Monday, December 9, 2013

ရန်ကုန်ကြံ့ဖွတ်ရုံးချုပ်နေရာ ကျပ်ဘီလီယံ ၄၀ ကျော်ဖြင့်ရောင်း



ရန်ကုန် တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီရုံးချုပ်အား မြန်မာကျပ်ငွေ ဘီလီယံ ၄၀ ကျော်ဖြင့် ရောင်းချလိုက်ကြောင်း သတင်းများထွက်ပေါ်လျက်ရှိ ကြောင်း သိရသည်။ ယင်းရုံးမှာဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာ လမ်းသစ်တွင် တည်ရှိပြီး ယင်းသို့ရောင်းချရခြင်း မှာ ပါတီ၏ ရန်ပုံငွေအတွက် ရောင်းချ ရခြင်း ဖြစ်ကြောင်း သ တင်းများ ထွက်ပေါ်လျက်ရှိသည်။


ယင်းကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီ ဒုတိယဥက္ကဋ္ဌဦးဌေးဦး အား ရန်ကုန်တိုင်းမ်မှဆက်သွယ် မေးမြန်းရာတွင် ဖြေကြားရန်မ ရှိကြောင်း ပြန်လည်ပြောဆိုခဲ့ သည်။ ဦးဌေးဦးက ''အဲဒါပြည်သူ အတွက်လဲ အကျိုး မရှိ ပါဘူး။ ရောင်းလို့ရှိရင်လဲ ပြည်သူအတွက် ဘာဖြစ်လဲ။ တစ်ခုတော့ ရှိတာ ပေါ့။ ပါတီတွေငွေရှိလာရင်တော့ ပြည်သူအတွက် အလုပ်အကျွေး ပိုပြုနိုင်တာပေါ့။ ဒီဥစ္စာနဲ့ပတ် သက်ပြီးတော့ ကျွန်တော်ဘာမှ လဲ မပြောချင်ဘူး။ ပြောရမယ့် အလုပ်လဲ မဟုတ်ဘူးလို့ ကျွန်တော် မြင် တယ်''ဟု ရန်ကုန်တိုင်းမ်၏မေးမြန်းမှုအား ပြန်လည်ဖြေကြား သည်။ 

ပါတီပိုင်ဆိုင်သည့်ပစ္စည်း များအားရောင်းချခြင်းမှာ ပါတီ ၏ သဘောဆန္ဒသာဖြစ်ကြောင်း၊ လူထု၏ သဘောထားရယူဆောင် ရွက်ရမည့် ကိစ္စတစ်ခု မဟုတ် ကြောင်း၊ ပါတီ၏ဆောင်ရွက်လျက် ရှိသည့်လုပ်ငန်းများမှာ တစ်ဦး တစ်ယောက်တည်း လုပ်ဆောင်၍ ရသည့်ကိစ္စများမဟုတ်ကြောင်း ယင်းက ဆက်လက်ပြောသည်။

''ရောင်းတယ် ဝယ်တယ် ဆိုတဲ့ကိစ္စတွေက ဒီကိစ္စနဲ့မဆိုင် ပါဘူး။ သီးခြားပြဿနာတွေပါ။ ဘာပဲလုပ်လုပ် ကျွန်တော်တို့ဆီ ကတော့ အဖွဲ့အစည်းနဲ့လုပ်ပါ တယ်။ အကုန်လုံး ရဲ့အဖွဲ့အစည်း ရဲ့ စုပေါင်းဆုံးဖြတ်ချက်နဲ့ လုပ် တာပါ။ တစ်ဦးတစ်ယောက်တည်း ရဲ့သဘောနဲ့ ဘယ်သူမှမလုပ်ကြ ပါဘူး။ အဲဒီတော့မလိုရင်ရောင်း မှာပဲ။ လိုမယ်ဆိုရင် ကျွန်တော် တို့ထားမှာပဲ။ ဒါပါပဲ။ ဒါနဲ့ပတ် သက်လို့ ကျွန်တော် တို့ ဘာမှမ ပြောချင်ပါဘူး။ ပြောတဲ့လူတွေ ပြောတာလဲ မဝေဖန်ချင်ပါဘူး''ဟု ယင်းကဆက်လက်ပြောသည်။ 

ယင်းကိစ္စနှင့်ပတ်သက်၍ ယင်းပါတီ၏ အကြံပေးတစ်ဦး ဖြစ်သူ ဦးကျော်ဟိုးက နေပြည် တော်ရုံးချုပ်မှ ဆောင်ရွက်သည့် ကိစ္စဖြစ်ကြောင်း၊ မည်သည့်ငွေ ကြေးအတိုင်းအတာဖြင့် မည် သည့်အဖွဲ့အစည်းထံသို့ ရောင်း ချသည်ကိုမသိရှိကြောင်း ပြော ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးချုပ်။

ဓာတ်ပုံ - ဖြိုး(ဘူမိ) လင်းအောင် 

Yangon Media Group

နိုင်ငံတော်သမ္မတကြောင့် ဥပဒေပြုရေး ကြန့်ကြာဟု ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဝေဖန်

လွှတ်တော် အစည်းအဝေးများ ရပ်ထားသည့် အချိန်တွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသော ယင်းဥပဒေကြမ်းအပေါ် နိုင်ငံတော်သမ္မတက အမြင်မတူသော သဘောထား မှတ်ချက်ဖြင့် ပြန်လည် ပေးပို့လာသောကြောင့် ဥပဒေပြုရေး နှောင့်နှေး ကြန့်ကြာကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ပြောကြားသည်။


အစိုးရသစ် အုပ်ချုပ်သည့် သုံးနှစ်နီးပါး ကာလအတွင်း ပြည်ထောင်စု လွှတ်တော်မှ ဥပဒေကြမ်း ၅၄ ခုကို နိုင်ငံတော်သမ္မတထံ ပြည်ထောင်စု လွှတ်တော်က အတည်ပြု ပေးပို့ခဲ့ရာ နိုင်ငံတော်သမ္မတက မတူညီသည့် သဘောထား မှတ်ချက်များဖြင့် ပြန်လည် ပေးပို့ခဲ့ကြောင်း ၎င်းကဆိုသည်။ “သမ္မတ ပေးပို့တဲ့ သဘောထား မှတ်ချက်ထဲမှာ ကောင်းတာတွေလည်း ရှိပါတယ်။ ဥပဒေမှာ ထည့်ဖို့ မသင့်တာတွေ ပြန်ပါလာတယ်။ အဲဒီတော့ လွှတ်တော်မှာ ပြန်ဆွေးနွေး ရတာလည်း အချိန်ယူရတယ်” ဟု ၎င်းကဆိုသည်။ ယင်းကဲ့သို့သော ဥပဒေများကို နိုင်ငံတော် သမ္မတလက်မှတ် ရေးထိုး အတည်ပြုခဲ့ခြင်း မရှိကြောင်း ၎င်းကဆိုသည်။

ပြီးခဲ့သည့် အဋ္ဌမအကြိမ်မြောက် လွှတ်တော် အစည်းအဝေးက အတည်ပြုလိုက်သည့် ပြည်ထောင်စုလွှတ်တော် ဆိုင်ရာ ဥပဒေကြမ်းကို နိုင်ငံတော်သမ္မတ လက်မှတ် ရေးထိုး အတည်ပြုခြင်း မရှိဘဲ လွှတ်တော်သို့ ပြန်လည် ပေးပို့လာခြင်းကြောင့် ဥပဒေ အသက်ဝင်ရေး နှောင့်နှေး ကြန့်ကြာနေပြီး လွှတ်တော် ကိုယ်စားလှယ်များ၏ ဒေသဖွံ့ဖြိုးရေး အသုံးစရိတ် သုံးစွဲရန် နောက်ကျနေကြောင်း ၎င်းက ဥပမာပေး ပြောကြားသည်။ သမ္မတနှင့် ပြည်ထောင်စု လွှတ်တော်ကြား ဖြစ်ပေါ်နေသည့် သဘောထား ကွဲလွဲမှုနှင့် ဆက်ဆံရေး ပြေလည်မှု မရှိသည့် ကိစ္စသည် နိုင်ငံနှင့် ပြည်သူ အတွက် ထိခိုက်မှု မရှိသော်လည်း ဥပဒေပြုရေး လွှတ်တော်တွင် အခက်အခဲ များစွာဖြင့် ပြန်လည် ညှိနှိုင်း ဆွေးနွေးနေရကြောင်း ဥပဒေကြမ်း ပူးပေါင်း ကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ပြောကြားသည်။

ဥပဒေ အတည်ပြု ပြဋ္ဌာန်းရေး ကိစ္စများတွင် နိုင်ငံနှင့် ပြည်သူအတွက် အခြေခံကျသော ဥပဒေများကို လိုအပ်သည်ထက် အချိန်ပိုယူကာ ညှိနှိုင်း အတည်ပြုခဲ့ရကြောင်း အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူးအဖြစ် လပေါင်း ၃၀ တာဝန်ယူခဲ့သော ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁၁) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစံထွန်းက အတည်ပြု ပြောကြားသည်။ ဒေသဖွံ့ဖြိုးရေးအတွက် ကျပ်သိန်း ၁၀၀၀ သုံးစွဲမည့်ငွေ ပါဝင်သည့် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်၏ တိုက်ရိုက် စစ်ဆေးခွင့်၊ တိုင်းရင်းသားရေးရာ ဝန်ကြီးနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း (သို့မဟုတ်) ပြည်နယ်မှ ခေါင်းဆောင်ပိုင်း များကို ညှိနှိုင်း လုပ်ဆောင်ခွင့် မပေးထားသောကြောင့် သဘောတူညီမှု မရှိဘဲ သဘောထားမှတ်ချက် ပြန်ပေးခြင်း ဖြစ်ကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ဆိုသည်။

“သူတို့ဟာ သူတို့သုံး၊ သူတို့ဟာ သူတို့ ပြန်စစ်မယ် ဆိုတာက မရဘူး။ လိုအပ်လျှင် အစစ်ခံနိုင်သည် ဆိုတဲ့ သဘောလေးတော့ ပါတယ်။ လိုအပ်လျှင် ဆိုတာက မရဘူးလေ။ အစစ်ကိုခံရမှာ” ဟု ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေကို အတည်မပြုခြင်းနှင့် ပတ်သက်၍ ၎င်းကဆိုသည်။ ပြည်ထောင်စု လွှတ်တော်နှင့် နိုင်ငံတော် သမ္မတရုံး၏ ညှိနှိုင်း ဆက်ဆံမှုသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်ကြောင့် ယခုကဲ့သို့ ဆက်လက် လုပ်ကိုင် သွားရဦးမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

နိုင်ငံတော်သမ္မတကြောင့် ဥပဒေပြုရေး ကြန့်ကြာဟု ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဝေဖန် နေပြည်တော်၊ ဒီဇင်ဘာ ၇ လွှတ်တော် အစည်းအဝေးများ ရပ်ထားသည့် အချိန်တွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသော ယင်းဥပဒေကြမ်းအပေါ် နိုင်ငံတော်သမ္မတက အမြင်မတူသော သဘောထား မှတ်ချက်ဖြင့် ပြန်လည် ပေးပို့လာသောကြောင့် ဥပဒေပြုရေး နှောင့်နှေး ကြန့်ကြာကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ပြောကြားသည်။ အစိုးရသစ် အုပ်ချုပ်သည့် သုံးနှစ်နီးပါး ကာလအတွင်း ပြည်ထောင်စု လွှတ်တော်မှ ဥပဒေကြမ်း ၅၄ ခုကို နိုင်ငံတော်သမ္မတထံ ပြည်ထောင်စု လွှတ်တော်က အတည်ပြု ပေးပို့ခဲ့ရာ နိုင်ငံတော်သမ္မတက မတူညီသည့် သဘောထား မှတ်ချက်များဖြင့် ပြန်လည် ပေးပို့ခဲ့ကြောင်း ၎င်းကဆိုသည်။ “သမ္မတ ပေးပို့တဲ့ သဘောထား မှတ်ချက်ထဲမှာ ကောင်းတာတွေလည်း ရှိပါတယ်။ ဥပဒေမှာ ထည့်ဖို့ မသင့်တာတွေ ပြန်ပါလာတယ်။ အဲဒီတော့ လွှတ်တော်မှာ ပြန်ဆွေးနွေး ရတာလည်း အချိန်ယူရတယ်” ဟု ၎င်းကဆိုသည်။ 

ယင်းကဲ့သို့သော ဥပဒေများကို နိုင်ငံတော် သမ္မတလက်မှတ် ရေးထိုး အတည်ပြုခဲ့ခြင်း မရှိကြောင်း ၎င်းကဆိုသည်။ ပြီးခဲ့သည့် အဋ္ဌမအကြိမ်မြောက် လွှတ်တော် အစည်းအဝေးက အတည်ပြုလိုက်သည့် ပြည်ထောင်စုလွှတ်တော် ဆိုင်ရာ ဥပဒေကြမ်းကို နိုင်ငံတော်သမ္မတ လက်မှတ် ရေးထိုး အတည်ပြုခြင်း မရှိဘဲ လွှတ်တော်သို့ ပြန်လည် ပေးပို့လာခြင်းကြောင့် ဥပဒေ အသက်ဝင်ရေး နှောင့်နှေး ကြန့်ကြာနေပြီး လွှတ်တော် ကိုယ်စားလှယ်များ၏ ဒေသဖွံ့ဖြိုးရေး အသုံးစရိတ် သုံးစွဲရန် နောက်ကျနေကြောင်း ၎င်းက ဥပမာပေး ပြောကြားသည်။ သမ္မတနှင့် ပြည်ထောင်စု လွှတ်တော်ကြား ဖြစ်ပေါ်နေသည့် သဘောထား ကွဲလွဲမှုနှင့် ဆက်ဆံရေး ပြေလည်မှု မရှိသည့် ကိစ္စသည် နိုင်ငံနှင့် ပြည်သူ အတွက် ထိခိုက်မှု မရှိသော်လည်း ဥပဒေပြုရေး လွှတ်တော်တွင် အခက်အခဲ များစွာဖြင့် ပြန်လည် ညှိနှိုင်း ဆွေးနွေးနေရကြောင်း ဥပဒေကြမ်း ပူးပေါင်း ကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ပြောကြားသည်။

ဥပဒေ အတည်ပြု ပြဋ္ဌာန်းရေး ကိစ္စများတွင် နိုင်ငံနှင့် ပြည်သူအတွက် အခြေခံကျသော ဥပဒေများကို လိုအပ်သည်ထက် အချိန်ပိုယူကာ ညှိနှိုင်း အတည်ပြုခဲ့ရကြောင်း အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူးအဖြစ် လပေါင်း ၃၀ တာဝန်ယူခဲ့သော ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁၁) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစံထွန်းက အတည်ပြု ပြောကြားသည်။ ဒေသဖွံ့ဖြိုးရေးအတွက် ကျပ်သိန်း ၁၀၀၀ သုံးစွဲမည့်ငွေ ပါဝင်သည့် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်၏ တိုက်ရိုက် စစ်ဆေးခွင့်၊ တိုင်းရင်းသားရေးရာ ဝန်ကြီးနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း (သို့မဟုတ်) ပြည်နယ်မှ ခေါင်းဆောင်ပိုင်း များကို ညှိနှိုင်း လုပ်ဆောင်ခွင့် မပေးထားသောကြောင့် သဘောတူညီမှု မရှိဘဲ သဘောထားမှတ်ချက် ပြန်ပေးခြင်း ဖြစ်ကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ဆိုသည်။ 

“သူတို့ဟာ သူတို့သုံး၊ သူတို့ဟာ သူတို့ ပြန်စစ်မယ် ဆိုတာက မရဘူး။ လိုအပ်လျှင် အစစ်ခံနိုင်သည် ဆိုတဲ့ သဘောလေးတော့ ပါတယ်။ လိုအပ်လျှင် ဆိုတာက မရဘူးလေ။ အစစ်ကိုခံရမှာ” ဟု ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေကို အတည်မပြုခြင်းနှင့် ပတ်သက်၍ ၎င်းကဆိုသည်။ ပြည်ထောင်စု လွှတ်တော်နှင့် နိုင်ငံတော် သမ္မတရုံး၏ ညှိနှိုင်း ဆက်ဆံမှုသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်ကြောင့် ယခုကဲ့သို့ ဆက်လက် လုပ်ကိုင် သွားရဦးမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

The Voice Weekly

၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေပြင်ဖို့ အကြံပြုချက် ၂၅၀၀ ကျော်ပေးပို့



နိုင်ငံရေးပါတီတွေ အသင်းအဖွဲ့တွေက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြင်ဆင်ဖို့ အကြံပြုချက်ပေါင်း ၂၅၀၀ ကျော် ပေးပို့ထားတယ်လို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီက ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၆ ရက်နေ့စွဲနဲ့ သတင်းထုတ်ပြန် ခဲ့ပါတယ်။


ပြီးခဲ့တဲ့ အောက်တိုဘာလကစပြီး ဒီဇင်ဘာလ ၅ ရက်နေ့အထိ နိုင်ငံရေးပါတီတွေ အသင်းအဖွဲ့တွေက ပေးပို့ထားတဲ့ အကြံပြုစာပေါင်း ၄၄၀ ရရှိထားကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါတဲ့ အခန်းပေါင်း ၁၂ ခန်းထဲက နိုင်ငံတော်အခြေခံမူများဆိုတဲ့ အခန်း(၁)မှာ ပြင်ဆင်ဖို့ အချက်ပေါင်း ၅၉၀ ပေးပို့ထားကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် နိုင်ငံတော်သမ္မတရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေ၊ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ဖွဲ့စည်းခွင့် စတဲ့အချက်တွေပါတဲ့ အုပ်ချုပ်ရေးကဏ္ဍ အခန်း(၅) အတွက် အကြံပြုချက်ပေါင်း ၄၃၈ ချက် ပေးပို့ထားတယ်လို့ သိရပါတယ်။

အဲဒီ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ရက်နေ့က ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းပေးခဲ့တာဖြစ်ပြီး ပူးပေါင်းကော်မတီရဲ့ လုပ်ပိုင်ခွင့်နဲ့ လုပ်ထုံးလုပ်နည်းတွေကို သြဂုတ်လ ၂၇ရက်နေ့က အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံရေးပါတီတွေ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ ပြည်သူလူထုက ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်ဆင် သင့်တယ်လို့ ယူဆတဲ့အချက်တွေကို ဒီဇင်ဘာလ ၃၁ရက်နေ့ မတိုင်ခင် အကြံပြုစာတွေ ပေးပို့ရမှာ ဖြစ်ပါတယ်။

အဲ့ဒီပူးပေါင်းကော်မတီမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ် ၅၂ယောက်၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ယောက်၊ NLD ကိုယ်စားလှယ် ၇ယောက်အပါအ၀င် လွှတ်တော်ထဲမှာရှိတဲ့ တခြားနိုင်ငံရေးပါတီအသီးသီးက အနည်းဆုံးကိုယ်စားလှယ် တစ်ယောက်စီနဲ့ စုစုပေါင်း ပူးပေါင်းကော်မတီဝင် ၁၀၉ ဦးနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။