Monday, December 16, 2013

ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး UCL ဖေ့စ်ဘုတ် ဖော်ပြချက်


တက္ကသိုလ်များ ချံပီယံ လိဂ် UCL ရဲ့ ဖေ့စ်ဘုတ် အက်ဒမင်အဖွဲ့က နောက်ထပ်ပို့စ်တခုကတော့ ဆီးဂိမ်း မှာ ဝင်ခွင့် ကတ်လည်ဆွဲ မပါတဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဓာတ်ပုံနဲ့ ဖိုးလပြည့် ဓာတ်ပုံကို ယှဉ်နှိုင်း ထောက် ပြပြီး အခုလို ရေးထားပါတယ်။


ပုံ(၁) - ဧည့်သည်တော်တစ်ဦးကို အကြောင်းအမျိုးမျိုးကြောင့် လည်ဆွဲကတ်မပါဘဲ ဆီးဂိမ်း(စ)ပြိုင်ပွဲတစ်ခု တွင်တွေ့ရစဉ် 

ပုံ(၂) - UCL ဥက္ကဌ၏လည်ဆွဲကတ်နှင့် ယင်းကတ်ဆွဲ၍ ဓာတ်လှေကားမှထွက်လာစဉ် (ဘယ်မြန်မာနိုင်ငံ သား မဆို ကတ်ပြားပါတာမပါတာထက် မြန်မာပြည်ကိုယ်စားပြု ကစားသမားများကို ရင်ထဲအသည်းထဲက လှိုက်လှိုက်လှဲလှဲအားပေးဖို့ပဲလိုပါတယ်။ 

အခုလို အမိမြေအတွက် မင်္ဂလာအရှိဆုံးအချိန်အခါ မှာ မြန်မာ ပြည်သား အချင်းချင်း သံသယ၊ ဝန်တိုစိတ် များ ဘေးဖယ်ထားပြီး မြန်မာပြည် ကိုယ်စားပြုအားကစားသမားများကို လှိုက်လှိုက်လှဲလှဲအားပေး၊ ဂုဏ်ပြုသွားကြပါဆို့လို့ တိုက်တွန်းရင်း.....) 

GO GO TEAM MYANMAR....GOAL TO THE GOLD!!!!!!!! တဲ့။ 


ဒီပို့စ် မတိုင်ခင် ဗိုလ်ချုပ်မှူးကြီးရဲ့ မြေး၊တက္ကသိုလ်များ ချံပီယံ လိဂ် UCL ရဲ့ ဥက္ကဋ္ဌ နေရွှေသွေးအောင် ခေါ် ဖိုးလပြည့်ရဲ့ ကိုယ်စား UCL ရဲ့ ဖေ့စ်ဘုတ် အက်ဒမင်အဖွဲ့က ဖိုးလပြည့်၊ မိုးစက်ဝိုင်တို့နဲ့ ပတ်သက်တဲ့ ဆီးဂိမ်း ဖွင့်ပွဲမှာ ဝင်ခွင့် ကတ်ပြား ပါတယ်၊ မပါဘူး ဆိုတဲ့ ကိစ္စ စာရှည်တခု ရေးသားထားပါတယ်။ 

သူမနှင့် ကိုယ်တိုင်ရေး ဖြတ်မှတ်များ



ကျွန်တော်သည် ယခုမှစတင် လေ့လာခွင့်ရသော မည်သူ့ကိုမဆို အမှတ်၅၀ပေးထားလေ့ရှိသည်။

ဆက်ဆံရသော ကာလတစ်လျှောက် ထိုသူ၏ ပြုမူပြောဆိုလုပ်ကိုင် ဆောင်ရွက်မှုများအပေါ် အခြေခံကာ တဖြည်းဖြည်းချင်း ရမှတ်တိုးမြှင့်ပေးမှု နှင့် ရမှတ်လျှော့ချမှုကို လုပ်ဆောင်လေ့ရှိသည်။


ကျွန်တော့်အပေါ်တွင်လည်း အလားတူစွာ ပြုမူ သုံးသပ်ဆုံးဖြတ်ကြသော သူများလည်း ရှိကောင်း ရှိပေမည်။

လွတ်လပ်စွာ ရွေးချယ်တင်မြှောက်ခွင့်ရှိသော ပြည်သူ တစ်ဦး အနေဖြင့်မြန်မာ့နိုင်ငံရေးတွင်လည်း ထိုသို့သတ်မှတ်ဆုံးဖြတ်သူ ထိပ်ပိုင်းနိုင်ငံရေးသမား များစွာ ရှိနေပါ၏။

အာဏာရ နိုင်ငံရေးပါတီအတွင်း၌လည်းကောင်း၊အတိုက်အခံပါတီတို့၌လည်းကောင်း ထိုသို့အကဲဖြတ် မှတ်ချက်ပြုရာတွင် ကမ္ဘာကျော်နိုဘယ်လ်ဆုပိုင်ရှင် ဒေါ်အောင်ဆန်းစုကြည်လည်း တစ်ဦးအပါအ၀င် ဖြစ်ပါ သည်။

ကနဦးတွင် ဒေါ်အောင်ဆန်းစုကြည်အပေါ် များစွာ မျှော်လင့်အားထားခဲ့ပြီး ပုံမှန်သတ်မှတ်နေကျ ပေးမှတ် ထက် များစွာ ကျော်လွန်ကာ အမှတ်ရာပြည့် ပေးထားသည်အထိ ဖြစ်ခဲ့ပါ၏။

အားကိုးမှုအတိနှင့် စောင့်ကြည့်ယုံကြည်ခဲ့သမျှ တစ်စစနှင့် စိတ်ပျက်လာရသော အရေအတွက် များ သည်ထက် များလာသော အခြေနေတစ်ရပ်နှင့် ကြုံရဖန်များလာသောအခါ ကျွန်တော်၏ ပေးမှတ်များမှ သုညအောက် အနှုတ်ဒီဂရီအထိ ယနေ့ရောက်ရှိနေပေပြီ။

သူမသည် အမျိုးသားရေးကို မသိကျိုးကျွန်ပြုသည်။လူ့အခွင့်ရေးဟူသည့် စကားလုံးလှလှအပေါ် ပိုမိုရှေးရှု သည်။

သူမသည် တိုင်းရင်းသားရင်ကြားစေ့ရေး စိတ်မ၀င်စား။မိမိ သမ္မတဖြစ်ရေးတွက်သာ အားတက်သရော လှုပ်ရှားသည်။

သူမသည် ပြည်သူတို့၏ လူမှုစီးပွားမြင့်မားမှုကို ဦးမတည်။အခွင့်အလန်းတိုးတက်မှုကို ဟန့်တားခြင်းသို့ ဦးတည်သည်။

သူမသည် နိုင်ငံ့မီးရှုးတန်ဆောင်ဖြစ်ရေးကို မကြိုးပမ်း။တိတ်တဆိတ်ထောက်ပံ့နေသည့်နိုင်ငံများတွက် အမှုတော် ထမ်းသည်။

သူမသည်တိုင်းပြည်တည်ငြိမ်းရေးကို မဖော်ဆောင်။ဝရုန်းသုန်းကားဖြစ်နိုင်သည့် အခြေနေများကို ဖော် ဆောင်သည်။

သူမအပေါ်၌ ကျွန်တော့်နည်းတူ အကဲဖြတ်အမှတ်ပေးနေသူ ပြည်သူများစွာရှိနေပေသည်။ သူမ၏ ဗောင်းတော်ညိတ်၊စိတ်တော်ကျ (သူများယောင်လို့ယောင် အမောင်တောင်မှန်း မြောက်မှန်းမသိသူ)ကပ်ပါးတစ်ချို့ကလွဲ၍ တော်တော်များများက သူမကို စိတ်ပျက်နေကြပြီဖြစ်သည်။

သူမသည် သူမနှင့် သူမပါတီ၏ လားရာကို ရေရှည်မမျှော်တွေး။ နိုင်ငံတကာက အခြောက် တိုက်၊အမြှောက်ကြိုက်ပေးနေသည့် ဆုများစွာ ရင်မှာပိုက်ထွေး၍ အမယ်ဘုတ်ရဲ့ သူချည်ခင်ဖြစ်နေသည်။

သူမသည် ပြည်တွင်းအားထက် နိုင်ငံတကာဖိအားကို လိုလားသည်။

သူမသည် ပြည်တွင်းနေ တိုင်းရင်းသားများ၏ အသည်းကြားက မဲတစ်ပြားထက် နိုင်ငံရပ်ခြား တိုင်းတစ်ပါး ကို ပိုမိုလိုလားသည်။

သူမ၏ အဖြေလွှာကို ပြည်သူက စစ်နေကြောင်း ကောင်းစွာနားမလည်။

သူမ၌ အမှတ်လက်ကျန် တဖြည်းဖြည်းလျှော့နည်းလာနေကြောင်း ကောင်းစွာ မသိမြင်။

ယခုလည်း တစ်မျိုးသားလုံးနှင့် သက်ဆိုင်သည့် နိုင်ငံတကာပြိုင်ပွဲကြီးကို လျစ်လျုရှုကာ လူထုက မလိုလား သည့် အာရပ်ကုလားတွေကြား မြူးတူးပျော်ပါးနေလေသည်။

သူမအပေါ် အလွန်တစ်ရာ မျှော်လင့်ထောက်ခံထားသည့် ကျောမွဲများစွာ၏ လိုလားမှုမှန်သမျှကို မျက်ကွယ် ပြု၍ ပြည်သူ့ပေးမှတ်အား သူမကိုတိုင်ပင်ပြန်လည် ဖြတ်တောက်နေသည်မှာ ၀မ်းနည်းစရာ ကောင်းလှ ပါဘိတောင်း။

သည်လိုပုံ သည်လိုအချိုးနှင့်၂၀၁၅၌ အားကိုးရန် ထိုက်/မထိုက်ဆိုသည်မှာ ၁၈နှစ်ပြည့်ပြီးသူများ မဆို ထားဘိ (၄)တန်းကလေးပင် စဉ်းစားတတ်ပါ၏။

From:We Love True

တောင်ကြီး လက်လုပ်အသံမြည်ဗုံး တရားခံမိပြီ



ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ မြို့မ ရပ်ကွက်ရှိ နေအိမ်တစ်လုံး၌ လက်လုပ်ဗုံး ပေါက်ကွဲမှု ဖြစ်စဉ်နှင့် ပတ်သက်၍ နောက်ဆုံး ထပ်မံ စစ်ဆေးတွေ့ရှိချက်အရ လက်ပစ်ဗုံးတရားခံ စစ်ဆေးရာ၌ တောင်ကြီးမြို့ ၊ကံသာရပ်၊ ဂျိုးဖြူလမ်း တွင်နေထိုင်သူ ဦးရရှစ်ခန်း(ခ)ဦးရဲလွင်၊ (၅၃)နှစ်၊(ဘ)ဦးရဲမြင့်က ပြုလုပ်ပေးခဲ့သည်ဟု စစ်ဆေး တွေ့ရှိရကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။


လွန်ခဲ့သော တန်ဆောင်တိုင်ပြီးဖို့ (၂)ရက်အလိုခန့်က လက်ဖက်ရည်ဆိုင်တွင် ဦးဟာဂျီယူစွတ် (ခ) ဦးမြင့်သိန်းနှင့် ဦးရရှစ်ခန်း(ခ)ဦးရဲလွင်တို့တွေ့ဆုံခဲ့စဉ်က ငါးမိုင်းခွဲရန်အတွက် ဦးမြင့်သိန်းက ပြုလုပ် ခိုင်းခဲ့ကြောင်း၊ ငါးမိုင်းခွဲရန်အတွက် ၄င်းမှာရှိသည့် မြင်းသီလ(ခ)ဆေးဒန်း၊ပိုတက်(ယမ်းပြုလုပ်သော အရာ)၊ သံပိုက်လုံးအရှည် ထိပ်ပိတ်နောက်ပိတ်၊ သံပိုက်ကပ်ကော်နှင့်ပြုလုပ် ပေးခဲ့ကြောင်း ဦးရဲလွင်က ထွက်ဆိုခဲ့ သည်ဟု ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကျော်နိုင်ကပြောသည်။

ဦးရဲလွင်သည် အာရှတီဗွီပြုပြင်ရေးလုပ်ငန်းလုပ်ကိုင်သူဖြစ်ပြီးရပ်ကွက်ထဲတွင် တန်ဆောင်တိုင်မီးထွန်း ပွဲတော်အတွက် ယမ်းစပ်ကူရင်းက လက်လုပ်ဗုံးကို လုပ်တတ်လာသူဖြစ်ကြောင်း၎င်းနှင့်နီးစပ်သည့် အသိုင်းအ၀ိုင်းမှသိရသည်။

လက်လုပ်ဗုံးတွင် ဘောစေ့နှင့်ခဲများပါဝင်ပါက နံရံတွင် စင်ထားမည်ဖြစ်ရာ ဘောစေ့ရာများတွေ့ရှိ ရမည် ဖြစ်သော်လည်း ယခုပေါက်ကွဲခဲ့သော လက်လုပ်ဗုံးတွင် ခဲနှင့်ဘောစေ့များဖြင့်ပြုလုပ်ထား သည်ကို မတွေ့ရှိ ရကြောင်း၊ အသံမြည်ရန်သက်သက်သာပြုလုပ်ထားကြောင်း ရန်ကုန် CID မှုခင်း တပ်ဖွဲ့မှဆင်း၍ စစ်ဆေးတွေ့ရှိချက်အရသိရှိရသည်။

ရှမ်းပြည်နယ် အမဲလိုင်စင်ရထားသော ဦးဟာဂျီယူစွတ်(ခ)ဦးမြင့်အောင်သည် ဆီဆိုင်၊လဲချား၊ဘန်းယဉ် ဘက်သို့ အမဲဝယ်ထွက်ရန်သွားမည့်အခါ ၄င်းဒေသများ ရှိချောင်းများတွင်ငါးမိုင်းခွဲရန်အတွက် ယူဆောင် သွားရန် နေအိမ်တွင်ကော်ဖြင့်ပိတ်ထားသည့် သံပိုက်အားဖွင့်မရ၍ ခြေတစ်ဖက်ဖြင့် နင်း၍ တစ်ဖက်က တူနှင့်သံပြားဖြင့်ရိုက်ဖွင့်ခဲ့သောကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ခြေချင်းဝတ်တစ်ဖက်ပြတ် သွားခဲ့ကြောင်း သိရှိရသည်။

လက်လုပ်ဗုံးပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ပြုလုပ်ပေးသူ ဦးရရှစ်ခန်း(ခ)ဦးရဲလွင်အား တောင်ကြီး မြို့မရဲစခန်းမှ ဒုရဲမှူး စခန်းမှူး ဥာဏ်လှိုင်ဦးက (ပ)နံပါတ် ၃၁၃/၂၀၁၃ ပေါက်ကွဲစေတတ်သော အရာ ၀တ္ထုများ အက်ဥပဒေပုဒ်မ- ၅ အရအမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။

ဆက်စပ်သတင်း - 

တောင်ကြီးမြို.၊မြို.မရပ်ကွက်မှာလက်လုပ်ဗုံးကို စမ်းသပ်ရင်း ပေါက်ကွဲမှုဖြစ်ပွား 


ရှမ်းပြည်နယ်(မြစ်မခ)

ရာဇ၀င်ထဲမှာ အမေ့ကိုထားရစ်ခဲ့ပါရစေ

မျိုးစောင့်ဥပဒေကို ထောက်ခံခဲ့တဲ့ ဆရာတော် ဦးဝီရသူကို ထောက်ခဲရဲတဲ့ (၉၀) ခုနှစ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးလှမြင့် (ဒေးဗစ်လှမြင့်) ရဲ့သတ္တိကို မချီးကျူးဘဲ မနေနိုင်ပါဘူး။ အတ္တကို ဗဟိုပြုတဲ့ နိုင်ငံရေးစနစ်ကျင့်သုံးနေသမျှ ဒီမိုကရေစီခေတ်မှာလည်း အာဏာရှင် ထွန်းကားနေမှာပါပဲ။ နိုင်ငံရေးအမြင်အရ ကြည့်ပြီး ရွေးချယ်ရရင် ဒေါ်စုကို ရွေးချယ်မှာပါ။


အမျိုသားရေးမျက်စိနှင့် ရှုမြင့်ခဲ့လို့ သမ္မတကြီးကိုပဲ ရွေးချယ်ခဲ့ပါတယ်။ တိုင်းပြည်မျက်နှာ ပြည်သူ့မျက်နှာ နိုင်ငံ့မျက်နှာ သာသနာတော်မျက်နှာကိုကြည့်ပြီး အားနားပါးနားနဲ့ ရာဇဝင်ထဲ မှာပဲ အမေ့ကို ထားရစ်ခဲ့ရ ပါတယ်။ စိတ်မရှိပါနဲ့နော်။
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

“ဆရာတော်ဦးဝီရသူ ပြောကြားတာကို လုံးဝထောက်ခံပါတယ်”

ဆရာတော်ရဲ့ သုံးသပ်ချက်ဟာ အခြေအနေအားလုံးကို ခြုံငုံပြီး ပြောထားတပါ။ အသေးစိတ် တိတိ ကျကျသာ ပြောခဲ့ရင် အားလုံးက သဘောပေါက်နားလည်သွားကြမှာပါ။ ဆရာတော်က ဒေါ်အောင်ဆန်း စုကြည် သမ္မတဖြစ် ခဲ့ရင် ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေကို ထောက်ပြသွားပါတယ်။ မှန်ကန်တဲ့စကား တွေဖြစ်သလို သတိပေးတာလို့ လည်း ယူဆလို့ရပါတယ်။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ မဖြစ်သင့်သေးပါဘူး။ နိုင်ငံကို ဦးဆောင်လို့ မရသေးပါဘူး။ အများကြီး လိုအပ်နေပါသေးတယ်။ အများကြီး ပြင်ဖို့လိုပါသေးတယ်။ သမ္မတတစ် ယောက်ဖြစ်နိုင်ဖို့ရာ အုပ်ချုပ်ရေးစွမ်းရည် ပြည့်ပြည်ဝဝ ရှိနေပါပြီလား။ စီမံခန့်ခွဲမှုအပိုင်းကရော ကျွမ်းကျွမ်း ကျင်ကျင် ရှိပါရဲ့လား။ ဥပဒေအရာမှာ ဘယ်လောက်ထိ နားလည်တတ်မြောက်ထားပါပြီလဲ။ လူမှန် နေရာမှန်ကို ရော မှန်မှန်ကကန် ရွေးချယ်နိုင်ပါပြီလား။ မေးစရာ တွေ အများကြီးပါ။ ဒီလို အရည်အသွေးတွေရဲ့ အတိမ် အနက်ကို NLD ပါတီအတွင်းမှာ ဖြစ်ပေါ်နေတဲ့ အကြောင်းအကျိုး ဆက်စပ်နေမှုတွေကနေ ကြည့်ရင်မြင်ရင် ရနိုင်သလို ကုန်လွန်ခဲ့တဲ့အတိတ်ကာလက အခြေအနေတွေကို ပြန်လည်သုံးသပ်ရင်လည်း ထင်ထင်ရှားရှား သိရှိနိုင်ပါလိမ့်မယ်။

နောက်တစ်ခု အစိုးရဖွဲ့ဖို့ကိစ္စပါ။ NLD ပါတီကို ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်တည်းနဲ့ ဦးဆောင်လို့ ရနေ ပေမယ့် အစိုးရအဖွဲ့ကိုတော့ ဒေါ်စုတစ်ယောက်တည်းနဲ့ လုပ်လို့တော့ မဖြစ်နိုင်ပါဘူး။ ကိုယ်တိုင်က သမ္မတဖြစ် ချင်ပါတယ်လို့ ပြောနေပေမဲ့ သမ္မတဖြစ်လာခဲ့ရင် ဘယ်သူတွေနဲ့များ အစိုးရဖွဲ့မှာလည်း။ ဘယ်သူတွေကိုများ ရည်ရွယ်ထားပါသလဲ။ ဘယ်သူတွေကိုများ တည်ဆောက်ထားပါသလဲ ဘယ်သူ တွေကိုများ လေကျင့်ပျိုးထောင် ထားပါသလဲ ဒါတွေဟာ တိုင်းပြည်အတွက် အလွန်အရေးကြီးတဲ့ အစိတ် အပိုင်း တွေပါ။ အမှန်တကယ်ကြည့် လိုက်ရင် ရည်ရွယ်ထားတဲ့သူ ရှိကောင်းရှိနိုင်ပေမယ့် အရည်အချင်း မှီတဲ့သူ ဘယ်သူကိုမှ မတွေ့ရပါဘူး။ တည်ဆောက်ရေးဆိုတဲ့နေရာမှာလည်း ယခင် စစ်အစိုးရလက်ထပ် တုန်းကလည်း မတည်ဆောက်ခဲ့သလို ယခု အစိုးရခေတ်မှာလည်း တည်ဆောက်မထားပြန်ပါဘူး။ ဒေါ်စုတည်ဆောက်ခဲ့တာက ကိုယ့်ကိုကိုယ်ပါ။ အဲဒါ ကြောင့် ဒေါ်စုက ထင်ပေါ်ကြော်ကြားခဲ့ရပြီး ကျဆုံးသွား NLD အဖွဲ့ဝင်တွေ အခြေအနေမှန်ကို သဘောမပေါက် ကြသေးပါဘူး။ သူတို့ရဲ့ အနာဂတ်ကိုလည်း ခန့်မှန်းတွက်ဆနိုင်ခြင်း မရှိသေးပါဘူး။ ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းကိုသာ ပုံအပ်မျှော်လင့် စောင့်စားနေကြပြီး ဒေါ်စုမရှိရင် မဖြစ်၊ ဒေါ်စုလုပ် နိုင်တယ်၊ ဒေါ်စုလုပ်ပါလိမ့်မယ်၊ ဒေါ်စုသိပါတယ်။ ဒေါ်စုသိပါလိမ့်မယ်ဆိုတဲ့ အတွေးအခေါ် အယူအဆတွေဟာ ပါတီဝင်တွေအပေါ်မှာ လွှမ်းမိုးနေတော့တာပါပဲ။ 

အကျိုးဆက်ကတော့ ဒေါ်စု လောင်းရိပ်မိပြီး မျိုးဆက်သစ် ဆိုတာ မရှိသလောက်ကို ဖြစ်သွားတော့တာပါပဲ။ ဒီလိုဖြစ်နေခဲ့တာ အချိန်ကာလ (၂၅) နှစ် တိုင်ခဲ့ပါပြီ။ ဒီနေ့ ဒီအချိန်ထိလည်း ဒီအတိုင်းပါပဲ။ ဒီလိုမျိုး တည်ဆောက်ထားတဲ့သူကို နိုင်ငံတော်သမ္မတတာယန်ပေးပြီး အစိုးရ အဖွဲ့ကို ဦးဆောင်မယ်ဆိုရင် ဒီနိုင်ငံ ဘယ်လိုဖြစ်သွားမှာလည်း ပြည်သူတွေ ဘယ်လိုအကျိုးဆက်တွေ ခံစားကြ ရမှာပါလဲ။ ဆရာတော် ဦးဝီရသူပြောတဲ့ အခြေအနေကို ရောက်သွားမှာ သေချာသလောက်ပါပဲ။

ဒါကြောင့် ဒေါ်စုကို အမှန်အတိုင်းပြောဆိုထောက်ပြတာတွေကို သေသေချာချာ စဉ်းစား စဉ်ခြင် လေ့လာ သုံးသပ်ဖို့ လိုပါတယ်။ ကျွန်တော်တို့ဟာ အကြောင်းမဲ့သက်သက် ဝေဖန်ပြောဆိုနေတာမဟုတ်ပါဘူး။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ကိုယ့်ဘဝတိုးတက်အောင် ကြိုးပမ်းလုပ်ဆောင်နေတဲ့သူ မှန်သမျှကို ဘယ်သူကမှ အပြစ်တင်ဝေဖန်နေမှာ မဟုတ်ပါဘူး။ လိုအပ်ချက်တွေရှိနေလို့ ပြင်ဆင်တာတွေပြင်နိုင်ဖို့ မလုပ်သင့် တာတွေ မလုပ်စေဖို့ရာ ပြောဆိုနေကြခြင်းဖြစ်ပါတယ်။ ဒီလို ဝေဖန်အကြံပြုမှုမျိုးတွေကို NLD အဖွဲ့ဝင်တွေ အနေနဲ့ ပါတီ အတွင်းမှာ မလုပ်ဆောင်ရဲပါဘူး။ 

အရင်တုန်းကပြောခဲ့တဲ့သူတွေရဲ့ အခြေအနေဆိုးကို မြင်ဖူးကြားဖူးပြီးသားပါ။ ဒါကြောင့်လည်း ရင်ထဲက အမှန်တရားတွေကို မျိုသပ်ထားကြတာပဲ မဟုတ်ပါလား။ ဒေါ်အောင်ဆန်းစုကြည် မရှိရင် မဖြစ်ဘူး။ အစားထိုးစရာလူမရှိဘူးဆိုတာ မှားယွင်းတဲ့အမြင်တွေပါ။ ကြောက်မက်ဖွယ်ရာကောင်းတဲ့ အယူအဆ တွေပါ။ ပါတီအတွက်လည်း အန္တရာယ်ရှိသလို နောင်လာမယ့် မျိုးဆက်တွေအတွက်လည်း အပိတ် အဆို့ အဟန့်အတားသဖွယ် ဖြစ်လို့နေပါတယ်။ 

အစားထိုးစရာလူမရှိတဲ့သူတစ်ဦးရဲ့ ဦးနှောက်နဲ့ အသက်ဆက် နေရတဲ့ ပါတီရဲ့ အနာဂတ်နိဂုံးတွေကို တွေးမြင်မိကြပါရဲ့လား။ NLD ရဲ့ သက်တမ်းဟာ ဒေါ်စုရဲ့သက်တမ်းလို့ သတ်မှတ်ထားကြတာပါလား။ ဒေါ်စုမရှိတော့ရင်ဒေါ်စုကြဆုံးသွားရင် NLD လည်း သူနဲ့အတူ ပါသွားအောင် လုပ်နေကြတာ မဟုတ် ပါလား။ ဒီလိုအခြေအနေမျိုး အခင်းအကြင်းမျိုးတွေဖြစ်အောင် ထူထောင်ထားတဲ့ သူတစ်ယောက်ထံ နိုင်ငံ တော်အာဏာ လွှဲအပ်လိုက်လို့ နိုင်ငံတော်လည်း သူနဲ့အတူ ပါသွားရင် ဖြစ်ပေါ်လာ မယ့် ဆိုးကျိုးတွေကို မြင်ကြပါရဲ့လား။ 

အကောင်းတွေကိုပဲ မျှော်လင့်လို့ မနေကြပါနဲ့။ အဆိုးတွေကိုလည်း စဉ်းစား ဆင်ခြင်ကြပါဦး။ ဒါကြောင့် ပြည်သူတွေရဲ့ လူမှုဘဝ တိုးတက်ဖွံ့ဖြိုး သာယာနိုင်ဖို့ယာ သမ္မတမဖြစ်ချင်ပါနဲ့ဦး နိုင်ငံတော်အာဏာလည်း မယူချင်ပါနဲ့ဦး တိုင်းပြည်ကို စီမံခန့်ခွဲအုပ်ချုပ်ဖို့ မကြိုးစားချင်ပါနဲ့ဦး ရှိနေတဲ့ လိုအပ်ချက်တွေ့ကို ပြင်ဆင်ပါဦး ဖြည့်ဆည်းပါဦး မှန်မှန်ကန်ကန် တည်ဆောက်ပါဦး မှန်မှန်ကန်ကန် ရွေးချယ်ပါဦး။ NLD ကိုလည်း ချောက်ထဲ ခေါ်မသွားပါနဲ့ဦးလို့ စေတနာရှေ့ထားပြီး ပြောလိုက်ပါတယ်။

ဒေးဗစ်လှမြင့်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၁၉၉၀)
“လူမှုကွန်ယက် ဟစ်တိုင်သတင်းဂျာနယ် အတွဲ(၁) အမှတ်(၄) 11.12.2013 ပါ ဆောင်းပါးလေးပါ”

ရင်းနှီး မြှုပ်နှံမှု ဆိုင်ရာစာချုပ် ဂျပန်- မြန်မာ လက်မှတ်ထိုး



မြန်မာနိုင်ငံမှာ ဂျပန် ကုမ္ပဏီတွေ ထိထိရောက်ရောက် ရင်းနှီး မြှုပ်နှံနိုင်ရေး သဘောတူညီချက် တစ်ရပ်ကို နှစ်ဘက် ခေါင်းဆောင်တွေက လက်မှတ် ရေးထိုး လိုက် ကြပါတယ်။


တိုကျိုမြို့တော်မှာ အာဆီယံ ထိပ်သီး ခေါင်းဆောင် များနဲ့ သုံးရက်ကြာ တွေ့ဆုံ ဆွေးနွေးပြီးတဲ့နောက် ဂျပန် ဝန်ကြီးချုပ် မစ္စတာ အာဘေးက အာဆီယံ နိုင်ငံတွေနဲ့ စီးပွါးရေး ဆက်သွယ်မှုတွေ တိုးချဲ့ ဆောင် ရွက်သွားဖို့ စာချုပ်တွေ လက်မှတ်ရေးထိုးခဲ့ပါတယ်။

သူနဲ့ သမ္မတ ဦးသိန်းစိန်တို့ လက်မှတ်ရေးထိုးကြတဲ့ သဘောတူညီချက်မှာ ဂျပန် ကုမ္ပဏီတွေကို နိုင်ငံ တကာ စည်းမျဉ်းတွေနဲ့အညီ အကာအကွယ် ပေးဖို့ အလေးထား ဖေါ်ပြထားပါတယ်။

ဒါ့အပြင် လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ အဂတိလိုက်စားမှုတွေကို ကာကွယ်နိုင်အောင် ပွင့်လင်းမြင်သာမှု အပြည့်အဝ ထားရှိဖို့ တိုက်တွန်းထားပါတယ်။

အခု စာချုပ်အရ ရင်းနှီး မြှုပ်နှံမှုအသစ်တွေ ချမှတ်နိုင်ဖို့အတွက် မြန်မာနိုင်ငံက ဂျပန်နိုင်ငံကို ပေးဆပ်ဖို့ ရှိတဲ့ အကြွေးငွေတွေအနက် ဒေါ်လာ သန်းပေါင်း ၅၃၀၀ ကျော်ကို လျှော်ပစ်လိုက်ပြီး ကျန်အကြွေးတွေ ပေးဆပ်ဖို့ ချေးငွေ အသစ်တွေ ပေးသွားမယ်လို့လည်း သိရပါတယ်။

RFA

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ မပြင်ဆင်ပါက တပ်မတော်နှင့်ပြည်သူ ရင်ကြားစေ့ရေး အကြီးမားဆုံး အဟန့်အတား ဖြစ်နေဦးမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား



၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ မပြင်ဆင်ပါက တပ်မတော်နှင့်ပြည်သူ ရင်ကြားစေ့ရေးအတွက် အကြီးမား ဆုံးသော အဟန့်အတား ဖြစ်နေ ဦးမည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်က ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လူထုသဘောထားရယူပွဲ အခမ်း အနားတွင် ပြောကြားသည်။


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပဲခူးတိုင်း ဒေသ ကြီး ဒေသလုံးဆိုင်ရာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် စပ်လျဉ်း၍ လူထုသဘောထား ရယူပွဲ အခမ်း အနားကို သာယာဝတီမြို့ အားကစားကွင်းအတွင်း ဒီဇင်ဘာ ၁၅ ရက် နံနက်က ပြုလုပ်ခဲ့ရာ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ နာယက ဦးတင်ဦးနှင့် ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေ ပြင်ဆင် ရေး ကော်မတီ အဖွဲ့ဝင်များတက်ရောက်၍ ဖွဲ့စည်းပုံ ပြင်ဆင်ရေး သိကောင်း စရာများကို ဆွေးနွေး ပြောဆို စဉ် ယင်းသို့ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

"အမျိုးသား ရင်ကြားစေ့ရေးနဲ့ ပတ်သက်ရင် ကျွန်မတို့နိုင်ငံမှာ အချက်ကြီးနှစ်ချက် ရှိတယ်။ တိုင်းရင်းသား များကြား ရင်ကြားစေ့ရေး၊ တိုင်းရင်းသားများကြား ညီညွတ်ရေး၊ တပ်မတော်နဲ့ ပြည်သူကြား ရင်ကြားစေ့ ရေး၊ တပ်မတော်နဲ့ ပြည်သူကြား ညီညွတ်ရေး ဒီလိုဆောင်ရွက်သွားရမှာ ဖြစ်တယ်။ ဒီလိုဆောင်ရွက်တဲ့ နေရာမှာ တကယ့်အဟန့်အတားကြီးက အခု ၂၀၀၈ ဖွဲ့စည်းပုံကြီးပဲ ဖြစ်တယ်လို့ ကျွန်မတင်ပြလိုပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လူနည်းစုက ရေးဆွဲ၍ ပြည်သူလူထုက ကြိုက်သည်ဖြစ်စေ၊ မကြိုက် သည်ဖြစ်စေ လက်ခံအောင် လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ လုပ်ပုံလုပ်နည်း မသင့်တော်သလို လက်ရှိဖွဲ့စည်းပုံမှာ နိုင်ငံကို ညီ ညွတ်အောင် မလုပ်နိုင်ဘဲ ပြည်သူနှင့် တပ်မတော်ကြား စိတ်ဝမ်းကွဲစေကြောင်း၊ ယင်းသို့ပြော နေရခြင်းမှာ တပ်မတော်ကို မလိုလား၍သော် လည်းကောင်း၊ စေတနာမထား၍သော် လည်းကောင်း မ ဟုတ်ဘဲ စိတ်ဝမ်းကွဲစေသည့် အခြေခံဥပဒေကို ပြင်ဆင်ပြီး တပ်မတော်နှင့်ပြည်သူ တစ်သားတည်း ဖြစ်စေ လို၍ဖြစ်ကြောင်း ထပ်လောင်းပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြင်ဆင်ရေးကော်မတီ တစ်ရပ် ဖွဲ့စည်း၍ ပြင်ဆင်ရေးဆိုင်ရာ အချက်ကိုးချက်ပါ ကြေညာချက် တစ်စောင်ကို စက်တင်ဘာ ၂၈ ရက်နေ့စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီး ပြင်ဆင်ရေး အသစ်ရေးဆွဲရေး အားနည်းချက်၊ အားသာချက်များကို တိုင်းရင်းသား ပါတီများနှင့် တိုင်ပင်ခြင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်ဒေသများအလိုက် အခြေခံဥပဒေဆိုင်ရာ သိကောင်းစရာ ဆွေးနွေးဟောပြောပွဲများ ပြုလုပ်ခြင်းများ ပြုလုပ်ပြီးမှ ယခုကဲ့သို့ လူထုသဘောထား ကောက်ယူမှုများ ပြုလုပ်ခြင်းဖြစ်ကြောင်း ၎င်းကော်မတီထံမှ သိရသည်။

"၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက တပ်မတော်သားတွေက အခွင့်အရေးတစ်မျိုး၊ ပြည်သူက အခွင့်အရေး တစ်မျိုးဆိုတာ ပေါ်လွင်နေပါတယ်။ တပ်မတော်ရဲ့ အခန်းကဏ္ဍကို အစဉ်တစိုက် အလေးပေး ပြဋ္ဌာန်းထား တာတွေ အများကြီး တွေ့ရတယ်။ ရှေ့နောက်မညီညွတ်တဲ့ ဥပဒေတွေ အများကြီးတွေ့တယ်" ဟု အမျိုး သား ဒီမိုကရေစီ အဖွဲ့ချုပ် ဖွဲ့စည်းပုံပြင်ဆင်ရေး ဗဟိုကော်မတီအဖွဲ့ဝင် ဦးဌေးဦးက ပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီး အတွင်းရှိ ပါတီအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူလူထု သုံးသောင်း ခွဲခန့် တက်ရောက်ခဲ့ပြီး ပြင်ဆင်ရေးအတွက် သဘောတူထောက်ခံသူ ၉၅ ရာခိုင်နှုန်း၊ အသစ်ပြန်လည် ရေး ဆွဲရေး ၅ ရာခိုင်နှုန်း သဘောထား ကောက်ခံရရှိခဲ့ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လက်ပံတန်းမြို့ နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မင်းထံက သိရသည်။

သာယာဝတီမြို့တွင် ပြုလုပ်သော လူထုဆန္ဒသဘောထား ရယူပွဲ၌
 ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်းပြောကြားစဉ်

Eleven Media Group