Friday, May 30, 2014

ပညာရေး ဝန်ကြီးဌာန ညွှန်ကြားချက်များ စာရွက်ပေါ်တွင်သာရှိဟု မန္တလေးတိုင်း ဝန်ကြီးချုပ် ပြောကြား



အခြေခံပညာ ကျောင်းအချို့ စည်းကမ်းလိုက်နာမှု အားနည်းနေသဖြင့် ပညာရေး ဝန်ကြီးဌာနက ထုတ်ပြန်သည့် ညွှန်ကြားချက်များမှာ စာရွက်ပေါ် တွင်သာ ရှိနေရာ မြို့နယ်ပညာရေးမှူးများနှင့် အခြေခံပညာ ကျောင်းအုပ်ဆရာ၊ ဆရာမများ တွေ့ဆုံကာ ရှင်းပြသင့်ကြောင်း မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်က ပြောကြားသည်။


မန္တလေးမြို့တော်ရှိ အမှတ် (၁၆) အခြေခံပညာ အထက်တန်းကျောင်းတွင် မေလ ၂၉ ရက်နေ့က ကျင်းပသည့် ခရိုင်၊ မြို့နယ် ပညာရေးမှူးများ၊ အထက်တန်းကျောင်းအုပ် ဆရာ၊ ဆရာမကြီးများနှင့် ဝန်ကြီးချုပ်တို့ တွေ့ဆုံပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

အခြေခံပညာသင် ကျောင်းများကို ကျောင်းအပ်လက်ခံစဉ် အခြားအပိုငွေကြေး ကောက်ခံခြင်း မပြုရန် ညွှန်ကြားချက် ထုတ်ပြန်ထားသော်လည်း ပြီးခဲ့သည့် နှစ်က မိုးကုတ်မြို့နယ်ရှိ ကျောင်းအုပ် ဆရာကြီး နှစ်ဦးသည် လိုက်နာခြင်း မရှိကြောင်း၊ ယင်းသို့ မဖြစ်စေရန် ပညာရေးမှူးများနှင့် ကျောင်းအုပ် ဆရာ၊ ဆရာမကြီးတို့ တွေ့ဆုံကာ ညွှန်ကြားချက်များ ရှင်းရှင်းလင်းလင်း သိရှိစေရန် ပြောရန်လိုကြောင်း ဝန်ကြီးချုပ်က ထပ်လောင်း ပြောကြားသည်။

ပညာရေးမှူးများနှင့် သက်ဆိုင်ရာ ကျောင်းအုပ်ဆရာ၊ ဆရာမများ ပညာသင်နှစ် တစ်နှစ်လျှင် နှစ်ကြိမ်ခန့် တွေ့ဆုံရန် ညွှန်ကြားထားကြောင်း အမှတ် (၂) အခြေခံပညာဦးစီးဌာန (အထက်မြန်မာပြည်) ထံမှ စုံစမ်းသိရှိရသည်။

“ကျောင်းအတွက် လစာကို မြို့နယ်ပညာရေးမှူးဆီ လာထုတ်တဲ့အခါ ကိုယ်စား မထုတ်ခိုင်း ဘဲနဲ့ ကျောင်း အုပ်ကြီးတွေ ကိုယ်တိုင် ထုတ်သင့်တယ်။ ဒါမှ လိုအပ်တာ ပြောလို့ရမှာ” ဟု ဝန်ကြီးချုပ် ဦးရဲမြင့်က ဆိုသည်။

အခြေခံပညာရေးတွင် မူလတန်းနှင့် အလယ်တန်း ပညာရေးအတွက် အခမဲ့ပညာရေးစနစ် ဆောင်ရွက် နေသည့် အပြင် ကျောင်းသားတစ်ဦး ကျောင်းလာအပ်ပါက တစ်ထောင်ကျပ် အစိုးရက ပြန်လည် ထောက်ပံ့ပေးကြောင်း ကျောင်းသားမိဘများထံမှ သိရသည်။

လာမည့် ဇွန်လ ၂ ရက်နေ့တွင် စတင်ဖွင့်လှစ်မည့် ယခုနှစ် ကျောင်းအပ်ရာသီ ချိန်တွင် ကျောင်းသား မိဘများ၏ တိုင်ကြားမှု မရှိသေးကြောင်း မန္တလေးတိုင်းဒေသကြီး လူမှုရေးရာ ဝန်ကြီးက ပြောကြားသည်။

The Voice Weekly

ဖွဲ့စည်းပုံပြင်ဆင်ရေး SNLD ထောက်ခံ



၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်လို့ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ရဲ့ နယ်လှည့် စည်းရုံးလှုံ့ဆော်မှုတွေမှာ ၈၈ မျိုးဆက် ငြိမ်းချမ်း ရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက ပူးပေါင်းဆောင် ရွက်နေသလို၊ အခုအခါမှာတော့ ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ကလည်း NLD ပါတီနဲ့ ပူးပေါင်းလာပြီ ဖြစ်ပါတယ်။


NLD နဲ့ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေ ၂၀၀၈ ဖွဲ့စည်းပုံထဲက ဒီမိုကရေစီနည်းမကျတဲ့ အရေးပါတဲ့ အချက်တချို့ကို ရွေးကောက်ပွဲမတိုင်ခင် ပြင်ဆင်နိုင်ရေး လူထုထောက်ခံမှုရအောင် ကြိုးပမ်းအားထုတ်နေကြတာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ မဆုမွန် က တင်ပြထားပါတယ်။ 

အချေအတင်ဖြစ်နေရတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး NLD နဲ့အတူ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းတို့ရဲ့ လှုပ်ရှားမှုမှာ အခုအခါမှာတော့ တိုင်းရင်းသားပါတီကြီး တခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD လည်း ပူးပေါင်းပါဝင်လာခဲ့တာပါ။

တနိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်ဆောင်နေတဲ့ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး လှုပ်ရှားမှုတွေကို SNLD ရဲ့ ဌာနချုပ်ရုံးတွေမှာလည်း လုပ်ဆောင်မှာ ဖြစ်တယ်လို့ SNLD ပြောခွင့်ရ ဦးစိုင်းလိတ်က ပြောဆိုပါတယ်။

“ကျနော်တို့ကတော့ SNLD + UNA အဖွဲ့အနေနဲ့ဆိုရင် ၈၈ မျိုးဆက်နဲ့ ညှိနှိုင်းဆွေးနွေးထားတာတွေ ရှိတာ ပေါ့ဗျာ။ အဲ့လို ညှိနှိုင်းဆွေးနွေးတဲ့အခါမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မယ်ဆိုလို့ရှိရင် ၄၃၆ ကနေ စပြင် ရမယ်ပေါ့။ အဲ့လို ကတိက၀တ်တွေ ရှိထားတဲ့အခါကျတော့ ၈၈ က လုပ်မယ်ဆိုရင်လည်း ကျနော်တို့ ဘက်က ပူးပေါင်းကူညီဖို့ပေါ့နော်။ ဥပမာ နယ်မှာရှိတဲ့ ကျနော်တို့ပါတီဝင်တွေကို လက်မှတ်ရေးထိုးတဲ့ဆီမှာ ပါဝင်ပူးပေါင်းဖို့ အဲ့လို အနေအထားမျိုးတော့ ရှိပါတယ်။ လောလောဆယ်ကတော့ လူကြီးပိုင်းကတော့ ပြီးသွားပြီပေါ့နော်။ နောက်ထပ် ဆက်လုပ်ဖို့ရှိပါတယ်။ ကျနော်တို့ အပါအ၀င်ပေါ့နော် နောက်ထပ် တခြားပါတီဝင်တွေလည်းပဲ ဒီထဲမှာ ပါဝင်သင့်တယ်လို့တော့ ကျနော်တို့ မြင်ထားပါတယ်။”

ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုလှုပ်ရှားမှုတွေမှာ နိုင်ငံရေးအင်အားစုတွေနဲ့အတူ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ပူးပေါင်းလှုပ်ရှားကြဖို့ ကတိပြုထားပြီးဖြစ်သလို လက်မှတ်ရေးထိုး လှုပ်ရှားမှုတွေမှာလည်း SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးကိုယ်တိုင် လက်မှတ်ရေးထိုး ပါဝင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဋ္ဌာနချုပ်ရုံး အပါအဝင် မြို့ကြီးတွေက ပါတီရုံးတွေမှာ စတင်ခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လူထုသဘောထား ကောက်ယူပွဲတွေမှာ ထင်ရှားတဲ့ အနုပညာရှင်တွေ၊ စာပေပညာရှင်တွေနဲ့ နိုင်ငံရေးအင်အားစုတွေကလည်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ NLD ပါတီကတော့ ဖွဲ့စည်းပုံပါ ပြဋ္ဌာန်းထားတဲ့ ပုဒ်မ ၄၃၆ ကို အဖွဲ့ချုပ်အနေနဲ့ အဓိက ပြင်ဆင်လိုတဲ့ အပိုင်း တွေနဲ့ ပတ်သက်လို့ NLD ပြောခွင့်ရ ဦးဥာဏ်ဝင်းက အခုလို ပြောပါတယ်။

“နှစ်ပိုင်းရှိတယ်။ တပိုင်းက ၇၅ ရာခိုင်နှုန်းကျော် လွှတ်တော်ကိုယ်စားလှယ်များက တင်သွင်းမှရမယ် ဆိုတဲ့အချက်၊ လွှတ်တော်ထဲမှာက တကယ်ရွေးကောက် တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်က ၇၅ ပဲ ရှိတယ်။ ၇၅ ကျော်ဖို့ဆိုရင် ရွေးကောက်တင်မြှောက်ခြင်းမရှိတဲ့ တပ်မတော်သား လွှတ်တော် ကိုယ်စား လှယ်တွေ ပါမှဖြစ်မယ်။ ဒါကတခု။ နောက်တခုက အဲ့ဒီပြင်ဆင်ဖို့ အားလုံး သဘောတူပြီးရင်တော့ referendum လုပ်ရမယ်။ မဲပေးပိုင်ခွင့်ရှိသူရဲ့ထက်ဝက်လို့ ပြောတယ်။ ဘာပဲဖြစ်ဖြစ် referendum က လိုရဲ့လား။ referendum တခုလုပ်တာဟာ တိုင်းပြည်ရဲ့ဘဏ္ဍာငွေတွေ အများကြီးသုံးရတယ်။ အဲတော့ မလိုအပ်ဘဲနဲ့ အချိန်လည်းကုန်မယ်။ ငွေလည်းကုန်မယ်။ ဒါမျိုးတွေလည်း ပြင်သင့်တယ်လို့ ထင်ပါတယ်။”

SNLD ပါတီ ပြောခွင့်ရသူ ဦးစိုင်းလိတ်ကလည်း မြန်မာနိုင်ငံတွင်း ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့နဲ့ တိုးတက်တဲ့ နိုင်ငံရေးလမ်းကြောင်းတွေ ဖော်ဆောင်နိုင်ဖို့ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက အရေး ကြီးတဲ့ အပိုင်းတွေကို ပြင်ဆင်ဖို့လိုအပ်နေတယ်လို့ ပြောပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ နိုင်ငံတော်ကိုအုပ်ချုပ် မင်းလုပ်တဲ့ အစိုးရမင်းများနဲ့ ကျနော်တို့ ပြည်သူ တရပ်လုံးကြားထဲက ပဋိဉာဉ်ကြီးတခုပါ။ ကတိက၀တ်ကြီး တခုပေါ့နော်။ အဲ့တော့ ရှိထားတဲ့ ကတိ က၀တ် ဟာ သမာသမတ်ကျရဲ့လား။ တရားနည်းလမ်းကျရဲ့လားဆိုတာကို ကျနော်တို့ သုံးသပ်ဖို့လိုတယ်။ ပြည်သူ ကိုယ်တိုင်က ရွေးချယ်ပြီးတော့မှ တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကိုယ်တိုင် ရေးဆွဲ ထားတဲ့ ဥပဒေ မဟုတ်သေးသ၍ ပြည်သူတွေကို ကိုယ်စားမပြုနိုင်ဘူး။ ပြည်သူတွေရဲ့ အလိုဆန္ဒကို အကောင်အထည် ဖော်နိုင်မှာမဟုတ်ဘူး။ ဒါကြောင့်မို့လို့ ပြည်သူတွေ လိုချင်တဲ့ အတိုင်းအတာ တခု ရအောင် ဒီပြည်သူတွေကို ကိုယ်စားမပြုတဲ့ အခြေခံဥပဒေကြီးကို ပယ်ဖျက်ရမယ်။ အသစ်ရေးဖို့ လိုအပ် တယ်။ အဲ့လိုပယ်ဖျက်ဖို့ အသစ်ရေးဖို့ လုပ်တဲ့အခါမှာ အရေးကြီးဆုံးက ၄၃၆ ကို ပြင်မှသာလျှင် ကျနော်တို့ဆန္ဒ ပြည့်ဝမယ်။”

ဖွဲ့စည်းပုံပြင်ဆင်ရေး ဆန္ဒပြု လက်မှတ်ရေးထိုးတာတွေကို မေလ ၂၇ ရက်နေ့ကစပြီးတော့ ဇူလိုင်လ ၁၉ ရက်နေ့အထိ ၁ လခွဲနီးပါး လုပ်ဆောင်မှာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေး လှုပ်ရှားမှုအဖြစ်နဲ့ ဒီလလယ်ပိုင်းက ရန်ကုန်နဲ့ မန္တလေးမြို့တွေက NLD ရဲ့ လူထုစည်းဝေးပွဲတွေအတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်တွေကိုတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ သတိပေးခဲ့တာပါ။

အထူးသဖြင့် လွှတ်တော်ကိုယ်စားလှယ်တဦးရဲ့ လိုက်နာရမယ့် တာဝန်တွေကို ပျက်ကွက်တယ်။ တပ်မတော်သား ကိုယ်စားလှယ်တွေကို ထိခိုက်စေတဲ့ စကားတွေကို ပြောဆိုခဲ့တယ်ဆိုပြီး ကော်မရှင်က သတိပေးခဲ့တာလည်း ဖြစ်ပါတယ်။

VOA

ဧရာဝတီတိုင်းတွင် တည်ဆောက်နေသည့် ပြည်သူဟစ်တိုင် ဇွန်လတွင်ဖွင့်မည်



မြန်မာနိုင်ငံ၌ ၁၉၆၂နောက်ပိုင်း ပထမဆုံး ဆောက်လုပ်သည့် ပြည်သူ့ဟစ်တိုင်ကို ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်မြို့ မုံရွာ-ရေဦးကားလမ်း မကြီး ပေါ်ရှိ မိခင်ကလေးစောင့်ရှောက်ရေး ရုံး အနီးတွင် ဆောက်လုပ်နေပြီး ဇွန်လ ပထမပတ်တွင် ဖွင့်လှစ်နိုင်မည်ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအေးကျော်က မေလ ၂၈ရက်က အသိပေး ပြောဆိုလိုက်သည်။


“၀န်ကြီးချုပ်က ပြည်သူများကို လွတ်လပ်စွာ ပြော ဆိုရင်၊ ပြည်သူတွေခံစားချက်တွေ ပွင့်လင်းစွာပြောဆိုနိုင်ဖို့အတွက် ဟစ်တိုင်ကို တည်ဆောက် ပေးထားတာပါ၊ ဧရာဝတီတိုင်း တခုလုံးအတွက် လုပ်ပေးထားတာပါ၊ ဟစ်တိုင်မှာ ပြောချင်တာကို လာပြောလို့ရပါတယ်၊ လူထုနစ်နာမှုတွေ ပိုသိတော့၊ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရာမှာ ပိုထိရောက် တာပေါ့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့က လုပ်ပေးသင့်တာကို လုပ်ပေးတာလည်းပါတယ်”ဟု ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူးဦးအေးကျော်က ပြောသည်။

ဟစ်တိုင်တွင် လာရောက်ပြောဆိုမည့် သူများသည် ငြိမ်းချမ်းစွာ စည်းတန်လှည့်လည်ခွင့် ဥပဒေအတိုင်း မြို့ နယ်အုပ်ချုပ်ရေးရုံးတွင် စာတင်ကာ ခွင့်ပြုချက်ရယူရမည်ဖြစ်သည်။ ဟစ်တိုင်တွင် လာရောက်ပြောဆိုမှုတွင် အများကို ထိခိုက်စေသည့် အပြောအဆို၊ စော်ကားရာရောက်သည့် ပြောဆိုမှုများ မရှိရန်နှင့် ဟစ်တိုင်တွင် လာရောက်ပြောဆိုသူများ၏ လုံခြုံရေးအတွက် ရဲလုံခြုံရေးပါ ချထားပေးမည်ဟု ဆိုသည်။

“ဟစ်တိုင် ထားပေးတာ ဒီမိုကရေစီစနစ်အတွက်တော့ ကောင်းတယ်၊ လူထုက ဟစ်တိုင်မှာလာပြောပြီး တိုင်းဒေသကြီးအစိုးရအနေနဲ့  နားထောင်တာထက် ပိုလုပ်ပေးရင်တော့ ကောင်းတဲ့ လုပ်ရပ်တခုဖြစ်တယ်၊ အခုလို လုပ်ပေးတာကိုတော့ ကြိုဆိုပါတယ်”ဟု ပုသိမ်မြို့ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူအဖွဲ့ အစည်းက ဦးစိုးလှိုင်ဦးက မဇ္ဈိမသို့ ပြောသည်။

ဟစ်တိုင်ကို ၁၂ပေပတ်လည်၊ ၅ပေ အမြင့် တည်ဆောက်ထားပြီး၊ ဟစ်တိုင်နေရာတွင် လာရောက် နားထောင်သူ ၅၀၀ခန့်အထိ ဆန့်မည်ဟု သိရသည်။ ၁၉၆၂ခုနှစ်၊ ဝန်ကြီးချုပ် ဦးနုလက်ထက်အထိ ပြည်သူ့ဟစ်တိုင်များ မြန်မာနိုင်ငံတွင် ရှိခဲ့ဖူးပြီး ယင်းနောက်ပိုင်း မထားရှိတော့ခြင်းဖြစ်သည်။

ပုံစာ- ဧရာဝတီတိုင်းတွင် ပထမဆုံးထားရှိမည့် ပြည်သူ့ဟစ်တိုင် နေရာနှင့် ခြံဝန်းအား မေလ ၂၇ရက်က တွေ့ရစဉ်။ ပြည်သူ့ဟစ်တိုင်များကို ဝန်ကြီးချုပ် ဦးနုလက်ထက်၊ ၁၉၆၂ခုနှစ်အထိ မြန်မာနိုင်ငံတွင် ရှိခဲ့ဖူးပြီး ယင်းနောက်ပိုင်းတွင် ယခုဆောက်လုပ်မည့် ဟစ်တိုင်မှာ ပထမဆုံးဖြစ်သည်။

မဇ္ဈိမ

ချင်းတွင်းမြစ် အထက်ပိုင်းတွင် သစ်တန်ချိန် ၉၀၀ ကျော်ဖမ်းဆီးရမိ

ပိုင်ရှင်မဲ့ တရားမ၀င်သစ်တန်ချိန် ၉၂၀ ကျော်ကို ချင်းတွင်းမြစ်အထက်ပိုင်း ကလေးနှင့် တမူးခရိုင်များတွင် ဧပြီ ၃၀ မှ မေ ၂၅ ရက် အတွင်း ဖမ်းဆီးရရှိခဲ့သည်ဟု စစ်ကိုင်းတိုင်း ဒုတိယရဲမှူးကြီး မင်းဇော်ဦးက မဇ္ဈိမကို ပြောသည်။


ဖမ်းဆီးရရှိသည့် သစ်အများစုမှာ တမလန်း၊ ကျွန်းနှင့် ပျဉ်းကတိုး အများဆုံးဖြစ်ပြီး သစ်ဖြတ်လွှစက် လေး လုံးတို့ဖြစ်သည်ဟု ဆိုသည်။

“တရားမ၀င် သစ်ခုတ်တာ တွေရှိတယ် ဆိုတဲ့ သတင်းအရ စစ်ကိုင်းတိုင်း ၀န်ကြီးချုပ်အဖွဲ့ ညွှန်ကြားချက် အရ အထူးအဖွဲ့ ဖွဲ့ပြီး ဆင်းဖမ်းတာ။ ၀င်ဖမ်းတဲ့အချိန်မှာ လူတွေမရှိတော့ဘူး။ သစ်တွေ ပုံထားတာ၊ ဖြတ် ထားတာပဲ တွေ့တော့တယ်” ဟု ရဲမှူးကြီးက ဆိုသည်။

အဆိုပါ တရားမ၀င်သစ်များကို နယ်စပ်ရေးရာဝန်ကြီး၊ စစ်ကိုင်းတိုင်း ဒု-ရဲမှူးကြီး၊ သစ်တောဝန်ထမ်း၊ အပါ အ၀င် ရဲအင်အား ၆၀ ကျော်တို့က ကလေးဝ၊ မော်လိုက်၊ ကလေးမြို့အစပ်၊ တမူးမြို့များတွင် သွားရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးရရှိမှု အများဆုံးနေရာများမှာ မော်လိုက်မြို့နယ် အနောက်ဘက် ကင်းတိုက်ရွာ အနောက်ခြမ်းဒေ သ၊ တမူးမြို့နယ် ခမ်းပက်အကျော် မင်းသမီးတောင်တန်း မြောက်ဖျားမှဖြစ်သည်ဟု စစ်ကိုင်းတိုင်း ဒေသ ကြီး နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကြည်နိုင်က ဆိုသည်။

ယခုဖမ်းဆီးမှုသည် ဒုတိယအကြိမ်ဖြစ်ပြီး ၂၀၁၃ ခုနှစ်၊ မတ် ၂၀ ရက်မှ ဧပြီ ၆ ရက်အထိ ကသာခရိုင် အတွင်း တရားမ၀င် သစ်တန်ချိန် ၇၅၂ တန်ကို ဖမ်းဆီးရရှိပြီး တမလန်းသစ်မှာ အများဆုံး ဖြစ်သည်ဟု ဒုတိယရဲမှူးကြီး ဦးမင်းဇော်ဦးက ပြောကြားသည်။

တမလန်းသစ်များသည် ခန္ဒီးမြို့နှင့် မော်လိုက်မြို့များတွင် အထွက်များရာ တရုတ်လူမျိုးများကိုယ်တိုင် ဆင်း ၀ယ်လေ့ရှိသည်။ ယင်းသစ်များကို ဒေသတွင်း တစ်တန်လျှင် လေးသိန်းလောက်သာရှိပြီး မန္တလေးသို့ ရောက်ပါက သိန်းလေးဆယ်အထိရရှိပြီး တရုတ်နိုင်ငံသို့ ရောက်ရှိပါက သိန်းတစ်ရာအထိ ဈေးရရှိသည်။

တရုတ်နိုင်ငံသားများသည် သစ်များကို အတုံးလိုက် ဖြတ်တောက်ပြီး တစ်လလျှင် တန်ချိန် ၁,၀၀၀ ကျော်ခန့် သယ်ဆောင်ကြသည်ဟု အထက်ချင်းတွင်းဒေသ လူငယ်ကွန်ရက်အဖွဲ့ဝင် ကိုကျော်သက်ဝင်းကပြောကြားသည်။

Mizzima

ပန်းပွင့်၊ ကျည်ဆံ၊ မနက်ဖြန် - ဇာဂနာ



(ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့ သွေးကို ဖောက်ကြည့်ပါ။ နီနီလေးပါပဲ။ ခင်ဗျားတို့ ဗမာ တွေရဲ့ သွေးနဲ့ တူတူပါပဲဗျာ။ ကျွန်တော်တို့ သွေး ကျတော့မှ တန်ဖိုးက နည်းနေလို့လား။)


ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်၏ အသံက တုန်နေသည်။ မျက်ရည်က၀ဲလို့။ ချင်းအမျိုးသား တပ်ဦး၏ အဓိပတိ ကောင်စီဝင် တစ်ဦးဖြစ်ပြီး NCCT (တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအဖွဲ့) ၏ အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်သည်။ ဒေါက်တာဆလိုင်းလျန်မှုန်းသည် ၁၉၈၈ ခုနှစ်က တောခိုခဲ့သူ တစ်ဦးဖြစ်၏။ ၁၉၈၂ ခုနှစ်က သမိုင်း ဘာသာရပ်ဖြင့် ဘီအေဘွဲ့ရပြီး ၁၉၈၅ ခုနှစ်မှာ အမ်အေဘွဲ့ပါ ရထားသူ ဖြစ်သည်။ တိုင်းရင်းသားတို့၏ တန်းတူညီမျှ မရခဲ့သည့် အခွင့်အရေး အတွက် တစိုက်မတ်မတ် တောင်းဆိုခဲ့ရာမှ လက်နက်ကိုင် တော်လှန်တိုက်ပွဲ ၀င်ခဲ့ရသူလည်း ဖြစ်၏။

ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်၏ အစောပိုင်း စာအုပ်တွေကို ကျွန်တော် ဖတ်ခဲ့ဖူးသည်။ ထိုစဉ်က ကျွန်တော် ထောင်ထဲမှာ။ သူကတော့ တောထဲမှာ။ တိုင်းရင်းသားတို့ လိုလား တောင့်တအပ်သော ဖက်ဒရယ် ပြည်ထောင်စု ဆိုတာကို ထာဝစဉ်ဦးတည်ထားပြီး ရေးလေ့ရှိသည်။ တိုင်းရင်းသား လူမျိုးများ အရေးနှင့် စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု စနစ် စာအုပ်ထဲတွင် ၁၉၈၈ ခုနှစ်မှ ၂၀၀၈ ခုနှစ်ထိ နှစ်ပေါင်းနှစ်ဆယ် ကာလကို သုံးသပ်ပြထားသည်။

တိုင်းရင်းသားတို့၏ အရေးကို ခေတ်အဆက်ဆက် တက်လာသမျှသော အစိုးရတိုင်းက လစ်လျူရှုထားလေ့ရှိသည်။ တိုင်းရင်းသားတွေက ဖက်ဒရယ်လို့ ပြောလိုက်တိုင်း ခွဲထွက်တော့မည် ဆိုသည့် တစ္ဆေကြီးကို ပွဲထုတ်ထုတ်လာလေ့ ရှိသည်။ တိုင်းရင်းသားတွေ ဘက်ကို နည်းနည်းလေးမှ စောင်းငဲ့ မကြည့်ခဲ့ကြချေ။

တန်းတူညီမျှရေး၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ရရှိရေး၊ ဒီမိုကရေစီ အရေးဆိုတာကပင် ဖက်ဒရယ်၏ အခြေခံ ဖြစ်ပါသည်ဆိုခြင်းကို တက်ခဲ့သမျှ ဘယ်အစိုးရကမှ နားမ၀င်ခဲ့၊ လက်မခံခဲ့။ ဒီတော့လည်း ပါးစပ်နှင့် ပြောမရ၊ လက်နှင့် ပြောရတော့သည်။ လက်နက်ကိုင် တော်လှန်တိုက်ပွဲဝင် ခဲ့ရတော့သည်။၂၃ နှစ်ကြာ လက်နက်ကိုင် တိုက်ရာမှ တိုင်းရင်းသားတို့၏ တန်းတူညီမျှ အခွင့်အရေး လမ်းစကို တွေ့လိုက်ရတော့ ရန်ကုန်မြေကို ဒေါက်တာ ဆလိုင်းလျန်မှုန်း ခြေချလာခဲ့ရတော့၏။

(ကျွန်တော် လူသတ်ခဲ့တယ်။ တံတားတွေ ဖျက်ခဲ့တယ်။ ဆေးရုံတွေ၊ ကျောင်းတွေ ဖောက်ခွဲ ဖျက်ဆီးခဲ့တယ်။ တကယ်တော့ အထိနာတာ လူထုပဲ)

ဖဒိုစောကွယ်ထူးဝင်း၏ မျက်နှာက ညိုညိုဆိုင်းဆိုင်း။ အဝေးဆီငေးလျက်၊ တွေးတွေးဆဆ။ နှစ်ပေါင်း ခြောက်ဆယ်ကျော် လက်နက်ကိုင် တိုက်လာခဲ့သော ကရင် အမျိုးသား အစည်းအရုံး (ခေါ်) KNU ၏ အတွင်းရေးမှူးလည်းဖြစ်၊ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး အဖွဲ့ (NCCT)၏ ဒုတိယ အဖွဲ့ခေါင်းဆောင်လည်း ဖြစ်သည်။ သူ့ကို ချစ်စနိုးနှင့် ဖဒိုကွယ်ဟု ခေါ်ကြသည်။ အပြုံးအရယ် နည်းသော ဖဒိုကွယ်၏ ရင်ထဲမှာ ပြောစရာ စကားတွေ တပုံတပင်ကြီး ထမ်းထားလေသည်။

စစ်တိုက်တယ်ဆိုတာ လူသတ်ချင်လို့ မဟုတ်ပါဘူး။ ငြိမ်းချမ်းချင်လို့ပါတဲ့၊ ဖဒိုကွယ်ရဲ့ စကားက အဆန်း။ သူတို့ကြီးပြင်းခဲ့ရသည့် ၀န်းကျင်၏ သွန်သင်မှုက ကိုယ်က သတ်လျှင်သတ်၊ မသတ်လျှင် ကိုယ့်ကို သတ်သွားမည်ဟု ဆိုသည်။ စစ်တပ်ဆိုလျှင် ရန်သူ၊ ဦးအောင်သာ သတ်ပစ်ဆိုသော အဆုံးအမတွေ ကြားမှာ ဖဒိုကွယ် ကြီးပြင်းခဲ့ရ၏။ လူသတ်တာလောက်တော့ စာလာမဖွဲ့နဲ့ ဆိုတာလို နှစ်ပေါင်း ၄၀ကျော် လက်နက်ကိုင် ခဲ့ရသည်။

ဖြည်းဖြည်းချင်း စဉ်းစားမိလာတော့ တကယ် လိုအပ်နေတာ ငြိမ်းချမ်းရေးဖြစ်သည်။ ဖဒိုကွယ်တို့ အခြေခံ အတွေးအခေါ်ကို ပြောင်းလိုက်သည်။ ငြိမ်းချမ်းရေးကို ဖော်ဆောင်ကြစို့။ တချို့ကတော့ အပြုတ်တိုက်ရေး လမ်းစဉ်ကို ဘေးတီးကြသည်။ ဒီကြားထဲ မီဒီယာတွေကပါ ဖဒိုကွယ်တို့ကို ဝေဖန် လာကြသည်။ သေနတ်ကိုင်ပြီး တကယ်တိုက်ခဲ့သော စစ်သားကြီးရဲ့ မျက်နှာမှာ မှုန်ပျပျ။ တိုးညှင်းစွာ တွန်းတိုက်ထွက်လာသော လေသံတွေက စူးရှလိုက်တာ။

(ကျွန်တော် တို့ကိုသေနတ် ပြန်ကိုင်စေချင်တာလား၊ လူပြန်သတ်စေချင်ကြလား၊ မိုင်းတွေ ခွဲစေချင်ကြလား ပြောကြစမ်းပါဗျာ)တဲ့။

ကျွန်တော့် ရင်ထဲမှာ ဆတ်ခနဲ။ ဖဒိုကွယ်တို့က မတူညီမှုတွေကို လေးစား အသိအမှတ် ပြုစေချင်ကြသည်။ unity in diversityလို့ ဆိုကြပါစို့။ မတူတာတွေ စုလို့ပေါင်းပြီး တူညီမှု အလှတရား ဖြစ်လာမည်ဟု ယုံကြည်သည်။ ပန်းတစ်အိုးထဲမှာ ရောင်စုံရွယ်စုံပန်းများ ရှိနေတာကိုက အလှတရား ဖြစ်သည်ဟု ဆို၏။ သေချာတာကတော့ နေရာပေးဖို့ပဲ ဖြစ်သည်။

ဘ၀နှင့်ရင်းပြီး ဘယ်သူမှ အလိမ်မခံချင်ကြ။ ဘ၀နှင့်ရင်းပြီး ဘယ်သူမှ မညာချင်ကြ။ မကောင်းသော အမွေဆိုမှတော့ မပေးခဲ့ချင် မထားခဲ့ချင်တော့ချေ။ ငြိမ်းချမ်းချင်ပြီ။ ဒါသည်ပင် ဒေါက်တာ ဆလိုင်းလျန်မှုန်းတို့၊ ဖဒိုကွယ်တို့၏ ရင်ထဲက အမှန်တရား။

ပြည်ထောင်စုကြီး တစ်ခုအတွင်းမှာ အတူနေကြတာချင်းတူတူ ဘာလို့ သူတို့ကျမှ မလုံမခြုံတဲ့ ဘ၀တွေနဲ့ ကြောက်ကြောက်လန့်လန့် နေနေရတာလဲ။ သူတို့နေရာတွေမှာ လာနေကြည့်ကြပါလို့ ဖိတ် ခေါ်လိုက်ချင်သည်။ သူတို့ တိုင်းရင်းသား ကလေးငယ်လေးတွေရဲ့ မယုံမရဲ မလုံမခြုံ မျက်လုံးတွေကို လာကြည့်ကြပါဟု ဖိတ်ခေါ်လိုက်ချင်သည်။ မြန်မာ ပြည်ထောင်စုကြီး တစ်ခုလုံးကို သူတို့တောင်းပန် လိုက်ချင်သည်။ တစ်ခွန်းတည်းပါ။ ကိုယ်ချင်းစာကြပါ။

ကျွန်တော်၊ ဖဒိုကွယ်နှင့် ဒေါက်တာဆလိုင်းတို့၏ စကားတွေကို နားထောင်ရင်း ရုပ်ရှင်ပုံရိပ်တွေလို မြင်ကွင်းတွေ တဖျပ်ဖျပ် ပြေးသွားသည်။ သေနတ်သံတွေ ဆူလို့ညံလို့။ ဗုံးတွေ၊ အမြောက်ဆန်တွေ တ၀ုန်းဝုန်း။ ဒရောသောပါး ပြေးလွှားနေသော ကလေးငယ်များ၊ အမယ်ကြီးအိုများ။ သွေးသံ အလိမ်းလိမ်းနှင့် ဝေဒနာသည်များ။

ဒီမြင်ကွင်းတွေ ရပ်စေချင်ပါပြီ။ ဒီအသံတွေ တိတ်စေချင်ပါပြီ။ လူလူချင်း လေးစား အသိအမှတ်ပြုသော၊ နေရာထား ဆက်ဆံသော၊ လူမှု အဆောက်အအုံကြီး ဖြစ်ခွင့်ပေးပါတော့။ ပြည်ထောင်စု သားချင်း(ပြဇာတ်ကတာ မဟုတ်ဘဲ) တကယ် လက်တွဲပြီး တိုင်းပြည် ဖွံ့ဖြိုးရေး အတွက် လုပ်ကြရအောင်ပါ။

နှစ်ပေါင်းခြောက်ဆယ်ကျော် နာတာရှည်ခဲ့သော ရောဂါဆိုးကြီးကို တစ်နှစ်နှစ်နှစ်နဲ့ ချက်ချင်း ပျောက်ရမည်ဟု ကျွန်တော် မပြောလိုပါ။ ပြောမထွက်ပါ။ သို့သော် ပြည်သူတရပ်လုံးကပါ ၀န်းလိုက်ဝိုင်းလိုက်လျှင် အောင်မြင်ရမည်ဟု ရဲရဲကြီး ယုံကြည်မိသည်။

တောင်ပေါ်မှာပဲ ဖြစ်ဖြစ်၊ ပင်လယ်မှာပဲ ဖြစ်ဖြစ် ယမ်းငွေ့တွေစဲပြီး ပန်းပွင့်တွေပဲ ပွင့်တာ မြင်ချင်သည်။ ဆုတောင်းရုံကလွဲပြီး ဘာမှ မတတ်နိုင်တာ မဟုတ်။ ကျွန်တော်တို့ အတူလုပ်ရမည်။ ကျွန်တော်တို့ အတူလုပ်ကြရမည်။ ကျွန်တော်တို့ အတူလုပ်ချိန်တန်ပြီ။

- ဇာဂနာ

လူသို့ ကူးစက်နိုင်သော ကြက်ငှက်တုပ်ကွေးရောဂါ မြန်မာနိုင်ငံသို့ ကူးစက်နိုင်ကြောင်း သတိပေး



တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသည့် လူနှင့် ကြက်အပြန်အ လှန်ကူးနိုင်သော ကြက်ငှက် တုပ်ကွေး ရောဂါပိုး မြန်မာနိုင်ငံသို့ကူး စက် နိုင်ခြေရှိသည်ဟု FAOအဖွဲ့က မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ သတိပေးလိုက်ကြောင်း သတင်းရရှိ သည်။


ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ်ပိုး(H7N9) သည် တရုတ်နိုင်ငံ အတွင်း တဖြည်းဖြည်းကူးစက်ပျံ့နှံ့လာပြီး လတ်တလောတွင် ကချင်ပြည်နယ်နှင့်နယ်နိမိတ်ချင်း နီးကပ်နေသော ကွမ်းဇီးပြည်နယ်သို့ ပျံ့နှံ့ရောက်ရှိလာပြီဖြစ်သည်။ H7N9 သည် မြန်မာနိုင်ငံ အပါအ၀င်အရှေ့တောင်အာရှနိုင်ငံများသို့ ရောက်ရှိရန်အလွန် နီးစပ်နေကြောင်း ဘန်ကောက်အခြေစိုက် FAO တိရစ္ဆာန်ကျန်းမာရေးအစီ အစဉ်မှ ဒေါက်တာတိုနီဝီယံကဆိုသည်။

ထို့ကြောင့် မြန်မာနိုင်ငံသည် H7N9 အတွက် ကြိုတင်ပြင်ဆင် ရန် ဦးစားပေးနိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာ့ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ FAOက သတ်မှတ်လိုက်ကြောင်း မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၏ မေလ ၂၆ရက်ထုတ် အသားကဏ္ဍသတင်းလွှာတွင် ထပ်မံဖော်ပြထားသည်။

‘‘ဗိုင်းရပ်စ်ပိုးရှာဖွေဖော်ထုတ်ခြင်းနှင့်ပတ်သက်ပြီးမွေးကု ဦးစီးဌာနဓာတ်ခွဲခန်းများအနေနဲ့ အပြည့်အ၀ လုပ်ဆောင်နိုင်ဖို့ FAO အဖွဲ့အနေနဲ့ တတ်စွမ်းသမျှဦးစားပေးပံ့ပိုးသွားမယ်လို့သိရပါတယ် ’’ဟု မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦး ကပြောသည်။

လူနှင့်တိရစ္ဆာန်အပြန်အလှန်ကူးစက်နိုင်သော H7N9 ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားလာပါက အရေးပေါ်တုံ့ပြန်မှုများအတွက် ကြိုတင်ပြင်ဆင်နိုင်ရန် မြန်မာနိုင်ငံFAOကိုယ်စားလှယ်ရုံး၊ အမေရိကန် အကူအညီပေးရေးအဖွဲ့(USAID)၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)နှင့်ရောဂါကာကွယ်ရေး စီမံကိန်း (Prevent Project) အဖွဲ့များမှ တာဝန်ရှိသူများကလည်း မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ သတိပေးခဲ့ကြောင်းသိရှိရသည်။ ထိုသို့ သတိပေးစကားပြောကြားနိုင်ရန် အထက်ပါအဖွဲ့အစည်းများမှတာဝန်ရှိသူများသည် ရန်ကုန်၊ နေပြည်တော်နှင့်မန္တလေးမြို့များရှိ ကြက်၊ ဘဲဈေးများနှင့်မွေးမြူရေးဇုန်များ၏ ကုန်ထုတ်လုပ်မှုပုံစံများကို ကွင်းဆင်းလေ့လာခဲ့ကြကြောင်း သတင်းရရှိ သည်။

‘‘ကြက်ငှက်တုပ်ကွေးရောဂါ ဗိုင်းရပ်စ်ပိုးများကျရောက်မယ့် အန္တရာယ်လျော့ပါးရေးအစီအမံတွေကို အားဖြည့်ဆောင်ရွက်သွား မယ်လို့ ဆွေးနွေးသွားမယ်။ ကြက်၊ ဘဲဈေးနဲ့ မွေးမြူရေးဇုန်တွေမှာ ဆောင်ရွက် မယ့် အစီအမံတွေနဲ့ပတ်သက်ပြီး မွေးမြူရေးအဖွဲ့ချုပ်ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို အထူးမျှော်လင့်တယ် လို့လည်းဆွေး နွေးခဲ့ကြတယ်’’ဟု မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့ကြောင့် ကြက်ငှက်တုပ်ကွေးရောဂါ လူသို့မကူးစက်နိုင်ရန် အသားတိုးကြက်ထုတ်လုပ် မွေးမြူရောင်းချ သူများအဖွဲ့က ခေတ်မီကြက်သတ်စက်ဖြင့် ကြက်သားထုတ်လုပ်သည့်စနစ်သို့ ကူးပြောင်းနိုင်မည့် နည်းဗျူဟာတစ်ရပ်ရေးဆွဲရန် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပမည်ဟု သတင်းရရှိသည်။

Author: သန်းဌေး
7DAY DAILY

ရွှေရည်စိမ် ဒီမိုကရေစီ



တပ်မတော်အစိုးရသည် ပြည်သူတွေ စီးပွားရေး တိုးတက်အောင် မလုပ်တတ်ပါ။ လုံခြုံရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးများတွင် အလွန်အမင်း ပရိယာယ်ကြွယ်ဝစွာဖြင့် အုပ်ချုပ်တတ် . . .


မြန်မာနိုင်ငံတွင် အင်အား အတောင့်တင်းဆုံး ဖြစ်သော လက်နက်ကိုင် အဖွဲ့အစည်းကို မြန်မာ့ တပ်မတော်ဟု ယခုအခါ ခေါ်ဝေါ်နေကြပါသည်။ အခြားသော လက်နက်ကိုင် အဖွဲ့အစည်းများလည်း ရှိပါသေးသည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည်ပင် မြန်မာ့တပ်မတော်ကို မကျော်နိုင်ပါ။ အခြားသော လက်နက်ကိုင် အဖွဲ့အစည်း များလည်း ရှိပါသေးသည် ဆိုသော်လည်း ဒေသတစ်ခုတွင်သာ စိုးမိုးနိုင်ပါသည်။ မြန်မာ့ တပ်မတော်ကတော့ တစ်ပြည်လုံး၊ တစ်နိုင်ငံလုံးကို စိုးမိုးနိုင်ပါသည်။ ယခင်က မြန်မာ့တပ်မတော်သည် တိုင်းပြည်ကို စစ်ရေးအရ ကျူးကျော် လာသူများအား ခုခံကာကွယ်သည့် တာဝန်ကို ယူခဲ့ကြသော်လည်း ဆိုလိုသည်မှာ လွတ်လပ်ရေး ရပြီး ၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့ မတိုင်မီ အချိန်ကိုပါ။ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်မှသည် ယနေ့အထိဆိုပါလျှင် စစ်ရေး၊ မီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးတွေကိုပါ ပြည်သူ့ဆန္ဒမပါဘဲ အတင်းအကျပ် ပါဝင် လုပ်ဆောင်နေပါသည်။ 

တပ်မတော်သည် အလွန်ပင် ပရိယာယ် ကြွယ်ဝပါသည်။ လက်နက်ကိုင်နေသူများ ဖြစ်သော်လည်း မိန်းမဉာဏ် အလွန်ကြွယ်ဝပါသည်။ ကြွယ်ရမှာပေါ့၊ လူ့အသက်နှင့် ရင်းရသည့် အလုပ်မို့လား။ … ကြည့်ပါ။ စစ်ကြောင်းတစ်ကြောင်းသည် မိမိပစ်မှတ်နေရာကိုသွားမည်၊ ချီတက်မည်ဆိုပါက ထင်ရှားအောင် ဥပမာ ပြရလျှင် ကမ်းနား တစ်လျှောက်ရှိ ဆူးလေဘုရားမှ ရွှေတိဂုံဘုရားသို့ ချီတက်မည်ဆိုလျှင် ဆူးလေမှ ဗိုလ်တထောင်ဘုရား၊ ကျိုက္ကဆံဘုရားတို့ကို ချီတက်သွားပြီးမှ ကန်တော်ကြီးကနေ ရွှေတိဂုံဘုရားသို့ ချီတက် ပါလိမ့်မည်။ ဆူးလေ ဘုရားလမ်းအတိုင်း ကန်တော်ကြီးကို သွားမည်မဟုတ်ပါ။ ဒါဘာကြောင့်လဲ။ ရန်သူကို လှည့်စား လိုက်တာပါ။ မထင်မှတ်သည့်လမ်းမှ သွားမှသာ ရန်သူနဲ့ မတွေ့မှာ ဖြစ်သည်။ ထိုအကျင့်က ပြည်သူ ကို အုပ်ချုပ်သည့် အခါမှာလည်း ကျင့်သုံးနေပါသည်။ 

ယခုအခါ တပ်မတော် အစိုးရသည် စီးပွားရေးမှလွဲ၍ (ကိုယ်ကျိုးရှာ စီးပွားရေးတော့ ကျွမ်းပါသည်) ပြည်သူတွေ စီးပွားရေး တိုးတက်အောင် မလုပ်တတ်ပါ။ လုံခြုံရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးများတွင် အလွန်အမင်း ပရိယာယ် ကြွယ်ဝစွာဖြင့် အုပ်ချုပ်တတ် နေပါပြီ။ စစ်အုပ်ချုပ်ရေး ကာလ နှစ်ပေါင်းငါးဆယ် ကျော်လာတော့ တိုင်းပြည်အတွက် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိတ်ဓာတ် ရေးရာတွေမှာ နိုင်ငံတကာက အံ့သြလောက်အောင် ကျဆင်းလာ၍ စစ်ယူနီဖောင်းနဲ့ ၀တ်ပြီး မအုပ်ချုပ်တော့ဘဲ အရပ်သား အစိုးရဆိုပြီး ယခင် စစ်ဗိုလ်ချုပ်တွေက ပုဆိုးဝတ်၊ ခေါင်းပေါင်းပေါင်း၊ တိုက်ပုံအင်္ကျီ တကားကားနှင့် အုပ်ချုပ်ပြလိုက်ပါပြီ။ တကယ်တော့ အသွင်ပြောင်း အစိုးရပါ။ အကျင့်မပြောင်း၊ စရိုက်မပြောင်း၊ စိတ်ဓာတ်လည်း မပြောင်းဘဲ အုပ်ချုပ်နေတာပါ။ အများက ဝေဖန်နေကြပါပြီ။ 

သက်ဆိုင်ရာ လွှတ်တော်ရဲ့ အကြီးအကဲတစ်ဦးနဲ့ သတင်းထောက်တစ်ဦး အမေးအဖြေ လုပ်သလို ပြည်သူကပြောရင် ပြောတဲ့လူခေါ် ခဲ့ဆို ဒုက္ခ။ ပြည်သူနဲ့အစိုးရ ယုံကြည်မှု ရှိစေချင်ရင် ဘာတွေမှ လုပ်မနေပါနဲ့။ စစ် အစိုးရတုန်းက ပါဝင်ခဲ့တဲ့ ထိပ်ဆုံးက တာဝန်ယူနေတဲ့ ပုဂ္ဂိုလ်များ ဆင်းပေးလိုက်ရင် ယုံကြည်မှုက အလိုလို ရသွားမှာပါ။ တကယ် ယုံကြည်မှု ရချင်ရင် အဲဒီနည်းက အမြင်သာဆုံး နည်းပါပဲ။ ဘာဖြစ်လို့ မလုပ်နိုင်ကြသလဲ။ အဖြေက ““မင်းတို့ ငါမသေမချင်း မဆင်းကြနဲ့””လို့ မှာစကား ရှိထားလို့ ထင်ပါတယ်။ နောက်တစ်ချက်က မိမိတို့ရဲ့ ဘိုးဘွား အမွေ ဒါတို့ပြည်၊ ဒါတို့မြေ တို့ပိုင်တဲ့မြေက ရထားတဲ့ စည်းစိမ် ဥစ္စာတွေကို ထိပါးမှာတွေ စတဲ့ အကြောင်းတွေလည်း ပါမှာပါ။ ဘုရင်ခေတ်ကဆို တောင်စွယ်နေကွယ်ရင် သတ်စေဆိုတဲ့ အမိန့်ကို အတည်ပြုရတဲ့ အာဏာ ပါးကွက်သားဟာ လူသတ်ပြီး အသက်မွေး ခဲ့ရသေးတာ။ သူတို့ ဘယ်လို စိတ်ထားနဲ့ ထမင်းစားနိုင်ကြ ပါလိမ့်လို့ တွေးမိပါတယ်။ ဒီလိုရက်စက်စွာ ပြုလုပ်ပြီးမှ ကိုယ့်အသက်၊ ကိုယ့်မိသားစု အသက်ရှင်ရတာ စဉ်းစားကြည့်ရင် ရင်နာစရာ ကောင်းလှပါတယ်။

ငါမသေမချင်း မဆင်းကြနဲ့ စကားကို အကောင်အထည် ဖော်နေတဲ့ ဖြစ်ရပ်တွေက မြင်ရကြားရ ဖတ်ရ နေပါတယ်။ အထင်ရှားဆုံးကတော့ ၂၀၀၈ အခြေခံ ဥပဒေ ကိစ္စပါပဲ။ ဒီဥပဒေ မပြင်သရွေ့၊ မပျက်သရွေ့ ဒီမိုကရေစီ ဆိုတာ ဝေးနေဦးမှာပါ။ အခုပြောနေ လုပ်နေတဲ့ ဒီမိုကရေစီဟာ ဂျပန်ခေတ်က ဂျပန်က ပေးခဲ့တဲ့ လွပ်လပ်ရေးလိုပါပဲ။ အဲဒီတုန်းက ပြောလေ့ရှိတာကတော့ ရွှေရည်စိမ် လွတ်လပ်ရေးတဲ့။ အခုလည်း ရွှေရည်စိမ် ဒီမိုကရေစီပါပဲ။ ရွှေအစစ်မှမဟုတ်တာ။ ကြေးတို့၊ ငွေတို့ကို ရွှေရည်စိမ်ထားတာပါ။ အခြားနည်းလည်း ပြောကြ သေးသည်။ အပေါ်ယံ ရွှေမှုန်ကြဲ အထဲက နောက်ချေးခံ(နွားချေးခံ) ပါပဲ။ ဆန်းစစ်ကြည့်ပါ။ အခု အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေးဆိုပြီး လုပ်နေကြ၊ ညှိနေကြတယ်။ 

ဗိုလ်ချုပ်နေ၀င်း လက်ထက်၊ နအဖ လက်ထက်၊ အခု လက်ထက် မအောင်မြင်သေးဘူး။ နောက်တစ်ချက် ဧရာဝတီမြစ်ကိစ္စ၊ သမ္မတဦးသိန်းစိန်က သူ့လက်ထက်မှာ ရပ်ဆိုင်းလိုက်တယ်တဲ့။ ဒီတော့ သူ့ကို ရာသက်ပန် သမ္မတအဖြစ် ထားမှဖြစ်တော့မယ်။ နောက်တစ်ခု လက်ပံတောင်း တောင်ကိစ္စ။ နောက်လယ် သိမ်းယာသိမ်း၊ အိမ်မြေတွေ သိမ်းတဲ့ကိစ္စ၊ ရခိုင်နဲ့ ဘင်္ဂါလီကိစ္စ။ ဘာမှ မအောင်မြင်သေးဘူး။ အဲဒါနဲ့ ပတ်သက်လို့ ဗိုလ်ချုပ်နေ၀င်းရဲ့သတ္တိကို ချီးကျူးချင်ပါတယ်။ တော်လှန်ရေး ကောင်စီကို ဗိုလ်ချုပ်နေ၀င်း ဦးဆောင်ပြီး အုပ်ချုပ်စက မြန်မာပြည်က ကုလားတွေကို လေယာဉ်တွေ၊ သင်္ဘော တွေနဲ့ ဆိုင်ရာ နေရင်းဒေသကို ပြန်ပို့ခဲ့တယ်။ ခုအစိုးရကလည်း လုပ်လို့မရဘူးလား။

မြန်မာပြည်တွင်းမှာ တရားဝင် နေထိုင်ခဲ့တဲ့ ဘိုးဘွား လက်ထက်ကနေ မြန်မာနိုင်ငံသား စစ်စစ်တွေကို အစုလိုက်၊ အပြုံလိုက်၊ သံဃာတော်တွေကို အစုလိုက်၊ အပြုံလိုက် သေနတ်နဲ့ ပစ်မိန့် ပေးခဲ့သေးတာပဲ။ ဒီဘင်္ဂါလီကိစ္စ မရှင်းပေးနိုင်ဘူး လား။ လူ့အခွင့်အရေး တစ်ခုက ကိုယ့်နိုင်ငံမှာ ကိုယ်နေထိုင်ခွင့် ရှိတယ်။ တခြားနိုင်ငံမှာ နေချင်ပါက တခြား နိုင်ငံရဲ့ ဥပဒေနဲ့အညီ နေနိုင်ခွင့် ရှိပါတယ်။ ဥပဒေကို ဖောက်ဖျက်ပါက အရေးယူရမှာပေါ့။ ဘာကြောင့် အရေးမယူတာလဲ။ အချို့ဘင်္ဂါလီတွေ မြန်မာနိုင်ငံသားကတ်တွေ ရှိနေကြောင်း သိရပါတယ်။ အဲဒါက အဲဒီမှာ တာဝန်ကျတဲ့ လ၀က ၀န်ထမ်းတွေကြောင့် ပါပဲ။ အဲဒီဝန်ထမ်း ဘယ်သူလဲဆိုတာ ထုတ်ပေးတဲ့ ကတ်ပေါ်မှာ လက်မှတ် ထိုးခဲ့သူပါပဲ။ အဲဒီဝန်ထမ်းကို အရေးယူရမှာပါ။ အဲဒီကတ်ကို ဖျက်သိမ်းရမှာပါ။ ဘာဖြစ်လို့ အရေးမယူ တာလဲလို့ မေးချင်ပါတယ်။

နောက်တစ်ခု ပြဿနာ ဖော်ထုတ် လာပြန်ပါတယ်။ မျိုးစောင့်ဥပဒေကို လွှတ်တော်က ရေးဆွဲဖို့ သမ္မတက သ၀ဏ်လွှာ ပို့ပါတယ်။ လွှတ်တော်က သက်ဆိုင်ရာဌာနက ရေးဆွဲရန် လိုကြောင်း ပြန်ပို့ပါတယ်။ ဒီလုပ်ရပ်တွေက လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခကို ရှေးရှုစေပါတယ်။ မျိုးစောင့်တယ်ဆိုတာ စိတ်ပိုင်းဆိုင်ရာ အသိနဲ့ ဆိုင်ပါတယ်။ မျိုးမစောင့်နိုင်အောင် ဖြစ်ရတဲ့ အကြောင်းတွေကလည်း စီးပွားရေးကြောင့်၊ နိုင်ငံရေး ကြောင့်၊ သွေးသားကြောင့်စတဲ့ အကြောင်းတွေ ရှိပါတယ်။ အဓိက,က လူတွေရဲ့ လောဘကြောင့် ဖြစ်ပါတယ်။ အာဏာ မစွန့်ချင်တာ၊ အာဏာရယူချင်တာ၊ မတရားလုပ်ချင်တာစတဲ့ အချက်တွေဟာ လောဘက အရင်းခံ တာပါ။ 

ကိုယ့် အမျိုးကို စောင့်ရှောက်သင့်တာ မှန်ပါတယ်။ ဒီလိုဆိုပါက တစ်ဖက်နိုင်ငံက လူဦးရေတွေ မတရားများလို့ နေစရာမရှိလို့ လူလုံးနဲ့ ဖိဝင်လာတာကို သွေးနှောသွားမှာကို အမျိုးပျက် သွားမှာကိုတော့ ဘာကြောင့် မတားသလဲ။ မတားနိုင်ရသလဲ။ ပြည်တွင်းရှိ ပြည်သူက ကိုယ့်ကို မဲမပေးလို့၊ မဲပေးမည့်သူ အကြိုက် လုပ်ပေးလိုက်လို့ သူ့ဆန္ဒ ကိုယ့်ဆန္ဒဖြစ်အောင် လိုက်လျောတော့ လွှတ်တော်ထဲမှာ လွှတ်တော် ကိုယ်စားလှယ် ၃ ဦး ဘင်္ဂါလီ လူမျိုးတွေ ရောက်နေရတာ ဖြစ်တယ်။ ဒါတွေ ဒါတွေကို အခု အစိုးရသက်တမ်း သုံးနှစ်ပြည့်ထိ အချိန်ဆွဲ နေပါတယ်။ နောက်လည်း အချိန် ဆွဲထားမှာပါ။ ဘာကြောင့်လဲဆိုတော့““ငါ မသေမချင်း မင်းတို့မဆင်းနဲ့”” လို့မှာစကား ရှိထားလို့လားဟု . . .။

မြိုင်တင်လှိုင် Myanmartandawsint Newspaper

ဆိုက်ကားလိုင်စင်က ကားလိုင်စင်ထက် ခက်ခဲ



ပြည်မြို့က ဆိုက်ကားသမား ၃၀ ခန့်က ကြာသ ပတေးနေ့မှာ မြို့နယ်စည်ပင်သာယာဌာနကို ဆန္ဒ ပြကြပါတယ်။


တခြားမြို့တွေလိုပဲ.... ပြည်မြို့က ဆိုက်ကားတွေ မြို့နယ်စည်ပင်သာယာဌာနမှာ လိုင်စင်သက်တမ်း နှစ်စဉ် တိုးရတယ်၊ ဒီနှစ်မှာတော့ စည်/ပင်မှာ သက်တမ်းတိုးတဲ့အခါ ပညာမျိုးစုံပြသတာနဲ့ ရင်ဆိုင် ရတယ်လို့ ဆိုက်ကားဆရာကိုဝင်းလှိုင်ကပြောပါတယ်။

ဆိုက်ကားလိုင်စင်က မော်တော်ကားလိုင်စင်ထက် ပိုပြီး ခက်ခဲနေပါတယ် တဲ့။

“ဆိုက်ကားလက်ရန်းတခုတပ်ရင် အနည်းဆုံး နှစ်သောင်းခွဲ ကုန်တယ်။ ရှေ့မီးနောက်မီးတွေ နံပါတ်ပြား အသစ်တွေအပြင် အရင်ကအဟောင်းတွေပါ ပြန်ယူလာခဲ့။ မပြည့်စုံရင် သွားပြန်လုပ်ပြီးမှလာခဲ့ တဲ့။ စစချင်းကတော့ ဒဏ်ရိုက်တယ်။ တိုင်မယ်ပြုမယ်လုပ်တော့ ဒဏ်မရိုက်ဘဲ အခုလို ဆိုက်ကားသမားတွေကို ပညာပြတော့တာပဲ”

ဆိုက်ကားဆရာတဦးရဲ့ ဇနီးသည်ကလည်း စည်ပင်ဌာနက ဆိုက်ကားသမားတွေရဲ့ ဘ၀ကို နားမလည် ဘူးလို့ ပြောပါတယ်။

“အခုချိန်က ကျောင်းအပ်ချိန်။ ပိုက်ဆံအကုန်အကျ များနေပါတယ်ဆို၊ သူတို့ကို သွင်းရတဲ့ ငွေးငါးထောင် ဆိုတာ ဆိုက်ကားဆရာတယောက် တနေကုန် ဖင်ပြဲအောင် မောင်းရင်တောင်မရနိုင်ဘူး။ ဒီကြားထဲ ဆိုက်ကားမှာ အရေးမကြီးတဲ့ အပိုပစ္စည်းတွေ တပ်ခိုင်းတာ။ ဒဏ်ရိုက်တာတွေက ဆင်းရဲသထက် ဆင်းရဲ အောင်လုပ်နေတာ”

စည်ပင်ဌာနက ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး တုန့်ပြန်ခြင်း မရှိသေးပါ။

ဆိုက်ကားဆရာတွေ ဆန္ဒပြဖို့ ပြီးခဲ့တဲ့ မေလ (၂၄) ရက်နေ့က တရားဝင်စာတင်ခဲ့ပေမဲ့ ခွင့်ပြုမိန့် မရပါဘူး။ 

ဒီကနေ့ ခွင့်ပြုမိန့်မရှိဘဲ ဦးဆောင် ဆန္ဒပြတဲ့ ဆိုက်ကားဆရာ ကိုဝင်းလှိုင်ကို ပုဒ်မ(၁၈) နဲ့ ပြည်မြို့နယ် မြို့မရဲစခန်းက အမှုဖွင့်ပါပြီ။

ကိုဝင်းလှိုင်ဟာ ဒီပုဒ်မနဲ့ အရေးယူခံရတာ (၉)ကြိမ်မြောက်ရှိပြီလို့ သိရပါတယ်။

ကောင်းမြတ်မင်း





တရုတ်-မြန်မာနယ်စပ်မှာ အင်အား ၅.၉ မြေငလျင်လှုပ်ခတ်



တရုတ်-မြန်မာနယ်စပ် မှာ ဒီကနေ့ သောကြနေ့ မနက်မှာ အင်အား ၅.၉ ပြင်းအား ငလျင်တခု လှုပ်ခတ် သွား ပါတယ်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပန်ယွမ်မြို့ မြောက်ဘက် ၁၈ မိုင်အကွာ ( ၂၇ ကီလိုမီတာ) နေရာကို ဗဟိုပြု ပြီး မြေအနက် ၁၀ ကီလိုမီတာမှာ လှုပ်ခတ်ခဲ့တာဖြစ်တယ်လို့ အမေရိကန် အခြေစိုက် မြေငလျင်တိုင်းတာ ​ရေး ဌာန USGS က ပြောထားပါတယ်။

လွန်ခဲ့တဲ့ သတင်းတပတ် စနေနေ့ကလည်း တရုတ်-မြန်မာနယ်စပ်မှာ မြေငလျင် တခု လှုပ်ခတ်ခဲ့ပြီး ​နောက် ဆက်တွဲ မြေငလျင်ငယ်တွေလည်း ဆက်တိုက်လှုပ်ခတ်ခဲ့ပါသေးတယ်။ အဲဒီတုန်းက လူသေဆုံးမှု တချို့လည်း ရှိခဲ့ပါတယ်။

ဒီကနေ့ လှုပ်ခတ်တဲ့ မြေငလျင်နဲ့ပတ်သက်ပြီး ထိခိုက်၊ ပျက်ဆီးမှု ဘယ်လိုရှိတယ်ဆိုတာ မသိရသေးပါဘူး။

Thursday, May 29, 2014

ဒါဖတ်ပြီးမှ ၄၃၆ ပြင်ဆင်ရေး လက်မှတ် ထိုး/မထိုး ဆုံးဖြတ်ပါ



၄၃၆ ဆိုသည်မှာ အဘယ်နည်း


၄၃၆ ဆိုသည်မှာ ယနေ့အစိုးရသစ် နှင့် လွှတ်တော်များ ပေါ်ထွက်လာအောင် လုပ်ခဲ့ပေး သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၁၂) တွင် ပြဌာန်းထားသည့် ပြင်ဆင်ရေးဆိုင်ရာ ဥပဒေ ပုဒ်မတစ်ခုဖြစ်သည်။ ပုဒ်မ ၅၉(စ) အပါအဝင် နိုင်ငံအတွက် အရေးကြီးသော ပုဒ်မများကို ပြင်ဆင်လိုပါက ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅% ကျော်မှ သဘော တူရမည် ဖြစ်ပြီး ပြည်လုံးကျွတ် ဆန္ဒ ခံယူရမည်ဟု ပုဒ်မ ၄၃၆ တွင် ပြဌာန်းထားသည်။ အရှင်းဆုံး နားလည်အောင် ပြောရလျှင် ပုဒ်မ ၄၃၆ ဆိုသည်မှာ နိုင်ငံအတွက် အလွန်အရေးကြီးသော ဥပဒေပုဒ်မ များကို နိုင်ငံသား အားလုံး၏ ဆန္ဒမကောက်ယူပဲ လွယ်လွယ်နှင့် မပြင်နိုင်ရန် ကာကွယ်ထားသော ဥပဒေဖြစ်သည်။

၄၃၆ ကို ဒေါ်စု ဘာကြောင့်ပြင်ချင်ရတာလဲ

ပုဒ်မ ၄၃၆ ကို ပြင်ဆင်ရန် ဟောပြောပွဲများကို ပထမဆုံး လုပ်ခဲ့သူများမှာ ဒေါ်အောင်ဆန်းစုကြည် နှင့် NLD မဟုတ်ပါ။ ၄၃၆ ပြင်ဖို့ ပထမဆုံး ဟောပြောပွဲလုပ်ခဲ့သူမှာ ဦးနေမျိုးဇင်နှင့် ဦးဝင်းချိုတို့ ဖြစ်ပြီး အခြေခံဥပဒေပြင်ဆင်ရေး လွှတ်တော်သို့ ပထမဆုံး အဆိုတင်သွင်းသူမှာ သူရဦးအောင်ကိုဖြစ်သည်။ NLD မှ ပြင်ဆင်ရန် ပထမဆုံး လုပ်ဆောင်ခဲ့သည့် ပုဒ်မ မှာ ၅၉(စ) ဖြစ်သည်။ ဒေါ်အောင်ဆန်း စုကြည် သမ္မတဖြစ်လာပါက ၎င်းတို့အခွင့်အရေး ပိုရရန်အတွက်လည်းကောင်း၊ ပါတီဥက္ကဌ၏ လမ်းညွန်မှုကြောင့် လည်းကောင်း NLD ပါတီဝင်များက ၅၉(စ) ပြင်ဆင်ရေး ဆန္ဒပြခဲ့ကြသည်။ ဒေါ်အောင်ဆန်း စုကြည်မှာလည်း သမ္မတလုပ်ချင်စိတ် တစ်ခုကြောင့် နိုင်ငံအတွက် အရေးပါသည့် ၅၉(စ) ကို မရမက ပြင်ဆင်ရန် ဆုံးဖြတ်ထားသည်။ သို့သော် ၅၉(စ) ကို ပြင်ဆင်ရန် အဓိက အတား အဆီးမှာ ဖွဲ့စည်းပုံပြင်ဆင်ခွင့် ဥပဒေ ပုဒ်မ ၄၃၆ ဖြစ်သည်။ ထို့ကြောင့် ပုဒ်မ ၄၃၆ ကို ဒေါ်အောင်ဆန်း စုကြည် သမ္မတဖြစ်ရေးအတွက် ရည်ရွယ်ပြီး ဒေါ်စု ကိုယ်တိုင် ဦးဆောင်ကာ NLD မှ လက်မှတ် ကောက်ခံနေခြင်းဖြစ်သည်။ အရှင်းဆုံးနားလည်အောင် ပြောရလျှင် ၄၃၆ ကို ဒေါ်အောင်ဆန်း စုကြည် ပြင်လိုသည်မှာ နိုင်ငံ့စီးပွားရေး အတွက် မဟုတ်၊ နိုင်ငံတိုးတက်ဖို့ အတွက် မဟုတ်၊ လူထုအတွက် မဟုတ်ပဲ ၎င်း သမ္မတ လုပ်နိုင်ရေး အတွက်သာဖြစ်သည်။

၅၉(စ) ဆိုသည်မှာ အဘယ်နည်း

၅၉(စ) ဆိုသည်မှာ အခြေခံဥပဒေ အခန်း (၃) တွင်ပြဌာန်းထားသော နိုင်ငံတော် သမ္မတ နှင့် ဒုသမ္မတတို့၏ အရည်အချင်း များဖြစ်သည်။ နိုင်ငံတော် သမ္မတလုပ်မည်သူကို အချက် (၇) ချက်ဖြင့် ကန့်သက်ထားပြီး ထိုအထဲတွင် နိုင်ငံခြားသားနှင့် လက်ထက်ထားသူ၊ နိုင်ငံခြားသား သားသမီးများနှင့် ဆွေမျိုးများရှိသူတို့ မဖြစ်ရ ဟူ၍ပါရှိသည်။ တနည်းအားဖြင့် အမျိုးသားရေးရှုထောင့်ကမှ မိမိတို့၏ အချုပ်အခြာ အာဏာပိုင် နို်င်ငံကို တိုင်းတပါး က နေ သွယ်ဝိုက်သော နည်းလမ်းနဲ့ သြဇာလွှမ်းမိုးမှု မခံရစေရန် ကာကွယ်ထားသော ဥပဒေ ပုဒ်မဖြစ်သည်။ ဗြိတိန်၊ ဥရောပ နှင့် အနောက်နိုင်ငံ များသာမက အရှေ့အာရှ ဒေသတွင်း နိုင်ငံများတွင်လည်း ထိုကဲ့သို့သော ပုဒ်မများကို ပြဌာန်းထားသည်။ အချို့ နိုင်ငံများသည့် မြန်မာနိုင်ငံထက်ပင် ကန့်သက်ချက်များစွာ ထည့်သွင်းထားသည်။ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင် ဓလေ့ထုံးစံရှိပြီး ဘာသာ၊ သာသနာ ထွန်းကား၍ အစဉ် အလာကြီးမားသော ထေရဝါဒ ဗုဒ္ဓဘာသာ မြန်မာနိုင်ငံတော် ကို အုပ်ချုပ်မည့် ပုဂ္ဂိုလ်တစ်ဦးအနေဖြင့် အခြေခံ ဥပဒေပါ ပြဌာန်းချက် ၇ ချက်လောက်ကိုတော့ ကိုက်ညီသင့်သည်။

၄၃၆ ကို ဘာကြောင့် မပြင်သင့်တာလဲ

၄၃၆ ပြင်ဖို့ ကျွန်ုပ်တို့ လက်မှတ်ထိုးလိုက်ပါက နိုင်ငံအတွက် အရေးပါသော အချက်များကို လွှတ်တော်အမတ်များက ပြည်သူ့ဆန္ဒမကောက်ယူတော့ပဲ ၎င်းတို့စိတ်ကြိုက် ပြင်ဆင် ရေးဆွဲပြဌာန်း ကြတော့မည်။ နိုင်ငံအတွက် မည်မျှ အရေးပါသည့် ဥပဒေဖြစ်စေ လွှတ်တော်အမတ် အနည်းစုဆန္ဒရှိလျှင် ပြင်ရတော့မည်ဖြစ်သည်။ အရင်ဆုံး ပြင်မည့် ပုဒ်မ မှာ ၅၉(စ) ဖြစ်ပြီး ၂၀၁၅ တွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်သွားမည်။ ဒေါ်အောင်ဆန်း စုကြည် သမ္မတဖြစ်သွားပါက မြန်မာအိမ်ဖြူတော်တွင် နိုင်ငံခြားသား မိသားစု ချက်ခြင်း ရောက်လာတော့မည်။ နိုင်ငံတော် အခမ်းအနားများတွင် မြန်မာ စကားမတတ်သော ဒေါ်စု သားများ တောင်ရှည်ပုဆိုး မဝတ်တက်ဝတ်တက်ဖြင့် အခမ်းအနား တက်တော့မည်။

အစ္စလာမ်ဘာသာဝင်အများဆုံး ပါဝင်သည့် NLD ပါတီမှ သမ္မတဖြစ်လာခြင်းကြောင့် လွတ်လပ်စွာ ကိုးကွယ်ခွင့်အရ နိုင်ငံအနှံ့ ဗလီများ မှိုလိုပေါက်လာတော့မည်။ OIC ရုံးဖွင့်ခွင့်ရသွားမည်။ ဘင်္ဂါလီများ ရိုဟင်ဂျာ တိုင်းရင်းသားဖြစ်သွားကာ ပြည်ထောင်စုနေ့တွင် ပါဝင်ဆင်နွှဲတော့မည်။ လူ့အခွင့်အရေး အရ မယား ယူနိုင်သလောက် ယူကြတော့မည်။ အမျိုးသမီး အခွင့်အရေးအရ ကလေး မွေးနိုင်သလောက် မွေးကြတော့မယ်။ မြို့တိုင်း၏ အလယ်တွင် ဗလီ များ နေရာယူလာကာ ဘုန်းကြီးကျောင်းများ မြို့ပြင် ရောက်သွားကြမည်။ (အခုတောင် မြို့အချို့မှာ ဖြစ်နေပြီးဖြစ်သည်)။ မြို့လယ်တွင် ဘုန်းကြီးကျောင်းမှ ပဌာန်းသံမကြားရတော့ ကြေးစည်သံမကြားရတော့။ ကုလားအော်သံတွေသာ ကြားရတော့မည်။ NLD မထောက်ခံသည့် အမျိုးစောင့်ဥပဒေမှာလည်း အလိုလို ပျက်ပြယ်သွားပြီး အမျိုး၊ ဘသာာ၊ သာသနာ စောင့်ရှောက်ရေး ဆရာတော်များ ဖိနှိပ်ခံရကာ ဘာသာ၊ သာသနာ တဖြည်းဖြည်း ပျောက်သွားမည်။ Time မဂ္ဂဇင်းသာမက ပြည်တွင်းမှာ အသစ်ထွက်ပေါ်လာမည့် ဂျာနယ် မျက်နှာဖုံး တိုင်းတွင် ဗုဒ္ဓဘုန်းကြီးများကို အကြမ်းဖက်သမား ဟု နေ့တိုင်း ဖော်ပြခံရတော့မယ်။ 

ဘုန်းကြီးကျောင်းများ ဖျက်ဆီးခံရမည်။ ဘုန်းကြီးများ သတ်ခံရမည်။ ဗုဒ္ဓဘာသာကျေးရွာများ မီးရှို့ခံရသည်။ မွတ်ဆလင်တို့ အနိုင်ကျင့်တာမခံနိုင်လို့ သွားတိုင်ပါက တရားသူကြီးချုပ် ဦးကိုနီ နှင့်တွေ့လိမ့်မည်။ နိုင်ငံရေး စီးပွားရေးတွေ တိုးတက်သွားပြီး အမျိုးသားရေးနဲ့ သာသနာရေးတွေ ထိုးကျသွားမည်။ သမ္မတကို စံယူ၍ မြန်မာအမျိုးသမီးများ နိုင်ငံခြားသားများနှင့် လက်ထက်ခြင်းက အစ္စလမ်ဘာသာဝင်တို့ အကြိုက် ဖြစ်လာမည်။ ရုပ်ဝတ္ထုတွေ များစွာ အဆင့်မြင့်သွားလိမ့်မည်။ စိတ်ဓာတ်တွေ ကတော့ အောက်ကျ သွားမည်ဖြစ်သည်။ မြန်မာအမျိုးသမီးများ စိန်တွေ၊ ရွှေတွေ ဖြင့် တစ်ကိုယ်လုံး အလှဆင်နိုင်ပြီဖြစ်သည်။ သို့သော် ဘာသာခြား မယားဖြစ်နေမည်။ ငွေကြေးတွေ ချမ်းသာသွားကြမည်။ စာရိတ္တတွေ ဆင်းရဲသွားကြ မည်။ 

ဒေါ်အောင်ဆန်းစုကြည် သမ္မတသမ်းတမ်း ၅ နှစ်အတွင်း လွှတ်တော်ထဲက အင်အားအများဆုံး NLD ပါတီဝင်များ စိတ်ကြိုက်ပြင်ဆင်အပြီး ၂၀၂၀ တွင် သမ္မတအရည်အချင်း ကန့်သက်ချက်မှာ မရှိသလောက် ဖြစ်သွားတာကြောင့် တရုတ်၊ ကုလား၊ မည်သူမဆို မြန်မာနိုင်ငံတွင် သမ္မတလုပ်ခွင့် ရတော့မည်ဖြစ်သည်။ လွှတ်လပ်ရေးရပြီး ၆၇ နှစ်အကြာ တိုင်းတပါး၏ အုပ်ချုပ် မင်းလုပ်တာ ပြန်လည် ခံရတော့မည်။

အရှင်းဆုံး နားလည်အောင် ပြောရလျှင် သင်တို့ ရေးထိုးမည့် လက်မှတ်တစ်ခုသည် ထေရဝါဒ ဗုဒ္ဓဘာသာ မြန်မာနိုင်ငံအား နောင် အနှစ် ၂၀ အတွင်း ဘာသာ၊ သာသနာ ကွယ်ပျောက် ကာ တိုင်းတပါး ကျွန်ဘဝ အလိုလိုပြန်ရောက်သွားစေမည့် စီမံကိန်း အတွက် အထောက်အပံ့တစ်ခု ဖြစ်သွားလိမ့်မည်။ 

. www.MyanmarExpress.net

ဥပဒေ မလိုက်နာသည့် NLD ပါတီ ပိတ်ပင်ခြင်း ခံရနိုင် ဟု ဆို



ရွေးကောက်ပွဲကော်မရှင်က သတိပေးချက် ထုတ်ပြန် ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်၏ ဥပဒေအကြံပေး ဦးကိုနီက ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ရာ ပါတီပိတ်သိမ်း သည် အထိ အရေးယူခြင်း ခံရနိုင်ကြောင်း သိရှိရသည်။


NLD ပါတီ၏ ဥပဒေအထောက်အကူပြုကော်မတီဝင်၊ ဒေါ်အောင်ဆန်းစုကြည်၏ ဥပဒေအကြံပေး ဦးကိုနီက ရွေးကောက်ပွဲကော်မရှင်သည် အခြေခံဥပဒေနှင့် မညီ ဟု ပြောနေသော်လည်း တရားဝင် ပြောနိုင်သည်မှာ အခြေခံဥပဒေခုံရုံးသာ ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ကော်မရှင်မှ ခုံရုံးသို့ ပေးပို့၍ ဆုံးဖြတ်ချက် ရယူသင့် ကြောင်း၊ ကျန်သည့် နိုင်ငံရေးပါတီ ဥပဒေ၊ လွှတ်တော် ဥပဒေများကို ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဂရု စိုက်ရန် မလိုကြောင်း၊ ယင်းဥပဒေများ မှာ ဒေါ်အောင် ဆန်း စုကြည် ကဲ့ သို့ ခေါင်းဆောင်မျိုးကို တားဆီးနိုင်ခြင်း မရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် လုပ်သမျှ ဥပဒေနှင့် ညီညီ မညီညီ ဂရုမစိုက်ကြောင်း၊ ပြည်သူလူထု ထောက်ခံနေလျှင် ပြီးပြီ ဖြစ်ကြောင်း တုံ့ပြန် ပြောကြားခဲ့သည်။

NLD ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဥာဏစိုးက လည်း ဒေါ်အောင်ဆန်းစုကြည် သည် မည်သည့်ဥပဒေကိုမျှ အရေးစိုက်ရန် မလိုကြောင်း၊ မတရားဘူး ထင်လျှင် လိုက်နာစရာမလိုကြောင်း၊ လူထုလမ်းပေါ်ထွက်လာလျှင် အုပ်ချုပ်ရေးယန္တရားများ ရပ်ဆိုင်းသွားမည် ဖြစ်ကြောင်း၊ မိမိတို့ပါတီအနေဖြင့် အနောက်နိုင်ငံများမှ စီးပွားရေးပိတ်ဆို့မှုများ ချက်ချင်း ပြုလပ်ရန် ကြိုတင်ပြောကြားထားပြီး ဖြစ်ကြောင်း၊ ဒီမိုကရေစီ ရရှိရန်သာ အရေးကြီးကြောင်း၊ ဒီမိုကရေစီရရှိရန် ပြည်သူများ ငတ်ပြတ်ခံသင့်က ခံရမည် ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နောက်ကြောင်းပြန်လှည့်ရန် ၀န်မလေးကြောင်း ပြောကြားခဲ့သည်။

'ကျောင်းသား ခေါင်းဆောင်ဟောင်းတချို့က အခြေခံဥပ ဒေကိုလွှတ်တော်ထဲမှာပြင်နိုင်ဖို့ လုပ်ကိုလုပ် ရမယ်။ မရရင် အခြားနည်းနဲ့သွားမယ်။ အဲ ဒီမှာမပြင်ဘူး။ မရဘူးဆိုရင် တိုင်းပြည်ဟာ အကျပ်အတည်း ဖြစ်မယ်။ သွေးချောင်းစီး မယ်။ နောက်ထပ် ရှစ်လေးလုံးတစ်ခုကို မျှော် လင့်တယ်။ ဖန်တီးမယ်ဆိုတဲ့ သဘောကို အ တိအလင်းပြောတာ ကြားလာရတဲ့အခါ ရှေ့ နိုင်ငံရေးအလားအလာအတွက် လွှတ်တော် ကိုယ်စားလှယ်ဖြစ်ပြီး နိုင်ငံရေးပါတီတစ်ခု ကို တာဝန်ယူနေသူဖြစ်တဲ့အတွက် ခုလိုပြန် လည်ရှင်းလင်းဖို့ လို့အပ်တယ်'' ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောကြားခဲ့သည်။

ထို့ပြင် အခြေခံဥပဒေကို ကာ ကွယ်ပါမည်ဟု ကတိသစ္စာပြုထားသူများ အနေဖြင့် လွှတ်တော်တွင်းမှ ပြင် ဆင်မှသာ မိမိတို့၏ ကတိသစ္စာကို တည်နိုင်မည်ဖြစ် ပြီး ဥပဒေကို ကျောခိုင်းရာမရောက်ကြောင်း၊ ပါတီအနေဖြင့် အမျိုးသားပြန်လည် သင့်မြတ် ရေးလမ်းကြောင်း မှတစ်ဆင့် နိုင်ငံရေးပါတီ များ၊ တိုင်းရင်းသားခေါင်းဆောင်များနှင့် တပ် မတော်တို့ကြား နားလည်မှုရှိရှိ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကို ဆောင်ရွက်မည်ဖြစ်ကြောင်း ဦးသိန်းညွန့်က ပြောသည်။

ယင်းက ''ပြင်ဆင်ရေးလုပ်သူ တွေအနေနဲ့ သတ္တိရှိရှိလုပ်ဖို့၊ ပြောဖို့လိုတယ်။ ဗွီအိုအေမှာ ပြောခဲ့တဲ့အတိုင်း တိုင်းပြည်ကို သွေးချောင်းစီးအောင် တကယ်လုပ်မှာလား။ ဒါ တကယ်လုပ်မယ်ဆိုရင်လဲ သူ့ရဲ့ နိုင်ငံ ရေးသတ္တိကို ချီးကျူးရမယ်။ ကျွန်တော်တို့နဲ့ မတူပေမယ့် သတ္တိရှိတယ်လို့ ချီးကျူးရမယ်။ ဒါမှမဟုတ်ဘဲနဲ့ တိုင်းပြည်ကို နိုင်ငံရေးမီးရှူး မီးပန်းတွေ လွှတ်ပြီးတော့ လက်တွေ့မှာ တိုင်းပြည်လဲဆုံးရှုံး လူထုလဲနစ်နာ အထူးသ ဖြင့် နိုင်ငံရေးကို ယုံကြည်ချက်ရှိတဲ့ လူငယ် တွေ တောထဲတောင် ထဲ ရောက်သွားနိုင် တယ်''ဟု ဦးသိန်းညွန့်က ဆိုသည်။

From:ပြည်သူ့အာဏာ

၄၃၆ ပြင်ဆင်ရေး ကျွန်ုပ်တို့ ဘာကြောင့် လက်မှတ်မထိုးတာလဲ (ပြည်သူ့အသံ)


Ko Htike Gyi : ပြုပြင်ပြောင်းလဲမူ့ထက် ရယူလိုစိတ်တွေ အရမ်းများနေလို့ မြန်မြန်ဆန်ဆန် ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုပြင်ဖို့ လုပ်နေတာ လို့ ထင်မြင်မိတယ် အစိုးရဘက်လိုက်ပြောတာ မဟုတ်ပါဘူး ကျတော်လည်းအစိုးရကို မုန်းပါတယ် ဒါပေမယ့် သူတို့ပါတီထဲမှာရော နေရာလုနေတဲ့ သူတွေ တပုံကြီး တယောက်နဲ့တယောက် ချောက်တွန်းနေတဲ့ သူတွေ တပုံကြီး အပြောကောင်းနေရုံနဲ့မပြီးဘူးလေ လက်တွေ့တခုလောက် အစိုးရအပြင်ကနေ ပြည်သူတွေ အားရအောင်ပြုပြင်ညပြောင်းလဲမှု့တခုလောက်လေးပဲလုပ်ပြပါ ဗုဒ္ဓဘာသာနိုင်ငံ ဗုဒ္ဓဘာသာ သာအဓိကဖြစ်ရမယ် မလေးရှားကို အတုယူပါ သူတို့ကအစ္စလန် နိုင်ငံ ဘာသာစုံရှိတယ် သူတို့ဘာသာနဲ့တခုခုဖြစ်လာရင် အစိုးရက ဘာသာဘက်ပဲရပ်တည်တယ် ဘာသာရေး ဥပဒေတွေကိုလည်းတင်းတင်းကြပ်ကြပ် ကြပ်မှတ်ထားတယ် ဒေါ်စုသမ္မတဖြစ် ဒီလိုဖြစ်အောင် လုပ်နိုင်ပါ့မလား သူအုပ်ချုပ်မှာ အများဆုံး ဆယ်နှစ် သူသေရင် NLD ကကုလားတွေက တက်လာပြီ နောက် NLD မှာကုလားတစု အုပ်စိုးမယ် ပြီးရင်တိုင်းပြည်ကြီးကို အုပ်စိုးမယ် ပြုပြင်ပြောင်းလဲမှုဆိုတာ ဒေါ်စုမှာမူတည်နေတယ်လို့ မထင်ဘူး တနိုင်ငံလုံးက ပြည်သူတွေနဲ့သက်ဆိုင်ပါတယ် မတရားရင် အားလုံးဆန့်ကျင်ကြပါ တစုတဖွဲ့က ဆန့်ကျင်နေရုံမပြီးပါဘူး
----------------------------------------------


သား ဦး : ဒေါ်စု တော့သမ္မတ လုပ်စေချင်တယ် ဒါပေမယ့် ဒီဥပဒေကြီးတော့ တသက်လုံးမပြင်စေချင်ဘူး ကိုယ့်နိုင်ငံသမ္မတက ဘာပဲဖြစ်ဖြစ် မြန်မာမိသားစု မြန်မာနိုင်ငံသားစစ်စစ်တွေနဲ.ဖွဲ.စည်းထားတဲ့မိသားစု ပဲဖြစ်စေချင်တယ် .... နောင်မြန်မာနိုင်ငံကြီးတည်တံ့နေသမျှ သမ္မတရာထူးရတဲ့သူကို ကုလားတွေ တရုတ်တွေနဲ. တခြားနိုင်ငံသား သွေးတွေမပါစေချင်ဘူး
-------------------------------------------

Kanithar Koko : မျှဝေပေးတဲ့လူကိုကျေးဇူးတင်ပါတယ် ဒေါ်စုကြည်သမ္မတဖြစ်ရင် ကုလားနိုင်ငံဖြစ်မှာ ခုတောင်သူဘေးကယာဉ်မောင်းကုလားမွတ်စစ်စစ် မယုံရင်ကြုံတဲ့အခါမှတ်မှတ်ရရကြည့်လိုက်ပါ ကုလား လင်ယူဖို့လုပ်ခဲ့သေးတယ် မိခင်က ဗိုလ်ချုပ်မျက်နှာနဲ့ တိုင်းပြည်မျက်နှာကို ထောက်ပါ အိန္ဒိယသမ္မတ နေရူးကို အသားနားခံပြီးကုလားဘက်ကိုလျှော့ခိုင်းရတာ ဘယ်လောက်များကုလားကြိုက်လဲ
---------------------------------------------

John Myat : ဘာရယ်ညာရယ်မပြေချင်ပါဘူး မလေးနဲ့လာနှိုင်းနေလ်ု့ပြောပါရစေ ဒို့နိုင်ငံမှာ ယဉ်ကျေးမှု လူမှုရေး သာရေး နာရေး ဝိုင်းဝန်းကူညီဖေးမတဲ့စိတ်ဓါတ်၊အဖေ အမေ အိုကြီးတွေ ပြန်လည်စောင့် ရှောက်တဲ့စိတ်ဓါတ် ၊အလုပ်ထဲမှာလဲသာရေးနာရေးရှိရင်နားလည်မှုခွင့်၊ တစ်ယောက်လုပ်စာကို မိသားစုမှ ဝေစားနိုင်တယ် တို့လူမျိုးတွေက ပျော်ရွှင်တယ်ရိုင်းပင်းကူညီတတ်တယ် (များသောအားဖြင့်)၊ရွာကနေ မလေးလောက်ရောက်ပြီး ဟိုဟာလာကျယ်မနေပါနဲ့ တို့နိုင်ငံတို့လူမျိုးက အားသာချက်တွေ အများကြီးပါ ၊
---------------------------------------

Su Myat : တိုင်းပြည်ကြီး တိုးတက်ဖို့ အတွက် လူမိုက်အလိုမရှိပါ။ ပညာရှိသုခမိန်သာ အလိုရှိပါသည်။ ငြိမ်းချမ်းရေးသာလျင် ပြည်သူတွေရဲ့ မျှော်လင့်ချက်ဖြစ်သည်။
----------------------------------------------------

Than Htike : ဒေါ်စုရေ....စိတ်တော့မကောင်းဘူးဗျာ....နွေခေါင်ခေါင်မှာ ဦးထုတ်မပါရင်နေပါစေ -ီး ခွန်တော့ မဆောင်းပါရနဲ့...... ဘာကြောင့်လဲသိလား....ကျွန်တော်က ဗုဒ္ဓဘာသာမြန်မာလူမျိုးဖြစ်လို့.... မြေ..နေအိမ်ယာတွေ ပျောက်သွားပါစေ ကြိုးစားပြီးရအောင်ပြန်ရှာမယ်လို့ရတယ်..... ကုလားပေါလာမဲ့ ဒေါ်စုလက်ထက်မှာ ကျွန်တော်တို့ ဗုဒ္ဓဘာသာ သာသနာတော်ဟာ ဘယ်လိုမှရှာလို့ရတော့မှာ မဟုတ် လို့ဘဲ....
--------------------------------------------------

Ko Zay : မြန်မာလူမျိုးများ သတိ အသိရှိကြပါစေ..။

Aswe Taw : နောငှ့်ရေးကိုကြည့်ကြပါ နောင်တချိန်ဆိုတဲ့အတွေးအခေါ် လူတိုင်းမှာရှိသင့်ပါတယ်

Thar Thar Lay : ကျေးဇူးတင်ပါတယ် မြန်မာလူမျိုးတွေ ဒါလေးကိုဖတ်ပြီး အသိတရားရကြပါစေ

ကနောင် မင်းသား : English/Japanခေတ်တွေ မှာလဲ ကျွန်စော်နံသူတွေ အများအပြားပါဘဲ၊ ဒီ ခေတ်မှာလဲကျွန်စော်နံ သူရှိမှာပါပဲ၊ထမီ နားခိုစားတဲ့သူတွေကဘုရားရှင်လက် ထက်ထဲကရှိခဲ့ တာပါ၊ ဒါသဘာဝပါပဲ။

Mar Soe : နိုင်ငံရေးတော့ နားမလည်ပါဘူး ဒါပေမဲ့ အန်တီစု ကိုတော့ သမတမဖြစ်စေချင် ပါဘူး ဘေးကပြည်သူလူထုအတွက် ကူညီပေးနိုင်တဲ့ သူတစ်ယောက် အနေနဲ့ဘဲဖြစ်စေချင်ပါတယ်

Yethu Tlm : ဒေါ်စုနာမည်ကျော်တာတော့ ဟုတ်ပါတယ်သူရောက်ကတဲ့ ဘာလုပ်ဆောင်ချက်ရှိလဲလက်ပံတောင်း ရခိုင် မိတ္ထီလာဘယ်သူ ဘက်မှာရပ်တည်လဲပြတ်ပြတ် သားသားဘာ စကားပြောလဲပြောတော့ပြောပါတယ် လူများစုက လူနည်းစုကို အနိုင်ကျင့်တယ်တဲ့ သူလင်တွေအရင် စကျင့်လို့ပြဿနာကြီးထွား သွားတာကိုမပြောဘူး အပေါ်သူရ အပါဝင်ထောက်ခံတဲ့မအေး-ိုးတွမသိဘူးလားနလပိန်တုံးတွေသူသားအကြီးကောင်မူဆလင်ဝင် တာကောသိလားမင်း တိုညီမမုတ်ဆိတ်တွေဆီ အပ်လိုက်ငါတို့ကတော့ အသက်လဲပလိုက်မယ်အဲ့ ဖာသယ်မ ဘယ်တော့မှ သမ္မတမဖြစ်ဘူး မှတ်ငါ-ိုးမဟာတွေမရိုင်းချင်ဘဲရိုင်းလိုက်တယ်

Kyaw Zin : ကိုယ့်တို့မိသားစုကို အုပ်ထိမ်းမယ့်အုပ်ထိမ်းသူကို ဘယ်သူတွေက. ပထွေးကိုအဖေနေရာပေးချင်မှာလည်း..အဖေကိုကျော်ပီး ပထွေးတော့မလွမ်းပါရစေနဲ့..... ဒါပေမယ့်လည်း ပထွေးအဖေခေါ်ချင်သူတွေလည်းရှိနေတာဘဲနော်...

Aung Ko Lat : ဒေါ်စုကြည်ရေ ခင်ဗျားလုပ်ရပ်တွေကြောင့်  ကျွန်တော်တို့ တွေကဘယ်သူ့ ကိုမဲပေးလို့  ဘယ်သူ့ ကိုအဖေခေါ်ရမှာလဲဗျာ စဉ်းစားကြည်ပါ အုန်းံ

Ukyawsan Win : အမှန်ပြောလို့ကျေးဇူးတင်ပါတယ်

Thar Gyi : ဒေါ်စုချည်ပဲတမ်းတနေတာ သူက လွဲလို့ မြန်မာနိုင်ငံ မှာ သမတ္တလုပ်မယ့်သူမရှိတော့ဘူးလား

Thar Gyi : အဲဒီ လက်မှတ်ထိုးနေတဲ့ သူတွေက တဖက်ပိတ်နေတာ

Thar Gyi : ဒေါ်စုက myanmar express ရေးတဲ့အတိုင်း လုံးဝကြီး တခုမှ လုံးဝ(လုံးဝ) မဖြစ်ပါဘူးလို့ ပြည်သူတွေရှေ့ ပြောမယ့်တနေ့ လက်မှတ်ထိုးပါမယ်

Bwe Thi : ကျေးဇူးပါတပည်တွေဖတ်ခိုင်းရအုန်းမယ်

Dinngar Dinngar : NLD ဆိုမကြားချင်လောက်အောင်မုန်းတယ် တစ်ယောက်မကျန်မုန်းတယ်

Sai Sai : အော်... သူက တလမ်းမောင်း စောင်းနေတာ ကိုး

Zeyar Nyunt : မှန်ပါတယ်လက်မှတ်ထိုး တ့ကောင်တွေကနားမလည်ပဲ န့ထိုးပြိးကုလား. တာခံနေရမယ်ဟို ဟာမကြိးကတော့ ခံပြိးသားမထူးဘူး

Wai Lu : right

Zin Wai Yan : မွတ်စု

ကြယ် ဘုရင်မလေး : ၅၉ (စ) ဥပဒေ ကို လုံးဝထောက်ခံပါတယ်

Yekyi Dway : မတိဘူး ခေါင်းရှုပ်လို့သေနိုင်တယ်

Awaine Kg : အမျိုးတော့ အထိခိုက်မခံဘူးစစ်ဖိနပ်အောက်ပဲ ကြိတ်မှိတ်နေတာ အကောင်းဆုံးပဲ....

Moe Min : သမ္မတဖြစ်ဖို့ အဲလိုတောမလုပ်သင့်ပါဘူး ဒေါ်စု

Hong Gele : အမျိုးဖျက်မ နင်ထွက်သွားတော့

Ronal Hein : ရေးထားတာသိပ်မှန်တယ် မြန်မာနိုင်ငံက ဗုဒ္ဓဘာသာနိုင်ငံပါ

Pannlay Pyaycho : ရေးထားတာတွေအားလုံးအမှန်တရားတွေပါပဲ ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုးကိုယ့်ဘာ သာသာသနာကိုချစ်တယ် ဆိုရင်မြန်မာနိုင်ငံသား အားလုံးအသိတရားရှိဘို့ကောင်းနေပြီ

Yeni Kyaw Htin : ရေလာလို့ချောင်းပေါက်ပြီဆိုရင် လမ်းမှာရှိတဲ့ အမှိုက်တွေက အလိုလိုပျောက်သွား စမြဲပါ။

Bolay Bolay : this is myanmar country , not 786. we are not support in NLD and suu kyi

Bolay Bolay : this myanmar country .this is 786 country

Thet Hnin Eain : အရမ်းကောင်းတဲ့စာသားပါ။ အသိမရှိလို့ မသိသူထက်သိတဲ့သူက ပိုအသိရှိ လာတာပေါ့။

Su Wintsan : ကောင်းလိုက်တဲ့ရေးချက် ဒါမျိုးတွေများများဖေါ်ပြမှ တိမ်ဖုံးနေတဲ့သူတွေ အသိတရား ရလာမှာ

ကို လူအေး : တကယ်မှန်တာတွေပါပဲဗျာ။

https://www.facebook.com/photo.php?fbid=643358335758292&set=a.311880272239435.71120.256578141102982&type=1&relevant_count=1 တွင် ရေးသားထားသော ပြည်သူ့အသံများကို ပြန်လည်ကူးယူဖော်ပြသည်။ 

www.MyanmarExpress.net

ပုဒ်မ ၄၃၆ သည် NLD ရဲ့ အဓိက ပစ်မှတ်မဖြစ်နိုင်ပါ



ဖွဲ့စည်းပုံပြင်ရေးကို အစိုးရ တပ်မတော် ပြည်သူ လွှတ်တော် အတိုက်အခံ အားလုံးက လက်ခံပြီးသား ပါ၊ တိုင်းရင်းသား နိုင်ငံရေးပါတီတွေ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အပါအ၀င် ပြင်မယ်ရမယ် ဆိုတာလဲ ပြောနေကြပါပြီးသားပါ။


ပုဒ်မ ၄၃၆ ကို ၂၀၁၅ မတိုင်ခင် ပြင်နိုင်ဖို့ ဖြစ်နိုင် ခြေ နည်းတယ်ဆိုတာ ကျတော်တို့လို သာမာန် လူတောင် သိရင် ဒေါ်အောင်ဆန်းစုကြည် လို NLD လို အဖွဲ့အစည်းကလဲ မသိပဲမနေဖူး သိမှာပါပဲ ၊ ဒီ အခြေအနေဟာ ပြင်ဖို့မလွယ်သေးဖူး မပြင်လဲ မပြင်သင့် သေးဖူး ဆိုတာ လက်ခံမှာပါ။ ဒါပေမယ့် NLD အနေနဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနဲ့ ကို ဇောင်းပေးပြီးလုပ်နေကြတယ်ဆိုတော့ ဒါဟာ နိုင်ငံရေးကို ကစားနေကြတယ်လို့ မြင်ပါ တယ်၊ ဆိုလိုတာက ၂၀၁၅ မတိုင်ခင် ဒေါ်အောင်ဆန်းစုကြည် နဲ့ လက်ရှိအစိုးရ တို့ကြား အခြင်းခြင်း နိုင်ငံရေး ကစားနေကြတာပါ။


ပုဒ်မ ၄၃၆ ကို လက်မှတ်ထိုး Campaing လုပ်ခြင်းအားဖြင့် NLD အတွက် တစ်ချက်ခုတ် သုံးချက်ပြတ် လုပ်ခြင်းဖြစ်ပါတယ်၊ ၄င်းထက်လဲ ပိုပြီး ပြတ်နိုင်ပါတယ် တချို့အချက်တွေ ဟာ သာမာန်ပြည်သူတွေ ဖြစ်တဲ့ ကျတော်တို့ အတွက် ခန့်မှန်းဖို့ ခဲယဉ်းပါတယ်။

လက်မှတ်ထိုး Campaing က နေရလာမယ့် NLD အတွက် အကျိုးကျေးဇူးတွေက တော့ 

၁၊ အစိုးရကို ဖွဲ့စည်းပုံကိုပြင်ဖို့ ဖိအားပိုပေးနိုင်တယ် (ဒူးလောက်တင်မှာ ရင်လောက်ကျတဲ့ မြန်မာစကားပုံလို ပေါ့) လက်ရှိအစိုးရအနေနဲ့ ပြင်တော့ပြင်တယ် မစို့မပို့ ပြင်တာမျိုး မဖြစ်ရအောင်ပါ၊ 

၂၊ ၂၀၁၅ အတွက် ပါတီစည်းရုံးရေးကို မသိမသာ နဲ့ အခုကတည်းက ကြိုလုပ်ထားတဲ့ သဘောလဲပါ ပါလိမ့်မယ်

၃၊ NLD ပါတီကို ထောက်ခံတဲ့လူ ဘယ်နှစ်ယောက်ရှိလဲဆိုတာ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ကြိုတင် လူစားရင်းယူ ထားခြင်းလို့ မြင်ပါတယ်။ (အစိုးရရဲ့ နိုင်ငံတော် သန်းခေါင်းစားရင် ကောက်တာကို တုန့်ပြန်တဲ့အနေနဲ့ပါ)

ပုဒ်မ ၄၃၆ ကို ပြင်မပေးပဲ တခြားဟာတွေကိုပဲ ပြင်လို့ရခဲ့တယ်ဆိုရင်တောင် လူထုတွေ လမ်ပေါ်ထွက်စေလိမ့်ဟုမထင်ပါ။ တစ်ကယ်လို့ ပုဒ်မ ၄၃၆ ကြောင့် လူထုတွေ လမ်းပေါ်ထွက်စေခဲ့မယ် ဆိုရင် NLD နဲ့ ၈၈ တို့ အတွက် လုံးဝ ပြင်မရတဲ့ အမှားကြီးတစ်ခုကို ကျူးလွန်မိသလို ဖြစ်သွားပါလိမ့်မည်။ မည်သူမှလဲ တိုင်းပြည်ကို အစကနေ ပြန်စ စေချင်လိမ့်မည်ဟုမထင်ပါ။

နိုင်ငံရေးကစားပွဲဟာ ဦးနှောက်တွေ အချင်းချင်းပြိုင်ကြရတာပါ၊ မိမိတို့ ယှဉ်ပြိုင်ခြင်းဟာ တိုင်းပြည်ကို မထိခိုက်ဖူးဆိုရင် ပြိုင်သင့်ပါတယ်။ ဦးနှောက်ကစားပွဲက ကြည့်လို့ အလွန်ကောင်းမှာပါ။ ပြည်သူတွေ အနေနဲ့ သွေးမဆူဖို့ ဥာဏ်အမြှော်အမြင် ရှိဖို့လိုပါတယ်။

အမေ့သားပဲ ဖြစ်ဖြစ် စစ်သားပဲ ဖြစ်ဖြစ် တိုင်းပြည်ကို ချစ်ကြတဲ့သူတွေကြီးပါပဲ။

တိုင်းပြည် ကို ခြောက်ထဲတွန်းချတဲ့လူဖြစ်ဖြစ် ၊ ဆွဲချတဲ့လူဖြစ်ဖြစ် ၊ မည်သူ မဆို သမိုင်းရဲ့ တရားခံဖြစ်သွား ပါလိမ့်မည်။

ရေးသာသူ - စစ်ခွေးမဟုတ် ဖွတ်မဟုတ် ဒေါင်းမဟုတ်တဲ့ Eduk July

ပုဒ်မ ၅၉(စ)နှင့် ၈၂ ခုနှစ် နိုင်ငံသား ဥပဒေ ပြင်ဆင်ပေးရန် NLD ပါတီ၊ ၈၈ အုပ်စုများနှင့် ကြိုတင်သဘောတူညီထားသော အချက်များအား ဘင်္ဂလီများက ကြေညာချက်ထုတ်ပြီ



မြန်မာနိုင်ငံ ရိုဟင်ဂျာလူငယ်များအဖွဲ့ချုပ် မှ ပုဒ်မ ၄၃၆ ဖျက်သိမ်းရေး ဆန္ဒဖော်ထုတ်ပွဲများအား ထောက်ခံကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့ပြီး ပုဒ်မ ၅၉(စ)နှင့် ၈၂ ခုနှစ် နိုင်ငံသား ဥပဒေ ပြင်ဆင် ပေးရန် ဖိအားပေး တောင်းဆိုလိုက်ကြောင်း သိရှိရသည်။


ပုဒ်မ ၅၉(စ) ပြင်ဆင်ရေး ဆောင်ရွက်သည့်အခါ အမျိုး ဘာသာ သာသနာ ကာကွယ်စောင့်ရှောက်သူ များနှင့် ထိပ်တိုက်ရင်ဆိုင်မိသဖြင့် ဒေါ်အောင်ဆန်း စုကြည်၏ ဥပဒေအကြံပေး ပညာရှင် တရား လွှတ်တော် ရှေ့နေ ဦးကိုနီ အကြံဥာဏ်ကို ရယူ၍ ပုဒ် ၄၃၆ ပြင်ဆင်ရေးကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ခဲ့ကြောင်း၊ ယင်းလူထုဆန္ဒခံယူပွဲများသို့ ဘင်္ဂလီလူငယ်များအဖွဲ့ချုပ်မှ အင်အားများပြားစွာ ပါဝင်တက်ရောက်ခဲ့ကြောင်း၊ ဘင်္ဂလီများမှ လူအင်အားနှင့် ငွေအင်အား နောက်ကွယ်မှ ပံ့ပိုးကူညီကာ NLD က ယင်းတို့ အလိုရှိရာ ပြင်ဆင်ပေးရန် ဖြစ်ကြောင်း သိရှိရသည်။

ဘင်္ဂလီတို့၏ ကြေညာချက်တွင် “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ပွင့်လင်း လူ့အဖွဲ့အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်တို့ ဟောပြောချက်များအား မြန်မာနိုင်ငံရို ဂျာလူငယ်များအဖွဲ့ချုပ်မှ လုံးဝ(လုံးဝ) ထောက်ခံ ပါသည်။” ဟူ၍ ဖော်ပြထားသည်။

၎င်းအပြင် “ နောင်ပြုလုပ်မည့် ပုဒ်မ(၄၃၆) ဖျက်သိမ်းရေး၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဖြစ်ခွင့်မရှိအောင် တားမြစ်ပိတ်ပင်ထားသည့် (၅၉)စ ဖျက်သိမ်းရေး လှုပ်ရှားမှုများအား တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားပါမည်။ ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ပွင့်လင်းလူ့အဖွဲ့အစည်း တို့အနေဖြင့် ခေတ်ကာလနှင့် မလျော်ညီတော့သည့် ၁၉၈၂ နိုင်ငံသားဥပဒေ ပြင်ဆင်ရေးကိုပါ လုပ်ဆောင်သွားသင့်ကြောင်း ထုတ်ပြန်ကြေငြာအပ်ပါသည်” ဟူ၍ အလ်ဟာဂ်ျ မြင့်နိုင်အမည်ဖြင့် အတိအလင်း ကြေညာထားခြင်း ဖြစ်သည်။

ယင်းကြေညာချက်သည် NLD နှင့် ၈၈ မျိုးဆက်ကျောင်းသားဟောင်းများ၏ ရှေ့ဆက်မည့် ခြေလှမ်းကို လူသိထင်ရှား ထုတ်ပြန်လိုက်ခြင်း ဖြစ်၍ အထူးသတိထားရမည့် အချိန်အခါသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ အနီးကပ်ဆုံး ရန်သူကို ရှာတိုက်ကြရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ အမျိုးသားရေးတက်ကြွလှုပ်ရှားသူ လူငယ်များ ကွန်ရက် ဥက္ကဌ ဖြစ်သူ ကိုသာကီသွေးနောင် က ထုတ်ဖော် ပြောကြားသည်။

“အခုဆိုရင် ဘင်္ဂလီတွေဟာ သူတို့ရဲ့ ရည်မှန်းချက်တွေကို အတိအလင်း ထုတ်ဖော်ကြေညာထားပြီး NLD နဲ့ ၈၈ ကို နောက်ကွယ်ကနေ ထိန်းချုပ်ထားပြီ။ ဒါကို ကျွန်တော်တို့ နိုင်ငံသားတွေ အမှန်အတိုင်း ကြည့်မြင်နိုင်ကြဖို့ သိပ်ကို အရေးကြီးနေပါပြီ။ ကျွန်တော်တို့အနေနဲ့ ဆရာတော် သံဃာတော်တွေ၊ အမျိုး ချစ်တဲ့သူတွေ၊ အမျိုး စစ်တဲ့သူတွေနဲ့ တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်သွားဖို့ လိုပါတယ်။ ဒီအန္တရာယ် ကြီးဟာ နိုင်ငံရေးပါတီတွေကို အသုံးချပြီး လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်း စုကြည် ကလည်း သူ သမ္မတ ဖြစ်ရင် ပြီးရော ဆိုတဲ့ သဘောမျိုးတွေ တွေ့နေရတော့ ကျွန်တော်တို့ သိပ်ကို စိုးရိမ်မိ ပါတယ်။ ဒါဟာ အမျိုးသားရေးအန္တရာယ်ပါ။ တစ်မျိုးသားလုံး အတွက် ဘေးသင့်မယ့် ချောက်ကမ်း ပါးကြီးပါ။ ပုဒ်မ ၄၃၆ ဟာ ဘာသာရေး လူမျိုးရေး ထောင်ချေက် ဖြစ်တယ် ဆိုတာ ကျွန်တော်တို့ ကျယ်ကျယ်ပြန့်ပြန့် သတိပေးဖို့ လိုပြီ။ ပြည်သူလူထုကို တပ်လှန့်နှိုးဆော်ဖို့ လိုအပ်နေပါပြီ။ တတ်နိုင်သမျှ ၀ိုင်းဝန်းကူညီကြဖို့ လိုပါတယ်။ အမျိုးစစ်မှ မျိုးချစ်မှာကို သတိပြုကြဖို့ လိုပါတယ်” ဟု ၄င်းက ပြောဆိုသည်။

ယနေ့ပြုလုပ်ခဲ့သည့် နေပြည်တော် ဟောပြောပွဲတွင်လည်း ပျဉ်းမနား မြို့မဈေးကြီးအတွင်းရှိ ဘင်္ဂလီ လူမျိုးပိုင် ရွှေဆိုင်များမှ လိုအပ်သည့် ငွေကြေးနှင့် ယာဉ်များ ပံ့ပိုးကူညီခဲ့ကြောင်း သိရှိရသည်။


From:ပြည်သူ့အာဏာ

ဒီဘဝမှာတော့ ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ဖို့ ကျွန်တော်မမြင်ဘူး



ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေနှင့် မေးမြန်း ခြင်း


၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆန္ဒပြ တောင်းဆိုနေချိန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်း တို့ ပူးပေါင်းအခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲများ ပြုလုပ်လာခဲ့သဖြင့် ယင်းဖွဲ့စည်းပုံ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီဝင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေနှင့် မေးမြန်း ခဲ့သည်များအနက် အချို့ကို ကော်နုတ်ဖော်ပြပါသည်။

မေး- ဖွဲ့စည်းပုံပြင်ရေးနဲ့ပတ်သက်ပြီး NLD ဦးဆောင်လှုပ်ရှားမှုများလာတယ်။ အဲဒီတော့ NLD ပါတီက ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပတ်သက်ပြီး လူထုကိုဆွဲခေါ်လာတဲ့အပေါ်မှာ သဘောထား အမြင်လေး သိချင်ပါတယ်။

ဖြေ- ကျွန်တော်ပြောချင်တာက NLD ကလေ မရောင်ရာဆီလူး၊ သူတို့လုပ်မှ ပြင်ရတဲ့ပုံစံ။ အဲဒီအကွက်ကိုဆင်တာ။ ဒါပေမဲ့ အဲဒီအကွက်က ရိုးနေပြီဗျ။ ဘာဖြစ်လို့လဲဆိုတော့ ၄၃၆ ကို ပြင်ပေးမယ်ဆိုတာ တိုက်ရိုက်ကြီးမပြောပေမယ့်လို့ ကာချုပ်ကရော၊ ဦးသိန်းစိန်ကရော၊ ဦးရွှေမန်းကရော၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မယ်လို့ဆိုတာပြောတယ်။ ပြင်မယ်ဆိုတာ ဥပမာဗျာ ကာချုပ်က ဘယ်လို့ပြောလဲဆိုတော့ ဥပဒေဘောင်အတွင်းက ပြင်မယ်။ နောက်ဆုံး စကားလုံးက ပြင်မယ်ပြောတယ်။ ဒါနံပါတ်တစ်။ ဦးသိန်းစိန်ကလည်း ဖွဲ့စည်းပုံကို ပြင်မယ်။ သို့သော်လည်း မလောပါနဲ့ပြောတယ်။ ဦးသိန်းစိန်ကလည်း ပြင်မယ်လို့ပဲ ပြောတာပဲ။ ဦးရွှေမန်း ကလည်း ပြင်မယ်ဆိုလို့ပြောပြီးတော့ကော်မတီတောင်ဖွဲ့ပြီးတော့မှ လုပ်နေပြီဗျ။ ၄၃၆ နဲ့ ပတ်သက်ပြီးတော့ ပြင်မယ်လို့ပြောတာနဲ့ပဲ ၄၃၆ ဂိတ်ကြီးက ဖွင့်သွားပြီ။ ၄၃၆ ဂိတ်ကြီးက ပွင့်သွားပြီဆိုမှတော့ အထဲမှာရှိတဲ့ ၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆ စတဲ့ဟာတွေပြင်ရမှာလေ။ ၄၃၆ ပြင်မယ် လို့ပြောပြီးကတည်းက တပ်မတော်သားတွေကလည်း အကုန်လုံးကာချုပ်ရဲ့ ဆန္ဒ အတိုင်း ပြင်မှာပဲ။ ပြင်ဖို့မဲထည့်မှာပဲ။ အဲဒီတော့ ၄၃၆ ကြီးကနေ ဝင်လာမယ်။ ပုဒ်မ ၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆ အဲဒါတွေပြင်ဖို့ကတော့ အသေးစိတ်ပြင်မယ်။ ဒါကတော့ လွယ်မှာမဟုတ်ဘူး။ နည်းနည်း ခက်မယ်။ အဲဒါပဲ အရေးကြီးတယ်။ အဲဒါ ကျွန်တော်ပြောတာက သူတို့ NLD ၄၃၆ ပြင်မယ်လို့ ပြောတာသည် မရောင်ရာဆီလူး ပြောတာလို့ ကျွန်တော်ထင်တယ်။ အဲဒီတော့ အခု NLD က လူထုကိုဆွဲခေါ်တယ်။ ဘာညာဆိုပေမယ့်လို့ သန်း ၆၀ မပါဘူး။ သူတို့ကွက်ကွက်ကလေးပဲ ပါတယ်။ ကျန်တဲ့လူတွေက ကိုယ့်အလုပ်နဲ့ကိုယ် စိတ်မဝင်စားဘူး။

မေး- ဒါတွေကတစ်ခုပေါ့။ ပြီးခဲ့တဲ့ မေ ၁၇၊ ၁၈ ရက်နေ့တွေမှာ ဒေါ်အောင်ဆန်းစုကြည်တို့ လုပ်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးဟောပြောပွဲမှာ တပ်မတော်ကို ပြင်းပြင်းထန်ထန် ဝေဖန်ထားတာ ရှိတယ်။ အဲဒီအပေါ်မှာ သုံးသပ်ပေးပါဦး။

ဖြေ- အဲဒါနဲ့ပတ်သက်ပြီးတော့ တပ်မတော်ကို ပြင်းပြင်းထန်ထန် ဝေဖန်ထားတာတွေကို တပ်မတော်က သူ့ (ဒေါ်အောင်ဆန်းစုကြည်) ကို တုံ့ပြန်မှာလည်း မဟုတ်ဘူး။ တပ်မတော် ကလည်း အရေးတယူလုပ်လိမ့်မယ်လို့ ကျွန်တော်မထင်ဘူး။ ဘာဖြစ်လို့တုန်းဆိုတော့ သူပြော တာ ဆင်ပါးစပ်နှမ်းပက်တာဖြစ်လိမ့်မယ်လို့ ကျွန်တော်မြင်တယ်ဗျ။

မေး- ဘယ်လိုကြောင့်ပါလဲ။

ဖြေ- သိပ်ပြီးတော့ အရေးမပါဘူး။ သူတပ်မတော်ကို ပုတ်ခတ်နေတာက ပေါ်ပြူလာဖြစ်အောင် ဟောပြောရတာနဲ့တူတယ်။

မေး- အခု တပ်မတော်အပေါ် ပြင်းပြင်းထန်ထန်ဝေဖန်တာတွေက မတ်လမှာ သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ပြီးတဲ့နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်က အစိုးရကိုရော၊ တပ်မတော်ကိုရော ပြင်းပြင်းထန်ထန်ဝေဖန်လာတာတွေ့ရတယ်။ အဲဒီအပေါ်မှာ ဘယ်လိုမြင် ပါသလဲ။

ဖြေ- ဒါဆိုရင် သမ္မတကြီးနဲ့ ညှိမရလို့နေမှာပေါ့။ သမ္မတကြီးကလည်း လူထုအမှန်တကယ် လိုချင်တဲ့ ဆန္ဒအတိုင်းလုပ်မှာဗျ။ သန်း ၆၀ လူအများစုက ဒီမိုကရေစီပုံစံအတိုင်း ဆောင်ရွက် မယ့် ဘက်မှာပါဗျ။ NLD က လိုချင်တာက လူအများစုလိုချင်တာ ဟုတ်ချင်မှ ဟုတ်မယ်။ NLDကို လူအများစု ကြိုက်တယ်လို့ မပြောနိုင်သေးဘူး။

မေး- အခု NLD က ဖွဲ့စည်းပုံနဲ့ပတ်သက်ပြီး လူထုဟောပြောပွဲတွေလုပ်တာရှိတယ်။ ပြည်ခိုင်ဖြိုး ပါတီကရော ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး လူထုဟောပြောပွဲတွေလုပ်ဖို့ ရှိသလား။

ဖြေ- ကျွန်တော်တစ်ယောက်တည်း ကျွန်တော်နယ်မြေဆင်းတယ်။ အခြေခံဥပဒေထဲက ဘယ်ဟာ ပြင်သင့်တယ် ဘယ်ဟာ မပြင်သင့်ဘူး။ ကျွန်တော့်မဲဆန္ဒနယ်တွေမှာ ပြောတယ်။ ကျွန်တော့်လိုပဲ လွှတ်တော်ကိုယ်စားလှယ်အများစုက ပြောကြတယ်လို့သိရတယ်။ ဒါပေမယ့် ကျွန်တော်တို့က အုံနဲ့ကျင်းနဲ့ အဲဒီလိုမျိုးတော့ မလုပ်ဘူး။ ကိုယ့်မဲဆန္ဒနယ်အလိုက်လုပ်တာ။

မေး- အဲဒီလိုပြင်ဆင်ရေးပြောကြတယ်ဆိုတော့ ဘယ်အချက်ကို အဓိကထားပြင်ဖို့ ပြောကြလဲ။ ဘယ်အချက်ကိုတော့ ဆက်လက်တည်ရှိစေချင်တယ်လို့ ပြောတာရှိလဲ။

ဖြေ- အဲဒါကတော့ ပြောပြီးသားပဲလေ။ ဗဟိုကော်မတီအစည်းအဝေး ပြီးကတည်းက ပြောရမှာတွေ ပြင်ရမှာတွေ အများကြီးရှိတယ်။ ကျွန်တော်တို့ ပြင်ရမှာတွေက NLD ထက် တောင် များသေးတယ်။

မေး- အရပ်ဘက်အဖွဲ့အစည်းတွေကရော ပြင်ဖို့ပြောနေကြပြီ။ အဲဒီအပေါ်မှာရော ဘယ်လို သဘောထားမှတ်ချက် ပေးချင်သလဲ။

ဖြေ- အရပ်ဘက်အဖွဲ့အစည်းကရော၊ NLD ရောမှာ အရပ်ဘက်တချို့အဖွဲ့အစည်းက NLD ဘက်ကပါတယ်။ တချို့အဖွဲ့အစည်းဟာ ကြံ့ခိုင်ရေးဘက်ကပါတယ်။ တချို့အဖွဲ့အစည်းက ကြားနေ။ ကျွန်တော်မြင်တာက ကြားနေများတယ်။ ပြင်ဖို့၊ မပြင်ဖို့ မသိဘူးဆိုတဲ့ အဖွဲ့က များနေတယ်။

မေး- မပြင်ရေးနဲ့ပတ်သက်ပြီး မေ ၃ ရက်နဲ့ မေ ၁၅ ရက်နေ့မှာ ဧရာဝတီတိုင်းက လေးမျက်နှာနဲ့ ဇလွန်မှာ ပုဒ်မ ၅၉ (စ) ထောက်ခံပွဲတွေတွေ့ရတယ်။ ပြည်ခိုင်ဖြိးပါတီဝင်တွေ ဦးဆောင် လုပ်တာလို့ သတင်း ဖော်ပြတာတွေ တွေ့ရတယ် အဲဒီတော့ ၅၉ (စ) မပြင်ရေးက ပြည်ခိုင်ဖြိုးရဲ့သဘောထားလို့ ပြောနိုင်ပါသလား။

ဖြေ- ၅၉(စ) ကို လိုအပ်ရင်ပြင်မယ်။ အခြေအနေ အချိန်အခါပေါ်မူတည်ပြီးတော့ လူထုဆန္ဒ သဘောထားလိုအပ်ရင် ချက်ချင်းပြင်မယ်ဆိုပြီး ပြည်ခိုင်ဖြိုး ဗဟိုကော်မတီက ဆုံးဖြတ်ချက် ချထားတယ်။ ကျွန်တော်ထင်ပါတယ်။ ၅၉(စ)က ဒီလောက်ဖြစ်နေတယ်လို့ မထင်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့က သမ္မတဖြစ်ချင်တဲ့ စိတ်ဆန္ဒရှိတယ်လို့ သူကိုယ်တိုင်လည်း ထုတ်ဖော်ပြောဆိုထားတဲ့အခါကျတော့ ကျွန်တော်ပြောချင်တာက အခုခါမှ သမ္မတဖြစ်ချင် တယ် ဆိုတာခက်ခဲတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတစ်ယောက်ဆိုတာ သူ့ဘဝသူလေ။ သမ္မတဖြစ်ဖို့ တစ်ချိန်မှာ နိုင်ငံခြားသားကို မယူတာကောင်းမယ်ဆိုပြီးတော့ ကျန်စစ်သားမင်း လိုပေါ့ဗျာ။ ငါတို့သမိုင်းမရိုင်းရအောင်ပဋိက္ခရားမင်းသားကို သူ့သမီးနဲ့ မပေးစားဘူး။ ဦးသိန်းစိန် သမ္မတဖြစ်တယ်ပေါ့ဗျာ။ သူကတြိဂံတိုင်းမှာ တိုင်းမှူးလုပ်ခဲ့ပေမယ့် လာဘ်မစားဘူး ပေါ့။ တြိဂံတိုင်းမှာ လာဘ်စားပြီး ပြုတ်သွားတဲ့လူနှစ်ယောက်ရှိတယ်။ ဒါမျိုးတွေ မလုပ်ဘူးဗျာ။ သူ့သားသမီးတွေက ဘတ်စ်ကားနဲ့ ကျောင်းတက်တယ်။ ဘတ်စ်ကားနဲ့ ရုံးတက်တယ်။ ကုမ္ပဏီ ထောင်တာတွေမလုပ်ဘူး။ သာမန်လိုနေတယ်။ အဲဒါကြောင့် သမ္မတကြီးဖြစ်လာတာလေ။ သူ့ကိုယ်သူ တည်ဆောက်လာတာပေါ့။ အဲဒါမျိုး ဒေါ်အောင်ဆန်းစုကြည်က တည်ဆောက် ရမယ်။ မိုးသီးဇွန် ပြောသလိုပေါ့။ အရေးအခင်း ကာလက ဒေါ်အောင်ဆန်းစုကြည် သို့မဟုတ် ကြိုးမဲ့လေတံခွန်၊ ကြိုးပြတ်ပြီးရောက်လာတဲ့ အနေအထားမှာ ဒိုင်းဆို သမ္မတ ဖြစ်ချင်တယ် ဆိုရင် သူအစကတည်းက ဗိုင်းကောင်း ကျောက်ဖိ နေခဲ့ဖို့ သင့်တယ်လို့ ကျွန်တော် မြင်တယ်။

မေး။ ဒါဆို လက်ရှိအနေအထားမှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ လုံးဝ မရှိနိုင် တော့ဘူးပေါ့။

ဖြေ။ ဒီဘဝမှာတော့ မလွယ်ဘူး။ ဒီဘဝမှာတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ဖို့ ကျွန်တော် မမြင်ဘူး။ သို့သော် ဆိုနီယာ ဂန္ဒီလို သူလုပ်လို့ရတယ်။ Speaker လုပ်လို့ ရတယ်။ ဟီလာရီကလင်တန်ဆို သမ္မတဝင်ပြီး ပြိုင်တာလည်း ရှုံးတဲ့အခါကျတော့ အိုဘားမားက ကမ်းလှမ်းတဲ့အခါမှာ တိုင်းပြည်ကောင်းအောင် ကြိုးစားတဲ့အခါမှာ နိုင်ငံခြားရေးဝန်ကြီး လုပ်တယ်။ သူတို့ NLD ပါတီထဲမှာလည်း သမ္မတလုပ်ဖို့ အရည်အချင်း ပြည့်မီတဲ့သူတွေ အများကြီး ရှိပါတယ်။ အခုကတည်းက ရွေးချယ်သင့်တယ်။ သူက Speaker တို့၊ နိုင်ငံခြားရေး ဝန်ကြီးတို့ စသည်ဖြင့်ပေါ့။ ဟီလာရီကလင်တန်တို့လို ဆိုနီရာဂန္ဒီ တို့လို ဖြစ်ဖို့ မြင်တယ်။ သူက လုပ်ချင်ပါတယ်ဆိုပြီး ဖြစ်တဲ့အခါကျတော့ နည်းနည်းတော့ ခက်တာပေါ့။ ကျွန်တော်က ပြောမယ်လေ။ သူ့သား နှစ်ယောက်ကို နိုင်ငံသား ခံယူလိုက်ပါ။ ဒါဆို အကျုံးဝင် သွားတာ ပဲလေ။ အဲဒါလေးတောင်မှ ကျွန်တော်ပြောတဲ့အခါမှ ဦးဝင်းတင်က အသက် ၁၈ နှစ် ပြည့်ပြီးတဲ့လူကို မြန်မာနိုင်ငံသား ခံယူဖို့ ပြောပိုင်ခွင့် မရှိဘူးလို့ ပြောတယ်။ ဒါဆို သန်း ၆၀ ကို ဘယ်လိုပြောမလဲဆိုတော့ ပြောမရဘူး။

မေး။ အခု မြန်မာနိုင်ငံမှာက ဖွဲ့စည်းပုံ ပြင်ဆင်ရေး လှုပ်ရှားမှုက များလာတယ်။ မေ ၁၅ ရက်နေ့ မန္တလေးမှာ သမ္မတကြီးက ပြင်ဆင်ရေးမဲဆွယ် စည်းရုံးလှုပ်ရှားမှုတွေ ဆူဆူပူပူ ဖြစ်နိုင်တယ်လို့ ပြောထားတယ်။

ဖြေ။ ကျွန်တော့်အမြင်တော့ သမ္မတကြီးက စိုးရိမ်တယ်။ စိုးရိမ်မယ်ဆိုလည်း စိုးရိမ်စရာ ပဲလေ။ ၈၈ နဲ့ NLD က လမ်းပေါ်ထွက်ရေးပဲ သိတာကိုးဗျ။ အဲဒါကို သမ္မတက ထိန်းတဲ့ သဘောလို့ ယူဆရတယ်။ တကယ်လို့များ တစ်တိုင်းပြည်လုံး ဆူပူမှု ဖြစ်လိမ့်မယ်လို့ ကျွန်တော် မမြင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ လူထုက ၈၈ ကလို မအတော့ဘူး။ မြှောက်ပေး ရင် မလုပ်တော့ဘူး။ မှန်ကန်တဲ့ လမ်းကြောင်းကိုပဲ သွားမှာ။ ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်း ကိုပဲ သွားတော့မှာ။ အဲဒီလိုဖြစ်ရင် မြန်မာပြည်က ဘယ်တော့မှ နာလန်ထူမှာ မဟုတ်တော့ ဘူး။ လူထုကလည်း အဲဒီလို မြင်နေပြီ။ မြှောက်ပေးတိုင်း လုပ်တာက ခဏတဖြုတ်ပဲ ပါချင်ပါမယ်။ ရေရှည်မှာ မပါနိုင်ဘူး။

မေး။ ဖွဲ့စည်းပုံ ပြင်ဆင်ရေးက လုပ်နေကြတာ အမျိုးမျိုးပဲ ဆိုတော့ ၂၀၁၅ မတိုင်ခင် ပြင်ဆင်ရေးက ဖြစ်လာနိုင်ပါ့မလား။

ဖြေ။ ဖြစ်နိုင်တယ်။ ဒါပေမဲ့ အနိုင်ရပါတီဖြစ်တဲ့ ကျွန်တော်တို့ ကြံ့ခိုင်ရေးပါတီက ပြင်မယ် ဆိုတဲ့ ဟာကြီးက အောင်မြင်မယ်။ တိုင်းဒေသကြီးတို့ အာဏာခွဲပေးတာတို့ ပေါ့ဗျာ။

မေး။ ဒါဆိုရင်တော့ ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး နိုင်ငံရေး အကျပ်အတည်း တစ်ခုပေါ့။ အဲဒီ အပေါ်မှာ သုံးသပ်ချက်လေး သိချင်ပါတယ်။

ဖြေ။ ကျွန်တော်အမြင်က အကျပ်အတည်း တစ်ခုတော့ မဟုတ်ဘူး။ ကျွန်တော်မြင်တယ်။ Political Crisis မဟုတ်ဘူး။

လူထုပုံရိပ်- Vol(2) No(33) From:ME

မြန်မာပြည်ဟာ အမေရိကန်ရဲ့ မိတ်ဆွေသစ် ဖြစ်လာနိုင်တယ်လို့ အိုဘားမားပြောကြား

အမေရိကန်သမ္မတ ဘားရတ် အိုဘားမားက မြန်မာပြည်ရဲ့ လက်ရှိဒီမို ကရေစီရေးပြုပြင်ပြောင်းလဲမှုတွေ အောင်မြင်မယ်ဆိုရင် မြန်မာနိုင်ငံဟာ အမေရိကန်ပြည်ထောင်စုရဲ့ မိတ်ဆွေသစ်ဖြစ်လာပါလိမ့်မယ်လို့ မနေ့ က ပြောကြားလိုက်ပါတယ်။


နယူးယောက်ပြည်နယ်ရှိ West Point ခေါ် အမေရိကန် စစ်တက္ကသိုလ် မှာ မနေ့ကကျင်းပတဲ့ ဗိုလ်သင်တန်းဆင်းပွဲမှာ သမ္မတအိုဘားမားက လွန်ခဲ့ တဲ့နှစ်အနည်းငယ်က အင်မတန်ဆိုးဝါးတဲ့ အာဏာရှင်စံနစ်ကျင့်သုံးပြီး အမေရိကန်ပြည်ထောင်စုကို ရန်သူလိုဆက်ဆံခဲ့တဲ့ မြန်မာပြည်ဟာ အခုပြောင်းလဲနေပြီဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

မြန်မာပြည်သူတွေရဲ့ မဆုတ်မနစ် သတ္တိစွမ်းပကားတွေနဲ့ မိမိတို့ရဲ့ သံတမန်ရေး အစပျိုးဆက်ဆံမှုတွေ ကြောင့် အရင်က နိုင်ငံတကာကို တံခါးပိတ်ကျောခိုင်းနေခဲ့တဲ့နိုင်ငံတခုမှာ အခုတော့ နိုင်ငံရေး ပြုပြင်ပြောင်း လဲမှုတွေ မြင်တွေ့လာနေရပါပြီ။ မြန်မာအစိုးရဟာ မြောက်ကိုးရီးယားနဲ့ ဆက်ဆံရေးလျှော့ချဖြတ်တောက်ပြီး အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေကို ကူးလူးဆက်သွယ်လာခဲ့ပါပြီလို့ သမ္မတ ကပြောပါတယ်။

တဆက်တည်းမှာပဲ အဲဒီလိုပြောင်းလဲမှုတွေကြောင့် လက်ရှိ မြန်မာပြည် အတွက် သေရေးရှင်ရေးတမျှ အရေးပါတဲ့ အမျိုးသားပြန်လည်ရင် ကြားစေ့ရေးနဲ့ ဒီမိုကရေစီပြုပြင်ရေးလုပ်ငန်းစဉ်တွေအောင်မြင်ရေး အတွက် အမေရိကန်ပြည်ထောင်စုက ရင်းနှီးမြုပ်နှံမှုတွေ ကူညီထောက်ပံ့  မှုတွေနဲ့ ပံ့ပိုးနေပြီဖြစ်သလို အခါအားလျော်စွာ တိုက်တွန်းဆွေးနွေး အကြံပေးမှုတွေကိုလည်း ပြုလုပ်နေပါတယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် သမ္မတအိုဘားမားက မြန်မာပြည်ရဲ့ ဒီမိုကရေစီရေး ပြောင်းလဲ တိုးတက်မှုတွေဟာ ဆန့်ကျင်ဖက်လမ်းကြောင်းကို ပြန်လှည့်သွားနိုင် ပါတယ်။ ဒါပေမယ့် လက်ရှိ အပြောင်းအလဲတွေသာ အောင်မြင်သွားခဲ့ မယ်ဆိုရင်တော့ မြန်မာနိုင်ငံဟာ မိမိတို့ အမေရိကန်ပြည်ထောင်စုနဲ့ လက်တွဲပူးပေါင်းမယ့် မဟာမိတ်နိုင်ငံတခုဖြစ်လာပါလိမ့်မယ်လို့ ပြောကြား သွားပါတယ်။ 

မေလ ၂ဂ ရက် မနေ့က ကျင်းပတဲ့ အဲဒီ West Point ဝက်စ်ပွိုင့် စစ်တက္ကသိုလ်ဗိုလ်သင်တန်းဆင်းပွဲမှာ သမ္မတအိုဘားမားက စစ်တပ်အင်အားကို တကယ်လိုအပ်မှသာ အသုံးပြုရမှာဖြစ်ကြောင်း၊ မိမိတို့လက်ထဲမှာ တူတချောင်းရှိတယ်ဆိုပြီး အရာရာကို ထုနှက်ရမှာ မဟုတ်ကြောင်း၊ ကမ္ဘာပေါ်မှာ အစိုးရအဖွဲ့ဝင်တွှေနဲ့ အစိုးရအလိုတော်ရိ စီးပွားရေးသမားတွေရဲ့ အကျင့်ပျက်ခြစားမှုတွေဟာ ကင်ဆာရောဂါလို ပျံ့နှံ့နေကြောင်းများအပြင် အမေရိကန်ပြည်ထောင်စုရဲ့ သံတမန်ရေး ကြိုးပမ်းမှုတွေ နိုင်ငံရပ်ခြားကူညီထောက်ပံ့မှုတွေနဲ့ တပ်မတော်သားတွေရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကြောင့် ကမ္ဘာတဝှမ်းရွေးချယ်တင်မြောက်ခံ အစိုးရတွေရဲ့ အုပ်ချုပ်မှုအောက်မှာ နေထိုင်ခွင့်ရတဲ့ လူသားအရေအတွက် ဟာ ကမ္ဘာ့သမိုင်းဖြစ်စဉ်မှာ ဘယ်တုန်းကမှ မရှိဖူးအောင် များပြားနေ ပြီဖြစ်ကြောင်း စသဖြင့်လည်း ပြောကြားသွားပါတယ်။

RFA Burmese

ကြားဖြတ် ရွေးကောက်ပွဲအမီ ပြင်းထန်လာသော ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုများနှင့် မြန်မာ့နိုင်ငံရေး



၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲ နီးလာသည်နှင့်အတူ ပါတီအသီးသီး မှ အရေးကြီး ပုဂ္ဂိုလ်များအား အင်တာနက် စာမျက်နှာများနှင့် ဖေ့စ်ဘွတ် လူမှုကွန်ယက် စာမျက်နှာများ၌ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုများ အဆက်မပြတ် ပြုလုပ်လာကြသည်ကို တွေ့ရကြောင်း နိုင်ငံရေး အသိုင်းဝိုင်းမှ စုံစမ်းသိရသည်။


အဆိုပါ ဖြစ်ရပ်များ နှင့် ပတ်သတ်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက “တိုက်ခိုက်တာ ဝေဖန်တာတွေကတော့ ရှိနေမှာပဲ။ အမှန်တကယ်က ခိုးကြောင်ခိုးဝှက်နဲ့ တိုက်ခိုက်နေမယ့် အစား တရားဝင် မျက်နှာချင်းဆိုင် တွေ့ဆုံပြီး ရှင်းလိုက်ရင် ပိုမကောင်းဘူးလား။ အဲလိုလုပ်ခြင်းအားဖြင့် ကောင်းမွန်တဲ့ ရလဒ်တွေ ရမလာ နိုင်ဘူးလားလို့ မြင်တယ်။ 

ဒီနေ့ ဒီအချိန်ထိ ခိုးကြောင်ခိုးဝှက် ဘာကြောင့် လုပ်ကိုင် ဆောင်ရွက်နေ ရသလဲဆိုတာ အံ့သြမိတယ်။ ခေတ်တွေလည်း ပြောင်းပြီ ပွင့်ပွင့် လင်းလင်း ပြောဆိုကြရင် ကောင်းမယ်လို့ ထင်တယ်။ တကယ့်ကို မသိသေးတဲ့ နားမလည်သေးတဲ့ သူတွေကို ထင်ရောင်ထင်မှား ဖြစ်စေတယ်။ ချုံခိုတိုက်ခိုက်နေမယ့် အစား တရားဝင် ပွင့်ပွင့်လင်းလင်း ထွက်ပြီးတော့ ဝေဖန်စရာ ရှိတာ ဝေဖန်၊ ထောက်ပြစရာ ရှိတာ ထောက်ပြမယ်၊ အပြုသဘောဆောင်ပြီး ဆောင်ရွက်ရင် ပိုကောင်းမယ်လို့ ထင်တယ်”ဟု ပြောခဲ့သည်။

သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းကလည်း “အင်တာနက် သုံးစွဲသူ၊ ဖေ့စ်ဘွတ် သုံးစွဲသူ တစ်ချို့ နာမည်ရင်းနဲ့ ကိုယ်ရေးကို အမှန်အတိုင်း တင်ထားပြီးတော့ တာဝန်ယူစိတ် ရှိရှိနဲ့ ပြောတာရှိသလို တစ်ချို့ကျတော့ နာမည်ရင်း မသုံးပဲ ကိုယ်ရေးကို အမှန်အတိုင်း မရေးပဲ လက်လွတ်စပါယ်ပဲ ဘာမှထိန်းချုပ်မှု မလုပ်တော့ပဲနဲ့ ရေးနေတာ တွေ့ရတယ်။ အပြန်အလှန် တိုက်ခိုက် အပုတ်ချနေတာ တွေ့ရတယ်။ နိုင်ငံရေး ကိစ္စတွေမှာလည်း သဘောထား ကွဲပြားမှုက ရှိမှာပေါ့ဗျာ။ ဒီဘက်မှာတော့ ၅၉(စ) ပြင်ရေး မပြင်ရေး ၄၃၆ ပြင်ရေး မပြင်ရေး ရှိကြတာပေါ့ဗျာ” ဟု ပြောသည်။

အမျိုးသား ရင်ကြားစေ့ရေး လမ်းကြောင်းမှ နှစ်ဘက် အားပြိုင်လာနေပြီး ထိပ်တိုက်ရင်ဆိုင် လာနေကြောင်း အာဏာရ အစိုးရများ၊ နိုင်ငံရေး ပါတီ ခေါင်းဆောင်များနှင့် ပြည်သူများ အားလုံးမှ တိုင်းပြည် အကျိုး ရှေးရှု၍ ပုဂ္ဂိုလ်ရေး ဝေဖန်တိုက်ခိုက် ရေးသားမှုမျိုး ရှောင်ကြဉ်သင့်ကြောင်း နိုင်ငံရေး လေ့လာ သုံးသပ်သူများက ဝေဖန်ထောက်ပြသည်။

ကွတ်ခိုင်တွင် ရွာသားများဖမ်းဆီး ထားမှုနှင့်ပတ်သက်၍ အစိုးရတပ်နှင့် လက်နက်ကိုင် တပ်ဖွဲ့ တင်းမာနေ



ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း တွင် လက်နက်ကိုင်တပ်ဖွဲ့တစ်စုက ဖမ်းဆီးထား သည့် ဒေသခံ ၂၅ ဦးအရေးနှင့်ပတ်သက်၍ တပ်မ တော်နှင့် တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့ဝင် များအကြား အခြေ အနေတင်းမာလျက် ရှိသည်။


ကွတ်ခိုင်မြို့နယ် လော်ခုံ ကျေးရွာနှင့် မန်နီးကျေးရွာ တို့မှ ပလောင်တိုင်းရင်းသား ၂၅ ဦး သည် မေလ ၂၁ ရက် ညတွင် တအောင်း/ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/ TNLA) နှင့် ကချင်လွတ်မြောက် ရေး တပ်မတော် (KIA) ပူးပေါင်း တပ်ဖွဲ့က ဖမ်းဆီးသွားခြင်းဖြစ် ကြောင်း အရှေ့မြောက်တိုင်း စစ် ဌာနချုပ်(ရမခ) မှ ထိပ်တန်းအရာ ရှိတစ်ဦးကပြောသည်။

လော်ခုံကျေးရွာမှ ဒေသခံ ဆယ်ဦးသည် မေလ ၂၁ ရက် ည ၉ နာရီခွဲခန့်တွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ပြီး မန်နီးကျေးရွာမှ ဒေသခံ ၁၅ ဦးသည် မေလ ၂၁ ရက် ည ၁၀ နာရီခွဲခန့်တွင် ဖမ်းဆီးခံခဲ့ရ ခြင်းဖြစ်ကြောင်း အဆိုပါ ဒေသ ဆိုင်ရာစစ်ဘက်အရာရှိက ပြော သည်။ ‘‘သူတို့ပြန်လွတ်ဖို့ တပ်မ တော်ဘက်က စစ်ကြောင်း တွေနဲ့ လိုက်နေတယ်။ ပြန်လွှတ်ပေးဖို့ လည်း အကြောင်းကြားစာပို့ ထား ပြီးပြီ။ ပြန်စာတော့ မရသေးဘူး’’ ဟု ရမခမှ ထိပ်တန်းအရာရှိတစ် ဦးက ပြောသည်။

အဆိုပါ ရွာသား ၂၅ ဦး ပျောက်ဆုံးမှုနှင့်ပတ်သက်ပြီး တပ်မတော်ဘက်မှ စွပ်စွဲချက်များ ကို PSLF/TNLA က ငြင်းဆို လိုက်ပြီး ရွာသားများ ပျောက်ဆုံးမှုမှာ ၎င်းတို့လက်ချက်မဟုတ် ကြောင်း PSLF/TNLA ၏ ပြန်ကြားရေးတာဝန်ခံက ပြောကြား သည်။ ‘‘သတင်းကတော့ အမျိုး မျိုး ထွက်နေတာပဲ။ ဒါပေမဲ့ ကျွန်တော်တို့ ဖမ်းထားတာတော့ မဟုတ်ဘူး။ အခုတစ်လော တိုက် ပွဲဖြစ်တာလည်း မရှိဘူး’’ ဟု PSLF/ TNLA ၏ ပြန်ကြားရေး တာဝန်ခံက ပြောကြားသည်။

7DAY DAILY

မောင်တောတွင် ဓားပြဂိုဏ်း အဖွဲ့ဝင် တဦးထံမှ စစ်လက်နက် ပစ္စည်းတချို့ ဖမ်းမိ


ရခိုင်ပြည်နယ်, မောင်တော, ဓားပြ, စစ်လက်နက် ပစ္စည်း, ဘင်္ဂါလီ ကျေးရွာ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ဓားပြဂိုဏ်း အဖွဲ့ဝင် တဦးထံမှ စစ်လက်နက် ပစ္စည်းတချို့ ဖမ်းဆီး ရမိကြောင်း သိရ သည်။


မောင်တောမြို့နယ် ဦးဒေါင်းကျေးရွာ အုပ်စု ဇုံမာ ဘင်္ဂါလီကျေးရွာမှ မာမောက်ရာဆိန်း ဆိုသူထံမှ တထောင့်ထိုး လက် လုပ် သေနတ် တလက်၊ GFL 7.65 MM အမျိုးအစားနှင့် .32 PMC တံဆိပ်ပါ ကျည်ဆန် တချို့ကို မေလ ၂၄ ရက်က ဖမ်းဆီး ရမိ ကြောင်း အစိုးရ သတင်းစာများ၌ ဖော်ပြထားသည်။


ထို့အတူ မာမောက်ရာဆိန်းသည် ဓားပြခေါင်းဆောင် အဒူလာကိန်းက ရွာသားများထံမှ ငွေတောင်းခိုင်း သည်ဟု ဆိုကာ ကျပ်ငွေ ၅ သိန်း အဓမ္မ တောင်းခံကြောင်း၊ အကယ်၍ မပေးပါက မိသားစုလိုက် သတ်ပစ်မည်ဟု ရွာသားတချို့ကို ခြိမ်းခြောက် ကြောင်းလည်း သတင်းစာ က ရေးသားထားသည်။

ယခုအခါ မာမောက်ရာဆိန်းအား နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့၊ အလယ်သံကျော် ရဲစခန်း၌ အမှုဖွင့် အရေးယူ ဖမ်းဆီးထား ပြီး ဖြစ်ကြောင်း သိရသည်။

“ဖမ်းမိထားသူကိုတော့ ရဲစခန်း တာဝန်ရှိသူတွေက ဥပဒေအတိုင်း ဆောင်ရွက်နေကြပါတယ်၊ ဆက်စပ်သူတွေတော့ စုံစမ်း နေကြဆဲပါ၊ မောင်တောနဲ့နယ်စပ်ဒေ သတွေရဲ့ လက်ရှိ အခြေ အနေကတော့ အားလုံး အေးအေးဆေးဆေးပါပဲ၊ လုံခြုံရေး တွေ လည်း အပြည့်ချပေးထားပါတယ်” ဟု မောင်တော ခရိုင် ရဲတပ်ဖွဲ့မှ ဒု ရဲမှူးကြီး ဦးရွှေသန်း က ဧရာဝတီ ကို ပြောသည်။

မောင်တော ဒေသခံများကမူ လုံခြုံရေးများ တိုးမြှင့်ချထားပေးသည့်တိုင် တည်ငြိမ်မှု မရှိသေးကြောင်း၊ မိမိတို့ လုပ်ငန်းများကို လည်း ယုံကြည် စိတ်ချစွာ လုပ်ကိုင် စားသောက်မှု မပြုလုပ်နိုင်ကြသေးကြောင်း၊ အထူးသဖြင့် ဘင်္ဂါလီ ကျေး ရွာများ၌ ဓားပြ မှု၊ ခိုးမှုများ နေ့စဉ် ဖြစ်ပွား နေကြောင်း၊ ထိုသူခိုး၊ ဓားပြများသည် မောင်တောတွင် နေထိုင်သူများ မဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ်ဘက်မှ ၀င်ရောက်လာသည့် ဘင်္ဂါလီ လူမျိုးများ ဖြစ်ကြောင်း ပြောဆိုကြသည်။

သတင်းစာများ၌ ရေးသားထားရာတွင် အဒူလာကိန်း ဦးစီးသည့် ဓားပြအဖွဲ့သည် ဘင်္ဂလား ပင်လယ်အော်ရှိ မြန်မာ ရေပိုင်နက်အတွင်း ငါးဖမ်းနေသူများအား ပြန်ပေးဆွဲခြင်း၊ စက်လှေများအား ဓားပြတိုက်ခြင်း၊ ပင်လယ် ကမ်းစပ် အနီး ကျေးရွာများအတွင်း အလစ်အငိုက် ၀င်ရောက်၍ ဓားပြတိုက်ခြင်း၊ ပြန်ပြေးဆွဲခြင်း၊ လူသတ်ခြင်း စသည့် ပြစ်မှုများ ကျူးလွန် ခဲ့ကြောင်း ဖော်ပြထားသည်။

ထိုဓားပြ အဖွဲ့ဝင်များကို ဖမ်းဆီး ရမိရေး ဆောင်ရွက်နေကြောင်းလည်း အစိုးရ သတင်းစာများက ရေးသား ထားသည်။

မောင်တော မြို့နယ်အတွင်းရှိ ဒေသခံ တိုင်းရင်းသား ကျေးရွာများတွင် လုံခြုံရေးများ ချပေးထား သော်လည်း ဘင်္ဂါလီ ကျေး ရွာ အများစုတွင် လုံခြုံရေးမရှိကြောင်း၊ ထို့ကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်မှ ဘင်္ဂါလီများ အလွယ်တကူ ၀င်ထွက်သွားလာ လှုပ်ရှား နေကြကြောင်း၊ ရုပ်ပိုင်းဆိုင်ရာများမှာလည်း ခွဲခြားရခက်၍ မောင်တော၌နေထိုင်သူ ဟုတ်မဟုတ်ကို တာဝန်ရှိသူများ အနေ ဖြင့် ခွဲခြား မသိနိုင်ဟု သိရသည်။

နယ်စပ်ဒေသ ကွပ်ကဲရေး အဖွဲ့ (န.စ.က ) တာဝန်ယူစဉ်က ပြစ်မှုကျူးလွန်၍ ဘင်္ဂလားဒေ့ရှ် ဘက်အခြမ်းသို့ ထွက်ပြေး သွားသူ အများအပြားရှိကြောင်း၊ ၎င်းတို့သည် ယခုအခါ ပြန်လည်ဝင်ရောက် လှုပ်ရှားမှုများ ရှိလာ၍ ဒေသတွင်းတည်ငြိမ်မှု ပျက်ပြား လာနေကြောင်းလည်း ဒေသခံများ က ပြောသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသ၌ ပြီးခဲ့သည့် ရက်ပိုင်း အတွင်းက တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင် တချို့လည်း သေဆုံး ခဲ့သေးသည်။

ထိုသို့ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း နယ်စပ်ဒေသနှင့်မောင်တောမြို့နယ် အတွင်း ကျေးရွာများ၌ လုံခြုံရေး တိုးမြှင့် ပေးထားကြောင်း၊ လုံခြုံရေး အပြည့်အ၀ စိတ်မချရသေးသည့် နယ်စပ်ကျေးရွာ တချို့တွင် ပြည်သူ့စစ် သင်တန်းများပေး၍ လက်နက်များကို ပြီးခဲ့သည့် ရက်ပိုင်းတွင် တပ်ဆင်ပေးထားပြီး ဖြစ်ကြောင်း မောင်တော ခရိုင် ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူ တ ဦး က ပြောဆိုသည်။

Thursday, May 22, 2014

မိကျောင်းကန်သပိတ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်သဖြင့် ဆန္ဒဖော်ထုတ်


21mkk

မိကျောင်းကန် သပိတ်စခန်းဖွင့်လှစ်သည့် ခေါင်းဆောင် ဦးစိန်သန်းကို ဖမ်းဝရမ်း ထုတ်ခြင်း အပေါ် ကျေနပ်မှုမရှိသဖြင့် လသာစည်ပင်တရား သူကြီးရုံး ရှေ့တွင် သပိတ်စခန်းဖွင့်လှစ်သူများက လူအင်အား ၈ဝ ခန့်ဖြင့် မေ ၂၁ ရက်၊ နံနက်က ဆန္ဒဖော်ထုတ်လိုက်ကြသည်။


မိကျောင်းကန်သပိတ်စခန်းမှ ဆန္ဒပြသူများသည် ဆူးလေ မြို့တော်ခန်းမှရှေ့မှ စတင်ကာ မဟာဗန္ဓုလ လမ်းအတိုင်း လမ်းလျှောက်ပြီး ကြွေးကြော်သံများဖြင့် ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။

သပိတ်စခန်း ဖွင့်လှစ်ထားသည့်နေရာတွင် တဲထိုးပြီး အဆောက်အဦး ဆောက်သည့်အတွက် သပိတ်ခေါင်းဆောင် ဦးစိန်သန်းကို စည်ပင်ဥပဒေအရ ပုဒ်မ ၆၈ ဖြင့် တရားစွဲဆိုထားပြီး ရုံးချိန်းကို မေ ၂၁ရက် ပေးထားသော်လည်း ယင်းမတိုင်မီ ဦးစိန်သန်းကို ဖမ်းဝရမ်းထုတ်ခဲ့သည်ဟု ကာယံရှင်ကိုယ်တိုင်က ဆိုသည်။

"ကျန်းမာရေးမကောင်းလို့ ဆေးရုံကြီးက ဆေးစာနဲ့ ခွင့်သွားတင်ထားတယ်။ တရားသူကြီး ဒေါ်ဌေးဌေးဝင်း က ၂၁ ရက်နေ့ ရုံးချိန်းပေးတယ်။ ပေးပြီးမှ ဘယ်လိုဖြစ်လဲမသိဘူး ကျောက်တံတားရဲစခန်းက ရုံးချိန်း ပျက်ကွက်မှုနဲ့ ဖမ်းဝရမ်းထုတ်ခဲ့တယ်”ဟု ဆိုသည်။

ဦးစိန်သန်းသည် လသာစည်ပင်တရားရုံးသို့ မေ ၂၁ ရက်ရုံးချိန်းတွင် သွားရောက်ခဲ့ပြီး ခံဝန်ကတိဖြင့် ပြန်လွတ် ခဲ့ကာ မေ ၂၉ ရက်တွင် ၎င်းကို ရုံးချိန်း ပြန်ခေါ်ထားသည်။

“တရားရုံးကနေပြီး ထောင်ဒဏ်သော်လည်းကောင်း၊ ငွေဒဏ်ကို လည်းကောင်း မချမှတ်ရသေးဘူး။ သက်သေစစ်ပြီးမှ ပြစ်ဒဏ်တစ်ခုပေးမယ်။ အခုရုံးချိန်းမှာ ခံဝန်နဲ့ပဲ ပြန်လွှတ်လိုက်တာ။ ဖမ်းဝရမ်း ထုတ်တာကို ရုတ်သိမ်းပေးခဲ့တယ်” ဟု ဦးစိန်သန်းက ဆိုသည်။

ဒေါ်စောစန္ဒာက “ရုံးချိန်းမပျက်ဘူး။ တရားရုံးကို ခေါင်းဆောင် ကျန်းမာရေးမကောင်းလို့ ခွင့်သွားသွား တင်တယ်။ အခု ရုံးချိန်းပျက်ကွက်မှုနဲ့ ဖမ်းဝရမ်းထုတ်တော့ မကျေနပ်လို့ ဆန္ဒဖော်ထုတ်တာ ”ဟု ပြော သည်။

မိကျောင်းကန်သပိတ်စခန်းမှ ဆန္ဒပြသူများသည် တူညီဝတ်စုံများဝတ်ဆင်ပြီး လမ်းလျှေက်ခဲ့ရာ လသာနှင့် ပန်းဘဲတန်းရဲစခန်းမှ ခွင့်ပြုချက်ယူရန် လမ်းတွင်သတိပေးခဲ့သည်။

မိကျောင်းကန်သပိတ်စခန်း တတိယအကြိမ် ဖွင့်လှစ်ခြင်းကို မတ်လ ၂၄ ရက်က မဟာဗန္ဓုလပန်းခြံဘေး၊ ရန်ကုန်တရားရုံးရှေ့တွင် စတင်ဖွင့်လှစ်ခဲ့ကာ ယခုချိန်အထိ ဖွင့်လှစ်ထားသည်မှာ ၃လ ခန့်ရှိပြီး ဖြစ်သည်။

လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ



နေပြည်တော်၊ မေ ၂၁ 

 ၂၀၁၄ ခုနှစ်၊ မေလ ၂၀ ရက်နေ့ ညနေ ၄ နာရီခွဲ အချိန် မွန်ပြည်နယ် ၊ ရေးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ ၊ ရေးမြို့မရဲစခန်း မှတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံတပ်မှ တပ်မတော်သားများပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့် အတူ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာနေ ကျော်မျိုးလွင်(ခ) ဘိုင်လေး(၄၅)နှစ်၏နေအိမ်အား ၀င်ရောက်ရှာဖွေခဲ့သည်။


ထိုသို့ရှာဖွေရာ ကျော်မျိုးလွင်(ခ)ဘိုင်လေးအား နေအိမ်အတွင်းမှ -

  • အမဲရောင်ပစ္စတိုသေနတ်(၁)လက်၊ ကျည်ကတ်(၁)ခု၊ ၎င်းကျည်(၁၈)တောင့်၊ 
  • ပြောက်ကျား စတစ်ကာကပ်ထားသော M-16 မောင်းပြန်ရိုင်ဖယ်(၁)လက်၊ ၅.၅၆ ကျည်(၂၅)တောင့်၊ M-16 ကျည်ဘောက်အရှည်(၄)ခု၊ ပြောင်းပို(၃)ခု၊
  • ဖြူးစ်တပ်ထားသော Grenade Hand, Frag Delay Maz 11-74 Comdo Lotls 6669 တံဆိပ်ပါ ဗုံးသီး(၁)လုံးနှင့် 
  • 06-20-73 T စာတန်းပါ နာနတ်သီးဗုံးသီး(၁)လုံး၊ 
  • ကာဘိုင်ကျည်ကတ်အတို/အရှည်(၄)ခု၊ ကာဘိုင်ကျည်(၃၄)တောင့်၊ 
  • ၇.၆၂ ကျည်(၇)တောင့်၊ 
  • 38 Special စတီးရောင်ကျည်(၄)တောင့်၊ 
  • 38 Special ကြေးရောင်ကျည်(၃)တောင့်၊ 
  • 38 စတီးရောင်ကျည်(၄)တောင့်၊ 
  • ကျည်ဖူးဖြတ်ထားသော 38 Special ကျည်(၂)တောင့်၊ 
  • ၉ မမကျည်(၁၀)တောင့်၊
  • ၉ မမကျည်ခွံ(၁)ခု၊ 
  • ကိုးလုံးကျည်(၃)တောင့်၊ 
  • လက်ကိုင်စကားပြောစက်(၄)လုံး၊ အားသွင်းစက်(၁)လုံး၊
  • ဆက်သွယ်ရေးစက် တိုင်တို/ရှည်(၄)ခု၊ 
  • USA United State တံဆိပ်ပါ အစိမ်း/အမဲရောင်ပစ္စတိုကျည်ထည့်အိတ်(၁)ခု၊
  • ပြောက်ကျားခါးပတ်အိတ်အစိမ်းရောင်(၁)လုံး၊ 
  • Chemgfei တံဆိပ်ပါ အမဲရောင်အိတ်သေး(၁)လုံး၊ 
  • ကန္တာရ ပြောက်ကျားခါးပတ်အိတ်(၁)လုံး

တို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သောကြောင့် ၎င်းအား ရေးမြို့မရဲစခန်း (ပ)၅၉/၂၀၁၄၊ လက်နက်ဥပဒေ ပုဒ်မ ၁၉(စ)ဖြင့်လည်းကောင်း၊ (ပ)၆၀/၂၀၁၄၊ ကြိုးမဲ့ကြေးနန်းအက်ဥပဒေ ပုဒ်မ ၆၇ ဖြင့်လည်းကောင်း အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

လယ်ယာမြေပြဿနာများကြောင့် တိုင်းပြည်ဆူပူလာမည်ကို ဦးအောင်သိန်းလင်း အလွန်ကြောက်ရွံ့

နိုင်ငံတစ်ဝန်းဖြစ်ပေါ်နေသည့် သိမ်းဆည်း လယ်ယာမြေပြဿနာများကို အစိုးရက မြန်မြန်ဆန်ဆန် ဖြေ ရှင်းပေးနိုင်မည် မဟုတ်သည့်အတွက် တိုင်းပြည်ဆူပူမှုဖြစ်လာမည်ကို ကြောက်ရွံ့နေရသည် ဟု ပြည်ထော င် စု လွှတ်တော်၏ လယ်ယာမြေ စုံစမ်းရေးကော်မရှင်မှ ရန်ကုန်တိုင်းတာဝန်ခံ ဦးအောင်သိန်းလင်း က မဇ္ဈိမကို ပြောဆိုလိုက်သည်။ သိမ်းဆည်းခံ လယ်ယာမြေပိုင်ဆိုင်သူများ၏ ဆန္ဒပြတောင်းဆိုမှုများ ဆက်တိုက်ဖြစ်ပေါ်နေရာ ဆူပူမှုဖြစ် မည်ကို ကြောက်နေကြောင်း နအဖ အစိုးရလက်ထက် ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်း က ပြောဆိုလိုက်ခြင်းဖြစ်သည်။


“ဆန္ဒပြမှုတွေက တစ်နေ့တခြားများလာပြီ။ များလာတဲ့အခါကျတော့ အဲ့ဒါတွေစုပေါင်းသွားပြီးတော့မှ အထွေထွေ သပိတ် လိုဟာမျိုးကြီးဖြစ်လာမယ်ဆိုရင် ကျွန်တော်တို့ ဒီမိုကရေစီ နောက်ပြန်လည်သွားမယ်။ အဲ့ဒါမျိုးတွေဖြစ်လာမှာ ကြောက်တယ်” ဟု ၎င်းက ပြောသည်။

လယ်သမားတို့၏ နစ်နာဆုံးရှုံးမှုအပေါ် အစိုးရကထိရောက်သည့် ဖြေရှင်းဆောင်ရွက်မှုမရှိဟု လယ်သမား ထုက ယူဆလိုက်သည်နှင့် ဆူပူမှုများဖြစ်ပေါ်နိုင်သည်ဟု ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်မှ တောင်သူ လယ်သမားသမဂ္ဂ အတွင်းရေးမှူးဖြစ်သူ ဦးတင့်ဇော်ဦးကလည်း သုံးသပ်သည်။

“ဥပေက္ခာပြုတယ်လို့ ယူဆပြီ ထင်ပြီ ဆိုရင်တော့ မြန်မာတစ်နိုင်ငံလုံးမှာ ဒုတိယ ဆရာစံဆိုတဲ့ အရေး တော် ပုံကြီး ပေါ်နိုင် ပါတယ်” ဟု ၎င်းက ပြောသည်။

လယ်ယာမြေ ပြဿနာအားလုံးကို ယခုနှစ် မိုးသီးနှံ စိုက်ပျိုးရာသီအမီ (ဇွန်လ ကုန်မတိုင်မီ)နှင့် ဆောင်းသီးနှံ စိုက်ပျိုး ရာသီ (စက်တင်ဘာလမတိုင်မီ) မူလပိုင်ရှင်များထံ အပြီးသတ်ပြန်ပေးရန် ပြည်ထောင်စု လွှတ်တော် က ဖေဖော်ဝါရီလအတွင်း၌ အစိုးရကို တိုက်တွန်းထားသည်။ 

သို့သော် လက်တွေ့အခြေအနေတွင် ဖြစ်နိုင်မည်မဟုတ်ဟု ဦးအောင်သိန်းလင်းက ဝေဖန်လိုက်သည်။ “ဘယ်သူ့ကို ပြန်ပေးရမလဲဆိုတဲ့ ပြဿနာကတချို့ဟာတွေမှာ တော်တော် ဆုံးဖြတ်ရခက်တယ်။ တချို့ဟာတွေ ကျတော့ တရားမကြောင်းနဲ့ ဆုံးဖြတ်ပြီးတော့မှ ပြီးပြတ်မယ့်ဟာတွေ ရှိနေတယ်။ အဲဒါမျိုးကျတော့ ကြာတာ ပေါ့ဗျာ” ဟု ၎င်းကဆိုသည်။

ပြည်ထောင်စုလွှတ်တော် လယ်ယာမြေကော်မရှင်က စုံစမ်းထားသည့် မြေယာ ပြဿနာအမှုပေါင်း ၇၄၅ မှု ကို ဖြေ ရှင်းရန် ဒု-သမ္မတ ဦးဥာဏ်ထွန်း ဦးဆောင်သည့် မြေအသုံးချမှုကို စီမံခန့်ခွဲရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီး လက်ရှိတွင်ဖြေရှင်းလျက်ရှိသည်။ 

ယင်းကော်မတီကို ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက စတင်ဖွဲ့စည်းခဲ့ပြီး လယ်ယာမြေပြဿနာများကို တစ်နှစ်အတွင်း ဖြေရှင်းပေးမည်ကို ပြောဆိုထားခဲ့သည်။ 

ကျေးလက်ပြည်သူတို့ အခက်အခဲကို အဓိက ဖြေရှင်းပေးမည်ဟု ပြောဆိုထားသည့် သမ္မတဦးသိန်းစိန် အစိုးရ သက်တမ်း သုံးနှစ်ကျော်လာသော်လည်း လမ်းပေါ်ထွက် ဆန္ဒပြမှုအများစုမှာ လယ်ယာမြေ ပြဿနာ များကြောင့် ဖြစ်နေသည်။

Mizzima - News in Burmese

"ပြည်သူကိုယုံသည်.. သို့သော် ဒေါ်စုကိုမယုံ" ~ ရဲဘော် မောင်သောင်း (အပိုင်း-၂)



နံပါတ် (၂) အချက်ကတော့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ နိုင်ငံရေးပညာ ညံ့ဖျင်းမှုကြောင့် မယုံကြည် ရခြင်းဖြစ်ပါတယ်။ ဒေါ်စုကို ကြီးမားသော လူအုပ်ကြီးများဖြင့် ထောက်ခံခဲ့ကြသည်မှာ ၁၉၈၈ ခုနှစ်ကတည်းကဖြစ်ပါတယ်။ ၂၆ နှစ်ကျော်ခဲ့ပြီ ဖြစ်ပေမယ့် လူထုအင်အားကို အသုံးချပြီး နိုင်ငံရေး အရွေ့တစ်ခုကို ဖန်တီးနိုင်တဲ့ အရည်အချင်း ဒေါ်အောင်ဆန်းစုကြည်မှာ မရှိခဲ့ပါဘူး။


ပြည်သူတွေ တခဲနက်ထောက်ခံတဲ့ ၉၀ ရွေးကောက်ပွဲရလဒ်ကို ဒေါ်စုဘက်က ဘာမှအကောင်အထည် မဖော်နိုင်ခဲ့ပဲ အကြောင်းပြချက်တွေပဲ ပေးခဲ့ပါတယ်။ နောက်ဆုံး ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP ဖွဲ့ပြီး အဖျားရှူးသွားပါတယ်။ လူထုရဲ့ဆန္ဒမဲတွေကို ဒေါ်စု မဆုတ်ကိုင်ခဲ့ပဲ ၂၀၀၈ အခြေခံဥပဒေအရ ကြားဖြတ်ရွေးကောက်ပွဲဝင်ဖို့ ရှိပြီးသားပါတီကို ပြန်လည် မှတ်ပုံတင်ခဲ့ပြန်ပါတယ်။ ဒါကြောင့် ပြည်သူ့ထောက်ခံမဲတွေ သဲထဲရေသွန်ဖြစ်သွားရပြီး NCUB နဲ့ NCGUB တို့ ဖျက်သိမ်းခဲ့ရပါတယ်။

၂၀၀၈ အခြေခံဥပဒေကို ဆန္ဒခံယူပွဲ ကျင်းပကတည်းက ကန့်ကွက်ဖို့ NLD က ပြောခဲ့ပါတယ်၊ ၂၀၁၀ ရွေးကောက်ပွဲကို မှတ်ပုံတင်ဖို့ ဒေါ်စုကို သွားမေးချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က မှတ်ပုံမတင်ခိုင်းပဲ သပိတ်မှောက်ခိုင်းခဲ့ပြီး မကြာခင်မှာ ရွှေဂုံတိုင်ကြေညာစာတမ်း ထွက်ကာ ပြတ်ပြတ်သားသား ရပ်တည်ခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၂ ရောက်တော့ ဂငယ်ကွေ့ကွေ့ပြီး ၂၀၀၈ အခြေခံဥပဒေအရ ပါတီကို မှတ်ပုံတင်တဲ့အပြင် အခြေခံဥပဒေအရ ပေါ်လာတဲ့ လွှတ်တော်ကြီးထဲမှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် မိန့်မိန့်ကြီး ဝင်ထိုင်သွားပြန်ပါတယ်။ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ ကတိသုံးရပ်ပေးခဲ့ပြီး ၂၀၁၄ နောက်ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပတော့မယ်အချိန်ထိ ကတိတွေ အကောင်အထည် မဖော်နိုင်သေးပါဘူး။

စာသားမပြင်လျှင် ကျမ်းမကျိန်ဘူးဆိုပြီး အရွေ့တစ်ခုကို ဖန်တီးခဲ့ပါတယ်။ နောက်တော့လည်း ထုံးစံအတိုင်း ရှုံ့ချည်နှပ်ချည်နဲ့ အဖျားရှူးသွားခဲ့ပြန်ပါတယ်။ ခြေဥမပြင်လျှင် ၂၀၁၅ ရွေးကောက်ပွဲ မဝင်ဘူးဆိုပြီး အသံကျယ်ကျယ် အော်ခဲ့ပြန်ပေမယ့်လည်း နောက်တော့ ကိုယ့်တံတွေး ကိုယ်ပြန်မျိုကာ အခြေခံဥပဒေ မပြင်နိုင်ခင် ဒီနှစ်ကုန် ကြားဖြတ်ရွေးကောက်ပွဲကို လစ်လပ်နေရာအပြည့် ဝင်ဖို့ ဆုံးဖြတ်ပြန်ပါတယ်။ 

လွန်ခဲ့တဲ့ ၂ နှစ်ကျော်ကတည်းက အခြေခံဥပဒေကို လွှတ်တော်တွင်းမှ ပြင်၍ မဖြစ်နိုင် ဟု ဒေါ်အောင်ဆန်း စုကြည် အမြဲပြောခဲ့ပါတယ်၊ ပြည်ပကနေ အစိုးရကို ဖိအားတွေပေးခိုင်း ပါတယ်။ ဒါပေမယ့် အခုထိ လွှတ်တော်တွင်း ကပင် ပြင်မယ်လို့ ဆိုပြန်ပါတယ်။ အကြမ်းမဖက် အနုနည်းကို လက်ကိုင်ထားပြီး တရားဥပဒေ စိုးမိုးရေး ရှေ့တမ်းတင်မယ် ပြောခဲ့ပါတယ်။ အခုတစ်ခါ မင်းမဲ့စရိုက်ဆူပူဖို့ အရိပ်အမြွတ်ပြောပြန်ပါတယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ဖို့ ဒုတိယပင်လုံက အရေးအကြီးဆုံးလို့ ဆိုခဲ့ဖူးတယ်။ နောက်တော့ ထုံးစံအတိုင်း အဖျားရှူးသွားတာပါပဲ။

ဒေါ်အောင်ဆန်း စုကြည်ကိုယ်တိုင်က ၁၉၈၈ မြန်မာနိုင်ငံကို ပြန်ရောက် လာချိန် (သူမအသက် အသက် ၄၃ အရွယ်အထိ) နိုင်ငံရေးကို စိတ်မဝင်စားခဲ့ကြောင်း ဦးဝင်းတင် တစ်လ ပြည့်အခမ်းအနားမှာ ဝန်ခံသွားပြီးဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံရေး စလုပ်ကတည်းက ယခု ၂၆ နှစ်တိုင်သည် အထိ ထိရောက်တဲ့ နိုင်ငံရေးအရွေ့ တစ်ခုတောင် ဒေါ်အောင်ဆန်းစုကြည် မလုပ်နိုင်ခဲ့ပါဘူး။ လုပ်ဆောင်သမျှက လမ်းတစ်ဝက်မှာ ရပ်ရင်ရပ်၊ မရပ်ရင် လမ်းကြောင်း ပြောင်း၊ မပြောင်းရင် ဂငယ်ကွေ့နဲ့ နောက်ကြောင်းပြန်လှည့် သွားရတာ ချည်းပါပဲ။ အဲလိုပုဂ္ဂိုလ်မျိုးကို နိုင်ငံတော် အာဏာတွေ ပုံအပ်ပေးဖို့ တပ်မတော်က ဘယ်လိုယုံကြည်ရပါမလဲ။

(ဆက်လက်ဖော်ပြမည်)

အပိုင်း (၁) ကို http://myanmarnewslocal.blogspot.com/2014/05/blog-post_9175.html တွင် ဖတ်ရှုနိုင်ပါသည်။