Wednesday, December 11, 2013

စစ်တပ်ကို မလိုအပ်သူများ ဖြေပေးပါ

ယင်လက် ရှင်နာဝက်ထရာက ဆင်းပေးမယ်ပြောတယ်ဆိုပြီး NLDတွေက စစ်တပ်က လူတွေ ဆင်းမပေးဘူးလို့ Post တင်ထားတာတွေ့နေရလို့ ပြောချင်တာလေးတွေ ရေးပို့လိုက်တာ ပါဗျာ............


စစ်ဗိုလ်ချုပ်ကြီးတွေက ဘာလို့ ရာထူးစွန့်လွှတ်ရမှာလဲ။ စစ်တိုက်တယ်ဆိုတာ ခု စစ်သင်တန်းဆင်းပြီး ခု တိုက်လို့ နိုင်တာမှ မဟုတ်တာ။ တိုင်းပြည်တစ်ခုကို အုပ်ချုပ်တယ်ဆိုတာလဲ မကြိုက်ဘူး၊ ဆင်းဆင်း ငါတို့ လုပ်ပြမယ်လို့ ကလေးပြောပြောလို့ မရပါဘူး။ ထိုင်းဆိုတာ အခြေခိုင်ပြီး နိုင်ငံတစ်ခုပါ။ သူပုန်မရှိဘူး၊ စီးပွားရေး အမာခံရှိတယ်။ ဒါတောင် တောင်ပိုင်းကို မွတ်ဆလင်လက်ထဲ ထိုးကျွေးနေရတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ဦးဆောင်မယ်ဆိုတဲ့ လူတွေကလည်း အရည်အခြင်းရှိဖို့လိုတယ်။ လူမျိုးခြားတွေက အနောက်ကနေ ကြိုးကိုင်ပြီး ဆင်းဆင်းဆိုတာနဲ့ ဆင်းပေးရတော့မှာလား။ စစ်တပ်က နိုင်ငံအတွက် လုံးဝအသုံးမ၀င်ဘူးလား....? 

နိုင်ငံရေးသမားတွေ အမှားလုပ်မိလို့ပြန်ရှင်းရရင်၊ စစ်တပ်က အသက်နဲ့ ရင်းပြီး ပြန်တိုက်ရတာ။ မြန်မာပြည်မှာ ဖြစ်ခဲ့တဲ့ ပြည်တွင်းစစ်တွေကို ကြည့်......၊ နိုင်ငံရေးသမားတွေ ၀ါဒတွေကွဲနေကြလို့ နိုင်ငံကို မီးလောင်တိုက်သွင်းပြစ်တယ်။ U.S မှာ နိုင်ငံရေးသမားတွေက နိုင်ငံရေးလုပ်တာမှာ တစ်ပါတီနဲ့ တစ်ပါတီ သိက်ခါရှိရှိဘဲ ပြောကြတယ်၊ တိုင်းပြည်အတွက်ဘဲ အဓိကထားပြီး စဉ်းစားကြတယ်။ ဒီမှာတော့ ကိုယ်အာဏာရဖို့ဘဲ စဉ်းစားတယ်။ အာဏာကို ဘာလို့ NLD တွေကကော လိုချင်နေတာလဲ။ နောက်ကွယ်က မွတ်ဆလင်တွေကို မမေးသေးပါဘူး။ နိုင်ငံတစ်ခုကို အုပ်ချုပ်ဖို့ဆိုတာ လွယ်တယ်ထင်နေကြလား။ ကလေးတွေ ကစားစရာမဟုတ်ဘူး။ အာဏာကို အဓိကမထားပါဘူးဆိုရင် ဘာလို့ FDI တွေ ၀င်လာမှာကို သေမလောက် ကြောက်နေကြတာလဲ။ 

ကိုယ်မဟုတ်တဲ့ အစိုးရတစ်ရပ်လုပ်လိုက်လို့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာရင်၊ ကိုယ့်ကို ထောက်ခံမှု မရှိတော့မှာ တော်တော်ကြောက်နေကြ တယ်။ အဲ့တော့ဗျာ NLD လက်ထဲကို နိုင်ငံတော် အာဏာကို ၀ကွက်အပ်ပြီး လုပ်ချင်သလို လုပ်မယ်ဆိုတာကိုတော့ နိုင်ငံသားတစ်ယောက်အနေနဲ့ လုံးဝသဘောမတူပါဘူး။ Balance ဆိုတာ ရှိကို ရှိရပါ့မယ်။ နိုင်ငံရေးမှာ စစ်တပ်လုံးဝမပါရဘူးဆိုရင်၊ ဘာလို့ မြန်မာ့နိုင်ငံရေးမှာ မွတ်ဆလင်တွေ နက်နက်ရှိုင်းရှိုင်းဝင်ပါနေရတာလဲ.........

တိုင်းပြည်နဲ့ လူမျိုးအတွက် လုံးဝရှင်းလို့မရတော့တဲ့ အန္တရာယ်တွေပေါ်လာပြီး ပြည်ထောင်စုကြီးပါ တစ်စစီ ဖြစ်သွားရင်၊ နိုင်ငံနဲ့ လူမျိုးလုံးဝ ပျောက်သွားရင် ဘယ်သူတွေက ဘယ်လို ပြန်လုပ်ပေးမှာလဲ........ ဒေါ်စုလက်ထဲ အာဏာထည့်တာက ဟုတ်ပြီ။ ဒေါ်စု အလုပ်မလုပ်နိုင်တော့ရင် NLD တွေကို ဘယ်သူတွေက ဦးဆောင်ကြမှာလဲ။ နိုင်ငံကံကြမ္မာကို သေသေချာချာ ရေရေရာရာလေးတော့ ဖြစ်သင့်ပါတယ်.......... စစ်တပ်ကလူတွေက၊ စစ်ခေါင်းဆောင်တွေက နိုင်ငံအတွက် သုံးစားမရတဲ့၊ အရမ်းကို အန္တရာယ်ဖြစ်နေတဲ့ ဗီလိန်တွေ မဟုတ်ပါဘူး။ ( ခင်ဗျားတို့ NLD တွေနားက မွတ်တွေကိုကြ အန်တရယ်လို့မမြင်ကြဘူး။ တော်တော်ထူးဆန်းတာဘဲ။ )

နိုင်ငံမွဲသွားတာ စစ်တပ်လုပ်လို့ မဟုတ်ဘူး။ နိုင်ငံရေးသမားတွေ စောက်သုံးမကျလို့။ စစ်တပ်က ၈၈မှာ အာဏာသိမ်းတော့ တိုင်းပြည်က ပြာပုံထဲမှာ........။ မြန်မာ့နိုင်ငံရေးသမားတွေ စောက်ကျင့်က ကိုယ်မဟုတ်တဲ့ ဘယ်အစိုးရတက်လာ လာ၊ ကိုယ်အာဏာရဖို့ဘဲ ဦးတည်ကြတာ။ နိုင်ငံနဲ့ လူမျိုး ဘာဖြစ်သွားသွား။ ခု ဟာက သခင်သန်းထွန်းတို့ ခေတ်နဲ့ မတူဘူးခင်ဗျာ့။ စဉ်းစဉ်းစားစားလေးလဲ လုပ်ကြပါအုံး။ U.S တောင်ပြာနေတဲ့ ဂျီဟတ်ဆိုတာကြီးရှိတယ်။ တရုတ်ကလည်း အင်အားက U.S ပြီးရင် ကမ်ဘာမှ အကြီးဆုံး.........။ မြန်မာတွေလက်ထဲမှာက ဘာမှ မရှိသေးဘူး။

ပြောချင်တိုင်းတွေ ပြောပြီး၊ လုပ်ချင်တိုင်းတွေ လုပ်နေကြတုံး။ အရင်ခေတ်က နိုင်ငံရေး လုပ်တယ်ဆိုတာ သေချာလေ့လာ၊ သေချာနားလည်ပြီး လုပ်ကြတာ။ ဒါတောင် နိုင်ငံက ဘာဖြစ်သွားလဲ ခွက်ခွက် လန်အောင်မွဲသွားခဲ့တယ်။ ခုခေတ်နိုင်ငံရေးလုပ် တယ်ဆိုတာ နိုင်ငံကို ပြုပြင်ပြောင်းလဲဖို့မပြောနဲ့ လူများ ပေးစာ၊ ကမ်းစာနဲ့ အသက်ဆက်နေကြတဲ့ လူတွေကြည့်ဘဲ။ တစ်ချို့ဆို မိဘအုပ်ထိမ်းမှု့အောက်ကကို မလွတ်နိုင်ကြသေးဘူး။ တိုင်းပြည်ကို ဦးဆောင်မယ်ဆိုဘဲ။ လက်တည့်စမ်းကြည့်ချင် ကြတာ။ စစ်ခေါင်းဆောင်တွေမှာ နိုင်ငံကို အုပ်ချုပ်လာတဲ့ အတွေ့အကြုံတွေရှိတယ်။ သူတို့လုပ်ခဲ့လို့၊ ကြိုးစားခဲ့လို့လဲ တိုင်းပြည်က ဒီလောက်ထိ အေးအေးချမ်းချမ်းဖြစ်သွား တာ။

ပြည်တွင်းစစ်အကြီးအကျယ်ဖြစ်နေတဲ့ ဘယ်နေရာတွေမှာများ ဒီမိုကရေစီစကား ပြောလို့ ရလို့လဲ။ ဒေါ်အောင်ဆန်းစုကြည်မှာ နိုင်ငံရေးအတွေ့ အကြုံမရှိဘူး။ အရေးအ ကြီးဆုံးက စစ်တပ်ကို အမိန့်ပေးလို့ မရဘူး။ ဘာကြောင့်လဲ......... Professional လုပ် နေတဲ့ နယ်ပယ်တစ်ခုမှာ အဲ့နယ်ပယ်အကြောင်းကို နားမလည်ဘဲနဲ့ ဘယ်သူမှ မနာ ခံဘူး။ ကျောက်မျက်ပညာမှာဘဲ ကြည့်ကြည့်.........။ စစ်တိုက်တဲ့ နေရာပိုဆိုးတာပေါ့။ ဒါတွေ စစ်တပ်က ဦးဆောင်ရမှာ မဟုတ်ဘူး၊ ငါတို့ဘဲ ဦးဆောင်မယ် ဆိုပြီး..... Withdraw လုပ်ရမယ့်နေရာမှာ တက်တိုက်ခိုင်းမယ်၊ အကုန်သေကုန်မှာပေါ့။ အမိန့်ပေးတဲ့ ကောင်တွေက မြန်မာနိုင်ငံနဲ့ မြန်မာလူမျိုးကို ပျက်သုံးစေချင်တဲ့ လူတွေဆိုရင်.........။ ၁နှစ်အတွင်း မြန်မာနိုင်ငံနဲ့ မြန်မာလူမျိုးတွေ ကမ်ဘာမြေပုံပေါ်က ပျောက်သွားမယ်...............။ 

ဒေါ်စုအောက်ကလူတွေကလည်း စစ်တပ်ကို ရစရာမရှိအောင်ပြောပြီး၊ ဆဲနေကြတော့...... အသေခံလဲ လုပ်ပေးရအုံးမယ်၊ ကိုယ်တိုင်ကိုယ်ကဘာမှ စောက်သုံးမကျတဲ လူတွေက ခြေထောက်နဲ့ ကန်ပြီး ခိုင်းချင်နေတယ်။ စစ်တပ်ထောက်ခံမှု့မရှိတဲ့ ဘယ်လို အစိုးရကများ တိုင်းပြည်ကို ဘယ်လို အုပ်ချုပ်ကြမှာလဲ။ ဟပ်ချလောင်း.... လက်နက်ကိုင်အဖွဲ့တွေ လက်နက်ဖြုတ်သိမ်းစမ်း။ သူတို့ အစိုးရဖြစ်ရင် ခု အစိုးရရင်ဆိုင်နေရတဲ့ပြသနာတွေကို ဘယ်လိုများ ဖြေရှင်းမယ်မသိဘူး။ အိမ်မက်ဆိုတာ အဓိပါယ်ရှိရှိမက်ရတယ်။သွားမယ်ပြောနေကြတာ တွေက အရှေ့ကို....။ ခုထိ နောက်ကြောင်းတွေ ပြန်လှန် နေပြီး ရှေ့ကိုမရောက်တော့ဘူး။ ဟုတ်ပြီ...... ဖြစ်ခဲ့တာတွေက ထားလိုက်တော့။ ခုအချိန်က နိုင်ငံနဲ့ လူမျိုးအတွက် အကောင်းဆုံးအချိန်...........။ တိုင်းပြည်တစ်ပြည်ရဲ့ စီးပွားရေးကို အမြန်ဆုံးတွန်းတင်နိုင်တဲ့ FDI တွေကို ဘာကြောင့်များ နိုင်ငံနဲ့ လူမျိုးကို စတေးထားပြီး အာဏာအတွက် တားနေကြတာလဲ။ အဲ့တာကမှ စစ်ဗိုလ်ချုပ်တွေ ဆင်းမပေးတာထက် ရှက်ဖို့ကောင်းတာ။

လူများကိုစောက်ပြစ်မပြောခင်၊ ကိုယ်တိုင်ကကော နိုင်ငံနဲ့ လူမျိုးအတွက် ဘာတွေ ပြောပေးခဲ့ပြီလဲ၊ ဘာတွေလုပ်ပေးခဲ့ ပြီးပြီလဲ။ စောက်ခွက် မပြောင်ကြပါနဲ့.......... နိုင်ငံရေးသမားတွေကိုယ်တိုင်က စစ်တပ်က ကျွန်တော်တို့အတွက်လဲ မလိုအပ်ပါဘူး၊ နိုင်ငံနဲ့လူမျိုး လုံခြုံရေးတွေအတွက်လဲ မလို အပ်ပါဘူးဆိုရင်......... SSA ရဲ့ တပ်မဟာ၁တို့၊ တပ်မဟာ ၃တို့၊ တပ်မဟာ ၇တို့ရဲ့ နယ်တွေမှာ သွားနေကြ.... အဲ့မှာ မွတ်ဆလင်အရာရှိတွေအုပ်ချုပ်တာလို့ ကြားတယ်..................

အများကြီးကို ဆက်ပြောချင်သေးတယ်...........

Credit : Myo Min Soe

NLD ခေါင်းဆောင်တွေက ဒါကို အံ့အားသင့်သွားကြတယ်



“မြန်မာ့အရေးကျွမ်းကျင်သူ ဘာတီးလင့်တနာ နှင့် တွေ့ဆုံခြင်း”

ဘာတီးလင့်တနာသည် ဆယ်စုနှစ်သုံးစုနီးပါး အာရှ အကြောင်း ဆောင်းပါးများရေးသားခဲ့သူ ဖြစ်သည်။


ထို့အပြင် Far Eastern Economic Review အတွက် မြန်မာနိုင်ငံဆိုင်ရာ သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သည်။၁၉၈၅-၁၉၈၇ ခုနှစ်များတွင် တိုင်းရင်းသားလက်နက်ကိုင်များ ထိန်းချုပ်ထား သည့် မြန်မာနယ်စပ်များသို့ ဇနီးဖြစ်သူ ရှမ်းတိုင်းရင်းသူ နှင့်အတူ ခရီးကြမ်းကိုသွားလာခဲ့ပြီး တိုင်းရင်းသား ခေါင်းဆောင်များ ဗမာပြည်ကွန်မြူ နစ်ပါတီ ခေါင်းဆောင်များ တွေ့ဆုံမေးမြန်းခြင်းများ ပြုလုပ်ခဲ့သည်။

ထို့နောက် Burma In Revoit Rise And Fall Of Burmese Communism ကဲ့သို့သော နာမည်ကျော် စာအုပ်များကိုရေးသားခဲ့သည်။

မြန်မာ့အရေး ကျွမ်းကျင်သူ ဘာတီးလင့်တနာသည် နိုဝင်ဘာလ(၂၉)ရက်နေ့က မန္တလေးတွင်ကျင်းပသည့် လူထုဒေါ်အမာ မွေးနေ့ပွဲသို့ တက်ရောက်ခဲ့သည်။ ဘာတီးလင့်တနာရောက်ရှိနေခိုက် နိုဝင်ဘာလ(၃၀)ရက်နေ့တွင် မန္တလေးမြို့ လူထုစာကြည့်တိုက်တွင် မြန်မာမီဒီယာသမားများဖြစ်သည့် ဝင်းဖေမောင်နှင့် စိုးကျော်သူတို့မှ တွေ့ဆုံမေးမြန်းခဲ့ သည်။

မြန်မာမြောက်ကိုးရီးယား ဆက်ဆံရေး၊တိုင်းရင်းသားလက်နက်ကိုင်များအရေး၊ ဒေါ်အောင်ဆန်းစုကြည် ၏ သမ္မဖြစ်နိုင်ခြေ၊ မြန်မာ့နိုင်ငံရေးတွင် တပ်မတော်၏ ကဏ္ဍစသည်တို့နှင့် ပတ်သက်ပြီး ဘာတီးလင့်တနာ၏ သုံးသပ်ချက်များကို ဖော်ပြလိုက်ပါသည်။

ဘာတီရေအခုကျွန်တော်က ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး မေးချင်တယ်ဗျ။ ဘာလို့လဲဆိုတော့ ခင်ဗျားက ဒေါ်အောင်ဆန်းစုကြည်အကြောင်းကို ကောင်းကောင်းသိထားလို့ပါ။ ပြီးတော့ ခင်ဗျားက သူနဲ့ပတ်သက်ပြီး Aung San Sukyi And Burma s Struggle For Democracy စာအုပ်လည်း ရေးခဲ့တယ်ဗျာ။ အခုဆို အချို့နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တချို့နဲ့ ပြည်တွင်းပြည်ပ ဝေဖန်ရေး ဆရာအချို့က သူနဲ့ပတ်သက်ပြီး ဝေဖန်ပြောဆိုနေတာတွေ ရှိတယ်။ လက်ပံတောင်းအရေးမှာ ပါဝင် ပတ်သက်တာ၊ အစိုးရနဲ့ KIO အပစ်အခတ်ရပ်စဲရေးမှာ နှုတ်ဆိတ်နေတာ၊ ရခိုင်းအရေးနဲ့ ပတ်သက်ပြီး ငြိမ်သက်နေတာတွေပေါ့။ ဒီကိစ္စတွေကြောင့် သူရဲ့ နိုင်ငံရေးပုံရိပ် လျော့ကျသွားတယ်လို့ အချို့က ဆိုပါ တယ်။ ဒီကိစ္စတွေအပေါ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ခင်ဗျား ဘယ်လိုမြင်ပါသလဲ။

မေး=အချို့ ပညာရှင်တွေက ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားတိုင်းပြည်တွေကို အလည် သွားမယ့်အစား ပြည်တွင်းမှာ ပဋိပက္ခဖြစ်တဲ့နေရာတွေကို သွားသင့်တယ်လို့ ဝေဖန်ပါတယ်။ သူရဲ့ မဟာဗျူဟာက အချို့ အချက် တွေမှာ မှားယွင်းတယ်လို့ ခင်ဗျားထင်ပါသလား။

ဖြေ= ဟုတ်ကဲ့၊ သူရဲ့ မဟာဗျူဟာ မှားတာမှန်တာကိုတော့ ကျွန်တော်မပြောနိုင်ပါဘူး။ ကျွန်တော် ပြောနိုင် တာက နိုင်ငံအတော်များများက နိုင်ငံရေးသမားအများစုက သူ့နိုင်ငံလူထုကို ပထမဆုံး အရင် ကြည့်ချင် ကြပါတယ်။ အထူးသဖြင့်တော့ ဝမ်းနည်းမှုတွေ၊ ပဋိပက္ခတွေ ကြုံတွေ့နေတဲ့ နေရာတွေကိုပေါ့။ သူက ဘယ်ဘက်မှ မရပ်တည်ခဲ့ဘူး။ လူတွေ မြေယာဆုံးရှုံးမှုတွေ ကြုံတွေ့နေရတယ်။ အိုးအိမ်တွေ စွန့်ပစ်ပြီး ဒုက္ခသည် စခန်းမှာ နေထိုင်ရတယ်။ ဒါပေမဲ့ သူက အေးအေးလူလူဖြစ်နေတယ်လို့ ထင်ရပါတယ်။ နိုင်ငံခြားခရီးတွေ၊ တက္ကသိုလ်ခရီးစဉ်တွေပေါ့။ ပြောစရာတွေကတော့ အများကြီးပေါ့။ ကျွန်တော် ရန်ကုန်မှာ ဦးဝင်းတင်နဲ့တွေ့ခဲ့ တယ်။ သူ(ဦးဝင်းတင်) စိတ်ပျက်နေတယ်။ သူကပြောတယ် ကျွန်တော်တို့ ၈၈ ကတည်းက အတူလက်တွဲခဲ့တာပါ။ ကျွန်တော်တို့ သူကို တစ်နှစ်တစ်ကြိမ်ု၊ နှစ်ကြိမ်လောက်ပဲ တွေ့တယ်။ သူက အတူဆွေးနွေးဖို့ ကိစ္စတွေမပြောဘူး။ ပြီးတော့ တစ်လောက တိုင်းရင်းသား ခေါင်းဆောင်တွေ ရန်ကုန်ကိုရောက် တော့ မွန်က နိုင်ဟံသာတို့က NLD နဲ့ တွေ့ချင်တယ်ဆိုတယ်။ ဒေါ်အောင်ဆန်းစုကြည်က သူတို့ကို သူ့အိမ်မှာ ဖိတ်ခေါ်ခဲ့ပါတယ်။ တက္ကသိုလ်ရိပ်သာလမ်းက သူ့အိမ်မှာပါ။ NLD ရုံးမှာ မဟုတ်ပါဘူး။ အဲဒီမှာ အခြား NLD ခေါင်းဆောင်တွေမရှိပါဘူး။ The Lady တစ်ယောက်တည်း ကိုပဲ တွေ့ရပါတယ်။ ကျွန်တော်ပြောနိုင်တာက အခြား NLD ခေါင်းဆောင်တွေက ဒါကို အံ့အားသင့် သွားကြတယ်။ သူမက သူတို့ကို မဖိတ်ခေါ်ခဲ့ပါဘူး။ တိုင်းရင်းသား လူမျိုးပေါင်းစုံကိစ္စက တစ်သီးပုဂ္ဂလ မဟုတ်ပါဘူး။ သူ ဒီကိစ္စကို အခြား NLD ခေါင်းဆောင်တွေနဲ့ ပိုပြီး ဆွေးနွေးသင့်ပါတယ်။

မေး= ခင်ဗျား ဦးဝင်းတင်နဲ့တွေ့တဲ့အခါ ဦးဝင်တင်က ဒေါ်အောင်ဆန်းစုကြည်အပေါ် စိတ်ပျက် တယ်လို့ ပြောခဲ့ လို့လား။

ဖြေ= စိတ်ပျက်တယ်ဆိုတဲ့ စကားလုံးတော့ မသုံးခဲ့ပါဘူး။ သူက သူတို့နဲ့ အခြား NLD ခေါင်းဆောင်တွေနဲ့ လက်တွဲအလုပ်မလုပ်တာ၊ မဖိတ်တာတော့ အံအားသင့်သွားတယ်လို့ ဆိုတယ်။ ဘာလိုပဲဖြစ်ဖြစ် ဒါက နိုင်ငံရေး ပါတီလေ One Lady Show မဟုတ်ဘူးလေ။

မေး= အခုချိန်ထိ ဒေါ်အောင်ဆန်းစုကြည်က ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဖို့ ကြိုးစားတာ မအောင်မြင်သေးပါဘူး။ အကယ်၍ ဒေါ်အောင်ဆန်း စုကြည် က ကာချုပ်နဲ့ မတွေ့ဖြစ်ရင် ဘာတွေများ ဖြစ်လာနိုင်သလဲ။

ဖြေ=ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့တွေ့ဖို့ ကြိုးစားတာက အခြေခံဥပဒေပြင်ဆင်တဲ့နေရာမှာ စစ်တပ်ရဲ့ ထောက်ခံမှု ရဖို့အတွက်ဆိုတာ ရှင်းပါတယ်။ အခြေခံ ဥပဒေမှာ ပါတဲ့အချက်တွေကို ကြည့်ပါ။ သမ္မတနဲ့ ဒုတိယသမ္မတဖြစ်ဖို့အတွက် ပုဒ်မတွေကို ပြင်ဆင်ဖို့က ၇၅%ရာခိုင်နှုန်းကျော်၊ ၇၅%ရာခိုင်နှုန်းကျော် ထောက်ခံဖို့ လိုပါတယ်။ ၂၅% ရာခိုင်နှုန်းက ယူနီးဖောင်းဝတ်ဆိုတာ ခင်ဗျားမြင်မှာပါ။ ပြီးတော့ လွှတ်တော် အမတ်တစ်ဝက်လောက်ကလည်း ယခင်စစ်သားဟောင်းတွေ များပါတယ်။ ဒီတော့ ဥပဒေပြင်ဆင်ဖို့အတွက် လွှတ်တော်အတွင်းမှာ ၇၅%ရာခိုင်နှုန်းကျော်ထောက်ခံမှု လိုအပ်တယ်။

ဒါတွင် မကသေးပါဘူး။ ပြည်သူ့ဆန္ဒ ခံယူပွဲလည်း လုပ်ရဦးမှာပါ။ သဘောတူညီချက်ကလည်း ၇၉%ရာခိုင်နှုန်းရှိရမယ်။ ကျွန်တော်ထင်တာကတော့ အဲဒီအခြေအနေက ၂၀၁၅ မတိုင်မီ ပြီးမယ်လို့ မထင်ဘူး။

ရခိုင်ပြည်နယ် ပဋိပက္ခလေ့လာရန် သုတေသန စင်တာ ဖွဲ့မည်


ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ယမန်နေ့က အစည်းအဝေးတွင် အမှာစကား ပြောနေစဉ်။ (ဓါတ်ပုံ- ပြန်ကြားရေး ၀န်ကြီးဌာန)

ရခိုင်ပြည်နယ် ပဋိပက္ခကို လေ့လာရန် သုတေသန ပညာရှင်များပါဝင်သော သုတေသန စင်တာတစ်ခုကို ဖွဲ့စည်း သွားမည်ဟု သိရှိရသည်။


ဒီဇင်္ဘာလ ၉ ရက်နေ့က ပြုလုပ်သော ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင် အထည် ဖော်ရေး ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခန်းက ရခိုင် ပဋိပက္ခကို လေ့လာရန် သုတေသန စင်တာ တစ်ခု ဖွဲ့စည်းမည် ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။

အမှတ်စဉ် (၈/၂၀၁၃)ဖြင့် ပြုလုပ်သော ၎င်းအစည်းအဝေးတွင် ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းမှ ရခိုင်ပြည်နယ် ပဋိပက္ခ သုတေသန စင်တာကို သုတေသနပညာရှင်များနှင့် ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း၊ နှစ်ဖက်အဖွဲ့အစည်းများ၏ အခြေအနေကို သုတေ သန ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု အစိုးရပိုင် သတင်းစာများတွင် ဖေါ်ပြသည်။

ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် လက်ရှိ အစိုးရမှ ဖွဲ့ထားသော “ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်မှုအကောင်အထည်ဖော်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ” လည်း ဖြစ်သည်။

ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက အစည်းအဝေးကို ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးနိုင်ရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ပြောဆိုသည်ဟု ဆိုသည်။

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယကနှင့် ရခိုင်မိသားစုတို့ တွေ့ဆုံပွဲ တင်ပြချက်၊ OIC မှ လူသားချင်း စာနာမှု အကူအညီများကို မျှမျှတတလုပ်ဆောင်သွားမည်ဆိုသည့် ကိစ္စရပ်၊ တရားဝင် နေထိုင်သူ ဟုတ်၊ မဟုတ် စီစစ်ရေး ကိစ္စ၊ တည်ငြိမ် အေးချမ်းရေးနှင့် ဒေသအတွင်း ယာယီနေရာချထား ရေးနှင့် ပြန်လည်ထူထောင်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

ရခိုင်ပြည်နယ် အတွင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဖွဲ့စည်းနိုင်ရေး ကိစ္စကိုလည်း ကာကွယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်က တင်ပြခဲ့သည်ဟု သိရသည်။

များမကြာမီက ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့သူ ရခိုင် ပဋိပက္ခစုံစမ်း စစ်ဆေးရေး ကော်မရှင် အတွင်းရေး မှူး ဒေါက်တာကျော် ရင်လှိုင် က ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး နှစ်ဖက် အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးခဲ့မှုအပေါ် တင်ပြခဲ့သည်ဟု ဆိုသည်။

၎င်းအစည်းအဝေးသို့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်လည်း တက်ရောက်ခဲ့သည်ဟု သိရသည်။

ကျပ်သိန်း ၇,၀၀၀ ကို နှစ်ကျပ်တိုးဖြင့် မန္တလေးတိုင်းအစိုးရ ထုတ်ချေးမည်

အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်နှင့် လူနေမှုစနစ်ဖွံ့ဖြိုးလာစေရန် မန္တလေး တိုင်းအတွင်းရှိ ၁၃ မြို့နယ်မှ အသေးစားလုပ်ငန်းရှင်များသို့ ချေးငွေ ကျပ်သိန်း ၇,၀၀၀ ကျော်ကို ဒီဇင် ဘာလ ၁၅ ရက်တွင် ထုတ်ချေးမည်ဟု မန္တလေးတိုင်း ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ခင် မြင့်သန်းက မဇ္ဈိမကို ပြောသည်။


“အိမ်တွင်း လက်မှုလုပ်ငန်းတွေပါပဲ။ ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုးစနစ်နဲ့ တူတာတွေ စုဖွဲ့ပြီး အုပ်စု လိုက် ထုတ်ချေးပေးသွားမှာပါ”ဟု ပြောသည်။

အသေးစားစက်မှုလုပ်ငန်း လုပ်ကိုင်နေသူများသည် ကျပ် ၅၀,၀၀၀ မှသည် ကျပ် ၂၀၀,၀၀၀ အထိ ချေး ယူနိုင်မည်ဖြစ်ပြီး လုပ်ငန်းလိုအပ်ချက်အရ ထပ်မံထုတ်ချေးနိုင်ပြီး အတိုးနှုန်းမှာ ကျပ် ၁၀၀ လျှင် နှစ်ကျပ် နှုန်းဖြစ်သည်။ ချေးငွေထုတ်ပေးနိုင်ရန် ကျေးရွာများတွင်ရှိသော လက်မှုလုပ်ငန်းတူသူများကို အစုအဖွဲ့ များ ဖွဲ့စည်း၍ စနစ်တကျ ထုတ်ချေးပေးနိုင်ရန် စီစဉ်ထားသည်။

စက်တင်ဘာလမှ စတင်ကာ စာရင်းများ ကောက်ယူခဲ့ပြီး ယခုအခါတွင် အသေးစား လက်မှုလုပ်ငန်းရှင် ၈,၁၀၀ ကို ငွေကျပ် ၇,၂၈၇ ဒသမ ၅ သိန်း ထုတ်ချေးပေးသွားမည်ဟု တိုင်းအစိုးရထုတ်ပြန်သောစာရင်း အရ သိရသည်။

အသေးစားလုပ်ငန်းရှင်အများစုသည် အရပ်တိုးဖြင့် ချေးငှား လုပ်ကိုင်နေကြရခြင်းကြောင့် လုပ်ငန်းများ မတိုးတက်ခြင်းဟု အသေးစားလုပ်ငန်းရှင်များက ဆိုသည်။ အသေးစားလက်မှုလုပ်ငန်းရှင်တစ်ဦးဖြစ်သူ “တက်စံ” သစ်သားမြင်းရုပ် လုပ်ကိုင်သူ ကိုလှစိုးမှလည်း ချေးငွေပေးသည်ကို ကျေးဇူးတင်သော်လည်း ထုတ်ပေးမည့် ငွေပမာဏ နည်းနေခြင်းကြောင့် လုပ်ငန်းအတွက် အထောက်အကူ အပြည့်ဝ မရနိုင်ဟု ဆိုသည်။

အသေးစား လက်မှုလုပ်ငန်းရှင်များ ချေးငွေထုတ်ယူလိုပါက သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးထံ လုပ်ငန်းတင်ပြ၍ ချေးငွေထုတ်ရန် လျှောက်ထားနိုင်ကြသည်။

မဇ္ဈိမ

မန်စီမြို့နယ်ရှိ ကျေးရွာများတွင် ကေအိုင်အေ လက်နက်ကိုင်အဖွဲ့များက အရပ်သားများကို ဖမ်းဆီးခေါ်ဆောင်မှုများ ဆက်တိုက်ဖြစ်ပွား

ကချင်ပြည်နယ် မန်စီမြို့နယ် မန်စီမြို့နှင့် နှစ်မိုင်ဝန်းကျင်ခန့်ဝေးသော ကျေးရွာများတွင် ကေအိုင်အေ လက်နက်ကိုင်အဖွဲ့အစည်းများက အရပ်သားများကိုကချင်ပြည်နယ် မန်စီမြို့နယ် မန်စီမြို့နှင့် နှစ်မိုင်ဝန်း ကျင်ခန့်ဝေးသော ကျေးရွာများတွင် ကေအိုင်အေ လက်နက်ကိုင်အဖွဲ့အစည်းများက အရပ်သားများကို ဖမ်းဆီးခေါ်ဆောင်မှုများ ဆက်တိုက်ဖြစ်ပေါ်နေကြောင်း ဒေသခံများက ပြောကြားသည်။ ယင်းသို့ လူခေါ် ဆောင်မှုများကို မန်စီမြို့အနီးရှိ မန်ဖွ၊ ပါတော်၊ ကျော်ခေါင် စသည့်ကျေးရွာများတွင် ဒီဇင်ဘာ ၄ ရက်၊ ၇ ရက်၊ ၈ ရက်နေ့များက ဖြစ်ပွားခဲ့ကြောင်း သိရသည်။


မန်စီမြို့မှ ဒေသခံ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦး....က "၄ ရက် မန်ဖွမှာ ဆွဲတာက လယ်ကွင်းထဲမှာဆွဲတာ ၂၁ ဦးရှိတယ်။ ၇ ရက်က ပါတော်မှာ ညပိုင်းဆွဲတာ။ စိန်လိန်ရွာက ကလေးတွေ ၃၀ ကျော်တယ်လို့ စာရင်းရ တယ်။ မိဘတွေကတော့ ညှိနေတုန်းပါပဲ။ ၈ ရက်က ကျော်ခေါင်ရွာမှာ ဆွဲတယ်။ ဒီအနီးက လူတွေကတော့ သတင်းရလို့ ပါမသွားဘူး။ သစ်လုပ်ငန်းနဲ့ ပတ်သက်ပြီး ရောက်လာတဲ့ အောက်ချောင်းက အများစုပဲပါသွား တာ။ ကျေးရွာအများစုက ကလေးတွေတော့ မြို့တက်ပြီး ရှောင်နေကြတာများတယ်။ အဲဒီရွာတွေမှာက ကုန်းပေါ်တွေမှာ စစ်တပ်တွေ ရှိပါတယ်။ မြင်ပေမယ့် ဘာအသံမှ မပေးတာကတော့ ဘာကြောင့်လဲ မပြော တတ်ဘူး။ ဒီနေ့အထိတော့ ပြန်လွတ်လာတာမျိုး မရှိသေးဘူး" ဟု The Daily Eleven သို့ ဒီဇင်ဘာ ၁၀ ရက် ညနေပိုင်းက ပြောကြားသည်။

ကချင်ပြည်နယ်အစိုးရသို့ ဆက်သွယ်မေးမြန်းခဲ့ရာ မန်ဖွကျေးရွာတွင် ဖြစ်ပွားခဲ့သည်မှာ မှန်ကန်ပါကြောင်း၊ ၇၊ ၈ ရက်များတွင် ပါတော်၊ ကျော်ခေါင်စသည့် ရွာများတွင် ဖြစ်ပေါ်ခဲ့သော ကိစ္စရပ်များအတွက် သတင်း အချက်အလက်များ မရောက်ရှိသေးကြောင်း ဖြေကြားသည်။

ကေအိုင်အို၏ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က "အဲဒီဟာတွေကို ကျွန်တော်တို့ သတင်းမရသေးဘူး။ တင်ပြ လာတာမျိုးလည်း မတွေ့ရသေးဘူး။ မန်ဖွမှာဖြစ်တဲ့ ကိစ္စတွေလည်း ဘာမှမကြားရသေးဘူး။ ခရီးက ပြန် လာ တာတော့ မကြာသေးဘူး။ မန်စီနားက ရွာတွေမှာတော့ စစ်တပ်ပဲရှိတာပါ"ဟု ဆိုသည်။

ဗန်းမော်ခရိုင်အတွင်းရှိ မြို့နှင့်ဝေးကွာသော ကျေးရွာအများစုမှာ ၂၀၁၁ ခုနှစ် တိုက်ပွဲများ စတင်ဖြစ်ပေါ် ပြီးနောက်ပိုင်း လူငယ်အများစုမှာ ဗန်းမော်မြို့ပေါ်ရှိ ဆွေမျိုးများ၊ ဘုန်းကြီးကျောင်းများ၌ ခိုလှုံနေရကြောင်း ဗန်းမော်ဒေသခံများက ပြောကြားသည်။

Eleven Media Group

ကော့မှူးနှင့် ပဲခူးမြို့တွင် ကျင်းပမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လူထုသဘောထား ရယူပွဲ၌ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားမည်

ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့တွင် ပြုလုပ်မည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ လူထုသဘောထား ရယူပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း သိရသည်။


ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လူထုသဘောထား ရယူပွဲကို ဒီဇင်ဘာ ၁၄ ရက်တွင် ကော့မှူးမြို့နယ် အဖျောက်ကျေးရွာ ဘောလုံးကွင်း၌ ပြုလုပ်မည်ဖြစ်ပြီး၊ ပဲခူးမြို့တွင် ဒီဇင်ဘာ ၁၅ ရက်၌ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာ ၁၈ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် လူထုသဘောထား ရယူပွဲတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ ပထမဆုံးအကြိမ် လူထုအား မိန့်ခွန်းပြောကြားခဲ့ပြီး ၎င်း ၏ မဲဆန္ဒနယ်မြေဖြစ်သော ကော့မှူးမြို့နယ်တွင် ဒုတိယအကြိမ် မိန့်ခွန်းပြောကြားခြင်း ဖြစ်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ ပြင်ဆင်ရေး သို့မဟုတ် အသစ်ပြန်လည် ရေးဆွဲရေးအတွက် လူထုသဘောထား ရယူပွဲများကို အောက်တိုဘာ ၁၂ ရက်မှစ၍ ပြု လုပ်ခဲ့ရာ ၈၀ ရာခိုင်နှုန်းကျော်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို ထောက်ခံခဲ့သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် လူထုသဘောထား ရယူပွဲများကို ဒီဇင်ဘာ ၃၀ ရက်ထိ ပြုလုပ် သွားမည်ဖြစ်ပြီး ရရှိလာသော ပြည်သူ့သဘောထားများကို ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုလွှတ်တော် ပူးပေါင်းကော်မတီသို့ မတင်ပြမီ သမ္မတ၊ လွှတ်တော်၊ တပ်မတော်နှင့် လေးပွင့် ဆိုင် တွေ့ဆုံရန် ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံစာ ပေးပို့ထားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်၌ လွှတ်တော်ကိုယ်စားလှယ် ၁၀၉ ဦး ပါဝင်သော ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီတစ်ရပ် ဖွဲ့စည်းထားပြီး ယင်းကော်မတီမှ လေ့လာတွေ့ရှိချက်များကို ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၃၁ ရက် မတိုင်မီ လွှတ်တော်သို့ တင် သွင်းရမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိုယ်တိုင်က လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေဟု လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ အမှုဆောင်ဒါရိုက်တာ ပြောကြား

လက်ရှိအသုံးပြုနေသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိုယ်တိုင်ကိုက လူ့အခွင့်အရေး ချိုးဖောက် မှူများ ရှိနေသည်ဟု လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ (HRDP) အမှုဆောင် ဒါရိုက်တာ ဦးမြင့် အေးက ပြောကြားသည်။


ဒီဇင်ဘာ ၁၀ ရက်တွင် ကျရောက်သည့် (၆၅)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ကို HRDP နှင့် လူထုအခြေပြု အဖွဲ့အစည်းများ စုပေါင်းကာ ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ စား သောက်ဆိုင်တွင် ပြုလုပ်ခဲ့ပြီး လူထုအခြေပြု အဖွဲ့အစည်းများ၏ ကြေညာချက်တစ်ခုကို ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ပါဝင်သည့် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် မကိုက်ညီဘဲ ဖိနှိပ်သည့် ဥပဒေများ ပြဋ္ဌာန်း၍ လူ့အခွင့်အရေး လှုပ်ရှားသူများအပေါ် ဖမ်းဆီးအရေးယူမှုများကို အမြန်ဆုံးရပ်တန့်ပြီး ထိုဖိနှိပ် ဥပဒေများကို ဖျက်သိမ်းပစ်ရန်ဟူသော အချက်အပေါ် The Daily Eleven ၏ မေးမြန်းမှုကို ဦးမြင့်အေးက ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိုယ်တိုင်က လူ့အခွင့်အရေး ချိုးဖောက်နေခြင်းဖြစ်ကြောင်း ပြောကြားသည်။

"ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ကိုယ်တိုင်က လူ့အခွင့်အရေး ချိုးဖောက်တာတွေ ရှိတယ်။ နောက်လွှတ် တော်ကနေ ပြဋ္ဌာန်းထားတဲ့ လူ့အခွင့်အရေး ဥပဒေ ဆိုတာလည်း သူတို့ကိုယ်တိုင်လည်း လွတ်လွတ်ကင်း ကင်းရှိတာ တစ်ခုမှမရှိပါဘူး။ အဲဒါကြောင့် ဥပဒေ အားလုံးဟာ လူ့အခွင့်အရေး ချိုးဖောက်တာ ဖြစ်နေ ပါ တယ်" ဟု ဦးမြင့်အေးက ဆိုသည်။

လက်ရှိအခြေအနေတွင် ဒီမိုကရေစီ စံနှုန်းများနှင့် မကိုက်ညီဘဲ စစ်အစိုးရ အလိုကျ တစ်ဖက်သတ် ရေးဆွဲ ထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ပြောင်းလဲ ရေးဆွဲနိုင်ခြင်း မရှိသမျှ ကာလပတ်လုံး အဆိုပါ လူ့အခွင့်အရေး ချိုးဖောက်မှုများသည် ဆိုးဆိုးရွားရွား ဆက်လက်ပေါ်ပေါက် နေဦးမည် ဖြစ် သည်ဟု အဆိုပါ အခမ်းအနားသို့ ပေးပို့သည့် ၇၄-၇၅-၇၆ နိုင်ငံရေး အင်အားစု သ၀ဏ်လွှာတွင် ဖော်ပြ ထား သည်။

အကယ်၍ ဒီမိုကရေစီ စံနှုန်းနှင့် ကိုက်ညီသော ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကြီး ပေါ်ထွက်လာပြီး ပြည်သူ တို့ မျှော်မှန်းသော စစ်မှန်သည့် ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုကြီးတစ်ရပ် ပေါ်ထွန်းလာသည့်တိုင် အချို့နေရာများတွင် လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေများ ဆက်လက်ကြုံတွေ့ နေရဦးမည်ဖြစ် ကြောင်း၊ သို့အတွက် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေး လုပ်ငန်းစဉ်ကို မြန်မာနိုင်ငံတွင် ရေတိုရေရှည် ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်လိမ့်မည်ဟုလည်း အဆိုပါ သ၀ဏ်လွှာတွင် ပါရှိသည်။

လက်ရှိတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်ရန် နယ်ပယ်အသီးသီးမှ ကြိုးပမ်းမှုများ ရှိနေပြီး ပြည်ထောင်စု လွှတ်တော်မှ ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ အနေဖြင့်လည်း ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၃၁ ရက်မတိုင်မီ လေ့လာသုံးသပ် တွေ့ရှိချက် အစီရင်ခံစာ တစ်စောင်ကို တင်သွင်းသွားရမည် ဖြစ်သည်။

Eleven Media Group

မြန်မာနိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှုစနစ် ပြုပြင်ပြောင်းလဲရာတွင် လူသားတန်ဖိုးသည် အဓိကကျကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ကာတာနိုင်ငံ ဒိုဟာမြို့တွင် ကျင်းပသော The innovation Summit for Health -WISH သို့ တက် ရောက်နေသည့် ဒေါ်အောင်ဆန်းစုကြည်သည် "မြန်မာနိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှုစနစ် ပြောင်း လဲခြင်းဆိုင်ရာ စိန်ခေါ်မှုများ" ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောကြားစဉ် မြန်မာနိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက် မှူစနစ် ပြုပြင်ပြောင်းလဲရာတွင် လူသားတန်ဖိုးသည် အဓိကကျကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။


မြန်မာနိုင်ငံအတွက် ကျန်းမာရေး စောင့်ရှောက်မှုသည် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်လျက် ရှိသည်။ ကိုလိုနီခေတ် အပြီးတွင် ဗြိသိသျှ အစိုးရထံမှ ရရှိခဲ့သည့် ကျန်းမာရေး စောင့်ရှောက်မှု စနစ်ကို အခြေခံကာ ဒေသတွင်း အကောင်းဆုံး ကျန်းမာရေး စောင့်ရှောက်တစ်ခု ဖြစ်စေရန် မြန်မာနိုင်ငံမှ လုပ်ဆောင်နိုင်ခဲ့ သော်လည်း ၁၉၆၀ အစောပိုင်းနှစ်များအတွင်း တပ်မတော် အစိုးရ အုပ်ချုပ်ခဲ့သည့်နောက်တွင် မြန်မာနိုင်ငံ ၏ ကျန်းမာရေး စောင့်ရှောက်မှု စနစ်သည် တစ်စတစ်စ ယိုယွင်းပျက်စီး လာခဲ့ပြီး ယခုအချိန်တွင် အဆိုးဆုံး အခြေအနေသို့ ရောက်ရှိနေသည်။

သို့သော် မြန်မာနိုင်ငံ၏ ကျန်းမာရေး လုပ်သားများတွင်ရှိသော မွန်မြတ်သည့် စိတ်ထားများရှိကြောင်း၊ ငွေ ကြေးကြွယ်ဝမှုနှင့် နှိုင်းယှဉ်လျှင် စိတ်ဓာတ်ပြည့်ဝမှုက ငြိမ်းချမ်းမှုနှင့် ပျော်ရွှင်မှုကို ပိုမိုစွမ်းဆောင်ပေးနိုင် ကြောင်း သူမက ပြောကြားခဲ့သည်။

"ကျန်းမာရေး စောင့်ရှောက်မှုဆိုတာ တကယ်တော့ ဂရုစိုက် စောင့်ရှောက်မှုပါပဲ။ ဂရုစိုက် စောင့်ရှောက်မှု မရှိခဲ့ရင်တော့ ကျန်းမာရေး စောင့်ရှောက်မှုဆိုတာ ဆေးဝါးပစ္စည်းတွေနဲ့ ကုသနည်းလမ်းတွေသာ ဖြစ် နေမှာပါ" ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

မြန်မာနိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှု ယိုယွင်းရခြင်းသည် ပစ္စည်းကိရိယာ မလုံလောက်မှုကြောင့် သာမက စီမံခန့်ခွဲမှု လွဲမှားခြင်းများကြောင့် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် နိုင်ငံသားတိုင်းသည် ကျန်းမာရေး စောင့်ရှောက်မှု စနစ်အတွက် မျှော်လင့်နေကြောင်း၊ မြန်မာနိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှုကို ငွေ ကြေးပေါ်မှီခိုသည့် ကျန်းမာရေး စောင့်ရှောက်မှုစနစ် မဟုတ်ဘဲ လူသားတန်ဖိုးနှင့် ကြင်နာမှုအပေါ် မှီခို သည့်စနစ်အဖြစ် ပြန်လည်တည်ထောင် သင့်သည်ဟု ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

"ငွေကြေးအထောက်အပံ့ကတော့ လိုအပ်ပါတယ်။ ဆေးရုံတွေ တည်ဆောက်ဖို့နဲ့ လိုအပ်တဲ့ ပစ္စည်းကိရိ ယာတွေအတွက် ငွေကြေးလိုအပ်ပါတယ်။ ဒါပေမယ့် အဓိက လိုအပ်ချက် မဟုတ်ပါဘူး" ဟု ပြောကြား ခဲ့သည်။

"လူမှုအသိုင်းအ၀ိုင်းရဲ့ အမြင်က အရေးကြီးပါတယ်။ စိတ်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ်၊ ရုပ်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ် နာမကျန်း ဖြစ်နေတဲ့သူကို စာနာသနားရုံတင် မဟုတ်ဘဲနဲ့ လေးစားကြင်နာမှု ရှိရပါမယ်" ဟု ပြောကြား ခဲ့သည်။

ကျန်းမာရေး စောင့်ရှောက်မှု စနစ်သည် သင်တန်းပို့ချခြင်း၊ နည်းပညာ အကူအညီပေးခြင်း၊ ဆေးဝါးဆိုင်ရာ ပညာရေး အဆင့်မြှင့်တင်ခြင်း တို့သာမက စနစ်တစ်ခုလုံးကို ပြုစုပျိုးထောင်ရန် လိုအပ်နေသည်။

ပိုမိုကောင်းမွန်သည့် အနာဂတ် ရရှိရန်အတွက် ထိုကဲ့သို့ လုပ်ဆောင်ရန်လိုအပ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောကြားခဲ့သည်။

"ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု စနစ်ဆိုတာ ပြည်သူလူထုကိုယ်တိုင် ပါဝင်တဲ့ စနစ်တစ်ခု ဖြစ်ရပါ မယ်။ ပိုမိုကောင်းမွန်တဲ့ လူမှုအသိုင်းအ၀ိုင်းတစ်ခု ဖြစ်ပေါ်လာဖို့အတွက် ပြည်သူလူထုကို တစ်ဆင့်ချင်းဆီ ပူးပေါင်းပါဝင်လာအောင် လုပ်ဆောင်ရပါမယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

The innovation Summit for Health -WISH ကို ဒိုဟာမြို့တွင် ဒီဇင်ဘာ ၁၀ ရက်နှင့် ၁၁ ရက် နှစ် ရက်ကြာ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး အဆိုပါထိပ်သီး စည်းဝေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန် အထွေထွေ ရောဂါကုဆေးရုံ အဆင့်မြှင့်တင်ရေး ကိစ္စကိုပါ ဆွေးနွေးမည်ဖြစ်သည်။

Eleven Media Group

တစ်နေ့ မှာ မြန်မာ့လွှတ်တော်-ကြုံတွေ့ လာလေမလား

ထိုင်းနိုင်ငံဟာ အာဏာသိမ်းမှုပေါင်း-၂၀-နီးပါး ရှိတဲ့ နိုင်ငံဖြစ်တယ် ။ အစိုးရဖြုတ်ချပွဲ အကြိမ်ပေါင်းများစွာ ဖြစ်ပေါ်တဲ့ နိုင်ငံ ။ စစ်တပ်ကအာဏာသိမ်းတယ်ဆိုရင် လူတွေရာထောင် ချီလို့  သေဆုံးကြရမယ်။ အဲလို မဟုတ်ဘူး ။ မဖြစ်စလောက် ဆယ်ဂဏန်းလောက် သေဆုံးပြီး နိုင်ငံက တည်ငြိမ်အေးချေမ်းသွားတယ် ။ အစိုးရဖြုတ်ချပွဲ ဆန္ဒပြပွဲ ဖြစ်လာရင်လဲ ရက်သတ္တပါတ် ကျော်လာရင် ထိုင်းနိုင်ငံဟာ အတီးအမှုတ်တွေနဲ့  ဆန္ဒပြပွဲတွေ ပြုလုပ်လာတတ်ကြတယ် ။ အနုပညာရှင်တွေက ပါဝင်လာတော့ ကခုန်သီဆိုရင်း ဆန္ဒပြ့ပွဲဟာ ပျော်စရာတွေ ဖြစ်လာတယ်။ အတိုက်အခံ နိုင်ငံရေးသမားတွေက ဟောပြောပွဲတွေ ပြုလုပ်ပြီး လွှတ်တော် ကိုယ်စားလှယ်တွေက လမ်းပေါ်ထွက်လာရင် အစိုးရဟာ လွှတ်တော်ကို ဖျက်သိမ်းလိုက်ရတော့တယ် ။


ဘယ်လိုဘဲဖြစ်ဖြစ် ၀န်ကြီးချုပ်စနစ်နဲ့  နိုင်ငံရေးကို ဦးဆောင်နေတဲ့  ထိုင်းနိုင်ငံမှာ ပြည်သူလူထုတွေက လမ်းပေါ်ထွက်လို့  အစိုးရကို အယုံအကြည်မရှိ ဖြစ်လာပြီ ဆိုရင် အဖြေက တစ်ခုဘဲ ရှိလာတယ် ။ အစိုးရကနုတ်ထွက်သွားရတာပါဘဲ ။ ထူးခြားတာကတော့ ဘယ်အစိုးရကဘဲ ဖြုတ်ချခံရခံရ ဘယ်အစိုးရ ကဘဲ တက်တက် သူတို့ ရဲ့  ထိခြင်းငါးပါးနဲ့  ဒူးထောက်ဖူးမျှော် ရှိခိုးပြီး ရိုသေကိုင်းညွတ်ရတဲ့  သူတစ်ဦး ဆီမှာ သူတို့ တွေ ကတိသစ္စာ ခံယူဆုံးမခံကြရတယ် ။ အဲဒီပုဂ္ဂိုလ်ကတော့ ထိုင်းဘုရင်မင်းမြတ်ဘဲဖြစ်တယ်။

ထိုင်းဘုရင်ဟာ တိုင်းနိုင်ငံမှာ ပြည်သူချစ်သော ဘုရင်မင်းမြတ်ဖြစ်တယ် ။ ပြည်သူတစ်ရပ်လုံးဟာ ထိုင်း ဘုရင်ရဲ့  မွေးနေ့ ဆိုရင် အဖူးမျှော်ခံမဲ့  လမ်းတစ်လျှောက်မှာ မြေကြီးပေါ်ပြားပြားဝပ်ပြီး နဖူးမြေထိ ရှိခိုး ပူဇေါ်ဖို့  သွားကြတယ် ။ စစ်တပ်ဟာ ထိုင်းဘုရင်ရဲ့  စကားကို ချစ်ကြောက်ရိုသေပြီး မြေ၀ယ်မကျ နားထောင်တယ် ။ အစိုးရဟာ ထိုင်းဘုရင်ဆီမှာသစ္စာတော်ခံ ကြတယ် ။ ထူးခြားတာကတော့ ထိုင်းပြည်သူ တွေဟာ သွေးမြေကျ အနည်းဆုံးနဲ့  အစိုးရတစ်ခုကို ပြောင်းလဲစေတတ်တဲ့  နိုင်ငံရေးပညာမြင့်မားနေတဲ့  နိုင်ငံဖြစ်တယ် ။

အစိုးရကို အယုံအကြည်မရှိဆိုတာဟာ နိုင်ငံတကာမှာ လုပ်ရိုးလုပ်စဉ် ဒီမိုကရေစီအခွင့်အရေး လှုပ်ရှားမှု ဖြစ်တယ် ။ ခုလဲဘဲ ထိုင်းနိုင်ငံက ၀န်ကြီးချုပ် မစ္စယင်လပ်က လွှတ်တော်ကို ဖျက်သိမ်းလိုက်ကြောင်း ကြေညာလိုက်ပြီ ။ ဒါပေမဲ့  အစိုးရကို မဖျက်သိမ်းဘဲ ထားနေသေးတယ် ။ ပြည်သူတွေဟာ အစိုးရကိုပါ ဖျက်သိမ်းပေးဖို့  တောင်းဆိုလာရင် သူလုပ်ပေးပါမယ်လို့  ပြောနေတဲ့  ရွေးကောက်ပွဲကို အလိုမရှိဘူးဆိုရင် သူမဟာ အစိုးရကိုပါဖျက်သိမ်းပြီး ၀န်ကြီးချုပ်ရာထူးက နုတ်ထွက်ပေးရတော့မှာဖြစ်တယ် ။ ကြားဖြတ် အစိုးရကို ဖွဲ့ စည်းပေးဖို့ အထိ အတိုက်အခံပါတီတွေနဲ့  ပြည်သူတွေက တောင်းဆိုလာမယ်ဆိုတာ နိမိတ် လက္ခဏာတွေ မြင်နေရတယ် ။ ဘာဖြစ်လို့ လဲဆိုတော့ အတိုက်အခံတွေထဲမှာ အယင်က ၀န်ကြီးချုပ် ဟောင်းဖြစ်တဲ့  မစ္စတာအဘီဆစ်တို့ လို လွှတ်တော်ကိုယ်စားလှယ်တွေ ပါလာကြပြီဖြစ်တယ် ။

မြန်မာနိုင်ငံမှာ ကြံ့ ခိုင်ရေးနဲ့  ဖွံ့ ဖြိုးရေးပါတီဟာ နိုင်ငံသားလဲ မဟုတ်-တိုင်းရင်းသားလဲမဟုတ်သူလို့  သတ်မှတ်ထားပြီး အမျိုးအမည် မသတ်မှတ်တဲ့  လူတွေကို အဖြူရောင်စာရွက် ကဒ်လေးတစ်ခု လုပ်ပေးပြီး ပေးထားတယ် ။ နိုင်ငံသားဖြစ်သူ တိုင်းရင်းသားဖြစ်သူတွေကို နိုင်ငံသားမှတ်ပုံတင်ကဒ်ပြား ထုတ်ပေးတယ် ။ ဒီလိုနိုင်ငံသားစီစစ်ရေး မှတ်ပုံတင်ကဒ်ပြား ကိုင်ဆေင်သူများကို -၂၀၀၈-ခုနှစ် နိုင်ငံတော်ဖွဲ့ စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေအရ -၂၀၁၀-ခုနှစ် ပါတီစုံအထွေထွေ ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ခွင့်ပေးတယ် ။

ဒါပေမဲ့  ဘာမှန်းမသိတဲ့  စာရွက်ဖြူကဒ်ပြားလေးကို ကိုင်ဆောင်ထားသူများကို ရွေးကောက်ပွဲဝင်ဖို့  ဆိုပြီး ကြံ့ဖွံ့ ပါတီက တင်သွင်းတဲ့ အခါကျတော့ ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီက ကန့် ကွက်တင်ပြတယ် ။ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်က ဒီလို ကန့် ကွက်တင်ပြတာဟာ မှန်ကန်တယ် ဆိုပြီး -၂၀၁၀-ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခွင့်ကို ပယ်ချခဲ့ တယ် ။ ဒါပေမဲ့  နေပြည်တော်ရှိ ဗိဟုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ကြံ့ဖွံ့ ပါတီက စာရွက်ဖြူကဒ်ပြားကို ကိုင်ဆောင်သူ -မှတ်ပုံတင်လိမ်သူ-လူမျိုးလိမ်သူတွေကို -၂၀၁၀-ရွေးကောက်ပွဲဝင်ခွင့်ပြုခဲ့ တယ် ။ ဒီတာ့ စာရွက်ဖြူကဒ်ပြား ကိုင်ထားတဲ့  လူတွေက ရခိုင်ပြည်နယ်စပ်မှာ -၅-သိန်းကျော်ရှိနေတော့ သူတို့ တွေဟာ လွှတ်တော်ကိုယ်စားလှယ်ဖြစ်သွားကြတယ် ။

လူဝင်မှုကြီးကြပ်ရေးနဲ့  ပြည်သူ့ ဆက်ဆံရေးဝန်ကြီးဋ္ဌါန ၀န်ကြီး ဦးခင်ရီက ဘာလူမျိုးမှန်းလို့  ပြောလို့ မရတဲ့  လူတွေကို စာရွက်ဖြူ ကဒ်ပြား ( White Card ) သာ ထုတ်ပေးထားတယ် ။ သူ့ ကို လူမျိုး အနေနဲ့  သတ်မှတ်ပေးတာ မရှိဘူး- ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ဟာ သူ့ ရဲ့  လူဝင်မှုကြီးကြပ်ရေးဋ္ဌါန အလုပ်မဟုတ်ဘူးဆိုတာ တင်ပြပြီး အစိုးရကို လွှဲပြောင်းစစ်ဆေး စေတယ် ။ ဒါပေမဲ့  ဗဟို ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ရွေးကောက်ပွဲကို ၀င်ရှောက်ယှဉ်ပြိုင်ဖို့  တင်လာတဲ့  လွှတ်တော်ကိုယ်စားလှယ်တွေကို သူ့ မှာ ၀င်ပြိုင်စေဖို့  လက်ခံခဲ့ တယ်လို့  တင်ပြနေတယ် ။

ဒါပေမဲ့  အစိုးရကတော့ ခုအချိန်ထိ ဘာသတင်းမှ မထုတ်ပြန်ဘဲ ရေငုံနုတ်ပိတ်နေတယ် ။ စာရွက်ဖြူကဒ် ( White Card ) ကိုင်ဆောင်သူများကို အစိုးရက ခုချိန်ထိ စစ်ဆေးအရေးမယူတာဟာ မြန်မာနိုင်ငံကို မီးဟုန်းဟုန်းတောက်စေဖို့  စနက်တံတွေ ဖြစ်တယ် ။ လောင်စာပြင်းပြင်းနဲ့  တောက်လောင်စေဖို့  စက်သုံးဆီတွေဖြစ်တယ် ။ ပေါက်ကွဲစေတတ်တဲ့  ဗုံးတွေကို ဖင်ခုထိုင်နေသလို ဖြစ်တယ် ။

အကယ်၍သာ -ထိုင်းနိုင်ငံလို မြန်မာနိုင်ငံ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ စက္ကူဖြူကဒ် ( White Card ) ကိုင်ဆောင်ထားသူများကို အမြန်ဆုံး စစ်ဆေးပြီး မပြုလုပ်ပါက လမ်းပေါ်ထွက် တောင်းဆိုလာမယ်ဆိုရင် ------------

အကယ်၍သာ - စက္ကူဖြူကဒ်ကိုင်ဆောင်ထားသူများကို ကြံ့ဖွံပါတီမှာ အမြန်ဆုံးဖယ်ရှားပေးဖို့  ပြည်သူ တွေက တောင်းဆိုလာရင် ----------

အကယ်၍သာ- ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များနဲ့  ပြည်သူလူထုတွေက -( White Card ) ကိုင်ဆောင်ထားသူများကို မစစ်ဆေးဘဲ ဒီအတိုင်းထားနေတဲ့ အတွက် အစိုးရကို အယုံအကြည် မရှိ လမ်းပေါ်ထွက် ဆန္ဒပြလာခဲ့ မယ် ဆိုရင် -------------

တစ်နေ့ မှာ မြန်မာနိုင်ငံ လွှတ်တော်ဟာ-၂၀၁၅-ခုနှစ် မတိုင်မှီ နိုင်ငံရေးပါးရည် ၀လာပြီဆိုရင် ကြုံတွေ့  လာမယ်လို့  ပြောနိုင်လေမလား -----------။။။။။

ခိုင်အောင်ကျော် ( နယူးယောက် )

ဗုံးပေါက်မှုသံသယရှိသူ နေတိုးရှိသည့်နေရာသိနေပြီဟု ကေအင်န်ယူ ထုတ်ဖော်ပြောဆို

မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် အပါအ၀င်တိုင်းဒေသကြီးအချို့၌ အောက်တိုဘာလအတွင်းက ဗုံး ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ယင်းသို့ ဖြစ်ပွားစေရန် စေခိုင်းခဲ့သည်ဟုသံသယရှိခံရသူ နေတိုး(ခ)စောရွှေထူးမှာ လွတ်မြောက်နေသော်လည်း ယခုအခါ ၎င်းရှိသည့်နေရာကို ကရင်အမျိုးသား အစည်းအရုံး(ကေအင်န်ယူ)၏ စုံစမ်းစစ်ဆေးရေး ကော်မရှင်က သိရှိထားပြီဖြစ်ကြောင်း ကေအင်န်ယူ ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က စံတော်ချိန်သို့ ပြောဆိုသည်။


နေတိုး(ခ)စောရွှေထူးသည် မြန်မာနိုင်ငံကေအင်န်ယူ၏ ထိန်းချုပ်နယ် မြေအတွင်း၌ ရှိနေပြီး စုံစမ်း စစ်ဆေးရေးကော်မရှင်၏ စစ်ဆေးမှုကို လာရောက်ခံယူရန်အတွက် ကြေးနန်းရိုက်ကာခေါ်ယူသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

" စုံစမ်းစစ်ဆေးရေးကော်မရှင်က နာမည်ထွက်နေတဲ့ နေတိုးရှိတဲ့နေရာကို သိထားပြီးပါပြီ။ သူက ကေအင်န်ယူနယ် မြေအတွင်းမှာပဲ ရှိနေသေးတယ်လို့ သိရပါတယ်။ အဲဒါက မြန်မာနိုင်ငံထဲမှာပါပဲ။ ကော်မရှင်မှာလာရောက်ပြီးတော့ အစစ်ဆေးခံဖို့လည်း ကြေးနန်းရိုက်ခေါ်သွားမှာပါ " ဟု ၎င်းက ပြောသည်။ သို့သော် တရားခံဟု သံသယရှိသူအားမဖမ်းဆီးဘဲ လာရောက်စစ်ဆေး ရန်အတွက် မည်သည့် အတွက်ကြောင့် ကြေးနန်းဖြင့် ဖိတ်ခေါ်ရသည့် အကြောင်းရင်းကိုမူ ၎င်းကထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

ဗုံးပေါက်ကွဲမှုများကို စေခိုင်းသည်ဟု သံသယရှိခံရသူ နေတိုး(ခ)စောရွှေထူးသည် ကရင်အမျိုးသား အစည်းအရုံး(ကေအင်န်ယူ)၏ အောက်ခြေအဆင့်မှ အဖွဲ့ဝင်တစ်ဦးဖြစ်သည့်အတွက် ကေအင်န်ယူ အနေဖြင့် အောက်တိုဘာ ၂၅ ရက်က ဗဟိုကော်မတီအစည်း အဝေးခေါ်ယူကာ စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ခုဖွဲ့စည်းခဲ့ပြီး သံသယရှိသူကို အမြန်ဆုံးဖော်ထုတ်နိုင်ရန် စုံစမ်းမှုများကို မြန်မာနိုင်ငံရဲ တပ်ဖွဲ့နှင့် မပူးပေါင်းဘဲ သီးသန့်စုံစမ်းကာ ဆောင်ရွက်ခဲ့ကြောင်း ဖဒိုမန်းငြိမ်းမောင်က ဆက်လက် ပြောကြားသည်။

နေတိုး(ခ)စောရွှေထူးရှိနေသည့် နေရာနှင့် စစ်ဆေးသွားမည့်အကြောင်း အရာများမှရရှိလာမည့် အချက် အလက်များကို မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ တင်ပြသွား မည်ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာလအတွင်း ရန်ကုန်မြို့နှင့် တိုင်းဒေသကြီး အချို့၌ ဖြစ်ပွား ခဲ့သော ဗုံးပေါက်ကွဲမှုများကြောင့် လူနှစ်ဦးသေဆုံးခဲ့ပြီး နိုင်ငံခြားသူတစ်ဦး အပါအ၀င် သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန် ခဲ့သည်။