Thursday, December 5, 2013

မဟာဓမ္မာစရိယ ဆရာတော်မှ ဒေါ်အောင်ဆန်းစုကြည်သို့ အိတ်ဖွင့်ပေးစာ



၂၀၁၅ ခုနှစ်မှာ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သမ္မတဖြစ်ချင်တယ်လို့ ပြောလိုက်ပါပြီ။ အရင်အခြေအနေအတိုင်းဆို သူမ သမ္မတဖြစ်မှာကို အားလုံးကလိုလားနေကြတာပါ။ ဒီအထဲမှာ ရဟန်းသံဃာတွေလဲ ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် အခုအခြေအနေတွေက ပြောင်းလဲသွား ပါပြီ။ သူမ သမ္မတဖြစ်မယ် မဖြစ်ဘူးဆိုတာကိုတော့ သံဃာတော်တစ်ပါးအနေနဲ့ ဘာမှမပြောတတ် ပါဘူး။ ဒါပေမယ့် အခုအချိန်မှာ သံဃာတော်တွေ ဘာကိုတွေးနေမလဲဆိုတာတော့ ဒေါ်အောင်ဆန်း စုကြည်နဲ့ NLD ကို သိစေချင်ပါတယ်။


အမှန်တကယ် သံဃာတော်တွေ တွေးနေတာ ကတော့ ၂၀၁၅ ခုနှစ်မှာ ဒေါ်အောင်ဆန်း စုကြည်မဲနိုင်လို့ အာဏာရပြီး သမ္မတဖြစ်လာခဲ့ရင် သံဃာတွေနဲ့ ဗုဒ္ဓဘာသာရဲ့အခြေအနေ ဘယ်လို ရှိမလဲဆိုတာပါပဲ။ တကယ်ဆို ဒီအတွေးကို စတွေးဖြစ်ခဲ့ကြတာလည်း မကြာသေးပါဘူး။ အရင်တုန်း ကတော့ သံဃာတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို အကြွင်းမဲ့ ထောက်ခံသူတွေပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အတွက် သံဃာတော်တွေ အသက်ပေးခဲ့ကြတယ် ဆိုတာရွှေဝါရောင် တော်လှန်ရေးက သာဓကပါ။ ဒါပေမယ့် အခုအချိန်မှာတော့ သံဃာတော်တွေနဲ့ ဒေါ်အောင်ဆန်း စုကြည်ဦးဆောင်တဲ့ NLD ပါတီဟာ ပြဒါးတစ်လမ်း၊ သံတစ်လမ်းဖြစ်မှန်း မသိဖြစ်လာ နေပါပြီ။ ဒါတွေ ဖြစ်တာ ဘယ်သူ့ကြောင့်ပါလဲ။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဒေါ်အောင်ဆန်းစုကြည် ကြောင့်ပါ။

ဆရာတော် ဦးဝိစိတ္တာဘိဝံသ(၀ီရသူ)က ခွပ်ဒေါင်းကနေ မွတ်ဒေါင်းဖြစ်သွားပြီးလို့ တရား ဟောလိုက်တဲ့ အချိန်မှာ အစ္စလာမ်နဲ့ မွတ်ဆလင်တွေ လွှမ်းမိုးနေတဲ့ မိမိတို့ပါတီကို မပြုပြင်ဘဲ NLD ပါတီဝင်တွေဟာ ဦးဝီရသူကို ရန်သူကြီးတစ်ယောက်လို အဆက်မပြတ် တိုက်ခိုက်တော့တာ ပါပဲ။ ဒီတိုက်ခိုက်မှုဟာ နောက်ပိုင်းကြတော့ သံဃာတော်အားလုံးကို တိုက်ခိုက်တဲ့ပုံစံမျိုးအသွင် ဆောင်ပြီး NLD ပါတီဝင်တွေက သံဃာတော်တွေရဲ့ ဂုဏ်ကျေးဇူးမဲ့ကို ဗုဒ္ဓဘာသာတစ်ယောက်နဲ့ မတူလောက်အောင်ကို သံဃာတော်တွေ အပေါ်ကို တိုက်ခိုက်လာခဲ့ပါတယ်။ ဒီအချိန်မှာ သံဃာထု ဘက်က မနေနိုင်တော့လို့ ပြည်တွင်းပြည်ပ မှာရှိတဲ့ သံဃာတော်တွေပါ NLD နဲ့ တိုက်တဲ့တိုက်ပွဲမှာ ပါဝင်လာခဲ့ကြတာပါ။

ဒီတိုက်ပွဲကို အရှိန်မြှင့်တင်ပေးလိုက်တာကတော့ “အမျိုးစောင့်ဥပဒေကိစ္စပါ”။ မှော်ဘီ သံဃာ့အစည်းအဝေး မှာ ဦးဝီရသူက “အမျိုးစောင့်ဥပဒေ” တင်သွင်းတယ်လို့ မီဒီယာတွေမှာ ဖော်ပြပြီ။ အမျိုးသမီးတွေရဲ့ ထင်မြင်ချက်(Opinion)ကို မီဒီယာတွေက မေးမြန်းကြတဲ့အခါ ဒေါ်ဇီးကွက်၊ ဒေါ်ဇင်မာအောင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့က တညီတညွတ်တည်း ကန့်ကွက်ခဲ့ ကြသည်။ “လူ့အခွင့်အရေးချိုးဖောက်တယ်” လို့ ပြောခဲ့ကြတာပါ။ ဒီတစ်ခါမှာတော့ နှစ်ဖက်(Online) တိုက်ခိုက်မှုတွေ ပိုမိုပြင်းထန်လာခဲ့သည်။ NLD က ခွန်ဒီယမ်ခေါ် မေဇင်အေးရဲ့ ဗုဒ္ဓဘာသာအပေါ် တိုက်ခိုက်မှုတွေက ဗုဒ္ဓဘာသာအတွက် လက်ခံနိုင်စရာ အဆင့်ကို ကျော်လွန်ခဲ့ပါတယ်။

တစ်ချိန်ထဲမှာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ မေဇင်အေးတို့ နှစ်ယောက်အတူ တွဲရိုက်ထားတဲ့ ပုံတွေ အင်တာနက်မှာ ပျံ့နှံ့လာတဲ့အခါမှာတော့ NLD က ဗုဒ္ဓဘာသာနဲ့ သံဃာတော်တွေကို ရှုတ်ချ အပုတ်ချတဲ့ နေရာမှာ ဒေါ်အောင်ဆန်းစုကြည်ကပါ အလိုတူအလိုပါ လုပ်ခဲ့တယ်လို့ သံဃာတော် တွေက ယုံကြည်လာ ကြပါတယ်။ အဲဒီမှာပဲ သံဃာတော်တွေက သူတို့ဗုဒ္ဓဘာသာရဲ့အနာဂတ်ကို စတင်စဉ်းစားလာခဲ့ကြတာပါ။ အကယ်၍ ၂၀၁၅ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရင် သံဃာတော်တွေနဲ့ ဗုဒ္ဓဘာသာ အတွက်ဘယ်လောက်အာမခံချက်ရှိနိုင်မလဲဆိုတာကိုဒေါ်အောင်ဆန်း စုကြည်ကို မေးချင်တာပါ။ အဲဒီလို ဘာလို့မေးရတာလဲဆိုရင်…။ ယနေ့အချိန်ထိ ဒေါ်အောင်ဆန်း စုကြည်က သံဃာတော်တွေနဲ့ဗုဒ္ဓဘာသာကို အကာအကွယ်ပေးတဲ့စကား လုံးဝ မပြောသေးပါဘူး။ ဒါပေမယ့် မွတ်ဆလင်နဲ့အစ္စလာမ်ကို အကာအကွယ် ပေးတဲ့စကားကိုသွယ်ဝိုက်ပြီး ပြောဆိုနေ တယ်လို့ သံတော်တွေက ယူဆနေကြတာပါ။

ဒီအယူအဆဟာ Time မဂ္ဂဇင်းက ဦးဝီရသူအပါအ၀င် သံဃာတော်တွေနဲ့ မြန်မာဗုဒ္ဓ ဘာသာတွေကို The Face of Buddish Terror ဆိုတဲ့ မျက်နှာဖုံးဆောင်းပါး ပါလာချိန်မှာပိုပြီးတော့ ခိုင်မာစေခဲ့ပါတယ်။ ဒီ The Face of Buddish Terror ဆောင်းပါးနဲ့ပတ်သက်ပြီးသမ္မတရုံးအပါအ၀င် မြန်မာမီဒီယာအများစုက Time မဂ္ဂဇင်းကို ကန့်ကွက်နေချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ဗုဒ္ဓဘာသာဝင်အမည်ခံထားပါလျက် ဗုဒ္ဓဘာသာအတွက် မည်သည့်ကာကွယ်ပြောဆိုမှုတစ်ခုမှမလုပ် ခဲ့တာတွေအပြင် NLD ပါတီဝင်တွေက ထိုင်းမဂ္ဂဇင်းကို ကန့်ကွက်တဲ့ Campain ကိုတောင် ရှုတ်ချ ခဲ့ပါသေးတယ်။ ဗုဒ္ဓဘာသာဘက်ကနေ အကာအကွယ်ပေးဖို့ ပျက်ကွက်ခဲ့တာဟာ ဒေါ်အောင်ဆန်း စုကြည်နဲ့ NLD ပါတီဝင်တွေကို အစ္စလာမ် တွေရဲ့ လွှမ်းမိုးမှုကြောင့်လို့ ယူဆနေကြတာပါ။

ရှင်းရှင်းပြောရလျှင် အာဏာတောင်မရသေးဘူး သံဃာကို အာခံချင်နေပြီ။ အာဏာသာ ရရင် သံဃာ တွေကို ဟာလာလုပ်ပစ်မလားတောင် မသိဘူးလို့ ပြောနေကြပါပြီ။ ဒါက ဘာကိုပြနေ သလဲဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD တွေအပေါ် အစ္စလာမ်တွေရဲ့ လွှမ်းမိုးမှုရှိနေတာကို ပြတာပါပဲ။ ဒါတွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD က ရဟန်းသံဃာတော်တွေနဲ့ ဗုဒ္ဓဘာသာ အပေါ် လျစ်လျူရှုနေတာကို ပြနေတယ်လို့သံဃာတော်တွေက ခံစားနေရပါတယ်။ ဒါ့ပြင် ဒေါ်အောင် စုကြည်ဟာ OIC နဲ့ အဆက်အသွယ်ရှိနေပါတယ်။ OIC ရုံးခွဲ မြန်မာနိုင်ငံမှာ ဖွင့်လှစ်ခွင့် သမ္မတ ဦးသိန်းစိန်လက်ထက်မှာ မရခဲ့ပါဘူး။ ဒါပေမယ့် ၂၀၁၅ ခုနှစ်မှာ OIC ရုံးခွဲဖွင့်လှစ်ခွင့်ကို ဒေါ်အောင် ဆန်းစုကြည်က ကျိန်းသေပေါက် ပေးလိမ့်မယ်လို့ ထင်နေပါတယ်။

Final Communique of the OIC contact Group of Myanmar Muslim Rohingya Minorty ဆိုတဲ့ OIC နောက်ဆုံးကြေညာချက်အပိုင်ရေ(g)မှာ(Muslim Opinion Leaders and NGOs should convey their views to their counterparts in Myanmar, first and fore-most to Ms, Aung San Su Kyi, Chairperson of the National League for Democracy)လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ OIC ပတ်သက်မှုကို အတိအလင်းဖော်ပြထားပါတယ်။ OIC ဆိုတာ မြန်မာ လူမျိုးတွေအတွက် လုံးဝမဟုတ်ပါဘူး။ ဘင်္ဂါလီနဲ့ အစ္စလာမ်အကျိုးစီးပွားသက်သက်မျှသာပါ။

၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို နိုင်ငံတကာအဆင့်နဲ့အညီဖြစ်အောင် ပြင်မယ်လို့ပြော နေတာတွေဟာ သူအကာအကွယ်ပေးနေတဲ့ ဘင်္ဂါလီတွေကိုယ်တိုင်ကတော့ နိုင်ငံတကာအဆင့်နဲ့ ညီအောင် နေနိုင်စွမ်းမရှိဘဲနဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေကိုတော့ နိုင်ငံတကာအဆင့်နဲ့ညီ အောင်ပြင်မယ်ဆိုတော့ သေချာပါတယ်။ ဒီပြင်ဆင်မှုဟာ ဗုဒ္ဓဘာသာအတွက်လည်း မဟုတ်ဘူး။ မြန်မြာ့ပည်သူတွေအတွက်လည်း မဟုတ်ဘူး။ ဘင်္ဂါလီတွေအတွက်သက်သက်၊ အစ္စလာမ်တွေ အတွက် သက်သက်ပဲ။ အာဏာမရသေးတဲ့ အခုလိုအချိန်မျိုးမှာတောင် ဒီဥပဒေကို ပြင်မယ် တကဲကဲလုပ်နေရင် အာဏာသာရသွားလို့ကတော့ ကျိန်းသေပေါက် ပြင်မယ်ဆိုတာ မြေကြီးလက် ခတ်လွဲမလား။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီရဲ့ အဓိကနေရာမှာ အစ္စလာမ်ဘာသာ ၀င်တွေ နေရာယူထားပြီးရုံတင်မကဘဲ ယခုဆိုရင် လွှတ်တော်ထဲမှာ အစ္စလာမ်ဘာသာဝင် အမတ် သုံးဦးရှိပါတယ်။ အကယ်၍ NLD ပါတီကသာ ရွေးကောက်ပွဲမှာ အနိုင်ရသွားရင် အစ္စလာမ် ဘာသာဝင် လွှတ်တော်အမတ် အယောက် ၃၀ လောက် ဖြစ်သွားလိမ့်မယ်လို့ သံဃာတော်တွေက တွက်ထားပါတယ်။ အဲဒီလို တကယ်ဖြစ်ခဲ့ရင် သူတို့အစ္စလာမ်ဘာသာဝင်တွေဟာ ၀န်ကြီးဝန်လေး အမတ်နေရာတွေရလာပြီး ဒေါ်အောင်ဆန်းစုကြည်အားကိုးနဲ့ သခင်အားရ ကျွန်ပါးဝပြီး ဥပဒေ ဘောင်အတွင်းကတစ်မျိုး ဥပဒေပြင်ပကတစ်ဖုံ သံဃာတော်တွေနဲ့ ဗုဒ္ဓဘာသာကို ဒုက္ခပေး လိမ့်မယ်လို့ ယူဆနေကြပါပြီ။ ဒီအယူအဆဟာ အကြောင်းမဲ့ (Groundless)မဟုတ်ဘူးဆိုတာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD တို့က ပိုပြီး သိပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဟာ သံဃာတော်တွေနဲ့ ဗုဒ္ဓဘာသာရဲ့အန္တရာယ် လို့သံဃာတော်တွေနဲ့ ဗုဒ္ဓဘာသာဝင်ပြည်သူတွေက မြင်လာရင်တော့ သူတို့ “ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဝင်တွေကို မဲမပေးနိုင်အောင်၊ မဲမရအောင် သံဃာတော်တွေမက ပြည်သူတွေကပါ လှုပ်ရှားလာပါလိမ့်မယ်”။ ဘာကြောင့်လဲ ဆိုတော့ မြန်မာနိုင်ငံမှာ ခေါင်းဆောင်သမ္မတလုပ်ချင်တဲ့သူဟာ ဘယ်သူပဲဖြစ်ဖြစ် သံဃာတော် တွေနဲ့ ဗုဒ္ဓဘာသာရဲ့အကျိုးစီးပွား တစ်နည်းအားဖြင့် အမျိုးဘာသာ သာသနာရဲ့အကျိုးစီးပွားကို အာမခံချက်ပေးနိုင်မယ့်သူ ဖြစ်ရပါတယ်။ အမျိုးဘာသာ သာသနာအတွက် အာမခံချက်မပေးနိုင်တဲ့ အဘယ်ပုဂ္ဂိုလ်မှ မြန်မာနိုင်ငံမှာ ခေါင်းဆောင်(သမ္မတ) မဖြစ်သင့်ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ရင် သံဃာတော်တွေနဲ့ ဗုဒ္ဓဘာသာရဲ့ အနာဂတ် ဘယ်လို ဖြစ်မယ်ထင်ပါသလဲ…။ ကောင်းတဲ့အနာဂတ်လား မကောင်းတဲ့အနာဂတ်လား…။ တကယ်ဆို သံဃာတော်တွေနဲ့ ဗုဒ္ဓဘာသာပြည်သူတွေလိုချင်တာက ဒီမိုကရေစီဖြစ်ထွန်းပြီး ဗုဒ္ဓဘာသာပြန့် ပွားတဲ့ ဗုဒ္ဓဘာသာ ဒီမိုကရေစီနိုင်ငံတော်ကြီးပါ။ ဒါပေမယ့် ဒီမိုကရေစီခေါင်းဆောင်က အစ္စလာမ် ဘာသာကို မျက်နှာသာပေးတဲ့အခါမှာ ဗုဒ္ဓဘာသာပြည်သူတွေက အစ္စလာမ်လွှမ်းမိုးမယ့် ဒီမိုကရေစီ နိုင်ငံကို သွားရမယ့်အစား ဗုဒ္ဓဘာသာလွှမ်းမိုးတဲ့ အာဏာရှင်နိုင်ငံကို ပြန်သွားမယ်လို့တောင် ပြော နေကြပါပြီ။

ယခုအချိန်မှာ သံဃာတော်တွေနဲ့ ဗုဒ္ဓဘာသာပြည်သူတွေအတွက်တော့ စုပ်လဲဆူး စားလဲရူး (Between the Devil and the Deep Blue Sea) ဖြစ်နေပါပြီ။ အားငယ်စရာတော့ မလို ပါဘူး။အဆုံးအဖြတ်ပေးမှာက ဗုဒ္ဓဘာသာပြည်သူတွေပါ။ ရဟန်းသံဃာတော်တွေကတော့ တိုက်ရိုက် ရွေးချယ်လို့မရပါဘူး။ ပြည်သူတွေမှာသာ တိုက်ရိုက်ရွေးချယ်ခွင့်ရှိတာပါ။ ဒါ့ကြောင့် မိမိတို့ပြည်သူ တွေအနေနဲ့ အရွေးချယ် မမှားဖို့လိုပါတယ်။ ပြည်သူတွေ ရွေးချယ်မှားရင် ပြည်သူတွေတင် ဒုက္ခခံစား ရမှာမဟုတ်ပါဘူး။ ပြည်သူတွေ ကိုးကိုယ်နေတဲ့ သံဃာတော်တွေပါ ဒီဆိုးကျိုးကို ခံစားရမှာပါ။ ဒါ့ကြောင့် ပြည်သူတွေရဲ့ ရွေးချယ်မှုက အရေးကြီးတယ်ဆိုတာ ပြည်သူတွေကိုယ်တိုင် သိထားဖို့ လိုပါတယ်။ အဓိက ကတော့ သံဃာတော်တွေနဲ့ ဗုဒ္ဓဘာသာရဲ့ (တစ်နည်းအားဖြင့်) အမျိုး၊ ဘာသာ၊ သာသနာရဲ့ အကျိုးစီးပွားကို အာမခံနိုင်မည့် ခေါင်းဆောင်(သမ္မတ)ကိုသာ ရွေးချယ်ပါလို့ အလေး အနက်တိုက်တွန်းလိုက်ပါရစေ။

အချုပ်အားဖြင့် ပြောရရင် ….

- ၂၀၁၅ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လို့ OIC ရုံးခွဲ ဖွင့်ခွင့်ပြုမယ်ဆိုရင်

- ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေကို ပြင်ခဲ့မယ်ဆိုရင်

- NLD ပါတီတွင်းမှာရှိတဲ့ မွတ်ဆလင် အစ္စလာမ်တွေကို မဖယ်ထုတ်ခဲ့ဘူးဆိုရင်

- NLD ပါတီကို မွတ်ဆလင်၊ အစ္စလာမ်တွေက ဆက်လက်လွှမ်းမိုးနေမယ်ဆိုရင်

- ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ဘင်္ဂါလီ၊ မွတ်ဆလင်၊ အစ္စလာမ်ဘာသာကို ဆက်လက် အကာ အကွယ်ပေးနေမယ်ဆိုရင်

- ဒေါ်အောင်ဆန်းစုကြည်နှင့် NLD က သံဃာတော်များနှင့် ဗုဒ္ဓဘာသာကို အကာအကွယ် ပေးဖို့ ပျက်ကွက် နေမယ်ဆိုရင်

၂၀၁၅ နောက်ပိုင်း သံဃာတော်များရဲ့ ဘ၀နဲ့ ဗုဒ္ဓဘာသာရဲ့ အနာဂတ်ကတော့ လှပလိမ့် မယ်ဟု မထင်။

အညတြ ဘိက္ခု
(မဟာဓမ္မာစရိယ)

"ဆု" ရဲ့နောက်ကွယ်



ကမ္ဘာပေါ်ရှိမည်သည့်နိုင်ငံမှာမဆို ပြည်သူလူထုက အားကျ စံထားရတဲ့ ခေါင်းဆောင်တွေရှိစမြဲပါ။ အလားတူ မြန်မာ နိုင်ငံမှာလည်း ပြည်သူလူထုကအားကျရတဲ့ ခေါင်းဆောင် တွေရှိကြပါတယ်။ အဲ့ဒီအထဲမှာမှ ပြည်သူကလေးစားပြီး အားကျကြတဲ့ လူထုခေါင်းဆောင်ကို ပြပါဆိုလျှင် ဒေါ်အောင်ဆန်းစုကြည် ဆိုရင် မှားမယ် မထင်ပါဘူး။


ဘာဖြစ်လို့လဲဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ရရှိအောင် တိုက်ပွဲဝင်နေတဲ့ အစိုးရကိုအတိုက်အခံလုပ်နေတဲ့ ခေါင်းဆောင်တစ်ဆိုတာ မြန်မာနိုင်ငံကသာမက ကမ္ဘာ ကလည်းသိတဲ့ ပြည့်သူ့ခေါင်း ဆောင် တစ်ယောက်ဘဲ ဖြစ်ပါတယ်။ ဒါအပြင် ဒေါ်အောင်ဆန်း စုကြည်ဟာ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဖခင်ကြီးရဲ့ သမီး ဖြစ်တာကြောင့် လူသိများခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသမီးတစ်ဦးဖြစ်သော်လည်း မြန်မာနိုင်ငံ၏ဒီမိုကရေစီရေး လှုပ်ရှားမှုတွေ မှာရှေ့ဆုံမှခေါင်းဆောင်ပြီး ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်မှာ မြန်မာနိုင်ငံ၏အတိုက် အခံခေါင်းတစ်ယောက်ဖြစ်ပြီး သူ၏ထင်ပေါ်ကျော်ကြားမှု၊ လူအခွင့်အရေးလှုပ်ရှားမှု ၊ မြန်မာ့ဒီမိုကရေစီ အရေး ဦးဆောင်လှုပ်ရှားမှုများကြောင့် ကမ္ဘာ့နိုင်ငံများက ချီးမြှင့်တဲ့ဆုတံဆိပ်မြောက်များစွာကို ပိုင်ဆိုင်ခဲ့ရ ပါတယ်။ ကမ္ဘာ့နိုင်ငံပေါင်းစုံက ဒေါ်အောင်ဆန်စုကြည်အား ချီးမြင့်တဲ့ဆုများမှာ နိုဗယ်ဆုအပါအ၀င်အခြား လူ့အခွင့် အရေးဆုမျိုးစုံနှင့် ဂုဏ်ထူးဆောင်ဘွဲ့များမှာ ယခုချိန်ထိ ဆုပေါင်း ၁၂၀ ကျော် ချီးမြင့်ခံထားရပြီး ဖြစ်ပါတယ်။ ၎င်းဆုတွေနှင့် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်ခံရသည်မှာ ကာယကံရှင်အတွက် ၀မ်းမြှောက် စ ရာဖြစ်သလို နိုင်ငံအတွက်လည်းဂုဏ်ယူစရာ ဖြစ်ရပါတယ်။ ဒါပေမယ့်လည်း ဒီဆုများ၊ ဂုဏ်ထူးဆောင် ဘွဲ့ များချီးမြှင့်ခံရမှုက စဉ်းစားစရာပါဘဲ။ ဒေါ်အောင်ဆန်းဆုကြည့်အနေဖြင့် ၎င်းဆုတွေချီးမြင့်ခံရမှုမှာ သူမ၏ စွမ်းဆောင်ရည်များကြောင့် ချီးမြှင့်ခံရသလို၊ ဆုချီးမြှင့်တဲ့ နိုင်ငံတွေကလည်း သူမနဲ့မြန်မာနိုင်ငံ အပေါ် အခြားမျှော်လင့်ချက် တွေရှိနေလိမ်မယ်လို့ထင်မိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ရရှိခဲ့တဲ့ဆုတွေထဲမှာ သူမရသင့်တဲ့ဆုရှိသလို မထိုက်တန်တဲ့ဆု တွေ လည်း ရှိနေပါလိမ့်မယ်။ ဥပမာအားဖြင့် ငြိမ်းချမ်းရေးနိုဗယ်ဆုရရှိစဉ်က သူမအနေဖြင့် ဒီဆုနှင့် ထိုက် တန် တဲ့လှုပ် ဆောင်မှုမျိုးမရှိခဲ့ဘူးလို့ ထင်မိပါတယ်။ ဒါတွေကိုကြည့်ချင်းအားဖြင့် အနောက်နိုင်ငံများ အနေဖြင့် သူမအား သွယ်ဝိုက်နည်းဖြင့်ထောက်ပံ့ပြီး အခြားမျှော်လင့်ချက်တွေရှိနေမှာ အသေအချာပါ။ ထို့အပြင် ဒေါ် အောင်ဆန်းစုကြည်၏ NLD ပါတီဟာ 2015 ရွေးကောက်ပွဲမှာ အလားအလာကောင်းနေတဲ့ ပါတီ တစ်ခု လည်းဖြစ်ပါတယ်။ NLD ဟာ 2015 မှာ ရွေးကောက်ပွဲနိုင်ပြီး ဒေါ်အောင်ဆန်းစုကြည်သာ သမ္မတဖြစ် လာလိမ့်မယ်လို့ အနောက်နိုင်ငံများအနေဖြင့် ကြိုတင်မျှော်လင့်ထားမှာတော့ သေချာပါတယ်။

ဒါကြောင့်လည်း အနောက်နိုင်ငံများကို ဒေါ်အောင်ဆန်းစုကြည် သွားရောက်တိုင်း သူမ သမ္မတဖြစ်ရေ ဖွဲ့ စည်းပုံပြင်ဖို့ အစိုးရကိုဖိအားပေးရန် အကူအညီတောင်းခံခဲ့သလို၊ ၎င်းနိုင်ငံများကလည်း ကူညီရန်လက်ခံ ခဲ့ပြီး အစိုးရကိုဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရန် တနည်းနည်းနဲ့ဖိအားပေးခဲ့ကြပါတယ်။ဒါအပြင်ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် အနောက်နိုင်ငံများကို မြန်မာအစိုးရအဖွဲ့ဝင်များထက် သြဇာရှိတယ်ဆိုတာကိုလည်း တွေ ရပါလိမ့်မယ်။ ဒါတွေကိုကြည့်ချင်းအားဖြင့် ဘာကြောင်သြဇာရှိတာလည်း၊ ဘာလို့သူမအကူအညီ တောင်းေ ပးနေတာလည်း၊ သူမပြောတိုင်းလုပ်နေတာလည်း၊ အနောက်နိုင်ငံများကလည်း သူတို့လိုချင် တာတွေ တေ န့ပြန်လည်း ရရှိမယ်လို့ ယုံကြည်ပြီးလိုက်လျောနေတာလားဆိုတာတော့ စဉ်းစားစရာပါဘဲ။

သိုအတွက်တစ်ခြားနိုင်ငံကဆုတံဆိပ်တွေပေးနေတာဟာဒေါ်အောင်ဆန်းစုကြည်ကိုဂုဏ်ပြုနေရုံသက်သက် နဲ့မဟုတ်ဘဲ နောက်ကွယ်မှာတော့ မျှော်လင့်ချက်တွေကိုယ်စီရှိနေတယ်ဆိုတာတော့ သတိထားစရာပါ ဘဲ။ ငြိမ်းချမ်းရေးနိုဘယ်ဆုကြီးကြောင့် ဆိုဗီယက်ပြည်ထောင်စုကြီး အစိတ်စိတ်အမွှာ မွှာပြိုကွဲသွား တဲ့ သာဓကရှိ ခဲ့တာလည်း အားလုံးအသိဘဲဖြစ်ပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် ဆုရသည့်အခါများ တွင် မြန်မာနိုင်ငံသားများအနေဖြင့် ဂုဏ်ယူနေရုံနှင့်ကျေနပ်မနေ ဘဲ ရှေ့ကသာဓက များကိုသင်ခန်းစာ ယူပြီး ဆုတွေရဲ့ နောက်ကွယ်မှာ ဘာမျှော်လင့်ချက်တွေနဲ့ဘယ်လိုကြိုး ကိုင်ချယ်လှယ်မှုတွေ ရှိလာနိုင်မလဲ ဆိုတာ အားလုံး ၀ိုင်းဝန်းစဉ်းစားပီးတော့ သတိထားကြပါစို့။

From: အမေ့အိမ်

မွတ်ဆလင်တွေကို မိတ်ဆွေဖြစ်အောင် ဦးဝီရသူ စည်းရုံးတော့မည်



မြန်မာနိုင်ငံတွင် နေထိုင်ပြီး တိုင်းတစ်ပါးကို ချစ်ခင်သော မွတ်ဆလင်များကို စောင့်ကြည့်၍ မိတ်ဆွေဖြစ်အောင် စည်းရုံးသွားမည် ဖြစ်ကြောင်း အမျိုးစောင့်ဥပဒေ ပြဋ္ဌာန်းနိုင်ရေး လုပ်ဆောင်နေ သည့် မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူက မိန့်ကြားသည်။


အစ္စလာမ်နှင့် ဗုဒ္ဓဘာသာကြား အတူယှဉ်တွဲ နေထိုင်ရေးအတွက် ဒီဇင်ဘာလ ၃ ရက်နေ့က သင်္ဃန်းကျွန်းမြို့နယ် ငါးကျမ်းပြန် ကျောင်းတိုက်တွင် ဆရာတော် ဦးဝီရသူနှင့် ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေး သံတမန်ကွန်ရက် တာဝန်ခံ အစ္စလာမ် ဘာသာဝင် ဦးရွှေကြည်တို့ ပြုလုပ်သည့် ဆွေးနွေးပွဲတွင် အဆိုပါအချက် အပါအဝင် အချက်သုံးချက်ကို လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ကြသည်။

မွတ်ဆလင်များကို မိတ်ဆွေဖြစ်အောင် စည်းရုံးမည့် အချက်အပြင် ယင်းကြေညာချက်၌ မြန်မာနိုင်ငံတွင် နေထိုင်ပြီး မြန်မာနိုင်ငံကို ချစ်ခင်သည့် မွတ်ဆလင် များကို မိတ်ဆွေကောင်း အဖြစ် သတ်မှတ်ကာ မေတ္တာပေးပြီး အကာအကွယ်ပေးမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် နေထိုင်ပြီး မြန်မာနိုင်ငံကို အစ္စလာမ်နိုင်ငံ ပြုလုပ်နေသူများ၏ အန္တရာယ်ကို ဥပဒေ ဘောင်အတွင်းမှ ကာကွယ်သွားမည် ဆိုသည့် အချက်သုံးချက်လည်း ပါဝင်သည်။

အင်တာနက် လူမှုစာမျက်နှာ များတွင် ပျံ့နှံ့နေသည့် အစ္စလာမ် ညီညွတ်ရေးအသင်း အမည်ခံ "မွတ်ဆလင် အဖွဲ့၏ ပြည်သိမ်း စီမံချက် မဟာဗျူဟာ ၁၀ ခုနှင့် နည်းဗျူဟာ" ဟူသည့် အချက်များသည် မြန်မာနိုင်ငံတွင် နေထိုင်သည့် အစ္စလာမ်ဘာသာဝင် များနှင့် လုံးဝသက်ဆိုင်ခြင်း မရှိကြောင်း ဦးရွှေကြည်ခေါ် ဒိုင်းမွန်းရွှေကြည်က ပြောကြားသည်။

ယင်းကိစ္စကို မြန်မာနိုင်ငံလုံး ဆိုင်ရာ အစ္စလာမ် သာသနာ အဖွဲ့ချုပ်ကြီးနှင့် မွတ်ဆလင် အဖွဲ့ အစည်း များက အရေးယူ ဆောင်ရွက်ရန် လိုအပ်ကြောင်း ၄င်းကဆက်လက် ပြောဆိုသည်။

၉၆၉ အဖွဲ့နှင့် ၄င်းကို အကြမ်းဖက်သူများဟု ကမ္ဘာ့မျက်နှာစာတွင် စွပ်စွဲခံ ထားရသော်လည်း မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများသည် ၄င်း၏ ပယောဂ လုံးဝမရှိကြောင်း၊ အဓိကရုဏ်း များကို မလိုလားသူ ဖြစ်သဖြင့် အဓိကရုဏ်း ဖြစ်ပွားရသည့် အကြောင်းအရင်းကို ရှာဖွေတားဆီး နိုင်ရန် စွမ်းနိုင်သမျှ ကြိုးပမ်းခဲ့ကြောင်း၊ ငြိမ်းချမ်းရေးအတွက် လက်တွဲ၍ ရသည့် အစ္စလာမ် ဘာသာဝင်များနှင့် လက်တွဲသွားမည် ဖြစ်ကြောင်း ဆရာတော် ဦးဝီရသူက မိန့်ကြားသည်။

အစ္စလာမ္မစ်နိုင်ငံတော် ထူထောင်သည် ဆိုခြင်းမှာ စိတ်ကူးထဲတွင်ပင် မရှိကြောင်း၊ အခြားလူများ ထင်သကဲ့သို့ အစ္စလာမ်များတွင် လက်နက်လည်း မရှိဘဲ စိတ်ကူးယဉ်ပြီး ပြောခြင်းသာ ဖြစ်မည် ထင်ကြောင်း အစ္စလာမ်ဘာသာဝင် တစ်ဦးဖြစ်သူ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပါတီမှ ဥက္ကဋ္ဌ ဦးကျော်မင်းက ပြောကြားသည်။

From: The Voice

၂၀၁၅ မှာ vision တွေအားပြိုင်တဲ့ပွဲမျိုးဖြစ်စေချင်တယ် (ဦးမင်းဇင်နှင့်တွေ့ဆုံခြင်း)



သစ်။ တော်ဝင်နှင်းဆီမှာသံလွင် (Citizen Empowerment Program) ကပြု လုပ်သွားတာ မြန်မာ့နိုင်ငံရေးအကူးအပြောင်း၏ အခွင့်အလမ်းနှင့်စိန်ခေါ်မှုများ ခေါင်းစဉ်နဲ့ ပြုလုပ်တဲ့စကားဝိုင်း ဆွေးနွေးပွဲမှာ Institution ခေါင်းစဉ်နဲ့ကိုမင်းဇင်ဆွေး နွေးခဲ့တာ တွေ့ရပါတယ်။ အဲဒီတော့ Institution ဆိုတာဘာလဲ။ ပြီးတော့ Institution ရဲ့သဘောသဘာဝနဲ့ အရေးပါပုံတွေကို ပထမဦးစွာ ပြောပြပေးစေချင်ပါတယ်။


ဇင်။ အလွယ်ဆုံးပြောရရင်တော့ Institution ဆိုတာ စည်းမျဉ်း စည်းကမ်းတွေ၊ ကျင့်ထုံးတွေကို ပြောတာပါပဲ။ သဘောကတော့ စည်းမျဉ်းစည်းကမ်း၊ ကျင့်ထုံးတွေအားကောင်းရင် လူပုဂ်္ဂိုလ်တွေ ပေါ်မှာ သိပ်အားကိုးစရာမလိုဘဲ စနစ်ကိုအားကိုး ပြီးတော့ အဖွဲ့အစည်းကိုပဲဖြစ်ဖြစ်နိုင်ငံကိုပဲဖြစ်ဖြစ် အုပ်ချုပ်သွား လို့ရတယ်။ နောက်တစ်ခုက Institution တွေမှာ စာနဲ့ရေးထားတာရှိတယ်။ မရေးထားတာတွေလည်း ရှိတယ်။ Formal နဲ့ Informal ပေါ့။ ဥပမာဆိုပါတော့ဗျာမိသားစုတစ်ခုရဲ့ထမင်းဝိုင်းမှာထမင်းစား တော့မယ်ဆိုရင် သားသမီးတွေက အဖေကိုအရင်ဆုံးဦးချပြီးမှစားတယ်။ အဲဒီလိုကျင့်သုံးရင်းနဲ့ကျင့်ထုံး ဖြစ်လာတယ်။ အဲဒါ Institution ပါပဲ။ Rule of game ပဲဗျ။ ကစားပွဲရဲ့စည်းမျဉ်းစည်းကမ်းပဲ။ စည်းမျဉ်းစည်းကမ်းနဲ့ အစဉ်အလာကမိသားစုဝင်တွေပေါ်မှာ လွှမ်းမိုးတယ်။ နောက်မွေးလာတဲ့ကလေး က ရှေ့ကကလေးလိုလိုက်နာပြီးအဖေကို ဦးချသွားတာမျိုးပေါ့။ နောက်တစ်ခုက Institution တွေမှာ အဓိပ္ပါယ်တွေလည်းပါတယ်။ တန်ဖိုးထားမှုတွေလည်းပါတာပေါ့။ Identity လည်းပါတယ်။ ဥပဓိပေါ့။ စောစောကပြောတဲ့မိသားစုထမင်းဝိုင်းမှာ အဖေကိုအရင်ဆုံးဦးချတယ်ဆိုတာ ဂါရ၀တရားကိုပြတာ။ ချစ်ခင်မှုကိုပြတာပေါ့။ ပြီးတော့ မိသားစုစိတ်ဓာတ်ကိုလည်း ပြရာရောက်တာပေါ့။ ဒီလိုတွေးလို့ရတယ်။ နိုင်ငံရေးမှာလည်း ဒီလိုပဲ။ နိုင်ငံရေးပါတီတစ်ခုမှာသူ့ရဲ့စည်းမျဥ်းစည်းကမ်းတွေ ရှိတယ်။ အခြေခံဥပဒေ ရှိတယ်။ ဒါနိုင်ငံရေးပါတီရဲ့စည်းမျဉ်းစည်းကမ်း ကျင့်ထုံးတွေပေါ့။ အဲဒီမှာလည်း ရေးထားတာတွေ မရေးထားတာတွေလည်းရှိပါတယ်။ အဲဒီနိုင်ငံရေးပါတီရဲ့ပြယုဂ်ကဘာလဲ။ Identity ကဘာလည်း ဆိုတာလည်းရှိပါတယ်။ ဒီမိုကရေစီရေးအတွက်လား၊ တရားမျှတမှုအတွက်လား၊ ပတ်ဝန်းကျင်ထိန်း သိမ်းမှု ဇောင်းပေးတာလား၊ ကျင့်ထုံးစည်းမျဉ်းစည်းကမ်းရယ် Identity ဥပဓိရယ်ဆိုပြီးရှိပါတယ်။ တခါ Resource ဆိုတာလည်းရှိရတယ်။ မိသားစုထမင်းလက်ဆုံစား နိုင်ဖို့ဆိုရင်လူစုံရမယ်။ မိသားစုဝင် တွေမှာစာဝတ်နေရေး လုံးပန်းရင်းအချိန်ပိုဆင်းရတာတို့ ညဆိုင်းအလုပ်ဆင်းရတာတို့ရှိရင် လူမစုံနိုင် တော့ဘူး။ ထမင်းလက်ဆုံ မစားနိုင်တော့ဘူး။ ဒါဆိုထမင်းဝိုင်းမှာ အဖေကိုဦးချနိုင်မှာလည်းမဟုတ်တော့ ဘူး။ ဒါ့ကြောင့် ဘယ်လို Institution တွေမှာပဲဖြစ်ဖြစ် Resource ဟာအရေးပါပါတယ်။ အဲဒီတော့ Institution ဆိုတာ(၁) စည်းမျဉ်းစည်းကမ်းကျင့်ထုံး၊ (၂) အဲဒီစည်းမျဉ်းစည်းကမ်းကျင့်ထုံးကပေးတဲ့ အဓိပ်္ပါယ်တန်ဖိုး၊ ပြယုဂ်တွေပါတယ်။ (၃) အဲဒီစည်းမျဉ်းစည်းကမ်းတွေကို အကောင်အထည်ဖော်ဖို့ အရင်းအမြစ်လည်းလိုပါတယ်။ နောက်တစ်ခုကတော့ Institution အားကောင်းမကောင်းတိုင်းတာ တာပေါ့။ ဥပမာဆိုပါတော့ဗျာInstitution တွေမှာမလုပ်မနေရလုပ်ရမယ်ဆိုတာမျိုး။ enforcement ရှိသလားပေါ့။ ထမင်းဝိုင်းမှာ အဖေကိုသားသမီးက ဦးမချဘူးဆိုရင် အမေကဗိုက်ခေါက်လိမ်ဆွဲသလား ဆိုတာမျိုးပေါ့။ အဲဒီလိုမျိုးဆုပေးဒဏ်ပေးပေါ့ enforcement ရှိတယ်ဆိုရင် အဖွဲ့အစည်းအတွက် အားကောင်းစေ၊ အထောက်အကူဖြစ်စေနိုင်ပါတယ်။ ဒီနိုင်ငံမှာဥပဒေတွေတော့ရှိနေတာပဲ။လူတွေက လိုက်မလုပ်ကြ ဘူးဆိုရင်ဒါ enforcement မရှိတဲ့သဘောပေါ်လွင်တာပေါ့။ နောက် Institution တွေဟာ စည်းမျဥ်းစည်းကမ်းတွေ၊ ကျင့်ထုံးတွေကို ခုပြဌာန်းလိုက် ခုရုပ်သိမ်းလိုက်လုပ်နေရင်လည်း Institution ဟာ တည်ငြိမ်မှုမရှိနိုင်ဘူး။ တသမတ်တည်း မဖြစ်နိုင်တော့ပြန်ဘူး။ ဒါဆိုရင်အဲဒီ Institution ဟာ အားမကောင်းနိုင်ဘူး။ အဖေကိုဦးချနေ ရာက အဖေအရက်မူးလာရင် ဦးမချနဲ့ဆိုရင် စည်းကမ်းကစောစာကတစ်မျိုး၊ ခုတစ်မျိုးဆိုရင်လည်း လိုက်နာရမယ့်လူတွေကအလေးအနက်မထား တော့ဘူး။ နိုင်ငံရေးပါတီတွေအဖွဲ့အစည်းတွေမှာလည်း ဒီအတိုင်းပါပဲ။ Institutionalization ဖြစ်မဖြစ်ဆိုတာ၊ သူ့စည်းသူ့ဥပဒေသူ့ကျင့်ထုံးတွေကို ဘယ်လောက်အထိ မလုပ်မနေရလုပ်ရမယ်ဆိုတဲ့ ကျင့်သုံးမှုမျိုးရှိမရှိရယ်၊ တသမတ်တည်းကျင့်သုံးနိုင်မှုရှိမရှိဆိုတာ ရယ်ပေါ်မှာမူတည်ပါတယ်။

သစ်။ မြန်မာ့နိုင်ငံရေးအကူးအပြောင်းမှာ Institution တွေ အားနည်းတယ်လို့ panel discussion တစ်ခုမှာ ပြောသွားတာရှိတယ် အထူးသဖြင့်မြန်မာနိုင်ငံမှာစစ်တပ်ကလွဲလို့ ခိုင်မာ အားကောင်းတဲ့ Institution မရှိဘူးလို့ ပြောခဲ့တာသတိထားမိပါတယ်။ Institution တွေ အားနည်းတယ်။ အဲဒီလိုအားနည်းတယ်ဆိုရင် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ဖြစ်နိုင်လဲ။ အားကောင်းလာအောင် ကျွန်တော်တို့ ဘာတွေလုပ်ဖို့လိုမလဲဆိုတာ ရှင်းပြပေးပါ။

ဇင်။ Institution နဲ့ပတ်သက်ပြီးပြောရရင် (၁) စည်းမျဉ်းစည်းကမ်းတွေရှိနေတာ၊ ရှိအောင်တည် ဆောက်တာရယ်၊ (၂) အဲဒီစည်းမျဉ်းစည်းကမ်းကျင့်ထုံးတွေရဲ့အရည်အသွေးရယ် အဲ့ဒီနှစ်ခုကတော့ မတူဘူးပေါ့။ emergence or existence of institution နဲ့  quality of institution မတူဘူးပေါ့။ ရောပြီးလုံးထွေးမစဉ်းစားသင့်ဘူး။ ခုနပြောသလို စစ်တပ်သာလျှင်တစ်ခုတည်းသော institution လို့ပြောတဲ့အခါမှာ institution အဖြစ်တည်ရှိတဲ့သဘောကိုပြောတာပဲဖြစ်တယ်။ အဲ့ဒီရှိတဲ့ institution ဟာ quality အရည်အသွေးရှိတဲ့အင်စတီကျုးရှင်းဟုတ်၊ မဟုတ်ဆိုတာကတော့သီးသန့် စဉ်းစားရမယ့်ကိစ္စ ဖြစ်ပါတယ်။ စစ်တပ်သာလျှင်တခုတည်းသော institution လို့ ပြောတာဟာဒီ institution မှာ quality အရည်အသွေးရှိနေတယ်လို့ ကျွန်တော်ဆိုလိုတာမဟုတ်ပါဘူး။ ကျွန်တော် ပြောချင်တာက ဒီနိုင်ငံမှာသံဃာအဖွဲ့အစည်းကလွဲရင်လောကီရေးမှာတော့ ထိထိရောက်ရောက် ရပ်တည်နေတာဆိုလို့ စစ်တပ်ပဲရှိတယ်။ အဲဒီလိုစစ်တပ်တခုတည်း ကြီးစိုးထားတဲ့အခါကျတော့ တိုင်းပြည်ရဲ့ လုံခြုံရေးမှာတင်မဟုတ်ဘူး။ အုပ်ချုပ်ရေး၊ စီးပွားရေး၊ နိုင်ငံရေးစတဲ့နေရာတိုင်းမှာလိုလို စစ်တပ်ကထိုးဖောက်ပြီး နေရာယူထားနိုင် တာပေါ့။ တစ်ခါအဲဒါကိုပြန်လည်ထိန်းညှိနိုင်မယ့်ကျန်တဲ့ institution တွေအားမကောင်းဘူးဆိုရင် လူ့အဖွဲ့အစည်းဟာ စစ်တပ်ရဲ့ထိန်းချုပ်မှုအောက်မှာပဲ ကြိုက် သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေရှိနေမှာပဲ။ ဒါကြောင့် ကျွန်တော်ထင်တာကတော့ပါလီမန်တွေ အားကောင်းဖို့လိုတယ်၊ နိုင်ငံရေးပါတီတွေ အားကောင်းဖို့ လိုတယ်။ ရွေးကောက်ပွဲ စနစ်တွေအားကောင်း ဖို့လိုတယ်။ မီဒီယာတွေ၊ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ အားကောင်းဖို့လိုတယ်။ ဒီဟာတွေ အကုန်လုံးကလည်းစည်းမျဉ်းစည်းကမ်း တွေကျင့်ထုံးတွေနဲ့ လှုပ်ရှား နေတဲ့ အဖွဲ့အစည်းတွေ ဖြစ်တဲ့အတွက်ကြောင့်မို့ ဒါတွေအားကောင်းမှ သာလျှင် ဒီနိုင်ငံမှာတပ်မတော် တစ်ခုတည်းမဟုတ်ဘဲ၊ တခြားသော institution တွေပါ အားကောင်းလာပြီး ဗဟုသဘောပေါ့ မြိုင်မြိုင် ဆိုင်ဆိုင်ရှိမယ်လို့ ကျွန်တော်ကတော့သုံးသပ်ပါတယ်။ အပြန်အလှန် ထိန်းညှိမှုတွေ ရှိလာမယ်လို့ ယူဆပါတယ်။

သစ်။ ကိုမင်းဇင် ပြောသွားတဲ့ထဲမှာ CSO ရဲ့ အခန်းကဏ္ဍလည်း ပါဝင်တာတွေ့ရပါတယ်။ အထူးသဖြင့်ကျွန်တော်တို့နိုင်ငံမှာ ရှိတဲ့ နိုင်ငံရေးပါတီတွေဟာ စစ်တပ်ရဲ့အုပ်ချုပ်မှုအောက်မှာရှင်သန် ရေးအတွက်ရုန်းကန်ခဲ့ရတဲ့အတွက်ကြောင့် အဖွဲ့အစည်း တွေ ဟာ စနစ်တကျမရှိဘဲအားနည်းကြတယ်။ တချို့လည်းခုမှ ပါတီ စထောင်တဲ့အတွက် institution ကိုသေချာမလုပ်နိုင်ကြဘူး။ အဲဒီ တော့ အကူးအပြောင်းမှာ CSO တွေ နိုင်ငံရေးပါတီတွေ အား ကောင်းလာအောင် ဘာတွေလုပ်ဆောင် သင့်သလဲဆိုတာလည်း ဆက်ပြောပြပါဦး။

ဇင်။ ဒီမိုကရေစီစနစ်ရှင်သန်ဖို့ဆိုတာ နိုင်ငံရေးပါတီအားကောင်းမှပဲ ရှင်သန်မှာပါ။ ပါလီမန်ရှင်သန်ဖို့ဆိုတာလည်း နိုင်ငံရေးပါတီအား ကောင်းမှပါ။ နိုင်ငံရေးပါတီဆိုရာမှာလည်းသုံးပိုင်းပေါ့။ တစ်ပိုင်းက အာဏာရ၊ လွှတ်တော်ထဲမှာထိုင်နေတဲ့ လွှတ်တော်အမတ်တွေ၊ အုပ်ချုပ်ရေးဘက်မှာ ရှိနိုင်တဲ့ ပါတီက နိုင်ငံရေးသမားတွေ။ Public office မှာတာဝန်ယူထားတဲ့နိုင်ငံရေးသမားတွေပေါ့။ နောက် တစ်ခုကတော့ party on the ground ပေါ့ဗျာအောက်ခြေမှာ လိုက် ပြီးလူထုကိုစည်းရုံးပေးရတဲ့ organizer တွေ၊ ပါတီစည်းရုံးရေးမှူး ကောင်းတွေရယ်၊ နောက်မဲဆန်္ဒရှင်တွေပေါ့ဗျာ။ နောက်ဆုံးတစ်ခုက တော့ ဌာနချုပ်မှာရှိတဲ့ ပါတီအာဏာပိုင်တွေ၊ ပါတီမန်နေဂျာတွေ party in the headquarter ပေါ့။ နိုင်ငံရေးပါတီတစ်ခုမှာ အဲလို level အဆင့်အလွှာသုံးခုရှိတာပေါ့ဗျာ။ အာဏာမှာဝင်လုပ်နေတဲ့သူရှိ တယ်။ အောက်ခြေ သိမ်းဝင်လုပ်နေတဲ့သူရှိတယ်။အဲ့နှစ်ခုကိုဆက်စပ် ပေးပြီးတော့ ကြားခံလုပ်ပေးတာက ဌာနချုပ်ကပေါ့။ အာဏာမှာဝင်လုပ်နေတဲ့သူတွေက နိုင်ငံရေးသမားပေါ့ ။အောက်ခြေမှာဝင်လုပ်နေ တဲ့သူတွေက စည်းရုံးရေးမှူးတွေ၊ မဲဆန်္ဒရှင်တွေပေါ့။ အလယ်အလတ် တွေက ပါတီမန်နေဂျာတွေပေါ့။ အဲ့သုံးခုကဆက်စပ်မှုအား မကောင်း ရင် နိုင်ငံရေးပါတီ အားမကောင်းနိုင်ဘူး။ ကြံ့ခိုင်ရေးပါတီပဲဖြစ်ဖြစ်၊ NLD ပဲဖြစ်ဖြစ်၊ တိုင်းရင်းသားပါတီတွေပဲဖြစ်ဖြစ် ပါတီတိုင်းမှာ အဲဒီသုံးလွှာရှိတယ်။ အဲ့ဒီသုံးလွှာဘယ်လောက်ထိ ပေါင်းစပ်ညှိနှိုင်းမှု ရှိသလဲဆိုတာနဲ့တိုင်းတာလေ့ရှိပါတယ်။ ပိုင်းလိုက်ရင် နှစ်ခုထွက်လာ တယ်။ ပါတီနဲ့ နိုင်ငံတော်ဆက်ဆံရေး၊ ပါတီနဲ့ လူ့အဖွဲ့အစည်း (၀ါ) ပြည်သူဆက်ဆံရေး။ ပါတီနဲ့နိုင်ငံတော်ဆက်ဆံရေးက မြန်မာနိုင်ငံမှာ ဆိုရင်အားနည်းတယ်လို့ ပြောလို့ရတယ်။ နိုင်ငံတော်မှာ အုပ်ချုပ်ရေး အာဏာယူမယ့် သမ္မတတို့၊ ၀န်ကြီးတို့ဟာအုပ်ချုပ်ရေး အာဏာယူတဲ့ အချိန်ကစပြီး ပါတီလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ခြင်းမပြုရလို့ အခြေခံဥပဒေ ပုဒ်မ ၆၄ နဲ့  ပုဒ်မ ၂၃၂ (ဋ) တွေမှာ ပြဌာန်းထားပါ တယ်။ သဘောက ပါတီတစ်ခုဟာမဲနိုင်ရင် ပါတီခေါင်းဆောင် တစ်ယောက်ကို သမ်္မတဖြစ်အောင်လုပ်ပေးနိုင်ပေမယ့် အဲဒီသမ္မတ ဟာ သမ်္မတဖြစ်သွားတဲ့အချိန်ကစပြီးပါတီ စမသါမော အတိုင်း ပါတီ စသူငခပ အတိုင်းဆောင်ရွက်စရာမလိုဘူး။ သူကပါတီကိုတာဝန်ခံ စရာမလိုဘူး။ သူကပါတီက ယာယီထွက်ထားရသလိုပဲ။ ဗိုလ်ချုပ် မှူးကြီးသန်းရွှေ လုပ်ချင်တဲ့ရည်ရွယ်ချက်ကတော့ အာဏာကိုတစ်နေ ရာထဲလူတစ်ဦးထဲဆီမှာ ပုံနေမှာစိုးလို့ခွဲထုတ်ထားဖို့ရည်ရွယ်ပုံရပါ တယ်။ မင်းကတော့ ပါတီမှာနေခဲ့။ မင်းကတော့ သမ်္မတသွားလုပ်။ မင်းကတော့လွှတ်တော်သွား။ မင်းကတော့တပ်မှာ နေခဲ့ဆိုပြီးခွဲထုတ် တာ။ ဒါပေမဲ့ အဲလိုခွဲထုတ်ခြင်းအားဖြင့် ပါတီက အားမကောင်းတော့ ဘဲ လူပုဂ်္ဂိုလ်တွေကအားကောင်းသွားတာ။ ဦးသိန်းစိန်က ခုလိုလုပ် နိုင်တယ်ဆိုတာပါတီနဲ့သိပ်မဆိုင်ဘူး။ သူ့နားမှာ ရှိနေတဲ့ပြောင်းလဲ ချင်တဲ့ဝန်ကြီးတွေ၊ Technocrat ပညာသည်တွေနဲ့ သူခုလိုလုပ်နေ တာ။ ကြံ့ခိုင်ရေးပါတီဟာ ရွေးကောက်ပွဲအနိုင်ရပါတီ election winning party ဖြစ်တယ်။ ဒါပေမယ့် အုပ်ချုပ်နေတဲ့ပါတီ ruling party တော့မဟုတ်ဘူးလို့ ကျနော်အမြဲ ပြောလေ့ရှိပါတယ်။ ဒါဟာ မကောင်းဘူးလို့ ကျွန်တော်ကတော့ထင်တယ်။ ဥပမာဆိုပါတော့ဗျာ ပညာတတ်တစ်ယောက်က ပါတီဝင်ချင်တယ်။ ကြံ့ခိုင်ရေးပဲဖြစ်ဖြစ်၊ NLD ပဲဖြစ်ဖြစ်ပေါ့ဗျာ။ သမ္မတက ၀န်ကြီးခန့်တဲ့နေရာမှာ သူကြိုက် တဲ့လူကို ရွေးပြီးခန့်နိုင်တယ်။ ပါတီဝင်ဖြစ်စရာမလိုဘူး။ ပုံမှန်အားဖြင့် လူတော်တစ်ယောက်ဟာပါတီဝင်လို့ရှိရင်ပါတီ့ hierarchy အဆင့်ဆင့်ဖြတ်သန်းပြီးမှ ၀န်ကြီးဖြစ်နိုင်ဖွယ်ရှိတယ်။ သဘောက တော့ လူတော်လူကောင်းတစ်ယောက်ဟာပါတီဝင်ဖို့အတွက် incentive မက်လုံးသိပ်မရှိဘူးဖြစ်နေတယ်။ ဒီတိုင်းအပြင်ကနေသွား တာကမှ တိုက်ရိုက်ဝန်ကြီးတန်းဖြစ်နိုင်တယ်။ သမ်္မတအကြံပေးဖြစ် နိုင်တယ်။ ပါတီမှာဝင်လုပ်ရင် party hierarchy လို့ခေါ်တဲ့ ပါတီယန်္တရားထဲမှာ မြုပ်သွားနိုင်တယ်။ ပါတီဟာleadership recruitment လို့ခေါ်တဲ့ ခေါင်းဆောင်သစ်မွေးမြူတဲ့နေရာမှာ အဟန့် အတားဖြစ်စေတဲ့ သဘောဖြစ်နေတယ်။ အခြေခံဥပဒေဟာ ပါတီ တွေကို အားကောင်းအောင်မလုပ်ပေးနိုင်ဘူး ဆိုတာတွေ့ရတယ်။ နိုင်ငံတော်နဲ့ ပါတီရဲ့ဆက်ဆံရေးက အင်မတန်မှအားနည်းတယ်လို့ ကျွန်တော်ထင်တယ်။ အဲဒါကို ပြင်သင့်တယ်။ အဲဒါကိုမပြင်ရင် ပါတီ အားမကောင်းနိုင်ဘူး။ ပါတီအားမကောင်းရင် ဒီမိုကရေစီမရှင်သန်နိုင် ဘူး။ ပါတီနဲ့လူ့အဖွဲ့အစည်း ပြည်သူ တွေကြားမှာတော့ ဆက်ဆံရေး အားကောင်းတာတွေ့ရတယ်။ ဒါပေမယ့် လူထုနောက်မြီးဆွဲလုပ်တာ၊ အကြိုက်လိုက်ပြီးစည်းရုံးတာမျိုး၊ လာဘ်ထိုးပြီး စည်းရုံးတာမျိုး တွေပိုတွေ့ရတယ်။ တကယ့်တကယ် program နဲ့လုပ်ငန်းစဉ်နဲ့ စည်းရုံးတာမျိုးတော့မတွေ့ရဘူး။ ကျန်းမာသန်းစွမ်းတဲ့အားကောင်းပုံ မျိုးတော့မဟုတ်ဘူး။ ဆရာဒကာဆက်ဆံရေး clientalism ပုံစံမျိုး ပိုဆန်နေတယ်။ အဲဒါကတိုင်းပြည်အတွက် သိပ်မကောင်းဘူး။

သစ်။ အခုကျွန်တော်တို့နိုင်ငံရဲ့ အကူးအပြောင်းကာလမှာ အမျိုး သားရေးဝါဒ ခေါင်းထောင်လာနိုင်တဲ့ အရိပ်အရောင်တွေ တွေ့မြင်နေရပါတယ်။ အကယ်၍သာ nationalist တွေအား ကောင်းလာရင် ဘယ်လိုအကျိုး ဆက်တွေဖြစ်ပေါ်လာနိုင်မလဲ။

ဇင်။ အမျိုးသားရေးစိတ်ဓာတ်ဆိုတာကောင်းပါတယ်။ နောက် ကျနေလို့ နောက်ကနေအမှီလိုက်ဖို့ဆို အမျိုးသားရေးစိတ်ဓာတ်နဲ့ မောင်းနှင်ရတာပါပဲ။ ဂျာမနီတို့ ၊ ဂျပန်တို့ဆို ဒီအတိုင်းပဲလုပ်ခဲ့ကြ တယ်။ အမျိုးသားရေးစိတ်ဓာတ်ကနိုင်ငံသားဖြစ်မှု အပေါ်မူတည်ရင် တော့ကောင်းတယ်။ အဲလိုမဟုတ်ဘဲ ဘာသာရေး၊ လူမျိုးရေးတို့ပေါ် အခြေခံရင်တော့မကောင်းဘူး။ ကျနော်တို့လူ့အဖွဲ့အစည်းက ပဋိပက္ခ တွေကြောင့် အနာတရဖြစ်ရတာတွေများပြီ။ ထပ်ပြီးတော့ ဒါတွေ ကြောင့်အကွဲအပြဲတွေထပ်ဖြစ်ရမယ်ဆိုရင် ဘယ်လိုမှပြန်ကောင်း နိုင်စရာမရှိဘူး။ အမျိုးသားရေးစိတ်က ငါတို့နောက်ကျနေပြီဆိုတဲ့ အသိစိတ်နဲ့ဆိုရင်တော့ အမျိုးသားရေးစိတ်ကကောင်းတယ်။ အဲလိုမဟုတ်ဘဲလူမျိုးတစ်မျိုး၊ ဘာသာတစ်ခုကို ရည်ရွယ်တိုက် ခိုက်ချင်တဲ့ Negative Nationalism ဆိုရင်တော့ ဒီနိုင်ငံဟာ ပဋိပက္ခ တွေနဲ့ နောက်ထပ်နှစ်ပေါင်းများစွာ သွားရဖို့ရှိတယ်။ အဲဒါဆိုရင်တော့ ၀မ်းနည်းစရာပဲ။ ကမ္ဘာမှာလည်းဒီလိုပါပဲ။ ယူဂိုစလားဗီးယားတို့ဆိုရင် negative nationalism ဖြစ်တယ်။ ကျွန်တော်ပြောချင်တာက positive nationalism လိုအပ်တယ်။ တရုတ်မှာလည်း တိန် ရှောက်ဖိန်တို့ဆို အမျိုးသားရေးစိတ်နဲ့ပဲ ထိုးတင်ခဲ့တာ။ထိုင်ဝမ်ရော တရုတ်ပြည်မကြီးကရောနိုင်ငံရေးဝါဒ ideology ကွဲတယ်ပြော ပေမယ့် ဟန်တရုတ်အမျိုးသားရေးစိတ် nationalism နဲ့ပဲတိုင်း ပြည်ကို တိုးတက်အောင်လုပ်ရတာပဲ။ ငါတို့နောက်ကျနေပြီဆိုတဲ့ စိတ်နဲ့လုပ်တာ။ ကျွန်တော်တို့နိုင်ငံမှာပြဿနာက nationalism က နယ်ချဲ့ဆန့်ကျင်ရေးပေါ်မှာ အခြေခံပြီးဖြစ်လာတာဖြစ်တဲ့အတွက် တစ်ခုခုပေါ်မှာ ဆန့်ကျင်တဲ့မျိုးချစ်စိတ်က အစဉ်အလာလိုဖြစ်နေ တယ်။ ဖြစ်သင့်တာကတော့ positive ကို အခြေခံတဲ့ အနာဂတ် တိုးတက်မှုကိုအခြေခံတဲ့ nationalism ဖြစ်သင့်တယ်။ အဲဒါကို လည်း ခေါင်းဆောင်ပိုင်းကနားလည်ထားဖို့ လိုအပ်သလိုလူထုကို ပွင့်ပွင့်လင်းလင်းချပြဖို့လိုမယ်လို့ ကျွန်တော်ထင်တယ်။

သစ်။ နောက်တစ်ခုက ကိုမင်းဇင်ပြောဖူးတယ်။ ကျွန်တော်တို့ နိုင်ငံက ပထ၀ီအနေအထားအရကို အမျိုးသားလုံခြုံရေးပြဿနာ ရှိတယ်။ ဘာကိုဆိုလိုတာလဲဆိုတာ တိတိကျကျ ရှင်းပြပေးပါလား။

ဇင်။ နိုင်ငံတော်ဆိုတာသူ့ရဲ့ နယ်မြေအချုပ်အခြာအာဏာဆိုတာ ရှိပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာက နိုင်ငံတော်ဆိုတာ နိုင်ငံ တော်မည်ကာမတ္တသဘောမျိုးဖြစ်နေတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့နိုင်ငံရဲ့နယ်စပ်တွေအကုန်လုံးမှာ တိုင်းရင်းသားလက်နက် ကိုင်ပဋိပက္ခတွေရှိတဲ့အတွက်ကြောင့် အဲဒီနယ်စပ်တွေကို နိုင်ငံတော် အာဏာစက် ကမလွှမ်းခြုံနိုင်ဘူး။ ဒါကြောင့်မို့အိမ်နီးချင်းနိုင်ငံတွေက ကျွန်တော်တို့နိုင်ငံကိုလွှမ်းမိုးတဲ့သဘောရှိတယ်။ သက်ဆိုင်ရာအဖွဲ့ အစည်းတွေကိုလွှမ်းမိုးတာသော်လည်းကောင်း၊ လက်နက်အထောက် အပံ့စတာတွေနဲ့ လွှမ်းမိုးတာသော်လည်းကောင်း၊ အယူအဆ အရ လွှမ်းမိုးတာသော်လည်းကောင်း၊ စီးပွားရေးအရလွှမ်းမိုးထားသော် လည်းကောင်း ဖြစ်နိုင်တယ်။ ပထ၀ီနိုင်ငံရေး ပြဿနာဆိုတာ အဲဒါပဲ။ အဲဒီလို နိုင်ငံတော်ရဲ့အာဏာစက်ဟာ တစ်တိုင်းပြည်လုံးကို မလွှမ်းမိုးနိုင်သေးတဲ့အချိန်မှာပထ၀ီနိုင်ငံရေး အန္တရာယ်ကို လျှော့တွက် လို့မရဘူး။

သစ်။ Globalization ဖြစ်စဉ်ကြောင့် ပထ၀ီနိုင်ငံရေးဟာ အဓိကမကျတော့ဘူးလို့ ယူဆသံတွေကြားခဲ့ဖူးပါတယ်။ ဒါပေမယ့် ခုချိန်မှာတော့ ပထ၀ီနိုင်ငံရေးဟာ ကျယ်ကျယ်လောင်လောင်နဲ့ ရှေ့တန်းပြန်ရောက်လာတာကို တွေ့ရပါတယ်။ ဒါကြောင့်မို့ ပထ၀ီနိုင်ငံရေးအကြောင်းဆက်ပြောပေးပါဦး။

ဇင်။ ပထ၀ီနိုင်ငံရေးက ပဋိပက္ခများတဲ့နိုင်ငံတွေမှာ ၊ နောက်တစ်ခုက ကိုယ့်နိုင်ငံအနေအထား၊ မြန်မာပြည်ဆိုရင် တရုတ်ပြည်တောင်ပိုင်းအ တွက် ပင်လယ်ထွက်ပေါက်ဖြစ်နေတာပေါ့။ တခါအိန်္ဒိယတိုက်၊ ပြီးတော့ အရှေ့တောင်အာရှတခုလုံးနဲ့ ချိတ်ဆက်မှုစသဖြင့် အများ ကြီးပါပဲ။ ပထ၀ီနိုင်ငံရေးအရ အရေးပါတာပေါ့။ ကျွန်တော်တို့နိုင်ငံရဲ့ location သဘောအရ အလွန်တရာအရေးပါတယ်။ Globalization ကလည်း ပွင့်ပွင့်လင်းလင်းပြောရရင်တကယ့်အရေးပါတဲ့စီးပွားရေးဆုံးဖြတ်ချက်တွေကိုချမှတ်တဲ့အခါမှာ နိုင်ငံတွေဟာ ဘယ် တော့မှ supply နဲ့ demand တို့ profit စတာတွေ တခုတည်း ကြည့်ပြီးမချဘူး။ ဘယ်နိုင်ငံက ငါ့ရဲ့မဟာမိတ်လည်း။ ဘယ်နိုင်ငံက ငါ့ရဲ့ရန်သူလည်း။ ဘယ်သူ့ကိုဘာပေးရင်ဘာရမလဲ။ အဲလိုပဲတွေး တာ။ ၂၀၀၇ ခုနှစ် သြဂုတ်လတုန်းက မြန်မာနိုင်ငံရွှေသဘာဝဓာတ် ငွေ့သိုက်ကထွက်တဲ့ သဘာဝဓာတ်ငွေ့ကို တရုတ်၊ အိန်္ဒိယရယ် တောင်ကိုရီးယားရယ် သုံးနိုင်ငံကဈေးပြိုင်ဝယ်ကြတယ်။ အဲ့ဒီထဲမှာ တရုတ်က ဈေးအနည်းဆုံးပေးတယ်။ မြန်မာစစ်အစိုးရက ဈေး အနည်းဆုံးပေးတဲ့ တရုတ်ကိုရောင်းတယ်။ ဘာလို့ရောင်းလဲ ၂၀၀၇ ဇန်န၀ါရီတုန်းက တရုတ်ကမြန်မာစစ်အစိုးရကို ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှာ အကာအကွယ်ပေးဗီတိုသုံးပေးခဲ့လို့ပဲ။ သဘောက တိုင်းပြည်အတွက် တကယ့်အရေးပါတဲ့ ဆုံးဖြတ်ချက်တွေချတဲ့အခါ မှာစီးပွားရေးမက်လုံးတခုတည်းနဲ့ ဘယ်နိုင်ငံမှမချဘူး။ ဒုတိယ ကမ္ဘာစစ်အပြီးမှာ ဂျပန်ကိုအမေရိကားက အထူးအခွင့်အရေးတွေ အများကြီးပေးခဲ့တယ်။ သူ market ကြီးကိုဖွင့်ပေးထားတာ။ လုပ်ခွင့်အများကြီးပေးတယ်။ အချိန်အတော်ကြာပြီး မထိန်းနိုင်တော့မှ ဂျပန်ရဲ့ငွေကို တန်ဖိုး မြှင့်ခိုင်းတာမျိုးလုပ်ခဲ့တယ်။ ဒါ ၁၉၈၅ လောက် မှာဖြစ်တာ။ Plaza Accord ဆိုတာ။ အဲဒီမတိုင်ခင်မှာ ဂျပန်ကို သူဈေးကွက်ကို သူကာကွယ်ခွင့်ပေးပြီး အမေရိကန်ကိုဈေးကွက်ကို တော့ ဒလဟော တင်ပို့ ခွင့်ပေးထားခဲ့တာ။ ဂျပန်ဟာအမေရိကန်ရဲ့ မဟာမိတ်အဖြစ်ရှိနေခြင်းဟာ အရှေ့အာရှအတွက် အမေရိကန် ပြည်ထောင်စုရဲ့ အမျိုးသားအကျိုးစီးပွားအတွက် အကျိုးရှိတာပဲ။ အဲဒီလိုပဲ အမေရိကန်က ဥရောပက မဟာမိတ်တွေနဲ့  နေတိုးကို သူကိုယ်တိုင် ပိုက်ဆံအကုန်ခံပြီး စစ်ရေး၊ စီးပွားရေး ထူထောင် ပေးထားခဲ့တယ်။ ပြောချင်တာကတော့ဗျာ ပထ၀ီနိုင်ငံရေးကို ထည့်မစဉ်းစားဘဲနဲ့ Globalization ကိုစဉ်းစားလို့မရပါဘူး။ အမျိုးသားအကျိုးစီးပွားနဲ့ ယှဉ်လာရင်စီးပွားရေးအကျိုးအမြတ် တခု တည်းကိုကြည့်လို့မရပါဘူး။ ဒီလိုပြောလို့ စီးပွားရေးအရေးမကြီးဘူးလို့ပြောတာမဟုတ်ပါဘူး။ တကယ့်တကယ် super power တွေဟာ စီးပွားရေးအကျိုးအမြတ်တခုတည်းကိုပဲ ကြည့်မလုပ်ပါဘူး။ နိုင်ငံ ရေးကို အလေးထားစဉ်းစားလေ့ရှိပါတယ်။ အဲ့လိုပဲကျနော်တို့ ပဋိပက်္ခ တွေနဲ့ပြွန်းနေတဲ့ နိုင်ငံတွေ၊ ပထ၀ီအနေအထားအရ ဆူးကြားက ဘူးလို့ အကဲဆတ်တဲ့နေရာမှာရှိနေတဲ့နိုင်ငံတွေအတွက် ဘက်စုံ စဉ်းစားမှဖြစ်မှာပါ။

သစ်။ အခုကျွန်တော်တို့နိုင်ငံမှာ ဖွဲ့စည်းပုံပြင်ဆင်ရေး ဒါမှမဟုတ် အသစ်ရေးဆွဲရေးအတွက် ငြင်းခုံနေကြတယ်။ ပြောရရင်တော့ constitution crisis ပေါ့။ အသစ်ရေးမလား၊ ပြင်မလားပေါ့။ အဲဒါနဲ့ပတ်သက်ပြီးတော့ မှတ်ချက်လေးပေးပါဦး။

ဇင်။ အများစုကတော့ နောက်ဆုံးမှာ ပြင်ဆင်ရမယ်ဆိုတာပေါ်မူ တည်ပြီးရလာဒ်ထွက်လာမှာပါ။ ပြင်ဆင်မယ်ဆိုရင် ဘာတွေကိုပြင်မှာ လဲ။ ဘယ်လိုပြင်မှာလဲ။ သူ့ရဲ့ timing နဲ့ priority အချိန်ချင့်တွက်မှုနဲ့ ဦးစားပေးမယ့်ကိစ်္စ ချင့်တွက်မှုပေါ့ဗျာ။ ကျွန်တော့အထင်ကတော့ ကိုယ့်အစုအဖွဲ့ထဲမှာကိုယ်နဲ့စိတ်တူကိုယ်တူတွေပဲ ဆွေးနွေးကြပြီး တော့ ကိုယ်ကိုယ်ကို ပိုတွက်နေမယ်ဆိုရင်တော့ အနာဂတ်မှာဒုက်္ခ ရောက်ကြမယ့် အဖြစ်မျိုးနဲ့ကြုံနိုင်တယ်။ဆိုပါတော့ဗျာ ၅၉(စ)လို ဟာမျိုး။ ဒါအရေးကြီးပါတယ်။ ဒေါ်အောင်ဆန်းစုကြည် သမ်္မတ ဖြစ်ရေးဆိုတာ NLD ပါတီအတွက်လည်း အရေးကြီးတယ်။ ဒါပေမယ့် ဒါကိုလူထုဖိအားနဲ့နိုင်ငံတကာဖိအားနဲ့ ပြင်ရင်ဖြစ်မှာပဲလို့ ပုံသေ တွက်ထားပြီး Plan B လို့ခေါ်တဲ့ ဒါမဖြစ်ရင်ဘာလုပ်မလဲဆိုတဲ့ နောက်ထပ်ပြင်ဆင်မှုတွေမရှိဘဲနဲ့ ဆက်လုပ်မယ်ဆိုရင်တော့ မှန်း ချက်နဲ့နှမ်းထွက်မကိုက်တာတွေလည်း ရှိလာနိုင်ပါတယ်။ ကျွန်တော့် အနေနဲ့ကတော့ ကိုယ်ဖြစ်ချင်တာတော့ မှန်တယ်။ အဲဒီဖြစ်ချင်တာ တွေကလတ်တလောဖြစ်နိုင်လား။ အချိန်စောင့်ပြီးမှ ဖြစ်မှာလား။ timing ဆိုတာ အဲဒါပေါ့ဗျာ။ အားလုံးကတော့ဗျာ စစ်တပ်က လွှတ်တော်မှာဝင်ထိုင်နေတဲ့ ၂၅% လည်း လျှော့ချင်တယ်။ ကာလုံ လည်း ဖျက်ချင်တယ်။ ဦးပိုင်လည်း ဖျက်ချင်တယ်။ ဒါပေမဲ့ အဲဒါတွေက လတ်တလောဖြစ်နိုင်လား။ လတ်တလောဖြစ်နိုင်ဖို့ ကိုယ့်မှာအင်အားရှိလား။ အဲလိုမှမဟုတ်ဘူးဆိုရင် လက်တွေ့ဖြစ် နိုင်တာဘာလဲ။ ကျွန်တော်ထင်တယ် ကျွန်တော်တို့ခွဲခြားနိုင်ရမယ်။ လတ်တလောရယ်၊ ကြားကာလဖြစ်နိုင်တာရယ်၊ ရေရှည်အတွက်ရယ် ပေါ့။ အဲလိုမခွဲဘဲ တပေါင်းတည်းလုံးထွေးပြီး စဉ်းစားရင်တော့ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ရုံသာမက အရပ်ဘက်-စစ်ဘက် ဆက်ဆံ ရေး တင်းမာမှုနဲ့ အမျိုးသားရင်ကြားစေ့ရေးလမ်းကြောင်းကို ထိခိုက် မှုတွေကိုပါ ကြုံကောင်း ကြုံလာရနိုင်ပါတယ်။

သစ်။ ကျွန်တော်မေးတာတွေကို အချိန်ပေးပြီးဖြေကြားပေးတဲ့ အတွက်ကိုမင်းဇင်ကိုကျေးဇူးတင်ပါတယ်။ ဖြည့်စွက်ပြောချင်တာ များ ရှိရင်လည်း သိချင်ပါတယ်။

ဇင်။ ကျွန်တော်ကတော့ နိုင်ငံရေးလုပ်တဲ့အခါမှာ အတိုက်အခံတွေ ကလည်း နိုင်ငံရေးကို အမှတ်သညာနဲ့ memory နဲ့ စည်းရုံးတာမျိုး သိပ်မလုပ်စေချင်ဘူး။ history ကိုအားကိုးပြီးနိုင်ငံရေးလုပ်တာမျိုးကို ကျွန်တော်တော့ အားမပေးချင်ဘူး။ ငါတို့က ဘယ်လိုသမိုင်းနဲ့ လုပ်ခဲ့တာ ငါတို့ကဘယ်လို အနစ်နာခံခဲ့တာ။ ဘယ်သူတွေကတော့ ဘယ်လိုဆိုတာမျိုးလောက်နဲ့တော့ မသွားစေချင်ဘူး။ တိုင်းပြည် အတွက် vision ပေါ့။ ငါ့နိုင်ငံကို ဘယ်လိုတည်ဆောက်ချင်တာ၊ ငါ့နိုင်ငံရဲ့စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနဲ့ပတ်သက်ပြီး ဘယ်လို စဉ်းစားထားတယ်ပေါ့။ အဲလိုမျိုး policy တွေ program တွေနဲ့ သွားစေချင်တယ်။ အဲဒါတွေကိုလူထုကိုချပြပြီး vision တွေပြိုင် ကြမယ်။ အဲလိုဖြစ်စေချင်တယ်။ ခက်တော့ခက်ပါတယ်။ အဲလိုမဟုတ် ဘဲနဲ့ လူတွေရဲ့ အမှတ်သညာကိုပဲဆွပေးပြီး ဘယ်သူကတော့ကောင်း တယ်။ ဘယ်သူကမကောင်းဘူးဆိုပြီး အဖြူ-အမဲ Black & White ကစားပွဲမျိုး၊ စဥ်းစားပုံမျိုးကို ကျွန်တော်ကမလုပ်စေချင်ဘူး။ ဘာလို့လဲဆိုတော့အဲဒီလိုလုပ်လို့ရှိရင်တစ်ဖက်ကလည်းအထိနာတယ်။ အထိနာတော့ မကောင်းတဲ့အဖျက်အင်အားစုတွေကလည်း ဘာ လုပ်နိုင် လည်းဆိုတော့ ခုနပြောတဲ့အမျိုးဘာသာသာသနာတို့၊ သွေး က စကားပြောတယ်တို့ ဘာသာရေးအထိကရုဏ်းတွေနဲ့ ပြန်တုံ့ ပြန်မယ်။ သဘောကတော့ဗျာကိုယ်က history ကိုအားကိုးပြီးလုပ် ရင်ဟိုဘက်က biology ကိုအားကိုးပြီးပြန်လုပ်မှာပဲ။ ဒါမှ သမိုင်း ကောင်းတဲ့ လူ 

ပျမ်းမျှ လူ့သက်တမ်း၏ ၁ဝ နှစ်ခန့်ကို ဆေးလိပ် သောက်သုံးမှုကြောင့် ဆုံးရှုံးနေရ



ဆေးလိပ်ကြောင့် ကျန်းမာရေး ထိခိုက် ရခြင်းသည် မိမိတို့ တွေးထင်ထား သည်ထက်ပို၍ ဆိုးဝါးသည်ဟု သြစတြေးလျ သုတေသီ တစ်ဦးကပြောသည်။


သို့သော် သတင်းကောင်း မှာ အ သက် ၂ဝ နှင့် ၃ဝ အတွင်း ဆေးလိပ် ဖြတ်ခဲ့ သူများသည် အရွယ်တူ ဆေးလိပ် လုံးဝ မသောက်သူများနှင့် နှိုင်းယှဉ်လျှင် ဘေး အန္တရာယ် မှ ၉ဝ ရာခိုင်နှုန်း ရှောင် ရှားနိုင်သည်။

သြစတြေးလျ အမျိုးသား တက္ကသိုလ်မှ ကျန်းမာရေး ပညာရှင် Emily Banks က ”ဆေးလိပ် သောက်တာဟာ အန်စာ ပစ်သလိုပါပဲ။ ဆေးလိပ်ကြောင့် သေ လည်းသေနိုင်တယ်၊ သေချင်မှ လည်း သေမယ်လို့ ၁၉၆ဝ ခုနှစ် များက ပြောလေ့ ရှိခဲ့ပါတယ်။ အခုကတော့ ခေါင်းပန်း လှန်တာ နဲ့ တူတယ် လို့ပြောကြတယ်။ လက် ရှိ ဆေးလိပ်သောက် သူတွေ ရဲ့ သေဆုံးမှု သုံးပုံနှစ်ပုံ ဟာ ဆေးလိပ် ကြောင့်ဖြစ်တယ် ဆိုတာကို တွေ့ခဲ့ရ တယ်” ဟုပြောသည်။

ပါမောက္ခ Banks သည်အသက် ၄၅ နှစ် အထက် သြစတြေးလျ လူမျိုး နှစ်သိန်းခန့်အား သုတေသနပြုရာတွင် ဦးဆောင် ခဲ့ပြီး ဆေးလိပ်သမား များသည် ၄င်းတို့၏ ပျမ်း မျှ လူ့သက်တမ်းမှ ၁ဝ နှစ်ကို ဆေးလိပ် သောက်ခြင်းကြောင့် ဆုံးရှုံးခဲ့ ရသည်ကို တွေ့ရှိခဲ့သည်။ တစ် နေ့လျှင် ဆေးလိပ် ၁ဝ လိပ် သောက်သူ များသည် အန္တ ရာယ် နှစ်ဆ များပြီး ၂၅ လိပ်ကျော်သောက် သူများကတော့ လူ့ သက်တမ်း လေးပုံတစ်ပုံ ဆုံးရှုံးနေရ သည်။

အန္တရာယ် မရှိဟု သတ်မှတ်သည့် စံနှုန်း မရှိသေးသော်လည်း မည်သည့် အသက်အရွယ် မဆို ဆေးလိပ်ဖြတ်လျှင် အန္တရာယ်ကို လျှော့ချနိုင်ပြီး ငယ်စဉ်၌ ဆေး လိပ် ဖြတ်လေ ပိုကောင်းလေ ဟု Banks က ပြောသည်။

အမေရိကန် ပြည်ထောင်စုနှင့် ဗြိ တိန် တို့တွင်လည်း အလားတူ တွေ့ရှိမှု များရှိသည်ဟု Banks ကပြောသည်။

Ref : Bangkok post :

မတ်လအတွင်းက မီးလောင်ပျက်စီးသွားသော မိတ္ထီလာမြို့ ချမ်းအေးသာယာနယ်မြေ နေအိမ် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ ဒီဇင်ဘာလအတွင်း စတင်မည်



မတ် ၂၃ ရက်က မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရသော မိတ္ထီလာမြို့ နန်းတော်ကုန်းရပ်ကွက် ချမ်းအေး သာယာ နယ်မြေအတွင်းရှိ မြေနေရာများတွင် နေအိမ်ဆောက်လုပ်ရေး လုပ်ငန်းများ ဒီဇင်ဘာလ တွင် စတင်နိုင်ရန် စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း မိတ္ထီလာခရိုင် အုပ်ချုပ်ရေးမှုးရုံးမှ သိရသည်။


"မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်က မီးဘေးသင့် ပြည်သူတွေကော၊ နေအိမ်အဆောက်အအုံ မရှိတဲ့ ကျူး ကျော်နေထိုင်သူတွေကိုလည်း နေအိမ်အဆောက်အအုံ ရရှိအောင် စီစဉ်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါ တယ်။ ချမ်းအေးသာယာကို ပြန်လည် နေရာချထားရေး လုပ်ငန်းတွေ စီစဉ်ဆောင်ရွက်တဲ့ နေရာမှာ အဆင့် နှစ်ဆင့်နဲ့ စီစဉ်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ပထမအဆင့်က မီးလောင်ခံရပြီးတော့ နေအိမ်ပိုင်ဆိုင် မှူ အရှုပ်အရှင်းမရှိဘဲ မြေပိုင်ဆိုင်မှု ခိုင်ခိုင်မာမာရှိ တဲ့လူတွေကို မြေကွက်အနေနဲ့ အသစ်ပြန်လည် နေရာ ချထားပေးပါမယ်။ မြေယာပိုင်ဆိုင်မှု ခိုင်မာမှုမရှိတဲ့ လူတွေနဲ့ ကျူးကျော် နေထိုင်ခဲ့သူတွေကိုတော့ နှစ်ထပ် အဆင့်မြင့် တိုက်ခန်းတွေအဖြစ် ပြန်လည် နေရာချထားပေးပါမယ်။

ဒုတိယအဆင့်အနေနဲ့ အမွေရထားတဲ့ သူတွေ အရပ်ကတိ စာချုပ်တွေနဲ့ မြေ၀ယ်ယူရောင်းချထားသူတွေ ပြန်လည်နေရာ ချထားဖို့အတွက်ကို ပိုင်ဆိုင်မှု စိစစ်ပြီးမှ ပြန်လည်နေရာချထားရေးကို ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ချမ်းအေး သာယာနယ်မြေမှာ အရင်ကမရှိခဲ့တဲ့ လမ်း၊ ဈေး၊ ရေမြောင်း တွေနဲ့ အုပ်ချုပ်မှုဆိုင်ရာ အဆောက်အအုံတွေ ထည့်သွင်းဆောက်လုပ်သွားမှာ ဖြစ်တဲ့အတွက် ပေ ၄၀xပေ ၃၀ မြေကွက်တွေကို အသစ်ပြန်လည်ချထားပေးမှာ ဖြစ်ပါတယ်။ ဒီမြေကွက်တွေပေါ်မှာ လုံးချင်းအိမ်ရာ တွေ၊ တိုက်ခန်းတွေ ဆောက်လုပ်ပြီးမှ မြေကွက် ကို ပြန်လည်နေရာချထားပေးနိုင်မှာ ဖြစ်ပါတယ်။ အဲ့ဒီလို ချမ်းအေးသာယာ ပြန်လည်နေရာချထားရေး အတွက် ဆောက်လုပ်ရေးလုပ်ငန်း တွေကို လက်ရှိဒီဇင်ဘာလ ထဲမှာ စတင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်အောင် စီစဉ် ဆောင်ရွက် လျှက်ရှိပါတယ်။ အလားတူပဲ သီရိမင်္ဂလာရပ်ကွက်ကိုလည်း ပိုင်ဆိုင်မှုတွေ စစ်ဆေးပြီးမှ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"ဟု မိတ္ထီလာခရိုင် အုပ်ချုပ်ရေးမှုး ဦးတင်မောင်စိုး က ဆိုသည်။

"ကျွန်မတို့ အနေအထားကတော့ ကိုယ့်အိုးကိုယ့်အိမ် ပြန်ရရင်ကို ၀မ်းသာနေရမှာပဲ။ အရင်က ပေ ၄၀x၅၀ အကွက်တွေမှာ မွေးမြူရေး လုပ်ကြတာဆိုတော့ မြေကွက်ကျယ်ကျယ်လေး လိုချင်တယ်။ ကယ်ဆယ်ရေး စခန်းမှာနေတာ ရှစ်လရှိပြီဆိုတော့ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် အပြင်ထွက်ချင်ပြီ။ အခုလို ဒီဇင်ဘာမှာ ပြန် ဆောက်ပေးမယ် ကြားရတာဝမ်းသာတယ်။ ဆောက်လုပ်ရေး လုပ်ငန်းတွေကို အမြန်ဆုံးဆောင်ရွက်သွားဖို့ မျှော်လင့်တယ်။ ပိုင်ဆိုင်မှုမရှိတဲ့ ကျူးကျော်တွေကိုကော ပြန်လည်နေရာချထားရေးမှာ ထည့်သွင်း စဉ်းစား ပေးလို့ ကျေးဇူးတင်တယ်" ဟု ဗဟိုပို့ဆောင်ဆက်သွယ်ရေး သင်တန်းကျောင်း ကယ်ဆယ်ရေးစခန်းတွင် ခိုလှုံနေရသူတစ်ဦးက ပြောကြားသည်။

Eleven Media Group

ဧရာဝဏ်နှင့် ရတနာ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းကြောင့် ရွှေ့ပြောင်းပေးရမည့်သူများ ဆီးဂိမ်းစ်ကာလ ဒီဇင်ဘာ ၇ ရက်တွင် မဟာဗန္ဓုလ ပန်းခြံနံဘေး၌ ငါးကြိမ်မြောက် ဆန္ဒပြမည်



ဧရာဝဏ်နှင့် ရတနာ တန်ဖိုးနည်းအိမ်ရာ စီမံကိန်း ကြောင့် ရွှေ့ပြောင်းပေးရမည့်သူများ ဒီဇင်ဘာ ၇ ရက်၌ မဟာဗန္ဓုလ ပန်းခြံနံဘေးတွင် လူအင်အား တစ်ရာခန့်ဖြင့် ငါးကြိမ်မြောက် ဆန္ဒပြမည် ဖြစ် ကြောင်း သိရ သည်။


ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ၆၇ ရပ်ကွက်တွင် တည်ရှိသော အဆိုပါ စီမံကိန်းကြောင့် လက်ရှိ ပြောင်း ရွှေ့ရမည့် သူများမှာ အိမ်ထောင်စု ၆၀ ကျော်ရှိကြောင်း ယင်းရပ်ကွက်တွင် နေထိုင်သော ဦးတော်မီ၏ ပြောကြားချက်အရ သိရသည်။

ဆက်လက်၍ ၎င်းက "ဆန္ဒဖော်ထုတ်ဖို့ စာတင်ထားတာ ဒီနေ့မနက် (ဒီဇင်ဘာ ၄ ရက်) ၇ နာရီလောက်မှာ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ သတင်းကြီးကြပ်ရေးအဖွဲ့က ဖုန်းဆက်ပြီး ခွင့်ပြုချက်ရပြီလို့ ဖုန်း ဆက်ပါတယ်။ ကျွန်တော်တို့ လူအင်အား ၁၀၀ နဲ့ ဒီဇင်ဘာ ၇ ရက်မှာ မဟာဗန္ဓုလ ပန်းခြံနံဘေးမှာ ပြု လုပ်သွားပါမယ်" ဟု ပြောကြားသည်။

၎င်းတို့ ဆန္ဒပြမည့် ဒီဇင်ဘာ ၇ ရက်သည် မြန်မာနိုင်ငံတွင် တတိယအကြိမ် ပြုလုပ်မည့် (၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း၏ ပထမဆုံး ယှဉ်ပြိုင်ကစားမည့် ရက်လည်း ဖြစ် သည်။ 

၆၇ ရပ်ကွက် မြေပေါ်တွင် တည်ဆောက်နေသော ဧရာဝဏ်နှင့် ရတနာတန်ဖိုးနည်းအိမ်ရာတွင် အရစ်ကျ စနစ်ဖြင့် တိုက်ခန်းများ ပြန်လည်ရောင်းချပေးမည်ဟု ဒဂုံမြို့သစ် (ဆိပ်ကမ်း) အိုးအိမ်ဦးစီးဌာနမှ ယခင် ညွှန်ကြားရေးမှူး၏ ကတိအတိုင်း ပြုလုပ်ပေးရန် ဆန္ဒပြခြင်းဖြစ်ကြောင်း ၆၇ ရပ်ကွက်တွင် လက်ရှိနေထိုင် သူ များက ပြောကြားသည်။

အဆိုပါ ဆန္ဒပြမှုကို နံနက် ၉ နာရီမှ မွန်းလွဲ ၁၂ နာရီထိ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ယခင်မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး လက်ထက်တွင် ဆန္ဒပြမှုလေးကြိမ် ပြုလုပ် ခဲ့ပြီး၊ ယခုဆန္ဒပြမှုမှာ ညွှန်ကြားရေးမှူးအသစ် လက်ထက်တွင် ပထမဆုံးအကြိမ် ဆန္ဒပြခြင်းဖြစ်ကြောင်း ဦးတော်မီက ပြောကြားသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၆ ရက်က ၆၇ ရပ်ကွက်ပြည်သူများသည် မဟာဗန္ဓုလ ပန်းခြံနံဘေးတွင် နောက်ဆုံးအကြိမ် ဆန္ဒပြခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းရန် ကြိုးစားခဲ့သော်လည်း အဆင် မပြေခဲ့ကြောင်း သိရသည်။

 အောက်တိုဘာ ၂၆ ရက်က လေးကြိမ်မြောက် ဆန္ဒပြနေကြသော 
၆၇ ရပ်ကွက် နေထိုင်သူများကို တွေ့ရစဉ် 
(ဓာတ်ပုံ-ကြည်နိုင်)

Eleven Media Group

NLD ပညာရေးကွန်ရက် နမ့်စန်တွင် မူလတန်းကျောင်းဖွင့်



ရှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်ရှိ ယင်းနက် တိုင်းရင်းသားကျေးရွာ ၂၀ ရွာမှ လူငယ်များ ပညာသင်ကြား နိုင်ရန် နမ့်စန်မြို့နယ်ရှိ ကုန်းလမ်းကျေးရွာ၌ ခွပ်ဒေါင်းအားမာန်အမည်ဖြင့် မူလတန်းကျောင်းကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပညာရေးကွန်ရက်က ဒီဇင်ဘာ ၃ ရက်တွင် ဖွင့်လှစ်ပေးလိုက်သည်။


ယင်းနက် တိုင်းရင်းသားကျေးရွာမှ ကျောင်းသား လူငယ်များသည် လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း၊ မူလတန်းကျောင်းမရှိခြင်း၊ စာသင်ကျောင်းရှိရာနှင့် နေထိုင်ရာဝေးလွန်းခြင်းတို့ကြောင့် ပညာရေးတွင် နှောင့်နှေးနေမှုများရှိနေသည်ဟု NLD ပညာရေးကွန်ရက် နမ့်စန်တာဝန်ခံ ဒေါ်ဝင်းမြင့်မြတ်က မဇ္ဈိမကို ပြောသည်။

“စာသင်ဖို့ထက် အလုပ်လုပ်ဖို့ပဲ စိတ်ဝင်စားနေကြတယ်။ လမ်းပန်း ဆက်သွယ်ရေးတွေကလည်း ခက်ခဲ တော့ ဒေသက ဘာမှ မဖွံ့ဖြိုးဘူး။ စားဝတ်နေရေး အတွက်ပဲ မိသားစုလိုက် ရုန်းကန်နေကြရတယ်။ စာသင်ဖို့ဆိုတာ သူတို့နဲ့ မဆိုင်သလို ဖြစ်နေတယ်။ အစိုးရမူလတန်း ကျောင်းမရှိတာလဲ ပါတာပေါ့” ဟု ပြောကြားသည်။

ခွပ်ဒေါင်းအားမာန် မူလတန်းကျောင်းတွင် တက်ရောက် ပညာသင်ကြားနေသူ ကျောင်းသူကျောင်းသား ၈၀ ဦးအား စတင်ပညာသင်ပေးလျက်ရှိပြီး ၅ နှစ်မှ ၁၅နှစ် အရွယ်များဖြစ်သည်။ လက်ရှိတွင် သူငယ်တန်း တစ် တန်းသာ သင်ကြားနိုင်သေးပြီး ၂၀၁၄ -၂၀၁၅ ပညာသင်နှစ် တွင် ပထမတန်းအား ဆက်လက်ဖွင့်နိုင် ရန် ဆောင်ရွက်သွားမည်ဟုလည်း ဒေါ်ဝင်းမြင့်မြတ်က ဆိုသည်။

ထိုကျောင်းတွင် ဆရာမနှစ်ဦးဖြင့်သာ သင်ကြားပေးနိုင်သေးပြီး ဒီဇင်ဘာ လကုန်တွင် NLD ပညာရေးကွန် ရက် နမ့်စန်မှ အလှည့်ကျစနစ်ဖြင့် လုပ်အား ပေးသင်ကြားရန် ဆရာမနှစ်ဦး ထပ်မံပို့ ဆောင်ပေးသွားမည် ဟု သိရသည်။ လက်ရှိ ခွပ်ဒေါင်းအားမာန် မူလတန်းကျောင်း တွင် တာဝန်ထမ်းဆောင်နေသော ဆရာမ နှစ်ဦးကို ရွာမှစုပေါင်း၍ လစာငွေပေးသွားမည် ဖြစ်သည်။

လက်ရှိတွင် ရွာဦးဘုန်းကြီးကျောင်းရှိ ဓမ္မာရုံတွင် စတင်သင်ကြားပေးနေပြီး စာသင်ကျောင်းဆောင် ဆောက်လုပ်နိုင်ရန် NLD ပညာရေးကွန်ရက်မှ စီစဉ်နေaကြာင်းသိရသည်။ ကျေးလက်ဆေးပေးခန်း တည်ဆောက်သွားရန် အများသုံး သောက်သုံးရေကန်များလည်း တူးဖော် ပေးသွားရန် ကျေးရွာအကျိုး ပြုအဖွဲ့က လုပ်ဆောင်လျက် ရှိသည်။

ရှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ် ကုန်းလမ်းကျေးရွာ၌ NLD ပညာရေးကွန်ရက်က ဒီဇင်ဘာ ၃ ရက်တွင် စတင်ဖွင့်လှစ်လိုက်သည့် ခွပ်ဒေါင်းအားမာန်မူလတန်းကျောင်းရှိ ကျောင်းသူကျောင်းသားများကို တွေ့ရစဉ်။ (ဓာတ်ပုံ - အောင်ကိုဦး)

မဇ္ဈိမ

ဟုမ္မလင်းတွင် ခရီးသည်တင် ရေယာဉ်နှစ်စင်းတိုက်မိ ခရီးသည်တချို့ ပျောက်ဆုံးနေဆဲ

ခရီးသည်တင် ရေယာဉ်နှစ်စင်းသည် ဟုမ္မလင်းမြို့နယ်၊ မှန်ကင်းဆိပ်ကမ်းအနီး ချင်းတွင်းမြစ်ကြောင်း အတွင်း မျက်နှာချင်းဆိုင် တိုက်မိခြင်းဖြစ်ပြီး ရေထဲသို့ နစ်မြုပ်သွားသည့်အတွက် ပျောက်ဆုံးနေသည့် ခရီးသည်များကို ရှာဖွေနေဆဲဖြစ်သည်။


တိုက်မိသည့် ရေယာဉ်နှစ်စင်းမှာ ပုတ်သိုးကျေးရွာမှ မောင်းခမ်း(တောင်/မြောက်)ကျေးရွာများသို့ မောင်း နင်းလာသည့် တရုတ်နီအမျိုးအစား မြင်းကောင်ရေ (၂၅)ကောင် အင်ဂျင် တပ်ဆင်ပါရှိသော အလျား(၁၈) ပေရှိ ရေယာဉ်နှင့် တရုတ်နီ အမျိုးအစား မြင်းကောင်ရေ(၂၅)ကောင် အင်ဂျင်စက် တပ်ဆင်ပါရှိသော အလျား (၂၄) တောင်ရှိ အပြာရောင် ရေယာဉ်နှစ်စင်းဖြစ်သည်။

တိုက်မိပြီးနောက် အလျား ၂၄ တောင်ရှိ ရေယာဉ်ပေါ်တွင် လိုက်ပါလာသည့်ခရီးသည် (၂၄)ဦးအနက် ဦးမိုးညွှန့် အသက်(၄၂)နှစ်၊ ဒေါ်သန်းမြင့် အသက်(၅၂)နှစ် ဆိုသူ ခရီးသည်နှစ်ဦးမှာ ပျောက်ဆုံးနေ ဆဲ ဖြစ်သည်။

“ဖြစ်တာက ည ၇ နာရီအချိန်ကြီးဆိုတော့ ဘာမှကောင်းကောင်းမမြင်ရတော့ဘူး၊ ပျောက်နေတဲ့ ခရီးသည် တွေလည်း အသက်ရှင်လျက်ပြန်တွေ့နိုင်ဖို့ မျှော်လင့်ချက်အပြည့်နဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင် နေပါတယ်” ဟု မောင်းခမ်းနယ်မြေရဲကင်းမှူး ဦးဆောင်သည့် ကယ်ဆယ်ရေး အဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကို ပြောသည်။

အဆိုပါ ရေယာဉ်စီးခရီးသည်များအား ကူညီကယ်ဆယ်ပေးလျက်ရှိသည့် ဒုရဲအုပ် စိုးဝင်းအောင်မှ ၎င်းကိစ္စ အား တရားလိုပြု လုပ်၍ ထမံသီနယ်မြေရဲစခန်းသို့ တိုင်တန်းခဲ့သည့်အတွက် ရဲစခန်းက ယာဉ်(ပ) ၂၁/ ၂၀၁၃ ပြစ်မှုပုဒ်မ ၂၈၂ အရ အမှုဖွင့် ထားကြောင်း သိရသည်။

ရေယာဉ်သုံးစွဲမှု တစ်နေ့တစ်ခြား များပြားလာသည့် ချင်းတွင်းမြစ်ကြောင်းတွင် မကြာခဏ ရေယာဉ်တိမ်း မှောက်မှု များနှင့် ယာဉ်တိုက်မှုများဆက်တိုက်ဆိုသလို ဖြစ်ပေါ်လျက်ရှိသည်။ မကြာသေးမီက စစ်ကိုင်း တိုင်း ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှူးဦးစီးဌာန၊ တိုင်းညွှန်ကြားရေးမှူး ဦးအေးမင်းမှ ရေယာဉ်များ တွင် အသက်ကယ်အင်္ကျီများတပ်ဆင်ထားရန် အမိန့်ထုတ်ပြန်ထားသေးသည်။

ချင်းတွင်းမြစ်ကြောင်းအတွင်း ရေယာဉ်တိမ်းမှောက်နစ်မြုတ်မှုဖြစ်ပွားခဲ့ရသည့် ဖြစ်စဉ်သည် ယခုနှစ်အတွင်း ၁၄ ကြိမ်ခန့်ရှိခဲ့ပြီး ယခုလအတွင်း ကလေးဝ ဆိပ်ကမ်းတွင် အမြန်ရေယာဉ်၏ ရေယက်ပန်ကာခုတ်မိသဖြင့် ဈေးရောင်းလှေတစ်စီး တိမ်းမှောက်ကာ ဆယ်တန်းကျောင်းသူ ဈေးသည်တစ်ဦး သေဆုံးခဲ့သည့်ဖြစ်ရပ်များ လည်ရှိခဲ့သည်။

မဇ္ဈိမ

မြောင်းမြခရိုင်အတွင်းရှိ ပြည်ထောင်စု လမ်းမကြီးနှင့် လမ်းနယ်နိမိတ်များအတွင်း ကျူးကျော် ဆောက်လုပ်ထားသည်များကို ဖယ်ရှားပေးရန် ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းက အကြောင်းကြား



မြောင်းမြခရိုင်အတွင်းရှိ ဆောက်လုပ်ရေး ၀န်ကြီး ဌာန၊ ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းပိုင် ပြည်ထောင်စုလမ်းမကြီးဖြစ်သော လပွတ္တာ-မြောင်းမြ - အိမ်မဲ - ကျောင်းကုန်း - ကျုံပျော်လမ်း နှင့် တိုင်းဒေသကြီး လမ်းများ ဖြစ်သော ပုသိမ်-ကံကုန်း-မြင်းကဆိပ်လမ်း၊ မြောင်းမြ-ပမ္မ၀တီ-ငပုတောလမ်းများ၏ လမ်းနယ်နိမိတ်များ ပေါ်တွင် ကျူးကျော်နေသည်ဟုဆိုသော အဆောက်အအုံ ဈေးဆိုင်များကို ဖယ်ရှားပေးရန် မဖယ်ရှားပါက တရားစွဲဆိုမှုများ ပြုလုပ်သွားမည်ဟု ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်းမှ အကြောင်းကြားစာများ ထုတ်ပြန် လျှက်က်ရှိကြောင်း သတင်းရရှိသည်။


လမ်းနယ်နိမိတ်များကို မြို့ရွာနယ်နိမိတ်အတွင်းတွင် လမ်းမကြီးအလယ်ဗဟိုမှ တစ်ဖက်လျှင် ပေ ၅၀၊ စုစု ပေါင်းလမ်းနယ် အကျယ် ပေတစ်ရာ သတ်မှတ်ထားကြောင်း၊ မြို့ရွာဧရိယာ နယ်နိမိတ်ပြင်ပတွင် လမ်း မ ကြီး အလယ်ဗဟိုမှ တစ်ဖက်လျှင် ၇၅ ပေ၊ စုစုပေါင်းလမ်းနယ် အကျယ် ပေ ၁၅၀ သတ်မှတ်ထားကြောင်း၊ အဆိုပါ လမ်းမများပေါ်တွင် ကျူးကျော်နေသည်ဟုဆိုသော နေအိမ်ဆိုင်ခန်းများကို ဖျက်သိမ်း ဖယ်ရှားပေး ရန်၊ မဖယ်ရှားပေးပါက မြန်မာနိုင်ငံ လမ်းမကြီးများဥပဒေနှင့် အရေးယူ ဆောင်ရွက်သွားမည်ဟု လမ်းမကြီး များ တစ်လျှောက်ရှိ ကျေးရွာနေအိမ်များကို ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ အကြောင်းကြားစာများ ထုတ်ပြန်ထားရှိကြောင်း သိရသည်။

"ကျွန်တော်တို့ရွာက မြောင်းမြ-ပမ္မ၀တီ-ငပုတောလမ်း မဖြစ်ခင်ထဲကလို့ ပြောလို့ရတယ်။ ရွာတည်ထားတာ ရွာကလည်း ပြည်ထဲရေးဝန်ကြီးဌာန အမည်ပေါက်ရွာပါ၊ အခု ငပုတောရေနက်ဆိပ်ကမ်း စီမံကိန်းရှိမှ လမ်း နယ်နိမိတ် ချဲ့မယ်ဆိုပြီး ရွာထဲကအိမ်တွေ ဆိုင်တွေကို လာဖျက်ခိုင်းတယ်။ စာထုတ်ပြီး ဖျက်ခိုင်းတာ နှစ်ခါ ရှိပါပြီ၊ ဖျက်ရတဲ့အတွက် နေရာအစားထိုးနဲ့ နစ်နာကြေးပေးမယ်လို့ ကမ်းလှမ်းတာမျိုး လုံးဝမရှိပါဘူး။ လမ်း နယ်နိမိတ်ဆိုပြီး ဖျက်ခိုင်းတာပါ။ သူတို့နောက်ဆုံးထား ဖယ်ပေးရမယ်လို့ သတ်မှတ်ထားတဲ့ရက်တော့ ကျော်သွားပါပြီ။ အခုထိတော့ အတင်းလာဖျက်တာ မရှိသေးပါဘူး။ ကျွန်တော်တို့ကလည်း ဘိုးဘွားတွေ လက်ထက်ထဲက နေလာတဲ့ နေရာလေးကို မဖယ်ပေးနိုင်ပါဘူး"ဟု မြောင်းမြ-ပမ္မ၀တီ-ငပုတောလမ်း လမ်း နယ်သား ချဲ့ထွင်မှုကြောင့် ဖယ်ရှားပေးရမည့် ရှစ်အိမ်တန်းကျေးရွာမှ နေအိမ်ဖယ်ရှားပေးရမည့် ဒေသခံ တစ်ဦးက ပြောကြားသည်။ "နှစ်ကြိမ်တိုင်တိုင် အကြောင်း ကြားပြီးပါပြီ၊ မဖယ်ရှားပေးရင် မြန်မာနိုင်ငံလမ်း မကြီးများ ဥပဒေအတိုင်း အရေးယူမှာကိုလည်း သတိပေး အကြောင်းကြားထားပါတယ်}}ဟုမြောင်းမြမြို့ နယ် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ AE ဦးမောင်မောင်လွင်က ပြောကြားသည်။

ဓါတ်ပုံ- ပြည်ထောင်စုလမ်းမကြီး စီမံကိန်းကြောင့် ဖျက်သိမ်းပေးရမည့် လမ်းနယ်နိမိတ် တစ်နေရာကို တွေ့ရစဉ်

Eleven Media Group

ဘန်ကောက်/မဲဆောက်သွားမြန်မာများဒီလူ့ကားကိုတော့ လုံးဝမစီးကြပါနဲ့



ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား/သူများ

ဘန်ကောက်ကနေ မဲဆောက်ကို ပြန်တာပဲဖြစ်ဖြစ်.. မဲဆောက်ကနေ ဘန်ကောက်ကိုပြန်တက် တာပဲ ဖြစ်ဖြစ် ဒီလူ့ကားကိုတော့ လုံးဝမစီးကြပါနဲ့..... ကားဒရိုင်ဘာဟာ လမ်းတလျှောက်မှာရှိသမျှ ရဲပုလိပ်ဂိတ်တွေနဲ့ ပေါင်းကြံပီး စာရွက်စာတမ်း စုံလင်စွာပါသူတွေရော မပါသူတွေရောကိုပါ ငွေညှစ် ကောက်ခံခိုင်းသူဖြစ်လို့ပါ... ဒီကားနံပါတ် လေးကို သေချာမှတ်ထားပီး မိမိတို့နဲ့နီးစပ်ရာ သူငယ်ချင်းတွေကိုလည်း လက်တို့ပေးကြပါဦး.... (မယုံမရှိနဲ့...ကျနော် ကိုယ်တွေ့ဖြစ်ရပ်လေးပါ.. ကျနော်တို့လို အခြားမြန်မာများလည်း ဒီလိုအဖြစ်မျိုး မကြုံရအောင် တဆင့်ပြန်လည် ပြောပြတာပါ)

Santhit Aung

ဂျာကာတာမြို့ မြန်မာသံရုံး ဗုံးဖောက်ခွဲဖို့ကြံစည်သူ တရားရုံးမှာ ၀န်ခံ



အခုနှစ်မေလက အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ မြန်မာသံရုံးကို ဗုံးဖောက်ခွဲတိုက်ခိုက်ဖို့ ကြံစည်ခဲ့သူ ၂ ဦးကို ဒီကနေ့ ရုံးထုတ်စစ်ဆေးရာမှာ အဖမ်းခံရ သူတစ်ဦးက သူဟာ ဖောက်ခွဲတိုက်ခိုက်ဖို့ ဦးဆောင်ကြံစည်ခဲ့သူဖြစ်ကြောင်း ဒီကနေ့ တရားရုံး မှာ ဝန်ခံဖြောင့်ချက်ပေးလိုက်ပါတယ်။


အသက် ၂၃ နှစ်အရွယ် ဆီဂစ် အင်ဒရာဂျစ် Sigit Indrajid က သူဟာ မေလက ဂျာကာတာမှာရှိတဲ့ မြန်မာအစိုးရသံရုံးကို ဗုံးခွဲတိုက်ခိုက်ဖို့ လူမှုရေး စာမျက်နှာပေါ်ကနေ အစွန်းရောက် အစ္စလာမ် ဘာသာဝင်တချို့ကို ဦးဆောင်စည်းရုံးခဲ့သူဖြစ်ကြောင်း ဂျာကာတာခရိုင် တရားရုံးမှာ အခုလို ၀န်ခံထွက်ဆိုလိုက်တာဖြစ်ပါတယ်။

ဒီလိုလုပ်ဆောင်ခဲ့တဲ့အတွက် နောင်တရပါသလားလို့ တရားသူကြီးကမေးမြန်းရာမှာ သူက နောင်တ မရကြောင်း၊ ဒီဆောင်ရွက်ချက်ဟာ မွတ်စလင်တွေကို စိတ်ရှိသလိုနိမ့်ချဆက်ဆံနေတဲ့ မြန်မာနိုင်ငံနဲ့ တခြားနိုင်ငံတွေကို သတိပေးလိုက်တာဖြစ်ကြောင်း၊ အဲသလို နှိပ်စက်နေသရွေ့ ဒီနိုင်ငံတွေအပေါ်မှာ သူ့ အနေနဲ့ စစ်ကြေညာထားဆဲဖြစ်ကြောင်း ဖြေကြားခဲ့တယ်လို့ သိရပါတယ်။

သူ့အနေနဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်စလင်အရေး ဆန္ဒပြပွဲကိုတက်ဖို့ အဖွဲ့တစ်ခုက ဖိတ်ကြားခံရအပြီး မြန်မာသံရုံးကို အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်ဖို့ စိတ်ကူးအကြံအစည်ရရှိခဲ့တာလို့လည်း ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း မွတ်စလင်အများဆုံးနေထိုင်တဲ့ အင်ဒိုနီးရှားမှာ မြန်မာနိုင်ငံက လူမျိုးရေး ဘာသာရေး အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး ဂျာကာတာရှိ မြန်မာသံရုံးကို အကြိမ်ကြိမ်ဆန္ဒြုပခဲ့ကြပါတယ်။