Monday, December 30, 2013

အမှောင်ထဲမှာလင်းတဲ့ ၀က်တွေ တရုတ်ဖန်တီး


Photo: အမှောင်ထဲမှာလင်းတဲ့ ၀က်တွေ တရုတ်ဖန်တီး
Monday, December 30, 2013

ဝက်သားပေါက်တွေကို ဂျယ်လီငါး DNA ထိုးထည်းပြီးတဲ့နောက် အမှောင်ထဲမှာ လင်းတဲ့ ၀က်တွေအဖြစ် သိပ္ပံပညာရှင်တွေက ပြောင်းလဲပေးလိုက်ပါတယ်။

ဟာဝိုင်ရီတက္ကသိုလ်၊ မန်နိုရာ ဆေးကျောင်းမှာ စတင်ခဲ့တဲ့ နည်းပညာကျေးဇူးနဲ့ တောင်တရုတ် စိုက်ပျိုးရေးတက္ကသိုလ် အဖွဲ့ဟာ အမှောင်ထဲမှာလင်းတဲ့ ၀က် (၁၀)ကောင်ကို ဖန်တီးခဲ့ပါတယ်။

မနှစ်က တူရကီမှာ ကမ္ဘာ့ပထမဆုံးအနေနဲ့ အမှောင်ထဲမှာလင်းတဲ့ ယုန်တွေကို ဂျယ်လီငါးရဲ့ DNA ကိုအသုံးပြုပြီး ဖန်တီးခဲ့တယ်။ ခုလည်း တူရကီအဖွဲ့ဟာ သိုးတွေကို ဖန်တီးနေပါပြီ။

ဝက်သားပေါက်တွေထဲကို ထိုးသွင်းလိုက်တဲ့ မျိုးရိုးဗီဇဆိုင်ရာပစ္စည်းဟာ သူတို့ရဲ့ သဘာဝ မိတ်ကပ်နဲ့ ပေါင်းစည်းပြီး အမှောင်ထဲမှာ အစိမ်းရောင်လင်းသွားတာဖြစ်ပါတယ်။

အမှောင်ထဲလင်းတဲ့ တိရစ္ဆာန်တွေကိုဖန်တီးတာဟာ အပျော်သက်သက် လုပ်ဆောင်နေတာမဟုတ်ဘဲ အကျိုးရှိ ဗီဇမျိုးစေ့တွေကို အကောင်ပိုကြီးတဲ့ တိရစ္ဆာန်တွေအတွက် ကုန်ကျစရိတ်သက်သာပြီး ထိရောက်တဲ့ဆေးဝါး ဖော်ထုတ်ဖို့အတွက် စတင်မိတ်ဆက်ဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။

Ref:stuff
Trend Myanmar

ဝက်သားပေါက်တွေကို ဂျယ်လီငါး DNA ထိုးထည့်ပြီးတဲ့နောက် အမှောင် ထဲမှာ လင်းတဲ့ ၀က်တွေအဖြစ် သိပ္ပံ ပညာရှင်တွေက ပြောင်းလဲပေးလိုက် ပါတယ်။


ဟာဝိုင်ရီတက္ကသိုလ်၊ မန်နိုရာ ဆေး ကျောင်းမှာ စတင်ခဲ့တဲ့ နည်းပညာ ကျေးဇူးနဲ့ တောင်တရုတ် စိုက်ပျိုးရေး တက္ကသိုလ် အဖွဲ့ဟာ အမှောင်ထဲမှာလင်းတဲ့ ၀က် (၁၀)ကောင်ကို ဖန်တီးခဲ့ပါတယ်။

မနှစ်က တူရကီမှာ ကမ္ဘာ့ပထမဆုံးအနေနဲ့ အမှောင်ထဲမှာလင်းတဲ့ ယုန်တွေကို ဂျယ်လီငါးရဲ့ DNA ကိုအသုံးပြုပြီး ဖန်တီးခဲ့တယ်။ ခုလည်း တူရကီအဖွဲ့ဟာ သိုးတွေကို ဖန်တီးနေပါပြီ။

ဝက်သားပေါက်တွေထဲကို ထိုးသွင်းလိုက်တဲ့ မျိုးရိုးဗီဇဆိုင်ရာပစ္စည်းဟာ သူတို့ရဲ့ သဘာဝ မိတ်ကပ် နဲ့ ပေါင်းစည်းပြီး အမှောင်ထဲမှာ အစိမ်းရောင်လင်းသွားတာဖြစ်ပါတယ်။

အမှောင်ထဲလင်းတဲ့ တိရစ္ဆာန်တွေကိုဖန်တီးတာဟာ အပျော်သက်သက် လုပ်ဆောင်နေတာမဟုတ်ဘဲ အကျိုးရှိ ဗီဇမျိုးစေ့တွေကို အကောင်ပိုကြီးတဲ့ တိရစ္ဆာန်တွေအတွက် ကုန်ကျစရိတ်သက်သာပြီး ထိရောက် တဲ့ဆေး ၀ါး ဖော်ထုတ်ဖို့အတွက် စတင်မိတ်ဆက်ဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။

Ref:stuff
Trend Myanmar

ကင်ဆာ ရောဂါကို နေ့စဉ် ဝယ်နေကြသူများ



မိမိ အာဟာရ ဖြစ်စေမည့် အစာကို ငွေဖြင့် မဝယ် ယူကြဘဲ မိမိခန္ဓာကိုယ်ကို လူရာ မဝင်အောင် သေစေသော ကြောက်စရာ ကင်ဆာ ရောဂါဆိုးကို နေ့စဉ် ငွေပေး၍ စားသုံး မှီဝဲ နေကြသည်။ လူမြင်ကွင်းဝယ် ခန္ဓာကိုယ်ကို အာဟာရ ဖြစ်စေသော အစာ အာဟာရ အဖြစ် အယောင် ဆောင်၍ နေ့စဉ် လွှမ်းမိုး နေသည်။ နေ့စဉ် ငွေရာ ထောင်ချီ၍ ကုန်နေသည်။


ထိုသို့ ငွေကြေး အကုန် အကျခံ၍ နေ့စဉ်မှီဝဲသော အာဟာရ အစာတစ်ခုက တစ်နေ့မိမိ၏ သေခြင်းကို ဖိတ်ခေါ်လာသူ ဖြစ်ကြောင်း စားသုံး မှီဝဲသူပင် မသိ။ ဘာသိ ဘာသာနေပြီး စားသုံး မှီဝဲနေကြသည်။ ရောင်းချသော ဈေးဆိုင် ကလေးများ ကလည်း လမ်းဘေးဝဲ၊ ယာတွင် အလွယ်တကူ ရနိုင်သည်။ ဝယ်နိုင်သည်။ ရထားပေါ်၊ ကားပေါ်၊ သင်္ဘောပေါ်တို့တွင် သူတို့နယ်မြေ ကြီးစိုး နေကြသည်။ အလွယ်တကူ စားသုံးနိုင်အောင် ပလတ်စတစ်ထုပ် ကလေးများဖြင့် ထုပ်ထားသည်။ အလွယ်တကူ စားသုံး မှီဝဲ လိုက်ကြသည်။

ထိုအရာကား အခြားမဟုတ် ''ကွမ်းယာ''။ ကွမ်းယာကို နိုင်ငံတစ်ဝန်း နေရာတိုင်း၊ အချိန်တိုင်း တွေ့ကြ ရသည်။ မှီဝဲ စားသုံး ကြရသည်။ မြို့နေ၊ တောနေ လူဦးရေ၏ ထက်ဝက်ခန့်က ကွမ်းယာ စားသုံးမှု အဖြစ် နေရာယူ နေကြသည်။ လူမှုရေး လောကဝတ်တွင် ကွမ်းစား၊ ဆေးသောက် ကိုရိုးရာ ဧည့်ဝတ် လုပ်ငန်းအဖြစ် ရှေးမြန်မာမင်းများ လက်ထက်ကပင် ခံယူ ဝတ်ပြု နေကြသည် ကတော့ မှန်ပါသည်။

သို့သော်... အစဉ်အလာ မလုပ်သင့်ပါ။ ''စဉ်'' ထား၍ ''လာ''ကြခြင်း သာဖြစ်သည်။ အစဉ်အလာ မလုပ်ဘဲ၊ ဝတ္တရားဟူ၍ မသတ်မှတ်ဘဲ ရှောင်ကြဉ် ကြမည်ဆိုလျှင် တစ်နေ့တွင် ဒီဓလေ့ စရိုက်ဆိုး ကလည်း ကွယ်ပျောက် သွားကြရမည်သာ ဖြစ်သည်။ ရှေးလူကြီး မင်းများ၊ တို့မိတို့ဖများ၊ တို့ဘိုး တို့ဘွားများက လက်ခံ ကျင့်သုံးခဲ့ကြ သော်လည်း ပယ်သင့်လျှင် ပယ်ကြရမည်။ ရှောင်သင့်လျှင် ရှောင်ကြရပေမည်။

''ကွမ်းစား၊ ဆေးသောက်'' ဟူ၍ ပေါ့ပေါ့လေး ပြောပြီး ပေါ့ပေါ့လေး လုပ်ခဲ့ကြသော ကြောင့် ''ဓလေ့'' အသွင် ဟန်ဆောင်၍ လူက ခန္ဓာကိုယ်ကို နှိပ်စက်နေကြောင်း၊ သေမင်းကို လက်တွဲ ခေါ်ခဲ့ကြောင်း မသိကြတော့ပါ။ ကျန်းမာရေး အသိ၊ ကျန်းမာရေး ဗဟုသုတ ကိုလည်း သိအောင် မလုပ်၊ ရှာမှီးခြင်းလည်း မရှိ၊ ကွမ်းစားခြင်း၊ ဆေးလိပ် သောက်ခြင်းကို နိုင်ငံကြီး သားများက ဖယ်ရှားကုန်ပြီ။ ယဉ်ကျေးသော နိုင်ငံသား တိုင်းက လူ့ဝန်းကျင်တွင် သန့်ရှင်းမှု ကိုလည်း အကျည်း တန်စေနိုင်ကြောင်း လက်ခံ ယုံကြည် ကြပါသည်။ ကွမ်းကိုဝါးခြင်း၊ မြုံခြင်း မဟုတ်တော့။ ထမင်းစား၊ ဟင်းစား သလို ကွမ်းစား နေကြသည်။ ပါးစပ်ကို အအားမထား၊ အနားမနေ။ ကွမ်းထုပ် တစ်ထုပ်ပြီး တစ်ထုပ် တစ်နေကုန် စားမည့် ကွမ်းထုပ်ကို နံနက်အိပ်ရာမှ ထသည်နှင့် ဝယ်ထား လိုက်ကြသည်။

ကွမ်းကို တစ်နေ့ ကုန်ကျစရိတ် ၅ဝဝ-၁ဝဝဝ ကျပ်စားသော လူတန်းစား၊ တစ်နေ့ ၂ဝဝဝ-၃ဝဝဝ ကျပ်ကုန်သော လူတန်းစား။ နေရာအနှံ့ ပေါနေသော မြို့ပြ၏ ပြယုဂ် ကွမ်းယာ ဆိုင်များက ၂၄ နာရီ မြင်နိုင်သည်။ ကွမ်းကို စည်းကမ်းရှိရှိ စားလျှင်၊ ဝါးလျှင်၊ လူမှုရေး နယ်ပယ်၌ ပြဿနာ မရှိ။ တွေ့သည့် နေရာတွင် ထွေးချ လိုက်ကြသည်။ ''ကွမ်းတံတွေး မထွေးရ'' ဆိုင်းဘုတ် စာတန်းပေါ်၌ပင် ကွမ်းတံတွေးများ ရဲရဲနီ သွားကြပြီ။ ကွမ်းတံတွေး များက မြို့၏ အင်္ဂါရပ်ကို အကျည်းတန် အရုပ်ဆိုး စေသည်။ ပတ်ဝန်းကျင် အလှကို ဖျက်ဆီး လိုက်ကြသည်။

ကွမ်းယာ ရောင်းသော ဆိုင်များတွင် ကွမ်းနှင့် ဆက်စပ်ပစ္စည်းများ၊ အိန္ဒိယဆေး မျိုးစုံများ ပူးတွဲ ရောင်းချသည်ကို တွေ့ကြရသည်။ ကွမ်းနှင့် အလားတူ Shikhar ဆေးများက နေရာယူ လာကြသည်။ တစ်ထုပ်လျှင် ငွေကျပ် ၅ဝ ပေးလိုက်ပါက အိန္ဒိယ ဆေးတစ်ထုပ် ရနိုင်သည်။ ထိုဆေးငုံ ကြသူများကို ခံတွင်း၌ ရောဂါ တစ်မျိုးကို ဖန်တီး လိုက်သည်။ အမှုမဲ့၊ အမှတ်မဲ့ ဝယ်ယူ သုံးစွဲရာမှ လတွေ၊ နှစ်တွေကြာလာ သောအခါ ကုစား၍ မရနိုင်သော သေမင်း၏ တမန်တော် ရှေ့ပြေး တပ်သား ''ကင်ဆာ'' ရောဂါက ဖိစီး ဝင်ရောက် လာသည်။ ကြိုတင် မသိသော်လည်း ခန္ဓာကိုယ်တွင်း၌ လှိုင်ဖွဲ့၍ ကြီးစိုးနေရာမှ ရောဂါ ရှိမှန်းသိသောအခါ၌ အချိန်က လွန်သွားပြီ။ ''ကင်ဆာ''ဟူ၍ အမည် တပ်လိုက်ပြီ။

ကုစား မရနိုင်သော ရောဂါဆိုးကြီး အဖြစ် ငွေကုန်သော်လည်း အသက် မမီလိုက်သော အခြေအနေသို့ ရောက်လာသည်။ ကွမ်းစားပါက ထွေးပစ်ရသော ''ကွမ်းတံတွေး''၏ စွန့်ပစ် ပစ္စည်း ဒုက္ခက ပိုလာသည်။ ကွမ်းတံတွေးကို အရမ်း ထွေးပစ်၍ မရ။ ကွမ်းစားခြင်း၊ ကွမ်းထွေးခြင်းနှင့် စပ်လျဉ်း၍ ဂျာနယ်၊ သတင်းစာ၊ မဂ္ဂဇင်းနှင့် ရုပ်မြင်သံကြားတို့က ပညာပေး လျက် ရှိပါသည်။

ယခုခေတ်တွင် ကွမ်းယာဆိုင်များမှ စပ်ပြီးထုံး၊ နှပ်ပြီးဆေး၊ ယာပြီးကွမ်းယာ များက ပလတ်စတစ် ထုပ်ကလေး တွေဖြင့် စားသုံးသူ၊ မှာကြားသူ အတွက် အသင့် အနေအထားမှာ ရှိနေကြသည်။ ကွမ်းစား၊ ကွမ်းဝါးခြင်းလုပ်ငန်းတွင် ကွမ်းသီး သီးသန့်ဝါးကြသူ၊ ဆေးရွက်ကြီး ငုံသူ၊ ဆေးရွက်မပါဘဲ ကွမ်းသီး၊ ကွမ်းရွက်၊ ရှားစေးနှင့် ထုံးတို့ဖြင့် စားတတ် ကြသည်။ ဝါးကြသည်။ ငုံကြသည်။

အချို့က ကွမ်းရည်ကို မျိုချသည်။ အချို့က ကွမ်းကို ညက်အောင်ဝါးပြီး ထွေးပစ်ကြသည်။ အချိုအဆိမ့် ကြိုက်သူများက ကွမ်းယာလျှင် အာမွှေး၊ ပရုပ်၊ အုန်းသီးဆန်၊ လေးညှင်းနှင့် ဖာလာစေ့များထည့်၍ စားတတ်ကြသည်။ ကွမ်းစား ရာ၌ ကွမ်းသီးတွင်ပါသော အေရီကိုလင်း (Arecoline) က ခန္ဓာ ကိုယ်ကိုလန်းဆန်း စေသည်။ တက်ကြွစေသည်။ စိတ်ကိုငြိမ် သက်စေသည်။ အကြောအခြင် ပြေစေသည်။ ထုံးဓာတ်က တံတွေးကို ပိုထွက်စေသည်။

သို့သော် ကွမ်းယာတွင် ရှိသော အယ်လ်ကာလွိုက် (Alkaloia)၊ ပေါ်လီဖနယ် (Polyphenals) များက ဘေးထွက် ဆိုးကျိုး အနေဖြင့် လူကိုကင် ဆာဖြစ်စေနိုင်စွမ်း သည့် သွားနှင့် ခံတွင်းဆိုင်ရာ ရောဂါများ ဖြစ်စေသည်။ သွားဖုံးရောင် ရောဂါ၊ မျိုးစုံလှသော အပိုဒုက္ခ၊ အပိုရောဂါ၊ အပိုငွေ ကုန်ကြရမည့် ဝဋ်ဒုက္ခ ကြောက်စရာ ကင်ဆာ ရောဂါဆိုးကြီး ဖြစ်စေမည့် ကွမ်းစားခြင်းကို ယနေ့ပင် ရှောင်ရှား လိုက်ကြ ပါစို့...။

health

အရေးကြီးပုဒ်မများ အလွယ်ပြင်မရရန် ပြဋ္ဌာန်းထားသည့် ၄၃၆ ကို အရင်ပြင်သင့်ဟုဆို

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း (၁၂)ရှိ ပုဒ်မ ၄၃၆သည် အခြေခံဥပဒေပါ အခြားသော အရေးကြီး ပုဒ်မများကို အလွယ်တကူ ပြင်ဆင်ရန် မရနိုင်သဖြင့် အဆိုပါပုဒ်မ ၄၃၆ ကို ဦးစွာ ပြင်ဆင်သင့်သည်ဟု လွှတ်တော်ကိုယ်စားလှယ်များက မဇ္ဈိမသို့ ပြောသည်။


“အရေးကြီးတဲ့ပုဒ်မတွေကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော် က ပြင် ဆင်ဖို့ သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပပြီး မဲပေးပိုင်ခွင့်ရှိသူအားလုံးရဲ့ ထက်ဝက်ကျော်နဲ့သာ ပြင်ဆင်ရမယ်ဆိုတဲ့ ပုဒ်မ ၄၃၆ ကို အရင်ပြင်သင့်ပါတယ်၊ နိုင်ငံတကာမှာတော့ အမတ်ဦးရေရဲ့ ၆၆ ဒသမ ၆၆ ရာခိုင်နှုန်းရှိရင် ဥပဒေကို ပြင်နိုင်တယ်။ ဒီမှာလဲ သုံးပုံနှစ်ပုံလောက်ထိပဲ ထားသင့်တယ်ထင်ပါတယ်”ဟု ၂၀၀၈ ဖွဲ့စည်းပုံလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ အတွင်းရေးမှူး လည်းဖြစ်သူ ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောက်က ၎င်း၏အမြင်ကိုသုံး သပ် ပြောဆိုသည်။

ပုဒ်မ ၄၃၆ သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၁)ရှိ ပုဒ်မအားလုံး ၄၈ ခု၊ အခန်း (၂) ရှိ ပုဒ်မ အားလုံး ရှစ်ခု၊ အခန်း (၃)ရှိ ပုဒ်မ ၅၉နှင့် ၆၀၊ အခန်း (၄)ရှိ ပုဒ်မ ၇၄၊ ၁၀၉၊ ၁၄၁နှင့် ၁၆၁၊ အခန်း (၅)ရှိ ပုဒ်မ ၂၀၀၊ ၂၀၁၊ ၂၄၈ နှင့် ၂၇၆၊ အခန်း (၆)ရှိ ပုဒ်မ ငါးခု၊ အခန်း (၁၁)ရှိ ပုဒ်မ နှစ်ခုနှင့် အခန်း (၁၂)ရှိ ပုဒ်မ ၄၃၆ စုစုပေါင်း ပုဒ်မ ၉၄ ခုတို့ကို အလွယ်တကူ ပြင်ဆင်ခွင့်မရစေရန် အခိုင်အမာထိန်းချုပ်ထား ကြောင်း အခြေခံဥပဒေစာအုပ်တွင် ဖော်ပြပါရှိသည်။

“ပုဒ်မ ၄၃၆ ကို ဖြုတ်ပစ်တာမျိုးအထိတော့ မလုပ်သင့်ပါဘူး။ ဘောင်လွတ်သွားနိုင်တယ်”ဟု ဦးအေးမောက် က ဆိုသည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသန်းက “ဒီလိုအချိန်မှာ ဘယ်ပါတီကမှ ပြည်ထောင်စုလွှတ်တော်မှာ ၇၅ ရာခိုင်နှုန်းရထားဖို့ မလွယ်ဘူး၊ ခက်ခဲပါတယ်။ တကယ် တော့ ၄၃၆ ဟာ ပြင်ဖို့မလွယ်အောင် ထားချင်တဲ့ကိစ္စတွေ ဒါမှမဟုတ် မပြင်စေချင်တဲ့ ပုဒ်မတွေကို ဆက် ထားနိုင်ဖို့အတွက် ပြဋ္ဌာန်းထားတဲ့ ပုဒ်မလို့ ကျွန်တော်မြင်ပါတယ်”ဟု မဇ္ဈိမကို ပြောသည်။

ကချင်ပြည်နယ်၊ အင်ဂျန်းယန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူကမူ “ဒီပုဒ်မ ၄၃၆ မှာ အခန်းတွေ၊ ပုဒ်မတွေ အများကြီးပါနေတယ်၊ ဒါတွေကို တစ်ပြိုင်တည်းပြင်လို့ မရနိုင်ဘူး၊ တဖြည်း ဖြည်း ပြင် သွားရမှာပါ”ဟု ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီဝင်ဖြစ်သူ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ ဦးသိန်းညွန့်ကလည်း ပုဒ်မ ၄၃၆သည် ဥပဒေရှုထောင့်မှကြည့် လျင် ပြင်ဆင်ရန် မလွယ်ကူကြောင်း သုံးသပ် ပြောကြားသည်။

Mizzima - News in Burmese

မြန်မာဘက်ခြမ်း အိန္ဒိယ၏ ကျူးကျော်ဝင်ရောက်မှုများ ဖြေရှင်းပေးရန် သမ္မတဦးသိန်းစိန်ထံ တင်ပြမည်

မြန်မာ-အိန်္ဒိယနယ်စပ်ရှိ ပိုင်ဆိုင်မှု အငြင်းပွားနေသည့် မြေနေရာများတွင် အိနိ္ဒယနိုင်ငံဘက်မှ ကျူးကျော် နေထိုင်မှုများကို တားဆီး ရန်နှင့် လက်ရှိ ကျူးကျော်နေမှုကို ဖြေရှင်းပေးရန် အတွက် နိုင်ငံတော် သမ္မတထံ သို့ ဒီဇင်ဘာ၂၉ ရက် နေ့စွဲဖြင့် တင်ပြသွားမည်ဖြစ်ကြောင်း ချင်းတွင်းအထက် လူငယ်များ ကွန်ရက် မင်း ကင်းမြို့တာဝန်ခံ ကိုကျော်မင်းထွဋ်က မဇ္ဈိမကို ပြောသည်။


အိနိ္ဒယနိုင်ငံဘက်မှ ကျူးကျော်နေထိုင်မှုနှင့်ပတ်သက်ပြီး မင်းကင်းမြို့ရှိ ဒေသခံလူအင်းအား ၁၀၀ က ဒီ ဇင်ဘာ ၂၉ ရက်တွင် ကန့်ကွက်ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ပြီး ပြဿနာဖြေရှင်းပေးရန် ထုတ်ပြန်ကြေညာ ချက်အား နိုင်ငံတော်သမ္မတထံသို့ နေ့ချင်းအရောက် ပေးပို့တင်ပြသွားမည်ဖြစ်ကြောင်း သိရှိရသည်။

“ထုတ်ပြန်ချက်ကို သမ္မတထံ ပေးပို့တယ်။ ထူးခြားမှုမရှိဘူးဆိုရင် ပြည်သူတွေနဲ့ပူးပေါင်းပြီး အားလုံး ဆန္ဒ ဖော်ထုတ်နိုင်အောင် ဆက်လက် ကြိုးစားသွားမယ်”ဟု ကိုကျော်မင်းထွဋ်က ဆက်လက် ရှင်းပြသည်။

အဆိုပါထုတ်ပြန်ကြေညာချက်တွင် နယ်စပ်ကျူးကျော်နေထိုင်မှုများနှင့် ပတ်သက်ပြီး ပုဒ်မ ၅၀၅ အရ နယ်စပ်ကျူးကျော်မှုများကို ဥပဒေအတိုင်း အရေးယူဆောင်ရွက်ပေးရန်နှင့် ၂၀၀၄ ခုနှစ်တွင် ရေးဆွဲခဲ့ သော နယ်စပ်မြေပုံပါ နယ်နိမိတ်များအတိုင်း ပြန်လည်သတ်မှတ်ပေးရန် တောင်းဆိုချက်များပါရှိကြောင်း သိရသည်။

အဆိုပါ တမူးနယ်စပ်ပြဿနာများနှင့် ပတ်သက်၍ မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါ်ခင်မွှေးလွင်က “ဒေသခံတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ အခုမနက် ဆန္ဒပြကြတယ်။ အမတို့အ နေနဲ့လည်း အားပေးတယ်။ ဘာကြောင့်ဆို ဒါဟာ အမျိုးသားရေးဖြစ်တယ်။ ဒါကို အစိုးရအနေနဲ့ ဖိဖိစီးစီး ဖြေရှင်းပေးသင့်တယ်။ မဟုတ်ဘူးဆိုရင် အုံကြွမှုတွေ အကြီးအကျယ်ထိ ဖြစ်လာနိုင်တယ်။ ကျွန်မအနေ နဲ့ကတော့ ဒီပြဿနာကို အခုလာမယ့်လွှတ်တော်မှာ တင်ပြဆွေးနွေးသွားမယ်”ဟု မှတ် ချက်ပြုပြောကြား ခဲ့သည်။

အိန်္ဒိယ-မြန်မာနယ်စပ် တမူးမြို့နယ်အပိုင်ဖြစ်သော မိုင်တိုင်အမှတ် ၇၆ နှင့် ၇၉ ကြားတွင် အိန်္ဒိယ နိုင်ငံ ဘက်မှ လူနေအိမ်လေးလုံးကို ၂၀၁၃ ခုနှစ် မေလအတွင်း လာရောက် ကျူးကျော်ဆောက်လုပ်ပြီး လက် ရှိမှာ အဆောက် အအုံဆောက်လုပ်ရန်အတွက် မြေများပြုပြင်ခြင်းကို စက်ကြီးများဖြင့် ဆက်လက်ဆောင် ရွက်နေသောကြောင့် ကန့်ကွက်ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခြင်းဖြစ်သည်။

တမူးနယ်စပ်ဒေသများအပြင် အခြား မည်သည့်နယ်စပ်နေရာတွင်မဆို ကျူးကျော်မှုများကို မပြုလုပ်ရန် နှင့် ဆက်လက် ကျူးကျော်မှုများ ပြုလုပ်မှုများကို မြန်မာအစိုးရအနေဖြင့် ဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိ ပါက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ EITI အဖွဲ့ဝင်နိုင်ငံအဖြစ် အကောင်ထည်ဖော်မည့် အစီအစဉ်ကို လည်း ပါ ၀င်နိုင်ခြင်းမရှိအောင် ကန့်ကွက်သွားမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့ ထုတ်ပြန်ချက်များ ဖော်ပြပါ ရှိသည်။

တမူးနယ်စပ်ဘက်တွင် အိနိ္ဒယနိုင်ငံဘက်မှ လာရောက်ကျူးကျော် နေထိုင်မှုများနှင့်ပတ်သက်ပြီး မင်း ကင်းမြို့တွင် ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်မှုဖြစ်ပြီး ဒီဇင်ဘာ ၂၄ ရက် နံနက် ၉နာရီအချိန်တွင် လူအင် အား ၁၅၀ ခန့်ဖြင့် ကလေးမြို့များတွင် နယ်စပ်ကျူးကျော်နေထိုင်မှုများနှင့်ပတ်သက်ပြီး ပထမအကြိမ် ဆန္ဒဖော် ထုတ်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

တစ်ချိန်တည်းတွင် အိနိ္ဒယနိုင်ငံဘက်ခြမ်းရှိ မဏိပူရ်နိုင်ငံရေးပါတီများကလည်း အိနိ္ဒယအစိုးရ အနေဖြင့် မြန်မာ အာဏာပိုင်များနှင့် တွေ့ဆုံကာ နယ်စပ်အငြင်းပွားမှု ပြဿနာကို ဆွေးနွေးဖြေရှင်းရန် ဒီဇင်ဘာ ၂၈ ရက်တွင် တောင်းဆိုထားသည်ဟု အာသံထရီဗျူး၏ သတင်းတစ်ရပ်၌ ဖော်ပြထားသည်။

Mizzima - News in Burmese

မိုးကောင်းမြို့နယ်တွင် ဒေသခံရွာသားများ မိုင်းများကြောင့် သွာလာရေး အခက်အခဲကြုံ


Photo: မိုးကောင်းမြို့နယ်တွင် ဒေသခံရွာသားများ မိုင်းများကြောင့် သွာလာရေး အခက်အခဲကြုံ
Monday, December 30, 2013

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာ၏ အရှေ့တောင်ဘက် ကပ်ကျော်တောင်ခြေ၊ မှန်ဘိန်းကွင်း၊ ဘန်ကောက်ကွင်းရှိ ဒေသခံတောင်သူ များသည် ဒီဇင်ဘာတတိယပတ်မှစ၍ ကပ်ကျော်တောင်ဖြတ်လမ်းအနီး တစ်ဝိုက် တွင် KIA အဖွဲ့၏ မိုင်းထောင်မှုကြောင့် သွားလာရေး အခက် အခဲကြုံနေရကြောင်း ယင်းဒေသခံများထံမှ သိရှိရသည်။

``အခါတိုင်းဆိုရင် ကပ်ကျော်တောင်ဖြတ်လမ်းကနေ လယ်တောဆီကို သွားကြတာပါ။ အခုမိုင်းတွေထောင်ထားလို့ ရွာရဲ့ အရှေ့ဘက် ကပ်ကျော် တောင်ခြေလမ်းအတိုင်း သွားနေရပါတယ်´´ ဟု ဆားမှော်ရွာသား နော်မိုင်က ပြောပြသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ တပ်မဟာ(၂)၊ ရင်း(၁၁)မှ တပ်ဖွဲ့ဝင်များသည် ကပ်ကျော်တောင်ဖြတ်လမ်းနှင့် အနီးပတ်ဝန်းကျင်၌ နေ့စဉ်ညနေ ၆ နာရီတွင် မိုင်း(၅)လုံးထက်မနည်း ထောင်ထားပြီး နောက်တစ်နေ့နံနက် ၇ နာရီတွင် ပြန်လည်ဖြုတ်လေ့ရှိကြောင်း မျက်မြင်ရွာသားတစ်ဦးက ဆိုသည်။

``လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ဆွတ်လျှံတိုက်နယ်ရုံးက အမိန့်ထုတ် ထားတယ်ဆိုပြီး ရွာလူကြီးက ရွာသူ၊ရွာသားတွေကို ခေါ်ပြောပါတယ်။ အဲဒီလမ်းကို မသုံးဖို့နဲ့ တစ်ခုခုဖြစ်ရင် ကိုယ်ဖြစ်ကိုယ်ခံရမယ်လို့ ပြောထားတယ်´´ ဟု ဆားမှော်ရွာမှ ဒေါ်ဘောက်နန်က ပြောသည်။

အဆိုပါ ကပ်ကျော်တောင်ဖြတ်လမ်းတွင် ယခင်တိုက်ပွဲများဖြစ်ပွားချိန်မှ စတင်၍ မိုင်းများထောင်ထားသဖြင့် ဒေသခံများက ငြိမ်းချမ်းလာသော ကာလတွင် မိုင်းများ ပြန်ဖော်ပေးရန် KIA အား တောင်းဆိုထားကြောင်း၊ ထောင်ထားသောမိုင်းများ မဖော်ပေးသည့်အပြင် ယခုကဲ့သို့ မိုင်းများ လာထောင်နေသဖြင့် ဒေသခံရွာသားများ သွားလာရေး အခက်အခဲ ကြုံနေရ ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် သွားလာ၍ မိုင်းများ ပေါက်ကွဲပါက တာဝန်ယူမည်မဟုတ်ကြောင်းနှင့် မိုင်းတန်ဖိုး အား ပြန်လျော်ရမည်ဟု KIA အဖွဲ့က အမိန့်ထုတ်ထားကြောင်း သိရှိရပါသည်။

အယ်လ်နော်ဆိုင်း
Kachin Daily News

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် ဆားမှော် ကျေးရွာ၏ အရှေ့တောင်ဘက် ကပ်ကျော် တောင်ခြေ၊ မှန်ဘိန်းကွင်း၊ ဘန်ကောက်ကွင်းရှိ ဒေသခံတောင်သူများသည် ဒီဇင်ဘာ တတိယ ပတ်မှစ၍ ကပ်ကျော်တောင်ဖြတ် လမ်းအနီး တစ်ဝိုက် တွင် KIA အဖွဲ့၏ မိုင်းထောင်မှုကြောင့် သွားလာရေး အခက် အခဲကြုံနေ ရကြောင်း ယင်း ဒေသခံများထံမှ သိရှိရသည်။


``အခါတိုင်းဆိုရင် ကပ်ကျော်တောင်ဖြတ်လမ်းကနေ လယ်တောဆီကို သွားကြတာပါ။ အခု မိုင်းတွေထောင် ထား လို့ ရွာရဲ့ အရှေ့ဘက် ကပ်ကျော် တောင်ခြေလမ်းအတိုင်း သွားနေရပါတယ်´´ ဟု ဆားမှော် ရွာသား နော်မိုင်က ပြောပြသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ တပ်မဟာ(၂)၊ ရင်း(၁၁)မှ တပ်ဖွဲ့ဝင်များသည် ကပ်ကျော်ေ တာင်ဖြ တ် လမ်းနှင့် အနီးပတ်ဝန်းကျင်၌ နေ့စဉ်ညနေ ၆ နာရီတွင် မိုင်း(၅)လုံးထက် မနည်း ထောင် ထားပြီး နောက်တစ်နေ့နံနက် ၇ နာရီတွင် ပြန်လည်ဖြုတ်လေ့ရှိကြောင်း မျက်မြင်ရွာသားတစ်ဦးကဆို သည်။

``လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ဆွတ်လျှံတိုက်နယ်ရုံးက အမိန့်ထုတ် ထားတယ်ဆိုပြီး ရွာလူကြီးက ရွာသူ၊ရွာသားတွေကို ခေါ်ပြောပါတယ်။ အဲဒီလမ်းကို မသုံးဖို့နဲ့ တစ်ခုခုဖြစ်ရင် ကိုယ်ဖြစ်ကိုယ်ခံရမယ် လို့ ပြောထားတယ်´´ ဟု ဆားမှော်ရွာမှ ဒေါ်ဘောက်နန်က ပြောသည်။

အဆိုပါ ကပ်ကျော်တောင်ဖြတ်လမ်းတွင် ယခင်တိုက်ပွဲများဖြစ်ပွားချိန်မှ စတင်၍ မိုင်းများထောင်ထား သဖြင့် ဒေသခံ များက ငြိမ်းချမ်းလာသော ကာလတွင် မိုင်းများ ပြန်ဖော်ပေးရန် KIA အား တောင်းဆို ထားကြောင်း၊ ထောင်ထားသောမိုင်းများ မဖော်ပေးသည့်အပြင် ယခုကဲ့သို့ မိုင်းများ လာထောင်နေ သဖြင့် ဒေသခံရွာသားများ သွားလာရေး အခက်အခဲ ကြုံနေရ ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် သွားလာ၍ မိုင်းများ ပေါက်ကွဲပါက တာဝန်ယူမည်မဟုတ်ကြောင်းနှင့် မိုင်းတန်ဖိုး အား ပြန်လျော်ရမည်ဟု KIA အဖွဲ့က အမိန့်ထုတ်ထားကြောင်း သိရှိရပါသည်။

အယ်လ်နော်ဆိုင်း
Kachin Daily News

အင်တာနက် မသုံးနိုင် သူများအတွက် ဖေ့စ်ဘွတ်၏ စီမံကိန်း


Facebook ၏ CEO လည်းဖြစ် founder လည်းဖြစ်သည့် Mark Zucker-berg အနေဖြင့် ကမ္ဘာပေါ်ရှိ လူသားအားလုံး အင်တာနက်အသုံးပြုနိုင်ဖို့ ရည်ရွယ်ချက်ဖြင့် Internet.Org ၀က်ဘ်ဆိုဒ်နဲ့ စတင်ထားတဲ့ အစီအစဉ်တစ်ခုကို စတင်လိုက်ပြီ ဖြစ်သည်။

လက်ရှိအချိန်တွင် ကမ္ဘာ့အတိုင်းအတာဖြင့် ၂ ဒသမ ၇ ဘီလီလျံသောသူများ သာ အင်တာနက်အသုံးပြု နိုင်ပြီး နှစ်စဉ် ကိုးရာခိုင်နှုန်းသာ နှေးကွေးစွာ တိုးတက်လာနေတယ်လို့ ဆိုပါသည်။ ထို့အတွက် ရည်ရွယ် ခဲ့သည့် Internet.Org အနေနဲ့ data ကို အပြည့်အ၀အသုံးချနိုင်ရန် ကုန်ကျစရိတ်နည်းသည့် အင်တာ နက်ချိတ် ဆက်နိုင်ဖို့၊ အင်တာနက်အသုံးပြုနိုင်ဖို့ လမ်းကြောင်းပေးနိုင်တဲ့ စီးပွားရေးမူဝါဒများ ချမှတ်နိုင် မည့် စီးပွားရေးလုပ်ငန်းတွေ ဖန်တီးဖို့အတွက်ရည်ရွယ်ထားပြီး၊ founder များအနေဖြင့်Facebook, Ericsson, MediaTek, Nokia, Opera, Qualcomm, Samsung စသည့် ကုမ္ပဏီကြီးများ ပါဝင်ကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်များစွာကလည်း Google က ကမ္ဘာအနှံ့ကို အင်တာနက် ချိတ်ဆက်နိုင်ဖို့ မိုးပျံပူဖောင်းတွေ နဲ့ အင်တာနက် ထပ်ဆင့်လွှင့်ဖို့ Project Loon ဆိုတဲ့ စီမံကိန်းတစ်ခု စတင်ထားခဲ့ပြီး Facebook နှင့် ထိပ် တိုက်တွေ့မည့် သဘောဆောင်နေကြောင်း သိရသည်။

Potential project တွေအနေဖြင့် တန်ဖိုးနည်းအရည်အသွေးမြင့် smart-phone တွေ ထုတ်လုပ်နိုင်ဖို့၊ ဖွံ့ဖြိုးဆဲ/ ဖွံ့ဖြိုးမှုမရှိတဲ့ နေရာတွေမှာ အင်တာနက် ရရှိနိုင်ဖို့၊ mobile ဖုန်းတွေကို မိခင်ဘာသာ စကားနဲ့ တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ဖို့စတဲ့ စီမံကိန်းတွေရှိပြီး လောလောဆယ် အချိန်မှာတော့ Internet.O rg ၀က်ဘ်ဆိုဒ်က ဗီဒီယိုတစ်ခုသာရှိသေးပြီး မကြာခင်မှာ သတင်းတွေ၊ လှုပ်ရှားမှုတွေ ဆက်တိုက် တင် ပေးသွားမှာဖြစ်ကြောင်း သိရသည်။

Mizzima

မြန်မာ နဲ့ ဖိလစ်ပိုင် ပြည်ဝင်ခွင့် ဗီဇာ မလိုတော့


1546241_691870317520276_546307084_n

မြန်မာ နဲ့ ဖိလစ်ပိုင်နိုင်ငံတွေကြား ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့် လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်တဲ့အတွက် ရိုးရိုး ဗီဇာ ကိုင်ဆောင်ထားတဲ့ ဖိလစ်ပိုင်နိုင်ငံသား တွေဟာ လာမယ့်နှစ် ဇန်န၀ါရီ (၄) ရက်နေ့က စပြီး၊ မြန်မာနိုင်ငံတွင်းကို ဗီဇာမလိုဘဲ သွားရောက် လည်ပတ်နိုင်ပြီဖြစ်ပြီး (၁၄) ရက်အထိ နေထိုင်နိုင်ပြီ ဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေး ၀န်ကြီးဌာန အင်တာနက်စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။

နှစ်နိုင်ငံ ပြည်ဝင်ခွင့် ဗီဇာ ကင်းလွတ်ခွင့် သဘောတူညီချက်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၅)ရက် သမ္မတ ဦးသိန်းစိန် ဖိလစ်ပိုင်နိုင်ငံကို သွားရောက်လည်ပတ်စဉ်အတွင်း လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံသားတွေအနေနဲ့လည်း ဖိလစ်ပိုင်နိုင်ငံကို ဗီဇာ မလိုဘဲ သွားရောက်နိုင်ပြီး၊ ရက် (၃၀) အထိ နေထိုင် နိုင်မှာဖြစ်ပါတယ်။

RFA

တပ်မတော် မသန်စွမ်း အားကစားသမား များသို့ အောင်နိုင်သူ သမဝါယမ အသင်း လီမိတက်မှ အလှူေ ငွပေးအပ် လှူဒါန်း


540761_236694549833672_622400040_n

(၇)ကြိမ်မြောက် အာဆီယံမသန် စွမ်းအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တပ်မတော်မသန်စွမ်း အားကစား သမားများသို့ အောင်နိုင်သူသမဝါယမအသင်းလီမိတက်မှ အလှူ ငွေကျပ်သိန်း ၁၀၀ ပေးအပ်လှူဒါန်း ပွဲကို နေပြည်တော် ဇမ္ဗူသီရိဟိုတယ်အစည်းအဝေးခန်းမ(၂)၌ ဒီဇင်ဘာ ၂၈ ရက် နံနက် ၉ နာရီက ကျင်းပခဲ့ သည်။


အလှူငွေပေးအပ်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ (၇)ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲကျင်းပရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်း၊ မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ် နေလင်း၊ အလှူရှင် အောင်နိုင်သူသမဝါယမအသင်းဥက္ကဋ္ဌဗိုလ်မှူးကြီးသန်းတင်(ငြိမ်း)နှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက် ရောက်ကြသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ် နေလင်းက အမှာ စကားပြောကြားပြီး အလှူရှင်ဗိုလ်မှူးကြီးသန်းတင်(ငြိမ်း)က အလှူငွေပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားကာ အလှူငွေကျပ်သိန်း ၁၀၀ ကို မြန်မာနိုင်ငံ မသန်စွမ်းသူများအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ် နေလင်း ထံသို့ ပေးအပ်လှူဒါန်းခဲ့ပြီးမသန်စွမ်းသူများအားကစား ပြိုင်ပွဲ ကျင်းပရေး လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်းက ကျေးဇူးတင် စကား ပြန်လည် ပြောကြားခဲ့သည်။

(၇)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲကို နေပြည်တော်တွင် ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၁၄ ရက်မှ ၂၀ ရက်အထိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌အားကစား နည်း ၁၂ နည်းဖြင့် ကျင်းပမည်ဖြစ်ပြီး အရှေ့တောင်အာရှ ၁၁ နိုင်ငံမှ အားကစားသမား ၁၁၂၁ ပါဝင် ယှဉ်ပြိုင်မည်ဖြစ်ပြီး မြန်မာ မသန်စွမ်း အားကစားအသင်းအနေဖြင့် အုပ်ချုပ်သူ/နည်းပြအားကစားသမား ၂၆၈ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကာ အဆိုပါအားကစားအဖွဲ့တွင် တပ်မတော် မသန်စွမ်းအားကစားသမား ၉၆ ဦး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

NLD အခြေခံဥပဒေ ပြင်ဆင်ချက်တွင် ဗဟိုအစိုးရ လုပ်ပိုင်ခွင့်များ လျှော့ချ ထားဟုဆို


996085_685478884805707_167419968_n

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ပြင်ဆင်ထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင် ချက် များတွင် ဗဟိုအစိုးရ၏ လုပ်ပိုင်ခွင့်နှင့် ချုပ်ကိုင်မှု များ လျှော့ချနိုင်မည့် ပုဒ်မများကို အများဆုံး ထည့်သွင်း ထားကြောင်း NLD ပါတီ ဗဟိုကော်မတီဝင် ဦးဝင်းမြင့် က ပြောကြားသည်။


NLD ပါတီ၏ အခြေခံဥပဒေ ပြင်ဆင်ချက် ၁၆၈ ချက်တွင် တိုင်းရင်းသား ဒေသများ၏ လုပ်ပိုင်ခွင့် ပိုမိုရရှိစေမည့် အချက်အများဆုံး ပါဝင်ကြောင်း ၎င်းက ဆိုသည်။

“ဖက်ဒရယ်စနစ်နဲ့ မကိုက်ညီတဲ့ အချက်တော်တော်များများ ကို ပြင်ဆင်ထားပါတယ်” ဟု ၎င်းကဆိုသည်။

NLD ပါတီသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အခန်း၁၄ ခန်းမှ ပြင်ဆင်ချက် ၁၆၈ ချက်ကို NLD ပါတီ ပထမအကြိမ် ဗဟိုကော်မတီ ဒုတိယအကြိမ် အစည်းအဝေးတွင် အတည်ပြုထားပြီး ဒီဇင်ဘာ ၃၀ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီသို့ ပေးပို့မည် ဖြစ်ကြောင်း NLD ပါတီမှ သိရသည်။

အလားတူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စရပ်များကို ဆွေးနွေးရန်အတွက် ဗဟိုကော်မတီ အစည်းအဝေးကို ဒီဇင်ဘာ ၂၄ ရက်မှ ၂၉ ရက်အထိ ပြုလုပ် လျက်ရှိပြီး အခြေခံဥပဒေ ပြင်ဆင်ချက်များကို အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီသို့ ပေးပို့ သွားမည် ဖြစ်ကြောင်း အဆိုပါ ပါတီက ထုတ်ပြန် ကြေညာထားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အကြံပြုချက်များကို ပြည်ထောင်စု လွှတ်တော်မှ ဖွဲ့စည်း ပေးထားသော ကိုယ်စားလှယ် ၁၀၉ ဦးပါ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီသို့ ဒီဇင်ဘာ ၃၁ ရက် မတိုင်မီ ပေးပို့ရန် အဆိုပါ ပါတီက ထုတ်ပြန် ကြေညာ ထားသည်။

The Voice Weekly

ကိုရီးယားလူမျိုးသုံးဦး၏ အကူအညီကြောင့် မြန်မာကလေးငယ်၏မွေးရာပါ အစာဟောင်းအိမ်မပါသည့် ရောဂါကိုကုသနိုင်ခဲ့



ဆရာဝန်နှစ်ဦးအပါအ၀င် ကျောင်းနေဖက် ကိုရီးယား လူမျိုးသုံးဦး၏အကူအညီကြောင့် မြန်မာ ကလေးငယ်တစ်ဦး၏ အစာဟောင်းအိမ်မပါသည့် မွေးရာပါချို့ယွင်းမှု ရောဂါအား ကုသနိုင်ခဲ့ကြောင်း ကိုရီးယား နိုင်ငံသတင်းစာ Korea Joongang Daily ၏ ဖော်ပြချက်အရ သိရသည်။


မြန်မာနိုင်ငံမှ ၁၀ နှစ်အရွယ်ရှိ မောင်သက်ပိုင်သည် မွေးရာပါ အစာဟောင်းအိမ်မပါလာသည့် ချို့ယွင်းမှုရောဂါခံစားနေရသူတစ်ဦးဖြစ်ပြီး ယခုအရွယ်ထိ အိမ်သာသွားသည့်အခါတိုင်း နာကျင်စွာခံစားခဲ့ရသည်။ မွေးရာပါ အစာဟောင်းအိမ်မပါလာသောကြောင့် မောင်သက်ပိုင်အနေဖြင့် မွေးကင်းစအရွယ်မှစတင်ကာ အစာဟောင်းအိတ်ကို ၀မ်းဗိုက်အပြင်တွင် ထုတ်ထားရသည့် ခွဲစိတ်ကုသမှုဖြင့် ကုသခံခဲ့ရသူ ဖြစ်သည်။ အဆိုပါခွဲစိတ်ကုသမှုကို မြန်မာနိုင်ငံရှိ ခရစ်ယာန်သာသနာပြုဆေးရုံတစ်ခုမှ ပြုလုပ်ပေးခဲ့ခြင်း ဖြစ်သည်။

မိဘနှစ်ဦးသည်လည်း ၎င်းမွးဖွားပြီး မကြာမီ ထိုင်းနိုင်ငံသို့ အလုပ်သွားလုပ်နေကြရသည်။ မောင်သက်ပိုင် က ဦးလေးနှင့် အတူတူနေထိုင်ခဲ့ရပြီး ဦးလေးဖြစ်သူကလည်း ၎င်းအား ကျောင်းမထားပေးနိုင်ခဲ့ပေ။ မြန်မာနိုင်ငံတွင် သာသနာပြုလုပ်ငန်း ဆောင်ရွက်နေသည့် အသက် ၅၂ နှစ်အရွယ် ကိုရီးယားလူမျိုး Jang Cheol-ho က မောင်သက်ပိုင်၏ ဘ၀အကြောင်းကို စတင်သိရှိခဲ့ခြင်းဖြစ်သည်။ ဂျန်သည် Grace and Love ခရစ်ယာန်ဘုရားကျောင်းမှ သာသနာပြုဘုန်းတော်ကြီးတစ်ပါးဖြစ်သလို ဆရာဝန်တစ်ဦးလည်း ဖြစ်သည့်အတွက် မောင်သက်ပိုင်အကြောင်းကြားသိသည့် အခါ ယခုလက်ရှိ ကိုရီးယားနိုင်ငံ ဆမ်ဆောင်း ဆေးရုံတွင် လုပ်ကိုင်နေသည့် ၎င်း၏ ဆေးကျောင်းနေဖက်သူငယ်ချင်းတစ်ဦးဖြစ်သူ Dr. Seo Jeong-meen အား သတိရမိခဲ့ပြီး ခွဲစိတ်မှုပြုလုပ်ပေးရန် အကူအညီတောင်းခံခဲ့သည်။

Dr. Seo Jeong-meen ကလည်း လက်ခံခဲ့သည့်အတွက် ၎င်းတို့သူငယ်ချင်းနှစ်ဦး အနေဖြင့် မောင်သက်ပိုင်အား ကိုရီးယားနိုင်ငံသို့ ခေါ်ဆောင်နိုင်ရေးအတွက် ငွေကြေးအကူအညီပေးနိုင်မည့်သူ ရှာဖွေခဲ့ကြသည်။နောက်ဆုံးတွင် ၎င်းတို့၏ ကျောင်းနေဖက်တစ်ဦးဖြစ်သည့် ပရိဘောဂဆိုင်ဖွင့်ထားသူ We Sung-ryuluf က ကုန်ကျစရိတ်များကို ကျခံပေးရန် သဘောတူခဲ့သည်။

“ ခွဲစိတ်ကုသမှုက ကောင်းမွန်စွာပြီးစီးပါတယ်။ မောင်သက်ပိုင်ကို ကျွန်တော့် သူငယ်ချင်းနှစ်ဦးနဲ့အတူ ခရစ္စမတ်လက်ဆောင်ပေးနိုင်ခဲ့လို့ ၀မ်းသာတယ် ” ဟု ဒေါက်တာဆိုက ဆိုသည်။ မောင်သက်ပိုင် သည် မြန်မာနိုင်ငံသို့ ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁ ရက်တွင် ပြန်လာမည် ဖြစ်သည်။

Eleven Media Group

ထိုင်းတွင် ပြည်ဝင်ဗီဇာသက်တမ်းလေးနှစ်ပြည့်ပြီး တရားဝင်ဆက်လက် လုပ်ကိုင်လိုသူများအတွက် အလုပ်သမားဝန်ကြီးဌာနမှ ကြေညာချက် ထုတ်ပြန်



ထိုင်းနိုင်ငံတွင် ပြည်ဝင်ဗီဇာသက်တမ်း လေးနှစ် ပြည့်ပြီး ဆက်လက် အလုပ်လုပ်ကိုင် လိုသူများ အတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ် များကို အလုပ်သမားဝန်ကြီးဌာနမှ ကြေညာချက် ထုတ်ပြန် ခဲ့ကြောင်း သိရသည်။


ပြည်ဝင်ဗီဇာသက်တမ်း လေးနှစ်ပြည့်ပြီး ဆက်လက် အလုပ်လုပ်ကိုင်လိုသည့် အလုပ်သမားများအနေဖြင့် ထိုင်းအလုပ်ရှင်သည် ဆက်လက်အလုပ် လုပ်ကိုင်နိုင်ရန် အတွက် Demand Letter နှင့် ထိုင်းအလုပ်ရှင် အမည် ပါဝင်သော work permit မိတ္တူ၊ အလုပ်သမား၏ ယာယီနိုင်ငံကူးလက်မှတ် မိတ္တူ၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင် ဦးစီးဌာန၊ သာမန်နိုင်ငံကူးလက်မှတ်လျှောက်ထားသည့်ပုံစံ၊ နိုင်ငံသားဆိုင်ရာ အထောက်အထား မိတ္တူများနှင့်အတူ ထိုင်းနိုင်ငံ၊ အလုပ်သမားဝန်ကြီးဌာနမှ တစ်ဆင့် မြန်မာသံရုံးသို့ အနည်းဆုံး ခြောက်လ ကြိုတင် ပေးပို့ ရမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အလုပ်သမားဖြည့်ထားသည့် လ၀က ပုံစံအား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနသို့ပေးပို့၍ မြန်မာနိုင်ငံသားဟုတ်မဟုတ် စိစစ်အတည်ပြုချက် ရယူမည်ဖြစ်ပြီး နိုင်ငံသားစိစစ်ပြီးသူများအား သာမန်မြန်မာနိုင်ငံ ကူးလက်မှတ်ထုတ်နိုင်ရန် ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံ ရုံး (သို့မဟုတ်) နယ်စပ်စခန်းများသို့ သွားရောက်၍ နိုင်ငံသားစိစစ်ရေးကတ်မူရင်း၊ အိမ်ထောင်စုဇယားမူရင်း၊ သာမန်နိုင်ငံကူးလက်မှတ်လျှောက်ထားသည့် ပုံစံနှင့်အတူ ပြည်ထဲရေး ၀န်ကြီးဌာန၊ သတင်းအဖွဲ့သို့ ကြိုတင်ပေးပို့ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ သတင်းရဲတပ်ဖွဲ့၏ ခွင့်ပြုချက်ရရှိပြီးဖြစ်သည့် အလုပ်သမားများအနေဖြင့် ထိုင်းနိုင်ငံအလုပ်ရှင်၏ Demand Letter များနှင့်အတူ One stop service Centrer များဖြစ်သည့် နယ်စပ်စခန်းများ၌ ပြည်ပအလုပ်အကိုင် သတ်သေခံကတ်ပြားထုတ်ယူ၍ ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနမှ ဗီဇာနှင့် ယာယီ ၏ work permit ရရှိရေး ဆောင်ရွက်ရမည်ဖြစ်ပြီး နယ်စပ်တွင် ပြည်ဝင်ဗီဇာသက်တမ်း တိုးပြီးပါက ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက် ပြီး မိမိတို့အလုပ်ရရှိသော ထိုင်းနိုင်ငံရှိ သက်ဆိုင်ရာ မြို့နယ်အလုပ်သမားရုံးတွင် work permit လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။

အလုပ်သမားများအနေဖြင့် သာမန် နိုင်ငံကူးလက်မှတ် (သို့မဟုတ်) ယာယီနိုင်ငံကူးလက်မှတ်သက်တမ်း ရှိနေသေး၍ လဲလှယ်ရန် ဆန္ဒမရှိပါက သာမန်နိုင်ငံကူးလက်မှတ်ပြုလုပ်သည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်ရန် မလိုအပ်ဘဲ သက်တမ်းကုန်ဆုံးချိန်အထိ ဆက်လက်ကိုင်ဆောင်နိုင်ပြီး သက်တမ်း ကုန်ဆုံးပါက သာမန်နိုင်ငံကူးလက်မှတ်ဖြင့်သာ အသုံးပြုရမည်ဖြစ်သည် ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထား ကြောင်း သိရသည်။

သာမန်နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးလုပ်ငန်းစဉ်ကို ပြည်ထဲရေး ၀န်ကြီးဌာနမှ လည်းကောင်း၊ နိုင်ငံသား စိစစ်ရေးလုပ်ငန်းစဉ်ကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှလည်းကောင်း၊ ပြည်ပ အလုပ်အကိုင် သက်သေခံကတ်ပြားထုတ်ပေးရေးကို အလုပ်သမား ၀န်ကြီးဌာနမှ လည်းကောင်း အသီးသီး တာဝန်ယူဆောင်ရွက်ပေး မည်ဖြစ်ကြောင်းလည်း သိရသည်။

Eleven Media Group

ပြည်တော်ပြန် ၁ဝ ဦး မြန်မာနိုင်ငံသား ပြန်ဖြစ်ပြီ



ပြည်ပမှာ နေထိုင်းပြီး နိုင်ငံခြားသား အဖြစ်ခံယူ ထားသူ သို့မဟုတ် သက်ဆိုင်ရာနိုင်ငံရဲ့ ခိုလှုံခွင့်နဲ့ Travel Document ကိုင်ဆောင်ထားသူ ပြည်တော် ပြန် ၄၃ ဦးထဲက ၁ဝ ဦးကတော့ မြန်မာနိုင်ငံသား ပြန်ဖြစ် ပါ တော့မယ်တဲ့။


ဒီ ၁ဝ ဦးဟာ ဘယ်သူတွေဆိုတာ လဝက အရာရှိ တဦးက ထုတ်ဖော်ပြောဆိုမှု မရှိပေမယ့် ကျန်တဲ့ ၃၃ ဦး ကို လည်း နိုင်ငံသား ပြန်ပေးဖို့ သက်ဆိုင်ရာ ဝန်ကြီးဋ္ဌာနတွေက စိစစ်ဆဲဖြစ်တယ်လို့ စုံစမ်းသိရှိရ ပါတယ်။

လဝက ဝန်ကြီး ဦးခင်ရီက ပြောထားတာက မည်သို့ပင် ဆိုစေ နိုင်ငံခြားတိုင်းပြည်တခုခုရဲ့ နိုင်ငံသားအဖြစ်နဲ့ ခံယူထားသူ ဒါမှ မဟုတ် အထောက် အထား စာရွက်စာတမ်းကိုင်ဆောင်ထားသူတွေဟာ အလိုအလျှောက် မြန်မာနိုင်ငံသား အဖြစ်က ပျက်ပြယ် သွားပြီးဖြစ်တယ်လို့ ဆိုထားတာပါ။

အကယ်လို့ နိုင်ငံတော်ရဲ့ အကျိုးငှာ မြန်မာနိုင်ငံသား ပြန်လည်လျှောက်ထားသူတွေကို ပြည်ထဲရေး ဝန်ကြီး ဋ္ဌာန၊ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဝန်ကြီးဋ္ဌာန၊ နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန၊ သမ္မတရုံး တို့ကနေ ပြန်လည်စိစစ်ပြီး သမ္မတရဲ့ လုပ်ပိုင်ခွင့်နဲ့သာ မြန်မာနိုင်ငံသားအဖြစ် ပြန်လည် အသိအမှတ်ပြုကာ သက် ဆိုင်ရာ အထောက်အထားတွေကို ပြန်လည် ထုတ်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။

အခု မြန်မာနိုင်ငံသား ပြန်လည် လျှောက်ထားကြသူတွေဟာ အခု သမ္မတ ဦးသိန်းစိန် အစိုးရတက်လာပြီး ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်လာကာ အားလုံးပါဝင်ရေးဆိုတဲ့ ပြောဆိုချက်နဲ့အတူ ပြည်ပရောက် မြန်မာနိုင်ငံသားဟောင်းတွေကို ပြည်တော်ပြန်လာဖို့ ဖိတ်ခေါ်ပြီးနောက် မြန်မာနိုင်ငံကို ပြန်သွားသူတွေပါ။

၁၉၈၈ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံကနေ ပြည်ပနိုင်ငံအသီးသီးကို ထွက်ခွာသွားကြရတဲ့ မြန်မာနိုင်ငံသား ထောင်နဲ့ ချီရှိပြီး အထူးသဖြင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ အတော်များများ ပါဝင်ကြတာပါ။

ဒီအထဲက တချို့ဟာ လက်ရှိ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်မှာ ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ မြန်မာပြည်ပြန် သွားကြသူတွေထဲက နိုင်ငံသား ပြန်လည် လျှောက်ထားခဲ့ကြတာဖြစ်ပါတယ်။ အခု နိုင်ငံသား ပြန်လည် အသိအမှတ်ပြုခံရတဲ့ ပြည်တော်ပြန်တွေဟာ နိုင်ငံသား စိစစ်ရေးကတ်ပြား ( မှတ်ပုံတင် ကတ်ပြား) တွေ လည်း အဆင့်ဆင့်လုပ်ဆောင်ပြီး ပြန်ရမှာ ဖြစ်သလို မြန်မာနိုင်ငံကူး လက်မှတ်စာအုပ်တွေလည်း ပြန်ရကြ မှာဖြစ်ပါတယ်။

ဒါပေမယ့် နိုင်ငံသား ပြန်လည်လျှောက်ထားသူတွေဟာ တချိန်က မြန်မာနိုင်ငံသား ဖြစ်ခဲ့ဖူးတဲ့ အထောက် အထားတွေကို သက်ဆိုင်ရာ ဝန်ကြီးဋ္ဌာနတွေကို တင်ပြရမှာဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံခြားသား အဖြစ် ခံယူထားပြီး မြန်မာနိုင်ငံသား ပြန်လည်မလျှောက်ထားပဲ မြန်မာနိုင်ငံမှာ အမြဲတမ်း နေ ထိုင်ခွင့် (PR) စနစ်ကိုလည်း လဝက ဝန်ကြီး ဦးဆောင်ပြီး ရေးဆွဲနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် အသေးစိပ် ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေတော့ မပေါ်ထွက်လာသေးပါဘူး။

မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေ မြန်မာနိုင်ငံ ပြန်လာနိုင်ရေး အစိုးရက မကြာခဏ ဖိတ်ခေါ် ခဲ့ပေမယ့် မကြာသေးခင်ကပဲ ၈၈ ကျောင်းသားခေါင်းဆောင် တဦးဖြစ်တဲ့ လက်ရှိ နော်ဝေနိုင်ငံသား ခံယူထားသူ ကိုသူရိန်ရဲ့ ပြည်တော်ပြန်ဖို့ ကိစ္စ စင်ကာပူရှိ မြန်မာသံရုံးက ဗီဇာ မပေးလို့ အခက်အခဲဖြစ်နေပါတယ်။

တချို့လည်း ပြည်တော်ပြန်ရေး အဆင်ပြေပေမယ့် တချို့လည်း အဆင်မပြေဘူး ဆိုတဲ့ အသံတွေလည်း ကြားနေရပါတယ်။

ဧရာဝတီ

NLDပါတီဟာ ဗဟို ဦးစီးစနှစ်တွေ လွှမ်မိုးပြီး အကြောက်လွန်ကဲနေသော ပါတီဖြစ်နေဟု ဦးဝင်းတင်ပြောဆို



၂၀၁၃ ခုနှစ် ဒီဇင်ဘာလ (၂၇) ရက်နေ နံက်ပိုင်းတွင် ဦးဝင်းတင်( NLD သဘာပတိ) နေထိုင်ရာ ရန်ကင်းမြို့နယ် -ရှိ ဦးဝင်းတင် .ယာယီနေထိုင်ရာအိမ်တွင် NlD ပါတီဌါနချုပ်တွင် ဒေါ်စုကြည်နှင့် CEC များအကြားဆက်ဆံရေးနှင့် ပါတ်သတ်ပြီး ဦးဝင်းတင်က အောက်ပါအတိုင်းပြောကြားခဲ့ပါသည်။


NLDပါတီဌါနချုပ်မှာ ဒေါ်စုကြည်နှင့် သူပါတီက CEC တွေနှင့် အကြား ဆက်ဆံရေးဟာ CEC တွေဟာ ဒေါ်စု အပေါ် အကြောက် လွန်ကဲနေကြတယ်။

အစည်းဝေးပွဲတိုင်းမှာ CEC တွေဟာ ဒေါ်စု အရိပ်အကဲ အပြော အဆိုပေါ် မူတည်ပြီး CEC အဖွဲ့ ၀င်များက လိုက်လျောညီထွေ အောင် ပြောဆိုနေကြရပြီး CEC တစ်ယောက်အနေဖြင့် ပါတီမူဝါဒ အပေါ်ဝေဖန်သုံးသပ်ခြင်း ပြောဆိုမိပါက ကျန် CEC များက အစည်းဝေးပြင်ပ ရောက်တဲ့အခါ ပြောဆိုသော CEC အား ကျန် CEC အဖွဲ့ ၀င်များက ပြစ်တင်ရှံ့ချတာတွေ လုပ်ကြကြောင်း၊ သို့ပါသော ကြောင့် CEC အစည်း ဝေးတိုင်းတွင် CEC များက ဒေါ်စု အပြောအဆိုပေါ် လိုက်လျောညီထွေစွာ ပြောဆိုနေရ သဖြင့် NLD ပါတီ သည် ရှေ့ အနာဂတ် အတွက်ရင်လေး မိကြောင်း၊ဒေါ်စု အနေ ဖြင့် အတိုက်အခံဟု ပြောနေ သော်လည်း လုပ်ဆောင်မှု့တွေ အားနည်းနေကြောင်း၊ သာဓက အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင် ရေးနှင့် ပါတ်သတ်ပြီး မိမိ(ဦးဝင်းတင်) အနေဖြင့် လွှတ်တော် ပြင်ပ တွင် ပြည်သူ့ ဆန္ဒခံယူဆောင်ရွက်ပြီး လွှတ်တော်တွင်းသို့ ပေးပို့ရန်ဆွေးနွေးဖူးကြောင်း၊ပြည်သူ့ဆန္ဒကို လွှတ်တော်ပြင်ပ ကောက်ခံပြီး လွှတ်တော်တွင်း တင်သွင်းဆွေးနွေး တာဟာ ပြည်သူ့ဆန္ဒ အစစ်မှန်ဖြစ်ကြောင်းဆွေးနွေးတာကို လက်မခံ ပဲ ထိုလုပ်နည်း လုပ်ဟန်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို သာပြင်ဆင်ခြင်းဖြစ်တယ် ဟုဆိုကာ ငြင်းဆို ခဲ့ကြောင်း၊ ပြည်ထောင်စု လွှတ်တော်မှ ဖွဲ့စည်းသော အဖွဲ့မှာ အခြေခံဥပဒေ သုံးသပ်ရေးအဖွဲ့သာ ဖြစ်ကြောင်း ပြင်ဆင်ရေး အဖွဲ့ မဟုတ်ကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် NLD ပါတီဥက္ကဌ ဟောင်း ဦးအောင်ရွှေက ပြင်ဆင်ရေး(၂၁) ချက် ကိုရေးဆွဲ ထားပြီးဖြစ်ကြောင်း ယင်း(၂၁) ချက်ကို လည်း ဒေါ်စုကြည်မှ ပယ်ချခဲံကြောင်း ထို့ကြောင့် ဒေါ်စု၏ အားနည်းသော ခေါင်းဆောင်မှု့သည် ပါတီ အတွက်အနာ ဂတ် အလားလာ မကောင်းမှု့ကို ဖြစ်ပေါ်စေကြောင်းပြောဆိုခဲ့ပါသည်။

ဒဲ့ဒိုး

မြန်မာနိုင်ငံ၏ အနာဂတ်ကို အဆုံး အဖြတ်ပေးမည့် အဓိက ကျ သည့် ဖြစ်စဉ်


Photo: မြန်မာနိုင်ငံ၏ အနာဂတ်ကို အဆုံး အဖြတ်ပေးမည့် အဓိက ကျ သည့် ဖြစ်စဉ်

၂ဝ၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ သည် နိုင်ငံ၏ ခေါင်းဆောင် သမ္မတနေရာ အတွက် ရွေးချယ်ပွဲဖြစ်၍ မြန်မာနိုင်ငံ၏ အနာဂတ်ကို အဆုံး အဖြတ်ပေးမည့် အဓိက ကျ သည့် ဖြစ်စဉ် တစ်ရပ်ပင် ဖြစ်သည်။

သမ္မတ တာဝန် ထမ်းဆောင်ရန် အသင့်ဖြစ်နေကြောင်း မြန်မာနိုင်ငံ၏ အကြီးဆုံး နိုင်ငံရေး ပါတီနှစ်ရပ်ဖြစ် သည့် ပြည်တောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ ဥက္ကဋ္ဌ သူရ ဦးရွှေမန်း နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့တရားဝင် ပြောကြားထားမှုကြောင့် လည်းလူအများ စိတ်ဝင်တစားရှိနေရခြင်းလည်း ဖြစ်သည်။

သမိုင်းနောက်ခံ အကြောင်းအရင်း များ မည်သို့ပင် ရှိစေကာမူ ယခု ဒီမိုကရေစီ မျိုးစေ့ ကိုအပင်ပေါက်ရန် ဝိုင်းဝန်း ပျိုးထောင်နေသည့် အချိန်တွင် အပင် ကြီးထွားစေရန် အဟန့် အတားဖြစ်စေ မည့် ထိပ်ဆုံးက အကြောင်းအရင်းမှာ အာဏာရှင် နိုင်ငံရေးဖြစ်ကြောင်း မနီးမဝေး အခင်းအကျင်း များက သက်သေခံ လျက် ရှိနေသည်။

ယခု အရေးကြီး တစ်ချက် အနေ ဖြင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့်ကို ကန့်သတ်ထားသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ သမ္မတ အရည်အချင်း ပုဒ်မ ၅၉ (စ) သည် မြန်မာ့နိုင်ငံရေး ၏ အဖုအထစ် အထုံးတစ်ခု အဖြစ် ရှိနေရာ ထိုအထုံးကို ဖြည်ရမည်သာ ဖြစ်သည်။

လက်ရှိ အာဏာရ ထားသည့် သူများက စိတ်စေတနာ ထက်သန်စွာ ဖြင့် ရော့အင့်ဆိုပြီး အာဏာ လွှဲပြောင်း ပေးခဲ့သော ဖြစ်စဉ် ကမ္ဘာပေါ် တွင်မရှိ။

”ညွန့်ပေါင်း အစိုးရ မဖွဲ့စည်းရေးမူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာ မရှိပါဘူး”ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောထားပြီး သူရ ဦးရွှေမန်း ကလည်း ”၂ဝ၁၅ ရွှေးကောက် ပွဲ အပြီး ညွန့်ပေါင်း အစိုးရတစ်ရပ် ပေါ်ပေါက်လာနိုင် သည်”ဟု ပြောကြားထားသည်။

သို့ဖြစ်၍ သူရ ဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည် တို့ ထိပ်တိုက်တွေ့ ဆုံရေး ရှောင်ရှားနိုင်ရန် အတွက် ပြည်သူ့ လွှတ်တော်နှင့် အမျိုးသား လွှတ်တော် တို့မှ ဝင်ရောက် ရွေးအချယ် ခံရမည် ဖြစ် သည်ဟု ယုံကြည်ရသည်။

ထိပ်တိုက် ရင်ဆိုင်ပြီး နိုင်ငံရေး အကျပ်အတည်း မဖြစ်ရန် ခေါင်းဆောင် နှစ်ဦး စလုံးက ဆန္ဒ ရှိနေသည်မှာ ပေါ် လွင်နေပေသည်။

”ဥက္ကဋ္ဌကြီး အနေနဲ့ ၂ဝ၁၅ ရွေးကောက်ပွဲ ကို တရား မျှတစွာ ယှဉ်ပြိုင်မယ် ဆိုရင် ကျွန်မကို သမ္မတ မဖြစ်အောင် ကန့်သတ် ထားတဲ့ အချက်တွေ ပြင် ဆင် ပေးရ မယ်” ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောထားခဲ့ပြီး သူရဦးရွှေမန်းက လည်း ”၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲ အတတ်နိုင်ဆုံး တရား မျှတအောင်ဆောင် ရွက်ပေးမယ်” ဟုနှစ်ဦး သား သတင်းမီဒီ ယာ များ၏ရှေ့တွင် ပြောကြားခဲ့သည်။

လက်ရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ လွှတ်တော်က ဒုတိယ သမ္မတ သုံး ဦး ရွေးချယ် ရမည်ဖြစ်ပြီး ပြည်သူများက ရွေးကောက် တင်မြှောက် ခွင့်မှာ ဒုတိယ သမ္မတ နှစ်နေ ရာသာရှိ၍ လွှတ်တော် တွင် ရှိနေသော တပ်မတော်သား အစု အဖွဲ့ များက တင်သွင်းသည့် ဒုသမ္မတ တစ်နေရာတို့ ဖြစ်သည်။

သူရဦးရွှေ မန်းနှင့် ဒေါ်အောင်ဆန်းစုကြည် အပြင် အခြားပါတီခေါင်းဆောင်များ တိုင်းရင်းသား ကိုယ်စား လှယ် လောင်းများ မှသမ္မတ နေရာ အတွက် ကြိုတင် ကြေညာထား ခြင်း မရှိ အသံမထွက်သေးသည် မှာ ၂ဝ၁၅ ခုနှစ် နီးလာသည်နှင့် အမျှ အရေးပါလာသော ဝှက်ဖဲ တစ်ချပ် အဖြစ် တိတ်ဆိတ်စွာ ရှိနေသည်ဖြစ် ပါ သည်။

မည်သို့ပင်ဆိုစေကာမူ ၂ဝ၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ သည် နိုင်ငံ၏ ခေါင်းဆောင် သမ္မတနေရာ အတွက် ရွေးချယ်ပွဲဖြစ်၍ မြန်မာနိုင်ငံ၏ အနာဂတ်ကို အဆုံး အဖြတ်ပေးမည့် အဓိက ကျ သည့် ဖြစ်စဉ် တစ်ရပ်ပင် ဖြစ်ကြောင်းသုံ့သပ်တင်ပြလိုက်ရပါသည်။
( LLH )

၂ဝ၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ သည် နိုင်ငံ၏ ခေါင်းဆောင် သမ္မတနေရာ အတွက် ရွေးချယ် ပွဲဖြစ်၍ မြန်မာနိုင်ငံ၏ အနာဂတ်ကို အဆုံး အဖြတ်ပေးမည့် အဓိက ကျ သည့် ဖြစ်စဉ် တစ်ရပ် ပင် ဖြစ်သည်။


သမ္မတ တာဝန် ထမ်းဆောင်ရန် အသင့်ဖြစ် နေ ကြောင်း မြန်မာနိုင်ငံ၏ အကြီးဆုံး နိုင်ငံရေး ပါတီ နှစ်ရပ်ဖြစ် သည့် ပြည်တောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ ဥက္ကဋ္ဌ သူရ ဦးရွှေမန်း နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့တရားဝင် ပြောကြားထားမှုကြောင့် လည်းလူအများ စိတ်ဝင်တစားရှိနေရခြင်းလည်း ဖြစ်သည်။

သမိုင်းနောက်ခံ အကြောင်းအရင်း များ မည်သို့ပင် ရှိစေကာမူ ယခု ဒီမိုကရေစီ မျိုးစေ့ ကိုအပင်ပေါက်ရန် ဝိုင်းဝန်း ပျိုးထောင်နေသည့် အချိန်တွင် အပင် ကြီးထွားစေရန် အဟန့် အတားဖြစ်စေ မည့် ထိပ်ဆုံးက အကြောင်းအရင်းမှာ အာဏာရှင် နိုင်ငံရေးဖြစ်ကြောင်း မနီးမဝေး အခင်းအကျင်း များက သက်သေခံ လျက် ရှိနေသည်။

ယခု အရေးကြီး တစ်ချက် အနေ ဖြင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့်ကို ကန့်သတ်ထားသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ သမ္မတ အရည်အချင်း ပုဒ်မ ၅၉ (စ) သည် မြန်မာ့နိုင်ငံရေး ၏ အဖုအထစ် အထုံးတစ်ခု အဖြစ် ရှိနေရာ ထိုအထုံးကို ဖြည်ရမည်သာ ဖြစ်သည်။

လက်ရှိ အာဏာရ ထားသည့် သူများက စိတ်စေတနာ ထက်သန်စွာ ဖြင့် ရော့အင့်ဆိုပြီး အာဏာ လွှဲပြောင်း ပေးခဲ့သော ဖြစ်စဉ် ကမ္ဘာပေါ် တွင်မရှိ။

”ညွန့်ပေါင်း အစိုးရ မဖွဲ့စည်းရေးမူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာ မရှိပါဘူး”ဟု ဒေါ်အောင်ဆန်း စုကြည် က ပြောထားပြီး သူရ ဦးရွှေမန်း ကလည်း ”၂ဝ၁၅ ရွှေးကောက် ပွဲ အပြီး ညွန့်ပေါင်း အစိုးရတစ်ရပ် ပေါ်ပေါက်လာနိုင် သည်”ဟု ပြောကြားထားသည်။

သို့ဖြစ်၍ သူရ ဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည် တို့ ထိပ်တိုက်တွေ့ ဆုံရေး ရှောင်ရှားနိုင်ရန် အတွက် ပြည်သူ့ လွှတ်တော်နှင့် အမျိုးသား လွှတ်တော် တို့မှ ဝင်ရောက် ရွေးအချယ် ခံရမည် ဖြစ် သည်ဟု ယုံကြည် ရသည်။

ထိပ်တိုက် ရင်ဆိုင်ပြီး နိုင်ငံရေး အကျပ်အတည်း မဖြစ်ရန် ခေါင်းဆောင် နှစ်ဦး စလုံးက ဆန္ဒ ရှိနေသည်မှာ ပေါ် လွင်နေပေသည်။

”ဥက္ကဋ္ဌကြီး အနေနဲ့ ၂ဝ၁၅ ရွေးကောက်ပွဲ ကို တရား မျှတစွာ ယှဉ်ပြိုင်မယ် ဆိုရင် ကျွန်မကို သမ္မတ မဖြစ် အောင် ကန့်သတ် ထားတဲ့ အချက်တွေ ပြင် ဆင် ပေးရ မယ်” ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောထား ခဲ့ပြီး သူရဦးရွှေမန်းက လည်း ”၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲ အတတ်နိုင်ဆုံး တရား မျှတအောင်ဆောင် ရွက် ပေးမယ်” ဟုနှစ်ဦး သား သတင်းမီဒီ ယာ များ၏ရှေ့တွင် ပြောကြားခဲ့သည်။

လက်ရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ လွှတ်တော်က ဒုတိယ သမ္မတ သုံး ဦး ရွေးချယ် ရမည်ဖြစ်ပြီး ပြည်သူများက ရွေးကောက် တင်မြှောက် ခွင့်မှာ ဒုတိယ သမ္မတ နှစ်နေ ရာသာရှိ၍ လွှတ်တော် တွင် ရှိနေသော တပ်မတော်သား အစု အဖွဲ့ များက တင်သွင်းသည့် ဒုသမ္မတ တစ်နေရာတို့ ဖြစ်သည်။

သူရဦးရွှေ မန်းနှင့် ဒေါ်အောင်ဆန်းစုကြည် အပြင် အခြားပါတီခေါင်းဆောင်များ တိုင်းရင်းသား ကိုယ်စား လှယ် လောင်းများ မှသမ္မတ နေရာ အတွက် ကြိုတင် ကြေညာထား ခြင်း မရှိ အသံမထွက်သေးသည် မှာ ၂ဝ၁၅ ခုနှစ် နီးလာသည်နှင့် အမျှ အရေးပါလာသော ဝှက်ဖဲ တစ်ချပ် အဖြစ် တိတ်ဆိတ်စွာ ရှိနေသည်ဖြစ် ပါ သည်။

မည်သို့ပင်ဆိုစေကာမူ ၂ဝ၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ သည် နိုင်ငံ၏ ခေါင်းဆောင် သမ္မတနေရာ အတွက် ရွေးချယ်ပွဲဖြစ်၍ မြန်မာနိုင်ငံ၏ အနာဂတ်ကို အဆုံး အဖြတ်ပေးမည့် အဓိက ကျ သည့် ဖြစ်စဉ် တစ်ရပ်ပင် ဖြစ်ကြောင်းသုံ့သပ်တင်ပြလိုက်ရပါသည်။

( LLH )

မြန်မာနိုင်ငံတွင် ပထမဦးဆုံး လူထုဟစ်တိုင်နယ်မြေ သတ်မှတ်ပေးမည်

မြန်မာနိုင်ငံတွင် ပြည်သူ့ဆန္ဒများကို လွပ်လပ်စွာ ဖော်ထုတ်နိုင်မည့် ပထမဦးဆုံးသော လူထုဟစ်တိုင် နယ်မြေတစ်ခုကို မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေ မြို့နယ် ၆၂ လမ်းရှိ မနော်ရမံ ဥယျာဉ်နှင့် လမ်း ၄၀ ကြားတွင် တည်ဆောက်မည့် လူထု အပန်းဖြေနေရာကို သတ်မှတ် ပေးသွားမည် ဖြစ်ကြောင်း မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။


ဧရိယာ စုစုပေါင်း ပေ ၃၅၀ ကျယ်ဝန်းပြီး လူဦးရေ တစ်ထောင်ခန့် စုစည်းနိုင်မည့် အဆိုပါ လူထုဟစ်တိုင်ကို မနော်ရမံရှေ့မှ ချောင်း ဧရိယာပေါ်တွင် တံတားအပြည့်ခင်းကာ ပြုလုပ်မည် ဖြစ်ပြီး ၂၀၁၄ ခုနှစ် မတ်လမတိုင်မီ အပြီးတည်ဆောက်သွားမည် ဖြစ်ကြောင်း၊ အဆိုပါ နေရာကို မူလက လူထုအပန်းဖြေ အဖြစ်သာ သတ်မှတ် ထားသော်လည်း ပြည်သူများ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ရန် နေရာတစ်ခု သတ်မှတ်ပေးလိုက်ခြင်း ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာသာရေး ကော်မတီ လမ်းတံတားဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ဒီနေရာမှာ လူတွေစုဝေးပြီး ဆွေးနွေးလို့ရမယ်။ ဆန္ဒထုတ်ဖော်ချင်တဲ့ သူတွေက ခွင့်ပြုချက် တောင်းပြီး ဒီနေရာမှာ ဆန္ဒထုတ်ဖော်လို့ ရမယ်။ ဒီနေရာကို လုပ်ပေးရခြင်းရဲ့ ရည်ရွယ်ချက်ကိုက နေရာတစ်ခု သတ်မှတ်ပြီး ဆန္ဒပြလို့ ရအောင်ပါ။ လူထုဟစ်တိုင် သဘောမျိုးပေါ့။ ဆန္ဒပြချင်တဲ့သူက ဒီနေရာမှာ လာပြ၊ စိတ်ဝင်စားတဲ့သူက ရပ်ကြည့်၊ စိတ်မဝင်စားတဲ့သူက ကိုယ့်အလုပ်ကိုယ်ဆက် လုပ်ပေါ့။ မြန်မာနိုင်ငံမှာ ဘယ်နေရာမှာမှ မရှိသေးဘူး။ ဒါပထမဆုံးနဲ့ တစ်ခုတည်းသော လူထုဟစ်တိုင်ပါ” ဟု ၎င်းကဆိုသည်။

“အခုလို နေရာသတ်မှတ်ပေးမယ် ဆိုတော့ ဆန္ဒပြချင်တဲ့သူက စည်းကမ်းတကျနဲ့ပြ၊ သူ့သက်ဆိုင်ရာ တာဝန်ရှိသူကလည်း ဘာတွေ ဆန္ဒဖော်ထုတ်နေလဲဆိုတာ လာကြည့်လိမ့်မယ်။ လုံခြုံရေးအတွက် လည်း မလုံလောက်မှာ မပူရတော့ဘူးပေါ့” ဟု မန္တလေးမြို့ခံ တစ်ဦးဖြစ်သည့် အောင်မြေ သာစံမြို့နယ်မှ အသက် ၆၀ အရွယ် ဦးသန်းက သုံးသပ်ပြောဆိုသည်။

မြန်မာနိုင်ငံ၏ လူဦးရေ အများဆုံး နေထိုင်ရာနှင့် အဓိက စီးပွားရေး လုပ်ငန်းများ အခြေစိုက်ရာ ရန်ကုန် မြို့တော်၌ ပြည်သူများ ဆန္ဒထုတ်ဖော်ရန် သီးသန့်နေရာ မရှိသေးဘဲ ရန်ကုန် မြို့တော်ခန်းမရှေ့ မဟာ ဗန္ဓုလ ပန်းခြံအနီး နေရာ၌သာ ပြုလုပ်နေလျက် ရှိသည်။

Myawady News

ပြည်ခိုင်ဖြိုးပါတီ အစည်းအဝေးသို့ မီဒီယာများ ၀င်ရောက်ခွင့်အား တားဆီးပြောဆိုမှုနှင့် ပါတ်သက်၍ ဆက်သွယ်မေးမြန်းချက်


Photo

ဒီဇင်ဘာလ ၂၉ရက် ၂၀၁၃ခုနှစ် ပြည်ခိုင်ဖြိုးပါတီ အစည်းအဝေး မီဒီယာများဝင်ရောက်ခွင့် ပိတ်ပင် ခြင်းမှာ အစည်းအဝေး ကျင်းပနေစဉ်အတည်မပြု ရ သေးသော ဆွေးနွေးပြောဆို မှုများကို မလိုလား အပ်သော ပြဿနာများ ပေါ်ပေါက်စေရန် ရေးသား လှုံဆော်မှုများမပြုလုပ် နိုင်ရေးအတွက် ခေတ္တ ပိတ်ပင် ထားခြင်း သာ ဖြစ်ကြောင်း ၊ အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် ပါတီ၏ သဘောထားများကို ပြည်သူလူထုအား ပါတီပိုင် မီဒီယာများမှ လည်း ကောင်း အခြား မီဒီယာများမှ သော်လည်းေ ကာင်း ဖော်ပြသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။


နေပြည်တော်၌ ကျင်းပပြုလုပ်နေသော ပါတီမှ ထုတ်ဝေသော ပြည်ထောင်စု သတင်းစာမှ သတင်းထောက် များကို လည်း ဆွေးနွေးပြော ဆိုမှုများအား သတင်းရယူခွင့် မပြုကြောင်း သိရှိရပါသည်။ 

ပြည်ခိုင်ဖြိုးပါတီသည် ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပါတီ၏ ရှေ့ဆက်သွားမည့် လုပ်ငန်းစဉ်များကို ဒီဇင်ဘာလ (၂၄)ရက်မှ စ၍ နေပြည်တော်ရှိ ပါတီဌာနချုပ်ရုံးတွင် အစည်းအဝေးများ ကျင်းပနေခြင်း ဖြစ် ကြောင်း၊ ထို့နည်းတူ NLD ပါတီသည်လည်း ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်၍ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် အစည်းအဝေးများ ကျင်းပပြုလုပ်လျှက်ရှိကြောင်း သိရှိရပါသည်။ NLD ပါတီတွင် ရှေ့ဆက် သွားမည့် လမ်းစဉ်များကို CEC အဆင့် ဆွေးနွေးပြောဆိုမှုများအား မီဒီယာ များကို ဖိတ်ကြား အသိပေးခြင်း ပြု လုပ်လေ့မရှိကြောင်း ၄င်းတို့ပိုင် ဒီလှိုင်းဂျာနယ် တစ်ခုမှသာ သတင်းဦးများအား မီဒီယာများသို့ အသိပေးလေ့ရှိကြောင်း သိရှိရပါသည်။

မီဒီယာများ ပိတ်ပင်ခြင်းနှင့် ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီမှ တာဝန်ရှိသူ တစ်ဦးအား မေးမြန်းရာတွင် နိုင်ငံ တစ်နိုင်ငံ၏ ဦးဆောင် ပါတီကြီးများတွင် ပါတီဗဟိုအဆင့် ဆွေး နွေး ပြောဆိုမှုများအား မီဒီယာများအား ကြိုတင် အသိပေး ဖော်ပြလေ့ မရှိကြောင်း၊ ယင်းကဲ့သို့ ဆောင်ရွက်ခြင်းမှာ ပါတီကြီးများ၏ လုပ်ရိုးလုပ်စဉ် တစ်ခုသာဖြစ်ကြောင်း ၄င်းတို့ ပါတီပိုင် အ၀န်းအ၀ိုင်းအတွင်း အကြိတ်အနယ် ဆွေးနွေး ပြောဆိုရသည်များ လည်း ရှိကြောင်း ပြည်ခိုင်ဖြိုးပါတီသည် ဒီမိုကရေစီနည်းလမ်းတကျ ဆောင်ရွက်လျှက်ရှိ သည့် ပါတီဖြစ်သည့်အတွက် ပါတီအတွင်း တာဝန်ထမ်းဆောင် လျှက်ရှိသော ပြည်နယ် တိုင်းအသီးသီးမှ အဆင့် ဆင့်သော ပါတီဝင်များအားလုံးသည် ပါတီအစည်း အဝေးများ တွင် အကြိတ်အနယ် လွတ်လပ် စွာပြောဆို ဆွေးနွေးခွင့်ရှိကြောင်း ယင်းကဲ့သို့ ပြောဆို ဆွေးနွေးလျှက်ရှိကြောင်း ဒီမိုကရေစီ နည်းလမ်း တကျ အများ သဘောတူ ဆုံးဖြတ် သော ကိစ္စများ ကို အတည်ပြု လျှက်ရှိကြောင်း၊ ခေါင်းဆောင် တစ်ဦးတစ်ယောက်၏ မျက်နှာကိုသာကြည့်၍ ဆုံးဖြတ်ရ ခြင်းမျိုး မရှိကြောင်း ပြန် လည်ဖြေကြားခဲ့ပါသည်။

Photo

Photo

Channelnewsmyanmar

ပြည်သူ့လူထုရဲ့သဘောထား ဆန္ဒကို အခြေခံဖို့ လိုဟု ဗဟိုအတိုင်ပင်ခံဦးအောင်သောင်းပြောကြား



“ ပြည်သူလူထုရဲ့ သဘောထား ဆန္ဒကိုအခြေခံပြီး ပြည်ခိုင်ဖြိုး ပါတီက အခြေခံဥပဒေ ပြင်ဆင်ရေးမှာ ဒီအစည်းဝေးကနေ သုံးသပ်ညှိနိုင်းဆုံးဖြတ်ပြီး ပြည်ထောင်စုလွှတ်တော် ပူးပေါင်း ကော်မတီကို တင်သွင်းမှာဖြစ်ပါတယ်.။သုံးသပ်ဆုံးဖြတ်တဲ့အခါ ပြည်သူ့ဆန္ဒကို အခြေခံပြီးဆုံးဖြတ်သွားကြမှာပါ။ဒါကို တစ်ခြား ပါတီအဖွဲ့အစည်းတွေရဲ့ တင်ပြချက်တွေလိုပဲ လွှတ်တော်မှာ ဖွဲ့စည်းထားတဲ့ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီကို တင်ပြသွားမှာပါ။

ကော်မတီ ကနေလေ့လာသုံးသပ်ပြီး ပြည်ထောင်စုလွှတ်တော်ကို တင်ပြသွားမှာ ဖြစ်ပါတယ်”ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဗဟို အတိုင်ပင်ခံ ဦးအောင်သောင်း ပြောကြားခဲံပါတယ်။ အခြေခံဥပေး ပြင်ဆင်ရန်အတွက် လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန်အတွက် လွှတ်တော်တွင် ဆွေးနွေး ဆုံးဖြတ်ရန် အခက်ခဲအနေဖြင့် လွှတ်တော်ကိုယ်စားလှယ် ၇၅%ကျော် ထောက်ခံမှသာလျှင် ပြင်ဆင်နိုင်မှာ ဖြစ်ပြီး လက်ရှိတွင် ပြည်ထောင်စု လွှတ်တော်အတွင်း ကိုယ်စားလှယ်နေရာ ၆၀ ခန့်မှာ လစ်လပ် နေသောကြောင့် ယင်းအတွက် စဉ်းစားရန် လိုအ်ပကြောင်း ၊ထိုမှတစ်ဆင့် တက်လျင် မဲဆန္ဒရှင် ထက်ဝက်ကျော်မှ ပြင်ဆင်ရန်အတွက် ထောက်ခံရန်လိုအပ်ကြောင်း ရှင်းပြသည်။

ခေတ်သစ်မြန်မာ

၁၃၀၀ ပြည့် အရေးတော်ပုံအခမ်းအနား ပြည်မြို့၌ ကျင်းပမည်

၁၃၀၀ ပြည့်နှစ်တွင်ပေါ်ပေါက်ခဲ့သည့် ရေနံမြေသပိတ် စိန်ရတုအခမ်းအနားကို ဒီဇင်ဘာလ ၃၁ ရက်တွင် ပြည်မြို့ ရွှေဆံတော်ဘုရား အနောက်စောင်းတန်းလမ်းရှိ ဇောတိကာရုံ ပါဠိတက္ကသိုလ် စာသင်တိုက်၌ ကျင်းပမည်ဟု အခမ်းအနားကျင်းပရေး ပြည်ခရိုင် ဗဟိုကော်မတီဝင် ဦးကျော်ဆန်းက မဇ္ဈိမကို ပြောသည်။


၁၃၀၀ ပြည့်အရေးတော်ပုံ စိန်ရတုအခမ်းအနား ကျင်းပရန် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ မြို့ နယ်ရဲတပ်ဖွဲ့မှူးများသို့ ဒီဇင်ဘာလ ၁၈ ရက်တွင် စာဖြင့် အကြောင်းကြားခဲ့သည်။ နယ်မြေခံရဲစခန်းနှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများသို့လည်း မိတ္တူပေးပို့သွားမည် ဖြစ်သည်။

“ခွင့်ပြုချက်ယူတာမဟုတ်ဘူး အကြောင်းကြားတယ်။ သမိုင်းကို အစိုးရက မပိုင်ဘူး။ ပြည်သူပိုင်တယ်။ အစည်းအဝေး ဆုံးဖြတ်ချက်အရ အကြောင်းကြားတယ်။ ခွင့်ပြုတာမပြုတာက သူတို့အလုပ်”ဟု ဦးကျော်ဆန်းက ပြောသည်။

၁၃၀၀ ပြည့်နှစ်တွင် ချောက်ရေနံမြေတွင် ပေါ်ပေါက်ခဲ့သည့် ရေနံမြေအလုပ်သမားတို့၏ သပိတ်တပ် ရန် ကုန်သို့ ချီတက်လာရာတွင် ဒီဇင်ဘာ ၃၁ ရက်တွင် ပြည်မြို့သို့ ရောက်ရှိပြီး ခရီးတစ်ထောက်နားခဲ့သည် ကိုအစွဲပြုကာ ဒီဇင်ဘာ ၃၁ ရက်တွင် ၇၅ နှစ်မြောက်စိန်ရတုအခမ်းအနား ကျင်းပရန် စီစဉ်ခြင်းဖြစ်သည်။

ရေနံချောင်းနှင့် ချောက်မြို့တို့မှ အလုပ်သမားတို့သည် မိုင်ပေါင်း ၄၀၀ ကျော် ဝေးကွာသည့် ရန်ကုန်မြို့သို့ နိုဝင်ဘာ ၃၀ ရက်တွင် ချီတက်ခဲ့ကြပြီး ၁၉၃၈ ခုနှစ် ဇန်န၀ါရီ ၈ ရက် တွင် ရန်ကုန်သို့ ရောက်ရှိကာ ရွှေတိဂုံစေတီတော် အနောက်တောင်ထောင့်၌ ၁၃၀၀ ပြည့်တွင် သပိတ်စခန်း ဖွင့်ခဲ့သည်။