Thursday, December 19, 2013

ဖွဲ့စည်းပုံ မပြင်လျှင် ၂၀၁၅ ရွေးကောက်ပွဲ ဒေါ်အောင်ဆန်းစုကြည် မဝင်



ဖွဲ့စည်းပုံ အခြေခံဥပဒေကိုသာ ပြန်လည် ပြင်ဆင် နိုင်ခြင်းမရှိလျှင် ဂုဏ်သိက္ခာရှိရှိ ဖြင့် ရပ်တည် နေသော နိုင်ငံရေးသမားများအနေဖြင့် လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲသို့ ၀င်ရောက်လှုပ်ရှားမှု မပြုသင့်တော့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ခြင်းသည် လက်ရှိ ဦးသိန်းစိန်အစိုးရက ပြောနေသော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ တိုးတက်မှုမရှိကြောင်း သက်သေပြသခြင်း ဖြစ် သည်။


ဒီဇင်ဘာ ၁၃ ရက်နေ့က သာယာဝတီမြို့တွင် ကျင်းပသော ဖွဲ့စည်းပုံအခြေခံ ဥပဒေ လူထုဆွေးနွေးပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က “ဒီရွေးကောက်ပွဲက အရမ်းစွန့်စားရတဲ့ အရာတစ်ခုပါ။ အဲဒါကို မပြင်နိုင်ဘူးဆိုရင် ပြည်သူကို ကိုယ်စားပြုရမယ့် ကျမအတွက် ဘာမှ ဂုဏ်သိက္ခာရှိမှာ မဟုတ်ဘူး။ အဲဒါအတွက် ကျမ မ၀င်ချင်ဘူး။ ဒါ့ကြောင့် ဂုဏ်သိက္ခာရှိတဲ့ သူတွေအနေနဲ့ လည်း ဒီဖွဲ့စည်းပုံနဲ့တော့ မ၀င်သင့်ဘူး” ဟု ပြောဆိုခဲ့ခြင်းသည် ယခင်စစ်အစိုးရက ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းအပြီး အတည်ပြုပြဌာန်းခဲ့သော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် ဆန္ဒ မပြင်းပြသော ဦးသိန်းစိန်အစိုးရနှင့် မြန်မာ့တပ်မတော်အပေါ် အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်၏ နောက်ဆုံးဖိအားဖြစ်သည်။

မကြာသေးမီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က နိုငင်ငံတော်သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း တို့နှင့်အတူ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးအတွက် လေးပွင့်ဆိုင်ဆွေးနွေးပွဲမျိုး ပြုလုပ်ဖို့ တောင်းဆိုခဲ့သော်လည်း အစိုးရဘက်က မဖြစ်နိုင်သေးကြောင်း အကြောင်းပြန်ခဲ့သည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ယခု ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် လူပုဂ္ဂိုလ် တဦးတယောက်အတွက်၊ အဖွဲ့အစည်းတရပ် အတွက် ရေးဆွဲထားတာ မဟုတ်ပဲ ပြည်ထောင်စုတိုင်းရင်းသား အားလုံးအတွက် လူတန်းစားအလွှာ အသီးသီးမှ ပါဝင်သည့် ပြည်သူ့ ကိုယ်စားလှယ်များက စနစ်တကျရေးဆွဲထားခြင်းဖြစ်ကြောင်း ဒီဇင်ဘာ ၁၅ ရက်နေ့က ပြောဆိုခဲ့သလို တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်မည်ဟုလည်း အကြိမ်ကြိမ် ပြောဆို ဖူးသည်။

ဒေါ်အောင်ဆန်းစုကြည်က သာယာဝတီတွင် မိမိတို့အနေဖြင့် ဖွဲ့စည်းပုံပြင်ဆင်ရေးကို ပြောဆိုရာတွင် တပ်မတော်နှင့် ပြည်သူတို့ မညီမျှမှုကို ထောက်ပြနေခြင်းဖြစ်ပြီး တပ်မတော်ကို မလိုလားခြင်း မဟုတ် ကြောင်း၊ တပ်မတော်ကို ပြည်သူနှင့် တသားတည်းဖြစ်စေချင်သောကြောင့် ထောက်ပြနေခြင်း သာဖြစ်ကြောင်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သာ အုပ်ချုပ်ရေး အာဏာရရှိခဲ့မည်ဆိုလျှင် ကလဲ့စား ချေမည်ဟု ပြောဆိုနေခြင်းမှာ မမှန်ဘဲ မိမိတို့စိတ်တွင် အာဃာတ လုံးဝ မရှိပါကြောင်း၊ မိမိတို့အနေဖြင့် ညီညွတ်ပြီး တိုးတက်သော နိုင်ငံတခု အဖြစ်ကိုသာ လိုလားပါကြောင်း ပြောဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ တွင် မဲဆွယ်ရာ၌ အခြေခံဥပဒေပြင်ဆင်ရေးသည် အဓိက ကြွေးကြော်သံတစ်ခုဖြစ်ပြီး သူရဦးရွှေမန်း လက်ရှိဦးစီးနေသော ပြည်သူ့လွှတ်တော်ကလည်း အခြေခံဥပဒေပြင်ဆင်ရေးအတွက် ကော်မတီ တစ်ရပ်ဖွဲ့စည်းကာ မည်သည့်အချက်များကို ပြင်ဆင်သင့်ကြောင်း မကြာမီ တင်သွင်းမည်ဟု မျှော်လင့် ရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်လျှင် ၂၀၁၅ ရွေးကောက်ပွဲမဝင်ဟု ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုချက်ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ နိုင်ငံရေးမဟာမိတ် တိုင်းရင်းသားများက ထောက်ခံကြသည်။ ရှမ်း တိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးက “ဒီဖွဲ့စည်းပုံ မပီမပြင်ကြီးနဲ့ ဆက်လှုပ်ရှားမယ်ဆိုလို့ကတော့ သမိုင်းတရားခံဖြစ်မှာပဲ။ လက်ရှိအခြေခံ ဥပဒေကိုက သမ္မတက အာဏာရှိတာလား၊ ကာကွယ်ရေး ဦးစီးချုပ်ကပဲ အာဏာရှိတာလား ဘာမှမပီပြင်ဘူး။ ဒီဖွဲ့စည်းပုံကိုသာ ပြင်ဆင်ရေး မလုပ်ဘူးဆိုရင် လက်ရှိ အခြေအနေထက် ပိုဆိုးသွားမှာပဲ။ အချောင်သမားတွေကတော့ ၀င်ပြိုင်ကြမှာပေါ့။ ကျနော်တို့ အနေနဲ့ ကတော့ မပြင်ဘူးဆိုရင် ဒီဖွဲ့စည်းပုံကို မပြင်ဘူးဆိုရင် လာမယ့်ရွေးကောက်ပွဲမှာ ဘာမှ ၀င်ပြိုင် တာတို့ လုပ်မှာ မဟုတ်တော့ဘူး” ဟု ဧရာဝတီသို့ ပြောဆိုသည်။

ထို့အပြင် လက်ရှိ နိုင်ငံရေး ဖြစ်ထွန်းမှုသည် စစ်အစိုးရကို ဆန့်ကျင်ခဲ့ကြသော တိုင်းရင်းသား နိုင်ငံရေးပါတီ ခေါင်းဆောင်များ၊ ငြိမ်းချမ်းရေး ဆွေးနွေးနေကြသော လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များမှ ခေါင်းဆောင်များ၊ အတိုက်အခံနိုင်ငံရေးသမားများက တိုင်းပြည်တိုးတက်ရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ခြင်း အတွက် အစိုးရနှင့် တပ်မတော်ကို သည်းခံပြီး ပူးပေါင်းဆောင်ရွက်နေသော အဆင့်တွင်ပင် ရှိနေသေးကြောင်းလည်း ဦးခွန်ထွန်းဦးက ဆိုသည်။

လတ်တလော အပစ်ရပ်ရေး ဆွေးနွေးနေသော ကချင်လွတ်မြောက်ရေးတပ်မတော် တပ်မတော်ဗျူဟာ လေ့လာရေး ဌာနမှ ဗိုလ်မှူးနော့်နော်ကလည်း ၂၀၀၈ ဖွဲ့စည်းပုံကို အပြည့်အ၀ ပြင်ဆင်နိုင်မှသာလျှင် ဖယ်ဒရယ်ပြည်ထောင်စု၊ ဖယ်ဒရယ် တပ်မတော်ကို တည်ဆောက် ရန် အဆင်ပြေမှာဖြစ်သည့် အတွက် လက်ရှိအစိုးရအဖွဲ့အနေဖြင့် ပါးစပ်ပြောများကို လျော့ချပြီး လက်တွေ့ အကောင်အထည် ဖော်မှုများ ပြုလုပ်ရမှာ ဖြစ်ကြောင်း ဧရာဝတီကို ပြောသည်။                                                                        

“ကျနော်တို့ ဖြစ်စေချင်တာက စားပွဲပေါ်မှာထိုင်ပြီး ဆွေးနွေးရေးပါ။ အစိုးရဘက်က၊ စစ်တပ်ဘက်က ဒါကို လက်မခံဘူးဆိုရင်တော့ လက်နက်ကို လက်နက်နဲ့ပဲ ပြန်ခုခံရတော့မှာပဲ။ ကျနော်တို့ လက်နက်ကိုင်နေတာ တုံ့ပြန်လက်စားချေနေတာ မဟုတ်ဘူး။ အခု ဖွဲ့စည်းပုံ ပြင်ဆင်ရေး တောင်းဆိုနေတာ တိုင်းပြည်မှာ တိုင်းရင်းသားတွေသာ မဟုတ်ဘဲ တတိုင်းပြည်လုံးက ပြည်သူတွေဖြစ်နေတာ သိသာနေပြီလေ” ဟု ဗိုလ်မှူးနော့်နော် က ဆိုသည်။

ဒီဇင်ဘာလ ၁၆ ရက်ကလည်း ဘယ်လ်ဂျီယံနိုင်ငံ ဘရတ်ဆဲလ်မြို့တွင် ကျင်းပခဲ့သော ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး ထုတ်ပြန်ကြေညာချက် တစ်စောင် ထုတ်ရာ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ခေတ်မီဒီမိုကရေစီနိုင်ငံတရပ်နှင့် ညီစေရန်၊ ငြိမ်းချမ်း ရေးနှင့် အမျိုးသားရင်ကြားစေ့ရေးကို အထောက်အကူပြုစေရန်အတွက် ပြီးပြည့်စုံသော သုံးသပ်မှု များပြုလုပ်ရန်၊ လာမည့် ရွေးကောက်ပွဲတွင် ပါဝင်သူများအားလုံး တရားမျှတစွာ ပါဝင်လာ စေရန် အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် အားလုံး ယုံကြည်သော၊ ပွင့်လင်းမြင်သာသော၊ အားလုံး ပါဝင်နိုင်စေသော အခြေအနေမျိုး ဖြစ်သင့်သည်ဟု တိုက်တွန်းခဲ့သည်။

လူနာတင်ကား KNU အဖွဲ့ဟန့်တား၍ လူနာ ကားပေါ်တင်ဆုံး


မြ၀တီမြို့ စေတနာ နာရေးကူညီမှုအသင်းမှ အုပ်ချုပ်သူ ဦးလှထွန်းအပါအ၀င် အသင်းသူ အသင်းသားများ သည် ၁၆-၁၂-၂၀၁၃ ရက်နေ့ ညက အမှတ်(၄)ရပ်ကွက်ရှိ လူနာတစ်ဦးအား တစ်ဖက်နိုင်ငံသို့ ဆေးကုသ ရန် သွားရောက်ကြိုဆိုရာKNU တပ်ရင်း(၇၀၉)မှ သားကြီးနှင့်အပေါင်းပါများက Hilux Surf ယာဉ်ဖြင့် လိုက်လာပြီး နာရေးကူညီမှုယာဉ်မောင်းနှင့်အပေါင်းပါများအား ရိုက်နှက်ခြင်း ကားအားရိုက်နှက်ခြင်းတို့ ပြုလုပ်ကြပြီး လူနာရှင်မှ ငိုယိုတောင်းပန်နေသော်လည်း သားကြီးတို့လူစုမှ မိုက်ရိုင်းရမ်းကား သောကြောင့် လူနာမှာလည်း တစ်ဖက်နိုင်ငံသို့အချိန်မှီပို့ဆောင်နိုင်ခြင်းမရှိသဖြင့် ကွယ်လွန်သွားခဲ့ရပါတယ် ။



From Myat Ko Dawnamyay

မရမ်းကုန်းမြို့နယ်တွင် မီးလောင်မှုဖြစ်



၁၉.၁၂.၂၀၁၃ရက်နေ့ ၀၂၃၀အချိန် မရမ်းကုန်းမြို့နယ်၊ (၉) ရပ်ကွက်၊ သူရလမ်း၊ အမှတ်(၉၀)၊ ဒေါ်ခင်သန်း၏ နေအိမ်အောက်ထပ်တွင် ငှားရမ်းနေထိုင်သူ မျိုးမြင့်အောင် သည် နေအိမ်အိပ်ခန်းအတွင်း၌ လျှပ်စစ် မီးပူအား မီးပလပ်ထိုးထားရာမှ အပူလွန်ကဲကာ အနီးရှိ အကြော်ကြော်ရာတွင်အသုံးပြုသည့် ဖွဲအိတ် များအား မီးကူးစက်လောင်ကျွမ်းခဲ့သဖြင့် နေအိမ် အပါအ၀င် အခြား အိမ်ခြေ(၁၅)လုံး မီးလောင်ကျွမ်း ခဲ့ပါ သည်။


အဆိုပါမီးလောင်ရာနေရာသို့ လုံခြုံရေးနှင့် နယ်စပ် ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး တင်ဝင်း၊ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းနိုင်၊ ရန်ကုန်တိုင်း ဒေသကြီးမီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်သူရ၊ ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးဒုရဲမှူးကြီး စိုင်းဝင်းအေး၊အကူတပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီး မျိုးမင်းဦးနှင့် အနောက်ပိုင်းခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး တို့ ရောက်ရှိခဲ့ကြပြီး မီးသတ်ဦးစီးမှူး ဦးကြည်ဝင်း ဦးစီကာ မီးသတ်ဦးစီး ဌာနမှ အုပ်ချုပ်မှုယာဉ် (၂)စီး၊ အထောက်အကူပြုယာဉ် (၄)စီး၊ မီးသတ်ယာဉ်(၅၀)စီးဖြင့် ရောက်ရှိမီးငြိမ်းသတ်ခဲ့ပြီး ၀၃၂၅အချိန်တွင် မီးငြိမ်းသွားခဲ့ကာ မီးလောင်မှုကြောင့်တန်းဘိုးငွေကျပ် (၇၃)သိန်းခန့် ဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု (၄၅)စု၊ လူဦးရေ စုစုပေါင်း (၂၀၈)ဦး အိမ်းမဲ့အိမ်မဲ့ဖြစ်ကာ မစိုးရိမ်ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ ဓမ္မာရုံတွင် ကယ်ဆယ်ရေး စခန်းဖွင့်လှစ်ထားရှိခဲ့ရသောကြောင့် မီးပေါ့ဆစွာအသုံးပြုသူ မျိုးမြင့်အောင်အား မရမ်းကုန်း မြို့မရဲစခန်း(ပ)၅၁၉/၂၀၁၃၊ ပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်း ရရှိ ပါသည်။

Yangon Police

ရခိုင်လူမျိုးများ၏ သဘောထားရယူမည့် ရခိုင်ညီလာခံကို ဧပြီလနောက်ဆုံးပတ်အတွင်း ကျောက်ဖြူမြို့၌ ပြုလုပ်ရန် စီစဉ်

ရခိုင်တစ်မျိုးသားလုံး၏ ဆန္ဒသဘောထားရယူမည့် ရခိုင်ညီလာခံကို ၂၀၁၄ ခုနှစ် ဧပြီလ နောက်ဆုံး ပတ် အတွင်း ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ကျင်းပရန် ရည်ရွယ်ထားကြောင်း ရခိုင်တိုင်းရင်းသားများ တိုး တက်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဦးလှစောက ဒီဇင်ဘာ ၁၈ ရက်တွင် ပြောကြားသည်။


ကျောက်ဖြူမြို့သည် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ အများအပြားရှိခြင်း၊ အထူးစီးပွားရေးဇုန်၊ ရေနံပိုက် လိုင်း၊ ဂတ်စ်ပိုက်လိုင်းများရှိခြင်း၊ တစ်ချိန်တည်းတွင် အဆိုပါတရုတ်နိုင်ငံ၏ ရေနံပိုက်လိုင်း၊ ဂတ်စ် ပိုက် လိုင်းများရှိခြင်းကြောင်း မြန်မာပြည်သူလူထု နစ်နာမှုအများအပြားရှိခြင်းနှင့် တရုတ်ဘက်မှ ကျူးလွန်ဖောက် ဖျက်မှုများ ရှိနေခြင်းများကြောင့် ကျောက်ဖြူမြို့တွင် ပြုလုပ်ရန် သဘောထားရှိကြခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

အဆိုပါ ရခိုင်ညီလာခံတွင် ရခိုင်နိုင်ငံရေးပါတီများ၊ ရခိုင်အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ ရခိုင်ရဟန်းသံ ဃာ များနှင့် ရခိုင်လက်နက်ကိုင် အဖွဲ့အစည်းများပါဝင်မည်ဖြစ်ပြီး အစိုးရနှင့် ငြိမ်းချမ်းရေး လက်မှတ်ရေး ထိုးမထားသည့် အဖွဲ့များမှာမူ ပါဝင်ရန် မသေချာသေးကြောင်း သိရသည်။

" အဓိက ရည်ရွယ်ချက်အနေနဲ့ကတော့ ရခိုင်တစ်မျိုးသားလုံးနဲ့ ပတ်သက်တဲ့ အနာဂတ်စိန်ခေါ်မှုတွေအ တွက် လူထုသဘောထားပေါ့လေ။ တစ်သံတည်းပေါ့။ အယူအဆတစ်ခုတည်းနဲ့ အခိုင်အမာရပ်တည်ချင် တယ်။ ဘာလို့လဲဆိုတော့ ရခိုင်မှာက ကဏ္ဍတွေများတယ်။ သယံဇာတကဏ္ဍတွေရှိတယ်။ ရွေးကောက်ပွဲ ကဏ္ဍတွေလည်း ရှိတယ်။ အခုပြောနေတဲ့ ဖက်ဒရယ်စနစ်ပေါ့လေ။ အဲဒီမှာ အာဏာခွဲဝေခြင်း၊ သယံဇာတ ခွဲဝေခြင်း၊ နောက်ရခိုင်မှာရှိတဲ့ တရားမ၀င် ခိုးဝင်လာတဲ့ဘင်္ဂါလီကိစ္စ ဒါတွေအကုန်လုံးကို တညီတညွတ် တည်း ဖြေရှင်းထားချင်တယ်။ အဲဒီလိုဖြေရှင်းထားမှသာ ၂၀၁၄ မှာ ကျွန်တော်တို့ မျှော်မှန်းတဲ့ ပင်လုံကဲ့ သို့သော ညီလာခံတစ်ခုလုပ်ရင် ရခိုင်ရဲ့အသံကို မှန်မှန်ကန်ကန်တင်ပြနိုင်မှာလေ။ အဲဒီအတွက် ကြိုတင် ပြင်ဆင်တဲ့ သဘောပါ " ဟု ဦးဦးလှစောက ပြောကြားသည်။

အဆိုပါ ညီလာခံမှရရှိလာမည့် ရလဒ်များကို ပင်လုံကဲ့သို့သော ညီလာခံ၊ လွှတ်တော်သို့ တင်ပြခြင်းများပြု လုပ်သွားမည်ဖြစ်ပြီး ဥပဒေဘောင်အတွင်းမှ လူထုအသံအဖြစ်ဖော်ထုတ်သွားမည်ဖြစ်ကြောင်း သိရသည်။

တိုင်းရင်းသား အဖွဲ့အစည်းများအနေဖြင့် ၂၀၁၄ ခုနှစ်အတွင်း ပြုလုပ်မည်ဟု အစိုးရက ပြောကြားထား သည့် ပင်လုံကဲ့သို့သော ညီလာခံတွင် တင်ပြနိုင်ရန် ညီလာခံများပြုလုပ်ရန် စီစဉ်နေကြခြင်းဖြစ်ပြီး ချင်း အမျိုးသားညီလာခံကို ပြီးခဲ့သည့် နိုဝင်ဘာ ၁၂ ရက်မှ ၁၅ ရက်အထိ ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ပြု လုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Eleven Media Group

နိုင်ငံရေးပါတီငယ်များစုစည်း၍ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် (FDA) အား ဖွဲ့စည်းမည်



နိုင်ငံရေးပါတီများစုစည်း၍ ဖက်ဒရယ် ဒီမို ကရေစီမဟာမိတ် (FDA) အား ဖွဲ့စည်းမည် ဖြစ်ကြောင်း ကရင် ပြည်သူ့ပါတီ ဥက္ကဋ္ဌ ရန်ကုန် တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးစောထွန်းအောင်မြင့် က ပြောကြားသည်။


ဒီဇင်ဘာ ၁၈ ရက်က အမျိုးသားဒီမိုကရေစီ အင်အား စု ပါတီ ဌာနချုပ်၌ အဆိုပါ အဖွဲ့ ဖွဲ့စည်း ရေးကို ပါတီကိုး ပါတီမှ ကိုယ်စားလှယ်များ တက်ရောက်၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး (FDA) အမည်အား ရွေးချယ်အ တည်ပြုကာ မူဝါဒစည်းမျဉ်းများ ရေးဆွဲ၍ ဖွဲ့စည်းရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့ကြပြီး အကြမ်းဖျင်းအားဖြင့် တစ်မျိုးသားလုံးသွေးစည်းညီညွတ်ရေး၊ အာဏာရှင်နိုင်ငံရေး တစ်ကျော့ တစ်ဖန်ပြန်မလာရေး၊ အမျိုးသား အကျိုးစီးပွားနှင့် အမျိုးသားလုံခြုံရေးကို ဦးထိပ်ပန်ဆင်ရေး၊ နိုင်ငံတော်၏ ဒေသအသီးသီးရှိ ပြည်သူများ လူမှုစီးပွားရေးဘ၀တစ်ပြေးညီ တိုးတက်ရေး၊ ပြည်ထောင်စုနိုင်ငံသား အားလုံးပါဝင်သည့် နည်းပညာမြင့် ခေတ်မီ အမျိုးသားတပ်မတော်တစ်ရပ် ပေါ်ထွန်းရေး တို့အား အဓိကရည်မှန်းချက်ချမှတ်ထားကြောင်း သိရသည်။

" ကျွန်တော်တို့ ပါတီငယ်လေးတွေ ပိုပြီးတော့ နိုင်ငံတော်အတွက် ဘယ်လိုများ စွမ်းဆောင်နိုင်မလဲ စဉ်း စားပြီးတော့ အကယ်၍ ကျွန်တော်တို့ ပါတီငယ်လေးတွေ စုစည်းပြီးပေါင်းပြီး လုပ်ဆောင်မယ်ဆို ရင်ပိုပြီး တော့ နိုင်ငံတော်အတွက် အကျိုးရှိမယ်။ ပိုထိရောက်မယ်ဆိုပြီး စဉ်းစားတိုင်ပင်ကြတာပါ။ ဒီနေရာကအစပဲ ရှိပါသေးတယ်။ လုပ်သင့်သလား။ မလုပ်သင့်သလား ဒါကို ကျွန်တော်တို့ ဆွေးနွေးတိုင်ပင်တယ်။ အကြမ်း ဖျင်းအားဖြင့် နာမည်လေးတစ်ခုရတယ် " ဟု တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးစောထွန်းအောင်မြင့် က ပြောကြားသည်။

ထိုကဲ့သို့ (FDA) အမည်ဖြင့် ဖွဲ့စည်းရန် အတည်ပြုခဲ့သော ကိုးပါတီမှာ အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ၊ ပြည်ထောင်စုဒီမိုကရေစီပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ၊ ချင်းတိုးတက်ရေးပါတီဖြစ်ပြီး ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ၊ ကရင်ဒီမိုကရက် တစ်ပါတီတို့မှာ တက်ရောက်ရန် ဖိတ်ကြားထားသော်လည်း ခရီးလွန်နေသဖြင့် တက်ရောက်နိုင်ခြင်းမရှိ ကြောင်း သိရသည်။

ထို့အပြင် ယခုဖွဲ့စည်းမည့် (FDA) တွင် ယခင်ဒီမိုကရေစီ မိတ်ဆွေပါတီများအစု အဖွဲ့တွင်ပါဝင်သော ပါတီ ငါးပါတီ ပြန်လည်ပါဝင်လာသော်လည်း အဆိုပါငါးပါတီကို အခြေခံ၍ ဖွဲ့စည်းခြင်းမျိုးမဟုတ်ဘဲ (FDA) သည်အဖွဲ့သစ်သာဖြစ်ပြီး ဒီမိုကရေစီမိတ်ဆွေပါတီများ အစုအဖွဲ့မှာ လုပ်ငန်းဆောင်တာများရပ်သွား သည့်သဘောဖြစ်ကာ သမိုင်းစာမျက်နှာတွင်ကျန်ခဲ့ပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောကြားသည်။

အကယ်၍ မူဝါဒများချမှတ် ဖွဲ့စည်းပါက ယင်း ၁၁ ပါတီအပြင် အခြားပါတီသစ်များကို ဖိတ်ခေါ်သွားမည် ဖြစ်ကြောင်း ၀န်ကြီး ဦးစောထွန်းအောင်မြင့်က ပြောကြားသည်။

 ဒီဇင်ဘာ ၁၈ ရက်က အမျိုးသားဒီမိုကရေစီအင်အားစုပါတီဌာနချုပ်၌ နိုင်ငံရေးပါတီများ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်အဖွဲ့ဖွဲ့ရေး ဆွေးနွေးစဉ်

Eleven Media Group

တိုင်းရင်းသားလူမျိုးစု ၁၃၅ မျိုး သတ်မှတ်ထားခြင်းအပေါ် လ၀က၀န်ကြီးနှင့် လာမည့်ဇန်န၀ါရီလအတွင်း တွေ့ဆုံဆွေးနွေးလိုဟု UNA နှင့် NBF ပူးတွဲကြေညာချက်ထုတ်ပြန်

တိုင်းရင်းသားလူမျိုးစု ၁၃၅ မျိုး သတ်မှတ်ထားခြင်းအပေါ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီး ဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့် လာမည့်ဇန်န၀ါရီလအတွင်း တွေ့ဆုံဆွေးနွေးလိုဟု ညီနောင်တိုင်းရင်း သားများ ဖက်ဒရေးရှင်း (NBF)နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA)တို့က ဒီဇင်ဘာ ၁၇ ရက်တွင် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။


ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း (NBF) နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် အဖွဲ့ (UNA) တို့သည် ဒီဇင်ဘာ ၁၇ ရက်က ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်၌ UNFPA၊ လ၀ကအရာ ရှိများနှင့် သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်အပြီး ကြေညာချက် ထုတ်ပြန်ရာ၌ ယင်းကဲ့သို့ ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်သည်။

ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်းမှ ဦးဇိုဇမ်က "ကျွန်တော်တို့ ဒီနေ့ဆွေးနွေးတဲ့အထဲမှာ တိုင်း ရင်းသား ၁၃၅ မျိုးနဲ့ ပတ်သက်ပြီး အဓိကထား ဆွေးနွေးသွားတာတွေရှိတယ်။ ဒီအထဲမှာ တက်ရောက်လာ တဲ့ တိုင်းရင်းသားနိုင်ငံရေး ပါတီတွေက ကိုယ်စားလှယ်တွေအားလုံးက ဒီသန်းခေါင်စာရင်း ကောက်ယူမှုမှာ တိုင်းရင်းသား ၁၃၅ မျိုးအပေါ်မှီပြီး ကောက်မယ်ဆိုတာကို လက်မခံဘူး။ ဒီလိုကောက်ယူခြင်းအားဖြင့် ကျွန် တော်တို့ အခင်းအကျင်းတွေဟာ အများကြီး ပြောင်းလဲသွားနိုင်တယ်။ ဒါမျိုးက ကျွန်တော်တို့ တိုင်းရင်းသား ရေးရာဝန်ကြီး လျှောက်တဲ့နေရာမျိုးမှာဆို ဒီအချက်အလက်တွေတိုင်း ထားမယ်ဆိုရင် တစ်မျိုးတစ်ဖုံ ပြောင်း သွားမှာကို ကျွန်တော်တို့ စိုးရိမ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဒီတိုင်းရင်းသား ၁၃၅ မျိုးနဲ့ပတ်သက်ပြီး လ၀ကနဲ့ ကျွန်တော်တို့ တိုင်းရင်းသားပါတီတွေ၊ တိုင်းရင်းသားလူမျိုးတွေ၊ တိုင်းရင်းသားကိုယ်စားလှယ်တွေ အကြီးအကျယ် ညှိနှိုင်းဆွေးနွေးမှု ရှိသင့်ပါတယ်။ ဒါကြောင့် ဒီဟာနဲ့ပတ်သက်ပြီး ဘယ်ဟာက ပိုနေတယ်။ ဘယ်လူမျိုးက နှစ်ခါထပ်နေတယ်ဆိုတာ ကျွန်တော်တို့ လ၀ကကို ရှင်းပြဖို့လိုနေတယ်လို့ ထင်တယ်" ဟု ဆိုသည်။

ထို့ပြင် သန်းခေါင်စာရင်း ကောက်ယူရာ၌ ဒေသသုံးဘာသာစကား အခက်အခဲများ၊ တိုင်းရင်းသားမျိုးနွယ်စု ၁၃၅ မျိုးသတ်မှတ်ခြင်း ကိစ္စရပ်များနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ဆွေးနွေးရန် လိုလားခြင်းဖြစ် ပြီး အစိုးရအနေဖြင့်လည်း တိုင်းရင်းသားလူမျိုး စာရင်းအချက်အလက်များ ကောက်ယူထာခြင်းနှင့် ပတ် သက် ၍ အပြန်အလှန် ဆွေးနွေးလိုကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

"သူတို့က ဒီကိစ္စနဲ့ပတ်သက်ပြီး ရှင်းပြတာမရှင်းပြတာထက် ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ ကျွန်တော်တို့ က ဆွေးနွေးပွဲ အကြီးကြီးလုပ်ဖို့ မျှော်လင့်တယ်။ ဒီလိုအပေါ်ကနေ ဆင်းလာပြီးတော့ ငါတို့က ဒီလိုလုပ် တယ် ဆိုတာကို ကျွန်တော်တို့က လက်မခံဘူး။ ဒါပေမဲ့ဒီဟာကို ကျွန်တော်တို့အခြေခံ အချက်အလက် ယူ တာကိုတော့ မှန်မှန်ကန်ကန် ဖြစ်စေချင်ပါတယ်" ဟု ဦးဇိုဇမ်ကဆိုသည်။

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရာတွင် တိုင်းရင်းသားနိုင်ငံရေး ပါတီများအနေဖြင့် ဗဟိုသန်းခေါင်စာရင်း ကော်မရှင်အပါအ၀င် သက်ဆိုင်သူအားလုံး တက်ကြွစွာပူးပေါင်းဆောင်ရွက်ရန်နှင့် တိုင်းရင်းသားပြည်သူများ အနေဖြင့် သန်းခေါင်စာရင်းကောက်ယူသည့် အချိန်တွင် မိမိတို့၏ လူမျိုး အမည် မှန်ကို တိကျစွာဖြည့်သွင်း ဖော်ပြကြရန် တိုက်တွန်းထားသည်။

ပြည်လုံးကျွတ် သန်းခေါင်စာရင်းအား ၂၀၁၄ ခုနှစ်မတ်လမှ စတင်ကာကောက်ခံ သွားမည်ဖြစ်ပြီး ယခင် ၁၉၇၃ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၈၃ ခုနှစ်တွင် တစ်ကြိမ်ကောက်ယူခဲ့ကြောင်း သိရသည်။

Eleven Media Group

လူငယ်အင်အား ရှိသလောက် ဆောင်ရွက်ခွင့်မပေးသည့် မြို့နယ်ကော်မရှင်များကို အရေးယူမည်ဟု NLD ရန်ကုန်တိုင်းအမှုဆောင်ဥက္ကဋ္ဌ သတိပေး

၂၀၁၄ ခုနှစ် နှစ်စပိုင်းတွင် ပြုလုပ်ရန် စီစဉ်ထားသည့် လူငယ်ညီလာခံအတွက် သက်ဆိုင်ရာမြို့နယ်များရှိ လူငယ်အင်အားကို ရှိသလောက် ဆောင်ရွက်ခွင့်မပေးသည့် မြို့နယ်ကော်မရှင်များကို အရေးယူသွားမည် ဟု NLD ရန်ကုန်တိုင်းအမှုဆောင်ဥက္ကဋ္ဌ ဦးမြင့်ဌေးက သတိပေးပြောကြားသည်။


ဒီဇင်ဘာ ၁၈ ရက်က ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီစား သောက်ဆိုင်တွင် ပြုလုပ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ရန်ကုန်တိုင်းဒေသကြီး တိုင်း၊ ခရိုင်၊ မြို့နယ် အလုပ်အမှုဆောင်များ ဒုတိယအကြိမ်တွေ့ဆုံ ညှိ နှိုင်း အစည်းအဝေးတွင် ဦးမြင့်ဌေးက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

လူငယ်ညီလာခံ ကျင်းပနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်ကော်မရှင် ၄၃ ခုကို ဖွဲ့စည်း ထားကြောင်း၊ ယင်းကဲ့သို့ ဖွဲ့စည်းရာတွင် မြို့နယ်အမှုဆောင်များကို မပါအောင် တတ်နိုင်သမျှ ဖွဲ့စည်းထား သော်လည်း မပါမဖြစ်ပုံစံမျိုး ပါဝင်နေကြသည်များ ရှိနေကြောင်း၊ ယင်းအခြေအနေတွင် မြို့နယ်အမှုဆောင် များ အနေဖြင့် မြို့နယ်အမှုဆောင်နှင့် မြို့နယ်လူငယ်ညီလာခံ ကော်မရှင်ကြားတွင် လွန်ဆွဲပြီးလူငယ်များ ကို ထိန်းချုပ်ထားသည့် မြို့နယ်များ ရှိနေသည်ဟု သိရကြောင်း၊ လူငယ်ညီလာခံကို ကြန့်ကြာနှောင့်နှေး အောင် ဆောင်ရွက်နေသည်များကိုလည်း တွေ့ရကြောင်း၊ လူငယ်အင်အားကို မမှန်မကန် တင်ပြမှုများ ရှိပါ က အရေးယူသွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

Eleven Media Group

ဂျပန်ရှိ SMBC နှင့် မြန်မာနိုင်ငံ ဘဏ်များအသင်းကြား MoU ရေးထိုး

ဖွံ့ဖြိုးမှု နှေးကွေးနေသည့် မြန်မာ့နိုင်ငံခြားဘဏ် လုပ်ငန်းများအပါအ၀င် ဘဏ်လုပ်ငန်းဆိုင်ရာ ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေး အကူအညီပေးရန် ဂျပန်နိုင်ငံရှိ Sumitomo Mitsui Banking Corporation-SMBC နှင့် မြန်မာနိုင်ငံဘဏ်များ အသင်းအကြား နားလည်မှုစာချွန်လွှာ ရေးထိုးမှုအခမ်းအနားကို ဒီဇင်ဘာ ၁၇ ရက်က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဘဏ်များ အသင်းရုံးခန်းတွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။


မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာ့နိုင်ငံပေါင်း ၃၈ နိုင်ငံတွင် ဘဏ်ခွဲများနှင့် ဘဏ်ကိုယ်စားလှယ်ရုံးခန်းပေါင်း၆၆ ခု ဖွင့်လှစ်ထားသည့ှ်SMBC အနေနှင့် ဂျပန်နိုင်ငံတွင်လည်း ဘဏ်ခွဲပေါင်း ၄၃၉ ခုဖွင့်လှစ်ထားကာ ယင်း ဘဏ်လုပ်ငန်းများမှ ရရှိထားသော နိုင်ငံတကာ အတွေ့အကြုံများကို မြန်မာနိုင်ငံရှိ ဘဏ်လုပ်ငန်း လုပ်ျေဆာင်သူများအတွက် အကောင်းဆုံး မျှဝေပေးသွားမည်ဖြစ်ကြောင်း SMBC-Planing Department: International Banking Unit မှ ဒါရိုက်တာနှင့် အထွေထွေမန်နေဂျာ Mr.Shosuke Mori က ပြောကြား သည်။

"နိုင်ငံတကာ ဘဏ်လုပ်ငန်းတွေက ဘဏ်လုပ်ငန်းဆိုင်ရာ ၀န်ဆောင်မှု ၁၀၀ ကျော်လောက် လုပ်နိုင်တဲ့ အချိန်မှာ မြန်မာနိုင်ငံမှာရှိတဲ့ ဘဏ်တွေက နိုင်ငံခြားဘဏ်လုပ်ငန်းကို ခြောက်မျိုးလောက်ပဲ လုပ်နိုင်သေး တယ်။ ပြီးတော့ မြန်မာနိုင်ငံမှာက နိုင်ငံခြားဘဏ်လုပ်ငန်းကို ထိတွေ့လာတာက နှစ်နှစ်ဝန်းကျင်ပဲ ရှိသေး တယ်။ နိုင်ငံခြားဘဏ်လုပ်ငန်းဆိုင်ရာ အတွေ့အကြုံ အရမ်းနုနယ်နေတယ်။ ကျွန်တော်တို့အတွက် လို အပ် နေသေးတဲ့ အတွေ့အကြုံတွေကို SMBC ကနေ ရလာပါမယ်" ဟု မြန်မာနိုင်ငံဘဏ်များအသင်း ဥက္ကဋ္ဌ ဦးသိန်းထွန်းက ပြောကြားသည်။

မြန်မာနိုင်ငံရှိ ဘဏ်လုပ်ငန်းဆိုင်ရာ လုပ်ငန်းများနှင့် ဆက်နွှယ်နေသည့် ဘဏ်လုပ်ငန်းဆိုင်ရာ လူသား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းများကို နားလည်မှုစာချွန်လွှာ ရေးထိုးပြီး ၂၀၁၄ ခုနှစ် ဇန်န၀ါရီ လတွင် စတင်အကောင်အထည် ဖော်မည်ဖြစ်ကြောင်း ဦးသိန်းထွန်းက ဆက်လက်ပြောကြားသည်။

Eleven Media Group

ကချင်ပြည်နယ် မန်စီမြို့နယ်အတွင်း ကေအိုင်အေမှ ဖမ်းဆီးသွားသူများအနက် ၂၂ ဦး ပြန်လည်လွတ်မြောက်

ကချင်ပြည်နယ် မန်စီမြို့နယ်တွင် ကေအိုင်အေ လက်နက်ကိုင်အဖွဲ့က ဒီဇင်ဘာ ၇၊ ၈၊ ၁၃ ရက်များတွင် ဖမ်းဆီးခေါ်ဆောင် သွားသူများအနက် ၂၂ ဦး ဒီဇင်ဘာ ၁၇ ရက် မွန်းလွဲပိုင်းက ပြန်လည်လွတ်မြောက်လာ ကြောင်း ဗန်းမော်ခရိုင် အုပ်ချုပ်ရေးဌာနနှင့် ဒေသခံများက The Daily Eleven သို့ ဒီဇင်ဘာ ၁၈ ရက်က ပြောကြားသည်။


အစိုးရ စာရင်းအရ ဒီဇင်ဘာ ၇ ၊ ၈၊ ၁၃ ရက်တို့တွင် ပါတော်၊ ကုန်းခေါင်နှင့် ဟန်ထက်ကျေးရွာအနီး ခပရာ ကျေးရွာတို့တွင် ဒေသခံ ၂၆ ဦးကို ကေအိုင်အေ လက်နက်ကိုင် ဆောင်သူများက ဖမ်းခေါ်သွားခြင်းဖြစ်ပြီး ရှမ်းလူမျိုး ၂၂ ဦးကို လွှတ်ပေးခဲ့ခြင်းဖြစ်ကာ ကချင်တိုင်းရင်းသားလေးဦးမှာပြန်လည်လွတ်မြောက်လာခြင်း မရှိကြောင်း သိရသည်။

ဗန်းမော်ခရိုင် အုပ်ချုပ်ရေး အရာရှိတစ်ဦးက "မနေ့နေ့လည်က လွတ်လာတယ်လို့ သိရပါတယ်။ မန်ဖွမှာ ဆွဲသွားတဲ့ ၂၁ ဦးတော့ ပါမလာသေးပါဘူး။ ဘယ်လိုလွတ်လာတယ်ဆို စုံစမ်းနေဆဲပါ။ ဗန်းမော် လေးဦး၊ မန်စီ ၂၁ ဦး၊ ယခုအသုတ်ကျန် လေးဦးဆိုတော့ အားလုံး ၂၉ ဦး ကျန်နေပါသေးတယ်။ မန်စီ၊ ပါတော်၊ ဟန် ထက်ဝန်းကျင်ရွာတွေက လွတ်လာတာပေါ့" ဟု ဒီဇင်ဘာ ၁၈ ရက်က ပြောကြားသည်။

မန်စီမြို့နှင့် မံသာကျေးရွာမှ ဒေသခံများက "လွတ်လာတာ ဟုတ်ပါတယ်။ သစ်ကယ်ရီလုပ်တဲ့လူတွေ ပါ သွားတာ။ နောင်ဟူးကျေးရွာက လူတွေလွတ်လာတာ တွေ့တယ်။ ၁၅ ယောက်မှာ အချို့လွတ်လာတယ်။ ငွေပေးပြီး ရွေးလာတာလို့ သိရတယ်။ ဘယ်လောက်ဆိုတာ မေးလို့မရဘူး။ ရွာတွေမှာ ငွေကောက်နေ တာတော့ ဟုတ်ပါတယ်" ဟု ပြောကြားသည်။

မြစ်ကြီးနားမြို့ အခြေစိုက် ရှမ်းရေးရာ အဖွဲ့မှ ဦးစန်းဝေက "လွတ်လာတယ်လို့ မသိရသေးဘူး။ လူလွှတ်ပြီး စုံစမ်းနေပါတယ်။ ကျွန်တော်တို့အပေါ်မှာ ယခင်ကတည်းက ဆက်ကြေးကောက်၊ လူစုဆောင်းတွေ လုပ်ခဲ့ တော့ ဆန္ဒဖော်ထုတ်တာကတော့ လုပ်သွားမှာပါ။ ဒီဇင်ဘာ ၂၀ ရက်မှာ လူအင်အား လေးသောင်းနဲ့ ထုတ် ဖော်သွားဖို့ ရှိပါတယ်" ဟု ဒီဇင်ဘာ ၁၈ ရက်က ဆက်သွယ်ပြောကြားသည်။

ယင်းကဲ့သို့ ကေအိုင်အေလက်နက်ကိုင် အဖွဲ့မှ လူစုဆောင်းခေါ်ယူနေမှုများကို ကေအိုင်အိုဗဟိုသို့ ဆက် သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိဘဲ ယခင်နေ့များတွင် ယင်းကိစ္စအား ကေအိုင်အိုဗဟို နှင့် ကေအိုင်အိုကိုယ်စားပြု နည်းပညာအကြံပေး အဖွဲ့ရုံးက အကြိမ်ကြိမ် ငြင်းဆိုခဲ့သည်။

Eleven Media Group

ဒီမိုကရေစီ နိုင်ငံ တည်ဆောက်မယ် ဆိုရင် ပြင်ကို ပြင်ပေးရမယ်



မြန်မာ့နိုင်ငံရေး လတ်တလော အခြေအနေများ နှင့် ပတ်သက်ပြီး ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်၊ တရားဥပဒေ စိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်နှင့်တွေ့ ဆုံမေးမြန်း ထားသည်များကို ဖော်ပြလိုက်ပါသည်။ လက်ရှိ ဖွဲ့စည်းပုံ အရ ဆိုရင် သမ္မတဖြစ်ဖို့ ပဲ လိုတယ်။


သမ္မတ က ၀န်ကြီးတွေ ကို အရည် အချင်းရှိတယ် ဆိုပြီး ခန့် ခွင့်ရှိတယ်။ တပ်မတော် ကလည်း သမ္မတ တစ်ယောက် တင် ရမယ် ဆိုတော့ အဲဒီ ဒုတိယ သမ္မတ က သမ္မတ ဖြစ်ခဲ့ပြီး အဲဒီ သမ္မတ က သူ့စိတ် ကြိုက် အစိုးရဖွဲ့ ၊NLD ကလည်း မဲ အများကြီး ရထားတယ် ဆိုတာမျိုး ၂၀၁၅ မှာ ကြုံရင် ဘယ်လို လုပ်မလဲ။ ကျွန်တော့်အနေ နဲ့ ကတော့ အချုပ်အခြာ အာဏာသည် ပြည်သူလူထု ထံက ဆင်းသက် ရမယ် ဆိုတာ ဒါ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရဲ့ အခြေခံ မူမှာ ပါတယ်။ အချုပ်အခြာ အာဏာသည် ပြည်သူလူထု ထံက ဆင်းသက် ရမယ် ဆိုတော့ နှစ်နည်းပဲ ရှိတယ်။ အဲဒါ ဘာလဲ ဆိုရင် ပြည်သူမဲ ပေးထားတဲ့ ပြည်သူ့ ကိုယ်စားလှယ်တွေ က မဲပေး ရွေးချယ်ခွင့် ရမလား၊ နောက်တစ်နည်း က ပြည်သူ လူထု က သမ္မတ ကို တိုက်ရိုက် ရွေးချယ်ခွင့် ရမလား၊ ဒါအရေးကြီးတယ်။

ပြည်သူက နိုင်ငံ့ အကြီးအကဲ ကို ရွေးချယ်တာ။ အခြားနိုင်ငံတွေ မှာက ပြည်သူက သမ္မတ ကို ရွေးချယ်တာ။ ဒီမှာက အစု အဖွဲ့ သုံးဖွဲ့ က ရွေးချယ်တာ။ စစ်တပ် က တင်တဲ့ တစ်ယောက် က သမ္မတ သေချာ နေတယ်။ ဒီလိုပဲ သမ္မတ ဖြစ်လာ သူက လည်း သူရွေးလိုက် တဲ့ အစိုးရ အဖွဲ့ဝင် တွေဟာ အရည်အချင်း ပျက်ယွင်းမှု မရှိရင် ငြင်းပယ် ပိုင်ခွင့် မရှိစေရ ဆိုတော့ ငြင်းပယ်လို့လည်း မရဘူး။ အရည်အချင်း က ရှိချင်မှ ရှိမယ်။ အင်္ဂါရပ်ညီတဲ့ သူကို ပေးလိုက် တာကို။ ဖြစ်နိုင် ရင်တော့ သမ္မတကိုရော ပြည်ထောင်စု အစိုးရ အဖွဲ့ ကိုရော ပြည်သူတွေ က ရွေးချယ် အပ်နှင်း လိုက်တဲ့ ပြည်သူ့ ကိုယ်စားလှယ်တွေ က ရွေး ချယ်ခွင့် ရရင်တော့ ပိုကောင်းတာပေါ့။ ဒီလို မဟုတ်လို့ သမ္မတ တစ်ဦး တစ်ယောက်တည်း ရွေးချယ် နေရင်တော့ အရည်အချင်း ရှိတဲ့ ပုဂ္ဂိုလ် တွေ ဖြစ်ဖို့ လိုတာပေါ့။ ငြင်းပယ် ပိုင်ခွင့် မရှိ ဆိုပြီး လျှောက်ခန့် ရင်တော့ တိုင်းပြည် အတွက် နစ်နာ တာပေါ့။ အခု အစိုးရအဖွဲ့ မှာ ၀န်ကြီး ဦးရေက အိမ်နီးချင်း နိုင်ငံတွေ ထက် အများကြီး ပိုများ တယ် ဆိုပြီး ပြောတာတွေ ရှိသလို တချို့ ကိစ္စတွေမှာ လူမှန် နေရာမှန် မဖြစ်ဘူးဆို တဲ့ ဝေဖန်မှုတွေ ကိုရော အင်အားကြီး အတိုက်အခံ ပါတီက ကိုယ်စားလှယ်အနေ နဲ့ ဘယ်လို မြင်လဲ။

ဝန်ကြီးဦးရေများတော့ လစာတွေ ပေး ရတာများ ပြီး တိုင်းပြည် ရဲ့ ဘဏ္ဍာငွေ ပိုကုန် ကျတာပေါ့။ တိုင်းပြည် ရဲ့ ဘဏ္ဍာငွေ ကုန်ကျ တာနဲ့ အတူ ၀န်ကြီးတွေက အရည်အချင်း ရှိဖို့ လိုတာပေါ့။ ကျွန်တော်တို့ ကြုံတွေ့ နေရတာ ကိုပင် ကျွန်တော်တို့ မေးတာကို တိတိကျကျ မဖြေဘဲ သူတို့ ဖြေချင်တာ ဖြေသွား တာပဲ။ ဦးသိန်းစိန် အစိုးရ နဲ့ ဦးရွှေမန်း ဦးဆောင် တဲ့ လွှတ်တော်ကြားမှာ နိုင်ငံရေး ပွတ်တိုက် မှုတွေ ဖြစ်နေတယ်လို့ သုံးသပ်ကြတယ်။ NLD က ဦးဝင်းတင် ကတော့ ဒါတကယ် မဟုတ်ဘဲ အတိုက်အခံတွေ အာရုံများအောင် လုပ်နေတယ်လို့ ပြောဖူးတော့ လွှတ်တော် ကိုယ်စားလှယ် တစ်ဦး အနေနဲ့ ဘယ်လို မြင်လဲ။ ဒီမိုကရေစီ မှာ အယူအဆ ကွဲတာ ရှိမှာ ပဲ။ ဒီလို အယူ မတူတာကို ညှိနှိုင်းပြီး ဖြေရှင်း ရတာ ကိုက ဒီမိုကရေစီ ရဲ့ ကျင့်စဉ် တစ်ခုပဲ။ ဒီမိုကရေစီ မှာတော့ တစ်ဖက်နဲ့ တစ်ဖက် အယူအဆ မတူတာတွေ ငြင်းခုန်တာတွေရှိမယ်။

ဒါကို တစ်ဦးချင်း အပေါ်မှာ မီဒီယာ တွေက ပွတ်တိုက်မှု ရှိတယ်လို့ ပြောတယ်။ ကျွန်တော်ကတော့ ဒါ ဒီမိုကရေစီနဲ့ ကျင့်စဉ် တစ်ခုပဲ။ ဒီမိုကရေစီမှာရှိတဲ့ သဘောသဘာဝ မှာတော့ ကျွန်တော်တို့ အချင်းချင်း တောင် သဘောမတူတာရှိမယ်။ လွှတ်တော်ကိုယ် စားလှယ် အချင်းချင်းလည်း အယူအဆ မတူ တာရှိမယ်။ တူတာရှိမယ်။ တူတာ မတူတာကို ငြင်းတာ ခုန်တာကို ဒီမိုကရေစီ ယဉ်ကျေးမှု ထူထောင် နိုင်အောင်ကြိုးစားတယ် လို့ပဲ မြင် တယ်။ သူတို့က တကယ် ပွတ်တိုက် နေတာ မဟုတ် ဘဲ အတိုက်အခံတွေ အာရုံများအောင် လုပ်နေတယ် ဆိုတာ ကိုရော။ ကျွန်တော် အဲဒီလို မထင်ဘူး။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကိုက အပြန်အလှန် ထိန်းကျောင်း ဖို့ လေ။ အုပ်ချုပ်ရေးပိုင်း က ဥပဒေနဲ့ အညီ အုပ်ချုပ်လား၊ တရားစီရင်ရေး ကလည်း ဥပဒေ နဲ့ အညီ တရားစီရင်လား၊ ဒီလိုပဲ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးကလည်း လွှတ်တော်ကို ဖွဲ့စည်းပုံ နဲ့ အညီ လုပ်လား၊ အပြန်အလှန် ထိန်း ကျောင်း တာတော့ ရှိမှာပဲ။ ဒီ အပြန်အလှန် ထိန်းကျောင်းတာကို ခုလို ပြောသလို မမြင် ဘူး။ 

ရှေ့ဆက်လည်း ဒီယဉ်ကျေးမှု က ရှိနေ မှာပဲ။ ဒါကို သဘောထား ကြီးကြီးနဲ့ ဒီယဉ်ကျေးမှု ကို ထူထောင် ရမှာပဲ။ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်က လွတ်ပြီးနောက် သမ္မတနဲ့ တွေ့တယ်။ ဒီလိုတွေ့ဆုံမှု ကလည်း ရွေးကောက် ပွဲဝင်ပြီး လွှတ်တော် ကိုယ်စားလှယ် ဖြစ်စေ ခဲ့တယ်။ ကိုယ်စားလှယ် ဖြစ်ပြီးတဲ့ နောက် မှာတော့ လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းနဲ့ ပိုရင်းနှီးလာတယ်။ ပြောချင်တာက ဦး သိန်းစိန် နဲ့ ဆက်ဆံရေးက အေးသွားပြီး ဦးရွှေမန်းနဲ့ ပိုရင်းနှီး လာတယ် ဆိုတဲ့ သုံး သပ်ချက်တွေ ရှိနေတယ်။ အဲဒါ ဘာကြောင့် လဲ။ အဲဒါ ထင်မြင် ယူဆချက်ပါ။ ကျွန်တော်တို့ ခေါင်းဆောင်နဲ့ အဖွဲ့ချုပ်မှာမူ ရှိပါတယ်။ တွေ့ဆုံ ဆွေးနွေးရေး၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး၊ အထွေထွေ သဟဇာတ ဖြစ်မှုကို ရှေ့ရှုရေး ဒါပါတီ စထောင်ကတည်း က ဒီမူ ရှိတယ်။

ကျွန်တော်တို့ ခေါင်းဆောင်က အခြေအနေ အရ လိုအပ်ရင်လည်း သမ္မတနဲ့ တွေ့တာ ရှိပါတယ်။ နောက်တစ်ခုက လွှတ်တော် ဥက္ကဋ္ဌအနေနဲ့ ကလည်း လုပ်ငန်း သဘော သဘာဝအရ တွေ့ နေရတာ ပါပဲ။ ဒါကို ဟိုမှာ ကျဲလို့ ဒီမှာ နည်းလို့ မဟုတ်ပါဘူး။ လုပ်ငန်း သဘောဝ အရ ဆောင်ရွက် ရတာ။ ဒါပေမဲ့ ခုနက ပြောသလို ဆောင်ရွက်တဲ့ အခါမှာ အမျိုးသား ပြန်လည် သင့်မြတ်ရေး မူကို ကိုင်ပြီး ဆောင်ရွက် တာပါ။ ကျွန်တော် အမြင် ပြောရရင်တော့ သက်သက် မညီမညွတ် ဖြစ်အောင် ထိုးနှက် နေတာပေါ့။ တချို့ ညီညွတ်သွား မှာကို မလိုလား ကြတဲ့ လူတွေ ပေါ့။ အခုပဲ ကြည့်လေ အခု လိုအပ်တဲ့ အခါ ကျတော့ ဖွဲ့စည်းပုံပြင်ဆင်ရေး အတွက် တွေ့ ချင်တော့ သူကိုယ်တိုင်တောင် တွေ့ခွင့် တောင်း သေးတာပဲ။ ဒါက တိုင်းပြည် အတွက် လိုအပ် လို့၊ လိုအပ်တဲ့ အခါ တွေ့ မှာ ပါပဲ။ တကယ်လို့သာ ဒေါ်အောင်ဆန်းစုကြည် က အစိုးရ အဖွဲ့ရဲ့ အကြီးအကဲ ဖြစ်ရင်လည်း ၀န်ကြီး ဌာနတွေနဲ့ နေ့စဉ် မထိတွေ့လို့ ရမလား။ ဒါပါပဲ။ လွှတ်တော် ကိုယ်စားလှယ် ဖြစ်နေတော့ လွှတ်တော်ထဲမှာ ထိတွေ့မှုတော့ ရှိတာပေါ့။ နိုင်ငံရေး အရ ထိုးနှက် တာပါ။ 

အစိုးရနဲ့ လွှတ် တော်နဲ့ သင့်မြတ်မှာကို မလိုလား တာလည်း ပါမှာပေါ့။ နိုင်ငံတော်သမ္မတ နဲ့ ဒေါ်အောင်ဆန်း စုကြည်တို့ ဘယ်နှစ်ကြိမ် တွေ့ဆုံ ခဲ့လဲ။ မမှတ်မိဘူး။ အတိအကျ မပြောနိုင် တော့ဘူး။ ပြဿနာတချို့ကနေ NLD ကို ပြောဆို တာတွေ ရှိသလို ဘာသာရေးဖက် က ပြော ဆိုတာတွေလည်း ရှိတော့ ပါတီ အခြေ အနေ က ဘယ်လိုလဲ CEC မှာရော ဆွေး နွေးဖြစ်လား။ ကျွန်တော်တို့ ပါတီက ပြည်သူလူထု ထောက်ခံတဲ့ ပါတီ ဖြစ်နေတယ်။ ဒေါ်အောင် ဆန်းစုကြည် ဆိုရင် ပြည်တွင်းရော ပြည်ပ ကပါ ထောက်ခံ တဲ့ ပုဂ္ဂိုလ်ဖြစ်နေတော့ မနာလို မရှုစိမ့်တဲ့ ပါတီတွေလည်း ရှိတာပေါ့။ ၂၀၁၅ အတွက် ယှဉ်ပြိုင်ဖို့ အတွက် အခက်အခဲ ရှိတော့ ဒါအင်အား ပြိုအောင် ကြံဖန် ပြောဆိုတာတွေ ရှိတယ်။ ကြံဖန် ပြောကြ ဆို ကြ တာက လေ့လာရင် တွေ့မှာပါ။ ဘယ်သူ တွေနောက်ကွယ် က လုပ်နေကြလဲ ဆိုတာ လေ့လာကြည့်ပါ။ ကျွန်တော်တို့ ပါတီက အရင်ကတည်းက ပါတီရဲ့ ဖွဲ့စည်းပုံ စည်းမျဉ်း ကိုက ဘာသာမရွေး၊ လူမျိုး မရွေး ကျား/မ မရွေး လက်ခံ ထားတာပဲ။ ကျွန်တော်တို့ မှာ တန်းတူညီမျှ ခွင့်ပေးထား တာပဲ။ 

ဒီအပေါ်မှာ အင်အား ပြိုအောင် ထိုးနှက် တိုက်ခိုက်နေ တာပါ။ ဖွဲ့စည်းပုံ ချောမွေ့ စွာ ပြင်ဆင်နိုင်ရေး အတွက် ဒေါ်အောင်ဆန်းစုကြည် က သမ္မတ နဲ့ တွေ့ဖို့ မေတ္တာရပ်ခံတာ ကို သမ္မတရဲ့ ပြောရေး ဆိုခွင့် ရှိသူက လွှတ်တော် က အစီရင်ခံစာ ပြီးမှ စဉ်းစားမယ်လို့ မီဒီယာ တွေကို ပြောတာ ဘယ်လို မြင်လဲ။ ကျွန်တော်တို့ ဥက္ကဋ္ဌက မေတ္တာရပ်ခံ တယ် ဆိုတာ မီဒီယာက ပြောတာ မဟုတ်ဘူး။ တရားဝင် စာပို့ တာ။ တရားဝင် စာပို့ တာကို မီဒီယာ ကလည်း ပြန်ပြောလို့ တရားမ၀င်ဘူး။ တရားဝင် စာပြန် မှ တရားဝင်မယ်။ နောက်တစ်ခုက ခုနက ပြောသလို ဖွဲ့စည်းပုံ လေ့လာ သုံးသပ်ရေး ကော်မတီက ဆုံးဖြတ်ပြီးမှ ဆိုတော့ လွှတ်တော်က ဆုံးဖြတ်ပြီးရင် ဘယ် သူက ပြင်လို့ ရမှာလဲ။ ဒီမှာ ဘယ်သူက ဆွေးနွေးလို့ ရမှာလဲ။ 

လွှတ်တော်က ဆုံးဖြတ် ပြီးမှ ဘာမှ ပြောလို့ မရတော့ဘူး။ အချို့က မသိဘဲ ပြောနေတာ က တွေ့ ဖို့ ကြိုးစားတာ က ဟို တစ်ချက်ညှိ မယ်။ ဒီအချက်ညှိမယ် ဆိုပြီး ပြောနေ ကြတယ်။ ဟိုပုဒ်မ ညှိမယ်။ ဒီပုဒ်မ ညှိမယ် ထင်နေ တာ။ ကျွန်တော်တို့ ပြောတာ ရှင်းရှင်းလေး၊ ဖွဲ့စည်းပုံပြင်ဆင် ရေးအဆင်ပြေ ချောမွေ့စေဖို့ ပြောနေတာ။ ဒီပြောင်းလဲမှုမှာ နိုင်ငံရေး အခင်းအကျင်း အားလုံး အဆင်ပြေအောင် ပြောနေတာ။ ပုဒ်မပေါင်း ၄၀၀ ကျော်ကို တစ်ချက်ခြင်း ညှိပြင်ဖို့ ပြောနေတာ မဟုတ် ဘူး။ NLD ရဲ့ တွေ့ဆုံဖို့ တောင်းဆိုတာကို အစိုးရ ရဲ့ တုံ့ပြန်မှု အပေါ်ပြန်ပြီး ထုတ်ပြန်ချက် က နည်းနည်း တင်းမာ နေလိုပဲ။ ဒါကတော့ စာတစ်ခုက စာပေါ်မှာ ကြည့်ရုံတင် မရဘူး။ စာပေါ်က စကားလုံး တွေကို ပြင်းအောင် ပြောရင်လည်း ရတယ်။ ပျော့အောင်ပြောရင်လည်း ရတယ်။ 

ဒီလိုပဲ ဖတ်တဲ့ အခါမှာ ပြင်းအောင် ဖတ်လို့ ရတယ်။ ပျော့အောင် ဖတ်လို့ ရတယ်။ စာကြည့်ပြော လို့တော့ မရဘူးပေါ့။ ဖွဲ့စည်းပုံ အားလုံးကို ပြင်လို့ ရပေမယ့် ပုဒ်မ ၅၉ (စ)ကို ပြင်နိုင်မယ်လို့ ယုံကြည်လား။ ဘယ်လို အခက်အခဲတွေ ကြုံ နိုင်မလဲ။ တကယ့် ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်မယ်၊ နိုင်ငံရေးသမားတွေ ကို ဒီမိုက ရေစီ အခွင့်အရေးပေးမယ် ဆိုရင် ပြင်ကို ပြင်ပေး ရမယ်။ 

သန့်ရှင်းပြီး မျှတတဲ့ ရွေးကောက် ပွဲလုပ်မယ်လို့ ကြွေးကြော် ထားရင် ပြင်ကို ပြင်ပေးရမယ်။ မပြင်ပေးရင်တော့ ဒါတွေ မဟုတ်တာ အကုန်ပေါ်မယ်။ ဖြည့်စွက် ပြောချင်တာ ရှိရင်လည်း ပြော ပေးပါဦး။ လွှတ်တော် ထဲမှာ အဆိုတွေ တင်ပေမယ့် ရှုံးနိမ့် ခဲ့ရ တာတွေ ရှိတာပေါ့။ ကျွန်တော် ပြောချင်တာက ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ မထားဘဲ ပြည်သူ ပြည်သားတွေ အတွက်ပဲ ရည်ရွယ်ပြီး တင်တာ။ တင်တဲ့အခါ ကျတော့ စိတ်ဆန္ဒ ရှိ သလောက် မပြည့်သေးဘူးပေါ့။

Messenger News Journal

မြောက်ကိုရီးယား လက်နက် ၀ယ်ယူမှု မှာ ပါဝင်တဲ့ မြန်မာ ကုမ္ပဏီတွေ နဲ့  ဗိုလ်မှုးကြီး တစ်ဦး ကို အရေးယူ



ဗိုလ်ချုပ်ကြီး သိန်းဌေး ကို အမေရိကန် က ပိတ်ဆို့  အရေးယူ မှု ပြု ပြီး နောက်မှာ ကာကွယ်ရေး ပစ္စည်း ထုတ် လုပ် မှု ညွှန် ကြား ရေး မှုး ရုံး က ညွှန်ကြား ရေး မှု ကိုယ် စား ဒုတိယ ဗိုလ်မှုးကြီး ကျော်ညွှန့်  ဦး နောက် တော့ ဗိုလ်မှုးချုပ် ဟောင်း တစ်ဦး ပိုင် တဲ့ မရမ်း ကုန်း မြို့  နယ် ကမ္ဘာ အေး ဘုရား လမ်း စိုးမင်းထိုက် သွင်း ကုန် ထုတ် ကုန် ကုမ္ပဏီ ၊ အမေရိကန် ကုမ္ပဏီ တွေ နဲ့  ပါ အဆက် အသွယ် ရှိ တဲ့ လှိုင်သာယာ ဦး တရုတ် ကြီး လမ်း က Excellence Mineral Myanmar ကုမ္ပဏီ ၊ မြောက်ကိုး ရီးယား က ဒုံးလက်နက် ဆက်စပ် ပစ္စည်း တွေ ကို အလူမီနံယမ် တွေ ၊ သံမဏိလွန် တွေ နဲ့  ညှပ် ပြီး သွင်းလာ တယ် လို့  သတင်းရထား တဲ့ ရွှေပြည်သာ က Asia Metal Group of Companies တွေ ကို ဒဏ် ခတ် အမည် ပျက် စာရင်း ထည့် သွင်း လိုက် တာ ဖြစ် ပါတယ်။


အင်္ဂါနေ့ နံနက် က အမေရိကန် ဘဏ္ဍာ ရေး ၀န်ကြီးဌာန က ထုတ် ပြန် တဲ့ စာရင်း မှာ မြန်မာ စစ်အရာ ရှိ တစ်ဦး နဲ့  မြန်မာ ကုမ္ပဏီ သုံး ခု ပါဝင် ခဲ့ တာ ဖြစ် အမေရိကန် မှာ ရှိ တဲ့ သူတို့  ပိုင်ဆိုင် တဲ့ ဓန ဥစ္စာ ကို ထိမ်းချုပ် ဖို့  နဲ့  အမေရိကန် ကုမ္ပဏီတွေ က ဒီကုမ္ပဏီ တွေ နဲ့  ဆက် ဆံ မှု တွေ ကို ရှောင် ဖို့  သတိပေး ထား ပါတယ်။

အမေရိကန် က အခု လို အရေး ယူပိတ် ဆို့  မှု ဟာ ဇူလိုင် လဆန်း က ကကထုတ် နဲ့  ဒုံးလက် နက် သုတေသန ဌာန က ဒုတိယ ဗိုလ် ချုပ်ကြီး သိန်းဌေး ကို အမည်မဲ စာရင်း ထည့် သွင်း ပြီး နောက် မှာ အခုလို ထပ်မံ ပိတ် ဆို့  အရေးယူတာ ဖြစ် ပါတယ်။

ဗိုလ်ချုပ်ကြီး သိန်းဌေး ဟာ အသစ်ဖွဲ့  စည်းထား တဲ့ Missile Strategic and Defense Command ဒုံးလက်နက် ပစ်လွှတ် ရေး နဲ့  ကာကွယ်ရေး တပ် ဖွဲ့  ကို လည်း ထပ်မံ ဦးစီး မှု ရှိ တယ် လို့  တပ် တွင်း သတင်း ထွက် ပေါ် ပြီး နောက် မှာ အခု လို ပိတ် ဆို့  လိုက်တာ ဖြစ် ပါတယ်

ဒီ ဒဏ် ခတ် အရေးယူ မှု မှာ ဒုတိယ ဗိုလ်မှုးကြီး ကျော်ညွှန့်  ဦး နဲ့  ကုမ္ပဏီ တွေရဲ့  ငွေ ကြေး လွှဲ ပြောင်း ရ ယူ မှု ပြု တဲ့ သူတွေ ၊ အမေရိကန် မှာရှိ ကောင်း ရှိ နိုင် တဲ့ သူ့  ရဲ့  ပိုင် ဆိုင် မှု တွေ ကို ထိမ်းချုပ် မှာ ဖြစ် ပါတယ်။

မြန်မာ အစိုးရ က ၊ ကွန်မြူနစ် မြောက်ကိုရီးယား နဲ့  စစ်ရေး ဆက် ဆံ မှု တွေ ရပ် ဆိုင်း လိုက် ပြီ လို့  နိုင်ငံ ခြား ရေး ၀န် ကြီး ဟီလာရီ ကလင် တန် ၂၀၁၁ ခုနှစ် နိုဝင် ဘာလ ၁၉ ရက်နေ့  က မြန်မာ နိုင်ငံ ကို လာရောက် ခဲ့ စဉ် က တည်း က သမ္မတ ဦးသိန်းစိန် က မြောက် ကိုရီးယား နဲ့  စစ်ရေး ဆက် ဆံ မှု တွေ မရှိ တော့ ပါ ဘူး လို့  တရားဝင် ပြောကြား ခဲ့ ပြီး ၊ မေ လ အတွင်း က ဦးသိန်းစိန် ရဲ့  အမေရိကန် ခရီး စဉ် သမ္မတ အိုဘားမား နဲ့  တွေ့  ဆုံ မှု မှာ လည်း ပဉ္စမ အကြိမ် မြောက် ထပ် လောင်း ပြော ကြား ခဲ့ ပါတယ်။

Source – AP, NPR,FNG
US Blacklists Myanmar Firms For NKorea Arms Trade

freedomnewsgroup.com