Sunday, January 5, 2014

နိုင်ငံသားဖြစ်ရေးနှင့် ဒေါ်အောင်ဆန်းစုကြည်

ကျွှန်တော်တို့နိုင်ငံရဲ့ ဒီမိုကရေစီ မိခင်ကြီးလို့ သတ်မှတ်ခံထား ရတဲ ဒေါ်စုအောင်ဆန်းစုကြည်ဟာ သူမရဲ့ သားနှစ်ယောက် နိုင်ငံသားဖြစ်ရေးနဲ့ ပတ် သတ် ပြီး အင်မတန်စိတ်ဒုက္ခ ရောက်နေရတယ်လို့ သိရပါတယ်..........


ဘာ့ကြောင့်လဲဆိုတော့ သူမရဲ့ သားနှစ်ယောက်သာ မြန်မာနိုင်ငံသား အဖြစ် ခံယူလိုက်မယ်ဆိုရင် သူမဟာ ၂၀၁၅ အတွက် သမ္မတနေရာကို ၀င်ရောက် ယှဉ်ပြိုင် ရွေးချယ်ခံနိုင်တော့မှာဖြစ်ပါတယ်..........


ဒါပေမယ့် သူမဟာ သားနှစ်ယောက်ကို စည်းရုံးရန်အတွက် အတော် အကျပ်အတည်း ဖြစ်နေ ပါတယ်.....ဘာကြောင့်လဲဆိုတော့.......... ပထမအချက်က ကျွှန်တော်တို့ မြန်မာနိုင်ငံလို ဆင်းရဲနွမ်းပါး တဲ့ နိုင်ငံမှာ ကျွှန်တော်တို့လို ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေနဲ့ မထိတွေ့/မဆက်ဆံစေချင် လို့ပါ..........

နောက်တစ်ချက်က သူမရဲ့သားနှစ်ယောက်ကို နိုင်ငံသား ခံယူရန် အတွက် ထိရောက်အောင်/ နားဝင် အောင် စည်းရုံးပြောဆိုရန် မရနိုင်လို့ပါ.......... အဲဒါကြာင့် ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ သားနှစ်ဦး မြန်မာ နိုင်ငံသားအဖြစ် ခံယူရေးလို့ ဆိုလိုက်တာနဲ့ အနာပေါ်တုတ်ကျသလို ခါးခါးသီးသီးငြင်းဆိုနေ ပါတယ်..........

အဲဒီအတွက် ဒေါ်အောင်ဆန်းစုကြည်ကို ပြောချင်တယ်ဗျာ......

(၁) ကျုပ်တို့ပြည်သူတွေ ဆင်းရဲပေမယ့် အမျိုးကိုချစ်တက်ပါတယ်.....

(၂) ကျုပ်တို့နိုင်ငံဟာ ခေတ်မမှီသေးပေမယ့် ယဉ်ကျေးပါတယ်.....

(၃) သန်း၆၀သော ပြည်သူတွေနဲ့ တသားတည်းဖြစ်ဘို့ သားနှစ်ယောက်ကို စည်းရုံးသင့်ပါတယ်.....

(၄) လူထုကိုဦးဆောင်ဘို့ မိသားစုကို အရင်ဦးဆောင်ပါ.....

(၅) တိုင်းပြည်ကို ဦးဆောင်ဘို့အတွက် မိသားစုလိုက် တိုင်းပြည်ကို ချစ်ပြပေးပါ.....

From: ဇင်ယော်နီ

ဇန်န၀ါရီလ ၇ ရက်သားသမီး ကံကြမ္မာဟောစာတမ်း

တနင်္ဂနွေသားသမီးများအတွက်


ဘုရားဆင်းတုတော်၊ ပုံတော်၊ ရဟန္တာပုံတော်များ ကြွလာတတ်သည်။ မထင်မှတ်သော ခရီးများ မရည်ရွယ်သော ခရီးများ သွားရတတ်သည်။ သူတစ်ပါးကိစ္စအတွက် ခရီးသွားရတတ်သည်။ လူမျိုးခြားက ကူညီခြင်း၊ နိုင်ငံရပ်ခြားနှင့် ပတ်သက်သောကိစ္စများ အောင်မြင်ခြင်းများကြုံမည်။ နာမည်ဂုဏ်သတင်း တိုးတက်ခြင်း ဘုန်းတန်ခိုး တိုးတက်ခြင်းများ ကြုံရမည်။ မနာလိုသူလည်း ပေါ်လိမ့်မည်။ မိမိထက်မြင့်သူနိမ့်သူ နှစ်ဦးလုံးက ဒုက္ခပေးလာတတ် သောအချိန် ဖြစ်ပါသည်။ လုပ်ဖော်ကိုင်ဘက်များ အောင်မြင်တော့မလိုလိုနှင့် အခက် အခဲကြီးစွာ ကြုံတတ်သည်။ အလုပ်တွင် အပျက်စီးအဆုံးအရှုံး အလေအလွင့်များနေလိမ့်မည်။ ငွေပျောက်ခြင်း ကြွေးတင်ခြင်း ငွေအတွက် ပြောဆိုဖြေရှင်းရခြင်းများ ကြုံရတတ်သည်။ ကြီးကဲသူ အထက်လူကြီးများကြောင့် စိတ်ညစ်ရတတ်သည်။ အလှူပွဲ မင်္ဂလာပွဲ အစီစဉ်များ အထစ်အငေါ့ကြုံခြင်း ရက်ရွှေ့ခြင်းများ ကြုံရတတ်သည်။ အိမ်ထောင်ရှိသူဆိုလျှင် အိမ်ထောင်ရေးအဆင်မပြေ ဖြစ်နေမည်။ လက်ရှိအလုပ်အကိုင် ပြောင်းချင်စိတ်ပေါ်လာမည်။ ပြောင်းလျှင် ပိုဆိုးသွားတတ်သည်။


အထူးသတိပြုရန်။ အစာအဆိပ်ဖြစ်ခြင်း၊ ခြေထောက် ခါး၊ သွား ဒုက္ခပေးခြင်းများ ကြုံရတတ်သည်။ ဤလအတွင်း အမှုအခင်း မဖြစ်စေရန် အထူးဂရုစိုက်ပါ။ ဖြစ်လျှင် မပြီးနိုင်ဘဲ ဖြစ်နေတတ် သည်။ ငွေနှင့်လိုက်လျှင် ရှုံးသွားတတ်ပါသည်။ ပစ္စည်း မငှားရမ်းပါနှင့် ဆုံးလိမ့်မည်။ ဤကာလအတွင်း မည်သည့်အခက်အခဲနှင့် ကြုံသည် ဖြစ်စေ အားကိုး မရှာနှင့်။ ဒုက္ခပေးမည့်သူများသာ ပေါ်လာတတ်သည်။ အောက်လက်ငယ်သား ထွက်သွားခြင်း၊ ကျန်းမာရေးညံ့ခြင်း ကြုံရ တတ်သည်။ ထီကံကောင်းသော ကာလဖြစ်ပါသည်။ ပညာအသစ်တစ်ခု ရတတ်သည်။ အိမ်ထောင်ဘက် ကျန်းမာရေး ညံ့လိမ့်မည်။ ခါး အောက်ပိုင်း ဒုက္ခပေးတတ်သည်။ ဆေးရုံ၊ ဆေးခန်းသို့သွားရတတ်သည်။ ကျောဒုက္ခပြေးခြင်း၊ ကျော၌ရောဂါရခြင်း ဖြစ်မည်။ အိမ်ပြင်၊ အိမ် ဆောင်၊ အိမ်ပြောင်း မပြုပါနှင့်။ အာမခံမလုပ်ပါနှင့်။ စပ်တူအရောင်းဝယ် အကြီးအကျယ် မလုပ်ပါနှင့်။

ဤကာလအတွင်းကောင်းကျိုးချမ်း သာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေ ပျောက်စေရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်လေ။ နေ့စဉ်ခန္ဓာကိုယ် သန့်ရှင်းရေး၊ အိမ်သန့်ရှင်းရေး လုပ်ပါ။ သောက်ရေအိုး ကိုယ်တိုင် ရေထည့်ပါ။ တစ်ပတ်တစ်ကြိမ်အဓိဋ္ဌာန်ဝင်ပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

တနင်္လာသားသမီးများအတွက်

ခရီးတို ခရီးရှည်များ သွားနေရလိမ့်မည်။ ထိုခရီးသည်များသည်လည်း သင့်အတွက် ကျိုးထူးစေပါလိမ့်မည်။ မထင်မှတ်ဘဲ ပညာတစ်ခုသင်ကြားရခြင်း သင်တန်းတစ်ခု တက်ရခြင်းများ ပြုလုပ်ရတတ်ပါသည်။ မရည်ရွယ်ဘဲ မြေ၀င်တတ်သည်။ ဤလအတွင်း အစစအရာရာသတိကြီးစွာထားရန် လိုပါသည်။ မိမိအပေါ် မကောင်းကြံခြင်း မကောင်းပြောခြင်းများ ခံရတတ်သည်။ အလုပ်အကိုင်၌ ထိုခိုက်တတ်သည်။ ပြဿနာကြီးစွာ ဖြေရှင်းရတတ်သည်။ ရုံးပြင်ကန္နား၊ အမှုအခင်းများနှင့် ပတ်သက်ရတတ်သည်။ မိမိနှင့်တကွ မိသားစုပါကျန်းမာရေး ညံ့တတ်သည်။ ဆေးရုံ၊ ဆေးခန်းအထိ ရောက်ရတတ်သည်။ မီး၊ လျှပ်စစ် ဒုက္ခပေးတတ်သည်။ အထူးသတိပြုပါ။ လူမျိုးခြား ဒုက္ခပေးတတ်သည်။ သားသမီး လက်အောက်ငယ်သားအတွက် စိတ်ညစ်စရာကြုံမည်။ စက်ပစ္စည်း ဒုက္ခပေးတတ်သည်။ ရွှေနှင့် ရတနာပစ္စည်းများ ထွက်ခြင်း၊ ပေါင်နှံရခြင်းများ ကြုံရတတ်သည်။ ငွေဒလဟောထွက်ခြင်း၊ ငွေအတွက် ပြောဆိုဖြေရှင်းရခြင်းများ ကြုံရတတ်သည်။ မထင်မှတ်သော ဆွေမျိုးသားချင်းက အကူအညီကောင်း ပေးလိမ့်မည်။ ငှာနဆိုင်ရာ အကြီးအကဲ၊ ဆွေမျိုးအကြီးအကဲတို့က အကူအညီအကောင်း ပေးလာလိမ့်မည်။

အထူးသတိပြုရန် ကျန်းမာရေးညံ့သော သက်ကြီးရွယ်အိုများ အိမ်သို့ လာရောက်တည်းခိုလျှင် ဆုံးပါးသွားတတ်သည်။

ခြေထောက် တွင်အန္တရာယ်ဖြစ်တတ်သည်။ လုပ်ငန်းအသစ်၊ အစီအစဉ်သစ်များ ပေါ်ပေါက်လာတတ်သည်။ ယခင်နှစ်များက ကျန်ခဲ့သော ရွှေ၊ငွေ၊ရတနာများ ယခုနှစ်ထဲတွင် ကုန်ဆုံးသွားတတ်သည်။ လောကဓံတရား၏ မတရားညှဉ်းပမ်းမှုကို ခံရပြီး မမျှော်လင့်ဘဲ သံဝေဂတရား ရလိမ့်မည်။ အစစ်အဆေး အမေးအမြန်း ခံရတတ်သည်။ ကိုယ်ခန္ဒာ အစိတ်အပိုင်း တစ်ခုခု ထိခိုက်တတ်သည်။

ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက်စေရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။ ထီးနီသက်စေ့လှူပါ။ ဆေးဝါးဓာတ်စာလှူပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

အင်္ဂါသားသမီးများအတွက်

ဤလအတွင်း စိန်ထည်ပစ္စည်းများ စက်ပစ္စည်းများ ၀င်လိမ့်မည်။ လုပ်ငန်းသစ်လုပ်ရန် အကြံအစည်ကောင်းများ အဆက်သွက်ကောင်းများ ပေါ်လာလိမ့်မည်။ သို့သော် ဤကာလအတွင်း ပစ္စည်းများကို ထုခွဲရောင်းချ၍ လုပ်ငန်းအသစ် ကြီးကြီးမားမား စရန် မကောင်းသေးပါ။ ဤကာလအတွင်း ထီမထိုးသင့်ပါ။ ထီပေါက်လျှင် မိသားစုအတွင်း ကျန်းမာရေး ဆိုးဆိုးဝါးဝါး ညံ့သွားတတ်သည်။ မသွားချင်သော ခရီးများ စိတ်ညစ်စရာခရီးများ သွားရတတ်သည်။ အထက်လူကြီး ဆွေမျိုးအကြီးအကဲတို့က မိမိအပေါ် အထင်လွဲတတ်သည်။ သားသမီးများ ကျန်းမာရေး ညံ့တတ်သည်။ ရွှေထွက်မည်။ ခြေ၊ လက်၊ မျက်ခြင်း၊ ခါးနားခြင်းများ ဖြစ်တတ်သည်။ စပ်တူရှယ်ယာလုပ်ငန်းများ ပေါ်လာလိမ့်မည်။ လုပ်လျှင် အောင်မြင်မည်။ 

အထူးသတိပြုရန် ငွေလူလိမ်ခံရမည်။ ခင်မင်သူ ချစ်သူကြောင့် ဒုက္ခတွေ့တတ်သည်။ မိတ်ဆွေအပေါင်းအသင်းများနှင့် မမျှော်လင့်ဘဲ လမ်းခွဲရတတ်သည်။ သားသမီးရှိက အိမ်မှ ထွက်သွားလိမ့်မည်။

ဒီကာလမှာ ကိုယ်ဝန်ဆောင် မိန်းမတွေ အထူးသတိပြုပါ။ မွေးလျှင် အခက်အခဲတွေ့နိုင်သည်။ သူ့သဘော သူဆောင် ရလာသောငွေနှင့် လိုက်လျောညီထွေဖြစ်အောင် နေပါ။ ဘာမှလုပ်စရာ မရှိပါက ထိုင်နေပါ။ ဥာဏ်ကို ဥာဏ်သုံးလုပ်မှ ဒုက္ခတွေ့တတ်သည်။ အမှု မဖြေရှင်းရပါ။ တတ်နိုင်သလောက် အချိန်ဆွဲပါ။ မဖြစ်မနေ ပြဿနာမှုတွေ ရှင်းရမယ်ဆိုလျှင် အရှုံးပေးလိုက်ပါ။ ငွေဝင်လာလျှင် မြေ၀ယ်ထားပါ။ အိမ်ကြီးကြီးကျယ်ကျယ် မဆောက်ပါနှင့်။

ဤကာအတွင်း ကောင်းကျိုးချမ်းသားများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေ ပျောက်စေရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။ အိမ်ကဘုရားတွင် ကော်ဖီ (၁)ခွက်နှင့် ကိတ်မုန့်(၁) ချပ် ကပ်လှူလိုက်ပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဗုဒ္ဓဟူးသားသမီးများအတွက်

ဤလအတွင်း၌ သင်သည် အဘက်ဘက်မှာ စိတ်ချမ်းသာစရာများ ကြုံတွေ့လာရလိမ့်မည်။ ယခုကာလတွင် အိမ်ထောင်ပြုပါက တည်မြဲသော အိမ်ထောင်မဖြစ်နိုင်၊ အိမ်ထောင်ပြုလျှင် သားသမီး ပါလာတတ်သည်။ လုပ်ငန်းသစ်များ စတင်ရတတ်သည်။ ထိုလုပ်ငန်းများသည်လည်း လွန်စွာကျိုးပေး အောင်မြင်မည်။ အလှူအတန်းပြုရခြင်း၊ မင်္ဂလာပွဲများ စီစဉ်ပေးရခြင်းများ ပြုလုပ်ရတတ်သည်။ အလုပ်နေရာ အိမ်နေရာ ပြောင်းရွှေ့ရတတ်သည်။ ရွှေဝင်မည်။ ရတနာပစ္စည်းများ ၀င်မည်။ ဘုရားဆင်းတုတော်၊ ပုံတော်များ ကြွလာမည်။ သင့်အတွက် အလွန်ကောင်းသောနိမိတ် ဖြစ်ပါသည်။ ဤကာလအတွင်း၌ စီးပွားအလွန်ကောင်းသကဲ့သို့ ကိုယ်ကျင့်တရား အထူးအရေးကြီးသော အချိန်ဖြစ်ပါသည်။ အမှုအခင်းဖြစ်နေသူကို ငွေမချေးပါနှင့်၊ အာမခံ မလိုက်ပါနှင့်၊ သတိပြု၍ ရှောင်ကြဉ်ပါ။ ပတ္တမြား မြ ထွက်တတ်သည်။

အထူးသတိပြုရန် အိမ်ထောင်ရှိသူဆိုလျှင် အိမ်ထောင်ဘက်နှင့် အဆင်မပြေ ကြီးစွာဖြစ်တတ်သည်။ သွပ်၊ သံ၊ သစ်တစ်ပတ်ရစ် ပစ္စည်းလက်မခံပါနှင့်၊ အောက်လက်ငယ်သား ဒုက္ခပေးတတ်သည်။ နာရေးကိစ္စကို အကြောင်းပြ၍ ခရီးသွားရတတ်သည်။ ဆရာသမားကဲသို့သော ပုဂ္ဂိုလ်များနှင့် အဆင်မပြေ ဖြစ်မည်။ လုပ်ဖော်ကိုင်လက်များ မိတ်ဆွေများနှင့် အဆင်မပြေ လမ်းခွဲ ရတတ်သည်။ ယခုကာလတွင် အိမ်ဆောက်လျှင် မကောင်းပါ အစားမှား ဆေးမှားဖြစ်ခြင်း သွားဒုက္ခပေး ခြင်းများ ကြုံရမည်။ မြေကိစ္စ အမွေနှစ်ကိစ္စများကြုံရတတ်သည်။

ငွေရှာရ လွယ်ကူပေမယ့် စုဆောင်း၍ မရ၊။ ငွေဝင်လျှင် ကိုင်မထားရ၊ ရွှေဝယ်ထားပါ။ ဤကာလတွင် ကိုယ်စိတ်နှုတ်သုံးပါးကို မဖောက်မပြန် တည်တည် ကြည်ကြည် ထိန်းသိမ်းနိုင်သူတွေ တန်ဖိုးကြီးမားသော ဘ၀သို့ ရောက်နိုင်သည်။ မထိန်းသိမ်းနိုင်သူ အဖို့ ရေနှင့်ထိသော ရွှံ့နွံဘ၀ ရောက်နိုင်သည်။

ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ၊ သက်သာပြေပျောက်စေရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။ ယပ်ဖြူ သက်စေ့လှူပါ။ ဘုရားရင်ဘတ်တော် ရွှေချပါ၊ ရေသက်စေ့ကပ်လှူပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကြာသပတေးသားသမီးများအတွက်

ယခုလသည် မိဘကို ကောင်းစွာပြုစုစောင့်ရှောက်နိုင်မည့်အချိန် ဖြစ်သည်။ စီးပွားသိသိသာသာ တက်မည်။ သိကြား မ လိုက်သကဲ့သို့ လက်ရှိအခြေအနေထက် များစွာမြင့်တက်သွားလိမ့်မည်။ လုပ်ငန်းများ သိသိသာသာ အောင်မြင်မှုရမည်။ လုပ်ငန်းသစ်များ စတင်ပြု လုပ်နိုင်သော ကာလ၊ လုပ်ငန်းဟောင်းများ ပြန်ပေါ်တတ်သည်။ ဘုရားဖူးခရီးများ စိတ်ချမ်းသာစရာခရီးများ ပြည်တွင်းပြည်ပခရီးများ သွားရတတ်သည်။ ၀န်ထမ်းဖြစ်လျှင် ရာထူးတက်ခြင်း အခြေအနေ အဆင့်အတန်း မြင့်တက်ခြင်းများကြုံမည်။ သင်တန်းတစ်ခု တက်ရခြင်း ပညာကောင်း ရခြင်းများ ကြုံမည်။ မိတ်ဆွေကောင်း ဆရာကောင်များ တွေ့မည်။ အဖိုးတန်စက်ပစ္စည်များဝင်မည်။ မြေကိစ္စ၊ အမွေကိစ္စများ အဆင်ပြေမည်။ ငွေရှာရလွယ်ခြင်း ငွေအ၀င်အထွက် ကြမ်းခြင်းများ ကြုံလိမ့်မည်။ ရပ်ဝေးမှစာများ အဆက်အသွယ်များ ရလာမည်။ ရန်များခြင်း စကားများဖြေရှင်းရခြင်း ရင်နှီးသူများ လုပ်ဖော်ကိုင်ဘက်များနှင့် အဆင်မပြေလမ်းခွဲရခြင်းများ ကြုံမည်။

အထူးသတိပြုရန် အလုပ်တွင် အတိုက်အခံ အနည်းငယ်ကြုံရတတ်သည်။ အမှုအခင်း ရုံးပြင်ကန္နားနှင့် ပတ်သက်ရတတ်သည်။ စိုးရိမ်စရာ မရှိပါ။ အကြီးအကဲ ကောင်းရနိုင်၏။

အိမ်ထောင်ရှိသူဆိုလျှင် အိမ်ထောင်ဖက် စိတ်ညစ်ရတတ်သည်။ ဆွေမျိုးသားချင်းများ ကျန်းမာရေး အသည်းအသန် ဖြစ်တတ်သည်။ လာမည့် မွေးလ မွေးရက်အထိ အသုဘပို့ခြင်း မပြုပါနှင့် အထူးသတိပြုပါ။ နှလုံးနှင့် ပတ်သက်၍ ကျန်းမာရေးညံ့ခြင်း၊ လေနှင့် ပတ်သက်၍ ကျန်းမာရေးညံ့ခြင်း ဒူး နား ဒုက္ခပေးခြင်းများ ကြုံရတတ်သည်။ စပ်တူရှယ်ယာလုပ်ငန်းများ ပေါ်လိမ့်မည်။ လုပ်လျှင်အောင်မြင်မည်။ ကိုယ်ပိုင်လုပ်ငန်းဖြစ်စေ၊ ၀န်ထမ်းဖြစ်စေ ကြီးပွားတိုးတက်အောင်မြင်မည့်ကလာ ဖြစ်ပါသည်။

ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက်စေရန် အောက်ပါ ယတြာများ ကို ဂရုစိုက်ပြုလုပ်ပါလေ။ ဘုရားဖူးခရီးသွားပါ၊ ခရီးစရိတ်ပြတ်နေသူကို ငွေလှူပါ၊ မွေးနေ့တိုင်း အိပ်ရာရွှေ့ ပြောင်း၍အိပ်ပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

သောကြာသားသမီးများအတွက်

အလုပ်နေရာ၊ အိမ်နေရာ ပြင်ဆင်မွမ်းမံရခြင်း ပြောင်းရွှေ့ရခြင်း လုပ်ရတတ်သည်။ အိမ်သစ်ဆောက်လျှင် ကောင်းသည့်အချိန် ဖြစ်သည်။ လုပ်ငန်းအသစ်ပေါ်ခြင်း (သို့မဟုတ်) လက်ရှိအလုပ်နှင့် ပတ်သက်၍ အဆက်အသွယ်သစ်များ ပေါ်လာလိမ့်မည်။ လုပ်ငန်းနှင့် ပတ်သက်၍ နာမည်ကောင်းရခြင်း နေရာကောင်းရခြင်း၊ လုပ်ငန်းတိုးချဲ့ရခြင်းများ လုပ်ရတတ်သည်။ အိမ်ထောင်မရှိသူများ အိမ်ထောင်ကျတတ်သော ကာလဖြစ်သည်။ ဇာတာရှင်သည် ယောက်ျားဖြစ်ပါက အိမ်ထောက်ကျလျှင် ကောင်းပါသည်။ မင်္ဂလာဆောင်လျှင် စည်ကားသော မင်္ဂလာဆောင်ဖြစ်မည်။ အိမ်ထောင်ပရိဘောဂ အိမ်သုံးပစ္စည်း ၀င်တတ်သည်။ သူခိုး၊ မျက်စေ့ အကျခံရတတ်သော ကာလဖြစ်၍ သူခိုး အခိုးခံရတတ်ကြောင်း သတိပြုပါလေ။ ခရီးအကျိုးပေးသော ကာလဖြစ်ပါသည်။ ဘုရားဖူးခရီး သွားရတတ်သည်။ ကွဲကွာနေသော ဆွေမျိုးသားချင်းများနှင့် ပြန်ဆုံမည်။ ရပ်ဝေးမှ ဆွေမျိုးသားချင်းများ ရောက်လာတတ်သည်။ အိမ်သို့ အတောင်ပါသော သတ္တ၀ါများ ၀င်လာတတ်သည်။ ၀င်လျှင် နိမိတ်ကောင်းသည်။ သွပ် သံ သစ် စသော သောကြာနံပစ္စည်းများ ၀င်လာတတ်သည်။

အထူးသတိပြုရန် မိတ်ဆွေရင်း လုပ်ဖော်ကိုင်ဘက်တို့က ဒုက္ခပေးတတ်သည်။ မြေကို အကြောင်းပြု၍ စိတ်ညစ်ရတတ်သည်။ မြေအ ၀င်မခံရပါ။ မြေ၀င်လျှင် ကြာသပတေးနံ ထုတ်ပစ်ပါ။ ပညာရေးနှင့် ပတ်သက်သောပစ္စည်း လှူဒါန်းပါ။ ရွှေနှင့် အဖိုးတန် ရတနာပစ္စည်းများ ၀င်လာမည် ဘုရားဆင်းတုတော် စွယ်တော် ရဟန္တာပုံတော်များ ကြွလာတတ်သည်။ လက်ဝတ်ရတနာများ ကျောက်ပြုတ်ထွက်ခြင်း ပျောက်ခြင်း၊ ဖြစ်တတ်သည်။ အလုပ်တွင် အတိုက်အခံ အပြိုင်အဆိုင် ကြီးစွာကြုံမည်။ အတိုက်အခံမှန်သမျှ အနိုင်ရမည်။ မိသားစု အကြီးအကဲ လုပ်ငန်းအကြီးအကဲ တို့ကြောင့် စိတ်ညစ်ရတတ်သည်။ အထူးသဖြင့် ဖခင် ကျန်းမာရေး ညံ့တတ်သည်။ ထီပေါက်သကဲ့သို့ ငွေများဝင်တတ်သည်။

ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက်စေရန် အောက် ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။ အုန်းထမင်း၊ အုန်းနို့နှင့်ချက်ထား သော ဘဲသားဟင်းကို ဘုန်းကြီးလှူပါ၊ တံခွန်းကုက္ကား မလေးပွား ဂြိုလ်တိုင်သက်စေ့လှူပါ

~~~~~~~~~~~~~~~~~~~~~~~~~~~~~

စနေသားသမီးများအတွက်

အလှူအတန်းကိစ္စများ မုချလုပ်ရမည်။ ငွေအစုလိုက် အပုံလိုက် ၀င်လာလိမ့်မည်။ မိမိ၏ အလုပ်မှလည်းကောင်း၊ ထီပေါက်၍လည်းကောင်း ၀င်လာတတ်သည်။ ဤကာလမျိုးး၌ သာမန်အခြေအနေမျိုးမှနေ၍ စီးပွားအရှိန်အဟုန် နှင့်တက်ကာ လက်ရှိအခြေအနေထက် အဆပေါင်းများ စီးပွားတက်လိမ့်မည်။ မိမိလုပ်ငန်းများကို အင်နှင့် အားနှင့် တိုးချဲ့လုပ်ကိုင်သင့်သော်လည်း ဖြတ်လမ်းမလိုက်ရန် သတိပေးလိုပါသည်။ မိမိအား ပြဿနာလုပ်နေသူများ ရှိလျှင် အဆင်ပြေသွားမည်။ မသင့်မြတ်သူများနှင့် ပြန်လည်သင့်မြတ်သွားမည်။ အဖိုးတန်ကျောက် မျက်ရတနာများ ၀င်မည်။ အိမ်ထောင်ရှင်များ အိမ်ထောင်ရေးအတွက် သောကရောက်ရသော ကာလဖြစ်သည်။ အထက်လူကြီး၊ မိသားစု ကြီးကဲသူများကြောင့် စိတ်ညစ်ရမည်။ အတူနေမိသားစုထဲမှ အကြီးအကဲ အဘိုး အဘွားများအရေးဖြစ်တတ်သည်။

လူမျိုးခြား၊ နိုင်ငံခြားနှင့် ပတ်သက်သော ကိစ္စများ အကျိုးပေး အောင်မြင်မည်။ ခရီးများမကြာခဏ ထွက်ရတတ်သည်။ ထိုခရီးများသည်လည်း အကျိုးပေး အောင်မြင်လိမ့်မည်။ ၀န်ထမ်းဆိုလျှင် ရာထူးတက်ခြင်းအခြေအနေ မြင်တတ်ခြင်း ကြုံရလိမ့်မည်။

ပညာရေးကိစ္စများ သင်တန်းကိစ္စများကို အကြောင်းပြု၍ စိတ်ညစ်ရတတ်သည်။ ရွှေထွက်ခြင်း၊ ရွှေအတွက် ပြောဆိုဖြေရှင်းရခြင်းများ ကြုံရတတ်သည်။ အင်္ဂါနံ စိန်၊ စက်ပစ္စည်း ထွက်တတ်သည်။ ရွှေထည်ဝယ်လျှင် အသစ်များသာ ၀ယ်သင့်သည် အပျက် အဟောင်း မ၀ယ်သင့်ပါ။

အထူးသတိပြုရန် အောက်လက်ငယ်သား သားသမီး ထွက်သွားခြင်း၊ ၎င်းတို့အတွက် သောကရောက်ရခြင်းများ ကြုံ ရတတ်သည်။ ဆီးရောဂါ၊ မျက်စိရောဂါများ ဒုက္ခပေးခြင်း၊ အစားမှားခြင်း၊ ဆေးမှားခြင်းများ ကြုံရတတ်သည်။ စာရွက်စာတမ်း စာချုပ်ကိစ္စ များအတွက်စိတ်ညစ်ရခြင်း၊ ပစ်စာ တိုင်စာ ရောက်ခြင်းများ ကြုံရတတ်သည်။ ဆွေမျိုးသားချင်းများကို ကောင်းစွာ အကူအညီ ပေးနိုင်လိမ့် မည်။

လက်ရှိအလုပ်အကိုင်ကို စိတ်မ၀င်စားခြင်း၊ အလုပ်ပြောင်းလိုစိတ်များ ကြုံလာတတ်သည်။ အိမ်ဝယ်နိုင်သော်လည်း အိမ်အနားအဆာ မလွတ်၊ အိမ်ဧည့်သည်မပြတ်၊ အိမ်ဆောက်လျှင် တန်းလန်းဖြစ်တတ်သည်။ ခိုင်မာသော စီးပွားရေးလုပ်ငန်းများ တည်ဆောက်ထားပါ။ ရရှိသော အကြွေးများကို ယခုကာလတွင် ကြိုတင်စုဆောင်းထားပါ။ သို့မဟုတ်ပါက ဆုံးတတ်သည်။ ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက်စေရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။ ထီးဖြူအသေးသက်စေံနှင့် ထီးဖြူအကြီး တစ်လက်ကို မွေးနေ့နက်တွင် ဘုရားလှူပါ။ အမွှေးနဲ့သာနှင့် ဘုရားအားရေသပ္ပာယ်ပါ။

ပြည်ပတင်သွင်း ကားများထားသည့် ဝင်းအတွင်း CCTV များတပ်မည်


 မော်တော်ယာဉ်ဆက်စပ်ပစ္စည်း, လုံခြုံရေးကင်းမျှော်စင်, ပို့ဆောင်ရေးဝန်ကြီးဌာန, မြန်မာ့ဆိပ်ကမ်းအာဏာပိုင်, ပြည်ထောင်စုဝန်ကြီး,

ပြည်ပမှ တင်သွင်းလာသည့် မော်တော်ယာဉ် ဆက်စပ် ပစ္စည်း ပျောက်ဆုံးမှုများ ဖြစ်ပွားနေသဖြင့် မော်တော်ယာဉ် ထားသိုရာ နေရာများတွင် ဧရိယာ အလိုက် CCTV Camera များ တပ်ဆင်ပြီး၊ လုံခြုံ ရေး ကင်းမျှော်စင်များ တည်ဆောက်ကာ လုံခြုံရေး အင်အား လုံလောက်စွာ ချထားသွားမည်ဟု ပို့ ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦး ဥာဏ်ထွန်းအောင်က ပြောသည်။


မော်တော်ယာဉ်များအား ဆိပ်ကမ်းမှ ထုတ်ယူရာ၌ ပစ္စည်းများ ပျက်စီးမှု၊ ပျောက်ဆုံးမှု၊ လျော့နည်း နေမှုများရှိ၍ ပိုင်ရှင်များအကြား သံသယဖြစ်ပွားနေမှုများ ဖြစ်ပေါ်နေခြင်းကြောင့် တာဝန်ရှိသူများက မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ရုံး၌ ဇန်နဝါရီလ ၂ ရက်က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ကတိပြုခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ပစ္စည်းပျောက်မှုများ လျော့နည်း ပပျောက်ရေး အတွက် မူလတင်သွင်းသည့် နိုင်ငံ၌ သင်္ဘောပေါ်သို့ တင်ဆောင်ရာတွင် မော်တော်ယာဉ်၏ အခြေအနေ၊ ပါရှိသော စာရင်းများအား စနစ်တကျ ပြုစု၍ သင်္ဘောမှ တာဝန်ရှိသူများအား အပ်နှံခြင်း၊ စာရင်းများအား မော်တော်ယာဉ် ရောက်ရှိချိန်တွင် တိုက်ဆိုင် စစ်ဆေးပြီး ကိုက်ညီမှု မ ရှိပါက သင်္ဘောလိုင်းမှ ချက်ချင်း အကြောင်းကြား ဖြေရှင်းပေးစေခြင်းတို့အား ဆောင်ရွက် သွားမည်ဟု ဝန်ကြီးဦးညာဏ်ထွန်းအောင်က ဆက်လက် ပြောသည်။

ထို့အပြင် မော်တော်ယာဉ် တင်သွင်းသူများသည် ၄င်းတို့မော်တော်ယာဉ်များ တင်ဆောင်လာသည့် သင်္ဘော ဆိုက်ကပ်မည့် ရက်အား ကြိုတင်သိရှိ နိုင်ရန်အတွက် အကြောင်းကြားမှုများ ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ယင်းသို့ မော်တော်ယာဉ် ဆက်စပ်ပစ္စည်းများ ပျောက်ဆုံးရခြင်း အကြောင်းအရင်းများမှာ သင်္ဘော ဆိုက်ကပ်ချိန် ကတည်းက ပစ္စည်းများ လျော့နည်းနေခြင်း၊ သင်္ဘောပေါ်မှ ယာဉ်ထားသိုရာ ဂိုဒေါင်ဝင်းသို့ ပို့ဆောင်စဉ် ယာဉ်မောင်း သူကြောင့် ပျက်စီး ပျောက်ဆုံးခြင်း၊ မော်တော်ယာဉ် ထားသိုရာ နေရာ၌ ပျက်စီးပျောက် ဆုံးခြင်း၊ မော်တော်ယာဉ် လာရောက် ထုတ်ယူသူများက ယာဉ်ပါပစ္စည်း မပြည့်စုံသဖြင့် အခြားယာဉ်မှ ပစ္စည်းများ ခိုးယူခြင်း စသည့် အချက်များ ကြောင့် ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင် က သုံးသပ်သည်။

မူလတင်သွင်းမှုပြုချိန်၌ သင်္ဘောဖြင့် သယ်ဆောင် လာသည့်ကာလအတွင်း ပစ္စည်းများ လျော့နည်း ပျောက်ဆုံးမှု ပမာဏသည် ၅၀ ရာခိုင်နှုန်းရှိပြီး၊ ဆိပ်ကမ်းတံတားများသို့ ရောက်ချိန် ပျောက်ဆုံးမှုသည် ၁၅ ရာခိုင်နှုန်းရှိကာ၊ ဆိပ်ကမ်းမှ ထုတ်ယူပြီးချိန် ပျောက်ဆုံးမှု ပမာဏမှာ ၃၅ ရာခိုင်နှုန်း ရှိကြောင်းလည်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ သိရသည်။

ထို့အပြင် တင်သွင်းလာသော မော်တော်ယာဉ်များအား တင်ဆောင်လာစဉ် ဆက်စပ် ပစ္စည်းများ ပါရှိကြောင်း အထောက်အထားများ မပြနိုင်ခြင်းကလည်း ဆိပ်ကမ်းသို့ ရောက်ချိန်၌ ပစ္စည်းများ ပျောက်ဆုံး လျော့နည်းခြင်း၏ အဓိက အကြောင်းအရင်းဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ဦးဆောင်ညွှန်ကြား ရေးမှူးက ထောက်ပြသည်။

သူက “ကားတစီး လေလံအောင်ပြီး တင်သွင်းလိုက်တယ် ဆိုရင် လေလံအောင်စဉ်က အခြေအနေအတိုင်း ဒီကားမှာ ပစ္စည်း အစုံပါရှိခြင်း၊ မပါရှိခြင်းကို အထောက်အထား စာရွက်တွေ မပါတော့ ပစ္စည်းဘယ်မှာ လျော့ခဲ့၊ ပျောက်ခဲ့လဲ ဆိုတာ ဘယ်သူမှ အတိအကျ မပြောနိုင်ဘူး။ မသိနိုင်ဘူး ဖြစ်နေတယ်”ဟု ပြောကြား သည်။

သူက ဆက်လက်၍ “ဒီကားမှာတော့ ဘာပစ္စည်းတွေပါလဲ ဆိုတဲ့ Inspection Sheet လို အထောက်အထား စာရွက် စာတမ်းတွေ မပါဘူး။ ပြီးတော့ အမိုးကိုင်းတို့၊ ကားရှေ့က ဘန်ဘာတို့က သတ်မှတ် ကီလိုထက် ကျော်နေရင် သူတို့ တွေက ဖြုတ်လိုက်တာပဲ။ ဖြုတ်ပြီး တချို့က ပြန်ထည့်ပေး လိုက်ကြတယ်။ တချို့က မထည့်ပေးဘူး။ ဒီရောက်လို့ အဲဒီ ပစ္စည်းတွေက လျော့နေတော့၊ ဒီဘက်ဆိပ်ကမ်း ရောက်မှပဲ ပျောက် သလို၊ ပစ္စည်းချပြီးမှ ပျောက်သလို ဖြစ်နေတယ်”ဟု ပြောသည်။

ထို့ပြင် ကားအသင်း ဗဟိုအလုပ်မှုဆောင် ဦးအောင်ဇော်ဦးက ကားတင်သွင်းမှု ပြုလုပ်ရာ၌ လုပ်ငန်းပိုင်း ဆိုင်ရာ နားလည်မှု အားနည်းသော အေးဂျင့်များ ကြောင့်လည်း ပြဿနာ ကြုံတွေ့ရသဖြင့် ကျွမ်းကျင်သော အေးဂျင့်များကို ရွေးချယ်ရန် လိုအပ်ကြောင်း အကြံပြု ပြောကြားသည်။

“တင်သွင်းတဲ့ လူကလည်း နားလည်တတ်ကျွမ်းတဲ့ အေးဂျင့်ကို ရွေးချယ်တတ်ဖို့ လိုအပ်တယ်။ ရွေးချယ် လိုက်တဲ့ အေးဂျင့်ရဲ့ လုပ်ငန်းကျွမ်းကျင်မှု အခြေအနေကို လည်းသိထားရမယ်။ ပစ္စည်းပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး ဟိုမှာ ပျောက်တာလား၊ ဒီဘက် မှာပျောက်တာလား ဆိုတာကို ဖြေရှင်းပေးနိုင်မယ့် လူမျိုးကို ရွေးချယ်တတ်ဖို့ လိုအပ် တယ်”ဟု ၄င်းက ပြောကြားသည်။

သို့သော် ယခုအချိန်ထိ တင်သွင်းခဲ့ပြီးသော ကားအစီးရေ စုစုပေါင်း ၂ သိန်းကျော်အနက် ပစ္စည်းပျောက် ဆုံးမှု အခြေအနေမှာ ရာခိုင်နှုန်းနှင့် တွက်ချက်ပါက ၁ ရာခိုင်နှုန်းအောက် နည်းခြင်းခြင်းကြောင့် ရာခိုင်နှုန်း အရ တွက်ချက်လျှင် အောင်မြင်သည်ဟု ဆိုနိုင်ကြောင်း သူက ဆက်လက်ပြောသည်။

ယခုကဲ့သို့ ပစ္စည်းလျော့နည်း ပျောက်ဆုံးမှုများသည် နိုင်ငံတကာ ဆိပ်ကမ်းများ၌လည်း ဖြစ်ပွားလေ့ ရှိကြပြီး စင်ကာပူ ဆိပ်ကမ်း၌ နည်းပညာတိုးမြှင့် ဆောင်ရွက်လိုက်ခြင်းကြောင့် လျော့နည်း ပပျောက် ခဲ့သော်လည်း၊ မလေးရှား ဆိပ်ကမ်း တွင် ယခုတိုင် ယင်းပြဿနာနှင့် တွေ့ကြုံနေသေးကြောင်း မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေးမှူးက က ပြောကြားသည်။

တပ်မတော်နဲ့ အစိုးရ ဖွဲ့စည်းပုံပြင်ဆင်ရေးတွင် ပါဝင်ရန် ဒေါ်အောင်ဆန်းစုကြည် ထပ်မံတိုက်တွန်း


တပ်မတော်,လက်ရှိအစိုးရ,၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ, ပြုပြင်ပြောင်းလဲရေး, ၆၆နှစ်မြောက် လွတ်လပ်ရေးနေ့, ဒေါ်အောင်ဆန်းစုကြည်,ဦးတင်ဦး,သူရ ဦးရွှေမန်း

တပ်မတော်နှင့် လက်ရှိအစိုးရသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး အ တွက် အရေးပါသော အခန်းကဏ္ဍတွင်ရှိနေပြီး၊ ယင်းကိစ္စအား မိမိတို့နှင့် မဆိုင်သကဲ့သို့ မသိ ချင်ဟန်ဆောင်နေ၍ မရကြောင်း အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ်ရုံးချုပ်၌ ကျင်းပခဲ့သော ၆၆ နှစ်မြောက် မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့ အထိမ်း အမှတ် အခမ်းအနားတွင် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ပြောကြားလိုက်သည်။


မကြာမီ ပြန်လည်စတင်မည့် လွှတ်တော်အစည်းအဝေးတွင် တပ်မတော်ဘက်က ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲမှ အချို့ အချက်များကို ပြန်လည် ပြုပြင်မည်ဟု ထုတ်ပြန်ထားချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ ပြောလိုက်ခြင်း ဖြစ်သည်။

“တပ်မတော်ရဲ့ ကဏ္ဍဟာ မပါသလိုလို၊ ပါသလိုလို လုပ်နေလို့ မဖြစ်ပါဘူး။ အင်မတန်မှ အရေးပါ ပါတယ်။ နောက်ပြီး ပြည်သူပြည်သား အားလုံးနဲ့ ဆိုင်တဲ့ကိစ္စဟာ အစိုးရနဲ့ မဆိုင်ဘူး ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး တကယ်ဖြစ်ပေါ်ဖို့ ဆိုရင် ရှိနေတဲ့ စိန်ခေါ်မှုတွေ၊ ပြဿနာတွေကို ရဲရဲဝံ့ဝံ့နဲ့ ပြတ်ပြတ်သားသား ရင်ဆိုင်ရပါလိမ့်မယ်။ ပြဿနာမရှိချင်ယောင် ဆောင်နေခြင်း အားဖြင့် တိုးတက်မှု ဘယ်လိုမှ မရနိုင်ပါဘူး”ဟု ၎င်းကဆိုသည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးသည် အရေးကြီးသော ကိစ္စဖြစ်ပြီး တပ်မတော်နှင့် ပြည်သူများ အားလုံးသိရန် လိုအပ်ကြောင်း၊ တပ်မတော်သည် မိမိတို့ နိုင်ငံ၏ အစိတ်အပိုင်းတခု ဖြစ်သည်ကိုလည်း အားလုံးက မသိချင်ယောင် ဆောင်နေ၍ မရပဲ အသိအမှတ် ပြုရမည်ပင် ဖြစ်ကြောင်း သူကပြောသည်။

ထို့အပြင် ဖွဲ့စည်းပုံ ပြင်ဆင်ရေးအပိုင်းတွင် လက်ရှိအစိုးရ၏ ကဏ္ဍကလည်း ပါဝင်ပြီး မဆိုင်သလို နေနေ၍မရကြောင်း၊ အမျိုးသားရင်ကြားစေ့ရေးကို အခြေပြုမည်ဆိုလျှင် ပြောသင့်သည်များကို ပြောဆိုရမည်ပင်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးချုပ်တွင် ယနေ့ ကျင်းပခဲ့သော ၆၆ နှစ်မြောက် မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ၎င်းက ပြောကြားလိုက်သည်။

လွှတ်တော်အတွင်းအင်အားအကြီးဆုံးပါတီဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီ၏ ဒီဇင်ဘာ ၂၇ မှ ၃၀ အထိ ကျင်းပခဲ့သော ဗဟိုကော်မတီအဆင့် အစည်းအဝေးတွင် သမ္မတ အရည်အချင်း ပြင်ဆင်သတ် မှတ်ခြင်း အပါအ၀င် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များကို သမ္မတက တိုက်ရိုက် ခန့်အပ်ခြင်း မဟုတ်ဘဲ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်များက ရွေးချယ်ခွင့် ရရှိစေရန်၊ ခရိုင်နှင့် မြို့နယ် အုပ်ချုပ်ရေးမှူးများကို ဥပဒေ ပြဋ္ဌာန်း၍ တာဝန်ပေးဆောင်ရွက်ရန် ဆိုသော အချက်များ အပါအဝင် ၅၁ ချက်ကို ပြင်ဆင်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ယခုလက်ရှိ ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် တရားမျှတသလိုလို၊ တရားမမျှတ သလိုလို လုပ်နေ၍ မရကြောင်း၊ တရားမျှတမှု မရှိ၊ ဒီမိုကရေစီ စံနှုန်းများနှင့်မကိုက်ညီ၊ နိုင်ငံ၏ အနာဂတ်အတွက် ကောင်းသော ဖွဲ့စည်းပုံ မဟုတ်ကြောင်းကို ပွင့်လင်း ပြတ်သားစွာ လက်ခံရမည်ဖြစ်ကြောင်း ဒေါ်အောင် ဆန်းစုကြည်က ဆက်ပြောသည်။

ထို့နောက် ယနေ့ကျရောက်သော ၆၆နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းမှ မိမိတို့ထံ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်ကို မိမိတို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကလည်း နှုတ်ခွန်းဆက်စကား ပြန်လည် ပါးလိုက်ပါကြောင်း၊ အားလုံး ပူးပေါင်း ဆောင်ရွက်ရင်း မိမိတို့နိုင်ငံအတွက် ပူးပေါင်း ဆောင်ရွက် သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် လွတ်လပ်ရေး ရရှိရန်အတွက် တပ်မတော်နှင့် ပြည်သူများ ပူးပေါင်းဆောင်ရွက်ခဲ့သလို လွတ်လပ်ရေး တည်တံ့ခိုင်မြဲပြီး လွတ်လပ်သော နိုင်ငံတနိုင်ငံနှင့် ထိုက်တန်သော စနစ်တခု ထူထောင်ရန် ပြည်သူနှင့် တပ်မတော် ပူးပေါင်းဆောင်ရွက် နိုင်မည်ဟု မျှော်လင့်ယုံကြည်ပါကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်ပြောသည်။

“၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ ကျမပြောချင်တာက ဒီနှစ်အတွက် အရေးကြီးတာက ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြုပြင် ပြောင်းလဲရေး ဖြစ်ပါတယ်။ ဒါပေမယ့် ရေရှည်အတွက် အရေးကြီးတဲ့ကိစ္စ အမျိုးသား ရင်ကြားစေ့ရေးကို မျက်ခြေပြတ်လို့ မဖြစ်ပါဘူး။ ကျမတို့ရဲ့ခေတ်မှာ နောင်လာ နောက်သားတွေအတွက် စစ်မှန်တဲ့ဒီမိုကရေစီ ပြည်ထောင်စုရဲ့ အုတ်မြစ်ကိုတော့ ခိုင်ခိုင်မာမာ ချသွားချင်တယ်။ နောင်လာတဲ့ခေတ်ရောက်ရင် ၂၁ ရာစုအတွင်းမှာ ကျမတို့ ဒီမိုကရေစီ ပြည်ထောင်စုကြီးရဲ့ အုတ်မြစ်ကို ခိုင်ခိုင်မာမာ ချခဲ့နိုင်တယ် ဆိုတာကို သမိုင်းမှတ်တမ်း တင်နိုင်မယ် ဆိုရင်တော့ ကျမတို့အားလုံးဟာ လူဖြစ်ရကျိုး နပ်ခဲ့တယ်လို့ ကြွေးကြော်နိုင်မှာပါ”ဟု သူက ပြောကြားလိုက်သည်။

၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၀ တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အကျဉ်းသားများကို လွှတ်ပေးခဲ့မှုနှင့် ပက်သက်ပြီး ကောင်းမွန်သော လုပ်ရပ်အဖြစ် ရှုမြင်ကြိုဆိုပါကြောင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးမှ ၆၆ နှစ် မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပွဲ၏ သဘာပတိ အဖွင့်မိန်းခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

လက်ရှိ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ ပြင်ဆင်ရေးသည် မိမိတို့နိုင်ငံအတွက်သေရေးရှင်ရေးဖြစ်ပြီး လက်ရှိ အနေအထားမှ လိပ်ခဲတည်းလည်းဖြင့် လမ်းဆုံလမ်းခွ ရောက်နေကြောင်း၊ မိမိအနေဖြင့် ဒေသတွင်း နိုင်ငံ များကဲ့သို့ အမျိုးသမီး သမ္မတများ ဖြစ်ခဲ့ပုံကို ကြည့်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်သည်အထိ ကူညီဆောင်ရွက် သွားမည်ဖြစ်ကြောင်း ၎င်းက အထိမ်းအမှတ်ပွဲ နိဂုံးချုပ်အနေ ဖြင့် ပြောကြားခဲ့သည်။

ထို့အပြင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ ရည်ရွယ်၍ “ရဲဘော်ကြီး၊ ဘာမှ မတွေး ပါနဲ့တော့။ ဗိုလ်ချုပ်အောင်ဆန်းတို့ ခေတ်ကဆို တပ်မတော်ဟာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဘဝနဲ့ ဖြတ်သန်းခဲ့တာပါ။ ခင်ဗျားလဲ အဲဒီ လိုဖြစ်ချင်တယ် ဆိုရင် လွှတ်တော်ထဲမှာ ရှိနေတဲ့ တပ်မတော်သား ၂၅ ရာခိုင်နှုန်းကို မဖယ်ပေးတာဟာ ဆိုးရွားနေမယ့် အခြေအနေဆိုတာကို မြင်ပြီး သတ္တိရှိရှိ ဖယ်ရှားပေးပါလို့ ပြောချင်တယ်” ဟု ဦးတင်ဦးက ဆိုသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကျင်းပခဲ့သော ၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ကမန်အမျိုးသား ဒီမိုကရေစီပါတီ၊ ၇၄၊ ၇၅၊ ၇၆ခုနှစ် နိုင်ငံရေး အင်အားစုများ၊ ၈၈ မျိုးဆက်နှင့် ပွင့်လင်း လူ့ အဖွဲ့အစည်း၊ မြန်မာနိုင်ငံ လူငယ်အစည်းအရုံးတို့မှ ပေးပို့ခဲ့သော သ၀ဏ်လွှာများကိုလည်း အခမ်း အနားတွင် မှတ်တမ်းတင်ခဲ့သည်။

Eleven Media CEO ဒေါက်တာ သန်းထွဋ်အောင် သို့ ဒါရိုက်တာ မိုက်တီးရဲ့ အိပ် မ ပါ ပဲ ပေး တဲ့ စာ

ရွှေကလောင်ရှင်သတင်းစာဆရာကြီးတယောက်ကို ဒီလောက်ထိ ရှင်းပြနေရတာကြီး ကျတော့လဲ တယ်တော့ နိပ်ဘူးဗျ ၊ ဒီလောက်တောင် အကောင်းစား တွေလုပ်ဆောင် လာခဲ့ပြီးတော့မှဗျာ …. ပညာရှိ သတိဖြစ်ခဲလို့ ပဲ ပြောရအောင်ကျပြန်တော့လည်း ပေကပ်ပြီး ဇွတ် ဆက်ငြင်းနေပြန် သေးတာလေ ၊ လူပဲဗျာ- တချိန်တခါမှာ တကြိမ်တ ခါလောက်မှားတာပဲ – စာတကြောင်းလောက် ပြောလိုက် ရုံနဲ့တင်ပြီးတာပါ၊ ပေကပ်ပြီး ဆက်ငြင်းနေတာကြီး ကျမှသာ တောက်လျှောက် ဆက်တိုက် ဖါ မဆုံးတော့ပဲ န ဝ တ တဖြစ်လဲလို ရှေ့မတက်ပဲ ငုတ်တုပ် မတ်တပ် လဲရတော့မှာ ၊


သိပ်ရှင်းနေတာပါဗျာ ၊

ဒေါက်တာ သန်းထွဋ်အောင် အနေနဲ့ ရုပ်ရှင်အနုပညာ အကြောင်းကို ကျွန်တော့လောက် သိစရာမလိုသလို ၊ ကျွန်တော် ဒါရိုက်တာမိုက်တီးအနေနဲ့ကလည်း သတင်းစာဆရာ တယောက်ရဲ့ ကျင့်ဝတ်တွေ စည်းကမ်း တွေကို ဒေါက်တာသန်းထွဋ်အောင်လောက် သိစရာအကြောင်းကို မရှိဘူးလေ ၊ အဲဒီကျွန်တော့်ရဲ့မသိမှူ့ ကျွန်တော်နဲ့မဆိုင်မှူ့အတွက် သတင်းမီဒီယာတခုမှာ ကျွန်တော့်ရဲ့ ထင်မြင်ယူဆချက်ကို မှားမှားမှန်မှန် လက်လွတ်စပါယ် ရေးလို့ ပြောလို့ ရသလို ၊ ဒေါက်တာ သန်းထွဋ်အောင် ကျ ခုန ကျွန်တော်ပြောသလို လျှောက်ပြောလို့ဖြစ်ပါ့မလား ၊

အခုလည်း ဒီလိုပဲပေါ့ဗျ ၊

ကိုသန်းထွဋ်အောင်က သမ္မတ အကြောင်းမသိတဲ့သူလေ၊ သမ္မတလည်းမလုပ်မဲ့ သမ္မတလည်းမဖြစ်နိုင်မဲ့သူ ၊ အဲဒီတော့ - သမ္မတလည်းဖြစ်နိုင်မဲ့၊ သမ္မတလည်းလုပ်မဲ့၊ သမ္မတအကြောင်းလည်းသိတဲ့ ဒေါ်စု ကျတော့ ခင်ဗျားပြောသလို လက်လွတ်စပါယ်ပြောလို့ ဖြစ်ပါ့မလား ၊ လောဘ ဒေါသလေး နဲနဲလျှော့ပါ ကိုသန်းထွဋ်အောင် ၊

ပြီးတော့လဲ နောက်ထပ်တခုက ဆရာလည်းသိတဲ့အတိုင်း ရွေးကောက်ပွဲနိုင်ပြီး သမ္မတဖြစ်ခဲ့ရင် လို့သာ မေးခွန်းထုတ်ခဲ့ပေမဲ့ အဲဒီဖြစ်ဖို့အတွက်ဆိုတာတောင် ပုဒ်မတွေနဲ့ နဘန်းသတ်နေရတုန်း မဟုတ်လား၊ နောက်- ကဲ ရပါပြီတဲ့ ရွေးကောက်ပွဲမှာကကော ချောချောမောမော မှန်မှန်ကန်ကန် အောင်ပွဲ ခံနိုင်ကြမယ်.. လို့ ဆရာ(ဒေါက်တာ) အာမခံနိုင်လို့လား ၊ ဒါဆို အဲဒီလောက်မှ မသေချာတဲ့ ဒီသမ္မတ သာဖြစ်ရင် ဆိုတဲ့ အမေး အဖြေ ကြီးက အဓိပ္ပါယ်မဲ့ကြီးဖြစ်မနေဘူးလား ၊

စဉ်းစားကြည့်လေ-

ကဲ အခု ဒေါ်စု က ပြောလိုက်ပါပြီတဲ့ ပြည်သူတွေအတွက်လောလောလတ်လတ် အကောင်အထည်ဖေါ်ပြလို့ ရမဲ့ အကျိုးအမြတ်က ဘာတွေရလာမှာမိုလို့လဲ ၊ မဲဆွယ်ရုံအတွက် သက်သက်လောက်အပြင် တိုက်ရိုက် ထိခိုက်နစ်နာသွားသူတွေရဲ့ ထိုးနှက်ချက်တွေကလည်း ဘယ်အတိုင်းအတာထိအောင် ပြည်သူ့အစိုးရ ဖြစ်လာဖို့ကို အဟန့်အတားဖြစ်စေအုံးမလဲ မသိနိုင်ပြန်ဘူးလေ ၊

ကဲ -

ဘယ်ဘက်ကတွက်တွက် ဘာအကျိုးမှမထွက်တဲ့အပြင် အကျိုးပျက်ဖို့ကိုတောင် ထည့်တွက်နေရမဲ့ ဒီအဖြေအတွက် ကျွန်တော်ထပ်ရှင်းစရာမလိုလောက်တော့ဘူး ထင်တာပါပဲဆရာ ။

အားတော့နာပါတယ်ဗျာ ၊ ဒါပေမဲ့သြဇာကြီးလှတဲ့ ကျွန်တော်အကြိုက်ဆုံး Eleven Media ရဲ့ ၊ အမြဲတမ်း ဖြောင့်မတ်မှန်ကန်စွာ ဝေဖန်ပိုင်းခြားနိုင်လေ့ရှိတဲ့ အကို့ရဲ့ သုံးသပ်ချက်အပေါ် နားလည်မှူ့လွဲမှား သံသယ တွေဝင်သွားနိုင်မဲ့ ပြည်သူပြည်သားတွေအတွက် မကောင်းတဲ့ အကျိုးဆက်များ ခံစားသွားရစေနိုင်ခြင်းငှာ - နောင် ဆရာ့ အပေါ် သမိုင်းတရားခံမဖြစ်ရစေရန်နှင့် – ……. နောက် …..

ကျွန်တော်တို့မှာကလည်း …
ဒီ တယောက်အပြင် -
နောက်ထပ်. . .
. . . .

ဘယ်တယောက်များထပ်ရှိပါသေးလို့တုန်းဆရာ ။

မည်သည့်ပါတီဝင်မှလည်းမဟုတ်ပါ ၊ နိုင်ငံရေးသမားလည်းမဟုတ်ပါ ၊ ရုပ်ရှင်ပဲရိုက်တတ် သည့် မိုက်တီး သာဖြစ်ပါသည် ။

[ ဤစာအား မည်သည့် မီဒီယာမှ မဆို အခမဲ့ ဖြန့်ချိခွင့်ပြုကြောင်း ]

စည်းလုံးမှုဖြင့် ပန်းတိုင်ဆီသို့

သက္ကရာဇ် ၂ဝ၁၃ ခုနှစ် ဟူသော နှစ်တစ်နှစ်သည် ကုန်လွန်ခဲ့ပြီး ကမ္ဘာ့ မျက်နှာစာတွင် လူ့အဖွဲ့ အစည်း အားလုံးအတွက် အကောင်းဆုံး ခံစားစံစား ကြရမည့် ၂ဝ၁၄ ခုနှစ်ဆိုသည့် နှစ်တစ်နှစ် သည်လည်း ရောက်ရှိ ခဲ့ပြီ ဖြစ်သည်။


ကုန်လွန်ခဲ့သော ၂ဝ၁၃ ခုနှစ်တွင် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ၌ နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေး တို့တွင် ယခင်နှစ် များနှင့်မတူ တိုးတက် ဖြစ်ထွန်းမှု များစွာ ရှိခဲ့သည်။ အိမ်နီးချင်း နိုင်ငံများ ၊ ဒေသတွင်း နိုင်ငံများ သာမက အရှေ့ ၊ အနောက် ကမ္ဘာ့နိုင်ငံများ နှင့် ချစ်ကြည် ရင်းနှီးမှု များလည်း တိုးတက် ဖြစ်ပေါ် ခဲ့သည်ကို တွေ့ရသည်။ ကမ္ဘာ့ အလယ်တွင် မှေးမှိန် ပျောက်ကွယ် နေသော ''မြန်မာ'' သည် ထင်ရှား လာခဲ့ပြီး လူတိုင်းက အလေးထား စောင့်ကြည့် ရသည်အထိ ပေါ်လွင် လာခဲ့ခြင်းမှာ အစိုးရ၏ ပြည်သူ့ဆန္ဒ နှင့်အညီ ပြုပြင် ပြောင်းလဲမှု များကို ဆောင်ရွက် ပေးခဲ့ခြင်း ကြောင့်ဖြစ်သည်။

နိုင်ငံတော် အစိုးရသည် ခေတ်ဟောင်း စနစ်ဟောင်း မှ ခေတ်သစ် စနစ်သစ်သို့ ကူးပြောင်း ရာတွင် တွေ့ကြုံ ရလေ့ရှိသည့် စိန်ခေါ်မှုများ မည်သို့ပင် ရှိစေကာမူ ပန်းတိုင် အရောက် ချီတက်သွားမည် ဖြစ်ပါသည်။ တစ်နှစ်ပြီး တစ်နှစ် တိုးတက်မှုများ ရရှိနိုင်ရန် ကြိုးပမ်းလျက် ရှိရာတွင် ဆင်းရဲ နွမ်းပါးမှု အများဆုံး ဖြစ်နေသည့် ကျေးလက်နေ ပြည်သူများ၏ လူမှုဘဝ တိုးတက် မြင့်မားအောင် ဆင်းရဲမှု လျှော့ချရေး အတွက် ဦးစားပေး ဆောင်ရွက် နေသကဲ့သို့ တိုင်းပြည်၏ စီးပွားရေးကို ပိုမို တိုးတက်အောင် ထူထောင် နိုင်ရေးအတွက် အရင်းအနှီး နှင့် နည်းပညာများ ရရှိအောင် ပြည်တွင်း ပြည်ပမှ စီးပွားရေး လုပ်ငန်းရှင် များကို ဖိတ်ခေါ် ဆောင်ရွက်လျက် ရှိပါသည်။

ယနေ့ နိုင်ငံတော် အတွင်း မှီတင်း နေထိုင်ကြသည့် တိုင်းရင်းသား ပြည်သူ သန်း ၆ဝ ၏တူညီသော ဆန္ဒသည် တည်ငြိမ် အေးချမ်းပြီး တရားဥပဒေ စိုးမိုးသော နိုင်ငံဖြစ်ရေး နှင့် ပြည်သူလူထု ၏ လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်ရေး ပင်ဖြစ်သည်။ ထို့အတူ နိုင်ငံတကာနှင့် ရင်ပေါင်တန်းကာ ခေတ်မီြ<ွကယ်ဝ ချမ်းသာသော ဒီမိုကရေစီ နိုင်ငံတော်ကြီး ကိုလည်း မျှော်မှန်း တည်ဆောက် နေကြသည်။ ယင်းသို့သော ပြည်သူတို့၏ဆန္ဒ ၊ မျှော်မှန်းချက်များ ကို နိုင်ငံတော် အစိုးရက ပြည်သူ ဗဟိုပြု၍ ဦးဆောင် အကောင် အထည်ဖော် လျက်ရှိသည်။

ဤကဲ့သို့ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်ကို ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်ကြီး အဖြစ် တည်ဆောက် ရာတွင် တိုင်းရင်းသား ပြည်သူအားလုံး ၏ စည်းလုံး ညီညွတ်မှု ၊ ပူးပေါင်း ပါဝင်မှုတို့ လိုအပ်သည်။ ပြည်ထောင်စု လှေကြီးကို ပြည်သူများ ကိုယ်တိုင် ရွေးချယ် တင်မြှောက် ခဲ့သော ပြည်သူ့ အစိုးရ၏ ပဲ့ကိုင်မှုဖြင့် အားလုံး ပါဝင်၍ အားသွန် ခွန်စိုက် ကြိုးစား လှော်ခတ် ရမည် ဖြစ်သည်။ ပြည်ထောင်စုသား တိုင်းရင်းသား တစ်ဦးချင်း ၊ တစ်ယောက်ချင်း စီမှစတင်ကာ လက်တွဲ လုပ်ဆောင်မည် ဆိုပါက နိုင်ငံတော်သစ် အတွက် ပြုပြင် ပြောင်းလဲရေး ဆောင်ရွက်ချက် များတွင် ကြုံတွေ့ လာမည့် စိန်ခေါ်မှု အတားအဆီး အခက်အခဲ များကို ရင်ဆိုင် ကျော်လွှား နိုင်မည်ဖြစ်ပြီး မျှော်မှန်းသော ပန်းတိုင်ကို ရောက်ရှိမည် ဖြစ်ပါကြောင်းတင်ပြ လိုက်ရပါသည်။ ။

အယ်ဒီတာအာဘော်
မြ၀တီ

ထန်းတပင်မြို့နယ်ရှိ နေအိမ်တစ်အိမ်အား အုပ်စုဖွဲ့ကာ ရဲအယောင်ဆောင်ပြီး ရွှေထည်ပစ္စည်းများနှင့် ငွေများလုယက်မှု ကျူးလွန်သူများအနက် သုံးဦးကို ကျောက်ဆည်မြို့နယ်အတွင်း ဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်တွင် အုပ်စုဖွဲ့ ရဲအယောင်ဆောင်ပြီး ရွှေထည်ပစ္စည်းများနှင့် ပိုက်ဆံများ လုယက်သည့် ကျူးလွန်သူများအနက် သုံးဦးကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။


ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၄ ရက် ည ၁၁ နာရီခန့် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တက်သစ်နယ်မြေ ရဲစခန်း က အမှုဖွင့်ပြီး တိုင်းဒေသကြီး ရဲတပ်ဖွဲ့နှင့် ပူးပေါင်းရှာဖွေစုံစမ်းရာ မဆောင်းနှင်းအေး၏ အစ်ကိုဝမ်းကွဲ တော်စပ်သူ သီဟအောင်အား သံသယတွေ့ရှိရသဖြင့် ၎င်းနှင့်ပတ်သက်၍ စုံစမ်းခဲ့ကြောင်း သိရသည်။


ထို့နောက် ဒီဇင်ဘာ ၂၄ ရက်တွင် သီဟအောင်၏ မရီးတော်စပ်သည့် မင်္ဂလာဒုံမြို့နယ် နေသူထံသို့ ဆွေမျိုးများဖြစ်သည့် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဆင်ဖြူရှင်ရပ်ကွက်နေ မြင့်အောင်၊ နိုင်နိုင် (ခ) စိုးမြင့်အောင်၊ သက်ပိုင် (ခ) ကျော်ဇင်မင်း၊ သန္တာစိုးတို့သည် ၎င်း၏နေအိမ်သို့ လာရောက်တည်းခို နေထိုင် ခဲ့ကြောင်း၊ သီဟအောင်နှင့် မြင့်အောင်တို့မှာ တယ်လီဖုန်းများဖြင့် သံသယဖြစ်ဖွယ် ဆက်သွယ်မှုများ ရှိခဲ့ကြောင်းနှင့် အခင်းဖြစ်ပွားပြီးချိန်တွင်လည်း ခရီးထွက်ခွာသွားခဲ့ကြောင်း သိရသည်။

ယင်းကြောင့် ၎င်းတို့ထွက်ခွာရာ လမ်းကြောင်းများကို လိုက်လံစုံစမ်းရာ ဇန်န၀ါရီ ၁ ရက် နေ့လယ်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ဇရပ်ဖြူကျေးရွာ၌ ရောက်ရှိတိမ်းရှောင်နေသော မြင့်အောင်၊ သက်ပိုင်၊ သန္တာစိုးတို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 

ဒီဇင်ဘာ ၂၄ ရက် ည ၁၁ နာရီခန့်တွင် ထန်းတပင်မြို့နယ်၊ ရိုးလေးကျေးရွာနေ မ.....(၂၆)နှစ်၏ နေအိမ်သို့ အမည်မသိ အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦးတို့ ရောက်ရှိလာခဲ့ပြီး ၎င်းတို့မှာ လှိုင်သာယာအမှတ်(၂) မြို့မရဲစခန်းမှ ရဲတွေဟု ပြောဆို၍ အိမ်ပေါ်သို့ တက်လာခဲ့ကြောင်း သိရသည်။

ယင်းနောက် အဆိုပါလူများထဲမှ တစ်ဦးက မ......၏ မောင်ဖြစ်သူ မောင်......နှင့် သူငယ်ချင်းဖြစ်သူကို မူးယစ်ရမ်းကားမှုဖြင့် ရဲစခန်းတွင် ဖမ်းဆီးထားပြီး အမှုမဖွင့်လိုက ငွေကျပ်ငါးသိန်း ပေးရမည်ဟု ပြောဆိုခဲ့ပြီး မပေးရင် ဒုက္ခရောက်မည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

ထို့နောက် မ....မှ နေအိမ်အိပ်ခန်း အတွင်းသို့ဝင်၍ ပိုက်ဆံအိတ်ယူဆောင်စဉ် ၎င်းတို့ထဲမှ အမျိုးသမီးဖြစ်သူက အိပ်ခန်းအတွင်း ၀င်လိုက်လာပြီး စစ်ဆေးရမည်ဟုဆိုကာ အိတ်ကိုကြည့်ရှုပြီး အဆိုပါအိတ်အား ယူဆောင်ကာ “ဒီပစ္စည်းတွေ ငါတို့ကိုမပေးရင် ဒုက္ခရောက်သွားမယ်။ ငါတို့ကို ဘာမှတ်လဲ။ အမှုထဲပါသွားမယ်” ဟု ပြောဆိုခြိမ်းခြောက်ကာ ၎င်းတို့အုပ်စုက အဆိုပါအိတ်အား ယူဆောင်သွားခဲ့ကြောင်း သိရသည်။

၎င်းတို့ယူဆောင်သွားသော အိတ်အတွင်း၌ ငွေကျပ် ၃၄ သိန်းကျော်နှင့် ငွေကျပ် ၃၆ သိန်းကျော် တန်ဖိုးရှိ ရွှေထည်ပစ္စည်းများ ပါသွားကြောင်း သိရသည်။ ယင်းကြောင့် ရဲဝန်ထမ်း အယောင်ဆောင်ကာ ပစ္စည်းများ ယူဆောင်သွားသူများကို တက်သစ်ရဲကင်းစခန်းမှ (ပ) ၁၃၁/၁၃၊ ပြစ်မှုပုဒ်မ-၃၈၂/၁၇၀ ဖြင့် အမှုဖွင့်ပြီး သုံးဦးအား ဖမ်းဆီးစစ်ဆေးလျက်ရှိပြီး ကျန်နှစ်ဦးမှာ လွတ်မြောက်နေသေးကြောင်း သိရသည်။

ယင်းကဲ့သို့ပင် ရဲယောင်ဆောင်ပြီး ရွှေထည်ပစ္စည်းများ လုယက်မှုများမှာ ဗဟန်းမြို့နယ်တွင် အောက်တိုဘာ ၂၆ ရက်တွင်တစ်ကြိမ်၊ အောက်တိုဘာ ၂၇ ရက်တွင် စမ်းချောင်းမြို့နယ်၌တစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Eleven

နားမလည်တဲ့ ကလေးငယ်တွေနဲ့ ၊ မှိုင်းမိနေတဲ့ လူကြီးတွေ ဖတ်ဖို့စာ



၅၉ ( ဃ ) ။ နိုင်ငံတော် အရေးအရာများဖြစ်သော နိုင်ငံရေး၊ စီးပွါးရေး၊ အုပ်ချုပ်ရေး၊ စစ်ရေး အမြင်များရှိရမည် ။
--------------

ဒါလေးကို ပြင်ချင်လို့လား ညီလေးးးးးးးးးးးးးးးးးးးးး ?

နိုင်ငံရေး နားမလည်တဲ့သူကို ခေါင်းဆောင် အဖြစ်တင်ရမတဲ့လား ?
စီးပွါးရေး နားမလည်တဲ့သူကို ခေါင်းဆောင် အဖြစ်တင်ရမတဲ့လား ?
အုပ်ချုပ်ရေး နားမလည်တဲ့သူကို ခေါင်းဆောင်အဖြစ်တင်ရမတဲ့လား ?
စစ်ရေးအမြင် မရှိသူကို ခေါင်းဆောင်အဖြစ်တင်ရမတဲ့လား ?
နိုင်ငံခေါင်းဆောင်ဆိုတာ နိုင်ငံရေး အကြောင်းကို ကောင်းကောင်း သိရမယ် ၊


စီးပွါးရေး ..... နိုင်ငံ ၁ နိုင်ငံရဲ့ တိုးတက်မှုကို စီးပွါးရေး အကြောင်းကောင်းကောင်း သိရမယ် ၊

အုပ်ချုပ်ရေး ..... အဖွဲအစည်း ၁ ခုကိုတောင် အုပ်ချုပ်နိုင်တဲ့ အရည်အချင်းဘယ်လောက်ခက်လဲ ဆိုတာသိရင် နိုင်ငံ အဆင့် အုပ်ချုပ်ရေး အကောင်းဆုံးသော နည်းပညာဖြစ်ရမယ် ၊

စစ်ရေးအမြင် ...... အဓိက လိုအပ်ချက်ပဲ ၊ နိုင်ငံတကာ ဆက်ဆံရေးမှာ စစ်ရေးအမြင်ရှိကိုရှိရမယ် ၊ စစ်ရေး အမြင်မရှိပဲ မည်သည့်နိုင်နဲ့မျှ ကောင်းစွာ ဆက်ဆံနိုင်မည်မဟုတ် ၊ ဘာ့ကြောင့်လဲဆိုတော့ နားမလည် တဲ့သူကို ပါးရိုက်ပြီး ဆက်ဆံရသလိုပေါ့ကွာ ..... ။ ကိုယ်က ပညာမတက်တော့ လိမ်သမျှကို ခံနေရတဲ့ ကလေး သူငယ်ဖြစ်နေမှာပေါ့ ။

ဒီအချက်တွေက ခေါင်းဆောင် အတွက် မလိုအပ်ဘူးတဲ့လား ?
_____________________

(စ) ။ မိမိကိုယ်တိုင်သော်၎င်း၊ မိမိ၏မိဘ ၁ပါးပါးသော်၎င်း ၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်၎င်း၊ မိမိ၏ တရားဝင်သားသမီး ၁ ဦးဦးသော်၎င်း ၊ ထိုတရားဝင်သားသမီး ၁ ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်၎င်း နိုင်ငံခြား အစိုးရ၏ ကျေးဇူး သစ္စာတော်ကိုခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတပါး၏ နိုင်ငံသား ဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော်၎င်း ၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ ...... ။
-------

ကိုယ့်နိုင်ငံကို ကိုယ့်နိုင်ငံသားက လွဲပြီး ဘယ်နိုင်ငံသားမှ မကောင်းနိုင်ဘူး ၊ မင်းတို့ သိပ်အထင်ကြီးနေတဲ့ အမေရိကန်နိုင်ငံမှာ နိုင်ငံသား ခံယူရင် ဘယ်လိုသစ္စာဆိုရလဲ သိလား .. မင်းတို့ နိုင်ငံနဲ့ အမေရိကန်နိုင်ငံ စစ်ဖြစ်ရင် အမေရိကန်နိုင်ငံဘက်က ပါဝင်ရမယ်ဆိုတာပဲ .... ။

ငါတို့နိုင်ငံက တိုင်းရင်းသားတွေနဲ့ စုစည်းထားတဲ့ နိုင်ငံဖြစ်လို့ ပြည်ထောင်စု မပြိုကွဲဖို့အတွက် အရေးကြီးဆုံးပဲ ... ။ ကျွန်တော်တို့ နိုင်ငံကျွန်ဖြစ်တုန်းက မှတ်မိကြသေးလား ၊ တော်ပေါ် မြေပြန့် ခွဲခြားပြီး အုပ်ချုပ်ခဲ့တာတွေ ၊ တိုင်းရင်းသားတွေ စည်းလုံးမှုပြိုပျက်မှ နှစ်ရည်ကြာ အုပ်ချုပ်ဖို့ အတွက် ဒီစနစ်ကို ကျင့်သုံးခဲ့တာတွေ ..... ။

ညီလေးတို့ မမေ့အပ်တဲ့ အထဲမှာ ကျွန်ဖြစ်ခဲ့တာကိုပါ သတိရနေပါစေကွာ ..... ။

ဒါနဲ့ .. ဒေါ်စုကြည်က ၅၉ ( စ ) ကို ပြင်မှ သမ္မတနေရာကို ၀င်ရွေးနိုင်မှာလား ?
ဒါဆို သူ့ က ကျွန်တော်တို့ နိုင်ငံသား မဟုတ်ဘူးလား ၊ ဘယ်နိုင်ငံရဲ့ ကျေးဇူး သစ္စာတော်ခံယူထားတာလဲ ?

ဒီနိုင်ငံရဲ့ ဥပေဒကို မကျင့်သုံးနိုင်ပဲ ဒီနိုင်ငံကို အုပ်ချုပ်ချင်ပါတယ်ဆိုတာကတော့ လွန်ပါတယ်ဗျာ .... ။

နိုင်ငံသားတိုင်း စာတက်ပါတယ် ၊ ဦးဏှောက်ရှိပါတယ် ။ ဒါပေမဲ့ ၀ါဒမှိုင်းကိုတော့ ခံယူနေကြတုန်း ၊ အရွယ်မရောက်သေးတဲ့ ကလေးတွေရဲံ အဖြူရောင် အရောင်ဆိုးနေကြတာ ဘယ်သူတွေလဲ ... ။

ကျွန်တော်တို့နိုင်ငံ နောက်ကျကျန်နေခဲ့တာ အစိုးရမကောင်းယုံတင်ပဲလား ?
အဓိက ယန္တရားဖြစ်တဲ့ ကျွန်တော်တို့ တွေကရော ကောင်းခဲ့ကြလို့လားဗျာ .... ?

Myanmar Express