Friday, December 6, 2013

ဒီဇင်ဘာလ အတွက် (၇) ရက်သားသမီး ဟောစာတမ်း

တနင်္ဂနွေသား သမီး ။ ။ မိတ်ဆွေကောင်း များနှင့် တွေ့ မည် ။ စပ်တူ လုပ်ငန်းများ အထူးအောင် မြင်မည် ။ ပညာရေး ပညာပေး အတတ်ပညာ နှင့်ပတ်သက်သော လုပ်ငန်းများ အကျိုးပေးမည် ။ လူငယ်များ ပညာရေးနှင့် ပတ်သက်ပြီး စိတ်ချမ်းသာမှုရမည် ။ အမွေရသကဲ့သို့  မမျှော်လင့်ပဲ ငွေဝင်မည် ။ ငယ်ရွယ်သူများ အောင်သွယ်ကောင်း မှုကြောင့် ချစ်သူရလိမ့်မည် ၀မ်းဗိုက်နှင့် ပတ်သက်သောရောဂါများ ခံစားရတတ်သည် ။

ယတြာ ။ ။ တာအိုးတစ်လုံး အတွင်းရေထည့် ရွက်လှ ၁၇ ရွက်ထည့်၍မွေးနံဘုရား ထောင့်တွင်လှုပေးပါ ။


တနင်္လာသားသမီး ။ ။ စက်နှင့် ပတ်သပ်သောလုပ်ငန်းလုပ်သူများ အထူးသတိထားပါ ။ ရောင်းမှား ၀ယ်မှားဖြစ်ခြင်း ။ လူလိမ်ခံရခြင်းများ ကြုံတွေ့ ရလိမ့်မည်။ အိမ်ထောင်ရှင်မိန်းကလေးများခင်ပွန်းနှင့် စကားများပြီး အိမ်ထောင်ကွဲ သည်အထိဖြစ် တတ်သည် ။ရွှေအထားမှားပြီး ပျောက်တတ်သည် ။ သတိထားပါ ။ငယ်ရွယ်သူမိန်းကလေးများ ကြားစကားကိုယုံမိ၍ ချစ်သူနှင့်အဆင်မပြေဖြစ်လိမ့်မည် ။ တနင်္လာအစ ဗုဒ္မဟူးနံအဆုံးနာမည် ရှင်များ အထူးသတိထားပါ ။ ထိခိုက်ဒဏ်ရာ ရတတ်သည် ။ လိမ်လည်ပြီး ငွေချေးသူကြောင့် စိတ်ညစ်ရလိမ့်မည် ။

ယတြာ ။ ။ အင်္ဂါ နေ့  ညနေပိုင်းတွင် လမ်းဆုံလမ်းခွမှ ခွေးများကိုအစာကြွေးပေးပါ ။

အင်္ဂါ သားသမီး ။ ။ ခြံ ကား ကွန်ပျူ တာ စက်ပစ္စည်း ရောင်းဝယ်သူများ အထစ်အငေါ့ ဖြစ်မည် ။ မမျှော်လင့်ပဲ ခရီးသွားခွင့် ကြုံ ခဲ့လျှင် ရေလမ်းခရီးကိုရှောင်ပါ အသက်အန္တရယ် ထိခိုက်တတ် ပါသည် ။ အိမ်ထောင်ရှင်များဇနီး မယား ကျမ္မာရေးအတွက် ငွေကုန်လိမ့်မည်။ဝန်ထမ်းများ စာရင်းဇယားနှင့်ပတ် သက်ပြီး အထက်လူကြီး၏ ဆူပူခြင်းခံရတတ်သည်။ ငယ်ရွယ်သူချစ် သူများ စကားပြောမှားပြီ အထင်လွဲကာ စကားများ လိမ့်မည် ။ ဦးခေါင်း ခါးတို့ တွင် ထိခိုက်ဒဏ်ရာရတတ်သည် ။

ယတြာ ။ ။ နီးစပ်ရာ တရားစခန်းများမှ ယောဂီများအား ဆေးဝါးလှုါးန်းပေးပါ ။

ဗုဒ္မဟူးသားသမီး ။ ။ အိမ် အဆောက်အဦး ခြံ ကား ကျောက်ရောင်းဝယ်သော လုပ်ငန်းများ စိတ်ဝမ်းကွဲပြီး အဆင်မပြေဖြစ်မည် ။ ၀န်ထမ်းများ အထက်လူကြီးနှင့် စကားများပြီး အလုပ်မှရပ်စဲခံ ရတတ်သည် ။ ငွေဝင်သော်လည်း ၀င်သလောက်ပြန် ထွက်နေမည် ။ဆေးမှား အစားမှားပြီး ဆေးရုံ ဆေးခန်း ရောက် တတ်သည် ။ ငယ်ရွယ်သူများ အချစ်ရေးကံကောင်း သော်လည်း စိတ်တိုင်းကျသော ချစ်သူမျိုးမတွေ့  နိုင်သေးပါ ။ ရန်ဖြစ်လိုက် ပြန်ချစ်လိုက် ချစ်သူမျိုး နှင့်သာ ဖူးစာဆုံနေမည် ။

ယတြာ ။ ။ မိမိမွေးနံ ဘုရား။ထောင့်တွင် အုန်း (၆) ညွန့်နှင့် အစိမ်းရောင်ယပ် ( ၄) ချောင်း လှုပေးပါ။

ကြာသပတေး သားသမီး ။ မည်သည့်လုပ်ငန်း လုပ်လုပ် အကျိုးပေးသောလဖြစ်သည်။ မိတ်ဆွေ ကောင်းများ၏ ကူညီမှုကြောင့် လုပ်ငန်းများအောင်မြင်မည်။ မမျှော်လင့်ပဲ ဘုရားဖူးခရီးသွားရလိမ့်မည် ။ အမွေရသကဲ့သို့  ထီပေါက်သကဲ့သို့  ငွေ ၀င်မည် ။ ၅ ၄ ၃ ၁ ဂဏန်းများဖြင့် ထီကံစမ်းပါ ။ ငယ်ရွယ်သူများ အချစ်ရေး ကံကောင်းနေမည်။ စိတ်အလိုလိုက်ပါက အိမ်ထောင်ကျ သွား နိုင်ပါသည် ။ မိဘ ဘိုးဘွား များကို ငွေကြေးဖြင့်ကန်တော့ပါ ။ စာမေးပွဲ ဖြေထားသူများ ကောင်းသတင်းကြား ရလိမ့်မည်။

ယတြာ ။ ။ မိမိ အိမ်နားမှ ချို့တဲ့သော ကျောင်းသားများအား ဗလာစာအုပ် လှုပေးပါ။

သောကြာသားသမီး ။ ။ ခရီးသွားလုပ်ငန်း ဟိုတယ်လုပ်ငန်း သံ သဲ သွပ် ရောင်းဝယ်သော လုပ်ငန်းများ အဆင်မပြေဖြစ်မည် ။အိမ်ထောင်ရှင်များ ဇနီးကျမ္မာရေး ကြောင့် ငွေကုန်မည် ။ အိမ်တွင်းရေးအဆင်မပြေပဲ တစ်ဦးဦးနှင့် စကားအကြီးအကျယ် များမည် ။ခရီးသွားလျှင် စိတ်ညစ်ရမည်။ ကားနှင့်ပတ်သက်၍ စိတ်ညစ်ရမည် ။ မိမိအိမ် သူခိုးခိုးခံရကိန်းရှိသည်။ သတိထားပါငွေကြေးအရှုပ်အရှ င်းတခု ဖြေရှင်း ရတတ် သည် ။ ငယ်ရွယ်သူများ ချစ်သူ ၂ယောက်တပြိုင်နက် ထားခြင်းကြောင့် စိတ်ညစ်ရမည်။

ယတြာ ။ ။မွေးနံ ဘု ရားထောင့်တွင် သီဟို ( ၂၁) ခက်လှုပေးပါ။

စနေသားသမီး ။ ။ လုပ်ငန်းအသစ်များ မချဲ့ ပါနှင့် ။ ယခုလအတွင်း အဆင်မပြေနိုင်သေးပါ။ ဆန် ဆီ ဆေး စက်ပစ္စည်း စာ အုပ် စာပေ လုပ်ငန်းများ အဆင်ပြေမည် ။ မြေကိစ္စ အမွေ ကိစ္စကြောင့် စိတ်ညစ်ရလိမ့်မည် ။ခရီး ယာယီသွားရလိမ့်မည် ။ မိန်းမတစ်ယောက်ကြောင့် အိမ်ထောင်ရေးအဆင်မပြေဖြစ် တတ်သည် ငွေဟောင်း ကြွေးဟောင်းများ မမျှော်လင့်ပဲ ပြန်ဝင်မည် ။ငယ်ရွယ်သူများ ချစ်သူ၏ ဆိုးနွဲ့ မှု ကြောင့် စိတ်အနည်းငယ်ညစ် ရတတ်သည် ။ ခြေထောက် တွင်ထိခိုက် ဒဏ်ရာရတတ်သည် ။

ယတြာ ။ ။မွေးနံ ဘုရားထောင့်တွင် ထီးအနီတစ်လက် အုန်း ( ၆ ) ရွက်ကိုလှုပေးပါ ။

အစစအဆင်ပြေကြပါစေ
ကိုမောင်မောင် ( ဆန်း သုတေသီ )

သံဃာတော်များ ဆန္ဒထုတ်ဖော်ခြင်း၊ စီတန်းလှည့်လည်ခြင်းမှာ ဥပဒေနှင့် မညီညွတ်သဖြင့် နိုင်ငံတော် သံဃနာယကသို့ တင်ပြရန်နှင့် ဥပဒေကြောင်းအရ အရေးယူ ဆောင်ရွက်ရန် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ဆုံးဖြတ်

ရဟန်းသံဃာတော်များ ဆန္ဒထုတ်ဖော်ခြင်း၊ စီတန်းလှည့်လည်ခြင်းများမှာ ဥပဒေနှင့် မညီညွတ် သဖြင့် နိုင်ငံတော် သံဃနာယကသို့ တင်ပြရန်နှင့် ဥပဒေကြောင်းအရ အရေးယူ ဆောင်ရွက်ရန် ရန်ကုန် တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ အစည်းအဝေး ပြုလုပ်ကာ ဆုံးဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။


အဆိုပါ ဆုံးဖြတ်ချက်အား နိုဝင်ဘာ ၁၃ ရက်က ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ(၁)၌ တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဆောင်သည့် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ နိုင်ငံရေးနှင့် လုံခြုံရေး ညှိနှိုင်းအစည်းအဝေး အမှတ်စဉ် ၁၂၂/၂၀၁၃ ဆုံးဖြတ်ချက် အပိုဒ်(၄)အရ ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဆုံးဖြတ်ချက်ချပြီးနောက် ရန်ကုန်မြို့ရှိ အရှေ့ပိုင်းခရိုင် အပါအ၀င် ခရိုင်များသို့ ဆက်လက် ပေးပို့ကာ ရန်ကုန်အရှေ့ပိုင်းခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ နိုဝင်ဘာ ၂၅ ရက် ရက်စွဲ၊ စာအမှတ်၃/၂၂-၈/ဦး ၁ ဖြင့် အရှေ့ပိုင်းခရိုင် အတွင်းရှိ မြို့နယ်များသို့ ဆက်လက် ဖြန့်ဝေ ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆုံးဖြတ်ချက်အပေါ် လိုက်နာဆောင်ရွက်ရန် ခေါင်းစဉ်ဖြင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ညွှန်ကြားချက်ကို ခရိုင်ထွေအုပ်မှ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနများသို့ ညွှန်ကြားချက် ဆက်လက် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၃ ရက်မှ စတင်ကာ မြို့နယ်အသီးသီးရှိ သံဃနာယက အဖွဲ့ များသို့ လိုက်လံဖြန့်ဝေမှုများ ပြုလုပ်ခဲ့ကာ မြို့နယ် အသီးသီးရှိ ရဟန်းသံဃာတော်များ သီတင်းသုံးနေ ထိုင်ရာ ဘုန်းတော်ကြီး ကျောင်းများသို့ ဆက်လက် ဖြန့်ဝေမှုများ ပြုလုပ်နေကြောင်း တာမွေမြို့ နယ်ရှိ ကျောင်းထိုင်ဆရာတော် တစ်ဦးက ဒီဇင်ဘာ ၄ ရက်တွင် မိန့်ကြားသည်။

ကမ္ဘာ့ဗုဒ္ဓဘာသာ အထွန်းကားဆုံး နိုင်ငံအဖြစ် သတ်မှတ်ထားသည့် မြန်မာနိုင်ငံရှိ ရဟန်းသံဃာတော် များသည် ပြည်သူများမှ အုပ်ချုပ်သူ အစိုးရများ၏ တစ်ဖက်သတ် ဖိနှိပ်မှုများအပေါ် တွန်းလှန်သည့် အခါတိုင်း ပြည်သူများရှေ့မှ မားမားမတ်မတ် ရပ်တည်ခဲ့ကြောင်း သိရသည်။

ထိုသို့ ရပ်တည်မှုများကြောင့် ယခင်စစ်အစိုးရမှ သံဃာတော်များအား လက်နက်ဖြင့် ပစ်ခတ်နှိမ် နင်းမှု ဖြစ် ပွားခဲ့သည့် ၂၀၀၇ ခုနှစ် ရွှေဝါရောင် အရေးအခင်းမှာ ကမ္ဘာကျော် အရေးအခင်း တစ်ခု ဖြစ် ခဲ့သည်။ လက်ရှိအစိုးရ လက်ထက်တွင်လည်း သံဃာတော်များ၏ ဆန္ဒထုတ်ဖော်မှု၊ စီတန်းလှည့်လည်မှုမှာ ဆက်လက် ရှိနေဆဲဖြစ်ပြီး ထိုသို့ ဆန္ဒထုတ်ဖော်သဖြင့် သံဃာတော်များအား မီးခိုးဗုံးဟု တာဝန်ရှိ သူများ ပြောဆိုသည့် ဗုံးဖြင့် ချေမှုန်းခဲ့မှုမှာ ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် တရုတ်နိုင်ငံ ၀မ်ပေါင် ကုမ္ပဏီနှင့် မြန်မာ့စီးပွားရေး ဦးပိုင်တို့ ဖက်စပ် ရင်းနှီးမြှုပ်နှံသည့် လက်ပံတောင်းတောင် စီမံကိန်းနေရာ တွင် ဖြစ်ပွားခဲ့ပြီး ဝေဖန်မှုများ ထွက်ပေါ်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင်လည်း လက်ပံတောင်းတောင်ရှိ လယ်တီဆရာတော် သီတင်းသုံးခဲ့သည့် သိမ်တော်နှင့် သာသနိက အဆောက်အအုံများ အတွက် ထိရောက်သည့် လုပ်ဆောင် ရွှေ့ပြောင်းမှုများ မရှိသဖြင့် လက်ပံတောင်းတောင် စီမံကိန်းအနီးတွင် သံဃာတော်များ ပါဝင်သော သပိတ်စခန်းများ ဖွင့်လှစ်ထား သကဲ့သို့ အစ္စလာမ္မစ် အဖွဲ့အစည်းဖြစ်သည့် OIC မှ မြန်မာနိုင်ငံအတွင်း လာရောက်မှုတွင်လည်း သံဃာတော်များ ဦးဆောင်၍ ဆန္ဒထုတ်ဖော်မှု၊ စီတန်းလှည့်လည်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ထိုသို့ သံဃာတော်များ နေထိုင်ရာ ကျောင်းတိုက်များသို့ ဆန္ဒထုတ်ဖော်ခြင်း၊ စီတန်းလှည့်လည်ခြင်းများမှာ ဥပဒေနှင့် မညီညွတ်သဖြင့် နိုင်ငံတော် သံဃနာယကသို့ တင်ပြရန်နှင့် ဥပဒေကြောင်းအရ အရေးယူ ဆောင်ရွက်ရန် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ညွှန်ကြားချက်အရ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနများက လိုက်လံလျှောက်ထား နေသော်လည်း အဆိုပါ ကိစ္စအား သိရှိမှု မရှိသဖြင့် ထင်မြင်ချက် မပေးလိုကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် ဦးဇော်အေးမောင်က ဒီဇင်ဘာ ၄ ရက် ည ၉ နာရီ ခန့်က ပြောကြားသည်။

လက်ရှိမြန်မာနိုင်ငံတွင် ဆန္ဒထုတ်ဖော်ခြင်း၊ ငြိမ်းချမ်းစွာစုဝေးခွင့်၊ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်တို့နှင့် ပတ်သက်၍ အဓိကထား လိုက်နာရမည့် ဥပဒေများမှာ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေနှစ်မျိုးသာ ရှိကြောင်း သိရသည်။

နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေး (သို့မဟုတ်) ပြည်သူတို့၏ ကိုယ်ကျင့်တရား အကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် လက်နက် မပါဘဲ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်ကို လွတ်လပ်စွာ သုံးစွဲဆောင်ရွက်ခွင့် ရှိကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၅၄(ခ)တွင် ပြဋ္ဌာန်းထားပြီး သံဃာတော်များ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်နှင့် ဆန္ဒဖော်ထုတ်ခွင့်တို့ မရှိဟူသည့် ပြဋ္ဌာန်းချက် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပြဋ္ဌာန်းမထားသည်ကို တွေ့ရှိရသည်။

ထို့အတူ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေတွင်လည်း သံဃာတော်များ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်နှင့် ဆန္ဒဖော်ထုတ်ခွင့်တို့ မရှိ ဟူသည့် ပြဋ္ဌာန်း ချက်အား ပြဋ္ဌာန်းမထား သည်ကိုလည်း တွေ့ရသည်။

Eleven

လိုင်ဇာသို့ လမ်းလျှောက်ခဲ့သူ နှစ်ဦးကို လှိုင်မြို့နယ်တရားရုံးမှ ငွေဒဏ်ချမှတ်ခဲ့ပြီး လမ်းလျှောက်သူနှစ်ဦးက ထောင်ဒဏ်ကျခံ

ကချင်ပြည် နယ်ငြိမ်းချမ်းရေးအတွက် ရန်ကုန်မှ လိုင်ဇာသို့ ငြိမ်းချမ်းရေး လမ်းလျှောက်သူများ အနက် နှစ်ဦး ကို ဒီဇင်ဘာ ၅ ရက် မွန်းလွဲပိုင်းတွင် လှိုင်မြို့နယ် တရားရုံးမှ ပုဒ်မ-၁၈ ဖြင့် လှိုင်မြို့နယ် တရားရုံး အပါအ၀င် ကျန်မြို့နယ် တရားရုံး ခုနစ်ရုံးတွင် ဒဏ်ငွေတစ်သောင်းစီ သီးခြားပေးဆောင်ရန် ချမှတ်ခဲ့ပြီး ပျက်ကွက် ပါက ထောင်ဒဏ်တစ်လစီ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။


ထိုသို့ တရားရုံးမှ ပုဒ်မ-၁၈ ဖြင့် မြို့နယ်တရားရုံး ခုနှစ်ရုံးတွင် ငွေဒဏ်တစ်သောင်းစီ ကျခံရန် အမိန့်ချ မှတ်မှုကို ငြိမ်းချမ်းရေး လမ်းလျှောက်သူ နှစ်ဦးဖြစ်သည့် ကိုရန်နိုင်ထွန်းနှင့် ကိုအောင်မင်းနိုင်က မိမိတို့တွင် အပြစ်မရှိဟု ခံယူသဖြင့် ငွေဒဏ်အမိန့်ကို ပေးဆောင်ခြင်း မပြုခဲ့ပေ။ သို့ဖြစ်၍ တရားရုံး၏ အမိန့်ကို ပျက်ကွက် ခဲ့ခြင်းကြောင့် တစ်ဦးစီ ပုဒ်မ-၁၈ ဖြင့် ထောင်ဒဏ် ခုနှစ်လကို ကျခံရမည်ဖြစ်သည်။

အဆိုပါ လှိုင်မြို့နယ် တရားရုံးမှ ချမှတ်လိုက်သော အမိန့်သည် ကျောက်တံတားမြို့နယ် တရားရုံး၊ ပန်းပဲတန်းမြို့နယ် တရားရုံး၊ လသာမြို့နယ် တရားရုံး၊ ကမာရွတ်မြို့နယ် တရားရုံး၊ ကြည့်မြင်တိုင်မြို့နယ် တရားရုံး နှင့် လမ်းမတော်မြို့နယ် တရားရုံးတို့တွင်ပါ အကြုံးဝင်ကြောင်း သိရသည်။

''ကျွန်တော်တို့တွေက ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ခဲ့တဲ့ သူတွေပါ။ အစိုးရကို ပုန်ကန်တဲ့ သူတွေလည်း မဟုတ်ပါဘူး။ တရားရုံး ချမှတ်လိုက်တဲ့ ငွေဒဏ်ကို ကျွန်တော်တို့ အပြစ်မရှိတဲ့ အတွက် မပေးဆောင်နိုင်ပါဘူး။ ကျွန်တော်တို့က ငြိမ်းချမ်းရေးကို လိုချင်တဲ့အတွက် လမ်းလျှောက် ခဲ့ခြင်း ဖြစ်တဲ့အတွက် အပြစ်မရှိဘူးလို့ ခံယူပါတယ်'' ဟု ဒီဇင်ဘာ ၅ ရက်တွင် ကိုရန်နိုင်ထွန်းက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ငြိမ်းချမ်းရေး လမ်းလျောက်အဖွဲ့သည် ရန်ကုန်မြို့မှ ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၂၁ ရက်တွင် ထွက်ခွာခဲ့ပြီး မတ် ၁၇ ရက်တွင် လိုင်ဇာသို့ ရောက်ရှိကာ ရက်ပေါင်း ၅၆ ရက်ကြာ လမ်းလျှောက်ခဲ့ကြသည်။

Eleven

အရေးကြောင်း ကင်းစေသော နည်းလမ်းများ

၁။ ပက်လက်အိပ်ပါ

သင်အိပ်တဲ့ ပုံစံကလည်း မျက်နှာအရေးကြောင်း ဖြစ်ပေါ်မှုနဲ့ ဆက်စပ်နေပါတယ်။ အမေရိကန် အရေပြား အကယ်ဒမီက ဘေစောင်း အိပ်စက်ပါက သင့်ပါးပြင်မှာ အရေးကြောင်းတွေကို ဖြစ်ပေါ် စေနိုင်တာကြောင့် အိပ်စက်ချိန်မှာ အရေးကြောင်း မဖြစ်အောင် ပက်လက် အိပ်စက်ဖို့ အကြံပြုထားပါတယ်။


၂။ ငါးပိုစားပါ


ငါးစားရာမှာ ဆယ်လ်မွန်ငါးကို ပိုစားပါ။ ဆယ်လ်မွန်ငါးက အသားဓာတ်ကို ရရှိစေရုံမကဘဲ သင့်အသား အရေ လှပစေဖို့အတွက် မရှိမဖြစ် အဆီတစ်မျိုးဖြစ်တဲ့ အိုမီဂါ-၃ အဆီကိုလည်း ပေးစွမ်းနိုင် ပါတယ်။ မရှိမဖြစ်အဆီက အသားအရေကို အားဖြည့်ပေးပြီး အရေးကြောင်း ကင်းစင်ကာ နုပျိုလှပစေ ပါတယ်။

၃။ မျက်မှောင်ကြုတ်မကြည့်ပါနှင့်

မျက်မှောင်ကြုတ် ကြည့်တဲ့အခါ မျက်နှာပြင် ကြွက်သားတွေက အလုပ်ပိုလုပ် ရတာကြောင့် အရေး ကြောင်းတွေ ကို ဖြစ်စေပါတယ်။ သင်စာကြည့်တဲ့အခါ လိုအပ်ပါက မျက်မှန်တပ်ကြည့်ပါ။ နေပူထဲ ထွက်ပါ က နေကာမျက်မှန်တပ်ပါ။ မျက်လုံးနားတစ်ဝိုက်မှာ ရှိတဲ့ အရေပြားတွေ နေလောင်တာကနေ ကာကွယ်နိုင် ပါတယ်။ မျက်မှောင်ကြုတ် မကြည့်မိအောင် သတိထားပါ။

၎။ သဘာဝသစ်သီး အက်စစ် အသုံးပြုပါ

အယ်လ်ဖာ-ဟိုက်ဒရောက်စီ အက်စစ် (Alpha-hydroxy Acid)က သဘာဝ သစ်သီးကရတဲ့ အက်စစ် တစ်မျိုးဖြစ်ပြီး အရေပြားရဲ့ အပေါ်ယံ အလွှာမှာရှိတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်တာကြောင့် အထူး သဖြင့် မျက်လုံးတစ်ဝိုက်မှာရှိတဲ့ အရေကြောင်း ဖြစ်တာကို လျော့နည်း စေပါတယ်။ လေ့လာမှု အသစ် တစ်ရပ်အရ AHAs က အသားအရေ တင်းရင်းစေတဲ့ ကော်လဂျင် ထုတ်လုပ်မှုကိုလည်း အားပေးပါ တယ်။

၅။ ချောကလက် စားပါ

ချောကလက်မှာ ပါဝင်တဲ့ ကိုကိုးမှာ ဖလေဗိုနော နှစ်မျိုးဖြစ်တဲ့ အက်ပီကက်တီချင်နဲ့ ကက်တီချင်တွေဟာ အရေပြား နေလောင်တာကို ကာကွယ်ပေးပြီး အရေပြားဆဲလ်တွေရဲ့ သွေးလှည့်ပတ်မှုကို အားပေးပါတယ်။ အရေပြား စိုစွတ်စေပြီး ချောမွေ့စေတယ်လို့ အာဟာရ ဂျာနယ်မှာ အရေပြား အထူးကုပညာရှင်တွေ က ရေး သားခဲ့ပါတယ်။

၆။ မကြာခဏ မျက်နှာမသစ်ပါနှင့်

ဘုံပိုင်ရေတွေက မျက်နှာမှာရှိတဲ့ သဘာဝ အတားအဆီးဖြစ်တဲ့ အဆီတွေနဲ့ စိုစွတ်မှုကို ဖယ်ရှား ပစ်တာ ကြောင့် အရေးကြောင်း ဖြစ်စေ ပါတယ်။

၇။ ဗီတာမင်စီ အသုံးပြုပါ

ဗီတာမင်စီက ခန္ဓာကိုယ်မှာ ကော်လဂျင် ထုတ်လုပ်မှုကို မြှင့်တင်ပေးပြီး ခရမ်းလွန်ရောင်ခြည် အေနဲ့ ဘီတို့ကြောင့် အသားအရောင် ပြောင်းလဲတာ၊ ရောင်ရမ်းတာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ သုတေသီတွေက ဗီတာမင်စီက အရေးကြောင်းတွေကို လျော့ပါးစေတဲ့ အကောင်းဆုံး အာနိသင်ရှိ တယ်လို့ ထောက်ပြပါတယ်။

၈။ ပဲပိစပ်စားပါ

နေလောင်တာကို အကောင်းဆုံး ကာကွယ်ဖို့အတွက် ပဲပိစပ်စားပေးပါ။ ပဲပိစပ်စားသုံးပါက ဗီတာမင်၊ ငါးအသားဓာတ်၊ လက်ဖက်စိမ်းရည်၊ စပျစ်သီးစေ့နဲ့ ခရမ်းချဉ်သီးတွေကနေ ရရှိနိုင်တဲ့ ဓာတ်တွေကို ရရှိ စေပြီး အရေပြားကို တင်းရင်းစေကာ အရေးကြောင်း ဖြစ်ပေါ်မှုကို ဟန့်တား ပေးပါတယ်။

၉။ အလွယ်ဆုံး နည်းလမ်းများကို လိုက်နာဆောင်ရွက်ပါ

သင့်အသားအရေကို အမြဲတမ်း နုပျိုလန်းဆန်းနေစေဖို့ အမြဲလိုက်နာ ကျင့်သုံးနိုင်တဲ့ အလွယ်ဆုံး နည်းလမ်း တွေ ရှိနေပါတယ်။ အဲဒါတွေ ကတော့ နေရောင်ခြည်နဲ့ မထိတွေ့အောင် ရှောင်ကြဉ် ပါ၊ နေရောင်ကာ ခရင်မ်လိမ်းပါ၊ ဆေးလိပ်မသောက်ပါနဲ့၊ အစိုဓာတ် ထိန်းသိမ်း ပေးနိုင်တဲ့ လိမ်းဆေးလိမ်းပါ။

Myawady

လှိုင်သာယာတွင် ကျူးကျော်နေထိုင်သူ မိသားစုပေါင်း ၃၀,၀၀၀ ကျော်ကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် စည်ပင်တို့ တရားစွဲရန်ပြင်

လှိုင်သာယာမြို့နယ်တွင် ကောက်ယူထားပြီးစာရင်းရှိ ကျူးကျော်တဲအလုံးပေါင်း သုံးသောင်းကျော်ကို ဥပဒေ အရ အရေးယူ ဆောင်ရွက်တော့မည်ဟု လှိုင်သာယာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထိပ်စိုးက ဒီဇင်ဘာ ၅ ရက် တွင် မဇ္ဈိမကို ပြောသည်။


“တစ်ဆင့်ပြီးတစ်ဆင့် တရားစွဲသွားမယ်၊ လှိုင်သာယာမှာတော့ အသစ်ကို လုံးဝ အကျူးမခံတော့ဘူး။ မနေ့ ကကျူးတဲ့သူလဲ တိုင်ဆွဲနုတ်လိုက်ပြီ။ ညောင်ပင်ရွာ မြေနုကျွန်းက တဲခုနစ်လုံးကို သောကြာနေ့ စစ်ဆေး မယ်”ဟု ဦးထိပ်စိုးက ပြောသည်။

ညောင်ပင်ရွာစက်မှုဇုန်တွင် ကျူးကျော်နေထိုင်နေသည့်တဲ ၉၇ လုံးရှိပြီး ခုနစ်ဦးကို ပထမဆုံးအနေဖြင့် စတင် စစ်ဆေးသွားမည်ဖြစ်သည်။

ရန်ကုန်-ပုသိမ် အမြန်လမ်းမပေါ်ရှိ ကျူးကျော်နေထိုင်သည့် တဲပေါင်း ၂၅၂ လုံးတွင် နေထိုင်သူ အိမ်ထောင် ဦးစီးများကိုလည်း မြို့နယ်စည်ပင်သာယာရေးရုံးက တရားစွဲဆိုသွားမည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူးက ပြော သည်။

လယ်ယာမြေပေါ်တွင် လယ်ယာမြေလုပ်ကိုင်ခြင်းမရှိဘဲ အခြားကိစ္စရပ်များ အသုံးပြုပါက လယ်ယာမြေ ဥပ ဒေဖြင့်အရေး ယူခံရမည်ဖြစ်ပြီး စည်ပင်သာယာပိုင်မြေပေါ်တွင် ကျူးကျော်ပါက စည်ပင်ဥပဒေဖြင့် အရေးယူ ခြင်း ခံရမည်ဟု ၎င်းက ပြောသည်။

တရားစွဲဆိုခြင်းမပြုမီ မိသားစုပေါင်း သုံးသောင်းကျော်အတွက် သတိပေးစာ သုံးကြိမ်တိတိ ပေးပို့မည်ဟု ဆို သည်။ လှိုင်သာယာမြို့နယ်တွင် တချို့သော ကျူးကျော်နေထိုင်သူများသည် အမှန်တကယ် နေထိုင်စရာမရှိ ဘဲ စီပွားရေးအခက်အခဲကြောင့် နေထိုင်သူများရှိပြီး တချို့ကျူးကျော်များသည် မြေနေရာ အဆောက် အအုံ ဆောက်လုပ်ကာ တစ်ဆင့်ပြန်ရောင်းစားကြသည်ဟုလည်း ၎င်းက ပြောသည်။

ကျူးကျော်တဲများ၏ ဈေးကွက် ပေါက်ဈေးမှာ အနည်းဆုံး ကျပ်တစ်သိန်းခွဲမှ ကျပ်လေးသိန်းခွဲအထိ ရှိနေ သည်ဟု အိမ်ခြံမြေအကျိုးဆောင်များက အတည်ပြု ပြောသည်။

မြို့နယ်အုပ်ချူပ်ရေးမှူး ဦးထိပ်စိုးက “ကျူးကျော်တဲတွေကို မ၀ယ်ဖို့လိုတယ်။ စီးပွားရေးသမားတွေဆီက တ ချို့ မသိနားမလည်တဲ့ မိသားစုတွေက ရသမျှ စုဆောင်းထားပြီး ကျူးကျော်တဲတွေကို ၀ယ်နေကြတယ်။ တ ရားစွဲတဲ့အခါကျတော့ လက်ရှိနေထိုင်နေတဲ့သူတွေက တရားစွဲခံနေရတယ်။ အ၀ယ်မမှားဖို့လိုတယ်”ဟု ပြော သည်။

မြန်မာနိုင်ငံ လူမှုရေးပညာရှင်အသင်း ဒု-ဥက္ကဋ္ဌဦးခင်မောင်ညွန့်ကမူ ကျူးကျော်ကိစ္စများကို တရားစွဲ ဆိုခြင်း ဖြင့် ပြေလည်မည်မဟုတ်ဘဲ ကော်မတီဖွဲ့ကာ စိစစ်သင့်သည်ဟု ဆိုသည်။

“တရားစွဲတာတစ်ခုတည်း လုပ်လို့မရဘူး။ ကော်မတီဖွဲ့ပြီး သေချာစစ်ဆေးပေးရမယ်။ အမှန်တကယ် အခက် အခဲရှိလို့ ရေရှည်နေထိုင်တဲ့သူလား၊ ခါတော်မီ စီးပွားရေးသမားလား၊ လက်ညှိုးထိုးပြီး ရောင်းစားမယ့်သူလား စစ်ဆေးဆောင်ရွက်ပေးရမယ်”ဟု ပြောသည်။

လှိုင်သာယာမြို့နယ်သည် ဧရာဝတီတိုင်းဒေသကြီးဒေသမှ ရွှေ့ပြောင်းလုပ်သားများအတွက် ထွက်ပေါက်တံ ခါးဖြစ်ပြီး စက်မှုမြို့တော်လည်းဖြစ်သည်။ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းဖြစ်ပွားပြီး နောက်ပိုင်း ကျူးကျော်နေ ထိုင်သူများ သိသိသာသာ တိုးတက်လာသည်။

Mizzima

ဆံပင်ဖြောင့်မည့် သူများအတွက် သိသင့်သည်များ



ဆံပင်သားကို မီးအပူဖြောင့်စက်နဲ့ စက်ဆွဲပြီး ဖြောင့်ဆေးသုံးကာ ဖြောင့် လိုက်မယ် ဆိုရင် ဘယ်လောက်ပဲ ကောက်သားရှိတဲ့ ဆံပင်သား ဖြစ်ပါစေ ဖြောင့်စင်းပြီး လှပသွား တတ်ကြတယ်။ ဆံပင်သားဖြောင့်စင်း လှပနေတာဟာ အ မျိုးသမီး တွေ သာမက အမျိုးသားတွေပါ နှစ်သက် တတ်ကြ တယ်။


ဆံပင်သား ဖြောင့်ချင်ကြတဲ့သူတွေက အကြောင်းပြ ချက်မျိုးစုံရှိကြတယ်။ ပင်ကိုကောက် သားရှိတဲ့ သူတွေ၊ ဆံပင်သားက ဖြောင့် စင်းမနေဘဲ ပင်ကို ဆံပင်သား လှိုင်းတွန့် ပါသူတွေ၊ ဆံသားကြမ်းတမ်းတဲ့သူတွေနဲ့ ဆံပင်ဖြောင့်စင်းနေတာကို သဘောကျ နှစ်သက်တဲ့သူတွေက ဆံပင်သားကို ပို ပြီးလှပနေအောင်နဲ့ ဆွဲဆောင်မှုရှိအောင် ဆံပင်ဖြောင့် တတ်ကြတယ်။

ဘယ်လို အကြောင်းကြောင့်ပဲ ဆံ ပင်ဖြောင့်ပါစေ။ အဓိက ကတော့ ကိုယ့် ဆံသားနဲ့ ဦးရေပြားကို မထိခိုက်စေဘဲ လှပဖို့နဲ့ ပုံစံကျသွားစေဖို့လိုပါတယ်။ ဆံပင်ဖြောင့်တယ်ဆိုရင် လူအတော် များများက ဆံပင်တစ်ချောင်းချင်း ဖြောင်းစင်းနေတာကို သဘောကျတတ် ကြပြီး၊ နည်းနည်းလေးဆံပင်သား သိမ် နေမယ်၊ ကွေးနေမယ် ဆိုရင်တောင် မကြိုက်တတ်ကြဘူး။ ဒါဟာ ဆံပင် ဖြောင့်တဲ့သူတိုင်း ဖြစ်ချင်ကြတဲ့ ဆန္ဒတစ်ခုပါပဲ။ ဆံပင်သားဖြောင့်တော့ မယ်ဆိုရင် ဆံပင်မှာ အလွှာသုံးလွှာရှိပါ တယ်။ အရမ်းကို သေးမျှင်တဲ့ ကျွန်မတို့ရဲ့ ဆံပင်တစ်ချောင်းမှာ အလွှာသုံးလွှာပါ ဝင်နေတယ်လို့ ဆံပင်နဲ့ ဦးရေပြားဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောကြားထား ပါတယ်။

ဆံပင်ဖြောင့်တော့မယ် ဆိုရင် ပထမဆုံး ဖြောင့်ဆေးနဲ့အရင်ဆံပင်ကို ထိရပါတယ်။ ပြီးရင် ဆံပင်ဖြောင့်တာ ပိုပြီး ပုံစံကျစေဖို့အတွက် ဖြောင့်စက်ကို အပူဆုံးအဆင့်ပေးပြီး ဆံပင်ကို စက်ဆွဲ ပါတော့တယ်။ ဒီအချိန်မှာ ဆံပင်ရဲ့ အလွှာသုံးလွှာထဲက နောက်ဆုံး အ လွှာအထိ မီးအပူနဲ့ ဆေးတွေရောက် ရှိသွားမယ်ဆိုရင်တော့ ဆံပင်သားဟာ ပင်ကိုမူလ သင့်ဆံပင်သားလိုမဟုတ် တော့ဘဲ။ အရမ်းကို ဖြောင့်စင်းနေတဲ့ ဆံပင်သားဖြစ်သွားပါတော့တယ်။ ဒါကို ဆံပင်ဖြောင့်တဲ့သူတွေက အရမ်းကို သဘောကျတတ်ကြပါတယ်။ ဆံပင် ဖြောင့်ထားတဲ့အပိုင်းဟာ ဦးရေပြားက ဆံပင်သားပေါက်လာလေလေ၊ အဖျား ပိုင်းက ဆံပင်သားရဲ့ အလေးချိန်နဲ့ အိကျ လာလေလေဖြစ် တာကြောင့် ကြာလာတဲ့ အခါမှာ ဆံပင်ထိပ်ပိုင်းက ပြောင်လာပါ တော့တယ်။ ဦးရေပြားကနေ ထွက်တဲ့ ဆံပင်ဟာလည်း တဖြည်းဖြည်း ပုံစံ ပြောင်းလာ ပါတော့တယ်။ ပင်ကို ဆံပင်သားကို ပြန်မရတော့ဘဲ တဖြည်း ဖြည်းနဲ့ ဆံပင်က ပါးလာပြီး ဦးရေပြားကို မြင်ရတဲ့အထိ ဖြစ်လာပါတော့တယ်။ ဒါကို ဦးရေပြားမာသွားတယ်လို့ခေါ်ပါ တယ်။ ဒီလိုအခြေအနေမှာ ဆံပင်ပေါက် တာလည်း နှေးလာတတ် ပါတယ်။

ဆံပင်ဖြောင့်တဲ့ သူပဲဖြစ်ဖြစ်၊ ကောက်တဲ့ သူပဲဖြစ်ဖြစ် အလှအပကို စိတ်ဝင်စားတဲ့ သူတိုင်းဟာ ပုံစံတစ်မျိုး တည်းကို စိတ်မဝင်စားဘဲ အမျိုးမျိုး စိတ် ရဲ့ အလှအပ ပုံစံဖန်တီးမှုကိုလိုက်ပြီး ပြောင်းလဲနေ တတ်ကြပါတယ်။ ဒါ ကြောင့် ဒီနေ့ဆံပင်ဖြောင့်ပြီးပေမယ့် နောက်နေ့ ဆံပင်ကောက်ချင်ရင် ကောက်ချင် တတ်ကြပါတယ်။ ဒါကြောင့် ဆံပင်ဖြောင့်မယ်ဆိုရင် ဦးရေပြားကို အရမ်းကပ်ပြီး ဖြောင့်တာ မျိုးကို မလုပ် သင့်ပါဘူး။ ဆံပင် အလွှာသုံး လွာထဲက ပထမ အဆင့် အလွှာလောက်ကိုပဲ ဆံပင် ဖြောင့်ဆေးဝင်အောင် စက်ဆွဲပေးသင့် ပါတယ်။ ဒါမှ နောက်ထပ်ဘယ်လိုဆံပင် ပုံစံတွေပဲပြောင်းပါစေ သင့်ဆံပင်နဲ့ ဦးရေ ပြာကို မထိခိုက်စေဘဲ လှပတဲ့ ဆံပင် စတိုင်တွေကို နောက်ထပ်ဖန်တီးနိုင်မှာ ဖြစ်တယ် ဆိုတာကို သဘောပေါက်နား လည်နိုင်စေဖို့ အတွက် ဆံပင်နဲ့မိတ်ကပ် အလှဖန်တီးသူ သင်းပျံ့နွယ်မှ မငယ်လေး က အကြံပြုပြောပြပေးထားတာတွေကို အလှအပရေးရာတွေစိတ်ဝင်စားတဲ့ သူ တိုင်းအတွက် ရေးသားတင်ပြ လိုက်ရပါ တယ်။

http://www.yoyarlay.com/

27ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဘောလုံး(အမျိုးသား)အတွက် ကစားသမား၂၀ဦးစာရင်း ပတ်ဆောင်ဟွာထုတ်ပြန်

၂၇ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် အတွက် ကာလရှည်ကြာ စခန်းသွင်းလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည့် မြန်မာ့လက်ရွေးစင် ယူ-၂၃ အမျိုးသား ဘောလုံးအသင်း၏ နည်းပြချုပ် မစ္စတာ ပတ်ဆောင်ဟွာသည် ဒီဇင်ဘာ ၆ရက်နေ့ နံနက်ပိုင်းက ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင် မည့် ကစားသမား အယောက်(၂၀) လူစာရင်းအား အပြီးသတ် ထုတ်ပြန်ကြေညာခဲ့သည်။


ဆီးဂိမ်းစ်ပြိုင်ပွဲဝင်မည့် ကစားသမား အယောက် (၂၀)၏ စာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။

ကျောနံပါတ် အမည် ကစားသည့်နေရာ

၁။ ပြည့်ဖြိုးအောင် ဂိုးသမား
၁၈။ ကျော်ဇင်ဖြိုး ဂိုးသမား
၂။ စည်သူအောင် နောက်တန်း
၃။ ဇော်လင်းထွန်း နောက်တန်း
၎။ အောင်ဟိန်းကျော် နောက်တန်း
၅။ ရန်အောင်ဝင်း နောက်တန်း
၁၅။ ဇန်ဘိုထွန်း နောက်တန်း
၁၇။ အောင်ဇော် နောက်တန်း
၂၀။ သက်နိုင် နောက်တန်း
၆။ နိုင်လင်းဦး အလယ်တန်း
၁၁။ ဒေးဗစ်ထန်း အလယ်တန်း
၁၂။ နေလင်းထွန်း အလယ်တန်း
၁၃။ ဆက်ဖြိုးဝေ အလယ်တန်း
၁၄။ ရဲလင်းအောင် အလယ်တန်း
၁၆။ သိန်းသန်းဝင်း အလယ်တန်း
၁၉။ ကျော်မင်းဦး အလယ်တန်း
၇။ ကျော်ဇေယျာဝင်း ရှေ့တန်း
၈။ ကြည်လင်း ရှေ့တန်း
၉။ ကောင်းစည်သူ ရှေ့တန်း
၁၀။ ကျော်ကိုကို ရှေ့တန်း

မြန်မာယူ-၂၃ အသင်းသည် ဆီးဂိမ်းစ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် ဒီဇင်ဘာ ၇ရက်နေ့တွင် ကမ္ဘောဒီးယား အသင်းနှင့် ညနေ ၆း၄၅ အချိန်တွင် ရန်ကုန်မြို့၊ သုဝဏ္ဏကွင်း၌ စတင် ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။

Credit : MFF

သမ္မတ အိုဘားမား၏ မြန်မာ့ စစ်ဖက်ဆက်ဆံရေး ရီပတ်ဘလီကန် အမတ်များ ကန့်ကွက်



သမ္မတ အိုဘားမား၏ အစိုးရအဖွဲ့က မြန်မာနိုင်ငံ အပေါ် စစ်ရေး ကန့်သတ်ချက်များဖြင့် ပိုမို ပူးပေါင်း သွားမည့် အစီအစဉ်ကို အတိုက်အခံ ရီပတ် ဘလီကန် အမတ်များက ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ကြောင်း AP သတင်းတရပ်တွင် ဖော်ပြထားသည်။ မြန်မာစစ်တပ်သည် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေသည့်အပြင် မြောက်ကိုရီးယားနှင့်လည်း စစ်ရေးဆက်ဆံမှုများ ရှိနေခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။


အမေရိကန် အစိုးရ အုပ်ချုပ်ရေး အရာရှိတဦးက မြန်မာ့တပ်မတော်ကို လူ့အခွင့်အရေး သင်တန်းပေးခြင်း အပါအ၀င် စစ်ရေးအကူအညီ တချို့အထေက်အပံ့ပေးရန် တောင်းဆိုထားသည်။ သို့ရာတွင် အတိုက်အခံ ရီပတ်ဘလီကန် နှင့် ဒီမိုကရက်တချို့ကလည်း မြန်မာနိုင်ငံတွင် စစ်တပ်၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများအပေါ် အယုံအကြည် မရှိကြောင်း၊ တိုင်းရင်းသားများနှင့် လူနည်းစု တခြားဘာသာဝင်များအပေါ် မတရား ဖိနှိပ်ခြင်းများ ရှိနေသည့်အပြင် ကုသမဂ္ဂ၏ မြောက်ကိုရီးယား အပေါ် အရေးယူ ပိတ်ဆို့မှုကို အလေးမထားဘဲ လက်နက်ရောင်းဝယ်မှုများ ရှိခြင်းကြောင့် ဖြစ်ကြောင်း သိရှိရသည်။

“ကျနော့် ပုဂ္ဂိုလ်ရေး အမြင်အားဖြင့် ပြောရရင် မြန်မာစစ်တပ်ကို သူ့နိုင်ငံတွင်းမှာ ညှဉ်းပမ်းသတ်ဖြတ်တာတွေ ရပ်ဖို့၊ မတော်မတရား ကျင့်တာတွေ ရပ်ဖို့၊ ပြည်သူပိုင် လယ်ယာမြေတွေကို မတရား သိမ်းယူတာတွေ ရပ်ဖို့အတွက် စစ်တပ်ကို သင်တန်းပေးရမယ် ဆိုတာကို လုံးဝ မယုံဘူး” ဟု ဒီမိုကရက်တစ် လွှတ်တော် ကိုယ်စားလှယ် Joe Crowley က အမေရိကန်၏ အရှေ့အာရှရေးရာ မူဝါဒအပေါ် ဆောင်ရွက်မည့် လုပ်ငန်စဉ်များကို ဝေဖန်ပြောကြားသည်။

အတိုက်အခံ ရီပတ်ဘလီကန် အိုဟိုင်းအိုးပြည်နယ်မှ လွှတ်တော်အမတ် Steve Chabot က အမေရိကန်အစိုးရ အနေဖြင့် မြန်မာစစ်တပ်နှင့် ပူးပေါင်းမည့် အစီအစဉ်သည် အလောတကြီး ဖြစ်နေကြောင်း၊ ဆက်လုပ်ဆောင်သွားမည့် ပြုပြင်ပြောင်းလဲရေးများအတွက် အခက်အခဲ အကြပ်အတည်း ဖြစ်စေနိုင်ကြောင်း ပြောဆိုသည်။

နှစ်ပေါင်း ၅၀ ကျော် စစ်အုပ်ချုပ်ရေးမှ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်လာသည့် အပေါ် အမေရိကန်နှင့် အနောက်နိုင်ငံများက ပိတ်ဆို့ အရေးယူမှုများကို အလျင်အမြန်လျှော့ချ ပေးခဲ့သည်။ မြန်မာအစိုးရက နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၁၁၀၀ ဦးကို ပြန်လွှတ်ပေးခဲ့ပြီး နေအိမ်အကျယ်ချုပ် ကျခံခဲ့ရသည့် အတိုက်အခံ ခေါင်းဆာင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ကာ လွှတ်တော်တွင် ပါဝင်စေခဲ့သည်။

သို့ရာတွင် ပြီးခဲ့သည့် ၁၈ လ အတွင်း ဖြစ်ပွားခဲ့သည့် မွတ်စလင် လူနည်းစုအပေါ် အကြမ်းဖက်မှုများတွင် မွတ်စလင် ၂ သိန်းကျော် အိုးမဲအိမ်မဲ့ ဖြစ်ခဲ့ရခြင်းသည် ဒီမိုကရေစီ လမ်းကြောင်းပေါ် သွားနေပါသည် ဆိုသည့် အစိုးရ၏ သဘောထားကို မြင်သာစေသည့် အချက်ဖြစ်ကြောင်းလည်း AP သတင်းတွင် ရေးသားထားသည်။

အရပ်ဘက် အစိုးရအဖွဲ့အစည်းအဖြစ် ပြောင်းလဲအုပ်ချုပ်နေသည်ဟု ဆိုသည့်တိုင် စစ်အုပ်ချုပ်ရေးက အခြေခံဥပဒေ ပြင်ဆင်ရေးတွင် ဟန့်တားထားဆဲဖြစ်ပြီး စစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ လုပ်ဆောင်စဉ်တွင် တိုက်ပွဲများလည်း ဖြစ်ပွားလျက်ရှိသည်။

အမေရိကန် ကာကွယ်ရေးဌာန အကြီးအကဲ Vikram Singh က အမေရိကန် စစ်တပ်နှင့် မြန်မာ စစ်တပ်ကြား စစ်အုပ်ချုပ်ရေး ဥပဒေ အပါအ၀င် ဆက်သွယ်မှုကို ပထမဆုံး သုံးသပ်ရမည် ဖြစ်ကြောင်း၊ လတ်တလော ပြဋ္ဌာန်းထားသည့် ကန့်သတ်ချက်ကလည်း သင်တန်းပေးသည့် ကိစ္စကို တားမြစ်ထားဆဲဖြစ်ကြောင်း၊ မြန်မာနှင့် ဆက်ဆံခြင်းသည် စစ်ရေးအမြင်တရပ်ကို ပုံဖော်ခြင်းဖြစ်ပြီး တရုတ်ကဲ့သို့သော လက်နက်နှင့် အထောက်အပံ့ပြုပေးသည့် နိုင်ငံများကို အားလျော့သွားစေနိုင်ကြောင်း ပြောဆိုသည်။

“နှစ်ပေါင်းများစွာကိုကြည့်ရင် မြန်မာအစိုးရဟာ သူတို့ လိုလားသလို ပုံဖော်ကစားတာပါပဲ။ သူတို့ ဆက်ဆံချင်သူနဲ့ ဆက်ဆံတာပါပဲ။ ကျနော်တို့က မြန်မာတွေ လိုလိုလားလား ရွေးချယ်လာမယ့် အနေ အထားကို ပုံဖော်ချင်တာပဲ ဖြစ်တယ်” ဟု Vikram Singh က ဆိုသည်။

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန မြန်မာ့ရေးရာ အထူးအကြံပေး Judith Cefkin က မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် နိုင်ငံရေးတို့တွင် စစ်တပ်မှ ကိုယ်ကျိုးရှာသည့် အရာရှိများ ပါဝင်နေကြောင်း၊ သို့သော်လည်း “စစ်အုပ်ချုပ်ရေးကနေ အခြားပုံစံတမျိုးနဲ့ စစ်တပ်အမြဲတမ်းပါဝင်အောင် အစီအစဉ်ချထားတဲ့ မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံခြင်းဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်လိုသူများ အားကောင်းလာစေဖို့ပါ” ဟု ပြောသည်။

အတိုက်အခံ ရီပတ်ဘလီကန် အိုဟိုင်းအိုး လွှတ်တော်အမတ် Steve Chabot က မြန်မာစစ်တပ် ခေါင်းဆောင်များသည် ပြုပြင်ပြောင်းလဲရေးကို မလိုလားကြောင်း၊ သမ္မတဦးသိန်းစိန် အစိုးရက ပဋိပက္ခဖြစ်ပွားသည့် ဒေသများတွင် လူသားချင်း စာနာထောက်ထားသည့် အထောက်အပံ့များ ပေးရန်၊ မြောက်ကိုရီးယားနှင့် တရားမ၀င် လက်နက်ရောင်းဝယ်ခြင်း မပြုလုပ်ရန်တို့အတွက် အပြည့်အ၀ ကတိပေးနိုင်ခြင်း မရှိကြောင်း ပြောသည်။

အတိုက်အခံ ရီပတ်ဘလီကန် ကိုယ်စားလှယ် Trent Franks က မြန်မာစစ်တပ်ကို “လတ်တလော ကာလတွင် လူ့အခွင့်အရေးကို အဆိုးဝါးဆုံး ဖိနှိပ်သည့် အဖွဲ့အစည်းတခု” ဟု ခေါ်ဆိုလိုက်ပြီး ပိတ်ဆို့ တားဆီးမှု အပြီးတိုင် မဖယ်ရှားရသေးမီ ရှင်းလင်းမြင်သာသည့် အနေအထားတရပ် ဖြစ်ရန် လိုသည်ဟု ဆိုသည်။

Vikram Singh က မြန်မာအစိုးရသည် မြောက်ကိုရီးယားနှင့် ဆက်ဆံမှု ဖြတ်တောက်ခြင်း မရှိသေးသော်လည်း အမေရိကန်-မြန်မာ စစ်ရေး ဆက်ဆံမှုများသည် ပြန်လည် တည်ဆောက်ရေးများ အတွက် အခြေခံကျကျ လိုအပ်နေသည်ဟု ဆိုသည်။ Judith Cefkin က စစ်ရေး အကူအညီပေးဖို့ ဆိုတာက “ပြည်တွင်းမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ဘာမှ တိုးတက်စေမှာ မဟုတ်ဘူး” ဟု ပြောသည်။

Joe Crowley “စစ်အုပ်ချုပ်ရေးကနေ အုပ်ချုပ်ရေးပိုင်းမှာ စစ်တပ်က အမြဲပါဝင်အောင် စီစဉ်ချထားတဲ့ အနေအထားနဲ့ ထိတွေ့ ဆက်ဆံဖို့ အခြေအနေတွေက အရမ်းပြောင်းလဲနေတော့ နည်းနည်းတော့ စိတ်ပူပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ရဲ့ အပြောင်းအလဲမှာ ဂုဏ်သိက္ခာအတွက်ဖြစ်ပါတယ်။ ကျနော်တို့ အနေနဲ့ အမြင်ပိုင်း အပြောင်းအလဲကနေ အမှန်တကယ် အပြောင်းအလဲဖြစ်လာဖို့၊ တဖြည်းဖြည်း အခြေကျအောင် လုပ်ပေးကြစေချင်ပါတယ်” ဟု ပြောသည်။

ဧရာဝတီ

ကမ္ဘာ့ထိပ်တန်း တွေးခေါ်သူများစာရင်းတွင် မြန်မာ နိုင်ငံသား ထပ်မံ ရွေးချယ်ခံရ



အမေရိကန် အခြေစိုက် Foreign Policy မဂ္ဂဇင်းပါ ၂၀၁၃ ခုနှစ် ကမ္ဘာ့ ထိပ်တန်း တွေးခေါ် သူများ စာရင်းတွင် ရန်ကုန်မြို့ ပြအမွေ အနှစ် ထိန်းသိမ်း ရေး ဥက္ကဋ္ဌ ဒေါက်တာ သန့်မြင့်ဦး ရွေးချယ်ခြင်း ခံခဲ့ ရကြောင်း ယင်း အဖွဲ့၏ ကြေညာ ချက်တွင် ဖော်ပြ ထားသည်။


ဒေါက်တာ သန့်မြင့်ဦး သည် ရန်ကုန်မြို့ ပြစီမံ ကိန်းရေး ဆွဲခြင်းနှင့် မြို့ပြ အမွေ အနှစ်များ ထိန်းသိမ်း စောင့်ေ ရှာက်ခြင်း နှင့်ပတ်သက်ပြီး အများ ပြည်သူ အာရုံ စိုက်မှု ရရန် ကြိုးပမ်း ခဲ့မှုကြောင့် ယင်းသို့ ရွေးချယ် ခံခဲ့ရခြင်း ဖြစ်သည်။

“ဒီလို ထည့်သွင်း ခံရ တာဟာ ပြီးခဲ့ တဲ့နှစ် အတွင်း ရန်ကုန်မြို့ ပြအမွေ အနှစ် ထိန်းသိမ်းရေး အဖွဲ့ မှာရှိတဲ့ တစ်ဦး တစ်ယောက် တိုင်းရဲ့ ကြိုးစား အားထုတ် မှုကို အသိ အမှတ် ပြုခံ ရတာဖြစ် သလို ရန်ကုန်မြို့ ပြစီမံခန့် ခွဲမှုရဲ့ အရေး ပါမှုကို လည်း ထုတ်ဖော်ပြ လိုက်တာပဲ ဖြစ်ပါတယ်”ဟု ဒေါက်တာ သန့်မြင့်ဦး က ဆိုသည်။

ဒေါက်တာ သန့်မြင့်ဦး သည် စာရေး ဆရာ တစ်ဦး လည်းဖြစ်ပြီး The River of Lost Footsteps နှင့် Where China Meets India: Burma and the New Crossroads of Asia စသည့် စာအုပ် များကို ရေးသား ခဲ့သူ ဖြစ်သည်။ထို့အပြင် နယူးယောက် တိုင်းသတင်းစာ၊ ၀ါရှင်တန်ပို့စ် သတင်း၊ Internation Herald Tribune နှင့် Los Angeles Times သတင်း စားများ တွင်လည်း ဆောင်းပါး များရေး သားနေ သည်။

Foreign Policy မဂ္ဂဇင်းမှာ ကမ္ဘာ့ ထိပ်တန်း တွေးခေါ်သူများ စာရင်းကို ၂၀၀၅ ခုနှစ်မှ စတင် ပြုစု ထုတ်ပြန် ပေးခဲ့ခြင်း ဖြစ်ပြီး ၂၀၁၂ ခုနှစ်ကလည်း သမ္မတ ဦးသိန်းစိန် နှင့် အတိုက် အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့ ပူးတွဲ ရရှိခဲ့ သေးသည်။

ယခု နှစ်တွင် ရွေးချယ်ခြင်း ခံခဲ့ရသည့် ကမ္ဘာ့ ထိပ်တန်း တွေးခေါ် သူများ စာရင်းတွင် မြန်မာ နိုင်ငံသား ဒေါက်တာ သန့်မြင့်ဦး အပြင် ရုရှ သမ္မတ ဗလာဒီမာပူတင်၊ ပုပ်ရဟန် မင်းကြီး ဖရန်စစ်၊ ဂျပန် ၀န်ကြီး ချုပ် ရှင်ဇိုအာဘေး နှင့် Amazzon.com တည်ထောင်သူ ဂျက်ဖ် ဘီဇော့စ် တို့လည်း ပါဝင် သည်။

Mizzima

လေးပွင့်ဆိုင်နှင့် သန်းခြောက်ဆယ်

NLD ၏ တောင်းဆိုချက်

အခုရက်ပိုင်းအတွင်းမှာပဲ NLD ပါတီက အခြေခံဥပဒေပြင်ဆင်ရေးအတွက် ကြီးလေးကြီး လေးပွင့်ဆိုင် တွေ့ဆုံဖို့ သမ္မတဦးသိန်းစိန်ဆီကို စာအားဖြင့် မေတ္တာရပ်ခံမယ် ဆိုတဲ့ ထုတ်ပြန်ချက် သတင်းကို ဖတ်ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ Compromise လုပ်ဖို့ လှမ်းလိုက်တဲ့ ခြေလှမ်းတစ်ရပ် ဆိုတဲ့ သဘောမျိုး တွေ့ရှိရပါတယ်။ ဒီအပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ခြေလှမ်း အောင်မြင်နိုင်ဖွယ်ရာ မရှိ ဆိုတဲ့ ပြောကြားချက်တွေလည်း တွေ့ရှိရပါတယ်။

ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဦးခွန်ထွန်း ဦး က “ဒေါ်အောင်ဆန်းစုကြည် တံခါးခေါက်မှားနေပြီ။ ဟိုဘက်က ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဘယ်ပြင် ပါ့မလဲ။ ဖက်ဒရယ် ပြည်ထောင်စုတောင် မနည်း မလွယ်ဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ချင်တဲ့နေရာမှာ သမ္မတ ပြင်ချင်တာတမျိုး၊ လူထုက ဖြစ်ချင်တာ တမျိုး၊ တိုင်းရင်းသားတွေက ဖြစ်ချင်တာတမျိုး၊ ဒီမို ကရေစီဘက်တော်သားတွေက ပြင်ချင်တာက တမျိုး။ တပ်မတော်ဘက်က ဖြစ်ချင်တာက တမျိုး အမျိုးမျိုး တွေဖြစ်နေတယ်။ ဒေါ်အောင်ဆန်းစုကြည် မေတ္တာရပ်ခံချက် အောင်မြင်ဖို့ ခက်ခဲမယ်ထင်တယ်” ဆိုပြီး ပြောတာလည်း တွေ့ရပါတယ်။

ကြံ့ခိုင်ရေးပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေကလည်း “သူ့ဟာက စိတ်ကူးယဉ် ဆန်တယ်။ သူနည်းနည်း ယုံကြည်မှု လွန်ကဲနေတယ်။ ယုံကြည်မှု သိပ်များနေသလားလို့ တွေးမိတယ်။ လူထုဆန္ဒခံပွဲက ရလာဒ်တွေကို လွှတ်တော်မှာ တင်ပြ။ ဒီရလာဒ်က လူထုပွဲတွေက ရလာတာလို့ လွှတ်တော်ကို တင်ပြလို့ရတယ်။ အဲဒါမှ သဘာဝကျတယ်။ အခုက သမ္မတကို မေတ္တာရပ်ခံတယ် ဆိုပေမယ့် လို့ သူက သမ္မတကို အမိန့်ပေးနေတာ။ အခု သူရဲ့မေတ္တာရပ်ခံချက်က လက်တွေ့မကျဘူး။ လူထုက ဒါတွေ ကို ပြင်ချင်လို့ အဆိုတင်ပါတယ် ဆိုပြီး လွှတ်တော်မှာ အဆိုတင်သင့်တယ်။ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ကိုယ်စားလှယ်ပဲ။ လွှတ်တော်က လုပ်ပေါ့။ ဆွေးနွေးပေါ့။ ဒါမျိုးပဲ လုပ်လို့ ရတယ်” ဆိုပြီး ဝေဖန်တာလည်း တွေ့ရပါတယ်။

NDF ပါတီက ဦးခင်မောင်ဆွေဆိုရင် “ပြည်သူတစ်ရပ်လုံးနဲ့ဆိုင်တဲ့ကိစ္စကို သူတို့လေးဦးကပဲ ဘာ လုပ်မယ်၊ ညာလုပ်မယ် ဆိုတာမျိုးလုပ်ရင် ကျွန်တော်တို့က လက်မခံပါဘူး။ တိုင်းပြည်ရဲ့ကံကြမ္မာကို သူတို့ လေးဦးရဲ့ လက်ထဲကနေ ဆုံးဖြတ်မယ့်ပုံစံက သိပ်ပြီးအဓိပ္ပါယ် မရှိဘူး။ ပြည်သူကို ဦးစားပေးရမယ်။ ပြည်သူက သူတို့အပေါ်မှာပဲ ရှိရမယ်” ဆိုပြီး ပြင်းပြင်းထန်ထန် ပြောကြားခဲ့တာ တွေ့ရပါတယ်။ ဒါတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြေလှမ်းအပေါ်မှာ ဝေဖန်ကြတာတွေ ဖြစ်ပါတယ်။

ပါတီကြီးစိတ် ၀င်နေသလား

ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်တွင်းမှာ ကော်မတီဥက္ကဌအနေနဲ့ အားကြိုးမာန်တက် ဆောင်ရွက် နေတာတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတာ စဉ်းစားစရာပါ။ အခုနောက်ပိုင်းမှာ ထင်ရှားလာတဲ့ စု-မန်း မဟာမိတ်ဝင်ရိုးတန်းကို ကျော်လွန်လာတဲ့ ဒီခြေလှမ်းဟာ တစ်ကယ်တမ်းမှာတော့ သတိထား ဆင်ခြင် စရာ ဖြစ်နေပါတယ်။ လွှတ်တော်ရဲ့သဘောထားက ပြင်သင့်တာတွေ အကုန်ပြင်မယ်ဆိုတဲ့ အသံထွက် နေတာ ဖြစ်ပါတယ်။ နောက်တစ်ချက်က ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအိမ်တော်အရောက် ပို့ဆောင် ပေးမယ့် အခြေခံဥပဒေ ပုဒ်မ ၅၉(စ)ဟာ ဆိုရင် NLD ရဲ့ တောင်းဆိုချက်မှာ ဖုံးကွယ်ထားတဲ့ ပစ်မှတ် ဖြစ်နေလေသလား။ ပုဒ်မ ၅၉ (စ)ကို ပြင်ဆင်နိုင်မယ့် ဖြစ်နိုင်ချေဟာ လွှတ်တော်တွင်းမှာ အောင်မြင်ဖို့ အလားအလာ သိပ်ကိုနည်းပါးသွားပြီဆိုတာကို အသိအမှတ်ပြုဝန်ခံလိုက်တဲ့သဘောလား စတဲ့ စဉ်းစား စရာတွေ ဖြစ်လာပါတယ်။ နောက်တစ်ချက်က လွှတ်တော်ကိုယ်စားလှယ်တွေ ဝေဖန်ပြောကြားနေကြ သလို ကျန်တဲ့ပါတီတွေကို မျက်စေ့ထဲ ထည့်ကို မတွက်တော့တာလား။ လူထုထောက်ခံမှုအများဆုံး ပါတီကြီး ဆိုတဲ့ ယူဆချက်နဲ့ ကျန်တဲ့ပါတီတွေကို အဆင့်အတန်းခွဲခြားလိုက်တဲ့ သဘောလား။ ဒီလုပ်ရပ် ဟာ ဒေါ်အောင်ဆန်းစုကြည် ပြောပြောနေတဲ့ အခြေခံဥပဒေပြင်ဆင်ရေးမှာ အားလုံးပါဝင်ရမယ်၊ အားလုံး ပါဝင်သင့်တယ် ဆိုတဲ့ မူဝါဒနဲ့လည်း ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတယ်။

အဆိုးဆုံးကတော့ လက်ရှိကိုယ်တိုင် ပါဝင်ဆောင်ရွက်နေတဲ့ ဥပဒေပြုရေးမဏ္ဍိုင်အပေါ်မှာ အယုံ အကြည် လုံးဝမရှိတော့ဘူးလို့ ထုတ်မပြောရုံတမယ် ဖြစ်နေပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးပါတီဆိုလို့ NLD တစ်ခုတည်းသာ ရှိတာမဟုတ်ပါဘူး။ ဒီပါတီတွေက ခေါင်းဆောင်တွေကရော အခုလုပ်ရပ်အပေါ်မှာ ဘယ်လိုသဘောထားမလဲ။ တစ်ကယ်တမ်း ပွင့်ပွင့်လင်းလင်း ပြောရရင် ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိ လွှတ်တော်က လုပ်ဆောင်နေတဲ့ လေ့လာသုံးသပ်ရေးလုပ်ငန်းစဉ်အပေါ်မှာ အယုံအကြည် မရှိဘူး ဆိုတာကို ထုတ်ဖော်ပြသလိုက်တာ ဖြစ်ပါတယ်။ ဒီမိုကရေစီသဘောမှာ သဘောထားကွဲလွဲခွင့် ရှိပေမယ့် အများဆန္ဒကို နောက်ဆုံးမှာ လိုက်လျောရတာပဲ ဖြစ်ပါတယ်။ ရည်ရွယ်ချက်တွေ၊ စေတနာတွေ ဘယ် လောက်ကောင်းကောင်း တင်သမျှအဆိုတွေ ပယ်ချခံခဲ့ရတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်း ညွန့်ရဲ့ လွှတ်တော်တွင်းပုံရိပ်တွေက သက်သေပြနေပါတယ်။ ကြည့်လိုက်ရင် မတ်တပ်ရပ်မဲခွဲတဲ့အခါတိုင်း တစ်ယောက်တည်း ထီးတည်းကြီး မတ်တပ်ရပ်နေတဲ့ ဦးသိန်းညွန့်ဟာ မမောနိုင်၊ မပမ်းနိုင် အဆိုတွေ ဆက်လက်တင်သွင်းနေတုန်းပါပဲ။ လွှတ်တော်စနစ်မှာကိုက လွှတ်တော်အမတ်အများစုရဲ့ ထောက်ခံမှုနဲ့ အတည်ပြုတာပဲ မဟုတ်ပါလား။

NLD ရဲ့ ပြင်ဆင်ရေးပေါ်မှာ လူထုဘယ်လောက်လိုက်နေသလဲ

ဒါကိုထောက်ပြရင် အဆိုးမြင်ဝါဒီသက်သက်ပဲ ဆိုပြီး ပြောချင်လည်း ပြောကြပါလိမ့်မယ်။ ရန်ကုန် မြို့တော် မှာ လူဦးရေ (၆)သန်း ရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီးတစ်တိုင်းလုံးမှာဆိုရင် လူဦးရေ (၁၀) သန်း လောက် ရှိပါလိမ့်မယ်။ NLD ပါတီရဲ့ အခြေခံဥပဒေဆိုင်ရာ ရန်ကုန်တိုင်းလုံးကျွတ် ဆန္ဒခံယူပွဲမှာ တက်ရောက်ခဲ့တဲ့ ပြည်သူလူထုအရေအတွက်ဟာ နှစ်သောင်းကျော်ပဲ ရှိခဲ့တာ တွေ့ရပါလိမ့်မယ်။ ဒီတက် ရောက်လာတဲ့သူတွေထဲမှာ NLD ပါတီဝင် အများစု ဖြစ်တယ်၊ ကိုယ့်ပါတီဝင်တွေကို ပြည်သူလူထုဆိုပြီး ရောကြိတ်တယ် ဆိုတဲ့ ဝေဖန်ချက်တွေလည်း ကြားသိရပါတယ်။ ရှင်းရှင်းပြောရရင် ဒါဟာ NLD ပါတီက ပြင်ဆင်လိုတဲ့အချက်တွေကို ပြည်သူတွေက ပြင်ဆင်ချင်တဲ့အချက်တွေဆိုပြီး လူထုကို နားလှည့်ပြီး ပါးရိုက်လိုက်တဲ့ သဘောပဲ လို့ ပွင့်ပွင့်လင်းလင်း ပြောကြားလိုပါတယ်။

အမှန်တော့ ပြည်သူလူထုအနေနဲ့ နိုင်ငံရေးရေချိန်နိမ့်ပါးခဲ့တဲ့ အတိတ်ကာလ အာဏာရှင်စနစ်အောက် နေခဲ့ရတာတွေကြောင့် အခြေခံဥပဒေနဲ့ပတ်သက်လို့ စိတ်ဝင်စားမှု အင်မတန် နည်းပါတယ်။ နေ့စဉ်ထုတ် သတင်းစာတစ်စောင်ရဲ့ ဖော်ပြချက်အရ ရန်ကုန်တိုင်းဒေသကြီးရဲ့ ဖွံ့ဖြိုးမှုအမြင့်မားဆုံး မြို့နယ်(၁၂)မြို့ နယ်မှာ လူထုစစ်တမ်း ကောက်ယူခဲ့မှုအရ လူဦးရေ(၁၁၁၀)မှာ (၁၂)ဦးကပဲ အခြေခံဥပဒေကို အလေးထား ဖတ်ရှုကြတယ် ဆိုတာ သိရှိရပါတယ်။ ဒါဟာ လက်ရှိမြန်မာ ပြည် ပြည်သူလူထုရဲ့ အခြေခံဥပဒေဆိုင်ရာ ဗဟုသုတအမှန်ပဲ ဖြစ်ပါတယ်။

ကျန်တဲ့ ပုဒ်မတွေ ထည့်မတွက်ဘဲ အခုအချိန်မှာ ပုဒ်မ ၅၉(စ)နဲ့ ပတ်သက်လို့ ပြည်သူတွေကို အကျေ အလည် ရှင်းပြပြီး ဒီတစ်ခုတည်းကိုပဲ ပြင်သင့်-မပြင်သင့် စစ်တမ်းကောက်ယူကြည့်ရင် NLD ပါတီ ထင်မှတ်မထားတဲ့ ရလဒ်တစ်ခု ထွက်ပေါ်လာပါလိမ့်မယ်။ ပြည်သူကို အကျေအလည် ရှင်းပြဖို့တော့ လိုပါ လိမ့်မယ်။ အဲဒါကိုတော့ ရဲရဲကြီး ပြောရဲပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောသလို ပြည်သူတွေ နိုင်ငံရေး အသိ မနိမ့်ပါဘူး ဆိုတာကို မျက်ဝါးထင်ထင် တွေ့မြင်လာပါလိမ့်မယ်။

NLD အတွက် မေးခွန်းများ

ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုထားသလို လေးပွင့်ဆိုင် တွေ့ပါပြီတဲ့။ အားလုံးကောင်းပါသည် ခင်ဗျား ဆိုပြီး ဖြစ်လာမယ်လို့ ထင်ပါသလား။ ဒါကိုလည်း ရှင်းရှင်းလင်းလင်း စဉ်းစားဖို့ လိုပါတယ်။ အခြေခံဥပဒေ ပြင်ဆင်ဖို့ဆိုတာ လွှတ်တော်ထဲကစရမှာ ဖြစ်ပါတယ်။ လွှတ်တော်ဥက္ကဌ(၂)ဦးက ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုတဲ့အတိုင်း လက်ခံပါပြီတဲ့။ လွှတ်တော် အမတ်တွေ အကုန်လုံးကရော လက်ခံမှာတဲ့လား။

လွှတ်တော်ထဲမရောက်သေးတဲ့ လွှတ်တော်ပြင်ပနိုင်ငံရေးပါတီတွေ၊ ၂၀၁၅ မတိုင်ခင် ထပ်မံထွက်ပေါ် လာမယ့် နိုင်ငံရေးပါတီတွေ၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဆက်စပ်ပြီး ထွက်ပေါ်လာမယ့် တိုင်းရင်းသားတွေ ရဲ့ နိုင်ငံရေးပါတီတွေ အစရှိတဲ့ နိုင်ငံရေးပါတီတွေကလည်း NLD နဲ့ တစ်သဘောတည်း ရှိမှာတဲ့လား။ နိုင်ငံရေးပါတီ မထောင်ပေမယ့် လူထုအကျိုးအတွက် တစ်ဘက်တစ်လမ်းက ဆောင်ရွက်နေတဲ့ ၈၈ မျိုး ဆက်အပါအ၀င် ထွန်းသစ်လာတဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ အများကြီး ရှိပါတယ်။ သူတို့ ကရော ဒီနိုင်ငံ၊ ဒီပြည်သူတွေပဲဖြစ်တာမို့ ကိုယ့်ပြည်သူတွေအတွက် အရေးကြီးလှတဲ့ အခြေခံဥပဒေပြင်ဆင်ရေး မှာ တစ်ခွန်း တစ်ပါဒမှ ပြောခွင့်၊ ဆွေးနွေးခွင့် မရှိတော့ဘူးလား။

နောက်တစ်ချက်က ဒီကနေ့ ဦးသိန်းစိန်အစိုးရနဲ့ စေ့စပ်ညှိနှိုင်းနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းတွေအားလုံးကလည်း ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုတာကို သဘောတူတယ်ဆိုပြီး လက်နက်တွေ စွန့်ကြ၊ ငြိမ်းချမ်းရေးပန်းခင်းကြီး ချက်ချင်းပွင့်ပြနဲ့ ဖြစ်လာမှာတဲ့လား။ သမ္မတဦးသိန်းစိန်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အပစ်အခတ်ရပ်စဲပြီးရင် နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လုပ်မှာ ဖြစ်ပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေကထွက်လာမယ့် တောင်းဆိုချက်တွေက တစ်ကယ့်လက်တွေ့ကျတဲ့ ငြိမ်းချမ်းရေး ကို ဖော်ဆောင်ပေးမယ့် အခြေခံဥပဒေပြင်ဆင်ရေးမူဝါဒတွေ ဖြစ်လာပါလိမ့်မယ်။ ဒါတွေကိုလည်း အခြေခံ ဥပဒေ ပြင်ဆင်ဖို့ အဓိကတာဝန်ရှိတဲ့ လွှတ်တော်က ၀ိုင်းဝန်းဆွေးနွေးအတည်ပြုရဦးမှာ ဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန်ဘက်ကကြည့်ရင်လည်း တိုက်ကွက်ပုံစံ အသစ်အဆန်းနဲ့ NLD ပါတီရဲ့ လေးပွင့်ဆိုင် တောင်းဆိုချက်ကို လိုက်လျောလိုက်ရင် အားလုံးပြီးပြည့်စုံပြီ ဖြစ်လာမှာတဲ့လား။ “ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး အားလုံးပါဝင်ပေး” ဖို့ ဆိုရင် လက်ရှိမဏ္ဍိုင်ကြီး(၃)ရပ်က တရားစီရင်ရေးမဏ္ဍိုင်လည်း ပါရပါလိမ့်မယ်။ အလုပ်မရှိဖြစ်နေတဲ့ အခြေခံဥပဒေခုံရုံး၊ နောက် ရွေးကောက်ပွဲကော်မရှင်၊ တိုင်းဒေသ ကြီး/ပြည် နယ်အစိုးရတွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေတွေ ဒါတွေအားလုံးလည်း ပါရပါလိမ့်မယ်။ ဒါတွေက လက်ရှိ နိုင်ငံတော်ရဲ့ အင်စတီကျူးရှင်းတွေ ဖြစ်ပါတယ်။ အခြေခံဥပဒေမှာ ပါဝင်တဲ့ အင်စတီ ကျူးရှင်းတွေအပြင် အခြေခံဥပဒေမှာ မပါဝင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ အရပ် ဘက်လူ့အဖွဲ့အစည်းတွေ၊ ပြီးတော့ ပြည်သူတွေအားလုံး ပါဝင်ဖို့ လိုပါတယ်။ NLD ကိုပဲ ဦးတည်ပြီး ပြင်ဆင်ရေးဆောင်ရွက်ရမယ် ဆိုရင် တရားမျှတပါ့မလား။ NLD ပြောသမျှကို မြန်မာနိုင်ငံမှာ ရှိတဲ့ နိုင်ငံ ရေးပါတီတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ ပြည်သူတွေ အကုန်လုံးက “အားလုံးသဘော တူပါသည် ခင်ဗျား” ဆိုပြီး ဖြစ်လာမှာတဲ့လား။

အခြေခံဥပဒေပြင်ဆင်ရေးအတွက် အဓိက တာဝန်ရှိသူ၊ အဓိကလုပ်ဆောင်ရမယ့်သူတွေက လက်ရှိ လွှတ်တော်ထဲမှာထိုင်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေပဲ ဖြစ်ပါတယ်။ အခု သွားနေတဲ့ ပြင်ဆင်ရေး လမ်းကြောင်းက (၂)ကြောင်း ရှိပါတယ်။ တစ်ကြောင်းက လွှတ်တော်က လက်ရှိဆောင်ရွက်နေတဲ့ လေ့လာသုံးသပ်ရေးကော်မတီကို တည်ပြီး ဆောင်ရွက်နေတဲ့ လမ်းကြောင်း ဖြစ်ပါတယ်။ အဲဒီကော်မတီက ထွက်ပေါ်လာမယ့် ပြင်ဆင်ရေးအဆိုပြုချက်တွေကို ကြည့်ပြီး သွားရမှာ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ သမ္မတဦးသိန်းစိန် ဆောင်ရွက်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေးမှာပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေက ထွက် ပေါ်လာမယ့် တိုင်းရင်းသားအခွင့်အရေး၊ ပြည်နယ်များတန်းတူရေး စတဲ့ ပြင်ဆင်ရေးအဆိုပြုချက်တွေ ဖြစ် ပါတယ်။ ဒီပြင်ဆင်ရေးအဆိုပြုချက်တွေ ထွက်ပေါ်လာဖို့အတွက် ဦးအောင်မင်းတို့ ပြောကြားချက်တွေမှာ သတိပြုသင့်တဲ့အချက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအပြင် နိုင်ငံရေးပါတီတွေ၊ အရပ် ဘက် လူ့အဖွဲ့အစည်းတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးမှု ဖြစ်ပေါ် လာရေးပဲ ဖြစ်ပါတယ်။

ဒီလမ်းကြောင်း (၂)ကြောင်းဟာ လက်တွေ့ကျပြီး အမှန်တစ်ကယ်လည်း အလုပ်ဖြစ်မယ့် လမ်းကြောင်း တွေပဲ ဖြစ်ပါတယ်။ NLD အနေနဲ့ ဒီလမ်းကြောင်း(၂)ကြောင်းမှာပဲ လွှတ်တော်ထဲက ပါဝင်မှု၊ အခု နောက်ဆုံး ချင်းမိုင်သွားရောက်ခဲ့တဲ့ NLD ရဲ့ ပါဝင်မှုမျိုးနဲ့ပဲ ပြင်ဆင်ရေးလမ်းကြောင်းကို ပူးပေါင်း ပါဝင် သင့်တယ် လို့ ယူဆပါတယ်။ ဒီလို မဟုတ်ဘဲ ကြားထဲက ဖောက်ထွက်ပြီး ပြင်ဆင်ရေးကို ဦးဆောင်မယ် ဆိုတဲ့ ရည်မှန်းချက်ကတော့ လွှတ်တော်ကိုယ်စားလှယ်တွေ ဝေဖန်သလို လက်တွေ့မကျဘူး၊ စိတ်ကူး ယဉ်တယ် လို့ပဲ ပြောရမှာ ဖြစ်ပါတယ်။

နောက်ဆုံး အရေးကြီးတဲ့ မေးခွန်းကတော့ လွှတ်တော်ထဲမှာ ပုဒ်မ(၁၈)ဖျက်သိမ်းရေးကို တွန်းအားပေး ဆောင်ရွက်နေတာနဲ့ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ဆက်စပ်နေသလား ဆိုတာပဲ ဖြစ်ပါတယ်။ ပုဒ်မ(၁၈) ပျက်ပြယ်သွားရင် သွေးဆူသူ၊ အစစဆန့်ကျင်လိုသူတွေ ထင်တိုင်းကြဲဘို့ လမ်းပေါ်ထွက်နိုင်တော့မှာ ဖြစ်ပါတယ်။ အခု ပြင်ဆင်ရေးအတွက် တောင်းဆိုခဲ့ပြီး မရခဲ့ရင် NLD အဆိုး မဟုတ်တော့ဘူးဆိုပြီး လူထု ကို လမ်းပေါ် ခေါ်ထုတ်တော့မယ့် သဘောလား ဆိုတာလည်း သံသယဖြစ်စရာ သိပ်ကောင်း နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နေပြည်တော်လူထုဆန္ဒခံယူပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် “အခြေခံ ဥပဒေ ပြုပြင်ပြောင်းလဲရေးကို လွှတ်တော်က ထိရောက်စွာမလုပ်ဆောင်နိုင်ပါက ဆက်လက် ဆောင်ရွက် သွားမည့် အစီအစဉ်များရှိကြောင်း၊ လူထုအင်အားဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့တာကို တွေ့လိုက်ရတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ လူထုကို လမ်းပေါ်ထွက်မယ့် အလုပ် ဆိုရင်တော့ ပြင်းပြင်း ထန်ထန်ပဲ ကန့် ကွက်ရပါလိမ့်မယ်။

ဗျူဟာမြောက် အမှားခြေလှမ်း

ပြန်ပြီး သုံးသပ်ကြည့်ရင် NLD ပါတီရဲ့ ဗျူဟာမြောက်ကစားကွက်ဟာ ဗျူဟာမြောက်အမှားခြေလှမ်း ဖြစ်လာနိုင်ပါတယ်။ NLD ပါတီအနေနဲ့ လေးပွင့်ဆိုင် တောင်းဆိုချက်ဟာ လက်ရှိနိုင်ငံရေးအခင်းအကျင်း နဲ့ ကိုက်ညီမှု မရှိနိုင်ပါဘူး။ ဒီလိုမျိုး ဈေးဆစ်တမ်းကစားတဲ့ အပေး-အယူဟာ ဦးသိန်းစိန်အစိုးရ ပေါ်မလာ သေးခင် စစ်အစိုးရလက်ထက်မှာ လုပ်သင့်ခဲ့တဲ့ အနေအထားမျိုးပါပဲ။ အဲဒီအချိန် အဲဒီကာလ တုန်းက နိုင်ငံတကာကျွမ်းကျင်သူတွေရော၊ ပြည်တွင်းကနိုင်ငံရေးလေ့လာသူတွေကပါ စစ်အစိုးရနဲ့ အပေး အယူလုပ်ဖို့ တိုက်တွန်းခဲ့ကြတာတွေ ရှိပေမယ့် NLD ဟာ အလျှော့ပေးရာရောက်တယ် ဆိုပြီး ခေါင်းမာမာ နဲ့ ညှိနှိုင်းရေးကို ကျောခိုင်းခဲ့တာပဲ ဖြစ်ပါတယ်။

သမ္မတ ဖြစ်ရေးအတွက် အချိန်နီးကပ်လာလေလေ လောလာလေလေ သဘောမျိုးလည်း မယူဆလို ပါဘူး။ မြန်မာပြည်မှာ သမ္မတဖြစ်ရေးထက် အရေးကြီးတာတွေ အများကြီးရှိပါတယ်။ အခြေခံဥပဒေ ပြင်ဖို့ လိုချင်လိုမှာပါ။ ခေတ်နဲ့ မလျော်ညီတော့တဲ့ တည်ဆဲဥပဒေပေါင်း (၄၀၀)ကျော်ကို ပြင်ဖို့လိုပါတယ်။

ဒီလိုပါပဲ ဈေးကွက်ကိုလည်း ပြင်ရပါလိမ့်မယ်။ ပညာရေး၊ ကျန်းမာရေး၊ ပြည်သူတွေအတွက် သက်သာ ချောင်ချိရေး၊ လျှပ်စစ်မီးရရှိရေး စတဲ့ အရေးကြီးတာတွေလည်း ပြင်ရပါလိမ့်မယ်။ လမ်းတွေလည်း ပြင်ရ ပါလိမ့်မယ်။ လယ်ယာတွေကိုလည်း ပြင်ရပါလိမ့်မယ်။ ခရိုနီတွေ လက်ဝါးကြီးအုပ်နေတာတွေလည်း ပြင် ရပါလိမ့်မယ်။ လွှတ်တော်အမတ်တွေ အရည်အချင်းတက်လာအောင် ပြင်ဖို့ လိုသလို အစိုးရဌာနတွေ အဂတိလိုက်စားမှုပပျောက်အောင်လည်း ပြင်ရပါလိမ့်မယ်။ ပြင်စရာတွေကတော့ တစ်နိုင်ငံလုံး အများ ကြီးပါပဲ။ တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုထက် ပိုပြီးအရေးကြီးတဲ့ ပြည်သူ သန်း(၆၀)နဲ့ တိုက်ရိုက် ပတ်သက်နေတဲ့ ပြင်စရာတွေက အခြေခံဥပဒေတစ်ခုတည်း မဟုတ်ပါဘူး ဆိုတာကိုလည်း ထောက်ပြ လိုပါတယ်။

သမ္မတဦးသိန်းစိန်သို့ တိုက်တွန်းချက်

အခုနောက်ဆုံး သမ္မတဦးသိန်းစိန်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး အစီအစဉ်ဟာ သင့်မြတ်ကောင်းမွန်ကြောင်း၊ သို့သော်လည်း NLD အပြင် နိုင်ငံရေးပါတီပေါင်း (၅၈)ပါတီရဲ့ သဘောထားတွေကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုအပ်ကြောင်း၊ အခြေခံဥပဒေအရ ပြင်ဆင်ခွင့် ပေးထား ပြီး ဒီအခွင့်အာဏာနဲ့အညီ လေ့လာသုံးသပ်ရေးကော်မတီဖွဲ့စည်းဆောင်ရွက်နေတဲ့ ပြည်ထောင်စု လွှတ်တော်ရဲ့ အခန်းကဏ္ဍကို လေးစားဖို့လိုအပ်ကြောင်း၊ ဒါကြောင့် လေ့လာသုံးသပ်ရေး ကော်မတီရဲ့ အစီရင်ခံစာထွက်ပေါ်လာချိန်အထိ စောင့်ဆိုင်းသင့်ကြောင်း သမ္မတရဲ့ပြောခွင့်ရပုဂ္ဂိုလ် ဒုဝန်ကြီးဦးရဲထွဋ် က ထုတ်ဖော် ပြောကြားလိုက်တာ တွေ့ရှိရပါတယ်။ မှန်ပါတယ် သမ္မတကြီးခင်ဗျား။ လွှတ်တော်ရဲ့ အခန်းကဏ္ဍနဲ့ အခွင့်အာဏာကို လေးစားသမှု ပြုရမှာပါ။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်လို့ အဖွဲ့အစည်းအမျိုးမျိုး၊ လူပုဂ္ဂိုလ်မျိုးစုံအနေနဲ့ ပြင်ဆင်လိုတဲ့သဘောထား အများကြီးရှိပါတယ်။ ဘာအတွက် ပြင်မှာလဲ၊ တစ်ဦးတစ်ယောက်တည်း အတွက်လား၊ အဖွဲ့အစည်းတစ်ခုတည်းအတွက်လား၊ ပြည်သူ သန်း(၆၀)အတွက်လား စဉ်းစားသုံးသပ်ဖို့ လိုအပ်ပါတယ်။ မြန်မာပြည်အတွက် ပထမဆုံး မရှိမဖြစ် လိုအပ်ချက်ကတော့ ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်ပါ တယ်။ ပြည်တွင်းငြိမ်းချမ်းရေးဟာ တိုင်းရင်းသားအခွင့်အရေး၊ ပြည်နယ်များရဲ့ အခွင့်အာဏာ ဒါတွေနဲ့ အဓိကဆက်စပ်နေပါတယ်။ ဒီကနေ့ သမ္မတကြီး ဆောင်ရွက်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဘယ်လောက် ခက်ခဲတယ် ဆိုတာလည်း မေးစရာ မလိုပါဘူး။ နိုင်ငံရေး ပြဿနာတွေ ဖြစ်တဲ့အတွက် ဒီပြဿနာတွေ ပြေ လည်ဖို့၊ မြန်မာပြည်တစ်ပြည်လုံး ငြိမ်းချမ်းပြီး အမြန်ဆုံး ဖွံ့ဖြိုးတိုးတက်ဖို့ ပြည်တွင်း ငြိမ်းချမ်းရေးကို ရရှိစေမယ့် အခြေခံဥပဒေပြင်ဆင်ရေးကို ထိပ်ဆုံးမှာ ဦးစားပေး ပြင်ဆင်သင့်ပါကြောင်း အကြံပြုလိုပါတယ်။ ဒီရည်မှန်းချက်ဟာ တစ်ပြည်လုံးရဲ့ လိုလားတောင့်တချက်လည်း ဖြစ်ပါတယ်။

ဒုတိယရည်မှန်းချက်အနေနဲ့ ပျောက်ဆုံးနေတဲ့ ဒီမိုကရေစီသဘောတရားတွေ အပြည့်အ၀ ဖြစ်တည် လာစေဖို့ အလေးထားပြင်ဆင်သင့်ပါတယ်။ ဥပမာအားဖြင့် လွှတ်တော်(၂)ရပ် အင်အားချင်းမညီမျှ တာကို ညီမျှလာအောင် ပြင်ဆင်တာမျိုး (အခုအချိန်မှာ ပြည်ထောင်စုလွှတ်တော်ရဲ့ သဘောထားဆိုရင် ပြည်သူ့ လွှတ်တော်သဘောထားက အဓိကဖြစ်နေပါတယ်)၊ အခြေခံဥပဒေဆိုင်ရာခုံရုံးကို ဖြုတ်ပြီး ခုံရုံးလုပ်ပိုင်ခွင့် တွေကို တရားရုံးချုပ်ကို ပေးအပ်ထားတာမျိုး၊ ဥပဒေတွေ ပြဌာန်းတဲ့အချိန်မှာ သမ္မတရဲ့ ပြင်ဆင်ချက်ကို လွှတ်တော် အမတ် ၃ ပုံ ၂ ပုံ ကန့်ကွက်မှ ပယ်ချနိုင်တာမျိုး၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် ဆိုပြီး (၂)မျိုး ကွဲနေတာကို ပြည်နယ်(၁၄)ခုဆိုပြီး ပြောင်းလဲခေါ်တွင်တာမျိုး (မန္တလေးပြည်နယ်၊ ရန်ကုန် ပြည်နယ်၊ ပဲခူး ပြည်နယ်)၊ ဘယ်လိုအခြေအနေမျိုးတွေမှာဆိုရင် လွှတ်တော်တစ်ရပ်လုံး ဖျက်သိမ်းခွင့် အခွင့်အာဏာကို သမ္မတထံပေးအပ်ထားတာမျိုး(အခုအခြေခံဥပဒေမှာ လွှတ်တော်ကို ဘယ်သူဖျက်သိမ်း နိုင်တယ် ဆိုတာ မပါပါဘူး) စတဲ့ ဒီမိုကရေစီနဲ့ Check And Balance စနစ် ပီပီပြင်ပြင် ဖြစ်ပေါ်လာရေးကို ဦးတည်ပြီး အလေးထား ပြင်ဆင်သင့်ပါတယ်။ ဒါမှလည်း တစ်ဘက်သတ် လွှမ်းမိုး ကြီးစိုးနေတာတွေ ပျောက်ပျက် သွားမှာ ဖြစ်ပါတယ်။ ဒါတွေဟာ ဒီကနေ့ ခေတ်အတွက်သာမက နောင်အရှည်သဖြင့် ကောင်းမွန်စေမယ့် ကိစ္စရပ်တွေ ဖြစ်ကြောင်း တိုက်တွန်းလိုပါတယ်။

သမ္မတဦးသိန်းစိန်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပ နိုင်ငံရေးအင်အားစုအားလုံးနဲ့ တွေ့ဆုံပြီး အကြံပြုချက်တွေရယူဖို့၊ ဒီအကြံပြုချက်တွေကို စုစည်းပြီး လွှတ်တော်နဲ့ ပြန်လည်ညှိနှိုင်းပေးဖို့ တောင်းဆိုလိုပါတယ်။ သန်း(၆၀)ကို ထောက်ထားပြီး NLD သာမက တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ Civil Society တွေ အပါအ၀င် နိုင်ငံရေးအင်အားစုအားလုံးနဲ့ တွေ့ဆုံ ဆွေးနွေးပေးဖို့ တောင်းဆိုလိုပါတယ်။ ပြင်စရာတွေ တစ်နိုင်ငံလုံး မှိုလိုပေါက်နေတဲ့ အခြေအနေမှာ အခြေခံဥပဒေပြင်ဆင်ရေးတစ်ခုတည်း ကွက်ပြီး မကြည့်ဘဲ ပြည်သူသန်း(၆၀)အတွက် ပြင်စရာရှိတာ အကုန်လုံးပြင်ဆင်ပေးဖို့ တောင်းဆိုလိုက်ရပါတယ်။

From: The Messenger

သမ္မတအရည်အချင်း ဥပဒေပုဒ်မ ပြင်သင့်၊ မသင့် ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်မည်



အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်သမ္မတအဖြစ် ဝင်ရောက် ယှဉ်ပြိုင် နိုင်ခွင့် အတွက် အတားအဆီး ဖြစ်နေသော ဖွဲ့စည်းပုံ အခြေခံဥပဒေ နိုင်ငံတော် သမ္မတနှင့် ဒုတိယသမ္မတများ အရည်အချင်း သတ်မှတ်ချက် ပုဒ်မ (၅၉(စ)) ကို ပြင်ဆင်ရန် သင့်၊ မသင့်ကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုကော်မတီအစည်း အဝေးတွင် ဆုံးဖြတ်မည် ဖြစ်ကြောင်း အဆိုပါ ပါတီ၏ ဗဟိုကော်မတီဝင် ဦးအောင်သိန်းလင်းက ပြောကြားသည်။


၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပါတီ အတွင်း သီးခြား ဆွေးနွေးပွဲများ ပြုလုပ်လျက်ရှိပြီး ပုဒ်မ ၅၉ (စ) ပြင်ဆင်ရန်သင့် မသင့်ကို ဗဟို ကော်မတီဝင်များ အားလုံး ဆွေးနွေး ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။


အဆိုပါ အခြေခံ ဥပဒေပြင်ဆင်ရေး ကိစ္စများဆုံးဖြတ်မည့် ဗဟိုကော်မတီ အစည်းအဝေး ကျင်းပမည့် ရက်ကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။ "အခြေခံဥပဒေ ပြင်ဆင်ရေးကို မူဝါဒပိုင်းမှာ ဆွေးနွေးနေ ပါတယ်။ ဗဟို ကော်မတီ အစည်းအဝေးက ဆုံးဖြတ်မှာပါ။ အချိန်ကတော့ အတိအကျပြောလို့မရဘူး" ဟု ၄င်းက ထပ်လောင်း ပြောကြားသည်။

အခြေခံဥပဒေပါ ပုဒ်မ ၅၉ (စ)သည် ၂၀၁၅ ရွေးကောက်ပွဲတွင် တရားမျှတမှု ရှိစေရေး အတွက် ပြင်သင့်သော ပုဒ်မတစ်ခု ဖြစ်ပြီး NLD ပါတီမှ အဆိုပါ ပုဒ်မကို ပြင်ဆင်ရန် လွှတ်တော်သို့ အသေအချာ တင်ပြသွားမည် ဖြစ်ကြောင်း အဆိုပါ ပါတီ၏ ဗဟိုကော်မတီ အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ပြောကြားသည်။ "ပြင်မယ်ဆိုရင် တရားမျှတဖို့ အတွက် အပြုသဘော ဆောင်တဲ့ ပြောင်းလဲမှုတွေကို ကျွန်တော်တို့က ကြိုဆိုပါတယ်" ဟု ၄င်းက ပြောဆိုသည်။

ကြံ့ခိုင်ရေးပါတီက အခြေခံဥပဒေ လေ့လာဆန်းစစ်ရေး ကော်မတီကို ဖွဲ့စည်းထားပြီး အဆိုပါ အခြေခံ ဥပဒေပါ တွေ့ရှိချက်များကို ပြင်ဆင်ရန် ဗဟိုကော်မတီ၏ အဆုံးအဖြတ် ရယူမည်ဖြစ်ကြောင်း ယင်းပါတီ ထံမှ သိရှိရသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါဝင်သည့် နိုင်ငံတော်သမ္မတ အရည်အချင်း သတ်မှတ်ချက် ဖြစ်သော ပုဒ်မ ၅၉ (စ)သည် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော် သမ္မတရာထူး အတွက် ဝင်ရောက် ယှဉ်ပြိုင်နိုင်ရေးကို အဟန့်အတား ဖြစ်နေသောကြောင့် ပြင်ဆင်ရန် လိုအပ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားထားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) တွင် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတ များသည် မိမိကိုယ်တိုင် သော်လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော် လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း မိမိ၏ တရားဝင်သားသမီး တစ်ဦးဦးသော် လည်းကောင်း၊ ထိုတရားဝင် သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးတော်ကို ခံယူ စောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြားသား လက်အောက်ခံသူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသား မဖြစ်စေရ၊ ထိုသူ များသည် နိုင်ငံခြားအစိုးရ လက်အောက်ခံ ဖြစ်သူ သော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်း ကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူး ခံစားခွင့်များကို ခံစားနိုင်ခွင့် ရှိသူများ မဖြစ်စေရဟု ဖော်ပြပါရှိသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် မဲအများဆုံး အနိုင်ရရှိ ထားပြီး လွှတ်တော်တွင်း ကိုယ်စားလှယ်ဦးရေ အများဆုံး ရရှိထားသည့် နိုင်ငံရေးပါတီတစ်ခု ဖြစ်ပြီး ပြည်သူ့ လွှတ်တော်တွင် ၂၅၉ ဦးနှင့် အမျိုးသားလွှတ်တော်တွင် ၁၂၉ ဦး ရှိကြောင်း လွှတ်တော် စာရင်းဇယားများ အရ သိရှိရသည်။

From: The Voice Weekly

အသတ်ခံရသူ အမျိုးသမီးက အိပ်မက်ပေး အလောင်းနေရာ ပြခဲ့သည့် လူသတ်မှု အမျိုးသားသုံးဦးကို ဖမ်းဆီးစစ်ဆေး

ရန်ကုန်၊ ဒီဇင်ဘာ ၎

လှည်းကူးမြို့နယ် ငါးဆူတောင် ကျေးရွာအုပ်စုတွင် သေဆုံးသူ အမျိုးသမီးက အိပ်မက်ပေးကာ ရှာဖွေ ခိုင်းသော ၎င်း၏ ရုပ်အလောင်းနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးခဲ့ရာ အဆိုပါ အမျိုးသမီး ပျောက်ဆုံးသည့် ရက်မှစ၍ ရက်ပေါင်း ၄၀ ကျော်အကြာ ဒီဇင်ဘာလ ၃ ရက်နေ့တွင် အဓမ္မကျင့် လူသတ်ကာ အလောင်းဖျောက်သည်ဟု ယူဆရသူ အမျိုးသား သုံးဦးကို ဖမ်းဆီး စစ်ဆေးလျက် ရှိကြောင်း ငါးဆူတောင် နယ်မြေ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။


အဆိုပါ ကျေးရွာအုပ်စုရှိ ရဲသုခ စိုက်ပျိုးရေးခြံတွင် အောက်တိုဘာလ ၂၁ ရက်နေ့ ညနေပိုင်းက အသက် ၂၃ နှစ်အရွယ် မချိုနွယ်ဝင်း (ခ) ကတုံးမသည် အမှတ် (၁) ကျေးရွာသို့ ဈေးဝယ်သွားရာမှ နေအိမ် သို့ ပြန်မလာသဖြင့် ခင်ပွန်း ဖြစ်သူက အောက်တိုဘာလ ၂၆ ရက်နေ့တွင် လူပျောက် တိုင်ချက်ဖွင့်ကာ ရှာဖွေနေခဲ့ကြောင်း၊ ကိုးရက်မြောက်နေ့တွင် ပျောက်ဆုံးသူ အမျိုးသမီး လုပ်ကိုင်ခဲ့သည့် စိုက်ပျိုးရေးခြံမှ အမျိုးသမီး အလုပ်သမားတစ်ဦးကို ၎င်း၏ အလောင်း ရှိသည့်နေရာ အိပ်မက် ပေးခဲ့သောကြောင့် သွားရောက် ရှာဖွေခဲ့ကြောင်း၊ ယင်းနေရာ၌ ပုပ်ပွကာ ဒဏ်ရာများဖြင့် သေဆုံးနေသည့် မချိုနွယ်ဝင်း၏ အလောင်းကို တွေ့ရှိခဲ့ကြောင်း၊ အဆိုပါ သေဆုံးမှုကို ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးစဉ် မသင်္ကာဖွယ် အမျိုးသားသုံးဦးကို ဖမ်းဆီးစစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

နေအိမ်မှ ဈေးဝယ်အသွား ကိုးရက်ကြာ ပျောက်ဆုံးနေခဲ့သော သေဆုံး ခဲ့သူ၏ ရုပ်အလောင်းကို ငါးဆူတောင်အုပ်စု ဧက ၁၀၀ ခြံအတွင်းရှိ လျှိုအဆင်းတွင် ပုပ်ပွလျက် တွေ့ရှိခဲ့ကြောင်း၊ ဦးခေါင်းတွင် ပေါက်ပြဲဒဏ်ရာ နှစ်ချက်၊ ညာဘက် ဝမ်းဗိုက်အောက်အတွင်း ပေါက်ပြဲဒဏ်ရာ တစ်ချက်တို့ကို တွေ့ရှိခဲ့ကြောင်း၊ အလောင်းကို လှည်းကူး ဆေးရုံသို့ ပို့ဆောင်ပြီး စစ်ဆေးခဲ့ရာ ဆေးစာအရ မသေဆုံးမီ အဓမ္မကျင့် ခံခဲ့သည်ကို တွေ့ရှိရကြောင်း လူသတ်မှု ဖြစ်ပွားခဲ့သော နေရာအနီးတွင် ရှိသည့် မယ်ဇလီကုန်း ကျေးရွာတွင် နေထိုင်သူ အချို့ထံမှ သိရှိရသည်။

သေဆုံးသူ အမျိုးသမီးသည် တစ်ခြံတည်း အလုပ်လုပ်ကိုင်သူ အလုပ်သမားများနှင့် ဆက်ဆံရေး အဆင်ပြေသော်လည်း လွန်ခဲ့သော တစ်လခန့်က ခြံကပ်လျက်တွင် အလုပ်လုပ်ကိုင်သူ အမျိုးသား တစ်ဦးနှင့် ငွေကြေးကိစ္စ စကားများခဲ့ ဖူးကြောင်း ရဲသုခ စိုက်ပျိုးရေးခြံ အလုပ်သမားများထံမှ သိရှိခဲ့ရပြီး၊ ယင်းလူသတ်မှုနှင့် ဆက်နွှယ်နိုင်သဖြင့် မသင်္ကာ၍ ဖမ်းဆီးခဲ့သူ အမျိုးသားသုံးဦးမှာ အဆိုပါ ခြံကပ်လျက် စိုက်ပျိုးရေးခြံတွင် လုပ်ကိုင်သူများ ဖြစ်ကြောင်း မဲဇလီကုန်း ကျေးရွာတွင် နေထိုင်သူများထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ လူသတ်မှု ဖြစ်ပွားရသည့် အကြောင်းအရင်း၏ အသေးစိတ် အချက်အလက်ကို သက်ဆိုင်ရာ နယ်မြေရဲစခန်းသို့ တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းသော်လည်း တာဝန်ကျ ရဲအရာရှိက စစ်ဆေးဆဲ ကာလတွင် မဖြေပေးနိုင်ကြောင်း ပြောကြားသည်။

အဆိုပါ လူသတ်မှုနှင့် ပတ်သက်၍ မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး၊ အထူးမှုခင်း နှိမ်နင်းရေးအဖွဲ့နှင့် လှည်းကူးမြို့မ ရဲတပ်ဖွဲ့တို့က ပတ်ဝန်းကျင်ကို စုံစမ်းခဲ့ရာမှ ကိုကိုလင်း၊ ကျော်သူစိုး၊ ရွှေသိန်းတို့ သုံးဦးကို သံသယ ရှိသောကြောင့် ခေါ်ယူ စစ်ဆေးရာမှ ၎င်းတို့က ပြစ်မှု ကျူးလွန်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့သဖြင့် ယခင်စစ်ဆေးခဲ့သော ပုဒ်မ ၃၀၂ အစား ဒီဇင်ဘာလ ၃ ရက်နေ့တွင် ပုဒ်မ ၃၀၂ မှ ပုဒ်မ ၃၀၂/၃၇၆ ဖြင့် ပြောင်းလဲ စစ်ဆေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

ရှမ်းတောင်ပိုင်း၌ ဘိန်းခင်းဧက(၆၀၀၀)ကျော် ဖျက်ဆီးပြီးသော်လည်း စိုက်ခင်းသစ်များ ထပ်မံတိုးပွားနေ



ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများ၌ ယခုနှစ်အတွင်း ဘိန်းစိုက်ခင်းဧကပေါင်း (၆၀၀၀)ကျော်ဖျက်ဆီး ထားပြီးဖြစ်သော်လည်း စိုက်ဧကများမှာ တိုးလျှက်ရှိနေကြောင်း လယ်စိုက်သည့် နေရာများ၌ပင် သိန်းစိုက်ခင်းများတိုး၍ စိုက်ပျိုး လျက်ရှိသည်ဟု ရှမ်းတောင်ဒေသခံများထံမှ သိရှိရသည်။


“ဘိန်းပင်တွေက ဘယ်နှစ်ဧကရှိတယ်ဆိုတာ ခန့်မှန်းပြောလို့တောင် မရပါဘူး။တဖြည်းဖြည်းနဲ့ လယ်စိုက်တဲ့ နေရာတွေမှာ အခုဆိုရင် ဘိန်းပင်တွေစိုက်လာကြပြီလေ။ စပါးမစိုက်ကြတော့ ဆန်ကိုဈေးကြီးကြီးနဲ့ကို ပြန်ဝယ်စားနေရတယ်” ဟု ဘိန်းစိုက်ပျိုးရွာနေ တောင်သူတစ်ဦးကပြောသည်။

စပါးစိုက်ပျိုးစရိတ်မှာ ကြီးမြင့်လာပြီးငွေအလုံအလောက်မသုံးစွဲနိုင်သည့် အတွက် ဒေသခံများ အနေဖြင့်ဘိန်းစိုက်ပျိုးမှု ပိုမို များပြားလာကြောင်း၊ ဘိန်းစိုက်ပျိုးမှသာဒေသခံများ၏ စာဝတ်နေရေး ပိုမိုချောင်လည်ကြသည်ဟု ၄င်းတို့က ဆိုသည်။

အဆိုပါဒေသ၌ စိုက်ပျိုးထားသော ဘိန်းစိုက်ခင်းပေါင်း ဧက (၆၀၀၀)ကျော်အားဒေသခံ အာဏာပိုင်များက ယခုနှစ်အတွင်း ဖျက်ဆီးခဲ့ပြီးဖြစ်သော်လည်း ဆက်လက်တိုးပွားနေဆဲဖြစ်သည်ဟု ဒေသအာဏာပိုင် များထံမှ သိရသည်။

“ဘိန်းပင်တွေကို သွားဖျက်တာ (၆၀၀၀)ကျော်လောက်ရှိနေပါပြီ။ မကုန်မချင်းတော့ဖျက်ဦးမှာပါပဲ။ မြို့နယ် စခန်းမှူးကိုယ်တိုင်၊ ဌာနဆိုင်ရာတွေ၊ခမရ(၄၂၁)တပ်တွေ၊ ဒေသခံတိုင်းရင်းသားတွေနဲ့ ပူးပေါင်းပြီး ဘိန်းပင်တွေကိုသွားဖျက်တာပါ။ ဘိန်းတွေ ချက်လာကြတာနဲ့ ပတ်သက်ပြီး ဒီမြို့နယ်မှာမရှိသေးပါဘူး၊ ပင်လောင်းမြို့နယ်တွေမှာတော့ ကြားပါတယ်၊ ရှေ့လုပ်ငန်းစဉ်အနေနဲ့တော့ ဘိန်းပင်တွေရှိနေသေးသရွေ့ ဖျက်ဆီးနေဦးမှာပါပဲ” ဟုဖယ်ခုံမြို့နယ် မြို့မရဲစခန်းမှ ဒု-ရဲစခန်းမှူး ဦးသိန်းထွန်းက ပြောသည်။

ဘိန်းပင်စိုက်ပျိုးမှုမှာ ခက်ခဲမှုမရှိကြောင်း၊ ဈေးကွက်ရောင်းချမှုမှာလည်း စပါးစိုက်ခြင်းထက်ပိုပြီး ဈေး ကောင်းရခြင်း၊ မြေနေရာ မရွေးစိုက်ပျိုးနိုင်ခြင်းတို့ကြောင့် အခြားသီးနှံများမစိုက်ပျိုးလိုဘဲ ဘိန်းတစ်မျိုး တည်းသာ စိုက်ပျိုးကြသည်ဟု ဒေသခံများက ဆိုသည်။

“စပါးစိုက်တုန်းကဆိုရင် ငွေလုံလုံလောက်လောက် မသုံးနိုင်ကြဘူး။ ဘိန်းပင်တွေကို ပြောင်းပြီး စိုက်ပျိုး လာကြမှပဲ အဆင်ပြေ လာကြတယ၊် အဲ့ဒါတွေကြောင့် ဘိန်းစိုက်ပျိုးတဲ့လူက စပါးပြန် စိုက်ပျိုးတာမရှိဘဲ၊ စပါးစိုက်တဲ့လူတွေကသာ ဘိန်းစိုက်လာ ကြ တာပါ” ဟု ဘိန်းစိုက်သူတစ်ဦးကပြောသည်။

ဘိန်းစိုက်ပျိုးမှု များလာသည်နှင့် အမျှ ဖမ်းဆီးအရေးယူမှုများ ရှောင်တိမ်းရသည့်အတွက် လူသူနည်းပါသော တောများအတွင်း၌ ဓါတုဓါတ်ပေါင်းဖိုများဖြင့် ဆေးပြားများချက်လုပ်ကြောင်း၊ တောတွင်းလက်နက်ကိုင် အဖွဲ့အချို့မှလည်း ထုတ်လုပ်မှုများကြောင်း၊ အရွယ်ရောက်ကလေးများပင် ဆေးပြားများ သုံးစွဲနေကြပြီး ဘွဲ့ရများပင် အဆိုပါအလုပ်၌သာစားဝတ်နေရေးအတွက် လုပ်ကိုင်မှု ပြုလုပ်လာရကြောင်းနှင့် ရှမ်းတောင်၌ ဒေသထုတ်ဆေးပြားကိုသာ ပိုမိုအကြိုက်တွေ့ကြသည်ဟု ၄င်းက ဆက်ပြောသည်။

အခြားမြို့မှ ဈေးသည်များလည်း ဘိန်းစိုက်ခင်းရှိသော ရွာများသို့အလုအယက်ဖြင့် ဈေးရောင်းနေကြ ကြောင်း၊ ဘိန်းစိုက်ခင်း များသို့ကားအပြင်ခြေကျင်ဖြင့်ပါ သွားရောက်လုပ်ကိုင်သူ များပြားလာခြင်းကြောင့် မြို့တွင်း အလုပ်သမားနည်းပါးပြီး ဘိန်းစိုက်ခင်း များ၌သာအလုပ်သမားဦးရေတိုးပွားနေသည်ဟု ဒေသခံများထံမှ သိရှိရသည်။

ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်း ဘိန်းစိုက်ဧကတစ်သိန်းဝန်းကျင်ရှိကြောင်း၊ နေ့စားလုပ်အားခ ကျပ်(၇၀၀၀)ဖြင့်လုပ်သားများ ခေါ်ယူများကြောင်း၊ ဘိန်းနီကို ပိုမိုစိုက်ပျိုးမှုများကြောင်းဖယ်ခုံဒေသ ခံများ ထံမှ သိရှိရသည်။

မြစ်မခ

လယ်သိမ်းချိန်တွင် ဒေသခံရှမ်းတိုင်းရင်းသားများအား KIA မှ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်နေမှု များကြောင့် စပါးရိတ်သိမ်းရန် အခက်ကြုံ



ကချင်ပြည်နယ် မန်စီမြို့နယ် ပြင်ဦးလွင်ရပ်ကွက် ရွာသစ်ကုန်းကျေးရွာနေ ရှမ်းလူမျိုး(၂)ဦး လယ်တော၌ စပါးရိတ်သိမ်းနေစဉ် ဒီဇင်လာ ၄ ရက် နေ့လယ် ၁ နာရီခန့်တွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့ ၀င်များမှ လူသစ်အဖြစ် အတင်းအကြပ် ဖမ်းဆီးခေါ်ဆေင်သွားခဲ့ကြောင်း ယင်းမြို့ခံ များ ထံမှ သတင်းရရှိသည်။


“မနေ့က မနက်အစောကြီး စပါးရိတ်ဖို့ ရွာက ထွက်လာကြတာ လယ်က ချောင်းထောက်ကျေးရွာမှာ ရှိတာပါ။ နေ့လယ် ၁ နာရီ နေ့ခင်းကြောင်တောင် ၀င်ဖမ်းသွားတာဆိုတော့ အနီးအနားမှာ စပါးရိတ်နေတဲ့ အမျိုးသမီးတွေ အကုန်မြင်တာပေါ့၊ KIA စစ်သား (၁၀)ဦး လောက်တော့ ရှိမယ်” ဟု အဆိုပါ လယ်တောအနီး၌ စပါးရိတ်သိမ်း နေစဉ် မျက်မြင်တွေ့ရှိခဲ့သော ရှမ်းအမျိုးသမီးတစ်ဦးက ဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရွာသစ်ကုန်းရွာသားအချို့အား တွေ့ဆုံမေးမြန်းကြည့်ရာ“ အဖမ်း ခံရတာသေချာ ပါတယ်။ ဦးဖိုးဝင်းနဲ့ မောင်အောင်ဇော်ဦးတို့နှစ်ယောက်ကို KIA က လူသစ်လုပ်ဖို့ အတင်းအဓမ္မဖမ်းသွားတာ ကျွန်တော်တို့ လုံးဝမကျေနပ်ဘူးဗျာ” ဟု ယင်းရွာသား အိုက်မြင့်က ပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ဖမ်းဆီးခေါ်ဆောင်သွားသော ရွာသား(၂)ဦးမှာ ရှမ်းလူမျိုးများ ဖြစ်နေ၍ ဒေသခံရှမ်းအားလုံးက မကျေမနပ် ဖြစ်နေကြကြောင်း၊ ယင်းနေ့ နေ့လယ် ၂ နာရီခန့်ကလည်း မံဖွားကျေးရွာနေ ရွာသား(၁၅)ဦး ခန့်အား KIA မှ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းလည်း သိရသည်။

မန်စီမြို့ခံ ရှမ်းလူမျိုးကုန်သည်တစ်ဦးကတော့“အခုလို လယ်သိမ်းချိန်မှာ KIA အနေနဲ့ ဒေသခံ ရှမ်းပဲ ဖြစ်ဖြစ်၊ ကချင်ပဲဖြစ်ဖြစ်၊ လူသစ်စုနေတာတော့ တော်တော်တရားလွန်သွားပြီ၊ အဲဒီလိုမြင်သမျှ လူဖမ်းနေတော့ စပါး ရိတ်သိမ်းဖို့ အခက်အခဲဖြစ်နေကြပြီပေါ့” ဟု ပြောပြသည်။

KIA အနေဖြင့် အစိုးရတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့စဉ်က ဒေသခံရှမ်းအပါအ၀င် ကချင်၊ ဗမာ၊ လီဆူး၊ ရ၀မ်၊ ပလောင်တိုင်းရင်းသားများအား လူသစ်စုဆောင်းမှုမှာ တိုက်ပွဲဖြစ်နေသည်ဟူသော အကြောင်းပြချက် တစ်ခု အဖြစ် ရှိခဲ့သော်လည်း ယခုကဲ့သို့ ငြိမ်းချမ်းရေးယူပြီးနောက်ပိုင်းတွင် လယ်သိမ်းနေသော ရွာသားများကိုပါမချန် အတင်းအဓမ္မ လူသစ်စုဆောင်းနေမှုမှာ မဖြစ်သင့်ဘဲ ဒေသခံများမှာ စပါးရိတ်သိမ်း ရန် အခက်ကြုံနေရကြောင်း သိရှိရပါသည်။

အယ်လ်နော်ဆိုင်း
KDN

ဒီချုပ်နှင့် လမ်းခွဲရှင်းတမ်း



ဒေါ်စုဆီက ဘာကြောင့်ကျွန်တော်ထွက်လာရသလဲ၊ အကြောင်းသုံးချက်ရှိပါတယ်။

တစ်။ ပါတီတွင်းဆက်ဆံရေးအခြေအနေ။

နှစ်။ ဒေါ်စုရဲ့ ထက်အောက်ဝဲယာဆက်ဆံမှု အခြေ အနေ။

သုံး။ ဒေါ်စုရဲ့လူမှုရေးအကြောင်းများ။

ပါတီတွင်းဆက်ဆံရေး


၈၈ အရေးတော်ပုံအပြီးမှာ ကျောင်းသားတွေထဲမှာ အကြမ်းအားဖြင့် လေးစုကွဲသွားတယ်။ ကိုနိုင်အောင် တို့နဲ့ ပါသွားသူများ၊ ကိုမင်းကိုနိုင်တို့နဲ့ ဗကသအဖြစ်ကျန်ခဲ့သူများ၊ ကိုမိုးသီးဇွန်တို့နဲ့ လူ့ဘောင်သစ် ဖြစ်သွားသူများနဲ့ ဒီချုပ်လူငယ်အဖွဲ့မှာပါသူများလို့ ခွဲခြားနိုင်ပါတယ်။ ကျွန်တော်ကတော့တော့ ဒီချုပ်ထဲ ပါတဲ့ အုပ်စုထဲလိုက်သွားပါတယ်။ ဒါကလည်း ဒေါ်စုကို အထင်ကြီးတာရယ်။ မကသ ကလာတာမို့ ဗကသ အောက် ခေါင်းမလျှိုခြင်တာရယ် နှစ်ခုလုံးပါပါတယ်။

ဒီချုပ်ကို သိတဲ့အတိုင်း အောင်စုတင် လူကြီးသုံးဦးခေါင်းဆောင်ပါတယ်။ စီအီးစီကို အောင်စုတင် အုပ်စု တစ်ခုစီက ၁၄ ဦးနဲ့ ဖွဲ့ပါတယ်။ စီအီးစီအားလုံးကို ခေါင်းဆောင်သုံးဦးကပဲ တိုက်ရိုက်ရွေးပြီးခန့်တာ ပါ။ ဦးအောင်ကြီးထွက်သွားတော့ စီအီးစီဝင်တွေက စုတင်အုပ်စုဝင်တွေပဲကျန်ပါတယ်။ ဒီချုပ် ဗဟိုကို ဖွဲ့ပြီးတော့ ပြည်နယ်၊ တိုင်းစည်းတွေ၊ မြို့နယ်စည်းတွေဆက်ဖွဲ့ပါတယ်။ ဒါတွေအားလုံး ဗဟိုဦးစီးစနစ် နဲ့ ခန့်အပ်ခဲ့တာပါ။ ဒီချုပ်အောက်ခြေအဖွဲ့ဝင်များအနေနဲ့ ပြောခွင့်မရှိပါ။ ပြောဖို့ကြိုးစားသူများရှိရင်လည်း ဒီအချိန်က စစ်တပ်နဲ့ တိုက်ပွဲပြင်းထန်နေတဲ့အချိန်၊ ရွေးကောက်ပွဲအတွက်လည်း ပြင်ရမယ်။ အခြေအနေ တည်ငြိမ်မှ ပြန်ရွေးကြတာပေါ့ဆိုပြီး ခေါင်းဆောင်များက ပြောခဲ့ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်ရွေးတော့လည်း စီအီးစီနဲ့ တိုင်းစည်းတွေညှိပြီးရွေးခဲ့တာပါ။ မဆလ ခေတ်က ပါတီကချပေးတဲ့ကိုယ်စားလှယ်ကို ထောက်ခံရသလိုပဲ ကျွန်တော်တို့ စီအီးစီက ချပေးတာကို ထောက်ခံခဲ့ရ တာပါ။

ဒီလိုနဲ့ ဒေါ်စုအထိန်းသိမ်းခံရတော့လည်း ဒေါ်စုမရှိသေးခင် ဒီလိုပဲထိန်းထားဦး ဒေါ်စု ထွက်လာမှ လုပ်ကြ တာပေါ့နဲ့ပဲ အချိန်ကုန်ခဲ့တာပါ။ ၁၉၉၅ မှာ ဒေါ်စုထွက်လာတော့လည်း ခြံဝမှာ ဟောပြောပွဲလုပ် တာ၊ သတင်းစာရှင်းလင်းပွဲလုပ်တာ။ စီအာရ်ပီပီဖွဲ့တာနဲ့ပဲ အချိန်ကုန်ပြီး ၂၀၀၁ ခုနှစ်အထိရောက်ခဲ့ပါ တယ်။

ပါတီအဖွဲ့အစည်းတွေကို ပြင်ဖွဲ့တာ၊ ပါတီတွင်းဒီမိုကရေစီရှင်သန်အောင်လုပ်တာတွေ လုပ်ရမယ့် အစား တိုက်ပွဲတွေဖော်ပြီး ပါတီထုကို ဆွဲဆောင်ထားဖို့ပဲလုပ်ခဲ့တာပါ။

ပါတီတွင်းဒီမိုကရေစီရှင်သန် အောင်တောင်မလုပ်နိုင်ဘဲနဲ့ နိုင်ငံကို ဒီမိုကရေစီပန်းတိုင်ပို့နိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ဒါဟာ ဒီချုပ်အပေါ် စိတ်ကုန်ရတဲ့ အကြောင်းတစ်ချက်ပါ။

ဒေါ်စုရဲ့ထက်အောက်ဝဲယာဆက်ဆံမှုအခြေအနေ

ဒေါ်စုရဲ့ ပညာအရည်အချင်း၊ အင်္ဂလိပ်စကားကို ကျွမ်းကျင်စွာပြောနိုင်မှု၊ အဟောအပြောကောင်းမှု နဲ့ နိုင်ငံတကာ ဗဟုသုတကြွယ်ဝမှုတို့ကို မျိုးချစ်တွေထဲမှာရော၊ တတ်သိတွေထဲမှာရော၊ အခြားပါတီက ခေါင်းဆောင်တွေထဲမှာရော ဘယ်သူမှ မယှဉ်နိုင်တာ။ မဆလ တံခါးပိတ်ခေတ်မှာ လူဖြစ်ရတဲ့ ကျွန်တော် တို့ကတော့ ဝေးရော။ ဒါပေမယ့် ဒေါ်စုက ကျန်တဲ့ခေါင်းဆောင်တွေမှာ မြန်မာ့နိုင်ငံရေးနယ်ပယ်က သင်ခန်းစာတွေ အတွေ့အကြုံတွေအများကြီးရှိတယ်ဆိုတာ မေ့နေခဲ့တယ်။ ဒါ့ကြောင့် ကျန်တဲ့လူတွေ အပေါ် အထင်သေးတဲ့စိတ်နဲ့ ကြည့်တာ၊ ပြောတာတွေကို တွေ့လာရပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းလည်း ဒေါ်စုကြည်ထက်ငယ်တဲ့အချိန်မှာ ဖဆပလကို ခေါင်းဆောင်ခဲ့တာပါ။ ဒါပေမယ့် ဗိုလ်ချုပ်က ကျောင်းသားသမဂ္ဂ၊ ဗမာပြည်ကွန်မြူနစ်ပါတီ၊ တို့ဗမာအစည်းအရုံး၊ ဗမာ့ထွက်ရပ် ဂိုဏ်း စတာတွေမှာ ခေါင်းဆောင်နေရာတွေယူခဲ့သလို့ ဗမာ့တပ်မတော်မှာလည်း ဦးစီးချုပ်လုပ်ခဲ့ပြီးမှ ဖဆ ပလ ခေါင်းဆောင်ဖြစ်ခဲ့တာပါ။ ဒါ့ကြောင့်လည်း ဦးဘဖေ၊ ဦးရာဇတ်၊ သခင်မြ၊ ပျော်ဘွယ်ဦးမြ၊ ဦးဘဂျမ်း စတဲ့ ၀ါရင့်နိုင်ငံရေးသမားကြီးတွေကို အလေးထားနေရာပေးပြီး ခေါင်းဆောင်မှုယူခဲ့တာတွေ့ရမှာပါ။

ဒေါ်စုကြည်ကတော့ ဗိုလ်ချုပ်ရဲ့ လုပ်ဖော်ကိုင်ဖက် မျိုးချစ်အဖိုးကြီးတွေကိုယ်တောင် အန်ကယ် ခေါ်ပြီး ပယ်ပယ်နယ်နယ်တွယ်ပါတယ်။ အဖိုးကြီးတွေခင်ဗျာ မစုရေ အန်ကယ်တို့ကလေနဲ့ ပြာနေအောင် ကြောက်ရပါတယ်။ တတ်သိတွေကိုလည်း ဘာတတ်သိပညာရှင်လည်း ဘာညာနဲ့အုပ်တာပါဘဲ။

ဒေါ်စု တန်းတူဆက်ဆံတာနှစ်ယောက်တော့ ရှိပါတယ်။ ဦးဝင်းတင်နဲ့ ဗိုလ်ကြီးဟောင်းဝင်းထိန်ပါ။ ဒါ့ကြောင့်လည်း မိုးသီးဇွန်က သူ့စာတမ်းမှာ ဒီချုပ် စီအီးစီတွေဟာ ကပ္ပိယကြီးတွေလိုပဲ ကျောင်းထိုင် ဆရာတော် ဒေါ်စုမသိရင် ဘာမှမလုပ်ရဲဘူးလို့ ရေးခဲ့တာပါ။

ပါတီတွင်းမှာ ဒီလို ဆက်ဆံသလို မိတ်ဖက်ပါတီများနဲ့လည်း ဒီလိုပါဘဲ။ ဦးနုနဲ့ ၀ိဓူရသခင် ချစ်မောင်လို အစဉ်အလာကြီးတဲ့သူတွေကိုတောင် ၁၅၈ ပါတီညီညွတ်ရေးနဲ့ ပတ်သက်ပြီး တန်းတူ ပူးပေါင်းလို့မရ၊ ဒီချုပ် ခေါင်းဆောင်မှုကို ခံရင်ရမယ်လို့ပြောခဲ့သူပါ။

အစိုးရနဲ့တွေ့ဆုံဆွေးနွေးဖို့အတွက် ပါတီကိုယ်စားလှယ်တွေပါတဲ့ အဖွဲ့တစ်ဖွဲ့ ဖွဲ့ဖို့ အဆိုပြုတော့ ကျွန်မ တစ်ယောက်ဆိုရင်ရပြီ၊ အန်ကယ်တို့ ကျွန်မကို ကိုယ်စားလှယ်လွှဲကြောင်းသာလက်မှတ်ထိုးပါလို့ ပြောထွက်တဲ့သူပါ။ ကျွန်တော်တို့လို လူငယ်အဖွဲ့များကိုတော့ လုံခြုံရေးအဆင့်ထက်ပိုပြီး သဘောထားတာ မတွေ့ရပါ။

ဒေါ်စုဒဏ်ကို နိုင်ငံခြားသံအမတ်တွေလည်းခံရဖူးပါတယ်။ ၁၉၉၆ မှာ အာဆီယံကို မြန်မာက ၀င်မယ်ဆိုတော့ ဒေါ်စု ပြင်းပြင်းထန်ထန်ကန့်ကွက်ပါတယ်။ အဲဒီအချိန်မှာ ဂျပန်ဝန်ကြီးချုပ်က စင်္ကာပူ ရောက်တုံး မြန်မာကို လက်ခံမယ့် အာဆီယံရဲ့သဘောထားကို လက်ခံတဲ့အကြောင်း သတင်းထောက်တွေ ကို ပြောလိုက်တယ်။ ဒီသတင်းကို ကြားတော့ ဒေါ်စုက ဂျပန်သံအမတ် ယိုချီယာမာဂူချီကို ဖုန်းဆက်ခေါ် ပါတယ်။ ဂျပန်သံအမတ်ရောက်လာတော့ အိမ်ထဲအ၀င်မခံဘဲ ခြံထဲက အခမ်းအနားတွေလုပ်တဲ့ တဲထဲမှာ ထိုင်ခိုင်းပြီး ဒေါ်စုက ထိုင်လိုက် လမ်းလျှောက်လိုက်နဲ့ တစ်နာရီလောက်ကြိမ်းမောင်းပြီးပြန်လွှတ်လိုက် တယ်။ ဂျပန်သံအမတ်က အဲဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး ဂျပန်အစိုးရဆီကို အစီရင်ခံတော့ ဒေါ်စုကို အလွန်မောက်မာတဲ့သူလို့ သုံးသပ်ခဲ့တယ်လို့ဆိုပါတယ်။

ခေါင်းဆောင်တစ်ယောက်ဟာ မိမိအခြေခံမူတွေပေါ်မှာ ခိုင်ခိုင်မာမာရပ်တည်ရမယ်ဆိုတာ လက်ခံ ပါတယ်။ ဒါပေမယ့် ခိုင်ခိုင်မာမာရပ်တည်တာနဲ့ ခေါင်းမာတာ၊ မိမိကိုယ်မိမိ ယုံကြည်မှုရှိတာနဲ့ မောက်မာ တာ ကွာခြားတယ်လို့တော့ထင်ပါတယ်။ ဒါတွေကိုမြင်တာများလာတော့ ဒေါ်စုရဲ့ ခေါင်းဆောင်မှု အရည် အချင်းအပေါ် သံသယ၀င်လာတာအမှန်ပါဘဲ။

လူမှုရေးအကြောင်းများ

၁၉၈၈ နိုဝင်ဘာကနေ စစ်တပ်က ဒေါ်စုခြံကို ၀င်ရှင်းတဲ့ ၈၉ ဇူလိုင် ၂၀ အထိ ခြံထဲမှာနေခဲ့ဖူးပါ တယ်။ ထို့အတူ ၁၉၉၆ ကနေ ၂၀၀၁ အထိနေခဲ့ပါတယ်။ ဒေါ်စုက လူငယ်အဖွဲ့ဝင်အမျိုးသမီးများကို ညဖက်ဆိုရင် အပေါ်ထပ်မှာခေါ်ပြီး စကားပြောပါတယ်။ နောက်တော့ Safe Sex ဆိုပြီး စကားဝိုင်းဖွဲ့ ပါတယ်။ ပထမတော့ HIV ကာကွယ်ရေးအတွက် ပြောရင်းနဲ့ နောက်တော့ ကင်းဆေးအစီရင်ခံစာတို့ လေဒီချတ်ဒလီလပ်ဗ်ဗာ စာအုပ်အကြောင်းတွေလှည့်သွားပါတယ်။ ကင်းဆေးအစီရင်ခံစာဆိုတာက အမေရိကန်အမျိုးသား၊ အမျိုးသမီးတွေရဲ့ Sex Life ကို သုတေသနပြုပြီး ဘယ်လိုဆက်ဆံရမယ်။ ဘယ်နည်းကကောင်းတယ် စသည်ဖြင့် တစ်တစ်ခွခွပြောထားတဲ့စာတမ်းပါ။ အဲဒီလိုဆွေးနွေးတာက ဒေါ်စု နှစ်နှစ်ဆယ်ကျော်နေခဲ့တဲ့ အနောက်နိုင်ငံတွေမှာတော့ မဆန်းပေမယ့် ဒီမှာတော့ဆန်းပါတယ်။ အကျိုး ဆက်ကတော့ ခြံထဲက လူငယ်တွေကြားမှာ ဇာတ်လမ်းတွေရှုတ်လာတာပါဘဲ။ ဒေါ်စုက ဒါတွေကို တင်းတင်းကျပ်ကျပ် စည်းကမ်းထိန်းဖို့မလုပ်ခဲ့ပါဘူး။ ဒီဖြစ်စဉ်တွေကို ကိုညိုအုန်းမြင့်တို့ ၀င်းဝင်းမာတို့ သိပါတယ်။ အချင်းချင်း စုမိရင်လည်းဆွေးနွေးဖူးပါတယ်။ ဘယ်သူမှတော့ ဒေါ်စုကို မဝေဖန်ရဲခဲ့ပါ။

နောက်တစ်ခုက ဒေါ်စုနဲ့ ဒီချုပ်လွှတ်တော်ကိုယ်စားလှယ် ဒေးဗစ်လှမြင့်တို့ရဲ့ မူမမှန်တဲ့ ဆက်ဆံမှု ပါဘဲ။ ဒါကို ဒီချုပ်ခေါင်းဆောင်ပိုင်းရော၊ ခြံထဲက လူငယ်တွေရော ရိပ်မိပါတယ်။ ဦးအောင်ရွှေတားတော့ ဒေါ်စုက အန်ကယ်တို့အသိအမြင်တွေနဲ့ တိုင်းတာမနေပါနဲ့ ။ West မှာ ဒါဟာ Normal Relationship ပါ၊ ကျွန်မဘာလုပ်နေတယ်ဆိုတာ ကျွန်မသိပါတယ်လို့ ဆိုခဲ့ပါတယ်။ ဦးအောင်ရွှေလည်း သံအမတ်နဲ့ နိုင်ငံခြားမှာ နှစ်ပေါင်းများစွာနေခဲ့တာပါ။ ဒေါ်စုပြောတဲ့ Normal Relationship ကို သူဘယ်လိုသဘော ပေါက်လဲတော့ မသိဘူး။ နောက်ထပ်ပြောတာမကြားရတော့ပါ။

ကျွန်တော်ကတော့ ရှေးဆန်တယ်ပဲဆိုဆို၊ ကိုယ့်ခေါင်းဆောင်ကို စံပြ Role Model အဖြစ် မြင်ခြင် ပါတယ်။ ဗြိတိသျှ နန်းရေးဝန် (၀န်ကြီးချုပ်) လွို့က်ဂျော့အကြောင်းရေးတဲ့ စာအုပ်မှာ လွိုက်ဂျော့ကို မကြိုက်တဲ့ ရန်သူတွေကတောင် သူ့ကိုယ်ကျင့်သိက္ခာကို လေးစားကြတယ်။ ဒါနဲ့ပတ်သက်လို့ ဘယ်သူမှ သံသယမရှိဘူးလို့ ရေးထားပါတယ်။ ဒီလို ခေါင်းဆောင်ကို လိုချင်ပါတယ်။ မူဝါဒတစ်ခု မှားတယ်၊ မှန် တယ်ဆိုတာကတော့ အမြင်အမျိုးမျိုးရှိနိုင်ပေမယ့် ကိုယ်ကျင့်သိက္ခာနဲ့ပတ်သက်ရင်တော့ စံတစ်ခုပဲ ရှိ ရမယ်ထင်ပါတယ်။ ဒါဟာ ဒေါ်စုဆီကနေ ဒီချုပ်ကနေ ထွက်လာခဲ့တဲ့နောက်ဆုံးအကြောင်းပါဘဲ။

ဒေါ်စုခေါင်းဆောင်မှုအပေါ် ဘ၀င်မကျတာ ကျွန်တော်တို့အငယ်တွေသာမဟုတ်ပါဘူး။ တတ်သိ အုပ်စုတွေ ထဲကလည်းရှိပါတယ်။ မျိုးချစ်တွေကတော့ ဦးနေ၀င်းအောက်မှာ အသားကျခဲ့တော့ ဒီလို ခေါင်းဆောင်မှုမျိုး၊ ပါတီတွင်း ဒီမိုကရေစီမရှိတာမျိုးကို နေတတ်နေပြီထင်ပါတယ်။ သိတ်ပြောတာမတွေ့ ရပါ။

၈၉ မတ်လထဲမှာ ဆရာမောင်ကိုယုကို ကျွန်တော်တို့ လူငယ်တစ်ချို့က ဆွေးနွေးဖူးပါတယ်။ ဆရာကတော့ ငါတို့ကျားမြီးဆွဲမိထားပြီလို့ ပြောခဲ့တာမှတ်မိပါတယ်။ တကယ်လည်း ဒေါ်စုအပေါ် Personal Cult သဘောမျိုးဖြစ်လာတော့ ဒေါ်စုမရှိရင် ဒီချုပ်မရှိ၊ ဒေါ်စုမရှိရင် ဒီမိုကရေစီလှုပ်ရှားမှုမရှိ၊ ဒေါ်စုသာစစ်တပ်ကို အကောင်းဆုံး တန်ပြန်နိုင်မယ်သူ ဆိုတာမျိုးဖြစ်လာပါတယ်။ ဒါ့ကြောင့် ဒေါ်စုကို ဝေဖန်ရင် တန်ပြန် တော်လှန်ရေးသမား တံဆိပ်ကပ်ခံရမှာ သေချာနေတော့ ဘယ်သူကမှ ပါးစပ်မဟရဲ ပါဘူး။ မကြိုက်ရင် အကြောင်းတစ်ခုရှာပြီး ဘေးထွက်ထိုင်တာပဲလုပ်ရဲပါတယ်။ တတ်သိမှာ အတက်ကြွ ဆုံး လှုပ်ရှားခဲ့တဲ့ ဆရာမောင်ဝံသ၊ ဒေါ်မြင့်မြင့်ခင်၊ ဆရာမောင်စူးစမ်း၊ မသိင်္ဂီ င်္တို့အုပ်စုတွေ ဒီချုပ်ကနေ ဘေးထွက် ထိုင်နေ တာ တွေဟာ ဒီအကြောင်းတွေကြောင့်ပါဘဲ။

ကျွန်တော်တို့အနေနဲ့ ကိုယ်ပြောတာ မှန်တယ်လို့မဆိုလိုပါ။ သို့သော် ပါတီအတွင်းမှာ မိမိ သဘော ထားကို တင်ပြခွင့်ရှိရမယ်။ ဗဟိုကော်မတီ၊ စီအီးစီဆိုတာတွေဟာ အောက်ခြေကနေ အဆင့်ဆင့် တင်မြှောက်ရွေးတာဖြစ်ရမယ်။ ပါတီရဲ့မူဝါဒတွေကို ဒီလို ဗဟိုအဖွဲ့အစည်းတွေမှာ ဆွေးနွေးဆုံးဖြတ်ရမယ် လို့ ယုံကြည်ပါတယ်။

အခုတော့ အရေးပါတဲ့ဆုံးဖြတ်ချက်တွေကို ဒေါ်စုက စီအီးစီကို အသိပေး၊ စီအီးစီက အတည်ပြု လုပ်လာပါတယ်။ တစ်ခါတစ်လေ စီအီးစီအဖွဲ့ဝင်အားလုံးတောင် အစည်းအဝေးမတက်ရတာမျိုးရှိပါတယ်။ အမျိုးသားညီလာခံကနေ ဒီချုပ်ကိုယ်စားလှယ်တွေ ထွက်ခိုင်းတဲ့ အရေးကြီးတဲ့ဆုံးဖြတ်ချက်ကို ဒေါ်စုတစ် ဦးတည်းဆုံးဖြတ်ပြီး ဦးအောင်ရွှေနဲ့ကိုယ်စားလှယ်တွေကို ခေါ်ပြောခဲ့တာပါ။ တကယ်တော့ ဒီဆုံးဖြတ် ချက်မျိုးဟာ ပါတီမူဝါဒရဲ့ အလှည့်အပြောင်းဆုံးဖြတ်ချက်ပါ။ ဗဟိုကော်မတီ အစည်းအဝေးမျိုးမှာ ဆုံးဖြတ်ရမယ့်ကိစ္စပါ။

ဦးတင်ထွန်းမောင်တို့ ခုနှစ်ယောက်က ဗဟိုကော်မတီမှာ ဆုံးဖြတ်ဖို့ပြောတော့ ကျွန်မဆုံးဖြတ်ပြီးပြီ၊ ဒါအတည်ပဲ၊ ကျွန်မခေါင်းဆောင်မှုကို မယုံကြည်ရင် ကျွန်မအဖွဲ့ချုပ်က ထွက်မယ် ဆိုပြီး အကြပ်ကိုင်ခဲ့ပါတယ်။ ဦးတင်ထွန်းမောင်တို့က စာတမ်းတင်တော့ အဖွဲ့ချုပ်က ထုတ်ပယ်ခဲ့ပါတယ်။ ဒီလို လွှတ်တော်ကိုယ်စားလှယ်တွေကို အဖွဲ့ချုပ်က ထုတ်တဲ့ကိစ္စမျိုးဆိုတာ ဗဟိုကော်မတီ ဒါမှမဟုတ် ဗဟိုကော်မတီက အာဏာလွှဲထားတဲ့အဖွဲ့က ဆုံးဖြတ်၊ ဗဟိုကော်မတီကို အတည်ပြုချက်တောင်း ဒီလို လုပ်ရမှာပါ။ အခုတော့ ကျွန်တော်တို့အဖွဲ့ချုပ်ဟာလည်း မဆလလို ဗဟိုဦးစီးစနစ်နဲ့ တစ်ဦး တစ်ယောက် ကောင်း ၀ါဒကျင့်သုံးလာတာကို စိတ်မချမ်းမြေ့ဖွယ်ရာ တွေ့ခဲ့ရပါတယ်။ ဒီမိုကရေစီ ရေချိန်အရ ဒီလို ဦးဆောင်မှုကိုလည်း လက်မခံနိုင်ပါ။ ဒါ့ကြောင့်လမ်းခွဲပါတယ်။

ဒီမိုကရေစီကိုတော့ ယုံကြည်ဆဲပါ။ ဒါပေမယ့် ဒီလူနဲ့ ဒီပါတီနဲ့ ဒီမိုကရေစီရနိုင်မယ်လို့ မထင်ပါ ဘူး၊ အခုရေးတာက အကျဉ်းသာဖြစ်ပါတယ်။ ဒေါ်စုနဲ့ မိခင်ဒေါ်ခင်ကြည် ဆက်ဆံရေး၊ ဒေါ်စုနဲ့ ဦးအောင် ဆန်းဦး ဆက်ဆံရေး၊ ဒေါ်စုနဲ့ ခြံထဲမှာအတူနေတဲ့ ဒေါ်ခင်ကြီး (သခင်သန်းထွန်းဇနီး၊ ဒေါ်ခင်ကြည်အမ) မိသားစု ဆက်ဆံရေးတွေကိုကြည့်ရင် မိသားစုပြသနာတွေကိုတောင် စေ့စပ် အဖြေမရှာနိုင်တဲ့သူက အမျိုး သားရင်ကြားစေ့ရေးကို လုပ်နိုင်မယ်လို့ ယုံကြည်ရန်ခက်ပါတယ်။

ဒီချုပ်ကနေထွက်လာခဲ့တာ မှန်တယ်၊ မှားတယ် မပြောလိုပါ။ ဘာကြောင့်ထွက်ခဲ့တယ်ဆိုတာကို ပြောပြခြင်း သာဖြစ်ပါတယ်။ တိုင်းပြည် ပြင်ပရောက်နေတာမို့ ဒီချုပ်မှာ နေရာယူခြင်လို့ ၊ နအဖဆီက ပေးစာကမ်းစာ စားခြင်လို့ ဆိုတဲ့အကြောင်းများမရှိပါ။ ဒါပေမယ့် ဘလော့ဂ်တွေပေါ်မှာ ဘုန်းတော်ဖွဲ့တွေ ဖတ်နေရလို့ တကယ်သိကြရဲ့လားဆိုတာ သိချင်လို့ရေးပြတာပါ။

ကျွန်တော်ပြောတဲ့အကြောင်းတွေကို သိပြီးသား၊ ဒီလိုခေါင်းဆောင်ပဲ ကြိုက်တယ်ဆိုရင် ပြောရန် မရှိပါ။ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်ပါဘဲ။ ဘာမှမသိဘဲ သူများယောင်လို့ လိုက်ယောင်နေရသူများရှိရင် ဖတ်ကြည့်ပြီး ဒီအကြောင်းအရာတွေမှန်မမှန် ဆန်းစစ်နိုင်ဖို့ရည်ရွယ်ပါတယ်။ ကိုယ်ရေးကိုယ်တာ၊ ပုဂ္ဂိုလ် ရေးတွေပြောနေတယ်လို့မထင်စေခြင်ပါ။ ဒီမိုကရေစီစနစ်မှာ ခေါင်းဆောင်လုပ်သူများဟာ ပြည်သူများ ရော၊ မီဒီယာများရောရဲ့ ဝေဖန်စူးစမ်းမှုကို ခံနိုင်ရပါမယ်။ မှတ်ကျောက်အတင်ခံနိုင်ရပါမယ်။

အမေရိကန် မှာ အခုသမ္မတလောင်းရွေးပွဲအတွက် ပြိုင်ဆိုင်မှုတွေစနေပါပြီ။ သမ္မတလောင်းတွေရဲ့ မူဝါဒ များသာမက အကျင့်စာရိတ္ထ၊ အကျင့်စရိုက်၊ အပြုအမူများကိုပါ ဘက်စုံကဝေဖန် ဆန်းစစ်နေတာတွေကို ဖတ်ရ၊ ကြည့်ရ ပါတယ်။ ပြည်သူတွေက သူတို့ကို ခေါင်းဆောင်မယ့်လူရဲ့အကြောင်းကို ဂဃနဏ သိခွင့်ရှိပါတယ်။ ကောင်း တာလေးတွေပဲဖော်ပြ၊ ကောင်းတယ်လို့ထင်အောင် ပုံဖော်ပေးတာတွေက တစ်ပါတီအာဏာရှင်စနစ်ရဲ့ အမူအကျင့်ဖြစ်ပါတယ်။ ဒ့ါကြောင့် ကျွန်တော်တို့ဟာ ကိုယ့်ကို ခေါင်းဆောင်မယ်လူက ဘာလဲ၊ ဘယ်လဲ ဆိုတာက သိအောင်လုပ်ပြီးမှ ဆုံးဖြတ်ဖို့လိုပါတယ်။ အခုရေးပြ ရတာက ဒီရည်ရွယ်ချက်ပါဘဲ၊ ဘလော့ဂ်သာ မပေါ်ခဲ့ရင် အစိုးရလူ၊ တန်ပြန်တော်လှန်ရေးသမားဆိုပြီး နှိပ်ကွပ်ခံရမှာမို့ စာမျက်နှာပေါ်မှာ မရေးရဲဖူး ဆိုတာ ၀န်ခံပါတယ်။