစ် ငွေကျပ် ၁,၃၅၀,၀၀၀ ကျပ်အား ဘဏ်မှတစ်ဆင့်လွှဲအပ်ခိုင်းရာ တွင် သက်ဆိုင်ရာ ဆရာတော်က လွှဲပြောင်းပေးအပ်ခြင်းမရှိဘဲ မြို့နယ်ရဲစခန်းတွင် အမှုဖွင့်တိုင်တန်းခဲ့ သည်။

ထို့ပြင် ဆက်သွယ်ရေးဝန်ကြီးဆိုသူက ငွေကျပ် သိန်း ၂၀၀၀ ကံစမ်းမဲပေါက်သည်ဟုဆိုကာ လိမ်လည်ခဲ့ သဖြင့် မန္တလေးတိုင်း တောင်သာမြို့နယ်မှ အမျိုးသမီးတစ်ဦး ၂၀၁၃ ခုနှစ် ဇူလိုင်လ ၂၄ ရက်က ငွေကျပ် ၅၁ သိန်း လိမ်လည်ခံခဲ့ရသည်။

Mizzima - News in Burmese

ယာဉ်မောင်းနေစဉ် ဖုန်းသုံးစွဲခြင်း အကြီးမားဆုံးအန္တရာယ်ဟု လေ့လာသူများ သုံးသပ်

ယာဉ်မောင်းနေစဉ်အတွင်း ဖုန်းသုံးစွဲခြင်းသည် အကြီးမားဆုံးအန္တရာယ်တစ်ရပ်ဖြစ်သည်ဟု အင်္ဂလန် နိုင်ငံ ထုတ် ဆေးဝါးဂျာနယ်တစ်စောင်မှ လေ့လာချက်အသစ်တစ်ရပ်တွင် ဖော်ပြထားသည်။


ကားတစ်စီးအား မောင်းနှင်နေစဉ်တွင် ဆဲလ်ဖုန်းခေါ်ဆိုမှုပြုလုပ်ခြင်းသည် ယာဉ်တိုက်မှုအန္တရာယ်နှင့် ယာဉ်တိုက်လုနီးပါးအခြေအနေဖြစ်ပေါ်မှုကို သာမန်ထက်ရှစ်ဆခန့် ပိုမိုများပြားစေနိုင်သည်ဟု လေ့လာမှု တွင် ဖော်ပြထားသည်။ သုတေသီများသည် ဗာဂျီနီးယားအနောက်တောင်ပိုင်းမှ ဆယ်ကျော်သက် အရွယ် လိုင်စင်ရထားပြီးသား ယာဉ်မောင်း ၄၂ ဦးနှင့် ၀ါရှင်တန်မှအတွေ့အကြုံရှိသည့် မော်တော်ကား မောင်းသူ ၁၀၉ ဦးတို့ထံမှ ယာဉ်မောင်းဆိုင်ရာ အချက်အလက်များကို ၁၂ လမှ ၁၈ လကြာအထိ စု ဆောင်းကောက် ယူခဲ့ကြသည်။

ဖော်ပြပါယာဉ်မောင်းများမောင်းနှင်သောကားများအားလုံးသည် ကင်မရာများ၊ ရှိန်နှုန်းပြ မီတာတိုင်းဒိုင် ခွက် များနှင့် GPS များ တပ်ဆင်ထားသည်။ လေ့လာသုံးသပ်သူများသည် ရုပ်ဝတ္ထုပစ္စည်းတစ်ခုနှင့် အခြားတစ်ခု တိုက်မိခြင်း (သို့) တိုက်မိလုနီးပါး အခြေအနေကို ဖြစ်ပွားစေသည့် ယာဉ်တိုက်မှုတစ်ခု၏ အထောက်အထား များ အတွက် မှတ်တမ်းများကို ကြည့်ရှုသုံးသပ်ခဲ့ကြသည်။

ထို့ပြင် ယာဉ်တိုက်မှုတစ်ခုအား ရှောင်ရှားနိုင်ရန်အတွက် ယာဉ်တစ်စီး၏ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ လှုပ်ရှား ကန့််သတ်ချက်များကို စိန်ခေါ်နေသော နောက်ဆုံးမိနစ်ပိုင်းအတွင်း ယာဉ်မောင်း၏ လှုပ်ရှားဆောင်ရွက် မှုကိုလည်း ပြန်လည်သုံးသပ်ခဲ့ကြသည်။ ထို့နောက် ၎င်းတို့သည် မော်တော်ကားလှုပ်ရှားမှုများနှင့် ယာဉ်မောင်းများ၏ ကင်မရာမှတ်တမ်းများကို အပြန်အလှန်သုံးသပ်ခဲ့ကြပြီးနောက် ယာဉ်မောင်းနေစဉ် အတွင်း ဖုန်းပြောဆိုခြင်း၊ ဖုန်းခေါ်ခြင်း၊ ကားပြတင်း အပြင်သို့ လှမ်းကြည့်နေခြင်း (သို့) ကားကက်ဆက် အားဖွင့်နေခြင်းစသည့် ၎င်းတို့၏အပြုအမူများအတွက် အကဲဖြတ်ခဲ့ကြသည်။

အချက်အလက်များအားလုံးအား ခြုံငုံသုံးသပ်ရာတွင် လေ့လာမှုပြုလုပ်နေသည့် အတောအတွင်းမှာပင် ယာဉ်မောင်းများသည် ယာဉ်တိုက်မှု ၇၃ ခုနှင့် ယာဉ်တိုက်လုနီးပါးအခြေအနေ ၆၁၂ ခု ဖြစ်ပွားခဲ့သည်။ လေ့လာဆန်းစစ်မှုတွင် ပါဝင်သော ယာဉ်မောင်းများအနက် ကားမောင်းနေစဉ် ဆဲလ်ဖုန်းခေါ်ဆိုမှု ပြု လုပ်သူများသည် ယာဉ်တိုက်မှုဖြစ်ပွားနှုန်း (သို့) တိုက်လုနီးပါးအခြေအနေပေါ်ပေါက်မှုနှုန်းမှာ သာမန် ထက်စာလျှင် ၈ ဒသမ ၃၂ ဆခန့် ပိုများသည်ကို တွေ့ရှိရသည်။

ထိုအတောအတွင်း မထင်မှတ်ထားသည့်ဖြစ်ရပ်မျိုးဖြစ်သည့် ယာဉ်မောင်းနေစဉ်အတွင်း ဖုန်းအပြင် တစ်စုံတစ်ခုအား လှမ်းယူခြင်းမျိုးကြောင့် ဖြစ်ပွားရသည့်ယာဉ်တိုက်မှုမှာ သာမန်ထက်ရှစ်ဆ ပိုမိုမြင့် မား ကြောင်း ၊ ဖုန်းအားလှမ်းကိုင်ရန် ကြိုးစားမှုကြောင့် ဖြစ်ပွားရခြင်းမှာ ၇ ဒသမ ၀၅ ဆ ပိုမို များပြားကြောင်း၊ လမ်းဘေးတစ်နေရာအား လှမ်းကြည့်ခြင်းကြောင့် ဖြစ်ပွားရခြင်းမှာ ၃ ဒသမ ၉ ဆ ပိုများသလို ယာဉ် မောင်းနေစဉ် အစာစားခြင်းကြောင့် ဖြစ်ပေါ်မှုမှာ၂ ဒသမ ၉၉ ဆပိုများကြောင်း LA Times သတင်းစာ တွင် ဖော်ပြထားသည်။

တစ်စုံတစ်ခုအား သောက်သုံးနေခြင်းနှင့် ရေဒီယိုဖွင့်နေခြင်းတို့ ဖြစ်ပွားမှုမှာမူ ပြောပလောက်အောင် မများကြောင်း လေ့လာသူများက သုံးသပ်ထားသည်။ အတွေ့အကြုံရှိသောယာဉ်မောင်းများတွင် ဆဲလ် ဖုန်းခေါ်ဆိုမှုကြောင့် ယာဉ်တိုက်မှု (သို့) ယာဉ်တိုက်လုနီးပါးအခြေအနေဖြစ်ပေါ်မှုကို ပိုမိုတိုးပွားစေပြီး ထိုလုပ်ရပ်ကြောင့် ၎င်းတို့တွင် ယာဉ်တိုက်မှုဖြစ်ပွားနှုန်းမှာ သာမန်ထက် ၂ ဒသမ ၄၉ ဆပိုများကြောင်း သိရှိရသည်။

Mizzima

ဂီတမှူး အကယ်ဒမီ ဇော်မျိုးထွဋ် ရုတ်တရက် ကွယ်လွန်


မြန်မာ့ ကိုယ်ပိုင်သံစဉ် တေးဂီတလမ်းကြောင်းကို ဦးဆောင်နေသော အနုပညာရှင် ဇော်မျိုးထွဋ် ကွယ်လွန်ခြင်းအတွက် နယူးယောက်မြို့နေ မြန်မာ ဂရပ်ဖစ်ဒီဇိုင်း ပညာရှင် ကိုမျိုးက ဂုဏ်ပြုဖန်တီးထားသော ရုပ်ပုံ ဖြစ်ပါသည်။

မြန်မာ့အနုပညာ လောကတွင် ကိုယ်ပိုင် သံစဉ် တေးဂီတများ ဖန်တီး ရာမှာ ရှေ့ဆောင်နေသူ ဂီတမှူး အကယ် ဒမီ နှစ်ထပ်ကွမ်း (ဦး) ဇော်မျိုးထွဋ် သည် ဇန်နဝါရီ ၅ ရက် ညနေ က ရန်ကုန်မြို့တွင် ရုတ်တရက် နှလုံး ရောဂါ ဖောက်ကာ အသက် ၅၃ နှစ် အရွယ်တွင် ကွယ်လွန်သွား ကြောင်း သတင်းရရှိပါသည်။


ဇော်မျိုးထွဋ်သည် ခေတ်ပေါ် အနောက်တိုင်း တူရိယာအမျိုးမျိုးကို ကျွမ်းကျင်စွာ တီးခတ်နိုင်ပြီး မဇ္ဈိမလှိုင်း တေးဂီတအဖွဲ့၏ လိဒ်ဂစ်တာသမား အဖြစ် ကျော်ကြားပါသည်။ နာမည်ကျော် စန္ဒရား လှထွဋ်၏ သား ဖြစ်သူ ဇော်မျိုးထွဋ်သည် ဂီတမှူးအဖြစ် တေးဂီတများကို ဖန်တီးရေးဖွဲ့ရာတွင် အနုပညာပြောင်မြောက်သူ ဖြစ်သည်။

ရုပ်ရှင်တေးဂီတ အကယ်ဒမီဆုကို ၁၉၉၇ ခုနှစ်တွင် 'မြင့်မြတ်နှလုံးသား' ဇာတ်ကားဖြင့် ပထမဆုံး ဆွတ်ခူးခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် 'ထာဝရအလင်းတန်း' ဇာတ်ကားဖြင့် ထပ်ဆင့် အကယ်ဒမီ ရရှိခဲ့သည်။ နယူးယောက်မြို့နေ စန္ဒရား အောင်ဝင်းက အနုပညာရောင်းရင်း ဇော်မျိုးထွဋ်နှင့် ပတ်သက်၍ "ကိုဇော်နဲ့ ကျွန်တော်က ၁၉၈၀ မတိုင်မီကတည်းက အတူတူ တီးခဲ့ပါတယ်။ ၁၉၈၀ နောက်ဖက်မှာ ရုပ်ရှင်မင်းသားကြီး (ကို) ဝင်းဦးရဲ့ သင်္ကြန်ခရီးစဉ်တွေတိုင်း အတူတူ ခရီးသွားပြီး မန္တလေး၊ မော်လမြိုင်၊ ဖားအံ အစရှိတဲ့ မြို့တွေမှာ အတူတူ တီးခဲ့ကြပါတယ်" ဟု ပြောပြပါသည်။

အမေရိကန်သို့ ပထမဆုံးနှင့် နောက်ဆုံးခရီး

အမေရိကန်နိုင်ငံမှ Myanmar American Musical Arts Society ဥက္ကဋ္ဌ ဒေါက်တာ ဇော်မင်းဦးသည် မြန်မာနိုင်ငံမှ နာမည်ကျော် အဆိုတော် (ကို) ခင်မောင်တိုးနှင့် (ကို) ဇော်မျိုးထွဋ်တို့ကို ဖိတ်ခေါ်သဖြင့် ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလအထိ အမေရိကန် ပြည်ထောင်စုတွင် အနုပညာဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

နယူးယောက်မှ စန္ဒရား အောင်ဝင်း၊ မေရီလန်းမှ မီမီဝင်းဖေတို့နှင့် တွဲဖက်ကာ ပြည်နယ် ၆ ခုတွင် ခင်မောင်တိုး၊ ဇော်မျိုးထွဋ်တို့၏ ဂီတဖျော်ဖြေပွဲများမှာ အမေရိကန်ရောက် မြန်မာပရိသတ်အတွက် တသသ ဖြစ်ကျန်ရစ်စေသော အနုပညာရသကို ပေးစွမ်းနိုင်ခဲ့သည်။

"အလွန်ရိုးစင်းပြီး စိတ်ကောင်းရှိတဲ့ ဂီတသမား ဖြစ်ပါတယ်။ အနောက်တိုင်း၊ အရှေ့တိုင်း နှစ်ဖက်စလုံး ကျွမ်းကျင်တဲ့ ရှားပါး ဂစ်တာသမားပါ" ဟူ၍ စန္ဒရား အောင်ဝင်းက နှမျောတသစွာ မှတ်ချက်ချပါသည်။ အကယ်ဒမီ နှစ်ထပ်ကွမ်း ဂီတမှူး ဇော်မျိုးထွဋ်သည် လွန်ခဲ့သော ၁၄ နှစ်က သူ့ဖခင် စန္ဒရား လှထွဋ် ကွယ်လွန်ခဲ့သော ဇန်နဝါရီ ၅ ရက်မှာပင် မမျှော်လင့်ပဲ ကွယ်လွန်သွားခြင်း ဖြစ်သည်။

မြန်မာ့ ကိုယ်ပိုင်သံစဉ် တေးဂီတလမ်းကြောင်းကို ဦးဆောင်နေသော အနုပညာရှင် ဇော်မျိုးထွဋ် ကွယ်လွန်ခြင်းအတွက် နယူးယောက်မြို့နေ မြန်မာ ဂရပ်ဖစ်ဒီဇိုင်း ပညာရှင် ကိုမျိုးက ဂုဏ်ပြုဖန်တီးထားသော ရုပ်ပုံ ဖြစ်ပါသည်။

KNUနှင့် သမ္မတ၊ ကာချုပ်တို့ နေပြည်တော်တွင် တွေ့ဆုံ



သမ္မတဦးသိန်းစိန်နှင့် ကရင်အမျိုးသားအစည်းအရုံး KNUတို့ ဇန်နဝါရီ ၅ရက် နံနက်ပိုင်းက နေပြည် တော်ရှိ လယ်တောအိမ်ရာတွင် တွေ့ဆုံခဲ့ပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ် လက်မှတ်ရေးထိုးရေးကို အဓိကထား ဆွေးနွေးခဲ့ကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က မဇ္ဈိမကိုပြောသည်။


သမ္မတနှင့် KNU တို့တွေ့ဆုံမှုတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် တိုင်းရင်းသားများ၏ ဒုတိယအကြိမ်ညီလာခံဖြစ်သော ဇန်နဝါရီလ ၂၀ရက်တွင် ပြုလုပ်မည့် ဘားအံညီလာခံ အကြောင်း အပါ အဝင် တစ်နိုင်ငံလုံး အပစ်ရပ်ရေး လက်မှတ်ရေးထိုးရေး ကိစ္စရပ်များကိုပါ ထည့်သွင်း ဆွေးနွေးခဲ့ သည်ဟုဆိုသည်။ 

KNUအဖွဲ့သည် ညနေပိုင်းတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်လည်း တွေ့ဆုံခဲ့သေးသည်။ 

သမ္မတနှင့် တွေ့ဆုံမှုတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖောင်ဆောင်ရေး လုပ်ငန်းကော်မတီမှ ပြည်ထောင်စု ဝန်ကြီးများဖြစ်သော ဦးအောင်မင်း၊ ဦးခင်ရီနှင့် ဦးစိုးသိန်းတို့လည်း ပါဝင်သည်။ 

Mizzima - News in Burmese

လူပုဂ္ဂိုလ်နှင့် အရပ်ဘက်အဖွဲ့အစည်းမှ ၃၅ ဦး ဂုဏ်ထူးဆောင် ဆုတံဆိပ်များ မန္တလေးတိုင်းအစိုးရ ချီးမြှင့်

မန္တလေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့က ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့တွင် အမိန့် ကြော်ငြာစာ အမှတ် ၁/၂၀၁၄ ဖြင့် လူပုဂ္ဂိုလ်နှင့် အရပ်ဘက် အဖွဲ့အစည်းများမှ ၃၅ ဦးအား ဂုဏ်ထူး ဆောင် ဆုတံဆိပ်များ ပထမဦးဆုံး ချီးမြှင့်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ထုတ်ပြန်ချက်အရ သိရှိရသည်။


ယင်းသို့ဆုတံဆိပ် ချီးမြှင့်ရာတွင် စီမံခန့်ခွဲရေးဆိုင်ရာ ထူးချွန်ဆုတွင် ရှစ်ဦး၊ စက်မှုစီးပွား ထူးချွန်ဆုတွင် သုံးဦး၊ စိုက်ပျိုးရေးဆိုင်ရာ ထူးချွန်ဆု လေးဦး၊ မွေးမြူရေး ဆိုင်ရာ ထူးချွန်ဆု ငါးဦး၊ ပညာရေးဆိုင်ရာ ထူးချွန်ဆုလေးဦး၊ လူမှုရေးဆိုင်ရာ ထူးချွန်ဆုတွင် ၁၁ ဦးတို့ ပါဝင်ကြောင်း ယင်း ထုတ်ပြန်ချက်အရ သိရှိရသည်။

"အခုလို ချီးမြှင့်ခံရတာ ဂုဏ်ယူပါတယ်။ ကျွန်တော်တို့ လူမှုရေးအသင်းအဖွဲ့တွေ ဆိုတာ စေတနာ၊ ဝါသနာ စတာတွေနဲ့ အနစ်နာခံပြီး လုပ်နေကြတာပါ။ ကျွန်တော် တို့အသင်း တင်မကဘဲ တခြားအသင်းတွေ ကိုလည်း ချီးမြှင့်သင့်ပါတယ်" ဟု လူမှုရေး ဆိုင်ရာထူးချွန်ဆုရ ချမ်းမြသုခ လူမှုကူညီရေးအသင်း အတွင်း ရေးမှူး ဦးလှအောင်က The Voice သို့ ပြောကြားသည်။ ယင်းဆု ချီးမြှင့်မည့်ရက်ကို မသိရှိသေး ကြောင်း ဂုဏ်ထူးဆောင် ချီးမြှင့်ခံရသူ များထံမှ သိရှိရသည်။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အနေနှင့် တိုင်းဒေသကြီးအတွင်း စွမ်းစွမ်းတမံ ထူးချွန်ပြောင်မြောက်စွာ တာဝန်ထမ်းဆောင် ခဲ့ကြသော ဝန်ထမ်းများနှင့် တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေး အတွက် ထူးချွန်စွာ ကူညီဆောင်ရွက်ခဲ့ကြသော ပုဂ္ဂိုလ်များ၊ လူမှုရေးဆိုင်ရာ ကိစ္စရပ်များကို စွမ်းစွမ်းတမံ ထူးချွန်ပြောင်မြောက် စွာ ဆောင်ရွက်ခဲ့သော လူပုဂ္ဂိုလ်များ၊ အစိုးရ မဟုတ်သော လူမှုရေးဆိုင်ရာ အသင်းအဖွဲ့ များအား ဂုဏ်ထူး ဆောင် လက်မှတ်များနှင့် ဂုဏ်ထူးဆောင်ပစ္စည်း များကို မန္တလေးတိုင်း ဒေသကြီး ဂုဏ်ထူးဆောင် လက်မှတ် များနှင့် ဂုဏ်ထူးဆောင်ပစ္စည်းများ ချီးမြှင့်အပ်နှင်းခြင်း ဆိုင်ရာ ဥပဒေအရ အပ်နှင်းကြောင်း ယင်း ထုတ်ပြန်ချက် အရ သိရှိရသည်။

ယင်းဥပဒေကို ၂၀၁၂ ခုနှစ် အောက်တိုဘာလ အတွင်းက မန္တလေးတိုင်းဒေသကြီး လွှတ်တော်တွင် အတည်ပြု ပြဋ္ဌာန်းခဲ့သည်။

နိုင်ငံတော်သမ္မတ၏ စွမ်းဆောင်ရည်ဆု ချီးမြှင့်ပွဲကို ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့တွင် မန္တလေး မြို့တော်ခန်းမတွင် ကျင်းပခဲ့ရာ ဗြဟ္မစိုရ် လူမှုကူညီအသင်း၊ မင်းကွန်းဘိုးဘွားရိပ်သာ (ချမ်းအေးသာစံ)၊ မလွန်ဈေး ဆန်လှူအသင်း၊ ဦးစိန်မြင့် (မြန်မာ့ရွှေချည်ထိုး)၊ ရွှေစင်အကယ်ဒမီ ရွှေဆိုင်းလုပ်ငန်း၊ ဦးဝင်းမောင် (တမ္ပဝတီ)၊ ဦးကျော်ခင်မိသားစု ကျောက်ပန်းချီ လုပ်ငန်း၊ ဦးဘညိမ်း ယွန်းထည်လုပ်ငန်းတို့ ချီးမြှင့်ခံခဲ့ရသည်။

The Voice Weekly

၅၉ (စ) ပြင်ဆင်ခြင်း နှင့် ဒေါ်အောင်ဆန်းစုကြည်၊ NLD တို့၏ အနာဂတ်



ဒေါ်စု နှင့် NLD က ၅၉ (စ) ကို ပြင်ချင်တယ်ဆိုတာတွေ ခုတစ်လော မှာ လုပ်လာတယ်။ ဟုတ်ပြီ ပြင်ကြမယ်ပဲ ဆိုပါစို့။ ဘယ်လို ပြင်ချင်တာလဲက အရေးကြီးလာတယ်။ ခက်နေတာက ဘယ်လိုပဲပြင်ပြင် ဒေါ်စုသမ္မတ ဖြစ်နိုင်သည်ထက်ပြင်ရင် အမျိုးသားလုံခြုံရေးကို ထိခိုက်မယ်။


ဒေါ်စုက တိုင်းရင်းသား မိဘနှစ်ပါးက မွေးလာတာတွေက မှန်ပေမယ့် ၅၉ (စ) ကို ပြင်/ဖျက်ရလောက်အောင်ထိ ၅၉ (ခ) က မလုံခြုံသေးဘူး။ ၅၉ (စ) ပြင်ဆင်လိုက်ရင် ဖြစ်လာမယ့် အကျိုးဆက်ကို ဥပဒေပညာရှင် ဒေါက်တာ ဆလိုင်းငွန်ကျုံးလျန် ပြောတာ အထင်အရှားရှိတယ်။ ဘယ်သူမှ မငြင်းနိုင်ဘူး။ အမျိုးသား လုံခြုံရေးကို ထိခိုက်မယ်ဆိုရင် ဒေါ်စုလည်း မရဘူး။ အခြား ဘယ်သူမှလည်း မရဘူး။ ကန့်ကွက်ကြမှာပဲ။ ဒေါ်စု အနေနှင့်လည်း ဒါကို သဘောပေါက်ပြီး နောက်တက်လာမယ့် အစိုးရမှာ နောက်ကွယ်က သြဇာ အာဏာရှိတဲ့သူ အနေအထားကို စဉ်းစားတာက ပိုအဆင်ပြေမယ်။ ဒေါ်စုရဲ့ အလုပ်လုပ်ပုံတွေကို ကြည့်လိုက်ရင် ဘယ်ကိစ္စတစ်ခုမှ ဖြေရှင်းနိုင်တာ မတွေ့ရဘူး။ လက်ပံတောင်း။ တရားဥပဒေစိုးမိုးရေး ကော်မတီ။ ဒေါ်စုကို သမ္မတနေရာမှာ စဉ်းစားကြည့်ရင် သာမာန်ပုဂ္ဂိုလ်တစ်ယောက်ရဲ့ အရည်အချင်းပဲ ရှိတယ် ဒီ့ထက်မပိုဘူးလို့ သုံးသပ်လို့ရတယ်။

တစ်ဖက်ကကြည့်ရင်တော့လည်း ဒေါ်စုရဲ့ အရှိန်အဝါနှင့် အင်းမေ့ဂ်ျက ကမ္ဘာ့အကြီးဆုံး ပုဂ္ဂိုလ်တွေထဲမှာ ပါတယ်။ ဒီတော့ ဒေါ်စု တက်လာရင် ပြည်ပအကူအညီနှင့် အထောက်အပံ့ကို ရနိုင်မယ်ဆိုတဲ့ အနေအထားမျိုး ရှိတယ်။ အခုလည်း ရထားတာ ရှိတယ်။

တွေးစရာက ဒေါ်စုအာဏာရလာရင် ၅၉ (စ) ကို ပြင်လိုက်လို့ ပြည်ပက နိုင်ငံတော် အချုပ်အခြာ အာဏာပိုင်မှုကို ထိပါးလာနိုင်တဲ့ အခြေအနေနှင့် တိုင်းရင်းသားတွေရဲ့ အပိုင်းကဏ္ဍမှာ ဒေါ်စု မကိုင် တွယ်နိုင်မယ့် ကိစ္စ။ တိုင်းရင်းသား လက်နက်ကိုင်တွေနှင့် ပြသနာက ဒေါ်စု ပြောပြောနေသလို ဒီမိုကရေစီ စံနှုန်းနှင့် မပြီးဘူး။ ပြီးပြီးရော ဆိုသလို ပြည်နယ်တွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ယူကြဆိုရင်လည်း မူဘောင် မရှိသေးဘူး။ ဒါတွေကို တိုင်းရင်းသားများက ဒေါ်စုကို ပါဝင်စေချင်ပေမယ့် နှာစေးနေတော့ တာရှည်မှာ အမြင်မကြည်စရာ ဖြစ်လာတယ်။ ဆန့်ကျင်ဖက် အနေနှင့် တိုင်းရင်းသား တစ်ချို့ (ရခိုင်၊ မွန်၊ ကရင်) တို့နှင့် လူမျိုးရေး ပဋိပက္ခရှိတဲ့ ရိုဟင်ဂျာ အမည်ခံ ဘင်္ဂါလီနှင့် ပလဲပနံသင့်နေတော့ ပိုပြီး အထင်လွဲစရာ ဖြစ်နေတယ်။ ခုချိန်မှာ ဒေါ်စုနှင့် NLD တကယ် အာရုံစိုက်သင့်တာက ၅၉ (စ) ပြင်ဆင်ရေးထက် Decentralization ပဲ။ ဒီကိစ္စကို ခုချိန်မှာ ပြေလည်အောင် တိုင်းရင်းသားတွေနှင့် ညှိနှိုင်းထားနိုင်ရင် ဒေါ်စု သမ္မတဖြစ်သည် ဖြစ်စေ မဖြစ်သည် ဖြစ်စေ နောင်အနာဂတ်နိုင်ငံ တည်ဆောက်ရေးမှာ ဒေါ်စု အခန်း ကဏ္ဍက အဓိက roll က ပါဝင်လာမယ်။ ဆိုလိုတာက သမ္မတ မဖြစ်လဲ နိုင်ငံ့ခေါင်းဆောင်ပဲ။ ဖြစ်လည်း နိုင်ငံခေါင်းဆောင်ပဲ။ ဒါကို မဖြေရှင်းပဲ သမ္မတဖြစ်သွားရင် ဒေါ်စု အရည်အချင်းနှင့်ဆို သမ္မတ သက်တမ်း တစ်ဝက်လောက်မှာ ရှင်းမရအောင် ရှုပ်လာလိမ့်မယ်။

အနောက်က အကူအညီကတော့ ဒေါ်စု သမ္မတ ဖြစ်ဖြစ် မဖြစ်ဖြစ် ပေးလာမှာပဲ။ သူတို့ ကြည့်နေတဲ့ ဒီမိုကရေစီရှိမရှိဆိုတာမှာ ဒေါ်စု သမ္မတ အရွေးချယ်ခံနိုင်ရေးဟာ အချက်တစ်ချက်အဖြစ်သာ ပါဝင်ပြီး ကျန်တဲ့ အချက်တွေလည်း ရှိသေးတယ်။ ကျန်အချက်တွေမှာ ဦးသိန်းစိန်ရဲ့ အနေအထားက ကောင်းနေတော့ အကူအညီက လာမှာက လာမှာပဲ။ ဒေါ်စု သမ္မတဖြစ်မှ အကူအညီ ရင်းနှီးမြှပ်နှံမှု လာမယ်ဆိုတာက ယုတ္တိမတန်တဲ့ တွေးဆချက်တွေ။ ဗီယက်နမ်ဟာ အနောက်ကပေးတဲ့ ဒီမိုကရေစီ စံနှုန်းတွေကို မလိုက်နာခဲ့တာက များတယ်။ ဒါပေမယ့် strategic source ဖြစ်နေလို့ အနောက်က လိုက်လျောရတယ်။ ခု ဗီယက်နမ် အနေအထားက သိတယ့်အတိုင်းပဲ။ ထိုင်း၊ မလေးရှားနှင့် တန်းတူ ဖြစ်သွားပြီ။ မြန်မာက strategic source ပိုကျတယ်။ လက်မလွှတ်ရဲကြဘူး။ တရုတ် နှင့် အိန္ဒိယရဲ့ လက်ဦးမှုကိုလည်း ကြောက်ကြတယ်။ အထူးသဖြင့် natural resources တွေမှာ။

နောက်တစ်ခုက ဒေါ်စုအနေနှင့် ကြံ့ဖွံ့ရဲ့ ကစားကွက်မှာ မျောသွားပြီ။ ကြံ့ဖွံ့က ၅၉ (စ) ပြင်ဖို့တင်မယ် ပြောတယ်။ ပြင်ပေမယ့်လို့ အဆင်မပြေနိုင်ဘူး။ သားနှစ်ယောက် နိုင်ငံသား ဖြစ်နိုင်မယ့် ကိစ္စမှာ နိုင်ငံတော် ကောင်စီက ခွင့်ပြုပေးရင် ရနိုင်မယ့် အခြေအနေရှိပေမယ့် ချွေးမက မရနိုင်ဘူး။ မြန်မာနိုင်ငံသား ဖြစ်ရန် နှစ် ၂၀ နေဖူးသူ ဖြစ်ရမည်ဆိုတဲ့ ၈၂ နိုင်ငံသား ဥပဒေနှင့် ညိနေတယ်။ ဒါကို မကျေနပ်လို့ ၈၂ ကို ပြင်ဖို့ ကြိုးစားလာလျှင် မျိုးချစ်တွေက လက်မခံဘူး။ ရိုဟင်ဂျာ အမည်ခံ ဘင်္ဂါလီတွေက ၈၂ ပြင်ဆင်ရေး ထောက်ခံလာလို့ တိုင်းရင်းသား ပါတီတွေက ဒေါ်စုကို လက်ခံမှာ မဟုတ်တော့ဘူး။

ဒီအခြေအနေက NLD ဟာ ပြည်သူ့အမုန်းခံပါတီအဖြစ်တောင် ရောက်သွားနိုင်တယ်။ ခုတောင်မှပဲ အရည် အချင်းမဲ့ ပါတီဝင်အချို့ရဲ့ စကားတွေကြောင့် NLD က နာမည်ပျက်စ ပြုနေပြီ။ ကုလားနှင့် သွားပေါင်းရင် ရှင်းမရတော့ဘူး။ NLD မြောင်းထဲရောက်သွားမယ်။ ဒါကို သိဖို့လိုတယ်။

ပြသနာအားလုံးရဲ့ ရင်းမြစ်ကို ကြည့်ရင် ၅၉ (စ) ပြင်ပြီး ဒေါ်စု သမ္မတဖြစ်ချင်တာက အဓိကအကြောင်းရင်း ဖြစ်နေတယ်။ ခုချိန်ထိ NLD နှင့် ဒေါ်စုတို့ မြင်နေတဲ့အတွေးက ဘာဖြစ်ဖြစ် ဒေါ်စုကို ထောက်ခံတုန်းဆိုတဲ့ လွဲမှားတဲ့ အမြင်။ NLD နှင့် ကုလားပေါင်းလိုက်ရင် မျိုးချစ်အင်အား မှုစရာ မလိုဘူးဆိုတဲ့ အတွေးကလည်း ရှိနေတယ်။ ဒါပေမယ့် ၅၉ (စ) ကို ပြင်ဖို့ကြိုးစားရင် မျိုးချစ်၊ တိုင်းရင်းသားနှင့် စစ်တပ်တို့ ပေါင်းစည်း မိသွားမယ်ဆိုတာကို ထည့်တွက်ရပါမယ်။ ကြံ့ဖွံကတော့ နှစ်ဖက်ကြားက အမြတ်ထုတ်ဖို့ ကြိုးစား လိမ့်မယ်။

ဒီလို အခြေအနေကို ရွေ့နေတယ်ဆိုရင် NLD အနေနှင့် ဒေါ်စုအနေနှင့် ဘယ်လို ဖြေရှင်းသင့်လဲ။ အကောင်းဆုံးကတော့ ၅၉ (စ) ကို ပြင်ဆင်ဖို့ မကြိုးစားခြင်းပါ။ ၅၉ (စ) ရဲ့ နောက်ဆက်တွဲ ၈၂ နိုင်ငံသား ဥပဒေကို ထိပါးခြင်း မပြုဖို့ပါ။ အဲဒီအစား တိုင်းရင်းသားပါတီတွေနှင့် ပူးပေါင်းပြီး ပြည်နယ်အာဏာ ခွဲဝေခြင်းကိစ္စ၊ သယံဇာတ ခွဲဝေခြင်းကိစ္စတို့ကို ညှိနှိုင်းပြီး ဖွဲ့စည်းပုံမှာ ပြင်ဆင်ဖို့ ဆောင်ရွက်သင့်ပါတယ်။ ဒါဆိုရင် NLD နှင့် ဒေါ်စုရဲ့ ပုံရိပ်က အမြင့်ဆုံးကို ရောက်သွားပါလိမ့်မယ်။ မေးစရာရှိလာတာက ဒီလိုဆိုရင် ဒေါ်စု သမ္မတ မလုပ်ရတော့ဘူးလား။ သမ္မတ မဖြစ်တော့ပါဘူး။ ဒါပေမယ့် သမ္မတထက် မြင့်တဲ့နေရာမှာ ရှိနေပါလိမ့်မယ်။ သမ္မတဆိုတာ ပညတ်ချက်တစ်ခုပါ။ သွားလေသူ တောင်အာဖရိက ခေါင်းဆောင်ကြီး နယ်လဆင် မင်ဒဲလား၊ စင်္ကာပူ ဝါရင့်ဝန်ကြီး လီကွမ်ယု၊ တရုတ်ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန်တို့လို အနေအထားမျိုး ဖြစ်သင့်ပါတယ်။

ဒီအတိုင်းဆက်သွားရင်တော့ NLD နှင့် ဒေါ်စုရဲ့ အနာဂတ်က သိပ်မကောင်းပါဘူး။ လူတစ်ယောက်ကို ဖျက်ဆီးတာဟာ သူ့ရဲ့လောဘသာလျှင် ဖြစ်တယ်လို့ ဆိုကြပါတယ်။ ဒေါ်စု နှင့် NLD ကို ဖျက်ဆီးလျှင်လည်း ဒေါ်စု နှင့် NLD ရဲ့ လောဘကြောင့်သာလျှင် ဖြစ်တယ်လို့ ဆိုရပါလိမ့်မယ်။

အမှားသိ၍ အမှန်ပြင်နိုင်ကြပါစေ။

သမ္မတ၏ဖြူစင်သောစိတ်စေတနာကြောင့် တိုင်းရင်းသားစည်း လုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကို မဖြစ်မနေတည်ဆောက်မည်ဟု ဖဒိုမန်းငြိမ်းမောင်ပြော



သမ္မတဦး သိန်းစိန်၏ ဖြူစင်သောသဘော ထား၊ စိတ်စေတနာများနှင့် ယင်း ၏အစိုးရအား ယုံကြည်သော ကြောင့် ငြိမ်းချမ်းရေးတည်ဆောက် ရန်ကြိုးစားခဲ့ခြင်းဖြစ်ပြီး တိုင်း ရင်းသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး အား မဖြစ်မနေ တည် ဆောက် မည်ဖြစ်ကြောင်း KNU ကရင်ငြိမ်းချမ်းရေး ကော်မတီဝင် ဖဒိုမန်းငြိမ်းမောင် က ပြောကြား ခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ဇန်နဝါရီ ၁ရက်က ပထမဆုံး အကြိမ်တိုင်း ဒေသကြီး အဆင့်ကျင်းပသော ကရင်နှစ် သစ်ကူး ပွဲတော် တွင်ယင်းသို့ ပြော ကြားခဲ့ခြင်းဖြစ်သည်။


''ကျွန်တော်တို့ ကရင်အမျိုး သားတွေရဲ့ အခွင့်အရေးနိုင်ငံရေး ပြဿနာ ကို နိုင်ငံရေးနည်းအရ အေးအေးချမ်းချမ်းဖြေရှင်းနိုင် ဖို့၊ စားပွဲဝိုင်းမှာ တန်းတူရည်တူ အပြန်အလှန်ဖြေရှင်းနိုင်ဖို့အ တွက် သမိုင်း တစ်လျှောက် မှာ ကျွန်တော်တို့ ကြိုးပမ်း ခဲ့ကြပါ တယ်။ ဒါပေမဲ့ ဒီအခွင့် အရေးကို ကျွန်တော်တို့ မရရှိခဲ့ကြပါဘူး''ဟု ဖဒိုမန်းငြိမ်းမောင်ကပြော သည်။

''ဒါပေမဲ့ နိုင်ငံတော် သမ္မတ ကြီး ဦးသိန်းစိန်တက်ရောက်လာ တဲ့ကာလမှာ ပြည်တွင်းစစ်ကို ငြိမ်းချမ်းဖို့၊ ပြည်တွင်းငြိမ်းချမ်း ရေးကိုတည်ဆောက်ဖို့၊ အမျိုး သားစည်းလုံးညီညွတ်ဖို့ဆိုတဲ့ သမ္မတကြီးရဲ့ ဖြူစင်တဲ့သဘော ထား၊ စိတ်စေတနာတွေကို ကျွန် တော်တို့ လေ့လာသုံးသပ်တွေ့ရှိ ပါတယ်။ ဒါ့ကြောင့်ကျွန်တော် တို့ ကရင်အမျိုးသားတွေအနေ နဲ့ သမ္မတကြီးအပေါ်မှာ၊ နိုင်ငံ တော်အစိုးရအပေါ်မှာ ယုံယုံ ကြည်ကြည်နဲ့ ငြိမ်းချမ်းရေးတည် ဆောက်ဖို့ ကြိုးပမ်း ခဲ့ကြတာ ပါ''ဟုပြောသည်။

အစိုးရနှင့် ကရင်အမျိုး သားအစည်းအရုံးတို့ အပစ်အ ခတ်ရပ်စဲပြီးစီးသည်မှာ နှစ်နှစ် ကျော်ကာလသို့ ရောက်ရှိခဲ့ သော်လည်း တိုးတက်မှုဖြစ်စဉ် များ နှေးကွေးနေသည်ဟုဝေဖန် ပြောကြားမှုများရှိနေမှုအပေါ် ဖဒိုမန်းငြိမ်းမောင်က ''ကျွန်တော် တို့တိုင်းပြည်မှာ နှစ်ပေါင်း ၆၀ ကျော်ဖြစ်ခဲ့တဲ့ ပဋိပက္ခဟာ အင် မတန်ကြီးမားတဲ့ နက်ရှိုင်းတဲ့အ ခြေအနေအရရှိပါတယ်။ အာ ဃာတတွေ၊ သံသယတွေ၊ ရန်ငြိုး ရန်စတွေ တစ်ထွေးတစ်ပိုက်ကြီး ရှိခဲ့တဲ့အခါကျတော့ တစ်နေ့တစ် ရက်တစ်မနက်တည်းနဲ့ မရှင်း နိုင်ပါဘူး''ဟု ပြောသည်။

ယင်းကဆက်လက်၍ ရှေ့ ဆက်တွေ့ကြုံရမည်စိန်ခေါ်မှု များအား နိုင်ငံတော်အစိုးရနှင့် ကရင်အမျိုးသား များ၊ ဘဝတူ တိုင်းရင်းသားများနှင့် လက်တွဲ ကာ စည်းလုံးချီတက်သွားမည်ဖြစ် ပြီး တိုင်းရင်းသား စည်းလုံးညီ ညွတ်ရေး၊ ငြိမ်းချမ်းရေးကို မဖြစ် မနေတည်ဆောက်သွားမည်ဖြစ် ကြောင်းပြောသည်။ ဧရာဝတီတိုင်းဒေသကြီး အတွင်း ကရင်တိုင်းရင်းသား ၁၅ သိန်းကျော်ရှိပြီး ပုသိမ်မြို့တွင် ကျင်းပသည့် ကရင်နှစ်သစ်ကူး ပွဲတော်သို့ မြို့နယ်အသီးသီးမှ ကရင်တိုင်းရင်းသားများစွာ တက် ရောက်ခဲ့ကြောင်း သိရသည်။

ရည်မွန် ၊ စိုးမိုး (ပုသိမ်)
ဖဒိုမန်းငြိမ်းမောင် (KNU ကရင်ငြိမ်းချမ်းရေးကော်မတီဝင်)

ရွှေအိပ်မက်တွေ ပြည့်စေဖို့



"လူတိုင်းက ကမ္ဘာကြီးကို ကယ်တင်လိုကြတယ်။ ဒါပေမဲ့ အမေပန်းကန်ဆေးနေတာကို ၀ိုင်းမဆေး ပေးကြဘူး"တဲ့။


ငယ်ငယ်တုန်းက စာအုပ်ထဲမှာ ရေးမှတ်ခဲ့ဖူးတဲ့ "အနောက်တိုင်းစကားပုံ"တစ်ခုပါ။ လူတိုင်းမှာ ကြီးကျယ်ခန်းနားတဲ့ အိပ်မက်တွေ ရှိကြစမြဲပါ။ နိုင်ငံတစ်ခု သို့မဟုတ် တိုင်းပြည်တစ်ပြည်မှာလည်း ခမ်းနားထည်ဝါတဲ့ အိပ်မက်တွေ၊ စိတ်ကူးတွေ ဆိုတာ မလွဲမသွေရှိနေကြတာပါ။ အဲဒီအိပ်မက်တွေ၊ စိတ်ကူးတွေကို နိုင်ငံသားတိုင်းက မက်ကြတယ်။ စိတ်ကူးတွေယဉ်ကြတယ်။ ဖြစ်လာတာတွေလည်း ရှိတယ်။ ထင်သလိုဖြစ်မလာတွေလည်း ရှိတယ်။ လုံးဝဖြစ်မလာသေး တာတွေလည်း ရှိတယ်။

ကျွန်တော်တို့ နိုင်ငံကို တိုးတက်စေချင်ကြတယ်။ တခြားနိုင်ငံတွေနဲ့ယှဉ်ရင် မျက်နှာမငယ်ချင်ကြဘူး။ နောက်ဆုံး ကမ္ဘာ့အလယ်မှာ မြန်မာဆိုတဲ့အထိ တိုးတက်ချင်တယ်။ ကျယ်ပြန့်ချင်တယ်။ ဒါတွေက သင်စရာမလို၊ ပြောစရာမလို အားလုံးရဲ့ စိတ်ကူးအိပ်မက်တွေပါပဲ။ ယနေ့လိုအချိန်မျိုးမှာ အိမ်နီးချင်း နိုင်ငံတွေ၊ အနောက်နိုင်ငံတွေရဲ့ တိုးတက်မှုမြန်နှုန်းကို မြန်မာနိုင်ငံသားတွေက မြင်နေ၊ ကြားနေရတော့ အဲဒီအိပ်မက်တွေ၊ စိတ်ကူးတွေကို အမြန်ဆုံးပြည့်ချင်နေကြတယ်။

အဲဒီစိတ်ကူးအိပ်မက်တွေကို အစိုးရက အပြည့်အ၀ဖန်တီးပေးနိုင်ချင်မှ ပေးနိုင်လိမ့်မယ်။ အရမ်းကြီး အားကိုးလို့မရနိုင်ဘူး။ ကျွန်တော်တို့ကိုယ်တိုင်လည်း နိုင်ငံသားကောင်းတစ်ယောက်ရဲ့ စွမ်းဆောင်ရည်မျိုး ရှိထားရမယ်။ တချို့တချို့သော စိတ်ကူးအိပ်မက်တွေ ပြည့်စုံဖို့ ကျွန်တော်တို့နိုင်ငံသားတွေကိုယ်တိုင် လိုက်နာရမယ့် ကျင့်ဝတ်တွေရှိပါတယ်။ သင်ယူရမယ့် ပညာရပ်တွေရှိတယ်။ အတုယူအားကျရမယ့် နည်းစနစ်တွေရှိတယ်။ ပြုပြင်ပြောင်းလဲရမယ့် မူဝါဒတွေ၊ နည်းဥပဒေတွေရှိတယ်။ ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်တွေထဲမှာ ကျွန်တော်တို့နိုင်ငံသားတွေကိုယ်တိုင် မပါမဖြစ် ပါရမှာပါပဲ။

"တည်ငြိမ်အောင်ထိန်းထားတဲ့ ကမ္ဘာကြီး ပြောင်းလဲသွားခဲ့လျှင် မငိုကြွေးပါနဲ့။ ပြောင်းလဲမှုကင်းမဲ့နေသော အနေအထားများကသာ တကယ်ငိုရဖို့အကြောင်းပဲ"ဆိုသော အဆိုအမိန့်တစ်ခုကို သတိပြုသင့်ပါတယ်"။ ကျွန်တော်တို့အားလုံး ပြောင်းလဲချင်၊ တိုးတက်ချင်တဲ့သူတွေပါပဲ။ ပြောင်းလဲချင်၊ တိုးတက်ချင်ရင်" ကိုယ်ကိုယ်တိုင်"အရင်ပြောင်းလဲရမှာပါ။

အရင်အတိုင်း၊ အကျင့်ဟောင်းတွေအတိုင်း နေလို့မရပါဘူး။ ကျွန်တော်တို့အားလုံးကို "ပြောင်းလဲပေးပါ" လို့လည်း မည်သည့်တန်ခိုးရှင်ကိုမျှ ဆုတောင်းနေလို့မရပါဘူး။ ကျွန်တော်တို့ကိုယ်တိုင် စတင် ပြောင်းလဲနိုင်မှသာ ကျွန်တော်တို့လိုချင်တဲ့ အပြောင်းအလဲဆိုတာကို မြင်တွေ့ရမှာပါ။ ကျွန်တော်တို့ မပြောင်းလဲ နိုင်သေးသရွေ့ အပြောင်းအလဲဆိုတာ အဝေးကြီးမှာပဲ ရှိနေဦးမှာပါ။

ကိုယ်ကိုယ်တိုင် ပြောင်းလဲရမယ်ဆိုတဲ့ စကားထဲမှာ"ကိုယ်"ဆိုတာ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ ခေါင်းဆောင်တွေ၊ အစိုးရတွေလည်း ပါတယ်။ အုပ်ချုပ်ခံနိုင်ငံသားတွေလည်း ပါတယ်။ သူ့နေရာနဲ့သူ ပါနေကြတာဆိုတော့ ပြောင်းလဲမှုရေစီးကြောင်းထဲ အားလုံးဟာ မပါမဖြစ်ပါဘဲ။ ဒါပေမဲ့ ပြောင်းလဲမှုက "မှန်ကန်တဲ့"ပြောင်းလဲမှုဖြစ်ဖို့တော့ လိုတယ်။ စစ်မှန်တိုးတက်တဲ့ ပြောင်းလဲမှုဖြစ်ဖို့ လိုတယ်ဆိုတာကို သတိပြုရမှာပါ။

ကျွန်တော်တို့နိုင်ငံသားတွေဆီမှာ ဖြစ်ချင်တာတွေ အများကြီးပါပဲ။ တောင်းဆိုနေကြတာတွေကလည်း အများကြီး။ စိတ်ကူးအိပ်မက်တွေလည်း တစ်ပုံတစ်အောကြီး။ ကမ္ဘာကြီးကို ကယ်တင်လိုတဲ့စိတ်မျိုးတောင် ရှိကြမှာပါပဲ။ ဒါပေမဲ့ ဖာထေးရမယ့်အရာတွေ၊ ပြုပြင်နေထိုင်ရမယ့် အရာတွေ၊ အတုယူရမယ့် နည်းစနစ်တွေရှိနေတယ်။ အဲဒီအရာတွေက မီးဖိုချောင်ထဲမှာ ပန်းကန်ဆေးနေတဲ့အမေ့ကို ထိုင်ကြည့်နေတဲ့ သားသမီးနဲ့တူနေတယ်။ အမေ့ကို မပင်ပန်းစေချင်ဘူးဆိုရင် အမေ့ပန်းကန်ကိုဝိုင်းပြီး ဆေးပေးလိုက်ခြင်း ကသာ မှန်ကန်တဲ့လုပ်ရပ်ဖြစ်မှာပါပဲ။

ကျွန်တော်တို့ နိုင်ငံရေးဖြစ်တည်မှု သဘောတရားကလည်း အဲဒီဥပမာလိုပါပဲ။ တချို့သော အပြောင်း အလဲတွေကို ကျွန်တော်တို့ကိုယ်တိုင် ပါဝင်ပြောင်းလဲပေးဖို့ပါပဲ။ အစိုးရကိုယ်တိုင်လည်း သိသာထင်ရှားစွာ ပြောင်းလဲမှုတွေလုပ်ဖို့လိုသလို ကျွန်တော်တို့ကိုယ်တိုင်ကလည်း အပြောင်းအလဲမှာ ပါဝင်ဖို့နဲ့ အပြောင်း အလဲနဲ့ လျော်ညီစွာနေတတ်ဖို့လည်း လိုပါတယ်။ ဘယ်သူမှ မပြောင်းလဲကြဘူးဆိုရင် ကျွန်တော် တို့ရဲ့ ခမ်းနားတဲ့ အိပ်မက်တွေနဲ့ ဝေးနေကြရဦးမှာပါ။

နိုင်ငံရေးအပြောင်းအလဲတွေနဲ့ ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံဟာ စစ်အစိုးရအုပ်ချုပ်တဲ့ နိုင်ငံကနေ အရပ်သား အုပ်ချုပ်တဲ့ ဒီမိုကရေစီနိုင်ငံအဖြစ် သက်တမ်းနှစ်နှစ်ကျော်ခဲ့ပါပြီ။ ဒီမိုကရေစီကို ကျင့်သုံးချင်၊ ရချင်ပြီဆိုရင် ကိုယ့်ဘက်ကလည်း ဒီမိုကရေစီစံနှုန်းနဲ့ညီအောင် ပြုပြင်နေထိုင်ကြရပါမယ်။ သူ့အခွင့်အရေး၊ ကိုယ့်အခွင့်အရေး၊ အများသူငါအခွင့်အရေးတွေကို ကွဲကွဲပြားပြားနားလည်ကြရပါမယ်။ ဒီမိုကရေစီနဲ့ ထိုက်တန်အောင် ကိုယ့်ဘက်က နိုင်ငံသားကောင်းတစ်ယောက် အမြဲပီသဖို့လိုပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ ယိုယွင်းနေတဲ့ စိတ်ဓာတ်တွေ ရှိနေသေးတယ်။ ဖာထေးပြုပြင်ရမယ့် ကျင့်ဝတ်တွေ ရှိတယ်။ နိုင်ငံသားကောင်းတစ်ယောက် မပီသနိုင်သေးတဲ့ အမူအကျင့်တွေ လူတချို့မှာ ရှိနေသေးတယ်။ အဲဒီအရာတွေကို ကျွန်တော်တို့အားလုံး ပြုပြင်ကြရမှာပါ။ စည်းကမ်းမဲ့နေတာတွေကလည်း အမြစ်မပြတ် သေးဘူး။ ပြုပြင်ပြောင်းလဲရမှာတွေလည်း ရှိနေသေးတယ်ဆိုတာပါပဲ။

တိုးတက်ပြောင်းလဲနေတဲ့ နိုင်ငံတွေရဲ့ အမူအကျင့်တွေ၊ စံနှုန်းတွေ၊ ကြိုးစားမှုတွေ၊ စည်းကမ်းကောင်းရှိမှု တွေကိုလည်း လေ့လာသင့်၊ အတုယူသင့်တယ်။ အဲဒီအရာတွေအတွက်လည်း ပြုပြင်ပြောင်းလဲကြရမှာပဲ။ အဲဒီအရာတွေအားလုံးကို ကျွန်တော်တို့ စနစ်တကျ ပြုပြင်ပြောင်းလဲကြမယ်ဆိုရင် ပြုပြင်သင့်တာ ပြုပြင်ကြမယ်ဆိုရင် လိုက်နာသင့်တာ လိုက်နာကြမယ်ဆိုရင် အတုယူသင့်တာ အတုယူကြမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့ ရွှေအိပ်မက်ကြီးဟာ အမှန်တကယ် အစစ်အမှန်လက်တွေ့ကျတဲ့ အခြေအနေကြီး ဆီကို ရောက်လာမှာပါ။ ရွှေအိပ်မက်တွေ မပျက်စေချင်ပါဘူး။ အမေ့ပန်းကန်ကိုလည်း ကူဆေးကြရပါမယ်။ အိပ်မက်တွေ အကောင်အထည်ပေါ်နိုင်အောင်လည်း ကြိုးစားကြရပါမယ်။ တကယ်ဖြစ်နိုင်တဲ့ အိပ်မက်တွေ ကျွန်တော်တို့နိုင်ငံသားတွေဆီမှာ ရှိနေတယ်ဆိုတာ မမေ့စေချင်ပါဘူး။

Credit : (ဆောင်းပါးရှင် - ညီအောင်ညီ)