Saturday, December 28, 2013

NCCT အဖွဲ့နှင့် RCSS အဖွဲ့ကို တွေ့ဆုံ ဆွေးနွေးရန် ၀န်ကြီး ဦးအောင်မင်း ဇင်းမယ် ရောက်ရှိ



အစိုးရ၏ တနိုင်ငံလုံးအပစ် အခတ်ရပ်စဲရေး စာချုပ် လက်မှတ်ထိုးရေး တွင်ပိုပြီး အဆင်ပြေ ချောမွေ့စေ ရန် အတွက်ပြည်ထောင် စုငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မီတီ ဒုတိယ ဥက္ကဌ နိုင်ငံတော် လုံခြုံရေး ၀န်ကြီး ဦးအောင်မင်း ခေါင်းဆောင် သောအဖွဲ့သည် လက်နက် ကိုင် တိုင်းရင်း သား များ၏ တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး ဆိုင်ရာ ညှိ နှိုင်းရေး အဖွဲ့ (NCCT)နှင့် အလွတ် သဘော ညှိနှိုင်းရန် ယမာန့်နေ့ တွင်ထိုင်းနိုင်ငံ ဇင်းမယ်မြို့ သို့ရောက် ရှိခဲ့ကြောင်း ခရီး စဉ်နှင့်အတူ လိုက်ပါလာသည့် မြန်မာ့ငြိမ်း ချမ်းရေး စင်တာ (MPC) မှ ဦးညိုအုန်းမြင့် ကဆိုပါသည်။


“ ၀န်ကြီးရဲ့ လာရင်း ကိစ္စကတော့ ၂၀၁၄ခုနှစ် အတွက် သူအကောင်း ဆုံးဖြစ်အောင် ရည်ရွယ်ပြီး လုပ်သွား စေချင်တဲ့ အတွက် NCCT နဲ့ဆွေးနွေးမယ် ဆိုတဲ့ အဓိက ထား တဲ့ ခရီးစဉ်ပါ။ ပြီးတော့ တခြားတိုင်းရင်းသား နဲ့ ဇင်းမယ်က ကျောင်းသား အဖွဲ့တွေနဲ့ လည်း တွေ့မှာပေါ့ အဲဒါပါဘဲ။” ဟုဆိုပါသည်။

အထူးသဖြင့် NCCT ကို ဒီဇင်ဘာ (၂၉)ရက်နေ့တွင် တွေ့ဆုံဆွေးနွေး မည်ဖြစ်ပြီး (၃၀) ရက်နေ့တွင် သန်းကောင် စာရင်းနှင့်ပါတ် သက်သော သဘောထားကို ၀န်ကြီး ဦးခင်ရီမှ အပစ်ရပ် ထားသည့် တိုင်းရင်းသား အဖွဲ့များအား တင်ပြရှင်း လင်းပေး မည်ဖြစ်သည်။

NCCT ဖက်ကမူပထမအကြိမ်ညီလာခံ၌ ချမှတ်ထားသော ဘုံသဘော တူညီချက် (၁၁)ချက်ကို တင်ပြသွား မည်ဟု အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက ဆိုပါသည်။

ဤဆွေးနွေး ပွဲပြီးဆုံး ပါက KNU လေးဝါး (ခေါ်) လောခီးလာ စခန်း၌ ကျင်းပရန် ရှိသော လက်နက်ကိုင် တိုင်းရင်းသား များ ၏ ဒုတိယ ညီလာခံ ကျင်းပမည့် ရက်ကို သတ်မှတ် နိုင်မည်ဟု KNU အတွင်းရေး မှူး (၁)ဖြစ်သူ ပဒိုမန်းမန်းက ဆိုပါသည်။

ဝန်ကြီးနှင့် အဖွဲ့သည် (NCCT) နှင့် ဆွေးနွေးရက် မတိုင်ခင် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) အပါဝင်၊ ဇင်းမယ်ရှိမြန် မာနိုင်ငံလုံး ဆိုင်ရာ ဒီမိုက ရက်တစ် တပ်ဦး (ABSDF) အဖွဲ့ဝင်များကို လည်းတွေ့ ဆုံကြ မည်ဖြစ်သည်။

RCSS သည် အစိုးရ ကိုယ်စားလှယ် များနှင့် တွေ့ဆုံသည့် အခါနှစ် ဖက်ဆက် ဆံရေးကိစ္စ အပါဝင် သဘောတူ ထားသည့် လုပ်ငန်း အကောင်အ ထည်ဖေါ် ဆောင်မှု ကိစ္စများကို တင်ပြရန် ရှိသည်ဟု အမည် မဖေါ်လို တဲ့နိုင်ငံခြားရေး ဌာန အရာရှိ တဦးက ဆိုပါသည်။

“အောက်ခြေက နှစ်ဖက်ဆက်ဆံရေး ကိစ္စတွေမှာ သိပ်အဆင် မပြေဘူးဗျာ။ အဲဒါကို တော့တင်ပြရ မှာဘဲ ကျန်တဲ့ တခြားကိစ္စတွေတော့ ဘာတွေ တင်ပြ မလဲဆိုတာ မသိရသေး ဘူး။” ဟုဆိုပါသည်။

အစိုးရ အဖွဲ့၏ ယခုခရီး စဉ်တွင် ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်ပြီး ဝန်ကြီး ဦးခင်ရီ၊ ဗိုလ်ချုပ် မောင်မောင်အုန်း၊ ဒုတိယ ရှေ့နေချုပ် ဦးထွန်း ထွန်းဦး အပါဝင် မြန်မာ့ ငြိမ်းချမ်းရေး စင်တာ (MPC) မှ အကြီးတန်း အရာရှိ ဦးလှမောင်ရွှေ ခေါင်းဆောင် သည့် အဖွဲ့ဝင် အားလုံး စုစုပေါင်း ကိုယ်စာလှယ် (၁၀) ဦးခန့် ရှိပါသည်။

(NCCT) အဖွဲ့ ဖက်မှ လည်း အဖွဲ့ တာဝန်ခံ နိုင်ဟံသာ၊ ဒုတိယ တာဝန်ခံ ကချင်လွတ် လပ်ရေးအဖွဲ့ KIO မှ ဗိုလ်ချုပ် ဂွမ် မော်နှင့် ဒုတိယ တာဝန်ခံ ကရင်အမျိုးသား အစည်း အရုံး (KNU) မှ ပဒိုကွယ် ထူးဝင်းတို့ အပါအဝင် အဖွဲ့ဝင်များ အားလုံး တက် ရောက်မည် ဖြစ်ပါသည်။

(NCCT) အဖွဲ့သည် ပြီးခဲ့သည့် နိုဝင်ဘာလ (၂) ရက်နေ့က KIO ဌာနချုပ် လိုင်ဇာတွင် ပြီးဆုံး ခဲ့သော လက်နက် ကိုင်တိုင်း ရင်းသား အဖွဲ့များ၏ ပထမ အကြိမ် ညီလာခံမှ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ဘုံသဘော တူညီချက် (၁၁) ချက်ကို ဆုံးဖြတ် ခဲ့ခြင်း ဖြစ်ပါသည်။

ဤဆွေးနွေးပွဲ ပြီးဆုံးပြီးနောက် (NCCT) သည် ၄င်းတို့၏ ဒုတိယ အကြိမ် ညီလာခံကို ယခင်က (၂၀၁၄) ခုနှစ်ဇန်နဝါရီ လ (၂၀) ရက်နေ့တွင် သတ်မှတ်ထားပြီး အစိုးရအဖွဲ့နှင့် ဇန်နဝါရီလ (၂၄) ရက်မှ (၂၆)ရက်နေ့များ တွင် ကရင်ပြည် နယ် ဘာအံမြို့တွင် ထပ်မံ တွေ့ဆုံရန် ရာထားခဲ့ ကြပါသည်။

ပျဉ်းမနားမြို့ ရန်အောင် (၂) ရပ်ကွက်ရှိ ခေါက်ဆွဲဆိုင် တစ်ဆိုင်တွင် ဖုန်းအားသွင်းရာမှ အပူချိန်လွန်ကဲပြီး မီးလောင်ကျွမ်းမှုဖြစ်ပွား



ပျဉ်းမနားမြို့ ရန်အောင်(၂)ရပ်ကွက်ရှိ ခေါက်ဆွဲ ဆိုင် တစ်ဆိုင်တွင် ဖုန်းအားသွင်းရာမှ အပူချိန် လွန်ကဲပြီး ဒီဇင်ဘာ ၂၇ ရက် နံနက်(၀၅း၅၀)ချိန် ခန့်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရ သည်။


ဖြစ်စဉ်မှာ နေပြည်တော် ကောင်စီနယ်မြေ ပျဉ်းမနားမြို့ ရန်အောင်(၂)ရပ်ကွက် နယ်မြေ ၁၇ ဘုရားလမ်း အိမ်အမှတ် (၁၇/ ၁၄(က))ရှယ်ရိုစီခေါက်ဆွဲဆိုင်တွင် တယ်လီဖုန်း အားသွင်းစက် အပူချိန် လွန်ကဲရာမှ စတင်လောင်ကျွမ်းခဲ့ရာ အဆိုပါ မီးလောင်မှုကြောင့် လူနေအိမ်ငါးလုံး မီးလောင်ကျွမ်း ဆုံးရှုံးခဲ့ကြောင်း သိရသည်။

''မီးလောင်တဲ့ အချိန်မှာ ကျွန်တော်တို့ တစ်မိသားစုလုံး အိပ်မောကျတဲ့ အချိန်ဖြစ်နေတယ်။ ၀ုန်းခနဲ ပေါက်ကွဲသံကြောင့် လန့်နိုးပြီး ထကြည့်လိုက်တော့ မီးတောက်တွေက တော်တော်တက်လာနေပြီ။ အဲ့ဒီအချိန်မှာ မီးသတ်ကားတွေ ရောက်မလာသေးဘူး။ ရောက်လာတဲ့ အချိန်မှာ ပျဉ်ထောင်ပျဉ်ခင်း အိမ်လေးလုံးလောက် မီးထဲပါသွားပြီ။ စလောင်တဲ့ အချိန်မှာ လူတွေကို အသိမပေးဘဲ ကျိတ်ပြီးမီးကို ငြှိမ်းသတ်နေတယ်လို့ ထင်တယ်။ ငြှိမ်းသတ်လို့မရမှ ပတ်ဝန်းကျင်က မီးလောင်တယ်လို့ သိရတော့ ကျွန်တော်အိမ်လည်း မီးစလောင်နေပါပြီ'' ဟု ရန်အောင် (၂)ရပ်ကွက်ရှိ မီးလောင် ဆုံးရှုံးသွားသော အိမ်ပိုင်ရှင် တစ်ဦးက ပြောကြားသည်။

ပျဉ်းမနားမြို့ ရန်အောင် ၂ ရပ်ကွက်၊ နယ်မြေ ၁၇ တွင် မီးလောင်မှု ဖြစ်ပွားခဲ့သော နေရာသို့ နေပြည်တော် မီးသတ်စခန်းများမှ မီးသတ်ယာဉ် ၂၀ စီး၊ သန္ဓေ ၁၁၅ ဦး၊ အရန် ၃၀ ဦးနှင့် ငြှိမ်းသတ်ခဲ့ရာ ၆နာရီ ကျော်တွင် မီးငြှိမ်းသတ် နိုင်ခဲ့ကြောင်း သိရသည်။

တယ်လီဖုန်း အားသွင်းစက် အပူချိန် လွန်ကဲရာမှ မီးစတင် လောင်ကျွမ်းခဲ့သောကြောင့် လူနေအိမ် ငါးလုံးနှင့် လက်ဖက်ရည်ဆိုင်တို့ မီးလောင်ကျွမ်းခဲ့ပြီး ပျက်စီးဆုံးရှုံးမှု တန်ဖိုးမှာ သိန်း ၃၀၀ ကျော် ဆုံးရှုံးခဲ့ကြောင်း နေပြည်တော် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

FROM-EMG

တကယ် သပိတ်မှောက် ရဲ ရဲ့ လား အန်အယ်လ်ဒီ


၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ပြင်ဆင်ဖို့ လိုတယ်ဆိုတဲ့ အချက်ဟာ ..
လက်ရှိ မြန်မာ့နိုင်ငံရေး ဇာတ်ခုံပေါ်က အင်အားစုအားလုံး ....
သဘောတူညီမှု ရထားပြီးသား ကိစ္စတစ်ခု ပါ….
တကယ်တန်း အငြင်းပွားနေရတာကတော့ ....
ဒီအင်အားစုတွေ အကြား အကျိုးစီးပွားပေါ်မူတည်ပြီး ....
ဘယ်အချက်ကိုတော့ဖြင့် ပြင်ဆင်သင့်တယ်…
ဘယ်အချက်ကိုတော့ မပြင်ဆင်သင့်ဘူးလို့ .....
ဝိ၀ါဒ ကွဲပြားကာ ထိပ်တိုက် ရင်ဆိုင်နေရတဲ့ ပြသနာပဲ ဖြစ်ပါတယ်…


သေချာ စဉ်းစားကြည့်ရင်တော့ …
ဘယ်အချက်ကိုပဲ ပြင်ချင်သည် ဖြစ်စေ ....
အကြမ်းဖျင်း နည်းလမ်းက ၂ မျိုးပဲ ရှိပါတယ်….
လွှတ်တော်အတွင်းက ပြင်ဆင်တဲ့ နည်းလမ်းနဲ့  ...
လွှတ်တော်ပြင်ပက ပြင်ဆင်တဲ့ နည်းလမ်းပါ....

လက်ရှိ အာဏာရပါတီ ဖြစ်တဲ့ ပြည်ခိုင်ဖြိုး ပါတီ နဲ့ ....
Elected Seats ၂၅ရာခိုင်နူန်း ရယူထားတဲ့  တပ်မတော်ဟာ ....
လွှတ်တော်ပြင်ပ နည်းလမ်းကို ရွေးချယ်စရာအကြောင်း မရှိတဲ့ အတွက် ...
ထည့်သွင်း မစဉ်းစားတော့ပါဘူး…

တိုင်းရင်းသား ပါတီများ က ပြင်ဆင်ချင်တဲ့  ....
ဇယား ၁ ၂ ၃ ပါ ပြည်နယ်များရဲ့  အခွင့်အရေး ပြင်ဖို့ ကိစ္စတွေဟာလဲ ....
ဘယ်သူမှ ကန့် ကွက်သံ မကြားရတဲ့ အတွက် …
လွှတ်တော်အတွင်းကပဲ ပြင်ဆင်နိုင်ဖို့  ...
အခွင့်အလမ်း အတော်များတယ်လို့ ယူဆပါတယ်…

ဒါပေမယ့် အန်အယ်လ်ဒီ ရဲ့ အနေအထားကတော့ ...
တစ်မျိုး တစ်ဘာသာ အနေအထားလို့ ဆိုရမှာ ဖြစ်ပါတယ်…

အန်အယ်လ်ဒီက ....
ပွင့်ပွင့်လင်းလင်း ထုတ်ပြောထားပြီးသား လိုလားချက်တွေ ဖြစ်တဲ့  ...
ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ချင်တဲ့ ကိစ္စ နဲ့ ....
တပ်မတော်ရဲ့ အခန်းကဏ္ဍကို လျော့ချဖို့ ဆိုတဲ့ ကိစ္စတွေကတော့ ....
တစ်ခြားအင်အားစုတွေနဲ့ ....
အတော့်ကို ထိပ်တိုက်ရင်ဆိုင် ပြသနာများရမယ့် အချက်မျိုးတွေ ဖြစ်နေပြီး ...
လွှတ်တော်အတွင်းက ပြင်ဆင်နိုင်ဖို့ ဆိုတာကလဲ ....
လက်ရှိအနေအထားအရဆိုရင် ....
ဆောင်းတွင်းအိပ်မက် ကယောက်ကယက် လို့ ပဲ နာမည်တပ်ရမှာပါ…..

အဲဒီအခါမှာ မေးစရာရှိလာတာက ....
လွှတ်တော်တွင်းက ပြင်ဆင်နိုင်ဖို့ ...
မဖြစ်နိုင်သလောက် ဖြစ်နေပြီဖြစ်တဲ့ နောက်...
အန်အယ်လ်ဒီ ဘာဆက်လုပ်မလဲ ဆိုတဲ့  မေးခွန်းပါပဲ….

ဒီနေရာမှာလည်း အကြမ်းဖျဉ်း နှစ်ချက်ပဲ ရှိပါတယ်….
လောလောဆယ် အခြေအနေကို လက်ခံ ...
ရွေးကောက်ပွဲဝင် ၊ မဲအများစု အနိုင်ရ ...
အစိုးရ အဖွဲ့ ဖွဲ့ ကြ ...
ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ် ဆိုတဲ့ ...
အနေအထားကို ရွေးမလား …

ဒါမှ မဟုတ် ....
၂၀၀၈ အခြေခံ ဥပဒေအရ ....
ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့် မရှိတာကို ....
အတည်ပြု ကျင်းပမယ့် ရွေးကောက်ပွဲကို ....
ဝင်မပြိုင်ဘဲ နေမလား ဆိုတဲ့ အချက် ၂ နှစ်ချက် ပါပဲ ….

သေချာတာကတော့ …
လက်ရှိ အာဏာရ ပြည်ခိုင်ဖြိုးပါတီ ဟာလဲ ....
ပိစိညှောက်တောက် ပါတီလေး မဟုတ်တဲ့ အတွက်….
အန်အယ်လ်ဒီ ပါတီ ၀င်မပြိုင်လဲ ....
ရွေးကောက်ပွဲကို မဖြစ် ဖြစ်အောင် ဆက်ကျင်းပမယ် ဆိုတာ ....
ဗေဒင်မေးစရာ မလိုတဲ့ အချက်ပါပဲ …

ဒီနေရာမှာ အန်အယ်လ်ဒီ ပါတီ နဲ့ ....
----------------------------------------

တစ်ခြား မိတ်ဖက်ပါတီတွေ အထူး သတိချပ်စေလိုတာက ….
------------------------------------------------------------------

ကိုယ် ရွေးကောက်ပွဲ ၀င်မပြိုင်လဲ ….
---------------------------------------

ဝင်ပြိုင်မယ့် ပါတီတွေ တစ်ပုံကြီး ရှိနေမှာ ဖြစ်ပြီး …
----------------------------------------------------

တကယ်လို့ ၂၀၁၅ ရွေးကောက်ပွဲကို ၀င်မပြိုင်ဖြစ်ခဲ့ ရင် …..
-------------------------------------------------------------

ရွေးကောက်ပွဲ အပြီး ရင်ဆိုင်ရမယ့် ရန်သူဟာ ….
-----------------------------------------------------

ပြီးခဲ့တဲ့ ၂၂ နှစ်လုံးလုံး ကမ္ဘာကို လက်ညှိးထိုးပြီး တိုင်ပြောနေကျ ….
---------------------------------------------------------------------

စစ်အစိုးရ …ဘောင်းဘီချွတ် အစိုးရ ... ဆိုတာကြီး မဟုတ်တော့ဘဲ ….
------------------------------------------------------------------------

ပြည်သူတွေက ရွေးကောက်တင်မြှောက်လိုက်တဲ့  …
----------------------------------------------------

အရပ်သား အစိုးရ စစ်စစ် တစ်ရပ် ဖြစ်နေတော့မယ် ဆိုတာပါပဲ …
-----------------------------------------------------------------------

ဒီထက် ရှင်းအောင်ပြောရရင်တော့ ….
၂၀၁၅ နောက်ပိုင်းမှာ ...
စစ်အစိုးရ ဆိုတဲ့ စကားလုံးကို ထပ်သုံးပြီး ….
ကမ္ဘာကို လက်ညှိးထိုးပြခွင့် ရတော့မှာ မဟုတ်သလို ….
အနောက်အုပ်စု အနေနဲ့ လည်း ....
ပြည်သူတွေက ရွေးချယ်လိုက်တဲ့ အရပ်သားအစိုးရ တစ်ရပ်ကို ....
အရင်လို အတင်းအကြပ် ဖိအားပေးနိုင်ဖို့  ဆိုတာ …
အတော့်ကို ခက်ခဲတဲ့ အနေအထား ဖြစ်သွားပြီ ဆိုတာပါပဲ ….

၂၀၀၈ ခုနှစ် မေလ ....
တစ်ပြည်လုံး မဲစာရင်းကောက်ခံချက်အရ .....
တစ်နိုင်ငံလုံး လူဦးရေ ၅၇သန်းကျော် ရှိတဲ့ အနက် …
အသက် ၁၈ နှစ်ပြည့်ပြီး ....
မဲပေးပိုင်ခွင့်ရှိသူ ၂၇ သန်းကျော် ရှိပါတယ်….

ဒီ ၂၇ သန်းအနက် ....

အန်အယ်လ်ဒီက ....
တပ်မတော်ရဲ့ အခန်းကဏ္ဍကို လျော့ချမယ်လို့ ....
ကြွေးကြော်ထားပြီး ဖြစ်တဲ့ အတွက် …
အခြား ပါတီများကိုပဲ ပေးကြတော့မယ့် ....
တပ်မတော်သား အများစု နဲ့ မိသားစုဝင်တွေ ရဲ့ မဲ တွေ …

ပြည်ခိုင်ဖြိုး နဲ့ အခြားနိုင်ငံရေးပါတီများကို ပေးကြမယ့် မဲတွေ …

အမျိုးသားရေး ၀ါဒီများ ရဲ့ မဲတွေ …

တိုင်းရင်းသား ပါတီများက ရမယ့် ....
ပြည်နယ်အသီးသီးက တိုင်းရင်းသားများ ရဲ့ မဲတွေ …

လက်ရှိ အာဏာရ အစိုးရကပဲ စည်းရုံးရေး လက်လှမ်းမီနိုင်မယ့် ....
ဝေးလံသီခေါင်တဲ့ မဲဆန္ဒနယ်တွေက မဲတွေ …

ဖြည်းဖြည်းမှန်မှန် ...
အဆင့်ဆင့် ဖြေလျော့သွားရေး ကို ထောက်ခံတဲ့  ...
လူလတ်တန်းစား အများစု ပါဝင်တဲ့  ....
ကြားနေ တတိယအင်အားစုက မဲတွေ .....
စသဖြင့် အသီးသီး ချင့်တွက်လိုက်ရင် …

အန်အယ်လ်ဒီ ၀င် အရွေးမခံလို့ ….
ပြည်သူတွေ မဲ လာ မပေးကြလို့  ….
ရွေးကောက်ပွဲ အထမမြောက်ဘူး ဆိုတဲ့ ကိစ္စကလည်း …
အတော်ကို မဖြစ်နိုင်သလောက် အခြေအနေမျိုးပါ …

ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ …
၂၀၀၈ အခြေခံဥပဒေကို ကိုယ့်စိတ်ကြိုက် ပြင်ခွင့်မရလို့  …
၂၀၁၅ ရွေးကောက်ပွဲ ကို သပိတ်မှောက်မယ်ဆိုရင် …
အန်အယ်လ်ဒီ အနေနဲ့ ....
နိုင်ငံရေးအရ ...
ကိုယ့်ကိုယ်ကို သတ်သေလိုက်တာမျိုး ဖြစ်နေပြီး …
၂၀၁၅ နောက်ပိုင်းမှာ ....
စစ်အစိုးရ လို့  လက်ညှိးထိုးစရာလဲ ရှိတော့မှာ မဟုတ်တဲ့ အတွက် ….
ယခင်အစိုးရ အဟောင်းကို မုန်းတီးမှု အပေါ် ....
အခြေခံပြီး စည်းရုံးတည်ဆောက်ထားတဲ့  ပါတီဟာ ….
၂၀၂၀ ရွေးကောက်ပွဲ မတိုင်ခင်ကို ....
အစိတ်စိတ် အမွှာမွှာ ဖြစ်သွားနိုင်တဲ့  ....

၂၀၁၅ ကို သပိတ်မှောက်ခဲ့ ရင်တော့ ...
ကြိုပြီး နူတ်ဆက် ထားလိုက်ပါရဲ့ လေ…..
Good Bye ....အန်အယ်လ်ဒီ ……..။

( လွမ်းနေမယ့် ရဲမိုး )

FROM-YE MOE

ကူညီပေးပါတဲ့


Photo: ဒုက္ခိတ လေငန်းရောဂါသည် စစ်မှုထမ်းဟောင်း ပင်စင် စာအုပ်ပျောက် သဖြင့် လစာ မထုတ် ရ သည် မှာ ၁၂နှစ်ခန့်
ရှိပါပြီ။ယခုအခါ ၎င်းမှာ ခိုကိုးရာမဲ့ ဖြစ်၍ ရပ်ရွာမှပေး ကမ်းစာဖြင့် စားနေ ရပါသဖြင့် ပင်စင် ပြန် ထုတ်နိုင်ရန် ကူညီနိုင်ပါက ကူညီပေးစေလို ပါသည်
အမည် ဦးလှစိန်
အဘအမည်
ဦးအောင်ဒင်...
အမိအမည်
ဒေါ်ကျေးမျှင်
မွေးနေ့ ၁၃၁၆
ဇာတိ ရန်ကုန်
တပ်ဝင်ခုနှစ်၁၉၇၃
ပုသိမ်စုဆောင်းရေး
သင်တန်း ဖေါင်ကြီး တပ်ခွဲ၎
ကိုယ်ပိုင်အမှတ်
၃၉၆၇၃၄
တပ်ရင်း ခ လ ရ ၉၂
ပိတောင်းမြို့ခြေလျှင် တပ်ရင်း
ပင်စင်ရသည့်နှစ်
၁၉၆၈
ပင်စင်ထုတ်သည့်ဘဏ် ပုသိမ်မြို့
ယခုနေရပ် ကန်ကြီး ထောင့်မြို့နယ် ဝက်ထိုးအုပ်စု ရေတွင်းစုရွာ
ပင်စင်ပြန်ရရန် ကူညီ သူများကျွန်တော်ဖုန်း၀၉၂၅၀၄၄၃၃၅၇ သို့
ဆက်ပါက သွားပြော ပေးပါမည်။




Mwd Winnaing မှကူးယူဖေါ်ပြ

ဒုက္ခိတ လေငန်းရောဂါသည် စစ်မှုထမ်းဟောင်း ပင်စင် စာအုပ် ပျောက် သဖြင့် လစာ မထုတ် ရ သည် မှာ ၁၂နှစ်ခန့် ရှိပါပြီ။


ယခုအခါ ၎င်းမှာ ခိုကိုးရာမဲ့ ဖြစ်၍ ရပ်ရွာမှပေး ကမ်းစာဖြင့် စားနေ ရပါသဖြင့် ပင်စင် ပြန် ထုတ်နိုင်ရန် ကူညီနိုင်ပါက ကူညီ ပေးစေလို ပါသည်

အမည် ဦးလှစိန်
အဘအမည် ဦးအောင်ဒင်...
အမိအမည် ဒေါ်ကျေးမျှင်
မွေးနေ့ ၁၃၁၆
ဇာတိ ရန်ကုန်
တပ်ဝင်ခုနှစ်၁၉၇၃
ပုသိမ်စုဆောင်းရေး
သင်တန်း ဖေါင်ကြီး တပ်ခွဲ၎
ကိုယ်ပိုင်အမှတ် ၃၉၆၇၃၄
တပ်ရင်း ခ လ ရ ၉၂
ပိတောင်းမြို့ခြေလျှင် တပ်ရင်း
ပင်စင်ရသည့်နှစ် ၁၉၆၈
ပင်စင်ထုတ်သည့်ဘဏ် ပုသိမ်မြို့

ယခုနေရပ် ကန်ကြီး ထောင့်မြို့နယ် ဝက်ထိုးအုပ်စု ရေတွင်းစုရွာ

ပင်စင်ပြန်ရရန် ကူညီ သူများကျွန်တော်ဖုန်း၀၉၂၅၀၄၄၃၃၅၇ သို့ ဆက်ပါက သွားပြော ပေးပါမည်။

Mwd Winnaing မှကူးယူဖေါ်ပြ

ဒေါ်အောင်ဆန်းစုကြည် ဒဏ်ရာသက်သာ ချင်းပြည်ခရီးစဉ် မူလစီစဉ်သည့်အတိုင်း သွားမည်

ခြေထောက်နှစ်ဖက်စလုံး အသေးစားခွဲစိတ်ကုသမှု ပြုလုပ်ပြီး ၁၀ ရက်အကြာတွင် ချုပ်ရိုးဖြည်မှုပြုလုပ်ပြီး နောက် ဒီဇင်ဘာ ၂၆ ရက်တွင် ပြန်လည်သက်သာလာပြီဖြစ်၍ ဇန်န၀ါရီလဆန်းပိုင်းအတွင်း သွားရောက် ရန် စီစဉ်ထားသည့် ချင်းပြည်နယ်ခရီးစဉ်ကို သွားရောက်နိုင်ပြီဖြစ်သည်ဟု သူ၏ မိသားစုဆရာဝန် ဒေါက် တာတင်မျိုးဝင်းက မဇ္ဈိမကို ပြောသည်။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဇန်န၀ါရီ ၆ ရက်မှ ၁၀ ရက်အထိ ချင်း ပြည်နယ်သို့သွားရောက်ရန် စီစဉ်ထားခြင်းဖြစ်သည်။ မူလစီစဉ်ထားမှုအရ ဇန်န၀ါရီ ၆ ရက်တွင် ရန်ကုန်မှ ကလေးမြို့သို့ လေယာဉ်ဖြင့် ထွက်ခွာမည်ဖြစ်သည်။ ကလေးမြို့တွင် ကလေး၊ ကလေးဝ၊ မင်းကင်းမြို့ နယ် အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် တွေ့ဆုံမှုပြုလုပ်ရန်လည်း စီစဉ်ထားပြီး ယင်းမှတစ်ဆင့် ချင်းပြည် နယ်သို့ သွားရောက်မည်ဖြစ်သည်။

ချင်းပြည်နယ်သို့ ဇန်န၀ါရီ ၇ ရက်မှ ၉ ရက်အထိ သွားရောက်ရန် စီစဉ်ထားပြီး တီးတိန်မြို့နယ်၊ ဖလမ်းမြို့ နယ်များတွင် အခြေခံဥပဒေဆိုင်ရာ ဟောပြောပွဲပြုလုပ်မည်ဖြစ်သည်။ ကလေးမြို့သို့ ဒီဇင်ဘာ ၁၀ ရက် နံ နက်ပိုင်း ပြန်လည်ရောက်ရှိချိန်တွင် လူထုဟောပြောပွဲ ကျင်းပမည်ဖြစ်ပြီး ယင်းမှတစ်ဆင့် ရန်ကုန်သို့ လေ ကြောင်းခရီးဖြင့် ပြန်လည် ထွက်ခွာမည်ဖြစ်သည်။

တိုင်းရင်းသားပါတီတို့ စိတ်ဝင်စားသည်မှာ ပြည်ထောင်စုစနစ်သာဖြစ်ဟုဆို

အခြေခံဥပဒေပြင်ဆင်ရေးအတွက် အများက စိတ်ဝင်စားနေကြပြီး နိုင်ငံအကြီးအကဲဆိုင်ရာ၊ တပ်မတော် ပါဝင်မှုဆိုင်ရာ၊ သမ္မတအရည်အချင်းဆိုင်ရာ စသည့် ပုဒ်မများအပေါ် အာရုံစိုက်နေကြချိန်တွင် တိုင်းရင်း သားပါတီတို့၏ စိတ်ဝင်စားမှုကမူ ပြည်ထောင်စုစနစ် အမှန်တကယ် ကျင့်သုံးခွင့်ရရေးသာ ဖြစ်သည်ဟု ရှမ်းတိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဒုတိယဥက္ကဋ္ဌက မဇ္ဈိမသို့ ပြောသည်။


“ကျွန်တော်တို့ကတော့ ၅၉(ခ) တွေ၊ ၂၀(ဂ)တွေထက် Federalism ကိုပဲ ပိုပြီး စိတ်ဝင်စားပါတယ်။ ပြည် ထောင်စုဥပဒေပြုစာရင်း (ဇယား-၁) နဲ့ တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေပြုစာရင်း (ဇယား- ၂)၊ နောက်ပြီး ဇယား- ၃ နဲ့ ဇယား- ၅၊ အဲဒါတွေကိုပဲ စိတ်ဝင်စားတယ်။ တကယ်တော့ Federalism ဆိုတာ အာဏာခွဲ ဝေတာပါပဲ။ ပြည်နယ်နဲ့ တိုင်းဒေသကြီးအစိုးရတွေက ကိုယ့်ဒေသမှာရှိတဲ့ လုပ်ငန်းအားလုံးကို လုပ်ပြီး ပြည်ထောင်စုအစိုးရကို ပြန်ပံ့ပိုးပေးရမှာ။ တစ်နည်းအားဖြင့် ပြည်နယ်က ပြည်ထောင်စုကို လုပ်ကျွေးရ မှာ။ အခုတော့ ပြည်ထောင်စုအစိုးရက ပြည်နယ်တွေကို ခွဲတမ်းပေးဝေနေတဲ့ပုံစံ ဖြစ်နေတယ်”ဟု ပြည် သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သည့် ဦးစိုင်းဆောင်ဆီက ပြောခြင်းဖြစ်သည်။

နိုင်ငံရေးကို စိတ်ဝင်စားသူအများစုတို့က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀(ဂ)၊ ၄၂(ခ)၊ ၅၉(ခ)၊ ၃၃၇၊ ၃၃၈၊ ၄၃၆ အစရှိသည်တို့ကို စိတ်ဝင်စားနေကြပြီး တိုင်းရင်းသားပါတီများကမူ ပုဒ်မ ၉၆ ကို ရည် ညွှန်းသည့် ဇယား(၁)၊ ပုဒ်မ ၁၈၈ ကို ရည်ညွှန်းသည့် ဇယား(၂)၊ ပုဒ်မ ၁၉၆ ကို ညွှန်းသည့် ဇယား(၃)၊ ပုဒ်မ ၁၂၅ ကို ညွှန်းသည့် ဇယား(၄) နှင့် ပုဒ်မ ၂၅၄ ကို ရည်ညွှန်းသည့် ဇယား(၅) တို့ မျှတမှုရှိရေးနှင့် အပြည့်အ၀ ကျင့်သုံးနိုင်ရေးကို ပို၍ စိတ်ဝင်စားကြသည်ဆို၏။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ နောက်ဆက်တွဲဇယားများတွင် မူအားဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် များ၏ လုပ်ပိုင်ခွင့်တို့ကို ပြဋ္ဌာန်းထားသော်လည်း လက်တွေ့၌ တိတိကျကျ ဆောင်ရွက်ခွင့်မရကြောင်း၊ ဇယား(၁) နှင့် ဇယား(၂) ပါ ပြဋ္ဌာန်းချက်များသည် ညီညွတ်မှု၊ ဆီလျော်မျှတမှုမရှိဘဲ ဇယား(၁)မှ လုပ် ပိုင်ခွင့် အတော်များများကို ဇယား(၂)သို့ ပြောင်းရွှေ့ပေးရန် လိုအပ်နေကြောင်း ကျားဖြူ (SNDP) ပါတီ ၀င် သီပေါမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက မဇ္ဈိမကို ဖြေကြားသည်။

“ပြည်ထောင်စုစနစ်မှာ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေ ယူနစ်အလိုက် ဥပဒေပြုခွင့်ကို ခွင့်ပြုထားပြီးသား ပါ။ ဒါတွေကို တကယ်လွတ်လပ်တဲ့ ဥပဒေပြုအာဏာပေးဖို့ လိုပါတယ်။ ဇယား(၁)မှာပါတဲ့ ပြည်ထောင်စု ရဲ့ဥပဒေပြုခွင့်အာဏာတွေက အရမ်းများနေတော့ ပြည်ထောင်စုစနစ်နဲ့ မတူတော့ဘူး။ ဒါကြောင့် ဇယား (၁) က အတော်များများကို ဇယား(၂) ကို ရွှေ့ရမှာ”ဟု ၎င်းက ပြောသည်။

ဤသို့ ရွှေ့ပြောင်းရမည့် အကြောင်းအရာများတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့ရှိ သဘာဝအရင်းအ မြစ်များ စီမံခန့်ခွဲခွင့်နှင့်ပတ်သက်ပြီး ဗဟိုအစိုးရနှင့် ပူးပေါင်း၍ြုဖစ်စေ၊ ပမာဏတစ်ခုခုဖြင့်ဖြစ်စေ ဆောင် ရွက်ခွင့်မျိုးအား ဇယား(၂) သို့ ရွှေ့ပြောင်းသင့်ကြောင်း၊ ပြည်နယ်ရှိ အစိုးရရုံးပိတ်ရက်များ၊ ဥပမာ- တိုင်း ရင်းသားများ၏ ဘာသာရေး၊ လူမှုရေးအထိမ်းအမှတ်နေ့များအား ပိတ်ရက်အဖြစ်သတ်မှတ်ခွင့်အား ပြည် နယ်အစိုးရအဖွဲ့သို့ အာဏာလွှဲအပ်ခြင်းမျိုးလဲ ဇယား(၂)သို့ ရွှေ့သင့်ကြောင်း ပြောကြားသည်။

အမျိုးသားအကျိုးစီးပွားကို ရှေးရှုလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ- ၅၉(စ) မပြင်သင့် သမ္မတဖြစ်ခွင့် ပုဒ်မ- ၅၉(စ) သည် ပထဝီနိုင်ငံရေးနှင့်အညီ ဗိုလ်ချုပ်လမ်းစဉ်ဖြင့် ပြဌာန်းထားသည့်ဥပဒေဖြစ်ဟုဆို

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပါ ပုဒ်မ- ၅၉(စ)သည် တရုတ်၊ အိန္ဒိယကဲ့သို့ နိုင်ငံကြီးနှစ်ခုကြား ရောက်နေသည့် မြန်မာနိုင်ငံ ရေရှည်ရပ်တည်နိုင်ရေးအတွက် မြန်မာနိုင်ငံအမျိုးသား အကျိုးစီးပွားလို လား ရှေးရှုသည်ဆိုလျှင် မပြင်ဆင်သင့်ကြောင်း ဒေါက်တာဆလိုင်း ငွန်ကျုံးလျန်က ပြောသည်။


”ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၅၉(စ)ဟာ နိုင်ငံခြားသားကို လက်ထပ်သူ၊ သြဇာခံအထောက်အပံ့ ခံနေတဲ့ ဆက်နွှယ်နေသူတစ်ဦး တစ်ယောက်ကို ရည်ညွှန်းပြီး မြန်မာနိုင်ငံရဲ့သမ္မတမဖြစ်နိုင်ရေး အတွက် ပြဌာန်းရေးဆွဲထားတာ မဟုတ်ဘူး ဆိုတာကိုလည်း ပြတ်ပြတ်သား သားပြောရဲပါတယ်။ သန်း ၆ဝ ကျော်ရှိတဲ့ မြန်မာနိုင်ငံသားအားလုံး ရဲ့ အမျိုးသားအကျိုးစီးပွားကို ကြည့်ပြီး ရေးဆွဲပြဌာန်းခဲ့သလို၊ ဗိုလ်ချုပ် အောင်ဆန်းကိုယ်တိုင်က တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံနှစ်ခုကြားမှာ မုန့်ဖက်ထုပ်လေး တစ်ခု လို ဖြစ်နေတဲ့ ကျွန်တော်တို့တိုင်းပြည် ရေရှည် ရပ်တည်နိုင်ရေးအတွက် ချမှတ်ထားတဲ့ လမ်းစဉ်ကို အခြေခံပြီး ရေးဆွဲထားတယ်ဆိုတာကို ပြောရဲပါတယ်”ဟု ဒေါက်တာ ဆလိုင်းငွန်ကျုံးလျန်က ပြောသည်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၅၉(စ)အရသမ္မတ ဖြစ်နိုင်သူအချို့ သမ္မတမဖြစ်နိုင်သောအနေ အထားမျိုးရှိခဲ့ပြီး ထိုအနေအထားမျိုးတွင် တစ်ဦးတစ်ယောက်အား အခွင့်ထူးခံအဖြစ် သတ်မှတ်ပြီး ထို သူ သမ္မတဖြစ်နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၅၉(စ) ကို ပြင်ရမလား၊ ဖြုတ်ရမလားဆို သည့် မေးခွန်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာလိုက်စား သင်ယူနားလည်သူများအဖို့ မကြားဝံ့၊ မဖြေဝံ့သော မေးခွန်း တစ်ခုဖြစ်ကြောင်း ယင်းက ဆို သည်။

ပုဒ်မ-၅၉ (စ)ကို ပုဂ္ဂိုလ်ရေး ခံစားချက်များဖြင့် တစ်ဦးတစ်ယောက်အတွက် ဦးတည်ပြင်ခဲ့ပါက သမ္မတ သက်တမ်း အလွန်ဆုံး ၂ ကြိမ်စာအတွက် ၁ဝ နှစ်၏ နောက်ပိုင်းတွင် အခြားသောတိုင်းတစ်ပါးသား လက်အောက်ခံသြဇာခံဆက်နွှယ်နေသူများ မြန်မာ့နိုင်ငံရေးတွင် ပါဝင်ပတ်သက်လာလျှင် မြန်မာ့နိုင်ငံ ရေးအလားအလာ ဆုတ်ယုတ်နိုင်မည်ဟု သုံးသပ်သူများရှိသကဲ့သို့ အချို့ကလည်း မိဘနှစ်ပါးနိုင်ငံ သားဖြစ်လျှင် သမ္မတဖြစ်ခွင့်အတွက် ပြည့်စုံသည်ဟူသော သုံးသပ်ချက် များနှင့်စပ်လျဉ်းပြီး ဒေါက်တာ ဆလိုင်းငွန်ကျုံးလျန်က ”မိဘနှစ်ပါး နိုင်ငံသားဖြစ်ရင် လုံလောက်ပါပြီဆိုတဲ့ အတွေးတွေက ဘင်္ဂလား ပင်လယ်အော်ကို မကျော်နိုင်တဲ့အတွေးလို့ စကားနာနာနဲ့ပဲ ပြောပါ ရစေ။ ကျွန်တော့်မိဘနှစ်ပါးက မြန်မာနိုင်ငံသားဖြစ်ပေမယ့် ကျွန်တော်က အမေရိကန်နိုင်ငံသား ခံယူခဲ့ပြီး နိုင်ငံသားခံယူချိန်မှာ အမေ ရိကန်နိုင်ငံ အမျိုးသားအကျိုးစီးပွားကို အသက်စွန့်ကာကွယ်ပါ့မယ်လို့ ကျမ်းကျိန်မှ အမေရိကန် နိုင်ငံသားခံယူခွင့်ရတာဖြစ်တာကြောင့်၊ အဲလိုတခြားနိုင်ငံတစ်ခုအမျိုးသားအကျိုးစီးပွားကို အသက်ပေး ကာကွယ်ဖို့ ကျမ်းကျိန်ထားသူဟာ မြန်မာ့နိုင်ငံရေးထဲဝင်ပါရင် သင့်တော်ပါ့မလားဆိုတာ မြန်မာ နိုင်ငံ အမျိုးသားအကျိုးစီးပွားကို ဦးထိပ်ထားသူတိုင်း ဖြေဆိုရမယ့် မေးခွန်းဖြစ်သလို၊ အခြားနိုင်ငံတစ်ခုရဲ့ အမျိုးသားအကျိုးစီးပွားကို အသက်ပေးကာကွယ်ဖို့တာဝန်ရှိတဲ့သူတွေနဲ့ သွေးသားအရ ဆက်နွှယ် နေသူဟာ မြန်မာနိုင်ငံသမ္မတ လုပ်သင့်လားဆိုတာလည်း မြန်မာနိုင်ငံ အမျိုးသားအကျိုးစီးပွားကို နား လည်သူတိုင်းက ဆုံးဖြတ်ရမှာဖြစ်ပါတယ်” ဟု ဖြေသည်။

အရှေ့ဘက်မှ တရုတ်၊ အနောက်ဘက်မှ အိန္ဒိယတို့ကဲ့သို့ လူဦးရေထူထပ်သော နိုင်ငံကြီး နှစ် နိုင်ငံ အလယ်တွင် သန်းခြောက်ဆယ်သာရှိသော မြန်မာနိုင်ငံအနေဖြင့် လူ တစ်ဦးတစ်ယောက်ကို လေးစား ကြည်ညိုသည့် အကြောင်းပြချက်ကြောင့် သမ္မတဖြစ်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ-၅၉(စ) ကို ပြင်မည် ဆိုပါက တိုင်းပြည်ကို မချစ်ရာကျသလို လူတစ်ဦးတစ်ယောက်ကို ကိုးကွယ်ရာရောက်သည်ဟု ယူဆ ကြောင်းယင်းကဖြည့်စွက်ပြောသည်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား လူထုသဘောဆန္ဒအရ ပြင်လိုကပြင်နိုင်သော်လည်း ပုဒ်မ- ၅၉ (စ)အားပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း ပြုလုပ်ခဲ့မည်ဆိုပါက ရင်ဆိုင်ရမည့်ဆိုးကျိုးများကို သုံးသပ်ရာတွင် ”၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံမှာ ပါတဲ့အချက်အားလုံးကို ပြင်လို့ရပါတယ်။ ပြင်သင့်တဲ့ဟာတွေလည်း အများကြီးရှိသော်လည်း အချိန်အခါကြည့်ပြီးပြင်ရမှာဖြစ်သလို၊ မပြင်ခင်မှာလည်း ကျေကျေ ညက် ညက် ဖတ်ရှုလေ့လာဖို့လိုတယ်။ ပုဒ်မ- ၅၉ (စ) ကိုတော့ မပြင်သင့်ပါဘူး။ ဘာဖြစ်လို့လဲမေးရင် မြန်မာနိုင်ငံကို ချစ်လို့ မပြင်သင့်ဘူးလို့ယုံကြည်လို့ပါ။တကယ်လို့များ ပုဒ်မ- ၅၉(စ) ကို ဖြုတ်ပစ်ခဲ့ရင် နိုင်ငံခြားသားသြဇာခံတွေ လွှတ်တော် ထဲရောက်လာကြ၊ လုပ်ချင်ရာလုပ်ပြီး ပြဿနာဖြစ်ရင် တခြား နိုင်ငံမှာ နိုင်ငံသားအဖြစ် ကျမ်းသစ္စာကျိန်ဆိုထားတဲ့သူတွေက ဝင်ကယ်ကြရင်းနဲ့ မြန်မာပြည်ကြီးဟာ နိုင်ငံရေး သုတေသနအပြုခံရတဲ့ တိုင်းပြည်တစ်ခုဖြစ်လာမယ်။ နိုင်ငံခြားသား မခံယူထားတောင်မှ သားနဲ့သမီးတွေက နိုင်ငံခြားသားဖြစ်တဲ့အတွက် ပြဿနာဖြစ်တိုင်း တာဝန်သိတတ်တဲ့ နိုင်ငံခြား တိုင်းပြည်တွေက မြန်မာ့အရေးကို Immediate Family အရေးဆိုပြီး ဝင်ရှုပ်တဲ့အခါ အင်အား မရှိသေးတဲ့ ကျွန်တော်တို့တိုင်းပြည်ဘက်က ပေးဆပ်ဖို့သက်သက်ပဲ ရှိပါ တယ်”ဟု ဒေါက်တာဆလိုင်း ငွန်ကျုံးလျန်က ဆက်လက်ဖြေကြားသည်။

တဖန် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးကလည်း ယင်းတို့အနေဖြင့် ဒေါ်အောင် ဆန်းစုကြည်၏ နိုင်ငံရေးလှုပ်ရှား မှုများကို ၈၈ ကျောင်းတွင်းလှုပ်ရှားမှု၊ ၈၈ လူထု အရေးတော်ပုံ ကာလ တည်းက ပံ့ပိုးကူညီခဲ့သလို၊ ဒေါ်အောင်ဆန်းစုကြည်ကို လူထုလေးစားကြည်ညိုရသည့် ခေါင်းဆောင် တစ်ယောက်၊ မြန်မာ့နိုင်ငံရေး ပြဿနာဖြေရှင်းရန် ကာချုပ်၊ သမ္မတကဲ့သို့ တန်းတူအရေးပါသော ထိပ်ခေါင်းဆောင်အဖြစ် ရှုမြင်ကြောင်း၊ သမ္မတဖြစ်ခွင့် ပုဒ်မ- ၅၉(စ)ပြင်ဆင်ရေး၌ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပါရှိသော အပိုဒ် တစ်ပိုဒ်၊ စကားလုံးတစ်လုံး သည်ပင်လျှင် ပြည်သူ သန်း ၆ဝ ရှိလျှင် သန်း ၆ဝ၊ သန်း ၆ဝဝရှိလျှင် သန်း ၆ဝဝ လုံးနှင့်သက်ဆိုင်ပြီး ထို့ထက် ပို၍ နောက်မျိုးဆက်နှင့်ပါ သက်ဆိုင် သောကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အတွက် မည်သို့ ပြင်မည်နည်း၊ မည်သည့်အချိန် ပြင် မည်နည်း၊ မည်ရွေ့မည်မျှပြင်မည်နည်း ဆိုသောအချက်မှာ နိုင်ငံသား အားလုံး ချင့်ချင့်ချိန်ချိန်၊ စဉ်းစဉ်း စားစားဆောင်ရွက်သင့်ကြောင်း ပြောသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် တိုင်းပြည်အတွက် လိုအပ်သောမူဝါဒများ အကောင် အထည် ဖော်ရေးနှင့် မြန်မာ့ဒီမိုကရေစီအရေးအတွက် အနစ်နာခံစွန့်လွှတ်ပေးဆပ်သူများအတွက် သမ္မတ ဖြစ်လိုကြောင်း၊ မိမိကို သမ္မတမဖြစ်အောင် ပိတ်ပင်တားဆီးထားသောအခြေခံဥပဒေကို ကန့်ကွက်ပြီး မည်သည့်အခြေခံဥပဒေမျှ လူတစ်ဦးတစ်ယောက်ကို ရည်ရွယ်ပြီး မရေးဆွဲသင့်ကြောင်း သြစတြေးလျ နိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်ခဲ့သော ခရီးစဉ်အတွင်း ပြောကြားခဲ့သည်။

လွှတ်တော်က ပြဌာန်းထားသည့်ဥပဒေတိုင်း ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်ရန် လိုအပ် ပြီး ၂ဝဝ၈ အခြေခံဥပဒေ အသက်မဝင်ခင် ပြဌာန်းထားသော တည်ဆဲဥပဒေအားလုံးသည်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ရမည်ဖြစ်သည်။ မညီညွတ်ခဲ့ပါ က ဥပဒေသဘောသဘာဝအရ ပျက်ပြယ်သလို၊ လွှတ်တော်များက ပျက်ပြယ်အောင် လုပ်ဆောင်မှုများ ပြုလုပ်ရမည်ဖြစ်သောကြောင့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်၍ မည်သည့်ဥပဒေမျှ ပြဌာန်းနိုင်ခွင့်မရှိပေ။ ပြဌာန်း ခဲ့သည်ရှိသော် ၂ဝဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေကို ဦးစွာပြင်ပြီးမှသာ ပြဌာန်းနိုင်မည် ဖြစ်သည်။ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်သည် အင်္ဂလန်နိုင်ငံသား ဒေါက်တာမိုက် ကယ်အဲရစ်နှင့် လက်ထပ်ခဲ့ခြင်း၊ သား ၂ ဦးမှာ ဗြိတိန်နိုင်ငံသားများ ဖြစ်နေခြင်းတို့ကြောင့် လာမည့် ၂ဝ၁၅ ရွေးကောက်ပွဲတွင် သမ္မတ ဖြစ်ရေးကို အဟန့်အတားဖြစ်နေသည်။

From: မြန်မာ့နိုင်ငံရေးဆောင်းပါးများ

ငြိမ်းချမ်းရေးဆောင်လုပ်ဆောင်နေချိန်တွင် KIA မှ ၄င်းထိန်းချုပ်နယ်မြေတွင်းရှိ ပြည်သူများထံမှ ဆက်ကြေးများကောက်ခံနေ



ဒီဇင်ဘာ ၂၅ ရက်က ကချင်ပြည်နယ် KIA ထိန်းချူပ် နယ်မြေအတွင်း ဆယ်ဇင်းကျေးရွာတွင် KIA မှ ၄င်းရွာအတွင်းရှိဆိုင်များအား တစ်ဆိုင်လျှင် ၁၅၀၀၀၀ ဆက်ကြေး လိုက်ကောက်ခဲ့ကြောင်း သိရသည်။


ဆယ်ဇင်းရွာသားတစ်ဦး၏ ပြောကြားချက်အရ “အရင်က ဒါမျိုးမရှိဖူးပါဘူး။ KIA ကိုဆပ်ကြေးပေး ရတာ ဆိုလို့ရွှေဆိုင်တွေ လောင်းကစားဒိုင်တွေနဲ့ ဘိန်းခန်းပိုင်ရှင်တွေ ကြက်ခန်းတွေပဲပေးရတာပါ။ သူတို့က နစ်နေအောင်ရလို့ပေးနိုင်တာပေါ့ဗျာ။ အခု ကျနော်တို့လို သာမန်အထည်ဆိုင်လေးတွေတောင် ၁၅၀၀၀၀ ကောက်တာဆိုတော့ အရမ်းများပါတယ်ခင်ဗျာ။ ခေတ်မကောင်းလို့ ဈေးရောင်း မကောင်းတဲ့အထဲ ဒီငွေကြေးက ကျနော်တို့ ပြည်သူတွေကို ၀န်ထုပ်ဝန်ပိုးဖြစ်စေပါတယ်”ဆက်ကြေး လိုက်ကောက် နေတဲ့သူတွေကလဲ ရပ်ရွာဂေါပကအဖွဲ့ဝင်လူကြီးတွေပါ။ ဦးမျိုး ခေါင်းဆောင်ပီး လိုက်ကောက် နေပါတယ်။ ကျတော်တို့ပြည်သူတွေကို ကားလမ်းမှာလဲ ဆပ်ကြေးကောက် ရပ်ရွာထဲမှာလဲ ဆပ်ကြေးကောက်နဲ့ အရမ်းဒုက္ခရောက်နေကြလို့ သက်ဆိုင်သူများ၊ တာဝန်ရှိသူများအနေနဲ့ ကူညီဖြေရှင်း ပေးဘို့ တောင်းဆိုပါတယ်။

တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးဆောင်ရွက်နေစဉ်ကာလအတွင်း ပြဿနာမဖြစ်အောင်ဆောင် ရွက် နေမှုကိုအခွင့်ကောင်းယူကာ KIA အနေဖြင့် ၄င်းထိန်းချုပ်နေမြေအတွင်း ရှိ ပြည်သူများအား လက်နက် အားကိုးဖြင့် အနိုင်ကျင့်နေခြင်းပင်ဖြစ်သည်။

အာဏာရှင် ကြီး ရဲ့ ချက်ချင်းပြင်



လူကြီး(၁)။ ။မောင်ရင် အဲ့သည့်ကားကို ချက်ခြင်း ပြင်!
. . .

ဝပ်ရှော့ဆရာ။ ။ဘယ်အပိုင်းက ပျက်နေတာလဲ ဆရာ 
အခုလဲ ကားကသွားနေတာပဲဥစ္စာ
ဘက်ထရီလား
ရှော့ဘားလား
မော်တာလား
အလိုင်းမင်းလား
ဝါယာရိန်းလား
အင်ဂျင်လား
လားလားလား???
. . .


လူကြီး(၁)။ ။အဲ့ဒါတော့ ငါလဲမသိဘူးကွ ဘာပဲပြောပြော အဲ့လိုသွားနေတာကို ငါမကြိုက်ဘူးကွာ ချက်ခြင်း ပြင်ကွာ ချက်ခြင်းပြင် ဒါပဲ
. . .

လူကြီး(၂)။ ။ကြာပါတယ်ကွာ တစ်စင်းလုံး မူလီတလုံးမကျန် အစကနေပြန်ဖြုတ် ပြန်ဆင်ကြမယ်
. . .

လူကြီး(၁)။ ။အဲ့လိုလုပ်လို့ မရဘူးလေဗျာ ပြင်ရုံဆိုရပါပြီ တစစီပြန်ဖြုတ်ပြီးရင် ခင်ဗျားကြီးက ပြန်ဆင် တတ်လို့လား မရဘူးဗျာ ပြင်ရုံပဲပြင် ချက်ခြင်းပြင်
. . .

လူကြီး(၂)။ ။မရဘူးကွာ ချက်ခြင်းဖြုတ် တစစီဖြုတ်
. . .

လူကြီး(၁)။ ။ချက်ခြင်းပြင်
လူကြီး(၂)။ ။ချက်ခြင်းဖြုတ်
လူကြီး(၁)။ ။ချက်ခြင်းပြင်
လူကြီး(၂)။ ။ချက်ခြင်းဖြုတ်
လူကြီး(၁)။ ။ချက်ခြင်းပြင်
လူကြီး(၂)။ ။ချက်ခြင်းဖြုတ်
. . .

ဝပ်ရှော့ဆရာ။ ။ကဲကဲ တော်ကြပါတော့ တော်ကြပါတော့ ခင်ဗျားတို့အရင် ညှိလိုက်ဦး သေချာတော့မှ ကျုပ်ကိုလာပြော ပြင်ရမလား ဖြုတ်ရမလား ဘယ်အပိုင်းကို ဘာလုပ်ရမယ်ဆိုတာကို သေချာပြော ဟုတ်ပြီ လား ဒီမှာ အလုပ်ဆက်လုပ်လိုက်ဦးမယ် ကားက သံချေးတွေခွာရဦးမယ်ဗျာ ကြွ ကြွ

(ဘယ်အာဏာရှင်သေလို့ ဝင်စားတဲ့လူတွေလဲ မသိပါဘူးဗျာ)

ကိုဆေး

ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးအဖွဲ့ ဖွဲ့စည်း



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်ရဲ့ လုံခြုံရေးအတွက် အဖွဲ့ချုပ်ဗဟို အလုပ်အမှု ဆောင်အဖွဲ့က လုံခြုံရေးအထောက်အကူပြုအဖွဲ့ ဖွဲ့စည်း ပြီး တာဝန်ပေးလိုက်ပါတယ်။


Daw Su Securityမိတ္တီလာအမတ် တပ်မတော် အရာရှိ ဟောင်း ဦးဝင်းထိန် ခေါင်းဆောင်တဲ့ အဖွဲ့ကို ပါတီ ဥက္ကဋ္ဌရဲ့ လုံခြုံရေးအဖွဲ့ ဖွဲ့စည်းတာဝန်ယူဖို့ ဒီဇင်ဘာ ၂၆ ရက်က ပြုလုပ်တဲ့ ဗဟိုအလုပ်အမှုဆောင် အစည်း အဝေးက ဆုံးဖြတ်လိုက်တာပါ။

ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မကြာသေးခင်ကမှ ခြေထောက်ခွဲစိတ် ကုသမှုခံယူ ထားတာဖြစ်ပြီး သူ့ရဲ့ လုံခြုံရေးအခြေအနေ စိုးရိမ်ရတယ်ဆိုတဲ့ သတင်းတွေကတော့ ကြားသိရခြင်း မရှိပါ ဘူး။

အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင် ဦးဝင်းမြင့်ကတော့ ဥက္ကဋ္ဌလုပ်ငန်းတွေ အထောက်အကူပြုနိုင်ဖို့ အဓိက ရည်ရွယ်ဖွဲ့လိုက်တာဖြစ်ပြီး သုတေသနအဖွဲ့ ဖွဲစည်းဖို့ ရှိတယ်လို့ ပြောပါတယ်။

ဥက္ကဋ္ဌလုံခြုံရေး အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ပေးခံရတဲ့ ဦးဝင်းထိန်ကတော့ လုံခြုံရေးအတွက် သူလုပ်မယ့် အစီအစဉ်ကို ခုလို ပြောပါတယ်။

“ခါတိုင်းလိုပဲ ဒေါ်အောင်ဆန်းစုကြည်နားက အနီးကပ်လုံခြုံရေးတွေရယ်၊ နောက်ပြီးတော့ တနေရာကနေ တနေရာသွားမယ်ဆိုရင် ဒေသဆိုင်ရာ လူငယ်တွေ၊ လူကြီးတွေနဲ့ တွဲပြီး အလုပ်လုပ်ရမှာပါ။ နောက်တချက်က ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ကိုယ်စားလှယ် ဖြစ်နေတဲ့အတွက် သက်ဆိုင်ရာ သတင်းတပ်ဖွဲ့တို့၊ ရဲတို့ကလည်း တာဝန်ယူပြီးလုပ်တော့ သူတို့နဲ့လည်း ညှိနှိုင်းပြီး ဆောင်ရွက်ရမှာပေါ့။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို အစိုးရဘက်က အခမ်းအနားတွေဆိုရင် လာပြီး ကူညီပါတယ်။ ခရီသွားတယ်ဆိုရင်လည်း သက်ဆိုင်ရာ ဒေသတွေက မသိမသာ တာဝန်ယူပေးတဲ့ ကဏ္ဍတွေ ရှိတယ်။ ဒါပေမယ့် ကျနော်တို့ လူငယ် လုံခြုံရေး ခေါင်းဆောင်ပါသွားတဲ့ ကလေးတွေနဲ့ သူတို့နဲ့ အဆက်အသွယ်ရှိ ပြီးတော့ ဘယ်လိုလုပ်ရမယ်ဆိုတာတွေကို အမြဲတမ်းညှိနှိုင်းပြီး ဆောင်ရွက်တာ ရှိပါတယ်။ ကျနော်တို့က အစိုးရဘက်ကို ဒေါ်စု လုံခြုံရေးအတွက် သတ်သတ်မှတ်မှတ် လုပ်ပေးပါလို့ မတောင်းဆိုဘူး။ ဒါပေမယ့် သူသွားလေရာ ဒေသတိုင်းမှာ ရှိတဲ့ ရဲတို့၊ အက်စ်ဘီတို့ ထောက်လှမ်းရေးရှိရင်လည်း ထောက်လှမ်းရေး တွေက ၀ိုင်းဝန်းကူညီပြီးတော့ ကျနော်တို့နဲ့ လက်တွဲ ဆောင်ရွက်တဲ့ သာဓကတွေ အများကြီး ရှိခဲ့ပါတယ်။”

ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို ၁၉၈၈-၈၉ ကာလက သုံးရောင်ခြယ် လူငယ် တွေက တာဝန်ယူခဲ့ပြီး၊ ၁၉၉၅-၉၆ လောက်ကစပြီး သုံးရောင်ခြယ် လူငယ်အဖွဲ့နဲ့ အန်အယ်လ်ဒီလူငယ်တို့ ပူးပေါင်း တာဝန်ယူခဲ့ကြပါတယ်။ အခု ၂၀၁၀ နောက်ပိုင်းမှာတော့ အန်အယ်လ်ဒီ လူငယ်တွေကပဲ တာဝန်ယူ လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။

ယခင်စစ်အစိုးရလက်ထက် ၂၀၀၃ ခုနှစ်မေလက စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဒီပဲယင်းမှာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ယာဉ်တန်း အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရဖူးပြီး သမ္မတ ဦးသိန်းစိန် လက်ထက်မှာတော့ အန္တရာယ် ကြီးကြီးမားမား ကြုံတွေ့ခဲ့ရတာ မရှိခဲ့ပါဘူး။ 

NLD ၏ ဖွဲ့စည်းပုံ အခြေခံပြင်ဆင်ရေးကြေငြာချက်

အခြေခံဥပဒေ ပြင်ဆင်ရေး စာမျက်နှာ NLD ၏ပြည်သူများသိရှိစေရန် ဖွဲ့စည်းပုံ အခြေခံပြင်ဆင်ရေးကြေငြာချက်
------------------------------------------------------------------------


၁ ။ နိုင်ငံတော်၏ အခြေခံမူများတွင် "နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည် " ဟုချမှတ်ထားခြင်း ။ ။ ပုဒ်မ - ၆ (စ)

၂ ။ နိုင်ငံတော်သမ္မတနှင့် ဒုသမ္မတများ၏ အရည်အချင်းများတွင် " စစ်ရေးအမြင်ရှိရမည် " ဟူသော အချက် ကို ထည့်သွင်းထားခြင်း ။ ။ ပုဒ်မ ၅၉ (ဃ )

၃။ ဥပဒေရေးတွင် ပြည်ထောင်စုလွှတ်တော် ၊ တိုင်းဒေသကြီးလွှတ်တော် နှင့် ပြည်နယ်လွှတ်တော်များတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းမည့် တပ်မတော်သား ၂၅ ရာခိုင်နှုန်း ပါဝင် နေခြင်း ။ ပုဒ်မ - ၁၀၉ (ခ) ၊ ၁၄၁ (ခ) ၊ ၁၆၁ (ဃ)

၎ ။ လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယ၀န်ကြီးများအဖြစ် ခန်.အပ် တာဝန်ပေးခြင်းခံရပါက လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နှုတ်ထွက်ပီး ဖြစ်သည်ဟု သတ်မှတ်ထားပြီး ကာကွယ်ရေး ၊ ပြည်ထဲရေး ၊ နယ်စပ်ရေးရာဝန်ကြီးဌာနများအတွက် ခန့်အပ်ထားသော တပ်မတော်သား ကိုယ်စားလှယ်များကို အငြိမ်းစားယူရန် (သို.မဟုတ် ) နှုတ်ထွက်ရန်မလိုဟု သတ်မှတ်ထားခြင်း ။ ပုဒ်မ - ၁၀၉ (ခ) ၊ ၁၄၁ (ခ) ၊၁၆၁ (ဃ )

၅ ။ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယ၀န်ကြီးများ ခန်.အပ်တာဝန်ပေးခြင်းနှင့်စပ်လျင်းပြီး ကာကွယ်ရေး ၊ ပြည်ထဲရေး ၊နယ်စပ်ရေးရာဝန်ကြီးဌာနများအတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံမှ သင့်လျော် သည့် တပ်မတော်သားများ၏ အမည်စာရင်းကို နိုင်ငံတော်သမ္မတက ရယူခြင်း ။ ။ ပုဒ်မ - ၂၃၂ (ခ) (၂ )

၆ ။ ပြည်ထောင်စုဝန်ကြီး၏ အရည်အချင်းများနှင့် မပြည့်စုံကြောင်း အထင်အရှား မပြနိုင်ပါက ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံတော်သမ္မတမှ အမည်စာရင်းတင်သွင်းသည့်ပုဂ္ဂိုလ်အား ပြည်ထောင်စု ၀န်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးရန် ငြင်းပယ်ခွင့်မရှိစေရ ။ ။ ပုဒ်မ - ၂၃၂ (ဃ)

၇ ။ ရာထူးမှနုတ်ထွက်ရမည့် တပ်မတော်သား ၀န်ကြီး ဒုတိယ၀န်ကြီးတို.နှင့်ပတ်သက်လျှင် နိုင်ငံတော် သမ္မတသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ညှိနှိုင်းဆောင်ရွက်ရမည်။ ပုဒ်မ - ၂၃၅ ( ဂ ) ( ၂ )

၈ ။ အုပ်ချုပ်ရေးကဏ္ဍတွင် ပြည်ထောင်စု ၊ တိုင်းဒေသကြီး ၊ပြည်နယ် ပြည်ထောင်စုနယ်မြေနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ စီရင်စုတို့တွင်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်တင်သွင်းမည်. တပ်မတော် သားများ ပါဝင်နေခြင်း ။ ။ပုဒ်မ ၂၆၂ (က ) ( ၂ ) ၊( ခ ) ပုဒ်မ - ၂၆၄ ( ခ ) ( ၁ ) ( ၂ )

၉ ။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို ( ၁၁ ) ဦးဖြင့် ဖွဲ.စည်းထားရာ ဒုတိယ သမ္မတ ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၊ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ ပြည်ထဲရေးဝန်ကြီးဌာန ၀န်ကြီး ၊ နယ်စပ်ရေးရာဝန်ကြီး ၊ စုစုပေါင်း ( ၆ ) ဦးတို့ဖြင့် မဲအများစုကို တပါတည်း ယူထားခြင်း ။ ပုဒ်မ - ၂၀၁

၁၀ ။ တပ်မတော်သည် တပ်ပိုင်းဆိုင်ရာအားလုံးကို လွပ်လပ်စွာ စီမံ ခန့်ခွဲ စီရင် ဆောင်ရွက်ပိုင်ခွင့် ရှိနေ ခြင်း ။

၁၁ ။ လက်နက်ကိုင်အဖွဲ.အစည်းအားလုံးသည် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင် ရှိရမည်ဟု ထည့်သွင်း ထားခြင်း ။ ပုဒ်မ - ၃၃၈

၁၂ ။ အရေးပေါ်အခြေအနေပေါ်ပေါက်လာလျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အာဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ပြဌာန်းချက်မျာညးနှင့်အညီ ရယူသုံးစွဲခွင့်ရှိခြင်း

၁၃ ။ ဖွဲ.စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး ၏ ၇၅ ရခိုင်နှုန်း ကျော်မှ ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရမည်ဟု မည်သို့မျှ ပြင်ဆင်ခွင့်မရအောင် သတ်မှတ်ထားခြင်း ။ ပုဒ်မ - ၄၃၆

၁၄ ။ပြည်ထောင်စုလွှတ်တော်သည် သက်တမ်းကုန်ဆုံးချိန်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ ယင်း၏လုပ်ငန်းဝတ္တရားများ ဆောင်ရွက်ရန်မပြီးပြတ်သေးကြောင်း အထောက်အထားနှင့်တင်ပြလာပါက ထပ်ဆောင်းခွင့်ပြုကာလ ( ၆ ) လခွင့်ပြုနိုင်သည် ။ ထပ်ဆင့်တိုးပေးချိန် နောက်ထပ်တကြိမ် ( ၆ ) လ ပေးနိုင်သည် ။ နှစ်ကြိမ်ထိပေးပိုင်ခွင့် ရှိသည်ဟူသော အန္တရာယ်အလွန်ကြီးမားသည့် တဖက်သတ် ရေးဆွဲထားခြင်းများ ပါရှိနေခြင်း။ ပုဒ်မ - ၄၂၁ (ခ ) ၄၂၅ စသည်တို.ဖြင့် အချုပ်အခြာ အာဏာသည် ပြည်သူလူထုထံမှ ဆင်းသက်ရမည်ဟူသော ဒီမိုကရေစီမူများနှင့် ညီညွတ်ခြင်းမရှိဘဲ တဖက်သတ် ရေးဆွဲထားသည်ကို တွေ.ရသည် ။

ဗဟိုအလုပ်မှုဆောင်အဖွဲ. အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အမှတ် ( ၉၇ ၊ ခ ) အနောက်ရွှေဂုံတိုင်လမ်း ဗဟန်းမြို့နယ် ၊ ရန်ကုန်မြို့။