Monday, March 31, 2014

မိုးကောင်းမြို့နယ်တွင် NLD ပါတီဝင်တွေ ရှမ်းနီလူမျိုးမှန် ပေါ်ပေါက်ရေးတွင် အနှောက်အယှက်များပေးနေ



မိုးကောင်းမြို့နယ် ဆားမှော် ကျေးရွာ အုပ်စု NLD ပါတီဥက္ကဌ ဒေါ်နွေနွေဦး နှင့် ပါတီဝင်များဖြစ်သည့် မစမ်းပို ၊ ဒေါ်စမ်းရီ တို့သည် ၂၀၁၄ သန်းခေါင် စာရင်း ကောက်ခံရာတွင် ရှမ်းနီအမျိုးသားထု ကိုယ်စားလှယ်များ အစည်းဝေးဆုံးဖြတ်ထားသည့် ရှမ်းနီဟု ထည့်သွင်းရမည့်အစား အစည်းဝေး ဆုံးဖြတ်ချက် အစည်းဝေးဆုံးဖြတ်ချက်အတိုင်း မဟုတ်သည့် တိုင်းလျမ်ဟု ထည့်ရမည် လိုက်လံ စည်းရုံးနေကြောင်းသိရသည်။


ထို့ပြင် မိုးညှင်းမြို့နယ် NLD ခရိုင်ဗဟို အလုပ်အမူဆောင်တစ်ဦးဖြစ်သည့် ဗမာလူမျိုး ဦးကြည်နှင့် အဖွဲ့ သည်လည်း မြန်မာနိုင်ငံတွင်နေသဖြင့် ဗမာဟုသာထည့်ရမည်ဟု မိုးညှင်းမြို့ပေါ်နှင့် ကျွန်းကုန်း ကျေးရွာ တို့တွင် လိုက်လံစည်းရုံးခဲ့ကြောင်းသိရသည်။

မကြာသေးခင်ရက်ပိုင်းကလည်း စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်အတွင်းရှိ အဆိုပါပါတီဝင် တစ်ဦးသည် ရှမ်းမျိုးနွယ်စု အဖွဲ့ကဟူ၍ ပြောဆိုလျှက် တိုင်းလျမ်သာထည့်ရန်စည်းရုံးနေသည်ကို ရှမ်းနီ ပါတီက သိရှိသဖြင့် လိုက်လံစုံစမ်းရာ NLD ပါတီ ၀င်တစ်ဦးဖြစ်နေကြောင်း ရှမ်းနီ ပါတီ တာဝန်ရှိသူ တစ်ဦးကဆိုသည်။

ရှမ်းနီ သတင်းဌာန

မန္တလေးမြို့လယ်တွင် မူးယစ်တရားခံ ဖမ်းရာ၌ သေနတ်ပစ်ဖောက်ခြောက်လှန့်

မန္တလေးမြို့လယ် တစ်နေရာတွင် မူးယစ်ဆေးဝါး ရောင်းချနေသူတစ်ဦးကို ရဲတပ်ဖွဲ့တာဝန်ရှိသူများက အရပ်ဝတ်ဖြင့် ဖမ်းဆီးစဉ် ထွက်ပြေးရန် ပြင်ဆင်ခဲ့သည့်အတွက် သေနတ်ပစ်ဖောက်၍ ခြောက်လှန့် ခဲ့ရကြောင်း သတင်းရရှိသည်။


မတ်လ ၃၀ ရက်က အောင်မြေသာစံမြို့နယ် (၁၉) လမ်း၊ ၆၁ လမ်းနှင့် ၆၂ လမ်းကြားနေရာတွင် ညနေ ၆ နာရီခွဲ အချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

အဆိုပါနေရာသို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူများက ဆေးပြားများဝယ်ယူရန် အရပ်ဝတ်ဖြင့် ဆေးပြား ရောင်းချ မည့် အမျိုးသားနှင့် သွားရောက်တွေ့ဆုံစဉ် ဆေးပြားရောင်းသူက ရိပ်မိခဲ့ပြီး ကားချင်း တိုက်မည့် အနေအထား ပြင်လိုက်သည့်အတွက် အရပ်ဝတ်ရဲတာဝန်ရှိသူက သေနတ်ဖြင့် ပစ်ခတ်ခဲ့ရသည်။ ထိုသို့ သေနတ်ပစ်ဖောက်ကာ ဖမ်းဆီးရန် ပြင်ဆင်ခဲ့သော်လည်း မူးယစ်ဆေးလာရောက်ရောင်းချသူမှာ လွတ် မြောက် သွားကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ထိုနေ့ နေ့လယ်က မန္တလေးမြို့ရှိ ဟိုတယ်တစ်ခုအတွင်း မူးယစ်ဆေးဝါးသုံးစွဲနေသူများကို ရဲတပ်ဖွဲ့ တာဝန် ရှိသူများက ၀င်ရောက်ဖမ်းဆီးခဲ့ပြီး ၎င်းတို့ထံမှ ရရှိသည့် အချက်အလက်များနှင့် ကွင်းဆက် အနေဖြင့် အဓိကမူးယစ်ဆေးဝါး ရောင်းချနေသူကို ဖမ်းဆီးရန်စီစဉ်ခဲ့ရာမှ ယခုကဲ့သို့ဖြစ်ပွားခဲ့ရခြင်း ဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူးကြီး ဇော်မင်းဦးကပြောသည်။

‘‘သူတို့ဘက်က ရဲတွေမှန်း ရိပ်မိသွားပြီး ကားချင်းတိုက်ဖို့လုပ်လိုက်တော့ ခြောက်လှန့်ပစ်ဖောက် လိုက်ရ တာပါ’’ ဟု ဒုတိယရဲမှူးကြီး ဇော်မင်းဦးက ပြောသည်။

ရဲများမှာ အရပ်ဝတ်ဖြင့် သေနတ်ပစ်ဖောက်ခဲ့ခြင်းကြောင့် အနီးတွင်ရှိသူများက အချင်းချင်း ကားဖြင့်ပြိုင်ပြီး သေနတ်ပစ်ခတ်မှုဖြစ်ပွားသည်ဟု ထင်မှတ်ကာ အထိတ်တလန့် ဖြစ်ခဲ့ရကြောင်း ဖြစ်ပွားခဲ့သည့် နေရာအနီး နန်းရှေ့အရပ်တွင် နေထိုင်သူ အမျိုးသားတစ်ဦးကပြောသည်။

လွတ်မြောက်သွားသည့် မူးယစ်ဆေးဝါးရောင်းချသူ အမျိုးသားအား ဖမ်းဆီးအရေးယူမှုများ ပြုလုပ်နိုင်ရေး အတွက် တိုင်းဒေသကြီး မှုခင်းအကူရဲတပ်ဖွဲ့ တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက် နေကြောင်း ဒုတိယရဲမှူးကြီး ဇော်မင်းဦးကဆိုသည်။

Author: အေးမွန်ရာပြည့်
7DAY DAILY

အစိုးရနှင့် ပြည်သူတို့ အကြား အစဉ်တစ်စိုက် ကြိုးပမ်းခဲ့ကြသော အတိုက်အခံတို့ ၏ ကျရှုံးမှု



သမ္မတကြီး တာဝန်ယူပြီးခါစ အချိန်အတွင်းမှာပင် ပြည်တွင်း အကျပ်အတည်း တစ်ခုဖြစ်သည့် မြစ်ဆုံ စီမံကိန်းအား အပြစ်ရှာ၍ အစိုးရအဖွဲ့အား ထောက် ပြဝေဖန်၍ တိုက်ခိုက်ခဲ့သည်။

======================

သို့သော် သမ္မတကြီး မှ ပြည်သူများအား ကတိပေးခဲ့ သည်။ မိမိ၏ သက်တမ်းတွင် လုံးဝမပြုလုပ်ပါ။နိုင်ငံ တစ်ကာ ခုံရုံးမှ အရေးယူဆောင်ရွက်လျှင်လည်းတာ ဝန်ယူ ဖြေရှင်းမည်ဟုဆိုခဲ့သည်။

--------------------


နောက်တစ်ဖန် လက်ပန်းတောင်း တောင်အရေးအခင်း အားဖန်တီး၍ ထပ်မံ နားလည်မှုနှင့်ယုံကြည်မှု ကင်းစေ ရန် ထပ်မံဖန်တီး ခဲ့ကြပြန်သည်။

သို့သော် ထိုအရေးအခင်း ဖြိုခွင်းမှုနှင့်ပါတ်သတ်၍ အ တိုက်အခံ ခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် စုံစမ်းစစ်ဆေးရေး ကော်မရှင် ခေါင်းဆောင် အနေဖြင့် တာဝန်ယူဆောင်ရွက်သောအခါ အမှန်၊အမှား အဖြေအား တိကျစွာ ထွက်ပေါ်လာပြီး ဒေါ်စုကိုယ်တိုင် လက်ပန်းတောင်း ဒေသခံများနှင့် စကားများသည်အထိ ဖြစ်ခဲ့သည်။

---------------------

ရခိုင်အကျပ်အတည်း ပေါ်ပေါက်လာပြန်သော အခါ အတိုက်အခံခေါင်း ဆောင်ကြီးမှ OIC နှင့်ပါတ်သတ် ၍ နှုတ်ဆိတ်နေပြီး ပြည်သူနှင့်အစိုးရအား ထိပ်တိုက် တွေ့စေရန် ဖိအားတစ်ခုဖန်တီးပြန်သည်။

သို့သော် သမ္မတကြီးမှ ပြည်သူလူထုမှ လက်မခံသော OIC အားလုံးဝလက်မခံ ဟု ပြတ်သားစွာ ကြေငြာခဲ့ သည်။

-----------------------

ရခိုင်မြေ အကျပ်အတည်းတွင်ပင် UN အား ဖိအားပေး စေနိုင်ရန် လှစ်ဟ၍ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးတွင် ဘင်္ဂလီကုလားများအား ထည့်သွင်းကောက်ခံစေရန် ဖန် တီး မှုပြုလုပ်ခဲ့သည်။

သို့သော် သမ္မတကြီးမှ UN အားပြည်တွင်းရေးတွင် ဝင် ရောက် စွက်ဖက်ခြင်း မပြုစေရန် ပြတ်သားစွာ ကြေငြာ ချက်ထုတ်ခဲ့ပါသည်။

-----------------------

အမျိုးဘာသာစောင့်ရှောက်လိုသူများမှ မျိုးစောင့်ဥပဒေ အား တင်သွင်းရန် ကြိုးပမ်းကြသော အခါ နိုင်ငံတစ်ကာ လူ့အခွင့်အရေးစံချိန်စံညွန်း များနှင့်ထိုးချကာပြည်သူများ နှင့် သံဃာများ ၊သံဃာများ ၊ပြည်သူတို့နှင့် အစိုးရကြား အကျပ်အတည်းအား ဘေးမှ တွန်းပို့ခဲ့ပြန်သည်။

သို့သော် သမ္မတကြီးမှ အမျိုးဘာသာအား အလေးထား ၍ ဥပဒေပြုပေးနိုင်ရန် ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်သော လွှတ်တော်သို့သဝဏ်လွှာပေးပို့ ၍ တောင်းဆိုခဲ့ပါသည်။

-----------------------

ယခု ရိုဟင်ဂျာအား တိုင်းရင်းသားအမည်ဖြင့် သန်းခေါင် စာရင်း ကောက်ခံစေရန် အတိုက်အခံ ခေါင်းဆောင်ကြီး ၏ နှုတ်မှပင် ဖွင့်ဟ၍ တိုင်းရင်းသားဖြစ်သင့်ကြောင်း နိုင် ငံတကာတွင်ပြောဆို၍ အစိုးရနှင့်ပြည်သူတို့ အကြားကြီး မားသော အကျပ်အတည်းတစ်ခုအား ထပ်မံဖန်တီး ယူ ပြန်သည်။

သို့သော် သမ္မတကြီး ဦးသိန်းစိန်မှ ပြည်လုံးကျွတ်သန်း ခေါင်စာရင်း ကောက်ယူရာတွင် မည်သည့် နိုင်ငံများ၏ ဖိအား များကိုမှ မမှုပဲ ရိုဟင်ဂျာအား လုံးဝထည့်သွင်း မကောက် ဟုပေးထားခဲ့သော ကတိကို ထပ်မံ၍ တည် ခဲ့ပြန်ပါသည်။

------------------------

From: Aye Chan Min Anawrahta

လှုပ်လှုပ်ရှားရှားဖြစ်လာသည့် ရန်ကုန်သင်္ကြန်အကြိုမြင်ကွင်း


Shwenaingan's photo.

နှစ်သစ်ကူးသင်္ကြန်ပွဲတော်ကား ရောက်ရှိတော့မည်။ သင်္ကြန်တေးများ လည်းဟိုမှသည်မှ ပျံ့လွင့်နေပြီး သင်္ကြန်ပွဲတော်အတွက် အတွေး ကိုယ်စီဖြင့် လူတိုင်း ပြင်ဆင်နေကြ ပြီဖြစ်ရာ အရွယ်စုံမျှော်လင့်ရသော သင်္ကြန်၊ ပျော်ရွှင်ရသော သင်္ကြန် ပွဲတော်ကာလပင်။


နှစ်သစ်ကူး သင်္ကြန်ပွဲတော် အတွင်း ရေကစား ကြမည့်ကလေး ငယ်များအတွက် ရေကစား နိုင်သည့် အရုပ်မျိုးစုံ၊ ဖလားမျိုးစုံနှင့် ရေကာ မျက်မှန်မျိုးစုံတို့မှာ ရန်ကုန်မြို့ရှိ မင်္ဂလာဈေး၊ သိမ်ကြီးဈေးနှင့် တာမွေ ဈေးတို့အပါအဝင် မြို့နယ်အသီးသီးရှိ ဈေးဆိုင်များ တွင် နေရာယူလာကြပြီး ဖြစ်သည်။

ရောင်းစုံပလတ်စတစ် ရေပြွတ်များ၊ ရေကစားနိုင်သည့် ပလတ်စတစ် သေနတ်လေးများ၊ ဦးခေါင်းစွပ်နှင့် မျက်မှန်တွဲလျက် ပြုလုပ်ထားသည့် ရေပက်ခံ ပလတ်စတစ်ပစ္စည်းများကို အမျိုးစုံတွေ့ရသည်။ အစိမ်း ရောင်၊ အနီရောင်၊ အဝါရောင်နှင့် ရောင်စုံ စပ်ထားသော ရေကစားပလတ်စတစ် ကစားစရာများကား ကလေးငယ်များ ကို ဆွဲဆောင်နေပြီဖြစ်သည်။ ဈေးက မသေးလှ၊ ပလတ်စတစ် ရေကစား သေနတ် တစ်လက်လျှင် အရွယ်အစား နှင့် ဒီဇိုင်းအလိုက် ငွေကျပ် ၅ဝဝ မှ ၁၅ဝဝ အထိ ရှိနေသည်။

''အခုအချိန်မှာတော့ ကလေး တွေက လျှာထိုးခေါင်းစွပ်ပါတဲ့ ပလတ်စတစ် ရေကာ မျက်မှန်လေး တွေ အဝယ်များကြတယ်။ ပလတ် စတစ်ရေပုံးအသေးတွေလည်း အဝယ် လိုက်တယ်။ ရေများများထည့်ပြီး ပက်နိုင်တဲ့ ရြေ>ွပတ်အကြီးစားတွေ လည်း ကလေးတွေနှစ်သက် ကြတယ်''ဟု မင်္ဂလာဈေးမှ သင်္ကြန်ရေ ကစားစရာပစ္စည်းများရောင်းချသူ ဒေါ်မိုးမိုး ကပြောသည်။

တစ်ဖန်ရေပက်ခံ ထွက်လည်ကြ မည့် လူငယ်များအတွက် ဂျင်းဘောင်း ဘီနှင့်ဂျင်းအင်္ကျီများလည်း အဝယ် လိုက်လျက်ရှိသည်။ ရေပက်ခံထွက် မည့် လူငယ်များအတွက် အကြမ်းခံ နေကာမျက်မှန်နှင့် ဦးထုပ် များလည်း ဝယ်ယူမှုရှိနေကြရာ တန်ဖိုးသင့်တင့်သော ဂျင်းဘောင်းဘီနှင့် အင်္ကျီများ ရောင်း အား ကောင်းလျက် ရှိသည်။

''ဂျင်းဘောင်းဘီနဲ့ အင်္ကျီတွေ ရောင်းရပါတယ်။ ဒီလကုန်လစာ ထုတ်ရက်ဆိုရင် ပိုရောင်းရမှာပါ။ တစ်နေ့ကို ငွေကျပ် တစ်သိန်းဝန်းကျင် ရောင်းရပါတယ်။ ပြီးခဲ့တဲ့ သင်္ကြန် အကြိုကာလတွေမှာ ရောင်းရ သလောက် ရောင်းနေရပါတယ်'' ဟု လှည်းတန်းဈေးမှ ဂျင်းဘောင်းဘီများ ရောင်းချသူဦးလှစိုးက ပြောသည်။

သင်္ကြန်ပွဲတော်ကာလဖြစ်သည့် သင်္ကြန်အကြိုနေ့(ဧပြီ ၁၃ ရက်)မှ သင်္ကြန်အတက်နေ့ (ဧပြီ ၁၆ ရက်)အထိ သင်္ကြန်ရေပက်ခံကားများကို ကြိုတင်ငှားရမ်းမှုများ ရှိနေပြီဖြစ် သည်။ လွတ်လပ်စွာရေပက်ခံနိုင်သည့် ဂျစ်ကားများကို ဦးစားပေးငှားရမ်း မှုများရှိနေရာ ဈေးနှုန်းမှာတစ်ရက် လျှင် ငွေကျပ်တစ်သိန်းနှစ်သောင်းခန့် ဝန်းကျင်ရှိနေသည်။

''ပစ်ကပ်နဲ့ ဂျစ်ကားတွေတော့ အငှားများတယ်။ အခုကျွန်တော်နဲ့ သိတဲ့ ကားတွေကတော့ ငှားပြီးကုန် ပြီ။ တစ်ရက်ကို ငွေကျပ်တစ်သိန်း နှစ်သောင်းခန့်ရှိနေတယ်။ ကားကောင်း ရင် တစ်သိန်းခွဲ အထိရှိတယ် လို့လည်း ကြားတယ်။ ကျွန်တော်က ဂျစ်ကား ရှိတော့ တစ်နေ့ငွေကျပ်တစ်သိန်း နဲ့အငှားလိုက်ဖို့ သဘော ထူထားပြီး ပါပြီ''ဟု သင်္ကြန်ရေပက်ခံကား အငှားလိုက်သူ ရေကျော်မှကိုစိုးမောင် ကပြောသည်။ သင်္ကြန် ပွဲတော်ကာလအတွင်း အားလပ်ရက်များ၌ တရားစခန်းဝင်ကြ မည့်သူများအတွက်လည်း စာရင်းများ ပေးသွင်း နေကြသည်။ အချို့နာမည် ကြီး တရားစခန်းများတွင် သတ်မှတ် လူဦးရေ ပြည့်နေပြီဟု ဆိုသည်။

ရန်ကုန်မြို့၌ ရှောပင်းမောများ၊ အရောင်းဆိုင်ကြီးများတွင် လည်း သင်္ကြန်ပွဲတော်ကာလအတွင်း အထူး ဈေးနှုန်းများဖြင့် ရောင်းချနေကြပြီ ဖြစ်သည်။ သင်္ကြန်ကာလ ခရီးထွက် ကြမည့်သူများအတွက် ခရီးသွား လုပ်ငန်းများက အထူးမော်တော် ယာဉ်ကြီးဖြင့် အထူးခရီးစဉ်များ ပြေးဆွဲကြရန် စီစဉ်နေကြပြီဖြစ် သည်။

(မြန်မာ့အလင်း)

သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့ရှိ အဝေးပြေးဂိတ်ကြီးနှစ်ခုမှ ယာဉ်လိုင်း ၂၇၀ အနက် ယာဉ်လိုင်းလေးလိုင်းသာ ပိတ်ရက်မရှိ ပြေးဆွဲမည်


သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့ရှိ အဝေးပြေးဂိတ်ကြီးနှစ်ခုမှ ယာဉ်လိုင်း ၂၇၀ အနက် ယာဉ်လိုင်းလေးလိုင်းသာ ပိတ်ရက်မရှိ ပြေးဆွဲမည်

သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့ရှိ အဝေးပြေးဂိတ်ကြီးနှစ်ခုမှ ယာဉ်လိုင်း ၂၇၀ ခန့်တွင် ယာဉ်လိုင်းလေးလိုင်းသာ ပိတ်ရက်မရှိ ပြေးဆွဲသွားမည်ဖြစ်ကြောင်း “မဟာသင်္ကြန် ပွဲတော်ရက်အတွင်း ယာဉ်လိုင်းများ ပြေးဆွဲခြင်းဆိုင်ရာ စီမံချက်” တွင် ထုတ်ပြန်ထားချက်အရ သိရသည်။

အဆိုပါ ယာဉ်လိုင်းများမှာ မြန်မာနိုင်ငံ အထက်ပိုင်းသို့ ပြေးဆွဲသည့် ယာဉ်လိုင်းများဖြစ်ပြီး ပိတ်ရက်မရှိ ပြေးဆွဲသွားမည့် ယာဉ်လိုင်းများမှာ စည်းစိမ်ရှင် မန္တလေးယာဉ်လိုင်း၊ မိဟာရ မော်လမြိုင်ယာဉ်လိုင်း၊ မန်းရာဇာ မန္တလေးယာဉ်လိုင်းနှင့် မန္တလာမင်း နေပြည်တော်-မန္တလေး-ပြည်ဦးလွင် ယာဉ်လိုင်းတို့ဖြစ်ကြောင်း သိရသည်။

အောင်မင်္ဂလာ အဝေးပြေးဝင်းအတွင်းရှိ ယာဉ်လိုင်းအများစုမှာ ဧပြီ ၁၂ ရက် နောက်ဆုံးထား ပြေးဆွဲသွားမည်ဖြစ်ပြီး ဧပြီ ၁၈ ရက်တွင် ပြန်လည်ပြေးဆွဲသွားမည်ဖြစ်သည်။ ထို့ပြင် ဒဂုံဧရာ အဝေးပြေးဝင်းအတွင်းရှိ ယာဉ်လိုင်းအများစုမှာ ဧပြီ ၁၃ ရက်တွင် နောက်ဆုံးထား ပြေးဆွဲမည်ဖြစ်ပြီး ဧပြီ ၁၇ ရက်တွင် ပြန်လည်ပြေးဆွဲမည်ဖြစ်သည်။

ယင်းအပြင် “မဟာသင်္ကြန် ပွဲတော်ရက်အတွင်း ယာဉ်လိုင်းများပြေးဆွဲရေးနှင့် သက်ဆိုင်သည့် စီမံချက်” တွင် ယာဉ်လိုင်းများအား ယာဉ်တိုက်မှု မဖြစ်စေရေး၊ အရက်သေစာသောက်စား မောင်းနှင်မှု မပြုရေး၊ သတ်မှတ်သည့် ယာဉ်စီးခနှုန်းထားထက် ပိုမိုရောင်းချမှု မပြုလုပ်ရေး၊ ကြိုတင်လက်မှတ် ရောင်းချရာတွင် အမှန်တကယ်စီးနင်းမည့် ခရီးသည်အမည် နိုင်ငံသားစီစစ်ရေး အမှတ်များ တိကျစွာပါရှိရေးနှင့် ယာဉ်ထွက်ချိန်တွင် အမှန်တကယ် စီးနင်းသူနှင့် ကြိုတင်လက်မှတ် ဖြတ်ထားသူမှာ တစ်ဦးတည်းဖြစ်စေရေး၊ ခရီးသွား လုပ်သားပြည်သူများအား ကောင်းမွန်ယဉ်ကျေးစွာ ပြောဆိုဆက်ဆံရေး စသည့်အချက်များကို ယာဉ်လိုင်းများ သိရှိစေရန် ထုတ်ပြန်ထားသည်။

ယခုနှစ် သင်္ကြန်ကာလအတွင်း အဝေးပြေးယာဉ်လိုင်းများတွင် လက်မှတ်ဝယ်ယူရာ၌ လက်မှတ်မှာယူမှု အခက်အခဲများလည်း ဖြစ်ပေါ်နေလျက် ရှိသည်။

အောင်မင်္ဂလာ အဝေးပြေးဝင်းအတွင်းရှိ ယာဉ်လိုင်းများအား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့ရှိ အဝေးပြေး ဂိတ်ကြီးနှစ်ခုမှ ယာဉ်လိုင်း ၂၇၀ ခန့်တွင် ယာဉ် လိုင်းလေး လိုင်းသာ ပိတ်ရက်မရှိ ပြေးဆွဲ သွားမည်ဖြစ်ကြောင်း “မဟာသင်္ကြန် ပွဲတော် ရက်အတွင်း ယာဉ်လိုင်းများ ပြေးဆွဲခြင်းဆိုင်ရာ စီမံချက်” တွင် ထုတ်ပြန်ထားချက်အရ သိရသည်။


အဆိုပါ ယာဉ်လိုင်းများမှာ မြန်မာနိုင်ငံ အထက် ပိုင်းသို့ ပြေးဆွဲသည့် ယာဉ်လိုင်းများဖြစ်ပြီး ပိတ်ရက်မရှိ ပြေးဆွဲသွားမည့် ယာဉ်လိုင်း များမှာ စည်းစိမ်ရှင် မန္တလေးယာဉ်လိုင်း၊ မိဟာရ မော်လမြိုင် ယာဉ်လိုင်း၊ မန်းရာဇာ မန္တလေး ယာဉ်လိုင်းနှင့် မန္တလာမင်း နေပြည်တော်-မန္တလေး-ပြည်ဦးလွင် ယာဉ်လိုင်း တို့ဖြစ်ကြောင်း သိရ သည်။

အောင်မင်္ဂလာ အဝေးပြေးဝင်းအတွင်းရှိ ယာဉ်လိုင်းအများစုမှာ ဧပြီ ၁၂ ရက် နောက်ဆုံးထား ပြေးဆွဲ သွားမည်ဖြစ်ပြီး ဧပြီ ၁၈ ရက်တွင် ပြန်လည်ပြေးဆွဲသွားမည်ဖြစ်သည်။ ထို့ပြင် ဒဂုံဧရာ အဝေးပြေးဝင်း အတွင်းရှိ ယာဉ်လိုင်းအများစုမှာ ဧပြီ ၁၃ ရက်တွင် နောက်ဆုံးထား ပြေးဆွဲမည်ဖြစ်ပြီး ဧပြီ ၁၇ ရက်တွင် ပြန်လည်ပြေးဆွဲမည်ဖြစ်သည်။

ယင်းအပြင် “မဟာသင်္ကြန် ပွဲတော်ရက်အတွင်း ယာဉ်လိုင်းများပြေးဆွဲရေးနှင့် သက်ဆိုင်သည့် စီမံချက်” တွင် ယာဉ်လိုင်းများအား ယာဉ်တိုက်မှု မဖြစ်စေရေး၊ အရက်သေစာသောက်စား မောင်းနှင်မှု မပြုရေး၊ သတ်မှတ်သည့် ယာဉ်စီးခနှုန်းထားထက် ပိုမိုရောင်းချမှု မပြုလုပ်ရေး၊ ကြိုတင်လက်မှတ် ရောင်းချရာတွင် အမှန်တကယ်စီးနင်းမည့် ခရီးသည်အမည် နိုင်ငံသားစီစစ်ရေး အမှတ်များ တိကျစွာပါရှိရေးနှင့် ယာဉ်ထွက်ချိန်တွင် အမှန်တကယ် စီးနင်းသူနှင့် ကြိုတင်လက်မှတ် ဖြတ်ထားသူမှာ တစ်ဦးတည်း ဖြစ်စေရေး၊ ခရီးသွား လုပ်သားပြည်သူများအား ကောင်းမွန်ယဉ်ကျေးစွာ ပြောဆိုဆက်ဆံရေး စသည့် အချက်များကို ယာဉ်လိုင်းများ သိရှိစေရန် ထုတ်ပြန်ထားသည်။

ယခုနှစ် သင်္ကြန်ကာလအတွင်း အဝေးပြေးယာဉ်လိုင်းများတွင် လက်မှတ်ဝယ်ယူရာ၌ လက်မှတ်မှာယူမှု အခက်အခဲများလည်း ဖြစ်ပေါ်နေလျက် ရှိသည်။

Eleven

အောင်မင်္ဂလာ အဝေးပြေးဝင်းအတွင်းရှိ ယာဉ်လိုင်းများအား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

မြို့လယ်ခေါင် မီးရှူးဖောက်၍ လက်ပံ တောင်းတောင် ကြေးနီ စီမံ ကိန်းကို ကန့်ကွက် ကြောင်း ဆန္ဒ ပြသ ဖြင့် ရဲတပ် ဖွဲ့ဝင် များမှ ဖမ်းဆီး


1239812_738659149508059_49902986_n

ဒဂုံဆိပ်ကမ်းမြို့နယ်တွင် နေထိုင်သည့် ဒဂုံဆိပ်ကမ်း အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တစ်ဦးမှ မတ် ၃၀ ရက် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် ရန်ကုန်မြို့ လယ်ခေါင် ဖြစ်သည့် Traders ဟိုတယ်အနီး၌ မီးရှူးဖောက်၍ လက်ပံတောင်းတောင်စီမံကိန်း ကန့်ကွက်ကြောင်း ဆန္ဒ ပြမှုကို တစ်ကိုယ်တော်ပြု လုပ်ခဲ့သည်။


ဝမ်ပေါင်တရုတ်ကုမ္ပဏီနှင့် မြန်မာ့စီးပွားရေး ကော်ပို ရေးရှင်း (ဦးပိုင်) ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်သည့် လက်ပံတောင်းတောင် ကြေးနီစီမံ ကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီး မှုများ ဖြစ်ပေါ် နေခြင်း ၊ ကျေး လက်နေဒေသခံများ လယ်ယာမြေဆုံးရှုံးမှုများ၊ ဓာတုစွန့်ပစ်ပစ္စည်းများကြောင့် ကျန်းမာ ရေးထိခိုက်မှု များနှင့် ဒေသခံ ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထား ကိုးကွယ်ရာ လယ်တီ ဆရာတော်ဘုရားကြီး၏သိမ်တော် ဖယ်ရှားခံရခြင်းတို့ကြောင့် စီမံကိန်းအား ဆန့်ကျင်ကန့်ကွက်သည့် အတွက် ယင်းကဲ့သို့ မိမိအစီစဉ်ဖြင့် ဆန္ဒပြခြင်းဖြစ်ကြောင်း သိရသည်။

“၀မ်ပေါင်တရုတ်ကုမ္ပဏီနဲ့ ဦးပိုင်ကုမ္ပဏီတို့ရဲ့ ကြေးနီစီမံကိန်းကြောင့် လယ်တီဆရာတော်ဘုရားကြီးရဲ့ သိမ်တော် ဖယ်ရှားခံရတော့မှာဖြစ်လို့ ကြေးနီစီမံကိန်းကို ကန့်ကွက်ကြောင်း ဆန္ဒပြတာပါ” ဟု ဆန္ဒပြသူ ကိုအောင်ကိုဦးက ပြောကြားခဲ့သည်။

ထိုသို့ မီးရှူးဖောက်၍ ဆန္ဒပြမှုကြောင့် လူအများ အထိတ်တလန့် ရုတ်ရုတ်သဲသဲ ဖြစ်ပွားခဲ့ကာ ဆန္ဒပြ သူအား ရဲတပ်ဖွဲ့ဝင်များနှင့် ဟိုတယ်ဝန်ထမ်းများမှ ၀ိုင်းဝန်းဖမ်းဆီးခဲ့ကြပြီး စခန်းအတွင်းသို့ ခေါ်ဆောင် ထိန်းသိမ်း ခဲ့ကြသည်။

“အခု ကြေးနီစီမံကိန်းကို ကန့်ကွက်ကြောင်း ဆန္ဒပြခဲ့တဲ့သူကို အများပြည်သူသွားလာတဲ့ နေရာမှာ ခွင့်ပြုချက်မရှိဘဲ မီးရှူးဖောက်မှု ရန်ကုန်ရဲအက်ဥပဒေ ၄၂ နဲ့ အမှုဖွင့် အရေးယူထား ပါတယ်။ ပြစ်ဒဏ် ကတော့ ဒဏ်ငွေ ၅၀ နဲ့ထောင်ဒဏ် ၈ ရက် ကျနိုင်ပါတယ်။ လောလောဆယ်မှာတော့ ဒီပုဒ်မတွေအပြင် တခြားပုဒ်မတွေတပ်ပြီး အရေးယူထားတာမျိုး မရှိပါဘူး။ မနက်ဖြန် သူ့ကို တရားရုံးထုတ်မှာပါ” ဟု ကျောက်တံတား မြို့မရဲစခန်းမှ ရဲအုပ်တင်မောင်ဆွေက မီဒီယာများသို့ ဖြေကြားခဲ့သည်။

အဆိုပါနေ့၌ပင် ဆူးလေကုန်းကျော်တံတားအနီး မီးပွိုင့်လမ်းဆုံ၌ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် မျက်နှာ ဖုံးစွပ် အမျိုးသားငါးဦးမှ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းပေးရေးအတွက် “လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော စုံစမ်းစစ်ဆေးရေကော်မရှင်၏ စီရင်ခံစာပါ အတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိသော လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းပေးရေး”၊ “ကမ္ဘာကျော် လယ်တီဆရာတော်ဘုရားကြီး သိမ်တော်နဲ့ သာသနိက အဆောက်အအုံများ ကမ္ဘာ တည်သရွေ့ တည်ရှိပါစေ” ဟု ရေးထားသော ဗီနှိုင်းများကိုင်၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

Eleven Media Group

မီးရှူးဖောက်၍ လက်ပံတောင်းတောင်စီမံကိန်း ကန့်ကွက်ကြောင်း ဆန္ဒပြ သူကို ရဲတပ်ဖွဲ့ဝင်များက Traders ဟိုတယ်ရှေ့တွင် ဖမ်းဆီးနေစဉ်

အင်အားတစ်သိန်းနီးပါးရှိ တိုင်းရင်းသား လက်နက်ကိုင်များကို တပ်မတော်တွင်အရည်အချင်းအလိုက် ပြန်လည် ခန့်အပ်မည်ဟုဆို



အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်း များအကြား အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဝင်များကို တပ်မတော်တွင် အရည်အချင်းအလိုက် ပြန်လည် ခန့်အပ်သွားမည် ဖြစ်ကြောင်း သမ္မတရုံး ပြည် ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။


ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး စင်တာတွင် မတ်လ ၂၉ ရက်နေ့က ပြုလုပ်သည့် ပြည်ထောင်စုဝန်ကြီး အချို့နှင့် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ တွေ့ဆုံပွဲတွင် ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။

စုစုပေါင်းအင်အား တစ်သိန်းဝန်းကျင် ရှိသော တိုင်းရင်းသား လက်နက်ကိုင်များကို ပညာအရည်အချင်း၊ အဆင့်အတန်းအလိုက် တပ်မတော်တွင် အရာရှိ၊ အကြပ် စသည်ဖြင့် ခန့်အပ်မည်ဖြစ်ပြီး၊ တပ်မတော်သို့ မဝင်လိုသူများကို နယ်စပ်ဒေသရှိ လူဝင်မှုကြီးကြပ်ရေး၊ အကောက်ခွန်နှင့် ပညာရေးကဲ့သို့သော ကဏ္ဍများတွင် နေရာချထားပေးမည် ဖြစ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌလည်း ဖြစ်သူ ဦးအောင်မင်းက ရှင်းပြသည်။

“အဲဒီလိုမှ မလုပ်ရင် ဒီသောင်းကျန်းမှု သံသရာကြီးက ဘယ်တော့မှ ပြီးမှာ မဟုတ်ဘူး။ လုပ်စရာ မရှိရင် သေနတ်ပြန်ကိုင်မယ်။ ပြန်ကိုင်ရင် သံသရာ ထပ်လည်မယ်” ဟု ၎င်းကဆိုသည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် အပစ်ရပ်ရုံ၊ လက်နက်ချရုံ ပြုလုပ်မည် မဟုတ်ဘဲ နိုင်ငံရေးအရ အဓိက ဆွေးနွေးရမည် ဖြစ်ပြီး အနာဂတ် ပြည်ထောင်စု တပ်မတော် တွင် တိုင်းရင်းသားများ ပါဝင်ထမ်းဆောင်ရေး၊ လက်ရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဝင်များ တပ်မတော်တွင် မည်သို့မည်ပုံ ပါဝင်ရေး တို့ကိုလည်း ဆွေးနွေးမည် ဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များက ပြောဆိုထားသည်။

ထို့အပြင် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက လက်ရှိအချိန်၌ လက်နက်ကိုင် တိုင်းရင်းသားများမှာ ဥပဒေပြင်ပရောက် လူပုဂ္ဂိုလ်များ ဖြစ်သည့်အတွက် ဥပဒေ မလိုက်နာမှုများကို အပြစ်မတင်သင့်ကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဖြင့် အဆိုပါ လူပုဂ္ဂိုလ်များကို ဥပဒေဘောင်တွင်းသို့ ရောက်ရှိအောင် ဆောင်ရွက်နေကြောင်း ထပ်လောင်း ပြောဆိုသည်။

တပ်မတော်အစိုးရမှ သမ္မတ ဦးသိန်းစိန်၏ အရပ်သား အစိုးရသို့ အသွင်မကူးပြောင်းမီ တိုင်းရင်းသား လက်နက်ကိုင်များကို နယ်ခြားစောင့် အဖြစ် ပြောင်းလဲရန် အစိုးရက ကြိုးပမ်းခဲ့ရာ တိုင်းရင်းသား လက်နက်ကိုင် အများစုက လက်မခံသဖြင့် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်။

ယင်းနောက် အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများတွင် တိုင်းရင်းသားများ ပါဝင်သော ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် ထူထောင်ရန် လက်နက်ကိုင် ခေါင်းဆောင်များက တင်ပြခဲ့ပြီး အစိုးရကမူ တပ်မတော်ဆိုင်ရာ ကိစ္စများကို အားလုံး ပါဝင်သည့် နိုင်ငံရေး ဆွေးနွေးပွဲများ၌သာ ညှိနှိုင်းဆွေးနွေးရန် အကြောင်းပြန်ကြားထားသည်။

The Voice Weekly

Tuesday, March 25, 2014

KIA လက်အောက်ခံ ရခိုင်တပ်ရင်းမှ တပ်ဖွဲ့ဝင်တစ်ဦး လက်နက်/ခဲယမ်း များဖြင့် အလင်းဝင်ရောက်



ကချင်ပြည်နယ် လိုင်ဇာမြို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဗဟိုဌာနချုပ် လက်အောက်ခံ ရခိုင်တပ်ရင်း မှ တပ်ဖွဲ့ဝင်တစ်ဦးသည် 23.3.2014 နေ့ ညနေပိုင်းက မြစ်ကြီးနား မြို့ ဌာနဆိုင်ရာ အဖွဲ့တစ်ဖွဲ့ထံသို့ လက်နက်/ ခဲယမ်းများဖြင့် အလင်းဝင်ရောက်ခဲ့ကြောင်း ယင်းဌာနဆိုင်ရာ ရုံးမှ သိရသည်။


အဆိုပါရုံးသို့ အလင်းဝင်ရောက်လာသူမှာ ကိုယ်ပိုင်အမှတ်၊ AA-0087 ဒုအရာခံဗိုလ်အဆင့်ရှိ နေဦး (၃၀)နှစ် (ဘ)ဦးဝေထွန်းဖြူ၊ ရခိုင်/ဗုဒ္ဓ၊ ဟင်္ခရော်ပြိန်ကျေးရွာ၊ စနဲအုပ်စု၊ ကျောက်ဖြူမြို့နယ်၊ ရခိုင်ပြည်နယ်နေသူဖြစ် ကြောင်း သိရသည်။

`` နာမည်ကသာ ရခိုင်တပ်ရင်းပါ၊ KIA လက်အောက်ခံဆိုတော့ ကချင်အတွက်ပဲ အလုပ်လုပ်ပေးရတာပေါ့၊ ရခိုင်လူမျိုးဖြစ်ပြီး ရခိုင်ပြည်နယ်အတွက် ဘာမှ မလုပ်ပေးနိုင်မယ့်အတူတူ အခုလို အလင်းဝင်တာပဲ ကောင်း ပါတယ် ´´ ဟု မြစ်ကြီးနားမြို့သို့ ကုန်လာပို့သော ကိုအောင်ဝေသာက ပြောသည်။

မြစ်ကြီးနားမြို့ပေါ်ရှိ ဌာနဆိုင်ရာ ရုံးများသို့ ယခင် အလင်းဝင်ရောက်မှုများမှာ KIA တပ်ဖွဲ့ဝင်များသာ အများဆုံး ဖြစ်ပြီး ယခုကဲ့သို့ ရခိုင်တပ်ရင်းမှ တပ်ဖွဲ့ဝင်တစ်ဦး အလင်းဝင်ရောက်လာမှုမှာ မြို့ပေါ်ရပ်ကွက်များ၌ သတင်းပျံ့နှံ့လျက်ရှိသည်။

ရခိုင်တပ်မတော်သည် KIA ဗဟိုဌာနချုပ်၌ KIA လက်အောက်ခံအဖြစ် ဖွဲ့စည်းထားသော လက်နက်ကိုင် အဖွဲ့အစည်းဖြစ်ပြီး ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပဋိပက္ခများနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်ရှိ ပြည်သူ လူထုက ရခိုင်တပ်မတော်အား ရခိုင်လူမျိုးများအား ကာကွယ်ပေးရန် လိုလားကြသော်လည်း ယနေ့ အချိန်ထိ ရခိုင်တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်သို့ ပြန်လာရန် အစီအစဉ် မရှိသေးကြောင်း ပြောဆိုမှုအပေါ် စိတ်ပျက်မိပါကြောင်း မြစ်ကြီးနားမြို့၌ ကုန်စုံဆိုင်ဖွင့်ထားသော ဒေါ်ဦးသိန်းယဉ် က ဆိုသည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ရခိုင်တပ်မတော်အား သီးခြားရပ်တည်နေသော အဖွဲ့ အဖြစ် မမြင်ဘဲ လိုင်ဇာအခြေစိုက် KIA လက်အောက်ခံ လက်နက်ကိုင်အဖွဲ့အစည်းတစ်ဖွဲ့အဖြစ်သာ သိရှိကြ ကြောင်း ငြိမ်းချမ်းရေးဆွေးနွေးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုမှ အမည်မဖော်လိုသူ ခေါင်းဆောင်တစ်ဦးက ပြောကြားသွားခဲ့သည်။

ညီသစ်( မြစ်ကြီးနား )

ဓာတ်ပုံ - အင်တာနက်

ဦးရဲထွဋ်(နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ)နှင့်တွေ့ဆုံခြင်း



နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်လိုက်သော နိုင်ငံ့ ၀န်ထမ်းများ ငွေကျပ်သုံးသိန်းနှင့်အထက်ပို၍ အကန်တော့ခံလျှင် အရေးယူမည်ဆိုသည့် ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး အငြင်းပွားမှုအချို့ ထွက်ပေါ်ခဲ့သဖြင့် အဆိုပါ သတ်မှတ်ချက်အပေါ် မတူညီသည့်ရှုထောင့်မှ သဘောထားအမြင်များကို သိရှိစေရန် နိုင်ငံတော်သမ္မတ၏ ပြောရေး ဆိုခွင့် ရှိသူ ဦးရဲထွဋ်နှင့် တွေ့ဆုံမေးမြန်း ကောက်နုတ် ဖော်ပြ အပ်ပါသည်။


“ဒါကြိုဆိုရမယ့်ကိစ္စပါ၊ အမနာပပြောပြီး ဝေဖန်ရမယ့်ကိစ္စမျိုးမဟုတ်ပါဘူး”

ဦးရဲထွဋ်(နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ)နှင့်တွေ့ဆုံခြင်း

Voice : နိုင်ငံတော်သမ္မတက အစိုးရအရာရှိတွေလက်ဆောင်ပစ္စည်းရယူတဲ့အခါ ကျပ်သုံးသိန်းထက်ပိုရင် အရေးယူ မယ်လို့ ညွှန်ကြားထားတယ်ဆိုတော့ ဘာကြောင့်ဒီလို သတ်မှတ်တာလဲ သိပါရစေ။

UYH : ဂျာနယ်တွေက ရေးတာက မှားနေတာ။ ဒီတန်ဖိုးသတ်မှတ်မှုဟာ ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းထား တဲ့ လာဘ်ပေးလာဘ်ယူမှုနဲ့ သက်ဆိုင်တဲ့ဥပဒေကို အဓိပ္ပါယ်ဖွင့်တာမဟုတ်ပါဘူး။ စီးပွားရေး စနစ် ပြုပြင်ပြောင်းလဲမှု ကြောင့်ပြည်တွင်းပြည်ပကလုပ်ငန်းရှင်တွေနဲ့ ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီးတွေ၊ ပြည်နယ်တိုင်းဒေသကြီး ၀န်ကြီးချုပ် တွေ၊ ၀န်ကြီးတွေ၊ ဌာနဆိုင်ရာ အကြီးအကဲတွေ ထိတွေ့မှု များလာတဲ့အခါမှာ လိုက်နာသင့်တဲ့ ကျင့်ဝတ်တစ်ခုအနေနဲ့ သတ်မှတ်တာဖြစ်ပါတယ်။

အထူးသဖြင့် တွေ့ဆုံပွဲတွေ၊ ကျွန်တော်တို့ဆီက နိုင်ငံခြားသွားတဲ့အခါမှာ သက်ဆိုင်ရာ ကုမ္ပဏီတွေက လက်ဆောင်ပစ္စည်းပေးတာတွေရှိတယ်။ လက်ဆောင်ပစ္စည်းတွေက တန်ဖိုးတွေ အရမ်းကြီးမားနေရင် ကိုယ့်ဘက်ကဘယ်လောက်ပဲမျှမျှတတ လုပ်ထုံးလုပ်နည်းနဲ့အညီဆုံးဖြတ်ပေမယ့်လည်း အများပြည်သူက သံသယ၀င် နိုင်စရာအကြောင်းတွေ ရှိတဲ့အတွက် နိုင်ငံတကာက သတ်မှတ်ထားတဲ့ ဥပဒေတွေ၊ ညွှန်ကြားချက်တွေကိုလေ့လာပြီး ဒေါ်လာ ၃၀၀ ဆိုတဲ့စံကိုယူပြီး သုံးသိန်းထက်မပိုတဲ့ ပစ္စည်းတွေကိုပဲ ယဉ်ကျေးမှုအရ လက်ခံပါ။ အဲဒီထက်ပိုတာ လက်မခံပါနဲ့လို့ သတ်မှတ်တာဖြစ်ပါတယ်။

Voice : ခုပြောကြားတာက အမေရိကန်ပြည်ထောင်စုမှာဆို ဒေါ်လာ ၁၀၀ ထက်ပိုတဲ့ လက်ဆောင်ပစ္စည်းယူခွင့်မရှိဘူး ဆိုတော့ စံသတ်မှတ်မှုက ဘယ်လိုကွာပါသလဲ။

UYH : အမေရိကန်မှာဒေါ်လာ ၁၀၀ ဆိုတာတော့ ဘယ်ညွှန်ကြားချက်လဲကျွန်တော်မတွေ့ဘူး။ အစိုးရအဖွဲ့ကတော့ ၀န်ကြီးဦးစိုးသိန်းတို့ လေ့လာတဲ့အခါမှာ အာရှနိုင်ငံအများစုကိုကြည့်ပြီး ၃၀၀ ဆိုတဲ့စံကို ယူလိုက်တယ်လို့သိတယ်။ နှစ်မျိုးရှိတယ်။ ကိုယ်ကပေးတဲ့အခါလည်း အများကြီးဖြစ်လို့ မကောင်းသလို ယူတဲ့အခါမှာလည်း အများကြီးမဖြစ်ရဘူး ပေါ့။

Voice : ကျပ်သုံးသိန်းအထိ တရားဝင်လာဘ်စားခွင့်ပြုလိုက်တာနဲ့ အတူတူပဲလို့ပြောကြတော့ နည်းနည်းထပ်ရှင်းပြ ပေးပါ။

UYH : အဲဒါကတော့ စာနယ်ဇင်းတွေရဲ့ ရေးသားမှု မှားယွင်းတဲ့အပေါ် လိုရာဆွဲပြောတာ။ ကျွန်တော်တို့က လာဘ်ပေးလာဘ်ယူမှု အဓိပ္ပါယ်ဖွင့်တာမဟုတ်ဘူး။ ကျင့်ဝတ်ကိုပြောနေတာ။ စာနယ်ဇင်းမှာဆိုလည်း ကုမ္ပဏီတွေက ကျင်းပတဲ့ အခမ်းအနားတွေမှာ လက်ဆောင်ပစ္စည်းယူဖို့ မယူဖို့နဲ့ပတ်သက်လို့ ကျင့်ဝတ်တွေရှိတယ်လေ။ အဲဒီသဘော ပါပဲ။

ဌာနဆိုင်ရာအကြီးအကဲတစ်ယောက်က တန်ဖိုးကြီးတဲ့ ပစ္စည်းကို ယူလိုက်တယ်။ ပြီးတော့ အဲဒီကုမ္ပဏီပါဝင် ပတ်သက်တဲ့ ကိစ္စတစ်ခုကို ဆုံးဖြတ်တဲ့အခါ မှန်မှန်ကန်ကန် ဆုံးဖြတ်သော်ငြား သံသယရှိလို့ အတိုင်ခံရရင် ကျွန်တော် တို့က စုံစမ်းစစ်ဆေးတယ်ဆိုပါတော့။ အဲဒီမှာ သူ့ဆုံးဖြတ်ချက်က အဂတိလိုက်စားမှု မမြောက်ဘူး။ လုပ်ထုံးလုပ်နည်းနဲ့ အညီ လုပ်တယ်ဆိုပေမယ့်လည်း ဒီဘက်မှာ အထင်မှားစရာ ယူထားတာ တွေ့မယ်ဆိုရင် အုပ်ချုပ်မှု နည်းလမ်းအရ အတိုင်းအတာတစ်ခုအထိ သတိပေးတာ၊ အပြစ်ပေးအရေးယူတာ ဖြစ်လာမှာပေါ့။

ဥပဒေကို အဓိပ္ပါယ်ဖွင့်တာမဟုတ် ဘူး။ ဥပဒေကတော့ အလကားလုပ်ပေးလည်း အဂတိလိုက်စားမှု ဖြစ်တာပဲ၊ ငွေကြေးနဲ့မဆိုင်ဘူး။ ကိုယ့်သားသမီး အတွက် ကိုယ်လုပ်ပေးတာဆိုလည်း ပြစ်မှုမြောက်တာပဲ။

Voice : ဒါဆိုလက်ဆောင်ပစ္စည်းနဲ့ ပတ်သက်လို့ အခု သတ်မှတ်ချက်ကို ချိုးဖောက်မှု ရှိ မရှိကို ဘယ်လို စိစစ်အရေးယူ မယ်ဆိုတာသိပါရစေ။

UYH : စိစစ်မှုကတော့ ဒါကိုသတ်မှတ်ထားတယ်။ မလိုက်နာကြောင်းတွေ့ရင် ဒါမှမဟုတ် တိုင်ကြားမှုရှိလို့ စိစစ် တွေ့ရှိရင် အုပ်ချုပ်မှုနည်းလမ်း၊ စီမံခန့်ခွဲမှုနည်းလမ်းနဲ့ ပြောဆိုအရေးယူရတာဖြစ်လာမှာပါပေါ့။

Voice : ခုဒီသတ်မှတ်မှုက ၀န်ထမ်းအားလုံးနဲ့ သက်ဆိုင်တယ်လို့တော့ ပြောလို့မရဘူးပေါ့။

UYH : ပြည်ထောင်စုအစိုးရကအဖွဲ့ထုတ်တဲ့စာမှာ နိုင်ငံတော်အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုကြောင့် နိုင်ငံခြားအစိုးရ အဖွဲ့ဝင်တွေ၊ ပြည်တွင်းပြည်ပ လုပ်ငန်းရှင်တွေက ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ၊ တိုင်းဒေသကြီး ပြည်နယ် အစိုးရ၀န်ကြီးချုပ်၊ ၀န်ကြီးတွေကို ရင်းနှီးမြှပ်နှံမှုကိစ္စလာရောက်ဆွေးနွေးတဲ့အခါ အလုပ်သဘောအရ လက်ဆောင် ပစ္စည်းပေးတဲ့အခါ တန်ဖိုးကြီးတာတွေ မယူပါနဲ့လို့ ဌာနဆိုင်ရာ အကြီးအကဲ တွေကို ပြောထားတာပါ။

Voice : အရင်အချိန်ကရော ဒီလိုတားမြစ်မှုနဲ့ပတ်သက်လို့ ဘယ်လိုပုံစံရှိခဲ့ပါလဲ။

UYH : လမ်းစဉ်ပါတီခေတ်တုန်းကတော့ ချစ်ကြည်ရေးခရီးသွားတဲ့အခါတွေမှာပဲဖြစ်ဖြစ်၊ အလုပ်ကိစ္စဆွေးနွေးတဲ့ အခါဖြစ်ဖြစ် တန်ဖိုးသတ်မှတ်ချက်တော့မရှိပေမယ့် အဖိုးတန်ပစ္စည်းရလို့ရှိရင် ပါတီဌာနချုပ်ကိုအပ်ရမယ်လို့ သတ်မှတ် ခဲ့တာရှိတယ်။

Voice : လုပ်ငန်းရှင်တွေကြားမှာ ဌာနဆိုင်ရာတွေနဲ့ ပတ်သက်ပြီး ဂါရ၀လက်ဆောင်အဖြစ် တန်ဖိုးသိန်းရာဂဏန်းထိ ပေးကြတာတွေရှိလို့ ပြောကြတဲ့အပေါ်မှာရော ၀န်ကြီးဘာများ မှတ်ချက်ပေးချင် ပါလဲ။

UYH : အဲဒါတွေက ညွှန်ကြားလိုက်တော့ လက်ခံလို့မရဘူးဆိုတာ ရှင်းသွားတာပေါ့။ လူမှုရေး အကြောင်းပြတာတို့ ဘာတို့ လုပ်လို့မရတော့ဘူး။ ဥပဒေအရ လုပ်ထုံးလုပ်နည်းမှန်ကန်ရင်တောင် ကျင့်ဝတ် အရ မူဝါဒသတ်မှတ်တဲ့ အရာရှိ တွေအနေနဲ့ ငြိစွန်းနိုင်တဲ့ သဘောသက်ရောက်သွားတာပေါ့။

Voice : ဒီမှာက ယဉ်ကျေးမှုဓလေ့ထုံးတမ်းအရ သီတင်းကျွတ်လို အခါမျိုးမှာ ဂါရ၀ပြုကန်တော့ တာတွေမှာပါ အကျုံး ၀င်သွားမှာလား။

UYH : အဲဒီလိုဖြစ်သွားမှာပေါ့။ ဒီမှာတော့ ပြည်တွင်းပြည်ပ လုပ်ငန်းရှင်တွေလို့ ရေးထားတာပေါ့။ အကျုံးဝင်မှာပါ။ ဒီလိုသတ်မှတ်ပြီဆိုကတည်းက ဒါသည် မူဝါဒချမှတ်တဲ့နေရာမှာ သြဇာလွှမ်းမိုးမှုမရှိအောင် ဆိုတော့ စံတစ်ခုဖြစ်သွား မယ်။ ကျွန်တော်တို့ကိုယ်တိုင်ကအစ စာအုပ်တို့၊ ကွန်ပျူတာဝါသနာပါလို့ ကွန်ပျူတာပစ္စည်းလေးတွေ ပေးတာမျိုးက စပြီး ဒီစံနဲ့ ကြည့်ရတော့မှာပေါ့။

Voice : လုပ်ငန်းရှင်တွေနဲ့ မဟုတ်ဘဲ အစိုးရယန္တရားအတွင်းမှာရှိတဲ့ ဌာနဆိုင်ရာအဆင့်ဆင့်သော ၀န်ထမ်းတွေရဲ့ အကြားမှာတော့ သတ်မှတ်မှုက ဘယ်လိုရှိပါမလဲ။

UYH : အဲဒါကို ဒီညွှန်ကြားချက် စာထဲမှာတော့ မပါဘူး။ ဒါပေမယ့် လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်တဲ့ဥပဒေအရ ဆိုရင် ပစ္စည်းတန်ဖိုးနဲ့ သတ်မှတ်တာမဟုတ်ဘဲ လုပ်ရပ်နဲ့ သတ်မှတ်တာဖြစ်တဲ့ အတွက် တစ်ပြားမှမယူဘဲ လုပ်ပေး လည်း ဘက်လိုက်ရာကျရင် အရေးယူခံရမှာပဲ။

အားလုံးနဲ့ဆိုင်တာကတော့ ဥပဒေနဲ့ဆိုင်သွားမယ်၊ ကျွန်တော်တို့ ပြောနေတာက ကျင့်ဝတ်အလို့ငှာ လိုက်နာဖို့ ဖြစ်တယ်။ ဒါလုပ်လိုက်တာသည် အစိုးရအနေနဲ့ ဥပဒေကြောင်းအရတင် မဟုတ်ဘဲ ကျင့်ဝတ်ပိုင်းဆိုင်ရာအရပါ မူဝါဒချမှတ်တဲ့သူတွေအနေနဲ့ လိုက်နာသင့်တယ်ဆိုတာ ပြတဲ့အတွက် ပိုပြီး တော့ သန့်ရှင်းသောအစိုးရဖြစ်ရေး၊ ကောင်းမွန်သော အုပ်ချုပ်မှုစနစ် ပေါ်ထွန်းရေးမှာ အထောက်အကူ ဖြစ်မယ်လို့ ယုံကြည်ပါတယ်။

ဒါကြိုဆိုရမယ့်ကိစ္စပါ။ အမနာပ ပြောပြီး ဝေဖန်ရမယ့်ကိစ္စမျိုး မဟုတ်ပါဘူး။

(နော်ကိုကို)

၂၄-၃- ၂၀၁၄ ရက်နေ့ထုတ် The Voice Weekly ဂျာနယ် နှင့် တွေ့ဆုံမေးမြန်းမှု

မိကျောင်းကန် မြေသိမ်းခံရသူများက စုံစမ်းရေးကော်မရှင်ဖွဲ့ရန် တောင်းဆို



သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန် အပိုင်း ၁၊၂၊ ၃ မှ မြေသိမ်းခံရသူများဟုဆိုသူများက တတိယ အကြိမ် သပိတ်စခန်းကို ရန်ကုန်တိုင်းတရား လွတ်တော် ရုံးရှေ့ မဟာဗန္ဓုလပန်းခြံဘေးတွင် မတ်လ ၂၄ ရက် နံနက်က လူအင်အား ၂၀၀ ခန့် ဖြင့် ဖွင့်လှစ်လိုက်ပြီး စုံစမ်းရေးကော်မရှင် ဖွဲ့ရန် လည်း တောင်းဆိုလိုက်ကြသည်။


မိကျောင်းကန် သပိတ်စခန်းဖွင့်လှစ်သူ ခေါင်းဆောင် ဦးစိန်သန်းက “တပ်မတော်က မြေကို ပြန်လည်စွန့်လွတ်မှသာလျှင် ဒီသပိတ်စခန်းကို ရုတ်သိမ်းမှာပါ။ ဘယ်သူမှားလဲဆိုတာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့လိုက်ရင် မျှတမယ်လို့ထင်တယ်။ ဒီကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော် တို့ လိုက်နာနိုင်မယ်” ဟုပြောသည်။

မိကျောင်းကန် အပိုင်း ၁၊၂၊၃ ပြည်သူများ၏ တောင်းဆိုချက်များမှာ ဆန္ဒပြနေစဉ် ဘုရားဝင်းအတွင်း ဝင်ရောက်ခဲ့သည့် ဆန္ဒပြသူများကို တပ်စည်ပင်မှ ပုဒ်မ ၄၄၇၊ ပုဒ်မ(၁၈၆)များဖြင့် အမှုဖွင့်ထားခြင်းကို ပြန်လည်ရုတ်သိမ်းပေးရန်နှင့် အပြောင်းအရွှေ့ ပြုလုပ်စဉ်က နစ်နာခဲ့သူများအရေးကို လွှတ်တော်တွင် အရေးကြီးအဆို တင်သွင်းပေးရန်တို့ ပါဝင်သည်။

အထက်ပါတောင်းဆိုချက်များကို ညှိနှိုင်းပြီး တပ်သိမ်းမြေများ ပေးပါမည်ဟု တပ်မတော်က ကတိပြုမှာသာ သပိတ်စခန်းမှ ထွက်ခွာမည်ဖြစ်ပြီ အစိုးရအဖွဲ့က မဖြေရှင်းပါက ယင်းသပိတ်စခန်းတွင် မြေပြန်လည်မအပ်မချင်း မိကျောင်းကန်ပြည်သူများက တောင်းဆိုသွားမည်ဟု ဆိုသည်။

“လွတ်တော်မှာ အရေးကြီး အဆိုတင်သွင်းပေးမယ် အထူးအစီအစဉ်နဲ့ဆိုပြီး ပြည်သူလွတ်တော် ကိုယ်စား လှယ် ဦးအောင်သိန်းလင်းနဲ့ ဦးခိုင်မောင်ရည်က နှုတ်ကတိတွေ ပေးထားပြီးပြီ။ အခုချိန်ထိ ထင်သာမြင်သာ မပြနိုင်ဘူး။ သူတို့ပြောထားတဲ့အတိုင်း အရေးကြီး အဆိုမတင်သွင်းနိုင်ဘူး” ဟု ဦးစိန်သန်းက ပြောသည်။

မိကျောင်းကန် မြေသိမ်းပြဿနာအား လယ်ယာမြေစုံစမ်းရေးကော်မရှင်က ဖြေရှင်းပေးမည်ဟု အဖွဲ့ဝင် ဦးအောင်သိန်းလင်း လက်မှတ် ရရှိသဖြင့် သပိတ်စခန်းကို ဒီဇင်ဘာ ၁၂ ရက် နေ့လည်က ပိတ်သိမ်း ခဲ့သည်။

မြေသိမ်းခံပြည်သူများ၏ နစ်နာမှုများကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် အစိုးရထံ စုံစမ်းရေးကော်မရှင်က တင်ပြပေးမည်ဟု ဆိုသဖြင့် မိကျောင်းကန် သပိတ်စခန်းဖွင့်သည့် ၁၇ ရက်မြောက်နေ့တွင် ဆန္ဒပြခြင်းကို ၃ လတာ ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။

မိကျောင်းကန် မြေသိမ်းခံရသူဟုဆိုသူများသည် ဆန္ဒဖော်ထုတ်မှု ခုနှစ်ကြိမ်နှင့် သပိတ်စခန်း နှစ်ကြိမ် ဖွင့်လှစ်ခဲ့သည်။ မိကျောင်းကန် ၁၊၂၊ ၃ ရပ်ကွက် မြေသိမ်းဆည်းခံခြင်းခံရမှုကြောင့် နစ်နာသူ ၁၀၂၀ ဦးကို ကော်မရှင်ကို တင်ပြထားသည်။

Mizzima

မြန်မာနိုင်ငံကို ကားတင်သွင်းရာမှာ ပေးဆောင်ရမယ့် ကညန အခွန်တွေကို သိသိသာသာ လျှော့ပေးတော့မှာ ဖြစ်ပါတယ်

နိုင်ငံခြားကနေ ကားတစ်စီး သွင်းလာရင် ကာစတမ် ဂျူတီနဲ့ ကညန အခွန် ဆိုပြီး ၂ မျိုး ပေးရတာ ဖြစ်ပြီး အခု ကညန အခွန်တွေ သက်သာခွင့် ပေးမယ်လို့ ဆိုပါတယ်။


တချို့ ကားတွေကို သတ်မှတ်အုပ်စု ပြောင်းပေးလိုက်လို့ ၉၅ ရာနှုန်းအထိ အခွန် သက်သာသွားမယ်လို့ ပြောပါတယ်။ အရင်က အိမ်စီးကား စာရင်းမှာ ထည့်ထားတဲ့အတွက် ကညန အခွန်ကို ၁ဝဝ ရာခိုင်နှုန်း အပြည့် ပေးခဲ့ရတဲ့ လူ ၁၁ ယောက်နဲ့အထက် ဘတ်စ်ကား အငယ်လေးတွေ ဆိုရင် အုပ်စုပြောင်း သတ်မှတ်တာ ခံရလို့ ကညန အခွန် ၉၅% အထိ သက်သာ သွားမှာ ဖြစ်ပါတယ်။ ဘတ်စ်ကား ဆိုရင် ၅% ပဲ ပေးရတဲ့တွက် အုပ်စုပြောင်း သတ်မှတ်တာ ခံရတဲ့ မီနီဘတ်စ်လေးတွေ ၉၅ % သက်သာခွင့် ရသွားတာ ဖြစ်ပါတယ်။ လမ်းအကြမ်းတွေမှာ သုံးတဲ့ ဖိုးဝီးဒရိုက်တို့လို ကားမျိုး၊ နယ်စွန်နယ်ဖျားမှာ အကြမ်းသုံးမယ့် ကုန်တင်ကား တို့လို ကားမျိုးတွေလည်း ကညနအခွန် သက်သာခွင့်ရမှာ ဖြစ်ပါတယ်။

အိမ်စီးကားတွေကိုတော့ အင်ဂျင်စက်အား အကြီးအသေးပေါ် မူတည်ပြီး ကညနအခွန် လျှော့ပေးမယ်လို့ ဆိုပါတယ်။ တချို့ဆိုရင် ၆ဝ ရာခိုင်နှုန်းအထိ သက်သာခွင့် ရသွားနိုင်ပါတယ်။ အသေးစိတ်ကိုတော့ အခုရက်ပိုင်းမှာ ကြေညာချက် ထုတ်ပြန်မှာ ဖြစ်ပါတယ်။

အခုလို ကညန အကောက်ခွန် ဖြေလျှော့ပေးတာဟာ သယ်ယူပို့ဆောင်ရေးမှာ အသုံးပြုတဲ့ ကားအမျိုး အစားတွေကို အဓိကထား ဖြေလျှော့ပြီး ဝင်ငွေနည်းသူတွေလည်း ကားဝယ်သုံးနိုင်အောင် ရည်ရွယ်တယ်လို့ ရထားပို့ဆောင်ရေး ဝန်ကြီးဌာနက အဆင့်မြင့်အရာရှိ တစ်ဦးက ရှင်းပြပါတယ်။

ကားတင်သွင်းတဲ့ အခွန်တွေ လျှော့ပေးရင်တော့ မီနီဘတ်စ် အသေးစားလေးတွေကို ပိုသွင်းလာနိုင်တယ်လို့ ရန်ကုန်မြို့က ကားရောင်းဝယ်ရေးမှာ ကျွမ်းကျင်သူ ဦးခင်ဝင်းက ခန့်မှန်းပါတယ်။ ဒီလို ကညနအခွန် သိသိသာသာ လျှော့ပေါ့သွားပေမယ့် အကောက်ခွန် ကာစတမ်ဂျူတီ ခွန်ကတော့ ဘယ်လောက် လျှော့မလဲ ဆိုတာ လောလောဆယ် မသိရသေးပါဘူး။ ဒါပေမယ့်၂၀၁၅ ခုနှစ် အာဆီယံ အသိုက် အဝန်း အခွန်ကင်းလွတ်ခွင့်က နောက်နှစ်မှာ စတင်မှာဖြစ်လို့ ကာစတမ် ဂျူတီခွန်တွေလည်း လျှော့လာဖို့ရှိတယ်လို့ ရထားပို့ဆောင်ရေး ဝန်ကြီးဌာနရဲ့ အဆင့်မြင့်အရာရှိက ပြောပါတယ်။

BBC Burmese

နယ်စပ်ခြံစည်းရိုးတွေ ကျိုးပေါက်မယ့်အရေး ပေါ့ပေါ့မတွေးနဲ့

ဗေဒါနှင့်ရွှေကြာ ဆွေးနွေးခန်း

ဗေဒါ ။ ။ယူကရိန်းရဲ့ ခရိုင်းမီးယားအရေးပြီးတော့ ကျွန်တော်တို့နိုင်ငံမှာလည်း အခုတလော “၀” နယ် အရေးကို စိုးရိမ်စိတ် နဲ့ ရေးသားလာကြတယ်။ ဒါပေမဲ့ မတ်လ ၂၂ ရက်ထုတ် ဒီမိုကရေစီတူဒေး သတင်း စာမှာ စစ်တွေနဲ့မောင်တောဒေသတွေမှာ ခရိုင်းမီးယားလို ဆန္ဒခံယူပွဲလုပ်ပြီး ဘင်္ဂလားဒေ့ရှ်က စစ်တ ကောင်းနဲ့ ပူးပေါင်းသင့်တယ်ဆိုပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် aka Tribune သတင်းစာမှာ ရေးသားထား တာကို ထပ်ဆင့် ဖော်ပြထားတာဖတ်ရလို့ တော်တော်ကိုအံ့သြဖို့ ကောင်းတယ်ဗျ။


ရွှေကြာ ။ ။ဟုတ်လား ...ဒီလိုဆိုရင်တော့ ဒါမျိုးက ရခိုင်ဒေသမှာ လက်ရှိဖြစ်နေတဲ့ အနေအထားတွေကို အခြေအနေ ပိုဆိုးအောင် ထပ်ဆင့်သွေးထိုး လှုံ့ဆော်လိုက်တာပဲလို့ ထင်တယ်။ ဆိုစမ်းပါဦး ...ဘာတွေ ဆက်ရေးထားသေးသလဲ။

ဗေဒါ ။ ။သတင်းစာဆရာ ဇီးဟန်း ခန်ဆိုသူက “ရခိုင်ပြည်နယ်မှာ ဆန္ဒခံယူပွဲလား” (A Referendum in Rakhine State)လို့ ခေါင်းစဉ်တပ်ပြီး ရေးထားတာပါ။ အကျဉ်းချုံး ပြောရရင်တော့ ရခိုင်ပြည်နယ်မှာ နေ ထိုင်သူတွေရဲ့ ၄၂ ရာခိုင်နှုန်းဟာ ဘင်္ဂါလီစကား ပြောနေကြတယ်။ စစ်တွေနဲ့မောင်တောမှာ ၉၅ရာခိုင်နှုန်း ရှိတယ်။ စစ်တွေနဲ့မောင်တောမှာ ခရိုင်းမီးယားလို ပြည်သူ့ဆန္ဒခံယူပြီး ရခိုင်ပြည်နယ်အစား ဘင်္ဂလားဒေ့ရှ် နိုင်ငံက စစ်တကောင်းပြည်နယ်အောက်ကို အဲဒီဒေသတွေ ပူးပေါင်းသင့်တယ်ဆိုပြီး ရေးထားတာပါ။

ရွှေကြာ ။ ။ဒီလိုတော့ ဘယ်ရမလဲဗျာ။ “ညောင်ဦးကမ်းပါးပြို၊ စမ္ပာနဂိုရ်က နွားမ ပေါင်ကျိုး” ဆိုသလိုပဲ။ ဘာမှ မဆိုင်ပါဘူး။ ခရိုင်းမီးယားပြဿနာနဲ့ ရခိုင်ဒေသပဋိပက္ခကို ဒီလိုအတင်းအကြပ်ကြီး ဆွဲစေ့လို့တော့ ဘယ်ရမလဲဗျ။ ခရိုင်းမီးယားရဲ့ သမိုင်းနောက်ခံနဲ့ ရခိုင်ဒေသနောက်ခံ အခြေအနေကလည်း လုံးဝကွဲပြား နေတာပဲလေ။ ဒီလို ပြောမယ်ဆိုရင် စစ်တကောင်းဒေသဟာ မြန်မာဘုရင်တွေ လက်ထက်ကဆိုရင် မြန် မာပိုင်နက်ထဲမှာတောင် ရှိခဲ့တာပဲဗျ။

ဗေဒါ ။ ။သမိုင်းအရ ပြောကြစတမ်း ဆိုရင်လည်း ၁၈၂၄ အင်္ဂလိပ်-မြန်မာ စစ်ပွဲမှာစစ်ရှုံးလို့ ရခိုင်ဒေသ ကိုနယ်ချဲ့အင်္ဂလိပ်ဆီ ပေးလိုက်ရပြီးနောက်ပိုင်းကျမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံက ဘင်္ဂါလီတွေ ရခိုင်ဒေသကို တဖြည်းဖြည်းနဲ့ စိမ့်ဝင်လာတာပါ။ ဒီတော့ အခုချိန်ကျမှ ခရိုင်းမီးယားအရေးကို ပုံတူကူးချပြီး ဒီလိုသွေးထိုး လှုံ့ဆော် ရေးသားမှုမျိုးကတော့ မီဒီယာကျင့်ဝတ်နဲ့လည်းမညီ၊ အိမ်နီးချင်းနှစ်နိုင်ငံအကြားမှာလည်း မျက်နှာ ပျက်စရာ ဖြစ်တယ်လေ။

ရွှေကြာ ။ ။အေးဗျာ ...။ ဒီလိုပုံစံမျိုးနဲ့ဆိုရင်တော့ အနောက်ဖက် ခြံစည်းရိုးကတော့ ခါတိုင်းထက်ပိုပြီး လုံ ခြုံမှုသတိရှိဖို့ လိုလာပြီပေါ့ဗျာ။ လောလောဆယ် အနေအထားတောင်မှ ဘင်္ဂါလီရွာအချို့မှာ ကိုယ့်အိမ် ကိုယ် မီးရှို့မှုတွေ၊ လုယက်တိုက်ခိုက်မှုတွေ၊ သန်းခေါင်စာရင်း ကောက်ယူရေးကို မကြေလည်လို့ ဆန္ဒပြ မှုတွေစတဲ့ ...နှစ်ဖက်အကြား အပွန်းအပဲ့မခံတဲ့ကိစ္စတွေ ဆက်တိုက် ဖြစ်နေတော့ ဒီလို လှုံ့ဆော်မှုမျိုး ကြောင့် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲကိစ္စကိုလည်း သတိထားဖို့လိုတယ်။ ဒါနဲ့ လက်ရှိ အနောက်ဖက် နယ်စပ်လုံခြုံရေးက ဘယ်လို အခြေအနေရှိသလဲ။

ဗေဒါ ။ ။နစက (နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှုဌာနချုပ်)ကို ဖျက်သိမ်းစတုန်းကတော့ ရခိုင်ပြည်နယ်ဒေသခံတွေ စိုးရိမ်မှုတွေ မြင့်တက်ခဲ့ကြတာကတော့ အမှန်ပဲဗျ။ ဒါပေမဲ့ အခုနောက်ပိုင်း ကျတော့ ရဲတပ်ရင်းတွေ ထပ်ပြီးတိုးချဲ့တာ၊ (မကဖ)လို့ခေါ်တဲ့ နိုင်ငံခြားသားများ တရားမ၀င် ၀င်ရောက် ခြင်းမှ ကာကွယ်တားဆီးရေးအဖွဲ့နဲ့ပေါင်း လူဝင်လူထွက်ကို အရင်ကထက် ပိုပြီး ဖိဖိစီးစီး လုပ်နေတာ။ နယ်စပ်တလျှောက် လုံခြုံရေးကင်းစခန်း ၃၆ ခုရှိပြီး နောက်ထပ်လည်း ၁၅ ခု ထပ်ဆောက် နေတာတွေ ကြောင့် အရင်ကထက်စာရင် သိပ်ပြီး စိုးရိမ်စရာတော့ မရှိပါဘူး။ ဒါပေမဲ့ သတိဆိုတာက ပို တယ်လို့ မရှိ ဘူးပေါ့ဗျာ။

ရွှေကြာ ။ ။အခုတလော အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေအပေါ်မှာ ၂၀၁၂ တုန်းက ဘင်္ဂလား ဒေ့ရှ်နယ်စပ်မှာ ခြံစည်းရိုးကာရင်း RSO လို့ခေါ်တဲ့ အဖွဲ့ရဲ့ ဖမ်းဆီးတာကိုခံလိုက်ရတဲ့ တပ်မတော်သား တစ်ယောက်နဲ့ အရပ်ဖက် ၀န်ထမ်းနှစ်ယောကရဲ့ပုံတွေကို ဖော်ပြထားသေးတယ်။

ဗေဒါ ။ ။အခုချိန်ကျမှ ဒီလို ဖော်ပြတယ်ဆိုတာမျိုးက စဉ်းစားစရာပဲဗျ။ သတင်းတွေရဲ့ ရေးသားဖော်ပြ ချက်အရဆိုရင် အဖမ်းခံလိုက်ရတဲ့ သုံးယောက်စလုံး သေဆုံးသွားပြီလို့ ကောက်ချက် ချထားကြတယ် လေ။ ဒါကြောင့်လည်း ရခိုင်ဒေသမှာ အခြားဒေသတွေနဲ့စာရင် မောင်တောဒေသခံတွေက စိုးရိမ်မှု ပိုကြီး တယ်ဗျ။ သူတို့ဒေသက တစ်ဖက်နိုင်ငံနဲ့လည်း အရမ်းနီးကပ်နေတာကိုး။ မောင်တောမှာ အစိုးရလက်နက် ကိုင် တပ်ဖွဲ့မျိုးစုံရှိတာတောင် နယ်စပ်ရွာတွေမှာ ဓားပြမှုတွေ၊ ပြန်ပေးမှုတွေ၊ ဘင်္ဂါလီတွေ ခိုးဝင်ခိုးထွက် လုပ်တာတွေ အများကြီး ရှိနေသေးတယ်လေ။ နှစ်နိုင်ငံ နယ်စပ်ခြံစည်းရိုး ကာထားတယ် ဆိုပေမဲ့လည်း လက်ချင်းယှက်ပြီး ကာကွယ်ထားနိုင်တာမျိုး မဟုတ်တော့ ရာနှုန်းပြည့် ကာကွယ်နိုင်ဖို့ဆိုတာ မလွယ်ဘူး လို့ ထင်တယ်။

ရွှေကြာ ။ ။တကယ်တမ်း စိုးရိမ်စရာကောင်းတာက နယ်စပ်ဒေသတွေ အကုန်လုံးပဲဗျ။ ဒီနှစ်ဆန်းက လူ မျိုးခြားတွေ နယ်စပ်ဖြတ်ပြီး ကျွန်တော်တို့နိုင်ငံထဲ တရားမ၀င်၊ ၀င်ရောက်နေတာနဲ့ ပတ်သက်ပြီး ပြည် ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ် တစ်ယောက်ကမေးတော့ (လ၀က) ဒုတိယ၀န်ကြီးက (မကဖ) ၂၃ ဖွဲ့ဖွဲ့ပြီး ဆောင်ရွက်နေတယ်လို့ ဖြေသွားတယ်။ ဒီလိုပြောနေရင်းနဲ့ အရှေ့၊ အနောက်နယ်စပ် နှစ်ခု စလုံးကနေပြီး လူမျိုးခြားတွေ ဒလဟော ၀င်နေကြတာပဲလေဗျာ။ အရှေ့မြောက်ဒေသနဲ့ မန္တလေးလိုနေရာ မျိုးမှာဆိုရင် ပေါက်ဖော်တွေကဘဲ တဖြည်းဖြည်း လွှမ်းမိုးလာနေတာ ခင်ဗျားလည်း သိတဲ့အတိုင်းပဲ။ ရွှေ တွင်းတွေမှာဆိုရင်လည်း တရားမ၀င် တရုတ်နိုင်ငံသားတွေ မကြာခဏ ဖမ်းမိနေတာပဲ။ တချို့ မျက်နှာစိမ်း တွေများဆိုရင် ဗမာစကားကို ပြောမတတ်သာ နေရမယ်။ နိုင်ငံသားစိစစ်ရေးကတ်ကိုတော့ မသမာတဲ့ နည်းမျိုးစုံနဲ့ ခပ်တည်တည် ကိုင်ထားကြသေးတာဗျ။

ရွှေကြာ ။ ။ဒါကလည်း ကျွန်တော်တို့ နိုင်ငံမှာ လှိုက်စားနေတဲ့ အကျင့်ပျက် လာဘ်စားမှုကြီးရဲ့ ပြယုဒ်လို့ ပဲ ပြောရမှာပေါ့ဗျာ။

“မြေမျိုလို့ လူမျိုးမပြုတ်၊လူမျိုမှ လူမျိုးပြုတ်မည်” ဆိုတဲ့ဆောင်ပုဒ်က ကြားရတဲ့လူတိုင်း နားထောင်လို့တော့ အကောင်းသားဗျ။ ဒါပေမဲ့ လက်တွေ့မှာ ဌာနဆိုင်ရာ ၀န်ထမ်းတချို့ ကိုယ့်အတ္တ တစ်ခုတည်း ကြည့်ပြီး အကျင့်ပျက်လာဘ်စားမှု လုပ်နေကြတာ တွေ့ရတော့ “လူမျိုလို့ လူမျိုးမပြုတ်၊ ငွေမျို ရင် လူမျိုးပါ ပြုတ်မည်” လို့ ပြောရမလိုတောင် ဖြစ်နေပြီ။ ခြုံပြောရရင်တော့ဗျာ ... လူ ဦးရေအရ ကျွန်တော်တို့နိုင်ငံထက် အဆ ပေါင်းများတဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ နယ်စပ်ခြံစည်းရိုးတွေ ကျိုးပေါက်နိုင်တဲ့ အရေးမှာ လက်နက်ကိုင်တပ် ဖွဲ့တွေရဲ့ တာဝန်လို့ ပုံမချဘဲ လူဝင်လူထွက်ကို ကြီးကြပ်တဲ့ ဌာနဆိုင်ရာတွေအနေနဲ့လည်း လာဘ်ပေး လာဘ်ယူမှုနဲ့ကင်းရှင်းဖို့ လိုတယ်လို့ ယူဆပါတယ်ဗျာ။

မောင်ဒိုး (ကံပေါက်)

From:OE

ဒေါ်စုနဲ့အပေါင်းအပါ ခေါင်းပါတယ်ဆို ဖြေ



"အာရုံဦးမှာ ဖူးသည့်ကြာ" ဇတ်ကားကို သမိုင်းမှား ပါတယ်ဆိုပြီး ကန့်ကွက်ခဲ့ကြတဲ့ လူတွေက "The Lady" ဇတ်ကား က သမိုင်းအမှားတွေကိုတော့ ဘာကြောင့် မသိချင်ဟန်ဆောင်နေကြတာလဲ??

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးကို ပြောင်းလဲနေပြီလို့ နိုင်ငံတကာက ချီးကျူး ပြောနေချိန်မှာ ဇာဂနာ နဲ့ တခြားအတိုက်အခံတွေက ဘာမှ မပြောင်း လဲသေးဘူးလို့ ဖင်ပိတ်ငြင်းနေတာ ဘာကြောင့်လဲ??


အခုလွှတ်၊ ချက်ချင်းလွှတ် အော်နေတဲ့ ၈၈ မျိုးဆက်တွေနဲ့ နိုင်ငံရေးအကျဉ်းသားဆိုတဲ့လူတွေ လွှတ်လိုက်တော့ ဘာလုပ်နေကြလဲ??

အတိုက်အခံတို့ အလွန်အင်မတန် အားကိုး လှ တဲ့ ၈၈ မျိုးဆက် ဆိုတဲ့လူတွေကို ရှေ့ဘာဆက်လုပ်မလဲ မေးတိုင်း အဖြေတွေက ခိုင်ခိုင်မာမာ ထွက်မလာပဲ နောက်ကြောင်းတွေပဲ လျှောက်ပြောနေတာ ဘာကြောင့်လဲ??

မြန်မာနိုင်ငံအပေါ်မှာ စီးပွားပိတ်ဆို့တာ ရပ်ဆိုင်းဖို့ နိုင်ငံခြားသားတွေက ပြောဆိုထောက်ပြနေချိန်မှာ မြန်မာနိုင်ငံသား စစ်စစ် တွေက စီးပွားပိတ်ဆို့မှုကို ရပ်ဆိုင်းဖို့ မပြောတဲ့အပြင် စီးပွားပိတ်ဆို့တဲ့ နိုင်ငံတွေဖက်ကို ကာကွယ် ပြီးပြောနေကြတာ ဘာကြောင့်လဲ??

ဒေါ်အောင်ဆန်းစုကြည်ကို လူထုတစ်ရပ်လုံးက ထောက်ခံတယ်လို့ အော်နေကြပြီး ဘာကြောင့် ကန့်ကွက်တဲ့လူက ရှိနေရတလဲ?? လူထုတစ်ရပ်လုံးထောက်ခံတယ်ဆိုတာက ဝါဒ ဖြန့်တာ သက်သက်လား??

NLD က မှတ်ပုံတင်ပြီး ရွေးကောက်ပွဲ ဝင်ဖို့ ဒေါ်စုကို စောင့်ခဲ့တာလား။ ဒေါ်စု မရှိရင် မှတ်ပုံတောင် မတင်တတ်တော့ဘူးလား??

NLD ရုံး မှာ ဗိုလ်ချုပ်အောင်ဆန်းပုံတွေ အများကြီး ရှိနေတာ ဘာကြောင့်လဲ၊ ဗိုလ်ချုပ်နဲ့ NLD က ဘာဆိုင်လို့လဲ??

NLD စည်းရုံးရေး လုပ်ချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းပုံတွေထုတ်သုံးရတာလဲ? ဗိုလ်ချုပ်အောင်ဆန်း မသေခင်က NLD ဆိုတာ ရှိခဲ့ဖူးသလား??

အသက် ၂၁ ကျော်ရင် မိဘနဲ့ သားသမီး မဆိုင်တော့ဘူးလို့ ဒေါ်စု က ပြောတယ် ။ ဒါဆို ဒေါ်စု နဲ့ ဗိုလ်ချုပ် အောင်ဆန်း ဘာမှ မသက်ဆိုင်တော့ပါလို့ ပြတ်ပြတ်သားသား ငြင်းရဲလား ????

အမျိုးသား ရင်ကြားစေ့ဖို့ နေနေသာ သာ မောင်နှမ ချင်းတောင် မတည့်တာဟာ ဘာကြောင့်လဲ ။ အမျိုးသား ရင်ကြားစေ့ ဖို့ အခု မေ့နေပြီလား ၊ ဒါမှ မဟုတ် အတိတ်မေ့ ရောဂါ ရနေတာလား???

ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောရင် ပြောပြီးသားတွေပဲ ထပ်ထပ်ပြောနေတာ ဘာကြောင့်လဲ သူ တစ်ခါ ပြောရင် ပြည်သူတွေနားမဝင်လို့လား??

NLD က လွှတ်တော် ကိုယ်စားလှယ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်၊ ဇေယျာသော်နဲ့ ဖြူဖြူသင်းကို ပဲ သတင်းလုပ်နေတာ ဘာကြောင့်လဲ။ ဇေယျာသော်နဲ့ ဖြူဖြူသင်း က ဘယ်လို နိုင်ငံရေး အသိပညာ အရည်အချင်းတွေ ရှိလို့ ထောက်ခံခိုင်းနေကြတာလဲ??

ဒေါ်အောင်ဆန်းစုကြည် ဦးစီးတဲ့ ဒုတိယ ပင်လုံဆိုတာ ကြီးကရော အခု ဘယ်ချောင် ရောက်သွားပြီလဲ??

ဒေါ်အောင်ဆန်းစုကြည် လွတ်လာရင်ပဲ မြန်မာနိုင်ငံကြီးက နက်ရေကန်ထဲ ပစ်ချသလို ချက်ချင်းပြောင်းလဲ မလိုလို အော်နေကြသူတွေအနေနဲ့ အခု ဘာမှ မထူးတာကို ဘာကြောင့် မသိချင်ဟန်ဆောင်နေ ကြတာလဲ??

ပြည်ပက လူတွေကိုလည်း စည်းလုံးအောင်မပြောနိုင်၊ ပြည်တွင်းငြိမ်းချမ်းရေးလည်းမလုပ်နိုင်၊ မောင်နှမ ချင်းတောင် ရန်ဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်က ဘယ်လိုလုပ်ပြီး ငြိမ်းချမ်းရေး နိုဘယ်ဆု ရသွားရတာလဲ??

အနုပညာရှင်ချင်းအတူတူ NLD ကိုထောက်ခံတဲ့ အနုပညာရှင်ကိုတော့ စွယ်စုံရ အနုပညာရှင်လို့ ခေါ်ပြီး၊ မထောက်ခံတဲ့ သားစိုး ကိုတော့ နတ်ကတော် လို့ ဘာကြောင့်ခေါ်ရတာလဲ??

ဦးတေဇတို့၊ ဦးခင်ရွှေ တို့ရဲ့ ချမ်းသာမှုကို ပိုက်ဆံတွေ ဘယ်ကရလဲ မေးခွန်းထုတ်နေကြတဲ့သူတွေက ဒေါ်မာလာဝင်းက အကျီတစ်ထည်ကို ၁၂၅ သိန်းနဲ့ ဝယ်ချိန်မှာ ပိုက်ဆံတွေ ဘယ်ကရလဲ လို့ မမေးကြတာ ဘာကြောင့်လဲ??

နူကလီးယား လက်နက်များအပါအဝင် တစ်ချက်တည်းနှင့် လူသန်းပေါင်းများစွာကို သေစေနိုင်တဲ့ လက်နက်များထုတ်လုပ်နေသော အမေရိကန်နိုင်ငံကို မြေမြုပ်မိုင်းလေးတွေ လုပ်တာ တားမြစ်ဖို့ ဒေါ်စုကြည် က ဘာကြောင့် တိုက်တွန်းခိုင်းရတာလဲ???

အစိုးရဟာ ပြည်သူတွေကို မကြည့်ဘူး၊ ရက်စက်တယ်လို့ အော်ကြပြီး တဖက်မှာ တစ်နိုင်ငံလုံး ပြည်သူတွေကို ထိခိုက်စေမဲ့ စီးပွားရေးပိတ်ဆို့မှုကို ဘာမှမကြည့်ပဲကို အားရ၀မ်းသာ ထောက်ခံ ကြိုဆိုမှုတွေ၊ တိုက်တွန်းမှုတွေကို ရက်ရက်စက်စက် လုပ်နေကြတာ ဘာကြောင့်ပါလဲ???

ဒေါ်စုဟာ မြန်မာနိုင်ငံရဲ့ သမ္မတတစ်ယောက်ဖြစ်ချင်သူ ဖြစ်ပါလျှက် ဘာကြောင့်ပြည်တွင်က ဒုက္ခရောက်နေတဲ့ပြည်သူပြည်သားတွေရဲ့ ဒုက္ခကို စိတ်ဝင်တစားမရှိပဲ ပြည်ပနိုင်ငံတွေကို အမြဲလိုလို ထွက်နေတာ ဘာကြောင့်လဲ??

အွန်လိုင်း၊ ဘလော့နဲ့ facebook တွေပေါ်မှာ မေမေစု၊ မေမေစုဆိုပြီး တအားချစ်ပြနေကြသူတွေ၊ အကျယ်ချုပ်ကျတုန်းက ကိုယ်ချင်းစာသနားနေကြသူတွေက ခု လို လွတ်လပ်သွားချိန်မှာ ကိုယ်တိုင် သွားမတွေ့ကြပဲ အင်တာနက်ပေါ်ကပဲ ဓာတ်ပုံကြည့် စုတောင်းပေးနေကြတာ ဘာကြောင့်ပါလဲ???

စာတစ်ကြောင်း ၄င်း ဆယ်ခါပါဆိုသလိုလိုရင်ကိုရောက်ကို မရောက်နိုင်ဘူး..ခင်ဗျာ တို့စကားတွေက အပ်ကြောင်းထပ်နေတဲ့ဓာတ်ပြားဟောင်ကြီးကို ဖွင့်နေရသလို့ပဲရှေ့ကိုမရောက်တော့ဘူး...!!

From: .လေးစားရသူ သိုးဆောင် လူငယ်

ညောင်နန်းသာ ရွာသားများကို ပါးရိုက် နှိပ်စက်နေသည့် လက်နက်ကိုင် NLD အဖွဲ့ဝင် (၃) ဦးအား KNU / KNLA မှ ဖမ်းဆီးထား



ကရင်ပြည်နယ် ၊ မြ၀တီမြို့နယ် ၊ ရှေ့ရှမ်းကျေးရွာ ၊ ညောင်နန်းသာကျေးရွာ၌ KNU/KNLA ငြိမ်းချမ်းရေး ကောင်းစီအမည်ခံ လက်နက်ကိုင် NLD ပါတီဝင် (၃) ဦးကို KNU/KNLA ငြိမ်းချမ်းရေးကောင်စီ တာဝန်ရှိသူများက (၁၀.၃.၂၀၁၄) ရက်နေ့တွင် ဖမ်းဆီးလိုက်ကြောင်း ငြိမ်းချမ်းရေး ကောင်စီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အတည်ပြု ပြောကြား သည်။


အဆိုပါ ကိစ္စကို စုံစမ်းမေးမြန်းရာတွင် အမျိုးဘာသာ သာသနာကို ထိခိုက်ခြင်းမှ စတင်လာခဲ့သည်ဟု သိရသည်။၎င်းကိစ္စကို အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့မြ၀တီမြို့နယ်အတွင်းရေးမှူး (၂) ဆရာတော် ဦးသောဘတ (ရွှေကျွန်း)ကို မေးမြန်း လျှောက်ထားရာတွင်

“ဘုန်းဘုန်းတို့ရဲ့မြို့ကနယ်စပ်မြို့ဖြစ်တဲ့အတွက် ဘုန်းဘုန်းတို့ရဲ့ ဘာသာ သာသနာအပေါ် အလေးထားပြီးစောင့်ရှောက်နေရတယ်။ ဒီကိစ္စကို အမျိုးဘုာသာ သာသနာ စောင့်ရှောက်ရေးအသင်း ဆရာတော်ကြီးများနဲ့ မြို့နယ်သံဃနာယက ဆရာတော်တွေဆီကို ညောင်နန်းသာကျေးရွာပြည်သူလူထုက လာလျှောက်ကြတယ်။ ရွာသားတွေကို KNU/KNLA အမည်ခံ လက်နက်ကိုင် NLDအဖွဲ့ဝင် (၃)ဦးက ပါးရိုက်နားရိုက်အမြဲတမ်း သေနတ်နဲ့ ခြိမ်းခြောက်နေတယ်။ ညောင်နန်းသာကျေးရွာက မဟာဂန္ဓ၀င်သုခ ဘုန်းကြီးကျောင်းက သံဃာတွေကိုမောင်းထုတ်ပြီး ဘုန်းကြီးကျောင်းကိုပါ ချိပ်ပိတ်ပစ်မယ်လုပ် နေတယ်။ သူတို့က လက်နက်တွေကိုင်ထားတယ်။သူတို့က KNU/KNLA ငြိမ်းချမ်းရေးကောင်စီကဆိုလို့ ငြိမ်းချမ်းရေးကောင်စီကို အကြောင်းကြားလိုက်တယ်။ ဒီကိစ္စအတွက် သူတို့တာဝန်ယူဖြေရှင်းပေး ပါ့မယ်လို့ ဗျူဟာမှူးတိုက်ဂါးက ပြောတဲ့ အတွက် အခု ငြိမ်းချမ်းရေးကောင်စီ က ဖမ်းပြီး စစ်ဆေးနေတယ်လို့ သိရတယ်”ဟု ဆရာတော်က မိန့်ကြားသည်။

ယင်းကိစ္စနှင့်ပတ်သတ်၍ လက်နက်ကိုင်၍သောင်းကျန်းနေသော NLD ပါတီဝင် (၃) ဦးကို ထိန်းသိမ်း ထားသည့် KNU/KNLA မှ ဗျူဟာမှူးကို မေးမြန်းရာ

”အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သင်္ကန်းညီနောင်အတွင်းရေးမှူး ဦးလှမောင် ၊ ပါတီဝင် ဦးရာဇာမင်း နဲ့ ဦးထားဝယ်တို့ဖြစ်ကြတယ်။ဆရာတော်တွေနဲ့ ညောင်နန်းသာ ကျေးရွာပြည်သူတွေက ကျွန်တော်တို့ကို အကူအညီ တောင်းတယ်။ နောက်တစ်ခုက KNU/KNLA ငြိမ်းချမ်းရေးကောင်စီနာမည်နဲ့ ဆိုတော့ မဖမ်းလို့ မဖြစ်လို့ ဖမ်းရတော့မယ်ဆိုပြီး ဖမ်းပါတယ်။လက်နက်တွေ မိပါတယ်။သူတို့ကို အခု နော်တယာမြို့တော်၊ ငြိမ်းချမ်းရေးကောင်စီ ဌာနချုပ်ဗဟိုတို့ ကော်ကိုးဒေသမှာ ထိန်းသိမ်းစစ်ဆေးပြီးရင် သက်ဆိုင်ရာ ဌာန တွေကို ပို့ဆောင်ပေးမှာပါ” ဟု ၎င်းက အတည်ပြုပြောကြားသွားသည်။

From:ME

အမေရိကန်သမ္မတ အိုးဘားမား အနမ်းခံရသောစာရင်းတွင် ဒေါ်အောင်းဆန်းစုကြည်ပါဝင်သော်လည်း ထိုင်းဝန်ကြီးချုပ် ယင်လပ် မပါဝင်



အမေရိကန်နဲ့ကမ္ဘာ့နိုင်ငံအသီးသီးရှိ အမျိုးသမီး ခေါင်း ဆောင်များ အနမ်းခံရကြောင်း သိရှိရသော်လည်း ထိုင်းဝန်ကြီးချုပ်ယင်လပ်မပါဝင်ကြောင်းသိရှိရ

လေ့လာသူအချို့ကမူ ထိုင်းဝန်ကြီးချုပ် ယင်လပ်မှာ အမျိုးဘာသာ သာသနာကို ဂုဏ်သိက္ခာ အရ ယဉ်ကျေးမှုကိုမဖောက်ပြန်ခဲ့ကြောင်းသိရှိရသည်။


အမှန်တွင်ထိုင်းနိုင်ငံသည် နိုင်ငံခြားယဉ်ကျေးမှု မြန်မာ နိုင်ငံထက်ပင် ပိုမိုထွန်းကားသော်လည်း ယင်လပ်၏ အပြူအမှုအနေအထိုင်ကို ကြည့်ကာ လူအများ အံအား သင့်ခဲ့ရကြောင်းသိရသည်။

အချို့သုံးသပ်သူ တချို့လည်း ဒေါ်အောင်းဆန်းစုကြည်သည် သူ၏ သက်တန်းထက်ဝက်ကျော် ခန့်နိုင်ငံရပ်ခြား တွင် အနေများသောကြောင့် ယခုအပြုအမှုများသည် သူ့အနေဖြင့် အထူးတလည် မဟုတ်ကြောင်းသိရှိရ။သို့သော်ဝေဖန်သူများက ထိုင်းဝန်ကြီးချုပ်ယင်လပ် သည် ဗုဒ္ဓဘာသာနိုင်ငံတွင် နေထိုင်သကဲ့သို့ ဒေါ်အောင်ဆန်းစုကြည် သည်လည်း မိဘနှစ်ပါးလုံးသည်ဗုဒ္ဓ ဘာသာ ဖြစ်သလို ကိုယ်တိုင်ကပင်ဗုဒ္ဓဘာသာ ဖြစ်ကာ အမျိုးဂုဏ်ကို စောင့်ထိန်းသင့်ကြောင်း

လူထုခေါင်းဆောင် လွတ်တော်အမတ်တယောက်အနေဖြင့် ယခုကဲ့သို့နေထိုင်ခြင်း သည် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံ၏ image ကိုပါထိခိုက်စေနိုင်ပါသည် ။

မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူတချို့က ဒေါ်အောင်ဆန်းစုကြည်၏ ထိုအပြုအမူများနဲ့ နိုင်ငံတကာတွင် နိုင်ငံအပေါ် အဆိုးမြင်ပြောဆိုမှုများသည် လာမည့် ၂၀၁၅ ရွေးကောင်ပွဲတွင် NLD ပါတီ၏ လူထုယုံကြည်မှုများလျော့နည်းလာနိုင်ကြောင်း သုံးသပ်ကျသည်။

From:အသင် လူသား

မီတာခတက်လိုက်ခြင်းက ပြည်သူကို ၀န်ထုပ်ဝန်ပိုးမဖြစ်စေဟု လျှပ်စစ်ဒု-၀န်ကြီး ကာကွယ်ပြောဆို

လာမည့် ဧပြီ ၁ ရက်မှစတင်ကာ မီတာခနှုန်းထားများ တိုးမြင့်ကောက်ခံမည်ဖြစ်ကြောင်း လွှတ်တော်က ဆုံးဖြတ်လိုက်ပြီးနောက် လွှတ်တော်ကိုယ်စားလှယ်တချို့သာမက ပြည်သူများကြား ဝေဖန်ပြောဆိုမှုများ ရှိနေသော်လည်း ယခုကဲ့သို့ မီတာခတိုးမြှင့်ကောက်ခံခြင်းကြောင့် ပြည်သူများ ၀န်ထုတ်ဝန်ပိုးရှိမည်မ ဟုတ်ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးအောင်သန်းဦးက မတ်၂၃ ရက်တွင် ပြောဆိုသည်။


တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင် ပြုလုပ်သည့် လျှပ်စစ်ဓာတ်အား တိုးမြှင့်ကောက်ခံရေးနှင့် ပတ်သက် သည့် တွေ့ဆုံရှင်းလင်းပွဲတွင် ဒု-၀န်ကြီးက အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။

“အခု ပြင်ဆင်သတ်မှတ်ထားတဲ့ နှုန်းထားတွေအားလုံးက ပြည်သူတွေကို ၀န်ထုတ်ဝန်ပိုး မဖြစ်စေပါဘူး” ဟု ဒုတိယ၀န်ကြီးဦးအောင်သန်းဦးက ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား လက်ရှိသုံးစွဲလျက်ရှိသည့် ၅၆ ဒဿမ ၆၃ ရာခိုင်နှုန်းကျော်သည် အိမ်သုံး မီတာ ယူနစ် ၁၀၀ ထိသာ သုံးစွဲနေသူများ ဖြစ်သည်ဟုဆိုကာ ၎င်းက သုံးသပ်ပြောဆိုလိုက်ခြင်း ဖြစ် သည်။

လျှပ်စစ်မီတာခများကို ယူနစ်အလိုက် အဆင့်ဆင့်တိုးမြှင့်ကောက်ခံမည့်အပေါ် မတ် ၁၈ ရက်တွင် လျှပ် စစ်စွမ်းအားဝန်ကြီးဌာနသာမက ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာနတို့နှင့် ပြည်ထောင်စုလွှတ်တော်မှ ဥပဒေကြမ်း ပူးပေါင်းကော်မတီ၊ ပြည်သူ့ ငွေစာ ရင်း ပူးပေါင်းကော်မတီ၊ စီမံကိန်းများနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီတို့အပြင် တက်ကြွစွာပါဝင် ဆွေးနွေးလိုသူ လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးတို့ အကြိတ်အနယ်ဆွေးနွေးခဲ့ပြီး မတ်လ ၁၉ ရက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် မီတာခတိုးမြှင့်ရေး လွှတ်တော်သဘောထားရယူကာ ဆုံး ဖြတ်လိုက်သည်။

ဥပဒေကြမ်းပူးပေါင်းကော်မတီ အတွင်းရေးမှူးဦးစောလှထွန်းက “လွှတ်တော်ကိုယ်စားလှယ်တွေဘက်က ဆွေးနွေးရာမှာ အချက်လေးချက် တွေ့ရပါတယ်။ လျှပ်စစ်ဓာတ်အားခ တိုးမြှင့်ကောက်ခံခြင်းကြောင့် အများပြည်သူတို့ ၀န်ထုပ်ဝန်ပိုးမဖြစ်ရေး၊ အခွင့်အလမ်းတွေ မလျော့ပါးရေး၊ တတိယအချက်က လျှပ်စစ်ဓာတ်အား လေလွင့်ဆုံးရှုံးမှု၊ တရားမ၀င်သုံးစွဲမှုတွေရှိရင် အစီအမံတွေချမှတ်ပြီး အလေးထားဆောင်ရွက် ဖို့နဲ့ ဆောင်ရွက်မှုအခြေအနေကို လွှတ်တော်ကို ပြန်တင်ပြဖို့ပါ။ နောက်ဆုံးအချက်က လျှပ်စစ်ဓာတ်အား မရောက်တဲ့ဒေသတွေကို တိုးချဲ့ဖြန့်ဖြူးပေးဖို့ပါ”ဟု မတ်လ ၁၉ ရက် ပြည်ထောင်စုလွှတ်တော်အစည်းအ ဝေးတွင် ပြောသည်။

ယင်းနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က “ကျွန်မတို့ အခြေခံဥပဒေပြင်ဆင်ရေးလို တခြားအရေးကြီးတဲ့ကိစ္စတွေ ရှိနေတဲ့ အခုလို အခြေအနေမျိုးမှာ အာရုံပြောင်းလိုက်တဲ့ သဘောလား။ ဒါမှမဟုတ် လွှတ်တော်ထဲမှာ ဒေါ်စန္ဒာမင်းပြောခဲ့ သလို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးတဲ့လုပ်ငန်းတွေမှာ နောင်ဝင်လာတော့မယ့်၊ ကုမ္ပဏီတွေရဲ့ အကျိုးစီးပွား အပေါ် ကာကွယ်ချင်လို့လားဆိုတဲ့ မေးစရာတွေရှိလာပါတယ်”ဟု မတ်လ ၁၉ ရက် လွှတ်တော် အစည်း အဝေးအပြီးတွင် ဝေဖန်ပြောဆိုလိုက်သည်။

မီတာခတိုးမြှင့်ကောက်ခံရေးနှင့်ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များကြား လွှတ်တော် အဆုံးအဖြတ်ရယူရာတွင် ကန့်ကွက်သူ ကိုယ်စားလှယ် ၁၈ ဦးသာ ရှိခဲ့သည်။

လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံမည့်အဆိုကို ကန့်ကွက်ခဲ့သူ ၁၈ ဦးအနက်မှ တစ်ဦးဖြစ်သူ ထန်းတပင်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ထွန်းက “ပြီးခဲ့တဲ့နှစ်တွေမှာ အရှုံးခံ ဖြန့်ဖြူးနေရပါ တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အိမ်သုံးမီတာ၊ ပါဝါမီတာ၊ ထရန်စဖော်မာတွေအတွက် ထိန်းသိမ်းစောင့် ရှောက်ခဆိုပြီး ပြည်သူတွေဆီကနေ ကောက်ခံတာတွေရှိပါတယ်။ အဲဒီအချက်တွေကို ကာမိစေဖို့ အခု လို အိမ်သုံးမီတာခတွေကို ငါးကျပ်တိုး ကောက်တာလားဆိုတာကို ကွဲကွဲပြားပြား ပြည်သူကို ချပြစေလိုပါ တယ်။ နောက်ပြီး လာမည့် ဧပြီလ ၁ ရက်ကစပြီး နှုန်းသစ်နဲ့ ကောက်ခံမယ်ဆိုရင် ခုန မီတာထိန်းသိမ်း စောင့်ရှောက်ခတွေ၊ လျှပ်စစ်ဓာတ်အား လျော့ပါးပျောက်ဆုံးမှုအတွက် ပြည်သူကပဲ စုပေါင်းကျခံရတာ တွေရှိဦးမလားဆိုတာကိုလဲ ရှင်းရှင်းလင်းလင်း သိလိုပါတယ်”ဟု ပြည်ထောင်စုလွှတ်တော် နာယကမှ တစ်ဆင့် အစိုးရအဖွဲ့သို့ မေးခွန်းထုတ်ခဲ့သည်။

နှုန်းထားသစ်ဖြင့် တိုးမြှင့်ကောက်ခံမည့် လျှပ်စစ်ဓာတ်အားခများတွင် အိမ်သုံးယူနစ် ၁၀၀ အထိ ၃၅ ကျပ် နှုန်း၊ ၁၀၁ မှ ၂၀၀ အထိ ၄၀ ကျပ်နှင့်၂၀၁ နှင့်အထက် ၅၀ ကျပ်နှုန်း၊ စက်မှုသုံးယူနစ် ၅၀၀ အထိ ၇၅ ကျပ်၊ ၅၀၁ မှ ၁၀,၀၀၀ အထိ ၁၀၀ ကျပ်၊ ၁၀,၀၀၁ မှ ၅၀,၀၀၀ အထိ ၁၂၅ ကျပ်၊ ၅၀,၀၀၁ မှ ၂၀၀,၀၀၀ အထိ ၁၅၀ ကျပ်၊ ၂၀၀,၀၀၁ မှ ၃၀၀,၀၀၀ အထိ ၁၂၅ ကျပ်၊ ၃၀၀,၀၀၁ နှင့်အထက် ၁၀၀ ကျပ် ကောက် ခံသွားမည် ဖြစ်သည်။

လက်ရှိတွင် မြန်မာနိုင်ငံအတွင်း အိမ်သုံးလျှပ်စစ်မီတာယူနစ် ၁၀၁ မှ ၂၀၀ အထိ သုံးစွဲနေသူ ၂၀ ရာခိုင် နှုန်းကျော်၊ ၂၀၁ ယူနစ်မှ ၃၀၀ ထိ သုံးစွဲနေသူ ၁၅ ရာခိုင်နှုန်း၊ အိမ်သုံးမီတာ ၃၀၀ အထက် သုံးစွဲနေသူ ခြောက်ရာခိုင်နှုန်းခန့်သာရှိသည်ဟု လျှပ်စစ် ဒုတိယ၀န်ကြီးက တောင်ကြီးဆွေးနွေးပွဲတွင် ပြောသည်။

စက်မှုဇုန်သုံးမီတာများတွင်လည်း ယူနစ် ၁၀၀ မှ ၁၀၀၀ ထိ သုံးစွဲနေသူ ၈၀ ရာခိုင်နှုန်းကျော်ရှိသည့် အတွက် ယခု တိုးမြှင့်ကောက်ခံသွားမည့် နှုန်းထားများသည် လူအများစုကို မထိခိုက်ဟုလည်း ၎င်းက ပြောသည်။

အခြေခံဥပဒေကို ချက်ချင်းပြင်ဖို့၊ အလောတကြီးပြင်ဖို့ တကယ်ပဲ လိုအပ်နေပြီလား

ဒေါ်စုရဲ့ မိုးကုတ်ခရီးစဉ်

မိုးကုတ်မြို့မှာ ပြုလုပ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ရှင်းလင်းဟောပြောပွဲ ဗီဒီယိုဖိုင်ကို ကြည့်ရှုနားထောင်ခဲ့ရပါတယ်။ အစကတော့ သူ့ပါတီက ဥပဒေပညာရှင်တွေ၊ သူ့လက်ရုံးတွေနဲ့ လွှတ်ထားခဲ့တဲ့ ကိစ္စကို အခုအခါမှာတော့ ဒေါ်စုကိုယ်တိုင် နယ်တွေဆင်းပြီး အားသွန်ခွန်စိုက် လုပ်လာတာကို တွေ့ရပါတယ်။ ၂၀၁၄ ခုနှစ်ကိုလည်း ရောက်လာခဲ့ပြီ မဟုတ်လား။ ပေးထားတဲ့ ခေါင်းစဉ်နဲ့ ပြောသွားတဲ့ အကြောင်းအရာတွေဟာ ထပ်တူကျခြင်း ရှိ၊ မရှိဆိုတာ အဲဒီ ဗီဒီယိုဖိုင်ကို စာဖတ်သူ ကျွန်တော့်မိတ်ဆွေတွေ ကြည့်ရှုနားထောင်ပြီးရင် ဝေဖန်ပိုင်းခြား နိုင်ကြပါလိမ့်မယ်။


အခြေခံဥပဒေကို အကြောင်းပြပြီး တပ်မတော်နဲ့ ပြည်သူကို ပညာသားပါပါ သွေးခွဲတာပဲလို့ ကျွန်တော်က မြင်ပါတယ်။ အဲဒီလိုမျိုး လုပ်ရပ်ဟာ အင်မတန်မှ အန္တရာယ်များပါတယ်။ ကိုယ့်နိုင်ငံအတွက် အင်အားတောင့်တင်းတဲ့ တပ်မတော်တစ်ရပ် လိုချင်သလား၊ အစိတ်စိတ်အမွှာမွှာ ပြိုကွဲနေတဲ့ တပ်မတော်တစ်ရပ်ကို လိုချင်လားဆိုတာ စဉ်းစားကြည့်ကြစေချင်ပါတယ်။ ပြည်ပရန်နဲ့ ကြုံတဲ့အခါဖြစ်စေ၊ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို အဖွဲ့အစည်းတစ်ခုခုက ထိပါးစော်ကားလာလျှင်ဖြစ်စေ ကာကွယ်တွန်းလှန်ဖို့အတွက် တပ်မတော်တစ်ရပ် လိုအပ်တယ်ဆိုတာကိုတော့ နိဒါန်းစကား ဆိုချင်ပါတယ်။ တပ်မတော်သားတွေက ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမယ်လို့ ကတိသစ္စာပြုတာဟာ ပြည်သူတွေရဲ့ အကျိုးစီးပွားကို ထိပါးရာရောက်တယ်လို့ ဒေါ်စု ပြောခဲ့တဲ့ စကားဟာ မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။ ကာကွယ်စောင့်ရှောက်ခြင်း ဆိုတာကို အဓိပ္ပါယ်ဖွင့်ဆိုချက် ကွဲလွဲကြတယ်လို့ ကျွန်တော်က မြင်ပါတယ်။

အခြေခံဥပဒေကို ဘာလို့ ပြင်ချင်တာလဲ

အားလုံးသိတဲ့အတိုင်း မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ပြီး အခုအချိန်မှာ အလှုပ်ခတ်ဆုံး ဂယက်တစ်ခုက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆိုတာပဲ ဖြစ်ပါတယ်။ အစွဲကင်းကင်းနဲ့ အမှန်အတိုင်း သုံးသပ်သူတိုင်း လက်ခံနိုင်မယ့် အကြောင်းအရာ တစ်ခုကတော့ အခြေခံဥပဒေ ပြင်ဆင်ရေးကို အခုလို ကျယ်ကျယ်လောင်လောင် ဖြစ်လာအောင် လှုံ့ဆော်ခဲ့တာဟာ ပြည်သူတွေရဲ့ လိုအင်ဆန္ဒ မဟုတ်ပါဘူး။ ပါတီကြီးတစ်ခု၊ သူတို့ခေါင်းဆောင်နဲ့ သူ့ကို ခစားကိုးကွယ်ကြသူတွေရဲ့ ၀ါဒဖြန့်ချိမှုက အခြေခံဖြစ်ပါတယ်။ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒေါ်စုသည် သမ္မတအရည်အချင်း သတ်မှတ်ချက်များနဲ့ လုံးဝ မကိုက်ညီပါဘူး။ ဒါပေမယ့် ဒေါ်စုက သမ္မတ ဖြစ်ချင်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့တဲ့အခါ သူ့ကို ၀န်းရံကြသူတွေက ဖွဲ့စည်းပုံဟာ ဒီမိုကရေစီ စံနှုန်းတွေနဲ့ မကိုက်ညီဘူး။ ဒါကို မပြင်ရင် ဒီမိုကရေစီခရီးကို မလျှောက်လှမ်းနိုင်ဘူးလို့ စတင်ဝါဒဖြန့် စည်းရုံးရာကနေ ဒီနေ့လို အခြေအနေအထိ ရောက်လာခဲ့တာ ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ

လက်ရှိအခြေခံဥပဒေကို ယခင် တပ်မတော်အစိုးရက တာဝန်ယူ ရေးဆွဲခဲ့ပြီး လူထုဆန္ဒခံယူပွဲပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ တပ်မတော်အစိုးရကလည်း သူတို့ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေဟာ နိုင်ငံတကာစံနှုန်းတွေနဲ့ အပြည့်အ၀ ကိုက်ညီပါတယ်၊ စင်းလုံးချော ပြောစရာမရှိတဲ့ အခြေခံဥပဒေပါလို့ မပြောခဲ့ပါဘူး။ လိုအပ် ချက်တွေ ရှိနေတယ်၊ ပြင်ဆင်သင့်တာတွေ ရှိနေတယ်လို့ ယခင်အစိုးရလက်ထက်မှာ ရာထူးကြီးကြီးတွေ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး လက်ရှိအချိန်မှာလည်း မြန်မာ့နိုင်ငံရေးရဲ့ အထင်ကရ နေရာတွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ပုဂ္ဂိုလ်တွေက ပြောကြားထားပြီး ဖြစ်ပါတယ်။ လက်ရှိအစိုးရ၊ လွှတ်တော်၊ တပ်မတော် စတဲ့ အဖွဲ့အစည်းတွေကလည်း အခြေခံဥပဒေမှာ ပြင်ဆင်စရာတွေ၊ ဖြည့်စွက်စရာတွေ ရှိနေတယ်လို့ ပုံစံအမျိုးမျိုးနဲ့ ထုတ်ဖော်ပြောကြားခဲ့ကြပြီး ဖြစ်ပါတယ်။ သဘောကတော့ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အားနည်းချက်တွေ ရှိနေတယ်၊ လိုအပ်ချက်တွေ ရှိနေတယ်လို့ မြန်မာ့နိုင်ငံရေးမှာ ပါဝင်ပတ်သက်နေသူ အများစုက လက်ခံကြတယ် ဆိုတာပါပဲ။

တစ်ဦးအတွက် အများလား

အခု ဖြစ်နေတဲ့ ပြဿနာက ပြည်သူတွေကို ဇဝေဇ၀ါ နဝေတိမ်တောင် ဖြစ်စေပါတယ်။ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး လက်ရှိအချိန်မှာ ပြင်ချင်တဲ့အုပ်စုနဲ့ မပြင်ချင်တဲ့ အုပ်စုဆိုပြီး နှစ်ပိုင်းကွဲနေတယ်လို့ ပြည်သူ အများစုက မှတ်ထင်နေကြပါတယ်။ ပြင်ချင်တဲ့ အုပ်စုကို ဒီမိုကရေစီ ဘက်တော်သားတွေလို့ မီဒီယာတွေက အခမဲ့ အမည်ပေး ကင်ပွန်းတပ်လုပ်ပြီး မပြင်ချင်သူတွေကိုတော့ နောက်ကြောင်းပြန်လှည့်အောင် လုပ်နေသူတွေ၊ ဒီမိုကရေစီ မလိုချင်သူ အာဏာရှင်တွေလို့ စွပ်စွဲကြပါတယ်။ တကယ်တမ်း ဖြစ်နေတယ်လို့ ကျွန်တော်မြင်တာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လတ်တလောအားဖြင့် အလောတကြီး မပြင်သင်သေးဘူးလို့ ခံယူကြသူတွေနဲ့ အခုချက်ချင်း ပြင်ကိုပြင်ရမယ် ဆိုတဲ့ အုပ်စုနှစ်ခု ကွဲနေတယ်လို့သာ မြင်ပါတယ်။ အဲဒီ ကွဲပြားမှုနှစ်ခုကို သေသေချာချာ ဆန်းစစ်ကြည့်သူတိုင်း သိနိုင်တာတစ်ခုကတော့ ချက်ချင်းပြင်ရမယ်ဆိုတဲ့ အုပ်စုဟာ လူတစ်ဦးတစ်ယောက် အကျိုးအတွက် ရည်ရွယ်ပြီး လူထုပါလာအောင် စည်းရုံးလှုံ့ဆော်နေတယ်ဆိုတာ တွေ့ရမှာပါ။ ဒါဟာ ငြင်းပယ်လို့ မရတဲ့ အမှန်တရားပါ။

မပြင်ရင် ဘာဖြစ်မှာလဲ

အခြေခံဥပဒေကို အခုချက်ချင်း မပြင်ရင် ဘာဖြစ်မှာလဲဆိုတဲ့ အဖြေကို စာဖတ်သူတို့ ကိုယ်တိုင် ဖြေကြည့်စေချင်ပါတယ်။ ကိုယ်ကြိုက်တဲ့ရှုထောင့်၊ ကြိုက်တဲ့အမြင်နဲ့ ဖြေဆိုနိုင်ပါတယ်။ အစွဲမကင်း သူတွေရဲ့ အဖြေထဲမှာ ဒေါ်စု သမ္မတမဖြစ်နိုင်ဘူး၊ တပ်မတော်က နိုင်ငံရေးမှာ ပါဝင်ခြယ်လှယ်နေဦးမယ်၊ စတဲ့အဖြေတွေ ပါနိုင်ပါတယ်။ ဘက်ကင်းသူတွေရဲ့ အဖြေတွေကတော့ အမျိုးမျိုး ဖြစ်မှာပေါ့လေ။ ဒါပေမယ့် အဲဒီအဖြေတွေထဲမှာ ကျွန်တော်အောက်မှာ ဖော်ပြမယ့် အကြောင်းအရာတွေ ပါ၊ မပါ စဉ်းစားကြည့်စေ လိုပါတယ်-

တည်ငြိမ်မှု မရနိုင်ဘူး

နိုင်ငံတော်ကို တိုးတက်အောင် ဆောင်ရွက်နိုင်မှာ မဟုတ်ဘူး

တရားဥပဒေစိုးမိုးမှု မရှိနိုင်ဘူး

ပြည်သူတွေ လွတ်လွတ်လပ်လပ်နေထိုင်နိုင်မှာ မဟုတ်ဘူး

လူ့အခွင့်အရေးတွေကို ဆုံးရှုံးရမယ်

လွတ်လပ်စွာ စီးပွားရှာခွင့်ရမှာ မဟုတ်ဘူး

နိုင်ငံရေးလွတ်လပ်ခွင့် မရှိနိုင်ဘူး

အခြားနိုင်ငံတစ်ခုရဲ့ ရုပ်သေးရုပ်ဖြစ်သွားနိုင်တယ်

ကဲ... ဒါက ကျွန်တော် နမူနာအနေနဲ့ ရေးပြထားတာတွေပါ။ အခြားသော အချက်အလက်တွေ အများကြီး ရှိနိုင်ပါသေးတယ်။ အပေါ်မှာ ကျွန်တော်ဖော်ပြခဲ့တဲ့ အချက်တွေအတိုင်း တကယ်ပဲ ဖြစ်မယ်ဆိုရင်တော့ အဲဒီ အခြေခံဥပဒေကို ချက်ချင်းပြင်ဖို့၊ စက္ကန့်မဆိုင်းပြင်ဖို့ လိုအပ်တယ်လို့ ကျွန်တော် အလေးအနက် ထောက်ခံပါရဲ့ဗျာ။ အဲလိုမှ မဟုတ်ရင်တော့ ကျင့်သုံးတာမှ ၃ နှစ်ကျော်ပဲ ရှိသေးတဲ့ အခြေခံဥပဒေတစ်ခုကို ဈေးထဲက ငါးစိမ်းသည် အကြွေးစာရင်း မှတ်သလို၊ ဖျက်သလို ရော့... အင့်.... ဆိုပြီး လုပ်သလိုမျိုး မလုပ်စေချင်ပါဘူး။ လတ်တလော အရေးတကြီး မပြင်သေးဘဲ နိုင်ငံတော်ကြီးကို ရှေ့ဆက်လို့ ရသေးတယ်လို့ ကျွန်တော်ကတော့ ယုံကြည်ပါတယ်။ ဘယ်တော့မှ မပြင်ရဘူးလို့ မဟုတ်ပါဘူးဗျာ၊ တိုင်းပြည်ကို တိုးတက်ဖွံ့ဖြိုးအောင် ကြိုးပမ်းရင်းနဲ့ ပြင်ဆင်သင့်တာတွေကို ဖြည်းဖြည်းချင်း ပြင်သွားလို့ ရပါတယ်ဗျာ။ အခြေခံဥပဒေထဲမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေပုဒ်မတွေကို ပြင်ဖို့အတွက် တစ်ဦး တစ်ယောက်တည်းရဲ့ဆန္ဒ (ဘယ်လောက်တော်သည့် ပုဂ္ဂိုလ်ပင် ဖြစ်နေပါစေ)၊ တစ်ပါတီတည်းရဲ့ဆန္ဒ (ဘယ်လောက် လူကြိုက်များသည့် ပါတီပင် ဖြစ်နေပါစေ) နဲ့ မလုပ်သင့်ဘူး၊ မလောသင့်ဘူး၊ မဆုံးဖြတ် သင့်ဘူးလို့ မြင်မိပါတယ်။

ချက်ချင်းပြင်ခိုင်းတာ ဘာလို့လဲ

ဒါကလည်း အမြင်အမျိုးမျိုး ရှိနိုင်ပါတယ်။ ကျွန်တော့်အမြင်တွေကို တင်ပြပါရစေ။ ပထမဆုံးအနေနဲ့ အခြေခံဥပဒေကို ပြင်မယ်၊ ဒါပေမယ့် သမ္မတအရည်အချင်း သတ်မှတ်ချက်တွေကို မပြင်ဘူးဆိုရင် "ချက်ချင်းပြင်အဖွဲ့တွေ" လက်ခံနိုင်မယ်လို့ ထင်ပါသလားဆိုတဲ့ မေးခွန်းကို အရင်ဆုံး မေးပါရစေ။ ဒေါ်စု သမ္မတဖြစ်ခွင့်မရှိတဲ့ အရည်အချင်း သတ်မှတ်ချက်လေး တစ်ခုကို ပြင်ဖို့အတွက် အခြေခံဥပဒေကို မြောင်းထဲရောက်အောင် လုပ်ဆောင်နေကြသူတွေကို အခြေခံဥပဒေကပဲ ဒဏ်ခတ်ပါလိမ့်မယ်။ မြန်မာပြည်သူ ဘယ်နှရာခိုင်နှုန်းက အခြေခံဥပဒေကို အစအဆုံး တစ်ခေါက်ပြည့်အောင် ဖတ်ဖူး သလဲဆိုတာလည်း ကျွန်တော်မေးချင်တဲ့ မေးခွန်းတစ်ခုပါပဲ။ အဲဒီလို ဖတ်ရမယ်လို့ ကျွန်တော်က တစ်ထစ်ချ ဆိုလိုတာ မဟုတ်ပါဘူး။ လက်ရှိ အခြေခံဥပဒေမှာ ဘယ်လိုအကြောင်းအရာတွေ ပါဝင်တယ်၊ ဘာတွေ အာမခံချက် ပေးထားတယ် ဆိုတာလောက်ကို သိအောင်ပဲ ပြည်သူတွေကို မျက်စိဖွင့်၊ နားဖွင့်ပေးသူ ဘယ်နှဦးများ ရှိပါသလဲ။ ဒေါ်စု အခု နယ်တကာလှည့်ပြီး ဟောနေတဲ့ အခြေခံဥပဒေဆိုင်ရာ ဟောပြောပွဲ ဆိုတာကလည်း အခြေခံဥပဒေအကြောင်း ရှင်းပြတာ မဟုတ်ပါဘူး။ ယခင် တပ်မတော်အစိုးရနဲ့ လက်ရှိအစိုးရ၊ တပ်မတော် ဒါတွေကို အပုပ်ချတဲ့ပွဲတွေပါပဲ။ သေသေချာချာ နားထောင်ကြည့်ကြ စေချင်ပါတယ်။ အခြေခံဥပဒေမှာ ဒီမိုကရေစီ စံနှုန်းနဲ့ မကိုက်ညီတာတွေ ပါနေပါတယ်လို့ ဟောပြော ပွဲတိုင်းပြောတယ်၊ အဲဒီလိုပြောတိုင်း တပ်မတော်သား ၂၅ % လွှတ်တော်တွေမှာ ပါဝင်နေတာကို ထောက်ပြပြီး ပြည်သူနဲ့ တပ်မတော်ကို ရန်တိုက်ပေးတယ်။ သမ္မတအရည်အချင်း ကန့်သတ်ချက်ဟာ ဒီမိုကရေစီ စံနှုန်းတွေနဲ့ မကိုက်ညီပါဘူးလို့ ပြောမယ်။ ဒါတွေပါပဲ။ ချက်ချင်းပြင်ဖို့ မထောက်ခံသူတွေဟာ ပြည်သူတွေရဲ့ အကျိုးစီးပွားကို ထိပါးနေသူတွေပါ ဆိုတဲ့အထိ ပြောဆိုလာတာ တွေ့ရပါတယ်။ မိမိအာဏာရရှိရေးအတွက် အခြားလူတွေကို ထိပါးလာတဲ့အထိ ပြောဆိုလာတာမျိုးကဖြင့် သိပ်ပြီးတော့ လူကြီးလူကောင်း မဆန်လှဘူးလို့ မြင်မိပါတယ်။ နောက်တစ်ချက် တွေးမိတဲ့ အချက်တစ်ခုကတော့ အတိုက်အခံပါတီဟာ ရည်ရွယ်ချက်ရှိရှိနဲ့ အစိုးရကို အလုပ်ရှုပ်အောင် လုပ်နေတယ်ဆိုတာပါပဲ။ တိုင်းပြည် တိုးတက်ရေးအတွက် အားသွန်ခွန်စိုက် ရှေ့ကိုချီတက်ရမယ့်အစား ဦးသိန်းစိန်အစိုးရအဖို့ ပြည်တွင်းက ပြဿနာပေါင်း သောင်းခြောက်ထောင်ကို ရှင်းနေရတာနဲ့ပဲ ခရီးမတွင်လှပါဘူး။ ခဏတာ ရေတိုမကြည့်ဘဲ အရှည်ကို မျှော်ကြည့်မယ်ဆိုရင် အခုလို လုပ်ရပ်တွေဟာ အစဉ်အလာဆိုးတစ်ခု ဖြစ်သွားပြီး မြန်မာ့ နိုင်ငံရေးမှာ အမြစ်တွယ်သွားမှာကို စိုးရိမ်စရာပါ။

ကျွန်တော့်ခန့်မှန်းချက်များ

အရှည်အလျား၊ အထူးအထွေ မပြောလိုပါဘူး။ သူ့ဟာသူနေရင်တောင် အခြေခံဥပဒေကိစ္စဟာ ယခုထက်ပိုပြီး လွယ်လွယ်ကူကူ ပြင်ဆင်လို့ ရချင်ရပါလိမ့်မယ်။ အခုလို လူထုဆန္ဒခံယူပွဲတွေ၊ ထောက်ခံ ပွဲတွေ၊ ဟောပြောပွဲတွေ လုပ်နေတာကို တွေ့တဲ့အတွက် ပြင်ချိန်မကျ/ချက်ချင်းပြင် အုပ်စုနှစ်ခုအကြား ပိုပြီးတော့ ယုံကြည်မှု ကင်းမဲ့လာမယ်လို့ ကျွန်တော်ထင်ပါတယ်။ အဲဒီအချက်ကပဲ ပြင်ဆင်ရေးမှာ ကြီးစွာ သော အနှောင့်အယှက် ဖြစ်စေပါလိမ့်မယ်။ အခြေခံဥပဒေ ပြင်ဆင်ရေးကို လွှတ်တော်က လုပ်ဆောင် နေတဲ့ နေရာမှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြင်ဆင်သင့်တယ်လို့ ယူဆတဲ့ ပုဒ်မအချို့ ပြင်ဆင် နိုင်ခဲ့တယ်ဆိုရင်ပဲ ဒါဟာ လက်ရှိအခြေခံဥပဒေအတွက် သမိုင်းဝင် အဖြစ်အပျက် ဖြစ်လာပါလိမ့်မယ်။ ဒါပေမယ့် အဲဒီလို ပြင်ဆင်နိုင်မယ်လို့ သေချာတပ်အပ် ပြောဆိုနိုင်ခြင်း မရှိပါ။ အတိုက်အခံများအနေဖြင့် အထူးသဖြင့် ဒေါ်စုအနေဖြင့် တပ်မတော်နှင့် သင့်မြတ်ရေးလမ်းစဉ်ကို ရွေးချယ်ခြင်းမပြုဘဲ တပ်မတော်ကို ပြိုင်ဘက်သဖွယ် သဘောထားနေခြင်း၊ တပ်မတော်ကို သံသယရှိနေခြင်းတို့က တပ်မတော်အကြီးအကဲ အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လွှတ်တော်တွင်းက သူ၏ ကိုယ်စားလှယ်များကို မီးစိမ်းပြရန် ခက်ခဲနေလိမ့်မည်ဟု ထင်ပါသည်။ ဒေါ်စုအတွက်ရည်ရွယ်ပြီး သမ္မတအရည်အချင်း သတ်မှတ် ချက်တွေကို ပြင်ဆင်ဖို့ ဆိုတာကတော့ဖြင့် မည်သည့်နည်းနှင့်မျှ မဖြစ်နိုင်ဘူးဟု ကျွန်တော်ကိုဉာဏ် ထင်မြင်ယူဆမိပါကြောင်း တင်ပြလိုက်ပါရစေ။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)

ဒေါ်အောင်ဆန်းစုကြည်မှ “ငတုံးတွေ” ဟု ပြောကြားချက်ကို သံဃာတော်များ စိတ်မကောင်း ဖြစ်ရ ဟု ဆို



NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ ဖွဲ့စည်းပုံ အခြေခံဥပဒေ မပြင်ဆင်လိုသူများသည် ပညာ မဲ့ခြင်း၊ စေတနာမဲ့ခြင်း နှင့် သတ္တိမရှိခြင်း တို့ကြောင့် ဟု ပြောဆိုခဲ့ခြင်းကြောင့် အမျိုး ဘာသာ သာသနာ ကာကွယ်ရေး ဆောင်ရွက်လျက် ရှိသော နိုင်ငံ တစ်ဝှမ်းမှ သံဃာ တော်များ စိတ်မကောင်း ဖြစ်ရ ကြောင်း သိရသည်။


“ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အခြေခံဥပဒေ မပြင်လိုသူ ဆိုပြီး လုံးပြီး ပြောပါတယ်။ ပုဒ်မ ၅၉(စ)မပြင်လိုသူ ဆိုပြီး ပြောချင်တာပါ။ ဒါကို ဘုန်းကြီးတို့ နားလည်ပါတယ်။ ပုဒ်မ ၅၉(စ)ပြင်ဆင်ရေး မပြုလုပ်ဖို့ ဘုန်းကြီး တို့ အမျိုး ဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ဝင် သံဃာတော် တွေက ဦးဆောင်ပြီး ပြုလုပ်နေတာ အားလုံး သိပြီးသားပဲ။ ဒီတော့ ဘုန်းကြီးတို့ အားလုံးကို ပညာမဲ့တယ်၊ စေတနာမဲ့တယ်၊ သတ္တိမဲ့တယ် ဆိုပြီး ပြောလိုက်တဲ့အတွက် အတော်ကလေးကို စိတ်မကောင်း ဖြစ်ရပါတယ်။ အတ္တနဲ့ လောဘကြောင့် မပစ်မှားသင့်တာတွေကို ပစ်မှားလာခဲ့ပြီ။ သမ္မတ ဖြစ်ချင်တဲ့ စိတ်ဆန္ဒက လှုံ့ဆော်မှုကြောင့် ရတနာသုံးပါးကို ထိခိုက် စော်ကားလာတဲ့အထိ ဖြစ်လာခဲ့ပါပြီ။ ဘုန်းကြီးတို့က ဒကာမကြီးကို ဆန့်ကျင်တာ မဟုတ်ပါဘူး။ ဒီလောက် ပဲ ပြောပါရစေ" ဟု မန္တလေးမြို့ အမျိုး ဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ ဦးဆောင်သံဃာ တစ်ပါးက မိန့်သည်။ 

ဘင်္ဂလားဒေ့ရှ်ဘက်က မောင်တောနှင့် စစ်တွေကို ၄င်းတို့အပိုင် ပူးပေါင်းရန် ဆန္ဒခံယူပွဲပြုလုပ်သင့်သည် ဟူ၍ ပြောကြားချက်ကိုမူ တစ်လုံးမျှ ထည့်သွင်း ပြောကြားခဲ့ခြင်း မရှိသောကြောင့် ဒေါ်အောင်ဆန်း စုကြည်အပေါ် ပိုမို၍ပင် အယုံအကြည်ကင်းမဲ့သွားပြီ ဖြစ်ကြောင်း မြန်မာအမျိုးသားကွန်ရက် ဦးဆောင် လှုပ်ရှားသူတစ်ဦးက ပြောဆိုသည်။

“ဒေါ်အောင်ဆန်းစုကြည်ကို ပြန်ကြည့်လိုက်ရင် အချုပ်အခြာအာဏာ အထိခိုက် မခံဘူး ဆိုတဲ့ စကား သူ့ပါးစပ်က ဘယ်တုန်းက ထွက်ဘူးသလဲ။ နိုင်ငံအတွက် ပြတ်ပြတ်သားသား ဘာများ ပြောခဲ့သလဲ။ ရခိုင်ပြည်နယ်ကိစ္စ တရားဥပဒေစိုးမိုးရေးကိုပဲ အာဂုံဆောင်ခဲ့တယ်။ ဘာများ တိုင်းပြည်အတွက် ရဲရဲရင့်ရင့် ပြောခဲ့သလဲ။ အခုလည်း မောင်တောနဲ့ စစ်တွေကို ဘင်္ဂလားဘက်ပေါင်းသင့်တယ် ဆိုတာကို ဘာတစ်ခွန်း ပြောထွက်ခဲ့သလဲ။ ဘာတစ်ခွန်း ပြောရဲသလဲ။ စနေနေ့က ဟောပြောပွဲမှာ တစ်ခွန်းလေး ထည့်ပြော အားလုံးက လက်ခံလိမ့်မယ်။ အခုဆိုရင် အခြေခံဥပဒေ မပြင်လိုသူတွေ ဆိုပြီး မိန်းမပီပီ စောင်းမြောင်းပြောတယ်။ ပုဒ်မ ၅၉(စ)ဆိုပြီး ဒဲ့ပြောလေ။ အကုန်လုံးကို ချိတ်စောင်းပြီး ပြောတယ်။ ဒါဆို ကျွန်တော်တို့ကို ပညာမဲ့တွေ လို့ ပြောလိုက်တဲ့ သဘောပဲ။ ကျွန်တော်တို့တင်မကဘူး တစ်နိုင်ငံလုံးမှာ ၅၉(စ) မပြင်ဖို့ ဟောပြောနေတဲ့ သံဃာထုကြီးတစ်ရပ်လုံးကို စော်ကားလိုက်တာပဲ။ NLD ပါတီဝင်တွေ၊ NLD ပါတီက လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူတို့ သံဃာတော်တွေကို စော်ကားခဲ့တယ်။ အခု ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ထုတ်ပြောလာပြီ။ ဒီလို ထုတ်ပြောတာ ကောင်းပါတယ်။ သမ္မတဖြစ်ဖို့အတွက် အာဏာရဖို့အတွက် အမျိုး ဘာသာ သာသနာတော်ကို ချနင်းမယ့် သူတွေဟာ ဘယ်သူတွေလဲ ဆိုတာ ထင်ရှားသွားတာပေါ့”ဟု မိတ္ထီလာမြို့ အမျိုး ဘာသာ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။ 

“ပညာရှိသူဟာ ပညာမဲ့သူတွေကို ပုတ်ခတ်ခြင်း အလျဉ်း မပြုပါဘူး။ ပညာမဲ့တွေရဲ့ ချီးကျူးခြင်း၊ ကဲ့ရဲ့ခြင်းကိုလည်း အလျဉ်း ဂရုမပြုပါဘူး။ ဒါက ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လူသိထင်ရှား စော်ကားလိုက်တာပါပဲ။ သံဃာတော်တွေဟာ ပညာမဲ့လို့၊ စေတနာမဲ့လို့၊ သတ္တိမရှိလို့ ဒီလို ရပ်တည်နေတယ် လို့ ထင်ထားတယ် ဆိုတဲ့သဘောပါ။ စောင့်လေမျိုးနွယ် ဆိုတဲ့ သားသမီးတွေ ပြုကျင့်ရမယ့် ကျင့်ဝတ်ကိုတောင် လိုက်နာနိုင်ခြင်း မရှိတဲ့သူတစ်ယောက်က ဒီနီုင်ငံနဲ့ ဒီသံဃာတွေကို စော်ကားတာကတော့ ခံပြင်းစရာပါ။ တစ်ကယ်ပဲ စိတ်မကောင်း ဖြစ်ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီလိုမျိုး စိတ်ထဲမှာ ရှိတဲ့အတိုင်း ပွင့်ပွင့်လင်းလင်း ပြောလိုက်တာကိုလည်း ကျေးဇူးတင်ပါတယ်။ NLD ပါတီ မထောက်ခံရင်၊ NLD ပါတီလုပ်နေတာတွေကို မထောက်ခံရင် မထောက်ခံတဲ့သူတွေ အားလုံးဟာ ပညာမဲ့တဲ့ လူ့ဗာလတွေပေါ့၊ စေတနာ သုံးတန် ကင်းမဲ့တဲ့ သူတွေပေါ့။ အတ္တနဲ့ အကျိုးစီးပွား၊ လောဘနဲ့ မောဟတရားတွေ ဖုံးလွှမ်းနေသမျှ အမှန်မြင်နိုင်မှာ မဟုတ်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းကို ဘုန်းကြီးတို့ အစဉ်အမြဲ လေးစားပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်းက ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်အောင်ဆန်းစုကြည်က ဒေါ်အောင်ဆန်းစုကြည် ဘာမှ မဆိုင်ဘူး ဆိုတာလည်း ရှင်းသွားပါပြီ” ဟု သာသနာတော် ထွန်းကား ပြန့်ပွားရေးအသင်းတော်မှ သံဃာတော်တစ်ပါးက မိန့်ကြားသည်။ 

ပညာမဲ့ ဟူသည်မှာ ရိုင်းရိုင်း ဆိုရလျှင် ငတုံး ဟု ခေါ်တွင်လိုက်ခြင်း ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ဆိုလိုချင်သော အဓိပ္ပါယ်ကို အားလုံး နားလည်ကြောင်း၊ ပုထုဇဉ်နော ဥမ္မာတကော ဟူသည့် အတိုင်း အာဏာရူးများလည်း ရှိနိုင်ကြောင်း၊ ငါပြောတာ လက်မခံရင် ငတုံးတွေ ဟု ပြောဆိုရန် မသင့်ကြောင်း ယင်းက မိန့်သည်။ 

“ဒီမိုကရေစီမှ ရာနှုန်းပြည့် သဘောတူတာ မရှိနိုင်ပါဘူး။ NLD ပါတီကို သန်း ၆၀ လုံး ထောက်ခံနိုင်မှာ မဟုတ်ပါဘူး။ ဒီနေရာမှာ NLD လုပ်တာ မထောက်ခံရင်၊ NLD ကို မထောက်ခံရင် လူမိုက်၊ ပညာမဲ့ ဆိုပြီး ရမ်းကားတာကိုတော့ ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပါတယ်။ လူဆိုတာ ကိုယ်ယုံကြည်ရာ ကိုယ်လုပ်နိုင်ပါတယ်။ ကိုယ့်လုပ်တာ မထောက်ခံတာနဲ့ လူမိုက်၊ ငတုံးတွေဆိုပြီး ပြောတာ ကိုတော့ လက်မခံနိုင်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပုဒ်မ ၅၉(စ) မပြင်ရေး ဆောင်ရွက်နေတဲ့ သံဃာတွေ၊ လူပုဂ္ဂိုလ်တွေ အားလုံးကို ငတုံးတွေ လို့ ပြောလိုက်တာနဲ့ အတူတူပါပဲ။ ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုတွေကို ပိုပြီး အရှိန်မြှင့်တင်ဖို့ သတိပေးလိုက်တာပါပဲ။ ကျွန်တော်တို့ လက်မလျှော့ပါဘူး။ ဆက်လုပ်သွားမယ်” ဟု မြန်မာအမျိုးသားကွန်ရက် ခေါင်းဆောင်တစ်ဦးက တုံ့ပြန်ပြောကြားသည်။ 

ဒေါ်အောင်ဆန်းစုကြည်သည ရတနာသုံးပါးကို ထိခိုက်သည်အထိ ပုတ်ခတ် စော်ကားလာခြင်းကြောင့် ဗုဒ္ဓဘာသာမှ ဟုတ်ပါရဲ့လား ဟု စဉ်းစား စရာဖြစ်နေကြောင်း၊ သံဃာတော်များအတွင်း၌လည်း NLD ကို လက်ခံသူနှင့် လက်မခံနိုင်သူ ကွဲပြားနေနိုင်သလို ပြည်သူများအတွင်းလည်း အလားတူ ဖြစ်ကြောင်း၊ ထိုသို့ NLD မထောက်ခံသည့်သူတိုင်း ပညာမဲ့သူ၊ ငတုံး ဟု ပြောဆိုခြင်းမှာ လွန်စွာမှပင် ရင့်သီးသော အသုံးအနှုံး ဟု ဆိုနိုင်ကြောင်း၊ အမျိုး ဘာသာ သာသနာအတွက် ခိုင်ခိုင်မာမာ ရပ်တည်ချက် တစ်စုံတစ်ရာ ပြသခဲ့ခြင်း မရှိဘဲ အစဉ်အမြဲ စော်ကားပုတ်ခတ်နေသည့် NLD ပါတီတွင် ယခုနောက်ဆုံး ဒေါ်အောင်ဆန်း စုကြည်ကိုယ်တိုင် လူသိထင်ရှား ပုတ်ခတ် စော်ကားလာခြင်းဟု နားလည်ကြောင်း ၄င်းက ပြောဆိုသည်။ 

ဒေါ်အောင်ဆန်းစုကြည်သည် မိုးကုတ်မြို့တွင် မတ်လ ၂၂ ရက်နေ့က ပြုလုပ်ခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ စည်းရုံး လှုံ့ဆော်ပွဲတွင် အခြေခံဥပဒေကို မပြင်လိုသူများသည် ပညာ မဲ့ခြင်း၊ စေတနာမဲ့ခြင်းနှင့် သတ္တိမရှိခြင်းကြောင့် ဖြစ်နိုင်သည် ဟု ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်သူ့ အာဏာ

Thursday, March 20, 2014

တိုင်းရင်းသား လူမျိုးများ အခွင့်အရေး ကာကွယ်သည့် ဥပဒေကြမ်းကို အသစ်ပြန်ရေးရန် တိုင်းရင်းသားဖိုရမ် တောင်းဆို



တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ် စောင့်ရှောက်သည့် ဥပဒေကြမ်းကို အသစ် ပြန်လည် ရေးဆွဲရန် တိုင်းရင်းသားပေါင်းစုံ ပါဝင် ဆွေးနွေးထားသော တိုင်းရင်းသား ဖိုရမ်က ထုတ်ပြန် တောင်းဆိုလိုက်ကြောင်း တိုင်းရင်းသား အခွင့်အရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အရပ်ဘက် လူ့အဖွဲ့အစည်းမှ ဒါရိုက်တာ ဒေါ်နော်အိအိမင်းက ပြောကြားသည်။


ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် မြန်မာနိုင်ငံ မျက်မမြင်များ မိတ်သဟာယ အသင်းတွင် ပြုလုပ်သော မြန်မာနိုင်ငံတွင်းရှိ ဒေသခံ တိုင်းရင်းသားများနှင့် တိုင်းရင်းသား မျိုးနွယ်စုများ ဖိုရမ် နောက်ဆုံးရက် (မတ်လ ၁၉) တွင် ထုတ်ပြန်သော ယင်းကြေညာချက်နှင့် ပတ်သက်ပြီး အဆိုပါ ဖိုရမ် စီစဉ်သူလည်း ဖြစ်သည့် ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။ အစိုးရက လက်ရှိ ရေးဆွဲထားသော ဥပဒေကြမ်းသည် တိုင်းရင်းသား လူမျိုးများအတွက် အမှန်တကယ် အကာအကွယ် ပေးနိုင်မည် မဟုတ်သောကြောင့် အသစ် ပြန်ရေးဆွဲသင့်ကြောင်း တိုင်းရင်းသားဖိုရမ် ထုတ်ပြန်ချက်တွင် ပါရှိသည်။

“တိုင်းရင်းသားတွေနဲ့ သက်ဆိုင်တဲ့ ဥပဒေကို တိုင်းရင်းသားတွေက တရားမျှတလိမ့်မယ်လို့ မယုံကြည်ကြဘူး။ ဥပဒေက အတည် မပြုရသေးပါဘူး။ မူကြမ်းပဲ ရှိပါသေးတယ်။ ဒါကြောင့် ပြန်လည် ရေးဆွဲသင့်တယ်လို့ တိုက်တွန်းတာပါ” ဟု ဒေါ်နော်အိအိမင်းက ပြောကြားသည်။

အဆိုပါ ဥပဒေကြမ်းကို ကုလသမဂ္ဂ၏ ဒေသခံဌာနေ တိုင်းရင်းသား လူမျိုးများ အခွင့်အရေးဆိုင်ရာ ကြေညာစာတမ်းကို အခြေခံပြီး ဒေသခံဌာနေ တိုင်းရင်းသားများနှင့် ပညာရှင်များ ပါဝင်သော အဖွဲ့ (သို့မဟုတ်) ကော်မတီဖြင့် ပြန်လည် ရေးဆွဲရန် အလေးအနက် တောင်းဆိုကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ ဥပဒေကြမ်းမှာ ပြည်သူ့လွှတ်တော်တွင် တင်သွင်း ဆွေးနွေးဆဲ ဖြစ်သောကြောင့် ယင်းကဲ့သို့ ပြန်လည် ရေးဆွဲရန် တောင်းဆိုမရကြောင်း ဥပဒေကြမ်း ပူးပေါင်းကော်မတီဝင် ဦးစောလှထွန်းက ပြောကြားသည်။

“အခြေခံဥပဒေမှာ ပါတဲ့အတိုင်း တိုင်းရင်းသားတွေရဲ့ ခံစားခွင့်တွေကို အကာအကွယ် ပေးလို့ရအောင် ဒီဥပဒေကြမ်းကို ရေးဆွဲထားတာပါ” ဟု ၎င်းကဆိုသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ် စောင့်ရှောက်သည့် ဥပဒေကြမ်းကို ပြန်လည် ရေးဆွဲရန် တောင်းဆိုချက်အပြင်၊ ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးနှင့် သက်ဆိုင်သည့် စာပေ၊ ဘာသာစကား၊ သမိုင်း အမွေအနှစ်များ၊ အနုပညာ၊ ဓလေ့ထုံးတမ်းနှင့် ကိုးကွယ် သည့် ဘာသာများကို ဒေသခံဌာနေ တိုင်းရင်းသားများကို ကိုယ်တိုင် စီမံခန့်ခွဲရန် တောင်းဆိုကြောင်းလည်း ပါရှိသည်။

ထို့အပြင် ကုလသမဂ္ဂ၏ ဌာနေ တိုင်းရင်းသား လူမျိုးများ၊ အခွင့်အရေးဆိုင်ရာ ကြေညာစာတမ်း (UNDRIP) ပါ ပြဋ္ဌာန်းချက် များကို နိုင်ငံတော် အစိုးရက အသိအမှတ်ပြု လက်မှတ် ရေးထိုးပြီး ဖြစ်သည်နှင့်အညီ လေးစား လိုက်နာကာ ဆောင်ရွက် ကျင့်သုံးပေးရန် လိုအပ်ကြောင်း တိုင်းရင်းသားဖိုရမ် ထုတ်ပြန်ချက်မှ သိရသည်။

အဆိုပါ တိုင်းရင်းသားဖိုရမ်၏ ထုတ်ပြန်ချက်များကို မြန်မာနိုင်ငံတွင် မတ်လ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ သုံးရက်တိုင် ပြုလုပ်မည့် အာဆီယံ ပြည်သူ့ဖိုရမ်တွင် အဖွဲ့ဝင်နိုင်ငံများမှ တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ညှိနှိုင်း ဆွေးနွေးမည်ဖြစ်ကြောင်း တိုင်းရင်းသားဖိုရမ် ကျင်းပရေး အဖွဲ့ထံမှ သိရသည်။

The Voice Weekly

RCSS/SSA ဆက်ဆံရေးရုံးသို့ ဆက်ကြေးငွေ ပေးဆောင်ရမှုအပေါ် ဒေသခံများ မကျေနပ်



ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ်၊ ပင်းတောက်အုပ်စု၊ ၀မ်ကူသစ်ကျေးရွာအား မတ် ၁၆ ရက်နေ့အပြီး RCSS/SSA ဆက်ဆံရေးရုံးမှ ဆက်ကြေးငွေ ပေးသွင်း ခိုင်းမှုအပေါ် ဒေသခံရွာသားများက မကျေ မနပ်ဖြစ်နေကြကြောင်း သိရသည်။


``အုပ်ချုပ်ရေးမှူးကို ကိုယ်တိုင် ဆက်ကြေးလာ သွင်းရမယ်ပြောလို့ ကျေးရွာ ရံပုံငွေထဲကနေ သွား သွင်းလိုက်ရ တယ်လို့ ကြားတယ်၊ အရင် တုန်းက တောတောင်ထဲမှာ သွားလာနေတဲ့ ရှမ်း စစ်တပ်ကို ဆက်ကြေးပေးရတယ်။ အခုမြို့ပေါ်မှာ ဖွင့်ထားတဲ့ ဆက်ဆံရေးရုံးကိုလည်း ဆက်ကြေးပေးနေရ တယ် ဆိုတော့ တရားလွန်တာပေါ့´´ ဟု ၀မ်ကူသစ်ကျေးရွာသားတစ်ဦးက ပြောသည်။ အဆိုပါ ကျေးရွာမှ ဆက်ကြေးငွေများအား ကျိုင်းတုံမြို့ အမှတ်(၄)ရပ်ကွက်ရှိ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီနှင့် ရှမ်းပြည်တပ်မတော် (တောင်ပိုင်း ) RCSS/SSA ဆက်ဆံရေးရုံးသို့ ပင်းတောက်အုပ်စု အုပ်ချုပ်ရေး မှူး ကိုယ်တိုင် သွားရောက်ပေးသွင်းခဲ့ရကြောင်း သိရသည်။

``တစ်အိမ်ထောင်ကို လကုန်ရင် ငွေတစ်သောင်းသွင်းရမယ်ဆိုပြီး ကောက်တယ်။ ကျေးရွာရံပုံငွေထဲကို ပြန်ဖြည့်ဖို့ လို့တော့ကြားတယ်။ ကျွန်တော်တို့က ပင်ပင်ပန်းပန်းနဲ့ လုပ်ကိုင်စားနေရတဲ့ ဆင်းရဲသားတွေပါ။ အဲဒီ ရှမ်းပြည်တောင်ပိုင်းတပ်က သစ်မှောင်ခို၊ ကျွဲ/နွားမှောင်ခို၊ ဘိန်းဆက်ကြေးတွေ ကောက်ပြီး ကြီးပွားချမ်းသာ နေရက်သားနဲ့ မရှိဆင်းရဲသားတွေဆီက ခုချိန်ထိ ဆက်ကြေးကောက်နေတာကတော့ အနိုင်ကျင့်ရာရောက် တယ်လို့ ပြောချင်ပါတယ်´´ ဟု ပင်းတောက်ရွာသား ကိုစိုင်းဇော်က ပြောကြား ခဲ့သည်။

RCSS/SSA ဆက်ဆံရေးရုံးသို့ ၀မ်ကူသစ်ကျေးရွာအပါအ၀င် ပင်းတောက်အုပ်စုအတွင်းရှိ ကျေးရွာတိုင်းက လစဉ်အလှည့်ကျ ဆက်ကြေးငွေပေးဆောင်နေကြရကြောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးများမှ ရွာသူ ရွာသား များ အား ယင်းကိစ္စနှင့်ပတ်သက်၍ နှုတ်လုံရန် မှာကြားထားသော်လည်း ခေတ်ပညာတတ် ရှမ်းလူငယ် များကမူ အဆိုပါ လုပ်ရပ်အပေါ် မကျေမနပ်ဖြစ်နေကြကြောင်း သိရှိရပါသည်။

Credit To _ စိုင်းဇော်ရှမ်း

တစ်မတ်သားတို့ ဘယ်သူ့ရွေးမလဲ



နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ မတ်လ ၁၆ ရက်နေ့ ကချင်ပြည်နယ်ခရီးစဉ်တွင် တပ်မတော် ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လိုက်ပါသွားခြင်းက မြန်မာ့နိုင်ငံရေး လေ့လာသူ များ၏ ဦးနှောက်ကို အလုပ်ပေးလိုက်ပါပြီ။ သမ္မတက ကချင်ပြည်နယ်ရှိ ဘာသာရေးခေါင်း ဆောင် များနှင့် တွေ့ဆုံပွဲသို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုပါ ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။


ထိုမတိုင်မီကလည်း အာဆီယံကာကွယ်ရေးဦးစီးချုပ်များ သတင်းစာရှင်းလင်းပွဲတွင် မြန်မာကာချုပ်ပါဝင်၍ ပထမဆုံးသတင်းစာဆရာများနှင့် တွေ့ဆုံခဲ့ခြင်း၊ ပြည်ပနိုင်ငံများသို့ ချစ်ကြည်ရေးခရီးစဉ်များ ခပ်စိပ်စိပ်သွားရောက်ခဲ့ခြင်း၊ စစ်လက်နက်ပစ္စည်းနှင့် တပ်အင်အားများ ထုတ်ဖော်ပြသလာခြင်းတို့အပေါ် နိုင်ငံရေးလေ့လာသူများသာမက ကမ္ဘာကပါ အာရုံစိုက်မိလာကြသည်။ ကာချုပ်သည် ယခင်တစ်လျှောက် လုံး စွဲကိုင်လာခဲ့သော တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ ဆောင်ပုဒ်ကိုစွန့်လွှတ်ကာ မကြာသေးမီက သွားရောက်ခဲ့သော အင်ဒိုနီးရှားခရီးစဉ်အတွင်း ပြည်သူသာ အမိ၊ ပြည်သူသာ အဖဟု ပြောင်းလဲ၍ စတင်သုံးနှုန်းလိုက်သူလည်းဖြစ်သည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များနှင့် ဆွေးနွေး ပွဲသို့လည်း တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များဖြစ်သော ဒုတိယဗိုလ်ချုပ်ကြီးသုံးဦးနှင့် ဗိုလ်ချုပ် နှစ်ဦးတို့ကို တက်ရောက်ဆွေးနွေးစေခဲ့ပြီး သြဂုတ် ၁ ရက်တွင် အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးလိုကြောင်းလည်း ကာချုပ်က ကမ်းလှမ်းလိုက်သည်။

အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးဥပဒေ ပြဋ္ဌာန်းရန် နိုင်ငံတော်သမ္မတက တိုက်တွန်းခဲ့ခြင်းအပေါ် မဲဆွယ်သည်ဟု ဝေဖန်မှုများ ထွက်ပေါ်နေချိန်နှင့် ကာကွယ်ရေးဦးစီးချုပ်၏ လုပ်ဆောင်ချက်များက တိုက်ဆိုင်လျက်ရှိနေသည်။ သမ္မတပြောစကားကို တပ်မတော်က နားထောင်ခြင်းမရှိဟု ဝေဖန်နေကြချိန်တွင် ကချင်ပြည်နယ်ခရီးစဉ်က အမြင်အချို့ကို ပြောင်းလဲသွားစေခဲ့သည်။

‘‘ရွေးကောက်ပွဲနီးလာတော့ အချင်းချင်းကျောချင်းကပ်ရမှာပဲ။ ဒီခရီးက ဘာကိုဆိုလိုသလဲဆိုရင် နိုင်ငံရေးအရ ယုံကြည်မှုရှိကြောင်း သွားတဲ့ Trip ပဲ’’ဟု စစ်ရေး၊ နိုင်ငံရေးလေ့လာသူ ဦးဘိုဘိုကျော်ငြိမ်း ကပြောသည်။

လက်ရှိ လွှတ်တော်နှစ်ရပ်အတွင်း နိုင်ငံတော်သမ္မတ တင်သွင်းသည့် အဆိုများကို တပ်မတော်သားများ ကန့်ကွက်ခဲ့ခြင်းမရှိဘဲ တညီတညွတ်တည်း ထောက်ခံခဲ့ကြခြင်းက သမ္မတဘက်တွင် တပ်မတော် ရပ်တည်ကြောင်း ပြသနေခြင်းပင်။

ထို့ကြောင့် ဦးသိန်းစိန်အနေဖြင့် လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဆိုပါက တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းက ရွေးချယ်တင်မြှောက်ခွင့်ရှိသော ဒုတိယသမ္မတရာထူးအတွက် အလေးပေးအခံရဆုံးသူ ဖြစ်လာနိုင်ဖွယ်ရှိနေသည်။ သို့သော် ဦးသိန်းစိန်အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်း ပြု၊ မပြုကို အတိအကျ ပြောဆိုထားခြင်းမရှိပေ။

ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဦးသိန်းစိန်အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်မည် မဟုတ်တော့ကြောင်း ပြောဆိုခဲ့ဖူးသည်။

‘‘သမ္မတကတော့ အရွေးမခံတော့ဘူးလို့ ကြားတယ်။ သမ္မတ အရွေးမခံတော့ဘူးဆိုရင်တော့ လက်ရှိ ကာချုပ်ကိုပဲ ပေးလိမ့်မယ်ထင်တယ်။ သူရဦးရွှေမန်းကျတော့ အကြောင်းသိနေကြတော့ တပ်ထဲမှာ သိပ် မထောက်ခံကြဘူး’’ဟု အငြိမ်းစားဗိုလ်မှူးတစ်ဦးက သုံးသပ်သည်။

နိုင်ငံရေးလေ့လာသူများက ဦးသိန်းစိန်၊ သူရဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ထဲမှ တစ်ဦးကို ၂၀၁၅ ခုနှစ်တွင် သမ္မတဖြစ်လာနိုင်သူဟု ခန့်မှန်းထားကြသည်။ ပြည်သူတို့၏ ထောက်ခံမှုရရှိထားသော ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတဖြစ်ရန် မလွယ်ကူပေ။ အလားတူ ဦးသိန်းစိန်အနေဖြင့်လည်း ၂၀၁၅ တွင် သမ္မတဆက်လုပ်မည့် အပေါ် မိသားစုဝင်များက အပြင်းအထန်ကန့်ကွက်နေကြကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

သူရဦးရွှေမန်းအနေဖြင့်လည်း သူ ဥက္ကဋ္ဌတာဝန်ယူထားသော ပြည်ခိုင်ဖြိုးပါတီ နေရာအများစုအနိုင်ရမှသာ သမ္မတဖြစ်နိုင်ပါလိမ့်မည်။ မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒုတိယသမ္မတသုံးဦးကို ပြည်သူ့လွှတ်တော်က တစ်ဦး၊ အမျိုးသားလွှတ်တော်က တစ်ဦး၊ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့ လွှတ်တော်နှစ်ရပ်ပေါင်းရှိ တပ်မတော်သား ကိုယ်စားလှယ်များက တစ်ဦး ရွေးချယ်ရမည်ဖြစ်သည်။ ရွေးချယ်လိုက်သည့် ဒုသမ္မတသုံးဦးထဲမှ တစ်ဦးကို ပြည်ထောင်စုလွှတ်တော်က ပြန်လည်ရွေးချယ်ပြီး သမ္မတအဖြစ် ခန့်အပ်ရမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ ခေါင်းဆောင်မှုလေဟာနယ်ပြဿနာကြောင့် လက်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သမ္မတဖြစ်နိုင်သည်ဟု နိုင်ငံရေးသိပံ္ပပါရဂူဘွဲ့ရရှိရန် ကျမ်းပြုနေသူ ဦးမင်းဇင်က Messenger ဂျာနယ်နှင့် အင်တာဗျူးတွင် သုံးသပ်ပြောကြားခဲ့သည်။

သို့ရာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှာ ၂၀၁၅ ခုနှစ်တွင် အသက်ခြောက်ဆယ်ပြည့်မည်ဖြစ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လက်ရှိရာထူးမှ အနားယူရဖွယ်ရှိနေသည်။ ၀န်ကြီးဌာနတစ်ခုမှ လက်ထောက် ညွှန်ကြားရေးမှူး၊ အငြိမ်းစားဗိုလ်မှူးတစ်ဦးကတော့ ‘‘စစ်တပ်မှာ အသက်ခြောက်ဆယ် ပင်စင်က မယူ မနေရမဟုတ်ဘူး။ နောက်တစ်ချက်က အရင်လို တပ်ကထွက်တာနဲ့ နိုင်ငံရေးမှာ အသာစီး ဝင်ယူဖို့ မလွယ် တော့ဘူး’’ဟုဆိုသည်။

၂၀၁၀ ခုနှစ် နိုဝင်ဘာ ၄ ရက်စွဲဖြင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပြဋ္ဌာန်းပေးခဲ့သည့် အရန်တပ်ဖွဲ့ဥပဒေအခန်း(၂)အရမူ ‘‘စစ်မှုထမ်းတစ်ဦးသည် စစ်မှုထမ်းခြင်းမှ နုတ်ထွက်ခွင့်(သို့) အငြိမ်းစားယူခွင့်ရရှိသည့် နေ့ရက် မှစ၍ အရန်တပ်ဖွဲ့တွင် စစ်မှုထမ်းဆောင်ရန် တာဝန်ရှိသည်’’ဟုလည်းကောင်း၊ ‘‘တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် စစ်မှုထမ်းခြင်းမှ မိမိဆန္ဒအလျောက် နုတ်ထွက်/အငြိမ်းစားယူသော စစ်မှုထမ်း တစ်ဦး အား အရန်တပ်ဖွဲ့ဝင်အဖြစ် ခန့်အပ်နိုင်သည်’’ဟုလည်းကောင်း အရန်တပ်ဖွဲ့ဝင်များ၏ သက်တမ်း မှာ လည်း ငါးနှစ်သာဟူ၍လည်းကောင်း ဖော်ပြထားသည်။

ထို့ကြောင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် အသက်ခြောက်ဆယ်ပြည့်မြောက်သည့်တိုင် အရန် တပ်ဖွဲ့ဝင်အဖြစ် လက်ရှိရာထူးအဆင့် စစ်ယူနီဖောင်းဝတ်ဖြင့် ဆက်လက်နေထိုင်နိုင်မည့် အခွင့်အရေး တစ်ခုလည်း ရှိနေသည်။ ထိုအချက်သည် လက်ရှိလွှတ်တော်တွင် ဒုတိယသမ္မတများအား လွှတ်တော် ကိုယ်စားလှယ်ဖြစ်ရမည်ဟု ပြင်ဆင်လိုသည့်အချက်ကိုလည်း ကျော်လွှားနိုင်ခြေရှိသည်။

အဘယ်ကြောင့်ဆိုသော် စစ်ယူနီဖောင်း ဆက်လက်ဝတ်ဆင်ထားပါက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အသစ်က ခန့်အပ်သော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ခန့်အပ်နိုင်သည့် အခွင့်အရေးကို ခံစားနိုင်၍ ဖြစ်သည်။

သို့သော် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် နိုင်ငံရေးနယ်ပယ်အတွင်း ၀င်ရောက်လာနိုင်မည်မဟုတ်ဟု ယူဆနေသူများစွာလည်းရှိပါသည်။

‘‘ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ ပရော်ဖက်ရှင်နယ် တပ်မတော်ကိုပဲ သွားချင်တယ်လို့ထင်တယ်။ နိုင်ငံရေးလောကထဲ မ၀င်လောက်ဘူး ထင်တယ်’’ဟု ပြည်ခိုင်ဖြိုးပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ တပ်မတော်အရာရှိဟောင်း ဦးလှဆွေက မှတ်ချက်ပြုသည်။

ပြည်ပရောက် စာရေးဆရာမင်းဒင်ကတော့ ‘‘လက်ရှိ ကာချုပ်မင်းအောင်လှိုင်လက်ထက်မှာ စစ်တပ်နဲ့ ပြည်သူကြား ထူးထူးခြားခြား အပြောင်းအလဲရှိတယ်လို့ မမြင်မိသေးဘူး။ တိုင်းပြည်ကာကွယ်ရေးတာဝန်ကို တိတိကျကျထမ်းဆောင်တဲ့ တပ်မတော် ဖြစ်မလာသေးဘူး’’ဟု ဆိုလာသည်။

လက်ရှိ မြန်မာ့တပ်မတော်သည် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ဆက်ဆံရေးတိုးတက်လာသော်လည်း ပြည်သူများအကြားတွင်မူ မြေယာသိမ်းပြဿနာများကြောင့် အမြင်စောင်းခြင်းခံနေရချိန်ဖြစ်သည်။ တပ်မတော်အနေဖြင့်လည်း တပ်မတော်၏ မူလတာဝန်ဖြစ်သော နိုင်ငံတော်ကာကွယ်ရေးတာဝန်အပြင် အုပ်ချုပ်ရေးနှင့် စီးပွားရေးလုပ်ငန်းများတွင် ၀င်ရောက်စွက်ဖက်ခဲ့သောကြောင့် အိမ်နီးချင်းနိုင်ငံများရှိ တပ်မတော်များနှင့် နှိုင်းယှဉ်နိုင်သည့်အနေအထားသို့ မရောက်ရှိဘဲ ဖြစ်နေခဲ့သည်။

ထို့အတူ အခြေခံဥပဒေပြင်ရန် ကြိုးပမ်းနေသူများသည် လွှတ်တော်တွင်း တပ်မတော်သား ကိုယ်စားလှယ်၂၅ ရာခိုင်နှုန်းပါဝင်နေမှုအား ပြင်ဆင်ရန် ကြိုးစားနေသကဲ့သို့ လက်ရှိ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကလည်း တပ်မတော်၏ပါဝင်မှုအား လျော့ချနေသည်ဟု ပြောကြားခဲ့ဖူးသည်။

ထို့ကြောင့် အခြေခံဥပဒေတွင် ၂၅ ရာခိုင်နှုန်းကိစ္စ ၂၀၁၅ မတိုင်မီ ပြင်ဆင်နိုင်ခြေ ရှိ၊ မရှိကလည်း အဓိကမေးခွန်းဖြစ်နေသည်။

စစ်ဗိုလ်ချုပ်တစ်ဦးအဖြစ်မှ သမ္မတတာဝန်ထမ်းဆောင်ခြင်းကို လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေအရ ပြည်သူများက လက်ခံနိုင်ဖွယ်မရှိသလို တပ်မတော်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေးများကိုလည်း ရပ်တန့်သွားစေနိုင်သည်ဟု နိုင်ငံရေးလေ့လာသူ ဦးဘိုဘိုကျော်ငြိမ်းက မှတ်ချက်ပြုသည်။

7Day News Journal

ပထမဆုံးအကြိမ်အဖြစ် ပြည်တွင်းဆရာဝန်များ အောင်မြင်စွာ ခွဲစိတ်ကုသ ပေးခဲ့သည့် ခြေလေးချောင်းပါကလေးငယ် နေရပ်သို့ ကျန်းမာစွာပြန်ပြီ


ပထမဆုံးအကြိမ်အဖြစ် ပြည်တွင်းဆရာဝန်များ အောင်မြင်စွာ ခွဲစိတ်ကုသ ပေးခဲ့သည့် ခြေလေးချောင်းပါကလေးငယ် နေရပ်သို့ ကျန်းမာစွာပြန်ပြီ
Wednesday, March 19, 2014

ရှမ်းပြည်နယ်မှ ခြေထောက်လေးချောင်းပါ ကလေးငယ်ကို လူကောင်းပကတိဖြစ်အောင် ပြည်တွင်းဆရာဝန်များအဖွဲ့က ရန်ကင်းကလေးဆေးရုံကြီးတွင် အောင်မြင်စွာခွဲစိတ် ကုသမှု ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။ 

အဆင့် ၄ ဆင့် ခွဲစိတ်မှုပြုလုပ်ခဲ့ရပြီး ဒုတိယအဆင့်၌ အချိန် ၁ဝ နာရီကျော် ယူခဲ့ရသော ယင်းခွဲစိတ်မှုမှာ မြန်မာ့ဆေးပညာ လောက၌ အချိန်အကြာဆုံးနှင့် ပထမဦးဆုံး ခွဲစိတ်မှုတစ်ခုလည်းဖြစ်ပြီး ကလေးငယ်မှာကျန်းမာစွာဖြင့် ဆေးရုံမှဆင်းသွားပြီဟု သိရသည်။

ခွဲစိတ်မှုတွင် ပါဝင်သူ ရန်ကင်းကလေးဆေးရုံ အုပ်ကြီး ဒေါက်တာ အောင်မြင့်လွင်က ''ရင်ချင်းဆက် စတာတွေကို ခွဲစိတ်မှု ပြုလုပ်ခဲ့ဖူးပေမယ့် ခြေထောက်အပိုပါတာကို 
ခွဲစိတ်တာက ဒါပထမဦးဆုံးပါပဲ''ဟုပြောသည်။ 

ရှမ်းပြည်နယ် ပင်လုံမြို့နယ်ထဲမှ လွယ်မွတ်ကျေးရွာ တွင် နေထိုင်သည့် တောင်သူမိသားစုမှ မွေးဖွားလာသော အဆိုပါ ကလေးငယ်မှာ မိန်းကလေးဖြစ် ပြီး ခွဲစိတ်မှုကို ပြီးခဲ့သော ၂ဝ၁၃ ခုနှစ် ဇူလိုင်လက ရန်ကင်းဆေးရုံတွင် စတင် ပြုလုပ်ခဲ့သည် ဟု ဆေးရုံမှတ်တမ်းများ အရ သိရသည်။

ရန်ကင်းဆေးရုံသို့ ၂ဝ၁၃ ခုနှစ် မေလထဲတွင် ရောက်လာခဲ့ပြီး ၁၁ လ ကျော်အကြာ တက်ရောက်ခဲ့သူ ယင်းက လေးငယ်၏ ကျန်းမာရေး အခြေအနေ ကို စောင့်ကြည့်၍ စိတ်ချရသည့်အတွက် ၂ဝ၁၄ မတ်လထဲတွင် ဆေးရုံမှ ဆင်းခွင့် ပြုလိုက်ကြောင်း ရန်ကင်းကလေးဆေးရုံ က အတည်ပြု ပြောသည်။ ယင်းကလေးငယ်ကို သုံးလသား 
အရွယ်တွင် လွိုင်လင်ခရိုင် ဆေးရုံသို့တင်ခဲ့ပြီး ထိုမှ တောင်ကြီးဆေးရုံသို့ ဆက်တင်ကာပြီးမှ ရန်ကင်းဆေးရုံသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

ခွဲစိတ်စဉ် ဆေးရုံတွင် ပရိုဂျက်တာဖြင့် တိုက်ရိုက်ပြသပေးခဲ့သည်။ ငွေကြေးကူညီသူ ဧရာဝတီဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ''ရှမ်းပြည်နယ် အစိုးရအဖွဲ့ကနေ 
ပို့လိုက်လို့ သိရတဲ့အတွက် တာဝန်ယူပေးတာပါ''ဟု ပြော သည်။ ယင်းကလေးငယ်ကဲ့သို့ အလားတူ ခြေနှစ်ချောင်းအပိုပါသော ဒိုက်ဦးမှ ကလေးငယ်တစ်ဦးသည်လည်း ရန်ကင်း ဆေးရုံသို့ ထပ်မံရောက်ရှိနေသည်ဟု သိရသည်။

Popular Myanmar News Journal

ရှမ်းပြည်နယ်မှ ခြေထောက်လေးချောင်းပါ ကလေးငယ်ကို လူကောင်း ပကတိဖြစ်အောင် ပြည်တွင်း ဆရာဝန်များအဖွဲ့က ရန်ကင်း ကလေးဆေးရုံကြီးတွင် အောင်မြင်စွာခွဲစိတ် ကုသမှု ပြုလုပ်နိုင် ခဲ့ကြောင်း သိရသည်။ အဆင့် ၄ ဆင့် ခွဲစိတ်မှုပြုလုပ်ခဲ့ရပြီး ဒုတိယ အဆင့်၌ အချိန် ၁ဝ နာရီကျော် ယူခဲ့ရသော ယင်းခွဲ စိတ်မှုမှာ မြန်မာ့ ဆေးပညာ လောက၌ အချိန်အကြာဆုံးနှင့် ပထမဦးဆုံး ခွဲစိတ်မှု တစ်ခုလည်းဖြစ်ပြီး ကလေးငယ်မှာကျန်းမာစွာဖြင့် ဆေးရုံမှ ဆင်းသွားပြီဟု သိရသည်။


ခွဲစိတ်မှုတွင် ပါဝင်သူ ရန်ကင်းကလေးဆေးရုံ အုပ်ကြီး ဒေါက်တာ အောင်မြင့်လွင်က ''ရင်ချင်းဆက် စတာတွေကို ခွဲစိတ်မှု ပြုလုပ်ခဲ့ဖူး ပေမယ့် ခြေထောက်အပိုပါတာကို ခွဲစိတ်တာက ဒါပထမဦးဆုံး ပါပဲ''ဟုပြောသည်။

ရှမ်းပြည်နယ် ပင်လုံမြို့နယ်ထဲမှ လွယ်မွတ်ကျေးရွာ တွင် နေထိုင်သည့် တောင်သူ မိသားစုမှ မွေးဖွား လာသော အဆိုပါ ကလေးငယ်မှာ မိန်းကလေးဖြစ် ပြီး ခွဲစိတ်မှုကို ပြီးခဲ့သော ၂ဝ၁၃ ခုနှစ် ဇူလိုင်လက ရန်ကင်းဆေးရုံတွင် စတင် ပြုလုပ်ခဲ့သည် ဟု ဆေးရုံမှတ်တမ်းများ အရ သိရသည်။

ရန်ကင်းဆေးရုံသို့ ၂ဝ၁၃ ခုနှစ် မေလထဲတွင် ရောက်လာခဲ့ပြီး ၁၁ လ ကျော်အကြာ တက်ရောက်ခဲ့သူ ယင်းက လေးငယ်၏ ကျန်းမာရေး အခြေအနေ ကို စောင့်ကြည့်၍ စိတ်ချရသည့်အတွက် ၂ဝ၁၄ မတ်လထဲတွင် ဆေးရုံမှ ဆင်းခွင့် ပြုလိုက်ကြောင်း ရန်ကင်းကလေးဆေးရုံ က အတည်ပြု ပြောသည်။ ယင်းကလေးငယ်ကို သုံးလသား အရွယ်တွင် လွိုင်လင်ခရိုင် ဆေးရုံသို့တင်ခဲ့ပြီး ထိုမှ တောင်ကြီးဆေးရုံသို့ ဆက်တင်ကာပြီးမှ ရန်ကင်းဆေးရုံသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

ခွဲစိတ်စဉ် ဆေးရုံတွင် ပရိုဂျက်တာဖြင့် တိုက်ရိုက်ပြသပေးခဲ့သည်။ ငွေကြေးကူညီသူ ဧရာဝတီ ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ''ရှမ်းပြည်နယ် အစိုးရအဖွဲ့ကနေ ပို့လိုက်လို့ သိရတဲ့အတွက် တာဝန်ယူပေးတာပါ''ဟု ပြော သည်။ ယင်းကလေးငယ်ကဲ့သို့ အလားတူ ခြေနှစ်ချောင်းအပိုပါသော ဒိုက်ဦး မှ ကလေးငယ်တစ်ဦးသည်လည်း ရန်ကင်း ဆေးရုံသို့ ထပ်မံရောက်ရှိနေသည်ဟု သိရသည်။

Popular Myanmar News Journal