Friday, February 28, 2014

ဖွဲ့စည်းပုံပြင်ပေးရန် ဆန္ဒပြပွဲများ မတ်လတွင် ဆက်တိုက် လုပ်မည်ဆို

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပေးရန် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပြည်သူ့ ကွန်ရက်က မတ်လအတွင်း ဆန္ဒဖော်ထုတ်မှုများ ဆက်တိုက် လုပ်ရန်ရှိသည်ဟု ယင်းကွန်ရက်အတွင်း ပါဝင်သည့် ဒီမိုကရေစီငြိမ်းချမ်းရေးနှင့် အမျိုးသမီးကွန်ရက်၏ အဖွဲ့ဝင် ဒေါ်လေးလေးက ဖေဖော်ဝါရီ ၂၆ တွင် မဇ္ဈိမကို ပြောသည်။


၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပြည်သူ့ကွန်ရက်က မတ်လ ၁ ရက် ညနေ ၃ နာရီတွင် သင်္ဃန်းကျွန်းမြို့နယ်နှင့် သာကေတမြို့နယ်တို့တွင် ဖွဲ့စည်းပုံပြင်ပေးရန် တစ်ပြိုင်နက် တောင်းဆိုမှုများ ဆောင်ရွက်သွားမည်ဖြစ်သည်။ ယင်းအပြင် မတ်လ ၃ ရက်၌ ဒဂုံမြို့သစ်အရှေ့ပိုင်းတွင် နံနက် ၈ နာရီ နှင့် မတ် ၄ ရက်တွင် ဒဂုံမြို့သစ်တောင်ပိုင်း၌ နံနက် ၉ နာရီတွင် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် တောင်း ဆိုသွားမည်ဖြစ်သည်။

ဒီမိုကရေစီငြိမ်းချမ်းရေးနှင့် အမျိုးသမီးကွန်ရက်အဖွဲ့ဝင် ဒေါ်လေးလေးက “ပြည်သူတွေ ကြောက်အားရှိ နေသေးတဲ့အတွက် ဦးဆောင်စည်းရုံးတာပါ။ တစ်မြို့နယ်ချင်း တောင်းဆိုမှုပြီးသွားတာနဲ့ ရန်ကုန်တိုင်း တစ်တိုင်းလုံး တစ်နေ့တည်း၊ တစ်ပြိုင်တည်း တောင်းဆိုမှုတွေ ဆက်တိုက် ဆောင်ရွက်သွားမယ်”ဟု ပြောသည်။

မြို့နယ်တစ်မြို့နယ်ချင်းစီတွင် ဆန္ဒဖော်ထုတ်ရန် သက်ဆိုင်ရာနယ်မြေရဲတပ်ဖွဲ့စခန်းများတွင် လူအင်အား ၂၀၀ ဖြင့် ခွင့်ပြုချက်ကို ရရှိထားပြီးဖြစ်သည်။ ယင်းအပြင် ဒဂုံမြို့နယ်သစ်မြောက်ပိုင်းတွင်လည်း ခွင်ပြုမိန့်တင်ထားသည်။

အရပ်သားပြည်သူများ သမ္မတဖြစ်ခွင့်နှင့် ပြည်သူကရွေးချယ်သော ပြည်သူ့ခေါင်းဆောင်ကို သမ္မတဖြစ်ခွင့်အပေါ် ဟန့်တားနေသော ပုဒ်မ၅၉(ဃ)နှင့်(စ)ကို ပယ်ဖျက်ပေးရေး၊ နိုင်ငံသားများအတွက် တန်းတူ ညီမျှမှု၊ တရားမျှတမှုကို ပျောက်ဆုံးစေသော ပုဒ်မ၆(စ)၊ ပုဒ်မ၂၆၁(ခ)၊ ပုဒ်မ(၁)၊ ပုဒ်မ ၃၃၈ တို့ကို ပယ် ဖျက်ပြင်ဆင်ပေးရေးအတွက်လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များသည် ပြည်သူလူ ထုကို ပြုပြင်ပြောင်းလဲရာတွင် ကြီးစွာ အဟန့်အတားဖြစ်ပြီး စစ်အုပ်စု အာဏာတည်မြဲရေးကို ကာကွယ် ပေးရန် ပြဋ္ဌာန်းထားသော ပုဒ်မ ၄၃၆ ကို ပြင်ဆင်ပေးရေးအတွက်လည်းကောင်း ပြည်သူအားဖြင့် ဆန္ဒ ဖော်ထုတ်သွားပါမည်ဟု ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပြည်သူ့ကွန်ရက်က ဖေဖော်ဝါရီ၂၃ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပြည်သူ့ကွန်ရက်အဖွဲ့ဝင် ဦးရန်နိုင်ထွေးက “အဓိကက ပြည် သူလူထု ရွေးကောက်တင်မြှောက်တဲ့ ခေါင်းဆောင်ပေါ်ပေါက်ဖို့ တောင်းဆိုမှုတွေ ဆက်တိုက် ဆောင် ရွက်သွားမှာပါ”ဟု ပြောသည်။

ယင်းကွန်ရက်သည် ဖွဲ့စည်းပုံကို ပြင်ဆင်လာသည့်အထိ တိုင်းနှင့်ပြည်နယ် အသီးသီးတွင် တောင်းဆိုမှု များ ဆက်တိုက် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်သူတစ်ရပ်လုံး ပါဝင်သည့် စည်းရုံးပွဲများ ဆောင်ရွက် သွားမည်ဖြစ်သည်ဟုလည်း ဦးရန်နိုင်ထွေးက ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပြည်သူ့ကွန်ရက်ကို ၂၀၁၄ ခုနှစ် နှစ်ဆန်းက စတင်ဖွဲ့စည်းခဲ့ ပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ အဖွဲ့အစည်းများဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ယင်းကွန်ရက်က ဖွဲ့ စည်းပုံပြင်ပေးရန် ဖေဖော်ဝါရီ ၂၃ ရက်တွင် တာမွေမြို့နယ်၌ ဆန္ဒဖော်ထုတ်ခဲ့သည်။

Mizzima

ရှေ့သုံးလှမ်းတိုး နောက်နှစ်လှမ်းပြန်ဆုတ်တဲ့ မြန်မာ့မီဒီယာလောက



၂၀၁၀ ရွေးကောက်ပွဲကနေ စတင်ခဲ့တယ်ပဲဆိုဆို၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲပြီးမှာမှ တကယ်ဖြစ် လာတာလို့ပဲပြောပြော၊ လက်ရှိသွားနေတဲ့ မြန်မာ နိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်မှာ အမြင် သာဆုံး တိုးတက်မှုကိုပြပါဆိုရင် မီဒီယာ လောက ကိုပဲ လက်ညှိုးထိုးပြရပါလိမ့်မယ်။


ဖမ်းဆီးခံ သတင်းသမားအားလုံးကို အကျဉ်းထောင် တွေကနေ လွတ်ပေးလိုက်တာ၊ စာပေဆင်ဆာအဖွဲ့ ကို လုံးဝဖျက်သိမ်းလိုက်တာ၊ ပုဂ္ဂလိကပိုင် သတင်းစာတွေ ထုတ်ဝေခွင့်ပေးလိုက်တာ၊ ပြည်ပကနေ၀င် လာတဲ့ တချိန်ကအတိုက်ခံဖက်ယိမ်းတဲ့ မီဒီယာတွေကို ပြည်တွင်းမှာအခြေချခွင့်ပေးလိုက်တာ၊ နိုင်ငံတ ကာ မီဒီယာသမားတွေကို သတင်းထောက် ဗီဇာပေးပြီး ရန်ကုန်မှာ ရုံးခွဲတွေဖွင့်ခွင့်ပေးလိုက်တာတွေ ဟာ အခုနှစ်ပိုင်းအတွင်း မီဒီယာလောကရဲ့ မဟာခုန်ပြန်ကျော်လွှားမှုတွေပေါ့။

ဒါပေမဲ့ အဲဒါတွေဟာ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းတွေစတင်ခါစ လွန်ခဲ့တဲ့ ၂၀၁၂ နဲ့ ၂၀၁၃ အစောပိုင်း ပိုင်းက ဖြစ်ပေါ်ခဲ့တဲ့တိုးတက်မှုတွေသာဖြစ်ပြီး အခု ၂၀၁၃ နှောင်းပိုင်းနဲ့ ၂၀၁၄ အစောပိုင်းတွေမှာတော့ အခြေနေဟာ အရင်ကလောက် အရှိန်မကောင်းတော့ဘူးလို့ မီဒီယာလွတ်လပ်ခွင့်စောင့် ကြည့်ရေးအဖွဲ့ တွေက ထုတ်ပြောလာပါတယ်။

''မြန်မာနိုင်ငံရဲ့သတင်းလွတ်လပ်ခွင့် ၂၀၁၄ အခြေနေဟာ ၂၀၁၃ ထက်တော့ ၆ ဆင့် ပိုတိုးတက်လာပါ တယ်။ ဒါပေမဲ့ ၂၀၁၃ တုန်းကဆိုရင် ၂၀၁၂ အခြေနေထက် ၁၈ ဆင့်တောင် တက်လာတာတွေ့ရ တယ်'' လို့ နယ်ခြားမဲ့ သတင်းသမားကာကွယ်ရေးအဖွဲ့ RSF ကပြောပါတယ်။ ပြီးခဲ့တဲ့သတင်းပတ်က ထုတ်ပြန်ခဲ့တဲ့ Index ခေါ် တမ္ဘာလုံးရှိ နိုင်ငံပေါင်း ၁၈၀ ရဲ့အခြေနေကို အဆင့်လိုက်ဖေါ်ပြတဲ့ အစီရင်ခံ စာအတွင်း အခုလို ဖေါ်ပြထားတာဖြစ်ပါတယ်။

စာရင်းအတိအကျကိုပြောရမယ်ဆိုရင် နိုင်ငံပေါင်း ၁၈၀ မှာ မြန်မာနိုင်ငံအခြေနေက ၁၄၅ နေရာမှာရှိ ပါတယ်။ မနှစ်က ၁၅၁ နေရာမှာရှိခဲ့တဲ့အတွက် ၆ ဆင့် တက်လာတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၂၀၁၂ တုန်းကတော့ ၁၆၉ နေရာကနေ ၂၀၁၃ မှာ ၁၅၁ အထိတက်လာတဲ့အတွက် ၁၈ ဆင့်အထိ ခုန်တက်လာတယ်။ ဒါကြောင့် ၂၀၁၃ နဲ့စာရင် ၂၀၁၄ ဟာ သတင်းလွတ်လပ်ခွင့်တိုးတက်မှု နှုန်းထား အရှိန်ပြန်ကျသွားတယ်။ ၁၈ ဆင့်တိုးရာကနေ ၆ ဆင့်သာတိုးတော့တဲ့အတွက် ရှေ့ ၃ လှမ်းတိုးပြီး နောက် နှစ်လှမ်းပြန်ဆုတ်သွားတယ်လို့ ဆိုလိုတာပါ။

၂၀၁၄ စာရင်းတွေအရ မြန်မာထက်နိမ့်တဲ့နိုင်ငံပေါင်း ၃၀ ခန့်ထဲမှာတော့ အိမ်နီးချင်းအာဆီယံနိုင်ငံတွေ ဖြစ်တဲ့ စင်ကာပူ၊ မလေးရှား၊ ဖိလပိုင်၊ လာအိုနဲ့ ဗီယက်နမ်တို့ပါဝင်နေတာ အံ့သြွဘွယ်ဖြစ်ပါတယ်။ တခါ တောင်အာရှဖက်က အိမ်နီးချင်းတွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်၊ သိရိလကာင်္နဲ့ ပါကစ္စတို့ဟာလဲ မြန်မာ ရဲ့အောက်ကိုရောက်နေပါတယ်။ ပြီးတော့ မြန်မာရဲ့အဓိကမဟာမိတ် တရုတ်နိုင်ငံဟာ အောက်ဆုံးက နေ ပြန်ရေတွက်ရင် နံပတ် ၆ နေရာမှာရှိနေပြီး မြောက်ကိုးရီးယားကတော့ အောက်ဆုံးရဲ့ ဒုတိယ နေရာမှာရှိနေတာကို တွေ့ရပါတယ်။ အပေါ်ဆုံး ၃ နေရာကိုတော့ ဥရောပတိုက်က ဖင်လန်၊ နယ်သာ လန်နဲ့ နော်ဝေတို့က ၃ နှစ်ဆက်တိုက် ယူထားတာတွေ့ရပါတယ်။


အပေါ်ဆုံးကိုရောက်ဖို့ ဒါမှမဟုတ် နော်ဝေးနဲ့ ဥရောပတိုက်ရဲ့ မီဒီယာအဆင့်တန်းကိုမှီဖို့ မြန်မာနိုင်ငံ အနေနဲ့ နောက်ထပ်အဆင့် ၁၄၀ ကျော်လိုသေးတယ်ဆိုပေမဲ့ ပြုပြင်ပြောင်းလဲရေးကာလ ၃ နှစ် လောက်အတွင်း အောက်ဆုံးနီးပါးအဆင့်ကနေ အဆင့်ပေါင်း ၃၀ လောက် ခုန်တက်လာတယ်ဆိုတာ ဟာ နည်းတဲ့ နှုန်းထားမဟုတ်ပါ။ ဒါပေမဲ့ ၂၀၁၄ မှာ ဘာကြောင့် တိုးတက်နှုန်းကျသွားသလဲဆိုတာက တော့ စဉ်းစားစရာ ဖြစ်လာနေပါတယ်။

အစိုးရနဲ့ လွှတ်တော်ကဆွေးနွေးနေတဲ့ မီဒီယာဥပဒေတွေဟာ နိုင်ငံတကာအဆင့်တန်းနဲ့ ကိုက်ညီမှုမရှိ တဲ့အပြင် တချို့ဥပဒေတွေကို မီဒီယာသမားတွေနဲ့ညှိနှိုင်းမှုမရှိပဲ အစိုးရက တဖက်သတ်ဆောင်ရွက်နေ တာတွေဟာ လက်ခံနိုင်ဘွယ်မရှိဘူးလို့ RSF ကပြောပါတယ်။ ပုံနှိပ်ထုတ်ဝေခြင်းဆိုင်ရာ ဥပဒေမူကြမ်း နဲ့ အသံလွှင့်ခြင်းဆိုင်ရာ ဥပဒေမူကြမ်းပါ အခြေခံလွတ်လပ်ခွင့်တွေကိုပေးလိုက်ရင် ဖြစ်ပေါ်လာမဲ့ အ ကျိုးရလာဒ်အပေါ် အစိုးရဖက်က ဒွိဟဖြစ်နေဆဲဖြစ်ပုံရတယ်လို့ ထောက်ပြထားပါတယ်။

နိုင်ငံပေါင်း ၁၈၀ ရဲ့အခြေနေကိုတန်းစီပြောတာဖြစ်တဲ့အတွက် အသေးစိပ်အချက်လက်တွေတော့ အစီ ရင်ခံစာထဲမှာ မတွေ့ရပါ။ ဒါပေမဲ့ အခုတလော ထွက်ပေါ်လာနေတဲ့ မီဒီယာလောက နောက်ပြန်ဆုတ်မှု အချက်လက်တွေကို ဒီနေရာမှာ စုစည်းတင်ပြရမယ်ဆိုရင် Unity ဂျာနယ်မှ အမှုဆောင်အရာရှိချုပ် ဦး တင့်ဆန်း၊ သတင်းသမားတွေဖြစ်တဲ့ ကိုလူမော်နိုင်၊ ကိုပိုင်သက်ကျော်၊ ကိုရာဇာဦးနဲ့ ရုံးအဖွဲ့မှုး ကို အောင်နိုင်ထွန်းတို့ ၅ ဦးကို နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှုနဲ့ စွဲချက်တင်ပြီး အစိုးရက ဖမ်းဆီစစ် ဆေးနေပါတယ်။

တခါ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကလဲ Eleven ဂျာနယ်မှ သတင်းသမားတဦးကို လာဒ်စားတဲ့သတင်းရေးသားမှု နဲ့ ထောင်ဒဏ် ၃ လ ချံခဲ့ဖူးပါတယ်။ နောက်တခါ ပြီးခဲ့တဲ့နိုဝင်ဘာလ ၁၄ ရက်နေ့ကလဲ မုံရွာဖက်က ကြေးနီမိုင်းဆန္ဒပြပွဲကို သတင်းယူတဲ့ သတင်းထောက်နှစ်ဦးရဲ့ ဓာတ်ပုံတွေကို အာဏာပိုင်တွေက အ တင်းအကျပ်ဖျက်ဆီးခိုင်းခဲ့တာမျိုးလဲရှိခဲ့ပါသေးတယ်။

ဖမ်းဆီးနှောက်ယှက်မှုကနေ ကန့်သန့်ချုပ်ချယ်မှုတွေအကြောင်းကို ဆက်ပြောရမယ်ဆိုရင် ရခိုင်ဖက် မှာဖြစ်ပွါးခဲ့တဲ့ ပဋိပက္ခနဲ့ပတ်သက်ပြီး နိုင်ငံခြားသတင်းဌာနကြီးတခုရဲ့ သတင်းဖေါ်ပြချက်ဟာ မှားယွင်း တယ်လို့ပြန်ကြားဝန်ကြီးဌာနဖက်ကယူဆတဲ့အတွက် အဲဒီသတင်းဌာနက သတင်းထောက်တွေ အပါ ၀င် နိုင်ငံခြားသတင်းထောက်တွေကို ဂျာနယ်လစ်ဗီဇာထုတ်ပေးမှု တင်းကျပ်လိုက်တယ်လို့သိရပါတယ် ။

နောက်တချက်ကတော့ အစိုးရပိုင်မီဒီယာနဲ့ ပုဂ္ဂလိကပိုင် မီဒီယာတွေရဲ့အားပြိုင်မှုကြီးထွားလာခြင်းလို့ ပြောရမယ်ထင်ပါတယ်။ ပုဂ္ဂလိကပိုင် သတင်းစာနဲ့ဂျာနယ်တွေက အစိုးရသတင်းစာမှာသွားထည့်တဲ့ ကြော်ငြာတွေကို အစိုးရသတင်းစာက ဆင်ဆာဖြတ်လိုက်ပါတယ်။ ဒုတိယအချက်ကတော့ အစိုးရအဖွဲ့ တွင်းက အရေးကြီးသတင်းတွေကို ပုဂ္ဂလိကပိုင်သတင်းလောကဆီမပေးပဲ အစိုးရပိုင်းမီဒီယာတွေကို သာ ဦးစားပေးထုတ်ပေးနေတယ်။ ပြန်ကြားရေးဝန်ကြီးဌာနဟာ နိုင်ငံတော်ဘဏ္ဍကိုအသုံးပြုးပြိး ပုဂ္ဂလိ က မီဒီယာလောကအပေါ် အနိုင်ကျင့်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေထွက်လာနေပါတယ်။

ဒါက ပုဂ္ဂလိက မီဒီယာသမားတွေအပေါ် အစိုးရဖက်က ဖိနှိပ်လာမှုအပိုင်းပါ။ ဒီကြားထဲ ပုဂ္ဂလိကပိုင် မီဒီယာလောကမှ သတင်းသမားတွေဟာ သတင်းကျင့်ဝတ်ကိုမသိဘူး၊ စံချိန်စံညွှန်း မမီဘူးဆိုတဲ့ စွပ်စွဲ ချက်တွေလဲ ထွက်လာနေပါတယ်။ ရှေ့မှာတင်ပြခဲ့တဲ့ Unity ဂျာနယ်ရဲ့ သတင်းဖေါ်ပြမှုကိုတောင် သ တင်းကျင့်ဝတ်နဲ့မညီဘူး၊ စံချိန်စံညွှန်းကိုမသိဘူးဆိုပြီး ဝေဖန်တဲ့ လူတွေလဲရှိလာနေပါတယ်။

တခါ အခုရက်ပိုင်းအတွင်းထုတ်ဝေတဲ့ နာမည်ကြီးဂျာနယ်တခုမှ နာမည်ကြီး အဆိုတော်လူငယ်တဦး ရဲ့ဆောင်းပါးထဲမှာလဲ သူကို အင်တာဗျုးလာလုပ်တဲ့ သတင်းသမားဟာ မူးရူးနေတဲ့အပြင် အင်တာဗျုး မဲ့အကြောင်းအရာကိုလဲ ဘာမှကြိုတင်လေ့လာမထားဘူး။ အိမ်စာလဲ လုပ်မလာဘူး။ သူ့အမည်ကို တောင် မှန်အောင်မခေါ်တတ်ဖူး။ မီဒီယာသမားတွေဟာ ဖွ ဖို့လောက်၊ စောင်ရေများအောင်လောက်ပဲ စိတ်ဝင်စား နေတယ်ဆိုပြီး ပြင်းပြင်းထန်ထန် ဝေဖန်ထားတာတွေ့ရပါတယ်။

ဒီလိုနှစ်ဖက်အမြင်တွေ ငြင်းခုန်လို့ကောင်းတုန်းမှာ မြန်မာနိုင်ငံရဲ့ ပထမ ဆုံး မီဒီယာကျောင်းဖြစ်တဲ့ Myanmar Journalism School ကို ဒီနှစ်ထဲ ဖွှင့်နိုင်ဘွယ်ရှိတယ်လို့ သတင်းတွေထွက်လာ ပါတယ်။ ပွင့်လင်းကာစ မြန်မာ့မီဒီယာလောကမှာ အတွေ့အကြုံရှိသူ၊ နိုင်ငံတကာအဆင့်မှီသူ သတင်း သမားတွေနည်းနေသေးလို့ ဒီလိုကျောင်းတွေဖွင့်တာကို မူအရကြိုဆိုသင့်ပါတယ်။ ဒါပေမဲ့ ဒီကျောင်းကို ပြန်ကြားရေးဝန်ကြီးဌာနက ချုပ်ကိုင်ဖို့ပြင်နေတဲ့အတွက် မီဒီယာသမားတွေက မကျေမလည်ဖြစ်နေ တယ်လို့ ဆိုပါတယ်။ အနှစ်ပြန်ချုပ်ရမယ်ဆိုရင်တော့ မြန်မာ့မီဒီယာလောက တိုးတက်မှုအခြေနေဟာ နိုင်ငံရေးအသွင်ကူး ပြောင်းမှုလုပ်ငန်းစဉ်တိုးတက်ခြင်းနဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။ နိုင်ငံရေး အသွင် ကူးပြောင်းမှုတိုး တက်မှ မီဒီယာလွတ်လပ်ခွင့်လဲ တိုးတက်သလိုဖြစ်နေပါတယ်။ ဆိုလိုတာကတော့ ဥပဒေ တွေ၊ မူလ ရပိုင်ခွင့်တွေ၊ Institutions တွေအရ မီဒီယာလွတ်လပ်ခွင့်ကို အသေအချာကာကွယ်ပေးထားတဲ့ အ ဆင့် ဆီ မရောက်သေးပါ။


နိုင်ငံရေးအခြေနေအရ ကြည့်ပျော်ရှုပျော်ဖြစ်အောင် ပေးထားတဲ့သဘော၊ သမ္မတကဖြစ်ဖြစ်၊ လွှတ် တော်ဥက္ကဌကဖြစ်ဖြစ်၊ ပြန်ကြားရေး ၀န်ကြီးကဖြစ်ဖြစ် ပုဂ္ဂိုလ်ရေးသြဇာအရ ပေးထားတဲ့အဆင့်မှာသာ ရှိနေပြီး ဥပဒေအရ၊ Institutions အရ အာမခံထားတဲ့အဆင့် မတွေ့ရသေးပါ။ ဒါကြောင့် နိုင်ငံရေးအ ခြေနေမကောင်းတာနဲ့ ရထားတဲ့မီဒီယာလွတ်လပ်ခွင့်တွေလဲ ချက်ချင်းပြန်ဆုံးရှုံးသွားနိုင်ပါတယ်။

တနည်းအားဖြင့်ပြောမယ်ဆိုရင် ရှေ့သုံးလှမ်းတိုးပြီး နောက်နှစ်လှမ်း ပြန်ဆုတ်သွားတဲ့အခြေနေမျိုး ထပ် မကြုံရလေအောင် စာနယ်ဇင်းကောင်စီ (ယာယီ) အပါဝင် မီဒီယာသမားအားလုံးက စည်းလုံးညီညွတ် စွာနဲ့ ရပ်တည်တိုက်ပွဲဝင်ဖို့လိုပါတယ်။ စာနယ်ဇင်းဆိုတဲ့ ပုံနှိပ်မီဒီယာအပြင် အသံလွှင့်မီဒီယာ ဖြစ်တဲ့ ရေဒီယိုနဲ့ ရုပ်မြင်သံကြားဖက်က သတင်းသမားတွေ၊ အွန်လိုင်းမီဒီယာလို့ခေါ်တဲ့ အင်တာနက် အခြေ ခံမီဒီယာသမားတွေပါ ပါဝင်ခွင့်ရတဲ့ မီဒီယာကောင်စီကိုအခိုင်မာဖွဲ့ပြီး အာဏာပိုင်အဖွဲ့မျိုးစုံးရဲ့ ဖိနှိပ်မှု တွေကို တွန်းလှန်ဖို့၊ မီဒီယာအခွင့်ရေးအပြည့်အ၀ရအောင် လက်တွဲဆောင်ရွက်ဖို့ အရေးတကြီးလိုအပ် နေပါကြောင်း တင်ပြလိုက်ရပါတယ်။ ။

http://www.htetaungkyaw.net/

ပြိုင်ကား ၅ စီး ရဲစခန်းရောက်နေပါပြီ



၁၆.၂.၂၀၁၄ရက်နေ့ ၀၁၁၅အချိန်တွင် ကိုသက်ဇော်ဝင်း မောင်းနှင်သည့် အငှားယာဉ်ကို ပြိုင်ကားများက ကျော်တက်ပိတ်ရပ်ကာ ယာဉ်ပေါ် ပါ ယာဉ်မောင်းနှင့် ခရီးသည် ကိုအင်ထိတ်ကြန့် တို့ကို ရိုက်နှက်ထိုးကြိတ်စဉ် အငှားယာဉ်ကို ထုရိုက် ခဲ့သဖြင့် လှိုင်မြို့မရဲစခန်း (ပ) ၇၂/၂၀၁၄၊ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၄၄၀/၄၂၇ /၃၂၅ /၁၁၄ အရ အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူများနှင့်ပြိုင်ကားများ ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက် ခဲ့ပါသည်။


ထိုသို့စုံစမ်းဆောင်ရွက်နေစဉ် ပြစ်မှုကျူးလွန်သူများဖြစ်ကြသည့် ကိုကိုနိုင် မောင်းနှင်ခဲ့သော ၉ဂ/၇၄၁၄ Nissan Fairlady အဖြူရောင် ပြိုင်ကားကို ၁၉.၂.၂၀၁၄ရက်နေ့ ၀၂၅၀အချိန်တွင် မရမ်းကုန်းမြို့နယ်၊ (၆)ရပ်ကွက်၊ တော်ဝင်ချယ်ရီအိမ်ရာ၌ ရပ်ထားသည်ကိုတွေ့ရှိခဲ့သဖြင့် သိမ်းဆည်းခဲ့ပြီး၊ ၂၁.၂.၂၀၁၄ ရက်နေ့ ၂၂၄၅ အချိန်တွင် ကိုထက် (ခ)ဇာနည်(ခ)ဇာနည်ထက်ဝေ မောင်းနှင်ခဲ့သော YGN 3G-1470(V300 ARISTO) အဖြူရောင်ပြိုင်ကားကိုလည်းကောင်း၊ ၂၂.၂.၂၀၁၄ရက်နေ့ ၁၈၃၀အချိန်တွင် ဝေယံလင်း မောင်းနှင်ခဲ့သော ၅င/၈၅၆၇ MAZDA RX-8 ခဲပုတ်ရောင်ပြိုင်ကားကိုလည်းကောင်း ၎င်းတို့၏ မိဘ အုပ်ထိန်းသူ များက လှိုင်မြို့မရဲစခန်းသို့ ပို့ဆောင်အပ်နှံပေးခဲ့ကြပါသည်။

ဆက်လက်၍ ပြစ်မှုကျူးလွန်သူများနှင့် ကျန်ရှိနေသေးသောပြိုင်ကားများ ရမိရေး ဆက်လက်ဆောင်ရွက် ခဲ့ရာ ၂၅.၂.၂၀၁၄ ရက်နေ့ ၁၇၁၀ အချိန် တွင် ပြစ်မှုကျူးလွန်သူများဖြစ်ကြသည့် ထက်အောင်လူ မောင်းနှင် ခဲ့သော YGN 4C-4238 FRAND CHIEROKEE JEEP အနက်ရောင်ယာဉ်နှင့် ကောင်းစည်သူ မောင်းနှင် ခဲ့သော MDY 7C-5830 NissanFairlady350Z ခဲပုတ်ရောင်ပြိုင်ကားတို့ကို မိဘအုပ်ထိန်းသူ များက လှိုင်မြို့မရဲစခန်းသို့ ပို့ဆောင်အပ်နှံပေးခဲ့ကြပါသည်။

ပြစ်မှုကျူးလွန်သူများဖြစ်ကြသော

ကိုကိုနိုင်(ဘ)ဦးစိန်မောင်၊(၂)ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊

ကိုထက်(ခ)ဇာနည်(ခ)ဇာနည်ထက်ဝေ(ဘ)ဦးအေးမြင့်၊ (၂)ရပ်ကွက်၊မရမ်းကုန်းမြို့နယ်၊

ဝေယံလင်း(ဘ)ဦးနေထွန်း၊(၂)ရပ်ကွက်၊ လှိုင်မြို့နယ်၊

ထက်အောင်လူ(ဘ)ဦးလူမော်၊(၃)ရပ်ကွက်၊တောင်ဥက္ကလာပ မြို့နယ်၊

ကောင်းစည်သူ(ဘ)ဦးကိုကိုအောင်၊ (၅)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်နေသူတို့ (၅)ဦးတို့ကို

၎င်းတို့၏မိဘအုပ်ထိန်းသူ များက လှိုင်မြို့မရဲစခန်းသို့ပို့အပ်ပေးခဲ့သဖြင့် ၂၅.၂.၂၀၁၄ရက်နေ့ ၁၈၀၅ အချိန်တွင် ၎င်းတို့ အားစစ်ဆေးလျက်ရှိပါသည်။

ယခုအမှုနှင့်ပတ်သက်၍ ပြည်သူဗဟိုပြုရဲလုပ်ငန်းစဉ်နှင့်အညီ ပြည်သူများ က သတင်းပေးခဲ့၍ လည်းကောင်း၊ ပြစ်မှုကျူးလွန်သူများ၏ မိဘအုပ်ထိန်းသူများကလည်း သက်ဆိုင်ရာရဲစခန်းသို့ ကြိုတင် ညှိနှိုင်းပြီး လာရောက်အပ်နှံပေးခဲ့၍လည်းကောင်း အမြန်ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၏လမ်းညွှန်မှုနှင့်အညီ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ယခုကဲ့သို့ ပြစ်မှုကျူးလွန်သူများ၏ သတင်းများအပေါ် ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ဖော်ထုတ်နိုင်ခဲ့မှုသည် ပြည်သူဗဟိုပြု ရဲလုပ်ငန်းစနစ်အကောင်အထည်ဖော်ဆောင်နေသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဆောင်ရွက် နေမှုကို မိဘပြည်သူများအနေဖြင့် ယုံကြည်ကိုးစားမှု ရှိလာခြင်းဖြစ်သောကြောင့် ဥပဒေကို လေးစား လိုက်နာ ရမည်ဆိုသည့် အသိတရားနှင့်ယှဉ်၍ ယခုကဲ့သို့ ပြိုင်ကားမောင်းနှင်သူများ၏ မိဘများ ကိုယ်တိုင် လှိုင်မြို့မရဲစခန်းသို့ပြိုင်ကားများနှင့်အတူ မိမိတို့၏သားများကို လာရောက်အပ်နှံပေးခဲ့ခြင်း ဖြစ်သည့် အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့တို့မှလည်း အထူးကျေးဇူးတင်ရှိပါကြောင်း နှင့် မှတ်တမ်းတင်ထားရှိပါကြောင်း ဖော်ပြအပ်ပါသည်။

နောင်တွင်လည်း မိဘပြည်သူများက မိမိတို့၏ သားသမီးများ၏ ဘ၀ရှေ့ရေး ကောင်းမွန်လာစေရေး အတွက် ၀ိုင်းဝန်းထိန်းသိမ်း၍ ယခုကဲ့သို့ တစ်ဖက်တစ်လမ်းမှ ပူးပေါင်းကူညီမှုပေးကာ ပြည်သူများ အားလုံး စည်းကမ်းရှိစွာသွားလာနေထိုင်ကြရေး ဥပဒေဘောင်အတွင်းမှ ၀ိုင်းဝန်းဆောင်ရွက်ပေးကြစေလိုပါကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် တိုက်တွန်းအပ်ပါသည်။


မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရေး အစိုးရ စိစစ် တင်ပြရန် လွှတ်တော် တောင်းဆို


လွှတ်တော်၊ အစိုးရ၊ မျိုးစောင့်ဥပဒေ

သမ္မတဦးသိန်းစိန်က အမျိုးဘာသာ သာသနာ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်နိုင်ရေး ဥပဒေ ၄ ရပ်ပြဋ္ဌာန်းပေးရန် လွှတ်တော်သို့ တရားဝင် သ၀ဏ် လွှာ စာပေးပို့ တောင်းဆိုခဲ့ရာ မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရေး အတွက် အစိုးရက စိစစ်တင်ပြရန် လိုအပ်ကြောင်း လွှတ်တော်က ထုတ်ပြန် ကြေညာ တောင်းဆိုလိုက်သည်။


အမျိုး ဘာာသာ သာသနာ စောင့်ရှောက်အဖွဲ့(ဗဟို) ဥက္ကဋ္ဌ နိုင်ငံတော်သြ၀ါဒစရိယ ဘဒ္ဒန္တ တိလောကာဘိဝံသက သမ္မတ ဦးသိန်းစိန်ထံသို့ စာတစောင် ပေးပို့ခဲ့ပြီး ယင်းစာတွင် မျိုးစောင့်ဥပဒေ ၄ ရပ်ပြဋ္ဌာန်းပေးရန် ဆရာတော်၊ သံဃာတော်နှင့် နိုင်ငံသား ၁၃ သိန်းကျော်၏ လက်မှတ်များဖြင့် တောင်းဆိုလာကြောင်း၊ ထို့ကြောင့် ကိုးကွယ်ရာ ဘာသာ ကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေ၊ တလင် တမယား စနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေ၊ လက်ထပ်ထိပ်မြားခြင်းဆိုင်ရာ ဥပဒေ၊ လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာဥပဒေ ၄ ရပ် လွှတ်တော်က ပြဋ္ဌာန်းပေးပါရန် သမ္မတဦးသိန်းစိန်က လွှတ်တော် ထံသို့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် သ၀ဏ်လွှာ ပေးပို့ခဲ့သည်။

သမ္မတဦးသိန်းစိန် ပေးပို့သော သ၀ဏ်လွှာကို လွှတ်တော်က အကြောင်းပြန်ကြားရာတွင် မျိုးစောင့် ဥပဒေ ၄ ရပ် ပြဋ္ဌာန်းရာတွင် နက်နဲသိမ့်မွေ့ပြီး အစိုးရက စိစစ်တင်ပြရန် လိုအပ်ကြောင်း၊ ကိုးကွယ်ရာ ဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ သည် သာသနာရေးဝန်ကြီးဌာနနှင့်သက်ဆိုင်ကြောင်း၊လက်ထပ် ထိပ်မြားခြင်းဆိုင်ရာ ဥပဒေနှင့် တလင်တမယား စနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေသည် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးနှင့်သက်ဆိုင်ကြောင်း၊ လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေသည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် သက်ဆိုင်ပြီး အစိုးရက စိစစ် တင်ပြလျှင် လွှတ်တော်က ဥပဒေပြဋ္ဌာန်းနိုင်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံအတွက် အကျိုးအတွက် ဆောင်ရွက်ပေးမည် ဟု ထုတ်ပြန်ကြေညာသည်။

လွှတ်တော်ကိုယ်စားလှယ်တချို့ကမူ မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရေး အစိုးရနှင့် လွှတ်တော်အကြား အပြန်အလှန် လွှဲချ နေကြပြီး ဥပဒေပြဋ္ဌာန်းရန် ငြင်းဆန်လျှင် ပြည်သူထောက်ခံမှု ကျဆင်းမည်ကို နှစ်ဖက်စလုံးက စိုးရိမ်နေသည့် အခြေအနေ ရှိကြောင်း သုံးသပ်သည်။

“သမ္မတကြီးကလည်း ဒါကို ကိုင်တွယ်ဖို့ တော်တော်ဝန်လေးနေပုံ ရတယ်။ ဒါကြောင့် ဥပဒေပြုရေးမှာ တာဝန်ရှိတဲ့ လွှတ်တော်က လုပ်ပေါ့ဆိုတဲ့ သဘောမျိုးရှိတယ်။ တဖက်ကလည်း လွှတ်တော်ဘက်ကပဲ တာဝန်ရှိတာမဟုတ်ဘူး အစိုးရ ဘက်ကလည်း တာဝန်ရှိတယ်ဆိုပြီး ပြန်ပို့ပေးလိုက်တာပဲ။ တဖက်ဖက်က တာဝန်ခံပြီး လုပ်ဖို့ အခက်အခဲ ရှိနေတဲ့ သဘောပဲ” ဟု အမျိုးသားဒီမိုကရေစီိအဖွဲ့ချုပ်မှ သနပ်ပင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးက ဆိုသည်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်ကမူ မျိုးစောင့် ဥပဒေ ၄ ရပ် ပြဋ္ဌာန်းရန် လုပ်ဆောင်မှုများကို ကြိုဆိုလိုက်ပြီး အစိုးရနှင့် လွှတ်တော်အတွက် ကောင်းမွန် သော လုပ်ရပ်ဟု ပြောဆိုသည်။

နိုင်ငံရေးအသိုင်းအ၀ိုင်းကမူ မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရေး လွှတ်တော်တွင်းနှင့် လွှတ်တော်ပြင်ပ ကြိုးပမ်းလာ မှုသည် ၂၀၁၅ ရွေးကောက်ပွဲတွင် မဲအနိုင်ရရှိရေး ဗျူဟာ တခုအဖြစ် အသုံးချလာခြင်းဟု ဆိုလျှင်မမှား နိုင်ကြောင်း၊ ဘာသာရေး၊ အမျိုးသားရေးနှင့် နိုင်ငံရေး ရောယှက်ခြင်းဖြင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အလေးထားသော နိုင်ငံရေးပါတီများ ရွေးကောက်ပွဲတွင် မဲရှုံးစေရန် စနစ်တကျ စီမံလာခြင်းဟု သုံးသပ် ပြောဆိုကြသည်။

“ကျမတို့ နိုင်ငံမှာ အမျိုး၊ ဘာသာ သာသနာကို စောင့်ရှောက်ဖို့ ဥပဒေပြဋ္ဌာန်းရတဲ့အထိ ကျမတို့ မြန်မာ လူမျိုးတွေက မယိမ်းယိုင်သေးပါဘူး။ အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်ဖို့ ငယ်စဉ်ကတည်းက စိတ်ထဲမှာ ရှိထားပြီးသား။ ဥပဒေ ပြဋ္ဌာန်းစရာမလိုပါဘူး။ အဲဒီတော့ ပြည်သူတွေကို သိစေချင်တာက ဒါက နိုင်ငံရေးလှည့်ကွက်တခုဆိုတာ သိစေချင် ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဘာသာရေးကို နိုင်ငံရေး အတွက် ခုတုံးလုပ် အသုံးမချရဆိုတာလည်း ပါထား ပြီးသားပါ´´ ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဇမ္ဗူသီရိမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ဧရာဝတီသို့ ပြောဆိုသည်။

Tuesday, February 25, 2014

ထာဝရငြိမ်းချမ်းရေး အတွက် လက်နက်စွန့်ဖို့ ဘာကြောင့် ခက်ခဲနေရတာလဲ



7 Day News ဂျာနယ်တွင် RCSS မှ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့်တွေ့ဆုံခြင်း ဆိုပြီး ဆောင်းပါး တစ်ခု ဖတ်လိုက် ရသည်၊ ဆန့်ကျင် ဘက် အဖွဲ့အစည်း က လူတယောက်နဲ့ အင်တာဗျူး ဖြစ်သောကြောင့် စိတ်ဝင်တစား နဲ့ သေချာ ဖတ်ကြည့် လိုက်သည်။ ဒါပေမယ့် အင်တာဗျူး လည်း ဆုံးရော အပြောနဲ့ အလုပ် မညီသော ထောက်ပြ ပြောဆို စရာများ အမျာကြီး တွေ့ရှိ ရသည်။ လိုချင်သည်က ငြိမ်းချမ်းရေး လက်နက်ကို လည်း မစွန့်နိုင်သော ကြောင့် အဘယ် ကဲ့သိုသော ငြိမ်းချမ်းရေး နည်းဟု မေးရ တော့မည် ဖြစ်သည်။


၂ဝ၁ဝ ပြည့်နှစ် တပ်မတော် အစိုးရမှ ပြည်သူလူထု ရွေးကောက် တင်မြောက် လိုက်သည့် အရပ်သား အစိုးရထံသို့ အာဏာ လွဲပြောင်း ပေးအပ်ခဲ့ပြီးနောက် စစ်အုပ်ချုပ်ရေး အား နိဂုံးချုပ် စေကာ ဒီမိုကရေစီ နိုင်ငံတော်သစ် တစ်ရပ် အဖြစ်သို့ ပြောင်းလဲ ခဲ့သည်မှာ ယခုဆိုလျှင် တည်ဆဲ အစိုးရ၏ သက်တမ်း ပင်လျှင် ကုန်ဆုံးရန် သိပ်မလို တော့ပြီ ဖြစ်သည်။ ထို့သို့သော အကူး အပြောင်း ကာလတွင် ဝေဖန်မှု အချို့ ရှိလင့်ကစား ပြည်တွင်း အသိုင်းအဝိုင်း နှင့် နိုင်ငံတကာ အသိုင်းအဝိုင်း များမှ ထင်မှတ် မထား လောက်အောင်ပင် ပြုပြင် ပြောင်းလဲမှု များစွာ လုပ်ဆောင် ခဲ့သလို ကမ္ဘာပေါ်တွင် အရှည်ကြာဆုံး တိုက်ပွဲများ ဖြစ်ပွားသည်ဟု သတ်မှတ် ခံထားရသော နေရာအချို့ ကိုလည်း တည်ငြိမ် အေးချမ်း စေခဲ့ပြီး ကေအိုင်အေ ကဲ့သို့သော အဖွဲ့အစည်း အချို့မှအပ ကျန်ရှိသော လက်နက်ကိုင် အဖွဲ့အစည်း အားလုံး နီးပါးနှင့် အပစ်အခတ် ရပ်စဲကာ ယုံကြည်မှု တည်ဆောက် နိုင်ခဲ့သည်ကို တွေ့မြင် ရမည် ဖြစ်ပေသည်။

နှစ်ဦးနှစ်ဖက် အပြန်အလှန် သံသယ အချို့ ရှိနေဆဲ ဖြစ်သော်လည်း ပြည်တွင်း ငြိမ်းချမ်းရေး အခြေအနေ မှာ အလားအလာ အလွန် ကောင်းမွန် နေကြောင်း တွေ့ရှိရမည် ဖြစ်ကာ တပ်မတော် အနေဖြင့်လည်း သမ္မတ ၏ အမိန့်အား လိုက်နာကာ အတက်နိုင်ဆုံး သည်းခံ ခဲ့သည်ကို လွန်ခဲ့သော နှစ်များက ကေအိုင်အေ နှင့် ဖြစ်ပွား ခဲ့သည့် မြန်မာပြည် မြောက်ပိုင်းရှိ တိုက်ပွဲများက သက်သေခံ နေပေသည်။

လွန်ခဲ့သော နှစ်များစွာက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ရည်မှန်းချက်မှာ တိုင်းရင်းသား အရေး၊ မိမိတို့ နယ်မြေ ပိုင်ဆိုင်မှု အရေးသာ ဖြစ်ခဲ့ သော်လည်း ယခုအခါ မူးယစ်ဆေးဝါး အကြီးအကျယ် ထုတ်လုပ် ရောင်းချမှုများ၊ တရားမဝင် သစ်ထုတ်ယူ မှုများဖြင့် အဆမတန် ချမ်းသာ လာခဲ့သော ထိပ်ပိုင်း မူးယစ် ရာဇာများ၏ အကျိုးစီးပွား အတွက်သာ ဖြစ်လာခဲ့ပြီး ကမ္ဘာပေါ်တွင် ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု နှင့် မူးယစ်ဆေးဝါး ထုတ်လုပ်မှု ဒုတိယ အဆင့်သို့ ရောက်ရှိ နေပြီဖြစ်သော ၄င်းတို့ ထိန်းချုပ် နယ်မြေ အတွင်းရှိ ဘိန်းစိုက်ခင်း များနှင့် တရားမဝင် သစ်ခိုးထုတ် ခြင်းများအား အစိုးရ စစ်ကြောင်းများမှ ဖျက်ဆီး ခြင်းအား ကာကွယ်ရန် အတွက်သာ ဖြစ်လာ ခဲ့သည်ကို တွေ့မြင် ရမည် ဖြစ်ပေသည်။

ယနေ့ အချိန်အခါ တွင် အစိုးရမှ မီဒီယာ လွတ်လပ်ခွင့် အား အိမ်နီးချင်း နိုင်ငံများမှ အံ့သြ ရလောက်အောင် ပင် ကင်းလွတ်ခွင့် ပေးခဲ့ပြီးနောက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တို့၏ ဗျူဟာ မှာလည်း ပြောင်းလဲ လာခဲ့ကာ မီဒီယာများ နှင့် ထိတွေ့ ဆက်ဆံ လာပြီးနောက် ၄င်းတို့ အဖွဲ့ အစည်း များ၏ သတင်းများ၊ တွေ့ဆုံ ဆွေးနွေးမှု များကိုလည်း ပုံနှိပ် စာမျက်နှာ များထက်တွင် တွေ့မြင် လာရ ပေသည်။

ဤသည်မှာ ယခင်က ကဲ့သို့သော အခြေအနေမျိုး ထက်စာလျှင် များစွာ တိုးတက် လာသော်လည်း တပ်မတော် စစ်ကြောင်း များမှ ၄င်းတို့၏ ဘိန်းစိုက်ခင်း များအား ဖျက်ဆီး၍ တိုက်ပွဲများ ဖြစ်ပွားသော အခါတွင်မူ မီဒီယာ အကာအကွယ် ယူ၍ တပ်မတော် မှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား တိုက်ခိုက် နေသယောင် သက်ဆိုင်ရာ မီဒီယာတိုက် ၏ လက်နက်ကိုင် အဖွဲ့အစည်း နှင့်ဆိုင်သော ကိစ္စများတွင် တာဝန်ယူ ထားသော ငယ်ရွယ် နုနယ် သေးသည့် သတင်းထောက် အချို့အား မဟုတ်မမှန် သတင်းများ နှင့် ငွေကြေးအချို့ ပေးကာ မူးယစ်ဆေးဝါး ကဲ့သို့သော ကိစ္စရပ်များ အတွက် အသုံးချ လာနေသည် ကိုလည်း စိတ်မကောင်းစွာ တွေ့မြင် လာရပြီ ဖြစ်သည်။

စိုက်ပျိုး ထားသော ဘိန်းခင်း များအား အစေးခြစ်ချိန် ဖြစ်သည့် နိုဝင်ဘာလ မှ စတင်ကာ လက်နက်ကိုင် အဖွဲ့အစည်းများ နှင့် အစိုးရတပ်များ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွား လာမည် ကိုလည်း နိုင်ငံရေး စိတ်ဝင်စားသူ အချို့ သတိထား မိမည် ဖြစ်ပေသည်။ အစိုးရမှ အပစ်အခတ် ရပ်စဲ ထားသော်လည်း ပြီးခဲ့သည့် ရက်ပိုင်း အတွင်းက ရှမ်းပြည်နယ် တောင်ပိုင်းရှိ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု အများဆုံး ဖြစ်သည့် ကောင်ဆိုင်း၊ ဟိုနမ့်၊ ထီပင်၊ ပွန်ချောင်း တစ်ဝိုက်တွင် နယ်မြေ စိုးမိုးရေး အတွက် လှုပ်ရှား နေသော အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ကွပ်ကဲမှု လက်အောက်ရှိ တပ်မတော် စစ်ကြောင်းမှ တပ်ခွဲ တစ်ခွဲအား ဆွဲမိုင်းဖြင့် တိုက်ခိုက် ခံခဲ့ရကာ တပ်ခွဲမှူး အရာရှိ နှင့် စစ်သည်အချို့ ဒဏ်ရာ ရရှိခဲ့သည့် ဖြစ်စဉ် အပါအဝင် ဘိန်းခင်း များအား ဖျက်ဆီးရန် ရောက်ရှိ လာသည့် တပ်မတော် စစ်ကြောင်း များနှင့် တိုက်ပွဲငယ်များ ဖြစ်ပေါ် ခဲ့သည် ကိုလည်း တွေ့မြင် ရမည် ဖြစ်သည်။

အစိုးရ တပ်များ အနေဖြင့် နယ်မြေ လုံခြုံရေး နှင့် နယ်မြေ စိုးမိုးရေး လုပ်ဆောင်စဉ် ဘိန်းခင်းများ ကို တွေ့သောအခါ ဖျက်ဆီးသည့် အတွက် ရှမ်းအဖွဲ့များ နှင့် တိုက်ပွဲများ ဖြစ်လေ့ ဖြစ်ထ ရှိပါသည်။ ပုံမှန် အားဖြင့် ရှမ်းတပ်ဖွဲ့ များ အင်အား လေးငါးဆယ် လောက်သာ တွေ့နိုင် သော်လည် ဘိန်းခြစ် ရာသီ တွင် ဘိန်းခင်းများကို ကာကွယ်ရန် အကြောင်း ပြချက်ဖြင့် လွယ်တိုင်းလျန် ဘက်က အင်အား နှစ်ရာ၊ သုံးရာခန့် ဆင်းလာ ကြကြောင်း ဒေသခံတွေ ပြောကြားချက် အရ သိရှိ ရသည်။ လုံးတူးတန့် ကျေးရွာမှ ရွာသားတစ်ဦး နှင့် လိုင်ခါး ကျေးရွာမှ ရွာသားတစ်ဦး မှလည်း ရှမ်းဒေသတွင် PNO ပြည်သူ့စစ် နှင့် နားရိုင်း ပြည်သူ့စစ် အဖွဲ့လည်း ရှိသောကြောင့် ရှမ်းတပ်တွေက လူ အများကြီး နှင့် လာလေ့ ရှိကြောင်း သိရပါသည်။ PNO အဖွဲ့များနှင့် တိုက်ပွဲ အဖြစ်များ လေ့ရှိကြောင်း နောင်ဘို ကျေးရွာမှ အမျိုးသမီး တစ်ဦးကလည်း ပြောကြား ခဲ့သည်။

ဘိန်းစိုက်ခြင်း ကို ယနေ့တိုင် ပြုလုပ် နေကြောင်းကို ၅-၉-၂ဝ၁၃ ရက်နေ့ထုတ် The Daily သတင်းစာ နှင့် The Independent သတင်းစာ တို့တွင်လည်း မြန်မာနိုင်ငံ တွင် အမြောက်အမြား ထုတ်လုပ် နေသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ မူးယစ်ဆေးဝါး စက်ရုံများအား ပိတ်သိမ်း ပေးဖို့ ဖိအားပေးရန် အတွက် မြန်မာ အစိုးရအား မေတ္တာရပ်ခံ တိုက်တွန်း သွားမည် ဖြစ်ကြောင်း ရေးသားခဲ့သည့် အပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များ၏ မူးယစ်ဆေးဝါး စက်ရုံများအား နေရာ အတိအကျ ဖြင့်ဖော်ပြခဲ့ သည်ကို တွေ့မြင် ရမည် ဖြစ်ပေသည်။ ဒေသခံ များကို ရှမ်းအဖွဲ့က မျိုးစေ့များ ထုတ်ပေးပြီး စိုက်ခိုင်းကြောင်း၊ ဘိန်းခြစ်ပြီး သွားသော အခါ ရှမ်းအဖွဲ့ များထံသို့ ပြန်အပ်နှံ ရသည်။ အမေရိကန် အပါအဝင် နိုင်ငံ အတော်များများ မှလည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များ၏ ဘိန်းစိုက်ပျိုး ထုတ်လုပ်နေမှု များကို ပြင်းပြင်း ထန်ထန် ရှုတ်ချလျက် ရှိပြီး တာဝန်ရှိသည့် ထိပ်တန်း ခေါင်းဆောင်များ ကိုလည်း ဆုငွေ ဒေါ်လာ သန်းချီ ထုတ်ကာ ဖမ်းဆီး နိုင်ရေး ဆောင်ရွက်လျက် ရှိသည်ကို တွေ့မြင် နိုင်ပေသည်။

ယနေ့ အချိန်တွင် မြန်မာနိုင်ငံ သည် ဘိန်းထွက် ရှိသည့် နေရာတစ်ခု သက်သက် မဟုတ်တော့ပါ။ ထိုင်း နိုင်ငံတွင် လူသန်းနှင့် ချီ၍ သုံးစွဲ နေကြသည့် စိတ်ကြွဆေး အများစုကို ထုတ်လုပ် ပေးနေသည့် နေရာလည်း ဖြစ်နေ ပါသည်။ အမေရိကန် ကွန်ဂရက် လွှတ်တော် သုတေသန အဖွဲ့၏ ခန့်မှန်းမှု အရ မြန်မာနိုင်ငံ ရှိ တိုင်းရင်းသား လက်နက်ကိုင် များ၏ မူးယစ်ဆေး ကုန်သွယ်မှု ပမာဏသည် အမေရိကန် ဒေါ်လာ ၁ ဘီလီယံ နှင့် ၂ ဘီလီယံ အကြားတွင် ရှိသည်ဟု သိရသည်။ မြန်မာနိုင်ငံ သည် ကမ္ဘာပေါ်တွင် ဘိန်းစိုက်ပျိုးမှု အများဆုံး နိုင်ငံ နေရာကို အာဖဂန်နစ္စတန် သို့ ပေးအပ် လိုက်ရသည်မှာ ကြာခဲ့ပြီ ဖြစ်သော်လည်း ဒုတိယ နေရာမှာတော့ ခိုင်ခိုင်မာမာ ရပ်တည်လျက် ရှိနေသေး ပေသည်။

နိုင်ငံတော် အစိုးရ အနေဖြင့် တိုင်းပြည် အတွက် တူညီသည် များကို လက်တွဲ ပူးပေါင်း ဆောင်ရွက်ပြီး မတူညီ သည်များကို စိတ်ရှည် သည်းခံပြီး အချိန်ယူ ညှိနှိုင်း ဆွေးနွေး ခြင်းဖြင့် အဖြေရှာသည့် နိုင်ငံရေး ပုံစံသစ်ကို လျှောက်လှမ်း နေကြောင်း တွေ့မြင်နိုင် ပါသည်။ အနိုင်အရှုံး အဆုံးအဖြတ် ရယူခြင်းထက် အတူတကွ လက်တွဲ ပူးပေါင်း ဆောင်ရွက်ခြင်း သည်သာ တိုင်းပြည် အတွက် အကျိုးအမြတ် ရရှိစေမည် ဖြစ်ပါသည်။

အောက်ခြေတွင် ပစ်ခတ် တိုက်ခိုက်မှု အချို့ ရှိနေသေး သည်ကို လုံးဝ ရပ်စဲသွားအောင် နားလည်မှု ရှိရှိဖြင့် နှစ်ဖက်ညှိနှိုင်း ဆောင်ရွက် သွားကြရမည် ဖြစ်ပါသည်။ အစိုးရ အဖွဲ့ အနေဖြင့် လက်မှတ် ရေးထိုးပြီး ပါက အားလုံးနှင့် သက်ဆိုင်သည့် နောက်ဆက်တွဲ ဆောင်ရွက် ဖွယ်ရာများ ဖြစ်သည့် တပ်များ နေရာချ ထားရေး၊ အိုးအိမ်များ ပြန်လည် ထူထောင်ရေး၊ အလုပ်အကိုင် အခွင့်အလမ်း များ ရှာဖွေရေး၊ စားရေ ရိက္ခာ အကူအညီ ပေးရေး လုပ်ငန်းနှင့် ပညာရေး၊ ကျန်းမာရေး ဆိုင်ရာ ကိစ္စရပ် များကို အတတ်နိုင်ဆုံး ညှိနှိုင်း ပူးပေါင်း၍ ဆောင်ရွက် ပေးမည် ဖြစ်ကြောင်း ပြောကြားပြီး ဖြစ်ပါသည်။

ရှမ်းပြည်နယ် ( မြောက်ပိုင်း ) တွင် တိုက်ပွဲများ ဖြစ်ပွား နေခြင်းသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တစ်ခုလုံးကို ပြီးပြတ်အောင် မဆောင်ရွက် နိုင်သေးခြင်း သည်လည်း တစ်ချက် အပါအဝင် ဖြစ်သည်။ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွင် အထောက်အကူ ပြုမည့် တိုင်းရင်းသား ကာကွယ် စောင့်ရှောက်သည့် ဥပဒေကို ပြဌာန်း နိုင်ရန် ဆောင်ရွက်လျက် ရှိသည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လေ့လာရေး ကော်မတီ ဖွဲ့စည်း၍ လေ့လာ သုံးသပ်လျက် ရှိပြီး တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး နှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး ကိုလည်း ဆောင်ရွက်လျက် ရှိပါသည်။

တပ်မတော် အနေဖြင့် လည်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်ရန် နှင့် ပေးအပ် သည့် တာဝန်များကို တိတိကျကျ ဆောင်ရွက် ရမည်ဖြစ်သည့် အဖွဲ့အစည်း ဖြစ်ပါသည်။ တပ်မတော် သည် နိုင်ငံတော်၊ ပြည်သူ၊ အချုပ်အခြာ အာဏာနှင့် နယ်နိမိတ် တို့ကို ကာကွယ် စောင့်ရှောက်ရန် တာဝန်ကိုသာ အဓိကထား ဆောင်ရွက် ရမည် ဖြစ်ပါသည်။ RCSS မှ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ် သည် ယခု အချိန်ကာလ တွင် မီဒီယာကို အသုံးပြုကာ ဘိန်းနှင့် မူးယစ်ဆေးဝါး ပိုမို ထုတ်လုပ် နိုင်ရန် ကြိုးပမ်း ဆောင်ရွက်ခြင်း သာ ဖြစ်ကြောင်း ရေးသား ဖော်ပြ အပ်ပါသည်။

လင်းထင်

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး နှင့် ဒေါ်အောင်ဆန်း စုကြည်

နိုင်ငံ တစ်နိုင်ငံ၊ လူမျိုးတစ်မျိုး အနေဖြင့် လွတ်လပ်၍ ကိုယ်ပိုင် အချုပ်အခြာ အာဏာ တည်ရှိသော နိုင်ငံအဖြစ် ကမ္ဘာအလယ် တွင် ဝံ့ဝံ့ထည်ထည် ရပ်တည် နိုင်ရန် အတွက် မိမိတို့ လူမျိုး၊ ယဉ်ကျေးမှု ရေမြေ သဘာဝ နှင့် ကိုက်ညီစွာ ပြဌာန်း ရေးဆွဲ ထားသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တစ်ရပ် ရှိရန် လိုအပ် ပေသည်။


ကျွန်ုပ်တို့ မြန်မာနိုင်ငံသည် နယ်ချဲ့ လက်အောက် ကျရောက် ခဲ့ပြီးနောက် အမျိုးသား နိုင်ငံရေး ဦးဆောင်မှုဖြင့် တစ်မျိုးသားလုံး လွတ်လပ်ရေး ရရှိပြီး ချိန်မှစ၍ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲကာ မြန်မာနိုင်ငံ ကို လွတ်လပ်သော နိုင်ငံအဖြစ် ကမ္ဘာ့ အလယ်တွင် ဝံ့ထည် စေခဲ့သည်။ မြန်မာနိုင်ငံ သမိုင်း တစ်လျှောက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ သုံးကြိမ်တိတိ ရေးဆွဲခဲ့ရ ပေသည်။

၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လမ်းပြမြေပုံ (၇) ချက်ဖြင့် ရေးဆွဲကာ တစ်နိုင်ငံလုံး လူထု ဆန္ဒခံယူ ပွဲများ ပြုလုပ် ခဲ့သည်။ ပြည်သူလူထု မှ တစ်ခဲနက် ဆန္ဒပြု ခဲ့ကြပြီး ထောက်ခံမဲ ၉၈% ကျော်ဖြင့် အတည်ပြု နိုင်ခဲ့သည်။ ထို့နောက် နိုင်ငံ တစ်ဝန်းတွင် လွတ်လပ်၍ တရား မျှတသော ရွေးကောက်ပွဲ များကို ကျင်းပ ပေးနိုင် ခဲ့သည်။ ကမ္ဘာ့ နိုင်ငံရေး သမိုင်းတွင် ဒီမိုကရေစီ အကူးအပြောင်း ၌ မြန်မာနိုင်ငံ ကဲ့သို့ ညင်သာ သိမ်မွေ့စွာ ဆောင်ရွက် နိုင်မှုမျိုး မရှိခဲ့ဖူးပေ။ အင်္ဂလန် နိုင်ငံသည် ဒီမိုကရေစီ အသွင် ကူးပြောင်း ရာတွင် စက်မှု တော်လှန်ရေး၊ အမေရိကန် နိုင်ငံသည် တောင်၊ မြောက် ပြည်တွင်းစစ် စသည်ဖြင့် ခါးသီးသော အတွေ့အကြုံ တို့ဖြင့် သွေးမြေကျ ခဲ့ရသည်။ လက်တလော ကာလ ကို ကြည့်မည် ဆိုပါကလည်း ဒီမိုကရေစီ စနစ် ကူးပြောင်း မှုတွင် တောင်၊ မြောက်ကိုးရီးယား နိုင်ငံကွဲပြားမှု၊ အီဂျစ် နိုင်ငံ၏ အာရပ်နွေဦး လှုပ်ရှားမှု များဖြင့် သွေးမြေကျ မှုပေါင်း မြောက်မြားစွာ ကြုံတွေ့ နေရဆဲ ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာ့အလယ် တွင် မြန်မာနိုင်ငံ ၏ ဒီမိုကရေစီ စနစ် ကူးပြောင်းမှုသည် အညင်သာဆုံး၊ အသိမ်မွေ့ဆုံး အဖြစ် စံထားရသည့် နိုင်ငံရေး စနစ် ကူးပြောင်းမှု အဖြစ် ဂုဏ်ယူဖွယ်ရာ ဖြစ်ခဲ့ရသည်။

ထိုသို့ မြန်မာနိုင်ငံ သမိုင်းတွင် ဂုဏ်ယူ တန်ဖိုးထား ဖွယ်ရာ ဖြစ်သော ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဒေါ်အောင်ဆန်း စုကြည် ခေါင်းဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ မိမိကိုယ်ကျိုး အတွက် ပြင်ဆင်ရန် မဟုတ်မမှန် စည်းရုံး လှုံ့ဆော်မှုများ ပြုလုပ် နေသည်ကို တွေ့ရသည်။ ဒေါ်အောင်ဆန်း စုကြည် အနေဖြင့် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ရန် အဘယ်ကြောင့် အသည်းအသန် ကြိုးစား နေပါသနည်း။ အဖြေကား ရှင်းပါ သည်။ သမ္မတ ဖြစ်ချင်သည့် အတွက်ကြောင့် ပင် ဖြစ်ပေသည်။ မည်မျှထိ သမ္မတ ဖြစ်ချင် နေသည်ဟု ဆိုရသော် နိုင်ငံတစ်ကာ သို့ လှည့်လည်ကာ ထောက်ခံမဲများ ရရှိစေရန် ဆောင်ရွက် နေသည်။ သူမ၏ ဆန္ဒကို ဓ ကျွန်မ သမ္မတ ဖြစ်ချင်တယ်၊ ပြည်သူတွေကို အာဏာ ပြန်ပေးချင်လို့ ဟူသော စကား အလှများဖြင့် ဖုံးကွယ် ထားသည်။ လက်တလော တွင်ပင် မြန်မာ တစ်မျိုးသားလုံး ဂုဏ်ယူမဆုံး ဖြစ်ရသော၊ ကမ္ဘာတွင် မြန်မာဟု ရဲရဲဝံ့ဝံ့ ဟစ်ကြွေး စေနိုင်သော ၂၇ ကြိမ်မြောက် ဆီးဂိမ်း ဖွင့်ပွဲကိုပင် မတက်ရောက် နိုင်ဘဲ ပြည်သူလူထု ကျန်းမာရေး ကိစ္စရပ် များကို အကြောင်းပြကာ ကာတာနိုင်ငံ သို့ သွား၍ သူမ သမ္မတ ဖြစ်ရေး ကြိုးပမ်း ဆောင်ရွက် နေသည်ကို တွေ့ရပေသည်။ စာရေးသူ အနေဖြင့် ၂ဝ၁၂ တောင်အာဖရိက နိုင်ငံ ကမ္ဘာ့ဖလား ဖွင့်ပွဲ အခမ်းအနား၌ လူဖြူလူမဲ ခွဲခြား ဆက်ဆံရေး အတွက် တိုက်ပွဲဝင်သူ ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် တောင်အာဖရိက သမ္မတဟောင်း နယ်ဆင် မင်ဒဲလား တက်ရောက် ဂုဏ်ပြုသည်ကို သတိရ မိပေသည်။ မိမိတို့ နိုင်ငံအတွက် ကမ္ဘာ့အဆင့် ပွဲတော် တစ်ခုကို အောင်အောင် မြင်မြင် ကျင်းပ နိုင်ခြင်း၏ နောက်ကွယ်မှ နိုင်ငံတော် နှင့် နိုင်ငံသား တို့၏ သိက္ခာ တရားကို တန်ဖိုးမထားဘဲ ပြည်သူလူထု ကို အာဏာ ပြန်လည် ပေးအပ်ချင် ပါသည် ဆိုသော ဒေါ်အောင်ဆန်း စုကြည် ၏ စကားကို မည်သို့ ယုံရပါ မည်နည်း။

စာရေးသူ အနေဖြင့် ဒေါ်အောင်ဆန်း စုကြည်ကို ဝေဖန် ရှုံ့ချခြင်း မဟုတ်ပါ။ စာဖတ်သူများ မြင်သာ ထင်ရှား စေရန် ဒေါ်အောင်ဆန်း စုကြည်၏ ရှေ့နောက် စကား မညီမှု များကို ဖော်ပြခြင်း ဖြစ်ပါသည်။ စာရေးသူသည် ဒေါ်အောင်ဆန်း စုကြည်ကို လေးစား ပါသည်။ အမျိုးသမီး ဖြစ်လင့်ကစား နေအိမ် အကျယ်ချုပ်ဖြင့် မြန်မာပြည် အတွက် ပေးခဲ့ရသော သူမ အချိန်တို့ အတွက် ဖြစ်ပါသည်။ သို့သော်၊ သို့သော်ဟုပင် ဆိုရပေမည်။ သူမသည် မြန်မာ ပြည်၏ လွတ်လပ်ရေး ဖခင် ဗိုလ်ချုပ် အောင်ဆန်း၏ သွေးသား အရင်းဖြစ်၏။ ဖခင်ဖြစ်သူ တိုက်ထုတ် ခဲ့သော အင်္ဂလိပ် တို့ကို လင်တော်ကာ ကပြား သားလေးများပင် မွေးဖွား ခဲ့လေပြီ။ အံ့သြလေစွ။ သူမ၏ တိုင်းတပါးကို လင်တော်ရသော အကြောင်းပြချက် ကို သိရှိရသော် အံ့သြလွန်း၍ တတ်များပင် သွားနိုင် ပေသည်။ တစ်ခါက ရှမ်းပြည်နယ် သို့ စည်းရုံးရေး ဆင်းရာတွင် ရှမ်း အမျိုးသား တစ်ဦးက အဘယ်ကြောင့် နိုင်ငံခြားသား ကို လက်ထပ်ယူရ ပါသနည်း ဟု မေး၏။ ဒေါ်အောင်ဆန်း စုကြည် အဖြေကား မေးမြန်းသူ အမျိုးသားအား ဓအဲဒီအချိန်က နိုင်ငံခြားမှာ ရှင်ရှိနေရင် ရှင့်ကိုယူမှာပေါ့ဓ ဟူသတည်း။ ဆိုလိုရင်းကား မြန်မာ အမျိုးသားများ မရှိ၍ ရှိသည့်လူကို ယူရပါသည် ဆိုခြင်း ဖြစ်သည်။ စဉ်းစား ကြည့်ကြ ပါဦးစို့။ မိမိ၏ သဘာဝဆန္ဒ အတွက် အမျိုးသားရေး ကိုမျှ မစောင့်ထိန်းဘဲ အမျိုး ဖျက်ခဲ့ဖူး လေပြီ။ ထိုသို့သော သူက မိမိ အကျိုးအတွက် သမ္မတ ဖြစ်လိုခြင်း မဟုတ်၊ ပြည်သူ အကျိုးအတွက် သမ္မတ ဖြစ်လိုခြင်း ဟု ဆိုနေလေပြီ။ ဓတစ်ခါခြံခုန် ဖူးသော နွားသည် နောက်ထပ် ခြံခုန် ဦးမည်သာ ဖြစ်၏ဓ ဆိုသော စကားပုံ တစ်ခု ရှိသည်။ ၄င်း၏ဆန္ဒအတွက် ဖခင်၏ ဂုဏ်ကိုမျှ မထောက်မညှာ ပြုလုပ်သော သူသည်၊ ၄င်း၏ ဆန္ဒအတွက် ပြည်သူများအား အသုံးချမည် ဆိုခြင်းက မြေကြီး လက်ခက်မလွဲ ဟုပင် ဆိုရ ပေတော့မည်။

ဒေါ်အောင်ဆန်း စုကြည် အနေဖြင့် နေအိမ် အကျယ်ချုပ် ကျနေစဉ် ကာလအတွင်း မြန်မာ ပြည်သူလူထု ၏ လေးစား ချစ်ခင်မှုကို ရရှိခဲ့သည်။ ငြိမ်းချမ်းရေး နိုဗယ်ဆုကြီး ကိုပင် ရရှိခဲ့သည်။ သို့သော် သူမသည် မီဒီယာ၏ သားကောင် ဖြစ်ခဲ့ရသည်။ အနောက် နိုင်ငံများ၏ ကြိုးဆွဲရုပ် ဖြစ်ခဲ့ရသည်။ ဒေါ်အောင်ဆန်း စုကြည် တွင် မည်သည့် စွမ်းဆောင်မှုမျိုး မှမရှိပေ။ ထိုစကားများကို ရမ်းသန်း၍ပြောဆိုခြင်း မဟုတ်ကြောင်းကို ရှင်းပြ ပါဦးမည်။

ဒေါ်အောင်ဆန်း စုကြည် အနေဖြင့် မြန်မာ့ နိုင်ငံရေး လောကတွင် လွတ်လွတ် လပ်လပ် လှုပ်ရှား လုပ်ကိုင် လာခဲ့သည် မှာ ၃ နှစ်ကျော် ရှိပေပြီ။ သူမ အနေဖြင့် မြန်မာနိုင်ငံ အကျိုးအတွက် ဘာတွေ လုပ်ဆောင် ပေးခဲ့ ပါသနည်း။ မရှိ ဟုပင် ဖြေရပေမည်။ နိုင်ငံရေး လောကတွင် သူမ ဦးဆောင်၍ ဘာတွေ ဆောင်ရွက်ပြီး ခဲ့ပါသနည်း။ မရှိ ဟုပင် ဖြေရပေမည်။ ဒေါ်အောင်ဆန်း စုကြည်၏ ပထမဆုံး နိုင်ငံရေး လှုပ်ရှားမှု များတွင် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆန့်ကျင်ရေး၊ ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး၊ ၁၉၉ဝ ရွေးကောက်ပွဲ အသက်သွင်းရေး၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မှတ်ပုံမတင်ရေး၊ ဒုတိယ ပင်လုံ ညီလာခံတို့ ဖြစ်ကြ ပါသည်။

ဒေါ်အောင်ဆန်း စုကြည်၏ နိုင်ငံရေး လှုပ်ရှားမှု များကို လေ့လာ ကြည့်ပါက သူမနှင့် သူမပါတီ အာဏာရရှိရေး ကိုသာ ပထမ ဦးစားပေး ရည်မှန်းချက် အဖြစ် ထားရှိသည်ကို တွေ့ရှိ ရပါသည်။ ဒေါ်အောင်ဆန်း စုကြည်၏ ခေါင်းဆောင်မှု အောက်တွင် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆန့်ကျင်ရေး၊ ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး၊ ၁၉၉ဝ ရွေးကောက်ပွဲ အသက်သွင်းရေး၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မှတ်ပုံ မတင်ရေး စသည်တို့မှာ ကျဆုံးခဲ့ရပေ သည်။ ထိုမျှမက ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာ ၂ဝ ရက်နေ့တွင် ‘ဒုတိယ ပင်လုံ ညီလာခံ ကျင်းပရေး အစည်းအဝေး တွင် ဒေါ်အောင်ဆန်း စုကြည်ကို ဥက္ကဌ အဖြစ် ရွေးချယ် ခဲ့သည်။ သို့သော် မည်သည့် တိုင်းရင်းသား အဖွဲ့အစည်း များကမှ ထောက်ခံမှု မရှိသည့် အတွက် သူမ ရည်မှန်းချက် ကျဆုံးခဲ့ ရသည်။ ၂ဝ၁၃ ခုနှစ်တွင် ဒေါ်အောင်ဆန်း စုကြည် မပါဝင်ဘဲ နိုင်ငံတော် သမ္မတမှ ဦးဆောင်ကာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး များကို လက်မှတ် ရေးထိုးနိုင်ခြင်း ကို ကြည့်ရှုခြင်း အားဖြင့် ဒေါ်အောင်ဆန်း စုကြည်၏ နိုင်ငံရေး ဦးဆောင် နိုင်စွမ်းကို သိရှိ နိုင်ပေသည်။

နိုင်ငံရေး လှုပ်ရှားမှုများ တွင် အောင်မြင်မှု မရှိခြင်း၊ ပြည်သူလူထု အကျိုးစီးပွား ကို ထိရောက်စွာ ဆောင်ရွက် ပေးနိုင်မှု မရှိခြင်း အတွက် သူမ၏ တုန့်ပြန်ချက် မှာ ဓလုပ်ဆောင် နိုင်သည့် အခွင့်အာဏာ မရှိဘဲ လုပ်ဆောင်၍ မရနိုင်ဓ ဟူ၍ ဖြစ်သည်။ သေချာ ပါ၏လော။ တည်ငြိမ် အေးချမ်းရေး နှင့် တရား ဥပဒေ စိုးမိုးရေး ဥက္ကဌ ရာထူးကို ပေးထား သော်လည်း ရခိုင် အရေးအခင်း၊ မိတ္ထီလာ အရေးအခင်း တို့တွင် ဒေါ်အောင်ဆန်း စုကြည်၏ အသံကို မကြားရ၊ အရိပ်ကို မမြင်ရ။ ပိုဆိုးသည်က တိုင်းရင်းသားများ အကျိုးကို မငဲ့ပဲ၊ ကုလား လူမျိုးများ ဖက်မှ ဘက်လိုက် မှုများပင် ဖြစ်သည်။ ရခိုင် တိုင်းရင်းသား များ ကုလားလူမျိုး တို့၏ အနိုင်ကျင့်ခြင်း ကို ခံနေရသည့် အချိန်တွင် တည်ငြိမ် အေးချမ်းရေး နှင့် တရားဥပေဒေ စိုးမိုးရေး ဥက္ကဌ သည် ရခိုင်ဒေသ သို့ တစ်ခါ တစ်ခေါက်မျှ မရောက်ခဲ့။ ရခိုင်လူမျိုး တို့အတွက် စာနာ ထောက်ထားသော စကားများ မပြောကြားခဲ့။ ကုလား လူမျိုးများ အနိုင်ကျင့် ခံရသည့် အခါတွင်မှ စကားသံများ ထွက်လာ ခဲ့သည်။ အကြောင်း ပြချက်ကား လူအခွင့်အရေး ဆိုသော်လည်း အစစ် အမှန်ကား အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ အကျိုးစီးပွား ကို ထောက်ခံ နေသော ကုလားလူမျိုး များ၏ အရေးကို ဦးစားပေးခြင်း ပင်ဖြစ်သည်။

ထိုနေရာတွင် သြစတြေးလျ ဝန်ကြီးချုပ်၏ မိန့်ခွန်း တစ်ပိုင်းတစ်စ ကို သတိရ မိသည်။ ကုလားလူမျိုး များနှင့် ပတ်သက်၍ ပြောသော မိန့်ခွန်း ဖြစ်သည်။ " မိမိတို့ နိုင်ငံအတွင်း နေမည် ဆိုပါက နိုင်ငံ၏ ရိုးရာဓလေ့ ထုံးစံများကို လေးစားပါ၊ အေးအေးချမ်းချမ်း နေပါ၊ ပြဿနာ ရှာမည် ဆိုပါက ခုချက်ခြင်း ထွက်သွားပါ၊ ‘ဒါ မင်းတို့ နိုင်ငံမဟုတ် ၊ ငါတို့နိုင်ငံ ဖြစ်သည် " စသော စကားများ ဖြစ်သည်။ ဒေါ်အောင်ဆန်း စုကြည်သည် ထိုသို့ မပြောရုံမက၊ ကမ္ဘာကျော် တိုင်းမ်မဂ္ဂဇင်း မှ ဗုဒ္ဓဘာသာ ဘုန်းကြီး များသည် အကြမ်းဖက် သမားများ ဖြစ်သည် ဟူသော အဓိပ္ပာယ် မရှိသည့် စာသားများဖြင့် မျက်နှာဖုံး တွင်ဖော်ပြသည့် အခါတွင် ဆန့်ကျင်သည့် စကားတစ်ခွန်း မျှမပြော။

နိုင်ငံတော် သမ္မတ အပါအဝင် တစ်မျိုးသားလုံး ဆန့်ကျင် နေသည့်တိုင် နှုတ်ဆိတ် နေပေသည်။ ထို့အတူ သမ္မတ ဦးသိန်းစိန် ဦးဆောင်၍ တစ်မျိုးသားလုံး က ရိုဟင်ဂျာ လူမျိုး မရှိကြောင်း၊ လက်သင့် မခံကြောင်း နိုင်ငံသား ဖြစ်ခွင့် ငြင်းပယ်ကြောင်း ပြောကြား နေသည့်တိုင် ဒေါ်အောင်ဆန်း စုကြည် ပါးစပ်မှ တစ်ခွန်းမျှ မထွက်လာ။ ထိုမျှ မကသေး တစ်နိုင်ငံလုံးက IOC ရုံးများ ဖွင့်ခွင့် မပြုကြောင်း သဘောထား ကြောင့် သမ္မတ ဦးသိန်းစိန် ကိုယ်တိုင် ရုံးဖွင့်ခွင့် မပေး နိုင်ကြောင်း ပြတ်ပြတ် သားသား ပြောသည့်တိုင် သူမ အနေဖြင့် ရေငုံ နှုတ်ပိတ် လုပ်နေသည်။ အကြောင်း ပြချက်ကား လူအခွင့်အရေး ဆိုသည့် စကားလုံးပင်။ ဆိုရသော် ဒေါ်အောင်ဆန်း စုကြည် သမ္မတ ဖြစ်လာခဲ့မည် ဆိုပါက လူ့အခွင့်အရေး အတွက် မြန်မာ တိုင်းရင်းသား တို့အရေး ကို မျက်နှာလွဲ ခဲပစ် လုပ်တော့မည်မှာ ဧကန် ဖြစ်သည်။ ဒေါ်အောင်ဆန်း စုကြည်၏ လုပ်ရပ်များ ကို စေ့စေ့ တွေးကြည့်က သေသေချာချာ ပင် မြင်နိုင် ပေတော့သည်။ တည်ငြိမ် အေးချမ်းရေး နှင့် တရားဥပဒေ စိုးမိုးရေး ဥက္ကဌ ရာထူး ရယူ ထားသော်လည်း တရားလူကြီး များနှင့် တွေ့ဆုံသည်ကို မြင်ရ ပါ၏လော။ သမ္မတ ဖြစ်ရေးအတွက် ဖွဲ့စည်းပုံ အခြေခံ ပြင်ရေးနှင့် မအားလပ် အောင်ရှိ နေရပေသည်။ လက်ပံတောင်း တောင် စုံစမ်း စစ်ဆေးရေး ကော်မရှင် ဥက္ကဌ အဖြစ် ဆောင်ရွက် ခဲ့သော်လည်း ယနေ့ အထိ ပြေလည်မှု မရရှိခြင်းက သူမ၏ ဦးဆောင်နိုင်မှု ကို မေးခွန်းထုတ် စရာပင် ဖြစ်သည်။

သူမ၏ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး လူထုဆန္ဒ ခံယူပွဲ မိန့်ခွန်း တစ်ခုတွင် တက်ရောက်လာ သူ ပရိသတ်များ နေထိုးခံ (နေပူခြင်းကို ဆိုလိုခြင်း ဖြစ်ပေမည်။ မြန်မာလူမျိုး တစ်ဦး အနေဖြင့် မြန်မာ စကားကို ရေရေ လည်လည် မပြောဆိုတတ်) ရမည်လား၊ စင်ပေါ်မှာ နေသူများက နေထိုးခံ ရမည်လား၊ နှစ်ဦးစလုံး နေထိုးခံ ရမည်လား ဆုံးဖြတ်ရန် လိုသည်ဟု ပြောဆို ခဲ့သည်။ သူမအနေဖြင့် ပရိသတ်လည်း နေထိုး မခံရ၊ စင်ပေါ်မှ သူများလည်း နေထိုး မခံရစေရန် အဘယ်သို့ လုပ်ဆောင်သင့် သနည်း ဟူသော ဖြေရှင်းနည်း ကို စဉ်းစားသင့် ပေသည်။ နေတွေ လတွေရဲ့ လမ်းကြောင်းကို ဆုံးဖြတ်လို့ မရ၊ ကျွန်မတို့ နိုင်ငံ၏ လမ်းကြောင်း ကိုတော့ ဆုံးဖြတ်လို့ ရသည်။ ထို့ ကြောင့် ပင်လျှင် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို ဆောင်ရွက်ရခြင်း ဖြစ်သည်ဟု လိုရာဆွဲတွေး ပြောဆို သွားခဲ့ ပေသည်။ နေတွေ လတွေရဲ့ လမ်းကြောင်းကို တွက်ချက်၍ ရပေသည်။ နေထိုးခံ (သူမစကား အတိုင်း) မှု မရှိစေရန် ဆောင်ရွက်မှု နည်းလမ်း များစွာ ရှိပေသည်။ ထိုနည်းလမ်း များကိုမှ မသိသော သူတစ်ယောက် က မြန်မာ နိုင်ငံ၏ နိုင်ငံရေး လမ်းကြောင်းကို သိပါသည်ဟု ဆိုလာခြင်းကို မည်သို့ ယုံကြည် ရပါမည်နည်း။

မြန်မာနိုင်ငံ ကောင်းကျိုး အတွက် ရှေးရှု ဆောင်ရွက် နေခြင်း ဖြစ်ပါသည်ဟု မည်သူမျှ မမေးဘဲ တွင်တွင်ကြီး ပြောဆို နေသည်။ သို့သော် နိုင်ငံအတွက် ဂုဏ်ယူဖွယ်ရာ ဖြစ်သော ၂၇ ကြိမ်မြောက် အားကစား ပြိုင်ပွဲ၏ ဖွင့်ပွဲကိုပင် မတက်ပေ။ ၂၇ ကြိမ်မြောက် အားကစား ပြိုင်ပွဲကြီး အတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူအင်အား၊ ငွေအင်အား တို့ဖြင့် ပူးပေါင်း ပါဝင် ဆင်နွဲခဲ့ ကြသည်။ ဒေါ်အောင်ဆန်း စုကြည်ကား ပျောက်ချင်း မလှ ပျောက်နေသည်။ သူမ ရရှိခဲ့သော ဆုတံဆိပ်များမှ ဒေါ်လာပေါင်း မြောက်မြားစွာ ကား မြန်မာနိုင်ငံ အတွက် မည်သည့် နေရာတွင် အသုံးပြုခဲ့ သည်ကို မသိရှိ ရပေ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့၏ ကျောထောက် နောက်ခံ ဖြစ်သော မီဒီယာတို့မှ ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲတွင် မီးရှူးမီးပန်းများ ဖောက်၍ မြန်မာပြည် အနာဂတ် မထွန်းလင်းနိုင်၊ နိုင်ငံ ၏ ဘဏ္ဍာငွေ များကို အလဟဿ မီးရှို့ ဖျက်ဆီး နေခြင်းသာ ဖြစ်သည်ဟု ကလေးသဖွယ် ဝေဖန် ပြောဆို နေပေသည်။ မှန်ပါသည်။ မီးရှူး၊ မီးပန်းများ ဖောက်၍ မြန်မာပြည် အနာဂတ် မထွန်းလင်း နိုင်ပါ။ သို့သော် ထိုသို့သော နိုင်ငံတကာ အားကစား ပြိုင်ပွဲကြီးကို အအောင်မြင်ဆုံး၊ အခမ်းနားဆုံး ကျင်းပ ပြုလုပ် နိုင်ခြင်းဖြင့် နိုင်ငံတကာ အလယ်တွင် မြန်မာဟူသော ပုံရိပ်ကို လင်းလက် တောက်ပစေ ပါသည်။ နိုင်ငံရေး၊ ပြည်တွင်းရေး တည်ငြိမ်မှုကို ဖော်ဆောင်နိုင် ပေသည်။ ထိုသို့သော နောက်ကွယ်မှ ဝင်ရောက် လာမည့် စီးပွားရေး ရင်းနှီးမြှပ်နှံမှု များသည် မြန်မာနိုင်ငံ ကို ပို၍ ဖွံ့ဖြိုး ပေလိမ့်မည်။ ဆီးဂိမ်း ဖွင့်ပွဲတွင် ပါဝင် ဆင်နွှဲခဲ့သော ကလေးငယ် တစ်ဦး၏ " သမီးတို့ မညီခဲ့ရင်၊ သမီးတို့ နိုင်ငံကို အထင်သေး သွားမှာပေါ့ " ဟူသော စကားကိုသာ ပြောချင် ပါတော့သည်။

ထို ဒေါ်အောင်ဆန်း စုကြည်သည် ၃ နှစ်ကျော် ကာလအတွင်း ပြည်သူလူထု အကျိုးအတွက် မည်မည်ရရ လုပ်ဆောင် နိုင်ခြင်းမရှိခဲ့သည့် အပြင်၊ ရခိုင် အရေးအခင်း၊ မိတ္ထီလာ အရေးအခင်း တို့နှင့် စပ်လျဉ်းသော ကိစ္စရပ် များကြောင့် ပြည်သူလူထု ၏ အားပေး ထောက်ခံမှု လျော့ကျ လာခဲ့ရ ပါသည်။ ထို့ကြောင့် တစ်ချက်ခုတ် နှစ်ချက်ပြတ် ဆိုသလို ပြည်သူလူထု ၏ အားပေး ထောက်ခံမှု ကို ရရှိစေရန် နှင့် မိမိ သမ္မတ ဖြစ်ရေး အတွက် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ပြင်ရေး ဟူသော ရည်မှန်းချက် ကို စင်္ကာပူ နိုင်ငံတွင် ရှိနေစဉ် စက်တင်ဘာလ ၂၃ ရက်နေ့က ပြောဆိုခဲ့ပါ သည်။ သူမ ပြင်ဆင် လိုသည့် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ သမ္မတ ဖြစ်ခွင့်ရှိသူ ၏ အရည်အချင်း များကို ပြင် ဆင်လိုခြင်း ကြောင့် ဖြစ်သည်။

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ သမ္မတ ဖြစ်ခွင့်ရှိသူ အရည်အချင်း တစ်ရပ်တွင် နိုင်ငံခြားသား များကို ဇနီးအဖြစ် လည်းကောင်း၊ လင်ယောက်ျား အဖြစ် လည်းကောင်း ပေါင်းသင်းခြင်း မရှိစေရဟူ သော အချက် ပါဝင်ပေသည်။ သို့သော် ပြည်သူလူထု အား စည်းရုံး လှုံ့ဆော်ရာတွင် ဓကျွန်မတို့ ကြားဖြတ် ရွေးကောက်ပွဲ ဝင်လာ ကတည်းက ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဖို့ဆိုပြီး ရည်ရွယ်ချက် နဲ့ လုပ်ဆောင် ခဲ့တာ ဖြစ်တယ်၊ " ပြည်သူလူထု ဟာ တရားမျှတ တဲ့ လူ့အဖွဲ့အစည်း မှာ နေနိုင်တယ် ဆိုတာကို ယုံကြည် စိတ်ချနိုင် မှသာ ကျွန်မတို့ နိုင်ငံဟာ တည်ငြိမ် အေးချမ်းမှာ ဖြစ်တယ်၊ ဒါကြောင့် ကြားဖြတ် ရွေးကောက်ပွဲ ဝင် ကတည်းက တရား ဥပဒေ စိုးမိုးရေး ဆိုတာကို ရှေ့တန်း တင်ပြီး ပြောခဲ့တာတွေ ရှိပါတယ် " ဟု နေပြည်တော် ဇဗ္ဗူသီရိ မြို့နယ်၊ လက်ပံခါးလှ ကျေးရွာအနီး၊ နိုဝင်ဘာ ၁၈ ရက်နေ့က ပြုလုပ်သော ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ လူထုဆန္ဒ ခံယူ ကျင်းပပွဲတွင် ပြောဆို ခဲ့သည်။ ဒေါ်အောင်ဆန်း စုကြည် အနေဖြင့် စကားလှအောင် မည်သို့ တန်ဆာဆင်၍ ပြောနေ စေကာမူ အချိန်က ၄င်း၏ တန်ဖိုးကို သိသာ စေခဲ့ပါသည်။

နိုင်ငံအတွက်၊ ပြည်သူပြည်သား များအတွက် မည်သို့မျှ ဆောင်ရွက် မပေးနိုင် ခဲ့သည့် အချိန်အတွင်း လူထု ဆန္ဒဖြင့် သမ္မတ ဖြစ်လာခဲ့သူ သမ္မတ ဦးသိန်းစိန် သည် မြန်မာနိုင်ငံ ကို ဒီမိုကရေစီ လမ်းကြောင်း ပေါ်သို့ တင်ပေး နိုင်ခဲ့သည်။ သံသယ မျက်လုံးများ ကြားမှ နိုင်ငံရေး သမားများ နှင့် ပြည်သူလူထု ၏ ယုံကြည် ကိုးစားမှုကို တည်ဆောက် နိုင်ခဲ့သည်။ နိုင်ငံရေး အကျဉ်းသမား များကို လွှတ်ပေးကာ မြန်မာနိုင်ငံ ကောင်းကျိုး အတွက် လွတ်လပ်စွာ နိုင်ငံရေး လှုပ်ရှားခွင့် ပေးခဲ့သည်။ အကျိုး ရလဒ်များကား ပြော၍ မဆုံးနိုင် တော့ပေ။ အထူးသဖြင့် အမေရိကန် နိုင်ငံ အပါအဝင် အနောက် နိုင်ငံများမှ စီးပွားရေး ပိတ်ဆို့မှု များကို အလုံးစုံ ရုပ်သိမ်းအောင် ဆောင်ရွက် ပေးနိုင်ခဲ့ခြင်း က သက်သေ ဖြစ်သည်။ သမ္မတ ရာထူးကို ရယူထား သော်လည်း သမ္မတ ဦးသိန်းစိန် သည် မြန်မာ ပြည်သူပြည်သား များအတွက် စင်္ကာပူ နိုင်ငံ သမ္မတကိုပင် အောက်ကျို့ခံကာ အကူအညီ တောင်းယူ ပေးခဲ့သည်။ ကမ္ဘာ့ နိုင်ငံများ၏ အကူအညီ ကို ရယူကာ မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်အောင် တစ်ဆင့်ခြင်း ဆောင်ရွက် ပေးခဲ့သည်။ ထိုအချိန်တွင် ဒေါ်အောင်ဆန်း စုကြည်သည် မြန်မာနိုင်ငံ အပေါ် စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းရေး ကို သတိကြီးစွာ နှင့် ဆောင်ရွက်စေ လိုကြောင်း ပြောဆိုခဲ့ခြင်း ကို ထောက်ရှုခြင်း အားဖြင့် ၄င်း၏ စိတ် သဘောထား အမှန်ကို သိရှိ နိုင်ပေသည်။

ဒေါ်အောင်ဆန်း စုကြည်သာ မြန်မာနိုင်ငံ နှင့် ပြည်သူ ပြည်သား များ၏အကျိုးကို ရှေးရှု ဆောင်ရွက် လိုစိတ် ရှိပါက သမ္မတ ဖြစ်ရန် မလိုပေ။ တစ်ကမ္ဘာလုံး နှင့် တစ်နိုင်ငံလုံး ၏ ယုံကြည် အားကိုးမှု ရရှိနေသော သမ္မတ ဦးသိန်းစိန် နှင့် အတူတကွ ပူးပေါင်း ဆောင်ရွက် ရန်သာ လိုပေသည်။ ယခုတော့ သူမ၏ သမ္မတ ဖြစ်ခွင့် အတွက် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဆောင်ရွက်ချက် များသည် အရှိန်နှင့် သွားနေသော မြန်မာ နိုင်ငံရေး ဖြစ်ပေါ် တိုးတက်မှုများ အတွက် ဆူးခလုတ် သဖွယ် ဖြစ်နေ ပေသည်။ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ရဟု မဆိုလိုပါ။ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အတိုင်း လက်တွေ့ အကောင် အထည် ဖော်ဆောင် ရာတွင် ခေတ်နှင့် မလျော်ညီသော၊ အားနည်းမှု ရှိသော ဥပဒေ များကို ပြင်ဆင် ရပေမည်။ သို့မှသာ သာ၍ ကောင်းမွန်သော စနစ်ဖြင့် ဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော် သစ်ကြီးကို တည်ဆောက် နိုင်မည် ဖြစ်ပေသည်။ ထို့အတွက် ကြောင့် ပင်လျှင် အခြေခံ ဥပဒေ ပြင်ဆင်ရေး ကော်မတီကို လွှတ်တော် အတွင်း ဖွဲ့စည်း ဆောင်ရွက် နေခြင်း ဖြစ်ပါသည်။

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် အားသာချက် များရှိသလို အားနည်းချက် များ ရှိပေ လိမ့်မည်။ သို့သော် မြန်မာ နိုင်ငံ အတွက် အကျိုးဖြစ်၊ မဖြစ်ကိုမူ စာဖတ်သူတို့ ကိုယ်တိုင် သိရှိပြီး ဖြစ်ပေသည်။ မြန်မာနိုင်ငံ သည် စနစ်တစ်ခု မှ တစ်ခုသို့ ညင်သာ သိမ်မွေ့စွာ ကူးပြောင်း နေသည့် အချိန် ဖြစ်သည်။ ဒီမိုကရေစီ သက်တမ်း နုနယ်စဉ် အချိန်ကာလ အတွင်း ခါးသီးသော အတွေ့အကြုံများ အဖြစ် ရခိုင်၊ မိတ္ထီလာ စသော အရေးအခင်း များကို ကြုံတွေ့ ခဲ့ရသည်။ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ရန် အချိန်မကျ သေးဟု သမ္မတ ဦးသိန်းစိန် အပါအဝင် ဝါရင့် နိုင်ငံရေး သမားကြီးများ က ထောက်ပြ ပြောဆိုခဲ့သည်။ ဥပမာ ဆိုရသော် ဖောင်ဒေးရှင်း မခိုင်သေးသော အဆောက်အဦ အား အပေါ်မှ အလှအပများ ပြင်ဆင်၍ မည်သို့ပင် လုပ်ဆောင် စေကာမူ တစ်ခဏ ယာယီ သာ လှပပေမည်။ ဖောင်ဒေးရှင်း မခိုင်မှုကြောင့် ပြိုလဲ ပျက်စီးမှု များက ချက်ချင်း ရောက်ရှိ လာပေ လိမ့်မည်။ ထို့ကြောင့် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အတိုင်း ဖွံ့ဖြိုးမှု အရှိန်မပျက် ချီတက် နေရင်းမှ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ၏ အားနည်းချက် များကို တစ်ဆင့်ခြင်း စီ ပြင်ဆင်ခြင်း သည်ပင်လျှင် မြန်မာနိုင်ငံ အတွက် အကောင်းမွန်ဆုံး နည်းလမ်း ဖြစ်ပေသည်။

ယနေ့ကာလ မြန်မာနိုင်ငံ သည် ကမ္ဘာ့ အလယ်တွင် ဂုဏ်တင့် တယ်လျက် အတုယူ စရာ နိုင်ငံအဖြစ် လျင်မြန်စွာ ရောက်ရှိ လာခဲ့ ပေသည်။ အမေရိကန် သမ္မတ အိုဘားမား သည်ပင် ဒီမိုကရေစီ ကူးပြောင်းဆဲ နိုင်ငံများ အား မြန်မာနိုင်ငံ ၏ ဖြစ်စဉ်ကို စံထား၍ ပြောင်းလဲရန် လိုအပ်ကြောင်း ပြောကြား ခဲ့သည်။ ကမ္ဘာ့နိုင်ငံ များသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ လမ်းစဉ်ကို ယုံကြည်မှု ကြောင့် ၂ဝ၁၃ ခုနှစ် အာဆီယံ အသင်း ဥက္ကဌ ရာထူး ကိုပင် သမ္မတ ဦးသိန်းစိန် အား ပေးအပ် ထားခဲ့လေပြီ။ ပြည်တွင်း ငြိမ်းချမ်းရေး နှင့် တရား ဥပဒေ စိုးမိုးမှု ရှိကြောင်းကို အပြောမဟုတ် အလုပ်ဖြင့် သက်သေပြ ကာ ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲကြီးကို အကြီးကျယ် ဆုံး၊ အခမ်းနား ဆုံးဖြင့် ဖွင့်လှစ် ကျင်းပ နိုင်ခဲ့ပြီ ဖြစ်သည်။

တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကြီး များကို ကျင်းပနိုင် ခဲ့လေပြီ။ မြန်မာ့သမိုင်း အတွက် တန်ဖိုးဖြတ် မရသည့် ဂုဏ်ယူ ဝံ့ကြွား ဖွယ်ရာ အောင်မြင်မှု များပင် ဖြစ်ပေ တော့သည်။ ထိုအခြေအနေ များကို လေ့လာခြင်း အားဖြင့် ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး လှုပ်ရှား ဆောင်ရွက်မှု များသည် မြန်မာနိုင်ငံ နှင့် တိုင်းသူ ပြည်သားတို့ အတွက် ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ဖြစ်စေ ပါသည်။ ဒေါ်အောင်ဆန်း စုကြည်၏ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ခြင်း လုပ်ရပ်သည် နိုင်ငံ့အကျိုး ထက် ၄င်း၏ သမ္မတ ဖြစ်ခွင့်ကိုသာ ဦးစားပေး သည့် လုပ်ရပ် ဖြစ်ကြောင်း သုံးသပ် တင်ပြလိုက် ရပါသည်။

ထွန်းထွန်းနိုင်

သျှမ်းတောင်နှင့် မြောက် ကြားဒေသ အစိုးရတပ်အင်အားတစ်ထောင်ခန့် ရောက်ရှိ

သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးနှင့် သျှမ်းပြည် မြောက်ပိုင်း တန့်ယန်းမြို့ နယ်ကြား ရှိဒေသသို့ အစိုးရတပ် များ အင်အားဖြည့် တင်းရောက် ရှိလာသည့် အတွက် သျှမ်းပြည် တပ်မတော် SSPP/SSA နှင့် ထိပ်တိုက် ထိတွေ့မှု ဖြစ်ပွား မည်ကို ဒေသခံများက စိုးရိမ် နေကြပါသည်။


သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ် မိုင်းအောတ်၊ တောင်ဟျိုးနှင့် တန့်ယန်းမြို့နယ် နမ့်လောဝ်း ၊ ၇ မိုင် ဘက် အစိုးရတပ်များ အခြေချရှိရင်းစွဲ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၇ မိုင်းပန်) လက်အောက်ခံ တပ်များအပြင် မိုင်းနောင် အခြေစိုက် စကခ ၂ လက်အောက်ခံတပ်များ အင်အားတိုးဖြည့် လာခြင်းဖြစ် ကြောင်း၊ အဆိုပါဒေသအတွင်း တပ်အပြောင်းအလဲလှုပ်ရှားမှုတွင် စုစုပေါင်းစစ်အင်အား ၁၀၀၀ ထက် မနည်း ရောက်ရှိနေကြောင်း စစ်ရေးစောင့်ကြည့်လေ့လာသူများက ပြောသည်။

“ဟုတ်တယ် ကျနော်တို့လဲ သိပါတယ်။ စကခ ၁၇ က ရာဂဏန်းက ရှိနေပြီးသား၊ အဲဒီတပ်တွေ နောက် တန်း ပြန်ဖို့ထင်တယ်။ စကခ ၂ က အစားလာထိုးတာဖြစ်နိုင်တယ်။ စစ်ဆိုတာ ယုံလို့တော့မရဘူးလေ။ ဒါ့ကြောင့် ကျနော်တို့ဘက်လဲ စစ်ရေးတော့ အသင့် အနေအထား ရှိနေရလိမ့်မယ်။” - ဟု ဌာနချုပ်အရာ ရှိ တဦးက ပြောသည်။

“ဒီစစ်သား စစ်တပ် စစ်တိုက်ခြင်းတွေကို အရမ်းအမြင်ကပ်ညီးငွေ့နေပါပြီ။ သူတို့မလာရင်တိုက်ပွဲက မဖြစ် ဘူး။ အင်အားတိုးလာရင်တော့ ကြောက်ရတယ်။ သူတို့တွေကြောင့် ပြီးခဲ့တဲ့ နှစ်တွေတုန်းက အရမ်း ဒုက္ခ ရောက်တယ်။ လယ်ယာ စိုက်ပျိုးမှု ကောင်းကောင်းကိုမလုပ်ရဘူး၊ အိမ်ယာထားပြီး ထပ်တိမ်းရှောင် ရမှာကို ကြောက်နေတယ်” - ဟု အသက် ၅၀ အရွယ် တောင်ဟျိုးရွာသူ အမျိုးသမီးကပြောသည်။

အဆိုပါဒေသ သည် သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ၏ ကြားခံနယ်မြေများဖြစ်သည်။ ထို့ကြောင့် အပစ်ရပ်ထားသော်လည်း စစ်ရေးဗျူဟာကျသည့် အဆိုပါ ဒေသအား အခြေကုပ်နိုင်ရေး နယ်မြေလွမ်းစိုးမိုးနိုင်ရေးအတွက် မကြာခဏ ထိုးစစ်ဆင်လေ့ရှိသည်။

ဒုတိယ အကြိမ် ရခိုင်လူငယ်ဖိုရမ် မြောက်ဦးမြို့တွင်ကျင်းပ

ဒုတိယ အကြိမ်မြှောက် ပြုလုပ်သည့် ရခိုင်လူငယ်ဖိုရမ်ကို ယနေ့ ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့ နံနက်မှ စတင်ပြီး မြောက်ဦးမြို့တွင် ကျင်းပသည်။ ၎င်းလူငယ် ဖိုရမ်အား မြောက်ဦးမြို့ ရတနာ့ မာန်အောင် ကျောင်းတိုက်တွင် ကျင်းပ ပြုလုပ်နေကြောင်း၊ ၄င်းဖိုရမ်သို့ ရခိုင်ပြည်နယ် မြို့နယ် တစ်ခုစီမှ ကိုယ်စားလှယ် လူငယ် (၄) ဦးကျစီ တက်ရောက်နေကြောင်း ရခိုင်လူငယ် ဖိုရမ်ကို မင်းပြားမြို့နယ် ကိုယ်စားပြု တက်ရောက်လာသူ မတင်တင်သွယ်က နိရဉ္စရာကို ပြောကြားခဲ့ပါသည်။


“ င်္ဒီကနေ့ နံနက် ၈ နာရီခွဲမှာ အခမ်းအနားကို စတင်ဖွင့်လှစ်ပါတယ်။ ရခိုင်ဒေသ အတွင်း လူငယ်တွေ ခံစားကြုံတွေ့နေရတဲ့ အခက်ခဲပြသနာတွေကို ဖော်ထုတ် ဖြေရှင်းဖို့နဲ့ လူငယ်တွေနဲ့ သက်ဆိုင်တဲ့ ပညာရေး၊ ကျန်းမာရေး ကိစ္စတွေကို ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်” ဟု သူမကဆိုသည်။ ဖိုရမ်ကျင်းပရသည့် ရည်ရွယ်ချက်ကို ဦးဆောင်ကျင်းပသူတစ်ဦးဖြစ်သူ မြောက်ဦး ရခိုင်လူမှုကွန်ယက်မှ ကိုထွန်းထွန်းက ယခုကဲ့သို့ ပြောသည်။ “ ကျွန်တော်တို့ ဒီဖိုရမ်လုပ်ပြီးရင် ခရိုင်အလိုက် ကိုယ်စားလှယ် ၁၅ ဦးရွေးမယ်။ ပြီးတော့ မတ်လ ၃ ရက်နေ့ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ကျင်းပဖို့ရှိတဲ့ တနိုင်ငံလုံး လူငယ်ဖိုရမ်မှာ ရခိုင်ပြည်နယ် ကိုယ်စားလှယ်အဖြစ် သွားတက်မယ်။ အဲဒီမှာ ကျွန်တော်တို့ ရခိုင်လူငယ်တွေရဲ့အသံတွေထွက်လာမယ်။ အကျိုးအမြတ်ကတော့ လူငယ်တွေရဲ့ အသံထွက်လာမယ်။ ပြီးတော့ သက်ဆိုင်ရာ အစိုးရအာဏာပိုင်တွေဘက် ကလည်း ကျွန်တော် တို့ကို အသိအမှတ်ပြုလာလိမ့်မယ်။” ယင်းပြင် ဤလူငယ် ဖိုရမ်မှ ရခိုင်လူငယ်များ၏ အခက်အခဲ ပြဿနာများကို သာမက ရခိုင်လူငယ်ကွန်ယက် တစ်ခု ပေါ်ပေါက်ရေးကိုလည်းကြိုးစား ဆောင်ရွက် သွားမည်ဟု ပြောသည်။

“ အဓိကတော့ ကျွန်တော်တို့ ဒီနေ့မှာ ရခိုင်လူငယ်တွေရဲ့ အခက်အခဲ ပြဿနာတွေကို ဆွေးနွေးနေပါတယ်။ ဒီပြဿနာတွေကို လာမည့်နှစ်ဖိုရမ်မကျမီ ကျွန်တော်တို့လူငယ်တွေ ဘာတွေလုပ်နိုင်မှာလည်းဆိုတဲ့ အပိုင်းက တစ်ပိုင်းပါ။ ကျွန်တော်တို့လုပ်နိုင်မယ့် အပိုင်းတွေပေါ့နော်။ နောက်တပိုင်းကတော့ ကျွန်တော်တို့ အစိုးရကို တင်ပြ တောင်းဆိုအကြံပြုဖို့ဆိုတဲ့ တစ်ပိုင်းကို ဆွေးနွေးပါမယ်။ နောက်ဆုံးတစ်ပိုင်းက ရခိုင်ပြည်တပြည် နယ်လုံးဆိုင်ရာ လူငယ် ကွန်ယက်တခုကို ဖွဲ့စည်းဖို့ဆိုတဲ့ အချက် ၃ ချက်ကို ဒီဖိုရမ်မှာ အဓိကဆွေးနွေးမှာပါ” ဟု ဆိုသည်။

အစိုးရ အာဏာပိုင်များသို့ အကြံပြုတင်ပြတောင်းခံသည့်အပိုင်းတွင် ပညာရေးနှင့်ဆိုင်သည့် ကဏ္ဍနှင့် ရခိုင် လူငယ်များ အလုပ်အကိုင်ရရှိစေမည့် အချက်များကို အကြံပြု တင်ပြသွားမည်ဖြစ်ကြောင်း ကိုထွန်းထွန်းက ဆက်လက်ပြောသည်။

ရခိုင် လူငယ်ဖိုရမ်ကို လူငယ် ၆၀ ကျော် တက်ရောက်နေပြီး ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့ထိ သုံးရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဟု သိရသည်။ ယခုကျင်းပနေသည့် ရခိုင်လူငယ်ဖိုရမ်မှာ ဒုတိယအကြိမ်ကျင်းပခြင်းဖြစ်ပြီး ပထမအကြိမ် ဖိုရမ်ကို လွန်ခဲ့သည့် နှစ်က စစ်တွေမြို့တွင် ကျင်းပခဲ့သည်။

နမ့်ဆမ်တွင် အမျိုးသမီး တစ်ယောက်ကို ယွမ်နှစ်သောင်း ပေးဝယ်



ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ဆမ်တွင် တရုတ် မျိုးသားများက အရွယ်ကောင်းအမျိုးသမီး တစ် ယောက်ကို တရုတ်ယွမ်ငွေ နှစ်သောင်း ပေးဝယ် ကြောင်း နမ့်ဆမ် မြို့ခံ ဦးဝင်းကျော် က ပြောကြား သည်။


တရုတ်နိုင်ငံ၏ လူဦးရေထိန်းချုပ်မှု မူဝါဒအရ တရုတ်အမျိုးသားများသည် စီးပွာရေး မဖွံ့ဖြိုးသည့် နမ့်ဆမ်တွင် ပလောင်တိုင်းရင်းသူများကို မြန်မာငွေ ၂၆ သိန်းခန့် ဖြင့် ဝယ်ယူလျက်ရှိရာ ပလောင် တိုင်းရင်းသူများမှာ တရုတ် အမျိုးသားများ၏ သိမ်းပိုက်ခြင်း ခံနေရကြောင်း ၎င်းက ဆိုသည်။ “နမ့်ဆမ် မှာရှိတဲ့ တိုင်းရင်းသူ ကလေးမတွေ တရုတ်နဲ့ ညားတာ အယောက် ၁၀၀ လောက် ရှိတယ်။ ဒါတွေက စီးပွားရေး မဖွံ့ဖြိုးခြင်းရဲ့ အကျိုးဆက်တွေပါ” ဟု ၎င်းက ရှင်းပြသည်။

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ လူကုန်ကူးမှု အများဆုံးလမ်းကြောင်းမှာ ရန်ကုန်-မန္တလေး-လားရှိုး-မူဆယ် လမ်းကြောင်းဖြစ်ပြီး ကျန်လမ်းကြောင်း များမှာ ဗန်းမော်-လွယ်ဂျယ်၊ ကချင်ပြည်နယ် လိုင်ဇာလမ်းမကြီး၊ လားရှိုး-ကုံလုံ-ချင်းရွှေဟော်လမ်းကြောင်းများ ဖြစ်ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့ထံမှ သိရ သည်။

မြန်မာ-တရုတ် နယ်စပ်ဖြစ်သော ရွှေလီ-မူဆယ် နှင့် လွယ်ဂျယ်-ကျန်းဖုန်း တို့တွင် လူကုန်ကူးမှု တားဆီး နှိမ်နင်းရေးအတွက် Hotline များ တပ်ဆင် ထားသည့် နှစ်နိုင်ငံဆက်ဆံရေး ရုံးခန်းများ ဖွင့်လှစ် ထားကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အဖွဲ့၊ ဒုတိယရဲမှူးကြီး ညွှန့်လှိုင် က The Voice Weekly သို့ ပြောကြားသည်။

စီးပွားရေးကျပ်တည်းမှုကြောင့် လူကုန်ကူးမှုများဖြစ်ပေါ်ပြီး၊ လက်ဖက်စိုက်ပျိုးပြီး တန်းဖိုးမြင့် ထုတ်ကုန် မထုတ်လုပ်နိုင်သဖြင့် စီးပွားရေး ကျပ်တည်းကာ နမ့်ဆမ်မှ တိုင်းရင်းသူ အမျိုးသမီးများသည် တရုတ်နိုင်ငံ သို့ ဝင်ရောက်၍ ဘိန်းခြစ်ခြင်း၊ ဘိန်းစိုက်ခြင်း၊ ကြံခုတ်ခြင်းနှင့် နေ့စား အလုပ်များ လုပ်ကိုင်နေရကြောင်း နမ့်ဆမ်ဒေသခံ လက်ဖက်လုပ်ငန်းရှင် ဦးစိုးမောင်က ပြောကြားသည်။ လက်ဖက်စိုက်ပျိုးထုတ်လုပ်သူများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှသာ ယခု ကိစ္စများကို ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စု မြန်မာ နိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြား သည်။

မြန်မာနိုင်ငံမှ လူကုန်ကူးမှု အမျိုးအစားများတွင် အဓမ္မထိမ်းမြား လက်ထပ်ခြင်းသည် ၆၀ ရာခိုင်နှုန်း ရှိပြီး မြန်မာအမျိုးသမီးများကို အများဆုံး လူကုန်ကူးသည့် နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ကြောင်း၊ မြန်မာ့လူကုန်ကူးမှု စုစုပေါင်း၏ ၈၄ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ ပို့ဆောင်နေကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေးအဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။

MWD

NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူ ၀န်ချတောင်းပန်ရန် သံဃာများ တောင်းဆို



NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူသည် ရဟန်းဟံဃာ များအား "နဖားကြိုး တပ်ပြီးဆောင်ရွက်စေ"၊ "အယာတိုလာကိုယ်တော်တွေ" ဟူ ပြောကြားခဲ့ခြင်း၊ ဆရာတော်ဦးဝီရသူအား "ဘုန်းကြီးရူး" ဟု ပြောကြားခဲ့ခြင်း စသည်အားဖြင့် သံဃာတော်များနှင့် သာသာနာတော်ကို စော်ကား ခဲ့ခြင်းကြောင့် ၀န်ချ တောင်းပန်ရန် အမျိုးဘာသာကာကွယ်စောင့်ရှောက်ရေး သံဃာတော်များက တောင်းဆို လိုက်ကြောင်း သိရှိရသည်။


ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူသည် ၄င်း၏ တရားဝင် လူမှုကွန်ရက် စာမျက်နှာတွင် ယမန် နေ့က "၉၆၉ ဘုန်းကြီး"၊ "မြို့နယ် မဟန အတွင်းရေးမှူး ကိုယ်တော်နဲ့ လယ်ဝေးမြို့နယ် သံဃာ့နာယကအဖွဲ့ ဥက္ကဌတို့ကို နဖားကြိုး တပ်ပြီး ဆောင်ရွက်စေတယ်" ၊ "အစ္စလာမ်ဘာသာဆန့်ကျင်ရေးကို အကြောင်းပြပြီး NLD နဲ့ ဒေါ်စုဆန့်ကျင်ရေးကို ဆောင်ရွက်စေခိုင်းတာကို နားမလည်တဲ့ ကိုယ်တော်တွေဟာ သူတို့မကြိုက်တဲ့ အယာတိုလာကိုယ်တော်တွေ ဖြစ်သွားကြပါပြီ" စသည်တို့ကို ရေးသား ဖော်ပြခဲ့ခြင်း ဖြစ်သည်။ အလားတူ ဦးမင်းသူသည် မန္တလေးတွင် ဦးမြအေး၏ စာပေဟောပြောပွဲကို ကန့်ကွက်ခဲ့သော သံဃာနှင့် ဦးဝီရသူတို့ကို "ဘုန်းကြီးရူးနဲ့ လှေလူး" ဟု ရိုင်းစိုင်းစွာ ဝေဖန်ခဲ့ကြောင်း တွေ့ရှိရသည်။

"ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်တဲ့ ဦးမင်းသူဟာ ကိုယ်စားလှယ် ဖြစ်တာနဲ့အညီ တာဝန်ယူမှု အပြည့်အ၀ ရှိဖို့ လိုပါတယ်။ ဘုန်းကြီးတို့ကို ဝေဖန်တိုက်ခိုက်နေတာတွေ အများကြီး သူ ပြောခဲ့ပါတယ်။ ပအခုလည်း ဒကာ၊ ဒကာမတွေက လာပြောလို့ သိရတာပါ။ သံဃာကို နဖားကြိုးတပ်တယ် ဆိုပြီး ပြောကြားတာဟာ သံဃာတွေကို နွား လို့ ပြောလိုက်တာနဲ့ မတူဘူးလား။ မြင့်မြတ်တဲ့ သံဃာ့အဖွဲ့အစည်းကို မဟန ဆိုပြီး သုံးနှုံးခေါ်ဝေါ်လိုက်တာ၊ အယာတိုလာ ကိုယ်တော်တွေ ဆိုပြီး သံဃာ့ဂိုဏ်း သင့်စေမယ့် ပြောကြားချက်မျိုးကို ထုတ်ဖော်ပြောကြားတာ။ နောက်ဆုံး ဦးဝီရသူကို ဘုန်ကြီးရူး ဆိုပြီး ပြောတာတွေဟာ ဗုဒ္ဓဘာသာမှ ဟုတ်ပါရဲ့လား လို့ တွေးမိပါတယ်။ ဒီကိစ္စတွေက မသိကျိုးကျွန် ပြုနေရမယ့် ကိစ္စ မဟုတ်တော့ဘူး။ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်က ဒီလို ပြောဆိုတာဟာ သံဃာထု တစ်ရပ်လုံးကို စော်ကားလိုက်တာပဲ။ NLD ပါတီ ဆိုတာ ဒီနိုင်ငံမှာ ဒကာ၊ ဒကာမတွေရဲ့ ထောက်ခံမှု၊ ယုံကြည်မှု အပြည့်အ၀ ရရှိထားတဲ့ ပါတီကြီး ဖြစ်တယ် လို့ ဘုန်းကြီးတို့ ယုံကြည်တယ်။ ဒီလို ပါတီကြီးက သာမန် ပါတီဝင် မဟုတ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဒီလို ပြောဆို တိုက်ခိုက်တာဟာ ဘုန်းကြီးတို့အားလုံးက အပုပ်ချစော်ကားလိုက်တာပဲ ဆိုတာ ထင်ရှားနေတယ်။ ဒီကိစ္စအတွက် ဒကာကြီး ဦးမင်းသူ ၀န်ချ တောင်းပန်ဖို့ လိုပါတယ်" ဟု အမျိုးဘာသာကာကွယ်စောင့်ရှောက်ရေး အဖွဲ့မှ ဦးဆောင်သံဃာတော်တစ်ပါးက မိန့်သည်။

"အမှန်တော့ လွှတ်တော်ကိုယ်စားလှယ် ဆိုတာ အများကြီး ဂရုစိုက်ဖို့ လိုပါတယ်။ ပြောတာ ဆိုတာ သွားတာ လာတာ သတိထားဖို့ လိုပါတယ်။ ဦးမင်းသူရဲ့ ပြောကြားချက်တွေဟာ စိတ်ခံစားမှုကို ထင်ဟတ် နေသလို တစ်ဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီရဲ့ ပေါ်လစီ၊ သဘောထားကို ဖော်ပြရာ ရောက်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဦးမင်းသူဟာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်တဲ့ ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမြဲတမ်း အနီးကပ် နေထိုင်ရသူ တစ်ဦးလည်း ဖြစ်ပါတယ်။ ဒီလို လူမျိုး တစ်ယောက်ဆီက ဒီလိုစကားတွေ ထွက်လာတာ ကြည့်ရင် NLD ရဲ့ အတွင်းစိတ်မှာ သံဃာတော်တွေကို ဘယ်လို သဘောထားရှိနေလဲ ဆိုတာ မှန်းဆကြည့်နိုင်ပါတယ်။ အံ့အားသင့် စရာလည်း ကောင်းပါတယ်။ ဦးမင်းသူ ဟာ ပါတီထိပ်ပိုင်းနဲ့ နီးနီးကပ်ကပ် တည်ရှိနေတဲ့သူ ဖြစ်တဲ့အတွက် သူ့ရပ်တည်ချက်ဟာ ပါတီ ခေါင်းဆောင် တွေရဲ့ ရပ်တည်ချက်လား၊ သူ့သဘောထားဟာ ပါတီ ခေါင်းဆောင်တွေရဲ့ သဘောထားလား သတိထားဖို့ ကောင်းနေပါပြီ" ဟု မြန်မာ အမျိုးသားကွန်ရက်အဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

"သံဃာကို နဖားကြိုးတပ်တယ်၊ အယာတိုလာကိုယ်တော်တွေ ဒီလို ပြောဆို သုံးနှုံးတာမျိုးကို လက်ခံနိုင် စရာ မရှိပါဘူး။ မြတ်ဗုဒ္ဓရဲ့ သားတော်တွေ ၀ိနည်းနဲ့ မညီရင် သူတို့ကိုယ်တိုင် တူသောအကျိုး ရရှိခံစားမှာ ဖြစ်ပါ တယ်။ ပရိယတ္တိကို အလေးပေးတဲ့အကျိုးဆက်အရ သံဃာအချို့ရဲ့ ၀ိနည်းဖောက်ဖျက်မှုတွေ မရှိဘူး မဟုတ် ရှိပါတယ်။ ဒါပေမယ့် သံဃာတွေကို ဒီလိုမျိုး မိုက်မိုက်ရိုင်းရိုင်း သမုတ်တာကတော့ သိပ်ကို စော်ကား လွန်းရာ ရောက်နေပါတယ်။ ဗုဒ္ဓဘာသာဝင်တွေ၊ လူထု ထောက်ခံမှု ရရှိထားတဲ့ နိုင်ငံရေးပါတီ တွေ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ ကိုယ်တိုင်က ဒီလို သတ်မှတ်ခေါ်တွင်တဲ့အခါ ကျန်တဲ့ နိုင်ငံတွေ၊ အခြားဘာသာဝင်တွေကိ ဘယ်လို ထင်မြင်ယူဆကြမလဲ။ ဗုဒ္ဓဘာသာဟာ ဒီလိုလူမျိုး တွေကြောင့် နာမည်ပျက် သိက္ခာကျခဲ့ရတာပါ။ အခုလည်း NLD ပါတီက ထိပ်ပိုင်းခေါင်းဆောင် တွေကိုယ်တိုင် ဒီလို လုပ်လာတာဟာ ဗုဒ္ဓဘာသာကို အပုပ်ချဖို့ သက်သက် လို့ပဲ ယူဆတယ်။ ဒါကို ဦးမင်းသူအနေနဲ့ ပြန်ပြီး တောင်းပန်ဖို့ လိုတယ်။ ကိုယ့်အမှားကို ၀န်ခံဖို့ လိုတယ်" ဟု လယ်ဝေး သံဃာ့မဟာနာယက ဆရာတော်တစ်ပါးက မိန့်သည်။

"ပြည်သူတွေ ဘာ့ကြောင့် NLD ပါတီကို စိုးရိမ်နေသလဲ ဆိုတာ ဘုန်းကြီးကိုယ်တိုင် နားလည်သွားပါပြီ။ ဘုန်းကြီးကိုယ်တိုင် NLD ကို အထင်အမြင် မလွဲဖို့ ဒကာ၊ ဒကာမတွေကို ဟောကြားခဲ့တာပါ။ ဒါပေမယ့် အခုလို NLD ပါတီက လွှတ်တော်ကိုယ်စားလှယ်အဆင့် ရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးကိုယ်တိုင် ဒီလို စော်ကားနေတာ တွေ့ရတော့ အံ့သြမိတယ်။ စိတ်မကောင်းလည်း ဖြစ်ရပါတယ်။ ဘုန်းကြီးတို့ ပြည်သူတွေအတွက်လည်း အတော်ကြီးကို ရင်လေးစရာ အနေအထားမျိုး မြင်လိုက်ရတယ်။ ဒါပေမယ့် ဘုန်းကြီးကတော့ တစ်ခုပဲ ဆုတောင်းပါတယ်။ NLD ပါတီကြီးတစ်ခုလုံး ဒီလို သဘောထား ရှိရင် ရှိပါစေ။ ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည် မှာတော့ ဒီလို သဘောထား မရှိပါစေနဲ့ ဆိုတာပါပဲ။ ဦးမင်းသူရဲ့ စကားဟာ ဒကာမကြီး ရဲ့ သဘောထားနဲ့ ထပ်တူပဲ ဆိုရင်တော့ ဘုန်းကြီးတို့ နောက်ကျခဲ့ပြီ လို့ပဲ ပြောရတော့မှာပဲ" မန္တလေး မြို့ရှိ အမျိုးဘာသာသာသနာ ကာကွယ်စောင့် ရှောက်ရေးအသင်းမှ သံဃာတစ်ပါးက မိန့်ကြား သည်။

၎င်းအပြင် ဦးမင်းသူသည် လူမှုကွန်ရက်စာမျက်နှာများတွင် သံဃာများကို ထိပါးစော်ကားပုတ်ခတ်နေသော ဒီမိုဖက်တီး၊ ခွန်ဒီးယမ် စသည်တို့နှင့် အချိတ် အဆက်ပြုမှုများလည်း တွေ့ရှိရကြောင်း၊ ဦးမင်းသူသာမက ကျန် NLD လွှတ်တော်ကိုယ်စားလှယ်အချို့ကိုလည်း ယင်းကွန်ရက်တွင် ပါဝင်နေ သည်ကို တွေ့ရှိရကြောင်း၊ သံဃာတော်များကို အမျိုးမျိုး ထိပါးစော်ကားနေသူများနှင့် NLD မှ လွှတ်တော်ကိုယ်စားလှယ်များ တစ်ကျိတ် တည်း တစ်ဥာဏ်တည်း ဖြစ်နေသည်ကို တွေ့ရှိရသဖြင့် အဖြေမှာ ရှင်းလင်းသွားပြီ ဖြစ်ကြောင်း မြန်မာ အမျိုးသားကွန်ရက် ဦးဆောင်သူတစ်ဦးက ပြောသည်။ ဦးမင်းသူသည် သံဃာတော်များ ဦးဆောင် ကြိုးပမ်းနေသည့် မျိုးစောင့်ဥပဒေ ပြဌာန်းရေးကိုလည်း ပြင်းထန်စွာ ရှုတ်ချခဲ့ပြီး "အမျိုးစောင့် ဟု ဆိုသူများ ပြည်ထောင်စုကြီး ပြိုကွဲမည့် အန္တရာယ်သို့ ဦးတည်နေ" ဟူသော အယူအဆကို လူသိထင်ရှား ဆက်လက် ဖြန့်ဖြူးခဲ့ကြောင်း၊ ၉၆၉ ကို တိုက်ခိုက်မှုများ၊ သံဃာတော်များကို အပုပ်ချသည့် ဘာသာခြားများ၏ ၀ါဒ ဖြန့်ချိရေးစာများ စသည်တို့ကိုလည်း များစွာ လွှင့်တင်ထားကြောင်း သိရှိရသည်။

"ဦးမင်းသူ ပြန်တောင်းပန်ပါ လို့ပဲ ပြောချင်တယ်။ ကျွန်တော်တို့ ဒီကနေ့ လုပ်နေတာတွေက အနာဂတ်နိုင်ငံ အတွက်ပဲ ဖြစ်တယ်။ သံဃာတော်တွေ ဒီလိုမျိုး ကြိုးပမ်းဆောင်ရွက်နေတာဟာ သာသနာတော်အတွက်ပဲ ဖြစ်တယ်။ ဗုဒ္ဒဘာသာဝင် အများစုနေထိုင်တဲ့ ဒီနိုင်ငံမှာ သံဃာတော်တွေကို လွှတ်တော် ကိုယ်စား လှယ်တစ်ယောက်က ဒီလိုမျိုး စော်ကားတာဟာ နားလည် လက်ခံပေးရမယ့် လုပ်ရပ် မဟုတ်ဘူးလို့ပဲ ပြောချင်တယ်။ NLD ပါတီက၊ ဦးမင်းသူကိုယ်တိုင်က ဟောပြောပွဲတွေ အမည်ခံပြီး အခြေခံဥပဒေ ပြင်ဆင်ဖို့ လုပ်နေတာတွေမှာ သံဃာတွေ၊ ပြည်သူတွေ ဘာများ တိုက်ခိုက်ဝေဖန်တာ ရှိခဲ့သလဲ မေးချင်တယ်။ အခုလို ကျွန်တော်တို့ဘာသာ ဆရာ-ဒကာ ညီညီ ညွတ်ညွတ်နဲ့ လုပ်နေတာတွေကိုကျတော့ စော်စော်ကားကား ပြောတယ်။ ဒီမိုကရေစီ ဆိုတဲ့သဘောတရားကို လွှတ်တော်အမတ်ဆိုတဲ့ ဦးမင်းသူကို မေးချင်တယ်။ ထောက်ခံတဲ့သူ ရှိမယ်၊ မထောက်ခံတဲ့သူ ရှိမယ်။ ဒါဟာ သဘာဝပဲ။ ကိုယ့်ကို မထောက်ခံလို့ မထောက်ခံတဲ့သူတွေကို တိုက်ခိုက် မယ်၊ ဝေဖန်မယ် လက်ခံတယ်။ ဒါပေမယ့် ဘာသာ သာသနာကိုတော့ ဘယ်တော့မှ မစော်ကားနဲ့ လို့ ပြတ်ပြတ်သားသား ပြောချင်တယ်။ ဦးမင်းသူဟာ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ပါ။ သူတို့ ပြောတဲ့အတိုင်း ပြောရရင် ပြည်ထောင်စုအဆင့်အတန်း ရှိတဲ့ ပုဂ္ဂိုလ်တွေပါ။ ဒီလိုလူတွေက ဒီလိုစော်ကားတာကိုတော့ ကျွန်တော်တို့ အနေနဲ့ လုံးဝ လက်မခံနိုင်ဘူး။ ကျွန်တော်တို့ဟာ ဘယ်သူ ဘယ်အဖွဲ့အစည်းရဲ့ တိုက်တွန်းမှု၊ စည်းရုံးမှုနဲ့ လုပ်နေတာ မဟုတ်ဘူး။ ကိုယ့် အသိစိတ်ဓါတ်နဲ့ ကိုယ့်ဘာသာ အိတ်စိုက်ပြီး လုပ်နေကြတာ။ ရှင်းရှင်း ပြောရရင် NLD ပါတီလို ပြည်ပအထောက်အပံ့တွေ၊ ဘာသာခြား အဖွဲ့အစည်းတွေက ငွေကြေးထောက်ပံ့မှုတွေ ရယူဆောင်ရွက်နေတာ မဟုတ်ဘူး။ ဒီတော့ စော်ကားခဲ့တဲ့ စကားတွေအတွက် ဦးမင်းသူ ကိုယ်တိုင် တာဝန်ယူပါ။ ဒီကိစ္စမှာ ဦးမင်းသူ တစ်ယောက် တည်းရဲ့ သဘောထား ဆိုပြီး ကျွန်တော်တို့ လက်ခံထားတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရော NLD နဲ့ရော မပတ်သက်ဘူး လို့ပဲ ကျွန်တော်တို့ ယုံကြည်ထားတယ်။ NLD တာဝန်ရှိသူတွေ အနေနဲ့လည်း လွှတ်တော် ကိုယ်စားလှယ် တစ်ဦး ဖြစ်ပြီး ဒီလိုမျိုး ဘာသာ သာသနာတော်ကို စော်ကားတဲ့ ဦးမင်းသူအတွက် ထိထိ ရောက်ရောက် ဖြေရှင်းဆောင်ရွက်ပေးဖို့ လိုတယ် ဆိုတာကို ပွင့်ပွင့်လင်းလင်း ပြောချင်ပါတယ်" ဟု မြန်မာအမျိုးသားကွန်ရက် ဦးဆောင်သူ တစ်ဦးက ပြောဆိုသည်။

ဦးမင်းသူသည် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် မန္တလေးတိုင်း ဒေသကြီး နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် မဲဆန္ဒနယ်မြေ တွင် NLD ပါတီကို ကိုယ်စားပြု၍ ၀င်ရောက်ယှဉ်ပြိုင်အနိုင်ရရှိပြီး ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာခဲ့သူ ဖြစ်သည်။

P-389709127
From: OE

အတင်းအဓမ္မလူသစ်စုဆောင်းခံရသော KIA တပ်ဖွဲ့ဝင်များ ထွက်ပြေးတိမ်းရှောင်မှု ပိုမိုများပြား



ကချင်လွတ်လပ်ရေးတပ်မတော်(KIA) မှ အတင်း အဓမ္မ လူသစ်စုဆောင်းခံရသော တပ်ဖွဲ့ဝင်များ သည် ဖေဖော်ဝါရီ ဒုတိယပတ်မှစ၍ ထွက်ပြေး တိမ်းရှောင် နေကြရာ ဆင်ဘိုမြို့နယ်ခွဲအတွင်း၌ လှုပ်ရှား နေသော KIA တပ်ဖွဲ့ဝင်များမှာ ထွက်ပြေး တိမ်းရှောင်မှု ပိုမိုများပြားနေကြောင်း ယင်းဒေသခံ များ ထံမှ သတင်းရရှိသည်။


`` ကချင်စစ်သားတွေ ထွက်ပြေးနေတာ တောက်လျှောက်ပဲ၊ လွန်ခဲ့တဲ့ သုံးလေးရက်ကစပြီး ဒီမြို့ထဲမှာ ကချင် စစ်သားတွေ အ၀င်အထွက်များနေတယ်၊ ထွက်ပြေးသွားတဲ့ သူတို့ စစ်သားတွေကို လိုက်ပြီး စုံစမ်း နေတယ်လို့ ကြားတယ် ´´ ဟု ဆင်ဘိုမြို့ခံ ဦးလဂွန်နော်က ပြောသည်။

ပန်ဝါနယ်မြေအတွင်း လှုပ်ရှားနေသော KIA တပ်ဖွဲ့ဝင်များသည် လစာနှင့် ရိက္ခာ မရရှိမှုကြောင့် KIA တပ်ဖွဲ့ဝင် လက်နက်ကိုင်အလုပ်ကို စိတ်ကုန်ကာ အဖွဲ့လိုက် ထွက်ပြေးတိမ်းရှောင်မှုများ ရှိခဲ့ပြီးနောက် ဆက်တိုက် ဆိုသလို ယခုကဲ့သို့ KIA တပ်ဖွဲ့ဝင်များ ထွက်ပြေးတိမ်းရှောင်မှု ထပ်မံဖြစ်ပွားလာခြင်း ဖြစ်ကြောင်း သိရသည်။

``အချို့က လစာနဲ့ရိက္ခာ မလုံလောက်လို့ ထွက်ပြေးတယ်လို့ ကြားတယ်၊ အခု ထွက်ပြေးတာကတော့ မလုပ်ချင်လို့ ဆိုလား၊ အတင်းအဓမ္မလူသစ်စုခံရတဲ့ လူငယ်တွေလို့ ကြားပါတယ် ´´ ဟု မိုးညှင်းမြို့ခံ တစ်ဦးက ဆိုသည်။

ဟိုပင်မြို့နယ်ခွဲ မြို့ပေါ်ရပ်ကွက်များ၌ နေထိုင်သော ဒေသခံကချင်လူငယ်(၁၀)ဦးခန့်အား မ၀င် မနေရစနစ်ဖြင့် KIA မှ အတင်းအဓမ္မခေါ်ဆောင်သွားခဲ့ကြောင်း၊ KIA အဖွဲ့က လူသစ်သင်တန်းတက် ခိုင်းရာ စိတ်ဝင်းစားမှု မရှိ သဖြင့် ထွက်ပြေးတိမ်းရှောင်လာခဲ့ကြကြောင်း၊ KIA မှ ပြန်လည်ဖမ်းဆီးမည်ကို စိုးရိမ်သောကြောင့် ဟိုပင်မြို့သို့ ပြန်မလာတော့ပဲ အခြားမြို့ရွာများသို့ ထွက်ပြေးတိမ်းရှောင် သွားကြ ကြောင်း ယင်းမြို့ခံတစ်ဦး၏ ပြောပြချက်အရ သိရသည်။

`` လွန်ခဲ့တဲ့ ၂ ရက်လောက်က ဒီမြို့ပေါ်မှာ KIA တပ်ဖွဲ့ဝင်မလုပ်ချင်လို့ ပြန်ပြီးထွက်ပြေးလာကြ တယ် လို့တော့ ကြားနေတာပဲ၊ ဒါပေမယ့် KIA ပြန်ဖမ်းမှာကို ကြောက်ပြီး မြို့မှာမနေဘဲ ချက်ချင်းရှောင်နေ ကြတယ်လို့တော့ သိရတယ်၊ အနည်းဆုံး (၅)ယောက်တော့ရှိတယ်၊ KIA က အတင်းအဓမ္မလူသစ်စုလို့ ပါသွားတဲ့ လူငယ်တွေပဲ ဖြစ်ဖို့ များပါတယ်၊ လစာမရ ရိက္ခာမ၀တဲ့ KIA တပ်ထဲကို ဘယ်သူက ၀င်ချင်မှာလဲ၊ ဒီလိုပဲ ပြေးလာကြဦးမှာပါ´´ ဟု ဟိုပင်မြို့နေ ဦးခွန်သာထူးက ပြောကြားသွားသည်။

KIA မှ ဒေသခံ ကချင်၊ ရှမ်း၊ ဗမာ၊ လီဆူး လူမျိုးများအား အသက်(၁၆)နှစ်နှင့် (၄၀)နှစ်အတွင်း KIA တပ်ဖွဲ့သို့ တာဝန်မထမ်းမနေရစနစ်ဖြင့် ဖမ်းဆီးခေါ်ဆောင်သွားရာမှ KIA သင်တန်းမပေးပီ စိတ်ပါဝင်စားမှု မရှိ သဖြင့် ထွက်ပြေးလာသော KIA တပ်ဖွဲ့ဝင်များ ပိုမိုများပြားလာကြောင်း သိရှိရပါသည်။

အယ်နော်ဆိုင်း
Kachin Daily News

လှိုင်သာယာ ဖိနပ်စက်ရုံမှာ အလုပ်သမား ၇၀၀ ဆက်လက်ဆန္ဒပြ


Photo: လှိုင်သာယာ ဖိနပ်စက်ရုံမှာ အလုပ်သမား ၇၀၀ ဆက်လက်ဆန္ဒပြ
Tuesday, February 25, 2014

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာစက်မှုဇုန် ၃ မှာရှိတဲ့ Master Sport ဖိနပ်စက်ရုံမှာ အလုပ်သမား ၇၀၀ ကျော် တောင်းဆိုနေတဲ့ အချက်တွေထဲက နေ့စားခတိုးပေးဖို့အချက်ကို စက်ရုံက သဘောတူခဲ့ပေမဲ့ လုပ်ငန်းခွင်ကြီးကြပ်ရေးမှူးတစ်ဦးကို အလုပ်ထုတ်ပေးဖို့ တောင်းဆိုထားတာကို မလိုက်လျောတာကြောင့် အလုပ်သမားတွေ ဒီနေ့ ဆက်လက်ဆန္ဒပြနေကြပါတယ်။

အလုပ်ခွင်ကြီးကြပ်ရေးမှူးအနေနဲ့ ဆန္ဒပြအလုပ်သမားတွေကို တောင်းပန်မယ်ဆိုရင် ကျေနပ်နိုင်ကြောင်း ဆန္ဒပြရာမှာပါဝင်တဲ့ စက်ရုံအလုပ်သမတစ်ဦးက ပြောပါတယ်။

"ကျမတို့ဘက်က ဒီကလေးတွေကို သူတောင်းပန်ပေါ့နော်၊ သူကအဲလိုတောင်းပန်ဖို့ သူ့မှာအစီအစဉ်မရှိဘူးတဲ့၊ သူမပြုတ်မချင်း ကျမတို့က အပြင်မှာပဲနေမယ်လို့ ဆုံးဖြတ်ထားပါတယ်၊ အခုသူတို့ကပေါ့နော် ဒီလူတွေကို ဘာမှလုပ်မပေးပဲနဲ့ အသစ်လူတွေကို ခေါ်နေတဲ့ဆိုင်းဘုတ်တွေ ကပ်နေတယ်"

Master Sport ဖိနပ်စက်ရုံ အလုပ်သမား ၇၀၀ ကျော်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကတည်းက နေ့စားခတိုးပေးဖို့၊ လုပ်ငန်းခွင် ကြီးကြပ်ရေးမှူးကို ထုတ်ပေးဖို့ အပါအဝင် အချက် ၁၀ ချက်ကိုတောင်းဆို ဆန္ဒပြခဲ့ကြတာပါ။ အလုပ်သမားတွေက နေ့စားခ တစ်နာရီ ၁၅၀ ကျပ်ကနေ ၂၅၀ တိုးပေးဖို့ တောင်းဆိုရာမှာ အလုပ်ရှင်ဘက်က တစ်နာရီ ၁၇၀ ကျပ်တိုးပေးဖို့ သဘောတူခဲ့ပါတယ်။

လုပ်ငန်းခွင် ကြီးကြပ်ရေးမှူးဟာ အလုပ်သမားတွေအပေါ် ခွဲခြားဆက်ဆံတာတွေရှိတဲ့အတွက် နှုတ်ထွက်ပေးဖို့ တောင်းဆိုနေကြတာလို့ သိရပါတယ်။

RFA Burmese

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာစက်မှုဇုန် ၃ မှာရှိတဲ့ Master Sport ဖိနပ်စက်ရုံမှာ အလုပ်သမား ၇၀၀ ကျော် တောင်းဆိုနေတဲ့ အချက်တွေထဲက နေ့စားခတိုးပေးဖို့အချက်ကို စက်ရုံက သဘောတူခဲ့ ပေမဲ့ လုပ်ငန်းခွင်ကြီးကြပ်ရေးမှူးတစ်ဦးကို အလုပ် ထုတ်ပေးဖို့ တောင်းဆိုထားတာကို မလိုက်လျော တာကြောင့် အလုပ်သမားတွေ ဒီနေ့ ဆက်လက် ဆန္ဒပြနေကြပါတယ်။


အလုပ်ခွင်ကြီးကြပ်ရေးမှူးအနေနဲ့ ဆန္ဒပြအလုပ်သမားတွေကို တောင်းပန်မယ်ဆိုရင် ကျေနပ်နိုင်ကြောင်း ဆန္ဒပြရာမှာပါဝင်တဲ့ စက်ရုံအလုပ်သမတစ်ဦးက ပြောပါတယ်။

"ကျမတို့ဘက်က ဒီကလေးတွေကို သူတောင်းပန်ပေါ့နော်၊ သူကအဲလိုတောင်းပန်ဖို့ သူ့မှာ အစီအစဉ် မရှိဘူးတဲ့၊ သူမပြုတ်မချင်း ကျမတို့က အပြင်မှာပဲနေမယ်လို့ ဆုံးဖြတ်ထားပါတယ်၊ အခုသူတို့ကပေါ့နော် ဒီလူတွေကို ဘာမှလုပ်မပေးပဲနဲ့ အသစ်လူတွေကို ခေါ်နေတဲ့ဆိုင်းဘုတ်တွေ ကပ်နေတယ်"

Master Sport ဖိနပ်စက်ရုံ အလုပ်သမား ၇၀၀ ကျော်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကတည်းက နေ့စားခတိုးပေးဖို့၊ လုပ်ငန်းခွင် ကြီးကြပ်ရေးမှူးကို ထုတ်ပေးဖို့ အပါအဝင် အချက် ၁၀ ချက်ကိုတောင်းဆို ဆန္ဒပြခဲ့ကြတာပါ။ အလုပ်သမားတွေက နေ့စားခ တစ်နာရီ ၁၅၀ ကျပ်ကနေ ၂၅၀ တိုးပေးဖို့ တောင်းဆို ရာမှာ အလုပ်ရှင်ဘက်က တစ်နာရီ ၁၇၀ ကျပ်တိုးပေးဖို့ သဘောတူခဲ့ပါတယ်။

လုပ်ငန်းခွင် ကြီးကြပ်ရေးမှူးဟာ အလုပ်သမားတွေအပေါ် ခွဲခြားဆက်ဆံတာတွေရှိတဲ့ အတွက် နှုတ်ထွက် ပေးဖို့ တောင်းဆိုနေကြတာလို့ သိရပါတယ်။

RFA Burmese

Taxi ယာဉ်မောင်းနှင့် ခရီးသည်ကို အုပ်စုဖွဲ့ ရိုက်နှက်ရာတွင် ပါဝင်သော ပြိုင်ကား သုံးစီး သိမ်းဆည်းရမိ



ရန်ကုန်မြို့ လှိုင်မြို့နယ် ပြည်လမ်းပေါ် ခြောက်မိုင်ခွဲ မှတ်တိုင်အနီးတွင် လွန်ခဲ့သော ရှစ်ရက် ဖေဖော်ဝါရီ လ ၁၆ ရက်နေ့ နံနက် ၁နာရီ ၅၀ မိနစ်ခန့်က Taxi ယာဉ်မောင်းနှင့် ခရီးသည်ကို ပြိုင်ကား ငါးစီး ပိတ်ဆို့ကာ ပြိုင်ကားပေါ်မှ လူငယ်များက ဘေ့စ်ဘော တုတ်ဖြင့် ရိုက်နှက်ခဲ့မှုနှင့် ပတ်သက်၍ ဖေဖော်ဝါရီလ ၂၂ ရက်နေ့အထိ ရိုက်နှက်မှုတွင် အသုံးပြုခဲ့သော ပြိုင်ကား သုံးစီးကို သိမ်းဆည်း ရမိ ထားကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်သည်။


အဆိုပါ ရိုက်နှက်မှုတွင် ပါဝင်သည်ဟု ဆိုသော Nissan Fairlady အဖြူရောင် ပြိုင်ကားကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက် ၂ နာရီ မိနစ် ၅၀ ခန့်က မရမ်းကုန်းမြို့နယ် (၆) ရပ်ကွက်၊ တော်ဝင်ချယ်ရီ အိမ်ရာတွင် တွေ့ရှိခဲ့ပြီးနောက် ဖေဖော်ဝါရီ ၂၁ ရက်နေ့ ၁၀ နာရီ ၄၅ မိနစ်ခန့်က မရမ်းကုန်းမြို့နယ် (၂) ရပ်ကွက် နေသူ ကိုထက် (ခ) ဇာနည် (ခ) ဇာနည်ထက်ဝေ၏ V 300 ARISOTO ပြိုင်ကားနှင့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ၆ နာရီ ၃၀ မိနစ်ခန့်က လှိုင်မြို့နယ် (၂) ရပ်ကွက်နေသူ ဝေယံလင်း၏ MAZDA RX-8 ခဲပုတ်ရောင် ပြိုင်ကားတို့ကို ၎င်းတို့၏ မိဘများက ရဲစခန်းသို့ ပို့အပ်ခဲ့ကြောင်း လှိုင်မြို့မ ရဲစခန်းထံမှ သိရှိရ သည်။

လတ်တလောတွင် ပြိုင်ကား သုံးစီးကို သိမ်းဆည်း ရမိထားပြီး ကျန်ရှိသော ပြိုင်ကားများကို ဆက်လက် ဖော်ထုတ်နိုင်ရေး အတွက် စုံစမ်းလျက် ရှိကြောင်း၊ ယင်းအမှုတွင် ပါဝင်သည်ဟု သံသယရှိသူ အချို့မှာ အလည် လွန်နေသဖြင့် အမြန်ဆုံး ခေါ်ယူနိုင်ရန် စုံစမ်းလျက် ရှိကြောင်း အဆိုပါ ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦး က ပြောကြားသည်။

“အမြန်ဆုံး ဖော်ထုတ်နိုင်ဖို့ ကြိုးစားနေပါတယ်။ ကလေး တချို့ကလည်း မိဘကို ကြောက်ပြီး ရန်ကုန်မြို့ အပြင်မှာ အလည် လွန်နေတာလည်း ရှိပါတယ်” ဟု ၎င်းက ပြောကြားသည်။

အဆိုပါ ပြိုင်ကားများဖြင့် အုပ်စုဖွဲ့ ရိုက်နှက်သူများမှာ မရမ်းကုန်းမြို့နယ်နှင့် လှိုင်မြို့နယ်တို့တွင် နေထိုင် ကြသော အသက် ၂၁ နှစ်ခန့် လူငယ် ငါးဦးခန့် ပါဝင်ကြောင်း ကနဦး စစ်ဆေးချက်များ အရ သိရှိ ရသည်။

ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက် ၁နာရီ ၅၀ မိနစ်ခန့်က ပြိုင်ကား ငါးစီး ပိတ်ဆို့ကာ ပြိုင်ကားပေါ်မှ လူငယ် များက ယာဉ်မောင်းနှင့် ခရီးသည်ကို ဘေ့စ်ဘောတုတ်ဖြင့် ရိုက်နှက်ခဲ့မှုနှင့် ပတ်သက်၍ သံသယ ရှိသူ ဇာနည်ထက်ဝေနှင့် ကိုကိုနိုင်တို့မှာ မကွေးတိုင်း ဒေသကြီး ပခုက္ကူဘက်သို့ ထွက်ပြေး တိမ်းရှောင် နေသည်ဟု သတင်း ရရှိထားသဖြင့် တိုင်းဒေသကြီးချင်း ချိတ်ဆက်ကာ ဖမ်းဆီးနိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

ဖေဖော်ဝါရီလ ၁၆ ရက် နံနက် ၁နာရီ ၁၅ မိနစ်က စူပါရုဗင် အငှားယာဉ်မောင်း ကိုသက်ဇင်ဝင်းမှာ ခရီးသည် အမျိုးသား သုံးဦးကို မင်္ဂလာဒုံ မြို့နယ်မှ လသာ မြို့နယ်သို့ ပို့ဆောင်ရန် ပြည်လမ်းအတိုင်း မောင်းလာ စဉ် ၇ မိုင် ကားမှတ်တိုင်တွင် ညာဘက် ပလက်ဖောင်း ဘေးရပ်ထားသော ဟွန်ဒါစီဗစ် ယာဉ်ကို ကျော်တက် မောင်းနှင်ရာ လှိုင်မြို့နယ် ၆ မိုင်ခွဲ မှတ်တိုင်အနီးတွင် ပြိုင်ကား တစ်စီးက ကျော်တက်ကာ အဆိုပါ ခရီးသည် ယာဉ်ရှေ့ ပိတ်ရပ်မှုကြောင့် ခရီးသည်တင် ယာဉ်က ထပ်မံ ကျော်တက်ရန် ပြုစဉ် ဟွန်ဒါစီဗစ် ယာဉ်က ဘေးဘက်က ပိတ်ရပ်ခဲ့သဖြင့် ဆက်မောင်း၍ မရတော့သဖြင့် ရပ်တန့်ခဲ့ကြောင်း လှိုင်မြို့မ ရဲစခန်းထံမှ သိရှိရသည်။

ထိုကဲ့သို့ ဖြစ်ပွားနေစဉ် ပြိုင်ကား နှစ်စီး ထပ်မံ ရောက်ရှိလာပြီး အငှားယာဉ်ကို စုစုပေါင်း ပြိုင်ကား ငါးစီးက ပိတ်ဆို့ ဝိုင်းထားသဖြင့် အငှားယာဉ်မောင်းက ယာဉ်ပေါ်မှ ဆင်းကာ တောင်းပန်စဉ် ပြိုင်ကားပေါ်မှ အသက် ၂၀ ဝန်းကျင်ခန့် ရှိသော လူငယ် ငါးဦးက ဘေ့စ်ဘောတုတ်များ ၊ အုတ်ခဲများဖြင့် အငှား ယာဉ်မောင်းနှင့် ခရီးသည်ကို ဝိုင်းရိုက်ပြီး အငှားယာဉ်ကိုပါ ရိုက်နှက် ဖျက်ဆီးကာ ပြိုင်ကားများကို မောင်းနှင် ထွက်ခွာခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ဟွန်ဒါစီဗစ် အမျိုးအစား ပြိုင်ကား နှစ်စီး အပါအဝင် စုစုပေါင်း ပြိုင်ကား ငါးစီးမှ လူငယ် ငါးဦး ရိုက်နှက်စဉ် အငှားယာဉ်ပေါ်ပါ ခရီးသည် အမျိုးသား သုံးဦးအနက် နှစ်ဦး ထွက်ပြေး လွတ်မြောက်ခဲ့သော်လည်း ယာဉ်အတွင်း ကျန်ခဲ့သော အသက် ၂၆ နှစ်အရွယ် ကိုအင်ထိတ်ကြန်နှင့် ယာဉ်မောင်း ကိုသက်ဇင်ဝင်းတို့ နှစ်ဦးတွင် ဖူးရောင် ပေါက်ပြဲ ဒဏ်ရာများ ရရှိကာ အငှားယာဉ် ကိုယ်ထည်နှင့် ရှေ့နောက် လေကာ မှန်တို့ ကွဲအက် ပျက်စီးခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။

ယင်းကဲ့သို့ ရိုက်နှက်မှု ဖြစ်ပွားသော နေရာမှာ ရဲကင်း အနီးတွင် ရှိသော်လည်း လာရောက် ဖျန်ဖြေပေးခြင်း မရှိကြောင်း၊ ယာဉ်နံပါတ်နှင့် ကားအမျိုးအစားများကို အသေးစိတ် မမှတ်သားနိုင်ဘဲ အသက်လုကာ ပြေးခဲ့ ရကြောင်း ရိုက်နှက်ခံရသူ အသက် ၂၅ နှစ်အရွယ် ယာဉ်မောင်း ကိုသက်ဇင်ဝင်းက ပြောကြားသည်။

ငွေကြေး ချမ်းသာသူနှင့် အရာရှိကြီး (လူကြီး) များ၏ သားသမီးများ၏ အများစု စီးနင်းသော ပြိုင်ကား များမှာ အရှိန်ပြင်းကာ မောင်းနှင်ကြပြီး ရိုက်နှက်မှု အထိ ဖြစ်ပွားလာကြောင်း၊ ပြိုင်ကားများနှင့် ပတ်သက်၍ ကိုယ်တိုင် ကြုံတွေ့ရခြင်း မရှိသော်လည်း ကြားရုံနှင့်တင် မတရားသော လုပ်ရပ်တစ်ခုကို လက်မခံနိုင် ကြောင်း မြောက်ဥက္ကလာပ မြို့နယ်တွင် နေထိုင်သည့် အသက် ၄၀ ကျော် တက္ကစီ ယာဉ်မောင်း တစ်ဦးက ပြောကြားသည်။

ပြည်လမ်းမကြီးပေါ်တွင် ညဥ့်နက်ချိန် အုပ်စုဖွဲ့ ပြိုင်ကား မောင်းနှင်ကာ ခရီးသည်တင် အငှားယာဉ်ကို ဝိုင်းရိုက်ခဲ့သော ပြိုင်ကား မောင်းသူ လူငယ် တစ်စုကို (ပ) ၇၆/၁၄၊ ပုဒ်မ ၄၄၀/၃၂၅/၄၂၇/၁၁၄ ဖြင့် အမှုဖွင့်ကာ စုံစမ်းလျက် ရှိကြောင်း လှိုင်မြို့မ ရဲစခန်းထံမှ သိရှိရသည်။

FROM-THE VOICE

ပြန်လည်အောက်မေ့ပါ



ပြည်သူတွေ ကျောင်းသားတွေ လမ်းပေါ်ထွက်လို့ ရာဇ၀င် တွင်မည့် အကြောင်းတရား ၈၈။ အမေစု အတွက် ဒီမိုကရေစီအတွက် လူသားအားလုံးဟာ မင်းမဲ့စရိုက်ဆန်ဆန် ပြုမြူကျင့်ကြံ ငါတို့ ဒီမိုကရေစီသမိုင်း သွေးမြေကျလို့ ဘ၀တွေစတေး ခဲ့ပြ်ီးပြီ။


.သေတဲ့လူကလည်းသေ သတ်တဲ့လူကလည်းသတ် ပြေးတဲ့လူကပြေး ကျုပ်တို့နိုင်ငံကြီး ကမ္ဘာမီးလောင် နေသလိုဘဲ။

အခုခေတ်တဖန် အလားတူ အဖြစ်ဆိုးမျိုး ဖြစ်လာဖို့ရန် စံနက်တံဖြုတ်ပြီးသား ဗုံးတစ်လုံးလိုဘဲ။ ရွေးကောက်ပွဲကို သပိတ်မှောက်မယ်ဆိုတဲ့ စကား အမေစု တကယ်ပြောခဲ့ရင် သူစိတ်ထဲမှာရှိရင် ၈၈ အလား သဏ္ဍာန်မျိုး ဖြစ်လာနိုင်ဖွယ်ရှိတယ်။ မင်းသမီးမလုပ်ရရင် ပတ်မကြီးထိုးဖောက်မယ်ဆိုတဲ့ အကွက်တွေ ခင်းတော့မယ်။

အခုတဖန် လူထုကို အုံကြွအောင် ခင်ဗျားတို့တတွေ ထပ်လုပ်ချင်ပြန်ပြီလား။ ဒီတခါ လမ်းပေါ် ထွက်ကြမယ်ဆိုရင် ရှေ့ဆုံးမှာ ၈၈ ထောင်ထွက်တွေ မြန်မာမွတ်စလင်လို့ပြောတဲ့ သောက်ကုလားတွေ။ လူအခွင့်အရေးသမားတွေ လစ်ဘရယ်သမားတွေအားလုံးအားလုံး ရှေ့ဆုံးက ချီတက်ကြပါ။

ပြည်သူကျောင်းသားကို အရင်တုန်းကလည်း ထိုးကျွေးပြီးသွားပြီ။ ပြည်သူတွေလည်း စာတတ်လာပါပြီဗျာ။ လစ်ဗြဲဖက်ဒရယ်ရဲ့သဘောထား အမှန်တွေကို သိသိလာပါပြီ။

အဲတော့ ခင်ဗျားတို့ဖာသာ လမ်းပေါ်ထွက်ကြ။ ပြည်သူကို လှုံ့ဆော်ဖို့တော့ ခေါင်းထဲမထည့်နဲ့။ အဲလို့ မသိ နားမလည်တဲ့ လူတွေကို အသုံးချမယ်ဆို အမျိုးသားရေးအင်အားစုတွေက ဒီတိုင်းကြည့်နေမှာ မဟုတ်ဘူး။ ကုလားနဲ့ပေါင်းနေတဲ့ နိုင်ငံရေးကို ပြည်သူတွေအားလုံး လက်ပိုက်ဘဲကြည့်နေပါရစေ။

ပြည်သူမပါလည်း ကိစ္စမရှိပါဘူး။ဗြိတိန်စစ်တပ်က အမေစု သမ္မတကြီး ဖြစ်ဖို့ ကူညီမယ်ဆိုဘဲ။ အကွက်တွေ ကတော့ အဆန်းတွေချည်းဘဲ။ စုန်းပူး နတ်ပူးတွေ သံဃာကို စော်ကားတဲ့အကွက်တွေ။ ကုလားကို ဟပေးတဲ့ အကွက်တွေ။ ကျွန်တော်တို့နိုင်ငံက ဒီမိုကရေစီကြီးက ဟာသလို ဖြစ်နေပါတကား။

ကဲ့ လမ်းပေါ်ထွက်မည် သူများ။အသင့်ပြင်ထားကြပါ။ မိမိကိုယ်တိုင်သွေးမရှိဘဲ ပြည်သူကိုဘဲ သွေးထိုး ပေးနေတော့ ဒီမိုအပေါင်းအပါများရဲ့ ၂၀၁၅ ကြက်ကုလားမိုးလင်း အကွက်ဆန်းတွေ မကြာမီ လာမည် မျှော်။

မိုးလုံးဟိန်းချုံန်း
FROM-MOE LONE HEIN CHAUNG

ကောင်းမြတ်ဟိန်း သေဆုံးမှု စီအိုင်ဒီ ပြောင်းကိုင်ပြီ



Mister University ပြိုင်ပွဲဝင် မော်ဒယ်လ် သရုပ် ဆောင် ကောင်းမြတ်ဟိန်း (ခ) ကျော်ဇောဟိန်း သေဆုံးမှု၌ အမှုမှန် ပေါ်ပေါက်ရေး စီအိုင်ဒီနှင့် အင်းစိန်မြို့နယ် ရဲတပ်ဖွဲ့တို့မှ ပူးပေါင်း ဆောင်ရွက် လျက်ရှိရာ ယခုအခါ စီအိုင်ဒီမှ သီးသန့်လွှဲ ပြောင်းရယူလိုက်ပြီဖြစ်ကြောင်း သိရ သည်။


ကောင်းမြတ်ဟိန်း(ခ)ကျော်ဇောဟိန်းသည် လွန်ခဲ့ သော ဇန်န၀ါရီ၂၁ ရက် တွင်မြို့တော်ဂေါက်ကွင်း ဟိုတယ် အတွင်းရှိ ရေကူးကန်ထဲ တွင် သေဆုံးခဲ့ခြင်း ဖြစ်ကာမည်ကဲ့သို့ သေဆုံးခြင်းကို အမှုမှန် ပေါ်ပေါက်စေရန် ၀ိုင်းဝန်း ဆောင်ရွက်လျက်ရှိရာ ယခုကဲ့သို့ စီအိုင်ဒီမှ လွှဲပြောင်း ယူလိုက်ခြင်း ဖြစ်ကြောင်း စီအိုင်ဒီ (စုံစမ်းစစ်ဆေးရေး)အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ယခုကဲ့သို့ ပြောဆိုသည်။

‘ အင်းစိန်မြို့နယ် တရားရုံးကို တရားဝင်တင်ထားပြီး မှုခင်းဆရာဝန်ရဲ့ ဆေးစစ်ချက်တွေလည်း အကုန်လုံး ထွက်နေပြီ။ ရုံးကို အကုန်ပေါင်း တင်ထားတယ်။ မတ်လ ၄ ရက်မှာ ရုံးချိန်းရှိတယ်။ အဲ့ဒီနေ့ကျမှပဲ တရားဝင် စကားတွေကို ထုတ်ပြောလို့ရမယ် ‘ ဟုစီအိုင်ဒီ(စုံစမ်းစစ်ဆေးရေး)အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ရှင်းပြသည်။

Mister University ပြိုင်ပွဲဝင်ရန်အတွက် August Myanmar ကုမ္ပဏီမှတာဝန်ယူ၍စခန်းသွင်း လေ့ကျင့်နေ စဉ်အတွင်း သေဆုံးခဲ့ခြင်းဖြစ်သည်။ ” စီအိုင်ဒီကလွှဲပြောင်းကိုင်လိုက်ပြီလို့ အကြောင်းကြားထားတယ် သူတို့ မတ်လ ၄ ရက်ကို ရုံးချိန်းလို့ ပြောပါတယ်။ ဆရာဝန်ဆေးစစ်ချက်ကိုတော့ အကြမ်းဖျင်းပြောထားပြီ။ အသေးစိတ်တော့ မသိရသေးဘူး။ ရုံးချိန်းနေ့မှ သိရမယ်ထင်တယ် ” ဟု မော်ဒယ်လ် ကောင်းမြတ်ဟိန်း ၏အစ်ကို ကိုအောင်ကိုကိုက ပြောပြသည်။

အဆိုပါအမှုကို စီအိုင်ဒီမှ လွှဲပြောင်းကိုင်လိုက်ကြောင်းကို August Myanmar ကုမ္ပဏီမှမသိရှိသေးကြောင်း၊ ရုံးချိန်းရက်ကိုလည်း မသိရှိကြောင်း၊ အဆိုပါ ကိစ္စရပ်နှင့်ပတ်သတ်၍ အကြောင်းကြားခြင်းမရှိသေးကြောင်း August Myanmar ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

Mister University ပြိုင်ပွဲဝင်ရန် ယောက်ျား လေး၁၈ ဦး၊ မိန်းကလေး ၁၈ ဦးတို့ကို မြို့တော် ဂေါက်ကွင်း ဟိုတယ်၌ August Myanmar ကုမ္ပဏီမှ တာဝန်ယူ၍ စခန်းသွင်းလေ့ကျင့်နေရာမှ ဇန်န၀ါရီ ၂၁ ရက်ညနေ ၅ နာရီ ခန့်တွင် ပြိုင်ပွဲဝင်များနှင့်အတူ ရေဆင်းကူးပြီး ၅နာရီခွဲခန့်တွင် ရေကူးနေသူအားလုံး ရေကူးကန် ထဲမှတက်သွားကြပြီးနောက် နေ့စဉ်ပြုလုပ်သည့် ညနေ ၆ နာရီအစည်းအဝေးသို့ ကောင်းမြတ်ဟိန်းမှာ တက်ရောက်ခြင်းမရှိဘဲ စတင်ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။

အဆိုပါနေ့ ည ၁၂ နာရီခန့်တွင်ဟိုတယ်လုံခြုံရေးဝန်ထမ်းက၎င်း၏အလောင်းအား ရေကူးကန်အတွင်း ပြန် လည် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။လက်ရှိတွင် ၎င်းသေဆုံးမှု အမှုမှန် ပေါ်ပေါက်ရေး စီအိုင်ဒီမှ လွှဲပြောင်းကိုင်လိုက်ပြီး အင်းစိန်မြို့နယ်တရားရုံး သို့ရုံးတင်လိုက်ရာ မတ်လ ၄ ရက်၌ ရုံးချိန်းသတ်မှတ် ခဲ့ခြင်း ဖြစ်သည်။

မင်းအောင်မြင် (မြစ်မခ)
စံတော်ချိန် နေ့စဉ်သတင်းစာ

ယူနတီသတင်းဂျာနယ် သတင်းစာဆရာများ ဖမ်းဆီးခံရမှု သမ္မတကြားဝင် ညှိနှိုင်းပေးရန် တောင်းဆို

နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေဖြင့် တရားရင်ဆိုင် ဖမ်းဆီးခံထားရသည့် ယူနတီဂျာနယ်၏ သတင်းစာဆ ရာများအတွက် သမ္မတကိုယ်တိုင် ကြားဝင်ဖြေရှင်းပေးရန် အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့ နေဦးရောဘတ်ဆန်းအောင်က ပြောကြားလိုက်သည်။


သတင်းစာဆရာများကို ဖမ်းဆီးထားသည်မှာ ရက်သတ္တပတ် သုံးပတ်ကြာမြင့်ပြီဖြစ်သော်လည်း တွေ့ဆုံ ညှိနှိုင်းမှုများ ပြုလုပ်ခြင်းမရှိသေးသည့်အတွက် တောင်းဆိုခြင်းဖြစ်သည်ဟု ဆိုသည်။

“သမ္မတကိုယ်တိုင် ကြားဝင်ဖျန်ဖြေပေးစေလိုပါတယ်။ စာနယ်ဇင်းကောင်စီကလည်း ကြားဝင်တွေ့ဆုံ ညှိနှိုင်းလိုတယ်လို့ တောင်းဆိုထားပေမယ့် ဒီနေ့ထိ တွေ့ဆုံတာမျိုး မတွေ့ရသေးဘူး။ သမ္မတရော၊ လွှတ်တော်ဥက္ကဋ္ဌတွေရော ဒီကိစ္စမှာ ကြားဝင်ညှိနှိုင်းပေးစေချင်ပါတယ်”ဟု ပြောသည်။

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)က သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံညှိ နှိုင်းလိုကြောင်း ဖေဖော်ဝါရီ ၄ ရက်က ထုတ်ပြန်ချက်ထုတ် တောင်းဆိုထားသော်လည်း ယနေ့တိုင် တွေ့ ဆုံညှိနှိုင်းခြင်းမရှိသည့်အပေါ် ထောက်ပြပြောဆိုခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) အတွင်းရေးမှူးဦးကျော်မင်းဆွေက “အခုထိတော့ တွေ့ဆုံညှိ နှိုင်းဖို့ကို အစိုးရဘက်က ဘာမှမတုန့်ပြန်သေးဘူး။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဘာဆက်လုပ်ရမယ်ဆိုတာ ကို ကောင်စီအနေနဲ့ အစည်းအဝေးလုပ်ပြီးမှ ဆုံးဖြတ်နိုင်မယ်”ဟု ပြောသည်။

ဇန်န၀ါရီ ၂၅ ရက်ထုတ် ယူနတီသတင်းဂျာနယ် အတွဲ(၃)၊ အမှတ်(၄) ရှိ စာမျက်နှာ ၂၃ နှင့် ၂၄ ပါ “ဗိုလ် ချုပ်မှူးကြီးဟောင်း၊ လက်ရှိကာချုပ်နှင့် တရုတ်ပညာရှင်တို့၏ ပေါက်မြို့နယ်ရှိ လျှို့ဝှက်ဓာတုလက်နက် စက်ရုံ” ခေါင်းစဉ်ဖြင့် ရေးသားသည့် သတင်းဆောင်းပါးနှင့်ပတ်သက်၍ အမှုဆောင်အရာရှိချုပ်အပါအ၀င် သတင်းထောက်လေးဦးတို့ကို ဖမ်းဆီးထားသည်။

နိုင်ငံရေးတွင် ပြည်ခိုင်ဖြိုးဦးဆောင်ပြီး ရွေးကောက်ပွဲ “ငါတို့နိုင်ရမယ်”ဟု ဦးရွှေမန်းပြော

မြန်မာ့နိုင်ငံရေးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဦးဆောင်ရမည်ဟု ပါတီဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ဖေဖော်ဝါရီ ၂၃ ရက် နေပြည်တော် ဒက်္ခိဏသီရိမြို့နယ်ရှိ ပါတီဌာနချုပ်တွင် ပြုလုပ်သည့် နေပြည်တော် ရှစ်မြို့နယ်ရှိ ပါတီဝင်များနှင့် တွေ့ဆုံရာတွင် ပြောကြားလိုက်သည်။


ပြည်ထောင်စုလွှတ်တော်နာယကလည်းဖြစ်သူ သူရဦးရွှေမန်းက “ဟောဒီ မြန်မာနိုင်ငံမှာ ငါတို့ပါတီက နိုင်ငံရေးမှာ ဦးဆောင်ရမယ်။ တစ်နည်းအားဖြင့်ပြောမယ်ဆိုရင် လာမယ့်ရွေးကောက်ပွဲမှာ ငါတို့ပါတီ နိုင် ရမယ်”ဟု ပြောကြားခဲ့သည်။

နိုင်ငံရေးအရ ဦးဆောင်မှုဆိုသည်မှာ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီအနိုင်ရရန်ဖြစ်ကြောင်း ထိုကဲ့သို့ နိုင်ငံရေးဦးဆောင်မှုပေးနိုင်ရန် ပါတီဌာနချုပ်တွင် နိုင်ငံရေးဦးဆောင်မှုသင်တန်းများ ဖွင့်လှစ်နေခြင်းဖြစ် သည်ဟုလည်း ၎င်းက ပြောသည်။

“နိုင်တဲ့နေရာမှာ(ရွေးကောက်ပွဲ) သန့်ရှင်းစွာနိုင်ရမယ်ဆိုတဲ့ အနေအထားမျိုးဖြစ်အောင် ဒီသင်တန်းဟာ ဖွင့်လှစ်တာဖြစ်ပါတယ်”ဟု ဖြည့်စွက်ပြောသည်။ ထို့အပြင်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်လာ ခြင်းသည် ပြည်ခိုင်ဖြိုးပါတီ၏ ဦးဆောင်မှု၊ ထိုနည်းတူစွာ ပါတီစုံဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ် ဒီနေ့ပေါ်ပေါက်ခဲ့ခြင်းသည်လည်း ပါတီ၏ဦးဆောင်မှုဖြင့် ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြော သည်။

“အဲဒီလိုပဲ ပါတီစုံဒီမိုကရေစီနဲ့ ဈေးကွက်စီးပွားရေးစနစ်ကို အခုလိုဖော်ဆောင်တဲ့နေရာမှာ ညင်ညင်သာ သာ သိမ်သိမ်မွေ့မွေ့နိုင်ငံနဲ့ နိုင်ငံသားများ ဒုက္ခမဖြစ်ဘဲနဲ့ ဒီကနေ့ ဒီလိုဆောင်ရွက်နိုင်ခဲ့ခြင်းဟာ မိမိတို့ ပါတီဖြစ်ပါတယ်”ဟု ပြောသည်။

“အဲအတိုင်းပဲ မိမိတို့ပါတီက ရည်မှန်းထားတဲ့ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ပါတီစုံဒီမို ကရေစီစနစ်နဲ့ ဈေးကွက်စီးပွားရေးစနစ် ထူထောင်တယ်ဆိုတဲ့ဟာလည်း မိမိတို့ပါတီရဲ့ ရည်မှန်းချက်ပဲ၊ မျှော်လင့်ချက်ပဲ။ ဒါကြောင့် အဲဒီရည်မှန်းချက်၊ မျှော်လင့်ချက်ကို အောင်မြင်အောင် ဆောင်ရွက်မယ်ဆို ရင်တော့ မိမိတို့ပါတီက နိုင်ငံရေးအရ ဦးဆောင်ရမယ်”ဟု ပြောသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကို ယခင်စစ်အစိုးရလက်ထက်က လူမှုရေးအသင်းအဖြစ် ၁၉၉၃ ခုနှစ်က ဖွဲ့စည်းခဲ့ပြီး ၂၀၁၀ ပြည့်နှစ်၊ ဇွန်လတွင် ပါတီအဖြစ် ပြောင်းလဲဖွဲ့စည်းကာ ရွေးကောက် ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။

နေပြည်တော်ကို လေးခွနဲ့ပစ်ကြ



အလိုဗျာ။ ခေါင်းစဉ်ကြည့်ပြီး လန့်လည်းမသွားကြပါနဲ့ဦး။ ကျုပ်စကားဆုံးတဲ့အခါကျတော့ ကိုယ့်လူတို့ အလိုလို သဘောပေါက်သွားကြမှာပါလေ။ ဒီလိုဗျ ဒီလို။ ပြီးခဲ့တဲ့ တစ်ရက်နှစ်ရက်က ကျုပ်သိပ်ကြိုက်မိသွားတဲ့ သတင်း ကလေး တစ်ပုဒ်ရှိသဗျ။ ကိုယ့်လူတို့လည်း သတိထားမိ လိုက်မှာပါ။ တခြားဟုတ်ပါရိုးလားဗျာ။ ထိုင်းနိုင်ငံက လယ်သမားတွေ သုဝဏ္ဏဘူမိလေဆိပ်ကို ပိတ်ဆို့မယ့် သတင်းပါပဲ။ အနှီလိုကြုံးဝါးပြီးသကာလ ထွန်စက်တွေနဲ့ စီတန်းပြီးချီတက်လာကြတဲ့ လယ်သမားတွေကိုမြင်ပြီး ကျုပ်ရဲ့ ဘ၀င်မှာ ပြုံးစိစိ နှစ်သက်သဘောကျဖြစ်ခဲ့ရသဗျ။


နို့ ..ထိုင်းနိုင်ငံက လယ်သမားတွေ သူ့ဟာသူ မြို့တော် ဘန်ကောက်ကို ချီတက်သွားတဲ့ဥစ္စာ။ ကျုပ်က ဘာသဘော ကျစရာရှိသတုံး။ အနေသာကြီးပဲဟာ ဘာညာနဲ့ ဘစီကို မေးခွန်းထုတ်စရာရှိတာပေါ့။ ဘယ့်နှယ့် သဘောမကျ မရှိရမှာလဲဗျာ။ လမ်းမကြီးပေါ်မှာ အနီရောင်သုတ်ထားတဲ့ ထွန်စက်ကြီးတွေနဲ့ ညီညွတ်စွာ ချီတက်လာတဲ့ ထိုင်းလယ်သမားအင်အားစုကြီးဟာ အစိုးရအဖွဲ့ကို ကိုင်လှုပ်နိုင်ခဲ့တယ်ခင်ဗျ။ နောက်ဆုံးမှာ အစိုးရက ညှိနှိုင်းသဘောတူညီချက်ရလိုက်လို့မို့ လေဆိပ်ကိုပိတ်ဆို့မယ့်ကိစ္စကို ပယ်ဖျက်ပြီး နေရပ်ပြန်ခဲ့ ကြတယ်ဗျာ။

သူတို့ ထိုင်းလယ်သမားတွေ မကျေမနပ်ဖြစ်ပြီး ဆန္ဒပြမယ်ဆိုတဲ့ကိစ္စကလည်း ကျုပ်တို့ဆီနဲ့တော့ ပြောင်းပြန် ခင်ဗျ။ သူတို့က အစိုးရဘက်က ပေးချေရန်ရှိတဲ့ စပါးအကြွေးတွေ မရသေးလို့ဆိုပဲ။ အစိုးရက အကြွေး မဆပ်တော့ ထိုင်းလယ်သမားတွေ ဒေါသထွက်တာပေါ့ဗျာ။ ဒါပေမဲ့ ကျုပ်တို့နဲ့ နောက်ထပ် ကွာခြားတာတစ်ခုက ထိုင်းအစိုးရကလည်း ဒီကိစ္စကို အရေးတယူရှိတယ်ခင်ဗျ။ ပြေလည်ရာ ပြေလည်ကြောင်း ချက်ချင်းပဲဆောင်ရွက်တယ်။ မကြာမတင်လာမည့် သီတင်းပတ်တွေအတွင်းမှာ ကျန်ရှိနေတဲ့ အကြွေးငွေများကို လယ်သမားများအား ပေးချေသွားပါမယ်တဲ့။ ကျုပ်တို့ဆီနဲ့များ ကွာခြား ချက်ကတော့ဗျာ။ အံ့သြစရာ။

ဘယ်နိုင်ငံက လယ်သမားပဲဖြစ်ဖြစ်ပါ။ လယ်သမားသားသမီးဖြစ်တဲ့ ဘစီတို့အနေနဲ့ကတော့ အခုလို လယ်သမားတွေက အစိုးရအပေါ် တစ်ကွက်မျှသာပဲဖြစ်ပါစေ အောင်ပွဲခံလိုက်နိုင်တာကို သိပ်ကို အားရတယ်။ အားကျတယ်ဗျာ။ အခုဆိုရင် အများအားလုံးသိတော်မူကြတဲ့အတိုင်း ကျုပ်တို့တိုင်းပြည်မှာ လယ်မြေသိမ်းယူတဲ့ကိစ္စနဲ့ နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ပြဿနာတွေဟာ ပွက်လောကို ထနေတာပဲ မဟုတ်လား။

ခုနကပြောခဲ့တဲ့ ထိုင်းလယ်သမားတွေ အစိုးရဆီက စပါးအကြွေးမရတဲ့ အဖြစ်လောက်များတော့ ကျုပ်တို့မြန်မာလယ်သမားတွေက သနားတယ်။ ဒီမှာ အစိုးရက မြေပါသိမ်းသွားလို့မို့ လုပ်စရာလယ်၊ နေစရာမြေတောင် မရှိတော့တဲ့ဘ၀တွေ။ လွန်ခဲ့တဲ့သုံးနှစ် အစိုးရသစ်တက်လာပြီးကတည်းက ကျုပ်တို့လယ်သမားတွေ လမ်းပေါ်ထွက်ဆန္ဒမပြတဲ့နေ့ဆိုတာ မရှိသလောက်ပါပဲဗျာ။ သတင်းစာတွေထဲမှာ လယ်သမားတွေနဲ့ ဆက်စပ်ပတ်သက်ရာ သတင်းမပါတဲ့နေ့ဆိုတာ မရှိသလောက်ပါပဲ။ မြန်မာပြည်တစ်လွှား မြေသိမ်းခံလယ်သမားတွေရဲ့ အသံတွေဟာ အခုအချိန်မှာ ဆူညံမြည်ဟည်း ကျယ်လောင်ပေါက်ကွဲ နေဆဲပဲခင်ဗျ။

မြန်မာပြည်အရပ်ရပ်မှာတော့ လယ်သမားတွေရဲ့အန်တုအုံကြွ တွန်းလှန်ဆန္ဒပြပွဲတွေကတော့ ရပ်မသွားဘူး။ အာဏာပိုင်အချို့ရဲ့ မြေသိမ်း၊ ရွာဖျက်၊ ဇာတ်လမ်းတွေကလည်း ဆက်လို့သာဖြစ်မြဲပဲ။ ဒီကြားထဲ ကျုပ်တို့အစိုးရက စေတနာဗရပွနဲ့ လယ်သမားအကျိုးစီးပွား မြှင့်တင်ကာကွယ်ရေးဆိုတဲ့ အဖွဲ့ ကလေးများတောင် ဖွဲ့ပေးလိုက်သေးဗျ။ နို့ပေတဲ့ သိတယ်မဟုတ်လား။ မြန်မာ့လယ်သမားအောက်ခြေမှာ ပြားမြဲပြားလျက်သာပဲ။

သို့ဖြစ်လို့မို့ ကျုပ်တို့လယ်သမားတွေ ဆန္ဒပြမလား။ ပြလည်းပြပဲ။ ထွန်တုံးတိုက်ပွဲနွှဲမလား။ နွှဲလည်းနွှဲပဲ။ အစိုးရက တယ်ဂရုစိုက်တာမှတ်လို့။ ဒီကြားထဲမှာ ဘောင်တော့ကျော်မလာနဲ့ ကိုယ့်လူ။ အရေးယူဖို့ကတော့ အဆင်သင့်ပဲ။ ဒီရက်ပိုင်းတွေအတွင်းမှာ လယ်သမားအချို့ ကိုယ့်လယ်ကိုယ်ဝင်ထွန်လို့ ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲဆိုတဲ့အမှုတွေက နည်းမှမနည်းဘဲဟာ။ တစ်နေ့က ဒေးဒရဲမြို့နယ်ထဲမှာ ဟိုယခင် စားကျက်မြေထဲ ကျွဲဝင်ကျောင်းမိတဲ့ လယ်သမားတွေ တရားစွဲခံရတယ်ဆိုပဲ။ ကျုပ်တို့ရဲ့ ဒီမိုကရေစီခေတ် ဥပဒေကတော့ ကျွဲလား၊ နွားလား၊ လူလား ဘာမှခွဲခြားတာမှမဟုတ်ဘဲနော။ ဆိုတော့ကာ ကိုယ့်ဘေးကိုယ်သာကြည့်လို့ ရှောင်ကြရတော့မှာပေါ့ခင်ဗျာ။

ကျုပ်စိတ်ထဲဗျာ။ စဉ်းစားမိနေတာတော့ ကြာပြီဗျ။ အစောကပြောခဲ့သလိုပေါ့ဗျာ။ ဒီနေ့ဒီအချိန်မှာ တစ်နိုင်ငံလုံး ကြိမ်မီးအုံးမျှလှုပ်လှုပ်ရွရွဖြစ်နေတဲ့ လယ်ယာမြေပြဿနာဟာ တကယ့်ကို အကြီးကြီးခင်ဗျ။ ရှေ့ရေးနောင်ရေးကို တွေးကြည့်ရင်လည်း ဒီနေ့ဖြစ်ပျက်နေတဲ့ မြေသိမ်း၊ ယာသိမ်းကိစ္စတွေကို နတ်လူသာဓုခေါ်စရာ ပြေလည်အောင် ဖြေရှင်းမပေးနိုင်ရင် တစ်ချိန်မှာ ၀မ်းနည်းပူဆွေးစရာကိစ္စတွေ ဖြစ်ပေါ်လာမှာပဲ။ သို့ကလိုဖြစ်လို့မို့ မြန်မာပြည်ဟာ စိုက်ပျိုးရေးနိုင်ငံပါလို့ ယုံကြည်ဂုဏ်ယူစွာပြောဆိုနေတဲ့ အစိုးရအနေနဲ့ မိဘပြည်သူ ကြည်ဖြူတဲ့အစိုးရဖြစ်ရပါစေ့မယ်လို့ အာမဘန္တေအကြိမ်ကြိမ်ခံထားတဲ့ အစိုးရ အနေနဲ့ တမင်ခေါင်းလွဲ အချိန်ဆွဲနေတာဟာ ဘာကြောင့်များလဲပေါ့ဗျာ။

အဲဒါပဲဗျာ။ ကျုပ်စဉ်းစားနေတယ်ဆိုတာ။ နေ့ရောညပါ စဉ်းစားလွန်းလို့ ဘစီမှာ ဆံပင်တောင်ဖြူလာပါပေါ့။ နို့ပေတဲ့ အကြောင်းရှာတော့ နေပြည်တော်မှာ တွေ့တာပဲဗျ။ အားလုံးပဲ သိကြတယ်ဟုတ်။ ကျုပ်တို့ရဲ့ ဒီကနေ့ အစိုးရအဖွဲ့ဝင်လူကြီးအများစု ဗိုလ်မှူး၊ ဗိုလ်ချုပ်ဘ၀က မစုတေကြခင် မဝေးလှတဲ့အချိန်ကလေး မှာပဲ အစိုးရရုံးစိုက်ရာ မြို့တော်သစ်ကို တည်ခဲ့ကြတယ်မဟုတ်လားဗျာ။ တချို့များပြောတာတော့ စစ်ရေး မဟာဗျူဟာ ဘာညာကိစ္စတွေကြောင့် ပြောင်းတယ်ဆိုပဲ။ ဟုတ်မှာပဲ။ ပြီးတော့ တစ်ချိန်မဟုတ်တစ်ချိန် ဖြစ်လာမယ့် လူထုဆန္ဒပြပွဲတွေကို ရှောင်လွှဲချင်တာ။ အဝေးကနေ ထိန်းချုပ်ကိုင်တွယ်ချင်တာလည်းပါမှာပဲ။

ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ။ အခုလို တစ်တိုင်းပြည်လုံးမှာ ခေါင်းစဉ်ပေါင်းများစွာနဲ့ ဆန္ဒပြပွဲ ခြိမ့်ခြိမ့်သဲမျှ ဆင်နွှဲနေကြတဲ့ကာလမှာ နေပြည်တော်မှာတော့ အေးဆေးပဲ မဟုတ်လားဗျ။ အော်ချင်သလောက်အော်၊ ပြချင်သလောက်ပြ နေသာသပ နေပြည်တော်ကဆိုတာလိုပဲ ကျုပ်တို့အစိုးရအဖွဲ့ကတော့ နားအေးပါးအေး နဲ့ အဝေးမှာ သူတို့လုပ်ချင်တာတွေ ဆက်လို့သာ လုပ်မြဲမဟုတ်လားခင်ဗျာ။ အရေးကြီးတာက ပြည်သူ့ကိစ္စ အတွက် နေပြည်တော်မှာ လှုပ်လှုပ်ရှားရှား ဖြစ်လာဖို့ပဲဗျ။

ဒါကြောင့် ထိုင်းနိုင်ငံလယ်သမားတွေ ဘန်ကောက်ကို ချီတက်လာတော့ ကျုပ်သိပ်သဘောကျတယ်လို့ ပြောခဲ့တာပေါ့။ မကျဘဲနေမလား။ အာဏာရဲ့ဗဟိုချက်က ဘန်ကောက်မဟုတ်လားဗျ။ အဲဒီကို ချီတက်ကြ မယ်ဆိုရင် တိုင်းပြည်ကလည်း အာရုံစိုက်ရမယ်။ အစိုးရကလည်း မျက်နှာလွှဲလို့မရတော့ဘူး။ သိပ်ကို မဟာဗျူဟာ ပိုင်နိုင်ကြတဲ့ ထိုင်းလယ်သမားတွေပဲဗျာ။

မြန်မာပြည်မှာ အာဏာတည်ရာဗဟိုချက်က နေပြည်တော်ပဲ မဟုတ်လားဗျ။ အဲဒီနေပြည်တော်ဆီကိုသာ ကျုပ်တို့ မြန်မာလယ်သမားတွေများ ချီတက်သွားရင် ဘာတွေဆက်ဖြစ်မလဲ။

နေပြည်တော်သွား အမြန်လမ်းမကြီးပေါ်မှာ တစ်တိုင်းပြည်လုံးက ချီတက်လာမယ့် လယ်သမား အလုပ် သမား ထုကြီးနဲ့ ဖွေးဖွေးလှုပ်နေမှာပဲ။ အဲ..အဲ..လုံထိန်းနဲ့ စစ်ကားများလည်း မည်းနေမှာပဲခင်ဗျ။ စိတ်ကူး ယဉ် ကြည့်တာပါ။ တစ်မျိုးမမြင်ပါနဲ့။

ထိုင်းလယ်သမားတွေက အာဏာဗဟိုချက်ကို ချီတက်လာတာဟာ ကျုပ်တို့အတွက် တယ်လည်းထူးတယ် မဆိုသာပြန်ဘူးဗျ။ ဘာကြောင့်လဲ။ ၁၃၀၀ ပြည့် ရေနံမြေသပိတ်ကြီးတုန်းက အလုပ်သမားတွေ ရန်ကုန်ကို ချီတက်ခဲ့ကြတာပဲဟာ။ အဲဒီအချိန်တုန်းက အင်္ဂလိပ်အစိုးရအုပ်ချုပ်ရေးအာဏာရဲ့ ဗဟိုချက်ဟာ ရန်ကုန်ပဲ မဟုတ်လား။ ဒါကြောင့် ပြည်သူ့ရေးရာလှုပ်ရှားမှုတွေဟာ အာဏာရဲ့ဗဟိုချက်ဆီပဲ ဦးတည်ရမယ်ဆိုတာ ထိုင်းလယ်သမားတွေကတော့ အကောင်းဆုံးသဘောပေါက်သွားကြတယ်ဗျ။ ဒါကြောင့် ဘစီက အားကျတယ်၊ အားရတယ်လို့ပြောခဲ့တာ။

ဟုတ်တယ်လေ။ ကိုယ့်နေရာလေးမှာ အသားကုန်အော်နေ အစိုးရဂရုမစိုက်မိရင်၊ ကိုယ့်အသံသူတို့ မကြားရင်၊ ကိုယ့်အလှုပ်အရှားကို သူတို့မမြင်ရင် ကိုယ့်လှုပ်ရှားမှုဟာ ဘယ်မှာသွားအောင်မြင်ပါ့မလဲဗျ။ ပြီးခဲ့တဲ့တစ်နှစ်လောက်ကလည်း ကမ္ဘာ့သတင်းထဲဖတ်ခဲ့ရတယ်။ ဘာတဲ့ဗျာ။ Occupy Wall Street (ဝေါလမ်းမကို သိမ်းပိုက်ကြ)ဆိုတဲ့ လှုပ်ရှားမှုတွေ အနောက်ကမ္ဘာမှာ ပေါ်ခဲ့သေးမဟုတ်လား။

ဘစီကတော့ အဲသလိုလှုပ်ရှားတာမျိုး သိပ်သဘောကျတာ။ နို့ပေတဲ့ Occupy Naypaydaw “နေပြည်တော်ကို သိမ်းပိုက်ကြ”လို့တော့ မပြောရဲဘူးခင်ဗျ။ ဟိုတစ်လောက ဒီအခြေအနေတွေ ကျုပ်တို့အာဏာပိုင်တွေက မြင်လို့ထင်ပါရဲ့။ အီးယူရဲ့အကူအညီနဲ့ မြန်မာ့ရဲသားကြီးများကို အဓိကရုဏ်း နှိမ်နင်းနည်းတွေ ဘာတွေ ပေးနေတာ တွေ့လိုက်ရတယ်။ ဘစီတို့ ကြောက်ပါတယ်။ အနီးသာကပ်သွားရင် အရိုက်ခံရမှအခက်။

ဆိုတော့ ဘစီတို့က အဝေးကနေ လှမ်းပြီးကလိတာမျိုးပဲ လုပ်တတ်တယ်။ ဒါကြောင့် ကျုပ်တို့အဖြစ်ကို နေပြည်တော်ကသိအောင် ဘယ့်နှာလုပ်ရမယ်ဆိုတာ စဉ်းစားတော့ ဟိုတရုတ်ကြီးတို့ရဲ့ ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ မော်စီတုံးရဲ့စကားတစ်ခွန်းကို ခေါင်းထဲပေါ်လာတယ်။ ဒါနဲ့ စာအုပ်တွေထဲ ပြန်ရှာဖတ်တော့ သူ့စကားလုံးကလည်း တင်စားပြောတာဆိုပေတဲ့ ရုတ်တရက်ကြည့်ရင် ကြောက်စရာကြီးခင်ဗျ။ ဥက္ကဋ္ဌ မော်က Boombard the Headquarters ဆိုပဲ။ “ဌာနချုပ်ကို ဗုံးခွင်းကြ” တဲ့။ အောင်မလေးဗျာ။ နေပြည်တော် ကို ဗုံးခွင်းကြလို့သာ ပြောလို့ကတော့ ဘစီမှာ ကွိခနဲနေမှာပဲ။ ကြောက်စရာ။

ဒါတွေအားလုံးဟာ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ တင်စားသုံးနှုန်းတဲ့ စကားလုံးတွေပါ။ ကိုယ်မကျေနပ်တဲ့ အဖွဲ့အစည်းတစ်ရပ် (သို့မဟုတ်) အစိုးရတစ်ရပ်ကို ဆန့်ကျင်ကန့်ကွက်ကြတဲ့အခါ အဲသလိုတွေ တင်စားပြောဆိုကြတာပဲဖြစ်သဗျ။ ဌာနချုပ်ကို ဗုံးခွင်းကြဆိုတာ မော်စီတုံးက သူ့ပါတီအတွင်း တချို့လုပ်ရပ် တွေကို အားမလိုအားမရဖြစ်တာကို တင်စားပြောခဲ့တာပါ။ ဒါကြောင့် ဘစီက ထိုင်းလယ်သမားတွေ ဘန်ကောက်ဆီချီတက်သွားတာနဲ့ ဆက်စပ်ပြီး စဉ်းစားတဲ့အခါ ကျုပ်တို့မြန်မာလယ်သမားတွေလည်း နေပြည်တော်ဆီ ချီတက်သွားတဲ့အခါ ဘာတွေများဖြစ်မလဲ တွေးကြည့်တာ။ ဆိုလိုတာက နေပြည်တော်က သိအောင်လုပ်ရမယ်ဗျ။

တကယ်တော့လည်း ကျုပ်တို့ဆီမှာ လောလောဆယ်အချိန်ထိ နေပြည်တော်ကို သိမ်းပိုက်စရာမလိုပါဘူး။ ပြီးတော့ ဗုံးနဲ့ခွင်းရအောင်လည်း ကျုပ်တို့မှာ ဗုံးမှမရှိတာ။ ကျုပ်တို့မှာ ပြည်သူ့အတွက် အလုပ်အကျွေး ပြုမယ်ဆိုပြီးသကာလ ၂၀၁၀ ရွေးကောက်ပွဲမှာ ရွေးကောက်ခံခဲ့ရတဲ့ ပြည်သူ့ကိုယ်စားလှယ် အမတ်မင်း များက ကျုပ်တို့ရဲ့အခွင့်အရေးကို ဆောင်ကြဉ်းပေးမယ်လုပ်ကာ နေပြည်တော်အရပ်မှာ ရှိနေနှင့်ပြီပဲဟာ။ သူတို့တစ်ခုခုလုပ်မယ်ထင်တာပဲ။ အခုထိတော့ ကျုပ်တို့လယ်သမားတွေကလည်း နေပြည်တော်က အဆုံးအဖြတ်ကိုပဲ မျှော်နေစောင့်နေကြတာပါ။

အဲ..ဗျာ။ သူတို့ထင်သလိုဖြစ်မလာရင်တော့ မြန်မာလယ်သမားတွေက ခေသူတွေမဟုတ်ဘူးခင်ဗျ။ သူတို့ကလည်း ဘစီလိုပဲ ထိုင်းလယ်သမားတွေ ဘန်ကောက်ကိုချီတာ အားကျနေကြတာကလား။ အဝေးက အော်လို့မှ အာဏာပိုင်တွေက မကြားယောင်ပြုနေရင် နေပြည်တော်ဆီ ချီတက်ချင်တက်လာမှာပါ။ ထိုင်း လယ်သမားတွေလိုတော့ ခေတ်မီထွန်စက်တွေ မရှိဘူးပေါ့ဗျာ။ နို့ပေမဲ့ နွားလှည်းနဲ့ နေပြည်တော် သွားရင်တော့ရမှာပဲ။ ဒါလည်း နွားတွေအတွက် သနားစရာ။ သူတို့မှာ စားကျက်မြေကျယ်တောင်မရှိတော့ အစာမှကောင်းကောင်းမစားရရှာတာ။ နေပြည်တော်အထိ သူတို့ကို လှည်းဆွဲခိုင်းဦးဖို့ဆိုရင် မဖြစ်နိုင်ပါဘူး။

အရေးကြီးတာက ကျုပ်တို့လယ်သမားတွေဒုက္ခ နေပြည်တော်က တကယ်သိဖို့ပဲလိုတာ။ နေပြည်တော်က သိအောင်တော့ လုပ်ရမှာပဲ။ မော်စီတုံးကိုတော့ ဗုံးနဲ့ခွင်းမယ် မပြောချင်ပေါင်ဗျာ။ အဲဒီစကားလုံးကြီးက ကြားရတာနားဝမှာ ကြမ်းပါတယ်ဗျာ။ သို့သော်ငြား ဆင့်ပွားပြီးပြောလို့ရတာ တစ်ခုတော့ရှိရဲ့ဗျ။ အဲဒါ ကတော့ ဌာနချုပ်..အဲ .. နေပြည်တော်ကို လောက်လေးခွနဲ့ ပစ်ကြတာပေါ့ဗျာ။ ဟုတ်ဘူးလား။

တကယ်လို့များ လေးခွနဲ့ပစ်ရင် နေပြည်တော်အထိတော့ ကျုပ်တို့လောက်စာလုံးက မရောက်လောက် ပါဘူး။ နို့ပေတဲ့ ကျုပ်တို့ဒုက္ခ ဘယ်လိုရှိတယ်ဆိုတာ သူတို့ကိုအသိပေးတဲ့သဘော တင်စားပြောခဲ့တာ။ ဒီကြားထဲ လောက်စာလုံးတစ်လုံးတလေလောက် လွှတ်တော်ခေါင်မိုးပေါ်ကျသွားတော့လည်း အိပ်ငိုက်နေတဲ့အမတ်မင်းများကို နှိုးပြီးသားဖြစ်တာပေါ့ဗျာ။ ၀န်ကြီးတွေလည်း အလန့်တကြားရှိသွားမှာပေါ့။ ကျုပ်တို့ပြည်သူတွေဒုက္ခ နေပြည်တော်က အရေးတယူမပြုသမျှ ဘယ်တော့မှ သက်သာရာရမယ် မထင်ပေါင်။ ဒါကြောင့်ပြောတာ။ နေပြည်တော်ကို လေးခွနဲ့ပစ်ကြ။

(ယခုဖော်ပြပါသရော်စာသည် စာရေးသူဘစီ၏ အာဘော်သာဖြစ်သည်။)