Wednesday, December 31, 2014

ကျောက်ဆည်ခရိုင်ရှိ “ပန်ဒါ” ချည်မျှင်စက်ရုံ ၀န်ထမ်း ၈၀၀ ခန့် စက်ရုံအတွင်း ၀င်ခွင့်မရ



မန္တလေးတိုင်း ဒေသကြီး၊ ကျောက်ဆည် ခရိုင်၊ ပလိပ်မြို့ရှိ “ပန်ဒါ” ချည်မျှင်စက်ရုံ၏ ဝန်ထမ်း ၈၀၀ ခန့်သည် အလုပ်ရှင်၊ အလုပ်သမား သဘောတူ စာချုပ်တွင် လက်မှတ် မထိုးကြသဖြင့် ၎င်းတို့အား စက်ရုံတွင်းသို့ ပေးမဝင်ကြောင်း သိရသည်။

“အလုပ်ရှင်၊ အလုပ်သမား သဘောတူ စာချုပ် လို့ ခေါင်းစဉ်တပ်ပြီး သူတို့ဘာသာ တဖက်သတ် ဆွဲထားတဲ့ စာချုပ်ကို သဘောမတူဘူး။ စာချုပ် ရေးလိုက်မှန်းတောင် မသိဘဲ လက်မှတ်ထိုးခိုင်းနေလို့ မထိုးကြတာ။ လက်မှတ် မထိုးတဲ့သူကို စက်ရုံထဲ ဝင်ခွင့်မပေးလို့ ကျနော်တို့တွေက ဝင်ခွင့်ရဖို့ ကြိုးပမ်းနေ ကြတာ” ဟု အဆိုပါ စက်ရုံတွင် နှစ် ၂၀ ကျော် အလုပ် လုပ်ကိုင်နေသူဖြစ်ပြီး ထိုစက်ရုံ အလုပ်သမား သမဂ္ဂတွင် ဥက္ကဌ ဖြစ်သူ ဦးဝင်းထွန်းညွန့်က ဧရာဝတီကို ပြောသည်။

“ပန်ဒါ” ချည်မျှင် စက်ရုံသည် စက်မှုဝန်ကြီး ဌာနမှ ပုဂ္ဂလိက ငှားရမ်းလုပ်ကိုင်ခွင့် အဖြစ် ၂၀၁၃ ခုနှစ် ဧပြီလ ၁ ရက်တွင် စတင် ရရှိထားပြီး၊ စက်ရုံအုပ်ချူပ်သူများက အလုပ်သမားများအား အသိမပေးဘဲ အလုပ်ရှင်၊ အလုပ်သမား သဘောတူ စာချုပ်ကို တဖက်သတ် ရေးဆွဲခဲ့ပြီးနောက် စာချုပ်တွင် လက်မှတ် ရေးထိုး ခိုင်းခြင်း ဖြစ်သည်။

အဆိုပါ စာချုပ်တွင် လက်မှတ်မထိုးသည့် ဝန်ထမ်းတိုင်းကို စက်ရုံအတွင်း ဝင်ခွင့်မပေးသည့် အတွက် အလုပ်သမားများက ဝင်ခွင့်ရရှိရန် စောင့်ဆိုင်းနေသည်မှာ ဒီဇင်ဘာ ၂၅ ရက်မှ ယနေ့အချိန်ထိ ၆ ရက် ရှိနေပြီဖြစ်ကြောင်း ဦးဝင်းထွန်းညွန့်က ဆက်ပြောသည်။

အလုပ်ရှင်၊ အလုပ်သမား သဘောတူ စာချုပ်ကို လက်မှတ်ရေးထိုးကြသည့် ဝန်ထမ်းများအား ထောက် ပံ့ကြေး အပါအဝင် မူလလစာ အတိုင်းသာ ခံစားခွင့် ရရှိမည်ဖြစ်ကြောင်း၊ မူလအတိုင်း ဝန်ထမ်းအိမ်ရာ တွင်လည်း ဆက်လက် နေထိုင်ခွင့် ပြုမည် ဖြစ်ကြောင်း၊ စာချုပ်အား လက်မှတ် မရေးထိုးသူများကို ဆက် လက် အလုပ်လုပ်ကိုင်ရန် ဆန္ဒမရှိဟု ယူဆပြီး ဒီဇင်ဘာ ၂၂ ရက်မှ စတင်ကာ လုပ်ခ၊ လစာ ခံစားခွင့် ရရှိမည် မဟုတ်ကြောင်း အသိပေး ကြေညာချက်ကို “ပန်ဒါ” ချည်မျှင် စက်ရုံ၏ အုပ်ချုပ်မှု အဖွဲ့က ဒီဇင်ဘာ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထိုကြေညာချက်နှင့် ပတ်သတ်ပြီး ဦးဝင်းထွန်းညွှန့်က “ဒီလ လစာကိုတော့ ရအောင် အရင်လုပ်မယ်။ အစိုးရ ဘက်နဲ့ စက်ရုံဘက်က ဘယ်သူမှ ကျနော်တို့ကို လာပြီး ညှိနှိုင်းတာမျိုး မရှိသေးဘူး။ ညှိနှိုင်းခွင့် ရရင်တော့ ဝန်ထမ်း အားလုံးရဲ့ သဘောထား ကြေညာချက်အတိုင်း လုပ်မှာပဲ။ ကျနော်တို့က နိုင်ငံဝန်ထမ်း အခွင့် အရေးတွေကို တောင်းတာ” ဟု ပြောသည်။

အဆိုပါ စက်ရုံကို ပုဂ္ဂလိကသို့ လွဲပြောင်းပေးပြီးနောက် ၂၀၁၄ ခုနှစ် ဧပြီလ အတွင်းက စက်ရုံအုပ်ချုပ်မှု အဖွဲ့က အစိုးရက သတ်မှတ်ထားသည့် အလုပ်သမား အခွင့်အရေးများကို မပေးခြင်း၊ အသက် (၅၅) နှစ် ပြည့်သူများကို အလုပ် ဆက်မခန့်ခြင်း၊ လျော်ကြေးပင်စင် မပေးဘဲ အလုပ်ဖြုတ်ပစ်ခြင်း များကြောင့် အလုပ်သမား ၅၀၀ ကျော်က ၈ ရက်ကြာ ဆန္ဒပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီး ဦးသန်းစိုးမြင့် ကိုယ်တိုင် ဝင်ရောက်ညှိနှိုင်းခဲ့ရကြောင်း သိရသည်။

Credit : မေစစ်ပိုင်(ဧရာဝတီ)

ဘိုးဘွားအရှိန်နဲ့ တော့ နိုင်ငံရေးမလုပ်ဘူး ဆိုတဲ့ မန်းဝင်းမောင် မြေးနဲ့ တွေ့ဆုံခြင်း



မြန်မာပြည်ရဲ့ ပါလီမန်ဒီမိုကရေစီခေတ်မှာ လူထုရဲ့ တင်မြှောက်ခြင်းဖြင့် သမ္မတဖြစ်လာသည့် ကရင် အမျိုးသားတစ်ဦး ရှိခဲ့သည်။ ဧရာဝတီတိုင်းဒေ သကြီး ကျုံပျော်မြို့ နယ် လှဲဆိပ်ရွာတွင်မွေးဖွားခဲ့သူ ၄င်းသည် ၁၉၅၇ ခုနှစ် မတ်လ ၁၃ ရက်နေ့ နံနက် ၁၁ နာရီတွင်ရန်ကုန် အတွင်းဝန်များရုံး ပြည်သူ့ လွှတ်တော်ခန်းမ၌ လူမျိုးစု လွှတ်တော်နှင့် ပြည်သူ့ လွှတ်တော်အမတ်များရှေ့တွင် သမ္မတအဖြစ် ကျမ်း သစ္စာကျိန်ဆိုခဲ့သူ မန်းဝင်းမောင် ဖြစ်သည်။

သူ့တွင် သားသမီးခြောက်ဦးရှိသည်။ မြေး ၂ဝ ရှိသည်။ ထိုထဲမှ ၁၉၈၆ ခုနှစ်တွင် အမေရိကားသို ထွက်ခွာ သွားသည့် မြေးအကြီးဆုံး ဒေါ်နွယ်နွယ်ဝင်းနှင့် ပေါ်ပြူလာနယူးစ်က ၄င်း မြန်မာပြည်ကို ခေတ္တပြန် ရောက် ခိုက် တွေ့ဆုံဖြစ်ခဲ့ သည်။ ယခင် နိုင်ငံရေးခေါင်းဆောင်များ၏ သားသမီးနှင့် မြေးများက မြန်မာ့နိုင်ငံရေးကို စိတ်ဝင်စားလုပ်ဆောင်နေသူများရှိသလို အကဲခတ် လေ့လာနေသူများလည်းရှိရာ ထိုထဲမှ အမေရိကန်နိုင်ငံ ဖီးနစ်မြို့ရှိ လေယာဉ်ထုတ်လုပ်ရေးဆိုင်ရာ နိုင်ငံတကာကုမ္ပဏီတစ်ခုဖြစ်သောHoneywell International မှ Project Engineer အဖြစ် တာဝန်ထမ်းဆောင်နေသူ ဒေါ်နွယ်နွယ်ဝင်း၏ အမြင်ကို ဖော်ပြပေး လိုက်ရပါသည်။

►၁၉၈၆ ခုနှစ်ကစပြီး အမေရိကားမှာ နှစ် ၃ဝ ကြာအောင် နေထိုင်နေတဲ့ အစ်မ အနေနဲ့ မြန်မာပြည်ရဲ့ နိုင်ငံရေးအပေါ် စိတ်ဝင်စားမှု ရှိပါသလား။

ကျွန်မ အများကြီးစိတ်ဝင်စားပါတယ်။ လေ့လည်း လေ့လာပါတယ်။

►ဒီကိုပြန်ပြန်လာတာ အခုတစ်ကြိမ်နဲ့ဆိုရင် ခုနစ်ကြိမ်ရှိပြီလို့သိရပါတယ်။ ပြန်လာတိုင်း ပြောင်းလဲ မှုတွေ ရှိတယ်လို့ ခံစားမိပါသလား။

ကျွန်မ ၁၉၉၈ တုန်းက ပထမဦးဆုံးပြန်လာတော့ အဲဒီတုန်းက ကားလမ်းတွေဖောက်နေတယ်၊ တံတားတွေဆောက်နေတယ်ဆိုတဲ့အသံ တွေ ကြားခဲ့ တယ်။ တကယ့် တကယ် လာလည်းလာရော အဲဒါက လက် တွေ့သိပ်မဆန်တာကို နေရာတော်တော်များများမှာ တွေ့ခဲ့တယ်။ နောက် ၂ဝဝ၃၊ နောက် ၂ဝဝ၇၊ နာဂစ်ဖြစ်တဲ့ ၂ဝဝ၈ တွေမှာ လည်း ပြန်လာခဲ့တယ်။ အဲဒီအခါမှာလည်း လမ်းပန်းဆက်သွယ်ရေးနဲ့ ပတ် သက်ပြီး ၁ဝ နှစ် ကြာသည်အထိ အဆင်မပြေတာကို တွေ့ရပြန်တယ်။ ဒီတော့ ပြောင်းလဲမှု ဆိုတာ ကြီးကြီးမားမား ဘာမှမတွေ့ခဲ့ရဘူး။ အဲဒီမှာ လည်း လူတွေကိုတွေ့ရတာက ငွေနည်းနည်းပဲရတဲ့ အစိုးရဌာန ညွှန် ကြားရေးမှူးဆိုတဲ့ လူတစ်ဦးဟာ သိန်းနဲ့ချီတဲ့ ငွေတွေကို ကိုင်သုံး နိုင်တာ ထူးဆန်းစွာတွေ့ရတယ်။ ဒီတော့ အစိုးရမှာလုပ်တဲ့လူတော် တော်များများဟာ လာဘ်စားတယ်လို့ဆိုတာကိုတွေ့နေရတယ်။ နောက် တစ်ခု က အစိုးရဆီမှာ တိုင်းပြည်အတွက် အခြေခံကောင်းတွေ၊ စီမံကိန်း ကောင်းတွေရှိပေမယ့်လည်း တကယ့်တကယ် အဲဒါတွေကို ဆောင်ရွက် တဲ့အခါမှာ ချွတ်ချော်တိမ်းပါး သွားတာကိုလည်း တွေ့နေရတယ်။ ဒီ တော့ နိုင်ငံက ဆင်းရဲရင်းဆင်းရဲနေတယ်။ နောက် ၂ဝ၁၁၊ ၂ဝ၁၃၊ ၂ဝ၁၄ ဒီဘက်ခေတ်ပြန်လာတဲ့အခါကျတော့ အစိုးရအရာရှိတွေ လာဘ်စားတာ မျိုးကို သိပ်ထင်ထင်ရှားရှားနဲ့မတွေ့ရတော့ဘူး။ သို့သော်လည်းပဲ လူ တွေကိုအကဲခတ်တဲ့အခါမှာ အဆင်ပြေတာမျိုးလည်း သိပ်မတွေ့ရဘူး။

►ဘာကြောင့်လို့ မှတ်ချက်ပေးချင်လဲ။

အုပ်ချုပ်သူတွေအနေနဲ့ ကိုယ်ချမှတ်တဲ့ မူဝါဒတွေနဲ့ လုပ်ငန်းတွေ ကို လိုက်လုပ်တဲ့သူတွေ တကယ်ရော လုပ်နိုင်ရဲ့လား။ လိုက်ရော လုပ်ရဲ့လား။ လုပ်နိုင်စွမ်းရော ရှိရဲ့ လားဆိုတာ လေ့လာဖို့လိုပါတယ်။ ကျွန်မတစ် ယောက်တည်းအမြင် ပြောရ ရင် အဲဒီလိုမျိုး လုပ်နိုင်စွမ်း ဘက်မှာ ဒီကသူတွေ အား နည်းတယ်လို့ ပွင့်ပွင့်လင်း လင်းပြောချင် ပါတယ်။ ဒါက ပြဿနာမဟုတ်ပါဘူး။ မတတ် ဘူးဆိုရင် သင်ဖို့ပဲ။ ဒီလိုတော့ လုပ်ရမယ်။

►အရင်အုပ်ချုပ်ခဲ့တဲ့ နိုင်ငံ့အကြီးအကဲတွေရဲ့ သားသမီးတွေ မြေးတွေက စိတ်ဝင်စားစွာ စောင့်ကြည့်နေပြီး ဝင်ရောက် လုပ်ကိုင်တာမျိုးတွေ ရှိပေမယ့် သမ္မတ မန်းဝင်းမောင်မျိုးဆက်ကတော့ မတွေ့ရဘူး။ ဘာကြောင့်လဲ။

ကျွန်မမှာ ခံယူချက်တစ်ခုရှိပါတယ်။ ကျွန်မက အကြောင်းအရာ တစ်ခုကို ချက်ချင်းထပြီးတော့ စိတ်ဝင်စားတာမျိုး မရှိဘူး။ စနစ်တကျ လေ့လာပြီးမှ လုပ်တတ်တယ်။ ဘယ်အရာမဆိုပေါ့။ သိပ်မတွေ့ရတာ မျိုးက မလုပ်ချင်လို့ဘဲ နေမှာပါ။ ကျွန်မ နိုင်ငံရေးလုပ်ရင်လည်း အဘိုး အဘွားတွေကြောင့်တော့ ကျွန်မ မလုပ်ဘူး။

►ကိုယ့်အဘိုးကို ဘယ်လိုလူမျိုးလို့ ခံယူထားလဲ။

ကျွန်မအဘိုးကတော့ သေချာတယ်။ အာဏာရှင်မဟုတ်ဘူး။ သူ့ရဲ့ ဒေသမှာ ရွေးကောက်ခံပြီး အမတ်ဖြစ်လာတယ်။ ဒီကတစ်ဆင့် သမ္မတ ဖြစ်တဲ့သူတစ်ဦး ဖြစ်တယ်။ ကျွန်မတို့မိဘမျိုးရိုးက ချမ်းသာတဲ့ ပြည့်စုံတဲ့ မျိုးရိုးက ဆင်းသက်လာတာ မဟုတ်ဘူး။ ကြိုးကြိုးစားစား ရုန်းကန်ပြီး သမ္မတဖြစ်လာတဲ့ ပုဂ္ဂိုလ်တစ်ဦးလို့ မြင်တယ်။

►၂ဝ၁၅ အလွန်နိုင်ငံရေးကို ဘယ်လိုဖြစ်လာလိမ့်မယ်လို့ မျှော်မှန်းထားလဲ။

၂ဝ၁၅ မှာ လူကောင်းတွေ နေရာရစေချင်တယ်။ ကျွန်မတို့နိုင်ငံက လူကောင်းတွေ နေရာမရတဲ့အတွက် ပြည်ပထွက်ကုန်တာမျိုးတွေရှိတယ်။ ဒါမျိုး ဖြစ်မှာစိုးလို့။ နောက် တစ်ခုက ကျောင်းတွေမှာ ဆရာကောင်းတွေ နည်းနေတာမျိုးတွေ့ရတယ်။ဆရာကောင်းတွေ ရှိစေချင်တယ်။ ဘယ် သူ သမ္မတလုပ်လုပ် အဓိက ကိုယ့်နိုင်ငံတိုးတက်ဖို့ အရေးကြီးတယ်။

►ကရင်အမျိုးသားကနေ သမ္မတဖြစ်သွားတဲ့ မန်းဝင်းမောင်ရဲ့ မြေးတစ်ဦး အနေနဲ့ ငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးကို ကြားချင်နေသူလို့ သတ် မှတ်ချင်တယ်။ အခု ငြိမ်းချမ်းေ ရးတွေ နိုင်ငံမှာ ဘာကြောင့်မရသေးတာလဲ။

ခေါင်းဆောင်မှုအပိုင်းတွေ လိုနေတာကို ပြနေတယ်။ စေ့စပ်ပြီး ကြားနေပေးမယ့်သူ လိုနေတာလို့လည်း ထင်တယ်။

►ကျွန်တော်တို့နိုင်ငံ တိုးတက်ဖို့အတွက် အချိန်ဘယ်လောက်အတိုင်းအ တာအထိ ယူရင်ရမယ်လို့ အစ်မယုံကြည်ထားလဲ။

၁၉၆၂ နှစ် ရှေ့ပိုင်းကာလတုန်းက ဒီမိုကရေစီခေတ် ဖြစ်တယ်။ ဒီတော့ နိုင်ငံရေးအရပြောပိုင်ခွင့်တွေ၊ ရွေးချယ် ခွင့်တွေ ရှိတယ်။ ထို့အတူ စီးပွားရေးလည်းကောင်းတယ်။ ဒါ့ကြောင့် အရှေ့တောင်အာရှကနေ ဒီမှာ ဈေးလာဝယ် တာမျိုးတွေရှိတယ်။အဲဒီနောက်ပိုင်း အခြေအနေမကောင်း တော့ဘူး။ ခုအထိပဲဆိုပါတော့။ ဒါ့ကြောင့် ချက်ချင်းကြီး ကျွန်မတို့အရင်လို တိုးတက်ဖို့ဆိုတာတော့ အရမ်းကြီး စိတ်မလောစေချင်ဘူး။ ခု လောနေကြတယ်။ အဲဒီလိုလော နေရင် အမှားတွေရတတ်တယ်။ စိတ်ရှည်ပါ။ တစ်ထစ် ချင်း သွားပါ။ အချိန်ယူရမယ်။ ကျွန်မတို့ မီရင်လည်းမီမယ်၊ မမီရင် လည်း မမီဘူး။ အဲဒီလောက်အထိတောင် ရအောင်ယူရလိမ့်မယ်။

►ဦးနေဝင်းရဲ့လက်ထက်မှာ အစ်မတို့မိသားစု ဘယ်လိုဖြတ်သန်းခဲ့ကြလဲ။

ကျွန်မ ယုံကြည်ထားတာတစ်ခု ရှိတယ်။ လူဆိုတာ ကောင်းတာတွေ ဖြစ်လာတာတွေရှိသလို ဆိုးတာတွေလည်း ဖြစ်လာနိုင်ပါမယ်။ ဒါတွေကို ရင်ဆိုင်နိုင်ဖို့အတွက် စိတ်ထဲမှာ ပြင်ဆင်ထားပါတယ်။ လူတိုင်းဟာ ကိုယ်စိုက်ခဲ့တဲ့ စိုက်ခင်းကိုကိုယ်တိုင်ရိတ်ရပါမယ်။ အဲဒီလိုမျိုးရှိနေတာကို ကျွန်မက ကျွန်မဘဝကြီး ဘာမှပြောင်းလဲသွားမှာမ ဟုတ်ဘဲနဲ့ အားအားရှိ မုန်းနေတာမျိုးတ ဒေါသထွက်နေတာမျိုးမလုပ်ဘူး။ သူ့အကြောင်းနဲ့သူ ရှိနေတာကို ကျွန်မ အနှောင်အဖွဲ့တစ်ခုအနေနဲ့ မယူထားဘူး။

►မြန်မာပြည်က လူတွေကို သတင်းစကား ပါးချင်တာမျိုး ဘာရှိလဲ။

ကျွန်မ ဒီတစ်ခေါက်လာတော့ တွေ့တယ်။ ဒီကလူအချို့ အတ္တတွေ အရမ်းကြီးနေတာကို။ အချင်းချင်း ရိုင်းပင်းကူညီချင်စိတ် ပျောက်နေတာ တွေ၊ စည်းကမ်းမရှိတာ မျိုးတွေလည်းပါ တယ်။ ဒါတွေကို ဖျောက်ပေးပါ လို့ပဲ ပြောချင်တယ်။

PoPuLar

ဒေါ်အောင်ဆန်းစုကြည် အခြေခံဥပဒေ ကို နားမလည်



ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ချင် ပါတယ်ဆိုတဲ့ အတိုက် အခံတွေနဲ့ ဒေါ်စုက ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အမှန် တကယ် ရောနားလည် ပါသလား?

ရန်ကုန် NLD ပါတီရုံးချုပ်မှာ သတင်းမီဒီယာသမားတွေနဲ့ တွေ့ဆုံ ပြီး မေးခွန်းတွေ မေးတဲ့အချိန် ဖြေသွားတာကတော့ လတ်တလော စစ်တမ်းကောက်ယူနေတဲ့ သမ္မတရုံး က ၀န်ထမ်းလစာ တိုးဖို့ ကိစ္စကိုကြတော့ ကောက်တယ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ပြင်ဖို့ကြ ဘာလို့မကောက်လဲလို့ ဒေါ်စုကပြန်ဖြေသွားတယ်။

တော်တော်များများ ဒေါ်စုရဲ့ မီဒီယာတွေ့ဆုံပွဲတွေမှာ သူမဖြေနိုင်တော့ တဲ့မေးခွန်း ဆိုရင် မေးခွန်းထဲ က စာသားကိုဘဲ အဖြေပြန်ပြန်လုပ်တာ ခွန်းဆင့်မေးခွန်းနဲ့ သတင်းထောက်ကိုပြန်မေးတာတွေ ကို လေ့ လာတွေ့ရပါတယ်။

တကယ်တမ်း ဘာဖြစ်လို့ သမ္မတရုံး က ၀န်ထမ်းလစာ တိုးဖို့ကိစ္စကိုကြတော့ ကောက်တယ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့ကြ ဘာလို့မကောက်လဲ ဆိုတဲ့ အကြောင်း အရင်းကို ဒေါ်စု မသိပါဘူး... ဘာလို့မသိတာလဲ ဆိုရင်... သူ သမ္မတ ဖြစ်ဖို့ ပြင်ချင်နေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို နားမလည်လို့ ပဲဖြစ်ပါတယ် ဆိုတာ ပေါ်လွင်နေပါတယ်.....

ဘာဖြစ်လို့လဲ ဆိုရင်... လွှတ်တော် ကို တင်သွင်း တဲ့ ဥပဒေကြမ်းထဲမှာ ပြည်ထောင်စုအစိုးရအဖွဲ့ (အုပ်ချုပ်ရေး) ကသာ တင်သွင်း နိုင်ခွင့်ရှိတဲ့ဥပဒေကြမ်း ၃ ခုရှိပါတယ်။

အဲဒါက

၁။ နိုင်ငံတော်ရဲ့စီမံကိန်း

၂။ နိုင်ငံတော်ရဲ့ဘတ်ဂျတ်...

၃။ နိုင်ငံတော်ရဲ့အခွန်အကောက်ဆိုင်ရာဥပဒေကြမ်း

ဒီဥပဒေကြမ်း ၃ခုက အစိုးရအဖွဲ့ ကဘဲ တင်သွင်းရမှာဖြစ်ပြီး ဘယ်လွှတ်တော် ကိုယ်စားလှယ်ကမှ တင်သွင်း လို့မရပါဘူး... အဲဒါကို... အစိုးရအဖွဲ့ ဖြစ်တဲ့... အုပ်ချုပ်ရေးက လုပ်ဆောင်ရမယ့် ကိစ္စပါဆိုပြီး.. ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အတိအလင်းပြ ထားပါတယ်။

အဲဒီလို.. ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ရေးထားတဲ့အတွက်ဝန်ထမ်းလစာ တိုးပေးေ၇း ကိစ္စသည်.. အစိုးရအဖွဲ့ ဖြစ်တဲ့... အုပ်ချုပ်ရေးကသာ လုပ်ရမယ့်ကိစ္စဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးကတော့.. ဒေါ်စုတို့လို လွှတ်တော် အမတ်တွေ လွှတ်တော်ထဲမှာ လုပ်ဆောင် ရမယ့် လွှတ်တော် ရဲ့ အလုပ် ပဲဖြစ်ပါတယ် ဒါက constitution မှာခွဲထားပြီးသားပါ။

အဲဒါကြောင့်မို့ အစိုးရဘက်ကအုပ်ချုပ်ရေးအနေနဲ့ ဒေါ်စု ဟိုး အရင်တစ်ခါက ပြောထား၊ ဝေဖန်ထားခဲ့သည့် အတိုင်း ကိုယ်နဲ့သက်ဆိုင်တဲ့ကိုယ့်ရဲ့ အခန်းကဏ္ဍမှာမရှိတဲ့ လွှတ်တော် လုပ်ရမယ့် အလုပ် ဖြစ်တဲ့... Constution ပြင်ဆင်ရေးကို ၀င် မစွက်ပဲ... သူတို့ အလုပ်ဖြစ်တဲ့ ၀န်ထမ်းတွေ လစာတိုးရေး ကိစ္စကိုပဲ ဆောင် ရွက်နေတာကို... နားလည် ပေး နိုင်ဖို့ လိုမယ်လို့ထင်တယ်...

ဒေါ်စုသာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို နားလည်တဲ့ လွှတ်တော် အမတ် တစ်ယောက် ဖြစ်ခဲ့ တယ် ဆိုရင်ပေါ့လေ....

ဒီအချက်တွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ ပါရှိပြီး အတည်အလင်း ဖော်ပြထားရှိပြီးသား ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ ပြင်မယ် ၊ ပြင်မယ် တစ်ဖွဖွပြောနေသူ တစ်ဦးအဖို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ မှာ ဘာတွေ ပြဌာန်း ထားသလဲ ဆိုတာတောင် မသိပဲနဲ့ အလွဲလွဲအချော်ချော် ပြောနေတာ အရှက်ရှိမယ်ဆို ရှက်ဖို့ အင်မ တန် ကောင်းပါတယ်။

Yar Zar Doe
Credit : Here

ကျောက်မဲ မြို့မဈေးကြီးအနီးတွင် လက်နက်ကိုင်တစ်ဦးက လူအုပ်ထဲသို့ သေနတ်နှင့်ပစ်၊ လူတစ်ဦးသေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့လယ်ရှိ မြို့မဈေးကြီးအနီး လူစည်ကားသည့် နေရာတွင် လက်နက် ကိုင်တစ်ဦးက သေနတ်ဖြင့် လူအုပ်ထဲသို့ ပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦး သေဆုံးခဲ့ကြောင်း ကျောက်မဲ မြို့မရဲတပ်ဖွဲ့ စခန်းထံမှ သိရှိရသည်။

ဒီဇင်ဘာလ ၂၉ ရက်နေ့ ညနေ ၄ နာရီ ဝန်းကျင်တွင် ကျောက်မဲမြို့မဈေးကြီးအနီး လူစည်ကား သည့် နေရာသို့ လက်နက်ကိုင်တစ်ဦးက ဆိုင်ကယ်စီးနင်း ဝင်ရောက်လာပြီး လူအုပ်ထဲ သို့ သေနတ်ဖြင့် လေးချက် ပစ်ခတ်ခဲ့ကြောင်း မျက်မြင် တွေ့ရှိသူများထံမှ သိရှိရသည်။

ပစ်ခတ်မှုကြောင့် ယင်းနေရာအနီးတွင် ဆိုင်ကယ်အပ်နှံ လက်ခံနေသူ အသက် ၅၂ နှစ်အရွယ်ရှိ စစ်မှုထမ်းဟောင်း ဦးကျော်မိုး၏ ညာဘက်တင်ပါးနှင့် ရင်ဘတ်တွင် ကျည်ဆန် ထိမှန်ခဲ့ပြီးနောက် ဆေးရုံသို့ လွှဲပြောင်းကုသသော်လည်း သေဆုံးခဲကြောင်း ၎င်းတို့ထံမှ သိရှိရသည်။

ယင်းပစ်ခတ်မှုသည့် မြို့မဈေးကြီး၏အနီး လူစည်ကားသည့် အချိန်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း အခင်းဖြစ်ပွားရာ အနီးတွင် ရှိနေခဲ့သည့် အမျိုးသမီးတစ်ဦးက ပြောကြားသည်။

“သေနတ်သံ ကြားရပြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့ ကျွန်မလည်းနီးရာ ဆိုင်တစ်ခုထဲကို ဝင်ပုန်းနေ ရတယ်။ ချက်ခြင်းပဲ စစ်သားတွေ၊ ရဲတွေ ရောက်လာတယ်။ ဈေးဆိုင်တွေ၊ အိမ်တွေပိတ်ပြီး လမ်းပေါ်မှာ လူမရှိသလောက် ဖြစ်သွားတာ” ဟု ၎င်းက ရှင်းပြသည်။

“ဒဏ်ရာရရှိခဲ့သူ ဦးကျော်မိုးကို ကျောက်မဲ ဆေးရုံကြီးသို့ ပို့ဆောင်၍ ဆေးကုသမှု ပြုလုပ်ပေးခဲ့ပြီး စိုးရိမ် ရသည့် အခြေအနေ ဖြစ်သဖြင့် ပြင်ဦးလွင်ဆေးရုံသို့ လွှဲပြောင်းပို့ ဆောင်ကုသခဲ့သော်လည်း ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက် ၅ နာရီကျော်တွင် သေဆုံးသွားကြောင်း ကျောက်မဲ မြို့မရဲတပ်ဖွဲ့စခန်းမှ သိရှိရသည်။

ကျောက်မဲမြို့နယ် အနီးဝန်းကျင်တွင် လက်နက်ကိုင် အဖွဲ့အစည်းများရှိပြီး ယင်းအဖွဲ့များကို ဒေသခံများက ယုံကြည်မှု မရှိသဖြင့် အသိအမှတ် မပြုလိုကြကြောင်း ကျောက်မဲမြို့ မြို့မိ မြို့ဖတစ်ဦးက ပြောကြားသည်။

“ဒါကြောင့် ဆက်ကြေး ကောက်တာတွေလည်း အခက်အခဲတွေ ရှိလာတော့ ခြိမ်းခြောက်တဲ့ သဘောနဲ့ လူစည်ကားတဲ့ အချိန်ကိုရွေးပြီး လူထုကို အထိတ်တလန့် ဖြစ်စေဖို့ ခြောက်လှန့် ပစ်ခတ်တာ ဖြစ်နိုင် ပါတယ်” ၎င်းက သုံးသပ်သည်။

သေနတ်ဖြင့် ဝင်ရောက် ပစ်ခတ်သူမှာ ဆိုင်ကယ်ဖြင့် ကျောက်မဲမြို့မှ မိုင်းလုံမြို့သွား ကားလမ်းအတိုင်း မြို့ပြင်သို့ မောင်းနှင် ထွက်ပြေးသွားခဲ့သဖြင့် ကျောက်မဲ စကခ (၁) ကွန်မန်ဒိုတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ ခမရ (၅၀၂) မှ တပ်ဖွဲ့ဝင်များ၊ ကျောက်မဲမြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ လမ်းတစ်လျှောက်ရှိ ဌာနေပြည်သူ့ စစ်များ ပူးပေါင်းဖမ်းဆီးရန် ဆောင်ရွက်နေကြောင်း ကျောက်မဲမြို့မ ရဲတပ်ဖွဲ့စခန်းက အတည်ပြု ပြောကြား သည်။

လက်နက်ကိုင် ပစ်ခတ်ခဲ့သူ၏ လက်နက်ကိုင်တပ်ဖွဲ့ကို စုံစမ်းဖော်ထုတ်ဆဲ ဖြစ်ပြီး ယင်းပစ်ခတ်မှုနှင့် ပတ် သက်၍ ပြစ်မှုပုဒ်မ -၃၀၂ (လူသတ်မှု) ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်နေကြောင်း ကျောက်မဲမြို့မ ရဲတပ်ဖွဲ့စခန်းထံမှ သိရှိရသည်။

(နေမျိုးနွယ်)
The Voice Weekly

တရုတ် နိုင်ငံသား (၉) ဦး ဒဏ်ရာ ရရှိခဲ့သည့် အတွက် အမှုဖွင့်

ယခုလ (၂၂) ရက်နေ့ နှင့် (၂၃) ရက်နေ့တို့တွင် ကြေးနီ စီမံကိန်း အတွင်း ခြံစည်းရိုး ကာရံသည်ကို ဒေသခံ များက တားဆီးခဲ့စဉ် ပဋိပက္ခ ဖြစ်ပွားမှုကြောင့် တရုတ် နိုင်ငံသား ကိုးဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည့် အပေါ် မြန်မာဝမ်ပေါင် ကုမ္ပဏီက ဒေသခံများအား အမှုဖွင့် တိုင်တန်း ထားကြောင်း ဆားလင်းကြီး မြို့မ ရဲစခန်းမှ သိရသည်။

ခြံစည်းရိုး ခတ်နေစဉ် ဒေသခံ များနှင့် ရဲတပ်ဖွဲ့ဝင်များ အပြန်အလှန် ပစ်ခတ်ခဲ့မှုကြောင့် ဒေသခံ အမျိုးသမီး တစ်ဦး သေနတ် ကျည်ထိမှန် ကာ သေဆုံး သွားခဲ့ပြီး ဒေသခံ (၂၀) နီးပါး ထိခိုက် ဒဏ်ရာ များလည်း ရရှိခဲ့ပြီး တရုတ် နိုင်ငံသား များနှင့် ရဲတပ်ဖွဲ့ ဝင်များလည်း ဒဏ်ရာ အသီးသီး ရရှိ ခဲ့ကြောင်း သိရသည်။

ယင်းသို့အပြန် အလှန်ပစ်ခတ်မှုကြောင့် မြန်မာဝမ်ပေါင် ကုမ္ပဏီအတွင်း ခြံစည်းရိုး ကာရံမှုကို တာဝန် ယူ ဆောင်ရွက် နေသည့် တရုတ် နိုင်ငံသားများ ဖြစ်သည့် Mr.Yuna JinGw / Mr. Lju Yunfena / Mr. Wu Zhiyong / Mr. Zhou Xi Bing /Mr. KeJun / Mr. Wana Guan Ren / Mr. HE Jian Ghua / Mr. Wana Gana /Mr. Wana Jian H တို့တွင် ပွန်းပဲ့ ဒဏ်ရာ အသီးသီး ရရှိခဲ့ကြောင်းလည်း သိရသည်။

အဆိုပါ တရုတ်နိုင်ငံသား ၀န်ထမ်းများအား ဒေသခံများက လေးခွ၊ တုတ်၊တံစဉ် စသည့် လက်နက် များဖြင့် တိုက်ခိုက်ခဲ့သည့် အတွက် ဆည်တည်း ကျေးရွာနှင့် တုံကျေးရွာ မှ ဒေသခံ (၁၅၀) ဦးတို့အား ကြေးနီ သတ္တုတွင်း (မုံရွာ) မှ ဥပဒေ အရာရှိ ဦးအောင်မြင့်က တရားလိုပြု တိုင်တန်းခဲ့ သဖြင့် ဆားလင်းကြီး မြို့မရဲစခန်းမှ (ပ) ၁၉၈/၂၀၁၄ ပုဒ်မ ၃၂၄/၃၂၅ ဖြင့် အမှုဖွင့် ထားကြောင်း ဆားလင်းကြီး မြို့မ ရဲစခန်းမှ သိရသည်။

အလားတူ အဆိုပါ ဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ ဝင်များ ပစ်ခတ်မှုကြောင့် မိုးကြိုးပြင် အလယ်ရွာမှ ဒေါ်ခင်ဝင်း သေဆုံးသွားခဲ့ ရသည့် အတွက် ၎င်းမိသားစုဝင် ဒေါ်ခင်မာအေးက တရားလိုပြု တိုင်တန်းခဲ့ သဖြင့် ဆားလင်းကြီး မြို့မ ရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် ၄/၂၀၁၄ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။

messengernewsjournal

မူးယစ်ရာဇာတွေ စုံစမ်းဖမ်းဆီးပေးဖို့ ထိုင်းအကူအညီတောင်း



မြန်မာနိုင်ငံတွင်းမှာ ပုန်းအောင်း ခိုလှုံနေကြတဲ့ မူးယစ်ရာဇာ ၁၀ ယောက်ကို စုံစမ်းရှာဖွေ ဖမ်း ဆီးပေးဖို့ ထိုင်းအစိုးရ မူးယစ်ဆေးဝါး နှိမ် နင်းရေး အဖွဲ့က မြန်မာအစိုးရကို အကူအညီ တောင်းခံ လိုက်ကြောင်း ဘန်ကောက်ပို့စ် သတင်း က ဖေါ်ပြ ပါတယ်။
                   မသင်္ကာသူ ၁၀ ဦး

အဲ့ဒီ မသင်္ကာသူ ၁၀ ဦးအတွက် ဖမ်းဝရမ်းကိုလည်း ONBC ခေါ် ထိုင်း အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေး အဖွဲ့ရုံးက မြန်မာအာဏာပိုင်တွေကို ပေးအပ် ထားကြောင်း၊ မသင်္ကာသူတွေဟာ မြန် မာနိုင်ငံ တွင်းက တိုင်းရင်းသား လူမျိုးစု လက်နက်ကိုင်အဖွဲ့တွေဆီ ထွက်ပြေးခိုလှုံနေကြတာဖြစ် လို့ဖမ်းဆီးဖို့ ခက်ခဲကြောင်း၊သူတို့ကို ခြေရာခံ ဖမ်းဆီးဖို့ မြန်မာအစိုးရက ကူညီပေး မှာဖြစ်ကြောင်း ONBC အတွင်းရေး မှူးး က ပြောပါတယ်။

အဲ့ဒီ မသင်္ကာသူ ၁၀ ဦးထဲမှာ ကွယ်လွန်သူ မူးယစ်ရာဇာ ခွန်ဆာရဲ့ လက်ထောက်ဟောင်း တစ်ဦးဖြစ်သူ ဒု ဗိုလ်မှူးကြီး ယီဆယ် ပါဝင်တယ်လို့ သိရပါတယ်။ သူဟာ အခုအခါ မူဆာလက်နက်ကိုင် အဖွဲ့ ခေါင်းဆောင် ဖြစ်ပြီး၊ ၀ လူမျိုးစုအဖွဲ့နဲ့ ပတ်သက်မှုရှိတယ်လို့ ယုံကြည်ရတယ်လို့ ONBC အတွင်းရေးမှူး က ဆိုပါတယ်။ ယီဆယ်အဖွဲ့ဟာ ထိုင်း မြန်မာနယ်စပ် ချင်းရိုင်ခရိုင် မယ်ဖါလောင်း အရပ်မှာ လှုပ်ရှားနေပြီး၊ ထိုင်းနိုင်ငံမြောက်ပိုင်းကို မူးယစ်ဆေးမှောင်ခိုသွင်းနေ တယ်လို့လည်း ပြောပါတယ်။

ONBCအနေနဲ့ ယီဆယ်အဖွဲ့အပြင် တခြားမူးယစ်ဆေးနဲ့ပတ်သက်ပြီး တခြားမသင်္ကာသူ ၁၄ ဦး ရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း ပိတ်ဆို့ထိန်းချုပ်ထားရာမှာ စုစုပေါင်း တန်ဖိုး ထိုင်းဘတ်ငွေ ၂၂၂ သန်း ဖိုးရှိတယ်လို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=nf

နိုင်ငံ့ဝန်ထမ်းများလစာတိုးချိန် ကုန်ဈေးနှုန်းများ တည်ငြိမ်အောင် တာဝန်ယူဆောင်ရွက် မည်ဟု စီးပွားကူးသန်းဝန်ကြီးဆို

အစိုးရဝန်ထမ်းများ လစာတိုးမြှင့်ခြင်းကြောင့် အခြေခံ စား သောက်ကုန်ဈေးနှုန်း တည်ငြိမ်အောင်တာ ဝန်ယူဆောင် ရွက်သွားမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြား လိုက်သည်။

ဒီဇင်ဘာ ၃ဝရက် က ဘုရင့်နောင် ကုန်စည်ဒိုင်တွင် ကျင်းပပြုလုပ်သည့်ရန်ကုန် တိုင်းဒေသကြီး ကုန်သည် များနှင့် စက်မှု လက်မှုလုပ် ငန်းရှင် များအသင်း၏ (၂၁)ကြိမ် မြောက်နှစ်ပတ်လည်အစည်းအဝေးတွင် ယင်းကဲ့သို့ပြောကြား ခဲ့ခြင်းဖြစ်သည်။ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ”ဝန်ထမ်းတွေလစာတိုးတာနဲ့ ကုန်ဈေးနှုန်း မြင့်တက်လာတာကိုတည်ငြိမ်အောင် လုပ်ဖို့အတွက် စက်မှု ကုန်သည်များအ သင်းချုပ်က တာဝန်ရှိသူတွေရယ်၊ ကုန်သည်တွေနဲ့ ပူးပေါင်းဆွေးနွေး ပြီး၊ ကုန်ဈေးနှုန်းမတက်အောင် လုပ် ဆောင် သွားမှာပါ”ဟုပြောသည်။

လက်ရှိတွင် ကုန်ဈေးနှုန်း တည်ငြိမ်နိုင်ရေးအတွက် နေပြည် တော် တွင်နှစ်လ တစ်ကြိမ် ဆန်လုပ် ငန်းရှင်များ၊ ပဲလုပ်ငန်းရှင်များ ၊ မွေး မြူရေးလုပ်ငန်းရှင်များ၊ ဝန်ကြီးဌာန မှတာဝန်ရှိသူများနှင့် လက်ရှိ ကုန် ဈေးနှုန်းအခြေအနေများကို တင်ပြ ဆွေးနွေးလျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ကုန် သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်း ဥက္ကဋ္ဌဦးခင်ဟန် က ”ကုန်ဈေးနှုန်းနဲ့ပတ်သက်ရင် လုပ်ငန်းရှင်တွေအနေနဲ့ အစည်း အဝေးမှာ လိုအပ်တာတွေကိုတင်ပြ တယ်။ ဥပမာဆန်ဈေးတက်တော့ မယ်ဆိုရင် ပြည်ပတင်ပို့ တာကို လျှော့ မလား။ ဝယ်ထားတဲ့ ဆန်ကို ထုတ်ရောင်းမလား၊ ဆိုတဲ့နည်း တွေနဲ့ပြည်သူတွေ ကုန်ဈေးနှုန်း မတက်အောင်သူတို့ကို တင်ပြ တာ တွေရှိပါတယ်”ဟု ပြောသည်။

ရန်ကုန်မြို့၏ ကုန်ဈေးနှုန်း တည်ငြိမ်စေရန် ရန်ကုန်မြို့တော် စည်ပင် တွင်ဆွေးနွေးမှု များ ပြုလုပ် ပြီး၊ မြန်မာတစ်နိုင်ငံလုံး၏ကုန်ဈေးနှုန်း တည်ငြိမ်စေ ရန် နေပြည်တော်တွင် ဆွေးနွေး ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ဘုရင့်နောင် ပွဲရုံကုန်သည် တစ်ဦးက ”ဘုရင့်နောင် ဈေးကွက် ကလက် ကားဈေးနဲ့အပြင်မှာရောင်း တဲ့လက်လီဈေးက နည်းနည်း ကွာ နေတယ်၊ ပုပ်လွယ်တဲ့ ပစ္စည်းတွေ ကျတော့ လက်လီ သမားတွေက ဈေးတင်ရောင်း တာတွေ ရှိတယ်၊ ဒါကြောင့်အပြင် အခြေခံစားသောက် ကုန်တွေကဈေး တက်တာတွေ ဖြစ် နေရ ပါတယ်”ဟု ပြောသည်။

လက်ရှိ အခြေခံစားသောက် ကုန်ဈေးကွက်တွင် ဆန်၊ဆီ၊ဈေး ငြိမ်ပြီး၊ ကြက်သွန်နီဈေးအနည်း ငယ် တက်နေပြီး၊ ကျန်အခြေခံစား သောက် ကုန်ဈေးနှုန်း များ ပုံမှန် ဈေးအတိုင်းရှိနေကြောင်း ဘုရင့် နောင် ကုန်စည်ဒိုင်မှ သိရသည်။

စီးပွားရေး လုပ်ငန်းရှင်ဦးဇော် မြင့်က ”အစိုးရသစ်လက်ထက်က စပြီး ဝန်ထမ်းတွေ ကို လစာတိုးပေး တာ၊ ထောက်ပံ့ကြေးစရိတ်တွေ တိုးပေး တာတွေ လုပ်ခဲ့တယ်။ လုပ်ခဲ့ တဲ့အချိန်တိုင်းလဲ ကုန်ဈေးနှုန်းက တက်တယ် ။ လစာတွေ မတိုးခင် အချိန်ကစပြီးတက်တာပဲ။ ဒါကတော့ ဖြစ်နေ ကျပဲ။ တကယ်တမ်း ခံစား ရတာကတော့ အောက်ခြေ က ပြည်သူ တွေပဲ ။ အခုမှ အခြေခံကုန်ဈေး နှုန်းမတက်အောင် ထိန်းမယ်ဆို တာက နောက် သလို ဖြစ်နေတယ်။ ဝန်ကြီးဌာနအနေနဲ့ပြီးရင် ပြီးရော တော့ လုပ်လို့မရဘူး ။ သေချာလုပ် ဖို့တော့ လိုတယ်”ဟု ဆိုသည်။

လက်ရှိတွင် နိုင်ငံ့ဝန်ထမ်း များ ၏ လစာနှုန်းထားများကို လာမည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် စတင် ကာ တိုးမြှင့်ပေးနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

စီးပွားရေးပညာရှင် ဦးလှ မောင်က ”နိုင်ငံ့ဝန်ထမ်းတွေကို လစာတိုးတယ်ဆို တာ ဒီတစ်ကြိမ် လစာတိုးတာနဲ့ဆိုရင် လေးကြိမ် ရှိပြီ။ ကုန်ဈေးနှုန်းက ကျသွား တယ်ဆိုတာမရှိဘူး။ တက်ပဲတက် သွားတယ်။ ကမ္ဘာပေါ်မှာ ကုန်ဈေး နှုန်းကို ထိန်းချုပ်နိုင်တဲ့ သူမရှိဘူး။ ကုန်ဈေးနှုန်းမတက်ဖို့ဆိုရင် လစာ ကိုမတိုးနဲ့ ၊ ဒေါ်လာဈေး ကို မတက် နဲ့၊ ဂျီဒီပီတိုးတက်အောင်လုပ်၊ ဆင်းရဲ မွဲတေမှု ကိုလျှော့၊ လက်ရှိ ကောက်ခံ နေတဲ့ အခွန်အခတွေကို တိုးမ ကောက်နဲ့ ၊ နောက်တစ် ခုကတော့ နိုင်ငံသားတိုင်းပေးဆောင်တဲ့ အခွန် ကို ရအောင် ကောက်သင့်တယ်။ အဲဒီလိုလုပ်မှသာ ကုန်ဈေးနှုန်းက ကျ သွားမယ်”ဟု ဆိုသည်။

HH
‪Democracytoday‬

၂၀၁၄ ခုနှစ်အတွင်း အာရှတစ်လွှား လေကြောင်း မတော်တဆမှုများ

အာရှတိုက်ရဲ့ ၂၀၁၄ ခုနှစ် လေကြောင်း သမိုင်းက မကောင်းလှ ပါဘူး။ ၂၀၁၄ ခုနှစ်ကိုလဲ ပျော်ရွှင်စွာ အဆုံးမသတ် နိုင်တော့ပါဘူး။ လူပေါင်း ၁၆၂ ဦး တင်ဆောင် ထားတဲ့ အင်ဒိုနီးရှား လေယာဉ်တစ်စင်း ဟာ ဒီဇင်ဘာ ၂၈ ရက်က ပျောက်ဆုံး သွားခဲ့လို့ပဲ ဖြစ်ပါတယ်။ ဒီနှစ်အတွင်း အာရှတိုက် ထဲမှာပဲ လေကြောင်း မတော်တဆမှု ၉ ကြိမ် ဖြစ်ပွားခဲ့ ပါတယ်။ အကြိမ်တိုင်းမှာ သေဆုံးသူ ဦးရေ မြင့်မားတဲ့ အတွက် လေကြောင်း ခရီးသွားလာရေး လုပ်ငန်း တစ်ခုလုံးကို အရိပ်မည်းကြီး အုပ်မိုး ထားသလို ခံစားစေခဲ့ ပါတယ်။ ကံဆိုး မိုးမှောင်ကျခဲ့တဲ့ ခရီးသည်နဲ့ လေယာဉ် အမှုထမ်း အရေအတွက် ဟာ မနည်းလှ သလို သက်ဆိုင်ရာ လေကြောင်း တွေရဲ့ ဂုဏ်သိက္ခာ ၊ လုံခြုံရေး နဲ့ အနာဂတ် စီးပွားရေး တို့ကိုလည်း အကြီးအကျယ် ထိခိုက် စေခဲ့ပါတယ်။

၁ ။ ဒီဇင်ဘာ ၂၈ ရက် = အခုနောက်ဆုံး ဖြစ်ပွားခဲ့တဲ့ လေကြောင်း ဖြစ်ရပ်ဆိုးကြီး ကတော့ ဒီဇင်ဘာ ၂၈ ရက်မှာ ပျောက်ဆုံး သွားခဲ့တဲ့ အင်ဒိုနီးရှား နိုင်ငံ Air Asia လေကြောင်းပိုင် Airbus A 320-200 အမျိုးအစား လေယာဉ် ခရီးစဉ် အမှတ် QZ8501 ပဲ ဖြစ်ပါတယ်။ အင်ဒိုနီးရှား နိုင်ငံ ၊ ဆူရာဘိုင်ယန် လေဆိပ်ကနေ စင်ကာပူနိုင်ငံ ကို လူဦးရေ ၁၆၂ ဦး တင်ဆောင် ပျံသန်းလာတဲ့ လေယာဉ်ဟာ လေဆိပ်က ထွက်ခွာပြီး ၂ နာရီ ၀န်းကျင်ခန့်မှ ဂျာဗား ပင်လယ်ပြင်ပေါ် အရောက် ရာသီဥတု ဆိုးရွားမှုနဲ့ ကြုံတွေ့ခဲ့ရပြီး လမ်းကြောင်း ပြောင်းခွင့် တောင်းခံခဲ့ ပါတယ်။ အဲဒါ လေယာဉ်နဲ့ ထိန်းချုပ်ရေး မျှော်စင်တို့ အကြား နောက်ဆုံး ရရှိခဲ့တဲ့ အဆက်အသွယ် ပဲ ဖြစ်ခဲ့ပါတယ်။ အဲဒီနောက် လေယာဉ်ဟာ ရေဒါပေါ် ကနေရော ၊ ဆက်သွယ်ရေး လမ်းကြောင်း ပေါ်ကနေပါ ပျောက်ဆုံး သွားခဲ့ပါတယ်။



လေယာဉ် ပျောက်ချိန် ကနေ နောက်ထပ် ၁၂ နာရီကြာသည် အထိ အင်ဒိုနီးရှား နိုင်ငံနဲ့ စင်ကာပူ နိုင်ငံက ရဟတ်ယာဉ်တွေ၊ သင်္ဘောတွေ က ဂျာဗား ပင်လယ်ပြင်ထဲ QZ8501 ကို ပိုက်စိပ် တိုက် ရှာဖွေခဲ့ပေမယ့် မတွေ့ခဲ့ကြ ပါဘူး။ မိုးချုပ် လာသလို ရာသီဥတု ကလဲ ပြင်းထန်ဆိုးရွား လှတဲ့ အတွက် ရှာဖွေရေး လုပ်ငန်းကို တစ်ညတာ ရပ်ဆိုင်း ခဲ့ရပြီး အဲဒီနေ့ နံနက်မှာ အင်အားအပြည့် နဲ့ ဆက်လက်ရှာဖွေ ခဲ့ကြပါတယ်။ လူပေါင်း ၁၆၂ ဦးရဲ့မိသားစု၊ ဆွေမျိုးသားချင်း တို့ရဲ့ စိုးရိမ်သောက၊ ဒေါသမေးခွန်း တွေကို ဖြေကြားနေရတဲ့ Air Asia လေကြောင်း တာဝန်ရှိ သူတွေ၊ နှစ်နိုင်ငံ အစိုးရအဖွဲ့ တွေမှာလဲ ကြီးစွာသော ဂယက်တွေ ရိုက်ခတ် နေပါတယ်။


၂။ ဇန်နဝါရီ ၁၉ ရက် ။ Intan ကုမ္ပဏီပိုင် စင်းလုံးငှား လေယာဉ်ငယ် ပျက်ကျခဲ့ပြီး လူ လေးဦး သေဆုံးခဲ့ပါတယ်။ ပါပူအာ ကျွန်း ဇေယျာပူရ လေဆိပ်ကနေ ဆူရာဘိုင်ယန် လေဆိပ်ကို ဦးတည်ပျံသန်း လာတဲ့ စက်နှစ်လုံးတပ် လေယာဉ်ငယ် Piper Seneca ဟာ ရာသီဥတု ဆိုးရွားမှုကြောင့် အင်ဒိုနီးရှား နိုင်ငံ မာလူကာ ကမ်းခြေမှာ ပျက်ကျခဲ့ တာပါ။ လေယာဉ်ပေါ် ပါလာတဲ့ လေယာဉ်မှူး တစ်ဦး၊ လေကြောင်း အင်ဂျင်နီယာ နှစ်ဦး၊ မြေပြင် ထိန်းချုပ်ရေး အရာရှိ တစ်ဦး စုစုပေါင်း လေးဦး သေဆုံးခဲ့ ပါတယ်။


၃။ ဖေဖော်ဝါရီ ၁ ရက် ။ Lion Air ဆင်းသက်မှု ကြမ်းတမ်း ခဲ့ခြင်းကြောင့် လူနှစ်ဦး ဒဏ်ရာ ပြင်း ထန်စွာ ရရှိခဲ့ပါတယ်။ အင်ဒိုနီးရှား နိုင်ငံ Lion Air ပိုင် ဘိုးအင်း ၇၃၇-၉ဝဝ တစ်စင်းဟာ အင်ဒိုနီးရှားနိုင်ငံ ဆူရာဘိုင်ယန် လေဆိပ် ကို အဆင်းမှာ မထိန်းနိုင်ဘဲ ကျွမ်းထိုး မှောက်ခုံ ဖြစ်လု နီးပါး ဖြစ်ခဲ့ပါတယ်။ လေယာဉ် ပေါ်မှာ စီးနင်းသူ ၂၂၅ ဦး လိုက်ပါ လာခဲ့တဲ့ အနက် နှစ်ဦးဟာ ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပြီး သုံးဦးဒဏ်ရာ အနည်းငယ်စီ ရရှိခဲ့ကြ ပါတယ်။ လေယာဉ်ဘီးနဲ့ ပြေးလမ်း ပထမဆုံး ထိတွေ့ပြီး နောက်ပိုင်း နောက်ထပ် လေးကြိမ်တိတိ ခုန်ဆွ၊ ခုန်ဆွဖြစ်ပြီး ငြိမ်သွားခဲ့တာ ဖြစ်ပါတယ်။


၎ ။ မတ် ၈ ရက် ။ မလေးရှား လေကြောင်း လေ ယာဉ် ခရီးစဉ်အမှတ် MH 370 ပျောက်ဆုံး ခဲ့ပါ တယ်။ လူ၂၃၉ ဦး တင်ဆောင် ထားတဲ့ MH 370 ဟာ မလေးရှားနိုင်ငံ ကွာလာလမ်ပူ လေဆိပ်ကနေ တရုတ်နိုင်ငံ ပေကျင်းလေဆိပ်ကို အသွား မှာ ပျောက်ဆုံး ခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတကာေ လယာဉ်တွေ၊ သင်္ဘောတွေနဲ့ အကြီးအကျယ် ရှာဖွေခဲ့ ပေမယ့် ဒီနေ့ ဒီအချိန်ထိ လေယာဉ်ရဲ့ အပျက်အစီး အစအန ကိုတောင် မတွေ့ရ သေးပါဘူး။


၅ ။ မေ ၁၇ ရက် ။ လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ် Douangchay Phichit နဲ့ ကာကွယ်ရေး ဝန်ကြီး တို့ နှစ်ဦးဟာ လေယာဉ် ပျက်ကျရာမှာ သေဆုံးခဲ့ ပါတယ်။ လာအိုနိုင်ငံ စစ်ဘက် လေယာဉ်ဟာ Xiangkhouang ပြည်နယ် မြောက်ပိုင်း တောအုပ် ထူထပ်တဲ့ တစ်နေရာမှာ ပျက်ကျခဲ့တဲ့ အခါ ဒုတိယ ဝန်ကြီးချုပ်နဲ့ ကာကွယ်ရေး ဝန်ကြီး အပါအဝင် လူ ၁၄ ဦး သေဆုံးခဲ့ ပါတယ်။


၆ ။ ဇူလိုင် ၂၃ ရက် ။ ထိုင်ဝမ်လေယာဉ် Trans Asia Airways ပျက်ကျပြီး လူ ၄၈ ဦးသေဆုံး ခဲ့ပါတယ်။ထိုင်ဝမ် Penghu က ကျွန်း အနောက် ဘက် ကိုအရောက် မုန်တိုင်းထန်တဲ့ မိုးလေ ဝသ ကြောင့် လေယာဉ် ပျက်ကျခဲ့တဲ့ အတွက် လူ ၄၈ ဦး သေဆုံးပြီး ၁ဝ ဦး ဒဏ်ရာရရှိ ခဲ့ပါတယ်။ ပြည်တွင်း လေကြောင်း ဖြစ်ပြီး လေယာဉ် ခရီးစဉ်အမှတ် GE 222 ဖြစ်တဲ့ ART-72 အမျိုးအစား လေယာဉ်ဟာ Kaohsiung အပြည်ပြည် ဆိုင်ရာ လေဆိပ်ကနေ Penghu ကျွန်း Magong လေဆိပ်ကို ဦးတည်ပျံသန်း ခဲ့တာ ဖြစ်ပါတယ်။ တိုင်ဖွန်း Matmo ကြောင့် လေယာဉ် ခရီးစဉ်ကို အချိန်ရွှေ့ဆိုင်း ခဲ့ပါသေးတယ်။ နောက်ဆုံးတော့ အဆင်းမှာ လေယာဉ် ပြေးလမ်းနဲ့ လွဲချော်ခဲ့ပြီး ပျက်ကျခဲ့တာ ဖြစ်ပါတယ်။


၇ ။ ဇူလိုင် ၁၇ ရက် ။ MH 17 ပစ်ချခံခဲ့ရတဲ့ အတွက် လူ ၂၉၈ ဦး သေဆုံးခဲ့ ပါတယ်။ မလေး ရှား လေကြောင်း လေယာဉ် ခရီးစဉ် အမှတ် MH 17 ဘိုးအင်း ၇၇၇ လေယာဉ်ကြီးဟာ အမ်စတာဒမ် မြို့ ကနေ ကွာလာလမ်ပူ မြို့ကို ဦးတည်ပျံသန်း နေ ခဲ့ရာမှ ယူကရိန်းနိုင်ငံ အရှေ့ဘက် ကောင်းကင်ယံ ထဲအရောက် ဒုံးကျည်လို့ ယူဆရတဲ့ အရာ ထိ မှန်ပေါက်ကွဲ ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ လေ ယာဉ်ပေါ် မှာပါတဲ့ လူ ၂၉၈ ဦးလုံး သေဆုံးခဲ့ ပါတယ်။ ယူကရိန်း အစိုးရနဲ့ ရုရှား လိုလားသူ ခွဲထွက်ရေး သူပုန်တွေက တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန် အပြစ်တင် ခဲ့ကြပါတယ်။ လေယာဉ်ကြီး ဟာ လေထဲမှာပင် ပေါက်ကွဲခဲ့တာ ဖြစ်ပြီး လေယာဉ် အပျက်အစီး အပိုင်းအစ တွေ ဟာလဲ မိုင်ပေါင်းများစွာ အထိ ပြန့်ကျဲသွားခဲ့ ပါတယ်။ စုံစမ်းစစ်ဆေးမှု အရ လေယာဉ် ကိုယ်ထည် အရှေ့ပိုင်းကို အလွန်အားပြင်းတဲ့ အရာတွေ က အပြင်ကနေ ထိုးဖောက်ခဲ့တဲ့ လက္ခဏာ တွေကို တွေ့ရှိခဲ့ရ ပါတယ်။


၈ ။ နိုဝင်ဘာ ၁၈ ရက် ။ ထိုင်းနိုင်ငံ မြို့တော် ဗန်ကောက်ကနေ မိုင်ပေါင်း ၃၇ဝ အကွာမှာရှိတဲ့ ဖယောင်ပြည်နယ် ထဲကနေ ပျံတက်လာတဲ့ စက်နှစ် လုံးတပ် Bell 212 စစ်ဘက် ရဟတ်ယာဉ် တစ်စင်း ဟာ မြေပြင်ကနေပျံတက်ပြီး မိနစ်ပိုင်း အတွင်းမှာပဲ ပျက်ကျခဲ့တဲ့ အတွက် ရဟတ်ယာဉ်ပေါ် လိုက်ပါလာ တဲ့ စစ်ဘက်ဆိုင်ရာ အမှုထမ်း ကိုးဦးလုံး သေဆုံးခဲ့ ပါတယ်။


၉ ။ ဒီဇင်ဘာ ၂၁ ရက် ။ ထိုင်းနိုင်ငံမှာ ရေဘေး ကယ်ဆယ်ရေး ပစ္စည်းတွေ တင်ဆောင် ပျံသန်းနေ တဲ့ ရဟတ်ယာဉ် ပျက်ကျခဲ့တဲ့ အတွက် လူ လေးဦး ဒဏ်ရာရရှိခဲ့ ပါတယ်။ အဲဒီ စစ်ဘက် ရဟတ် ယာဉ်ဟာ ထိုင်းနိုင်ငံထဲမှာ ရေလွှမ်းမိုးခြင်း ခံနေရ တဲ့ Yala ဒေသကို ရေဘေး ကယ်ဆယ်ရေး ပစ္စည်းတွေ ပို့ဆောင်ဖို့ ပျံသန်းလာချိန်မှာပဲ ပျက်ကျ ခဲ့ခြင်း ဖြစ်ပြီး ရဟတ်ယာဉ်ပေါ် လိုက်ပါလာတဲ့ လေကြောင်း အမှုထမ်း လေးဦး ဒဏ်ရာရရှိ ခဲ့တာ ဖြစ် ပါတယ်။

#PyiChitThar

ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစာရှင်းလင်းပွဲမှ အမေးအဖြေများ

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်က ဒီဇင်ဘာ ၃၀ ရက်တွင်ပြည်တွင်းပြည်ပ သတင်းထောက် များနှင့်တွေ့ဆုံ၍ အချိန် လေးဆယ့် ငါးမိနစ်ကြာသတင်း စာရှင်းလင်း ပွဲတစ်ရပ်ပြု လုပ်ခဲ့ သည်။ သတင်းစာရှင်းလင်းပွဲ၏ ခေါင်းစဉ်ကို သတ်မှတ်ထားခြင်းမရှိဘဲ သတင်း ထောက် များ မေးမြန်းသော မေးခွန်းများအားလုံးကို ဖြေကြား ပေးခဲ့သည်။ သတင်းစာရှင်းလင်း ပွဲတွင် Education Digest၊ ပြည်သူ့ခေတ်၊ ပေါ်ပြူလာနယူး၊ မဇ္ဈိမ၊စံတော်ချိန်၊ 7 Day Daily၊ TheVoice၊ MITV၊ 5 Plus၊ AP၊ AFP၊ CCTV၊ ကုမုဒြာ၊ နိပွန် TV၊ ယူမီယူရီ၊ဧရာဝတီ၊ The Farmer သတင်းဌာနများက မေးခွန်းများမေးမြန်း ခဲ့ပြီး စာဖတ်ပရိသတ်များအ တွက် အမေးအဖြေများကို ကောက်နုတ် ဖော်ပြပေးလိုက်ရပါသည်။

အမျိုးသားပညာရေး ဥပဒေ အခန်း၃ (ဈ) မှာ ပါတဲ့ ကျောင်းများမှာ ဘာသာရေး နိုင်ငံရေး ကင်းလွတ်စေရေးဆိုတဲ့ အချက်မှာ ဒီနိုင်ငံရေးဆိုတဲ့အချက်ကို အန်တီအနေနဲ့ ဘယ်လိုသဘော ထားများရှိပါ သလဲ။

အဲဒါက နိုင်ငံရေးပါတီတွေရဲ့လွှမ်းမိုးမှု မရှိအောင်ဆိုပြီး ထည့် တယ်လို့ ဒီလိုပဲ အန်တီတို့က ယူဆပါ တယ်။ နိုင်ငံရေးဆိုတာ ဘယ်မှာမှ ကင်းလို့မှမရတာ။ ကိုယ့်မီးဖိုချောင်ထဲမှာတောင် ကင်းလို့မရ တာ ဘယ်လိုလုပ်ကျောင်းတွေမှာ ကင်းလို့ရမှာလဲ။ ဒီကျောင်းတစ်ခု ရဲ့ အုပ်ချုပ်ပုံအကြောင်းအရာ သင်ရိုးညွှန်း တမ်းတွေ ဆိုတာကလည်း အစိုးရနဲ့ ပက်သက်နေတယ်ဆိုကတည်းက နိုင်ငံရေးနဲ့ ပက် သက်လို့ပေါ့။ အဲဒီတော့ နိုင်ငံရေး ကင်းတယ်ဆိုတဲ့ သဘောက အထူးသဖြင့် ကျောင်းဆရာ၊ ဆရာမတွေ က၊ ကျောင်းအုပ်ချုပ် သူများက မိမိတို့ရဲ့ သက်ဆိုင်ရာ ဆန္ဒရှိရာ နိုင်ငံရေးကိုမလှုပ်ရှား နိုင်အောင် ဒီလိုထည့်သွင်းထား တယ်လို့ ဒီလိုပဲ ယူဆတာပေါ့။

လက်ပံတောင်းတောင်ကိစ္စ အစိုးရဖြေရှင်းနေတဲ့အပေါ်မှာ အန်တီတို့ဘယ်လိုမြင်သလဲ၊ ဘယ်လိုဖြေရှင်း မလဲပေါ့။

အန်တီတို့ဘယ်လိုဖြေရှင်း မလဲဆိုတာ အရင်တုန်းထဲက အစီ ရင်ခံစာထဲမှာပါပြီးသားပါ။ အန်တီတို့ အစီရင်ခံစာထဲမှာ ဘယ်လိုဘယ်လို ဆိုတာ အသေးစိတ်ကို အကြံပြုထားပါတယ်။ အစီရင်ခံစာကို ဖတ်လိုက်လို့ရှိရင် ရှင်းပါတယ်။ ဒါပေမဲ့ အစီရင်ခံစာ အကြံပြုချက်တွေအတိုင်း အစီရင်ခံစာအကြံပြု ချက်တွေကို ဖော်ထုတ်ရေးကော်မတီက တိတိကျ ကျမလုပ်သွားဘူးဆိုတာတော့ မြင်ရပါတယ်။ ဒီအစီရင် ခံစာ ကို ဖတ်ဖို့ လိုပါတယ်။ အစီရင်ခံစာ ကနည်းနည်းရှည်ပါတယ်။ ဘာတွေ၊ ဘာတွေပါလဲဆိုတာ သတင်းစာရှင်းလင်းပွဲမှာ အသေးစိတ်ပြောလို့မရပါဘူး။ ဖတ်ပြီး တော့ အကြံပြုချက်တွေအတိုင်း သက်ဆိုင်ရာအကောင်အထည် ဖော်မှုကော်မတီက လုပ်နေရဲ့လားဆိုတာ သက်ဆိုင်ရာ ပြည်သူလူထု အားလုံးသုံးသပ် လို့ရပါတယ်။ အစီရင်ခံစာတင်ပြီးတဲ့နေ့မှာပဲ သမ္မတကနေ အကောင် အထည်ဖော်မှု ကော်မ တီကို ဖွဲ့လိုက်တယ်။ အဲဒီကော်မတီက ဘယ်လောက်အထိတိတိ ကျကျ လုပ်နိုင်လဲ ဆိုတာ သူတို့ရဲ့ လုပ်ရပ်တွေကို နှိုင်းယှဉ်ကြည့်ရင် သိနိုင်ပါတယ်။

အန်တီဆို ဘယ်လိုလုပ်မှာပါလဲ။

အန်တီတို့ဘယ်လိုလုပ်မလဲမေးရင်တော့ အစီရင်ခံစာအတိုင်း လုပ်မှာပေါ့။ အန်တီတို့တင်တဲ့ အစီရင်ခံစာပဲ။

အခု သမ္မတဦးသိန်းစိန်အစိုးရတက်တာ လေးနှစ်ရှိပြီ။ ဒီကာလအတွင်း မှာ သူတို့ရဲ့ ပေးထားတဲ့ ကတိကဝတ်တွေကို လုပ်ဆောင် ချက်တွေနဲ့ ပက်သက်ပြီး အန်တီရဲ့ သဘောထားမှတ်ချက်ကို သိချင် ပါတယ်။ ဘာကြောင့်လဲဆိုရင် သမ္မတဦးသိန်းစိန်က နောက်သက်တမ်းကို ပြင်ဆင်နေပြီဆိုပြီး သိရပါတယ်။ ဒီပုဂ္ဂိုလ်ကပဲ နောက်အစိုးရကိုဆက်ပြီး ဦးဆောင်သွားမယ်ဆိုရင် ဘယ်လိုဖြစ်လာနိုင်ပါလဲ။

အန်တီက နိုင်ငံရေးသမား များ ကတိကဝတ်ပေးတာနဲ့ ပက်သက်ပြီး အများကြီးပဲ သတိနဲ့ ဆင်ခြင်သင့်တယ်လို့ ထင်ပါ တယ်။ ဘာလို့လဲဆိုရင် ပြည်သူကို ပေးတဲ့ကတိဆိုတာ တည်ရ တယ်။ မတည်နိုင်ဘူးလို့ ထင်ရင်မပေးဖို့ပဲရှိတယ်။ ဒါကြောင့်မို့လို့အန်တီတို့က မူအရကို ကတိတွေမပေးဘူး။ အန်တီ ရှင်းရှင်းလင်း လင်းပဲ ၂၀၁၂ တုန်းက ကြားဖြတ်ရွေးကောက်ပွဲမှာဝင်ပြီး အရွေးခံ တုန်းက အန်တီပြောခဲ့တယ်။ ပြည်သူကို ကတိကဝတ်တွေ မပေး ဘူး။ ပေးတဲ့ကတိတစ်ခုပဲ ရှိ တယ်။ ကျွန်မတို့ အတတ်နိုင်ဆုံး ကြိုးစားမယ်။ ဒါထက်ပိုပြီးတော့ ကျွန်မတို့ မပေးဘူး၊ မပေးနိုင်ဘူး။တချို့ကဆိုလို့ရှိရင် ဘယ်လိုပြော လဲဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ကတိပေးခဲ့တယ်ပေါ့ ။ တရားဥပဒေစိုးမိုးရေးဖြစ်စေ ရမယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲမယ်၊ ပြည်တွင်းငြိမ်းချမ်းရေးလုပ်မယ်။ အန်တီတို့ဘယ်တုန်းကမှ အဲဒီလိုကတိတွေ မပေးခဲ့ဘူး။ အဲဒါ အန်တီတို့ရဲ့ မူဝါဒကို ချပြခဲ့တာ။ အဖွဲ့ချုပ်ရဲ့ မူဝါဒ၊ အဖွဲ့ချုပ်ရဲ့ လမ်းစဉ် ရွေးကောက်ပွဲကို ဒီလမ်းစဉ်မူဝါဒတွေ ပေါ်မှာ အခြေခံပြီးတော့ ယှဉ်ပြိုင် ပါမယ်ဆိုပြီး ချပြခဲ့တယ်။ ဒီဟာတွေကို တကယ်အောင်မြင် အောင်လုပ်ပေးပါ့မယ်လို့ ကတိ မပေး ခဲ့ဘူး။ သေချာလည်း ပြောခဲ့တယ်။ အဲဒီတုန်းက ဝင်အရွေးခံတာ ၄၄ ယောက် အားလုံးနိုင်ရင် တောင်မှ လွှတ်တော်ထဲမှာ လူနည်းစုလေးပဲဖြစ်နေမှာ။ ဒီဟာ တွေကို ဒီလွှတ်တော်ထဲမှာ အ ကောင် အထည်ဖော်ပေးနိုင်ဖို့ဆိုတာ ဒါလက်တွေ့မကျဘူးဆိုတာလည်း အန်တီတို့ရှင်းပြခဲ့ တယ်။ ပြည်သူတွေကို ဘယ်တုန်းကမှ မတည်နိုင်တဲ့ ကတိတွေကို မဲရအောင် မပေးခဲ့ဘူး။ ဒီတော့ခုနကမေးတဲ့အထဲမှာ ဦးသိန်းစိန်အစိုးရက ဘယ်လောက်ထိ ကတိတွေ တည်ခဲ့လဲဆိုတာ ပြည်သူတွေ ကို ပြန်မေးရ မယ်။ ပြည်သူတွေ ကို ဘာကတိတွေပေးခဲ့လဲ။ အဲဒီပေးခဲ့တဲ့ ကတိတွေ အတိုင်းလုပ်ခဲ့ ရဲ့လား ဆိုတာ ပြည်သူတွေကဆုံး ဖြတ်ချက်ပေးနိုင်မှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံကုမ္ပဏီတွေ မြန်မာ နိုင်ငံမှာ လာရောက်ရင်းနှီးမြုပ်နှံမှု ပေါ်မှာ အန်တီရဲ့သဘောထား။နောက် တရုတ်ကို ဘယ်တော့ လောက်သွားဖို့ရှိပါသလဲ။
ဘယ်နိုင်ငံက ကုမ္ပဏီဖြစ် ဖြစ်လာပြီး ရင်းနှီးမြှုပ်နှံလို့ရှိရင် အန်တီတို့ ဖြစ်စေချင်တာက သူ့ အကျိုး၊ ကိုယ့် အကျိုးကြည့်ပါ။အပြင်ကနေ လာရင်းနှီးတဲ့ ကုမ္ပဏီတွေက မိမိတို့ရဲ့အကျိုးကိုကြည့် ပြီး လာရင်းနှီး တယ်ဆိုတာ သဘာဝကျပါတယ်။ စီးပွားရေး ဆိုတာ ဒီလိုပါပဲ။ ဒါပေမဲ့ လာပြီးရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံရဲ့ အကျိုးကိုလည်း ကြည့်ရပါမယ်။ အများအကျိုး၊ ကိုယ်အကျိုး၊ အကျိုးနှစ်သွယ်ကြည့်ရမှာပါ။ ကိုယ့်အကျိုး အတွက်ပဲကြည့်လို့မရဘူး။ ဒါကြောင့် နိုင်ငံခြားကုမ္ပဏီတွေ ကလာပြီး ရင်းနှီးမြှုပ်နှံတဲ့အခါ ဒီနိုင်ငံရဲ့ အစိုးရကလည်း ကိုယ့်နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ အကျိုး ကို စောင့်ရှောက်နိုင်ဖို့ ဥပဒေအရ လုပ်သင့် လုပ်ထိုက်တာကို လုပ်ရပါမယ်။ လာပြီးတော့ ရင်းနှီးမြုပ်နှံမှုတဲ့ ကုမ္ပဏီကလည်း ဒီနိုင်ငံက ပြည် သူပြည်သားတွေနဲ့ အဆင် ပြေအောင် နှစ်ဖက်စလုံးအကျိုးရှိ အောင်လို့ စဉ်းစားပြီးလုပ်ရမယ်။ ကိုယ့်ဘ က်ချည်းပဲ ကြည့်လို့မရဘူး။ အခုခေတ်ကမ္ဘာကြီးမှာ ဘယ်သူကမှ ဒီလူတွေနဲ့ ငါတို့မပေါင်း ဘူး။ ကင်းအောင် ရှင်းအောင်နေမယ်ဆိုပြီး လုပ်လို့ရတဲ့ခေတ် မဟုတ်ဘူး။ ဒါကြောင့်မို့လို့ ပိုပြီးတော့ တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ အဆင်ပြေဖို့လိုတယ် အဆင်ပြေဖို့ဆိုတာ မျှမျှတတဖြစ် ရမယ်။ တစ်ဖက်ကလည်း ဘာ လိုအပ်တယ်ဆိုတာကြည့်ရမယ်။အဲဒီလိုပုံစံနဲ့ နိုင်ငံခြားကနေ ရင်းနှီးမြုပ်နှံမယ်ဆိုရင် နှစ်ဖက်စလုံး အတွက် အကျိုးရှိတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ရဲ့ ၂၀၁၅ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မလား၊ ဝင်ရောက်မယှဉ်ပြိုင် ဘူးလားဆိုတာ နဲ့ပက်သက်ပြီး နည်းနည်းလေးရှင်းပြပေးစေ လိုပါတယ်။
ရွေးကောက်ပွဲကို ဘယ်တော့ကျင်းပမလဲ၊ ကျင်းပမယ်ဆို တာ တရားဝင်ကြေညာတဲ့အခါ ကျရင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီက ဒီရွေးကောက်ပွဲမှာ ဝင်ပြီးတော့ ယှဉ်ပြိုင်မှာလား၊ မယှဉ်ပြိုင် ဘူးလားဆိုတာ တရား ဝင်ကြေညာမှာ ဖြစ်ပါတယ်။ အခု ချိန်က သိပ်စောပါသေးတယ်။ ရွေးကောက်ပွဲက ကျင်းပမှာလား။ ဘယ်တော့ကျင်းပမှာလဲဆိုတာ သေသေချာချာမသိသေးပါဘူး။

အခုနိုင်ငံတော်သမ္မတဆိုက်မှာ အစိုးရဝန်ထမ်းတွေလစာတိုးဖို့ကို စစ်တမ်းကောက်ယူနေတယ်ရှင့် ၊ လွှတ်တော်အမတ်တွေကိုလည်း လစာတိုးပေးဖို့ ပြောထားတာရှိတယ်လေ။ အဲဒီတော့ စစ်တမ်း ကောက် ယူမှုက လစာတိုးမှူ အပေါ်မှာ ဘယ်လိုသက်ရောက်မှူ ရှိနိုင်လဲ။ အဲဒီက ထွက်လာတဲ့ စစ်တမ်းက လစာတိုးတဲ့အခါမှာ အဆင်ပြေရဲ့လား။ တကယ့်ပညာ ရှင်တွေဆုံးဖြတ်မှုက အတည် လိုအပ်လား။ ဒါမှမဟုတ်ပြည်သူတွေရဲ့စစ်တမ်းက တကယ်လိုအပ်လား အကြံဉာဏ်လေးပေးပေး ပါဦးရှင့်။
ပထမဦးဆုံးပြောချင်တာက လေ စစ်တမ်းကောက်တဲ့အခါမှာ ကောက်ချင်တဲ့ကိစ္စကျတော့ ကောက်ပြီး မကောက်ချင်တဲ့ ကိစ္စကျတော့ မကောက်တာကို သဘောမကျဘူး။ အဲဒီတော့ ဒီလစာတိုးရေးဆိုတဲ့ကိစ္စကို စစ်တမ်းကောက်ရင် ဘာဖြစ်လို့ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိစ္စကိုစစ်တမ်းမကောက်သလဲ။ တကယ်တစ်တိုင်းပြည်လုံးအ တွက် အရေးကြီးတဲ့ ကိစ္စကျတော့ စစ်တမ်းမကောက်ဘဲနဲ့ ဒီဟာကျမှ ဘာဖြစ်လို့ စစ်တမ်းကောက်လဲဆိုတာ အဲဒါကို အန်တီကမေးချင် တယ်။ စစ်တမ်းကောက်ပြီးတော့ ဘယ်လုပ်ဖို့ရည်ရွယ်ချက်ရှိလဲဆိုတာ စစ်တမ်းကောက်တဲ့ထဲမှာ မထည့်ထားဘူး။ အဲဒါထည့်ရ မှာလေ။ မေးပေါ့ ကောက်တဲ့သူတွေ ကိုမေးပေါ့။ အခု စစ်တမ်းကောက် ပြီးတော့ စစ်တမ်းကောက်တဲ့ အဖြေပေါ်မှာ အခြေခံပြီးတော့ ဘာလုပ်ဖို့များ ရည်ရွယ်ချက်ရှိပါလဲဆိုတာ ကောက်နေတဲ့သူတွေ ကို မေးဖို့ လိုအပ်ပါတယ်။

အန်တီ တို့ ၄၃၆ နဲ့ ပက်သက်လို့ပြုပြင်ရေး ကို လက်မှတ်ထိုးဖို့ လှုပ်ရှားမှု လုပ်တဲ့အခါ တချို့က မေးတယ်။ဘယ်လိုသက်ရောက်မှုရှိတယ် ထင်လဲ၊ ဘာလုပ်ဖို့လိုတယ်ထင် လဲ။ အန်တီတို့ရှင်းပြ ပါတယ်။လွှတ်တော်ရဲ့ဆောင်ပုဒ်က ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူ့အသံ လွှတ်တော်အသံဆိုပြီး အဲလိုတွေပြောထားတော့ ဒီအတိုင်းဖြစ်ဖို့အတွက် ဦးတည်ပြီး တော့ ကြိုးစားပြီးတော့လုပ်မယ်၊နောက်ပြီး အန်တီတို့ ယုံကြည်ချက် ကတော့ ပြည်သူလူထုရဲ့ ဆန္ဒဆိုတာ သက်ရောက်မှုရှိ တယ်။ တချို့ကမေးတယ် ၄၃၆နဲ့ပတ်သက်လို့ ငါးသန်းကနေလက်မှတ်ထိုးတယ်။ လက်မှတ်ထိုးပြီးတော့ ဘာသက်ရောက်မှုရှိ လဲဆိုတာ သက်ရောက်မှုရှိတယ်။

နံပါတ်(၁)က အရေးကြီးဆုံးက ဘာလဲဆိုရင် ကျွန်မတို့ရဲ့ ဒီမြန်မာနိုင်ငံရဲ့ ပြည်သူတွေ က နိုင်ငံရေး စိတ်ပါမှုရှိတယ်။ ဥပဒေပြုပြင်ပြောင်းလဲရေးကို တကယ်လိုလားတယ်ဆိုတာ ကမ္ဘာကနေ သိသွားတယ်။ တချို့ကတော့ မလိုလားတဲ့ သူတွေက ပြောတာပေါ့။ ငါးသန်းပဲကျန်တဲ့သူတွေက ကျန် သေးတယ်။ အန်တီ တို့က ရဲရဲဝံ့ဝံ့ပြောရဲတယ်။ ကျန်တဲ့သူတွေရဲ့ ဆန္ဒသိချင်ရင် ဆန္ဒခံယူပွဲလုပ်လိုက်ပေါ့။ ပြည်လုံးကျွတ်ဆန္ဒခံ ယူပွဲလုပ်လိုက်ပါ။ ငါးသန်းဆိုတဲ့ဟာကလည်း ကမ္ဘာ့အဆင့်နဲ့ ဆို မနည်းပါဘူး။ အနောက်တိုင်း နိုင်ငံတွေက ရင့်ကျက်တဲ့ဒီမိုကရေစီနိုင်ငံတွေကတောင် အံ့သြ တယ်။ သူတို့နိုင်ငံမှာတောင် ဒီလို လှုပ်ရှားမှုတွေလုပ်တဲ့ အခါ တစ်သန်းရအောင်တောင်မနည်း ကောက်ရတယ်။ ဒါကရင့်ကျက် ပြီး လွတ်လွတ်လပ်လပ် ပြည်သူ ကနေ ဆန္ဒဖော်ထုတ်နိုင်တဲ့ နိုင်ငံ တွေတောင်မှ ဒီလိုတစ်သန်းရဖို့ကို ခက်ခက်ခဲခဲနဲ့ လုပ်ရတယ် တဲ့။ မြန်မာနိုင်ငံမှာ ငါးသန်းရတယ်ဆိုတော့ သူတို့တော်တော်ကိုအံ့အားသင့်တယ်။ အဲဒါကြောင့် လည်း မြန်မာပြည်သူလူ ထုက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကို နားလည်တယ်၊ လိုလား တယ်ဆိုတာ သမ္မတကနေသိသွားပြီ။ အဲဒါကြောင့် အလုပ်တစ်ခုလုပ်တယ် ဆိုတာ လုပ်တဲ့သူက ရှင်းပြရမယ်။ ဘာရည်ရွယ်ချက်နဲ့ လုပ်တယ်ဆို တာ။

ပြီးခဲ့တဲ့ ရက်ပိုင်းက ကြေညာတဲ့ NLD ဗဟိုကော်မတီရဲ့ ကြေညာ ချက်မှာ ၂၀၁၅ က election campaign year ဆိုပြီး ပြောထားတာ ။ ၂၀၁၅ ကို စည်းရုံးရေးနှစ်ဆို ပြီးလည်း ပြောသေးတယ်။ အခုလည်း ရွေးကောက်ပွဲဒိတ်ပေါ်မှာ မူတည်ဆိုတာ အဲဒီနှစ်ခုက ကွဲပြားနေမလား ဆိုတာ။
အဲဒါကြောင့်မို့လို့နားလည်မှုလွဲနေတယ်လို့ အန်တီက ပြောတာ election campaign နှစ်လို့ ပြောတာ မဟုတ်ပါဘူး။ စည်းရုံးရေးနှစ်ဆိုတာဟာ ပြည်သူလူထုကို စည်းရုံးတာ ပြောတာပါ။ ပြည်သူလူထုကို စည်းရုံး တယ်ဆိုတာဟာ နိုင်ငံရေးအရပေါ့နော် အန်တီတို့က စည်းရုံးရေးဆိုတာကို ဘယ်လိုနားလည် လဲဆိုတာ ပြည်သူလူထု နဲ့ အန်တီတို့ဟာ တူညီတဲ့ ပန်း တိုင်တွေအတွက် တူညီတဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ချီတက် သွားနိုင်ဖို့ ဒါကိုအန်တီတို့ က စည်းရုံးရေးလို့ သတ်မှတ်ပါတယ်။ အဲဒီတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြုပြင်ပြောင်လဲဖို့အတွက် လုပ်တယ်ဆိုတာလည်း စည်းရုံးရေးပဲ ရွေးကောက်ပွဲနိုင်အောင်လုပ်တာ တစ်ခုတည်း စည်းရုံးရေး မဟုတ်ပါဘူး။ ဒါ အင်မတန်မှ ကျဉ်းမြောင်းတဲ့ အမြင်ပါ။ အန်တီတို့အတွက် စည်းရုံးရေးဆိုတာ ဘာလဲဆိုရင် အတိုချုပ်ပြောရင် ဒီမိုကရေစီ အမြစ်တွယ်ရေး အတွက် ပြည်သူတွေ အားလုံး ပူးပေါင်းပါဝင်ဖို့ အန်တီတို့ အဓိက စည်းရုံးရေးလုပ်ရတဲ့ လမ်းစဉ် ဖြစ်ပါတယ်ဖို့ လိုပါတယ်။

ခုနက ပြောတာလေ ရွေးကောက်ပွဲနီးလာရင် ပါတီအနေနဲ့ ဝင်၊ မဝင်ဆုံးဖြတ်မယ်ဆိုတာ ဘယ်လို အခြေအနေမျိုးက ပါတီအနေ နဲ့ မဝင်တဲ့ အခြေအနေလို့ ပြောနိုင်မလဲ။

မပြောနိုင်သေးဘူး၊အခြေအနေဆိုတာ မဖြစ်ခင်ကတည်းက ဘယ်လိုအခြေအနေမျိုးလို့ ဘယ်လို လုပ်ပြောနိုင်မလဲ။ နိုင်ငံရေးမှာ ဆိုတာဟာ အချိန်ကာလဆို တာက အင်မတန်မှ အရေးပါပါ တယ်။ နိုင်ငံရေးမှာ တစ်ရက်ကလေးတောင်မှ အများကြီး ပြောင်းလဲသွားနိုင်ပါတယ်။ အဲဒါကြောင့် ဘယ်လို ဘယ်လို အခြေအနေတွေ ဖြစ်ပေါ်လာနိုင်မလဲဆိုတာ အန်တီ ခဏခဏပြောတယ်။ အန်တီ က ဗေဒင် ဆရာမဟုတ်ဘူး။ နိုင်ငံရေးသမားဆိုတာ ဘယ်လိုအခြေအ နေကြုံလာနိုင်သလဲဆိုတာ တွက်ဆတာတော့ တွက်ဆတာပေါ့။ တွက်ဆရမှာပဲ တွက်ဆတဲ့အတိုင်း ဖြစ်လာမယ်လို့ အသေမှတ်လို့ မရဘူး။ အခြေ အနေ တွေပေါ်မှာ အခြေခံပြီးတော့ ဆုံးဖြတ်ချက်ချရတာ။ ဥပမာဆိုရင် ၂၀၁၀ တုန်းက ရွေးကောက်ပွဲ မဝင်ခဲ့ဘူး။၂၀၁၁ အကုန်လောက်မှာ ၂နှစ်လောက်အတွင်းမှာတော့ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ဖို့ ဆုံးဖြတ်ခဲ့တယ်။ အဲဒါလည်း အခြေအနေအရပေါ့။၂၀၁၀ တုန်းက မေးတုန်းကလည်းအန်တီတို့ မဖြေနိုင်ဘူး ဘယ်လိုအခြေအနေ တွေမှာ ရွေးကောက်ပွဲဝင်မလဲဆိုတာ ဒါကတော့ အခြေအနေတွေ ပေါ်မှာ မူတည်ပြီးတော့ ကြည့်ရမှာပေါ့။လက်ခံစရာ မကောင်းဘူးလို့ အဲဒီတုန်းကတော့ လက်မခံ နိုင်တဲ့ အထဲမှာ ဆိုရင် အကျဉ်းကျနေတဲ့ အန်တီတို့ အဖွဲ့ဝင်တွေကို ထုတ်ပေးရမယ်ဆိုတဲ့ပေါ်မှာ ဒါတွေကို ကျွန်မတို့ လက်မခံနိုင်ဘူးလို့၊ဒါကြောင့်မဝင်ဘူးလို့ခုကျတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့၊ဘယ်လို ဥပဒေတွေ ထုတ်ဦးမှာလဲဆိုတာ အန်တီတို့ မသိသေးဘူး။ အဲဒါတွေကို စောင့်ကြည့်ပြီးမှ ဆုံးဖြတ်ရမှာ။

ဦးသိန်းစိန်အစိုးရဲ့ လေးနှစ်အတွင်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့တယ်ဆိုတဲ့ လုပ်ငန်းတွေပေါ်မှာ အန်တီ ထင်တဲ့ အောင်မြင်တယ်ဆိုတဲ့ လုပ်ငန်းတစ်ခုက ဘာများ ဖြစ်မလဲခင်ဗျ။

အောင်မြင်တယ်။ ပြန်တောင်မေးရမလိုဖြစ်နေတယ်။ဘယ်လုပ်ငန်းကို အောင်မြင်တယ်လို့ သုံးသပ်ကြ မလဲ။ ကောင်းပြီ ခု သုံးခုမေးမယ်။ အများက လက်ထောင်ပြီးတော့ဖြေပါ။ တစ်ခုတော့မေးမယ်။ အဲဒီ အစိုးရ လုပ်နေတယ်ဆိုတဲ့ထဲမှာ အစိုးရလုပ်တယ်ဆိုတော့ လွှတ်တော်နဲ့ ဆိုင်လား၊ မဆိုင်ဘူးလား လွှတ်တော်နဲ့ မဆိုင်တာလို့ ပြောချင်တာလား။

ရှင်းရှင်းပြောရရင် အတိုက်အခံခေါင်းဆောင်အနေနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေမှာ ဘယ်လုပ်ငန်းက အောင်မြင်တယ်လို့ အတိုက်အခံခေါင်းဆောင် အနေနဲ့ ထင်ပါသလဲခင်ဗျ ။

ဒီလွှတ်တော်လုပ်ငန်းကတော့ အတိုင်းအတာတစ်ခုအထိ အောင်မြင်တယ်လို့ထင်တယ်။ ဒါ အတိုက် အခံအနေနဲ့ ပြောတာပါ။ အတိုက်အခံအနေနဲ့ဆိုရင် လွှတ်တော်အတွင်းမှာ NLD က တကယ့်ကို လူနည်း စုလေးဖြစ်တယ်။ လူနည်းစုလေးဖြစ်ပေမယ့်လည်း လုံးဝအလုပ်မဖြစ်တာတော့ မဟုတ်ဘူး။ ကိုယ့်ရဲ့ ကိုယ်စားလှယ်တွေတင်သွင်းခဲ့တဲ့အဆိုတွေမှာ အောင်မြင်ခဲ့တာတွေ ရှိတယ်။ ပူးပေါင်းဆောင်ရွက် မှုကြောင့် ပေါ့။ တခြားပါတီတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ ပါဝင်ဆောင်ရွက်မှုကြောင့် အောင်မြင်ခဲ့တာတွေ ရှိတယ် ၊ အဲဒီတော့ အဲဒီဟာကို ဘာဖြစ်လို့ အောင်မြင်မှုတစ်ခုလို့ သတ်မှတ်သလဲဆိုရင် ဘယ်လို ပဲပြောပြော အတိုက်အခံပါတီတွေအချင်းချင်းမှာ နိုင်ငံအတွက် အတိုင်းအတာတစ်ခုအထိ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အနေအထားတွေ ပေါ်လာပြီဆိုတာပြလို့ ဒီဟာကို အောင်မြင်မှုတစ်ခုလို့ သတ်မှတ်ပါတယ် ။ နောက်အောင်မြင်မှုတစ်ခုလို့ပြောရမယ်ဆိုရင် တစ်ပိုင်းတစ်စ အောင်မြင်တာပေါ့နော် ။အောင်မြင်မှုတွေက လုံးဝဥဿုံပြည့်စုံသေးတာတော့ မဟုတ်ပါဘူး။ အခု ဒီလိုသတင်းစာရှင်းလင်းပွဲ လုပ်နိုင်တာလည်း အောင်မြင်မှုတစ်ခုပါ။

အုပ်ချုပ်ရေးပိုင်းနဲ့ ပတ်သက်ဆက်ဆံတဲ့အခါမှာကော အောင်မြင်လား၊ မအောင်မြင်ဘူးလားခင်ဗျ။


အုပ်ချုပ်ရေးပိုင်းနဲ့ ပတ်သက်ပြီး ဘယ်ဟာအောင်မြင်လဲဆိုရင် ကျွန်မ သိပ်ပြီးဖြေရခက်တာပဲ။ စဉ်းစားလို့ မရဘူး ပြောကြပါဦး။ ဘယ်ဟာကအောင်မြင်လဲဆိုတာ တစ်ယောက်ယောက်ကပြော။လက်ထောင်ပြီးပြော အဲဒါတော့ အောင်မြင်ပါတယ် ဆိုတာ။

အဲဒါဆို အောင်မြင်တဲ့ဟာ တစ်ခုမှ မရှိတာလားခင်ဗျ။

အောင်မြင်တာဘာရှိလဲ။ဘယ်သူကမှ မပြောဘူး။ မေးတဲ့သူက ပြန်ဖြေပေးပါ။

ကျွန်တော်က အတိုက်အခံခေါင်းဆောင်အနေနဲ့မေးတာပါခင်ဗျ။

အတိုက်အခံခေါင်းဆောင်အနေနဲ့တော့ ဖြေစရာကို မရှိဘူး။ အဲဒီတော့ သတင်းထောက်တွေပဲ ဖြေပါတော့။

နာမည်ကြီးသိက္ခာတော်ရ ဆရာတော်ကြီးတစ်ပါးက သမ္မတဦးသိန်းစိန်ကို ဆက်ပြီး တာဝန် ထမ်းဆောင်စေချင်တယ်၊ ကြိုက်တယ်ပေါ့နော်။ နောက်လာမယ့်၂၀၁၅ မှာလည်း နိုင်ငံရေးမှာ ဘာသာရေးရောထွေးမှုတွေက ဖြစ်လာနိုင်တယ်လို့ ပညာရှင်တွေ ကပြောထားပါတယ်။ ပြည်သူတွေ ကလည်း ဒီကိစ္စနဲ့ပတ်သက်လို့ ရှုပ်ထွေးမှုတွေရှိနေပါတယ်။ အန်တီ့အနေနဲ့ နိုင်ငံရေးနဲ့ ဘာသာရေးကြားမှာ ပြည်သူတွေကို ဘယ်လို သတင်းစကားပါးချင်ပါလဲ။

အန်တီကတော့တရားဥပဒေအရပြောမယ်။ တရားဥပဒေစိုးမိုးရေးက အဖွဲ့ချုပ်ရဲ့ လမ်းစဉ် လည်းဖြစ် တယ်။ နောက်ပြီးတော့အန်တီကတရားဥပဒေစိုးမိုးရေး ကော်မတီဥက္ကဋ္ဌလည်း ဖြစ်တယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲမှာ တိတိကျကျနိုင်ငံရေးကို ဘာသာရေးအတွက်မသုံးရဘူးဆိုတာ ပါပါတယ်။ ဥပဒေတွေနဲ့ ကိုက်ညီအောင် အန်တီတို့လုပ်သွားမယ်ဆိုရင် ဘာမှပြဿနာမရှိပါဘူး။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် ရေးနဲ့ပက်သက်ပြီး ပြင်ဆင်မယ့်အချက်တွေကို အခန်း ၁၂ မှာ ပါတဲ့ ပုဒ်မတွေနဲ့ပဲ တိုင်းတာပြီး ပြင်မယ်လို့ ဦးရွှေမန်းကပြောတာ ရှိပါတယ်။ အဲဒါက ဒီစံနှုန်းနဲ့ တိုင်းတာ သင့်လား။ တကယ်လို့ တခြားစံနှုန်းရှိတယ်ဆိုရင် ။

စံနှုန်းနဲ့ တိုင်းတာတယ်ဆိုတာ အန်တီ သိပ်ပြီးနားမလည်ဘူး။ ဘာလို့လဲဆိုရင် ဒီအခန်း ၁၂ နဲ့ ပက်သက်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကလည်း ပြုပြင်ပြောင်းလဲဖို့ တင်ထားတာရှိပါတယ်။ အန်တီထင်တာက ပြောလို တာတော့ သူတို့ လုပ်ထုံးလုပ်နည်းတွေအတိုင်းသွားမယ်လို့ပြောတာလို့ထင်တယ်။ အန်တီတို့အနေနဲ့လည်း ဒီလိုပဲပြောတာပဲ။ ဒါကြောင့်မို့လို့ လွှတ်တော်မှာ အဆိုတွေ တင်သွင်းတယ်။ လွှတ်တော်ကနေ ဆုံးဖြတ်ပြီးတော့ လိုအပ်လို့ရှိရင် ဆန္ဒခံယူပွဲလုပ်ပြီးတော့ ဒီလိုသွားတဲ့နည်းလမ်းကို အခု အန်တီတို့ ဒီလိုပဲသွားနေတာ။ အဲဒါကို ပြောလို့ထင်တာပဲ။

လက်ပံတောင်းစီမံကိန်းနဲ့ ပတ်သက်ပြီး နိုင်ငံတော်အနေနဲ့လုပ်ပေးရမယ်လို့ပြောသွားတယ်။ အဲဒါက ဘာတွေကို ဘယ်လိုလုပ်ပေးရမှာလဲ။ဆက်ပြီးတော့ အသေးစိတ်ပြောပေးစေချင်ပါတယ်။

နံပါတ် (၁) ကတော့ အမှန်ကို ဖော်ထုတ်ရမှာပေါ့။ တရားဥပဒေ လုပ်ထုံးလုပ်နည်းတွေရှိပါတယ်။ အဲဒီ due process ပေါ့။ အဲဒီတော့ အဲဒါတွေ လုပ်သွားရမှာပေါ့ အမှုအခင်းတစ်ခုဖြစ်ပြီဆိုရင် ဘယ်လိုစုံစမ်းရမယ်၊ မှန်ကန်တဲ့ အဖြေပေါ်အောင်ဘယ်လိုလုပ်ရမယ် မှန်ကန်တဲ့အဖြေပေါ်မှာ အခြေခံပြီးတော့ ဘယ်လို အရေးယူရမယ်။ထိုက်သင့်တဲ့ပံ့ပိုးမှု၊ ထိုက်သင့်တဲ့လျော်ကြေးတွေပေးရင် ဘယ်လိုပေးရမယ်။ ဒါတွေက တရားဥပဒေဘောင်အတွင်းကနေ လုပ်သွားရမှာပါ။ တချို့နိုင်ငံတွေမှာဆိုရင်တော့ ဒီလိုမျိုးအရေးအခင်းတွေ ဒီလိုကိစ္စတွေမှာဆိုရင် စုံစမ်းရေးကော်မတီဆိုတာ ဖွဲ့ပါတယ်။ဒါပေမဲ့လည်း စုံစမ်းရေးကော်မတီဆိုတာ ထိထိရောက်ရောက် လုပ်နိုင်မှ တန်ဖိုးရှိတာပါ။ စုံစမ်းရေးကော်မတီဖွဲ့ပြီး ဘယ်မှ မရောက်နိုင်ဘူးဆိုရင် အလကား အချိန်ကုန်တာပါ။

တရုတ်နိုင်ငံခရီးစဉ်အခြေအနေဘယ်လိုရှိပါသလဲ။
တရုတ်နိုင်ငံခရီးစဉ်က မဆုံး ဖြတ်ရသေးပါဘူး။ သူ့အချိန် ကိုယ့်အချိန်မရဘူးဖြစ်နေလို့ပါ။ ဒီလ ထဲမှာ မဖြစ်နိုင် ပါဘူး။ ဇန်န၀ါရီ လထဲမှာလည်း အန်တီတို့ သိပ်ပြီး မအားဘူးလေ။

လက်ပံတောင်းတောင်စီမံကိန်းရပ်ဆိုင်းဖို့ထိ ဦးတည်ပြီး ဆန္ဒပြနေကြတယ်။ အန်တီ့အနေနဲ့ ဒီ စီမံကိန်း ရပ်ဆိုင်းစေချင်သလား ဘယ်လိုဆက်ပြီး ဖြစ်စေချင်ပါသလဲ။

အန်တီ့အနေနဲ့ ဘယ်လို ဖြစ်စေချင်သလဲဆိုတာ အကြံပြု ချက်တွေထဲမှာ ပါပြီးပြီ။ အစီရင် ခံစာကို ဖတ်ပါ။ မေးခွန်းမေးတဲ့ သူတွေက ၉၀ ရာခိုင်နှုန်းက အစီ ရင်ခံစာကို မဖတ်ထားဘူး။ မဖတ် ထားဘဲ နဲ့ မေးနေတဲ့အခါကျတော့ အစီရင်ခံစာကို ဖတ်လိုက်လို့ရှိရင် အန်တီတို့က ဘယ်လိုဖြစ်စေချင် တယ်ဆိုတာ အားလုံးအဲဒီထဲမှာ ပါတယ်။ တိတိကျကျပါပါတယ်။ တာဝန်ယူသင့်တဲ့ သူကလည်း တာဝန်ယူတဲ့အပိုင်းမှာ တာဝန်ယူရမယ်။ ပြည်သူတွေဘက်ကလည်း ဆန္ဒပြတယ်ဆိုတာ ဘာအတွက် ဆန္ဒပြတာလဲ ရည်ရွယ်ချက်ရှိရမယ်။ နောက်ဆုံး ရည်ရွယ်ချက်က ဘာလဲဆိုတာ ကိုယ့်နိုင်ငံရဲ့ ကောင်းမွန်ရေးအတွက် ကိုယ့်နိုင်ငံရဲ့ တိုးတက်ရေး အတွက် ဖြစ်ရမယ်။ အဲဒီရည်ရွယ်ချက်ကိုတော့မျက်ခြည်မပြတ်ဖို့ လိုပါတယ်။

အစိုးရ သက်တမ်းမှာ အန်တီက လွှတ်တော်ထဲ ရောက်သွားတဲ့အခါမှာ ဦးရွှေမန်းနဲ့ ဆက်ဆံရေးက နီးကပ်တဲ့ဆက်ဆံရေး ထူထောင်ခဲ့တာပေါ့နော်။ ဦးသိန်းစိန်နဲ့ကျတော့ နည်းနည်းလေး နီးနီးစပ်စပ် မရှိတာဆိုတော့ ဘယ်လိုကြောင့် အန်တီက တစ်ယောက်နဲ့ နီးစပ်ပြီး တစ်ယောက်နဲ့ ခပ်ခွာခွာဖြစ် တာလဲလို့။

ဦးသိန်းစိန်ကမှ အန်တီ့ကို မဖိတ်ဘဲ။ ဖိတ်ပြီးတော့ တွေ့မယ်ဆွေးနွေးမယ်ဆိုရင် ဦးသိန်းစိန်နဲ့လည်း နီးစပ်နိုင်ပါတယ်။

နိုင်ငံရေး လေ့လာသူတွေက ၂၀၁၅ မှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ပြဿနာရှိတယ်။တချို့က ဘာသာရေး ပြဿနာတွေရှိတယ်။ အန်တီ့အနေနဲ့ ၂၀၁၅ မှာ အဓိက စိုးရိမ်စရာ အချက်က ဘာများဖြစ် လာမလဲ ဆိုတာပြောပေးစေချင်ပါတယ်။

၂၀၁၅ တင်မဟုတ်ဘူး။ ဘယ်တော့မဆို အဓိက စိုးရိမ်တဲ့အချက်ကတော့ ပြည်သူလူထုတွေ ဆုံးဖြတ်ချက် မှားမှာပဲ။ ပြည်သူလူထုတွေက ဘာပဲဖြစ်ဖြစ်၊ဘယ်ပြဿနာတွေပဲ ပေါ်လာပေါ်လာ အန်တီခဏခဏပြော တယ်။ ပြဿနာက အရေးကြီးတာ မဟုတ်ဘူး။ ပြဿနာကို ဖြေရှင်းပုံက အရေးကြီးတာ အဲဒီတော့ ပြည်သူ လူထုတွေ ဆုံးဖြတ်ချက်မှန်မယ်ဆိုရင် ဘာကိုမှ စိုးရိမ်စရာ မရှိဘူး။ ပြဿနာဆိုတာကတော့ ပေါ်လာ မှာပဲ နောက်ပြီးတော့လည်း လူနှစ်ယောက်အကြားမှာ၊ မိတ်ဆွေများ သူငယ်ချင်းများ မိသား စုတွေကြားမှာတောင် နှစ်ယောက်ဆိုတာဟာ အတွေးအခေါ်ချင်းတူမှာ မဟုတ်ပါဘူး။ မတူတဲ့ အတွေး အခေါ် မတူတဲ့ အယူအဆဆိုတာရှိမှာပဲ။ ဒါက အရေးမကြီးဘူး ဒါတွေကို ပြေလည်အောင်ဖြေရှင်း တတ်ဖို့က အရေးကြီးတယ်။ အဲဒီတော့ ဘာကို အန်တီအစိုးရိမ်ဆုံးလဲဆိုရင် ဘာပဲဖြစ်ဖြစ်ပြည်သူလူထုရဲ့ ဆုံးဖြတ်ချက်မှားမှာကို အန်တီစိုးရိမ်ပါတယ်။ ကျန်တာ မစိုးရိမ်ပါဘူး။

7 Day daily

သစ်တောဝန်ထမ်း လေးဦးအသတ်ခံရမှု နိုင်ငံတော်အဆင့် ဖြေရှင်းမည်

သစ်တောဝန်ထမ်းလေး ဦးသေဆုံးမှုနှင့် ပတ်သက်၍ အမှု မှန်ပေါ်ပေါက်ရေးအတွက် နိုင်ငံ တော် အဆင့်ဖြေရှင်း သွားမည်ဖြစ် ကြောင်းပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သစ်တောရေးရာဝန်ကြီး ဌာနက သတင်း ထုတ်ပြန်သည်။

ယခုသေဆုံးမှုနှင့်ပတ်သက် ၍ ပြည်ထောင်စုအစိုးရအဖွဲ့နှင့် သမ္မတရုံးသို့ အမှုမှန်ပေါ်ပေါက် ရေး အတွက် နိုင်ငံတော်အဆင့်ဖြေ ရှင်းရန် အဆင့်ဆင့်တင်ပြထား ကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေး ပွဲများ တွင်လည်း ထည့်သွင်းဆွေး နွေးသွားမည် ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနမှ အကြီးတန်းအရာရှိ တစ်ဦး က ပြောသည်။

‘‘ဖြစ်ကတည်းက အထက်ကိုကြေးနန်းနဲ့ရော စာနဲ့ပါ အဆင့် ဆင့်တင်ပြထားပါတယ်။ သမ္မတ ရုံးကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး စာထုတ်ဖို့ ရှိတယ်လို့တော့ ကြား ပါတယ်’’ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။

အသတ်ခံရသူ လေးဦးသည် သေနတ်နှင့် ပစ်ခတ်ခံရခြင်းဖြစ် သောကြောင့် လက်နက်ကိုင်တပ် ဖွဲ့ ပါဝင် ပတ်သက်ခြင်းရှိ၊ မရှိ ၀န် ကြီးရုံးက အတည်မပြုနိုင်သော် လည်း တိုင်းရင်းသားလက်နက် ကိုင်နယ်မြေ များတွင် တာဝန်ထမ်းဆောင်နေသော သစ်တောဝန် ထမ်းများ၏ လုံခြုံရေးကို ဦးစားပေးဆောင်ရွက်သွား မည်ဟု ၀န်ကြီးရုံးက ဒီဇင်ဘာ ၃၀ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များ ကို ပြောကြားခဲ့သည်။

‘‘ရှမ်းပြည်နယ် သစ်တောနဲ့ သတ္တုဝန်ကြီး သတင်းပေးချက် အရ ရှာဖွေဖမ်းဆီးမှုတွေ လုပ်ခဲ့ တယ်။ အပြန် မှာ အသတ်ခံရတာ။ နယ်မြေ လက်နက်ကိုင်တပ်ဖွဲ့ ဟုတ်၊ မဟုတ်မပြောလိုပါဘူး။ အမှုကို ရဲကိုအပ်ထား ပါတယ်။ ရဲ က စစ်ဆေးနေပါတယ်’’ဟု နေပြည်တော်သစ်တောဦးစီးဌာနမှ အရာ ရှိကြီးတစ်ဦးက ပြော သည်။

ရှမ်းပြည်နယ်၊ လင်းခေးခရိုင်အတွင်းရှိ တာဝန်ကျသစ်တော ၀န်ထမ်း ခြောက်ဦးနှင့်အဖွဲ့သည် ခိုးထုတ် သစ်များရှိကြောင်း ရှမ်း ပြည်နယ်အစိုးရအဖွဲ့မှ ၀န်ကြီး တစ်ဦး၏ သတင်းပေးချက်အရ သွားရောက် ဖမ်းဆီး ခဲ့ပြီး အပြန် တွင် လေးဦးအသတ်ခံရခြင်းဖြစ် သည်ဟု သတင်းရရှိသည်။

‘‘ကျွန်တော့်အနေနဲ့ သစ် တောဝန်ထမ်းတစ်ဦးကို သုံးသိန်း ထောက်ပံ့သွားမယ်။ ရှမ်းပြည် နယ် သစ်တော ဦးစီးဌာနကတော့ ၅၆ သိန်းထောက်ပံ့သွားဖို့ရှိပါ တယ်။ အဲဒီသတင်းဖြစ်ပြီးတော့ ဒီမှာတော့ ခပ်အေးအေးဖြစ်နေပါ တယ်’’ဟု ရှမ်းပြည်နယ်သစ်တော နှင့် သတ္တုဝန်ကြီး ဦးစိုင်းအိုက် ပေါင်းက ပြောသည်။

သေဆုံးခဲ့သော ၀န်ထမ်း လေးဦးနှင့် ပတ်သက်၍ ၀န်ကြီးရုံး က အမှုမှန်ပေါ်ပေါက်ရေးအပြင် ၎င်းတို့၏ ကျန်ရစ်သူသားသမီး များ ပညာသင်ကြားရေးနှင့် ပင်စင်လစာ၊ ရပိုင်ခွင့်များ အမြန်ဆုံးရရှိရန် ကူညီဆောင် ရွက်ပေးမည်ဟု ဒီဇင်ဘာ ၃၀ ရက် ပြုလုပ်သော သတင်းစာရှင်း လင်းပွဲတွင် ၀န်ကြီးရုံးမှ တာဝန်ရှိသူ များက ပြောကြားခဲ့သည်။

အထက်ပါဖြစ်စဉ်များ ဖြစ် ပွားပြီးနောက် တရားမ၀င်သစ်ဖမ်းဆီးရန် သွားရောက်မည့် သစ်တော ၀န်ထမ်း များကို လုံခြုံရေးအန္တ ရာယ်ရှိသော နေရာများသို့ သွား ရောက်ဖမ်းဆီးခြင်းမပြုရန် သစ် တောဦးစီး ဌာနက အမိန့်ထုတ်ပြန် သည်။

အကယ်၍ သွားရောက်ရန် လိုအပ်ပါက စစ်တပ်အကူအညီ ဖြင့် သွားရောက်ရန် ညွှန်ကြား ထားကြောင်း သိရသည်။

‘‘သွားရောက်ဖမ်းဆီးမယ့် နယ်မြေရဲ့ လုံခြုံရေးအရ မြန်မာ နိုင်ငံရဲတပ်ဖွဲ့၊ ဒါမှမဟုတ် တပ် မတော် စစ်ကြောင်းနဲ့ သွားရောက် ဖမ်းဆီးမယ်။ လုံခြုံရေးသံသယရှိ တဲ့နေရာတွေကို မသွားဖို့တားဆီး လိုက်ပြီ’’ဟု သစ်တောဦးစီးဌာနမှ ဒုညွှန်ကြားရေးမှူး ဦးဇော်မင်းက ပြောသည်။

7 Day daily

ဘင်္ဂါလီများကို နိုင်ငံသားအဖြစ် သတ်မှတ်ရန်၊ နိုင်ငံတစ်ဝန်း လွတ်လပ်စွာ သွားလာခွင့်ပြုရန် တိုက်တွန်းကြောင်း ကုလသမဂ္ဂဆုံးဖြတ်

ဘင်္ဂါလီ (မူရင်းသတင်း တွင် ရိုဟင်ဂျာဟု သုံးနှုန်းထား)လူနည်းစုများကို နိုင်ငံသားအဖြစ် လုံးဝသတ် မှတ်ပေးရန်နှင့် နိုင်ငံအတွင်း လွတ်လပ်စွာသွားလာ ခွင့်ပြုရန် မြန်မာအစိုးရအား တိုက်တွန်းကြောင်း ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂအထွေထွေညီလာခံ က ဒီဇင်ဘာ ၂၉ရက် တွင် အတည်ပြုလိုက်သည်။

ရိုဟင်ဂျာ ၁ ဒသမ ၃ သန်း သည် တည်ဆဲဥပဒေများအရ နိုင်ငံသားဖြစ်ခွင့် ငြင်းဆိုခံနေရ ပြီး နိုင်ငံမဲ့ များအဖြစ် အခွင့်အရေး များဆုံးရှုံးနေကြောင်း၊ အေပီ၊ စီအင်န်အေ အပါအ၀င် နိုင်ငံတကာ သတင်းဌာန များက ရေးသားဖော်ပြထားသည်။ ရိုဟင်ဂျာများ အပေါ် မြန်မာအစိုးရ၏ ဆက်ဆံပုံ နှင့်ပတ်သက်၍ ကုလက များစွာစိုးရိမ်ပူပန်ပြီး လူနည်းစုများအပေါ် ဆက်ဆံရေး ပြုပြင်ပြောင်းလဲရန် အဖွဲ့ဝင် ၁၉၃ နိုင်ငံ ပါဝင်သော နိုင်ငံတကာ အသိုင်းအ၀ိုင်း၏ သတင်းစကားကို မြန်မာအစိုးရထံ ပေးပို့လိုက်ကြောင်း အဆိုပါ သတင်းဌာနများက ရေးသားသည်။ထို့အပြင် မွတ်စလင်လူနည်း စုများက ၎င်းတို့ကို ၎င်းတို့ရိုဟင် ဂျာဟု သတ်မှတ်ခေါ်ဆိုခွင့်ပြုရန် အတွက်လည်း ကုလအထွေထွေ ညီလာခံက မြန်မာအစိုးရအား တိုက်တွန်း ထားသည်။

သမ္မတဦးသိန်းစိန် အစိုးရက မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးဆိုသည်မှာ လုံးဝမရှိကြောင်းအတိ အလင်း ပြောကြားထားသည်။ ရခိုင်အမျိုးသား အင်အားစုများ ကလည်း ဘင်္ဂါလီလူမျိုးများကို ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအ ရ စိစစ်၍ နိုင်ငံသားဖြစ်ခွင့်ရသူ များကို နိုင်ငံသား အခွင့်အရေး များပေးရန် မငြင်းဆန်သော် လည်း နိုင်ငံတော်က လက်မခံ သည့် ရိုဟင်ဂျာဟု တောင်းဆိုမှု သည် ပြဿနာများ ဖြစ်ပေါ်စေ သည့် အဓိကအကြောင်းရင်း တစ်ခုဖြစ်ကြောင်း ပြောသည်။

‘‘ကုလကိုယ်တိုင်က ရိုဟင် ဂျာလို့ ခေါ်ဆိုနေသရွေ့ ပြဿ နာဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ အ ချုပ်အခြာ အာဏာကို ၀င်စွတ် ဖက်နေတာ ဖြစ်တယ်’’ ဟု စစ် တွေ မြို့မိမြို့ဖအဖွဲ့ဝင်ဦးသန်း ထွန်းက ပြောသည်။

နိုင်ငံတော်သမ္မတထံ တင် သွင်းသော ရခိုင်စုံစမ်းစစ်ဆေး ရေး ကော်မရှင်အစီရင်ခံစာတွင် ဘင်္ဂါလီလူမျိုး များသည် ရိုဟင်ဂျာဟု ဆက်လက်တောင်းဆိုနေမည် ဆိုပါက အများလက်ခံနိုင်သည့်ကိစ္စမဟုတ်သဖြင့် မငြိမ်သက်မှုများနှင့်သာ တွေ့ကြုံရမည်ဟု ဖော်ပြသည်။

ထို့အပြင် ဘင်္ဂါလီလူမျိုး အချို့ကသာ ရိုဟင်ဂျာဟု တောင်းဆို နေသည်ကို တွေ့ရပြီး ရိုဟင်ဂျာ လူမျိုးအမည်ကို ခွင့်ပြုလိုက်ပါက တစ်နိုင်ငံလုံး၏ ပြင်းထန်သော ကန့်ကွက်မှုများ ကြုံတွေ့ရမည် ဖြစ် ကာ ဒေသဖွံ့ဖြိုးရေး၊ တည်ငြိမ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများ ဖြစ်ပေါ် လာမည်ဖြစ်ကြောင်း ရေးသားအကြံပြုထားသည်။

ပြီးခဲ့သည့် အာဆီယံထိပ် သီးအစည်းအဝေးကာလအတွင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက လူနည်းစု များ၏ အခွင့်အရေးကို အသိ အမှတ်ပြုသည့်အနေဖြင့် ရိုဟင် ဂျာဟုသာ ဆက်လက်သုံးစွဲသွား မည်ဟု ပြောဆိုခဲ့မှုကြောင့် ပြင်း ထန်သည့် ဝေဖန်ကန့်ကွက်မှုများ ကြုံတွေ့ခဲ့ရသည်။

‘‘သမိုင်းအထောက်အထား နဲ့ မြေပြင်အခြေအနေ သေချာ မလေ့လာဘဲ၊ မသိဘဲ ခဏခဏ ဒီလိုလုပ်နေ တာက ဖွံ့ဖြိုးရေး လုပ်ငန်းတွေ ဒေသအတွင်း ဆောင်ရွက်နေတာကို အနှောင့် အယှက်ဖြစ်စေတယ်’’ ဟု ရခိုင် ပြည်နယ်အစိုးရအဖွဲ့ဝင်တစ်ဦး က ပြောသည်။

7Day Daily

တပ်မတော် စီးပွားရေးမလုပ်ရန် နိုင်ငံတော်က ထောက်ပံ့ ရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

အစိုးရသစ် လက်ထက်တွင် တပ်မတော်မှ စီးပွားရေး လုပ်ဆောင်ခြင်း မပြုရန်အတွက် တပ်မတော်သားများ လိုအပ်ချက်ကို နိုင်ငံတော်က ထောက်ပံ့ပေးရမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD ပါတီ) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဒီဇင်ဘာ ၃၀ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ NLD ပါတီရုံးချုပ်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

တပ်မတော် စီးပွားရေး လုပ်ငန်းများကို လုပ်ဆောင်နေခြင်း ရပ်တန့်ရန်အတွက် တပ်မတော်သားများ၏ လိုအပ်ချက်များ အားလုံးကို နိုင်ငံတော်က တာဝန်ယူ ထောက်ပံ့ပေးမည် ဆိုပါက နိုင်ငံတော်၏ စီးပွားရေး၊ နိုင်ငံရေး အခြေအနေများ ပိုမိုကောင်းမွန်လာမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

“နောက်ဆုံးကျတော့လည်း တပ်မတော်ရဲ့ ဆုံးဖြတ်ချက်ပဲ။ ကိုယ့်ရဲ့ တာဝန်ကို သတ်သတ်မှတ်မှတ် လုပ်တဲ့ တပ်မတော်ဆိုရင် စီးပွားရေးလုပ်ဖို့ မလိုပါဘူး။ နိုင်ငံတော်ကသာ တပ်မတော်သား အားလုံးရဲ့ လိုအပ် ချက်အားလုံးကို အပြည့်အဝ ထောက်ပံ့ထားရမှာ။ နိုင်ငံတော်ကသာ တပ်မတော်ကို ထောက်ပံ့ပေး တယ်။ ထောက်ပံ့နိုင်တယ်၊ ထောက်ပံ့ပေးမယ်ဆိုရင် တပ်မတော် အတွက်လည်း အများကြီး ကောင်းမယ်၊ ကျွန်မတို့ နိုင်ငံအတွက်လည်း အများကြီး ကောင်းမှာပါ” ဟု ၎င်းကဆိုသည်။

သို့သော်လည်း နိုင်ငံအတွင်း အမြဲတမ်း တပ်မတော်တစ်ရပ်ကို ထောက်ပံ့နိုင်ရေးသည် နိုင်ငံတော်အတွက် ကုန်ကျစရိတ် ဘဏ္ဍာငွေများ ပိုမိုမြင့်တက် လာနိုင်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူများက မှတ်ချက်ပြုသည်။

ရခိုင် အမျိုးသားပါတီ ANP ဗဟိုကော်မတီဝင် ဦးအေးသာအောင်က “အမှန်တကယ် တပ်မတော် ဆိုတာကတော့ သူဟာသူ ရပ်တည်ရမယ်၊ လိုအပ်တဲ့ ဘဏ္ဍာငွေကို နိုင်ငံတော်က ထောက်ပံ့ရမယ်၊ ဒါပေမဲ့ နှစ်ပေါင်းများစွာကြာအောင် လုပ်ကိုင်ခဲ့တာဆိုတော့ တပ်မတော် ကိုယ်တိုင် မလုပ်တော့ ရင်တောင်သူ့နောက်က အစွယ်အပွားတွေရဲ့ အကျိုးသက်ရောက်မှုတွေက ရှိနေဦးမှာပဲ၊ အချိန်တော်တော် ယူရမယ့် သဘောမှာရှိတယ်” ဟု ဆိုသည်။

တပ်မတော် အစိုးရလက်ထက်မှ အရပ်သား အစိုးရသစ် လက်ထက်သို့ ရောက်ရှိခဲ့သည့်တိုင် ဆက် သွယ်ရေး၊ စိုက်ပျိုးရေး၊ ပို့ဆောင်ရေး၊ ဘဏ်လုပ်ငန်း၊ စက်မှုလုပ်ငန်း အပါအဝင် မြန်မာနိုင်ငံ၏ အဓိက စီးပွားရေး လုပ်ငန်းကြီးများ အားလုံးကို တပ်မတော်ပိုင် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းနှင့် မြန်မာ့ စီးပွားရေး ဦးပိုင်ကုမ္ပဏီ လီမိတက်တို့က ဝင်ရောက် လုပ်ကိုင်လျက် ရှိသည်။

ယခုပြဿနာ ဖြစ်ပွားနေသည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာလည်း ဝမ်ပေါင် ကုမ္ပဏီနှင့် မြန်မာ့ စီးပွားရေး ဦးပိုင်ကုမ္ပဏီ လီမိတက်တို့ ပူးပေါင်း လုပ်ကိုင်နေခြင်း ဖြစ်သည်။

The Voice Weekly

KIO သင်တန်းကျောင်း ပစ်ခတ်ခံရမှု မဖြေရှင်းပေးရင် ငြိမ်းချမ်းရေး ဆက်မဆွေးနွေးနိုင်ဟုဆို

KIO/KIA အဖွဲ့ရဲ့ ဗိုလ်လောင်း သင်တန်းကျောင်းကို တပ်မတော်က လက်နက်ကြီး ပစ်ခတ်မှုနဲ့ ပတ်သက် ပြီး မဖြေရှင်းပေးရင် ပုံမှန်တွေ့ဆုံ ဆွေးနွေးမှုတွေကို အကန့်အသတ် မရှိ ရပ်ထားမယ်လို့ ကချင် ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့ ဆီကနေ သိရပါတယ်။

“မဖြေရှင်းပေးရင် တွေ့ဖို့ အကြောင်းမရှိဘူးလို့ ကေအိုင်အိုဘက်က သဘောထား ရှိတယ်” လို့ ကချင် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့က ဦးဒေါင်ခါရ်းက ပြောပါတယ်။

တပ်မတော်နဲ့ KIO/KIA ပြည်နယ်အဆင့် ပဋိပက္ခ ညှိနှိုင်းရေးအဖွဲ့တွေဟာ အောက်တိုဘာလ ပထမ ပတ်မှာ နောက်ဆုံးအကြိမ် တွေ့ဆုံထားပြီး နိုဝင်ဘာလ နဲ့ ဒီဇင်ဘာလ တွေမှာ တွေ့ဖို့ မရှိဘူးလို့ နှစ်ဖက် အဖွဲ့အစည်းတွေ ဆီကနေ သိရပါတယ်။

Tuesday, December 30, 2014

အကယ်ဒမီပွဲက ရယ်စရာကောင်းတယ်ဆိုတဲ့ နေတိုး



အကယ်ဒမီဆုနှင့် လွဲ ချော်ခဲ့ရသော နေတိုးက အကယ် ဒမီပွဲ တက်နေစဉ်တစ်လျှောက် လုံး ခံစားချက်သုံးမျိုး ခံစားခဲ့ရ ကြောင်း ပြောကြားသည်။

‘‘ပွဲကို ကျွန်တော်ပြန်သုံးသပ် ပေးရရင်တော့ ပထမပိုင်းမှာ ပျော် စရာကောင်းနေတယ်။ ဒုတိယ ပိုင်းမှာ အရမ်းဝမ်းသာဖို့ ကောင်း တယ်။ နောက်ဆုံးမှာတော့ ရယ် စရာကောင်းနေပါတယ်။ ဒါ ကျွန် တော့် ခံစားမှုပါ’’ ဟု နေတိုးက ၎င်း၏ အကယ်ဒမီ ခံစားချက် ကို ပြောသည်။

ယခုနှစ် အကယ်ဒမီပေးပွဲ တွင် ထူးချွန်ဆုပေးချိန်၌ အနု ပညာရှင် အားလုံး၏ ပျော်ရွှင်စရာ များကြောင့် ပျော်ရွှင်သည့် စိတ် ဖြစ်ပေါ်ခဲ့ပြီး ဒုတိယပိုင်း ဒါရိုက် တာများပေးအပ်ချိန်ထိ ၀မ်းသာ ခဲ့ရကြောင်းနှင့် နောက်ဆုံးဆုကြေ ညာချိန်တွင် ရယ်စရာကောင်းခဲ့ ကြောင်း သရုပ်ဆောင်နေတိုး က ပြောသည်။

‘‘ကျွန်တော်ပြောတာကို ပရိ သတ်တွေလည်း ကိုယ်တိုင်ခံစား ရမယ်လို့ ထင်ပါတယ်’’ ဟု ဆို သည်။

အကယ်ဒမီပေးပွဲတွင် ဆု နှင့် လွဲချော်ခဲ့ရပြီး ဆုမရရှိမှန်းကို ပွဲချိန်တစ်ဝက်ကျိုးကတည်းက ကြိုတင်သိရှိနေခဲ့ကြောင်း နေ တိုးက ပြောသည်။

အတတ်ပညာပိုင်းဆိုင်ရာ ဆုများ မချီးမြှင့်ခဲ့သည်ကို သ ဘောမကျကြောင်းဆိုသည်။

ဇာတ်ကားများ ရိုက်ကူးရာ တွင် အကယ်ဒမီဆုကို မျှော်မှန်း ၍ ရိုက်ကူးခဲ့ခြင်းမဟုတ်ဘဲ ရှေ့နှစ်များတွင်လည်း ဆုရသည်ဖြစ် စေ၊ မရသည်ဖြစ်စေ ဇာတ်ကား များကို ရသစုံအောင် ရိုက်ကူး သွားမည်ဖြစ်ကြောင်း၊ အားပေး သည့် ပရိသတ်များကိုလည်းအလွန်မမျှော်လင့်စေလိုကြောင်း သတင်းစကားပါးခဲ့သည်။

၂၀၁၃ အတွက် အကယ် ဒမီဆုပေးပွဲတွင် အမျိုးသား ဇာတ်ဆောင်ဆုအတွက် ပြိုင်ဆိုင် မှုပြင်းထန်ခဲ့ပြီး အကယ်ဒမီဆုကို နင်စေရင်ဇာတ်ကားဖြင့် သရုပ် ဆောင်ပြေတီဦး ရရှိခဲ့သည်။

အကယ်ဒမီနေတိုးသည် အဖြူရောင်ရဲတိုက်၊ စေတန်ရဲ့ ကချေသည်၊ ကြယ်စင်မော်ကွန်းနှင့် စုန်း ပြူးဇာတ်ကားတို့ဖြင့် ပရိသတ်၏ တစ်ပေးခြင်းခံခဲ့ရသည်။

Credit: 7 Day Daily

အမြင်အာရုံကို အားကောင်းစေတဲ့ အစားအစာအချို့

တိုးတက်နေတဲ့ခေတ်ကာလကြီးမှာ လူတိုင်းဟာ လုပ်ငန်းခွင်မှာ ကွန်ပျုတာကိုအသုံးပြုပြီး အလုပ်လုပ်ကြရ ပါတယ်။ လူတွေအနေနဲ့ နေ့တဓူဝ ကွန်ပျုတာကို ကြည့်ပြီးအလုပ်လုပ်ကြရတဲ့အခါ မျက်လုံးတွေ ညောင်း ညာကိုက်ခဲမှု ကို ခံစားကြရပါတယ်။

တစ်ချို့ကတော့ ကွန်ပျုတာ အကြည့်များကာ အမြင်အာရုံ အားနည်းမှုကြောင့် မျက်မှန်တပ်ရတာတွေ ရှိပါတယ်။ လူတွေအနေနဲ့မိမိတို့ရဲ့ အမြင်အာရုံကြည်လင်အားကောင်းစေဖို့ မျက်လုံးကို အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ဒီလို မျက်လုံးကျန်းမာရေးကို ဂရုစိုက်ကြရာမှာ သဘာဝ အလျောက် ကျန်းမာစေတဲ့ အစား အစာတွေကို စားသောက်ခြင်းဟာ အစွမ်းထက်တဲ့ဆေးဝါးကို မှီဝဲခြင်းနဲ့တူပါတယ်။

အယ်လ်မွန်သီး

အယ်လ်မွန်သီးဟာ ကင်ဆာရောဂါကို ဆန့်ကျင်တိုက်ဖျက်ပေးပါတယ်။ မျက်လုံးကျန်းမာရေးကို ကောင်းစေ ပါတယ်။ နှလုံးရောဂါကို ကာကွယ်ပေးပါတယ်။ ကိုလက်စထရောဓာတ်ကိုလျော့ကျစေပါတယ်။ အသား အရေကို ကြည်လင်လှပစေပြီး ကိုယ်အလေးချိန်ကိုလျော့ကျစေဖို့ကူညီပေးပါတယ်။

ကြက်ဥ အနှစ်

ကြက်ဥ အနှစ်မှာ lutein ဓာတ်ပေါများစွာ ပါဝင်ပါတယ်။ ဒါကြောင့် ကြက်ဥ အနှစ်ကို နေ့စဉ် မှန်မှန် စားပေးခြင်းဟာ အမြင်အာရုံကို အားကောင်းစေပါတယ်။ကျွမ်းကျင်သူတွေက ပြောထားတာမှာ ကျွန်ုပ်တို့ ဟာ အမြင်အာရုံကောင်းစေဖို့ အစားအစာမျိုးကို တစ်နေ့ ၆ မီလီဂရမ်လောက် စားသုံးသင့်တယ်လို့ အကြံပြုထားပါတယ်။ ကြက်ဥတစ်လုံးအနှစ်မှာ lutein ၀.၂၅ မီလီဂရမ် ပါဝင်ပါတယ်။ မျက်လုံးကို အားကောင်းစေတဲ့ အစားအစာတွေ ၊အသီးအနှံတွေများစွာရှိပါတယ်။ ဒါပေမယ့် ဒီအစားအစာတွေထဲမှာ ကြက်ဥကတော့ မျက်လုံးကျန်းမာရေးအတွက် အကောင်းဆုံးလို့ ယုံကြည်ပါတယ်။

ဟင်းနုနယ်ရွက်

ဟင်းနုနယ်ရွက်မှာ lutein ဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် ဒီအစိမ်းရောင်အရွက်လေးကို စားသောက်ခြင်းဖြင့် အံ့သြဖွယ်ကောင်းအောင် မျက်လုံးအမြင်အာရုံကောင်းလာနိုင်ပါတယ်။ ဟင်းနုနယ် ရွက်တွေကို ဓာတုဆေးရည်တွေကင်းစေအောင်ရေစင်စင် ဆေးပြီး သုတ်စားလို့ရနိုင်သလို ရေနွေး နဲ့ဖျောပြီး တို့စားလို့လည်းရနိုင်ပါတယ်။ သူ့ကို ချက်ပြုတ်စားသောက်လိုက်ရင် ပါဝင်တဲ့အာဟာရ ဓာတ်တွေ ပျက်စီးသွားနိုင်တာကြောင့် အခုလို ရေစင်စင်ဆေးပြီး သုတ်စား၊တို့စားလုပ်ခြင်းဖြင့် ပါဝင်တဲ့ အာဟာရဓာတ်ကို အပြည့်အဝရရှိစေမှာဖြစ်ပါတယ်။ဂေါ်ဖီထုပ်၊ ကိုက်လန်၊ ပန်းမုန်လာ၊ ဆလတ်ရွက်၊ ပဲပင်ပေါက်နဲ့ ဘူးသီးတွေမှာလည်း lutein ဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် မျက်လုံးကျန်းမာရေးအတွက် စားသုံးသင့်ပါတယ်။

မုန်လာဥ

မုန်လာဥကို စားသောက်ခြင်းဟာလည်း မျက်လုံးကျန်းမာရေးကိုကောင်းစေပါတယ်။ မုန်လာဥမှာလည်း lutein နဲ့ beta-carotene တို့ များစွာပါဝင်ပြီး ၎င်းတို့ကို စားသုံးလိုက်တဲ့အခါ ကိုယ်ခန္ဓာမှာ ဗီတာမင် A အဖြစ်သို့ ပြောင်းလဲသွားပါတယ်။ ဗီတာမင် A ဟာ မျက်လုံးအတွက် အရေးကြီးဆုံးဖြစ်ပြီး ကမ္ဘာတစ်ဝန်း ဖွံ့ဖြိုးဆဲ နိုင်ငံများရှိ အမြင်အာရုံပျောက်ကွယ်နေသူများမှာ အဓိကအားဖြင့် ဗီတာမင် A ဆုံးရှုံးမှုကြောင့် ဘဲဖြစ်ပါတယ်။ လိမ္မော်ရောင် အစားအစာတွေဖြစ်တဲ့ ရွှေဖရုံသီး၊ တရုတ်ဇီးသီး၊ သခွားမွှေးသီး၊ အာလူး နဲ့ သရက်သီးတွေမှာ beta carotene ဓာတ်များစွာပါဝင်ပါတယ်။

ဒါကြောင့် လူတွေအနေနဲ့ မိမိတို့ရဲ့ အမြင်အာရုံအားကောင်းစေဖို့ သဘာဝအသီးအနှံတွေ၊ အစား အစာတွေကို စားသောက်ခြင်းဖြင့် အထောက်အကူ များစွာရနိုင်ကြောင်းဖော်ပြပေးလိုက်ပါတယ်။

Credit: yangonlife

အစိုးရရုပ်သံလိုင်းသစ်မှ ပရီးမီးယားလိဂ်ပွဲများ တစ်ပတ်လျှင် နှစ်ပွဲနှုန်းအခမဲ့ပြသမည်

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ တိုးချဲ့ရုပ်သံလိုင်းဖြစ် သော MRTV Entertainment ဖျော်ဖြေရေး ရုပ်သံလိုင်းသစ်မှ ရွှေသံလွင်မီဒီယာနှင့်ပူးပေါင်းကာ အင်္ဂလန်ပရီးမီးယားလိဂ် ပွဲစဉ်များကို တစ်ပတ် လျှင် နှစ်ပွဲနှုန်းဖြင့် ၂၀၁၅ ဇန်န၀ါရီ ၁ ရက်မှစ ၍ ပြသရန်စီစဉ်လျက်ရှိကြောင်း ပြန်ကြားရေး ၀န်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

‘‘ကျွန်တော်တို့အနေနဲ့ ရုပ်သံလိုင်းအသစ်တွေ ထုတ်လွှင့်တဲ့ အချိန်မှာ ရွှေသံလွင်ကုမ္ပဏီနဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်နေ တဲ့အတွက် သူတို့ဆီက ပြန်ဝယ် စရာမလိုပါဘူး။ မြန်မာ့အသံနဲ့ ရွှေသံလွင်တို့က ပူးပေါင်းပြီးတော့ MRTV Entertainment ရုပ်သံ လိုင်းက ထုတ်လွှင့်ပေးသွားမှာပါ’’ ဟု မြန်မာ့ အသံရုပ်မြင် သံကြားမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ထို့အပြင် ချန်ပီယံလိဂ်နှင့် စပိန် လာလီဂါပွဲစဉ်များကိုလည်း ထုတ်လွှင့်ရန် စီစဉ်နေသည်။

မြန်မာနိုင်ငံတွင် ဥရောပချန် ပီယံလိဂ်ပွဲစဉ်များနှင့် ပရီးမီးယား လိဂ်ပွဲစဉ်များကို Sky Net ရုပ်သံ လိုင်းမှ တစ်ဦးတည်းမူပိုင်ပြသခွင့် သုံးနှစ်ဆက်တိုက်ရရှိထားပြီး ကျန်ရုပ်သံလိုင်းများမှာ တိုက်ရိုက် ထုတ်လွှင့်ခွင့် မရရှိပေ။

အဆိုပါထုတ်လွှင့်ခွင့်နှင့် ပတ်သက်၍ Sky Net ရုပ်သံလိုင်း သို့ ဆက်သွယ်မေးမြန်း သော် လည်း ဖြေကြား ခွင့်မရှိဟုဆိုကာ တာဝန်ရှိသူတစ်ဦးက ငြင်းဆိုခဲ့သည်။

မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသည် Myanmar Interna-tional၊ တိုင်းရင်းသားလူမျိုးများရုပ်သံလိုင်း၊ လွှတ်တော် ရုပ်သံလိုင်း၊တောင်သူလယ်သမားရုပ်သံလိုင်းနှင့် စာဖတ်သူရုပ်သံလိုင်းများ ထုတ်လွှင့် ပေးနေ သည်။

၂၀၁၅ ဇန်န၀ါရီ ၁ ရက်မှ စတင်ကာ MRTV News နှင့်MRTV Entertainment ရုပ်သံလိုင်းနှစ် ခုတိုးချဲ့ထုတ်လွှင့်သွားမည်ဖြစ် သည်။ MRTV News တွင် သတင်းအပြင် သတင်းနှင့် ဆက်စပ်နေ သည့် အစီအစဉ်များ တိုးချဲ့ထုတ် လွှင့်သွားမည်ဖြစ်ပြီး MRTV Entertainment ကို ဇန်န၀ါရီမှ ဇွန်လအထိ Soft Launch အဖြစ် စမ်းသပ်ထုတ်လွှင့်မည်ဖြစ်ကာလာမည့်ဇူလိုင်တွင် အပြည့်အ၀ ထုတ်လွှင့် သွားမည်ဖြစ် သည်။

MRVT Entertainment ရုပ် သံလိုင်းကို ဇန်န၀ါရီ ၁ ရက်မှ စတင်ကာ ဇာတ်လမ်းများ၊ တေးဂီတ အစီအစဉ်များအပြင် ပရီးမီးယားလိဂ် ဘောလုံးပွဲများကိုလည်း တစ်ပတ်လျှင် နှစ်ပွဲနှုန်းပြသရန် စီစဉ်လျက် ရှိကြောင်း၊ ချန်ပီယံလိဂ်နဲ့ စပိန်လာလီဂါပွဲများကိုလည်း ပြသနိုင်ရန် စီစဉ်နေပြီး မြန်မာဘောလုံး အသင်း ပြည်တွင်း၊ ပြည်ပပွဲများအပြင် မြန်မာ့ အားကစား အဖွဲ့များရဲ့ ယှဉ်ပြိုင်မှုများကိုလည်း တင်ဆက် နိုင် ရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိသည်။

7 Day Daily

ဝမ်ပေါင် ကုမ္ပဏီ အလိုမရှိ ကျွေးကျော်သံနဲ့  အတူ လူသတ် အစိုးရ အလိုမရှိ ကြောင်း ပြည်သူ ထောင်ပေါင်းများ စွာ ကြွေး ကျော် ချီတက် ဆန္ဒ ပြ


10897040_569200493212300_3940795478963501876_n

by FNG on December 29, 2014

ဝမ်ပေါင် ကုမ္ပဏီ ထွက်သွား ရေး ၊ တရုတ် ရဲတပ် ဖွဲ့  မြန်မာ နိုင်ငံ တွင်း မှာ အခြေစိုက် ခွင့် မပြု ရေး ၊ သေဆုံး သူ ဒေါ်ခင်ဝင်း အတွက် တရား မျှ တ မှု ဖြစ်ရေး ၊ သမ္မတ ဦးသိန်းစိန် နှုတ် ထွက် ပေး ရေး ၊ အစိုးရ နှုတ်ထွက် ပေး ရေး တို့  အတွက် ယနေ့  ရန်ကုန် မြို့  တွင် ချီ တက် ဆန္ဒ ပြ ပွဲ တစ်ရပ် ကျင်း ပခဲ့သည်။

ရဟန်း သံဃာ နှင့်ကျောင်းသား ပြည်သူများ က မြို့ တော် ခန်းမ ရှေ့  မှ ချီတက် ပြီးရန်ကုန် မြို့  ပြည်ထောင်စု ရိပ်သာ လမ်း ရှိ တရုတ် သံရုံး ရှေ့  တွင် သွား ရောက် စုစည်း ခဲ့ ကြသည်။

ရဲတပ် ဖွဲ့  က တရုတ် သံရုံး ရှေ့  ရှိ ပြည်ထောင်စု ရိပ်သာ လမ်း တစ်ခု လုံး ကို ပိတ်ဆို့ ထား ခြင်း ကြောင့် ဆန္ဒ ပြသူ များ က ဖွင့် လှစ် ပေး ရန် တောင်း ဆို နေ ကြ ပြီး ဆန္ဒြုပသူ များ နှင့် ရဲ တပ် ဖွဲ့  မှာ ယနေ့  ညပိုင်း အထိ အခြေအနေ တင်းမာ နေဆဲ ဖြစ်သည်။

ဒီဇင်ဘာလ ၂၂ ရက်နေ့  က ၀မ်ပေါင် ကြေးနီ ကုမ္ပဏီ ၏ ခြံစည်း ရိုး အဓမ္မ ကာရံ မှု ကို ဆန့် ကျင် ကန့် ကွက် သည့် အသက် ၅၆ နှစ် အရွယ် တောင်သူ ဒေါ် ခင် ၀င်း ကို ရဲ က ပစ်ခတ် မှု ကြောင့် သေဆုံး ခဲ့ ပြီး နောက် ရန်ကုန် ၊မန္တလေး ၊ မုံရွာ ၊ ပြည် နှင့် နယ် မြို့  |အချို့  တွင် ဆန္ဒ ပြ မှု များ ပေါ် ပေါက် ခဲ့သည်။

နောက်ဆုံး ရရှိ သည့် သတင်း များ အရ ဆန္ဒ ပြသူ များ က ယနေ့  ည တွင် တရုတ် သံရုံး ရှေ့  ရှိ အတားအဆီး များ ကို ကျော် ဖြတ် ပြီး သံရုံး ရှေ့  ချီ တက် ဆန္ဒ ပြ ရန် ဆုံး ဖြတ် ခြင်း ကြောင့် အခြေ အနေ မှာ တင်း မာ လျှက် ရှိသည်။

အတားအဆီး များ ဖွင့် လှစ် ပေး မှု မရှိ မခြင်း ပြည်ထောင်စု ရိပ်သာ လမ်း တွင် သပိတ်စခန်း ဖွင့် လှစ် မည် ဟု သိရသည်။

Credit : Here

ကားအောက်ပိုင်းမှာ အလွယ်ထားတတ်သည့် ရေဘူးများအန္တရယ်



ကားတွေဆီဖြည့်တဲ့အခါ အလကားပေးဝေတဲ့ ရေ သန့် ဗူးတွေကို ကားမောင်းတဲ့သူတွက အလွယ် တကူ ကားအောက်ပိုင်း ကြမ်းပြင်မှာ အလွယ်တကူ ထားတတ်တဲ့အလေ့ထရှိတဲ့ သူတွေအတွက် သင်ခန်းစာယူပြီး သတိထားရမယ့် ဖြစ်ရပ်ပါ။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရဲ့ ဗန်းကပိ ကုန်တိုက် ကြီးရဲ့ ကားပါ့ကင် မှာပါရှစ်ထပ်လောက်မြင့်တဲ့ ကားထားတဲ့နေရာကနေပြီး မနက်စောစောပိုင်း ကားလာထုတ်တဲ့ ဇနီးမောင်နှံ ကတော့ နောက်ဆုတ်ရင်းနဲ့ အရှိန်မထိမ်းနိုင်ဖြစ်ပြီး ၈ထပ်ဝရမ်တာကနေ ကားက အောက်ကိုဇောက်ထိုးကျသွားခဲ့ရာ ကားမောင်သူ သေဆုံးသွားခဲ့တဲ့ အကြောင်းရင်းဇစ်မြစ်ကို စစ်ဆေးတဲ့အခါမှာတော့ နောက်ဆုတ်တဲ့အခါမှာ ဘရိတ်နင်းတဲ့နေရာမှာ ရေသန့် ဗူးကညပ်နေ တဲ့အတွက် ရပ်လို့ မရတော့ဘဲ အရှိန်နဲ့ တိုက်ပေါ် ကနေ ထိုးကျသွားခဲ့တာပါ။

ရေသန့် ဘူး-အချိုရည်ဘူး နဲ့  တစ်ရူးစက္ကူဘူး တွေဟာ ကားဘယ်နေရာထားပါစေ အရှိန်နဲ့ လိမ့်ပြီး ကားမောင်းတဲ့ နေရာကို ရောက် သွားခဲ့ပြီးရင် လီဘာ-ဘရိတ်နင်းတံတွကြားမှာ ရောက်သွားတတ်ပါတယ် ၊ ဒါကို သတ်မထားခဲ့ရင် အလွန်အန္တရယ်များ ပါတယ်။ ကားမောင်းသူတွေအနေနဲ့  မိမိကားက်ုမမောင်း ခင်မှာ မောင်းခန်းထဲမှာ အောက်ခြခုံကို အရာဝတ္တု တွေ တခုခု ကြားညပ် ပိတ်ဆို နေမယ်ဆိုရင် အရင် ဖယ်ရှားပြီးမှသာ ကားစက်နိုးပြီး လိုရာခရီး ကို သွားသင့်ပါကြောင်း ။။။။

Copy and WIN : http://bit.ly/copy_win

သွေးထိုးစည်းရုံးမှုတွေကြောင့် ပဋိပက္ခဖြစ်ပွားနေတာလို့ ၀မ်ပေါင်ကုမ္ပဏီ ပြောကြား



မြန်မာဝမ်ပေါင် ကြေးနီထုတ်လုပ်ရေး ကုမ္ပဏီအနေ နဲ့ လက်ပံတောင်းဒေသခံ တောင်သူ အများစု စိတ်ကျေ နပ်အောင် ဆောင်ရွက်ပေး ထားပေ မဲ့ နောက်ကွယ်ကနေ စည်းရုံးသွေးထိုးပေးနေ သူတွေကြောင့် အခုလို ပဋိပက္ခတွေ ဆက်လက်ဖြစ် ပွားနေရ တာဖြစ်တယ်လို့ ၀မ်ပေါင်ကုမ္ပဏီက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

နောက်ကွယ်က စည်းရုံးသွေးထိုးပေးနေသူတွေဟာ ၀မ်ပေါင်ကုမ္ပဏီကို ဆန့်ကျင်ဆန္ဒပြသူတွေ အတွက် နေ့တွက်စရိတ် ငွေ ၈ ထောင် ထုတ်ပေး တာတွေ လည်းရှိတယ်လို့ မြန်မာဝမ်ပေါင်ကုမ္ပဏီရဲ့ စီမံခန့်ခွဲရေးမန်နေဂျာ မစ္စတာ ၀မ်ရင်ဖီးက RFA ကို ပြော ပါတယ်။

"အဓိကအကြောင်းရင်းကျတော့ သူတို့နောက်မှာ စည်းရုံးတဲ့လူရှိတယ်၊ နိုင်ငံရေးသမားတွေ အဖွဲ့ အစည်းတွေလာပြီးတော့ စည်းရုံးတယ်၊ သွေးထိုးတယ်၊ အဲ့ဒါကြောင့် သူတို့အမြဲတမ်း ဆန္ဒလာပြတာ၊ အများစုက ကျနော်တို့ စီမံကိန်းကိုလက်ခံတယ်၊ ကျနော်တို့လည်း ပေးထားတဲ့ ဒီပေါ်လစီတွေကို သူတို့က အကုန်လုံးသဘောကျတယ်လေ၊ မြေယာထောက်ပံ့ကြေးတို့ အလုပ်အကိုင်ထောက်ပံ့ကြေးတို့၊ အဓိက အကြောင်းရင်းက သူတို့က ဒီဟာနောက်က ကြိုးဆွဲတဲ့လူရှိလို့၊ စည်းရုံးတဲ့လူရှိလို့ အဲ့လိုဖြစ်တာပါ၊ သူတို့က ဆန္ဒပြတဲ့အခါကျရင် ဓါတ်ပုံရိုက်ထားတယ်လေ၊ အစိုးရလည်း ဓါတ်ပုံရိုက်ထားတာပဲ၊ ပဋိပက္ခဖြစ်တဲ့အခါ ကျလို့ရှိရင်လည်း သူတို့ပိုက်ဆံပေးတယ်လို့ပြောတယ်၊ ဝမ်ပေါင်ဝန်ထမ်း ခြံစည်းရိုးခတ်တဲ့အခါကျလို့ရှိရင် သူတို့ဝိုင်းပြီးတော့ ဆန္ဒပြမယ်ဆိုရင် ကျနော်တို့သတင်းရတာ တစ်ယောက်ကို ရှစ်ထောင်ပေးမယ်တဲ့၊ အဲ့လို မျိုးတွေလုပ်တာရှိတယ်"

လက်ပံတောင်းဒေသ ဆည်တဲကျေးရွာသူ မ၀င်းဝင်းဌေးကတော့ ၀မ်ပေါင်ကုမ္ပဏီကို ဆန့်ကျင် ဆန္ဒပြ တာဟာ လယ်ယာမြေတွေကို ကာကွယ်ဖို့သာဖြစ်ပြီး၊ နေ့တွက်စားရိတ်မရရှိဘူးကြောင်း ပြောပါတယ်။

မြန်မာဝမ်ပေါင်ကုမ္ပဏီကို စီမံကိန်းရုပ်သိမ်းပြီး မြန်မာနိုင်ငံက ထွက်ခွာသွားဖို့ တောင်းဆိုဆန္ဒပြမှုတွေရှိပေမဲ့ ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ ခွင့်ပြုချက်နဲ့ တရားဝင်လုပ်ကိုင်နေ တာ ဖြစ်တဲ့ အတွက် စီမံကိန်းရုပ်သိမ်းဖို့ အစီအစဉ်မရှိဘူးလို့ ပြောပါတယ်။

ဒါ့အပြင် လျော်ကြေးမယူတဲ့ လယ်ယာမြေတွေပေါ်မှာ ခြံစည်းရိုးခတ်နေတာဟာလည်း ငှားရမ်းထားတဲ့ ဧက ၆၇၀၀ ပေါ်မှာ တရားဝင်လုပ်ပိုင်ခွင့်အရ ဆောင်ရွက်တာသာဖြစ်ကြောင်း၊ ဖျက်ဆီးခံရတဲ့ သီးနှံတွေ အတွက်လည်း လျော်ကြေးပေးအပ်သွားမှာဖြစ်ကြောင်း ၀မ်ပေါင်ကုမ္ပဏီက ပြောပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127

ပြည်ခိုင်ဖြိုးပါတီ မြို့နယ် ၃၃၀ မှာ ၀င်ရောက်ယှဉ်ပြိုင်မည်



လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက တစ်ပြည်လုံးမှာရှိတဲ့ အထဲက မြို့ပေါင်း ၃၃၀ မှာ ဝင်ရောက်ယှဉ်ပြိုင်သွား မှာဖြစ်တယ်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီရဲ့ ရန်ကုန်တိုင်းဒေသကြီး အတွင်းရေးမှူး ဦးသာဝင်း က ပြောပါတယ်။

အဲဒီအတွက် ကိုယ်စားလှယ်လောင်းလျာထားတဲ့ စာရင်းတွေကို အောက်ခြေက ပါတီဗဟိုဌာနချုပ်ဆီ တင်ပြထားပြီးဖြစ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ရန်ကုန်တိုင်းဒေသကြီး အတွင်းရေးမှူး ဦးသာဝင်းက ပြောပါတယ်။

"ပါတီဌာနချုပ်က အတည်ပြုပြီးတော့မှ ချပေးမှာပေါ့၊ အောက်ကနေပြီးတော့ လျာထားတင်ပြ တာလေးတွေတော့ လုပ်ထားပါတယ်၊ ကျနော်တို့ ရန်ကုန်တိုင်းမှာတော့ ၄၅ မြို့နယ်ရှိတာပေါ့လေ၊ ၄၅ မြို့နယ်အတွက်ကို လျာထားတာပေါ့၊ ပြည်သူ့လွှတ်တော်ထဲကတော့ အားလုံးဝင်ပြိုင်မယ်ဆိုရင်တော့ ၃၃ဝ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေကတော့ ပြည်နယ်တိုင်း အသီးအသီးမှာတော့ ၁၂ ဦးစီ ရှိမှာပေါ့နော်၊ ပြည်နယ်တိုင်း ၁၄ ခုအတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်မှာ တစ်မြို့နယ်ကို ၂ ဦးစီနဲ့ ရှိမှာပေါ့နော်"

တစ်ပြည်လုံးက မြို့ပေါင်း ၃၃၀ ကို ကိုယ်စားပြုမယ့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် တိုင်းဒေ သကြီးနဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နေရာအားလုံးအတွက် ဝင်ရောက်ယှဉ်ပြိုင်သွား မှာဖြစ် တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတုန်းက အောင်မြင်မှုမရရှိခဲ့တာတွေကို သင်ခန်းစာယူပြီး တစ်နိုင်ငံလုံးမှာ စည်းရုံးရေးတွေ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဟာ လက်ရှိပါတီဝင်အင်အား ၄ သန်းခွဲ ကျော်ရှိတယ်လို့ ဆိုပါ တယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127

ဖက်ဒရယ် တပ်မတော် တကယ် အလုပ်ဖြစ်နိုင်သလား

တိုင်းရင်းသားဒေသ တချို့၌ ဖြစ်ပွားနေသည့် စစ်ရေး၊ နိုင်ငံရေး ပဋိပက္ခများကို ဖြေရှင်းရာတွင် ပိုမိုထိရောက် စွာ ဆောင် ရွက် နိုင်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ စုပေါင်းဖွဲ့စည်းထားသော ဖက်ဒရယ် တပ်မတော် (Federal Union Army- FUA ) အား ပြန်လည် စုစည်းပြီး ဒေသဆိုင်ရာ စစ်ရေး တာဝန်ခံ တချို့ကို တာဝန် ပေးအပ် ခဲ့ ကြောင်း ပထမဆုံး အကြိမ် တရားဝင် သတင်းထုတ်ပြန်ခဲ့သည်။

FUA သည် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ ( UNFC ) အဖွဲ့ဝင်များ၏ လက်နက်ကိုင် တပ်ဖွဲ့ များကို စုပေါင်း၍ ၂၀၁၁ ခုနှစ်တွင် ဖွဲ့စည်းထားခဲ့သည့် တပ်ပေါင်းစု တခု လည်း ဖြစ်သည်။ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာ ၂၈၊ ၂၉ ရက်တို့တွင် ပြုလုပ်ခဲ့သည့် စစ်ဘက်ဆိုင်ရာ အစည်း အဝေး အပြီး၌ ဖက်ဒရယ် တပ်မတော် (FUA) အဖြစ် တရားဝင် ဖွဲ့စည်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

FUA ဖွဲ့စည်းလိုက်ခြင်းအပေါ် ဝေဖန်မှု အများအပြား ထွက်ပေါ်နေသကဲ့သို့ လက်တွေ့တွင် မည်မျှ အလုပ်ဖြစ်နိုင် မဖြစ်နိုင် ဆိုသည်ကိုလည်း မေးခွန်းထုတ်မှုများ ရှိနေသည်။ ထို့အတူ FUA အနေဖြင့် တွေ့ကြုံ လာရမည့် အကြောင်းအရာ အစုံစုံကို မည်မျှထိ လက်တွေ့ လုပ်ဆောင် သွားနိုင်မည် ဆိုသည်ကိုလည်း FUA ၏ ခေါင်းဆောင်များက တိကျစွာ ပြောဆိုခြင်း မရှိ သေးပေ။

အစိုးရနှင့် လက်နက်ကိုင် အဖွဲ့များအကြား အပစ်အခတ် ရပ်စဲရေး ဆွေးနွေးနေချိန်တွင် ဖက်ဒရယ် တပ် မတော်အဖြစ် တရား ၀င် ကြေညာလိုက်ခြင်းကြောင့် စစ်ရေးအရ အပြန်အလှန် တိုက်ခိုက်မှု များ ဖြစ်ပေါ် လာနိုင်ပြီး၊ ပြည်တွင်း စစ်မီး ပိုမို ကြာရှည် လာမည်ကိုလည်း စိုးရိမ်မှုများ ရှိနေသည်။ တိုင်းရင်းသား ခေါင်းဆောင်များကမူ စစ်ရေးအရ အင်အားသုံး တိုက် ခိုက်ရန် ရည် ရွယ် ဖွဲ့စည်းခြင်း မဟုတ်ဟု ဆိုကြသည်။

FUA ၏ စစ်ဦးစီးချုပ် ဖြစ်သူ ဗိုလ်ချုပ် ဘီထူး က ဧရာဝတီ ကို ပြောရာတွင် “ကျနော်တို့ရဲ့ ရည်ရွယ်ချက် က နောင်တချိန် ကျရင် အနာဂတ် မြန်မာ ပြည်မှာ ဖက်ဒရယ်တပ်မတော် တည်ထောင်ဖို့ အတွက် ရည်ရွယ်ပြီး ဖွဲ့စည်းထားတာပါ။ မြန်မာ့ တပ်မတော်နဲ့ အပြိုင်အဆိုင် ဖွဲ့စည်းတဲ့ တပ်မတော် မဟုတ်ပါဘူး၊ အခု ကျနော်တို့ ဖွဲ့စည်းထားတဲ့ တပ်မတော်က ကျနော် တို့ လိုချင်တဲ့ တပ်မတော် ပုံစံဖြစ်ပါတယ်”ဟု ဆိုသည်။

FUA ဖွဲ့စည်းရခြင်းသည် လက်ရှိအစိုးရ ဖွဲ့စည်းထားသည့် တပ်မတော်အား လက်မခံနိုင်၍ ဖြစ်ကြောင်း၊ ထိုကြောင့် ဖက်ဒ ရယ် တပ်မတော် စစ်စစ် ဖြစ်ပေါ်လာရေးအတွက် ဆွေးနွေးနေဆဲ ဖြစ်ကြောင်း၊ အစိုးရက ၎င်းတို့ တပ်မတော်အား ဖက်ဒ ရယ် ပြည်ထောင်စု တပ်မတော်ဟု မခေါ်ဆိုဘဲ ဗမာ့တပ်မတော် ဟုသာ ခေါ်နေသည်ဟု ဗိုလ်ချုပ် ဘီထူးက ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများ စုပေါင်း၍ တပ်ပေါင်းစု ဖွဲ့စည်းထားသည်မှာ ကြာပြီဖြစ်သော် လည်း ဖက်ဒရယ် တပ်မတော်ဟု ယခုအခါမှ တရားဝင် ကြေညာခြင်းဖြစ်ကြောင်း၊ FUA အဖြစ် ဖွဲ့စည်း လိုက်ခြင်းကြောင့် အစိုးရနှင့် တိုင်းရင်း သားတို့အကြား နိုင်ငံရေး ဆွေးနွေးရာတွင် တစုတစည်း တည်း ဖြစ်စေမည်ဟု ကချင်လွတ်မြောက်ရေးအဖွဲ့ ( KIO ) ၏ ဗဟို အဖွဲ့ဝင် တဦးက ဧရာဝတီ ကို ပြောသည်။

“FUA ဖွဲ့လိုက်တဲ့အတွက် အစိုးရနဲ့ နိုင်ငံရေး၊ စစ်ရေး ကိစ္စတွေကို ဆွေးနွေးတဲ့ အခါမှာ တစုတစည်း တည်း ဖြစ်အောင် လို့ပါ၊ ဒီလိုမဖွဲ့ဘူးဆိုရင် တဖွဲ့ချင်းစီက ကိုယ့်အစီအစဉ်နဲ့ကိုယ် အစိုးရနဲ့ သွားတွေ့နေ ကြမယ်ဆိုရင် တိုင်းရင်းသားတွေ အကြားမှာ စိတ်ဝမ်းကွဲမှုတွေကို ဖြစ်လာစေနိုင်တယ်” ဟု ဆိုသည်။

FUA ၏ စစ်ဘက်ဆိုင်ရာ အစည်းအဝေးကို ထိုင်း-မြန်မာ နယ်စပ်၌ နိုဝင်ဘာလ ၂၈၊ ၂၉ ရက်တို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး၊ FUA ၏ တောင်ပိုင်း စစ်ဒေသဆိုင်ရာ စစ်ဦးစီးချုပ်အဖြစ် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်( KNU-KNLA) မှ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဘောကျော်ဟဲကို ခန့်အပ်ခဲ့ သည်။

ထို့အတူ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ၏ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂမ်ရှောင် အား မြောက်ပိုင်း စစ်ဒေသဆိုင်ရာ စစ်ဦးစီးချုပ်အဖြစ် တာဝန်ပေးအပ်ခဲ့ကြောင်း FUA ၏ အကြံပေး ပုဂ္ဂိုလ် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဧရာဝတီကို ပြောသည်။

FUA သည် လက်ရှိ ဖြစ်ပွားနေသည့် နိုင်ငံရေး၊ စစ်ရေး ပဋိပက္ခများ အပေါ် သုံးသပ်ပြီး ရှေ့ဆက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ လိုင်ဇာရှိ KIA ဗိုလ်လောင်း သင်တန်းကျောင်းအား အစိုးရ တပ်မတော် က နိုဝင်ဘာလ ၁၉ ရက်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သင်တန်းသား ၂၃ ဦး သေဆုံးခဲ့ပြီး၊ ၂၀ ဦး ဒဏ်ရာရခဲ့ခြင်း အပေါ် ရှုတ်ချသည့် ကြေညာချက်ကို FUA အစည်းအဝေးက ထုတ်ပြန်ခဲ့သည်ဟု ဦးခွန်ဥက္ကာ က ပြောသည်။

ဖက်ဒရယ် တပ်မတော်နှင့် ပတ်သက်ပြီး အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အကြား နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်ချိန်တွင် ဆွေးနွေးသွားရန် ရှိကြောင်း၊ မြန်မာနိုင်ငံ၌ အစိုးရ တပ်မတော် အပါအ၀င် လက်နက်ကိုင် တပ်မတော် အများအပြား ရှိနေကြောင်း၊ သို့သော် တတိုင်းပြည်လုံးအား ကိုယ်စားပြုသည့် တပ်မတော် တိတိကျကျ မရှိသေးကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU ) ၏ အထွေထွေ အတွင်းရေးမှူး ပဒိုကွယ်ထူးဝင်းက ဧရာဝတီကို ပြောသည်။

“လက်ရှိမှာတော့ တပ်မတော်တွေက အများကြီးပဲလေ၊ အစိုးရမှာရော၊ တိုင်းရင်းသားတွေမှာရောပေါ့၊ အစိုးရ တပ်မတော် ကလည်းပဲ တိုင်းရင်းသား အားလုံး ကိုယ်စားမပြုဘူး ပြောရမှာပေါ့၊ အစိုးရ တပ်မတော်က တိုင်းရင်းသား အားလုံးကို ကိုယ်စားပြုတယ် ဆိုရင် တိုင်းရင်းသား အခွင့်အရေးတွေကို ကာကွယ်ပေး ရမှာပေါ့၊ ဒါပေမယ့် FUA ကိစ္စကတော့ အများကြီး ဆွေးနွေးရဦးမှာပါ၊ လက်တွေ့မှာ ဖြစ်နိုင်ခြေက သိပ်မရှိသေးဘူး”ဟု ၎င်းက ဆိုသည်။

အစိုးရ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ စုပေါင်း ဖွဲ့စည်းထားသည့် ဖက်ဒရယ် တပ်မတော် ( FUA ) ကို လက်မခံဟု ပြောဆိုသည်။ လက်ရှိ၌ အစိုးရ တပ်မတော် သည် တိုင်းရင်းသား အားလုံးကို ကိုယ်စားပြုသည့် တပ်မတော် ဖြစ်ကြောင်း အမေရိကန် အခြေစိုက် ( VOA ) မြန်မာပိုင်း အစီအစဉ်နှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖြေဆိုခဲ့သည်။

တိုင်းရင်းသားများ ဖွဲ့စည်းလိုက်သည့် ဖက်ဒရယ် တပ်မတော်သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ညီညွတ်မှု မရှိ ကြောင်း၊ မည်သည့် နိုင်ငံမဆို အမျိုးသား တပ်မတော် တခုတည်းသာ ရှိကြောင်း၊ လက်ရှိ မြန်မာ့တပ်မတော်သည် တိုင်းရင်းသား အားလုံးနှင့် စုပေါင်း ဖွဲ့စည်းထားသည့် တပ်မတော် ဖြစ်ကြောင်း၊ မြန်မာ့တပ်မတော်ထဲ၌ တိုင်းရင်းသား အရာရှိပေါင်း ၄၅၀၀ ရှိပြီး ဒုတိယ ဗိုလ်ချုပ်ကြီး အဆင့်အထိ ရှိသည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က“တပ်ဆိုတာ လက်နက်ကိုင်အဖွဲ့ ဖြစ်တဲ့အတွက် စည်းလုံးဖို့ လိုတယ်၊ ကွဲနေလို့ မရဘူး၊ ဒါကြောင့် စုစည်းညီညွတ်တဲ့ တပ်မတော်တခုပဲ ရှိသင့်တယ်လို့ ကျနော်တို့ ယူဆတယ်” ဟု ဆိုသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေဖြင့် တိုင်းရင်းသားများ ပါဝင်သော တပ်မတော်ဟု ဆိုသော်လည်း ဖက်ဒရယ်ဟူသော စကားရပ်ကို အသုံးပြုရန် ဆန္ဒမရှိသေးဟု တိုင်းရင်းသား ခေါင်းဆောင်များက ပြောသည်။

“ဖက်ဒရယ် တပ်မတော် ဖွဲ့တာဟာ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ မညီဘူးလို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်၊ ကျနော် တို့ တိုင်းရင်းသားအဖွဲ့ အားလုံးကလည်းပဲ ဒီမိုကရေစီ မကျတဲ့၊ တိုင်းရင်းသား တန်းတူရေး ပေးမထားတဲ့၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံပါဘူး၊ ဒါကြောင့် ဖွဲ့စည်းပုံ ပြင်ပေးဖို့ တောင်းဆို နေကြတာပေါ့” ဟု တိုင်းရင်းသား ခေါင်းဆောင် တဦးက ပြော သည်။

တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးနိုင်ရေးအတွက် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အကြား အကြိမ်ပေါင်းများစွာ တွေ့ဆုံဆွေးနွေးပွဲများ ဆောင်ရွက်နေသကဲ့သို့ အခြားတဘက်တွင်လည်း အပြန်အလှန် တိုက်ခိုက်မှုများ၊ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။

ထိုသို့ တိုက်ခိုက်မှုများ ဖြစ်ပွားနေချိန်တွင် ဖက်ဒရယ် တပ်မတော် ( FUA ) အား တရားဝင် ထပ်မံ ဖွဲ့စည်းလိုက်ခြင်းကြောင့် ပြည်တွင်းစစ် ချုပ်ငြိမ်းရေးအတွက် မည်မျှအထိ အထောက်အကူ ဖြစ်လာနိုင်ခြေ ရှိမရှိ ဆိုသည်ကို စောင့်ကြည့်ရဦးမည် ဖြစ်ပေသည်။

Credit : Here

၂၀၁၃ ခုနှစ် အကယ်ဒမီ ဆုချီးမြှင့်ပွဲ အပြီး ဘာသံတွေ ကြားရသလဲ

၂၀၁၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆု ချီးမြင့်ပွဲကတော့ ပြီးဆုံးသွားခဲ့ပြန်ပါပြီ။ ရုပ်ရှင် အစည်းအရုံးက ပထမဆုံး ဦးစီး စီစဉ်တဲ့ ပွဲဖြစ်တဲ့အတွက် အရင်နှစ်တွေနဲ့ မတူတာတော့ အမှန်ပါပဲ။

အရင်နှစ်တွေကလို ပရိသတ်များကို လက်မှတ် မရောင်းတဲ့အတွက် အနုပညာရှင်တွေနဲ့ အတူတူ ဓာတ်ပုံ ရိုက်ကူးသူတွေ၊ လက်မှတ် ရေးထိုးခိုင်းသူတွေ မရှိတာကြောင့် ပွဲက နည်းနည်းတော့ ခြောက်သွေ့နေ သယောင် ခံစားရပါတယ်။

သတင်းယူမယ့် သတင်းထောက်တွေကိုလည်း သီးသန့်နေရာပေးထားပြီး ဓာတ်ပုံဆရာတွေကလည်း သတ်မှတ် ထားတဲ့ နေရာကသာ ရိုက်ကူးခွင့် ရတဲ့အတွက် ဒီနှစ်ပွဲ တက်ရောက်လာတဲ့ အနုပညာရှင်တွေ သိပ် အလုပ်မရှုပ်ကြပါဘူး။ အခမ်းအနားမှူးအဖြစ် ရွှေကြိုရွေးချယ်ရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌ အကယ်ဒမီရန်အောင်နဲ့ တင်မိုးလွင်တို့က ဆောင်ရွက်ခဲ့ကြပြီး ပွဲကို ပါဖောမန့်တွေနဲ့ စီစဉ်တင်ဆက်ခဲ့ပေမယ့် တက်ရောက်လာသူ များကို ဆွဲဆောင်မှု သိပ်မရှိခဲ့ပါဘူး။

ထူးချွန်ဆုရရှိသူတွေအဖြစ် တေးဂီတဆုကို ကြယ်စင်မော်ကွန်း ဇာတ်ကားနဲ့ စန္ဒရား တင်ဝင်းလှိုင်၊ အမျိုးသမီး ဇာတ်ပို့ဆုကို စုန်းပြူး ဇာတ်ကားနဲ့ ခိုင်သင်းကြည်၊ အမျိုးသား ဇာတ်ပို့ဆုကို နင်စေရင် ဇာတ်ကား နဲ့ မင်းဦး၊ ဒါရိုက်တာဆုကို နင်စေရင် ဇာတ်ကားနဲ့ ဒါရိုက်တာဝိုင်း၊ အမျိုးသမီး ဇာတ်ဆောင်ဆုကို နင်စေရင် ဇာတ်ကားနဲ့ ၀တ်မှုံရွှေရည်၊ အမျိုးသား ဇာတ်ဆောင်ဆုကို နင်စေရင် ဇာတ်ကားနဲ့ပဲ ပြေတီဦးတို့က ရရှိခဲ့ကြပါတယ်။

အကယ်ဒမီချီးမြှင့်ခံခဲ့ရတဲ့ အနုပညာရှင်တွေကတော့ အရင်နှစ်တွေက အကယ်ဒမီလွဲချော်ခဲ့ပြီး ပရိသတ် ရစေချင်တဲ့ အနုပညာရှင်တွေ ဒီနှစ်မှာ ရရှိကြတာဖြစ်လို့ ပရိသတ် ၀မ်းသာမှု ရှိခဲ့တာ တွေ့ရပါတယ်။ ဒါပေ မယ့် ဒီနှစ်အတွက် အကယ်ဒမီ ထူးချွန်ဆု စုစုပေါင်း ၆ ဆုသာချီးမြင့်ခဲ့လို့ ရုပ်ရှင် တကား ဖြစ်မြောက်ဖို့ အဓိက လုပ်ဆောင်ရတဲ့ ဇာတ်ညွန်း၊ ကင်မရာမန်း၊ ထုတ်လုပ်ရေးဆုတွေက ဒီနှစ်အကယ်ဒမီဆုနဲ့ မထိုက်တန် ဘူးလားဆိုတဲ့ ဝေဖန်သံ တချို့လည်း ထွက်ပေါ်ခဲ့ပါတယ်။

ဒါ့အပြင် ၂၀၁၃ ခုနှစ် အကယ်ဒမီထူးချွန်ဆု ရရှိမယ့် အနုပညာရှင်တွေရဲ့ စာရင်းက facebook မှာ ကြိုတင်ပြီး ပျံ့နှံ့နေခဲ့တဲ့အတွက် စိတ်လှုပ်ရှားမှု မရှိဘဲ ပြီးဆုံးခဲ့တဲ့ ၂၀၁၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ဆုချီးမြှင့်ပွဲသာ ဖြစ်ခဲ့ရ ပါတယ်။

Credit : Here

Monday, December 29, 2014

မြန်မာနိုင်ငံ၌ ဥာဏ်တော်အမြင့်ဆုံး ဆင်းတုတော်ကြီးထုလုပ်ရန် ကျောက်တော်ကြီး သယ်ဆောင်မည်


Photo: မြန်မာနိုင်ငံ၌ ဥာဏ်တော်အမြင့်ဆုံး ဆင်းတုတော်ကြီးထုလုပ်ရန် ကျောက်တော်ကြီး သယ်ဆောင်မည်

ဒီဇင်ဘာလ ၂၉ ရက်၊ ၂၀၁၄

နေပြည်တော် မောင့်ပလဲဆင့်ဟိုတယ်အနီး အောင်မောဠိတောင်ညွန့်၌ တည်ထားကိုးကွယ်မည့် မဟာသကျရံသီ ရုပ်ရှင်တော်မြတ်ကြီးထုလုပ်ရန် စကျင်ကျောက်တော်ကြီးကို ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက် နံနက် ၈ နာရီ ၁၀ မိနစ်တွင် စကျင်ကျေးရွာမှ နေပြည်တော်သို့ စတင်သယ်ယူမည်ဖြစ်သည်။
မဟာသကျရံသီရုပ်ရှင်တော်မြတ် ကြီးကို ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေ အာနန္ဒာဘုရားတောင်ဘက်မုခ် ရှိရပ်တော်မူ ဘုရားပုံတော်အတိုင်း ပုံစံတူ၊ အရွယ်တူ ထုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။ ကျောက်တော်ကြီးကို စကျင်ကျေးရွာ၌ အကြမ်းထုလုပ် ပြီး အချောသတ်လုပ်ငန်းများကိုနေပြည်တော်၌ ကျောက်ဆစ် ပညာရှင်များနှင့် ကွန်ပျူတာ နည်းပညာရှင်များ အတူပူးပေါင်းကာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ဆင်းတုတော်ကြီး ထုလုပ်မည့် ကျောက်တော်ကြီးသည် အလျား ၄၅ ပေ၊ အနံ ၁၃ ပေခွဲနှင့် အမြင့် ၈ ပေရှိကာ အလေးချိန် တန် ၁၃၀ ခန့်ရှိကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။ ဘုရားကြီး တည်ထားပြီးပါက မြန်မာနိုင်ငံတွင် ဥာဏ်တော်အမြင့်ဆုံး စကျင်ကျောက်ဆင်းတုတော်ကြီး ဖြစ်လာမည် ဖြစ်သည်။
ဆင်းတုတော်ကြီး ထုဆစ်ခြင်းလုပ်ငန်းကို မန္တလေးမြို့ ပန်တော်မူကျောက်ဆစ်လုပ်ငန်းမှ ကျောက်ဆစ်ပညာရှင် ဦးခင်ဇော်နှင့်အဖွဲ့က တာဝန်ယူ ဆောင်ရွက်မည် ဖြစ်သည်။
ကျောက်တော်ကြီးကို စကျင်ကျေးရွာမှ နေပြည်တော်အချောထည်ဆောင် ရွက်ရမည့်နေရာအထိ ပို့ဆောင်ခြင်း၊ အချောထည်ပြီးချိန်တွင် ဘုရားတည်မည့် တောင်ညွန့်ပေါ်အထိပို့ဆောင်ခြင်း၊ ဆင်းတုတော်ကြီး ထောင်မတ် ပေးခြင်းလုပ်ငန်းများကို ဆင်နှစ်ကောင်မိသားစုကုမ္ပဏီက ဆောင်ရွက် ပေးမည်ဖြစ်သည်။

အဆိုပါ လုပ်ငန်းများအတွက်ကျပ်သိန်းသုံးထောင်ခန့် ကုန်ကျ မည်ဖြစ်ပြီး ကုန်ကျစရိတ်အားလုံး ကို ဆင်နှစ်ကောင်မိသားစုက လှူဒါန်းခြင်း ဖြစ်ကြောင်းသိရသည်။ ကျောက်တော်ကြီးကို ဦးအောင်ခိုင်သန်း-ဒေါ်တိုးတိုးနွယ် (ဓာတ်သတ္တုတူးဖော်ရေးလုပ်ငန်း)တို့က လှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။ ကျောက်တော်ကြီးကို ပင့်ဆောင်ရာတွင် စကျင်၊ မတ္တရာမှ မန္တလေးမြို့တွင် မန္တလေးတောင် အရှေ့ဘက်၊ ကျုံးအရှေ့ဘက် ၆၆ လမ်းအတိုင်း၊ သိပ္ပံလမ်းအထိ၊ သိပ္ပံလမ်းမှ ရန်ကုန်မန္တလေး လမ်းဟောင်းအတိုင်း ပလိပ်၊ ထိုမှ အမြန်လမ်းမပေါ်သို့ တက်ပြီး အမြန်လမ်းအတိုင်း နေပြည်တော်အရောက် သယ်ဆောင်မည်ဖြစ်သည်။

ဇန်နဝါရီ ၁ ရက်ညတွင် စကား အင်းကားရပ်နားကွင်းတွင် လည်းကောင်း၊ ဇန်နဝါရီ ၂ ရက်တွင် မိတ္ထီလာ သီးကုန်းစခန်းတွင်လည်း ကောင်း ရပ်နားမည်ဖြစ်ပြီး ဇန်နဝါရီ၃ ရက်တွင် နေပြည်တော်အရောက် သယ်ဆောင်မည် ဖြစ်သည်။ ကျောက်တော်ကြီးကို တင် ဆောင်သယ်ယူမည့် Heavy Modular Trailer ယာဉ်ကြီးသည် အလျား ပေ ၉၀ ရှိပြီး ဘီးလုံး ၁၂၂ လုံးပါဝင် ကာ ဘီးလုံးတိုင်းတွင် အလိုက်သင့် ကွေ့နိုင်သော စတီယာရင် စနစ်ပါဝင်ပြီး ဟန်ချက်ညီစေရန် အလိုအလျောက် ထိန်းညှိပေးနိုင်သော ဟိုက်ဒြောလစ် စနစ်များ ပါဝင်၍ ကျောက်တော်ကြီး ကိုသယ်ဆောင်ရာ လမ်းခရီး တစ်လျှောက်တွင် ဘေးအန္တရာယ် ကင်းရှင်းစွာ မောင်းနှင်နိုင်မည်ဖြစ်ပြီး တံတားများ ပေါ်တွင်လည်း အပိုဝန်မဖြစ်နိုင်ကြောင်း ဆင်နှစ်ကောင် မိသားစုကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးဟန်စိုးကျော်က ပြောသည်။

အဆိုပါဆင်းတုတော်ကြီးအား နေပြည်တော်ကောင်စီက အကောင်အထည်ဖော် ကာ အေစီအီးကုမ္ပဏီက အဓိက ပံ့ပိုးလှူဒါန်းထားကြောင်း သိရသည်။

MOI Webportal Myanmar

နေပြည်တော် မောင့်ပလဲဆင့်ဟိုတယ်အ နီး  အောင်မောဠိတောင်ညွန့်၌ တည်ထားကိုး ကွယ်မည့် မဟာသကျရံသီ ရုပ်ရှင်တော်မြတ်ကြီး ထုလုပ်ရန် စကျင်ကျောက်တော်ကြီးကို ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက် နံနက် ၈ နာရီ ၁၀ မိနစ်တွင် စကျင်ကျေးရွာမှ နေပြည်တော်သို့ စတင်သယ်ယူ မည်ဖြစ်သည်။

မဟာသကျရံသီ ရုပ်ရှင်တော်မြတ် ကြီးကို ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ အာနန္ဒာ ဘုရားတောင်ဘက် မုခ် ရှိရပ်တော်မူ ဘုရားပုံတော်အတိုင်း ပုံစံတူ၊ အရွယ်တူ ထုလုပ် သွားမည် ဖြစ်ကြောင်းသိရသည်။ ကျောက်တော်ကြီးကို စကျင်ကျေးရွာ၌ အကြမ်းထုလုပ် ပြီး အချောသတ် လုပ်ငန်းများကိုနေပြည်တော်၌ ကျောက်ဆစ် ပညာရှင်များနှင့် ကွန်ပျူတာ နည်းပညာရှင်များ အတူပူးပေါင်း ကာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ဆင်းတုတော်ကြီး ထုလုပ်မည့် ကျောက်တော်ကြီးသည် အလျား ၄၅ ပေ၊ အနံ ၁၃ ပေခွဲနှင့် အမြင့် ၈ ပေရှိကာ အလေးချိန် တန် ၁၃၀ ခန့်ရှိကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။ ဘုရားကြီး တည်ထားပြီးပါက မြန်မာနိုင်ငံတွင် ဥာဏ်တော်အမြင့်ဆုံး စကျင်ကျောက် ဆင်းတုတော်ကြီး ဖြစ်လာ မည် ဖြစ်သည်။

ဆင်းတုတော်ကြီး ထုဆစ်ခြင်းလုပ်ငန်းကို မန္တလေးမြို့ ပန်တော်မူကျောက်ဆစ်လုပ်ငန်းမှ ကျောက်ဆစ် ပညာရှင် ဦးခင်ဇော်နှင့်အဖွဲ့က တာဝန်ယူ ဆောင်ရွက်မည် ဖြစ်သည်။

ကျောက်တော်ကြီးကို စကျင်ကျေးရွာမှ နေပြည်တော်အချောထည်ဆောင် ရွက်ရမည့်နေရာအထိ ပို့ဆောင်ခြင်း၊ အချောထည်ပြီးချိန်တွင် ဘုရားတည်မည့် တောင်ညွန့်ပေါ်အထိပို့ဆောင်ခြင်း၊ ဆင်းတုတော်ကြီး ထောင်မတ် ပေးခြင်းလုပ်ငန်းများကို ဆင်နှစ်ကောင်မိသားစုကုမ္ပဏီ က ဆောင်ရွက် ပေးမည်ဖြစ်သည်။

အဆိုပါ လုပ်ငန်းများအတွက်ကျပ်သိန်းသုံးထောင်ခန့် ကုန်ကျ မည်ဖြစ်ပြီး ကုန်ကျစရိတ်အားလုံး ကို ဆင်နှစ်ကောင်မိသားစုက လှူဒါန်းခြင်း ဖြစ်ကြောင်းသိရသည်။ ကျောက်တော်ကြီးကို ဦးအောင်ခိုင်သန်း-ဒေါ်တိုးတိုးနွယ် (ဓာတ်သတ္တုတူးဖော်ရေးလုပ်ငန်း)တို့က လှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။ ကျောက်တော်ကြီးကို ပင့်ဆောင်ရာတွင် စကျင်၊ မတ္တရာမှ မန္တလေးမြို့တွင် မန္တလေးတောင် အရှေ့ဘက်၊ ကျုံးအရှေ့ဘက် ၆၆ လမ်းအတိုင်း၊ သိပ္ပံလမ်းအထိ၊ သိပ္ပံလမ်းမှ ရန်ကုန်မန္တလေး လမ်းဟောင်းအတိုင်း ပလိပ်၊ ထိုမှ အမြန်လမ်းမပေါ်သို့ တက်ပြီး အမြန်လမ်း အတိုင်း နေပြည်တော် အရောက် သယ်ဆောင် မည်ဖြစ်သည်။

ဇန်နဝါရီ ၁ ရက်ညတွင် စကား အင်းကားရပ်နားကွင်းတွင် လည်းကောင်း၊ ဇန်နဝါရီ ၂ ရက်တွင် မိတ္ထီလာ သီးကုန်းစခန်းတွင်လည်း ကောင်း ရပ်နားမည်ဖြစ်ပြီး ဇန်နဝါရီ၃ ရက်တွင် နေပြည်တော်အရောက် သယ်ဆောင်မည် ဖြစ်သည်။ ကျောက်တော်ကြီးကို တင် ဆောင်သယ်ယူမည့် Heavy Modular Trailer ယာဉ်ကြီးသည် အလျား ပေ ၉၀ ရှိပြီး ဘီးလုံး ၁၂၂ လုံးပါဝင် ကာ ဘီးလုံးတိုင်းတွင် အလိုက်သင့် ကွေ့နိုင်သော စတီယာရင် စနစ်ပါဝင်ပြီး ဟန်ချက်ညီစေရန် အလိုအလျောက် ထိန်းညှိပေးနိုင်သော ဟိုက်ဒြောလစ် စနစ်များ ပါဝင်၍ ကျောက်တော်ကြီး ကိုသယ်ဆောင်ရာ လမ်းခရီး တစ်လျှောက်တွင် ဘေးအန္တရာယ် ကင်းရှင်းစွာ မောင်းနှင်နိုင်မည်ဖြစ်ပြီး တံတားများ ပေါ်တွင်လည်း အပိုဝန်မဖြစ်နိုင်ကြောင်း ဆင်နှစ်ကောင် မိသားစုကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးဟန်စိုးကျော်က ပြောသည်။

အဆိုပါဆင်းတုတော်ကြီးအား နေပြည်တော်ကောင်စီက အကောင်အထည်ဖော် ကာ အေစီအီးကုမ္ပဏီက အဓိက ပံ့ပိုးလှူဒါန်းထားကြောင်း သိရသည်။

MOI Webportal Myanmar