Thursday, January 2, 2014

၂၀၁၄ တွင် ဒုတိယအကြိမ် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပရန် ကြံ့ခိုင်ရေးပါတီ တိုက်တွန်းမည်



ဝန်ကြီးအဖြစ် ခန့်အပ်ခံရသော လွှတ်တော်အမတ် များနှင့် သေဆုံးသွားသည့် လွှတ်တော် ကိုယ်စား လှယ်များ၏ လစ်လပ် မဲဆန္ဒနယ်များတွင် ဒုတိယ အကြိမ် ကြားဖြတ် ရွေးကောက်ပွဲကို ၂၀၁၄ ခုနှစ် အတွင်း ကျင်းပရန် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက လွှတ်တော်မှတစ်ဆင့် ရွေး ကောက်ပွဲ ကော်မရှင်ကို တိုက်တွန်းသွားမည် ဖြစ် ကြောင်း အဆိုပါ ပါတီ၏ ဗဟိုကော်မတီဝင် တစ်ဦး က ပြောကြားသည်။


ယင်းသို့ တိုက်တွန်းရန် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ကျင်းပသည့် ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီ အစည်း အဝေးတွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီ အစည်းအဝေးတွင် လွှတ်တော် ကိုယ်စားလှယ်များ၏ မဲဆန္ဒ နယ်မြေများ၊ လွှတ်တော် ကိုယ်စားလှယ် ရာထူးမှ ဒုတိယဝန်ကြီး ခန့်အပ်ခြင်း ခံရသည့် မဲဆန္ဒ နယ်မြေများနှင့် ၂၀၁၀ နှင့်၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် နယ်မြေ မငြိမ်းချမ်းမှုကြောင့် ရွေးကောက်ပွဲ ကျင်းပခြင်း မပြု နိုင်ခဲ့သော ကျန်ရှိနေသည့် မဲဆန္ဒ နယ်မြေများတွင် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပနိုင်ရန် တိုက်တွန်း သွားမည်ဟု ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းပါတီထံမှ သိရသည်။

ဒုတိယအကြိမ်မြောက် ကြားဖြတ် ရွေးကောက်ပွဲကို ၂၀၁၄ ခုနှစ်အတွင်း မည်သည့် အချိန်အတွင်း ကျင်းပသွားမည်ကို လွှတ်တော်အတွင်း ပြန်လည် ညှိနှိုင်းကာ တိုက်တွန်းမည် ဖြစ်ကြောင်း အဆိုပါ ပါတီ၏ ဗဟိုကော်မတီထံမှ သိရှိရသည်။

ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမည် ဆိုပါက ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး နှင့် ပြည်နယ် လွှတ်တော်တို့အတွက် လစ်လပ် မဲဆန္ဒနယ် ၁၅ နေရာ ရှိကြောင်း လွှတ်တော် ကိုယ်စားလှယ် များထံမှ သိရှိရသည်။

ကြားဖြတ် ရွေးကောက်ပွဲ ထပ်မံပြုလုပ်ပါက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနှင့် လစ်လပ် မဲဆန္ဒနယ် အားလုံး ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ယင်းပါတီ၏ ပြောရေးဆိုခွင့် ရှိသူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောကြားသည်။ “ကြားဖြတ် ရွေးကောက်ပွဲ လုပ်ပေးမှပဲ ဥပဒေနဲ့ ညီတယ်လို့ ကျွန်တော် ယူဆတယ်” ဟု ၎င်းက ဆိုသည်။

လစ်လပ် မဲဆန္ဒနယ်များတွင် ကြားဖြတ် ရွေးကောက်ပွဲ ပြုလုပ်ပေးရန် ကိစ္စကို သတ္တမအကြိမ် လွှတ်တော် အစည်းအဝေးတွင် ဦးဝင်းမြင့်က တင်ပြခဲ့သော်လည်း ကျင်းပရန် အစီအစဉ် မရှိကြောင်း ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောဆိုထားသည်။

လက်ရှိ အစိုးရ၏ ကျန်ရှိနေသေးသော သက်တမ်း ၂ နှစ် ကာလအတွင်း ကြားဖြတ် ရွေးကောက်ပွဲ ပြန်လည် ကျင်းပပါက လစ်လပ် မဲဆန္ဒနယ်များအတွက် လိုအပ်ချက်များစွာကို ကြိုတင် ပြင်ဆင်ရမည် ဖြစ်ကြောင်း၊ သို့သော် ယခုအချိန်အထိ ကော်မရှင်သို့ အကြောင်းကြားမှု မရှိသေးသဖြင့် ကော်မရှင်က အတည်ပြု ဆုံးဖြတ်နိုင်ခြင်း မရှိသေးကြောင်း၊ ယင်းကြောင့် ပြောကြားနိုင်ခြင်း မရှိသေးကြောင်း ပြည် ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (နေပြည်တော်) မှ ညွန်ကြားရေးမှူးတစ်ဦးက ရှင်းပြသည်။

“ရွေးကောက်ပွဲ ထပ်လုပ်မယ်ဆိုတာ ကော်မရှင်က လုပ်မှရမယ်။ တင်ပြလာရင် ဘာဖြစ်မယ် မသိသေးဘူး။ ခုထိတော့ ဘာမှမသိရသေးပါဘူး၊ ဒီကိစ္စက ကျယ်ပြန့်ပါတယ်” ဟု ၎င်းကထပ်လောင်း ရှင်းပြသည်။

၂၀၁၂ ခုနှစ်အတွင်း ကျင်းပ ပြုလုပ်ခဲ့သည့် ကြားဖြတ် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက မဲဆန္ဒနယ် ၄၄ နေရာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ၄၃ နေရာ အနိုင်ရရှိထားသည်။

The Voice Weekly Myanmar

ယာဉ်တိုက်မှုအား တရားခံလူစားထိုးသည့် မလှိုင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းလှိုင်

၁.၁.၂၀၁၃ ရက်နေ့ နံနက် ၁၂ နာရီခွဲ အချိန်ခန့်တွင် မန္တလေးတိုင်း ဒေသကြီး မလှိုင်မြို့၊ မြို့နယ်အုပ် ချုပ်ရေးမှူး ဦးအောင်သိန်းလှိုင် မောင်းနှင်လာသော ကားနှင့် လူနှစ်ဦး (မောင်ဇာနည်ထွန်းဦး + မောင်မောင်စိုး) စီးနင်းလာသော ဆိုင်ကယ် တိုက်မိပြီး မလှိုင်မြို့ ပြည်သူ့ဆေးရုံတွင် အတွင်း လူနာအဖြစ် တက်ရောက်ကုသမှု ခံယူနေရပါသည်။


၎င်းဖြစ်စဉ်တွင် ရဲဒုတပ်ကြပ် မောင်ရဲသီဟမှာ မျက်မြင်သက်သေ အဖြစ်ရှိနေ ပါသည်။ ရဲတစ်ဦးမှ ယာဉ် တိုက်မှုအား ရဲစခန်းသို့သတင်းပို့ရန် ဖုန်းဆက်နေစဉ်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးမှ ဖုန်းအားဆွဲ၍လွှင့်ပစ်ပြီး မည်သည့်ရဲကိုမျှ မကြောက်ကြောင်း ပတ်ဝန်းကျင်ရှိရဲအား ပြောကြား ပါသည်။

၎င်းဖြစ်စဉ်အား ရဲစခန်းသို့သွားရောက်တိုင်ကြားရာ ရဲစခန်းမှ အမှုဖွင့်ခွင့် မပေးကြောင်း၊ တိုင်း ရဲမင်းကြီး အား အကြောင်းကြားမှသာလျှင် ၄င်းအမှုအား ဖွင့်ခွင့်ပေးကြောင်း ကြားသိရပါသည်။

မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းလှိုင်မှာ ကားအား မိမိကိုယ်တိုင်မောင်းနှင်ပါသော်လည်း တရားခံ အဖြစ် မ.ယ.ကရုံးစာရေးဖြစ်သူ မောင်နေမျိုးအောင် အား အစားထိုးခဲ့ပါသည်။

ဆေးရုံတွင်တက်ရောက်၍ ဆေးကုသခံနေရသူတို့အား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းလှိုင်မှ ကိုယ်တိုင်လာရောက်မေးမြန်းခြင်းမပြုဘဲ လူသားချင်းမစာနာ ငွေပေးလျှင်ရသည်ဟူသောသဘောဖြင့် မြို့ အထောက်အကူပြု ကော်မတီမှ ဦးမောင်မောင် (မော်တော်ယာဉ်ဥက္ကဌ)၊ လက်ထောက်ပညာရေးမှူး ဦးစောလွင်၊ ဦးမျိုးဝင်း (ရပ်ကွက်ကြီး-၄ အုပ်ချုပ်ရေးမှူး)၊ ဦးညွန့်မောင် (ရပ်ကွက်ကြီး-၃ အုပ်ချုပ်ရေးမှူး)၊ ဦးမောင်ဖုန်း (ရပ်ကွက်ကြီး-၁ အုပ်ချုပ်ရေးမှူး)၊ ဦးသိန်းဇော် (ရပ်ကွက်ကြီး-၂ အုပ်ချုပ်ရေးမှူး) တို့အား တဆင့်စေလွှတ်ကာ ငွေ(၁၀)သိန်းနှင့် ဆိုင်ကယ်အသစ်တစ်စီးဝယ်ပေးမည် ဟု သွားရောက်ညှိနှိုင်း ခဲ့ပါ သည်။

သမာဓိ (မလှိုင်) 1.1.2014

ရွှေပြည်သာမြို့နယ်တွင် လူသတ်မှုဖြစ်

၁.၁.၂၀၁၄ ရက်နေ့ ၁၄၀၀ အချိန်ခန့်တွင် ရွှေပြည်သာမြို့နယ်၊ လှော်ကား၊(ဒ/၁၇) ရပ်ကွက်နေ မနုနုဝင်း သည်နေအိမ်၌ရှိနေစဉ် ခင်ပွန်းဖြစ်သူ ကိုမင်းမင်းဦး (ဘ)ဦးကြည်ဝင်းမှာ စေတနာလမ်း ထိပ်ရှိ မဲကြီး(ခ)မြင့်ဌေး (ဘ)ဦးတင်ငြိမ်း၏စားသောက်ဆိုင်ရှေ့တွင် ရန်ဖြစ်နေကြောင်းကြားသိရသဖြင့် သွားရောက် ကြည့်ရှုရာ ခင်ပွန်းဖြစ်သူအား ၀ဲနားထင်၊ ၀ဲမျက်ခမ်း၊ ယာတံတောင်တို့၌ ဖူးရောင်ညိုမဲ ပွန်းပဲ့ဒဏ်ရာများ ရရှိထားသည်ကိုတွေ့ရှိရပြီး မဲကြီး(ခ)မြင့်ဌေးနှင့် စကားများ ရန်ဖြစ်စဉ် မဲကြီး(ခ)မြင့်ဌေး မှ လက်သီးဖြင့် ထိုးကြိတ်ခဲ့၍ ဒဏ်ရာများရရှိခဲ့ကြောင်း ပြောပြသိရှိရသဖြင့် တစ်ရပ်ကွက်တည်းနေ ခင်ပွန်းဖြစ်သူ၏မိခင် ဒေါ်စန်းစန်းအေး၏နေအိမ်သို့ ပို့ဆောင်ထားရှိခဲ့ပါသည်။

၎င်းနောက် ခင်ပွန်းဖြစ်သူသည် မဲကြီး၏စားသောက်ဆိုင်သို့ ထပ်မံသွားရောက်၍ အရက်သောက်ရာ မူးနေ သဖြင့် သိန်းစိုးပါ(၃)ဦးမှ ဒေါ်စန်းစန်းအေး၏ နေအိမ်သို့ပြန်ပို့ပေးပြီးအိပ်စေခဲ့ရာမှ ၁၉၀၀အချိန်တွင် ခင်ပွန်း ဖြစ်သူ ကိုမင်းမင်းဦးမှာသေဆုံးသွား၍ ဒဏ်ရာများရရှိ သေဆုံးအောင်ပြုလုပ်သူ မဲကြီး(ခ)မြင့်ဌေးအား အရေးယူ ပေးရန် တိုင်တန်းခဲ့သဖြင့် လှော်ကားနယ်မြေ ရဲစခန်း(ပ)၂/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့် ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

ပြည်ထောင်စုမှ မည်သည့်အခါမျှ ခွဲထွက်သွားမည် မဟုတ်ဟု ကေအင်န်ယူမှ ဖဒိုမန်းငြိမ်းမောင် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားတွင် ကတိပြု

ပြည်ထောင်စုမှ မည်သည့်အခါမျှ ခွဲထွက်သွားမည် မဟုတ်ကြောင်း ပုသိမ်မြို့တွင် ကျင်းပသည့် ကရင် အမျိုးသား နှစ်သစ်ကူးနေ့ အခမ်းအနားတွင် KNU ကရင်အမျိုးသား အစည်းအရုံးမှ ဖဒိုမန်းငြိမ်းမောင်က ကတိပြု ပြောကြားခဲ့ကြောင်း သိရသည်။


“ကျွန်တော်တို့ လျှောက်လှမ်းခဲ့ရတဲ့ ပဋိပက္ခခရီးကို နောက်ကြောင်း ပြန်မလှည့်ချင်တော့ဘူး၊ ကျွန်တော်တို့ နောက်ကြောင်း ပြန်မလှည့်ဘူး ဆိုတာကိုလည်း၊ ကျွန်တော်တို့ ကရင်အမျိုးသားများနဲ့တကွ ဘ၀တူ တိုင်းရင်းသားများ အပေါ်မှာ ကျွန်တော်တို့ ကတိပြုပါတယ်။ ဒီတိုင်းပြည်မှာ အုပ်စိုးသူ အဆက်ဆက်က ကျွန်တော်တို့ကို နိုင်ငံရေးအရ စွပ်စွဲတိုက်ခိုက်ခဲ့တဲ့ ကရင်အမျိုးသားတွေဟာ ဒီတိုင်းပြည်ကနေ ခွဲထွက် ဖို့ဆိုတဲ့ ထိုးနှက်ချက်တွေကို နိုင်ငံတော် ဥသျှောင်များ ရှေ့မှောက်၊ ကျွန်တော်တို့ ကရင်အမျိုးသားများရဲ့ ရှေ့မှောက်၊ ဘ၀တူ တိုင်းရင်းသားများရဲ့ ရှေ့မှောက်မှာ ကျွန်တော်တို့ ဒီပြည်ထောင်စုက မခွဲထွက်ဘူး ဆိုတာ ကျွန်တော် KNU ကရင်အမျိုးသား အစည်းအရုံးရဲ့ကိုယ်စား ကျွန်တော်အလေးအနက် ကတိပြု ပါတယ်” ဟု KNU ကရင်ငြိမ်းချမ်းရေး ကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က ၎င်း၏မိန့်ခွန်းတွင် ကတိပြု ပြောကြားသည်။

ကရင်တိုင်းရင်းသား ၁၆ သိန်းကျော် မှီတင်းနေထိုင်သည့် ဧရာဝတီတိုင်းဒေသကြီး အတွင်းတွင် ဇန်န၀ါရီ ၁ ရက် ကျရောက်သည့် ကရင်အမျိုးသားများ၏ နှစ်သစ်ကူးပွဲတော် အခမ်းအနားအား ပုသိမ်မြို့ ကန်သာယာကွင်း အတွင်းတွင် ပထမဆုံးအကြိမ် တိုင်းအဆင့် အခမ်းအနား အနေဖြင့် ပြုလုပ်ကျင်းပခဲ့ခြင်း ဖြစ်ပြီး ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ ၂၆ မြို့နယ်မှ ကရင်တိုင်းရင်းသား ထောင်နှင့်ချီ၍ တက်ရောက် ခဲ့ကြသည်။

“ကျွန်တော်တို့ ကရင်အမျိုးသားတွေရဲ့ ရပိုင်ခွင့်တွေကို ဥပဒေဘောင်တွင်းမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တစ်နည်းအားဖြင့် နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းဖို့ ကျွန်တော်တို့ရှေးက ကရင်ခေါင်းဆောင်တွေ၊ မိဘဘိုးဘွားတွေက ကြိုးပမ်းခဲ့ကြပါတယ်။ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ အေးအေးချမ်းချမ်း ဖြေရှင်းခွင့် မရခဲ့ကြပါဘူး။ ကရင်အမျိုးသားတွေ ကျော်ဖြတ်ခဲ့ရတဲ့ နှစ်ပေါင်း ၆၀ ကျော် ခရီးဟာ ကျွန်တော်တို့ ကရင်အမျိုးသားတွေ ရွေးချယ်ခဲ့တဲ့လမ်း မဟုတ်ပါဘူး။ မလွှဲမရှောင်သာ ရပ်တည် ခဲ့ရတယ်။ ရုန်းကန်ခဲ့ရတယ်၊ ဒါကြောင့် ကျွန်တော်တို့ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ အေးအေး ချမ်းချမ်း ဖြေရှင်းဖို့၊ စားပွဲဝိုင်းမှာ တန်းတူရည်တူ အပြန်အလှန် လေးစားယုံကြည်မှုတွေနဲ့ ဖြေရှင်းပေးနိုင်ဖို့ အတွက် သမိုင်းတစ်လျှောက်မှာ ကျွန်တော်တို့ ကြိုးပမ်းခဲ့ကြတယ်။ ဒါပေမဲ့ ဒီအခွင့်အရေးတွေ မရရှိ ခဲ့ကြပါဘူး” ဟု ဖဒိုမန်းငြိမ်းမောင်က ဆက်လက် ပြောကြားသည်။

ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားအား ဧရာဝတီတိုင်း ဒေသကြီး ၀န်ကြီးချုပ်၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ၊ ခရစ်ယာန်ဘာသာမှ ဘုန်းတော်ကြီးများ၊ ဆရာ တော်များ ကရင်အမျိုးသားများ တက်ရောက်ကြသည်။ ကရင်နှစ်သစ်ကူးနေ့ ငြိမ်းချမ်းရေး အထိမ်းအမှတ် အတွက် ၀န်ကြီးချုပ် ဦးသိန်းအောင်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်စိုးနှင့် တိုင်းအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးမန်းသန်းရွှေတို့က ငြိမ်းချမ်းရေးအတွက် ချိုးငှက်များ လွှတ်ခဲ့ကြသည်။

“ပြည်တွင်းစစ်ကို ချုပ်ငြိမ်းဖို့၊ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ဖို့၊ အမျိုးသား စည်းလုံးညီညွတ်ရေးကို တည်ဆောက်ဖို့ဆိုတဲ့ သမ္မတကြီးရဲ့ ဖြူစင်တဲ့သဘောထားတွေ၊ စိတ်စေတနာတွေကို သူ့ရဲ့ နိုင်ငံတော် အခြေပြုတဲ့ မိန့်ခွန်းတွေကို ကျွန်တော်တို့ လေ့လာသုံးသပ်ရတယ်။ ဒါကြောင့် ကရင်အမျိုးသားတွေအနေနဲ့ ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီ ၁၂ ရက် ဘားအံမှာ အပစ်အခတ် ရပ်စဲရေးအတွက် လက်မှတ်ရေးထိုး ခဲ့ကြတယ်၊ နှစ်နှစ်တာ ကာလအတွင်းမှာ အလွတ်သဘောရော တရားဝင်တွေ့ဆုံမှုတွေရော အကြိမ်ကြိမ် ဆောင်ရွက် ခဲ့ကြတယ်၊ နှစ်ပေါင်း ၆၀ ကျော် ဖြစ်ခဲ့တဲ့ ပဋိပက္ခတစ်ခုဟာ အင်မတန် ကြီးမားနက်ရှိုင်းတဲ့ အခြေအနေ ရှိပါတယ်။ ကျွန်တော်တို့ အထဲမှာ အာဃာတတွေ၊ သံသယတွေ၊ ရန်ငြိုးရန်စတွေ ရှိခဲ့ကြတဲ့အခါ။ တစ်နေ့၊ တစ်ရက်၊ တစ်မနက်နဲ့တော့ မရှင်းနိုင်ပါဘူး။ ကျွန်တော်တို့ရရှိတဲ့ အောင်မြင်မှုတွေကို ဆက်လက် ဆုပ်ကိုင်ပြီးတော့ ရှေ့ဆက်တွေ့ ရမယ့် စိန်ခေါ်မှုတွေကို နိုင်ငံတော်အစိုးရနဲ့ လက်တွဲပြီးတာ့ စည်းစည်း လုံးလုံးနဲ့ ကျွန်တော်တို့ ချီတက်သွားမယ်” ဟု ဖဒိုမန်းငြိမ်းမောင်က မိန့်ခွန်းတွင် ပြောကြားသည်။ 

ကရင်နှစ်သစ်ကူးနေ့ အလံတင် အခမ်းအနားအား ဇန်န၀ါရီ ၁ ရက် နံနက် ၆ နာရီတွင် ကျင်းပခဲ့ပြီး၊ ပျော်ပွဲရွှင်ပွဲများ၊ ၂၆ မြို့ နယ်ဒုံးယိမ်းပြိုင်ပွဲများ၊ သီချင်းဆိုပြိုင်ပွဲများအား ဒီဇင်ဘာ ၃၁ ရက်နှင့် ဇန်န၀ါရီ ၁ ရက် တို့တွင် ကျင်းပခဲ့ခြင်းဖြစ်ကာ ကရင်အမျိုးသားများ နေထိုင်သည့် ကျန်သည့်မြို့နယ်များတွင်လည်း ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်အား ကျင်းပခဲ့ကြောင်း သိရသည်။

Eleven

ပြည်သူရွေးချယ်သည့် အရပ်သားအစိုးရ ပေါ်ပေါက်လာစေရေး ပုဒ်မ ၅၉ (ဃ)နှင့် ၅၉ (စ)အား ပယ်ဖျက်ပေးရန် ဆန္ဒထုတ်ဖော်မည်ဟုဆို

အရပ်သား ဦးဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး အတွက် ပုဒ်မ ၅၉ (ဃ) နှင့် ၅၉ (စ) အား ပယ်ဖျက်ပေးရန် ဇန်န၀ါရီ ၃ ရက် နံနက် ၁၀ နာရီခွဲတွင် ရန်ကုန်တိုင်း ဒေသကြီး ကျောက်တံတားမြို့နယ် အတွင်းရှိ ဧမာနွေလ ဘုရားရှိခိုးကျောင်းမှစ၍ ဆန္ဒထုတ်ဖော်မည့် အကြောင်း သတင်းရရှိသည်။


1000 Strong Support for Daw Aung San Suu Kyi Website မှ စတင်စုစည်းပြီး ထိုသို့ စုစည်း ခဲ့ခြင်းမှာလည်း ၂၀၀၈ အခြေခံဥပဒေပါ ပုဒ်မ ၅၉ (စ) နှင့် ၅၉ (ဃ) သည် ပြည်သူလိုလားသည့် အရပ်သား အစိုးရ မပေါ်ပေါက်စေရန် ဟန့်တားထားသည့် ဥပဒေဖြစ်ကြောင်း သိရသည်။

ကန့်ကွက်ဆန္ဒပြမည့်သူ တစ်ဦးက "၂၀၀၈ အခြေခံ ဥပဒေမှာပါတဲ့ သမ္မတ အရည်အချင်း သတ်မှတ်ချက် ကြောင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်ဘူး။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မှ ကျွန်တော်တို့ တိုင်းပြည် အကျိုးဖြစ်ထွန်းမှာပါ။ ၅၉ (ဃ) ကြောင့် ကျွန်တော်တို့ တိုင်းပြည်မှာ အရပ်သားသမ္မတ မဖြစ် နိုင်ဘူး။ ဒါမျိုးက မဖြစ်သင့်ဘူးလို့ ယူဆတယ်။ ၅၉ (စ) ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ဟန့်တား ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ကန့်ကွက်ဆန္ဒပြမှာပါ" ဟု ပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ၅၉ (ဃ) ၌ သမ္မတအဖြစ် ရွေးချယ်ခံမည့်သူ အနေနှင့် နိုင်ငံရေး၊ စီးပွား ရေး၊ အုပ်ချုပ်ရေး စစ်ရေးအမြင် ရှိရမည်ဟူ၍ ဖော်ပြထားပြီး ထိုဖော်ပြချက်အား အငြိမ်းစား ကျောင်းဆရာ တစ်ဦးဖြစ်သူ ဦးမြင့်အောင်က "သမ္မတဖြစ်ရင် သူကိုယ်တိုင်ထပြီး လိုက်ကြည့်၊ လိုက်ပါနေရမှာ မဟုတ်ဘူး။ တတ်သိနားလည်သူတွေကို အနားမှာခေါ်ထားရမှာ။ တစ်ကမ္ဘာလုံးမှာရှိတဲ့ သမ္မတတွေက ဒီအတိုင်းပဲ။ ဒါကို ဟန့်တားလိုက်ခြင်းအားဖြင့် သာမန်အရည်အချင်း ရှိတဲ့ အရပ်သားတွေ သမ္မတဖြစ်ခွင့် မရတော့ဘူး။ တိုင်းပြည် နစ်နာတာပေါ့" ဟု ပြောကြားသည်။

ထို့ပြင် ၎င်းကဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်အား သမ္မတအဖြစ် လုပ်ကိုင်ခွင့် ပေးကြည့်သင့်ပြီး အများပြည်သူ လက်မခံပါက နောက်ထပ်မဲမပေးခြင်းဖြင့် ပယ်ဖျက်ခွင့် ရှိနေသောကြောင့် တားဆီးမထား သင့်ဟုလည်း ပြောကြားသည်။

Eleven

မိုင်းဖြတ်နှင့်တာလေအကြားလူ၈ဦးပါသည့်သုံးဘီးဆိုင်ကယ်တစ်စီး ချောက်ထဲပြုတ်ကျ

၂၀၁၄ခုနှစ် ဇန်န၀ါရီလ(၁)ရက် နံနက်(၁၁)နာရီဝန်းကျင်က ကျိုင်းတုံမြို့မှ တဆင့် တာချီလိတ်သို့ မိုင်းဖုန်းဆရာတော်အား ဖူးမျှော်ရန် အတွက် အမျိုးသား(၂)ဦး အမျိုးသမီး(၅)ဦး နှင့် ကိုရင်လေးတစ်ပါး စုစုပေါင်း(၈)ဦး ပါဝင်သည့်အဖွဲ့သည် သုံးဘီးဆိုင်ကယ်ဖြင့် လာရာ မိုင်းဖြတ်မြို့နှင့် တာလေမြို့နယ်ခွဲကြားရှိ ကျတားရွာ နှင့် ပန်ခါးလုံရွာအလယ်တစ်နေရာ အကွေ့၌ မြေငလျင်ဒဏ် ကြောင့် လမ်း၏ အစွန်တွင် အနည်းငယ် လိမ်ဖယ်ဖြစ်နေသော ကတ္တရာလမ်းကြောင့် ချောက်ကပါးထဲ အရှိန်မထိန်းနိုင်မှုတို့ကြောင့် လူ(၈)ဦးနှင့် သုံးဘီးဆိုင်ကယ် ရောထွေး၍ ပြုတ်ကျသွားခဲ့ကြောင်း သိရသည်။


ထိုသို့ ပြုတ်ကျသွားရာတွင် သုံးဘီးဆိုင်ကယ်မှာ ပျက်ဆီးနေပြီး လူ(၈)ဦးအနက် ကျောက်တုံးများဖြင့် ထိခိုက်မှုကြောင့် အသက်(၆၀)၀န်းကျင်ရှိ ဒေါ်ပါနွန်း၏ ၀ဲဘက်ခြေကောက်ဝတ်အရိုးမှာ ကျိုးသွားပြီး ညာဘက်ပါးပြင်နှင့် ဦးခေါင်းအပြင် မျက်ခွံတို့မှာ ဒဏ်ရာအကြီးရရှိတာကို တွေ့ရှိရသည်။ ဒေါ်ပါနွန်း၏ သမီးဖြစ်သူ ဒေါ်အီကောင်၏ နဖူးပြင်ထိပ်မှာ ကြီးမားသော ထိခိုက်ကွဲရှမှုဖြစ်ပေါ်ရာ စိုးရိမ်ဖွယ်ရှိ၍ ၎င်းတို့ သားအမိနှစ်ဦးအား တာချီလိတ်ပြည်သူ့ဆေးရုံမှတဆင့် မယ်ဆိုင်ဆေးရုံသို့ မဇ္ဈိမလူမှုကူညီရေး အသင်းမှ အရေးပေါ် ကူညီပို့ဆောင်ပေးခဲ့ကြကြောင်း သိရပြီး သုံးဘီးဆိုင်ကယ်တွင် ပါဝင်သူ (၈)ဦးအနက် ကျန် (၆)ဦးမှာ မစိုးရိမ်ရသော ထိခိုက်ဒဏ်ရာ အနည်းငယ်သာ ရရှိကြောင်း သိရသည်။

ချောက်ထဲကျသွားသည့် သုံးဘီးဆိုင်ကယ်မှာ ငလျင်ဒဏ်ကြောင့် လိမ်ဖယ်ဖြစ်သွားသော ကတ္တရာလမ်းကြောင့် အရှိန်မထိန်းနိုင်တော့ပဲ ကျသွားခဲ့သည်ကို တာချီလိတ် စစစ မှ ဒု-စုံမှူးအောင်စိုးမိုး က တွေ့ရှိရ၍ အသက်အန္တရာယ် စိုးရိမ်ရသည့် ဒဏ်ရာရ အရေးပေါ်လူနာအား အမြန်ဆုံးသယ်ဆောင်လာခဲ့ပြီး တာချီလိတ်ပြည့်သူဆေးရုံသို့ ပို့ဆောင်ပေးခဲ့တာဖြစ်ကြောင်း သိရသည်။

ထိုမှတဆင့် မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေနှင့် အသင်းသူ/သားများ ရောက်ရှိလာကြပြီး အရေးပေါ်လူနာအား ထိုင်းနိုင်ငံမယ်ဆိုင်ဆေးရုံသို့ ပို့ပေးခြင်းအပြင် ဒဏ်ရာအနည်းငယ်သာရသည့် အမျိုးသားတစ်ဦးဖြစ်သူ အသက်(၄၉)နှစ်အရွယ်ရှိ ဦးစိုင်းရီကို ခေါ်၍ ယာဉ်ပြုတ်ကျသွားရာ နေရာအား သွားရောက်ကာ ကျန်ရှိသည့် ပစ္စည်းများ ရှာဖွေပေးနိုင်ရန်အတွက် သွားရောက်ရှာဖွေရာ အဆိုပါနေရာအား ခက်ခက်ခဲခဲ ရှာဖွေခဲ့ရပြီး ကျန်ရှိသည့် ပစ္စည်းများအား မိုင်းဖြတ်မြို့နယ် တာဝန်မှူး ဒုရဲအုပ်အောင်ဇော်ဝင်း၊ မိုင်းဖြတ် ယာဉ်/စည်းမှ ရဲတပ်ကြပ်ညီညီသက်နှင့် ဆွတ်ပန်းရွာသူကြီး ဦးစိုင်းစိန်ဝင်းထွန်းတို့ အပါအ၀င် သိမ်းဆည်းပေးခဲ့ကြကြောင်း သိရှိရသည်။

"ဒီနေရာမှာ လမ်းက တစ်ဘက်တည်း စောင်းသလိုလို ဖြစ်နေတော့ ကျွန်တော့် သူငယ်ချင်းရဲ့ သုံးဘီးလည်း ဒီနေရာမှာ အခုလိုပဲ အရင်က ပြုတ်ကျဖူးတယ်"ဟု ဆွတ်ပန်းရွာသူကြီး ဦးစိုင်းစိန်ဝင်းထွန်းမှ တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။

သတင်းရုပ်သံနှင့် သတင်းဆောင်းပါးအား "မိုင်တိုင် ၉၄"အမည်ဖြစ် ဆက်လက်ဖော်ပြပါမည်။

Tachileik FROM-TODAY MYANMAR

သင်သိရဲ့လား


1491602_571719146252956_1919328702_n

၁) သင့်ရဲ့ဖိနပ်တွေဟာ လူတွေကသင့်ကို မသိ လိုက်မသိဘာသာ သတိပြုမိစေမယ့် ပထမဆုံး အရာတွေဖြစ်ပါတယ်… ဒါကြောင့် သင့်တင့် ကောင်းမွန် တဲ့ ဖိနပ်ကိုဝတ်ဆင်ဖို့လိုပါတယ်…


၂) အကယ်လို့ သင်က တစ်နေ့ကို ၁၁ နာရီထက် ပိုထိုင်နေရမယ်ဆိုရင် နောက် ၃ နှစ်အတွင်း အသက် သေဆုံးဖို့ ၅၀% ရှိပါတယ်….

၃) ဒီကမ္ဘာပေါ်မှာ သင်နဲ့ရုပ်ချင်းတူတဲ့သူ အနည်းဆုံး ၆ ယောက်လောက်ရှိနေပါတယ်… သင့်ဘဝတစ်လျှောက် လုံးမှာ သူတို့ထဲက တစ်ယောက်နဲ့ဆုံစည်းဖို့ ၉% အခွင့်အရေးရှိပါတယ်…

၎) ခေါင်းအုံးမပါဘဲ အိပ်တာဟာ နောက်ကျောနာကျင်မှုဝေဒနာကို သက်သာစေပြီး သင့်ကျောရိုးကိုလည်း ပိုပြီး သန်မာစေပါတယ်…

၅) လူ့ဦးနှောက်က သတိမပြုဘဲ မနေနိုင်တဲ့အရာသုံးမျိုးရှိတယ်… အဲ့ဒါတွေကတော့ အစားအစာ… ဆွဲဆောင် မှုရှိတဲ့သူတွေနဲ့ ဘေးအန္တရာယ်တို့ပဲဖြစ်တယ်…

၆) ညာသန်တွေဟာ အစားအစာကို ညာဘက်မှာ ဝါးတာများတယ်….

၇) လက်ဘက်ခြောက်ကိုအိတ်နဲ့ထည့်ပြီး အနံ့ဆိုးတဲ့နေရာတွေမှာထားရင် အဲ့ဒီအနံ့ဆိုးတွေကို လက်ဘက် ခြောက်က စုပ်ယူသွားလိမ့်မယ်…

၈) အိုင်းစတိုင်းရဲ့အဆိုအရ ပျားရည်ထုတ်ယူနိုင်တဲ့ ပျားမျိုးတွေ ဒီကမ္ဘာမြေပြင်ပေါ်က ပျောက်ကွယ် သွားမယ် ဆိုရင် လူသားတွေလည်း ၄ နှစ်အတွင်း သေဆုံးသွားကြလိမ့်မယ်…

၉) ပန်းသီးမျိုးကွဲပေါင်းအများအပြားရှိတယ်… တစ်နေ့ကိုတစ်မျိုးစားမယ်ဆိုရင် အမျိုးအစားအားလုံးကုန်ဖို့ အနှစ် ၂၀ ကျော်ကြာလိမ့်မယ်…

၁၀) အစာမစားဘဲနေမယ်ဆိုရင် ရက်သတ္တပတ်နဲ့ချီပြီး သင်အသက်ရှင်နေနိုင်မယ်… မအိပ်ဘဲနေမယ် ဆိုရင်တော့ ၁၁ ရက်ပဲ သင်အသက်ရှင်နေနိုင်မယ်…

၁၁) အားပါးတရရယ်တဲ့သူတွေဟာ သိပ်မရယ်တဲ့သူတွေထက် ကျန်းမာရေးပိုကောင်းတယ်…

၁၂) ပျင်းရိခြင်းနဲ့ လှုပ်ရှားတက်ကြွမှုမရှိခြင်းကြောင့် သေဆုံးရသူတွေဟာ ဆေးလိပ်သောက်လို့ သေဆုံး ရသူ အရေအတွက်လောက်ရှိတယ်…

၁၃) လူသားရဲ့ဦးနှောက်ရဲ့ သိုမှီးနိုင်မှုပမာဏဟာ Wikipedia ထဲမှာပါတဲ့အချက်အလက်ရဲ့ ၅ ဆရှိတယ်…

၁၄) ကျွန်တော်တို့ဦးနှောက်က အသုံးပြုတဲ့ စွမ်းအင်ဟာ ၁၀ ဝပ် မီးသီးက သုံးတဲ့စွမ်းအင်နဲ့တူတယ်….

၁၅) ကျွန်တော်တို့ ခန္ဓာကိုယ်က ထုတ်ပေးနိုင်တဲ့အပူဟာ မိနစ် ၃၀ အတွင်း ၁ လီတာခွဲရှိတဲ့ ရေကို ဆူနိုင် တဲ့အထိရှိတယ်…

၁၆) သားဥဟာ လူသားရဲ့ အကြီးဆုံးဆဲလ်ဖြစ်ပြီး သုတ်ကောင်ဟာ အသေးဆုံးဆဲလ်ဖြစ်တယ်…

၁၇) အစာချေရည်ဟာ သင်တုံးဓားသွားကို အရည်ပျော်စေနိုင်လောက်အောင်ပြင်းတယ်…

၁၈) ပြုံးပါ… အပြုံးဟာ အထိရောက်ဆုံး စိတ်ကျရောဂါကာကွယ်ဆေးဖြစ်တယ်…

—————————————————————-
Ref: The Unknown; But Not Hidden
နှိုင်းရင့်နွေမှတင်ဆက်သည်…

ဝါးပြုန်းတီးမှုနှင့် အတူ မြန်မာ့လက်မှုပညာ ဝါးအချောထည် လုပ်ငန်းများ တိမ်မြုပ်ပျောက်ကွယ် သွားနိုင်


1544574_693407907366517_556540803_n

မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန် တစ်မျိုးဖြစ်သော ဝါးများ သည် ယခင်ကထက် ခုတ်ယူရရှိမှု ရှားပါးလာသော အခြေအနေများ မြန်မာနိုင်ငံတွင် ကြုံတွေ့လာရာ ယင်း ပြုန်းတီးမှုနှင့် မြန်မာ့လက်မှုပညာ တစ်ရပ်ဖြစ်သော ဝါးအချောထည် ပြုလုပ် ရောင်းချမှုသည် တိမ်မြုပ် ပျောက်ကွယ် သွားနိုင်သော အခြေအနေ ကြုံတွေ့ နေရကြောင်း ဝါးအချော ထည် ပြုလုပ်ရောင်းချသူများ ထံမှ သိရသည်။


ပြည်ပဈေးကွက်သို့ နှစ်စဉ်ဝါး တင်ပို့သူ တစ်ဦးအနေဖြင့် ကွန်တိန်နာအလုံး ၂ဝဝကျော် အနည်းဆုံး တင်ပို့နေကြောင်း သိရသည်။ ပြည်တွင်း၌ ယင်းဝါးများကို အသုံးပြုပြီး အချောထည် ပြုလုပ်မှုတွင် တစ်နိုင်ငံလုံးရှိ ဝါးအမျိုးပေါင်း ၂ဝဝကျော် ၃ဝဝ နီးပါးကို အသုံးပြုကာ လူသုံးကုန် ပစ္စည်းများဖြစ်သော ဖျာ၊ ဦးထုပ်မျိုးစုံ၊ ကုလားထိုင်၊ လွှဲပုခက်များ၊ ဆန်ခါများ၊ ဆန်ကောများ၊ နေအိမ်သုံး ဝါးထရံများ၊ တောင်းများ၊ ခြင်းများ ကိုပြုလုပ်၍ ရောင်းချကြသည်။ မြန်မာ့ရာသီဥတုနှင့် ကိုက်ညီသော လူ့အသုံးအဆောင် ဝါးအချောထည် ပစ္စည်းဈေးကွက်မှာ ဝါးဈေး ကြီးမြင့်လာမှုနှင့် အတူ တခြားသော ခေတ်ပေါ် အသုံး အဆောင်များ အသုံးပြုမှု များလာသောကြောင့် ယခင်ကနှင့်မတူဘဲ ဈေးကွက်အတွင်း တိမ်မြုပ် ပျောက်ကွယ် မှု မြန်ဆန်လာကြောင်း သိရသည်။

ယခင်၂ဝဝ၄ခုနှစ် ဝန်းကျင်က အိမ်မိုးဝါးကပ် တစ်ရာလျှင်ငွေကျပ် ၃ဝဝဝ ခန့်သာ ပေးဝယ်ရသော်လည်း ယခုအချိန် အိမ်မိုးဝါးကပ် တစ်ရာလျှင်ငွေကျပ် ၈ဝဝဝ ကျော်အထိ ပေါက်ဈေး ရှိလာသောကြောင့် ဝါးကပ် အသုံးပြုသော အပူပိုင်း ဒေသများရှိ ပြည်သူများ အနေဖြင့် ဝါးနုပါက သုံးနှစ်လောက်သာ ခံသောကြောင့် အဆိုပါ ဝါးကပ်အစား ရာသီဥတုနှင့် မညီညွတ်သော တာရှည်ခံ သွပ်များကိုပြောင်းလဲ အသုံးပြုမှု များပြားလာကြောင်း သိရသည်။

ယင်းသို့ ဝါးအချောထည် ပြုလုပ် ရောင်းချ အသက်မွေးသော သူများမှာလည်း ယခင်ကဲ့သို့ ရာသီအလိုက် လုပ်ကိုင်နေသော ဝါးလုပ်ငန်းများ လျော့ပါးလာသောကြောင့် စားဝတ် နေရေးအတွက် တခြားသော အလုပ် အကိုင်များသို့ ပြောင်းလဲလုပ်ကိုင် ရသည့်အပြင် အများစုမှာ မြို့ကြီးများတွင် သွားရောက်လုပ်ကိုင်မှု မြင့်တက်နေကြောင်း သိရသည်။

ထိုဝါးအချောထည် လုပ်ငန်းများမှာ နေရာတိုင်းတွင် မရှိဘဲ ရှေးယခင်က သားစဉ်မြေးဆက် လုပ်ကိုင် လာသော ဒေသများတွင်သာ ရှိသည်။ မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်းများ တိုးချဲ့ရေးနှင့် ဧရာဝတီ လင်းပိုင်များ ထိန်းသိမ်းရေးတွင် အရေးပါသော ဧရာဝတီလင်းပိုင် ကြည့်ရှုသော နိုင်ငံတကာ ခရီးသွား လုပ်ငန်းများ အောင်မြင်ရန် ဒေသထွက် အသုံးအဆောင်များ ဖြစ်သော ဝါးဦးထုပ်ပင် လုပ်ကိုင်မှု နည်းပါး လာသောကြောင့် ခရီးသွားလုပ်ငန်း အတွက် အခက်အခဲများ ဖြစ်ပေါ်ခဲ့ကြောင်း ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ပညာရှင် တစ်ဦးက ပြောကြားခဲ့သည်။

မြ၀တီ

၂၀၁၄ ခုနှစ် အတွက် အာကာသအတွင်း ထူးခြားမည့် ဖြစ်စဉ်တစ်ခု


Photo: ၂၀၁၄ ခုနှစ် အတွက် အာကာသအတွင်း ထူးခြားမည့် ဖြစ်စဉ်တစ်ခု
Thursday, January 2, 2014

၂၀၁၄ ခုနှစ် မှာတော့ သိဟ် ရာသီအတွင်းမှ လင်းလက်တောက်ပနေတဲ့ ရီဂူးလက်စ် ကြယ်ဟာ ကျနော်တို့ မြင်ကွင်းမှ ခေတ္တ ခဏ ပျောက်ကွယ်သွားမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ များပြားလှတဲ့ ဂြိုဟ်သိမ်၊ ဂြိုဟ်မွှားများဟာ ကမ္ဘာနဲ့ ထိုကြယ်အကြား ဖြတ်သန်းကြမှာဖြစ်လို့ပါဘဲ။

ရီးဂူးလပ်စ်ကြယ်ဆိုတာကတော့ ခြင်္သေ့ အသဲနှလုံးဟု ခေါ်သော သိဟ်ရာသီ အတွင်းမှ ထွန်းလင်းတာက်ပလင်းလက်နေတဲ့ အပြာရောင် ကြယ်ကြီး ဖြစ်ပါတယ်။ ကမ္ဘာမှ အလင်းနှစ် ၇၅ နှစ်သာကွာဝေးပြီး နဂါးငွေ့တန်းဂလက်ဆီအတွင်းမှာဘဲ တည်ရှိပါတယ်။

၂၀၁၄ မတ်လ ၂၀ ရက်နေ့ မှာ အကျယ် ၄၅ မိုင် (၇၂ ကီလိုမီတာ) ရှိတဲ့ ဂြိုဟ်သိမ် ဂြိုဟ်မွှား အုပ်စုကြီးဟာ အရှေ့တောင်အရပ်မှ အနောက်မြောက်အရပ်သို့ ဖြတ်သန်းသွားမှာဖြစ်ပြီး သူတို့ရဲ့ အရိပ်ကို အမေရိကန်နိုင်ငံ နယူးယောက်မြို့မှ အော့စ်ဝီးဂိုး မြို့ကို ဖြတ်သန်းပြီး ကနေဒါနိုင်ငံ အောတိုရို မြို့အထိအောင် မြင်တွေ့ရမှာဖြစ်ပါတယ်။

ထိုသို့ ကောင်းကင်မှ လင်းလက်နေသော ကြယ်တစ်လုံး ပျောက်ကွယ်သွားမှုကို ထိုအရိပ်ကျရောက်သော နေရာများမှာ သာမန်မျက်စိဖြင့် ကောင်းစွာမြင်ရမှာဖြစ်ပြီး အချိန် ၁၂ စက္ကန့်သာ မြင်တွေ့ရမှာဖြစ်ပါတယ်။ အင်မတန်ရှားပါးတဲ့ ဖြစ်စဉ်တစ်ခုပါဘဲ..

အာကာသနှင့် စကြ၀ဠာ

Myawady

၂၀၁၄ ခုနှစ် မှာတော့ သိဟ် ရာသီအတွင်းမှ လင်းလက် တောက်ပနေတဲ့ ရီဂူးလက်စ် ကြယ်ဟာ ကျနော်တို့ မြင်ကွင်းမှ ခေတ္တ ခဏ ပျောက်ကွယ် သွားမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ များပြားလှတဲ့ ဂြိုဟ် သိမ်၊ ဂြိုဟ်မွှားများဟာ ကမ္ဘာနဲ့ ထိုကြယ်အကြား ဖြတ်သန်းကြမှာဖြစ်လို့ပါဘဲ။


ရီးဂူးလပ်စ်ကြယ်ဆိုတာကတော့ ခြင်္သေ့ အသဲ နှလုံးဟု ခေါ်သော သိဟ်ရာသီ အတွင်းမှ ထွန်းလင်း တာက်ပ လင်းလက်နေတဲ့ အပြာရောင် ကြယ်ကြီး ဖြစ်ပါတယ်။ ကမ္ဘာမှ အလင်းနှစ် ၇၅ နှစ်သာကွာဝေးပြီး နဂါးငွေ့ တန်း ဂလက်ဆီအတွင်းမှာဘဲ တည်ရှိ ပါတယ်။


၂၀၁၄ မတ်လ ၂၀ ရက်နေ့ မှာ အကျယ် ၄၅ မိုင် (၇၂ ကီလိုမီတာ) ရှိတဲ့ ဂြိုဟ်သိမ် ဂြိုဟ်မွှား အုပ်စုကြီးဟာ အရှေ့တောင်အရပ်မှ အနောက်မြောက်အရပ်သို့ ဖြတ်သန်းသွားမှာဖြစ်ပြီး သူတို့ရဲ့ အရိပ်ကို အမေရိ ကန်နိုင်ငံ နယူးယောက်မြို့မှ အော့စ်ဝီးဂိုး မြို့ကို ဖြတ်သန်းပြီး ကနေဒါနိုင်ငံ အောတို ရို မြို့အ ထိအောင် မြင်တွေ့ရမှာဖြစ်ပါတယ်။

ထိုသို့ ကောင်းကင်မှ လင်းလက်နေသော ကြယ်တစ်လုံး ပျောက်ကွယ်သွားမှုကို ထိုအရိပ် ကျရော က်သော နေရာများမှာ သာမန်မျက်စိဖြင့် ကောင်းစွာမြင်ရမှာဖြစ်ပြီး အချိန် ၁၂ စက္ကန့်သာ မြင်တွေ့ရ မှာဖြစ်ပါတယ်။ အင်မတန်ရှားပါးတဲ့ ဖြစ်စဉ်တစ်ခုပါဘဲ..

အာကာသနှင့် စကြ၀ဠာ
Myawady

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမယ့်ရက် ကြေညာမယ်


govt-ethnic-peace-talk-305.jpg

ကရင်ပြည်နယ် ဘားအံမြို့မှာ မကြာခင်ပြုလုပ်မယ့် လက်နက် ကိုင်တိုင်းရင်းသားအဖွဲ့တွေရဲ့ ဒုတိယ အကြိမ် ညီလာခံအပြီးမှာ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် လက်မှတ် ထိုးနိုင်မယ့် ရက်ကို ကြေညာနိုင်လိမ့်မယ်လို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်မှုလုပ်ငန်း ကော်မတီ ဒုဥက္ကဌ ဝန်ကြီးဦးအောင်မင်းက ပြောလိုက်ပါတယ်။


ဇန်နဝါရီလ တစ်ရက်နေ့က ကရင်ပြည်နယ် မြဝတီ ခရိုင် ရွှေကုက္ကိုမြိုင်ဒေသမှာ ကျင်းပတဲ့ ကရင်နှစ်သစ် ကူးပွဲတော်မှာ သတင်းထောက်တွေရဲ့ အမေးကို ဝန်ကြီးဦးအောင်မင်းက အခုလိုပြန်လည် ဖြေဆိုလိုက်တာပါ။

" ကျွန်တော်တို့ အားလုံး သဘောတူညီချက် ၈၀ ရာခိုင်နှုန်းလောက် ရပြီ ကျန်တဲ့ ၂၀ လောက် ဆက်ဆွေးနွေးမယ်ဆိုတာ ပြောပြီးသားဖြစ်တယ်၊ ဒီမှာကတော့ ဒီပွဲလာတက်တာပေါ့၊ ဒီပွဲလာတက်ရင်းနဲ့မှ ဗိုလ်ချုပ်ကြီးမူတူးဆေးဖိုးတို့နဲ့ ချင်းမိုင်မှာ ကျွန်တော်တို့ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေကို ပြန်ပြီးတင်ပြတာ၊ တစ်ဖွဲ့ချင်းလည်း လိုက်ပြီးတော့ ပြောဖို့လိုအပ်တယ်၊ အဖွဲ့အားလုံးလည်း ပြောဖို့ လိုအပ် တယ်၊ ဒါတွေပြီးလို့ အားလုံး သဘောတူညီချက်ရပြီဆိုရင် ဘားအံမှာ အစည်းအဝေးကြီးတစ်ခုလုပ်ပါမယ်၊ အစည်းအဝေးကြီးမှာ ကျွန်တော်တို့ လက်မှတ်ထိုးတာမပါသေးဘူး၊ ဘယ်နေ့မှာ တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ လက်မှတ်ထိုးမယ်ဆိုတာကို ဘားအံအစည်းအဝေးမှာ ကြေညာပါ့မယ်၊ အဲ့ကြေညာပြီးတဲ့အခါ နောက်တစ်လလောက်မှာ ပြင်ဆင်ပြီးတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးပါမယ်"

ဘားအံဆွေးနွေးပွဲကို အခု ဇန်နဝါရီလကုန်ပိုင်းလောက် ကျင်းပနိုင်ဖွယ်ရှိတယ်လို့ ပြောဆိုပြီး၊ ဆွေးနွေး ပွဲတွေ စဉ်ဆက်မပြတ်ပြုလုပ်ဖြစ်နေတာဟာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးအတွက် ဆက်လက်ဆောင်ရွက်နေတယ်ဆိုတဲ့သဘောဖြစ်တယ်လို့လည်း ဝန်ကြီးဦးအောင်မင်းက ပြောပါ တယ်။

" တိုင်းရင်းသားအားလုံးပါတာကို ကျွန်တော်တို့လုပ်နေတာဖြစ်တယ်၊ ဒါကြောင့်မို့ အချိန်နည်းနည်း ယူရ ပါတယ်၊ တိုင်းရင်းသားတွေ များတာနဲ့အမျှ တစ်ဖွဲ့ချင်းတစ်ဖွဲ့ချင်းကို သဘောတူညီမှုရအောင် တော်တော် ကြိုးစားပြီးတော့ လုပ်ရပါတယ်၊ ဒါကြောင့်မို့ အချိန်နည်းနည်းယူရပါမယ် လုပ်ငန်းတွေက သွားနေပါတယ်၊ အောင်မြင်တဲ့ Process တွေဖြစ်ပါတယ်၊ မအောင်မြင်ရင်တော့ ရပ်သွားမှာပေါ့ဗျာ။ မရပ်ပဲနဲ့ ဆက်သွား နေတာဖြစ်ပါတယ်၊ အခု ဘားအံအစည်းအဝေးကို ဇန်န၀ါရီလ လကုန်လောက်ဖြစ်မယ်လို့ မှန်းပါ တယ်။"

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် နိုဝင်ဘာလမှာ ချုပ်ဆို နိုင်လိမ့်မယ်လို့ အစိုးရက ကုလသမဂ္ဂ အထွေထွေညီလာခံ အပါအဝင် ပြည်တွင်း ပြည်ပမှာ အစောပိုင်း က ပြောဆိုခဲ့ပေမယ့် မဖြစ်မြောက်နိုင်သေးပဲ ကျန့်ကြာနေတာ ဖြစ်ပါတယ်။

အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးအတွက် စာချုပ်ချုပ်ပြီး လက်မှတ်မထိုးခင်မှာ နိုင်ငံရေးအရ အနှစ်သာရ ရှိတဲ့ ဆွေးနွေးပွဲတွေ ပြုလုပ်လိုတယ်လို့ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ် ကောင်စီက ပြောဆိုထားပါတယ်။

ဓါတ်ပုံ -  အစိုးရနဲ့   တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များရဲ့ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ နိုဝင်ဘာလ ၄ ရက်နေ့က စတင်ကျင်းပနေစဉ်

ပြည်ခိုင်ဖြိုး ပြန်ပြင်လိုတဲ့ ဖွဲ့စည်းပုံအချက်များ



၎ ရက်ကြာ နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ ဗဟိုကော်မတီ အစည်းအဝေးအတွင်း ၂၀၀၈ ဖွဲ့စည်းပုံမှာ ပြင်ဆင်ရမယ့် အရေးပါတဲ့ အချက် ၃ ချက်ဖြစ်တဲ့ သမ္မတ ဖြစ်ခွင့် အရည်အချင်းကိစ္စ၊ တိုင်းရင်းသားတွေရဲ့ အခွင့် အရေးနဲ့ တပ်မတော်ရဲ့ အခန်းကဏ္ဍတွေကို ပြင်ဆင် ဖြည့်စွက်ဖို့ အခြေအတင် ဆွေးနွေခဲ့တယ်လို့ အစည်းအဝေး တက်ရောက်ခဲ့တဲ့ ဗဟိုကော်မတီဝင်တွေက ပြောပါတယ်။ အသေးစိတ်ကို ရန်ကုန်အခြေစိုက် ဗွီအိုအေသတင်းထောက် ကိုအောင်ရဲမောင်မောင် က သတင်းပေးပို့ ခဲ့ပါတယ်။


၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ပြင်ဆင်ဖို့ လိုအပ်တယ်လို့ ပြောဆိုမှုတွေရှိနေတဲ့ စစ်အစိုးရလက်ထက်က ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီ အစည်းအဝေး အတွင်း ဆွေးနွေးခဲ့ရာမှာ အချက်ပေါင်း ၂၂ ချက်ကို ပယ်ဖျက်ဖို့နဲ့ ၅၂ ချက်ကိုတော့ ပြင်ဆင် ဖြည့်စွက်ဖို့ သဘောတူ ဆုံးဖြတ်ခဲ့တယ်လို့ ပြည်ခိုင်ဖြိုးပါတီရဲ့ ဗဟိုကော်မတီဝင်လည်းဖြစ်၊ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်တဦးလည်းဖြစ်တဲ့ ဦးလှဆွေ က ပြောပါတယ်။

၂၀၀၈ အခြေခံ ဥပဒေရဲ့ အခန်း ၃ ပုဒ်မ ၅၉ (စ) ရဲ့ နိုင်ငံတော်သမ္မတဖြစ်ခွင့် အရည်အချင်းကိုလည်း အကန့်အသတ်နဲ့ ပြင်ဆင်မယ်ဆိုပြီးတော့ ပြည်ခိုင်ဖြိုး ဗဟိုကော်မတီ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ တယ်လို့လည်း ဦးလှဆွေက ပြောပါတယ်။

“၅၉ (စ) က ကျနော်တို့က ဒီလိုပါ။ သားမက်တွေ၊ ချွေးမတွေကို ဖြေလျှော့ပေးထားတာပေါ့နော်။ ဥပမာဗျာ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒေါ်အောင်ဆန်းစုကြည်ကို မူတည်ပြီး ကြည့်လိုက်ပေါ့နော်။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်ကို သူ့ယောက်ကျားက Michael Aris သူကသေသွားပြီ။ သေသွားတာ ဖြစ်တဲ့အတွက်ကြောင့် ကျနော်က မြန်မာနိုင်ငံအတွက် အန္တရာယ်ဖြစ်အောင် လုပ်နိုင်တဲ့ပုဂ္ဂိုလ် မဟုတ်ဘူးလို့ ကျနော်ယူဆတယ်။ အဲဒီတော့ သူ့မှာသား ၂ ယောက်ရှိတယ်။ သား ၂ ယောက်က မြန်မာနိုင်ငံသား ခံယူလိုက်ပေါ့။ ဒါဆိုရင် သူက ပြီးသွားပြီ။ သူတို့ရဲ့ ချွေးမတွေရှိတယ်။ ချွေးမတွေကို ဒါကို ဘာမှမဆိုင်ဘူးဆိုပြီး ဖြေလျှော့ပေးလိုက်တယ်။ အခြေခံဥပဒေထဲမှာ။ ချွေးမ ၂ ယောက်က ဘာမှ အကျုံးမ၀င်ဘူးပေါ့ဗျာ။ ဦးမြင့်ဆွေကို ဒုသမ္မတ ပေးမယ်ဆိုတုန်းက သူ့ချွေးမက သြစတြေးလျသူ ဖြစ်လို့ဆိုပြီးတော့ မပေးဘူးလေဗျာ။ တကယ်လို့ Kim Aris နဲ့ Alexander Aris တို့ရဲ့ သူတို့မိန်းမ ၂ ယောက်က ချွေးမတွေက နိုင်ငံခြားသူ ဖြစ်နေတယ်ဆိုရင် ကျနော်တို့ အခြေခံဥပဒေက ခွင့်ပြုမယ်။”

တိုင်းရင်းသားတွေဘက်က မကြခဏ ပြောဆိုနေကြတဲ့ အာဏာခွဲဝေ ကျင့်သုံးရေးနဲ့ သယံဇာတ ခွဲဝေကျင့်သုံးရေးတွေကိုလည်း ပေးနိုင်သမျှ ပေးဖို့ အချက်တွေကိုလည်း ဆွေးနွေးပြီး ပြင်ဆင်ဖို့ ထည့်သွင်း ဆုံးဖြတ်ခဲ့ကြတယ်လို့ ဦးလှဆွေ က အခုလို ပြောပါတယ်။

“ဇယား ၂ ပေါ့၊ ဇယား ၂ ဆိုတာ ပြည်နယ်နဲ့ တိုင်းတွေမှာရှိတဲ့ ရွှေတို့၊ ဘာတို့ သတ္ထုတူးဖော်ခွင့် အသေးစား၊ အဲဒါတွေ အကုန်လုံးကိုပေးမယ်၊ တိုင်းဒေသကြီးတွေကို။ အဓိကကတော့ဗျာ၊ တချို့ဝန်ကြီးချုပ်တွေက နည်းနည်း Strong ဖြစ်တယ်။ ဒါမပြင်နိုင်ဘူး၊ ဘာညာပေါ့။ ဥပမာဗျာ ၂၆၂ ဆိုရင် ဒါက၀န်ကြီးချုပ်ကို သမ္မတက nominate လုပ်တာကိုး။ ကျနော်တို့ကပြောတယ်။ သမ္မတက nominate လုပ်တာ မကောင်းပါဘူး။ လွှတ်တော်ကိုယ်စားလှယ်တွေကပဲ သူတို့အချင်းချင်းက ဘယ်သူ ၀န်ကြီးချုပ် လုပ်သင့်တယ်ဆိုတာ အဲဒီလို ရွေးပြီးတော့မှ သမ္မတရဲ့ အတည်ပြုချက်ယူတာ ကောင်းပါတယ်။ အဲဒါ အတည်ဖြစ်သွားတာပေါ့နော်။ အတည်ဖြစ်သွားတဲ့ အခါကျတော့ တချို့ဝန်ကြီးချုပ်တွေက အဲဒါကို မကြိုက်ဘူး။ ဒါပေမဲ့ တကယ်တန်းကျ တိုင်းရင်းသားတွေ လိုချင်တာ အဲ့ဒါပဲလေ။ သူတို့ဝန်ကြီးချုပ် သူတို့ရွေးချင်တာပေါ့ဗျာ။”

အခုလို အခြေခံဥပဒေ ပြင်ဖို့ ပြည်ခိုင်ဖြိုးပါတီက ဆောင်ရွက်တာဟာ ၂၀၁၅ မှာ လူကြိုက်များအောင်လုပ်ဖို့ ဖြစ်တယ်လို့ အများက ပြောဆိုနေတဲ့အပေါ်မှာ ဘယ်လို သဘောထားရှိလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဦးလှဆွေ ကို မေးကြည့်တဲ့အခါမှာတော့ သူက အခုလို ဖြေပါတယ်။

“အခြေခံဥပဒေကို ပြင်ပေးမှသာလျှင် ပြည်ခိုင်ဖြိုးပါတီဟာ ပိုပြီးလူကြိုက်များမှာပေါ့ဗျာ၊ မဟုတ်ဘူးလား။ ပြင်နိုင်လေ ကောင်းလေပေါ့၊ ဟုတ်တယ်မို့လား။ ဒီလိုမျိုးဆွေးနွေးကြတယ်။ ဒါကြောင့်မို့လို့ ပြည်သူလူထုက ဘာလိုချင်တာလဲ၊ ဘယ်အချက်တွေ မကြိုက်တာလဲ ဆိုတာကို ကိုယ်စားလှယ်တွေ ဆွေးနွေးကြတယ်။ ဆွေးနွေးတော့မှ ဒီအချက်တွေကိုတော့ လူထုကထောက်ပြတဲ့ အချက်တွေဖြစ်တယ်ဆိုပြီးတော့ ကျနော်တို့ အသည်းအသန် ဆွေးနွေးကြတယ်ဗျာ။ အပြင်းအထန် ပြောကြတယ်။ တကယ့်ကို debate ပဲ။ အထဲထဲမှာကို ငြင်းကျခုန်ကျ၊ ပြောကြဟောကြနဲ့ အတော်ကလေးကို ဒီမိုကရေစီကျပါတယ်။”

၂၀၀၈ ဖွဲ့စည်းပုံ အခြခံဥပဒေမှာ ပါရှိတဲ့ တပ်မတော်ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီးတော့လည်း ပြည်ခိုင်ဖြိုးပါတီက ပြင်ဆင်ဖို့ ကြိုးစားခဲ့ပေမဲ့လည်း မူလရှိနေတဲ့ လွှတ်တော်ထဲက တပ်မတော်သား ၂၅ ရာခိုင်နှုန်းကို ဖယ်ထုတ်ဖို့မရှိဘဲ အုပ်ချုပ်ရေးနယ်ပယ်မှာ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာ ၀န်ကြီးဌာနက လွဲလို့ တပ်မတော်က လူတွေ ရွေးကောက်ပွဲမ၀င်ဘဲ ၀န်ကြီးမဖြစ်လာဖို့၊ ပြီးတော့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း လွှတ်တော်သက်တမ်း ၅ နှစ်လုံးလုံး မကြာခဏ လဲဖယ်တာတွေ မလုပ်ဖို့ကိုလည်း ပြင်ဆင်ချက်တွေထဲမှာ ဖြည့်စွက်ခဲ့တယ်လို့ ဦးလှဆွေ ပြောပါတယ်။

“တပ်မတော်အခန်းကဏ္ဍမှာ ကျနော်တို့ ၂၅ ရာခိုင်နှုန်းကို untouched ပါ၊ လုံးဝမထိဘူး ဒီအတိုင်းထားမယ်။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်ဟာ ၀န်ကြီးဖြစ်တဲ့အခါမှာ သူဟာ တပ်က တာဝန်တွေကို မထမ်းဆောင်ရဘူးလို့ ကျနော်တို့က ကန့်သတ်လိုက်တယ်။ ဥပမာဗျာ ဗိုလ်ချုပ်ကြီး ဝေလွင်ဆိုရင် စစ်ထောက်ချုပ်လည်းလုပ်တယ်၊ ကာကွယ်ရေးဝန်ကြီးလည်း လုပ်တယ်ဗျာ။ ဒါမျိုးဆိုရင် ကျနော်တို့က ကာကွယ်ရေးဝန်ကြီးပဲ လုပ်ရမယ်၊ စစ်ထောက်ချုပ် မလုပ်ရဘူးဆိုတဲ့ သဘောမျိုး ကန့်သတ်လိုက်တယ်။”

လက်ရှိ အချိန်မှာတော့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော်က လွှတ်တော်ကိုယ်စားလှယ် ၁၀၉ ဦးနဲ့ ဖွဲ့စည်းပုံ လေ့လာ သုံးသပ်ရေး ကော်မတီကို ၂၀၁၃ ခုနှစ်ထဲမှာပါ ဖွဲ့စည်းခဲ့တာပါ။ အဲဒီကော်မတီကနေ နိုင်ငံရေးပါတီတွေနဲ့ ပြည်သူတွေ က ပြင်ဆင်ချင်တဲ့ အချက်တွေကို ဇန်န၀ါရီလ ၃၁ ရက်နေ့မှာ နောက်ဆုံးထား တင်ပြဖို့ ပြောဆိုထားတာလည်း ဖြစ်ပါတယ်။ 

မြန်မာသံရုံး ဗုံးခွဲတယ်လို့ယူဆရတဲ့အဖွဲ့ကို အင်ဒိုရဲနှိမ်နင်း၊ ၆ ဦး အသေမိ



အင်ဒိုနီးရှားနိုင်ငံက မြန်မာသံရုံးကို ဗုံးခွဲဖို့ ကြံစီ တယ်လို့ သံသယဖြစ်ခံရတဲ့ စစ်သွေးကြွ အုပ်စု တစုကို အင်ဒိုရဲက ပစ်ခတ် နှိမ်နင်း ဖမ်းဆီးခဲ့ရာမှာ ၆ ဦး အသေဖမ်းမိပြီး ၁ ဦး အရှင် ဖမ်းမိတယ်လို့ အင်ဒိုနီးရှားသတင်းတွေက ဖော်ပြပါတယ်။


လွန်ခဲ့တဲ့ နှစ် မေလက မြန်မာသံရုံးကို ဗုံးခွဲ တိုက်ခိုက်မှုနဲ့ ဖမ်းဆီးထားသူတွေဆီက ရတဲ့ သတင်းအချက်အလက်နဲ့ အင်ဒို ရဲတပ်ဖွဲ့က ဂျကာတာ မြို့ပြင်တနေရာက အစွန်းရောက်အုပ်စု နေထိုင်ပုန်းအောင်းနေ တယ် လို့ ယူဆရတဲ့ နေရာ တခုကို နှစ်သစ်ကူးည သန်းခေါင်လောက်က သွားရောက်နှိမ်နင်းစဉ် အပြန်အလှန် ပစ်ခတ်မှု ၉ နာရီကြာ ဖြစ်ခဲ့ရာက အခုလို ဖမ်းဆီးရမိတာဖြစ်တယ်လို့ အင်ဒို ရဲတပ်ဖွဲ့ တာဝန်ရှိသူက မနေ့က ပြောပါတယ်။ 

အခုလို နှိမ်နင်း ဖမ်းဆီးရာမှာ လက်လုပ်ဗုံးတွေ၊ သေနတ် ၅ လက်အပါအဝင် ရူပီးငွေ သန်း ၂ဝဝ ကျော်နဲ့ အခြား ဖောက်ခွဲ ရေး ဆက်စပ်ပစ္စည်းတွေလည်း သိမ်းဆီးရမိတယ်လို့ အင်ဒို ရဲတပ်ဖွဲ့က ပြောပါတယ်။ 

အခုလို စစ်သွေးကြွ အကြမ်းဖက် အစွန်းရောက်အဖွဲ့နဲ့ အပြန်အလှန်ပစ်ခတ်မှုကြောင့် အင်ဒို ရဲတဦးလည်း ဒဏ်ရာ ရခဲ့ တယ်လို့လည်း သိရပါတယ်။ 

The Irrawaddy (Burmese Version)

ကြံခိုင်ဖွံ့ဖြိုးရေး ပြော စကား ဒေါ်အောင်ဆန်းစုကြည် ပယ်ချ



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ် အောင်ဆန်းစုကြည် က ဖွဲ့စည်းပုံ ပြင်ဆင်ရေး အတွက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက တင်ပြတဲ့ အချက် တွေထဲမှာ သမ္မတရဲ့ အရည်အချင်းနဲ့ ပတ်သက်ပြီး သား သမီးတွေ မြန်မာနိုင်ငံသား ဖြစ်ရမယ်လို့ သတ်မှတ်အကြံပြုခဲ့တာဟာ ဥပဒေနဲ့ ကိုက်ညီမှု လုံးဝ မရှိဖူးလို့ ဝေဖန်ပြောကြား လိုက်ပါတယ်။


" တရားဥပဒေအရ ၂၁ နှစ်ကျော်ရင် ကိုယ်က ပိုင်ဆိုင်တော့တာမှမဟုတ်ပဲ၊ သူတို့ကလူကြီးဖြစ်ပြီ သူတို့ဘဝကို သူတို့ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်၊ ဥပဒေအရဆိုရင် ဘာမှ မတော်တော့ဘူးလို့ ဒီလိုပဲ ပြောရမှာပဲ ဘာမှလည်း တာဝန်မရှိတော့ဘူး၊ အဲ့တော့ ၂၁ နှစ်ကျော်နေတဲ့ သားသမီးတွေဟာ သူတို့ဘာသာ သူတို့ ဘာနိုင်ငံသား ခံယူခံယူ၊ ကိုယ်နဲ့မဆိုင်သင့်ဘူး၊ အဲ့လိုဆိုင်အောင်လို့လုပ်ထားတာကိုက ဒီမိုကရေစီ စံနှုန်းနဲ့လည်း မညီဘူး၊ ဒါတမင်သက်သက် လုပ်ထားတာပေါ့နော်"

RFA က သီးသန့်တင်ဆက်နေတဲ့ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် မနေ့က ညနေပိုင်း ဆက်သွယ်မေးမြန်းရာမှာ အခုလို ဖြေကြားခဲ့တာဖြစ်ပါတယ်။

ဆက်လက်ပြီး မြစ်ဆုံစီမံကိန်းကို ပြန်လည် စတင်နိုင်ရေး အတွက် ၂ဝ၁၅ တက်လာမယ့်အစိုးရနဲ့ ညှိနိုင်းမယ်လို့ တရုတ် ကုမ္ပဏီက ဒီရက်ပိုင်း ပြောကြားခဲ့တာနဲ့ ပတ်သက်ပြီး တကယ်လို့ ရွေးကောက်ပွဲမှာ NLD ပါတီအနိုင်ရရင် အဲဒီလိုဆောင်ရွက်မှာလားလို့ မေးမြန်းခဲ့ရာမှာတော့ ညှိနှိုင်းရေးမှတပါး တခြား နည်းလမ်း မရှိဖူးလို့ ဒေါ်အောင်ဆန်းစုကြည် ကပြောဆိုပါတယ်။

" မညှိနှိုင်းလို့ ဘယ်နဲ့လုပ်မလည်း၊ ဘာကြောင့်လည်းဆိုတော့ အခုအစိုးရက တကယ်တော့ ဒီစီမံကိန်း ကြီးကို တန်းလန်းကြီးထားပြီးတဲ့ သဘောပဲ၊ အခုအစိုးရထဲက လူအများစုဟာ အရင်အစိုးရထဲမှာ ပါခဲ့တာပဲ၊ ဒီမြစ်ဆုံ စီမံကိန်းကို သဘောတူခဲ့တုံးကလည်း ဒီအစိုးရအဖွဲ့ဝင်တွေပဲ ဒါပေမယ့် ဒီမြစ်ဆုံစီမံကိန်းကို ၅ နှစ် ရပ်ထားတယ်ဆိုတာ နောက်လာမယ့်အစိုးရမှပဲ တာဝန်ယူတော့လို့ ပြောတဲ့သဘောမျိုးဖြစ်နေတာပေါ့ အဲ့ဒါ တော့ အမကမကြိုက်ဘူး၊ အစိုးရတိုင်းဟာ တာဝန်ယူရဲတဲ့ သတ္တိရှိရမယ်၊ တာဝန်ယူနိုင်တဲ့ အရည်အချင်း ရှိရမယ်"

ဒါ့အပြင်လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ဘဝပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတော်က ပံ့ပိုးကူညီပေးဖို့ကိစ္စကို လွှတ်တော်ပြန်လည် စတင်တဲ့အခါ NLD က ဆွေးနွေးတင်ပြမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

RFA Burmese

အခြေခံဥပဒေပြင်ရေး အကြံပြုချက် သုံးသိန်းကျော် လွှတ်တော်သို့ ရောက်

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန်အတွက် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အဖွဲ့များ၊ နိုင်ငံရေးပါတီ၊ အသင်းအဖွဲ့၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များထံမှ အကြံပြုချက်ပေါင်း သုံးသိန်းကျော် ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီ ထံ ရောက်ရှိ လာကြောင်း ယင်းကော်မတီက သတင်းထုတ်ပြန်သည်။


အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အကြံပြုလွှာပေါင်း ၂၈၂၄၇ စောင် လက်ခံရရှိပြီး အခြေခံဥပဒေပါ အခန်း (၁၅) ခန်းနှင့် ဇယား (၅) ခုအတွက် ပြင်ဆင်ရန် အကြံပြုချက် စုစုပေါင်း ၃၂၃၁၁၀ ကို လက်ခံ ရရှိထားကြောင်း အဆိုပါ ကော်မတီက ထုတ်ပြန်သည်။

အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပုဂ္ဂိုလ် အဖွဲ့အစည်း အသီးသီး၏ အကြံပြုချက်များနှင့် ကော်မတီ၏ လေ့လာ တွေ့ရှိချက် အစီရင်ခံစာအတွက် အခြေခံဥပဒေ တစ်ခန်းချင်းစီအလိုက် လေ့လာသုံးသပ်ရေး အဖွဲ့ ငယ်များ ထပ်ဆင့်ဖွဲ့စည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယင်း ကော်မတီထံမှ သိရသည်။

“အဖွဲ့ငယ်တွေက အခန်းအလိုက် လေ့လာသုံးသပ်ချက်ကို ၁၀၉ ဦး ကော်မတီကို တင်ရမယ်။ ဇန်န၀ါရီ ၇ ရက်နေ့ စမယ်” ဟု လေ့လာသုံးသပ်ရေး ကော်မတီဝင် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောကြားသည်။

ကော်မတီထံ ရောက်ရှိလာသည့် အကြံပြုချက်များတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၁) နိုင်ငံတော် အခြေခံမူများ အခန်းနှင့် အခန်း (၁၂) ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်းတို့ကို ပြင်ဆင်ရန် အကြံ ပြုချက်မှာ အများဆုံးဖြစ်ပြီး အဆိုပါ အခန်းနှစ်ခုအတွက် အကြံပြုချက် စုစုပေါင်း ၂၄၅၈၅၇ လက်ခံ ရရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်တွင်းပြည်ပက ၂၀၁၅ ရွေးကောက်ပွဲအမီ ပြင်ဆင်ရန် တိုက်တွန်း တောင်းဆိုနေသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လေ့လာသုံးသပ်ရေး ကော်မတီ၏ အစီရင်ခံစာကို ပြည်ထောင်စု လွှတ်တော်ထံ ဇန်နဝါရီလ ၃၁ ရက်နေ့မတိုင်မီ တင်သွင်းရမည် ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန်အတွက် လက်ရှိ အာဏာရပါတီနှင့် လွှတ်တော်တွင်း ကိုယ်စားလှယ်နေရာ အများဆုံး ရရှိထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပုဒ်မ ၅၉ (စ) အပါအဝင် အချက် ၇၃ ချက်ကို တင်ပြထားပြီး လွှတ်တော်တွင်းရှိ တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့ကလည်း အခြေခံဥပဒေ ပြင်ဆင်ရေးကို လက်တွဲ ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြား ထားသည်။

The Voice Weekly

မင်းသား မင်းသမီးကို ခယပြီးတော့ သိပ်မရိုက်ချင်ဘူး



ကြယ်စင်မော်ကွန်း ရုပ်ရှင်ဇာတ်ကားကြီးကို ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ရုံတင်ပြသနေပြီ ဖြစ်ပါ တယ်။ ဒီဇာတ်ကားကို ဒါရိုက်တာ ပန်းချီ စိုးမိုးက ရိုက်ကူးပြီး မြန်မာ့လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်းရဲ့ လွတ်လပ်ရေး ကြိုးပမ်းမှု ပုံရိပ်တွေ အပါအဝင် ဖြစ်ရပ်မှန် တချို့ကို အခြေခံ ထား တယ်လို့ သိရပါတယ်။ လူမင်း၊ ဝေဠုကျော်၊ နေတိုး၊ စိုးရန်အောင်၊ စိုးမြတ်သူဇာ၊ ပန်းဖြူ၊ တင့်တင့်ထွန်း၊ အိန္ဒြာကျော်ဇင်၊ သက်မွန်မြင့်နဲ့ သရုပ်ဆောင်များစွာ ပါဝင်ထားတဲ့ ဒီဇာတ်ကားကြီးနဲ့ ပတ်သတ်ပြီး ရိုက်ကူးသူ ဒါရိုက်တာ ပန်းချီစိုးမိုးကို ဧရာဝတီက တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။

မေး။ ။ ကြယ်စင်မော်ကွန်း ဇာတ်ကားကြီး ရုံတင်ပြသခါနီး ခံစားချက်ကို သိချင်ပါတယ်။


ဖြေ။ ။ ကျနော့်မှာ ခံစားချက်တော့ မရှိတော့ပါဘူး၊ ကားထုပ်တွေ အများကြီး ရုံတင်ဖို့ ရိုက်ခဲ့တာပဲလေ။ ကျနော် ကြိုးစားထားတဲ့ အတွက် ပရိသတ် ကြိုက်မယ်လို့ ယုံကြည်ပါတယ်။ ရုပ်ရှင်ကားပေါင်း ၆၀ ကျော်လောက်နဲ့ ဗီဒီယိုကား ၂၀၀ ကျော်လောက် ရိုက်ခဲ့တာပဲလေ။ ရုံတင်တဲ့အတွက် တုန်လှုပ်တာ မရှိပါဘူး။ ကိုယ်ကြိုးစား လုပ်ထားသလောက် သူများ ကြိုက်ရင် ကျေနပ်တယ်။ ကြိုးစားတာကို အသိအမှတ် ပြုတယ်ဆိုရင် ၀မ်းသာ ကျေနပ်ပါတယ်။

မေး။ ။ ဒီဇာတ်ကား ရိုက်ဖို့အတွက် ဘယ်လိုတွေ ပြင်ဆင်ခဲ့ရလဲ။

ဖြေ။ ။ ၀တ္ထုတပုဒ်လောက် ဖတ်ပြီး ကားရိုက်တဲ့ ခေတ်မှာ၊ စာအုပ်ပေါင်းရာနဲ့ချီ ဖတ်ခဲ့ရတယ်။ နောက် … အမှားအမှန် ချိန်ဆတဲ့ နေရာမှာ အရမ်းခက်တယ်။ တိုက်ပွဲတပွဲကို ပီပြင်ဖို့အတွက် ၁ ပတ်ကနေ ၂ ပတ်လောက် အချိန်ပေးပြီး ရိုက်ခဲ့ ရတယ်။ အဲဒီအတွက် အရမ်းပင်ပန်းတယ်။ မင်းသားမင်းသမီး အချိန်ပေးရင် ပေးသလောက် ကောင်းတယ်၊ အချိန်မပေးရင် မပေးတဲ့သူက သူ့ဖာသာသူ သိသာတယ်။ အဲဒီလောက်ပဲ ဟြေချင်တယ်။ ဘယ်သူဘယ်ဝါလို့ မဟြေချင်ဘူး၊ မင်းသား မင်းသမီးကို ခယပြီးတော့ သိပ်မရိုက်ချင်ဘူး။ အနုပညာဆိုတာ သူလည်းလုပ်၊ ကိုယ်လည်းလုပ် ပဲလေ။

မေး။ ။ ဒီဇာတ်ကားမှာ ပါတဲ့ သရုပ်ဆောင်တွေနဲ့ ရိုက်ကွင်း အတွေ့အကြုံကိုလည်း ပြောပေးပါဦး။

ဖြေ။ ။ ကိုလူမင်းဆို ကောင်းတယ်။ ကိုလူမင်း ကတုံး နှစ်ခါသုံးခါ ပြန်တုံးရတယ်။ အရမ်းကို စိတ်ဝင်တစားပဲ။ ဝေဠု … ဟေ့ကောင် … တန်းလာဆို လာတယ်။ အိန္ဒြာကျော်ဇင်ဆို သူပါသမျှ အခန်းတိုင်း ကြိုးစားတော့ ဟြေစရာမရှိဘူး။ ပန်းဖြူလည်း သူ့ဟာသူ ကောင်းတယ်၊ တင့်တင့်ထွန်းလည်း ကောင်းတာပဲ။ လျော့တဲ့သူ ဘယ်သူတုန်း ဆိုတာ ကားထုပ်ကို ကြည့်ရင်သိလိမ့်မယ်။ လျော့တဲ့သူက သူတို့ ဘာသာ သူတို့ ၀ါယမ မစိုက်လို့၊ ဒါရိုက်တာအပေါ် ၀ါယမ မစိုက်လို့၊ ဒါရိုက်တာ မပေးလို့ မဟုတ်ဘူးနော်၊ အဲဒါတော့ ရဲရဲကြီး ဟြေရဲတယ်။

မေး။ ။ ဒီဇာတ်ကားမှာ ပါတဲ့ ဗိုလ်ချုပ်ရဲ့ ဇာတ်ကောင် စရိုက်အတွက် ဘယ်လို လေ့လာ ပြင်ဆင် ခဲ့ရလဲ။

ဖြေ။ ။ တပ်မတော် အကြောင်းနဲ့ တပ်မတော် ဇာတ်ကားရိုက်ရင် ဗိုလ်ချုပ်အောင်ဆန်း အကြောင်းက မပါလို့ မဖြစ်ဘူးလေ။ ဗိုလ်ချုပ်ရဲ့ Profile တွေ အတွက်လည်း အများကြီး ကြိုးပမ်းခဲ့ရတယ်။ အဲဒါကို ဟြေရင် စာမျက်နှာတောင် လောက်မှာ မဟုတ်ဘူး။ ဇာတ်ကောင်တခု အနေနဲ့လည်း ကြိုးစားရတယ်။ ဗိုလ်ချုပ်ရဲ့ ကာရိုက်တာကိုလည်း အများကြီး လေ့လာရတယ်။ ကာရိုက်တာ ဆိုတာ ဗိုလ်ချုပ်ကို လူတွေ သိထားတာ တမျိုး။ ဒါတောင်မှ ဝေဖန်တဲ့သူက ဝေဖန်တယ်။ ဝေဖန်တာကတော့ လောကကြီးမှာ ရှိမှာပဲ။ အဲဒါကိုတော့ မတုန်လှုပ်ဘူး။ ကိုယ့်ကြိုးပမ်းမှုကို ယေဘုယျ ကြည့်တဲ့အခါမှာ ရာခိုင်နှုန်း ဘယ်လောက် ကြိုက်လဲ၊ အဲဒီအပေါ်မှာပဲ မူတည်တယ်။

မေး။ ။ ဗိုလ်ချုပ်ရဲ့ မိသားစုအကြောင်းရော ပါသေးလား။

ဖြေ။ ။ ဗိုလ်ချုပ်အကြောင်း ဆိုပေမယ့် ဗိုလ်ချုပ်ရဲ့ မိသားစုအကြောင်းတွေ မပါဘူး၊ ဗိုလ်ချုပ်အောင်ဆန်း တပ်မတော်ကို တည်ထောင်ပြီး လုပ်ခဲ့တဲ့ လှုပ်ရှားမှုတွေကိုပဲ ရိုက်ထားတာပါ။ တိုင်းကျိုးပြည်ပြု ဗိုလ်ချုပ်တယောက် အနေနဲ့ ဟြေခဲ့ဆိုခဲ့ တာကိုပဲ ရိုက်ထားတာ။ ဗိုလ်ချုပ် မိသားစုအကြောင်း မဟုတ်ဘူး။ တပ်မတော် သမိုင်းကြောင်း အနေနဲ့ပဲ ရိုက်ထားတာပါ။

မေး။ ။ ဦးစိုးမိုးက ဒီဇာတ်ကားကို စိတ်ဝင်စားတဲ့သူ များတယ်လို့ ပြောတဲ့အတွက် စိတ်မဝင်စားတဲ့ ရာခိုင်နှုန်းအပေါ်ရော ဘာပြောချင်လဲ။

ဖြေ။ ။ စိတ်မ၀င်စားဘူးဆိုတာ ပုဂ္ဂိုလ်ရေး အာဃာတနဲ့ ကြည့်ရင်တော့ လောကကြီးမှာ ဘာမှ စိတ်မ၀င်စားဘူး။ အာဃာတကို မကြည့်နဲ့၊ အနုပညာကို အနုပညာလို ကြည့်လိုက်။ အဲဒါမှန်၏ မမှန်၏ လာကြည့်လိုက်။ မကြိုက်ဘူးဆိုပြီး ဘာမှမကြည့်ဘဲ ဘေးကနေ ဝေဖန်တာ ဟြေလို့မရဘူး။ ပန်းချီစိုးမိုးက ဘာဖြစ်တယ် ဆိုပြီး ပေါ်လစီ ပုံစံမျိုးနဲ့ လာဟြေတာ မရှိဘူး။ တသက်လုံးလည်း အဟြေမခံရဘူး။ ကိုယ်က သစ္စာရှိဖို့လိုတယ်။ ကိုယ်က အနုပညာ သမားလေ။ အနုပညာ သမားက အနုပညာကို သစ္စာရှိပြီး အနုပညာ ဖန်တီးမှုအပေါ်မှာ တာဝန်ကျေ သစ္စာရှိဖို့ပဲ လိုတယ်။

မေး။ ။ ရုံတင်တဲ့အခါ ဒီဇာတ်ကား အပေါ် ပရိသတ် စိတ်ဝင်စားမှု အခြေအနေ ဘယ်လိုရှိမယ် ထင်လဲ။

ဖြေ။ ။ ဒီဇာတ်ကားကို ဘယ်လောက်အထိ ကြည့်မလဲ ဆိုတာ ပရိသတ်အပိုင်းပါ။ ဒါပေမယ့် ဒီကားသည် ကျောင်းသားတွေ အကုန်လုံး ကြည့်သင့်တယ်။ စာပေသမားတွေလည်း ကြည့်သင့်တယ်။ အဲဒီလိုပဲ ရုပ်ရှင်သမားတွေလည်း ကြည့်သင့်တယ်။ လူကြီးသူကြီး တွေလည်း ကြည့်သင့်တယ်။ နောက်ပြီး ထောက်ပြဝေဖန် တာလည်း လာခဲ့၊ ကျနော် မကြောက်ဘူး။ အလွှာ ပေါင်းစုံ၊ အရွယ်ပေါင်းစုံ ကြည့်သင့် တဲ့ကား။ အဲဒီအချိန်အခါကို မမီလိုက်တဲ့ သူတွေလည်း ကြည့်သင့်တယ်။ ကြည့်တဲ့သူက ကြည့်ပြီးရင် သူ့ဘာသာသူ ဟြေသွားလိမ့်မယ်။ ကိုယ်တွေက လာပါလာပါ ခေါ်လည်း လာချင်မှလာမှာလေ။

မေး။ ။ ဒီဇာတ်ကားနဲ့ပတ်သက်ပြီး ဦးစိုးမိုးအတွက် အမှတ်တရ အဖြစ်ဆုံးက ဘာလဲ။

ဖြေ။ ။ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး အမှတ်တရဆိုရင် မရူးတာ ကံကောင်းတာပဲ။ ပင်ပန်းလွန်းအား ကြီးလို့။ ပရိသတ်က ဒီကား လာကြည့်ကြရင်တော့ ၀မ်းသာမယ်။ လာကြည့်ကြပါလို့ပဲ တောင်းပန်တယ်။ လာကြည့် ပြီးရင်လည်း ပရိသတ်က တစ်ရာ ရာခိုင်နှုန်း ကြိုက်မယ်လို့ ဟြေရဲတယ်။ ကြည့်ပြီးသား သူကလည်း လက်ဆင့် ကမ်းပြီး ဟြေပြပါ။ မကောင်းရင်လည်း မကောင်းဘူး ဟြေလိုက်၊ ပြဿနာမရှိဘူး။ ကောင်းရင် ကောင်းတာလေး ဟြေပေးပါပေါ့။ ကျေးဇူးတင်ပါတယ်။ 

နှစ်သစ်ကူးတွင် ပထမဆုံး မီးလောင်မှု တောင်ကြီး ကန်အောက်ရပ်ကွက်တွင် ဖြစ်ပွား

တောင်ကြီးမြို့ ကန်အောက်ရပ်ကွက်၊ ခတ္တာလမ်း၊ နယ်မြေ(၁)ရှိ နမ်းခေးမောဝ် လျှပ်စစ်ပစ္စည်း အရောင်း ဆိုင်၏ ဂိုဒေါင်တွင် မီးလောင်ကျွမ်းမှုတစ်ခု နှစ်သစ်ကူးစအချိန် ၂၀၁၄ခုနှစ် ဇန်နဝါရီလ ၁ရက် နံနက် ၁နာရီ ခွဲခန့်က ဖြစ်ပွားခဲ့သည်။


မီးလောင်ကျွမ်းခဲ့သည့် ဂိုဒေါင်သည် သွပ်မိုးပျဉ်ကာ ဂိုဒေါင်တစ်ခုဖြစ်ပြီး ဂိုဒေါင်တွင်း၌ တပ်ဆင်ထားသည့် လျှပ်စစ်ဝါယာကြိုးများ ဟာင်းနွမ်းပေါက်ပြဲနေသဖြင့် လျှော့ဖြစ်ရာမှု မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု တောင်ကြီး မြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကိုပြောသည်။

မီးလောင်ကျွမ်းသည့်နေရာသို့ တောင်ကြီးမြို့နယ် မီးသတ်ဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများ ဝိုင်းဝန်းကာ မီးငြှိမ်းသတ်ခဲ့ပြီး နံနက် ၂နာရီ ၁၀မိနစ်ခန့်တွင် မီးငြိမ်းခဲ့သည်။

"ကျွန်တော်တို့ အိပ်ပျော်နေတာ၊ မီးတောက်တွေ ထွက်လာမှ သံချောင်းတွေခေါက်ပြီး တစ်ရပ်ကွက်လုံး နိုးကုန်တယ်၊ လူအင်အား များတာရယ်၊ လမ်းကလည်း သာတာရယ်ကြောင့် လူဦးလို့ မီးငြှိမ်းသတ် နိုင်တာ"ဟု ခတ္တာလမ်းနေသူ ကိုအယ်သားက မဇ္ဈိမကိုပာသည်။

မီးလောင်ရာနေရာသို့ မီးသတ်ဦးစီးဌာန မှ မီးသတ်ယာဉ် ၆စီး ၊ အေးသာယာ မီးသတ်ဌာနမှ မီးသတ်ကား ၁စီး ၊ ရွှေညောင် မီးသတ်ဌာနမှ မီးသတ်ကား ၁စီး၊ စည်ပင်မှ ရေယာဉ် ၂စီး ပုဂ္ဂလိက ရေယာဉ် ၃စီး၊ ထော်လဂျီ ရေကား ၅စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ငွေကျပ် သိန်း၃၀ခန့် ရှိသည်ဟု လတ်တလောတွက်ချက်မှုအရ ခန့်မှန်းထားကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်သည်။

ယင်းကဲ့သို့ မီးလောင်ကျွမ်းမှုကြောင့် ဂိုဒေါင်ပိုင်ရှင်အား တောင်ကြီးမြို့မ ရဲစခန်းက (ပ)၈/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူဆာင်ရွက်ထားသည်။

သမိုင်းဝင် ကရင်နှစ် သစ်ကူး သဘင်နှင့် အမျိုးသား ပြန်လည် ရင်ကြား စေ့ရေး



ကရင့် လက်နက်ကိုင် တပ်ဖွဲ့များ ၏ အမျိုးသား ပြန်လည် ရင်ကြား စေ့ရေး နှင့် ကရင့် အမျိုးသား စည်းလုံး ညီညွတ် မှုကို ပြသသော အားဖြင့် ကရင့် သက္ကရာဇ် (၂၇၅၃) ခုနှစ် ပြာသို လဆန်း တရက်နေ့ (၂၀၁၄) ခုနှစ် ဇန်နာဝါရီလ (၁) ရက်နေ့ တွင်ကျ ရောက်သော ကရင့် နှစ်သစ်ကူး နေ့ထူး နေ့မြတ်ကို ယနေ့ မနက်ပိုင်း တွင် ကရင် ပြည်နယ် မြ၀တီ မြို့နယ် ရွှေ ကုက္ကို မြိုင် ကျေးရွာတွင် စုပေါင်း ကျင်းပရာ လူထု သောင်းချီ တက်ရောက်ပြီး အောင်မြင်စွာ ကျင်းပနိုင် ခဲ့ပါသည်။


“ဟုတ်ပါတယ်။ ကရင့် အမျိုးသား စည်းလုံး ညီညွတ်ရေး နဲ့ အရင်က မလုပ်နိုင် ခဲ့တဲ့ အမျိုးသား ပြန်လည် ရင်ကြား စေ့ရေး မှာ ကျရာ အခန်းကဏ္ဍ ကနေ ပူးပေါင်း ဆောင်ရွက် နိုင်တယ် ဆိုတဲ့ သက်သေ အနေနဲ့ ထူး ထူးခြားခြား ကျင်း ပခဲ့တာ ဖြစ်တယ်။” ဟု ကျင်းပရေး ကော်မီတီ ဒုတိယ ဥက္ကဌ ပဒို လှထွန်းက ဆိုပါသည်။

အခမ်း အနားသို့ ပြည်ထောင် စု ၀န်ကြီး ဦးအောင်မင်း ခေါင်း ဆောင်သော ငြိမ်းချမ်းရေး ကိုယ်စား လှယ် များနှင့် ကရင် ပြည်နယ် အစိုးရ အဖွဲ့ဝင် တို့ တက် ရောက် ခဲ့ကြပြီး အခမ်း အနားကို ၀န်ကြီး ဦး အောင်မင်း မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး ခဲ့ပါသည်။

အလံတင် အခမ်း အနား ကို ကရင် ပြည်နယ် နယ်ခြား စောင့်တပ် (BGF)၊ ကရင် အမျိုးသား အစည်း အရုံး (KNU)နှင့် ကရင်ငြိမ်း ချမ်းရေး ကောင်စီ (KPC) တပ်ပေါင်း များ ပါသော အလံတင် ဂုဏ်ပြု တပ်ဖွဲ့ဖြင့် စတင်ခဲ့ ပါသည်။ အဖွင့်မိန့် ခွန်းကို ကျင်းပရေး ကော်မီတီ နာယက (KNU) စစ်ဦးစီး ချုပ် ဗိုလ်ချုပ် ကြီး ဂျော်နီမှ ပြောကြား ခဲ့ပြီး ၀န်ကြီး ဦးအောင် မင်းမှ အစိုးရ၏ လက်ရှိ သဘောထား တချို့ကို မိန့်ကြား ခဲ့ပါသည်။

၎င်း ၏ မိန့်ခွန်းတွင် သမ္မတ ဦးသိန်းစိန် ဦးဆောင် သော လက်ရှိ အစိုးရသည် ဒီမိုကရေစီ နိုင်ငံတော် သစ်ကို တည် ဆောက် နေရာတွင် (၁) ပြည်တွင်း ငြိမ်း ချမ်းရေး ရရှိရေးနှင့် (၂) နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး ကို ဦးစားပေး ဆောင်ရွက် နေခြင်းဖြစ် သည်ဟု ထုတ်ဖေါ် ပြောကြားခဲ့ ပါသည်။

ထို့အပြင် ကရင်အဖွဲ့ အစည်းများ ၏ သ၀ဏ်လွှာ များအရ ကရင် လူမျိုးတို့ သည် တန်းတူရေး နှင့် ကိုယ်ပိုင်ပြ ဌာန်းခွင့် ရရေးကို တောင်းဆိုနေ ကြကြောင်း၊ ဤသည် ဖက်ဒရယ် ပြည်ထောင် စုကို ရည်ရွယ်သည် ဖြစ်၍ နိုင်ငံတော် အစိုးရ ကလည်း ဖက်ဒရယ် ပြည်ထောင်စု တည် ဆောက်ရေး ကို အကောင်အ ထည် ဖေါ်နေပြီး ဖြစ်သည်ဟု ဆိုပါသည်။

ထို့နောက် ကရင် ပြည်နယ် အစိုးရ ကိုယ်စား လှယ်များမှ ရာနှင်ချီ သော ကရင် ၀တ်စုံများ ကို လက်ဆောင် ပေးခဲ့ပါ သည်။

ထို့နောက် အစီစဉ် (၈)ခုထဲမှ ဖါးအံမြို့မှ တောင်ကလေး ဆရာတော် အပါဝင် (BGF)၊ (KPC)၊ (KNU) အဖွဲ့ နှင့် ကရင် ပြည်နယ် အစိုးရ ကိုယ်စား လှယ်များက ၄င်းတို့၏ သ၀ဏ် လွှာများကို ဖတ်ကြား ကြပါသည်။ အခမ်း အနားသို့ တက် ရောက် လာသော နိုင်ငံရေး အဖွဲ့ အစည်းများ မှာ (DKBA)၊ ကယား ပြည်နယ် လူ မျိုး ပေါင်းစုံ လွတ်မြောက် ရေးအဖွဲ့၊ ကရင်နီ မျိုးနွယ်စု၊ ပြည်တွင်း၊ ပြည်ပ ကရင့် နိုင်ငံရေး အဖွဲ့ အစည်း များ နှင့် တော် လှန်ရေး အဖွဲ့အ စည်းများ စုစု ပေါင်း အဖွဲ့(၂၀)ကျော် တက်ရောက် ခဲ့ပါသည်။

သောင်းနှင့် ချီသော လူထုများမှာ ကရင် ပြည်နယ် မြ၀တီမြို့ နယ်၊ ဖါးအံ၊ လှိုင်းဘွဲနှင့် ကော့ကရိတ် မြို့နယ် များမှ ဖြစ် ကြပြီး ပြိုင်ဒုံး (၁၉) အဖွဲ့အပါ ၀င် ဖျော်ဖြေ ရေးဒုံး (၁၀)ဖွဲ့ဖြင့် အခမ်း အနားအား တက်ရောက် အားပေး ခဲ့ကြပါ သည်။

ထို့ပြင် ကရင့်ရိုးရာ ၀တ်စုံပြခန်း၊ တူရိယာ ပြခန်း၊ ကရင် ကောက်သစ် စားပွဲ ဓလေ့ ပြခန်း၊ သမိုင်းဝင် ကရင့် အမျိုး သားခေါင်း ဆောင်များ ပြခန်းများပါ ခင်း ကျင်း ပြ သပြီး မီးပုံးပျံ လွှတ်တင်ပွဲ များလည်း ကျင်းပကြ ပါသည်။ အားကစား ပွဲ အဖြစ် လက်ဝှေ့ ထိုးပွဲနှင့် ဘောလုံး ပြိုင်ပွဲများ ကျင်းပခဲ့ပါသည်။

ထို့နည်းတူ ယနေ့ ကျင်းပသော ကရင် နှစ်သစ်ကူး အခမ်း အနားသို့ နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေး များမှ အဖွဲ့ အ စည်းပေါင်းစုံ တက်ရောက် လာသဖြင့် အမျိုး သား ပြန်ရင်ကြား စေ့ရေးကို ဦးတည်သော ကရင် လူငယ် တွေ့ဆုံပွဲများ နှင့် အဖွဲ့ အစည်းစုံ နိုင်ငံရေး ဆွေးနွေးပွဲ များလည်း ကျင်းပကြပါသည်။

ဤသည် ကရင် လက်နက်ကိုင် အဖွဲ့များ စုပေါင်း ကျင်းပသော ကရင်နှစ်သစ် ကူးနေ့အခမ်း အနား အစီစဉ်များ ဖြစ်ပါ သည်။ ကရင် နှစ်သစ်ကူး နေ့ အခမ်း အနား သည် လက်နက်ကိုင် အဖွဲ့ချင်း ညီညွတ်မှု ပြန်လည် ရရှိ လာစေရန် အဖွဲ့ဖွဲ့စည်းခြင်း၊ ဘုံအကျိုးတူ လုပ်ငန်း များဖြင့် ပူးပေါင်း ဆောင်ရွက် ခြင်း၊နားလည်မှု ရရှိ နိုင် မည့် အမျိုးသား အကျိုး စီး ပွားနှင့် ပါတ်သက်သည့်လုပ်ငန်း များကို အတူ တကွ ပူးပေါင်း ဆောင်ရွက်ရန် ဆိုသည့် မူလရည်မှန်း ချက်ထဲမှ သက် သေ တခု ဖြစ်ပါ သည်။

ယနေ့ မျက်မှောက် ကရင် လူမှု အဖွဲ့အစည်း များထဲတွင် လက်နက်ကိုင် အဖွဲ့အစည်း (၅) ဖွဲ့ ရှိနေ ပါသည်။ ၄င်းတို့မှာ ကရင် အမျိုးသား အစည်းအရုံး (KNU)၊ ဒီမို ကရေစီ အကျိုးပြု ကရင် တပ်မတော် (DKBA) ၊ ကရင်ပြည်နယ် နယ်ခြား စောင့် တပ် (BGF) ၊ ကရင် ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC) နှင့် ကရင် ငြိမ်း ချမ်းရေး တပ်ဖွဲ့ (KPF) အဖွဲ့တို့ ဖြစ်ပါသည်။ ဤ အထဲတွင် ပဒိုအောင်ဆန်း ဦးဆောင်သော ဘုရားတောင် အဖွဲ့လည်း ပါဝင် ခဲ့ပါသည်။

ကရင်လက်နက်ကိုင် အဖွဲ့အစည်း များသည် ကရင် အမျိုးသား စည်းလုံး ညီညွတ်ရေးကိုရည်စူးပြီး လာမည့် (၂၀၁၄) ကရင် နှစ်သစ်ကူး ပွဲကို အတူတကွ ပူးပေါင်း ကျင်းပရန် ပြီးခဲ့သည့် အောက်တိုဘာ (၁၅)ရက်နေ့ ကတည်းက ထပ်မံ ဆုံးဖြတ် ခဲ့ခြင်း ဖြစ်ပါသည်။ စစ်ရေးပြ အခမ်း အနားဖြင့် ကျင်းပရန်ရည်ရွယ် ထားသော် လည်း အစိုးရ သဘော ထား ကြောင့်၊ ဂုဏ်ပြု တပ်ဖွဲ့ဖြင့် ကြေနပ် ခဲ့ရပါသည်။

သက္ကရာဇ် ၂၇၅၃ ခုနှစ် ကရင် နှစ်သစ်ကူး ပွဲတော် ကျင်းပရေး ကော်မီတီ ဥက္ကဌ ကို နယ်ခြား စောင့်တပ် (BGF)မှ ခစ တ (၁၀၁၈) တပ်မှူး ဗိုလ်မှူး စောမောင် ၀င်း ဦးဆောင်ပြီး ဒုဥက္ကဌ ပဒို စောလှထွန်း (KNU)၊ အတွင်းရေး မှူး ဦးမန်း အုန်းရွှေ၊ ဘဏ္ဍာရေးမှူး မန်းပြည်အေး၊ နှင့် စာရင်းစစ် ပဒို အောင်မော်အေး တို့နှင့် ဖွဲ့စည်း ခဲ့ပြီး ဆပ်ကော်မီတီ (၁၉) ခု ရှိပါသည်။ ရံပုံငွေ အဖြစ် ကျပ်ငွေသိန်း (၅) ထောင်ခန့် သုံးစွဲကြမည် ဖြစ်ပြီး အထူး သဖြင့် (BGF) မှ ဗိုလ်မှူးချုပ် စော ချစ် သူက ဦးဆောင် ထည့်ဝင် မည်ဖြစ်သည်။

ကျင်းပရေး နာယက အဖြစ် KNU မှ ဗိုလ်ချုပ်ကြီး ဂျော်နီနှင့် နယ်ခြားစောင့်တပ် BGF ဗိုလ်မှူးချုပ် စောချစ်သူ တို့က ဆောင်ရွက် ခဲ့ပါသည်။ ကိုယ်စားလှယ်ပေါင်း (၁၃၀) ကျော် တက်ရောက် ခဲ့ပြီး၊ လွှတ်တော် အမတ် အပါဝင်၊ ကရင် လူငယ် အဖွဲ့၊သံတောင် မြောက်ခြမ်း ငြိမ်းချမ်းရေး အဖွဲ့၊ ဘာသာရေး အဖွဲ့ အစည်းပေါင်းစုံမှ ပုဂ္ဂိုလ်များ၊ KNU၊ BGF ၊ KNLA-PC နှင့် ကရင် ငြိမ်းချမ်းရေး အဖွဲ့ (ဟောင်သရော KPF) တို့က တက်ရောက် ခဲ့ ပြီး ကျင်းပ ရေး အစီစဉ် ကို ဆုံးဖြတ် ခဲ့ခြင်း ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် ၁၉၈၃ ခုနှစ် ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ရသည့် တောင်ကိုရီးယား နိုင်ငံသားများအတွက် အထိမ်းအမှတ်ကျောက်တိုင် ဆောက်မည်



၁၉၈၃ ခုနှစ်တွင် မြောက်ကိုရီးယားသူလျှို၏ ဗုံးဖောက်ခွဲ လုပ်ကြံမှုကြောင့် ရန်ကုန်မြို့ အာဇာနည်ဗိမာန်တွင် သေဆုံးခဲ့ရသည့် တောင်ကိုရီးယားနိုင်ငံသား ၁၇ ဦးနှင့် ဒဏ်ရာရသူ ၁၄ ဦးအား ရည်စူး၍ အထိမ်းအမှတ် ကျောက်တိုင် တည်ဆောက်ရန်အတွက် မြန်မာနိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့ ဒီဇင်ဘာ ၃၀ ရက်က သဘော တူလက်မှတ် ရေးထိုးခဲ့ကြောင်း တောင်ကိုရီးယား သတင်းစာ Chosunilbo ၏ ဖော်ပြချက်အရ သိရသည်။


မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယား သံတမန် Lee Baek-soon နှင့် မြန်မာနိုင်ငံခြားရေး ၀န်ကြီးရုံးမှ ဦးသူရိန်သန့်ဇင်တို့က သဘောတူညီမှု လက်မှတ်ကို ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသဘောတူညီမှုအရ အာဇာနည်ဗိမာန်တွင် တောင်ကိုရီးယား နိုင်ငံသားများအတွက် အထိမ်းအမှတ်ကျောက်တိုင် စိုက်ထူခွင့် ရမည်ဖြစ်ကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးရုံးမှ တနင်္လာနေ့တွင် ပြောဆိုခဲ့သည်။

၁၉၈၃ ခုနှစ်တွင် မြောက်ကိုရီးယားသူလျှို၏ ဗုံးဖောက်ခွဲလုပ်ကြံမှုကြောင့် ရန်ကုန်မြို့ အာဇာနည်ဗိမာန်တွင် သေဆုံးခဲ့ရသည့် တောင်ကိုရီးယားနိုင်ငံသား ၁၇ ဦးနှင့် ဒဏ်ရာရသူ ၁၄ ဦးအား ရည်စူး၍ အထိမ်းအမှတ်ကျောက်တိုင် တည်ဆောက်ရန်အတွက် မြန်မာနိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့ ဒီဇင်ဘာ ၃၀ ရက်က သဘောတူလက်မှတ် ရေးထိုး

“အစတုန်းကတော့ ဗုံးပေါက်ကွဲမှု နှစ် ၃၀ ပြည့်ဖြစ်တဲ့ ဒီ ၂၀၁၃ ခုနှစ်ထဲမှာပဲ စိုက်ထူဖို့ စီစဉ်ထားခဲ့တာပါ။ ဒါပေမဲ့ မြန်မာနိုင်ငံက အခြေအနေ အချို့ကြောင့် ကြန့်ကြာသွားခဲ့ရတယ်” ဟု တောင်ကိုရီးယားအစိုးရ အရာရှိတစ်ဦးက ပြောကြားသည်။

“ဒါပေမဲ့ အခုသဘောတူညီချက် လက်မှတ်ထိုးပြီးသွားပြီဆိုတော့ ကျွန်တော်တို့ ရှေ့နှစ် အစောပိုင်း လောက်မှာကိုပဲ စိုက်ထူဖို့ မြေနေရာ ပြင်ဆင်နိုင်မှာဖြစ်ပြီး နှစ်လခွဲလောက် အတွင်းမှာ အပြီးတည်ဆောက် သွားနိုင်မှာပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အထိမ်းအမှတ် ကျောက်တိုင်သည် ကွန်ကရစ်ဖြင့် ပြုလုပ်မည်ဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံတွင် တည်ဆောက်ပြီးမှ မြန်မာနိုင်ငံသို့ သင်္ဘောဖြင့် တင်ပို့မည်ဖြစ်သည်။

အဆိုပါ ကျောက်တိုင်တွင် သေဆုံးခဲ့သည့် တောင်ကိုရီးယားနိုင်ငံသား ၁၇ ဦး၏ အမည်နှင့် ရာထူးများ ရေးသားထားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရေဒီယိုမှတစ်ဆင့် ပြည်သူများသို့ ပြောကြားသည့် မိန့်ခွန်း(၂.၁.၂၀၁၄)



မိဘပြည်သူများ ခင်ဗျား

ယခုလ ရေဒီယိုကနေ ပြည်သူလူထုထံ ဆက်သွယ်ပြောကြားတဲ့ အစီအစဉ်မှာ လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ထွန်း နေတဲ့ နိုင်ငံရေး အပြောင်းအလဲများနဲ့ ပတ်သက်တဲ့ ကျွန်တော့်ရဲ့ သဘောထားနှင့် ရပ်တည်ချက်အချို့ကို ရှင်းလင်း ပြောကြားရင်း အစပြုသွားမှာ ဖြစ်ပါတယ်။


ကုန်လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်မှာ ကျွန်တော်တို့ မြန်မာ့လူ့အဖွဲ့အည်း အဓိကရရှိခဲ့တဲ့ နိုင်ငံရေး ဖြစ်ထွန်း တိုးတက်မှု ကတော့ မတူညီတဲ့ နိုင်ငံရေးအင်အားစုတွေ အချင်းချင်းကြားမှာ ထိပ်တိုက်ရင်ဆိုင်ရေး နည်းလမ်းများကို ရှောင်ရှားနိုင်ခဲ့ပြီး ကြုံတွေ့ခဲ့ရတဲ့ စိန်ခေါ်မှုတွေကို ဆွေးနွေးညှိနှိုင်းခြင်း နည်းလမ်းနဲ့ ကြိုးပမ်းဖြေရှင်း နိုင်ခဲ့ခြင်း ဆိုတဲ့ နိုင်ငံရေးယဉ်ကျေးမှုသစ်တစ်ရပ်ကို အသင်ဝင်ရှင်သန်စေခဲ့ခြင်းပင် ဖြစ်ပါတယ်။ ကိစ္စရပ်တော်တော် များများမှာ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ကြတဲ့အတွက် နိုင်ငံရေးပြုပြင် ပြောင်းလဲရေး ဖြစ်စဉ်ဟာ အားကောင်း ခိုင်မာလာခဲ့ပါတယ်။

နိုင်ငံရေးစနစ်တစ်ခုကို လပေါင်း(၃၀)ကျော်ကြာ အတူတကွဖြတ်သန်းပြီးချိန်မှာ ယခင်က အချင်းချင်း ကြားမှာ ရှိခဲ့တဲ့ သံသယကြီးမှုတွေ၊ မယုံကြည်မှုတွေကို လျှော့ချနိုင်ခဲ့ခြင်းသည်ပင်လျှင် ကျွန်တော်တို့ အားလုံး ကြိုးစား ဖော်ဆောင်နေကြတဲ့ နိုင်ငံရေး ယဉ်ကျေးမှုသစ် တစ်ရပ်ရဲ့ အောင်မြင်မှု မှတ်တိုင်များ အဖြစ် သက်သေထူ နေတယ်လို့ နားလည်လက်ခံထားကြရမှာ ဖြစ်ပါတယ်။

ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို စတင်ဆောင်ရွက်လာနိုင်ခြင်းရဲ့ အကျိုးရလဒ်တစ်ခုကတော့ ကျွန်တော်တို့ အားလုံး မျှော်လင့်စောင့်စားခဲ့ရတဲ့ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးကို ဒီဇင်ဘာလအတွင်းမှာ ကြီးကျယ်ခမ်းနားစွာ ကျင်းပပြုလုပ်နိုင်ခဲ့ခြင်းပင် ဖြစ်ပါတယ်။ နှစ်ပေါင်း(၄၄)နှစ်ကြာမှ မြန်မာ့မြေပေါ်မှာ ပြန်လည်ကျင်းပခွင့်ရတဲ့ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးကို ယခုလို ပြည်သူတွေအားလုံး သိုက်သိုက်ဝန်းဝန်းနဲ့ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းကြောင့်လည်း နိုင်ငံတကာ အသိုက်အဝန်းမှာ ဂုဏ်သိက္ခာရှိသော နိုင်ငံတစ်ရပ်အဖြစ် ပြန်လည်ဝင်ဆံ့လာခဲ့ပြီ ဖြစ်ပါတယ်။ အရှေ့တောင် အာရှ အားကစားပြိုင်ပွဲကြီးနဲ့ ပတ်သက်လို့ ကျွန်တော် အဓိက ပြောကြားလိုတဲ့ အချက်နှစ်ချက်ရှိပါတယ်။ ပထမတစ်ချက်ကတော့ ယခုလို အမိမြေမှာ အိမ်ရှင် နိုင်ငံအဖြစ် လက်ခံကျင်းပခွင့်ရတဲ့ ပြိုင်ပွဲကြီးမှာ နိုင်ငံရဲ့ ဒေသအသီးသီးက တိုင်းရင်းသားပေါင်းစုံပါဝင်တဲ့ အားကစားသမားများဟာ ထိုက်တန်တဲ့ ဆုတံဆိပ်တွေနဲ့ အောင်ပွဲတွေရရှိအောင် ကြိုးစားခဲ့ကြတဲ့အတွက် အမျိုးသားရေး တာဝန်ကျေမှုတစ်ရပ် အဖြစ် မော်ကွန်းတင် လိုပါတယ်။ မြန်မာနိုင်ငံထဲမှာရှိကြတဲ့ ပြည်သူတစ်ဦးချင်းစီအနေနဲ့ရော ပြည်ပမှာ ရောက်ရှိနေကြတဲ့ မြန်မာပြည်သူတွေအားလုံးပါ သက်ဆိုင်ရာကဏ္ဍအသီးသီးမှာ ပါဝင်အားဖြည့်ပံ့ပိုးပေးခဲ့ကြတာကြောင့် ဒီလို ဆုတံဆိပ်တွေ ရရှိလာဖို့ ကြီးမားတဲ့တွန်းအားတွေ ဖြစ်စေခဲ့ခြင်း ဖြစ်တယ်လို့ ကျွန်တော့်အနေနဲ့ လေးလေး နက်နက် ယုံကြည်ပါတယ်။ ဒါ့အပြင် အာကစားပွဲတွေရဲ့ အနိုင်အရှုံးရလဒ်တွေထက် ကျော်လွန်ပြီး ကျွန်တော်တို့ နိုင်ငံအတွက် ပိုမိုတန်ဖိုးကြီးတဲ့ အကျိုးရလာဒ်ကတော့ မြန်မာတစ်မျိုးသားလုံးရဲ့ စုစည်းမှုအားကို ပြသနိုင်ခဲ့ခြင်း ပဲ ဖြစ်ပါတယ်။ ဒုတိယအနေနဲ့ ပြောကြားလိုတဲ့ အချက်ကတော့ ဒီအားကစားပွဲတော်ကြီး အောင်မြင်စွာ ပြီးမြောက်အောင်မြင်ရေးအတွက် စိတ်ရောကိုယ်ပါ ပါဝင်တာဝန်ယူဆောင်ရွက်ခဲ့ကြတဲ့ စေတနာ့ ဝန်ထမ်း လူငယ်တွေပဲ ဖြစ်ပါတယ်။ ဒီအားကစား ပွဲတော်ကြီးကနေ စေတနာ့ဝန်ထမ်းလူငယ်တွေပဲ ဖြစ်ပါတယ်။ ဒီအားကစားပွဲတော်ကြီးကနေ စေတနာ့ဝန်ထမ်းလူငယ်တွေ အနေနဲ့ ရရှိလိုက်တဲ့ အနစ်နာခံမှု၊ ပရဟိတစိတ်ရှိမှု၊ တာဝန်ယူလိုစိတ်ရှိမှု၊ အဖွဲ့အစည်းနှင့် ဆောင်ရွက် တတ်မှု၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်တတ်မှု စတဲ့ အတွေ့အကြုံတွေဟာ တိုင်းပြည်အနာဂတ် တည်ဆောက်ရေးမှာ များစွာအထောက်အကူပြုမှာ ဖြစ်ပါတယ်။ ဒီအရှေ့တောင်အာရှ အားကစား ပြိုင်ပွဲကြီးကနေ မိမိတို့ ဆောင်ရွက်နိုင်စွမ်းတွေအတွက် ဂုဏ်ယူကြရမှာဖြစ်ပြီး လိုအပ်ချက်များကိုလည်း သင်ခန်းစာယူ ပြင်ဆင် သွားကြရမှာ ဖြစ်ပါတယ်။

တဆက်တည်းမှာပဲ မိမိတို့နိုင်ငံရဲ့ နိုင်ငံရေးအပြောင်အလဲများကို လေ့လာသုံးသပ်ကြည့်မယ်ဆိုပါက ၂၀၀၈ ဖွဲ့အစည်းပုံ အခြေခံဥပဒေ မူဘောင်များထဲက အစပြုပေါ်ပေါက်လာတဲ့ နိုင်ငံရေးလှုပ်ရှားခွင့်များကို နိုင်ငံရေး အင်အားစုအသီးသီးက အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုမျိုးနဲ့ ထိရောက်စွာ ပါဝင် လုပ်ဆောင်ခဲ့ကြတဲ့ အတွက် အချိန်တိုအတွင်း အဆင့်ဆင့် တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်တယ်ဆိုတာကို တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ ထိုအခြေအနေသစ်တစ်ရပ်ကို ပကတိအရှိတရားအဖြစ် မှတ်ယူပြီး နိုင်ငံရေး ဖြစ်စဉ် ပိုမိုအသက်ဝင်လာစေရေး အတွက် နိုင်ငံရေးအင်အားစုများ ပိုမိုပါဝင်လာစေရေး၊ ပြည်သူများ အားလုံး နိုင်ငံရေးအခွင့်အရေးများ ပိုမို ရရှိလာစေရေးတို့ကို အတူတကွ ကြိုးပမ်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။

အထက်ပါ ကြိုးပမ်းဆောင်ရွက်မှုများရဲ့ နိုင်ငံရေးအကျိုးဆက်အနေနဲ့ မိမိတို့လူ့အဖွဲ့အစည်းအတွင်း အပြုသဘော ဆောင်တဲ့ နိုင်ငံရေးငြင်းခုံဆွေးနွေးညှိနှိုင်းခြင်းဓလေ့ကို အားကောင်းရှင်သန် လာစေ ခဲ့ပါတယ်။ ဒီကိစ္စရပ်များကို သက်သေထူတဲ့အနေနဲ့ မိမိတို့ ကြုံတွေ့ခဲ့ရတဲ့ နိုင်ငံရေးအခက်အခဲ အကြပ်အတည်းများ၊ စိန်ခေါ်မှုများကို နားလည်မှုရှိရှိ၊ စိတ်စေတနာမှန်မှန်ဖြင့် ခက်ခဲစွာ ကျော်ဖြတ်ခဲ့ကြ တဲ့အတွက် ရရှိတဲ့ အကျိုးရလာဒ်ကတော့ အခြေခံဥပဒေပြင်ဆင်ရေးကိစ္စကဲ့သို့သော နိုင်ငံရေးစိန်ခေါ်မှု မျိုးကို ပြည်သူလူထု အကြားမှာ လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးငြင်းခုံလာနိုင်သည်အထိ နိုင်ငံရေးတိုးတက် မှုတွေ ရှိလာပါတယ်။ နိုင်ငံရေးအင်အားစုအသီးသီးရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လုပ်ဆောင်ချက် များကိုလည်း တွေ့ရှိလာရပြီ ဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ပါတီစုံမှ လွှတ်တော် ကိုယ်စားလှယ်များနဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သော “အခြေခံဥပဒေ ပြင်ဆင် ရေးနှင့် လေ့လာသုံးသပ်ရေးကော်မတီ” ကို ဖွဲ့စည်းပြီး လူထုလူတန်းစားအသီးသီး၊ အဖွဲ့အစည်းအသီးသီးရဲ့ သဘောဆန္ဒများ ရယူဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်သော သဘောထား ရပ်တည်ချက်အချို့ကို ကော်မတီကို ပေးပို့ထားပြီး ဖြစ် ကြောင်း သိရှိရပါတယ်။

တချိန်တည်းမှာပင် မြန်မာနိုင်ငံရဲ့ အဓိကကျတဲ့ နိုင်ငံရေးအင်အားစု တစ်ခုဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ NLD ပါတီ အပါအဝင်နိုင်ငံရေး ပါတီများဟာလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ကိစ္စရပ်များနဲ့ ပတ်သက်ပြီး လူထုတွေ့ဆုံပွဲများ၊ ဆွေးနွေးပွဲများကို အားသွန်ခွန်စိုက် ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ ယခုလို နိုင်ငံရေးလှုပ်ရှားမှုများကို လွတ်လပ်ပွင့်လင်းစွာ လုပ်ဆောင်နိုင်ခွင့်ရှိခြင်းကပင် မိမိတို့ လူ့အဖွဲ့အစည်းရဲ့ နိုင်ငံရေးရင့်ကျင်မှုရေချိန် မြင့်တက်လာကြောင်းကို ညွန်ပြနေတာ ဖြစ်ပါတယ်။

ပြည်သူတစ်ဦးချင်းစီနဲ့ နယ်ပယ်အသီးသီးမှ ခေါင်းဆောင်များရဲ့ သဘောဆန္ဒ ထုတ်ဖော်ဆွေးနွေးမှုများကို သတင်းမီဒီယာမျိုးစုံကစလို့ အင်တာနက် လူမှုကွန်ယက်များအထိပါ လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ဆွေးနွေး ခွင့် ရှိနေခြင်း ကလည်း အပြုသဘောဆောင်သော ဖြစ်ထွန်းမှုဟု ဆိုရမှာ ဖြစ်ပါတယ်။

ခေတ်မီတဲ့ ဒီမိုကရေစီလူ့ဖွဲ့အစည်းကို တည်ဆောက်ရာမှာ အရေးအကြီးဆုံး သွင်ပြင်လက္ခဏာဖြစ်တဲ့ နိုင်ငံရေး ကို လွတ်လပ်စွာ ဆွေးနွေးငြင်းခုံမှုများ အားကောင်းမောင်းသန်ဖြစ်လာခြင်းကို ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ အထင်အရှား တွေ့မြင်နေရပြီ ဖြစ်ပါတယ်။

ဖွဲ့အစည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စနဲ့ ပတ်သက်ပြီးလည်း ကျွန်တော့်ရဲ့ သဘောထားရပ်တည်ချက် အချို့ကို ပြောကြားလိုပါတယ်။ အသက်ဝင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ကို ပိုင်ဆိုင်ဖို့ဆိုရင် လူ့အဖွဲ့အစည်း တစ်ရပ်လုံးရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး လိုအပ်ချက်များနဲ့ သဟဇာတ ဖြစ်အောင် အခြေအနေ အချိန်အခါအလိုက် ပြင်ဆင်ရေးသားရမယ်ဆိုတဲ့ အခြေခံမှုကို ကျွန်တော့်အနေနဲ့ ဆုပ်ကိုင်ထားရမှာ ဖြစ်ပါတယ်။ လက်ရှိအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးလည်း ကျွန်တော့်အနေနဲ့ အဓိက အစိတ်အပိုင်း သုံးခုရှိတယ်လို့ ရှု့မြင်ပါတယ်။ ပထမပိုင်းကတော့ လက်ရှိ ကျွန်တော်တို့ ကြိုးပမ်း တည်ဆောက်နေရတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အခြေပြုတဲ့၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် မဖြစ်မနေ ပြုလုပ်ကြရမယ့်၊ နိုင်ငံရေးဆွေးနွေးပွဲတွေကနေ ပေါ်ပေါက်လာမယ့် သဘောတူညီချက် များအတွက် လိုအပ်သလို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ဖြည့်စ်ွရေးသားခြင်းတွေ လုပ်ဆောင်ရမယ့် အပိုင်း ဖြစ်ပါတယ်။

ဒုတိယအပိုင်းကတော့ မိမိတို့ တည်ဆောက်လိုတဲ့ ပွင့်လင်းလွတ်လပ်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ် ပီပြင် လာစေရေး အတွက် လိုအပ်မယ့် ဒီမိုကရေစီစံနှုန်းများ၊ တန်ဖိုးများ ပြည့်မီလာစေဖို့ လိုအပ်သလို ပြင်ဆင်ရ မည့် အပိုင်ဆိုပြီးတော့ ခွဲခြားတွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ ဒီမိုကရေစီစံနှုန်းများ၊ တန်ဖိုးများပြည့်မီအောင် ကြိုးပမ်း အားထုတ် လုပ်ဆောင်ရာမှာ နိုင်ငံရေးမှာ ပါဝင်ပတ်သက်သူ အားလုံးရဲ့ အမြော်အမြင်ကြီးမားမှု၊ ဥာဏ်ပညာ ကြွယ်မဝမှုနှင့် စိတ်ရင်းစေတနာ မှန်ကန်မှုတို့က အဆုံးအဖြတ် ပေးသွားမှာ ဖြစ်ပါတယ်။

တတိယပိုင်းကတော့ နိုင်ငံရေးဦးဆောင်မှုဆိုင်ရာ အရည်အချင်းသတ်မှတ်မှုအတွက် လိုအပ်မည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စရပ်ပင် ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်တဲ့ ကျွန်တော့်ရဲ့ သဘောထားကတော့ မည်သည့်မြန်မာနိုင်ငံသား တိုင်းရင်းသားတစ်ဦးကိုမျှ မြန်မာနိုင်ငံကို နိုင်ငံရေးအရ ဦးဆောင်နိုင်ခွင့်ကို ကန့်သတ်တာမြစ်တာမျိုး မဖြစ်စေလိုတဲ့ နိုင်ငံရေးစေတနာရှိသလို တစ်ဖက်ကလည်း မိမိတို့ အမျိုးသား အကျိုးစီးပွားနှင့် မိမိတို့နိုင်ငံရဲ့ အချိုပ်အချာအာဏာ တည်တံခိုင်မြဲရေးကို မထိပါးစေမည့် သင့်တင့် လျောက်ပတ် တဲ့ အကာအကွယ်ပေးနိုင်သည့် အခြေခံမှုများ ရှိရန်လည်း လိုလားပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ နိုင်ငံရေးဦးဆောင်မှုနဲ့ ပတ်သက်တဲ့ ဝိရောဓိများကို ကိုင်တွယ်ဖြေရှင်းရာမှ နိုင်ငံရေးအကြပ်အတည်း တစ်ခုဆီ သို့ ဦးတည်မသွားစေနိုင်ဖို့အတွက် နိုင်ငံရေးရွေးချယ်မှု မှန်ကန်စေဖို့ ကျွန်တော်တို့ အားလုံးမှာ တာဝန်ရှိ ပါတယ်။

ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အခြေပြုတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်မှု တည်ဆောက်ရေးအတွက် လိုအပ်တဲ့ အခြေခံဥပဒေပြင်ဆင်မှုများကို လုပ်ဆောင်ရာမှာ မိမိတို့အချင်းချင်း အပြန်အလှန် ယုံကြည်မှုအပေါ် အခြေခံတဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ၊ ထားရှိနိုင်မယ့် သဘောထားကြီးမှုတွေ၊ တောင်းဆိုမှုတွေကို အပြန်အလှန် နားလည် လက်ခံပေးနိုင်တဲ့ အခြေအနေတွေ၊ ဒါတွေက အဆုံးအဖြတ်ပေးသွားမှာ ဖြစ်ပါတယ်။ တဆက်တည်းမှာပဲ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိရေးအတွက် ကြိုးပမ်း အားထုတ်မှုနှင့် ပတ်သက်ပြီး အစိုးရ၊ လွှတ်တော်များ၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအင်အားစုများ၊ တိုင်းရင်းသား အဖွဲ့အစည်းများ၊ အရပ်ဖက်လူ့အဖွဲ့အစည်းများ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အာလုံးတို့ စိတ်ရင်းစေတနာမှန်ဖြင့် ကြိုးပမ်းအားထုတ်နေမှုကို ကျွန်တော့်အနေဖြင့် အထူးဂုဏ်ယူ ဝမ်းမြောက်လျက်ရှိပါကြောင်း ပြောကြားလိုပါတယ်။ ဒါ့ကြောင့် ယခုလုပ်ဆောင်လျက်ရှိသော အသေးစိတ် ညှိနှိုင်းမှုများကို အောင်မြင်စွာ ပြုလုပ်ပြီး များမကြာမီ ကာလ တွင် နိုင်ငံရေးဆွေးနွေးပွဲများ စတင်နိုင်ရန်ကိုလည်း တွေ့မြင်လိုကြောင်း ပြောကြားလိုပါတယ်။

လာမည့် ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံအတွက် ကြီးမားတဲ့တာဝန်ကြီးတစ်ခုကတော့ အာဆီယံဥက္ကဌအဖြစ် ဒေသတွင်းနိုင်ငံများ ပါဝင်တဲ့အဖွဲ့အစည်းကြီးကို ဦးဆောင်ဦးရွက် ပြုရမှာ ဖြစ်ပါတယ်။ ဒေသတွင်း နိုင်ငံတကာ ကိစ္စရပ်များ တစ်ခုနှင့်တစ်ခု ဆက်နွယ်မှု တိုးလာခြင်း၊ အထူးသဖြင့် ကမ္ဘာ့နိုင်ငံရေး ချိန်ခွင်လျှာ အပြောင်းအလဲနဲ့ အာရှဒေသနဲ့ အရှေ့တောင်အာရှနိုင်ငံများ၏ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံတွင် အရေးပါ မြင့်တက် လာခြင်းတို့က မြန်မာနိုင်ငံမှ အာဆီယံဥက္ကဌအဖြစ် ဦးစီးဦးဆောင်ပြုရမယ့် အချိန်မှာ မိမိတို့၏ ဦးဆောင်မှု တာဝန်ကို ပိုမိုအရေးကြီးလာစေမှာ ဖြစ်ပါတယ်။ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးမှာ ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်မှုကြောင့် အောင်မြင်စွာ ကျင်းပနိုင်ခဲ့သလို အာဆီယံဥက္ကဌတာဝန်ကိုလည်း နိုင်ငံရေးအင်အားစုများအားလုံးနှင့် ပြည်သူလူထုတစ်ရပ်လုံး အတူတကွ ပူးပေါင်းပါဝင်ပြီး အောင်မြင်စွာ ထမ်းဆောင်ကြရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံအနေနဲ့ အာဆီယံဥက္ကဌအဖြစ် တာဝန်ယူချိန်မှာ အရှေ့တောင် အာရှဒေသ၏ အကျိုးကို သယ်ပိုးခွင့်ရမှာ ဖြစ်ပြီး ကျွန်တော်တို့နိုင်ငံရဲ့ ပုံရိပ်ကိုလည်း နိုင်ငံတကာ အသိုင်းအဝိုင်းများကြားမှာ မြှင့်တင်နိုင်မှာ ဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့ စတင်တာဝန်ထမ်းဆောင်ခဲ့သည့် နေ့မှစပြီး ပြည်သူလူထု တစ်ရပ်လုံးရဲ လိုလားချက် များကို ဖြစ်သင့်ဖြစ်ထိုက်တဲ့အခြေအနေနဲ့ လက်တွေ့ဖြစ်နိုင်တဲ့ အခြေအနေနှစ်ရပ်အကြား သဟဇာတ ဖြစ်အောင် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။

သဟဇာတဖြစ်ရေးဆိုရမှာလည်း လက်ရှိနိုင်ငံရေးအပြောင်းအလဲနဲ့ နိုင်ငံရေးဖြစ်စဉ် ရှင်သန်ခိုင်မာရေး၊ ပြည်တွင်း နိုင်ငံရေး တည်ငြိမ်မှု ရှိရေးနှင့် ညင်သာသော အသွင်ကူးပြောင်းရေးကု မျိုးဆက်သစ်များသို့ လက်ဆင့်ကမ်းနိုင်ရေးအတွက် အစဉ်နှလုံးသွင်း ဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်တော့်အနေနဲ့ တွေ့ဆုံ ဆွေးနွေးရေးနဲ့ ပတ်သက်တဲ့ တောင်းဆိုးချက်များ အတွက်လည်း အဖွဲ့အစည်းပေါင်းစုံကို အစဉ်တံခါးဖွင့် လက်ခံတွေ့ဆုံခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်တဲ့နေရာမှာ မတူညီတဲ့ နိုင်ငံရေးအင်အားစုများရဲ့ ကွဲပြားတဲ့ လိုလားချက်များ၊ သဘောထားရပ်တည်ချက်များကို နက်နဲသိမ်မွေ့စွာ ဖြည့်ဆည်း ဆောင်ရွက် ပေးခြင်း၊ တည့်မတ်ပေးခြင်းများ လုပ်ဆောင်နေရတော ဖြစ်ပါတယ်။ ဒီလိုချင့်ချိန် ဆောင်ရွက်ရတာကြောင့် တခါတလေမှာ နိုင်ငံရေးအင်အားစုအချို့ရဲ့ အားမလိုအားမရဖြစ်မှုတွေ ရှိလာတာကို သဘာဝကျတယ်လို့ နားလည်လက်ခံထားပါတယ်။ ဒီလိုအခြေအနေတွေအားလုံးကို နိုင်ငံရေး အရှိတရားအနေဖြင့်ခံယူပြီး တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန်နားလည်မှု စွမ်းရည် မြှင့်တင်ကြဖို့လည်း တိုက်တွန်းလိုပါတယ်။

ကျွန်တော့်အနေနဲ့ သမ္မတတာယန်ယူသည့်နေ့မှစပြီး တာဝန်ကို ရှောင်လွှဲလိုတဲ့ လုပ်ဆောင်မှုမျိုး မရှိခဲ့သလို လက်ရှိနိုင်ငံရေး အခြေအနေက ခွင့်ပြုတဲ့ အတိုင်းအတာအရ ဖြစ်သင့်ဖြစ်ထိုက်သည့် နိုင်ငံရေးဆန္ဒများနှင့် လက်တွေ့ဖြစ်နိုင်သည့် ကိစ္စရပ်များ အစဉ်ပေါင်းစပ်ပြီး သဟဇာတဖြစ်ဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ အထူးပြောကြားလိုသည့် ကိစ္စရပ်ကတော့ ဖြစ်သင့်ဖြစ်ထိုက်သည့် နိုင်ငံရေးဆန္ဒများကို လက်ရှိနိုင်ငံရေး အခြေအနေက ဖြည့်ဆည်းပေးနိုင်သည်ထက် ပိုမိုမျှော်မှန်းဆောင်ရွက်ပါက နိုင်ငံရေးအကြပ်အတည်းတစ်ခု ဖြစ်ပေါ်ပြီး လက်တွေ့ဖြစ်နိုင်ချေရှိသည့် အခွင့်အလမ်းများပင် ဆုံးရှုံးသွားနိုင်သည်ကို သတိချပ်ပြီး ဥာဉ်အမြော် အမြင်ရှိသော နိုင်ငံရေးရွေးချယ်မှုများ ပြုလုပ်ကြရန် တိုက်တွန်းပြောကြားလိုပါတယ်။

အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးကို ရှေ့ရှု့ပြီး လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီရဲ့ ကြိုးပမ်းမှုနဲ့ ကျွန်တော်ကတိပေးထားတဲ့အတိုင်း ဒီနှစ်ကုန်မှာ နိုင်ငံရေးအကျဉ်းသား တစ်ဦး တစ်ယောက်မှ မကျန်ရှိ စေဖို့ ဆောင်ရွက်ပြီး ဖြစ်ကြောင်း မိဘပြည်သူများကို အသိပေးပြောကြား လိုပါတယ်။

လာမည့် ၂၀၁၄ ခုနှစ် နှစ်သစ်မှာလည်း ကျွန်တော်တို့ ပြည်သူတစ်ရပ်လုံးဟာ အတွေးသစ်၊ အမြင်သစ် များဖြင့် အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုများ ယခင်နှစ်ကထက် တိုးမြှင့်လုပ်ဆောင် သွားကြရန် တိုက်တွန်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။

မိဘပြည်သူများ ကျန်းမာချမ်းသာကြပါစေ။

၂၀၁၄ နိုင်ငံရေးအခင်းအကျင်းကို လှမ်းမျှော်ကြည့်ခြင်း


၂၀၁၄ ဇန်န၀ါရီ ၃၁ ရက်တွင် ပေါ်ထွက်လာမည့် အခြေခံဥပဒေလေ့လာသုံးသပ်သည့်အစီရင်ခံစာနှင့် ဇန်န၀ါရီနှောင်းပိုင်းတွင် ပြုလုပ်မည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ အပစ်အခတ် ရပ်စဲရေး မူဘောင်နှင့် ပတ်သက်သည့် ဆွေးနွေးပွဲရလဒ်များသည် ၂၀၁၄ ၏ နိုင်ငံရေးဖြစ်စဉ်ကို အဓိကပုံဖော် ပေးမည့်ကိစ္စရပ်များဖြစ်သည်။


အာဆီယံဥက္ကဋ္ဌတာဝန်ကို ပထမဆုံးအကြိမ်အဖြစ် စတင်တာဝန်ထမ်းဆောင်သည့် မြန်မာနိုင်ငံအတွက် ၂၀၁၄ ခုနှစ်သည် ကမ္ဘာ့အင်အားကြီးနိုင်ငံများအပါအ၀င် ဥရောပနိုင်ငံများ၊ အာဆီယံနိုင်ငံများနှင့် ကျယ်ပြန့်စွာ ဆက်သွယ်ဆက်ဆံမှုကိုရတော့မည် နှစ်တစ်နှစ်ဖြစ်ပြီး ၎င်းလုပ်ငန်းစဉ်များ၏ ခြေလှမ်းအစ အဖြစ် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေးကို ဇန်န၀ါရီလတွင်ပင် ကျင်းပမည်ဖြစ်သည်။

အဆိုပါအစည်းအဝေးများမှ ပေါ်ထွက်လာမည့် ရလဒ်များသည် ၂၀၁၄ ၏ နိုင်ငံရေးဖြစ်စဉ်ကို ပုံဖော်မည် ဆိုသော်လည်း ၂၀၁၄ ခုနှစ်တစ်နှစ်လုံးသည် သိသာထင်ရှားသော အပြောင်းအလဲများ တွေ့ရမည် မဟုတ်ဘဲ ထိပ်တိုက်တွေ့ဆုံမှုများ၊ စိန်ခေါ်မှုများနှင့် တအုံနွေးနွေးဖြင့်သာရှိမည့် နှစ်တစ်နှစ်လည်း ဖြစ်နိုင် သည်။

“၂၀၁၄ ခုနှစ်ရဲ့အကြီးမားဆုံးရိုက်ခတ်မှုက ၁၀၉ ဦး ကော်မတီရဲ့ အစီရင်ခံစာကိစ္စဖြစ်လာမယ်။ အစီရင် ခံစာက ပြည်သူလိုလားတဲ့အနေအထားကို ရောက်မလား၊ မည်ကာမတ္တပဲဖြစ်မလားဆိုတာ ဘယ်သူမှမပြော နိုင်ဘူး”ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီဝင်ဖြစ်သည့် ဒေါက်တာ မြတ်ဉာဏစိုး ကပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးနှင့်ပတ်သက်၍ အဓိကကျသည့်ခေါင်းဆောင်များ အထူးသဖြင့် အတိုက်အခံနှင့် တပ်မတော်ကြားတွင် အခြေခံကျသော နားလည်မှု၊ နိုင်ငံရေးသဘောတူညီချက် မရှိသည့် အတွက် ဥပဒေပြင်ဆင်ရာတွင် မရေရာမှုများနှင့်အတူ အခက်အခဲအချို့ရှိလာနိုင်သည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူများကလည်း ယူဆကြသည်။

၂၀၁၅ ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ လက်ရှိသမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် အဆင်ပြေ နေသည့် အသိုင်းအ၀ိုင်းက ယခုပြုပြင်ပြောင်းလဲမှုများကို အန္တရာယ်ဟုမြင်လာနိုင်သကဲ့သို့ တစ်ဖက်တွင် လည်း ပိုမိုလွတ်လပ်သော အနေအထားများ ခံစားရရှိလာသဖြင့် ယခင်ကမျိုသိပ်ထားရသည့် အခြား တင်းမာမှုများ ပေါ်ထွက်လာနိုင်သည်ဟု ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ မဟာဗျူဟာစာတမ်းက ၂၀၁၄ ခုနှစ်တွင် ကြုံတွေ့နိုင်သည့် နိုင်ငံရေးအခြေအနေကို သုံးသပ်ထားသည်။

“၂၀၁၄ မှာ သိပ်ပြီးတော့ပြင်းထန်တဲ့ လူမှုမငြိမ်သက်မှုတွေ ရုပ်ပျက်ဆင်းပျက် အားပြိုင်မှုတွေ မဖြစ်အောင် လို့ အစိုးရပိုင်းက ထိန်းမယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတကာမှာ မျက်နှာပျက်ရမယ့် ကိစ္စတွေ ကို ရှောင်ရှားချင်လိမ့်မယ်ထင်တယ်”ဟု နိုင်ငံရေးသိပ္ပံပညာရှင်တစ်ဦးဖြစ်သည့် ဦးမင်းဇင်ကပြောသည်။

နိုင်ငံရေးပြုပြင်ပြောင်းလဲရေးတွင် အရေးပါသော ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေး ချောမွေ့ စေရန် တပ်မတော်၊ လွှတ်တော်၊ အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းခဲ့ခြင်းသည် ၂၀၁၄ ခုနှစ်တွင် အကောင်အထည် ပေါ်၊ မပေါ် မရေမရာသာရှိနေသေးသည်။

“တွေ့ဆုံမှုက ဖြစ်ရင်ဖြစ်နိုင်လိမ့်မယ်။ ဒါပေမဲ့ အဓိကကျတဲ့အချက်တွေကို ပြင်ဖို့ကတော့ အရမ်းခက်ခဲမယ် ဆိုတာ သတိပြုဖို့လိုတယ်”ဟု မြန်မာနိုင်ငံရေးကျွမ်းကျင်သူ သတင်းစာဆရာတစ်ဦးဖြစ်သည့် ဘာတေးလ်လင့်တနာ ကသုံးသပ်သည်။

အတိုက်အခံခေါင်းဆောင်ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သမ္မတဖြစ်ရန် မဖြစ်မနေပြင်ဆင်ရန် လိုအပ်နေသည့် ပုဒ်မ ၅၉(စ)ကို မပြင်ပေးပါကလည်း ရွေးကောင်ပွဲဝင်မည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် က တရားဝင်ပြောကြားလိုက်ပြီး အာဏာရပါတီကလည်း ပုဒ်မ ၅၉(စ)ကို ပြင်မည်ဟု ပြောကြား လိုက်သဖြင့် ခေါင်းဆောင်များကြားတွင် တစ်စုံတစ်ရာ အပေးအယူမှုများရှိနိုင်သည်ဆိုသော ခန့်မှန်းချက် များလည်းရှိလာသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခြင်းနှင့် တိုင်းရင်းသားများ၏ အပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲများသည် အပြန်အလှန်ဆက်စပ်မှုများရှိနေသည်ဖြစ်ရာ “အခြေခံဥပဒေမပြင်နိုင်ပါက ပြည်တွင်း ငြိမ်းချမ်းရေးမရနိုင်”ဟု ပြည်ခိုင်ဖြိုးပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် သူရ ဦးအောင်ကို က ထောက်ပြသည်။

“ဒီနှစ်ထဲမှာတော့ တိုင်းရင်းသားတွေနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့ ဖြစ်ရင်ဖြစ်နိုင် မယ်။ ဒါပေမဲ့ အဖြေရတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကတော့ ပြီးပြတ်မယ်မထင်ဘူး။ နောက်တစ်ခုက သမ္မတဦးသိန်းစိန်လက်ထက်မှာ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးကို တစ်စုံတစ်ရာအာမခံချက်ရတဲ့အထိ ပြီးပြတ်စေချင်တယ်။ နောက်ကြောင်းပြန်မလှည့်နိုင်တဲ့ ကတိက၀တ်မျိုးရတဲ့အထိ ဖြစ်စေချင်တယ်”ဟု တိုင်းရင်းသားလက်နက်ကိုင်များ၏ အရေးနှင့်ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး၏ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူဖဒိုမန်းငြိမ်းမောင်ကပြောသည်။

အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးသားဖြစ်သည့် လက်နက်ကိုင်အဖွဲ့များနှင့် ရှမ်းပြည်နယ်တွင် တိုက်ပွဲအချို့ ဆက်ရှိနေဆဲဖြစ်ပြီး ကချင်လွတ်မြောက်ရေးတပ်မတော်(ကေအိုင်အေ)နှင့်လည်း အပစ်အခတ် ရပ်စဲရေးမရရှိသေးခြင်းက ၂၀၁၄ အတွက် နှစ်အဆက်ဆက် လက်ဆင့်ကမ်းပြဿနာ အမွေဖြစ်သည်။

မြန်မာနိုင်ငံမြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းနှင့် အနောက်ပိုင်းရှိ တိုင်းရင်းသားဒေသ အချို့တွင် လက်နက်ကိုင် တိုက်ပွဲများနှင့် လူမျိုးရေးပဋိပက္ခများအတွက် စိုးရိမ်ပူပန်မှုများရှိနေချိန်တွင် အင်အားကြီး ပါတီများကလည်း ၂၀၁၅ ရွေးကောက်ပွဲအကြိုပြင်ဆင်မှုများက သက်ဝင်လှုပ်ရှားလာတော့မည်။

“ဒီအချိန်မှာ စီးပွားရေးမူဝါဒကို ချပြရတော့မယ့်အချိန်ဖြစ်နေပြီ။ အချိန်ကသိပ်မရှိတော့ဘူး။ ရှေ့နှစ်မှာ အာဆီယံလွတ်လပ်စွာကုန်သွယ်ရေးဇုန် (AFTA)ကလည်း လာတော့မယ်။ ရွေးကောက်ပွဲကလည်း လာတော့မယ်။ ဒီတော့ စီးပွားရေးမူဝါဒကိုရေးရမယ်။လူပြိန်းကြိုက်နိုင်ငံရေးတွေ၊ ကြွေးကြော်သံတွေနဲ့ သွားရမယ့်အချိန်မဟုတ်တော့ဘူး”ဟု ဥရောပသမဂ္ဂ၏ စီးပွားရေးဆိုင်ရာ ဥပဒေပညာရှင်တစ်ဦးဖြစ်သည့် ဦးမင်းတေဇာညွန့်တင်ကပြောသည်။

ယခုအချိန်သည် တိုင်းပြည်၏ မဟာဗျူဟာတစ်ရပ်ကို မည်သို့ပုံဖော်ဆောင်ရွက်မည်ဆိုသည်ကို ပြည်သူအားချပြစည်းရုံးခြင်းကို နိုင်ငံရေးပါတီများအနေဖြင့် ဦးစားပေးလုပ်ဆောင်သင့်သည်ဟု ထောက်ပြပြောဆိုမှုများရှိနေသည်။

သက်တမ်းကုန်ရန် အချိန်တဖြည်းဖြည်းနီးလာပြီဖြစ်သည့် နိုင်ငံတော်သမ္မတနှင့် အစိုးရသစ်အတွက်လည်း မီးကုန်ယမ်းကုန် အားထုတ်ရမည့်နှစ်လည်းဖြစ်သည်။

၂၀၁၄ ခုနှစ်သည် မြန်မာနိုင်ငံရေးတွင် အရေးပါမည့်နှစ်တစ်နှစ် ဖြစ်သော်လည်း တိကျသည့် ပြုပြင် ပြောင်းလဲမှုများကို အောင်မြင်စွာပြုလုပ်နိုင်ရေးသည် နိုင်ငံရေးခေါင်းဆောင်များ၏ အတ္တကင်းသော အမြော် အမြင်ရှိရှိ ဆွေးနွေးညှိနှိုင်းမှုများလိုအပ်ပြီး စေတနာကောင်းဖြင့် လုပ်ဆောင်မှုများအပေါ်တွင်သာ မူတည် နေသည်။

၂၀၁၄ တွင် လုပ်ဆောင်နိုင်မှသာ ၂၀၁၅ တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ ချောမွေ့စေမည် ဖြစ်သကဲ့သို့ ဒီမိုကရေစီအခြေခံကောင်းများကိုလည်း ဖန်တီးပေးနိုင်မည်ဖြစ်သည်။

ရေးသားသူ- အိဖြူလွင်၊ ရန်မျိုးနိုင်၊ မင်းဟိန်းကျော်

အနုပညာရှင်များမူးယစ်ဆေးသုံးစွဲသည့်သတင်းများ Internet သို့ မရောက်မီက ရုပ်ရှင်အနုပညာရှင် များကို Online မှတစ်ဆင့် ငွေညှစ်တောင်းဆိုမှုများရှိခဲ့



အနုပညာရှင်များနှင့် ယခင်အစိုးရအကြီးအကဲအချို့၏ သား သမီးများ မူးယစ်ဆေးဝါးသုံးစွဲသည့် သတင်းများ Internet, Facebook, Social Network များတွင် မပျံ့နှံ့မှီရက်ပိုင်းအလို၌ သက်ဆိုင်ရာ အနုပညာရှင်များ ထံသို့ Online မှငွေညှစ် တောင်းဆိုမှုများရှိခဲ့ကြောင်း ၎င်းအနုပညာရှင်များနှင့်နီစပ်သူများထံမှ သိရသည်။


မူယစ်ဆေးဝါးကိစ္စတွင်ပါဝင်သည်ဟု သတင်းထွက်ပေါ်နေသော အကယ်ဒမီမင်းသမီးကြီး တစ်ဦးနှင့် နီးစပ်သူ အလှဖန်တီးရှင်တစ်ဦးမှ ``Internet မှာ အဲဒီ သတင်းတွေတက်မလာခင် တစ်ပတ်လောက်က Online ကနေတစ်ဆင့် ငွေညှစ် သေးတယ်။ ငွေညှစ်တဲ့သူက သူ့လက်ထဲမှာမင်းသမီး စိတ်ကြွဆေးသုံးစွဲတာနဲပတ်သက်ပြီး အချက် အလက်မှတ်တမ်းတွေ ရှိတယ်။ အဲဒီလျှို့ဝှက်အချက်အလက်မှတ်တမ်းတွေကို Online ပေါ်မှာ မပျံ့စေ ချင်ရင် ငွေကျပ်သိန်း(၅၀၀)ပေးရမယ်လို့ တောင်းတယ်´´

``သဘောတူတယ်ဆိုရင် Facebook ကနေတစ်ဆင့် Message ပို့ပြီး ဆက်သွယ်ပါ။ တောင်းတဲ့ငွေ မပေး နိုင်ရင်တော့ တစ်ပတ်အတွင်း Online ပေါ်မှာ ဖွပစ်မယ်လို့ ပြောသွားတယ်။ အဲ့လိုငွေညှစ်တာကို နောက်တယ်လို့ဘဲ ထင်ခဲ့ကြတာ၊ ဒါ့ကြောင့် အကြောင်းမပြန်လိုက်ဘူး၊ အခုလို မိုးဇေညိမ်း Facebook မှာ ဓါတ်ပုံမှတ်တမ်းတွေ ပါလာတော့မှ တကယ်ငွေညှစ်မှန်းသိလိုက်တာ´´ ဟု ဆက်လက်ပြောကြား သွားခဲ့သည်။

ဒီဇင်ဘာ ၁ ရက်နေ့တွင် မိုးဇေညိမ်း Facebook မှ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ရန်ကုန်တိုင်း မူးယစ် အထူးအဖွဲ့ ၏ စစ်ဆေးခံရသော မင်းသမီးနှစ်ယောက်၏ စစ်ဆေးချက်မှတ်တမ်းများကို ဓါတ်ပုံနှင့်တကွ ဖော်ပြ ထားသည့် အပြင် မူးယစ်ဆေးသုံးစွဲသော သရုပ်ဆောင်၊ အဆိုတော်များ၏ အမည်စာရင်းကိုလည်း ဖော်ပြထားခြင်းကြောင့် Online ပေါ်တွင် အဆိုပါသတင်းများ ပျံ့နှံ့ခဲ့သည်။

Credit to
Hein Htet

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာရေး အဖွဲ့ .. (Amnesty International) ရဲ့ နိုင်ငံရေး အကျဉ်းသား သတ်မှတ်ချက်



နိုင်ငံရေး အကျဉ်းသားကို (၂)မျိုး ခွဲပါတယ်။

၁။ ယုံကြည်ချက်ကြောင့် အကျဉ်းကျသူ (prisoner of conscience)

၂။ နိုင်ငံရေးနှင့် ဆက်စပ်သော အကျဉ်းသား (political prisoner) .... ရယ်လို့ ဖြစ်ပါတယ်။


၁။ ယုံကြည်ချက်ကြောင့် အကျဉ်းကျသူ (prisoner of conscience)
=======================================

အမှတ် (၁) အမျိုးအစားကိုတော့ ....

“မိမိပိုင်ဆိုင်ထားသော လူ့အခွင့်အရေးကို ....
ငြိမ်းချမ်းစွာ သုံးစွဲမှုကြောင့် အကျဉ်းကျသူ” လို့ အဓိပ္ပါယ် ဖွင့်ပါတယ်။

-- အကြမ်းမဖက်သော နိုင်ငံရေး လှုပ်ရှားမှုများမှာ ပါဝင်တာ၊ ဆန္ဒထုတ်ဖေါ်တာ၊

-- အစိုးရက လက်မခံတဲ့ ဘာသာရေးကို ကိုးကွယ်တာ၊

-- အစိုးရ သတ်မှတ်တဲ့ ရုံးသုံးဘာသာစကားကို မသုံးစွဲဘဲ ငြင်းဆိုတာ၊ 

-- လွတ်လပ်စွာ ပြောရေးဆိုခွင့် သဘောအရ အစိုးရကို ဆန့်ကျင်ပြီး ဟောပြော ရေးသားတာ၊

-- တိုင်းပြည်အတွင်း လူ့အခွင့်အရေး ချိုးဖေါက်မှုများကို ဖေါ်ထုတ်တာ၊

-- ယုံကြည်ချက်အရ စစ်မှုထမ်းဖို့ ငြင်းဆိုတာ စသဖြင့်ပေါ့။ 

ဒါပေမယ့် ငြိမ်းချမ်းသောနည်း ကိုသာ အသုံးပြုသူများ ဖြစ်ရပါမယ်။ 

ဒီလိုပုဂ္ဂိုလ်များရဲ့ လုပ်ဆောင်မှုဟာ တည်ဆဲအစိုးရရဲ့ ဥပဒေတွေကို ဖေါက်ဖျက်ရာ ရောက်ချင် ရောက်မယ်၊ ဒါပေမယ့် ကိုယ် ပိုင်ဆိုင်တဲ့ လူ့အခွင့်အရေးကို ငြိမ်းချမ်းစွာ သုံးစွဲသူများဖြစ်လို့ သူတို့ကို ယုံကြည် ချက်ကြောင့် အကျဉ်းကျသူ (prisoner of conscience) လို့ သတ်မှတ်ပါတယ်။

တည်ဆဲဥပဒေက ဘာပြောပြော၊ အပြစ်မရှိဘဲ ထောင်ချထားသူတွေလို့ သတ်မှတ်ပြီး ချက်ချင်း လွှတ်ပေးဖို့ ဒီအဖွဲ့ကြီးက တောင်းဆိုလေ့ရှိပါတယ်။

  ၂။ နိုင်ငံရေးနှင့် ဆက်စပ်သော အကျဉ်းသား (political prisoner)
=========================================

(၂) ကျတော့ အကြမ်းပတမ်းမှု (violence) (သို့) ပြစ်မှုကျူးလွန်သူများ ဖြစ်ပါတယ်။  ဥပမာ... စစ်တိုက်တာ၊ သူပုန်ထတာ၊ ဗုံးခွဲတာက စပြီး ပြစ်မှုမျိုးစုံ အကုန်ပါဝင်နိုင်ပါတယ်။ ဒါပေမယ့် အဲဒီပြစ်မှုဟာ နိုင်ငံရေးနဲ့ ဆက်စပ်တဲ့ ပြစ်မှုမျိုး ဖြစ်ရပါမယ်။ နိုင်ငံရေးနဲ့ ဆက်စပ် တယ် ဆိုတာက...

၁။ နိုင်ငံရေးကြောင့် ကျူးလွန်တာ။  

စစ်ရေး လျှို့ဝှက်ချက်တွေကို ပြည်ပ ပို့လိုက်တာဟာ နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေကို ဖေါက်ဖျက်ရာ ရောက်လို့ အပြစ်ရှိပေမယ့် တည်ဆဲ အစိုးရအပေါ် နိုင်ငံရေးမကျေနပ်ချက်ကို အကြောင်းခံပြီး ကျူးလွန်ခဲ့တာ ဖြစ်ရင် နိုင်ငံရေးနဲ့ ဆက်စပ်တဲ့ အကျဉ်းသား စာရင်းကို သွင်းရပါတယ်။ စစ်ဖြစ်တဲ့အချိန်မှာ သူ့ဖက်၊ ကိုယ့်ဖက် ဖမ်းမိသမျှ စစ်သုံ့ပန်းတွေဟာလဲ ဒီစာရင်းထဲ ဝင်ပါတယ်။ 

၂။ နိုင်ငံရေးသဘောဆောင်တဲ့ အလုပ်ကို လုပ်တာ။ (၈၈)တုံးက အထက်အမိန့်ကို ဖီဆန်ပြီး ဆန္ဒပြခဲ့လို့ အရေးယူခံရပြီး ထောင်ကျခဲ့တဲ့ စစ်သားတွေဟာ နမူနာပေါ့။ ဥပဒေနဲ့ ညီသောအမိန့်ကို ဖီဆန်ရင် ဘယ်စစ်တပ်မှာမဆို အပြစ်ရှိပါတယ်၊ ဒါပေမယ့် အဲဒီလို ဖီဆန်ပြီး လုပ်တာဟာ နိုင်ငံရေး ဆက်စပ်နေရင် နိုင်ငံရေးနဲ့ ဆက်စပ်သော အကျဉ်းသား စာရင်းကို သွင်းရပါတယ်။ 

၃။ နိုင်ငံရေးကြောင့် အရေးယူခံရတာ။ ပုဒ်မ မျိုးစုံတပ် အရေးယူခံရတဲ့ ထောက်လှမ်းရေးတပ်ကြီး တခုလုံးဟာ နမူနာပေါ့။ သူတို့မှာ အဲဒီပုဒ်မတွေအရ တကယ် အပြစ်ရှိတယ်ပဲ ထားဦးတော့၊ သူတို့ တကယ် အရေးယူခံရတဲ့ အကြောင်းက စစ်အစိုးရလူကြီးချင်း အာဏာလုပွဲမှာ ထောက်လှမ်းရေး ထိပ်သီး ဗိုလ်ချုပ်ခင်ညွန့် ရှုံးခဲ့လို့ကိုး။ ဒီတော့ သူတို့ကိုလဲ နိုင်ငံရေးနဲ့ ဆက်စပ်သော အကျဉ်းသား စာရင်းကို သွင်းရပါတယ်။

အဲဒီလို နိုင်ငံရေးနှင့် ဆက်စပ်သော အကျဉ်းသား (political prisoner)ဟာ အပြစ်ကင်းတယ်လို့ မပြောနိုင်၊ ဒါပေမယ့် ပြစ်မှုနဲ့ ပြစ်ဒဏ် မျှတပါ့မလား ဆိုတာ စိုးရိမ်စရာ ရှိသူတွေ ဖြစ်တယ်လို့ သတ်မှတ်ပါတယ်။ ဒါကြောင့် သူတို့လိုလူတွေကျတော့ လွှတ်ပေးပါလို့ ပြောလေ့မရှိပါ၊ တရားသဖြင့် အမှု စစ်ဆေးခံပိုင်ခွင့်ကိုသာ အမြန်ဆုံး ဆောင်ရွက်ပေးဖို့ တောင်းဆိုလေ့ ရှိပါတယ်၊ အာဏာပိုင်တွေဖက်က အညှိုးနဲ့ ဖြစ်သင့်တာထက် ပိုလွန်တဲ့ အပြစ်မျိုး မပေးနီုင်အောင်လဲ စောင့်ကြည့်ကန့်ကွက်လေ့ရှိပါတယ်။ စစ်သုံ့ပန်းဆိုရင်လဲ စစ်သုံ့ပန်း အခွင့်အရေး ပေးဖို့ တောင်းဆိုလေ့ ရှိပါတယ်။ 

( အရှင်ပန် ၏ ထောက်လှမ်းရေးတွေ .လွတ်အောင် ဘယ်လို လုပ်မလဲ ပို့ စ်မှ ကောက်နူတ်ဖော်ပြချက်...)